Monday, April 22, 2013

ကုလားအား နိုင်ငံသားဖြစ်ခွင့်ပေးချင်သည့် ဒေါ်စု အား သာသနာရေးဝန်ကြီး ဦးခင်ရီမှ နိုင်ငံသားဥပဒေ ပြင်ဆင်ပြောင်းလဲစရာ အကြောင်းမရှိဟု ပြန်လည်တုံ့ပြန်

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မဆလအစိုးရ လက်ထက်မှာလည်း တိုင်းရင်းသားတွေရဲ့ သဘော ထားကို ကောက်ယူပြီး ရေးဆွဲခဲ့တယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို လွှတ်တော်မှာ ပြန် လည်သုံးသပ်ဖို့ အရင်က တင်သွင်းခဲ့ဘူးပြီး အဲဒီလို တင်သွင်းရာမှာ စကားလုံးအနည်းငယ်မှအပ ပြင် ဆင်ဖို့ မလိုဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေ က ဆုံးဖြတ်ခဲ့တယ်။

လွှတ်တော်ဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ သူတွေနဲ့ ဖွဲ့စည်းထား တာ။ ပြည် သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော်က မပြင်ဆင်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် ဒါဟာ ပြည်သူ့ဆန္ဒ ဖြစ်တယ်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ
(ဘီဘီစီမြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းမှ)

Credit : Here

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက် တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွား ရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...


ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိကိုယ်ကို ခုခံ နိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...

၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကား အရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာ စကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...

၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကို မောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်း မှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင် တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...

၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက် သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေ ဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်... သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်း တင်ပြရင်း...

From: ကြယ်မင်းတာယာ

Credit : Here

နိုင်ငံရေးသမားများနှင့် နိုင်ငံရေး လုပ်စားသူများကို ကြောက်လန့်နေရသည့် မြန်မာ Facebook


မြန်မာနိုင်ငံမှ အင်တာနက် facebook သုံးသူများသည် ယခုအခါ နိုင်ငံရေး သမားများနှင့် နိုင်ငံရေး လုပ်စား သူများကို ကြောက်လန့်နေရကြောင်း အင်တာနက် facebook သုံးစွဲသူများက တညီတညွတ်တည်း ပြောဆို လျှက် ရှိပါသည်။

“ ဒေါင်းအလံ တင်ရင်တင်၊ မတင်လို့ကတော့ အဆဲခံရတယ်။ စစ်တပ် အားပေးဆိုပြီး နှမချင်း မစာနာ ဆဲ တယ်။ ဒေါ်စုကြည် ပုံတင်ထားရင်တော့ သိပ်အဆဲ မခံရဘူး၊ သမီးကတော့ ဆဲတဲ့သူမှန်သမျှ Block လိုက် တာပဲ ”ဟု facebook သုံးစွဲသူ မော်လမြိုင်မြို့မှ တက္ကသိုလ် ကျောင်းသူ တစ်ဦးက ဆိုပါတယ်။


အင်တာနက်ကို အကောင်းဆုံးသော Connection Speed ဖြင့် သုံးနိုင်သူများမှာ ပြည်ပရောက် မြန်မာများ ဖြစ်ပြီး၊ အ လုပ် လုပ်ကိုင်နေသည့် မြန်မာ အများစုမှာတော့ စာဖတ်ယုံ၊ သူငယ်ချင်း အချင်းချင်း အဆက်အ သွယ် မ ပြတ် ယုံသာ အသုံးချကြပါသည်။ အင်တာနက်ပေါ်တွင် အန်အယ်လ်ဒီ၊ ဒေါင်းအလံနှင့် ဒေါ်အောင် ဆန်း စုကြည်ပုံ တင်ထားသူ အများစုမှာ ပြည်ပရောက် ဒုက္ခသည်များ ဖြစ်ပြီး တစ်ယောက်ကို Account ၃ ၄ ခု ခန့် ရည် ရွယ် ချက် ရှိရှိ ပြုလုပ်ပြီး တိုက်ခိုက်လျှက် ရှိကြောင်း သိရသည်။

ကချင်စစ်ပွဲ ဖြစ်တော့ ဒီက ကချင်တွေ အင်တာနက်ပေါ် ရောက်လာတယ်။ တစ်ယောက်ကို အကောင့် ၃ ၄ ခု လုပ် တယ်။ တစ်ချို့ဆို အုပ်စုဖွဲ့ပြီး ဟိုမှာ သွားဆဲကြမယ်၊ ဒီမှာ သွားဆဲကြမယ် ဆိုရင် လိုက်ခေါ်တယ်။ ပြီးတော့ တစ်ညလုံး လိုက်ဆဲကြတာ။ ဟု မလေးရှားရောက် ဒုက္ခသည်များ အကြောင်းကို ကိုညီညီလွင်မှ ပြောပြပါ သည်။

မြန်မာ ပြည်တွင်းမှ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး သမားများကတော့ facebook ကို နိုင်ငံရေး ရည် ရွယ် ချက်၊ ဆူပူလှုံ့ဆော်မှုများ ပြုလုပ်ရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုကြကြောင်း သိရသည်။

Facebook မှာ အမျိုးသားရေး အသင်း၊ မြန်မာ့အသင်း စသဖြင့် အဖွဲ့တွေ တွေ့တော့ ကိုယ်က ခေါင်းစဉ်ကို ကြည့်ပြီး သဘောကျလို့ like လုပ်ထားတာ။ နောက်ဆုံး ရဲမင်းဦးလား။ ဟို အဖမ်းခံရတဲ့ကောင် အကြောင်း ကို အမွှမ်းတင်ပြီး ၀ိုင်းလုပ်ကြမှ ဒီစာမျက်နှာ အားလုံးဟာ နိုင်ငံရေးအတွက် လုပ်ထားတာပါလား ဆိုပြီး သေ ဘာ ပေါက်တော့တယ်ဟု မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာ ထွန်းသန့် က ပြောပြပါသည်။

