Thursday, May 9, 2013

ပြည်မြို့ဆင်စုရပ်ကွက်အုပ်ချုပ်ရေးမှူးအားဖြုတ်ချပေးရန်ဆန္ဒပြ



(၇-၅-၂၀၁၃)ရက် နံနက် (၉)နာရီအချိန် ခန့် တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ ဆင်စုရပ် ကွက် သင်္ဘောဆိပ်လမ်းနှင့် လှိုင် ဂတ်လမ်း ထောင့်ရှိ ဦးစိန်ဝင်း (၅၈)နှစ် (ဘ)ဦးထွန်းရွှေ၊ ဆိုက္ကား ဘေးတွဲလုပ်ငန်းလုပ်ကိုင်သူ (ယခင် ဆင်စုရပ်ကွက်ဥက္ကဋ္ဌ ဟောင်း)၏ နေအိမ်ရှေ့ လမ်းမ ပေါ်တွင် ဦးစိန်ဝင်းဦးဆောင်၍ ဦးဌေး ၀င်းအောင်၊ အမှတ်(၅၁၃)၊ လှိုင်ဂတ်လမ်း၊ ဆင်စုရပ်ကွက်၊ ပြည်မြို့၊ ဦးစံအေး၊ မိုးလေ၀သ ကုန်း၊ ဆင်စုရပ်ကွက်၊ ပြည်မြို့၊ မ၀င်းဝင်းဌေး၊ အမှတ်(၅၁၂)၊ လှိုင်ဂတ်လမ်း၊ ဆင်စုရပ်ကွက်၊ ပြည်မြို့နှင့် မဇင်မာဝင်း၊ အမှတ် (၅၁၃)၊ လှိုင်ဂတ်လမ်း၊ ဆင်စု ရပ်ကွက် ပြည်မြို့နေသူတို့ (၄) ဦးမှ အလျား(၂)ပေခွဲ၊ အနံ(၂) ပေခန့်ရှိ အဖြူရောင်ကတ်ထူ စက္ကူပေါ်တွင် ဆော့ပင်အနီရောင် လက်ရေးစာလုံးဖြင့် ““(ပ)၃၃၂၆/ ၉၆ ပုဒ်မ ၄၉၇ မယားခိုးမှု ထောင်ကျအလိုမရှိ-အလိုမရှိ၊ ဆင်စုရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်စိုး အလိုမရှိ-အလိုမရှိ (ပ) ၂၈၃/၂၀၀၈ ပုဒ်မ၊ ၁၅(က)၊ ၁၆ (က)လောင်းကစားသမားထောင် ထွက်မြင့်စိုးအလိုမရှိ-အလိုမရှိ၊ လောင်းကစားသမား ထောင် ထွက်မြင့်စိုးဖြုတ်ချပေး-ဖြုတ်ချ ပေး””စသည့်ဆိုင်းဘုတ် (၄)ခုကို ကိုင်ဆောင်လျက် လက်ရှိဆင်စု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး အား ဖယ်ရှားပေးရေးအတွက် ဆန္ဒဖော်ထုတ်ရန် စီစဉ်ဆောင် ရွက်ခဲ့ သည်ဟု သိရသည်။


နံနက် (၉)နာရီ (၀၂)မိနစ် အချိန်ခန့်၌ ဆင်စုရပ်ကွက်၊ သင်္ဘောဆိပ်လမ်းနှင့် လှိုင်ဂတ် လမ်းဆုံသို့ ပြည်မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဇော်ထက်နှင့် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့် ဦးတို့ ဦးစီး အဖွဲ့ရောက်ရှိလာပြီး ဦးစိန်ဝင်းဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးတို့ ဦးစီး အဖွဲ့ရောက်ရှိ လာပြီး ဦးစိန်ဝင်းဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံ၍ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးမြင့်ဦးမှ ““ဆင်စုရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး အား ရာထူးမှ ဖယ်ရှားပေးရေး အတွက် ဆန္ဒဖော်ထုတ်ခွင့် တင် ပြထားရှိမှုအပေါ် မေလ (၂) ရက်တွင် ငြင်းပယ်မိန့်ပေးထား ကြောင်း၊ ဦးစိန်ဝင်းမှလည်း မေလ (၆)ရက်တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံဝင် ထားသည်ကို သိရှိရကြောင်း၊ ခွင့် ပြုမိန့်မရှိဘဲ အယူ ခံဝင်ဆဲကာလ အတွင်း ဆန္ဒဖော်ထုတ်ပါက ဥပဒေနှင့်မညီညွတ်ကြောင်း၊ အယူခံပြန်ကြားချက်ရရှိမှသာ ဥပ ဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုဆန္ဒဖော်ထုတ်မည့် အစီအစဉ် အား ယခု နေရာတွင် ရပ်ဆိုင်းရန် နှင့် ဥပဒေနှင့်မညီ၍ တားမြစ်ပါ ကြောင်း””သတိပေးပြောကြားခဲ့ သည်ဟု သိရ သည်။

ဆက်လက်၍ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်ဇော်ထက် မှ ““ဦးမြင့်စိုးအား ရပ်ကွက်အုပ် ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခဲ့သည့် ကိစ္စမှာ အများပြည်သူ ဆန္ဒမဲ အများဆုံးရရှိ၍လည်းကောင်း၊ ၎င်း၏ ယခင်ပြစ်ချက် ဟောင်း များအား ဖော်ပြပြီး အထက်ဌာန အဆင့်ဆင့်သို့တင်ပြကာ အထက် ဌာနအဆင့်ဆင့်၏ ခွင့်ပြု ချက်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးမြင့် စိုးအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်ထားသည့်ကိစ္စ ခွင့်ပြုမိန့်နှင့် အထက်ဌာနသို့ တင်ပြချက်များ အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တွင် လာရောက်ကြည့်ရှုနိုင် ကြောင်း၊ ယခု ဆန္ဒဖော်ထုတ်သည့် ကိစ္စကိုလည်း အထက်ဌာနများ သို့ တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း””ရှင်း လင်းပြော ကြားခဲ့သည်။

ဦးစိန်ဝင်းနှင့်အဖွဲ့မှ ယခု ကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ ရှင်းလင်း ပြောကြား သည်ကို ကျေနပ်ပါ ကြောင်း၊ ၎င်းတို့အနေဖြင့် ဆက် လက်ဆန္ဒဖော်ထုတ်ခြင်းမပြုတော့ ဘဲ နံနက်(၉)နာရီ (၁၀)မိနစ် အချိန်တွင် ၎င်းတို့၏ နေအိမ် အသီးသီးသို့ ပြန်လည်ဝင်ရောက် သွားခဲ့ပြီး အလားတူ အနီးသို့ လာရောက်ကြည့်ရှုနေသော လူ (၂၀)ဦးခန့်မှာလည်း မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်လည် ထွက်ခွာသွား ကြ သည်ဟု သတင်း ရရှိသည်။

Credit : Here

လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတိုးချဲ့ပြင်ဆင်ဖွဲ့စည်း

လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတိုးချဲ့ပြင်ဆင်ဖွဲ့စည်း
==========================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊၄၃/၂ဝ၁၃

လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း
----------------------------------------------------------------------------------------

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ် များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ရန် အစိုးရဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များ ပါဝင်သော ''လက်ကျန် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီ'' ကို အောက်ပါ အတိုင်းတိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ပါသည်-

(၁) ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၃) ဥက္ကဋ္ဌ

(၂) ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်

(၃) ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး  အဖွဲ့ဝင်

(၄) ဦးအောင်စောဝင်း၊ ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အဖွဲ့ဝင်

(၅) ဦးသန်းဌေး၊ ညွှန်ကြားရေးမှူးချုပ်၊ အကျဉ်းဦးစီးဌာန  အဖွဲ့ဝင်

(၆) ဦးစစ်မြိုင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်  အဖွဲ့ဝင်

(၇) ဦးကြည်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း  အဖွဲ့ဝင်

(၈) ဦးလှမောင်ရွှေ၊ Myanmar Egress  အဖွဲ့ဝင်

(၉) ဦးဘိုကြည်၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်

(၁ဝ) ဦးညိုထွန်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် အဖွဲ့ဝင်

(၁၁) ဦးရဲအောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အဖွဲ့ဝင်

(၁၂) ဦးသူရ(ဇာဂနာ)၊ House of Media Entertainment  အဖွဲ့ဝင်

(၁၃) ဦးဉာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်

(၁၄) ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်  အဖွဲ့ဝင်

(၁၅) ဦးကိုကိုကြီး၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင်

(၁၆) ဒေါက်တာဝင်းနိုင်၊ အမျိုးသားဒီမိုကရေစီအင်အားစု  အဖွဲ့ဝင်

(၁၇) ဦးသိန်းညွန့်၊ အမျိုးသားဒီမိုကရေစီပါတီသစ်  အဖွဲ့ဝင်

(၁၈) ဦးကောင်းမြင့်ထွဋ်၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ အဖွဲ့ဝင်

(၁၉) ဦးအောင်သိမ်း၊ ဒုတိယဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန (၄) အတွင်းရေးမှူး
--------------------------------------------------------------------------------------------
Read More: http://www.president-office.gov.mm/zg/briefing-room/news/2013/05/09/id-3305

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊၄၃/၂ဝ၁၃

လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း


နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ် များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်း ကောင်း ရည်ရွယ်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံရေးအကျဉ်း သားများ အား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ရန် အစိုးရဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေး ပါတီအချို့မှ ကိုယ်စားလှယ်များ ပါဝင်သော ''လက်ကျန် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီ'' ကို အောက်ပါ အတိုင်းတိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ပါသည်-

(၁) ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၃) ဥက္ကဋ္ဌ

(၂) ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်

(၃) ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်

(၄) ဦးအောင်စောဝင်း၊ ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အဖွဲ့ဝင်

(၅) ဦးသန်းဌေး၊ ညွှန်ကြားရေးမှူးချုပ်၊ အကျဉ်းဦးစီးဌာန အဖွဲ့ဝင်

(၆) ဦးစစ်မြိုင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်

(၇) ဦးကြည်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့ဝင်

(၈) ဦးလှမောင်ရွှေ၊ Myanmar Egress အဖွဲ့ဝင်

(၉) ဦးဘိုကြည်၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်

(၁ဝ) ဦးညိုထွန်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် အဖွဲ့ဝင်

(၁၁) ဦးရဲအောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အဖွဲ့ဝင်

(၁၂) ဦးသူရ(ဇာဂနာ)၊ House of Media Entertainment အဖွဲ့ဝင်

(၁၃) ဦးဉာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်

(၁၄) ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်

(၁၅) ဦးကိုကိုကြီး၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင်

(၁၆) ဒေါက်တာဝင်းနိုင်၊ အမျိုးသားဒီမိုကရေစီအင်အားစု အဖွဲ့ဝင်

(၁၇) ဦးသိန်းညွန့်၊ အမျိုးသားဒီမိုကရေစီပါတီသစ် အဖွဲ့ဝင်

(၁၈) ဦးကောင်းမြင့်ထွဋ်၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ အဖွဲ့ဝင်

(၁၉) ဦးအောင်သိမ်း၊ ဒုတိယဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန (၄) အတွင်းရေးမှူး

Credit : Here

၁၁၅ မိုင် ယာဉ်ရပ်နားစခန်း၌ အရေးပေါ် ရှေးဦးပြုစုခြင်း စခန်းဖွင့်ထားပြီး ယာဉ်မတော်တဆမှုများအတွက် ၂၄ နာရီ အခမဲ့ ဆောင်ရွက်ပေးမည်



မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် စင်ကာပူ ကြက် ခြေနီအသင်းတို့ ပူးပေါင်း၍ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း တွင် အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည် ဆောက်ထားပြီး ယာဉ်မတော်တဆမှုများ အတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ၂၄ နာရီအခမဲ့ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေ က ပြောသည်။


အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်း စခန်းကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဆောက်လုပ်ရေးဝန်ထမ်း အိမ်ရာဝင်းအတွင်း ယာယီအနေဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်၊ မတ်လအတွင်းက တရား ၀င် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ယာဉ်မတော်တဆမှုပေါင်း ၆၉ မှု၊ သေဆုံး သူဦးရေ ၂၉ ဦး၊ လူဦးရေ ၂၂၄ ဦးအထိ အရေးပေါ် ရှေးဦးပြုစုခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အရေးပေါ် အကူအညီ တောင်းခံနိုင်ရန် ဖုန်း-၀၉၈ ၆၁၀၂၅၂၊ ၀၉၄၉၃၄၁၉၆၁ တို့သို့ ဆက် သွယ်နိုင် ကြောင်း သိရသည်။

အဆိုပါ အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက်ရန်နှင့် အခြားကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဇူလိုင် ၁၁ ရက် က နေပြည်တော်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေနှင့် စင်ကာပူ ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr.Tee Tua Ba တို့က လက်မှတ်ရေးထိုးခဲ့သည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများဖြစ်ပွားမှုများအတွက် အရေးပေါ် ရှေး ဦးပြုစုခြင်း လုပ်ငန်းများနှင့် အရေးပေါ် လူနာတင်ယာဉ် လိုအပ်ပါက အချိန်မီ ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယင်းစခန်းအား တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနားလည်မှု စာချွန်လွှာတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက်ခြင်း အပါအ၀င် အရေးပေါ်လူနာတင် ယာဉ်များ ၀ယ်ယူခြင်း၊ လပွတ္တာမြို့နယ် အိုင်မကျေးရွာတွင် လူ ၈၀၀ ဆံ့ မုန်တိုင်းဒဏ်ခံ နှစ်ထပ်အဆောက် အအုံ ဆောက်လုပ်ခြင်းနှင့်တန်ဖိုးနည်း နေအိမ်တည်ဆောက်ခြင်း၊လပွတ္တာ၊ ဖျာပုံ၊ မြောင်းမြ၊ ၀ါးခယ်မ မြို့နယ်များ တွင်ရှိသည့် ကြက်ခြေနီ အသင်းများတွင် အသေးစား သိုလှောင်ရုံများ ဆောက် လုပ်ခြင်းနှင့် ရှေးဦးသူနာ ပြုဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်း လုပ်ငန်းများပါဝင်သည်။

အဆိုပါ လုပ်ငန်းများကို ၂၀၁၂ ခုနှစ် အောက်တိုဘာမှ ၂၀၁၃ ခုနှစ် ဧပြီအထိ သတ်မှတ်ထားသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် သုံးနှစ်အတွင်း ယာဉ်မတော်တဆမှု ၃၀၀ နီးပါး ဖြစ် ပွားခဲ့ပြီး သေဆုံးသူ ၁၄၇ ဦးနှင့် ဒဏ်ရာရသူ ၆၁၈ ဦးရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လက ထုတ်ပြန် မှုများ အရ သိရသည်။

