Thursday, May 2, 2013

အချိုးကျကိုယ်စားပြုစနစ်(PR)မှာ လက်ရှိမြန်မာနိုင်ငံနှင့် သင့်လျော်မှုမရှိကြောင်း Mr.Tim ၏ စာတမ်းငယ်တွင် ဖော်ပြ

ပြည်တွင်းရှိ တိုင်းရင်းသားမပာုတ်သော နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများအကြား အငြင်းပွား လျက်ရှိသော အချိုးကျကိုယ်စားပြုစနစ်(PR)မှာ လက်ရှိဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံ၌ သုံးစွဲရန် သင့်လျော်မှုမရှိကြောင်း ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များဆိုင်ရာ ဒါရိုက်တာ Mr.Tim Meislurgrer ၏ ထွန်းသစ်စနိုင်ငံများမှ အချိုးကျကိုယ်စားပြုစနစ် စာတမ်းငယ်တွင် ထည့်သွင်း ဖော်ပြထားသည်။


အဆိုပါ စာတမ်းငယ်တွင် ဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံများတွင် အချိုးကျကိုယ်စားပြုစနစ်ထက် ကိုယ်စားလှယ် တစ်ဦးကိုသာ ရွေးချယ်ရသည့် မဲဆန္ဒနယ်မြေစနစ်သည် ပိုမိုသင့်လျော်ကြောင်းနှင့် မည်သည့်စနစ် အကောင်းဆုံးဆိုသည်မှာမူ မြန်မာပြည်သူများအပေါ်တွင်သာ မူတည်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အချိုးကျကိုယ်စားပြုစနစ်သည် ပါတီအများအပြား ဦးဆောင်ရသည့်စနစ်ဖြစ်သည့်အတွက် လူနည်းစုများအတွက် အခွင့်အလမ်းကောင်းနှင့် ပါတီအသစ်များအတွက် ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ပြီး အစိုးရမှ ပဋိပက္ခများ ဖြေရှင်းရာတွင် လွတ်လပ်စွာအာဏာခွဲဝေမှုပြုနိုင်သည့် အားသာချက်များ ရှိသော်လည်း အစွန်းရောက်စနစ်နှင့် တစ်ပါတီစနစ်ကို ဖြစ်စေသည့် အားနည်းချက်များလည်းရှိကြောင်း သိရသည်။ အချိုးကျကိုယ်စားပြုစနစ်အား စတင်ကျင့်သုံး ဆောင်ရွက်မည့် နိုင်ငံများ အနေဖြင့် ငွေကြေး များစွာကုန်ကျမည်ဖြစ်သည့်အပြင် ပါတီများမှာလည်း ဒီမိုကရေစီပါတီများဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်း၏စာတမ်းငယ်တွင်ဖော်ပြထားသည်။

အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှာ တောင်အာဖရိက၊ ဒိန်းမတ်၊ နော်ဝေ၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမော စသည့်နိုင်ငံများဖြစ်သည်။

Credit : Here

မြင်းစီးဝတ်စုံလေးနဲ့လှနေသော မွန်ဂိုလီးယားရောက် အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ

ထမိန်ပဲ အမြဲဝတ်တယ်လို့ ဘယ်သူပြောလဲ



မြင်းစီးကောင်းတဲ့ အမေစု


အိုပါးဂဏန်းစတိုင်ကို လက်တွေ့လေ့ကျင့်နေတဲ့ အမေစု


၆၇ နှစ်အရွယ် ငယ်မူပြန်ခြင်း 

အသားလည်းကောင်းကောင်းကင်တတ်ပါတယ်

Credit : Here

ဗုဒ္ဓဘာသာအတွက် ပထမ အန္တရာယ်သည် မွတ်ဆလင်ဖြစ်သည်၊ ဒုတိယ အန္တရာယ်သည် ဒေါ်စု နှင့် သူမကိုထောက်ခံသူများဖြစ်သည်


ဖော်ပြပါ ဓာတ်ပုံများကို ယူသွားကာ ဗွီနိုင်းထုတ်၍ ဘုရားစင်တွင် ချိတ်ထားနိုင်ရန် ပြည်တွင်းပြည်ပရှိ ဒေါ်အောင်ဆန်းစုကြည်အား ဘုရားအဖြစ် ကိုးကွယ်နေသူများ ယူဆောင်ကြပါ။ အခြား ဓာတ်ပုံများကို ဆက်လက်ကြည့်ရှုရန် http://www.xtywebworks.ns.ca/week3.html သို့ သွားပါ။ ကြည့်ပြီးသွားရင် ဗုဒ္ဓရုပ်ပွားတော်ကို စော်ကားလို့ ကုလားတွေ လို့ မထင်ပါနဲ့ ပြည်တွင်းမှ ဗုဒ္ဓဘာသာဝင် စစ်စစ် ဒေါ်စု ထောက်ခံသူတွေရဲ့ လုပ်ဆောင်မှု တွေကို ပြန်ကြည့်ပါ။





ဒေါ်စုထောက်ခံသူများကြောင့် ဗုဒ္ဓဘုရားရှင်ကို ဘာသာခြားများနှင့် ကမ္ဘာ၏အမြင်တွင် သိက္ခာ ညိုးနွမ်းစေ သဖြင့် ၎င်းတို့ကို ဗုဒ္ဓဘာသာဝင်များအားလုံးမှ သတိဖြင့် ဆက်ဆံကြရန်လိုအပ်ပြီ ဖြစ်ပါကြောင်း Myanmar Express ဝိုင်းတော်သားများမှ နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။

credit : www.MyanmarExpress.net

ဖြူးမြို့နယ်အတွင်း ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီးနှင့်ပါတ်သက်၍သိရှိသူပြည်သူများမှ ကူညီသတင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်

ဖြူးမြို့နယ်အတွင်း မိန်းကလေး တစ် ဦးအား ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ပြီး ခေါင်းတစ် ခြား၊ ကိုယ်တစ် ခြား အထုတ်နှင့်စွန့်ပစ် ထားသောအမှု အား ဖြူးရဲစခန်း (ပ) ၃၆/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်၍ မှုခင်းတပ်ဖွဲ့၊ နယ်မြေခံရဲ တပ်ဖွဲ့ဝင်များမှ အမှုမှန်ပေါ်ပေါက်ရေး အတွက် စုံစမ်းဖော်ထုတ်လျက် ရှိသော် လည်း အသတ်ခံသေဆုံးသူ အမျိုးသမီး မည်သူဖြစ်ကြောင်းကို ပင် စုံစမ်းဖော်ထုတ်၍ မရရှိသေးကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးသည် အသက် (၂၅)နှစ်ကျော်အရွယ် အရပ်(၅)ပေခန့်၊ ဆံပင်ဂုတ်ထောက် (အနက်) ရောင်ရှိပြီး ၎င်း၏ယာဘက်လက်ဖျံအတွင်းဘက်တွင်``သွေး´´ဟူသော စာတန်းပါရှိသည့် ဆေးမှင်ကြောင် အရုပ် ပါရှိသည့်အတွက်ပြည်သူများ မိမိတို့ပတ်ဝန်းကျင်တွင် အဆိုပါ ဆေးမှင်ကြောင်အရုပ်ထိုးထားပြီး ပျောက်ဆုံးနေသော အမျိုးသမီးရှိ မရှိ ကူညီစုံစမ်းပေးရန်နှင့် ရှိခဲ့ သိခဲ့လျှင်