မြန်မာ သတင်းစာမျက်နှာများတွင် Like လုပ်မှုများအရ မြန်မာနိုင်ငံတွင် facebook သုံးသူ ၂.၆ သိန်း ၀န်း ကျင် ရှိပြီး ခွပ်ဒေါင်းအလံ အသုံးပြုကာ နိုင်ငံရေး လုပ်စားသည့် အကောင့် အရေအတွက်ကတော့ ၂ သောင်း ၀န်း ကျင် ရှိနိုင်ပါသည်။ ပြည်ခိုင်ဖြိုး ပါတီ အနေဖြင့် သက်ဆိုင်ရာ ဒေသအလိုက် စာမျက်နှာများ ဖွင့် ထားသော်လည်း တိုက်ရိုက် လှုပ်ရှားမှုမျိုး မတွေ့ရပေ။ Facebook ကို အသုံးပြု၍ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးသူများမှာ ဗကသ အဖွဲ့များ ဖြစ်ပြီး ဆူပူမှု မှန်သမျှတွင် ၄င်းတို့စာမျက်နှာများမှ ပထမဆုံး တက်လာသည်ကို တွေ့ရသည်။

အကောင့်တွေက နာမည်ဝှက်တွေ များတယ်။ ဒီအချိန်က ပူးပေါင်း ဆောင်ရွက်ရမယ့် အချိန်မို့လို့ ကိုယ်က အပြုသဘော ရေးလိုက်တာ။ အရင်ကိုယ် ဘာရေးလဲ ဆိုတာ မကြည့်တော့ဘူး။ စစ်တပ်အကြောင်း အကောင်းရေးတယ် ဆိုတာနဲ့ စဆဲတော့တာပဲ။ ကြည့် လိုက်တော့ ဆဲတာတွေက တစ်ပုံစံတည်း ဖြစ်နေတယ်။ ဒါဆို သေချာပြီ။ နိုင်ငံရေး အဖွဲ့အစည်းတွေက စစ် တပ်နဲ့ ပြည်သူအကြား ရန်တိုက်ပေးနေပြီ ဆို တာက လွဲလို့ ဘာရှိတော့မှာလဲဟု ယခင် အစိုးရကို ဝေဖန်သူ Friend 5000 ပြည့် facebook user တစ်ဦးမှ ပြောကြားခဲ့ပါ သည်။

ယနေ့ကာလအတွင်း ဖေ့ဘုတ်တွင် Account အများစုမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ တင်ခြင်း၊ ခွပ်ဒေါင်း ဓာတ်ပုံများ တင်ခြင်း၊ ဆူပူမှု ပုံများတင်ခြင်း တို့ဖြင့် လူများများ ရရှိအောင် ဆွဲဆောင်မှုများ ပြု လုပ် လျှက်ရှိကြပြီး မကြာမီ ၂၀၁၅ အတွက် လှုံ့ဆော်မှုများ ပြုလုပ်နိုင်ရန် ပြင်ဆင်လျှက် ရှိသည်။ လူငယ်တို့ သဘာဝ ပျော်စရာ ကောင်းတဲ့ facebook ကနေ နိုင်ငံရေး သမားတွေ လုပ်စားတဲ့ facebook ကြီး ဖြစ်နေတာကိုတော့ စိတ်ပျက်မိတယ်ဟု ပြောသူကတော့ အသက် ၂၅ နှစ်အရွယ် မောင်ထွန်းမင်းနိုင် ဖြစ် သည်။

မိန်းကလေး တစ်ယောက်က စစ်တပ်ကို ထောက်ခံရင် ဖာသည်မ၊ စစ်ခွေးမ ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ရေး တယ်။ ဆဲတယ်။ ပြီးရင် အဲဒီ ဓာတ်ပုံကို ယူတယ်။ မကောင်းတာ လုပ်စားတဲ့ ပုံလောက် ရေးကြတယ်။ လုပ် တဲ့ သူ တွေ ကြည့်လိုက်တော့ ဒီလူတွေ၊ Share တဲ့သူတွေကလဲ ဒီလူတွေပဲ။ ကျွန်တော်ကတော့ ဒါဟာ အန် အယ် လ်ဒီက လုပ်ရင်လုပ်၊ မလုပ်ရင် ပြည်တွင်း ဆူပူမှုကို ဖြစ်စေချင်တဲ့ ပုဆိန်ရိုးတွေ လက်ချက်လို့ပဲ ထင် တယ် ဟု ၄င်းမှ ဆက်ပြောခဲ့သည်။

The Ladies အယ်ဒီတာ မေဇင်အေး အမည်ဝှက်ဖြင့် သုံးနေသော ခွန်ဒီးယမ်း အကောင့်ကဲ့သို့ အကောင့် များ သည် မကြာမီ ကာလအတွင်း ဆူပူမှုများကို ပိုမို ဖြစ်ပွားစေရန် ဖြစ်စေ၊ အန်အယ်ဒီပါတီ အတွက် မဲ ဆွယ် စည်းရုံးရန် ဖြစ်စေ အချိန်မရွေး ပြောင်းလဲသွားနိုင်သည့် အကောင့်များ ဖြစ်ကြသည်။ နိုင်ငံရေး သမားများနှင့် နိုင်ငံရေးလုပ်စားသူများကို ကြောက်လန့်နေရသည့် မြန်မာ Facebook လောကကြီး ငြိမ်းချမ်း ဖို့သည်ကား ရွှေပြည်တော် မျှော်တိုင်း ဝေးလျှက်ပင်။

