Thursday, April 25, 2013

အခြေခံဥပဒေပြင်ဆင်ရန်မှာ အခြားပါတီများ၏တင်ပြချက်အပေါ်မူတည်ကြောင်း ဦးဌေးဦးပြောကြား

လက်ရှိ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ အခြားနိုင်ငံရေးပါတီများ၏ တင်ပြ ချက်များအပေါ် မူတည်၍ စဉ်းစားမည်ဖြစ်ကြောင်း လက်ရှိလွှတ်တော်တွင်းအာဏာရပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေးကော်မတီ၊ ကော်မရှင်များဖွဲ့စည်းပေးရေးအတွက် လာမည့် ဇွန်လတွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်ပြနိုင်ရန် ပါတီများ၏ တင်ပြချက်များ အပေါ်မူတည်၍ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းအတွက်မပာုတ်ဘဲ နိုင်ငံနှင့် ပြည်သူ့အကျိုး ဖြစ်ထွန်းစေမည့် ကိစ္စရပ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြင်ဆင်ပြောင်းလဲနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ပြီးခဲ့သည့် ၂၀၁၃ မတ်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေး တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က အရေးကြီးအဆိုအဖြစ် တင်သွင်း ခဲ့သည်။

၂၀၁၂ ဖေဖော်ဝါရီလ ၂ ရက်နေ့၌ ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့် ရှေ့နေများကွန်ရက်တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့်အချက်များ အများအပြားရှိနေပြီး အဆိုပါ ပြင်ဆင်ရမည့်အချက်များ အား ပြန်လည် ပြင်ဆင်နိုင်ရန် စစ်တမ်းကောက်ယူထားပြီး အခွင့်သာသည့်အချိန်တွင် ပြင်ဆင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Yangon Chronicle 

Credit : Here

ဒီဇိုင်းအသစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူ အောက်တိုဘာ ၈ ရက်နေ့တွင် ထုတ်ဝေမည်


ပုံစံဒီဇိုင်း ပြုပြင်ပြောင်းလဲထားပြီး လုံခြုံရေးစနစ်အား အဆင့်မြှင့်တင်ထားပြီး အတုပြုလုပ်ရန် လွန်စွာခက်ခဲ မည့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအား လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ထုတ်ဝေ သွားမည်ဟု အမေရိကန် ဗဟိုဘဏ်က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။


အတုပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် အသစ်ပါဝင်လာမည့် လုံခြုံရေးစနစ်တွင် ငွေစက္ကူအတွင်း ရေစာအဖြစ် ထည့်သွင်းထားမည့် အပြာရော သုံးဖက်မြင် အဝတ်စနှင့် အရောင်ပြောင်းလဲနိုင်သည့် လွတ်လပ်ရေး ခေါင်းလောင်း၏ ပုံတို့ ပါဝင်လာမည်ဟု သိရှိရသည်။

ဤငွေစက္ကူပေါ်တွင် အမေရိကန်နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ Benjamin Franklin ၏ ရုပ်ပုံမှာမူ ဆက်လက်ပါရှိမည် ဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ဒီဇိုင်းအသစ် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအား ၂၀၁၀ ခုနှစ် ဧပရယ်လအတွင်းက ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး ၂၀၁၁ ဖေဖော်ဝါရီလတွင် စတင်ဖြန့်ဖြူးရန် ရည်ရွယ်ခဲ့သော်လည်း အသုံးပြုသည့် စက္ကူ၏အရည်အသွေး မပြည့်မှီခြင်းနှင့် ပုံနှိပ်စက်ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရ ခြင်းကြောင့် ယခုမှသာ ထုတ်ဝေနိုင်ခြင်း ဖြစ်သည်။

MYANMAR CONSUMER GUIDE

Credit : Here

မိတ္ထီလာ ဒုက္ခသည်စခန်းမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက် ....

Q - ဒုက္ခသည်စခန်းမှာနေထိုင်နေကြရသူတွေ အိမ်ပြန်ခွင့်ရပြီဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ အိမ်ပြန်ခွင့်ရခဲ့ကြ တာပါလဲ။

A - ကျွန်တော်တို့ကို ဒီနေ့ မနက်ပိုင်းမှာ အိမ်ပြန်ခွင့်ပေးပြီး လုံခြုံရေး ကားတွေနဲ့ ပြန်ခေါ်လာခဲ့ပေးပါတယ်။ ဒုက္ခသည်စခန်းက မနက်ကထွက်လာကြပြီးတော့ အိမ်တွေကို ချက်ချင်းမပြန်ရသေးပဲ ပြည်တော်သာ-မြောက် ရပ်ကွက်က အ.မ.က ကျောင်းမှာ ခဏနေရတယ်။ အဲဒီကမှတဆင့် အိမ်တွေကို ပြန်ခွင့်ပေး လိုက်တာ။ ကျွန်တော်လည်း အိမ်ကို သန့်ရှင်းရေးလုပ်နေတယ်။ အခုတော့ ခဏနားလို့ ထမင်းစားနေ တာပါ။


Q - ဟုတ်ကဲ့။ ဒုက္ခသည်အားလုံး ပြန်ခွင့်ရတာလားခင်ဗျ။

A - ဒုက္ခသည်အားလုံးတော့ မဟုတ်သေးပါဘူးခင်ဗျာ။ အခုပြန်ခွင့်ရတာက ပြည်တော်သာ-မြောက် ရပ်ကွက်ကပါ။ ပြည်တော်သာ-တောင် ရပ်ကွက်က လူတွေတောင် ပြန်ခွင့်မရသေးပါဘူး။

Q - ဒါဆို လူဦးရေ ဘယ်လောက် ပြန်ခွင့်ရခဲ့ပြီလဲ ခင်ဗျ။

A - လူဦးရေ စုစုပေါင်း (၇၀၀)လောက် ပြန်ခွင့်ရတယ်။

Q - အိမ်ပြန်ခွင့်ရတဲ့သူတွေ အတွက် ရိက္ခာတွေ ထောက်ပံ့မှုပေးလိုက်တယ်လို့ သိရပါတယ်။ ဘယ်လိုတွေ များ ထောက်ပံ့ပေးလိုက်ပါသလဲ။

A - ကျွန်တော်တို့တွေအတွက် (၇)ရက်စာ ရိက္ခာတွေ ထည့်ပေးလိုက်ပါတယ်။ ဆန်၊ဆီ၊ ဆား၊ ကြက်သွန်၊ ငါးသေတ္တာဗူးကအစ ပေးလိုက်ပါတယ်။ အိမ်ထောင်စုနဲ့ပေးတာမဟုတ်ပါဘူး။ လူဦးရေအလိုက် တွက်ပြီး ပေးလိုက်တာပါ။

Q - အခု အိမ်ပြန်ရောက်တော့ ရပ်ကွက်ထဲက အခြေအနေရော ဘယ်လိုရှိပါသလဲ။

A - ရပ်ကွက်မှာ အခုတော့ အေးအေးဆေးဆေးပါပဲ ရပ်ကွက်ထဲက အိမ်နီးချင်းတွေကလည်း ကြိုဆိုကြ တယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာ ညီနောင်တွေပါပဲ။

Q - အခုလို အိမ်ပြန်ခွင့်ရတဲ့အပေါ် ဘယ်လိုခံစားရပါသလဲ။

A - အိမ်ပြန်ခွင့်ရတာကို ကျေနပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အိမ် ကိုယ်ရာ ပြန်ရတာကိုပဲ ကျေနပ်ပါတယ်။ ကျွန်တော်တို့ဘ၀တွေကတော့ အစကနေ ပြန်ကြိုးစားရဦးမှာပါ။

Credit : Here

KIA တပ်ရင်း (၁၇) အား ပြင်းထန်စွာ အစိုးရ စစ်ဆင်နေ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အရှေ့ဘက် တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့ တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ် လျက်ရှိ ကြောင်း KIA နိုင်ငံခြား ဆက်ဆံရေး ဒုတာဝန်ခံ ဂျိန်လွန်းတောင် က ပြောပါသည်။

“ဗမာ အစိုးရက ကတိတည်တဲ့ လူစားမျိုးမှ မဟုတ် တာ။ တွေ့ဆုံဆွေးနွေးရေးတွေ အကြိမ်ကြိမ် လုပ်တယ်။ ဂတိတွေလဲ အကြိမ်ကြိမ် ပေးထား တတယ်။ ဒါပေမဲ့ ကျနော်တို့ကို ဟိုအကြောင်းပြဒီအကြောင်းပြပြီး တပ်ဆုတ်ပေးလို့ပြောတယ်။ မဆုတ်ဘူး ဆိုရင် တိုက်တယ်လေး။ အခုလဲ အဲဒီ တပ်မဟာ ၄ ဘက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြော လို့ရ တယ်။” ဟု ဆိုပါသည်။


အစိုးရတပ်ဖွဲ့များသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အရှေ့ဘက်ရှိ KIA တပ်မဟာ (၄) လက် အောက်ခံ တပ်ရင်း (၁၇) နယ်မြေ အတွင်း၌ ဧပြီလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ (၃) ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း KIA ဗဟို စစ်ရုံးချုပ်မှ သတင်းထုတ်ပြန် ထားပါသည်။


ယင်းတိုက်ပွဲတွင် အစိုးရတပ်ဖွဲ့မှ ခလရ ၁၂၇၊ ခမရ ၃၂၂၊ ခမရ ၃၁၂၊ ခလရ ၁၂၉ ၊ ခလရ ၁၄၅ တပ်ဖွဲ့များ စုပေါင်းပြီး လာရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။

ဤကဲ့သို့ တိုက်ပွဲပြင်းထန်နေချိန်တွင် အစိုးရစစ်ကူများသည် စစ်ကား အစီး (၂၀) ခန့်ဖြင့် KIA တပ်ရင်း (၁၇) ဘက်သို့ ယမာန်နေ့တွင် ထပ်မံစစ်ကူသွားခဲ့ကြောင်း ကွတ်ခိုင်မြို့နယ်ရှိ နယ်မြေခံ မျက်မြင်တစ်ဦးက ဆိုပါသည်။

KIA နှင့် အစိုးရ တို့သည် တရုတ်နိုင်ငံတွင် ကျင်းပသော စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲ အပါဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၄) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့သော် လည်း ပြေလည်မှုများ မရှိသည့်အပြင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေ ဆဲ ဖြစ်ပါသည်။

KIA သည် တိုင်းရင်းသားများ အခွင့်အရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ရမှသာ အပစ်အ ခတ်ရပ်စဲ လိုပါသည်။ အစိုးရဖက်ကမူ အပစ်အခတ်ရပ်စဲရေးကို အရင်ရယူပြီးမှ နိုင်ငံရေး အရ ဆွေးနွေးသွားရန် လိုလားနေ ပါသည်။

သို့သော် အစိုးရသည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက KIA နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့ပါသည်။ ဤကဲ့သို့ လက်မှတ် ရေးထိုး ထားသော်လည်း တိုင်းရင်းသားများ မျှော်လင့်နေသော နိုင်ငံရေးဆွေးနွေးပွဲ မဖြစ်လာဘဲ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ၌နယ်ခြားစောင့်တပ် အသွင်ကို ပြောင်းလဲပေးရန် ဖိအားပေးခြင်း ခံခဲ့ရပါသည်။

အစိုးရတပ်ဖွဲ့များသည် KIA နှင့် အပစ်အခတ်ရပ်စဲရေး တစ်လခန့် အကြာတွင် ကချင် ပြည်နယ် အတွင်း သို့ စစ်အင်အား အလုံရင်းဖြင့် ဝင်ရောက်လာခဲ့သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရန် KIA မှ ဆုတ်ခွာပေးခဲ့သော တပ်စခန်းနေရာများသို့ အစိုးရ တပ်ဖွဲ့များက ဝင်ရောက်နေရာယူခဲ့ကြောင်း ဂျိန်လွန်းတောင်က ဆိုပါသည်။

