Tuesday, May 14, 2013

မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ

မုန်တိုင်း သတိပေးချက်ရရင် ဆောင်ရွက်ရမယ့် အချက်တွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။


၁။ ရေဒီယိုဖွင့်ပြီး သတင်းကို နားထောင်ပါရန်။

၂။ ငါးဖမ်းထွက်ခြင်း၊ ရေလမ်းခရီးထွက်ခြင်းမှာ ရှောင်ကြဉ်ပါရန်။

၃။ သောက်ရေ၊ ဆေးဝါးနဲ့ ချက်လွယ် ကျက်လွယ်သော ရိက္ခာ ၇ ရက်စာတို့ကို အသင့် ပြင်ဆင် ထုပ်ပိုး ထားပါ။

၎။ လက်နှိပ်ဓာတ်မီးနဲ့ ဖယောင်းတိုင် အသင့်ထားပါ။

၅။ အရေးကြီး စာရွက်စာတမ်းများကို ရေစိုခံအိတ်ထဲတွင် ထည့်ထားပါ။

၆။ စပါး၊ ပဲကဲ့သို့ မျိုးစေ့များကို ပလတ်စတစ်အိတ်မှာ လုံခြုံအောင်ထည့်ပြီး ကုန်းမြေမြင့် တနေရာ တွင် မြေမြှုပ်ပါ။

၇။ အိမ်နဲ့ အမိုး ခိုင်ခံ့ပါက ထိုအိမ်တွင်သာ ခိုလှုံပါ။

၈။ ရေလွှမ်းမိုးမည်ဟု ထင်ရသောနေရာမှ မုန်တိုင်းခိုနေရာများသို့ ကျွဲ၊ နွားများနဲ့ အတူ အလျင်အ မြန် ပြောင်းရွှေ့ပါ။

၉။ မိသားစုများ တဦးစီ ကွဲသွားသည်အခါ ပြန်ဆုံတွေ့နိုင်မည် နေရာ ကြိုတင် သတ်မှတ်ထားပါ။

၁၀။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များနဲ့ မကျန်း မာသူ များအား ခိုအောင်းရမည်နေရာသို့ ဦးစားပေး ပို့ဆောင်ပါ။ 

ဆိုင်ကလုန်း MAHASEN လမ်းကြောင်း တောင်ဘက်အနည်းငယ်ရွေ့


Photo: ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ထပ်မံရွေ့ 
By mmweather.ygn, on May 14th, 2013
http://blog.mmweather.com/2013/05/14/cyclone-mahasen-track-updated-02/

ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် ယနေ့ နံနက် မြန်မာစံတော်ချိန် ဝဝ၃ဝ နာရီမှ စတင်၍ မြောက်ဘက်သို့  ဦးတည်ရွေ့ လျားပြီး မြန်မာ စံတော်ချိန် နံနက် ၀၆၃ဝ နာရီတွင် အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့  အရှေ့ ဘက် မိုင် ၃၄ဝ ခန့် ၊ မြန်မာနိုင်ငံ ကျောက်ဖြူမြို့  အနောက်တောင်ဘက် မိုင် ၆၇ဝ ခန့် ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၇၃၅ မိုင်ခန့် အကွာ ဘင်္ဂလား အော်ပင်လယ်ပြင်သို့  ရောက်ရှိ ဗဟိုပြု နေပါသည်။

ဆိုင်ကလုန်း MAHASEN ၏ ဗဟို ဖိအားနှင့် လေတိုက်နှုန်းတို့  ပြောင်းလဲလာခြင်း မရှိသေးကြောင်း တွေ့ ရသော်လည်း လမ်းကြောင်း အနေအထား မြောက်ဘက် သို့  ရောက်ရှိသွားကာ (ပုံ – ၁) မုန်တိုင်း ဗဟိုသည် မေလ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း၊ Barisal Division ၏ မြစ်ဝဒေသ (စစ်တကောင်းမြို့ အနောက်ဘက် မိုင် ၇ဝ ခန့် (ပုံ – ၂) တွင် ကြည့်ပါ) ကို ဖြတ်ကျော် ဝင်ရောက်ပြီး၊  အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြောက်ပိုင်းမှ တစ်ဆင့် မဏိပူရပြည်နယ်သို့  ကုန်းတွင်း မုန်တိုင်းအဖြစ် ဆက်လက် ရွေ့လျားမည် ဖြစ်ကြောင်း JTWC Warning #15 (မြန်မာစံတော်ချိန် နံနက် ဝ၃၃ဝ နာရီ)တွင် ဖေါ်ပြထား ပါသည်။

မုန်တိုင်း အရှေ့ မြောက်ဘက်သို့  ချိုးကွေ့ နိုင်မည်ဖြစ်ကြောင်း ခန့် မှန်းချက်များ ရှိနေသဖြင့် အရှေ့ မြောက်ဘက်သို့  ချိုးကွေ့ ပြီးသည့် အခါ ပြောင်းလဲ လာဦးမည့် ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်း အခြေအနေကို ထပ်မံ တင်ပြပေးပါမည်။

ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN
14 May 2013 0000Z
Location: 13.7 85.3
Winds: 50 knots
Central Pressure: 985 hPa

မေလ ၁၄ ရက် မြန်မာစံတော်ချိန် ၁၅၃ဝ နာရီတွင် JTWC မှ အချက်အလက်များအရ ဆိုင်ကလုန်း မုန်တိုင်း MAHASEN သည် အိန္ဒိယနိုင်ငံ ကိုလ် ကတ္တားမြို့ တောင်-အနောက်တောင်ဘက် မိုင် ၆ဝဝ ခန့်၊ ချင်နိုင်းမြို့ အရှေ့-အရှေ့မြောက်ဘက် ၃၈၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် မိုင် ၆၂ဝ ခန့်၊ ကျောက်ဖြူ မြို့ အနောက်တောင်ဘက် ၆၂၅ မိုင်ခန့်၊ စစ်တွေ မြို့ အနောက်တောင်ဘက် မိုင် ၆၂ဝ ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၆၈၅ မိုင်ခန့် အကွာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း ပင်လယ်ပြင်၌ ဗဟိုပြုနေပါသည်။


ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မြန်မာစံတော်ချိန်နံနက် ဝ၆၃ဝ နာရီမှ စတင်၍ အရှေ့မြောက် ဘက်သို့ ချိုးကွေ့ပြီး တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။

မြန်မာစံတော်ချိန် ၁၅၃ဝ နာရီတွင် မုန်တိုင်းအရွယ်အစား အချင်း ၁၂၅ မိုင်ခန့် ရှိပြီး ဗဟိုဖိအား အနည်းငယ်ပြန်လည်တက်လာကာ ဗဟိုလေတိုက်နှုန်း တစ်နာရီ ၄၅ နော်တီကယ်မိုင်(တစ်နာရီ ၅၁.၈ မိုင်ခန့်) ရှိနေပါသည်။ မုန်တိုင်းဗဟိုတွင် လှိုင်းအမြင့် ၂၁ ပေအထိ ရှိနိုင်ကြောင်း JTWC မှ အချက်အလက်များတွင် ဖေါ်ပြထားပါသည်။ MAHASEN သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားရင် ပိုမိုအင်အားကောင်းလာမည်ဖြစ်ပြီး၊ မေလ ၁၄ ရက် မြန်မာစံတော်ချိန် ၂၄၃ဝ နာရီတွင် အချင်း မိုင ၁၄ဝ၊ ဗဟိုလေတိုက်နှုန်း ၅၅ နော်တီကယ်မိုင်(တစ်နာရီ မိုင် ၆ဝ ကျော်)သို့ လည်းကောင်း၊ မေလ ၁၅ ရက် နေ့လည် ၁၂၃ဝ နာရီတွင် အချင်းမိုင် ၁၈ဝ၊ လေတိုက်နှုန်း ၆၅ နော်တီကယ်မိုင်(တစ်နာရီ ၇၅ မိုင်ခန့်)သို့ လည်းကောင်း၊ မေလ ၁၆ ရက် ၁၂၃ဝ နာရီတွင် အချင်းမိုင် ၂ဝ၅ မိုင်ခန့်၊ လေတိုက်နှုန်း ၇ဝ နော်တီကယ်မိုင်(တစ်နာရီ မိုင် ၈ဝ နှုန်း)သို့လည်းကောင်း အသီးသီးတိုးလာမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်းလမ်းကြောင်းမှာ မူလခန့်မှန်းလမ်းကြောင်း၏ တောင်ဘက်သို့ အနည်းငယ်ကျဆင်းလာပြီး၊ မေလ ၁၇ ရက် နေ့လည် ၁၂၃ဝ နာရီ မတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ပေါ်မှ ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်မည် ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်မည့် လမ်းကြောင်းသည် မြန်မာနိုင်ငံ မောင်တောမြို့ အနောက်မြောက်ဘက် ၁ဝ၆ မိုင်ခန့်၊ စစ်တွေမြို့ အနောက်မြောက်ဘက် ၁၆၅ မိုင်ခန့် ကွာဝေးပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ပြီး နောက် အားပျော့ကာ ကုန်းတွင်းမုန်တိုင်းအဖြစ် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်၊ မဏိပူရပြည်တို့မှတစ်ဆင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ထမံသီမြို့ မြောက် ဘက်အထိ ရောက်ရှိကာ ထမံသီမြို့ မြောက်ဘက်ရောက်ရှိချိန်(TAU-96)တွင် လေတိုက်နှုန်း ၂ဝ နော်တီ ကယ်မိုင်(တစ်နာရီ ၂၃ မိုင်ခန့်) ရှိနိုင်ကြောင်း သိရှိရပါသည်။ 

Credit : https://www.facebook.com/mmweather?fref=ts

တနင်္သာရီ တိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်ဂိတ် ထပ်မံဖွင့်လှစ်

ထိုင်း-မြန်မာ စီးပွားရေးပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲအနီး၌ ထီးခီးအမည်ရှိ တရားဝင် နယ်စပ်ကုန်သွယ်ရေးဇုံဂိတ်တစ်ခုကို မေလ ၁၁ရက်နေ့ တွင် မြန်မာအစိုးရမှ တရားဝင်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

၎င်းဂိတ်ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို၊ ကရင်အမျိုးသား အစည်း အရုံး(KNU) တပ်မဟာ (၄)မှူး ဗိုလ်မှူးချုပ်စောဒါးကျော်လူနှင့် ထိုင်းဘက်မှ ကန်ချနပူရီခရိုင်မှူး အပါအ၀င် စုစုပေါင်း လူ ၃၀၀ခန့် တက်ရောက်ကြသည် ဟု သိရသည်။


တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခင်က တရားဝင်ဂိတ်အဖြစ် မြိတ်၊ ကော့သောင်းနှင့် မောတောင် စသည့်ဂိတ်များသာ ရှိခဲ့ သော်လည်း ယခုလို ထီခီးဂိတ်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ခြင်းဖြင့် လူထုအတွက် ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုကိစ္စ ပို၍ အဆင်ပြေမည်ဟု မျှော်လင့်ကြောင်း ယင်းဒေသရှိ ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဂိတ်အသစ်ဖွင့်တော့လည်း သွားရလာရ လုပ်ကိုင်စားသောက်ရတာ ပိုအဆင်ပြေမယ်လို့ မျှော်လင့် တယ်။ နောက် ဖွင့်ပွဲ မှာ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင်က ထိုင်းဘက်ခြမ်း သွားအလုပ် လုပ်မယ့်သူအတွက် တရားဝင်ဖြစ်အောင် လုပ်ပေးမယ်ပြောတယ်”ဟု ပြောဆိုသည်။

လက်ရှိ မြန်မာဘက်ခြမ်းတွင် ဖွင့်လှစ်လိုက်သည့် ထီးခီးဂိတ် အနီးအနားတွင် ကတ်သရာခီးရွာ၊ ဆင်ဖြူတိုင်၊ ၀ါးတော၊ အမိုကျေး ရွာများရှိပြီး မြန်မာဘက်ခြမ်းနှင့် ကီလိုမီတာအနည်းငယ်သာ ကွာဝေးသော ထိုင်း ဘက်ခြမ်းရှိ ကန်ချနပူရီခရိုင်၊ ဗာန်းဖူးနာမ်းရွန်း ရွာအနီးတွင် လာမည့် ဇူလိုင်လ ၁ ရက်နေ့၌ ဖွင့်လှစ်မည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် တရားဝင် နယ်စပ်ဂိတ်များအဖြစ် မြဝတီ၊ ဘုရားသုံးဆူ၊ တနင်္သရီတိုင်းမှ မောတောင်နှင့် ကော့ သောင်း နယ်စပ်ဂိတ်၊ သျှမ်းပြည်နယ်ဘက်တွင် တာချီလိတ်နယ်စပ်ဂိတ်တို့အပြင် ယခု အသစ်ဖွင့်လှစ်လိုက်သော ထီးခီးဂိတ် အပါအ၀င် တရားဝင်ဂိတ် စုစုပေါင်း ၆ခုရှိပြီ ဖြစ်သည်။

Credit : http://www.mnews.myanmaronlinecentre.com/archives/26542

၁၂ကြိမ်မြောက် KNPP ညီလာခံတွင် ကော်မတီ ၀င်ဦးရေ တိုးမြှင့်ဖွဲ့စည်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ ၁၂ကြိမ်မြောက် ညီလာခံတွင် ကော်မတီ ၀င်ဦးရေ ၃၀ ကျော် အထိ တိုးမြှင့်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်၊ ကရင်နီပြည်တပ်မတော်ဌာနချုပ် ညာမိုစခန်းရှိ ဂေ့ဖိုးဒူးခန်းမ၌ မေလ ၆ရက်မှ ၁၀ရက်နေ့အထိ ပြုလုပ်သည့် အဆိုပါ ညီလာခံတွင် အမြဲတမ်း ဗဟိုကော်မတီ ၄ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၇ဦး၊ ဗဟိုကော်မတီ ၉ ဦးနှင့် အရံဗဟိုကော်မတီ ၁၂ဦးဖြင့် ကော်မတီဝင်ဦးရေကို တိုးမြှင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။


KNPP ၏ အတွင်းရေးမှူး(၁)အဖြစ် ရွေးကောက်ခံရသူ ဦးအောင်ဆန်းမြင့်က “အရင်တုန်းက ကျနော်တို့ ပါတီရဲ့ဦးရေကို နှစ်ဆယ်ကျော်နဲ့ပဲ ဖွဲ့စည်းထားတော့ တာဝန်ခွဲဝေမှု လုပ်တဲ့နေရာမှာ လူလိုနေတယ်။ ဒါ ကြောင့် အားဖြည့်တဲ့သဘောနဲ့ ဖွဲ့စည်း လိုက်တာဖြစ်တယ်။ နောက် တိုးမြှင့်ဖွဲ့စည်းတဲ့အထဲမှာ လူငယ်တွေ ချည်းပဲ ဆယ့်နှစ်ဦးနဲ့ အားဖြည့်ထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ KNPP အတွင်းရှိ လူငယ်များ အမြော်အမြင် ကျယ်ပြန့်လာပြီး အနာဂတ် နိုင်ငံရေးတွင် ပိုမို ဦးဆောင်လာနိုင်ရန် စွမ်းရည်မြှင့်တင်ရမည့် မူချမှတ်ထားမှုများ ရှိထားသည့်အပေါ် လက်တွေ့အနေဖြင့် ယင်းသို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းလည်း ဦးအောင်ဆန်းမြင့်က ဖြည့်စွက်ပြောဆိုသည်။

