Friday, May 17, 2013

ဆိတ်လစေ့နိုင်ငံရေး ကွန်မြူနစ်အဆွေး ဝင်းတင်ဆိုတဲ့ ဖောက်ပြန်ရေးသမားကြီးကို နေရာပေးကြ (သခင်ဆိုး)



အခြေခံဥပဒေပြင်ဖို့ ကြံ့ခိုင်ရေးနဲ့ စစ်တပ်နဲ့ ပေါင်းပြီး လုပ်မယ် ဆိုတော့ ၀င်းတင်ဆိုတဲ့ ခေါင်းဖြူ စွယ်ကျိုးကြီးက သေနာလား၊ ထိပ်ထားလား ဆိုပြီး ဟော့ရှော့ ထလုပ်တယ်။ ကဲ ဝင်းတင်ဟာ ဒေါ်စု လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်နေတာ ဟုတ်သ လား- မဟုတ်ဘူးလား စဉ်းစားကြည့်စရာ မလိုတော့ ဘူး။


မျိုးဆက်သစ်တွေက ၀င်းတင်ဆိုတဲ့ သက်ကြားအို ပြီးကို မိုက်တယ် ခိုက်တယ်ဆိုပြီး ကိုးကွယ်နေမှာစိုးလို့ ခေါင်းဖြူသက်ကြားအိုကြီးအကြောင်း သိသင့်သ လောက် ပြောပြလိုက်မယ်။ တစ်ကယ်တော့ ၀င်းတင်ဟာ သာကူး သာပေါင်း ဆိတ်လစေ့နိုင်ငံရေးသမားပဲ။ ခင်ဗျားကြီး ဘာတွေ ပြော နေတာလဲ။ ဦးဝင်းတင်က ဒီမိုကရေစီသမား စစ်စစ်၊ တော်လှန်ရေးသမား စစ်စစ် ဆိုပြီး ပြောချင်သပ ဆိုရင် စာကို ဆုံးအောင်ဖတ်ကြ။

ဝင်းတင်မှာ နိုင်ငံရေးခံယူချက် ခိုင်ခိုင်မာမာ မရှိဘူး။ သာရင် ကူးတဲ့ သာကူး။ တိတိကျကျ ပြောရင် နေရာရ ရင် ထိုင်ခုံပေးရင် ချက်ချင်းပြောင်းပြီး ကူးတဲ့သူ။ အမေရိကန်အတွက် စာပေဗိမာန်မှာ လုပ်တုန်းက ၀ါဒဖြန့်ချိရေးစာစောင်တွေ ဒိုင်ခံရေးပေးခဲ့တာ ၀င်းတင် ပဲ။ ဆရာတက်တိုးနဲ့ ပေါင်းပြီး စာပေဗိမာန်မှာ လုပ်ခဲ့တုန်းက။

သူပေါင်းတာက ဗကပတွေ၊ အခု လက်ကျန်ဗကပအဆွေးအဟောင်းထဲမှာ အသံ အကျယ်ဆုံးဖြစ်နေတာ။ သိန်းဖေမြင့် သေတာတောင် ဖြောင့်ဖြောင့် မသေရအောင် လုပ်ခဲ့တာ ၀င်းတင်ပဲ။ အဲဒီတုန်းက ၀င်းတင် ဟာ မဆလရဲ့ ပြန်ကြားရေးတာဝန်ခံ။ ဘာလို့ မဆလမှာ ၀င်းတင် လုပ်ရသလဲ။ ကွန်မြူနစ်က ဘာဖြစ်လို့ ဆိုရှယ်လစ်ကို ၀င်ရသလဲ။ မေးစရာ ရှိတယ်။

ရှင်းရှင်းလေးပါပဲ။ ၀င်းတင်ကို ဦးနေ၀င်းက နေရာတစ်နေရာပေးတယ်။ ထိုင်ခုံ ရတော့ ၀င်းတင် ဘက် ပြောင်းတယ်။ ဆိုရှယ်လစ် ချစ်သူကြီးပေါ့။ အရင်က ကွန်မြူနစ်အိုင်ဒီယာတွေ တစ်ခွန်းမှ မပြောတော့ဘူး။ သိသာသမှ သိပ်ကို သိသာလှသပေါ့။ ဒါ့ကြောင့် ပြောတာ ဆိတ်လစေ့နိုင်ငံရေးသမား ဆိုတာ။

သိန်းဖေမြင့်သေတော့ လမ်းစဉ်ပါတီနဲ့ ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ ကျန်ခဲ့တယ်။ တစ်ချို့ ဟာတွေက ပါတီ ထိပ်ပိုင်းပဲ သိရမယ့် ဟာတွေ။ ပြောရရင် ပါတီရဲ့ လျှို့ဝှက်ချက်တွေပေါ့။ ၀င်းတင်က သိန်းဖေမြင့်ကတော်ဆီက သွားမချလာတယ်။ ပြီးတော့ အကွက်ကောင်း တွေ့ပြီဆိုပြီး စာတမ်းဖတ်ပွဲ ထ လုပ်တယ်။ ခေါင်းစဉ်က (စာရေးဆရာသိန်းဖေမြင့်၊ နိုင်ငံရေးသမား သိန်းဖေမြင့်) ဆိုတဲ့ ခေါင်းစဉ်။ ဘယ်သူ့မှ တိုင်ပင်တာ မဟုတ်ဘူး။ သူ့ဘာသာသူ ငါကွ ဆိုပြီး ထလုပ်တယ်။ ပါတီတွင်း လျှို့ဝှက် ချက်တွေကို အပြင်ကို ဖွင့်ချတဲ့ စောက်ကျင့်က အခုမှ မဟုတ်ဘူး။ အရင်ကတည်းက။ အကျင့် ဆိုတာ ဖျောက်လို့ မရဘူး။ အခုလည်း NLD အတွင်းရေးတွေ လျှောက်ပြောနေလို့ CEC အစည်း အဝေးတွေဆိုရင် ၀င်းတင်ကို မတက်ခိုင်းတော့ဘူး။ ဒီတော့ ပါတီမူဝါဒ သူ ဘာမှ မသိတော့ဘူး။ မသိဘဲနဲ့ စိတ်ထဲရှိတာတွေ လျှောက်လျှောက်ပြောနေတော့ နယ်က NLD ပါတီဝင်တွေ ဇဝေဇ၀ါ ဖြစ်ကုန်တယ်။ NLD ရဲ့ မူဝါဒလား ဘာလား ဖြစ်ကုန်ကြတယ်။ ဒေါ်စုမနိုင် ဆရာခေါင်းကိုင် ဖြစ်လာတာပဲ။

ဝင်းတင်က သိန်းဖေမြင့်ရဲ့ စာတမ်းတွေ တွေ့ပြီးတော့ အခွင့် မရှိဘဲ ဖွင့်ချတာ ပါတီကို သစ္စာဖောက်တာပဲ။ ဘယ်ပါတီဖြစ်ဖြစ် စည်းကမ်းစည်းမျဉ်းတွေ ရှိတယ်။ ပါတီကို ၀င်ထားပြီ ဆိုရင် ယုံကြည်လို့ပဲ ဖြစ်ဖြစ် မယုံကြည်လို့ပဲ ဖြစ်ဖြစ် လိုက်နာရမှာပဲ။ ဒါက နိုင်ငံရေးသမားတွေရဲ့ ကျင့်ဝတ်ပဲ။ ၀င်းတင်က ကျင့်ဝတ် ဆိုတာ မသိချင်ယောင်ဆောင်တယ်။ လမ်းစဉ်ပါတီ ၀င်တာကလည်း နေရာရချင်လို့ ၀င်တာလေ။ ဒီမှာပဲ သိန်းဖေမြင့် ပြဿနာ တက်ပါလေရော။ သိန်းဖေမြင့်က သေသွားပြီ။ အရှုပ်ထုပ်ဖွတာက ၀င်းတင် ဖြစ်နေရော။ သိန်းဖေမြင့်သာ ရှိရင် ၀င်းတင်ကို ဘယ်လို တစ်တစ်ခွခွ ပြောမလဲ။ ဒါဟာ သေသွားပြီဖြစ်တဲ့ သိန်းဖေမြင့်ကိုရော လမ်းစဉ်ပါတီကိုရော စော်ကားတာ၊ သစ္စာဖောက်တာဆိုပြီး လမ်းစဉ်ပါတီက ကန်ထုတ် ပစ်လိုက်တယ်။ အေးရော။

ဆရာဇ၀န အယ်ဒီတာချုပ် လုပ်တဲ့ ကြေးမုံသတင်းစာမှာ ၀င်းတင်က နေ့ပိုင်း တာဝန်ယူရတဲ့ ဒုအယ်ဒီတာ ချုပ်။ ကြေးမုံမှာ ပြဿနာတွေ ရှာခဲ့တာလည်း သူပဲ။ အဲဒီတုန်းက ပြည်တွင်းငြိမ်းချမ်းရေးအတွက် အခြေ အနေ တော်တော်လေး ကောင်းနေတဲ့အချိန်။ ၀င်းတင်က ကွန်မြူနစ်ပီပီ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ၀င်ရှုပ် တယ်။ ဒီတော့ ဆရာဇ၀နက အတော်ကလေးကို ပက်ပက်စက်စက် ရှုတ်ချတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခရောက်အောင် လုပ်တဲ့သူဆိုပြီး။ ဟံသာဝတီသတင်းစာကို ပြည်သူပိုင် သိမ်းတော့ ဇ၀နက သူ့ကို ကန်ထုတ်ချင်တာနဲ့ အတော် ဖြစ်သွားပြီး ဟံသာဝတီကို ပေးကိုင်ခိုင်းလိုက်တယ်။ ဒီမှာပဲ ဟံသာဝတီ ၀င်းတင် ဆိုတာ ဖြစ်လာခဲ့တာ။ အမှန်က ဆိတ်လစေ့မှန်း သိလို့ ကန်ထုတ်ပစ်လိုက်တာ။

ဝင်းတင် ဆေးရုံတက်တော့ ချို့ချို့ငဲ့ငဲ့ မပြည့်မစုံနဲ့ ဘယ်သူကမှ အရေးတယူ လုပ်ပြီး ထောက်ပံ့တာ မရှိ ခဲ့ဘူး။ ၀င်းတင် ဒီလို ဖြစ်နေတယ် ဆိုတာ သိရတော့ ဆိတ်လစေ့မှန်းသိသိနဲ့ ဦးနေ၀င်းက ပြန် ကြည့် ပေးတယ်။ ဆေးရုံကို ကြေးမုံဝင်းကိုယ်တိုင် သွားပြီး ကားပါမစ် တစ်စောင် ပေးတယ်။ ဆိတ်လစေ့ နိုင်ငံရေး သမားကြီးကလည်း ဟန်မဆောင်နိုင်ပါပဲ ယူတယ်။ ပြီးတော့ ဦးနေ၀င်းနဲ့ ကြေးမုံဝင်းကို ကျေးဇူး တော်တွေ အထပ်ထပ်တင်၊ စိတ်တော်မညို ဗောင်းတော်ကို ရှိခိုးခဲ့တာ သက်ကြားအိုကြီး အသိ။ ဒါဟာ အမှန်တရားပဲ။ ခါးသီးတဲ့ အမှန်တရားတော့ ဖြစ်ရင် ဖြစ်နေလိမ့်မယ်။

ပြီးတော့ သမိုင်းကို ပြန်ကြည့်။ ရှစ်လေးလုံးမှာ ဦးနေ၀င်းကိုရော သူ့မိသားစုကိုပါ ပြန်ပြီး သမတော့တာပဲ။ ဒါမှ NLD မှာ နေရာ ရမှာလေ။ အဓိက ကတော့ ငါနေရာရရေးပဲ။ အဲဒီအချိန်တုန်းက ကြားဖြတ်အစိုးရဖွဲ့ အာဏာလွှဲပေးဆိုပြီး ကြွေးကြော်ခဲ့တာ ဆိတ်လစေ့နိုင်ငံရေးသမားကြီးပဲ။ ဒေါ်စုလည်း အာရုံတွေ မှောက် မှား၊ ၀င်းတင် ဆင်တဲ့ ထောင်ချောက်ကို မမြင်။ ဒီမှာပဲ စစ်တပ်က အာဏာသိမ်းတာတွေ ဖြစ်လာ ပါလေ ရော။ စစ်အာဏာရှင်စနစ် နှစ်ပေါင်း(၂၀) ကြာခဲ့တာ ပြန်စဉ်းစားကြည့်ရင် ဘယ်သူ့လက်ချက်မှ မဟုတ် ဘူး။ ဆိတ်လစေ့ကြီးရဲ့ လက်ချက်ပဲ။ သူ့စကားကို ဦးကြည်မောင်တို့က နားယောင် ဟုတ်နိုးနိုးနဲ့ တော်လှန်ရေးကလည်း အဟုတ်မြင့်နေလေတော့ ကြားဖြတ်ဖွဲ့-အာဏာလွှဲဆိုပြီး တောင်းတော့တာပဲ။

ပြီးတော့ ဆိတ်လစေ့ဝင်းတင် ဘာဆက်လုပ်ခဲ့သလဲ၊ အမိန့်ဟူသမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ ဒို့အောင်ပွဲ ဆိုပြီး ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို မောင်းသွင်းတော့တာပဲ။ ဒီမှာပဲ NLD တွေ ထောင်တွေကျ၊ တိုက်တာခံရ ဖြစ်လာတော့တာပဲ။

ကွန်မြူနစ်ကနေ အခြေအနေ မကောင်းတော့ လမ်းစဉ်ပါတီဝင်၊ ပြန်ကြားရေး တာဝန်ခံကြီးလုပ်။ သေ သွားတဲ့ သိန်းဖေမြင့်ကို နောက်ကျောဓါးနဲ့ထိုး၊ လမ်းစဉ်ပါတီက ကန်ထုတ်ပစ်တော့ အစိုးရ မကောင်း ကြောင်းတွေ ရေးပြီး ပတ်ရမ်းခဲ့တာ ဆိတ်လစေ့ကြီးပဲ။

ကြေးမုံဝင်းပေးတဲ့ ကားပါမစ်တစ်ခုကြောင့် ဦးနေ၀င်း အကြောင်း မရေးတော့ဘဲ ပါတီကောင်စီဝင်တွေ၊ ဒေသပါတီတွေ အကြောင်း လျှောက်ရေး။ ရှစ်လေးလုံး ဖြစ်တော့ ဦးနေ၀င်းကို ပြန်ချ။ NLD မှာ နေရာ ရဖို့။ NLD က အပြောင်းအလဲတွေလုပ် နာယကဆိုပြီး ဘေးကန်ထုတ်လိုက်တော့ အခုပဲ ကြည့် ဒေါ်စုကို တိုက် ခိုက်တာတွေ စလုပ်လာပြီ။ နာယက ဆိုတဲ့ နေရာလေးတစ်နေရာ ရနေသေးတော့ ဒေါ်စုပြောတာတွေ တစ်လွဲလိုက်ပြောရုံပဲ။ အဲ...NLD နာယက ရာထူးကသာ ထုတ်ပစ်လိုက်ပြီ ဆိုရင်တော့ ဘာပြော ကောင်း မလဲ..ဒေါ်စုမကောင်းကြောင်း၊ NLD မကောင်းကြောင်း ခွတုပ်မှာ ဒီဆိတ်လစေ့နိုင်ငံရေး သမားကြီးပဲ။ ဦးနေ၀င်းက ကန်ထုတ်တော့လည်း ဒီအတိုင်း လုပ်ခဲ့တာပဲ။ အမှန်က ဘုံပျောက်သွားလို့ ပတ်ရမ်းတာ။ အခုလည်း NLD က သူ့ကို တစ်ချိန်ချိန် ကန်ထုတ်တော့မယ် ဆိုတာ မြင်နေပြီ။ တရား မရနိုင်သေးတော့ သူ့ကို ထုတ်ပစ်ရဲရင် ထုတ်ကြည့်၊ အခုပြောနေတာတွေထက် ပိုပြီး ဆိုးတာတွေ ချမယ် ဆိုတဲ့ သဘောနဲ့ NLD ကို ပြန်ပြီး ခြိမ်းခြောက်နေတာ။ NLD ကလည်း ဆုပ်လည်းစူး-စားလည်းရူး အခြေအနေ ရောက်နေပြီ။ ကန်ထုတ်ပစ်လိုက်ရင် ဆိတ်လစေ့ကြီး ကြံ့ဖွတ် ရောက်သွားမှာပဲ။ နေရာတစ် နေရာသာပေး အေးဆေး ကိုယ့်လူ ဆိုတာ ဆိတ်လစေ့ကြီးရဲ့ ခံယူချက်ပဲ။

NLD စီအီးစီအဟောင်းတွေ အကုန်သိတယ်။ ငွေရေးကြေးရေးနဲ့ ပြရင် ဆိတ်လစေ့ကြီး ပျာပျာသလဲ ဖြစ်နေတယ် ဆိုတာ။ စီအိုင်အေက သိန်း(၁၀၀) လက်ခံဘူးတယ် ဆိုတာကိုလည်း ဆိတ်လစေ့ကြီး ကိုယ် တိုင် NLD CEC အစည်းအဝေးမှာ ၀န်ခံထားတာ။ အဲဒါကလည်း ထောင်ကျနေတဲ့ နိုင်ကျဉ်းတွေ၊ အပြင်က နိုင်ကျဉ်းမိသားစုတွေကို ထောက်ပံ့မယ် ဘာညာ လျှောက်အော်နေတာ။ လုပ်တာတွေက တစ်လွဲတွေ။

NLD ဦးစိုးသိန်းသား ကောင်မလေးတစ်ယောကို မဟုတ်မဟတ်လုပ်၊ ဗိုက်ကြီးပြီး ပြဿနာတွေတက်တော့ ၀ရမ်းပြေး ဖြစ်တယ်။ ဒီလိုထွက်ပြေးအောင်၊ ဒီလို တာဝန်မယူဘဲ ရှောင်နေအောင် အကြံပေး အခါ တော်ပေးက ဆိတ်လစေ့ကြီးပဲ။ ဗိုက်ကြီးတဲ့ ကောင်မလေး မိဘတွေက ရဲကို တိုင်တယ်။ ဆိတ်လစေ့ ကြီးက ဖွက်ထား ၀ှက်ထားပေးတယ်။ ဒီတော့ ထိန်ချန်မှုနဲ့ အရေးယူခံရတယ်။ ကဲ စဉ်းစားကြည့် သားသမီးချင်း ကိုယ်ချင်းမစာ၊ ဗိုက်ကြီးတဲ့အခြေအနေရောက်အောင် ကမြင်းကြောထခဲ့တာကို လူကြီး မပီသဘဲ ထွက် ပြေးဖို့ မြှောက်ပင့်ပေး၊ ပြီးတော့ ဖွက်ထား ၀ှက်ထား။ ဒါ လူကြီးလူကောင်းတဲ့လား။

အခုလည်း ကြည့်။ အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီ။ ဒေါ်စုက အခြေခံ ဥပဒေပြင်ဖို့ ပါးပါးနပ်နပ် လျှောက်နေတဲ့ အချိန်မှာ မဖြောင့်တန်းအောင် စစ်တပ် မကောင်းကြောင်းတွေ၊ ကြံ့ဖွံ့မကောင်းကြောင်း တွေ ထုတ်ပြောနေတယ်။ တစ်ဘက်က စဉ်းစားရင် ၀င်းတင် ပြောနေတာတွေက ဒေါ်စုကိုယ်တိုင် မပြော ချင်တဲ့ စကားတွေ တစ်ဘက်လှည့်နဲ့ ပြောခိုင်းနေတာလား ဆိုပြီး ဒေါ်စုအပေါ် ယုံကြည်မှု ပျောက်ဆုံး အောင် လုပ်နေတာ။ ဒေါ်စုက ဒီနေ့ တစ်မျိုးပြောရင် နောက်နေ့ ဆိတ်လစေ့ကြီးက ပယ်ပယ်နယ်နယ် တွယ်ပါလေရော။ တွယ်တာမှ ဒေါ်စုကိုလည်း မချန်။ ငါ့ကို လာမလုပ်နဲ့ ဆိုတဲ့ အပေါက်မျိုး။ ဒေါ်စု စီမံ ကိန်းတွေ မအောင်မြင်အောင် တစ်ဘက်လှည့်နဲ့ ချနေတာ ရှင်းရှင်းကြီး မြင်နိုင်တယ်။

