Monday, May 13, 2013

ဥပဒေပြင်ဖို့ တားဆီးချက်တွေ အရင်ပြင်ရမယ်လို့ ဒေါ်စုပြော



မြန်မာနိုင်ငံရဲ့ ​လက်ရှိကျင့်သုံးဆဲ ​၂၀၀၈ ​ခုနှစ် ​ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ​ပြင်လို့မရအောင် ​တင်းကျပ်နေတဲ့ ​အရာတွေကို ​အရင်ပြင်ဆင် သွား ရမှာ ​ဖြစ်တယ်လို့ ​အတိုက်အခံ ​အမျိုးသား ဒီမိုက ရေစီပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်း စုကြည်က ​ပြောလိုက်ပါတယ်။


ပြီးခဲ့တဲ့တစ်ပတ် ​သောကြာနေ့က ​ကျင်းပခဲ့တဲ့ ​အခြေခံဥပဒေပြင်ဆင်ရေး ​အလုပ်ရုံဆွေးနွေးပွဲအပြီး ​သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ​ဒေါ်အောင်ဆန်း စုကြည်က ​အခုလိုပြောခဲ့တာ ​ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ ​ပြည်သူတွေအားလုံးနဲ့ ​ဆိုင်တာမို့လို့ ​အားလုံးကနေဝိုင်းပြီးတော့ ​စိတ်ဝင်စားကြတယ်၊ ​ပြုပြင်ပြောင်းလဲဖို့လိုတယ် ​ဆိုလို့ရှိရင် ​ပြုပြင်ပြောင်းလဲဖို့လိုကြောင်းကို ​ရဲရဲဝံ့ဝံ့နဲ့ ​ရင်ဆိုင်ရဲကြတယ်ဆိုတာဟာ ​မြန်မာနိုင်ငံအတွက် ​ကောင်းတဲ့အလားအလာဖြစ်တဲ့အကြောင်း၊ ​အဓိက ရည်ရွယ်ချက်ကတော့ ​အားနည်းချက်တွေကို ​ပြုပြင်ဖို့ဖြစ်ပြီး၊ ​ဒါဟာ ​အပြစ်ရှာဖို့ ​မဟုတ်တဲ့အကြောင်း၊ ​အဖြေရှာဖို့ ​ဖြစ်တဲ့အကြောင်း ​ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ပါတယ်။

မိမိအမြဲပြောခဲ့သလိုပဲ ​ပြဿနာတစ်ခုကို ​ချဉ်းကပ်တဲ့အခါမှာ ​အပြစ်ရှာချင်တဲ့စိတ်ဓါတ်နဲ့ ​မဟုတ်ပဲနဲ့ ​အဖြေရှာချင်တဲ့စိတ်ဓါတ်နဲ့ ​ချဉ်းကပ်ဖို့ ​လိုတဲ့အကြောင်း၊ ​အခုလုပ်ခဲ့တဲ့ ​အစည်းအဝေးတွေဟာလည်း ​အဖြေရှာချင်ခဲ့စိတ်ဓါတ်နဲ့ ​လုပ်ခဲ့တဲ့အတွက် ​အများကြီးကျေနပ်စရာရှိခဲ့တဲ့အကြောင်း ​ဒေါ်အောင်ဆန်း စုကြည်က ​ပြောသွားခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲအတွင်းမှာ ​၂၀၀၈ ​ခုနှစ် ​အခြေခံဥပေဒကို ​အသစ်တဖန်ပြန်လည် ရေးဆွဲရင် ကောင်း မလား ​ဒါမှမဟုတ် ​လက်ရှိအခြေခံဥပဒေထဲက ​အစိတ်အပိုင်းတချို့ကို ​ပြင်ဆင်တာက ​ကောင်းမလား ဆိုတာတွေကို ​ဆွေးနွေးခဲ့တဲ့အကြောင်း ​ဒေါ်အောင်ဆန်းစုကြည်က ​Eleven ​ကို ​ပြောခဲ့ကြောင်းလည်း ​သိရ ပါတယ်။ ​၃ ​ရက်ကြာကျင်းပခဲ့တဲ့ ​အလုပ်ရုံဆွေးနွေးပွဲမှာ ​သြစတြေးလျနိုင်ငံက ​ပါလီမန်အမတ် ​Janelle ​Saffin ​လည်း ​ပါဝင်ခဲ့တယ်လို့ ​သိရပါတယ်။

Credit : http://abbsoluteright.blogspot.com/2013/05/blog-post_7838.html

အစိုးရနှင့် KIO တွေ့ဆုံဦးမည်



ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ပထမ ဆုံး အကြိမ် အဖြစ် မြစ်ကြီးနားမြို့၌ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) နှင့် လာမည့် မေလ တတိယအပတ်၌ တွေ့ ဆုံ ဆွေးနွေးရန် ရှိကြောင်း အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးအဖွဲ့မှ ပြန်ကြားရေး တာ ၀န်ခံ ဦးလှမောင်ရွှေက ပြောသည်။

အစိုးရတပ်များနှင့် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက် နေ့က တိုက်ပွဲများ စတင်ဖြစ် ပွားခဲ့ပြီး ၂၀၁၂ ခု ဒီဇင်ဘာလဆန်းမှ စ၍ တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။ ယခုနှစ် မတ်လအတွင်း အထိ တိုက်ပွဲများ ဆက်ဖြစ်နေပြီး မတ်လနှင့် ဧပြီလအတွင်း အစိုးရနှင့် KIO အဖွဲ့ တို့ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း မတွေ့ဆုံဖြစ်ခဲ့ပေ။


ဦးလှမောင်ရွှေက“အကြမ်းဖျဉ်းကတော့ လာမယ့် တတိယပတ်ကို မှန်းထားတယ်။ အသေးစိတ်ကတော့ ပြောမရသေးဘူး။ နီးမှထပ်ထွက်မယ်။ နှစ်ဘက်စလုံးက သက်ဆိုင်တဲ့လူတွေ အကုန်တက်ကြမယ်လို့ ထင် တယ်”ဟု ပြောသည်။

ကချင်ခေါင်းဆောင်ပိုင်းဘက်သို့ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့မှ နေ့စဉ်အလွတ်သဘော ညှိနှိုင်းလျက် ရှိခြင်းကြောင့် ယခုဆွေးနွေးပွဲ၌ အဆင်ပြေနိုင် မည်ဟုလည်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဆွေးနွေးပွဲကို ထိခိုက်စေမည်မဟုတ်ကြောင်း၊ ယင်းသို့တွေ့ဆုံရာ၌ ရှေ့တန်း စစ်မြေပြင်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးသင့်ကြောင်း KIOအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီသို့ ပြော ဆိုထားသည်။

လက်ရှိဆွေးနွေးမှုများတွင် တရုတ်နိုင်ငံက ပါဝင်လွှမ်းမိုးနေသည် ဟူသော သတင်းများနှင့်ပတ်သတ်၍ ဦးလှမောင်ရွှေက“နိုင်ငံက လွတ်လပ်တဲ့အချုပ် အခြာနိုင်ငံတစ်ခုပါ။ ဦးအောင်မင်းလည်းအဲဒီမှာပါတဲ့ UNFC (ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ)နဲ့ KIOဘက်ကိုပြောပါတယ်။ အကြိမ်ကြိမ် ပြောပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီတာကို ဘယ်သူ့ကိုမဆို ကြိုဆို တယ်။ ဒါပေမယ့် ဘယ်သူကမှ လွှမ်းမိုးလို့မရဘူးလို့ ဦးအောင်မင်း ရှင်းတယ်”ဟု ပြောသည်။

ယခု ကျင်းပမည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကချင်လူမျိုး လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒေါ်ဒွဲဘူနှင့် ဦးခက်ထိန်နမ် တို့လည်း ပါဝင်တက်ရောက်ခွင့် ရထားကြောင်း ဒေါ်ဒွဲဘူက ပြောပြသည်။

“ဧပြီ ၆ ရက်နေ့အတွက် ဖိတ်ထားတာ မလုပ်ဖြစ်တော့ ဒီတခေါက်က ဘယ်မှာလုပ်ဖြစ်မယ် မသိဘူး။ ဆွေးနွေးပွဲမှာ KIAနဲ့ တွေ့ဖို့ အရေးပိုကြီးနေတယ်။ လွှတ်တော်နဲ့ပတ်သက်ပြီး သူတို့အယူအဆတွေ ပြောင်း လဲဖို့ ကျမပြောပြမယ်။ အချင်းချင်းတွေ့ရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ လွှတ် တော်ကို အယုံကြည်မရှိဖြစ်တဲ့အပေါ်မှာ အားလုံးမယုံတာထက် လက်ရှိပြောင်းလဲ လာတဲ့အပေါ်ကို တကယ် ထဲထဲဝင်ဝင် လုပ်နေတဲ့သူအနေနဲ့ ပြောပြရမှာတွေ ရှိတယ်။ တိုင်းပြည်ပြောင်းလဲမှုမှာ အများကြီး သူတို့ ကွာဟသွားပြီ။ အမှန်တကယ် လုပ်ဆောင်နေတဲ့ ကျမတို့က ဘယ်လိုအနေအထား ရှိလဲ ပြောပြဖို့လို တာပေါ့”ဟု ဒေါ်ဒွဲဘူက ဆို သည်။

ဒေါ်ဒွဲဘူနှင့် ဦးခက်ထိန်နမ် တို့တွင် ဒေါ်ဒွဲဘူမှာ ယခုတကြိမ်မှ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပထမဆုံး တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ် ကြောင်း၊ ဦးခက်ထိန်နမ်မှာမူ ယခင်ကလည်း တက်ရောက်ခဲ့ဖူးသူ ဖြစ်သည့် အပြင် ရှမ်းငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင်လည်း တက်ရောက်ခွင့်ရခဲ့ဖူးသူ တဦးဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုင်းရင်းသားပေါင်းစုံ ပါဝင်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို ယခုနှစ်မကုန်မီအတွင်း လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန် က လမ်းညွှန်ထားသည့်အတွက် ဖော်ဆောင်နေကြောင်း၊ အဆိုပါ ဆွေးနွေးပွဲကို သမ္မတသစ် မတက်ခင် အချိန်တွင် ပြီး စီးရေး ဆောင်ရွက်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

“သမ္မတကြီးက ဒီညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါမယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ပါမယ်။ နိုင်ငံရေးပါတီ တွေ ပါမယ်။ လူမှု အဖွဲ့အစည်းတွေ ပါမယ်။ နိုင်ငံတကာ ပညာရှင်တွေ ပါမယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေနဲ့ အစိုးရအဖွဲ့ ညှိနှိုင်းစရာတွေ ညှိနှိုင်းမယ်၊ ပြီးရင် ဒီညီလာခံကို လုပ်ဆောင် သွားမှာပါ”ဟု ဦးလှမောင်ရွှေက ပြောသည်။

KIO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှာ မိုင်ဂျာယန်တွင် ၂ ကြိမ်၊ ထိုင်းနိုင်ငံ ချင်းဆိုင် တွင် တကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ၂ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ယခုအခါ သတ္တမ အကြိမ်မြောက် တွေ့ဆုံမှာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ က ပြောဆိုသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIO သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ် စဲခဲ့သည်။

Credit : http://abbsoluteright.blogspot.com/2013/05/kio_13.html

အသွင်ပြောင်း နဝဒေးခြံအမှတ် ၂၇



တစ်ချိန်က တံခါးအထပ်ထပ်ဖြတ် အစစ်ဆေးခံ ဝင်ရသော ထိပ်သီး ဗိုလ်ချုပ်ကြီး၏ နေအိမ်မှာ ယခု အခါ လူအများ ဝင်ထွက်နိုင်သော နေရာအဖြစ် အသွင် ပြောင်းလိုက် ပြီ ဖြစ်သည်။


အစောင့်တစ်ဦးမျှ မရှိတော့သော ခြံတံခါးအလွန် သစ်ခွတောအတွင်း မေလ ၁၁ ရက်နေ့တွင် စတင် ဖွင့် လှစ် လိုက်သည့် အနုပညာပြခန်း၊ အမှတ်တရ ပစ္စည်းကော်နာ၊ ကော်ဖီကော်နာ တို့သည် လူတိုင်း အတွက် ဖြစ်သွားပေပြီ။

အမည်က နဝဒေး။

"အရင်က တာဝန်ယူတုန်းက ရုပ်ရှင်ရုံကို ပေးခဲ့တဲ့ နာမည်ရယ်၊ လမ်းနာမည် ရယ်ကို အစွဲပြုပြီးပဲ နဝဒေးလို့ နာမည်ပေးလိုက်တာ" ဟု တပ်မတော်ေ ထာက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် က The Voice ကို ရှင်းပြသည်။

နေအိမ်အကျယ်ချုပ် ကျနေစဉ် ခုနစ်နှစ်အတွင်း မီးဖိုချောင်စရိတ် ရှာပေးခဲ့သည် ဆိုသော သစ်ခွခြံအတွင်း အဆောက် အအုံ လေးခုခန့် ငါးလအတွင်း အပြီးတည်ဆောက်ကာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စတင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။သူ၏အဆိုအရ ဖွင့်လှစ် ရ သည့် ရည်ရွယ်ချက် နှစ်ခုရှိသည်။အမှတ်တစ်အေးချမ်းသည့် ဘဝကို ထူထောင်လိုခြင်း၊ အမှတ်နှစ် အနုပညာ ရှင်များ၏ဘဝကို ထောက်ပံ့ပေး လိုခြင်း။

ပြခန်း စတင်ဖွင့်လှစ်သည့် နေ့တွင် ဦးလွန်းကြွယ်၊ နေမျိုးဆေး၊ မွန်သက် စသည့် ပန်းချီဆရာများ၏ ပန်းချီ ကား ၅၀ ကျော် ချိတ်ဆွဲပြသထားသည်။ ထိုကားများသည် ဈေးနှုန်းအနည်းဆုံး ကျပ် ၁၆ သိန်းမှ သိန်းရာေ ကျာ် အထိ ရှိသည်။"ပန်းချီကားတွေကို အခမဲ့ တစ်ပတ် တင်ခွင့်ပေးတယ်" ဟု ဦးခင်ညွန့်က ဆိုသည်။

သူ၏အနုပညာပြခန်းတွင် ပန်းချီကား တင်ရန် တန်းစီနေသော ပန်းချီဆရာ ၅၀ ကျော် ရှိကြောင်း သူက ဆက်ပြောပြသည်။

အနုပညာပြခန်း၊ ကော်ဖီကော်နာ နှင့် အမှတ်တရပစ္စည်းတို့ကို စီးပွားရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း သူကဆိုသည်။ ကော်ဖီဆိုင် ဟုပင် သူက အမည်မတပ်။"ဆိုင်မဟုတ်ဘူး။ ကော်နာ" ဟု သူ က အလေး အနက် ရှင်းပြသည်။

ကော်ဖီကော်နာတွင် ကော်ဖီအမျိုးမျိုး အပြင်သစ်သီးဖျော်ရည်၊ ချောကလက်၊ ကိုကာကိုလာ တို့ကဲ့သို့သော အချိုရည် တို့ကိုလည်း ဝယ်ယူနိုင်သည်။ ဘီယာနှစ်မျိုးလည်း ရသည်။ တိုက်ဂါးနှင့် မြန်မာ။ ဈေးကား များစွာ မမြင့်။ ရန်ကုန် မြို့တော်ရှိ Aroma ကဲ့သို့သော ကော်ဖီ ဆိုင်ဈေးနှုန်းခန့်ပင် ရှိသည်။ ကော်ဖီေ က်ာနာ တွင်မူ ဝန်ထမ်းလေးဦးရှိသည်။"စားပွဲထိုးရယ်လို့ မဟုတ်ပါဘူး။ အကုန်လုပ်ရတာပဲ"ဟု ဝန်ထမ်း တစ် ဦး က ရယ်ရယ်မောမောပြောဆိုသည်။

ဆိုင်ဝန်ထမ်းများမှာ သားဖြစ်သူ ဒေါက်တာရဲနိုင်ဝင်း၏ Nervin စားသောက်ဆိုင်မှ ဖြစ်သည်။ ပထမဆုံး ဖွင့် လှစ် သည့်နေ့တွင် လာရောက်သော အဓိကဖောက်သည်များမှာ နာမည်ကျော် အနုပညာရှင်များ ဖြစ်ဖွယ် ရှိနေ သည်။ ညနေ ၄ နာရီခန့်အထိ လူမပြတ်။ မြန်မာပြည်သိန်းတန်၊ ဇော်ဝင်းရှိန် တို့ အပါအဝင် ၁၀ ဦးခန့် ရှိနေသေးသည်။"တော်တော်များများတော့ ရောင်းရပြီးပြီ" ဟု ဆိုင်ဝန်ထမ်းက ပြောဆိုချိန်တွင် ညနေ ၃ နာရီတော့ ကျော်နေပြီ။