KNPP-12nd-congress ထိုညီလာခံတွင် ဥက္ကဌအဖြစ် ဦးအေဘယ်တွဒ်၊ ဒုဥက္ကဌအဖြစ် ခူးဦးရယ်၊ အတွင်းရေးမှူး(၁)အဖြစ် ဦးအောင်ဆန်းမြင့်နှင့် အတွင်း ရေးမှူး(၂)အဖြစ် ဦးရွှေမျိုးသန့်တို့ကို အသီးသီး ရွေး ကောက်မြှောက်ခဲ့ကြသည်ဟု KNPP ၏ မေလ ၁၀ရက်နေ့က ကြေညာသည့် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

၎င်းထုတ်ပြန်ချက်၌ ၎င်းတို့ KNPP ၌ လေးနှစ်တာ ဆောင်ရွက်ခဲ့သော လုပ်ငန်းအစီရင်ခံစာများကို သုံးသပ် ခဲ့ကြသလို KNPP ၏ အခြေခံမူလမ်းစဉ်နှင့် ဖွဲ့စည်းပုံခြေခံဥပဒေ(မူကြမ်း)ကို အတည်ပြုနိုင်ခဲ့သည့် အပြင် ရှေ့လုပ်ငန်းစဉ်များအဖြစ် ပါတီစည်းရုံးရေး နှင့် နိုင်ငံရေး၊ အမျိုးသားစာပေ တိုးတက်ပြန့်ပွားရေး၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး၊ လူထုပြန်လည်နေရာချထားရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမြင် သဘောထားများကိုလည်း ချမှတ်နိုင်ခဲ့သည်ဟု ပါရှိသည်။

KNPP သည် ၎င်းတို့၏ ညီလာခံကို လေးနှစ်တစ်ကြိမ် ပြုလုပ်ကျင်းပခဲ့ကြပြီး ယခု ၁၂ကြိမ်မြောက် ညီလာခံတွင် ပါတီဝင် ကိုယ် စားလှယ်ပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု KNPP က ပြောဆိုသည်။

ကရင်နီပြည်နယ်တွင် အမျိုးသားလွတ်မြောက်ရေးနှင့် နိုင်ငံရေးဦးဆောင်မှု ပေးနိုင်ရန်အတွက် ရည်ရွယ်၍ KNPP ပါတီကို ၁၉၅၇ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ပါတီဝင်ပေါင်း တစ်ထောင်ကျော်ရှိ သည်ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

Credit : http://burmese.bnionline.net/index.php/news/kic/13825--knpp----.html

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD နိုင်ပြီးမှ PR စနစ်သွားမည်ဟု အသံထွက်လာသော်လည်း NLD အနေဖြင့် စိုးရိမ်စရာမရှိဟု ဦးဝင်းမြင့်ပြော

မကြာသေးမီကာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ၍ ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲကြီး၌ PR (ပါတီ အချိုးကျစနစ်)ဖြင့် သွား မည်၊ မသွားမည်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သူ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်မှ PR စနစ်သို့သွားမည်ဆိုသည်မှာ ကြားဖြတ်ရွေး ကောက်ပွဲ NLD အနိုင်ရပြီးမှ ပေါ်ထွက်လာခြင်း ဖြစ်ပြီး PR အချိုးကျစနစ်ဖြင့် သွားမည်ဆိုပါကလည်း NLD အနေဖြင့် မည်သို့မျှ စိုးရိမ်စရာ မရှိကြောင်းဆိုသည်။


““PR ကိုသွားမယ်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးမှ အသံတွေထွက်လာ တာ။ ကျွန်တော်တို့ NLD က ဒီ ရွေးကောက်ပွဲစနစ်ကို PR အချိုး ကျနဲ့သွားမယ်ဆိုရင် ဘာလို့ပြင်း ပြင်းထန်ထန် ကန့်ကွက်သလဲဆို ရင် ကျွန်တော် တို့ ပါတီနေရာမရ မှာစိုးလို့မဟုတ်ဘူး။ ဒီအတွက် လည်း ဘာမှစိုးရိမ်စရာမရှိဘူး။

တစ်ချို့လူတွေအတွက်ပဲ စိုးရိမ် စရာရှိရင် ရှိမယ်။ သူတို့အတွက် နေရာမရမှာစိုးလို့ ဖြစ်ရင်ဖြစ်မယ်။ ကျွန်တော်တို့ကတော့ နေရာရ ရေးအဓိကမထားဘူး။ ဘာလို့ဆို တော့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ် ချုပ်ပုံ ဥပဒေ အာဏာတည်ပြီး ၁၉၄၈ ကစပြီး ပြီးခဲ့တဲ့ကြားဖြတ် ရွေးကောက်ပွဲအထိ နိုင်သူအကုန် ယူစနစ် အမှား၊ မှန်ခြစ်စနစ်နဲ့ သွားခဲ့တာ။

ဒါတောင် ပြည်သူ က မဲမပေးတက်သေးဘူး။ PR သွားမယ်ဆိုရင် ဘာအားနည်း ချက်တွေရှိလာမလဲ ဆိုတော့ ပြည် သူတွေအနေနဲ့ ကိုယ့်ကိုယ်စား လှယ်ဘယ်သူမှန်းမသိဘဲ တစ်စုံ တစ်ရာအကူအညီလိုရင် ဘယ် သွားတင်ပြရမလဲမသိဖြစ်နေမယ်။ နောက်ပါတီကိုမဲပေးပြီးရလာတဲ့ မဲအရေအတွက်ပေါ်မူတည်ပြီး ကိုယ်စားလှယ်အချိုးကျတာဝန် ပေးရတာဖြစ်တဲ့အတွက် ပါတီ တစ်ခုက ကိုယ်စားလှယ် ၁၀၀ ရတယ်ဆိုရင် ၁၀၁/၁၀၂ ယောက်မြောက်တွေက ဘယ် ကျေနပ်တော့မလဲ။

ဒီလိုဆိုတော့ ပြည်သူလူထုအကျိုး၊ တိုင်းပြည် အကျိုး ထိရောက်စွာမဆောင် ရွက်နိုင်တော့ဘဲ ပါတီတွင်း အကွဲအပြဲတွေဖြစ်ကုန်မယ်။ ဒါ ကြောင့် ကျွန်တော်တို့က ဒါစနစ် ကို ကန့်ကွက်တာ””ဟု ဦးဝင်းမြင့် က Hot News နှင့်တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။

ယင်းမှဆက်လက်၍ ပြောကြားရာတွင်ယင်းစနစ်သို့သွားပါက ပါတီကြီးများသာ အချိုး အရေအတွက် များစွာရပြီး လူနည်းစု တိုင်းရင်းသားကိုယ်စားပြုပါတီ ငယ်လေးများအနေဖြင့် အချိုးရရှိ မှုမရှိတော့ဘဲ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုပါ ထိခိုက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်သူအကုန် ယူစနစ် သည် ပင်လျှင်ပြည်ထောင် စုဖက်ဒရယ်ပုံစံမကျသေးသည့် အတွက် PR ကိုသာသွားပါက ပြည်ထောင်စုဆိုတာ မဖြစ်လာ နိုင်တော့ကြောင်း ပြောသည်။

Credit : http://www.hotnewsweekly.com/archives/20504

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ အိန္ဒိယနိုင်ငံသို့ သွားရောက်လေ့လာ

အမျိုးသမီးခေါင်းဆောင်မှု နှင့် အမျိုးသမီး အခွင့် အရေးများ ကို ဆောင်ရွက်နေသော ဖန်တီး အိမ်၊ လူမှုရေးအဖွဲ့အစည်းနှင့် နယ်သာလန်နိုင်ငံမှ BCN တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုင်းဒေသကြီး၊ ပြည် နယ်လွှတ်တော်များမှ အမျိုးသမီးလွှတ်တော် ကိုယ် စားလှယ်များနှင့် နိုင်ငံရေး ပါတီအချို့မှ ခေါင်း ဆောင်များ သည် မေလ ၁၂ ရက်က အိနိ္ဒယ နိုင်ငံ နယူးဒေလီမြို့သွားရောက် လေ့လာခဲ့ကြောင်း သိရ သည်။


အဆိုပါခရီးစဉ်သည် ရက် သတ္တတစ်ပတ်ကြာမြင့်မည်ဖြစ် ပြီး၊ ယင်းခရီးစဉ်သို့ မန္တလေးတိုင်း ဒေသကြီးမှ လွှတ်တော်ကိုယ်စား လှယ်ဒီမိုကရေစီတစ်ပါတီမှ ဒေါ် နန်းငွေငွေ၊ ဧရာဝတီတိုင်းဒေသ ကြီးမှ လွှတ်တော် ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွင့် ဖြိုးရေးပါတီမှ ဒေါက်တာဒေါ်ခင် ခင်စီ၊ ကရင်ပြည်သူ့ပါတီမှ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် နော်ဆာထူး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥပဒေအကြံ ပေး ဒေါ်မြင့်မြင့်ဝေ၊ ခေတ်သစ် ပြည်သူ့ပါတီမှတွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ရီရီစံ၊ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဗဟိုကော်မတီဝင် ဒေါ် တင်တင်ထွေး၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ လူငယ်အဖွဲ့ဝင် ဆက်သွယ်ရေးနှင့် ပြန်ကြားရေး တာဝန်ခံ ဒေါ်နီနီမေမြင့် ဖန်တီး အိမ်လူမှုရေး အဖွဲ့အစည်းမှ ဒါရိုက် တာ ဒေါ်ရွှေရွှေစိန်လတ်နှင့် ဒေါက်တာဇာကျော်တို့ လိုက်ပါ သွားကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် National commission for women ၊ National Mission for Empowerment of women ၊ Delhi commission for women and child Development သို့ လေ့လာရေး သွားရောက်ခဲ့မည်ဖြစ်ပြီး ယင်း ခရီးစဉ်အတွင်း အိနိ္ဒယနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှား သူများ၊ ပညာရှင်များ၊ ဥပဒေ ပညာရှင်များနှင့် ရဲအရာရှိများ နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

ခရီးစဉ်၏ အဓိကရည်ရွယ် ချက်မှာ အမျိုးသမီးများအရေး ပါသော အခန်းကဏ္ဌာတွင်ပါဝင် မှု၊ အခန်း ကဏ္ဌာအားလုံးတွင် ကျား၊ မ တန်းတူအခွင့်အရေး တန်းတူညီမျှ ရရှိရေးနိုင်ငံရေး၊ စီးပွားရေးအခန်း ကဏ္ဌာများတွင် အမျိုးသမီးများပါဝင်လာရေး အိမ်တွင်းအကြမ်းဖက်မှုများအား လေ့လာရန်ဖြစ်ကြောင်း သိရ သည်။

Credit : http://www.hotnewsweekly.com/archives/20491

FMI ကုမ္ပဏီမှ သိမ်းယူထားတဲ့ လယ်ယာမြေကိစ္စ တောင်သူလယ်သမားများပြေလည် တော့မည်ဟုသိရ


ရန်ကုန်တိုင်ေးဒသကြီးလှိုင်သာ ယာမြို့နယ်၊ လ/န (၃၉) မထွက် ရှိသေးသော FMI ကုမ္ပဏီမှ သိမ်းယူ ထားတဲ့ ကွင်းအမှတ် (၃၈၀၊ ၃၈၁၊ ၃၈၂) ရှိ ဧကပေါင်း ၉၆၅ ဧကအတွက် ညှိနှိုင်းဆွေးနွေး ထားရာက မကြာမီအဖြေသိရ တော့မည်ဖြစ် ကြောင်း လယ်သမား ရောဆောင်ရွက်နေသူ ဦးတင်လှိုင် ကဆိုပါသည်။


FMI ကုမ္ပဏီပိုင်ပန်းလှိုင် ဂေါက်ကွင်း (၆၅၂) ဧကနှင့် FMI ကုမ္ပဏီမှ တခြားကုမ္ပဏီများ အား ရောင်းချ ထားသည့် (၃၁၃) ဧကအတွက် (၁.၄.၂၀၁၃) ရက်နေ့တွင် တောင်ဥက္ကလာပမြို့ နယ်ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်လယ်ယာမြေနှင့် အခြားမြေ များစုံစမ်းစစ်ဆေးရေးကော်ရှင်ဦး အောင်သိန်းလင်း ၏ရုံး၌ ညှိနှိုင်း တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌ လယ်ယာ မြေနှင့် ခြားမြေများစုံစမ်းစစ်ဆေး ရေးကော်မရှင်မှ ဦးအောင်သိန်းလင်း၊ ဒေါက်တာမြင့်ကြည့်၊ ဦးအောင်ဇင်၊ ဦးကျော်မြင့်အစရှိ သည့် တာဝန် ရှိသူများ လယ်သမား အရေးဆောင်ရွက်နေသူဦးတင်လှိုင် ဦးကျော်ဌေး၊ ဦးဇော်မြင့်အစရှိ သူများနှင့် ညှိနှိုင်း တိုင်ပင်ဆွေးနွေး ခဲ့ပါသည်။


အဆိုပါဆွေးနွေးပွဲနဲ့ ပတ်သက် ပြီးလယ်သမားအရေးဆောင်ရွက် နေသူဦးတင်လှိုင်မှ “ကျွန်တော်နဲ့ လယ်ယာမြေနဲ့ အခြာမြေများစုံစမ်း စစ်ဆေးရေးကော်မရှင်ဦးအောင် သိန်းလင်းရုံးမှာ ဆွေးနွေးခဲ့ပါတယ်။ FMI ကုမ္ပဏီစပြီးလုပ်ကိုင်တုန်းက ကျွန်တော်တို့လယ်ယာတွေဟာ လ/န (၃၉) မထွက်သေးဘူးဗျ။ ဒီလယ် တွေဟာ လယ်ယာမြေ အဖြစ်ဘဲရှိသေးတာ။ လယ်ယာ မြေအဖြစ်ရှိနေတာကြောင့် လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး တိုင်ပင်ညှိနှိုင်းကြတယ်ဗျာ။ အဲဒါ နဲ့ (၁) ဧကကို အကယ်၍များ အဆောက်အဦး ပါဝင်မယ်ဆိုရင် သိန်း (၈၀) နှုန်းမပါဘဲ။ လယ်ယာ မြေအတိုင်းဆက်ရှိနေမယ်ဆိုရင် လယ်ယာမြေအဖြစ် ပြန်ပေးဖို့ညှိ နှိုင်းခဲ့တယ်။ (၂၉.၄.၂၀၁) ရက်နေ့မှ သက်ဆိုင်ရာဌာနကို တရားဝင်စတင်လိုက်တယ်ဗျာ။ ဒီ အခြေအနေကနေ အခုတစ်စုံ တစ်ရာပြေလည်မှုရှိလိမ့်မယ်လို့ ကြားနေရပါတယ်”ဟု အတည်ပြု ပြောဆို ခဲ့ပါသည်။

Credit : http://www.hotnewsweekly.com/archives/20487

စက်သုံးဆီရောက်းချမှုစနစ်အားနည်းမှုကြောင့် အမှန်တကယ်အသုံးပြုသူများအချိန်ကုန်နစ်နာခြင်းများဖြစ်ပေါ်နေ


မော်တော်ယာဉ်များ မော်တော်ဆိုင်ကယ်များအား စက်သုံးဆီဝယ်ယူခွင့်စာအုပ်နှင့် ရောင်းချပေး လျက် ရှိနေသည့် စစ်ကိုင်းမြို့မှ စက်သုံးဆီအရောင်း ဆိုင် များ အနေဖြင့် အပတ်စဉ် ဆိုင်ကယ်များအား ဓာတ်ဆီရောင်း ချပေးရာတွင် ရောင်းချမှုစနစ်အား နည်းမှုများကြောင့် အမှန်တကယ် အသုံးပြုသည့် ပြည်သူများနစ်နာ မှုအချိန်ကြန့်ကြာမှုများနှင့် ကြုံ တွေ့ နေကြရကြောင်း သိရသည်။



