Saturday, May 18, 2013

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ပြည့်တန်ဆာဈေးကွက် ဖော်ဆောင်မည်



"ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီး တော့ စနစ်တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာ ဖြစ် လို့လဲ ဆိုတော့ လိုင်စင်ထုတ်ပေးရင် စနစ် တကျနဲ့ အခွန်ကောက်လို့ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ေ ရှာက်မှု လုပ်ပေးလို့ ရတယ်" ဒေါ်စန္ဒာမင်း (NLD)


မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ပြည့်တန်ဆာ ဈေးကွက်ကို စတင် အကောင်အထည် ဖော်ဆောင် တော့ မည်ဖြစ်ကြောင်း မင်္ဂလာဈေး၊ ဘုရင့်နောင်၊ ကြည့်မြင်တိုင်၊ ပန်းဆိုးတန်းတို့ ရှိ ပြည့်တန် ဆာလုပ်ငန်း လုပ်ေ ဆာင် နေသူများနှင့် မာဆတ်အမည်ခံ ပြည့်တန်ဆာခန်းများက ပြော သည်။

ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့တွင် ယင်းဈေးကွက်ရှိသော်လည်း မြန်မာနိုင်ငံတွင် မရှိသေးသဖြင့် ယခုကဲ့သို့ အေ ကာင် အထည်ဖော် ခြင်းဖြစ်ကြောင်း မင်္ဂလာဈေးရှိ ပြည့်တန်ဆာခေါင်း ဦးကြည်အေးက ပြောသည်။

''နိုင်ငံတကာ အဆင့်မှီပေါ့ဗျာ၊ နိုင်ငံတကာဈေးအတိုင်းပေါ့။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကို လည်း မြှင့်တင်ရာ ရောက်တာပေါ့'' ဟု ယင်းက ဆိုသည်။ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ် ငန်း ကို တရားဝင် ခွင့်ပြုပေးခြင်းမရှိသေးဘဲ ခိုးချောင်ခိုးဝှက်သာလုပ်ဆောင်နေရ ဆဲဖြစ်ကြောင်း ဦးကြည်ေ အး က ဆက်လက်ပြောသည်။

''ပြည်တန်ဆာဥပဒေကိုပြဌာန်းဖို့ လိုတယ်ဗျ။ အဲ့ဒီအတွက်လည်း ကျွန်တော့် ဖောက်သည် ပြည့်သူ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က လွှတ်တော် မှာ တင်ပေးမယ်လို့ ပြောတယ်။ သူ့ကိုတော့ ဖရီးပေးေ ကျွးရ တာပေါ့။ အခုလောလောဆယ်တော့ လိုင်းကြေးပေးပြီး ဒိုင်လျှိုလေး လုပ်နေရတယ်'' ဟု ပြော သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တန်ဆာ ဥပဒေကို ပြဌာန်း ပြီးပါက ပြည့်တန်ဆာ လုပ်ငန်းသည် ကြီးထွားလာ နိုင်ပြီး ယခုကဲ့သို့ ခွင့်မပြုသေးသည့် ကာလ မှာပင် မာဆတ်အမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းများ လုပ် ငန်းနေ မှုများ ရှိနေကြောင်း ပုံမှန် စားသုံးနေသူ အသက် ၂၅ နှစ်အရွယ် ကိုမောင်အောင်က ပြော သည်။

''တရားဝင်ဆိုကောင်းမယ်ဗျ။ အခုတော့ ဘယ်အချိန်ဝင်ဖမ်းမလဲ စိုးရိမ်နေရေ သးတယ်''ဟု ကိုမောင်ေ အာင် က ပြောသည်။ယင်းဈေးကွက်ကြီးဖော်ဆောင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပွင့်လင်း လာ နိုင်ပြီး အထူးသဖြင့် အမျိုးသမီးများအတွက် သင့်လျှော်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲ ကို ကျင်းပမည်ဖြစ်ရာယင်းအချိန်မတိုင်မီ ပြည်တန်ဆာ ဈေးကွက် ဖော်ေ ဆာင်ရန် လိုအပ်ကြောင်း အားကစားသတင်းထောက်တစ်ဦး ဖြစ်သူကိုချမ်းငြိမ်း ၎င်း၏ အမြင်ကို သုံး သပ်သည်။

''၂၀၁၃ ဆိုရင် ဆီဂိမ်းနဲ့ အတူ ဧည့်သည်တွေအများကြီးဝင်လာမှာလေ။ အဲ့ဒီအထဲမှာ စားဖားကြီး တွေလည်း ပါလာမှာပဲ။ အဲ့ဒီလိုလူတွေအတွက် ပြည်တန်ဆာဈေးကွက်မရှိဘူးဆိုရင် အခြားအမျိုးသမီး အတွက် စိုးရိမ် ရနိုင် တယ်'' ဟု ကိုချမ်းငြိမ်းက ဆိုသည်။

ဆီးဂိမ်းနှင့်အတူ မြန်မာ့ပြည်တန်ဆာဈေးကွက်ကို လူသိများစေရန် လုပ်ဆောင် နိုင်ကြောင်း ပြည်တန် ဆာခေါင်း ဦးကြည်အေးက ဆိုသည်။

''အဲ့ဒီအခါဆို ကျွန်တော်တို့ ဖာခေါင်းတွေလည်း အငြိမ်နေရတော့မှာ မဟုတ်ဘူးဗျ။ ဈေးကွက်သစ်ရှာဖို့၊ ပစ္စည်း သစ်ရှာဖို့နဲ့ လုံးပမ်းနေရမှာ'' ဟုဦးကြည်အေးက ပြောသည်။

နိုင်ငံတကာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်နိုင်မှုနှင့် ပတ်သက်၍ စီးပွားရေးကျွမ်းကျင်သူ ဦးဇော် သိုက်က ''ဒီဈေးကွက်က နိုင်ငံဂျီဒီပီကိုလည်း အထောက်အ ကူပြုနိုင်တယ်။ ထိုင်းနိုင်ငံဆိုရင် လည်း ဒီလုပ် ငန်း ကနေ အခွန်ငွေ တော်တော်ရတယ်လို သိရတယ်။ ကျန်းမာရေးပညာပေးတဲ့ နေရာမှာလည်း တစ်နေ ရာထဲ ထိထိ ရောက်ရောက်ပညာပေးနိုင်တဲ့အတွက် ရောဂါတွေကိုလည်း ထိန်းချုပ်လာ နိုင်တယ်'' ဟုသုံး သပ်သည်။

ယင်းနှင့် ပတ်သက်၍ ယခု လက်ရှိ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူ မစု(အမည်လွဲ)က ဝင်ငွေ လမ်းကြောင်းဖြောင့်လာနိုင်ပြီး နိုင်ငံတကာဈေးကွက်ဝင်ဆံ့နိုင်လာသည့် အတွက် မစတင်မီကပင် ကြိုတင် ရင်ခုန် မိနေကြောင်း ဘုရင့်နောင်ရှိ တည်ခိုခန်းတစ်ခုတွင် ပြောသည်။''နိုင်ငံခြားသားတွေနဲ့ ဆိုတော့.. .ဟိဟိ ရင်ခုန်စရာကြီး''ဟု မစုကဆိုသည်။

နိုင်ငံခြားသား များနှင့် ရင်ဆိုင်တွေ့ရ မည်ဖြစ် သည့်အတွက် မိမိတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထား ဖို့လို အပ်ကြောင်း ပြည်တန်ဆာအမျိုးသမီးတို့က သုံးသပ်ကြသည်။မြန်မာနိုင်ငံတွင် ပြည်တန်ဆာ လုပ်ငန်း လုပ် ကိုင်နေသူပေါင်း သိန်းဂဏန်းအထိ ရှိနိုင်ကြောင်း ကျွမ်းကျင်သူတို့က သုံးသပ်ကြပြီး တရား ဝင်ဈေး ကွက် အကောင်အထည် ဖော်လာပါက ယင်းတို့နှင့် ဆက်နွယ်သော လုပ်ငန်းများပါ အခြေ အနေကောင်း လာ နိုင်ကြောင်း သုံးသပ်ကြသည်

(ထပ်ဆင့် ဖော်ပြခြင်းသာ ဖြစ်သည်။)

http://www.oppositeyes.info/2013/05/blog-post_5579.html

KNU နှင့် အစိုးရတပ်များ အပစ်ရပ် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးရန် ရန်ကုန်မှာ တွေ့ဆုံမည်



ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ် ရပ်စဲစဉ် ကာလအတွင်း လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်း (Code of Conduct) များအတွက် အကြို ဆွေးနွေးပွဲကို မေလနှောင်းပိုင်းတွင် ရန်ကုန် မြို့၌ တွေ့ဆုံမည်ဟု KNU ပြန်ကြားရေးနှင့် စည်းရုံး ရေး တာဝန် ခံ ဖဒိုစောလှထွန်း က မီဒီယာများကို ပြောဆိုလိုက်သည်။


ထိုဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ လိုက်နာရမည့်စည်းကမ်း၊ တပ်နေရာချထားရေး၊ နှစ်ဘက်တပ် သွား လာ ရမည့် လမ်းကြောင်းများကို အဓိက ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်းက အင်္ဂါနေ့က ပြောသည်။

ထို့အပြင် ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရရှိရန်၊ ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနှင့် ဘဝ ရပ် တည်ရေး ကိစ္စရပ်များအတွက်လည်း ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်း က ထပ်လောင်းပြောကြား သည်။

တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲမှသာ ခိုင်မာတဲ့ နိုင်ငံရေးအရဆွေးနွေးမှု ဖြစ်နိုင်မည်ဟု ၎င်းက ပြော သည်။

“KNU ရဲ့ နိုင်ငံရေးအရ ခိုင်မာမှု၊ မခိုင်မာမှုဟာ တဖက်မှာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အပစ်အခတ် ရပ်စဲရေး၊ တနိုင်ငံ လုံးနဲ့ဆိုင်တဲ့ တိုင်းရင်းသားတွေရဲ့ သွားရမယ့် နိုင်ငံရေး Process (လုပ်ငန်းစဉ်) ပေါ်မှာလည်း မူတည် တယ်ဗျ” ဟု ဖဒိုစောလှထွန်း က ပြောသည်။

KNU က အဖွဲ့ဝင်အဖြစ် ပါဝင်သော UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နိုင်ငံရေး အရ ဆွေးနွေးနိုင်ေ ရးကိစ္စ ဆက်လက်ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သဘောတူခဲ့ကြသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KNU တို့ ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးခဲ့ပြီး ထိုနှစ် ဧပြီလ ၆ ရက်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုအဆင့် လက် မှတ်ရေးထိုးခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ဘားအံမြို့၌ တတိယအကြိမ် တွေ့ဆုံကာ အပစ် အခပ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ငါးချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

Mizzima News

အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ် မှစ၍ သင်ကြားရန်စီစဉ်



ယခုလာမည့် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာ သာ ရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်ထားကြောင်း ပညာရေး ၀န်ကြီး ဌာန မှ သိရသည်။


အဆိုပါ ဘာသာရပ်အား မူလတန်းမှ စတင်ကာ အ လယ်တန်း၊ အထက်တန်း အဆင့်များအထိ သင်ရိုး ညွှန်း တမ်းများ တွင် တွဲဖက်သင်ရိုးဝင် ဘာသာ ရပ်များအဖြစ် ထည့်သွင်းသင်ကြား ပေးသွားမည် ဖြစ်ပြီး မူလတန်းအဆင့်တွင် တစ်ပတ်လျှင်နှစ်ကြိမ်၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် တစ်ပတ် လျှင် တစ်ကြိမ်စီ သင်ကြား မည်ဖြစ်သည်။

