Monday, May 6, 2013

မြန်မာပြည်တွင် သွေးကင်ဆာရောဂါကို(၁၀)ရက်အတွင်းပပျောက်သွားအောင်ကုသပေးနိင်

မြန်မာပြည့်ရဲ့ ကျက်သရေ အရှိဆုံးသတင်း လေးတစ်ခု ကိုပြောပြချင်ပါတယ်။အဲ့ဒါကတော့သွေးကင်ဆာရောဂါကို(၁၀)ရက် အတွင်း ပပျောက်သွားအောင် ကုသပေးနိင် ခဲ့တဲ့ ဆရာမလေးနှစ်ယောက်ရဲ့လိပ်စာကို ပြောပြချင်ပါတယ်။ ဆရာဝန်မလေးနှစ်ယောက်ရဲ့ ပြောပြချက်အရ ဒီရောဂါ ကို ကုသနိင်အောင် ကိုရီးယား နိင်ငံ တောတောင်ထဲမှာ ရရှိ ထားတဲ့ တိုင်းရင်းဆေးနဲ့ ကုသနိင်ခဲ့တာဖြစ်ပါတယ်။ အခု ကုသပေးတဲ့ဆရာ ဝန်မလေးနှစ်ဦးကတော့ ဆင်းရဲရှာ ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ကြိုးစားမှုက ယနေ့ကမ္ဘာပေါ်မှာဘယ်သူမှ မကုသနိင်သေးတဲ့ပညာရပ်တစ်ခု ပါ။ သွေးကင်ဆာရောဂါကို သွေးလုံးဝသွင်းစရာမလိုပဲဆေးကုသချိန် ၁၀ရက်အတွင်း ပပျောက်အောင် ကုသပေးနေပြီးဖြစ်ကြောင်းနှင့် ဆရာမ လေးနှစ်ဦးရဲ့ မေတ္တာဖြင့်သာ ကုသပေးနိင် ကြောင်းကို အသိ ပေး အပ်ပါသည် ခင်ဗျာ။ စုံစမ်းရန်လိပ်စာကတော့ 09421102672(ဆရာမဒေါ်လှလှဝင်း)၊ ဆရာမဒေါ်ထားထားမေ (မြန်မာနိင်ငံရေကြောင်းတက္ကသိုလ်ဘေး(သန်လျှင်မြို့ကျိုက်ခေါက်ဘုရားရဲ့နောက်လမ်းရေကြောင်း လမ်းဆုံ)လူမျိုးဘာသာမရွေး ကုသပေးနေပြီ ဖြစ်ကြောင်းကြော်ငြာအပ်ပါသည်။

FROM-DAILY NEWS

ကုလားတွေက ၈၈ တွေကို ငွေနဲ့ဆို့ထားပြီ

မေလအတွင်း ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုး ဆက်ခေါင်းဆောင်များ၏ အမေရိကန် ခရီး စဉ် အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား ကုလား ကုမ္မဏီဖြစ်တဲ့ Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀) ထောက်ပံ့ပေးခဲ့ကြောင်း Father Land ဆောက် လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရ သည်။

ကုလားတွေက ၈၈ တွေကို ငွေဆို့ထားပြီဆိုရင် မြအေးတို့ကိုသေချာကြည့်ထားရမယ်။ ဒီကောင် တွေက နဂိုကတည်းက ကုလားကို အဖေခေါ် ချင်နေတဲ့ သူနဲ့ တစ်ဂိုဏ်းတည်း သမားတွေပါ။ နောက်တစ်ချက် စဉ်းစားစရာ ဖြစ်လာတာက အင်ဒို က မြန်မာနိုင်ငံအပေါ် ဂျီဟတ်ဆင်နွှဲချင်တယ် ပြောပြီးတဲ့အ ချိန် မှာ ကုလား ကုမ္မဏီက ၈၈ တို့ကို ပိုက်ဆံထောက်ပံတာဟာစဉ်းစား စရာတစ်ချက်ဖြစ်လာ နေ ပါတယ်။

FROM-WE LOVE TRUE

မြန်မာသံရုံးဗုံးဖောက်ခွဲရန်ကြံစည်သူ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ခြေရာခံနိုင်ခဲ့

မေ ၂ ရက်က အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူဟု မသင်္ကာသူ တစ်ဦး သည် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကို အသုံးပြု၍ ၎င်းနှင့် အတူဗုံးခွဲမည့်သူများကို စုဆောင်းခဲ့ကြောင်း သိရသည်။


“ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့ရဲ့ လှုပ်ရှားမှုတွေကြောင့် ကျွန်တော်တို့ နာမည်အချို့ကို ခြေရာခံနိုင်ခဲ့တာပါ”ဟု Densus 88 ဟု ခေါ်ဆိုသော အမျိုးသားရဲတပ်ဖွဲ့အကြမ်းဖက် ဆန့်ကျင်ရေးဌာနမှ အမည်မဖော်လို သော အရာရှိတစ်ဦးက ဂျကာတာဂလိုဘ် သတင်းစာအား ပြောကြားသည်။

ဗုံးခွဲရန် ကြံစည်မှုနှင့် ဆက်စပ်၍ လူပုဂ္ဂိုလ်အမည်များကို စုံ ထောက်များကဆက်လက်ခြေရာခံ နေသောေ ကြာင့် ဖေ့စ်ဘွတ်ခ်တွင် တွေ့ရှိခဲ့သူများ၏ နာမည်များထုတ်ဖော်ပြောကြားရန် သတင်းရင်းမြစ် က ငြင်းပယ် သည်။

ဖေ့စ်ဘွတ်ခ်စာရင်းအချို့တွင် ပါဝင်သော အကြောင်းအရာများကို နက်နက်နဲနဲ ပိုင်းခြားစိတ်ဖြာလေ့လာ ရာမှ ယခုကိစ္စကို ဖော်ထုတ်နိုင်ခြင်းဖြစ်ပြီး အင်တာနက် လမ်းကြောင်းများကိုလည်း ရှာေ ဖွနိုင်ခဲ့ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့က အကြမ်းဖက်သမားနှစ်ဦးအား ဖမ်းဆီးထားပြီး ဗုံးခွဲရန်ကြံစည်အမှုအစီအစဉ်နောက်ကွယ်မှ အဓိကကြိုးကိုင်သူဟု ရဲတပ်ဖွဲ့ကဖော်ထုတ်ထားသူ အင် ဒရာ ဂစ်မှာမူ လွတ်မြောက်နေဆဲဖြစ်သည်။

မသင်္ကာသူ အကြမ်းဖက်သမားများသည် အသေခံဗုံးခွဲရန် စီစဉ် ထားခြင်းမဟုတ်ဘဲချိန်ကိုက်ဗုံး များဖြင့် ဖောက်ခွဲ ရန်စီ စဉ်ခဲ့ခြင်းဖြစ်သည်ဟု ဂျကာတာဂလုဘ်သတင်းရင်းမြစ်က ပြောကြားသည်။

FROM-Jakata Globe

Credit : Here

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုကြောင့် Sanction ပြန်ချရန် ကော်မရှင် အကြံပြု

ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်တကျ ချိုးဖောက် နေမှုအပေါ် တာဝန်ရှိသော အစိုးရ ၁၅ ခုထဲမှာ မြန်မာနိုင်ငံကို ဆက်လက်ထားရှိဖို့ အမေ ရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ကို နိုင်ငံ တကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်က အကြံပြု လိုက်ပါတယ်။


အမေရိကန်သမ္မတနဲ့ ကွက်ကရက်က ခန့်အပ် ထား တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်က နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရ ဟာ မူဆလင်အုပ်စုကို ဆက်လက် ဖိနှိပ်နေတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ပိုမိုပွင့်လင်းတဲ့ ဒီမိုကရက်တစ် လူမှုအဖွဲ့အစည်းတရပ်ဖြစ်လာစေဖို့ အစိုးရက လုပ်ဆောင် နေခဲ့ပါတယ်။ ဒါပေမဲ့ ဘာသာရေးယုံကြည်မှုနဲ့ ပတ်သက်ပြီး အတော်လေး ပြုပြင်စရာတွေ ကျန်ရှိနေ သေးတယ်လို့ ကော်မရှင်က ရေးပါတယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ အစိုးရက လူပေါင်း ၁၉၂ ယောက်သေဆုံးတယ်လို့ဖော်ပြတဲ့အပေါ်မှာလည်း ကော်မရှင်က မေးခွန်းထုတ်ပါတယ်။ အမှန် တကယ်သေဆုံးသူတွေဟာ အနဲဆုံး အဲဒီရဲ့ ၅ ဆ လောက် ရှိတယ်လို့ ပြောပါတယ်။