ရဲအုပ်ဇော်လွင်ဦး (၀၉ ၄၉၄၄၅၂၈၈)၊

ဒုရဲအုပ်သန်းထွန်း (၀၉ ၄၃၀၁၅၅၆၄)၊

ဒုရဲအုပ်သောင်းနိုင် (၀၉ ၇၃၁၂၈၅၆၈)၊

ဒုရဲအုပ်အောင်ကိုလတ်(၀၉ ၄၉၃၄၀၆၈၈) ဖုန်းနံပါတ်များသို့ ရဲဝံ့စွာ သတင်းပေးပို့ ကူ ညီနိုင်ရန် လက်ကမ်း ကြော်ငြာများ ဖြန့်ဝေထားကြောင်း သိရှိရသည်။

``ဒီလောက် ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ လူသတ်တရားခံ ဖော်ထုတ်နိုင်ဖို့က သေတဲ့ မိန်းကလေး ဘယ်သူ၊ ဘယ်ကဆိုတာ ပြည်သူတွေ သတင်းပေးကူညီဖို့ လိုအပ်နေပါတယ်။ ဂျာနယ် တွေမှာလည်း ဖော်ပြရေးသားပြီး ကူညီပေးစေချင်ပါတယ်´´ ဟု မှုခင်းတပ်ဖွဲ့မှ ရဲအုပ်ဇော်အေးနိုင် (၀၉ ၄၀၀၄၇၀၁၇၁) က ပြောပြပါသည်။

ရဲဇာနည်မှ အကူအညီတောင်းခံသတင်း

ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်းတံတားအောက်ခေါင်းဖြတ်လူသတ်မှုနှင့်ပတ်သက်၍ ဆက်သွယ်သတင်းပေးပို့နိုင်

၁၄-၂-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်း တံတားအောက်တွင် ဦးခေါင်းမပါသည့် အမည်မသိအမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရဖြူးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ရန်ကုန်-မန္တလေး ပုံမှန်လမ်း မိုင်တိုင် အမှတ်(၁၃၉-၁/၂)ကြား တံတားအမှတ်(၁၄၀/၁) ဇဟားချောင်းတံတားအောက် ချောင်းကမ်းစပ်တွင်““၅၅၅””တံဆိပ် ပီနံအိတ်အဖြူဖြင့်ထည့်ထားသည့် ဦးခေါင်းမပါ ကိုယ်လုံးတီး အလောင်းတစ်လောင်းနှင့် မိုင်တိုင်အမှတ်(၁၃၈/၂)အနီး လမ်းဘေးတွင်အမျိုးသမီးဦးခေါင်းပြတ်တစ်ခု ထပ်မံတွေ့ရှိ၍ ဖြူးရဲစခန်း (ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီး မှုခင်းရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိသည်။

အဆိုပါအမှုအား မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိပြီး သေဆုံးသူမည်သူမည်ဝါ ဖြစ် ကြောင်း သိရှိသတင်းပေးလိုပါကမှုခင်းရဲတပ်ဖွဲ့မှူးရုံး တယ်လီဖုန်းအမှတ် ၀၆၇-၄၁၂၅၀၂ နှင့် ၀၆၇-၄၁၂၅၀၅ တို့သို့  ဆက်သွယ်အကြောင်းကြား သတင်းပေးပို့နိုင်ကြောင်း သတင်းရရှိသည်။

Credit : Here

ပြည်ထောင်စု ရုပ်သံလိုင်းသစ်ကို ဘာသာကြီးရှစ်ခုဖြင့် ထုတ်လွှင့်ပြသသွားမည်

၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ပြည်ထောင်စု ရုပ်သံ လိုင်းသစ်ကို ဘာသာကြီးရှစ်ခုဖြင့် ထုတ်လွှင့် ပြသသွား မည် ဖြစ်ကြောင်း ၂၆-၄-၂၀၁၃ ရက်က သိရသည်။ ပျောက်ကွယ်နေသည့် တိုင်းရင်းသား လူမျိုးစုများ၏ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှု ထုံးတမ်း ဓလေ့ များ၊ လက်ရှိ ဖြစ်ပျက်နေသည့် အကြောင်းအရာ များ စွာကို လက်တွေ့သွားရောက် ရိုက်ကူး ပုံဖော် ပြသ သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်း သား လူမျိုးစုများ၏ လူသိနည်းသည့် မျိုးနွယ်စုများ အကြောင်းများကိုလည်း လေ့လာဖော်ထုတ် ပြသရန် စီစဉ်ထားကြောင်း သိရသည်။ “ပြည်ထောင်စု ရုပ်သံလိုင်းသစ်ကို ပထမဆုံးပြသတဲ့ အစမ်းကာလမှာ တိုင်းရင်းသားလူမျိုး တစ်မျိုးစီရဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေကို တစ်နာရီစီ ထုတ်လွှင့်ဖို့ စီစဉ်ထားပြီး ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံများကပါ စိတ်ဝင်စားလာအောင် တင်ဆက်ပြသသွားဖို့အထိ ရည်ရွယ် ထားပါတယ်” ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းရုပ်သံ လိုင်းသစ် တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း(ဖလမ်း)၊ ချင်း(မင်းတပ်)၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးများ၏ ရိုးရာ ဓလေ့ ထုံးတမ်းများနှင့် တိုင်းရင်းသား ရေးရာများကို နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ထုတ်လွှင့်သွား မည်ဖြစ်ပြီး ဟောပြောချက်များ၊ ဒေသသတင်းများ၊ နိုင်ငံတော်မှ ထုတ်ပြန်သည့် သတင်း များ၊ မြန်မာရုပ်မြင်သံကြားမှ ထုတ်လွှင့်သော သတင်း အကျဉ်းများကို ရသစုံစွာ ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

