Wednesday, April 24, 2013

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံ ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းကို ဧပြီလ ၂၃ ရက်နေ့ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးအပြီး တွေ့ရစဉ်

အာဆီယံ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းကဘရူနိုင်း နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း Eleven Media Group သို့ ပြော ကြားခဲ့ပါသည်။


ဘရူနိုင်း နိုင်ငံ၌ ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ပြုလုပ်မည့် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မစတင်မီ ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်သော အာဆီယံအဆင်မြင့် အရာရှိများ၏ အကြို ညှိနှိုင်းဆွေးနွေးပွဲအပြီးတွင် Eleven Media Group ၏ မေးမြန်းချက်ကို ဦးအောင်လင်းက ထိုကဲ့သို့ ပြန် လည် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

“စိန်ခေါ်မှုတွေ အားလုံးကို ကျွန်တော်တို့က ရင်ဆိုင် ဖြေရှင်းဖို့ အဆင်သင့်လုပ်ထားပါတယ်။ စီးပွားရေး အရ စိန်ခေါ်မှု တွေရော၊ နိုင်ငံရေးအရ စိန်ခေါ်မှုတွေရော လူမှုရေးစိန်ခေါ်မှုတွေပါ အားလုံးရင်ဆိုင်ဖို့ အဆင်သင့် ရှိနေပါတယ်”ဟု အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံကရယူမည် ဖြစ်ပြီး ထိုသို့ တာဝန် ထမ်းဆောင် နိုင်ရန်အတွက် ပြင်ဆင်မှုများကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဦးအောင်လင်း က ပြောကြား ခဲ့သည်။

ထို့အပြင် ဥက္ကဋ္ဌ တာဝန်ရယူနေစဉ် ကာလအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံအချို့အကြား အငြင်း ပွားနေသော တောင်တရုတ် ပင်လယ်အရေးနှင့် ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေးအသိုက်အ၀န်း (AEC) ဖော်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များမှာ အရေးပါသောကိစ္စရပ်များ ဖြစ်လာနိုင်သည့် အခြေ အနေ တွင် ရှိနေပါသည်။

“တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ရင် ကျွန်တော်တို့ဟာ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်တဲ့ နိုင်ငံမဟုတ်ပါ ဘူး။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ အာဆီယံနဲ့အများ ဆောင်ရွက်တဲ့အတိုင်းပဲ တူညီတဲ့ ရပ်တည်ချက်နဲ့ ဖောင်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဦးအောင်လင်းက ပြောသည်။

အာဆီယံစီးပွားရေး အသိုက်အ၀န်း(AEC) နှင့်ပတ်သက်၍လည်း အာဆီယံ၏ ရည်မှန်းချက် အတိုင်း ဆောင်ရွက်မည်ဟု ဆိုပါသည်။ “AEC နဲ့ ပတ်သက်လို့ ရှိရင်လည်း AEC မှာ သူ့ရည်မှန်းချက်တွေ ရှိတယ်။ AEC ရည်မှန်းချက် တွေကို ကျွန်တော်တို့ဟာ ဆိုလို့ရှိရင် အာဆီယံ နိုင်ငံအနေနဲ့ ပြည့် မီအောင် ဖြည့်ဆည်းဖို့ ရှိပါတယ်”ဟု ဦးအောင်လင်းက ပြောပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဖော်ဆောင်နေကြောင်း၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်သောကြောင့် ထိုအချက်က ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ရန် တွန်းအားတစ်ရပ် ဖြစ်ကြောင်း နိုင်ငံခြား သတင်းထောက်များမေးသည့် မေးခွန်း များကို ဖြေကြား ရာ၌ ဦးအောင်လင်းက ထည့်သွင်း ပြောကြားခဲ့သည်။

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီလ ၂၄ ရက်နေ့တွင် စတင်ပြုလုပ်မည် ဖြစ်ပြီး ယင်းဆွေးနွေးပွဲသည် ၂၀၁၃ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဘရူးနိုင်ငံက တာဝန် ယူပြီး နောက် ပထမဆုံး အကြိမ် ပြုလုပ်သော ဆွေးနွေးပွဲ ဖြစ်ပါသည်။

Credit : Here

နိုင်ငံနဲ့လူမျိုးအတွက်တော့ သမ္မတကြီးဦးသိန်းစိန်ကတော့ ဒီလိုပြတ်ပြတ်ကို ပြောလိုက်ပြီ၊ ကျနော်တို့တွေက သမ္မတကြီးနောက်မှာ မားမားမတ်မတ် ရပ်တည်ပေးဖို့ပဲ ကျန်တော့တယ်


ဒီနေ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ အစည်းအဝေး လုပ်ဖြစ်တယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့က သူတို့ကို ရှင်းလင်းတဲ့ မက်ဆေ့ခ်ျတစ်ခု ပေးခဲ့တယ်။


အကယ်၍ အချို့နိုင်ငံများ (အမေရိကန် အပါအ၀င်) က ရိုဟင်ဂျာများ ( နိုင်ငံမဲ့ ပြည်သူများ) ကို လက်ခံ နိုင်မည် ဆိုပါက ကျွန်ုပ်တို့ အနေဖြင့် သင်္ဘောဖြင့်သော်လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်းကောင်း ပို့ပေးမည် ဖြစ်သည်။

ကျွန်ုပ်တို့ အနေဖြင့် လူ့အခွင့်အရေးကို နားလည်ပါသော်လည်း နိုင်ငံတော်လုံခြုံရေးကိုသာ ပိုမို အလေးထား ပါသည်။

(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး၏ ဖေ့စ်ဘုတ်အကောင့်မှ အင်္ဂလိပ်လို ရေးသားချက်ကို ဘာသာပြန်ဆိုသည်။ မူလရေးသားသော စတေးတပ်စ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။)

Today meeting with Human Rights Watch, Myanmar delegation gave the clear message, if some countries including US, can accept Rohinja (Stateless people), we can transport them by ships or others. We can undersatnd the human rights but we need to emphasize the National Security.

International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲတွင် ပြောကြားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း


International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းကို ဗီဒီယိုဖိုင်ဖြင့် ပြသခဲ့သည်။

အဆိုပါ မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-


ကြွရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား-

ပထမဦးစွာ ကျွန်တော့်အနေနဲ့ ICG အဖွဲ့နဲ့အတူ Madam Louise Arbour နဲ့ ဆုရွေးချယ်ရေး ဘုတ်အဖွဲ့ ဝင်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။ မစ္စတာလူလာနဲ့ ဂုဏ်ပြုအမှာစကား ပြောကြား ပေးတဲ့ မစ္စတာ ဂျော့ဆိုရော့စ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဒီကနေ့ ကျွန်တော်ဒီဆုကို လက်ခံရရှိတဲ့ အကြောင်းရင်းဟာ ကျွန်တော်နဲ့ မြန်မာပြည်သူတွေ အတူ ပူးပေါင်းပြီး ပိုမိုလွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို လက်တွဲညီညီ ချီတက်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

ဒီဆုဟာ ကျွန်တော်တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒီမိုကရေစီ အရေး ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြတဲ့ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ကိုယ်စား ကျွန်တော့်အနေနဲ့ ဒီဆုကို လက်ခံရယူတာပဲ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် အစိုးရအဖွဲ့ဟာ သက်တမ်းနှစ်နှစ်အတွင်း နိုင်ငံရေးအရ ဖြေလျှော့မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုများနဲ့ စီးပွား ရေး ဖွံ့ဖြိုးမှုတို့အတွက် ပြုပြင်ပြောင်းလဲမှုများ စွာကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှုများစွာကို သမ္မတတစ်ယောက်အနေနဲ့ စွမ်းအား ရှိ သလောက် ဆောင်ကြဉ်းခွင့်ရတဲ့အတွက်ရော၊ ပြုပြင်ပြောင်းလဲမှုတွေကို ကိုယ်တိုင်တွေ့ကြုံ ပါဝင်ပတ်သက် ရတာတွေရော ကျွန်တော့်အတွက်တော့ ကံကောင်းမှုတစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီဆုကို ရရှိနိုင်ဖို့အတွက် ကျွန်တော်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပဲ ပါဝင်တယ်ဆိုတာ နားလည်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်နဲ့အတူ လက်တွဲပါဝင်ခဲ့ကြတဲ့သူတွေ၊ အခုလက်ရှိအတူတကွ မျှဝေခံစားပြီး လက်တွဲချီတက်နေကြတဲ့သူတွေ၊ ဆက်လက်ပြီးတော့လည်း ဒီမိုကရေစီခရီးအတွက် လက်တွဲချီတက်ကြ ဦးမယ့်သူတွေ အားလုံးဟာ ဒီဆုနဲ့ သက်ဆိုင် ကြ သူများ ဖြစ်ပါတယ်ဆိုတာကိုလည်း အသိပေးလိုပါတယ်။ ကျွန်တော့်ပြည်သူပြည်သားများအပေါ်မှာ ကျွန်တော့်အနေနဲ့ ထားရှိနိုင်ခဲ့တဲ့ မြန်မာနိုင်ငံတော်သစ်ကို ဆောင်ကြဉ်းနိုင်မယ်ဆိုတဲ့ ဒီယုံကြည်ချက်အတွက် ကျွန်တော့်ရင်ထဲက ပျော်ရွှင်မှု အားလုံးကို စကားလုံး အနေနဲ့ ဘယ်လိုမှ မဖော်ပြနိုင်ပါဘူး။

ကျွန်တော်တို့ အားလုံးဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေကြ ပါပြီ။ ကျွန်တော်တို့ဖြစ်ချင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် ကျွန်တော်တို့ အားလုံး အစွမ်းကုန် ဆက်လက် ကြိုးစားကြရမယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်တော့်အနေနဲ့ အစဉ်အမြဲ အမှတ်ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေ အထားအရ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခုရရှိဖို့၊ တိုင်းရင်းသား လူမျိုးအားလုံးစုံလင်ပြီး လက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အားလုံးကို ရင်ဆိုင်ဖို့အတွက် အတိတ်ကကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုတွေကို အတူတကွ ပြန်လည် ကုစားကြရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်လို့ မရနိုင် သလို ဒီမိုကရေစီမရှိဘဲနဲ့လည်း ငြိမ်းချမ်းရေးမရနိုင်ပါဘူး။

ကျွန်တော်တို့ရဲ့ ဒီမိုကရေစီမျှော်လင့်ချက်အသစ်တွေနဲ့ မြန်မာနိုင်ငံကို လာရောက်လေ့လာကြဖို့လည်း အားလုံးကို လှိုက်လှဲဝမ်းမြောက်စွာ ဖိတ်ခေါ် ပါတယ်။ ဒီမိုကရေစီဆိုတာ မျှော်လင့်ချက်သက်သက်၊ အတွေးအခေါ် သက်သက်မဟုတ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ အခြေခိုင် ဖို့အတွက် လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ၊ ဒီိမိုကရေစီအလေ့အကျင့်တွေကို စတင်တည်ဆောက်နေတာပဲ ဖြစ်ပါ တယ်။ ဒီမိုကရေစီရဲ့ နှုန်းစံတွေဖြစ်တဲ့ ညီမျှမှု၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံရေးရင့်ကျက်မှု စတာတွေကို ပြုစု ပျိုးထောင် နေတာဖြစ်ပါတယ်။ ဒီမိုကရေစီက ပေးအပ်ထားတဲ့ တစ်ဦးတစ်ယောက်ချင်း စီရဲ့ လွတ်လပ်မှုကို ကျင့်သုံးတဲ့နေရာမှာ တခြားသူ တစ်ယောက်ရဲ့ အခွင့်အရေးကို မထိပါး မိစေဖို့၊ အနှောက်အယှက်မပြု မိစေဖို့ အတွက်လည်း မိမိတို့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အတိတ်က စိတ်ကူးယဉ်သက်သက်သာဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေဟာ ဒီအချိန် မှာတော့ လက်တွေ့ကျကျ အကောင်အထည်ဖော်လို့ရနေပါပြီ။ အရာ အားလုံး ဖြစ်နိုင်တယ် ဆိုတဲ့ အချိန်တွေကို ရောက်ရှိနေ တဲ့အချိန်အခါလည်း ဖြစ်ပါ တယ်။ ဒါပေမဲ့ ဒီအချိန်တွေမှာ ဖြစ်နိုင်ခြေအားလုံးကို အနာဂတ်အတွက် အကျိုးရှိစေမယ့် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ အဖြစ် ပြောင်းလဲနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။

မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းကို ပွင့်လင်းတဲ့၊ နိုင်ငံရေးရင့်ကျက်မှုရှိတဲ့၊ အပြန်အလှန် လေးစားတတ်တဲ့၊ အားလုံးပါဝင်နိုင်တဲ့ ခေတ်မီလူ့အဖွဲ့ အစည်းတစ်ရပ်အဖြစ် ရောက်ရှိအောင် ကျွန်တော်တို့ အားလုံးစုပေါင်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးစားတဲ့နေရာမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီး ရှိတာကိုလည်း မိမိအနေနဲ့ သဘောပေါက် ထားတဲ့နည်းတူ ပြုပြင်ပြောင်းလဲမှုတွေကို စေတနာမှန်ကန်စွာ၊ စိတ်အား ထက်သန်စွာ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အားပေးကူညီမယ့် မိတ်ဖက်နိုင်ငံတွေ ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အများကြီးရှိတဲ့ အတွက်လည်း များစွာ အားတက်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးရှည်ကြီးမှာ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဆက်လက်ရှိနေပေးဖို့လည်း မျှော်လင့်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Credit : Here

တစ်ထောင့်ငါးရာတန် ဖုန်းငွေဖြည့်ကတ်များ မည်သည့်နေရာတွင် မဆို ၀ယ်ယူနိုင်မည်

ငွေကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်း ဆင်းကတ် များကို တိုင်းဒေသကြီးများ နှင့် ပြည်နယ် များ တွင် သက်ဆိုင်ရာ အစိုးရ အဖွဲ့ အသီးသီး၏ စီစဉ်မှု များဖြင့် လာမည့် ဧပြီလ ၂၄ ရက်နေ့၌ ပထမ အသုတ် ရောင်းချ ပေးတော့မည် ဖြစ်သည်။ အဆိုပါ တန်ဖိုးနည်း CDMA 800 MHz ဆင်းကတ် များ ၀ယ်ယူ နိုင်ရန် အတွက် လာရောက် လျှောက် ထားမှုများ သက်ဆိုင်ရာ ရပ်ကွက်များ အတွင်း များပြားလျက် ရှိကြောင်း သိရသည်။အဆိုပါ ပြည် နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ များ၏ ကြီး ကြပ်မှုဖြင့် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA 800 MHz မိုဘိုင်းလ်ဖုန်း များသည် လက်ရှိ မိုဘိုင်းလ် တယ်လီဖုန်း ဈေးကွက် တွင် ရောင်းချ လျက်ရှိသော CDMA 800 MHz ငွေဖြည့်ကတ် များဖြင့် အသုံးပြု၍ မရဘဲ MECTel အမှတ် တံဆိပ်ပါ ငွေဖြည့်ကတ် များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။


