Wednesday, May 15, 2013

မုန်တိုင်းသတင်း


Photo: ၂၀၁၃ခုနှစ်၊ မေလ(၁၅) ရက်နေ့ မြန်မာ စံတော်ချိန် (၁၀း၀၀)နာရီ အချိန် မုန်တိုင်း သတိပေးချက်

ယနေ့ မြန်မာစံတော်ချိန် (၀၉း၃၀)နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN)သည် အရှေ့မြောက်ဘက်သို့ မိုင်(၅၀)ခန့် ရွေ့လျားခြဲ့ပီး၊ မြန်မာနိုင်ငံ (မောင်တောမြို့)၏ အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၃၈၀)ခန့်၊ အိန္ဒိယနိုင်ငံ (ကိုလ်ကတ္တားမြို့)၏ တောင်ဘက် မိုင်(၃၆၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြု နေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့မြာက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၆၀)အထိ ရှိနိုင်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာကွက်၍ မိုးကြီးမည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင် အထိတိုက်ခတ်မည် ဖြစ်ပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံ (ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း) နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဦးတည် ရွေ့လျားနေသည့် အခြေအနေ ဖြစ်ပါသည်။ နောက်ဆုံး တိုင်းထွာရရှိသော ခန်မှန်းချက်အရ မေလ(၁၆)ရက်နေ့ ညပိုင်းခန့်တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်း ရပါသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြု အပ်ပါသည်။

http://bit.ly/16dv30L

၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့မြန်မာစံတော်ချိန် (၁၃း၀၀) နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်း ထွာချက် များအရဘင်္ဂလား ပင်လယ်အော် အ နောက်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်က လုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် မြန်မာ နိုင်ငံ(မောင်တောမြို့)၏ အနောက်တောင်ဘက် မိုင်(၃၅၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် (၃၅၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင် ဘက် မိုင်(၃၆၀)ခန့်၊အိန္ဒိယနိုင်ငံ (ကိုလ်ကတ္တားမြို့)၏တောင်ဘက်မိုင်(၃၃၀)ခန့်အကွာ ပင်လယ်ပြင်ကှို ဗဟိုပြု နေပါသည်။


အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရ ပါသည်။ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင်မိုင် (၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်မည်ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်သို့ရောက်ရှိပြီး မြန်မာနိုင်ငံ (ရခိုင် ကမ်းရိုးတန်းမြောက်ပိုင်း)ဒေသများဆီသို့ဦးတည်ရွေ့လျားနေ သည့်အခြေအနေဖြစ်ပါသည်။

နောက်ဆုံးတိုင်းထွာရရှိသောခန့်မှန်းချက် အရမေလ(၁၆)ရက်နေ့ ညပိုင်းခန့်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်း မြို့နှင့်မြန်မာနိုင်ငံမောင်တောမြို့အကြားကမ်းခြေဒေသများဆီသို့ ဖြတ်ကျော်ဝင်ရောက် နိုင်ကြောင်းခန့်မှန်းရပါသည်။

မုန်တိုင်းကမ်းခြေကို ဖြတ်ကျော်စဉ် မောင်တောခရိုင်ကမ်းခြေတွင် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ (၈)ပေမှ(၁၀)ပေအထိနှင့်စစ်တွေခရိုင်ကမ်းခြေတွင် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ(၆)ပေမှ(၈)အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းရပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊သင်္ဘောများအနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်ဖြစ်ပါသည်။

ပါးလွှာသည့် အလူမီနီယံ ကိုယ်ထည်ဖြင့် Nokia Lumia 925 ဇွန်လတွင် ထွက်ရှိမည်



Nokia အနေဖြင့် ယင်းတို့၏ Windows Phone 8 သုံး ပင်မဖုန်း (Flagship phone) အသစ် Lumia 925 အား ယမန်နေ့က တရားဝင် ထုတ်ဖော်ပြသ ခဲ့ပြီးလာမည့်ဂျွန်လအတွင်း ဈေးကွက်အတွင်း ရော က် ရှိလာမည်ဟု သိရှိရသည်။ အလူမီနီယံကိုယ် ထည်ဟု ဆိုသော်လည်း ဖုန်း၏ ပတ်လည်အနား သပ်ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ ဖုန်း၏ နော က်ကျောပြင်အား polycarbonate ဖြင့် ပြုလုပ်ထား သဖြင့် အစင်းထင်ခြင်းမှ သက်သာစေမည် ဖြစ်သလို ကိုင်တွယ်အသုံးပြုရာတွင်လည်း လွယ်ကူစေမည်ဖြစ် သည်။


အရွယ်အစား အနေဖြင့် ၈.၅ မီလီမီတာ ထူကာ အလေးချိန်မှာမူ ၁၉၃ ဂရမ်ရှိမည်ဖြစ်သည်။

မျက်နှာပြင် အရွယ်အစားမှာ ၄.၅ လက်မ ရှိမည်ဖြစ်ပြီး စက်ပိုင်းဆိုင်ရာတွင်မူ 1.5 GHz dual-core ပရော်ဆက်ဆာ ၊ 1 GB RAM နှင့် 16 GB အထိ သိုမှီးနိုင်မည့် storage တို့ ပါရှိမည်ဖြစ်သည်။

လက်ရှိ ပင်မဖုန်းဖြစ်သည့် Lumia 920 ထက် ပိုပါးပြီး ပိုပေါ့သည့်သေသပ်လှပသည့် အလူမီနီယံကိုယ် ထည်ဖြင့် ပြုလုပ်ထားသည့် Lumia 925 သည် ထူးခြားချက် နောက်တစ်ခုမှာ တပ်ဆင်ထားသည့် ကင်မရာပင်ဖြစ်သည်။ အဆိုပါ 8.7 MP Pureview ကင်မရာတွင် Nokia Smart Camera စနစ်အား ထည့်သွင်းပေးထားသဖြင့် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးရာတွင် လွန်စွာမှ လွယ်ကူမည်ကာ ပုံထွက်လည်း လက်ရှိ Lumia 920 ထက် သာလွန်ကောင်းမွန်မည်ဟု သိရှိရသည်။

8.7 MP Pureview ကင်မရာ အနေဖြင့် ပုံထွက်ထိန်းညှိစနစ် ၊ လှုပ်ခါမှုထိန်းချုပ်စနစ်နှင့် LED Flash ၂ ခုတို့ ပါဝင်မည်ဖြစ်ပြီး Smart Camera စနစ်ကမူ အသုံးပြုသူအား ဓာတ်ပုံ ၁၀ ပုံအား တစ်ပြိုင်နက် ရိုက်ကူးရ ရှိစေနိုင်ပြီး ရိုက်ကူးရရှိလာသည့် ဓာတ်ပုံများအားလည်း မှုန်ဝါးစေခြင်း ၊ မလိုလားသည့် အရာများအား ဖယ်ရှားခြင်း နှင့် နောက်ခံပုံရိပ်များအားပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

Lumia 925 အား အနက်နှင့်ခဲရောင် ၂ မျိုးသာထုတ်လုပ်မည် ဖြစ်သော်လည်း နောက်ကျောပြင် အရောင်ကိုမူ အနီ ၊ အဝါ ၊ အနက်နှင့် အဖြူရောင် များဖြင့် ပြောင်းလဲနိုင်သည့် ဖုန်းကာဗာများအား Nokia မှ ထုတ်လုပ်မည်ဟု သိရှိရသည်။ အဆိုပါ ကာဗာများသည့် Lumia 925 အား ကြိုးမဲ့အားသွင်းနိုင်ရန်လည်း လိုအပ်မည်ဖြစ်သည်။

Lumia 925 အား လာမည့် ဂျွန်လအတွင်း ဗြိတိန် ၊ ဂျာမနီ ၊ အီတလီ ၊ စပိန်နှင့် တရုတ်နိုင်ငံများတွင် စတင်ရောင်းချမည်ဖြစ်ပြီး အမေရိကန်နှင့် စင်ကာပူနိုင်ငံများသို့ ဆက်လက်ဖြန့်ဖြူးသွားမည်ဟု သိရှိရ သည်။

ဈေးနှုန်းအားဖြင့်မူ ယူရို ၄၇၀ (ဒေါ်လာ ၆၀၀) ခန့် ကျသင့်မည်ဖြစ်သည်။

Myanmar Consumer Guide

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း စစ်တွေမြို့ နေရာချထားမှုများ ကြည့်ရှု



ဒုတိယသမ္မတ ဦးဥာဏ်ထွန်း သဘာဝဘေး အန္တ ရာယ် ကြိုတင်ပြောင်းရွှေ့ နေရာချထားမှုများ ကြည့် ရှု စစ်ဆေးရန်စစ်တွေမြို့သို့ ရောက်ရှိအမျိုး သား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း သည် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဝင်များလိုက်ပါ လျက် ရခိုင်ပြည်နယ် အမ်းမြို့တွင် အခြေပြုကာ လုပ်ငန်း များ ဆောင်ရွက်ရန်နှင့် သဘာ ဝ ဘေး အန္တရာယ် ကြိုတင်ပြောင်းရွှေ့ နေရာချထားမှုများ ကြည့်ရှုစစ် ဆေးရန် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မြန်မာ့လေကြောင်း အထူးလေ ယာဉ်ဖြင့် နေပြည်တော်မှ စစ်တွေမြို့သို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက စစ်တွေလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြပြီး လေဆိပ် ဧည့်ခန်းမဆောင်၌ သဘာဝဘေး ကြိုတင် ကာကွယ် ရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ် ရပ်ကွက်များအ နက် ဘေးအန္တရာယ် ကျရောက်နိုင်သည့် ရပ်ကွက်များမှ ဒေသခံပြည်သူ များနှင့် ဘေးဒုက္ခရောက်နေ ကြသူများ အား ရွှေ့ပြောင်းနေရာချထားပေးသည့် မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျောင်းတိုက်ရှိ ပလ္လင်ပြင်ရွာမှ သဘာဝ ဘေးသင့် ပြည်သူ များအားလည်းကောင်း၊ စစ်တွေမြို့ရှိ နယ်မြေခံလျှပ်စစ်နှင့် စက်မှုအင်ဂျင်နီ ယာတပ်ရင်း အလုပ်ရုံရှိ သဘာဝဘေးသင့် ပြည်သူများအား လည်းကောင်း၊ ဒါးပိုင်ရွာ အနီးရှိ ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည်များအား တပ်မတော်မော်တော်ယာဉ်များဖြင့် သဘာဝဘေးလွတ်ရာ ဒေသများသို့ ပြောင်းရွှေ့ ပေးနေမှုကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မုန်တိုင်းဒဏ်ကြိုတင် ကာကွယ်ရေး အစည်းအဝေးသို့ တက်ရောက်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ထိရောက် စွာ ဆောင် ရွက်နိုင်ရန် ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ သဘာဝဘေးသင့် ပြည်သူများအားပြောင်းရွှေ့နေရာ ချထားပေးမှုနှင့် အသင့်ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ဖြေရှင်းရာ၌ အန္တရာယ်လျော့ပါးစေရန်အတွက် ကြိုတင် ကာကွယ်ခြင်း၊ ကြိုတင် ပြင်ဆင်ခြင်း၊ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း အဆင့်များကို စနစ်တကျဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေ ရှိသည့် ဒေသများရှိ ဒေသ ခံပြည်သူများအား ရွှေ့ပြောင်းနေရာချထားရာတွင် ထိခိုက်မှုအများဆုံး ဖြစ်နိုင်သည့် အားနည်းသော နေ ရာများအား ဦးစားပေးရွှေ့ပြောင်းရန် လိုအပ်ကြောင်း၊ သဘာဝဘေး အန္တရာယ်ကို တားဆီး၍မရနိုင်သော် လည်း သတိရှိစွာဖြင့် လုပ်သင့်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်နှင့် အားလုံး ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် စိန်ခေါ်မှုကိုရင်ဆိုင်ဖြေရှင်း အနိုင်ယူသွားရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ နိုင်ငံတော်မှ ကြိုတင်ပြင်ဆင် ဆောင် ရွက်ပေးနေ မှုများနှင့် ပြည်နယ်အစိုးရ အဖွဲ့မှ ဆောင်ရွက်သင့် သည်များကို ဆွေးနွေးမှာကြားပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့သည် ညနေပိုင်းတွင် စစ်တွေမြို့မှ အမ်းမြို့သို့ ပြန်လည် ရောက်ရှိကြသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/05/14/id-3346

နိုင်ငံတော်သမ္မတကြီးရဲ့ အိမ်ဖြူတော်ခရီးအပေါ် Asia Society ရဲ့ ရှုမြင်ချက်



မကြာခင် သွားရောက်တော့မယ့် နိုင်ငံတော်သမ္မတ ကြီးရဲ့ အိမ်ဖြူတော်ခရီးနဲ့ ပတ်သက်လို့ Asia Society က ဒုတိယဥက္ကဌ Suzanne DiMaggio ရဲ့ သဘောထား အမြင်တွေကို ပြောပြထားတဲ့ ဗီဒီ ယိုဖြစ်ပါတယ်။SuzanneDiMaggioရဲ့ခန့်မှန်း ပြော ကြားချက်တွေထဲက အဓိကအချက်တွေ ကတော့ အောက် ပါအတိုင်း ဖြစ် ပါတယ်-


(၁) ပထမဦးဆုံး ထူးခြားချက်ကတော့ နိုင်ငံတော် သမ္မတကြီးရဲ့ ယခုခရီးစဉ်ဟာ နှစ်ပေါင်း(၅၀) နီးပါး အတွင်း မြန် မာနိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ ပထမဦးဆုံးသော အိမ်ဖြူတော်ခရီးစဉ် ဖြစ်ပါတယ်။

(၂) နိုင်ငံတော်သမ္မတကြီး လျှောက်လှမ်းနေတဲ့ ဒီမိုကရက်တစ်ကူးပြောင်းရေးလမ်းကြောင်းကို သမ္မတ အိုဘားမားအနေနဲ့ ခိုင်ခိုင်မာမာထောက်ခံနေတယ်ဆိုတာကို အထင်အရှား ပြသလိုက်ခြင်းလည်း ဖြစ်ပါ တယ်။

(၃) အိမ်ဖြူတော်တွေ့ဆုံမှုဟာ မြန်မာ-အမေရိကန်နှစ်နိုင်ငံခေါင်းဆောင်(၂)ဦးအနေနဲ့ နှစ်နိုင်ငံ ဆက် ဆံရေး ပုံမှန်အဆင့် ပြန်လည်ရောက်ရှိရေး လုပ်ငန်းစဉ်ကို ပိုမိုခိုင်မာအောင် ဆောင်ရွက် လိုက်ခြင်း လည်း ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးအနေနဲ့ သူရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကို အသေးစိတ်ရှင်းလင်း ပြောကြား နိုင်မှာ ဖြစ်သလို ဆက်လက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသ ပဋိပက္ခတွေ၊ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို ကိုင်တွယ် ဖြေ ရှင်းနေ ရတာတွေ ဆွေးနွေးဖွယ်ရှိတယ်လို့ သူမက ပြောထားပါတယ်။

အလားတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ အိမ်ဖြူတော်ဆွေးနွေးပွဲမှာ မပါမဖြစ် ပါဝင်လာမယ်၊ မြန်မာ့ စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီတွေ တောင်းခံဖွယ်ရာ ရှိတယ်၊ မြန်မာနိုင်ငံမှာ အမေရိကန်ရင်းနှီးမြုပ်နှံမှုတွေ လာရောက်ဖို့ ဖိတ်ခေါ်သွားနိုင်တယ်၊ အရပ်ရပ် နယ်ပယ်စုံစွမ်းရည်မြှင့်တင်ရေး Capacity Building အတွက်လည်း ထောက်ပံ့ကူ ညီမှုတွေ ဆွေးနွေးကြ ဖွယ်ရာ ရှိတယ် လို့လည်း ခန့်မှန်းထားပါတယ်။

သိသာမြင်သာတဲ့ ရလဒ်တစ်ခုအနေနဲ့

(၁) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၂)နိုင်ငံသဘောတူညီချက် တစ်ရပ်ရပ်၊(၂) သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေ ထွက်ပေါ်လာ နိုင်တယ် လို့လည်းသူမက ခန့်မှန်းထားပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ ဒီခရီးစဉ်ဟာ

သူရဲ့ ခေါင်းဆောင်မှု၊ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အမေရိကန်ပြည်ထောင်စုက အခိုင်အ မာထောက်ခံမှု ပြသလိုက်တာ ဖြစ်တယ်၊ ဒါဟာ သိပ်ကို သိသာမြင်သာတဲ့ ပြယုတ်တစ်ခုပဲ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံ ရှေ့ဆက်လျှောက်လှမ်းဖို့ ဘာတွေ ဘယ်လို ကူညီပံ့ပိုးပေးနိုင် မလဲ၊ နိုင်ငံတော်သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်မှာ ဘာတွေ ကူညီပေးသင့်သလဲ ဆိုတာတွေကို လည်းဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု တွေကို အကဲဖြတ်ကြရာမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း သတိပြုကြဖို့၊ အထူးသဖြင့် တိုင်းရင်းသား ပဋိပက္ခတွေ၊ ဘာသာရေးနွယ်တဲ့ ပဋိပက္ခတွေ၊ အလုပ်လက်မဲ့နှုန်း မြင့်မားနေတာတွေ၊ အခြေခံလူတန်းစား ပြည်သူများအတွက် ပိုမိုကောင်း မွန် တဲ့ ပညာရေး၊ ကျန်းမာရေးစနစ် လိုအပ် ချက်တွေ ဒါတွေကို သတိပြုကြဖို့၊ မြန်မာနိုင်ငံသွားနေတဲ့ ဦးတည်ရာလမ်းကြောင်းနဲ့ ဒီလမ်းကြောင်းရဲ့သဘော တရားတွေကို အလေးဂရုပြုဖို့ ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။

View Original Source : http://asiasociety.org/video/policy/thein-sein-white-house-what-look

opportunity for both leaders to "further solidify the normalization process of U.S.-Myanmar relations."