စာမျက်နှာ ၃၇၁ မျက်နှာရှိတဲ့ ဒီအစီရင်ခံစာမှာ မြန်မာ၊ တရုတ်၊ အီတရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ ဆူဒန်နဲ့ အူဘယ်ကစ္စတန်တို့ကို အထူးသဖြင့် စိုးရိမ်ပူပန်ရတဲ့ နိုင်ငံများ CPC (Countries of Particular Concern ) စာရင်းထဲ ပြန်လည်ထဲ့သွင်းဖို့ အကြံပြုပါတယ်။

CPC ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာတော့ - "ဘာသာရေးလွတ်လပ်ခွင့်ကို အထူးသဖြင့် ဆိုးဆိုးဝါးဝါး ဖောက်ဖျက် ကျူးလွန်မှုမှာ ပါဝင်ပတ်သက်သော၊ သို့တည်းမဟုတ် ယင်းသို့ဖောက်ဖျက်မှုကို လက်ခံသော အစိုးရများ" - လို့ ပါရှိပါတယ်။

"အထူးသဖြင့် ဆိုးဆိုးဝါးဝါး" - ဆိုရာမှာလည်း - "စနစ်တကျ၊ ဆက်လက်ပြီး သိသိသာသာ ချိုးဖောက် ကျူးလွန်ရာမှာ နှိပ်စက်ညှဉ်းပန်းမှု၊ တရားစွဲဆိုခြင်း မရှိဘဲ ကာလရှည်ကြာ ချုပ်နှောင်ထားခြင်း၊ လက်စ ဖျောက်ခြင်း၊ သို့မဟုတ် အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံမှု အခွင့်အရေးများကို ငြင်းဆိုခြင်း ရာတွင် အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေသည်ဆိုသော သက်သေ အထောက်အထားများ ရှိနေခြင်း" - လို့ ဆိုလိုပါတယ်။

အမေရိကန်အစိုးရအနေနဲ့ လက်ရှိ ရှိနေတဲ့ Sanction ပိတ်ဆို့မှုကို ဆက်လက် ထားရှိသင့်ပြီး မြန်မာ အစိုးရက ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအဆင့်ကို မှီလာတဲ့အချိန်အထိ မကြာ သေးခင်က အမေရိကန်က ဖယ်ရှားလိုက်တဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်ထားရှိရေး စဉ်းစားဖို့လည်း အကြံပြု ထားပါတယ်။ အထူးသဖြင့် စစ်တပ်က ၀င်ရောက်ချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကချင်ပြည်နယ်က ခရစ်ယာန်တွေနဲ့ ရခိုင်ပြည်နယ်က မူဆလင်လူထုအခြေအနေဟာ စိုးရိမ်ပူပန်စရာဖြစ်တယ်လို့ ကော်မရှင် ဆိုထားပါတယ်။ 

KMZ


Credit : Here

အစိုးရဌာနများ၏ တင်ဒါခေါ်ယူမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် ထုတ်ပြန်

အစိုးရဌာန အဖွဲ့ အစည်းများ၏ တင်ဒါခေါ်ယူမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် တင်ဒါ ခေါ်ယူ ရာတွင် ပါဝင်ရမည့် စည်းကမ်း ချက်များကို နိုင်ငံတော် သမ္မတရုံးမှ ဧပြီလအတွင်း က ညွှန်ကြားချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။


အစိုးရဌာန အဖွဲ့ အစည်းများမှ သက်ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် ခွင့် ပြုရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရန်နှင့် ဆန်းစစ်ခံနိုင်ရန် လိုအပ် ကြောင်း အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော် သည် စီးပွားရေး လုပ်ငန်း များတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦး တစ် ယောက် ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးက စားမှုပြု ခြင်းဖြင့် အများ ပြည်သူ တို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာခြင်းမှ တားဆီးကာကွယ်မည်ဖြစ်ကြောင်း ဖွဲ့စည်း ပုံ အခြေ ခံ ဥပဒေတွင် ဖော်ပြထားသည်ဟု အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