လူဆိုတာ အကျင့်ဆိုတာ ဖျောက်ဖို့ခက်တယ်။ NLD က ချောင်ထိုးလာတော့ ကန်ထုတ်တော့မယ် ဆိုတာ သိလာတော့ ကယောင်ကတမ်း သွေးရူးသွေးတန်း အရူးမီးဝိုင်းတွေ လုပ်နေတာ။ ကြာရင် NLD ရော ဒေါ်စု ရော ပြဿနာတွေတက်မယ်၊ ၂၀၁၅ မတိုင်ခင် လုပ်ဖို့ မှန်းထားတာတွေ မအောင်မြင် ဖြစ်မယ်။ NLD လည်း တော်လှန်ရေးသမားနဲ့ ပညာတတ် အလွှာ (၂)ပိုင်းကွဲနေရာကနေ ပိုကွဲဖို့ပဲ ရှိတော့တယ်။ အခု ဆိုရင်ပဲ ဆိတ်လစေ့ကြီးကို ထောက်ခံတဲ့ လူငယ်တွေ တိုးတိုးလာနေပြီ။ ပြီးတော့ ဟန်ဝင်းအောင်တို့၊ နော်အုန်းလှတို့ကသာ တစ်ကယ့် စွန့်လွှတ်အနစ်နာခံသူတွေ ဦးဝင်းတင်သာလျှင် ပြတ်သားရဲရင့်တဲ့ ခေါင်းဆောင်ကြီး ဆိုတဲ့ အမြင်တွေ ထွက်လာနေပြီ။

ကိုယ့်စည်းကို ကိုယ်ပြန်သတ်မှ NLD အနာဂတ် ကောင်းလိမ့်မယ်။ နေရာလိုချင်တဲ့ ဖောက်ပြန်ရေး သမား ကြီးကို ကန်ထုတ်ပစ်မှ စောစောစီးစီး စာရင်းပြတ်မယ်။ လူထုအုံကြွမှ တော်လှန်ရေး လို့ တစ်ထစ်ချ ခံယူ ထားတဲ့ ဆိတ်လစေ့နိုင်ငံရေးသမား ဖောက်ပြန်ရေးသမား သက်ကြားအို ခေါင်းဖြူကြီးကို NLD ဘယ် လို ကိုင်တွယ်မလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပြီ။ ဒါမှမဟုတ် ဆိတ်လစေ့ကြီးကပဲ တက်ကြွလှုပ်ရှား လူငယ်တွေ အင်အားယူပြီး NLD ကို ပြန်ပြီး အာဏာသိမ်းသွားတော့မလား. အခုဆိုရင်ပဲ NLD CEC ဘာမှ လုပ်မရ ဖြစ်နေပြီ။ ဒီနေ့ ဆုံးဖြတ်ချက်တစ်ခု ထုတ်။ နောက်တစ်နေ့ ဦးဝင်းတင်က စောက်တလွဲတွေ ပြော။ နယ်အဝေးက NLD တွေ ဘာလုပ်ရမှန်းမသိ။ လူငယ်အတော်များများက ဦးဝင်းတင် ပြောတာတွေ ဟာ သူတို့ရဲ့ လုပ်ငန်းလမ်းညွှန်ဆိုပြီး ပြောနေကြပါပြီ။

မတရာအသင်း ဆက်သွယ်မှု ပုဒ်မ ပယ်ဖျက်ပေးရန် ရှမ်းခေါင်းဆောင်များ တောင်းဆို



တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံ ရေး ပါတီများအကြား လွတ်လပ်စွာ ပြောဆို ဆွေး နွေးနိုင်ရန် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ကို အစိုးရ အနေဖြင့် ပယ်ဖျက်ပေးရန် ရှမ်းပြည် တပ်မတော်တောင်ပိုင်း (SSA-S) မှ ကိုယ်စားလှယ်များနှင့် ရှမ်းတိုင်းရင်းသား ခေါင်း ဆောင်များက တောင်းဆိုထားကြောင်း သိရသည်။


ယခုလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) မှ ဗိုလ်မှူးကြီး စိုင်းမြင့်၊ ဗိုလ်မှူးကြီး စိုင်းလ၊ ထို့အပြင် ဥရောပ-မြန်မာရုံး (Euro-Burma Office) အဖွဲ့မှ ဦးဟန်ညောင်ဝေ၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်တို့ တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရှိရသည်။

SSA တောင်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြည်တွင်းထဲမှာ ရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ လူထု အခြေပြု အဖွဲ့တွေ အားလုံး တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ရမယ်ဆိုတော့ အဲဒီ ၁၇/၁ ပုဒ်မကြီးက ကန့်လန့် ကန့်လန့် ဖြစ်နေတဲ့အတွက်ကြောင့် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လွတ်လွတ်လပ်လပ် မတွေ့ဆုံ ရဲ ကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပယ်ဖျက်ရန် တင်ပြခဲ့သည့် ၁၇/၁ ပုဒ်မ ကိစ္စကို သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဖြစ်ပေါ်လာမှသာလျှင် စဉ်စားမည်ဟု ပြန်လည် ပြောဆိုကြောင်း သိရသည်။

“ဦးအောင်မင်းကတော့ ပြည်တွင်းထဲမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးတွေ ဖြစ်ပေါ် လာပြီ ဆိုရင်တော့ ဒီကိစ္စကို သူတို့ စဉ်းစားမယ်၊ သမ္မတကြီးကလည်း ဒီကိစ္စကို စဉ်းစားပါတယ်လို့ ပြောပါ တယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။

တွေ့ဆုံပွဲ၌ လက်ရှိ အစိုးရအနေဖြင့် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ဝင်များအပေါ် ထားရှိသည့် သဘောထားနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပြင်ဆင်မှု အခြေအနေ၊ ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှု ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် လတ်တလော ရှမ်းပြည်နယ်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်အဖွဲ့များ ပြန်လည် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးခွန်ထွန်းဦးက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ယခုလ ၉ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မကျေးရွာတွင် အခြေစိုက် လှုပ်ရှားနေသည့် SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ၏ တပ်စခန်းတခုကို အစိုးရတပ်မှ လက်နက်ကြီးများ အသုံးပြု ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်။

၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် နောက်ဆုံး တွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲများ မကြာခဏ ပြန် လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံရေးပါတီများနှင့် ဒေသခံပြည်သူလူထုများ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ အပါအ၀င် ၁၂ ချက်ကို သဘောတူခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဦးအောင်မင်းတို့ ယမန်နှစ် ဒီဇင်ဘာလ အတွင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓာတ်ပုံ – thifreedom.com) Credit : http://burma.irrawaddy.org/archives/39999

ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းနေစေဖို့



ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းနေစေဖို့ အိမ်မှာပဲ ပြုလုပ် လို့ ရတဲ့ လွယ်ကူတဲ့ နည်းလမ်း...တွေ ရှိပါတယ်။ သင့်အိမ်မီးဖို ချောင်မှ အလွယ်တကူ ရရှိနိုင်တာတွေကို အသုံးပြုပြီး သင့် ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းအောင် လုပ်ကြည့်ပါ။


နည်းလမ်း (၁)
~~~~~~~

- အုန်းသီးကိုခြစ်၊ အရည်ညှစ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ် ကြာ ထည့်ထားပါ။

- အဲဒီနောက် ရေခဲသေတ္တာထဲက ထုတ်ပြီး အုန်းနို့အပေါ်ယံမှာ စုနေတဲ့ ခရင်မ်ကို ခပ်ယူပါ။

- အဲဒီခရင်မ်ထဲကို သံပရာအရည် သုံးစက်ထည့်ပြီး သေချာစွာ ရောမွှေပေးပါ။

- ရလာတဲ့ အရောအနှောကို ဦးရေပြားပေါ်လိမ်းပြီး ခေါင်းစွပ်စွပ်ထားပါ။

- တစ်နာရီလောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။

နည်းလမ်း (၂)
~~~~~~~~

- နွာနို့တစ်ခွက်ထဲကို ပျာရည်တစ်ဇွန်း ထည့်ပါ။

- စတော်ဘယ်ရီသီး အနည်းငယ်ကို ခြေထည့်ပြီး အားလုံးကို နှံ့အောင် သေချာစွာ ရောမွှေပေးပါ။

- ရလာတဲ့ အရောအနှောကို ဆံပင်ပေါ် သုတ်လိမ်းပြီး အခြောက်ခံထားပါ။

- နှစ်နာရီကြာတဲ့အခါ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးပါ။

နည်းလမ်း (၃)
~~~~~~~~

- နွာနို့က ဆံပင်ဖြောင့်စင်းဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ နွားနို့ကို ဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ပြီး ဆံပင်ပေါ်ကို ဖျန်းပေးပါ။

- အဲဒီနောက် ဆံပင်ကို ရှမ်ပူနဲ့ လျှော်ပါ။

- ဆံပင်တွေ ရေစိုနေတုန်းမှာ ညင်သာစွာ ဘီးနဲ့ဖြီးပါ။

နည်းလမ်း (၄)
~~~~~~~~

- သံလွင်ဆီကို အနည်းငယ်အပူပေးပြီး ဆံသားအားလုံးအနှံ့ လိမ်းပေးကာ ဦးရေပြားကို ညင်သာစွာ နှိပ်နှယ် ပေးပါ။

- အဲဒီနောက် တဘက်နဲ့ ခေါင်းပေါင်းပြီး နာရီဝက်ကြာမှ ခေါင်းလျှော်ပါ။

- ဆံသားကို တောက်ပြောင်စေရုံ သာမက အရှည်မြန်စေပါတယ်။

ဒီနည်းလမ်းတွေထဲက တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပေးပါက ဆံသားဖြောင့်စင်း စေပါတယ်။

Credit To:Scientist Myanmar

ယာဉ်ကြောကြပ်မှု ရှောင်လိုလျှင် သင်္ဘောစီးပါ



ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲနိုင်မည့် ရန်ကုန် မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ် တစ်ခုဖြစ်သော River Ferry ခရီးစဉ်သစ်တစ်ခုကို ရေကြောင်း ပို့ ဆောင်ရေးဦးစီး ဋ္ဌာနနှင့် FMI ကုမ္ပဏီတို့ပူးပေါင်း၍ နှစ်ထပ်သင်္ဘောငယ်တစင်းဖြင့် စတင်ပြေးဆွဲပြီ ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးစီးဋ္ဌာနမှ သိရသည်။


လှိုင်မြစ်ကို အသုံးပြုကာ လှိုင်သာယာနှင့် လမ်း မတော်မြို့နယ်သို့ ခရီးသည် ၂၈၀ ကို တင်ဆောင် ပြေးဆွဲမည့် တံလျှပ်ရေယာဉ်ခရီးစဉ်ကို ပြီးခဲ့သည့် မေ ၁၅ရက်က စတင် ခဲ့ပြီး မနက်ရုံးတက်ချိန်နှင့် ညနေရုံးဆင်းချိန် ၂ချိန်ဖြင့် စတင်ပြေးဆွဲနေကြောင်း သိရ သည်။

ယခင် ဋ္ဌာနကပြေးဆွဲနေသည့် “တံလျှပ်”အမည်ရ ရေယာဉ်အား ပြန်လည်ပြုပြင်၍ ၀န်ဆောင်မှု ပေးသွား မည်ဖြစ်ပြီး၊ ယာဉ်စီးခမှာ ခရီးစဉ်တစ်ကြောင်းလျှင် ၂၅၀ကျပ် သတ်မှတ်ထားကြောင်း ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ဦးစီးဋ္ဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ကပြောသည်။

“အရင်က ဋ္ဌာနက ဆွဲပေးတုန်းက ရန်ကုန်တိုင်း မ.ထ.သနဲ့ညှိပြီး ကုတို့ဆိပ်အထိ ဘတ်စ်ကားတွေ ၀င်ဆွဲ ပေးဖို့လုပ်ခဲ့တယ်။ အပေါ်က ညွှန်ကြားပေမယ့် တကယ်တမ်းအောက်ခြေမှာက ကားဆရာတွေက မ၀င်ပေး ချင်တော့ ခရီးသည်တွေက သီးသန့်ကြီး လာမစီးနိုင်ကြဘူး။ သိပ်မှန်းထားသလောက် မအောင် မြင်ခဲ့ဘူး။ အရှုံးခံပြီး ဆွဲခဲ့ရတယ်”ဟု ဒုတိယအထွေထွေမန်နေဂျာ ဦးရှိန်းယောက ဧရာဝတီသို့ပြောသည်။

အဆိုပါ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးခရီးစဉ်ကို လှိုင်သာယာမြို့နယ်ရှိ ရှမ်းချောင်းဆိပ်ကမ်းမှ စဥ့်အိုးတန်းဆိပ်ကမ်းသို့ မနက် ၆နာရီခွဲတစ်ကြိမ်နှင့် အပြန်ခရီးစဉ်ကို ညနေ ၆နာရီတွင်တစ်ကြိမ် ပြေးဆွဲ နေပြီး လက်ရှိအခြေအနေတွက် ခရီးသည်စီးနင်းလိုက်ပါမှု နည်းပါးနေသေးကြောင်း FMI ကုမဏီမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

လက်ရှိဆိုက်ကပ်နေသည့် ကုတို့ဆိပ်နှစ်ခုအပြင် နောက်ပိုင်းတွင် ကြည့်မြင်တိုင်ဈေးကြီး ဆိပ်ခံတံတား သို့လည်း အသွားအပြန်ဆိုက်ကပ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ကားမှတ်တိုင်များမှ ကုတို့ဆိပ်သို့ အခမဲ့ ကားဖယ်ရီများလည်း ပြေးဆွဲရန် စီစဉ်ထားကြောင်း သူကပြောသည်။

“ မနက်ပိုင်းမှ လှိုင်သာယာဘက်ကနေ ရန်ကုန်ဘက်ကို လိုက်တဲ့သူနဲတယ်။ ညနေပိုင်းအပြန်မှာတော့ များတယ်။ အချိန်တိုးပြီး ၂ စီးအသွားအပြန်ဆွဲပေး နိုင်ရင်တော့ စီးတဲ့သူတွေများလာမယ်။ ဒါပေမယ့် အခုက ရှုံးဖို့များနေတဲ့အတွက် ၂ စီးမဆွဲနိုင်သေးဘူး။ ကြည့်မြင်တိုင်ကမ်းမှာ ကပ်နိုင်အောင်တော့ ဆိပ်ကမ်း အာဏာပိုင်ဆီမှာ ခွင့်တောင်းထားတယ်” ဟု FMI ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမော်သိန်းက ဆက်လက်ပြောသည်။

ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ရန်ကုန်မြို့တဖက်ကမ်းရှိ ဒေသများသို့ River Ferry စနစ်ဖြင့် ပြေးဆွဲပေးလျှက်ရှိသည့် ယာဉ်လိုင်း ၅ ခုရှိပြီး ယင်းတို့မှာ ပန်းဆိုးတန်း-ဒလ၊ ၀ါးတန်း-ဒလ၊ စဥ့်အိုးတန်း-ဆာပါချောင်၊ ပန်းဆိုးတန်း-ဆိပ်ကြီး၊ ပန်းဆိုးတန်း-ခနောင်တို ခရီးစဉ်များ ဖြစ်သည်။ ယင်းခရီးစဉ်များကို နေ့စဉ် ခရီးသွား ၄ သောင်းနီးပါး အသုံးပြုလျှက်ရှိကြောင်း ပြည်တွင်းရေကြောင်း၏ စာရင်းများအရ သိရသည်။

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်းလမ်းတစ်ခုတည်းကိုသာ အများဆုံး အသုံးပြု နေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်း၊ ကားကြပ်ခြင်း စသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ ပူး ပေါင်း၍လည်းကောင်း၊ နိုင်ငံတော် သမ္မတအမိန့်ဖြင့် မကြာသေးခင်ကဖွဲ့စည်းလိုက်သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကလည်းကောင်း ရေရှည်စီမံကိန်းများ ပြုလုပ်လျှက် ရှိသည်။

ယင်းစီမံကိန်းများအနက် ရန်ကုန်မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို River Ferry စနစ်များဖြင့် အားဖြည့် လုပ်ဆောင်သွားမည့် အချက်လည်း ပါဝင် သည်။

Credit : http://burma.irrawaddy.org/archives/39976

ဆေးဝါးသုံးစွဲသူများ သတိပြုရမည့် အချက်များ



ကျွန်ုပ်တို့ ကျန်းမာရေး မကောင်းလို့ ဆေးရုံ ၊ ဆေးခန်း သွား ရောက်ပြသပြိးတဲ့နောက် ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရ မယ့် ဆေးတွေ ညွှန်ကြားပြီး ပေးလိုက်တာ ရှိပါတယ်။ အဲဒီလို ပေးလိုက် ပြီးသည့်နောက် ကိုယ့်အိမ်မှာပဲ ကိုယ် ၃ ရက် ၅ ရက် သတ်မှတ်ချိန် အလိုက် ဆေးသောက် ရတာ များပါတယ်။


ဒီလို ဆေးဝါးတွေ သောက်သုံးရာမှာ သတိပြု ရမယ့် အချက် များ အနေနဲ့ ဆရာဝန် ညွှန်ကြား ထားတဲ့ ဆေးကို သတ်မှတ် ချိန် အတိုင်း သောက်ရင်တောင် တချို့ သူတွေ များသော အားဖြင့် အမျိုးသား များနှင့် သက်ကြီး ရွယ်အိုတွေက ဆေးကို ရေနဲ့ မသောက်ဘဲ တံတွေးနဲ့ မျိုချ တတ်ပါ တယ်။ အဲဒီလို သောက်တဲ့အတွက် လည်ချောင်း ထဲမှာ ရှိသင့်တဲ့ အချိန်ထက် ပိုရှိနေတဲ့ ဆေးကြောင့် ဆေးမှာ ပါဝင်တဲ့ အက်ဆစ်တွေကြောင့် လည်ချောင်းကို ထိခိုက် စေတာမျိုး ဖြစ်နိုင် ပါတယ်။ 

တချို့ မိဘ အုပ်ထိန်းသူ များမှလည်း သားသမီးများ နေမကောင်းရင် စေတနာနဲ့ ဆေးကို နွားနို့ ၊ ကော်ဖီ ၊ လိမ္မော်ရည် တစ်မျိုးမျိုး နဲ့ တိုက်ကျွေး တတ်ကြ ပါတယ်။ စေတနာ နဲ့ တိုက်ကြ ပေမယ့် မှားယွင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောနိုင် ပါတယ်။

