Saturday, May 4, 2013

မြန်မာစစ်တပ်မှ ဒီကေဘီအေကို ရာဇသံပေးပြီ

မြန်မာ အစိုးရ စစ်တပ်က ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ် ထဲက ဒီကေဘီအေတွေ အားလုံးကို မေလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွား ခိုင်းထားပါ တယ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ ဒေ သမှာ အခြေစိုက်တဲ့ ဒုဗိုလ်မှူးကြီး စောဘိ ဦးဆောင် တဲ့ ဒီကေဘီအေ အဖွဲ့နဲ့ အဲဒီက ခွဲထွက်ပြီး နယ်ခြားစောင့် အသွင်ပြောင်းသွားတဲ့ ဘီဂျီအက်ဖ် ကရင်နယ်ခြား စောင့်တပ် တွေဟာ နယ်မြေ လုရင်း မကြာခဏ တိုက်ပွဲ ဖြစ်နေတာရယ် ၊ ပြီးခဲ့တဲ့ ဧပြီ လကုန်ပိုင်းတုံးက နှစ်ဖက်ကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးတဲ့နောက်မှာတော့ အခုလို အစိုးရ စစ်တပ်က ဒီကေဘီအေတွေကို အခုလို ဒီဒေသထဲကနေ ဖယ်ရှားတဲ့အတွက် ဖြစ်လာနိုင်တဲ့ အခြေအနေကို ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောဆန်းအောင် ကို ဘီဘီစီက မေးကြည့်တဲ့ အခါမှာ သူက မြိုင်ကြီးငူမှာရှိတဲ့ တပ်ဖွဲ့တွေဟာ ကျွန်တော်တို့ ၂၉ ရက်နေ့ ကထဲက ဖယ်ပေးခဲ့တယ်။


အခု ဒီ ကျုံဖေါ်၊ မိဇိုင်းမှာ ထပ်ဖယ်ခိုင်းတယ် ၊ ဟတ်ကြီး ရေကာတာ တည်ဆောက်ရေး နယ်မြေရှင်းလင်းတဲ့ ပုံစံမျိုးနဲ့ တရားမဝင် တပ်ဖွဲ့တွေ ၂ ရက်နေ့ ၅ လပိုင်း ၂၀၁၃ ခုနေ့ကနေ ၄ ရက်နေ့ ၅ လပိုင်း၂၀၁၃ ခု နေ့လယ် ၁၂ နာရီ နောက်ဆုံး ထားပြီးတော့ အဲဒီက တပ်တွေ ဖယ်ပါ ဆိုပြီးတော့ ခလရ ၃၃၈ ဗိုလ်မှူး ထွန်းထွန်းဝင်းက ကျွန်တော်တို့ကို တရားမဝင် အဖွဲ့အစည်းဆိုတဲ့ ပုံစံမျိုးနဲ့ စာရေး ပေးပို့လာတယ်လို့ သူက ဆိုပါတယ် ။ဒါနဲ့ ဘီဘီစီက အဲလို ဖယ်ခိုင်းတော့ ဗိုလ်မှူးတို့အနေနဲ့ ဘယ်လို ဆုံးဖြတ်မလဲလို့ မေးမြန်းကြည့်တဲ့အခါ သူက ကျွန်တော်တို့ ဘယ်လို ထပ်ဖယ်မလဲ ခင်ဗျ ၊ ကရင်စစ်သားတွေ ကရင် ပြည်နယ် မှာတောင် နေလို့မရရင်၊ ဘယ်မှာသွား နေမလဲ ၊ ကျွန်တော်တို့ကို အဲလို ဖယ်ခိုင်းမယ် ဆိုလို့ရှိရင် ကရင်ပြည်နယ် ထဲမှာ ရှိတဲ့ ဗမာ့ တပ်မတော်တွေ၊ ဒီဗမာတိုင်းကိုပြန် မန္တလေးတိုင်း ၊ ရန်ကုန်တိုင်း တို့ကို ပြန်ပါ ဆိုလို့ရှိရင် သူတို့ ပြန်မလား ဆိုပြီး သူက မေးခွန်းပြန်ထုတ် ခဲ့ပါတယ်။

အစိုးရစစ်တပ်က ဒီကေဘီအေတွေကို လှိုင်းဘွဲမြို့နယ်ထဲက ထွက်ခွာသွားဖို့ ပြောပေမဲ့ ဘယ်နေရာကို သွားပါလို့ ပြောကြားတာ မရှိပါဘူးလို့လည်း သူက ဆိုပါတယ်။ဒါကြောင့် အစိုးရဟာ မြိုင်ကြီးငူ ကော့ကရိတ် နဲ့ ဘုရားသုံးဆူ ဒေသတွေက ဒီကေဘီအေတွေ အားလုံးကို ဗိုလ်ချုပ် နှုတ်ခမ်းမွှေးရဲ့ ကလို့ထူးဘော ဒေသတနေရာထဲမှာ စုစည်း ထားချင်တာကြောင့် ပထမ အဆင့် ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ နယ်စပ် က အကဲခတ်တွေက ပြောဆိုမှုတွေ ရှိနေပါတယ်။လောလောဆယ် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကရင်ပြည် နယ် လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးကြီးအောင်လွင်နဲ့ ဆက်သွယ်ပြီး ညှိုနှိုင်းနေတယ်လို့ ဒီကေဘီအေ ဖက်က ပြော ပါတယ်။အကယ်၍ မပြေလည်လို့ အစိုးရဖက်က တိုက်လာမယ်ဆိုရင်တော့ ခုခံသွားရမယ်လို့ ဒီကေ ဘီအေ ဒုဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

Credit : Here

တိုင်းပြည်အရေး ဦးနှောက်ဖြင့် တွေးကြည့်ပါ

အစိုးရသစ်တက်လာပြီး သက်တမ်း တစ်ဝက် ကာလအတွင်း မြန်မာနိုင်ငံ၏ အခြေအနေမှာ အဘက်ဘက်က တိုးတက်လာနိုင်မည့် လမ်းကြောင်း ပေါ်ကို ရောက်နေပြီဟု ပြောနိုင်သည့် အခြေအနေ ရောက်နေသည်။ နိုင်ငံ ရေးဖြင့် လုပ်စားသူမှန်သမျှ နိုင်ငံရေး လမ်းကြောင်းပေါ်တွင် ရှိနေပြီး စီးပွားရေးဖြင့် လုပ်စားသူ မှန် သမျှ စီးပွား ရေး အခွင့်အလမ်းများ အထိုက်အလျောက် ပိုင်ဆိုင် နိုင်ကြပြီ ဖြစ်သည်။ မီဒီယာများ၏ အခန်း ကဏ္ဍမှာ လည်း ယခင်နှစ်များထက် ခြားနားစွာ လွတ်လပ်မှု အပြည့်အ၀ နီးပါး ရရှိနေသည်မှာလည်း ငြင်း မရနိုင်။


သို့သော် ထိုသို့သော အခြေအနေများရှိနေသည့် တိုင်းပြည်တွင် ဆူပူမှုများ၊ မငြိမ်မသက်မှုများ ဖန်တီးပြီး ပြည် ပ အန္တရာယ်ကို လက်ယပ်ခေါ်ကာ ပြဿနာများ ကြီးထွားစေလိုသည့် အုပ်စုများလည်း တိုးလို့လာ သည်။ ထိုအုပ် စုများကို ခွဲကြည့်ပါက ၈၈နှင့်ဗကသ အပါအ၀င် ကျောင်းသား အမည်ခံ နိုင်ငံရေး သမား များ၊ စုစုနွေးနှင့်မာကီး တို့ ပါဝင်သည့် လယ်သမား အမည်ခံ အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက် ကိုင်များ၊ မီဒီယာများဟု ခွဲနိုင် သည်။

၈၈ နှင့် ဗကသ အဖွဲ့အစည်းများ မည်သည့်အတွက်ကြောင့် တိုင်းပြည်ကို ဆူပူမှုများ ဖြစ်စေချင်သနည်း။ နိုင် ငံ ရေးတွင် လွှတ်တော် အခန်းကဏ္ဍမှ ပါဝင်ရန် ၄င်းတို့ထံတွင် အရည်အချင်းမရှိ။ တိုင်းပြည်၏ တစ်ေ ထာင့် တစ် နေရာ ကောင်းကျိုးအတွက် အစီရင်ခံစာတစ်စောင်၊ အကြံပြုချက် စာတမ်းတစ်စောင် ပြုစုနိုင်ေ လာက် သည့် ပညာတတ်ခဲ့ခြင်း မရှိ။ သို့သော် အနောက်အုပ်စု၏ ထောက်ပံ့မှုများ အပြည့်အ၀ ရထား သည်။ တရုတ်ပိုင် စီးပွားရေး လုပ်ငန်းများကို သပိတ်မှောက် ဆူပူစေပြီး အနောက်နိုင်ငံများကို အခွင့် အလမ်း ဖန်တီးပေးနိုင်သည်။ မည်သည့် အစိုးရ တက်တက်၊ လက်ရှိတည်နေသည့် အစိုးရ လက်ထက်တွင် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပါက ၄င်းတို့အနေဖြင့် နိုင်ငံရေး အခန်းကဏ္ဍတစ်ရပ်တွင် အရေးပါသည့် နေရာ တစ်ခုကို ရနိုင်ခြင်း အကျိုးအမြတ် ရှိ သည်။ ထိုအတွက်ကြောင့် နိုင်ငံကို ပတ်ပြီး စာပေဟောပြော ပွဲအ သွင်ဖြင့် လက်ရှိ အစိုးရကို အပုပ်ချသည်။ မိထ္ထီလာကဲ့သို့ ကြီးမားသည့် ပဋိပက္ခဖြစ်နိုင်သည့် နေရာ မျိုးသို့ သွားရောက်ကာ စစ်ဖိနပ်ဖြင့် ခြိမ်းခြောက်သည်။ တိုင်းရင်းသား လက်နက်ကိုင်များ ရှိသည့် နေရာများသို့ သွားေ ရာက်ပြီး သွေးထိုးလှုံ့ဆော်သည်။ ၄င်းတို့သွား သည့်နေရာတိုင်းတွင် မတည်ငြိမ်မှုများ၊ ဆူပူအုံကြွ မှုများ ဆက်တိုက်ဖြစ်အောင် ဖန်တီးခဲ့သည်။

၎င်းတို့နှင့် အတူ ဟန်ဝင်းအောင်တို့ကဲ့သို့ ကွန်ယက်များ၊ ဗကသ များ၊ အဖွဲ့အစည်းများက ကျောင်းသား များ အကြားနှင့် ကျေးလက် ဒေသများတွင် လူထုကို လှုံ့ဆော်သည်။ စုစုနွေးတို့ကဲ့သို့သော အဖွဲ့များက လယ် သ မား များအကြားတွင် တည်ဆဲအစိုးရနှင့် အမုန်းတရားများ ဖြစ်ပွားစေရန် ကြိုးပမ်းသည်။ နိုင်ငံတွင်း အုံကြွမှု တစ်ခု ဖြစ်သည်နှင့် ပေါက်ကွဲစေနိုင်မည့် အနေအထားများ ဆက်တိုက်ဖန်တီးလျှက် ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်များမှလည်း တစ်ချိန်တည်းတွင် လက်နက်အင်အား စုဆောင်းကြသည်။ ပြည်နယ် ခွဲထွက်ရန်လည်း မဟုတ်၊ ပြည်နယ် ကောင်းစားရေးလည်း မဟုတ်။ ၄င်းတို့ တပ်ဖွဲ့များ အခြေချ သည့် နေရာများ ရှိ သယံဇာတ ခိုးထုတ်ရေးလုပ်ငန်း၊ ဘိန်းလုပ်ငန်းများကို ဆက်လုပ်နိုင်စေရန်နှင့် ကိုင် ထား သည့် လက်နက်များ မစွန့်လွှတ်ရန် ဖြစ်သည်။ ယနေ့ အစိုးရ အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို အဓိက ထားဆောင်ရွက်သဖြင့် လက်နက်ကိုင် အင်အားများ တစ်နေ့တစ်ခြား တိုးပွားလာသည့် အပြင် နိုင် ငံရေး မတည်ငြိမ်မှုနှင့်အတူ တိုက်ပွဲ များ ဆင်နွှဲနိုင်ရန် ပြင်ဆင်လျှက် ရှိသည်။

အဆိုပါ အဖွဲ့များ အားလုံး၏ လုပ်ဆောင်ချက်များကို အဓိက ပံ့ပိုးသူများကတော့ ပြည်ဖျက် မီဒီယာများ ဖြစ် သည်။ The Voice ၊Weekly ကဲ့သို့ ဂျာနယ်များမှ အစိုးရ၊တပ်မတော်နှင့် ပြည်သူအကြား ညီညွှတ်မှုကို ရည် ရွယ်ချက်ရှိရှိ ဖျက်ဆီးလုပ်ဆောင်သည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်အကြား ရန် တိုက်ပေး သည်။ နိုင်ငံရေးကို အကြောင်းပြုပြီး ၀ါဒဖြန့်နိုင်မည့် သတင်းစာလုပ်ငန်းကို နောက်ကွယ်မှ ထောက်ပံ့ငွေများ ဖြင့် လုပ်ကိုင်သည်။ ပြည်ပ အသံလွှင့်ဌာနများမှလည်း သတင်းလိမ်များ ဆက်တိုက် လွှင့်ကာ ပြည်တွင်း တည် ငြိမ်မှုကို ပျက်စီးစေလျှက် ရှိသည်။

ကိုယ်ကျိုးရှာ အဖွဲ့အစည်းများ၏ နောက်ကွယ်မှ တိုက်ခိုက်မှုများကြောင့် အစိုးရအဖွဲ့၏ အခြေ အနေ မှာလည်း မလူးသာမလွန့်သာသည့်အနေအထား ဖြစ်လာသည်။ အင်တာနက်မှဝေဖန်သည့် ဒေါက်တာ ဆိတ်ဖွားကို Eleven မီဒီယာ အလိုကျ စုံစမ်းပေးရသည်။ ပြည်ခိုင်ဖြိုး ပါတီအကြား ခေါင်းဆောင် အပြောင်း အလဲ သတင်းလိမ်များဖြင့် The Voice မှ သွေးထိုးသည်။ လူထုပုံရိပ်၊ သမဂ္ဂ၊ The ladies အစရှိသည့် ဂျာနယ်များမှ တပ်မတော်နှင့် အစိုးရခေါင်းဆောင် ပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ကြသည်။ NLD ပါတီ အနေဖြင့်မူ ပြည်တွင်း ဆူပူမှု ပြင်းထန်ပြီး အစိုးရသစ် တစ်ခု ပြောင်းလဲပါက ၂၀၁၅ ကို စောင့် စရာမလို နေရာရမည်မို့ အချို့ ပဋိပက္ခ များတွင် ပါဝင်ပတ်သက်နေသည်။

နိုင်ငံရေး လှုပ်ရှားမှုများက တရားဥပဒေ၏ အထက်သို့ ရောက်လာသည်။ တည်ဆဲအစိုးရကို လက်နက်ကိုင် ပုန် ကန်မှု ဖြစ်လာသည်။ ရဲတပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်မှုများ ဖြစ်လာသည်။ ၈၈ လို အရေးအခင်း မျိုး ထိ ဖြစ်လာစေသည့် အခြေအနေများ ဖြစ်လာသည်မို့ တိုင်းပြည်အရေး ဦးနှောက်ဖြင့် တွေးကြဖို့ လိုအပ်နေ ပါသည်။ ကျွန်တော်တို့ ၈၈ လို အရေးအခင်းမျိုး ယနေ့ကာလတွင် မည်သည့်အကြောင်းကြောင့်မှ ထပ်မဖြစ် လိုတော့ပါ။

Credit : Here

အာဏာသိမ်းမည့် စကားမပါလျှင် စာမရေးတတ်တော့သည့် Eleven ဘာသာရေးနှင့်ရောကာ အစိုးရကို အပုပ်ချ

ဘာသာရေးကို အကြောင်းပြပြီး အာဏာသိမ်းလိုသည့် အုပ်စုများ ရှိနေသည်ဟု စည်းကမ်းမဲ့ ရေးသည်။ ဦးသိန်းစိန် အာဏာသိမ်းချင်သလား၊ တပ်ချုပ်ကြီး အာဏာသိမ်းချင်သလား၊ ဦးရွှေမန်း အာဏာသိမ်းချင်သလား။ မည်သူ့ကို အာဏာသိမ်းချင်သည်ဟု စွပ်စွဲလိုသလဲတော့ မသိ။

စည်းလွတ်ဘောင်လွတ် မည်သည့်အကြောင်းကြောင့် ရေးရေး၊ စစ်တပ်နှင့် အစိုးရကို ဆွဲထည့်သည့် မီဒီယာ သည် အဆင့်ရှိပါသလား။ မိထ္ထီလာ အရေးတွင် ဘုန်းကြီး အသတ်ခံရသည်ကို သတိမရ။ ကုလားများ သေသည်ကို နိုင်ငံတကာ ထိ သိအောင် ရေးသားပေးသည်။ အစိုးရကို အပုပ်ချသည်။

သတင်းစာကို အရှုံးခံထုတ်သည်။ ဘာသာရေး သွေးခွဲသည်။ အစိုးရ၊ တပ်မတော်နှင့် ပြည်သူ အကြား အကြည်ညို ပျက်အောင် လုပ်သည်။ ဒေါက်တာ ဆိတ်ဖွားကို ဖမ်းဖို့ ကြိုးစားသည့် အစိုးရ တုတ်တုတ် မလှုပ်သရွေ့ Eleven မီဒီယာ၏ စော်ကားခြင်းကို ခံရမည်သာ။

Credit : Here

တောင်တွင်းကြီး ကုက္ကိုလ်စုရွာတွင် မိုးသက်လေပြင်းကြောင့် ဘုန်းကြီးကျောင်း စာသင်ကျောင်း နှင့် လူနေအိမ် အများအပြား ပျက်စီး

ယနေ့နေ့လည် ၂ နာရီ ခွဲခန့်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကုက္ကိုဝကျေးရွာအုပ်စု ကုက္ကိုစု ကျေးရွာ အရှေ့စု တွင် မိုးသက်လေပြင်းတိုက်ခတ်ကာ ဇေယျ သိဒ္ဓိ ဘုန်းကြီးကျောင်း အနောက် ဖက်ခြမ်း အခန်းရေ ၇ ခန်းရှိ သွပ်အချပ် ၁၃၀ ခန့်လွင့်ပါပျက်စီး ကာ ဒိုင်း ၂၅ ချောင်း မျှား အချောင်း ၄၀ ခန့် ကျိုးပဲ့ပျက် စီးသွားပြီး ကုက္ကိုစုကျေးရွာ အထက(ခွဲ) ရှိ ပေလေးပင် ကျောင်းဆောင် နှင့် ဗိသနိုးကျောင်းဆောင်ရှိ သွပ် ၂၀၄ ချပ်လွင့်ပါ ပျက်စီး ကာ ဒိုင်းမျှား ၅၁ ချောင်းပျက်စီးသွားကြောင်းသိရသည်

အလားတူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် သွပ် ၁၆ ချပ်ခန့် လွင့်ပါပျက်ဆီး ကာ ဒိုင်းမျှား ၄ ချောင်း ပျက်စီးသွား ပြီး ကုက္ကိုစုကျေးရွာ အနောက်စုရှိ အမက -၂ ကျောင်းတွင် ခေါင်မိုးတခြမ်း အမိုးလန်သွားကာ သွပ် ၄၀ ခန့်လွင့်ပါပျက်စီး ကာ ကုက္ကိုဝရွာတွငိ နေအိမ် ၇ လုံးပြိုကျပျက်စီးကာ အမိုးလန်သွားသော နေ အိမ် ၈၀ ခန့်ရှိကြောင်း ပရပ်ကြယ်ကျေးရွာတွင်လည်း နေအိမ် ၃လုံးခန့် အမိုးအကာ များပျက်စီး သွားကြောင်း တောင်တွင်းကြီးသတင်းထောက် ဟင်္သာ(တောင် တွင်းကြီး) ကသတင်းပေးပို့သည်။

Credit : Here

ဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကွန်ရက် ပုသိမ်မြို့တွင်ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဘာသာကြီးလေးရပ် မှ အမျိုးဘာသာ သာသနာကို သင့်မြတ်ချစ်မြတ်နိုးစွာ စုစည်း၍ ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးကွန်ယက်NETWORK FOR PEACE FULCO-EXISTENCE OF ALL RELIGIONS ကို ဖွဲ့စည်းခဲ့ ကြပြီး အချိန်တိုအတွင်းမှာ ပုသိမ် မြို့-မြောင်းမြ ကျောင်းပရိယတိ္တ စာသင်တိုက်တွင် ဗုဒ္ဓဘာသာ-ဟိန္ဒူ ဘာသာ-ခရစ်ယာန်ဘာသာ-အစ္စလန်ဘာသာတို့ အနာဂတ်ကို ပုံဖော်ရန် ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြောင်းNDN ကွန်ယက်မှ အတွင်းရေးမှူး ဦးအောင်သူရမှ ပြောကြား၍ သိရ သည်။

ရှေ့ဦး ၃၀ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာ တော်ကြီးများမှ ဆုံးမသြ၀ါဒ တရားများ ဟော ကြားပြီး တက် ရောက်လာသော လူထုပရိသတ် ကို ပုသိမ်ခရိုင်-ခရိုင်အုပ်ချုပ်ရေး မှူးမှ ငြိမ်းချမ်းစွာ နေထိုင်ကြရန် အတွက် သြ၀ါဒပြောကြား၍ ကျန်ဘာသာပေါင်းစုံမှ အလှည့် ကျ ပြောကြားပြီးNDN ကွန်ယက်မှ ဥက္ကဋ္ဌ ဦးသန်းဝင်း နှင့် တွဲဘက်အတွင်းရေးမှူး ဒေါက်တာသန်းထိုက်တို့မှ သည်းခံခွင့်လွှတ်ခြင်း၊ မေတ္တာ တရားနှင့် ကရုဏာတရားများ ထားရှိရန် အကျယ်တ၀ံ့ပြော ကြားကြောင်း သိရသည်။

၎င်းနောက် တက်ရောက် လာသော (၄)ဘာသာအင်အား ၅၀၀ ခန့်တို့သည် အဆိုပါ ပုသိမ် မြို့၊ မြောင်းမြ ကျောင်းပရိယတိ္တ စာသင်တိုက်တွင် အတူယှဉ်တွဲ၍ တစ်ပျော်တစ်ပါး စားသောက်ပြီး အခန်းအနားကို ရုတ်သိမ်းလိုက် ကြောင်း သိရသည်။

Credit : Here

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ထပ်မံဆွေးနွေးမည်

လက်ရှိနိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရေး အ တွက် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားစိစစ် ရေးကော်မတီမှ ၈၈ မျိုးဆက် ကျောင်းသားကိုကိုကြီးကပြောကြား ရာ တွင် “အခုလွှတ်လိုက်တဲ့အထဲ မှာ တင်တဲ့စာရင်းနဲ့ လွှတ်တဲ့စာရင်း ကကွာခြင်းမှုရှိနေတယ်။ သူတို့ တွေကိုတော့ ဘာကြောင့်လွှတ် တယ်။ သူတို့တွေ ကိုကြတော့ဘာကြောင့် ကျန်တယ်ဆိုတာကို ဆွေးနွေးမှုတွေလုပ်ရမယ်။ နောက်တစ်ခုက နိုင်ငံရေး၊ အကျဉ်း သားတွေကို လွှတ်တဲ့နေရာမှာ ပေတံတစ်ခု၊ မူဝါဒတစ်ခုရှိဖို့လိုနေပြီ” ဟု ပြောကြားခဲ့သည်။

နောက်တစ်ခေါက်နိုင်ငံရေး၊ အကျဉ်းသားစိစစ်မှုတွင် ပုဒ်မကို မကြည်ဘဲ။ နိုင်ငံရေးဆောင်ရွက် ချက်ကိုကြည့်၍ သီးခြားခွဲဖို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုကိုကြီးကဆက်လက်ပြောသည်။ “ကျန်တဲ့နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်တာတော့လွှတ်မှာပါ။ တကယ်နိုင်ငံရေး၊ အကျဉ်းသား၊ စိစစ်ဖို့ကိစ္စက အရေး ပါတဲ့ အဆင့် ဆုံးဖြတ်ရဦးမယ်။ နိုင်ငံရေး အကျဉ်သားဆိုတာဘယ်သူတွေ လဲ။ ဘယ်ပုဒ်မတွေလဲအဓိက ဖမ်းခံရတာနိုင်ငံရေးနဲ့ ဖမ်းခံရ တယ်။ ဒါပေမဲ့ သူတို့ကိုပုဒ်မနဲ့ မကြည့်ဘဲနဲ့ သူတို့ရဲ့နိုင်ငံရေး ဆောင်ရွက် ချက်၊ တခြားပုဒ်မ တွေနဲ့ စွပ်စွဲခံရသူတွေကိုသီးခြား ခွဲထုတ်ဖို့လိုမယ်”ဟု ၎င်းကပြော ကြားခဲ့သည်။

Credit : Here

ဆောင်းပါးများဖတ်ရှုနိုင်ပါရန်

တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)                  ဖတ်ရန်

တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ဒုတိယပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)    ဖတ်ရန်

အများပြည်သူ ရုံးပိတ်ရက်တွင် အချိန်ပိုကြေးမပေးဘဲ အလုပ်ဆင်းခိုင်းလျှင် အလုပ်သမား ၀န်ကြီးဌာနသို့ တိုင်တန်းနိုင်

အများပြည်သူ ရုံးပိတ်ရက်အဖြစ် အစိုးရမှ တရားဝင် အားလပ်ရက်အဖြစ် သတ်မှတ်ထားသော နေ့များ တွင် အချိန်ပိုကြေး ပေးဆောင်ခြင်း မရှိဘဲ အလုပ် သမားများကို အလုပ်ဆင်းခိုင်းပါက အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားနိုင်ကြောင်း ရှေ့နေ ဦးခင် မောင်ရှိန်၏ ပြောကြားချက်အရ သိရသည်။


အစိုးရမှ အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်ထားသော ရုံးပိတ်ရက်များတွင် စူပါ မားကတ်၊ စားသောက်ဆိုင်စသော ပုဂ္ဂလိကပိုင်လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်း များမှာ အများနည်းတူ နားရက်အဖြစ် ရရှိခြင်း မရှိဘဲ အလုပ်ဆင်းနေရခြင်းများရှိရာ အလုပ်ရှင်များဘက်မှ အလုပ်သမားများနှင့် ညှိုနှိုင်းမှု ပြုလုပ်ပြီး အချိန်ပိုကြေး ပေးခြင်းများကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ထိုသို့ မပြုလုပ်ဘဲ အလုပ်ဆင်းခိုင်းခြင်းမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ကြောင်း သိရ သည်။

“အများပြည်သူ ရုံးပိတ်ရက်တွေမှာ အလုပ်ဖွင့်ချင်တယ်ဆိုရင် အလုပ်ရှင်တွေ အနေနဲ့ အချိန်ပိုကြေး ပေးရ မယ်။ အလုပ်ရှင်နဲ့ အလုပ်သမား ညှိုနှိုင်းပြီး နဂိုတစ်ရက် လုပ်ခရဲ့  နှစ်ဆ ဆိုတာမျိုး ညှိုနှိုင်းပြီး အလုပ်သမား တွေကို ပေးရမယ်။ ဒီလိုအချိန်ပိုကြေး မပေးဘဲ အလုပ် လုပ်ခိုင်းမယ်ဆိုရင် အလုပ်သမားတွေဘက်က တရားဝင် ဆန္ဒထုတ်ဖော်ခွင့် လည်းရှိတယ်။ အလုပ်ကို မသွားဘဲ နေလို့လည်းရတယ်။ ဒီအတွက်လည်း အလုပ်သမားကို အရေးယူပိုင်ခွင့် မရှိဘူး။ အချိန်ပိုကြေး မပေးဘဲ အလုပ်ဆင်းခိုင်းတဲ့ အလုပ်ရှင်တွေကို အလုပ်သမားဝန်ကြီး ဌာနမှာ တိုင်ကြားနိုင်တယ်” ဟုရှေ့ နေ ဦးခင်မောင်ရှိန် ကပြောကြားသည်။

တစ်ကမ္ဘာလုံးတွင် အလုပ်သမားများအတွက် မေလ (၁)ရက်နေ့ကို အလုပ်သမားနေ့ (မေဒေးနေ့) အဖြစ် တရားဝင် သတ်မှတ်ကာ ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါနေ့တွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရကာ အလုပ်ဆင်း နေရသော အလုပ်သမားများလည်းရှိကြောင်း သိရသည်။

ဆုဝေ

မြန်မာ့ခေတ်

Credit : Here

ဦးအောင်မင်း၊မအောင်မြင်သော ငြိမ်းချမ်းရေးအဖွဲ.၊အသားထဲက လောက်များ နှင်.အေဘီကိုမလိုသည်.စိတ်ရောဂါ


မြန်မာနိုင်ငံရေးက ကပ်ပါးများ၊ ပွဲစားများ၊ငြိမ်းချမ်းရေး ဆန်တာ နှင်. သမတရုံးက စစ်အုပ်စု၏တပည်.များ အကြောင်း
ရထားဝန်ကြီးဟောင်း၊ လက်ရှိ သမတ၀န်ကြီးအောင်မင်း၊ ၏လခစား ၀န်ထမ်းများ----
ပွဲစား ဦး ၄ ဦး အကြောင်း ပြောပြရတော.မှာဖြစ်ပါတယ်။


ဦး၎ ဦး 

ဇော်ဦး
သန်.မြင်.ဦး 
မင်းဇော်ဦး 
အောင်နိုင် ဦး

နိုင်ငံတကာကငြိမ်းချမ်းရေးခေါင်းစဉ်ဖြင်. လှုဒန်းငွေများ ပိစ် ဆန်တာ မှာ ပုံနေတာကို အများသိပြီး ဖြစ်ပါတယ်။ အထူး လခစား အခွင်.အရေးသမားများ ကို သမတရုံးမှာဦး၎ ဦး အဖြစ် လူတွေ သိကြပါတယ်။ လစာတွေက တော.

ဇော်ဦး ကပ်ပါး တလ ဒေါ်လာ၁၅၀၀၀.၀၀ တနှစ် တသိန်း ရှစ်သောင်း

သန်.မြင်.ဦး(ဦးသန်.မြေး) ဒေါ်လာ၁၅၀၀၀.၀၀ တနှစ် တသိန်း ရှစ်သောင်း

မင်းဇော်ဦး တလ ဒေါ်လာ၁၀၀၀၀.၀၀ တနှစ် တသိန်းနှစ်သောင်း

အောင်နိုင်ဦးတလ ဒေါ်လာ၅၀၀၀ တနှစ် ခြောက်သောင်း

( ခရီးထွက်တဲ. အချိန် စပါယ်ရှယ် တီအေဒီိအေတွေ မပါသေးပါ)

ရွှေနဲ.စု

ဒေါ်အောင်ဆန်းစုကြည်နဲ. ဦးေ၇ွှမန်းကတော. ဘယ်သူခွဲခွဲ ဒို. မကွဲ အမြဲစည်းလုံးမည် ဆိုတဲ.ဆောင်ပုဒ်နဲ. အတိပ် ကာလနဲ.မျက်မှောက် ကာလ မှာပါ ငွေ ထုတ် ကြီးနဲ.ကိုင် ဘေးက ၀ိုင်းဝိုင်းလည် ရှိနေပြီးသား ခေါင်းပုံဖြတ် စီးပွားရေးသမားလုပ်ငန်းရှင် တွေ၊ သူတို.လက်မလွှတ်နိုင်တဲ. အရင်းအမြစ်အစိုင် အခဲ တွေကို ပဲ၊ ဘယ်လောက် ပြည်သူတွေ က ဝေဖန်အပြောများများ ၊ ဆက် မျက်နှာပြောင်တိုက် တောင်.ကြံ တောင်.ခံပြီးဒီသွေး စုပ်ဖုတ်ကောင်တွေရဲ. အမြတ်ကြီးစားလက်ဝါးကြီးအုပ် စီးပွားရေးကိုသာ ကာကွယ် သွားကြပါလိမ်.မယ်။ဒီတော. ဒီမိုကရေစီကတော. မျှော်ရင်းဝေးနေပါဦးမယ်။ ဒီ.အပြင်ေ၇ွှ စု သင်.မြတ်မှု ကိုဂိုဏ်းချုပ်ကြီး သန်းရွှေ အလွန်နှစ်လို လို. ဒေါ်စုက လည်း ဦးရွှေမန်း နဲ.တိုင်တိုင်ပင်ပင်လေး ဆက်သွား နေတာပါ။ ပြည်သူလူထု ဘာထင်ထင် ဂရုမစိုက်တဲ. အတွဲမှာပါဝါနဲ. ကြွယ် ၀ချမ်းသာမှု အရင်းအမြစ်ကို တိုက်ရိုက်ပေါက်တဲ. ဂွင်ကို ဒီအသင်းကသေခြာ ခိုင်ခံ.ပါစေ.မယ်။

လူထုရေးရာ နဲ. စပ်လျဉ်းလို. .ကတော.-လူတွေကို နွားလို.သဘောထားနေရုံသက်သက်ပါပဲ။ ပေါက်ကွဲ တော.မဲ. လူထုဒေါသနဲ.သူတို.မရှင်းနိုင်တဲ. အုပ်ချုပ်ရေးပြဿနာတိုင်းမှာအဖြစ်ဆိုရုံလေး အမည်ခံမျှ ပြောင်းပြဖို.လောက်သာ အားစူနေကြပုံ ရပါတယ်။ ပြဿနာတွေကို မရှင်းပဲနိုင်ငံခြားတွေ ခဏခဏ ထွက်ပြတာတွေ၊ တခုခု ကို ကြိုးစားညှိ ယူနေသလို ပုံဖမ်းပြနေတာတွေ၊မြန်မာ.ဒီမိုကရေစီ အတွက် သူတပါးနိုင်ငံက နည်းနာရယူဖို.ထွက်နေပါတယ်ဆိုတဲ.ခရီးတွေဟာ ဦး သိန်းစိန် ပုံရိပ်၊ ပြီး ဦး သိန်းစိန် ပီအာအုပ်စု အောင်မင်းတို.ပုံရိပ်ကို သာ အထောက်အကူပြုစေပါတယ်။အမှန်တကယ်ကတော.-အောင်မင်း မွေးထားတဲ. ဒေါက်ခြာတစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ထင်ထားသလို သူ.သစ္စာ ခံတွေ လုံးလုံး မဟုတ်ပဲ၊ ဒီပွဲစားတသုတ်ဟာ ပေါင်းစားတတ်တဲ.သူတို. အတတ်ပညာနဲ.သူတို. ဖာသာ တစင်ထောင် တဂွင်ဖမ်း၊ သူတို. နည်းသူတို. ဟန်နဲ.စီးပွား လုပ်စား ဖို. တာ ဆူနေကြသူများသာဖြစ်တယ်။

ငြိမ်းချမ်းရေး ဟန်ပြ၊နိုင်ငံရေးပွဲစားများ

ဦးအောင်မင်းကိုယ်တိုင် သူတို. စစ်အုပ်စုထွက် တံဆိပ်ဟောင်းတွေနဲ. ကမ္ဘာ အရပ်ရပ်က လူကြားထဲထွက် တိုင်းသိပ် မတင်.တယ်လို.၊ ဒီမို ယောင် ဆောင် ဒီမို တံ ဆိပ်ကပ်ထားတဲ. အမှန်တကယ် မည်သည်. အလုပ်မျိုးမှဟုတ္တိ ပတ္တိ လူထု ပါလာ အောင် လုပ်မပြနိုင်တဲ. လူ လေးငါးယောက်ကို မွေးပြီးလိမ်စား နေကြတာဖြစ်ပါတယ်။ တလ တသောင်းခွဲ စား ၂ ယောက် ဖြစ်တဲ.ဇော် ဦးနဲ.ဦးသန်.မြေးသန်. မြင်. ဦး ၂ ယောက်မှာ၊ သန်.မြင်.ဦး ပါတ်သက်နေတာ ဇော်ဦးပွဲစားလုပ်ထားလို.ဖြစ်တယ်။ စစ် အုပ်စု က သန်.မြင်. ဦး စီက သူ. အိုင်ဒီယာ ကိုဝယ်တယ် ဆိုတာ ထက်၊ ဦးသန်. မြေးဆိုတဲ. နံမည် ကို ၀ယ်ထားတာ သာ ဖြစ်ပါတယ်။ဒါကလည်းဇော် ဦးက သူတယောက်တည်း ဆို လူ မပြောနဲ. ခွေးတောင် လက်မခံ တဲ. နံမည် ပျက်နံမည်ဆိုး ရှိတဲ.သူမို. ခုလို ပေါင်းစား နိုင်ငံရေးမှာ ဒေါ်စု ကို ဘေး က ယှဉ်တိုက် နိုင်အောင် ရည်မှန်း ချက်တူ တဲ. သူတွေ အချင်းချင်း ကြို စု ထား တာ သာဖြစ်တယ်။

ခက်တာ ကမြန်မာ နိုင် ငံ မှာ ဘာဘူနိုင်ငံရေးက တော် တော် ထွန်းကားတယ်။ တယောက်ပဲ နံမည်ကြီး၊ ဘာကြောင်.ပဲ နံမည် ကြီးကြီး- သူ. ကို ချက်ခြင်းနေရာ ပေး ဆွဲစိ လိုက်ခြင်းဟာ၊အရည် အချင်း၊ တော် လှန်ရေးစိတ်ဓါတ်၊ သက်လုံခံနိုင်ရည် အ၀၀နဲ. အမှန်တရားအတွက် ဘာနဲ. မှအလဲ အလှယ် မလုပ်တဲ. နှလုံး ရည်မျိုးရှိသူတွေ မြန်မာ. နိုင်ငံရေးအသိုင်းအ၀ိုင်းမှာထိထိ ရောက်ရောက် အလုပ်လုပ်ဖြစ်ဖို. အလွန် ခဲ ယဉ်းစေပါတယ်။