“အဲဒီတုန်းက ဂတိတွေ အများကြီး ပေးထားပြီးတော့ တစ်လဘဲကြာတယ်။ သူတို့ဘက်က သူတို့ထားရှိတဲ့ ဂတိတွေ ကို ဖျက်လိုက်တယ်။ ကျနော်တို့ တပ်စခန်းတွေကို လိုက်သိမ်းတယ်။ နောက်ဆုံး ကျနော်တို့ သည်းမခံနိုင်တော့ဘဲ့ ၂၀၁၁ ခုနှစ် ဇွန်လမှာ ပြန်တိုက်ခဲ့ကြတယ်။” ဟု ဆိုပါသည်။

ယနေ့ဖြစ်ပွားနေသည့် တိုက်ပွဲများသည်လည်း အစိုးရဘက်က ဂတိမတည်သော တိုက်ပွဲများပင် ဖြစ်သည်။ လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေးသည် အစိုးရ ဂတိတည်မှု အပေါ် များစွာ မူတည်ကြောင်း ဂျိန်လွန်းတောင် က သုံးသပ် ပြောဆို သွားပါသည်။

အစိုးရသည် အပစ်အခတ်ရပ်စဲထားသော အင်အားကြီးသည့် တိုင်းရင်းသားအဖွဲ့များကို ၄င်းတို့ ပေးထားသော ဂတိများကို ဗြောင်ချိုးဖေါက်ပြီး တိုက်ခိုက်နေပါသည်။ အထူးသဖြင့် သွေးခွဲအုပ်ချုပ်ရေး နည်းဗျူဟာအရ KIA ၊ SSPP နှင့် RCSS တို့အား တိုက်ခိုက်နေပြီး KNU ၊ KNPP နှင့် NMSP တို့အား အဆင်ပြေဆုံးနည်းဖြင့် ဆက်ဆံထားသည်ကို တွေ့နေရပါ သည်။

(ရွှေဟင်္သာ)

Credit : Here

လက်ပံတောင်းတောင် ဆည်တည်းကျေးရွာ၌ လုံထိန်းနှင့် ရွာသားများ ပဋိပက္ခဖြစ်ပွားလျက်ရှိဟုဆို

လက်ပံတောင်းတောင် ဆည်တည်းကျေးရွာနေ မရီရီဝင်းပိုင်မြေကွက်၌ မနက်(၉)နာရီက လယ် သမားများထွန်ယက်နေစဉ် လုံထိန်းအင်အား(၅၀၀)ဖြင့် လယ်သမားများကို ဝင်ရောက် ရိုက်နှက်ဖမ်းဆီး ခဲ့ကြောင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် မှ ကိုဟန်ဝင်းအောင် ကပြောသည်။

ဖြစ်စဉ်တွင် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန် ယက်မှ ကိုအောင်စိုးအပါအဝင်(၆)ဦးခန့် ကိုဖမ်းဆီးသွားပြီး ကျန်နေသူများကိုထပ်မံ ရိုက်နှက်ခဲ့ကြောင်း ၊ မိုးကြိုးပြင်ရွာနေ ကိုဝင်းကျော်ပိုင်မြေကွက် ရှိလယ်သမားများကိုလည်းဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ၄င်းကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသားများကွန်ယက် တာဝန်ခံ ကိုသောင်းထိုက် အကြမ်းဖက် ဖမ်းဆီးသော်လည်း လယ်သမားများပြန် လည်လုယူနိုင်၍ လွတ်မြောက်ခဲ့ပြီး ယခုအချိန်တွင်လုံထိန်းများနှင့် ဒေသခံရွာသားများ နှစ်ဖက်ရင်ဆိုင်ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေပြီဟု သိရသည်။

Popular myanmar news journal

Credit : Here

အင်းလေးကန်တွင် ရေခန်းခြောက်နေ..


ရှမ်းပြည်နယ်အင်းလေးကန်တွင် ၂၀၁၀ပြည့်နှစ်က စံချိန်တင် ရေခန်းခြောက် ဖြစ်စဉ်နီးပါး ရေခန်းခြောက် မှု ဖြစ်ပေါ်ကြောင်း အင်းလေးကန်ဒေသ ရှိဒေခံများမှ သိရသည်။ “အင်းလေးကန် ဟာ အနိမ့်ဆုံး စိုးရိမ် ရေမှတ်ရဲ့(အနှုတ်၁ဒဿမ ၄ပေ ) အောက်ကို ရောက်ရှိနေပါတယ်။


(ဖောင်တော်ဦးစေတီကို လှေဝင်ဖို့ ခက်ခဲနေပါပြီ။ ဟဲရွာရွာမ၊ အင်းပေါခုန်ရွာတွေမှာရေခန်းခြောက်နေပြီး လှေဝင်လို့ မရဖြစ်နေပါတယ်။ အင်းပေါ ခုန်အောက်ဘက်မှာရှိတဲ့ ရွာတွေမှာ လည်း ရေခန်းခြောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ညောင်ရွေမြို့ ဟူပင်ဟိုတယ်ဘေးမှာရှိတဲ့ လှေဆိပ်မှာလည်း ရေအမြင့်တစ်ပေလောက်သာ ရှိပါတော့ တယ်။ ဖောင်တော်ဦးစေတီနဲ့ အလိုတော်ပေါက်စေတီကို သွားတဲ့လမ်းမှာလည်း ရေခန်းခြောက်တဲ့ အတွက် အသုံးပြုဖို့ခက်ခဲနေပြီ်”ဟု အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း၏တာဝန်ရှိသူ ဦးသာဒိုး က ပြောသည်။

အင်းလေးကန် ရေကျမှု နှုန်းတားဆီးရန် လီရွာအထက်နားတွင် ဆည်ငယ်လေးခုကို ဆောက်လုပ် ပြီး ရေထိန်းမှုကို ပြုလုပ်ထားကြောင်း၊ ထိုဆည်လေးခု ပြုလုပ်ပြီးနောက် ရေခမ်းခြောက်လျော့နည်း ကျဆင်းမှု နှုန်းသည် တစ်နေ့လျှင် လက်မ၀က်အောက်သာရှိကြောင်း၊ ရေကျနှုန်းလျော့သွားသော်လည်း တစ်လ အတွင်း မိုးရွာသွန်းမှုမရှိပါက ကန်ရေ၏ ရေခန်းခြောက်နှုန်းကို ထိန်းသိမ်းရန် ခက်ခဲမည်ဖြစ်ကြောင်း၊ အင်းလေးကန်အတွင်းရှိ ရေမှော် ဒိုက်ဆည်မှု လုပ်ငန်းများကိုလုပ်ဆောင်လျှက်ရှိသော်လည်း ရေ ထိန်းရေး အတွက် အောင်မြင်မှုမရရှိသေးကြောင်း သိရသည်။

Myanmar Online News.

Credit : Here

ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ထောက်ခံပါကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား

ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ထောက်ခံပါကြောင်း အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

"အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုက မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူ့အနေ နဲ့ နားလည်ပါတယ်။ ဒါတွေကို ဖြေရှင်းနေတဲ့ မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံကိုလည်း ထောက်ခံတယ်ဆိုပြီး သမ္မတကြီးကို ပြောခဲ့ပါတယ်" ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။


အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ဧပြီ ၂၃ ရက်နှင့် ၂၄ ရက် များတွင် လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ထို့ပြင် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ်၊ လူ့စွမ်းရည် မြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ကို မြန်မာ နိုင်ငံနှင့် ချုပ်ဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတက မိမိအနေဖြင့် ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိ ခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် လာရောက်ချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး ကဏ္ဍ၊ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေး ကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍများတွင် ထင်ရှားသည့် အောင်မြင်မှုများကို တွေ့ရှိရသဖြင့် များစွာ ချီးကျုးဂုဏ်ပြုပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံအားပေးသကဲ့သို့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ အစိုးရပိုင်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကိုလည်း လာမည့်နှစ်တွင် ဒေါ်လာ သန်း ၁၀၀၀ ထိ ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မွတ်စလင်များအား ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက်မှုများကို မြန်မာအစိုးရ ခေါင်းဆောင်များက ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုက မြန်မာနိုင်ငံသို့ မလာရောက်မီ သတင်းထောက်များအား ပြောကြားသည်။

ထို့ပြင် အဆိုပါ ပဋိပက္ခသည် ဒေသတွင်းရှိ အခြားသော မွတ်စလင်များ အတွက်လည်း ပြဿနာဖြစ်စေ နိုင်ကြောင်း၊ အဆိုပါ ပဋိပက္ခကို အကောင်းဆုံး ကိုင်တွယ် မဖြေရှင်းနိုင်ပါက ၎င်း၏ အကျိုးသက်ရောက် မှုသည် မြန်မာနိုင်ငံအတွက် မကောင်းရုံသာမက မွတ်စလင်အများစုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ အတွက် လည်း မကောင်းကြောင်း အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုက ပြောကြားသည်။

Credit : Here

ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆောင်ရွက်မှုများနှင့် တွေ့ရှိချက်များကို ဧပြီလ နောက်ဆုံးပတ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆောင်ရွက်ခဲ့မှုများနှင့် တွေ့ရှိချက်များကို ဧပြီလ နောက်ဆုံး ပတ်တွင် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မရှင်၏ ဧပြီ ၂၃ ရက် ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အခင်းဖြစ်ပွားရာ နေရာများသို့ ၂၀၁၂ စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း သွားရောက်၍ ကွင်းဆင်းစစ်တမ်းများ ကောက်ယူကာ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ၂၀၁၂၊ နိုဝင်ဘာ ၁၆ ရက်က နိုင်ငံတော် သမ္မတထံ အစီရင်ခံခဲ့သည်။


ကော်မရှင်သည် ၂၀၁၂ ဒီဇင်ဘာ မှစ၍ ၂၀၁၃ မတ်လအထိ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားရာ ဒေသ များသို့ အကြိမ်ကြိမ် သွားရောက်ကွင်းဆင်းကာ စစ်တမ်းများ ကောက်ယူခြင်း၊ တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စုဆောင်းရရှိသည့် အချက်အလက်များအပေါ် အသေးစိတ် ခွဲခြမ်း စိတ်ဖြာ သုံးသပ်ခြင်းများ ပြုလုပ်ပြီး ယခု နောက်ဆုံးအပြီးသတ် အစီရင်ခံစာ တစ်စောင်ကို ပြုစုရေးသားပြီး ဖြစ်ကြောင်း၊ ထိုအစီရင်ခံစာကို ဧပြီ ၂၂ ရက်က နိုင်ငံတော်သမ္မတထံ တင်ပြပေးပို့ထားပြီးဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Credit : Here

ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်အတွင်း ပြေးဆွဲမည့် မိုးပျံရထားစနစ် ယခုဘဏ္ဍာရေးနှစ်၌ အကောင်အထည်ဖော်ရန် လျာထား


ရန်ကုန်မြို့ပတ်ရထားစနစ် တိုးချဲ့ခြင်းအပြင် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်အတွင်း ပြေးဆွဲမည့် မိုးပျံ ရထားစနစ်ကို ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ရန် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီးမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ရန်ကုန်မြို့ပတ်ရထား စနစ်တိုးချဲ့ရာတွင် မြို့တွင်းမြို့ပတ် ရထားလမ်းများ တိုးချဲ့ခြင်းအပြင် ရန်ကုန်မြို့ပြင်မှပတ်၍ အမြန်မြို့ပတ်လမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်မည်ဟု သိရသည်။


လက်ရှိ သိပ်သည်းမှု များနေသော ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေး ဇုန်အတွင်း ယာဉ်သိပ်သည်းမှုနှင့် သွားလာမှု လျော့ချနိုင်ရန် မြို့လယ်ဧရိယာအတွင်း ပတ်၍ ပြေးဆွဲနိုင်သော မိုးပျံရထား စနစ်များပါ အကောင်အထည်ဖော်ရန် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း၌ လျာထားသည်။

ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုကြုံတွေ့ လာရခြင်းကြောင့် ယာဉ်အသုံးပြုမှု လျော့ကျကာ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးအတွက် ရထားပို့ဆောင်ရေး စနစ်အား မြှင့်တင်ရန် မြို့ပြစီမံကိန်း ပညာရှင်အချို့က ထောက်ပြခဲ့ကြသည်။

ထို့အတွက် မြို့ပတ်ရထားလမ်း စနစ်အား ယခုထက် ပိုမိုချဲ့ထွင်ခြင်းအပြင် လက်ရှိပြေးဆွဲနေသော ရထားခရီးစဉ်များကိုလည်း ပုံမှန်ပြေးဆွဲနိုင်ရန် လိုအပ်သည်ဟု သိရသည်။

မိုးပျံရထားလမ်းစနစ် တည်ဆောက်ရန်မှာမူ နည်းပညာပိုင်း၊ ငွေကြေးပိုင်း လိုအပ်ချက်များစွာ ရှိမည်ဖြစ်ပြီး မည်သည့်နည်းပညာဖြင့် ငွေကြေးမည်မျ သုံးစွဲမည် ဆိုသည်ကိုမူ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။ အဆိုပါ မိုးပျံရထားလမ်း စနစ်သည် အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူ စသော နိုင်ငံများတွင် အသုံးပြုနေသည်။





Credit : Here

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီဒုက္ခသည်စာရင်းကောက်မည်

ရခိုင်ပြည်နယ်အတွင်း တရားမ၀င်ရောက်ရှိနေထိုင်လျက်ရှိသော ဘင်္ဂလီလူမျိုးများအား အိမ်ထောင်စု လူဦး ရေစာရင်း စစ်ဆေးရေး (ဆွဲ၊တင်၊စစ်)လုပ်ငန်းအားစီမံချက် ရေးဆွဲကောက်ခံသွား မည်ဟု ဧပြီလ ၂၄ ရက် နေ့က ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေး အဖွဲ့ မှ မီဒီယာများသို့ ပြောကြားလိုက်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများ၏ စာရင်းမှာ တည်ငြိမ်မှုမရှိသေးသည့်ပြင် တစ်ချို့မှာ နေရာဒေသများကိုလည်း ဖျောက်ဖျက်ထားကြောင်းသိရသည်။ ယင်းသို့ မတည်မငြိမ်ဖြစ်နေသော ဘင်္ဂလီ ဒုက္ခသည်စာရင်း အား စနစ်တကျ ကောက်ခံသွားမည်ဖြစ်ပြီးမှသာ နေရာချထားရေးကို ထည့်တွက်စဉ်းစားနိုင်မည် ဟုလည်း သိရသည်။

စာရင်းကောက်ယူရန်အတွက် ရာထားချက်များမှာ -


(၁) မောင်တောတွင် ဘင်္ဂလီ အိမ်ထောင်စု ၉၀၁၃၉၊ ကမန်၂၊မရမာကြီး ၅၅၊အိန္ဒိယ၅၃၄၊အခြား ၇၂ ၊စုစုပေါင်း အိမ်ထောင်စု ၉၀၈၀၂ ရှိမည်ဟုခန့်မှန်းကြောင်း။

(၂) ကျောက်ဖြူတွင် ဘင်္ဂလီ ၁၉၇၃၊ကမန် ၄၅၃၊မရမာကြီး ၁၃၆၊ဟိန္ဒူ ၄၄၊ အခြား ၆၊ အိမ်ထောင်စုပေါင်း ၂၆၁၂ ရှိမည်ဟုခန့်မှန်းကြောင်း။

(၃)စစ်တွေတွင် ဘင်္ဂလီ ၃၃၉၂၇ ၊ကမန် ၇၀၈ ၊မရမာ ကြီး ၁၀၉၂ ၊ဟိန္ဒူ ၃၆၈ ၊အခြား ၁ အိမ်ထောင်စု ပေါင်း ၄၆၀၉၆ ရှိမည်ဟုခန့်မှန်းကြောင်း၊

(၄)သံတွဲတွင် ဘင်္ဂလီ ၁၇၉၇၊ ကမန် ၅၄၆၊မရမာကြီ ၂၊ဟိန္ဒူ ၂၊ အခြား ၈စုစုပေါင်းအိမ်ထောင်စု ၂၃၅၅ ရှိမည်ဟုခန့်မှန်းကြောင်းလည်းသိရသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂလီများအား စာရင်းကောက်ယူရာတွင်မြို့နယ် ၁၄ ခုတွင် ရှိနေသည့် ဘင်္ဂလီအိမ်ထောင်စုများအား ဆွဲ၊တင်၊စစ် စနစ်ဖြင့်ကောက်ယူသွားမည်ဖြစ်ပြီး စာရင်းအတိအကျ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသား ဒုက္ခ သည်များ၏စာရင်းမှာ တည်ငြိမ်မှုရှိပြီး စာရင်းကောက်ခံရာ တွင်လည်း အတည်ငြိမ်ဆုံး ကိန်းဂဏန်းကိုရရှိထားသော်လည်း ဘင်္ဂလီဒုကသည်စာရင်းမှာ မကြာခဏ ပြောင်းလဲနေပြီး စစ်ဆေးတိုင်း တည်ငြိမ်မှုမရှိသည်ကိုတွေ့ရသဖြင့် ဧပြီ ၂၆ ရက်နေ့မှမေလ ၁၅ ရက်နေ့ထိ ရက်ပေါင်း ၂၀ ခန့်ကြာ စာရင်းပြုစုကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ဂျွန်လ ၃၀ တွင် ဘင်္ဂလီလူဦးရေစာရင်း အား အတည်ပြု ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း၊ ဘင်္ဂလီ ဒုက္ခသည် လုံးဝမရှိသော မောင်တောမြို့နယ်ကဲ့သို့သော နေရာများတွင်လည်း ကောက်ခံမည်ဖြစ်ကြောင်း၊ ဘင်္ဂလီများသည် စာရင်းကောက်ခံရာတွင် အနှောက်အယှက်ဖြစ်အောင် ရွှေ့ပြောင်းနေထိုင်ကြသည့် အတွက် စာရင်းများအား ထပ်မံကောက်ခံမည်ဖြစ်ကြောင်း၊ ယင်းမှ စာရင်းအတိကျကိုရရှိနိုင်မည် ဖြစ် ကြောင်း လည်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း၌ ရှိသော ဘင်္ဂလီအင်အားကိုသိလိုခြင်း၊ ခိုးဝင်ခိုးထွက် လူစာရင်းများအား သိလိုခြင်း တို့ကြောင့် ကောက်ခံရန်ပြင်ဆင်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းကပြောသည်ဟုသိရသည်။

မြန်မာနိုင်ငံအတွင်း သတ်မှတ်ထားသော တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ သာရှိကြောင်း၊ ယင်းအတွက် စာရင်းကောက်တဲ့သည့်အခါတွင် ရိုဟင်ဂျာစာရင်းကောက်မည်မဟုတ်ကြောင်း၊ ဘင်္ဂလီစာရင်းကို သာ ကောက်မည်ဖြစ်ကြောင်း။ ဘင်္ဂလီဟု လွတ်လပ်ရေးမရမီကပင် သုံးစွဲခဲ့သည့် အတွက် ၊စာရေးရာတွင် လည်း ဘင်္ဂလီဟုသာ မှတ်တမ်းပြုစုထားခဲ့ခြင်းများရှိသည့် အတွက် ဘင်္ဂလီကိုသာ ထည့်သွင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ဦးလှသိန်းကပြောကြားခဲ့သည်ဟုသိရသည်။

Credit : Here

အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာမည်

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ဆက်ဆံရေးကို ပြန်လည် သုံးသပ်နေတယ်လို့ ရိုက်တာသတင်းဌာနမှာ ဒီနေ့ရေးသားပါတယ်။

မြန်မာနိုင်ငံကတင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် အမေရိကန် ပြည်ထောင်စုက အကောက်ခွန်မဲ့ တင်သွင်း ခွင့်ပြုဖို့ ပြန်လည်သုံးသပ်နေတာဖြစ်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Demetrios Marantis ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး အစိုးရနဲ့ စီးပွားလုပ်ငန်းရှင်တွေကို တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံကို GSP ခေါ် ကုန်သွယ်မှု အထူးခံစားခွင့်နိုင်ငံအဖြစ် အသိအမှတ်ပြုသွားမှဖြစ်ပြီး အဲဒီအခွင့် အရေးရမယ်ဆိုရင် မြန်မာနိုင်ငံက တင်ပို့နေတဲ့ကုန်ပစ္စည်းတွေဟာ အမေရိကန်ဈေးကွက်မှာ အကောက် ခွန်မဲ့ ရောင်းချနိုင်တော့မှာလို့ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံကတင်ပို့တဲ့ အ၀တ်အထည်နဲ့ ကုန်ပစ္စည်းမျိုးစုံ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၅ သန်းဖိုးအထိ အခွန်မဲ့တင်သွင်းခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့တဲ့အတွက် ရပ်ဆိုင်းခဲ့တာပါ။

Credit : Here

ရှေးဟောင်း သုတေသနဇုန်တွင် စေတီသစ် တည်ခြင်းအား တရားစွဲထား

ရခိုင်ပြည်နယ်၊ ကျောက်တော် ရှေးဟောင်း သုတေသနဇုန် နယ်မြေအတွင်းရှိ မဟာမုနိ ပရိဝုဏ်ဝင်းထဲ စေတီ တည်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရှေးဟောင်း သုတေသန ဌာနမှ စေတီတည်သူများ ကို တရားစွဲထားကြောင်း သိရသည်။

(ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

အမြင့် ကိုးတောင် (၁၃.၅ ပေ) ရှိပြီး “ကိုးနဝင်း စေတီ” ဟု အမည်ပေးထားသည့် အဆိုပါ စေတီငယ်ကို အမည်မသိ လူတစုက ဧပြီလ ၈ ရက်နေ့မှ ဧပြီ ၁၉ ရက်နေ့အတွင်း ညအချိန်များတွင် တည်ထားခဲ့ကြခြင်း ဖြစ်သည်။


“ရှေးဟောင်း သုတေသန နယ်မြေထဲမှာ ဧပြီ ၈ ရက်နေ့က ပန်းရန်ဆရာ ၂၀ လောက်နဲ့ ပန္နက်ချတယ်။ ကျနော်တို့ဌာနက တာဝန်အရ သွားပြီးဟန့်တားပါတယ်။ ဒါပေမယ့် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ခွင့်ပြုချက်နဲ့ တည်ဆောက်တာဆိုပြီး တားမြစ်မှုကို မလေးမခန့် လုပ်ခဲ့တယ်။ ဒါကြောင့် ဧပြီလ ၉ ရက်နေ့မှာ ဌာနက ဥပဒေနဲ့ အညီ ကျောက်တော်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့သလို မြို့နယ် သာသနာရေး ဦးစီးဌာနကိုလည်း အကြောင်းကြားထားတယ်။ အမှုမှာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆက်စပ်ပါဝင်နေလို့ ပြည်နယ်ကို လွှဲထားတယ်။ ခုအချိန်ထိ ဘာမှအကြောင်း မပြန်သေးဘူး” ဟု မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ဝန်ထမ်းတဦးက ဆိုသည်။

ကျောက်တော် မဟာမုနိရှေးဟောင်းနယ်မြေကို မြောက်ဦးရှေးဟောင်းသုတေ သနဦးစီးဌာန အောက်တွင် ထားရှိသည်။

ယင်းသို့ တရားမဝင် စေတီတည်သူများအား ဥပဒေအရ အမှုဖွင့်ရာတွင် အလှူရှင်များကို မသိရသေးသဖြင့် ကာယကံမြောက် ကျူးလွန်ခဲ့သူ ပန်းရန်ဆရာ ဦးအောင်စိုးမိုး ကိုသာ တရားစွဲဆိုထားရသည်ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