ဘာလို့လဲ ဆိုတော့ နွားနို့သည် အချို့သော ဆေးဝါး များနှင့် ဓာတ်ပြု နိုင်သည့် အတွက် ဆေးကို ခန္ဓာကိုယ်က ထိရောက်စွာ စုပ်ယူနိုင်မှု အားနည်း သွားတတ် ပါတယ်။ လိမ္မော်ရည် လို အရည်မျိုး ကလည်း ဆေးမှာ ပါတဲ့ အင်ဇိုင်းဓာတ် တွေကို အနှောင့်အယှက် ဖြစ်စေ နိုင်တဲ့ အပြင် ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ် ဟာ သွေးလည်ပတ် မှုကို လှုံ့ဆောင် နိုင်သော သတ္တိ ရှိတဲ့ အတွက် ဆေးနဲ့ ကော်ဖီ တွဲ သောက်ပါက သွေးအတွင်း ဆေးပါဝင်မှု ပမာဏ မြင့်မားသွား စေနိုင် ပါတယ်။ ဒါ့အပြင် ဆေးကို ရေနွေး ၊ ရေအေး တစ်မျိုးမျိုး မှ လွဲပြီး ဘာအရည်နှင့်မှ တွဲပြီး မတိုက်ကျွေးတာ အကောင်းဆုံး ဖြစ်ပါတယ်။

အိမ်သုံး ဆေးဝါး တွေကို ဆေးရုံ ၊ ဆေးခန်း တွေက နားလည် တတ်ကျွမ်းတဲ့ ဆရာဝန် နဲ့ မပြသဘဲ ခေါင်းကိုက် ၊ ဇက်ကြောတက် တာလောက်ကို အလွယ်တကူ ၀ယ်သောက်လို့ ရတဲ့ အကိုက်အခဲ ပျောက် ဆေး ၊ ပါရာစီ တမောလို ဆေးမျိုး တွေကို နေ့စဉ် ၂ ပြား ၊ ၃ ပြား လောက်ကိုပဲ နေ့တိုင်း ရက်သတ္တပတ် နဲ့ ချီသောက်မိရင် တောင် အသည်း ပျက်စီး နိုင်ကြောင်း ဆေးပညာ ဆောင်းပါး တွေမှာ ဖော်ပြထားတာ တွေ့နိုင် ပါတယ်။ အိမ်သုံး ပဋိဇီဝဆေး တွေဟာ ဗက်တီးရီးယား တွေကိုသာ နှိမ်နင်းရန် အသုံးပြုတာ ဖြစ်ပြီး အအေးမိခြင်း ၊ တုပ်ကွေး ဖြစ်ခြင်း ကဲ့သို့ ဗိုင်းရပ်စ် ပိုးမွှားကြောင့် ဖြစ်သော ရောဂါတွေကို မနှိမ်နင်း နိုင်ကြောင်း ကို သေချာစွာ သိရှိခြင်း မရှိတဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ ဆေးရောင်းဝယ် တဲ့ ဆိုင်က တစ်ခွက်စာ စပ်ပေးတဲ့ ဆေးကို သောက်တတ်တဲ့ အကျင့် ဟာလည်း အနာနဲ့ ဆေးတစ်လွဲ ဖြစ်တတ် တာကြောင့် ရောဂါ မပျောက် တဲ့အပြင် လွဲသောက် မိတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက် ဆိုးကျိုး အဖြစ် ၀မ်းပျက်တာ ၊ အဖုအပိန့် တွေထွက်လာ တာမျိုး ကြုံတွေ့ ရနိုင်ပါတယ်။

ကျေးလက်နေ ပြည်သူတွေ အနေနဲ့ ခေါင်းကိုက် ၊ အကြောတက် ၊ ကိုယ်လက် နာရင် အလွယ်တကူ အကိုက်အခဲ ပျောက် လိမ်းဆွေး တွေကို ဇက် ၊ လည်ပင်း ၊ နားထင် နဲ့ ကိုယ်လက် တွေမှာ လိမ်းကျံ နှိပ်နယ် တတ်ပတယ်။ အဲလို လိမ်းရာမှာ လိမ်းဆေးကို ဆေးဝါး အဖြစ် သဘော မပေါက်တဲ့ အတွက် တချို့ အကိုက်အခဲ ပျောက်ဆေးတွေ သုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင် ပြသပြီးမှ လိမ်းသင့် ပါတယ်။ လိမ်းရမယ့် ပမာဏထက် များစွာ ပိုပြီး လိမ်းမိရင် အရေပြား လောင်ရာကနေ အသက် အန္တရာယ် ပေးနိုင်တဲ့ အထိ အန္တရာယ် ရှိတယ် ဆိုတာ ပြည်သူ လူထုတွေ သိအောင် ကျန်းမာရေး အသိ မြှင့်တင် ပေးမှုတွေ ဆောင်ရွက် ရပါတယ်။ ဒါ့အပြင် ကျေးလက်နေ ပြည်သူတွေရဲ့ ကျန်းမာရေး အသိထဲမှာ အဓိက လိုအပ် နေတာ တစ်ခုကတော့ ဆေးဝါးများတွင် ရက်လွန် သတ်မှတ်ချက် ရှိပြီး ရက်လွန်ဆေး တွေကို မသုံးစွဲ သင့်ဘူး ဆိုတာကို သတိ မထားမိကြ တာပဲ ဖြစ်ပါတယ်။ မျက်စဉ်းဆေး လိုဟာမျိုးကို ဖွင့်ဖောက်ခတ်ပြီး ရင် နောက်တစ်လကျော် နှစ်လ နေမှ မသုံးသင့် တော့ပါဘူး။ တစ်လကျော် မသုံးဘဲ ဖွင့်ထားတဲ့ မျက်စဉ်းဆေး ဟာ အာနိသင် ပြယ်နေနိုင် သလို အခြား ဗက်တီးရီးယား တွေလည်း ၀င်နေနိုင် ပါတယ်။

အင်ဆူလင် လို ဆေးဝါးမျိုး ဟာလည်း ဆေးရဲ့ သက်တမ်း ကုန်သွားရင် ဆေးရဲ့ အာနိသင် လျော့နည်း သွားတဲ့အပြင် အန္တရာယ် ရှိနိုင်တဲ့ အတွက် ယခင် ၀ယ်ပြီး သုံးလို့ မကုန်တဲ့ ဆေးတွေကို စနစ်တကျ ဘူးထဲ ထည့်ပြီး နေရောင် တိုက်ရိုက် မထိတွေ့တဲ့ နေရာမှာ သိမ်းဆည်း ထားတာတောင် ရောဂါ ပြန်ထ ရင်တောင် မသုံးစွဲ သင့်ပါကြောင်း သတိပေး ရေးသားလိုက် ပါတယ်။

Credit to: ရဲထွဋ် ( စိတ်ပညာ )

မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည်


Photo: မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည်
Friday, May 17, 2013

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့နယ်မှ မွေးရာပါ ခြေလေးချောင်း ပါရှိသည့် (၃)လခွဲ အရွယ် ကလေးငယ် (မိန်းခလေး)အား လိုအပ်သည့် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန်နှင့် ပကတိ ကျန်းမာလာသည် အထိ ဆေးကုသမှုများ ဆက်လက် ပြုလုပ်နိုင်ရန် အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အလုံးစုံ တာဝန်ယူ ပံ့ပိုးပေးသွားမည် ဖြစ်သည်။
 
ပင်လုံမြို့ တောင်ဘက် (၄၅)မိုင်ခန့် အကွာ ရွာလေးတစ်ရွာမှ အဘ ဦးခွန်စံဒွေး၊ အမိ ဒေါ်နန်းနောင့်နောင့်တို့၏ စတုတ္ထမြောက် သမီးငယ်သည် မွေးဖွားစဉ်ကတည်းက ခြေထောက်လေးချောင်း ပါရှိနေသဖြင့် ပြည်နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အစီအစဉ်များဖြင့် ရန်ကုန်မြို့၊ ရန်ကင်း ကလေးဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေခြင်း ဖြစ်သည်။ ထိုကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန် အတွက် တာဝန်ရှိ ဆရာဝန်၊ ဆရာမများ အနေဖြင့် တတ်ကျွမ်းသည့် ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်သည့် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့အတူ ဆေးရုံအုပ်ကြီးနှင့် တကွ တာဝန်ကျ ဆရာဝန်၊ ဆရာမများ၊ ဧရာဝတီ ဖောင်ဒေးရှင်းက အဖက်ဖက်မှ တာဝန်ယူပံ့ပိုးပေးလျက်ရှိသည်။ 
 
ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အဆိုပါ ကလေးငယ် ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူရမည့် ကာလများအတွင်း နေထိုင် စားသောက်ရေးနှင့် လိုအပ်ချက် ကုန်ကျစရိတ် မှန်သမျှအား အလုံးစုံ ပံ့ပိုးပေးသွားမည် ဖြစ်ကာ ကလေးငယ် ပကတိ ကျန်းမာလာသည့် အထိ တာဝန်ယူ စောင့်ရှောက် ပေးသွားမည်ဖြစ်သည်။ ရန်ကင်းကလေးဆေးရုံကြီး၏ အလှူရှင် ဖြစ်သည့် ဧရာဝတီ ဖောင်ဒေးရှင်း တည်ထောင်သူ ဦးဇော်ဇော်ကလည်း မေလ ၁၆ရက်နေ့ မွန်းလွဲပိုင်းက ကလေးငယ်အား သွားရောက်ကြည့်ရှုကာ ကလေးမိဘများအား စိတ်မပူရန်နှင့် လိုအပ်သည့် ကုသမှုများ ပြုလုပ်နိုင်ရန်အတွက် အဖက်ဖက်မှ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။
 
ထို့နောက် ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေသည့် အခြား ကလေးများအားလည်း လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကာ ချို့တဲ့ လူနာများအား လိုအပ်သည့် ခွဲစိတ်ကုသခြင်းနှင့် ဆေးကုသမှုများ ခံယူနိုင်ရန်အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် ပြီးခဲ့သည့် မတ်လ (၁၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကင်းကလေးရုံကြီး (၂)နှစ်ပြည့် အခမ်းအနားတွင် ဆေးကုသဆောင်များအလိုက် ဆေးကုသစရိတ် မတည်အလှူငွေ စုစုပေါင်း ကျပ်သိန်း(၈၀၀)ကို မတည်ပေးခဲ့ကာ ချို့တဲ့လူနာများအား အခမဲ့ဆေးကုသမှုများ ခံယူနိုင်ရန်အတွက် ထောက်ပံ့ပေးလျက်ရှိသည်။
 
 Ayeyarwady Foundation

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့ နယ်မှ မွေးရာပါ ခြေလေးချောင်း ပါရှိသည့် (၃)လခွဲအရွယ် ကလေးငယ် (မိန်းခလေး)အား လိုအပ်သည့် ခွဲစိတ် ကုသမှု ပြုလုပ်နိုင်ရန်နှင့် ပကတိ ကျန်း မာလာသည်အထိ ဆေး ကုသ မှုများ ဆက်လက် ပြုလုပ်နိုင်ရန်အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အလုံးစုံ တာဝန်ယူပံ့ပိုးပေးသွားမည် ဖြစ်သည်။


ပင်လုံမြို့တောင်ဘက် (၄၅)မိုင်ခန့် အ ကွာ ရွာလေးတစ်ရွာမှ အဘ ဦးခွန်စံဒွေး၊ အမိ ဒေါ်နန်းနောင့်နောင့် တို့၏ စတုတ္ထမြောက် သမီးငယ်သည် မွေးဖွားစဉ်ကတည်းက ခြေထောက် လေးချောင်းပါရှိနေသဖြင့် ပြည်နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ၏ အစီအစဉ်များဖြင့် ရန်ကုန်မြို့၊ ရန်ကင်း ကလေးဆေးရုံ ကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေခြင်း ဖြစ်သည်။ ထိုကလေးငယ်အား ခွဲစိတ် ကုသမှု ပြုလုပ်နိုင် ရန် အတွက် တာဝန်ရှိဆရာဝန်၊ ဆရာမများအနေဖြင့် တတ်ကျွမ်းသည့် ဆရာဝန်ကြီးများနှင့် တိုင်ပင် ဆွေးနွေးကာလိုအပ်သည့် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့အတူ ဆေးရုံ အုပ်ကြီးနှင့် တကွ တာဝန်ကျ ဆရာဝန်၊ ဆရာမများ၊ ဧရာဝတီ ဖောင်ဒေးရှင်းက အဖက်ဖက်မှ တာဝန် ယူပံ့ပိုးပေး လျက်ရှိသည်။

ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် အဆိုပါကလေးငယ် ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူရမည့် ကာလများ အတွင်း နေထိုင် စားသောက်ရေးနှင့် လိုအပ်ချက် ကုန်ကျစရိတ် မှန်သမျှအား အလုံးစုံ ပံ့ပိုးပေးသွား မည် ဖြစ်ကာ ကလေးငယ် ပကတိကျန်းမာလာသည့် အထိ တာဝန်ယူ စောင့်ရှောက် ပေး သွား မည်ဖြစ် သည်။ ရန်ကင်းကလေးဆေးရုံကြီး၏ အလှူရှင် ဖြစ်သည့် ဧရာဝတီ ဖောင်ဒေးရှင်း တည်ထောင်သူ ဦးဇော်ဇော်ကလည်း မေလ ၁၆ရက်နေ့ မွန်းလွဲပိုင်းက ကလေးငယ်အား သွားရောက်ကြည့်ရှုကာ ကလေး မိဘများအား စိတ်မပူရန်နှင့် လိုအပ်သည့် ကုသမှုများ ပြုလုပ်နိုင်ရန်အတွက် အဖက်ဖက်မှ ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေသည့် အခြားကလေးများအားလည်း လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကာချို့တဲ့ လူနာများအား လိုအပ်သည့် ခွဲစိတ် ကုသခြင်းနှင့် ဆေးကုသမှုများ ခံယူနိုင်ရန်အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် ပြီးခဲ့သည့် မတ်လ (၁၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကင်းကလေးရုံကြီး (၂)နှစ်ပြည့် အခမ်းအနားတွင် ဆေးကုသဆောင်များအလိုက် ဆေးကုသစရိတ် မတည်အလှူငွေ စုစုပေါင်း ကျပ်သိန်း(၈၀၀)ကို မတည်ပေးခဲ့ကာ ချို့တဲ့လူနာများအား အခမဲ့ဆေးကုသမှုများ ခံယူနိုင်ရန် အတွက် ထောက်ပံ့ပေးလျက်ရှိသည်။

Ayeyarwady Foundation

မျိုးကျော့မြိုင်နှင့် အိမ်အကူ အမှုရုပ်သိမ်း



အဆိုတော်မျိုးကျော့မြိုင်နှင့် ၄င်း၏ အိမ်အကူတို့ အပြန်အလှန် တရားစွဲဆိုထားခြင်းကို ယခုလ ၄ ရက်က နှစ်ဦးနှစ်ဖက် ညိုနှိုင်း၍ အမှုများ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


အမှုကို ရုပ်သိမ်းရန် နှစ်ဖက်လျှောက်ထားစာတွင် ယခု ဖြစ် သည့် အမှုမှာ နိုင်ငံတော်၏ အကျိုးစီပွားနှင့် မူဝါဒများကို ထိ ခိုက်စေခြင်း မဟုတ်သည့် အမှုဖြစ်ခြင်း၊ တရားလိုနှင့် တရား ခံတို့မှာ ခင်မင်ရင်းနှီးသူများဖြစ်ကြပြီး လူပုဂ္ဂိုလ်ချင်း အဆင် မပြေ၍ တရားစွဲဆို ထားသော်လည်း တစ်ဦးနှင့်တစ်ဦး ညိုနှိုင်း ပြေလည်ကြပြီဖြစ်၍ဟု ပါရှိသည်။

အဆိုတော် မျိုးကျော့မြိုင်က ၄င်း၏ အိမ်အကူ ကိုဟိန်းမင်းသူကို ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၁ ဖြင့် တရား စွဲဆိုခဲ့သည်။ ထို့အတူ ကိုဟိန်းမင်းသူကလည်း မရမ်းကုန်မြို့ နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃/၃၂၄/၅၀၆ တို့ဖြင့် တရားစွဲဆိုထားပြီး တစ်နှစ်နီးပါးအကြာတွင် ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

“မတ် ၅ရက်မှာ ဟိန်းမင်းသူမိခင်က အမှုကို ရုပ်သိမ်းဖို့ မရမ်းကုန်း တရားရုံးကို တင်တယ်။ ဧပြီ ၄ ရက်မှာ မရမ်းကုန်းမြို့နယ် တရားသူကြီးက အမှုကို ပိတ်သိမ်းကြောင်း အမိန့်ချခဲ့တယ်။ ကလေးသူငယ် တရားရုံး ဘက်ကိုလည်း မျိုးကျော့မြိုင်က အမှုရုပ်သိမ်းလွှာတင်တယ်။ သက်ဆိုင်ရာ ရဲစခန်းကလည်း ကန့်ကွက်ရန် မရှိလို့ အကြောင်းပြန်တယ်” ဟု မျိုးကျော့မြိုင်၏ ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) ကပြောသည်။

၂၀၁၂ ခုနှစ် မေလက မျိုးကျော့မြိုင်၏ ဖုန်းဘီလ်ဆောင်ခိုင်းရာ ဘီလ်ဆောင်ခိုင်းသည့် ငွေများပျောက်ဆုံး မှုကြောင့် အိမ်အကူဟိန်မင်းသူကို မျိုးကျော့မြိုင်က ရိုက်နှက်ခဲ့သည်ဆိုကာ ဟိန်းမင်းသူ၏ မိခင်က မျိုးကျော့မြိုင်ကို စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှု စတင်ဖြစ်ပွားစဉ်က လူမှုကွန်ရက်စာမျက်နှာများတွင် လူစိတ်ဝင်စားမှု အများဆုံး သတင်း တစ်ရပ်ဖြစ်ခဲ့သည်။ အမှုရုပ်သိမ်းမှုနှင့် ပတ်သက်၍ ကာယကံရှင်များထံ ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

Credit : http://singaporefeelfeel.blogspot.com/

မူဆယ်မြို့ မိုးလုံလေလုံ အားကစားရုံ အရှေ့ မိုင်းတွေ့ရှိ



၂၀၁၃ ခုနှစ်၊မေလ (၁၇)ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ် အချိန် ခန့်တွင် မူဆယ်မြို့ မိုးလုံလေလုံ အား ကစားရုံ အရှေ့တွင် ဗီယက်နမ်နိုင်ငံလုပ် ရှေ့ထွက် မိုင်းတစ်လုံးအား ထောင်ထားကြောင်း တွေ့ရှိရ သည်။

သတင်း ရလျင်ရခြင်း တပ်မတော် မိုင်းရှင်းလင်းရေး အဖွဲ့မှ သွားရောက် ရှင်းလင်းခဲ့ရာ မနက် ၈ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် မိုင်းအား သက်မဲ့ ပြုလုပ် ပြီးကြောင်းနှင့် ထပ်မံ၍ သတင်းများ စုံစမ်း စစ်ဆေး လျက် ရှိကြောင်း သတင်း ရရှိသည်။

FROM-MYAWADDY

ထားဝယ်ဒေသ သိမ်းဆည်းခံ လယ်မြေများအတွက် သမ္မတအထိ တောင်းဆိုမည်



တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ဒေသရှိ စစ် တပ်နှင့် ပုဂ္ဂလိက ကုမ္ပဏီများ၏ မတရားသိမ်း ဆည်းခံရသော ၎င်းတို့ လယ်ယာမြေ များ ပြန်လည် ရရှိရေးနှင့် အကျိုးခံစားခွင့်များ ရရှိရန် အတွက် နိုင်ငံတော် သမ္မတ အထိ တောင်းဆိုသွားမည် ဖြစ် ကြောင်း လယ် သမားများက ပြောဆိုသည်။


