Wednesday, May 1, 2013

လွှတ်တော်ကိုယ်စားလှယ်များ ကိုယ့်မြို့နယ်ကို မလုပ်ပေးလျှင် လိုက်လံပြုလုပ်ပေးမည်ဟု ဦးသိန်းညွန့်ဆို

သင်္ကန်းကျွန်းမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်သည် တာမွေမြို့နယ် ရာပြည့် ဈေးတွင် ဖြစ်ပွားလျက်ရှိ သည့် ဈေးသူ ဈေးသားများ၏ စိုးရိမ်မှုများနှင့် စပ်လျဉ်း၍ ၎င်းထံသို့ စာတင်ထား မှုကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ တာဝန်ကျင့်ဝတ်နှင့်အညီ ယင်းမြို့နယ်၏ လွှတ်တော် ကိုယ်စားလှယ် အသီးသီးက ဦးဆောင်ပြုလုပ်ပေးခြင်း မရှိမှသာ ၎င်းကလိုက်လံပြုလုပ် ပေးမည်ဖြစ်ကြောင်း ဧပြီ ၃၀ရက်နေ့ နေ့လည် ၂နာရီတွင် အမျိုးသားဒီမိုကရက်တစ်ပါတီသစ် ရုံးချုပ်၌ တွေ့ဆုံစဉ် ပြောကြား ချက်အရ သိရသည်။


“ကျွန်တော့်အနေနဲ့က သက်ဆိုင်တဲ့မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးက ပြုလုပ်ပေးခြင်း မရှိမှသာ ပြုလုပ်ပေး ရမှာဖြစ်ပါတယ်။အဲဒါ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ ကျင့်ဝတ်လိုမျိုးလို့ ပြောနိုင်ပါတယ်။ ပြီးတော့ အခုခင်ဗျားတို့ကလည်း သက်ဆိုင်ရာ မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကို အကူအညီတောင်းပါ။ သူတို့မလုပ်ပေးမှသာ ကျွန်တော်လုပ်ပေးလို့ အဆင်ပြေမှာပါ”ဟု ၎င်းက ပြောသည်။

ဈေးသူဈေးသားများက လက်ရှိပိုင်ဆိုင်သည့် ဆိုင်ခန်းအရေအတွက်ဖြင့် ပြန်လည်ရရှိစေရန် လိုကြောင်းနှင့် လာမည့် မေလ ၁ရက်နေ့တွင် ချက်ခြင်းဖယ်ရှားပေးရန် အဆင်မပြေသည့်အတွက် တစ်လနီးပါးခန့် အချိန် ပေးစေလိုကြောင်းတို့အား ပြောကြားခဲ့ရာ ယင်းသို့ ရက်ရွှေ့ပြောင်းခြင်းနှင့် စပ်လျဉ်း၍လည်း တာမွေ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ က ရန်ကုန်မြို့တော် စည်ပင်သာယာရေးသို့ ရက်ပေါင်း ၁၀ရက် နောက်ဆုတ်ပေးရန် စာတင်ထားကြောင်း သားငါးတန်းမှ ဈေးသည်များ၏ ပြောပြချက်အရ သိရသည်။

“အခုလက်ရှိ ဖြစ်နေတာက ပြောင်းပေးမယ် မပြောင်းပေးဘူးလို့ မပြောဘူး။ ဆိုင်သိမ်းဖို့ကိုတော့ တလ လောက် အချိန်ပေးဖို့ ပြောတယ်။ လက်မခံဘူး။ အဲဒါနဲ့ ဒေါ်လဲ့လဲ့ဝင်းဆွေက ဆယ်ရက် နောက်ဆုတ်ပေးဖို့ မြို့တော်စည်ပင်က ဌာနမှူးကိုပြောထားတယ်လို့ သူ့အဖွဲ့ က ပြောတာသိရတယ်။ 

ဒါပေမယ့် ဒီနေ့ ဒုဌာနမှူးကလာကြည့်ပြီး အဲဒီကိစ္စပြောတော့ အဲဒါက တရားမဝင်ဘူးလို့ ပြန်ပြော သွားတယ်”ဟု သားငါးတန်းမှ ဝက်သားရောင်းသူ ဒေါ်ချိုချိုမြင့်က ပြောကြားသည်။ ထို့ပြင် ရာပြည့်ဈေး၏ ဈေးခေါင်းရုံးမှလည်း မေလ ၁ရက်နေ့တွင် မည်သည့် အကြောင်းအရင်းနှင့်မှ ဖယ်ရှားခြင်း မရှိပါက ဈေးအား သံစည်းကြိုးများဖြင့် ဝန်းရံကာ စစ်တပ်နဲ့ ဝိုင်းခိုင်းမည်ဆိုသည့် ခြိမ်းခြောက်စကားများလည်း ပြော ဆိုကြောင်း သိရှိရပြီး လက်ရှိဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာများနှင့် ဆက်သွယ်ကာ အဆင် ပြေအောင် ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်းနှင့် ရက်တိုးအဖြစ် ၁၀ ရက် ထပ်တိုး ရန် ပြုလုပ်ပေးမည် ဖြစ်ကြောင်းတို့အား ဦးသိန်းညွန့်မှ ပြောကြားသည်။

Credit : Here

လင်းစဒေါင်းအနီး ယာဉ်တိုက်မှုဖြစ် ကားသမား တစ်ဦးထွက်ပြေး

ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင် ကမ်းနားလမ်းရှိ လင်း စဒေါင်း မှတ်တိုင်းအနီးတွင် ဧပြီ ၃၀ နေ့ ည ၉ နာရီ ခန့် တွင် ၄ခ/၂၁၄၁ ဆယ်ဘီးကားတစ်စီးနှင့် AA-9977တက္ကဆီကားတို့ မျက်နှာချင်းဆိုင် တိုက်မိရာ တက္ကဆီကားလေး၏ ဘယ်ဖက်ခေါင်းကြေမွ သွား ကာ ကားမောင်းသူ ဘယ်ခြေထောက်နာနေပြီး ပွန်း ပဲ့ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း၊ ဆယ်ဘီး ကား မောင်းနှင်သူ ထွက်ပြေးသွားကြောင်း ဒဏ်ရာ ရှိသူ ကိုခင်ဇော်က ပြောကြားသည်။


တက္ကဆီကားသည် ဗိုလ်တစ်ထောင်ဖက်မှ ဘယ်ဖက်ယာဉ်ကျော အတိုင်းမောင်းနှင်လာခြင်းဖြစ်ပြီး မျက်နှာ ချင်းဆိုင် မောင်းနှင်လာသော ဆယ်ဘီးကားသည် ဘယ်ဖက်ယာဉ်ကျောသို့ဝင်၍ တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မျက်စိနဲ့တော့ မမြင်လိုက်ဘူး။ ဝုန်းဆိုကြားတာနဲ့ ထွက်ကြည့်ကြတာ။ ခုကြည့်ရတဲ့အနေအထားအရ ကားကြီးက လမ်းမှားထားတာ ကို တွေ့ရတယ်လေ။ ပြီးတော့ကားမောင်းတဲ့ သူက ချက်ချင်း ထွက်ပြေးသွား တာဆိုတော့ ကားကြီးမှားတာ ဖြစ်နိုင်ပါတယ်”ဟု ဗိုလ်တစ်ထောင် (၁)ရပ်ကွက်ဥက္ကဋ္ဌနှင့်အတူ လာရောက် ကြည့်ရူသူက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပြီး ရဲတစ်ဦးရှိနေသော်လည်း တစ်နာရီခန့် အကြာယာဉ်ထိမ်းရဲများ ရောက်ရှိလာပြီး လာ ရောက် ကြည့်ရှုသူများနှင့် တက္ကဆီကားသမားအား စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြာင်း သိရသည်။ ဆက် လက်၍ အမှုဖွင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဟုလည်း ၎င်းတို့က ပြောကြားလျက် ရှိ သည်ဟု သိရသည်။