စစ်ကိုင်းမြို့မှ စက်သုံးဆီ အရောင်းဆိုင်များသည် တရားဝင်ဆိုင်ကယ်များအား စက်သုံးဆီ ၀ယ်ယူခွင့် စာအုပ်ပြုလုပ်ပေးခဲ့ပြီး စုံ-မအက္ခရာနှင့် နေ့ရက်ခွဲကာ အပတ်စဉ်ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီတစ်ဂါလန် နှုန်းရောင်းချ ပေးခဲ့ကြောင်း ယခုအခါဓာတ်ဆီ ခွဲတမးရရှိမှုအခြေအနေများအရ တစ်လလျှင် ဆိုင်ကယ် တစ်စီးကို ၃ ဂါလန်နှုန်းရောင်းချပေးသည်ဟု ဆိုသော်လည်း လစဉ်ဒုတိယပတ် အတွင်းရောက်မှသာ စတင် ရောင်း ချပေးပြီး တတိယပတ်ရောက်ရှိ ချိန်တွင် ခွဲတမ်းကုန်သည်ဟု အကြောင်းပြကာ ရောင်းချပေးမှု ရပ်နားသွားလေ့ရှိနေကြောင်း သိရသည်။ 


ယခုအခါဓာတ်ဆီဝယ် ယူသည့်ပြည်သူများမှာ အချိန်ကြာ မြင့်စွာ တန်းစီစောင့်ဆိုင်းကာ ၀ယ်ယူနေ ကြရသဖြင့် အဆင်မပြေ မှုများ ကြုံတွေ့နေကြရပြီး၊ ဆိုင်ကယ်တစ်စီးတည်းဖြင့် စက်သုံး ဆီဝယ်ယူခွင့် စာအုပ် ၄-၅ အုပ်ကို ကိုင်၍ အကြိမ်ကြိမ်အခါခါဝင် ရောက်နေရာယူတန်းစီထုတ်ယူနေ ကြသည့် ထုတ် ရောင်းပွဲစားများ ကြောင့် အမှန်တကယ်အသုံးပြု မည့်ပြည်သူများမှာ အချိန်ကုန်ခြင်း နစ်နာခြင်းများနှင့် ကြုံတွေ့နေကြ ရကြောင်း သိရသည်။

“အရင်တုန်းက ဓာတ်ဆီထုတ် မယ်ဆိုရင် စာအုပ်နဲ့အတူ ၀ှီးတက် ပါပြခိုင်းတယ်။ ဆိုင်ကယ်နံပါတ် နဲ့ စာအုပ်ကို တိုက်ဆိုင်စစ်ဆေး ပြီး ထုတ်ပေးတယ်။ ၀ှီးတက်ကို မပြမနေရလုပ်တော့ ဖြုတ်ပြခဲ့ရ တယ်။ ဘာပဲပြောပြောအဲဒီတုန်းက စာအုပ်တွေစုယူလာပြီး ထုတ်စား တဲ့သူတွေ အတင့်မရဲခဲ့ဘူး။ အခု ကျတော့ ဆီထုတ်ရောင်းစားတဲ့ သူတွေက စာအုပ် ၄၊၅၊၆ အုပ် ကိုင်လာပြီး ဆိုင်ကယ်တစ်စီးထဲနဲ့ အကြိမ်ကြိမ် ထုတ်နေကြတယ်။ 

တန်းစီတဲ့အခါ နေရာတွေကြိုဦး ထားကြတယ်။ အမှန်တကယ်အသုံး ပြုသူတွေအတွက်ကျတော့ ဆီ ထုတ်ဖို့အတွက် နေပူထဲ၊ မိုးရွာထဲ နာရီဝက်လောက်အချိန်ကုန်ခံ၊ တန်းစီစောင့်ဆိုင်းပြီး ၀ယ်နေကြ ရတယ်။ အမှန်တကယ်သုံးတဲ့သူ တွေက ကိုယ်ကုန်သလောက် လာထုတ်တယ်။ ကိုယ်လိုအပ်လို့ တတိယ အပတ်ကုန်မှာ ဆီလာထုတ် တော့ ခွဲတမ်းကုန်ပြီဆိုပြီး အရောင်းရပ်သွားတယ်။ အခုကျ တော့ ၀ှီးတက်တို့ ဆိုင်ကယ်နံပါတ် နဲ့ စာအုပ်တိုက်စစ်တာတွေ မလုပ် တော့ဘဲ ဆိုင်ကယ်တစ်စီးထဲနဲ့ စာအုပ် ၄၊ ၅၊ ၆ အုပ်ကိုင်ပြီးနေ့စဉ် အကြိမ်ကြိမ်အခါခါထုတ်နေသူတွေ ကို စီစစ်မှုမလုပ်ဘဲ ထုတ်ပေးနေ တယ်။ 

နေ့စဉ်ဒီလူတွေပဲ ဒီလို အခါခါထုတ်နေတာသိရက်နဲ့ မစီစစ်ဘဲ ထုတ်ပေးနေတာမဖြစ် သင့်ဘူး။ အမှန် တကယ်ဝယ်ယူ အသုံးပြုနေကြရတဲ့ပြည်သူတွေ နစ်နာနေတယ်။ အမှန်တကယ် အသုံးပြုတဲ့ ပြည်သူတွေ လာထုတ် ချိန်မှာ ခွဲတမ်းကုန်လို့အရောင်း ပိတ်ပြီဆိုတော့ အပြင်ပေါက်ဈေး နဲ့ ရောင်းနေတဲ့ဆီကို ၀ယ်ထည့် ကြရတယ်။ 

ထုတ်ရောင်းပွဲစားတွေ ကြောင့် အမှန်တကယ်အသုံးပြု တဲ့သူတွေ နစ်နာနေလို့ ဆိုင်မန် နေဂျာဆီသွားပြီး ၀ှီးတက်၊ ဆိုင် ကယ်နံပါတ်၊ စာအုပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးစိစစ်ပြီး ရောင်း ပေးပါဦးလို့ သွားရောက် တွေ့ဆုံ ပြီး အကြံပြုတော့ စစ်ဆေးခွင့်မရှိ ပါဘူး။ စက်သုံးဆီဝယ်ယူခွင့် စာအုပ်နောက်ကျောပါစည်းကမ်း အတိုင်ုးရောင်းတာပါတဲ့ 

ဒါဆိုရင် အရင်က ဆီထုတ်ရင်သူတို့နဲ့ မဆိုင်တဲ့ ၀ှီးတက်ကို ဘာလို့ အတင်းဖြုတ်ပြခိုင်းခဲ့တာလဲ။ အခု ဒီလဆိုရင် လဆန်း ၁၀ ရက်နေ့မှ ဓာတ်ဆီစရောင်းတယ်။ ပြီးခဲ့တဲ့ လက ၂၃ ရက်နေ့မှာ ခွဲတမ်းပြတ် ပြီဆိုပြီး ဆီအရောင်းဖြတ်ခဲ့တယ်။ အမှန်တကယ်အသုံးပြုတဲ့ပြည်သူ တွေ အချိန်ကြန့်ကြာမှု နစ်နာမှု မရှိအောင်ထုတ်ရောင်းပွဲစားတွေ အတင့်ရဲနေတာကို စိစစ်သင့်ပြီ” ဟု ဓာတ်ဆီထုတ်ယူနေသည့် ဆိုင်ကယ် ပိုင်ရှင်တစ်ဦးကပြော သည်။

Credit : http://www.hotnewsweekly.com/archives/20463

ဒဏ်ရာရတပ်မတော်သာများနှင့် ပြည်သူများသို့ ထောက်ပံ့ငွေပေးအပ်


ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်း တိုက်ပွဲများ တွင်ဒဏ်ရာရရှိသော တပ်မတော် သား (၄) ဦးနှင့် လမ်းမပေါ်တွင် သွားလာနေခဲ့စဉ် သေနတ်ပစ်ခတ် ခံရသည့်အပြစ်မဲ့ပြည်သူ (၂) ဦး နှင့် နေအိမ်အတွင်းဝင်ရောက်ပစ် ခတ်ခြင်းခံရသော အပြစ်မဲ့ပြည်သူ (၃) ဦးတို့မှာ မူဆယ်ဆေးရုံတွင် ကုသလျက်ရှိရာခရိုင်အုပ်ချုပ်ရေး မှူးဦးကောင်းစံဦး၊ မြို့နယ်အုပ်ချုပ် ရေးမှူးဦးကိုကိုဇော်၊ မူဆယ် ဂရုဏာ ဖောင်ဒေးရှင်းအသင်း၊ ကာယကံ မေတ္တာ ရှင် အသင်းတို့မှ တာဝန်ရှိ သူများမှယနေ့ (၁၁.၅. ၂၀၁၃) နေ့ နေ့လယ် (၁၁း၀၀) နာရီအချိန် ကသွားရောက်၍ အားပေစကား ပြောကြားပြီး မေတ္တာဂရုဏာ ရှေ့ ထား၍ အဖွဲ့မှတပ်မတော်သား တစ်ဦးလျှင် (၄၀၀၀၀) ကျပ်စီနှင့် အရပ်သားပြည်သူတစ်ဦးလျှင် ကျပ် (၃၀၀၀၀)ကျပ်စီပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါ သည်။


ဒဏ်ရာရသည့်အရပ်သားပြည် သူ(၂) ဦးမှာ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးမှ မူဆယ် မြို့နယ် တုန်ခန်ရွာမှ တရုတ်ပြည် နယ်စပ်သွားသော ကျိန်စန်းကျော့ လွယ်အင်ရွာသွားလမ်းပေါ်တွင် သေနတ် ဒဏ်ရာကြောင့် သေဆုံး သူ (၁) ဦးနှင့်အတူ အပစ်ခံရ သောဇနီးမောင်နှံ (၂) ဦးဖြစ်ပြီး ကျန် (၃) ဦးမှာ မူဆယ်မြို့နယ်နမ့် ပန်း၊ နမ့်စွမ်းရွာအကြားရှိအမြဲ ကောင်းစိုက်ပျိုးရေးခြံတွင် ၀င်ရောက်ပစ်ခတ်ခံရသော သေဆုံး သွားသည့်အိမ်ထောင်ဦးစီးအမျိုး သား (၁) ဦးနှင့်အတူ သေနတ် ဒဏ်ရာရရှိခဲ့သည့်မိသားစုဝင်များ ဖြစ်ကြောင်း သိရှိရသည်။


၁၀.၅.၂၀၁၃ နေ့ကလည်း မူဆယ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌမိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းမှလည်း ထောက်ပံ့ငွေ နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။

Credit : http://www.hotnewsweekly.com/archives/20470

အလုပ်များလို့အမှတ်စာရင်းမကြည့်မိပဲဆုမှားပေးတဲ့မြို့နယ် ပညာရေးမှူးကို တိုင်ကြားမည်ဟုဆို



၂၀၁၂-၂၀၁၃ ပညာသင်နှစ် တွင် လှိုင်သာယာ မြို့နယ်အထက (၄) ဆဋ္ဌမတန်း၌ သိပ္ပံဘာ သာရပ် နဲ့ ပတ်သက်၍ ပထမဆုပေးရာ တွင် မြို့နယ်ပညာရေးမှူးမှ အမှတ်စာရင်း မကြည့် ပဲဆုမှားပေး မိသည့်အတွက် အမှတ်အများဆုံး ရ ကျောင်းသားမိဘက မကျေနပ်၍ သက်ဆိုင် ရာ ပညာရေးဌာနသို့တိုင် ကြားမည်ဟု သိရပါ သည်။


၎င်းကိစ္စအား သိပ္ပံဘာသာ ရပ်တွင် အမှတ် အများဆုံးရရှိထားတဲ့ မောင်သူရမျိုးတင့်၏ မိဘများ မှ “(၁၈.၂.၂၀၁၃) ရက်နေ့က ကျွန်မနဲ့ ကျွန်မအမျိုးသားတို့ လှိုင်သာယာ အ.ထ.က (၄) ကျောင်းအုပ်ကြီးနှင့် အတူမြို့နယ် ပညာရေးမှူးရုံးကို သိပ္ပံသဘာ ပထမဆုနဲ့ ပတ်သက်ပြီး ပညာ ရေးမှူးနဲ့ ဆွေးနွေးပါတယ်ဖြစ်နိုင် ရင် ဆဋ္ဌမတန်းက သိပ္ပံစာရင်းကို ကြည့်ခွင့်ပေးပါလို့ထုတ်ပြတော့ ကျွန်မတို့ ကြည့်လိုက်တော့ ကျွန်မ သားမောင်သူရမျိုးတင့်က ၈၈ ၁/၂ မှတ်ရတယ်။ မဆုမြတ်သံစဉ်က ၈၆ မှတ်ရ တယ်။

ဒီကိစ္စကို မြို့နယ် ပညာရေးမှူးက သူအလုပ်များနေ ၍ လွဲမှားသွားကြောင်း ပထမဆု ကို မှားယွင်းစွာ ပေးမိတဲ့ ဆုကို လူမှုရေးအရ ပြန်လည်မသိမ်းလို ကြောင်း အမှန်တကယ်ရရှိတဲ့ ကျွန်မသားဟာ နစ်နာသည့် အတွက် တစ်ပတ်အတွင်း ပထမဆုတံဆိပ် ကို ဂုဏ်ပြုလွှာပေးပါမည်ဆိုတာ ကတိပေးခဲ့တယ်။ 

ဒီဆုကို (၂) လကျော်သည်တိုင်အောင်မပေး ဘူးရှင် ၂၀၁၃ ရက်နေ့က မောင်သူရမျိုးတင့်အတွက်ဆုရဆို ပြီး အကြောင်းကြားတယ်။ သူဆု ပေးတဲ့ပုံစံက ပွင့်ပွင့်လင်းလင်းမရှိ တိုးတိုးတိတ်တိတ်လာပေးတယ်။ ကျွန်မကဒီလိုတော့ မယူပါဘူးရှင် လာမည့်နှစ်ကျောင်းတွင်းပညာရည် ချွန်ဆုပေးပွဲကျမှ ထည့်ပေးပါလို့ ပြောလိုက်ရတော့တယ်။ 

ဒါနဲ့ ကျန်မကဖုန်းဆက်ပြီးမေးလိုက်ပါ တယ်။ ဆရာကြီး ပထမ၊ ဒုတိယ ကို ဘယ်လိုမှတ်တမ်းတင်မှာလဲ ရှိတော့။ မောင်သူရမျိုးဝင့်က ကိုယ်ဘယ်လိုမှတ်တမ်းတင်မှာလဲ ဆိုတော့ မောင်သူရမျိုးတင့်ကာ ပထမ ဘဲလေ။ ဒုတိယဆုရရှိခဲ့ တလေးကိုလည်း ပထမဘဲတဲ့”ဟု မိခင်ဖြစ်သူဒေါ်သန်းသန်းချိုကဆိုပါသည်။

မြို့နယ်ပညာရေးမှူးအားမေးမြန်း ရာတွင် အမှန်တကယ်မှာပေးမိ ကြောင်း အတည်ပြုပြောကြားပါ သည်။

Credit : http://www.hotnewsweekly.com/archives/20477

ဒေါ်စုနှင့် ၈၈များ လမ်းသလားနေကြသော်လည်း သမ္မတကြီးနှင့် တပ်မတော်မှ ပြည်သူများအတွက် ပြင်ဆင်ပေးထား