Credit : Here

၄၈ လမ်းဗလီပြန်ဖွင့်လို့မရဆိုတာ ဗလီတာဝန်ရှိသူတွေနှင့်သာ သက်ဆိုင်ဟုဝန်ကြီးချုပ်ဆို

ရန်ကုန်မြို့ ၄၈ လမ်းဗလီမီး လောင်မှုနှင့် ပတ်သက် ၍ ဒုတိယအကြိမ်ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ တက်ရောက်ခဲ့ပြီး အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါစာနယ်ဇင်းရှင်းလင်း ပွဲ၌ “ဒီ (၄၈) လမ်း ဗလီ ပြန်ဖွင့်လို့ ရ မရဆိုတာနဲ့ ဘယ်တော့ပြန့်ဖွင့် လို့ရမလဲဆိုတာကတော့ ဗလီမှာ တာဝန်ရှိတဲ့ သူ တွေနဲ့ ပဲဆိုင်ပါတယ်။ သူတို့က အထက်ကိုစာတင်ပြီး ခွင့်ပြုမိန့်တောင်းမယ်၊ အထက်ကလည်း ခွင့်ပြုမိန့် ချပေးမယ်ဆိုပေမယ့် ဗလီဘယ်တော့ပြန်ဖွင့်မယ်ဆိုတာကတော့ ဗလီကိုပြုပြင်မွန်းမံမဲ့ ဗလီက တာဝန်ရှိသူ တွေနဲ့ပဲဆိုင်ပါ တယ်။ သူတို့က (၁) ရက်စောပြီး ရင် ဗလီ (၁) ရက်စောပြီးဖွင့်လို့ ရတာပေါ့”ဟု ရန်ကုန် တိုင်း ဒေသ ကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေမှပြော ကြားခဲ့သည်။

၎င်းသတင်းစာရှင်းလင်းပွဲတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏စုံစမ်းတွေ့ ရှိချက်များ စစ်ဆေးတွေ့ရှိချက်များ အား ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။

Credit : Here

မီးသွေးကြောင့်အညာသစ်တောပြုန်း

အညာဒေသယာခင်းများတွင် တောင်သူများ ပြုစု စောင့်ရှောက် မွေးမြူထားသော ကန္တာရ၊ ရှား၊ သန်း၊ ဒဟက်၊ ကပေါက်ပင်၊ သရက်၊ ထနောင်း၊ မန်ကျည်း စသည့်သင်တောသစ်ပင်များမှာ မီးသွေးဖုတ်နေ ကြ၍ အညာဒေသ သစ်တောများဘ၀ပြောင်း နေပြီ ဆို၏။

မိုးကခေါင်၊ နေကပူ၊ ရေက ရှား၊ အရိပ်ကမရှိ အညာ သစ်တောများ တစတစပြုန်းတီးနေသည်ဆို ၏။ တောတွေကပြောင်၊ တောင်တွေလည်း ကတုံး ဖြစ်နေ၍ အညာ မှာမီးသွေးဖုတ်သူများကို မထိန်း နိုင်ဟုဆို၏။

သင်တောဥပဒေလျှော့ချလျှင် အညာမှာယခုထက်ပြုန်းတီမည်ဟု အညာဒေသနှင့် နီးစပ်သူတို့ကဆို သည်။ ယခင်ကကြပ်မတ်ထိန်းသိမ်း ခဲ့၍ စိမ်းစိုသောအညာမှာ မီးသွေး ကြောင့်တောပြုန်းနေသည်။ ကန္တရလို အပေါက်များသော သစ်ပင်များပင်မခံနိုင်ပဲကန္တာရတော တွေ ရွာတွေမှာပင်ပြုန်းတီးနေပြီ။

နွားထိုးကြီးမီးသွေးမှာ မန္တလေး၊ မြင်းခြံဈေးကွက်ရှိပြီး ဖုံသာ၊ ပြင်စည်၊ အနွင်းဘိုး၊ လျှော်ဖြူ၊ ၀က်လူး၊ ပဲချက်၊ မြ၀တီ၊ ကျွန်းဒေါင့်စသည့်ရွာများမှာမီးသွေး အတွက်နာမည်ကြီးနေသည်။

Credit : Here

မြန်မာတွေ အနေနဲ့... အမျိုးဘာသာ.. သာသနာအတွက်... အမှန်ကို အမှန်အတိုင်း ဖော်ထုတ်ပြောဆို သတိပေးခဲ့သော မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့် ဘက်က ရပ်တည်ပေးကြပါ

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲ မြင့်မှ -

၁။ မိတ္ထီလာ အဖြစ်အပျက်မှာ အစ္စလာမ် ဘာသာဝင်များဘက်မှ အရောင်းအ၀ယ်မှာ မကျေနပ်တာကို ကိုယ်ထိ လက်ရောက် လုပ်ခဲ့လို့ စခဲ့ရကြောင်း...

၂။ ဘုန်းကြီး တစ်ပါးကို လွယ်လွယ်လေးနဲ့ ကြက်ကလေး၊ ငှက်ကလေး သတ်သလို သတ်သွားလို့ အပြန်အလှန် မီးရှို့မှုတွေ ဖျက်ဆီးမှုတွေ ဖြစ်ခဲ့ရကြောင်း...

၃။ အစ္စလာမ် တွေက မီးသတ်တွေကို ဟန့်တားခဲ့တာ ရှိခဲ့ကြောင်း...