FROM-PYIMYANMAR JOURNAL

ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့မှ ပညာတက် အမျိုးသမီးငယ် ၃ ဦး လူကုန်ကူးမှု ခံရခြင်းမှ အချိန်မီ တားဆီးခဲ့ခြင်း

၂၀၁၃ ခုနှစ်၊ အေပြီလ ၂၃ ရက်နေ့ ညတွင် ရန်ကုန် မြို့အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်တွင် တောင်ကြီးမှ ရန်ကုန်သို့ ၀င်ရောက်လာသော ခရီး သည်တင်ယာဉ်ပေါ်မှ အောက်ပါ အမျိုးသမီး ၃ ဦးအား မသင်္ကာဖွယ်တွေ့ရှိ ၍ တာဝန်ရှိသူများက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရပါတယ် -

(က) မနန်းဆွေဦး ၂၁ နှစ် (ဘ) ဦးမိတ္တ၊ ရှမ်း /ဗုဒ္ဓ ၊ တတိယနှစ် (သင်္ချာ) ၊ ရပ်ကွက် (၂)၊

(ခ) မနန်းစံလှိုင် ၂၃ နှစ် (ဘ) ဦးလုံးမြထွေး၊ ရှမ်း /ဗုဒ္ဓ ၊ ၀ိဇ္ဇာဘွဲ့ (ပထ၀ီ) ၊ ရပ်ကွက် (၁)၊

(ဂ) မနန်းအေးခမ်းနွမ်း ၂၂ နှစ် (ဘ) (စိစစ်ဆဲ)၊ ရှမ်း/ဗုဒ္ဓ ၊ တက္ကသိုလ်ဝင်တန်းအောင် ၊ ရပ်ကွက် (၄) ၊ မိုင်းနောင်မြို့။


တာဝန်ရှိသူများမှ စစ်ဆေးစဉ် အထက်ပါအမျိုးသမီးငယ် ၃ ဦးသည် မိုင်းနောင်မြို့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)ပါတီမှ မနန်းမိုးခမ်းနွမ်း၏ စည်းရုံးမှုကြောင့် မြ၀တီမှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး အမည်မသိ NGO အဖွဲ့တစ်ခုမှဖွင့်လှစ်သည့် သင်တန်းတက်ရန်သွားခြင်းဖြစ်ကြောင်း၊ မိုင်းနောင်မြို့၊ ၀မ်ဆင်းကျေးရွာနေ မနန်းမိုစိမ်းဆိုသည်မှ ခရီးသွားလာရန်ကူညီ ဆောင်ရွက်ပေးကြောင်း သိရပါတယ်။


အထက်ပါ ပညာတက်အမျိုးသမီးငယ် ၃ ဦးကို အေပြီလ ၂၄ ရက်နေ့ညနေမှာ မိုင်းနောင်သို့ ပြန်လည် ပို့ဆောင်ခဲ့ ပြီး တာဝန်ရှိသူများမှ သက်ဆိုင်ရာ မိဘဆွေမျိုးများ ထံသို့ ပြန် လည်အပ်နှံခဲ့ကြောင်း သိရပါ တယ်။ ဒီသတင်းနှင့် ပတ်သက်ပြီး မိုင်းနောင်မြို့က ပညာတက်ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ “ ကျွန်တော့်အမည်ကိုတော့ မဖော်ပြပါနဲ့ ၊ ကောင်မလေး ၃ ယောက် မြ၀တီကနေ ထိုင်းမှာဖွင့်မယ့် NGO သင်တန်းတက်ဖို့ သွားတာမဟုတ်ပါဘူး၊ စ၀်ရွက်ဆစ်ရဲ့ ရှမ်းစစ်တပ်က လွယ်တိုင်းလျှံမှာ ဖွင့်မယ့်သင်တန်း တက်ဖို့ ကျားဖြူ ပါတီက နန်းမိုးခမ်းနွမ်းက ညာပြီး စည်းရုံးတာလေ ၊ ကောင်မလေးတွေကတော့မသိဘူး၊ လစာကောင်းကောင်း ရမယ်လို့ ပြောမှာပေါ့၊ အခုလိုအိမ်ပြန်ရောက်လာတာ အများကြီး ကံကောင်းပါတယ်၊ တကယ်လို့သာ ဟိုရောက်သွားရင် ဘ၀ပျက်မှာ ” ဟုပြောပြပါသည်။

FROM-Shan News

ခရမ်းလွန်ရောင်ခြည် တိုင်းတာရေးစက်များ မြန်မာဝယ်ယူတော့မည်

မြန်မာနိုင်ငံအပေါ် ကျရောက်နေပြီဖြစ်သော ခရမ်းလွန် ရောင်ခြည်လှိုင်းနှင့် ပတ်သက်ပြီး ခရမ်းလွန်ရောင်ခြည် တိုင်းတာရေးစက်ကို မြန်မာနိုင်ငံအနေဖြင့် ဝယ်ယူသွားရန် ရှိနေပြီး ကိုယ်ပိုင်တိုင်းတာမှုများ ပြုလုပ်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ၂၄-၄-၂၀၁၃ ရက်က သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ခရမ်း လွန်ရောင်ခြည် ကျရောက်နေမှု ပမာဏကို အမေရိ ကန်နိုင်ငံမှ မိုးလေဝသအဖွဲ့က တိုင်းတာ ဖော်ပြပေးနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ ဝန်ကြီးဌာနနှင့် ပညာရှင်များကလည်း ယင်းဖော်ပြချက်ကို ကိုးကားပြီး ပြောကြား နေကြခြင်း ဖြစ်သည်ဟု သိရသည်။


“ကျွန်တော်တို့က UV နဲ့ ပတ်သက်တဲ့ စက်တစ်လုံး၊ နှစ်လုံး လောက်ဝယ်ဖို့ အစီအစဉ် ဆွဲနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အမေရိကန်က တိုင်းတာပေးနေတာတွေ က မြန်မာနိုင်ငံနဲ့ အံကိုက်မကိုက် မသိဘူးလေ။ ကိုယ့်အခြေအနေကို သိဖို့ ဝယ်ရမှာ” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။ လက်ရှိတွင် မြန်မာနိုင်ငံအပေါ် ခရမ်းလွန်ရောင်ခြည် ကျရောက်နေမှုများမှာ အညွှန်ကိန်း ၁၁ ထက်ကျော်လွန်ပြီး အန္တရာယ် ရှိသည့် အခြေအနေ ဖြစ်နေသည်ဟု အမေရိကန်က ညွှန်ပြထားသည့် UV awareness စာမျက်နှာမှ သိရသည်။