Credit : Here

ဝတပ်ဖွဲ့၏အကူအညီဖြင့် KIA တပ်ဖွဲ့အတွင်းသေနတ်များကိုပြင်ဆင်

KIA တပ်ဖွဲ့ မှ တိုက်ပွဲအတွင်းပျက်စီးသွားသော လက်နက်များကို ပြန်လည်ပြန်ဆင်ရန်အတွက် “ ၀ ” တပ်ဖွဲ့ မှ လက်နက် ကျွမ်းကျင်သူများနှင့် ပြင်ဆင် နေကြောင်းသိရှိရပါသည်။

“ ၀ ” တပ်ဖွဲ့မှ လက်နက် ကျွမ်းကျင် သူ ၂ဦးသည် လိုင်ဇာသို့ ဧပြီလ ၂၆ရက်နေ့ က ရောက်ရှိလာပြီး KIA တပ်ဖွဲ့ များဖြင့် စခန်းတွေမှာ ပျက်စီးနေသော လက်နက်များကို လိုက်လံ ပြင်ဆင်နေကြောင်း၊ စခန်းတွေ မှာရှိသည့် ဖွဲ့စည်းပုံအတိုင်း လက်နက် ခဲယမ်းများကိုဖြည့်တင်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း ဌာနချုပ်မှ အရာရှိ တစ်ဦး၏ပြောပြချက် အရသိရှိရပါသည်။


“ တရုတ်မှ ကုန်သည်တွေနဲ့ ချိတ်ပြီး “ ၀ ” တပ်ဖွဲ့ ကလုတွေနဲ့ လက်နက်လာပြင်ခိုင်းတာပါ။ “ ၀ ” တွေက တ ရုတ်တွေ ဆီကနေ လက်နက်ပညာတွေပါ ရထားတော့ သူတို့အကူအညီယူရတာပေါ့ဗျာ၊ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပျက်ကတည်းက စခန်းတွေကို လက်နက်ခဲယမ်းတွေဖြည့်ပေးနေတာ တရုတ်က ကုန် သည်ေ တွက ငြိမ်းချမ်းရေးကို လိုလားတဲ့ ပုံမပေါ်ပါဘူးဗျာ၊ ငါတို့ အောက်ကလူတွေနဲ့ ဒီက လူတွေကတော့ စစ် မဖြစ် စေချင်တော့ ပါဘူး” ဟု ကိုဘရန်ခေါင်းက ပြောပြခဲ့ပါသည်။

KIA တပ်ဖွဲ့မှ တရုတ်ကုန်သည်များ၏အကူအညီဖြင့် “ ၀ ” နှင့်ပူးပေါင်းကာ စစ်ရေးပြင်ဆင်နေသည့် အတွက် ငြိမ်းချမ်းရေး ပျက်ပြားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို လိုင်ဇာရှိဒေသခံများက စိုးရိမ်နေ ကြပါသည်။ အစိုးရတပ်နှင့် KIA တို့ မေလ ဆန်းပိုင်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထပ်မံပြုလုပ်မည်ဟု ကြားသိရသော်လည်း KIAတို့ အနေနဲ့ စစ်ရေး ပြင်ဆင်မှုများ ရှိနေသောကြောင့် ဒေသခံများက စိုးရိမ် မှုများ ဖြစ်နေရကြောင်း မဆိုင်းနန်းကပြောပြခဲ့ပါသည်။

Kachin Daily News

စင်္ကာပူအိပ်ချိန်းက မြန်မာနိုင်ငံနှင့်ချိတ်ဆက်ထားသောလုပ်ငန်းနှင့် ရှယ်ယာအရောင်းအဝယ် ကို ငြင်းဆိုလိုက်အပြီးတွင် Aussino ကုမ္ပဏီရှယ်ယာဈေးများထိုးကျ

အမေရိကန် စီးပွားရေးပိတ်ဆို့မှုစာရင်းထဲမှာ ပါဝင်နေဆဲဖြစ်တဲ့ မြန်မာသူဌေး ဦးဇော်ဇော်

(29 April 2013 ရက်စွဲပါ Reuters မှ Aussino plunges after SGX rejects deal with Myanmar-linked firm သတင်းကို ဘာသာပြန်ဆိုသည်)

စင်္ကာပူအိပ်ချိန်းက Aussino စီးပွားရေးအုပ်စုလီမိတက်၏ အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ထားသည့် စာရင်းတွင်ပါဝင်သောမြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ချိတ်ဆက် ထားသည့် ကုမ္ပဏီဖြင့် စင်္ကာပူ ဒေါ်လာ ၇၀ မီလီယံ (US 57 မီလီယံ) တန်ဖိုးရှိ ရှယ်ယာ ရောင်းဝယ်ရေး သဘောတူညီချက် လျှောက်လွှာကို ပယ်ချလိုက်ပြီးနောက် ၎င်း၏ရှယ်ယာဈေးများ တစ်ဝက်ကျော်အထိ ထိုးကျသွားခဲ့သည်။


ရှယ်ယာများသည် ၅၈%အထိ ထိုးကျသွားခဲ့ပြီး စင်္ကာပူဒေါ်လာ ၀.၀၇၁ သာရှိတော့သည်။ ဤသည်မှာ ကုန်သွယ်မှုပိတ်ဆို့ခြင်းအား ရုတ်သိမ်းလိုက်ပြီးနောက် ပြီးခဲ့သောနှစ် ဇွန်လကတည်းက အနိမ့်ဆုံးဈေး ဖြစ်သည်။ လွန်ခဲ့သောရက် ၃၀ အတွင်း ၁၁၄ မီလီယံနီးပါးအထိ ရှယ်ယာများ ရောင်းဝယ်ခဲ့ပြီး တစ်ရက်ပျမ်းမျှ ပမာဏ၏ ၁၉ ဆရှိခဲ့သည်။

စင်္ကာပူ အိပ်ယာပစ္စည်းလက်လီရောင်းဝယ်သူတစ်ဦးက ပြောကြားရာတွင် မနှစ်က ကုမ္ပဏီသည် မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော် ဦးဆောင်သောမက်စ်မြန်မာအုပ်စု၏ စွမ်းအင်လုပ်ငန်းများကို ဝယ်ယူရန် ရှယ်ယာအသစ်များ ထုတ်ရောင်း ပေးလိမ့်မည်ဟုပြောကြားအပြီးတွင် Aussino ရှယ်ယာများ အတက်ပြခဲ့ဖူးသည်။

ယင်း လွှဲပြောင်းမှုလုပ်ငန်းသာအောင်မြင်ခဲ့ပါက ဦးဇော်ဇော်သည် Aussino ၏ထိန်းချုပ်နိုင်စွမ်း ရှိသည့် ရှယ်ယာရှင် ဖြစ်လာလိမ့်မည် ဖြစ်သည်။ ကုမ္ပဏီသည် ဆယ်စုနှစ်များစွာ အပယ်ခံဘဝမှ လွတ်မြောက်လာ ပြီဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်ရန် စီစဉ်ခဲ့သည်။

သို့ရာတွင် Aussino က “အဓိကကိစ္စရပ်များကို ပြည့်စုံလုံလောက်စွာ ဖြေရှင်းနိုင်ခြင်း မပြုနိုင်သောကြောင့် စင်္ကာပူအိပ်ချိန်းသည်လျှောက်လွှာကို ပြန်လည်သုံးသပ်ပေးခြင်း ဆက်မလုပ်နိုင်” ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

စင်္ကာပူအိပ်ချိန်းကဦးဇော်ဇော်သည် အမေရိကန်ပြည်ထောင်စု၏ sanction စာရင်းတွင် ပါဝင်နေဆဲ ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ထိုသို့ပါဝင်နေရသည်မှာရှင်းလင်းမှု မရှိကြောင်းပြောကြားခဲ့သည်။