ပြခန်းနှင့် ကော်နာနှစ်ခုကို ကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်ခဲ့ပြီး မည်မျှ ကုန်ကျခဲ့သည် ကို ဗိုလ်ချုပ်ကြီးဟောင်း က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ "မိတ်ဆွေ အပေါင်းအသင်းတွေ ကူညီကြပါတယ်။ ဒီလိုပဲ ခြိုးခြံပြီး လုပ်ရ တာပေါ့" ဟု တပ်မတော်အစိုးရ လက် ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့နောက် အာဏာအရှိဆုံး ဟုဆိုနိုင် သူ ဦးခင်ညွန့်က ဆိုသည်။

တစ်ချိန်က သူ၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ယခုသမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် ဇန်နဝါ ရီက ပေးသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ဦးခင်ညွန့်သည် အာဏာ ကိစ္စများ၊ နိုင်ငံရေး ကိစ္စများ ဝင်မပါတော့ဘဲ အေးချမ်းစွာ နေထိုင်တော့မည် ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုထားပြီးဖြစ်သည်။

ကျီးကန်းအော်သံမှအပ တိတ်ဆိတ် နေလေ့ရှိသော ခြံဝင်း အတွင်းရှိပြခန်းတွင် ယနေ့ သူနှင့် ခေတ္တ တွေ့ ဆုံစဉ် အတွင်း အများဆုံးပြောဆိုသည့် စကားမှာလည်း အေးချမ်းမှု။ ကုသိုလ်တရား။ အာဏာနိုင်ငံရေး အခင်းအကျင်းသို့ပြန်လာမည်လောဟု သို့လော သို့လော စောင့်ကြည့်မှုများ အကြား ဦးခင်ညွန့်ကား နောက်ထပ် ခြေလှမ်း တိုးလိုက်ပြီဖြစ်သည်။ သူ့အဆိုအရ အေးချမ်းသည့်ဘဝ တည်ထောင် လိုရင်း။

တစ်ချိန်က မြန်မာနိုင်ငံ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးမှာ ကော်ဖီကော်နာတွင် လူခြောက်ယောက်ထိုင် စားပွဲနေ ရာ ချထားရေးကိုပင် ကိုယ်တိုင် စီမံနေသေးသည်။ ပြခန်းနှင့် ကော်နာနှစ်ခုကို စီမံခန့်ခွဲ ရခြင်းမှာ တစ်ချိန် က တိုင်းပြည်ကို စီမံခန့်ခွဲ ခဲ့ရသည်နှင့် နှိုင်းယှဉ်လျှင် “အသေးအဖွဲ” ဟု သူကဆိုသည်။

"(တိုင်းပြည်) တာဝန်ကတော့ မရေရာဘူးလေ။ လိုတာဖြစ်ချင်မှ ဖြစ် မှာကိုး" ဟု သူကအတန်ငယ်ပြုံးရင်း ပြောဆိုလေသည်။

တပ်မတော်အစိုးရ လက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး စသည့် ထိပ်ခေါင်တို့၏ ဌာနေ နဝဒေးလမ်း၊ အစွန်ဆုံးရှိ ခြံအမှတ် ၂၇ ကိုမူ လူအများ လာရောက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက်လေပြီ။

အစောင့်အကြပ်ထူထဲ၊ ခိုင်ခံ့သော သံထရော်လီတံခါး အမြဲပိတ်ထားပြီး မည်သို့သောနေရာဟု သာမန်ပြည် သူတို့ မသိနိုင်ခဲ့သော နဝဒေးလမ်းထိပ်တွင် မေလ ၁၁ ရက်နေ့မှစ၍ သုံးဆင့်လမ်းညွှန် ဆိုင်းဘုတ်လေး ကို ပင် မြင်နိုင်ပေပြီ။နဝဒေးအနုပညာပြခန်း၊ နဝဒေး ဆိုဗီနီယာကော်နာ၊ နဝဒေးကော်ဖီကော်နာ။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၏ ကိုယ်ရေးအကျဉ်း
………………………………………………………

- ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျောက်တန်းမြို့တွင် မွေးဖွား၊
- ၁၉၆၀ ပြည့်နှစ်မှ တပ်မတော်တွင် စတင် တာဝန်ထမ်းဆောင်၊
- ၁၉၈၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲ ခံရသည့်နောက်တွင် တပ်မတော်ထောက် လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်၊
- ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သော တပ်မတော်အစိုးရ နိုင်ငံတော်ငြိမ် ဝပ် ပိပြား မှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူ၊
- ၂၀၀၃ ခုနှစ် သြဂုတ်လ၂၃ ရက် နေ့မှ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထိ နိုင်ငံတော် ဝန်ကြီး ချုပ် အဖြစ် တာဝန်ထမ်းဆောင်၊
- ၂၀၀၅ ခုနှစ် ဇူလိုင်တွင် တရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရ၊
- ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့တွင် ပြန်လည်လွတ်မြောက်။

The Voice Weekly

ဦးဇင်း ၀ီရသူ စာမျက်နှာမှ မန္တလေးမှ ဒသဂီရိ ကုလားအချစ်ဇာတ်ကြမ်း



ဦးဝီရသူရဲ့ဒကာတစ်ယောက်မှာ တပည့်တွေအများ ကြီး ရှိပါတယ်။ အဲဒီထဲက တပည့်မလေး တစ် ယောက် ဟာ အသက် (၂၀)ကျော် ရှိပါပြီ၊ အစ်ကို တွေ နဲ့ အတူ မိခင်အိုကြီးကို လုပ်ကျွေးနေတဲ့ သမီး အလိမ္မာလေးပါ။ ရယ် လိုက်ရင် သွားစွယ်လေးနှစ် ချောင်း ပေါ်တတ်လို့ အစွယ်ပြူးတဲ့ ဘီလူးမလေးလို့ ခေါ်ဝေါ်ကြတာပါ။ ဒီ ကေ လးမေ လးကုိ အသက်(၃၇)နှစ်ခန့်ရှိပြီဖြစ်တဲ့ ကိုဝဏ္ဏက လိုက်လံအဖြေ တောင်း နေတာ သုံး လကျော်ပါပြီ။


ကိုဝဏ္ဏက ချမ်းအေးသာစံမြို့နယ်၊ ၈၄လမ်း၊ ၃၁×၃၀လမ်းကြား၊ပေါ်ဦး အီလက်ထရောနစ်ဆိုင်မှာ အလုပ် လုပ် ပါ တယ်။ ဘီလူးမလေးက ပေါ်ဦးဆိုင်မှာ ဒီဗွီဒီစက်လည်းဝယ်ဖူး၊ ဖုန်းလည်းဝယ်ဖူး၊ ဖုန်းလည်း စမ်းဖူးပါ တယ်။ ဗမာရုပ်ပေါက်နေလို့ ကုလားဆိုင်မှန်းမသိလို့ဝယ်မိတာပါတဲ့။

ဒါကို ဒီကုလားက ဖုန်းနံပါတ်မှတ်ထားပြီး၊ကောင်မလေးကို ချိန်ရွယ်ဖို့ ကြံစည်ခဲ့တာပါ။ ကောင်မလေးဆိုင် မှာ လည်း ဒီကုလားက ကုန်ပစ္စည်းအဝယ်အရောင်းရှိတော့အလုပ်သဘောအရ လူချင်းလည်း ရင်းနှီးမှုရှိ တယ် လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ကောင်မလေးအပြန်ကိုရွှေလွင်ပြင်ဘီယာဆိုင်မှာ ထိုင်စောင့်နေပြီး လိုက် လံ စကားပြောတာမျိုး စလုပ်ပါတယ်။

မုတ်ဆိတ်မပါပေမယ့် ကုလားရုပ်ပေါက်နေလို့ကောင်မလေးက လူမျိုး၊ ဘာသာမေးလိုက်တော့ ဗမာပြည်မှာ မွေး လို့ ဗမာလူမျိုး၊ ဘာသာက အစ္စလာမ်ဘာသာလို့ဖြေပါတယ်တဲ့။

ကောင်မလေးက မဖြစ်နိုင်ကြောင်း ဘုန်းဘုန်းဝီရသူရဲ့နှမလည်းဟုတ်၊ တပည့်လည်းဟုတ်လို့ ဘုန်းဘုန်း ဝီရသူကို လာပြောလှည့်လို့ ပြောတဲ့အခါ…..

ဒါဆို “မင်း ဘုန်းကြီးဆီမှာ ဘုန်းကြီးလာဝတ်လိုက်မယ်”လို့ကိုဝဏ္ဏက ပြန်ပြောပါတယ်။

ကောင်မလေးက ဘုန်းဘုန်းဝီရသူက ယူဆိုရင် ယူလိုက်မယ်လို့ပြန်ပြောလိုက်လို့ အဲဒီနေ့မှာ ရှေ့ဆက် မတိုးတော့ ပါဘူး။

အမြဲတမ်း ဆိုင်ကယ်နှင့် ကပ်လိုက်လာတတ်ပြီး၊အမှတ် (၁၀) ရဲစခန်းနားရောက်ရင် ဆက်မလိုက်ပဲ ပြန် လှည့် သွားတတ်ပါတယ်။

အဖြေတောင်းလို့ ငြင်းဆန်တဲ့အခါတိုင်း ဓာတ်တိုင်ကိုဆိုင်ကယ်နဲ့ ဝင်တိုက်ပြတာတို့၊ ကားရှေ့ဝင်တိုး ပြတာတို့ လုပ်တတ်ပြီး၊ တစ်ခါမှာ ကောင်မလေးဆိုင်ကယ်ကိုပါဆွဲယူသွားပြီး၊ ကားရှေ့ဝင်တိုးဖို့ လုပ်လို့ တွန်းရုန်း ပစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကန်တော်ကြီးနားက today ဘီယာဆိုင်မှာ ထိုင်စောင့်ပြီး၊ ကောင်မလေးပြန်အလာမှာ အရက်ပုလင်းနဲ့ သူ့ခေါင်းကိုသူ ရိုက်ခွဲပြဖူးတယ်လို့ ဆိုပါတယ်။ မကြည့်ရဲလို့ ခေါင်းကွဲမကွဲ မသိရကြောင်း ကောင်မလေး က ပြောပြ ပါတယ်။

အပြောကောင်းသူ ဖြစ်ပြီး ကောင်မလေးတစ်သက်ဒီလိုအပြောကောင်းသူ မတွေ့ဖူးကြောင်း သိရပါတယ်။ ဖုန်းခဏ ခဏဆက်တတ်ပြီးလက်ခံစကားမပြောရင် အိမ်ရှေ့လာနှောက်ယှက်မှာလို့ ခြိမ်းခြောက်ထား ပါ တယ်။ ဖုန်းလည်းပိတ်မထားရ၊ဖုန်းလည်းချမပစ်ရလို့ အမိန့်တွေပေးထားပြီး အကြာကြီး ဖုန်းပြောလေ့ ရှိ တယ် လို့ သိရပါတယ်။

ကောင်မလေးက အရှက်အကြောက်ကြီးလို့ မိဘကိုလည်းမတိုင်ရပ်ကွက်လူကြီးကိုလည်း မတိုင်ဖြစ်ခဲ့ပါဘူး။ အစ်ကို တစ်ယောက်ကတော့ ရိပ်မိတယ်လို့ ဆိုပါတယ်။

၈-၅-၂၀၁၃ ရက်နေ့မှာတော့ “ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်လို့ နောက်ထပ်မဆက်သွယ်ပါနဲ့”လို့ဖုန်းနဲ့ ငြင်းဆန် လိုက်ပါတယ်။ ဒီအခါ ကောင်မလေးအလုပ်လုပ်တဲ့ဆိုင်ရှေ့မှာ ဆိုင်ကယ်ပေါ်ခွထိုင်လျက်ကြီး တစ်နေကုန် နေပူ လှမ်းပြ နေပါရောတဲ့။

“နင့်ကို ငါပိုင်ဆိုင်စေရမယ် နင်ဟာ ငါ့အတွက်ပဲဖြစ်ရမယ် နင့်ကို ငါရအောင်ကို ယူမှာ နောက်ဆုံး နင့်ကို မရရင် နင်လည်းသေမယ် ငါလည်းသေမယ်” 

“အခု နင် ဘယ်မှာလဲ ပြော”

အဲဒါတွေက ကောင်မလေးလစ်ထွက်လာပြီး ဦးဝီရသူကျောင်းမှာရောက်နေတုန်း ဖုန်းဆက်ပြောတဲ့ စ ကား တွေပါ။

ကောင်မလေးက “ကျွန်မမှာ ရည်းစားရှိတယ်လို့ပြောပြီးပြီ ကျွန်မရည်းစား နေတဲ့နေရာမှာ ရောက်နေပြီ ကျွန်မ ရည်းစားက ဘုန်းဘုန်းဝီရသူရဲ့တပည့်ပဲလို့ပြောတဲ့အခါမှာ” ကုလားက “ဒါဆို အဲဒီကောင်ကို ဖုန်းပေး လိုက်”ဟု ဆိုကာ ဦးဝီရသူရဲ့ တပည့်နဲ့စကားပြောပါတယ်။အကြီးအကျယ်ပေါက်ကွဲတဲ့ လေသံနဲ့ ဒေါသ တကြီး ပြောဆိုလာတာပါ။

“ခင်များ သူ့ကို မယူနဲ့ ကျုပ်နဲ့သူနဲ့(……) ဟော်တယ်မှာ အတူနေတုန်းက ဗွီဒီယိုဖိုင်တွေရှိတယ်။ ဓာတ်ပုံ တွေ ရှိ တယ်။ ခင်များ သူ့ကိုယူရင်အဲဒါတွေ ဖြန့်ပစ်မယ်။”လို့ ကုလားဝဏ္ဏက ပြောတဲ့အခါ ….

