Tuesday, April 30, 2013

မီဒီယာများ၏ ဖော်ပြချက် နှင့် အဖြစ်မှန် လုံးဝကွဲလွဲနေသည့် ပြည်မြို့ တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်သားများ ပါဝင်သည် ဆိုသော လူသတ်မှု

၂၃-၄-၂၀၁၃ ရက်နေ့တွင်ဖြစ်ပွား ခဲ့သည့် တပ်မ တော်သားများ ပါဝင် သည်ဟု သံသယရှိသည့် လူသတ်မှု သတင်းအား The Voice ဂျာနယ်မှ ပြည်မြို့ န၀ဒေးတံတား အနီးတွင် တပ် မတော်သား (၃) ဦးမှ လူသတ်မှုကျူး လွန်ဟု ခေါင်းစဉ်တပ်ကာ ဖော်ပြ သည်။ ထိုသတင်းအား ဧရာဝတီမှ ပြည်မြို့ လူသတ်မှု မသင်္ကာသူ ၂ ဦး ဖမ်းမိ၊ တဦး လွတ်နေ ဟု လည်း ကောင်း၊ Hot News ဂျာနယ်မှ ပြည်မြို့ ဗျူးပွိုင့်အလွန် သဲသောင်ပြင်မှ ချစ်သူ စုံတွဲရဲ့ ရင်နှင့်စရာဖြစ်ရပ် လည်းကောင်း တရားခံ အတိ အကျ မသိသေးချိန်တွင် The Voice ဂျာနယ်၏ စွပ်စွဲ ရေးသားချက်ကြောင့် တပ်မတော်သားများ ပြည်တွင် လူသတ်ပစ္စည်းယူ လုပ်ကြသည်ဟု ချက်ချင်း ပျံ့နှံ့သွား သည်။ The Voice လမ်းစဉ်အတိုင်း ကျန် စတုတ္တ မဏ္ဍိုင် မပီသသည့် ဂျာနယ်များမှလည်း တပ်မတော်ကို အပုပ် ချသည့် ခေါင်းစဉ်များဖြင့် ရေးသားကြသည်။ အဆိုပါ ဟိုးလေးတကျော် အမှုအတွက် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်မှ အဖြစ်မှန် ပေါ်ပေါက်ရေးနှင့် ထိရောက်စွာ အရေးယူနိုင်ရေး အတွက် အမြန်ဆုံး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ရာ တာဝန်ရှိသူ အဆင့်ဆင့် မှ စစ်ဆေးခဲ့ရာတွင်တော့ မီဒီယာများ ဖော်ပြချက်နှင့် လုံးဝကွဲလွဲစွာ တပ် မတော်သား (၃) ဦးမှာ သံသယ တရားခံများသာ ဖြစ်ကြောင်း သိရသည်။



ဖြစ်စဉ် ဖြစ်ပွားသည့် အချိန်မှာ ညမှောင်မိုက်၍ လူပြတ်သည့် နေရာ ဖြစ်သည်။ ဖြစ်စဉ်တွင် အတိအကျ ပါဝင်သူ ၂ ဦးအနက် ၁ ဦးသာ သက်ရှိသက်သေ ဖြစ်သည်။ အသတ်ခံရသည့် စုံတွဲမှ အသက်ရှင်ကျန်သူ မ အိဇင်မိုးကို မှ လွဲပြီး ထို ဖြစ်စဉ် အတိအကျကို သိသူ တစ်ယောက်မှ မရှိပါ။

သူမနှင့် အင်တာဗျူးလုပ်ထားသည့် ဖြစ်စဉ်အရ သူမတို့ ချိန်းတွေ့စဉ်တွင် လူ(၃) ဦး ရောက်လာ သည်။ မီးခြစ်တောင်းသည်။ သူမကို သိုင်းဖက်ကာ ရိုက်နှက် သည်။ လည်ပင်းညှစ် သတ်နေရင်း လူသတ်သူမှ ငါ့ကောင်မလေး တုန်းကလည်း ဒီလို သတ်ခဲ့တာဟု စကား ပြောနေသေးသည်။ သူမက ပါးစပ်ဖြင့် ကိုက်သည်။ ထို့နောက် သေချင်ယောင်ဆောင်လိုက်သည်။ လုယက် လူသတ် သူများ ပစ္စည်းယူပြီး ထွက်သွားသည်။ သူမ ထ ထွက်ပြေးသည်။ အကူအညီတောင်းသည်။ လူများနှင့် ရဲများ ရောက်လာပြီး ရှာဖွေနေစဉ် ကိုင်းတောထဲမှ တက် လာသည့် လူ(၃) ဦးကို တွေ့သည်။ လာခဲ့ဟု ခေါ်ကာ စစ်မေးမည် လုပ်စဉ် တစ်ဦးမှာ ထွက်ပြေးသွားသည်။ ထို ဖမ်းမိသူများမှာ တပ်မတော်သား များ ဖြစ်နေသည့် အတွက် ရဲအရာရှိမှ တပ်ရင်းထံကို ဖုန်းဆက်သည်။