''စိုက်ပျိုးရေး ဘာသာရပ်ကို မူလတန်းကနေ အထက်တန်းထိ ထည့်သွင်းသင်ကြား ပေးမှာဖြစ်ပါတယ်။ စိုက် ပျိုးရေးနဲ့ သက်ဆိုင်တဲ့ သင်ရိုးတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်'' ဟု အမှတ်(၃)၊ အခြေခံပညာ ဦး စီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံ ပညာကျောင်းများတွင် ကွန်ပျူတာအိုင်စီတီ ဘာသာ ရပ် များ၊ လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ဘာသာရပ်များအား တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် သင် ကြားပေးနိုင်ရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။ အခြေခံပညာကဏ္ဍ၌ တွဲဖက်သင်ရိုးဝင် ဘာသာ ရပ် များအဖြစ် မူလတန်းအဆင့်တွင် ကာယပညာ၊ ရသပညာနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှု၊ အလယ် တန်း အဆင့်တွင် စာရိတ္တနှင့် လောကနီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အိမ်တွင်းမှု၊ ရသ ပညာ၊ ကျောင်းလုပ်ငန်း ဆောင်ရွက်မှုနှင့် သက်မွေးပညာ စသည်တို့ကို သင်ကြားရန် ပြဋ္ဌာန်းထားသည်။

အခြေခံပညာ အထက်တန်းအချို့မှ ကျောင်းသူ ကျောင်းသားအချို့ ပျိုးပင်ခြံများသို့ သွားရောက်လေ့ လာ နေစဉ်

EMG

အစိုးရ သစ် အပြောင်းအလဲနှင့် အတူ သိသာ ထင်ရှား လာသော မြန်မာ့ တပ်မတော်၏ ပြုပြင်ပြောင်း လဲမှုများ



အစိုးရသစ် တက်လာပြီး မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု အသစ်များတွင် တပ်မတော် ခေါင်း ဆောင်များနှင့် တပ်မတော်၏ လုပ်ဆောင်ချက် များ လည်း သိသာပြောင်းလဲလာခဲ့သည်။ ထိုပြောင်းလဲမှု များအနက် အဆင့် ဆင့် အမိန့်နာခံတတ်သော တပ် မတော်၏ သဘောထားအား တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်၏ မိန့် ခွန်း များ၊ ညွှန်ကြားချက်များ မှ တစ် ဆင့် သိမြင်နိုင်ပေသည်။


၆၇ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ လွှတ်တော်အသီးသီးတွင် တပ်မတော် သားများ ပါဝင်နေခြင်းနှင့် ပတ်သက်၍ ဖြတ်သန်းလာသည့် သမိုင်းကြောင်းများ အရ တပ် မတော်မှ နိုင်ငံတော်၏ အကျိုးကို ဖော် ဆောင်ရန် ပါဝင်နေခြင်း ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အမျိုးသား နိုင် ငံရေး တာဝန် တစ်ရပ်ကို ထမ်း ဆောင်နေခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခခွဲ(စ) အရ “တပ်မတော်သည် နိုင်ငံ တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက် ရန် အဓိက တာဝန်ရှိတယ်” ဟု အတိအကျ ဖော်ပြတာဝန်ပေးအပ်ထားကြောင်း ပြောကြားခဲ့ပါသည်။


ဤတွင် အခြေခံ ဥပဒေပါ ၂၅% သော တပ်မတော်သားများကို နိုင်ငံရေး အဖွဲ့အစည်းအချို့နှင့် မီဒီ ယာများ ၏ ဝေဖန်မှုများ ရှိသော်လည်း စစ်ကျောင်းကြီးများ၊ စစ်ဦးစီး တက္ကသိုလ်များ၊ နိုင်ငံတော် ကာကွယ်ရေး တ က္က သိုလ် များ စသည့် တက္ကသိုလ် အဆင့်ဆင့်တွင် ပညာသင်ကြားခဲ့ပြီး ပြည်သူလူထုနှင့် အနီးကပ် ဆက် ဆံ ရသည့် နယ်မြေ အသီးသီးတွင် တာဝန်ထမ်းဆောင်ဖူးသူများ ဖြစ်သောကြောင့် လွှတ်တော်တွင်း အဆင် မပြေမှု များ မရှိ ခဲ့။ အတိုက်အခံဟု ဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် ၄င်းတို့နှင့် လက် တွဲလုပ်ရ သည်ကို ၀မ်းသာ သည်ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။ နိုင်ငံတော် သမ္မတကြီးနှင့် ကာကွယ်ရေး ၀န်ကြီးတို့မှလည်း အနာဂတ် နိုင်ငံတော်တွင် အခြေခံဥပဒေအတိုင်း တပ်မတော်သား ၂၅% ကို ပြင်ဆင် သွားမည်ဖြစ်ကြောင်း ကို လည်း မီဒီယာများမှ တစ်ဆင့် ရှင်းပြခဲ့သည်။


တပ်မတော်သား ၂၅ % အား ပြည်တွင်း နိုင်ငံရေး အဖွဲ့အစည်းအချို့နှင့် မီဒီယာများ အာရုံစိုက်နေကြသည့် ကာ လတွင် တပ်မတော်သား ၈၀ % မှာ နယ်စပ်ကျေးလက်အထိ လှည့်လည်ပြီး ပြည်သူလူထုအား ကျန်း မာရေး စောင့်ရှောက်ခြင်း၊ လုံခြုံရေး ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်း များ ဆောင်ရွက် လျှက် ရှိ သည်။ ထိုသို့ နယ်လှည့်ရင်း ပြည်နယ် တစ်ခုအတွင်းမှ တောင်ပြိုကျနိုင်သည့် အန္တရာယ်များကို ပြည် နယ် အစိုးရသို့ သတိပေးခြင်း၊ ကျန်သည့် ပြည်နယ်များရှိ သဘာဝဘေးအန္တရာယ်များ ကို ကြိုတင် တား ဆီးနိုင် မည့် နည်းလမ်းများကို အကြံပေးခြင်းတို့ ကိုလည်း ပြုလုပ်ခဲ့ကြသည်။ တပ်မတော်နေ့ မိန့်ခွန်းမှ လူမျိုး တုန်း သတ်ဖြတ်မှု တပ်မတော်သမိုင်းတွင် မရှိကြောင်း၊ စိုက် ပျိုးရေး များ ကို ဆောင်ရွက်၍ တပ် ရင်း မှ ဒေသအတွင်း ကုန်ဈေးနှုန်းတက်ခြင်းကိုပင် ကာကွယ်စေလို သည့် အကြီးအကဲများ ၏ ဆန္ဒကို ပထမဆုံး ထုတ်ဖော်ပြောခြင်းဖြင့်လည်း နေရာအနှံ့တွင် တပ်ရင်းအ လိုက် ဆောင်ရွက်သည့် စိုက် ပျိုး ရေး လုပ်ငန်း များ ဖြစ်စေခဲ့သည်။


အစိုးရသစ် တာဝန်ယူပြီး နောက်ပိုင်း ဖြစ်ပေါ်လာသည့် သဘာဝ ဘေးအန္တရာယ် များကြောင့် ထိခိုက် ပျက် စီး မှု များအား လိုက်လံ ကူညီရာတွင် နိုင်ငံတော် သမ္မတကြီးနှင့် အတူ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ကို လည်း မြင်တွေ့ ရမည် ဖြစ်သည်။ အဆိုပါ အချက်မှာ နောက်ကြောင်းပြန်လှည့်မည် ဆိုသော စကားဖြင့် ပြည် သူ လူထု ကို စိုးရိမ် ထိတ်လန့်မှုများ ပေးနေသည့် အဖွဲ့အစည်းအချို့၏ သွေးထိုးမှုကို လက်တွေ့ လုပ် ရပ်ဖြင့် ချေပခြင်း လည်း ဖြစ်သည်။ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ခြင်း ဖြစ်ပြီး ပါ တီနိုင် ငံရေး တွင် ပါဝင်မှု မရှိသဖြင့် မည်သည့်အစိုးရ တက်တက် နိုင်ငံတော်အတွက် ပူးပေါင်းဆောင် ရွက် မည် သာ ဖြစ်လေသည်။


ပြီးခဲ့သည့် ကချင်ပြည်နယ်မှ စစ်ပွဲများ ကာလအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ထုတ်ပြန်ခဲ့ သည့် ကြေငြာချက်မှာလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက် အစိုးရနှင့် တစ်သားတည်း ရှိနေေ ကြာင်း ဖော်ပြနိုင်ခဲ့သည်။ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ရန် တပ်မတော်မှ မည်မျှ လိုလားကြောင်း၊ အကြမ်းဖက် မှုကို လက် မခံကြောင်း၊ တည်ငြိမ်အေးချမ်းစွာဖြင့် နေထိုင်လိုပါက ချက်ချင်းအပစ်ရပ်ကာ ဆက်ဆံမည် ဖြစ်ေ ကြာင်း တို့ကို လက်တွေ့ ပြနိုင်ခဲ့သည်။ တပ်မတော်သား များစွာ အသက်နှင့် ကိုယ်လက်အင်္ဂါများ ပေး ဆပ် ခဲ့သော်လည်း ငြိမ်း ချမ်းရေးအတွက် ဆွေးနွေးပွဲများ စတင်ချိန်တွင် တိုက်ပွဲများကို ရပ်ဆိုင်းပေး ခဲ့သည်။ တစ်ချိန်တည်းတွင် နေပြည်တော်သို့ လာရောက်တွေ့ဆုံသည့် KNU အဖွဲ့ ခေါင်းဆောင်များနှင့် လည်း တရင်းတနှီး ပွေ့ဖက် နှုတ်ဆက်ခဲ့သည်။


အချိန်မရွေး ဖြစ်ပေါ်နိုင်သည့် ပြည်တွင်း အဓိကရုဏ်းများတွင် ၀င်ရောက်ဖြေရှင်းရန်အတွက် တပ်မတော် အနြေ ဖင့် အချိန်ကာလ အတိုင်းအတာ တစ်ခုထိ လိုအပ်လျှက်ရှိသည်။ ရခိုင်ပြည်နယ်မှ ဘင်္ဂလီ ပြဿနာ၊ မိထ္ထီ လာမှ စခဲ့သော အဓိက ရုဏ်း များတွင် တပ်မတော်၏ အရေးပါမှုကို သိစေခဲ့သည်။တရားဝင် လက် နက် ကိုင်ဆောင်ထားခြင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ နေ့ည မရွေး ကင်းလှည့်စောင့် ကြည့်ခြင်း တို့ကြောင့် ပြည်သူလူထုအား လုံခြုံမှုများ ပေးခဲ့သည်။