ဒီဘက်မှ “သူ့ဟာသူ ဘာဖြစ်ခဲ့ ဖြစ်ခဲ့ ကျုပ်ယူမယ်ဗျာ။ကျုပ်လက်ထဲ ရောက်တဲ့အခါ သစ္စာရှိရင် ပြီးတာပဲ”လို့ ဆို လိုက်တော့ ယူရဲယူကြည့် သတ်ပစ်မယ်။သူ့ကိုရော မင်းကိုရော သတ်ပစ်မယ်လို့ ခြိမ်းခြောက် လာပါ တယ်။

ဒါဆိုလည်း လူချင်းတွေ့မယ်။ ဘယ်လာရမလဲ လို့ဒီဘက်မှ မေးပြီး၊ လ္ဘက်ရည်ဆိုင်တစ်ခုမှာ တွေ့ဖို့ ချိန်းလိုက် ပါတယ်။ ကုလားဝဏ္ဏ လာမလာမသိရပါဘူး။ ညအချိန်မတော်ကြီး ပြဿနာဖြစ်ခဲ့ရင် ကြီးကျယ်သွားမှာ စိုး လို့ ဒီဘက်က မသွားခဲ့ခြင်းဖြစ်ပါတယ်။

ည (၁၀)နာရီကျော်တဲ့အခါကောင်မလေးကို ဆိုင်ကယ် (၃)စီးနဲ့ လိုက်ပို့ပါတယ်။ အိမ်ရောက်တဲ့အခါ ကောင်မလေး ကို အခန်းထဲထည့်ပြီး၊ ကောင်မလေးရဲ့ အစ်ကိုနဲ့ လိုက်ပို့တဲ့ လူငယ်လေးတွေက မီးပိတ်ပြီး၊ အိမ်ထဲကနေ စောင့်ကြည့်ကြပါတယ်။ဘာမှမထူးခြားလို့ (၁၁)နာရီမှာ ပြန်လာခဲ့ကြပါတယ်။

လူငယ်တွေပြန်လာတာကို စောင့်ကြည့်နေတဲ့ ကုလားဝဏ္ဏက အိမ်ရှေ့ထိ ရောက်လာပါတယ်။ ဆိုင်ကယ် (၂) စီး လူငါးယောက်နဲ့အတူ ရောက်လာတာပါ။

ကုလားဝဏ္ဏကအိမ်ထဲထိ ဓာတ်မီးထိုးကြည့်ပါတယ်။ တစ်အိမ်လုံး မျက်နှာကျက်ပါမကျန် အကုန် ထိုးကြည့် တာပါ။ဓာတ်မီးနဲ့ ပတ်ထိုးကြည့်ပြီး၊ ခြံတံခါးရှေ့မှာ ထိုင်နေပါတယ်။ ဆိုင်ကယ်နဲ့လမ်းသလားလိုက်၊ပါးစပ်က ကျွတ် ကျွတ်လုပ်ပြီး စုတ်ထိုးလိုက်၊ ဖုန်းတဂွမ်ဂွမ် ဆက်လိုက် လုပ်နေပြန်ပါတယ်။

ကောင်မလေးဖုန်းကို ပိတ်ထားတာကြောင့် အိမ်မှာ ရှိသမျှဖုန်းတွေ အကုန်လိုက်ဆက်တော့တာပါဘဲ။ အစ ပိုင်း မှာအစ်ကိုဖြစ်သူက လက်ခံစကားပြောပြီး တောင်းပန်ပါသေးတယ်။ နောက်ပိုင်း လုံးဝမရတော့လို့ ဖုန်း မကိုင် တော့ပါဘူး။

ဖုန်းနံပါတ်တွေသိနေတာက ကုလားဝဏ္ဏဆိုင်မှာ ဖုန်းပြင်တုန်းက ကောင်မလေးဖုန်းထဲရှိသမျှ နံပါတ်တွေကို ကူးယူ ထားလို့အစ်ကိုကြီး၊ အစ်ကိုလေး ဖုန်းမှန်သမျှ သိရှိနေခဲ့ခြင်း ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူကကောင်မလေးကို အခန်းတံခါး ပိတ်ပေးထားပြီး၊ တစ်ညလုံး ထိုင်စောင့်ကြည့်နေပါတယ်။ နာရီပြန်(၁) ချက်ကျော်မှ ပြန်သွားကြပါတယ်။

နောက်ထပ်(၉-၅-၂၀၁၃) မနက်ရောက်တော့ ဦးဝီရသူက ရဲတိုင်အမှုဖွင့်ဖို့ စီစဉ်ပေးလိုက်ပါတယ်။ ဒုရဲမှူး ရော၊မြို့နယ်မှူးရော စခန်းမှူးပါ ကုလားဝဏ္ဏကို ဖုန်းဆက်ခေါ်ပါတယ်။

“မလာနိုင်ဘူး။ လာစရာမလိုတော့ဘူး။ နောက်လည်းမနှောက်ယှက်နိုင်တော့ဘူး။ ကျွန်တော့်နာရေးတာ နားစွင့် ထားကြပါ။”လို့ ပြန်ပြောပါတယ်။

သူ့ကိုခေါ်မရလို့သူအလုပ်လုပ်ရာ ပေါ်ဦးအီလက်ထရောနစ် ၈၄၊ ၃၀×၃၁လမ်းကို ဆက်သွယ်မှ ကုလား ဝဏ္ဏရောက် လာတာပါ။ရဲက အမှုဖွင့်ပေးပေမယ့်။ ကောင်မလေးက အရှက်အကြောက်ကြီးတာရော၊ မိခင် အိုကြီး ကျန်းမာရေးကိုငဲ့တာရောကြောင့် အမှုမဖွင့်လို့ ဝန်ခံကတိနဲ့တင် လက်မှတ်ထိုးပြီး အဆုံးသတ် လိုက် ရတာပါ။

ကုလားဝဏ္ဏက အသတ်(၃၇)နှစ်ရှိပါပြီ။ လူပျိုလူလွတ်အသွင်လိုက်ပိုးနေခဲ့တာပါ။ ကလေးနှစ်ယောက်အဖေ မုဆိုးဖို ဖြစ်ပါတယ်။ ကလေးတွေကို ယောက္ခမအိမ်ပို့ထားပြီး၊ သူငယ်ချင်းတွေအိမ်မှာ နေတာပါ။

ဇွဲကြီးတဲ့သူတွေကကြောက်စရာကောင်းတယ်နော်။ တကယ်လို့များ မာယာကွန်ယက်ထဲ ကျွံမိလျက်သား ဖြစ်သွားရင် မုဆိုးဖိုပြုသမျှ နုရမယ့်ဘဝမျိုး ရောက်သွားတဲ့အခါ ဘယ်သူမှ ဘာမှ တတ်နိုင်တော့မှာ မဟုတ် ဘူး။ ဇွဲကြီးကြီးနဲ့ပေးဆပ်ခဲ့ရတာတွေအတိုးချပြီး ပညာပေးခံရမယ့် အရေးကို မိန်းကလေးတိုင်း သိစေချင်ပါတယ်။

အမျိုးသူဇွဲကြီးသူတွေဆိုရင် တော်သေးရဲ့ အမျိုးခြားဆိုရင်တော့ လူမျိုးရော ဘာသာ သာသနာကိုပါ ဒုက္ခ လှလှကြီး ပေးကြတော့မှာပါ။

စုံစမ်းရန်= ကုလားဝဏ္ဏ- 096805090
ကောင်မလေးအစ်ကို-09402549754
ဒုရဲမှူး-096815378
မြို့နယ်မှူး-092018835
စခန်းမှူး-0991051772

မြန်မာနိုင်ငံလေယာဉ် အက်ဥပဒေအား ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်မည်



လွတ်လပ်ရေးမရမီ ၁၉၃၄ခုနှစ်ကပြဋ္ဌာန်း ခဲ့ သော မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေအား ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရန် နိုင်ငံ တော်သမ္မတရုံး၏ သဘောတူ အတည်ပြု ချက်ရယူပြီး ပြည်ထောင်စုအစိုးရရုံးသို့ တင်ပြသွားမည်ဖြစ် ကြောင်း လေကြောင်း ပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


“ ဒီဥပဒေကိုခေတ်နဲ့ လိုက်လျောညီထွေမှု ဖြစ်စေဖို့ရာ အပြည်ပြည် ဆိုင်ရာမြို့ပြ လေ ကြောင်းအဖွဲ့ချုပ် (IC-AO)ရဲ့အကြံပြုချက်အရပါ ပြင်ဆင်ဖို့ လုပ်ရတာဖြစ်ပါတယ်” ဟု လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန (DCA)မှလက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။

အဆိုပါဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဥပဒေ ကြောင်း အရ အကြံပြုချက်များရယူ ထားပြီဖြစ်ကြောင်း ရှေ့နေချုပ်ရုံး၏ အကြံပြုချက်နှင့် DCA ၏ ထပ်မံ ပြင်ဆင်ချက်များ ပါဝင်သော အက်ဥပဒေ (မူကြမ်း) အား နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာသမ္မတ၏ ဥပဒေအကြံပေးအဖွဲ့မှ အကြံပြုချက်များ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

“ ပြင်ဆင်မည့်ဥပဒေမှာ လေယာဉ်လိုင်စင်ကိစ္စ၊ လေယာဉ်မှူးတွေရဲ့ လိုင်စင်ကိစ္စ၊ လေကြောင်းပျံသန်းမှု ကိစ္စရပ်တွေ၊ လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ လေဆိပ်ပတ်ဝန်းကျင်ကိစ္စတွေ ပါဝင်မှာဖြစ် ပါတယ်” ၄င်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေအား ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးဖြည့်စွက်ခြင်းကို ကိုးကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပျဉ်းမနား-လယ်ဝေးမြို့ရှောင် လမ်းဘေးရှိ လျှပ်စစ်ဓာတ်အားလိုင်း (မီးတိုင်) စိုက်ထားသည့် လယ်မြေများ အရောင်းအ၀ယ် မဖြစ်တော့



ပျဉ်းမနား-လယ်ဝေးမြို့ရှောင် လမ်းဘေးရှိ လျှပ်စစ် ဓာတ်အားလိုင်း (မီးတိုင်) စိုက်ထားသည့် လယ်မြေ များသည် အရောင်းအ၀ယ် မဖြစ်တော့ကြောင်း ဒေ သခံ တောင်သူများထံမှ သိရသည်။


လျပ်စစ်ဓာတ်အားတိုင်များ စိုက်ထူထားသည့် အ တွက် ထွန်ယက်ရန်အတွက် အခက်အခဲ ဖြစ်ပေါ် ခဲ့ပြီး ၀ယ် ယူမည့် သူများမှာလည်း မီးတိုင်မရှိသည့် လယ်ကွက်များကိုသာ ၀ယ်ယူကြသည့်အတွက် အရောင်းအ၀ယ် ဖြစ်ပွားမှုမှာ မရှိတော့လောက်အောင် ဖြစ်နေကြောင်း သိရသည်။

''ဒီမီးတိုင်စိုက်တာကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပါ။ မီးတိုင်တွေ စိုက်မယ်ဆိုပြီး ကြိုတင်အကြောင်း ကြားခဲ့ခြင်း မရှိပါဘူး။ မှတ်မှတ်ရရ ပြောရရင် အဲဒီမီးတိုင်တွေ စိုက်တုန်းက မတ်ပဲ စိုက်ထားတဲ့ အချိန်ပါ။ မတ်ပဲတွေ မရိတ်ရသေးလို့ မတ်ပဲတွေတောင် ပျက်ကုန်သေးတယ်။ အခုတော့ မီးတိုင်တွေကြောင့် ပိုက် ဆံလိုလို့ ရောင်းမယ် ဆိုရင်တောင် အရောင်းအ၀ယ်က မဖြစ်တော့ဘူး။ စိုက်ပျိုးဖို့ ထွန်ယက်မယ် ဆိုရင် လည်း အခက်အခဲတော့ ဖြစ်နေရတယ်။ ဒါကြောင့် ၀ယ်သူတွေက မကြိုက်တော့ အရောင်းအ၀ယ် မဖြစ် တော့ ဘူး'' ဟု ပိတောက်ချောင်ကျေးရွာ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ လျှပ်စစ်မီးတိုင်များသည် ပျဉ်းမနားဓာတ်အားခွဲရုံမှ အေလာအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသို့ အဓိကဆွဲသည့် ဓာတ်အားလိုင်းများဖြစ်ပြီး အချို့လယ်ကွက်များ အတွင်းတွင် လျှပ်စစ်ဓာတ်အား တိုင်များ သည် လေးတိုင်မှ ရှစ်တိုင်ခန့်အထိရှိသည့် လယ်ကွက်များရှိကြောင်း သိရသည်။

ပျဉ်းမနား-လယ်ဝေးမြို့ရှောင် လမ်းပေါ်ရှိ လယ်ကွက်များသည် လက်ရှိတွင် တစ်ဧကသိန်း ၃၀ ၀န်း ကျင် ခန့် ဈေးပေါက်နေပြီး နေရာပေါ်မူတည်၍ ဈေးအနည်းငယ် ကွာခြားကြောင်း၊ ပိတောက်ချောင် ကျေးရွာ အနီးတွင် ကျော်ထက်ကျော် ကုမ္ပဏီက ဆန်စက်တည်ရန်အတွက် လယ်မြေများ ၀ယ်ယူထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

ပျဉ်းမနား-လယ်ဝေးမြို့ရှောင်လမ်းဘေးရှိ လယ်မြေများတွင် လျပ်စစ်ဓာတ်အားလိုင်း (မီးတိုင်)များ စိုက် ထားစဉ်

Eleven Media Group

အဘွားဒေါ်မြကြည်ကို ဂင်းနစ်စာရင်းဝင်ရန်


မြန်မာနိုင်ငံမှ ဂင်းနစ်စံချိန်ဝင်ရန် အမြန်ဆုံး Share ပေးကြပါစို့

လက်ရှိကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုမှာ အသက် ၁၁၆ နှစ် ၅၁ ရက် အရွယ်ရှိ အမေရိကန်နိုင်ငံသူ Besse Cooper ဖြစ်ပြီး ၁၈၉၆ သြဂုတ်လ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံသူ အဘွားအို ဒေါ်မြကြည်မှာ အသက် ၁၁၈ နှစ် ရှိနေပြီး အသက်ကြီးဆုံး အဘွားအိုထက် ၂ နှစ်ခန့်ကြီးနေကြောင်းသိရှိရသည်။ အဆိုပါ အဘွားဒေါ်မြကြည်ကို ဂင်းနစ်စာရင်းဝင်ရန် မြန်မာနိုင်ငံမှ Online သုံးစွဲသူများမှ ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

Now (The Oldest Grandma) in the Guinness World Records is Besse Cooper - 116 Year and 51 days old, Lives in American. But the truth is, there is a grandma who is 2 year older then Besse Cooper. Her name is Mya Kyi - 118 years old, Lives in Amarapura, Pou Chine Kone Village, Myanmar.

i love Myanmar စာမျက်နှာမှ မျှဝေခြင်းဖြစ်သည်။

လက်ရှိကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုမှာ အသက် ၁၁၆ နှစ် ၅၁ ရက် အရွယ်ရှိ အမေရိကန်နိုင်ငံသူ Besse Cooper ဖြစ်ပြီး ၁၈၉၆ သြဂုတ်လ ၂၆ ရက် နေ့တွင် မွေးဖွားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံသူ အဘွားအို ဒေါ်မြကြည်မှာ အသက် ၁၁၈ နှစ် ရှိနေ ပြီး အသက်ကြီးဆုံး အဘွားအိုထက် ၂ နှစ်ခန့်ကြီးနေ ကြောင်းသိရှိရသည်။ အဆိုပါ အဘွားဒေါ်မြကြည်ကို ဂင်းနစ်စာရင်းဝင်ရန် မြန်မာနိုင်ငံမှ Online သုံးစွဲ သူများမှ ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

Now (The Oldest Grandma) in the Guinness World Records is Besse Cooper - 116 Year and 51 days old, Lives in American. But the truth is, there is a grandma who is 2 year older then Besse Cooper. Her name is Mya Kyi - 118 years old, Lives in Amarapura, Pou Chine Kone Village, Myanmar.

i love Myanmar စာမျက်နှာမှ မျှဝေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မှာ လေဘေး ကာကွယ်ရေး အစီအစဉ်တွေစတင်


01b-305

လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ် ကြောင့် ဒီကနေ့ကစတင်ပြီး မောင်တောမြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက် နေပါတယ်။

အလားတူ စစ်တွေမြို့အပါအ၀င် ပင်လယ်ကမ်း ရိုးတန်းတလျှောက်မှာရှိတဲ့မြို့တွေက ဒုက္ခသည် စခန်းတွေကို ဒီကနေ့မနက်ပိုင်းက ကုန်းတွင်းပိုင်းနေရာတွေကို စတင်ရွှေ့ပြောင်းပေးနေပြီလို့ ဒေသဆိုင်ရာ အရာရှိတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ သတင်း ထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက RFA ကို အခုလို ပြောပါတယ်။ "တကယ်လို့ မုန်တိုင်းဝင်လာရင် ဘယ်နားကိုရွေ့မယ်၊ ဘယ်လိုလမ်းကြောင်းက သွားမယ်၊ အဓိကကတော့ စစ်တွေပေါ့လေ၊ စစ်တွေမှာ ဒုက္ခသည်စခန်း ၁၁ ခုရှိတာပေါ့လေ၊ ၁၁ ခုထဲက ပင်လယ်နဲ့နီးတဲ့ ဒုက္ခသည် စခန်းတွေကို ကုန်းတွင်းပိုင်းကို ဒီကနေ့စရွှေ့မှာပေါ့လေ"

ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့တွေအားလုံးမှာ မုန်တိုင်းသတိပေးချက်တွေကို အချိန်နဲ့တပြေးညီ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာပေးနေပြီး ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင် သူတွေကိုလည်း မုန်တိုင်းသတိပေးချက်တွေကို အလေးထားလိုက်နာကြဖို့ သတိပေးနှိုးဆော်ထားကြောင်း သိရပါတယ်။

ဒီကနေ့မှာပဲ မောင်တောခရိုင်အုပ်ချုပ်ရေးက ကူညီကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေကို ပြုစုကုသရေး၊ ဆက်သွယ်ရေးစတဲ့ ကော်မတီငယ် ၁၁ ခုကို ဒီနေ့ဖွဲ့စည်းလိုက်ပြီး မောင်တောမြို့အတွင်းက လေးမိုင် ဘုန်းကြီးကျောင်း၊ နှစ်မိုင်ဘုန်းကြီးကျောင်းနဲ့ အထကကျောင်းတွေကို မုန်တိုင်းဒဏ် ခိုလှုံမယ့်နေရာတွေ အဖြစ် ရွေးချယ်ထားကြောင်းသိရပါတယ်။

