Sunday, May 5, 2013

"ဦးသိန်းစိန် နဲ့ အိုဘားမား ၂ဝ ရက်နေ့ တွေ့မည်"

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်သမ္မတ ဘာရတ် အိုဘားမား Barack Obama နဲ့ အိမ်ဖြူတော်မှာ လာမယ့် မေလ ၂ဝ ရက်နေ့မှာ ဝါရှင်တန် ဒီစီမြို့တော်က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။


သမ္မတဦးသိန်းစိန်နဲ့ အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း နဲ့ တခြားထိပ်တန်း ခေါင်းဆောင်တွေလိုက်ပါမှာ ဖြစ်ပြီး၊ မေလ ၁၈ ရက် သို့မဟုတ် ၁၉ ရက်နေ့ ဝါရှင်တန် ဒီစီ မြို့တော်ကို ရောက်ရှိတဲ့အခါ ခရီးရောက်မဆိုက် အဲဒီနေ့မှာပဲ အမေရိကန်ပြည်ထောင်စု မှာနေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပွဲ ကျင်းပမယ်လို့ သံရုံးအသိုင်းအဝန်းက ပြောပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟာ အမေရိကန်ပြည်ထောင်စုမှာ ၃ ရက် သို့မဟုတ် ၄ ရက်ကြာ နေထိုင်စဉ် အတွင်း မြန်မာအများစုနေထိုင်ရာ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကယ်လီ ဖိုးနီးယား ပြည်နယ်ကို သွားရောက် လည်ပတ်ဖို့လည်း စဉ်းစားနေတယ် လို့ သိရပါတယ်။

၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီ မြို့တော်ကို ပထမဆုံး အကြိမ် လာရောက်လည်ပတ်တဲ့ ဒီခရီးစဉ် နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရ ၂ ဖက်စလုံး က ရက်ပိုင်းအတွင်း အသေးစိပ်ထုတ်ပြန်ကြေညာမယ်လို့ သတင်းရပါတယ်။

FROM-RFA

ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ

မေလ ၄ ရက်နေ့ ၁၂ နာရီ နောက်ဆုံးထား ထွက် ခွာ ပေးဖို့ အစိုးရစစ်တပ်ရဲ့ ရာဇသံ အချိန်ကျော် သွားပေမယ့် ဒီကေဘီအေနဲ့ အစိုးရ တပ်တွေနဲ့ကြား အနီးကပ်နေရာယူ ရင်ဆိုင်နေကြ ပြီး တင်းမာနေတဲ့ အနေအထားကိုရောက်ရှိနေ ပါတယ်။


နှစ်ဖက်တင်းမာနေတဲ့ အနေအထားကို ဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center (MPC) မှ တာဝန်ရှိသူတဦးက ၂၄ နာရီအတွင်း ဖြစ်နေတဲ့ ပြဿနာကို လာရောက် ဖြေရှင်းပေးမှာဖြစ်ကြောင်းနဲ့ အစိုးရတပ်တွေက ဒီကေဘီအေကို အနီးကပ်စောင့်ကြည့် နေရာယူ ထားကြောင့် ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်က အခုလိုပြောကြားလာပါတယ်..


“အခြေအနေကတော့ Peace Center က ဒေါက်တာတဦး ဖုန်းဆက်လာတယ်။ ၂၄ နာရီအတွင်း ပြဿနာ ကို လာရှင်းပေးမယ်လို့ ဖုန်းနဲ့ဆက်သွယ်လာတယ်။ Peace Center ကတော့ ကျနော်တို့ကို စစ်တပ်က ဖယ်ခိုင်းသလိုမျိုး မလုပ်ခိုင်းဘူး။ ပြဿနာကို ရှင်းပေးမယ်ပဲပြောတယ်။ အစိုးရတပ်တွေကတော့ မြဝတီမြို့ ထဲမှာ လိုက်လှည့်နေတယ်။ နောက်တခုက သောင်ရင်းမြစ်တလျောက် က နယ်စပ်ဖြတ်ကူးဂိတ် ၁ ဂိတ် ကနေ ဗိုလ်မှူးတိုက်ဂါး တည်ရှိတဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ နယ်စပ်ဖြတ်ကူးဂိတ်အထိ တောက်လျောက်နေရာယူထားကြတယ်။ ပစ်ကျင်းတွေတူးထားတယ်။ အဓိကဖယ်ခိုင်းထားတဲ့ ဟတ်ကြီးရေကာတာလုပ်မယ့် နေရာအနီးက ဒီကေဘီအေ တပ်တွေကိုတော့ အစိုးရတပ်တွေ အနီးကပ်နေရာယူထားတယ်။ ဆက်တိုးရင်တော့ တိုက်ပွဲတွေဖြစ်လာဖို့ရှိတယ်။”

မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမထိုးခင်အတွင်း ကရင်ပြည်နယ် ဟတ်ကြီး ရေကာတာအနီးရှိ ဒီကေဘီအေ ကလို့ထူးလား ဗျူဟာမှူးဆီစာရေးကာ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်း နယ်မြေရှင်းလင်းဖို့အကြောင်းပြပြီး ဒီကေဘီအေ တပ်တွေကို နယ်မြေတွင်းက ထွက်ခွာခိုင်းတဲ့ အစိုးရ စစ်တပ်ရဲ့ ရာဇသံပေးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လူထုအတွင်း စိုးရိမ်ပူပန် မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

Credit : Here

လာမယ့် ရွေးကောက်ပွဲမှာ NLD နိုင်ရင် ညွှန့်ပေါင်းအစိုးရ ဖွဲ့မယ်ပြော

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော် အမတ် နေရာအများစုကို NLD ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရရင် အစိုးရအဖွဲ့ကို ညွှန့်ပေါင်း အစိုးရပုံစံ ဦးတည်ဖွဲ့စည်းဖို့ သဘောထားရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်ခင်က သူတို့ပါတီရဲ့သဘောထား ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ YMCA ခန်းမမှာ ဒီကနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲ မှု နိုင်ငံလုံးဆိုင်ရာကွန်ရက်ရဲ့ ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ခင်က အခုလို ပြောဆိုလိုက်တာပါ။

"၂၀၁၅ မှာ ရွေးကောက်ပွဲဖြစ်ပေါ်တော့မယ်၊ အဲ့ဒီမှာကျနော်တို့က အများစုနိုင်ခြေရှိတယ်၊ နိုင်အောင်လည်း ကျနော်တို့က အားထုတ်ရမှာဖြစ်ပါတယ်၊ လူထုကိုစည်းရုံးရမှာလည်း ဖြစ်ပါတယ်၊ အဲ့ဒီအခါမှာ ကျနော်တို့ တိုင်းရင်းသားတွေဟာ သွေးစည်းညီညွှတ်ရေးလည်းဖြစ်ပေါ်လာတဲ့ အခြေအနေတွေရှိတဲ့ အတွက် ညွှန့်ပေါင်းအစိုးရကို ကျနော်တို့ ဦးတည်သွားမယ့် သဘောရှိပါတယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများစုအနိုင်ရရှိခဲ့တယ်၊ တဘက်မှာ ကျနော်တို့ဟာ အုပ်ချုပ်ရေးအာဏာကိုလည်းရမယ်၊ လွှတ်တော် ထဲမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကလည်း ရှိနေမယ်ဆိုလို့ရှိရင် ဒီလိုပဲရှေ့နိုင်ငံရေးလုပ်ငန်းများ အုပ်ချုပ် ရေးလုပ်ငန်းများကို သွားမယ့်သဘောရှိတယ် "

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်သွားမယ့် အုပ်ချုပ်ရေးပုံစံကို သိရှိနိုင်ဖို့ NLD ပါတီဝင်တွေကို အလေးထားပြောလိုတာဖြစ်ကြောင်းနဲ့ ပြည်သူလူထုလည်း သဘော ပေါက်စေ ဖို့ အခုလိုပြောရခြင်းဖြစ်တယ်လို့ ဦးကျော်ခင်က ဆိုပါတယ်။

NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်တဲ့ ကောမှူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအပါအ၀င် ကိုယ်စားလှယ် ၄၃ နေရာကို အနိုင် ရရှိခဲ့ပါတယ်။

RFA

ဥက္ကံမြို့က မူဆလင်ဒုက္ခသည်တွေကို သံဃာတော်တွေ သွားရောက်ကူညီ

ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက် နေရတဲ့ မူဆလင်ဒုက္ခသည်တွေကို ရွှေဝါရောင်သံဃာ့အဖွဲ့က စားနပ်ရိက္ခာတွေကို မနေ့က သွားရောက် ပေးလှူခဲ့ပြီး ဒီနေ့မှာတော့ သောက်သုံးရေရဖို့ ရေတွင်းတွေ တူးပေးလိုက်တယ်လို့ သိရပါတယ်။