၎။ အခုဖြစ်တေဲ့ သတင်းစကား.. ကောလဟာလတွေဟာ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတွေ နဲ့ လူတွေရဲ့ ကူညီမှုကို လစ်လျူရှု့ပြီး အစ္စလာမ်ဘာသာ ၀င်တွေက ဘာသာရေး အခွဲခြား ခံရတယ်လို့ ပြောနေကြတာ ဖြစ်ကြောင်း...

၅။ အစ္စလာမ်တွေဟာ ဗုဒ္ဓဘာသာဝင်တွေက စောင့်ရှောက်ခဲ့တာတွေကို မျက်ကွယ် ပြုနေကြကြောင်း..

၆။ ဒီသတင်းစကားတွေ ကြောင့် ဗုဒ္ဓဘာသာဝင်တွေ ကြောက်နေကြကြောင်း၊ အသက် အန္တရာယ် စိုးရိမ်နေကြ ကြောင်း၊ သံသယစိတ်ဖြစ်နေကြောင်း၊ တစ်ဦးနဲ့ တစ်ဦး မယုံမကြည် ဖြစ်နေကြကြောင်း၊

၇။ လုံခြုံရေးတွေ တရားဥပဒေစိုးမိုးရေးတွေ ဆောင်ရွက်နေတဲ့ ကြားက သဲတော၊ ၀မ်းတွင်း၊ ရမည်းသင်း ဘက်တွေကို ကူးဆက်သွားပါကြောင်း၊

၈။ ဒါတွေဟာ အစ္စလာမ်ဘာသာဝင်တွေ ဘက်က ရည်ရွယ်ချက်နဲ့ တစ်မျိုး လုပ်နေတာတွေ ကြောင့် ဖြစ်နေရကြောင်း၊

၉။ ကလေးတွေကို မဟုတ်တာတွေ သင်ပေးထားလို့ ဖြစ်နေရတာ ဖြစ်ကြောင်း။

၁၀။ ဘာသာရေး ပဋိပက္ခဆန်ဆန် ပြောဆိုနေကြတာ မကောင်းကြောင်း။

၁၁။ 'ဗမာ့လည်ချောင်းသွေးနဲ့ ခြေဆေးမယ်' လို့အော်တာ မကောင်းကြောင်း။

၁၂။ ရှေ့လျှောက်လုံခြုံရေး ကိစ္စတွေကို ဂရုစိုက် ဆောင်ရွက်တော့မှာ ဖြစ်ကြောင်း။

၁၄။ အစွန်းရောက်တွေ ဖြစ်လာရင်တော့ အရုပ်ဆိုး အကျည်းတန်တာတွေ ဖြစ်လာပြီး ဒီအတိုင်းပဲ နေကြရတော့မှာ ဖြစ်ကြောင်း။

၁၅။ အစွန်းရောက်သမားတွေက ဗလီတွေကို ဗုံးခွဲပြီး ဗမာတွေက ခွဲပါတယ်လို့ ပြောကြဦးမှာ ဖြစ်ကြောင်း။

၁၆။ အစွန်းရောက်တွေကို ခင်ဗျားတို့ သိပါကြောင်း။

၁၇။ အားလုံး အေးအေးဆေးဆေးနေကြပါ၊ သတင်းကြားရင် အရေးယူဆောင်ရွက်မယ်၊ ခင်ဗျားတို့ ၀ိုင်းကူပါ။ မကူဘူးဆိုရင်လဲ တစ်ချိန် အားလုံး သိရမှာပါ ဆိုသော အကြောင်း။

၁၈။ မိတ္ထီလာ သတင်းအမှန်က တဘက်စောင်းနင်း ဖြစ်သွားပါတယ်။ ညနေပိုင်း ဘုန်းကြီး ကို သတ်ထားပြီး ညပိုင်းမှာ အော်ကြ ဟစ်ကြလို့ ဖြစ်သွားတာပါ။

၁၉။ ခင်ဗျားတို့ အထဲမှာ မလိုလားအပ်တဲ့ စိတ်ကူးစိတ်သန်းတွေ ပေါ်နေရင် ထိမ်းပေးပါ။ အစွန်းရောက် တွေနဲ့ ပတ်သက်ရင် သတင်းပေးပါ။

၂၀။ အစွန်းရောက် ကိစ္စ ခင်ဗျားတို့ဘက်က ကူညီဆောင်ရွက်ပေးဖို့ လိုပါတယ်...၊

၂၁။ ဒါမှ ခင်ဗျားတို့ ရှေရှည်နေနိုင်မှာပါ။ ဟုပြောဆိုကာ သတိပေးခဲ့တာကို အလ်ဟာဂ်ျ မောင်လာနာ ခလီဖွတ် ဦးသိန်းဝင်းအောင်က ကုလားဥာဏ်ဖြင့်...

ကျွန်တော်တို့သည် အစွန်းရောက်မှာ မဟုတ်ပါကြောင်း ကြောက်ရွံနေသူများသာ ဖြစ်ပါကြောင်း.. ကလေး တွေကို သင်ပေးထားလို့ ('ဗမာ့လည်ချောင်းသွေးနဲ့ ခြေဆေးမယ်') အော်တယ် ဟစ်တယ် ဆိုတဲ့နေရာမှာ ကလေးတွေ ဟော်တာဟာ ဘုရားသခင်ကို တသ အကူအညီတောင်းတဲ့ စကားရပ် သာ ဖြစ်ပါကြောင်း.. ဘယ်သူ့ကိုမှ သတ်ဖို့ ဖြတ်ဖို့ ဟစ်ကြွေးကြတာ မဟုတ်တဲ့ အကြောင်း ပြန်လည် ကာကွယ် ပြောဆို ခဲ့သောကြောင့်...