ထို စေတီငယ် တည်ထားခြင်းအပေါ် ရခိုင်သမိုင်းသုတေသီများ အပါအဝင် ပညာရှင်များ၊ ဒေသခံများ ကလည်း ကန့်ကွက်လျက်ရှိသည်။

“ရှေးဟောင်းသမိုင်းဝင်ဒေသကို မူလအတိုင်းပဲ ထားသင့်တယ်။ ဘယ်လို အဆောက်အဦ သစ်တွေကိုမှ မဆောက်လုပ်သင့်သလို သက်ဆိုင်ရာကလည်း ခွင့်မပြုသင့်ဘူး။ တကယ်လို့ စေတီဘုရား တည်ထားချင် ရင်လည်း ပရိဝုဏ် ပြင်ပမှာ တည်လို့ရတာပဲလေ” ဟု စစ်တွေမြို့မှ ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ က မိန့်ကြားသည်။

မဟာမုနိရုပ်ပွားတော်မှာ ကျောက်တော်မြို့ အရှေ့ဘက် ၇ မိုင်အကွာရှိ ပေ ၃၀ မြင့်သည့် မဟာမုနိ ကုန်းတော် ပေါ်ဝယ် ကိန်းဝပ်စံပ္ပါယ်နေခြင်း ဖြစ်သည်။ ဘုရား ကုန်းတော်တွင် ပစ္စယာ ၃ ခု ရှိပြီး ပထမ ပစ္စယာတွင် မဟာမုနိ ရုပ်ပွားတော်၊ ဒုတိယ ပစ္စယာတွင် နတ်များနှင့် တတိယ ပစ္စယာတွင် ပြတိုက်၊ သိမ်တော်၊ လက်ဆေးကန်တို့ ရှိသည်။ ထိုစေတီငယ်ကို တတိယ ပစ္စယာ အတွင်း တည်ထားခြင်း ဖြစ်သည်။ ရှေးဟောင်းဌာန ဥပဒေအရ ပရိဝုဏ်၏ ပြင်ပ ကိုက် ၅၀ အပြင်ဘက်၌သာ တည်ဆောက်ခွင့် ရှိသည်ဟု သိရသည်။

တာဝန်ရှိသူက ဟန့်တားစဉ် ဆက်တည်ခြင်း၊ လူခြေတိတ်ချိန် ညများတွင်သာ ဆောက်လုပ်ခြင်းနှင့် အမြန်လုပ်ကိုင် နေခြင်းတို့ကြောင့် တစုံတရာ ယတြာချေခြင်း ဖြစ်နိုင်သည် ဟုလည်း ယူဆနေကြသည်။

“ဘယ်သူပဲဖြစ်ဖြစ် ဒါဟာ လုံးဝ မလုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ ယဉ်ကျေးမှုနယ်မြေမှာ လောဘ၊ ဒေါသ၊ မော ဟတွေနဲ့ယတြာချေတာလိုမျိုးဟာ အတော့်ကိုအရုပ်ဆိုးတယ်။ ဦးဇင်းကတော့ လုံးဝကန့်ကွက်ရှုတ်ချတယ်။ အားလုံး ဝိုင်းကန့်ကွက်ဖို့လည်း တိုက်တွန်းသွားမယ်”ဟု သံတွဲမြို့မှ ရခိုင်သမိုင်းသုတေသီ အရှင်ကုသလ (ငွေသဇင်)က အမိန့်ရှိသည်။

၎င်းစေတီမှာ ကျမ်းစာများနှင့် ရခိုင်ဓလေ့ထုံးတမ်းအရ ပူဇော်အပ်သည့် စေတီတဆူအဖြစ် အသိအမှတ် ပြုရန် ခက်ခဲသည်ဟု ရှေးဟောင်း သုတေသနညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် က မှတ်ချက် ပြုသည်။

“စေတီဘုရားတွေ တည်မယ်ဆိုရင် သတ္တုရူပ ဗိသုကာကျမ်း အညီ တည်ဆောက် သွန်းလုပ်ကြရတယ်။ သတ္တုရူပဗိသုကာကျမ်း အလိုအရဆိုရင် စေတီတည်မယ့် မြေဟာ သန့်စင်ပြီးသား ဖြစ်နေ ရမယ်။ စေတီမှာ ဌာပနာမယ့် အခန်းအရံတွေ ရွေးချယ် ထည့်သွင်းရမယ်။ သူတို့မှာက ရှေးဟောင်း သုတေသနဌာနက ဥပဒေနဲ့အညီ ထိန်းချုပ်ထားတဲ့ မြေဖြစ်နေတယ်။ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသလို အခန်းအရံ ရွေးချယ် ထည့်သွင်းခြင်း မရှိတာကိုလည်း တွေ့ရတယ်” ဟု ထောက်ပြသည်။

အခန်းအရံ ထည့်သွင်းခြင်းဆိုသည်မှာ ကျမ်းစာနှင့်အညီ ဌာပနာထည့်သွင်းခြင်းကို ဆိုလိုသည်။

“စေတီတည်သူတွေ နောက်ထပ် သိရမှာက ရခိုင်စေတီဌာပနာ ၃ ရပ် ရှိတယ်။ မြေအောက် ဌာပနာမှာ ဗုဒ္ဓမြတ်စွာ ဘုရားမဖြစ်မီ ဖွားတော်မူခန်း၊ တောထွက်ခန်းစတဲ့ ဗုဒ္ဓဝင်လာ ဆင်းတုတွေကို ဌာပနာရတယ်။ သပိတ်မှောက် ဌာပနာမှာက ဘုရားဖြစ်ပြီး ဗောဓိပင်နဲ့ ရွှေပလ္လင် အောင်တော်မူခန်းလို ဆင်းတုတွေကို ဌာပနာရတယ်။ ငှက်ပျောဖူး ဌာပနာကျတော့ ဘုရားက စကုပတိမင်းကို ချွတ်ခန်းစတာတွေနဲ့ ဌာပနာရပါတယ်။ မဟာမုနိကုန်းပေါ်မှာ ဥပဒေမဲ့ တည်ထားရာမှတော့ ဘီလူးရုပ်တွေ၊ ဇော်ဂျီရုပ်တွေနဲ့ လုပ်ထားတယ်။ ကျမ်းဂန်နဲ့ မညီသလို ရခိုင်ရိုးရာ ဓလေ့ထုံးစံတွေနဲ့လည်း ဆန့်ကျင်နေတယ်။ စေတီတခုရဲ့ အင်္ဂါရပ်တွေ မပါဘူးလို့ပဲ ပြောရမယ်” ဟု ရှင်းပြသည်။

မြောက်ဦးမြို့မှ ရခိုင်သမိုင်းသုတေသီ ဝေဒပညာရှင်တဦးကလည်း ပွင့်လင်းမြင်သာမှုလည်း မရှိဘဲ ဥပဒေကို ဆန့်ကျင်၍ သင်္ကြန်အတွင်း ညအချိန်များတွင် စေတီတည်ခြင်းအား ဝေဖန်လိုက်ပြီး ယတြာလုပ်ရန် ကြိုးပမ်းချက်တခုဟု စွပ်စွဲလိုက်သည်။

“ဒါဟာ နောက်ကွယ်က ဘယ်အဖွဲ့အစည်းက ကြိုးကိုင်နေမှန်းမသိပေမယ့် ရခိုင်ယဉ်ကျေးမှုကို ဖျက်ဆီးဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ မြင်တယ်။ သူတို့က မဟာမုနိဟာ ရခိုင်တို့ရဲ့ အသက် ဆိုတာ သိတယ်။ ရခိုင်ကို တခုခု လုပ်ချင်ရင် ရခိုင်တို့ရဲ့ ဦးခေါင်းနဲ့ တူတဲ့ မဟာမုနိကို အဓိက ပစ်မှတ်ထားတယ်။ သူတို့က စေတီ ငယ်ကို ရှစ်သောင်း ပုထိုးပုံစံယူ တည်ထားတယ်။ ၁၅၃၅ ခုနှစ်၊ ရခိုင်ဘုရင် မင်းဗာကြီးက ရှစ်သောင်းကို တည်တဲ့အခါ ဗေဒင် ယတြာအရ တိုင်းပြည်ရဲ့ အာယုအရပ်ဖြစ်တဲ့ နန်းတော်ကုန်းရဲ့ မြောက်ဘက်မှာ တည် တယ်။ အခုဟာက ရှစ်သောင်း ပုံတူ စေတီကို မဟာမုနိရဲ့ အနောက်ဘက်အရပ်ဆိုတော့ ပရိဝါရ လို့ခေါ်တဲ့ မတည်သင့်တဲ့ အရပ်မှာ တည်လိုက်တာ ဖြစ်တယ်။ ဒါဟာ ဗေဒင်ကိန်းခန်းအရ ကောင်းတဲ့ ရည်ရွယ်ချက် လုံးဝ မဟုတ်ဘူး” ဟု ဆိုသည်။

ယခု စေတီငယ်မှာ ရှစ်သောင်းပုထိုးတော်နှင့် ပုံစံတူဟု ဆိုသော်လည်း ကွဲပြားမှုများရှိသည်။ ရှစ်သောင်း တည်ပုံမှာ ခေါင်းလောင်းမှောက် ပုံစံ ဖြစ်ကာ ဤစေတီငယ်မှာမူ အောက်ခြေမှစ၍ ၈ မျက်နှာယူထားပြီး အပေါ်ပိုင်း သပိက်မှောက်တွင် ဆောင့်ကြောင့်ထိုင်နေသော ဘီလူးရုပ်များကို ထည့်ထားသည်။

ရခိုင်ရှေးဟောင်းသုတေသနဌာန မြောက်ဦးဌာနကို ၁၉၂၀ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ကျောက်တော် ရှေးဟောင်း နယ်မြေကို ပူးတွဲသတ်မှတ်ကာ၊ ၁၉၅၅ ခုနှစ်တွင် မဟာမုနိ ကုန်းတော်၌ ပြတိုက်တခုကို ကုန်းတော်၏ အောက်ဆုံး ပစ္စယာတွင် ထားရှိခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့ထုတ် ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့(Global Heritage Fund)မှ ထုတ်ပြန်သော အစီရင်ခံစာ၌ အဆိုပါ ကျောက်တော် မဟာမုနိ ရှေးဟောင်းဒေသအနီးရှိ မြောက်ဦးမြို့ ဒေသကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ ခု စာရင်းတွင် ထည့်သွင်းထားခဲ့သည်။ 

Credit : Here

ခေတ် အဆက်ဆက် အာဏာငတ်သည့် နိုင်ငံ


ကုန်းဘောင်ခေတ် အာဏာလုပွဲများ အပြီး စစ်ကိုင်းမင်းလက်ထက် ၁၈၂၄ မတ်လ ၅ ရက်နေ့ အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်အင်းဟတ်က မြန်မာနိုင်ငံနှင့် စစ်ဖြစ်ကြောင်း ကြေငြာခံရသည်။ မြ၀တီမင်းကြီး ဦးစနှင့် စစ် သူကြီး မဟာဗနုလ တို့ ပန်းဝါက တိုက်လိုက်၊ ရန်ကုန်ကို ချီတက် တိုက်ခိုက် လိုက်ဖြင့် ခုခံသည်။ အ ဆင့် ဆင့် ခုခံ အပြီး အင်းဝ နေပြည်တော်နဲ့ ၂၅ မိုင်ဝေးသောရွာသို့ အရောက် တွင်တော့ စစ်ကိုင်းမင်းက စစ်ပြေငြိမ်းရေး လုပ်သည်။ မြန်မာပြည်မှ အာသံ၊ မဏိပူရ၊ ရခိုင်နှင့် တနင်္သာရီ ပေးလိုက်ရသည်။ သို့သော် မြန်မာမင်းများ ဆက်ပြီး အာဏာလုသည်။