၎င်းနှင့် ပတ်သက်သည့် ကုမ္ပဏီများသည် ယခင်တပ်မတော်အစိုးရလက်ထက်က အဓမ္မမြေသိမ်းမှုများတွင် လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၌ ပါဝင်နေသကဲ့သို့တိုင်းပြည်၏ အခွန်ဘဏ္ဍာနှင့် ပတ်သက်၍ လည်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးခံနေရသည် ဟူသော စွပ်စွဲချက်များ ရှိခဲ့သည်ဟု စကာင်္ပူအိပ်ချိန်း ကဆိုသည်။

စင်္ကာပူအိပ်ချိန်းက ရှယ်ယာရောင်းဝယ်ရေအဆိုပြုမှုပြီးနောက် Aussino ၏လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် မြေနေရာရယူခြင်းနှင့် အမေရိကန်ပြည်ထောင်စု၏ sanction စာရင်းတွင် ရှိနေသေးသော ဦးဇော်ဇော်ပိုင်ဆိုင်သည့် ဘဏ်တွင် ငွေသားအမြောက်အများ ထည့်ဝင်မည့်ကုမ္ပဏီ၏ အစီအစဉ်နှင့် ပတ်သက်သည့်သူ၏ စိုးရိမ်ပူပန်မှုများကို ပြောပြခဲ့သည်။

“သူတို့ကြေညာချက်ကိုအခြေခံပြီး ပြောရရင်တော့ သူတို့ဟာ အစီအစဉ်ကိုခွင့်ပြုမယ့်သဘော မရှိပါဘူး။ မျှော်လင့်ချက်တွေကြောင့် ရှယ်ယာဈေးတွေအများကြီးတက်လာခဲ့ဖူးတယ်။ ဒါပေမယ့် အခုတော့ သူတို့ ရှယ်ယာတွေကို အမြန်ပြန်ရောင်းနေကြတယ်”ဟု ကုန်သည်တစ်ဦးကဆိုသည်။

Yangon chronicle 

Credit : Here

ဖုန်းလေးတစ်ခါဆက်ရုံဖြင့် ဆေးကုနိုင်တော့မည်။

သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူနာတိုကင်စနစ်အား တယ်လီဖုန်းဖြင့်သာ လက်ခံပါတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှစတင်၍ ကျန်ရစ်သူ မိသား စုတို့၏ သောကပရိဒေဝမီးများကို တစ်ဖက် တစ် လမ်းမှ ကူညီဖြေသိမ့်ပေးခဲ့ရင်း ၂ဝဝ၃ ခုနှစ် ကာလ တစ်ခုသို့ ရောက်ရှိချိန်တွင် သေရေး(နာရေး) ကိစ္စ ရပ်များကို အကူအညီပေးခဲ့ကြသကဲ့သို့ ကျန်ရစ်သူ (ရှင်သူ) များအတွက်လည်း တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီလိုကြသဖြင့် ပထမ နှစ်ပတ်လည်အခမ်းအနား၌ ဆေးကူညီမှုကော်မတီတစ်ရပ်အား တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက် ကမ္ဘာ့ကျန်းမာရေးနေ့ မှစတင်ကာ ချို့တဲ့နွမ်းပါး၍ ခွဲစိတ်မွေးဖွား ရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များ (နှစ်သက်ကယ်တင် ရသောကုသိုလ်)နှင့် မြောက်ဥက္ကလာပ ဆေးရုံ၊ အင်းစိန်ဆေးရုံ၊ စံပြဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ)ဆေးရုံ၊ တောင်ဥက္ကလာပ(မိခင်နှင့်ကလေး)ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင်တိုင်)ဆေးရုံ စသည့် ပြည်သူ့ ဆေးရုံကြီး (၆) ရုံတို့တွင် မည်သည့် ရောဂါ ဝေဒနာမဆို ကျား/မမရွေး၊ ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါး လူနာများအတွက် ခွဲခန်းစရိတ် အချို့အား ထောက်ပံ့ကူညီပေးသည့်အပြင် ၂ဝ၁ဝ ခုနှစ်၊ မတ်လတွင် ကလေးဆေးရုံနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့အား ထပ်မံတိုးချဲ့ကာ ဆေးကူညီမှုများ ယနေ့ အချိန်ထိ ပံ့ပိုးပေးလျှက်ရှိပြီး ၂ဝဝ၇ ခုနှစ်၊ မတ်လ (၂) ရက် တောင်သူလယ်သမားနေ့တွင် “သုခကုသိုလ် ဖြစ်ဆေးခန်း” အား သင်္ဃန်းကျွန်း မြို့နယ်၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင်း၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အများပြည်သူတို့၏ ကျန်းမာရေး အား အထွေထွေရောဂါကု ဆရာဝန်ကြီးများအပြင်၊ အရိုးအကြော၊ အရေ ပြား၊ ကင်ဆာ၊ သားဖွားမီးယပ်၊ နား - နှာခေါင်း - လည်ချောင်း၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်၊ ကလေးအထူးကု ဆရာဝန်များတို့မှ အလှည့်ကျ ကုသိုလ်ဖြစ် စမ်းသပ်ကုသပေးလျှက်ရှိပါသည်။


ယခင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါးကုသကြသော လူနာ ဦးရေ နည်းပါးခြင်းတို့ကြောင့် တိုက်ရိုက်ကုသမှုစနစ်ဖြင့် စတင်ခဲ့သော်လည်း သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လ၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာတွင် လူနာဦးရေ အဆမတန် များပြားလာခြင်းကြောင့် တစ်ရက်ကြိုတင်၍ တိုကင်ယူတန်းစီစနစ် ပြုလုပ်ခဲ့ရာတွင် နေရာပွဲစားများ၊ နေရာရောင်းချမှုများ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ ညအချိန်မတော် တိုကင်ရရှိရေးအတွက် ညအိပ်တန်းစီ စောင့်ဆိုင်းရာတွင် အရွယ်အရောက် အမျိုးသမီးများလည်း ပါဝင်ခဲ့ရာတွင် တိုကင်တန်းစီသည့် အမူးသမား များတို့၏ အနှောင့်အယှက်ရန်များ၊ လက်နက်ကိရိယာများဖြင့် ခြိမ်းခြောက်မှုများ၊ မော်တော်ယာဉ်လိုင်း ကား များ မှားယွင်း၍ စီးနင်းမှုများ အစရှိသည့် အမျိုးမျိုးသော အနှောင့်အယှက်များ အန္တရာယ်များတို့ ရင်ဆိုင်ကြုံတွေ့ရကြောင်း လူနာများတို့၏ ပြောကြားချက်များကြောင့် သိရှိခဲ့ရသည်။