“စက်တန်ဖိုးတွေက ဘယ်လောက်ရှိလဲဆိုတာ မသိရသေးဘူး။ အခုဈေးတွေ စပြီးစုံစမ်းနေပြီ။ အမြန်လုပ်မှ ဖြစ်မှာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံမှ မိုးလေဝသဆိုင်ရာ ဟောပြောသူအားလုံးမှာ လက်ရှိတွင် အဆိုပါစက်၏ ထုတ်ပြန်ချက်ကိုသာ ဦးတည်ရှာဖွေနေရဦးမည်ဟု ယူဆရကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

FROM-KHIT LU NGE

သူရဦးရွှေမန်းကို ကြံ့ခိုင်ရေး ဥက္ကဌခန့်အပ်

မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ရဲ့ ဥက္ကဌအဖြစ် သူရဦးရွှေမန်းကို ရွေးချယ်ခန့်အပ် ထားကြောင်း ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တဦးက ဘီဘီစီကို အတည်ပြု ပြောကြားလိုက် ပါ တယ်။

ကြံ့ခိုင်ရေးပါတီရဲ့ မူလ ပါတီခေါင်းဆောင် ဦးသိန်းစိန် က သမ္မတ တာဝန်ရယူပြီးနောက် ပြီးခဲ့တဲ့ ပါတီ ညီလာခံမှာ ဥက္ကဌ ရာထူးကို ဆက်လက်ရယူခဲ့ပါတယ်။


ဒါပေမဲ့ အခြေခံဥပဒေ အရ ပါတီတာဝန်ထမ်းဆောင်ခွင့် မရှိတဲ့ အတွက် အဲဒီအချိန်မှာကတည်းက ဦးရွှေမန်းဟာ ယာယီ ဥက္ကဌ တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။


အခုအခါမှာတော့ အမြဲတန်း ဥက္ကဌ အဖြစ်တာဝန်လွှဲပြောင်းယူလိုက်ပါပြီလို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လူငယ် ညီလာခံမှာ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးက ဘီဘီစီကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘယ်နေ့ဘယ်ရက်က စတင် တာဝန်ယူလိုက်တယ် ဆိုတာ အတိအကျပြောဖို့ကိုတော့ ငြင်းဆန် သွား ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့လက်ရှိ အနေအထားနဲ့ ပတ်သက်ပြီးလည်း ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။

BBC Burmese News

'၀'သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့ဟု သတင်းထွက်ပေါ်ခဲ့ပြီး မဟုတ်မှန်ကြောင်း '၀' ဘက်မှ ငြင်းဆို

'၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (USWA) သို့ စစ် ရဟတ်ယာဉ် ငါးစင်းပေးပို့ခဲ့ ကြောင်း Janes Intelligence ၀က်ဘ်ဆိုက်တွင် ဧပြီ ၂၉ ရက်က သတင်းဖော်ပြခဲ့ပြီး အဆိုပါ သတင်းမှာ မှန်ကန်မှု မရှိ ကြောင်း '၀' ဘက်က ငြင်းဆိုခဲ့သည်။

Janes Intelligence တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်း ပိုင်း များက '၀' အနေဖြင့် တရုတ်ထံမှ TY 90 ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသော Mi17 အမျိုးအစား စစ်ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း၊ ပေးပို့လိုက်သော ရဟတ်ယာဉ် ငါးစင်းဖြစ်ကြောင်း၊ သို့သော အစိုးရ သတင်းရင်းမြစ်တစ်ခု၏ အတည်ပြု ချက်အရ နှစ်စင်းသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် TY 90 ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသော Mi17 အမျိုးအစား စစ်ရဟတ်ယာဉ် များသည် အစိုးရနှင့် KIO အကြား တိုက်ပွဲများ ဖြစ်ပွားစဉ်က အစိုးရ အသုံးပြုခဲ့သော ရုရှားလုပ် Mi-24P Hind တိုက်လေယာဉ်များကို ဟန့်တားနိုင်မည်ဟု Janes Intelligence ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်။


အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မှန်ကန်မှု မရှိကြောင်းနှင့် တရုတ်ထံမှ မည်သည့် ထောက်ပံ့မှုမျှ မရရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ နိုင်ငံခြားရေးဌာန ပြင်ပဆက်သွယ်ရေး ဒုတိယ တာဝန်ခံ ဦးစံခွန်းက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။


ထို့အပြင် '၀' သွေးစည်းညီညွတ်ရေး တပ်မတော်အတွက် စစ်လက်နက်များ တိုးချဲ့တပ်ဆင်ခြင်း၊ တရုတ်မှ ထောက်ပံ့ခြင်းများ အပါအ၀င် ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပေးလိုကြောင်း ပြောကြားခဲ့သည်။

''သတင်းတွေက မဟုတ်တဲ့အတွက် ဘာမှ မပြောလိုပါဘူး'' ဟု ဦးစံခွန်းက ပြောပါသည်။

ထိုကဲ့သို့ ဖော်ပြခဲ့သည့် သတင်းနှင့် ပတ်သက်၍ အတည်ပြုချက် မပေးနိုင်သော်လည်း '၀' အနေဖြင့် မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင်မှ မရှိသည့် စစ်လက်နက် ပစ္စည်းများကို လွန်ခဲ့သည့် လေးနှစ်ကျော် အချိန်ကတည်းက စုဆောင်းထားပြီး ဖြစ်ကြောင်း တရုတ်-မြန်မာ နယ်စပ်ရှိ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက Eleven Media Group သို့ ပြောပါသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်း၊ '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ နောက်ခံ အကြောင်းအရာများကို အတွင်းကျကျ သိရှိထားသော မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက '၀' သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ် ပေးပို့သည်ဆိုသော သတင်း မှန်ကန်သည်ဟု ဆိုပါသည်...

''ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး '၀' ဘက်က အရာရှိတွေကို ကျွန်တော်မေးခဲ့တာတွေ ရှိပါတယ်။ ဘယ်သူကမှ ခိုင်ခိုင်မာမာ ပြောခဲ့တာမျိုး မရှိပါဘူး” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

သို့သော် လက်ရှိ အနေအထားအရ စစ်ဘက်သုံး ရဟတ်ယာဉ်များကို ၀ယ်ယူလိုသည် ဆိုပါက ၀ယ်ယူ နိုင်သည့် အခြေအနေ '၀' ဘက်တွင် ရှိနေကြောင်း သိရသည်။

''စစ်ဘက်သုံး ပစ္စည်းတွေကို တရုတ်က မှာယူနေသလား။ ယူကရိန်းက မှာယူသလား။ လာအိုကတစ်ဆင့် မဲခေါင်မြစ်ကနေ တင်သွင်းသလား။ အဲတာတွေကို ကျွန်တော် သေချာမသိပါဘူး။ မနှစ်ကလည်း ကား အစင်း ၂၀၀ စာလောက်ရှိတဲ့ လက်နက် ခဲယမ်းတွေကို သူတို့ တင်သွင်းခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ အဲ့တာကိုလည်း သေသေချာချာ ဖြေပေးတဲ့လူ မရှိပါဘူး။ သေသေချာချာ ပြောနိုင်တာ တစ်ခုကတော့ တန့်ယန်းဘက်မှာ လေယာဉ်ကွင်း တည်ဆောက်ဖို့ စီမံကိန်းကို အစိုးရဘက်ကို တင်ပြခဲ့တာ ရှိပါတယ်'' ဟု ဦးအောင်ကျော်ဇောက ဆက်လက် ပြောကြားခဲ့သည်။

'၀' ဘက်မှ စစ်လက်နက်အင်အား တိုးချဲ့မှုသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အကြား မပြီးဆုံးသေးသည့် တိုက်ပွဲများကြောင့် ဖြစ်ကြောင်း သိရသည်။

''အစိုးရအနေနဲ့ KIA နဲ့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ SSPP/SSA ကို တိုက်ခိုက်တာတွေလည်း ရှိနေတယ်။ နောက်ပြီး သံလွင်မြစ် အနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ '၀' တပ်တွေကို ၀င်တိုက်တာလည်း ရှိနေတယ်။ ဒီအချက်က '၀' တွေကို စစ်အင်အား တိုးချဲ့မှု ဖြစ်စေတယ်” ဟု ဦးအောင်ကျော်ဇောက ပြောပါသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်မခံသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီသည် အင်အား အကောင်းဆုံး အဖွဲ့ဖြစ်ပြီး '၀' ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်တွင် စစ်သည်အင်အား ၃၀၀၀၀ ကျော်နှင့် ခေတ်မီ စစ်လက်နက် ပစ္စည်းများ ပိုင်ဆိုင်ထားပါသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်မှ ဒုတိယမြောက် ခွဲထွက်လာသော အဖွဲ့ဖြစ်သည့် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီသည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဌာနချုပ်အဖြစ် တည်ရှိနေသော '၀' နယ်မြေအတွင်းမှ ပန်ဆန်းဌာနချုပ်ကို သိမ်းယူခဲ့ကာ '၀' အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က 'မြန်မာပြည် သွေးစည်းညီညွတ်ရေးပါတီ' ဟု အမည်ပေးခဲ့ပြီး နောက်ပိုင်းတွင် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီဟု အမည်ပြောင်းလဲခဲ့သည်။


နယ်ခြားစောင့်တပ်များ မဖွဲ့စည်းမီအချိန်က တိုင်းရင်းသားလက်နက်ကိုင်များ၏ အင်းအားပြဇယား
(Source: Shan Herald Agency For News)

စတင်ဖွဲ့စည်းစဉ် ကတည်းက တပ်မတော်နှင့် သင့်မြတ်စွာ နေထိုင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့နှင့်လည်း ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေး အစိုးရအဖွဲ့ လက်ထက်တွင် '၀'နယ်မြေကို ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ-၂ အဖြစ် သတ်မှတ်ပေးခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ရရှိခဲ့သည်။ ထိုအချိန်က '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ အင်အားမှာ ၁၀၀၀၀ နီးပါး ရှိခဲ့သည်။

၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင် အင်အားစု များနှင့်လည်း ပူးပေါင်းမှုများ ရှိခဲ့ပါသည်။

၂၀၀၄ ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် '၀' နှင့် အစိုးရအကြား အဆင်မပြေမှုများ ရှိခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းကြောင်း တရားဝင် ကြေညာ ခဲ့သော်လည်း '၀' အဖွဲ့ကို မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုရှိသော အဖွဲ့အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆက်လက်ရှုမြင်ခဲ့ကြသည်။

၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် မပြေလည်မှုများ ဖြစ်ပေါ်ခဲ့ ရာမှ တစ်ဆင့် '၀' ၏ စစ်အင်အားမှာလည်း တစ်စထက်တစ်စ အားကောင်းလာခဲ့သည်ဟု နိုင်ငံရေး အကဲ ခတ်များက သုံးသပ်ခဲ့ကြသည်။

'၀'ပြည် သွေးစည်းညီညွတ်ရေး ပါတီအနေဖြင့် နိုင်ငံတစ်နိုင်ငံ၊ စစ်တပ်တစ်ခုမူကို လက်ခံသော်လည်း တပ်ပြောင်းလဲ ဖွဲ့စည်းရေးကို ချက်ချင်းလက်မခံဘဲ အစိုးရသစ် လက်ထက်တွင် ဆွေးနွေးမည်ဟု '၀' ဘက် မှ တုံ့ပြန်ခဲ့သည်။

အစိုးရနှင့် တင်းမာမှုအချို့ ရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခု ဖွဲ့စည်းပြီး '၀' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ခဲ့ ပါသည်။

အစိုးရသစ် ဖြစ်ပေါ်ခဲ့ပြီးနောက် '၀' ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိခဲ့ပါသည်။

သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရရှိထားသော '၀' အနေဖြင့် '၀' ဒေသကို ပြည်နယ်အဆင့်သို့ ပြောင်းလဲ သတ်မှတ်ပေးရန် တောင်းဆိုမှုများရှိခဲ့ပြီး စစ်အင်အား တိုးချဲ့မှုများလည်း ရှိလာခဲ့သည်ဟု နိုင်ငံရေး အကဲခတ်များက ပြောပါသည်။

'၀'၏ စစ်အင်အား တိုးချဲ့မှုတွင် တရုတ်နိုင်ငံမှ ထောက်ပံ့ပေးထားသည်ဆိုသော သတင်းများ ထွက်ပေါ် ခဲ့ပြီးနောက် '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ လက်နက်များ ရောင်းချခြင်း မရှိဟု ၂၀၁၃ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းတွင် တရုတ်နိုင်ငံဘက်မှ ငြင်းဆိုခဲ့ပါသည်။

'၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့သည်ဆိုသော သတင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ထံသို့ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက အီးမေးလ်ဖြင့် မေးမြန်းခဲ့သော်လည်း ခရီးသွားနေသဖြင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း Gmail ၏ Vacation responde မှတစ်ဆင့် ပြန်လည် အကြောင်း ပြန်ခဲ့သည်။