ဦးရဲ မြင့်မှ ဦးသိန်းဝင်းအောင်က ကုလားဥာဏ်ဖြင့် ပြောဆိုနေသောကြောင့်.. ပုံပြင်တွေ လာပြောမနေနဲ့ ဥပဒေဖောက်တဲ့လူ ဒဲ့ဘဲ သွားရမှာပဲ ဟု အမှန်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆို ခဲ့ပြီး အခန်း အနားကို ရုတ်သိမ်းခဲ့သည်...

ထို့ကြောင့် အစ္စလာမ် ဘာသာရေး အဖွဲ့များမှ ဦးရဲမြင့်အား အစ္စလာမ် သာသနာဝင်များ အားစော်ကား ခဲ့သည်ဟု စွပ်စွဲကာ သမ္မတရုံးသို့ တိုင်စာပေးပို့....

(ကျွန်တော်တို့ မြန်မာတွေ အနေနဲ့... အမျိုးဘာသာ.. သာသနာအတွက်... အမှန်ကို အမှန်အတိုင်း ဖော်ထုတ်ပြော ဆို သတိပေးခဲ့သော မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့် ဘက်က ရပ်တည်ပေးကြပါ... ဦးရဲမြင့်ပြောဆို သတိပေးခဲ့တာတွေကို ထောက်ခံ ကြကြောင်း ပြောဆို ပြသ၍ ဦးရဲမြင့်ဘက်က ၀န်းရံပေးကြ စေလိုပါတယ်...)







Credit : Here

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက် မြန်မာများနဲ့တွေ့ဆုံ


မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပရောက် မြန်မာလူငယ်တွေ ပါဝင်ကူညီလာနိုင်အောင်လို့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဝန်ကြီး ဦးအောင်မင်း က နယူးယောက် မြန်မာမိသားစု တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက် မြန်မာ မိသားစုတွေ တနင်္ဂနွေနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်း လဲ အခြေအနေတွေအပေါ်မှာလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည့် အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က UN Plaza မှာ အမေရိကန်ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းက အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီး ကြပ်ရေ ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ် ဦးထွန်းထွန်းနဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့်တို့နဲ့ နယူးယောက်မြန်မာ မိသားစုတွေ တွေ့ဆုံခဲ့ကြ တာပါ။

ဒီတွေ့ဆုံပွဲမှာ လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အခြေအနေတွေအပေါ် အစိုးရ၀န်ကြီးတွေ ဘက် ကလည်း ရှင်းလင်းတင်ပြခဲ့သလို၊ တက်ရောက်လာသူ မြန်မာမိသားစုတွေကလည်း ဆောင်ရွက်သင့် တာ တွေနဲ့ပတ်သက်လို့ အကြံပြု တင်ပြခဲ့ကြတာပါ။ ဒါ့အပြင် နယူးယောက် ကိုလံဘီယာ တက္ကသိုလ်က မြန်မာ ကျောင်းသူကျောင်းသားတွေလည်း လာရောက်ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ ပါဝင်နိုင်ဖို့အရေး ဆွေးနွေးမေးမြန်းခဲ့ကြတယ်လို့ ၀န်ကြီး ဦးအောင်မင်းတို့နဲ့ အတူလိုက်ပါလာသူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ဗွီအိုအေကို ပြောပြပါတယ်။

“အဓိက ကတော့ အစိုးရဘက်ဝန်ကြီးတွေဘက်ကလည်း သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ကိစ္စတွေ။ နောက် ပြီးတော့ နိုင်ငံတကာ မှာရောက်နေ တဲ့ မြန်မာ တွေဘက်က ကူညီနိုင်တဲ့ကိစ္စတွေကို ကျနော်တို့ ကျနော်တို့ ဆွေးနွေးတယ်။ နောက်ပြီးတော့ ဒီဘက်က မြန်မာအသိုင်းအ၀ိုင်းဘက်ကလည်း လူငယ်အများစုကတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့နဲ့ ပါဝင်ချင်တဲ့ဆန္ဒနဲ့ ပြောတယ်။ အထူးသဖြင့်တော့ ကိုလံဘီယာတက္ကသိုလ်မှာ တက်နေ တဲ့ မြန်မာ ကျောင်းသား ၁၀ ယောက်ကျော်လောက် သူတို့ အုပ်စုလိုက်လာပြီးတော့ ဆွေးနွေးပွဲမှာ လာဆွေးနွေး တာရှိပါတယ်။ အဲဒီတော့ လူငယ်တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မှု၊ တိုင်းရင်းသား လူငယ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာလို နေရာမျိုးမှာ ဆွေးနွေးနိုင်မှုတွေကို ၀န်ကြီးအနေနဲ့ အားလုံးကို သဘောတူ တယ်။ သူလည်း အတတ်နိုင်ဆုံး ၀ိုင်းကူပေးမယ်။ လူငယ်တွေရော လူကြီးတွေရောကိုလည်း ကြိုဆိုတယ် ပေါ့နော်။”

ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ ဗီဇာကိစ္စ၊ နိုင်ငံသားရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တက်ရောက်လာသူ မြန်မာမိသားစုတွေ မေးမြန်းရာမှာတော့ လူဝင်မှုကြီးကြပ်ရေး ၊ ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီနဲ့ မြန်မာသံအမတ်ကြီး ဦးကျော်တင့်တို့က အဓိက ဖြေကြားခဲ့ ကြတယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