ယခင် CDMA 800 MHz ငွေဖြည့်ကတ် များအား မည်သည့် နေရာတွင် မဆို ၀ယ်ယူ ထည့်သွင်းနိုင်ပြီး ယခု ငွေကျပ် ၁၅၀၀ တန် ငွေဖြည့်ကတ် များကိုမူ MECTel အမှတ်တံဆိပ် ပါ တစ်မျိုးတည်း ထုတ်လုပ်ပြီး နေပြည်တော် ကောင်စီ နယ်မြေတွင် ၅ ဆိုင် ၊ ကချင်ပြည်နယ်တွင် ၃ ဆိုင် ၊ ကယားပြည်နယ် တွင် ၂ ဆိုင် ၊ ကရင်ပြည်နယ် တွင် ၃ ဆိုင် ၊ မကွေးတိုင်း ဒေသကြီး တွင် ၅ ဆိုင် ၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၀ ဆိုင် ၊ မွန်ပြည်နယ် တွင် ၆ ဆိုင် ၊ ရခိုင်ပြည်နယ် တွင် ၄ ဆိုင် ၊ ရန်ကုန်တိုင်း ဒေသကြီး တွင် ၁၂ ဆိုင် ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၃ ဆိုင် ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ၃ ဆိုင် ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၄ ဆိုင် ၊ ဧရာဝတီတိုင်း ဒေသကြီး တွင် ၅ ဆိုင် နှင့် ၄င်းတို့၏ ဆိုင်ခွဲများ တွင် ရောင်းချမည် ဖြစ်၍ ငွေဖြည့်ကတ် နှင့် ပတ်သက်၍ တန်ဖိုးနည်းဖုန်း ၀ယ်ယူမည့် ပြည်သူများ အတွင်း စိုးရိမ်မှုများ ရှိနေကြ ကြောင်း သိရသည်။



အဆိုပါ အခြေအနေ နှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၊ မိုဘိုင်းလ် ဆက်သွယ်ရေး ဌာန အင်ဂျင်နီယာချုပ် ဦးဌေးင်း အား မေးမြန်းရာ " ၂၄ ရက်နေ့မှာ ရောင်းမဲ့ ၁၅၀၀ တန်ဖုန်း ငွေဖြည့်ကတ် တွေဟာလည်း ယခင် ဖုန်းတွေလို ပါပဲ ဘယ်နေရာမှာ မဆို ၀ယ်ယူနိုင် ပါတယ် ၊ ဘယ်ပြည်နယ် မှာ ဘယ် နှစ်ဆိုင် ဆိုတာက လက်ကားဆိုင် တွေကို ဆိုလိုတာပါ ၊ သူတို့ရဲ့ ဆိုင်ခွဲတွေလည်း အများကြီး ရှိပါတယ် ၊ အရင် ငွေဖြည့်ကတ် တွေလိုပါပဲ ဘယ်မှာ ၀ယ်ဝယ် ၀ယ်လို့ ရပါတယ် ..... " ဟု ပြန်လည် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Credit : Here

မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် တိုးတက် ဖွံ့ဖြိုးမှု အတွက် တင်ဒါခေါ်ယူ


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တင်ဒါ ဈေးပြိုင် ခေါ်ယူ လျက်ရှိတယ်လို့ သိရပါတယ်။ အခုလို ခေါ်ယူရာမှာလည်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ လက်ရှိမိုဘိုင်းဆက်သွယ်ရေး ကွန်ရက်တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်လိုတဲ့ အဖွဲ့အစည်းများကို ဈေးပြိုင်တင်ဒါများကို ခေါ်ယူ တာ ဖြစ်ပါတယ်။


အဆိုပါတင်ဒါတင်သွင်းဖို့ အတွက်လိုအပ်တဲ့ အသေးစိတ်အချက်အလက်များနဲ့ တင်ဒါပုံစံများကို ရုံးအမှတ် ၂ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း နေပြည်တော်မှာ ပုံစံတစ်စောင်ကို ငွေကျပ်တစ်သိန်း နှုန်းနဲ့ ဧပြီလ ၂၂ ရက်နေ့ ကစတင်ပြီး ၀ယ်ယူနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်တိုးတက် ဖွံ့ဖြိုးရေးအတွက် ကုန်ကျစရိတ်များကိုတော့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျခံမှာ ဖြစ်ပြီး ဈေးပြိုင် တင်ဒါ တင်သွင်းသူတွေ အနေနဲ့ တင်ဒါ တင်သွင်းမှု စည်းမျဉ်းများ အတိုင်း လူကိုယ်တိုင် လာရောက် တင်သွင်းရမှာ ဖြစ်ပါတယ်။ အခုလို တင်ဒါ ပေးသွင်း ရာမှာ လည်း မေလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲ မတိုင်မီ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို တင်ဒါပေး သွင်းရမှာ ဖြစ်ပြီး ဈေးပြိုင် တင်ဒါများ ကိုတော့ ၂၀၁၃ ခုနှစ် မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီမှာ ဖွင့်ဖောက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4

Credit : Here

Facebook Home အောင်မြင်နိုင်မလား


Facebook Home လို့ ခေါ်တဲ့ Android ဖုန်းတွေမှာသုံးလို့ ရတဲ့ application ကို မိတ်ဆက်ခဲ့တဲ့ ၂ ပတ် အတွင်းမှာ အသုံးပြုသူပေါင်း ၅ သိန်းကျော်သွားပြီ လို့  သိရပါတယ်။

အသုံးပြုသူချင်တဲ့သူတွေဟာ Google Play Store ကနေ ယခုလ ၄ ရက်နေ့ ကတည်းက စတင်အသုံးပြု ခဲ့ကြတာပါ။ သုံးပြီးတဲ့အခါမှာတော့ ဝေဖန်ချက်တွေထွက်ပေါ်လာခဲ့ပါပြီ။

လောလောဆယ်မှာတော့ အစမ်း အသုံးပြုသူများက Facebook Home ရဲ့ စွမ်းဆောင်ရည်ကို အမှတ်ပေး ကြရာ ကြယ်ငါးပွင့် ရှိရာမှာ ၂.၂ သာ ရှိတော့တာကို တွေ့ ရပါတယ်။


အခမဲ့ ကူးယူအသုံးပြုလို့ ရတဲ့ ဒီ Facebook Home app ဟာ ဖုန်းရဲ့ မျက်မှာပြင်ပေါ်မှာ Facebook ရဲ့ နောက်ဆုံးသတင်းတွေ နဲ့ အတူ စကားပြောလို့ ရတဲ့ Chat feature ပါဝင်တာကို တွေ့ ရပါတယ်။

အိုင်တီအကြောင်း ~ blog.irrawaddy.org/search/label/အိုင်တီ

Facebook တည်ထောင်သူ မက် ဇက်ကာဘက် ကတော့ ဒီ Facebook Home app ဟာ မိုဘိုင်းဖုန်းကနေ Facebook သုံးရတာနှစ်သက်တဲ့သူများအတွက် အဆင်ပြေစေလိမ့်မယ်လို့  ဆိုပါတယ်။

ဒါပေမယ့် Facebook Home အသုံးပြုသူ တသောင်းကျော်လောက်ဟာ သူတို့ ရဲ့ အဆင်မပြေမှုတွေကို Google Play မှာ ရင်ဖွင့်သွားကြပါပြီ။ အထူးသဖြင့် .... နောက်ကွယ်ကနေ အလုပ်လုပ်တဲ့နှုန်း များတာ ကြောင့် ဘက်ထရီစားတာ အလွန်မြန်ပြီး အဆင်မပြေတဲ့အကြောင်း၊ ဖုန်းထဲထည့်လိုက်ရင် အခြားသွင်းထား တဲ့ applications တွေ အလုပ်လုပ်နိုင်ခြင်း မရှိတော့တဲ့ ပြဿနာတွေ နဲ့ ရင်ဆိုင်ရကြောင်း စသဖြင့် ရေးသားထားပါတယ်။

အသုံးပြုသူ အတော်များများကတော့ ကြယ် ၁ ပွင့်သာ ပေးကြတာပါ။ အဆင်မပြေမှုတွေနဲ့ တွေ့ ကြုံရတာ ကြောင့် ပြန်ပြီးဖျက်ကြတယ်လို့ လည်း သိရပါတယ်။ အသုံးပြုသူ ၁,၈၀၀ လောက်ကတော့ ကြယ် ၅ ပွင့် အပြည့်ပေးသွားတဲ့အတွက် ကျေနပ်ကြပုံ ပေါ်ပါတယ်။

နိဂုံးချုပ်ရင် ....

မိုဘိုင်းလောကမှာ အမြတ်အစွန်းတွေရရှိနေတဲ့ apps ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ Facebook က ကြိုးစားနေပါပြီ။ အားနည်းချက်တွေကို ပြင်ဆင်ရင်းနဲ့  အသုံးပြုသူတွေအတွက် အဆင်ပြေစေမယ့် Facebook Home ကို အဆင့်မြှင့်နိုင်ပါလိမ့်မယ်။ ယခုလတ်တလောမှာတော့ Facebook Home ဟာ Facebook ကို အချိန်နဲ့ အပြတ်ဆက်တိုက်သုံးစွဲနေသူအတွက်ပဲ စွဲမက်ဖွယ် ဖြစ်နေပါတယ်။

အသုံးပြုချင်တယ်ဆိုရင်တော့ ဒီမှာ https://play.google.com/store/apps/details?id=com.facebook. home အခမဲ့ကူးယူ အသုံးပြုနိုင်ပါတယ်။

ဒေါ်စု အတွက် ဒဲ့မေးခွန်းများ


၁။ဒီမိုကရေစီနိုင်ငံပီပြင်စေရန်၂၀၁၅ မှာ ဒေါ်စု မဖြစ်မနေသမ္မတဖြစ်ရန်လိုအပ်ပါသလား

၂။လူထုက ဒေါ်စုကိုအားကိုးချင်တာလားNLD ကိုအားကိုးချင်တာလား(လေနဲ့ဝမ်းနဲ့ရောလွှတ်မိရင် လုံခြည် ခဏခဏ လဲရမှာစိုးလို့ = စကားချပ် )

၃။အမျိုးသားရေးကို လစ်လူပြုပီးနိုင်ငံရေးသရဖူဆောင်းနိုင်တဲ့ လူထုခေါင်းဆောင်မျိုးကမ္ဘာ့နိုင် ငံရေးလော က မှာရှိခဲ့ဘူးပါသလား


၎။ဒေါ်စုအာဏာရခဲ့ရင် နိုင်ငံတကာဆုများရှင်အနေနဲ့ မူလဆုပိုင်ရှင်နိုင်ငံများရဲ့ အလွန်အကျွံ အခွင့်အရေး တောင်း ဆိုလာနိုင်မှုများအပေါ် ငြင်းပယ်နိုင်ခွင့်အင်အားရှိနိုင်ပါ့မလား ဆုများရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိခဲ့လဲဆိုတာ ရှင်းပြပေးပါ

၅။ဒေါ်စုအာဏာရခဲ့ရင် ဒေါ်စုနှင့်သူ၏ပါတီမှ သူ့နောက်တော်ပါးများအနေနဲ့ နှစ်နှစ်ဆယ်ကျော် နစ်နာမှု အကြောင်းပြု ထင်ရာမစိုင်း နိုင်ပါဘူးလို့ရော အာမခံနိုင်ပါသလား

၆။ဒေါ်စုပြန်လာရင်အမောပြေဖို့ဆိုပီး ကြံဖန်ဖားတတ်ကြသော အာဏာရှင် ဆန်ဆန်အတင်း ဗုတ်ခိုင်း ခဲ့သော ခွန်ဒီးယမ်တို့လိုသူမျိုးတွေ ဒေါ်စု အနီးကပ် လက်ရင်းတပဲ့(တပြည့်မဟုတ်) များအဖြစ် ရှိနေခြင်း အပေါ် စိုးရိမ်စရာအချက် တစ်ခုလို့မထင်မိကြဘူးလားခွန်ဒီးယမ်နဲ့ သူ၏အပေါင်းအပါများ မျက်နာ ရဖို့ အသုံးချခံလိုက်ရတယ်လို့ရောအခုမထင်မိဘူးလား

၇။ဒေါ်စုအနေနဲ့ ဒီမိုကရေစီမိခင်ကြီးခောတ်ပြောင်းတော်လှန်ရေး လူထုခေါင်းဆောင်နိုဗယ်ဆုရှင်ကြီး စသဖြင့်ပေါ့လေ ဂုဏ်ပုဒ်ပေါင်းများ စွာနဲ့တင် အနိုင်နဲ့ပိုင်းပီး သိက္ခာရှိရှိ အာဏာမရယူပဲ သမိုင်းရေးထိုးခံ သင့်တယ်လို့ရောမထင်မိဘူးလား တကယ်လို့ အဲ့လိုမဖြစ်သင့်ဘူးဆိုရင် ဒေါ်စုကမထင်တာလား ခင်များ တို့က မထင်တာလားသူအခုသမ္မတဖြစ် ချင်နေ တဲ့ဆန္ဒက သူ့ရပိုင်ခွင့်အခွင့်အရေးတစ်ခုလို့ သတ်မှတ်ထား တာလားအဲ့ဆန္ဒကသူ့ကိုအဓိကလွှမ်းမိုးနေ ပီဆိုရင် သူ့ရဲ့ ရှေ့ ဆက်လုပ်ရပ်တွေနဲ့ သူ့ပြောစကားတွေကို ဘယ်လောက်ရာခိုင်နှုန်းလောက် သာယုံကြည်ဖို့သင့်တော့တယ်ထင်ပါသလဲ