ယင်း လယ်ယာမြေများအား တောင်သူ လယ် သ မားများ၏ အခွင့်အရေးကို လျစ်လျူရှုကာ မတရား သိမ်းဆည်းခံခဲ့ရခြင်းဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသား များ၏ ရုံးခန်း၌ ကြာသပတေးနေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် လယ်ယာမြေ အသိမ်းခံရသူ ၁၅ ဦးခန့်က ပြောကြားခြင်း ဖြစ်သည်။

“အခု သိမ်းခံရတဲ့ မြေဧကပေါင်းက ထောင်ချီရှိပါတယ်။ စစ်တပ်ရော၊ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများ ပိုင်ကုမ္ပဏီ(DDPC) ရော၊ တခြား ပုဂ္ဂလိက ကုမ္ပဏီတွေကရော သိမ်းထားတာ။ တချို့နေရာတွေမှာ လျော်ကြေး ဘာမှမပေးဘဲ၊ တချို့နေရာတွေ မှာပေးတဲ့ လျော်ကြေးက တခြားနေရာမှာ ပြန်အခြေချဖို့ မဖြစ်နိုင်တဲ့ မမျှတတဲ့ လျော်ကြေးလောက်ပဲပေးတာ”ဟု ထားဝယ် လူ့အခွင့်အရေး စောင့်ကြည့်သူ ကွန်ရက်မှ ကိုသန်းဝင်းက ပြောသည်။

အဆိုပါ အသိမ်းခံရသော မြေများတွင် ထားဝယ်မြို့တိုးချဲ့ရန်အတွက် ၁၉၉၀ ပြည့်နှစ်ကတည်းက သိမ်းယူ ထားသော ဆန်ချိကွင်း၊ ထိန်သစ်ကွင်း၊ ရွှေဂူကွင်း၊ မဏ္ဍာပ်မော်ကွင်း စသော ကျေးရွာများမှ မြေများ ပါဝင်ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ကမ်းနားလမ်းနှင့် အနောက်ဘက်ခြမ်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် လှေဒေါက်လုပ်ငန်းမှ ဓနိတောနှင့် လယ်မြေများအား ဒေသခံ လယ်သမားများကို အဓမ္မနှင်ထုတ်၍ သိမ်း ယူထားခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုသန်းဝင်းက ပြောပြသည်။

ထို့အပြင် စစ်တပ်ကလည်း ဒေသခံလယ်သမား ၆၆ ဦး၏ လယ်မြေများကို ၁၉၉၁ ခုနှစ်ကတည်းက သိမ်းယူထားပြီး ၎င်းတို့၏ စစ်တပ် နယ်နမိတ်အပြင်ဘက် လယ်မြေများအား လယ်သမားများကို သီးစား ပေးမှ ပြန်လည် စိုက်ပျိုးခွင့်ပြုခဲ့ကြောင်း၊ ထားဝယ်မြို့ရှိ တရုတ်သင်္ချိုင်းမြေ တိုးချဲ့ရန်အတွက် သင်္ချိုင်းအနီးရှိ စားကျက်မြေကိုလည်း သိမ်းယူခဲ့ကြောင်း သိရသည်။

ထားဝယ်ဒေသရှိ ပုဂ္ဂလိက ဆေးရုံဆောက်ရန်ဆိုပြီး သိမ်းယူလိုက်သော လယ်မြေများအတွက် ကုမ္ပဏီ တခုက လယ်သမားများကို တွေ့ဆုံ၍ လယ် ၁ ဧက ကျပ် သိန်း ၂၀ လျော်ကြေးပေးမည်၊ သို့သော် ချက် ချင်း လက်ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများကို ကြုံ တွေ့ခဲ့ရကြောင်း လယ်ယာမြေ အသိမ်းခံရသူ တဦး ဖြစ်သည့် လယ်ပိုင်ရှင် ဒေါ်ရွှေစင်ယုက ပြောဆိုသည်။

“ကျမတို့က ချက်ချင်းလက်မခံနိုင်ဘူး၊ စဉ်းစားဦးမယ်ဆိုတော့ သူတို့က အခုချက်ချင်းလက်မခံရင် ဌာနဆိုင် ရာတွေက ပြောဆိုလိမ့်မယ်။ နောင်ဆို လျော်ကြေးတောင်ရမှာ မဟုတ်ဘူးလို့ပြောတယ်။ ကျမတို့အနေ နဲ့လည်း လက်ရှိ ထားဝယ်မှာ ဖြစ်နေတဲ့ မြေဈေးတွေက မြင့်လာတော့ သူတို့ လျော်ကြေးပေးတာလောက်နဲ့ နောက်တနေရာမှာ ၀ယ်ပြီးနေလို့ရတဲ့ ပမာဏမဟုတ်ဘူးလို့ ပြောပြီး မယူဘဲ ပြန်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ တင်ပြထားသော်လည်း ယခုကဲ့သို့သော မိုးရာသီ၌ လုပ်ငန်းခွင် ၀င်ရန် အချိန်ဖြစ် သောကြောင့် ဖြေရှင်း၍မပြီးမချင်း အလုပ်လုပ်ကိုင်ရန် နှောင့်နှေးနေခြင်းက တောင်သူ လယ်သမားများအတွက် ဘ၀ရပ်တည်ရေး အခက်အခဲ ဖြစ်ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သူ ကိုထွန်းမြင့်အောင် ကလည်း ပြောဆိုသည်။

လယ်ယာမြေ အငြင်းပွားမှုမပြီးခင် လယ်သမားများ၏ ဘ၀ရပ်တည်ရေးအတွက် စဉ်းစားဆောင်ရွက်နိုင်ရန် ကော်မတီတရပ် လိုအပ် မည်ဟု ယူဆကြောင်း၊ အဆိုပါ ကော်မတီတွင်လည်း အစိုးရ ၀န်ထမ်းများသာ မဟုတ်ဘဲ လယ်သမားအရေး ဆောင်ရွက်ရန် လယ် သမားသမဂ္ဂများ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း၊ ထိုသမဂ္ဂများမှ လယ်သမား ကိုယ်စားလှယ်များ၊ ဥပဒေ ပညာရှင်များ၊ လွှတ် တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း၍ လတ်တလော လယ်သမားများ၏ ဘ၀ရပ်တည်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ကိုထွန်းမြင့်အောင်က “မြေယာသိမ်းမှုတွေက ကျနော်တို့နိုင်ငံမှာ နေရာတိုင်းမှာဖြစ်နေတာ၊ တောင်သူ လယ်သမားတွေရဲ့ အခွင့် အရေးကို မစောင့်ရှောက်ရင် ဆင်းရဲမှု လျှော့ချရေးတို့၊ ဘာတို့ လုပ်နေလည်း အပိုပဲ၊ နောက်ပြီး မြေယာအငြင်းပွားမှု ကော်မတီက ဖြေရှင်းဆောင်ရွက်မယ် ဆိုပြီး ပြောနေရုံနဲ့မပြီးဘူး၊ အောက်ခြေအဖွဲ့တွေ ဘယ်လိုလုပ်နေလဲဆိုတာအထိ ဆင်းကြည့်ဖို့လိုတယ်” ဟုလည်း ဆက်ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အနေနှင့်လည်း သက်ဆိုင်ရာ အစိုးရဌာနများသို့ အသိပေး အကြောင်း ကြားသွားမည် ဖြစ်ပြီး လယ်ယာမြေ အသိမ်းခံရသော ဒေသများသို့ သွားရောက်လေ့လာ၍ တွေ့ရှိရသော လယ်သမားများ၏ နစ်နာချက်များကို ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ် ဒေသ၌ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းကို ၂၀၀၀ ပြည့်နှစ် အတွင်းက စတင်၍ လုပ်ကိုင်နေသည်။

စီမံကိန်းကို ထိုင်းနိုင်ငံမှ Italian-Thai Development ကုမ္ပဏီ က ဦးစီးဆောင်ရွက်နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ Max Myanmar ၊ Asia World စသည့် ပုဂ္ဂလိကကုမ္ပဏီ များလည်း ပါဝင် လုပ်ကိုင်နေကြောင်း၊ ယင်း စီမံကိန်းသည် အရှေ့တောင် အာရှတွင် အကြီး ဆုံး စက်မှုဇုန်ဖြစ်လာရန်ရှိပြီး တရုတ်နိုင်ငံ ရှန်ဇန်း စက်မှုဇုန်ကဲ့သို့ တည်ဆောက် ရန် စီစဉ်ထားကြောင်း သိရသည်။

၈၈ မျိုးဆက် ကျောင်သားများ ရုံးခန်း၌ ကြာသပတေးနေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ – စနေလင်း / ဧရာဝတီ)

Credit : http://burma.irrawaddy.org/archives/39948

သီးလေးသီး … မကြာမီလာမည် မျှော်



စစ်အစိုးရ လက်ထက်ကနေ လက်ရှိ အရပ် သား အစိုးရ လက်ထက်ကို ကူးပြောင်းပြီးကာစမှာ ပြည်ပ ကနေ ပထမဆုံး ပြည်တော်ပြန်ဝင်သွားခဲ့တဲ့ “သီး လေးသီး” ဆေးရောင်စုံ လူရွှင်တော် အဖွဲ့ကတော့ ဗီဒီယိုလောကထဲ ပြန်လည်ခြေချဖို့ ကြိုးပမ်းနေပါပြီ။ သူတို့ ပြည်တော်ပြန်ပြီး ၁ နှစ်ခွဲလောက် ကြာမှ ဒီ လောကထဲ ပြန်ဝင်လာခဲ့တယ်လို့ ဆိုရမှာပါ။


စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန် နိုင်ငံတွေမှာ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင် သရော်ကာ ပြက်လုံးထုတ်ခဲ့ကြပြီး နောက်ဆုံး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်တော်ပြန်ဝင်နိုင်ခွင့်ကို စောင့်စားကာ အခြေချ နေထိုင်ခဲ့ကြတဲ့ သီးလေးသီး အဖွဲ့သားတွေဟာ ပြည်တော်စဝင်ကတည်းက အနုပညာလောကထဲ ပြန်လည်ခြေစုံပစ်ဝင်ဖို့ အားခဲခဲ့ ကြတာပါ။

သူတို့အဖွဲ့ဟာ ပြည်ပနိုင်ငံတွေကို ဖျော်ဖြေရေး မသွားခင်ကတည်းက ပြည်တွင်း ရုပ်ရှင်၊ ဗီဒီယိုလောကနဲ့ ကြော်ငြာလောကတွေမှာ နေရာတော်တော်များများ ပါဝင်သရုပ်ဆောင်ခဲ့ကြဖူးပါတယ်။

များသောအားဖြင့် မြန်မာပြည် အနုပညာလောကရဲ့ ထုံးစံလို့ ဆိုရလေမလားပဲ။ ပြည်ပမှာ အနေကြာပြီး ပြန်လည် ရောက်ရှိလာတဲ့ အနုပညာသမားဟောင်းတွေရဲ့ တင်ဆက်မှုတွေကို ပရိသတ်က ရောက်ရောက် ချင်း ပူပူနွေးနွေး ခံစားချင်ကြတာ ရိုးရာလို ဖြစ်နေပါပြီ။ သီးလေးသီး ဟာသ လူရွှင်တော်တွေကတော့ ပြည်တော်ဝင်ပြီးနောက် အငြိမ့်သဘင် တင်ဆက်မှုကလွဲလို့ ဗီဒီယိုဇာတ်ကားတွေမှာ မတွေ့ရပါဘူး။ ဒါတောင် သူတို့ရဲ့ အငြိမ့်သဘင် တင်ဆက်မှုက ရောက်ခါစမှာ ဘယ်ပွဲက ပါမစ်မရဘူး၊ ဘယ်နေရာမှာက ဖျော်ဖြေခွင့်မရဘူး ဆိုတဲ့ အသံသဲ့သဲ့တောင် ကြားလိုက်ရပါသေးတယ်။

ဘာကြောင့် ၁ နှစ်ခွဲကျော်ကြာမှ ဗီဒီယိုလောကဘက် လှည့်နိုင်သလဲဆိုတာကို မစပ်စုလည်း စပ်စုမိ ပါတယ်။

“ကျနော့် အမြင်ကတော့ တိုက် (ထုတ်လုပ်ရေး) တွေနဲ့ ဆိုင်တယ်။ စကတည်းက ကျနော်တို့ကို ရိုက်ကူးဖို့ ပြောကြတာတွေကတော့ အများကြီးပါ။ ဒါရိုက်တာတွေကလည်း ရိုက်ကြမယ်လို့ ပြောကြတာပဲ။ ဒါပေမယ့် တိုက်တွေကို အနုပညာသမားစာရင်း တင်တဲ့အခါ တချို့တိုက်တွေက ကျနော်တို့ နာမည်တွေပါတဲ့အခါ ကျတော့ အဆင်မပြေဘူး။ အရင်က ကျနော်တို့ (ပြည်ပ) ထွက်သွားတဲ့အချိန်မှာ အခွေ ၂၀ ကျော်လောက် ပိတ်မိနေတာတွေ ရှိတယ်လေ။ အခန်းတွေ ဖြတ်ပေးရတာတို့ ထွက်လို့မရတာတို့၊ တချို့ဆို ကိုးလိုး ကန့်လန့်တွေ ဖြစ်ကုန်တယ်။ အဲဒီလိုတွေ ဖြစ်လာတော့ သူတို့တွေအနေနဲ့ စီးပွားရေးအရ ဆိုရင်တော့ အနှောင့်အယှက် ဖြစ်တာပေါ့ဗျာ။ ဒါရိုက်တာတွေ အားလုံးကတော့ အဆင်ပြေပါတယ်။ ထုတ်လုပ် ရေးတွေက မလုပ်ရဲတာပေါ့။ ကျနော်တို့ ပါလာတယ်ဆိုရင် တခုခု ငြိမှာ စိုးလို့ပေါ့။ အရင်က တခါဖြစ်ဖူး လို့ပါ” လို့ သီးလေးသီး အဖွဲ့ဝင် လူရွှင်တော် ပန်းသီးက ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော် အကျိုးပြု မီးသတ်တပ်ဖွဲ့ ဂုဏ်ပြု ဇာတ်ကားတကားကို သူတို့ ပါဝင် သရုပ်ဆောင်ဖို့ရာ ဒါရိုက်တာတယောက်က စီစဉ်ခဲ့ပေမယ့် အထက်ကို စာတင်လိုက်တဲ့အခါမှာ ပယ်ချခံခဲ့ရဖူးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီအတိုင်းဆို သက်ဆိုင်ရာ တာဝန်ရှိသူ လူကြီးတွေက သီးလေးသီးကို ကြောက်တာလား၊ သီးလေးသီးက ပြက်လုံးတွေထုတ်မယ့် ပါးစပ်ကို ကြောက်တာလားလို့ မစပ်စု တွေးမိနေပါသေးတယ်။

သီးလေးသီး လူရွှင်တော် သရုပ်ဆောင်တွေဟာ လက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေ စတင် ရိုက်ကူးနေ တာဖြစ်ပြီး ရုပ်ရှင်ကားကြီးနဲ့ ကြော်ငြာတော့ လောလောဆယ် ရိုက်ဖို့ မရှိသေးဘူးလို့ သိရပါတယ်။

အခုလို ဗီဒီယိုလောကမှာ ပြန်လည် အခြေချလာနိုင်ခဲ့တဲ့အပေါ် အနုပညာအလုပ်ပဲ လုပ်တတ်တဲ့ အနုပညာ သမားတယောက်အနေနဲ့ ၀မ်းသာပီတိဖြစ်မိကြောင်း၊ သီးလေးသီးလို့သာ အများက သိကြပြီး ဘယ်သူက ဘာနာမည်၊ ဘာအသီးလဲဆိုတာ မခွဲခြားနိုင်သေးတဲ့ ပရိသတ်တွေ အတွက်လည်း အခုလို ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်လာနိုင်တော့ သူတို့ရဲ့ ရုပ်နဲ့ နာမည်ကို တွဲပြီး ခွဲခြားလာနိုင်တော့မယ် အပေါ်ကိုလည်း ၀မ်းသာမိကြောင်း လူရွှင်တော် ပန်းသီးက ဆိုပါတယ်။

သီးလေးသီးအဖွဲ့ဝင် တဦးဖြစ်တဲ့ လူရွှင်တော် ကြယ်သီးကလည်း “အသစ်တဖန် ပြန်ဝင်လာရတဲ့အတွက် ၀မ်းသာပါတယ်။ ခံစားချက်ကတော့ ကိုယ်ပျောက်သွားတဲ့ ပစ္စည်းလေး ပြန်ရသလိုပါပဲ။ ဒီမှာ ကိုယ့်ကိုယ် ကိုယ်ပဲ အားမရမှာ စိုးတယ်။ ပြောင်းလဲပါပြီဆိုတဲ့ နေရာမှာ၊ အသစ်အသစ်တွေလည်း အများကြီး ရှိတဲ့နေရာမှာ ပြောင်းလဲမှုတို့၊ တိုးတက်မှုတို့နဲ့အတူ လူတော်တွေ အများကြီး ထွက်လာတဲ့အချိန်ခါမှာ ကိုယ်ပဲ ညံ့သွားမှာ စိုးပါတယ်” လို့ ပြောပါတယ်။

အခုလို သီးလေးသီး အဖွဲ့သားတွေ ဗီဒီယိုလောကထဲ ပြန်ဝင်ရောက်လာနိုင်တဲ့အပေါ် ၀မ်းသာပီတိ ဖြစ်မိ တယ်လို့လည်း လူရွှင်တော်၊ ရုပ်ရှင်နဲ့ ဗီဒီယို ဟာသ သရုပ်ဆောင် ကိုကျော်ထူးက ပြောပါတယ်။

“သီးလေးသီးမှတင် မဟုတ်ဘူး လူရွှင်တော် အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် အနုပညာ အလုပ်တွေကို အများကြီး လုပ်ပိုင်ခွင့် ရနေတယ်ဆိုရင် ကျနော်တို့က အများကြီး ပီတိဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးတွေကို ကျနော်နဲ့ ကင်းကောင်နဲ့က ပထမဆုံး မျှော်စင်ကျွန်း ဆေးရောင်စုံအငြိမ့်မှာ မြေတောင် မြှောက်ပေးခဲ့တာပေါ့လေ။ ဒါကြောင့်သူတို့တွေ အခုလို ပြန်ရိုက်နေရတယ် အလုပ်လုပ်နေရတယ်ဆိုတော့ သူများတွေထက်စာရင် ကျနော်က ပိုပြီးပီတိဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ပြည်တော်ပြန်လာကလည်း တချို့နယ်မြို့ဒေသတွေမှာ မပေးရဲပေးရဲ ပွဲမိန့်နဲ့အတူ အငြိမ့်တွေ ဖျော်ဖြေလာ ခဲ့တဲ့ သီးလေးသီး ဆေးရောင်စုံ အဖွဲ့သားတွေဟာ အခုလည်း ၁ နှစ်ခွဲလောက် အခြေအနေကို စောင့်ကြည့် ခံရပြီးမှ ဗီဒီယိုလောကထဲ ပြန်ဝင်ရောက်ခွင့် ရလာပြီ၊ နောက်ပြီး သီးလေးသီး ဆေးရောင်စုံအငြိမ့်ကို မွေးထုတ်ပေးခဲ့သူ လူရွှင်တော် သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာလည်း အနုပညာအလုပ်ကို နှစ်အ တော်ကြာ ပိတ်ထားခြင်းခံရတာကနေ မကြာခင် ရုပ်ရှင် ဇာတ်ကားကြီးတွေ ပြန်လည် ရိုက်ကူးတော့မယ်လို့ ဆိုတော့ မစပ်စုတို့ တိုင်းပြည်ကြီးက တချို့တချို့သော ကိစ္စလေးတွေမှာ တဖြည်းဖြည်းနဲ့ ဂဏန်းငြိမ်စ ပြုလာပါပြီလို့ပဲ ဆိုရလေမလားပဲ။

Credit : http://burma.irrawaddy.org/archives/39955

ဦးသိန်းစိန် ခရီးအကြို နိုင်/ကျဉ်းများ ထပ်လွှတ်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မေလ ၂၀ ရက်နေ့တွင် စတင်ထွက်ခွာမည့် အမေရိကန် ပြည်ထောင်စု ခရီးစဉ်အကြိုဟု ယူဆရသည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုကို ယနေ့နံနက်ပိုင်းမှ စတင်လွတ်ပေးနေကြောင်း သတင်းရရှိသည်။ တနိုင်ငံလုံးမှ အကျဉ်းသား ၂၃ ဦးလွတ်မြောက်မည်ဟု နိုင်ငံရေးအကျဥ်းသားဟောင်း ကိုအံ့ဘွယ်ကျော်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားပြီး တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသား စောဂျက်တက်နှင့် ဆန့်ညွှန့်တို့ လွတ်မြောက်လာကြောင်း သိရသည်။ သာယာဝတီထောင်ရှေ့တွင်လည်း လွတ်မြောက်လာမည့်သူများကို မိသားစုဝင်များက သွားကြိုနေကြကြောင်းလည်း သိရသည်။

မြန်မာပြည်သူပေါင်းများစွာ သတ်ဖြတ်ခဲ့သည့် အမြောက် ပြည်သူ့ရင်ပြင်၌တွေ့


Photo: အင်္ဂလိပ်-မြန်မာစစ်မှ အမြောက် ပြည်သူ့ရင်ပြင်၌တွေ့
...........................................................
ရန်ကုန်၊ မေ ၁၅

အများပြည်သူများ အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် ပြည်သူ့ရင်ပြင်ဝင်း အတွင်းရှိ ဦးဝိစာရ ရှော့ပင်းမောလ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံး ထန်းလုံး အမြောက်တစ်ခုကို မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က တွေ့ရှိခဲ့ကြောင်း သွားရောက် စစ်ဆေးသည့် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။

ဦးဝိစာရ ဝင်ပေါက်အနီး မြေတူးစက်ဖြင့် မြေတူးရာမှ အလေးချိန် ခြောက်တန်ရှိသည့် အရှည် ၁၄ ပေနှင့် ၅ လက်မ၊ ထိပ်ဝ အချင်း ၁၃ လက်မ၊ နောက်ပိုင်းအချင်း ၂၃ လက်မရှိ ထန်းလုံး အမြောက်ကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

"နှစ်ပေခွဲအကွာမှာ တွေ့တာ။ အမြောက်နောက်ပိုင်းက အပိတ်တော့ မပါတော့ဘူး။ မြေကြီးထဲမှာ ကျန်ခဲ့တယ် ထင်တယ်" ဟု သွားရောက်စစ်ဆေး သည့် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် နှင့် စာကြည်တိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြား သည်။

အဆိုပါအမြောက်နှင့် ပတ်သက်၍ အချက်အလက်များကို ယဉ်ကျေးမှုဝန်ကြီး ဌာနတွင် တင်ပြထားကြောင်း၊ လက်ရှိတွင် ယင်းနေရာ၌ပင် ထားရှိကြောင်း ၄င်းထံမှ သိရသည်။

ယခုအမြောက် တွေ့ရှိရာ နေရာသည် ။

အများပြည်သူများ အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် ပြည်သူ့ရင်ပြင်ဝင်း အတွင်းရှိ ဦးဝိစာရ ရှော့ပင်းမောလ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံး ထန်းလုံး အမြောက်တစ်ခုကို မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က တွေ့ရှိခဲ့ကြောင်း သွားရောက် စစ်ဆေးသည့် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။


ဦးဝိစာရ ဝင်ပေါက်အနီး မြေတူးစက်ဖြင့် မြေတူးရာမှ အလေး ချိန် ခြောက်တန်ရှိသည့် အရှည် ၁၄ ပေနှင့် ၅ လက်မ၊ ထိပ်ဝ အချင်း ၁၃ လက်မ၊ နောက်ပိုင်းအချင်း ၂၃ လက်မရှိ ထန်းလုံး အမြောက်ကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

"နှစ်ပေခွဲအကွာမှာ တွေ့တာ။ အမြောက်နောက်ပိုင်းက အပိတ်တော့ မပါတော့ဘူး။ မြေကြီးထဲမှာ ကျန်ခဲ့တယ် ထင်တယ်" ဟု သွားရောက်စစ်ဆေး သည့် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် နှင့် စာကြည်တိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြား သည်။

အဆိုပါအမြောက်နှင့် ပတ်သက်၍ အချက်အလက်များကို ယဉ်ကျေးမှုဝန်ကြီး ဌာနတွင် တင်ပြထားကြောင်း၊ လက်ရှိတွင် ယင်းနေရာ၌ပင် ထားရှိကြောင်း ၄င်းထံမှ သိရသည်။

ယခုအမြောက် တွေ့ရှိရာ နေရာသည် ရွှေတိဂုံဘုရားနှင့် နီးသောကြောင့် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တပ် များက ရွှေတိဂုံ ရင်ပြင်၌ တပ်စွဲခဲ့ပြီး အင်္ဂလိပ်စစ်တပ်သုံး အမြောက်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနထံမှ သိရသည်။

အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးအမြောက် နှစ်ခုကို ပြည်သူ့ ရင်ပြင် ယခုတွေ့ရှိသော နေရာနှင့် ပေ ၈၀ အကွာတွင် ၂၀၁၂ ခုနှစ် အတွင်းကလည်း တွေ့ရှိခဲ့ကြောင်း ယင်း ဌာနထံမှ သိရှိရသည်။

Credit : http://www.myanmarexpress.net/2013/05/blog-post_2851.html

နေပြည်တော်မှ ကျိုက်ထီးရိုးပုံစံတူ စေတီတော်မြတ်ကြီး (သို့) လောကပါလ ကျောက်စက်တော်ရာ စေတီတော်မြတ်ကြီး



ဂျာနယ်များတွင် ဖော်ပြထားသော နေပြည်တော် ကျိုက်ထီးရိုးပုံစံတူ ကျောက်တုံကြီးအကြောင်းကို ဓာတ်ပုံနှင့်အတူ တွေ့ရှိရသဖြင့် ၅-၅-၂၀၁၃ ရက် နေ့ တွင် ကျွန်တော်နှင့်အတူ ဌာနမှ အဖွဲ့များဖြင့် သတင်းရရှိရန် မော်တော်ယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာလာခဲ့ပါသည်။


ပျဉ်းမနားသကြားစက်ဘက်မှ လမ်းကြောင်းသိသည့် မိတ်ဆွေအား ၀င်ခေါ်ပြီး ၄င်းသကြားစက်မှ အရှေ့ စူးစူးသို့ ၄ မိုင်ခန့် ဆက်လက်ထွက်ခွာလာရာ ပေါင်းလောင်းရေလွှဲဆည်တာဘောင်ကို ဘယ်ဘက် အခြမ်း တွင်းတွေ့ရှိပြီး ၄င်းတာဘောင် အတိုင်းမော်တော်ကားဖြင့် ဆက်သွားရသည်။

ဆည်ကို တာဘောင်မှ ဖြတ်ကျော်ပြီးနောက် တောင်ကြောဘေးလမ်းအတိုင်း ဆင်ဖြူတောင်သို့ မြေလမ်း အတိုင်း ခန့်မှန်း(၄)မိုင်ခန့်သွားပြီး ဆင်ဖြူတောင်သို့သွားရန် လမ်းညွှန်ဆိုင်းဘုတ်နှင့် လောကပါလ ကျောက်စက်တော်ရာစေတီတော်လမ်းညွှန်ဆိုင်းဘုတ်ကို လမ်း၏ညာဘက်တွင် တွေ့ရှိရပါသည်။

၎င်းနေရာတွင် လမ်းခွဲတစ်ခုညာဘက်သို့ရှိသဖြင့် မေးမြန်းစုံစမ်းရာ ကျောက်တုံးကြီးသို့သွားရာ လမ်းဖြစ် ကြောင်း သိရသဖြင့် ၄င်းလမ်းအတိုင်း တောင်ကြောလမ်းအတိုင်း တောင်များကို ကွေ့ဝိုက်ကာဖြင့် (၇)မိုင် ခရီးကို မော်တော်ယာဉ်ဖြင့် တက်လာခဲ့ရာ မိနစ်(၄၅)မိနစ်တိတိ ကြာသည်ကို မှတ်သားမိသည်။ လမ်းခရီး တွင် လိုက်ထရပ်ကားများ ၊Super roof Van ကားများ ကို အသွားအပြန် လမ်းကျဉ်းတွင် ကျွန်တော်တို့၏ လိုက်ထရပ်နဲ့ မနဲလွတ်အောင်ရှောင်ရသည်။ နေပြည်တော် ကျိုက်ထီးရိုးပုံစံတူသို့ ၁၂း၃၀ တွင် ရောက်ရှိ သောအခါ ကျောက်တုံးကြီးကို အသေအချာကြည်မိ၏။ ဂျာနယ်များတွင် ဖော်ပြထားသလို ကျောက်တုံးကြီး မဟုတ်ကြောင်း တွေ့ရှိရသည်။

ဆရာတော် ဥူးမာနိတ (ကျောက်တုံးကြီးအားအိပ်မက်မက်သည့်ဆရာတော်) အား ဦးခိုက်ယင်း ဆရာတော် မှပြောသည်မှာ ဆရာတော်သည် ၄င်းနေရာသို့ ရောက်နေသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီးဖြစ်ကြောင်းနှင့် မြေပြင်နှင့်ထိနေကြောင်းမိန့်ကြားပါသည်။

သတင်းများတွင် ဖော်ပြထားသော ကျောက်တုံးကြီး လေထဲတွင် လွတ်နေသည့်ပုံကို မစဉ်းစား တတ် အောင်ဖြစ်မိသည်။ လူစိတ်ဝင်စားအောင် Photoshop ဖြင့် လုပ်ဆောင်ထားသည့်ပုံပင်ဖြစ်ရပေမည်။ ထို့ကြောင်း နေပြည်တော် ကျိုက်ထီးရုံးပုံစံတူ ကျိုက်ထီးရိုးပုံစံ ကျောက်တုံးကြီးအား ကျွန်တော်အနေဖြင့် အမိအရ ဓာတ်ပုံရိုက်ယူပါတော့သည်။ ထူးဆန်းသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ ကျိုက်ထီးရိုးကဲ့သို့ အနည်းငယ် အစွန်းတွင် ထိနေသည်ကို တွေ့ရှိရသည်။ ဆရာတော်မှ လူတစ်ဦး လှုပ်လျှင်ပင် ကျောက်တုံး ကြီး ယိမ်းကြောင်းမိန့်ကြားပါသည်။ ကျောက်တုံးပေါ်တွင် စေတီငယ်တစ်ဆူတည်ထားပြီး ငြမ်းများဆင် ထားသဖြင့် မိမိအနေဖြင့် လှုပ်ခွင့်မသာခဲ့ပါ။ ဆရာတော်မှ ဘုရားဖူးလာရောက်သူများအား ထမင်းကျွေးရန် မိန့်ကြားမှုကြောင့် ကျွန်တော်တို့အဖွဲ့သည် အခြားဧည့်သည်များနှင့်ရောနှောပြီး ထမင်းစားခဲ့ရပါသည်။ ဆန်မှာ အနည်းငယ်ကြမ်းပြီး ဟင်းမှာ သတ်သတ်လွတ်ဖြစ်သော်လည်း လွန်စွာစားသောက် ကောင်းမွန် ပါသည်။ မရောက်ဖူးသေးသောသူများ၊ ကျောက်တုံးကြီး လေထဲလွတ်မလွတ်၊ ထိ မထိ ဇဝေဇ၀ါ ဖြစ်နေသူ များ အား ရှင်းလင်းရန်အတွက် မျှဝေဖော်ပြလိုက်ရပါသည်။

FROM-Tourism Myanmar

ဆန္ဒပြသူများ ဖွင့်ပွဲနှင့် အခမ်းအနားများသို့ မလာရဟု ပြည်မြို့ NLD ထုတ်ပြန်

ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ NLD ရုံးရှေ့သို့ လာရောက်ဆန္ဒပြသူများသည် ပြည်မြို့နယ် NLD အလုပ်အမှုဆောင် အဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ရုံးဖွင့်ပွဲများနှင့် အခမ်းအနားများသို့ တက်ရောက် ပိုင်ခွင့် မရှိကြောင်း မေလ(၁၅)ရက်နေ့ နေ့စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့ကြောင်း NLD ပြည်မြို့နယ်ဥက္ကဋ္ဌ က မြန်မာ့ခေတ်သို့ ပြောကြားသည်။


“ဗဟိုက ပုဂ္ဂိုလ်တစ်ဦးနဲ့ တိုင်းက တာဝန်ရှိတဲ့သူတစ်ဦးကို မေးမြန်းပြီး သဘောတူညီချက်နဲ့ လုပ်တာပါ။ အဖြေမှန်၊မမှန်ဆိုတာ ရက်အနည်း ငယ်အတွင်း ပေါ်လာပါလိမ့်မယ်။ ဆန္ဒပြရာမှာပါတဲ့ ပါတီဝင်အားလုံးကို ရည်ညွန်းပြီး ထုတ်တာပါ”ဟု NLD ပြည်မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။ ရုံးဖွင့်ပွဲများ၊ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားများသာ မတက်ရောက်ရန် တားမြစ်ခြင်းဖြစ်ကြောင်း၊ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း မဟုတ်ကြောင်း၊ NLD ပါတီအဖြစ် ထုတ်ပယ်ခြင်းကို ဗဟိုမှသာလုပ်ဆောင်နိုင်ကြောင်း၊ မြို့နယ်မှ မလုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

NLD ခရိုင် ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းက “တိုင်းနဲ့ဗဟိုကို ခုတုံးလုပ်ပြီး ဒီစာကို တစ်ယောက်တည်း သဘောနဲ့ ထုတ်ဝေတယ်။ ဗဟိုကို စုံစမ်းကြည့်တော့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကိုယ်တိုင်က ဗဟိုကလုပ်တာ မဟုတ်ပါဘူး။ ဒီစာကိစ္စ ရှင်းလင်းပေးပါမယ်လို့ ဖုန်းနဲ့အကြောင်းပြန်ကြားတယ်”ဟု မြန်မာ့ ခေတ်သို့ ပြောကြားသည်။ 

NLD ပါတီဝင် ငါးဆယ်ကျော်သည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ဗဟိုညီလာခံတက်ရောက်သူ ဒေါက်တာခင်မောင်ဝင်း၊ ဦးသန်း(၀က်ထီးကန်)၊ ဦးအံ့မောင်(ရဘဲ)တို့ သုံးဦးအား ကန့်ကွက်ကြောင်း NLD ပါတီမြို့နယ်ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ “ရပ်ကျေး ညီလာခံမှာတောင် ကန့်ကွက်ခံရပြီး မြို့နယ် ညီလာခံ တက်သွားတယ်။ မြို့နယ်ညီလာခံမှာ တစ်ခါထပ်ပြီးကန့်ကွက်တယ်။ လက်ဝါး ချင်းရိုက် အတည်ပြု ပြီး အတင်းစီစဉ်သွားတယ်။ ဒီပုဂ္ဂိုလ်တွေ ဗဟိုညီလာခံတက်မှာကို မလိုလားလို့ ဆန္ဒဖော်ထုတ်ခဲ့တာပါ”ဟု န၀င်း ရပ်ကွက် NLD ကော်မရှင် အတွင်းရေးမှူး ဦးကျော်ကျော်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဆန္ဒပြသူများထဲမှ အချို့မှာ ပါတီစတင်ထူထောင်ချိန်မှစ၍ NLD ပါတီအပေါ် သစ္စာရှိစွာ တာဝန်ထမ်း ဆောင်ခဲ့သူများဖြစ်ကြောင်း၊ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရပြီး မိမိကိုယ်ကျိုးမကြည့်ဘဲ အများကောင်း စားရေးအတွက် အနစ်နာခံ ဆောင်ရွက်သူများလည်း ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “၂၀၁၅ ပါတီအောင်နိုင်ရေးက သိပ်ကို အရေးကြီးပါတယ်။ ဒီလိုစာထုတ်လိုက်တာဟာ ပါတီအတွင်း စည်းရုံးမှု ပျက်ပြားစေနိုင်တယ်။ NLD ကို ထောက်ခံတဲ့ ပြည်သူများအနေနဲ့လည်း ထင်ယောင်ထင်မှား ဖြစ်စေနိုင်တယ်။ 

ဒါဟာလျော်ကန်သင့်မြတ်တဲ့ အလုပ်မဟုတ်ပါဘူး”ဟု NLD ဆံတော်လူငယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ကိုမင်းမင်းထွန်းကဆိုသည်။ ပါတီအတွင်းစည်းလုံးညီညွတ်မှု မရှိခြင်းကြောင့် NLD ပါတီရုံး ရှေ့တွင် ဆန္ဒလာရောက်ပြသသူ ပါတီဝင်များအား ရပ်ကျေးရုံးဖွင့်ပွဲများ၊ ဆိုင်းဘုတ်တင်ပွဲများ မလာရောက် ရန် တံဆိပ်ခတ်နှိပ် စာပို့ခြင်းသည် လုံးဝဘောင်မဝင်ကြောင်းနှင့် ဒီမိုကရေစီနည်းလမ်းမကျကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Credit : http://themyanmaage.com/?p=6412

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALP-ALA နန့် RSO ကုလားအကြမ်း ဖက် သမားများနန့် ၂၅ ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ခဲ့ကြောင်းသိရသည်



ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALP-ALA တပ်ဖွဲ့တစ်ဖွဲ့သည် နယ်စပ် အနီးကင်းလှည့်နေစဉ် RSO ကုလားအကြမ်းဖက်သမား ၁၀၀ ခန့်သည် လက်နက်အပိုများကိုင်ဆောင်လျက် နယ်စပ်ဖြတ် ကျော်သော ပလက်ဝကျော်လမ်းမှ နယ်စပ်ဖြတ် ကျော်လာစဉ် ရင်ဆိုင်တိုက်ပွဲဖြစ် ပွားခြင်းဖြစ် ကြောင်း သိရသည်။


တိုက်ပွဲတွင် ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် မှ မျိုးချစ်ရဲဖော် ၃ ဦးကျဆုံးသွားပြီး RSO ဖက်မှ ၁၀ ဦးခန့် ကျဆုံးကာ လက်နက်အနည်းင ယ်သိမ်းဆည်းရလိုက်ကြောင်းသိရသည်။

နယ်စပ်တလျောက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့ပေါင်းများစွာ ကင်းလှည့်လျက် ရှိနေသောကြောင့် ယခုတိုက်ပွဲတွင် မည်သူဦးဆောင်သည့်တပ်ဖွဲ့နန့် ဖြစ်ပွား သည်ကိုလည်းကောင်း၊ ကျဆုံးသွားသည့်မျိုးချစ်ရဲဖော်များ၏ နာမည်များကိုလည်းကောင်းမသိရှိရသေးပါ။

ယခုတိုက်ပွဲသည် ALP နန့် RSO အကြမ်းဖက်သမားများအကြား ရခိုင်-ကုလား အဓိဂရုဏ်းအတွင်း ဒုတိယ အကြိမ်ဖြစ်ပွားသော တိုက်ပွဲဖြစ် သည်။

RSO ကုလားများတွင် လက်နက်အပိုများ ယူဆောင်လာခြင်း ကိုကြည့်ခြင်း အားဖြင့် ပြည်တွင်းတွင် အကြမ်း ဖက်တိုက်ခိုက်ရန် သင်တန်းတက်ပြီး သည့်ကုလားများ လျို့ဝှက်စွာလှုပ်ရှားလျက် များစွာရှိနိုင်ကြောင်း၊ သုံးသပ်မိပါသည်။

Credit : http://mgkarlu-mymanar.blogspot.com/2013/05/alp-ala-rso.html

ရဲလေးကို တိုက်ခိုက်နေတာမဟုတ်ဘူး.. အားလုံး ၀ိုင်းဝန်း သတိထားရမယ့် အချက်ဖြစ်နေ လို့



ဒါက ရဲလေးကို တိုက်ခိုက်နေတာမဟုတ်ဘူး.. သူနာ မည်ကြီးနေလို့ ကျော်ကြားနေလို့  ပြည်ထောင်စု ၀န်ကြီး သမီးနဲ့ ရလို့  အပုတ်ချနေတာလဲ မဟုတ် ဘူး အားလုံး ၀ိုင်းဝန်း သတိထားရမယ့် အချက် ဖြစ်နေလို့ ပိုစ့်တင် ထားတာပါ... လွတ်လပ်စွာ သဘောထားကွဲလို့ ရပါတယ်..ဒါပေမယ့် မဖြစ် လောက် ပါဘူးလို့ ထင်တဲ့ သူက နောက်ကျောကို ဓားထိုးသွားတာ အများကြီးပါ


အဆိုတော်ရဲလေး ရဲ့ အဖေ ဟာမွတ်စလင်ပါ.. အမေက ဗုဒ္ဒဘာသာဝင်ပါ.. ရဲလေးကိုယ်တိုင် ဗုဒ္ဒဘာသာကို ၀င်ထားပေမဲ့ ဗုဒ္ဒကို ကြည်ညိုလို့ ၀င်တာ လား...အနုပညာ လုပ်ငန်းတွေ ထိခိုက်မှာ စိုးလို့ ၀င်တာလားဆိုတာ မသေချာပါဘူး...ဒါပေမဲ့ သေချာတာ ကတော့ ရဲလေးဟာ ခါတော်မီ ဗုဒ္ဒဘာသာဝင်တစ်ယောက်ပါ..