“၀န်ကြီးတွေကတော့ ဗီဇာနဲ့ နိုင်ငံသားရေးရာ ကိစ္စတွေ အဲဒါတွေကိုပြောတာများပါတယ်။ ကျနော်တို့ အမေရိကန်ကိုရောက်နေတဲ့ တချို့လူတွေကျတော့လည်း တခြားနိုင်ငံသားအဖြစ် ခံယူထားတာတို့၊ Green Card ရှိတာတို့၊ မြန်မာပက်စ်ပို့စ်စာအုပ် သက်တမ်းကျော်တဲ့ကိစ္စတို့။ နောက်ပြီးတော့ ဗီဇာနဲ့ပတ်သက် ပြီးတော့ ပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စမျိုး၊ လွယ်အောင်လုပ်တဲ့ ကိစ္စမျိုး အပါအ၀င်၊ အဲဒါမျိုးတွေက ပိုများ ပါတယ်။ အဲဒါကတော့ ၀န်ကြီးဦးခင်ရီက အဓိကနဲ့ သံအမတ်ကြီးက ဖြေပါတယ်။ အဲဒီတော့ သူတို့ရဲ့ လိုအပ် ချက်တွေအပေါ်မှာ ကျနော်တို့ ဥပဒေနဲ့ အညီပေါ့နော် ဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စတွေ၊ သူတို့ထောက်ပြ တာကိုလည်း ကျနော်တို့အနေနဲ့ ၀န်ကြီးတွေနဲ့ ကြိုးစားပြီးဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေး သွားကြတယ်။”

အမေရိကန်စံတော်ချိန် နေ့ခင်း ၁ နာရီခွဲကနေ ၄ နာရီအထိ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲကို ကုသလမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို နယူးယောက်မှာရှိတဲ့ မြန်မာတွေ တော်တော်များများ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို နယူးယောက်ခ်က UN Plaza မှာ မြန်မာအစိုးရ၀န်ကြီးတွေနဲ့ နယူးယောက်က မြန်မာတွေ တွေ့ဆုံ နေစဉ် အပြင်ဘက်မှာလည်း မြန်မာနိုင်ငံသား ၂၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။

Eleven Media Group

Credit : Here

၂၀၁၃ ဆီးဂိမ်းဖွင့်ပွဲတွင် အာဆီယံ အနုပညာရှင် ၃၀၀ ပါဝင်ဖျော်ဖြေမည်


၂၇ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် အာဆီယံ ၁၀ နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှု အနုပညာ ရှင် စုစုပေါင်း ၃၀၀ တို့က မြန်မာ ယဉ်ကျေးမှု ပညာရှင်များနှင့် တွဲဖက်ကာ ဖျော်ဖြေ တင်ဆက်သွားရန် စီစဉ်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ပြောသည်။ “နိုင်ငံတကာကနေ အားကစားပြိုင်ပွဲတွေမှာ အနုပညာ ပေါင်းစပ်ဖျော်ဖြေတာက နည်းပါးတယ်။ ရွှေနိုင်ငံက ကြိုနေမယ် ဆိုတဲ့ သီချင်းကို သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအကတွေနဲ့ ဖျော်ဖြေကြမှာပါ။


မြန်မာကောအပါအဝင် ၁၁ နိုင်ငံက အနုပညာ ရှင်တွေ ကပြကြမှာပါ” ဟု ၎င်းက ဧပြီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သော ဆီးဂိမ်းအကြို သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းပြသည်။ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမော၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့မှ ယဉ်ကျေးမှု အနုပညာရှင် များက ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် လာရောက် ဖျော်ဖြေကြမည် ဖြစ်ပြီး တနိုင်ငံလျှင် အနုပညာရှင် ၃၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အနုပညာရှင်တွေက ယဉ်ကျေးမှုဝန်ကြီး ဌာနကရယ်၊ ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းတွေက ကလေးတွေရယ် ပါမယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ တ၀န်းလုံးမှာရှိတဲ့ အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်က ကူညီကြမှာပါ။ ဒီဆီးဂိမ်းမှာ ကဏ္ဍစုံ အနုပညာရှင်ပေါင်း သောင်းနဲ့ချီ ပါဝင်သွားမှာပါ။ အာဆီယံ နိုင်ငံတွေနဲ့ တွဲဖက်ကဖို့ အတွက်ကတော့ မြန်မာဘက်က အနုပညာရှင် ၁၆၀၀ လောက် ပါဝင်ပါမယ်” ဟု ဦးရန်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။ 

အနုပညာ ဆိုင်ရာနှင့်ပတ်သတ်၍ ရုပ်ရှင်နှင့် သဘင်အစည်းအရုံးမှ အကြံဉာဏ်များ တောင်းခံထားကြောင်း၊ ပါဝင်မည့် နိုင်ငံတကာ အနုပညာရှင်များနှင့် အချိန် ၁ လကျော်ကြာ လေ့လာဆည်းပူး ဖလှယ်သွားရန် စီစဉ်ထားကြောင်း၊ နိုင်ငံတကာမှ ကကွက်များ၊ ကပြမည့် တေးသွားများကို ဧပြီလကုန်မှ စ၍ သက်ဆိုင်ရာ နိုင်ငံများမှ မြန်မာနိုင်ငံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု ယဉ်ကျေးမှု အကအလှ အနုပညာရှင် မစ္စစ် ဘွန်တရာဂျွန်တရာက “ကျမတို့ နိုင်ငံ ရိုးရာ အကတွေကို မြန်မာနိုင်ငံက ရိုးရာအကနဲ့ ပေါင်းစပ်သွားမှာပါ။ ဟာမိုနီဖြစ်အောင် ကပြသွားမှာပါ။ ကျမတို့ ရိုးရာအကကို မြန်မာပရိသတ်တွေ သိပ်ရင်းနှီးမှာ မဟုတ်ပေမယ့် ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။

မြန်မာ့ရိုးရာ အကဟာ အနုစိတ်ပြီး တကယ့်ကို သိမ်မွေ့လှပတဲ့ အကတွေပါ။ ပူးတွဲကရင်း လေ့လာဖြစ်ခဲ့ရလို့ ကျေနပ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ 

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၁၃ ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ လက်ခံကျင်းပ သွားမည် ဖြစ်ကာ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ၁၀ နိုင်ငံ၊ ပေါင်း ၁၁ နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။ 

မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ၁၉၆၁ ခုနှစ်တွင် တကြိမ်၊ ၁၉၆၉ တွင် တကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအခါ ၄၄ နှစ်အကြာတွင် တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ 

Credit : Here

အမရပူရမြို့နယ် လင်းဇင်းကုန်း သုဿာန် အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူဘေးတွင် အယုဒ္ဓ ယကျေး ရွာ တည်ဆောက် ရန် အစီအစဉ်ရှိ ဟုသိရ

ပြန်လည်တူးဖော်မှုများ ပြုလုပ်လျက်ရှိသော ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူအား တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်း ရပ်ကွက်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ် ဂူဘေးတွင် အယုဒ္ဓယကျေးရွာ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း သုတေသန ပြုလုပ်နေသည့် အဖွဲ့ထံမှ သိရသည်။


ဧပြီလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တစ်ခုတွင် ထိုသို့အယုဒ္ဓယ ကျေးရွာ တည်ဆောက်သွားရန် စီစဉ်ခဲ့ကြကြောင်းကို ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားချက် အရ သိရသည်။

ထိုင်းဘုရင်ဟောင်း ဒေါက်မဒူဝါ၏ အုတ်ဂူဖြစ်ကြောင်း အထောက်အထား အခိုင်အမာရရှိရန် ထိုင်းနိုင်ငံ Thai Design Comso rtuin Co.Ltd မှ အဖွဲ့ခေါင်းဆောင် Vichit Chinalai၊ ဗိသုကာ အင်ဂျင်နီယာ Noon အပါအ၀င် ထိုင်းနိုင်ငံသား ခုနှစ်ဦးနှင့် ထိုင်းရှေးဟောင်း သုတေသန ပညာရှင်များ ပါဝင်သော တူးဖော်ရေး အဖွဲ့နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက် ဦးစီးဌာန (မန္တလေးဌာခွဲ)မှ မြန်မာပညာရှင်များ ပါဝင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စ တင် ၍ ရှာဖွေတူးဖော်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ ၁၃ ရက်နေ့က အုတ်ဂူအတွင်းမှ မှန်ပန်းချီ၊ အရိုး အိုးနှင့် အထောက်အထားအချို့ တွေ့ရှိခဲ့ပြီး ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာတွင် ထူးခြားသော (Site plan) ကုန်းတစ်ကုန်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အုတ်ဂူတူးဖော်မှုတွင် ပထမအဆင့် ပြီးဆုံးသွားပါက ဒုတိယအဆင့် ပြန်လည်စတင်သည့် အချိန်တွင် ထိုင်းဘု ရင်၏ အုတ်ဂူဘေး၌ အယုဒ္ဓယကျေးရွာ တည်ဆောက်သွားရန်အတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ညှိနှိုင်း မှုများ ပြုလုပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ဗီချစ်ချီနာလိုင်က ပြောဆိုခဲ့သည်။

ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူတူးဖော်မှုများကို သင်္ကြန်ကာလအတွင်း ရပ်နားထားခဲ့ပြီး ဧပြီလကုန်တွင် တူးဖော်မှုများကို ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

Credit : Here

ကင်တားနား + ဒေါ်စု နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ အပြစ်တင်နေသော်လည်; မြန်မာပြည် လူ့အခွင့်အရေး တိုးတက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ John Kerry က မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် အတွင်း နိုင်ငံသားတွေ လူ့အခွင့်အရေး ပိုမိုရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။


အမေရိကန်နိုင်ငံခြားရေးဌာနက ၂ဝ၁၂ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင် ခံစာ ကို သောကြာနေ့မနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာပြည်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မစ္စတာကယ်ရီက ခု လိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်နေပြီး လူ့အခွင့်အရေး ကာကွယ်ပေး မှုတွေ ပိုမိုကောင်းမွန်လာတဲ့အတွက် နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့တဲ့ မြန်မာပြည်ဟာ အခုတိုး တက်နေ ပါပြီ၊ မိမိတို့မြင်တွေ့လိုတဲ့ အခြေအနေတွေအထိ ဖြစ်မလာသေးပေမယ့် အကောင်းဖက် ကိုရှေ့ရှုနေတာ မြင်ရပါတယ်လို့ John Kerry က ပြောဆိုခဲ့ပါတယ်။ ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ တိုင်းရင်းသားဒေသ ပြသနာတွေအပါအဝင် ဖြေရှင်းရမယ့် စိမ်ခေါ်မှုတွေကတော့ အများ ကြီး ရှိနေသေးကြောင်းလည်း သူကပြောပါတယ်။

www.MyanmarExpress.net

Credit : Here

သန်းခေါင်စာရင်း စမ်းသပ်ကောက်ယူမှု မြို့နယ် ၂၀ တွင် ပြုလုပ်ပြီးစီး

မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်ယာ သန်းခေါင်စာရင်း ကောက်ခံမှုကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မြို့နယ် ၂၀ တွင် စမ်းသပ် ပြုလုပ်နိုင်ခဲ့သည်။ ကျောင်းဆရာ/မ ၁၀၀ ခန့်က ရွေးချယ် ထားသော ကျေးရွာ များတွင် နေထိုင်သူများ၏ အသက်၊ လူမျိုး၊ ပညာရေး၊ အိုးအိမ်ချထားရေး၊ အခြေခံ အဆောက်အအုံ စသည်တို့နှင့် ပတ်သက်၍ မေးခွန်း မေးမြန်းခြင်းဖြင့် စာရင်းကောက်ယူမှုများ အစမ်း ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေ (UNFPA) အဖွဲ့က စောင့် ကြည့် လေ့ လာပေး ခဲ့သည်။