ထိုမှ တစ်ဆင့် ၂၈ နှစ် အကြာ ပုဂံမင်းလက်ထက် ၁၈၅၂ ဧပြီလ ၅ ရက်တွင် အင်္ဂလိပ်မှ ရန်ကုန်၊မုတ္တမ၊ ပု သိမ် ကို အလစ်ဝင်ရောက် တိုက်ခိုက်ခံရသည်။ စစ်သားများ ခုခံကြသည်။ ဒီဇင်ဘာ ၁၄ တွင် ပဲခူး ကျပြီးေ နာက် ဒီ ဇင်ဘာ ၂၀ တွင် အောက်မြန်မာနိုင်ငံ သိမ်းပိုက်ကြောင်း ကြေငြာခံရသည်။ ပင်လယ် ထွက်ပေါက် ပိတ် သည်။ မြန်မာမင်းများ မန္တလေးပြောင်းပြီး စိုးစံသည်။ ထို့နောက် အာဏာဆက်လုကြသည်။

ထိုမှ ၃၃ နှစ်အကြာ သီပေါမင်း လက်ထက် ၁၈၈၅ နိုဝင်ဘာ ၁၁ ရက်တွင် စစ်ကြေငြာချင်းခံရသည်။ ရှေ့ တန်း ခံတပ်များ ကျသည်။ အသာတကြည် လက်ခံလျှင် စည်းမျဉ်းခံ ဘုရင်လေးတော့ ဖြစ်ကောင်းပါရဲ့ ဆိုပြီး အာဏာ ယစ်မူးခဲ့သည်။ ခုခံခွင့်မရဘဲ လွတ်လပ်ရေး ဆုံးရှုံးသဖြင့် သမိုင်းရိုင်းခဲ့သည်။ ကျွန်ဖြစ်ခဲ့ သည်။ ကျွန် ဖြစ်ချိန်တွင်တော့ ဘာအာဏာမှ မလုကြတော့။ လုစရာ အာဏာလည်း မရှိ။

၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရသည်။ လွတ်လပ်ရေး ရပြီး ၂ လ အကြာ မတ်လ ၂၈ ရက် တွင် အာဏာလိုချင်သည့် ကွန်မြူနစ်များ တောခိုသည်။ ဇူလိုင် ၁၆ တွင် ရဲဘော်ဖြူများ တောခိုသည်။ ၆ လ အကြာ ၁၉၄၈ ဇူလိုင် ၃ တွင် အာဏာလိုချင်သည့် ကရင် အဖွဲ့မှ သထုံကို သိမ်းသည်။ ကာကွယ်ရေး ဦးစီး ချုပ်အဖြစ် ခန့်ထားသည့် ကရင်တိုင်းရင်းသား ဗိုလ် ချုပ် စမစ်ဒွန်းအစား ဗိုလ်ချုပ်နေ၀င်းကို ပြောင်း လဲခန့်ရသည်။ ၁၉၄၉ ဖေဖော်ဝါ ရီလ ၂ ရက်နေ့တွင် အင်းစိန် သိမ်းသည်။ တပ်မတော်မှ စစ်ကူများကို ပိတ်ဆို့၊ နယ်မြေများကို ပြန်တိုက်ယူရသည်။ ၁၉၄၈-၄၉ အစိုးရအဖွဲ့ ဘာမှ မလုပ်နိုင်ခဲ့။

၁၉၄၉ အောက်တိုဘာတွင် ကူမင်တန် တရုတ်များ မြန်မာနိုင်ငံတွင်း ၀င်ပြီး ၁၉၅၀ ဇန်န၀ါရီတွင် တာချီ လိတ် ကို သိမ်းသည်။ ၁၉၅၃ မှာ တရုတ်ဖြူ အင်အား ၁၂၀၀၀ ရှိလာပြီး ထိုနှစ် မတ်လ ၂၅ တွင် UN ကို တိုင် ကြား ရ သည်။ ဒီလောက် ကေအန်ဒီအို၊ ဗကပ၊ တို့နှင့် ရှုပ်ချိန်တွင် ဖဆပလ အတွင်း ဦးနုနှင့် ဦးဘဆွေ အာ ဏာ လု သည်။ သန့်ရှင်း-တည်မြဲ အကွဲအပြဲဖြင့် ၁၉၅၈ စက်တင်ဘာ ၂၈ တွင် ၀န်ကြီးချုပ် ဦးနု ပြဿ နာ များ မဖြေရှင်း နိုင်တော့သည့် အတွက် တပ်မတော်ကို အာဏာလွှဲရသည်။ အိမ်စောင့် အစိုး ရ တက် သည်။

အိမ်စောင့် အစိုးရတက်ပြီး ၂ နှစ်အကြာ ၁၉၆၀ ဖေဖော်ဝါရီ ၆ ရက်တွင် ရွေးကောက်ပွဲ ကျင်းပပေးသည်။ သန့် ရှင်း ဖဆပလ အနိုင်ရပြီး ဦးနု ၀န်ကြီးချုပ်ဖြစ်သည်။ ဧပြီလ ၄ ရက်တွင် အာဏာလွှဲပေးသည်။ လွှဲပြီး မကြာ ခင် ဦး၊ဗိုလ်၊သခင် အုပ်စု များ ကွဲပြီး အာဏာလုကြသည်။ ၁၉၆၁ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရှမ်းစော် ဘွား ဟောင်းများ တောင်ကြီးမှ ဖယ်ဒရယ်မူ စာတမ်း အတည်ပြုပြီး တောင်းဆိုသည်။ ပထစ အစိုး ရက မဖြေရှင်း နိုင် သည့် အပြင် ဗုဒ္ဒဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌန်းသည်။

ဘာသာရေး စည်းရုံးမှုဖြင့် ကချင်သောင်း ကျန်းသူ အင်အားကြီးသည်။ ရှမ်းသောင်းကျန်းသူ တရုတ်ဖြူနှင့် မ ဟာ မိတ် စာချုပ်ချုပ်သည်။ ၁၉၆၂ ဖေဖော် ၀ါရီ ၂၄ ရက်နေ့တွင် လူမျိုးပေါင်းစုံ အစည်းအဝေး ကျင်းပပြီး ရှမ်းေ စာ် ဘွားများ ဖယ်ဒရယ်မူ မရလျှင် ချက်ချင်း ခွဲထွက်မည်ဟု ခြိမ်းခြောက်သည်။ ကချင်နှင့် ကယား လည်း ခွဲထွက်ရန် ပြင်သည်။ နိုင်ငံခြား ရေတပ်ဖွဲ့တစ်ခု မြန်မာ့ ရေပိုင်နက်ထဲရောက်သည်။ ထုံးစံအတိုင်း ၁၉၆၂ မတ်လ ၂ ရက်တွင် အာဏာကို သိမ်းရ ထိန်းရ ပြန်သည်။

၁၉၆၃ ဇွန်လ ၁၁ တွင် တောတွင်းလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး လုပ်သည်။ ငြိမ်းချမ်းရေး မအောင်ြ မင် ခင် ၁၉၆၈ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဗကပများ ရှမ်းပြည်မြောက်ပိုင်း မုန်းကိုး ကို သိမ်း။ ၁၉၆၈ မှ ၁၉၇၁ ထိ တပ် မတော်မှ ပြည်သူနှင့် လက်တွဲပြီး အဖြူရောင် နယ်မြေဖြစ်အောင် ဆောင်ရွက် ခဲ့သည်။ ထို ကာလ သည်ကား ရန်ကုန် တစ်ကွက်မှ မဟုတ်။ တစ်နိုင်ငံလုံးမှ လူမျိုးပေါင်းစုံ အာဏာလိုချင်သည့် ခေတ်ြ ဖစ် သည်။

၁၉၇၄ တွင် အခြေခံဥပဒေ ရေးဆွဲ ပြည်လုံးကျွတ် ဆန္ဒခံယူပြီး အတည်ပြု သည်။ အခြေခံ ဥပဒေအရ မြန် မာ့ ဆိုရှယ်လစ် ပါတီ၏ ဦးဆောင်မှုကို တပ် မတော် ခံယူသည်။ ၁၉၇၅ မတ်လ ၁၅ ရက်နေ့ တွင် ဗကပ (ဗဟို)ကို ချေ မှုန်း သည်။ ဧပြီ ၂၆ ရက်တွင် ပဲခူးရိုးမ တွင် ဗကပ နိဂုံးချုပ်သည်အထိ ဆောင်ရွက် ခဲ့ သည်။ က ချင်ပြည် နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တောင်းဆိုသည်။ အခြေခံ ဥပဒေ ပြင်ဖို့ တောင်းဆိုကြသည်။ ဗကပ မြောက် ပိုင်း မှ အင်အား ၈၀၀ ခန့် စီစီဝမ်-တာပန် ဒေသမှ တပ်မတော် စခန်းများကို တိုက် သည်။ ဗကပ များ ကေ အိုင်အေ ကို လက်နက်၊ငွေကြေး ပုံပေးသည်။ ဆက်ကြေး သိန်း ၁၀၀၊ လူသစ် ၁၀၀၀ နှင့် ခဲ ယမ်း များ ရသည်။

ထိုမျှ တိုင်းရင်းသား လက်နက်ကိုင်များ အရေး ရှုပ်ထွေးသည့် နိုင်ငံတွင် တိုင်းပြည်ကို ဦးဆောင်သည့် ဆို ရှယ် လစ် လမ်းစဉ်ကလည်း မအောင်မြင်။ လစာနည်း ကုန်ဈေးနှုန်းကတက် ပြည်သူများ စိတ်က မကျေ မနပ် ရှိနေ ကြသည်။ အာဏာလုချင်သူများကလည်း ကြိုးစားကြသည်။ သူပုန်ဟောင်း၊ ကျောင်း သားဟောင်းများက ကျောင်းသားထု အတွင်း ၀င်ရောက် သွေးခွဲကြ သည်။ အနောက်အုပ်စုက ပံ့ပိုး သည်။ အဆုံးတွင်တော့ ၈၈ ဆူပူ မှုကြီး ဖြစ်ကာ ၈၈ စက်တင်ဘာ ၁၈ တွင် တပ်မတော်က အာဏာသိမ်း ရသည်။

ရွေးကောက်ပွဲ ပြုလုပ်ပေးမည် ဆိုသည့်အတွက် အန်အယ်လ်ဒီ အပါအ၀င် ပါတီများ အပြိုင်အဆိုင်ဖွဲ့သည်။ ပါတီ တွင်း အာဏာလုကြ သည်။ ၁၂-၃-၈၉ တွင် ကိုးကန့်မှ ဗကပ ကိုးကန့်ခရိုင်ရုံးကို သိမ်းသည်။ ဧပြီ ၁၇ တွင် ၀ တိုင်းရင်းသားများ ဗကပ(ဗဟို)ကို ပုန်ကန်သည်။ ထို့နောက် ၀နှင့် ကိုးကန့်တပ်ဖွဲ့များ တပ်မေ တ်ာနှင့် လက်တွဲကာ ၁၉၈၉ တွင် ဗကပ လက်နက်ကိုင်မှု လုံးဝချုပ်ငြိမ်းခဲ့သည်။ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ (၁၇)ဖွဲ့နှင့် ငြိမ်းချမ်းရေး ရသည်။

၁၉၉၀ တွင် ရွေးကောက်ပွဲ ကျင်းပသည်။ အာဏာလိုချင်သည့် ပါတီပေါင်း (၂၅၃)ပါတီ ရှိခဲ့သည်။ အာဏာ မရေ သး၊ အာဏာစကား ပြောကြသည်။ ထိုင် ခုံ မရသေး ထိုင်ခုံပေါ်မှ လူများကို ကြိုးပေး သတ်မည်ဟု ခြိမ်း ခြောက်ကြ သည်။ ပြည်ပ အားကိုးပြီး အာဏာလုသည်။ လက်နက်ကိုင်ပြီး အာဏာလု သည်။ ဘာ သာရေး၊ လူမျိုးရေး အကြောင်းပြပြီး အာဏာလုသည်။ ပူးပေါင်းမ ည်ဟု တစ်ခွန်း မရှိ။ အလုံးစုံ ပျက် သုန်းရေးနှင့် အာဏာ ရရှိရေးသာ ရှိသည်။ အနှစ် ၂၀ ကျော်ကြာသည်။

ပလ္လင် အဆင်သင့်၊ နန်း အဆင်သင့်၊ ဦးနှောက် ရှိသလောက် ပူးပေါင်းေ ဆာင် ရွက်ယုံဖြင့် ခေါင်းဆောင် ရသည်။ အာဏာရှင် စနစ်ကို မုန်းကြောင်း သေလုမတတ် အော်ရင်း အာဏာ စကားထပ်ပြောကြ သည်။ နေရာအလိုက် ကွက်ပြီး အာဏာလိုချင်သူများ ထွက်လာသည်။ တစ်နိုင်ငံ လုံးကို အာဏာ လိုချင် သူများ ထွက်လာသည်။ ရန်ကုန် တစ်ကွက်ကိုပဲ မသေခင် အုပ်ချုပ်ရရင် ကျေနပ်လောက် တဲ့အထိ တိုင်းရင်း သားအရေး ဂရုမစိုက်ဘဲ အာဏာ စကား ပြောကြသည်။

အမေရိကန် သမ္မတ အဖြစ် အပြိုင်အဆိုင် အရွေးခံသည့် ဟီလာရီကလင်တန် သမ္မတ မဖြစ်သော်လည်း အာဏာစကားမပြော။ နိုင်ငံကို သိက္ခာ မချ။ အစိုးရကို မပုတ်ခတ်။ မြန်မာနိုင်ငံသည်ကား သမိုင်း အစဉ် အ ဆက် အာဏာမငတ်သူမရှိ။ ဂုဏ်ယူတတ်လျှင် ဂုဏ်ယူဖွယ်ကောင်းသည်မှာကား ခေတ်အဆက်ဆက် အာဏာ ငတ်ခဲ့သည့် နိုင်ငံဟု...

Credit : Here

လားရှိုးမြို့တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်လုပ်ကိုင်နေသူများအား ဖမ်းဆီးအရေးယူ

၂၀-၄-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုး အမှတ်(၁)ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေကြောင်းသတင်းအရ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၆)နေ ရဲလှိုင်ဦး(ခ) ဂျင်းစိမ်း(၂၀)နှစ်၏နေအိမ်သို့ အသွင်ယူသက်သေအား ကြိုတင်မှတ်သားထားသည့် ငါးထောင် တန်ငွေ စက္ကူ (၃)ရွက်ပေးအပ်၍ ပျော်ပါးစေပြီး သက်သေများ နှင့်အတူဝင်ရောက်စစ်ဆေးရာ နေအိမ်အိပ်ခန်းအတွင်း အသွင် ယူသက်သေနှင့်အတူ ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်နေသူ မစန္ဒာဦး(၃၃)နှစ်နှင့် မနန်းပိုး အိမ် (၂၅)နှစ်၊ ပြည့်တန်ဆာခေါင်း အဖြစ်လုပ်ကိုင်သူ ရဲလှိုင်ဦးတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ရဲလှိုင်ဦးအား လားရှိုး အမှတ်(၁)ရဲစခန်း(ပ)၁၇၅/၂၀၁၃၊ ပြည့် တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၅(၁)/၈(က)ဖြင့် လည်းေ ကာင်း၊ မစန္ဒာဦးနှင့်မနန်းပိုးအိမ်တို့ ၂ ဦးအား (ပ)၁၇၆/၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၃(က)ဖြင့် လည်းကောင်း အသီး သီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည် ။

ရဲဇာနည်

Credit : Here

တန်ဖိုးနည်းဖုန်းကိစ္စ မြန်မာ့ဆက်သွယ်ရေး အသိပေးထုတ်ပြန်

ဧပြီလ ၂၄ ရက်တွင် စတင်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက နိုင်ငံပိုင် သတင်းစာများမှတဆင့် အသိပေးကြေညာချက်ကို ထုတ်ပြန်ကြေ ညာ လိုက် သည်။

MECT အမှတ်တံဆိပ် ဖုန်းများမှာ လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တမိနစ်လျှင် ကျပ် ၅၀ ဖြစ်ပြီး အဝင်ခေါ်ဆိုမှုအတွက် မပေးဆောင်ရပေ။ အင်တာနက် အသုံးပြုလိုပါက သက်ဆိုင်ရာ တိုင်းေ ဒကြီး များရှိ ဆက်သွယ်ရေးရုံးများတွင် ကျပ် ၁၀,၀၀၀ ဖြင့် လျှောက်ထားလိုင်းဖွင့် အသုံးပြုနိုင် မည်ဖြစ်ပြီး အင်တာ နက် အသုံးပြုခအဖြစ် ၁ မိနစ်လျှင် ၄ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည် ဖြစ်သည်။


ယင်း တန်ဖိုးနည်းဖုန်းများအား မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရေဒီယိုစခန်းပေါင်း ၂၈၂ ခုအတွင်းရှိ နယ်နိမိတ် အတွင်း ၌ ပြည်တွင်း-ပြည်ပသို့ ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်သည်။

တန်ဖိုးနည်းဖုန်းများဖြင့် ပြည်ပသို့ ခေါ်ဆိုလိုပါက MECT အမှတ်တံဆိပ်ပါ နိုင်ငံခြားငွေ ကြိုတင်ငွေဖြ ည့် ကတ် (၁၀ ဒေါ်လာ၊ ၂၀ ဒေါ်လာ၊ ၅၀ ဒေါ်လာ)ကို သုံးပြုရမည် ဖြစ်သည်။

အကယ်၍ အဆိုပါ တန်ဖိုးနည်း ဖုန်းကဒ်များ ပျောက်ဆုံးခဲ့ပါက မြန်မာ့ဆက်သွယ်ရေး ဌာနသို့ ကျပ် ၂၀,၀၀၀ ပေး သွင်း၍ ပြန်လည်လျှောက်ထားနိုင်ပြီး ပျက်စီးခဲ့ပါက အခမဲ့ လျှောက်ထားနိုင်ကြောင်း သိရ သည်။

Mizzima News

Credit : Here

၈၈ တွင် ကျောင်းမတက်သည့် ၈၈ ခေါင်းဆောင် ဆိုသူများ၏ ဆူပူမှု မှတ်တမ်း (၂)


၈၈ အရေးအခင်းကြောင့် ကျောင်းများ ၁ နှစ် ပိတ်သည်။ မြန်မာ တစ်နိုင်ငံလုံးရှိ ကျောင်းသားများ ပ ညာရေး တွင် တစ်နှစ် နောက်ကျရသည်။ ထိုတစ်နှစ်ကြောင့် ထိခိုက်နစ်နာသူများ၏ ဒုက္ခသည်ကား စာဖွဲ့၍ မ ကုန်။ ငွေ အား လူအား ပညာအား နိမ့်ကျကာ နောက်တစ်နှစ်တွင် ကျောင်းဆက် မတက်နိုင်တော့သည့် ကျောင်း သား များ၊ ကျောင်းစာတွင် စိတ်မ၀င်စားနိုင်တော့သည့် ကျောင်းသားများ၊ တောခိုသွားသည့် ကျောင်း သားများ စသည်ဖြင့် လူငယ်လူရွယ်တို့၏ ထွန်းတောက်မည့် အနာဂတ် ဖျက်ဆီးခံခဲ့ရသည်။ သို့ေ သာ် ထို တစ်နှစ် အတွက် ကျောင်းမတက်သည့် ကျောင်းသားများ ၀မ်းနည်းကြောင်း တစ်ခွန်းမဆို။ ၄င်းတို့ ၏ ရည်ရွယ်ချက် သည်ကား ဒို့တာဝန် အရေး(၃)ပါး ပျက်စီးရေးသာ ဖြစ်လေသည်။


၈ လေးလုံး ဖြစ်စေသည့် ဆူပူမှုကို ခေါင်းဆောင်သူများအား ဖမ်းဆီးပြီးနောက် တိုင်းပြည်၏ အခြေအနေမှာ အဘက် ဘက်တွင် အနှုတ်လက္ခဏာများ ကျဆင်းလျှက်ရှိသည်။ လယ်ယာကဏ္ဍတွင် -၁၃.၂ %၊ သတ္တု တွင်း ကဏ္ဍတွင် -၂၀.၁% အပါအ၀င် ကုန်ပစ္စည်း ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်း -၁၃.၃ % ကျဆင်းလျှက် ရှိ သည်။ တစ်နိုင်ငံလုံး၏ အသားတင် ထုတ်လုပ်မှုတန်ဖိုးသည် -၁၁.၄% ဖြင့် ဆုတ်ယုတ်လျှက် ရှိသည်။ ကုန် သွယ်မှု လက်ကျန်တွင် လိုငွေ -၁၂၇၄.၁ သန်း ပြနေခဲ့သည်။ အရာရာတွင် အနှုတ်လက္ခဏာ ဆောင် သည့် အခြေအနေ များကြောင့် နိုင်ငံသည်လည်း ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရပြီး မြန်မာ့ သမိုင်း တွင် အဆိုးရွားဆုံး စီး ပွားရေး အခြေအနေ ဖြစ်သည်။

ထိုအခြေအနေတွင် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း နိုင်ငံတိုးတက်ရေးထက် အာဏာကို ဦးစားပေးခဲ့ သော ပါတီကြီးကြောင့် နိုင်ငံရေး ပြောင်းလဲမှု မရှိခဲ့။ ထို့အပြင် တိုင်းရင်းသား လက်နက် ကိုင် တို့ ၏ အရေး မှာလည်း ပြင်းထန်လာသည်။ ထိုအတွက် တပ်မတော်မှ နိုင်ငံတော် အာဏာကို ထိန်း သိမ်းကာ အမျိုးသား ညီလာ ခံကြီး ကျင်းပပေးခဲ့သည်။ ညီလာခံကြီး ကျင်းပသည်နှင့် အတူ ပြည် တွင်းပြည် ပ ရင်းနှီးမြုပ်နှံမှုများ ဖိတ် ခေါ်ခြင်း၊ ဈေးကွက်စီးပွားရေး စနစ် အကောင်အထည် ဖော်ခြင်းများ ပြုလုပ်ခဲ့ သည်။ ထို့ကြောင့် ၁၉၉၅ ခုနှစ် ရောက်သည့်အခါ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံသည့် လုပ်ငန်း အဖွဲ့အစည်း ၁၈၅၈၁ ခုထိ သုံးဆကျော် တိုးပွား လာခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၁၆၆ ခုထိ ရှိလာသည်။ နိုင်ငံ အလိုက် ရင်းနှီးမြုပ်နှံမှု စာရင်းကို ကြည့်ပါက ၁၉၉၆ ဖေဖော်ဝါရီလတွင် UK က ပထမ၊ စင်္ကာပူက ဒုတိယ၊ ပြင်သစ်က တတိယ၊ ထိုင်းနိုင်ငံက စတုတ္ထ၊ အမေရိကန်မှ ပဉ္စမ အသီးသီးရှိကြပြီး တရုတ်နိုင်ငံသည် နိုင်ငံ ၁၈ နိုင်ငံအနက် အဆင့် ၁၅ ရှိကာ သြစတေးလျ၊ ကနေဒါ၊ ဖိလစ်ပိုင် နိုင်ငံများထက်ပင် နိမ့်သည်။

သတင်းစာမှ စကားလုံးများ မဟုတ်။ တရုတ်အားကိုးသည် ဆိုသည့် အခြေအနေမဟုတ်ဘဲ နိုင်ငံ၏ အမှန် တ ကယ် တိုးတက်နှုန်းဖြစ်သည်။ ရန်ကုန် စီးပွားရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာ တင်စိုး ၁၉၉၆ မတ် လ တွင် ပြုစုသော ၁၉၉၄-၉၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး အဆင့်အတန်း စာတမ်းမှ အချက်များ အရ ထိုကာလတွင် မြန်မာနိုင်ငံသည် တိုင်းတာသည့် စံနှုန်း (၁၆)ခုအနက် ၁၀ခုမှာ ဖွံ့ဖြိုးဆဲ နိုင်ငံအဆင့်သို့ ရောက် ရှိ လာခဲ့သည်။