လူကြိုက်နည်းလှ တဲ. အောင်မင်းအုပ်စု (သို.) သမတ အကြံပေး အဖွဲ.မှာ ဦးသန်.မြေးသန်.မြင်.ဦး ပါဝင် ပတ်သက်ခြင်း မှာ လူ.ကပ်ပါး ဇော် ဦး ပထမ ပွဲစား စဖြစ်ခြင်းနဲ. ဆိုင်ပါတယ်။ ဇော်ဦး သူတယောက် ထဲ တိုး မရ နိုင် တဲ. ပွဲတက် လူရာ ၀င် မှု မျိုး ကို သူသိတဲ. နည်းနဲ. ဆွဲဖါထေးလိုက်တာ သာ ဖြစ်တယ်။ ဗဟု အုပ်စုနဲ.သူတို.နဲ. နီးတဲ. ခရိုနီပိုင် ဂျာ နယ်တွေသတင်းစာတွေ ၊ အခစား ဖေ.ဘွတ် ရေးစား သမားများကြားမှာတောင် ဦးသန်.ပုံ ဦးသန်.လိုင်း ကိုဓါတ်ပုံတွေ ခဏခဏ တင်ပြီးထုတ်ရှိုးခိုင်းထားတဲ. မီဒီယာ ဆိုက်ဝေါ ဆက်ရှင် တခုရှိတယ်။ ဦးသန်.နဲ. ၂၀၁၂ ၂၀၁၃ နိုင်ငံရေးပုံရိပ်တွေနဲ. ဘာဆိုင်လို.လဲ။ ဒါပေမဲ. ဒါတွေအားလုံးဟာ သူတို. အစီအစဉ်ကျကျလုပ်နေကြတာဖြစ်တယ်။ သူတို. မတတ်နိုင်တာ က တော.--လူထုမကျေနပ်မှု၊မုန်းတီးမှု။ ဒါတွေ ပျောက်သွားအောင် ဘယ်သူမှ မတတ်နိုင်ကြဘူး။

ဒီမိုကရေစီ အရေခြုံစစ်အုပ်ချုပ်ရေးကို ဦးသန်.မြေး မပြောနဲ.။ အလုပ်မဖြစ်တဲ.ငြိမ်းချမ်းရေး ဆန်တာ က လခစားတသုတ် မပြောနဲ.။ ယုတ်ဆွ အဆုံး ဒေါ် အောင်ဆန်းစု ကြည်တောင် ၀င်မပြောနဲ.။ဒီလောက် လွဲ ဖယ်နေ တက်တက်စင်မှားနေတဲ. အုပ်ချုပ်ရေးကိုပြည်သူတွေက လက်မခံဘူး။ လက်ခံချင်ယောင် ပြနေ တာက ပို.စကဒ်တွေ နဲ. မြန်မာ ပြည်ဖြစ်သတင်းတွေမှာပဲ ရှိတယ်။ 

စီအိုင်အေတော.မဟုတ်၊လခစားတွေသာဖြစ်တယ်။ ငြိမ်းချမ်းရေးရံပုံငွေတွေ ကို ထိုင်သုံးနေကြတယ်။

မင်းဇော် ဦး ကတော. တလောကသူတို. အောင် မင်းစီမှာ လစာ ကြီးတွေ တောင်း ၊ သူတို. အခွင်. အရေး သက်သက် အတွက်ငြိမ်းချမ်းရေး အဖွဲ.မှာ လျှောက် ပြန် သံပေး လုပ်နေကြပါတယ် ဆိုတဲ. ဆောင်းပါး တိုလေး ရေး စဉ်က သူတို.ပဲ မဟုတ်သလို၊ စွေ.စွေ.ခုန်ပြနေပါတယ်။ စီအိုင်အေ ဟုတ်မဟုတ် ဒီတချက် ကြည်. ဆုံးဖြတ်ကြသင်.တယ်။ စစ်တပ်က ငတုံးတွေ ကလည်း တချက်မှ အပြင်မထွက်ဖူးပဲ၊ သူတို.နဲ. ပါတ်သက်စကားပြော ဆိုနေတဲ. လခစား သုံးလေးယောက်ကို ရင်းပြီးပြည်တွင်းပြည်ပက စစ်အုပ်ချုပ်ရေး ကို ပြတ်သားစွာ ဆန်.ကျင် အတိုက်အခံ ပြုတဲ.လူတွေအကုန်လုံးကို စည်း ရုံးလို. ရနိုင်တယ် ဆိုတဲ. delusion ဒလူး ရှင်း မဖြစ်သင်.၊ဒီလူတွေ ပဒိုင်းသီးမြိုပြီး သူတို. ဆက်လိမ်လျှင်တောင် လူတွေ သူတို.ကို မယုံကြည်။ညစ်ပတ်တဲ. နိုင်ငံရေး နားလည်နိုင်စွမ်းရှိတဲ. ပြည်သူ အပေါ် တန်ပြန် က လေးကွက်တွေနဲ. ကလေးကလား လုပ်နေတာတွေကိုလူတွေက စက်စုပ်တယ်။

ဆုတွေထွက်ယူပြနေတာ ပီအာ လုပ်စားနေတယ်ပြောတာ မမှန်လို.လား။ နော် ဝေး နဲ. တခြား စကင်ဒီ နေဗီးယန်းနိုင်ငံတွေက လှု တာတွေထိုင်ဖြုန်းနေကြတာကရော မမှန်လို.လား။ ပြီးတော. အထက်က လခစားတွေ တယောက်မကျန်သူတို.ကို အခွင်.အရေးသမားတွေလို. လူတွေက ခေါ်ကြတာ မမှန်လို.လား။ တလအမေရိကန် ဒေါ်လာနဲ. လခ ၁၀၀၀၀ ကနေ ၁၅၀၀၀ အထိ တောင်းတာ၊တကယ်ဒီလခတွေ ထိုင်ယူနေတာကရော မမှန်လို.လား။

မင်းဇော်ဦး လိုချင်တာက တော.ဇော် ဦးလို တလ ဒေါ်လာ ၁၅၀၀၀ ဖြစ်ချင် ဖြစ်နေမှာ ပေါ.။ မရလို.သာ ဒီလို နဲ. သူ.တို. လခကိုဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ တလ တသောင်းတနှစ် တသိန်းနှစ်သောင်း၊ဇော် ဦး တနှစ် တသိန်း ရှစ်သောင်း။ ဇော် ဦးလူလည်ကလည်းသူမွေးထားတဲ. မျောက်က သူ.ထက်လခ ပိုကောင်း ဖို. ဘယ်ခွင်.ပြုပါ.မလဲ။ ဥရောပက ၀င်လာတဲ. ငွေတွေ ရဖို. သမတကို မြှုဆွယ်ခဲ.စဉ်က ပရိုပိုဆယ် ရေးလို.အလုပ်ကြီးတွေလုပ် ပေးရ စဉ်က ၊၁၀ သန်းဝင်ရင် ဘယ်လောက်၊ သန်း ၅၀ ၀င်ရင် ဘယ်လောက် ဆိုတဲ. ဇော် ဦးသီးသန်.တောင်းတဲ. ပွဲခ ပါဆင်.တေ.ခ်ျက ဘယ်လောက်လဲ။

သူတို.ထဲမှာ လစာ အနည်းဆုံးက အောင်နိုင်ဦးပါပဲ။ သူတို. အားလုံးဟာ နိုင်ငံရေး အကြံပေးလုပ်နေတယ် သာ ဆိုတယ်။ ဘာမှ ပြည်သူ လူထု အတွက် အကျိုးမပြုနိုင်သေးပါဘူး။ သန်းေ၇ွှ မွေးခဲ.တဲ. နေ၀င်မောင် အရပ်သား အုပ်စု က လူသစ် အချို.ထပ် ငှားယမ်း ရီခရု.တ် လုပ်ထားတာသက်သက်၊သူတို.ဟာ အနှစ်သာ ရ အားဖြင်. မပြောင်း မလဲ တသမတ်တည်း ဖြစ်နေပြီးစစ်အာ၈ျန်ဒါတွေမှာ လူတွေ မဆိုစလောက်လေး လက်ခံလာအောင်တောင် ဘူးလုံး နားမကွဲရှင်းပြနိုင်စွမ်း ရှိတဲ.သူတွေ တောင် မဟုတ်ပါဘူး။

သူတို.ကို အောင်မင်း နဲ. သမတ ရုံးက ဒီလောက်များတဲ. လစာတွေ ပေးတော.၊ သမတ ထက်တောင် လခများနေလို. ဝေဖန်သံတွေ မကျေနပ်သံတွေ ထွက်လာ ခဲ. တယ်။ သူတို. အတွင်းစည်းမှာ ကိုဖြစ်နေ တဲ.အသံတွေဖြစ်ပါတယ်။

စကင်ဒီနေးဗီးယန်း နိုင်ငံတွေက ရတဲ.ပိုက်ဆံနဲ. ငါးကြင်းဆီ ငါးကြင်းပြန်ကျော် ပြီး ဒိကောင်တွေကို ကျုပ်က ခိုင်းစားထားတာ လို. မကျေနပ်နေတဲ. ဗိုချုပ် အချို. နဲ. လက်ထောက်တွေကို ပေါသလိုလိုရူးသလိုလို လုပ် ဦးအောင်မင်းက အဖြေပေးခဲ.သေးတယ်မဟုတ်လား။ အမှန်က အောင်မင်း ကြီးကိုယ်တိုင် ဒီ ပွဲစားတွေနဲ. ပွဲတော် တည်နေတာ ဖြစ်တယ်။

ဦးအောင်မင်း ကိုယ် တိုင် ဒီ လူတွေ လခတောင်း ကြမ်း တာ လူ တကာ ကိုလျှောက်ပြော နေတာပဲ။ ဒီတော. တပ်ရင်းမှုးကြီးတွေကသေနတ်ပြပြီး ဒင်းကြမ်း ဗြောင်လု ဗြောင်တိုက်တော.တာပေါ.။ စစ်တပ် လုစားတော.နံမည်တအားပျက်တယ်။ဒါပေမဲ.- ငြိမ်းချမ်းရေးဆန်တာ က ခေတ်သစ် သူခိုးတွေကတော. ကံထူးစွာ ကြောင်သူတော်လုပ်ခွင်. အထူးလိုင်စင် ရထားတယ်။ မင်းဇော် ဦး က လည်းတလောက လူ မိသွားတာသူမခံ နိုင် လို. တောင် ပြောမြောက်ပြော ရမ်းနေ သေးတယ် ဆို လျှင်၊ သူ. ထမင်း ရှင်ဦးအောင် မင်း ကြီး ပါးစပ်နဲ.တခြား မမြင်ရတဲ.၊ နတ် မျက်စီ နတ် ပါးစပ်တွေ အကုန်လုံးသေသေချာချာ ပိတ်ထားဖို.ကောင်းတယ်။ပြည်သူ.ဘက်တော်သားတွေက တော. ပြောစရာ ရှိတာပြောရမှာပဲ။ သူခိုးလူလူ ဟစ်တာမျိုးတော. လောကကြီးကနေရာတိုင်းမှာ ပေါပေါရောရောဆက်တိုက် ခွင်.ပြု ပေးလိမ်.မယ် မထင်ဘူး။

အေဘီ ကို မုန်းတဲ.၊ အေဘီ တပ်ကိုမလိုလားတဲ. ၄သိန်းတပ်မဟာချုပ်များ၏ စိတ်ရော ဂါ

တော်လှန်ရေးမှာ အနေကြာ၊ ဘယ်နိုင်ငံမှမရောက်၊ သောင် ပြင် မှာ တွယ် ရာမဲ. နေဆဲ အဆင်မပြေ သေးတဲ. အေဘီ ရဲဘော် တွေ အနာ ၈တ်ရေး ရာအတွက် သူငယ်ချင်းတွေ ရဲဘော်ကောင်းတွေ မခံနိုင်တဲ. သူတွေက စိတ်ပူကြတယ်။

မြောက်ပိုင်းကိစ္စနဲ. ဘာမှ လည်းမဖြစ်၊ အောင်မင်းတို.ဘေးမဲ.ပေးထားတဲ. ဒေါက်တာနိုင်အောင် ပဲ ထွန်.ထွန်.လူးမတတ် အထဲမှ အခြေချချင်နေတာဆိုပါတော.။မန်းကစစ်ထောက်လှန်ရေးတွေ၏ မိတ်ဆွေ ကြီးငယ်တွေနဲ. စီးပွားဖြစ်နေတဲ.သူတွေက လည်း၊ အမြုံတွေထက်တောင်ညံ.ဖျင်းသေးတယ်။ မြောက်ပိုင်းကိစ္စ ဗန်းပြ ပြီးလို. လေနဲ. ၀သွားလေတော.ခု မျက်နှာ ဗြောင်တိုက်ပြီး အမှန်တရား ဆိုတာ ဂျိုနဲ.လား လို. သူတို. ကိုလှမ်းမေးရမလို ဖြစ်နေတယ်။ စစ်အုပ်စုဟာ လူရွေးတတ်ပါတယ်။

စစ်အုပ်ချုပ်ရေးနဲ.စစ်ဥပဒေကို တောက်လျှောက်ဆန်.ကျင် ကြည်.၊ ပြည်တွင်းမှာ အမှန်တရားဆိုတဲ. အလွန် ရှားပါးတဲ.အရာကို တိုင်လေး တခုမှာ မြဲအောင် ပူးချည် ဖို. နှီးကြိုးလေး တချောင်း လိုက် ရှာ ရင်တောင် တော် တော် ခဲ ယဉ်းစွာလိုက်ရှာ ရလိမ်.မယ်။ ပေါင်းစားမလား၊ ရတယ်။ သူတို.တို. ကြိုက်တာ တွေ ပြော မလား၊ရေးမလား၊ ရတယ်။ စစ်အုပ်စု နှစ်သက်တဲ. ထပ်ကာထပ်ကာ ကြားချင်တဲ. သတင်းခေါင်းစဉ်မှာမြောက်ပိုင်းဇတ်လမ်း ပါလေ ရဲ.။

အရေးယူတဲ. အဆင်.ထိရောက်အောင်တော. စစ်ထောက်လှန်းရေးနဲ.သူတို. မီ ဒီယာတွေက စိတ်မ၀င်စား ပါဘူး။ ကိုယ်.ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်သွားပြီး မန်းက သတင်းပေးတွေ လူမိသွား နိုင်တာမို.၊ ၂၀၁၂ နှစ် တလျှောက်လုံး အေဘီကို ထိုးနှက်ရုံ့သက်သက် ရေးသားခဲ.သူတွေက တော. အချိန်တခုအထိ နဲနဲ ထပ်စောင်.ပါ ဆိုတဲ.စကားနဲ.လူတွေကို ဆက် လှည်.စားနေကြဆဲဖြစ်တယ်။ စောင်.ခိုင်းထားတဲ.ကာလမှာ အေဘီကို အနု အကြမ်း နည်းတွေသုံး အတင်းဝင်ဖျက်ဆီးတော.တယ်။ အော်ဆီက ထောက်လှမ်းရေး သတင်းပေးမက ဥရောပ က ထောက်လှမ်းရေးသတင်းပေးထီးတယောက်ကို အချက်အလက် အရ ကူညီပြီး၊ စစ်အုပ်စု မုန်းတီး ကြောင်၇ွံ.တဲ. သူတယောက်ကို ကျတော.ချက်ကြလက်ကျ ပိတ်ဆို. ဒုက္ခပေး လုပ်တတ်ကိုင်တတ် လိုက်ကြတာမှ၊ အတိုင်အဖေါက်တွေညီဆိုဖွယ်ရာကို မရှိဘူး။ 

ဒီနေရာမှာတော. လက်သွက်ခြေသွက်တွေမို. တားလို.တောင်မရ၊စောင်.တောင်မစောင်.နိုင်၊ ၃၈ ယောက် ပြုတ်ခဲ.ရပါတယ်လို. ငိုခြင်းချတဲ. မင်းသမီးမင်းသားတွေ အစိုးရ နိုင်ငံခြားရေး ရုံးက စပိုင်တွေ သူတို. အမျိုးတွေညွန်ကြားချက်အတိုင်း ကစားနေကြတယ်။ စစ်အုပ်စုအတွက် အလုပ် လုပ်ပေးနေတယ် ဆိုတာ တော်တော် ပေါ်လွင်နေတယ်။ ၃၈ ယောက် ကိစ္စ မှာ ဘယ်သူက ဘယ်သူ.ကို စောင်.ခိုင်းထား ပါသလဲ။

မက်ဆင်ဂျာ ဂျာနယ် က ထိုးဖေါက် မွှေနှောက်ထားတဲ.ခရစ်တစ်ကဲလ် မေးခွန်းများ ထုတ်သင်.တယ်။ ဒေါက်တာ နိုင်အောင်ကို ဗျူး စီးပွားရှာစားနေတဲ.မြစ်မခက ကြဲ.ဖွတ် သတင်းထောက်မလည်း ဒီလို ခရစ်တစ်ကဲလ် ဖြစ်တာတွေ မရေးသင်.ပေဘူးလား၊ စဉ်းစားမိတာကိုပြောတာပါ။ လူထုအတွက် စေတနာ မရှိပဲ ၊မီဒီယာ ကို ဖင်ခု ထိုင် ညစ်ပတ် နေသူတွေကိုအထုးစက်စုပ်တယ်။ ကိုယ်.အလှည်.ကျရင် တော. ပြန် ပေးဆပ်တတ်ရမယ်။ ညစ်ပတ်တိုင်းမကောင်းဘူး၊ လုပ်လို.ရလို.လုပ်တယ်ဆိုတဲ. အတ္တ လည်း တချိန်မှာ အဆုံး ရောက် သွား နိုင်ပါတယ်။မျှတစွာ လူလိုသူလို စဉ်းစားနိုင် ကြဖို. ပါ။

အေဘီ အက်စ်ဒီအက်ဖ် ကို ပူးသတ် လာဘ်ထိုး ဖျက်ဆီးနေပြီ လော

ဖျက်တာတော. မရ ရတဲ. နည်းနဲ.၀ိုင်းဖျက်နေကြတယ်။ အောင်မင်းဟာ လူတိုင်းကို ချဉ်းကပ်ရာမှာ--သူနဲ. ပူးကပ်နေတဲ.ဇော် ဦး၊ မင်းဇော် ဦး၊ ညိုအုန်းမြင်.၊ သန်.မြင်.ဦး၊ အောင် နိုင်ဦး စတဲ. လူတွေနဲ. ပေါင်းစား လုပ်စားရသလောက် မလွယ်မှန်းသိပုံရတယ်။ ဒါပေမဲ.ခုထိ ကျန်နေသေးတဲ. တဲ. ရဲဘော်ကောင်းတွေ၊ ရှိသေးတယ်။ ပြီးတော.-- သူများ လှည်.ရင် လှည်.တိုင်း လှိမ်.ခံရမဲ.သူများလည်း အထီးကျန်စွာ ဘေးမှာ ကျန်နေခဲ.သေးတယ်။ ရွေးချယ်စရာ ရှားပါးတဲ. အနေအထားမှာ လူတိုင်းသူသူ ကိုယ်ကိုယ်အကာ အကွယ် မဲ. တတ် ကြပါတယ်။ ဒါကို ငြိမ်းချမ်းရေး မစ် ရှင် အဖွဲ.က ထောင်ချောက်ပြုပြီး တော်လှန်ရေးအင်အားစု များကို ထောင်ဖမ်း ကြပါလိမ်.မယ်။