အဲဒီမှာပျက်စီးသွားတဲ့ ကျေးရွာ ၄ ရွာက လူဦးရေ ၅ ရာကျော်အတွက် စုစုပေါင်း သိန်း ၇၀ ဖိုးလောက် ကူညီပေးလိုက်တယ်လို့ ရွှေဝါရောင်သံဃာ့အဖွဲ့ ခေါင်းဆောင် အရှင်ပဏ္ဍဝံသက RFA ကို မိန့်ကြားပါတယ်။


"လူဦးရေတွက်ပြီး ဘယ်ရွာကဘယ်နှစ်အိမ် မီးလောင်တယ်၊ အဲ့ဒီကနေပြီးတော့ အိမ်ရာခင်းတွေ လည်းပါတယ်၊ မိုးရုတ်တရက်ရွာလာလို့ရှိရင်လည်း အရေးပေါ်တဲထိုးလို့ရအောင် တာလပတ် ၁ဝ ထုတ် လောက်ကိုလည်း ယူသွားတယ်၊ နောက်ရေတွင်းတွေ တူးပေးတာကိုလည်း လုပ်ခဲ့ပါတယ်"

လောလောဆယ်မှာ ဒုက္ခသည်တွေအတွက် အမိုးအကာတွေ လိုအပ်နေပြီး၊ ကျန်းမာရေးနဲ့ ပတ်သက် လို့တော့ BG သွေးကူညီရေးအဖွဲ့က စောင့်ရှောက်ပေးတယ်လို့ သိရပါတယ်။

Credit : Here

ခွင့်ပြုချက်မရဘဲ ကျောက်တော် ဆန္ဒဖေါ်ထုတ်ပွဲ ဦးဆောင်သူများကို တတိယအကြိမ် ရုံးတင် စစ်ဆေး

ခွင့်ပြုချက် မရဘဲ မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့ သော ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူထု ဆန္ဒ ဖေါ် ထုတ် ပွဲကို ဦးဆောင်သူများဟု စွပ်စွဲခံထားရ သူ (၄) ဦးကို ယမန်နေ့က တတိယ အကြိမ် ရုံးတင် စစ်ဆေး ခဲ့ သည်။


“ကျွန်တော်တို့ အားလုံးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေနဲ့ စွဲဆိုတာဖြစ်ပါ တယ်။ မနေ့က နေ့လည် ၁ နာရီခန့်မှာ စပြီး စစ်ပါတယ်။ ၂ နာရီ ၂၀ မှာပြီးပါတယ်” ဟု တရားစွဲခံရသူများ အထဲ တွင် ပါဝင်သူ ကိုမောင်ဝင်းက နိရဉ္စရာ ကို ပြောသည်။

တရား စွဲဆို ခံရ သူများမှာ ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေနှင့် ဒေါ်တင်တင်အေးတို့ ဖြစ်ကြပြီး သူ တို့ ၄ ဦးအား မြို့နယ်ရဲမှူး မျိုးအောင်မှ တရားလို အဖြစ် ပြုလုပ်ကာ တရား စွဲဆိုထားခြင်း ဖြစ်သည်။

မတ်လ ၇ ရက်နေ့က ကျောက်တော်မြို့တွင် သံဃာတော်များအပါအ၀င် မြို့သူမြို့သားများသည် တူရကီ အစိုး ရ အကူအညီဖြင့် ဘင်္ဂလီဒုက္ခသည်များအတွက် အိမ်ဆောက်ပေးမည့် အစီအစဉ်ကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒဖေါ် ထုတ်ပွဲ ပြုလုပ်ကာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

၎င်းပြင် “ ဘင်္ဂလီအရေး ပွင့်လင်း မြင်သာမှု ရှိပါစေ။ ၁၉၈၂ ခုနှစ် ဥပေဒ အကောင် အထည် မဖော် ဘဲ ရခိုင်ပြည်တွင် ဘင်္ဂလီများအတွက် နေအိမ်ဆောက်လုပ်ခွင့်ကို လုံးဝ ကန့်ကွက်သည်” စသည့် ပိုစတာများ၊ ဆိုင်း ဘုတ်များကို ကိုယ်စီ ကိုင်ဆောင်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