Hmuu Zaw

စီးပွားရေးအတွက် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ခုတုံးမလုပ်ဟု ဦးခင်ညွှန့်ဆို



တိုင်းတစ်ပါးယဉ်ကျေးမှု ပေါင်းစပ်ပါဝင်ခြင်းလုံးဝ ကင်းစင်သော မြန်မာ့ ရိုးရာပန်းဆယ်မျိုး ယဉ်ကျေး မှုအမွေအနှစ်များအား ထိန်းသိမ်းရန်နှင့်မြန်မာ့အနု ပညာများ ကမ္ဘာသို့ ခြေဆန့်နိုင်ရေး အတွက် တစ်ထောင့်တစ် နေရာမှပံ့ပိုးလိုသည့် ရည်ရွယ်ချက် သာရှိပြီး စီးပွားရေးအတွက်ယဉ်ကျေး မှုအမွေအနှ စ်များအား လုံးဝခုတုံးမလုပ်ဟု ဦးခင်ညွန့်မှယင်း တည်ထောင် သော Nawaday Art Gallery ဖွင့်ပွဲ၌ မီဒီယာများသို့ အတိအလင်း ပြောကြားလိုက်သည်။


““ခုလိုမျိုး Gallery ဖွင့်တဲ့ ရည်ရွယ်ချက်က နံပါတ်တစ် ဒီကို လာရောက်တဲ့လူတွေအားလုံး ဘဘဘ၀ အေးချမ်းနေသလို အေး ချမ်းစေချင်တယ်။ 

နံပါတ်နှစ် ရည်ရွယ်ချက်ကတော့ ဘယ်နိုင်ငံ ဘယ် ယဉ်ကျေးမှုနဲ့မှ ပေါင်းစပ်ခြင်းလုံးဝမရှိတဲ့ ဘဘ တို့နဲ့ ပန်း ဆယ်မျိုးအနုပညာတွေကို ဘဘမြတ်နိုးတယ်။ ဒီတော့ ဘဘမြတ် နိုးသလိုမျိုး ကျန်တဲ့လူတွေကို လည်း မြတ်နိုးစေချင်တယ်။ 

ဒီတော့ ဒီလိုမြတ်နိုးဖွယ် ရာ မြန်မာ့ အနုပညာစစ်တွေ ကမ္ဘာကြီးကို ခြေဆန့်နိုင်အောင် ဘဘက ပံ့ပိုး ပေးချင်တယ်။ အဲသလို ပံ့ပိုးတဲ့ အခါမှာလည်း ရွက်ပုံးသီးအနု ပညာရှင်ငယ်လေးတွေလည်း မြေတောင် မြှောက်ပေး ရာလည်း ရောက်အောင် ဘဘရဲ့ Gallery မှာ ပန်းချီကားတွေလာတင် ဘဘ အခကြေး ငွေလုံးဝမယူဘူး။

ခုလို မျိုး Gallery ဖွင့်တာကလည်း စီးပွားဖြစ်မဟုတ်ဘူး။ ဘဘချစ် မြတ်နိုးတဲ့ မြန်မာ့အနုပညာတွေကို ကမ္ဘာက နှစ် သက်တဲ့ မြန်မာ့ အနုပညာလက်ရာတွေကို တစ် နေရာထဲမှာ လွယ်ကူစွာရှာဖွေ နိုင်ဖို့ ရည်ရွယ်တာပါ။ စီးပွားရေး အတွက် ဒီလိုမျိုးအဖိုးမဖြတ်နိုင်တဲ့ဘဘတို့မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ခုတုံးမလုပ်ပါ ဘူး””ဟု ဦးခင်ညွန့်မှ ပြောကြားသွားသည်။

ဦးခင်ညွန့်ဦးဆောင်ဖွင့်လှစ် သော Nawaday Art Gallery ၌ အနုပညာရှင်များ၏ ပန်းဆယ်မျိုး လက်ရာ များအား လာရောက်ပြ သပါက ပြသခွင့်တစ်စုံတစ်ရာ ယူမည်မဟုတ်ဘဲ ယင်းသို့သော လက်ရာများ ကမ္ဘာသို့ ခြေဆန့် ၀င် ရောက်နိုင်သည်အထိ ပံ့ပိုးမှု များပြုလုပ်သွားမည်ဟုသိရသည်။ အဆိုပါ Nawaday Art Gallery ဖွင့်ပွဲသို့ ကမ္ဘာကျော် မြန်မာသန်း ဆယ်မျိုးအနုပညာရှင်ကြီးများ၊ အငြိမ်းစားတပ် မတော်ခေါင်း ဆောင်များနှင့် နယ်ပယ်အသီး သီးမှ ထင်ရှား ကျော်ကြားသူများ တက်ရောက်ချီးမြှင့် ခဲ့ကြသည်။

The Hot News

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ငွေကြေးနှင့် ပက်သတ်သည့် သဘောထားကွဲလွဲမှုများထွက်ပေါ်



ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်း ရံပုံ ငွေများ ခွဲဝေသုံးစွဲကြခြင်းနှင့်ပတ်သက်၍ အဖွဲ့ဝင် များအကြား သဘောထားကွဲလွဲလျက်ရှိကြောင်း ၈၈ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့သည်။ နောက် ဆုံး သဘောထားကွဲလွဲမှုအနေဖြင့် ၁-၄-၂၀၁၃ ရက်နေ့တွင် အမေရိကန် သန်းကြွယ်သူဌေးကြီး ဂျော့ဆိုးရော့(စ်) မြန်မာနိုင်ငံသို့ လာရောက်ပြီး ကိုမင်းကိုနိုင်နဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုး တိုးတက်မှုနှေးကွေးနေသော ဒေသများရှိ ပညာ ရေးကိစ္စများတွင် ထောက်ပံ့ရန်အတွက်ငွေကြေးများ လှူဒါန်းခဲ့ကြောင်း၊ အဆိုပါငွေကြေးများအား အဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်မှ လက်ခံရယူခဲ့ပြီး ချင်းပြည်နယ် နှင့် ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသများရှိ ကလေးသူငယ်များ၏ ပညာရေးကိစ္စများ ပြန်လည်လှူဒါန်းရာတွင် အမေရိကန်ဒေါ်လာ ၂၅၀၀၀ ကွာခြား နေကြောင်း၊ ၎င်းငွေကြေးများအား ကိုမင်းကိုနိုင်က မည်သည့်နေရာတွင် အသုံးပြုခဲ့သည်ကို ကျန်အဖွဲ့ ၀င်များအား ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိကြောင်း ၎င်း ၈၈ အဖွဲ့ဝင်တစ်ဦးမှပြောကြား ခဲ့သည်။

ယခုအခါ ၈၈ မျိုးဆက်အဖွဲ့အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း ကုမ္မဏီများမှ အလှူငွေ များစွာကို လက်ခံရရှိထားပြီး ပြန်လည်အသုံးပြုခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပေး သင့် ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။

Credit : http://amayeainn.blogspot.com/2013/05/blog-post_3266.html

မုန်တိုင်းသတိပေးချက်

၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့မြန်မာစံတော်ချိန်(၁၀း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာ စံတော်ချိန် (၀၉း၃၀)နာရီအချိန်တိုင်းထွာချက်များ အရဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် အရှေ့မြောက် ဘက်သို့မိုင်(၅၀)ခန့် ရွေ့လျားခြဲ့ပီး၊ မြန်မာနိုင်ငံ(မောင်တောမြို့)၏ အနောက်တောင်ဘက်မိုင်(၃၇၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက်မိုင်(၃၈၀)ခန့်၊ အိန္ဒိယနိုင်ငံ(ကိုလ်ကတ္တားမြို့)၏ တောင်ဘက် မိုင်(၃၆၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။


အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါ သည်။ မုန်တိုင်းဗဟိုချက်အနီးတွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိ ရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာ ရီလျှင် မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ် မည်ဖြစ်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများဆီသို့ ဦးတည်ရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်။ နောက်ဆုံးတိုင်းထွာရရှိသော ခန်မှန်းချက်အရ မေလ(၁၆)ရက်နေ့ညပိုင်းခန့်တွင် မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများဆီသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

မိုးဇလ

ဓမ္မစေတီ ခေါင်းလောင်းကြီး ထပ်မံ ရှာဖွေ ဆယ်ယူမည်


ဓမ္မစေတီ ခေါင်းလောင်းကြီး ထပ်မံ ရှာဖွေ ဆယ်ယူမည်

နိုင်ငံခြား ကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင် ရာစုနှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်း လုပ်ငန်းကို ယခုနှစ် ဇူလိုင်လတွင် စတင် အကောင် အထည်ဖော် သွားမည်ဟု ဆယ်ယူနိုင်ရေး ကြိုးပမ်းသူ တစ်ဦးဖြစ်သည့် စာရေး ဆရာ ချစ်စံဝင်းက ပြောသည်။

ဆရာချစ် စံဝင်းက ''အခုဟာက နိုင်ငံတကာဘက်က ဆယ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော်တို့ ဘက်က လည်း ပြင်ဆင်ထားပြီးပြီ၊ လွှတ်တော်မှာလည်း ဆယ်ပါ့မယ်လို့ ကတိလည်း ပေးပြီးပြီ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ကလည်း ပြင်ဆင်ထားပြီးပြီ လာမယ့် သုံးလလောက်မှာ ဆယ်ယူဖို့ လုပ်ငန်းကို စနိုင် လောက်မယ်'' ဟု ပြောသည်။

ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စင်ကာပူနိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၁ဝ သန်း အကုန်အကျခံကာ ဆယ်ယူပေးမည်ဟု ၂ဝ၁၂ ခုနှစ် ဇွန် ၃ဝ ရက်တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ကုမ္ပဏီမှ တာဝန်ရှိသူတို့က ပြောကြား ခဲ့သည်။ ၎င်းအပြင် ဆယ်ယူရာတွင်လည်း သမိုင်းဝင်ပစ္စည်းများ ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံ သား မိုက်ကယ်မိုက်ဟယ်ဂျာကို ငှားရမ်းသွားမည်ဟု ကုမ္ပဏီက ပြောသည်။ လက်ရှိတွင် နှစ်ပေါင်း လေးရာ အတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသန ပြုလုပ် ပြီးစီးပြီ ဖြစ်ကာ ဆယ်ယူရာတွင် လိုအပ်သည့် အချက် အလက်များ ကိုလည်း စုဆောင်း ထားသည်ဟု စာရေးဆရာ ချစ်စံဝင်းက ပြောသည်။

ခေါင်းလောင်းကြီးကို ယခင်ကကဲ့သို့ ရေငုပ် ရှာဖွေမည် မဟုတ်ဘဲ ရေအောက် နစ်မြုပ်နေသည့် ပစ္စည်းများကို  အချက်ပြနိုင်သည့် လေယာဉ်များ သုံးကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ်၍ ရှာဖွေသွား မည်ဟု သူက ပြောသည်။ ၎င်းပြင် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် ဆောင်းပါးများကို ဖော်ပြမည့် လစဉ်ထုတ် ဓမ္မစေတီ သတင်းဂျာနယ် တစ်စောင်ကို ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီး ပန်းမျိုးတစ်ရာ စာပေမှ ဖြန့်ချိသွားမည် ဖြစ်ကာ ရှာဖွေရေးလုပ်ငန်းများ မစတင်မီတွင် S.D Mark International LLP ကုမ္ပဏီမှ ကြီးမှူးပြီး ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ တစ်ခုကိုလည်း ကျင်းပသွားမည်ဟု သူကဆက်ပြောသည်။ ခေါင်းလောင်း တည်ရှိ သည့် နေရာ အတိအကျကို အဖွဲ့များစွာက အကြိမ်ပေါင်း များစွာ ရေငုပ် ရှာဖွေသော်လည်း ယနေ့တိုင် ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ထိုခေါင်းလောင်းကြီးတွင် လျှို့ဝှက်ဆန်းကြယ်မှု များစွာရှိကြောင်း

Read More >> http://bit.ly/12z1L78

နိုင်ငံခြားကုမ္ပဏီတစ်ခု၏ အကူအညီ ဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင် ရာစု နှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေ ဆယ်ယူခြင်းလုပ်ငန်းကို ယခုနှစ် ဇူလိုင်လတွင် စတင် အကောင် အထည်ဖော်သွားမည်ဟု ဆယ်ယူ နိုင်ရေး ကြိုးပမ်းသူတစ်ဦးဖြစ်သည့် စာရေးဆရာ ချစ်စံဝင်းက ပြော သည်။


ဆရာချစ်စံဝင်းက ''အခုဟာက နိုင်ငံတကာဘက်ကဆယ်ဖို့အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော်တို့ ဘက်က လည်း ပြင်ဆင်ထားပြီးပြီ၊ လွှတ်တော်မှာလည်း ဆယ်ပါ့မယ်လို့ကတိလည်း ပေးပြီးပြီ၊ ယဉ်ကျေးမှု ဝန်ကြီး ဌာနကလည်း ပြင်ဆင်ထားပြီးပြီလာမယ့် သုံးလလောက်မှာ ဆယ်ယူဖို့လုပ်ငန်းကို စနိုင် လောက်မယ်'' ဟု ပြောသည်။ ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စင်ကာပူနိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၁ဝ သန်း အကုန်အကျခံကာ ဆယ်ယူပေးမည်ဟု ၂ဝ၁၂ ခုနှစ် ဇွန် ၃ဝ ရက်တွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေး ပွဲတွင် ကုမ္ပဏီမှ တာဝန်ရှိသူတို့က ပြောကြား ခဲ့သည်။ 

၎င်းအပြင် ဆယ်ယူရာတွင်လည်း သမိုင်းဝင် ပစ္စည်း များ ရှာဖွေရေးနှင့် ရေငုပ်ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံ သား မိုက်ကယ်မိုက်ဟယ်ဂျာကို ငှားရမ်းသွားမည်ဟု ကုမ္ပဏီက ပြောသည်။ လက်ရှိတွင် နှစ်ပေါင်း လေးရာ အတွင်း မြစ်ကြောင်း ပြောင်း လဲမှုများကို သုတေသန ပြုလုပ် ပြီးစီးပြီ ဖြစ်ကာ ဆယ်ယူရာတွင် လိုအပ်သည့် အချက် အလက်များ ကိုလည်း စုဆောင်း ထားသည်ဟု စာရေးဆရာ ချစ်စံဝင်းက ပြောသည်။

ခေါင်းလောင်းကြီးကို ယခင်ကကဲ့သို့ ရေငုပ် ရှာဖွေမည် မဟုတ်ဘဲ ရေအောက် နစ်မြုပ်နေသည့် ပစ္စည်း များ ကို အချက်ပြနိုင်သည့် လေယာဉ်များ သုံးကာ လေယာဉ်မှအချက်ပြသည့် နေရာတွင် ရေငုပ်၍ ရှာဖွေသွား မည်ဟု သူက ပြောသည်။ ၎င်းပြင် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် ဆောင်းပါး များကို ဖော်ပြ မည့်လစဉ်ထုတ် ဓမ္မစေတီသတင်းဂျာနယ်တစ်စောင်ကို ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီး ပန်းမျိုးတစ်ရာ စာပေမှ ဖြန့်ချိသွားမည်ဖြစ်ကာ ရှာဖွေရေးလုပ်ငန်းများ မစတင်မီတွင် S.D Mark International LLP ကုမ္ပဏီမှ ကြီးမှူးပြီး ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ တစ်ခုကိုလည်း ကျင်းပသွားမည်ဟု သူကဆက်ပြောသည်။ ခေါင်းလောင်းတည်ရှိသည့် နေရာ အတိအကျကိုအဖွဲ့များစွာက အကြိမ်ပေါင်းများစွာ ရေငုပ်ရှာဖွေသော်လည်း ယနေ့တိုင် ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ထို ခေါင်းလောင်းကြီးတွင် လျှို့ဝှက်ဆန်းကြယ်မှုများစွာရှိကြောင်း ဆယ်ယူရန် ကြိုးပမ်းခဲ့ သူတို့က ယုံကြည် ခဲ့ကြသည်။

ယခုအကြိမ်တွင် သိပ္ပံနည်းကျ ရှာဖွေကာ ဆယ်ယူမည် ဖြစ်သော်လည်း ရိုးရာဓလေ့ ထုံးတမ်းများကို ပစ် ပယ်မည် မဟုတ် ကြောင်း ယခင် အကြိမ်များက ခေါင်းလောင်းကြီးကို ဆယ်ယူရာတွင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည့် ဆရာ ချစ်စံဝင်းက ပြော သည်။ ''ဒီဒေသမှာ ဘိုးဘိုးကြီးတို့ ယုံကြည်မှုတွေ အားလုံးကိုလည်း ကျွန်တော်တို့ မပစ်ပယ်ဘူး။ နောက်ပြီးတော့ မွန်အမျိုးသားတွေရဲ့ အဓိကရ ယဉ်ကျေးမှု ပစ္စည်းဖြစ်တဲ့ အချက်ကျတော့ မွန်ဓလေ့ထုံးစံတွေနဲ့လည်း တစ်စွန်းတစ်စမှ မငြိနိုင်အောင် လိုက်နာ ဆောင်ရွက် သွားမယ်'' ဟု သူက ပြောသည်။

ကိုယ်ပိုင် ငွေကြေး စိုက်ထုတ်ကာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ခေါင်းလောင်းကြီးကို သုံးကြိမ်တိုင် ရှာဖွေ ခဲ့သည့် အငြိမ်းစား ရေတပ်အရာရှိ ဦးစံလင်းကမူ ယခုကဲ့သို့ နိုင်ငံခြား အကူအညီဖြင့် ခေါင်းလောင်း ကြီးကို ရှာဖွေဆယ်ယူရန် ကြိုးပမ်းခြင်းသည် အချည်းနှီးသာဖြစ်လိမ့်မည်ဟု သူ၏အမြင်ကို ဆိုသည်။ ဦးစံလင်း သည် ၁၉၉၇ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၈ ခုနှစ်တွင် တစ်ကြိမ် ခေါင်းလောင်းကြီးကို ကိုယ်တိုင် ရေငုပ်ရှာဖွေ ခဲ့ပြီး ဒုတိယ အကြိမ်တွင် ခေါင်းလောင်း ကြီးကို တွေ့ရှိခဲ့ပြီး ခေါင်းလောင်းကြီး အနီးတွင် အခြားခေါင်းတစ် လုံး၊ ပေါ်တူဂီသင်္ဘောပျက်နှစ်စင်း၊ ဥာဏ်တော် ခုနစ်တောင်ရှိ ရွှေသားအစစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ကျောက်သံ ပတ္တမြားများပါသည့် သေတ္တာ ၁၁ လုံးကိုလည်း တွေ့ရှိခဲ့ သည်ဟု ဆိုသည်။ 

၎င်းတို့ကို ဆယ်ယူရန်အတွက် ၂ဝ၁ဝ ပြည့်နှစ် တွင် ရေအရင်း အမြစ်နှင့် မြစ်ကြောင်း ဦးစီးဌာနမှ အင်ဂျင် ပါဝါ ၁၅ဝဝ အထက်ရှိ သောင်တူးစက် တစ်စီးကို ငှားရမ်းအသုံးပြုခွင့်ပေးရန် တင်ပြခဲ့သော်လည်း အင်ဂျင် ပါဝါ ၁ဝဝဝ ရှိ သောင်တူး စက်ကိုသာ ရရှိခဲ့သည့် အတွက် သုံးရက်သာ တူးဖော်ပြီးနောက် ရပ်နားခဲ့ရ သည်ဟု ဦးစံလင်းက ပြော သည်။

၎င်းအပြင် ခေါင်းလောင်းကြီးကို ဆယ်ယူနိုင်ခွင့်ပြုရန် အတွက် နိုင်ငံတော် သမ္မတထံသို့ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း ငါးကြိမ်တိုင် တင်ပြခဲ့ကြောင်း ဦးစံလင်းကဆိုသည်။ မွန်ဘာသာဖြင့် အပိန္နသော်ဟု အမည်ရှိသည့် ထိုခေါင်းလောင်းကြီးကို ကောဇာသက္ကရာဇ် ၈၅၁ ခုနှစ် တပေါင်းလဆန်း ၈ ရက် ကြာသပတေးနေ့တွင် ဓမ္မစေတီမင်းက စတင်သွန်းလောင်း ခဲ့ပြီး ၈၅၂ ခုနှစ် ကဆုန်လဆန်း ၃ ရက်နေ့ (၁၄၉၁ ခုနှစ်) တွင် ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းခဲ့ကြောင်း သမိုင်း မှတ်တမ်းများအရ သိရ သည်။ 

ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းသည့် ခေါင်းလောင်းကြီးများအနက် ဓမ္မစေတီ ခေါင်းလောင်းသည် ပထမ ဆုံး ခေါင်းလောင်းဖြစ်ပြီး ၁၂ တောင်၊ ကြေးပိဿာချိန် တစ်သိန်းရှစ်သောင်း ၂၉ဝ တန် ရှိသည်။ ကောဇာသက္ကရာဇ် ၉၇၄ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ ၁၆၁၂ ခုနှစ်တွင် သန်လျင်မြို့ စား ပေါ်တူဂီ လူမျိုး ဗိုလ်မှူး ဇွင်ကာကူခေါ် ငဇင်ကာက ခေါင်းလောင်းကြီးကို အမြောက်သွန်းလုပ်ရန် သန်လျင်သို့ သယ် ဆောင်စဉ် ဒေါပုံမြစ် အကူးတွင် ဖောင်နစ်ခဲ့သည်ဟု ဆိုသည်။ 

ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် လွန်ခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်က သြစတြေးလျ နိုင်ငံမှ Anima Film ကုမ္ပဏီကလည်း ကမ်းလှမ်း ခဲ့ဖူးကြောင်း သိရပါသည်။ ။ 

From...မြ၀တီ

ညညအိပ်မပျော်သူများ၊ အိပ်ပျော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သူများအတွက်


ညညအိပ်မပျော်သူများ၊ အိပ်ပျော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သူများအတွက်

၁- ည၈နာရီနောက်ပိုင်း ဘာမှမစားပါနဲ့ တော့ စားခဲ့ပြီးတဲ့ညနေစာကလည်း တအားကြီးစားတာမျိုးမဟုတ်ဘဲ
အိပ်ပျော်မူကို အားပေးတဲ့ သကြားနဲ့  ကစီဓာတ်ပါတဲ့ ကာဘိုဟိုက်ဒြိတ်ဒြပ်ပေါင်း အစားအစာမျိုးကိုပဲ စားဖို့ 
့လိုအပ်တယ်

၂- အိပ်ရာမ၀င်ခင် ၄နာရီအတွင်းမှာစိတ်ရောကိုယ်ရောပါ ပင်ပန်းစေမယ့် ပြင်းပြင်းထန်ထန်
အလုပ်မျိုးမလုပ်ပါနဲ့ ။


၃- ကဖိန်း(Caffeine )ဓါတ်ပါတဲ့ကော်ဖီကို တစ်နေကုန်သောက်နေပေမယ့် ညနေ ၄နာရီနောက်ပိုင်းမှာ
မသောက်ရင် အကောင်းဆုံးပါပဲ။

၎- ည ၉နာရီ၊ ၁၀နာရီ ပတ်ဝန်းကျင်လောက်မှာ အိပ်ချင်လာရင် ဘာမှစဉ်းစားမနေနဲ့ တော့။ အိပ်ပစ်လိုက်ပါ ။

၅- အိပ်ရာဆိုတာ အိပ်ဖို့ အတွက်၊ နှစ်ကိုယ်တူယှဉ်တွဲဖို့ အတွက်ပါပဲ ။ ဒါကြောင့် အိပ်ရာပေါ်မှာ
အစာလည်းမစားနဲ့ ။ကွန်ပြူတာအသေး(Laptop)လေးလဲ မယူသွားနဲ့ ။အခြားအလုပ်လုပ်ဖို
လည်းမစဉ်းစားပါနဲ့ အိပ်ဖို့ သက်သက်ပါပဲ။

၆- အိပ်ချိန်မှာ စိတ်ငြိမ်းချမ်းမူကို ဖန်တီးထားပါ။သူရဲ ၊ တစ္ဆေ၀တ္တုဖတ်တာမျိုး ၊ကြောက်စရာကောင်းတဲ့ VCD
ဖွင့်ကြည့်တာမျိုးကို ရှောင်ပါ။

၇- မအိပ်ခင်မှာ ကိုယ့်ပတ်ဝန်းကျင်ဟာလည်း အေးချမ်းငြိမ်သက်ပြီး နားနေစရာကောင်းဖို့ လိုပါတယ်။ကိုယ့်အတွက် သက်သောင့်သက်သာရှိရပါမယ်။

၈- အိပ်ရာနံဘေးမှာ ပန်းချီကားချိတ်ရင်လည်း အရောင်ဖျော့ဖျော့နဲ့ သိမ်မွေ့ နက်နဲတဲ့ ပန်းချီကားမျိုးပဲ
ချိတ်မယ်

။ဒီဇိုင်း ခပ်ဆန်းဆန်း ၊ခပ်ရှုပ်ရှုပ် အရောင်ကလည်း တောက်ပနေတဲ့ ပန်းချီကားဆိုရင်တော့ စိတ်အနှောက်အယှက်ဖြစ်မှာ။

၉- အိပ်ရာဝင်ရင် ၀တ်တဲ့အ၀တ်ဟာ ကိုယ်နဲ့ သက်သက်သာသာ ၊ချောင်ချောင်ချီချီ ရှိ ၊ မရှိ သတိထားရမယ်။ချည်အပျော့စားနဲ့  ရက်လုပ်ထားတဲ့ အ၀က်ကို ၀တ်အိပ်ရင် အသက်ရှုရတာရော ၊အသားနဲ့ 
ထိကပ်နေတာရောဟာ သက်သောင့်သက်သာ ရှိတယ်၊ ည၀တ်ဂါဝန် အရှည်ကြီး ၀တ်အိပ်ရင်တော့လှတယ်ဆိုပေမယ့် မကြာခဏ ရှုပ်ထွေးတာတို့ ၊ တွန့် လိမ်ကြေမွတာဖြစ်နေရင်
စိတ်အနှောက်အယှက်ဖြစ်စေတာပေါ့။

၁၀- တချို့ ကမအိပ်ခင်နှိပ်တာတို့ ၊ ပူနွေးတဲ့အရည်တစ်ခုခုသောက်တာတို့ ၊ရေနွေးလေးနဲ့ ရေချိုးလိုက်တာတို
့ဟာ ပိုပြီးအိပ်ပျော်စေတယ်လို့ ဆိုတယ်နော် ၊ အချို့ သိပ္ပံ ပညာရှင်တွေကတော့ ဒါကို သိပ်ပြီးလက်မခံကြပါဘူး။
နိပ်တာ ရေချိုးတာတွေလုပ်တဲ့အခါမှာ တချို့ ကအကြောအခြင်လျှော့ပြေစေတဲ့ ရေမွှေနံ့ သာဆီတွေနဲ့ 
လမ်းကျံနှိပ်နယ် ရေချိုးတက်ကြတယ်။ တချို့ ကလည်း အထူးစီမံဖော်စပ်ထားတဲ့ နာမည်ကြီးတံဆိပ်

ရေမွှေးနံ
သာဆီတွေကို သုံးကြသေးတယ်။ ဒါတွေက အိပ်ပျော်အောင် အထူးစီမံဖော်စပ်ထားတာပါတဲ့။

၁၁- သင်ဟာ အသံကြောင့် အအိပ်ဆက်တက်ပါသလား။ အဲဒါဆိုရင် အသံဗလံတွေကို ယဉ်လာဖို့  လေ့ကျင့်ယူရမယ်။ လေတိုက်တဲ့အသံဟာ ထူးထူးခြားခြား အသံမဟုတ်ပေမယ့် ကားသံလူသံတွေကို
ဖုံးလွှမ်းသွားတက်တယ်။ (ကြိုက်တက်ရင်) ညင်ညင်သာသာရှိတဲ့ ကလေးချော့သီးချင်းမျိုးလို
သီးချင်းစီဒီဓါတ်ပြားဖွင့် နားထောင်ရင်းအိပ်လိုက်ပေါ့ ။

၁၂- တကယ်လို့  ကိုယ့်အိပ်ခန်းအပြင်က မီးအလင်းရောင်ဟာ ကိုယ့်အခန်းကို ထိုးဖောက်ဝင်ရောက်နေရင်
ခန်းဆီးထူထူနဲ့  ကာရင်ကာ၊ မျက်လုံးကာအဖုံးလေး(Sleep Mask)နဲ့ အိပ်ပါ။

၁၃- ကိုယ်မြတ်နိုးနှစ်သက်တဲ့ ပစ္စည်းတစ်ခုခု၊ အရုပ်ကလေးတစ်ရုပ်ရဲ့ အနံ့ အသက် ၊ အထိအတွေ့ သို့ မဟုတ်
အသံလေးတစ်ခုခုကို ရှူနေ၊ ထိနေ၊ ကြားနေရမှ အိပ်ပျော်မယ်ဆိုရင် အဲဒီ အရုပ် သို့ မဟုတ် ပစ္စည်ကို

အိပ်ရာဆီယူသွားပါ။ ( မောင်.........မောင် တမောင်မောင်နဲ့  သိပ်ခေါ်ရမှ အိပ်ပျော်မယ့် အဖြစ်မျိုး ဆိုတဲ့
သီးချင်းထဲက လိုမျိုးလေ)

၁၄- ကြောင်၊ ခွေး စတဲ့ အိပ်မွေးတိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ ကောင်းသလောက် လူအိပ်တဲ့နေရာမှာတော့
တော်တော်လေးကို အနှောက်အယှက်ဖြစ်စေပါတယ်။ အထူးအဖြစ် အဲဒီ
တိရစ္ဆာန်လေးတွေဟာဒေါသထွက်လာရင် လူတွေကို တော်တော်ကသိကအောက်ဖြစ်စေတက်ပြီး သူတို
့ ရဲ့ကိုယ်က အမွေးအမျှင်တွေဟာလည်း လူအတော်တော်များများကို (Allergic)ဖြစ်စေတက်လို့ မနှစ်မြို့ 
့သူများ ဝေးဝေးရှောင်ပြီးအိပ်ပါ။

၁၅- နောက်ဆုံးတစ်ချက်ကတော့ အိပ်ခန်းထဲမှာ မကောင်းတဲ့အနံ့အသက်( ဥပမာ-မှိုနံ့ ၊ သိုးနံ့ နဲ့ ဖုန်နံ့  )တွေရှိရင်တော့ အိပ်လို့ ရမှာ မဟုတ်ဘူး။ ဒီလေသန့် စင်စက်ရဲ့ တ၀ီဝီမြည်သံလေးကပဲ
နံဘေးပတ်ဝန်းကျင်က
ဆူညံသံတွေကို ဖုံးလွှမ်းပေးသွားတက်ပြီး အိပ်ကောင်းခြင်းကို မိတ်ဆွေရောက်ပါလိမ့်မယ် ။ ။




ရောင်စဉ်ငြိမ်း

၁- ည၈နာရီနောက်ပိုင်း ဘာမှမစားပါနဲ့ တော့ စားခဲ့ ပြီးတဲ့ညနေစာကလည်း တအားကြီး စားတာ မျိုးမ ဟုတ်ဘဲအိပ်ပျော်မူကို အားပေးတဲ့ သကြားနဲ့  ကစီ ဓာတ်ပါတဲ့ ကာဘိုဟိုက်ဒြိတ်ဒြပ်ပေါင်း အစား အစာ မျိုးကိုပဲ စားဖို့လိုအပ်တယ်

၂- အိပ်ရာမ၀င်ခင် ၄နာရီအတွင်းမှာ စိတ်ရော ကိုယ်ရောပါ ပင်ပန်းစေမယ့် ပြင်းပြင်းထန်ထန် အ လုပ်မျိုး မလုပ်ပါနဲ့ ။


၃- ကဖိန်း (Caffeine) ဓါတ်ပါတဲ့ ကော်ဖီကို တစ်နေကုန် သောက်နေပေမယ့် ညနေ ၄နာရီနောက်ပိုင်းမှာ မသောက်ရင် အကောင်းဆုံးပါပဲ။

၎- ည ၉နာရီ၊ ၁၀နာရီ ပတ်ဝန်းကျင်လောက်မှာ အိပ်ချင်လာရင် ဘာမှစဉ်းစားမနေနဲ့ တော့။ အိပ်ပစ် လိုက်ပါ ။

၅- အိပ်ရာဆိုတာ အိပ်ဖို့ အတွက်၊ နှစ်ကိုယ်တူယှဉ်တွဲဖို့ အတွက်ပါပဲ ။ ဒါကြောင့် အိပ်ရာပေါ်မှာ အစာ လည်းမစားနဲ့ ။ကွန်ပြူတာအသေး(Laptop)လေးလဲ မယူသွားနဲ့ ။အခြားအလုပ်လုပ်ဖို လည်းမစဉ်းစားပါနဲ့ အိပ်ဖို့ သက်သက်ပါပဲ။

၆- အိပ်ချိန်မှာ စိတ်ငြိမ်းချမ်းမူကို ဖန်တီးထားပါ။သူရဲ ၊ တစ္ဆေ၀တ္တုဖတ်တာမျိုး ၊ကြောက်စရာကောင်းတဲ့ VCD ဖွင့်ကြည့်တာ မျိုးကို ရှောင်ပါ။

၇- မအိပ်ခင်မှာ ကိုယ့်ပတ်ဝန်းကျင်ဟာလည်း အေးချမ်းငြိမ်သက်ပြီး နားနေစရာကောင်းဖို့ လိုပါတယ်။ ကိုယ့်အတွက် သက်သောင့်သက်သာရှိရပါမယ်။

၈- အိပ်ရာနံဘေးမှာ ပန်းချီကားချိတ်ရင်လည်း အရောင်ဖျော့ဖျော့နဲ့ သိမ်မွေ့ နက်နဲတဲ့ ပန်းချီကားမျိုးပဲ ချိတ်မယ် ။ဒီဇိုင်း ခပ်ဆန်းဆန်း ၊ခပ်ရှုပ်ရှုပ် အရောင်ကလည်း တောက်ပနေတဲ့ ပန်းချီကားဆိုရင်တော့ စိတ်အနှောက်အယှက်ဖြစ်မှာ။

၉- အိပ်ရာဝင်ရင် ၀တ်တဲ့အ၀တ်ဟာ ကိုယ်နဲ့ သက်သက်သာသာ ၊ချောင်ချောင်ချီချီ ရှိ ၊ မရှိ သတိ ထားရမယ်။ချည်အပျော့စားနဲ့  ရက်လုပ်ထားတဲ့ အ၀က်ကို ၀တ်အိပ်ရင် အသက်ရှုရတာရော ၊ အသားနဲ့  ထိကပ်နေတာရောဟာ သက်သောင့်သက်သာရှိတယ်၊ ည၀တ်ဂါဝန် အရှည်ကြီး ၀တ်အိပ်ရင်တော့ လှတယ်ဆိုပေမယ့် မကြာခဏ ရှုပ်ထွေးတာတို့ ၊ တွန့် လိမ်ကြေမွတာဖြစ်နေရင် စိတ်အနှောက်အယှက် ဖြစ်စေတာပေါ့။

၁၀- တချို့ ကမအိပ်ခင်နှိပ်တာတို့ ၊ ပူနွေးတဲ့အရည်တစ်ခုခုသောက်တာတို့ ၊ရေနွေးလေးနဲ့ ရေချိုးလိုက် တာတို့ ဟာ ပိုပြီးအိပ်ပျော်စေတယ်လို့ ဆိုတယ်နော် ၊ အချို့ သိပ္ပံ ပညာရှင်တွေကတော့ ဒါကို သိပ်ပြီး လက်မခံကြပါဘူး။ နိပ်တာ ရေချိုးတာတွေလုပ်တဲ့အခါမှာ တချို့ ကအကြောအခြင်လျှော့ပြေစေတဲ့ ရေမွှေနံ့ သာဆီတွေနဲ့  လမ်းကျံနှိပ်နယ် ရေချိုးတက်ကြတယ်။ တချို့ ကလည်း အထူးစီမံဖော်စပ်ထားတဲ့ နာမည်ကြီးတံဆိပ် ရေမွှေးနံ သာဆီတွေကို သုံးကြသေးတယ်။ ဒါတွေက အိပ်ပျော်အောင် အထူးစီမံဖော်စပ် ထားတာပါတဲ့။

၁၁- သင်ဟာ အသံကြောင့် အအိပ်ဆက်တက်ပါသလား။ အဲဒါဆိုရင် အသံဗလံတွေကို ယဉ်လာဖို့  လေ့ကျင့်ယူရမယ်။ လေတိုက်တဲ့အသံဟာ ထူးထူးခြားခြား အသံမဟုတ်ပေမယ့် ကားသံလူသံတွေကို ဖုံးလွှမ်းသွားတက်တယ်။ (ကြိုက်တက်ရင်) ညင်ညင်သာသာရှိတဲ့ ကလေးချော့သီးချင်းမျိုးလို သီးချင်းစီဒီ ဓါတ်ပြားဖွင့် နားထောင်ရင်းအိပ်လိုက်ပေါ့ ။

၁၂- တကယ်လို့  ကိုယ့်အိပ်ခန်းအပြင်က မီးအလင်းရောင်ဟာ ကိုယ့်အခန်းကို ထိုးဖောက်ဝင်ရောက်နေရင် ခန်းဆီးထူထူနဲ့  ကာရင်ကာ၊ မျက်လုံးကာအဖုံးလေး(Sleep Mask)နဲ့ အိပ်ပါ။

၁၃- ကိုယ်မြတ်နိုးနှစ်သက်တဲ့ ပစ္စည်းတစ်ခုခု၊ အရုပ်ကလေးတစ်ရုပ်ရဲ့ အနံ့ အသက် ၊ အထိအတွေ့ သို့ မဟုတ် အသံလေးတစ်ခုခုကို ရှူနေ၊ ထိနေ၊ ကြားနေရမှ အိပ်ပျော်မယ်ဆိုရင် အဲဒီ အရုပ် သို့ မဟုတ် ပစ္စည်းကို အိပ်ရာဆီယူသွားပါ။ (မောင်.........မောင် တမောင်မောင်နဲ့  သိပ်ခေါ်ရမှ အိပ်ပျော်မယ့် အဖြစ်မျိုး ဆိုတဲ့ သီးချင်းထဲက လိုမျိုးလေ)

၁၄- ကြောင်၊ ခွေး စတဲ့ အိပ်မွေးတိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ ကောင်းသလောက် လူအိပ်တဲ့နေရာမှာတော့ တော်တော်လေးကို အနှောက်အယှက်ဖြစ်စေပါတယ်။ အထူးအဖြစ် အဲဒီ တိရစ္ဆာန်လေးတွေဟာ ဒေါသ ထွက်လာရင် လူတွေကို တော်တော်ကသိကအောက်ဖြစ်စေတက်ပြီး သူတို့  ရဲ့ကိုယ်က အမွေးအမျှင် တွေဟာလည်း လူအတော်တော်များများကို (Allergic)ဖြစ်စေတက်လို့ မနှစ်မြို့ သူများ ဝေးဝေး ရှောင်ပြီးအိပ်ပါ။