နိုင်ငံတော်သမ္မတကြီးကတော့ မဟာစင် မုန်တိုင်းကိုရင်ဆိုင်ဖို့အကောင်းဆုံးပြင်ဆင်ပေးပြီပါပြီ။

ခရိုနီကြီ ဦးတေဇကလည်း ပြည်သူကိုအကူညီပေးရန် လိုအပ်ပါက ရဟတ်ယာဉ်များပါပြင်ဆင် ထားကြောင်း air bagan နဲ့ AGD ဘဏ် ကိုလည်းလိုအပ်ရင်အကူညီပေးရန်ပြင်ဆင်ထာကြောင်းပြောသွားပါပြီ။


ကဲ...နိုင်ငံတော်အရေးပေါ်ပြီဆိုဘယ်သူ တွေကလက်တွေကျကျကူညီမလဲဆိုတာ စောင့်ကြည်မယ်။ ၈၈ ဘာလုပ်မလဲ NLD ဘာလုပ်မလဲ ဘာကွန်ယက်တွေ ညာကွန်ယက်တွေ အိပ်မနေပါနဲ့တော့



Credit : http://mixgawli.blogspot.com/2013/05/blog-post_2740.html

အပူပိုင်း မုန်တိုင်း မဟာစင်နှင့် ပတ်သက်၍ ကုလ သမဂ္ဂက သတိပေးချက် ထုတ်ပြန်


http://www.myawady.com.mm/media/k2/items/cache/f04122825d2947e16befc20b5656fb85_M.jpg

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ တို့သည် အပူပိုင်းမုန်တိုင်း မဟာစင်နှင့် ရင်ဆိုင် ကြုံတွေ့နိုင်သည့် အတွက် ကြိုတင် ပြင်ဆင် ထားရမည် ဖြစ်ကြောင်းနှင့် အဆိုပါ မုန်တိုင်း ကြောင့် ဒေသတွင်း ရှိ ပြည်သူ ပေါင်းသန်းနှင့် ချီ၍ ဒုက္ခ ရောက်နိုင် ကြောင်း ကမ္ဘာ့ကုလ သမဂ္ဂက သတိပေးချက် ထုတ်ပြန် ထားသည်။


၎င်းတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများနှင့် ကူညီ ကယ် ဆယ်ရေးများ အတွက် အပြည့်အဝ ဆောင်ရွက် ထားကြောင်း နှင့် ကော်မတီ အနေဖြင့် တိုင်းဒေသခွဲများသို့ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေးနှင့် ကူညီကယ်ဆယ်ရေး ဝန်ကြီးဌာနမှ အတွင်းရေးမှူး မိုဟာမတ် အဗ်ဒူလ်ဝါ ဇက်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာနိုင်ငံ အနေဖြင့် မတ် ၁၂ ရက်ကစ၍ မိနစ် ၃ဝ လျှင် တစ်ကြိမ် မုန်တိုင်း သတင်းများအား ထုတ်ပြန်ပေးလျက်ရှိပြီး မုန်တိုင်းဒဏ်သင့် ခံရနိုင်သည့် ရခိုင်ဒေသရှိ ဒေသခံ အချို့ကိုလည်း နေရာပြောင်းရွှေ့ပေး ခဲ့ကြောင်း ပြောကြားခဲ့သည်။

အပူပိုင်းမုန်တိုင်း မဟာစင် (01B) သည် မုန်တိုင်း သတိပေးချက် အနီရောင် အဆင့်ရှိပြီး ၎င်းသည် ဘင်္ဂလားပင်လယ် အော် အနောက်ဘက်မှ နေ၍ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ပူးပေါင်း ဆောင်ရွက်ရေးရုံး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မုန်တိုင်းသည် မေ ၁၆ ရက်တွင် ကုန်းတွင်းပိုင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း စစ်တ ကောင်းမြို့သို့ ဦးတည် ဝင်ရောက်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင် ငံနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူ ပေါင်းသန်းနှင့် ချီ၍ ဒုက္ခ ရောက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။

မြဝတီ

မူဆလင် လူငယ် ၃ ဦးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကား Shahjalal လေဆိပ်တွင် ပတ်စ်ပို့အတု၊ ဗီဇာအတုဖြင့် ယမန်နေ့က ဖမ်းဆီးခဲ့ရ


Shahjalal-International-Airport

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှဟု ပြောသော မူဆလင် လူငယ် ၃ ဦးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကား Shahjalal လေဆိပ်တွင် ပတ်စ်ပို့အတု၊ ဗီဇာအတုဖြင့် ယမန်နေ့က ဖမ်းဆီးခဲ့သည်ဟု ဘင်္ဂလာ ရဲအဖွဲ့က မီဒီယာများသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ မူဟာမတ် ဖါရုဒ် (၂၀) နှစ်၊ ဆာဒီယာခါတွန် (၂၁) နှစ်နှင့် အာဖါဆာနာ အက်သာ (၁၉) နှစ်တို့ ဖြစ်ကြသည်။


သူတို့အထဲမှ မူဟာမတ် ဖါရုဒ် မှာ ဆော်ဒီအရေးဗီးယားနိုင်ငံသို့ သွားရန် ဖြစ်ပြီး ဆာဒီယာ ခါတွန် နှင့် အာဖါဆာနာ အက်သာတို့မှာ ထိုင်းနိုင်ငံသို့ သွားကြမည်ဟု ဆိုသည်။

ဘင်္ဂလာရဲအဖွဲ့ ထုတ်ဖေါ်ပြောကြားချက်အရ မူဟာမတ် ဖါရုဒ်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံ နာဆိန်းဒီ ခရိုင်မှ ဆာဖိအူဒင်း အမည်ဖြင့် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ကို ကိုင်ဆောင်ထားပြီး ဆာဒီယာ ခါတွန် နှင့် အာဖါဆာနာ အက်သာတို့မှာ ဆီရာဂျီ ဂန်ဂျီ ( Sirajganj) ခရိုင်မှ ချာကီလ ချော်ဒရီ နှင့် ကပ်စ်ဖီယာ ချော်ဒူရီ နာမည် များဖြင့် ပတ်စ်ပို့ကိုင်ဆောင်ထားကြသည်ဟု သိရသည်။

သူတို့ (၃) ဦးအား လေယာဉ်ပေါ်သို့ မတက်မှီ လေဆိပ် အတွင်းရှိ ခရီးသည် နားနေဆောင်တွင် လေဆိပ် ရဲအဖွဲ့မှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

http://www.narinjara.com

လက်နက်ကိုင်ပြီး တိုက်ခိုက်မည်ဟု ကြိမ်းဝါးသည့် DKBA နှင့် MPC တို့ လက်နက် မကိုင်သည့် နည်းလမ်းဖြင့် ပဋိပက္ခ ဖြေရှင်းရန် ဆွေးနွေး



DKBA နှင့် အစိုးရ၏ နယ်ခြားစောင့်တပ် တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသည့်အပေါ် လေ့လာ ဆန်းစစ်နိုင်ရန် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC)မှ တာဝန်ရှိသူ နှစ်ဦးက DKBA ကိုယ်စားလှယ်များ၊ နယ်ခြား စောင့်တပ်မှ ကိုယ်စားလှယ်များနှင့် မေလ ၁၁ ရက်နေ့က မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ ၌ တွေ့ ဆုံခဲ့ကြောင်း DKBA တပ်မှ ဗိုလ်မှူး မောင်လေး က ပြောသည်။


ဧပြီလကုန်ပိုင်းက သုံးရက်ကြာ နှစ်ဖက် ပစ်ခတ်မှု များ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ထပ်မံ မဖြစ်ပွားစေရန် အ တွက် လာရောက်ဆွေးနွေးကြခြင်း ဖြစ်သည်။

“ဖြစ်ပျက်နေတဲ့ ပြဿနာကို လက်နက်မကိုင်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ဆွေးနွေးကြတယ်။ ဖြစ်ခဲ့ရတဲ့ အခြေ ခံ အကြောင်းရင်းကို ဆွေးနွေးတယ်။ ဘယ်လိုအချက်ကြောင့် ပြဿနာ ဖြစ်လာတယ်၊ ဘာကြောင့် ကြီး ထွား လာတယ် ဆိုတဲ့ အပိုင်းပေါ့၊ သူတို့က အခြေခံ အကြောင်းရင်းကို စုစည်းပြီးတော့ အပေါ်ကို ပြန်လည် တင်ပြရမယ်” ဟု မဇ္ဈိမကို ပြောသည်။

မနက်ပိုင်း ဆွေးနွေးပွဲသို့ MPC မှ ဒေါက်တာ ဇော်ဦးနှင့် ဦးအောင်နိုင်ဦးတို့ တက်ရောက်ခဲ့ပြီး DKBA ဖက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ်၊ ဒုစစ် ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး၊ ကလို့ ထူးဖော စစ်ဗျူဟာမှ ဗိုလ်မှူးချုပ် ကျော်သက်နှင့် ကလို့ ထူးဝါး စစ်ဗျူဟာမှ ဗိုလ်မှူးချုပ် ကျော်ဘိတို့ တက်ရောက် ခဲ့ကြသည်။ ညနေပိုင်း၌ နယ်ခြား စောင့်တပ်နှင့် ဆက်လက် တွေ့ဆုံခဲ့သည်။

“ပြသနာ ကတော့ မပြေလည်နိုင်စရာ အကြောင်းတော့ မရှိပါဘူး။ ဒီလို တွေ့ဆုံဆွေးနွေး နိုင်ခဲ့တာကလည်း အရမ်း ကောင်းသွားတယ်လေ။ နယ်ခြား စောင့်တပ် ဆိုတာလည်း ကရင် တိုင်းရင်းသား တွေပါ။ နိုင်ငံ့ အကျိုး ကို ထမ်းဆောင်နေတဲ့ အဖွဲ့တဖွဲ့ပါ။ ကျနော်တို့ အဖွဲ့နဲ့ အလားတူပါပဲ။ သူတို့အပေါ်ကို တင်းတင်း မာ မာ သဘောထားတာမျိုး ကျနော်တို့မှာ မရှိပါဘူး၊ ပဋိပက္ခတွေလည်း ရှေ့ဆက် ဖြစ်လာနိုင်မယ့် အလား အလာ တော့ မရှိတော့ပါဘူး” ဗိုလ်မှူး မောင်လေး က ပြောသည်။

ပဋိပက္ခမှာလည်း ပုဂ္ဂိုလ်ရေးမှ စတင်ခဲ့ခြင်း ဖြစ်၍ အဖွဲ့၏ သဘောထား ပါဝင်သက်ရောက်မှု မရှိဟု ဆို သည်။

ကနဦး တွေ့ဆုံခဲ့ကြသည့် အဆင့်၌မူ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ကာ လိုက်နာ အကောင်အထည် ဖော်ကြ မည့် သဘောတူညီ ချက်မျိုး မရှိသေးဘဲ MPC သို့ ပြန်လည်တင်ပြရန်သာဖြစ်သည်ဟုPeace Dialogue ဌာနမှ ဦးအောင်နိုင်ဦး က ဆိုသည်။

“ကျနော်တို့ အနေနဲ့က ဘက်ပေါင်းစုံက ဖြစ်ခဲ့တဲ့ကိစ္စတွေကို သွားနားထောင်တယ်။ ကျနော်တို့ အနေနဲ့က ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ဆုံးဖြတ်လို့လည်း မရပါဘူး။ ပြီးရင် ဒီဟာကို ကျနော်တို့ မြန်မာ ငြိမ်းချမ်း ရေး စင်တာက လူကြီးတွေကို အစီရင်ခံစာ တင်ရမယ်။ ဒါကို ဘယ်လို ဆက်သွားမလဲဆိုတာ သူတို့ဖာသာ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်” ဟု မဇ္ဈိမကို ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ညင်ညင်သာသာ ပျော့ပျော့ပြောင်းပြောင်း ရှိသည့် အရာများ ဖြစ်ကာ မည် သူမှ မည်သို့ပြောဆိုသည်ကို ထုတ်ဖော်ပြောကြားရန် ခက်ခဲပြီး ငြိမ်းချမ်းရေး ကာလ ဖြစ်နေသည့် အ တွက် တဖက်နှင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် ပြောကြားခဲ့ပြီး ဆွေးနွေး ချက်များနှင့် သဘောထားများကိုမူ ထုတ်ဖော် ပြောကြားရန် မဖြစ် နိုင်ကြောင်းလည်း ဦးအောင်နိုင်ဦးမှ ဆို သည်။

DKBA တပ်များနှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့မှာ လက်ရှိတွင် တင်းမာသည့် အနေအထား မရှိ ဟု ဆိုနိုင်သော်လည်း နှစ်ဖက်စလုံး စစ်ရေး သတိအနေအထား ရှိနေကြဆဲ ဖြစ်သည်။ DKBA နှင့် BGF တို့သည် ၁၉၉၄ ခုနှစ်က တည်းက တဖွဲ့တည်း ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ဗိုလ်ချုပ်စော လားဖွယ် ဦးဆောင်သော DKBA နှင့် အစိုးရတပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။

Mizzima

သကြားစက်ဝန်ထမ်းတွေအလုပ်ထုတ်ခံရလို့ဆန္ဒပြဖို့စာတင်တာရဲမှူးက ငြင်းပယ်



နေပြည်တော်-ပျဉ်းမနားက ယုဇနကုမ္ပဏီပိုင် သကြား စက် ဝန်ထမ်းတချို့ အလုပ်ထုတ်ခံရလို့ အလုပ် သမား အဖွဲ့က ဦးစီးပြီး ဆန္ဒပြဖို့ မြို့နယ်ရဲမှူးထံ လျှောက်ထား တင်ပြတဲ့အခါ အချက် ၃ ချက်နဲ့ ငြင်းပယ် လိုက်တယ် လို့ သိရပါတယ်။


၂၀၁၃ မတ်လ ၁၂ ရက်နေ့က ယုဇနကုမ္ပဏီ သကြား စက်က ဌာနခွဲစာရေး ဦးဌေးလွင်အပါအဝင် ၀န်ထမ်း ၇ ဦးကို ကြံရာသီဒုတိယနှစ်အတွက် လမိုင်းကြံခင်း ဟောင်းအား ကြံပို့ရာသီမှာ ကြံမသွင်းနိုင်လို့ ကြွေးကျန် ဆိုပြီး အလုပ်ကထုတ်လိုက်တယ်လို့ သိရပါတယ်။ဒီကိစ္စ နဲ့ ပတ်သက်ပြီး စက်ရုံထဲမှာ ဖွဲ့စည်းထားတဲ့ စည်းလုံး ညီညွတ်သော အလုပ်သမားများ အဖွဲ့အစည်း (U L S )ကနေ တရားဝင်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခွင့် ကို မေ ၇ ရက်နေ့က နေပြည်တော်-ပျဉ်းမနား ရဲတပ်ဖွဲ့မှူးထံ တင်ပြလျှောက်ထားခဲ့ရာမှာ စာအမှတ် ၁၀၀၂(၁၃)၊ ၁၀၃၊ ဦး ၁ ရက်စွဲ၊ ၂၀၁၃ မေ ၁၀ စာနဲ့ ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။ အဲဒီနေ့က ဆန္ဒ ပြဖို့ လျှောက်ထားသူ ဦးကျော်ဌေးကို ပျဉ်းမနားရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ယူရှင်းပြပြီး အချက် ၃ ချက်နဲ့ ငြင်း ပယ်တဲ့ အကြောင်း၊ ပုဒ်မ ၉ အရ အယူခံဝင်နိုင်တဲ့အကြောင်း ပြောတယ်လို့ သိရပါတယ်။