အမျိုးသား ညီလာခံကြီး ကျင်းပကာ မြန်မာနိုင်ငံတွင် မည်သည့်နိုင်ငံခြားတပ်မှ ခြေချခွင့် မပြု အပါအ၀င် အခြေ ခံမူများ ချမှတ်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ရပ်ရေး ဆွေးနွေးနိုင် ခဲ့သည်။ မိုးဟိန်း စစ်ဆင်ရေး (၁)မှ (၁၂)ထိ အသက်သွေးချွေးများ ပေးဆပ်ကာ မိုင်းလားဒေသတွင် မူး ယစ်ဆေး ကင်းစင် ဖြစ်ရေး ကြိုးပမ်းခဲ့သည်။ လမ်းပြ မြေပုံ (၇) ချက် ချမှတ်ခဲ့သည်။ ထိုအချိန်တွင် ပူးေ ပါင်းေ ဆာင် ရွက်မည့် အ တိုက် အခံ မရှိ။ စီးပွားရေး ပိတ်ဆို့မှု ဆိုသည့် ရလဒ်သာ တောင်းဆိုခဲ့ကြသည်။ ထို အတွက် အမေရိ ကန်၊ ဥရော ပမှ စီးပွားရေး လုပ်ငန်းများ အားလုံး ရုပ်သိမ်းသွားခဲ့သည်။ တိုးတက် ရိပ်ပြနေသော စီးပွားရေး လုပ်ငန်း များ ရပ်ဆိုင်းသွားသည်။ အထည်ချုပ် လုပ်ငန်း ၈၀ % ပြိုလဲပြီး ၆ သောင်းေ ကျာ်သော အထည်ချုပ် အလုပ် သမားများ ဘ၀ပျက်ခဲ့ကြသည်။ ဆေးဝါး စက်ရုံ၊ အချိုရည် စက် ရုံ၊ လူသုံးကုန် လုပ်ငန်း များ ရပ်ဆိုင်းသွား သည်။ ကားကြော်ငြာများ တီဗီဖန်သားပြင် တွင် ကြည့်နေရာမှ ကားဈေး ကွက် ပျက်ပြီး ဈေးနှုန်းများ ထိုးတက် သွားသည်။

သို့သော် စီးပွားရေး ပိတ်ဆို့မှုကို ရအောင် တွန်းလှန်ပြီး ပြည်ထောင်စု ပြိုကွဲ မည့် အရေး ရင်ဆိုင်ရနိုင် သည့် လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး၊ တပ်မတော် အင်အား ခိုင်မာရေးကို ဦးတည် ဆောင်ရွက်ခဲ့ သည်။ အမျိုး သား ညီလာခံကြီး လုပ်ငန်း အဆင့်များ ပြီးမြောက်ပြီး အခြေခံ ဥပဒေ အတည်ပြုကာ ရွေးေ ကာက် ပွဲ ကျင်းပရန် အတွက် နိုင်ငံရေး အဖွဲ့များ၊ နိုင်ငံရေး အကျဉ်းသားများ အား လွှတ်ပေးခဲ့သည်။ ထိုအချိန် တွင်တော့ ၈၈ တွင် ကျောင်းမတက်သည့် ၈၈ ခေါင်းဆောင်များ တစ်စခန်း ပြန်ထသည့် အချိန်ဖြစ် လာလေသည်။

မင်းကိုနိုင်၊ ဌေးကြွယ်၊ ကိုကိုကြီး တို့ ဦးဆောင်ကာ အဖြူရောင် တနင်္ဂနွေ လှုပ်ရှားမှု လုပ်သည်။ အစိုးရ ဆန့် ကျင် စကားများ ပြောကာ စည်းရုံးသည်။ သံဃာတော်များ အကြား သက်ဝင်လှုပ်ရှား သည်။ အနောက် အုပ်စု၏ အထောက်အပံ့များ ရယူခဲ့သည်။ နောက်ဆုံးတွင်တော့ ဆီဈေးနှုန်းကို အကြောင်းပြကာ မင်းကိုနိုင် ၊ ကိုကိုကြီး ဦး ဆောင်၍ လူစုလူဝေးဖြင့် ဆန္ဒပြသည်။ ဌေးကြွယ်မှ ဂြိုဟ်တု ဖုန်းသုံးကာ သပိတ် များ ဖြစ်ပေါ် စေရန် လှုံ့ဆော်သည်။ ပြည်ပ အသံလွှင့် ဌာနများနှင့် ပူးပေါင်းကာ သံဃာတော်များအား သတင်းမှားများ လွှင့်၍ လမ်းပေါ်ထွက်စေသည်။

တစ်ချိန်တည်းတွင် ဂျင်မီ၊ နီလာသိန်း တို့မှလည်း လေးလ သမီးအရွယ်ကို ဗန်းပြကာ အသနားခံပြီး ဆူပူမှု များကို တိုးပွားအောင် လှုံ့ဆော်သည်။ ထို ၈၈ တစ်ဖွဲ့လုံး ပဲခူး ရာဘာတောထဲ ပုန်းကာ ထို ခေတ်က မသုံးနိုင် သည့် ဂြိုဟ်တု ဖုန်းများဖြင့် တပြည်လုံး ဆူပူမှုကြီး ဖြစ်စေရန် ဖန်တီးခဲ့သည်။

၈၈ ခေါင်းဆောင် လှုံ့ဆော် ဆူပူသူများအား ဖမ်းဆီးပြီးသည့်နောက်တွင်တော့ ဆူပူမှုများ ပြန်လည် ရပ်ဆိုင်း သွားသည်။ ဌေးကြွယ်တို့ အုပ်စုအား ရာဘာတောထဲ ဖမ်းမိပြီးချိန်တွင်တော့ အပြီးသတ် ခဲ့သည်။ သို့သော် မြန်မာ နိုင်ငံကို ထပ်မံ ရိုက်ခတ်လာသည်က စီးပွားရေး ပိတ်ဆို့မှု အသစ် ဖြစ်သည်။ ထိုစီးပွားရေး ပိတ် ဆို့မှုနှင့် ပတ်သက်၍ ၈၈ ခေါင်းဆောင် ဆိုသူ ကိုကိုကြီးမှ အမေရိကန် မှ မြန်မာနိုင်ငံကို စီးပွားရေး ပိတ် ဆို့ သဖြင့် အမေရိကန် အတွက် ထိခိုက်နစ်နာရပါကြောင်း၊ အမေရိကန်သည် သူ့အကျိုးစီးပွားကို ထိခိုက် နစ်နာခံပြီး လုပ် ပေးကြောင်း ပြောခဲ့သည်။

၎င်းတို့ အားလုံး ထောင်ထဲ ရောက်ချိန်တွင်တော့ ပြည်တွင်း မည်သည့် ဆူပူမှုမှ ကြီးကြီးကျယ်ကျယ် မရှိ။ အဓိ ကရုဏ်း မရှိ။ သို့သော် ထောင်ထဲတွင် ဗိုက်အောင့်၊ခါးနာ၊ အစာအိမ် ရောဂါစုံ ဖြစ်နေေ ကြာင်း ပြည်ပ အ သံ လွှင့်ဌာန များမှ လွှင့်ပေးသည်။ ကိုကိုကြီးနှင့် ထောင်အတူတူ ကျခဲ့သူများ၏ မှတ်တမ်းအရ ၄င်းတို့ သည် ကွေ ကာအုပ် သောက်ကာ အစာငတ်ခံ ဆန္ဒပြကြကြောင်း သိရသည်။

ယခု တစ်ဖန် အစိုးရ အသစ်နှင့် အတူ ၄င်းတို့ လွတ်မြောက်လာကြသည်။ ကားအကောင်းစားကြီး များ၊ အံ့မ ခန်း သော ၀င်ငွေများ ရရှိကြသည်။ နိုင်ငံတွင်း ဆန္ဒပြပွဲများ နေရာအနှံ့ ဖြစ်ပေါ်စေသည်။ လက်ပံတောင်း ကဲ့သို့ စီမံကိန်းများတွင် သွေးထိုးလှုံ့ဆော်သည်။ ထို့ပြင် နိုင်ငံ အနှံ့ ဟောပြောပွဲများ ပြုလုပ်ပြီး အစိုးရကို အပုပ် ချ သည်။ မိထ္ထီလာ အဓိကရုဏ်းတွင် မီးစများ မြှင့်တင်ကာ အလွတ်ေ ရှာင် သည်။ ပြည်တွင်း ဆူပူမှု များ မဖြစ်ဖြစ်ရ လေအောင် ၄င်းတို့ ဖန်တီးကြသည်။

သို့ဆိုလျှင် အဘယ်ကြောင့် ၄င်းတို့အား နေရာပေးထားသနည်း။ ရှင်းရှင်းလေးသာ ဖြစ်သည်။ ၈ လေးလုံး ဆို သည်နှင့် ရန်ကုန် တစ်ကွက် ဆူပူမှုကို ပြောသည်။ အစိုးရ၏ အားနည်းချက်၊ ပြည်သူ့အကြိုက် ဖြစ်စေ သည့် ၄င်းတို့ မလုပ်နိုင်သည်များကို အစိုးရ အပေါ်လွှဲချသည်။ ယနေ့ထိ အပေါင်းသဘော ဆောင်သည့် လုပ်ေ ဆာင် ချက်မရှိ။ အုပ်စုဖြင့် လှုပ်ရှားမှုကြောင့် ပြည်သူများ အကြား သို့လော ထင်မြင်မှုများ ရှိသည်။ ၄င်းတို့ အား လွတ် လပ်စွာ လှုပ်ရှားစေရန် အထက်မှ ညွှန်ကြားသဖြင့် ၄င်းတို့နှင့် ပြဿနာ ဖြစ်ပွားစေနိုင် သည့် ကိစ္စမှန်သမျှအား တာဝန်ရှိသူများမှ နောက်ကွယ်က ဖြေရှင်းပေးရသည်။ တာဝန်ရှိသူများ တာဝန်မ ခံနိုင် သည့် ရခိုင်၊ဘားအံ စ သည့်ဒေသများသို့ ၄င်းတို့ မသွားရဲကြ။

နိဂုံးဆိုသော ၈၈ ကျောင်းသား ဆိုသူများသည် ၈၈ တွင် ကျောင်းနေခဲ့သူများ မဟုတ်။ ယနေ့ထိ ဆူပူမှုများ၊ မြန် မာနိုင်ငံ အပေါ် ဒုက္ခရောက်စေနိုင်သည့် အရာများမှလွဲ၍ မည်သည့်ကောင်းကျိုးမှ ဖြစ်ထွန်းစေခြင်း မရှိ ခဲ့။ နောင်လည်း ရှိမည် မဟုတ်။ ထို့ပြင် အဖွဲ့အစည်း မှတ်ပုံတင်ခြင်း၊ တရားဥပဒေ လိုက်နာခြင်းများကို လုံး ၀ (လုံး ၀) လုပ်ဆောင်နေခြင်း မရှိဘဲ တစ်နိုင်ငံလုံး ဆူပူမှုကြီးများ အကြီးအကျယ် ဖြစ်ထွန်းစေရန် လုပ်ေ ဆာင်နေ သည့် အဖွဲ့သာ ဖြစ်ပေတော့သည်။

------------------------

အထက်ပါ အချက်များ မှန် မမှန်အား တစ်ပိုဒ်ချင်းအလိုက် ၈၈ မျိုးဆက် ဆက်ဆံရေးဌာန ဖုန်းနံပါတ် ၀၁ - ၅၆၅၉၁၉ နှင့် ၀၉-၇၃၀-၈၁၇၀၁ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