ထို့ကြောင့် ၇.၅.၂ဝ၁၃ ရက်နေ့ (အင်္ဂါနေ့)မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာ ရောက်၍ ကုသလိုကြသော လူနာများတို့သည် တိုကင်တန်းစီ စောင့်ဆိုင်းရန်မလိုတော့ချေ။ တယ်လီဖုန်း နံပါတ် ဝ၉ - ၈၅ဝ ၁၆၅၆ သို့ ဆက်သွယ်၍ တစ်ရက်ကြိုတင် တိုကင်ယူခြင်းအား လက်ခံဆောင်ရွက်မည် ဖြစ်သည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီးများတို့မှ တာဝန်ယူ စမ်းသပ်ကြည့်ရှုနိုင်မည့် လူနာအရေအတွက်သာ လက်ခံမည်ဖြစ်ပြီး ရဟန်းသံဃာများ၊ သီလရှင်များနှင့် အသက် (၇၅) နှစ်အထက် လူပုဂ္ဂိုလ်များတို့သည် လည်း တယ်လီဖုန်းဖြင့်သာ တိုကင်ယူဆောင်ရမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူရာတွင် ပြသ မည့်လူနာ၏ အမည်၊အသက်၊ မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ(အပြည့်အစုံ)တို့အား ပြောကြားရမည် ဖြစ်သည်။ တိုကင်လက်ခံချိန်သည် နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီ အထိသာဖြစ်သည်။ တယ်လီဖုန်း တစ်ကြိမ်လျှင် (သို့) တစ်ခါလျှင် လူနာတစ်ဦးသာ လက်ခံသွားမည် ဖြစ်သည့်အပြင် ၄င်းလူနာသည် တစ်ပါတ်လျှင် ရောဂါဝေဒနာတစ်မျိုး တစ်ကြိမ်သာ ပြသခွင့်ပြုမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူ ထားသည့် လူနာသည် မိမိတို့လာရောက်ပြသရမည့် နေ့ရက်၊ အချိန်တွင် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊ မှတ်ပုံတင် (မူရင်း/ မိတ္တူ)၊ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ (သို့) ဧည့်စာရင်း (မူရင်း)တို့အား တစ်ပါးတည်း ယူဆောင်လာရန်လိုအပ်ပေသည်။ လူနာများသည် ဆရာဝန်ဖြင့် မပြသမှီ တစ်ရက်အတွက် သာကြိုတင်၍ တယ်လီဖုန်းဖြင့် တိုကင်ယူရမည်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွက် ကြိုတင်၍ တိုကင်ယူ ဆောင်ခြင်းအား လက်ခံမည်မဟုတ်ပေ။ လူနာအချင်းချင်း ကိုယ်ချင်းစာနာစိတ်မရှိသော လူအချို့တို့၏ လူ့ကျင့်ဝတ်များ ဖောက်ဖျက်သည့်အတွက်ကြောင့် ယခုကဲ့သို့ စည်းကမ်းများချမှတ် ပြုလုပ်ရခြင်းဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာရှင် ဆရာဝန်များတို့၏ အကြံပြုမေတ္တာရပ်ခံမှုကြောင့် တိုကင်တန်းစီ စနစ်အားဖျက်သိမ်းကာ တယ်လီဖုန်းဖြင့် တိုကင်လက်ခံမှု (စမ်းသပ်)အဖြစ် ပြုလုပ်မည် ဖြစ်သည်။ စမ်းသပ်မှုအောင်မြင်ခဲ့ပါက ဆေးဝါးကုသရာတွင် နေပူမိုးရွာ၌ ညအိပ်စောင့်ဆိုင်း၍ တိုကင်ယူ ခြင်းမှ ကင်းဝေးပြီး တယ်လီဖုန်း တစ်ချက်ဆက်သွယ်ပြီး မိမိတို့၏ ရောဂါဝေဒနာများအား ကုသနိုင်မည် ဖြစ်သည်။ သို့ရာတွင် လူနာများတို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ချမှတ်ထားရှိသည့် စည်းကမ်းချက် များအား စနစ်တကျလိုက်နာခြင်းဖြင့် ဆေးဝါးကုသကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) 

SSPP အင်အား ၅၀ဝ၀ ထက်မနည်း တိုးချဲ့ နေ

သျှမ်းပြည်မြောက်ပိုင်း နှင့် တောင်ပိုင်းကြားဒေသ တန့်ယန်း နှင့် မိုင်းရှူးမြို့နယ်အတွင်း သျှမ်းပြည် တပ်မတော် SSPP/SSA တို့ အင်အားထောင်ချီ တိုးချကာ စစ်ရေးပြင်ဆင်နေသည် ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောပါသည်။

“တန့်ယန်း – မိုင်းရှူး ဒေသမှာ ကျနော်တို့တပ်တွေ စုပေါင်း စစ်အင်အား ၅၀ဝ၀ နီးပါး ဖြန့်ကျက် နေရာယူထားပါတယ်။ စစ်ရေးပြင်ဆင်မှု အကြီးအကျယ်ဆောက်ရွက်နေပါတယ်” ဟု SSPP ဌာနချုပ် အရာရှိတဦးက ပြောပါသည်။

မတ်လအလယ်ပိုင်းမှ စ၍ သျှမ်းပြည်တပ်မတော် ကြောင့် တန့်ယန်းမြို့နယ် အတွင်း ကျေးလက်လူ တထောင်ကျော်နေရပ်မှ စွန့်ခွာနေရဆဲဖြစ်သည်။သျှမ်းပြည် တပ်မတော် စစ်ရေးပြန်လည် ပြင်ဆင် သည့်အပေါ် ဒေသခံလူထုက တိုက်ပွဲကြီးဖြစ်ပွားလာမည့်အန္တရာယ်၊ လူ့အခွင့်ရေးချိုး ဖေါက်မှု အန္တရာယ်များ အတွက် စိုးရိမ်နေကြကြောင်း တန့်ယန်းစစ်ဘေးဒုက္ခသည်များ အကူအညီပေးသူ စိုင်းအိုက် က ပြောပါ သည်။

FROM-SHANTANDAWSINT

Credit : Here

ဒေါ်စုက မွတ်စလင်များနှင့် ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်လက်ထားရှိလို

မြန်မာနိုင်ငံက မွတ်စလင်များနဲ့ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်လက်တည်မြဲအောင် လုပ်ဆောင်လိုကြောင်း မွန်ဂိုးလီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ကပြောလိုက်ပါတယ်။မြန် မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာတာနဲ့အမျှ အနောက်တိုင်း နိုင်ငံတွေနဲ့ ပိုမိုရင်းနှီးမှု ရှိလာချိန်မှာပဲ မြန်မာနိုင်ငံ အနေနဲ့ မွတ်စလင်များနဲ့ ထားရှိတဲ့ ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းလို ကြောင်း ပြောသွားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ စနစ် ထွန်းကားရေးအတွက် ဆွေးနွေး ကြတဲ့ အစည်း အဝေးကို တက်ရောက်နေတာဖြစ်ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အပါအဝင် နိုင်ငံပေါင်း တစ်ရာက ထိပ်တန်း ကိုယ်စားလှယ်တွေလည်း တက်ရောက် နေကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် နိုင်ငံတကာက အကူအညီတွေ ပေးနေတဲ့အတွက် ဒါကို အလွဲသုံးစားမလုပ်ပဲ မြန်မာနိုင်ငံအနေနဲ့ တိုးတက်အောင်မြင်အောင်လုပ်ဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆီရောက်အောင် ကြိုးစားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိဖို့၊ လူ့အခွင့်အရေးလေးစားလိုက်နာဖို့ ပြည်သူတွေဘဝ တိုးတက်ဖို့ကို စိတ်ထဲကသာ ရည်ရွယ်တာမဟုတ်ပဲ ဒါဟာ နိုင်ငံအတွက် တကယ်လိုအပ်လို့ ရအောင်လုပ်ဆောင်နေတာ လို့လည်း ပြောပါတယ်။

ဒီမိုကရေစီမြင့်တင်ရေး အစည်းအဝေးအတွင်း မွန်ဂိုးလီးယားသမ္မတက ကိုးရီးယားကျွန်းဆွယ်မှာ ဖြစ်နေတဲ့ တင်းမာမှုတွေမှာ ကူညီလိုကြောင်း ဆန္ဒထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ကျိုဒိုးသတင်းမှာ ပါရှိပါတယ်။ မွန်ဂိုးလီးယားနိုင်ငံဟာ မြောက်ကိုးရီးယားနိုင်ငံနဲ့ ဆက်ဆံမှုရှိတဲ့အကြောင်း တင်းမာမှု လျော့ချတဲ့အနေနဲ့ မြောက်ကိုးရီးယားနိုင်ငံကိုလည်း သူ့အနေနဲ့ သွားရောက်လည်ပတ်နိုင်ကြောင်း ဒီလိုမှမဟုတ်ရင် ကိုးရီးယားကျွန်းဆွယ် အတွင်း တင်းမာမှုဟာ အာရှဒေသရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ မွန်ဂိုးလီးယားနိုင်ငံ သမ္မတ Tsakhia Elbegdori က ပြောလိုက်ပါတယ်။