အဆိုပါလျှောက်ထားတာနဲ့ပတ်သက်လို့

၁။ မိတ္ထိလာပဋိပက္ခဖြစ်ရပ်များနောက်ဆက်တွဲအကျိုးဆက် ဆက်စပ်၍ တရားဥပဒေစိုးမိုးရေး ထိခိုက် နိုင်၍ လည်းကောင်း

၂။ လက်ရှိကာလတွင် မင်္ဂလာဗျူဟာဗိမာန်တွင် သံဃာတော်များ ပါဠိပထမပြန်စာမေးပွဲများ ကျင်းပရန်ရှိ နေ၍ လည်းကောင်း၊

၃။ စည်းလုံးညီညွတ်သော အလုပ်သမားအဖွဲ့ အစည်းမှ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး တာဝန်ရှိသူတို့နှင့် ဝန်ထမ်းလစာတိုးမြှင့်ရေးကိစ္စ၊ EC စာချုပ် ပြန်လည် ချုပ်ဆိုရေး၊ ဝန်ထမ်းများပြန်လည်ခန့်ထားရေးကို ညှိနှိုင်းသွားမှာဖြစ်လို့ အခုလိုငြင်းပယ်ရကြောင်း ရဲမှူးက ပြောတယ်လို့ သိရပါတယ်။ 

“မေလ ၉ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဆွေဝင်းအပါအ၀င် အခြားဌာန ဆိုင်ရာတွေနဲ့ ကျွန်တော် တို့ EC ၇ ဦးနဲ့တွေ့တယ်၊ မေလ ၁၃ ရက်မှာ ယုဇနကုမ္ပဏီပိုင်ရှင် ဦးဆန်နီနဲ့တွေ့ပြီး ထပ်မံညှိနှိုင်း ပေးမယ်လို့ ပြောပါတယ်”လို့ U L S က ကိုအောင်ဇော်မိုးက မြန်မာဓိကကို ပြောပါတယ်။ ဒီကနေ့ မေလ ၁၃ ရက်နေ့ အလုပ်သမားအဖွဲ့အနေနဲ့ U L S ရုံးမှာ ညှိနှိုင်းဖို့ စောင့်ဆိုင်းနေခဲ့ပြီး ညနေပိုင်းမှာ ဦးဆန်နီနဲ့ အလုပ်သမားအဖွဲ့အစည်းတို့ ဆွေးနွေးမှုပြုလုပ်နေပြီလို့ သိရပြီး ရလာဒ်ကိုတော့ မသိရသေးကြောင်း မြို့ခံ အလုပ်သမားတစ်ဦးက မြန်မာဓိက သို့ပြောပါတယ်။ U L S အဖွဲ့မှာ အလုပ်သမားအဖွဲ့ဝင် ၅၅၅ ဦး ရှိပြီး ယုဇနကုမ္ပဏီဟာ ယခင် အမှတ် ၂ သကြားစက်ကို ၂၀၁၂ သြဂုတ်လမှာ လွှဲပြောင်း ရယူလုပ်ကိုင် လာတာ လို့ သိရပါတယ်။

ဝေမိုး-မြန်မာဓိက

တိုက်ပွဲများကြောင့်တရုတ်-မြန်မာ ပိုက်လိုင်းစတင်လည်ပတ်ရန် နှောင့်နှေးနိုင်



(Reuters မှ 12 May 2013 ရက်စွဲပါ “Clashes likely to delay Myanmar- China Pipeline Start-up” သတင်းကို ဘာသာပြန်ဆိုသည်။)

တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ ထိန်းချုပ် သော နယ်မြေကို ဖြတ်သန်းသွယ်တန်းထားသည့် ပိုက်လိုင်းသစ်မှ တဆင့် တရုတ်နိုင်ငံသို့ ရေနံနှင့် ဓါတ်ငွေ့များ ပထမဦးဆုံးတင်ပို့မည့် အစီအစဉ် သည် လုံခြုံရေး စိုးရိမ်မှုများကြောင့် နှောင့်နှေးဖွယ် ရှိကြောင်း မြန်မာ့စွမ်းအင်တာဝန်ရှိသူတစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်။


တရုတ်နှင့်မြန်မာကုမ္ပဏီများ ဖက်စပ်ဖွဲ့စည်းထား South East Asia Gas Pipeline Company ဒုတိယဥက္ကဌ လီဇီလင်က ၇၉၃ ကီလိုမီတာအရှည် ပိုက်လိုင်းတည်ဆောက်မှုသည် မေလကုန်တွင် ပြီးစီး မည်ဟု ပြောကြားပါသည်။


ပြောရေးဆိုခွင့်မရှိ၍ အမည်မဖော်လိုသူ စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက “နည်း ပညာပိုင်း အရတော့ဓါတ်ငွေ့ပိုက်လိုင်းကအသင့်အတင့်ဖြစ်နေပြီ။ ဒါပေမယ့်ပိုက်လိုင်းတစ်လျှောက် လုံခြုံရေးအနေအထားကြောင့် လုပ်ငန်းစလို့မရဆိုတာကတော့ သေချာပေါက်ပြောလို့မရပါဘူး” ဟု ပြော ကြားသည်။

တရုတ်နိုင်ငံနှင့်ထိစပ်နေသော မြောက်ပိုင်းဒေသမှ KIA နှင့် တိုက်ခိုက်နေခြင်း ရှမ်းပြည်နယ်တွင် တပ်မတော် (စစ်တပ်)နှင့် ရှမ်းလက်နက်ကိုင်အုပ်စုများအကြား တိုက်ပွဲများ လတ်တလော ဖြစ်ပွားနေခြင်း တို့ကြောင့် ပိုက်လိုင်း စတင်လည်ပတ်ရန် နှောင့်နှေးလိမ့်မည်ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါပိုက်လိုင်းသည် ရခိုင်ကမ်းလွန်ရှိ ရွှေဓါတ်ငွေ့စီမံကိန်းမှ ဓါတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ ပို့ဆောင်ပေးမည်ဖြစ်သည်။

ထို့ပြင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရောက်ရှိလာမည့် ရေနံစိမ်းများကိုလည်း ရေနံပိုက်လိုင်းမှတဆင့် ယူနန်ပြည်နယ်သို့ပို့မည်ဖြစ်ရာ၊ တရုတ်တို့အနေဖြင့် မလေးရှားနှင့်အင်ဒိုနီးရှားအကြားမှ ကမ္ဘာရေကြောင်း အကျပ်ဆုံး မလက္ကာ ရေလက်ကြားကို ရှောင်လွှဲနိုင်ခွင့် ရရှိသွားမည်ဖြစ်သည်။

၎င်းစီမံကိန်းသည် ပိုက်လိုင်းစတင်နေရာ မဒေးကျွန်းတွင်လည်း ဆန္ဒပြုမှုများနှင့် ရင်ဆိုင်နေရသည်။ ရေနက်ဆိပ်ကမ်းနေရာအတွက် မြေများသိမ်ဆည်းခဲ့သဖြင့် ဒေခံများကန့်ကွက်နေခြင်းဖြစ်သည်။

ဆန္ဒပြသူ ၁၀ ဦးကို တရားမဝင်ဆန္ဒပြမှုဖြင့် အစိုးရကစွပ်စွဲထားပြီး မေလ ၁၃ ရက်တွင် တရားရုံး တင် မည့်ကိစ္စကို ရုပ်သိမ်းပေးရန် နယူးရောက်အခြေစိုက် Human Rights Watch က တောင်းဆိုသည်။ ဆန္ဒပြ သူများသည် ဆန္ဒထုတ်ဖော်ခွင့်နှစ်ကြိမ် ခွင့်ပြုချက်ရထားပြီးမှ မဒေးကျွန်းတွင် အရေးပေါ် အခြေအနေ ထုတ်ပြန်မှုကြောင့် ပိတ်ပင်ခံရခြင်း ဖြစ်သည်ဟု HRW က ပြောကြားသည်။

မဒေးကျွန်း ဖွံ့ဖြိုးတိုးတက်ရေးဥက္ကဌ ဦးထွန်းကြည်က “ကျွန်တော်တို့ရဲမကျေနပ်ချက်တွေကို အာဏာပိုင် တွေ၊ တရုတ်ကုမ္ပဏီတွေနဲ့ ပွင့်လင်းမြင်သာဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်နေပါတယ်” ဟု Reuter သတင်းသို့ ပြောကြားသည်။

မဒေးကျွန်ဒေသခံ ရွာသား ၄၀၀ ခန့်သည် ပြီးခဲ့သောအပတ်က ဆန္ဒပြခဲ့ပြီး မြေသိမ်းယူမှုအတွက် ထိုက်တန် သော လျော်ကြေးပေးရန် လမ်းကောင်းကောင်းဖောက်ပေးရန်၊ အလုပ်အကိုင်များ ဖန်တီးပေးရန် တောင်း ဆို ခဲ့ကြသည်။

Credit : http://www.dawnmanhon.com/2013/05/blog-post_9592.html

၈၈မျိုးဆက်ရုံးသို့ တရုတ်နှင့် အမေရိကန် သံအမတ်ကြီးများ လာရောက်



၁၃၊ ၅၊၂ဝ၁၃ နေ့၊ နေ့လည် ၁း၃ဝ တွင် အမေရိကန် ပြည်ထောင်စုသံရုံးမှ သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်နှင့်အဖွဲ့သည် ၈၈မျိုးဆက်ရုံးသို့ ရောက်ရှိ လာပြီး၊ ၈၈မျိုးဆက်ခေါင်းဆောင် များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီတို့နှင့် တွေ့ဆုံ၍ ၈၈ မျိုးဆက်ခေါင်းဆောင်တို့၏ အမေရိကန်ခရီးစဉ်နှင့် ပတ်သက်၍ ၎င်းတို့အကူအညီပေးရမည့် ကိစ္စများ ကိုလည်းကောင်း ၊ နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေသေးသည့်ကိစ္စနှင့် ကျင့်ထုံးဥပဒေပုဒ်မ(၄၀၁)အရ ထောင်ကျကြွေးကျန်ကိစ္စများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲကာလတွင် လူမှုအခြေပြုအဖွဲ့အစည်းများ ပိုမိုအားကောင်း လာစေရေး အတွက် အမေရိကန်အစိုးရအနေဖြင့် အကူအညီ ပေးရန်အသင့်ရှိနေမှုများကိုလည်းကောင်း ပြောဆိုဆွေး နွေး ခဲ့ကြသည်။


ထို့နောက် နေ့လည် ၂း၃ဝ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr.Yang Houlan နှင့်အဖွဲ့သည် ၈၈မျိုးဆက်ရုံးခန်းသို့ရောက်ရှိလာပြီး၊ ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီတို့နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး တစ်ဦးအနေဖြင့် ၈၈မျိုးဆက်တို့နှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုပင်ဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် အစိုးရချင်း ဆက်ဆံရေးကောင်းမွန်မှုနည်းတူ၊ ပြည်သူချင်းဆက်ဆံရေး၏ အရေး ပါမှုကိုလည်းကောင်း၊ နယ်နိမိတ်ချင်းထိစပ်မှုများသောကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကိုလည်းကောင်း၊ အပြောင်းအလဲကာလတွင် နိုင်ငံသားတို့၏အခွင့်အရေးနှင့် လူမှုအဖွဲ့အစည်း ဆိုင်ရာကဏ္ဍများ မြှင့်တင်ရေးတို့ကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။






Credit : http://www.dawnmanhon.com/2013/05/blog-post_7227.html

သတင်းထုတ်ပြန်ချက်(၈/၂၀၁၃)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၈/၂၀၁၃)
၁၃၇၅ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်
၂၀၁၃ခုနှစ်၊ မေလ ၁၃ ရက်


၁။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ခုနှစ် မေလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် (၁၃၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မဟာဆင် (MAHASEN) သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏အနောက်ဘက် မိုင်(၄၁၀)ခန့် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၅၄၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၅၉၀)ခန့်၊ အိန္ဒိယနိုင်ငံ (ချင်းနိုင်မြို့)၏ အရှေ့တောင်ဘက် မိုင်(၃၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မုန်တိုင်း ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၆၀)အထိ ရှိနိုင်ပါသည်။

၂။ အဆိုပါမုန်တိုင်း တိုက်ခတ်ချိန်တွင် ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ဒေသတစ်လျှောက်တို့တွင် မုန်တိုင်း ဒီရေလှိုင်းဒဏ်များ လွှမ်းမိုးမှုများ ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့ကြုံတွေ့ရနိုင်ချိန်တွင် ဒေသခံပြည်သူများအနေဖြင့် ဂရုပြုဆောင်ရွက်ရမည့် အချက်များကိုလည်း ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်သတိပေး ပြန်ကြားလျက်ရှိပါသည်။

၃။ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်နှင့် ဒီရေတက်လာနိုင်သည့် နေရာများ၊ ကမ်းခြေ တစ်လျှောက်တဲများ၊ ယာယီတဲများဖြင့် နေထိုင်နေသူများအား ၂၀၁၃ခုနှစ်၊ မေလ ၁၄ / ၁၅ ရက်အပြီး လုံခြုံစိတ်ချရသည့် နေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းထားရန် ညွှန်ကြားထားပြီး ဖြစ်သည်။

၎။ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ ပါဝင်သည့် စီမံကွပ်ကဲမည့်အဖွဲ့အား ၂၀၁၃ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင်စ၍ ရခိုင်ပြည်နယ် အမ်းမြို့တွင် အခြေပြုကာ အနီးကပ် ကွပ်ကဲသွားရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်။

၅။ တပ်မတော်အနေဖြင့် မုန်တိုင်းဒဏ်ကျရောက်နိုင်သော ပင်လယ်ကမ်းရိုးတန်း ဒေသရှိ တိုင်းစစ်ဌာနချုပ်များတွင် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ် များအား လိုအပ်ပါက ချက်ချင်းအကူအညီပေးနိုင်ရေး အသင့်ပြင်ဆင်ထားပြီး ဆေးကုသရေးအဖွဲ့များနှင့် အခြား အထောက်အကူပြုနိုင်မည့် အဖွဲ့များကိုလည်း ဖွဲ့စည်း၍ ကြိုတင်အသင့်ပြင်ဆင် ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ 

ကဲ ဘယ်လိုလာမလဲတော့ မသိဘူး ဒါပေမဲ့ ပြင်ဆင်မှု အနေနဲ့သမ္မတကြီးကလည်း ပြင်ဆင်ထားပေးတယ်



တပ်မတော် အနေနဲ့လည်းမုန်တိုင်းဒဏ် ကျ ရောက်နိုင်သော ပင်လယ်ကမ်းရိုးတန်း ဒေသရှိ တိုင်း စစ်ဌာနချုပ် တွေမှာ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ် များအား လိုအပ်ပါက ချက်ချင်း အကူ အညီပေးနိုင်အောင်လို့ အသင့် ပြင်ဆင်ထား ပေးတယ်....


နောက်တစ်ခု အနေနဲ့ ဆေးကုသရေးအဖွဲ့များနှင့် အခြား အထောက်အကူပြုနိုင်မည့် အဖွဲ့များ ကို လည်း ဖွဲ့စည်း၍ ကြိုတင်အသင့်ပြင်ဆင် ထားပေးထားပါတယ်.....

နောက်တစ်ချက် ခင်ဗျားတို့ ပြောပြောနေတဲ့ ခရိုနီးကြီးပေါ့လေ.. ခရိုနီကြီး ဦးတေဇအနေနဲ့လည်း ပြည်သူကိုအကူညီပေးရန်လိုအပ်ပါက ရဟတ်ယာဉ်များပါပြင်ဆင် ထားကြောင်း air bagan နဲ့ AGD ဘဏ် ကိုလည်းလိုအပ်ရင် အကူညီပေးရန်ပြင်ဆင်ထား ပြီးပါပြီလို့ ပြောထားပါတယ် ....