၈။ဒေါ်စုရဲ့ မဲဆွယ်ပွဲတွေနဲ့ လူထုဟောပြောပွဲတွေမှာ အကြမ်းဖျင်းအနေဖြင့်သူ့အနေနဲ့ဘာမှအာမ မခံနိုင် ကြောင်းနဲ့လူ ထုကိုသာစိတ်ဓါတ်တွေပြင်ကြ ဖို့ တွင်တွင်ပြောခဲ့တာကိုကြည့်ရင် နိုင်ငံအုပ်ချုပ်ချုပ်မှု ကိစ္စရပ် တွေအတွက် မပိုင်မနိုင် မဝံ့မရဲ စိုးရိမ်ကြောင့်ကြမှုရှိခြင်းမျိုးလား

၉။ဒေါ်စုအာဏာရခဲ့သော် သူ့ရဲ့ အမျိုးသားရေးပေါ်လစီအရ ၁၉၈၂ နိုင်ငံသား ဥပဒေကို အပြင်ဘူးလို့ အာမ ခံနိုင်ပါသလား

၁၀။သူအာဏာရပီးတဲ့အခါ သူ့ရဲ့ အမျိုးသားရေးပေါ်လစီကြောင့်အမျိုးသားရေး အုံကြွမှုများ ထိမ်းမနိုင် သိမ်းမရ ဖြစ်မလာနိုင်ပါ ဘူးနဲ့ ထိုကဲ့သို့ဖြစ်လာခဲ့သော် စစ်တပ်ကိုအာဏာ ပြန် လွှဲပေး ရလောက် တဲ့ အခြေအနေ မျိုးမရှိနိုင် လို့အာမခံနိုင်ပါသလား

၁၁။အကယ်၍များ ဒေါ်စုကိုယ်တိုင်အခြေအနေပေးပါလျက်နဲ့ အာဏာမရ ယူတော့ပါဘူးလို့ ဆိုလာခဲ့ ရင် အခုအမေအမေနဲ့ တမေထဲမေနေကြတဲ့ ပုဂ္ဂိုလ်များ မေနိုင်ကြပါဦးမည်လား အတင်းကာရော တိုက်တွန်းကြ ပါမည်လား အဘယ့်ကြောင့်နည်း

၁၂။ဒေါ်စုအာဏာရခဲ့သော် ခြုံထဲကဂျိုသွေးပီးစောင့်နေကြတဲ့ ဦးဝင်းတင်နဲ့ ဦးအောင်ထွန်းတို့လို ပုဂ္ဂိုလ်မျိုး တွေကြောင့် နိုင်ငံနောက်ပြန်လှည့်နိုင်တဲ့ အခြေနေမျိုးတွေဖြစ်မလာနိုင်ဟု အာမခံနိုင်ပါသ လားဒေါ်စု အနေနဲ့ရော အဲ့လိုပုဂ္ဂိုလ်မျိုးတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပါ့မလား နောက်ဆုံး ဦးဝင်းတင် လိုပုဂ္ဂိုလ်မျိုးတွေအနေနဲ့ ဒေါ်စုကိုကန်ချ ကြားဖြတ်ရွေးကောက်ပွဲတွေနဲ့ အာဏာမသိမ်းဘူး ပြောနိုင်ပါ သလား

၁၃။ကျနော်တို့လူထုကရော လက်ရှိအစိုးရနဲ့အာဏာရပါတီကို အမြင်မကြည် တာလေးတစ်ခုအတွက် NLD ကို အာဏာအပ်ဖို့တကယ်ပဲ ဆုံးဖြတ်ထားကြ ပီးပီလား

ဒေါ်စုနဲ့ NLD မှတစ်ပါး အခြားပါတီများအနေနဲ့ အားကိုးလောက် စရာခေါင်းဆောင်မျိုးအား ကိုးလောက်စ ရာခေါင်းဆောင်မှု မျိုး မရှိနိုင်လို့ တထစ်ချယုံကြည်ထားကြ ပါသလား...မှတစ်ပါး အခြားမရှိဆိုတဲ့ သဘော မျိုးလား

၁၄။ဒေါ်စုအလွန်NLDအထက်ပါမေးခွန်းများအား ကြေလည်အောင်ဖြေဆိုပေးနိုင်ပါက ဘာပါတီဝင်မှ မဟုတ်တဲ့ကျနော် NLD ထဲခြေစုံပစ်ဝင် လိုက်မယ်။

(ဆဲဆိုခြင်းသီးမခံပါ )

From:Aunghtut Thet 

Credit : Here

ဆရာတော် ဦးသောဘိတ အား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူ ကုလား (၇) ဦးအား ရုံးထုတ်စစ်ဆေးပြီ


ပြီးခဲ့တဲ့ မတ်လက လူ ၄၀ ကျော် သေဆုံးခဲ့ရတဲ့ မိတ္ထီလာ အဓိကရုဏ်းအတွင်း ဆရာတော် ဦးသောဘိတ အား သတ်ဖြတ်ခဲ့သည့် ကုလား ၇ ဦးကို တနင်္လာနေ့မှာ လုံခြုံရေး အစောင့်အကြပ်တွေနဲ့ ရုံးထုတ် စစ်ဆေး ခဲ့ပါတယ်။ တရားရုံးမှာ သွားရောက် နားထောင်ခွင့်ရခဲ့တဲ့ မိတ္ထီလာမြို့က သတင်း စာဆရာ၊ စာရေးဆရာ ဦးတင်လှိုင်ကတော့ အခုလို ပြောပြပါတယ်။


“မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှ တရားလိုစခန်းမှူး မြင့်သန်းက ဧပြီလ ၂၀ ရက်နေ့က အမှတ် ၂ ရဲစခန်း ပ ၇၆၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂၊ ၄၃၆/၃၂၆ ဖြင့် အမှုဖွင့်ထားသော လူသတ်တရားခံများဖြစ်ကြသည့် မျိုးထွန်းညွန့်၊ ဖိုးချို၊ မျိုးညွန့်ဦး၊ မျိုးဝင်း (ခေါ်) ဆယ်သန်း၊ ဇော်ထက်နိုင်၊ မြတ်ကိုကို (ခေါ်) အဏ္ဏ၀ါ၊ ညီညီနိုင်နဲ့ ဟာဂျီမျိုးဝင်း (ခေါ်) မျိုးညွန့်၊ မြတ်ကျော်နိုင်၊ ကိုကိုဝင်း (ခေါ်) ကျော်သူဝင်းနဲ့ စည်သူတို့အား မိတ္ထီလာခရိုင် တရားသူကြီးရုံးတွင် တရားစွဲဆိုကာ ခရိုင်တရားသူကြီးရုံးက ရာဇသတ်ကြီးအမှတ် ၁၆/၂၀၁၃ အမှုကို လက်ခံပြီး အမှုကို ဧပြီလ ၂၂ ရက်နေ့တွင် တရားခံများအား လုံထိန်း အစောင့်အရှောက်များနှင့် ရုံးထုတ်ကြတယ်။ တရားခံများ စစ်ဆေးခြင်းအား တရားလိုပြ သက်သေများဖြစ်ကြတဲ့ စခန်းမှူး ရဲအုပ် မြင့်သန်း၊ ဆရာတော် ဦးနန္ဒိယ၊ ကျော်မင်းထွန်း၊ အောင်ခိုင်၊ ကျော်ထိုက်နှင့် ထွန်းဝင်းတို့အား စစ်ဆေးခဲ့ တယ်။ တရားခံများဘက်က အကျိုးဆောင် ၆ ဦး ငှားရမ်းထားတယ်လို့ သိရပါတယ်။”

ဆရာတော် ဦးသောဘိတ ကို သတ်ဖြတ်ခဲ့မှုနဲ့ စွဲချက်တင် ခံရသူတွေကို ရုံးထုတ် စစ်ဆေးမယ် ဆိုတာ ကြောင့် တရားရုံးကို မြို့ခံတွေက မနက်စောစောကတည်းက သွားဖို့ ပြင်ဆင်ထားကြပေမဲ့ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတာကြောင့် မြို့ခံတွေအနေနဲ့ သွားရောက်ကြည့်ရှု နားထောင်ခွင့် မရခဲ့ဘူးလို့ မြို့ခံ တဦးက ပြောပါတယ်။

“သူတို့ကို ရုံးထုတ်တဲ့အချိန်က မြို့ခံလူထုက သွားမရဘူး။ လုံခြုံရေးတွေက ရုံးရဲ့ အပြင်ဘက်မှာ ချထားတဲ့ အတွက် ရုံးထဲကို သွားပြီးတော့မှ ဦးသောဘိတ ကိုသတ်တဲ့ ၁၁ ဦးကို စစ်ဆေးမှုမှာ မြို့ခံလူ ထုက သွားပြီး တော့ ရုံးရှေ့မှာ စုရုံး စုရုံးနဲ့ ရုန်းရင်းဆန်ခတ်တွေ လုပ်လို့မရဘူးခင်ဗျ။ အပြင်မှာ လုံခြုံရေး အပြည့်အ၀ ချထားတယ်။ လူတွေက သွားချင်ကြတယ်။ တော်တော်များများ က ဒီကိစ္စကို စိတ်ဝင်စားနေတဲ့အတွက် အကုန်လုံးကတော့ မနက်အစောပိုင်းကတည်းကနေပြီး သွားဖို့ စီစဉ်တာ၊ ဒါပေမဲ့ ရုံးထုတ်တဲ့ အချိန်မှာ ကျတော့ သွားလို့မရဘူးပေါ့နော်။ လုံခြုံရေးတွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေက အပြင်မှာ တင်းတင်း ကျပ်ကျပ်ကို လုံခြုံရေး ချထားတယ်။”

မိတ္ထီလာပဠိပက္ခတွင် ဦးသောဘိတ အပါအဝင် လူ ၄၀ ကျော် သေဆုံးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဗုဒ္ဓဘုန်းကြီး ဦးသောဘိတ နှင့် သေဆုံး ဗုဒ္ဓဘာသာဝင်များအတွက် ဝမ်းနည်းကြောင်း မပြောခဲ့သော် လည်း မွတ်ဆလင်များအတွင် အလွန်အင်မတန် ဝမ်းနည်းလှ ပါကြောင်း ဂျပန်နိုင်ငံ တွင် ပြောကြား ခဲ့ပါတယ်။ ထို့နောက်တွင် ဒေါ်စုသည် သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ဘင်္ဂလီဟု သုံးစွဲသော်လည်း ရိုဟင်ဂျာဟု သာ ခါးခါးသီးသီး ပြောကာ ၁၉၈၂ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး ကုလားများကို နိုင်ငံသားဖြစ်ခွင့် ပေးချင် နေသည်ကိုလည်း စိတ်ပျက်ဖွယ်ရာ အဖြစ်တွေ့မြင် ရပါသည်။

Credit : Here

မာန်အောင် NLD ကံစမ်းမဲများ ရောင်း၍ ပါတီ ရန်ပုံငွေ ရှာဖွေမူ အောက်ခြေ ပါတီဝင်များ ကန့်ကွက်


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တချို့မှ ကံစမ်းမဲများ ရောင်းချ၍ ပါတီရန်ပုံငွေရှာဖွေမူကို အောက်ခြေ ပါတီဝင်များက ကန့်ကွက်ဆန့်ကျင်နေကြသည်ဟု ပါတီ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုသန်းနိုင်က ပြောသည်။


scaned-receipt-copy-NLD-news“ ကျွန်တော်တို့က ဒီကံစမ်းမဲ ရောင်းချတာဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနဲ့ မကိုက်ညီဘူး။ ကျွန်တော်တို့က ရိုးရိုးသားသားနဲ့ဘဲ ရံပုံငွေ ရှာစေ လိုတယ်။ ဒါကြောင့် ခုလို ကန့်ကွက်ရတာပါ” ဟု ဆိုသည်။

ကံစမ်းမဲဖေါက်ပြီး ရံပုံငွေ ရှာဖွေကြောင်းကို ကန့်ကွက်ကြောင်း ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် အလုပ်အမှုဆောင် ဥက္ကဌ လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦး လည်း ဖြစ်သူ ဦးညီပုထံသို့ စာရေး တိုင်ကြားခဲ့သည်။ ထူးခြားမူ မရှိသည့် အတွက် ဧပြီလ ၂၂ ရက်နေ့က မာန်ေ အာင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလူမော်အား ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ထပ်မံ စာရေး တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ကံစမ်းမဲ တစ်စောင်ကို တစ်ထောင်(၁၀၀၀) ကျပ်နှုန်းဖြင့် စောင်ရေ သုံးထောင်(၃၀၀၀) ကျပ်ငွေ သိန်း ( ၃၀) ရ ရှိအောင် ရောင်းချနေကြောင်း သူက ဆိုသည်။

၂၀၁၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့ တွင် နောက်ဆုံးထား ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ (၂၄) ရက်နေ့  တွင် ကံစမ်းမဲ ဖွင့်ပွဲကို မာန်အောင်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ မြို့ နယ်ရုံးတွင် ကျင်းပ မည်ဖြစ်ကြောင်း ကြေညာထားသည်ဟု ကိုသန်းနိုင်က ပြောသည်။

“ ကျွန်တော်တို့က နိုင်ငံရေး ပါတီ တစ်ရပ်အနေနဲ့ တရားမ၀င် ကံစမ်းမဲ ရောင်းချပြီး ရံပုံငွေ ရှာဖွေခွင့် မရှိ ဘူး။ ကျွန်တော်တို့ ပါတီ တစ်ရပ်ဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီသာ လုပ်ဆောင် သင့်ပါတယ်။ ကျွန်တော်တို့က ပါတီလမ်းကြောင်းမှန်တစ်ခုကို ရောက်စေလိုတဲ့ဆန္ဒနဲ့ ခုလို ဆန့်ကျင် ရတာသာ ဖြစ်ပါတယ်” ဟု ဆိုသည်။

narinjara.com

Credit : Here

၉၆၉-ကို ပြစ်မှားလို့ ထောင် ၂-နှစ်ချခံရ

ကျောက်ကြီးမြို့နယ်၊ မုန်းရွာကြီး၌ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ၉၆၉-အမှတ် တံဆိပ်ကို ဆွဲခွာ စုပ်ဖြဲပြစ်သော ဘာသာသာသနာ စော်ကားမှု တစ်ခုဖြစ်ခဲ့သည်။

၂၀-၄-၂၀၁၃-နေ့တွင် အသက်(၃၆)နှစ် အရွယ် မူဆလင်အမျိုးသား ကိုအာမင်သည် အဆိုပါရွာရှိ မနွေးနွေး ကွမ်းယာဆိုင်၌ ကပ်ထားသော ၉၆၉-စတေကာကို “ဒါကို တီထွင်တဲ့ ဘုန်းကြီး အဖမ်းခံ သွားရသည်။ ဒါကပ်စရာမလိုတော့ဘူး။”ဟု ပြောဆို ကာ ဖျက်ဆီးပြစ်ခြင်း ဖြစ်သည်။