သူတို. နဲ. ပတ် သက်ပြီး ဒီအေဘီ လက်ကျန် ကောင် တွေကိုဘယ်လို လုပ်လိုက် ဘယ်လိုကိုင် ဘယ်လို ကျွေးလိုက် ဘယ်လိုလုပ် လျှင် ဘယ်သူတွေ ဘယ်လို သာခွေ ယိုင်သွားနိုင်တယ် ဆိုတဲ.ဂျပန်အလိုတော် ရိ သတင်း ပေး က ရော ဘယ်သူပါလဲ။

ဇော် ဦး တို. မင်းဇော် ဦး တို.မဟာဗုဒ္ဓ၀င်ကို ရင် ညွှန်.မှာ အပ်ပြီး အေဘီရဲဘော်တွေ နဲ. တခြား နိုင်ငံအသီးသီး ရောက်နေတဲ. ရပ်တည် ချက်ရှိသူများတွေ ကို တစစီဖဲ.ပြီးဖျက်စီးမဲ. အကြံတွေ မရှိပါဘူးလို. ကျိန်ပြောခဲ.ရင်တောင်ဦးအောင်မင်းရုံး အပေါက် စောင်.က အစ ယုံ မှာ မဟုတ် ဘူး။ ဒေါက်တာ နိုင်အောင် ကိုယ်တိုင်အေဘီပြန်ဝင်ရေး ဦးဆောင် လှုပ်ရှားမှု မှာ လုံးလုံး မသန်.စင်ဘူး။ သူတို.ကိုယ်သူတို. အသိဆုံး ဖြစ်ပါတယ်။

ရဲဘော်ကောင်းတွေကို ရောင်းစားနေကြတယ်။ မခံကြနဲ.၊

အေဘီကို တောင်းစားတဲ. အသွင်ဖြစ်အောင် မနှိမ်.ချနဲ.။

တက်ဆီင်္အစီး၆၀ ဟာ လာဘ်ထိုးခြင်းလား။

တက်ဆီအစီး ၆၀ က ပြဿနာလား၊

အေဘီ ရုးံခန်းမဖြစ်မနေ ဖွင်.ရမဲ. လိုအပ်ချက်ကသာ စစ်အုပ်စုအတွက် ပြဿနာမဟုတ်ပါလား 

အထက်က ပွဲစားတွေ နဲ. စစ်အုပ်စုကိုယ်စားလှယ် တွေ၊ သူတို. နေ.တဒူဝပြောဆိုနေတဲ. ခေါင်းစဉ်တွေက ဘာတွေ တုန်း။ဘယ်နိုင်ငံက ဘယ်သူ.စီမှာ ပိုက်ဆံ ဘယ်လောက်ရဖို. ဘယ်သူက အီးမေးပို. မယ်၊ ဘယ်သူကဖုန်းခေါ်မယ်။ ဘယ်သူက ဖေါလိုး အပ် ပ် လုပ်မယ်။ ဘယ်သူက ခရီးထွက်မယ်။ တော်လှန်ရေး စိတ်ဓါတ် အကျန်တွေနဲ. စစ်အုပ်စုကို ဆန်.ကျင် နေတဲ. သူတွေကို ဘယ်သူက ဘယ်သို.၊ဘယ်သူ. ကို ဘယ်လိုလုပ်၊ ဘယ်ကောင် ကို ဒီလိုဖြုတ်၊ ဒီကောင် တွေ ကို ဒီ ဟာပေးရင် ဟိုဟာဖြစ်လိမ်.မယ်။ ဒီကောင် တွေ တောင်းတိုင်းမပေးနဲ.။ ရုံးဖွင်.ခွင်.ရသွား ရင်အေဘီ ဟောင်းတွေ တကျော ပြန်ထ ကြွလာလိမ်.မယ်။ ဒါမျိုး တွေ ၀န်ကြီးတို.က လုပ်မပေးရဘူးစသဖြင်. ၊ ဒိကောင်တွေကို တက်ဆီ ၅ စီး ၁၀ စီးလောက်နဲ.ပဲ မရ ရ အောင် ဈေးဆစ်၊ ဒီ လိုယုတ်ညံ.တဲ. စကားလုံးတွေ ဘယ်သူ. ပါးစပ်က ထွက်လာတာလည်း။

ဒီစကားမျိုးတွေပြောကိုယ်စောင်.နတ် လုံးလုံးလျားလျား မရှိတဲ. ဘယ် မြေခွေးများ က ငြိမ်းချမ်းရေး ဆန်တာမှာမွှေနေ ရှုတ်နေပါသလဲ။

သိပ်ရှည်နေလို.နောက်တပိုင်းဆက်ဖတ်ပါ။

အေးအေးစိုးဝင်း
ဧပြီ ၂၉ ၂၀၁၃

Credit : Here

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်နဲ့ လျှို့ဝှက် ရွှေဖြူ

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က သူ့နယ်မြေအတွင်းမှာ ရေနံရှာဖွေရေး အကြောင်းပြပြီး ရွှေဖြူတူးဖော်ရေး လျှို့ဝှက် စီမံချက် လုပ်ကိုင် ခဲ့တယ်ဆိုတဲ့ လူသူ အသိနည်းပါးတဲ့ သတင်းတခု ထွက်ပေါ်လာပါတယ်။

ဒီ လုပ်ငန်းကို နိုင်ငံတော် ခွင့်ပြုချက် မရှိဘဲ သူ့ သဘောနဲ့သူ လုပ်တာဆိုတဲ့ အချက်ကြောင့် လာ မယ့် လွှတ်တော် အစည်းအဝေး မှာ တင်ပြ ဆွေး နွေးဖို့ ရှိတယ်လို့လည်း လွှတ်တော် အသိုင်းအ၀ိုင်း က ကြားရပါတယ်။


စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး တယောက် တရုတ်ကုမ္ပဏီတခုနဲ့ ပေါင်းပြီး ရွှေဖြူတူးဖော်ရေး စီမံချက် အကောင် အထည် ဖော်ခဲ့တယ် ဆိုတာ ဟုတ်၊ မဟုတ် တင်ပြနိုင်ဖို့ စစ်ကိုင်းတိုင်း အမတ် ဒေါက်တာ မြင့်နိုင်ကလည်း အချက်အလက်တွေ စုဆောင်း နေတယ်လို့ သိရပါတယ်။


“လွှတ်တော်မှာ မေးခွန်းမေးဖို့ ကိစ္စက အခု ရေဦးမှာ အချက်အလက် စုဆောင်းနေတုန်း ရှိသေးတယ်။ အချက်အလက် ပြည့်စုံ ရင်တော့ လက်မှတ်ထိုးပြီး တင်မှာပါ”လို့ စစ်ကိုင်းတိုင်း အမှတ် ၃ နယ်မြေက အမျိုး သားလွှတ်တော် အမတ် ဒေါက်တာ မြင့်နိုင် က ဧရာဝတီကို ပြောပြပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က အဲဒီ တရုတ် ရေနံကုမ္ပဏီက ကားကြီးတွေနဲ့ ရေနံရှာဖွေရေး လုပ်ရင်း ၂၀၁၂ ခုနှစ် နှစ်ဆန်း ပိုင်းလောက်မှာတော့ ရွှေဖြူတွေ တွေ့ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်၊ ကွန်တိန်နာ ကားကြီးတွေ နဲ့ တရုတ် နိုင်ငံ ဘက်ကို သယ်ထုတ်သွားတယ် လို့ ဒေသခံ တဦးကလည်း ပြော ပါတယ်။

“သစ်ရာအိုင့်ရွာနဲ့ ၂ မိုင်လောက် ဝေးတဲ့နေရာမှာ အစကတော့ သူတို့က ရေနံရှာတယ်ဆိုပြီး ကွန်တိန်နာ ကားတွေနဲ့ တရက် ၁၅ စီး အစီး၂၀ လောက် သွားနေကြတာ။ နောက်မှ ရွှေဖြူထွက်လို့ ဆိုပြီး အသံထွက် လာတယ်”လို့လည်း သူက ဆိုပါတယ်။

ရွှေဖြူထွက်တယ်ဆိုတဲ့ နေရာကတော့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ညောင်လယ် ကျေးရွာအုပ်စု သစ်ရာအိုင့် ရွာရဲ့ အနောက် တောင်ဘက် ၂ မိုင်လောက် အကွာမှာဖြစ်ပြီးတော့ အဆောက်အအုံ ကြီးကြီးတွေနဲ့ စီမံကိန်းတခုလို လုပ်ခဲ့တာလို့လည်း သူက ဆက်ပြောပါသေးတယ်။

ဒါပေမယ့် ရွှေဖြူတူးတဲ့ လုပ်ငန်းဟာ ၁ လ လောက်အကြာမှာပဲ လက်စ လက်န မကျန်အောင် ရွှေဖြူ လုပ်ကွက်တွင်းတွေကို ပိတ်ပင်ပြီး အဆုံးသတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာ မြင့်နိုင်က“အဲဒီမှာက ရွှေဖြူတွေ့ သလိုလို၊ နောက် အဲဒီမှာ အဆောက်အအုံတွေလည်း ကြီးကြီး မားမားတွေ ဆောက် ထားပြီးတော့ သေချာ လုပ်ထားတာ။ နောက်ပြီး မြေတွေ ပြန်ဖို့ပြီးတော့ အားလုံး အစ အန ဖျောက်သွားတာ”လို့ ဧရာဝတီကို ပြော ပါတယ်။

အခုလို လုပ်ငန်းစီမံကိန်းကြီးတခု လုပ်ခဲ့ပြီး အစအနတွေ ဖျောက်သွားတယ်ဆိုတော့ ဒါဟာ နိုင်ငံတော်က မသိဘဲ ကိုယ်ကျိုးစီးပွား အတွက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ပိုပြီး ပေါ်လွင်တယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။

ဒီလို ရွှေဖြူတူးဖော်ရေး လုပ်ကွက်မှာ တွင်းတွေကို လျှို့ဝှက်လုပ်ထားပြီး လုံခြုံရေး အစောင့် အကျပ်တွေ ချထားခဲ့ပြီးမှ နောက် ပိုင်း တိတ်တဆိတ် လုပ်ငန်း ရပ်ဆိုင်း သွားခဲ့တာပါတဲ့။

“သူတို့ လုပ်ကွက်နားကို မ၀င်ရဘူးတဲ့၊ အစောင့်တွေ ချထားတာ၊ ရဲ အစောင့်ချထားတာ၊ ဒေသခံတွေ ကိုလည်း အလုပ်တွေ ဘာတွေ မပေးဘူး။ တွင်းတွေကို လာပိတ်တော့လည်း သူ(ဦးသာအေး) ကိုယ်တိုင် လာပိတ်သွားတယ်”လို့ ရေဦးမြို့ခံ တဦးက ဆိုပါတယ်။

အဲဒီ စီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို စီမံကိန်း မလုပ်ခင်တုန်းကလည်း လာပြီး ရှင်းလင်းပြောပြတာ မရှိသလို၊ အဲဒီ စီမံကိန်းအလုပ်ခွင်မှာ ဒေသခံတွေကို အလုပ်အကိုင် ခန့်အပ်တာမျိုးလည်း မရှိဘဲ လျှို့ဝှက် လုပ်ငန်းကြီး တခုကို လုပ်သလို လုပ်ကိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဦးသာအေးဟာ စစ်ဗိုလ်ချုပ်ဟောင်း တဦးလည်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကွက်တွေကို သူ နဲ့ နီးစပ်တဲ့ တပ်ရင်း၊ တပ်ဖွဲ့ တချို့က လုပ်ကိုင်နေတာတွေလည်း ရှိနေ တယ်လို့ ဒေသခံတွေက စွပ်စွဲ ပြောဆိုနေကြပြီး အရပ်ထဲမှာ သူ့ကို “ရွှေ သာအေး”လို့ အမည်ပေးထား တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

“နိုင်ငံတော်က အဲဒီကိစ္စ မသိဘူး ထင်တယ်၊ ကျနော်တို့ အဲဒီတုန်းက ကြားတာတော့ နိုင်ငံတော်က မသိဘူးလို့ ကြားရပြီး အရပ် သတင်းမှာ သူ (ဦးသာအေး) ပြုတ် မလိုလိုတောင် ဖြစ်သေးတယ်”လို့ ရေဦး ဒေသခံက ဆိုတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဧရာဝတီက သတ္တုတွင်း ၀န်ကြီးဌာနကို ဆက်သွယ်မေးမြန်းတဲ့အခါ စွမ်းအင် ၀န်ကြီးဌာန နဲ့သာ သက်ဆိုင်တဲ့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနကို ဆက်သွယ်ဖို့ ပြောလာပါတယ်။

စွမ်းအင်ဝန်ကြီးဌာနကို ဧရာဝတီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တယ်လီဖုန်းနဲ့ လက်ခံဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး တရားဝင် ဖြေကြားချက်ရလိုရင် ၀န်ကြီးဌာနကို ဖက်စ်နဲ့ မေးမြန်းဖို့ပြောလို့ ဧပြီလ ၂၅ ရက်နေ့က ဖက်စ်ပို့ပြီး မေးမြန်းခဲ့ပါတယ်။

မေလ ၃ ရက်နေ့မှာတော့ စွမ်းအင် ၀န်ကြီးဌာန ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က အတွင်း ရေးမှူး ဦးဌေးအောင် က လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က စစ်ကိုင်တိုင်း အဆိုပါ ဒေသမှာ တရုတ် ကုမ္ပဏီ(CNOOC) ဟာ ဆိုက်စမစ် ရေနံရှာဖွေတိုင်းတာခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ တရားဝင် အကြောင်းပြန်ကြားလာပါတယ်။

ဒါပေမယ့် ရေနံတူးဖော်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူးလို့ အကြောင်းပြန်ကြားစာမှာ ဖော်ပြပါတယ်။

“CNOOC ကုမ္ပဏီသည် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးတွဲ ဆောင်ရွက် လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီ ဖြစ်ပါသည်”လို့ စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန် ရေးအဖွဲ့ရဲ့စာမှာ ပါရှိ ပါတယ်။

သူတို့အနေနဲ့ ဒေသခံတွေ ပြောဆို သံသယဖြစ်နေကြသလို ရွှေ သို့မဟုတ် ရွှေဖြူ ထွက်တယ်ဆိုတာကို တိုင်းတာနိုင်တာ မရှိဘူးလို့လည်း အကြောင်းပြန်စာက ဆိုပါတယ်။

“ရေနံရှာဖွေရေး လုပ်ငန်းများကိုသာ ဦးတည်ဆောင်ရွက်လုပ်ကိုင်ခြင်း ဖြစ်သဖြင့် ရွှေ(သို့) ရွှေဖြူထွက်ရှိမှုကို သိရှိတိုင်းတာ နိုင်ခြင်း မရှိပါကြောင်း သိသာနိုင်ပါရန် အကြောင်းပြန်ကြားအပ်ပါသည်”လို့ စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုထားတာပါ။

စွမ်းအင် ၀န်ကြီးဌာန က စစ်ကိုင်းတိုင်း အတွင်း ရွှေဖြူ ထွက်ရှိမှုနဲ့ပတ်သက်ပြီး သိရှိတိုင်းတာနိုင်ခြင်း မရှိဘူးဆိုတာ အမှန် တကယ် ဟုတ်မဟုတ် ၀န်ကြီးဌာနကပဲ သိနိုင်မှာပါ။ တခု ရှိတာက လက်ရှိ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က ဦးသာအေး ဖြစ်နေတာ ကလည်း စွမ်းအင် ၀န်ကြီးဌာနနဲ့ ဆက်စပ်မှု ရှိမရှိ စဉ်းစားစရာပါ။

မကြာသေးခင် ရက်ပိုင်းကလည်း ဦးသာအေးကို တာဝန်က အနားပေးလိုက်တယ် ဆိုတဲ့ သမ္မတရုံး စာအတုနဲ့ အင်တာနက် ပေါ် ပျံ့နှံ့ခဲ့လို့ မဟုတ်ကြောင်း ရှင်းခဲ့ လင်းခဲ့ကြတာကို သတိထားမိ ပါသေးတယ်။

အရင်နှစ် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်စောစောပိုင်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းမှာ အင်အား သုံးဖြိုခွင်းခဲ့တုန်းက သံဃာတော်တွေ မီးလောင်ဒဏ်ရာတွေ ရခဲ့လို့ ဒီကိစ္စ တာဝန်အရှိဆုံး သူဟာ ဦးသာအေး ဖြစ်တယ်လို့ ပြောဆိုနေတာတွေလည်း ရှိပါတယ်။

ဒါပေမယ့် လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကော်မရှင် ဥက္ကဌ လုပ်တဲ့ အစီရင်ခံစာ ပေါ်ထွက် လာတဲ့ အခါမှာတော့ သမ္မတ ဦးသိန်းစိန်က ခန့်အပ် တာဝန်ပေးထားတဲ့ အဲဒီ လက်ပံတောင်း အစီရင်ခံစာ အကောင် အထည် ဖော်ရေး ကော်မတီ အဖွဲ့ဝင် တဦးအဖြစ်နဲ့ ဦးသာအေးဟာ အခုအထိ အေးအေး လူလူ ရှိနေပုံ ရပါတယ်။ ။

Credit :

ရခိုင်အရေး ကင်တားနား ပြောဆိုချက် လိုက်လံဆောင်ရွက်မှာမဟုတ်ဟု သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်ဆို

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ထုတ်ပြန် သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင် ခံစာကို တုံ့ပြန်ကာ ဘင်္ဂါလီများသာ အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ကုလသမဂ္ဂ လူ့အ ခွင့်အ ရေး ကိုယ်စားလှယ် ကင်တားနား၏ မှတ်ချက်များ ကို လိုက်လံဆောင်ရွက်မှာမဟုတ်ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြော ကြား လိုက်သည်။


ကင်တားနား၏ မှတ်ချက်များသည် လက်တွေ့မြေပြင်မှာ ပကတိ အမှန်များနှင့် ကွဲလွဲနေသော မှတ်ချက် များ၊ HRW ကဲ့သို့ အဖွဲ့အစည်းများ၏ တစ်ဘက်သတ် စွပ်စွဲချက်များကို ထပ်မံ အတည်ပြုရန် ကြိုးပမ်းနေ သည်ဟု မြင်ကြောင်း ၄င်းက ဆိုသည်။