အဲဒီတော့ တက်နိုင်တဲ့ဘက်ကတော့ ပြင်ဆင်ပေးပြီးသွားပါပြီ.....

ပြီးတော့မှ အစိုးရက ဘာလုပ်မပေးဘူးလား ညာလုပ်မပေးဘူးလားဆိုပြီး

ဘုမသိ ဘမသိတဲ့သူတွေ အော်နေမှာစိုးလို့ ခုကတည်းက ကြိုပြောထားတာ....

FROM-NAY MIN

“ မိဘတွေကို မပြောသင့်တဲ့ စကား (၁ဝ)ခွန်း...”

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်း ထက် ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကို ထပ် မပြောတော့ဘဲ နားလည်ပေးကြရအောင်.....


လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုး မဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင် ဘာအမှားပဲလုပ်လုပ်.. သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်းဖြစ်ပါ တယ်။

(၁) အင်းပါ! အင်းပါ! သိပြီ...၊ အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်! (မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံ သက်သက် ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။ (သူတို့ အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်။ )

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။ (မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ ပြောသင့် ပါတယ်။)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။ (ကိုယ့် အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့။)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့! (ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူး စီမံထားတဲ့ ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ။)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး! (သူတို့ရဲ့တစ်သက် ချွေတာ လာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်း ပါတယ်။)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ နားကို ငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ! (မိဘတွေက ကျွန်တော်တို့ နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံး ပြည့်နေပါစေ နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့ တွေ့မိတဲ့ အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား...! )

FROM-MYAWADY NEWS

နေ့စဉ်မိုးလေ၀သသတင်း



(၂၀၁၃ ခုနှစ်၊ မေလ(၁၄)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့ မြန်မာ စံတော်ချိန် (၀၅း၃၀) နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ(ကိုကိုး ကျွန်း)၏ အနောက်တောင်ဘက်မိုင်(၄၇၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင်(၅၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၅၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ(ဗီဇာကာပတ္တနမ်မြို့)၏ အရှေ့တောင်ဘက်မိုင် (၂၉၀)ခန့်အကွာ ပင်လယ်ပြင်ကှို ဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်း သည် မြောက်ဘက်သို့ဆက်လက် ရွေ့လျားနိုင်ပြီး၊ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်း မှာမိုင်(၆၀)အထိရှိနိုင်ပါသည်။


ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေချိန်အထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာ စိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည် နယ် တို့တွင်နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး၊ မွန်ပြည်နယ်တွင်နေရာကွက်မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက် လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ချုန်းမည့်အခြေအနေများ ဖြစ်ပေါ် နိုင်ပါသည်။

နေပြည်တော်နှင့်အနီိးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီိးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီိးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါ သည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။

FROM-MYANMAR NEWS UPDATE

မဟာဆံမုန်တိုင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်တွင်ပြင်ဆင်မှုမရှိသေး



လတ်တလော ဘင်္ဂလားပင်လယ်အော် တွင်ဗဟိုပြု လျှက်ရှိသည့် မဟာဆံ MAHASEN ဆိုင်ကလုန်း မုန်တိုင်းနှင့် ပတ်သက်၍ မွန်ပြည်နယ် ပင်လယ်ကမ်း စပ် ဒေသတွင်များတွင် ပြင်ဆင်ထားမှု များ မရှိသေး ကြောင်း ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

“သတင်းတချို့မှာက မုန်တိုင်းက မြန်မာပြည်ကို ဝင်ရောက်ဖို့ မရှိတော့ဘူးလို့ ကြားရတဲ့အတွက် ကျနော်တို့  အနေနဲ့ကလည်း စိတ်အေးပြီး နောက်ထပ် ပြည်သူတွေကို သတင်း ထပ်မပေးတော့ပါဘူး” ဟု သူက ပြောသည်။


ဘီးလူးကျွန်းဒေသခံများအနေဖြင့် ယခုကြရောက်မည့်မုန်တိုင်းအခြေအနေကို မသိရှိကြကြောင်း၊ အချို့ သတင်းကြားသိနားလည်သူတွေအနေဖြင့်ပြင်ဆင်မှုများပြုလုပ်ထားကြကြောင်း၊ အစောပိုင်းကာလတွင် ပူပင်မှု တစ်ချို့ ရှိကြသော်လည်း ယခုအခါအများစုမှာ မည်သည့်ပြင်ဆင်မှုမျှ မရှိကြောင်း၊ သတင်းတစ်ချို့ ဖေါ်ပြချက်တွင် ၎င်းမုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် မရှိတော့သည့် သတင်းကြောင့် စိတ်ပူပင် မှုများ မရှိတော့ကြောင်း သူကပြောသည်။

“ကျနော်တို့ ဘီလူကျွန်းက အဓိက ပင်လယ် ကမ်းစပ် ဒေသမှာ ရှိတဲ့ ရွာတွေကို နေရာ ပြောင်းရွေ့ဖို့ အတွက်ကို ပိုပြီး သတိပေးထားပါတယ်၊ ပိုပြီးတော့လည်း ဦးစားပေးထားပါတယ်၊ ဖြစ်လာရင်တော့ ပင်လယ် ကမ်းစပ်မှာရှိတဲ့ ရွာတွေကပိုပြီး အန္တရာယ်သက်ရောက်နိုင်တယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ဆက်ပြော သည်။

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့အခြေစိုက် ရေလုပ်ငန်းနှင့်မွေးမြူရေးဌာန တာဝန်ရှိသူတစ်ဦးက မိမိတို့ အနေဖြင့် ငါးဖမ်းထွက်သည့် လှေများကို မုန်တိုင်းကျရောက်မည့်သတင်းများပေးထားပြီး ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းတွင် ခေတ္တဝင်ရောက် နားနေရန် အကြံပြုထားသည်ဟု ဆိုသည်။

သံဖြူဇရပ်မြို့နယ်၊ ကရင်သောင် ကျေးရွာသူတစ်ဦးက“မုန်တိုင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတော့ မရှိပေမဲ့ ရေဒီယိုတွေကနေတော့ သတင်းတွေကို နာထောင်နေပါတယ်၊ တစ်ခြား ပြင်ဆင်မှု လုပ်ဖို့ ကို ဘယ်သူကမှ အသိပေးတာ မရှိသေးပါဘူး” ဟု ပြောသည်။

ယနေ့ နောက်ဆုံး တိုင်တိုင်းတာ ချက်အရ MAHASEN (01B) မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် ဗဟိုပြုပြီး မြောက်ဘက်သို့ တစ်နာရီ ၁၀ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားနေရာမှ ယခုအချိန်တွင် အရှေ့မြောက် ဘက်သို့ စတင်ချိုးကွေ့၍ ဆက်လက်ရွေ့ လျားမည်ဖြစ်ကြောင်း MMWEATHER ဘလော့တွင် ဖော်ပြထား သည်။

JTWC လမ်းကြောင်း သတိပေးချက် warning # 11 တွင် မေလ ၁၆ ရက်နေ့ ညလယ်ပိုင်းတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ဗဟိုလေတိုက်နှုန်း ၇၀ နော်တီကယ်မိုင် ရှိနေရာမှ ကုန်းတွင်းသို့ မဝင်ရောက်မီ အနည်းငယ် အားလျှော့သွားနိုင်ကြောင်း ခန့်မှန်းထားပြီး ကုန်းတွင်း သို့ ဖြတ်ကျော် ဝင်ရောက်ပြီးသည်နှင့် မြေပြင်အနေအထားကြောင့် ချက်ချင်း အားပျော့ ပျက်ပြယ်သွား နိုင်ကြောင်း JTWC မှ ခန့်မှန်းထားသည်။

မွန်သတင်းအေဂျင်စီ

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ



၂၀၁၅ ခုနှစ်သို့ အရောက်တွင် ပြည် တွင်း၌ ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရှိလာရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ လာမည့် ဇွန်လအတွင်း၌ ဆက်သွယ် ရေး အော်ပရေတာ ကုမ္ပဏီနှ စ်ခု ရွေးချယ် မည်ဖြစ်ပြီး ယင်းအော်ပရေတာ ကုမ္ပဏီများ အနေ ဖြင့် ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံရဖွယ်ရှိ ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့သည်။


''၂၀၁၅ အရောက်မှာ ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရောက်စေချင်တယ်။ မိုဘိုင်းဖုန်းရော ကြိုးဖုန်းပါ။ နိုင်ငံတကာကို ကြည့်တော့ ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ ဖြစ်လာဖို့ ငါးနှစ်ကနေ ခုနစ်နှစ် အထိ အချိန်ယူကြရတာ တွေ့ရတယ်။ ဗီယက်နမ် နိုင်ငံကတော့ သုံးနှစ်အတွင်းမှာ ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာအောင် လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တွေ့ မကျတဲ့ မျှော်လင့်ချက်တွေ မပေးချင်ပါဘူး။ ၂၀၁၅ မှာ ရာခိုင်နှုန်း ၅၀ ဖြစ်လာဖို့အတွက် နှစ်နှစ်ခွဲပဲ အချိန်ရ မှာ ဖြစ်ပါတယ်။ အကောင်းဆုံး၊ အတွေ့အကြုံ အများဆုံး အော်ပရေတာ ကုမ္ပဏီကို ရွေးချယ်မယ်ဆိုရင် တော့ နှစ်နှစ်ခွဲအတွင်းမှာ ဖြစ်လာနိုင်ပါတယ်။ ဖုန်းသိပ်သည်းဆ မြင့်တက်လာဖို့ကို ဦးစားပေးသွားမှာဖြစ်ပြီး အဲဒီမှာမှ မိုဘိုင်းဖုန်းတွေကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်'' ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။


ရွေးချယ်ခံရသော ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီအနေဖြင့် အချိန်ကာလ နှစ်နှစ်ခွဲအတွင်း ဖုန်း သိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရောက်လာရန် အကောင်အထည်ဖော် ဆောင်ရွက်ရ မည် ဖြစ်သော ကြောင့် ဒေါ်လာနှစ်ဘီလျံ ရင်းနှီးမြှုပ်နှံရဖွယ် ရှိကြောင်းလည်း ခန့်မှန်းသုံးသပ်ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မိုဘိုင် ဖုန်း သိပ်သည်းဆမှာ ခုနှစ်ရာခိုင်နှုန်းခန့်ရှိပြီး အော်တိုကြိုးဖုန်း သိပ်သည်းဆမှာ တစ်ရာခိုင်နှုန်းကျော်သာ ရှိကြောင်း သိရသည်။

ဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ ၂၀၁၃ မှ ၂၀၁၆ အတွင်း၌ မိုဘိုင်းဖုန်းအလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချ ပေး နိုင်ရန် စီစဉ်ထားကြောင်း ယခင်က ထုတ်ပြန်ခဲ့ဖူးသည်။

ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအတွက် အရည်အသွေး သတ်မှတ်ချက်များလည်း ထားရှိ မည်ဖြစ်ပြီး ချို့ယွင်းချက်များရှိပါက ဒဏ်တပ်သွားမည်ဟု သိရသည်။

''ဖုန်းခေါ်ဆိုမှုအကြိမ် ၁၀၀ မှာ ၉၉ ကြိမ် လိုင်းမိရမယ် စသဖြင့် သတ်မှတ်ချက်တွေ ရှိပါတယ်။ ခေါ်ဆိုလို့ မရဘူး၊ လိုင်းမမိတာတွေ များမယ်ဆိုရင် ဒဏ်တပ်မှာဖြစ်ပါတယ်'' ဟု ၀န်ကြီးဌာနမှ တာဝန်ရှိသူက ပြော သည်။

၂၀၁၁-၂၀၁၂ အတွင်း နိုင်ငံအချို့၏ မိုဘိုင်းဖုန်း သိပ်သည်းဆများ

ထိုင်း ၁၂၃ ရာခိုင်နှုန်း

မလေးရှား ၁၂၂ ရာခိုင်နှုန်း

တောင်ကိုရီးယား ၁၀၈ ရာခိုင်နှုန်း

ဖိလစ်ပိုင် ၁၀၃ ရာခိုင်နှုန်း

အင်ဒိုနီးရှား ၉၆ ရာခိုင်နှုန်း

တရုတ် ၇၈ ရာခိုင်နှုန်း

အိန္ဒိယ ၇၈ ရာခိုင်နှုန်း

ပါကစ္စတန် ၆၆ ရာခိုင်နှုန်း

ဘင်္ဂလားဒေ့ရှ် ၅၀ ရာခိုင်နှုန်း

မြန်မာ ၇ ရာခိုင်နှုန်း

မေ ၁၃ ရက်က ကျင်းပသော အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ဆက်/နည်းပညာ ဒုဝန်ကြီးဦးသောင်းတင်မှ ရှင်းလင်းစဉ်

Credit : http://arakanpress.blogspot.com/2013/05/blog-post_3469.html

ပို့ကုန် သွင်းကုန် တင်ကြို အခွန်ဆောင် ရမယ်



မြန်မာ နိုင်ငံက လုပ်ငန်းရှင် တွေဟာ ပို့ကုန် သွင်း ကုန် လုပ်ရင် ကြိုတင် ပြီးတော့ ဝင်ငွေခွန် ၂ ရာခိုင် နှုန်း ပေးဆောင် ရတော့မှာ ဖြစ်ပါ တယ်။

အဲဒီလို စနစ်ကို မြန်မာ နိုင်ငံနဲ့ ကုန်သွယ် နေတဲ့ နယ်စပ် ဒေသ ကုန်သွယ်ရေး စခန်းတွေ၊ ဆိပ်ကမ်း တွေ၊ လေဆိပ်တွေ မှာ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ရင် လုပ်ငန်း ရှင်တွေဟာ တပြေးညီ ပေး ဆောင် ရမှာ ဖြစ်ပါတယ်။


အခု ကောက်မယ့် ကြိုတင် ခွန်က ဒေါ်လာနဲ့ ကောက်မှာ မဟုတ်ဘဲ မြန်မာ ကျပ်ငွေနဲ့ ကောက်မှာ ဖြစ်ပါတယ်။ ပြည်တွင်း အခွန်များ ဦးစီး ဌာနက တာဝန်ရှိသူ တစ်ဦး ကတော့ အခွန် ရှောင်တွေ များလို့ ဒီလို ကြိုကောက်တာ ဖြစ်သလို တစ်ဖက် ကလည်း မြန်မာ နိုင်ငံမှာ ပို့ကုန် သွင်းကုန် လုပ်နေတဲ့ ကုမ္ပဏီ တွေမှာ အခွန် ရှောင်တဲ့ ကုမ္ပဏီနဲ့ အခွန်ဆောင် တဲ့ ကုမ္ပဏီ တစ်ပြေးညီ ယှဉ်ပြိုင်မှု ဖြစ်လာ နိုင်အောင် ဒီစနစ် သုံးရတာ ဖြစ်တယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