အကယ်၍ ယခုသတင်း မှန်ကန်ပြီး '၀' ၏ စစ်အင်အား တိုးချဲ့မှုသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ကို ထိပါးနိုင်သည့် အခြေအနေသို့ ရောက်ရှိလာပါက ၀ိုင်းဝန်း ကန့်ကွက်ရမည် ဖြစ်ကြောင်း ရှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောသည်။

''အခုလို ငြိမ်းချမ်းရေး တည်ဆောက် နေတဲ့အချိန်၊ နိုင်ငံရေး ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်ကို တက်လှမ်းနေတဲ့ အချိန်မျိုးမှာ ဒီလိုမျိုး လက်နက်ထောက်ပံ့တာတို့၊ စစ်ပဋိပက္ခဖြစ်အောင် အားပေးတာမျိုးတွေဟာ မဖြစ်သင့်ဘူးလို့ မြင်တယ်'' ဟု ဦးစိုင်းလိတ်က ပြောပါသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်း၊ '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ နောက်ခံ အကြောင်းအရာများကို အတွင်းကျကျ သိရှိထားသော မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက '၀' သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ် ပေးပို့သည်ဆိုသော သတင်း မှန်ကန်သည်ဟု ဆိုပါသည်။

''ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ သိရှိထားတဲ့ အချက်အလက်တွေအရ ဒီသတင်း မှန်ကန်တယ်လို့ ပြောချင် ပါတယ်'' ဟု ဘာတေးလစ်တနာက ပြောကြားခဲ့ပါသည်။

Credit : Here


နယ်စပ်လုံခြုံရေးအတွက် ရခိုင်တွင် စစ်တပ်ကို အလိုရှိနေ

ရခိုင်ပြည်နယ် တွင်ဖြစ်ပွား နေသောပြဿနာများ ပြေလည်စေရန် ၁၉၈၂ မြန်မာနိုင်ငံ သားဥပဒေ ကို အကောင် အထည် ဖော်ခြင်းသည် အဓိကကျပြီး နယ်စပ်လုံခြုံရေးအတွက် စစ်တပ်အင် အားကို တိုးချဲ့ သင့်ကြောင်း အပြီးသတ် အစီရင် ခံစာတွင် အကြံပြုထားသည် ဟု ဒေါက်တာ ကျော်ရင်လှိုင် က ပြောသည်။

ယနေ့ပြုလုပ်သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း သည့် ရှင်းလင်းပွဲတွင် ယင်းကော်မရှင် အတွင်းရေးမှူးက သမ္မတထံတင်ပြထားသော အစီ ရင်ခံစာ အကြံပြု ချက်များနှင့် စပ် လျဉ်း၍ ပြောဆို လိုက်ခြင်းဖြစ်သည်။


“နိုင်ငံသား ဖြစ်သူ ဆိုတာ ဒီမှာ ရှိထားတဲ့ ရှိနေတဲ့ ဥပဒေနဲ့ အခြေခံ ပြီးလုပ်တာ။ ၁၉၈၂ဥပဒေနဲ့ အညီ ဆောင်ရွက် ဖို့ အဓိက ကျတယ်လို့ အကြံပြုပေးထားတယ်” ဟု အထက် ပါပုဂ္ဂိုလ်ကပြောသည်။ စစ်တပ် အင် အားတိုးချဲ့ရန်အကြံပြုထားခြင်းကိုလည်း “ရခိုင်ပြည်နယ်ဆိုတာတစ် ဖက်နိုင်ငံနဲ့ကပ်လျက်ဖြစ်တယ်။ ရေမြေ သဘာ ၀အရ ၀င်နိုင်၊ထွက် နိုင်တဲ့နေရာများတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ဟို တုန်း က လုံခြုံရေးသိပ်မလုပ်နိုင်ဘူး။ မိုင် ၁၉၀ကျော်ရှိတဲ့ နယ်မြေကို လက်ရှိချထားတဲ့ စစ်တပ်နဲ့ အင်အား မမျှဘူး။ အခုဟိုဘက်ကကူး လာသူတွေမှာ လူကောင်းတွေထက် ရာဇ၀တ်သားကူးလာတာတွေ ရှိတယ် ဆိုတာ သက်သေတွေလည်း ရထားတယ်။ ရခိုင်ရော၊ ဘင်္ဂါလီရော IDP တွေကို မေးကြည့်တော့ စစ်တပ် ရုပ်သွား လို့ မဖြစ်ဘူး။ ဒုက္ခရောက် ကုန်မယ်လို့ ပဲဖြေကြတယ်” ဟု ဆက်လက်ပြောသည်။

နိုင်ငံသား အခွင့်အရေးများနှင့် စပ်လျဉ်း၍လည်း ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက နိုင်ငံ သားဖြစ်ပြီး သူများ ကို နိုင်ငံသားအခွင့်အရေး၊ မဖြစ်သူများ ကို လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အရေးများရရှိရန် ကြိုးပမ်းထားသော်လည်း လူ့အဖွဲ့ အစည်း နှစ်ခု သဟ ဇာတဖြစ်ရန် ခက်ခဲ နိုင်ကြောင်း ပြောကြားသည်။

“လူမျိုး ဘာသာ မရွေး လူသား တစ်ယောက်အနေနဲ့ အသက်ရှင် ရပ်တည်ခွင့်က အရေးကြီးတယ်။ နိုင်ငံ သားဖြစ် သူ ဆိုရင် အရေးကြီးဆုံးက သစ္စာစောင့်သိမှုပါ၊ နောက် ပြီး ရန်ကုန်-မန္တလေးမြို့ကြီးတွေမှာရှိတဲ့ ဘာသာရေးကိုးကွယ်မှုနဲ့ အဲဒီ ဒေသက ကိုးကွယ်မှု အပြင်းနဲ့ အပျော့ ကွာပါတယ်။ လစ်ဘရယ် ဖြစ်လာမယ်၊ သစ္စာစောင့်သိမှုရှိလာမယ်ဆိုရင် သဟဇာ တဖြစ်လာ မယ်ထင်ပါ တယ်”ဟု ဆက်လက် ပြောသည်။

အခေါ် အဝေါ် အသုံး အနှုန်းနှင့် စပ်လျဉ်း၍ အမျိုးသား ဖွံဖြိုးတိုး တက် ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၏ မေးမြန်း ချက်ကို လည်း“အထောက် အထား လေ့လာ တွေ့ရှိ ချက်တွေ အရ ကော်မရှင်က ရိုဟင်ဂျာလို့ မသုံးဘူး ။ဖြေရှင်းရခက်တဲ့ ကိစ္စကိုဖြေရှင်းနိုင်စေချင်တဲ့ ရည်ရွယ်ချက်အရ ရိုဟင် ဂျာလို့မသုံးပါဘူး”ဟု ဦးကို ကိုကြီး ကပြန်လည်ဖြေကြားသည်။