(ဓာတ်ပုံ - ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအား တွေ့ရစဉ်)

Eleven Media Group

ပြည်ထောင်စု မြေယာကော်မရှင် သမိုင်းတရားခံ မဖြစ်လိုဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ် ပြောကြား


farmcommitte-may9

မေ ၆ ရက်က ဧရာဝတီတိုင်း ဒေသကြီး အစိုးရအ ဖွဲ့ရုံးတွင် ကျင်းပသည့်ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်၊ ဧရာဝ တီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လယ်ယာမြေ သိမ်းဆည်းခံရသော ဒေသများအနက်မှ ချောင်းသာ နှင့် ငွေဆောင်ဒေသများရှိ ဒေသခံ တောင်သူများ တွေ့ဆုံစဉ် တွင်ပြည်ထောင်စု လွှတ်တော် မြေယာ ကော်မရှင်သည် မည်သည့်ဘက်မှ မလိုက်ဘဲ အမှန်တရားအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး သမိုင်းတရားခံအဖြစ် နာမည်ဆိုးဖြင့် မရပ်တည် လို ကြောင်း ပြောကြားခဲ့သည်။


"အသိမ်းခံရတဲ့ သူကလည်း အသိမ်းခံရလို့ ခံစားချက်တွေ ရှိတယ်။ ဒီလိုပဲ တစ်ဖက်လူကို လည်း မေး သင့်မေး ထိုက်တာတွေ မေးရဦးမယ်၊ ဒီလိုနှစ်ဖက်မေးပြီးရင်လည်း လုပ်ထုံးလုပ်နည်းတွေနဲ့ ညီမညီ၊ ဥပဒေ တွေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာ စိစစ်ရမယ်၊ တစ်ဘက်ကိုဘဲမေးပြီး တဘက်သတ်ဆောင်ရွက်တာ ကတော့ မရဘူး၊ သမိုင်းမှာ နာမည်ပျက်ကြီးနဲ့ တင်ကျန်နေခဲ့မယ်၊ လွတ်လပ်ရေး ရပြီးတဲ့နောက် တိုင်းပြုပြည်ပြု လွှတ်တော် စတင်ဖွဲ့စည်းစဉ်ကတည်းက မှတ်တမ်းဟာ ယနေ့အထိ မော်ကွန်းတိုက်မှာ ရှိ တယ်၊ ကျွန်တော် တို့ရဲ့ လုပ်ရပ်ပေါ် မူတည်ပြီးတော့ သမိုင်းမှာ တွင်မှာပါဘဲ၊ ဒါကြောင့် ကျွန်တော်တို့ ကော်မရှင်ဟာ သမိုင်းမှာ တရားခံ အဖြစ်မခံနိုင်ဘူး" ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်မှ အစည်းဝေး၌တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ မြေယာသိမ်းဆည်းခံရမှုတွေဟာ တော်တော်များပါ တယ်၊ ပြည်သူတွေက တင်ပြတာတွေလည်းတော်တော်များပါတယ်၊ ချောင်း သာ ငွေဆောင်ဆို ရင် ဖြေရှင်း ဘို့ တင်ပြတဲ့ လူပေါင်း ၄၀၀ ကျော် ရှိပါတယ်၊ နိုင်ငံတော်က သိမ်းတဲ့မြေမှာလည်း မသုံးတဲ့ မြေတွေကို သူ့သက် ဆိုင်ရာ ပိုင်ရှင်ကို ပြန်ပေးခဲ့တယ်။ အဲဒီလိုပါပဲ လုပ်ငန်းရှင်တွေ က သိမ်းပြီး လုပ်ငန်းလုပ် တဲ့ မြေတွေ ကိုတော့ ရှိစေတော့၊ မသုံးတဲ့ မြေတွေကိုတော့ ကျွန်တော်တို့ ပြန်သိမ်းမယ်။ မူလပိုင်ရှင်ရှိရင် ပြန်ပေးမယ်" လို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က အဆိုပါ အစည်းအဝေး၌ ပြောကြားခဲ့သည်။

ငွေဆောင်ကမ်းခြေ ဒေသတွင် သိမ်းဆည်းခံ မြေဧကပေါင်း ၁၂၅၈၉ ဒသမ ၅၁ ဧကကျော်ရှိပြီး သိမ်းဆည်း ခံရသူပေါင်း ၆၀၀ ကျော် ရှိ၍၊ ချောင်းသာကမ်းခြေ ဒေသတွင် သိမ်းဆည်းခံ မြေဧကပေါင်း ၆၁၅ ဒသမ ၅၇ ဧကကျော်ရှိကာ သိမ်းဆည်းခံရသူပေါင်း ၇၀ ကျော်ရှိကြောင်း သိရသည်။

"သိမ်းထားတဲ့ မြေတွေကို ပြန်ပေးဖို့ ဆွေးနွေးကြတာ။ စစ်တပ်ကပဲ သိမ်းသိမ်း နိုင်ငံတော် စီမံကိန်းကပဲ သိမ်း သိမ်း၊ စက်မှုဇုန် စီမံကိန်းအတွက်ပဲ သိမ်းသိမ်း၊ စီးပွားရေး လုပ်ငန်းရှင်ကပဲ သိမ်းသိမ်း အဆောက် အအုံ မရှိရင် ပိုင်ရှင်ကို ပြန်ပေးဖို့နဲ့ အဆောက် အအုံရှိရင် သက်ဆိုင်ရာဒေသရဲ့ ကာလပေါက်ဈေး နဲ့ ပြန်ပေး ဖို့ ဆွေးနွေးဖြစ်တယ်။ အဓိကကတော့ တရားမျှတမှုရှိအောင် ဆောင်ရွက်ကြဖို့လိုတယ်"ဟု ပုသိမ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

ငွေဆောင်နှင့် ချောင်းသာကမ်းခြေ ဒေသတွင် မြေယာစုံစမ်းစစ်ဆေးရေး ကော်မရှင်က လွန်ခဲ့သည့်နှစ် ၁၁ လပိုင်းတွင် ယင်းဒေသများသို့ သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဒေသခံ ပြည် သူများနှင့်ခေါ်ယူတွေ့ဆုံ ဆွေးနွေးခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

"ဒီဇွန်လလောက်မှာ ပြန်ပေးမယ်လို့ ပြောတယ်။ဒါပေမဲ့ ကျေနပ်အားရဖို့ ကောင်းတဲ့ အဆင့်မျိုးတော့ မ ဟုတ်သေးပါဘူး။ နိုင်ငံတော် အစိုးရက လုပ်ပိုင်ခွင့် ပေးထားတယ်၊ ဒါတွေကို လုပ်ပါဆိုပေမယ့် မလုပ်ဘဲ ထားတာတွေ ကလည်း အများကြီး တွေ့ရတယ်၊ ဒါကြောင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ သွားရောက်တွေ့ ဆုံတဲ့အခါ သူ့မှာ ဒီမြေယာ သိမ်းဆည်းမှုတွေအတွက် လုပ်ပိုင်ခွင့် မရှိဘူးလို့ ပြောတယ်၊ ဒါဆိုရင်တော့ မြေယာကော်မရှင်နဲ့ တွေ့ဆုံတဲ့အခါ သူတို့မှာ ဒီအခွင့်အာဏာ ရှိမယ်လို့ နားလည် ထားတာ ကော်မရှင်ဥက္ကဋ္ဌက သူ့မှာတော့ မရှိဘူး၊ တိုင်းဒေသကြီး အစိုးရမှာပဲ ဒီပြဿနာတွေ ကို ဖြေရှင်းပေးဖို့ လုပ်ပိုင်ခွင့် ရှိတယ်လို့ ပြောပြန်တယ်။ ဒါကြောင့် ဘယ်သူက ဖြေရှင်းပေးမှာလည်းဆိုတာ တိတိကျကျ မသိရတော့ ကျေနပ်မှုတွေ အပြည့်အ၀ မရှိဘူးလို့ဘဲ ပြောရမှာပဲ" ဟု သဇင်ကျေးရွာမှ ဦးမြင့်အောင်က ပြောသည်။

ယခုကဲ့သို့ ပြည်ထောင်စုလယ်ယာမြေ ကော်မရှင်ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြေယာ သိမ်းဆည်းထားသည့် ကုမ္ပဏီများ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် မြေယာသိမ်းဆည်းခံရသည့် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ယင်းတွေ့ဆုံပွဲမှနေ ၍ ဇွန်လမှစတင်ကာ သိမ်းဆည်းခံမြေယာများအား အမြန်ဆုံးပြန်လည် ပေးအပ်သွားရန် စီစဉ်ထား ရှိကြောင်း သိရသည်။

(ဓာတ်ပုံ - ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့်ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်တို့အား ဒေ သခံများနှင့် တွေ့ဆုံပွဲတွင်တွေ့ရစဉ်)

Eleven Media Group

အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
(အမှတ်၊ ၃၁/၂ဝ၁၃)
၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်
(၂ဝ၁၃ ခုနှစ်၊ မေလ ၈ ရက်)

အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ ဖွဲ့စည်းခြင်း


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိကျင့်သုံး ဆောင် ရွက်နေသော အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ စိစစ်ကြပ်မတ်ခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက် နိုင်ရေးအတွက် အခွန်ကောက်ခံမှု စိစစ်ကြပ် မတ်ရေး ဘုတ်အဖွဲ့ အား အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-

(က) သူရဦးသောင်းလွင် ဥက္ကဋ္ဌ

( ခ)ဦးမော်သန်း ပါမောက္ခချုပ်(အငြိမ်းစား) အဖွဲ့ဝင်

( ဂ) ဦးကျော်မင်းထွန်း ဒုတိယပါမောက္ခချုပ်(အငြိမ်းစား) အဖွဲ့ဝင်

(ဃ) ဦးသိန်းအောင် ဒုတိယညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) အဖွဲ့ဝင်

( င)ဒေါ်ဝါဝါထွန်း မြန်မာနိုင်ငံအမျိုးသမီး စွမ်းဆောင်ရှင်များအသင်း အဖွဲ့ဝင်

( စ)ဒေါက်တာမောင်မောင်လေး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အဖွဲ့ဝင်

(ဆ) ဒေါ်ကြည်ကြည်စိန် ပါမောက္ခ(အငြိမ်းစား) အဖွဲ့ဝင်

( ဇ) ဦးကေကေ ညွှန်ကြားရေးမှူး(အငြိမ်းစား) အဖွဲ့ဝင်

(ဈ) ညွှန်ကြားရေးမှူးချုပ် ပြည်တွင်းအခွန်များဦးစီးဌာန အတွင်းရေးမှူး

၂။ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါ သည်-

(က)အခွန်စည်းကြပ်ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ၊ မရှိ စိစစ်ရန်၊

( ခ)နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက် ခံရရှိမှုကို စိစစ်ရန်၊

( ဂ) အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက် သုံးသပ်အကြံပြု ချက်များအား ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြရန်၊

(ဃ) ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေး အတွက် လက်ရှိ အခွန် ကောက်ခံမှုနှင့် ပတ်သက်၍ လေ့လာသုံးသပ် အကြံပြုရန်၊

( င ) မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်တကျဖြစ်စေရေးနှင့် အခွန် ပြည့်ပြည့်ဝဝရရှိရေး ရည်မှန်းချက် အားအထောက်အကူပြုရန်။

အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

ဒီကေဘီအေကို ထိပါးပါက အားနည်းသည့်ဘက်မှ ရပ်တည်သွားမည်ဟုဆို


DSC_0080 copy

ဟတ်ကြီး ရေကာတာ တည်ဆောက်ရေးနှင့် ပတ် သက်၍ မြိုင်ကြီးငူဒေသမှ လုံးဝဆုတ်ခွာ မပေးနိုင် ကြောင်း ဒီကေဘီအေဘက်မှ တုန့်ပြန် ပြောဆိုနေ ချိန်တွင် KNU/KNLA ဘက် ကလည်း အကယ်၍ အစိုးရတပ်များမှ ဒီကေဘီအေကို ထိုးစစ်ဆင် လာပါက အားနည်းသည့်ဘက်မှ ရပ်တည်သွား မည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။


ကရင်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အနေဖြင့် *ဒီကေဘီအေနှင့် တပ်မတော်ကြား ကိစ္စများအား ကြားဝင်ဖြေရှင်းခြင်း မရှိသေး သော်လည်း *တပ်မတော်မှ ဒီကေဘီအေ တပ်များကို ထိုးစစ်ဆင်လာမည်ဆိုပါက ၎င်းတို့ အနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး စောအဲကောထူး(တိုက်ဂါး) က မေလ(၆)ရက်နေ့က မြဝတီမြို့နယ်ရှိ KNU/KNLA အထူးဗျူဟာရုံးချုပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ် သည်။ 

ဟတ်ကြီး ရေကာတာ စီမံကိန်းအတွက်ဟုဆိုကာ စီမံကိန်းဧရိယာ အနီးရှိ ဒီကေဘီအေ(ကလို့ထူးဘော) တပ်များကို မေလ (၄)ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် ခမရ (၃၃၈)မှ မေလ (၂) ရက်နေ့က အကြောင်းကြားခဲ့ပြီးနောက် တပ်မတော်နှင့် ဒီကေဘီအေတို့ကြား ယခုကဲ့သို့ တင်းမာမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။