ထိုနောက်ပိုင်း ရေကြီးသည့် နေရာများတွင် ရေဘေးကယ်ဆယ်ရေးများ ဆောင်ရွက်ခြင်း၊ နွေရာသီ ရေခမ်း ခြောက် သည့် ဒေသများတွင် သောက်သုံးရေကန်များ တူးဖော်ခြင်း၊ သောက်သုံးရေများ ဝေငှခြင်းများ ဆက် တိုက် လုပ်ဆောင်ခဲ့သည်။ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ပြည်မြို့တွင် ဖြစ်ပွားခဲ့သော တပ် မတော် သား (၃) ဦး အစွပ်စွဲခံရသည့် ကိစ္စတွင် တပ်မတော်မှ တာဝန်ရှိသူများ သွားရောက်ပြီး ဖြေရှင်းပေး ခဲ့သည်။


အစစ အရာရာ ပြုပြင်ပြောင်းလဲမှုများအား အစိုးရအဖွဲ့နှင့်အတူ ကန့်လန့်ကာ နောက်ကွယ်မှ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ တပ်မတော်မှ ဆောင်ရွက်လျှက် ရှိသည်။ မိထ္ထီလာတွင် ပဋိ ပက္ခများ ဖြစ်နေချိန်၌ တပ်မတော်နေ့ စစ်ကြောင်းများ၏ လုံခြုံရေး ယူနေသည့် တပ်ဖွဲ့များအား စေ လွှတ် ကာ ပြည်သူလူထုကို လုံခြုံစေခဲ့သည်။ မဟာစင် မုန်တိုင်း သတိပေးချက်နှင့်အတူ အရေးကြီး အစည်း အဝေး များမှ တပ်မတော် အရာရှိကြီးများကို စေလွှတ်ပြီး ကွပ်ကဲစေခဲ့သည်။


ထို့ကြောင့် ရေလိုကြောင်း သတင်းကြားသည့် နေရာတွင် ရေ ရစေရမည်။ နောက်ထပ် ဘာများ လိုချင် ပါ သေး သလဲ ဟု…

http://www.oppositeyes.info/2013/05/blog-post_3148.html

လွှတ်တော်အမတ်များသည် တကယ့်အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များ မဟုတ်ကြောင်း ပြောတဲ့ ဦးခွန်ထွန်းဦး



မေလ ၁၈ ရက်၊ ရက်စွဲဖြင့် ထုတ်ဝေသည့် မြန်မာ သံတော်ဆင့် ဂျာနယ်တွင် ဆောင်းပါးရှင် အံ့ခေါင် မင်း၏ ဆောင်းပါးကို ဖတ်လိုက်ရသည်။ ကျွန်တော် ကတော့ လွှတ်တော်ကို သိပ်အယုံအကြည် မရှိပါ ဘူး။ မလုပ်နိုင်ပါဘူး။ တကယ့် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေမှ မဟုတ်တာ။ အရွေးခံတွေဆိုတော့ ပိုဆိုးတာပေါ့ဆိုသည့် စကား လုံးများကို စာလုံးမည်း ဖြင့် ဖော်ပြထားသည့် ဆောင်းပါးပင်။


စုံစမ်းရေးကော်မရှင် ဖွဲ့ခဲ့ရသည့် ဒေါက်တာ ဆိတ်ဖွား၏ ဥပဒေအထက်တွင် လွှတ်တော်ရှိနေသလား ဆို သည် နှင့် လွှတ်တော်သည် တကယ့်အရည် အချင်း ရှိတဲ့ ပုဂ္ဂိုလ်များ မဟုတ် ဆိုသည့် စကား(၂)ရပ်ကို နှိုင်း ယှဉ်ကြည့်မိ သည်။ ဥပဒေအထက်တွင် လွှတ်တော်မရှိပါ ဟု လက်ခံပြီး ဒေါက်တာ ဆိတ်ဖွား ကို စုံစမ်းဖော် ထုတ်ခဲ့သည့် အတွက် လွှတ်တော်သည့် တကယ့်အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များ ဖြစ်သည် ဟု သက်သြေ ပနိုင် ရန်မှာလည်း အရေးယူရန်လိုမည် ဖြစ် သည်။ သို့မဟုတ်ပါက လွှတ်တော်သည် တကယ့်အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်များမဟုတ် ဆိုသည်ကို လက်ခံ သကဲ့သို့ ဖြစ်ပေမည်။

လွှတ်တော်အတွင်း ရောက်နေသည့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ၀တ်စုံများဖြင့် တစ်ခမ်းတစ်နား လွှတ်တော် တက်နေသူများ၊ ကမ္ဘာ့နိုင်ငံအသီးသီးသို့ လေ့ လာရေး ခရီးထွက်နေသည့် မြန် မာ့ လွှတ်တော်ကိုယ်စားလှယ်မျာ၏ လွှတ်တော်တွင် ဆွေးနွေးနေသည့် အချက် များကို တစ်နိုင်ငံလုံးမှ အာ ရုံ စိုက်နေခြင်း၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး လွှတ်တော်တွင် ဆွေးနွေးမည့် အ ဆို တစ်ခုကို တလေး တစား ဖြော်ပနေခြင်းသည် အဘယ်ကြောင့်နည်း။ လွှတ်တော်အတွင်း မရောက်နိုင်သူ တစ်ဦး၏ ပါးစပ် စည်းကမ်း မရှိ ပြောဆိုမှုများသည် လွှတ်တော် ကိုယ်စားလှယ်များအတွက် နာစရာမဟုတ်ဆိုပါက မည် သို့မှ ပြောစရာမရှိပေ။

အစိုးရ၊တပ်မတော်၊ ရဲတပ်ဖွဲ့များကို စော်ကားပြောဆိုခြင်း၊ နိုင်ငံတော်အတွင်း ဆူပူမှုများ ဖြစ်စေရန် ဖန် တီးခြင်း တို့ကို ယနေ့ထိ ထိရောက်သည့် အရေးယူမှု မရှိသေးပါ။ မီဒီယာများ၏ စည်းကမ်းမဲ့ မှုများ အတွက်လည်း သတိ ပေးမှုများ မရှိသေးပါ။ လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ဖွဲ့ထားသည့် တရားဥပဒေ စိုး မိုးရေး ကော်မရှင် ကြီးမှ တရားဥပဒေ စိုးမိုးရေး အတွက် ရှေ့နေများ၊ တရားသူကြီးများကို ကျမ်းသစ္စာ ကျိန် ဆိုခိုင်းခြင်းထက် ပို၍ အလုပ်မလုပ်သေးပါ။

ယခုတော့ အရည်အချင်းမရှိသော လွှတ်တော်ကိုယ်စားလှယ်များ ဆိုသည့် စကားသည် မီဒီယာစာမျက်နှာ အထက်ကို ရောက်လေပြီ။ နာတတ်မှသာ နာပါလေ။

Credit : http://www.oppositeyes.info/2013/05/blog-post_8616.html

နယ်မြေချဲ့လိုသော ရှမ်းလက်နက်ကိုင် အဖွဲ့များမှ အစိုးရက တနိုင်ငံလုံးအပစ်ရပ်ကြောင်း တရားဝင် ကြေငြာပေးရန် တောင်းဆို



အစိုးရဘက်မှ တနိုင်ငံလုံးအပစ်ရပ်ကြောင်း တရား ဝင်ကြေငြာပေးရန် ဦးအောင်မင်းနှင့် အခုအပတ် အ တွင်း ကတွေ့ဆုံစဉ် သျှမ်းခေါင်း ဆောင်များက တိုက်တွန်းလိုက်ပါသည်။


ယခုအပတ် တနင်္လာနေ့ မေလ ၁၃ ရက်နေ့က ရန်ကုန်မြို့၌ ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဌ ဦး အောင်မင်း နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်း တိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ဥရောပ - မြန်မာရုံးမှ စဝ်ဟန်ယောင်ဟွေတို့ MPC မြန်မာငြိမ်း ချမ်းရေး စင်တာတွင် တွေ့ ဆုံခဲ့ကြခြင်းဖြစ်သည်။

“ ဦးအောင်မင်းနဲ့အဖွဲ့ကိုတွေ့ဆုံနိုင်ဖို့ EBO စဝ်ဟန်ယောင်ဟွေ့က ကမကထပြု ကူညီဆောင် ရွက်ပေး ပါ တယ်။ အဲဒီမှာ စဝ်ဟန်ယောင်ဟွေ့က ငြိမ်းချမ်းရေးဆက်လက်တည်ဆောက်သွားဖို့အတွက် နိုင်ငံရေးေ ဆွးနွေး ဖို့လိုတယ်၊ ဆိုတော့ အစိုးရကနေ တိုင်းရင်းသားတပ်ဖွဲ့အားလုံးနဲ့ အပစ်ရပ်ရေးကို အမြန်ဆုံး ဆောင် ရွက်ပေးဖို့၊ တနိုင်ငံလုံး အပစ်ရပ်ကြောင်း တရားဝင်ကြေငြာပေးဖို့ ဦးအောင်မင်းကိုပြောတယ် ”

ထို့အပြင် နိုင်ငံရေးဆွေးနွေးရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်၊ နိုင်ငံရေးပါတီ ရပ်မိရပ်ဖများအား လက် နက် ကိုင် တိုင်းရင်းသား တပ်ဖွဲ့ များက တွေ့ဆုံဆွေးနွေးပြင်ဆင်ရမည်ဖြစ်သဖြင့် ၎င်းတို့အား ၁၇/၁ (မတ ရား အသင်း) မှပယ်ဖျက် ပေးရန်လည်း စဝ်ဟန်ယောင်ဟွေ့က ဦးအောင်မင်း အားပြောပါသည်။

တွေ့ဆုံပွဲတွင် WGEC အဖွဲ့ဝင် KNU လည်းပါဝင်ကြောင်း၊ SNLD ဥက္ကဌ စဝ်ခွန်ထွန်းဦးကိုလည်း RCSS/ SSA မှ ဖိတ်ခေါ်ကြောင်း သိရသည်။

“ စဝ်ခွန်ထွန်းဦးကတော့ - အပစ်ရပ်ထားတယ်ဆိုပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာဟာ မြန်မာ့ တပ် မတော် ဘက်က စတင်တာချည်းဖြစ်နေတာဖြစ်တဲ့အတွက် အစိုးရကနေ တပ်မတော်ကို နိုင်အောင် ကိုင်ေ ပး ဖို့ ပြောသွားတယ်။ ခေါင်းဆောင်တွေတင်ပြ တာတွေကို ဦးအောင်မင်းက မှတ်သားသွားပြီး အ ထက် ကိုတင်ပြ ပေးမယ်လို့ပြောတယ်” ဟုလည်း ဗိုလ်မှူးလောင်ဝ်ဆိုင်ကပြောသည်။

ငြိမ်းချမ်းရေးတည်ဆောက်လိုသော ဆန္ဒအမှန်တကယ်ရှိမှသာ ငြိမ်းချမ်းရေး တည်ဆောက် မှုအောင်မြင် နိုင် မည်ဖြစ်ကြောင်း၊ အစိုးရက ငြိမ်းချမ်းရေးတည်ဆောက်နေပြီး စစ်တပ်က လိုက်နာမှုမရှိဘဲ လုပ်ချင် ရာ လုပ်နေ သည်မှာ ငြိမ်းချမ်းရေးခရီးကို တားဆီးနှောင့်ယှက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဓိကကျဆုံးမှာ စစ်တပ်အား အာဏာအပြည့်ပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံသာဖြစ်ကြောင်း ဗိုလ်မှူးလောင်ဝ်ဆိုင်က ထောက် ပြ ပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ တို့ ငြိမ်းချမ်းရေးဆက်လက်တည်ဆောက်ရန် လာမည့်လအတွင်း ထပ်မံတွေ့ဆုံဖို့ ရှိကြောင်း လည်း RCSS ကပြောပါသည်။