ကျောက်ဖြူခရိုင်မှာလည်း မုန်တိုင်းရန်ကာကွယ်ဖို့အတွက် မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ကျင်းပခဲ့ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုအစီအစဉ်တွေကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦး အင်ဒိုရဲဖမ်းမိ


မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦး အင်ဒိုရဲဖမ်းမိ
Monday, May 13, 2013

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed ဆိုသူ တို့ကို အင်ဒိုနီးရှားရဲတွေက ဖမ်းစီး ရမိပြီလို့ သိရပါတယ်။

သြစတြေးလျ နိုင်ငံထဲမှာ ခိုလှုံခွင့် တောင်းခံလိုသူတွေကိုလူမှောင်ခို ကူးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဘီလူးဆိုသူကိုလည်း ဖမ်းစီးရမိခဲ့ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှား ကမ်းလွန်မှာ လှေတစင်း နစ်မြုပ်သွားရာက လူပေါင်း ၉၀ပျောက်ဆုံးသေဆုံး ခဲ့တဲ့ဖြစ်ရပ်မှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့ လည်း သိရပါတယ်။

အင်ဒိုနီးရှား ရဲတွေက လူပေါင်း ၁၀၀လောက်တင်ဆောင်ထားတဲ့ လှေတစီး
ကို ဘီနိုဟာ ဆိပ်ကမ်းအနီးတဝိုက်မှာ မျောနေတာကို တွေ့ရှိခဲ့ပြီး လှေရဲ့
ဝမ်းဗိုက်ထဲမှာ ပုန်းအောင်းနေတဲ့ ခိုလှုံခွင့်တောင်းလိုသူ တွေကို တွေ့ရှိခဲ့တာ
ဖြစ်ပါတယ်။

စက်လှေမောင်းနှင်သူ Iskandar and Agus ဆိုသူ ၂ဦးကိုလည်း ဖမ်းစီးခဲ့ပါတယ်။

လူကုန်ကူးဂိုဏ်းကို ဦးဆောင်နေသူကို ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ဂိုဏ်းထဲမှာ ပါဝင်ကြသူတွေက ဘီလူးဆိုတဲ့ နာမည်နဲ့သာ သိနေကြပြီး သူတို့နှစ်ဦးဟာ Jawed Muhmud and Hasan Bilu အစရှိတဲ့ နာမည် အမျိုးမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။ တရားခံ ဘီလူးက သြစတြေးလျနိုင်ငံ
ကို လှေ ၄ စီးပို့ခဲ့ပြီး ဖြစ်တဲ့အကြောင်း ဝင်ခံခဲ့တယ်လို့ သိရပါတယ်။

သူနဲ့အတူ မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed တို့ ကိုလည်း ထိန်းသိမ်းထားပြီး စုံစမ်း စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

ABC Radio Australia

မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed ဆိုသူ တို့ကို အင်ဒိုနီးရှားရဲတွေက ဖမ်းစီး ရမိပြီလို့ သိရပါတယ်။

သြစတြေးလျ နိုင်ငံထဲမှာ ခိုလှုံခွင့် တောင်းခံလို သူ တွေကိုလူမှောင်ခို ကူးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဘီလူးဆိုသူကိုလည်း ဖမ်းစီးရမိခဲ့ပြီလို့ သိရပါတယ်။


ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှား ကမ်းလွန်မှာ လှေတစင်း နစ်မြုပ်သွားရာက လူပေါင်း ၉၀ပျောက်ဆုံးသေဆုံး ခဲ့တဲ့ဖြစ်ရပ်မှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့ လည်း သိရပါတယ်။

အင်ဒိုနီးရှား ရဲတွေက လူပေါင်း ၁၀၀လောက်တင်ဆောင်ထားတဲ့ လှေတစီးကို ဘီနိုဟာ ဆိပ်ကမ်း အနီး တဝိုက်မှာ မျောနေတာကို တွေ့ရှိခဲ့ပြီး လှေရဲ့ ဝမ်းဗိုက်ထဲမှာ ပုန်းအောင်းနေတဲ့ ခိုလှုံခွင့်တောင်းလိုသူ တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။စက်လှေမောင်းနှင်သူ Iskandar and Agus ဆိုသူ ၂ဦးကိုလည်း ဖမ်းစီး ခဲ့ပါတယ်။ လူကုန်ကူးဂိုဏ်းကို ဦးဆောင်နေသူကို ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ဂိုဏ်းထဲမှာ ပါဝင်ကြ သူတွေက ဘီလူးဆိုတဲ့ နာမည်နဲ့သာ သိနေကြပြီး သူတို့နှစ်ဦးဟာ Jawed Muhmud and Hasan Bilu အစရှိတဲ့ နာမည် အမျိုးမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။ တရားခံ ဘီလူးက သြစတြေးလျနိုင်ငံ ကို လှေ ၄ စီးပို့ခဲ့ပြီး ဖြစ်တဲ့အကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

သူနဲ့အတူ မြန်မာနိုင်ငံက လူကုန်ကူးသူ ၂ဦးဖြစ်တဲ့ Hasyim and Rasyed တို့ ကိုလည်း ထိန်းသိမ်းထားပြီး စုံစမ်း စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

ABC Radio Australia 

မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းအား မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ ခိုလုံကြရန်နေရာများ


မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းအား မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ 
ခိုလုံကြရန်နေရာများ
Sunday, May 12, 2013

မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိ နိုင်ပါကြောင်း၊ ဆိုင်ကလုန်း မုန်တိုင်းသည် လက်ရှိ အ၀ါရောင်အဆင့် သာ ရှိနိုင်သော်လည်း၊ မေလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး၊ အရှေ့ မြောက်ဘက် သို့ ကွေ့ လျက် မေလ(၁၆) ရက်နေ့  နံနက်ပိုင်းခန့် တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ဘက် ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထား ပါသည်။

သို့ ဖြစ်ပါ၍ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ အနေဖြင့် အဆိုပါ မုန်တိုင်း အန္တရာယ်မှ ရှောင်ရှား ကာကွယ်နိုင်ရန် အတွက် -

ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်၊ ဖရုံကာကျွန်း
(မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၀ မိနစ်) ၊

ရခိုင်ပြည်နယ် သံတွဲမြို့ ၊ သဗြူချိုင်
(မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့ နယ်၊ ဟိုင်းကြီးကျွန်း
(မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ပြင်ခရိုင် ချောင်းဝကျေးရွာ
(မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄.၄၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ကဒုံကနိကျေးရွာ
(မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ်)၊

တည်နေရာများတွင် အချိန်မီ ခိုလုံကြပါရန် အသိပေး ကြေငြာအပ်ပါသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များသည် ငါးဖမ်းဆီး ထွက်ခွာခြင်း မပြုကြရန်နှင့် နီးစပ်ရာ လုံခြုံသည့် ကျွန်းများတွင် ကျွန်းခို ကြရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနမှ အသိပေး ကြေငြာထားပါသည်။

mmweather

မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ် သို့ ရောက်ရှိ နိုင်ပါကြောင်း၊ ဆိုင်ကလုန်း မုန်တိုင်း သည် လက်ရှိ အ၀ါရောင်အဆင့် သာ ရှိနိုင်သော် လည်း၊


မေလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး၊ အရှေ့ မြောက်ဘက် သို့ ကွေ့ လျက် မေလ(၁၆) ရက်နေ့  နံနက်ပိုင်းခန့် တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ဘက် ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ ထုတ်ပြန်ထား ပါသည်။

သို့ ဖြစ်ပါ၍ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ အနေဖြင့် အဆိုပါ မုန်တိုင်း အန္တရာယ်မှ ရှောင်ရှား ကာကွယ်နိုင်ရန် အတွက် -

ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်၊ ဖရုံကာကျွန်း
(မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၀ မိနစ်) ၊

ရခိုင်ပြည်နယ် သံတွဲမြို့ ၊ သဗြူချိုင်
(မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့ နယ်၊ ဟိုင်းကြီးကျွန်း
(မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ပြင်ခရိုင် ချောင်းဝကျေးရွာ
(မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄.၄၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ကဒုံကနိကျေးရွာ
(မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ်)၊

တည်နေရာများတွင် အချိန်မီ ခိုလုံကြပါရန် အသိပေး ကြေငြာအပ်ပါသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များသည် ငါးဖမ်းဆီး ထွက်ခွာခြင်း မပြုကြရန်နှင့် နီးစပ်ရာ လုံခြုံသည့် ကျွန်းများတွင် ကျွန်းခို ကြရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနမှ အသိပေး ကြေငြာထားပါသည်။

mmweather

လက်ပန်းတောင်းတောင်အရေးဝါရှင်တန်ဒီစီမြန်မာနှင့်တရုတ်သံရုံးရှေ့ အိမ်ဖြူတော်ရှေ့ဆန္ဒပြပွဲ



စုံစမ်းရေးကော်မရှင်ကြီးအဖျားရှူးသွားလို့၊ စုံစမ်းရေး ကော်မရှင်ကြီးအကြမ်းဖက်အစိုးရရဲ့ ရှေ့နေ ဖြစ်သွား လို့၊ စုံစမ်းရေးကော်မရှင်ကြီးက တရားခံပျောက် လုပ် လိုက်လို့ လက်ပန်းတောင်း အကြမ်းဖက် တရား ခံတွေ မဖေါ်ထုတ်နိုင်လို့၊ လက်ပန်းတောင်းဒေသ လယ်သမားတွေ အားမငယ်ပါနဲ့ လို့ ဆော်ဩလိုက် ပါရစေ။

လက်ပန်းတောင်းလယ်သမား တွေနဲ့တသွေးတည်း တသားတည်းရပ်တည်ပြီး လယ်ယာအားလုံးပြန်ရသည်အထိ ဦးပိုင်ဝမ်ပေါင် ဖျက်သိမ်းသည်အထိ၊ သံဃာ မီးမြိုက်တဲ့အကြမ်းဖက်တရားခံတွေ ဖမ်းဆီးဖေါ်ထုတ်အရေးယူနိုင်သည်အထိ ထမင်းရှင်လက်ပန်းတောင်း လယ်သမားတွေနှင့်အတူ တသားတည်းရပ်တည်တိုက်ပွဲဝင်သွားကြမယ့် အမေရိကန်ရောက် မြန်မာပြည် သားတွေ ရှိနေပါသေးကြောင်း သတင်းအသံပြုလိုက်ပါရစေခင်ဗျာ။


အရှုံးမပေးနဲ့ အားတင်းထားပါ ကျေးဇူးရှင် လက်ပန်းတောင်းလယ်သမားများခင်ဗျာ။ ထမင်းရှင်တွေကျေးဇူး အထူးသိတတ်ကြမှာဖြစ်ပါတယ်။

မနေ့က မေလ ၁၂ရက် ၂၀၁၃ မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ဝါရှင်တန်ဒီစီရှိ မြန်မာအခွန်ရုံး တရုတ်သံရုံးရှေ့ နဲ့ အမေရိကန် အိမ်ဖြူတော်ရှေ့မှာ ကျင်းပပြုလုပ်တဲ့" လက်ပန်တောင်းတောင်ဒေသ နှင့် အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးတောင်းဆိုဆန္ဒပြပွဲ" တရပ်ကို ကျင်းပ ပြုလုပ်ကြပါတယ်။ လက်ပန်တောင်းတောင် ဒေသခံရွာသားများက စစ်အုပ်စုတို့၏ အခြေပြု ဦးပိုင် ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့၏ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဟာ တရားမျှတသောစီမံကိန်း မဟုတ်ကြောင်း ဆန့်ကျင်နေမှုကို အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ထောက်ခံကြ ပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက လက်ပန်တောင်း ပြည်သူတွေအား ဦးသိန်းစိန် အရပ်သားအစိုးရ နဲ့ စစ်အုပ်စုမှ မီးလောင်ဗုန်း နဲ့ ပစ်ခပ်တိုက်ခိုက်သော တရားခံများအား မဖော်ထုတ်နိုင်သေးခြင်း၊ အမိန့်ပေးသူများအား မဖော်ထုတ်နိုင်သေးခြင်း၊ ဦးပိုင် ဝမ်ပေါင် ရဲ့ လက်ပန် တောင်းတောင်ကြေးနီစီမံကိန်းအား ရပ်တံ့နိုင်ခြင်းမရှိသေးခြင်းတို့ကို လက်ပံတောင်းတောင်သူ တွေရဲ့ ရတက်မအေးရသေးသည့် လူထုအပူမီးကို အထူးစာနာမိကြပါတယ်။

မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်နေသည်ဟုဆိုသော မြန်မာအရပ်သားအစိုးရ အမည်ခံ ဗိုလ်ချုပ်သိန်းစိန် ဟာ သမ္မတကြီး အဖြစ် တာဝန်ယူခဲ့ချိန်မှာ လက်ပံတောင်းတောင် ဒေသခံတွေ နဲ့ သံဃာတွေကို မီးလောင်ဗုန်းနဲ့ ပစ်ခပ်နှိမ်နင်းခံခဲ့တာဖြစ်ပါတယ်။ စစ်အုပ်စုတွေ စစ်ခရိုနီတွေ ပိုင်တဲ့ ဦးပိုင်နဲ့ တရုတ်ပိုင် ဝမ်ပေါင်ကုမ္မဏီတွေ ရဲ့ ကြေးနီစီမံကိန်းကြောင့် လက်ပံတောင်းတောင်သူတွေ မိဘ ပြည်သူတွေဟာ လယ်သိမ်းမြေသိမ်း အလုပ်ရပ် ခလေးငယ်တွေကျောင်းတွေရပ် သာသနိက အဆောက် အဦးတွေပါ ဖယ်ရှားပေးခဲ့ကြရမှုတွေကို လူးလှိမ့်ခံစားနေကြရတာဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဟာ တရားမျှတသောစီမံကိန်း မဟုတ်ကြောင်း ထင်ရှားမှု သုံးခုရှိ ပါတယ်။ ပထမဆုံးအချက်မှာ ရွာသူရွာသားများ၏ ဆန္ဒမပါဝင်ဘဲ ခြိမ်းခြောက် လျှော်ကြေးပေး ခဲ့ခြင်း၊စီမံကိန်းအား ဒေသခံများထံတင်ပြပြီမှသာလုပ်မည်ဆိုသော်လည်း ပြောဆိုသည့်အတိုင်း အကောင် အထည်မဖော်ခြင်း၊ဒုတိယအချက်မှာဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များ အား ဒေသခံများ ခံစားခွင့် မရရှိ ခြင်း၊နံပါက်သုံးအချက်မှာသပိတ်စခန်းအတွင်းငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား ပြည်တွင်းနှင့် နိုင်ငံတကာမှ လိုက်နာရမည့် ဥပဒေများအား လိုက်နာမှုမရှိဘဲ အကြမ်းဖက်ချေမှုန်းခြင်း စသည့်အချက်များ ပါဝင်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်၃ နာရီလောက်က မုံရွာလက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြမှု ကို အာဏာပိုင်တွေက သံဃာထု နဲ့ ဒေသခံ ပြည်သူလူထုကို ဓါတုလက်ပစ်ဗုံး နဲ့ မီးသတ်ရေပြင်းအား တွေ နဲ့ပစ်ခွင်းအင်အားသုံးဖြိုခွဲခဲ့အပြီး သံဃာတော် အများ အပြားဟာ မီးလောင်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ကြရတာပါတယ်။