သူမ ပြောပြသည့် ဖြစ်စဉ်အရ လူ(၃) ဦးဖြစ်သည့် အတွက် တပ်မတော်သားများမှာလည်း (၃) ဦးဖြစ်သဖြင့် တူညီသည်။ သို့သော် လူ(၇) ဦး ပြ၍ သူမကို ရွေးချယ်ခိုင်းခဲ့ရာတွင်တော့ သူမ တစ်ယောက် ကိုမှ မရွေး နိုင်ခဲ့။ သူမ ကိုက်ခဲ့သည်ဆိုသော်လည်း ကိုက်သည့်သွားရာမှာ ထို တရားခံ (၃) ဦးတွင် မရှိ။ (မြန်မာပို့စ်မှ ရှိသည်ဟု ဖော်ပြသည်။ သို့သော် ညတွင်းချင်း စစ်ဆေး ဓာတ်ပုံရိုက် ရာတွင် မရှိ။) တပ်မတော်၏ တန်းစီ သည့် စည်းကမ်းအရ ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်တွင် ၄င်းတို့(၃) ဦးလုံး တပ်ထဲတွင် ရှိနေသည်ကို သက် သေများ ရှိသည်။ ၄င်းတို့ တပ်ပြင်ထွက်ကာ အရက်သောက်ပျော်ပါးရန်အတွက် တပ်ရင်းမှ လစာကြပ်ထံမှာ ပိုက်ဆံချေးသည့်အချိန်မှာ ဖြစ်စဉ်ဖြစ်နေသည့် အချိန်ဖြစ်သည်။ ၄င်းတို့ထံမှ သိမ်းဆည်းမိသည့် ပိုက်ဆံများ မှာလည်း ထို ချေး ထား သည့် ပိုက်ဆံများသာ ဖြစ်သည်။ လုယက်မှု ဖြစ်စဉ်တွင် ပါဝင်သူများထံမှ အရက်နံ့ မရှိသော်လည်း တပ် မတော်သား (၃) ဦးလုံးမှာ အရက်သောက်စား မူးယစ်နေပြီး အချိန်မှာလည်း ဖြစ်စဉ် ဖြစ်ချိန်ထက် စောစီးစွာ သောက်ထားကြသည်။

လူသတ် ပစ္စည်းယူသူများ အနေဖြင့် လွတ်ရာသို့ ထွက်ပြေးရန် ဖြစ်သော်လည်း သူတို့ (၃) ဦးမှာ အိနြေ္ဒ မပျက် ဖမ်းဆီးနေသည့် နေရာ၊ လူစုလူဝေးထဲသို့ ၃ ယောက်လုံး အတူ ၀င်လာသည်။ ဖမ်းတော့ အဖမ်းခံ သည်။ ဘာကြောင့်ဘာညာသူတို့မသိ။ ထွက်ပြေးပြီး တပ်ကိုလာပြောသည့်တစ်ယောက်မှလည်း ကျွန်တော် တို့ကို ရဲက ဖမ်းတယ်ဟု ပြောပြီး ဘာကြောင့် ဖမ်းမှန်းမသိ။ အချိန်သက်သေ၊ လူသက်သေများ အရ ယခု မိသည် ဆိုသော တရားခံများမှာ သံသယရှိသူ အဆင့်ထက် မပို။ ၄င်းတို့ကို ၀ိုင်းဝန်း ဖမ်းဆီးခဲ့သည့် သူများ ကလည်း အတိအကျ ၄င်းတို့ ဖြစ်ကြောင်း သက်သေမပြနိုင်။ သက်သေပစ္စည်းများ စစ်ဆေးချက်အရလည်း တူညီမှု တစ်ခုမှ မရှိသေး။

ဖြစ်စဉ် အနီးရှိ တပ်မတော်ကို အပုပ်ချ ချင်သည့် လော်ဘီများနှင့် The Voice အပါအ၀င် စတုတ္တ မဏ္ဍိုင် မပီသ သည့် မီဒီယာများကြောင့် သံသယ တရားခံသည် တရားခံ ဖြစ်ခဲ့ရသည်။ ဖြေရှင်းခွင့် မပေး နိုင်စဉ်တွင် တပ်မ တော်နှင့် ပြည်သူအကြား အမုန်းပွားရသည်။ အကယ်၍သာ လွဲချော်ခဲ့ပါက အဓိက တရားခံ အစစ်များ ထွက်ပြေး လွတ်မြောက်သွားစေရန် မီဒီယာနှင့် လော်ဘီများ ကူညီပေးသကဲ့သို့ ဖြစ်နေ မည်သာ ဖြစ်သည်။ ဖြစ်စဉ် အမှန်နှင့် လုံးဝ ကွဲပြားသည့် သတင်းကို ဖော်ပြသည့် မီဒီယာများကိုလည်း အံ့သြမိသည်။