ဆန္ဒ ဖေါ်ထုတ်ပွဲ အပြီးတွင် ကျောက်တော်မြို့နယ် ရဲစခန်းမှ ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေနှင့် ဒေါ်တင် တင်အေးတို့အား ရဲစခန်းသို့ ခေါ်ယူပြီး တရားစွဲဆိုမည်ကြောင်း ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် လက် မှတ် ရေးထိုးခိုင်းကာ ခံဝန်ချက်ဖြင့် လွှတ်ပေးခဲ့သည်။

ယမန် နေ့က စစ်ဆေးရာတွင် တရားလိုဘက်မှ သက်သေ ၃ ဦးကိုသာ စစ်ဆေးခဲ့ကြောင်း ကိုမောင်ဝင်း က ဆက် ပြောသည်။

“ မနေ့က ကျွန်တော်တို့ကို စစ်ဆေးမေးမြန်းတာ မရှိဘူး။ တရားလိုဘက်က သက်သေတွေဖြစ်တဲ့ ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေကိုဘဲ စစ်ဆေးပါတယ်။ ကျောက်တော် အုပ်ချုပ်ရေးမှူး၊ ရှမ်းရွာအုပ် ချုပ်ရေးမှူး နဲ့ ပြည်တော် သာ အုပ်ချုပ် ရေးမှူး တွေကိုဘဲ စစ်ပါတယ်” ဟုဆိုသည်။

တရားစစ်ဆေးရာတွင် မည်သူ မဆို လွတ်လပ်စွာ လာရောက် နားထောင်ခွင့် ရရှပြီး ရှေ့နေလည်း ဌားရမ်း ခွင့်ပြုကြောင်း သိရသည်။

လာမည့် မေလ ၁၄ ရက်နေ့တွင် ထပ်မံရုံးချိန်း ပေးလိုက်သည်ဟု ဆိုသည်။

အလားတူ စစ်တွေ၊ ရသေ့တောင်နှင့် တောင်ကုတ်မြို့များတွင်လည်း ဘင်္ဂလီ ဒုက္ခသည်များအတွက် အိမ် ဆောက် ပေးမည့် အစီအစဉ်အား ကန့်ကွက်သည့် ဆန္ဒပြပွဲများကို ဦးဆောင်သူများကိုလည်း အာဏာ ပိုင် များက တရား စွဲဆိုထားသည်။

မောင်အေး
narinjara

မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်ကျပ်ထားတဲ့ ကြားထဲက တွဲထိန်းဝန်ထမ်းအယောင်ဆောင်တစ်ဦး ဖမ်းဆီးရမိ

မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်းကျပ်ထားချိန် ၀န်ထမ်းအယောင်ဆောင်သူတစ်ဦး ဟာ ဧပြီ ၂၉ ရက် နေ့ မနက်(၉)နာရီ ခန့်အချိန်မှာ ဘူတာကြီးတောင်ဘက်ခြမ်းကနေ ကန့်သတ်နယ်မြေ ထဲကို ၀င်ရောက် လာပါတယ်။ အဆိုပါဝင်ရောက်လာသူဟာ တွဲထိန်းယူနီဖောင်းအထက်ပြာ အောက် ပြာ ၀တ်ဆင် ထားပြီး လက်ထဲမှာလည်း လက်မှတ်ရောင်းတဲ့ (Chart Book) ကို ကိုင်ထားတယ်လို့ သိရ တယ်။ ရထား ရဲတပ်ဖွဲ့ ဒုရဲ အုပ်မြင့်ဝေ ဦးဆောင်တဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က ၄င်းကို ခေါ်ယူ စစ်ဆေး ကြည့်တဲ့ အခါ မီး ရထား ၀န်ထမ်း မဟုတ်ပဲ ဦးတောင်စုံနိုး အသက်(၃၂)နှစ် အလုပ်အကိုင် (ကျပန်း) ပြည်ကြီး တံခွန်မြို့နယ် နေသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ အဆိုပါ တွဲထိန်း ၀န်ထမ်း အယောင်ဆောင် သူကို ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်ပြီး ချမ်းအေးသာစံမြို့နယ်တရားရုံးသို့ စွဲချက် တင်ထား တယ်လို့ မီးရထား ရဲတပ်ဖွဲ့တာဝန် ရှိသူ တစ်ဦးက မြန်မာ ဓိကကို ပြောပါတယ်။