၁၅- နောက်ဆုံးတစ်ချက်ကတော့ အိပ်ခန်းထဲမှာ မကောင်းတဲ့အနံ့အသက်( ဥပမာ-မှိုနံ့ ၊ သိုးနံ့ နဲ့ ဖုန်နံ့  )တွေရှိရင်တော့ အိပ်လို့ ရမှာ မဟုတ်ဘူး။ ဒီလေသန့် စင်စက်ရဲ့ တ၀ီဝီမြည်သံလေးကပဲ နံဘေးပတ် ၀န်းကျင်က ဆူညံသံတွေကို ဖုံးလွှမ်းပေးသွားတက်ပြီး အိပ်ကောင်းခြင်းကို မိတ်ဆွေရောက်ပါလိမ့်မယ် ။ ။

From...Myanma Spectrum

ဝက်မကြီးမှ ဆင်၊ ကြံ့၊ မျောက်ခေါင်းပါ ဝက်သုံးကောင် မွေးဖွား


Photo: ဝက်မကြီးမှ ဆင်၊ ကြံ့၊ မျောက်ခေါင်းပါ ဝက်သုံးကောင် မွေးဖွား
Wednesday, May 15, 2013

နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်တွင် မိခင် ဝက်မကြီးမှ ဝက်သားပေါက် ခြောက်ကောင် မွေးဖွားသည့် အနက် သုံးကောင်မှာ ဝက်ခန္ဓာကိုယ်နှင့် ဆင်ခေါင်း သဏ္ဌာန် တစ်ကောင်၊ ကြံ့ခေါင်းသဏ္ဌာန် တစ်ကောင်၊ မျောက်ခေါင်းသဏ္ဌာန် တစ်ကောင်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီတွင် ဇေယျာသီရိ မြို့နယ် ခေတ်အေး ကျေးရွာအုပ်စု မရင်းကြီး ကျေးရွာနေ ကိုသန်းနိုင်ဦး-မဇင်မာဦးတို့ မွေးမြူထားသော ဝက်မကြီးမှ ဝက်ပေါက် အထီးတစ်ကောင် စတင် သားကျပြီး ဒုတိယ သားပေါက်တွင် ကြံ့ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ တတိယ သားပေါက်တွင် ဆင်ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ စတုတ္ထ သားပေါက်တွင် မျောက်ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ ထို့နောက် ဝက်ပေါက် နှစ်ကောင် စုစုပေါင်း ခြောက်ကောင် ပေါက်ဖွား ခဲ့ကြောင်း သိရသည်။

ယခုပေါက်ဖွားသော ဝက်သားပေါက် ကလေးများမှာ အလျား ၈ လက်မခန့် ရှိပြီး ဆင်ပေါက် ကလေးမှာ နှာမောင်းတစ်ခု ဆင်မျက်လုံး နှစ်လုံး ပါရှိသည်။ ကြံ့ပေါက်လေးမှာ ဦးခေါင်းမျက်နှာပြင် အလယ် တည့်တည့်တွင် မျက်လုံးကြီး တစ်လုံးတည်း ပါရှိပြီး အစွယ်နု၊ ဦးချိုနု၊ ကြံ့ပါးစပ်နှင့် ဝက်ခန္ဓာ ပါရှိပြီး မျောက်သတ္တဝါမှာ မျက်နှာသည် မျောက်မျက်နှာစင်စစ် ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဝက်ခန္ဓာကိုယ် ဖြစ်ကြောင်း သိရသည်။

''မွေးပြီး သုံးနာရီ အကြာ မွန်းတည့် ၁၂ နာရီမှာ ဆင်ပေါက်လေးနှင့် ကြံ့ပေါက်လေး သေဆုံးသွားတယ်၊ မျောက်လေးကတော့ အသက်ရှင်လျက် ရှိပါတယ်၊ သေသွားတဲ့ ကြံ့နဲ့ဆင်ကိုတော့ သက်ဆိုင်ရာ တာဝန် ရှိသူများကို ပြပြီး ညွှန်ကြားသလို ပြုလုပ်ပါမယ်''ဟု ဝက်ပိုင်ရှင် မဇင်မာဦးက မြဝတီ သို့ ပြောကြားသည်။

ယခုအခါ ထူးဆန်းစွာ မွေးဖွားလာသော သတ္တဝါလေး များအား ပတ်ဝန်း ကျင် ကျေးရွာများမှလာရောက်ကြည့်ရှု သူများနှင့် စည်ကားလျက် ရှိကြောင်း တွေ့မြင်ရသည်။

မြ၀တီ

နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်တွင် မိခင်ဝက်မကြီးမှ ဝက် သားပေါက် ခြောက်ကောင် မွေးဖွားသည့် အနက် သုံးကောင်မှာ ဝက်ခန္ဓာကိုယ်နှင့် ဆင်ခေါင်း သဏ္ဌာန် တစ်ကောင်၊ ကြံ့ခေါင်းသဏ္ဌာန် တစ်ကောင်၊ မျောက်ခေါင်း သဏ္ဌာန် တစ်ကောင်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။


ယနေ့ နံနက် ၉ နာရီတွင် ဇေယျာသီရိ မြို့နယ် ခေတ်အေး ကျေးရွာအုပ်စု မရင်းကြီး ကျေးရွာနေ ကိုသန်းနိုင်ဦး-မဇင်မာဦးတို့ မွေးမြူထားသော ဝက်မကြီးမှ ဝက်ပေါက် အထီးတစ်ကောင် စတင် သားကျ ပြီး ဒုတိယ သားပေါက်တွင် ကြံ့ခေါင်း သဏ္ဌာန် ဖြင့် တစ်ကောင်၊ တတိယ သားပေါက်တွင် ဆင်ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ စတုတ္ထ သားပေါက်တွင် မျောက်ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ ထို့နောက် ဝက်ပေါက် နှစ်ကောင် စုစုပေါင်း ခြောက်ကောင် ပေါက်ဖွား ခဲ့ကြောင်း သိရသည်။

ယခုပေါက်ဖွားသော ဝက်သားပေါက် ကလေးများမှာ အလျား ၈ လက်မခန့် ရှိပြီး ဆင်ပေါက် ကလေး မှာ နှာမောင်းတစ်ခု ဆင်မျက်လုံး နှစ်လုံးပါရှိသည်။ ကြံ့ပေါက်လေးမှာ ဦးခေါင်းမျက်နှာပြင် အလယ် တည့်တည့် တွင် မျက်လုံးကြီး တစ်လုံးတည်း ပါရှိပြီး အစွယ်နု၊ ဦးချိုနု၊ ကြံ့ပါးစပ်နှင့် ဝက်ခန္ဓာ ပါရှိပြီး မျောက်သတ္တဝါမှာ မျက်နှာသည် မျောက်မျက်နှာစင်စစ် ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဝက်ခန္ဓာ ကိုယ် ဖြစ်ကြောင်း သိရသည်။

''မွေးပြီး သုံးနာရီ အကြာ မွန်းတည့် ၁၂ နာရီမှာ ဆင်ပေါက်လေးနှင့် ကြံ့ပေါက်လေး သေဆုံး သွားတယ် ၊ မျောက်လေးကတော့ အသက်ရှင်လျက် ရှိပါတယ်၊ သေသွားတဲ့ ကြံ့နဲ့ဆင်ကိုတော့ သက်ဆိုင်ရာ တာဝန်ရှိ သူများကို ပြပြီး ညွှန်ကြားသလို ပြုလုပ်ပါမယ်''ဟု ဝက်ပိုင်ရှင် မဇင်မာဦးက မြဝတီ သို့ ပြောကြားသည်။

ယခုအခါ ထူးဆန်းစွာ မွေးဖွားလာသော သတ္တဝါလေး များအား ပတ်ဝန်း ကျင် ကျေးရွာများမှ လာရောက် ကြည့်ရှုသူများနှင့် စည်ကားလျက် ရှိကြောင်း တွေ့မြင်ရသည်။

မြ၀တီ

မြန်မာသမ္မတ ဦးသိန်းစိန် ၀ါရှင်တန်တွင် မိန့်ခွန်းပြောမည်


မြန်မာသမ္မတ ဦးသိန်းစိန် ၀ါရှင်တန်တွင် မိန့်ခွန်းပြောမည်
Wednesday, May 15, 2013

ပြပြင်ပြောင်းလဲရေးသမား မြန်မာသမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန် ခရီးစဉ်အတွင်း ၀ါရှင်တန်၌ မိန့်ခွန်း ပြောကြားမည်ဟု Channel News Asia သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်သည် လာမည့်တနင်္လာနေ့တွင် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် School of Advanced International Studies နှင့် အမေရိကန်နိုင်ငံ၏ အကြီးဆုံးစီးပွားရေးဖက်ဒရေးရှင်းဖြစ်သည့် US Chamber of Commerce တို့၌ မိန့်ခွန်းပြောမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းများမှ ပြောခွင့်ရ ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဟု ယူဆရသည်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ မကြာသေးမီကထုတ်ပြန်ချက်တစ်ခုတွင် မြန်မာနိုင်ငံသည် ဘင်ဂါလီမူဆလင် များကို လူမျိုးတုန်းသတ်ဖြတ်မှုများ ဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည်။ သို့သော်လည်း သမ္မတဦးသိန်းစိန်၏ လူ့အဖွဲ့အစည်းချင်းသဟာဇာတဖြစ်ရေးကြေညာချက်ကို အိုဘားမားအစိုးရက ချီးကျူးခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် တွင် သမ္မတဖြစ်လာပြီးနောက် နိုင်ငံရေး အကျဉ်းသားရာနှင့်ချီ၍ လွှတ်ပေးခဲ့ ခြင်းနှင့် အတိုက်အခံဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင်းဝင်နိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းတို့အပါအ၀င် ပြုပြင်ပြောင်းလဲမှုအများအပြား ဆောင်ရွက် ခဲ့ခြင်းဖြင့် ဝေဖန်သူအများအပြားကို အံ့အားသင့်စေခဲ့သည်။

အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ ကို အားပေးမည်ဟု ကတိပြုထားပြီး မြန်မာနိုင်ငံ၏တိုးတက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပိတ်ဆို့မှုအများစုကို ရုတ်သိမ်းပေးခဲ့သည်။

Ref: Channel NewsAsia

ပြပြင်ပြောင်းလဲရေးသမား မြန်မာသမ္မတ ဦးသိန်းစိန် ၏ သမိုင်းဝင် အမေရိကန်ခရီးစဉ်အတွင်း ၀ါရှင်တန် ၌ မိန့်ခွန်း ပြောကြားမည်ဟု Channel News Asia သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်သည် လာမည့်တနင်္လာနေ့တွင် ဂျွန် ဟော့ပ်ကင်း တက္ကသိုလ် School of Advanced International Studies နှင့် အမေရိကန်နိုင်ငံ၏ အကြီးဆုံးစီးပွားရေးဖက်ဒရေးရှင်းဖြစ်သည့် US Chamber of Commerce တို့၌ မိန့်ခွန်းပြောမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းများမှ ပြောခွင့်ရ ပုဂ္ဂိုလ် များက ပြောကြားခဲ့သည်။


သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဟု ယူဆရသည်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ မကြာသေးမီကထုတ်ပြန်ချက်တစ်ခုတွင် မြန်မာနိုင်ငံသည် ဘင်ဂါလီ မူဆလင်များကို လူမျိုးတုန်းသတ်ဖြတ်မှုများ ဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည်။ သို့သော်လည်း သမ္မတဦးသိန်းစိန်၏ လူ့အဖွဲ့အစည်းချင်းသဟာဇာတဖြစ်ရေးကြေညာချက်ကို အိုဘားမားအစိုးရက ချီးကျူး ခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာ ပြီးနောက် နိုင်ငံရေးအကျဉ်းသားရာနှင့်ချီ၍ လွှတ်ပေးခဲ့ခြင်းနှင့် အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် တွင်းဝင်နိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းတို့အပါအ၀င် ပြုပြင်ပြောင်း လဲမှုအများ အပြား ဆောင် ရွက်ခဲ့ခြင်းဖြင့် ဝေဖန်သူအများအပြားကို အံ့အားသင့်စေခဲ့သည်။

အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကို အားပေးမည်ဟု ကတိပြု ထားပြီး မြန်မာနိုင်ငံ၏တိုးတက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပိတ်ဆို့မှုအများစုကို ရုတ် သိမ်းပေး ခဲ့သည်။

Ref: Channel NewsAsia

ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးမည့် အစိုးရ၏ အစီအမံအပေါ် လိုက်နာမှု မရှိက ဥပဒေနှင့်သွားမည်

ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးမည့် အစိုးရ၏ အစီအမံအပေါ် လိုက်နာမှုမရှိခြင်းနှင့် တားဆီးခြင်း တို့ကို ဥပဒေအရ အရေးယူမှုတို့ ရှိလာမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတိပေးပြော ဆိုသည်။ ၄င်းက မဟာစင် ဆိုက်ကလုန်းမုန်တိုင်းနှင့်ပတ်သတ်၍ ကြိုတင်ပြင်ဆင်ထားမှုဆိုင်ရာ စာနယ်ဇင်း ရှင်း လင်းပွဲ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။


"သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို အခုလွှတ်တော်ကို ပို့လိုက်ပြီ။အဲ့ဒီထဲမှာ စီမံထားရှိ ထားသော အဆောက်အဦးတွေ နေရာတွေ ဆီကို လူသားတွေ အန္တရာယ်မကျရောက်စေဖို့ အစိုးရ က ရွှေ့ပြောင်းမှုစီမံတဲ့အခါ မလိုက်နာရင် ချမှတ်ရမယ့် ပြစ်ဒဏ်တွေ ပါထားပြီးသား ဒါလည်း လူသားချင်း စာနာတဲ့အတွက် ကြောင့် ပဲဟု " ၀န်ကြီးက ပြောသည်။

မဟာစင်မုန်တိုင်း ၀င်ရောက်တိုက်ခိုက်ရန် ရက်အနည်းငယ်သာ လိုတော့သည့် အချိန်တွင် အန္တရာယ် ရှိနေသည့် စစ်တွေနှင့် မောင်းတော ကမ်းခြေနေရာတို့မှ အချို့သော ဘင်္ဂလီတို့မှာ အစိုးရ ၏ ပြောင်းရွေ့ ပေးမှုအပေါ်မှာ ငြင်းဆန်မှုအချို့ရှိနေကြောင်း သိရသည်။

ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က "အခုရင်ဆိုင်နေရတာက အန္တရာယ်မရှိဘူးထင်ပြီး ပြောင်းရွှေ့ပေး တဲ့နေရာတွေ ကို မလာချင်ဘူး တစ်ချို့ကလည်း နေရာမရဘူးထင်ပြီး မရွှေ့ချင်ဘူး ။ ဒါတွေများနေတယ် "ဟု ပြောသည်။

From....Popular Myanmar News Journal

ပြည်မြို့ ဆရာတော်အား ဓါးဖြင့်ထိုးသွားသည့်တရားခံအား ဖမ်းမိ



ရွာဘဲရပ်ကွက်၊ ပုညရှင်ဓမ္မာရုံကျောင်းမှ ဆရာ တော် အား ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသော တရားခံ ရဲဝင်း(ခ)ရဲနောင်အား ပြည်မြို့၊မြို့မ ရဲစခန်းမှူး ဒုရဲမှူး ၀င်းခိုင်ဦးစီး နယ်ထိမ်းအဖွဲ့မှ (၁၅. ၅ .၂၀၁၃) ရက်နေ့နံနက်(၁း၀၀)နာရီ၄၅မိနစ်က သီရိခေတ္တရာ တည်းခိုခန်း၌ တည်းခိုနေစဉ် ဖမ်းဆီး ရမိခဲ့ပါသည်။


၎င်းအပြင်တရားခံရဲဝင်း(ခ)ရဲနောင်သည် ဆိုင်ကယ် ခိုးမှုများစစ်ဆေးပေါ်ပေါက်ကြောင်း ပြည်မြို့မ ရဲ စခန်း တာဝန်ရှိသူထံမှသိရသည်။

တရာခံရဲဝင်း(ခ)ရဲနောင်ပုံပါ....

(၁၄.၅.၂၀၁၃)ရက်နေ့ နေ့လည်(၂)နာရီအချိန်ကဖြစ်ပွားခဲ့သော ပုညရှင်စေတီကျောင်းမှဆရာတော်အား ဓါးဖြင့်ထိုးသွားသည့်တရားခံကို ပြည်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းခိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းနိုင်နှင့် နယ်ထိန်းအဖွဲ့၊ ရဲစခန်းရှိတပ်ဖွဲ့ဝင်များ၊ သက်သေ ဦးသန်းထူးနှင့်အဖွဲ့တို့မှ အခင်း ဖြစ်ပွါးသည့်အချိန်မှစ၍ တရားခံအမြန်ဖော်ထုတ်နိုင်ရေးအတွက် မနားမနေအစွမ်းကုန်ကြိုးပမ်းခဲ့ကြပါတယ်။

ထိုသို့ကြိုးပမ်းအားထုတ်မှုကြောင့် အချိန်အတိုအတွင်း တရားခံမည်သူမည် ၀ါဆိုတာ သိခဲ့ရပါတယ်။

သို့သော်လည်း တရားခံမှာ အခင်းဖြစ်သည့်အချိန်မှစပြီး ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ၄င်း သွားလာတတ်သည့်နေရာများအား နယ်ထိန်းအဖွဲ့မှ အမာခံသတင်းပေးများဖြင့် ပူးပေါင်းစုံစမ်းခဲ့ရာ နောက် ဆုံး တရားခံသွားလာတတ်သည့်နေရာများသိရှိခဲ့ရပါတယ်။

ည(၁၁၄၅)အချိန် စခန်းမှူးနှင့် နယ်ထိန်းအဖွဲ့မှ တရားခံရောက်ရှိလာမည့်နေရာ(တည်းခိုခန်းတစ်ခု)တွင် လျှို့ဝှက်စောင့် ဆိုင်းကာတရားခံအားဖမ်းဆီးရမိပြီး သက်သေခံပစ္စည်း ဖုန်းနှင့်ဓါးအား သိမ်းဆည်းနိုင်ခဲ့ ပါတယ်။

၎င်းကိုစစ်မေးတဲ့အခါ ရဲနောင်(၂၆)နှစ်၊ မြကန်သာနေသူဖြစ်ကြောင်းသိရှိရပြီး ဆရာတော်ကိုဓါးနှင့်ထိုး တယ်လီဖုန်းကိုယူဆောင်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်

ပြည်သတင်းလူငယ် တင်ခဲ့သလို အဖွဲ့လိုက်မဟုတ်ပဲ တစ်ယောက်တည်းသာဖြစ်ပါတယ်လို့ သတင်းပေးပို့သူ တစ်ဦးထံမှသိရှိ ရပါတယ်။ ၉ နာရီ ၄၅မိနစ်အတွင်း တရားခံအမြန်ဆုံးဖမ်းဆီးပေးနိုင်တဲ့ ရဲတပ်ဖွဲ့အတွက် ဂုဏ်ယူပါတယ်။

https://www.facebook.com/pyaynews?ref=ts&fref=ts

တရုတ်ရဟတ်ယာဉ်သတင်း UWSA တရားဝင် ရှင်းလင်း



ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဦးသိန်းဇော် ဦး ဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ဟာ ၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဌာနချုပ် ပန် ဆိုင်းရှိရာကို သွားခဲ့စဉ်မှာ မြန်မာသတင်းစဉ် အဖွဲ့ လည်း ပါဝင်သွားခဲ့ရာ ၀ တိုင်းရင်းသား ခေါင်း ဆောင်တွေက တရုတ်ပြည်က စစ်သုံးရဟတ်ယာဉ် ရခဲ့တယ်ဆိုတဲ့ သတင်းကို တရားဝင် ငြင်းဆိုခဲ့ ပါ တယ်။