FROM-ABC Radio Australia

Credit : Here

ကုလားအားပေး ရိုဟင်ဂျာ အဖော်ခေါ်ချင်သည့် မိုးသီးဇွန်

ကုလားအားပေး ရိုဟင်ဂျာ အဖော်ခေါ်ချင်သည့် စိတ်ကြောင့်BHG မှ အကောင့် တိုက်ခိုက်လိုက်ခံ လိုက်ရသော မိုး သီးဇွန်မှာ ယခု တစ်ဖန် အကောင့်အသစ်အသုံးချလျက် သမ္မတကြီး အစိုးရ နှင့် ဗုဒ္ဓဘာသာ၏ လုပ်ဆောင်ချက်ဖြစ်သော ၉၆၉ အား တရစပ်တိုက်ခိုက်နေသည်ကို တွေ့မြင် ရပေသည်။

ထိုအကောင့်သစ်မှာ ဘကြီး မှိုင်းဟုဆိုသည့် အကောင့်ဖြစ်သည် ထို့အတွက်ကြောင့် နိုင်ငံခြား တွင် နေလျက် ဗုဒ္ဓ ဘာသာ၉၆၉ အား ဗုဒ္ဓ နာဇီဟု အသုံးပြုခဲ့သည့် မိုး သီးဇွန် အကောင့်သစ်အား အား လုံး သတိထားနိုင်ရန် WLT မှ ဖော်ထုတ် လိုက်ပါသည်။



ထို့နောက် မိုးသီးဇွန်သည် ဟန်ဝင်းအောင်အား နောက်ကွယ်မှ ကြိုးကိုင်လျက်ရှိပြီး ဒေါ်စုအား ဆန္ဒ ပြရန် စီစဉ်ခဲ့သူလည်းဖြစ်သည်။ဟန်ဝင်းအောင်ဆိုသူမှာ လက်ပန်တောင်း တောင်တွင် ဒေါ်စုအား ရွာတွင်း သို့ လမ်းလျောက်ဝင်ခိုင်းခဲ့သူလည်း ဖြစ်သည်။



ထို့နောက် မိုးသီးဇွန်သည် သမ္မတကြီးမှ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်မပေးသောကြောင့် သမ္မတကြီး အား တိုက်ခိုက်လျက် ရှိနေကြောင်းကိုလည်း ဖော်ထုတ်သိရှိရပါသည်။ထို့နောက် ဗုဒ္ဓ ၀င်များအားလုံး ၉၆၉ တံဆိပ်အား နာဇီတံဆိပ်ဟုသုံးစွဲခေါ်ဝေါ် သတ်မှတ်ခဲ့သည့် မိုး သီးဇွန် အကောင့်အားသိရှိနိုင်ရန် တင်ပြလိုက်ပါသည်။

https://www.facebook.com/profile.php?id=100003248926622&hc_location=timeline

FROM-WE LOVE TRUE

ဥက္ကံမြို့သတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်

၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉:ဝဝ အချိန် ရန်ကုန် တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဆင်ဖြူရှင် ရပ်ကွက် နေ အလံတိုင်ကျောင်းတိုက် ကျောင်း အကျိုး တော်ဆောင် ဦးလှိုင်တင်(၆၂)နှစ်သည် တိုက်ကြီး ရဲစခန်း သို့ ရောက်ရှိလာပြီး အလံ တိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ကိုရင်အရှင်ပုည (၁၁)နှစ် သည် ဥက္ကံဈေး တောင်ဘက်၊ ဘုရားကြီး လမ်းအတိုင်း ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မဝင်းဝင်းစိန် မှ ဝင်ရောက် တိုက်မိ၍ သပိတ် လွတ် ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့် မဝင်းဝင်းစိန်ကို အရေးယူ ပေးရန် တိုင်တန်း၍ ဥက္ကံရဲစခန်း (ပ)၁၁၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အဆို ပါဖြစ် စဉ်နှင့် ပတ်သက်၍ မကျေနပ် သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ ၁၃:၁၅ အချိန် ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး လူ(၁ဝ)ဦးခန့်မှ အုတ်နီခဲဖြင့် ပစ်ပေါက်၍ ထွက်ပြေး သွားခဲ့သဖြင့် ဗလီရှေ့ရှိ ၃ × ၃ ပေခွဲ ခန့်ရှိ မှန်(၆)ချပ် ကွဲသွားခဲ့ပြီး လျှပ်စစ်မီတာပုံး(၂)ပုံး ကျိုးပဲ့ ပျက်စီးကာ လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိ ကြောင်းနှင့် အခင်းဖြစ်နေရာသို့ တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ အခြေအနေ ထိန်း သိမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ၁၄:၂၅ အချိန်တွင် ဈေးအနီး ဆိုင်ခန်း(၂၅)ခန်းအတွင်းရှိ ပစ္စည်း များအား လူ(၂၅)ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ပြီး ပြည်သူ(၂ဝဝ)ဦးခန့်မှ ဝိုင်းဝန်းကြည့်ရှုနေကြောင်း သိရှိ ရသည်။


၁၄:၄ဝ အချိန်မှ ၁၄:၄၅ အချိန်အတွင်း အခြေအနေထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ သေနတ်(၄)ချက် ချောက်လှန့်ပစ်ခတ်ခဲ့သည်။ ၁၅:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြောက် ပိုင်း ခရိုင် ရဲတပ် ဖွဲ့မှူးနှင့် အဖွဲ့ ရောက်ရှိ လာပြီး နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၅:၁ဝ အချိန် အခြေ အနေ ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ၁၅:၄၅ အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက်၊ လယ်ကွင်း ကောက်ရိုးပုံ အနီးတွင် ဒဏ်ရာရရှိသူ(၂)ဦးအား တွေ့ရှိ ရသဖြင့် ဆေးကုသနိုင်ရေး ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဥပဒေအရ အရေး ယူနိုင်ရေး ဖော် ထုတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာ ရရှိသူ ၈ ဦးထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရှိရပါသည်။

မြန်မာ နိုင်ငံရဲတပ်ဖွဲ့

တန်ဖိုးနည်းဖုန်း မှောင်ခိုဈေးကွက် ဆက်သွယ်ရေးက အရေးမယူဟုဆို

တန်ဖိုး နည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို ပုဂ္ဂ လိက ဖုန်းဆိုင်များက မှောင်ခိုဈေးဖြင့် ရောင်းချ နေ သည့် အပေါ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း က အရေးယူသွားမည် မဟုတ်ကြောင်း မိုဘိုင်း ဆက် သွယ် ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေး ဝင်းက ပြောသည်။

“မဲပေါက်တဲ့ သူတွေက ကျေနပ်လို့ ဆိုင်တွေကို ရောင်းတာကို မရောင်းနဲ့လို့ တားလို့မှမရတာ၊ မသမာမှု တွေရှိရင် ပေးထားတဲ့ ဖုန်းတွေအတိုင်း တိုင်လို့ရတယ်၊ ဆက်သွယ်ရေး အစီအစဉ်နဲ့တော့ ဖုန်းဆိုင်တွေကို အရေး ယူဖို့မရှိဘူး” ဟု ၎င်းက ဆိုသည်။



လက်ရှိ ထုတ်ပေးနေသော ၁၅၀၀ ကျပ်တန် ဆင်းကတ်များမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီ အစဉ်ဖြင့် မဲပေါက်သူ များကို ချထားပေးခြင်းဖြစ်၍ ပုဂ္ဂလိက ဖုန်းဆိုင်များက မှောင်ခိုဈေး အနိမ့်ဆုံး ၆၀၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချ နေကြောင်း၊ သို့သော် သက်ဆိုင်ရာအစိုးရအဖွဲ့အား တိုင်ကြားမှသာ ၎င်းတို့ အနေဖြင့် အရေးယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူများက ပြောသည်။

ဧပြီလ ၂၅ ရက်က ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် မဲစနစ်ဖြင့် ချထားပေးခဲ့သော ဆင်းကတ် များကို ရပ်ကွက်တချို့ ရှိ အုပ်ချုပ်ရေးမှူး ရုံးများက ဖုန်းဆိုင်များ၊ ကြားပွဲစားများထံသို့ ငွေ ၁၁၅၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အထိ ဈေးတောင်းကာ ရောင်းချခဲ့ကြောင်း၊ ပုဂ္ဂလိက ဖုန်းဆိုင်တချို့က ဆင်းကတ်များကို အနိမ့် ဆုံးဈေး ၆၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၀၀၀၀၀ ကျပ်အထိ တဆင့် ပြန်လည် ရောင်းချလျှက်ရှိကြောင်း ဧရာဝတီ မှ စုံစမ်းသိရှိရသည်။