လက်ရှိ ဦးသိန်းစိန်အစိုးရ အနေနဲ့ အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်၊ ဥပဒေမဲ့ နိုင်ထက်စီးနင်း လုပ်ဆောင် နေမှုများကို ရုတ်သိမ်းရန် ဆန္ဒပြပွဲပြုလုပ် တောင်းဆိုကြကြောင်း တွေ့ရသည်။ (၁) လျော်ကြေးငွေကို ငြင်း ပယ်ထားသော ဒေသခံများ၏ လယ်မြေများ ပြန်လည် ရယူမှုကို အာဏာပိုင်များက အကြမ်းဖက် ရိုက်နှက် ခြင်း၊ ဖမ်းဆီးခြင်း၊ နှိမ်နင်းခခြင်း (၂) လက်နက်ကိုင်ဆူပူလှုပ်ရှားမှု မပြုသော ပြည်သူများကို ပုဒ်မ ၁၄၄ ဖြင့် တားဆီးခြင်း (၃) ဒေသခံပြည်သူများကို ၀န်းရံပေးသော မြန်မာပြည်တ၀ှမ်းက ကျောင်းသားများ၊ မြန်မာ့ အရေး လှုပ်ရှားသူ များကို အမှုများ စွဲဆိုပြီး ပိတ်ဆို့ခြင်း စသည့် အစိုးရ၏ ကျုးလွန်နေမှုများသည် တရား မျှတမှု မရှိကြောင်း၊ ဒီမိုကရေစီရေ၊ ငြိမ်းချမ်းရေး နှင့် စည်းလုံးညီညွတ်ရေးကို ထိခိုက်စေကြောင်း အမြန်ဆုံး ဖြေရှင်းစေလိုကြောင်း ဆန္ဒပြပွဲပြုလုပ်သဘောထား ဖော်ထုတ်ကြပါသေးတယ်။

ဦးသိန်းစိန်အစိုးရ အနေနဲ့ ပြင်းထန်ရက်စက်စွာ ကာလ ကြာရှည်စွာခံစားနေရတဲ့ လက်ပန်တောင်း ဒေသခံ လူထုအတွက် ပြသနာများကို ဖြေရှင်းပေးရန် အတွက် စီမံကိန်းရပ်တံ့ရန် နဲ့ စီးပွားရေးအရ တရားမျှတမှု ရှိအောင် အစိုးရကလုပ်ဆောင်ပေးရန်၊ နိုင်ငံတကာကုန် သွယ် မှုစည်းကမ်းများနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်လေ့ရှိတဲ့ တရုတ်ကုမ္ပဏီများနှင့်အ ခြားသောနိုင်ငံတကာ ကိုယ်ကျိုးရှာ ကုမ္ပဏီများကိုသာ အကာ အကွယ်ဆက်လက်မပေးဘဲ လူထုတစ်ရပ်လုံးအကျိုးစီးပွါးကို ကာကွယ်ရန် တာဝန်ရှိပါတယ်။ ဒီကိစ္စမှာ စီးပွါးရေးလာလုပ်နေတဲ့ တရုတ်ကွန်မြူနစ်အာဏာရှင်အစိုးရမှာပါ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် တာဝန် ရှိပါတယ်။ ဒါကြောင့် မြန်မာ သံရုံး တရုတ်သံရုံး ကို ဆန့်ကျင်ဆန္ဒပြဖော်ထုတ်ကြပါတယ်။ မြန်မာ့အရေးကို အမေရိကန်အစိုးရ အနေနဲ့ သတိပြုမူမိစေရန် အိမ်ဖြူတော်ရှေ့ မှာပါ ဆန္ဒပြပွဲပြုလုပ်ခဲ့ကြပါတယ်။ 








Credit : http://www.dawnmanhon.com/2013/05/blog-post_5381.html

အခြေခံဥပဒေ မပြင်ရင် ရွေးကောက်ပွဲ မ၀င်ဘူးလို့ KNPP ဆုံးဖြတ်



မြန်မာအစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံဥပဒေကို ပြန်ပြင် ရေးဆွဲမှုမရရှိရင် KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တရားဝင် ပါတီ အဖြစ်ရပ်တည်ပြီး ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ KNPP ရဲ့ ၁၂ ကြိမ် မြောက် ပါတီညီလာခံကနေ ဆုံးဖြတ် လိုက် ပါတယ်။


မေလ ၁၀ ရက်နေ့က ပြီးဆုံးသွားတဲ့ KNPP ရဲ့ ၅ ရက်ကြာ ညီလာခံကနေ ပါတီဥက္ကဌအဖြစ် ဦးအေဘယ်တွဒ်၊ ဒု ဥက္ကဌအဖြစ် ခူးဦးရယ်၊ အတွင်း ရေးမှူး ၁ အဖြစ် ဦးအောင်ဆန်းမြင့်၊ အတွင်းရေးမှူး ၂ အဖြစ် ဦးရွှေမျိုးသန့်တို့ပါဝင်တဲ့ ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ ၇ ဦးကို ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ရှေ့လုပ်ငန်းစဉ်အဖြစ် ပါတီစည်းရုံးရေး၊ အမျိုးသားစာပေ တိုးတက်ပြန့်ပွားရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ လူထုပြန်လည်နေရာချထားရေးတွေကို ဆွေးနွေးချမှတ်ခဲ့ကြပြီး၂၀၁၅ ရွေးကောက်ပွဲ အပေါ် သဘောထားကိုလည်း ပါတီဝင်တွေက ဆုံးဖြတ်ပေးခဲ့ကြတယ်လို့ အတွင်းရေးမှူး ၁ ဦးအောင် ဆန်းမြင့်က RFA ကို ပြောပါတယ်။

အစိုးရကနေပြီး၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်မရေးဆွဲဘူးဆိုရင် KNPP ရဲ့ မူလ ဦးတည်ချက်၊ ရည်မှန်းချက်တွေဖြစ်တဲ့ တရားမျှတရေး၊ တန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စတာတွေနဲ့ မကိုက်ညီဘူးလို့လည်း ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်ခဲ့ ချိန်က တောင်းဆိုချက် ၂၂ ချက်တင်ပြခဲ့ပေမယ့် လောလောဆယ်အထိ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းရာမှာ ၁၄ ချက်ပဲ သဘောတူညီမှု ရရှိသေးတယ် လို့ သိရပါတယ်။

FROM-RFA

တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand)



ယမန်နှစ်က စတင်လို့ ကမ္ဘာတစ်လွှားကို ဖြန့်ချိခဲ့တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်း ပစ္စည်း -သရေ ကွင်း- Nike+ FuelBand ဖြစ်ပါ တယ်။ မြန်မာပြည် မှာ ခေတ်မစားပေမယ့် ကမ္ဘာတစ်လွှားမှာတော့ အရောင်းသွက်တဲ့ ပစ္စည်း ဖြစ်ပါတယ်။


အရောင်းသွက်လို့ နောက်ထပ်အရောင် နှစ်မျိုး တောင် လာမယ့် အောက် တိုဘာ ၃၀ ကနေ စတင် ဖြန့်ချိ ပေးအုံးမှာ ဖြစ်ပါ တယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၄၉ ဒေါ်လာဝန်းကျင် ရှိပါတယ်။

သားရေကွင်းရယ်လို့မဟုတ်ပဲ နာရီလို့လည်း သတ်မှတ်နိုင်ပါတယ်။ LED မျက်နှာပြင်ကို အကွင်း အပြားသေးသေးလေးမှာ ထည့်သွင်းပေးထားပါ တယ်။ နာရီကြည့်လို့ရပါမယ်။ တစ်နေ့တာ လှုပ်ရှားမှုများကို ဒီဂျစ်တယ် ဂဏန်းတွေနဲ့ ပြပါမယ်။ မျက်နှာပြင်သေးတဲ့ အတွက် အားလုံးတော့ မမြင်ရပါ ဘူး။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတို့နဲ့ ကြည့်မှ အားလုံး မြင်ရတာ ဖြစ်ပါတယ်။

ကယ်လိုရီလောင်ကျွမ်းမှုနှုန်း၊ လမ်းလျှောက်မှု ပမာဏ၊ အချိန်၊ ကုန်ခမ်းသွားသော ကိုယ်ခန္ဓာ စွမ်းအင် ပမာဏ စတဲ့ လေးမျိုးကို အဓိကထား ဖော်ပြပါတယ်။ ယင်းနောက် ပမာဏအားလုံးကို တွက်ချက်ပြီ လမ်းဘယ်လောက်လျှောက်သင့်တယ်။ ဘယ်လို အစားအစာများကို ပိုမို စားသုံးသင့်တယ်။ ကယ်လိုရီ ဘယ်လောက်လိုတယ် စတာတွေကို တွက်ချက် အကြံပေးမှာ ဖြစ်ပါတယ်။ Nike ရဲ့  Fuel Band official ဝဘ်ဆိုဒ်မှာလည်း Share ပေးပါတယ်။ Fuel Band မှာ ဘလူးတော့ ပါဝင်ပါတယ်။

ဒါကြောင့် လမ်းလျှောက်နေစဉ်လည်း မိုဘိုင်းဖုန်းဖွင့်ပြီး App ကတစ်ဆင့် ဝင်ရောက် ကြည့်ရှု မှတ်သားနိုင်ပါတယ်။ Android, iOS, Windows Phone OS စတာတွေအတွက် Fuel Band App ပါရှိပါတယ်။ PC ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ကြည့်ရှုဖို့လည်း USB ပေါက် နဲ့ ကြိုးလည်း ပါဝင်ပါသေးတယ်။

အမှန်တော့ ဒီလို ပစ္စည်းက ဇိမ်ခံပစ္စည်းဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုရန် ပစ္စည်းအနေနဲ့ အားကစား ပစ္စည်းထုတ် Nike မှ နည်းပညာ အကူအညီနဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုကို မှတ်သားပြီးအမြဲ Fit ဖြစ်နေ ရန် စောင့်ကြည့် လမ်းညွန်ပေးမယ့် ပစ္စည်းတစ်ခုလို့ ဆိုပါတယ်။

Nike+ FuelBand ဟာ ဧပြီလက စတင်လို့ယနေ့တိုင် အဝယ်လိုက်နေတဲ့ ပစ္စည်း တစ်ခုဖြစ်ပြီး Nike ရဲ့  Official ဝဘ်ဆိုဒ်မှာ ဝင်ရောက် လေ့လာနိုင် ပါတယ်။

http://store.nike.com/us/en_us/?l=shop%2Cfuelband

ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးကာ ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူကို တရားရုံးများတွင် စတင်စစ်ဆေး



ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေး လွတ် မြောက်ပြီး ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူ၏ အမှုကို ယခုနှစ် မေလဆန်းက စတင်ကာ တရားရုံး များတွင် စစ်ဆေးနေကြောင်း သိရသည်။


ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့သူ အသက် (၃၆) နှစ်ရှိ ရှိုးဂန်းသည် ရန်ကုန်တိုင်းဒေသကြီးရှိ နေအိမ်တိုက်ခန်း များ ကို ဖောက်ထွင်းသည့်အမှု ၁၅ မှုဖြင့် ၂၀၀၅ ခုနှစ်အတွင်းက ထောင်ဒဏ် ၃၁ နှစ် ကျခံခဲ့ရသည်။

၎င်းသည် အင်းစိန်ထောင်၌ ငါးနှစ်ကျော်ခန့် ပြစ်ဒဏ် ကျခံလျက် ရှိရာမှ ၂၀၁၀ ပြည့်နှစ် သြဂုတ် ၂၄ ရက်တွင် မွန်ပြည်နယ် တောင်စွန်း ရဲဘက် စခန်းသို့ ပြောင်း ရွှေ့ပြစ်ဒဏ် ကျခံခဲ့ရသည်။ထို့နောက် ၂၀၁၀ ပြည့်နှစ်ဒီဇင်ဘာ ၅ ရက် တွင် တောင်စွန်းရဲဘက်စခန်းမှ ထွက်ပြေးလွတ်မြောက် ခဲ့သည်။ ရှိုးဂန်းသည် နေအိမ်အတွင်း သို့ ဖောက်ထွင်းခိုးယူရာတွင် တံခါးများတွင် ခတ်ထားသော မည်သည့်သော့များကိုမဆို အချိန်မိနစ် အနည်းငယ်အတွင်း ၀က်အူလှည့်ဖြင့် ဖျက်ဆီးကာ ခိုးမှုများ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ရှိုးဂန်းကို သပြေကုန်းရပ်ကွက် မင်္ဂလာတောင်ညွန့် ရပ်ကွက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက် ည ၁၀ နာရီတွင် ပြန်လည်ဖမ်းဆီး ရမိခဲ့ပြီး အတူပူးပေါင်း ကျူးလွန်ခဲ့သူ သန်းဇော်ဝင်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားဝင်း အတွင်းမှ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ကျူးလွန်သူနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်နေစဉ် ကာလ အတွင်း မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တာမွေ၊ အလုံ၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အင်းစိန် စသည့်မြို့နယ် များတွင် ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိထားသည့် ရှိုးဂန်းနှင့် သန်းဇော်ဝင်းတို့သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ချုပ်ရမန်များ ရယူပြီးဆောင်ရွက်နေစဉ် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးအချုပ်မှ ထပ်မံထွက်ပြေး လွတ်မြောက်ခဲ့သည်။

ထွက်ပြေးရာတွင် ၎င်းတို့၏ဇနီးများကို တစ်ပါတည်း ခေါ်ဆောင်ပြီး ထွက်ပြေး သွားသဖြင့် ဇနီးသည်များ၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် လားရှိုးမြို့၌ ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက "ကျူးလွန်တဲ့ တရားခံတွေကို အမှုaပါင်း ၂၆ မှုနဲ့ ရဲလုပ်ငန်း စဉ်အရ စစ်ဆေးပြီးတဲ့အတွက် သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာ မေလဆန်း ပိုင်းကစပြီး တရားစွဲဆိုထားတယ်။ အခုချိန်ထိတော့ စစ်ဆေးနေတုန်းပါပဲ" ဟု မေ ၁၁ ရက် နံနက်ပိုင်းက ပြောသည်။

Eleven Media Group

နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားထံ ပေးပို့ထားသော မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ မေတ္တာရပ်ခံ လျှောက်ထားလွှာ

နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားထံ ပေးပို့ထားသော မြန်မာ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးများ၏ မေတ္တာရပ်ခံလျှောက် ထားလွှာ

နေ့စွဲ – မေလ ၉ ရက် ၂၀၁၃
 Date: May 9, 2013

 ဘုန်းတော်ကြီးမြတ်တော်မူလှသည့် အရှင် ဒလိုင်း လားမားဘုရား
 Dear His Holiness Dalai Lama

 တိဗက်မြေတွင် တရားမျှတခြင်း ကင်းမဲ့မှုကို ခုခံတိုက်ပွဲဝင်နေကြသည့် တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင် များနှင့် အတူ တကွ ခိုင်မာစွာ ရပ်တည်လျှက်ရှိသည့် ငြိမ်းချမ်းစွာ ကျင့်သုံးဆောက်တည်နေကြသော မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား မှားယွင်းစွာ ရှုံ့ချထားသည့် အရှင်ဘုရား၏ မကြာမြင့်မီက မှတ်ချက်စကားများ ကို ဖတ်ရှုရသည့်အတွက် တပည့်တော်တို့ မြန်မာ ဗုဒ္ဓဘာသာ ရဟန်းများသည် များ စွာမှပင် ၀မ်းနည်း ကြ ရပါသည် ဘုရား။

 ရည်ညွှန်းချက် – ဓမ္မသာလ၊ အိပ်ခ်ျပီ၊ အိန္ဒိယနိုင်ငံ၊ ၂၂ ဧပြီ ၂၀၁၃ ၊မေရီလန်း တက္ကသိုလ်၌ ပရိသတ် တစ်စု အား ပြောကြား သည့် မှတ်ချက်စကား၊ ၇ မေ ၂၀၁၃။

 We, Burmese Buddhist Monks, are very sad to read your recent comments about wrongly condemning fellow peaceful Burmese Buddhist Monks who stood firmly together with Tibetan Buddhists in fighting against the injustice in Tibet land. Reference: Dharamsala, HP, India, 22 April 2013, comment to an audience at the University of Maryland, 7 May 2013.

 တပည့်တော်တို့ ထင်မှတ်သည်မှာ အရှင်ဘုရားသည် လူပုဂ္ဂိုလ် အဖွဲ့အစည်း အချို့ နှင့် တစ်ဘက် သတ် ရေးသား ထုတ်ပြန်ထားသည့် အစွန်းရောက်များနှင့် အခွင့်အရေးသမားများ၏ လှည့်ဖြားလိမ်ညာ ထားသော ၀ါဒဖြန့်မှုများ အပေါ်တွင် အခြေပြုထားသည့် သတင်းမီဒီယာ အစီရင်ခံချက်များက လမ်းလွှဲလိုက်အောင် ပြုခြင်း ကို ခံရတော်မူလေသည်ဟူ၍ ဖြစ်ပါသည် ဘုရား။

 We think you are misled by some people / groups and one sided media reports based on fabricated propaganda of extremists and opportunists.