ဧပြီ ၂၃ရက်က နိုင်ငံတော်သမ္မ တထံတင်ပြသွင်းခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင် ခံစာကို ရခိုင်တိုင်းရင်းသား ၁၂၀၀၊ ဘင်္ဂါလီလူမျိုး ၈၀၀ခန့် ကို တွေ့ဆုံမေးမြန်းပြီး ကွင်းဆင်း လေ့လာ ချက်များ အရ အကြံပြုရေးသား ထားကြောင်းသိရသည်။

နယ်ပယ် အသီး သီးမှ ပုဂ္ဂိုလ် ၂၅ဦး ပါဝင်သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ယမန် နှစ် သြဂုတ် ၁၇ ရက်တွင် နိုင်ငံတော်သမ္မတအမိန့် ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အပြီးသတ် အစီရင် ခံစာပါ အကြံပြုချက်များကိုသက်ဆိုင်ရာဝန် ကြီးဌာန အဖွဲ့အစည်းများက ဆောင်ရွက် သွားရ မည်ဖြစ်ကြောင်း သိရှိရသည်။

From: 7DaysNewsJournal

စစ်တွေ၌ လူဦးရေစစ်ဆေးခြင်းကို လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ နောက်ကွယ်မှ ကြိုးကိုင် သည်ဟု ယူဆ ရသူ အချို့အား ဖမ်းဆီး

ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီ လူဦး ရေအား စစ်ဆေးခြင်း အပေါ် လက်မခံဘဲ အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့ သဖြင့် နောက် ကွယ်မှ ကြိုးကိုင် သည်ဟု ယူဆရသူများအနက် အချို့အား ဖမ်းဆီးအမှုဖွင့်လိုက်ပြီ ဖြစ် ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီး ရာတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူများဟု ယူဆရသူများကိုသာ အဓိကထား ဖမ်းဆီး အမှုဖွင့်ခြင်း ဖြစ်ပြီး ဧပြီ ၂၉ ရက်အထိ အမှုဖွင့် အရေးယူထားသူ ခုနစ်ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း လည်း သိရသည်။ ဧပြီ ၂၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂါလီအရေအတွက် မည်မျှ ရှိသည်ကို ပြည်ထောင်စု အဆင့် စစ်ဆေးခြင်းဖြစ်ရာ ဘင်္ဂါလီများက လက်မခံဘဲ အကြမ်းဖက်မှုများကိုလည်း ပြုလုပ်ခဲ့ ရာ သွားရောက် စစ်ဆေးသူအချို့ ဒဏ်ရာရရှိခဲ့သည်အထိ ဖြစ်ပွားခဲ့၍ ပြန်လည်ပြေးလာ ခဲ့ရကြောင်း သိရ သည်။


ယင်းအ တွက် သက္ကယ်ပြင်ကျေးရွာမှ ကျော်မြင့်၊ ကျော်ခင်၊ စံလင်း၊ လှမြင့်၊ ဘသာ၊ မာမတ်ဟာရှိန်းနှင့် ဆော်လီ မာန်တို့အား ဖမ်းဆီးတရားစွဲဆိုထားကြောင်း သိရသည်။ ယင်းအမှုအား လ၀ကမှူး ဦးရန် အောင်မြင်က တရားစွဲဆို အမှုဖွင့်ခဲ့ရာ ဒုရဲအုပ်အေးကျော်က ယင်းအမှုနှင့် ပတ်သက်ပြီး ဖမ်းဆီး ထားသူ များအား စစ်တွေမြို့နယ် ရဲစခန်းမှ(ပ) ၉၉/၁၃၊ ပြစ်မှု ပုဒ်မ ၁၄၈/၃၃၃/၃၈၂/၅၀၆ တို့ဖြင့် အမှုဖွင့် အရေး ယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ယင်းဖြစ်စဉ် မဖြစ်ခင်ကတည်းက သက္ကယ်ပြင်၊ သဲချောင်းနှင့် အခြားနေရာများတွင် ရိုဟင်ဂျာနယ်မြေဟု ဆေးများဖြင့် ရေးထိုးထားခြင်း၊ စာများဖြင့် ကပ်ထားခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း မျက်မြင် သက်သေ များက ဆိုသည်။ လက်ရှိ၌ လူဦးရေ စစ်ဆေးခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း ထား ကြောင်း သိရသည်။


စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဘင်္ဂါလီကလေးငယ်များအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် 

Credit : Eleven Media Group

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံ့စွမ်းဆောင်ရည်ဆုရရှိသူများစာရင်း


(၁) စိုက်ပျိုး ထုတ်လုပ်မှု အကောင်းဆုံး တောင်သူလယ် သမားဆုအတွက် ပဲခူးတိုင်းဒေသကြီး ဒိုက် ဦးမြို့နယ် သုံးခွကျေးရွာအုပ်စု ပဲနွတ်ကျေးရွာမှ ဦးသိန်းမြင့်၊

(၂) စိုက်ပျိုး ထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင် ဆု အတွက် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ဆိပ် ကမ်း) မြို့နယ်မှ ပင်လယ်ကိုးသွယ် ကုမ္ပဏီ လီမိတက် ပိုင်ရှင် ဦးအောင်သန်းဦး၊


(၃) မွေးမြူ ထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုအတွက် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် နောင် ကုန်ကျေး ရွာမှ ဦးကျမော့၊

(၄) မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် တောမကျေးရွာမှ ဦးခင်မောင်ဝင်း၊

(၅) ရေထွက်ပစ္စည်း မွေးမြူ ထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်းမှ ဦးလှသန်း၊

(၆) အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်သူဆုအတွက် လသာမြို့နယ် အရန်မီးသတ် ဒုတိယတပ်ရင်းမှူး ရဲကျော်စွာအောင်လှ၊

(၇) နိုင်ငံ့ဂုဏ်ဆောင် အားကစားစွမ်းဆောင်ရည် အကောင်းဆုံးဆု အတွက် ဆုတံဆိပ် (၅၂) ဆုရှင် မြား ပစ် အားကစားမယ် မအောင်ငှိမ်း၊

(၈) အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆုအတွက် ဧရာဝတီတိုင်း ဒေသကြီးမှ Golden Delta Co., Ltd ပိုင် ရှင် ဦးချစ်ခိုင်၊

(၉)တန်ဖိုးမြင့် ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် နေရှင် နယ် ဝုဒ်အင်ဒက်စတွီ လီမိတက်ပိုင်ရှင် ဦးကျော်ဝင်း၊