မနွေးနွေးနှင့် ရွာသူရွာသားများမှ ကိုအာမင်ကို လုံးဝမကျေနပ်သော်လည်း ပြဿနာ အဖြစ်မခံနိုင်၍ သီးခံ ခဲ့ကြသည်။ နောက်ပိုင်းတွင် အိမ်ခြေ ၁၅၀၀-ကျော်ရှိသော ရွာကြီးတစ်ခုလုံး ပြန့်နှံ့သွားကာ ကိုအာမင်ကို လက်တုန့်ပြန်ဖို့ စုရုံးနေကြစဉ် ရွာဥက္ကဋ္ဌ ဦးစစ်သိန်းက ဖြောင့်ဖျကာ ဥပဒေအရ ထိရောက်စွာ အရေးယူနို င်ဖို့ ကိုအာမင်ကို ရဲစခန်းသို့ အပ်လိုက် သည်။


အဆိုပါသတင်းကို ဖြူးမြို့ သံဃာ့ကွန်ယက်သိရှိသွား၍ ထိုရွာသို့ ကြွရောက်ကာ စံနမူနာအဖြစ် အရေး ယူ ကြဖို့ ၂၁-၄-၂၀၁၃-နေ့တွင် ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျောက် ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိလာပြီး သံဃာ့ကွန်ယက် ဆရာတော်များအား ထိရောက်စွာ အရေးယူ သွားမည့် အကြောင်း လျှောက်ထားခဲ့သည်။

၂၂-၄-၂၀၁၃-နေ့တွင် ကိုအာမင်ကို ဘာသာသာသနာကို ထိခိုက်နစ်နာစေမှု ၂၉၅(က)ဖြင့် ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း ကျေးရွာဥက္ကဋ္ဌ ဦးစစ်သိန်းက ဖြူးသံဃာ့ကွန်ယက်အား ဖုန်းဖြင့်လျှောက်ထား ခဲ့ကြောင်း သိရသည်။

သတင်းအရင်းမြစ်= ၀၉-၄၂၈၁၁၄၉၄၇ (ရွာဥက္ကဋ္ဌ)
၀၉-၄၉၄၃၇၁၇၈ (ဖြူးကွန်ယက်)
မြဝတီ ဧပြီ ၂၃။

Credit : Here

အေသင်ချိုဆွေ စင်ပေါ်မတက်လို့ တောင်ငူပွဲပျက်

တောင်ငူမှာ အေသင်ချိုဆွေ သီချင်းမဆိုလို့ နန်းဆုရတီစိုး ခုံတွေခဲတွေနဲ့ အပေါက် ခံလိုက်ရ တယ် ဆိုတဲ့ သတင်း ကို အဲဒီပွဲ သွားတီးတဲ့ ဂီတ သမား တယောက်ဆီက သိရပါတယ်။

ပွဲကို ဧပြီလဆန်းလောက်က တောင်ငူမှာ ၂ ရက် ကျင်းပမယ်၊ လက်မှတ်ရောင်းတဲ့ ပွဲဖြစ်လို့ အဆို တော် နာမည်တွေ ကလည်း ကြေညာပြီးသားလို့ ဆို ပါတယ်၊ ဒါပေမယ့် ပထမရက်မှာ အေသင်ချိုဆွေ မလာဘဲ နန်းဆုရတီစိုးက သီချင်းဆိုခဲ့ချိန်မှာ အေသင်ချိုဆွေ စင်ပေါ်တက်မလာရ ကောင်းလားဆိုပြီး စင်အောက် က ပရိသတ်ဆီက ခုံပျံတွေ၊ ခဲပျံတွေ စင်ပေါ် ဝဲပျံလာလို့ ပွဲပျက်ပြီး အနုပညာသမားတွေလည်း တရက်နဲ့ ပြန် လာခဲ့ရတယ်လို့ သူက ဆိုပါတယ်။


ပြန်လာရတာတောင် ကောင်းကောင်းမဟုတ်ပါဘူး။ ရရာကားနဲ့ ကြားခုံတွေကနေ စီးခိုင်းပြီး ပြန်လွှတ် လိုက် တာ ပါ။အနုပညာရှင်တွေက အလယ်ခုံကနေတော့ ထိုင်လိုက်သွားဖို့ ခက်တယ်၊ ဒါကြောင့် နောက်နေ့ မှ ပြန်လို့မရဘူးလား ဆိုတော့ ရတယ်၊ ဒါပေမယ့် ဟိုတယ်က ၁၂ နာရီဆို Check Out လုပ်ရမယ်၊ ဒါကြောင့် ကြိုက်တဲ့နေရာ သွားနေလို့ ပြောလွှတ်တယ်လို့ အဲဒီပွဲမှာ ပါသွားသူတွေက ပြောကြပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ဘုရားပြီး ငြမ်းဖျက်တဲ့ ထုံးစံတွေလို့ အနုပညာရှင်တွေက ဝေဖန်နေကြတာပါ။

အဲဒီပွဲမှာ တူးတူး၊ ဖြိုးကြီး၊ ဂျီလတ်၊ နန်းဆုရတီစိုး၊ သဇင်တို့က လိဒ် ဝါဒီယာ အောင်အောင်၊ ဘေ့စ် ခင်ေ မာင်လေး၊ ကီးဘုတ် ကိုမောင်မောင်၊ ဒရမ် ရဲလင်း တို့ရဲ့ တီးခတ်မှုတွေနဲ့ ပထမတရက်မှာ ဖျော်ဖြေ ခဲ့ကြ တယ်လို့ သိရပါတယ်။

ပြဿနာက အေသင်ချိုဆွေမလာလို့ ဖြစ်ရတာ ဆိုတဲ့ သတင်းတွေ ထွက်လာတာပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အေသင်ချိုဆွေရဲ့ မိခင်က “ပွဲကို လာမယ်ပြောပြီးမှ ဖျက်တာမဟုတ်ဘူး။ ထီလာ ခင်လှိုင်က ပွဲလာ ငှားကတည်းက သူတို့ကို ပထမရက်တော့ မအားဘူး ပြောခဲ့တယ်။ သူတို့က ပထမ မငှား တော့ဘူး လို့တောင်ဖြစ်ပြီးမှ ပြန် ဆက်သွယ်လာတယ်။ ဒုတိယရက်အတွက် ၁၀ သိန်းနဲ့ လက်ခံခဲ့ တယ်။ စရန် ၅ သိန်း လာပေးတယ်။ အန်တီက မုန့်ဖိုးတောင် ၅ သောင်း ပြန်ပေးလိုက်သေးတယ်။ ဒါပေမယ့် ဆိုရမယ့်ရက် မတိုင်ခင် ဖုန်းဆက်လာတယ်။ ပွဲပျက်သွားပြီ၊ မလာနဲ့တော့တဲ့။

သူတို့က အခြေအနေ မငြိမ်သက်လို့ လို့ပဲပြောတာလေ။ အေသင်က ပွဲကို လက်ခံပြီးရင် ဘယ်တော့မှ မ ဖျက် ဘူး။ အန်တီ ကိုယ်တိုင် စီစဉ်နေတာ။ အခုလို အဖြစ်မျိုးလည်း မသိပါဘူး” လို့ ဧရာဝတီကို ပြောလာ ပါတယ်။

ပွဲပျက်သွားလို့ စရန် ပြန်တောင်းတယ် ဆိုတဲ့အကြောင်း၊ သူတို့ စပြောတုန်းက အသွားအပြန်ခရီးနဲ့ တည်းခို မှုကို အားလုံး သေသေချာချာ စီစဉ်ပေးပါမယ် ဆိုပြီး အခုမှ ပြီးစလွယ် လုပ်တဲ့အကြောင်း ပြောရင်း သူက “တော်သေးတယ်၊ မသွားလိုက်တာ” လို့ ဆက်ပြောပါတယ်။

နန်းဆုရတီစိုးကတော့ ဖုန်းအဝင် လက်မခံလို့ သူ့ဘက်က အခြေအနေကို မေးခွင့်မရပါဘူး။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျီလတ်က “ကျနော်က အဲဒီနေ့က ဆိုပြီးတာနဲ့ တည်းခိုတဲ့နေရာ ပြန်ခဲ့ တယ်။ ကျနော့် အလှည့်မှာတော့ ခဲနဲ့ ပေါက်တာမျိုး ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး။ နောက်တနေ့ မနက် ၁၀ နာ ရီလောက်မှာမှ ပွဲပျက်ပြီ၊ ညက ပြဿနာ တက်တယ်ဆိုတာ သိရတယ်။ တခြားသူတွေတော့ ပြန်ဖို့ ကားပြဿ နာ ကြုံကြရတယ်။ ကျနော်ကတော့ အခြေအနေကို ခန့်မှန်းမိတာနဲ့ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း သူငယ်ချင်းဖြိုးကြီး ကားနဲ့ပဲ ပြန်သွားလိုက်တယ်” လို့ ဆိုပါတယ်။

ပွဲစီစဉ်သူတွေက တောင်ငူမြို့ခံတွေပဲ ဖြစ်ပြီး ပထမ Free ရှိုးလိုလို ပြောပြီး နောက်မှ လက်မှတ်ပွဲ ဖြစ်နေ တာကို သိလိုက်ရတာလို့လည်း ဂျီလတ်က ဆက်ပြောပါတယ်။ ဒါ့အပြင် ပထမရက်မှာ ဘယ်သူ၊ ဒုတိယ ရက်မှာ ဘယ်သူဆိုပြီး ကြော်ငြာ ရမယ့်အစား အနုပညာရှင် နာမည်တွေကို ပေါင်းကြေညာလိုက်တော့ ဒီလို ပြဿ နာတွေ တက်ရတာလို့ သိရတယ်။လက်မှတ် ရောင်းကောင်းအောင် လုပ်တဲ့သဘောပါပဲလို့ ဂျီလတ် က ဆက်ပြောပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ဝါးပြီး ထွေးထုတ်တတ်တဲ့ အကျင့်လို့ အနုပညာရှင်တွေက ပြောဆိုနေကြပါတယ်။

အနုပညာရှင်တွေ ဘက်ကတော့ ပွဲရှိတယ်၊ ငှားတယ်။ ငှားတော့လည်း ဆိုကြမယ် ဆိုပြီး ပွဲကို လက်ခံ လိုက် တာပဲပေါ့။ ပွဲဆိုပြီးမှ ပိုက်ဆံ အကျေ မပေးတဲ့လူတွေ၊ ပွဲက လူမဝင်လို့ပါ ဆိုပြီး ပြောထားတဲ့ အနုပညာကြေး မပေးဘဲ ဈေးလျော့ပေးတဲ့ ပွဲကန်ထရိုက်တွေ အများသားပါပဲ၊ အခုပွဲမှာတော့ ပရိတ်သတ်ကို ညာတာက ပွဲကန်ထရိုက်၊ ခံလိုက်ရတာက အနုပညာရှင်တွေ လို့ပဲ ပြောရတော့မလို ဖြစ်နေပါပြီ။

ဧရာဝတီ

Credit : Here

ရန်ကုန်-နေပြည်တော်လမ်းမှ ကီလို ၁၀၀ ထက် ပိုမောင်းသော ယာဉ်များအား အရေးယူ


ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် မိုင်ပိုမောင်းသောယာဉ်များကို သက်ဆိုင်ရာက ယခုကဲ့ သို့စောင့် ဆိုင်း စစ်ဆေး ဖမ်းဆီး အရေးယူလျက် ရှိသည်။ သတ်မှတ်မိုင် ၁၀၀ ကီလိုမီတာ(မိုင်-၆၀) ထက်ပိုပါက ၃၁၅၀၀ ကျပ်ကို တရားရုံး သို့ပေးဆောင် ရမည်ဖြစ်သည်။

Credit : Here

နိုင်ငံတော်သမ္မတဦးသိန်းစိန် ICG ငြိမ်းချမ်းရေးဆုရရှိ


အမေရိကန်သမ္မတဟောင်း များဖြစ်ကြသော ဘီလ်ကလင် တန်နှင့် ဂျော့အိတ်ခ်ျဒဗလျူဘုရှ် တို့ရရှိခဲ့သော နိုင်ငံတကာပဋိပက္ခ ဖြေလျော့ရေးမှချီးမြှင့်သည့် ““ငြိမ်းချမ်းမှုရှာဖွေရေး””ဆုကို ဧပြီလ ၂၂ ရက်နေ့က လက်ခံရရှိခဲ့ ကြောင်း သိရသည်။


နယူးယောက်ခ်၌ပြလုပ်သော အဆိုပါ ဆုပေးပွဲအခမ်း အနားကို သမ္မတကြီးကိုယ်စား သမ္မတရုံး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆုကို လက်ခံယူခဲ့သည်။ ၎င်းဆု အမည်တင်သွင်းခြင်းအား ပြီးခဲ့ သည့် ဒီဇင်ဘာလက ကြေညာခဲ့ သော်လည်း ကချင်အရေးကိစ္စနှင့် မိတ်္ထီလာအရေးကိစ္စများအတွက် အစိုးရအဖွဲ့မှ ပြုမူလုပ်ဆောင် ချက်များအပေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ ပြစ်တင်ပြော ဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။

သို့သော် နိုင်ငံတကာ ပဋိပက္ခဖြေလျော့ရေး အုပ်စုဝင် များကြသည့် ဘရက်ဆဲလ်၊ နယူး ယောက်စ်နှင့် ဂျာကာတာတို့မှ ကိုယ်စားလှယ်များကမူ တစ်စုံတစ်ရာ ဝေဖန်မှုများမရှိခဲ့ချေ။ အဆိုပါုပ်စု၏ ၀က်ဘ် ဆိုဒ်တွင်မူ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သည် နိုင်ငံရေး အတိုက်အခံအဖွဲ့အစည်းများနှင့် ဆက်ဆံမှုပိုမိုကောင်းမွန်လာခြင်း၊ ယခင်ကဖိနှိပ်ထားသော ဥပဒေများကို ဖြေလျော့ရေးကို ပြုလုပ် ရာ၌ ကောင်းစွာအောင်မြင်ခဲ့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနိုင်ခြင်း၊ နိုင်ငံတကာနှင့် နှစ်ကြာ ရှည်စွာ ပဋိပက္ခဖြစ် ခြင်းကို အဆုံးသတ်ပေးနိုင်ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ် အခတ်ရပ်စဲရေးတို့ကို ဆောင် ရွက်နိုင်ခဲ့ကြောင်း ဖော်ပြပါရှိ သည်။