ဧပြီ လကုန်ပိုင်းက Jane's Intelligent Review က သတင်းတပုဒ်မှာ တရုတ်နိုင်ငံဆီက ဝေဟင် မှ ဝေဟင်ပစ် ဒုံးလက်နက် တပ်ဆင်ထားတဲ့ စစ်သုံးရဟတ်ယာဉ် ၅ စီး UWSA က ရခဲ့တယ်ဆိုတဲ့ သတင်း ကြောင့် ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ ဒုဥက္ကဌ ဦးရှောင်းမီးလျှန်းက အနည်းငယ်တော့ စိုးရိမ်မိတယ် လို့ ယနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဝ ဒေသဟာ ဖွံ့ဖြိုးမှု နောက်ကျနေတာကြောင့် ဒေသတွင်းက လူတွေ ဗဟုသုတရစေဖို့ ဥယျာဉ်ကြီး တခု တည်ဆောက်ပြီး အဲဒီဥယျာဉ်ထဲမှာ ပြသဖို့ လေယာဉ် ၂ စီးတော့ ၀ယ်ခဲ့ပါတယ်တဲ့။ 

" ထိုင်းနိုင်ငံက ရဟတ်ယာဉ်အဟောင်း ( အခွံချည်းသက်သက်) စက်မပါတာက တစင်း၊ ဖော်ကာ လေ ယာဉ် အသေးစား (စက်မပါ) တစင်း၊ မြစ်ကြောင်းသွား ရေယာဉ်တစင်း၊ စုစုပေါင်း ၃ စင်း ကို ၀ယ်ယူခဲ့ပါ တယ်။ ရဟတ်ယာဉ်မှာ နောက်မြီးတောင် မပါပါဘူး" လို့ ဦးရှောက်မီးလျှန်းက ပြောထားပါတယ်။ 

ဒီသတင်းဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာအစိုးရ ဘက်ကလည်း စိုးရိမ်မှုတွေ ရှိလာပြီး မြန်မာအစိုးရ ငြိမ်းချမ်း ရေး ကိုယ်စားလှယ်အဖွဲ့ သွားခဲ့ရတာပါ။ 

အခုတော့ UWSA ခေါင်းဆောင်တွေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ဟာ အစိုးရနဲ့ UWSA အကြား နား လည်မှု လွဲမှားနိုင်တဲ့ သတင်းတွေအပေါ် စိုးရိမ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ့အလင်း သတင်းမှာ ဖော်ပြထားပါတယ။် 

Credit : http://blog.irrawaddy.org/2013/05/uwsa_14.html

ရေငုပ်ပြီး ဓာတ်ပုံရိုက်နိုင်မယ့် Sony ဖုန်းအသစ်



တယ်လီဖုန်းကို ရေအောက်ယူ သွား တာ စကားပြောဖို့ မဟုတ်ပါဘူး။ ဖုန်း ဆက် ဖို့ ပါ။ ဒီအကြောင်း ဧရာဝတီ အိုင်တီ ဆောင်းပါးရှင် ဆောင်းဦးလင်း က အခုလို ပြောပြထားပါတယ် ...

Sony ရဲ့ အသစ်ထွက်ရှိလာမယ့် ဖုန်း အသစ် Sony Xperia ZR ဟာ လက်ရှိ နာမည်ကြီးဖုန်းတွေမှာ မပါဝင်သေးတဲ့ နည်းပညာသစ်တွေ ထည့်သွင်းထားပါတယ် တဲ့။

အဲဒီထဲမှာ ရေစိမ်ခံနိုင်တဲ့အစွမ်းလည်း အပါအ၀င်ပေါ့။


ရေအောက် ၅ မီတာအထိ ဖိအားခံနိုင်မယ်၊ ရေထဲမှာ ဓာတ်ပုံရိုက်ချင်တဲ့ သူတွေအတွက် အဆင်ပြေစေ မယ့် အကောင်းစား ကင်မရာလည်း ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။

ရေဖိအားဒဏ်ခံနိုင်မှုဟာ IP 55 – IP 58 ရှိတယ်၊ အရင်ထွက်ရှိထားတဲ့ Sony Xperia Z ထက် သာလွန် ကောင်းမွန်ပါတယ်။ ရေစိုဒဏ် ခံနိုင်တယ်ဆိုပေမယ့်လို့  ဒီဖုန်းကို ပင်လယ်ရေထဲ အသုံးမပြုသင့်ဘူး၊ သန့်  ရှင်းတဲ့ ရေကူးကန်မှာသာ အသုံးပြုသင့်တယ်လို့ ကြိုတင် တိုက်တွန်းထားတာပါ။

ကျန်တဲ့အချက်တွေအနေနဲ့ တော့ ဖုန်းမျက်နှာပြင်ဟာ အရွယ်အစားဟာ Sony Xperia Z နဲ့ တူညီပြီး 4.6 screen size ရှိပါတယ်။ အလုပ်လုပ်တာမြန်ဆန်ဖို့ အတွက်တော့ 1.5 GHz quad-core Qualcomm Snapdragon Processor ကိုအသုံးပြုထားပါတယ်။

(ဧရာဝတီဘလော့မှာ ဖော်ပြထားတဲ့ အိုင်တီ အကြောင်းအရာတွေကိုပဲ ဖတ်လိုတယ် ဆိုရင် သွားရမယ့် နေရာက http://blog.irrawaddy.org/search/label/IT ဖြစ်ပါတယ်။)

သိုလှောင်နိုင်မှုမှတ်ညဏ်အားဖြင့် 2GB ပါရှိပြီး memory card ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဓာတ်ပုံ ရိုက်မယ့်သူတွေနှစ်ခြိုက်နိုင်တာကတော့ 13-megapixel camera ပါရှိခြင်းပါပဲ။ ဒါကြောင့် အရည်အသွေး ကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ 

ဒါ့အပြင် HD quality ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး Exmor RS Image Senson ကိုအသုံး ပြုထားတာကြောင့် ရေအောက်မှာ ဓာတ်ပုံကောင်းတွေ ရိုက်ချင်တဲ့သူတွေအတွက်အဆင်ပြေစေမှာပါ။

Sony က လက်ရှိအချိန်မှာတော့ ဈေးနှုန်းကို မကြေညာသေးပါဘူး။ နောက်လပိုင်းအတွင်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ အဖြူ နဲ့  အနက်ကိုပဲ တကမ္ဘာလုံးကိုဖြန့် ချီမှာဖြစ်ပါတယ်။

ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီလင့်မှာသွားရောက်ကြည့်ရှုနိုင်ကြပါပြီ။


Credit : http://blog.irrawaddy.org/2013/05/sony.html

သဘာဝ ဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီဖွဲ့

မဟာစင် မုန်တိုင်း သတိပေးချက်တွေ ထွက်ပေါ်နေချိန်မှာ သမ္မတက သဘာဝ ဘေး ကာကွယ်စောင့် ရှောက် ဖို့ ကော်မတီဖွဲ့တာကို သတင်းထုတ်ပြန်ပါတယ်။


ဒီ ကော်မတီကို ဒုသမ္မတ က ဦးဆောင်ပြီး ၀န်ကြီးတွေလည်း ပါဝင်ပါတယ်။ အဓိက ဒီကော်မတီအနေနဲ့ သဘာဝ ဘေး ကျရောက်လာတဲ့အခါ ဘယ်လို ရင်ဆိုင်မယ်၊ ဘယ်ကို ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ပြီး စနစ်တကျ ဖြစ်စေဖို့ အခု ဒီကော်မတီကို ဖွဲ့လိုက်တာဖြစ်တယ်လို့ ယနေ့ ထုတ် သတင်းစာက ဆိုပါတယ်။ 





ဒီအပြင် စီမံခန့်ခွဲမှု ကော်မတီကိုလည်း သမ္မတက ဖွဲ့စည်းပေးလိုက်ပါတယ်။ 


Credit : http://blog.irrawaddy.org/2013/05/blog-post_6046.html

နှစ်ရှည်အရစ်ကျရောင်းမယ့် တန်ဖိုးသင့်အိမ်ခန်း



ရန်ကုန်မြို့မှာ နေထိုင်ဖို့နေရာ အခက်အခဲ ရှိသူ တွေ အတွက် တန်ဖိုးသင့်တင့်မျှတတဲ့ အိမ်ယာ တွေကို ၂၀၁၅ ခုနှစ်အတွင်းမှာ ရောင်းချပေးသွား မယ်လို့ ဒဂုံအင်တာနေရှင်နယ်လီမိတက်က ဒါရိုက် တာ ကိုသူရိန်အောင် (ခရစ်စတိုဖာ) က ပြောပါ တယ်။


“ကျွန်တော်တို့လဲ ဂျာနယ်တွေမှာ မကြာခဏ ဖတ်ရ ပါတယ် ... တန်ဖိုးနည်း အိမ်ယာတွေလုပ်မယ် တန်ဖိုးက သိန်းတစ်ရာကျော်လောက် ဆိုတော့ လူတွေက ဘယ်လိုလုပ် ၀ယ်နိုင်ပါ့မလဲ ဆိုပြီး ပြောကြတယ်။ အဲဒီမှာ တစ်ခု မပါသွားတာက တန်ဖိုးနည်း အိမ်ယာကို နှစ်ရှည် အရစ်ကျ ရောင်းပေးသွားမယ် ဆိုတာတော့ မပါဘူး။ ၂၅ နှစ် ၃၅ နှစ် ဆိုတော့ ပေးရတဲ့သူအတွက်ကတော့ တစ်လချင်းကို ပေးရတဲ့အခါ လူတိုင်း ပေးနိုင်တဲ့ ဈေး ဖြစ်မှာပါ” လို့ သူက ဧရာဝတီကို ပြောပါတယ်။

တန်ဖိုးမျှတ အိမ်ယာတွေကို ဒဂုံဆိပ်ကမ်းမြို့နယ်က ဧက ၂၂၀ ထဲမှာ ဧရာဝဏ်စီမံကိန်းနဲ့ ရတနာ စီမံကိန်းဆိုပြီး ဒီလထဲမှာ စတင် လုပ်ဆောင်နေပါပြီ။

“နိုင်ငံတော် စီမံကိန်းပါ။ မြေက အလကားပေးပြီး ကန်ထရိုက်တာတွေကို ဆောက်လုပ်ခိုင်းတာပါ။ ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်း ၂၄ ခု ဆောက် လုပ်ခွင့်ရပါတယ်။ အဲဒီ၂၄ ခုက ဆောက်လုပ် ရေးဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့ ဘိလပ်မြေတို့ ၊ သံချောင်းတို့နဲ့ အသုံးပြုရမှာပါ။ အရည် အသွေး ပိုင်းကို မြန်မာ့ ဆောက်လုပ်ရေး လုပ်ငန်းက စီစစ်သွားမှာပါ” လို့ ကိုသူရိန်အောင် က ပြောပါတယ်။

တန်ဖိုးသင့် အိမ်ယာမှာ ၁၈ ထပ် ရှိတဲ့ အဆောက်အအုံ ၄၈ လုံး၊ အခန်းပေါင်း ၂ဝ,ဝဝဝ ကျော် ပါဝင်မယ်၊ ဒီဝင်းထဲမှာပဲ အပန်းဖြေနားနေစရာနေရာတွေ၊ စာသင်ကျောင်း၊ ဈေး၊ ဘဏ်စတဲ့ နေရာတွေအပြင် လိုင်းကားစီးလို့ရအောင် ကားဂိတ်တွေပါ တည်ဆောက်ပေးပါမယ် တဲ့။

အစိုးရ သတ်မှတ်ပေးတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားရမှာ ဖြစ်ပါတယ်။ ခန့်မှန်းချေ သိန်း ၁၈ဝ ဝန်းကျင် ဖြစ်မယ်၊ လစဉ် အရစ်ကျ ငွေသွင်းရမယ့် ကာလကတော့ ဆိုခဲ့သလိုပဲ ၂၅နှစ် သို့မဟုတ် ၃၅နှစ်အတွင်း ဖြစ်ပါမယ် တဲ့။

ဒီအတိုင်းဆိုရင် ပထမဆုံး လုံးခနဲ ပေးရမယ့်ငွေက သိန်းဂဏန်း ဖြစ်မယ်၊ လစဉ်ပေးသွင်းရမယ့် ငွေပမာဏ က ကျပ် နှစ်သောင်း သုံးသောင်း ဖြစ်မယ်လို့ ယူဆရပါတယ်။

( ဆက်စပ် ဖတ်ရှုရန် ) - ရန်ကုန်မြို့ တိုက်ခန်းကျဉ်းများမှာ ပြွတ်သိပ်နေထိုင်ခြင်း 

လက်ရှိမှာတော့ ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေက တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ် ဆောင်ဖို့ ဆာဗေးဆင်းတာ၊ မြေညှိတာတွေ စတင်လုပ်ဆောင်နေပြီး နှစ်နှစ်အတွင်း အပြီးဆောက်လုပ်ရ မှာ ဖြစ် တဲ့အတွက် ၂၀၁၅ဆိုရင် လူနေထိုင်လို့ ရမှာပါ တဲ့။

“ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ တော်တော် များများကတော့ ၁၈ ထပ်အထိ မဆောက်လုပ်ဖူး ကြပေမယ့် ဒီလုပ်ငန်းအတွက် ဆောက်လုပ်ခွင့်ရတယ်ဆိုရင် သူတို့ အတွေ့အကြုံတွေလည်း ရမယ်” လို့ ကိုသူရိန်ကျော်က ပြောပါတယ်။

“လုံခြုံ စိတ်ချရအောင် ဘယ်လိုကာကွယ်ရမလဲ ၊ ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတဲ့ အချက်တွေကိုလည်း ဆောက်လုပ်ရေး (ဝန်ကြီးဌာန) က စိစစ်ထိန်းသိမ်းသွားမှာပါ” လို့ ကိုသူရိန်ကျော်က ဆက်ပြောပါတယ်။

ရန်ကုန်မြို့မှာ ရှိတဲ့ လူဦးရေက အခုဆိုရင် ငါးသန်းကျော်ရှိပြီးတော့ ၂၀၄၀ ခုနှစ်မှာ လူဦးရေ ၁၀သန်း ကျော်လောက် တိုးလာမယ်လို့ သုံးသပ်ထားကြပါတယ်။

တိုးလာမယ့် လူဦးရေ အတွက် တန်ဖိုးနည်း အိမ်ယာ စီမံကိန်းတွေ အကောင်အထည်ဖော်နေကြတာ ဖြစ်ပါ တယ်။

Credit : http://blog.irrawaddy.org/2013/05/blog-post_8755.html

လာမည့် နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲသို့ ပထမဆုံးအကြိမ် အဖြစ် အီးယူနိုင်ငံများ လာရောက်မည်



၂၀၁၃ခုနှစ်၊ ဇွန်၁၅ရက်မှ ၂၇ရက်အထိ နေပြည် တော် တွင်ပြုလုပ်မည့်အကြိမ် (၅၀) မြောက် မြန်မာ့ ကျောက် မျက်ရတနာ ပြပွဲသို့ အီးယူ နိုင်ငံ များမှ ပထမဆုံး အကြိမ်အဖြစ် လာရောက် မည် ဖြစ် ကြောင်း မြန်မာနိုင် ငံကျောက်မျက်ရတနာ လုပ်ငန်း ရှင်များအသင်း တာဝန်ရှိသူများထံမှ သတင်း ရရှိသည်။ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ ထားမှုများ ပြန်လည် ရုပ်သိမ်းပြီးဖြစ်၍ ကျောက် မျက်ရတနာ ပြပွဲသို့ အီးယူနိုင်ငံများမှ လာရောက်ကြမည် ဖြစ်ကြောင်း၊ အီးယူနိုင်ငံများမှ ကျောက်မျက် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုငံမှ ပတ္တမြား၊ နီလာကဲ့သို့သော အနီအပြာ ကျောက်မျက် အမျိုးအစား များကို ပိုမိုစိတ် ၀င်တစား ရှိသည်ဟု သိရသည်။


မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ နှစ်စဉ်လာရောက်သည့် နိုင်ငံများထဲတွင် တရုတ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံများမှ အများဆုံး လာရောက်ဝယ်ယူလေ့ရှိပြီး မြန်မာ့ကျောက်စိမ်း ဈေးကွက်ကို တရုတ်နိုင်ငံ မှသာ အဓိက ကြီးစိုးထားခဲ့သည်။


၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံ၏ အရေးကြီးဆုံး ဒုတိယ ပို့ကုန်အဖြစ် ရှိနေခဲ့ သည့် မြန် မာ့ ကျောက်စိမ်း တင်ပို့မှုအား တရုတ်နိုင်ငံမှ အခွန် ၃၃ ရာခိုင်နှုန်းအထိ ကောက်ခံပြီး အခွန်ဖြင့် ထိန်းချုပ်ခဲ့ သည့်အတွက် ကျောက်စိမ်းမှ ၀င်ငွေများစွာ ထိခိုက်ခဲ့ရသည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က ကျောက်စိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၂၀၀ ကျော် ရရှိ ခဲ့ သော်လည်း ထိုသို့ အခွန်ဖြင့် ထိန်းချုပ်လိုက်သည့်အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိ ကန်ဒေါ်လာ ၇၄၇ သန်းကျော်သာ ရရှိသည်အထိ ထိုးဆင်းခဲ့ရသည်မှာ ယနေ့အထိ ဖြစ်သည်။

တရားဝင် တင်ပို့မှုအပေါ် အခွန်ဖြင့် ထိန်းချုပ်ထားသော်လည်း တရားမ၀င် တင်သွင်းမှုများအပေါ်၌ ထိ ရောက်စွာ တားဆီးခြင်း မရှိဘဲ အသွင်းခံနေသည့်အတွက် ပို၍နစ်နာခဲ့ရသည်။

အီးယူနိုင်ငံများမှ လာရောက်မည် ဖြစ်သည့်အတွက် တရုတ်တစ်နိုင်ငံတည်းအပေါ် မှီခိုမနေရဘဲ ဈေး ကွက် သစ်များ ထပ်မံရရှိမည့် အနေအထားမျိုး ရှိလာခဲ့သည်။

ယခုပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀၀ ၀န်းကျင်အထိ ရောင်းချမည်ဖြစ်ပြီး ပုလဲ၊ ပတ္တမြား၊ နီလာ အပြင် အခြားကျောက်မျက် မျိုးစုံကိုလည်း အတွဲလိုက် ရောင်းချမည် ဖြစ်သည်။

ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အဆိုပြုလွှာအား ဇွန် ၁၅ ရက်မှ ၂၃ ရက်အတွင်း တင်ပြရ မည်ဖြစ်ပြီး အခြေခံဈေး ယူရို ၄၀၀၀ မှ ၂၀၀၀၀၀ အထိ တန်ဖိုးသတ်မှတ် ထားသော ကျောက်စိမ်း အတွဲများကို ဇွန် ၁၉ ရက်မှ ၂၄ ရက်အထိ လည်းကောင်း၊ ယူရို ၂၀၀၀၀၀ နှင့်အထက် တန်ဖိုး ရှိ ကျောက် စိမ်းတွဲများကို ဇွန် ၂၅ မှ ၂၇ ရက်အထိ လည်းကောင်း ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။