“ကျမတို့ ရပ်ကွက်ရုံးက ယူဖို့ စာရင်းပေးပြီး မယူတဲ့သူတွေရဲ့ ဆင်းကတ်တွေကို ဖုန်းဆိုင်တွေကို ပြန်ရောင်း တာ။ ရပ်ကွက် ထဲက တသောင်းပေးပြီး ဝယ်တာတောင် မရတော့ဘူး။ ဈေးပိုရလို့ ရောင်းလိုက်ပြီတဲ့။ မေ ၈ ရက် နေ့ ထပ်ရမယ့် ဆင်းကတ်တွေ အတွက်တော့ စာရင်းတွေ ကြိုသွင်းနေရပြီ။ ဘယ်လို လာမလဲတော့ မသိသေး ဘူး” ဟု မင်္ဂလာဒုံမြို့နယ်နေ မမြင့်စန်းကြည်က ပြောပြသည်။

လှိုင်မြို့နယ်တွင် နေထိုင်သူ ကိုမင်းသူက ၎င်းတို့ ရပ်ကွက်အနီးရှိ ဖုန်းဆိုင်များတွင် ဟန်းဆက်တလုံး အနည်း ဆုံး ဝယ်ယူမှ သာ ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို ငွေ ၆၅၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်း ချပေးကြောင်း၊ ၎င်းတို့ထံမှ ဆင်းကတ်တကတ် လျှင် ၃၁၅၀၀ ကျပ်ဖြင့် ပြန်လည် ဝယ်ယူနေကြောင်း၊ မေ ၈ ရက် နေ့ ထပ်မံ ထုတ်ပေးမည့် ဆင်းကတ်များ အတွက်ကိုလည်း စရံပေးချေကာ ဝယ်ယူလိုသည့် ဖုန်းဆိုင် များ ရှိကြောင်း ဆိုသည်။

ရန်ကုန်မြို့အတွင်းရှိ လူကြီးမင်း ဖုန်းဆိုင်တချို့တွင် ၁၅၀၀ တန် ဆင်းကတ် များကို ပြန်လည် ရောင်းချ နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဘုရင့်နောင်မြို့နယ် အတွင်းရှိ လူကြီးမင်းဖုန်း အရောင်း ဆိုင် တာဝန်ရှိသူ တဦးကဆိ “ဒီဆိုင်တွေမှာတော့ ရောင်းတာမရှိပါဘူး၊ ဝယ်ခဲ့တယ် ဆိုတဲ့သူ မှားတာ နေမှာ ပါ။ လူကြီးမင်းဖုန်း ဘယ်ဆိုင်မှာမှ မရောင်း ပါဘူး၊ ရပ်ကွက်ရုံးတွေမှာပဲ ရောင်းတယ်” ဟု ပြော သည်။

လာမည့်မေလ ၈ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် CDMA 800 MHZ ဆင်းကတ် ၃၅၀၀၀၀ ကို မဲ စနစ်ဖြင့် ဆက်လက် ချထားပေးမည် ဖြစ်ကြောင်း၊ GSM နှင့် WCDMA ဆင်းကတ်များကို ချထားပေးမည့် အစီ အ စဉ်ကိုလည်း ရေးဆွဲနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်တချို့တွင် ပထမအကြိမ် မဲမပေါက်ခဲ့သူများ၏ စာရင်းကို ဆက် လက် သိမ်းယူ ထားပြီး ဒုတိယအကြိမ်တွင် ဦးစားပေး အနေဖြင့် ပြန်လည် မဲနှိုက်စေမည် ဖြစ်ကြောင်း ရပ် ကွက် အုပ်ချုပ်ရေးမှူး များက ပြောသည်။

မန္တလေး တိုင်းဒေသကြီး အတွင်းတွင်မူ မဲစနစ်ဖြင့် မဟုတ်ဘဲ ဦးရာလူ စနစ်ဖြင့် တန်ဖိုးနည်းဆင်းကတ်များ ရောင်း ချ ခဲ့သောကြောင့် ခိုက်ရန်ဖြစ်ပွားမှု တချို့ ရှိခဲ့သည်။

ဧရာဝတီ

Credit : Here

ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား

မနေ့တုန်းက နေပြည် တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်း ဆောင်ရည် ဆုချီး မြှင့်ပွဲမှာ နိုင်ငံတော် ရဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်တဲ့ သူတွေကို ဆု အမျိုး အစား ပေါင်း ၁၄ မျိုးကို ချီးမြှင့် ပေးခဲ့ပါ တယ်။ ဒါဟာ အစိုးရ သစ် လက်ထက်မှာ ပထမဆုံး အကြိမ် ကျင်းပ ခဲ့တာ လည်းဖြစ် ပါတယ်။ မြန်မာ နိုင်ငံမှာ ပြင်းထန် တဲ့ စိတ်ဓာတ် အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည် ဖွံ့ဖြိုး တိုးတက် ရေးမှာ အသုံး ပြုကြ ဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက် တွန်း ပြော ကြားသွား ပါတယ်။ ဒီအကြောင်း အပြည့် အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေးမှာဖြစ်ပါတယ်။


မနေ့တုန်းက နေပြည် တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်းဆောင် ရည် ဆု ချီးမြှင့်ပွဲမှာ တော့ ဆုအ မျိုးပေါင်း ၁၄ မျိုးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးကို နိုင်ငံစွမ်းဆောင် ရည်ဆုတွေဆိုပြီး ချီးမြှင့်သွားခဲ့တာပါ။


စိုက်ပျိုး ရေး၊ မွေးမြူရေး၊ အားကစား စတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်သူတွေ တိုင်းပြည်အတွက် ထူးထူး ခြားခြား ဆောင်ရွက်ခဲ့သူတွေကို ရွေးချယ်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံ တကာနဲ့ ယှဉ်ရင် အဘက် ဘက်က နောက်ကျနေပေမဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်မနှောင်းသေးဘူးလို့ သမ္မတ ဦးသိန်း စိန်က ဆု ချီးမြှင့်ပွဲ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ နိုင်ငံဟာ အဘက် ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန် မနှောင်း သေးဘူး လို့ ပြောရ မှာဖြစ် ပါတယ်။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုး တက်ဖို့၊ ကျနော်တို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှ လည်း တခြားနိုင်ငံတွေလို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိ ပက္ခဖြစ် မယ့် နေရာ တွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံး ချမယ် ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန် ဆောင်ရွက်ကြဖို့နဲ့ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။”

အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်အဖြစ် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးချစ် ခင်ကတော့ အခုလို ဆုရရှိလို့ ၀မ်းမြောက်မိတယ် လို့ ပြောပါတယ်။

“နိုင်ငံတော်က ချီးမြှင့်တဲ့ ဆုကို ရရှိတော့ အင်မတန်မှ ၀မ်းသာပါတယ်။ သမ္မတကြီး ချီးမြှင့်တဲ့ဆုကို ရရှိတာ။ ဒါပေမဲ့ ကျနော် တို့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ အတွက် နောက်ထပ် ထပ်ပြီးတော့ အများကြီး ကြိုးစားဖို့ရှိပါတယ်။”

နိုင်ငံကို အခွန်ဘဏ္ဍာ အများဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်း ရှင် ဦးဇော်ဇော်ကတော့ သူ့အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဈေးကွက်မှာ ၀င်ရာက် လုပ်ကိုင် နိုင်ဖို့ အပြင် မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်သစ် ဖန်တီးရေးတို့အတွက်လည်း ကြိုး ပမ်း သွားမယ်လို့ ပြောသွားပါတယ်။

“မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိပြီး တော့ ဘဏ္ဍာအခွန်ငွေတွေကိုလည်း ကျနော်တို့ ဆောင်မယ်။ နောက်ပြီးရင်လည်း နိုင်ငံတကာ စီးပွားရေး ဈေး ကွက်မှာ ၀င်ပြီးတော့ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်လူတွေအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးဖို့ အတွက် ရယ် အဲ့ဒါတွေအတွက်လည်း ကျနော်တို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ နေရာတိုင်းကို တတ်နိုင်သမျှ ကျနော် ဖြည့်ဆည်း ပေးသွား မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင် တဲ့သမျှ အသက်ရှင်သေးသ၍ ကြိုးစားဆောင်ရွက်သွားမှာပါ။”

အရင်တုန်း ကတော့ ဒီလိုဆုမျိုးတွေကို လွတ်လပ်ရေးနေ့မှာ လူမှုထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆုလိုမျိုး ပေးအပ် လေ့ရှိပေမဲ့၊ ဒီ တခေါက် အနေနဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်းဆောင် ရည်ဆု ချီးမြှင့် တာကတော့ ပထမဆုံး အကြိမ်လို့ ပြောရမှာပါ။

From: VOA 

ဇွန်လ ၂၇ တွင် ဆက်သွယ်ရေး Operator ၂ ခု ရွေးချယ်မည်

၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက် ကြာသပတေးနေ့တွင် ကျန်ရှိနေသည့် ဆက်သွယ်ရေး Operator ၂ ခုကို အပြီးသတ် ရွေးချယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆက်သွယ်ရေး Operator ၂ ခုကို ရွေးချယ်ရာတွင် ဧပြီ ၁၁ ရက်နေ့က ရွေးချယ် ထားသည့် ဆက်သွယ်ရေး Operator များထဲမှ ရွေးချယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဧပြီ ၁၁ ရက်နေ့တွင် ရွေးချယ်ထားသည့် ဆက်သွယ်ရေး Operator များသည် နောက်ဆုံးအ ဆင့် ရွေးချယ်ရန် အတွက် ဇွန် ၃ ရက်နေ့ နောက်ဆုံး ထားပြီး လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။



ဧပြီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တင်ဒါ ပဏာမအဆင့် အောင်မြင်သည့် ကုမ္ပဏီများမှာ နိုင်ငံတ ကာ အဆင့်မီ ဆက်သွယ်ရေး Operator လုပ်ငန်းကို ဝန်ဆောင်မှုပေးသည့် နာမည်ကြီး ကုမ္ပဏီကြီးများနှင့် ပြည်တွင်းကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြေငြာချက် ထုတ်ပြန်ခဲ့ သည့် ပဏာမအဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှာ Singapore Telecommunication (Singtel) + KBZ + Myanmar Telephone Conpany Limited (M-Tel), Digicel, KDDI Corporation + Sumit-omo Coporation + Myanmar Information and Communication Technology Development Corporation (MICTDC) + A1 Consruction, MTN Consortium (MTN Dubai) + M1 Telecom + Amara Communication, Fance Telecom + Orange + Maruben, Airtel Consortium, Viettel Group, Axita Group Bernad, Millicon International Cellular S.A, Quatar Telecom (QTel), TelenorDMobile Communication AS, Vodafone + China Mobile စသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး Operator အဖြစ် လုပ်ကိုင်ရန်အတွက် လေးခုအထိ ခွင့်ပြု ထားရာ မြန်မာ့ဆက်သွယ်ရေး အော်ပရေးရှင်း (Myanmar Telecom) နှင့် ရတနာပုံ တယ်လီပို့ကုမ္ပဏီ (Yatanarpon Telecom) နှစ်ခုနှင့် ယခု ပဏာမအဆင့် ရွေးချယ်ထားသည့် ကုမ္ပဏီများမှ ကုမ္ပဏီနှစ်ခုကို Operator အဖြစ် ရွေးချယ်သွားမည် ဖြစ်သည်။

Credit : Here

၁၅၀၀ တန် SIM Card နှင့် G'Five+MECTEL အသုံးပြု နိုင်မည့် တံဆိပ် ဟန်းဆက် ထွက်ရှိ

G'Five နှင့် MECTEL အမှတ်တံဆိပ် ပါဝင်သည့် ဖုန်းတစ်မျိုး ဈေးကွက် အတွင်းသို့ ရောက်ရှိလာ ကြောင်း သိရသည်။ အဆိုပါ ဖုန်းသည် ၁၅၀၀ တန် CDMA 800 SIM Card များနှင့် ထည့်သွင်း အသုံး ပြုနိုင်ကြောင်း သိရသည်။

ထူးခြားချက် အဖြစ် GSM SIM Card များကိုပါ ထည့်သွင်း အသုံးပြု နိုင်ကြောင်း သိရသည်။ ထို့ပြင် Camera 5.0 MP, Built in Memory 4GB ပါဝင်ပြီး အခြား စမတ်ဖုန်းများ ကဲ့သို့ပင် Features အစုံအလင် ပါဝင်ကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့် (၁၃၀,၀၀၀) ကျပ်ဝန်းကျင် ရှိပြီး Bestone Mobile ဖုန်း ၀၉-၄၃၁၂၂၆၆၆ တွင် ဆက်သွယ် စုံစမ်း ဝယ်ယူနိုင်ကြောင်း သိရသည်။

Credit : Here

လုပ်အားခများ တိုးပေးသော်လည်း ဆောက်လုပ်ရေး လုပ်သားများ ရှားပါးနေ

ရန်ကုန်မြို့၏ ဆောက်လုပ်ရေး လုပ်ငန်းများ တိုး တက်လာမှုနှင့် အတူ အခြေခံ ဆောက်လုပ်ရေး လုပ်သားများ၏ လုပ်အားခများ ယခင်နှစ်များထက် နှစ်ဆနီးပါး တိုးပေးနေသော်လည်း လုပ်သား လိုအပ်ချက်များ ရှိနေသေးသည်ဟု ကန်ထရိုက် လုပ်ငန်းရှင်များက ပြောဆိုသည်။ အလုပ်သမား လိုအပ်ချက်များကြောင့် ယခင် အလုပ်လာတောင်း သူများအား ပြန်လွှတ်နေရသော အခြေအနေမှ ယခု အခါ အလုပ်သမားများ အလုပ်ပျက်ကွက်မှုများနှင့် မိမိဆိုက်တွင် အလုပ်ဆင်းသူများ တခြားနေရာသို့ ပြောင်းသွားမည်ကို စိုးရိမ်နေရခြင်းကြောင့် လုပ်အားခများ တိုးမြင့်ပေးနေရသည် ဟုသိရသည်။



မြောက် ဥက္ကလာပ မြို့နယ်နေ ဆောက်လုပ်ရေးလုပ်သား ကိုအောင်အောင်က “အရင်က တစ်ရက်ကို ၂၅၀၀ -၃၀၀၀ ကျပ်လောက်ပဲရတာ အခုတော့ ၅၀၀၀ လောက် တိုးပေးတယ် သင်္ကြန်ရက်တုန်းဆို တစ်ရက် ၁၀၀၀၀ လောက်အထိ ရတယ်” ဟု ပြောသည်။ ရန်ကုန်မြို့အတွင်း လူဦးရေ ထူထပ်များပြားလာခြင်း ကြောင့် မြို့ကွက်ချဲ့ခြင်း၊ အိမ်ယာစီမံကိန်းများ တည်ဆောက်ခြင်း၊ လမ်းတံတားများ ပြုပြင်ခြင်းနှင့် ရန်ကုန်ြ မို့ အဆင့်မြင့်တင်ခြင်း လုပ်ငန်းများကြောင့် ဆောက်လုပ်ရေးလုပ်သား လိုအပ်ချက်များ မြင့်မား လာခြင်း ဖြစ်ကြောင်း သိရသည်။