နိုင်ငံတော်သမ္မတအနေနှင့် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ကို ယခု ပြဿနာကို ဖြေရှင်း နိုင်မည်ံ့ ရေတို၊ရေရှည်လုပ်ငန်းစဉ်များကို ရှာဖွေရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဦးရဲထွဋ်က ပြောကြားသည်။

”ကော်မရှင်ရဲ့ တွေ့ရှိချက်များဟာ ကြောင်းကျိုးခိုင်လုံပြီး တရားမျှတမှု ရှိတယ်၊ ပကတိအခြေအနေများကို ထင်ဟပ်တယ်ဆိုတာ ပြည်သူ များရော၊ နိုင်ငံတကာကပါ လက်ခံပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအစီရင်ခံစာပါ အချက်များကို စတင်အကောင် အထည် ဖော်နေပြီဖြစ်ပါ တယ်။ နိုင်ငံတော် အစိုးရအနေနဲ့ အခြားသူများရဲ့ မှတ်ချက်များကိုလိုက်လံဆောင်ရွက်မှာ မဟုတ်ပါဘူး။” ဟု ၄င်းက ယတိပြတ်ပြောဆိုသည်။

ကင်တားနား၏ ထုတ်ပြန်ချက်တွင် ဘင်္ဂါလီများ (၄င်းအဆို ရိုဟင်ဂျာ မွတ်ဆလင်) များသည် အခွင့်အရေး ချိုးဖောက်ခံနေရ သဖြင့် ပဋိပက္ခ ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုထားပြီး ဘင်္ဂါလီများ လွတ်လပ်စွာ သွားလာခွင့် နှင့် ပတ်သက်၍ ကော်မရှင်က အကြံပြုထားခြင်း မရှိကြောင်း ဝေဖန်ထားကာ ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ရေးအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ကို ပြင်ဆင်ရမည်ဆိုသောမှတ်ချက်များ၊ ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ခဲ့သော ဘင်္ဂါလီခေါင်းဆောင် ဒေါက်တာ ထွန်းအောင်ကို လွှတ်ပေးရမည်ဆိုသော ပြောဆိုချက် များ ပါဝင်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်က ရိုဟင်ဂျာ ဆိုသည့် စကားကိုလုံးဝ အသုံးမပြုခဲ့ပဲ သမိုင်း ကြောင်းအရ အရှိပကတိဖြစ်သော ဘင်္ဂါလီလူမျိုးဟု သာ သုံးစွဲခဲ့သည်။

”ဒါဟာ ပကတိအဖြစ်မှန်ပါပဲ။ ဒါကို မျက်ကွယ်ပြုပြီး ကင်တားနားက သူ့မှတ်ချက်များမှာ ရိုဟင်ဂျာလို့ သုံးစွဲ တာဟာ စိတ်မကောင်းစ ရာဖြစ်ပါတယ်” ဟု ဦးရဲထွဋ်က ရှင်းပြသည်။

Credit : Here

မြန်မာအစိုးရအဖွဲ့၏ ဆောင်ရွက်မှုအားနည်းချက်ကြောင့် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားရကြောင်း (OIC) အထွေထွေအတွင်းရေးမှူး Professor Ekmeleddin Ihsanoglu ပြောကြား

ကမ္ဘာ့အစ္စလာမ်ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့(OIC) အထွေထွေအတွင်းရေးမှူး Professor Ekmeleddin Ihsanoglu က ၂ဝ၁၃ခုနှစ် မတ်လ(၂၃)ရက် တနင်္ဂနွေနေ့မှာ အစွန်းရောက် ဗုဒ္ဓ ဝါဒီတွေ ရဲ့ ကျယ်ပြန့်လာတဲ့ အကြမ်းဖက်မှုများနှင့် ပတ်သက်၍လွန်စွာမှ စိုးရိမ်သောကဖြစ်ရကြောင်း ပြော ကြားလိုက်ပါသည်။


မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများဟာ ရပ်တန့်မှု မရှိဘဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အခြားမြို့များကို ပျံ့နှံ့သွားကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အလယ် ပိုင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ ကျောင်းများနှင့် ဗလီ(၈)လုံး မီးလောင်တိုက်သွင်းခြင်းခံခဲ့ရပြီး ရာပေါင်းများစွာသောလူများ ထွက်ပြေးနေရကြောင်း၊ မွတ်စ်လင်မ် အမြောက်အမြား သေကြေခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း၊ ပြီးခဲ့တဲ့နွေရာသီကနေ အခုအချိန်အထိ ဖြစ်ပွားနေတဲ့ လူမျိုးရေး ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာမှာ အားနည်းခြင်း များရှိနေကြောင်း ကမ္ဘာ့ရိုဟင်ဂျာဗဟိုဌာန the Global Rohingya Centre (GRC) ဖွင့်ပွဲအခမ်းအနားတွင် Professor Ekmeleddin Ihsanoglu က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသားများ၏ အသက် အိုးအိမ်စည်းစိမ်များကို ချွင်းချက်မရှိ ကာကွယ်စောင့်ရှောက် မှု ပြုပေးရန်နှင့် နိုင်ငံတော်အစိုးရ အာဏာ ပိုင်များအနေဖြင့် ပဋိပက္ခ၏ ဇစ်မြစ်ကို တာဝန်ယူဖော်ထုတ်ပေးရန်လည်း Professor Ekmeleddin Ihsanoglu က တောင်းဆိုလိုက်သည်။

Credit : Here

မွန်ဂိုလီးယား၊ ဒီမိုကရေစီ ကွန်မြူနီတီနှင့် ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံထက် နှစ်ဆခွဲခန့် ကျယ်ဝန်းပြီး လူဦးရေ သုံးသန်းကျော်နှင့် ကုန်းတွင်းပိတ် မွန်ဂိုလီးယား နိုင်ငံသည် ဆိုဗီယက်ပြိုကွဲပြီး နောက်ပိုင်း ပါတီစုံ စနစ်နှင့်အတူ ဒီမိုကရေစီ ကွန်မြူနီတီတွင် ပါဝင် လာခဲ့သည်။ တရုတ်နိုင်ငံထံမှ လွတ်လပ်ရေးရပြီး ဆိုဗီယက် ပြည်ထောင်စုထဲတွင် အနေကြာခဲ့သော မွန်ဂိုလီးယား နိုင်ငံ၏ နိုင်ငံရေး သမိုင်းသည် မြန်မာ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လေ့လာသူများ အတွက် စိတ်ဝင်စားဖွယ်များ ပြည့်နှက်နေမည် မှာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နောက်ပိုင်း၊ နှစ်နိုင်ငံအကြား ဒီမိုကရေစီ ကူးလူးဆက်ဆံမှု များ ပိုမိုများပြားလာမည်ဆိုလျှင် နှစ်နိုင်ငံ ပြည်သူများအတွက် များစွာ အကျိုးရှိဖွယ် ရှိသည်ဟု မှတ်ချက် ပြုနိုင်သည်။



ဒီမိုကရေစီ ကွန်မြူနီတီ၏ ဖိတ်ကြားမှု

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီးယား သမ္မတနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှု သည် ဒီမိုကရက်တစ်နိုင်ငံ အစိုးရများနှင့် ဖွဲ့စည်းထားသော ဒီမိုကရေစီ ကွန်မြူနီတီ၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ဖိတ်ကြားခြင်းဖြစ်သည်။ ကွန်မြူနီတီ၏ ၀န်ကြီးများအဆင့် အစည်းအဝေးတွင် ဒေါ်အောင်ဆန်း စုကြည်သည် ဒီမိုကရေစီ ကွန်မြူနီတီဝင် နိုင်ငံများ၏ ကိုယ်စားလှယ်များနှင့် တစုတစည်းတည်း တွေ့ဆုံ ဆွေးနွေးနိုင်မည့်အပြင် အတွေ့အကြုံနှင့် အမြင်များကိုလည်း ဖလှယ်နိုင်မည် ဖြစ်သည့်အတွက် အလွန် ကောင်းမွန်သော ခရီးစဉ်ဟု သတ်မှတ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယား သမ္မတနိုင်ငံသို့ ၂၀၁၃ ခုနှစ် ဧပြီလ၂၇ ရက်မှ မေလ ၃ ရက်နေ့အတွင်း အလည်အပတ်ခရီး သွားရောက်ခြင်းဖြစ်သည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဧပြီလ ၂၇ ရက်နေ့တွင် ထွက်ခွာခဲ့ပြီး မွန်ဂိုလီးယား သမ္မတနိုင်ငံ ဥလာအန်ဘာအာတာမြို့ (Ulaanbaatar) ကို ဧပြီလ ၂၈ ရက်နေ့တွင် ရောက်ရှိခဲ့သည်။

ဧပြီလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ်ကြိမ်မြောက် Ministerial Meeting of the Community of Democracies ကို တက်ရောက်မည်ဖြစ်ပြီး၊ မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj နှင့်အတူ ဧပြီလ ၃၀ ရက်တွင် မွန်ဂိုလီးယားနှင့်မြန်မာ - လွတ်မြောက်မှုလမ်းနှင့် သင်ခန်းစာ များ (‘Mongolian and Myanmar: Road to Freedom and Lessons Learned’) ခေါင်းစဉ်ဖြင့် သမ္မတအိမ်တော်၌ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားကို ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မစ္စတာဝါကော်ကာမန်လည်း တက်ရောက်မည်ဖြစ်ပြီး မိန့်ခွန်းပြောကြားမှုများကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။ မွန်ဂိုလီးယား နိုင်ငံရေးသည်လည်း စိတ်ဝင်စားဖွယ် များနှင့် ပြည့်နှက်နေသည်ဟု သတ်မှတ်နိုင်သည်။

မွန်ဂိုလီးယားနိုင်ငံရေး

မွန်ဂိုလီးယား နိုင်ငံသည် အရှေ့နှင့် အလယ်အာရှဒေသရှိ ကုန်းပိတ်နိုင်ငံ ဖြစ်ပြီး၊ တရုတ်နိုင်ငံနှင့် ရုရှား နိုင်ငံအကြားတွင် တည်ရှိသည်။ လွှတ်တော်သမ္မတနိုင်ငံ ဖြစ်ပြီး သမ္မတကို တိုက်ရိုက်ရွေးချယ်သည်။ ပါတီစုံ စနစ်ကို ကျင့်သုံးပြီး အုပ်ချုပ်ရေးအာဏာကို အစိုးရက လည်းကောင်း ဥပဒေပြုခွင့် အာဏာကို အစိုးရနှင့် လွှတ်တော်က လည်းကောင်း ပူးတွဲကျင့်သုံးသည်။ တရားစီရင်ရေးသည် အစိုးရနှင့် လွှတ်တော်တို့မှ သီးခြား ကင်းလွတ်သည်။ ၁၉၂၁ ခုနှစ် မွန်ဂိုလီးယား တော်လှန်ရေးမှ ၁၉၉၀ ပြည့်နှစ်အထိ ဆိုဗီယက်ပုံစံ တစ်ပါတီ စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ဆိုဗီယက် ပြိုကွဲပြီးနောက် ပထမဆုံး ပါတီစုံ ရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည်။ မွန်ဂိုလီးယား ပြည်သူ့တော်လှန်ရေး ပါတီက အမတ်နေရာ ၈၅ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သမ္မတကို လွှတ်တော်မှ ရွေးချယ်သည့်နေရာတွင် တိုက်ရိုက် ရွေးချယ်သည့် ပုံစံနှင့် ပြင်ဆင်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် မှန်းဆသည်ထက် ပိုမိုသာလွန်သော အကျိုးရလဒ်ကောင်းများကို ဖြစ်ပေါ်စေခဲ့သည်မှာ နဖူးတွေ့ ဒူးတွေ့ဖြစ်သည်။ သို့သော် . . . .

မွန်ဂိုလီးယား လွှတ်တော်ကို အမတ် ၇၆ ဦးနှင့် ဖွဲ့စည်းပြီး သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ လွှတ်တော် အမတ် ၄၈ ဦးကို အုပ်ချုပ်ရေးခရိုင် ၂၆ ခုမှ တိုက်ရိုက်ရွေးကောက် တင်မြှောက်ပြီး ကျန်လွှတ်တော် အမတ် ၂၈ ဦးကို ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီများ၏ မဲစုစုပေါင်းအပေါ် မူတည်လျက် အချိုးကျ ကိုယ်စားပြု ရွေးချယ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော် မဲပေးမှသာ ရွေးကောက်ပွဲသည် အထမြောက်သည်။

ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးအဖွဲ့ဝင် ထက်ဝက် နုတ်ထွက်လျှင် အစိုးရကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ သစ် ကျင်းပရသည်။ သမ္မတ သို့မဟုတ် လွှတ်တော်အမတ် သုံးပုံနှစ်ပုံသည် လွှတ်တော်ကို ဖျက်သိမ်းနိုင် သည်။ လွှတ်တော်ဥက္ကဋ္ဌသည် သမ္မတပြီးလျှင် ဒုတိယ အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အမျိုးသား လုံခြုံရေး ကောင်စီဝင်လည်း ဖြစ်သည်။ လက်ရှိလွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီက အမတ် ၃၃ နေရာ ရရှိ ထားပြီး မွန်ဂိုလီးယား ပြည်သူ့ပါတီ (ယခင် မွန်ဂိုလီးယား ပြည်သူ့တော်လှန်ရေး ပါတီ) က အမတ် ၂၅ နေရာ ရရှိထားသည်။ လွှတ်တော်တွင် သမ္မတလောင်းများကို ပါတီများက ရွေးချယ်ပြီး သမ္မတကို ပြည်သူ လူထုက တိုက်ရိုက်မဲပေး ရွေးချယ်မည် ဖြစ်သည်။ သမ္မတသည် နိုင်ငံ၏ အကြီးအကဲဖြစ်ပြီး ၀န်ကြီးချုပ် သည် အစိုးရအဖွဲ့၏ အကြီးအကဲ ဖြစ်သည်။ ၀န်ကြီးချုပ်သည် သမ္မတနှင့် တိုင်ပင်လျက် ၀န်ကြီး အဖွဲ့ဝင် များကို အဆိုပြုပြီး လွှတ်တော်က အတည်ပြုရသည်။ 

မွန်ဂိုလီးယား အစိုးရ ကိုယ်စားလှယ်အဖွဲ့

မွန်ဂိုလီးယား သမ္မတ၏ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြူရိဗ်ဆူရန် လန်ဒတ်ခ်နှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂန်ကူရအန်မ်ဘာတို့သည် ၂၀၁၃ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီး အစိုးရနှင့် လွှတ်တော်မှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး ခုနစ်ကြိမ်မြောက် Ministerial Meeting of the Community of Democracies ကို တက်ရောက်ပါရန် ဖိတ်ကြားခဲ့သည်။ မြန်မာအစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခုနစ်ကြိမ်မြောက် ဒီမိုကရေစီ ကွန်မြူနီတီ၏ ၀န်ကြီးအဆင့် အစည်းအဝေးတွင် ပါဝင်မည်ဖြစ်ကြောင်း အတည်ပြု ပြန်ကြားခဲ့သည်။ ၁၃၁ နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၂၀ ခန့်ကိုလည်း အဆိုပါ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

ဒီမိုကရေစီ ကွန်မြူနီတီ

ဒီမိုကရေစီ ကွန်မြူနီတီသည် ဒီမိုကရက် တစ်နိုင်ငံ အစိုးရများ၏ ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။ ဒီမိုကရက်တစ် စည်းမျဉ်းများ မြှင့်တင်ရန် ဒီမိုကရက်တစ် ပြဋ္ဌာန်းချက်များနှင့် အဖွဲ့အစည်းများ အားကောင်းစေရန်၊ ရည် သန်လျက် ဖွဲ့စည်းထားသည်။ ဒီမိုကရက်တစ် ကွန်မြူနီတီကို ၂၀၀၀ ပြည့်နှစ် ၀န်ကြီးအဆင့် အစည်း အဝေးတွင် ၀ါဆောမြို့၌ တည်ထောင်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း အောဘရိုက်နှင့် ထိုစဉ်က ပိုလန် နိုင်ငံခြားရေးဝန်ကြီး ပါမောက္ခ ဘရိုနီစလောဂရီနီမက်ခ်တို့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် အစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးအပြီးတွင် ၁၀၆ နိုင်ငံမှ ကိုယ်စားလှယ် များသည် ဒီမိုကရေစီ ကွန်မြူနီတီဆီသို့ ဟူသော ကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံ၏ ဒီမိုကရေစီ ကွန်မြူနီတီ ဥက္ကဋ္ဌသက်တမ်းအတွင်း ၂၀၁၁ ခုနှစ် ၀န်ကြီးအဆင့် အစည်းအဝေးမှ အတည်ပြုထားသော အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ အုပ်ချုပ်မှု ကောင်စီနှင့် အမှုဆောင် ကော်မတီတို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဆုံး အတွင်း ရေးမှူးချုပ်ကိုလည်း ခန့်အပ်နိုင်ခဲ့သည်။

သုံးသပ်ချက်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များသည် မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် မှန်းဆသည်ထက် ပိုမိုသာလွန်သော အကျိုးရလဒ်ကောင်းများကို ဖြစ်ပေါ်စေခဲ့သည်မှာ နဖူးတွေ့ ဒူးတွေ့ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပ ခရီးစဉ် များသည် ပုဂ္ဂိုလ်ရေး ခရီးစဉ်များ ဖြစ်နေသည်ကို သတိပြုမိသောအခါ အားမလို အားမရ ဖြစ်မိသည်။ ပြည်ပခရီးစဉ်များတွင် ဖိတ်ကြားသောနိုင်ငံ၊ အဖွဲ့အစည်း အများစုသည် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်အတိုင်း ညှိနှိုင်းဆောင်ရွက်ပေးနေသည့် အလျောက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခရီးစဉ်ပုံစံ ပါတီကိုယ်စားလှယ်အဖွဲ့ပုံစံ သွားရောက်နိုင်မည်ဆိုလျှင် နိုင်ငံရေးအရ ပိုမိုအားကောင်းပြီး ပိုလည်း အဓိပ္ပာယ်ရှိမည်ဟု သုံးသပ်မိသည်။ 

လက်ရှိ ပြည်ပခရီးစဉ်များ၏ ၀င်ရိုးသည် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဟုတ်သည်မှာ အထင်အရှားဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒင်္ဂါးပြားတစ်ပြား၏ ခေါင်းနှင့်ပန်းဟု မည်သို့ပင်ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီနှင့် ပါတီလုပ်ငန်းများအပေါ် အချိန်ပေးနိုင်မှုမှာ အကန့်အသတ် မြင့်မားသည်ဟု မှတ်ချက်ပြုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အချိန်အထိ ပါတီကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး ပါတီဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ပြည်ပခရီး သွားရောက်ခဲ့သော မှတ်တမ်းကို မတွေ့ရှိရသေးသဖြင့် လာမည့် ပြည်ပ ခရီးစဉ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ အခန်းကဏ္ဍကို ပိုမို အလေးထားသင့်သည်ဟု အကြံပြုလိုသည်။