ခင်ဘုန်းဝေဇော်
မြန်မာဓိက

အကြမ်းဖက်လုပ်ရပ်များကို လှုံ့ဆော်သူ ကုလားသုံးယောက် ဘင်္ဂလာသို့ ထွက်ပြေးလွတ်မြောက်

ကြားဖြတ်သတင်း

ဧပြီလ (၄) ရက်နေ့က စစ်တွေ မြို့နယ် အတွင်း ကုလား လူဦးရေ ရှိသော နေရာ များတွင် လူဦးရေ စိစစ် မှတ်တမ်း တင်ခြင်း စီမံချက် အား ပျက်ပြားသွားအောင် ဆူပူအကြမ်းဖက်ခဲ့သူများအနက် အဓိက တရားခံ များဖြစ် သည် ဟု ဖော်ထုတ်သိရှိရသူ ကုလား သုံးယောက်မှာ မနေ့က မနက်အစောကြီးက ဘင်္ဂလာဒေ့ရှ် ဘက်သို့ ထွက်ပြေး လွတ်မြောက် သွားသည် ဟု သိရှိရသည်။


အာမီရှော်ရိ၊ အာမီဆပ်ဘူတန် နှင့် မောင်ဖြူ ဟု အသီးသီး အမည်ရကြသော ထိုကုလားယောက်သည် စစ်တွေ မြို့နယ် ဒါးပိုင် ကျေးရွာနေ ဆွေယော့၏ စက်လှေစီးကာ စစ်တွေမြို့နယ်အစွန် မှန်စီချောင်းဝကနေ ဘင်္ဂလား ဒေ့ရှ်ကို မေလ (၃) ရက်နေ့ မနက်စောစော သုံးနာရီထိုးခါနီးအချိန်တွင် ထွက်ခွာသွားကြောင်း သက်ဆိုင် ရာ တာဝန် ရှိသူ များက (ယနေ့ညနေ) မကြာမီ နာရီပိုင်းအတွင်းက ဖော်ထုတ်သိရှိခဲ့သည်။

အဆို ပါ သုံးဦးမှာ ၂၀၁၂-ခုနှစ် ဇွန်လ ဘင်္ဂါလီဆူပူမှု စတင်ဖြစ်ပွားသည့်နောက်ပိုင်း စစ်တွေမြို့နယ် ဒါးပိုင် ရွာ ဗလီ၊ သဲချောင်းရွာ ဗလီ၊ မှန်စီ ကုလားသင်္ချိုင်း ဗလီများကို တစ်လှည့်စီသွားရောက်ကာ လှည့်လည် သွားရောက် ပြီး အစွန်းရောက် အစ္စလာမ် ဘာသာရေး ဟောပြောမှုများကို စဉ်ဆက်မပြတ် ပြောပြော နေခဲ့ ကြသော ကုလား ဘာသာရေးခေါင်းဆောင် မော်လ၀ီ များ ဖြစ်ကြသည် ဟု ဆိုသည်။

သြဇာကြီးမားသူများ ဖြစ်သည့်အလျောက် ကုလားမများကို တရားဝင် မုဒိမ်းကျင့်ခွင့်လိုင်စင်ရထားသူများ ဖြစ်ကြ သည်ဟု ကုလား သတင်း ရပ်ကွက် များက ဆိုသည်။

( Coral Arakan News )

ဘယ်သူ့အတွက် စစ်တိုက်ကြမှာလဲ . . .

ကရင် ပြည်နယ် အတွင်း သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင် အကွာတွင် တည် ဆောက် ရန် ရှိသော ဟက်ကြီး ရေကာတာ ရေအား လျှပ်စစ် စီမံကိန်း အတွက် တိုးတက်သော ဒီမို ကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) တပ်စခန်း များကို ရွှေ့ပြောင်းရန် တပ်မတော်က အကြောင်းကြား ခဲ့ သည့် အတွက် တင်းမာ မှုများ ဖြစ်ပေါ် နေသည်ဟု သတင်း ထွက်ပေါ် ခဲ့သည်။


