Wednesday, May 8, 2013

ပါတီများအားလုံး ၂၀၁၅ နေရာရရေးထက် လူထုအကျိုးစေတနာရှိစွာ လုပ်ရန်လိုကြောင်း ဦးဌေးဦးဆို


ရွေးကောက်ပွဲဆိုသည်မှာ မဲဆန္ဒရှင် ပြည်သူလူထုမှ မိမိတို့ ၏ အကျိုးဆောင်ရွက်မည့်ပုဂိ္ဂုလ်များ၊ ပါတီများ အားလုံး ယုံကြည်စွာဖြင့် ဆန်္ဒပေးရွေးချယ်တင်မြောက် ခြင်းဖြစ်သဖြင့် ပါတီများ အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးတွင် နေရာရရှိရေးထက် ပြည်သူလူ ထု အကျိုးကိုသာ စေတနာရှိစွာ ရှေ့တန်းထား လုပ် ဆောင်ရန်သာ အဓိကလိုအပ်ကြောင်းနှင့် လူထုအပေါ် အကျိုးပြုနိုင်ဆုံးနှင့် စေတနာအထား နိုင်ဆုံးသော သူများသာ လူထု၏ အသိအမှတ်ပြုခြင်း ခံရမည်ဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။


““၂၀၁၅ ပါတီစုံရွေးကောက် ပွဲကြီးမှာ နေရာရရေးဆိုတာထက် ပါတီတွေအားလုံးဟာ ပြည်သူလူ ထု အကျိုးကို ထိရောက်စွာ လုပ် ကြဖို့လိုမယ်။ လုပ်လည်းလုပ်ကြရ လိမ့်မယ်။ ပါတီတိုင်းဟာ ပြည်သူ လူထု အကျိုးအတွက် အလုပ်လုပ် ဖို့တာဝန်ရှိတယ်။ အဲသလိုလုပ်တဲ့ အခါမှာလည်း ၂၀၁၅ ဆိုတာ ထား၊ စေတနာ ရှိရှိ၊ နည်းမှန်လမ်း မှန်နဲ့ ထိထိရောက်ရောက် ပြည် သူတွေအတွက် လုပ်ပေးကြရလိမ့် မယ်။ ဒါမှ ပြည်သူ လူထုက ယုံ ကြည်မယ်။ အားကိုးချင်လာမယ်။ 


၂၀၁၅ ရွေးကောက်ပွဲဆိုတာက ဘယ်သူက ပြည်သူ့အတွက် ပို လုပ်ပေးသလဲဆိုတာကို လူထုက ရွေးချယ် ပြီး တာဝန်ပေးမယ့်ပွဲ၊ ဒါကြောင့် နေရာကိုဘေးထား၊ လူထုအတွက် စေတနာရှိရှိလုပ်ဖို့ လိုတယ်။ ပါတီတွေ ဟာ သူတို့ရဲ့ ပြည်သူလူထုအကျိုး ဆောင်ရွက် ချက်တွေကို ပြည်သူလူထုကိုတင် ပြီး အဲဒီလူထုရဲ့ ရွေးချယ်မှု နဲ့ လာမယ့်ရွေးကောက်ပွဲကြီးကနေ တစ်ဖန်တာဝန်ပြန်ယူရမယ်။ မြန်မာပြည်သူတွေကလည်း ရင့်ကျက်လာပါပြီ။ သူ့အပေါ် ဘယ် သူကကောင်းသလဲ၊ ဘယ်သူက ဘာလုပ်ပေးသလဲဆိုတာ ကြည့် တက် လာ ပါပြီ”” ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးဌေးဦးက Hot News သို့ပြောသည်။

ဦးဌေးဦး၏ ဆက်လက်ပြော ကြားချက်အရ ယခုကာလသည် ပါတီများအတွက် ပြည်သူလူထု ၏ စမ်းသပ်ခံ ကာလတစ်ခုဖြစ်ပြီး ယင်းကာလ၌ လူထု၏အပေါ် စေတနာသန့်သန့်ဖြင့် ကူညီသူ၊ ရပ်တည်သူ များသာ ၂၀၁၅ ပါတီ စုံအထွေထွေရွေးကောက်ပွဲကြီး၌ ပြည်သူလူထု၏ စိတ်ချယုံကြည် စွာ တာဝန်ပေးအပ်ခြင်း ခံရမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

Credit : Here

လယ်သမားဘ၀တွေ မြှင့်တင်ပေးနိုင်မယ့် ဥပဒေသစ်ဟာ အခုလပိုင်းအတွင်း ပြီးစီးတော့မှာဖြစ်

လယ်သမားတွေရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်ဖို့ ရည် ရွယ် ရေးဆွဲနေတဲ့ ဥပဒေသစ်ဟာ အခုလ ပိုင်း အတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့ ပြည်သူ့ လွှတ် တော် ဥက္ကဌ သူရဦးရွှေမန်းက ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ အခုလိုပြောကြားခဲ့ တာပါ။


ဒီပွဲကို အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီရေးအဖွဲ့ USAID က ဦးဆောင်ကျင်းပတာဖြစ်ပြီး လယ်သမား ဘ၀တွေ မြှင့်တင်ပေးနိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် USAID အနေနဲ့လည်း လိုအပ်တာတွေကို ဝိုင်းဝန်းအကြံဉာဏ်ပေးဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုပါ အကူညီတွေပေးဖို့ သူရဦးရွှေမန်းက ဖိတ်ခေါ် လိုက်ပါတယ်။

ဒီကနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး၊ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မယ်ချယ်နဲ့ USAID အဖွဲ့က တာဝန် ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

RFA

Credit : Here

(၉၆၉)ကိုစော်ကားတဲ့ ကုလားကို အရေးယူထားပြီ

ကျုံမငေး- မေ(၄) ရက်။

ဧရာဝတီတိုင်း၊ကျုံမငေးမြို့မှာ ၉၆၉ကို ဆဲရေး တိုင်းထွာ စော်ကားမှုတစ်ခု ဖြစ်ပွာခဲ့ပါတယ်။ (၄-၅-၂၀၁၃)ရက်နေ့မွန်းတည့် ၁၂း၀၀ ခန့်မှာ ဖြစ်ပွား ခဲ့တာပါ။ ဆဲရေးတိုင်းထွာသူမှာ ကျုံမငေးမြို့၊ အုန်းပင်င်္ဂါရာမရပ်ကွက်နေ မွတ်ဆလင်ကုလား ရခူ (ခ)မြဝင်း (၃၈)နှစ် ဖြစ်ပြီး သူ့အိမ်ထဲမှာ ဘဲ ကော် ဆဲနေတာပါ။


ပထမဆဲဆိုသံပဲ ကြားရပြီး ဘယ်သူ့ကို ဆဲမှန်းမသိလို့ ရပ်ကွက်က ကြည့်နေကြတာပါ။ နောက်ပိုင်းကျမှ ဗမာတွေ (၉၆၉)တွေကို နာမည်တပ်ပြီး တိုက်ရိုက်ဆဲတာပါ။

“ဗမာတွေကို -ီးပဲ ထင်တယ်”။

“(၉၆၉)လည်း -ီးပဲ ထင်တယ်”

“(၇၈၆)က အရင်ပေါ်တာ”

“(၉၆၉)က ခုမှပေါ်တာ”

“ငယ်ငယ်ကတည်းက ဓားကောက်ကိုင်ပြီးမွေးလာတာ။ (၁)ယောက်နှင့် (၅)ယောက် လဲပစ်လိုက်မယ်။”

မွတ်ဆလင်ရခူ အားရပါးရ ဆဲရေးနေချိန်မှာ တစ်ရပ်ကွက်တည်းနေ ကိုကျော်မင်း(၉၆၉) အတွင်းရေးမှူးက ရဲကိုဖုန်းဆက်တိုင်လိုက်လို့ အုပ်ချုပ်မှူးနှင့် ရဲသုံးယောက် ရောက်လာပြီး ရခူအိမ်ထဲ ဝင်ဖမ်းပါတယ်။“ကိုယ့်အိမ်ထဲကို ကိုယ်ဆဲတာ ဘာဖြစ်လဲ ဘာလို့အဖမ်းခံရမှာလဲ”-လို့ အော်ဟစ် ငြင်းဆန် နေလို့ စခန်းမှူး ကိုယ်တိုင် လာဖမ်းပါတယ်။ စခန်းမှူးကိုလည်းငြင်းဆန်နေလို့ ငါကိုယ်တိုင်လာဖမ်းတာ အဖမ်းမခံ လို့ မရဘူးပြောပြီး အတင်းဝင်ဖမ်းခဲ့ရပါတယ်။

ချက်ချင်းဘဲဝါးခယ်မ ရဲစခန်းကို ပို့လိုက်ပြီး ၂၉၄၊ ၂၉၅(က)နှင့် တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။ ရခူဟာသူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့ဖူးတဲ့ ကျေးဇူးကို အထောက်မငဲ့ညှာဘဲ စက်ရုံကျောင်းတိုက်ထဲကို စာတွေပစ်ကာ ခြိမ်းခြောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ရခူဆဲတာကိုမျက်မြင်သက်သေ လုပ်တဲ့သူတွေထဲမှာ မူဆလင် တစ်ယောက်လည်းပါပါတယ်။ သူ့နာမည်က မှတ်ကြီးပါ။ကျန်နှစ်ယောက်ကတော့ ဗမာတွေဖြစ်ပြီး ဆိုက်ကားသမား တရုတ်ကြီးနှင့် ဆယ်အိမ်မှူး ဦးကျော်ဌေးတို့ဖြစ်ကြပါတယ်။

မူဆလင်အချင်းချင်းသက်သေလိုက်ရကောင်းလား ဆိုပြီး မှတ်ကြီးအိမ်ကို ဝိုင်းကြလို့ ရဲတွေအစောင့် ချထား ရပါတယ်။မှတ်ကြီးအိမ်ကို ဝိုင်းတဲ့အထဲမှာ ရခူရဲ့ ဆွေမျိုးများပါဝင်ပြီး “သူများတွေ ရမ်းတုန်းက ဘာမှ မဖြစ်ဘူး။ ရခူ ရမ်းမှအဖမ်းခံရတယ်။ တစ်ကွေ့မကြုံ တစ်ကွေ့ကြုံဦးမှာပါလို့” ရခူရဲ့အမ ဒေါ်အသေးမိနှင့် ယောက်ဖ ဦးကာသီတို့က ဖုန်းဆက်တိုင်ကြားသူ (၉၆၉)အတွင်းရေးမှူး ကိုကျော်မင်းကို ကြိမ်းမောင်း နေကြောင်း သိရပါတယ်။ သက်သေထွက်ဆိုသူကိုမှတ်ကြီးရဲ့ ခံယူချက်က ကိုယ်ဖြစ်ကိုယ်ခံပဲ။ သူတစ် ယောက် အတွက်နဲ့ အဓိကရုဏ်းအဖြစ်မခံဘူးဆိုတာပါပဲ။ မြန်မာနိုင်ငံရဲ့အလံတော်အောက်မှာ မှီတင်းနေ ထိုင်ပြီး မြန်မာနိုင်ငံရဲ့ အရိပ်အာဝါသကို ခိုလှုံနေ သူတိုင်းမူဆလင်သက်သေ ကိုမှတ်ကြီးလို ခြေမမကောင်း ခြေမ လက်မမကောင်းလက်မ သဘောထားပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ ကိုမှတ်ကြီးက သက်သေ ပြလိုက်တာပါ။ ဆဲရေးတိုင်းတွာသူ ရခူဟာ စက်ရုံဓမ္မရိပ်သာ ကျောင်းတိုက်ကို ဝင်ထွက်သွားလာလေ့ ရှိပြီး၊ စက်ရုံကျောင်းတိုက်မှဆရာတော်က စားစရာကျွေးမွေးရုံတင်မကဘဲ သူ့မိသားစုအတွက်ပါ ထည့်ပေး ခဲ့ဖူး တယ် လို့ဆိုပါတယ်။

သင်္ကြန်ရက်အတွင်းကလည်း ကျုံမငေးမြို့မှာ မြန်မာမိန်းကလေးတစ်ယောက်ကို ကာယိနြေ္ဒပျက် အောင် စော်ကားခဲ့တဲ့အမှုတစ်ခု ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ရေလောင်းတာကိုရိုးရိုးတန်းတန်း မလောင်းပဲ ကောင်မလေးရဲ့ အင်္ကျီရင်ဘတ်ကို ဖွင့်ပြီး ငုံ့ကြည့်ရင်း ရေလောင်းတာတွေ့ရလို့ ဗမာတွေက ဝိုင်းဝန်း တားမြစ်ခဲ့ရကြောင်း၊ အဝေးရောက်မှ ဗမာတွေကို ဆဲပြီး ထွက်ပြေးကြကြောင်း၊ ဗမာတွေက လိုက်တော့ ကုလားရပ်ကွက်ထဲ ဝင်ပြေးခဲ့ကြောင်း၊ အောင်ဝင်းမြင့် (ခ)အီဗရာဟင်နှင့်ကမား(ခ)အနိုင်တို့ ဖြစ်ကြောင်း၊ ၄င်းတို့ နှစ်ယောက်လုံးကို ၂၉၄၊ ၃၅၄၊ ၃၅၆၊ ပုဒ်မတို့ဖြင့်ဖမ်းဆီးအရေးယူထားကြောင်း သိရပါတယ်။

တစ်ခြားဆဲရေးတိုင်းတွာတဲ့ အမှုတစ်ခုလည်း ဖြစ်ခဲ့ဖူးပါတယ်။

(၉၆၉)အဖွဲ့တရားနာဖို့ သွားတာကို မူဆလင်တစ်ယောက်က “ခွေးလည်ပက်တွေနဲ့ခွေးတရားပွဲ သွားနေ ကြတာလို့”- စောင်းမြောင်းပြောတာကို မခံရပ်နိုင်သူတွေက ထိုးမယ်၊ကြိတ်မယ်လုပ်ကြလို့ (၉၆၉)ခေါင်းဆောင်များနှင့် အုပ်ချုပ်ရေးမှူးတို့က ပြန်တောင်းပန်ခိုင်းလို့ကျေအေးသွားခဲ့ကြတယ်လို့ သိရပါတယ်။

၃-၃-၂၀၁၃-ရက်နေ့တုန်းကလည်းကျုံမငေးမြို့မှာ ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။

ကျုံမငေးမြို့၊မြို့မရပ်၊ ကန်းနားလမ်းနေ ဦးမောင်မောင်မြတ်၊ ဒေါ်ခင်စောထွေး အိမ်ကို မြောင်းမြခရိုင်ရုံးမှ စ-အ-ဖ-အဖွဲ့က ဝင်ရောက်ရှာဖွေပါတယ်။ ချဲရောင်းတယ် တိုင်းကြားလို့ ဝင်ရှာတာပါတဲ့။

ညနေ(၄)နာရီလောက်က ဝင်ရှာတာ ညမိုးချုပ်တဲ့ အထိပါပဲ။ ဒါပေမဲ့ ဘာအထောက်အထားမှ မတွေ့ခဲ့ ပါဘူး။ ဦးမောင်မောင်မြတ်ဟာ ချဲမှုနဲ့ ထောင်ကျခဲ့ရဖူးပြီး ထောင်မှထွက်လာကတည်းက ချဲမရောင်း တော့တာ(၂)နှစ်ကျော် (၃)နှစ်ခန့်တောင် ရှိပြီလို့ သိရပါတယ်။ ကျုံမငေးတိုက်ငယ်နှင့် ဝါးခယ်မမြို့နယ် အဖွဲ့မပါဘဲ ခရိုင်အဖွဲ့က ရှောင်တခင် လာရောက်ရှာဖွေတဲ့ အပေါ် မကျေနပ်လို့ (၉၆၉)အဖွဲ့ကအိမ်ရှေ့မှာ စုရုံးပြီး တစ်ယောက်တစ်ပေါက် ဟစ်အော်ပြောဆိုခဲ့ကြပါတယ်။

“ကုလားတိုင်တိုင်း ဒီလိုလုပ်ရမလား။ မြန်မာအချင်းချင်းဒီလိုလုပ်ရမလား”-လို့ အော်ဟစ်ပြောကြတာပါ။

ကျုံမငေးရပ်မိရပ်ဖများနှင့် အာဏာပိုင်များရှေ့မှာ ရှာဖွေပုံစံအတိုင်း ဝင်ရောက်ရှာဖွေရာ ဘာမှမတွေ့ရှိ ခဲ့ကြောင်း လက်မှတ်ထိုးပြီး စ-အ-ဖ ပြန်သွားမှ လူစုကွဲသွားတာပါ။ (၉၆၉)ခေါင်းဆောင်တို့က စ-အ-ဖ အဖွဲ့ကို ကျုံမငေးမြို့အဝင် ဆိုင်းဘုတ်အထိ လိုက်ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

တိုင်ကြားသူကုလားနှစ်ယောက်မှ ကျုံမငေးမြို့ ကန်းနားလမ်းနေ ဦးအီစွပ် အသက်(၄၀)နှင့် (လေလံဆွဲသူ)နှင့်မြမာလာရပ်ကွက် အမှတ်(၅)လမ်းနေ၊ ဦးအောင်ကျော်ဦး အသက်(၄၀)နှစ် (လယ်ပိုင်ရှင်)တို့ ဖြစ်ကြောင်း သိရပါတယ်။

(၇၈၆)ဂဏန်းပေါ်တာနှစ်ပေါင်း(၇၀)ကျော်ရှိခဲ့ပါပြီ၊ ရွှေမြန်မာတို့က ဘာမှ ရပ်မလုပ်ခဲ့ကြပါဘူး။ (၉၆၉)ပေါ်လာမှအဆဲခံရ အခြောက်ခံရနဲ့ ရန်လိုခံနေရတာပါ။

ဘာပဲပြောပြော(၉၆၉)ဂဏန်းက ငြိမ်တယ်နော်...။ ဘယ့်သူ့သွားမေးမေး ဘယ်စာအုပ်သွားကြည့်ကြည့် ဘုရားဂုဏ်တော်(၉)ပါး၊တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါးဆိုတာပဲ တွေ့ရမှာပါ။

တစ်ပြည်လုံးတစ်သာသနာလုံးမှာမှ တစ်လေတည်း တစ်သံတည်းပဲ ထွက်တာပါ။ (၇၈၆)လို တစ်ယောက် တစ်ပေါက် အထောက်အထားမဲ့စွာ အသံအမျိုးမျိုး ထွက်ပေါ်နေခြင်းမျိုး မရှိရပါနော်။ (၇၈၆)ကိုလည်း လွတ်လပ်စွာ သုံးစွဲကြပါ။ (၉၆၉)ကိုလည်း လွတ်လပ်စွာ သုံးစွဲခွင့် ပြုကြပါဗျာ။ ဒါ...(၉၆၉)ကို ဦးထိပ် တင်ထားတဲ့ အမိမြေပဲ မဟုတ်လား။

စုံစမ်းရန်= 

၀၄၂-၆၅၃၂၀ (ကျုံမငေးရဲစခန်း)

၀၉-၄၂၂၅၂၀၆၆၆(စခန်းမှူး)

၀၉-၄၂၂၅၀၅၇၈၀(၉၆၉)ဥက္ကဋ္ဌ။

၀၉-၄၉၇၂၂၆၅၂(၉၆၉) ဥက္ကဋ္ဌ။

Credit : Here

မဆင်မခြင် ရေးသားမှုအတွက် Eleven Media ကို တရုတ် သံရုံး သတိပေး၊ Eleven Media ၏ Network လုံခြုံရေး အနာဂါတ် အလားအလာ မကောင်းနိုင်

မဆင်မခြင် ရေးသားမှုအတွက် Eleven Media ကို တရုတ် သံရုံး မှ သတိပေး သည့် ကြေညာ ချက်တစ်ခုကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် တစ်ပတ်အကြာက အသေအချာ မစုံစမ်း ပဲ မဆင်မခြင် ရေးသားခဲ့သည့် သတင်းအတွက် သတိပေးထားခြင်း ဖြစ်ပြီး ယခင်ကလည်း Eleven ခေါ်ယူ ရှင်းပြ ခဲ့ဖူး ကြောင်း သိရသည်။


သတိပေးခံရမှုနှင့် ပတ်သက်၍ Eleven Media မှ မြန်မာနိုင်ငံသတင်းစာလွတ်လပ်ခွင့်ကို ထိပါးသည်ဟု စကားလုံးကြီးတွေ ပြောလျှက်ရှိပြီး ဟီလာရီကလင်တန် လာစဉ်က မြန်မာမီဒီယာသမားများကို ခွေးနှင့် နမ်းခိုင်း ခြင်းဖြင့် စစ်ဆေးစဉ်ကတော့ အသံတစ်ခွန်းမှ မထွက်ပဲ ပါးစပ်ပိတ်နေခဲ့သည်။ အကယ်၍ အမေရိကန်မဟုတ်ပဲ အာရှနိုင်ငံတစ်ခုခုမှ ထိုကဲ့သို့ စစ်ဆေးပါက ယခုကဲ့သို့ ပင် မြန်မာနိုင်ငံ သတင်းသမားများအား ဘာဖြစ်ကြောင်း၊ ညာဖြစ်ကြောင်း ပြောမည်မှာ အသေအချာဖြစ်သည်။


ဒါ့အပြင် Express Times သတင်းထောက်အား NLD လုံခြုံရေးသမားမှ ကိုယ်ထိ လက်ရောက် ဆောင့် တွန်းချိန်များ နှင့် ဇာဂနာ မှ "မီဒီယာသမားတွေ -ီးပဲ" ဟု ဆဲဆိုခဲ့ချိန် တွင်လည်း Eleven မှ ဘာ မှ မပြော ခဲ့ခြေ။

ယခုကဲ့သို့ သံရုံးမှ တရားဝင်ကြေညာချက်ဖြင့် သတိပေးခံရခြင်းကြောင့် Eleven Media ၏ Network လုံခြုံရေး အနာဂါတ် အလားအလာ မကောင်းနိုင် ဟု မြန်မာ့အရေးကျွမ်းကျင်သူများက သုံးသပ် လျှက် ရှိကြောင်း သတင်းရရှိသည်။




From:MEG

နေ့ခင်းမှာ မျက်လုံးတော်ပွင့်ပြီး ညဘက်မှာ မျက်လုံးတော်ပိတ်သွားတဲ့ ဘုရားဆင်းတုတော်

တမြန်နေ့က အဲ့သတင်းကြားလို့ ဘန်ကောက်က သူငယ်ချင်းတစ်ယောက် ကိုတောင် ဖုန်းဆက်မေး မိသေး တယ်။ ခု ဖေ့စ်ဘုတ်အကောင့်တစ်ခုမှာ သတင်းတက်လာတာတွေ့လို့ ကူးယူတင်လိုက် ပါတယ် ခင်ဗျား။


မဟာချိုင်မြို့၊ ဘန်ကကျောက်၊ ၀ပ်နန်းမူရ်း ဘုန်းကြီးကျောင်းအတွင်းမှာ ကိုးကွယ်ထားတဲ့ ဆင်းတုတော်တစ်ဆူဟာ နေ့လည်ပိုင်းတွေမှာ မျက်လုံးပွင့်ပြီး ညပိုင်းရောက်ရင် မျက်လုံးမှိတ်သွားတယ်လို့ ဒီရက် ပိုင်းတွေ မှာ နာမည်ကြီးနေပါတယ်။ အဲ့ဒီဘုရားဆင်းတုတော်ကို ဘုန်းကြီးကျောင်းထဲမှာ ကိုးကွယ်နေတာ (၇) နှစ်လောက် ရှိပါပြီ။ ခုလို မျက်လုံးတော်ဖွင့်/ပိတ်ဖြစ်နေတာကတော့ (၃) ရက်လောက်ပဲရှိပါသေးတယ်။ သူ များတွေ ပြောပြောနေပေမဲ့ သိပ်မယုံကြည်တာမို့ ဒီနေ့ညနေပိုင်းမှာတော့ ကိုယ်တိုင် သွားကြည့်ဖြစ် ပါတ ယ်။

ဘုရားဖူးလာတဲ့လူတွေကတော့ တြိတ်တြိတ်တိုးပါပဲ။ ညနေပိုင်းအလင်းရောင်ရှိတဲ့အချိန်မှာ ဘုရား ဆင်း တုတော်ကို ဓာတ်ပုံတွေရိုက်ထားပြီး မှောင်တဲ့အချိန်ထိ စောင့်ပြီး ထပ်ရိုက်ပါတယ်။ တကယ်ပဲ ညမှောင် လာတော့ ဘုရားဆင်းတုတော်ရဲ့ မျက်လုံးတွေ ပိတ်သွားတာကို အံ့သြဖွယ်ရာ ဖူးတွေ့လိုက်ရပါတယ်။ Facebook ပေါ်က သူငယ်ချင်းတွေကိုလည်း ရိုက်လာတဲ့ ဓာတ်ပုံတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။ မှောင် ရီ ပျိုးလာတာနဲ့မျက်လုံးတော်မှာ တဖြည်းဖြည်းမှေးလာပြီး ညသန်းခေါင်အချိန်ဆိုလျှင် လုံးဝ ပိတ် သွားေ ကြာင်း ဘုန်းကြီးကျောင်းမှ ဆရာတော်က ရှင်းပြပါတယ်။

From: Myintzu Zaw

“ရိုဟင်ဂျာ အမည်ခံပါတီဝင်နှင့် ပါတီများ အရေးယူမည်”

နိုင်ငံရေးပါတီများ အတွင်း ရိုဟင်ဂျာဟု မိမိကိုယ်မိမိ သတ်မှတ်ထားသူများ ရှိကြောင်း သက်သေ အေ ထာက် အထား ပြနိုင်ပါက ယင်းပါတီအား ဖျက်သိမ်း သည် အထိ ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မ ရှင်မှ အရေး ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မေလ ၅ ရက်တွင် နေပြည်တော်ရှိ သမ္မတ လယ်တောရိပ်သာ၌ နိုင်ငံတော် သမ္မ တနှင့် နိုင် ငံရေး ပါတီ များ တွေ့ ဆုံစဉ် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယင်း သို့ ပြောကြား ခဲ့သည်ဟု တွေ့ ဆုံပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။

“ရိုဟင်ဂျာ ဆိုပြီးတော့ သူတို့ဟာ သူတို့ ပြောတဲ့သူ ပါတီမှာရှိတယ်ဆိုရင် အဲဒီပါတီက အဲဒီလူကို ပါတီကနေ ထုတ် ပယ်ပေးရမယ်။ အဲလိုထုတ်ပယ်မပေးဘူး ဆိုရင် အဲဒီပါတီကို ဖျက်တဲ့အထိ အရေးယူမယ်လို့။ အဲလို ပွင့်ပွင့်လင်းလင်း သူ(ဦးတင်အေး) ပြောတယ်”ဟု ဦးကျော်မြင့်က ဆိုသည်။

ထို့ပြင် ရိုဟင်ဂျာအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၌ နိုင်ငံရေးပါတီ မှတ်ပုံလာတင်ပါက လက်ခံ မည်မဟုတ်ကြောင်း ဦးတင်အေးက ရှင်းပြခဲ့သည်ဟု ဦးကျော်မြင့်က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ နိုင်ငံသားဖြစ်မှု ကို ပြည် လည် စစ်ဆေး မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာ ခဲ့သည်။

From: 7Day Daily

၁၅-၂၄ လူငယ်တွေ နိုင်ငံရေးလုပ်သင့်သလား (မောင်ဝံသ)

လူငယ်တွေ နိုင်ငံရေး လုပ်သင့်သလား။

တချို့က လူငယ်တွေဟာ ပညာဆည်းပူးခြင်းနဲ့ အသက်မွေးဝမ်းကျောင်း အလုပ် လုပ်ခြင်းမှာပဲ အာရုံစိုက် သင့်တယ်လို့ ပြောခဲ့ကြဖူးတယ်။ ထင်ရှားတဲ့ အဆိုရှင် နှစ်ယောက်ကတော့ စစ်ဗိုလ်ချုပ်ဟောင်း နိုင်ငံရေးသမားကြီး သခင်အောင်ကြီး (ပေါင်းတည်)နဲ့ စာရေးဆရာကြီး ဦးအောင်သင်းတို့ ဖြစ်ပါတယ်။

သူတို့က အသက်အရွယ်အပိုင်းအခြားမပါဘဲ လူငယ်တွေလို့ပဲ ပြောခဲ့တာဆိုတော့ နိုင်ငံရေးကို ဘယ် အချိန် အခါမှာ လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် မတွေ့ရပါဘူး။


တစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေး

ကျွန်တော်ကတော့ လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ်၊ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေး ဖြစ်ရပ် ကြီးတွေ ဖြစ်ပွားလာရင် နိုင်ငံသားတိုင်း ကျရာနေရာက ပါဝင်ထမ်းဆောင်သင့်တယ်လို့ ယုံကြည်ပါတယ်။ ဥပမာ နယ်ချဲ့ တော်လှန်ရေး၊ ဖက်ဆစ် တော်လှန်ရေး တွေမှာ အသက် ၁၄-၅ နှစ်သားအရွယ်လောက်နဲ့ သခင်အသင်းဝင်ပြီး ပါဝင်ထမ်းဆောင်ခဲ့သူတွေ အများကြီး ရှိခဲံ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး တုန်းကလည်း အလယ်တန်းကျောင်းသားလေးတွေကအစ ပါဝင်ခဲ့ကြတာ မှတ်မိပါသေးတယ်။ ခုချိန် ကျတော့ သူတို့တွေထဲက တချို့ဆိုရင် လက်နက်ကိုင်တော်လှန်ရေးသမား ဖြစ်နေသူတွေ၊ ပြည်ပတက္က သိုလ် တွေမှာ ဘွဲ့လွန်တွေရပြီး အမိနိုင်ငံပြန်လာသူတွေ၊ ပြည်တွင်း ပြန်ဝင်လာပြီး နိုင်ငံရေးဆက်လုပ် နေသူတွေ၊ ပြည်ပမှာပဲ အခြေစိုက်ပြီး နိုင်ငံရေးဆက်လုပ်နေသူတွေစသည်ဖြင့် ဘ၀အသီးသီးမှာ ကျင် လည်နေ ကြတာ တွေ့ရပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေး

တိုင်းပြည်တစ်ပြည်ရဲ့နိုင်ငံရေးမှာ လူငယ်တွေရဲ့ နိုင်ငံရေး နိုးကြားမှု၊ နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှုဟာ အနာဂတ်အတွက် အလွန် အရေးကြီးပါတယ်။ ]]ယနေ့ လူငယ် နောင်ဝယ် လူကြီး}} ဆိုတဲ့စကား ရှိတယ်။ တစ်နေ့ သူတို့ လူကြီးတွေ ဖြစ်လာမှာ၊ လူကြီးနေရာတွေမှာ တာဝန်ယူကြ ရမှာ။ လူငယ်တွေကို အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေလို့ တင်စားပြီး ပြောကြတာ အပိုတွေပြောနေ တာမဟုတ်ဘူး။ ဒီနေ့ တိုင်းပြည်မှာ နိုင်ငံရေး လုပ်နေကြတဲ့ အသက် ငါးဆယ်ကျော် ခြောက်ဆယ်ကျော် လူကြီးတွေ နောင် အနှစ် သုံးလေးဆယ်ဆိုရင် ဒီနေရာတွေမှာ မရှိကြတော့ဘူး။ ဒီနေ့ အသက် နှစ်ဆယ် အစိတ် အရွယ်တွေက အဲဒီအချိန်မှာ အစားထိုး တာဝန်ယူကြရတော့မှာ။ သည်တော့ လူငယ်တွေဟာ ရှောင်လို့ကို မလွတ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ရတော့မှာပဲ။

လုပ်သင့်မလုပ်သင့်

ဒီနေရာမှာ နှစ်ပိုင်းခွဲပြီး ပြောဖို့တော့ လိုမယ်ထင်တယ်။ လူငယ်တွေ နိုင်ငံရေးလေ့လာသင့်တဲ့ အပိုင်းရယ်၊ နိုင်ငံရေးလုပ်သင့် မသင့် အပိုင်းရယ်။ 

လူငယ်တွေ နိုင်ငံရေးလေ့လာဆည်းပူးသင့်တယ်ဆိုတာကိုတော့ အချိန်မရွေးမျက်စိမှိတ်ပြောလို့ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေဟာ တစ်သက်လုံး မိဖလုပ်စာ ထိုင်စားနေကြမှာ မဟုတ် ဘူး။ တစ်သက်လုံး လူငယ်ဘ၀က မကြီးပြင်းဘဲ နေမှာ မဟုတ်ဘူး။ သူတို့ဟာ ရပ်ရေးရွာရေးတွေမှာ နောက်လိုက်နေရာကဖြစ်ဖြစ်၊ ခေါင်းဆောင်နေရာက ဖြစ်ဖြစ် ပါဝင်ကြရမယ်။ ရွေးကောက်ပွဲတွေမှာ အရွေး ခံသူမဟုတ်ရင်တောင် မဲပေးသူတွေ ဖြစ်လာမယ်။ အရွေးခံတာပဲဖြစ်ဖြစ်၊ မဲပေးတာပဲဖြစ်ဖြစ် နိုင်ငံရေးပဲ။ နိုင်ငံရေးကို သာမန်အသိနဲ့ကို အထိုက်အလျောက် နားလည်နေမှ မဲဆန္ဒပေးတဲ့အခါ မှန်မှန်ကန်ကန် မဲပေး တတ်မှာဖြစ်တယ်။ နိုင်ငံရေးဆိုတာ တိုင်းရေးပြည်ရေးပဲ။ လွတ်လပ် မျှတ ရွေးကောက်ပွဲတွေရှိလာချိန်မှာ မှန်မှန်ကန်ကန် မဲပေးခြင်းဟာ နိုင်ငံရေးပဲ။ လူငယ်ဆိုတာ အဲဒီအလုပ်တွေကို တစ်နေ့မှာ သူတို့ကိုယ်တိုင် လုပ်ကို လုပ်လာကြရမယ်။

ခြေစုံပစ် ၀င်လုပ်ကြရင်

နိုင်ငံရေးဆိုတာ နာမည်ကိုက ရှင်းနေတယ်။ ကိုယ့်အရေးထက် နိုင်ငံ့အရေးကို ဦးစားပေးလုပ်နိုင်မှ နိုင်ငံရေးလုပ်တယ်လို့ ပြောနိုင်တယ်။ သည်တော့ လူငယ်တွေ နိုင်ငံရေးကို ကာယကံမြောက် ၀င်လုပ် ကြရင် သူတို့ဟာ ကိုယ့်အရေးထက် နိုင်ငံ့အရေးကို အာရုံစိုက်ကြရမယ်။ တစ်ဖက်ကလဲ ပညာသင်ကြား ရေးကိုလုပ်ရဦးမယ်။ ပညာရေးပြီးဆုံးရင် အလုပ်အကိုင် လုပ်ကြရဦးမယ်။ ဘယ်လမ်းကိုရွေးမလဲ။ လူငယ်တွေ ပညာမသင်လို့ မဖြစ်ဘူး။ အလုပ်မလုပ်လို့မဖြစ်ဘူး။ လူငယ်အများစုကြီးသာ အသက်မွေးဝမ်း ကျောင်းအလုပ်မလုပ်ဘဲ နိုင်ငံရေးကို ခြေစုံပစ် ၀င်လုပ်ကုန်ကြရင် ဘယ်လိုနေမလဲ၊ စဉ်းစားကြည့်လိုက် ရုံနဲ့ မြင်သာပါတယ်။ ဒါကြောင့် လူငယ်တွေ နိုင်ငံရေးလုပ်သင့်မသင့်ကို စဉ်းစားရင် အတော်သိမ်မွေ့ နက်နဲတဲ့ ခေါင်းစဉ်တစ်ခုအဖြစ် စဉ်းစားဖို့လိုတယ်။

အရင်လုပ်ရမှာနဲ့ နောက်လုပ်ရမှာ

နိုင်ငံရေးလုပ်သူဟာ မိသားစု စားဝတ်နေရေးကို တာဝန်ယူ နေရရင် နိုင်ငံရေးလုပ်ရတာ စိတ်ဖြောင့်မှာ မဟုတ်ဘူး။ ဒါကြောင့် သခင်အောင်ဆန်း တို့ နိုင်ငံရေးလုပ်ကြတော့ နိုင်ငံရေးကို စိတ်ဖြောင့်ဖြောင့် လုပ်နိုင်အောင် သူဌေးသမီးတွေရှာယူကြရင် ကောင်းမယ်လို့ ရယ်စရာ အဖြစ်ပဲ ဖြစ်ဖြစ် စဉ်းစားခဲ့ကြဖူး တယ်လို့ စာထဲမှာ ဖတ်ဖူးတယ်။ ဒါဟာ တကယ်ကတော့ လူ့ကျင့်ဝတ်ဆိုင်ရာ ပြဿနာ တစ်ခုလည်း ဖြစ်တယ်။ မိသားစု တာဝန် ယူခြင်းဟာ မလွှဲမသွေ ထမ်းဆောင်ရမယ့် လူ့တာဝန် ဆိုတာကို မငြင်းနိုင်ဘူး။ တိုင်းပြည်အကျိုးကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ခြင်းဟာလည်း မွန်မြတ်တဲ့အလုပ်လို့ ဆိုတယ်။ ဒါကို လည်း မငြင်းနိုင်ဘူး။ လူငယ်တွေဟာ အမှန်တရားနှစ်ခုရှိရာမှာ နှစ်ခုစလုံးကိုတော့ တစ်ပြိုင်တည်း ရွက် ဆောင်နိုင်ကြမှာ မဟုတ်ပါဘူး။ အရင်လုပ်ရမှာနဲ့ နောက် လုပ်ရမှာ ရွေးကြရလိမ့်မယ်။

၂၂နှစ်သား နိုင်ငံရေးသမား

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း သခင်အသင်းဝင်ပြီး နိုင်ငံရေးကို ခြေစုံပစ်ဝင်လုပ်တဲ့ ၁၉၃၇-၃၈ လောက်က သခင်အောင်ဆန်းဟာ အသက် ၂၂နှစ်သား၊ လူငယ်တစ်ယောက်ပဲ။ သခင် အောင်ဆန်းနဲ့ ခေတ်ပြိုင်လူငယ်တွေဟာ ဗြိတိသျှလက်အောက် ကျရောက်နေတဲ့ မြန်မာပြည်ကို လွတ်လပ် ရေး ရအောင် တိုက်ပွဲဝင်ရမယ်ဆိုတဲ့ အရေးတော် (national cause) တစ်ခုကို ဦးလည်မသုံ သတ်မှတ် ချက် ရှိတယ်။ ဖက်ဆစ်ဂျပန် လက်အောက် ကျရောက်ခဲ့ချိန် ကျတော့ အဲဒီခေတ်လူငယ်တွေမှာ ဖက်ဆစ် တွေကို မောင်းထုတ်ရေးဆိုတဲ့ အရေးတော် ရှိနေပြန်တယ်။ အဲဒီ အရေးတော်ရဲ့ လှုံ့ဆော်မှု စေ့ဆော်မှုနဲ့ လူငယ်တွေ နိုင်ငံရေးလုပ်ကြတာပဲ။

နောက်တွန့်နေခဲ့ကြသူတွေ 

မျက်မှောက်ကာလမှာ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆိုတဲ့ အရေးတော် ရှိပေမယ့် လူငယ်အတော်များများဟာ ပညာရေးလုံးပမ်း နေရတာနဲ့၊ စားဝတ်နေရေးလုံးပမ်းနေရတာနဲ့ ၊ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မိသူတွေရဲ့ ကြေကွဲစရာအဖြစ်တွေကို တွေ့နေရတာနဲ့ နောက်တွန့် နေခဲ့ကြတယ်။ ယနေ့လူငယ် အများစုဟာ နိုင်ငံရေးကို စိတ်ဝင်စားမှုတော့ ရှိကောင်းရှိနိုင်တယ်။ ကာယကံ မြောက် နိုင်ငံရေးလုပ်ဖို့တော့ စိတ်မကူးရဲကြဘူးလို့ ထင်ပါတယ်။

ပညာရေးထူးချွန်ပေါက်မြောက်ဖို့

ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ်၊ နိုင်ငံရေးကို ကာယကံမြောက် ၀င်မလုပ်နိုင်သေးတဲ့တိုင်အောင် လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စား သင့်တယ်။ နိုင်ငံရေးကို လေ့လာဆည်းပူးသင့်တယ်။ နိုင်ငံရေးကို နားလည် နေသင့်တယ်။ ဒါတော့ အတိအကျ ပြောလို့ရတယ်။ လူငယ် YOUTH ဆိုတဲ့ အသက်အရွယ် အပိုင်းအခြားကို ၁၉၈၅ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂက အသက် ၁၅နှစ်နဲ့ ၂၄ နှစ်ကြားလို့ သတ်မှတ်ခဲ့တယ်။ ကျွန်တော့် သဘောကတော့ သခင်အောင်ဆန်းတို့ နိုင်ငံရေးလုပ်တဲ့ ခေတ်ကလို နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး စတာမျိုးတွေမှာ ပါဝင်ထမ်းဆောင်စရာ မလိုတဲ့အချိန်ကာလ ဆိုရင် လူငယ်အများ စုဟာ ပညာရေးမှာ ထူးချွန်ပေါက်မြောက်ဖို့ ပထမ ကြိုးစားသင့်တယ်။ ပြီးတော့ အလုပ်ခွင်မှာ တီထွင်ကြံဆ သုတေသနပြုပြီး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနိုင်သူတွေ ဖြစ်လာဖို့ ကြိုးစားသင့်တယ်။ အဲဒီနောက် မိမိတို့ရဲ့ သားသမီးတွေကို ပညာရေးတာဝန်ယူရတာ ပြီးဆုံးလောက်တဲ့ အချိန်၊ မိမိရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းမှာလည်း စားဝတ်နေရေးအတွက် အထိုက် အလျောက် အာမခံချက်ရှိတဲ့အချိန်ကျတော့မှ နိုင်ငံ ရေးကို အချိန်များများ ပေးပြီး လုပ်သင့်တယ်လို့ ယူဆပါတယ်။

ခေါင်းဆောင်မျိုးဆက်သစ်

ဒီမိုကရေစီပန်းတိုင် မရောက်သေးချိန်မှာ လူငယ်တွေတင်မက နိုင်ငံသားတိုင်း နိုင်ငံရေးကို စိတ်ဝင်စား သင့်ပါတယ်။ လက်တွေ့နိုင်ငံရေး ၀င်လုပ်ဖို့ကတော့ မိမိကိုယ်ကိုယ် ၀မ်းစာပြည့်အောင် ဖြည့်ပြီးမှ နိုင်ငံ ရေး ၀င်လုပ်ကြစေချင်တယ်။ သို့မှသာ တိုင်းပြည်အနေနဲ့ အရည်အချင်း ပြည့်မီတဲ့ ခေါင်းဆောင်မျိုးဆက် သစ်ကို ရမယ်လို့ ယုံကြည်တယ်။ နို့မို့ဆိုရင်ဖြင့် ခုတလော လွှတ်တော်ထဲ အိပ်ငိုက်နေတဲ့ လူတွေလို အလှောင်အပြောင်ခံရတဲ့ ဝေလေလေအဆင့်တွေပဲ များနေပါလိမ့်မယ်။

၀၄ ၀၅ ၁၃
maungwuntha@gmail.com
ပြည်သူ့ခေတ်ဂျာနယ် ၀၈ ၀၅ ၂၀၁၃ ထုတ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

လယ်ယာကဏ္ဍ ပစ္စည်းတွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးလိုက်ပြီ




မြန်မာအစိုးရက လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးဖို့အတွက် လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေ၊ စက်ကိရိယာ တွေ၊ ဓာတ်မြေသြဇာတွေကို ပြည်ပကို တင်ပို့တာ၊ ပြည်တွင်းကို တင်သွင်းတာ၊ ပြည်တွင်းမှာ ထုတ်လုပ် ရောင်းချ တာတွေနဲ့ ပတ်သက်ပြီး ကျသင့်တဲ့ ကုန်သွယ် လုပ်ငန်းခွန်ကို တနှစ်တာအတွက် ကင်း လွတ်ခွင့် ပြုလိုက် ပါတယ်။  လွန်ခဲ့တဲ့ မေလ ၂ ရက် နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘဏ္ဍာရေး နဲ့ အခွန် ၀န်ကြီး ဦးဝင်းရှိန် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ အမိန့်ကို ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိပါ တယ်။ 

ဝန်ကြီး ဦးဝင်းရှိန်ဟာ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ရဲ့  ပူပူနွေးနွေး ဥက္ကဌတာဝန်ယူထားသူ လည်း ဖြစ်ပါတယ်။ 


 မြန်မာ့အလင်း သတင်းစာ

အခုလို ကုန်သွယ်လုပ်ငန်း အခွန် ကင်းလွတ်ခွင့် ပေးလိုက်တဲ့အတွက် လယ်သမားတွေ အမှန်တကယ် အကျိုးရှိလာမလား၊ နိုင်ငံတော် အတွက် အကျိုး ရှိလာမလား၊ ဒါမှ မဟုတ် လုပ်ယာ လုပ်ငန်းရှင်ကြီးတွေ အဖြစ် လုပ်ကိုင်နေကြတဲ့ ခရိုနီကြီးတွေ အကျိုးရှိလာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 


Credit : http://blog.irrawaddy.org/2013/05/blog-post_8.html

ပျော်ဘွယ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးစေချင်(ပေးစာ)

သို့
           ပြည်သူ့ပေးစာကဏ္ဍမှတာဝန်ခံအရာရှိကြီးများခင်ဗျား

ကျွန်တော်ကတော့ပျော်ဘွယ်မြို့နယ်၊ ကျီရွာအုပ်စုမှာနေပါတယ် ။ ကျွန်တော်တို့နိုင်ငံတော်ကြီးကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝ တဲ့ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် ကမ္ဘာမှာရပ်တည်နိုင်ပြီ ဖြစ်သော် လည်း အချို့အချို့သောနယ်မြေမြို့ရွာများတွင် ခေတ်မီဖွံ့ဖြိုးမှု အရမ်းနောက်ကျနေခြင်း များရှိနေသေး ပါကြောင်းတင်ပြလိုပါတယ်။

ကျွန်တော်တို့မြို့နယ်အတွင်းမှာအုပ်စုအားဖြင့် (၈၃)အုပ်စုရှိပါတယ် အုပ်စုအတော်များများ လျှပ်စစ်မီး မရရှိ သေး၊ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်သေးပါသဖြင့် စီးပွားရေးဖွံ့ဖြိုးမှု အရမ်းနောက်ကျနေပါသည်။

လယ်ယာမြေ အားဖြင့်လည်းပေါများကောင်းမွန်ပါသည် သို့သော်လည်း လယ်ယာမြေများအတွက် သောက် သုံးနိုင်မည့် ရေလုံလောက်စွာရေပေးဝေ နိုင်ရန်ရှေးယခင်က တူးဖော်ထားသော မင်းသားကြီးဆည်မှာ လည်း ယခုအခါပြုပြင်မွမ်းမံမှု အားနည်းပါသောကြောင့် ရေလုံလောက်စွာ မရရှိသေးပါကြောင်း၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ ဖူလုံ စွာရရှိမည်ဆိုပါက ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးလာမည်မှာ ဧကန်မုချ ပင်ဖြစ်ပါကြောင်း။

သို့ပါသောကြောင့် မည်သို့လုပ်ဆောင်ရမည်ကို လမ်းညွှန်ပေးပါရန်နှင့် ကူညီဆောင်ရွက်ပေး နိုင်မည့် သူများထံ ပေးပို့တင်ပြပေးပါရန် လေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။

Credit : eMail သို့ပေးပို့လာ၍ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါသည်။

သနားလို့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပေမယ့် ပါးစပ်စည်းကမ်းမရှိတဲ့ နေမျိုးဇင် ထောင်ဒဏ် ၃ လမှ ၆ နှစ်ပြောင်း

၂၀၁၁ ခုနှစ် အတွင်းက အီလက်ထ ရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင် ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ် ခံခဲ့ရတဲ့ နေမျိုးဇင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ် လာသူ ဖြစ်ပါတယ်။

ထောင်ကလွတ်ပြီးတဲ့ နောက်မှာ ပြည် ထဲရေးမှ ရဲတပ်ဖွဲ့ဝင်များကို ဆဲခြင်း၊ အစိုးရနှင့် တပ်မတော်အပေါ် စော် ကား ခြင်း၊ လယ်သမားများကို သွေး ထိုး၍ ဆူပူမှုများ ဖြစ်စေခြင်းတို့ကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။


ထိုသို့ပြုလုပ်ရာမှာ စည်းဘောင်ကျော်လာသည့် အတွက် ရဲတပ်ဖွဲ့မှ တရားစွဲခဲ့ပြီး ဒဏ်ငွေ(သို့) ထောင်ဒဏ် (၃)လ ကျခံစေခဲ့ရာမှာ ထောင်ဒဏ်(၃)လကို ရွေးချယ်ကြောင်း ကြေငြာခဲ့ပြီး မအူပင်ထောင်ကို ရောက်ရှိ သွားပါတယ်။

ထောင်သို့ ရောက်ပြီး မကြာခင် မိဘနှင့် ထောက်ပံ့သူများက ၄င်းအတွက် ဒဏ်ငွေဆောင်ပြီး ထောင်ဝမှာ သွား ကြိုချိန်မှာတော့ နေမျိုးဇင် အတွက် ၀မ်းသာစရာ သတင်းကောင်းကို သိခဲ့ရပါတယ်။

အဲဒါကတော့ ခံဝန်တွေ ချိုးဖောက်ပြီး တာဝန်ရှိသူတွေကို စော်ကားတဲ့ အတွက် ယခင်ပြစ်မှုများအတိုင်း ထောက်ဒဏ် ၆ နှစ် ကျခံစေဆိုတဲ့ အမိန့်ပါပဲ။

ဒါဟာ မည်သည့် အစိုးရနှင့် ဖြစ်ဖြစ်၊ မည်သည့် အချိန်ကာလ ဖြစ်ဖြစ် ၊ မရှိလျှင် မဖြစ်သည့် အဖွဲ့အစည်း များ အပေါ် စော်ကားပါက ယခင်ပြစ်မှု မကင်းသူတွေ ရင်ဆိုင်ရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်များ လည်း မကြာမှီ လာပါတော့မည်။

FROM-NAY MIN 

အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း MAI မှ ပထမဆုံးပြည်တွင်းခရီးစဉ်ပြေးဆွဲသွားမည်

ယခင်က အာရှနိုင်ငံတွင်းခရီးစဉ်များကိုသာ ပြေးဆွဲနေ သော အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း လိုင်း MAI သည် မေလ(၂၆) ရက်နေ့မှစတင်ကာ ပထမဆုံး ပြည်တွင်းခရီးစဉ်ပြေးဆွဲတော့ မည်ဖြစ် ကြောင်း MAI မှ တရားဝင်ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရ သည်။ ထိုကဲ့သို့ပြည်တွင်း၌စတင်ပြေး ဆွဲမည့်ခရီး စဉ်မှာ ရန်ကုန်-မန္တလေး၊မန္တလေး-ရန်ကုန်ခရီးစဉ်ဖြစ်ပြီး ရန်ကုန်မြို့မှမနက်(၆)နာရီ(၃၀)မိနစ် ထွက်ခွာ မည်ဖြစ်ပြီး မန္တလေးသို့ (၇)နာရီမိနစ်(၄၀)အချိန်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေးမြို့မှ မွန်းလွဲ(၂)နာရီ စတင်ထွက်ခွာပါက ရန်ကုန်မြို့သို့ မွန်းလွဲ(၃)နာရီ(၁၀)မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည့်အတွက် လေ ယာဉ် ပျံသန်းမှုကြာမြင့်ချိန်သည် ခရီးစဉ်တစ်ခုကို(၁)နာရီ(၁၀)မိနစ်ခန့်သာ အချိန်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။မေလ(၂၆)ရက်နေ့တွင် စတင်ပြေးဆွဲမည့် ရန်ကုန်-မန္တလေးခရီးစဉ်အတွက် AIR Bus A-319 လေယာဉ်နှင့် အပတ်စဉ်အင်္ဂါ၊ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့ တွေမှာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

FROM-SKYNET TV BROWSER

မြန်မာနိုင်ငံ ဘာသာရေးအကြမ်းဖက်မှု Dalai Lama ဝေဖန်

မြန်မာနိုင်ငံတွင်းမှာ ဘာသာရေးခေါင်းစဉ်နဲ့ သတ်ဖြတ် မှုတွေ ဖြစ်ခဲ့တာဟာ အင်မတန်ကို ၀မ်းနည်း စရာ ကောင်းပါ တယ်လို့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) က ပြောပါတယ်။ မူဆလင် လူမှု အသိုင်းအ၀ိုင်း အပေါ်မှာလည်း စိတ်ခံစားမှုတွေ ဖြစ်လာတဲ့အခါမှာ ဗုဒ္ဓမြတ်စွာဘုရားကို သတိရကြဖို့ ကိုလည်း တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။


အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် မယ်ရီလန်းတက္ကသိုလ် မှာ မနေ့တုန်းက လုပ်တဲ့ ဟောပြောပွဲအတွင်း မြန်မာနိုင်ငံတွင်း ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေအပေါ်မှာ အခုလို မှတ်ချက်ပေး ဟောကြားသွားတာပါ။ အန်န၀ါ ဆဒတ် (Anwar Sadat) ကို အမှတ်တရ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဟောပြောပွဲတွေ အတွင်း နိုင်ငံတကာက ခေါင်းဆောင်တွေ ဘာသာရေး ခေါင်းဆောင်တွေကို ဖိတ်ခေါ် ဟောကြားစေခဲ့ရာမှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) လည်း တတ်ရောက်ဟောကြားခဲ့တာပါ။

လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားချက်တွေအပေါ်မှာ ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်နိုင်မလဲ ဆိုတဲ့ အချက်ကို အဓိကထား ဟောပြောသွားရင်း ကမ္ဘာ့နေရာ အတော်များများမှာ ဘာသာရေး ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်တဲ့အပေါ်မှာ ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) က ဝေဖန်သွားခဲ့ပါတယ်။

အဲ့ဒီမှာ မြန်မာနိုင်ငံတွင်း မူဆလင်လူမှုအသိုင်းအ၀ိုင်းကို ဗုဒ္ဓဘာသာဝင်တွေက အကြမ်းဖက်မှုတွေဟာ အင်မတန် ၀မ်းနည်းစရာကောင်းတယ်လို့ ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) က မိန့်ပါတယ်။

“ဘာသာရေးခေါင်းစဉ်တပ်ပြီး လူတွေကို သတ်ဖြတ်နေတာကို စဉ်းစားလို့ကို မရပါဘူး။ တကယ့်ကို အတော်လေး ၀မ်းနည်းစရာ ကောင်းပါတယ်။ အခုကာလမှာ ဒါမျိုးတွေကို မြန်မာနိုင်ငံနဲ့ သီရိလင်္ကာ နိုင်ငံတွေမှာ တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ မူဆလင် ဗလီတွေကို ဖျက်ဆီးတာ၊ မူဆလင်မိသားစုတွေကို တိုက်ခိုက်တဲ့ ကိစ္စတွေပါ။”

ဘာသာရေး ခေါင်းစဉ်ခံပြီး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ နေရာအတော်များများ မှာ နိုင်ငံရေးနဲ့ ဆက်နွယ်ပတ်သက်ပုံရပြီး၊ ဒါဟာ ဘာသာရေးကိစ္စ မဟုတ်ဘူးလို့ လည်း ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) က မိန့်ပါတယ်။

ဒါကြောင့်လည်းပဲ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စတွေမှာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မုန်းတီးမှု ခံစားချက်တွေ ဖြစ်လာရင် ဗုဒ္ဓမြတ်စွာဘုရားကို သတိရပါလို့ သူက တိုက်တွန်းပါတယ်။

“ဒါတွေဟာ အတော်လေး ၀မ်းနည်းစရာ ကောင်းပါတယ်။ ကျနော်ပြောခဲ့ဖူးပါတယ်။ ဗုဒ္ဓဘာသာ ညီအကိုတော်တွေ မောင်နှမတွေအနေနဲ့ မူဆလင်အသိုင်းအ၀ိုင်းအပေါ်မှာ မကျေမနပ် စိတ်ခံစားမှုတွေ ရှိလာတဲ့အခါမှာ ဗုဒ္ဓမြတ်စွာကို သတိရကြပါ။”

အန်န၀ါ ဆဒတ် (Anwar Sadat) ကို အမှတ်တရပြုတဲ့ အဲ့ဒီ ဟောပြောပွဲတွေမှာ ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) အပြင်၊ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲးလား (Nelson Mandela)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Kofi Annan)၊ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ (Jimmy Carter)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မန်ဒရင်း အောဘရိုက် (Madeleine Albright) စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဟောပြောခဲ့ဖူးပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေ တဲ့ ဘာသာရေး အခြေခံတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အရင်တုန်းကလည်း ဝေဖန် ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်း မိတ္ထီလာအရေးအခင်း ဖြစ်ပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မြန်မာနိုင်ငံ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေအနေနဲ့ ဗုဒ္ဓမြတ်စွာရဲ့ မိန့်ကြားချက်တိုင်း မေတ္တာတရား ထားပြီး ခွင့်လွှတ်သည်းခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မိမိရဲ့ စိတ်ထဲမှာ စိတ်ခံစားမှု ပြင်းထန်လာပြီး သတ်ဖြတ်လိုစိတ် ဖြစ်လာရင် ဗုဒ္ဓတရားကို လက်ကိုင်ထားဖို့ နဲ့ ဗုဒ္ဓမြတ်စွာရဲ့ နောက်လိုက်တွေဆိုတာ မမေ့ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ 

Credit : Here

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဖို့ တိုင်းရင်းသားများအား မတိုက်တွန်းခဲ့ပါကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်မှဆို

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့် ခမ်းမြို့နယ် ပန်ဆေး ဒေသ တွင်းရှိ ခိုလုံလီရှော့၊ ရှမ်း၊ ပလောင်အစရှိ သည့် တိုင်းရင်းသား များ စုပေါင်းကာ ရှင်သာမဏေ ၀တ်ခြင်း၊ ဗုဒ္ဓဘာသာ ခံယူခြင်းကို မေလ (၄) ရက် နေ့ မှ (၅) ရက်နေ့ထိ ကျင်းပ ပြုလုပ် ခဲ့တဲ့ ပွဲသည် တိုက်တွန်းခြင်း ကြောင့် ဖြစ်လာသည့် ပွဲမ ဟုတ် ပါကြောင်း သာသနာရေး ၀န်ကြီးမှ ဆိုပါသည်။


တိုင်းရင်းသား ယဉ်ကျေးမှု ဥက္ကဋ္ဌဦးကျော်မြင့်မှ ဦးဆောင်ကျင်ပကာ တောင်ပေါ်ပန်းဆေး ဒေသရှိ တိုင်းရင်းသား (၃) သောင်း ကျော်ဗုဒ္ဓဘာသာဝင်ဖြစ်လာရခြင်း အပေါ်မိမိအနေဖြင့် တိုက်တွန်း ပြော ဆိုခြင်း တစ်စုံ တစ်ရာ မရှိခဲ့ပါ ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြိးဦးဆန်းဆင့်မှ ဆိုပါ သည်။ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူကြလို့ “ကြိုဆိုပါတယ်” ဘာသာရေးအရပြောရရင်သာဓုခေါ် ပါပေတယ်။ သို့သော် ဒီပွဲကြီးဖြစ် လာရခြင်းနှင့် ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဘယ်သူကိုမှ မင်းတို့ ဗုဒ္ဓဘာ သာဝင် အဖြစ် ခံယူကြ ပါလို့လုပ်ခိုင်းပြီး ဖြစ်လာတဲ့ပွဲ မဟုတ်ဘူး။ 

ဒီနယ်အကြောင်းကို အနည်းအကျဉ်းပြောပြမယ်။ ဗုဒ္ဓ ဘာသာ မဟာ ယာန ဆရာတော် သာသနာ ပြုလုပ်တဲ့ နေရာ မှာတော့ မဟာ ယာန ကိုးကွယ်ကြတယ်။ တချို့လမ်းပန်းဆက်သွယ်မှုမရှိတဲ့ နေရာတွေ ကြတော့ လည်း တိတိ ကျကျ ကိုးကွယ်သည့် ဘာသာ အယူ မရှိကြဘူး။ မဟာယာန ဆရာတော် တွေက လည်း သူတို့နဲ့ လက်လှမ်း မီ သလောက်တော့ သာသနာပြု လို့ရတာပေါ့။ 

အလှမ်း ကွာဝေးတဲ့ နေရာ တွေကျတော့ ဘယ်ရောက် နိုင်ပါ့မလဲ။ အခုသိသိသာသာဖြစ် လာတာဟာ လမ်းပန်း ဆက်သွယ် မှုဖြစ်လာပြီး တိုင်းရင်းသားတွေ ဟာလည်းပွင့်လင်းလာတယ်။ ဘာသာရေး ဆိုတဲ့ အမြင်တွေ မြင် လာကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကနေ ဒီပွဲလုပ်ပြီး ကျွန်တော် တို့ကို ဖိတ်တာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ မှမဟုတ်ပါဘူး ဘယ်လူမျိုးမဆို ဘယ်ဘာသာကိုမဆိုကိုးကွယ်လို့ ရပါ တယ်။ အခုတိုင်းရင်းသားတွေ ဟာလည်းပဲ သူတို့စိတ်ကြိုက်သူတို့ ရွေးချယ်ခွင့်လေ့လာခွင့်တွေတာမို့ တိုက် တွန်းခြင်း မရှိကြောင်း ဗုဒ္ဓဘာသာခံယူပွဲတွင် ရှင်းလင်း သွားကြောင်း သိရှိရသည်။ 

စိုးဝင်းနိုင်
From: The Hot News 

တာမွေရာပြည့်ဈေးအသစ်ပြန်ဆောက်မည့်ကိစ္စ စည်ပင်မှ ပွင့်လင်းစွာဖြင့် တိကျသော ကတိက၀တ်ပေးရန် ဈေးသူ/ဈေးသားများတောင်းဆို

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ပုဂ္ဂလိက ဆောက် လုပ်ရေး ကုမ္ပဏီ တစ် ခုဖြစ်သော မောင်ကောင်းကျော် ကုမ္ပဏီ အကျိုး တူ ပူးပေါင်းတည် ဆောက်မည် ဖြစ်သော တာမွေရာ ပြည့်ဈေး သစ် ကြီး အတွက် မူလ ဈေးသူ/သား များအား တာမွေ အခွန်လွတ်ဈေးအနီး ယာယီဈေး အဖြစ် သတ်မှတ်ကာ နေရာချ ထားမှုပြုလုပ်ခဲ့ပါသော်လည်း ဈေးသစ်ကြီးတည်ဆောက်ပြီး ဆိုင်ခန်း သစ်များအား ဈေးသူ/ ဈေးသား များ အတွက် နေရာပြန် ချပေးနိုင်ရန် စည်ပင်မှ ခိုင်မာ သော ကတိက၀တ်တစ်စုံတစ်ရာ မပေးသည့် အတွက် ယင်းအား တောင်းဆိုပါကြောင်း တာမွေ ရာပြည့်ဈေးသူ၊ ဈေးသားများက တောင်းဆို သည်။


ကျွန်မ တို့ ဈေးသူ၊ ဈေးသား တွေအနေနဲ့ တာမွေမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်း ဆွေကို တင်ပြထား တယ်။ ဘာလို့လည်းဆိုတော့ စည်ပင်နဲ့ ကုမ္ပဏီနဲ့ပေါင်းပြီးလုပ် လို့ မူလဈေးသူ၊ ဈေးသား တွေ လမ်းဘေးရောက်သွားတဲ့ သာဓက တွေအများကြီးရှိတယ်။ ဒီလိုမျိုး တာမွေမှာလည်း ဖြစ်ဖူး တယ်။ နောက် ကမ္ဘာအေး၊ ဂမုန်းပွင့် ဆောက်တုန်းကလည်း မူလအဲဒီ နေရာက ဈေးသည်တွေခမျာ ဘာနေရာ မှပြန် မရဘဲ ဂမုန်းပွင့် ကြီးက ထီးထီးကြီးပေါ်လာ၊ ဈေး သည်တွေမှာတော့ ဂမုန်းပွင့် အနောက်ကို ရောက် သွားပြီး ဈေး တန်းလေးလိုဖြစ်သွားခဲ့တယ်။ အဓိက ကျွန်မတို့လိုချင်တာက ဘယ် အချိန် ရောက် ရင် မူလဆိုင် ခန်းရှင်တွေကို နေရာပြန်ချပေး မယ်။ ဒါကို အာမခံပါတယ်ဆိုတဲ့ ကတိက ၀တ်တစ် ခုခုပဲ။ ဒါကို ပြီး စလွယ်ပါးစပ်နဲ့ပြောလို့တော့ ကျွန်မတို့လက်မခံနိုင်ဘူး။ ခိုင်မာ တိကျတဲ့ စာချုပ်စာ တမ်းတစ် ခုခု နဲ့ ပေးမှကျေနပ်မယ်””ဟု ဈေးသူ၊ ဈေးသားတစ်ဦးက Hot News သို့ ပြောကြားသွားသည်။

တာမွေ မဲ ဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ် လဲ့လဲ့ဝင်း ဆွေကလည်း ဈေးသူ၊ ဈေးသား များ အတွက် ယာယီ နေရာချထားပေးပါသော်လည်း ဈေးသစ်ကြီးပြီးသည့်နောက် နေရာရရှိရန် ခိုင်မာ သော ကတိ က၀တ်ပြုရန်လိုကြောင်း ထိုသို့ မဟုတ်ပါက ဈေးသူ၊ ဈေးသား အချို့နေရာမဲ့သွားသော သာဓက များအရ ရာပြည့်ဈေးသူ၊ ဈေး သားများ မည်သို့မျှ စိတ်ချမ်းသာ မှုရှိနိုင်မည်မဟုတ်ကြောင်း ပြော ကြား ခဲ့ပြီး တရားလွှတ်တော် ရှေ့ နေပြီး ဦးသန်းအောင်ကလည်း စည်ပင်အနေဖြင့် ဆိုင်ခန်းများအား ငှားရမ်း စာချုပ် အရ ငှားရမ်းထား သော်လည်း ယင်း၏လုပ်ငန်း သဘာဝအရ လိုအပ်၍ပြန်လည် သိမ်းမည် ဆိုပါက လည်း ငှားရမ်း စာချုပ်ဖြစ် သိမ်းခြင်းမရ အစား ပြန်ပေးရမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

ခန့်ခန့်(ဒဿနိက)
From: The Hot News 

ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်

ကလောမြေပြိုမှု လူသေဆုံးမှုများ

ကလောမြို့နယ် ရွှေတွင်း ရေကြီး မှု ကြောင့် သေဆုံးသူ ဦးရေဟာ နောက် ဆုံး ရရှိတဲ့ သတင်းတွေ အရ အနည်း ဆုံး ၁၈ ဦးထိ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ တကယ်တမ်း သေ ဆုံးသူဟာ ဒီထက် မက များနိုင် ကြောင်း ဒေသခံတွေက ပြောပါ တယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက် သူတွေ ကို ရွှေတူးဖော်ရာ လုပ်ကွက်အတွင်းကို ၀င်ခွင့်မပေးတာကြောင့် အတိအကျ သတင်း ရရှိဖို့ လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူတွေက ပြောပါတယ်။ ဒီသတင်း အပြည့် အစုံကို ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က စုံစမ်းပြီး သတင်း ပေးပို့ ထား ပါတယ်။


မေလ ၁ ရက်နေ့ သန်းခေါင်ချိန်လောက်မှာ မိုးများပြီး ရေကြီးခဲ့တာကြောင့် ကလောမြို့နယ် ရွှေတောင် ကြား ရွှေတူးဖော် ရေး လုပ်ကွက်မှာ ရွှေတူးဖော်ရေး လုပ်သားအနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကူညီ ကယ် ဆယ်ရေး လုပ်ဆောင် သူတွေက ပြောပါတယ်။


“၁၆ ဦးက ကျနော်တို့ ကလောမြို့နယ်တွင်းမှာ သေဆုံးသူပေါ့ ၁၆ ဦး။ အဲ့ဒါပဲ ကျနော်တို့ ရထားတယ်ခင်ဗျ။ ဒါပေမဲ့ ကြား ထဲမှာ ၂ ဦးကျန်သေးတယ်ဆိုတော့ ၂ ဦးက ဒီဘက်ကို မသယ်လာတော့ဘူး။ ၂ ဦးကို ဟိုမှာပဲ သင်္ဂြိုဟ် မယ်ဆိုတဲ့ အနေအထားမျိုး။ ဘာလို့လဲဆိုတော့ ရက်က အတော်ကြာသွားပြီလေ။ ၁ ရက်နေ့ ကတည်းက ဖြစ်တာဆိုတော့ ဒီဘက်သယ်လာဖို့က အခက်အခဲ ဖြစ်နေတယ် အဲ့ဒါကြောင့်။”

ဒါက တော့ ကလောမြို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဦးသိန်းဇော် ပြောသွားတာဖြစ်ပါတယ်။ ဒဏ်ရာရသူကတော့ ကလောဆေးရုံမှာ ၃ ယောက် နဲ့ တောင်ကြီးဆေးရုံမှာ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်သာ စာရင်းရရှိပေမဲ့ အမှန်တကယ် သေဆုံးသူဟာ ၄၀၊ ၅၀ လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြောင်း ဦးသိန်းဇော် က အခုလို ဆက်ပြောပါတယ်။

“ဒီက လုပ်ကွက်မှာ လုပ်သားအားလုံး ၄ သောင်းကျော်လောက်ရှိပါတယ်။ အဲ့တော့ ရေကြီးမှု ဖြစ်သွား တဲ့ အချိန် မှာ ရွာသားတွေ ပြောတာက တကျင်း တကျင်းကို ဆင်းနေတဲ့ လုပ်သားတွေက ၁၀ ဦးရှိတယ်။ ၁၅ ဦးရှိ တယ်။ ညဘက် ဆင်းနေတဲ့ဟာတွေလည်း ရှိတယ်။ ကျင်းတော်တော်များများက ထိသွားတာကိုး။ ရွာသား တွေ အပြောအရက အနည်းဆုံး ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့က အခုက စုံစမ်းလို့လည်း မရဘူးဗျာ။”

သေဆုံးသူ စာရင်းဟာ ကလောမြို့နယ်အတွင်း သယ်ယူလာတဲ့ စာရင်းပဲဖြစ်ပြီး သာစည်မြို့နယ်ဘက်က ရွှေတူး ဖော်ရေး လုပ်ကွက်က သေဆုံးမှုစာရင်းကိုတော့ မသိရသေးကြောင်းနဲ့ ရေနစ်မြုပ်ခဲ့တဲ့ ရွှေတူး ဖော်ရေး လုပ်ကွက်အတွင်းကို ပြင်ပက ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေနဲ့ သတင်း မီဒီယာ အဖွဲ့ တွေ ကို ကုမ္ပဏီ အာဏာပိုင်တွေက ၀င်ရောက်ခွင့် မပေးကြောင်း ဦးသိန်းဇော် က ပြောပါတယ်။

အခြား ဒေသခံ ကူညီရေးဆောင်ရွက်သူတယောက်လည်း သေဆုံးသူဦးရေကို အခုလို ခန့်မှန်းပါတယ်။

“အာရှ ကမ္ဘာ မြေ ကုမ္ပဏီ လက်အောက်က ရွှေတောင်ကြားလုပ်ကွက်ထဲမှာ အင်းပေါင်း ၂၃ အင်းရှိတယ်။ အဲ့ဒီနေ့က အင်းပေါင်း ၂၃ အင်းမှာ မတော်တဆ ထိခိုက်မှုဖြစ်သွားပြီးတော့ ၄ အင်းကတော့ ကယ်ဆယ် တော့ လုံးဝ လွတ်တယ်ပေါ့နော်။ ကျန်တဲ့အင်းတွေကတော့ အဲ့လိုမျိုး နွံတွေ၊ သဲတွေ အကုန်ပြည့် သွားတယ် ဆိုတော့ အဲ့ဒီအချိန်မှာ အကုန်လုံး အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီအင်းထဲမှာရှိတဲ့သူ အကုန်လုံး ကတော့ လစ်မှာပဲဗျ။ အဲ့လိုမျိုး။ ဖြစ်တာက သူတို့ ည ၁ နာရီခွဲနဲ့ ၂ နာရီကြားထဲမှာ ဖြစ်တာဆိုတော့ အဲ့ဒီ အချိန် က အလုပ်လုပ်နေတဲ့ အချိန်ကြီးဗျ။ အလုပ်လုပ်နေတဲ့ အချိန်ကြီးမှာ ၂၃ အင်းရှိတဲ့အထဲမှာ ၄ အင်း လွတ် တယ် ဆိုတော့ ၁၉ အင်းပေါ့ဗျာ။ ၁၉ အင်း၊ တကျင်းကို ၁၀ ယောက်နှုန်းနဲ့ပဲ တွက်ပါဦး။ အနည်း ဆုံးတော့ ၁၀၀ ကျော်မှာပေါ့ အဲ့လိုမျိုး။”

သူပြောတဲ့ အင်း ဆိုတာကတော့ ရွှေတွင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကလောမြို့နယ်အတွင်းက ရွှေတွင်း တွေဟာ အနည်းဆုံး ပေ ၃၀၀ ကျော်လောက် နက်ပြီး မြေအောက်မှာ လှိုင်ခေါင်းတွေနဲ့ ရွှေတူး ဖော်နေတာ ဖြစ်ပါတယ်။ ဒီတွင်းထဲကို ဆင်းပြီး ရွှေတူးမယ်ဆိုရင် မြေပြင်ပေါ်က အောက်ဆီဂျင် ရယူပြီး မှသာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။

ရွှေတွင်း လုပ်ငန်းမှာ လုပ်ကိုင်သူအများစုဟာ ဒေသခံ ကလောနယ်သားတွေထက် မြန်မာပြည် အလယ် ပိုင်း ဒေ သက လာရောက် လုပ်ကိုင်သူတွေက အများစုဖြစ်ပါတယ်။ ဒါကြောင့် ပျောက်ဆုံးသူစာရင်း ရယူဖို့ အခက် အခဲရှိတာ ဖြစ်တယ်လို့ ဒေသခံကူညီသူတွေက ပြောပါတယ်။

ကလောမြို့နယ်အတွင်းက ရွှေတောင်ကြား ရွှေတူးဖော်ရေးလုပ်ကွက်ဟာ ရှေးယခင်ခေတ်ကတည်းက တပိုင် တနိုင် တူးဖော်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခုလို ရွှေတူးဖော်ရေး ကုမ္ပဏီတွေက အင်နဲ့အားနဲ့ လုပ်ကိုင် လာတာ တော့ တနှစ်ကျော်ကျော်သာ ရှိသေးတာ ဖြစ်ပါတယ်။


From: VOA