သျှမ်းသံတော်ဆင့်

ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့ ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ် ရပ်ထားသော ယာဉ်များအား အရေးယူရန် စီစဉ်



ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာ အချို့တွင် ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ် ရပ် ထား သည့် ယာဉ်များအား အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မ တီ မှ သိရသည်။


ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခု နှစ်မှစတင်၍ အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများကို ဗိုလ်ချုပ်အောင် ဆန်း လမ်းပေါ် (ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှေ့)၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းပေါ်(မြို့ရွာနှင့် အိုးအိမ် ဖွံြ့ ဖိုး မှု ဦးစီး ဌာနရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (သိမ်ဖြူလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်း မီးပွိုင့် အ နီး)၊ ဗိုလ်တထောင် ဘုရား (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ သိမ်ဖြူလမ်းမပေါ် (ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင် လမ်းကြား)နှင့် အထက်ကြည့်မြင်တိုင် လမ်းမပေါ် (ဗားကရာလမ်းနှင့်ဟံသာဝတီလမ်း) စသည့်နေရာ များတွင် ပြုလုပ်ပေးခဲ့ပြီး လက်ရှိကုန်သည်လမ်းနှင့် အနော်ရထာ လမ်း တို့ တွင် ထပ်မံပြုလုပ်နေကြောင်း၊ ရန်ကုန်မြို့တွင်း ကားပါကင် မရှိခြင်းကြောင့် ကားလမ်းမများပေါ်တွင် ယာဉ် များ စည်းကမ်းမဲ့ ယာဉ် ရပ်နားခြင်း မရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းသိရသည်။

သို့သော် အချို့ယာဉ်များမှာ ကားပါကင် ပြုလုပ်ပေးထားသော်လည်း ကားပါကင်၌ မရပ်နားဘဲ လမ်းမပေါ် တွင် သာ ရပ်တန့်ထားမှု အချို့ကို တွေ့နေရကြောင်း၊ ထို့အတွက် အရေးယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပြီး ဒဏ်ငွေဖြင့် အရေးယူခြင်းအပြင် ကရိန်းဖြင့်မယူ၍ ရှင်းလင်းခြင်းများလည်း ပြုလုပ်ရန် စီစဉ်နေ သည် ဟု သိရသည်။

''အခမဲ့ရပ်နားနိုင်တဲ့ ကားပါကင်တွေ လုပ်ပေးထားတယ်။ ဒါပေမဲ့ ကားအချို့က အဲဒီနေရာမှာ မရပ်ကြဘူး။ လမ်း မပေါ် မှာပဲ ရပ်ကြတယ်။ သူတို့ဘာလို့ မရပ်ကြတာလဲလို့ပြောတော့ ကားပါကင် လုပ်ပေးထားတဲ့ နေ ရာ မှာ ဈေးသည်အချို့ ဈေးရောင်းနေလို့တဲ့။ အဲဒီအတွက် ဈေးသည်တွေကိုလည်း ရှင်းလင်းမှုတွေ လုပ်ဖို့ လိုတယ်။ အဲဒီလို ရှင်းလင်းပြီးပေမယ့် ကားတွေလမ်းမပေါ် တက်ပြီးရပ်နေမယ် ဆိုရင်တော့ အရေးယူ သွား မှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

''အခမဲ့ကားပါကင်တွေ လုပ်ပေးထားပေမဲ့ အချို့နေရာတွေမှာ ကားရပ်ဖို့က နေရာနည်းနည်း ကျဉ်းနေတဲ့ အပြင် ဓာတ်တိုင်တွေလည်း ခံနေတော့ ကားရပ်ဖို့ ခက်ခဲတဲ့အပိုင်း အချို့လည်း ရှိပါတယ်'' ဟု ရန်ကုန်မြို့ရှိ ယာဉ် ပိုင် ရှင်တစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့တွင် ယခင်ထက် ယာဉ်စီးရေ ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့ နေရာ အတော် များများတွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်ရပ်နားရန် နေရာအခက်အခဲ ဖြစ်မှုများ နေ့စဉ်ကြုံတွေ့ နေ ရကြောင်း သိရှိရသည်။ ထို့အပြင် စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ ရပ်နားခြင်းတို့ကြောင့် မလိုလား အပ်ေ သာ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိသည်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားမှုများအတွက် ယာဉ်ရပ်နားခ ပေးဆောင်မှုအား ဧပြီလမှစ၍ ကောက်ခံခြင်း မပြုတော့ ဘဲ အခမဲ့ ယာဉ်ရပ်နားခွင့် ပြုထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့ ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ် ရပ် ထားသော ယာဉ်များအား အရေးယူရန်စီစဉ် ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေ ရာ အချို့တွင် ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ်ရပ်ထားသည့် ယာဉ်များအား အရေးယူရန် စီစဉ်နေေ ကြာင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခု နှစ်မှ စတင်၍ အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများကို ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (ရန်ကုန်ပြည်သူ့ ဆေး ရုံ ကြီးရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနရှေ့)၊ ဗိုလ်ချုပ်အောင် ဆန်း လမ်းပေါ် (သိမ်ဖြူလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်း မီးပွိုင့်အနီး)၊ ဗိုလ်တထောင်ဘုရား (အနော်ရ ထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ သိမ်ဖြူလမ်းမပေါ် (ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင် လမ်းကြား )နှင့် အထက်ကြည့်မြင်တိုင် လမ်းမပေါ် (ဗားကရာလမ်းနှင့် ဟံသာဝတီလမ်း) စသည့်နေရာများတွင် ပြုလုပ်ပေး ခဲ့ပြီး လက်ရှိကုန်သည်လမ်းနှင့် အနော်ရထာလမ်းတို့တွင် ထပ်မံပြုလုပ်နေကြောင်း၊ ရန်ကုန်မြို့ တွင်း ကားပါကင် မရှိခြင်းကြောင့် ကားလမ်းမများပေါ်တွင် ယာဉ်များစည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း မရှိစေ ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းသိရသည်။ သို့သော် အချို့ယာဉ်များမှာ ကားပါကင် ပြုလုပ်ပေး ထားသော် လည်း ကားပါကင်၌ မရပ်နားဘဲ လမ်းမပေါ်တွင်သာ ရပ်တန့်ထားမှု အချို့ကို တွေ့နေရကြောင်း၊ ထို့အ တွက် အရေးယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပြီး ဒဏ်ငွေဖြင့် အရေးယူခြင်းအပြင် ကရိန်းဖြင့်မယူ၍ ရှင်း လင်းခြင်းများလည်း ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။ ''အခမဲ့ရပ်နားနိုင်တဲ့ ကားပါကင်တွေ လုပ်ပေး ထားတယ်။ ဒါပေမဲ့ ကားအချို့က အဲဒီနေရာမှာ မရပ်ကြဘူး။ လမ်းမပေါ်မှာပဲ ရပ်ကြတယ်။ 

သူတို့ဘာလို့ မရပ်ကြတာလဲလို့ပြောတော့ ကားပါကင် လုပ်ပေးထားတဲ့ နေရာမှာ ဈေးသည်အချို့ ဈေးေ ရာင်းနေ လို့တဲ့။ အဲဒီအတွက် ဈေးသည်တွေကိုလည်း ရှင်းလင်းမှုတွေ လုပ်ဖို့လိုတယ်။ အဲဒီလို ရှင်းလင်းပြီးေ ပမယ့် ကားတွေလမ်းမပေါ် တက်ပြီးရပ်နေမယ် ဆိုရင်တော့ အရေးယူသွားမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

''အခမဲ့ကားပါကင်တွေ လုပ်ပေးထားပေမဲ့ အချို့နေရာတွေမှာ ကားရပ်ဖို့က နေရာနည်းနည်း ကျဉ်းနေတဲ့ အပြင် ဓာတ်တိုင်တွေလည်း ခံနေတော့ ကားရပ်ဖို့ ခက်ခဲတဲ့အပိုင်း အချို့လည်း ရှိပါတယ်'' ဟု ရန်ကုန်မြို့ရှိ ယာဉ် ပိုင်ရှင် တစ်ဦးက ပြောပြခဲ့သည်။ ရန်ကုန်မြို့တွင် ယခင်ထက် ယာဉ်စီးရေ ပိုမိုများပြား လာသည့် အတွက် ရန်ကုန်မြို့ နေရာအတော်များများတွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်ရပ်နားရန် နေရာအခက် အ ခဲ ဖြစ်မှုများ နေ့စဉ်ကြုံတွေ့ နေရကြောင်း သိရှိရသည်။ ထို့အပြင် စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ စည်း ကမ်း မဲ့ ရပ်နားခြင်းတို့ကြောင့် မလိုလားအပ်သော ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိသည်။ ရန်ကုန်မြို့ တွင်း ယာဉ်ရပ်နားမှုများအတွက် ယာဉ်ရပ်နားခ ပေးဆောင်မှုအား ဧပြီလမှစ၍ ကောက်ခံခြင်း မပြုတော့ဘဲ အခ မဲ့ ယာဉ်ရပ်နားခွင့် ပြုထားကြောင်း သိရသည်။ 

EMG

ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်အချို့

ပြည်ထဲရေးဝန်ကြီးက ၆ နှစ် ကြွေးကျန်ထပ်ချထားသောကိုနေမျိုးဇင် ပြန်လွတ်လာပြီ



May 17, 2013

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ(၁)နဲ့ ဧရာ ဝတီတိုင်း၊ မအူပင်အကျဉ်းထောင်မှာ အကျဉ်း ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။


ဒီနေ့နေ့လည် ၁ နာရီဝန်းကျင်မှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အကျဉ်းထောင် အတွင်းရောက်ရှိလာပြီး နိုင်ငံတော်သမ္မတရုံးရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ကို ဖတ်ပြပြီးနောက် လွှတ်ပေးလိုက်တာလို့ ဦးနေမျိုးဇင်က ပြောပါတယ်။


ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ ပန်းတနော်တရားရုံးက ဒဏ်ငွေ ကျပ် ၂ သောင်းပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံ နေတာ ဖြစ်ပါတယ်။ တောင်သူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် ကြိုးစားရင်း အရင်အမှုဟောင်းရဲ့ ကြွေးကျန် ထောင်ဒဏ် ၆ နှစ်နဲ့ ၁၀ လထပ်မံကျခံခဲ့ရတာဖြစ်ပါတယ်။


RFA Burmese

မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်း စီမံကိန်းစက်ရုံ ယူနန်ဒေသခံတွေ ထပ်မံဆန္ဒပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပိုက်လိုင်းတွေကတဆင့် ရောက်ရှိလာတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို သိုလှောင်ချက်လုပ် ဖြန့်ဖြူးမယ့်စက်ရုံနဲ့ ပတ်သက်ပြီး ကူမင်းမြို့ခံ နှစ်ထောင်ကျော်က တစ်လအတွင်း ဒုတိယအကြိမ်အဖြစ် မနေ့ကဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်ဒေါ်လာ သန်းသုံးထောင်လောက်ကုန်ကျခဲ့တဲ့ အဲဒီစက်ရုံကို လွန်ခဲ့တဲ့ ၈ နှစ်လောက် ကတည်းက တရုတ်အစိုးရပိုင်ရေနံကုမ္ပဏီက တည်ဆောက်ခဲ့ပြီး၊ အခုလကုန်ပိုင်းမှာ စတင် လည်ပတ်တော့မှာ ဖြစ်ပါတယ်။