အဆိုပါ ဟက်ကြီး စီမံကိန်း ကို မြန်မာ ဘက်မှ IGE၊ ရွှေတောင်၊ Goldwater Resources Ltd၊ ထိုင်း EGTA စသည် တို့နှင့် အတူ တရုတ် ကုမ္ပဏီ ငါးခုက ပူးပေါင်း လုပ်ဆောင် ကြမည်ဟု သိရှိရသည်။ IGE ကုမ္ပဏီ သည် အာဏာရ ပြည်ခိုင်ဖြိုး ပါတီ ဗဟို အတိုင်ပင်ခံ အဖွဲ့ဝင် ဦးအောင်သောင်း၏ သား ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်သည်။ ထို့အတူ ရွှေတောင် ကုမ္ပဏီ သည်လည်း သမ္မတ၏ အရေး ပါသော ၀န်ကြီး တစ်ဦး ဖြစ်သည့် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနှင့် နီးစပ်မှု ရှိသော ကုမ္ပဏီဖြစ်သည်။ ကရင်ပြည်နယ် အတွင်းရှိ ယင်း စီမံကိန်း ဧရိယာ အတွက် DKBA နှင့် တပ်မတော် အကြား တင်းမာ မှုများမှ တစ်ဆင့် ထိပ်တိုက် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားမှု များကို မလိုလားပါ။ 

ဤ အခြေ အနေတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက ကချင်ပြည်နယ်တွင် တာပိန် ရေအား လျှပ်စစ် စီမံကိန်း လုံခြုံရေးနှင့် ပတ်သက်ပြီး အစပြုခဲ့ရာမှ ကချင် လွတ်မြောက်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်က သတိ ပြုစရာ ဖြစ်နေသည်။ တာပိန် စီမံကိန်း သည် မြစ်ဆုံ စီမံကိန်း၏ ရှေ့ပြေးဖြစ်ပါသည်။ ထိုကာလက ဧရာဝတီမြစ်ဆုံတွင် တရုတ် CPI ကုမ္ပဏီနှင့် အေးရှား ဝေါ ကုမ္ပဏီ တို့၏ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်နေချိန်ဖြစ်သည်။ အေးရှားဝေါသည် ယခင် ဒုတိယ သမ္မတ သီဟသူရတင်အောင်မြင့်ဦးနှင့် နီးစပ်ပတ်သက်သော ကုမ္ပဏီဖြစ်သည်။

နောက် ဆုံးတွင် စစ်ပွဲများ ကြောင့် ဒေသခံ တိုင်းရင်းသားများမှာ နေအိမ်များ စွန့်ခွာ၍ ဒုက္ခသည် စခန်း များတွင် ယခု အထိ နေနေရဆဲဖြစ်သည်။ ဒေသခံများ၊ တပ်မတော်သားများ၊ KIA မှ တိုင်းရင်းသား တပ်ဖွဲ့ ၀င် များ၏ အသက်ပေါင်းများစွာ စတေးခဲ့ရသည်။

ယခုလည်း ကရင်ပြည်နယ်အတွင်းရှိ ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းအတွက် တင်းမာမှုများရှိလာခဲ့ရာ ကချင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကဲ့သို့ တိုင်းရင်း သားများနှင့် တပ်မတော်အကြား ပဋိပ က္ခများ မဖြစ်ရန်အတွက် နှစ်ဦးနှစ်ဖက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် လိုမည်ဖြစ်ပြီး ရေအား လျှပ်စစ် စီမံကိန်း များအတွက် တိုက်ပွဲများ ဖြစ်ပွားရမည်ဆိုပါက မည်သူ့အကျိုးစီးပွားအတွက် စစ်တိုက်ကြ မည်နည်း ဟု မေးခွန်း ထုတ်လိုက် ပါသည်။

Credit : Here

ငြိမ်းချမ်းရေး ဆွေးနွေးရန် ကေအိုင်အို ကမ်းလှမ်း

သတ်မှတ်ရက် အကြိမ်ကြိမ် ရွှေ့ဆိုင်း ခဲ့ရသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြည်တွင်းတွင် ပြုလုပ် နိုင်ရန် အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်း ကော်မတီကို ကေအိုင်အိုက ကမ်း လှမ်း ခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော် ဆောင် များ ထံမှ သိရသည်။


ဆွေးနွေးပွဲတွင် ကေအိုင်အိုက လေ့လာသူ အဖြစ် ဖိတ်ကြား လိုသော အမေရိကန်၊ ဗြိတိန်၊တရုတ်၊ ကုလ သမဂ္ဂ အဖွဲ့အစည်း များနှင့် လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များကို အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီက တာဝန်ယူ ဖိတ်ကြား ပေးရန် တောင်းဆို ထားကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော် ဆောင်များ ထံမှ သိရသည်။