မြန်မာ နိုင်ငံ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်တဲ့ ကုမ္ပဏီတွေ အခွန် ရှောင်တာ ဒီနှစ် ထဲမှာ များလာ တယ်လို့ ပြောရမှာပါ။ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ရင် ဘဏ်ကို ငွေ သွင်းစရာ မလိုတဲ့ ကြေးနန်း နဲ့ ငွေလွှဲ တဲ့ တီတီ စနစ် အစိုးရက ဒီနှစ် ထဲမှာ လျှော့ပေး လိုက်ပြီး နောက်ပိုင်းမှ ဒီလို အခွန် ရှောင်တာတွေ ပိုများ လာတယ် လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လုပ်ငန်း လုပ်ရင် ဘဏ်မှာ ငွေမသွင်းဘဲ လုပ်နိုင်တော့ ဘဏ်စာရင်းမှာ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ကြောင်း အထောက် အထား ရှာမရ ဖြစ်ပြီး နှစ်ကုန် လို့ ရှိရင် အစိုးရက စစ်ဆေးရင် အခွန် မရဖြစ် တာပါ။

ဒီစနစ် အတိုင်း ဆိုရင်တော့ ပို့ကုန် သွင်းကုန် လုပ်ငန်း တွေဟာ ၂ ရာခိုင်နှုန်း ကြိုပြီးတော့ သွင်း နေရမယ့် သဘော ရှိပြီးတော့ နှစ်ကုန်ရင် ပြန်ပြီး စာရင်းရှင်း တဲ့ အခါ ပိုရင် ပြန်ထုတ်၊ လိုရင် ထပ်ဆောင်း ရမှာဖြစ်ပါတယ်။ ပို့ကုန် သွင်းကုန် လုပ်တဲ့ သူတွေဘက် ကတော့ ၂ ရာခိုင်နှုန်း ဆောင်ရ မှာကို လက်မတွန့် ကြပေ မယ့် နဂိုကတည်းက အဆင့်တွေ များပြီး ကြန့်ကြာ မှုတွေ ရှိနေတဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်းတွေ မှာ ကြိုတင် အခွန်ဆောင် ရမယ့် စနစ်ကြောင့် ပိုပြီး ကြန့်ကြာ လာမှာကို စိုးရိမ် နေကြ ပါတယ်။

Credit : http://arakanpress.blogspot.com/2013/05/blog-post_8223.html

ရွှေမြန်မာတွေအတွက်လို့ကြေညာထားတဲ့ JAS



ဖုန်းဟမ်းဆက်အမျိုးအစားသစ်တခု ပေါ်လာပါပြီ။ မြန်မာလို အစ အဆုံး သုံးနိုင်တယ်လို့ ကြော်ငြာ ထားတဲ့ JAS ဖုန်းပါပဲ။


ရွှေမြန်မာတို့အတွက် JAS မြန်မာဖုန်း လို့ ဆိုထားတဲ့ ဒီဖုန်းရဲ့ တခြားအားသာချက်များကတော့ - “အရေး ပေါ်ခေါ်ဆိုမှုအတွက်လည်း အသုံးပြုနိုင် တယ်။ ကိုယ်ယုံကြည်ရတဲ့ လူသုံးယောက်ရဲ့ နာ မည်ကို ဖုန်းထဲမှာ မှတ်ထားလိုက်ရင် အရေးပေါ် အခြေ အနေနဲ့ကြုံတဲ့အခါ မှတ်ထားတဲ့လူတွေနဲ့ ၁၁၉ကို စာပို့ပေးပါတယ်။

အင်တာနက်၊ Facebook ကိုလည်း အသုံးပြုနိုင်တယ်။ အမ်ဒရိုက် ဆော့ဝဲလ် အားလုံးကို ထည့်သွင်း အသုံးပြုနိုင်တယ်” လို့ JAS ဖုန်းဖြန့်ချိရေးမှ တာဝန်ရှိ ၀န်ထမ်းတစ်ဦးကပြောပါတယ်။

“JAS ဖုန်းမှာ GSM နဲ့ CDMA/WCDMA နှစ်မျိုးစလုံးသုံးနိုင်တယ်၊ အင်တာနက်ကလည်း နှစ်မျိုးစလုံး အတွက် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဖုန်းဈေးနုန်းကတော့ ခြောက်သောင်းတန်၊ တသိန်းတန် အစားစား ရှိကြောင်း သူတို့ဝက်ဆိုက်မှာ ရေးထား ပါတယ်။ 

JAS ဖုန်းကို ဘယ်မှာ ဝယ်ယူနိုင်တယ်၊ ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ် စုံစမ်းနိုင်တယ် ဆိုတာတွေကိုလည်း ရန်ကုန်မြို့အနှံ့ နဲ့ စာနယ်ဇင်းတွေမှာ ကြော်ငြာထားတာ တွေ့နေရပါတယ်။

နယ်မြို့တချို့မှာ ၀ယ်နိုင်သလို ရန်ကုန်မှာ ဒီဖုန်း တင်ရောင်းတဲ့ ဆိုင် ၂၀ ဝန်းကျင်ရဲ့ စာရင်းကိုလည်း သူတို့ဝက်ဆိုက်မှာ ရေးထားပါတယ်။ 

ဒီဖုန်းကို ကစ္ဆပနဒီကုမ္ပဏီကနေ ဖြန့်နေတာပါ။

ဒီဖုန်းကို ဘယ်နိုင်ငံမှာ ထုတ်တာလဲ ဆိုတဲ့ မေးခွန်းကို ကစ္ဆပနဒီ ၀န်ထမ်းတဦးက ဒီလို ဖြေပါတယ် -

“JAS ဖုန်းဟာ ထိုင်ဝမ်နိုင်ငံကနေ တင်သွင်းတာဖြစ်ပါတယ်။ ဆော့ဖ်ဝဲပိုင်းကို အိန္ဒိယမြန်မာ နှစ်ခုပေါင်းပြီး ရေးထားတာဖြစ်ပါတယ်” 

မြန်မာလို အစအဆုံးသုံးနိုင်တယ်လို့ ကြော်ငြာထားတဲ့အတွက် ဒီဖုန်းကို မြန်မာဘာသာတခုပဲ အားသာသူ တို့ နှစ်သက်ကြမယ်လို့ ယူဆရပါတယ်။

Credit : http://arakanpress.blogspot.com/2013/05/jas.html

ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်း လစာငွေနှင့် ရုံးအသုံး စရိတ်ငွေများ ဖြတ်တောက်ခံရမှု မကျေမနပ်မှုများ တိုးပွား



ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပညာရေးဌာနမှ ဧပြီလအတွက် ဝန်ထမ်း လစာငွေများနှင့် အသေး သုံး ခွင့်ပြု စရိတ်များ ထုတ်ပေးရာတွင် ဖြတ်တောက် ခံရ မှုများ ရှိနေသဖြင့် ပညာရေး ဝန်ထမ်း များ အကြား တွင် မကျေမနပ်မှုများ ဖြစ်ပေါ်နေပြီး တိုင်ကြားရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရှိရသည်။


ပညာရေးဌာနတွင် လိုအပ်သော ကိစ္စများတွင် သုံးစွဲရန် လုံလောက်သော ရံပုံငွေများကို ခွဲဝေ ချမှတ်ပေး ထားပြီး ဖြစ်သဖြင့် ဝန်ထမ်းများ၏ လစာငွေများ၊ အသေးသုံးငွေများကို မည်သည့် အကြောင်းပြချက်နှင့် မဆို ဖြတ်တောက်ခြင်း၊ တောင်းခံခြင်းမပြုရန် ပညာရေး ၀န်ကြီးဌာနမှ ညွှန်ကြားထားခဲ့သော်လည်း ဘူး သီးတောင် မြို့နယ် ပညာရေးမှူးရုံးမှ အကြောင်းအမျိုးမျိုးပြ၍ ဖြတ်တောက် တောင်းခံနေသည်ဟု ဆရာ ဆရာ မများက ပြောသည်။

ဧပြီလ အတွက် ဆရာ ဆရာမများ လစာငွေမှ အငြိမ်းစား ၀န်ထမ်းများအား ထောက်ပံ့ရန် အတွက် ၂၀၀၀ ကျပ် နှင့် တံဆိပ်ခေါင်းဖိုး ၅၀၀ ကျပ် ဟု ဆိုကာ စုစုပေါင်း ၂၅၀၀ ကျပ်ကို မြို့နယ် ပညာရေးမှူးရုံးမှ ဖြတ်တောက် ခဲ့သည်ဟု သိရသည်။

အမှန်တကယ် အငြိမ်းစားယူသူ ၀န်ထမ်းများအား ထောက်ပံ့စရိတ် အတွက် ကျခံသည့် ကုန်ကျစရိတ်မှာ ဝန်ထမ်း တစ်ဦးလျှင် ကျပ်တစ်ထောင် (၁၀၀၀)သာ ကျခံသင့်ကြောင့် ယူဆပြီး ယခုကဲ့သို့ ကျပ် ၂၀၀၀ ထိ ဖြတ်တောက်ခြင်း အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လျှက် ရှိနေကြောင်း ဆရာ တစ်ဦးက ပြောသည်။

ယမန်နှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း အခြေခံ ပညာကျောင်းများသို့ ချပေးသော ရံပုံငွေများမှ နောက်ဆုံး အကြိမ်ထုတ်ပေးရမည့် ငွေများမှာ ယခုအထိ မရရှိသေးကြောင်း၊ ယခင်နှစ် ကလည်း ပထမအကြိမ် အသေးသုံးငွေကို ထုတ်ပေးခြင်း မရှိခဲ့ပဲ ငွေပမာဏ ဖေါ်ပြထားခြင်း မရှိသောပြေ စာတွင် လက်ခံရရှိကြောင်း လက်မှတ် ရေးထိုးစေခဲ့ကြောင်းနှင့် ၎င်းငွေများကို ဘုရားတည် သည် ဟု အကြောင်းပြကြောင်း၊ ဒုတိယလေးလပါတ် ခွင့်ပြုငွေ ထုတ်ပေး ရာတွင်လည်း ကျောင်းအလိုက် ရရှိသော ရံပုံငွေမှ (၁၀%)စီကို ဖြတ်တောက် ရယူထားကြောင်း၊ မူလတန်း ကျောင်းအုပ် ဆရာကြီး တစ်ဦး ကပြော ပါသည်။

အခြားကျောင်းအုပ်ဆရာကြီး တစ်ဦးကလည်း “ဖြတ်တာတွေကတော့ အများကြီးပါ။ အသေးသုံးငွေကို ကျောင်း အလိုက် ၆၀၀၀၀ကျပ်ကနေ ၃၀၀၀၀ကျပ်ထိ ခွင့်ပြုငွေရတယ်။ အဲဒီထဲက ကျောင်းတိုင်းကနေ ၁၀%ဖြတ် ယူတယ်။ ဘယ်နေရာကမှ မလွတ်ပါဘူး။ စာနယ်ဇင်း ခွင့်ပြုငွေ အဖြစ် တစ်ကျောင်းကို ၄၅၀၀ ခွင့်ပြု တာကို၊ ၅၀၀ ဖြတ်ယူ ထားတယ်။ တစ်ခါ ခရီးစရိတ်ငွေ ခွင့်ပြုရံပုံငွေကနေ ၂၅% ဖြတ်တယ်။ စာရင်း ဇယားတွေ ဆွဲဖို့ စာရင်းစစ်ကိုပေးရတာက ၂၀% နှင့် စာရင်းစစ် ဦးစီးအတွက် ၅% ပေးရမယ်လို့ အကြောင်း ပြပါတယ်”ဟု ရှင်းပြပါသည်။

ကျောင်းအုပ်ဆရာကြီး တစ်ဦးကလည်း “လစာဖြတ်တာ၊ အသေးသုံး ငွေဖြတ်တာတင် မကပါဘူး အခုလည်း ကျောင်းတွေမှာ စီမံချက်နဲ့ အိမ်သာ ဆောက်လုပ်ဖို့ ရံပုံငွေ ခွင့်ပြုထားတာတွေ ရှိပါသေးတယ်။ အဲဒီရံပုံငွေ ထုတ်ယူ ဖို့ဆိုလည်း ပညာအမျိုးမျိုး ပြတာပဲ။ ချက်လက်မှတ်ရဖို့ အကြိမ်ကြိမ်သွားရတယ်။ ချက် လက် မှတ်ရေး ခ တစ်ထောင် (၁၀၀၀)ကနေ ငါးထောင် (၅၀၀၀)ကျပ်အထိ တောင်းတယ်။ မပေးနိုင်ရင် ထပ်ချိန်း တယ်။ ဌာနက ညွှန်ကြားထားတာက မတ်လ (၃၁)ရက်နေ့မှာအပြီး ထုတ်ပေး ထားရမယ် ပြောတာ အခုဧပြီ လ (၂၅)ရက်နေ့အထိ ထုတ်မရ သေးဘူး။ နောက်ပြီး ဆောက်လုပ်ခွင့်ရတဲ့ တချို့ကျောင်းတွေက အိမ် သာတွေ ကို တခြားလိုအပ်တဲ့ ကျောင်းတွေကိုလည်း မျှဝေ လွှဲပြောင်းပေးမယ်ဆိုပြီး တကယ်တန်းကျတော့ သူတို့ ကန်ထရိုက်လုပ်လို့ အဆင်ပြေတဲ့ ကျောင်းတွေကိုပဲ ခွဲပေးလိုက်တာ တွေ့ရတယ်” ဟု ပြောပါသည်။

ကျောင်းအိမ်သာဆောက်လုပ်ခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး ကျောင်းအုပ်တစ်ဦးထံ စုံစမ်းကြည့်ရာ “ဘူးသီးတောင် မြို့နယ်၊ ပညာရေးရဲ့ ကျောင်းအိမ်သာတွေကတော့ မဆောက်ခင်ကပင် အနံ့ထွက်နေပြီ။ တစ်မြို့ နယ်လုံးမှာ အိမ်သာလုံးရေ (၃၈၀) ကျော်အတွက် ခွင့်ပြုငွေ သိန်းပေါင်းများစွာ ပေးထားတာ။ အဲဒီ ထဲက (၇၅)လုံး ဆီကနေ တစ်လုံးကို တစ်သိန်းခွဲ (၁၅၀၀၀၀/ကျပ်) ကို ရုံးအတွက်ဆိုပြီး ဖြတ်ထားတာ ရှိသေး တယ်။ ဆောက်လုပ်ရေးကို ပညာရေးမှူးက သူနဲ့အဆင်ပြေတဲ့လူကို ကန်ထရိုက် ပေးခိုင်းတယ်။ ကျောင်း အုပ်ကြီးတွေက ကန်ထရိုက်ကို မကြိုက်လို့ ကိုယ်တိုင်ကြီးကြပ်ပြီး ဆောက်မယ်ဆိုရင် အိမ်သာ တစ်ခန်းကို သုံးသောင်းကျနဲ့ ပညာရေးမှူးကို ပေးရပါတယ်” ဟု ရှင်းပြပါသည်။

“ဒါကတော့ ပညာရေးမှူးတင် မကပါဘူး အောက်က စာရေးဝန်ထမ်းတွေလည်း မတရားလုပ်တယ်။ နှစ်တိုး အချိန်စေ့ လို့ လစာဘီလ်မှာ ထည့်ဆွဲဖို့ တစ်ထောင် ပေးရတယ်။ မပေးရင် နှစ်တိုး မပါတော့ဘူး။ အပြောင်း အရွှေ့ ကိစ္စအတွက်လည်း Service book ရေးခ၊ LPC ရေးခဆိုပြီး ၅၀၀၀ ကနေ ၈၀၀၀အထိ တောင်း တယ်။ ဆရာမ အသစ်တွေလာရင်လဲ ဒီအတိုင်းပဲတောင်းတာပဲ။ ဒီအလုပ်တွေ လုပ်ရမှာက စာရေးတွေရဲ့ တာဝန် မဟုတ် ဘူးလား။ ကိုယ့်တာဝန် ကိုယ်လုပ်ရတာကိုပဲ ပိုက်ဆံရမှ လုပ်ပေးတယ်။ မရရင် အကြောင်း အမျိုး မျိုးပြပြီး ကြန့်ကြာအောင်လုပ်တော့တာပါပဲ”ဟု လက်ထောက် ဆရာမတစ်ဦးက ရှင်းပြပါသည်။