ဒေသတိုးတက်ဖွံ့ဖြိုးရေးထက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ဆန္ဒပြကြ တာဖြစ် ကြောင်း ဒေသခံတွေက ပြောပါတယ်။


ဆန္ဒပြသူတွေထဲကနှစ်ဦးကို အာဏာပိုင်တွေက ခေတ္တထိန်းသိမ်းခဲ့ပေမယ့်၊ ဆန္ဒပြပွဲကိုတော့ မပိတ်ပင်ခဲ့ဘူး လို့ မျက်မြင်တွေက ပြောပါတယ်။ ကူမင်းမြို့ ဒုတိယမြို့တော်ဝန်က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံပြီး စက်ရုံ အကြောင်းရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။

ဒီစက်ရုံကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ထားသလို၊ ဒေသတွင်းစီးပွားရေးလည်း တိုးတက်လာမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ဆန္ဒပြဒေသခံတွေကတော့ သူတို့အနေနဲ့ စီးပွားရေး တဟုန်ထိုးတိုးတက်တာထက်၊ ပတ်ဝန်းကျင် စိမ်း လန်းစိုပြေသာယာပြီး ငြိမ်းချမ်းတဲ့လူ့ဘောင်ကိုသာ လိုချင်တယ်လို့ ပြောကြပါတယ်။

ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က စောင့်ကြည့်ရုံသာကြည့်ခဲ့ပေမယ့်၊ အစိုးရဝန်ထမ်းတွေအနေနဲ့ ဆန္ဒပြပွဲမှာမပါဝင်ဖို့နဲ့ ဒီကိစ္စကိုကျယ်ပြန့်အောင်မလုပ်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစတင်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေး ကျွန်းမှာလည်း ပိုက်လိုင်းစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ခေါင်းဆောင်တွေကို အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။

RFA Burmese

ဘင်္ဂါလီကုလားများ နှင့် ကူးလူးဆက်ဆံကြသူများကို နာမည်ပျက်စာရင်းသွင်းပြီး ဓါတ်ပုံ နှင့်တကွ ကြေငြာမည် ဟု ဆို

၂၀၁၃-ခုနှစ် မေလ (၅) ရက်နေ့ နှင့် မေလ (၁၂)ရက်နေ့တို့တွင် အသီးသီးကျင်းပခဲ့ကြသော စစ်တွေမြို့ တက်ကြွလှုပ်ရှားသူများ အစည်းအဝေးက ပဋိပက္ခများ တစ်ကျော့ပြန်ဖြစ်လာနိုင်ခြေတို့ကို တားဆီးသည့် အနေဖြင့် ကုလားများနှင့် ကူးလူးရောင်းဝယ်ဆက်ဆံမှုကို တတ်နိုင်မျှ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း၊ ကုလားများနှင့် ကူလူးဆက်ဆံသူများကို နာမည်ပျက်စာရင်းသွင်းပြီး ဓါတ်ပုံ နှင့်တကွ ထုတ်ပြန် ကြေငြာ သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ကာ ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ထိုကြေငြာချက်၏ အောက်ခြေတွင် ပဋိပက္ခကာကွယ်တားဆီးရေးအင်အားစုဟု ရေးသားဖော်ပြထားသည်။


Coral Arakan News

ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား


Photo: ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား
Friday, May 17, 2013

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီ၏ကနေ ထုတ်ပယ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်
မရှင်က အဲဒီပါတီကို ညွှန်ကြားလိုက်ပါတယ်။

အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့
ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။

“သူတို့ ကျနော်တို့ဆီ နောက်ထပ် ထပ်တိုးတင်လာတဲ့ စာရင်းထဲမှာ ကျနော်တို့နိုင်ငံက အသိအမှတ်ပြုမထားတဲ့ ရိုဟင်ဂျာဆိုတာ ပါနေလို့လေ။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀ မှာ ဖော်ပြထားတာက နိုင်ငံရေးပါတီတခုမှာ နိုင်ငံခြားသား ပါဝင်ခွင့်မရှိလို့ ဖော်ပြထားတယ်။”

ဒါ့အပြင် ကော်မရှင်က အဲဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၉ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ထပ်ပြီး ပေးပို့ဖို့ ညွှန်ကြားထားလိုက်တယ်လို့ ဦးတင်မောင်ချိုက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းကို ဆက်သွယ်မေးရာမှာ ဒီစာကို လက်ခံရရှိတယ်လို့ ဖြေပါတယ်။

“နာမည်တော့ အလွတ်မရဘူး၊ ၆ ယောက်သွားတာမှာ ရိုဟင်ဂျာပြောလို့ သူတို့ကနိုင်ငံသားမဖြစ်နိုင်ဘူးပေါ့၊ ရိုဟင်ဂျာမဟုတ်ဘူးဆိုရင် ရသလောက်
လေ့လာရမှာပေါ့လေ။”

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ
ပြန်လည်တောင်းခံလာတဲ့အပေါ်ကို ဦးကျော်မင်းက အရင်တုန်းက ရိုဟင်ဂျာ
လို့ တင်ပြခဲ့ပေမယ့် ပြဿနာမရှိခဲ့ဘဲ ခုမှဖြစ်တာလို့ ပြောဆိုပါတယ်။

“ဟိုတုန်းက လျှောက်လွှာတင်စဉ်က ကိုယ်ရေးရာဇ၀င်တွေ ပူးတွဲတင်ခဲ့ရတယ်။ အဲတုန်းကလည်း သူတို့ပြောတဲ့နာမည်တွေဘာတွေပါတယ်။ အခုနောက်
ဆက်တွဲတိုးတဲ့အထဲ အဲလိုပါနေလို့ ကိုယ်ရေးရာဇ၀င်တွေပြန်တောင်းတယ်။
သူတို့မကြိုက်တဲ့ နာမည်မပါရင် လက်ခံမယ့်သဘောရှိတယ်။”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀(က)အရ ပါတီဝင်စည်းရုံးရာ
မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဒါမှမဟုတ် ယာယီ
သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကိုပဲ စည်းရုံးခွင့်ရှိတယ်လို့
ဖော်ပြထားပါတယ်။

DVB

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ ဗဟို အလုပ် အမှုဆောင် ၆ ဦးကို ပါတီ၏ကနေ ထုတ်ပယ် ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော် မရှင်က အဲဒီပါတီကို ညွှန်ကြားလိုက်ပါတယ်။


အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာ ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့် လို့ ပြည်ထောင် စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြား ရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။

“သူတို့ ကျနော်တို့ဆီ နောက်ထပ် ထပ်တိုးတင်လာတဲ့ စာရင်းထဲမှာ ကျနော်တို့နိုင်ငံက အသိ အမှတ်ပြု မထားတဲ့ ရိုဟင်ဂျာဆိုတာ ပါနေလို့လေ။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀ မှာ ဖော်ပြ ထား တာက နိုင်ငံရေးပါတီတခုမှာ နိုင်ငံခြားသား ပါဝင်ခွင့်မရှိလို့ ဖော်ပြထားတယ်။”

ဒါ့အပြင် ကော်မရှင်က အဲဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၉ ဦးရဲ့ ကိုယ်ရေး အချက် အလက်တွေကိုလည်း ထပ်ပြီး ပေးပို့ဖို့ ညွှန်ကြားထားလိုက်တယ်လို့ ဦးတင်မောင်ချို က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းကို ဆက်သွယ်မေးရာမှာ ဒီစာကို လက်ခံရရှိတယ်လို့ ဖြေပါတယ်။

“နာမည်တော့ အလွတ်မရဘူး၊ ၆ ယောက်သွားတာမှာ ရိုဟင်ဂျာပြောလို့ သူတို့ကနိုင်ငံသား မဖြစ်နိုင် ဘူးပေါ့၊ ရိုဟင်ဂျာမဟုတ်ဘူးဆိုရင် ရသလောက်လေ့လာရမှာပေါ့လေ။”

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ ကိုယ်ရေး အချက် အလက်တွေပြန် လည်တောင်းခံ လာတဲ့ အပေါ်ကို ဦးကျော်မင်းက  အရင်တုန်းက ရိုဟင်ဂျာလို့တင်ပြခဲ့ပေမယ့် ပြဿနာမဖြစ်ခဲ့ဘဲ ခုမှဖြစ်တာလို့ ပြောဆိုပါတယ်။

“ဟိုတုန်းက လျှောက်လွှာတင်စဉ်က ကိုယ်ရေးရာဇ၀င်တွေ ပူးတွဲတင်ခဲ့ရတယ်။ အဲတုန်းကလည်း သူတို့ပြောတဲ့ နာမည်တွေဘာတွေပါတယ်။ အခုနောက်ဆက်တွဲတိုးတဲ့အထဲ အဲလိုပါနေလို့ ကိုယ်ရေး ရာဇ၀င်တွေပြန်တောင်းတယ်။သူတို့မကြိုက်တဲ့ နာမည်မပါရင် လက်ခံမယ့်သဘောရှိတယ်။”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀(က)အရ ပါတီဝင်စည်းရုံးရာမှာ နိုင်ငံသား၊ ဧည့်နိုင်ငံ သား ၊ နိုင်ငံသားပြုခွင့်ရသူ ဒါမှမဟုတ် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကိုပဲ စည်းရုံး ခွင့် ရှိတယ်လို့ဖော်ပြထားပါတယ်။

DVB

" ဆိုင်ကလုန်းမဟာစင် အရေး အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု အမေရိကန်က အသိအမှတ်ပြုထောက်ခံ "

ဆိုင်ကလုန်း မဟာစင် ဒဏ်ခံရနိုင်ခြေ ရှိသော ရခိုင်ပြည်နယ် မှပြည်သူများ နှင့် ဒုက္ခသည်များ အရေး အ တွက် ကုလသမဂ္ဂအေဂျင်စီများ ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများ ၊ ဒေသခံလူမှုအဖွဲ့အစည်းများ နှင့် ကြိုတင်ပူးပေါင်းဆောင်ရွက်ခဲ့သော ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရ၏ လုပ်ရပ် အား ထောက်ခံ အသိအမှတ်ပြုကြောင်းအမေရိကန်သံရုံးက ထုတ်ပြန်ကြေငြာသည်။


“ဘာသာ ၊ လူမျိုးမခွဲခြားဘဲ လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့တွေ စီမံပေးမယ်ဆိုတဲ့ အစိုး ရရဲ့ ကတိက၀တ်ကိုကျနော်တို့ ကြိုဆိုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ ရခိုင်ပြည်နယ်သည် မုတ်သုံရာသီတစ်လျောက်လုံး မုန်တိုင်းအန္တရာယ်ခံ ရနိုင်ခြေ ရှိသော နေရာဖြစ်ရာ မြေနိမ့်ပိုင်း ဒေသများ ရှိ ခိုင်ခံ့ ၊ လုံခြုံမှု မရှိသော ရွက်ဖျင်တဲများ နဲ့ နေထိုင်နေ ရသော ဒုက္ခ သည်များမှာ မုတ်သုံမိုးနှင့် လေပြင်းဒဏ်ကို ခုခံနိုင်စွမ်းအားနည်းသည့် အခြေအနေတွင် ရှိနေပါသေးသည်။ ထို့ကြောင့် မိုးရာသီကာလအတွင်း ၎င်းတို့အတွက် သင့်တော်ရာ ကုန်းပြင်ပိုင်းတွင် လုံခြုံစိတ်ချရသော ရွက်ဖျင်တဲများစီမံပေးရေးမှာ များစွာအရေးပါလှသည်။