(၁၀) နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ တာဝန်အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင် ဆုအတွက် ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊

(၁၁)ထုတ်လုပ်ရောင်းချမှု အကောင်းဆုံးအသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် သဇင်နွယ် မိသား စုရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် ပိုင်ရှင် ဒေါ်သန်းသန်းဆွေ၊

(၁၂) ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် သံရည်ကျို လုပ်ငန်းရှင် ဦးအေးဝင်း၊

(၁၃) အထူးအစီအစဉ်ဖြင့် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိကြသည့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ကိုယ်စား ဦးစိန်ဝင်းအောင်နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေး များေ ကျာင်း ကိုယ်စား ဦးဒေါ်ညွန့်ညွန့်သိန်း

စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး တောင်သူလယ်သမားဆုရရှိသည့် ဦးသိန်းမြင့်က ''ကျွန်တော်က နှစ်ပေါင်း ၅ဝ လယ်ယာလုပ်ငန်း လုပ်ခဲ့တဲ့သူပါ။ ကျွန်တော့်အသက် ၂ဝ အရွယ်ကတည်းက လုပ်လာတာပါ။ ဒီနေ့ ကျွန်တော်ရရှိတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ စွမ်းဆောင်ရည်ဆုဟာ ရှေးယခင်က တည်းက ကြိုးစားခဲ့တဲ့ အချက်က အဓိကဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လယ်မြေဧက ၁ဝဝဝ ကို ချုံနွယ်တွေ၊ သစ်ငုတ်တွေနဲ့ ကိုင်းတောကြီး ဖြစ်နေတဲ့ အနေအထားကနေ သတ်မှတ်ကာလ ငါးနှစ်အတွင်းရှင်းလင်းပြီး စိုက်ပျိုးလုပ် ကိုင်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ဒေသမှာ ကျန်တဲ့တောင်သူတွေကိုလည်း ကျွန်တော့်လို ကြိုးစားချင် လာအောင် စံပြဆောင် ရွက်နေပါတယ်။ ကျွန်တော့်အနေနဲ့ မြေလွတ်မြေလပ် ဧက ၁ဝဝဝ ကို ချုံနွယ်ပိတ်ပေါင်းတွေ ရှင်းလင်းပြီး စိုက်ပျိုးနိုင် ခဲ့တာရယ်၊ အဲဒီဧက ၁ဝဝဝ ကို အဆင့်မြင့် လယ်ယာမြေ လုပ်မယ်ဆိုတဲ့ အချက်ရယ်၊ နောက်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ဧက ၂ဝဝဝဝ ကိုလည်း အဆင့်မြင့် လယ်ယာဖြစ်အောင် ဝိုင်းဝန်းကူညီ ဆောင် ရွက်မ ယ်ဆိုတဲ့ ရည်မှန်းချက်ရယ်၊ ဒါ့အပြင် ဒေသမှာ စပါး၊ ပဲနဲ့ အခြားသီးနှံတွေကို နိုင်ငံတော်က ရည်မှန်း ချက်ထားတဲ့ အထွက်နှုန်းမျိုးရအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အချက်တွေကြောင့် ထိုက်ထိုက် တန် တန် ဆုချီးမြှင့်ခြင်းခံရတာလို့ ထင်ပါတယ်''ဟု ပြောပြခဲ့သည်။

ထို့ပြင် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆု ရရှိသည့် ဦးအောင်သန်းဦး ကလည်း ''နိုင်ငံတော် သမ္မတကြီး ချီးမြှင့်တဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ရရှိတာ အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ၊ တောင်သူတွေကို နိုင်ငံတော်အတွက် အကျိုးပြုတဲ့ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်အောင် နိုင်ငံတော် အနေနဲ့ အခုလို အားပေးချီးမြှောက်တာ အားလုံးက ဝမ်းပန်းတသာနဲ့ ကြိုဆိုပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့တော့ လယ်ယာကဏ္ဍ၊ စပါးကဏ္ဍကို အဓိက တိုးတက်အောင် ဆောင် ရွက်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆန်စပါးကို စိုက်ပျိုးထုတ်လုပ်သည်မှ နိုင်ငံခြားတင်ပို့ ရောင်းချရသည်အထိ Supply Chain တစ်ခု လုံးကို ဆောင်ရွက်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီက အထူးစပ်မျိုးစပါးတွေ၊ မျိုးစေ့ထုတ်တယ်၊ ပြီးရင် မျိုးကောင်း မျိုးသန့်တွေ ကိုလည်းပဲ စိုက်ပျိုးထုတ်လုပ်တယ်။ ပြီးရင် ခေတ်မီဆန်စက်ကြီးတွေနဲ့ ကြိတ်ခွဲတယ်။ ရိတ်သိမ်း ခြွေလှေ့တာကိုလည်း ရိတ်သိမ်း ခြွေလှေ့စက်တွေနဲ့ ရိတ်သိမ်းတယ်၊ စက်မှုလယ်ယာကို အပြည့် အဝ အသုံးပြုပြီးတော့ နိုင်ငံတော်ရဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ ၂ဝ၁၂ ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဆန်စ ပါး ညီလာခံမှာလည်း မြန်မာနိုင်ငံက ပေါ်ဆန်းမွှေးကို ပထမရအောင် လုပ်နိုင်တဲ့အတွက် အခုလို ဂုဏ်ပြုဆု ချီးမြှင့်ခြင်းခံရတယ်လို့ မှတ်ယူပါတယ်။ ဒုတိယ အချက်အနေနဲ့ကတော့ တောင်သူတွေ စီးပွားရေးဘဝ ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် မျိုးကောင်း မျိုးသန့်သုံးစွဲတတ်အောင်၊ ဝင်ငွေတိုးတက်အောင် တစ်ဖက်တစ်လမ်းက ပံ့ပိုးတဲ့လုပ်ငန်းတွေကို ဆောင်ရွက် လျက်ရှိပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာ တောင်သူတွေကို မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု ဒါတွေကို ပံ့ပိုးပြီးတော့ ဒီလိုပံ့ပိုး တဲ့ နေရာမှာလည်း လူတွေဆီက အတိုးမယူဘဲနဲ့ ငွေကြေး ပံ့ပိုးပေးတယ်။ ပြီးရင် သီးနှံကို ဈေးကောင်းလည်းပေးဝယ်ပြီး တောင်သူတွေရဲ့ဘဝ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေ တဲ့ ဆန်စပါး အထူးပြု ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေ ဖို့ ရည်မှန်းချက်တွေ အများကြီး ထားပါတယ်'' ဟု ပြောပြခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး