Saturday, April 27, 2013

အငြင်းပွားနေဆဲ PR စနစ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ

မြန်မာ့ဒီမိုကရေစီ ခရီး၏ ဒုတိယမြောက်အချိုးအကွေ့ အဖြစ် နိုင်ငံရေးလေ့လာသူ များက သုံးသပ်ထားကြ သည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် လက်ရှိ ကျင့်သုံးနေသည့် နိုင်သူအကုန်ယူ (Winner Takes All) စနစ်မှ အချိုး ကျ ကိုယ်စားပြုစနစ် (Proportional Representation) ကို ပြောင်းလဲကျင့်သုံးရန် ရွေးကောက် ပွဲကော် မရှင်က စတင်လုပ်ဆောင်လာ နေသည်။

သို့သော် ယင်းအချိုးကျ ကိုယ်စားပြု စနစ်ကို လက်ရှိအချိန်အထိ နိုင်ငံရေး ပါတီအားလုံးက လက်မခံနိုင် ၾကေ သးေ ပ။ ယင်းကြောင့် PR စနစ်ကို လက်ခံသည့် နိုင်ငံရေးပါတီများနှင့် လက်မခံသည့် နိုင်ငံရေး ပါတီ များ ဟူ၍ ပြည်တွင်း နိုင်ငံရေးပါတီများအကြား သဘောထားနှစ်ရပ် ပေါ်ပေါက် လာသည်။ အထူးသဖြင့် တိုင်းရင်း သားပါတီ များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က PR စနစ်ကို လက်မခံဘဲ လက်ရှိစနစ် အ တိုင်း ဆက်သွားလိုကြသည်။


အချိုးကျ ကိုယ်စားပြုစနစ် (PR) မှာ ယခုစနစ်ကဲ့သို့ မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းကို တိုက် ရိုက် မဲပေး ရွေးချယ်ခြင်းမဟုတ်ဘဲ ဝင်ရောက်ယှဉ်ပြိုင်သည်မှ မိမိနှစ်သက်ရာ ပါတီကိုသာ ရွေးချယ် မဲပေး ရခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များတွင် ပါတီအလိုက် ဝင်ရောက်ယှဉ်ပြိုင်အနိုင် ရရှိသော မဲရာခိုင်နှုန်း အချိုးအ တိုင်းရရှိသည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို သက်ဆိုင်ရာ ပါတီများက မိမိပါတီဝင်များ ထဲမှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ခန့်အပ်မည့် သူကို ပြန်လည် ရွေးချယ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံး နေသောစနစ်မှာ နိုင်သူအကုန်ယူ (Winner Takes All) စနစ်ဖြစ်ပြီး မဲ ဆန္ဒ နယ် တစ်ခုတွင် မဲအများဆုံး ရရှိသော ကိုယ်စား လှယ်လောင်းကို လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေး ချယ် ခံရခြင်းဖြစ်သည်။

ယင်းကြောင့် PR စနစ် ပြောင်းလိုက်ပါက ပါတီတစ်ခုတည်းက အမတ် နေရာအားလုံးကို ရရှိနိုင်မည် မဟုတ် ဘဲ ပါတီအများစုက အချိုးကျရရှိမည့် အနေအထား ဖြစ်သည်။ မဲဆန္ဒနယ် အနည်းစုသာ ယှဉ်ပြိုင်နိုင်သည့် ပါတီငယ်များမှာမူ လုံလောက်သည့် မဲအရေအတွက် မရရှိနိုင် သဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာ မရခြင်းမျိုးလည်း ဖြစ်လာနိုင်သည်။ ယင်းကြောင့် တိုင်းရင်းသားပါတီ များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ က ယင်းစနစ်ကို လက်မခံခြင်း ဖြစ်ကြောင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဗဟို အလုပ်အမှုဆောင် ဦးဟံသာမြင့်က တိုင်းရင်း သား မဲဆန္ဒနယ်များတွင် တိုင်းရင်းသား ပါတီငယ်များ အနေနှင့် အင်အားကြီး ပါတီများနှင့် ယှဉ်ပြိုင်အရွေး ခံပါက ရွေးကောက်ပွဲအနိုင်ရရန် ခက်ခဲနိုင်ပြီး လွှတ်တော် တွင် တိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင် မည် ကို စိုးရိမ်သဖြင့် အချိုးကျကိုယ်စားပြု စနစ်ကို ကန့်ကွက် ကြောင်းဆိုသည်။

ယင်းသို့ပင် တိုင်းရင်းသားပါတီ အများစုကလည်း ယင်းစနစ်ကို လက်မခံနိုင်ကြောင်း ပြောကြားသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကမူ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တိုင်း ရင်း သားပါတီ အများစု ကန့်ကွက်သည့် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representative) ကိုကျင့် သုံးနိုင်ရန် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ နိုင်ငံရေးပါတီ ၅၃ ပါတီမှ ပါတီ ခေါင်းဆောင်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဧပြီလ ၈ရက် နေ့က နေပြည်တော်ကောင်စီရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် တွေ့ဆုံစဉ် ၄င်းက အထက်ပါ အတိုင်း ပြောကြား လိုက်ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမို ကရက် တစ်ပါတီ (မြန်မာ) နှင့် ကရင်ပြည်သူ့ ပါတီတို့က ယင်းစနစ်ကို ကျင့်သုံးရေး နှင့် ပတ်သက်၍ ထောက်ခံဆွေးနွေး ခဲ့ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။

နိုင်ငံရေးသိပ္ပံပါမောက္ခ Thomas Carother က၂၀၁၅ ရွေးကောက်ပွဲကို နိုင်သူအကုန်ယူ စနစ်အတိုင်း ကျင်းပ ပါက အင်အားကြီး အတိုက်အခံပါတီတစ်ခု ဖြစ်သော NLD ပါတီက အပြတ်အသတ် အနိုင်ရသွား လျှင် တပ်မတော်ခေါင်းဆောင်ဟောင်း များသည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို နောက်ပြန်ဆွဲနိုင် သဖြင့် အချိုးကျကိုယ်စားပြုစနစ်ကိုကျင့်သုံးပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များကို လွှတ်ေ တာ် တွင်းနေရာ အချိုးကျ ရယူစေသင့်ကြောင်း ထောက်ပြထားသည်။

သို့သော်မြန်မာနိုင်ငံတွင် ပြည်နယ် လွှတ်တော်အများစု၌ တိုင်းရင်းသားပါတီ ကြီးများက လွှတ်တော် ကိုယ် စား လှယ်နေရာ အများဆုံး ရရှိထားသည်မျိုး ဖြစ်ရာ ယင်းစနစ်ကို ကျင့်သုံးပါက ပြည်နယ် လွှတ်တော် များ တွင် တိုင်းရင်းသားပါတီကြီး များက အမတ်နေရာရရှိမှု လျော့နည်းသွား မည်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီကြီးများမှာ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များတွင် အမတ် နေရာပြည့် ရရှိရေး အဓိကဦးတည်ချက် ထားကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ သို့ကြောင့် ယင်းစနစ်ကျင့်သုံးရေး အတွက် တိုင်းရင်းသားပါတီကြီးများ၏ ထောက်ခံမှုရရန်မှာ တိုင်းဒေ သကြီး လွှတ် တော်များနှင့် ပြည်နယ်လွှတ်တော် များအတွက် ကျင်းပမည့် ရွေးကောက်ပွဲများ ကို ယခုကျင့် သုံးနေ သည့် နိုင်သူ အကုန်ယူ စနစ်ဖြင့် လုပ်ဆောင်ပြီး ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် အတွက် ရွေး ကောက်ပွဲများကိုသာ အချိုးကျကိုယ်စားပြု စနစ်ကို ကျင့်သုံးခြင်းမျိုး ပြုပါက ဖြစ်နိုင်မည် ထင်ကြောင်း နိုင်ငံ ရေးလေ့လာသူ တစ်ဦးက ထောက်ပြသည်။

ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ပွဲများကို ယခုအတိုင်း ကျင်းပပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုး သား လွှတ်တော်အတွက် ရွေးကောက်ပွဲများကိုသာ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးမည် ဆိုပါက လက် မ ခံနိုင်စရာ မရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီ၊ ရှမ်းတိုင်းရ င်းသားများ တိုးတက် ရေးပါတီ အပါအဝင် တိုင်းရင်းသားပါတီ အများစုကဆိုသည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှု အများဆုံးရနိုင်ဖွယ် ရှိနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကမူ PR စနစ် ကျင့်သုံးခြင်းကြောင့် နစ်နာနိုင်သည့် အနေအထား ဖြစ်နေသဖြင့် အလွယ်တကူ လက် ခံနိုင်ဖွယ်မရှိကြောင်း၊ ယင်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လက်ခံလာရေးအတွက် ခက်ခဲ စွာ လုပ်ဆောင်ရဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးနိုင်ရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်၏ အ ဆုံး အဖြတ် ရယူမည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ အများဆုံးရရှိထားသည့် ပြည်ေ ထာင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အခရာကျလာသည်။ "ဗဟိုကော်မတီ အစည်းအဝေး လုပ်ပြီးတော့ ဆုံးဖြတ်သွားမှာပါ။ အခုထိ အစည်းအဝေး မလုပ်ရသေးဘူး" ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ရီက PR စနစ်နှင့် ပတ်သက် ၍ ၄င်းတို့ပါတီ၏ လုပ်ဆောင်နေမှုကို ရှင်းပြသည်။

ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ယင်းစနစ်ကို ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြ သဖြင့် ရွေးကောက်ပွဲကော်မရှင် အနေနှင့် လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း ဦးတင်အေး ကပြောသည်။

ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီကို အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေ စီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ချင်းအမျိုးသား ပါတီတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သို့သော် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က "ဒါက ဒီမိုကရေစီ မိတ်ဆွေ ပါတီအားလုံးရဲ့ သဘောထား မဟုက်ပါဘူး။ PR စနစ်ကို ကျွန်တော်တို့ပါတီက ကန့်ကွက် တယ်" ဟုဆို သည်။

ဒီမိုကရေစီ မိတ်ဆွေပါတီများ၏ သဘောထား ထုတ်ပြန်ချက်တွင် တိုင်းရင်းသား ပါတီများ သဘော မ တူသော အချက်များ ကို ထည့်သွင်းထုတ်ပြန်သည့် အပြင် တိုင်းရင်းသားပါတီများ၏ သဘောတူညီချက် မရ ဘဲ ပါတီနာမည်သုံး ထုတ်ပြန်မှု များရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက် ဘဏ္ဍာရေး မှူး ဦးစောသန်းမြင့်ကလည်း ဆိုသည်။ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကမူ "သဘောထား ထုတ်ပြန်ချက် မ ထုတ်ပြန်မီ လက်မှတ် ထိုးရတယ်။ မတူရင် မထိုးဘဲနေလို့ရတယ်" ဟု ယင်းပြောဆိုချက်များ အပေါ် ပြန် လည် ဖြေရှင်းသည်။

ယင်းသို့ PR စနစ် ကျင့်သုံးရန်အပေါ် အငြင်းပွားမှုများ ရှိနေသော်လည်း PR စနစ် ကျင့်သုံးလာပါက အဆင် သင့်ဖြစ်စေရေး အတွက် ပါတီအချို့က ကြိုတင်ပြင်ဆင် လာကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးပါက အင်အား ကြီးပါတီကြီးများနှင့် ယှဉ်ပြိုင် အရွေးခံနိုင်ရန် ကချင်တိုင်းရင်းသား ကိုယ်စားပြု ပါတီမှအပ တိုင်းရင်းသားပါတီအားလုံး ပူးပေါင်း ထားသော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းက ကြိုတင်ပြင်ဆင် နေကြောင်း ဦးစော သန်းမြင့် က ပြောကြားသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းတွင် ပါဝင်သော တိုင်းရင်းသားပါတီ တစ်ခုသည် မိမိနှင့် သက် ဆိုင်သော တိုင်းရင်းသားလူမျိုး အများစုနေထိုင်သည့် တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဝင်ရောက် အရွေး ခံသွားရမည် ဖြစ်ကြောင်း ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်နော်ယုဇနဝါက ပြောသည်။

"မကွေးတိုင်းမှာဆို ရခိုင် တိုင်းရင်းသားတွေ များတယ်။ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီက တာဝန်ယူ ပြိုင် လိမ့်မယ်" ဟု ဒေါ်နော်ယုဇနဝါက ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ မဲဆန္ဒနယ်များတွင် နေရာမလပ် ဝင်ပြိုင်မည် ဖြစ်သော်လည်း ပြည် နယ် မဲဆန္ဒနယ်များတွင်မူ အင်အားကြီးပါတီ များနှင့်အပြိုင် သက်ဆိုင်ရာ ပြည်နယ်ပါတီ များကသာ ယှဉ်ပြိုင် အရွေးခံသွားမည် ဖြစ်ကြောင်း ဦးစောသန်းမြင့်က ပြောကြားသည်။

အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးမည် ဆိုပါက အတိုက်အခံ နိုင်ငံရေး ပါတီများအနေနှင့် တပ်ပေါင်းစု ဖွဲ့ထားသင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာကျော်ဝင်းက အကြံပြုထား သကဲ့သို့ ဒီမို ကရေစီ သက်တမ်းနုနယ်သည့် အပြင် မြန်မာ့နိုင်ငံရေး ဓလေ့အရ ပါတီတွင်း အကွဲအပြဲများ ဖြစ်ပေါ် တတ်ေ သာ မြန်မာနိုင်ငံတွင် အချိုးကျကိုယ်စားပြု စနစ်ဖြင့် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း စဉ်းစား သင့်ကြောင်း စာရေးဆရာကျော်ဝင်းက တိုက်တွန်းထားသည်။

ယင်းသို့ PR စနစ်အပေါ် အငြင်းပွားမှုများ ရှိနေသော်လည်း ၂၀၁၅ ရွေးကောက် ပွဲတွင် PR စနစ်ကို ကျင့် သုံး လာရန် ရှိသည်ဟု နိုင်ငံရေးလေ့လာသူများနှင့် နိုင်ငံရေးသမား အချို့က ခန့်မှန်း ပြောကြားသည်။

ထို့ကြောင့် PR စနစ်ကျင့်သုံးရေး တိုက်တွန်းလုပ်ဆောင်မှု များနှင့် အငြင်းပွားမှုများကို ၂၀၁၅ ရွေးကောက် ပွဲ မတိုင်မီ မြင်တွေ့လာရမည် ဖြစ်ပေသည်။

ွှThe Voice Weekly

မြန်မာနိုင်ငံရဲ့ခု လိုပူပြင်နေတဲ့ ရာသီမှာ ဒီ post လေးကိုတော့ ဖတ်စေချင်...

ခရမ်းလွန်ရောင်ခြည်၏ ကျန်းမာရေး အန္တရာယ်

အခုဆိုရင် နေရဲ့အပူရှိန်က မြင့်သထက် မြင့်လာသလို ခရမ်း လွန်ရောင်ခြည်ရဲ့ အန္တရာယ်ကပြင်းထန်လာတာကြောင့် သတိပေး ချက်တွေကို ကြားသိနေရပါတယ်။ ခရမ်းလွန်ရောင်ခြည် အလင်း တန်းတွေကို သာမန်မျက်စိနဲ့ မမြင်ရပါဘူး။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်တဲ့ ရေတိုအန္တရာယ်က မသိ သာပေမယ့် ကြာရှည် ထိတွေ့မှုကြောင့် ဆိုးရွားတဲ့ ကျန်းမာရေး အန္တရာယ် တွေကို ဖြစ်စေနိုင်ပါတယ်။


နေလောင်ခြင်း

ခရမ်းလွန်ရောင်ခြည်က အလွန်ပြင်းထန်တဲ့ လှိုင်းဖြစ်ပြီး နံနက် ၁၁ နာရီနဲ့ ၂ နာရီကြားမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။ နေပူရှိန် ပြင်းထန်လွန်းတဲ့ ဒီအချိန်ကြားမှာ အပြင် ထွက်လို့ ခရမ်း လွန်ရောင်ခြည် အများကြီးကို စုပ်ယူမိတဲ့အခါ အရေပြားက အားနည်း လာပြီး သွေးတွေ က နေ လောင် တဲ့နေရာကို ရောက်ရှိကာ နေလောင်တဲ့ အရေပြား နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အသား ညိုတဲ့ သူတွေက မယ်လနင်ဓာတ် ပိုများများရှိတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ကို အသင့်အတင့် ကာကွယ်နိုင် ပါတယ်။

အရေပြားကင်ဆာ

ခရမ်းလွန်ရောင်ခြည်နဲ့ ရေတိုထိတွေ့မှုကြောင့် ပြင်းထန်ဆိုးရွားတဲ့ နေလောင်ဒဏ်ရာကို ဖြစ်စေနိုင်သလို ရေရှည်ထိတွေ့မှုကြောင့် အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အရေပြားကင်ဆာ ဖောင်ဒေးရှင်းရဲ့ အဆိုအရ ခရမ်း လွန်ရောင်ခြည် ဟာ အရေပြားရဲ့ ဒီအန်အေကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ် ခုခံစွမ်းအား နဲ့ ပြန်လည်ပြုပြင် တဲ့ ဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ သိရပါတယ်။

မျက်စိထိခိုက်မှု

ခရမ်းလွန် ရောင်ခြည်ဒဏ်ကို အလွန်အမင်း ခံရတာကြောင့် အရေပြား ထိခိုက်ပျက်စီးမှု များသလို မျက်စိ ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည်ဒဏ်ကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေကို များစေပါ တယ်။

အယူအဆမှား

နေပူဆာလှုံတာက အရေပြားမှာ မယ်လနင်ပမာဏကို တိုးစေတဲ့အတွက် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လွဲမှားစွာ ယူဆနေကြပါတယ်။ တကယ်တော့ သဘာဝအတိုင်း ရှိနေတဲ့ မယ်လနင်ကသာ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်တာပါ။

By Good Health

ချက်တင်မှာ တွေ့တဲ့သူတိုင်းကို လွယ်လင့်တကူ မယုံကြည်သင့်

ဘုရား..ဘုရား..တစ်ကယ်သေသွားတာပဲ...မယုံနိုင်စရာ.၊ ကျမတို့မြို့မှာ မိခင်ကစွန့်ပစ်သွားခဲ့လို့ ကံဆိုးလိုက်တာလို့ တွေးမိခဲ့တာ...၊ တစ်ကယ်ကို ကံဆိုးတာပါပဲ..။

ဟိုတလောက ဖေ့စ်ဘုတ်မှာ အမေပျောက်လို့ ရှာပုံ တော်ဖွင့်တဲ့ သဲသဲသော်ဆိုတဲ့ ကောင်မလေးကို မှတ်မိ ကြဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ် ခံ ရလို့ သေရှာပါပြီ။ ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာ အဲဒီ့ သတင်း တွေ့တော့ အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။ စောစောက ထိုင်း သတင်းစာ တစ်စောင်မှ မြန်မာမိန်းကလေး တစ်ယောက် အသတ်ခံရတယ်ဆိုပြီး သတင်း ပါလာတော့ စိတ်ဝင် စားတာနဲ့ ထိုင်းလိုကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး ဘာသာပြန်ခိုင်းရတယ်။ ၁၃-၄-၂၀၁၃ (သင်္ကြန်အကြိုနေ့) တုန်းက အဲဒီ့ကောင်မလေးက ဖေ့စ်ဘုတ်ပေါ်မှာ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက် (ဖေ့စ်ဘုတ်အကောင့် နာမည် နတ်သားလေးတဲ့)နဲ့ ချိန်းတွေ့ပါသတဲ့။ ချိန်းတွေ့ရင်း ကောင်မလေးကို သတ်ဖြတ်ပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးအလောင်းကို သူ့အခန်းထဲမှာ အ၀တ်အစားမပါပဲ တွေ့တယ်ဆိုတော့ အဓမ္မကျင့်ဖို့ ကြံစည်ရင်းနဲ့ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင် ပါတယ်။ ခုတော့ တရားခံကို ဆမူပါကန်မြို့ဖမ်းမိပြီလို့ သိရပါတယ်။ တရားခံကလည်း မြန်မာလူမျိုး တစ်ယောက်ပါပဲ။ ပြည်ပရောက်နေတဲ့ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာရဲတဲ့ စိတ်ဓာတ်ကို ရွံမိပါတယ်။ ဖေ့စ်ဘုတ်ပေါ်က မိန်းကလေးတွေအနေနဲ့လည်း ချက်တင်မှာ တွေ့တဲ့သူတိုင်းကို လွယ်လင့်တကူ မယုံ ကြည်သင့်ကြောင်း မမြင့်မြင့်အေး (ခ) သဲသဲသော် (ဖေ့စ်ဘုတ်အမည် Sky Queen) က အသက်နဲ့လဲပြီး သက်သေပြသွားပါပြီ။ မနက်ဖြန် သင်္ဂြုလ်မယ်လို့ သိရပါတယ်။ မမြင့်မြင့်အေး (ခ) မသဲသဲသော် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေကွယ်။

မသဲသဲသော်နဲ့ပတ်သက်တဲ့သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။
ှSky Queen ရဲ့ FB Link က ဒီမှာပါ။

Credit : Here

မြန်မာ့တပ်မတော် ခေတ်မှီတိုးတက်ဖို့ အမေရိကန် ကူညီမည်

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အားပေး ထောက်ခံကြောင်း တိုးတက်ပြသတဲ့ အနေနဲ့ မြန်မာ့ တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေး အတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေ ကြောင်း အမေရိကန် လွှတ်တော်မှာ ကြာသာ ပတေး နေ့က ပြောဆိုသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာစေလိုတဲ့အပြင် တပြိုင်နက်မှာပဲ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ လုံးဝဖြတ်တောက်ဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။


ဒီအတောအတွင်း ပြီးခဲ့တဲ့အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လ် Derek Mitchell ဟာ မြန်မာရေတပ်မတော် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေ နဲ့ တွေ့ဆုံ ခဲ့ ပါတယ်။

အမေရိကန် သံအမတ်ကြီးက အခုလိုတွေ့ဆုံမှုဟာ မြန်မာနိုင်ငံပြောင်းလဲမှုတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုဖို့အတွက်ဖြစ်ပါတယ်။ ဘယ်သူကမှ လက်နက်ရောင်းဝယ်ရေးကို ပြောဆိုတာမျိုး မရှိပါဖူး လို့ ပြောပါတယ်။ အတော်လေးနက်ခက်ခဲတဲ့ ပြသနာတချို့ရှိနေတာမှန်ပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ် အတွက် စစ်တပ်ဟာ ပဓာနကျပါတယ်။ မြန်မာ့တပ်မတော်ကို ခေတ်မီတိုးတက်တဲ့ စစ်တပ် တခုဖြစ် လာ အောင် ကူညီဖို့်လိုအပ်နေတာအမှန်ပါပဲလို့ ပြောကြားရင်း ဒီကိစ္စကိုတဆင့်ပြီးတဆင့် တိုးမြှင့် ဆောင်ရွက် သွားမှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။

From...RFA

ပြည်ပရံပုံငွေကိုလက်ခံပြီး ပြည်တွင်းမှာပါတီထောင်နိုင်ငံရေးလုပ်မည်ဆိုပါကပါတီဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ပြောကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်မှာမနေ့ကကျင်းပတဲ့ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့ အစည်းများနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ရဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီ များ ရံပုံငွေရယူသည့်ကဏ္ဍ ဆွေးနွေးကြရာမှာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြတ်သားစွာဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏လက်အောက်ရှိ အဖွဲ့အစည်း၊ ကွန်ရက် များက ပြည်ပမှရံပုံငွေ ရယူခြင်းဟာလည်း ပါတီကရယူခြင်းဟု သတ်မှတ်မှာဖြစ်ကြောင်း၊ ယခုအချိန် မှစပြီး ပြည်ပအဖွဲ့အစည်းတွေက ပံ့ပိုးတဲ့ရံပုံငွေကို ဆက်လက်လက်ခံခြင်းမပြု ရန်နှင့် လုပ်ဆောင်မှုများရှိလာပါက ကော်မရှင်အနေနဲ့ သတိပေးတားမြစ်သွားမှာဖြစ်ပြီး လိုက်နာမှုမရှိပါက ပါတီဖျက်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဒီကနေ့ လက်ရှိမြန်မာပြည်တွင်းမှာဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်တွေဟာ ပြည်ပ ပယောဂတွေပါတယ်။ ပြည်ပအဖွဲ့အစည်းတချို့ရဲ့ အားပေးအားမြှောက်မှုတွေပါတယ်။ နောက်က ထောက်ပံ့ကြေးပေးပြီး ဆူပူမှုတွေကို ပုံဖော်နေကြတာလည်း တွေ့ရတယ်။ အထူးသဖြင့် ပြည်ထောင်စု အစိုးရကိုယ်တိုင်ဦးဆောင်ပြီး  ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်တွေ တိုးတက်မလာသေး တာဟာ တစ်ဖက်အဖွဲ့အစည်းတွေကို ပြည်ပအစိုးရတွေက သွေးထိုးမြှောက်ပင့်၊ ထောက်ပံ့မှုတွေကြောင့် အလုံးစုံမပြေလည်သေး၊ မငြိမ်းချမ်းသေးတာကို တွေ့ရမှာလည်းဖြစ်ပါတယ်။

ကေအိုင်အေခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ကချင်လူထုနဲ့တွေ့ဆုံရာမှာ ဒီသဘောဆန်ဆန်တွေ ပြော သွားတာ ကျွန်တော်တို့ တွေ့လိုက်ရတယ်။ သေချာတာက ကေအိုင်အေအဖွဲ့ကို အိမ်နီးချင်းအစိုးရက သူတို့ ရဲ့နောက်ထပ်ခြံစည်းရိုးတစ်ခုအဖြစ် အသုံးချချင်နေတာတွေကို တွေ့ရတယ်။ ၀ အဖွဲ့ဟာ ပထမခြံစည်းရိုး ဆိုရင် ကေအိုင်အေဟာ ဒုတိယခြံစည်းရိုးအဖြစ် ပုံဖော်ချင်နေတာတွေကိုလည်း ကျွန်တော်တို့တွေ့ရတယ်။

ဒီတော့တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက်ရော၊ နိုင်ငံရဲ့ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးနဲ့ ပြန်လည် ထူထောင်ရေးကာလမှာ ဒီလို တိုင်းပြည်အတွက် ဆိုးကျိုးဖြစ်စေမယ့်အဖွဲ့အစည်းတွေ ပြည်ပမှာရော၊ ပြည်တွင်းမှာရော၊ နယ်စပ်မှာရော၊ ရန်ကုန်မြို့ပေါ်မှာရော၊ မန္တလေးမြို့ပေါ်မှာရော ရှိတယ်။ အထူးသဖြင့် မီဒီယာလောကထဲတောင် စိမ့်ဝင်နေတာတွေကို တွေ့ရတယ်။

ဒါကြောင့် ပြည်ပရံပုံငွေနဲ့အထောက်အပံ့ကို လက်ခံရယူပြီး တိုင်းပြည်ရဲ့ဖြစ်ထွန်းမှုကို ပိုမိုရှုပ်ထွေးအောင် လုပ်မယ့် အဖွဲ့အစည်းသော်လည်းကောင်။ ကွန်ရက်သော်လည်းကောင်း၊ ပါတီသော် လည်းကောင်း ထိရောက်တဲ့တရားဥပဒေစိုးမိုးတဲ့ အရေးယူမှုတွေကို မှန်မှန်ကန်ကန်နဲ့ ဖော်ထုတ်အရေးယူတာ မျိုးလည်း ဖြစ်သင့်ပါတယ်။ အမြင်ကပ်လို့၊ ငါနဲ့မတည့်လို့၊ ငါ့ကိုအတိုက်အခံလုပ်လို့၊ ငါ့ကိုနိုင်သွားမှာစိုးလို့ ဆိုတဲ့ အမြင်ကပ်ပုဒ်မတပ်ပြီး အရေးယူဆောင်ရွက်တာမျိုးကိုတော့ လက်မခံဘူး။ တကယ့်ကို တိုင်းပြည်အတွက် ကောင်းကျိုးထက်၊ ဆိုးကျိုးဖြစ်ဖို့များတဲ့လုပ်ရပ်တွေကို ပြည်ပထောက်ပံ့ကြေးမျှော်ပြီး လုပ်နေတဲ့အဖွဲ့ အစည်းတွေကိုတော့ အရေးယူသင့်ပါတယ်။ ဒီလိုပဲ ပြည်၊ ခိုင်၊ ဖြိုးပါတီအနေနဲ့ရော ဘယ်လို ရံပုံငွေ ရယူနေ သလဲ။ ဘယ်က ရံပုံငွေတွေရနေသလဲဆိုတာ ထင်သာမြင်သာရှိတဲ့ရှင်းလင်းမှုမျိုးကိုလည်း လုပ်ပြဖို့လိုအပ် တယ်လို့ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်လွင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရဲ့ ပြောကြားချက် အပေါ် အခုလိုထပ်ဆင့်မှတ်ချက်ပေးဆွေးနွေး တင်ပြလာတာကိုလည်း သိရှိရပါတယ်။

The First Media Group 

ယာဉ်ထိန်းရဲ ပါးရိုက်ခံရမှု ဗိုလ်ချုပ်မှူးကြီးဟောင်းမြေးကို တရားစွဲပြီ

တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးအား ပါးရိုက်မှုနှင့် စပ်လျဉ်း၍ပြည်သူလူထုလုံခြုံရေးကို ရှေးရှုကာ ဗိုလ်ချုပ်မှူးကြီးဟောင်း တစ်ဦး၏ မြေးဖြစ်သူကို ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော်က ဧပြီလ ၁၀ ရက်၊ ကမာရွတ်ရဲစခန်းတွင် အမှုဖွင့် ထားပြီးဖြစ်သည်။

ဝန်ထမ်းတစ်ဦးတာဝန်ချိန်တွင် ယခုကဲ့သို့ အကြမ်း ဖက်ခြင်းကိစ္စအားတရားဥပဒေကြောင်းအရ အရေး ယူဆောင်ရွက်ရန် ပြည်ထဲရေးသို့ တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းတစ်ဦးအား အနိုင်ကျင့် အကြမ်းဖက်မှုသည် မြန်မာနိုင်ငံ တရားဥပဒေ စိုးမိုးရေး ကိုစိန်ခေါ်မှုအသွင်သဏ္ဍာန် သက်ရောက်ကြောင်းတို့ကို ““ဒါဟာ လူထုရဲ့ လုံခြုံရေးကို အကာ အကွယ်မဲ့နေတယ်ဆိုတာ မီးမောင်းထိုးပြနေသလိုပါပဲ။ အမှုကို FIR နဲ့မဖွင့်ဘူး။ လက်တော့လက်ခံတယ်။ ၀န်ထမ်းတာဝန်ရှိတဲ့သူကိုယ်တိုင်က အကြောက်တရားရှိနေတယ်လို့ သုံးသပ်တယ်။ ကမာရွတ်ရဲစခန်းက စခန်းမှူးကို ဥပဒေကြောင်းတွေကျွန်တော်သွားရှင်းပြပြီး အမှုဖွင့်ဖို့ လက်ခံပေးဖို့ တောင်းဆိုတယ်။ အထက် ကိုတင်ပြမယ်ဆိုပြီးလက်မှတ်ထိုးပြီး ယူထားလိုက်တယ်””ဟူ၍ ကိုထင်ကျော် က မြန်မာသံတော်ဆင့်သို့ ပြောသည်။


ကိုထင်ကျော်သည် ဗိုလ်ချုပ်မှူးကြီးဟောင်း၏မြေးဖြစ်သူကို ဧပြီ ၁၀ ရက်တွင် ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၂/၃၃၃/၃၅၃ တို့ဖြင့် ကမာရွတ်ရဲစခန်းတွင်အမှုဖွင့်ထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ မြေးဖြစ်သူသည်မတ်လ ၁၄ ရက်က ကမာရွတ်မြို့နယ်၊ ၉ ရပ်ကွက်၊ အင်းလျားလမ်းမီးပွိုင့်တွင် လမ်းမရှင်းပေးသောကြောင့် တာဝန်ကျယာဉ်ထိန်းရဲအား တာဝန်ကျ နေရာတွင် ရိုက်နှက်ခဲ့သည်ကို ပြည်တွင်းသတင်းဂျာနယ်များကလည်းရေးသားဖော်ပြခဲ့ပြီး ၎င်း၏နေအိမ်သို့ခေါ်၍ ရေခဲရေဖြင့်ပက်ခြင်း၊ ဒူးထောက်ခိုင်း၍ ပါးရိုက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းတို့ကို ရိုက်နှက်ခြင်းခံရသူ ယာဉ်ထိန်းရဲ ကိုစံသိန်းထွေးက အင်တာနက်စာမျက်နှာများတွင်ဖော်ပြထားသည်။


မြန်မာသံတော်ဆင့်

လှိုင်မြို့နယ်ရှိ သိန်းဦးကုမ္ပဏီ ၀န်းအတွင်း ပုံထားသော Myanmar Asia Express ကုမ္ပဏီပိုင် သစ်လုံးများ မီးလောင်မှုဖြစ်ပွား

မီးလောင်ကျွမ်းနေသော သစ်လုံးများကို မီးသတ်တပ်ဖွဲ့မှ ငြိမ်းသတ်နေစဉ်

ဧပြီလ၂၇ ရက်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်၊ လှိုင် (၂) ရပ်ကွက်ရှိ သိန်းဦးကုမ္ပဏီ ၀န်းအတွင်း ပုံထား သော Myanmar Asia Express ပိုင် သစ်လုံးများအား မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။


မီးမှာ ၉ နာရီ ၁၀မိ နစ်ဝန်းကျင်က စတင်လောင်ကျွမ်းကာ မီးသတ်မှ မီးသတ်ကား ၁၆ စီး၊ အုပ်ချုပ် ရေးယာဉ် ၃ စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ပြီး ၉ နာရီ ၄၀ ခန့်တွင် ငြိမ်းသွားခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းသည့် နေရာမှာ သိန်းဦးကုမ္ပဏီ ၀န်းအတွင်း ဖြစ်ပြီး မီးလောင်ကျွမ်းသည့် သစ်လုံး များမှာ Myanmar Asia Express မှ မြေနေရာ ငှားရမ်းကာ လာရောက်ပုံထားခြင်း ဖြစ်ကြောင်း သိန်းဦး ကုမ္ပဏီ မန်နေဂျာဖြစ်သူက ပြောကြားခဲ့သည်။

''မီးစလောင်တာက ဆေးလိပ်မီးတို ပစ်ချခဲ့ရာကနေ မြက်ခြောက်ကနေတဆင့် သစ်တုံးတွေကို ကူးစက် လောင်ကျွမ်းတာ ဖြစ်ပါတယ်'' ဟု လှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သစ်လုံးများမှာ ၅ နှစ်ခန့် ကြာပြီဖြစ်ပြီး ဆွေးမြေ့နေပြီ ဖြစ်ကြောင်း သိန်းဦးကုမ္ပဏီ မန်နေဂျာဖြစ်သူက ပြောကြားခဲ့သည်။

Credit : Here

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်

April 26, 2013

ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန် ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ်က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် တံတား ခဏပိတ်သွားတဲ့ အတွက် ကားတွေ ရပ်ပြီး စောင့်ဆိုင်းလိုက် ရပါတယ်။ ဆိုင်ကယ်နောက်မှာ ထိုင်စီးလာတဲ့ ရဲဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက် အဲဒီရဲက တံတား ပလက်ဖောင်းမှာ ငုတ်တုတ်ထိုင်ပြီး “မူးတယ် မူးတယ်” နဲ့ အော်နေတာ တွေ့ရပါတယ်။ ဆိုင်ကယ်မောင်း လာသူ ရဲကတော့ တိုက်ပြီးပြီးချင်း ထွက်ပြေးသွားပါတယ်။


ယာဉ်တိုက်မှုဖြစ်ပြီး ခဏအကြာမှာ သန်လျင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူ ဆိုင်ကယ်နဲ့ ရောက်လာလို့ မေးမြန်းချိန်မှာ ဒဏ်ရာရသွားတဲ့ ရဲဝန်ထမ်းက “ကျနော်တိုက်တာ မဟုတ်ဘူး။ မောင်းလာတဲ့ ကျနော့် ဗိုလ်ကြီး ဝင်တိုက်တာ” လို့ သွေးထွက်နေတဲ့ သူ့ခေါင်းက ဒဏ်ရာကို လက်နဲ့ဖိထားရင်း ပြောနေတာ တွေ့ရ ပါတယ်။

အတိုက်ခံရတဲ့ ဟိုင်းလပ်စ်ကားပေါ်မှာ ပါလာသူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မတွေ့ရပါဘူး။

တံတားပေါ်မှာ အရပ်သားဆိုင်ကယ်တွေ စီးနင်းခွင့်မရှိဘဲ တံတားတာဝန်ကျ ရဲတွေသာ ဆိုင်ကယ်စီးနင်းခွင့် ရှိတာပါ။ ဒါပေမယ့် အရပ်သားဆိုင်ကယ်တချို့လည်း နားလည်မှုနဲ့ မကြာခဏ ဆိုင်ကယ်နဲ့ တံတား ဖြတ်ကြတာ တွေ့ရလေ့ရှိပါတယ်။

ဘေးက ရပ်ကြည့်နေသူ ကားဒရိုင်ဘာတွေကတော့ အခုလိုဖြစ်ရတာ နောက်က ဝင်တိုက်သူ မှားတာလို့ ပြောနေပါတယ်။

အမှတ် ၂၁၇ ခရီးသည်တင် ကားကြီးတစီးရဲ့ ဒရိုင်ဘာက ... “နောက်ကနေ ဝင်တိုက်တဲ့သူပဲ မှားတာ။ ဒီတံတားပေါ်မှာ ဘယ်ကားမှ ကျော်တက်ခွင့်မရှိဘူး။ ရှေ့က မောင်းနေတဲ့ကားကို ဝင်တိုက်တယ်ဆိုတာ ကတော့ တော်တော် ဆိုးတာပဲ” လို့ မှတ်ချက်ပြုပါတယ်။

ဒီတံတားကြီးပေါ်မှာ ကားကြီးတွေပျက်ရင် နောက်ကားတွေအတွက် တော်တော် ဒုက္ခရောက်ကြလေ့ ရှိပါတယ်။ ဒါကြောင့်မို့လည်း အမှတ် ၂ တံတားတစင်း တည်ဆောက်ပြီး ကွန်တိန်နာ ကားကြီးတွေ၊ သစ်လုံး တင်ကားကြီးတွေ ဖြတ်သန်းကြပါတယ်။

ဒီနေ့မှာတော့ ကားပျက်တာ မဟုတ်ဘဲ ယာဉ်တိုက်မှု ဖြစ်နေလို့ တံတားပေါ်ရောက်နေတဲ့ ခရီးသည်တင် ယာဉ်တွေ၊ တက္ကစီတွေနဲ့ ကိုယ်ပိုင်ကားတွေ နာရီဝက်လောက် နေပူထဲ အလှန်းခံလိုက်ရပါတယ်။

တာဝန်ရှိတဲ့ ရဲတွေရောက်လာပြီး ဟိုင်းလပ်စ်ကားကို ဘေးရွှေ့ပြီးတဲ့ အချိန်ကျမှ နောက်ကကားတွေ ဆက် ထွက်ခွင့် ရကြပါတယ်။ 

Credit : http://blog.irrawaddy.org/2013/04/blog-post_3133.html

Samsung Galaxy S4 မေ ၄ တွင် ပြည်တွင်း၌ စတင်ရောင်းချမည်

ဆမ်ဆောင်း၏ စွမ်းရည်မြင့် မျိုးဆက်သစ်ဖုန်း Galaxy S4 ကို လာမည့် မေလ ၄ ရက်နေ့တွင် ပြည်တွင်း၌ စတင်ရောင်းချသွားမည် ဖြစ်သည်။

Galaxy S4 စမတ်ဖုန်းမှာ ၅ လက်မ မြင်ကွင်းရှိမည် ဖြစ်ပြီး အလုံးရေ (၁၀၀၀)အား အထူးနှုန်း ငါးသိန်း ခြောက်သောင်းကိုးထောင် (569,000) ကျပ်ဖြင့် မေလ ၄ ရက်နေ့တွင် ဆီဒိုးနာဟိုတယ် ပထမ ထပ် ၌ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ထူးခြားချက်များအနေဖြင့် ရှေ့နောက် ကင်မရာအား တစ်ပြိုင်တည်း အသုံးပြုနိုင်မည့် Dual Camera၊ ဓာတ်ပုံရိုက်ကူးရာတွင် အသံဖြင့်ပါ ထည့်သွင်းမှတ်တမ်းတင်နိုင်မည့် Sound & Shot, ဓာတ်ပုံများအား မှတ်စုသဖွယ် မှတ်တမ်းတင်နိုင်မည့် Story Album, သီချင်း၊ဓာတ်ပုံစသည်များအား အပေါင်းအသင်း များနှင့် ပူးတွဲခံစားနိုင်မည့် Ground Play, ရုပ်ရှင်များ ကြည့်ရှုနေရာမှ မျက်လုံးအကြည့်လွှဲလိုက်ရုံဖြင့် ရပ်တန်ပေးထားမည့် Smart Pause များ ထည့်သွင်း ထားကြောင်း Samsung မှ ကိုဇာနည်က ရှင်းလင်း ပြောကြားသည်။

ထို့ပြင် Samsung ၏ Note 8.0မော်ဒယ်အသစ်ကိုပါ တင်သွင်းရောင်းချမည် ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့တွင် Junction Square ၌ အထူးနှုန်း 479000 ကျပ်ဖြင့် အလုံးရေ (၈၀၀)စတင်ရောင်း ချပေး သွား မည် ဖြစ်သည်။

Credit : Here

မော်လမြိုင်တွင် ရဲကို ဝိုင်းရိုက်သူများအား ဖမ်းဆီးစစ်ဆေးနေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာစု အနီးတွင် သင်္ကြန်ကာလက ရဲအရာရှိတဦးကို အုပ်စု လိုက် ထိုးကြိတ် ရိုက်နှက်ခဲ့သည့် လူငယ်များထဲမှ တချို့အား ဖမ်းဆီးရမိပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

သင်္ကြန်အကြတ်နေ့က ရိုးဂိုးကျေးရွာစု အတာ သင်္ကြန်မဏ္ဍပ်ရှေ့တွင် ရေကစားနေကြသော လူငယ်တစု ကိုင်ဆောင်လာသည့် အလံအား လုံခြုံရေးယူပေးနေသော ရဲဝန်ထမ်းများက ယူဆောင်မသွားရန် တားမြစ်သိမ်းဆည်းရာမှ ရဲအရာရှိ တဦးအား လူငယ်များက ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အကုန်လုံး မမိသေးဘူး၊ အခု လောလောဆယ်တော့ ၃-၄ ယောက် မိထားပါတယ်။ သူတို့ကို စစ်ဆေး မေးမြန်းမှုတွေတော့ လုပ်နေပါတယ်။ ပြီးရင်တော့ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးသန့်က ဧရာဝတီသို့ ပြောသည်။

ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း ရဲအရာရှိထံမှ ပျောက်ဆုံးသွားခဲ့သော ခြောက်လုံးပြူး သေနတ်တလက်လည်း ပြန်လည်ရရှိ သကဲ့သို့ ဒဏ်ရာရရှိသူ ရဲဝန်ထမ်းမှာလည်း သက်သာ ကောင်းမွန်လာပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဧရာဝတီသို့ ပြောဆိုသည်။


ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသကဲ့သို့ လွတ်မြောက်နေသူများကိုလည်း ဆက်လက် ဖော်ထုတ်ရန် ရဲတပ်ဖွဲ့အနေဖြင့် ကြိုးစားနေကြောင်း၊ အခင်းဖြစ်ပွားစဉ်တွင် ရဲဝန်ထမ်းကို ဝိုင်းဝန်းထိုးကြိတ်သူများမှာ ၁၀ ဦးထက်မက ရှိသော်လည်း ကျန်လူများကို စုံစမ်းဖော်ထုတ်ရာတွင် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။

“သူတို့တွေကတော့ ကျိုက်မရောက အဖွဲ့တွေပါ။ ပါလာတဲ့လူတွေ အကုန်လုံး အဖြေထုတ်လို့ မရသေးတာ ဝိုင်းထိုးတဲ့လူတွေက သူတို့အချင်းချင်းတောင် မသိတဲ့လူတွေပါတယ်၊ အဲဒါကြောင့်” ဟု ဒုရဲမှူးကြီး မျိုးသန့်က ပြောသည်။

အခင်းဖြစ်ပွားစဉ်တွင် သင်္ကြန်ရေကစားရန် လည်ပတ်သည့် လူငယ်တစုက မွန်အမျိုးသား အလံကို ကိုင်ဆောင်လာကြောင်း၊ ယင်းအလံကို ကိုင်ဆောင်၍ မလည်ပတ်ရန် ရဲဝန်ထမ်းမှ တားမြစ်ပြီး ဆုတ်ဖြဲ ခဲ့ရာမှ အဆိုပါ လူငယ်တစုက မကျေမနပ်ဖြစ်ကာ ရဲဝန်ထမ်းအား ဝိုင်းဝန်း ထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း မော်လမြိုင်ဒေသခံများက ဆိုသည်။

“ဒီမှာကတော့ သင်္ကြန်ကို ၅ ရက်လုံး ကစားတယ်။ အကြိုနေ့ကနေပြီး နှစ်ဆန်း ၁ ရက်နေ့အထိ ရှိတယ်။ အဲဒီနေ့မှာ ရိုးဂိုး ဘုရားပွဲ လာကြတယ်။ ဘုရားပွဲကို အရင်နှစ်တွေကလို မွန်အမျိုးသား အလံထူပြီး လာ တာပေါ့။ အဲဒီမှာ ရဲက မကိုင်ရဘူးဆိုပြီး ဆုတ်ဖြဲလိုက်လို့ အခုလို ဖြစ်သွားတာ။ သိမ်းဆည်းရုံ သက်သက် ဆိုရင် ဒီလောက်ဖြစ်မှာ မဟုတ်ဘူး၊ တာဝန်ကျ ရဲကိုယ်တိုင်က မူးနေလားဆိုတာတော့ မပြောတတ်ဘူး” ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါ ပဋိပက္ခတွင် ပါဝင်ခဲ့သည့် လူငယ်များမှာ ကျိုက်မရော ဒေသခံများဖြစ်ပြီး သင်္ကြန်ကာလတွင် စုဖွဲ့လည်ပတ်ကြသည့် သာမန် အရပ်သားများဖြစ်ကြောင်း၊ အဆိုပါ လူငယ်စုများထဲမှ တချို့မှာ ယခုအခါ ရဲတပ်ဖွဲ့ဝင်များ၏ လိုက်လံ ဖမ်းဆီးမှုကြောင့် ထွက်ပြေးပုန်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းမီဒီယာသို့ အသေးစိတ် အချက်အလက်များ ပြောဆိုလိုခြင်း မရှိသေး သော်လည်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်သွား မည်ဖြစ် ကြောင်း ဒုရဲမှူးကြီး မျိုးသန့်က ပြောသည်။

သင်္ကြန်အကျနေ့က ပဲခူးတိုင်း၊ ပြည်မြို့နယ် ဝက်ထီးကန် ကျေးရွာစု၌ ရေကစားနေသော အသက် ၈ နှစ်နှင့် ၇ နှစ် အရွယ် ကလေး ၂ ဦးအား ရဲဝန်ထမ်းတဦး မောင်းနှင်လာသော တီအီးကားနှင့် တိုက်မိပြီး နေရာ တွင်ပင် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ရဲဝန်ထမ်းအား လူသေမှု၊ ယဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒု ရဲမှူးကြီး မင်းအောင်က ပြောသည်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ နိုင်ငံတဝန်းလုံးတွင် အကြိုနေ့မှ အတက်နေ့အထိ ၄ ရက်အတွင်း အမှု စုစုပေါင်း ၁၉၈ မှု ဖြစ်ပွားခဲ့ပြီး ၂၆ ဦး သေဆုံးကာ ၁၈၅ ဦး ဒဏ်ရာ ရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်း ဌာနက သတင်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားချက်အရ မှုခင်းဖြစ်ပွားမှု၊ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အများဆုံးမှာ သင်္ကြန် အတက်နေ့တွင် အများဆုံး ဖြစ်ကြောင်း သိရပြီး လူသေဆုံးမှုမှာ ယာဉ်တိုက်ကြောင့် ၁၁ ဦး၊ သေမှုသေခင်းများတွင် ၁၂ ဦးနှင့် လူသတ်မှုကြောင့် ၃ ဦးတို့ ဖြစ်ကြောင်း သိရသည်

ဧရာဝတီ 

Credit : Here

တရုတ် စီမံကိန်းများအား ဆန္ဒပြမှု ဝန်ကြီး ဦးစိုးသိန်း အပြစ်တင်

တရုတ်နိုင်ငံနှင့် တရုတ်စီမံကိန်းများအား ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခြင်းသည် မှားယွင်းသည့် လုပ်ရပ် တခုသာ ဖြစ်သည်ဟု သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း က ရခိုင်ဒေသခံများကို ပြောဆိုကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသရှိ ရွှေ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဦးဆောင် တည်ဆောက် နေ သည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ရုံးတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာများမှ ဒေသခံများသည် CNPC အား ဧပြီလ ၁၈ ရက်နေ့က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ ၀န်ကြီးများက ဒေသခံများနှင့် ယမန်နေ့တွင် လာရောက် တွေ့ဆုံရာတွင် ဦးစိုးသိန်းက ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

“တရုတ်စီမံကိန်းတွေကြောင့် ဒေသခံတွေက လယ်မြေနည်းနည်း ပေးရတာပဲရှိတယ် တရုတ်နိုင်ငံက ငွေတွေအများကြီးနဲ့ ကိုယ့်ဒေသမှာ လာရောက် ရင်းနှီးတဲ့အတွက် နိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးရမယ်၊ ချေးငွေတွေလည်း အများကြီး ပေးထားတယ်၊ ဒီတော့ တရုတ်တွေကို ဆန္ဒမပြသင့်ဘူး ဆိုပြီး ပြည်သူတွေကို အပြစ်တင်တဲ့ ပုံစံနဲ့ ပြောဆိုသွားတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ဒေသခံ ဦးထွန်းကြည်က ပြောသည်။


ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသော သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း၊ စွမ်းအင် ၀န်ကြီး ဦးသန်းဌေး၊ ပို့ဆောင်ရေး ၀န်ကြီး ဦးဉာဏ်ထွန်းအောင်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် စသူတို့သည် CNPC ရုံးတည်ရှိရာ မဒေးကျွန်းရှိ ပြိန်ရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံရွာသား ၂၀၀ ၀န်းကျင်နှင့် တွေ့ဆုံ ခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရကလည်း ဧရာဝတီသို့ မိန့်သည်။

ထို့အပြင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောရာတွင် စီမံကိန်းကြောင့် ဆုံရှုံးသွားသည့် လယ်မြေများ အတွက် လျော်ကြေးသည် နိုင်ငံတကာ စံနှုန်းသာမက အမေရိကန် နိုင်ငံစံနှုန်းထက်ပင် များနေကြောင်း၊ အမေရိကန်၌ လယ်မြေလျှော်ကြေးသည် စတုန်ရန်း တပေလျှင် ၆ ဒေါ်လာမှ ၈၊ ၁၀၊ ၁၂ ဒေါ်လာ စသည်ဖြင့် ၄ မျိုးသာရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၁၁ ဒေါ်လာ အထိ ပေးထား၍ နိုင်ငံတကာထက် များနေ သည်ဟု ပြောဆိုသွားကြောင်း သိရသည်။

မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာများမှ ဒေသခံ ၅၀၀ ၀န်းကျင်သည် ပြိန်ရွာ ဘုန်းတော်ကြီးကျောင်းမှ CNPC ရုံးရှေ့သို့ ချီတက်၍ CNPC အလိုမရှိ ဟူသော ကြွေးကြော်သံနှင့်အတူ ၎င်းတို့၏ နစ်နာမှု တောင်းဆိုချက် ၉ ချက်ကို ဧပြီလ ၁၈ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ အဖွဲ့သည် ဒေသခံပြည်သူများ၏ တောင်းဆိုချက်များကို ဖြေရှင်းပေးရန် လာရောက်သည်ဟု ဆိုသော်လည်း တွေ့ဆုံပွဲ၌ ဒေသခံများကို မေးမြန်းခွင့်၊ ဆွေးနွေးခွင့် မပေးဘဲ ၎င်းတို့၏ ပြောဆိုမှုများကိုသာ နားထောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ ဆန္ဒထုတ်ဖော် တောင်းဆိုချက်များအနက် တချို့ကို အကောင်အထည် ဖော်ပေးမည် ဖြစ် ကြောင်း၊ သို့သော် လတ်တလော အနေဖြင့် အကောင်းဆုံး အနေအထား ဆောင်ရွက်ပေးနိုင်မည် မဟုတ် ဟု ၀န်ကြီး ဦးစိုးသိန်းနှင့် စွမ်းအင် ၀န်ကြီး ဦးသန်းဌေးတို့က ပြောဆိုသွားကြောင်း ဒေသခံ ဦးထွန်းကြည် က ပြောသည်။

“တံတားဆိုရင် ကွန်ကရစ်အစား သစ်သားတံတား၊ လမ်းဆိုရင်လည်း ကွန်ကရစ်လမ်းတော့ မဟုတ်ဘူးပေါ့၊ ကွန်ကရစ်လမ်းက နေပြည်တော်မှာတောင် လုပ်ရတာ မလွယ်ဘူးဆိုတာတွေ ပြောတယ်။ တောင်းဆိုချက် တွေကို ဒီနှစ်မှာ ချက်ချင်း မလုပ်ပေးနိုင်ပေမယ့် နောင် ဖြည်းဖြည်း လုပ်ပေးသွားမယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြည်ထောင်စု အဆင့်ဝန်ကြီးများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် ဒေသခံများ၏ နစ်နာဆုံးရှုံးမှု တောင်းဆိုချက်များကို ဆောင်ရွက်ပေးမည်ဟု သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှ စတင် ပြောဆိုနေသည့်တိုင် ယနေ့အထိ လက်တွေ့ အကောင် အထည်ဖော်မှု မရှိသေး၍ ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် လုပ်ဆောင်နေရကြောင်း၊ ၎င်းတို့ နစ်နာ ဆုံးရှုံးမှုများ မရမချင်း ဥပဒေဘောင် အတွင်းမှ ဆန္ဒ ထုတ်ဖော်သွားမည် ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။

ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့ကြသော ဦးထွန်းကြည်၊ မောင်ယဉ်လှ၊ ကိုမောင်မောင်မြင့်၊ ဦးအောင်သိန်း ထွန်း၊ ဦးမောင်ဖြူသီး၊ ဦးထွန်းခင်နု၊ ကိုမောင်မောင်စိုး၊ ကိုမောင်ထွန်းအေး၊ ကိုမျိုးမင်းနိုင် စသည်တို့အား CNPC ရုံး အခြေစိုက်ရာ မဒေးကျွန်းပေါ်ရှိ ရဲစခန်း၌ ပုဒ်မ ၁၈ ဖြင့် ခံဝန်ကတိ လက်မှတ်ထိုးထားရပြီး မကြာမီ တရားစွဲဆိုသွားမည်ဟု သိရသည်။

သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနှင့် ၀န်ကြီးများသည် ကျောက်ဖြူမြို့ပေါ်၌လည်း ဌာနဆိုင်ရာ ၀န်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖ တချို့နှင့် ရမ္မာဝတီ ခန်းမ၌ ယမန် နေ့က တွေ့ဆုံခဲ့ကြောင်း တက်ရောက်ခဲ့သူ ရပ်မိရပ်ဖတဦးက ပြောသည်။

ကျောက်ဖြူဒေသ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က ရေတပ်အရာရှိအဖြစ် တာဝန်ဆောင်ခဲ့စဉ်ကပင် ကျောက်ဖြူမြို့သည် ရွှေမြို့ဖြစ်လာမည်ဟု ကြိုတင်သိရှိခဲ့ကြောင်း၊ မကြာမီ ရွှေမြို့တခုအဖြစ် ရောက်ရှိ တော့မည်ဟု အာမခံကြောင်းလည်း ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသွားကြောင်း သိရသည်။

ဂက်စ်ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေကြောင်း မြန်မာအစိုးရက ထုတ်ဖော် ပြောဆိုထားသည်။ မြန်မာအစိုးရသည် ဂက်စ်ပိုက်လိုင်း ဖြတ်သန်းခ၊ ရေနံပိုက်လိုင်းတို့မှ အခွန်အခ အကျိုးအမြတ်များ ရရှိမည်ဖြစ်ပြီး၊ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ကိုလည်း နှစ်စဉ် ရရှိမည်ဖြစ်သည်။ ရွှေဂက်စ် စီမံကိန်းအား ယခင်နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က ၂၀၀၉ ခုနှစ်တွင် သဘောတူလက် မှတ်ရေးထိုး ခဲ့ကြသည်။

တရုတ်နိုင်ငံသည် ရခိုင်ကမ်းလွန်ဒေသမှ ဂက်စ်များကို နှစ်ပေါင်း ၃၀ အထိ ထုတ်ယူခွင့် ရမည်ဖြစ်ပြီး၊ ရွှေသဘာဝ ဓာတ်ငွေ့များကိုလည်း မေလမှစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဟု CNPC ကုမ္ပဏီမှ ပြောဆိုထားသည်။ တရုတ်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်အတွက် အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံများမှ ရေနံစိမ်းများကိုလည်း မဒေးကျွန်းပေါ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။

ဂက်စ်ပိုက် စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပိုက်လိုင်းအား တချို့နေရာတွင် မြေကြီး ထဲ၌ စနစ်တကျ မြှုပ်နှံထားမှု မရှိခြင်း၊ ဂက်စ်များသန့်စင်မည့် စက်ရုံမှ စွန့်ပစ်ပစ္စည်းများကို မည်သည့် နေရာတွင် စွန့်ပစ်မည်ဆိုသည်ကို ပွင့်လင်းစွာ ရှင်းလင်းပြောဆိုမှု မရှိခြင်းတို့ကြောင့် ရခိုင်ဒေသခံများနှင့် ပိုက်လိုင်း တလျှောက်ရှိ ဒေသခံများက စိုးရိမ်မကင်း ဖြစ်နေကြကြောင်း သိရသည်။ ဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်သည်။

ဧရာဝတီ 

Credit : Here

အမျိုးသားတို့ စားသင့်သောအစားအသောက် - (၁၀) မျိုး

အမျိုးသားတွေ အနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေးကောင်းနေဖို့အတွက် အမျှင်ဓာတ်များစွာ ပါဝင်ပြီး အဆီနည်းတဲ့ အစာတွေကို များများစားသင့်ပေမယ့် အဆင်သင့်အစာတွေကိုပဲ ဖြစ်သလို စားကြတာ များပါတယ်။ အစားအသောက်ရွေးချယ်မှု မှားယွင်းတဲ့အတွက် အဝလွန်တာ၊နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

၁။ ငှက်ပျောသီး

အခွံခွာထားတဲ့ ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ကြွက်သား ကြွက်တက်တာ မဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ ငှက်ပျောသီးကိုစားရင် အဆစ်နဲ့ ကြွက်သားတွေကို နာကျင်မှုကင်းစေပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာ ရောင်ရမ်းမှုကို လျော့ကျ စေတဲ့ အာနိသင် ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် သွေးတွင်း ကိုလက်စထရောကို လျော့ကျစေပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ် ပါဝင်တာကြောင့် လေဖြတ်ဝေဒနာကို လျော့ကျစေပါတယ်။


၂။ ဂျုံမှုန့်အကြမ်း


အမျိုးသားတွေအတွက် အသင့်တော်ဆုံး နံနက်စာက ဂျုံမှုန့်အကြမ်းနဲ့ လုပ်ထားတဲ့ မုန့် (Oatmeal Snack) နဲ့ ကွေကာ(Oatmeal Cereal) တို့ပဲဖြစ်ပါတယ်။ ဒီအစားအသောက်တွေကို မုန့်ပုံးတွေ၊ အဆင်သင့် စီမံထားတဲ့ ကွေကာအုတ်တွေအနေနဲ့ City Mart ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။ ဂျုံမှုန့်အကြမ်းပါတဲ့ နံနက်စာ တစ်ကြိမ်စားရင် အမျှင်ဓာတ်များများပါဝင်ပြီး ဗိုက်ပြည့်စေကာ သွေးတွင်း သကြားဓာတ်ဟန်ချက် ညီနေပါလိမ့်မယ်။ ဒါပေမဲ့ သွေးတွင်း ကိုလက်စထရော အဆီလျော့ကျ ပါလိမ့်မယ်။ ဂျုံမှုန့်အကြမ်းတွေမှာ ခုခံအားစနစ် ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှုကို တွန်းလှန်ပေးမယ့်ဗီတာမင်ဘီအုပ်စုနဲ့ အင်တီ အောက်ဆီးဒင့် ပေါများစွာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ပေါများစွာ ပါဝင်ပါတယ်။

၃။ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေများစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးမှာ အရောင်ပြာစေတဲ့ အန်သိုဆိုင်ယာနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ခန္ဓာကိုယ်အနှံ့ရှိ ဖရီးရယ်ဒီကယ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် အိုမင်းမှုနဲ့ တစ်သျှူးထိခိုက်မှုတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၎။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက ဆီးကျိတ် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ အင်တီ အောက်ဆီးဒင့်လိုင်ကိုပင်း ပါဝင်လို့ပါ။ အစွမ်းထက် ကာရိုတီးနွိုက် ပါဝင်တာကြောင့် ခရမ်းချဉ်သီးအရောင် နီမြန်းရတာ ဖြစ်ပြီး အမျိုးသားတစ်ဦးရဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ အထိရောက်ဆုံး အာနိသင်ရဖို့အတွက်မစားခင်မှာ ခရမ်းချဉ်သီးကို ချက်ပြီးစားသင့်ပါတယ်။ ချက်ပြီးသား ခရမ်းချဉ်သီးဟင်းမှာပါတဲ့ လိုင်ကိုပင်းကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်ပါတယ်။

၅။ သံလွင်ဆီ

တစ်နေ့မှာ သံလွင်ဆီ ထမင်းစားဇွန်းနှစ်ဇွန်းစားပေးရင် ကိုယ်အလေးချိန်ကို လျော့ကျစေကာစိတ်ခံစားမှု ကောင်းစေပြီးရောဂါဝေဒနာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီကကောင်းတဲ့အဆီဖြစ်ပြီး မပြည့်ဝ ဆီ ဖြစ်တာကြောင့် ကာရိုတီးနွိုက်နဲ့ ဗီတာမင်အီးတွေလို အင်တီအောက်ဆီးဒင့်ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီကို စားရင်သွေးဖိအားကို လျော့ကျစေပြီး ကင်ဆာရောဂါ ကြီးထွားမှုကို လျော့ကျစေကာ ရင်ကျပ် ပန်းနာနဲ့ အဆစ်ရောင်နာရဲ့ ပြင်းထန်မှုကို လျော့နည်းစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေမယ့် ရောင်ရမ်းမှု ကျစေတဲ့ အာနိသင် ရှိတာကြောင့်ပါ။

၆။ သီဟိုဠ်စေ့ သီဟိုဠ်စေ့မှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင်အီးတို့ ပါဝင် တာကြောင့် ဆီးကျိတ်ကိုကာကွယ်ပေးနိုင်ပါတယ်။ သီဟိုဠ်စေ့မှာ အပင်ထွက် အိုမီဂါ ၃ ဖက်တီးအက်စစ် ကောင်းမွန်စွာ ပါဝင်ပါတယ်။ လေ့လာမှုအရ သီဟိုဠ်စေ့စားတဲ့ ကျန်းမာနေတဲ့ သူကကောင်းတဲ့ ကိုလက် စထရော ပမာဏ မြင့်တက်နေပြီး မကောင်းတဲ့ကိုလက်စထရော လျော့ကျနေတာကြောင့် နှလုံးသွေးကြော ရောဂါ အန္တရာယ်ကို လျော့နည်းစေပါတယ်။

၇။ ပန်းဂေါ်ဖီစိမ်း

နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အသက် ၃၅နှစ်ကျော်တဲ့ အမျိုးသားတွေမှာအဖြစ်များဆုံး ကျန်းမာ ရေးအန္တရာယ်တွေ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ခုခံအားစနစ်ကို တိုးမြင့်စေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့ ပါဝင်ပါတယ်။ ဒါကြောင့် သွေးဖိအားကို ကောင်းမွန်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းကို စားတာကြောင့် ခန္ဓာကိုယ် ထဲကဟိုမိုစစ်စတင်း အဆင့်ကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ထဲ မှာ ဟိုမိုစစ်စတင်း အဆင့်များရင် နှလုံး ရောဂါ၊လေဖြတ်ဝေဒနာနဲ့ နှလုံးနဲ့ ဆက်စပ်နေတဲ့ တခြားကျန်းမာရေး ပြဿနာတွေရဲ့ ဖြစ်နှုန်းကို တိုးစေ ပါတယ်။ အမျိုးသားတွေအနေနဲ့ ကင်ဆာရောဂါ ကင်းစေဖို့အတွက်သံဓာတ်၊ ကယ်လ်စီယမ်၊အမျှင်ဓာတ်၊ ဘီတာကယ်ရိုတင်းနဲ့ ဆာဖိုရာဖိန်းတွေ များစွာပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။

၈။ အဆီများသော ငါး

အဆီများတဲ့ ငါးတွေမှာ ကျန်းမာရေးအာနိသင် များများ ရှိပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ ဆာဒင်းငါး တွေမှာ အိုမီဂါ၃ ဖက်တီးအက်စစ် ပေါများစွာ ပါဝင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ထရစ်ပတိုဖန် ပါဝင်တာကြောင့်တစ်နေ့လုံး စိတ်တည်ငြိမ် အေးချမ်းပြီး တက်ကြွကာ အိပ်ရေးဝဝ အိပ်မော ကျစေပါတယ်။

၉။ ပဲမည်း

ပဲမည်းမှာ ဆိုဒီယမ်၊ အဆီ၊ကိုလက်စထရောတို့ ပါဝင်မှုနည်းတဲ့ ပရိုတင်းပုံစံပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ဒါကြောင့် ပဲမည်းကို စားပေးတဲ့အခါမှာ တစ်နေ့လုံး စွမ်းအင်တိုးစေပြီး မကောင်းတဲ့ ကိုလက် စထရောကို လျော့နည်းစေပါတယ်။ လေ့လာမှုအရ ပဲကပိုမည်းလေလေ အင်တီအောက်ဆီးဒင့် ပါဝင်မှုများ လေလေဖြစ်တာကြောင့် ကင်ဆာနဲ့နှလုံးရောဂါတို့ မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ် ပေးနိုင် ကြောင်း သိရပါတယ်။

၁ဝ။ လက်ဖက်စိမ်း လက်ဖက်ရည်

သင့်ခင်ပွန်းကို လက်ဖက်စိမ်း လက်ဖက်ရည် တစ်နေ့တစ်ခွက် တိုက်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့် ကက်တီချင် ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေရဲ့ လှုပ်ရှားမှုကို တားဆီးပေးပြီး ခုခံအားစနစ်ကိုကောင်းစေတဲ့အင်ဇိုင်းတွေ ထုတ်လုပ်မှုကို ကောင်းမွန်အောင် လှုံ့ဆော်ပေးပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာပါတဲ့ ကတ်တီချင် က တခြား လက်ဖက်ရည်တွေမှာပါတဲ့ ပမာဏထက် ပိုများတာကြောင့် ကင်ဆာကာကွယ်ရေးမှာ ပိုအစွမ်းထက်ပါတယ်။

Credit : Good Health

မေတ္တာတရားကို ခုတုံးလုပ် လူကုန်ကူးမှု

မေတ္တာတရားကို ခုတုံးလုပ်တယ်ဆိုတာ လူ့ဘ၀မှာ မကြာခဏ ကြုံရတတ်တဲ့ ကိစ္စပါ။ အခုဟာကတော့ မေတ္တာတရားကို ခုတုန်းလုပ် လူကုန်ကူးမှု ဖြစ်စဉ်တခုပါ။

မေတ္တာတရားကို ခုတုံးလုပ်တယ် ဆိုတာက လည်း သားမယားအဖြစ် လက်ထပ်ပေါင်းသင်း ယူပြီးမှ ကိုယ့်ဇနီးမယားကို တဖက်နိုင်ငံမှာ ရောင်းစားလိုက်တာကို ဒီကနေ့ထုတ် ကြေးမုံ သတင်းစာက သတင်းတပုဒ်မှာ တွေ့ရပါ တယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ဦးပန်းစုံဆိုတဲ့ သူက ၂၀၁၂ ခုနှစ် သြဂုတ်လတုန်းက သထုံမြို့က အမျိုး သမီး တဦးကို လက်ထပ်မယ်ဆို ပြီး ဖျားယောင်းသွေးဆောင်ကာ တခြားတရွာက သူငယ်ချင်းဖြစ်သူ တဦးရဲ့ အိမ်မှာ သားမယား အဖြစ် ပေါင်းသင်း နေထိုင်ခဲ့ပါတယ်တဲ့။


အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆေးဆိုးပန်းရိုက်စက်ရုံမှာ ဦးပန်းစုံက သူ့ဇနီးကို အလုပ် သွင်းပေးခဲ့ပြီး မြန်မာပြည် ပြန်သွားခဲ့တယ်တဲ့။

လကုန်လို့ လစာထုတ်ချိန်ရောက်မှ ဦးပန်းစုံက သူ့ကို ရောင်းစားသွားခဲ့တယ်ဆိုတာ သိရလို့ စက်ရုံက ထွက် ပြေးလွတ်မြောက်လာခဲ့ပြီး ၂၀၁၃ ဧပြီလ ၁၃ ရက်နေ့က ဘားအံမြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြား ခဲ့လို့ အခုတော့ စစ်ဆေးနေပြီလို့ ဆိုပါတယ်။ အမှုဖြစ်စဉ် ရက်တွေကို ပြန်သုံးသပ်မိတော့ အနည်းဆုံး ၇ လကြာ ပြီးမှ ရဲစခန်းမှာ အမှုဖွင့်နိုင်ခဲ့တာဖြစ်တာ ကို သတိထားမိပါတယ်။

ဘာပဲ ပြောပြော ဒီလို မေတ္တာတရားကို ဟန်ပြ အသုံးချပြီး လူကုန်ကူးမှုဖြစ်တတ်တယ်ဆိုတာကတော့ အမျိုးသမီးတိုင်း သတိထားရမယ့် ကိစ္စတခုပါ။ လူကုန်ကူးမှု အန္တရာယ်ကတော့ မြန်မာနိုင်ငံ သာမက နိုင်ငံ တကာမှာလည်း ရင်ဆိုင်နေကြရလို့ တိုက်ဖျက်ရေး လုပ်ငန်းတွေ၊ အစီအမံတွေ ချပြီး အရေးတယူ လုပ်ဆောင်နေတာပါ။ 


ယဉ်ကျေးလာတဲ့ လူ့ကမ္ဘာကြီးမှာ လူကုန်ကူးတယ်ဆိုတာ အလွန် အကျဉ်းတန် အရုပ်ဆိုးတဲ့ ဖြစ်စဉ်တခုပါ။ လူကုန်ကူးမှုရဲ့ သားကောင်တွေမဖြစ်စေဖို့ သတိပေးမှုတွေ၊ ပညာပေးမှုတွေကို နိုင်ငံတကာမှာလည်း လုပ်ဆောင်နေကြပါတယ်။

အယုံလွယ်အမိုက်မှားတတ်တဲ့ မြန်မာမိန်းကလေးတွေအနေနဲ့ လူကုန်ကူးမှု အန္တရာယ်ဖြစ်လာမယ့် အကြောင်း တရားတွေကို သိထားသင့်ပြီး ဝေဖန်ဆင်ခြင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ အကြောင်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံကနေ လူကုန်ကူးတင်ပို့နေတာတွေကို ဖမ်းမိတဲ့ သတင်းတွေကတော့ မကြာခဏဆိုသလို တွေ့မြင်နေရတော့ ဖမ်းဆီးရမိတာမရှိတာ ဘယ်လောက် များ လိုက်မလဲ ဆိုပြီး တွေးပူစရာဖြစ်မိပါတယ်။

မြန်မာနိုင်ငံက တချို့လူကုန်ကူးမှုရဲ့ ဓားစာခံတွေဟာ ပြည့်တန်ဆာလုပ်ငန်းတွေမှာ လုပ်ကိုင်ကြရတာဆိုပါ တယ်။ 

ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာတွေပေါများပြီး ပြည့်တန်ဆာ အများစုကြီးဟာ ထိုင်းအမျိုးသမီးတွေ မဟုတ်ပါ ဘူးလို့ သိရပါတယ်။ ပြည့်တန်ဆာ အများစုကတော့ အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စ တဲ့ နိုင်ငံ တွေက ဖြစ်တဲ့အကြောင်း ယမန်နှစ်က ထိုင်း နိုင်ငံ လိင်ဖျော်ဖြေရေးဆိုင်ရာ စစ်တမ်းတခုက ဆိုပါတယ်။ 

Credit : Here

ရှမ်းပြည်မြောက်ပိုင်းမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေ

ပြီးခဲ့တဲ့မတ်လက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ် ဆောင်ရေးအဖွဲ့နဲ့ KIO တို့ ရွှေလီမြို့မှာ ငြိမ်းချမ်း ရေး ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း ရှမ်းပြည် မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေတယ်လို့ KIA တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီး ဇော်ေ ရာ် က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ တာမိုညဲ၊ နမ္မတူ မြို့နယ်တွေအပြင်၊ နမ္မတူနဲ့ နမ့်ဆန်ကြားေ ဒသတွေ မှာ လည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီးဇော်ရော်က အခုလိုပြောပါတယ်။


“ဟုတ်ပါတယ်၊ နေ့တိုင်းပစ်နေတာပါ၊ အမြဲလိုက်ပြီးတော့ ထိုးစစ်ဆင်နေတာ၊ ကျွန်တော်တို့တစ်ဖွဲ့တည်းကို ထိုး တာ မကပဲနဲ့ ပလောင်ရော၊ ရှမ်းရောအကုန်လုံးကို တစ်ပြိုင်တည်း ထိုးစစ်ဆင်နေတာ၊ ကချင်ကို နား ထားပြီး မှ ရှမ်းပြည်ဘက်ကို ပြန်ဦးလှည့်လာတာလားလို့”

KIA တပ်မဟာ (၄) နယ်မြေတွေအပြင် SSA မြောက်ပိုင်းတပ်တွေနဲ့ ပလောင်တပ်တွေကိုပါ အစိုးရတပ်က ထိုးစစ် ဆင်နေတယ်လို့ ဗိုလ်မှူးကြီးဇော်ရော်က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရာမှာ လာရှိုးနဲ့ တန်ယန်းမြို့တွေဘက်ကို ပြေး သူတွေ ရှိ သလို၊ တရုတ်ပြည်နယ်စပ်ဘက်ကို ထွက်ပြေးသူတွေလည်း အများအပြား ရှိနေပါတယ်။ တပ်မ ဟာ (၄) ဒေသရဲ့ အောက်ပိုင်းမှာ မြန်မာပြည်ကိုဖြတ်ပြီး တရုတ်ပြည်ဘက်ကို သွယ်တန်းနေတဲ့ ဓါတ်ငွေ့ ပိုက် လိုင်းရှိနေပါတယ်။

RFA

Credit : Here

ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုကို လျစ်လျူကာ ၈၈ များ အစိုးရကို အပုပ်ချ

လက်ပံတောင်း ဒေသတွင် ၈၈နှင့် ဗကသ များ၏ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုကြောင့် ဒေသခံများ နားယောင်ပြီး ရဲတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင် မှုများ ပြုလုပ်ခဲ့ကြသည်။ ပထမဦးစွာ အော်ဟစ် ဆဲဆိုခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လေးဂွများဖြင့် ပစ်ခြင်း၊ ရေသန့်ဗူးများတွင် ဓာတ်ဆီထည့်ကာ မီးစ ထည့်၍ ပစ်ခတ်ခြင်းများကို ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ ၀င်များစွာ ဒဏ်ရာရရှိခဲ့သည်။ ထို မင်းမဲ့စရိုက် အကြမ်းဖက်မှုများကို အားပေးအား မြှောက်သည့် ၈၈ အဖွဲ့များက ကြေငြာချက် တစ်စောင် အချိန်ကိုက် ထုတ်ပြန်ခဲ့သည်။