အရှင်ဘုရားသည် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ မေတ္တာထားခြင်းတို့နှင့် စပ်လျဉ်း၍ ဗုဒ္ဓရှင်တော်ဘုရားက တပည့်ေ တာ် တို့အား သွန်သင်ဆုံးမတော်သော တရားတော်များနှင့် ပတ်သက်၍ ဖော်ပြတော်မူရာတွင် လုံးဝ ဥဿုံ မှန်ကန်ပါသည် ဘုရား။ တပည့်တော်တို့သည် လူမျိုး ဘာသာ မရွေး လူသားများ အဖြစ် မည် သည့် အကြမ်းဖက်မှုကို မဆို ပြစ်တင်ဝေဘန်ရမည်ဖြစ်ပြီး မည်သည့် ပဋိပက္ခအတွက် မဆို ငြိမ်းချမ်းသော ဖြေရှင်းချက် ရရှိရေးကို အားပေးလုပ်ဆောင်ရမည် ဖြစ်ပါသည် ဘုရား။

You were absolutely correct in mentioning about what Buddha taught us about forgiveness, tolerance, compassion.We, as human beings regardless of race & religion, must denounce any kinds of violence, and promote peaceful solution for any conflicts.

 မြန်မာနိုင်ငံသည် (၁၃၅)မျိုးသော တိုင်းရင်းသား လူမျိုးနွယ် အုပ်စုများဖြင့် အာရှတိုက်တွင် တိုင်းရင်းသား မျိုးနွ ယ်စု အများဆုံး နေထိုင်လျှက်ရှိသော နိုင်ငံများ အနက် တစ်ခုဖြစ်ပါသည် ဘုရား။ သမိုင်းကြောင်း အရ မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ကိုးကွယ်ယုံကြည်မှု အုပ်စုများ အကြား အပြန်အလှန်လေးစား မှုဖြင့် ငြိမ်း ချမ်း စွာ ယှဉ်တွဲ နေထိုင်သည့် စိတ်ရှည်သည်းခံတတ်သော နိုင်ငံတစ်ခု ဖြစ်ပါသည် ဘုရား။ သက် တမ်း ၂၀၀၀ ကျော်ရှိပြီဖြစ်သော ဆူးလေစေတီတော်၊ သက်တမ်း ရာကျော်ရှိသော ခရစ်ယာန် ဘုရားရှိ ခိုးကျောင်းနှင့် ဗလီဝတ်ကျောင်းတို့သည် ရန်ကုန်မြို့တော်ခန်းမ နှင့်အတူ (မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်) ရန်ကုန်မြို့ထဲ အရပ်၏ ဗဟိုတွင် ဘေးချင်းယှဉ်လျှက် တည်ရှိနေပါသည် ဘုရား။ ဟိန္ဒူ ဘာသာရေး ဘုရားကျောင်း တစ်ခုသည်လည်း ရန်ကုန်မြို့ထဲ အရပ်၌ ထို သမိုင်းဝင် ဘာသာရေး အေ ဆာက် အအုံများအနီးတွင် ထီးထီးမားမား ရှိနေပါသည် ဘုရား။

Burma is a most diverse multi ethnic country in Asia with 135 indigenous ethnic groups. Historically Burma is a tolerant country with different faith groups live peacefully side by side with mutual respect. Over 2,000 years old historic Sule Pagoda, over century old Christian Church& Mosque are existing side by side in middle of downtown Rangoon (Burma’s largest city) alongside with Rangoon City Hall. A Hindu Temple is also standing near these historic religious buildings in downtown Rangoon.

မကြာသေးမီက ဖြစ်ပွားခဲ့သော ကြောင်းကျိုးဆီလျော်မှု ကင်းမဲ့လှသည့် လူ့အသိုက်အ၀န်းတို့အကြား အကြမ်းဖက်မှုကို (ပြည်တွင်း နှင့် ပြည်ပ မှ) ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၏ ရန်သူများ၊ အခွင့်အရေးသမားများနှင့် အစွန်းရောက်သမားများက သွေးထိုးလှုံ့ဆော်ခဲ့ခြင်း ဖြစ်ပါသည် ဘုရား။ တပည့်တော်တို့သည် အကြမ်းဖက်မှု ပုံစံပေါင်းစုံကို ပြစ်တင်ရှုံချပြီး အပြန်အလှန် ယုံကြည်မှု နှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးကို ထောက်ခံ အားပေးကြပါသည် ဘုရား။

Recent senseless communal violence in Burma was incited by the enemies of democratic reform process, opportunists and extremists (domestic and abroad). We denounce all kinds of violence and encourage building the mutual trust and peaceful society.

မူစလင်နှင့် ဗုဒ္ဓဘာသာ အသိုက်အ၀န်း နှစ်ခုလုံးသည် ကြောင်းကျိုးဆီလျော်မှု ကင်းမဲ့လှသော အကြမ်း ဖက်မှု အတွင်း၌ သေကြေဒဏ်ရာ ရရှိမှုများနှင့် ဥစ္စာပစ္စည်း ပျက်စီးမှုများကို ခံစားခဲ့ရသည် ဘုရား။

Both Muslims and Buddhists communities suffered casualties and property damages during senseless violence.

လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဘင်္ဂလီ မူစလင် အမျိုးသား တစ်စုက ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးအား အုပ်စုလိုက် မတရား သားမယားပြုကျင့်ပြီး သတ်ဖြတ်ပစ်ခဲ့ခြင်းဖြင့် အကြမ်းဖက်မှု စတင်ခဲ့ပါသည် ဘုရား။ (လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများ၊ ရှေ့နေများ၊ သမိုင်းပညာရှင်များနှင့် အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များ အပါအ၀င် ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့်) လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က စုစုပေါင်း (၃၄၇)ဦး သေဆုံးခဲ့ပြီး (၄၁၁)ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း နှစ်ဖက်စလုံးမှ သတင်းပို့သည့်အတိုင်း တင်ပြအစီရင်ခံခဲ့ပါသည် ဘုရား။ သေကြေဒဏ်ရာ ရရှိ သူများအနက် ၆၀%မှာ မူစလင်များဖြစ်ပြီး ၄၀%မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပါသည်ဘုရား။ (သေကြေ ဒဏ်ရာရရှိသူများ အချိုးအစားနှင့် အလားတူစွာ) အိမ်ပေါင်း ၇၇၀၀ ကျော် ပျက်စီးခဲ့ရပါသည် ဘုရား။ ထို့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၂၄)ကျောင်းနှင့် ဗလီ (၃၂)လုံးတို့ကို မြန်မာနိုင်ငံ အနောက်ပိုင်းတွင် လူအုပ်များက ဖျက်ဆီးခဲ့ကြပါသည် ဘုရား။

Last year, violence in Western Burma started with a Buddhist girl was gang raped& killed by a group of Bengali Muslim men.The Independent Investigation Commission (consists of human right activists, lawyers, historians and religious leaders including Islam, Christian, Hindu and Buddhist) reported that total 347 were killed and 411 were injured as reported by both sides. 60% of causalities were Muslims and 40% were Buddhists. Over 7,700 houses were destroyed (similar ratio as causalities). Furthermore, 24 Buddhist Monasteries and 32 Mosques were destroyed by mobs in Western Burma.

ရွှေဆိုင်တစ်ဆိုင်၌ ဆိုင်ရှင်နှင့် ရွှေလာရောင်းသူတို့အကြား အငြင်းပွားမှုဖြစ်ပွားပြီး မြန်မာဗုဒ္ဓဘာသာ ဇနီးမောင်နှံကို ဘင်္ဂလီလူမျိုး မူစလင် ဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းတို့က ကိုယ်ထိလက်ရောက် စော်ကား တိုက်ခိုက်မှုကြောင့် ဖြစ်ပွားလာသော မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထိလာမြို့မှ နောက်ဆုံး အကြမ်းဖက်မှု ကို နောက်ပိုင်းတွင် ဗလီတစ်ခုအတွင်း၌ မူစလင်လူအုပ်က ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးအား ရက်စက်စွာ သတ်ဖြတ်ခြင်းက အရှိန်မြင့်တက်လာအောင် ဖြစ်စေခဲ့ပါသည် ဘုရား။

Latest violence in Central Burma town of Meikthila started with an argument at Gold Shop owner & seller and physical assault to Burmese Buddhist couple by Bengali Muslim owners & staff; later fuelled by a brutal killing of a Buddhist Monk by Muslim mob inside a mosque.

ဗုဒ္ဓဘာသာ ရဟန်းများသည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ အကြမ်းဖက်မှုများတွင် အသက်ဘေး ဒုက္ခခံစားရသူများ အထဲတွင် ပါဝင်နေသော်လည်း မူစလင် ဘာသာရေးခေါင်းဆောင် တစ်ဦးတစ်ယောက်မျှ လူ့အသိုက်အ၀န်းတို့အကြား အကြမ်းဖက်မှုအတွင်းတွင် ထိခိုက်ရမှု မရှိသည်ကို သတိပြုတော်မူပါ ဘုရား။ တပည့်တော်သည် အရှင်ဘုရား လေ့လာကြည့်နိုင်ရန် နှင့် စဉ်းစားတော်မူနိုင်ရန် အတွက် မကြာသေးမီက ဖြစ်ပျက်မှုများမှ ဓာတ်ပုံအချို့ကို ပို့ပေးလိုက်ပါသည် ဘုရား။

Please note that although Buddhist monks were among victims of the violence in central & western Burma, none of Muslim religious leaders were hurt during communal violence. I am forwarding a few photos from recent incidents for your info and consideration.

စင်စစ်တွင် မူစလင်ဆန့်ကျင်ရေး ဘုန်းကြီးဟု ခေါ်ဆိုခြင်းခံနေရသော ဦးဝီရသူ အပါအ၀င် ဦးဆောင် ဦးရွက် ပြုသည့် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် မြန်မာဗုဒ္ဓဘာသာ ဒေသခံများသည် မူစလင် များကို ကာကွယ်ပေးခဲ့ကြပြီး လက်နက်ကိုင် လူအုပ်များအတွင်း ပိတ်မိနေသော မူစလင် ရာပေါင်း များစွာအား ကယ်ထုတ်ခြင်းကိုပင် ပြုခဲ့ကြပါသည်ဘုရား။ သူတို့သည် မူစလင်များကို ဘေးလွတ်ရာသို့ ကယ်ဆယ် ခေါ်ဆောင်လာကြပြီးလျှင် ယနေ့တိုင်အောင် အစာရေစာ ထောက်ပံ့မှုများ ပြုလျှက် ရှိပါ သည်ဘုရား။ အချို့သော မူစလင်များကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံခွင့်ကိုပင် ပေးထား ပါသည်ဘုရား။ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် (ရန်ကုန်မြို့အနီးရှိ) ဥက္ကံမြို့တွင် နောက်ဆုံး ပေါ်ပေါက်လာသည့် မူစလင် ဘေးဒုက္ခခံစားရသူများကို အစားအစာနှင့် အခြား အထောက်အကူများ ပေးလျှက်ရှိပြီး အချို့ကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် ခိုလှုံခွင့်ပေးလျှက် ဗုဒ္ဓ ဘာသာ ရဟန်းတော်များက ကာကွယ် စောင့်ရှောက်နေကြပါသည် ဘုရား။

In fact, leading Burmese Buddhist monks including so called anti-Muslim monk U Withura and local Burmese Buddhist residents protected Muslims, they even rescued several hundred Muslims trapped by armed mobs. They brought rescued Muslims to safety and providing the food & water until today. Some Muslims were even provided shelters at the Buddhist Monasteries. Buddhist Monks are providing food and other assistance to latest Muslim victims in Okkan (near Rangoon); some were sheltered in a Buddhist monastery and protected by Buddhist monks.

တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူမျိုးများသည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် နှစ်ပေါင်း ထောင်ပေါင်း များစွာ ကြာအောင် နေထိုင်လျှက်ရှိနေကြရာ အများအပြားမှာ ကံမကောင်း အကြောင်းမလှစွာဖြင့် သူတို့ ၏ ကိုယ်ပိုင် ဇာတိမြေတွင် ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီလူမျိုး မူစလင်များကြောင့် (တိဗက်မြေ တွင် တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် တရုတ် ကွန်မြူနစ်များ ကဲ့သို့ အလားတူ အနေအထား မျိုးဖြင့်) ဘေးဒုက္ခ ကြုံတွေ့ ခံစားရသူများ ဖြစ်လျှက် ရှိနေကြပါသည် ဘုရား။ ယခုအခါတွင် ရိုဟင်ဂျာများဟု ဆိုကြ သော ဘင်္ဂလီ မူစလင်များသည် (ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းစပ်နေသည့်) မြန်မာနိုင်ငံ အနောက်ပိုင်း မြို့နယ်များတွင် လူဦးရေ၏ ၉၅% ရှိနေပြီး မူရင်းဒေသခံ ဗုဒ္ဓဘာသာဝင်များမှာ ယခုအခါ စုစုပေါင်း လူဦး ရေ၏ ၅%ထက် နည်းပါးလျှက် ရှိနေပါသည် ဘုရား။

 Indigenous Buddhists ethnic people are living in the Western Burma for thousands of years, unfortunately many were victims at their own home land by invading Bengali Muslims (similar to Tibetan Buddhists and Chinese Communists in Tibet land). Now, Bengali Muslims so called Rohingya represents 95% of the population in Western Burma townships (border with Bangladesh); native Buddhists are now less than 5% of the total population.

 တပည့်တော်တို့သည် အရှင်ဘုရား၏ မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ဆန့်ကျင်သော မှတ်ချက် စကားများသည် မှန်ကန်မှုမရှိဘဲ မျှတမှုကင်းမဲ့ကာ အကြောင်းယုတ္တိမခိုင်မာကြောင်း တွေ့ရှိရပါသည် ဘုရား။ တပည့်တော်တို့သည် ဘုန်းတော်ကြီးမားတော်မူသော အရှင်ဘုရား ကိုယ်တိုင်ထံမှ ထိုသို့သော မှန်ကန်မှု မရှိသည့် သတင်းများနှင့် မှတ်ချက်စကားများ ထွက်လာသည်ကို ဖတ်ရှုရခြင်းကြောင့် အလွန် အမင်း ၀မ်းနည်း နာကြင်ရပါသည် ဘုရား။

We found that your comments against Burmese Buddhist Monks are incorrect, unfair and unjust. We are very sad and painful to read those incorrect news and comments especially from the His Holiness.

မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ရှုံချပြစ်တင်ထားသည့် အရှင်ဘုရား၏ မှတ်ချက်စကားများ ကို ပြန်လည်ရုပ်သိမ်းတော် မူပေးပါရန် တပည့်တော်တို့က တလေးတစား မေတ္တာရပ်ခံအပ်ပါသည် ဘုရား။

We respectfully would like to request you to withdraw your comments on denouncing the Burmese Buddhist Monks.

အရှင်ဘုရား အနေဖြင့် ထပ်လောင်းသိလိုသော သတင်းအချက်အလက်များရှိပါက တပည့်တော်ထံသို့ အချိန်အခါမရွေး ဆက်သွယ်တော်မူပါဘုရား။

Please feel free to contact me if you require additional information.