အစိုးရ အဖွဲ့အစည်းများ ဌာနဆိုင်ရာများက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုရန် တင်ဒါခေါ်ယူရာတွင် ပါရှိရမည့် တင်ဒါစည်းကမ်းချက် ၃၂ ချက်ကို နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု ၀န်ကြီးဌာန အားလုံးကို ညွှန်ကြားချက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် ထုတ်ပြန်ထားသည့် တင်ဒါခေါ်ယူရာတွင် ပါဝင်ရမည့် စည်းကမ်းချက် အချို့မှာ တင်ဒါအတွက် တင်ဒါခေါ်ယူရေး လုပ်ငန်းကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေး လုပ်ငန်း ကော် မတီ၊ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ၊ အရည်အသွေး စစ်ဆေးရေး ကော်မတီ၊ အစရှိသည့် လိုအပ်သော ကော်မ တီများ ဖွဲ့ပြီး စည်းမျဉ်းစည်းကမ်း အသေးစိတ် သတ်မှတ်၍ လိုက်နာဆောင်ရွက်ရန်၊ ဆောင်ရွက် မည့် လုပ်ငန်းအမျိုးအစားများကို ရှင်းလင်းစွာ ဖော်ပြပြီး နိုင်ငံပိုင် သတင်းစာများတွင် ရက်သတ္တပတ် တစ်ပတ် ခန့် သိသာထင်ရှားစွာ ကြော်ငြာ၍ သတ်မှတ်ရက်ထက် အနည်းဆုံး တစ်လကြိုတင်ပြီး အိတ်ဖွင့် တင်ဒါ ခေါ်ယူရန်၊ သတ်မှတ်သည့်နေ့ရက်တွင် ကော်မတီ အားလုံးနှင့် တင်ဒါတင်သွင်းသူများ ရှေ့မှောက် တွင် မျက်နှာစုံညီ တင်ဒါဖွင့်လှစ်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်နွှယ်သော ကိစ္စရပ်များ အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်သည်။

တည်ဆောက်မှုဆိုင်ရာ တင်ဒါခေါ်ယူမှုများနှင့် ပတ်သက်ပြီး လုပ်ငန်းအကောင်အထည် ဖော်ဆောင် ရွက်ရာ တွင် ဖြစ်နိုင်ခြေ ရှိ၊ မရှိ ပဏာမလေ့လာ ဆန်းစစ်မှုများ အခမဲ့ ဆောင်ရွက်ပေးမည်ဟု ကမ်းလှမ်း ပါက လက် ခံ ဆောင် ရွက်နိုင်သော်လည်း ယင်းသို့ ဆောင်ရွက်ပေးသည့်အတွက် ယင်းကုမ္ပဏီ လုပ်ငန်း ရှင် ကိုသာ လုပ် ငန်းအပ်နှံခြင်း ခွင့်ပြုမည် မဟုတ်ဘဲ ဈေးပြိုင်တင်ဒါကို အများနည်းတူ ၀င်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း နှင့် ၀န်ကြီးဌာန၏ လိုအပ်ချက်များကို ပံ့ပိုးကူညီမှုများကြောင့် ဦးစားပေး ဆောင်ရွက်ခြင်း မျိုး မဖြစ်စေဘဲ အများနည်းတူ ယှဉ်ပြိုင်အရွေးခံမှုမျိုး ဖြစ်ရမည်ဖြစ်ကြောင်း စည်းကမ်း ချက် ထုတ်ပြန်ထားသည်။

တင်ဒါ အောင်မြင် ကုမ္ပဏီသည် တစ်ဆင့်ခံ ကန်ထရိုက် ထပ်မံလွှဲပြောင်းခြင်း မပြုရန်၊ ရေနံလုပ်ကွက်များ၊ သတ္တုတူး ဖော်ခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် အစီအမံများကို ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

(ဓာတ်ပုံ - အကျိုးတူ ဖက်စပ်လုပ်ရန် စီစဉ်နေသည့် သန်လျင်ရေနံချက် စက်ရုံကို တွေ့ရစဉ်)

Credit : Here

ဦးရဲထွဋ်ပြောတဲ့ မြန်မာနိုင်ငံကို ဂျီဟဒ် ခြိမ်းခြောက်မှုနဲ့ မီဒီယာအကြောင်း

မြန်မာနိုင်ငံအပေါ် အစ္စလမ်မစ် ဂျီဟဒ် စစ်ပွဲ ဆင်နွှဲဖို့ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်း ဖောက်ခွဲ မှုနဲ့ စွပ်စွဲ ပြစ် ဒဏ် ကျခံနေရသူ ဘာသာရေး ခေါင်းဆောင်က ခြိမ်းခြောက် ပြောဆိုမှုနဲ့ ပတ်သက် ပြီး ပြည်တွင်း သ တင်း ဂျာနယ် ရဲ့ ဖော်ပြချက် အပေါ် သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့အမြင်ကို ရေးသား ထားပါတယ်။


ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသား ထားတာကတော့ .....