အခု သူယူလိုက်တဲ့ အမျိုးသမီးဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ရဲ့ သမီး ကိုယူလိုက်တဲ့ အတွက် မြန်မာပြည် ရဲ့ အစ္စလာမ်မစ် အန္တရာယ်ဟာ ပိုပြီးတော့ စောင့်ကြည့်ရတော့မည့် အခြေအနေကို ရောက်နေ ပါပြီ. .ပြည်ထောင်စု ၀န်ကြီးရဲ့ ခမည်းခမက် ကိုယ်တိုင်ကမွတ်စလင် ဖြစ်နေတဲ့ အတွက် တိုင်းပြည်မှာ မွတ် စလင် အန္တရာယ် ကိုပိုပြီးစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်.

.ပြည်ထောင်စုဝန်ကြီးရဲ့ ခမည်းခမက်တွေဟာ မွတ်စလင်တွေဖြစ်နေတဲ့ အတွက် မြန်မာပြည်မှာရှိတဲ့ မွတ်စလင်တွေကို အခွင့်အရေးပိုပေးလာပြီး ပက်စားပိုပေးလာမှာစိုးရိမ်ရပါတယ်.. မွတ်စလင်တွေပိုပြီးတော့ အခွင့်အရေးတွေရလာမှာစိုးရိမ်စရာပါ...ရဲလေး က ပြည်ထောင်စုဝန်ကြီးရဲ့ သမီးကို ရအောင်ယူတယ် ဆိုတာ ဘယ်လိုအကြံဥာဏ် နဲ့ ယူတာလည်း ဆိုတာတော့ ရဲလေးကိုယ်တိုင်သာသိမှာပါ..ဟူးးးးးးးးးးးးးးးးးးးးး

Credit : http://mgkarlu-mymanar.blogspot.com/2013/05/blog-post_16.html

(၃၈)ကြိမ်မြောက် ၀န်ကြီးဌာနပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ



အားကစား ၀န်ကြီးဌာန ၊ အားကစား နှင့် ကာယ ပညာ ဦးစီးဌာန နှင့် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ ချုပ် တို့ ပူးပေါင်း ကျင်းပသော ၂၀၁၃ ခုနှစ် ၏ (၃၈) ကြိမ်မြောက် ၀န်ကြီးဌာန ပေါင်းစုံ စစ်တုရင် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစား ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲ အခမ်းအနား တွင် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းအောင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး အားကစား နှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဝင်း နှင့် ဦးဝင်းအောင် တို့မှ ပြိုင်ပွဲ၏ ပထမဦးဆုံး ရွှေ့ကွက်အား ရွှေ့၍ ဖွင့်လှစ် ပေးကြသည်။ ထို့နောက် ၀န်ကြီးဌာန ပေါင်းစုံမှ ကိုယ်စားပြု အားကစား သမားများက သတ်မှတ် ထိုင်ခုံများတွင် အသီးသီး နေရာယူ၍ ပွဲစဉ် သတ်မှတ် အချိန်များ အတိုင်း ပြိုင်ပွဲ ပထမနေ့ အစီအစဉ် အဖြစ် ဆက်လက် ကျင်းပ ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို အမျိုးအစား ၄ မျိုး ကျင်းပရာ အသင်းလိုက် ပြိုင်ပွဲ ၊ ပထမတန်း အဖြစ် (၆)သင်း ၊ ဒုတိယတန်း (၇)သင်း ၊ တတိယတန်း (၁၅)သင်း နှင့် အမြန်ရွှေ့ အသင်း (၁၂) သင်းတို့ မှ ပြိုင်ပွဲဝင် ဦးရေ ၁၅၆ ဦး ပါဝင် ယှဉ်ပြိုင် ကြသည်။ လာမည့် မေလ ၂၂ ရက်နေ့ အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ၉ ရက်ကြာ ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။


Credit : http://pyichit-thar.blogspot.com/2013/05/blog-post_6901.html

DBS , Marimer Regatta in Singapore နဂါးလှေ ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာလှေလှော်အဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်



၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် အိမ်ရှင်အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ အားကစား အဖွဲ့ အနေဖြင့် အောင်မြင်မှု မြင့်မြင့်မားမား ရရှိ စေရေး အတွက် မြန်မာ့ လှေလှော် အားကစား အဖွဲ့သည် DBS , Marimer Regatta in Singapore နဂါးလှေ ဖိတ်ခေါ်ပြိုင်ပွဲ သို့ ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် အမျိုးသား ၂၅ ဦး ၊ အမျိုးသမီး ၁၄ ဦး ၊ အုပ်ချုပ်သူ နည်းပြ ၅ ဦး ၊ စုစုပေါင်း ၄၄ ဦး တို့သည် ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် မှ စင်ကာပူ နိုင်ငံသို့ ထွက်ခွာ သွားကြောင်း သိရသည်။

အဆိုပါ DBS , Marimer Regatta in Singapore နဂါးလှေ ဖိတ်ခေါ်ပြိုင်ပွဲ ကို မေလ ၁၈ ရက်နေ့ ၌ အမျိုးသား မီတာ ၂၀၀ နှင့် အမျိုးသမီး မီတာ ၂၀၀ ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး မေလ ၁၉ ရက်နေ့တွင် အမျိုးသား မီတာ ၅၀၀ နှင့် အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ


Photo: မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ
Friday, May 17, 2013

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက် ပင်လယ်ကမ်းခြေ တလျှောက် ရေထဲမှာ မျောပါလာတဲ့ လူသေ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

သူတို့ရဲ့ ကိုယ်ပေါ်က မြန်မာကျပ်ငွေ (၄) သောင်းကို ရှာဖွေတွေ့ရှိတဲ့ အတွက် သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး  မြန်ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲကို မျောပါလာတဲ့ အလောင်းတွေ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။

အလောင်းတွေဟာ မနေ့က တက်ကနက်မြို့နယ် နတ်မြစ်ကမ်းခြေ ဘာဟာချရ ( Bahachara) နဲ့ ဆားပြင် ( Sabrang) အကြား မျောပါနေတာကို တွေ့တဲ့ အတွက် ရွာသားတွေက ဘင်္ဂလာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
တက်ကနက်ရဲအဖွဲ့က သွားရောက် ဆယ်ယူရာမှာ မနေ့က အလောင်း ၂၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ရှာဖွေရာမှာ အလောင်း (၂) လောင်းကို ထပ်မံ တွေ့ရှိခဲ့ အတွက် အခုအချိန်ထိ စုစုပေါင်း အလောင်း ၂၄ လောင်းကို ရှာဖွေ ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူတွေက သတင်းဌာနတွေကို ထုတ်ဖေါ် ပြောဆို ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ ကလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကျန်တာတွေကတော့ အမျိုးသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အခု ဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေဟာ မေလ ၁၃ ရက်နေ့က ပေါက်တောမြို့နယ် ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းကနေ ဖရုံကာကျွန်းမှာရှိတဲ့ အနောက်ရဲ မူဆလင်ရွာကို မဟာစင် မုန်တိုင်း အန္တရာယ်ကို ရှောင်ကွင်းဖို့ သွားရာကနေ စက်လှေနစ်ရာမှာ ပါဝင်သွားခဲ့တဲ့ သူတွေလို့ ခန့်မှန်း ရပါတယ်။

နစ်သွားတဲ့ စက်လှေမှာ မူဆလင် ဒုက္ခသည် ၁၃၈ ယောက်ပါဝင်ပြီး ၄၃ သာ အသက်ရှင် ကျန်ရစ်ကာ ၉၅ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဒီအလောင်းတွေကို မြန်မာဘက်ကို လွှဲမှာလား၊ ဘင်္ဂလာဒေခ်ျ့မှာ သဂြိုလ်မှာလားဆိုတာကိုတော့ ခုလောလောဆယ်မှာ သဲကွဲစွာ မသိရသေးဘူးလို့ တက်ကနက် ဒေသခံ တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။

နိရဉ္စရာ
အလောင်းတွေကို ကြည့်နေကြတဲ့ ဒေသခံ ဘင်္ဂလီ အမျိုးသားတွေ ( ဓါတ်ပုံ- The Daily Ittefaq)

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက် ပင်လယ်ကမ်းခြေ တလျှောက် ရေ ထဲမှာ မျောပါလာတဲ့ လူသေ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ ကိုယ်ပေါ်က မြန်မာကျပ်ငွေ (၄) သောင်းကို ရှာဖွေတွေ့ရှိတဲ့ အတွက် သူတို့ဟာ မြန်မာနိုင်ငံ သား တွေ ဖြစ်ပြီး မြန်ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲကို မျောပါလာတဲ့ အလောင်းတွေ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။


အလောင်းတွေဟာ မနေ့က တက်ကနက်မြို့နယ် နတ်မြစ်ကမ်းခြေဘာဟာချရ ( Bahachara) နဲ့ ဆားပြင် ( Sabrang) အကြား မျောပါနေတာကို တွေ့တဲ့ အတွက် ရွာသားတွေက ဘင်္ဂလာ အာဏာ ပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

တက်ကနက်ရဲအဖွဲ့က သွားရောက် ဆယ်ယူရာမှာ မနေ့က အလောင်း ၂၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီးရှာဖွေရာမှာ အလောင်း (၂) လောင်းကို ထပ်မံ တွေ့ရှိခဲ့ အတွက် အခုအချိန်ထိ စုစုပေါင်း အလောင်း ၂၄ လောင်းကို ရှာဖွေ ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူတွေက သတင်း ဌာန တွေကို ထုတ်ဖေါ် ပြောဆို ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ ကလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကျန်တာတွေကတော့ အမျိုး သားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အခုဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေဟာ မေလ ၁၃ ရက်နေ့က ပေါက်တောမြို့နယ် ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းကနေဖရုံကာကျွန်းမှာရှိတဲ့ အနောက်ရဲ မူဆလင်ရွာကို မဟာစင် မုန်တိုင်း အန္တရာယ်ကို ရှောင်ကွင်းဖို့ သွားရာကနေ စက်လှေနစ်ရာမှာ ပါဝင်သွားခဲ့တဲ့ သူတွေလို့ ခန့်မှန်း ရပါတယ်။

နစ်သွားတဲ့ စက်လှေမှာ မူဆလင် ဒုက္ခသည် ၁၃၈ ယောက်ပါဝင်ပြီး ၄၃ သာ အသက်ရှင် ကျန်ရစ်ကာ ၉၅ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒီအလောင်းတွေကို မြန်မာဘက်ကို လွှဲမှာလား၊ ဘင်္ဂလာဒေခ်ျ့မှာ သဂြိုလ်မှာလားဆိုတာကိုတော့ ခုလော လောဆယ်မှာ သဲကွဲစွာ မသိရသေးဘူးလို့ တက်ကနက် ဒေသခံ တစ်ဦးက နိရဉ္စရာကို ပြောပါ တယ်။

နိရဉ္စရာ

မန္တလေး ဘူတာရုံ ဖြစ်စဉ်အမှန်


မန္တလေး ဘူတာရုံ ဖြစ်စဉ်အမှန်

ဒီနေ့ အင်တာနက်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အပုပ်ချထားတဲ့ 
Comment အချို့ကိုတွေ့လိုက်လို့ ဒီစာကိုရေးလိုက်ရတာပါ။ 
အပုပ်ချထားတဲ့စာထဲမှာ သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာကြီးမှာ သူစီးမဲ့ ရထားထွက်သွားလို့ 
သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ထိုးတယ်ဆိုပြီး ရေးထားပါတယ်။ 
ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း အလုပ်ပြုတ်သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ်သားလဲ ကျောင်းထုတ်ခံရတယ်လို့ရေးထားပါတယ်။

 အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မီးရထားအရာရှိအဖြစ် မန္တလေးဘူတာမှာ တာဝန်ကျနေခဲ့တဲံအတွက်ကြောင့်မို့လို့ ဒီဖြစ်စဉ်ကို အသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။အချိန်က ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။
ရုံပိုင်က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ်(၁၈)က ကိုကောင်းမြတ်သူပါ။အဲဒီလိုဖြစ်တဲ့အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျလို့ ဆုံးနေခဲ့ပါပြီ။

ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်း
 ကျောင်းထုတ်တယ် ဆိုတာ မဟုတ်ပါဘူး။အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ
အဲဒီအချိန်က မန္တလေးဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါတယ်။သူဆုံးသွားလို့ သူ့အကြောင်းမကောင်းပြောတာမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကိုအားလုံး
သိစေချင်လို့ပါ။ အဲဒီလိုဖြစ်တဲ့နေ့က ဒုတိယဗိုလ်မှူးကြီး သိန်းစိန် တာဝန်အရ ခရီးသွားဖို့ မနက်အစောကြီးမှာ ရထားလက်မှတ် လာဝယ်ပါတယ်။

ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေတစ်ခါတည်း 
ယူပြီး လာခဲ့ ဆိုပြီး ပြောလိုက်ပါတယ်၊ဒုဗိုလ်မှူးကြီး သိန်းစိန် က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။ 
ပစ္စည်းတွေလဲ ပါလာပါတယ်။အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်က စကားပြောနေပါတယ်။
ရုံပိုင်က ခဏစောင့်ဦး ဆိုပြီး ကုန်သည်နဲ့ ဆက်ပြီး စကားပြောနေတာပါ။ ဒီအချိန်မှာ တစ်ခြား မှောင်ခို လက်မှတ်တွေကိုတော့ တစ်ခါတည်း လုပ်ပေးတာကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိတစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။
 အခုလက်ရှိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။

ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်းထားတာပါ။ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက်မှတ်ကိစ္စ ထပ်ပြောပါတယ်။
အဲဒီအချိန်မှာ ရုံပိုင်ချုပ် တပည့်တွေ အလျှိုလျှိုဝင်လာပြီး ရထားလက်မှတ်တွေကို မှောင်ခိုသမားတွေဆီ ပေးနေတာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်က မနက်အစောကြီးကတည်းက ကျွန်တော်လက်မှတ် လာဝယ်ခိုင်းထားတာပါ။ အခုထိ မရသေးဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန်နဲ့ပါ လို့ပြောပါတယ်။
ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။

မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့
 သွားလာနေတဲ့သူတွေကျတော့ဒီလိုလက်မှတ်လုပ်မပေးတာ
 ကောင်းသလားဆိုပြီး စကားများကြတာပါ။ရုံပိုင်ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။ 
ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုးပါဘူး။
ဒီမှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင်တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါတယ်။ဖြစ်စဉ်က ဒါပါပဲ။

အဲဒီတုန်းက ရုံပိုင် ဘယ်လိုလူစားလဲ ဆိုတာ မကြာပါဘူး။ ပြဿနာ တက်ပါတယ်။မန္တလေး ဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ
 ကျောင်းပိတ်လို့ ခွင့်ပြန်ကြတဲ့အချိန်မှာ ဖြစ်တာပါ။ရုံပိုင်ကို အဲဒီတုန်းက စစ်တိုင်းမှူးက ဆေးကျောင်းသားတွေအတွက် ရထားလက်မှတ်တွေ ချန်ခိုင်းထားပါတယ်။ကျောင်းသားတွေလည်း Ok ဆိုပြီး ဘူတာကို အုပ်စုလိုက်ကြီး ရောက်လာကြပါတယ်။ဘူတာလည်းရောက်ရော ကျောင်းသားတွေဖို့ လက်မှတ်မရှိဘူး ဆိုပြီး ရုံပိုင်ချုပ်က ပြောပါတယ်။
အမှန်တော့ ကျောင်းသားတွေအတွက်လက်မှတ်တွေကို မှောင်ခိုသမားတွေလက်ထဲထည့်ချင်တဲ့ရည်ရွယ်ချက်နဲ့ အကြံအဖန်လုပ်တာပါ။ 

ဒါတွေကို ကျောင်းသားတွေက သိလို့ ပြောတဲ့အခါမှာ ကျောင်းသားတွေက
ို ရုံပိုင်ချုပ်က မိုက်မိုက်ရိုင်းရိုင်း ဆဲပါတယ်။ မင်းတို့ ဒီရထား မရလည်း နောက်ရထားရမှာပဲ..နောက်ရထား မရလည်း နောက်နေ့ ရထားရမှာပဲ။ ငါ့လီးမို့လို့ ငါ့ကို လာပြီး ပြောနေတာလဲ ဆိုပြီး ရုံပိုင်က ပြောတာပါ။မင်းတို့လို ကောင်တွေနဲ့ ပြောရတာ အချိန်ကုန်တယ်။ မအေလိုးတွေဆိုပြီး ဆဲတာပါ။အဲတော့ ကျောင်းသားတွေက စိတ်တိုပြီး ရုံပိုင်ချုပ်ကို ၀ိုင်းရိုက်ဖို့ လုပ်ပါတယ်။ကျောင်းသားတွေကလည်း စစ်တိုင်းမှူးကို ပြောထားတယ်။ စစ်တိုင်းမှူးကလည်း ပြောထားပြီးပြီ ဆိုတော့ ရပြီဆိုပြီး စိတ်အေးလက်အေး ဘူတာဆင်းသွားကြတာပါ။
အဲတုန်းက ပြဿနာဖြစ်ခဲ့တဲ့ ကျောင်းသားတွေက အသိဆုံးပါ။
ရုံပိုင်ချုပ်က ငွေမက်တယ်။