အခုလပိုင်းက ဆောက်လုပ်ရေး ရာသီလို့ ပြောလို့ရတယ် ရာသီဥတု သာယာတော့ လုပ်ငန်းလည်း တွင်ကျယ်တယ်၊ ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ အချိန်မီ အပ်နိုင်ဖို့ လိုတယ်လေ၊ မဟုတ်ရင် ကိုယ့်ကို ယုံကြည်မှု မရှိတော့ဘူးဆိုရင် ဒီဆောက်လုပ်ရေး လုပ်ငန်းမှာ ဆက်လုပ်ဖို့ မလွယ်တော့ဘူးဟု မရမ်းကုန်း မြို့နယ်မှ ကန်ထရိုက် လုပ်ငန်းရှင် ကိုဇော်ဇော်အောင်က ပြောသည်။ 

မြန်မာနိုင်ငံအတွင်း စီးပွားရေး ပွင့်လင်းမြင်သာမှုများကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ အလုံးအရင်းနှင့် ဝင်ရောက် လာမှုနှင့်အတူ လိုအပ်လာမည့် ဆိပ်ကမ်းများ လမ်းတံတားများနှင့် ပူးပေါင်း အကောင်အထည်ဖော်မည့် အိမ်ရာစီမံကိန်းနှင့် ဟိုတယ် တည်ဆောက်ခြင်းများ ရှိနေသည့်အတွက် လာမည့်နှစ်များ အတွင်း အခြေခံ ဆောက်လုပ်ရေး လိုအပ်ချက်မှာ သိသာစွာ မြင့်တက်လာမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းများမှ ပြောကြားသည်။ 

ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်သားအင်အား ရှားပါးနေရခြင်း အဓိက အကြောင်း အရင်းမှာ နိုင်ငံတွင်း ဆောက်လုပ်ရေး လုပ်ငန်းဖွံ့ဖြိုးမှုနှင့် လုပ်သားအင်အား တိုးတက်မှု မညီမျှခြင်းဖြစ်ပြီး အခြားအကြောင်းအရင်း တစ်ရပ်မှာ ရာသီဥတု အလွန်အမင်း ပူပြင်းလာသည့်အတွက် အသက် အန္တရာယ် နှင့် ကျန်းမာရေး အခြေအနေ ဆိုးရွားလာမည်ကို စိုးရိမ်ကြသဖြင့် အလွန်ပင်ပန်းသော ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်လိုသည့် ဆန္ဒနည်းပါးလာခြင်း ဖြစ်ကြောင်း သိရသည်။

Yatanarpon 

Credit : Here

ထိုင်းရောက် မြန်မာများ ပြည်တော်ပြန်၊ မပြန် စစ်တမ်း ကောက်မည်

ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသော မြန်မာလုပ် သားများလာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း မြန်မာ နိုင်ငံသို့ ပြန်၊ မပြန် စတင်စစ်တမ်း ကောက်ယူ တော့ မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

“ချူလာလောင်ကွန် တက္ကသိုလ်မှာ ဒီနေ့ပဲ စစ်တမ်း ကောက်မယ့် လူတွေကို သင်တန်းပေးတယ်။ နောက် တစ်ပတ်မှာ စကောက် မယ်” ဟု စစ်တမ်းကောက်မည့် သူများ ထဲပါဝင်သော ကိုခွန်ဆိုင်း က ပြောသည်။

စစ်တမ်းကောက်မည့် သူများထဲတွင် တက္ကသိုလ် ကျောင်းသား များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ မြန်မာ လူငယ်များပါဝင် မည်ဖြစ်ပြီး မြန်မာလုပ်သား ၅၀၀၀ နှင့် တွေ့ဆုံမေးမြန်း သွားမည်ဟု ကိုခွန်ဆိုင်း က ပြောသည်။


“ထိုင်းလူမျိုးတွေမလုပ်ချင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတို့၊ ငါးဖမ်းလုပ်ငန်းတို့ စားသောက်ဆိုင် လုပ်ငန်း တို့မှာ မြန်မာလုပ်သားတွေ လုပ်နေကြကတော့ မြန်မာ့လုပ်သား တွေ ပြန်သွားကြရင် တစ်စုံ တစ်ခုတော့ ထိခိုက်မှုရှိနိုင်တယ်”ဟု ဘန် ကောက်မြို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဗဟို အဖွဲ့မှ ဒါရိုက်တာ ကိုဝင်းမင်းက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားအများစုမှာ မြန်မာနိုင်ငံသို့ ပြန်လာရန် ပြင်ဆင် နေကြပြီး အဆင်ပြေသူအ ချို့မှာအိမ်များ၊ ခြံများပြန်လည်ဝယ် ယူထားကြသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများက ပြုစုထားသော စာရင်းများအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား သုံးသန်းခန့် ရှိသည်ဟု သတင်းရရှိသည်။

အစိုးရအနေဖြင့် စီမံကိန်းရေး ဆွဲရာတွင် အသုံးပြုနိုင်ရန် စစ်တမ်းကောက်ယူခြင်းဖြစ်ပြီး ရရှိလာသော စစ်တမ်းအား အစိုးရအဖွဲ့နှင့် လွှတ် တော်သို့ တင်ပြသွားမည်ဟု ခွန်ဆိုင်းက ပြောသည်။

Credit : Here

မိတ္ထီလာ ပြန်လည် ထူထောင်ရေး သုံးလအတွင်း ပြီးစီးနိုင်

ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့ မန္တလေး တိုင်း မိတ္ထီလာမြို့ကို သုံးလအတွင်း ပြန်လည်ထူ ထောင်နိုင် မယ်လို့ ကူညီရေး လုပ်ငန်းတွေ ဆောင် ရွက်နေတဲ့ ကုလသမဂ္ဂ ဘေးဒုက္ခ လျော့ပါးရေးနဲ့ ပြန်လည်နေရာ ချထားရေးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့မှာ ဖြစ် ပွား ခဲ့တဲ့ ဘာသာရေး အကြမ်းဖက်ပဋိပက္ခကြောင့် လူ ၄၄ ဦး သေဆုံးခဲ့ပြီး၊ အိမ်ခြေ ၁၆၀၀ နီးပါး ပျက်စီး ခဲ့တဲ့ အတွက် ဒေသခံပြည်သူ ၈၅၀၀ လောက် အိုးအိမ်မဲ့ဖြစ် ခဲ့ရပြီး၊ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့အတွက် လူ ၂၀၀ ကျော်သေဆုံး ပြီး၊ တစ်သန်းကျော် နေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။


ကုလသမဂ္ဂ ဘေးဒုက္ခ လျော့ပါးရေးနဲ့ ပြန်လည်နေရာ ချထားရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး William French က မိတ္ထီလာမြို့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေဟာ ရခိုင်ပြည်နယ်မှာလောက် အချိန်ယူရမှာ မဟုတ်ပါဘူး၊ နှစ်လ သုံးလအတွင်း ပြီးစီးနိုင်ပါတယ်၊ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာက ရခိုင်ပြည်နယ် လောက်လည်း မကြီးမား၊ ပျံ့နှံ့မှု ပမာဏကလည်း ရခိုင်မှာလောက် မကျယ်ပြန့် ခဲ့လို့ဖြစ်ပါ တယ်လို့ ပြောပါတယ်။

ဌာနအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကျော် ရရှိထားပါတယ်။

မန္တလေးတိုင်း ရှေ့နေချုပ် ဦးရဲအောင်မြင့်ကလည်း ဒေသအစိုးရအနေနဲ့ အိုးအိမ်မဲ့သွားသူတွေအတွက် တန်ဖိုးနည်း အိမ်ရာတွေ ဆောက်လုပ်ပေးဖို့ စီစဉ်နေကြောင်း၊ ဒါပေမဲ့မူလနေရပ်မှာ ပြန်လည်နေထိုင်ဖို့ ဆန္ဒရှိသူ အရေအတွက် ဘယ်လောက်ရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်းပြောပါတယ်။ ပြန်လည် နေရာချထားပြီးတဲ့အခါ ဘာသာရေးအရ ခွဲခြားဆက်ဆံခံရမှာ စိုးရိမ်နေသူတွေရှိနေတယ်လို့ The Nation သတင်းစာက ဖေါ်ပြပါတယ်။

RFA