ပြည်တွင်း က ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ ပြည်ပနိုင်ငံများက အစ္စလမ် စစ်သွေး ကြွ ဝါဒီ အချို့က မြန်မာ နိုင်ငံ အပေါ် ဂျီဟဒ်စစ် ပွဲ ဆင်နွဲဖို့ ပြောဆို ချက်များကို ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြ ခဲ့တာ တွေ့ရပါတယ်။

ဂျီဟဒ် စစ်ပွဲ ဆင်နွဲ မယ်လို့ ပြောနေတဲ့ ပြည်ပက အစွန်းရောက်ဝါဒီများရဲ့ ပြောဆိုချက် ၊ လုပ်ဆောင်ချက် များဟာ မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းစွာနေထိုင်လိုတဲ့ အစ္စလမ် ဘာသာဝင်များရဲ့ ပုံရိပ်ကို ထိခိုက် စေပါ တယ်။

ဒီလို ပြောဆို မှုများဟာ အစ္စလမ်ဘာသာ အပေါ် နားလည်မှုလွဲမှားစေနိုင်တဲ့အတွက် ကျွန်တော်တို့အားလုံး ကြိုးပမ်း ဆောင်ရွက် နေတဲ့ မတူကွဲပြားတဲ့ လူမှုအဖွဲ့အစည်းများ နားလည်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်း စွာ၊ သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးလှုပ်ရှားမှုများကိုလည်း ထိခိုက်စေပါတယ်။

ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာ သံသယတွေပိုမိုများပြားလာအောင် ရည်ရွယ် ချက် ရှိရှိနဲ့ ဆောင်ရွက်တာလည်း ဖြစ်နိုင်တဲ့ အတွက် ကျွန်တော်တို့အားလုံးက သတိရှိရှိနဲ့ တုန့်ပြန် ဖို့လို ပါတယ်။

မီဒီယာ များ အနေနဲ့ ဒီလို ပြောဆို ချက်များကို သတင်း ရေးသားတဲ့ အခါမှာလည်း ဗုဒ္ဓဘာသာ ၀င်တွေ ကြား မှာ ထိတ်လန့် မှုတွေ၊ သံသယတွေပိုများလာအောင် ရေးသားတာမျိုးမဖြစ်စေရန် သတိထား သင့် ပါတယ်။

အဲဒီလို ပြောဆိုမှု တွေကို သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူးဆိုတာလည်း သတိပြု စေလိုပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့ အစည်း များရဲ့ ခေါင်းဆောင် များရဲ့ ဒီလို အကြမ်းဖက်တဲ့အယူအဆများအပေါ် သဘောထား ကိုလည်း မေးမြန်းဖော်ပြပေးနိုင်ရင် ပိုသင့် တော်မယ် လို့ ထင်ပါတယ်။

အခုလို ထိလွယ်ရှ လွယ်တဲ့ အခြေ အနေမျိုးမှာ ပုံနှိပ် မီဒီယာ များရော၊ အင်တာနက်မီဒီယာ များက ပါ Conflict Sensitive Journalism သဘောတရားလေးကို နှလုံးသွင်းထားသင့်ကြောင်း မေတ္တာ ရပ်ခံ တိုက်တွန်း အပ် ပါတယ်။

ဧရာဝတီ 

လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် တကယ်လိုအပ်၍ ဖြစ်ပွားခြင်းဖြစ်ကြောင်း သမ္မတ သုံးသပ်ပြောကြား

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ (၁၈)ပါတီတို့ တွေ့ဆုံ မှုတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေး ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေမှ လက်ရှိဖြစ် ပွားနေ သည့် လက်ပံတောင်းတောင်အရေးကိစ္စနှင့် တပ်မ တော် အစိုးရ လက်ထက် တွင်း မြေသိမ်းယာသိမ်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြမှု များရှိကြောင်း သိရပြီး နိုင်ငံ တော် သမ္မတ ကလည်း လက်ရှိ ဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် အမှန်တကယ် လိုအပ်ချက်များ ရှိခြင်း ကြောင့် သာ ဖြစ်ပွား ခြင်းဖြစ်ရာ ယခင်အချိန်ကလိုမျိုး နိုင်ငံမငြိမ်သက် စေရန်ရည်ရွယ်သည့် ကိစ္စရပ် များမ ဟုတ်ကြောင်း ပြောကြားသည်။


“ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကို တင်ပြဖို့ တစ်ပါတီကို ၅မိနစ်ပဲ ပေးတယ်။ အဲဒီမှာ ကျွန်တော်က ပထမ ဦးဆုံး တစ်ခု အဖြစ် ကိုရမ်ကျမ်းနဲ့ ပတ်သက်ပြီး တင်ပြတာ။ အဲဒါကိုတော့ မတင်ပြပါနဲ့ ဘာသာရေးကိစ္စကို လှုံ့ဆော် သလိုမျိုး ဖြစ်သွားလိမ့်မယ်ဆိုလို့ ကျွန်တော်လည်း ဆက်ပြီး မတင်ပြတော့ပါဘူး။ ကျန်တာ ကတော့ လက်ပံတောင်းကိစ္စကို တင်ပြပါတယ်။ အဲဒီလို တင်ပြတဲ့အခါမှာလည်း အခုဆန္ဒပြ နေကြတဲ့ လူတွေ က တကယ် လိုအပ်လို့ပြတာလို့ပဲ မြင်တယ်ဆိုတဲ့အကြောင်းနဲ့ အရင်ကလို ဆူပူချင်တဲ့ရည်ရွယ်ချက် မရှိဘူး ဆို တာကို သုံးသပ်တဲ့အထဲမှာ ထည့် ပြောသွားပါတယ်”ဟု ၎င်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယင်းပြင် လက်ပံတောင်းတောင် လျော်ကြေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ် ဓါတ်ငွေ့ ပိုက်လိုင်း လျော်ကြေး အနေ ဖြင့် တဧကလျှင် သိန်း ၅၀ခန့် ရှိ ကြောင်းနှင့် ပြန်လည်စိုက်ပျိုးမှုများ ရှိသည့်အတွက် လက်ပံတောင်း ကိစ္စ တွင်လည်း ယင်းကဲ့သို့ လျော်ကြေးပေးရန်အတွက် အစီစဉ်ရှိမရှိဆို သည့်အချက်နှင့် တပ်မတော် အစိုးရ လက်ထက် တွင်လည်း သိမ်းဆည်းခံထားရသည့် လယ်ယာမြေကိစ္စရပ်များအား တင်ပြထားကြောင်း အထက်ပါ ပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံမှု၌ တိုင်းရင်းသားပါတီအချို့မှလည်း လက်ရှိအချိန်တွင် ‘ဝ’လူမျိုးအနေဖြင့် ဗမာ လူမျိုး အပေါ် မည်ကဲ့ သို့ ထိန်းချုပ်မှု ရှိမရှိနှင့် တရုတ်လူမျိုးဘက်တွင်လည်း မည်ကဲ့သို့ ထိန်းချုပ်မှုရှိမရှိဆိုသည့် အချက် များနှင့် စပ်လျဉ်း၍လည်း တင်ပြပြောဆိုကြကြောင်း သိရပြီး ငြိမ်း ချမ်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း ၍ တင်ပြပြော ဆို မှုများရှိကြောင်း သိရသည်။

ထို့နောက် ရပ်ကျေး/မြို့နယ်အုပ်ချုပ်ရေးများ၏ အဂတိလိုက်စားမှုအပါအဝင် ဥပဒေလုပ်ဆောင်မှုများနှင့် စပ်လျဉ်း ၍လည်း လက်ရှိ နိုင်ငံတော် သွားနေသည့် လမ်းကြောင်းအား အနှောက် အယှက် ရှိနေသည် ဆိုသည့် ကိစ္စရပ်အပေါ် နိုင်ငံရေး ပါတီများက တင်ပြ ပြော ဆိုရာ၌ နိုင်ငံတော် သမ္မတမှလည်း ယင်းကိစ္စ ရပ်အား သေချာ ထိထိ ရောက်ရောက် လုပ်ဆောင်အရေးယူသွား ရန်ရှိကြောင်း ထည့်သွင်း ပြောကြား သွားသည်။