ဆိုင်ကလုန်းမလာခင်အတွက် ကြိုတင်ပြင်ဆင်ရေးမှရရှိလာခဲ့သော အတွေ့အကြုံသည် လူ့အဖွဲ့ အစည်းနှစ်ခုအကြား၊ လူ့အဖွဲ့အစည်းနှင့် အာဏာပိုင်တို့အကြား ယုံကြည်မှု တည်ဆောက်ရေး အတွက် များစွာအရေးပါပါသည်။ အမေရိကန်အစိုးရနှင့်လည်း အနာဂတ်တွင် ကြုံတွေ့ရနိုင်ချေရှိသည့် မုန်တိုင်း များအတွက် ကြိုတင်ပြင်ဆင်ရာတွင် အစိုးရ၊ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ၍ ထောက်ပံ့ ကူညီပေးရေးအသင်းရှိရပါသည် " ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Popular Myanmar News Journal

အိမ် မပြန်နိုင်သေး သူ ၆၀၀ အတွက် လွှတ်တော် ကိုယ်စားလှယ် များနှင့် ဂရုဏာမြန်မာ မှ ဆန်များ သွားရောက် လှူဒါန်း



ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အိမ်မပြန်နိုင်သေးသူ မုန်တိုင်းရှောင် လူပေါင်း ၆၀၀ အတွက် ရခိုင် လွှတ် တော်ကိုယ်စားလှယ်များနှင့် ဂရုဏာမြန်မာမှ ဆန်များ သွားရောက် လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းလှူဒါန်းမူအား မေလ ၁၇ ရက်နေ့ နံနက်က မြေပုံ မြို့နယ်ရှိ ကျေးရွာ(၄) ရွာတွင် ပြုလုပ်ခဲ့သည်ဟု သွား ရောက် လှူဒါန်းရာတွင်ပါဝင်သူ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင် က ပြောသည်။


“ ၀က်ခေါင်းရွာမှာတော့ လူပေါင်း ၂၅၀ လောက်ကျန် ပါသေးတယ်။ နောက်ထပ် ခေါင်းဖြူရွာမှာ၂၀၀၊ ဒဂုံကျေး ရွာမှာ လူ ၁၅၀ နဲ့ ကံသာမှာ နည်းနည်း ကျန်ပါသေးတယ်။ မနေ့က ဆန်အိတ် ၅၀ သွားရောက် လှူဒါန်း ခဲ့ပါတယ်၊” ဆန်အိတ်များကို မြေပုံမြို့နယ်တွင်တည်ရှိသော ဂရုဏာမြန်မာအန်ဂျီအိုမှ ကူညီ ထောက်ပံ့ ပေးသည်ဟု သူက ဆိုသည်။

“ ဆန်အိတ်တွေကို ဒီမြို့နယ် အတွင်းမှာရှိတဲ့ ဂရုဏာမြန်မာက ထောက်ပံ့ ကူညီတာ ဖြစ်ပါတယ်။ အဲဒီ ဂရုဏာမြန်မာမှာတော့ ချင်းအမျိုးသားတွေများပါတယ်။ သူတို့နဲ့ဘဲ ကျနော်တို့ အတူတူ သွားပြီး ကူညီ လှူဒါန်းကြတာပါ။”

ကူညီ လှူဒါန်းကြရာတွင် သူနှင့် အတူ ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ် ဦးမောင်လှကျော် ၊ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းနှင့် ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွှင်တို့ ပါဝင်ကြသည်ဟု ဦးတက်ထွန်းအောင်က ဆိုသည်။

နောက်ဆုံး ရရှိသော သတင်းအရ ကျောက်ဖြူ၊ မင်းပြား၊ ပေါက်တောနှင့် မောင်တောမြို့များတွင် ခိုလုံရနန် ရောက်နေကြသော မုန်တိုင်းရှောင် ဒုက္ခသည်များမှာ ယမန်နေ့က စပြီး မိမိရပ်ရွာများသို့ အသီးသီး ပြန် သွားကြပြီဟု သိရသည်။

နိရဉ္စရာ

မြန်မာ အနီး ဘင်္ဂလာရေပြင်တွင် လူသေအလောင်း ၇ လောင်း ထပ်မံ တွေ့ရှိ


 မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်။

ဘင်္ဂလာဒေခ်ျ့ ရေပြင်တွင် နောက်ထပ် လူသေ အလောင်း ၇ လောင်းကို ယမန်နေ့ နံနက်က ထပ်မံ ဆယ်ယူရရှိခဲ့သည်ဟု ဘင်္ဂလာရဲက ပြော သည်။

ယခု ဆယ်ယူရရှိသည့် အလောင်းများမှာ ကလေး ငယ်များ ဖြစ်ကြပြီး တက်ကနက် မြို့နယ် အတွင်း ပင်လယ်ပြင်တွင် မျောပါနေသည်ကို ဒေသခံများ၏ အကူအညီဖြင့် ဆယ်ယူခဲ့သည်ဟု ရဲတာဝန်ရှိသူ များက ပြောသည်။


ဆယ်ယူရရှိပြီးနောက် ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များမှ မြန်မာနယ်စပ် နစက အာဏာပိုင်များသို့ အကြောင်းကြားရာ သူတို့မှာ ပေါက်တောမြို့နယ်အတွင်းမှ ဖြစ်ကြပြီး မုန်တိုင်း အန္တရာယ်မှ ရှောင်ကွင်း စဉ် လှေနစ် သေဆုံးခဲ့ကြသူများ ဖြစ်ကြောင်းနှင့် အလောင်းများကို ပြန်လည် သယ်ယူရန် အခက်အခဲရှိ သဖြင့် ဘင်္ဂလာဒေခ်ျ့တွင်ပင် သဂြိုလ်ရန် ပြောကြောင်း တက်ကနက် အခြေစိုက် အမှတ် (၄၂) တပ်ရင်း တပ်ရင်းမှူး ဂျာဟစ် ဟူစိန်က ပြောသည်။

သို့အတွက် မြန်မာဘက်မှ မျောလာသော အလောင်း ၃၁ လောင်းကို ယမန်နေ့ မေလ ၁၇ ရက်နေ့က တက်ကနက် မြို့နယ်အတွင်း သဂြိုလ်လိုက်ပြီဟု ဆိုသည်။

သေဆုံးသွားသူများသည် ပေါက်တောမြို့နယ် ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းမှ ဖြစ်ကြပြီး မေလ ၁၃ ရက်နေ့က ဆိုင်ကလုန် မဟာစင် အန္တရာယ်ကို စိုးရိမ်သဖြင့် စက်လှေဖြင့် ရှောင်ကွင်းစဉ် စက်လှေ နစ်ရာမှ သေဆုံးသွားခဲ့သူများ ဖြစ်ကြောင်း သိရသည်။

၎င်းပြင် မုန်တိုင်းကြောင့် မြန်မာဘက်သို့ မပြန်နိုင်ဘဲ တက်ကနက်မြို့တွင် ပိတ်မိနေသူ မြန်မာနိုင်ငံသား ကုန်သည် ၅၂ ဦးကိုလည်း ယမန်နေ့က မောင်တောသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

နိရဉ္စရာ

မအူပင်မှာ သိမ်းယူ ထားတဲ့ လယ် ယာမြေတွေ ပြန်ပေးမည်


Photo: မအူပင်မှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမည်
Saturday, May 18, 2013

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မလက်တိုကျေးရွာအုပ်စုမှာ လယ်ယာမြေ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မလက်တိုကျေးရွာအုပ်စုမှာ အသိမ်းခံထားရတဲ့ လယ်ဧက တစ်ထောင်ထဲက ဧက ၄၅၀ ကို လယ်သမားတွေလက်ထဲ အပြီးအပိုင် ပြန်လည်ပေးဖို့ စီစဉ်ထားပြီး ကျန်ရှိတဲ့လယ်ဧက ၅၅၀ ထဲက ၁၂၈ ဧကကိုလည်း လယ်သမားတွေဘက်က အထောက်အထားပြနိုင်ရင် ပြန်ပေးဖို့ကိုပါ ကော်မရှင်က စီစဉ်ထားတယ်လို့  ပြောပါတယ်။

အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဖေဖေါ်ဝါရီလကုန်ပိုင်းက တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ မတ်လ ၄ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လာမယ့်မေလ ၂၇ ရက် နေ့မှာ အသိမ်းခံထားရတဲ့ လယ်မြေတွေရဲ့ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမယ့်အကြောင်း အာဏာပိုင်တွေက ဒေသခံတွေကို မနေ့ကခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တယ်လို့ မလက်တိုကျေးရွာအုပ်စုက လယ်သမား ဦးသန်းလှိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကုန်ပိုင်းအတွင်း လယ်သမား ၃၀၀ လောက်ဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တင်းမာမှု ဖြစ်ပွားခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့သလို ဒေသခံရွာသားတွေရဲ့ ရိုက်နှက်မှုကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂၆ ဦးဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

RFA

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာက တောင်သူလယ်သမား များကို တွေ့မြင်ရစဉ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တို ကျေးရွာအုပ်စုမှာ သိမ်းဆည်းထားတဲ့ လယ်ယာ မြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေး ရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။


မလက်တိုကျေးရွာအုပ်စုမှာ လယ်ယာမြေ အစီ ရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မလက်တိုကျေးရွာအုပ်စုမှာ အသိမ်းခံထားရတဲ့ လယ်ဧက တစ်ထောင်ထဲက ဧက ၄၅၀ ကို လယ်သမား တွေလက်ထဲ အပြီးအပိုင် ပြန်လည်ပေးဖို့ စီစဉ်ထားပြီး ကျန်ရှိတဲ့လယ်ဧက ၅၅၀ ထဲက ၁၂၈ ဧကကိုလည်း လယ်သမားတွေဘက်က အထောက် အထားပြနိုင်ရင် ပြန်ပေးဖို့ကိုပါ ကော်မရှင်က စီစဉ်ထားတယ်လို့ ပြောပါတယ်။

အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဖေဖေါ်ဝါရီလကုန်ပိုင်းက တောင်သူလယ်သမားတွေနဲ့ ရဲဝန် ထမ်း တွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ မတ်လ ၄ ရက်နေ့က ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

လာမယ့်မေလ ၂၇ ရက် နေ့မှာ အသိမ်းခံထားရတဲ့ လယ်မြေတွေရဲ့ လျော်ကြေးကိစ္စနဲ့ ပတ် သက်ပြီး ဖြေရှင်းပေးမယ့်အကြောင်း အာဏာပိုင်တွေက ဒေသခံတွေကို မနေ့ကခေါ် ယူတွေ့ ဆုံ ပြောကြားခဲ့တယ်လို့ မလက်တိုကျေးရွာအုပ်စုက လယ်သမား ဦးသန်းလှိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကုန်ပိုင်းအတွင်း လယ်သမား ၃၀၀ လောက်ဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တင်းမာမှု ဖြစ်ပွားခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု အတွင်း ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့သလို ဒေသခံရွာသားတွေရဲ့ ရိုက်နှက်မှုကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂၆ ဦး ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