ရိုသေလေးမြတ်စွာဖြင့်
Respectfully,

အရှင် ကောဝိဒ
ဥက္ကဌဆရာတော်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အစည်းအရုံး (ကနေဒါနိုင်ငံ)
နယူးယောက်မြို့၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အစည်းအရုံး ဌာနချုပ်၏ ဒုတိယ ဥက္ကဌဟောင်း

Ven. Ashin Kawwida
President, International Burmese Monks Organization (Canada),
Past Vice President of the International Burmese Monks Organization head quarter in New York
Email: ukwd2004@yahoo.ca
From: OPP

SSA(ရွက်ဆစ်)၏ တရားမဝင်စခန်းများအား တပ်မတော်မှ ရှင်းလင်းခဲ့သည့် မှတ်တမ်း ဓာတ်ပုံ



ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်မတာနှင့် နောင်ခမ်း ကျေးရွာအနီး သောင်း ကျန်းသူ စခန်း တစ်ခုအား နယ်မြေခံ ကျေးရွာ လူထု၏ သတင်း ပေးချက်အရ တပ်မတော် လှုပ်ရှား စစ်ကြောင်း ၁ ကြောင်းမှ ၂၀၁၃ ခုနှစ် မေလ ၉ ရက်က ဝင်ရောက်ရှင်းလင်း ခဲ့ကြောင်း သတင်း ရရှိ ပါသည်။


တပ်မတော် တာဝန်ရှိသူ များ၏ စိစစ်ချက်အရ ၂၀၁၃ ခုနှစ် မေလ ၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့် တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နောင်ဟင်ရွာသို့ စာအုပ်များ၊ ရုပ်ပုံကားချပ်များ လှည့်လည် ရောင်း ချသည့် ၅ ဦးအား လက်နက်ကိုင် သောင်းကျန်းသူ ၁၀ ဦးခန့်က အကြောင်းမဲ့ လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ၂ ဦးအား ဖမ်းဆီး ခေါ်ဆောင် သွားသည့် သတင်းရလျှင် ရခြင်း အပြစ်မဲ့ ပြည်သူ ဖမ်းဆီး ခံရသူများ ပြန်လည် လွတ်မြောက်စေရေး အတွက် တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းရာ တင်းခါး ကျေးရွာအနီးတွင် သောင်းကျန်းသူ အဖွဲ့၏ အခွန်ကောက် စခန်းအား မေလ ၅ ရက်နေ့တွင် လည်းကောင်း၊ ထပ်မံ၍ သောင်းကျန်းသူများ အခြေချမှုကို မလိုလားသော၊ လက်သင့် မခံကြသော ဒေသခံ ပြည်သူများမှ SSA(ရွက်ဆစ်)၊ ရင်း(၇၀၁)မှ အင်အား ၅၀ ခန့်သည် နောင်ခမ်းမြို့ အနီး နောင်မတာ ကျေးရွာနှင့် မန်ကွန် ကျေးရွာကြားတွင် ရွာသားပိုင် လယ်မြေများအား အဓမ္မ သိမ်းယူ၍ စခန်းတစ်ခု တည်ဆောက် လျက် ရှိကြောင်း၊ နမ့်ခမ်းဘက်မှ ရွှေလီမြစ် အား ကူး၍ တရုတ် နိုင်ငံဘက်သို့ သွားရောက်သော သရီး ကရောင်းယာဉ်၊ ထော်လာဂျီ ယာဉ်များထံမှ တစ်စီးလျှင် တစ်သောင်းကျပ်နှုန်း ကောက်ခံလျက် ရှိကြောင်း၊ နယ်မြေ ရှင်းနေသည့် တပ်မတော် စစ်ကြောင်းသို့ လာရောက် သတင်းပို့ချက် အရ လှုပ်ရှား တပ်မတော် စစ်ကြောင်းများမှ ဝင်ရောက် ရှင်းလင်းရာ မေလ ၉ ရက်နေ့ နံနက် ၄ နာရီခွဲမှ နေ့လယ် ၁ နာရီအထိ နောင်ခမ်းရွာ အနီး၌လည်းကောင်း၊ နံနက် ၈ နာရီခွဲခန့်မှ နေ့လယ် ၁ နာရီအထိ နောင် မတာ အနီး၌လည်းကောင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ညနေ ၂ နာရီချိန် စခန်းများအား ရှင်း လင်းပြီးခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်များတွင် လက်နက် ၂ လက်၊ မိုင်းမျိုးစုံ ၃၄ လုံး၊ တီအမ်တီ ယမ်း တုံးများ၊ လက်ပစ်ဗုံးနှင့် ခဲယမ်း အမြောက်အများ၊ မိုင်းခွဲရာတွင် သုံးစွဲသည့် ရီမုတ် ကွန်ထရိုးနှင့် ဓာတ် ခဲများ၊ လမ်းလျှောက် စကားပြောစက်များ၊ ကွန်ပျူတာ နှစ်စုံနှင့် အဓမ္မ စုဆောင်းထားသည့် ရိက္ခာ ဆန်များ၊ ၄င်းတို့ နေထိုင်သည့် အဆောက် အဦများနှင့် လေ့ကျင့်ရေး ကွင်းများ၊ ကွန်ကရစ် ဘန် ကာနှင့် အသုံးအဆောင် ပစ္စည်း အချို့ကို သိမ်းဆည်း ရရှိခဲ့ပါသည်။


ယခု သိမ်းပိုက် ရရှိခဲ့သည့် SSA (ရွက်ဆစ်)၊ ရင်း(၇၀၁)စခန်းမှာ ငြိမ်းချမ်းရေး သဘော တူညီချက်ဖြစ် သည့် ရှမ်းပြည်နယ် တောင်ပိုင်း မုံးထော်/မုံးထ နယ်မြေမှ ကျော်လွန်၍ လာရောက်တပ်စွဲ နယ်မြေချဲ့ထွင် သည့် စခန်းဖြစ်သည့် အပြင် ဒေသခံ တိုင်းရင်းသားများ အပေါ် လူသစ် အဓမ္မ စုဆောင်းခြင်း၊ ဆက်ေ ကြးနှင့် အခွန်အခ မတရား ကောက်ခံခြင်း တို့ကြောင့် ဒေသခံများ၏ သတင်းပေးမှု၊ လက်မခံမှု များကြောင့် တပ်မတော်စစ်ကြောင်း များမှ ၀င်ရောက် ရှင်းလင်းခဲ့ကြောင်း သတင်း ရရှိပါသည်။


တိုက်ပွဲ ဖြစ်ပွားချိန် အတွင်း မေလ ၉ ရက် နံနက် ၈နာရီခွဲတွင် SSA (ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့ တစ် ဖွဲ့ သည် မူဆယ်မြို့နယ်၊ (၁၀၅)မိုင် ရှောင်ကွင်း လမ်းပေါ်၌ အပြစ်မဲ့ ပြည်သူများအား လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ၁ ဦး သေဆုံးကာ၊ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ည ၁၀ နာရီ ခွဲတွင် SSA (ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့မှ ပြောက်ကျား ယူနီဖောင်းဝတ် ၂ ဦးသည် မူဆယ် မြို့နယ်၊ နမ့်ပန်းနှင့် နမ့်ဆွမ်းရွာ ကြားရှိ အမြဲကောင်း စိုက်ပျိုးရေး ခြံ၌ ခြံစောင့် မိသားစုအား လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့် ခြံစောင့် သေဆုံး၍ ၄င်း၏ မိသားစုဝင် ၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်းများကို မေလ ၁၀ရက် နှင့် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာ များတွင် သတင်း ဖော်ပြပြီး ဖြစ်ပါသည်။


ငြိမ်းချမ်းရေး ရယူထားသော်လည်း SSA(ရွက်ဆစ်) အဖွဲ့ဝင် တစ်ချို့၏ အပြစ်မဲ့ ပြည်သူများ အပေါ် တရား ဥပဒေ မဲ့စွာ လုပ်ဆောင် နေမှုများကြောင့် ဒေသခံများ အနေဖြင့် စိုးရိမ်စိတ် များ ဖြစ်ပေါ်လျက် ရှိသဖြင့် တပ်မတော်မှ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းပြီး ၎င်းနယ်မြေ အတွင်း ဆက်လက်ရှင်းလင်း ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိကြောင်းနှင့် ဖြစ်စဉ် များ ဖြစ်ပွား သည့် နေရာများသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နှစ်နိုင်ငံ နယ်စပ်အနီး မိမိ နိုင်ငံဘက် အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ် သော်လည်း ဖြစ်စဉ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ ရင်းနှီး ချစ်ကြည်မှု မထိပါး စေရေးအတွက် နိုင်ငံခြား ရေး ဝန်ကြီး ဌာနမှ တစ်ဆင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

မဟာဆန်သူ (Mahasen 01B) ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန် (၁၂-၅-၂၀၁၃)ရက်နေ နံနက် (၈း၄၅) နာရီ အချိန်ထုတ်ပြန်ချက်။



(၁၂-၅-၂၀၁၃)ရက် နံနက် (၃း၃၀)နာရီအချိန် JTWC (USA) ရဲ့ NWP ခန့်မှန်းချက် အရ မေလ (၁၂) ရက်နေ့ နံနက်အစောပိုင်းကြီးအထိ Mahasen (ခပ်လွယ်လွယ် မဟာဆန်သူ လို့ ခေါ်ကြ ရအောင် ဗျာ) ဟာ မြန်မာနိုင်ငံနဲ့ဝေးရာဖက်ဖြစ်တဲ့ အ နောက်မြောက်ဖက်ကို တစ်နာရီ (၁၁) မိုင် နှုန်း နဲ့ သွားနေတုံး ပါဘဲ။ အမှန်တော့ ၀ိုက်တော့မယ့် သဘောဘဲ။ မော်တော်ကား စကားပြောရရင် U Turn လုပ်တော့မယ်။


အဲဒီနောက် မေလ(၁၃)ရက်နေ့ နံနက်အစောပိုင်း ကြီးအထိ အသွားနှုန်းတွေ လျော့လာမယ်။ ဒါဟာ ကွေ့ တော့မယ် လက္ခဏာပါဘဲဗျာ။ အဲ…မေလ(၁၃)ရက်နေ့လယ်ပိုင်းမှာ စကွေ့ပါပြီ။ မြောက် အရှေ့ယွန်းယွန်း (NNE) ကိုပါ။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ဖက်ဆီကိုပါ။ ပထမတော့ မေလ(၁၃-၁၄) နှစ်ရက်လုံး တစ်နာရီင်္ (ဂ-၉) မိုင် နှုန်းလောက်နဲ့ပါဘဲ။ အဲ..မေလ(၁၅)ရက် နံနက် အစောကြီးကစပြီး ဂီယာကြီးထိုးပြီး အရှေ့မြောက်ဖက်ကိုလာမယ်လို့ ခန့်မှန်း ရပါသဗျ။ လေတိုက်နှုန်းတစ်နာရီ မိုင်(၁၀၀)နှုန်းလောက်နဲ့ ချီတက် လာမှာဖြစ်ပါတယ်။ မုန်တိုင်းအရွယ် ကလည်း အချင်းဝက် မိုင်(၁၂၀)လောက်ရှိနေနိုင်ပါပြီ။

ဒီ မဟာဆန်သူရဲ့ အရှေ့မြောက်ခရီးစဉ်ရဲ့ ရှေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း နဲ့ မြန်မာနိုင်ငံ ရ ခိုင် ကမ်းရိုးတန်းတို့တွေကတော့ target တွေပေါ့ဗျာ။ ဘယ်ဘက် ပိုသွား မလည်းဆိုတာကတော့ မဟာ ဆန်သူ ရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါကြောင်းဗျာ။ လောလော ဆယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန်နီး ချင်းကောင်း ပီသစွာနဲ့ သူ့ပိုင်နက် စစ်တကောင်းမြို့ အနီးကို လာဖို့ ဗီဇာထုတ်ပေးလိုက်ပါပြီ။ ကျန်တာ ကတော့ ကံဇာတ်ဆရာစီမံရာအတိုင်းပါဘဲ။

ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူး သတိ ထားဖို့လိုနေ ပါတယ်။ Disaster Potential Period လို့ဆိုကြပါစို့။ တစ်နာရီလေတိုက်နှုန်း မိုင် (၁၀၀-၁၁၀) ခန့်နှုန်းနဲ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၅)ပေခန့် ကမ်းစပ်တွေမှာ မုန်တိုင်းဒီရေအမြင့် (၅-၇)ပေ ပေးနိုင် တဲ့ မဟာဆန်သူရဲ့ ခရီးစဉ်ဟာ ဒီကာလအတွင်း စစ်တကောင်း-မောင်တောဖက်ကို ချီတက် လာနေ မှာဖြစ်ပါ တယ်။ 

Dr. Tun Lwin (MCCW)


နိုင်ငံတကာပုဂ္ဂလိကကျောင်း ISM နှင့် ကျောင်းသားမိဘများကြား အငြင်းပွား



အမေရိကန် အခြေခံပညာရေးစနစ်ပုံစံ သင်ကြား ပေးသော ပုဂ္ဂလိကကျောင်း International School of Myanmar (ISM) တွင်ကျောင်းသားမိဘနှင့် ကျောင်းအုပ်ချုပ်သူများအကြား ကျောင်းလခအဆ မတန်မြင့်တက်မှုကြောင့် အငြင်းပွားမှုများ ဖြစ်ပွား ခဲ့ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။


ကျောင်းလခ တိုးမြှင့်ကောက်ခံမှုကိုလွန်ခဲ့သော ၂၀၀၉-၂၀၁၀ ခုနှစ်ကတည်းက တဖြည်းဖြည်း စတင် ခဲ့ပြီး အစော ပိုင်းနှစ်များတွင် ၅ ရာခိုင်နှုန်းစီနှင့် နောက်ပိုင်းနှစ်များတွင် ၁၀ ရာခိုင်နှုန်းတိုးလာရာက လာမည့် ပညာနှစ် အတွက် အပ်နှံရန် မူလနှုန်းထားထက် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း၊ ယင်းအပြင် သင်ကြား သူ ဆရာ၊ ဆရာမပိုင်းတွင်လည်း အားနည်းမှုများ ပိုလာသောကြောင့် ယခုကဲ့သို့ တင်းမာမှုများ ဖြစ်ခဲ့ ရကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မေးမြန်းရန် ယင်းကျောင်းသို့ သွားရောက်စုံစမ်းရာ တာဝန်ရှိသူနှင့် တွေ့ ဆုံခွင့် မရခဲ့ပဲ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးထံ တယ်လီဖုန်းနှင့်ဆက်သွယ်မေးမြန်းရာ ပြောခွင့် မရှိကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါကျောင်းဘုတ် အဖွဲ့ဝင်လူကြီးများနှင့် ကျောင်းသားမိဘ ကိုယ်စားပြု တက်ရောက်သူအချို့ တက်ေ ရာက်ေ သာ မေလ ၇ ရက်နေ့ နေ့လယ် ၁ နာရီခွဲတွင်ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲ၌မူ ကျောင်းလခ ကို ၅ ရာခိုင်နှုန်း လျှော့ချပေးမည်ဟု ကြေညာခဲ့ကြောင်း ကျောင်းသားမိဘများထံက သိရ သည်။

"ကျောင်းလခတိုးတာထက် မိဘတွေကို ကျောင်းကိစ္စတွေမှာ မညှိနှိုင်းဘူး" ဟုအဆိုပါကျောင်းတွင် အထက် တန်း တက်ရောက်နေသူ ကျောင်းသားနှစ်ဦး၏မိခင်တစ်ဦးက The Voice သို့ပြောကြားသည်။

ကျောင်း၏ တုံ့ပြန်မှုများပေါ်မူတည်ကာ မေလ ၈ ရက်နေ့ ကျောင်းသားမိဘများ တွေ့ဆုံပွဲတွင် မိဘ များ၏ ဆုံးဖြတ် ချက်များအတိုင်း ပုဂ္ဂလိက ပညာရေးနှင့်ဆိုင်သော သိသင့်သိထိုက်သော အဖွဲ့အစည်း များထံ အသိပေး အကြောင်းကြားစာ တင်သွင်းသည်အထိ လုပ်ဆောင်သွားရန်လည်း စီစဉ်ထား ကြောင်း ကျောင်း သား မိဘတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

ယင်း နိုင်ငံတကာအဆင့်ပုဂ္ဂလိကကျောင်းတွင် မူလတန်းကြိုတန်းမှ ၁၂ တန်းအထိ သင်ကြားပေး လျက် ရှိပြီးကျောင်း သားကျောင်းသူ ၁၂၀၀ ကျော်ထိ တက်ရောက်သင်ယူလျက်ရှိကာ ကျောင်းလခများ ကို တစ်နှစ် လျှင်နှစ်ကြိမ်ခွဲသွင်းရသော စနစ်ကိုကျင့်သုံးထားသည်။

"ဘယ်ပုဂ္ဂိုလ်ကကျောင်းမဆို ကျောင်းကောင်းအောင်လုပ်ရင် ဈေးကတော့ကြီးမှာပဲ။ ဒါပေမဲ့ ကျောင်း တွေ ကေ တာ့ အမြတ်ဖို့အတွက် မလုပ်သင့်ဘူး" ဟု ကုမ္ပဏီကျောင်းတည်ထောင်သူ စာရေးဆရာ ကိုတာက The Voice သို့ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများနှင့် ပတ်သက်ပြီး အစိုးရကဗဟိုချုပ်ကိုင်မှုများ ရှိနေသေး ကြောင်း၊ လွတ်လပ်သော ဈေးကွက်ဖွင့်ပြီး နိုင်ငံတကာကျောင်းများနှင့် ယှဉ်ပြိုင်မည်ဆိုလျှင် အရည် အသွေး နိမ့်သော ကျောင်းများကိုရွေးချယ်ရန်မလိုကြောင်း၊ လတ်တလော မြန်မာနိုင်ငံတွင် နိုင်ငံတကာ အ ဆင့်မီပုဂ္ဂလိ ကကျောင်းများ နည်းပါးလျက်ရှိသောကြောင့် ရွေးချယ်စရာမရှိ ဖြစ်နေကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။