မှောင်ခိုပဲ ရောင်းစားတယ်။ တစ်ကယ် လိုချင်ရင် ဈေးကြီးပေးပြီး ၀ယ်ရတယ်။ဒီမှာပဲ ရဲတွေ ရောက်လာပြီး ကျောင်းသားတွေကို
 တားပါတယ်။ ကျောင်းသားတွေအားလုံး ရုံပိုင်ကို တစ်ကယ်ရိုက်တော့မှာပါ။
နောက် လပခက စစ်သားတွေ ရောက်လာတယ်။နောက်ဆုံးမှ
 ကျောင်းသားတွေ လက်မှတ်ရပါတယ်။ ပြီးတော့ ရထားပေါ်တက်ပြီး အိမ်ပြန်လာခဲ့ကြတယ်။နောက်တော့ သတင်းကြားပါတယ်။ ရုံပိုင်ကို အဖွဲ့ဖွဲ့စစ်တော့ ကျောင်းသားတွေ နာမည်နဲ့လက်မှတ်နေရာတွေကို
 မှောင်ခိုရောင်းထားတာ တွေ့ရတယ် လို့ ပြောပါတယ်။ 
ဒါတင်မကဘူး မရိုးမသား ထင်ရာစိုင်းလုပ်နေတဲ့ အခြား အလွဲသုံးစားတွေလည်း ပေါ်ပါတယ်။ဒီမှာပဲ ရုံပိုင်ကို အနားပေးလိုက်တာပါ။ တစ်ကယ်က ရုံပိုင်က အဲလိုလူမျိုးပါ။ကျွန်တော်အနေနဲ့ အဲဒီဖြစ်စဉ်တွေမှာ ရုံပိုင်ချုပ်နဲ့တကယ်ကြုံတွေ့ပြီး ဖြစ်စဉ်အမှန်ကို ရေးသားဖော်ပြ
ရခြင်းဖြစ်ပါတယ်။

ဦးမြ၀င်း (မီးရထားအရာရှိဟောင်းတစ်ဦး)


အမှန်တရား အား မြတ်နိုးရင် သမ္မတကြီး အတွက် ၀ိုင်းဝန်း ရှယ်ပေး
ကြပါစို့......     We Love True မှ  စုံစမ်း မေးမြန်တင်ဆက်ပါသည်။

ဒီနေ့ အင်တာနက်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အပုပ်ချထားတဲ့ Comment အချို့ကိုတွေ့လိုက်လို့ ဒီစာကိုရေးလိုက်ရတာပါ။ အပုပ်ချထားတဲ့စာထဲမှာ သမ္မတကြီးဦးသိန်းစိန် တပ်ရင်းမှူး ဘ၀က မန္တလေး ဘူတာကြီးမှာ သူစီးမဲ့ ရထားထွက်သွားလို့ သူ့ကို မ စောင့် ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ ထိုးတယ်ဆိုပြီး ရေးထားပါတယ်။ ဒုဗိုလ်မှူးကြီး သိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း အလုပ်ပြုတ် သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ် သားလဲ ကျောင်းထုတ်ခံရတယ်လို့ရေးထားပါတယ်။


အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မီးရထားအရာရှိအဖြစ် မန္တလေးဘူတာမှာ တာဝန်ကျနေခဲ့တဲ့ အတွက် ကြောင့် မို့လို့ ဒီဖြစ်စဉ်ကို အသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။ အချိန်က ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။ ရုံပိုင်က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ်(၁၈)က ကိုကောင်းမြတ်သူပါ။ အဲဒီလိုဖြစ်တဲ့ အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျဆုံးနေခဲ့ပါပြီ။

ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်း ကျောင်းထုတ်တယ် ဆိုတာ မဟုတ်ပါဘူး။ အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ အဲဒီအချိန်ကမန္တလေး ဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါတယ်။ သူဆုံးသွားလို့ သူ့ အကြောင်းမကောင်းပြောတာမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကိုအားလုံး သိစေချင်လို့ပါ။ အဲဒီလိုဖြစ်တဲ့နေ့က ဒုတိယဗိုလ်မှူးကြီး သိန်းစိန် တာဝန်အရ ခရီးသွားဖို့ မနက်အစောကြီးမှာ ရထားလက်မှတ် လာဝယ်ပါတယ်။

ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေတစ်ခါတည်းယူပြီးလာခဲ့ဆိုပြီး ပြောလိုက် ပါတယ်၊ ဒုဗိုလ်မှူးကြီး သိန်းစိန်က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။ ပစ္စည်းတွေလဲ ပါလာပါတယ်။အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်က စကားပြော နေပါတယ်။ ရုံပိုင်က ခဏစောင့်ဦး ဆိုပြီး ကုန်သည်နဲ့ ဆက်ပြီး စကားပြောနေတာပါ။ ဒီအချိန်မှာ တစ်ခြား မှောင်ခို လက်မှတ်တွေကိုတော့ တစ်ခါတည်း လုပ်ပေးတာကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိတစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။ အခုလက်ရှိ သက်ရှိ ထင်ရှား ရှိနေပါသေးတယ်။

ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်း ထားတာပါ။ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက်မှတ်ကိစ္စ ထပ်ပြော ပါတယ်။

အဲဒီအချိန်မှာ ရုံပိုင်ချုပ် တပည့်တွေ အလျှိုလျှိုဝင်လာပြီး ရထားလက်မှတ်တွေကို မှောင်ခိုသမားတွေဆီ ပေးနေတာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။ အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်က မနက်အစောကြီး ကတည်းက ကျွန်တော်လက်မှတ် လာဝယ်ခိုင်းထားတာပါ။ အခုထိ မရသေးဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန်နဲ့ပါ လို့ပြောပါတယ်။ ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။

မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့ သွားလာနေတဲ့သူတွေ ကျတော့ ဒီလိုလက်မှတ်လုပ်မပေးတာ ကောင်းသလားဆိုပြီး စကားများကြတာပါ။ ရုံပိုင်ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။ ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုးပါဘူး။ ဒီမှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင် တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါတယ်။ဖြစ်စဉ်က ဒါပါပဲ။

အဲဒီတုန်းက ရုံပိုင် ဘယ်လိုလူစားလဲ ဆိုတာ မကြာပါဘူး။ ပြဿနာ တက်ပါတယ်။မန္တလေး ဆေးတက္ကသိုလ် က ဆေးကျောင်းသားတွေ ကျောင်းပိတ်လို့ ခွင့်ပြန်ကြတဲ့အချိန်မှာ ဖြစ်တာပါ။ရုံပိုင်ကို အဲဒီတုန်းက စစ်တိုင်းမှူးက ဆေးကျောင်းသားတွေအတွက် ရထားလက်မှတ်တွေ ချန်ခိုင်းထားပါတယ်။ ကျောင်းသားတွေလည်း Ok ဆိုပြီး ဘူတာကို အုပ်စုလိုက်ကြီး ရောက်လာကြပါတယ်။ ဘူတာလည်း ရောက်ရော ကျောင်းသားတွေဖို့ လက်မှတ်မရှိဘူး ဆိုပြီး ရုံပိုင်ချုပ်က ပြောပါတယ်။ အမှန်တော့ ကျောင်းသားတွေအတွက်လက်မှတ်တွေကို မှောင်ခိုသမားတွေလက်ထဲထည့်ချင်တဲ့ရည်ရွယ်ချက်နဲ့ အကြံအဖန်လုပ်တာပါ။

ဒါတွေကို ကျောင်းသားတွေက သိလို့ ပြောတဲ့အခါမှာ ကျောင်းသားတွေကို ရုံပိုင်ချုပ်က မိုက်မိုက်ရိုင်းရိုင်း ဆဲပါတယ်။ မင်းတို့ ဒီရထား မရလည်း နောက်ရထားရမှာပဲ..နောက်ရထား မရလည်း နောက်နေ့ ရထားရမှာပဲ။ ငါ့လီးမို့လို့ ငါ့ကို လာပြီး ပြောနေတာလဲ ဆိုပြီး ရုံပိုင်က ပြောတာပါ။ မင်းတို့လို ကောင် တွေနဲ့ ပြောရတာ အချိန်ကုန်တယ်။ မအေလိုးတွေဆိုပြီး ဆဲတာပါ။အဲတော့ ကျောင်းသားတွေက စိတ်တိုပြီး ရုံပိုင်ချုပ်ကို ၀ိုင်းရိုက်ဖို့ လုပ်ပါတယ်။ကျောင်းသားတွေကလည်း စစ်တိုင်းမှူးကို ပြောထားတယ်။ စစ်တိုင်းမှူးကလည်း ပြောထားပြီးပြီ ဆိုတော့ ရပြီဆိုပြီး စိတ်အေးလက်အေး ဘူတာဆင်းသွားကြတာပါ။ အဲတုန်းက ပြဿနာဖြစ်ခဲ့တဲ့ ကျောင်းသားတွေက အသိဆုံးပါ။ ရုံပိုင်ချုပ်က ငွေမက်တယ်။

မှောင်ခိုပဲ ရောင်းစားတယ်။ တစ်ကယ် လိုချင်ရင် ဈေးကြီးပေးပြီး ၀ယ်ရတယ်။ဒီမှာပဲ ရဲတွေ ရောက်လာပြီး ကျောင်းသားတွေကို တားပါတယ်။ ကျောင်းသားတွေအားလုံး ရုံပိုင်ကို တစ်ကယ်ရိုက်တော့မှာပါ။ နောက် လပခက စစ်သားတွေ ရောက်လာတယ်။နောက်ဆုံးမှ ကျောင်းသားတွေ လက်မှတ်ရပါတယ်။ ပြီးတော့ ရထားပေါ်တက်ပြီး အိမ်ပြန်လာခဲ့ကြတယ်။နောက်တော့ သတင်းကြားပါတယ်။ ရုံပိုင်ကို အဖွဲ့ဖွဲ့စစ်တော့ ကျောင်းသားတွေ နာမည်နဲ့လက်မှတ်နေရာတွေကို မှောင်ခိုရောင်းထားတာ တွေ့ရတယ် လို့ ပြော ပါတယ်။

ဒါတင်မကဘူး မရိုးမသား ထင်ရာစိုင်းလုပ်နေတဲ့ အခြား အလွဲသုံးစားတွေလည်း ပေါ်ပါတယ်။ဒီမှာပဲ ရုံပိုင်ကို အနားပေးလိုက်တာပါ။ တစ်ကယ်က ရုံပိုင်က အဲလိုလူမျိုးပါ။ကျွန်တော်အနေနဲ့ အဲဒီဖြစ်စဉ်တွေမှာ ရုံပိုင် ချုပ်နဲ့ တကယ်ကြုံတွေ့ပြီး ဖြစ်စဉ်အမှန်ကို ရေးသားဖော်ပြ ရခြင်းဖြစ်ပါတယ်။

ဦးမြ၀င်း (မီးရထားအရာရှိဟောင်းတစ်ဦး)

အမှန်တရား အား မြတ်နိုးရင် သမ္မတကြီး အတွက် ၀ိုင်းဝန်း ရှယ်ပေး ကြပါစို့...... 
We Love True မှ စုံစမ်း မေးမြန်တင်ဆက်ပါသည်။

FEC သမားများ ဒေါ်လာဘက် လှည့်လာ၍ ဒေါ်လာဈေး မြင့်တက်လာ

ဗဟိုဘဏ်ငွေလဲနှုန်းမြင့်တက်မှုနှင့်အတူ ကိုင်တွယ်သူများ ဒေါ်လာဘက်လှည့်ကိုင်လာသဖြင့် ဒေါ်လာ ဈေးနှုန်းများ မြင့်တက်လာကြောင်း ငွေကြေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။


“မေလဆန်းက စတင်ပြီး ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းတွေ မြင့်တက်ခဲ့သလို နိုင်ငံခြားငွေလဲ စင်တာတွေ ရဲ့ဒေါ်လာ ရောင်းဈေး-ဝယ်ဈေးတွေလည်း မြင့်တက်ခဲ့ပါတယ်။ ဒေါ်လာဈေး တက်ရတဲ့ အဓိက အကြောင်း ရင်းတွေက အစိုးရက FEC တွေ ပြန်သိမ်းတဲ့အတွက် FEC ကိုင်တွယ်သူ အများစုက ဒေါ်လာဘက် လှည့် လာတာကြောင့်ပါ။ ဒေါ်လာ သုံးစွဲသူတွေ များလာတဲ့အတွက် ငွေဈေး တက်လာတာပါ” ဟု အာရှ စိမ်း လန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က ပြောသည်။

မေလ ၁၆ ရက်နေ့ နံနက်တွင် ငွေလဲစင်တာများ၏ ဒေါ်လာ ရောင်းဈေးမှာ ၉၃၆ ကျပ်ဖြစ်ပြီး ဝယ်ဈေးမှာ ၉၂၆ ကျပ် ဖြစ်ခဲ့သည်။

“မေ ၁၄ ရက်မှာ ဒေါ်လာ ရောင်းဈေး ၉၁၆ ကျပ်ဖြစ်ပြီး ဝယ်ဈေးက ၉၀၆ ကျပ် ဖြစ်ပါတယ်။ မေ ၁၅ ရက် မှာ ရောင်းဈေး ၉၂၅ ကျပ် ဖြစ်ပြီး ဝယ်ဈေးက ၉၁၅ ကျပ် ဖြစ်ခဲ့ပါတယ်” ဟု သိမ်ဖြူလမ်း ငွေလဲစင်တာ တခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

သိမ်ဖြူလမ်းရှိ ပုဂ္ဂလိက ငွေလဲစင်တာများ၏ ဒေါ်လာ ပေါက်ဈေးများမှာ မေလ ၁၂ ရက်တွင် ရောင်းဈေး ၉၀၈ ကျပ်နှင့် ဝယ်ဈေးမှာ ၈၉၈ ကျပ် ဖြစ်သည်။ မေလ ၁၃ ရက်တွင် ရောင်းဈေး ၉၁၀ ကျပ်နှင့် ဝယ်ဈေး ၉၀၀ ကျပ် ဖြစ်ခဲ့သည်။

“ဒေါ်လာဈေး တက်ရင် ပို့ကုန်သမားတွေအတွက် အဆင်ပြေပါတယ်။ သွင်းကုန် လုပ်ငန်းသမားတွေ အထိ နာပေမယ့် တနည်းအားဖြင့် ပဲ၊ ဆန်နဲ့ လယ်ယာထွက် ကုန်ပစ္စည်းတွေ၊ ရေထွက် ကုန်ပစ္စည်းတွေ စတဲ့ ပို့ကုန် လုပ်ငန်းသမားတွေ ဈေးနှုန်းကိုက်တော့ ပို့နိုင်ကြမယ်။ အစိုးရ အနေနဲ့ ပို့ကုန် တက်အောင် ဆွဲတင် တာလားလို့တော့ စဉ်းစားစရာရှိတယ်” ဟု ရေထွက်ပို့ကုန် လုပ်ငန်းရှင် ဦးတင်အောင် က သုံးသပ်သည်။

ယခင်နှစ် ဇွန်လအတွင်းကလည်း ၁ ဒေါ်လာလျှင် ကျပ် ၉၀၀ ခန့်အထိ မြင့်တက်မှု ရှိခဲ့ပြီး ပြန်လည် ကျဆင်း ခဲ့သည်။

http://www.mizzimaburmese.com/news/breaking-newsbrief/11654-fec-.html

ရန်ကုန် ဘတ်စ်ကားလိုင်း စနစ်များ ပြင်မည်



ရန်ကုန်မြို့တွင်း နေ့စဉ် သယ်ယူပို့ဆောင်ရေး ပိုမို အဆင်ပြေရန်အတွက် ဘတ်စ်ကားလိုင်းများ လက်ရှိ ပြေးဆွဲနေသောစနစ်ကို ပြန်လည်ပြင်ဆင် သွားမည် ဖြစ်ကြောင်း အသစ်ဖွဲ့စည်းလိုက်သည့် ရန်ကုန် မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာ ဏာပိုင် အဖွဲ့(Yangon City Public Transport Authority-YCPTA)က ပြောသည်။


“ကျစ်လျစ်တဲ့ ယာဉ်လိုင်းစနစ်ဖြစ်အောင် ပြန်ပြင် မယ်၊ လိုင်းတွေ ပြန်သန့်မယ်၊ ကုမ္ပဏီပိုင်၊ အဖွဲ့အစည်းပိုင် စနစ်မျိုးနဲ့သွားမယ်၊ ပိုင်ဆိုင်မှု စုစည်းတာမျိုး၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို လစာပေးတဲ့စနစ်နဲ့ သွားတာမျိုးဖြစ်နိုင်အောင် လုပ်ဖို့ အစီအစဉ် တွေရှိပါတယ်၊ အခုက လိုင်းဝင်ထားပြီး ၀င်မဆွဲတဲ့လိုင်းတွေ ရှိနေတယ်”ဟု YCPTA အတွင်းရေးမှူး ဦးလှအောင်က ဧရာဝတီသို့ပြော သည်။

ရန်ကုန်မြို့တွင် လက်ရှိသယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ ၁၇ ဖွဲ့ရှိပြီး ယာဉ်လိုင်းပေါင်း ၃၉၅ လိုင်း ရှိကြောင်း၊ ပြေးဆွဲခွင့် မှတ်ပုံ တင် ချပေးထားသည့် ဘတ်စ်ကား အစီးရေ ပေါင်း ၆၀၀၀ ကျော်ရှိကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ဗဟို ကော်မတီ ၏ စာရင်းဇယားများအရ သိရသည်။

ဦးလှအောင်က ဆက်လက်ပြီး“ထိုင်ခုံပြည့်လျှင် လူထပ်မတင်ရ”ဆိုသည့် မူလ သတ်မှတ်ချက်နှင့် မကိုက် ညီဘဲ သာမန်ယာဉ်လိုင်း များကဲ့သို့ ပြေးဆွဲနေသည့် အထူးယာဉ်လိုင်းများကိုလည်း ပြန်လည်သုံးသပ်နေပြီး ခရီးသည်နှင့် ယာဉ်ပိုင်ရှင် နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း ပြော ဆိုသည်။

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်နှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် အချက် များကို YCPTA က လေ့လာမှုများပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ တင်ပြထားသည်ဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင် လမ်းစနစ်၊ ယာဉ်ကြောစနစ်၊ မီးပွိုင့်စနစ်များနှင့် အများပြည်သူ လမ်းအသုံးပြုပုံ စနစ်များကို ပြင်ဆင်နိုင်ရန် လေ့လာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ရေရှည် စီမံကိန်းအနေနဲ့ ရေကြောင်းကနေ ဖယ်ရီစနစ် လုပ်သင့်တာတွေ ပါတယ်။ ပန်းလှိုင်မြစ်နဲ့ ငမိုးရိပ် ချောင်းကို ရေကြောင်း သယ်ယူ ပို့ဆောင်ရေးအနေနဲ့ သုံးလို့ရတာတွေ တင်ပြထားတယ်။ ပြီးတော့ ရထား နဲ့ကား ချိတ်ဆက်ပြီး သယ်ယူပို့ဆောင်မယ့် စနစ် ကိုလည်း ကျနော်တို့ လေ့လာနေပါတယ်။ ပိုကောင်း လာအောင် လုပ်ဖို့က ကျနော်တို့နဲ့တင် မရပါဘူး။ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ် လုပ် သားတွေနဲ့ လူထုလည်း ပါဝင်ဖို့ လိုအပ်ပါတယ်”ဟု ဦးလှအောင်က ပြောသည်။

ရန်ကုန်မြို့တော် အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(Yangon City Public Transport Authority-YCPTA)ကို ရန်ကုန်မြို့တွင်း အများပြည်သူ နေ့စဉ်အဆင်ပြေစွာ သွားလာနိုင်ရေး နှင့် ပတ်သက်ပြီး စီမံခန့်ခွဲရန်အတွက် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း မေ ၁၄ ရက်နေ့ ရက်စွဲဖြင့် အစိုး ရက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့၏ မြို့ပြ သယ်ယူပို့ဆောင်ရေး အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ နှစ်ရှည်စီမံကိန်းများ ပြုလုပ်လျက် ရှိသည်။