ပြပွဲတွင် ပုလဲအတွဲများကိုလည်း အများအပြား ရောင်းချသွားမည်ဖြစ်ပြီး အခြားကျောက်မျက် မျိုးစုံ အတွဲများကိုလည်း ထည့်သွင်း ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ပုလဲများ လေလံတင် ရောင်းချရာတွင် ဇွန် ၁၅ ရက်၌ ဈေးနှုန်းအဆိုပြုလွှာ တင်ရမည်ဖြစ်ပြီး အခြေခံ ဈေး ယူရို ၂၀၀၀ မှ ၁၀၀၀၀ အထိ တန်ဖိုးရှိသော ပုလဲအတွဲများကို ဇွန် ၁၆ ရက်တွင် လည်းကောင်း၊ ၁၀၀၀၀ နှင့်အထက် တန်ဖိုးရှိသော ပုလဲအတွဲများကို ဇွန် ၁၇ ရက်တွင် လည်းကောင်း ဈေးပြိုင်အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဟု ကြေညာထားသည်။

ကျောက်မျက်အတွဲ ၀ယ်ယူမည့်သူများ အနေဖြင့် ဇွန် ၁၅ ရက်မှ ၁၈ ရက်အတွင်း ဈေးနှုန်းအဆိုပြုလွှာ တင်ရမည်ဖြစ်ပြီး အခြေခံဈေး ယူရို၅၀၀ မှ ၂၀၀၀၀ အထိ တန်ဖိုးသတ်မှတ်ထားသော ကျောက် အတွဲများနှင့် ယူရို ၂၀၀၀၁ နှင့်အထက် တန်ဖိုးသတ်မှတ် အတွဲများကို ဇွန် ၁၉ ရက်တွင် တင်ဒါဖွင့် မည် ဟု သိရသည်။

Eleven Media Group

အခြေခံဥပဒေ ဘာတွေပြင်မလဲ ဘယ်လိုပြင်မလဲ - ကျော်ဝင်း

ချဉ်းကပ်ပုံနှစ်မျိုး

အခြေခံဥပဒေ ကိစ္စတွင်သာမဟုတ် နိုင်ငံရေးပြဿနာများနှင့်ပတ်သက်လျှင် ချဉ်းကပ်ပုံ နှစ်မျိုးရှိသည်ဟု ယေဘုယျ ဆိုနိုင်ပါလိမ့်မည်။ ‘နှုန်းစံအခြေပြုချဉ်းကပ်နည်း’ (Normative approach) နှင့် "လက်တွေ့ အခြေပြုချဉ်းကပ်နည်း" (Pragmatic approach) တို့ ဖြစ်သည်။


နှုန်းစံအခြေပြုချဉ်းကပ်နည်းက၊ မိမိတန်ဖိုးထားရာ စံနှုန်းများကို အသေကိုင်သည်။ အဆိုပါစံနှုန်းနှင့် ကိုက် ညီလျှင်၊ ထောက်ခံမည်၊ ကြိုဆိုမည်။ မကိုက်ညီလျှင် ဆန့်ကျင်မည်၊ ကန့်ကွက်မည်။ လက်တွေ့ ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခြင်း မရှိချေ။ လက်တွေ့အခြေပြု ချဉ်းကပ်နည်းကမူ၊ မိမိတန်ဖိုးထားရာ စံနှုန်းများကို အသေမကိုင်၊ လုံးဝပစ်ပယ်သည်တော့ မဟုတ်။ ‘အနာဂတ်အမြင်’ (vision) အဖြစ် သဘောယူပြီး၊ လက်ရှိပကတိအရှိကို အခြေတည် စဉ်းစားသည်။ အလုပ်ထောင့်မှကြည့်၍ ဖြစ်နိုင်ခြေကို ရှာသည်။ မတူချေ။

နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်လျှင် ထောင့်အစေ့ဆုံး၊ စံကိုက်အကျဆုံးအဖြစ်၊ သူ့ခေတ် သူ့အခါက အလွန်ကျော်ကြားခဲ့ဖူးသည်မှာ၊ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြား၊ ဂျာမဏီ၏ ဝိုင်မာ သမ္မတနိုင်ငံ အခြေခံဥပဒေ ဖြစ်ပါသည်။ သို့နှင့်တိုင် ဤအခြေခံဥပဒေအောက်မှာပင် ‘ရွေးကောက် တင်မြှောက်ခံရသော အာဏာရှင်’ (elected dictator) တစ်ယောက် ပေါ်ထွက်လာခဲ့သည်။ ဟစ်တလာ ဖြစ်ပါသည်။ ‘နှုန်း’ တွေ၊ ‘စံ’တွေအရ မည်မျှပင် ကောင်းမွန်ပါစေ..၊ လက်တွေ့ကျင့်သုံးပုံ ဟန်မကျလျှင် ဖြစ်ချင်သလို ဖြစ်သွားနိုင်သည့်သာဓက …။

အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေမှာ၊ စတင်ခါစက အားနည်းချက်တွေ အတော်ရှိသည်။ တောင်ပိုင်းပြည်နယ်များ၏ အခြေခံဥပဒေမှာဆိုလျှင်၊ ရက်စက်ကြမ်းကြုတ်သော ‘ကျွန်စနစ်’ ကိုပင် ခွင့်ပြုထားသည်။ သို့တစေ ကျွမ်းကျွမ်းကျင်ကျင် ကျင့်သုံးပြီး၊ ပါးပါးနပ်နပ် ပြင်ဆင်နိုင်သောအခါ၊ အကောင်းဆုံး အခြေခံဥပဒေတစ်ခုအဖြစ် အများက သိမှတ်လက်ခံနေရချေပြီ။ အခြေခံဥပဒေ တစ်ခုအနေ နှင့် ‘စံကျ’၊ ‘စံကိုက်’ မဟုတ်သည့်တိုင်၊ လက်တွေ့အလုပ်လုပ်ရင်း အမြော်အမြင်ရှိရှိ ပြုပြင်နိုင်လျှင် အကောင်းဘက်သို့ ဦးတည်နိုင်သည့် သာဓက။

၂၀၀၈ အခြေခံဥပဒေနှင့် တုန့်ပြန်မှုများ

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရက်တစ် နှုန်းစံများအရကြည့်လျှင် ပြောစရာနှင့် ဆိုစရာချည်း ဖြစ်ပါသည်။ ဤအဖြစ်ကို၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီများ မသိ၍မဟုတ်။ ကောင်းကောင်းသိကြသည်သာ ဖြစ်သည်။ သို့တစေ သူတို့က နှုန်းစံများဖြင့် မကြည့်။ အလုပ်ထောင့် မှကြည့်ပြီး ‘နိုင်ငံရေးအဖွင့်ကျားကွက်’ (political opening) တစ်ခုသို့ ဦးတည်သွားနိုင်စရာရှိသည်ဟု တွက်ဆသည်။ သို့အတွက် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

သို့နှင့်တိုင် ‘နိုင်ငံရေးဓလေ့’ (political culture) မှာပင် နှုန်းစံအစွဲကြီးသော မြန်မာနိုင်ငံတွင် ဤ အယူအဆနှင့် ဤအတွက်အချက်ကို လူကြိုက်မများခဲ့ပါ။ ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) အပါ အဝင်၊ နိုင်ငံရေးအင်အားစု တော်တော်များများက ‘ရွေးကောက်ပွဲသပိတ်မှောက်ရေး’ ဖြင့် တုံ့ပြန်ခဲ့ကြသည်။ NLD က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၍ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို လက်မခံနိုင်၍ (အချက်သုံးချက်ကြောင့်) ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့တစေ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ NLD ပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲ သပိတ်မှောက်ရသည့် အကြောင်း ၃ ချက်အနက် ၂ ချက်ရပြီဖြစ်၍ မရသေးသော ကျန်တစ်ချက် (အခြေခံ ဥပဒေပြင်ဆင်ရေး)ကို လွှတ်တော်တွင်းမှ ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဆိုပါသည်။ အမှန်စင်စစ် ရခဲ့ပြီဆိုသော ၂ ချက်ထဲမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ပြင်ပေး ခဲ့သည်မှာကား အမှန်ပင်ဖြစ်သည်။ (အမှန်တော့ ပြင်မပေးလည်း ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ်စေ့ ခဲ့ပြီဖြစ်၍ တားဆီးလို့ရတော့သည် မဟုတ်ပါ။)

နောက်တစ်ချက်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလိုက်ပြီ - ဆိုသည်ကိုမူ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့် ကိုကို(စက်မှုတက္ကသိုလ်) တို့၏ အင်တာဗျူးဖြင့် သာဓကတင်သည်။ အဆိုပါ အင်တာဗျူးတွင် ဦးခင်အောင်မြင့်က “၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုလို့ပဲ ရွေးကောက်ပွဲ ရလဒ်တွေကို တရားဝင် ကြေညာပေးခဲ့တာပေါ့ဗျာ” စသဖြင့် ဖြေသွားခဲ့သည်။ (ဤမျှနှင့် - အမှန်တကယ် အသိအမှတ်ပြုရာ ရောက်ပါ၏လော…၊ စဉ်းစားစရာ…။ ) ထားတော့။

မည်သို့ပင်ရှိစေ NLD ရွေးကောက်ပွဲလမ်းကြောင်းပေါ် ရောက်လာသည်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အလွန်အားကောင်းသော ဖြည့်ဆည်းမှု ဖြစ်လာသည်မှာ အမှန်ပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ‘လက်တွေ့အခြေပြုချဉ်းကပ်မှု’ ဘက် ရောက်လာသည်ဟု ဆိုချင်သည်။ သူ့ဆောင်းပါးတစ်ပုဒ်မှ အသုံးအနှုံးအတိုင်း ဆိုရလျှင် ‘တော်လှန်ရေးလမ်းကြောင်း’ မှ ‘တည်ဆောက်ရေးလမ်းကြောင်း’ ဘက် ရွေ့လာသည်ဟု သဘောရပါသည်။ လွှတ်တော်ထဲ ရောက်ပြီးနောက်ပိုင်းတွင်လည်း ရွေးကောက်ပွဲ မဲဆွယ် ကာလက ‘ကြွေးကျော်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး’ ဆိုသည်ထက် လက်တွေ့ဖြစ်နိုင်သည်များကို ဦးစားပေးဆောင်ရွက်လာသည်ကို တွေ့ရသည်။

၂၀၁၅ နိုင်ငံရေးအကျပ်အတည်း

လက်တွေ့တွင် အခြေခံဥပဒေပြင်ဆင်ရေးကို စတင်အဆိုပြု တင်ပြလိုက်သည်မှာ အာဏာရပါတီဟု ဆိုနိုင်သော USDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ သို့တိုင်အောင် ဘာတွေပြင်မည်၊ ဘယ်လို ပြင်မည် ဆိုသည်ကိုကား သဲသဲကွဲကွဲ မသိရသေးပါ။ ကော်မတီဖွဲ့ပြီး လေ့လာသုံးသပ်ဆဲအဆင့် ဖြစ်ပါ သည်။ မည်သူက အဆိုပြုတင်ပြသည်ဖြစ်စေ၊ အခြေခံဥပဒေကို အသေမကိုင်ဘဲ ပြင်သင့်ပြင်ထိုက် သည်များကို ပြင်ရမည်ဆိုသော စဉ်းစားချက်ကိုမူ ကြိုဆိုကြရပါလိမ့်မည်။ ပြောရလျှင် မည်သည့်အခြေခံ ဥပဒေမျှ ရာနှုန်းပြည့် ပြီးပြည့်စုံသည်မရှိပါ။ လက်တွေ့ အလုပ်လုပ်ရင်း အဟန့်အတား အခက်အခဲများ ရှိလျှင် ပြင်ကြရမည်သာ ဖြစ်ပါသည်။

စာရေးသူမှတ်မိသလောက် နိုင်ငံတကာပညာရှင်များထဲမှ အခြေခံဥပဒေပြင်ဆင်ရေးကို ပထမဆုံး အဆိုပြု ခဲ့သူမှာ စတင်းဖို့(ဒ)တက္ကသိုလ်မှ ‘လာရီဒိုင်းမွန်း’ ဟု ထင်သည်။ သူက ၂၀၁၅ တွင် ကြုံတွေ့ဖွယ်ရာရှိသည့် နိုင်ငံရေး အကျပ်အတည်းကို ထောက်ပြပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စဉ်းစားကြဖို့ သူ့ ဆောင်းပါး တစ်ပုဒ်တွင် အကြံပြုခဲ့သည်။ (၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ် Journal of Democracy ပါ ‘The Need for a PoliticalPact’ ဆောင်းပါး။ စာရေးသူဘာသာပြန်ပြီး)

သူ၏ အလိုအရဆိုလျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ၂၀၁၅ ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှု ရှိခဲ့လျှင် NLD အပြတ်အသတ် အနိုင်ရဖို့ များလိမ့်မည်ဟု ဆိုသည်။ အကယ်၍ ဤအတိုင်းဖြစ်ခဲ့လျှင် ၁၉၉၀ ရွေးကောက်ပွဲ ကံကြမ္မာမျိုး မတိုးနိုင်ပါသလော - မေးခွန်းထုတ်သည်။ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်မှ အများစုနေရာယူထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက အရေးပေါ်အခြေအနေ ကြေညာနိုင်သည့် အချက်ကိုလည်း ထောက်ပြသည်။ ဤအချက်များ အရ ဖြစ်ကောင်းဖြစ်လာနိုင်သည့် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန် အစိုးရအဖွဲ့မှ ‘သဘောထားပျော့ပြောင်းသူများ’ (soft liners)နှင့် အတိုက်အခံဘက်မှ ‘အစွန်းမရောက်သူများ’ (moderates) အခြေခံဥပဒေကို ပြန်လည်ညှိနှိုင်း ဆွေးနွေးကြဖို့ အကြံပြုခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါဆောင်းပါးမှာပင် ဆိုခဲ့ပါ ၂၀၁၅ နိုင်ငံရေးအကျပ်အတည်းကို ရှောင်ရှားနိုင်ရေးအတွက် နည်းလမ်းတစ်သွယ်အဖြစ် ‘အချိုးကျကိုယ်စားပြုစနစ်’ (PR - စနစ်) ကျင့်သုံးဖို့ အဆိုပြုခဲ့သည်လည်း ရှိ သည်။ သို့နှင့်တိုင် NLD က PR စနစ်ကို လက်မခံနိုင်ဟု သတင်းများထွက်နေလေရာ အကယ်၍ ဤသတင်း သာ မှန်ခဲ့လျှင် PR စနစ်သည်ပင်လျှင်၊ နောက်ထပ် အကျပ်အတည်းတစ်ခု ဖြစ်ကောင်းဖြစ် သွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေ ဒီမိုကရေစီ အပြောင်းအလဲအတွက် နိုင်ငံရေးပဋိညာဉ်တစ်ရပ် ပေါ်ထွက်လာစေရန် နှစ်ဘက်သဘောထားပျော့ပြောင်းသူများအကြား ညှိနှိုင်းဆွေးနွေး အဖြေရှာကြပါ - ဆိုသော လာရီဒိုင်းမွန်း၏ အကြံပြုချက်မှာကား လက်တွေ့ဖြစ်နိုင်ချေ ရှိလေမည်လား စဉ်းစားမိသည်။

အနည်းဆုံးညှိလမ်းကြောင်း

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် (သူမ၏ အသုံးအနှုန်းအရ) တည်ဆောက်ရေးလမ်းကြောင်းသို့ သိသိ သာသာ ရွေ့လာခြင်း၊ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ (အမြင်အရ) ဆက်ဆံရေး အထူးကောင်းမွန်နေခြင်း၊ ထို့ထက် လက်ပံတောင်းကော်မရှင် အစီရင်ခံစာ ထွက်ခါစလောက်က လျှံထွက်လာသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ချက် တစ်ခုတွင်ပါသည့် “ဒေါ်စုက သူသမ္မတဖြစ်ဖို့ စစ်ဗိုလ်တွေကို လိုက်လျောလွန်းနေတယ်” ဆိုသော စွပ်စွဲ ချက်…။ ဤအချက်များကို ဆက်စပ်စဉ်းစား ကြည့်လိုက်သောအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ၊ လွှတ်တော်တာဝန်ရှိသူများအကြား ဆွေးနွေးညှိနှိုင်းမှုများ ရှိနေမည်လား - တွေးစရာရှိသည်။ ပြောရလျှင် ‘နားလည်မှု’ တစ်ခုခုပင် ရှိကောင်းရှိလေမည်လား (ကံသေကံမ မဟုတ်သည့်တိုင်) စဉ်းစားစရာ ရှိလာ သည်။

ဤနားလည်ချက်မှာ ဘယ်အရာဖြစ်လိမ့်မည် ဆိုသည်ကို တိတိပပ မပြောနိုင်သည့်တိုင် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်ကောင်း ပတ်သက်နိုင်ပါသည်။ ဤသို့ ယူဆနိုင်လောက်သည့် သတင်း အချက်အလက် အချို့လည်း ရှိတန်သလောက် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတ ဖြစ်ဖို့ ရည်မှန်းချက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုလာခြင်း။ သမ္မတကလည်း ပြည်သူလူထုလိုလားလျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင် - ဆိုသည့်သဘော ပြောဖူးခြင်း။ မကြာသေးခင်ကပင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အခြေခံဥပဒေပါ သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများကို ပြောင်းလဲပြင်ဆင်ဖို့ သဘောပြောဆိုလာခြင်း… စသည်များ ဖြစ်ပါသည်။

အကယ်၍ ဤမှန်းဆချက်သာ မှန်ခဲ့လျှင် ၂၀၁၅ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စရာရှိ၍ ကြိုဆိုအပ်သည်ဟု သဘောရပါသည်။ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်အနေနှင့် နိုင်ငံရေးအာဏာ ရယူလိုသည်မှာ လွန်စွာမှပင် သဘာဝကျသည်ဟု ယူဆသည်။ “တော်လှန်ရေး၏ အဓိကပြဿနာမှာ အာဏာ” ဆိုသော ‘လီနင်’ ၏ စကားရှိသည် မဟုတ်ပါလော… ။ (ဤကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို ဝေဖန်နေကြသူများမှာ လက်ဝဲနွယ်များဖြစ်၍ လီနင်ကို ကိုးကားရခြင်း ဖြစ်ပါသည်။ ဤကား - စကားချပ်)

ထို့ထက် စာရေးသူ အာရုံညွတ်သော အယူအဆတစ်ရပ်ရှိသည်။ Minilateralism၊ ‘အနည်းဆုံး ညှိလမ်းကြောင်း’ ဆိုပါစို့။ အားလုံးပါဝင် ညှိနှိုင်းဆွေးနွေးကြသည့် Multilateralism မှာ သီအိုရီအရ ကောင်းပါ၏။ လက်တွေ့အဖြေပေါ်ဖို့ သိပ်မလွယ်။ အမှန်တကယ် အဆုံးအဖြတ်ပေးနိုင်မည့် လူပုဂ္ဂိုလ်အနည်းငယ်မျှ ညှိနှိုင်းဆွေးနွေး အဖြေရှာကြသည့် Minilateralism ကသာ အလုပ်ဖြစ်လိမ့်မည်ဟု ထင်သည်။ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်…၊ သူတို့အချင်းချင်း နားလည်မှုဖြင့် အကျပ် အတည်းကို ကျော်နိုင်လျှင် မကောင်းပါသလော… ။ ကောင်းသည်ဟု ယုံသည်။

တိုင်းရင်းသား လူမျိုးစုများအရေး

ယနေ့ မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသာမက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တစ်နည်း ပြည်တွင်းစစ် ရပ်စဲရေးပါ အကျုံးဝင်သည့် သုံးပွင့်ဆိုင် အခင်းအကျင်း ဖြစ်သည်။ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးလမ်းပြမြေပုံ တစ်ခုလည်း ချမှတ်ဖော်ထုတ်ပြီး ဖြစ်ပါသည်။ အဆိုပါလမ်းပြမြေပုံ တတိယအဆင့်တွင် လူမျိုးစု လက်နက်ကိုင် အင်အားစုများသာမက ဆက်စပ်ပတ်သက်သူအားလုံး စုစည်းပြီး ရေရှည်တည်တံ့ခိုင်မြဲမည့် နိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရယူနိုင်သည်အထိ ကြိုးပမ်းမည်ဟု ဆိုသည်။ ဤအဆင့်တွင် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထိပါ ဆွေးနွေးညှိနှိုင်းကြမည်ဟု လမ်းဖွင့်ထားပြီး ဖြစ်ပါသည်။

ယခုဆိုလျှင် ဒုတိယအဆင့် စတင်နေပြီဖြစ်၍ ၂၀၁၅ မတိုင်မီ တတိယအဆင့်သို့ ရောက်ကောင်း ရောက် သွားနိုင်သည်။ အဆိုပါ တတိယအဆင့် ဆွေးနွေးကြတော့မည်ဆိုလျှင် စကားလုံးတစ္ဆေ ကြောင့်သော်လည်းကောင်း၊ အစိုးရိမ်လွန်မှုကြောင့် သော်လည်းကောင်း၊ ပြောခွင့်၊ ဆိုခွင့်၊ ဆွေးနွေးခွင့် မရခဲ့သော ဖက်ဒရယ်စနစ် အကြောင်းကိုလည်း ပြောကြဆိုကြ ဆွေးနွေးကြရတော့မည်ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေမှာ ဖက်ဒရယ်သဘောများ အတော်အတန် ပါသော်လည်း အစိုးရ၏ ပေးထားချက်သာ ဖြစ်လေရာ လူမျိုးစုများဘက်မှ ဖြည့်စွက်၊ ပြင်ဆင်လိုသည်များ၊ သဘာဝကျစွာ ရှိလာနိုင်ပါသည်။

လွှတ်တော်က ပြင်ဆင်မည့် အခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးစုများအရေးနှင့် ဆက်စပ်နေသော အချက်များ (ဥပမာ - ဇယား ၁၊ ၂၊ ၃ နှင့် ၅) ပါမပါ မသိရသေးပါ။ အကယ်၍ ဤအချက်များကို ပြင်ဆင် မည်ဆိုလျှင် ငြိမ်းချမ်းရေးလမ်းပြမြေပုံ အဆင့် ၃ နှင့် ဆက်စပ်ဆောင်ရွက်ဖို့ လိုမည်ထင်ပါသည်။ ဤသို့ မဆက်စပ်ဘဲ သီးခြားဆောင်ရွက်မည်ဆိုပါက လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သော ပြင်ဆင် ချက်ဖြစ် လျှင်သော်မှ အများလက်ခံနိုင်မည့် အဖြေဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ အကြောင်းမူ ယနေ့တည်ဆဲ လွှတ်တော်တွင်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှ မှတ်ပုံတင်ကြသော နိုင်ငံရေးပါတီများ မပါကြ သေးသလို လူမျိုးစုလက်နက်ကိုင် အဖွဲ့များလည်း မပါသေးသောကြောင့် ဖြစ်ပါသည်။ ဤကိစ္စမှာ ပြည်ထောင် စုကြီး တည်တံ့ခိုင်မြဲရေးနှင့် တိုက်ရိုက်ဆက်စပ်နေရာ လူမျိုးစုအားလုံး စုံစုံညီညီပါဝင်သည့် all inclusive ညီလာခံမျိုး ဖြစ်ဖို့လိုပါလိမ့်မည်။

၂၅% ကိစ္စ

နောက်ဆုံးအနေနှင့် လူပြောများသည့် တပ်မတော်ကိုယ်စားလှယ် ၂၅ % နှင့် ပတ်သက်သော စာရေးသူ အမြင်ကို တင်ပြပါမည်။ ပြောရလျှင် ဤကိစ္စမှာ မြန်မာ့ဒီမိုကရေစီရေး၏ အသိမ်မွေ့ဆုံး၊ အခက်ခဲဆုံး အပိုင်းဟု ဆိုနိုင်လောက်သော ‘စစ်ဘက်-အရပ်ဘက်’ ဆက်ဆံရေးပြဿနာ ဖြစ်လေရာ စိတ်လိုက်မာန်ပါ အစောတလျင် မဆုံးဖြတ်သင့်ဟု သဘောရပါသည်။

တပ်မတော်အနေနှင့် ၎င်း၏အဖွဲ့အစည်းဆိုင်ရာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှုအခန်းမှ ပါဝင်ရေး ဆိုသည်ကို ရပ်ခံထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဆိုပါ ရပ်ခံချက်ကို တရားဝင် ပြဋ္ဌာန်းထားသည့်သဘော ဖြစ်ပါသည်။ ဒီမိုကရက်တစ် စံနှုန်းများအရဆိုလျှင် အရပ်ဘက်က စစ်ဘက်အပေါ် လွှမ်းမိုးနိုင်မှသာ စစ်မှန်သော ဒီမိုကရေစီဟု ဆိုရပါလိမ့်မည်။ သို့နှင့်တိုင် ရာစုဝက်မျှ ကြာမြင့်ခဲ့သော စစ်ဘက်အုပ်စိုးမှုမှ ထိုးထွက်ခါစ နိုင်ငံတစ်ခုအနေနှင့် ဒီမိုကရက်တစ် စံနှုန်းများနှင့်အညီ ချက်ခြင်းပြောင်းလဲပစ်ဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါသည်။

ထို့ထက် ဆိုခဲ့ပါ ရပ်ခံချက်အတွက် တပ်မတော်၏ အကြောင်းပြချက်မှာ ကြိုက်မကြိုက် အသာထား၊ ငြင်းဖို့ ခက်သည့် အနေအထားတွင်လည်း ရှိနေသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အင်အားအကြီးဆုံး ဗကပ မရှိတော့သည့်တိုင် တော်လှန်ပုန်ကန်နေကြသော လက်နက်ကိုင်အင်အား စုစုပေါင်းမှာ ယခုအထိ တစ်သိန်းအထက် ရှိနေဆဲဟု သိရသည်။ လူဦးရေနှင့် အချိုးချကြည့်လျှင် သူပုန်အများဆုံးတိုင်းပြည် ဖြစ်နေ သည်။ ထိုမျှမက အစိုးရသစ်သက်တမ်း ၂ နှစ်သာသာ ကာလအတွင်း ထိပ်တက်လာသော လုံခြုံရေး ပြဿနာများကလည်း ရှိနေပြန်သည်။ ပြောရလျှင် - ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက် နိုင်မှသာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပုံမှန်ဖြစ်ဖို့ လမ်းပွင့်နိုင်ပါလိမ့်မည်။

အမှန်စင်စစ် တပ်မတော်ကို ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းအဖြစ် ပြောင်းလဲပုံဖော်နိုင်ရေးမှာ ဒီမိုကရေစီ အတွက် အရေးကြီးသည့်တိုင် ရေရှည်ဆောင်ရွက်ရမည့် သဘောရှိသည်။ အချိန်မတိုင်မီ အလောတကြီး ဆောင်ရွက်လိုက်လျှင် လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွက် အကြီးမားဆုံး စိန်ခေါ်ချက်ပင် ဖြစ်လာနိုင်စရာရှိသည်။ လက်ရှိ စစ်ဘက်၊ အရပ်ဘက် အင်အားချိန်ခွင်လျှာအရ တပ်မတော်၏ သဘောတူ ကြည်ဖြူမှုမရလျှင် ၂၅% ကိစ္စမှာ၊ လက်တွေ့ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။ အန္တရာယ်ကြီးသော နိုင်ငံရေး မီးရှူးမီးပန်းသာ ဖြစ်ဖို့များပါလိမ့်မည်။

ယခုစာစုကို ‘ဒီမိုကရက်တိုင်ဇေးရှင်း’ ပညာရပ်၏ ခေါင်းကိုင်ဖခင်တစ်ဦးဟု ဆိုနိုင်လောက်သော ပါမောက္ခ ဂီယာနိုဒီယာ၏ သတိပေးစကားဖြင့် နိဂုံးချုပ်အပ်ပါသည်။ ယခုလို …

“ ဒီမိုကရေစီအပြောင်းအလဲမှာ လက်တွေ့မဖြစ်နိုင်သေးတာက မစမိပါစေနဲ့။ 

အကျိုးရလဒ်ထွက်ဖို့ အခွင့်အလမ်း အကောင်းဆုံးနယ်ပယ်မှာ အာရုံစိုက်ပါ။ ဒါက စပါ… ”

ကျော်ဝင်း
၁၂၊ မေ ၂၀၁၃

ဒေါ်စု၏သားများ မသင်ကြသော်လည်း ကမ္ဘာလှည့် ခရီးသွားများ မြန်မာစကားကို သင်ယူမှု များပြားလာ



ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းဆုကြည်၏ သားများသည် နိုင်ငံခြားတွင် နေထိုင်လျက် မြန်မာနိုင်ငံ ၏ဘာသာစကားအား မသင်ယူကြသော်လည်း နိုင်ငံခြားသားအများစုမှာ မြန်မာ ဘာသာစကားကို သင်ယူနေကြသည်မှာ ဒေါ်စု အတွက် အလွန် ပင် ရှက်ဖွယ်ကောင်းလှပါတယ်။


နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့် ခရီး သွားများ သည် မြန်မာဘာ သာစကားနှင့် မြန်မာ့ယဉ်ကျေးမှု များကို အထူးစိတ်ဝင်စားနေပြီး မြန်မာဘာ သာစကားကို လေ့ လာသင်ယူမှု ပိုမိုများပြားလာကြောင်း သိရသည်။ “အခု ဒီနှစ် ထဲမှာ မြန်မာဘာသာ လာသင်တဲ့ နိုင်ငံခြားသားတွေ ပိုများလာ ပါတယ်။ တချို့က စီးပွားရေးလုပ်ငန်းရှင်တွေ၊ တချို့က ကျောင်း သား၊ ကျောင်းသူတွေပါတယ်။ အရှေ့တိုင်းသားရော၊ အနောက် တိုင်းသားပါ အားလုံးမြန်မာစာ သင်ကြားတဲ့သူတွေ ပိုများလာပါတယ်” ဟု ရွှေဇီးကွက် အင်္ဂလိပ်စာကျူရှင်မှ ဆရာမ ဒေါ်လီလီက ပြောသည်။ 

ကိုရီးယားနိုင်ငံသား မစ္စတာဆောင်းဂျီက “ကျွန်တော်က မြန်မာဘာသာစကားကို စိတ်ဝင်စားတယ်။ ကျွန်တော့်အဖေက မြန်မာနိုင်ငံမှာ လုပ်ငန်းတစ်ခု လာလုပ်တယ်။ အဝတ်အစားထုတ်တဲ့ စက်ရုံပေါ့။ ကျွန်တော် ဒီနိုင်ငံ မှာနေတုန်း မြန်မာဘာသာ သင်နေပါတယ်။ ဆရာဆီမှာ ကျူရှင်တက် တယ်။ မြန်မာ ဘာ သာကို ဘာလို့ သင်ရတာလဲ ဆိုတော့ စိတ်ဝင်စားလို့၊ မြန်မာတွေအကြောင်း သိချင်လို့ပါ။ မြ န်မာ ဘာသာက တော်တော်ကြီး ခက်ပါတယ်” ဟု ပြောသည်။ မြန်မာဘာ သာစကားနှင့် မြန် မာ့ ရိုးရာ ယဉ်ကျေးမှုများကို ကိုရီးယားနိုင်ငံသားများ လေ့လာ သင်ကြားနိုင်ရန် ရန်ကုန်တက္ကသိုလ်တွင် မြန်မာ ဘာသာစကား သင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ယင်းကဲ့သို့ မြန်မာဘာသာစကားကို စနစ်တကျ သင်ကြားခွင့် ရရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယား နိုင်ငံ Hankuk တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၁၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

တရုတ်၏လက်ရင်းတပည့် “ ၀ ”၏ သြဇာအာဏာကို မလွန်ဆန်နိုင်သော KIA

KIA အဖွဲ့မှ “ ၀ ” တပ်ဖွဲ့အားပေးရန် အကြွေးများကို ပေးဆပ်နိုင်ခြင်း မရှိသေးသောကြောင့် KIA ခေါင်း ဆောင် များသည် “၀” တပ်ဖွဲ့၏ သြဇာအာဏာကို ခံနေရကြောင်း သိရှိရပါသည်။


KIA အဖွဲ့မှ ကချင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် (၀မ်ပေါင်သမ္မတနိုင်ငံ) ထူထောင်ရန် အတွက် အစိုးရတပ် များတိုက်ခဲ့စဉ် “ ၀ ” တပ်ဖွဲ့ဆီမှ လက်နက်ခဲယမ်းများကို အကြွေးများဖြင့် ၀ယ်ယူခဲ့ ကြောင်း၊ “၀” တပ်ဖွဲ့ ပြန်လည် တောင်းခံစဉ်ပေးချေနိုင်ခြင်း မရှိသည့်အတွက် KIA ခေါင်းဆောင်ပိုင်းများမှ “ ၀ ” တပ်ဖွဲ့၏ ခိုင်းစေ မှုများကို လုပ်ကိုင်ပေးနေရကြောင်း၊ KIA တပ်ဖွဲ့၏ လုပ်ဆောင်မှုများကိုလည်း အသိပေးနေရကြောင်း လိုင်ဇာဌာ ချုပ်ရှိ အရာရှိတစ်ဦး ပြောပြချက်အရသိရှိရပါသည်။

“ ငါတို့ နဲ့ စစ်တပ်နဲ့တိုက်တုန်းက သူတို့ဆီကနေ လက်နက်တွေယူထားတယ်လေ အဲဒါအတွက် ပိုက်ဆံမှ မပေးရသေးတာ ဒီကောင်တွေပြောတာလုပ်နေရသေးတာပေါ့ကွာ အခုလဲ ပိုက်ဆံရမယ့်နည်းတွေ အားလုံး လုပ်နေ တာဘဲ မပေးရသေးတော့ သူတို့ကိုကြောက်နေရတာပေါ့” ဟု KIA ဗိုလ်မှူး တစ်ဦး ကပြောပြ ခဲ့ပါ သည်။

“ စစ်တပ်ကလဲငါတို့ဆီကိုလာလာတိုက်နေတယ် ဒီကောင်တွေလာတိုက်တော့ငါတို့ က ပြန်တိုက်ရမှာ ဘဲ ပြန်တိုက်ဖို့ က ငါတို့ဆီမှာလက်နက်ခဲယမ်းက မရှိတော့ ရှိတဲ့ကောင်တွေဆီ ကသွားကြွေးနဲ့ ၀ယ် ရတော့ ပေါ့၊ ပိုက်ဆံ ရပေါက်ရလမ်းတွေလုပ်တော့လဲ အဆင်မပြေပါဘူးဗျာ။ အကြွေးရှိတော့ ငါတို့ကောင်တွေ က အကြွေးရှင် ရဲ့ သြဇာကတော့ရှိတာပေါ့” ဟု KIA တပ်ရင်းမှူးတစ်ဦးကဆိုပါသည်။

From: Kachin Daily News

မိုဘိုင်းဖုန်း သုံးသိန်းခွဲ မေ ၂၀ တွင် ထပ်မံရောင်းမည်

ပြည်နယ်နှင့် တိုင်း အစိုးရများ၏ အစီအစဉ်ဖြင့် မေလအတွက် ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်း ဆင်းမ်းကတ် ၃၅၀,၀၀၀ ကို မေလ ၂၀ ရက်နေ့တွင် ချထားပေးမည်ဟု မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းက ယနေ့ ထုတ်ပြန် ကြေညာသည်။


ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်နှင့် တိုင်းများတွင် CDMA 800 Mhz မိုဘိုင်းဖုန်းများကို ချပေးမည်ဖြစ်သည်။ ချင်းပြည် နယ်တွင်မူ ယင်းဖုန်းလိုင်းများ တပ်ဆင်ထားရှိခြင်း မရှိသောကြောင့် WCDMA မိုဘိုင်းဖုန်း များကို ချထားပေး မည် ဖြစ်သည်။

ဧပြီလ ၂၄ ရက်နေ့က စတင်ရောင်းချပေးသော အဆိုပါ တန်ဖိုးနည်းဖုန်း အလုံးရေ ၆,၀၀၀ ခန့်ကို ယနေ့ အချိန်တွင် သုံးစွဲထားခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ပြောဆိုသည်။

ပထမ နှစ်လတွင် CDMA 800 Mhz မိုဘိုင်းဖုန်းများ ချထားပေးမည်ဖြစ်ပြီး လိုင်းသုံးစွဲမှု အရေအတွက်များ ကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နေ့စဉ် စောင့်ကြည့်နေသည်ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဒု-ဝန်ကြီး ဦးသောင်းတင် က ပြောကြားထားသည်။

ယခု ချထားပေးနေသည့် မိုဘိုင်းဖုန်း ကတ်များမှာ MECTEL အမှတ်တံဆိပ် တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းလ် တယ်လီဖုန်းဖြစ်သည်။ ယင်းစနစ်ကို အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ တဝှန်းတွင် ရေဒီယို စခန်းပေါင်း ၂၈၂ စခန်း ရှိပြီး ထိုစခန်းများ၏ နယ်နိမိတ် အတွင်းမှ ပြည်တွင်း၊ ပြည်ပသို့ ခေါ်ဆိုနိုင်ပြီး အပြန်အလှန် ယူဆောင် အသုံးပြုနိုင်သည်။

From:Mizzima

ဆရာတော်ဦးသောဘိတ အသတ်ခံရမှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူများအား မေ ၂၁ ရက်တွင် အမိန့်ချမည်



မိတ္ထီလာမြို့ ဘုန်းတော်ကြီးတစ်ပါး သတ်ဖြတ် ခံရ သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူ ခြောက်ဦးအ တွက် မေ ၁၃ ရက်တွင် အပြီးသတ် လျှောက်လဲ ချက်ပေးခဲ့ပြီး မေ ၂၁ ရက်(အင်္ဂါ)တွင် အမိန့်ချ မည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် တရားရုံးမှ သိရှိရသည်။


''ဧပြီ ၂၂ ရက်ကစပြီး ဆက်တိုက်စစ်ဆေးခဲ့တယ်၊ နေ့စဉ်လောက်နီးနီး စစ်ခဲ့တယ်၊ ပထမရက်တွေ ဆို နေ့ခင်းနှ စ်နာရီခွဲလောက်မှ ပြီးတယ်၊ နောက်ရက် တွေ ရုံးချိန်ကို မနက် ၁၀ နာရီ လောက်ကစပြီး ညနေ ၃ နာရီလောက်မှ ပြီးတယ်၊ တရားလိုပြ သက်သေ ၃၈ ယောက်လောက် ရှိတယ်၊ ပြန်ခေါ်သက်သေလည်း ရှိတယ်၊ အားလုံးတရားခံ သက်သေ ၁၆ ယောက် စစ်ဆေးခဲ့တယ်၊ ဒီအမှုက အရေးလည်းကြီးတယ်၊ အများလည်း စိတ်ဝင်စားတဲ့ အမှုဖြစ်ပါတယ်၊ ကျေးဇူးတင် စရာ ကောင်းတာကတော့ မိတ္ထီလာခရိုင် တရားရုံးက စစ်ဆေးစဉ်မှာ တရားမျှတမှုအပြည့် ရှိပါတယ်၊ ညီညီနိုင်က အသက် ၁၆ နှစ် မပြည့်သေးဘူး၊ ဒါကိုတရားရုံးက စွဲချက်မတင်ဘူး၊ ဥပဒေနဲ့အညီပါပဲ ကလေးသူငယ်အက်ဥပဒေနဲ့ အခြားရုံးကို လွှဲပေးလိုက် တယ်၊ 

နောက်တရားခံပြ သက်သေကတော့ အခက်အခဲရှိတယ်၊ သိပ်မလာရဲကြဘူးပေါ့နော်၊ အမှုက ထင်ရှားနေ တယ်၊ တရားလိုပြသက်သေ ၃၈ ယောက်ရှိတဲ့ အထဲမှာ မျက်မြင်သက်သေက ၁၈ ယောက်လောက် ရှိနေတယ်၊ အဲဒီထဲကမှ သက်သေ ၁၀ ယောက်လောက်က အချင်းဖြစ်နေရာ အကြောင်း ကို အသေးစိတ် တိတိကျကျ ပြောနိုင်တယ်၊ အဲဒီမှာ ပေါ်တာကတော့ အဓိကအကျဆုံး တရား ခံလေးယောက်ကတော့ လွတ်နေသေးတယ်၊ အမှုကို ၁၃ ရက်မှာ လျှောက်လဲချက်ပေးတယ်၊ အကောင်း ဆုံး မျော်လင့်ထားပါတယ်။ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးမယ့်သူ ဘယ်သူမှ မရှိတော့ တရားဥ ပဒေက သေဒဏ်၊ ကျွန်းဒဏ် ခံရနိုင်တဲ့အမှုမှာ တရားခံဘက်က ရှေ့နေမပါဘဲ စစ်လို့မရဘူး၊ အစိုးရရှေ့နေ ကလည်း မလိုက်ချင်လို့၊ တိုင်းဒေသကြီး ဥပဒေချုပ်က ရင်းနှီးတဲ့သူတွေကို အကူအညီတောင်းလို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ဖြစ်တာပါ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပြသည်။

မိတ္ထီလာမြို့ သံဃာတော်တစ်ပါး သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွင် ပါဝင်သူများအနက် ညီညီနိုင်မှာ အသက် ၁၆ နှစ် မပြည့်သေးသဖြင့် ကလေးသူငယ် တရားရုံးတွင် ပြောင်းလဲစစ်ဆေးပေးရန် မေ ၆ ရက် ရုံးချိန်းတွင် တင်ပြခဲ့ကြောင်း ညီညီနိုင်၏ ရှေ့နေဖြစ်သူ ဦးခင်မောင်သန်းထံမှ သိရှိရသည်။

ထို့ပြင် မတ် ၂၀ ရက်က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအတွင်း ပါဝင်ပတ်သက်သူ ဗုဒ္ဓဘာသာဝင် များ အပါအ၀င် လူ ၆၀ ကျော်ကို လူသတ်မှု၊ သွေးထိုးလှုံ့ဆော်မှု၊ မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ လုယက် မှု၊ နာကျင်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ မတ် ၂၀ ရက်က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအတွင်း ပါဝင်ပတ်သက်သူ ဗုဒ္ဓဘာသာဝင်များ အပါအ၀င် လူ ၆၀ ကျော်ကို လူသတ်မှု၊ သွေးထိုးလှုံ့ဆော်မှု၊ မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ လုယက်မှု၊ နာကျင်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပါတယ်။

From:Eleven

SSPP/SSA ဗိုလ်မှူးချုပ် ခေးတိုင်းနှင့် အစိုးရကိုယ်စားလှယ် ဦးသိန်းဇော် တို့ တွေ့ဆုံပွဲမှ ထူးမခြား နား သော သဘောတူညီချက် ၄ ချက်



လွန်ခဲ့သည့် နှစ်ပေါင်းများစွာကလည်း ထို အတိုင်း ပြောခဲ့သည်။ ယနေ့ ဆွေးနွေးပွဲ လုပ်နေချိန်တွင် နောက်ကွယ်တွင် ဘိန်းစိုက်သည်၊ လူသစ်စုသည်၊ လက်ထဲတွင် လက်နက်ထည့်ထားသမျှ ငြိမ်း ချမ်း ရေး စကားပြော၍ရသည့် သမိုင်း ဘိန်းဓားပြများ၏ ရာဇ၀င်တွင် မရှိခဲ့။ ယခုလည်း ထိုနည်း ၄င်းပင်။


သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မ တော်၏ တာဝန် ရှိသူ ၁၁ ဦးနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၁၁ ဦးတို့ တွေဆုံဆွေးနွေးခဲ့ကြရာ သဘောတူညီချက် ၄ ချက် ရရှိခဲ့ကြောင်း SSPP/SSA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန် ခဲ့သည်။

မေလ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး SSPP/SSA ဘက်မှ ဗိုလ်မှူးချုပ် ခေးတိုင်း၊ ဒုဗိုလ် မှူးကြီး ကျော်လှ၊ ဗိုလ်မှူး ခေးမောဝ် ၊ ဗိုလ်မှူး နော်လိတ်၊ ဗိုလ်မှူး စိုင်းရီ၊ ဗိုလ်ကြီး အောင်လတ်၊ဗိုလ် ကန့်မိန်း၊ အရာခံဗိုလ် စိုင်းပွင့် တို့ဦးဆောင်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း SSPP ကဆိုပါသည်။

ဆွေးနွေးပွဲအတွင်း နှစ်ဘက်သဘောတူညီချက် ၄ ချက်ရှိရာ-

၁- ယခင်ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များမှ သဘောတူ ညီ ချက် များ အား နှစ်ဘက်လုံးမှ အလေးအနက်ထား လိုက်နာဆောင်ရွက်မည်။

၂-တပ်မတော်နှင့် SSPP/SSA တပ်ဖွဲ့များ၏ တပ်ဖြန့်ခွဲမှု ၊တပ်လှုပ်ရှားမှု များနှင့်ပတ်သက် ၍ တပ်ပိုင်း ဆိုင်ရာ နှစ်ဘက်တာဝန်ရှိသူများမှ ငြိမ်းချမ်းစွာ အတူ တကွ ညှိနှိုင်းဖြေရှင်းရန်။

၃-ပြည်သူလူထုအပေါ် ဥပဒေမဲ့လုပ်ရပ်များဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှု များကိုရှောင်ရှားရန်။

၎-တဖက်နှင့်တဖက် သံသယဖြစ်ဖွယ်ရာ ကိစ္စရပ်များနှင့် ပြဿနာဖြစ် ဖွယ်ရာကိစ္စရပ်များ ပေါ်ပေါက် လာ ပါ က နှစ်ဘက်ကိုယ်စားလှယ်များ အမြန်ဆုံးတွေ့ဆုံ၍ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဖြေရှင်းရန်- စသည် တို့ဖြစ် ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ ကို ဒုဥက္ကဌ ဦးသိန်းဇော်ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီး လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်စိုး ၊ ကုန်သွယ် ရေးဌာနဝန်ကြီး ဦးဝင်းမြင့်၊ သျှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့ပါဝင်သော အဖွဲ့ ၁၁ ဦးရှိကြောင်း သိရပါသည်။

၎င်းတို့သည် တန့်ယန်းမြို့သို့ မရောက်ခင် သျှမ်းပြည်အရှေ့ပိုင်းမိုင်းလား တပ်ဖွဲ့မှအကြီးအကဲများနှင့် ပန် ဆန်းမြို့မှ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အရာရှိများအားမေလ ၉ ရက်နှင့် ၁၀ ရက်တို့ တွင်ေ တွ့ ဆုံ ဆွေးနွေးခဲ့သည်။

သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံမှ ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် ရုပ်ရှင်ရိုက်မည်

ပြည်တွင်းစစ်ပွဲ များကြောင့် အသက် ဆုံးရှုံးခဲ့ရတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ အကြောင်းရယ် မြန်မာနိုင် ငံမှာ ပထမဆုံး ဖြစ်ပျက်ခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲမှုဖြစ်ရပ်မှန် အကြောင်းရယ်ကို ပေါင်းစပ်ထားတဲ့ ဇာတ် လမ်း ကို နိုင်ငံတကာနည်းတူ ပြသနိုင် ဖို့ရည်ရွယ်ပြီး “ငြိမ်းချမ်းပါစေဇွဲကပင်မြေ” လို့ အမည်ပေးပြီး ရုပ်ရှင် အဖြစ် ရိုက်ကူး သွားမှာဖြစ်တယ်လို့ ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာအဏ်ထော်နီက The Voice ကို ပြောပြ ပါတယ်။


အဲဒီရုပ်ရှင်ကို အချိန်ပေး ရိုက်ကူးရမှာဖြစ်ပြီး သိန်းသုံးထောင်လောက် ကုန်ကျခံ ရိုက်ကူးမှာဖြစ်ကြောင်း၊ က မ္ဘာ့ ရာဇဝင် တွင်တဲ့ ဒီလေယာဉ်ပြန်ပေး ဆွဲမှုကို မြန်မာနိုင်ငံရှိ KNU အဖွဲ့အစည်းက ပထမဆုံး ပြန်ပေး ဆွဲ ခဲ့ တဲ့ သမိုင်းကို မှတ်တမ်းတင် ရိုက်ကူးချင်လို့ ပြန်ပေးဆွဲတုန်းက ပါခဲ့တဲ့ KNU အဖွဲ့ဝင် တစ်ဦးရဲ့မြေးနဲ့ အ တူ မြဝတီကို ရက်နှစ်ဆယ်ကြာ သွားရောက် စုံစမ်းလေ့လာခဲ့ကြောင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပ ဈေးကွက်ကိုပါ ဖောက်ထွက်နိုင်အောင်လို့ ရိုက် ကူးရေးအတွက် လိုအပ်တဲ့ စက်မှုဆိုင်ရာ ပစ္စည်းတွေကို ထိုင်းနိုင်ငံကနေ ငှားရမ်းအသုံးပြု ရိုက် ကူး မှာဖြစ်ကြောင်း ဒါရိုက်တာ အဏ်ထော်နီက ဆိုပါ တယ်။

အကုန်အကျခံ ရိုက်ကူးပေးမယ့် ထုတ်လုပ်သူ ပေါ်ထွက်လာတာကြောင့် မကြာခင်အချိန်မှာ ဒီဇာတ် ကား ဟာ အကောင်အထည် ပေါ်လာတော့မှာဖြစ်တယ် လို့လည်း သူက ပြောပါသေးတယ်။ "နာမည်ကြီး သရုပ် ဆောင်တွေက ဒီဇာတ်လမ်းအတွက် အချိန်ပေး ရိုက်ကူးနိုင်မယ်မထင်လို့ သရုပ်ဆောင် အ သစ် တွေနဲ့ အ ကောင်းဆုံး လေ့ကျင့် ရိုက်ကူးသွားမှာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ အောင်ကိုလတ်ရဲ့ ကယန်း အလှ ရုပ်ရှင်လိုမျိုး အကောင်းဆုံး ရိုက်ကူးမှာပါ" လို့ သူကပြောဆိုပါတယ်။

၈၈ ကျောင်းသူ မဝင်းမော်ဦး အကြောင်းကို ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုတဲ့ ဒါရိုက်တာ အဏ်ေ ထာ် နီက အဲဒီ ဇာတ်ကားထက် ပိုမိုအကုန်ကျ များတဲ့အပြင် တာဝန်ယူ အကုန်အကျခံမယ့် ထုတ်လုပ် သူလ ည်း ရှိတဲ့ “ငြိမ်းချမ်းပါစေ ဇွဲကပင်မြေ” ဆိုတဲ့ ဒီဇာတ်လမ်းကို အရင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

The Voice Weekly

NLD ပါတီဝင်ဟောင်း ၄ ဦး လျှောက်လွှာတင်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မတ်လ အတွင်း ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ညီလာခံ အတွင်း NLD ပါတီဝင် အဖြစ် လျှောက်ထားမှုကို လက်မခံရန် ဆုံးဖြတ်ခဲ့သော ယခင် NLD ပါတီ ဟောင်း အမတ် ၂ ဦးနှ င့် အဖွဲ့ဝင် ၂ ဦးကို ပါတီဝင် အဖြစ် ပြန်လည်လျှောက်ထားရန် ဒေါ်အောင်ဆန်း စုကြည်က တောင်းဆို လိုက်ကြောင်း သိရှိရသည်။


NLD က ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီ မှတ်ပုံတင်ခြင်း မပြုဘဲ ရွေးကောက်ပွဲမ၀င်ရန် ဆုံး ဖြတ်ခဲ့ ချိန် က အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) သို့ ၀င်ရောက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြ သော လသာမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးကြည်မြင့်၊ မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စား လှယ် ဒေါက်တာသန်းဝင်း အပါအ၀င် ပါတီဝင်ဟောင်း ၄ ဦးတို့က NLD ပါတီ စတင်မှတ်ပုံတင်ချိန်တွင် ပါတီဝင် အဖြစ် ပြန်လည် လျှောက်ထားခဲ့ကြကြောင်း၊ ယင်းသို့ လျှောက်ထားမှုကို ယခုနှစ် မတ်လ အတွင်း ကျင်း ပပြုလုပ်ခဲ့သည့် နိုင်ငံလုံး ဆိုင်ရာ ဗဟိုညီလာခံက ပယ်ချခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပါတီဝင်လျှောက်လွှာများ ပြန်လည်ပေးပို့ရန် တောင်းဆိုမှုများရှိခဲ့ကြောင်း NLD မှ တာဝန် ရှိသူများက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပါတီဝင်ဟောင်းတွေဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ မန္တလေးတိုင်းက ဦးတင်အောင်ေ အာင်၊ ဦးမြင့်သွင်တို့ကို ပါတီဝင်သစ် အဖြစ် လျှောက်လွှာ ပြန်တင်ခိုင်းတယ်။ အဲဒီလူတွေနဲ့ အဖွဲ့ချုပ်က တချို့ ကိစ္စတွေမှာ ထိတွေ့မှု ရှိနေပါတယ်” ဟု NLD မှ တာဝန်ရှိသူတဦးက ပြောသည်။

မတ်လအတွင်း ကျင်းပခဲ့သည့် NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပါတီသို့ ပြန်လည် ၀င်ရောက်ခွင့် လျှောက် ထားကြသည့် ပါတီဝင်ဟောင်း ၄ ဦးဖြစ်သော မြောက်ဥက္ကလာပ မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာသန်းဝင်း၊ လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ မန္တလေး တိုင်းမှ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ကို ပါတီဝင်အဖြစ် ပြန်လည်လက်ခံရေး၊ မခံရေးကို တနိုင်ငံ လုံးမှ ညီလာခံ ကိုယ်စားလှယ်များက မဲခွဲ ဆုံးဖြတ်ခဲ့ကြပြီး ပြန်လည် လက်မခံလိုသော ဆန္ဒမဲ ၄၆၂ မဲ၊ လက်ခံ လိုသော မဲ ၃၁၆ မဲဖြင့် ပါတီဝင် အဖြစ် လက်မခံရန် ဆုံးဖြတ်ခဲ့သည်။

NLD ၏ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကမူ ပါတီဝင်ဟောင်း ၄ ဦး၏ လျှောက်လွှာ ပယ်ချမှုသည် ပါ တီ ၏ မူဝါဒ မဟုတ်ဘဲ ညီလာခံကသာ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ ပါတီဝင်ဟောင်းများ ပြန်လည် လျှောက် ထားမှု ရှိလာပါကလည်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့က သင့်တော်သလို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ညီလာခံ အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ပါတီဝင်ဟောင်း ၄ ဦးကို ပါတီဝင်အဖြစ် ပြန်လက်ခံရေး အတွက် မကြာမီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့က ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

“အခုအချိန်က အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ရမယ့်အချိန်ဆိုတော့ သိပ်မကြာခင် အားလုံး အ ဆင်ပြေပြေ ဖြစ်သွားမှာပါ” ဟု NLD တာဝန်ရှိသူက ပြောသည်။

NLD သို့ ပါတီဝင်အဖြစ် ၀င်ရောက်ရန် လျှောက်လွှာတင်ထားသော လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စား လှယ် ဦးကြည်မြင့်က မိခင်ပါတီသို့ မိမိပြန်လည်ဝင်ရောက်ရန် ပါတီ ပြန်လည်မှတ်ပုံတင်ချိန် က တည်းက တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အခုလည်း ပါတီဝင်အဖြစ် လျှောက်လွှာ ထပ်တင်ထားပါတယ်။ ပါတီ ပြန်မှတ်ပုံတင်ကတည်းက ပါတီဝင် အဖြစ် ပြန်လျှောက် ထားခဲ့တာပါ။ ညီလာခံက ပါတီဝင်အဖြစ် လက်မခံဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကျနော် ကတော့ ပါတီဝင်အဖြစ် လျှောက်လွှာ ထပ်တင် ခဲ့ပါတယ်” ဟု ဦးကြည်မြင့်က ဆိုသည်။

ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းကမူ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် လည်းဖြစ်၊ NLD ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါတီတွင်း ညီ ညွတ်ရေးနှင့် ပါတီပြန်လည် တည်ဆောက်ရေး အရေးတကြီး လုပ်ဆောင်ရန် လိုအပ်ပြီး ရွေးကောက်ပွဲ ကာ လ ပါတီတွင်း ဖြစ်ပေါ်လာနိုင်သော ပြဿနာများ အတွက်လည်း ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း သုံး သပ်ပြော ဆိုကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်လာချိန်တွင် NLD မှ ခွဲထွက်ခဲ့သော နိုင်ငံရေး ပါတီများ မှ ပါတီဝင်များ NLD သို့ ကူးပြောင်းခဲ့ကြရာတွင် NDF မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး သည် NLD ပါတီသို့ ပထမဆုံး ကူးပြောင်း ခဲ့သော လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည်။

Source - ဧရာဝတီ News

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပါတီတွင်း စည်းလုံးညီညွတ်ရေးနှင့် သင့်မြတ်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဓိကထား လုပ်ဆောင်ရမည်ဟု သုံးသပ်မှုများ ရှိနေသည်