Credit : Here

IT နှင့် လယ်ယာကဏ္ဍတို့တွင် အိန္ဒိယက ကူညီမည်

မြန်မာနိုင်ငံသို့ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများကို အိန္ဒိယနိုင်ငံက အားသွန်ခွန်စိုက် ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး သတင်းနည်းပညာ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေး၊ စိုက်ပျိုးရေး ကဏ္ဍများတွင် အဓိက ဆောင်ရွက်သွားမည်ဟု အိန္ဒိယ အခြေစိုက် Hindustan Times သတင်းစာကြီး၌ တနင်္လာနေ့က ရေးသား ထားသည်။

အိန္ဒိယနိုင်ငံအတွက် အဓိက အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ အရှေ့တောင်အာရှနိုင်ငံများအနက် ကုန်းမြေချင်း ဆက်စပ်နေသည့် တခုတည်းသော နိုင်ငံလည်းဖြစ်သော မြန်မာနိုင်ငံသို့ ဆောင်ရွက်ပေးမည့် လုပ်ငန်းများ ထဲတွင် မြန်မာ သတင်းနည်းပညာ တက္ကသိုလ် (MIIT) တခု တည်ထောင်ရေးလည်း ပါဝင်သည်။


ထိုလုပ်ငန်းအတွက် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အကြံပေး အရာရှိ အက်စ်ရာမာဒိုရွိုင်း (S Ramadorai) က ဦးဆောင်ပြုလုပ်သွားမည် ဖြစ်သည်။

လယ်ယာကဏ္ဍအတွက်မူ မြန်မာနိုင်ငံတွင် စပါးဇီဝ နည်းပညာဥယျာဉ် (Rice Bio Park) တခု တည်ထောင် ရာတွင် အကူအညီပေးရန် စိုက်ပျိုးရေးသိပ္ပံပညာရှင် အမ်အက်စ်ဆွာမိနသန် (M.S.Swaminathan) က ဦးဆောင်ပြုလုပ်မည် ဖြစ်သည်။

ထို့ပြင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖာလာစေ့ စိုက်ပျိုးရေးလုပ်ငန်းလည်း အိန္ဒိယက ဆောင် ရွက် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအဖြစ် ခန့်ထားမည့် ဂေါတမ်မူခိုးပါဒရေး (Gautam Mukho padhyay) သည်လည်း ထိုသို့ အရည်အချင်းမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်သူ ပါရဂူတဦး ဖြစ်သည်ဟု သတင်းစာကြီးက ရေးသားထားသည်။ ၎င်းမှာ ယခင်က အာဖဂန်နစ္စတန် နိုင်ငံတွင် အလားတူ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ယခုကဲ့သို့ မြန်မာနိုင်ငံက ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရေးအတွက် ကနဦး ခြေလှမ်းများ လှမ်းနေချိန်၊ အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံအတွင်း အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွါးများ မြင့်မားစွာ ရှိနေချိန်တွင် သူက ထိုသို့အရေးပါသော ရာထူးကို ထမ်းရွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယ-မြန်မာဆက်ဆံရေးတွင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။

အိန္ဒိယ-မြန်မာ စက်မှုသင်တန်း ဗဟိုဌာနကို HMT(I) က ပခုက္ကူတွင် ဖွင့်လှစ်ထားပြီးဖြစ်ကာ ဒုတိယ ဗဟို ဌာနတခုကို မြင်းခြံမြို့တွင် ထပ်မံဖွင့်လှစ်မည် ဖြစ်သည်။

အခြား ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များမှာ အိန္ဒိယ အကူအညီဖြင့် ဆောင်ရွက်မည့် မြန်မာ-အိန္ဒိယ အင်္ဂလိပ်ဘာသာ ဗဟိုဌာန (MICELT)၊ မြန်မာ-အိန္ဒိယ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေး ဗဟိုဌာန (MIEDC) နှင့် အိန္ဒိယ-မြန်မာ သတင်းနည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ရေး လုပ်ငန်း (IMCEITS)တို့ ဖြစ်ကြ သည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် တကြိမ်နှင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်္ဘာလတွင် တကြိမ် အိန္ဒိယနိုင်ငံသို့ လာရောက်ပြီး နိုင်ငံ့ခေါင်းဆောင်ချင်း ဆွေးနွေးပွဲများအပြင် စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်းပညာ သုတေသနဌာနများသို့လည်း သွားရောက်လေ့လာခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၂၀၁၂ ခုနှစ်၊ နိုဝင်္ဘာလအတွင်းက အိန္ဒိယနိုင်ငံသို့ လာရောက်စဉ် နည်းပညာသိပ္ပံများနှင့် သုတေသနဌာနများသို့လည်း သွားရောက်လည်ပတ်ခဲ့သည်။

၂၀၁၂ ခုနှစ်၊ မေလကုန်ပိုင်းကလည်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ကဏ္ဍမျိုးစုံ ပါဝင်သည့် နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြသည်။ ထို့ပြင် အိန္ဒိယမှ မြန်မာနိုင်ငံအား ထုတ်ချေးထားသော အမေရိကန် ဒေါ်လာ သန်း ၅၀၀ တန် ချေးငွေနှင့် ပတ်သတ်၍လည်း ပြန်ဆပ်ရမည့် ကာလကို နောက်ဆုတ် ပေးရန် သဘောတူညီနိုင်ခဲ့ကြသည်။

Ref: မဇ္ဈိမ

Credit : Here

နိုင်ငံရေးအကျဉ်းသားအများစုအပါအ၀င် အကျဉ်းသား ၉၃ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတ သည် နိုင်ငံရေးလုပ်ငန်းစဉ်များ တွင် အားလုံး ပါဝင်ခွင့်ရရှိစေရေး အတွက်လည်းကောင်း၊ လူသား ချင်း စာနာထောက်ထားမှုကို အလေးပေးသော အား ဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးတို့ကို ရှေ့ရှု သော အားဖြင့်လည်းကောင်း၊ လူမှုရေး အရ ငဲ့ညှာသောအား ဖြင့် လည်းကောင်း အဆိုပါ အကျဉ်းသား/ အကျဉ်းသူ(၉၃) ဦးတို့အား နိုင်ငံတော်၏ မေတ်္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး/ဒေသ အကျိုး/ နိုင်ငံအကျိုး အတွက် အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်သွားနိုင်စေရန် ပြစ် ဒဏ်လွတ်ငြိမ်း ခွင့် ပေး ခဲ့ကြောင်း မြန်မာနိုင်ငံအစိုးရ ပြန်ကြားရေး ၀က်ဆိုဒ်တွက် ရေးသားဖော်ပြ ထားသည်။


အကျဉ်းထောင်/ အလုပ်စခန်းများတွင် ထိုက်သင့် သော ပြစ်ဒဏ်များကို ကျခံပြီး ဖြစ်သည့် နိုင်ငံသား အကျဉ်းသား/ အကျဉ်းသူ (၉၀)ဦးနှင့် နိုင်ငံခြား သား အကျဉ်းသား/သူ (၃)ဦး စုစုပေါင်း (၉၃)ဦးကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (တ)နှင့်အညီ ပြစ်မှုဆိုင်ရာ ကျင့် ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း နှင့် နိုင်ငံခြားသား/အကျဉ်းသား/ သူတို့အား ပြည်နှင်ဒဏ်ပေးခဲ့ ကြောင်းလည်း ဖော်ပြထားသည်။

ဧပြီလ ၂၃ ရက် မွန်းလွဲပိုင်း က ပြန်လည်လွတ်မြောက်လာ ကြသော အကျဉ်းသား(၉၃)ဦး တွင် နိုင်ငံရေး အကျဉ်းသားထက် ၀က်ကျော် ပါဝင်လာခဲ့သည်။ အင်းစိန်အကျဉ်းထောင်မှ လွတ် မြောက်လာသော နိုင်ငံ ရေး အကျဉ်းသားများမှာ ကိုရဲထက်စိုး၊ ကိုဇော်မိုး၊ ကိုနေမျိုးသူရ၊ ကိုဇော် မင်း၊ ကိုခိုင်အောင်ကျော်၊ သာယာ ၀တီအကျဉ်းထောင်မှ ကိုအောင် သူနှင့် ကိုအေးမင်းဖြိုး(ခ)သားကြီး မန္တလေးအိုးဘိုထောင်မှ မပါးလ် ထွေး (ခေါ်)မအေးထွေး(တမူး) (လက်နက်မူ) စိုင်းလေဟန်(ပုံနှိပ် အက်)(မိုင်းယန်း)၊ သရက်ထောင် မှ ချင်းအမျိုး သားကိုဂျိမ်းနှင့် ကိုနမ်းခမ်းတို့ဖြစ်ကြောင်း သိရ သည်။

နိုင်င်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ဗဗဏဏ မှ ကိုဘိုကြည်နှင့် ဆက် သွယ်မေး မြန်းရာတွင် ဧပြီ ၂၃ ရက်ညထိ ရရှိထားသော စာရင်း များအရ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်း သား များမှာ အင်းစိန်ထောင်မှ (၆)ဦး သရက် ထောင်မှ (၂)ဦး၊ ပခုက္ကူထောင်မှ (၁)ဦး၊ မြင်းခြံထောင်မှ (၆)ဦး၊ သာယာဝတီထောင်မှ (၄၂)ဦး၊ မန်္တလေးထောင်မှ (၂)ဦး စုစုပေါင်း (၅၉)ဦးဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော် ဆက်လက်ကျန်ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားသွားသည်။ သာယာဝတီထောင်မှလွတ်မြောက် လာသော (၄၀)ဦးကျော်မှာ ရှမ်း တိုင်းရှမ်းသား အဖွဲ့မှဖြစ်ကြောင်း သိရသည်။

Hot News Weekly

Credit : Here

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှားသမ္မတ ဒေါက်တာ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဧပြီ ၂၃


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့တို့သည် ယနေ့ ညနေ (၅) နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးကြသည်။


ထို့သို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ၁၉၄၉ ခုနှစ်မှ စတင်ခဲ့သည့် မိမိတို့ နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမို တိုးတက်ခိုင်မာအောင် ဆောင်ရွက်လိုပါကြောင်း၊ ၂ဝ၁၂ ခုနှစ် မေလတွင် သွားရောက်ခဲ့သည့် မိမိ၏ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်တွင် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပမာဏကို အမေရိကန် ဒေါ်လာသန်း (၅ဝဝ)ထိ တိုးမြှင့် ရန် သဘောတူခဲ့ကြောင်း၊ ယခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း (၄၇ဝ) ရှိနေပြီဖြစ်၍ ပိုမို တိုးတက်အောင် ဆောင်ရွက်လိုပါကြောင်း။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအထိ စာရင်းများအရ မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား ကုမ္ပဏီ (၁၂) ခု မှအမေရိကန် ဒေါ်လာ(၂၄၁) သန်း ရင်းနှီးမြှုပ်နှံခဲ့သည်ဟု သိရှိရကြောင်း၊ အနာဂတ်တွင်ပိုမိုရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်း များ ရှိနေပြီဖြစ်ကြောင်း။

နှစ်နိုင်ငံအကြားတွင် ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍ၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍများ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ နည်းပညာ ကဏ္ဍ မြှင့်တင်နိုင်ရေးတွင် ပညာသင်ဆုများ ပေးအပ်ခြင်း၊ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း များကို ဆောင်ရွက် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံသမ္မတက မိမိအနေဖြင့်၂ဝဝ၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ရောက်ရှိခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် လာရောက်ချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး ကဏ္ဍ၊ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေး ကဏ္ဍနှင့် နိုင်ငံတကာဆက်ဆံရေး ကဏ္ဍများတွင် ထင်ရှား သည့် အောင်မြင်မှုများကို တွေ့ရှိရသဖြင့် များစွာ ချီးကျူးဂုဏ်ပြုပါကြောင်း။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံ အားပေးသကဲ့ သို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှား နိုင်ငံ မှ အစိုးရပိုင်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ပိုမို လာရောက် ရင်းနှီး မြှုပ်နှံရန်အတွက် တိုက်တွန်း သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏကိုလည်း လာမည့်နှစ်တွင် ဒေါ်လာသန်း (၁ဝဝဝ) ထိ ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆွေတော် သမ္မတကြီး အဆိုပြုသည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့် ပတ်သက်၍လည်း မိမိအနေဖြင့် သဘောတူညီပါကြောင်း၊ အောင်မြင်အောင် ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင် နိုင်ရန် တို့အတွက် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ သမ္မတတို့သည် နှစ်နိုင်ငံ သဘောတူစာချုပ်နှင့် နားလည်မှု စာချွန်လွှာများ လက်မှတ် ရေး ထိုးပွဲ အခမ်းအနားသို့ တက်ရောက် အားပေးကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေး ဝန်ကြီး H.E. Mr. Gita Irawan Wirjawan တို့က နှစ်နိုင်ငံ ဝန်ကြီးဌာနတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ မူဘောင် သဘောတူ စာချုပ်ကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အင်ဒိုနီးရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H. E. Dr. R. M. Marty M. Natalegawa တို့က နှစ်နိုင်ငံအကြား လူ့စွမ်း ရည် မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး တို့က နှစ်နိုင်ငံဝန်ကြီးဌာနတို့အကြား ဆန်ကုန်သွယ် မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို လည်းကောင်း အသီးသီး လက်မှတ်ရေးထိုးကြသည်။

Credit : Here

အခွန်တိမ်းရှောင်ခွင့်ရရှိထားသည့် ကုမ္ပဏီ လုံးဝမရှိတော့ဟုဆို

အစိုးရသို့ အခွန်ထမ်းဆောင်ရာတွင် တရားဝင်အခွန်တိမ်းရှောင်ခွင့် ရရှိထားသည့် ကုမ္ပဏီများ ယခင်ကရှိခဲ့ သော်လည်း ယခုလုံးဝမရှိတော့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦး ကပြော သည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်က ကုန်သည်စက်မှု အသင်းချုပ်ရုံး၌ စီးပွားရေးလုပ်ငန်းရှင်အများစုနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း တွေဆုံပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များက အခွန်တိမ်းရှောင်ခွင့်ရရှိထား သည့် ကုမ္ပဏီများရှိနေသည်ဟု ဆိုခြင်းကို ပြည်တွင်းအခွန်များဦးစီးဌာနက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။