* *နယ်ခြားစောင့်တပ်(BGF)မှ ဒီကေဘီအေ သို့ ဝင်ရောက်လာသော တပ်သားသစ်တစ်ဦးက BGF စက်လှေပေါ်မှ တပ်သားတစ်ဦးကို ပစ်သတ်ခဲ့ရာမှ ဧပြီလ(၂၇) ရက်နေ့ညမှ စတင်ကာ BGF နှင့် ဒီကေဘီအေတို့ကြား သုံးရက်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရပြီး ယင်းကိစ္စများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် တပ်မတော်မှ ယခုကဲ့သို့ ဒီကေဘီအေ တပ်များ ဆုတ်ခွာရန် ညွှန်ကြားလာခြင်း ဖြစ်ကြောင်း သိရသည်။/ / ထိုသို့ ဆုတ်ခွာခိုင်းခြင်းနှင့် ပတ်သက်၍ “ထိုင်းနဲ့ကလည်း ကပ်နေပြီ၊ ခွာစရာနေရာလည်း မရှိတော့ဘူး၊ ထပ်ပြီးတိုးလာရင် ကျွန်တော်တို့က ခုခံကာကွယ်မှာပဲ” ဒီကေဘီအေ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က တုန့်ပြန်ပြောဆိုထားသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးချုပ် တိမသေကလည်း တင်းမာမှုများနှင့် ပတ်သက်၍ ကိုင်တွယ်သည့် စစ်တပ်ပေါ်တွင် မူတည်ကြောင်း၊ စစ်တပ်မှ ငြိမ်းချမ်းရေးကို ရှေးရှု၍ လုပ်ဆောင်ပါက ပြဿနာများ ငြိမ်းချမ်းသွားမည်ဖြစ်ပြီး၊ အာဏာရှင်သဘောမျိုး လုပ်ဆောင်လာမည် ဆိုပါကပြဿနာများ ပိုမိုကြီးထားလာနိုင်သည့်အပြင် တခြား လက် နက်ကိုင်များသို့လည်း ကူးစက်လာနိုင်ကြောင်း ပြောကြား သည်။ “ဒီကေဘီအေ တစ်ဖွဲ့တည်း မဟုတ်ဘူး၊ တခြား ကရင်တွေပါ ကူးလာနိုင်တယ်၊ ငြိမ်းချမ်းရေး ကောင်စီကော၊ ကေအင်န်ယူကော အကုန်လုံး ပြန်တိုက်ကြလိမ့်မယ်၊ နောက်ဆုံး BGF(နယ်ခြားစောင့်တပ်) ထဲမှာပါ သူ့ကို ပြန်ပစ်ကြလိမ့်မယ်၊ အဲတာမျိုးတွေ မဖြစ်စေချင်ဘူး”ဟု KNU/KNLAမှ ဗိုလ်မှူးချုပ် တိမသေက ပြောကြားသည်။

အဆိုပါ ကိစ္စများနှင့် စပ်လျဉ်း၍ မေလ(၅)ရက်နေ့ က နေပြည်တော်တွင် ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော ဒီကေဘီအေ မှ ဆက်ဆံရေးနှင့် စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီး စောမောင်လေးက “ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ရယ်၊ BGF အပါအဝင် နှစ်ဘက်တပ်ဖွဲ့တွေနဲ့ ကော ပြည်နယ် အစိုးရတွေပါ ငြိမ်းချမ်းရေးအတွက် အဖြေ တစ်ခုရအောင် အတူတကွ တွေ့ဆုံဆွေးနွေး ကြဖို့ အတွက် အမြန်ဆုံးတွေ့ဆုံနိုင်အောင် စီစဉ်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

Credit : http://themyanmaage.com/?p=5988

သမ္မတကြီးတောသွားတောင်သွားလယ်သမားကိုတနပ်စားခိုင်းမယ်မထင် -(ဟံသာဝတီဦးဝင်းတင်)



သမ္မတဦးသိန်းစိန်အစိုးရ အတော်ကျွမ်းကျင်လိမ္မာ ရှိလာသဗျာ။ ဝမ်းသာတယ်ဗျာ။ သာဓုခေါ်စရာပေါ့။

သမ္မတနဲ့ အဖွဲ့ ချင်းတောင်သွားသတဲ့။ ရေကိစ္စ၊ မီး ကိစ္စတွေ ဖြေရှင်းပေးမယ်ဆိုလားပဲ။ ကောင်းတယ် ဗျာ။ လူထုဒုက္ခပဲဗျာ။ အစိုးရဆိုတာ သိရမှာပေါ့။ ဆင်းရဲတွင်းနက်ကြီးထဲ ခေါင်းမြုပ်အောင်နစ်နေတဲ့ ချင်းလူထုကြီးကို ကယ်တင်နိုင်တဲ့အထိ ကြိုးစား သွားကြလိမ့်မယ်လို့ ထင်မိတယ်ဗျာ။


လယ်သမားကြီးတွေနဲ့လည်း တွေ့ဦးမယ်တဲ့ဗျ။ ဂျာနယ်သတင်းတွေမှာ တွေ့လိုက်ရတာပဲ။ ဟုတ်ပါလိမ့် ထင်ရဲ့။ တွေ့ရင်တော့ ကောင်းသပေါ့ဗျာ။ လယ်သမားတွေဆိုတာက ကျုပ်တို့တိုင်းပြည်မှာ အဆင်းရဲဆုံး မွဲချာတူးလန် ခရုဆန်ကျွတ်တွေ မဟုတ်လား။ တွေ့တဲ့အချိန်မှာ မွဲစော်နံတယ် ပြန်ဦးမယ်ဆိုပြီး ဂွတ်ဘိုင် တော့ မလုပ်တန်ရာဘူး ထင်ပါရဲ့။

ကျုပ်က သမ္မတကိုတော့ ယုံတုံတုံပါ။ ဒါပေမဲ့ သူ့အစိုးရရဲ့ လယ်ဝန်းကြီးတစ်ပါးကတော့ လယ်သမားကို ထမင်းတစ်နပ်လျှော့စားခိုင်းထားတယ် မဟုတ်လား။ အဲ့ဒီဝန်ကြီးရဲ့ ဓာတ်တွေများ ကူးစက်သွား လေမလား ဟဲ့ရယ်လို့ ရင်တမမ ဖြစ်နေမိတာလည်း အမှန်ပဲဗျာ။ အဲ အဲ သမ္မတကိုယ်တိုင်ကလည်း ဆင်းရဲ သားလယ်သမား သားသမီးဆိုတော့ ကိုယ်ချင်းစာစိတ်ကလေး တစ်ဆိတ်တစ်ဖဲ့တော့ ရှိဦးမှာပါ။ လယ် သမားတွေထမင်းတစ်နပ်တောင် မဝတဝစားနေရတာဆိုတော့ တစ်နပ်လျှော့စားခိုင်းမယ် မထင်ပါဘူး။

ကျုပ်တို့ သမ္မတကြီး ကချင်ပြည်နယ် တိုင်းခန်းလှည့်လည်ခြင်း မပြုနိုင်သေးတာတော့ စိတ်ထဲ၊ ရင်ထဲ မချင့် မရဲ ဖြစ်ရတာပေါ့ဗျာ။ ဟိုလွှတ်တော် ဥက္ကဋ္ဌကြီးဘယ်သူဆိုလားတောင် မမှတ်မိပါဘူး။ ကချင်ပြည်နယ်ကို ထွက်တော်မှူးကြီးနဲ့ လှည့်သွားပြီးပြီလေ။ ကျုပ်တို့ သမ္မတကြီး တဖူနာသွားတယ်မပြောနဲ့။ ဘာတဖူနာ ရမှာလဲ။ တစ်နေ့နေ့တော့ သမ္မတကြီးလည်း ကချင်ပြည်နယ် စစ်မြေပြင်တွေအရောက် ကြွချီတော်မူဦး မှာပေါ့ကွယ်။

သမ္မတကြီးက ဟိုလွန်လေပြီးသောအခါက စစ်အာဏာကောင်စီတွေရဲ့ အတွင်းရေးမှူးကြီး၊ စစ်စိုးရတွေရဲ့ ဝန်ကြီးချုပ်ကြီး၊ စစ်အာဏာသား (ဟုတ်ပေါင်) အမျိုးသားညီလာခံကြီးရဲ့ ဥက္ကဋ္ဌကြီး စတာတွေအဖြစ် ဆောင်ရွက်ခဲ့သူမဟုတ်လား။ ဒီတော့ ကချင်စစ်မြေပြင်မှာ လေယာဉ်ဒုံးစာ၊ ဗုံးစာတွေမိပြီး ကျဆုံးရှာခဲ့ ကြရတဲ့ ကချင်လက်နက်ကိုင် ရဲဘော်လေးတွေရဲ့ လက်ဝါးကပ်တိုင်လေးတွေမှာ အလေးပြုပြလိုက်ရင် ဘယ်လောက်ကောင်းမလဲနော်ဗျာ။

ဒီရက်ပိုင်းအတွင်း ဗြိတိသျှဝန်ကြီးချုပ်တစ်ယောက် အိန္ဒိယရောက်နေတယ်။ လွန်ခဲ့တဲ့ နှစ်တရာလောက်က ဗြိတိသျှတွေလက်ချက်နဲ့ ကျဆုံးခဲ့ကြရတဲ့ ပန်ချာပီစစ်သားတွေရဲ့ သင်္ချိုင်းမှာပန်းခွေချ အလေးပြုခဲ့တယ်။ လွန်သမျှဝန်ချတယ်ရယ်တော့ မဟုတ်ပါဘူး။ ဒီလောက်ကလေး လုပ်ပြလိုက်တာနဲ့ အိန္ဒိယပြည်သူတွေ ဝမ်းသာလိုက်ကြတာ။

ကျုပ်တို့သမ္မတကြီးလည်း ဒီလို `လုပ်ပြ´လေးတွေ လုပ်တက်ပါတယ်။ အဲဒီလို အပြလေးလောက် လုပ်ပြ လိုက်ရင် ကချင်လူထုကြီးကရော၊ တခြားတိုင်းရင်းသား ပြည်သူတွေကပါ ဝမ်းသာလိုက်ကြမယ့်ဖြစ်ချင်း။ ဗမာဆိုတာလည်း တိုင်းရင်းသားလူမျိုးစုတစ်စုဆိုတော့ ဗမာတွေလည်း ဝမ်းသာကြမှာပေါ့ဗျာ။

မနေ့တစ်နေ့က သမ္မတကြီးလူတွေ ထိုင်းနိုင်ငံသွားလုပ်နေတဲ့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလို ဟာမျိုးတွေလည်းဇာတ်ပေါင်းခန်းမြန်မြန်ဝင်နိုင်မှာပေါ့ဗျာ။ အေးဗျာ။ ကျုပ်တို့ကတော့ မွေးကတည်းက ကြားလာခဲ့ကြရတဲ့ သေနတ်သံတွေ တိတ်သွားဖို့ စိတ်ကူးယဉ် ကြည့်နေမိတုန်းပေါ့လေ။ အဲဒီတုန်း ဘယ်နှယ့်များ ရှမ်းပြည်နယ်က သေနတ်သံတွေ ထွတ်လာရပြန် တာလဲ ဗျို့။ မဟုတ်သေးဘူး ထင်တယ်နော်။ ကြည့်လုပ်ကြပါဦး။

နောက်တစ်မီးက ငြိမ်းမယောင်ယောင် ထတဲ့လို့လောင်ပြန်သဗျ။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ဘက်မှာတဲ့။ အိမ်ကိစ္စဆိုလား။ စာသင်ကျောင်းကိစ္စဆိုလား။ ဗလီကိစ္စဆိုလား။ သေချာမသိပါဘူး။ ပြဿနာ ဆိုတာ ဒီလိုပဲဗျ။ လောင်စာကြွင်းရှိသရွေ့တော့ တဗျင်းဗျင်း ထလောင်တတ်တာမျိုးကလား။ ဝိုင်းငြှိမ်းကြဦး စို့ရဲ့ပေါ့။

ဒါထက် စကားမစပ် ပြောရဦးမယ်။ ရခိုင်အရေးကိစ္စကကော ဘယ်စခန်းဆိုက်နေသလဲဗျ။ စုံစမ်းရေး ကော်မရှင်က ဘာသံမကြား၊ ညာသံမကြား။ ငြိမ်လို့ပါလား။

လွှတ်တော်ထဲက ထွက်လာတဲ့ အသံကတော့ ရခိုင်ဒေသမှာ ရိုဟင်ဂျာလူမျိုးဆိုတာ လုံးဝမရှိဘူးတဲ့။ ဗြိတိသျှကိုလိုနီအစိုးရလက်ထက် သန်းခေါင်စာရင်းတွေမှာလည်း ရိုဟင်ဂျာရယ်လို့ ဖော်ပြတာမပါဘူးတဲ့။ မြန်မာအစိုးရတွေလက်ထက် သန်းခေါင်စာရင်းတွေမှာလည်း ထိုနည်းလည်းကောင်းပဲတဲ့။

ပြည်ထဲရေးဌာနဒုတိယဝန်ကြီးကလွှတ်တော်မေးခွန်းကိုဖြေရင်း ပြောသွားသတဲ့။

အေးဗျာ။ သမ္မတကြီး ကျန်းမာပါစေ။ သူက အိတ်ခ်ျရောဂါသမားဆိုတော့ သူ့ကျန်းမာရေးက တစ်နေ့ရွှေ၊ တစ်နေ့ငွေလေ။ သူ့ရဲ့အိတ်ခ်ျရောဂါကဒေါ်ဖြူဖြူသင်း ကူရှင်းပေးစရာလိုတဲ့ရောဂါမျိုးမဟုတ်ပါဘူး။ ဟတ်ဒီစီဆိုလား နှလုံးရောဂါတဲ့ဗျား။

နေပြည်တော်မှာ အထူးကုသမားတော်ကြီးတွေ တစ်ပတ်နှစ်ကြိမ် နှလုံးရောဂါ စမ်းသပ်ကုသပေးနေသတဲ့။ တပ်ချုပ်ဟောင်းကြီးကို စမ်းပေးနေသတဲ့။ ဦးသိန်းစိန်လည်း တပ်ချုပ်ဟောင်းကြီးနဲ့ အပေါင်းအသင်း လုပ်နေလိုက်ရုံပါပဲ။ မျှောကု၊ ရောကု လုပ်နိုင်သပေါ့ဗျာ။ ကောင်းသွားမှာပါ။ ကောင်းသွားမှာပါ။

ကျုပ်ကတော့ဆုတောင်းရုံတောင်းတတ်တော့သဗျာ။

ကျုပ်လိုဟတ်သမားကြီးတွေ မာပါစေ။ ချာပါစေ။ သာပါစေပေါ့ဗျား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၈)။။။ 

Credit : Here

စစ်အာဏာ ချိုးအထပ်ထပ်မျိုးပြတ်အောင်ခွာကြမယ်နွှာကြမယ် (ဟံသာဝတီဦးဝင်းတင်)

ကျုပ်တစ်ကောင် အသက်ခေါင်မိုးကပ် လာတော့ ဝဋ်နာ၊ ကံနာ၊ သံသရာနာ တွေ တိုးလာသဗျာ။ ကိလေသာမကုန် သေးတော့ မသေမချင်း ကိလေသာ နှိပ်စက်ခြင်းကို ခံရတော့မှာပေါ့လေ။ သေခါနီးလေ ပိုဆိုးလေတောင် ဖြစ် လာသေး။

ကျုပ် အထူးပြောချင်တဲ့ ကိလေသာက တွေးတောယုံမှားခြင်း (ဝိစိကိစ္ဆာကိလေသာ) ဗျ။ ကိလေသာစက် သုံးထောက်ဝက်ဆိုတဲ့ ၁၅၀၀ ကိလေသာလည်း ပါမှာပေါ့။


ကျုပ် သေတွင်းသေဝရောက်လာလေ တွေးတောယုံမှားခြင်းတွေများလာလေ ဖြစ်နေသဗျာ။ ရတနာသုံးပါး အပေါ်မှာ ဒွိဟသံသယဖြစ်တာ မဟုတ်ပါဘူး။ အာဏာရှင်တွေ၊ အာဏာရူးတွေ၊ အာဏာမူးတွေရဲ့ လူ့ငရဲ အကြွပ်ကြော်ဒယ်အိုးတွေအပေါ်မှာ တွေးတောယုံမှားခြင်း ဖြစ်နေမိတာကို ပြောတာပါ။ ဒယ်အိုးတွေ ချိုးခွာ လို့ရမလား။ မရဘူးလား။ ခွာမလား။ မခွာဘူးလား။

ညှော်နံ့ဆိုးကလည်း ခါးသိုးနေတာပါကလား။ အဝီစိငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ လူတွေ ကြော်တဲ့၊ လှော်တဲ့ လူ့ငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ အာဏာရှင်စစ်သူရဲတွေရဲ့ တရှဲရှဲဆီပူထိုး ချိုးကပ်တဲ့ညှော်နဲ့ဆိုးလားဟဲ့။

မဖြစ်ချေဘူးကွယ်ရို့။ ငရဲအိုးတွေချိုးမကပ်အောင်တော့ ခွာကြမှ တော်မယ်ကွယ်။ ငါကိုယ်တိုင် အဲ့ဒီငရဲအိုး တစ်မျိုးမျိုးထဲ ဆင်းရဦးမှာလားတောင် မသိတာ။ ဆီပူအိုးဆိုတာ ချိုးရှိရင်နောက်ထည့်ပစ္စည်း ချိုးကြီးကပ်ဖို့ နီးသဟဲ့။

ငါ ဆီပူလောင်ပြန်ဦးမှာလား။ ချိုးကြွပ်ကပ် ပြန်ဦးမှာလား။ ဒီလိုပဲပေါ့ဗျာ။ တွေးတောယုံမှားခြင်းတွေ ကျုပ်ကို ညှဉ်းဆဲနေသဗျ။ အေးအေးသတ္တဝါတွေ ဆင်းရဲကင်းကြပါစေ။ အပူကင်းကြပါစေ။ ငရဲအိုးတွေချိုးမကပ်ကြ ပါစေနဲ့။ အမျှ အမျှ အမျှ။

ငရဲအိုးတွေကိစ္စ ပြောမယ့်သာပြောရတာ။ ကျုပ်တို့၊ ခင်ဗျားတို့ခေတ်မှာ စစ်အာဏာရှင်ငရဲအိုးတွေ အမျိုး အမျိုး ပေါ်ခဲ့တာဆိုတော့ ရိုးနေတဲ့ကိစ္စပဲပေါ့လေ။

အခု သမ္မတဦးသိန်းစိန် အစိုးရခမျာလည်း အဲဒီငရဲဆီပူအိုးတွေကို ချိုးခွာရမယ့် တာဝန်ကြီး ပိနေရှာတယ်။ သနားစရာပဲဗျာ။ သမ္မတကြီးလည်းချွေးတလုံးလုံးနဲ့ဗျာ။ စစ်အာဏာရှင်တွေကြော်ခဲ့၊ လှော်ခဲ့ကြတာဗျ။ အဲဒီ တုန်းက ဗိုလ်သိန်းစိန်တစ်ယောက် မှူးကြီး-ချုပ်ကြီး ဗိုလ်ရာဝင်ပြီလား။ ရှေ့တန်းရောက်နေပြီလား၊ မသိပါ ဘူးဗျာ။ အဲ ဗိုလ်ချုပ်ကြီးတွေ လက်စွမ်းပြခဲ့ကြတဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိတ်ဆို့မှုတွေ၊ ဟန့်တား မှုတွေက နည်းမှတ်လို့။ အဲဒါတွေရဲ့ သင်္ကေတ ပြယုဂ်ဖြစ်တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေ ဆိုတာကလည်း များမှများ။ တစ်ပြည်လုံး ပလူပျံနေတာလေ။

လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်အတွင်း လူငယ်ကျောင်းသား၊ ရဟန်းရှင်လူအများကို ထောင်ငရဲအိုးတွေမှာ ကြော်ခဲ့၊ လှော်ခဲ့သဗျ။ စစ်ထောက်လှမ်းစခန်းတွေမှာလည်း ထိုနည်းလည်းကောင်း။ အဓမ္မအလုပ် စခန်း တွေမှာလည်းအလားတူစွာပေါ့။ မီးပြင်းတိုက်၊ ဆီပူထိုး၊ ချိုးကပ်အောင် ကြော်သပေါ့လေ။ အဲဒီမီးပြင်းတွေ၊ အဲဒီဆီပူတွေဆိုတာက ပြောခဲ့တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေပဲပေါ့ဗျာ။

တကယ်တမ်းပြောမယ်ဆိုရင် အာဏာရှင်ခေတ်ဆိုးရဲ့ ချိုးတွေက ကျုပ်တို့တစ်မျိုးလုံးကို ကပ်နေတာဗျ။ အဲဒါတွေကို ကျုပ်တို့ တစ်မျိုးလုံးပဲ ကုန်းရုန်းတွန်းတိုက် မိုက်မိုက်ကန်းကန်း ခွာကြရမှာဗျ။ ခြစ်ကြရမှာဗျ။ ချွတ်ကြရမှာဗျ။ ပွတ်ကြရမှာဗျ။ ဖဲ့ကြရမှာဗျ။

ဒီနေ့ ကျုပ်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ ခါးခါးသီးသီး တွေ့ကြုံခံစားနေကြရတဲ့ ရခိုင်ပြဿနာ၊ ကချင်စစ်ပွဲ၊ လက်ပံတောင်း သယံဇာတိကျိန်စာ၊ လယ်မြေအဓမ္မသိမ်း၊ စက်မှုကျွန်ခိုင်း၊ ပညာရေးဦးနှောက်ချောင်၊ ကျမ်းမာရေးလူညွန့်တုံး၊ အလုပ်သမား-လယ်သမား-လက်လုပ်လက်စား ဘဝပျက်၊ အရာရှိ-အရာခံ ဝန်ထမ်း လုပ်သား အကျင့်ပျက်၊ ပြည်သူတိုင်းရင်း ဆင်းရဲတွင်းနက်၊ စာနယ်ဇင်း အလင်းမဆောင်နိုင်၊ လွှတ်တော် ထဲက မရွေးအမတ်အသံ၊ အာဏာကပ်ပါး ခရိုနီတို့ရဲ့ခြေလှမ်း၊ အားလုံးပေါ့လေ။ စစ်အာဏာရှင် ခေတ်ဆိုးရဲ့ချိုးတွေဗျ။ ခွာကြဟေ့၊ ခွာကြ။

အဲ..... အဲ..... အညစ်ဆုံး၊ အမှောင်ဆုံး တဒယ်အိုးလုံးကို မီးသွေးတုံးကြီးလို စွဲကပ်နေတဲ့ ၂၀၀၈ အခြေခံ ဥပဒေဆိုတဲ့ ချိုးကြီးကိုလည်း ခွာကြရဦးမယ်ဗျ။

သမ္မတဦးသိန်းစိန် အစိုးရလည်းလက်ပိုက်ကြည့်မနေရှာပါဘူး။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်စရိုက်မကျင့်မိလေအောင် အလိုက်သင့်ကလေး စစ်အာဏာရှင်စနစ်ဆိုးချိုးတွေနွှာ၊ အိုးတွေ ခွာပေး နေတယ်ဗျာ။ ၁၉၈၈ ကတည်းကထုတ်ခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ အမိန့်ကြော်ငြာစာ ၂/၈၈ ကို နှစ်အစိတ်ပြည့်လုတဲတဲလေးမှာ ရုပ်သိမ်းလိုက်တာကြည့်။

ကောင်းတယ်။ ကောင်းချီးပေးကြပါ။ သရီးချီးယား ဟစ်ဟစ်ဟူးရေးလို့ ဘိုလိုအော်ချင် အော်ကြပါ။

သမ္မတကြီးဟာ နှလုံးသမားဗျ။ ဟိုနှစ်လုံးသမား ပြောတာမဟုတ်ပါဘူး။ နှလုံးရောဂါသမားလို့ပြောတာပါ။ နှလုံး သမားဆိုတာ စိတ်မချရဘူး။ အဲဒီရောဂါမျိုးက တစ်နေ့ရွှေ၊ တစ်နေ့ငွေဗျ။ တစ်နေ့နေ၊ တစ်နေ့ အဲ ..... အဲ .... သက်တော်ရာကျော်ရှည်ဆိုတာမျိုးဗျ။

ကျုပ်တို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ သီချင်းတစ်ပုဒ်ကို အာဖြဲဟစ်လိုက်ချင်စိတ် ပေါက်လာတယ်ဗျာ။ ကျုပ် သူငယ်ပြန်တာ မဟုတ်ပါဘူးနော်။ သူငယ်ပျော်တယ် ဆိုချင်ဆိုပါ။

ကိုင်း .... ကိုင်း ... ကျုပ်နဲ့အတူ အတင်းအာဖြဲ သီချင်းကဗျာ ဟဲကြစို့။

“နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် နှလုံးသမားကို တအားကူမယ် စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ် .... ” ကိုင်း ..... ငရဲပြည်ကို၊ ငရဲကျွတ်တို့၊ ငရဲလူထွက်တို့ ....။

..... သမ္မတ ထောက်ခံကဗျာတေးကို ကျကျနန နောက်တစ်ပြန် လျှာသွေးလိုက်ကြပါဦး။ ဝမ်း .... တူး ... သရီး ...

“ နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် .... .... .... စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ်”။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။ အတွဲ(၂)၊ အမှတ်(၅) 

Credit : Here

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေး



8 May 2013
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ခုကို ပြင် ဆင် ပြဌာန်း မယ်ဆိုရင် ဘယ်လိုအခြေခံကျတဲ့ လိုအပ် ချက်တွေကို ထည့်သွင်းစဉ်းစားသင့်သလဲ ဆိုတဲ့ သုံးရက်ကြာ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ ကမ္ဘာ အေးဘုရားလမ်းက Micasa ဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီဥပဒေတက္ကသိုလ် Sydney Law School က ဦးဆောင်ကျင်းပတဲ့ ဒီဆွေးနွေးပွဲကို ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ နိုင်ငံခြားသားပညာရှင်တွေ မြန်မာ နိုင်ငံက ဥပဒေပညာရှင်တွေအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေလည်း တက်ရောက်ဆွေးနွေးနေကြပါတယ်။

ဒီဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးကြတဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာဖို့ အထောက်အကူပြုနိုင်တယ် လို့ ရှေ့နေကြီး ဦးကိုနီက ပြောပါတယ်။


“အဓိကဆွေးနွေးသွားတာက ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်းကို ဆွေးနွေးသွားတယ်၊ ကျနော်တို့ လက်ရှိ ၂ဝဝဂ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ပြည်သူလူထု တော်တော်များများက မကြိုက်ဘူး၊ ပြန်ပြင် လိုတဲ့ဆန္ဒရှိနေတယ်၊ ပြည်သူ့လွှတ်တော်ကလည်း ဒီဥပဒေကိုပြင်ဖို့အတွက် ကော်မတီတွေဖွဲ့ဖို့ အခြေအနေတွေရှိနေတယ်၊ ဒီလိုအခြေအနေမျိုးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပြင်မတုန်း၊ ကျနော်တို့ တိုင်းပြည်အတွက် အကောင်းဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ဘယ်လိုဖြစ်နိုင်မလဲဆိုတာတွေ ကို ဒီနေ့ဆွေးနွေးနေတာဟာ အချိန်အခါ အခြေအနေနဲ့ အတော်လေးကိုက်ညီပြီး တိုင်းပြည်အတွက် အတော်လေးအကျိုးကျေးဇူးရှိတယ်လို့ ပြောလို့ရတယ်၊ နောက်တစ်ခုက သူတို့ဆွေးနွေးမယ့်အထဲမှာ rule of law လို့ခေါ်တဲ့ တရားဥပဒေ စိုးမိုးရေးအကြောင်းလည်းပါတယ်”

ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲဖို့ အကြံပြုတဲ့ ဆွေးနွေးပွဲ မဟုတ်ပဲ နိုင်ငံတကာက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ သင်ခန်းစာတွေကို နမူနာထားပြီး ပညာရှင်တွေရဲ့အမြင်တွေကို ဆွေးနွေးတင်ပြခြင်းသာ ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ ဆစ်ဒနီ ဥပဒေတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြင်ဆင်ဖို့ စီစဉ်နေ တာမျိုး ကြားသိရတဲ့အတွက် အခုလိုဆွေးနွေးပွဲကနေ ရရှိလာတဲ့အချက်တွေက အထောက်အကူ ပြုနိုင် တယ်လို့လည်း ရှေ့နေဦးကိုနီက ပြောပါတယ်။

Credit : Here

NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှု ဆောင်အဖွဲ့ဝင် ၁၂ ဦးဟာ တရုတ် ကွန်မြူနစ်ပါတီ အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ ဒီကနေ့နေ့လည်ပိုင်းက တရုတ်နိုင်ငံကို ထွက်ခွာ သွား ပါတယ်။


ဒီခရီးစဉ်ဟာ တရုတ်အစိုးရ ကွန်မြူနစ်ပါတီက NLD ပါတီကို သီးသန့်ဖိတ်ကြားတာဖြစ်တယ်လို့ ဒီခရီးစဉ်  ဦးဆောင်မယ့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညီပုက မြန်မာနိုင်ငံက မထွက်ခွာမီ RFA ကို အခုလိုပြောကြားခဲ့ပါတယ်။



“NLD ကို သူတို့ဦးစားပေးပြီး ဖိတ်တဲ့သဘောလို့ ကျနော် ဒီလိုပဲနားလည်ပါတယ်၊ အခုလို ကျနော်တို့ကို သူတို့ဦးစားပေးပြီး ဆက်ဆံတယ်၊ ကျနော်တို့ကလည်း ဒီဆက်ဆံလာတဲ့အပေါ်မှာ ပြန်ပြီးတော့ အလေးထား ဆက်ဆံသွားမယ်ဆိုလို့ရှိရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီနဲ့ ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပိုပြီးတော့ယုံကြည်မှုတွေ ရင်းနှီးဆက်ဆံမှုတွေဖြစ်လာပြီးတော့ ရေရှည် အကျိုး ဖြစ်လိမ့်မယ်၊ နှစ်နိုင်ငံအတွက်လည်း ပိုပြီးတော့အကျိုးရှိမယ့်လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ်၊ ဒါဆိုအားလုံးအကျိုးရှိနိုင်လာမယ်လို့ မျှော်လင့်ထားပါတယ်”