Credit : Here

၈၈ တွင် ကျောင်းမတက်သည့် ၈၈ ခေါင်းဆောင် ဆိုသူများ၏ ဆူပူမှု မှတ်တမ်း


၈.၈.၈၈။ ထိုကာလသည် အေးချမ်းစွာ နေလိုသော မြန်မာနိုင်ငံသားတို့ အတွက် အနိဌာရုံကာလ ဖြစ်ပြီး ယနေ့ အချိန်တွင် ခွပ်ဒေါင်းအလံထောင်ပြီး အလုပ်ဖြစ်နေသူများအတွက် လုပ်စား၍ အကောင်းဆုံးကာ ဖြစ် သည်။ ဆိုရှယ်လစ် စီးပွားရေးစနစ်၊ ပြည်သူပိုင် စီးပွားရေး စနစ်တို့ကို ကျင့်သုံးခဲ့သည့် ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေါင်းဆောင် များ၏ လောဘ၊ဒေါသ၊မာန များကြောင့် တိုင်းပြည်က နလန်မထူနိုင်ခဲ့။


ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် တိုင်း ရင်းသား စည်းလုံးညီညွှတ်ရေးကို မတည်ဆောက်နိုင်သဖြင့် နယ်စပ် တွင် လက်နက်ကိုင်သောင်းကျန်းသူများ သောင်းကျန်းနေသည်။ ပြည်တွင်းတွင် ကုန်ဈေးနှုန်းများ မြင့် မားနေ သည်။ လစာ မလောက်ငှမှုကြောင့် ၀န်ထမ်းများ လာဘ်စားကြသည်။ ထို အချိန်တွင် ဟောင်ေ ကာင် မှ ၀င်လာသည့် ငွေစက္ကူ အတုများ ဗိုလ်မြ ထံမှ တစ်ဆင့် ပြည်တွင်းသို့ လှိမ့်ဝင်လာသည်။ ငွေကြေးေ ဖာင်း ပွမှုကို ထိန်းချုပ်ရန် အတွက် ၁၉၈၇ စက်တင်ဘာတွင် ငွေစက္ကူများ တရားမ၀င်ကြောင်း ကြေငြာ သည်။ အစောပိုင်းတွင် ပြန်လဲ ပေး မည်လား မျှော်လင့်ချက်ဖြင့် ဆူပူမှု မပြင်းထန်သော်လည်း ပြန်မလဲပေး သည့် အခါတွင်တော့ ဆူပူရန် တာစူနေ ကြသည်။

ထိုအခြေအနေကို အခွင့် ကောင်းယူ၍ လုပ်စားခဲ့သူများကတော့ ယနေ့ ၈၈ ခေါင်းဆောင်များ ဆိုသည့် မင်း ကိုနိုင် ၊ကိုကိုကြီး၊မြအေး၊ ဌေး ကြွယ်နှင့် မိုးသီးဇွန်တို့ အုပ်စုပင်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် အင်း စိန်၊ အနောက်ကြို့ကုန်း ရပ်ကွက်မှ လူငယ်များနှင့် စက်မှု တက္ကသိုလ် ကျောင်းသားများ ခိုက်ရန် ဖြစ်ပွား သည်။ ပြည်သူ့ရဲ လုံခြုံမှု ထိန်းသိမ်းရေးတပ်မှ အဓိကရုဏ်းအား နှိမ်နှင်းရာ ဆူပူရန်ဖြစ်သည့် ကျောင်းသား ဖုန်းမော် ဒဏ်ရာရသည်။ မတ်လ ၁၄ ရက်နေ့တွင် သေသည်။ ထို အချက်ကို အခွင့်ကောင်းယူ၍ နောက် ကွယ် မှ မြှောက်ပင့်ကာ အစိုးရ အဆောက်အဦများ၊ ပြည်သူပိုင်များ၊ မော်တော်ယာဉ်များ မီးရှို့သည်။ ၁၉၈၈ အ စော ပိုင်း မတ်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့ထိ တစ်ပတ်အတွင်း မီးရှို့မှု (၁၅)မှု၊ ပြည်သူပိုင် ပ စ္စည်း ဖျက်ဆီး မှု(၈၆)မှု၊ သမ၀ါယမ ဆိုင် ဖျက်ဆီးမှု(၁၆) မှု ဖြစ်ပွားခဲ့ကာ ငွေကျပ်(၄၁)သိန်း ကျော် ဆုံး ရှုံး ခဲ့သည်။ အစိုးရက ကျောင်းများ ပိတ်လိုက်သည်။

မေလ(၃၀) ရက်နေ့တွင် ကျောင်းပြန်ဖွင့်ခဲ့သည်။ ၈၈ တို့၏ သွေးထိုးမှုကြောင့် ဇွန်လ(၁၃) ရက်နေ့တွင် ပြန် လည် ဆူပူသဖြင့် ဇွန်လ(၂၀) ရက်နေ့တွင် ကျောင်းပြန်ပိတ်ခဲ့သည်။ သို့သော် ကျောင်းသား ကလပ်စည်း အ တွင်း ၀င်ရောက်နေသည့် အဖွဲ့များကြောင့် ဆူပူမှုများ ဆက်တိုက်ဖြစ်ပွားကာ ၂၂-၇-၈၈ တွင် ပုဒ်မ ၁၄၄ ထုတ် သည်။ စစ်အုပ်ချုပ်ရေး ကြေငြာကာ တပ်မတော်မှ ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် အရေးပေါ် ပါတီညီလာခံက ဦးနေ၀င်းနှင့် ဦးစန်းယုတို့ကို အနားယူခွင့် ပေး လိုက် သဖြင့် ဦးစိန်လွင် ပါတီဥက္ကဌ ဖြစ်လာသည်။ သြဂုတ်လ(၂၀)ရက်နေ့တွင် ဦးစိန်လွင် နှုတ်ထွက်သဖြင့် သြဂုတ်လ ၁၉ ရက်နေ့တွင် ဒေါက်တာ မောင်မောင် ပါတီဥက္ကဌနှင့် နိုင်ငံတော် သမ္မတ ဖြစ်လာခဲ့ပြီး သြဂုတ် လ ၂၄ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ရုတ်သိမ်းခဲ့သည်။

ပြည်တွင်း ဆူပူမှု ဖြစ်စေရန် ရည်ရွယ်ချက် ရှိရှိ ဖန်တီးသည့် ၈၈ အဖွဲ့များကတော့ ရပ်မသွား။ ဆူပူမှုများ နှင့် အတူ မင်းကိုနိုင်က ၈-၈-၈၈ မတိုင် ခင် မင်းကိုနိုင် လက်ရေးဖြင့်ရေးသော ခွေးအိုဆင်းလို့ ခွေးရူးတက် မြန် မာနိုင်ငံပျက် ဆိုသည့် လှုံ့ဆော်စာကို တက္ကသိုလ်များသို့ ဗကသမှ ဖြန့်ဝေသည်။ ထိုစာထဲတွင် ခေတ် အ ဆက် ဆက် ကျောင်းသားတွေ ဆူပူမှ အစိုးရ ပြုတ်ကျကြောင်း၊ ၈-၈-၈၈ မှာ တစ်နိုင်ငံလုံးရှိ ကျောင်း သားများ လမ်းပေါ်ထွက် ဆန္ဒပြရမည့် အကြောင်း လှုံ့ ဆော် ရေးသားထားသည်။

မင်းကိုနိုင်မှ ကျောင်းသားအားလုံး လမ်းပေါ်ထွက် ဆူပူဖို့ လှုံ့ဆော်ချိန်တွင် ကိုကိုကြီးက အမေရိကန် သံရုံး သို့ ၀င်ထွက်သည်။ ဌေးကြွယ်က ပြည်ပ အသံလွှင့်ဌာနများနှင့် ပေါင်းကာ လုံထိန်းများမှ ကျောင်းသူအား မု ဒိန်း ကျင့်သည် ဆိုသည့် သတင်းမှားလွှင့်ကာ ဆူပူမှုများ ဖြစ်အောင် ဖန်တီးသည်။ ဆူပူမှုများ ဆက်တိုက် ဖြစ် လာပြီး ၂၈-၈-၈၈ တွင်တော့ မင်းကိုနိုင် ဗကသဥက္ကဌ ဖြစ်လာသည်။ ပြည်သူများ ခေါင်းဖြတ် အသတ် ခံရသည်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်တို့ သတင်းမှားများ ဆက်တိုက်ထုတ်လွှင့်သည်။ ၁၂-၉-၈၈ တွင် အမေရိကန် စစ်သင်္ဘော အုပ်စု မြန်မာ့ရေပိုက်နက်ထဲ ရောက်လာသည်။ ဗကပ ယူဂျီများက တပ်မတော် (လေ)နှင့် (ရေ)မှ အမြောက်များ ဗုံးကြဲမည်ဟု ကြေငြာချက် အတုထုတ်သည်။ စက်တင်ဘာ (၁၄)တွင် အစိုး ရမှ သပိတ်အဖွဲ့ (၃၇) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့။

စက်တင်ဘာ (၁၇) ရက်နေ့တွင် ကုန်သွယ်ရေး ၀န်ကြီးရုံး တာဝန်ကျ လုံခြုံရေး တပ်ခွဲရုံးကို ၀ိုင်း ၀န်း တိုက် ခိုက် ကာ လက်နက်များ ယူသွားသည်။ ရဲစခန်းများကို ၀င်စီးသည်။ အဓိက ဦးဆောင် သူမှာ ကိုကိုကြီး ဖြစ် သည်။ အင်တာဗျူး တစ်ခုအရ ကိုကိုကြီးမှ မိမိတွင် လက်နက်များ ရှိကြောင်း၊ လက်နက်ကိုင် တိုက်မည့် အကြောင်း များ ပြောခဲ့သည်။ ပြည်တွင်းပြည်ပ သောင်းကျန်း သူများ နှင့် ၈၈ တို့ ဟန်ချက်ညီ ပေါင်းပြီး တိုင်းပြည် ဖျက်ရန် ကြံစည်သည်မို့ အစိုးရမှ မထိန်းနိုင်တော့ပေ။ ၁၄-၉ ၈၈ တွင် ဗကပများ မိုင်းယန်းကို တိုက် သည်။ ၁-၉-၈၈ တွင် KNU များ မဲသဝေါ အပါအ၀င် စခန်းများကို တိုက်သည်။ ထို့ကြောင့် ၁၈-၉-၁၉၈၈ တွင် တပ်မတော်မှ နိုင်ငံတော်၏ ဆုံးရှုံး ရမည့် အချုပ်အခြာအာဏာကို ၀င်ရောက် ထိန်း သိမ်းရတော့သည်။ သို့သော် အကြမ်းဖက် မှုများနှင့် သောင်းကျန်းသူများ အန္တရာယ် မရပ်သွား။ ၁၀-၁၀-၈၈ တွင် KIO မှ မြို့သစ်တပ်စခန်း၊ နိုဝင်ဘာ တွင် မိုးညှင်းမြို့အား တိုက်ခိုက်သည်။

လက်နက်ကိုင် သောင်းကျန်းသူများ ကို တိုက်ခိုက်ရင်း ပြည်တွင်း ဆူပူမှုများကို တပ်မတော်မှ ဖြေရှင်းသည်။ ၁၉၈၉ မတ်လ တွင် ၈၈ တွင် ဆူပူသည့် မင်းကိုနိုင်တို့ အုပ်စုအား ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ ပြည်တွင်း တည် ငြိမ်ရေး တည်ဆောက်ချိန်တွင် KNU တို့က ကယားနယ်စပ်မှ တနင်္သာရီ တောင်ဘက် အစွန်ထိ အမာ ခံ စခန်း များ ဆောက်လုပ်ကာ စီးပွားရေး၊ စစ်ရေး တိုးချဲ့သည်။

ဆက်ရန်

အထက်ပါ အချက်များ မှန် မမှန်အား တစ်ပိုဒ်ချင်းအလိုက် ၈၈ မျိုးဆက် ဆက်ဆံရေးဌာန ဖုန်းနံပါတ် ၀၁ - ၅၆၅၉၁၉ နှင့် ၀၉-၇၃၀-၈၁၇၀၁ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

Credit : Here