RFA

မြန်မာ အပေါ် ဒဏ်ခတ်မှု သက်တမ်း တိုးဖို့ အမတ် Crowley အဆိုပြု


Photo: မြန်မာအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု 
Saturday, May 18, 2013

မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံ တွင်းက အခြေအနေတွေဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်နေသေးတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ခုလို ဥပဒေသက်တမ်း တိုးဖို့အဆိုကို သမ္မတဦးသိန်းစိန် ခရီးစဉ်နဲ့ အချိန်ကိုက်တင်သွင်းတာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေးပါရှင်။

မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ Burma Freedom and Democracy Act လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ ဒီမိုကရက် အထက်လွှတ်တော် အမတ် Joseph Crowley နဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် Peter King တို့က ကွန်ဂရက်စ် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေသေးတာကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ပြီးချမှတ်ထားဖို့ လိုအပ် နေသေးတယ်လို့ မစ္စတာ Crowley က ပြောဆိုခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း မေလကနေစလို့ ရက် ၉၀ အတွင်း ဒီဥပဒေ သက်တမ်းတိုးဖို့ ကွန်ဂရက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တိုက် တိုက်ဆိုင်ဆိုင် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် တရားဝင် ခရီးစဉ်နဲ့ အချိန် ကိုက် လွှတ်တော်အမတ်တချို့က ဒီဥပဒေသက်တမ်း တိုးဖို့ ပြောလာခဲ့တာ ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ရှိဖို့ လိုအပ်နေသေးတယ်ဆိုတာကို သိသာထင်ရှားစေဖို့အတွက် သမ္မတဦးသိန်းစိန် ခရီးစဉ် ရက်ပိုင်းအလိုမှာ အခုလို လွှတ်တော်ကို ချိန်ကိုက်တင်သွင်းပုံ ရတယ်လို့ ၀ါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က လှုပ်ရှားမှုတာဝန်ခံ Rachel Wagley က ပြောပါတယ်။

“ဒါ တမင်ရည်ရွယ်ပြီး ချိန်ကိုက်လုပ်တာပါ။ ကျမတို့ အရင်ကတည်းက သတ်မှတ် ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေကို ဆက်လက် ချမှတ်သွားနိုင်ဖို့ တမင်ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ ဘာလို့ခုချိန်မှာ သက်တမ်းတိုးဖို့ လုပ်ရလဲဆိုတော့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို သာမက အမေရိကန် အစိုးရ ကိုပါ သတင်းစကားပါးချင်တာ ရှိပါတယ်။ အဲဒါက အမေရိကန်အနေနဲ့ လိုက်လျောဆောင်ရွက်မှုတွေ ဆက်လုပ် နေတာ၊ သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့အညီ တုံ့ပြန်တာ ထက် ပိုနေတယ်ဆိုတာပါ။ တကယ့် ပကတိအခြေအနေမှာက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုများလာနေသလို သမ္မတဦးသိန်းစိန်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း နိုင်ငံ အနှံ့မှာ ရှိနေတုန်းပါ။ ဆိုတော့ ဒီ အက်ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေကို ခိုင်ခိုင် မာမာ တိုးမြှင့် မဆောင်ရွက်ဘဲနဲ့  ဒီပိတ်ဆို့မှုတွေ ပယ်ဖျက်ပေး မှာ မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်။”

အမေရိကန်အစိုးရဟာ လောလောဆယ်မှာ မြန်မာအစိုးရကို လိုအပ်တာထက် ပိုပြီး လိုက်လျောနေတယ်လို့လည်း US Campaign အဖွဲ့က ဝေဖန် ပါတယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးတာ၊ တိုင်းရင်း သားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ရှိနေသေးတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်ပြီးတော့ မလျှော့ပေးသင့်ဘူးလို့ Rachel Wagley က ပြောပါတယ်။

“ကျမတို့ရဲ့ အဓိက ပြဿနာက ပြောရရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ရမှာ ထက်ကို ကျော်လွန်ပြီးတော့ လိုက်လျောတုံ့ပြန်နေတဲ့ကိစ္စပါ။ လက်တွေ့ အခြေအနေကိုကြည့်ရင် မြန်မာအစိုးရ စစ်တပ်ဟာ တိုင်းရင်းသားလူနည်းစုတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။ အတင်း အဓမ္မပြုကျင့်မှုတွေနဲ့ ကျူးလွန်သူတွေကို တရားဥပဒေက ကင်းလွတ်ခွင့်ပြု ထားနေ တုန်းပါ။ ဆိုတော့ ကျမတို့အနေနဲ့ကတော့ အမေရိကန်က ပိတ်ဆို့ မှုတွေ ပြန်ရုပ် သိမ်းဖို့ဆိုရင် အရင်ဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မဲ့ပြန်လွှတ်ပေးတာ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ ပြစ်မှု ကျူးလွန်မှုတွေကို စစ်ဆေးအရေးယူတာ စတဲ့လုပ်ဆောင်မှုတွေကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးတာကို မြင်ချင်ပါတယ်။”

၂၀၀၃ ခုနှစ်ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ဟာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အပါအ၀င်၊ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားတာဖြစ် ပြီးတော့ မြန်မာ စစ်ခေါင်းဆောင်တွေ လက်ထဲကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီ ရောက်မသွားအောင် ဟန့်တားပိတ်ပင်ခဲ့တဲ့ ဥပဒေတရပ်ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီး တဲ့နောက်ပိုင်း အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတချို့ကို ဆိုင်းငံ့ပေးခဲ့ပေမဲ့လို့ မြန်မာနိုင်ငံ တွင်း နိုင်ငံရေးအရ လမ်းဖွင့်ပေးမှုတွေဟာ အစပိုင်းသာရှိသေးပြီး ကျန်နေသေး တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ စိုးရိမ်စရာလူ့အခွင့်အရေး အခြေအနေတွေ ဆက် ရှိနေသေးတာကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို ဆက်လက်ထားရှိနေတုန်းလည်းဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ သမ္မတ Barack Obama က မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့  လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒအပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ဆိုပြီး အမျိုးသားအရေးပေါ် အက်ဥပဒေကို ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်က မြန်မာ အပေါ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုဥပဒေကို ဆက်ပြီး သက်တမ်းတိုးဖို့ သမ္မတ အိုဘားမား က မေလ ၂ ရက်နေ့ နေ့စွဲနဲ့ Congress လွှတ်တော်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအပေါ်ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် ဥပဒေအရ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွား ဆက်ဆံမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင် တားမြစ်ထားတာဖြစ်ပါတယ်ရှင်။ 

VOA

မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည် ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေ ရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာ ညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော် ကို အဆိုပြုလိုက်ပါတယ်။


မြန်မာနိုင်ငံ တွင်းက အခြေအနေတွေဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်နေသေးတယ် ဆိုတာကို သတိပေးတဲ့အနေနဲ့ ခုလို ဥပဒေသက်တမ်း တိုးဖို့အဆိုကို သမ္မတဦးသိန်းစိန် ခရီးစဉ်နဲ့ အချိန် ကိုက်တင်သွင်းတာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေးပါရှင်။

မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ Burma Freedom and Democracy Act လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ ဒီမိုကရက် အထက်လွှတ်တော် အမတ် Joseph Crowley နဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် Peter King တို့က ကွန်ဂရက်စ် လွှတ်တော်ကို အဆိုပြု တင် သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေသေးတာကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ပြီးချမှတ်ထားဖို့ လိုအပ် နေသေးတယ်လို့ မစ္စတာ Crowley က ပြော ဆိုခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း မေလကနေစလို့ ရက် ၉၀ အတွင်း ဒီဥပဒေ သက်တမ်းတိုးဖို့ ကွန်ဂရက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တိုက် တိုက်ဆိုင်ဆိုင် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် တရားဝင် ခရီးစဉ်နဲ့ အချိန် ကိုက် လွှတ်တော်အမတ်တချို့က ဒီဥပဒေသက်တမ်း တိုးဖို့ ပြောလာခဲ့တာ ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ရှိဖို့ လိုအပ်နေ သေးတယ်ဆိုတာကို သိသာထင်ရှားစေဖို့အတွက် သမ္မတဦးသိန်းစိန် ခရီးစဉ် ရက်ပိုင်းအလိုမှာ အခုလို လွှတ်တော်ကို ချိန်ကိုက်တင်သွင်းပုံ ရတယ်လို့ ၀ါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က လှုပ်ရှားမှုတာဝန်ခံ Rachel Wagley က ပြောပါတယ်။

“ဒါ တမင်ရည်ရွယ်ပြီး ချိန်ကိုက်လုပ်တာပါ။ ကျမတို့ အရင်ကတည်းက သတ်မှတ် ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေကို ဆက်လက် ချမှတ်သွားနိုင်ဖို့ တမင်ရည်ရွယ် လုပ်ဆောင် တာဖြစ်ပါတယ်။ ဘာလို့ခုချိန်မှာ သက်တမ်းတိုးဖို့ လုပ်ရလဲဆိုတော့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို သာမက အမေရိကန် အစိုးရ ကိုပါ သတင်းစကားပါးချင်တာ ရှိပါတယ်။ အဲဒါက အမေရိကန်အနေနဲ့ လိုက်လျောဆောင်ရွက်မှုတွေ ဆက်လုပ် နေတာ၊ သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုနေတာတွေဟာ မြန်မာနိုင်ငံ ရဲ့ ပကတိ အခြေအနေနဲ့အညီ တုံ့ပြန်တာ ထက် ပိုနေတယ်ဆိုတာပါ။ တကယ့် ပကတိအခြေအနေမှာက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုများလာနေသလို သမ္မတဦးသိန်းစိန်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း နိုင်ငံ အနှံ့မှာ ရှိနေတုန်းပါ။ ဆိုတော့ ဒီ အက်ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့် လွှတ် တော်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေကို ခိုင်ခိုင် မာမာ တိုးမြှင့် မဆောင်ရွက်ဘဲနဲ့ ဒီပိတ်ဆို့ မှုတွေ ပယ်ဖျက်ပေး မှာ မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်။”

အမေရိကန်အစိုးရဟာ လောလောဆယ်မှာ မြန်မာအစိုးရကို လိုအပ်တာထက် ပိုပြီး လိုက်လျော နေတယ်လို့လည်း US Campaign အဖွဲ့က ဝေဖန် ပါတယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးတာ၊ တိုင်းရင်း သားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ရှိနေသေးတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်ပြီးတော့ မလျှော့ပေးသင့်ဘူးလို့ Rachel Wagley က ပြောပါတယ်။