ဒီခရီးစဉ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်ဖြူဖြူသင်း၊ ဦးကျော်မင်းတို့ အပါအ၀င် တိုင်း နဲ့ ပြည်နယ်အသီးသီးက အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့တွေက ကော်မတီဝင်တွေလည်း ပါဝင်တယ်လို့သိရ ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ကိုယ်စားလှယ်တွေ လည်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြပါသေးတယ်။



Credit : Here

အင်တာနက် လူမှုကွန်ရက်များတွင် လှုံ့ဆော်ရေးသားသူများကို အစိုးရအနေဖြင့် အရေးယူသင့်ကြောင်း အမေရိကန်သံအမတ် ပြောကြား

အင်တာနက် လူမှုကွန်ရက်များတွင် လှုံ့ဆော်ရေးသားသူများကို အစိုးရအနေဖြင့် အရေးယူသင့်ကြောင်း အမေရိကန်စင်တာတွင် မေ ၈ ရက် ညနေက ကျင်းပသော လွတ်လပ်စွာ ထုတ်ဖော်ခွင့် (Freedom of Expression) ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၏ သဘောသဘာဝ၊ မြန်မာနိုင်ငံရှိ လွတ်လပ်စွာ ထုတ် ဖော်ခွင့် အခြေအနေများ၊ မီဒီယာ လွတ်လပ်ခွင့်များ၊ ဆင်ဆာတည်းဖြတ်မှုများ၊ လူမှုကွန်ရက်များတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် အလွဲသုံးစားပြုကာ ရေးသားနေမှုများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြ သည်။
စာရေးဆရာ ဖေမြင့်နှင့် ဘလော့ဂါ နေဘုန်းလတ်တို့ကမူ မြန်မာနိုင်ငံရှိ အချို့သော ဥပဒေများသည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်နေသည်ဟု ပြောသည်။ ဆက်လက်၍ ဘလော့ဂါ Pandora မှလည်း လွတ်လပ်စွာ ထုတ်ဖော်မှုသာမက လုံခြုံစိတ်ချရမှုကိုလည်း ဖန်တီးပေးရန်၊ ဆင်ဆာ တည်းဖြတ်မှု လျော့ပါးလာသည့်နောက် မဆင်မခြင် ရေးသားမှုများကို စောင့်ကြည့် အရေးယူရန်နှင့် မိမိ ရေးသားသည့်အပေါ်တာဝန်ယူစေရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။
ထို့အပြင် အမေရိကန်သံရုံး၏ လူထုအကူအညီပေးရေး လက်ထောက်အရာရှိ Michael D. Quinlan က အမေရိကန်နိုင်ငံတွင်လည်း ၁၉၇၀ အစောပိုင်း နှစ်များအထိ ရုပ်ရှင်ဆင်ဆာစနစ် ကျင့်သုံးခဲ့ကြောင်း၊ သို့ရာတွင် ၁၉၇၀ နှောင်းပိုင်းနှစ်များတွင် ၄င်းအားဖျက်သိမ်း၍ လမ်းညွှန်မှုနှင့် ကန့်သတ်ချက် အချို့သာ ထားရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး၎င်းက ဆင်ဆာတည်းဖြတ်မည့်အစား တာဝန်ယူမှု မရှိသူများအား တရားစွဲဆိုသည့် နည်းလမ်းကိုသာ ကျင့်သုံးသင့်ကြောင်းလည်း ထည့်သွင်း ပြောကြား ခဲ့သည်။

"လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဥပဒေကနေ သတ်မှတ်ပေးရမယ်။ ဒါပေမယ့် တရားစီရင်ရေး မဏ္ဍိုင်က ပြန်လည်စောင့်ကြည့် ထိန်းသိမ်းပေးရမယ်။ ဥပမာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်နိုင်တဲ့ ရေးသားပြောဆိုမှုမျိုးတွေ၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုတွေ၊ အသရေဖျက်မှုတွေဆိုရင် လက်ခံလို့ မဖြစ်ပါဘူး" ဟု Michael D. Quinlan ကပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell ကပင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တာဝန်သိသော သတင်းမီဒီယာများ ပေါ်ထွက်ရန် လိုအပ်ကြောင်း ပြော သည်။

"ကိုယ့်ရဲ့အမြင်ကို ထုတ်ဖော်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အချို့က ပန်းချီနဲ့ ဖော်ပြတယ်။ အချို့က ကာတွန်းနဲ့ ဖော်ပြတယ်။ အချို့က စာရေးသားပြီး ဖော်ပြကြတယ်။ ဒီလိုဖော်ထုတ်ခွင့်တွေ မပျောက်ပျက်အောင် ကာကွယ်ရပါမယ်။ မြန်မာနိုင်ငံဟာ မိမိကိုယ်ပိုင် အမြင်ကို ဖော်ပြနိုင်တဲ့ ခေတ်သစ် တစ်ခုကို ရောက်ရှိလို့ နေပါပြီ။ ဒါဟာ ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခုပါပဲ" ဟု ၎င်းကပြောသည်။

ဆွးနွေးပွဲသို့ စိတ်ဝင်စားသူ ကျောင်းသားဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ လူငယ်များမှ လူမှုကွန်ရက်များတွင် မဆင်မခြင် ရေးသားမှုများ၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်း ဖြစ် စေရန် ရေးသားမှုများနှင့် ပတ်သက်၍ ဆွေးနွေးချက်များအား ပင်တိုင်ဆွေးနွေးသူများမှ ပြန်လည် ဆွေးနွေးခဲ့ကြသည်။

လူမှုကွန်ရက်များနှင့် ပတ်သက်၍ Derek Mitchell က "အင်တာနက်ပေါ်မှာ ကိုယ်ရေးအချက်အလက် အမှန်မဟုတ်ဘဲနဲ့ လိမ်လည်သုံးစွဲသူတွေဟာ တာဝန်ယူမှု ကင်းမဲ့ပြီး ပြဿနာတွေ ကြီးထွားအောင် လှုံ့ဆော်တတ်ကြတယ်။ အစိုးရအနေနဲ့ ဒီလိုလှုံ့ဆော်တဲ့ သူတွေကို အရေးယူဖို့ လိုအပ်တယ်" ဟု ပြော သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခနှင့် မိတ္ထီလာ ပဋိပက္ခများတွင် လူမှုကွန်ရက် စာမျက်နှာ များမှတစ်ဆင့် ဘာသာနှစ်ခုအကြား လှုံ့ဆော်မှုများ ရှိခဲ့ပြီး အဆိုပါ လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားကာ အသက်ပေါင်းများစွာ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။ ထိုသို့ လှုံ့ဆော်မှုများထဲတွင် လူထုမောင်ကာဠု၊ Oppositeyes၊ Myanmar Express၊ We Love True၊ MMN နှင့် ပလေတိုဒီမိုတို့ ပါဝင်နေကြောင်း သိရသည်။
Credit : Here

PR စနစ်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း

မေး ။ ။ အချိုးကျရွေးကောက်ခံမှု ဏျွ စနစ်ကို အခုဆိုရင် ကျွန်တော်တို့ ဆီမှာ အပြောများလာကြတယ်။ ဒါပေမဲ့ အများစုက သိပ်နားမလည်ကြသေးဘူးဆိုတော့ PR စနစ်ကို လူထုအလွယ် ဆုံးနားလည်နိုင်မယ့် အကြောင်းက ဘယ်လိုမျိုးဖြစ်မလဲ ခင်ဗျ။


ဖြေ။ ။ ဒီအကြောင်းတရားတွေကတော့ ရှင်းပြနေရင်အများကြီးပေါ့နော်။ ကျွန် တော်ပြောချင်တာကတော့ PR စနစ်က တိုင်းပြည်အတွက် မသင့်တော်သေးဘူးလို့ပြောချင်တယ်

မေး။ ။ ဘာကြောင့် မသင့်တော်သေးတာလဲခင်ဗျ။



ဖြေ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲဆိုတော့ PR စနစ်ဆိုတာ ဒီမိုကရေစီကို အလွန်နားလည်ကြတဲ့ သူတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ မဲ ပေးတာပြုတာ၊ ဆန္ဒပေးတာတွေလည်းတတ်ကြပြီး လူတွေမှာလည်း နိုင်ငံရေးအယူအဆတွေအမျိုးမျိုးရှိပြီး ဒီအယူအဆတွေကိုလည်း နားလည်ပြီးလုပ်ကြတာ။ အဲဒီလို အဖွဲ့အစည်းတွေ ဆိုရင် ကိစ္စမရှိဘူး။ အခုက ပါတီတွေများတယ်ဆိုတာ ကိုယ့်ဘာသာကို ကိုယ်ပိုင် ပါတီတွေထောင်နေကြတာ။ ကိုယ်ဘာသာ ကိုယ်ပိုင်အယူအ ဆတွေနဲ့ လုပ်နေကြတာ။ နိုင်ငံရေးအယူအဆ ကျတော့ ခိုင်ခိုင်မာမာရှိကြတာမဟုတ်ဘူး။

မေး။ ။ PR စနစ်ဆိုတာကို နားလည် အောင်ရှင်းပြပါဦးခင်ဗျ။

ဖြေ။ ။ PR စနစ်ဆိုတာ ပါတီပြိုင်တာပဲဗျာ။ ပါတီနာမည်နဲ့ပြိုင်တာ။ ပါတီကို မဲပေးလို့ ဥပမာ ရှမ်းပြည်မှာ ၁ဝ မဲရမယ်။ မန္တလေးတိုင်းမှာ ၁ဝ မဲရမယ်။ မကွေး တိုင်းမှာ ၁ဝ မဲရမယ်။ မဲ ၃ဝ ရ မယ်။ (သတ်မှတ်ချက်က) ၂၅ မဲရရင် အမတ် တစ်ယောက်ဆိုခင်ဗျား ၃ ပြည်နယ်( ရှမ်း၊ မန္တလေး၊ မကွေး)က မဲတွေပေါင်းပြီး ခင်ဗျား အမတ်တစ်နေရာရမှာပဲ။ ဒီလို ဟာမျိုးနဲ့လုပ်တာ။ ဆိုလိုတာကတော့ ကိုယ်ပိုင်ပါတီလေးတွေ (အမတ် နေရာ) ရအောင်ဆိုပြီးတော့ပေးတာ။

မေး။ ။ အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်သွားမလဲခင်ဗျ။

ဖြေ။ ။ အဲလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်မလဲဆိုတော့ အစိတ်စိတ် အမြွှာမြွှာတွေဖြစ်မယ်။ ဟိုပါတီ ဒီပါတီ ဟိုမဲဒီမဲနဲ့ လူပေါင်းများစွာရောက်လာ။ အလိုလိုနဲ့ကျွန်တော်တို့တိုင်းပြည်မှာ အကွဲကွဲအပြဲပြဲတွေ ဖြစ်နေရတဲ့ကြားထဲ အကွဲအပြဲမခံနိုင်ဘူး။ ကွဲရင်းကွဲရင်း ပါတီကြီးတွေကွဲ။ အသုံးမကျလို့ ပါတီ ကြီးတွေကွဲ ရင် တိုင်းပြည်နစ်နာချင်လည်း နစ်နာပါစေ။ ဒီပါတီလေးတွေက ရှင်းရှင်းပြောရရင် ဘာမူမှလည်းမရှိ ဘာရည်ရွယ်ချက်မှ ရှိသေးတာမဟုတ် ဘူး။ လူတစ်စုက သူ့ဘာသာသူ ပါတီ ထောင်တဲ့လူတစ်စုပဲ။ အဲဒီ လူတစ်စုက သူ့တို့ဘာသာသူတို့ ပါတီထောင်ပြီး သူ တို့ပါတီမဲတွေရပြီး သူတို့ပါတီအမတ် တွေ တစ်ယောက် နှစ်ယောက် သုံး ယောက်ဆိုပြီး ကောက်သင်းကောက် ဗြုတ်စဗျင်းတောင်းလုပ်တဲ့ အနေအ ထားမျိုးဖြစ်မှာ။ ကျွန်တော်တို့တိုင်းပြည်မှာ လူတွေက မဲတောင်မပေးတတ်သေးဘူး။ နောက်ပြီးတော့ တိုင်းပြည်ကို ဦး ဆောင်တယ်ဆိုတာ အင်အားကောင်းတဲ့ ပါတီကဦးဆောင်ရမှာဗျ။ ဘာမှ မဟုတ်သေးတဲ့ ဟိုကပါတီ ဒီက ပါတီ လေးတွေနဲ့ ဘယ်လိုလုပ်တိုင်းပြည်ကို ဦးဆောင်မှာလဲ။ အဲဒီလူတွေက တိုင်း ပြည်ကို ဘယ်လို ဦးဆောင်မှာလဲ။ လွှတ်တော်ထဲရောက်ရင်လည်း အဲဒီပါတီ အမတ်တွေအကုန်လုံး စုဖွဲ့ထားရင်ရော ဒီလွှတ်တော်က ဘယ်လောက်ထိသြဇာရှိ တဲ့လွှတ်တော်ဖြစ်မှာလဲ။ ဘယ်လောက်ထိ လူထုထောက်ခံမှုရတဲ့ လွှတ်တော် ဖြစ်မှာလဲ။ အဲလို ပြောစရာတွေ ရှိပါတယ်။