ယခင်က တပ်မတော်အရာရှိကြီးများ ပိုင်ဆိုင်သည်ဟုဆိုသော မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် ကုမ္ပဏီကို ၂၀၀၅ ခုနှစ်မှ စတင်၍ကုန်သွယ်လုပ်ငန်းခွန်နှင့် ပတ်သက်ပြီး တရားဝင်အခွန်ကင်းလွတ်ခွင့် ပေးခဲ့ရာမှ ယခုအရပ်သားအစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်မှစတင်ကာ အခြားစီးပွားရေး လုပ်ငန်းရှင် များနည်းတူ ပြန်လည်အခွန်ထမ်းဆောင်စေခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးက ဆိုသည်။

ယင်းကဲ့သို့ တန်းတူညီမျှ အခွန်ဆောင်ရန်သတ်မှတ်လိုက်ခြင်းကပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ပြိုင် ဆိုင် မှုတွင် မျှတမှုရှိလာနိုင်ပြီး ဒေသတွင်း ကုန်ထုတ်စွမ်းအားနှင့် အရည်အသွေးများလဲတိုး တက်မြင့် မား လာနိုင်စေရန်အတွက် ရည်ရွယ်ကြောင်း ၄င်းကဆိုသည်။

ထို့အပြင် လက်ရှိအသေးစား ၊ အလတ်စားစီပွားရေးလုပ်ငန်းများ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် ကောက်ခံနေသော အခွန်နှုန်းထားများမှာ ခေတ်စနစ်နှင့် ကိုက်ညီမှုမရှိတော့ခြင်း၊ နှုန်းထားများ ကြီးမြင့် နေခြင်း၊ ကောက်ခံမှု ပုံစံမမျှတခြင်းများ ရှိနေသဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံလွတ်လပ်သော ကုန် သွယ်မှုစနစ် ပေါ်ပေါက်လာပါက ပြည်ပမှလာမည့် လုပ်ငန်းရှင်များကို ယှဉ်ပြိုင်နိုင်ရန် အခက်အခဲများ စွာရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ လုပ်ငန်းရှင်များက ဆိုသည်။

“ဦးပိုင်သာမကပါဘူး။ အခြားသော အစိုးရပိုင်စီးပွားရေးတွေက ကောက်ခံနေတဲ့ အခွန်နှုန်းထားတွေက တစ်မျိုးစီဖြစ်နေတာတွေ လဲရှိတယ်။ ဒါဆိုတန်းတူညီမျှလုပ်သင့်နေပြီ။ လုပ်မယ်ဆိုရင်တောင် အခု နှစ်နှစ် ရှိနေပြီ။ ဒီနိုင်ငံရဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ဖို့ ဒါဟာနောက်ကျနေပြီလို့တောင် ပြောလို့ရတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည့်မြင့်က ပြောကြားသည်။

“အခွန်ရှောင်တယ်ဆိုတာ နိုင်ငံတကာမှာလဲရှိတယ်။ အခုထိ ကိုင်တွယ်ပုံတွေက မတူကြဘူးလေ။ခေတ်က ပြောင်းသွားပြီလေ။ အရင်က ရသင့်ရထိုက်တာတွေ မရခဲ့တာတွေ၊ သူများထက် အခွင့်ထူးခံရခဲ့တာတွေ လက်ညှိုးထိုးပြီး ပြန်ပြောနေလို့ ဘာမှမထူးပါဘူး။ ရှေ့ဆက်သွားရမယ်။ အနာဂတ်မှာ အဲဒီလိုမဖြစ်အောင် ထိန်းသိမ်းရမယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လေး က ပြောကြားသည်။

ကော့မှူးမြို့နယ် ပြည်သူကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် မျှမျှတတ စဉ်းစားပေးရန်လိုအပ်ကြောင်း၊ နိုင်ငံသားတိုင်းအခွန်သည် မိမိအတွက် ကောက်ခံခြင်းဖြစ်သည်ကို သိထားရန်လိုအပ်ကြောင်း၊ အစိုးရအနေဖြင့်လည်း ပွင့်လင်းမြင် သာစွာ အခွန်ကောက်ခံရန် ဆောင်ရွက်သင့်ကြောင်း သူရဦးရွှေမန်းနှင့် လုပ်ငန်းရှင်များတွေဆုံသည့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ဝန်ထမ်းနှင့် လုပ်ငန်းရှင် ထိတွေ့ရန်မလိုသော ၀င်ငွေခွန်အား မိမိ ဘာသာမိမိ ကြေညာသည့်စနစ်ကို ပြောင်းလဲကျင့်သုံးတော့မည်လည်းဖြစ်သည်။ ယင်းစနစ်အောင်မြင်ပါက ပြည်တွင်း၏ အခွန်ဝင်ငွေပမာဏယခုထက် ပိုမိုတိုးပွားလာနိုင်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူတို့က သုံး သပ် သည်။

နှစ်အလိုက်ပြည်တွင်း အခွန်ဦးစီးဌာနမှ အခွန်ကောက်ခံရရှိမှု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်ကျပ်သန်းပေါင်း ၁၅၀၀၀၀ ကျော်ရရှိခဲ့ပြီး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၂၅၀၀၀၀၀ နီးပါး ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်သည်။

7Day News Journal

Credit : Here

ပြည်ပ ဖက်ဒရယ်စနစ်အတိုင်း ပုံတူကူးချ ကျင့်သုံး၍မရကြောင်း နိုင်ငံရေး ပါတီတစ်ခုမှ ဥပဒေအကြံပေး ပြောကြား

ဂျာမနီနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် Federal စနစ်အတိုင်း မြန်မာနိုင်ငံတွင် ကျင့်သုံးရန် မဖြစ်နိုင် ဘဲ ပြည်တွင်းရှိ တိုင်းရင်းသားများနှင့် ကိုက်ညီသည့် တစ်ပြည်ထောင်စုစနစ်ကိုသာ ကျင့်သုံးခြင်းကသာ အ ဆင်ပြေနိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီ ဥပဒေအကြံပေး ဒေါ်မြင့်မြင်ဝေက ဆို သည်။

“ဂျာမနီနိုင်ငံမှာ ပြည်ထောင်စုစနစ်ကို ကျင့်သုံးတယ်၊ ပြီးတော့ ပြည်နယ်မှာပဲ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိ တယ် ၊ ပြည်နယ်အဆင့်က ကိစ္စကို ပြည်ထောင်စုက ၀င်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူးပေါ့ ။ ဒါပေမဲ့ သူ တို့နိုင် ငံ လိုမျိုး တစ်ထပ်တည်း ကျင့်သုံးလို့တော့ မရဘူးပေါ့။ ကိုယ့်လူမျိုးတွေနဲ့ ကိုက်ညီတဲ့ Federal ကို ကျင့် သုံးနိုင်မယ်ဆိုရင် တိုင်းရင်းသားတွေအတွက် အများကြီး အကျိုးဖြစ်သွားမှာ” ဟု မွန်ဒေသလုံး ဆိုင် ရာ ဒီမိုကရေစီပါတီ ဥပဒေအကြံပေး ဒေါ်မြင့်မြင့်ဝေက ဂျာမနီနိုင်ငံတွင် ကျင့်သုံးနေသည့် Federal စနစ်ကို ရှင်း လင်းပြောပြသည့် ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် ကိုက်ညီသည့် တစ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးမှသာ ပဋိပက္ခများ လျော့ သွား မည်ဖြစ်ကြောင်း နှင့် တစ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးခြင်းက ခွဲထွက်သည့် စနစ်မျိုး မ ဟုတ်ေ ကြာင်း တက်ရောက်လာသည့် တိုင်းရင်းသားအချို့က သုံးသပ်ပြောဆိုသည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှ JORG SCHENDEL သည် ၄င်းနိုင်ငံတွင် တစ်ပြည်ထောင်စုစနစ်သည် မည်သို့ မည် ပုံ ရှိသည်ကို ပြည်တွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များ လေ့လာနိုင်ရန် အတွက် ဗဟုသုတအနေဖြင့် ရှင်း လင်းပြောပြခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာ မြို့ပေါင်း (၁၆)ခုရှိတယ် ။ ဘာသာကွဲတဲ့ မြို့တွေလည်းရှိတာပေါ့ ဒါပေမယ့် Federal စနစ်ကို ကျင့် သုံးတယ်။ အခက်အခဲပြသာနာ ကြီးကြီးမားမား ရယ်တော့ မရှိပါဘူး ၊ ကျွန်တော် တို့ ဆီ က Federal စနစ်က ခွဲထွက်ခွင့် မရှိဘူး ၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်အခွင့်အရေးတွေ ၊ ယဉ်ကျေး မှုတွေ ရှိနေ တာတွေကို ပြည်ထောင်စုအစိုးရက သက်ရောက်မှုမရှိရဘူး။ ဥပဒေပြုခွင့်အာဏာက ပြည်နယ် မှာပဲ တာဝန် ရှိတယ်။ ဒါပေမဲ့ ပြည်နယ်နဲ့ ပြည်ထောင် စုကြားမှာ ကွာဟမှုမရှိဘူး” ဟု ဂျာမနီနိုင်ငံ ဘာ လင်မြို့နေ ရှေ့နေတစ်ဦးဖြစ်သည့် JORG SCHENDEL ကပြောသည်။

ဂျာမနီနိုင်ငံတွင် တစ်နိုင်ငံလုံးဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းအခွန်များကို တစ်သားတည်း ကောက်ခံခြင်းကို ကျင့် သုံးပြီး ခုခံ ကာကွယ်ခွင့် ၊ နိုင်ငံခြားရေး မူဝါဒ ၊ နိုင်ငံသားဖြစ်မှု နှင့် ငွေကြေးသုံးစွဲမှု အစရှိသည်များကို ပြည်နယ် အဆင့်က လွှတ်တော်သို့ တင်သွင်းရကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

“ဥပမာပြောရရင် ပြည်နယ်တစ်ခုမှာ နိုင်ငံသားတစ်ဦးက Passport လုပ်ချင်တယ်ဆိုရင် ပြည်ထောင်စု အုပ် ချုပ်ရေးပိုင်း ဆိုင်ရာကို သွားစရာမလိုဘူး ပြည်နယ်ကရုံးကိုပဲ သွားရတယ် ဘာကိစ္စရှိရှိ ပြည်နယ်မှာပဲ ဖြေ ရှင်းရတယ် ၊ လုပ်ပိုင်ခွင့်တွေက ပြည်နယ်မှာပဲ ရှိတယ်” ဟု JORG SCHENDEL က ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ လိုလားလျက်ရှိသည့် တစ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေးသည် လက် ရှိဖြစ်ပေါ်နေ သည့် နိုင်ငံရေးပြသာနာပေါ် မူတည်သည်ဟု ၄င်းက အကြံပြုပြောကြားခဲ့သည်။

ဧပြီလ ၂၀ရက် နံနက် ၁၀နာရီဝန်းကျင်က သင်္ဃန်းကျွန်းမြို့နယ် ဗေဒါအခမဲ့ စာသင်ကျောင်းတွင် ကျင်းပ ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင် ၊ ကရင် အမျိုးသမီး ကွန်ယက် အဖွဲ့ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း နှင့် ရခိုင်တိုင်းရင်းသား များတိုး တက်ရေးပါတီဝင် အချို့တက်ရောက်ကာ ဂျာမနီနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် Federal စနစ်အကြောင်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
Myit Makha Mediagroup

Credit : Here

ဒုက္ခသည် ပြန်လည်လက်ခံရေး ကရင်ပြည်နယ်မှာ စတင်ပြင်ဆင်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် ကရင်ပြည်နယ် အ တွင်း မှာ ပြင်ဆင် ဆောင်ရွက်မှုတွေ စတင်နေပြီလို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

ဒုက္ခသည်တွေပြန်လည်လက်ခံဖို့ ကရင်ပြည်နယ် အတွင်း ထိုင်းမြန်မာနယ်စပ်တလျောက် မြို့နယ်ခွဲ(၉)ခု ကို သတ် မှတ်ထားပြီး၊ အဲဒီမြို့နယ်ခွဲတွေက တော့ ဘောဂလိ၊ လိပ်သို၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်၊ ကမမောင်း၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ ဝေါလေမြိုင် နဲ့ ဆုခလိ တို့ဖြစ်ကြပါတယ်။

ပြန်လာသူတွေအတွက် ထောက်ပံ့ကူညီရေးဆိုင်ရာ စီမံချက်တွေရေးဆွဲထားတယ်လို့ ကရင်ပြည်နယ် အစိုး ရ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင် က ပြောပါတယ်။


ဒါ့အပြင် ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ကူညီရေးအဖွဲ့တွေလည်း လာရောက်ျနကြောင်း၊ လတ် တ လော အနေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာကတဆင့် ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်း၊ ဂျိုက် ကာ နဲ့ဂျပန်ပလက်ဖောင်းအဖွဲ့တွေက စီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေတယ်လို့ ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်က ပြောပါတယ်။

"လတ်တလော ပြန်ရောက်မယ်ဆိုရင်သူတို့ ယာယီ စားသောက်နေထိုင်ဖို့ အတွက်က ထောက်ပံ့ပေးရမယ့် အပိုင်းက တစ်ပိုင်းပေါ့နော်။နောက်တစ်ခါ သူတို့ရေရှည် ရပ်တည်ဖို့က တစ်ပိုင်းပေါ့နော်။စိုက် ပျိုးမွေးမြူေ ရးတွေ အခြေခံ လုပ်ရမယ်။ဒေသအလိုက် SME တွေဖြစ်အောင် ဘားအံစက်မှုဇုန်တို့ မြဝ တီစက်မှုဇုန်တို့ ဘုရား သုံးဆူ စက်မှုဇုန်တို့ ခရီးသွားလုပ်ငန်းတွေကို ဖန်တီးပေးရမှာပေါ့"

အခုလိုဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး လူဦးရေ(၅)သောင်းဝန်းကျင်ရှိတဲ့ မယ်လ ဒုက္ခ သည် စခန်း လုံခြုံရေးတာဝန်ခံ စောအားမူက "ပြန်ခြင်တဲ့သူတစ်ယောက်မှ မရှိပါဘူး။ကိုယ့်တိုင်းပြည် အခြေအနေက ဘာမှန်းမသိတဲ့ အခြေအနေမှ မဟုတ်သေးတာ ဘယ်သူမှ မပြန်ခြင်သေးပါဘူး"

မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံ တွင်းက ဒုက္ခသည်စခန်း(၉)ခုမှာ နှစ်ပေါင်း(၂၀)လောက် နေထိုင်နေပြီး၊ တရားဝင်စာရင်းအရ လူ တစ် သိန်းနှစ်သောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကပြောပါ တယ်။

ဒါပေမဲ့ NGO အဖွဲ့တွေအဆိုအရ ဒုက္ခသည်စခန်းတွေမှာ တရားမ၀င်နေထိုင်သူတွေလည်းရှိနေတဲ့အတွက် လူဦးရေ စုစုပေါင်းဟာ တရားဝင်စာရင်းထက် အများကြီးပိုလိမ့်မယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သက်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံ ရေး ၀န်ကြီး ဗိုလ်မှုးကြီး အောင်လွင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။

ဓာတ်ပုံ- ကချင်ဒုက္ခသည် စခန်းမှ ဒုက္ခသည်များ

RFA Buemese

Credit : Here

သမ္မတ(၁) ၊အကြံပေး(၉) ဦး နှင့် မြန်မာနိုင်ငံ

၁၇-၀၄-၂၀၁၃ ရက်နေ့၌ ဂျပန်နိုင်ငံ သတင်း ထောက်များကလပ်မှာ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဂျပန်သတင်းထောက် မှ "လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ်လိုသုံးသပ်ပါသ လဲ၊ သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲ" ဟု မေးမြန်းရာ ဒေါ်အောင် ဆန်းစုကြည်မှ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင် ပြောင်း လဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက် ဟာ တိကျတဲ့ မူဝါဒ ချမှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေ ရတာက ပြုပြင်ပြောင်း လဲရေး မှာ အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အခြေ ခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရ ပါဘူး” ဟု ဖြေကြားခဲ့သည်။


သူမ၏ အဖြေစကားနှင့် အတူ တွေးမိလိုက်သည်က အမိန့်ကြော်ငြာစာဖြင့် တရားဝင် ဖွဲ့စည်းခဲ့သည့် သမ္မတ ဦးသိန်းစိန် ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာတို့အတွက် အဖွဲ့ဝင်(၉) ဦးဖြင့် ဖွဲ့စည်းထားသည့် သမ္မတ အကြံပေးအဖွဲ့ အကြောင်း ဖြစ်သည်။ အဖွဲ့တွင် ပါဝင်သူများမှာ စီးပွားရေး အကြံပေးအဖွဲ့တွင် ဒေါက် တာ ဦးမြင့်၊ ဦးဆက်အောင်၊ ဒေါက်တာ တင်လှဗိုလ်၊ နိုင်ငံရေး အကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဒေါက် တာ နေဇင်လတ်၊ ဦးရဲတင့်၊ ဥပဒေ အကြံပေးအဖွဲ့တွင် အငြိမ်းစား ရဲမှူးကြီး စစ်အေး၊ ဒေါ်ခင်မျိုးမြင့်၊ ဦးသန်းကျော်တို့ဖြစ်ကြသည်။

အကြံပေးအဖွဲ့တွင် ပါဝင်သည့် လူအတော်များများကို ကျွန်တော် မသိပါ။ သို့သော် စီးပွားရေး အကြံပေး အဖွဲ့ တွင် ပါဝင်သည့် ဦးမြင့်သည် နိုင်ငံတကာနှင့် ဆက်ဆံရေး နားလည်သူ၊ စီးပွားရေးဆိုင်ရာ ကိစ္စများ တွင် အကြံ ကောင်းများ ပေးနိုင်သူဖြစ်ပြီး အန်တီစုနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိကြောင်း သိထားသည်။ ထို ပုဂ္ဂိုလ်သည် ဘယ်အ စိုးရ တက်တက် နိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်ပြီး အကြံပေးနိုင်မည်မှာ သေချာ သည်။ ထို့ပြင် ၄င်း၏ သမ္မတ ကြီးထံသို့ အိတ်ဖွင့်ပေးစာ ပုံစံမျိုး ရေးသားထားသည့် စာတမ်းပါ ရန်ကုန် တက္ကသိုလ်ကြီး ကိစ္စအား ဒေါ်အောင် ဆန်းစုကြည်မှ အဆိုတင်သွင်းခဲ့သည်။

နိုင်ငံရေး အကြံပေးအဖွဲ့တွင် ပါဝင်သည့် ဦးကိုကိုလှိုင် နှင့် ပတ်သက်၍ Global Panorama အစီအစဉ်ဖြင့် စတင် ရင်းနှီးသည်။ အံ့မခန်းသော ဗဟုသုတ၊ အတွေ့အကြုံများဖြင့် နိုင်ငံတကာ၏ စစ်ရေး၊နိုင်ငံရေး အခြေ အနေ များ ကို ဆွေးနွေးပြောဆိုသည်ကို တွေ့ရသည့် အချိန်တွင် မလေးစားဘဲ မနေနိုင်ခဲ့။ ထို့ပြင် သမ္မတ ကြီး၏ နိုင်ငံ ရေး အကြံပေး ဒေါက်တာ နေဇင်လတ်၏ လက်တွေ့နှင့် ယှဉ်သော သုံးသပ်ပြောဆိုချက်များ၊ ဆောင်း ပါး များကို ဖတ်ရသည့်အခါတွင်တော့ မြန်မာ့နိုင်ငံရေးတွင် သမ္မတကြီးကို အကြံပေးနေသည့် ပုဂ္ဂိုလ် များမှာ သာမန် အဆင့် ထက် များစွာ ပိုသူများ အဖြစ် ခြွင်းချက်မဲ့ ယုံကြည်မိခဲ့သည်။

ဦးဆောင်သူက ၁ ဦး၊ အကြံပေးအဖွဲ့က ၉ ဦး၊ ပူးပေါင်း လုပ်ဆောင်သည့် မြန်မာနိုင်ငံသည် သမ္မတကြီး လက် ထက်တွင် ၂ နှစ်အတွင်း ကမ္ဘာက အံ့သြသင့်လောက်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင် ခဲ့ သည်။ အခြေခံ ၀န်ထမ်းလစာ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ပူးပေါင်းဆောင်ရွက်မှု၊ တို့ကို အင်တိုက်အားတိုက် ဆောင် ရွက်ခဲ့ခြင်းကြောင့် နေရာတကာတွင် သမ္မတကြီး ဖြစ်သည်အထိ ဖြစ်လာခဲ့သည်။ သမ္မတကြီးထံသို့ တိုက် ရိုက် တိုင်ကြားနိုင်သည့် စနစ်များ၊ လူ့အခွင့်အရေး ကော်မတီများ၊ စာနယ်ဇင်းမီဒီယာများ၏ လွတ် လပ် ခွင့်များ စ သည်ဖြင့် အရာရာ တိုးတက်ပြောင်းလဲခဲ့သည်။

နိုင်ငံတကာသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ချေဖျက်နိုင်ခဲ့သည်။ ရင်းနှီးမြုပ်နှံမှု အသစ်များ ရရှိခဲ့ သည်။ စီးပွားရေး ပိတ်ဆို့မှုများ တစ်ဖြည်းဖြည်း လျော့ပါးရာမှ ဧပြီလ ၂၂ ရက်နေ့တွင် EU မှ လက်နက် ကိစ္စ မှ တစ်ပါး ပိတ်ဆို့မှု အားလုံးကို ဖျက်သိမ်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုထက် ပိုသော အကျိုးကျေးဇူးများ ရရှိနေချိန်တွင် သမ္မတကြီး၏ အကြံပေးအဖွဲ့ ရှိပါလျှက်နှင့် ကိုယ့် အစိုးရ အဖွဲ့မှ သမ္မတကို ပြည်ပတွင် ဝေဖန်ပုတ်ခတ်သည့် ခေါင်းဆောင်ရှိနေခြင်းကို အံ့သြမိသည်။ ဒီမို ကရေစီ ပုံရိပ် တစ်ခု အဖြစ် သတ်မှတ်ခြင်း ခံရသူမို့ နိုင်ငံအတွက် လိုအပ်ချက်များကို ပုဂ္ဂိုလ်ရေး အရ ရင်းနှီး မှု လည်း ရှိပြီး ဖြစ်သည့် သမ္မတ၏ အကြံပေးအဖွဲ့နှင့် ညှိနှိုင်းပြီး အကြံပေးနိုင်သည်။ ထိုသို့မဟုတ် သမ္မ တကြီး ထံသို့ တိုက်ရိုက် ဆက်သွယ်နိုင်သည်။ ကိုယ်တိုင် အာဏာရမှ ပြုပြင်ပြောင်းလဲမည်လား၊ ဘယ် အစိုးရ တက်တက် အကူအညီ ပေးခြင်းဖြင့် နိုင်ငံကို တိုးတက်စေမည်လား။

တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌကြီး အနေဖြင့် ဘယ်တိုင်း၊ ဘယ်ဒေသတွင်တော့ တရားရေး မဏ္ဍိုင် ပြို လဲနေပြီ။ ပျက်စီးနေပြီ ဆိုသည့် ကြေငြာချက်များသာ ထုတ်ပြန်ခဲ့သည်။ အဆင့်ဆင့် မည်သို့ စီမံဆောင် ရွက် မည်ဟု မပြောဆိုရသေးမီ အဝေးပြေးလမ်းတွင် အိတ် အလစ်သုတ်ခံရသည်။ ရဲတပ်ဖွဲ့ဝင်များ အ ရိုက်နှက် ခံရ ကာ သေဆုံးမှုများ ဖြစ်ပေါ်နေသည်။ ယခုထိ တရားဥပဒေ စိုးမိုးမှု မရရှိကြသေးဟု ခွပ်ဒေါင်း အရိပ်အောက်မှ လူများ အော်ဟစ်နေကြသည်။ ကော်မတီ ဥက္ကဌကြီး အဆင့်လိုက် အကောင်အထည် ဖော်နေပါသလား။

နိုင်ငံတော် သမ္မတကြီး၏ ဘေးတွင် အကြံပေးအဖွဲ့ဝင် (၉)ဦး ရှိသည်။ သမ္မတကြီး၏ နောက်တွင် တာ ၀န်ပေး သည့် အပိုင်းကို ကျေပွန်စွာ လုပ်နိုင်သည့် ခေါင်းဆောင်ကောင်းများ ရှိသည်။ စာရွက်ကြည့်၍ ပြောပြော၊ အလွတ်ပြောပြော မည်သူ့ကိုမှ ပုတ်ခတ်ခြင်း မရှိ။ နိုင်ငံအတွက် စေတနာအပြည့်ဖြင့် ပြော သော နှုတ်ထွက် စကား များကို ပြည်တွင်းပြည်ပ မီဒီယာများတွင် တွေ့နေရသည်။

သို့ပါဆိုလျှင် အန်တီစု ဘေးမှ လေဖြင့် မြှောက်ပင့်နေသော သူများ၊ အာဏာရရှိဖို့ အရေးကြီးသည် ဆိုသည့် သူများ ကို ဖယ် ထုတ်ဖို့ သမ္မတ၏ အကြံပေးအဖွဲ့ဆီမှ အကြံဥာဏ်ယူဖို့ လိုပါပြီ။

Credit : Here

KIA အဖွဲ့များမှ အစိုးရတပ်များအား ထိုးစစ်ဆင်ရန်ပြင်ဆင်

အစိုးရမှ ကချင်ပြည်နယ်အတွင်း ကချင်ပြည်သူများအေးချမ်းမှု အတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အ စိုး ရက အားတက် တရော လုပ်ဆောင်နေသော်လည်း KIA အဖွဲ့များက အစိုးရတပ်များကို ထိုးစစ်ဆင်ရန် ပြင် ဆင်ဆောင်ရွက်မှုများ ရှိနေကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင် သွားပါက ဒေသခံလူထုမှ KIA အပေါ် အား ကိုး လိုစိတ်လျော့ နည်းသွားမှာဖြစ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဆွဲဆန့် နိုင်သမျှ အချိန်ဆွဲထားရန် KIA ခေါင်းဆောင် ပိုင်းက ဆုံးဖြတ် ထားတဲ့အကြောင်း ဧပြီလ ၂၁ ရက်နေ့က ဟူးကောင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ကျင်းပတဲ့အစည်းအဝေးမှာ KIA ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးတစ်ဦးက ထုတ်ေ ဖ်ာပြော ဆိုခဲ့ကြောင်း သိရှိရပါသည်။ ဒါ့အပြင် KIA တပ်များ အနေနဲ့ အရွယ်ရောက်သည့် ကချင်လူမျိုး မှန် သ မျှ KIAတပ်ဖွဲ့မှာ အမှုထမ်းဆောင်ဖို့ ကျေးရွာများကိုဆင်းပြီး စာရင်းကောက်ခံရမှာ ဖြစ်သည့် အကြောင်း နဲ့ တစ်ဆက်တည်းမှာပဲ အခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံသွား မည်ဟု ဆိုသည့် အကြောင်းများ ကို လည်း ထည့်သွင်းပြောကြားသွားခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူတစ်ဦး၏ ပြောပြ ချက်အရ သိရှိရပါသည်။


KIA အနေနဲ့ဧပြီလ တတိယပတ်ထဲမှာ အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်သလို ငြိမ်း ချမ်း ဆွေးမှုတွေ အဆင်မပြေပါက KIA တပ်တွေအနေနဲ့ အစိုးရတပ်များကို ထိုးစစ်ဆင် တိုက်ခိုက် သွား ဖို့ပြင် ဆင်မှုတွေ လုပ်ဆောင်နေကြောင်း စခန်းပတ်လည်မှာ မိုင်းများတိုးမြင့်ထောင်ထားသလို ဆက်သွယ် ရေးမြောင်း၊ ပစ်ကျင်း၊ ကတုတ်ကျင်းနဲ့ ဘန်ကာများကိုလဲ အခိုင်အမာပြုပြင် တည်ဆောက်နေကြကြောင်း တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရှိရပါသည်။

KIA တပ်ကနေ ခွင့်နဲ့မိဘရပ်ထံ ပြန်သွားနေသူများကိုလည်း အမြန်ဆုံးပြန် လာကြဖို့ အကြောင်းကြား မှုတွေလည်း ရှိနေပါပြီး ဌာနချုပ်မှ အဖွဲ့များနှင့် အိမ်အရောက်သွားရောက်ခေါ် ယူမှုများရှိနေကြောင်း၊ KIA တပ် အား လုံးကို တပ်လှန့်ထားပြီး လိုင်ဇာ ဗဟိုဌာနချုပ်က ပေးမည့်အမိန့်ကို စောင့်နေကြဖို့လဲ ညွှန်ကြား ထားသည်ဟု ဌာနချုပ်နှင့် နီးစပ်သူများ၏ပြောပြချက်အရ သိရှိရ ပါသည်။