ဓာတ်ပုံ၊ ဗီဒီယို အထောက်အထားများဖြင့် မိခဲ့သည့် အမေရိကန် နိုင်ငံ၊ ဘောစတွန် ဗုံးခွဲ တရားခံအား မီဒီယာ အားလုံးမှ ၀န်ခံမှု မရှိမချင်း သံသယရှိသူ အဖြစ်သာ ရေးသားသည်။ CNN သတင်းဆိုလျှင် တရားခံ မိပြီဟု ကြေငြာခဲ့ရာမှ အမှားပြင်ပြီး သံသယရှိသူ အဆင့်ဖြင့် ပြန်လည် သုံးနှုံးခဲ့သည်။ ညမိုးချုပ်ချိန်၊ လူပြတ်သည့် နေရာတွင် ဖြစ်သည့် ကိစ္စကို မည်သည့်အထောက်အ ထားမှ မရှိပါလျှက် The Voice ဂျာနယ်နှင့် အခြား မီဒီယာများမှ တပ်မတော်သားဟု အတိအကျဖြစ်သကဲ့သို့ ရေးသားလိုက်မှုမှာ မည်သည့် ကျင့်ဝတ်ကို စောင့်စ ည်းပြီး မည်သည့် သိက္ခာ တရားဖြင့် ရေးသားပါသလဲ။ မင်္ဂလာဒုံတွင် ဘင်္ဂလီများ ဖမ်းမိသတင်းကိုပင် စစ်တပ်စခန်း ဌာနချုပ်များရှိရာ ဆိုပြီး စစ်တပ်ကို ဆွဲထည့်အပုပ်ချသည့် ဂျာနယ်၏ အယ်ဒီတာဆိုသူမှာ မည်သည့်အရည်အချင်းဖြင့် စာနယ်ဇင်းကောင် စီတွင် ရှိနေပါသလဲ ဟု သာ မေးလိုက် ချင်ပါတော့သည်။

Credit : Here

ဒေါ်စု မည်မျှပင် အပုတ်ချစေကာမူ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲမှုများကို အာဆီယံခေါင်းဆောင်များက ဆက်လက်အားပေးမည်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံ ခေါင်းဆောင်များက ဆက်လက် အားပေး ထောက်ခံသွားမည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh က ဧပြီ ၂၅ ရက် ညနေပိုင်း တွင် ဘရူနိုင်းနိုင်ငံ၊ ၀န်ကြီးချုပ်ရုံး အဆောက်အအုံတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဧပြီ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ Retreat Meeting တွင် အာဆီယံ ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် အားပေးသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောသည်။


ထို့အပြင် မြန်မာအစိုးရ အနေဖြင့် ပြည်သူများ၏ လိုအပ်ချက်နှင့် တောင်းဆိုချက်များကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ရယူခွင့် ရရှိသည့်အတွက် မြန်မာအစိုးရ အနေဖြင့် ကျေနပ်ပျော်ရွှင်နေကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ရပိုင်ခွင့်များကို ခံစားခွင့် ရရှိစေမည် ဖြစ်ကြောင်း Le Luong Minh က ပြောသည်။ ''မြန်မာသမ္မတက သူတို့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးလိုက်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်'' ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။

အာဆီယံသည် ရှင်သန်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံသည် အာဆီယံ ပြည်သူများ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးမည့် အာဆီယံဖြစ်ကြောင်း ကမ္ဘာကိုပြသရန် လိုအပ်မည်ဟု သမ္မတဦးသိန်းစိန်က ဧပြီ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် ပြောသည်။ ''၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေဟာ အရေးကြီးဆုံး နှစ်များဖြစ်ပါတယ်။ လက်ရှိဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဦးဆောင်မှု အောက်မှာ ချမှတ်မယ့် ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ အဖွဲ့ဝင် အားလုံးနဲ့အတူ အပြည့်အ၀ အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်'' ဟု သမ္မတဦးသိန်းစိန်က ပြောသည်။

(၂၂) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို ဧပြီ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီ ဘန်ကာဝန်မြို့ ၀န်ကြီးချုပ်ရုံး အဆောက်အအုံတွင် ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံအလွန် ကြုံတွေ့လာနိုင်သည့် အခြေအနေများနှင့် တောင်တရုတ်ပင်လယ် အရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

From:ခေတ်လူငယ်

ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွတ်မြောက်

တပ်မတော် တပ်ရင်းတပ်ဖွဲ့ အခြေစိုက် စခန်းများ တည်ရှိရာ မင်္ဂလာဒုံမြို့နယ် သစ်ဆိမ့်ကုန်း ရပ်ကွက် မလိခလမ်း၌ ဧပြီလ၂၇ ရက်နေ့ နံနက်၃နာရီ မိနစ် ၃၀ ခန့်က ဆူပါကာစတန် ၈ဈ / ၈၁၆၃ မော် တော်ယာဉ်ပေါ်၌ ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာ သော ဘင်္ဂါလီ အမျိုးသား ၁၆ ဦးကို ရှာဖွေ ဖော်ထုတ် ဖမ်းဆီးနိုင် ခဲ့သော်လည်း ဘင်္ဂါလီ အမျိုး သမီး နှစ်ဦး လွတ်မြောက်နေကြောင်း မင်္ဂလာဒုံ မြို့နယ်မှူးရုံး၏ တာဝန်ကျ ရဲအ ရာရှိက The Voice သို့ပြောကြားသည်။


အဆိုပါ လွတ်မြောက်သွားသော ဘင်္ဂါလီအမျိုးသမီး နှစ်ဦးကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ စုံစမ်းရှာဖွေနေပြီး ဖမ်း မိ ထားသည့် ဘင်္ဂါလီအမျိုးသား ၁၆ဦးကို လူဝင်မှုကြီးကြပ် ရေး (လ.ဝ.က) အက်ဥပဒေနှင့် အညီ စွဲ ချက် တင်သွားမည် ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် ရှိသော တစ်ဖက် အိမ်နီးချင်းနိုင်ငံမှ ဘင်္ဂါလီလူမျိုး များသည် ရခိုင်ပြည် နယ်မှ တစ်ဆင့် ပြည်တွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် ခိုးဝင်လျက် ရှိကြရာ ဗုဒ္ဓဘာသာ ရဟန်းတော်များ အ သွင်ဆောင်ကာ သင်္ကန်းဝတ်၍ လည်းကောင်း၊ ခရီးသည်တင် အဝေးပြေးယာဉ်များ၏ ဝမ်းဗိုက်အတွင်းမှ လိုက် ပါ၍ လည်းကောင်း နည်းလမ်း ပေါင်းစုံဖြင့် ခိုးဝင်လျက် ရှိကြသည်။

Credit : Here

နယ်ခြားစောင့်တပ်နှင့် ဖြစ်ပွားသောတိုက်ပွဲ ရပ်လိုက်ပြီဟု DKBA ပြော

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် နယ်ခြားစောင့်တပ်(BGF) တို့အကြားဖြစ်ပွားနေ သည့် တိုက် ခိုက်မှုများကို ယနေ့ မွန်းတည့်ချိန်မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း DKBA ဘက်က ပြောဆို လိုက် သည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင် ၂၇ ရက်နေ့ညပိုင်းက စတင်ကာ DKBA ကလို့ ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး စောဘိ လက် အောက်ခံ တပ်ရင်းနှင့် နယ်မြေချင်းထိစပ်နေသည့် နယ်ခြားေ စာင့် တပ် (၁၀၁၇) တပ်ရင်းတို့ ယနေ့ မနက်ပိုင်း အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တာ ဝန် ရှိသူများ နားလည်မှုရရှိပြီးနောက် တိုက်ပွဲများကို ရပ်တန့်လိုက်ကြခြင်း ဖြစ်ကြောင်း DKBA ကလို့ထူးဝါး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူး စောဝေထူး က ပြောပြသည်။


“အဲဒီဘက်ကလည်း တိုက်ပွဲတွေရပ် သူတို့ဘက်ကလည်း မပစ်တော့ဘူးဆိုပြီး ဒီနေ့ပဲဗိုလ်ချစ်သူက မြိုင်ကြီး ငူ က ဆရာတော် တပါး ကနေတဆင့် တယ်လီဖုန်းနဲ့ ဗိုလ်ဘိ (ဗိုလ်မှူးကြီး စောဘိ) ဆီကို ဆက် သွယ် လာ တယ်၊ အဲဒီနောက် နေ့လယ် ၁၂ နာရီ ကနေ စပြီး တိုက်ပွဲတွေရပ်လိုက်ပြီ”ဟု ဗိုလ်မှူး စောဝေထူး က ဧရာဝတီ သို့ ပြောသည်။

DKBA နှင့် BGF တပ်များအကြား နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချုပ် တင်မောင်ဝင်း က နှစ်ဖက်အကြား ညှိနှိုင်းမှုပြုလုပ်ပေးသကဲ့သို့ ကရင်အမျိုးသား အစည်း အရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီ ကလည်း တယ်လီဖုန်းမှတဆင့် နှစ်ဖက်ညှိနှိုင်းမှု ပြုလုပ်ပေး ခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကလည်း ပြောသည်။

“ကျနော်တို့ဘက်ကရော ရတခ တိုင်းမှူးကရော ဝင်ပြီး စေ့စပ်ညှိနှိုင်းပေးလိုက်တဲ့နောက်မှာ စစ်ရှိန်တော့ လျော့သွားတဲ့ သဘောမှာရှိတယ်”ဟု မန်းငြိမ်းမောင်က ဆိုသည်။

ယခုလ ၂၆ ရက်နေ့က ကလို့ထူးလားဗျူဟာ လက်အောက်ခံ တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်များအကြား သံလွင်မြစ် အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်ဘက်မှ တဦးကျဆုံးခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း DKBA က ပြော ဆိုသည်။

ယင်းသို့ ပစ်ခတ်မှုများဖြစ်ပွားပြီ DKBA ကလို့ထူးလား လက်အောက်ခံတပ်ရင်း (၉၀၅) ရှိရာကို နယ်ခြား စောင့် တပ်ရင်း၊ တပ်ဖွဲ့များ က အင်အား အလုံးအရင်းဖြင့် လက်နက်ကြီး လက်နက်ငယ်များ အ သုံးပြု တိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်တိုက်ပွဲများကြောင့်အကျအဆုံးစာရင်းကိုလည်း မသိရှိသေးကြောင်း ဗိုလ် မှူး စောဝေထူး က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ် တာဝန်ရှိသူများထံ ဧရာဝတီက ဆက် သွယ် ခဲ့သော်လည်း ဖြေ ဆိုခြင်း မရှိပေ။

DKBA နှင့် နယ်ခြားစောင့် တပ်များအကြား ယင်းဒေသတွင် နယ်မြေအငြင်းပွားမှု၊ အကျိုးစီးပွား ကိစ္စရပ် များနှင့်ပတ်သက်၍ မကြာ ခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိကြောင်း ယင်းဒေသတွင်း လှုပ်ရှားနေသည့် ကရ င်လက်နက်ကိုင် တပ်မှူး တချို့က ပြောသည်။

DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်က KNU မှခွဲထွက်ခဲ့သည်။ ထို့နောက် သီးသန့်အဖွဲ့အဖြစ်ရပ်တည်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်၌် ဗိုလ်မှူးကြီး စောချစ် သူဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များက အစိုးရတပ် လက်အောက် သို့ ၀င်ရောက်ခဲ့ကြပြီး တပ်ရင်း သုံးခုနှင့် နယ်ခြား စောင့် တပ် အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချူပ် စောလားပွယ် ၏ DKBA တပ်များကမူ သီးခြား ဆက်လက် ရပ်တည်နေသည်။ ယခု အစိုးရ လက်အောက်ခံ နယ်ခြား စောင့်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော မြိုင်ကြီးငူ အခြေစိုက်ဗိုလ်မှူးကြီး စောဘိ အဖွဲ့ သည် ၂၀၀၈ ခုနှစ်က နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်း ရာတွင် ပါဝင်သွားခဲ့ပြီးနောက်ပိုင်းတွင် ၎င်း ၏ တပ်ဖွဲ့များနှင့်အတူ DKBA အဖြစ်နှင့် ပြန်လည်ရပ်တည်ခဲ့သည်။

ဧရာဝတီ

ကေအိုင်အေ တပ်သားသစ် ဆက်တိုက်စုဆောင်း

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ညှိနှိုင်း နေသည့်ကာလတွင် တိုက်ပွဲများ ငြိမ်သက်သွားပြီ ဖြစ်ေ သ်ာလည်း ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေက မိုးညှင်းခရိုင်တွင် တပ်သားသစ် စုဆောင်းရေး ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသ ခံများက The Voice သို့ ဆက်သွယ် ပြောကြား သည်။

မိုးညှင်းခရိုင် ဟိုပင်မြို့နယ်ခွဲ နန့်ရင်း ကျေးရွာတွင် ဧပြီလ၂၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ရွာသားငါးဦး တောင် ယာ လုပ် နေစဉ် ကေအိုင်အေတပ်ဖွဲ့ဝင် ခုနစ်ဦးက လာရောက်ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ယင်းမြို့နယ်ရဲစခန်း၏ ကနဦး သတင်းပေးပို့ ချက်များအရ သိရသည်။


ဧပြီလ၂၃ ရက်နေ့ကလည်း မိုးညှင်း မြို့နယ် မော်ဟန်ကျေးရွာ အနီးရှိ ကျောက်စိမ်း နှင့် ရွှေထွက်ရှိရာ နန့် မချီ မှော်တွင် ရွှေလုပ်သား တစ်ရာကျော်ကို ဖမ်းဆီးခဲ့၍ လုပ်သားအချို့ ကို တစ်ဦးလျှင် ငွေကျပ် တစ်ေ သာင်း၊ ငါးထောင် သို့မဟုတ် ကျပ်နှစ်သောင်းဖြင့် ရွေးထုတ်ခဲ့ရပြီး ကျန်လုပ်သားများကို တပ်သားသစ် စုဆောင်းရေးအဖြစ် ခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများ၏ အဆိုအရသိရသည်။

မိုးညှင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးက "အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုး တက်လာလို့ ဒေသခံတွေက ဝမ်းသာနေတာ။ ဒီလိုအချိန်မှာ စုဆောင်းရေး ဆွဲတော့ စစ်ရေးပြင်ဆင် တာ လား ဆိုပြီး စိုးရိမ်နေကြပြန်ပြီ" ဟု ဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း ဟိုပင်မြို့နယ် နန်းရင်းကျေးရွာမှ ရွာသားနှစ်ဦးနှင့် ကြာကြီးကွင်း ကျေးရွာမှ ရွာသားနှစ်ဦး ကို တပ်သားစုဆောင်းရေး အဖြစ် ဖမ်းခေါ်သွားသည့် အပြင် အင်းတော်ကြီးဒေသရှိ မပျဉ်၊ ပန်း လား၊ ချောင်းဝကျေးရွာ တို့တွင် တပ်သားစုဆောင်းမည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်း ကြားထားကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့သည် ဧပြီလ ဆန်းပိုင်းတွင် ငြိမ်း ချမ်းရေး ဆွေးနွေး ရန် စီစဉ်ထားကြောင်း ငြိမ်းချမ်းရေးအကျိုး တော်ဆောင်များထံမှ သိရသည်။

The Voice

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည် ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ် များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သ တင်း မှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေး အတွက် လုပ် ရပ်ဖြစ်ေ ကြာင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာ လည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်း ရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်း ဖော်ပြ ထားပါတယ်။


တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ နေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက် ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။

အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက် မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲေ ခါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ် ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ် များ UWSA လက်ထဲသို့ ရောက်ရှိကြောင်း အတည်ပြုခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်း သားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေး ခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အ သုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Credit : Here

နမ့်ဟူးရေထွက်အား ဟိုမိန်းပြည်သူ့စစ်မိုင်းခွဲ ရေခန်းခြောက်မည့်အရေး မြို့ခံများစိတ်ပူ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ရပ်ရွာလူထုမှ အားထားပြုရသော ရေထွက် (နမ့်ဟူး)အား ဟိုမိန်း ပြည်သူ့ စစ်တပ်ဖွဲ့ က မိုင်းခွဲကာ ရှေးဟောင်းပစ္စည်း ရှာဖွေသဖြင့် အနာဂတ်တွင်ရေခန်းမည့်ပြဿနာ ဖြစ်မည့် အရေး မြို့ခံများစိတ်ပူနေကြကြောင်း ပြောဆိုနေပါသည်။

“ဝမ့်ယေးနားက နမ့်ဟူးရေထွက်လေ။ အဲ့ထဲမှာ ရှေးဟောင်းပစ္စည်းတွေ ရှာဖို့ဆိုပြီး ဟိုးမိန်းလက်နက် ကိုင် တပ်ဖွဲ့ (အက်စ်သုံးလုံးအဖွဲ့) က မနှစ်က နိုဝင်ဘာလလောက်မှာ စပြီးမိုင်းခွဲတာ။ ရေတွေ နောက်ကျိကုန်တယ်လေ။ အခုတော့ ပြဿနာမရှိပေမယ့် ရေထွက်အပေါ်မှာ ကာထားတဲ့ ကျောက်ပြင်ကျောက်ပြားတွေ မရှိတော့တဲ့ အတွက် နောင် နှစ်ပေါင်းကြာလာရင် အမှိုက် သရိုက်တွေ ပိတ်ပြီးရေခန်းသွားနိုင်တယ်။ မိုးနဲမြို့ နယ်ရဲ့ လေးပုံတပုံက အဲဒီနမ့်ဟူးရေထွက်ကိုဘဲ အားကိုးတာ။ အဲလိုရေခန်းသွားရင် ဘယ်သူက တာဝန် ယူပေးမလဲ ” ဟု မိုးနဲမြို့ခံ စိုင်းသားကြီးက ပြောသည်။


“လူထုလာရောက်တိုင်တမ်းလို့ ကျနော်တို့လဲ အချက်အလက်တွေစုဆောင်းထားပါတယ်။ နမ့်ဟူးရေ ထွက်ကို အက်စ်သုံးလုံး အဖွဲ့တွေ မှိုင်းခွဲလိုက် တာတော့ အချက်အလက်ရထားတယ်၊ နမ့်ဟူးက ကျနော် တို့ဒေ သခံတွေ အားကိုးရတဲ့ ရေထွက်ချောင်း လေးတခုဖြစ်တာမှန်တယ်”ဟု မိုးနဲ့မြို့ ပြည်နယ် လွှတ်တော် အမတ် စိုင်းမောင်ကြီး က ပြောပါသည်။

သတင်းထွက်နေသည့်အတိုင်း နမ့်ဟူးရေထွက်အား အမှန်တကယ် မိုင်းခွဲရကြောင်း ဟိုမိန်းဒေသ အက်စ် သုံးလုံး အဖွဲ့ဝင် စိုင်းလူကလည်း ပြော ပါသည်။

“သျှမ်းအဆိုတော်တယောက်က အဲဒီမှာ ရှေးဟောင်းပစ္စည်းရှိကြောင်း တရား ထိုင်ပြီးတွေ့ တယ် လို့ပြော တယ်။ နောက်ခု ရွာသားတွေကလဲ အဲလိုပြောတော့ ကျနော်တို့ သွားပြီးဖောက်ခွဲကြည့်တာပါ။ နမ့် ဟူးေ အာက် မှာ ဂူကြီးရှိတယ်လို့ပြောတယ်။ ၃ လလောက်ဖောက်ခွဲ ဖယ်ရှားကြည့်တယ် ဂူလဲမရှိဘူး။ အဲ တာကြောင့် အခု ဆက်မလုပ်တော့တာ။ အစပိုင်းကတော့ ရေနဲနဲနောက်တယ် အခု ပြန်ကြည်သွားပြီ။ ကျနော်တို့မိုင်းခွဲလိုက်လို့ ရေထွက်ပေါက် ပိုတောင်ကျယ်လာသေးတယ်။ ရေလဲ အရင်ကထက် ပိုပြီးတော့ အထွက်များသေးတယ်” ဟု စိုင်းလူ က ပြောသည်။

၎င်းနှင့်ပတ်သက်၍ မိုးနဲမြို့နေ သက်ကြီးမိဘ တဦးက – “ အဲဒီရေထွက်က ကျနော်တို့အတွက် တော်တော်ေ လး အကျိုး ပေးပါတယ်။ သဘာဝကိုဖျက်ဆီးလိုက်လို့ သဘာဝကဖောက်ပြန်သွားမှာ အစိုးရိမ်ဆုံးဘဲဗျာ”ဟု ဆိုပါသည်။

အဆိုပါနမ့်ဟူးရေထွက်သည် မိုးနဲမြို့အနောက်ဘက် ၈ မိုင်ခန့်အကွာရှိ လွယ်ယေးရွာတွင်တည်ရှိပါသည်။

ဟိုမိန်းဒေသ နယ်ခြားကာကွယ်ရေးတပ်ဖွဲ့သည် ၁၉၉၆ ခွန်ဆာ ၏ MTA မုန်းတိုင်း တပ်မတော် လက်နက် ချစဉ်က ပါဝင်ပြီး မဟာကြာဦးဆောင်သည့် အဖွဲ့ကို ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် မြန်မာ့တပ်မတော်က ပြန်လည် ဖွဲ့စည်း ကာ ဟိုမိန်းဒေသဘက် ပြန်လည်အခြေချနေထိုင်သည်။ သို့သော် တောင်ကြီး လွိုင်လင် ပင်လုံ နမ့် စန် မိုးနဲ ကျိုင်းတောင်း လင်းခေး နှင့် ဟိုမိန်းဒေသတို့ အတွင်း SSS ကုမ္ပဏီအမည်ဖြင့် ဖြန့်ကျက်နေ ထိုင် လုပ် ကိုင်လျက်ရှိသည်။

သျှမ်းသံတော်ဆင့်

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြံ့ခိုင်ရေးပါတီ လူငယ်အဖွဲ့ ဖွဲ့မည်

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီက လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လူငယ် အဖွဲ့များကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကြံ့ခိုင် ရေးပါတီ၏ လူ ငယ် ညီလာခံတရပ်ကို မေလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပ မည်ဖြစ်ကြောင်း သ တင်းရရှိ သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နိုင်ငံ တ၀န်းမှ လူငယ်များပါဝင်သော လူငယ်တွေ့ဆုံပွဲနှင့် လူ ငယ် စွမ်းရည်မြှင့်တင်ရေး အဖွဲ့များ ဖွဲ့စည်းရေး အစည်းအဝေးတရပ်ကို နေပြည်တော်တွင် မေလ ၁ ရက်နေ့ မှ ၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်မည်ဖြစ်ကြောင်း၊ ပါတီ ဥက္ကဋ္ဌ ဖြစ်သော သမ္မတဦးသိန်းစိန် တက်ရောက်မည် မတက်ရောက်မည်မှာ မသေချာသေးကြောင်း နေပြည်တော်ရှိ ပါတီဌာနချုပ် လူငယ်ရေးရာဌာန ဌာနခွဲမှူး ဦးသောင်း ထိုက်က ဧရာဝတီသို့ ပြောသည်။


“လူငယ်တွေ့ဆုံပွဲဆိုပေမယ့် တနိုင်ငံလုံးက လူငယ်တွေ တက်ကြမယ်။ လူငယ်ညီလာခံ လို့လည်း ပြောလို့ ရပါ တယ်။ အခုထက်ထိတော့ ပါတီရဲ့အကြီးအကဲတွေထဲက သူရဦးရွှေမန်းတက်မယ်။ သမ္မတ ဦးသိန်းစိန် ကေ တာ့ မဖိတ်ရသေးဘူး၊ နီးမှ ကပ်ဖိတ်မှာလားတော့မသိဘူး။ လူငယ်အဖွဲ့တွေ ပြန်ပြီးဖွဲ့စည်းမှာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးကတော့ အဓိက ရည်ရွယ် ချက်ပါပဲ” ဟု ဦးသောင်းထိုက်က ဆိုသည်။

ကြံ့ခိုင်ရေး ပါတီ၏ လူငယ်တွေ့ဆုံပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ လူငယ်များအပြင် ပြည်နယ်နှင့် တိုင်းဒေ သကြီး ပါတီဥက္ကဋ္ဌများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ စုံညီစွာ တက်ရောက်ကြမည်ဟု သိရှိရ သည်။

“ပြည်နယ် နှင့် တိုင်းဒေသကြီးတခုစီက လူငယ်ဦးဆောင်သူ ၂၀ တက်ဖို့ ဖိတ်ထားတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်နယ် တိုင်း ဥက္ကဋ္ဌ တွေလည်း တက်မယ်။ စုစုပေါင်း ၆၀၀ ကျော် တက်မယ်” ဟု ဦးသောင်းထိုက် ရှင်းပြသည်။

ကြံ့ခိုင်ရေးပါတီက လူငယ်တွေ့ဆုံပွဲကို မေလ လဆန်းပိုင်းတွင် ကျင်းပရန် ပြင်ဆင်နေချိန် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က လူငယ်ညီလာခံတရပ်ကို ယခုမေလအတွင်းတွင် ကျင်းပရန် စီစဉ်နေကြောင်း အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူငယ်အဖွဲ့များ ဖွဲ့စည်းရန် ပြင်ဆင်မှု အပေါ် ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက နိုင်ငံရေးပါတီတရပ်အနေဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင် ဆင်မှုသော နိုင်ငံရေး ဆောင်ရွက်ချက် အဖြစ် ရှုမြင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးေ ဆာင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရနိုင်ခြေ မြင့် မားနေကြောင်း သုံးသပ် ပြောဆိုသည်။

“၂၀၁၅ က သိပ်မလိုတော့ဘူး။ အခုကတည်းက စည်းရုံးထားမှ ကောင်းတာပေါ့။ စောစောစည်းရုံးနိုင်လေ ကောင်းေ လ ပဲ။ စောစောလုပ်တာ မှန်တာပေါ့။ လက်ရှိ အခြေအနေမှာတော့ ဒေါ်အောင်ဆန်း စုကြည်ဦးေ ဆာင် တဲ့ NLD အပြတ်နိုင်မယ် ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှုက လျော့မ သွားေ သး ဘူး။ ဒါပေမယ့် ၂၀၁၅ မတိုင်ခင် အမှားအယွင်း တခုခုလုပ်မိလို့ ရင်တော့ လူထုထောက် ခံမှုလျော့ သွားနိုင် တာပေါ့” ဟု သခင်ချန်ထွန်းက ဆိုသည်။

ကြံ့ခိုင်ရေးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒ နယ် အများစု အနိုင်ရရှိခဲ့ပြီး ယခင် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအ၀င် စစ်ဗိုလ် ချုပ်ဟောင်းများဖြင့် အဓိက ဖွဲ့စည်းထားသော နိုင်ငံရေးပါတီဖြစ်သည်။

ဧရာဝတီ