မေး။ ။ ဒါဆိုရင် ပါတီလေးတွေက ဘယ်လိုလုပ်မလဲခင်ဗျ။ လွှတ်တော်ထဲ ရောက်ဖို့။

ဖြေ။ ။ ကျွန်တော်လက်ခံတာကတော့ ပါတီတွေ အားကြီးအောင် အားကောင်းအောင်ဖွဲ့ပါ။ အားကောင်းတဲ့ ပါတီက အားကောင်းသလိုဝင်ပြီးတော့ ပြိုင်ကြပါ။ အားကောင်းတဲ့ပါတီ၊ အနိုင်ရတဲ့ ပါတီက အမတ်ရမယ် အစိုးရဖွဲ့လို့ရမယ်။ ကျွန်တော်က အဲဒါပဲ လိုချင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရလဲဆိုရင်။ ဥပမာ တခြားပါတီက မဲ ၄ဝ။ ၁ဝ ။ ၁ဝ စုစုပေါင်း ၆ဝ ရတယ်ဆိုပါဆို့။ အနိုင်ရ တဲ့ပါတီက ၄၅ မဲရပြီး နိုင်တယ် ဆိုရင် မဲပေးခဲ့သူတွေအကုန်လုံးကို ကိုယ်စား မပြုဘူးလို့ ပြောကြတယ်။ ဒါလည်း မမှန်ဘူး။ ဝင်အရွေးခံတဲ့ အမတ် တစ်ယောက်က ဘယ်ပါတီက ဖြစ်ဖြစ်။ ငါ့ကို မဲမပေးတဲ့သူတွေနဲ့ မဆိုင်ဘူးလို့ လုပ်လို့မရဘူး။ မင်း (မဲမပေးတဲ့သူ တွေရဲ့) အကျိုးစီးပွားကို လုပ်မပေးနိုင် ဘူးလို့ ကြေညာလို့လည်း မရဘူး။ သိ လည်း သိတာမဟုတ်ဘူး။ လျှို့ဝှက်မဲ ပေးကြတာပဲ။ ဘယ်သူကမဲပေးတယ် မပေးဘူး မသိနိုင်ဘူး။ ရှုံးတာ နိုင်တာ တော့ရှိမှာပေါ့ဗျာ။ မဲများများရတဲ့သူ လူများများထောက်ခံတဲ့သူက နိုင်မှာပေါ့ ဗျာ။ ဆိုတော့ အမတ် တစ်ယောက်က။ သူမြောက်ဥက္ကလာကနေ အရွေးခံရပြီဆို မြောက်ဥက္ကလာထဲမှာ သူ့မဲတွေက ပြန့် ကျဲနေမယ် ၁ဝ မဲတွေလည်းရှိမယ်။ ၁၅ မဲ။ ၂ဝ ။ ၃ဝ ရှိမယ်။ ဘာပဲပြောပြော သူက ၄ဝ ရတဲ့အတွက် နိုင်တယ်ဆိုရင် ကျန်တဲ့သူတွေအတွက် သူ့ရဲ့မဲဆန္ဒနယ် အတွက် သူက လုပ်ပေးရမှာပဲ။ သူ လွှတ်တော်ထဲ သွားတဲ့အခါ ကျွန်တော့် ကို မဲပေးတဲ့သူကိုပဲ ကျွန်တော်ကိုယ် စားပြုတယ်။ ကျွန်တော့်မဲပေးတဲ့သူရဲ့ အကျိုး စီးပွားကိုပဲ ဆောင်ရွက်နိုင်မယ်ဆိုတာမျိုးကြေညာလို့ရတာမှ မဟုတ် တာ။ သူက မြောက်ဥက္ကလာပမြို့နယ် အမတ်ပဲ။ မြောက်ဥက္ကလာပမြို့နယ် တစ်ခုလုံးကို ကိုယ်စားပြုရမှာ၊ မြောက် ဥက္ကလာပမြို့နယ်မှာရှိတဲ့ ပြည်သူအား လုံးရဲ့ အကျိုးစီးပွားကိုလုပ်ဆောင်ရမှာ။ ဒါကြောင့် အခုပြောနေတဲ့ ကိုယ်စားပြု မှုနည်းတယ်။ များတယ် ။ ကိုယ်စားပြုမှု မရှိဘူးဆိုတာတွေလည်း မှားတယ်လို့ ကျွန်တော်ယူဆတယ်။ နောက်တစ်ချက် က ဒီနေ့ဟာ အင်အားကြီးတဲ့ပါတီတွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ဟာ တွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ နိုင်ငံရေးအဖွဲ့တွေ ထူထောင်ရမယ်။ အဲဒီ အဖွဲ့အစည်းတွေကသာလျှင် ယှဉ်ပြိုင် ပြီးတော့ ပြည်သူအကျိုးကို ဘယ်လို ထမ်းရွက်မလဲဆိုတာကို ဆောင်ရွက် သွားဖို့ပဲရှိတယ်။ ပါတီတွေက ပါတီအင် အားကြီးတာနဲ့အတူ ပြည်သူလူထု ထောက်ခံမှုကို သယ်ဆောင်လာရင် လွှတ်တော်ထဲမှာ သူတို့ပါတီဟာ အစိုးရ ဖွဲ့ချင်ဖွဲ့နိုင်မယ်။ သူတို့လည်း အတိုက် အခံပါတီဖြစ်ချင်ဖြစ်မယ်။ ကိစ္စမရှိဘူး။ အဲဒီလိုဖြစ်မှသာလျှင် လွှတ်တော်က လည်း ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင် တဲ့ လွှတ်တော်လို့ပြောလို့ရမယ်။ ဗြုတ်စ ဗျင်းတောင်းနဲ့ တစ်ယောက်ချင်း ဟိုက ဒီက ကောက်သင်းကောက်သလို ထည့် ချင်တာထည့် ကောက်ကြီး စပါးလည်း ပါမယ်။ ဧည့်မထလည်းပါမယ်။ ငစိန် လည်းပါမယ်ဆိုရင် ထမင်းချက်လို့မရ ဘူး။ ချက်ရမှာက ကောက်ကြီးချက်ရင် ချက်။ ဧည့်မထချက်ရင်ချက်။ ငစိန်ချက် ရင်ချက် ဒီလိုပဲချက်ရမှာပဲဆိုတော့ အင် အားကြီးတဲ့ ပါတီအဖွဲ့အစည်းတွေက သာလျှင် ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီး တော့ အနိုင်ရအောင်လုပ်။ လူထု ထောက်ခံမှုရအောင်လုပ်၊ ပြီးတဲ့အခါ လွှတ်တော်ကိုရောက်အောင်လုပ်၊ လွှတ် တော်ထဲရောက်ရင် အင်အားကြီးရင် ကြီးသလို အနိုင်ရတဲ့ပါတီတွေက အစိုးရဖွဲ့၊ အင်အားနည်းတဲ့ပါတီက အတိုက်အခံလုပ်။ ဒါပဲလို့ ကျွန်တော် ကတော့ သဘောထားတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့်သာ တိုင်းပြည်ရဲ့ ဒီမို ကရေစီ အရေး၊ တိုင်းပြည်ရဲ့ လူ့အခွင့် အရေး။ တိုင်းပြည်ရဲ့ ပြည်ထောင်စု အရေးကိစ္စတွေမှာ ပြည်သူရဲ့အကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ အဲဒီအတိုင်းလုပ်ခြင်းသာလျှင် မှန်တယ်လို့ ကျွန်တော် ယူဆတယ်။

မေး။ ။ PR စနစ်ကိုတကယ်တမ်းကျင့်သုံးမယ်ဆိုရင်ရော ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်မလဲခင်ဗျ။

ဖြေ။ ။ ခုနကပြောခဲ့သလိုပါပဲ။ ဏျွ စနစ်ကို ကျင့်သုံးဖြစ်မယ်ဆိုရင် လွှတ် တော်ထဲကိုရောက်တာနဲ့ တစ်ပြိုင် နက် ဆိုပါတော့ဗျာ အခုဆိုရင်လွှတ်တော် ထဲမှာ ကြံ့ဖွံ့ပါတီရှိမယ်။ NLD ရှိမယ်။ တခြားပါတီလေးငါးခု ရှိမယ်။ ဟိုအချိန်ကျရင် ပါတီတွေအကုန်လုံး ဗြုတ်စဗျင်းတောင်းနဲ့  အထက်လွှတ်တော် အောက် လွှတ်တော် နေရာပေါင်းများစွာမှာဖြစ်လာပြီး ပါတီကြီးတွေဆိုတာလည်း လျော့သွားမယ်။ ပါတီကြီးတွေ ကလည်း အင်အား အကွဲကွဲအပြဲပြဲဖြစ် မယ်။ ပါတီငယ်လေးတွေကလည်း ဟိုကဒီကနဲ့ ကိုယ်စားပြု သူတွေ ရာနဲ့ချီရှိမယ်ဆိုရင် အဲဒီလွှတ် တော်က သုံးလို့ရမှာ မဟုတ်တော့ဘူး။ သြဇာလည်းရှိမှာ မဟုတ်တော့ဘူး။ အာဏာလည်းရှိမှာ မဟုတ်တော့ဘူး။

မေး။ ။ ဒါပေမဲ့ အခုပါတီအချို့က PR စနစ်ကို လိုလားကြတယ်နော်။

ဖြေ။ ။ ဒီလုပ်ငန်းကို လိုလားတယ်ဆိုတဲ့ သူတွေက နှစ်မျိုးရှိတယ်လို့ကျွန်တော် ယူဆတယ်။ တစ်မျိုးက ဘာလဲဆိုတော့ အင်အားကိုမရှိဘူး။ လူထုထောက်ခံမှု ပြည့်ပြည့်ဝဝ မရှိဘူး။ ဘယ်လိုခေါ်မလဲ လူထု ထောက်ခံမှုကို လူရာဝင် သူရာတွင်ထောက်ခံမှုမရတဲ့ ပါတီလေးတွေရဲ့ (PR စနစ်ကို ) ထောက်ခံမှု ဆန္ဒ သဘော ထားလို့ထင်တယ်။ နောက်တစ်မျိုးက ဘာလဲဆိုတော့ မြန်မာပြည်မှာ အင်အားကြီးတဲ့ပါတီတွေ ဦးဆောင်တာကို မလိုလားတဲ့ သဘောထားရှိတဲ့ နိုင်ငံရေး အင်အားစုတွေ သို့မဟုတ်လည်း အခြား အခြားသော အင်အားစုတွေ၊ အဲလိုအဖွဲ့ အစည်းတွေက အင်အားကြီးတဲ့ နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေ မရှိစေချင်ဘူး။ အဲလိုရှိရင် သူတို့မှာလုပ်ရကိုင် ရထိန်းရသိမ်းရခက်မယ်လို့ သူတို့ထင် တယ်။ ဒီလို ဗြုတ်စဗျင်းတောင်းတွေ စုထားရင် ဟိုပါတီဒီပါတီကို တပည့်မွေးလို့ရမယ်။ ခွံ့လို့ရတယ်။ ကျွေးလို့ ရတယ်။ သြဇာပေးလို့ရတယ်ပေါ့ဗျာ။ အဲဒီလိုဟာမျိုးအတွက် အကြံအစည်သာဖြစ်တယ်လို့ ကျွန်တော် ကပြောချင်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲပေးတဲ့ စနစ်ကိုတောင်မှ လူထုကကောင်းကောင်း နားမလည်သေးတာ ဆိုတော့ အခု PR စနစ်ပြောဆိုမှုထက် ပညာပေးလုပ်ငန်းတွေ ဘယ်လိုလုပ်ရင် ကောင်းမယ်လို့ ထင်လဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်ထင်တယ်။ ပညာပေးတာကနောက်ဗျ။ ပညာမပေးခင်ကို ဒါတွေ (PR စနစ်လုပ်ဆောင်မှု) ကို မလုပ်ပါနဲ့လို့ ကျွန်တော်ပြောချင်ပါ တယ်။ ပညာပေးမယ်ဆိုရင် ကျွန်တော် တို့ နောက်ထပ် ၄ နှစ် ၅ နှစ် ၁ဝ နှစ် ပညာပေးလုပ်ငန်းတွေ လုပ်ရဦးမှာပါ။ ဒီအချိန်မှာ ဒီစနစ်ကို လက်မခံဆိုပြီး ငြင်းဖို့ပဲ ကျွန်တော် တိုက်တွန်းချင်တယ်။ ဒီစနစ်ကို ပယ်ချဖို့ပဲ ၊ ဒီစနစ်ကို လက် မခံဖို့ဘဲအကြောင်းရှိတယ်။ ပညာပေး နေဖို့ မလိုဘူး။ လက်မခံတဲ့စနစ်ကို ပညာ ပေးဖို့အကြောင်းကျွန်တော်မပြောချင်ဘူး။ ပြောလည်းမပြောဘူး။ ပြောစရာလည်းမလိုဘူးလို့ကျွန်တော်ထင်တယ်။ ကျွန်တော်ပြောချင်တာက ဒီစနစ်က အချိန်မတိုင် သေးပါဘူး။ အကျိုးလည်း မရှိပါဘူး။ ဒါကြောင့်မလုပ်ပါနဲ့ ဒီစနစ်ကို လက်မခံပါနဲ့ ဒါပဲပြောချင်တယ်။ ပညာ ပေးချင်တယ်ဆိုရင်တော့ ဒီစနစ်ကို လက်ခံတဲ့သူတွေက သူ့ဘာသာ ပညာပေးလုပ်ငန်းလုပ်နေရုံပဲ။ ဒါက ကော်မရှင်နဲ့လည်း မဆိုင်ဘူး။ လွှတ် တော်နဲ့လည်းမဆိုင်ဘူး။ အစိုးရနဲ့လည်း မဆိုင်ဘူး။

မေး။ ။ မြန်မာနိုင်ငံလို ဒီမိုကရေစီဖွံ့ဖြိုးစ နိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲ စနစ်က အသင့် တော်ဆုံးဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့ ရွေးကောက်ပွဲ စနစ်က များရာသူက နိုင်ဖို့ပဲ။ လူထု ထောက်ခံမှုများများရတဲ့ပါတီက နိုင်ဖို့ပဲ။ အဲဒီစနစ်ကိုပဲ ကျွန်တော်တို့ လက်ခံခဲ့တယ်။ ကျွန်တော်တို့ NLD ဆိုလို့ ရှိရင် ၁၉၈၈ စက်တင် ဘာလ ၂၇ ရက် နေ့မှာ စပြီးတော့ဖွဲ့တယ်။ အောက်တို ဘာလအတွင်းမှာ ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဒီ PR စနစ်ကို တင်လာတာ။ PR စနစ်ကို မြန်မာပြည် နိုင်ငံရေးလောကမှာ စပြီးပြောတာ NLD မှာ စပြီးပြောတာ။ NLD က လူ တချို့က တင်တယ်။ ဗိုလ်အောင်ကြီးတို့ စစ်ဗိုလ်အုပ်စုဘက်က တင်တာရှိတယ်။ ကျွန်တော်တို့ လက်မခံဘူးဆိုပြီး ငြင်း ခဲ့တယ်။ ဒီနေ့ထိလည်း ကျွန်တော်တို့ လက်မခံဘူး။ လာမယ့် ရွေးကောက်ပွဲ ကာလရော။ လာမယ့် ၄၊ ၅၊ ၁ဝ နှစ်ထိ ကို ဒီစနစ်ကို လက်ခံစရာ မရှိဘူးလို့ ယူဆထားတယ်။