ူကချင်နေ့စဉ်သတင်း

Credit : Here

ပြည်တွင်းပဋိပက္ခများနောက်၌ အစိုးရ နှင့် ပြည်ခိုင်ဖြိုး ပယောဂလုံးဝမပါဟု ဦးဌေးဦးဆို

လက်တလောဖြစ်ပွားခဲ့သော မိတ်္ထီလာ ပဋိပက္ခနှင့် မကြာခင်ကာ လဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ များ၌ လက်ရှိအစိုးရနှင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ နောက်ကွယ်ကြိုး ကိုင်မှုများ ပယောဂများ လုံးဝမရှိ ကြောင်းနှင့် ပဋိပက္ခမှန်သမျှနှင့် ပြည်သူလူထုအား စိုးရိမ်ကြောင့်ကျ စေမည့် ကိစ္စမှန်သမျှအား အစွမ်း ကုန် ဆန့် ကျင်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက Hot News သတင်းထောက်နှင့်ေ တွ့ဆုံစဉ် အတိအလင်း ပြောကြား သွားခဲ့ သည်။


“ပဋိပက္ခဆိုတာကိုဆန့်လည်း ဆန့် ကျင်တယ်။ လုံးဝလည်းလက် မခံဘူး။ တချို့က ပြောချင်ကြ တယ်။ အာ ဏာ ပိုင် အဖွဲ့အစည်း တွေ လုပ်တာ၊ နောက်ကနေကြိုး ကိုင်တာ၊ သူတို့ကပြဿနာဖန်တီး ပြီးသူတို့ ကိုယ် တိုင်ဖြေ ရှင်းပြီးတော့ လူထု ရဲ့ အမှတ်ကိုယူနေတာဆိုပြီး ဆိုချင်ကြတယ်။ တချို့တွေဆိုပါတီ ကြီးတွေလိုပါ ရည် ရွယ်ပြီးပြောကြ တယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုး ကိုဆိုလိုသလားဆိုတာကိုတော့ ကျွန်တော် ဘာမှမပြောချင်ဘူး။ ပြောရ ရင်ဒီဖြစ်စဉ်တွေနဲ့ ပတ်သက် ပြီး တိုင်းပြည်ကို ချစ်တဲ့သူတိုင်းက ဒါမျိုးဘယ်ဖြစ်စေ ချင်မ လဲ။ တိုင်းရင်းသား တွေအနေနဲ့လည်း ပြည်တွင်းမှ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာကြတာ ပဋိပက္ခ ဆိုတာ ဘယ်ဖြစ်စေချင်မ လဲ။ ကျွန်တော်တို့လည်းကိုယ့်တိုင်း ပြည်ကိုယ်ချစ်တာပဲ။ တိုင်းပြည် ကိုချစ် တဲ့သူတိုင်း ဟာ တိုင်းပြည် ထဲမှာ မတည်မငြိမ်ဖြစ်တာ၊ ပြည်သူ တွေစိုးရိမ်ကြောင့်ကြနေနေရတာ တွေ ကို ဘယ်ဖြစ် စေချင်ပါမလဲ။ ဒီတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ဒီပဋိပက္ခဆိုတာကို လုံးဝ ကို လက်မခံဘူး။ နောက်တစ်ခုက ဒီလိုပဋိပက္ခဖြစ်စဉ်တွေနဲ့ နောက်ကွယ်မှာ အစိုးရအနေနဲ့ ရော ကျွန်ေ တာ် တို့ပြည်ခိုင် ဖြိုးပါတီ အနေနဲ့ရောက် လုံးဝပါဝင်ကြိုးကိုင် မှုမရှိဘူး”ဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး ကပြော သွားခဲ့ သည်။

လက်တလောဖြစ်ပွားခဲ့သော ပြည်တွင်းပဋိပက္ခများသည်အစိုးရ သစ်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေခဲ့ပြီး။ အ ချို့သော သူများ ကမူ အဆိုပါဖြစ်ပွားခဲ့သောပြည် တွင်း ပဋိပက္ခများနောက်၌ အာဏာရှိသူတစ်ဦးဦး (သို့) အဖွဲ့ အစည်းတစ်ခုခု၏နောက်ခံကြိုးကိုင် မှုမပါပဲ။ မဖြစ်နိုင်ကြောင်း ပြောဆို လျက်ရှိနေကြသည်။

ခန့်ခန့်(ဒဿနိက)
HotNewsWeekly

Credit : Here

မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိုဆို

မြန်မာအာဏာပိုင်တွေကနေ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော် ပြန်လွှတ်ပေးလိုက်တဲ့အပေါ် အမေရိကန် ပြည် ထောင်စုက ကြိုဆိုလိုက်ပြီး၊ ကျန်နိုင်ငံရေး အကျဉ်းသားတွေ ကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွတ်လာတာ နဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်တို့ရဲ့ တုံ့ပြန်မှုတွေကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မနေ့တုန်းက မြန်မာနိုင်ငံတွင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အထဲ နိုင်ငံရေး အကျဉ်းသား ၅၉ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့အတွက် အစိုးရကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း၊ ဒါ ပထမဆုံးအကြိမ် အသုတ်လိုက် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ပါတယ်။


အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လွတ်မြောက်လာတာတွေကို ကြိုဆိုသလို၊ ထပ်လွှတ် ပေးဖို့လည်း တောင်းဆိုပါတယ်လို့ နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြောခွင့်ရသူ ပတ်ထရစ် ဗန်ထရေးလ် (Patrick Ventrell) က ပြောပါတယ်။

“အကျဉ်းသား ၉၃ ဦး လွတ်လာတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၀ ပါဝင်ပါတယ်။ အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကို ကြိုဆိုသလို၊ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကိုလည်း အားပေး တိုက်တွန်းလိုပါတယ်။”

ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ ၀န်ကြီး ဟူဂို ဆွိုင်းယား (Hugo Swire) ကလည်း အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာကို ကြိုဆိုလိုက်ပြီး၊ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ဆို တစ်ယောက် အကျဉ်းထောင်ထဲမှာ ရှိနေတာကိုက အတော့်ကို များနေပြီလို့ ပြောပါတယ်။

ဒါကြောင့်လည်း ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ နဲ့၊ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို လေးစား အကောင်အထည်ဖော် ဖို့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။

EU ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီးတဲ့ နောက်တနေ့မှာပဲ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာပါ။ အမေရိကန် ပြည်ထောင်စုအနေနဲ့က မြန်မာအပေါ် အရေးယူမှု အတော်များများကို ဆိုင်းငံ့ ရပ်ဆိုင်းထားပါတယ်။ ဒီ့ထက်ပိုပြီး အရေးယူမှုတွေကို ရုပ်သိမ်းနိုင် ဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ မူဝါဒ ဆန်းစစ်မှုတွေ လုပ်နေတယ်လို့ နိုင်ငံခြားရေးဌာန ပြော ခွင့်ရသူ ပတ်ထရစ် ဗန်ထရေးလ် (Patrick Ventrell) က မနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါ တယ်။

“အမေရိကန် ပြည်ထောင်စုရဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့ထားမှုတွေနဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ထားတာကို ပြန်ရုပ်သိမ်းထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အားပေး တိုက်တွန်းနိုင်ဖို့ ပိတ်ဆို့ အရေးယူမှုတွေ အပါအ၀င် အမေရိကန် မူဝါဒတွေကို ပြန်ပြီး ဆန်းစစ်လုပ်ကိုင်နေပါတယ်။”

မြန်မာနိုင်ငံမှာ သိသာတဲ့ အပြောင်းအလဲတွေ ရှိခဲ့တဲ့အပြင်၊ နောက်ထပ် အပြောင်းအလဲတွေ ပိုဖြစ်လာဖို့ အားပေး တိုက်တွန်းမှုအနေနဲ့ EU ကနေ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ပြန်ရုပ်သိမ်းလိုက်တာ ဖြစ် တယ်လို့ ဆိုပါတယ်။

အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြုသဘော အားရစရာတွေ တွေ့နေရတယ် ဆိုပေမဲ့လည်း၊ လူနည်းစု လူမျိုးစုအပေါ် အကြမ်းဖက်မှုတွေ အပါအ၀င် တခြား လူ့အခွင့်အရေး အခြေအနေအရ စိုးရိမ်စရာတွေတော့ ရှိသေးတယ်လို့ အမေရိကန် ပြည်ထောင်စုရော ဗြိတိန်ကပါ ထောက်ပြ ပြောဆိုကြပါတယ်။

အခုလို အရေးယူမှုတွေကို ရုပ်သိမ်းခြင်းအားဖြင့် မြန်မာအစိုးရနဲ့ ပိုပြီး ထဲထဲဝင်ဝင် ဆက်ဆံနိုင်ပြီး၊ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ စိန်ခေါ်မှုတွေကို ပိုပြီး ဖြေရှင်းနိုင်လိမ့် မယ်လို့ ယူဆတဲ့အကြောင်းလည်း ဗြိတိန် ၀န်ကြီး ဟူဂို ဆွိုင်းယား (Hugo Swire) က ပြောပါတယ်။ 

Credit : Here

လှိုင်သာယာတွင် အိမ်နီးချင်းဖြစ်ပွားသည့်ရန်ပွဲကို ၀င်ရောက်ဖျန်ဖြေရာမှ သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရ

လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် အောင်စန္ဒာလမ်း တွင် ဧပြီ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော် ခန့် အချိန်က အိမ်နီး ချင်းဖြစ်ပွားသော ရန်ပွဲတစ်ခုအား သံဃာတစ်ပါးက ၀င်ရောက်ဖျန် ဖြေပေးရာမှ အဆိုပါ သံဃာမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိ သွားကြောင်း သတင်းရရှိသည်။

အဆိုပါနေ့ နံနက်ပိုင်းက အောင်စန္ဒာလမ်း အ ဆောင်(၄)၊ အခန်း(က)တွင် နေထိုင်သော ဒေါ်မြင့်မြင့်သန်းနှင့် ၎င်း၏ ကပ် ရပ်အခန်းနေ ဦးတင့်လွင်တို့သည် ဦးတင့်လွင်၏နေအိမ်တွင် ကွန် ကရစ် ခင်း သည့် ကိစ္စနှင့် ပတ်သက် ၍ နှစ်ဦးနှစ်ဖက် စကားများခဲ့ကြ ကြောင်း အဆိုပါစကားများသည့် ကိစ္စအား မြေပိုင်ရှင် လာေ ရာက်မှ ဖြေရှင်းကြရန် အိမ်နီးနားချင်းများ မှ ၀ိုင်းဝန်းပြောကြားခဲ့သော ကြောင့် ရန်ပွဲပြီး ဆုံးသွား ခဲ့ြေ ကာင်း သိရသည်။


ယင်းနေ့ညနေ ၄ နာရီ ကျော်ခန့်တွင် ဦးတင့်လွင်၏ဇနီး က နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပြဿနာနှင့် ပတ် သက်၍ ၎င်းင်း၏ နေအိမ်ရှေ့သို့ထွက်ကာ ပတ်ဝန်း ကျင်သို့ မကြားဝံ့မနာသာ ပြော ဆိုနေသောေ ကြာင့် ဒေါ်မြင့်မြင့် သန်း၏ အစ်မဖြစ်သူနှင့် စကား များလုံးထွေး ရန်ဖြစ်ကြကြောင်း၊ ယင်းသို့ ဖြစ်ပွားနေစဉ် ဦးတင့် လွင် ၏သားဖြစ်သူ ဇင်မျိုးလတ်(ခေါ်) အရွတ်မန်းမှ ဓားကိုင်၍ ရောက်ရှိ လာသောကြောင့် နေပြည်တော် ပုဗ်္ဗသီရိမြို့နယ် မှန်ကင်းကျောင်း တိုက်မှ ကြွလာပြီး ရန်ပွဲဖြစ်ပွား သည့်နေအိမ်ရှေ့ရှိ အိမ် တစ်အိမ် တွင် ခေတ္တသီတင်းသုံးနေသော ဆရာတော်ဦးညာန်္ဒိမှ ၀င်ရောက် ဖျန်ဖြေစဉ် ဆရာတော်၏ ၀မ်း ဗိုက်နှင့် တံတောင်တို့တွင် ဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ““ဒီကိစ္စ စဖြစ်တော့ ဦးတို့က အဲဒီ နားက မာရ်အောင် ဓမ္မာရုံမှာ တန်ဖိုးနည်းဖုန်းကတ် တွေမဲနှိုက်ပေးနေတော့ ပြဿနာ ကိုအချိန်မီ ထိန်း သိမ်းနိုင် ခဲ့ပါ တယ်။ ဘာပဋိပက္ခမှလည်း မဖြစ် ဘူး။ အခု အဲဒီမိသားစုကို ရဲစခန်း မှာ ထိန်းသိမ်းထားတယ်။ အမှု လည်းဖွင့်ထားတယ်။ ဆရာတော် ကတော့ အခု မြို့နယ် သံဃနာယကဆရာတော်ကျောင်းမှာ သီတင်း သုံးနေပါတယ်””ဟု ပြော ကြားသည်။

လှိုင်သာယာမြို့နယ် အုပ် ချုပ်ရေးမှူး ဦးထိန်စိုးက ““ဒါဟာ သာမန်ရန်ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ။ အနည်းငယ် ထိခိုက်မိတာ ကလွဲ လို့ ဘာမှကြီးကြီးမားမားပြဿနာ မဖြစ်ပါဘူး။ ဥပဒေကြောင်းအရ လည်း အရေး ယူ ဆောင် ရွက်နေ ပါတယ်””ဟု ပြောကြားသည်။

အခင်းဖြစ်ပွားသည့်ညတွင် အဆိုပါလမ်းနှင့် ရပ်ကွက်အတွင်း တွင် အမှတ်(၅)ရဲတပ်ရင်းမှ ရဲ ကားနှစ်စီး၊ ရန် ကုန် တိုင်း စစ်ဌာန ချုပ်မှ စစ်ကားနှစ်စီးတို့က လုံခြုံ ရေးဆောင်ရွက်ပေးလျက်ရှိပြီးအဆိုပါဖြစ်စဉ်ကို အ ကြောင်းပြု ကာ မလိုလားအပ်သောပြဿနာ များ ဆက်လက်မဖြစ်ပွားစေရေး အတွက် ဆောင်ရွက်လျက် ရှိ ကြောင်း သတင်းရရှိသည်။

HotNewsWeekly

Credit : Here