ဘူးသီးတောင်မြို့နယ် ပညာရေးဌာနတွင် သင်ကြား၊ စီမံ ဝန်ထမ်းဦးရေစုစုပေါင်း ၁၁၂၅ ဦးရှိပြီး ဝန်ထမ်း အင်အား အများဆုံးဌာန ဖြစ်သည်။ ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးသည် ဆက်ဆံမှု မချေငံခြင်း၊ ငွေကြေး အလွဲ သုံးစားမှု များခြင်း၊ လစာငွေ၊ ခွင့်ပြု ရံပုံငွေများကို ဖြတ်တောက်ရယူမှုများခြင်း၊ လာဘ်ငွေ တောင်းခံ မှုများခြင်း တို့ကြောင့် နာမည်ဆိုး ထွက်နေသော ဌာနတစ်ခုဖြစ်သည်။

ပြီးခဲ့သည့်ဇန်နဝါရီ၊ ဖေဖေါ်ဝါရီနှင့် မတ်လများအတွင်း လစာငွေ ဖြတ်တောက် မှုများကြောင့် မြို့နယ် ပညာရေး မှူး အား ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးက သတိပေး ဝန်ခံကတိ လက်မှတ်ရေး ထိုးခိုင်း ခဲ့သော်လည်း ယခု ဧပြီလတွင်လည်း ဖြတ်မြဲ ဖြတ်နေဆဲ ဖြစ်သဖြင့် ထိရောက်စွာ အရေးယူပေးရန် အခြေခံ ပညာ ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ တိုင်ကြားရန် စီစဉ် ဆောင်ရွက် နေကြကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ လစဉ်လတိုင်း လစာငွေ၊ အသေးသုံးငွေမှ ဖြတ်တောက်ရယူခြင်း၊ လာဘ်ငွေ တောင်းယူခြင်း တို့ဖြင့် အုပ်ချုပ်ရေးဝန်ထမ်းများ စီးပွါးဖြစ်နေကြပြီး ဆရာ/ ဆရာမ များနှင့် အောက်ခြေဝန်ထမ်းများ၏ မကျေ နပ်မှု များပြားနေလျှက်ရှိပြီး တိုင်ကြား မှုများ မကြာခဏရှိသော်လည်း ထိရောက်စွာ အရေး ယူမှု မရှိ သဖြင့် အဂတိ လိုက်စားမှု၊ ခြစားမှုများရှိနေဆဲဖြစ်ပါသည်။

နိရဉ္စရာ

ရန်ကုန်တိုင်း၌ အဓမ္မကျင့်မှု သုံးရက်လျှင် တကြိမ်၊ ကလေးများကို ကျူးလွန်မှု လေးလအတွင်း ၂၆ မှုရှိ

ရန်ကုန်တိုင်းအတွင်း အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှုနှုန်းမှာ သုံးရက်လျှင် တကြိမ်ခန့် ဖြစ်ပွားနေပြီး အသက် မပြည့်သေး သူ မိန်းခလေးငယ်များအား ကျူးလွန်ခံရမှုပေါင်းမှာ လေးလအတွင်း ၃၀ နီးပါးခန့်အထိ ရှိ လာကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်း သတင်းမှတ်တမ်းများအရ သိရသည်။


“ပထမ လေးလ အတွင်းမှာတင် မုဒိမ်းမှုပေါင်း ၄၇ မှု ဖြစ်တယ်။ အဲဒီမှာ အသက် ၁၆ နှစ်အောက် မိန်း ခလေးတွေ အဓမ္မ ပြုကျင့်ခံရမှုပေါင်းက ၂၆ မှုထိ ရှိတယ်။ အဲဒီထဲမှာပဲ ၁၀ နှစ်အောက်က ၆ မှုပါတယ်” ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)ဌာနခွဲမှ ဒုရဲမှူးက မဇ္ဈိမကို ပြောသည်။


မုဒိမ်းမှု အများ ဆုံးဖြစ်ပွား ခဲ့သော မြို့နယ် များမှာ လှိုင်သာယာတွင် ၈ မှု၊ တိုက်ကြီးတွင် ၃ မှု၊ ထောက်ကြန့်၊ မြောက် ဥက္က လာ၊ရွှေပြည်သာ၊ အင်းစိန်တို့တွင် ၂ မှုစီဖြင့် အများဆုံး ဖြစ်ပွားခဲ့ကြောင်း မှုခင်း မှတ်တမ်း များအရ သိရသည်။

အဓမ္မပြုကျင့်ရာတွင် မသိနားမလည်သော ကလေးသူငယ်များအား အစားအစာ၊ အဝတ်၊ ဖိနပ် စသည်တို့ ဝယ်ပေးမည်ဟု ပြောဆိုဖျားယောင်းပြီး ပြစ်မှုကျူးလွန်ကြခြင်းများ ပါဝင်ကြောင်း သိရသည်။

အရွယ် မရောက်သေး သူ ကလေးငယ်များအား အဓမ္မပြုကျင့်မှုများတွင် ဖခင်အရင်းက ကျူးလွန်မှု ၁ မှု၊ ပထွေး က ပြုကျင့်မှု ၁ မှု၊ အစ်ကိုဝမ်းကွဲက ၁ မှု၊ ဦးလေးက ၁ မှုနှင့် အရပ်သား အခြားသူများက အဓမ္မ ပြု ကျင့်မှု ၂၂ မှုထိ ပါဝင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများအား အသေးစိတ် စစ်ဆေးပြီး ကျူးလွန်ရ သည့် အကြောင်း အရင်းအား ဖော်ထုတ်က အလားတူ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန် သုတေသနပြု ဆောင်ရွက် သွားမည်ဟု ဆိုသည်။

ထို့ပြင် ကလေး သူငယ် များအား အတုမြင် အတက် သင်စေသည့် ညစ်ညမ်း ဗီဒီယိုကားများ၊ ဒီဗီဒီ ကားများ ကြည့် ရှုခြင်း များအား တားမြစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းတွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ လူသတ်မှု ၃၈ မှု၊ ဓားပြ မှု ၁ မှု၊ လုယက်မှု ၆ မှု၊ အဓမ္မပြုကျင့်မှု ၄၇ မှု၊ ဖောက်ထွင်းမှု ၂ မှု၊ စုစုပေါင်း အမှုကြီးဖြစ်ပွားမှု ၉၄ မှုထိ ရှိ ခဲ့ကြောင်း မှုခင်းသတင်းထုတ်ပြန်ပေးသော ဌာနမှ ဒုရဲမှူး၏ ပြောပြချက်အရ သိရသည်။

၂၀၁၂ ခုနှစ်အတွင်းကမူ ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သော အမှုကြီးပေါင်း ၃၆၅ မှုတွင် လူသတ်မှု ၁၆၄ မှု၊ ဓားပြမှု ၂ မှု၊ လုယက်မှု ၃၀ မှု၊ အဓမ္မပြုကျင့်မှု ၁၃၅ မှု၊ ဖောက်ထွင်းမှု ၁၈ မှု၊ တိရစ္ဆာန်ခိုးမှု ၄ မှု နှင့် မတရား အသင်း ဖွဲ့စည်းမှု ၃ မှုအထိ ပါဝင်ခဲ့ကြောင်း သိရသည်။

Credit :  Here

NRCမှ မြန်မာအရာရှိအကြောင်းပြချက်မရှိအလုပ်ထုတ်ခံရဟုရှင်းလင်း


13.5.13-tma1

နိုင်ငံတကာ NGOတစ်ခု၏ အခြေအမြစ်မရှိဟု အပြစ်စွပ်စွဲချက်ဖြင့် အလုပ်ထုတ်ခံရသည်ဟူသော အဆင့်မြင့် မြန်မာဝန်ထမ်းတစ်ဦးသည် ၎င်းအလုပ် ထုတ်ခံရမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်း ပွဲကို ယနေ့ နေ့ လည် တစ်နာရီ ခွဲခန့်၌ စင်ထရယ် ဟိုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မင်းလူသတ်တယ်လို့ ငါထင်တယ် အဲ့ဒါကြောင့် ငါအလုပ်ထုတ်တယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။


သက်သေ ခိုင်လုံ မှုလည်း မရှိဘဲ ထွက်စာတင်ခိုင်းတော့ ကျွန်တော်ကမင်းတို့ ထုတ်သင့်တယ်ထင်ရင် ထုတ်လိုက် ငါကတော့ အပြစ်မလုပ်ထားလို့ မတင်နိုင်ဘူး”ဟု NRC မှ ကိုယ်စားလှယ်ဖြစ်သူကို ပြော ခဲ့ ကြောင်း အလုပ်ထုတ်ခံရသူ ဦးအောင်ရှိန်က ပြောကြားသည်။

၎င်းသည် နော်ဝေးဒုက္ခသည် ကောင်စီ(NRC)တွင် ၂၀၁၀ ဇန်နဝါရီးလ တစ်ရက်နေ့တွင် စတင် လုပ်ကိုင် ခဲ့ သူဖြစ် ပြီး အစိုးရနှင့် ဆက်ဆံရေး အကြံပေး လုပ်ခဲ့သူလည်းဖြစ်ကြာင်း သိရသည်။

မြန်မာနိုင်ငံ တွင် NGO အဖွဲ့အစည်းများသည် မင်သားခေါင်းဆောင်းထားသော သူများသာဖြစ်ကြောင်းနှင့် ကောင်းသော NGOများ ရှိသော်လည်း အလှူရှင်များ၏ ပိုက်ဆံများကို ကိုယ်ကျိုးအတွက် အသုံးပြု သူများ လည်း ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မိမိကဲ့သို့ အကြောင်းအရင်းကို ကွဲကွဲပြားပြား မသိလိုက်ဘဲ အလုပ်ထုတ် ခံလိုက် ရသူ အများအပြားရှိကြောင်း ထို့အပြင် ၎င်းတို့အနေဖြင့် လူတစ်ယောက်၏ သိက္ခာကို လေးစားရ မည်ဟု ပြောနေသော်လည်း ၎င်းတို့လုပ်ချင်လာလျင် မည်သူ့အတွက်မျှ မကြည့်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

ယင်း အပြင် မြန်မာနိုင်ငံတွင်နေ၍ မြန်မာလူမျိုးများကို ၎င်းတို့လုပ်ချင်သလို လုပ်နေခြင်းကို လက်မ ခံနိုင်ကြောင်းနှင့် ၎င်း ဒီကိစ္စနှင့် ပတ်သက်၍ မြန်မာနှင့် နော်ဝေအစိုးရ သိရှိအောင်လုပ်ဆောင်မှုများအပြင် သင့်တော်သော လုပ်ဆောင်ချက်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။

From: မြန်မာ့ခေတ်

ကေအိုင်အေ ထောင်ထားသည့် မိုင်းအား နင်းမိ၍ အပြစ်မဲ့ ပြည်သူ သေဆုံး



၂၀၁၃ ခုနှစ် မေလ ၉ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် နန့်ဆန့် (၁)ကျေးရွာနေ မကော့နန့် အသက် (၄၀)နှစ်၊ (ဘ)ဦးလောမြူနမ်း သည် ဟင်းသီး ဟင်းရွက် ခူးရန် သွားရောက် စဉ်တွင် ကေအိုင်အေ (ကချင်) အဖွဲ့မှ ထောင်ထား သည့် မိုင်း (၁)လုံးအား နင်းမိ ပေါက်ကွဲ ခဲ့သဖြင့် နေရာ တွင်ပင် သေဆုံး သွားခဲ့ကြောင်း သတင်း ရရှိပါ သည်။

သို့ဖြစ် ၍ ကေအိုင်အေ (ကချင်)အဖွဲ့မှ မိုင်း ထောင်မှု များကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးမှုနှင့် ပတ် သက်ပြီး နယ်မြေခံ ပြည်သူများမှ ကေအိုင်အေ (ကချင်) အဖွဲ့အပေါ် မုန်းတီး ရွံရှာလျက် ရှိကြောင်း သိရှိ ရပါ သည်။

From: မြ၀တီ

စစ်တွေ၌ လိင်ဖျော်ဖြေရေး ပေါ်တင် လုပ်ဆောင်နေ၍ ပိတ်သိမ်းပေးရန် တောင်းဆို



ရခိုင်ပြည်နယ် စစ်တွေမြို့တွင်း စားသောက်ဆိုင် အမည်ခံ အနှိပ်ခန်း၊ ကာရာအိုကေခန်းများ၌ လိင်ဖျော်ဖြေရေး လုပ်ငန်းများကိုပါ လုပ်ကိုင်လာ ခြင်းကြောင့် ဒေသခံများအနေဖြင့် ပိတ်သိမ်းအရေး ယူရန် သက် ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်မှူများထံသို့ တင်ပြတောင်းဆိုမှုများရှိနေသည်ဟု သိရသည်။


"အရင် န.အ.ဖ လက်ထက်မှာတောင် ခိုးကြောင် ခိုးဝှက်နဲ့ နည်းနည်းပဲ ရှိခဲ့တာ။ အခု ထင်ထင် ပေါ်ပေါ်နဲ့ အ များ ကြီးဖြစ်နေ တာ အုပ်ချုပ်ရေးပိုင်း အားနည်းလို့လား အရေးမယူလို့လား။ ဒီလိုပေါ် တင်ကြီး တောင် လုပ်နိုင် တဲ့ အခြေအနေရဲ့ နောက်ကွယ် မှာ တစ်ခုခုရှိမယ်လို့ ထင်ပါတယ်"ဟု စစ်တွေဒေ သခံတစ်ဦး က ပြော သည်။

စစ်တွေမြို့တွင် အနှိပ်ခန်း(၆)ခုနှင့် ကာရာအိုကေခန်း(၂)ခုရှိကြောင်း အဆိုပါလုပ်ငန်းများ လုပ်ကိုင် လာခြင်းကြောင့် လူမျိုးနှင့်မြို့တော်၏ ဂုဏ်သိက္ခာ ညိုးနွမ်းထိခိုက် ကျဆင်းစေနိုင်သည့် အတွက် အရေး ယူဆောင် ရွက်ပေးစေလိုခြင်း ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

"ကျွန်တော်တို့ဆီမှာ အရင်က ဒီလောက် မရှိခဲ့ဘူး။ ရှိလည်း မရှိခဲ့ဘူး။ အခုမှ ရှိလာတာ။ မိန်းကေ လးတွေ က စား ၀တ်နေရေး မပြေလည်တော့ ဟိုအလုပ် ဒီအလုပ်ဆိုပြီး လုပ်ကြရာက ဒီလို အလုပ်တွေမှာဝင် လုပ် လာ ကြ တယ်" ဟု စစ်တွေဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ကြသူအများစုမှာ အသက်ရွယ် (၁၆)နှစ်မှ (၂၂)နှစ် ၀န်းကျင်သာ ရှိ သော မိန်းကလေးငယ်များဖြစ်ပြီး မိသားစုစားဝတ်နေရေးနှင့် ဆင်းရဲကျပ်တည်းမှုကို အခွင့်ကောင်းယူ ၍ ငွေဖြင့် မက် လုံးပေးပြီး ချိတ်ဆက်ခေါ်ဆောင်ကာ လုပ်ကိုင်နေခြင်းဖြစ်ကြောင်းကိုလည်း ဒေသခံတို့က ဆို သည်။

Credit : http://www.oppositeyes.info/2013/05/blog-post_9301.html