နိုင်ငံရေးရှုထောင့်မှ ကြည့်လျှင် နိုင်ငံရေးပါတီ၏ သြဇာနှင့် အရှိန်အ၀ါသည် ပါတီခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေး သြဇာအရှိန်အ၀ါတို့ထက် ပိုမိုမြင့်မားရမည် ဖြစ်သည့်အလျောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ သြဇာနှင့် အရှိန်အ၀ါသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သြဇာနှင့် အရှိန်အ၀ါထက် ပိုမို မြင့်မားရမည်ဖြစ်သည်။ သို့မှသာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရေရှည် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှု၏ အခြေခံ အုတ်မြစ်ကောင်းအဖြစ် တည်ဆောက်နိုင်မည် ဖြစ်သည်။ ပါတီတွင်း ပုဂ္ဂိုလ်ရေး တည်ဆောက်မှုများနှင့် ပါတီခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေး အရှိန်အ၀ါ အလွဲသုံးမှုများကို ကြိုတင် ကာကွယ်နိုင်မည့်အပြင် ရှိလာခဲ့လျှင်လည်း ကုစားနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပါတီတွင်း ဂိုဏ်းဂဏ အားသန်မှုများကို လျှော့ချနိုင်မည် ဖြစ်သည်။

နိဂုံး

အချုပ်အားဖြင့်ဆိုသော် ဒီမိုကရေစီ ကွန်မြူနီတီ အဖွဲ့ကြီးသည် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်လမ်းတွင် အခြေကျရန် လျှောက်လှမ်းနေသော နိုင်ငံများကို ကူညီပံ့ပိုးမှုများ ပေးနေသည့်အလျောက် အဆိုပါ အဖွဲ့ ကြီးမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုလိမ့်မည်ဟု မှတ်ချက်ပြုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည် နိုင်ငံပေါင်းစုံမှ ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသော၊ ပုံဖော်နေသော ခေါင်းဆောင်ကြီး၊ လတ်၊ ငယ်များနှင့် ထိတွေ့၊ အမြင်ဖလှယ်နိုင်မည် ဖြစ်သဖြင့် မြန်မာ့ဒီမိုကရေစီ ရှေ့ခရီး အတွက်လည်း များစွာ အကျိုးရှိလိမ့်မည်ဟု မျှော်လင့်မိသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လာမည့် ပြည်ပခရီးစဉ်များသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး ပုံရိပ်ကို ပိုမိုအားကောင်းစေမည့် ခရီးစဉ်များ ဖြစ်လာသင့်ကြောင်းလည်း နှိုးဆော် မောင်းခတ် လိုက်ရပါသည်။

Written by ဒေါက်တာ ရန်မျိုးသိမ်း

ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီ ၁၉ ရက်က တွေ့ရစဉ်

Credit : Here

ရန်ကုန် စတော့အိပ်ချိန်း ဘယ်သူထူထောင်မလဲ

နယူးယောက် စတော့အိပ်ချိန်း NYSE တို့ လန်ဒန် စတော့အိပ်ချိန်းတို့ ပါရီဘော့စ် Paris Bourses တို့ အမ်စတာဒမ်ဘော့စ် တို့သည် ကော်ဖီဆိုင်တွင် ထိုင်ကြရင်း စုပေါင်းထူထောင်ခဲ့သော ငွေကြေး အရင်းအနှီး ဈေးကွက်များ ဖြစ်ကြသည်။ နောက်မှ ဥရောပလိုက်ပြီး ပြဋ္ဌာန်းခဲ့ရသည်။ တိုကျိုတို့၊ ရှန်ဟိုင်းတို့ ဟောင်ကောင်တို့ခေတ် ရောက်သော အခါတွင်ကား ဥပဒေ အရင်ပြဋ္ဌာန်းပြီး ထူထောင် ခဲ့ပါသည်။


မြန်မာစတော့ အိပ်ချိန်းဖွင့်လှစ်ရန် ပဏာမခြေလှမ်းဟု ဆိုရမည့် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်း အဝေးက ၁၈-၃-၂၀၁၃ ရက်နေ့တွင် အတည်ပြုလိုက်သည်ဟု မှတ်ယူကာ မှတ်တမ်းတင်ခဲ့ပါသည်။ ယင်းတွင် "ပုဒ်မ ၆၆ (ခ) ၌ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ၀န်ကြီးဌာန (ဘဏ္ဍာရေးနှင့် အခွန်) သည် မြန်မာ့စီးပွားရေးဘဏ်အား ငွေရေးကြေးရေး အဖွဲ့အစည်း မဟုတ်သော အဖွဲ့အစည်း တစ်ခုခုနှင့် ဖက်စပ် ကုမ္ပဏီဖွဲ့စည်းစေပြီး စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက် လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ခွင့်ပြုသည်" ဟု ပါရှိပါသည်။

ငွေကြေးကုန်စည် အခြေခံ

စတော့အိပ်ချိန်းများကို နိုင်ငံအများအပြားရှိ မြို့တော်ကြီးများနှင့် မြို့ကြီးများတွင် ဖွင့်လှစ်ထားရှိ ကြပါသည်။ စတော့အိပ်ချိန်းများသည် ငွေချေးသက်သေခံ လက်မှတ်များကို ရောင်းဝယ်ပါသည်။ ဤသို့ ရောင်းဝယ်ရာ၌ ယခုဥပဒေတွင် ပါရှိသည့်အတိုင်း စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက်ဟူ၍ နှစ်ဆင့်၊ နှစ်မျိုးရှိပါမည်။ အထက်က ဒုတိယအပိုဒ် အဆုံးလောက်တွင် စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက် လုပ်ငန်းများဟု တွေ့ရပါမည်။

ပြောရလျှင် စတော့အိပ်ချိန်း တစ်ခုခု (သို့မဟုတ်) ကောင်တာဈေးကွက် တစ်ခုခုကို ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်တွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တည်ထောင်ခွင့်ပြုရန် လျှောက်ထားနိုင်ပါသည်။ နယူးယောက်မြို့တွင် NYSE နှင့် Amex ဟု စတော့အိပ်ချိန်းနှစ်ခု ထွက်ပေါ် သလို ရန်ကုန်မြို့တွင် ရန်ကုန်စတော့ အိပ်ချိန်းနှင့် အခြားတစ်ခု၊ နှစ်ခု ထွက်ပေါ်လာနိုင်ပါသည်။

ပြည်သူအားလုံး၏ စုဆောင်းငွေများ အတိုးအပွား စားရရန်၊ တကယ်လုပ်သော စီးပွားရေး လုပ်ငန်းများ ချေးငွေ ပေါပေါများများရရန် (ပိုငွေတိုးပွားလိုငွေ မရှားဟု ကျွန်တော် သုံးစွဲလေ့ ရှိပါသည်။) စတော့ အိပ်ချိန်းဈေးကွက်နှင့် ခေတ်မီသွက်လက်သော ဘဏ်လုပ်ငန်းများ လိုသည် . . . . .

စတော့အိပ်ချိန်းမှာ မြင့်မားသော သတ်မှတ်ချက် များစွာနှင့် ပြည့်စုံသည့် တောင့်တင်းသော အများစုပိုင် ကုမ္ပဏီကြီးများ၊ အစိုးရ၊ ဒေသအစိုးရ၊ အစိုးရ အဖွဲ့အစည်းကြီးများ၊ နိုင်ငံတကာနှင့် နိုင်ငံခြား အစိုးရ၊ ယင်းတို့၏ အဖွဲ့အစည်းကြီးများ၏ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရာ ဖြစ်သည်။ ကောင်တာဈေးကွက် Over the counter (OTC) market မှာ စတော့အိပ်ချိန်းတွင် စာရင်းမ၀င်နိုင်သော unlisted ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရာ ဖြစ်သည်။

ငွေချေးသက်သေခံ လက်မှတ်ဟူ၍ ယခုဥပဒေကြမ်းတွင် ဖော်ပြသုံးစွဲမှုမှာ အစိုးရငွေတိုက်လက်မှတ် treasury bill၊ ငွေတိုက်စာချုပ် treasury bond၊ အစိုးရ...နိုင်ငံတကာနှင့် စီးပွားရေး အဖွဲ့အစည်းများ၏ ငွေချေးစာချုပ်နှင့် ယင်းအမျိုးအစား တစ်ခုဖြစ်သည့် ဒီဘင်ချာများ၊ bonds and debentures၊ စီးပွားရေး အဖွဲ့အစည်းတို့၏ ရှယ်ယာ၊ စတော့၊ ယင်းတို့ကို ကြိုတင်ဝယ်ခွင့် စတော့ warrants၊ ရွေးချယ်ခွင့်ပါစတော့ options နှင့် အခြားဘဏ္ဍာငွေကြေး အခွင့်အရေးစတော့ rights စသည်များ ပါဝင်သည်။ ကောင်တာဈေးကွက်၌ ယင်းတို့အပြင် မစေ့ရောက်သေးသော ပြေစာ vouchers၊ ကုန်တင်ပို့လွှာ bill of laden၊ ကတိလက်မှတ် promisory note စသဖြင့် တစ်ချိန်တွင် ငွေရမည့် စာရွက်စာတမ်း papers မှန်သမျှ လျှော့လဲ လျှော့ရောင်းဝယ်မှု discounting များကို လက်ခံသည်။ ယုတ်စွအဆုံး ကျွန်တော်ရေးနေကျ စကားလုံးနှင့် ပြောရလျှင် ကျွန်တော်တို့ရပ်ကွက် ဆိုရှယ်လစ်ခေတ်က ဆီစာအုပ်ပေါင်ခြင်း၊ ယနေ့ပင်စင်စာအုပ် ပေါင်ခြင်း စသည်များသည် ကောင်တာခေါ် ဒုတိယဈေးကွက်၌ ငွေချေးသက်သေခံ လက်မှတ်များ (ဘဏ္ဍာရေးကုန်စည် financial product ဟုလည်း ခေါ်သည်) လဲလှယ်ရောင်းဝယ်ခြင်းများပင် ဖြစ်ပါသည်။

ရောင်းချ ထွက်ပြေးခြင်းလား

ယခုတော့ မိမိပိုင်ငွေ၊ မိသားစု မျိုးရိုးစဉ်ဆက်ပိုင်ငွေ၊ အစိုးရ ကျောထောက်နောက်ခံ ဘဏ်ချေးငွေ စသည် တို့ဖြင့် ချေးငွေရယူ ထူထောင်လုပ်ကိုင်ခဲ့ကြသော ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းကြီးများလည်း နှစ် ၂၀ ကျော်ကြာ အစိုးရများ၏ ကျေးဇူးဖြင့် အလွန်တရာ ကြီးမားသော ကုမ္ပဏီကြီးများ ဖြစ်လာကြပါပြီ။ သာမန် ဆန်စက်၊ ဆီစက်၊ ကွာစေ့လှော် လုပ်ငန်းလေးများမှ ဒေါ်လာဝယ်ကုန်သွင်း၊ ကန်ထရိုက်တိုက်များ အသစ် ဆောက် ရွှေဆိုင်ကလေးတွေ ဖွင့်နှင့် ရိုးရိုးသားသား တစ်ဆင့်ချင်း တက်လာသူများရော ထိုင်းသူဌေးဆီမှ စက်လှေငါးစင်းလောက်နှင့် ငါးဖမ်း အခေါက်ခေါက်အခါခါ ပြန်သွားသွင်းရင်း "ဘာလို့ နိုင်ငံခြားသားဆီ သွားလုပ်မလဲ....တို့ဆီမှာ လာလုပ်" ဆိုသူများနှင့် ရတနာပုံ ဆိုက်သွားသူများရော...လူက ချာတိတ်၊ ကိုင်တော့ မြေကြီး၊ ပိုင်တော့ ကျယ်လိုက်သည့်သတင်း ဆက်သွယ်ရေးကွန်ရက် လုပ်ငန်း၊ ပြောမရ ဆိုမရ သည့် ဇိုးသမားတို့၏ စားပေါက်ကုန်၊ ဟိုတယ်နှင့် ခရီးသွားက ပါသေးဟု ဆိုရမည့် ထောမှထော ဆိုသူ များလည်း (ယခုကဲ့သို့ ခွဲခြားပြရသည်မှာ အားလုံး ခရိုနီ မဟုတ်ပါဟု ရှင်းပြလိုခြင်း ဖြစ်ပါသည်-စာရေးသူ) သူတို့၏ ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းကြီးများကို အများပိုင်အဖြစ် ပြောင်းလဲရေး Going public ပြုပေးတော့မည့် အသံများ ကြားရသည်။

ပြည်သူအားလုံး၏ စုဆောင်းငွေများ အတိုးအပွား စားရရန်၊ တကယ်လုပ်သော စီးပွားရေး လုပ်ငန်းများ ချေးငွေ ပေါပေါများများရရန် (ပိုငွေတိုးပွားလိုငွေ မရှားဟု ကျွန်တော် သုံးစွဲလေ့ ရှိပါသည်။) စတော့ အိပ်ချိန်းဈေးကွက်နှင့် ခေတ်မီသွက်လက်သော ဘဏ်လုပ်ငန်းများ လိုသည်။ ထို့အတူ စတော့ဈေးကွက် အတွက် အများပိုင် ကုမ္ပဏီကြီးများအဖြစ် ပြောင်းလဲပေးသွားရန် ခြေလှမ်းစနေသူ အမြောက်အမြားကို တွေ့နေရပါပြီ။

ဒီတော့ စတော့ဈေးကွက်တို့၊ ကောင်တာဈေးကွက်တို့ ဖွင့်လှစ် လုပ်ကိုင်မည့် သူများသာ လိုပါတော့သည်။ ပြည်သူနှင့် မီဒီယာတို့ကတော့ ပြောကြမည်။ ရေနံနှင့် ဓာတ်ငွေ့ဆိုလည်း သူတို့၊ ကျောက်မျက်ဆိုလည်း သူတို့၊ ဖုန်းတွေလည်း သူတို့၊ ဂျာနယ် သတင်းစာတွင်လည်း သူတို့၊ ကန်ထရိုက်တို့ တစ်စပ်တည်း လယ်ယာ တို့ လုပ်ဦးမလား...သူတို့ပဲဆိုတော့ သူတို့ရှယ်ယာ ထုတ်ဝေထုခွဲ ရောင်းချမည့် ဈေးကွက်ကြီးများလည်း သူတို့ပဲ လုပ်ကြလိမ့်မည် ဟူ၍။

တစ်ခုတော့ ရှိသည်။ စတော့ဈေးကွက်သည် မြန်မာနိုင်ငံ အနေအထားနှင့် တစ်ခုတည်းသာ ဖွင့်နိုင်မည်။ ယခု ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင် စုဆောင်းဝယ်ယူမည့် ပြည်သူ များကို အကာအကွယ်ပေးသော အပိုဒ်များ ပါဝင်သလို၊ ဖွင့်လှစ်လုပ်ကိုင်...ပါဝင်ထုတ်လုပ် ရောင်းချလျှော့ လဲမည့် စီးပွားရေးသမားတို့အတွက် စည်းမျဉ်းများလည်း ပါဝင်ပါသည်။ တစ်ဖန် မြန်မာ့စီးပွားရေး ဘဏ်နှင့် ဖက်စပ်လုပ်ကိုင်ရန် အဖွဲ့အစည်းသစ်တစ်ရပ် ၀ိုင်းဝန်းထူထောင် လက်ကမ်းလုပ်ကိုင်ရမည့် သဘောကို တွေ့ရပါသည်။

ဘယ်လောက် အတိုးနှင့် ဘယ်လောက်ချေးပြီး ဘယ်လောက်အကြွေး ကျန်မှန်းမသိရသော အစိုးရ (မြန်မာ့ စီးပွားရေးဘဏ်) ချေးငွေဖြင့် ကြီးထွားပြီးကြသော စီးပွားရေး လုပ်ငန်းကြီးများ ထုခွဲရောင်းချခြင်းသည် ပြည်သူက သူတို့၏ စုဆောင်းငွေဖြင့် ကြားဝင်ဆပ်ပေးခြင်း ဖြစ်ပါသည်။ အများပိုင် ကုမ္ပဏီများအဖို့ ရှုံးလည်းပေးရမည့် အတိုးအစား မြတ်မှခွဲပေးရမည့် ချေးငွေသက်သေခံ လက်မှတ်များ ထုတ်ရောင်း၊ လျှော့လဲ၊ ၀ယ်ယူနိုင်သည့် စတော့အိပ်ချိန်းမှာ ဘာပဲဖြစ်ဖြစ် ပြည်သူအတွက် မြင်သာပွင့်လင်းပြီး အကျိုးကို ပိုမိုရရှိစေပါမည်။

နယူးယောက် စတော့အိပ်ချိန်း တစ်နေ့တာမြင်ကွင်း။ (ဓာတ်ပုံ-AFP)

Credit : Here

လွှတ်တော်က MIC ၏ ဆောင်ရွက်မှုများ လုပ်ထုံးလုပ်နည်းနှင့် ညီ၊ မညီ စောင့်ကြည့်လျက်ရှိ

လွှတ်တော်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ဆောင်ရွက်မှုများ လုပ်ထုံးလုပ်နည်းနှင့် ညီ၊ မညီ စောင့်ကြည့်လျက်ရှိကြောင်း လွှတ်တော်ကော်မတီ တာဝန်ရှိသူများက ပြောကြားခဲ့သည်။


ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ အတွင်းရေးမှူး ဦးအေး မောက်က ''ကျွန်တော်တို့ လွှတ်တော်ရဲ့ တာဝန်က ဥပဒေပြုရေးနဲ့ အစိုးရကို Check and Balance လုပ်ဖို့ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံခွင့်တွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ကပဲ အဓိက ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ MIC ရဲ့ လုပ်ထုံး လုပ်နည်းတွေ မှန်ကန်မှု ရှိ၊မရှိကို စောင့်ကြည့် လေ့လာမှုတွေ အမြဲဆောင်ရွက်ပါတယ်။ လှည်းတန်း ခုံးကျော်တံတားဆို ပွင့်လင်းမြင်သာမှု မရှိဘူး။ တကယ်တမ်းဆို ဒီစီမံကိန်းဆိုရင် လွှတ်တော်ကို တင်ပြရ မယ်။ အခုက လွှတ်တော်ကို မတင်ဘဲ ဘတ်ဂျက်ကို တိုင်းဘတ်ဂျက်ထဲထည့်ပြီး လုပ်လိုက်တာရှိတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ချထားပေးရာမှာ MIC အနေနဲ့ မှားတာတွေ၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ ရှိလာရင် လွှတ်တော်တင်ပြီး ဆွေးနွေးသွား ဖို့ရှိပါတယ်'' ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးကြည်သာက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမိန့်များ ချထားပေးခြင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ အလုံးစုံ ချုပ်ကိုင်ထားမှု လျော့နည်းစေမည့် အချက်များကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေများတွင် ထည့်သွင်းထားကြောင်း၊ မိမိတို့ အနေဖြင့် ဥပဒေအရ လုပ်ထုံးလုပ်နည်းများနှင့် ညီမညီ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စု အစိုးရ သုံးစွဲရန် ဘတ်ဂျက်များ ခွင့်ပြုပေးပြီး ဖြစ်ရာ ဧပြီလ ၁ ရက်နေ့မှ စတင်ကာ အသီးသီး တောင်းခံထားသည့် ဘတ်ဂျက်များအပေါ် မူတည်၍ စီမံကိန်း ကြီး များကို စတင်ဆောင်ရွက် ကြရမည်ဖြစ်သည်။

နှစ်လအတွင်း ကျပ်သန်းပေါင်း ၃၈၀၀၀၀ ကျော် မြှုပ်နှံခဲ့သည့် ပမာဏမှာ အခွန်ပေးဆောင်ပြီး ငွေများဖြင့် ရင်းနှီးမြှုပ်နှံခြင်း ဟုတ်မဟုတ် ထုတ်ပြန်ခြင်း ပြုမထားကြောင်း၊ ကျပ်သန်းပေါင်း ၃၈၀၀၀၀ ကျော်အပေါ် ၀င်ငွေခွန် ကောက်ခံမည် ဆိုပါက ကျပ်သန်း ၇၆၀၀၀ (ကျပ် ၇၆ ဘီလျံ) အထိ ရရှိမည့် ငွေပမာဏ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် နိုင်ငံအတွက် အကျိုးရှိစေရန်ဟု ဆိုပါက ၀င်ငွေရလမ်း မပြနိုင်သည့်ငွေများ ဖြစ်ခဲ့လျှင် မြှုပ်နှံခွင့် မပေးသင့်ကြောင်း...