ရန်ကုန်မြို့ တနေရာတွင် တွေ့ရသည့် ဘက်စ်ကား တစီး(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Credit : http://burma.irrawaddy.org/archives/39915

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် တစ်ခုထဲတွင် ငါးလ အတွင်း လူပျောက်မှု ၂၄ မှု ဖြစ်ပွားခဲ့



ပုံပါ မိန်းကလေးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် နေ မသက်ဝေလွင် ၊အသက်၁၈နှစ် (၁/ မကန (နိုင်) ၁၈၁၅၃၅) (ဖုန်း-09420784496) ဖြစ်ပြီး 15.5.2013 တွင် အလုပ်သွား၇ာမှအိမ် သိုပြန်ေ၇ာက် လာခြင်းမရှိသည့် အတွက် သက်ဆိုင်၇ာ ရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီးဖြစ်ရာ သွေးဆောင်ခြင်း၊ လက်ခံထားခြင်းစသည့် မသမာမှု တစ်စုံတရာ တွေရှိက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မိဘဆွေမျိုး များမှထံမှသိရသည်။


တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် ပုံတွင်ပါ မိန်းကလေးကို တွေ့ရှိပါက (095160243, 0949577200, 095320372, 0949344959) သို့ဆက်သွယ်ပေးစေလိုပါကြောင်း အကူအ ညီတောင်း ခံထား ပါသည်။

=====================================

ရန်ကုန် ဆင်ခြေဖုံး မြို့နယ် တစ်ခုဖြစ် သော ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဇန်နဝါရီလမှ မေလ ၁၄ ရက်နေ့ အထိ ငါးလအတွင်း လူပျောက်ဆုံးမှု ၂၄ မှု ဖြစ်ပွား ခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်း ထံမှ သိရ သည်။ အဆိုပါ လူပျောက်ဆုံးမှု များတွင် ဆယ်ကျော်သက် အရွယ်မှ အသက် ၅၀ အရွယ်ရှိသူများ ပျောက် ဆုံးခဲ့ခြင်း ဖြစ်ပြီး ပျောက်ဆုံးသူ ထက်ဝက်ခန့်ကို ပြန်လည် တွေ့ရှိခဲ့ကြောင်း ယင်းရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

မေလ ၆ ရက်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၇) တိုးချဲ့ ရပ်ကွက်တွင် နေထိုင်သူ ဒေါ်အိအိထွန်း သည် မင်္ဂလာဈေးအနီး အထည်ချုပ် လုပ်ငန်းတွင် အလုပ်လုပ်ရန် သွားရာမှ ပျောက်ဆုံးခဲ့ သဖြင့် မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ကြောင်း မေလ ၁၄ ရက်နေ့ အထိရှစ်ရက်ကြာ သော်လည်း ပြန် မတွေ့သေးကြောင်း ပျောက်ဆုံး နေသူ အမျိုးသမီး၏ ယောက္ခမ တော်စပ်သူ ဒေါ်အေးက ပြောကြား သည်။

"ရဲစခန်း ကတော့ ဓာတ်ပုံခြောက်ပုံ တောင်းတယ်၊ ဖြန့်ပေးမယ် လို့တော့ ပြော တယ်၊ မိသားစုတွေရော၊ အလုပ် ရှင်ပါ စိတ်ပူနေကြတယ်"ဟု ၄င်းကဆိုသည်။ ပျောက်ဆုံး နေသူ အမျိုးသမီးသည် သားသမီးသုံးဦး ရှိပြီး၊ အလုပ်ကိစ္စမှ လွဲ၍ အပြင်သို့ တစ်ဦးတည်း ထွက်လေ့မရှိ ကြောင်း ဒေါ်အေးက ထပ်မံပြောကြားသည်။

အချို့ ပျောက်ဆုံးသူ များသည် လူမှုရေး ကိစ္စများကြောင့် ဖြစ်ပြီး အချို့ ပျောက်ဆုံးမှု များသည် အသိအိမ် အ လည် သွားသည်ကို မိသားစုဝင်များက မသိရှိ၍ စိတ်ပူကာ တိုင်ကြားခြင်း များလည်း ရှိကြောင်း အဆိုပါ ရဲ စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ မိသားစုဝင် တစ်ဦးဦး အိမ်ပြန် မလာပါက သွားနိုင်သော နေရာ များ စုံစမ်းခြင်း၊ မြို့နယ် ရဲစခန်းတွင် တိုင်ကြား အမှုဖွင့်ခြင်း တို့သာမက ဆေးရုံများ တွင်လည်း စုံစမ်း မေးမြန်းသင့်ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်သူ မီးသတ်အရာရှိ တစ်ဦးက ပြောကြား သည်။ 

Ref: The Voice Journal

လွှတ်တော်ကိုယ်စားလှယ် ရှားပါးခြင်းလား (သို့မဟုတ်) အာဏာရှင်လား



NLD က ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီ မှတ်ပုံတင်ခြင်းမပြုဘဲ ရွေးကောက်ပွဲမ၀င်ရန် ဆုံး ဖြတ်ခဲ့ ချိန် က အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) သို့ ၀င်ရောက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ ကြသော လသာမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဦးကြည်မြင့်၊ မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း အပါအ၀င် ပါတီဝင်ဟောင်း ၄ ဦးတို့က NLD ပါတီ စတင်မှတ်ပုံတင်ချိန်တွင် ပါ တီ ၀င် အဖြစ် ပြန်လည် လျှောက်ထားခဲ့ကြသည်။ ယင်းသို့ လျှောက်ထားမှုကို ယခုနှစ် မတ်လ အတွင်း တနိုင် ငံ လုံးမှ ညီလာခံ ကိုယ်စားလှယ်များက မဲခွဲ ဆုံးဖြတ်ခဲ့ကြပြီး ပြန်လည် လက်မခံလိုသော ဆန္ဒမဲ ၄၆၂ မဲ၊ လက်ခံ လိုသော မဲ ၃၁၆ မဲဖြင့် ပါတီဝင် အဖြစ် လက်မခံရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ နိုင်ငံလုံး ဆိုင် ရာ ဗဟိုညီလာခံက ပယ်ချခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်က ပါတီဝင်လျှောက်လွှာများ ပြန် လည်ပေးပို့ရန် တောင်းဆိုမှုများရှိခဲ့ကြောင်း ဧရာဝတီ သတင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။


တစ်ချိန်တည်းတွင် အန်အယ်လ်ဒီ အနေဖြင့်လည်း ရွေးကောက်ပွဲ ၀င်ရောက် အရွေးခံနိုင်သည့် အဆင့်ရှိ သည့် ပါတီဝင်များ ရှားပါးလျှက်ရှိကြောင်း အင်တာနက် စာမျက်နှာများမှ ရေးသားမှုများ ရှိလာသည်။ အချို့ မှ လည်း နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ဆုံးဖြတ်သည့် ကိစ္စကို ဒေါ်အောင်ဆန်း စုကြည်၏ သဘောဖြင့် ပြင် ဆင်ခြင်း သည် ဒီမိုကရေစီ ခေါင်းစဉ်တပ်ထားသည့် ပါတီကြီး၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု ဝေဖန် ကြသည်။


ကြားဖြတ် ရွေးကောက်ပွဲ ကာလတွင် အပြောင်းအလဲ မရှိသည့် နိုင်ငံရေးကို စိတ်ပျက်လာမှုက တစ်ေ ကြာင်း၊ ပြိုင်ဘက် ပါတီကြီးများ၏ သိသိသာသာ အားထည့်မှု မရှိခြင်းကြောင့် လည်းကောင်း၊ ဒေါ်အောင် ဆန်း စုကြည် ကိုယ်တိုင် မဲဆန္ဒနယ်များ အသီးသီးသို့ သွားရောက် မဲဆွယ်ခဲ့ခြင်းကြောင့် လည်းကောင်း အန် အယ်လ်ဒီမှ အနိုင်ရရှိခဲ့သည်။ သို့သော် ထို အမတ်များထဲတွင် နိုင်ငံရေး နောက်ခံ မရှိသူများ၊ လက် သင့် ရာရွေးချယ်ခဲ့သူများ ပါဝင်ခဲ့သဖြင့် လွှတ်တော်အတွင်း ထိရောက်သည့် ဆောင်ရွက်ချက်များ မပြုနိုင် ခဲ့ပေ။

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်သူအများ လက်ခံမှုသည်လည်း ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း အ ပေါ် ဦးတည်နေပြီး ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပြည်နယ် အတော် များများ တွင် အန်အယ်လ်ဒီ အမတ်များ ယှဉ်ပြိုင်အရွေးခံနိုင်မည့်သူများ လည်း မရှိသလောက် ဖြစ်နေ သည်။ ထို့ပြင် ကလောမှာ မြို့နယ်NLD နာယက ဦးတော်မီအောင် တို့ကဲ့သို့ ဘာသာခြားများ ပါဝင်နေခြင်း၊ ရန်ကုန် တိုင်း ဒေသကြီး မြို့နယ် အများစုရှိ အန်အယ်ဒီ ပါတီဝင်များမှာ ဘာသာခြားများ ဖြစ်နေခြင်း တို့ ကလည်း ၂၀၁၅ အတွက် အပြောင်းအလဲ တစ်ခု အဖြစ်သို့ ဦးတည်သွားနိုင်သည်။ အခြေခံ ဥပဒေ ပြင် ဆင်ပြီး ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂလီ ၉၀% ကျော်ရှိသည့် မဲဆန္ဒနယ်များမှ ရွေးကောက်ခံလာမည့် အမတ် များ ပြဿနာသည်လည်း ဒေါ် အောင်ဆန်းစုကြည်နှင့် သွယ်ဝိုက် ဆက်စပ်နေသည်။

ပါတီတွင်း စည်းလုံး ညီညွတ်မှု အနေဖြင့်လည်း ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား မသိမ သာ အားပြိုင်မှုများ ရှိနေသကဲ့သို့ သတင်းများ ထွက်ပေါ်နေယုံမက ပါတီတွင်း ထိုင်ခုံလုပွဲများ ရှိနေကြောင်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ၀န်ခံခဲ့သည်။ 

အချို့ပါတီဝင်များမှလည်း သီးသန့် ပါတီခွဲထွက်မည့် သတင်းများ ဆက်လက်ထွက်ပေါ်လျှက် ရှိ သည့် NLD ပါ တီ အနေဖြင့်ကား ဒေါ်အောင်ဆန်းစုကြည် မရှိပါက ပါတီကြီး အဖြစ် ရပ်တည်နိုင်မည့် အရေး မှာ လည်း မသေ ချာသေးပေ။

ဒီမိုကရေစီ နည်းကျ မဲဆန္ဒဖြင့် ပယ်ချခဲ့သော ပါတီဝင် ၄ ဦးလျှောက်ထားမှုကို ဒေါ်အောင်ဆန်း စုကြည် အာဏာသုံး၍ စိတ်ကြိုက် ပြန်ခန့်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ် ရှားပါးခြင်းလေလား (သို့မဟုတ်) နောင် အနာဂတ် မြန်မာ့နိုင်ငံရေး အကြို တစ်ဦးတည်း အာဏာရှင်စနစ် ကျင့်သုံးခြင်း၏ အစပေလား ဟု တွေးစရာ ပင်။

Credit : http://www.oppositeyes.info/2013/05/blog-post_8011.html

မြန်မာပြည်တွင်းမှ ကလေးသူငယ်များ နှင့် အမျိုးသမီးများအတွက် တရားရေးဆိုင်ရာ ကိစ္စရပ်များကို အခမဲ့ ကူညီပေး



အသက်(၁၈)နှစ်အောက် ရှိပြစ်မူကျူးလွန်ေ စ်ာကား ခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက် သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲ ခံရ သော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက် (၁၈ )နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော (female survivos of gender based violence) အမျိုးသမီး များအတွက် အမူ လိုက်ပါ ဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံ တစ်ရာ မယူဘဲ ဥပဒေကြောင်း အရ အခမဲ့ ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်


ရည်ရွယ်ချက်

------------

-မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နို င်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမူကိုတိုင်တန်းရန် (သို့) စွပ်စွဲခံရသောအမူကို ရင်ဆိုင် ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် ဥပဒေကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်။

-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အသက်(၁၈)နှစ်အောက် ကလေးသူငယ်၊ လူငယ်များ အား ကျောင်း စရိတ်အခက်အခဲရှိပါက ကျောင်းစရိတ်ထောက်ပံ့ ကူညီရန်

-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ် နှင့် တရားရုံးသို့ သွားလာစရိတ် အ ခက်အခဲရှိပါက လူမူရေးစရိတ် ထောက်ပံ့ ကူညီရန်

-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား အသက်မွေး ဝမ်းေ ကျာင်းနိုင် ရန်အတွက် အခက် အခဲ ရှိပါ က အသက်မွေးဝမ်းကျောင်းနိုင်ရန် အတွက် အခက်အခဲ ရှိပါက အသက်မွေးဝမ်းကျောင်း သင်တန်း တစ် ခုခု တက်ရောက်နိုင်ရေးအတွက် ထောက်ပံ့သကူညီရန်

xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူး လွန်စော် ကား ခံရလျှင်
xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်ကြောင်း စွပ်စွဲခံရ၍ တရားရုံးတွင် အမူ ရင်ဆိုင်ရလျှင်
xxx အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည်အတွက် ပြစ်မူကျူးလွန်စော်ကားခံရလျှင်

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးပါသည် 

" Legal Aid Project

အောက်တွင် အမူလိုက်ပါဆောင်ရွက်သော ရှေ့နေများအား ရှေ့နေခ၊ ခရီးစရိတ်၊ စားစရိတ်၊စာရွက် စာ တမ်း ခ များကို အမူသည်များက လုံးဝ မပေးရပါ၊ ရှေု့နေများ မှ ငွေကြေး တစ်စုံတစ်ရာ တောင်းခံလာပါက စီမံကိန်းမန်နေဂျာ ထံတွင် တိုင်တန်းနိုင်ပါသည်။

ဦးငိုင်ဆာခ့် (စီမံကိန်း မန်နေဂျာ)
၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅

"ရုံးခန်း"
အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊ မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

အကူအညီတောင်းခံနိုင်သောနေရာနှင့်ဖုန်းနံပါတ်များ

ဥပဒေကြောင်းအရ အကူအညီလိုအပ်သူများအနေဖြင့် အောက်တွင်ဖော်ပြထားသော လိပ်စာနှင့် ဖုန်းနံ ပါတ် များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အချိန်မရွေးအကူအညီ တောင်းခံနိုင်ပါသည်။

ရန်ကုန်ရုံးချုပ်
အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊ မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
၀၉-၂၀၅၄၇၈၂၊ ၀၁-၃၉၈၂၁၅

မန္တလေးရုံး
၂၆(ဘီ)လမ်း၊၆၂x ၆၃ လမ်းကြား၊
မဟာဇေယျာဘုံရပ်၊အောင်မြေသာစံမြို့နယ်၊
မန္တလေးမြို့၊
၀၉-၄၉၂၄၀၈၇၃

ပုသိမ်ရုံး
အမှတ်(၅၆) ၊ ပုသိမ်-မုံရွာ-ရေဦးလမ်း၊
(၁၅)နယ်မြေ ၊ မြတ်တိုရပ်ကွက် ၊ပုသိမ်မြို့။
၀၉-၈၅၅၃၄၃၀၊ ၀၉-၇၃၁၃၀၅၂၁

ပြည်ရုံး
အခန်းအမှတ်(၁၅)၊မီးသတ်တိုက်ခန်း၊
ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်
ကွက်၊ပြည်မြို့။
၀၉-၇၃၁၃၀၅၂၃

ပဲခူးရုံး
အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊
ပဲခူးမြို့။
၀၉-၇၃၁၂၆၄၂၅

တောင်ကြီးရုံး
အမှတ်(၁၁၂)၊ မြေညီထပ်၊ဇောတိကလမ်း၊သစ်တောရပ်ကွက်
တောင်ကြီးမြို့။
၀၉-၄၉၃၁၉၉၄၈

မြစ်ကြီးနားရုံး
အမှတ်(၆၂)၊ စီတာပူရပ်ကွက်
မြစ်ကြီးနားမြို့။၀၉-၆၄၁၂၁၇၉

ပခုက္ကူရုံး
အမှတ်(၃၅)၊တပ်မလမ်း၊ (၇)ရပ်ကွက်
ပခုက္ကူမြို့။၀၉-၄၉၃၂၁၁၈၁

ကလေးရုံး
အမှတ်(၄/၇)၊ပင်လုံလမ်းမတော်လမ်း၊
ပင်လုံရပ်ကွက်၊ကလေးမြို့။
၀၉-၄၉၃၃၀၇၁၅

လားရိုးရုံး
ဆိုင်ခန်းအမှတ်(၁၁)၊စစ်သားစုဆောင်းရေးတိုက်တန်း၊ကံ့ကော်လမ်းနှင့် ဘူတာလမ်းထောင့်၊
ရပ်ကွက်(၁)လားရိုးမြို့။
၀၉-၇၃၁၃၆၃၂၆၊ ၀၈၂-၃၀၅၃၅

မော်လမြိုင်ရုံး
အမှတ်(၃၃/ဘီ) သိပွံလမ်း၊အန်းဘဲတန်း ရပ်ကွက်၊
မော်လမြိုင်မြို့။
၀၉-၄၉၃၂၅၉၀၂

မုံရွာရုံး
မုံရွာတက္ကသိုလ်ဘုရားအနီး၊ကျောက်ကာလမ်း၊
မုံရွာမြို့။၀၉-၄၇၀၅၈၂၅၅

မကွေးရုံး
အမှတ်(၈၀)၊ကမ်းနားလမ်း၊အလယ်ရပ်၊
မကွေးမြို့။
၀၉၄၉၃၂၂၁၁၇၈

ကျိုင်းတုံရုံး
နောင်နွန်ကျေးရွာ၊ မိုင်းဇိုင်း၊
ကျိုင်းတုံမြို့။
၀၉၅၂၅၂၀၈၆

သံတွဲရုံး
အမှတ်(၁၂၃)၊ဇီဇဝါလမ်း၊(၆)ရပ်ကွက်၊
သံတွဲမြို့။
၀၉-၈၅၁၆၆၄၈

ဘားအံရုံး
အမှတ်(၆/၄၃၂)မြို့တော်ဦးလမ်း၊(၆)ရပ်ကွက်။
ဘားအံမြို့။
၀၉-၇၃၁၄၀၂၃

တောင်ကုတ်ရုံး
ပြည်-တောင်ကုတ်လမ်း၊ ကန်ပိုင်ရပ်ကွက်၊
တောင်ကုတ်မြို့။
၀၉-၄၉၆၆၈၁၃၉

မြိတ်ရုံး
အမှတ်(၃၅)၊ သိန်းညီနောင်လမ်း၊ကံဖျားရပ်ကွက်။
မြိတ်မြို့။
၀၉-၄၉၈၇၂၄၃၀

ထားဝယ်ရုံး
အမှတ်(၄၃၀)၊ရေးလမ်း၊ဆင်ဆိမ့်ရပ်ကွက်၊
ထားဝယ်မြို့။
၀၉-၄၉၈၅၀၈၂၆

မီင်္ဒီယာများနှင့် ဤစာမျက်နှာကို ဖတ်ပြီးသူများမှ တဆင့် ပြည်သူတိုင်း အားလုံး သိရှိစေရန် လက်ဆင့်ကမ်း ဖြန့် ဝေပေးကြပါ။

ဥပဒေစာအုပ်စင်