“ကျမတို့ရဲ့ အဓိက ပြဿနာက ပြောရရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင်း အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ရမှာ ထက်ကို ကျော်လွန်ပြီးတော့ လိုက်လျော တုံ့ပြန်နေတဲ့ကိစ္စပါ။ လက်တွေ့ အခြေအနေကိုကြည့်ရင် မြန်မာအစိုးရ စစ်တပ်ဟာ တိုင်းရင်းသား လူနည်းစုတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။ အတင်း အဓမ္မပြုကျင့်မှု တွေနဲ့ ကျူးလွန်သူတွေကို တရားဥပဒေက ကင်းလွတ်ခွင့်ပြု ထားနေ တုန်းပါ။ ဆိုတော့ ကျမတို့အနေ နဲ့ကတော့ အမေရိကန်က ပိတ်ဆို့ မှုတွေ ပြန်ရုပ် သိမ်းဖို့ဆိုရင် အရင်ဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ချွင်းချက်မဲ့ပြန်လွှတ်ပေးတာ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ ပြစ်မှု ကျူးလွန်မှုတွေကို စစ်ဆေးအရေးယူတာ စတဲ့လုပ်ဆောင်မှုတွေကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးတာကို မြင်ချင် ပါတယ်။”

၂၀၀၃ ခုနှစ်ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ဟာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အပါအ၀င်၊ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားတာဖြစ် ပြီးတော့ မြန်မာ စစ်ခေါင်းဆောင်တွေ လက်ထဲကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီ ရောက်မသွားအောင် ဟန့်တားပိတ်ပင်ခဲ့တဲ့ ဥပဒေတရပ်ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီး တဲ့နောက်ပိုင်း အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတချို့ကို ဆိုင်းငံ့ပေးခဲ့ပေမဲ့လို့ မြန်မာနိုင်ငံ တွင်း နိုင်ငံရေးအရ လမ်းဖွင့်ပေးမှုတွေဟာ အစပိုင်းသာရှိသေးပြီး ကျန်နေသေး တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ စိုးရိမ်စရာလူ့အခွင့်အရေး အခြေအနေတွေ ဆက် ရှိနေ သေးတာကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို ဆက်လက်ထားရှိ နေတုန်း လည်းဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ သမ္မတ Barack Obama က မြန်မာနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒအပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ဆိုပြီး အမျိုးသား အရေးပေါ် အက်ဥပဒေကို ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်က မြန်မာ အပေါ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုဥပဒေကို ဆက်ပြီး သက်တမ်းတိုးဖို့ သမ္မတ အိုဘားမား က မေလ ၂ ရက်နေ့ နေ့စွဲနဲ့ Congress လွှတ်တော်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအပေါ်ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် ဥပဒေအရ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွား ဆက်ဆံမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင် တားမြစ်ထား တာဖြစ်ပါတယ်ရှင်။

VOA

နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက်မှု အမေရိကန် ကြိုဆို


Photo: နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်မှု အမေရိကန်ကြိုဆို 
Saturday, May 18, 2013

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အမြဲတိုက်တွန်းနေတဲ့ အမေရိကန် ပြည်ထောင်စုဆီ သမ္မတဦးသိန်းစိန် မလာခင်လေးမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို မြန်မာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန မှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ) က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆိုပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့
နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီလို့ထင်ပါတယ်။ ကျန်နေသေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံရေးအကျဉ်းသား
ပြန်လည် စိစစ်ရေးကော်မတီနဲ့ ဆက်ပြီး ညှိုနှိုင်းလုပ်သွားဖို့ ဆက်ပြီး တိုက်တွန်း ပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော် များ များ ဖြစ်နေပေမဲ့ နောက်ထက် တိုးတက်အောင် လုပ်ဖို့ကျန်သေးတဲ့
ကိစ္စတွေကိုလည်း ရှေ့သီတင်းပတ်ထဲ အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဆွေးနွေးကြလိမ့်မယ်ဆိုတာ သေချာပါတယ်လို့ ပြောခွင့်ရသူ
Jan Psaki က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မစခင်လေးမှာပဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တာ ဟာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာမျိုးဖြစ်တယ်လို့ အကဲခတ် တချို့ က ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ရော အဲဒီလို မြင်ပါသလားလို့
သတင်းထောက်တယောက်ကလည်း မေးပါတယ်။

“ဒီအကြောင်းနဲ့ပါတ်သက်လို့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးစေချင်တဲ့အတွက် အားလုံးကို လွှတ် လိုက်မယ်ဆိုရင်တော့ သိပ်ကိုကောင်းတဲ့ လုပ်ရပ်ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်း အကြီးအကျယ် တိုးတက်မှုတွေ လုပ်လာတာကို အမေရိကန်အနေနဲ့ လျှော့တွက်လို့ မရပါဘူး။ ဆက်ပြီးလုပ်သင့်တာတွေ ရှိသေးတယ်ဆိုတာ မှန်ပါတယ်။ သူတို့လုပ်ထားတဲ့ ပြုပြင် ပြောင်းလဲမှု တချို့က သိသာထူးခြားမှုရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို စိတ်အား ထက်ထက် သန်သန်နဲ့ အစီအစဉ်ချလုပ်နေတာကို
ဆက်ပြီး လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက အားပေးချင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသူတွေရဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ရာ ဂဏန်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပြန်လွှတ်ပေးရမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတွေ ရှိသေးတယ်ဆိုတာကို အမေရိကန်သမ္မတ Barack Obama က သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အမေရိကန်က စိုးရိမ်တဲ့ ကိစ္စတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ထဲက အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားအရေးပေါ် အက် ဥပဒေကို မေလဆန်းပိုင်းကပဲ သမ္မတ Barack Obama က နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာရေးဆောင်ရွက်မှုတွေမှာ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို သမ္မတဦးသိန်းစိန်နဲို့အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့
တွေ့ဆုံတဲ့ အခါမှာ သမ္မတ Barack Obama ဘက်ကဆွေးနွေးဖို့ စိတ်အား ထက်သန်နေတဲ့အကြောင်းကိုလဲ အိမ်ဖြူတော်က
သတင်းထုတ်ပြန်ထားပါတယ်ရှင်။ 

VOA

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေး အ ကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ် ပေးဖို့ အတွက်ကိုလည်း တိုက်တွန်း လိုက်ပါတယ်။


အမေရိ ကန် နိုင်ငံခြားရေးဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာ နိုင်ငံနဲ့ပါတ်သက်လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့ တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကို ပြန်လွှတ်ပေး ဖို့ အမြဲတိုက်တွန်းနေတဲ့ အမေရိကန် ပြည်ထောင်စုဆီ သမ္မတဦးသိန်းစိန် မလာခင်လေးမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို မြန်မာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန မှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ) က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုတယ် ဆိုတာကိုလည်း ခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆို ပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီ လို့ထင်ပါတယ်။ ကျန်နေသေး တဲ့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံရေးအကျဉ်းသား ပြန်လည် စိစစ်ရေးကော်မတီနဲ့ ဆက်ပြီး ညှိုနှိုင်းလုပ်သွားဖို့ ဆက်ပြီး တိုက်တွန်း ပါတယ်။ ကျန် တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော် များ များ ဖြစ်နေပေမဲ့ နောက်ထက် တိုးတက်အောင် လုပ်ဖို့ကျန်သေးတဲ့ ကိစ္စတွေကိုလည်း ရှေ့သီတင်းပတ်ထဲ အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဆွေးနွေး ကြလိမ့်မယ်ဆိုတာ သေချာပါတယ်လို့ ပြောခွင့်ရသူ Jan Psaki က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မ စခင်လေးမှာပဲ နိုင်ငံရေး အကျဉ်း သားတချို့ကို ပြန်လွှတ်ပေးခဲ့တာ ဟာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာမျိုးဖြစ်တယ်လို့ အကဲခတ် တချို့ က ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ရော အဲဒီလို မြင်ပါသလားလို့ သတင်းထောက် တယောက်ကလည်း မေးပါတယ်။

“ဒီအကြောင်းနဲ့ပါတ်သက်လို့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးစေချင်တဲ့အတွက် အားလုံးကို လွှတ် လိုက်မယ်ဆိုရင်တော့ သိပ်ကိုကောင်းတဲ့ လုပ်ရပ်ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်း အကြီးအကျယ် တိုးတက်မှုတွေ လုပ်လာတာကို အမေရိကန်အနေနဲ့ လျှော့တွက်လို့ မရပါဘူး။ ဆက်ပြီးလုပ်သင့်တာတွေ ရှိသေး တယ်ဆိုတာ မှန်ပါတယ်။ သူတို့လုပ်ထားတဲ့ ပြုပြင် ပြောင်းလဲမှု တချို့က သိသာထူးခြားမှုရှိပါတယ်။ ပြုပြင် ပြောင်းလဲမှုတွေကို စိတ်အား ထက်ထက် သန်သန်နဲ့ အစီအစဉ်ချလုပ်နေတာကို ဆက်ပြီး လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက အားပေးချင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသူ တွေရဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ရာ ဂဏန်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပြန်လွှတ်ပေးရမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတွေ ရှိသေးတယ်ဆိုတာကို အမေရိကန်သမ္မတ Barack Obama က သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ် ပေးရေးကိစ္စအပါအဝင် အမေရိကန်က စိုးရိမ်တဲ့ ကိစ္စတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ထဲက အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားအရေးပေါ် အက် ဥပဒေကို မေလဆန်းပိုင်းကပဲ သမ္မတ Barack Obama က နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာရေးဆောင်ရွက်မှုတွေမှာ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို သမ္မတ ဦးသိန်းစိန်နဲို့အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့ တွေ့ဆုံတဲ့ အခါမှာ သမ္မတ Barack Obama ဘက်ကဆွေးနွေးဖို့ စိတ်အား ထက်သန်နေတဲ့အကြောင်းကိုလဲ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထား ပါတယ်ရှင်။

VOA

တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ် တဲ့အတိုင်း ပြီးအောင်ဆောင် ရွက်မယ်


Photo: တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ်တဲ့အတိုင်း ပြီးအောင်ဆောင်ရွက်မယ်
Saturday, May 18, 2013

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာလမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင်က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီပိုက်လိုင်းကနေ လာမယ့်ဇူလိုင်လမှာ ဓာတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဓါတ်ငွေ့စလွှတ်မယ့်အချိန်ကာလ ရှည်သွားနိုင်တယ်လို့ ပြောဆိုပါတယ်။

စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်လူမျိုး ဧည့်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျိုဟောင်က တိုက်ပွဲတွေဟာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ တစ်ရက်ကို ရေနံစည်ပေပါ ၄ သိန်း ၄ သောင်းသယ်လာပြီး ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ကို ပို့မှာဖြစ်သလို၊ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တနှစ်မှာ ကုဗမီတာသန်းပေါင်း တစ်သောင်းနှစ်ထောင်လောက် တင်ပို့မှာဖြစ်ပါတယ်။

rfa

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာ လမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင် ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင် က ပြောဆိုကြောင်း အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။


အဲဒီပိုက်လိုင်းကနေ လာမယ့်ဇူလိုင်လမှာ ဓာတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဓါတ်ငွေ့စလွှတ်မယ့် အချိန်ကာလ ရှည်သွားနိုင်တယ်လို့ ပြောဆိုပါတယ်။

စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်လူမျိုး ဧည့်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျိုဟောင်က တိုက်ပွဲတွေဟာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ တစ်ရက်ကို ရေနံစည်ပေပါ ၄ သိန်း ၄ သောင်းသယ်လာပြီး ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ကို ပို့မှာဖြစ်သလို၊ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တနှစ်မှာ ကုဗမီတာသန်းပေါင်း တစ်သောင်းနှစ်ထောင် လောက် တင်ပို့မှာဖြစ်ပါတယ်။

rfa