"ပုဂ္ဂလိကကျောင်းတွေမှာ ဒီလိုပြဿနာတွေများလာလို့ရှိရင် တခြားထပ်ဖွင့်မယ့် ကျောင်းတွေရော ရှိပြီး သားကျောင်းတွေအတွက်ပါ ပိတ်ခိုင်းရင်ပိတ်ရမယ့် အခြေအနေအထိ ဖြစ်မှာလည်း စိုးရိမ်တယ်" ဟု စာရေး ဆရာ ကိုတာက ပြောဆိုသည်။

The Voice Daily

နိုင်ငံတော်သမ္မတမှ နိုင်ငံစွမ်းဆောင်ရည်ဆု ပေးခဲ့ခြင်းအပေါ် ဆန္ဒထုတ်ဖေါ်လိုကြောင်း စာတင်ခဲ့သည့် တသီးပုဂ္ဂလဦးစိန်လှ ခေါ်ယူစစ်ဆေးခံရ”



ဦးတင်မောင်(ခ)Lee San Shain အား နိုင်ငံတော်သမ္မတမှ နိုင်ငံ စွမ်းဆောင် ရည်ဆု ဆုချီးမြှင့် ခဲ့ခြင်း အပေါ် ဦးစိန်လှ ဦးဆောင်သော ထီးချိုင့်မြို့ နယ် မောင်းကုန်းအုပ်စုရှိ ဒေသခံ (၅၀၀)တို့မှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖေါ် သွားမည်ဖြစ်ရာ ထိုဆန္ဒထုတ်ဖေါ်လိုမှုကို အခြေခံ ဥပဒေ နှင့်အညီ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ စာတင်ခဲ့ပြီးဖြစ် သည်၊ထိုသို့ စာတင်ခဲ့သည့်အပေါ် ထီးချိုင့်မြို့နယ် ရဲတပ် ဖွဲ့ မှူး မှ ခေါ်ယူ၍ တရားခံ တစ်ဦး သဖွယ် စစ်ချက် ယူခဲ့သည့် အပေါ် ကျေနပ်မှု မရှိပါကြောင်း ယခုလို ပြောကြားခဲ့ပါသည်။


“မြို့နယ်ရဲတပ်ဖွဲ့မှူးက ကျွန်တော်တင်ခဲ့တဲ့ ဆန္ဒထုတ်ဖေါ် ခွင့် အပေါ် ခေါ်ယူမေးမြန်းတယ်ဆိုတာထက် စစ် ချက်ယူ တဲ့ ပုံစံမျိုး ဖြစ်နေတယ်၊တရားခံ တစ်ယောက်ကို စစ်သလိုမျိုး စစ်ဆေးတဲ့အတွက် ကျွန်တော် ကျေနပ် မှု မရှိပါဘူး၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်ခွင့်ကို ထိပါးပါတယ်၊မြို့နယ် ရဲ တပ် ဖွဲ့ မှူး ပြောတဲ့ အထဲမှာ ဦးတင်မောင် တရုတ် မဟုတ်တဲ့အကြောင်းတို့၊သူတပါးကို မတရား အမှုဆင် ဖမ်း ဆီး မှု တွေ ရှိတယ်ဆိုတာ ဘယ်သူ့ကိုလဲတို့၊ဘယ်တုန်းကလဲတို့၊လယ်မြေတွေ မတရားသိမ်းဆည်း တယ် ဆို တာ ဘာသက်သေရှိလဲတို့လည်း ပါပါတယ်၊ကျွန်တော်က ကျွန်တော် သိထားသမျှတွေ ကိုပြော တယ်၊ သက်သေအထောက်အထားတွေလည်း ပြနိုင်ကြောင်း ပြောပါ တယ်၊ ၇၊၅၊၂၀၁၃ရက်နေ့ ညနေ၄ နာ ရီမှာ စစစ်တယ်၊၄၅မိနစ်ကြာပါတယ်၊ဒီလိုသာ ဆန္ဒ ထုတ်ဖေါ် ခွင့် တောင်းခံ သူတိုင်းကို တရားခံလို စစ်ေ ဆးေ န ရင် ဘယ်သူက လျှောက်ထားရဲတော့မှာလဲ၊အခြေခံ ဥပဒေမှာ ပါတဲ့ လွတ်လပ်စွာဆန္ဒ ထုတ်ေ ဖါ် ခွင့် ဆိုတာဟာ လူထုတွေ အသုံးမချရဲအောင် လုပ်ခံနေ ရသ လိုဖြစ်နေ ပါတယ်”ဟုရှေ့နေလည်းဖြစ်သူ တ သီး ပုဂ္ဂ ဦးစိန်လှမှ ဆိုပါသည်၊

ထိုဖြစ်စဉ်များနှင့် ပါတ်သက်၍ စာရေးဆရာ၊ကာတွန်းဆရာ ဆရာဟာဂျူလီ(ကသာ)ထံ မေးမြန်းရာ “အခြား ဟာေ တြေ တာ့ မသိဘူး၊ ဦးတင်မောင် မတရား အမှုဆင်ဖမ်းဆီးမှုရှိတယ်ဆိုတာ ဒါဟာ ဒုတိအကြိမ် ကြား ဖူး ခဲ့ တာပါပဲ၊ပထမ အကြိမ် အဲဒီစကား ကြားဖူးခဲ့တာက စာပေဗိမ္မာန်ဆုတွေ အကြိမ်ကြိမ်ရခဲ့တဲ့ ဆရာေ မာင်ချစ်ထွေး(မဟာဝိဇ္ဇာ)ှပြောပြခဲ့တာ၊ဆရာမောင်ချစ်ထွေးဆိုတာ စာရေးဆရာဖြစ်ပြီး ပြန်/ဆက်ကနေ ခရိုင်ဦးစီးမှူးဘ၀နဲ့ ပင်စင်ယူလာခဲ့သူပါ၊ဂရိတ်ဝေါဦးတင်မောင်နဲ့ အလုပ်ပေါင်းလုပ်ရင်း ဆရာမောင် ချစ်ထွေး ပိုင်တဲ့ တကောင်းက မြေလွတ်မြေရိုင်း ဧကပေါင်းများစွာကို ဦးတင်မောင်က သိမ်းတယ်ပေါ့၊အဲဒီ လို သိမ်းလို့ မန္တလေးတိုင်းတရားရုံးမှာ ဦးတင်မောင်ကို ဆရာဦးချစ်ထွေးက မြေလွတ်မြေရိုင်း ပြန်လှယ် ရယူ လိုမှုနဲ့ တရားစွဲပါတယ်၊မန္တလေးတိုင်းမှာ အဲဒီလို တရားစွဲလို့ဆိုပြီး ဦးတင်မောင်က ဆရာ ဦးချစ်ထွေးကို ထီးချိုင့်တရားရုံးမှာ တရားစွဲတော့ ဆရာဦးချစ်ထွေးထောင်ကျလာတယ်၊အဲဒီလို က သာေ ထာင် ကို ဆရာမောင်ချစ်ထွေး ရောက်လာတော့ ကျွန်တော် သွားတွေ့တယ်၊အဲဒီမှာ ပြောပြခဲ့တာ ပါ၊မန္တလေး တရားရုံးက တောင်ယာပိုင်ဆိုင်ခွင့် မဆုံးဖြတ်သေးခင်မှာ ထီးချိုင့်တရားရုံးကထောင်အရင် ချလိုက် တာဟာ သူ့(ဆရာမောင်ချစ်ထွေး)အတွက် နစ်နာတယ်၊တရားသူကြီးက ဦးတင်မောင်ကို မလွန် ဆန်နိုင် လို့ ထောင်ချလိုက်တယ်ပေါ့၊အဲဒီလို ဥပဒေနဲ့ မညီ ထောင်ချလိုက်တဲ့အတွက် တစ်သက်လုံး နိုင်ငံ အတွက် လုပ်လာတဲ့ ဆရာဦးချစ်ထွေး ဟာ ပင်စင်စားဘ၀ အသက်(၆၇)နှစ်မှ ထောင်ကျခံရတယ်၊ရနေတဲ့ ပင် စင်တွေ ရပ်ဆိုင်းခံရတယ်၊အဲဒါတွေဟာ ဦးတင်မောင်ရဲ့ မတရား အမှုဆင်ခဲ့မှုကြောင့်လို့ ဆရာဦး ချစ်ေ ထွး ပြောခဲ့တယ်၊ဆရာဦးချစ်ထွေး ပြောတာတွေ ဖြစ်နိုင်တယ်၊

ဘာကြောင့်လဲဆိုတော့ မကြာခင်မှာပဲ ဆရာဦးချစ်ထွေး ဟာ ခရိုင်တရားရုံးမှာ အယူခံနိုင်ပြီး ထောင်က လွတ် သွား ခဲ့တယ်၊မန္တလေး တရားရုံးအမှုမှာလည်း သူနိုင်သွားခဲ့တယ်၊ ထောင်ထဲမှာတော့ အတော်နေ လိုက်ရ တာပေါ့၊ ဆရာဦးချစ်ထွေး ဇာတ်လမ်းတွေ ပြန်ပွလာနိုင်ပါတယ်၊ဒါက ကျွန်တော် ကို ဆရာမောင် ချစ်ထွေး ကိုယ်တိုင်ပြောဖူးခဲ့တာပါ၊”ဟုဆိုပါသည်၊

( ခရီးသွားဧရာဝတီ )

ဒေါ်အောင်ဆန်းစုကြည် ပညာဒါန ကျောင်းအစည်းအဝေး တက်ရောက်၍ ဆရာများမှ အသက် မပြည့်ကျောင်း သူများအား ထပ်မံ မုဒိန်း ကျင့်ခြင်း မပြု လုပ်ရန် မှာကြား



NLD ပညာရေး ကွန်ယက်တွင် ပြုလုပ်သည့် ပညာ ဒါန ဆရာ၊ ဆရာမ များ ဂုဏ်ပြုပွဲအား တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဆရာများမှ အသက် မပြည့်ကျောင်း သူများ အား ထပ်မံ မုဒိန်း ကျင့်ခြင်း မပြုလုပ်ရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။


ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်း မြို့နယ် (၇) ရပ်ကွက်၊ အနော်ရထာ လမ်းရှိ NLD ပညာဒါန ကျူရှင် ကျောင်း မှ ကျောင်း တာဝန်ခံ ဆရာ ခင်မောင်ထူး (ခ) သားကြီးက ယင်းကျောင်း တွင် တက် ရောက် နေသူ အသက် ၁၅နှစ် အရွယ်ရှိ မ ------ ကို ဇန်နဝါရီ ၃ရက်နေ့ မွန်းလွဲ ၁၂နာရီကျော် ခန့်က အလိုမတူ အဓမ္မ ပြုကျင့် မှု ဖြစ်ပွား ခဲ့ပြီး တစ်လ အကြာတွင် ယင်းအမှုမှာ လုံးဝ ငြိမ်သက် ၍ သတင်း အစ အန ပျောက် သွားခဲ့သည်။

NLD ပါတီရုံး ပညာဒါန ကျူရှင်ကျောင်း တွင် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပ ပြီးချိန်တွင် ခင်မောင်ထူး(ခ) သားကြီး က ကိုကာကိုလာ အချိုရည် သံဗူးထဲတွင် မူးမေ့ စေတတ်သော ဆေး ထည့်တိုက်၍ မူးမေ့ နေစဉ် အလို မတူပဲ အဓမ္မပြုကျင့် ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ကာယကံရှင်က မကျေနပ်၍ ပန်းဘဲတန်း မြို့နယ် ရဲစခန်း တွင် အမှုဖွင့် တိုင်ကြား ခဲ့ပြီး မကြာခင်တွင် NLD ပါတီဝင်များ၏ ဖိအားပေး မှုကြောင်း အမှုကို ပြန်ရုတ်သိမ်းသွားခဲ့သည်။ စစ်သားမှ မဒိန်းကျင့်သည် ဟူသော သတင်းများအား ဂျာနယ်ပေါင်း စုံတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလေ့ ရှိကြ သော် လည်း တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ တည်ထောင် ထားသည့် ကွန်ယက်တွင် အသက်မပြည့်သေး သူအား မုဒိန်းကျင့်သည့် သတင်းအား မြန်မာ မီဒီယာ သမားတို့ ယနေ့ အထိ နှာစေး လျှက်ရှိသည်။

From: Myanmar Express

ဒလ-ပန်းဆိုးတန်း သဘောင်္ကူးတို့ခ တို့မြင့်ကောက်ခံမှုအပေါ် ဆန္ဒထုတ်ဖော်



ဒလမြို့တွင် ယနေ့ ၈နာရီခန့်၌ သဘောင်္ကူးတို့ခများ တို့မြင့်ကောက်ခံမှုအပေါ် ပြန်လည်လျောက် ချရေး အတွက် လူဦးရေ(၂၀)ခန့်က ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။


“ကျွန်တော် တို့ အနေနဲ့ ဆန္ဒထုတ်ဖော် ရတာဟာ။ ကျွန်တော်တို့ ဒလမြို့အခြေခံ လူတန်းစားတွေ အတွက် ပါတယ်။ သူတို့ရဲ့တစ်နေ့ဝင်ငွေဟာ ၈၀၀ လောက်ပဲ ရတဲ့သူတွေရှိပါတယ်။ အဲ့ဒီတော့ သူတို့ အတွက် အခက် အခဲတွေ ရှိပါ တယ်”ဟု ဦဆောင်သူ ဦးအောင်မင်းက ပြောကြားသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် တရာဝင်ခွင့်ပြုမိန့်များ နှစ်ကြိမ်တောင်းခံခဲ့ကြောင်း၊ ယခုအခါတွင် အဖမ်း အဆီး များ ပြုလုပ်မည်ဟု ဆိုသောကြောင့် အချို့မှာ မလာရဲကြခြင်းဖြစ်ပြီး မိမိတို့ အနေဖြင့်လည်း အေးချမ်း မှုကို သာ လိုလာကြောင်း ထို့အပြင် ၎င်းဆန္ဒပြမှုနှင့် ပတ်သက်ပြီး အဆင်ပြေသည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ဖို့ လူမရှိတဲ့ လယ်ကွင်းထဲကို ပေးတယ်။ ပြီးတော့ ကျွန်တော်တို့ ဝန်ထမ်းတွေ လစာ တိုးပေး လိုက်တဲ့အတွက် သဘောင်္ကတွေလည် တိုးကောက်သလိုပြောတယ်။ ကျွန်တော်တို့ ဒလမှာ သုံးပုံ တစ် ပုံဟာ ဝန်ထမ်းတွေ မဟုတ်ပါဘူး။ အခြေခံ လူတန်းစားတွေပါ။ တစ်နေ့လုပ်မှ ၈၀၀လောက်ရတဲ့ လူတွေရှိ တယ်”ဟု ဒလမြို့မှ ကဗျာဆရာ ကိုရွှေကြယ်မိုးက ပြောကြားသည်။ ထို့အပြင် ၎င်းကိစ္စနှင့် ပတ် သက် ၍ ပြေလည်သည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြား သည်။

ထို့သိုပြုလုပ်ရခြင်းမှာ ခရီးသည်များအတွက် အဆင်ပြေစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်မှတ် ခများ တိုးမြင့် လိုက်သောကြောင့် ယခုကဲ့သို့ ခုံထိုင်ခုံများကို အခမဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် တပ် ဆင် ရန် လိုအပ်သော ထိုင်ခုံများမှာကိုလည်း အမြန်းဆုံး ဆောင်ရွက်ပေးနေကြောင်း သိရသည်။ မှု လက ၅၀ ကျပ်မှ ယခု၁၀၀ကျပ်သို့ တိုးမြင့်ကောက်ခံခြင်း ဖြစ်ကြောင်း (ပို့ဆောင်ရေး)ဌာနမှ ဒုအတွင်းရေးမှူး ဦးရှိန်ယော က ဧပြီလ ၂၈ရက်နေ့တွင် မြန်မာ့ခေတ်သို့ ပြောကြထားသည်။

ပိုင်လေး
မြန်မာ့ခေတ်