ထိုကြေငြာချက်တွင် ဒေသခံများကို မြှောက်ပေးလှုံ့ဆော်သဖြင့် ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုများကို လျစ် လျူ ရှု ကာ အာဏာပိုင်များကသာ အကြမ်းဖက်နှိမ်နှင်းသဖြင့် ကန့်ကွက်ကြောင်း စသည့် အချက်များဖြင့် အစိုးရ ကို အပုပ် ချခဲ့သည်။


၈၈ ကျောင်းသား အမည်ခံ မင်းကိုနိုင်သည် မိထ္ထီလာ အရေးအခင်း စတင်သည့်အခါတွင်လည်း စစ်ဖိ နပ်အောက် ရောက်သွားချင်သလား အကြောင်းပြကာ ဆူပူသူများအပေါ် လှုံ့ဆော်ခဲ့သည်။ ၈ လေးလုံး အရေး အခင်းကြီး ဖြစ်ပွားသည်အထိ လှုံ့ဆော်ခဲ့သော ၈၈ မျိုးဆက်အမည်ခံ ထောင်ထွက်ကျောင်းသား များ အား ပြည်သူလူထုမှ ရွံရှာ မုန်းတီးလျှက် ရှိသည်။

လတ်တလော သတင်းများအရ ၈၈ အမည်ခံ ကျောင်းသားများသည် နယ်စပ်တစ်လျှောက်မှ လက်နက် ကိုင် များ ထကြွနိုင်စေရန် ပြည်တွင်းဆူပူမှုများ ဖန်တီးသွားရန် စီစဉ်လျှက် ရှိပြီး ၈ လေးလုံးကဲ့သို့ ဆူပူမှုမျိုး ဖြစ် လာစေရန် စီစဉ် ဆောင်ရွက်လျှက်ရှိသည်။ ၄င်းတို့နှင့် အတူ အခြေခံဥပဒေကို ပြင်ဆင်ပြီး တိုင်း ရင်းသား ဖြစ်လိုသူများက လည်း အချိန်ကိုက် လုပ်ဆောင်ကာ ငွေကြေးများ ထောက်ပံ့ပေးလျှက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ကေအိုင်အေ တပ်ဖွဲ့များနှင့် တွေ့ဆုံကာ ပြည်တွင်းနှင့် နယ်စပ် တစ်ပြိင်နက် လှုပ်ရှားရန် အကွက် ချခဲ့သည့် မင်းကိုနိုင်နှင့် ၈၈ အမည်ခံများ

Credit : Here

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်တွင် ခွန်ဆာ ခွဲထွက်အဖွဲ့မှ ၄၀ ကျော်ပါဝင်

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာသူများထဲတွင် ဘိန်းဘုရင် ခွန်ဆာ၏ မော်ထိုင်း တပ် မတော် (MTA) ခွဲထွက် အဖွဲ့ဖြစ်သည့် ရှမ်းပြည် အမျိုးသား တပ်မတော်(SSNA) မှ တပ်ဖွဲ့ ဝင် ၄၀ ကျော် လည်း ပါဝင်ကြောင်း သိရသည်။

လွတ်မြောက်လာသူများသည် SSNA တပ်မဟာ ၁၁ မှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်းသိရပြီး တပ်သား စိုင်း အုန်းမောင်၊ အိုက်ခမ်း၊ အိုက်အောင်၊ လှဝင်းမောင်နှင့် အိုက်စမ်တို့ အပါအဝင် တပ်ဖွဲ့ဝင် ၄၅ ဦးကို ၂၀၀၂ ခုနှစ် ဇန်နဝါရီလ က အစိုးရနှင့် တိုက်ပွဲဖြစ်ပြီး မကြာမီ မူးယစ်ဆေးဝါးမှုဖြင့် နှစ်အကန့်အသတ်မရှိ ထောင် ချ ခံခဲ့ရသူများ ဖြစ်ကြောင်း ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ကပြောသည်။


“အရင်တုန်းက တပ်မဟာမှူးတဦးက လက်နက်ချရင် တပ်သား ၄၀ လုံး ပြန်လွှတ်ပေးမယ်လို့ ပြောလို့ လက် နက် ချခဲ့ ပေမယ့် လွှတ် မပေးခဲ့ဘူး၊ သူတို့အားလုံးက မတရား ဖမ်းဆီးခံခဲ့ရတဲ့ တပ်သားတွေဖြစ်တယ်”ဟု SNLD တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။

၎င်းတို့ လွတ်မြောက်ရေး အတွက် ဧပြီ ၁၁ ရက် က SNLD ပါတီမှ ဦးဆောင်၍ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီသို့ တင်ပြ ခဲ့ခြင်း ဖြစ်ကြောင်း ဦးစိုင်းလိတ်က ဆက်၍ ပြောဆိုသည်။

SSNA တပ်မဟာ ၁၁ သည် ဘိန်းဘုရင် ခွန်ဆာ၏ မော်ထိုင်း တပ်မတော်(MTA)မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး စိုင်းကန်းယွက် ၏ လက်အောက်ခံ တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

စတင်ဖမ်းဆီးခံရချိန်က တပ်ဖွဲ့ဝင် ၄၅ ဦး ဖြစ်ပြီး ၂ ဦးမှာ ထောင်တွင်း၌ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ ကြောင်း၊ ၃ ဦးမှာ ကျန်းမာ ရေးကြောင့် သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ အားလုံးကို ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း SNLD က ပြောသည်။

လွတ်လာသူ အားလုံးကို ၎င်းတို့၏ မိဘဆွေမျိုးများနှင့် တွေ့ဆုံ အပ်နှင်းပွဲကို SNLD ရုံးတွင် ကျင်းပ မည်ဟုလည်း ဦးစိုင်းလိတ်ထံမှ သိရသည်။

ရှမ်းတပ် ပြောရေးဆိုခွင့်ရှိသူတဦးက အစိုးရနှင့် ပဏာမအပစ်အခတ်ရပ်စဲထားသော ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S) က အစိုးရနှင့် ဆွေးနွေးပွဲများတွင် ၎င်းတို့ တပ်ဖွဲ့များနှင့် ဆက်နွယ်မှုဖြင့် ဖမ်းဆီး အကျဉ်းချခံထားရသူများကို လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆို ထားသော်လည်း လွှတ်ပေးခြင်း မရှိ ကြောင်း ပြောသည်။

“လွတ်တဲ့အထဲမှာ ရှမ်းတပ်ဖွဲ့တွေပါတယ်ဆိုတော့ ကျနော်တို့လည်း လိုက်စုံစမ်းကြည့်တယ်၊ ကျနော်တို့လူ တယောက်မှပါမလာဘူး၊ အစိုးရကို ကျနော်တို့နဲ့ ဆက်နွယ်ပြီး ကျထားတဲ့ လူတွေပြန်လွှတ်ပေးဖို့ တောင်းဆို ထားတာ ဆိုတော့ လွှတ်ပေးမယ်ထင်တာ၊ တယောက်မှ ပါမလာဘူး”ဟု SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင် ကဧရာဝတီသို့ပြောသည်။

SSA-S နှင့် ဆက်နွယ်မှုဖြင့် ဖမ်းဆီးထောင်ချခံထားရသူ စုစုပေါင်း ၅၀ ကျော်ရှိကြောင်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တွေ့ဆုံသည့် အကြိမ်များတွင် အဆိုပါ ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် တောင်းဆိုထားကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA) ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း ဧရာဝတီနှင့် တွေ့ဆုံမမေးမြန်းမှုတွင် ပြောဆိုခဲ့ဖူး သည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှကလည်း ၎င်းတို့အဖွဲ့အ စည်း မှ ပုဒ်မ ၁၇/၁ ဖြင့် အရေးယူ ခံရပြီး လွတ်မြောက်လာသည့် ကိုလဟန် တဦးတည်းသာ ရှိသေးေ ကြာင်း၊ အခြားလူများ ပါဝင်မှုရှိမရှိကိုမှု မသိရှိရသေးကြောင်း ပြောဆိုသည်။ ထို့အပြင် SSA-N မှ အကျဉ်း ကျခံနေရသည့် အကျဉ်းသား ၄ ဦး ကျန်နေသေးကြောင်းလည်း ပြောသည်။

“အစိုးရနဲ့ ဆွေးနွေးပွဲလုပ်တုန်းကတော့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ဆိုပြီး တောင်းဆို ထားတာ၊ ပြီးခဲ့တဲ့နေ့က လွှတ် ပေးတာတော့ ကျနော်တို့ဆီက တယောက်ပဲ ပါတယ်လို့ စာရင်းရထားတယ်”ဟု ဗိုလ်မှူး စိုင်းလှ က ဧရာဝတီ သို့ ပြောသည်။

ဧပြီ ၂၄ ရက်စွဲဖြင့် ထုတ်သည့် နိုင်ငံပိုင် သတင်းစာများတွင် နိုင်ငံတော်သမ္မတ သည် နိုင်ငံရေး လုပ်ငန်း စဉ်များတွင် အားလုံးပါဝင်နိုင် ခွင့် ရရှိစေရေး၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးခြင်း၊ နိုင်ငံအချင်းချင်း မိတ်မပျက်ရေး တို့ကို ရှေးရှုကာ အကျဉ်း သား/အကျဉ်းသူ ၉၃ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယခု လွတ်မြောက်လာသည့် စာရင်းတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း အင်းစိန်ထောင်မှ ၆ ဦး၊ သာယာ ဝတီထောင်မှ ၄၂ ဦး၊ ပခုက္ကူထောင်မှ ၁ ဦး၊ မြင်းခြံထောင်မှ ၆ ဦး၊ သရက်ထောင်၂ ဦးနှင့် မန္တလေးေ ထာင် မှ ၂ ဦး ပါဝင်ကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က“နိုင်ငံရေး အကျဉ်းသား တွေက သူတို့(အစိုးရ)အတွက် ဓားစာခံ သဘောမျိုးဖြစ်နေတယ်၊ အကျဉ်း သား လွှတ်ပေးမယ်ဆိုရင် နိုင်ငံပိုင် သတင်းစာကနေ တရားဝင် အရင်ဆုံး အသိပေးကြေညာ သင့်တယ် လို့လည်း မြင်တယ်”ဟု သုံးသပ်သည်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးအဖွဲ့များ ၏ စာရင်းပြုစုချက်များအရ နိုင်ငံတဝန်းရှိ အကျဉ်းထောင်များ၌ နိုင် ငံရေး အကျဉ်းသား ၃၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ဧရာဝတီ

Credit : Here

ရန်ကုန်သား အချို့ လူလည်လုပ် ဗိုလ်ကျ စိုးမိုးခြင်းကို မုံရွာသား လူနုံ လူအ တွေခံနေရ

မနေ့က လက်ပတောင်းတောင် မှာ ရွာသားတွေ နဲ့ ရဲ တပ်ဖွဲ့ တွေ ပြဿနာ ဖြစ်တယ်၊ ရဲ တွေ ရော ရွာ သားရော တွေရော ဒဏ်ရာတွေ ရသွားကြပါတယ်။ လက်ပတောင်း ပြဿနာ မှာ မုံရွာ နယ် က လူ တွေကို ရန် ကုန် ပညာအရည် အချင်း (၁၀) တန်း တောင် မအောင်တဲ့ ဟန်ဝင်းတောင် လို လူ လည် က မြှောက်ထိုး ပင့်ကော် လုပ် ပြီး "ဒီ စီမံကိန်းက ဦးပိုင် က လုပ်တာ၊ တရုတ်တွေပဲ ရမှာ၊ ဒေါ်စုကြည် လဲ စစ်တပ် နဲ့ ပေါင်းသွားပြီ၊ လက်ပေ တာင်းေ တာင် စုံးစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ အစီရင်ခံစာကို လက်မခံနဲ့ တို့ရွာ သားတွေကို ကာ ကွယ် မပေး ဘူး စတဲ့ စကားတွေပြော၊ တားမြစ်ထားတဲ့ နေရာမှာ ရွာသွားတွေကို အတင်း လယ် ထွန်ခိုင်း၊ ရဲ နဲ့ ပြဿ နာ မဖြစ့်ဖြစ် အောင် လုပ်ပြီး ရွာသားတွေ ဒဏ်ရာ အနာတရ ဖြစ်အောင်လုပ် ၊ ပြီးရင် အင်တာ နက်ပေါ် တင်၊ အခြား မြန်မာပြည်က လူတွေစိတ်ထဲမှာ ရဲတွေ နဲ့ တရုတ်တွေ ကပဲ ရွာသားတွေကို အတင်း အကြမ်း ဖက်နေသလို ထင်သွားအောင်လုပ်နေတာပါ။