“အခု လက်ရှိမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ဆောင် နေတယ်ဆို တဲ့အ ကြောင်းကို ပြောပြတာပါ။ ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်အနေနဲ့ကလည်း အခုချိန်မှာ ဒီမိုကရေစီ နည်းကျကျ လုပ်နေပြီ ဆိုတဲ့ အကြောင်းနဲ့ နှစ်ပေါင်း ၆၀အတွင်း တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေနဲ့ အကုန် လုံး နီးပါး လုပ်ဆောင်တဲ့အကြောင်းတွေလည်း ပြောဆိုသွားပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) အတွင်းရေး မှူး ဒေါ်သန်းသန်းနုက ပြောကြားသည်။

ယင်းသို့ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားပါတီများအပါအဝင် ပြည်တွင်းနိုင်ငံရေးပါတီ (၁၈)ခုနှင့် တွေ့ဆုံ မှု၌ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှ တက်ရောက်ကာ လာမည့်၂၀၁၅ ရွေးကောက် ပွဲတွင် ရိုဟင်ဂျာ လူမျိုး ဆိုသည့် နာမည်နှင့် ပါတီတစ်ခု လာရောက် လျှောက် ထားမည်ဆိုပါက လုံးဝလက် ခံမည် မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားကြောင်း သိရပြီး အောက်ခြေ အစိုးရ ဝန်ထမ်းများ အနေ ဖြင့် လက်ရှိအချိန်အထိ ပီပီပြင်ပြင်လုပ်ဆောင်ခြင်းမရှိသည့်အ ပြင် ပြည်သူနှင့် ဆက်ဆံရေး ပိုင်းတွင်လည်း အဆင်မပြေမှုများ ရှိကြောင်းနှင့် စပ်လျဉ်း၍ တင်ပြပြောဆိုမှုများရှိကြောင်း ၎င်း က ဆက် လက်ပြောကြားသည်။

ယင်းတွေ့ ဆုံမှုအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဝင်း၌ မေလ ၅ရက်နေ့ နံနက် ၁၀ နာရီ ခွဲမှ မွန်းလွဲ ၁နာရီခွဲ အထိ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် ဦးအောင်မင်း တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

TMAံ
မြန်မာ့ခေတ် 

မပေါ့ဆသင့်သော အစာအိမ် ဝေဒနာ

အစား အစာနှင့် လူနေမှု စရိုက် ပြောင်းလဲ လာမှုကြောင့် ယခုခေတ် လူကြီးပိုင်း တွင်သာမက လူငယ် များတွင် ပါ ရောဂါ မျိုးစုံ ဖြစ်ပွားလျက် ရှိသည်။ ၄င်းတို့ အနက် အစာအိမ် အနာ ပေါက်ခြင်းသည်လည်း တစ်ခု အ ပါ အဝင် ဖြစ် သည်။


အစာအိမ် အနာဟု လူသိ များ သော်လည်း လက်တွေ့ တွင် အစာအိမ် တွင် ဖြစ်သောအနာ (Gastriculer)နှင့် အူလမ်း ကြောင်း အစပိုင်းတွင် ဖြစ်သောအနာ (Duodental uler)ဟူ၍ နှစ်ပိုင်းကွဲလျက်ရှိသည်။ အစာ အိမ်မှ အက်ဆစ် အထွက် များခြင်း၊ အူလမ်းကြောင်းမှသည်းခြေရည် အထွက်များခြင်း၊ H.pylori ကူးစက်ခံ ရခြင်း၊ အစာစားချိန် မမှန်ခြင်း၊ ဆေး လိပ် သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် အကိုက် အခဲ ပျောက် ဆေးကြာ ရှည် သောက်ခြင်း တို့သည် အစာအိမ် နှင့် အူ လမ်းကြောင်း အနာဖြစ်ရန် အားပေးလျက်ရှိသည်။ အစာအိမ်အနာ (GU)သည် အသက်ကြီးသူများတွင် ပို၍ အ ဖြစ် များသည်။

အစာ စားလျှင် ဗိုက် ပိုနာ တတ်၍ စားထားသည် များကိုပြန် အန်လိုက် ပါက အနာ သက်သာ တတ်ရာ ကြာလျှင် GU ဖြစ်သူ များသည် လက်ထိုးအန်တတ်သော အလေ့အကျင့် ရှိနေသည်ကိုပင် တွေ့ရသည်။

၎င်းတို့ သည် ကိုယ် အလေးချိန် ကျဆင်းနေလေ့ ရှိသည်။ အစာအိမ်အနာသည်အူလမ်း ကြောင်းအနာ တို့ထက် အရွယ် အစားပိုမို ကြီးမား တတ်ကြ၍ ကင်ဆာဖြစ်နိုင်ချေ ပိုများတတ်သည်။ အနာ ပျောက်ရန် လည်း အချိန်ပိုကြာ တတ်သည်။

အူလမ်း ကြောင်း အနာ(DU)မှာ အသက်ငယ်သူများနှင့် အဆာခံသူများတွင် အများဆုံးတွေ့ရသည်။ ဗိုက်ဆာ လျှင်၊ အစာနှင့်ဝေးလျှင် ဗိုက်ပိုနာတတ်၍ နည်းနည်းနှင့် မကြာမကြာအစာစားလေ့ရှိကြရာ DU ဖြစ် သူ များ သည် တစ်စထက် တစ်စ ကိုယ်အလေးချိန် တိုးလာတတ်သည်။ ၄င်းတို့သည် ညအချိန်တွင် ဗိုက်နာ တတ် သည်။ အူလမ်းကြောင်း အနာသည် အစာအိမ်အနာထက် ပျောက်ကင်းရန်ပိုမြန် ကြသည်။ ကင် ဆာ ပြောင်းနိုင်ချေမရှိသော် ငြားလည်း အူလမ်းကြောင်းအနာများသည် အူပေါက် ရန် အခွင့် ပိုများ လေသည်။ 

DU များ၏ 95%နှင့် DU များ၏ 75%သည် H.pylori ပိုးကြောင့်ဖြစ်ပွား ရခြင်းဖြစ်သည်။ သို့ဖြစ်၍ အနာဖြစ် ပါက ဗိုက်နာဗိုက်အောင့်၊ လေထိုးလျှင်သောက် လေ့သောက်ထရှိကြသော အစာအိမ်ဆေး များမှဝေဒနာ ကိုသာ သက်သာစေ၍အ နာကို အရှင်းမပျောက်စေနိုင်ကြချေ။ ကနဦးစွာ ပိုးသတ် ဆေးတစ် ပတ်သောက် ၍ံH.pylori ကိုသတ်ရသည်။ ပြီးမှသာလျှင် အနာအတွက်ဆေးများကိုအစာအိမ်အ နာဆိုလျှင် (၈)ပတ်၊ အူလမ်းကြောင်း အနာဆိုလျှင်(၆)ပတ် သောက်ရသည်။ H.pylori သည် အစားအစာမှ ကူးစက် တတ် သည်ဖြစ်၍ မိသားစုဝင် တစ်ဦးပိုး သတ်ဆေးသောက်လျှင် အခြားမိသားစု ဝင်များပါ အတူသောက် ရမည်ဖြစ် သည်။ အစာအိမ်နာလျှင် နွားနို့အေးနှင့် အစာအိမ်ဆေးသောက်၍ခေတ္တအနားယူ သင့်သည်။ မကြာ ခဏ အစာအိမ်နာနေ လျှင်မူဆရာဝန်နှင့်ပြသ၍ကုသမှုခံယူ သင့်သည်။

အစာ အိမ်နာ သူများသည် ငရုတ်သီး၊ အပူအစပ်၊ အကိုက်အခဲ ပျောက်ဆေး(ဥပမာ-Aspirrn) တို့ကို ရှောင်ရ မည်။ အဘယ့်ကြောင့်ဆိုသော် အကိုက်အခဲပျောက်ဆေးများသည် အစာအိမ်နှင့် အူလမ်းကြောင်း အနာ များ ပေါက်ထွက်ရန် အားပေးသောကြောင့်ဖြစ်သည်။ ပျော့ပြောင်း၍ခြေလွယ်သောအစာကို နည်းနည်းနှင့် ခဏခ ဏစား၍ စားချိန်၊ အိပ်ချိန်မှန်ရန် ဂရုပြုသင့်သည်။ အစာ အိမ်အနာများသည် နှစ် ရှည်ဖြစ် နေ ပါက အစာ အိမ် ကင်ဆာ အဖြစ်သို့ ပြောင်းတတ် ၍ ယင်းကင်ဆာရောဂါမှာကမ္ဘာပေါ်တွင် အသေ အပျောက် အများဆုံး ကင်ဆာများ ထဲမှ တစ်ခုဖြစ်သောကြောင့် အစာအိမ်မှ နာနေလျှင် မပေါ့ ဆကြရန် သတိပေး အပ် ပါသည်။

Healthcare