မေး။ ။ ဒါဆိုလက်ခံနိုင်တဲ့ အနေအထားက ဘာများဖြစ်မလဲခင်ဗျ။

ဖြေ။ ။လက်ခံနိုင်တဲ့ အနေအထားက ဘာလဲဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီ စနစ်ကို နားလည်တဲ့အချိန်၊ တိုင်းပြည်က ဒီမိုကရေစီစနစ် အကျင့်စရိုက်၊ အကျင့်သိက္ခာ၊ အတတ်ပညာတွေ ကြွယ်ဝတဲ့အချိန်ကျရင် သုံးချင်သလို သုံး။ အဲလိုသုံးတဲ့အခါမှာလည်း တစ်တိုင်းပြည်လုံး ကိစ္စမှာ မသုံးသင့်ဘူး။ ဥပမာ မြူနီစပယ် (စည်ပင်သာယာ) ရွေးကောက်ပွဲတွေမှာ၊ ပြည်နယ်ရွေး ကောက်ပွဲတွေမှာ၊ တိုင်းရွေးကောက်ပွဲ တွေမှာလုပ် နောက်ပိုင်းကြရင်။ အဲဒီ အချိန်ကျမှပဲ အဲဒီအဆင့်( PR အဆင့်) ကိုရောက်လာမယ်လို့ ကျွန်တော် ထင်တယ်။ တစ်တိုင်းပြည်လုံး ပြည်လုံးကျွတ် ရွေးကောက်ပွဲမျိုးမှာ PR စနစ်က လက်ခံဖို့ မရောက်သေး ဘူးလို့ ကျွန်တော် ယူဆတယ်။

မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ ပြည် နယ်တိုင်းအဆင့် PR စနစ်ကျင့်သုံးမယ် ဆိုရင်ရောခင်ဗျ။

ဖြေ။ ။ ပြည်နယ်တိုင်းအဆင့်ကို မဟုတ်ပါဘူး။ ဒီနေ့ ဒီကာလမှာ ဒီစနစ် ဟာ တိုင်းပြည်အတွက် အသုံးမဝင် သေးဘူး အသုံးမကျသေးဘူး အသုံးမတည့် သေးဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါကြောင့်လက်မခံဘူး။ မကျင့်သုံးပါနဲ့ဦး လို့ပြောတာပါ။

မေး။ ။ PR စနစ်မှာလည်း ဖြေရှင်းနိုင်တဲ့ အားသာချက်တွေရှိတယ်လို့ ပညာရှင် အချို့က ဆိုထားတယ် ခင်ဗျ။

ဖြေ။ ။ ပညာရှင်တွေ ဆိုရင်တော့ သူတို့ နဲ့ထပ်ပြီး (အသေးစိတ်) ဆွေးနွေးတာ ကောင်းပါတယ်။ ကျွန်တော် ကတော့ နိုင်ငံရေးသဘောတရားအရ များရာဟာပဲကျွန်တော်လက်ခံတယ်။ ဒီလို (PR)ဟာမျိုးလက်မခံဘူး။ အသေးစိတ်ကတော့ ပညာရှင်တွေပြောကြဆိုကြပါ။

မေး။ ။ PR စနစ်နဲ့ပတ်သက်ပြီး ကျွန်တော်မေးလို့ကျန်သွားတာ ဖြည့်စွက် ပြောချင်တာများရှိရင် သိချင် ပါသေးတယ်ခင်ဗျ။

ဖြေ။ ။ မရှိပါဘူး။ အဲဒါပါပဲ။ ကျွန်တော်ကတော့ မလုပ်သင့်သေးဘူးထင်ပါ တယ်။ မလုပ်သင့်သေးဘူး ထင်တဲ့အတွက် အဆင့်ဆင့် တစ်တိုင်းပြည်လုံး အတွက်လည်း မလုပ်သင့်သေးဘူး။ အောက်ခြေ အဆင့် လည်း မလုပ်သင့် သေးဘူးလို့ထင်ပါတယ်။ လုပ်သင့်တဲ့ အချိန်ရောက်ဖို့အတွက် ပညာပေးဖို့ လိုတယ်ဆိုရင် (ကျွန်တော်တို့က လက် မခံတဲ့အတွက် ပညာပေးလည်းမလုပ် ခိုင်းပါနဲ့) အဲဒီ (PR) စနစ်ကို လက်ခံတဲ့ ပါတီလေးတွေက ကိုယ့်နေရာကိုယ့် လူထုကြားထဲမှာ လက်ခံအောင်ပညာပေးပါဦးလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

Credit : Here

ဖခင်ဖြစ်ကြောင်း ကြေညာပေးစေလိုမှုဖြင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တရားစွဲဆို

ပြင်ဦးလွင် မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ် စားလှယ် ဦးကျော်သီဟအား အရွယ်မရောက်သေးသော ကလေး ၏ ဖခင်အဖြစ် မြွက်ဟကြေညာပေးစေလိုမှု ဖြင့် တရားစွဲဆို ထားကြောင်း ပြင်ဦးလွင် ခရိုင် တရားရုံးသို့ လျှောက်ထားသည့် အဆိုလွှာ အရသိ ရသည်။


 ပြင်ဦးလွင် မြို့နယ် တရားရုံးမှ အမှုအား စစ်ဆေးခွင့် ပေးခဲ့ပြီး ၄င်းအမှုမှာ တရားလို မောင်...၏ မိခင် ဖြစ်သူ ဒေါ်ခိုင်ဝတ်ရည် သန္တာမောင်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ တို့မှာ ၁၉၉၈ ခုနှစ်တွင် ရည်းစား ဖြစ်ခဲ့ကြပြီး ဦးကျော်သီဟမှ ဒေါ်ခိုင်ဝတ်ရည် သန္တာမောင်အား လက်ထပ် ပါမည်ဟုယုံ ကြည် အောင် ပြောဆိုကာ ကာမ ရယူ ခဲ့ပြီး ကိုယ်ဝန် ရရှိ ခဲ့ကြောင်း ကလေး၏ အသက် ၁ နှစ်နှင့် ခြောက်လ အရွယ်တွင် လက်ထပ်ရန် တောင်းဆို သော်လည်း ငြင်းဆို ခဲ့ကြောင်း ထို့ကြောင့် ပြင်ဦး လွင် မြို့နယ် အမျိုး သမီးရေးရာ အဖွဲ့ထံ တိုင်ကြားခဲ့ပြီး ဦးကျော်သီဟ နေထိုင်သည့် ရပ်ကွက်မှ လူကြီးများမှ ညှိနှိုင်း ပေး သဖြင့် မယား စရိတ်၊ ကလေး စရိတ် အဖြစ် ငွေကျပ် လေးသိန်းအား ပေးချေ ခဲ့ပြီး နောက်ပိုင်း တွင် ဆက်လက် ထောက်ပံ့မှု မပြုလုပ် တော့ကြောင်း အဆို လွှာတွင် ပါရှိသည်။


ယခုအချိန် ကလေး၏ အသက် ၁၄ နှစ်အရွယ်ရောက်ချိန်တွင် ဒေါ်ခိုင် ဝတ်ရည်သန္တာမောင်တို့မိသားစုမှာ စားဝတ် နေရေး ခက်ခဲ နေသဖြင့် ကလေး အား သားအဖြစ်လက်ခံထောက်ပံ့ကူညီ ရန်အတွက် တရားစွဲဆို ရခြင်းဖြစ် ကြောင်း ဒေါ်ခိုင်ဝတ်ရည်သန္တာမောင် အား ကူညီပေးနေသူ တစ်ဦးက ပြော သည်။

ဦးကျော်သီဟ ကမူ ဒေါ်ခိုင်ဝတ် ရည်သန္တာမောင်အား သမီးရည်း စား ဖြစ်ခဲ့ခြင်းမရှိဘဲ လက်ထပ် ပေါင်း သင်းပါမည်ဟု ယုံကြည်အောင် ပြောဆိုခြင်း၊ ကာမရယူခြင်း လုံးဝမရှိခဲ့ကြောင်း ငြင်း ဆိုထားပြီး အမျိုး သမီး ရေးရာ အဖွဲ့နှင့် လူကြီးများရှေ့တွင်ညှိနှိုင်း၍ မယား စရိတ် ကလေးစရိတ်အဖြစ်ငွေကျပ်လေး သိန်းပေး ခဲ့သည်မှာလည်း မဟုတ်မှန် ကြောင်း ငြင်းဆိုသည်။

''ကျွန်တော် လွှတ်တော်ကိုယ်စား လှယ် တစ်ယောက်ဖြစ်လာမှ ဒါတွေက ဖြစ်တာတာပါ။ ကျွန်တော့်ကို မနာ လိုတဲ့ သူတွေက လုပ်ကြတာ။ ကျွန်တော်က တော့ ခေါင်းထဲမှာ ဒီကိစ္စ သိပ်မရှိပါ ဘူး။ ကျွန်တော်နဲ့ သက် ဆိုင်တဲ့ လုပ်ငန်း တွေနဲ့ တခြားလူမှုရေးလုပ်ငန်းတွေကို အားစိုက်လုပ်ဆောင်သွားမှာပါ'' ဟု ဦး ကျော်သီဟ က ပြောသည်။

လက်ရှိ တွင် အမှုအား ပြင်ဦးလွင် ခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေး မှုများ လုပ်ဆောင်နေပြီး မေလ ၁၃ ရက် နေ့တွင် ဆက်လက်စစ်ဆေးဖို့ ရှိ ကြောင်း ကလေးငယ်၏ ရှေ့နေ ဦးအေး သောင်းက ပြောသည်။
ဦးကျော်သီဟ သည် ၂ဝ၁၂ ခုနှစ် ဧပြီ၁ ရက်က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင် ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သော ပြင်ဦး လွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်တစ်ဦး ဖြစ် သည်။

ဖိုးလပြည့်
From: Popular Myanmar News Journal 

ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင် ထားခြင်း မရှိ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လေ့လာနိုင်ဟု ဆို

 အစ္စလာမ် ဘာသာဝင်များ ဝတ်ပြုရာ ဗလီ များသို့ ဘာသာခြားများ ဝင်ရောက် လေ့လာ ခွင့်ကို မည်သည့် အခါ ကမျှ ပိတ်ပင် ထားခြင်း မရှိသလို ဝင်ရောက် လေ့လာ လိုပါကလည်း သက်ဆိုင်ရာ ဗလီ ဂေါပက အဖွဲ့၏ ခွင့်ပြုချက် ရယူပြီး အချိန်မရွေး ဝင်ရောက်လေ့လာ ၍ရ ကြောင်း အစ္စလာမ်ဘာသာရေး အသင်း များ ထံမှ သိရသည်။

''ဗလီထဲကို ဘာသာခြားတွေ ဝင် ရောက် ခွင့် ပိတ်ပင်ထားတယ်ဆိုတာ သတင်း အမှားကြီးပါ။ ဘယ်တုန်းကမှ ပိတ်ပင် ထားခြင်း မရှိပါဘူး။ ဗလီထဲကို ဝင်ရောက်လေ့လာချင်တယ်ဆိုရင် ဗလီဂေါပက အဖွဲ့ဆီက ခွင့်ပြု ချက် ရယူရုံ ပါပဲ'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ ဝီအဖွဲ့ချုပ်မှ ဦးကျော်စိုး က ပြောသည်။



 သက် ဆိုင်ရာ ဗလီဂေါပကအဖွဲ့ထံ သို့ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခွင့်ပြု ချက်တောင်းခံပြီး ဝင်ရောက် လေ့လာနိုင် ကြောင်း၊ ဗလီတွင်းဝင်ရောက် လေ့လာ ရန်အတွက် မည်သည့်ကန့်သတ်ချက် ကြီးကြီး မားမား မျှ မရှိကြောင်း သိရ သည်။



''ဂေါပက အဖွဲ့ရဲ့ ခွင့်ပြုချက် ရပြီ ဆိုရင် ဝင်လေ့လာလို့ရပါတယ်။ ဒါပေမဲ့ ဘာသာရေးအရ ဖိနပ် မစီးရ တာတို့၊ ကိုယ်လက် သန့်ရှင်း စင်ကြယ်အောင် လုပ်ဖို့ တို့ပဲ လိုပါတယ်'' ဟု အိုလမာ အစ္စလာမ် သာသနာ ပညာ ရှင်များ အဖွဲ့ ချုပ်မှ အောင်လာနာယူစွပ်ဖ်ဦးသိန်း မြင့်က ဆိုသည်။

ရွှေညဝါဆရာတော်က ယခုကဲ့သို့ ဗလီများအတွင်းသို့ ဝင်ရောက်လေ့လာ ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပြုခြင်းသည် လက် ရှိဖြစ်ပေါ်နေသော ပဋိပက္ခ ဖြစ်စဉ်များ လျော့နည်းသွားစေရေး၊ နှစ်ဖက် သံ သယများ လျော့ပါး သွားစေရေး အတွက် များစွာ အထောက်အကူ ပြုနိုင်ေ သာ ကြောင့် ယင်းအား ကြိုဆိုကြောင်း မိန့် သည်။

''ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ ငါတို့ ဘုန်းကြီးကျောင်းတွေမှာဆိုရင် ဘယ်သူမဆို လွတ်လပ်စွာ ဝင်ထွက် ခွင့် ရှိတယ်လေ။ အဲဒီတော့ သူတို့ရဲ့ ဗလီ တွေကိုလည်း ထင်သာမြင်သာတဲ့ ပုံစံ မျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာဝင်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ရှိတယ်ဆိုရင် နှစ်ဘာသာကြားမှာ ပဋိပက္ခတွေ၊ သံသယတွေ လျော့နည်း သွားလိမ့်မယ်လို့ ငါ့အနေနဲ့ မြင်တယ်'' ဟု ရွှေညဝါဆရာတော်က မိန့်သည်။

ရခိုင်ပဋိပက္ခ အစီရင်ခံစာတွင် လည်း ဗလီများနှင့် အာရဗီ စာသင် ကျောင်းများကို သက်ဆိုင်ရာ၏ ခွင့်ပြု ချက်များ နှင့် အညီ ဖြစ်စေသင့်ကြောင်း၊ အထူးသဖြင့် ဘာသာရေးနှင့် သက်ဆိုင် သော နေရာဖြစ်သည့် ဗလီများ သည် မည်သူမဆို အချိန်မရွေး နားခို၊ တရား အားထုတ်နိုင်သော နေရာဖြစ်စေသင့် ကြောင်း အကြံပြု ဖော်ပြ ထားသည်။

ကျော်ရဲလင်း
From: Popular Myanmar News Journal 

"ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်"

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်

ထုတ်ပြန်ချက် အမှတ် ( ၃ /၂၀၁၃ )
၁။ ၂ဝ၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ၌ ဖြစ်ပွား ခဲ့သော ပဋိပက္ခများ၏ အကြောင်း အရင်း များကို စနစ် တကျ ရှာဖွေ ဖော်ထုတ် ရန်နှင့် အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ယင်းအစီရင်ခံ စာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၂ဝ၁၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။