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံသား လုပ်ငန်းရှင်များမှ မြှုပ်နှံလုပ်ကိုင်ခြင်းဖြစ်ပြီး လုပ်ကိုင် ခွင့်များအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုမိန့် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ယခင်လုပ်ငန်းကြီးမျိုးစုံ လုပ်ကိုင်ခွင့် ရရှိထားခဲ့သော မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၊ ရွှေသံလွင်၊ အေးရှားဝေါလ်၊ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး လုပ်ကိုင်နေသည့် KMA၊ ထူးနှင့် ဆက်စပ်သော ကုမ္ပဏီအချို့မှာ MIC မှ ထုတ်ပေးသည့် လုပ်ကိုင်ခွင့် ခွင့်ပြုမိန့် အများအပြား ရရှိခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ပြည်တွင်း ကုမ္ပဏီ တစ်ခုမှ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ဖိုး (ကျပ်သန်းပေါင်း ၇၇၄၀၀၀ တန်ဖိုးရှိ) ရှိသည့် ကုန်စည်မျိုးစုံအား အခွန်အရပ်ရပ် ကင်းလွတ် ခွင့်ဖြင့် တင်သွင်းရရန် တင်ပြမှုအပေါ် ခွင့်ပြုပေးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဘီယာလုပ်ငန်း အပါအ၀င် လုပ်ငန်း ၂၂ ခု၌ နိုင်ငံသားများသည် ကျပ်သန်းပေါင်း ၃၈၀၀၀၀ ကျော်ကို ပြီးခဲ့သည့် နှစ်လအတွင်း ရင်းနှီးမြှုပ်နှံခွင့် ရခဲ့သည်။

မြှုပ်နှံမှုများထဲတွင် အများပြည်သူပိုင် မြေကွက်ကျယ်ကြီးများအား BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းကာ ဟိုတယ်လုပ်ငန်းများအဖြစ် လုပ်ကိုင်မည့် ဟိုတယ်လုပ်ငန်းနှစ်ခု၌ ကျပ်သန်းပေါင်း ၁၂၁၃၃၃ ကျော်ဖြင့် အများဆုံး မြှုပ်နှံခဲ့ကြကြောင်း သိရှိရသည်။

ဟိုတယ်လုပ်ငန်းနှစ်ခုအနက် တစ်ခုမှာ နာမည်ကျော် ထူးအုပ်စုကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဦးသီဟ တည်ထောင် သည့် Ayeyarwaddy Resorts And Lodges Co.,Ltd မှ ကျပ်သန်း ၆၀၀၀၀ ကျော် မြှုပ်နှံခြင်းဖြစ်ပြီး အခြားတစ်ခုမှာ Grand Park Co.,Ltd မှ မန္တလေးတိုင်း ဒေသကြီးအတွင်း ဟိုတယ်တည်ဆောက်မည့် လုပ်ငန်းအတွက် မြှုပ်နှံခြင်းဖြစ်သည်။

ဘီယာ၊ ကား၊ ဆေးဝါး၊ ဘိလပ် မြေထုတ်လုပ်ခြင်း လုပ်ငန်းများ ပါဝင်သည့် ကုန်ထုတ်လုပ်မှု လုပ်ငန်း ၁၃ ခု၌ ကျပ်သန်းပေါင်း ၁၀၃၈၈၅ ကျော်ဖြင့် ဒုတိယ အများဆုံး မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် တစ်ခုတည်းမှ လုပ်ငန်းနှစ်ခု မြှုပ်နှံခဲ့ပြီး ကားထုတ်လုပ်ခြင်းနှင့် တစ်ရက် တန် ၁၂၀၀ ကျ ဘိလပ်မြေစက်ရုံ တည်ထောင်သည့် လုပ်ငန်းများတွင် မြှုပ်နှံခွင့် ရရှိခဲ့သည်။

ဘီယာလုပ်ငန်းကို Diamond Mayson Industries Co.,Ltd မှ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံတွင် မြှုပ်နှံခဲ့ပြီး ကျန်လုပ်ငန်းများတွင် လက်ခစား စနစ်ဖြင့် ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ၌ ပြည်တွင်း ကုမ္ပဏီများ မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

နှစ်လအတွင်း ကျပ်သန်းပေါင်း ၃၈၀၀၀၀ ကျော် မြှုပ်နှံခဲ့သည့် ပမာဏမှာ အခွန်ပေးဆောင်ပြီး ငွေများဖြင့် ရင်းနှီးမြှုပ်နှံခြင်း ဟုတ်မဟုတ် ထုတ်ပြန်ခြင်း ပြုမထားကြောင်း၊ ကျပ်သန်းပေါင်း ၃၈၀၀၀၀ ကျော်အပေါ် ၀င်ငွေခွန် ကောက်ခံမည် ဆိုပါက ကျပ်သန်း ၇၆၀၀၀ (ကျပ် ၇၆ ဘီလျံ) အထိ ရရှိမည့် ငွေပမာဏ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် နိုင်ငံအတွက် အကျိုးရှိစေရန်ဟု ဆိုပါက ၀င်ငွေရလမ်း မပြနိုင်သည့်ငွေများ ဖြစ်ခဲ့လျှင် မြှုပ်နှံခွင့် မပေးသင့်ကြောင်း သုံးသပ်ကြသည်။

အများပြည်သူပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်စဉ်ကလည်း အစိုးရဖြင့် နီးစပ်သော ကုမ္ပဏီကြီးများ ပင် အများအပြား ရရှိခဲ့သည်။

Credit : Here

ရန်ကုန်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကြောင့် လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတတို့တွင် ဓာတ်အားပေးစက်ရုံများ ၂၀၁၃ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကြောင့် လှော်ကား၊ ရွာမ၊ အလုံနှင့် သာကေတမြို့နယ်များတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းကာ ဓာတ်အားပေး စက်ရုံများ ယခုနှစ်အတွင်း အပြီးတည်ဆောက် သွားမည် ဖြစ်ကြောင်း လျပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။


ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်းကုမ္ပဏီများဖြင့် လှော်ကားမြို့နယ်တွင် ဇေယျကုမ္ပဏီနှင့် ၅၀ မဂ္ဂါဝပ် Gas Engine Power Plant စက်ရုံတစ်ရုံ၊ ရွာမမြို့နယ်တွင် မြန်ရွှေပြည် ကုမ္ပဏီနှင့် ၅၀ မဂ္ဂါဝပ် Gas Engine Power Plant စက်ရုံတစ်ရုံ၊ သာကေတမြို့နယ်တွင် CIC ကုမ္ပဏီနှင့် ၅၀ မဂ္ဂါဝပ် Gas Engine Power Plant စက်ရုံ တစ်ရုံတို့ကို တည်ဆောက်ရန် ရှိသည်ဟု သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ပြည်ပကုမ္ပဏီများနှင့် လှော်ကားမြို့နယ်တွင် ၅၃၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတစ်ရုံကို Hydro Lang Cang (China) ကုမ္ပဏီနှင့် လည်းကောင်း၊ သာကေတမြို့ နယ်တွင် ၅၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တစ်ရုံကို Busan Korea Biotechnology (Korea) ကုမ္ပဏီနှင့်လည်းကောင်း၊ အလုံမြို့နယ်တွင် ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တစ်ရုံကို Toyo Thai (Thai) ကုမ္ပဏီနှင့် လည်းကောင်း အသီးသီး တည်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် ရွာမစက်ရုံတွင် ထိုင်းနိုင်ငံ EGAT ကုမ္ပဏီ၏ လှူဒါန်းမှုဖြင့် ပြောင်းရွှေ့တပ်ဆင်မည့် ၁၂၀ မဂ္ဂါဝပ် စက်နှစ်လုံး (၂၄၀မဂ္ဂါဝပ်)၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ၂၀၁၃ ခုနှစ် အတွင်း အပြီးတည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဓာတ်အားစနစ် (National Grid) မှ လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ ခုနစ်ခုဖြစ်တဲ့ သန်လျင်၊ လှော်ကား၊ လှိုင်သာယာ၊ အလုံ၊ သာကေတ၊ မြောင်းတကာနှင့် ဘုရင့်နောင်ခွဲ ရုံကြီးတွေကနေ တစ်ဆင့်ရယူပြီး ရန်ကုန်မှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ လေးရုံရဲ့ ထုတ်လုပ်မှုနဲ့ ပေါင်းစပ်ပြီး ဓာတ်အားဖြန့်ဖြူးလျက် ရှိပါတယ်။ နှစ်စဉ် ဓာတ်အားသုံးစွဲမှု ရာခိုင်နှုန်းအရ ယခုနှစ်အတွင်း ဓာတ်အားလိုအပ်ချက် ၈၀၀ မှ ၉၀၀ မဂ္ဂါဝပ်အထိ လိုအပ်မှာ ဖြစ်ပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်တိုင်း ဒေသကြီးရဲ့ လျပ်စစ်ဓာတ်အား လိုအပ်ချက်က ခန့်မှန်းထားတာထက် များစွာပိုမိုလာနိုင်ဖွယ် ရှိပါတယ်။ ရန်ကုန်တိုင်းအတွင်း လျှပ်စစ် ဓာတ်အား မရတဲ့ ကျေးရွာ ၁၅၀၀ ခန့် ကျန်နေတယ်'' ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။ 

Credit : Here

အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်ဆောင်ခြင်း မပြုရန် အာဏာရပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်ခိုင်ဖြိုး ပါတီဝင်များအား သတိပေး

ပါတီဝင်များ အနေဖြင့် အပြောတစ်မျိုး အလုပ် တစ်မျိုး လုပ်ဆောင်ခြင်း မပြုဘဲ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ရန် လိုအပ်ကြောင်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက မေ ၁ ရက်တွင် ကျင်းပသည့် ပါတီ ၏ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စွမ်းရည် မြှင့်တင် ရေး အဖွဲ့များ ဖွဲ့စည်းရေး အခမ်းအနား၌ ပြော သည်။


ဒီမိုကရေစီစနစ် အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် ဈေးကွက်စီးပွားရေး စနစ်ဖြင့် တိုင်းပြည် တိုးတက်စေရန်အတွက် ဈေးကွက်စီးပွားရေး စနစ်တွင်လည်း မညီမျှဘဲ လက်သင့်ရာ ခေါ်ဆောင်နေ မှုများကိုလည်း မလုပ်ဆောင်သင့်တော့ကြောင်း၊ ပါတီ၏ လုပ်ဆောင်ချက်များသည် ထင်သာမြင်သာရှိရန် လိုအပ်ကြောင်း၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ဆိုပါက ပြည်သူတွေ၏ ယုံကြည်မှု မရရှိနိုင်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

ဈေးကွက်စီးပွားရေး စနစ်တွင်လည်း မညီမျှဘဲ လက်သင့်ရာ ခေါ်ဆောင်နေမှုများကိုလည်း မလုပ်ဆောင် သင့်တော့ကြောင်း . . . . .

"ပါတီဝင်တွေ အနေနဲ့ လုပ်ဆောင်တဲ့ လုပ်ငန်းတွေမှာ ထင်သာမြင်သာ ရှိရမယ်။ ပြည်သူတွေနဲ့ မီဒီယာ တွေရဲ့ ဝေဖန်ထောက်ပြမှုတွေကိုလည်း ခံနိုင်ရမယ်။ တာဝန်ခံမှုတွေ ရှိရမယ်။ အာဏာရှင် ဆန်ဆန်တွေ လုပ်လို့မရတော့ဘူး။ ပါတီတွင်းမှာလည်း ဒီမိုကရေစီစနစ် ရှင်သန်အောင် လုပ်ဆောင်ရမယ်။ တင်ပြတာ၊ ဆွေးနွေးတာတွေကို လက်ခံရမယ်။ သိပြီးသား ဆိုတာမျိုးတွေကို ရပ်တန်းက ရပ်သင့်ပြီ" ဟု သူရဦးရွှေမန်း က ပြောသည်။

ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်မှာ ယခုအချိန်သည် အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ယခင်ကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်ရန် လိုအပ် ကြောင်း သူရဦးရွှေမန်းက ပြောသည်။

"ဒီပါတီကြီး ဖွဲ့စည်းပြီး ရှင်သန်နိုင်အောင် အရင်အစိုးရ အဆက်ဆက် ဦးဆောင်ဦးရွက်ပြုပြီး ထောက်ပံ့မှု တွေ ပေးခဲ့ပါတယ်။ ကိုယ့်ပါတီက သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်လို့ ပြည်သူတွေရဲ့ အကျိုးကို ဖြည့် ဆည်းပေးနိုင်ဖို့ အကောင်းဆုံး အချိန်ပဲ ဖြစ်တယ်" ဟု သူရဦးရွှေမန်းက ပြောသည်။

၎င်းသည် ပါတီဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှ ၁၆ ရက်အထိ ပထမအကြိမ် ကျင်းပ သည့် ပါတီညီလာခံအပြီး ရက်ပိုင်းအတွင်းမှစ၍ တာဝန်ယူ ဆောင်ရွက်နေကြောင်း သူရဦးရွှေမန်းက သတင်းထောက်များအား ပြောသည်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင် ပြည်နယ်) ဥက္ကဋ္ဌ ဦးခက်ထိန်နန်အား နှုတ်ဆက်စဉ်

Credit : Here

ဘာလီမှာဗုံးခွဲခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်က မြန်မာနိုင်ငံကို ဘာသာရေးစစ်ပွဲဆင်နွှဲမယ်လို့ဆို

မြန်မာနိုင်ငံက ဗုဒ္ဓ ဘာသာဝင် တွေကို ဘာသာရေး စစ်ပွဲ ဆင်နွှဲ မယ်လို့ အင်ဒို နီးရှား အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခေါင်းကိုင် ဖခင်ကြီး အဘူ ဘာကာဘရှား က ခြိမ်းခြောက် ခဲ့ပြီးတဲ့ နောက်မှာ အင်ဒိုနီး ရှားက အစ္စလာမ် စစ်သွေးကြွတွေဟာ မြန်မာနိုင်ငံကို ပစ်မှတ်ထားလာပါတယ်။


အဲဒီ လိုခြိမ်းခြောက်ထားတာကို အစွန်းရောက် ၀ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Voice of al-Islam မှာ ကြာသပ တေးနေ့က ဖော်ပြခဲ့ပြီး နာရီပိုင်း အတွင်းမှာပဲ ဂျာကာတာမြို့လယ်က မြန်မာသံရုံးကို ဗုံးဖောက်ခွဲဖို့ ပိုက်ဗုံး တွေ သယ် လာ တဲ့ လူနှစ်ယောက်ကို လမ်းမှာ အင်ဒိုရဲတွေက ဖမ်းဆီး ရမိ ခဲ့ပါ တယ်။

၂၀၀၂ ခုနှစ် ဘာလီ ဗုံးခွဲ သမား တွေကို လှုံ့ဆော် ပေးခဲ့တဲ့ အဘူ ဘာကာက မြန်မာ နိုင်ငံဟာ ရခိုင်ပြည် နယ် က ရိုဟင် ဂျာ တွေကို လူမျိုး တုန်း သတ်ဖြတ်မှု ဆောင်ရွက် နေပြီး ဘာသာရေး စစ်ပွဲ ဆင်နွှဲခြင်းဟာ တစ်ခု တည်းသော အဖြေဖြစ် တယ်လို့ ဆိုပါတယ်။

“ဘာသာရေး စစ်ပွဲ မဆင်နွှဲ ချင်တဲ့ ငါတို့ အမှားကြောင့် ဒီလိုဖြစ် ရတာ၊ ဘာသာရေး စစ်ပွဲ ဆင်နွှဲ ချင်တဲ့ အ တွက် ဖိလစ်ပိုင် မူဆလင် တွေဟာ အင်အား ကောင်းကြတယ်” လို့ အဘူ ဘာကာက ပြောကြားခဲ့တယ်။

၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှုအတွက် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ အဘူကာက အာဖဂန်နစ္စတန်မှာ ကွန်မြူ နစ် ဆိုဗီယက် တွေကို ချေမှုန်းခဲ့ သလို မြန်မာ နိုင်ငံကို ချေမှုန်းဖို့ အင်ဒိုနီးရှားက မူဂျာ ဟစ်ဒစ် တွေကို တောင်းဆို လိုက်ပါတယ်။

“အလ္လာရဲ့ ခွင့်ပြုချက် အရ ငါတို့ဟာ မြန်မာ တွေကို ကွန်မြူနစ် ရုရှားတွေ၊ ဒါမှမဟုတ် အမေရိကန် တွေလို အစိတ်စိတ်ပြိုကွဲပျက်စီးသွားအောင် (ဂေါ့ဒ်ရဲ့ အလိုအရ) ချေမှုန်းကြရမယ်။ မေတ္တာထားကြပါလို့ ဗုဒ္ဓဘာ သာရဲ့ ဆုံးမချက်ေ တွဟာ အဓိပ္ပါယ် မရှိ တာတွေ၊ လက်တွေ့မှာ ဗုဒ္ဓ ဘာသာ ၀င်တွေဟာ မူဆလင် ရိုဟင်ဂျာတွေကို သတ်နေကြတယ်” လို့ အဘူ ဘာကာက ပြောခဲ့ပါတယ်။

ကြာသပတေးညက အင်ဒိုပုလိပ်တွေဟာ အိမ်လုပ်ဗုံးငါးလုံးကို သယ်လာတဲ့ လူနှစ်ယောက်ကို မြန်မာသံရုံး ကိုလာတဲ့လမ်းမှာ ဖမ်းဆီးခဲ့ပါတယ်။

Islamic terrorists in Indonesia have a new target after militant godfather Abu Bakar Bashir threatened holy war against the Buddhists of Myanmar.

Just hours after the threat was reported on radical site Voice of al-Islam on Thursday, two men were arrested carrying pipe bombs on their way to the Myanmar embassy in central Jakarta.

The report quoted Mr Bashir, who motivated the Bali bombers in 2002, saying Myanmar was conducting genocide against Rohingya Muslims in the Arakan state in the country's west, and that jihad was the only solution.

"These events are all due to our own mistakes because we don't want to do jihad," Mr Bashir is quoted as saying. "The Muslims in the Philippines are strong because they want to do jihad."

The leader, who is serving a 15-year jail term on terror offences, called upon Indonesia's "mujahideen," (fighters of holy war) to destroy Myanmar as they had destroyed the communist USSR by throwing them out of Afghanistan.

"With the permission of Allah we will treat you and your people just like (we treated) communist Russia, which has gone to pieces, or just like America, which will perish soon (God willing)," he is quoted as saying.

"The Buddhist teaching of love is just a nonsense because in reality it is the Buddhists who have slaughtered the Muslims of Rohingya."

On Thursday night, Indonesia police arrested two men who were allegedly carrying five home-made bombs, as they made their way towards the Myanmar embassy.

Two others were arrested later after anti-terror police raided a property in South Jakarta and seized more explosives.

Police spokesman Boy Rafli Amar said those arrested were seeking revenge for the treatment of Rohingya Muslims in Myanmar.

At least 200 Muslims were killed and more than 125,000 chased from their homes in the Arakan state of Myanmar last year. Human Rights Watch accused Rakhine Buddhist groups of instigating the violence and the state authorities of failing to intervene.

On April 5, eight Buddhist fishermen were killed in a clash with Rohingya muslims at a detention centre in Sumatra, Indonesia, after the Buddhists raped and harassed three muslim women.


Global News
From: လူထုမောင်ကာဠု 

မန္တလေးတွင် ဆူပူမှု ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် ၄ ဦးကို တရားစွဲ

3 May 2013

မန္တလေး မြို့၌ ဘာသာရေး၊ လူမျိုးရေး ဆူပူ မှုဖြစ် စေရန် ကြံစည် မှုဖြင့် ဗုဒ္ဓ ဘာသာဝင် ၃ ဦးနှင့် အစ္စလမ် ဘာသာဝင် ၁ ဦးတို့ကို တရား စွဲဆို လိုက် ကြောင်း သိရသည်။

စွပ်စွဲခံ ရပြီး တရား စွဲဆိုခြင်း ခံရသူ များမှာ အောင်မြေသာဇံမြို့ နယ်နေ ကိုရဲဝင်းအောင်၊ ကိုအောင်မျိုးကျော်၊ ကိုဖြိုး ကိုဝင်းနှင့် မဟာအောင်မြေမြို့နယ် နေ ဟာဂျီ ဦးမြင့်ဦး တို့ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် တရား စွဲခြင်း ဖြစ်ကြောင်း သတင်းရသည်။


ယမန်နေ့ ညနေပိုင်းက မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၆ လမ်းများ၌ အဓိကရုဏ်း ဖြစ်ပွားနေသည်ဆိုသည့် ကောလာ ဟလ သတင်းများ ပျံ့နှံ့ ခဲ့ပြီး လူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာ လူတချို့က မော်တော် ဆိုင်ကယ်၊ ကား စသည်တို့ဖြင့် လှည့်လည် အော် ဟစ်ခြင်း၊ နိုင်ငံတော် သီချင်း များကို သီဆိုကာ ချီတက် လာခြင်း တို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ များက တားဆီး ခဲ့ရသည်။

တရား စွဲဆို ခံရသည့် အစ္စလမ် ဘာသာဝင် ဟာဂျီ ဦးမြင့်ဦးက မိမိအနေဖြင့် ယမန်နေ့ညနေက အခင်းဖြစ် ပွားသည့် နေရာ အနီး တ၀ိုက် တွင် မရှိကြောင်း၊ မည်သည့်အတွက် တရားစွဲဆိုသည်ကို မသိရှိကြောင်း ပြော သည်။

“အဓိကရုဏ်း ဖြစ်တဲ့ နေရာမှာ ကျနော်မရှိပါဘူး။ သိုးခြံ ကွက် သစ်မှာ ရောက် နေတာ။ မနေ့ညက ၁ နာရီ လောက် တိုင်း ရဲတပ်ဖွဲ့ မှူးက အကူအညီ ပေးပါဆိုပြီးလာ ခေါ်ပါတယ်။ ပြီးတော့ စစ်မေးပြီး အခု တရားရုံး ရောက်တာပါ” ဟု မဟာအောင်မြေ မြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ် ၎င်းက ဧရာဝတီသို့ ပြောသည်။

ယခု အခါ ဟာဂျီ ဦးမြင့် ဦးကို မန္တလေးမြို့ရှိ အိုးဘို ထောင်တွင် ထိန်းသိမ်းထားပြီး လာမည့် ၉ ရက်နေ့တွင် ထပ်မံ ရုံး ထုတ်မည်ဟု သိရသည်။

ချမ်းအေး သာဇံ မြို့နယ် တရားရုံးတွင် ရုံးထုတ်သည့် ၃ ဦးကိုမူ ဆက်သွယ်၍ မရခဲ့ပေ။

မန္တလေး မြို့ခံ သတင်းသမားတဦးက ယမန်နေ့ညက အဖြစ်အပျက်များသည် ကောလာဟလ သတင်းများ မှတ ဆင့် ဆူပူလိုသူများက ဖန်တီးသည်ဟု ထင်မြင်ကြောင်းဆိုသည်။

“မန္တလေး က ငြိမ်နေတော့ ဆူစေချင်တဲ့ ပုံမျိုးတွေ့ရတယ်။ အာဏာပိုင်တွေအနေနဲ့လည်း သတိထား ကိုင်တွယ် နေရပုံရတယ်” ဟု ၎င်းက ဆိုသည်။

ကောလာ ဟလ ကြောင့် မွတ်စ လင် အများစု နေထိုင် သည့် ၃၅ လမ်းနှင့် ၇၆ လမ်းတ၀ိုက် လူစုလူဝေး ဖြစ်ပေါ် လာမှုနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါ အ ၀င် နိုင်ငံရေး အင်အားစုများနှင့် မန္တလေးတိုင်း ရဲတပ်ဖွဲ့ပါ ရောက်ရှိစောင့်ကြပ်ပေးခဲ့ကြောင်း သိရ သည်။

“ငယ်ငယ်ကတည်းက အတူ တူနေ လာတဲ့ ဗုဒ္ဓ ဘာသာ တွေက မစိုးရိမ် ရဘူး၊ သံသယ လည်း မဖြစ်ပါဘူး။ အခုဟာ အပြင်က လူစိမ်းတွေ ၀င်ပါ လာမှာကို စိုးရိမ်တာပါ” ဟု မွတ်စလင် တဦးဖြစ်သူ ရွှေကရ ၀ိတ် ဦးမောင်မောင်က ဆိုသည်။

မန္တလေး မြို့သည် သံဃာအား ကောင်းသည့် မြို့ဖြစ်သည့် အတွက် ဆရာတော်၊ သံဃာ တော်များဖြင့် ပူးတွဲ ကာ အဓိကရုဏ်း မဖြစ် ပွားရေးကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လူမှုရေး၊ စီးပွားရေး ပြဿနာများကို အကြောင်း ပြုပြီး လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခများ မကြာ ခဏ ဖြစ်ပွား လျက်ရှိရာ မန္တလေးတိုင်း မိတ္ထီလာမြို့ အရေး အခင်း နောက်ပိုင်း ပဲခူးတိုင်း သာယာဝတီနှင့် ပြည်ခရိုင် အတွင်း မြို့များတွင်လည်းကောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်း ဥက္ကံမြို့ တွင် လည်းကောင်း ဆက်တိုက် ဖြစ်ပွားခဲ့သေးသည်။

ရန်ပိုင်
ဧရာဝတီ 

မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၆ လမ်းထောင့်တွင် နေရာ ယူ ထားသော ရဲတပ်ဖွဲ့ဝင်များကို မေလ ၂ ရက်နေ့ ညက တွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

အင်းလေး ဖောင်တော်ဦး ဈေးသည်များ တရားစွဲခံရ

ရှမ်းပြည် နယ် တောင်ပိုင်း ညောင်ရွှေ မြို့နယ်ရှိ အင်လေး ဖောင်တော်ဦး ဘုရားပိုင် ပစ္စည်းများကို ဖျက်ဆီး သည်ဟု စွပ်စွဲခံရသည့် လယ်သာရှည် ရွာမှ ဘုရားဈေးသည်များကို ဂေါပက အဖွဲ့က တရားစွဲဆိုထား ကြောင်း သိရ သည်။


ဘုရား ပိုင် ပစ္စည်းများ ဖျက်ဆီး မှုနှင့် ဆူပူ ခဲ့မှု များပြုလုပ် ခဲ့သည်ဟု ဆိုကာ ညောင်ရွှေမြို့နယ် တရားရုံး တွင် ပုဒ်မ ၄၄၀ နှင့် ပုဒ်မ ၁၁၄ နှစ်ခုဖြင့် တရားစွဲထားကြောင်း ဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ဝင် ဦးမြင့် ငွေက ဧရာဝတီသို့ ပြောသည်။

“ဒီအမှုက မတ် ၂၆ ရက်က စဖြစ် တာပါ။ ဈေးသည်တွေကို ဘုရားပတ်ဝန်းကျင်မှာ မရောင်းဖို့၊ ပြင်ပ ရွှေဆိုင်း တွေကို ဘုရားပေါ် ကပ်ခွင့်မပြုဘူး ဆိုတာ အမြဲတမ်းလိုလို ကြေညာပါတယ်။ သူတို့တွေ အဲဒီလို ရောင်းတဲ့ အတွက် ဧည့်သည်တွေကို စိတ် အနှောင့်အယှက် ဖြစ်စေပါတယ်” ဟု ဦးမြင့်ငွေက ဆိုသည်။

ဖြစ်စဉ်မှာ ဖောင်တော်ဦးဘုရားတွင် ကပ်လှူရန် ရွှေဆိုင်းများကို ကန်ထရိုက် ယူထားသူကသာ ရောင်းချ ရန်နှင့် ပြင်ပ ရွှေဆိုင်း မရောင်းချရန် ဂေါပကအဖွဲ့က ကြေညာထားကြောင်း၊ ပြင်ပမှ ယူဆောင်လာသည့် ရွှေဆိုင်း များ မကပ်ကြရန် နေ့စဉ်နှင့်အမျှ ငါးမိနစ်ခြားတခါခန့် လော်စပီကာနှင့် ဂေါပက အဖွဲ့က အော် လေ့ ရှိကြောင်း၊ ထိုကြေညာချက်ကြောင့် ဘုရားဖူးလာ ပရိသတ်နှင့် ပြင်ပ ရွှေဆိုင်း ရောင်းချသူတချို့ စိတ် အနှောင့် အယှက် ဖြစ်ရကြောင်း သိရသည်။

မတ်လ ၂၆ ရက်နေ့ကမူ ဘုရားဖူးတဦးက ပြင်ပရွှေဆိုင်း ရောင်းချသူထံမှ ရွှေဆိုင်းကို ဝယ်ယူကာ ကပ်လှူ နေစဉ် ဂေါပက အဖွဲ့က လော်စပီကာနှင့် ဆက်တိုက်အော်သည့် အပြင် ပြင်ပရွှေဆိုင်း ရောင်းချ သူကို လည်း ဘုရားဖူး ထံသွား၍ ထိုရွှေဆိုင်း မကပ်ရန် မကြာခဏ သွားရောက်ပြောခိုင်းနေ သဖြင့် ပြင်ပရွှေဆိုင်း ရောင်းချ သည့် ဈေးသည်က မကျေမနပ်ဖြစ်ကာ ဂေါပက၏ လော်စပီကာနှင့် ထိုင်ခုံကို ရိုက်ချိုး ခဲ့ခြင်း ဖြစ် ကြောင်း အမှုရင်ဆိုင်နေရသူနှင့် ဆွေမျိုးတော်စပ်သူ တဦးက ရှင်းပြသည်။

ရှမ်းပြည်နယ် အစိုးရ လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က တရားစွဲခံရသည့် လယ်သာရှည် ရွာသားများကို သနား စာနာ မိသည့် အတွက် အာမခံ လုပ်ပေးခဲ့ကြောင်း၊ အမှု ရင်ဆိုင်နေရသည့် ရွာသားများကို ရွှေဆိုင်း မဟုတ် သည့် တခြား ပစ္စည်းများ ရောင်းချခွင့်ရရှိစေရန် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်းနှင့် တခြား လုပ်ငန်း များ လုပ်နိုင်ရန်အတွက် အရင်းအနှီးများ ပံ့ပိုး ကူညီ ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။

“ဒီကလေးတွေက ဆင်းရဲပြီး ကောင်းလုပ် ကောင်းစား လုပ်နေကြတာ။ ပြီးတော့ အရင်က ဘုရားမှာကပ်တဲ့ ရွှေဆိုင်း တွေကို ကန်ထရိုက် မပေးဘူး။ အဲဒီတုန်းကတော့ ဘာပြဿနာမှလည်း မဖြစ်ဘူး။ ကန်ထ ရိုက် ပေးပြီး တဲ့ နောက် အပြင်က ၀ယ်လာတဲ့ ရွှေဆိုင်းကို ဘုရားမှာ ကပ်ခွင့် မပြုဘူးဆိုတဲ့ ကိစ္စကနေ စဖြစ်ကြ တာ” ဟု ဦးစိုင်းထွန်းရင်က ဆိုသည်။

ဦးစိုင်း ထွန်းရင်က အမှုရင်ဆိုင်နေရသူများကို ဘုရားတွင် ပြင်ပရွှေဆိုင်းများ မရောင်းစေရပါဆိုသည့် အာမခံ ချက်ဖြင့် လွတ်မြောက်ရန် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

တရားစွဲခံရသူများသည် ယခုအချိန်တွင် အာမခံနှင့် လွတ်မြောက်လာပြီးနောက် ဘုရားပတ်ဝန်းကျင်တွင် ထီးများ၊ တံခွန်များ ရောင်းချ၍ အသက်မွေး နေကြောင်း၊ ဘုရားပစ္စည်းများ ဖျက်ဆီးခဲ့သည်အထိ စိတ်မ ကျေ မနပ် ဖြစ်လာရန် ရွှေဆိုင်း ရောင်းချသည့် ကန်ထရိုက်က စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင် က ဘုရားပတ်ဝန်းကျင်တွင် ရွှေဆိုင်း ရောင်းချခဲ့သော်လည်း မည်သည့် ပြဿနာမှ မရှိခဲ့ကြောင်း၊ ဧည့်သည် များကို ရောင်းချရာတွင်လည်း အေးအေးဆေးဆေး ရောင်းခဲ့ကြခြင်းသာ ဖြစ်ကြောင်း၊ ယခုအချိန် တွင် ရွှေဆိုင်းမရောင်းပါဆိုသည့် အာမခံချက်ဖြင့် အချုပ်မှ လွတ်မြောက်ခဲ့သဖြင့် တခြားသော ပစ္စည်းများ ကိုသာ ရောင်းချနေရသော်လည်း ရွှေဆိုင်းက အမြတ်ပိုများသောကြောင့် ရွှေဆိုင်းသာ ရောင်းချင် နေကြကြောင်း တရားစွဲခံရသူများနှင့် ဆွေမျိုးတော်စပ်သည့် ကိုနန္ဒအောင်က ဧရာဝတီကို ပြော သည်။

“ကန်ထရိုက်ပိုင်တဲ့ လော်စပီကာ၊ မိုက်နဲ့ ထိုင်ခုံကို ရိုက်ချိုးခဲ့တာပါ။ ဘုရားပိုင်ပစ္စည်း မဟုတ်ပါဘူး။ ရွှေဆိုင်း ကိုလည်း ဟိုအရင် ကတည်းက ရောင်းခဲ့တာ ဘာမှမဖြစ်ခဲ့ဘူး။ ဘုရားဖူးတွေကို ဘုရားမှာ ကပ်ဖို့ရောင်း နေချိန် မှာ ဂေါပကက အချိန်ပြည့် အပြင်က ရောင်းတာတွေ မ၀ယ်ဖို့၊ ၀ယ်ရင် ကပ်လို့မ ရဘူးဆို တဲ့ အကြောင်း ပြောနေတော့ စိတ်ညစ်လာကြတာ” ဟု ကိုနန္ဒအောင်က ရှင်းပြသည်။

ဘုရား ပတ်ဝန်းကျင်တွင် ရွာသားများ လာရောက် ဈေးရောင်းနေသည်မှာ ဘုရားဖူးများ အတွက် စိတ် အနှောင့် အယှက် ဖြစ်စေသည်မှာ မှန်သော်လည်း ဈေးသည်များဘက်က စည်းကမ်းတကျဖြင့် ရောင်းချ မည်ဆို ပါက အဆင်ပြေနိုင်ကြောင်း၊ ဖောင်တော်ဦး ဘုရားသည် အင်းလေးကန်တွင် ခရီးသွား ဧည့်သည် အများ ဆုံး လာသည့် နေရာတခု ဖြစ်သည့်အတွက် ဈေးသည်များ စနစ်တကျ ရောင်းချနိုင်စေရန် စီစဉ်ပေး ရေးနှင့် ရွာသားများကို စွဲဆိုထားသည့် အမှုကို ဖျက်သိမ်းပေးရေး အတွက် ဂေါပကကို တောင်း ဆိုပေး သွားမည်ဟု လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က ထပ်မံဆိုသည်။

“သူတို့တွေ ဘယ်လို ဘာပဲ ရောင်းကြရောင်းကြ ဘာမှမဖြစ်ဘူး။ ဖြစ်တာက ကျမတို့ တိုးဂိုက်တွေက ဧည့်သည် တွေကို ဘုရားရင်ပြင်ပေါ် ဖိနပ်ချွတ်ဖို့ ပြောနေတဲ့ အချိန်မှာ ဈေးသည်တွေက ဖိနပ်စီးပြီး ရောင်း တာတွေ့ ရတာနဲ့ ဧည့်သည်ကို ဘုရားနောက်ခံ သမိုင်းအကြောင်း ရှင်းပြနေချိန်မှာ လော်စပီကာနဲ့ ပြင်ပ ရွှေဆိုင်းတွေ မ၀ယ်ကြဖို့၊ တရားမ၀င်တဲ့ အကြောင်း၊ ၀ယ်ရင် ကပ်လို့မရတဲ့ အကြောင်း ပြောနေတာတွေက ဧည့်သည် တွေကို အနှောင့်အယှက် အရမ်းဖြစ်တာ” ဟု ခရီးသွားလမ်းညွှန် အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။

နန်းဆိုင်နွမ် 
ဧရာဝတီ