ဒီလို ပြဿနာတွေ ဖြစ်ရင် ဟန်ဝင်းအောင်တို့ လူတစ်စုက ပိုက်ဆံ ရပါတယ်၊ သူတို့ကို နောက်ကွယ်က လူ တစ် စုက ပိုက်ဆံ ပေးပြီး မုံရွာသား လူနုံ လူအတွေ နဲ့ ရဲတွေ ပြဿနာ ဖြစ်အောင် လုပ်ခိုင်းတာပါ၊ ပြဿ နာဖြစ်ရင်တော့ ရွာသားတွေ နဲက ရဲတွေပဲ ဒဏ်ရာ အနာတရာ ဖြစ်ခံရတာပါ၊ သူတို့က ဘေးရှောင် ထွက်သွားတာပါ။

ဒီ ဟန်ဝင်းအောင် တို့ လူတစ်စု လက်ထဲမှာ ရှိတဲ့ ဖုန်းတွေ ၊ I pad တွေ၊ အဆင့်မြင့် ကင်မရာတွေ၊ လက်တော့ ကွန်ပျူတာတွေက ထောက်ပံပေးထားတဲ့ လူတစ်စု နောက်ကွယ်မှာ ရှိပါတယ်။

ဟန်ဝင်းအောင်တို့ အဖွဲ့ဝင်တွေ တစ်ချို့ က ဘာသမဂ္ဂ ညာ သမဂ္ဂ ဆိုပြီး လျှောက် ပြောတယ်၊ အဲဒီ သမဂ္ဂ ဆို တာ တစ်ကယ်တမ်း ရှိတာလဲ မဟုတ်ဘူး၊ ပါးစပ်ထဲ ရှိတာ လျှောက်ပြောနေတာပါ။

ဒီလို မုံရွာ ကြေးနီ မိုင်း ဒေသ က လူတွေ ရန်ကုန် သား လူလည် တစ်ချို့က လူလည်ကျ မြှောက်ပေးနေ တာကို မုံရွာမြို့ပေါ် နဲ့ မုံရွာဒေသနယ်က ပညာတတ် လူကြီးတွေ၊ မုံရွာသားလူငယ်စစ်စစ်တွေက တားမြစ် သင့်ပါတယ် ခင်ဗျာ၊ 

ပိုက်ဆံတွေ ရနေတဲ့ ဟန်ဝင်းအောင်တို့ ရန်ကုန်သား လူလည် တစ်စု ကအနောက်မြောက်တိုင်း မြို့တော် မုံရွာမြို့ နဲ့ မလှမ်းမကမ်းက ရွာသားတွေကို အမိန့်ပေး လျှောက်ခိုင်းနေသေးရင်တော့ မုံရွာသားတွေ လူအ တွေ လို့ ပဲ ပြောတော့မယ်ခင်ဗျာ။

မြန်မာ့ သားကောင်း

Credit : Here

မြေယာကို အကြောင်းပြု ဆူပူမှု ဖြစ်စေလိုသူများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ

၂၀၁၀ အစိုးရသစ် တက်လာပြီးနောက်ပိုင်း၊ ၈ လေး လုံး အရေးအခင်း ဖြစ်စေခဲ့သူ ၈၈ မျိုးဆက်များအား နှစ် ရှည် ထောင်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်း ပြည်တွင်းတွင် ဆူပူမှုများ ဖြစ်စေ ရန် အ သုံး ပြုသည့် ပြဿနာမှာ မြေယာ ပြဿနာ ဖြစ်သည်။ အစောပိုင်း အခြေအနေများ၌ လယ် ယာ မြေများကို အကြောင်း ပြသည်။ ထိုနောက်ပိုင်း တွင် တော့ မြို့ပေါ် ရပ်ကွက်အစုလိုက်မှ ကျူးကျော်လူများ စုနေ သည့် နေရာ များသည် ဆူပူလိုသူ တို့၏ ပစ်မှတ် ဖြစ်လာသည်။ အစိုးရမှ မည်သည့်နေရာမှ ကျူးေ ကျာ် များကို ဖျက် မည်ဟု သတင်းကြားသည်နှင့် ထိုနေရာသို့ အရင်ဆုံး ရောက်သူများမှာ နိုင်ငံရေး သမား များ၊ မီဒီယာများ နှင့် ကျူးကျော်မြေ များ အပေါ်တွင် ထပ်မံ ကျူးကျော်မည့် သူများ ဖြစ်နေခဲ့သည်။


အဖိုး၏ အဖေလက်ထက်က ပိုင်ခဲ့သည့် မြေများ ဖြစ်သည်ဟု ဆိုသူများကလည်း ဆိုကြသည်။ အဖေ၏ အ ဘိုး လက်ထက်ကတည်းက နေထိုင်ခဲ့ကြသည့် အတွက် ၄င်းတို့ပိုင်သည်ဟု ဆိုသူများကလည်း ဆိုကြသည်။ ၄င်း တို့ ကို မြှောက်ပင့် သွေးထိုးသူများကလည်း ဥပဒေထက် ဆူပူမှုကို ဘယ်လို ဖန်တီးရသည် ဆိုသည် ကို သာ ရှင်းပြ သည်။ ရက်ရှည်ကြာလာသည်နှင့် အမျှ ကျူးကျော် အိမ် ၂၀ မှ ၂၀၀ ဖြစ်လာသည်။ ပြဿ နာမှာ ရှင်းမရတော့။ 

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ရှေ့နေ နှင့် နိုင်ငံရေး သမား တစ်ဦးဖြစ်သူ ဦးမြတ်သူကျော် က မြေယာ ကိစ္စ ဆိုတာ ဘယ်နိုင်ငံ၊ဘယ်ခေတ် မှာမဆို နိုင်ငံရေးသမားတွေ အသုံးချတဲ့ ပြဿနာပဲ။ ခင်ဗျားတို့ နေတဲ့မြေကို ခင် ဗျား တို့ ရစေရမယ်လို့ပြော အားလုံးလက်ခံကြမှာပဲ။ ဒီတော့ သူတို့နဲ့ နီးစပ်သူတွေ၊ သူတို့အကြောင်း ကောင်းကောင်းသိ ပြီး လုပ်စားတတ်သူတွေက အခွင့်အရေးယူလာတဲ့အခါမှာ ပဋိပက္ခတွေ ဖြစ်လာတာပေါ့ ဟု ရှင်းပြခဲ့သည်။ 

မြေယာ ပိုင်ဆိုင်မှုများ အကြောင်းပြုပြီး ဆူပူမှု ဖြစ်စေလိုသူများသည် လယ်ယာမြေများ၊ ကျူးကျော်မြေ များမှ တစ်ဆင့် ယခုအခါ စက်မှုဇုန်မြေများ အထိ နယ်ပယ်ချဲ့ထွင်လာကြသည်။ စက်မှုဇုန် မြေနေရာ ၀ယ် ထား သူ များ ၏ မြေကွက်များအတွင်း လူများ အိမ်ဆောက်ခြင်း၊ လာရောက် ကျူးကျော်နေထိုင်ခြင်းများ ရှိ လာ သည်။ ဖယ် ခိုင်းပါက တရားဥပဒေ အတိုင်း ရင်ဆိုင်မည်။ မဟုတ်ပါက လျော်ကြေးပေးဟု တောင်း ဆို လာကြသည်။ 

ကျွန်တော့် အကွက်ထဲမှာ လူတွေ နေနေကြတယ်ဆိုတာ သူများပြောမှ သိလိုက်ရတယ်။ သွားကြည့်တော့ ထရံ ကာ၊ဓနိမိုး ကျူးကျော်အိမ်က ၃ လုံး ရှိနေတယ်။ ဘာလို့နေကြတာလဲ၊ ဖယ်ပေးပါဆိုတော့ ဒါဟာ သူ တို့မြေ၊ ဖယ်စေချင်ရင် ၁၅ သိန်း လျော်ကြေးပေး၊ မဟုတ်ရင် တရားဥပဒေ အရ ရှင်းမယ် ဆိုပြီး ပြောတယ်။ အိမ် ကို ကြည့်လိုက်တော့ နိုင်ငံရေးပါတီကြီး တစ်ခုရဲ့ တံဆိပ်ကပ်ထားတယ်။ အခုတော့ တရားစွဲဖို့ လုပ်နေ ပါတယ်ဟု စက်မှုဇုံသစ် တစ်ခုတွင် ရင်းနှီးမြုပ်နှံသူ တစ်ဦးက ပြောပြခဲ့သည်။ 

စက်မှုဇုန်များတွင် မြေကွက် ၀ယ်ယူထားသူများ အနေဖြင့် ၄င်းတို့ ၀ယ်ယူထားသည့် မြေကွက်များ အတွင်း အစောင့် များ ချထားရသည် အထိ အခြေအနေ ဆိုးရွားလျှက်ရှိသည်ဟုလည်း သိရသည်။ 

မြေယာ ပိုင်ဆိုင်မှု ပြဿနာများကို အရပ်သား လုပ်ငန်းရှင်ပြည်သူများသာ မက၊ တပ်မတော်နှင့် အခြား ငြိမ်း ချမ်းရေး အဖွဲ့များပင် ရင်ဆိုင်ရလျှက် ရှိသည်။ 

တပ်ကို ဒီမှာ စဖွင့်တုန်းက နေရာအတော်များများက ခြုံတွေ၊ တောတွေ ဖုန်းနေတာ။ စိုက်ပျိုးမြေ အဖြစ် ပြောင်း လို့ရမလား ဆိုပြီး ဒေသခံ အလုပ်သမားတွေငှားပြီး စိုက်ပျိုးမြေ ဖြစ်အောင် လုပ်ခဲ့တယ်။ အခုတော့ အရင် တုန်း က ငှားရမ်းခနဲ့ အလုပ်လုပ်တဲ့သူတွေက ပိုင်ဆိုင်သူ ဆိုပြီး ပြောလာတယ်။ သူတို့နဲ့ အတူ ဒီမြေေ တွ မှာ လာပြီး အခြေချတဲ့သူတွေလည်း သူတို့ ပိုင်ပါတယ်ဆိုပြီး လုပ်လာတယ်။ ရှင်းမယ်ဆိုတော့ နိုင် ငံရေး ပါတီ၊ အဖွဲ့အစည်း က လူတွေကို ခေါ်လာတယ်။ ဟု ခြေလျင်တပ်ရင်းတစ်ခုမှ တပ်ရေးဗိုလ်ကြီး တစ်ဦးက အခြေအ နေကို ရှင်းပြခဲ့သည်။ 

ကာကွယ်ရေး ၀န်ကြီး အနေဖြင့်လည်း တပ်မတော်မှ သိမ်းဆည်းထားသည့် မြေယာများတွင် မလိုအပ်ဘဲ သိမ်း ယူထားသည့် မြေများ ရှိပါက တိုင်ကြားနိုင်ပြီး တိုင်ကြားမှုများကို သုံးသပ်ကာ ပြန်လည်ပေး အပ်သွား ရန် လည်း ညွှန်ကြားထားပြီး ဖြစ်သည်။ တိုင်ကြားလာသည့် အမှုများမှလည်း စိစစ်ပြီး၊ ဖြေရှင်းပြီး အခြေ အနေ များကို မီဒီ ယာများမှ တစ်ဆင့် သတင်းထုတ်ပြန်ပေးလျှက် ရှိသည်။ သို့သော် ထိုအခြေအနေ များ သည် နိုင်ငံရေးသမားများ ၏ နိုင်ငံရေး လှည့်ကွက်တွင် ကွယ်ပျောက်လျှက် ရှိသည်။ 

မြေယာ ပိုင်ဆိုင်မှုကြောင့် ကမ္ဘာတွင် စစ်ပွဲများ ဖြစ်ပွားရသည်။ မြေယာ အငြင်းပွားမှုများဖြင့် ပြည်တွင်း အဓိ က ရုဏ်းများ နိုင်ငံတကာတွင် ဖြစ်ပွားနေသည်။ ရည်ရွယ်ချက် ရှိရှိ သွေးထိုးလှုံ့ဆော်သူများ၏ ပစ်မှတ်မှာ မြေယာကို အကြောင်းပြ၍ အစိုးရ၊ တပ်မတော် အပါအ၀င် အဖွဲ့အစည်းအားလုံးနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားစေပြီး အကြီးမားဆုံး အဓိကရုဏ်းကြီး တစ်ခု နိုင်ငံအနှံ့ ဖြစ်ပေါ်စေရန် ဖြစ်လာသည်။ 

ယခုတော့ စက်မှုဇုံများ၊ ပိုင်ဆိုင်သည့် မြေယာများတွင် မြေစောင့်တဲများ၊ မြေစောင့်ကင်းများဖြင့် လှုပ်ရှား လျှက် ရှိပြီး မြေပိုင်ရှင် အစစ်အမှန်များ၊ နိုင်ငံရေး သမားများ၊ အဖွဲ့အစည်းများ၊ ကျူးကျော်သူများ ဖြင့် ခေတ် သစ် စစ်ပွဲ တစ်ခုအလား ဖြစ်လို့ နေတော့သည်။

Credit : Here