 ၂။ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းတွင် အောက်ပါ အချက်များ ပါဝင်သည်ကို တွေ့ရှိ ရပါသည်။



- နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် တရား ဥပဒေ စိုးမိုးရေး အစီ အမံများ ချမှတ် ဆောင်ရွက်ရန် ဖြစ်ကြောင်း။



- နိုင်ငံသားတိုင်း မိမိတို့ ယုံကြည် ရာ ဘာသာ တရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ် ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရရှိ စေရေး အတွက် မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်း ဖော်ဆောင် နေရ ကြောင်း။

- မတူ ညီသော ကိုးကွယ် ယုံကြည်မှု များကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိစေရန် အတွက် အခြေ ခံ အနှစ် သာရသည် ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှုဖြစ်ကြောင်း။

- လွတ်လပ်စွာ ယုံကြည်မှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အစဉ်လေးစား ကာကွယ် ပေးသွား မည်ဖြစ် ကြောင်း။

- ပဋိပက္ခများကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများ အတွက် ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက် ရေး များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုး မကျ မီ အမိုးအကာအောက် အချိန်မီရောက်ရှိရေးကို အလျင်အမြန် အရေးယူ ဆောင် ရွက် သွား မည် ဖြစ် ကြောင်း။

- အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို လုပ်ဆောင် ရန်ဖြစ်ကြောင်း။

၃။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အချက် အလက် များမှာ မြန်မာနိုင်ငံအတွက် အနာဂတ်တွင် ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲ နေထိုင် နိုင်သည့် လူ့ အဖွဲ့ အစည်း တစ်ရပ် ပေါ်ပေါက် လာရေးအတွက် အခြေခံကျပြီး လက်တွေ့ ကျင့်သုံး ရမည့် လမ်းညွန်မှု ဖြစ်သည်ကို တွေ့ရှိရပါ သည်။

၎။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သွားရောက် ခြဲ့ပီးနောက် သတင်း ထုတ်ပြန်ချက် အမှတ် (၄/၂ဝ၁၂) ဖြင့် ထုတ်ပြန်ခဲ့ ရာတွင် အကြမ်းဖက် ကျူးလွန်မှု များ အပေါ် ဥပဒေနှင့်အညီ မှန်ကန် ထိရောက်စွာ အရေးယူ ဆောင်ရွက်ရေး၊ အကြမ်းဖက် ခံရ သူများ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ရေးနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် အပြန်အလှန် ယုံကြည်မှု တည် ဆောက်ရေး၊ အသိပညာ ဗဟုသုတကြွယ်ဝစေရန် ကလေးသူငယ်များ အခြေခံပညာ တတ်မြောက် မှုနှုန်း မြင့်မား ရေး အတွက် အထူးအစီအစဉ် တစ်ရပ်အဖြစ် အမြန်ဆောင်ရွက်ပေးရေးနှင့် နယ်မြေရှိ ဒုက္ခ သည်များ အတွက် အခြေခံလိုအပ်ချက်များတိုးမြှင့်ကူညီပေးရေးတို့ကို ဆောင်ရွက်ကြ ပါရန် တိုက်တွန်း နှိုးဆော်ခဲ့ ပါသည်။

၅။ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟို ကော် မတီ၏ မူဝါဒများ၊ လုပ်ငန်း စဉ်များနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လော့လာအကြံပြုချက်များကို အကောင် အထည်ဖော် ဆောင်ရွက် ရန် အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ (၇)ရပ်နှင့် သက်ဆိုင်ရာ အစိုးရဌာနများက ဆော လျင်စွာ အကောင်အထည်ဖော် ဆောင်ရွက် န် ကော်မရှင်အနေ ဖြင့် အလေး အနက် တိုက်တွန်း အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်

From: Popular Myanmar News Journal 

မရှိဆင်းရဲသားပညာဥာဏ်နည်းသောသူများကို အခကြေးငွေပေးကာ ပဋိပက္ခများ ဖန်တီးနေဟုဆို


 ဖြစ်ပွား ခဲ့သော ပဋိပက္ခများမှာ မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများမှ ပညာဥာဏ်နည်းသော မရှိ ဆင်းရဲသား များကို အခကြေးငွေ ပေးပြီး လှုံ့ဆော်ဖန်တီးနေကြောင်း ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ဆပ်ကော် မတီ(မန္တလေး)မှ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။



 ပဋိပက္ခ ဖန်တီး မှုများ ကြိုတင် ကာကွယ် တားဆီးရေးဆပ်ကော်မတီ(မန္တလေး)၏ လိုအပ်ချက်များနှင့် ရှေ့ဆက် လုပ်ဆောင် မည့် ကိစ္စများအား ဆွေးနွေးတိုင်ပင်ပွဲကိုယနေ့ နေလည့်က ဗြဟ္မစိုရ် အသင်း တိုက် တွင် ပြုလုပ်ခဲ့ပြီး ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေး အသင်းဖွဲ့များ၊ ပါတီ အသီး သီး မှ ပါတီဝင်များ တက်ရောက် ခဲ့ပြီး အသင်း လိုအပ်သည် များကို ဆွေးနွေးတိုင်ပင် ခဲ့ကြသည်။



ပဋိ ပက္ခ ဖြစ်ပွားသည့် နေရာ တိုင်းတွင် ၀င်ရောက် ဖျက်ဆီး သူများမှ မြို့ခံများ ဟုတ်ဘဲ မျက်နှာစိမ်းများ ဖြစ် နေခြင်း၊ အသုံးပြု သည့် တုတ်များမှ ဆင်တူများ ဖြစ်နေခြင်း၊ ဖြစ်ပွားသည့် နေရာ များသို့ လူခြေတိတ် ချိန်တွင် ကား နှစ်စီး သုံးစီး ခန့်ဖြင့် အုပ်စုလိုက် ရောက်လာကာ ဈေးဆိုင်များ၊ ဗလီများ၊ အိမ်များကို ၀င်ရောက် ဖျက် ဆီးခြင်း များကို ခြုံငုံသုံးသပ်ကာ အုပ်စုဖွဲ့၍ပဋိပက္ခဖန်တီးမှုများရှိနေကြောင်း အဆိုပါ ကော်မ တီ မှ တရား လွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ဖိုးလပြည့်
From: Popular Myanmar News Journal 

လမ်းခင်းရန် ဂေါ်ထိုးရာမှ ဗုဒ္ဓဆင်းတုပါ စကျင်ကျောက် တွေ့ရှိ


မြစ်ကြီး နားမြို့ ၊ လယ်ကုန်း ရပ်ကွက်တွင် မေလ ၃ ရက်နေ့က လမ်းခင်းရန် ကျောက်စရစ် ဂေါ်ထိုးသူ ဇနီး မောင်နှံ ၂ ဦးက ကျောက်စရစ် ဂေါ်ထိုးရင်း ဗုဒ္ဓ ဆင်းတုတော် ပုံပါ စကျင် ကျောက်တုံးငယ် တစ်တုံးကို တွေ့ရှိ ခဲ့ပြီး မေလ ၇ ရက်နေ့မှ စတင်ကာ ဘုရားဖူး ပြည်သူများ မပြတ် စည်ကား လျက်ရှိကြောင်း သိရ သည်။



 ဖြစ်စဉ် မှာ လယ်ကုန်း ရပ်ကွက် ၊ နယ်မြေ (၁၂) ၊ ခတ်ချို ကူးတို့ဆိပ်ကမ်း နေ ကိုမောင်မြင့် ၊ မနှင်းဝေ ဇနီး မောင်နှံ သည် လယ်ကုန်း ရပ်ကွက် သောင်ဦး ကျောင်းတိုက် ဆရာတော် ဦးဥတ္တရ၏ တာဝန်ပေး အကူ အညီ တောင်းခံမှု ကြောင့် ရပ်ကွက်တွင်း လမ်းများ ခင်းရန် ဧရာဝတီ မြစ်အတွင်းမှ သဲကျောက်များ ကို နွေရာသီ ကာလ တစ်လျှောက် လုပ်ကိုင် ခဲ့ရာမှ ဧပြီလ ၂၉ ရက်နေ့က ကျောက်စရစ် ဂေါ်ထိုးစဉ်


ဗျက်အကျယ် ၂ လက်မခန့် ၊ အမြင့် ၃ လက်မခန့်ရှိ အဖြူရောင် ကျောက်တုံး တစ်တုံးအား ညီညာမှု မရှိ သော် လည်း ဖယောင်းတိုင် တင်ထွန်းရန် အတွက် သိမ်းဆည်း ထားခဲ့သည်။

 မေလ ၃ ရက်နေ့ တွင် ဖယောင်း တိုင် တင်ထွန်း၍ ၀ိုင်းဖွဲ့ စကားပြောစဉ် ကျောက်ခဲ အတွင်းမှ
ရောင်ပြန်လွှတ် သကဲ့သို့ တွေ့ရှိ၍ ဆပ်ပြာရေ တို့ဖြင့် စင်ကြယ်စွာ ဆေးကြောပြီး ရတနာ ပစ္စည်းဆိုင်မှ ကော်ပတ် ဖြင့် အချော တိုက်ချွတ် ပေးမှ အဆိုပါ ကျောက်အတွင်း ဥာဏ်တော် တစ်လက်မ ပတ်လည်ခန့် ဗုဒ္ဓ ဆင်းတုတော် နှင့် ကြာမှောက် ကြာလှန် ပုံတွင် ထက်ဝယ်ဖွဲ့ ခွေကာ ပလ္လင်၏ နောက်မှီမှာ စက် တော်ရာ ပုံ ၂၄ ပစ္စည်း ပဌာန်း ဒေသနာတော် ပုံကို တွေ့၍ ဆရာတော် ဦးဥတ္တရ ၏ သြ၀ါဒ ကို ခံယူကာ နေအိမ် မင်္ဂလာ မဏ္ဍာပ် ၌ မေလ ၆ ရက်က အပူဇော်ခံ ထားရှိ ခဲ့သည်။

ထိုသို့ ဗုဒ္ဓ ဘုရားရှင် ပုံတော် အား ဖူးတွေ့ ရခြင်းကို ဗုဒ္ဓ ဘာသာဝင် ပြည်သူ အများက သက်ဝင် ယုံကြည် ပြီး မပြတ်လတ်ဘဲ နေ့စဉ် ဖူးမြော် ကြည်ညိုကာ ဗုဒ္ဓ ဘိသေက အနေကဇာ တင်နိုင်ရန် အမြန်ဆုံး ဆောင်ရွက် မည် ဖြစ်ကြောင်း ၄င်းတို့ ဇနီးမောင်နှံ ထံမှ သိရှိရသည်။

From The Myawady Daily

Credit : Here

ရခိုင်လူမျိုးများ လူ့အခွင့်ရေးများ အပြည့်ဝရရှိရန် AHRDO ကူညီမည်

ရခိုင် ပြည်နယ်ရှိ ရခိုင်လူမျိုးများ၏ လူ့ အခွင့် ရေးနှင့် ပါတ်သက်၍ Organisation ရခိုင် လူ့ အခွင့် ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (AHRDO) Arakan Human Rights and Development မှ ကူညီ ထောက်ပံ့ ပေးသွား မည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး က ပြောကြားသည်။


ရခိုင် ပြည်နယ်ရှိ လယ်သမားများ လယ်ယာမြေ သိမ်းဆည်းခံရခြင်း ၊ရွှေဓာတ်ငွေ့ ပိုက်လိုင်း ရပိုင်ခွင့် များနှင့် လူ့ အခွင့်ရေး ချိုးဖောက်ခံရမှုများအား ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ အစိုးရစီမံကိန်း တာဝန် ရှိသူများနှင့် ချိတ်ဆက်ပြီး ရသင့်သော အခွင့်ရေးများကို အပြည့်အ၀ ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း HRDO ဒါရိုက်တာ ဦးအောင်မင်းဦး က မဇ္ဈိမသို့ ပြောကြားသည်။

၎င်းက “ HRDO အနေနဲ့ လယ်မြေသိမ်းတာတွေ ကို အဓိကထားကူညီပေးသွားမှာပါ။ ရခိုင်ပြည်နယ်များ မြေပေါ် မြေအောက် သယံဇာတ တွေပေါတယ် ။ နောက်ပြီးအစိုးရ စိမံကိန်းတွေအတွက် သုသေတန ပြုလုပ် မှုတွေ ကွင်းဆင်းပြီး လုပ်ဆောင်ပေးသွားမှာပါ " ဟု ဆက်လက်ရှင်းပြသည်။

HRDO မှ ရခိုင်လူမျိုးများ၏ အခွင့်ရေးများ ရရှိရန်အတွက် ရခိုင်အမျိုးသားဒိမိုကရေစီ အဖွဲ့ချူပ်နှင့် ချိတ် ဆက် ထားပြီ ဖြစ်သော်လည်း မည်ကဲ့သို့ လုပ်ကိုင်သွားမည်ကို မသိရှိရသေးကြောင်း ရခိုင်အမျိုးသား ဒီမို ကရေစီ အဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ဆိုသည်။

ရခိုင် အမျိုး သား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က “ လူ့အခွင့်ရေး က ရခိုင်ပြည်မှာတင် မဟုတ်ပါဘူး ။ မြန်မာပြည် အနှံ့မှာခံစားနေရကြတာ။ ချွတ်ခြုံကျနေတဲ့ ရခိုင်ပြည်နယ်အတွက် ဒိလို ကူညီ ပေး တာ ကောင်းပါတယ် " ဟု ရှင်းပြသည်။

ရခိုင်ပြည် နယ်တွင် လူ့အခွင့်ရေး နှင့် ပါတ်သက်ပြီး အပြည့်ဝ ရရှိရန်အတွက် ဥပဒေဘောင်ထဲမှ ဆောင် ရွက် သွားရန် လိုပြီး ပြည်နယ် တွင်နေထိုင်ကြသော ပြည်သူ ပြည်သားများ တူညီစွာ လက်တွဲဆောင်ရွက် ရန်လို အပ်ကြောင်း ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က မှတ်ချက်ပြု ပြောကြား သည် ။

ရခိုင် လူ့အ ခွင့်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (AHRDO )ArakanHuman Rights and Development Organisation ကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်း သားများ နှင့် လူငယ်များဆိုင်ရာ အစည်းရုံး တို့မှ ဦးဆောင်၍ ထိုင်း-မြန်မာ နယ်စပ်တွင် ၂၀၁၁ အောက်တို ဘာလတွင် စတင်ဖွဲ့စည်း တည်ထောင် ခဲ့ခြင်း ဖြစ်ကြောင်း AHRDO ကြေငြာချက် အရသိရှိရသည်။

From: Mizzima Burmese