"လေ့လာ သူတွေကို ဖိတ်ကြားဖို့ ညှိနှိုင်းတာ အဆင်မပြေရင် မေလအတွင်း ဆွေးနွေးဖို့ မဖြစ်နိုင်ဘူး"ဟု ငြိမ်းချမ်းရေး အကျိုးတော် ဆောင်တစ်ဦးက ဆိုသည်။ လေ့လာသူ ဖိတ်ကြားရေးကို ကေအိုင်အို က တောင်းဆို ထားသော်လည်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အနေနှင့်မူ ဆွေးနွေး နေဆဲ ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မြစ်ကြီးနား မြို့တွင် ဧပြီလ ၆ ရက် နေ့က တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ် ထားသော်လည်း တရုတ်ပြည် သူ့ သမ္မတ နိုင်ငံက အမေရိကန်၊ ဗြိတိန်နှင့် အီးယူနိုင်ငံ များအား လေ့လာသူအဖြစ် ဖိတ်ကြားခြင်းကို ကန့်ကွက်သည့် အတွက် ရက်ရွှေ့ဆိုင်းလိုက် ရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် လူမှုရေး အဖွဲ့အစည်း များက ကြေညာချက် ထုတ်ပြန် ခဲ့သော်လည်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးကမူ မှန်ကန်မှု မရှိကြောင်း ငြင်းဆို ထားသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို တို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့ တွင် တစ်ကြိမ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တွင် တစ်ကြိမ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့ တွင် တွေ့ဆုံခဲ့ပြီး အပြုသဘော ဆောင်သော နှစ်ဦးနှစ်ဖက် သဘောတူညီမှု ကြေညာချက်များ ထုတ်ပြန် နိုင်ခဲ့ သည်။ 

The Voice News 

ဘယ်သူတွေ လာကမ်းလှမ်း ကမ်းလှမ်း သီချင်းမဆိုဘူး ဆိုတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင်တဲ့ အပိုင်းမှာ အောင်မြင်မှုတွေ ရထား တဲ့ သရုပ် ဆောင်သင် ဇာဝင့်ကျော်ကို သီချင်းဆိုဖို့ အစီအစဉ် ရှိလားလို့ မေးတဲ့အခါ "သီချင်း ဆိုဖို့ အစီအစဉ် မရှိပါဘူး။ သင်ဇာက သီချင်းတစ် ပုဒ်လုံး ကို မကျက်နိုင်ဘူး။ မှတ်မှတ် ရရဆို မလေးရှားမှာ သီချင်းသွား" ဆိုတုန်းကလည်း အရမ်း ကိုယ်ကြေ ညက်နေတဲ့ သီချင်းတစ်ပုဒ်ကို ဆိုမယ်ဆိုပြီး စင်ပေါ် လည်း ရောက်ရော ပထမပိုဒ်ပဲ ရတော့တယ်။ တခြား အပိုဒ်တွေလည်း အကုန်မေ့ ကုန်ရော။ အဲဒါ နဲ့ သင်ဇာလည်း အဲဒီတစ်ပိုဒ် တည်းကိုပဲ လေးခါ ဆိုလိုက် တယ်။ ဒါတောင်မှ အဲဒီ သီချင်းက Band နဲ့ စတူဒီယိုမှာ သေချာသွား တိုက်ထားတာ။ နောက် ပိုင်းမှာ သီချင်းဆိုတဲ့ အလုပ်က ငါနဲ့ လုံးဝ မအပ်စပ်တဲ့ အလုပ်ဆိုပြီး စိတ်ဒုန်းဒုန်း ချပြီးတော့ ဘယ်တော့မှ ဘယ်အဆိုတော်တွေ လာကမ်းလှမ်း၊ ကမ်းလှမ်း မဆိုတော့ဘူးလို့ စိတ်ဆုံးဖြတ် လိုက်တယ်။ သင်ဇာက အခုနည်းနည်း ပိန်သွားတော့ မျက်နှာလည်း ကျသွားတယ်။ ဆံပင်ပုံစံ တော်တော်များများနဲ့ လိုက်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တယ်" လို့ သူ့ရဲ့ ဆံပင်နဲ့ ပတ်သက် ပြီးတော့ လည်း ပြောပြပါတယ်။

8Day News