“သန်းခေါင်စာရင် စစ်တမ်း ကောက်ယူမှု မရှိခဲ့တာ နှစ်ပေါင်း ၃၀ လောက် ရှိခဲ့ပြီမို့ အသက် ၃၀ အောက် ပြည်သူများအနေနဲ့ စစ်တမ်းကောက်ယူမှုရဲ့ အဓိပ္ပါယ်ကို မသိတဲ့အတွက် စိန်ခေါ်မှုတရပ်၊ ဒါမှမဟုတ် အခွင့်အရေးတရပ် အနေနဲ့ မြင်မှာဖြစ်ပါတယ်” ဟု UNFPA နည်းပညာ အကြံပေး အကြီးအကဲ Frederick Okwayo က သန်းခေါင်စာရင် စစ်တမ်း ကောက်ယူမှုဆိုင်ရာ ညီလာခံတွင် ပြော ကြား သည်။ ကောက်ခံသည့် အိမ်တိုင်း၏ အိမ်ထောင်ဦးစီးအား မေးခွန်း ၄၁ ခု မေးမြန်းကာ မှတ်တမ်းတင်ကြ သည်။ ကောက်ယူသူများက နေ့စဉ် အတွေ့အကြုံ ပြန်လည် သုံးသပ်မှုများနှင့် မေးခွန်း များ ပြန် လည် စိစစ်ခြင်းများ ပြုလုပ်ကြပြီး တာဝန်ရှိသူများထံ အစီရင်ခံကြသည်။

UNFPA မှ လိုက်ပါစောင့်ကြည့်သူများကလည်း လူထု ပူးပေါင်းပါဝင်မှု ပြည့်ဝစေရေးအတွက် မည်သို့ တိုက်တွန်းရမည်ကို သွားရောက်ခဲ့သော ဒေသများရှိ နိုင်ငံရေးပါတီများ၊ ရပ်ရွာ ခေါင်းဆောင်များနှင့် သြဇာတိက္ကမ ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။ လေ့လာတွေ့ရှိရချက်များကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာနသို့ UNFPA က တင်ပြမည်ဖြစ်သည်။

တရားဝင် စစ်တမ်းကောက်ယူမှုကို ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်ပြီး တနိုင်ငံလုံး ရှိ အိမ်ထောင်စု အားလုံးသို့ လိုက်လံ ကောက်ယူမည့်သူ တသိန်းက က ၁၂ ရက်အတွင်း ဆောင်ရွက်မည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ကုလသမဂ္ဂနှင့် ချုပ်ဆိုခဲ့သော စာချုပ်အရ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံမှုကိုနိုင်ငံ တကာ စံနှုန်းများနှင့်အညီ ကောက်ခံမည် ဖြစ်သည်။

၁၉၈၃ ခုနှစ် ကတည်းက ကောက်ယူမှု မရှိခဲ့သောကြောင့် ယခင် ကိန်းဂဏန်းနှင့် မှတ်ပုံတင် စာရင်းဇယား များမှာ ယခုအခြေအနေနှင့် ဆီလျော်ခြင်း မရှိတော့ပေ။ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲတွင်ထောင်ပေါင်းများ စွာသော ပြည်သူများမှာ ၎င်းတို့၏ အမည်များ မှတ်ပုံတင် စာရင်းထဲတွင် မပါသောကြောင့် မဲမပေးခဲ့ရကြောင်း တိုင်းတန်းမှုများ ရှိခဲ့သည်။ ထိုစာရင်းများကို သန်းခေါင်စာရင်း၏ တရားဝင် အချက်အလက်များမှ ယူထားခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ လူဦးရေကို အမျိုးမျိုး ခန့်မှန်းနေကြသည်။ ကမ္ဘာ့ဘဏ် (World Bank) က ၄၈ သန်းဟု လည်းကောင်း၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က သန်း ၆၀ ဟု လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ကမူ ၆၄ သန်းဟု လည်းကောင်း အသီးသီး ခန့်မှန်း တွက်ချက်ထားကြသည်။

မဇ္ဈိမသတင်းဌာန

Credit : Here

နိုင်ငံရေးပါတီများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးကြမည်

ဧပြီ ၂၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၂၂ ပါတီတို့ တွေ့ဆုံမည့်ပွဲ ကျင်းပမည် ဖြစ်ရာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ခဲ့သော မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ဖြစ်စဉ် များအတွင်း နိုင်ငံရေး ပါတီဝင်များ ပါဝင်ပက်သက်ခဲ့မှုနှင့် ပက်သက်၍ နိုင်ငံရေးပါတီများ၏ ကျင့်ဝတ် ဆိုင်ရာ ခေါင်းစဉ်တွင် အထက်ပါကိစ္စရပ်များ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည် ။


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ပြီး ရပ်တည်နေသော နိုင်ငံ ရေးပါတီ ၅၆ ပါတီ အနက် ၂၂ ပါတီကို ခေါ်ယူတွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပါတီများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပအို့ဝ် အမျိုးသားအဖွဲ့၊ ကရင်ပြည်သူ့ပါတီ၊ တေ အာင်း (ပလောင်) ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီ၊ ချင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ အင်းအမျိုးသားပါတီ၊ ရခိုင် တိုင်းရင်း သား တိုးတက်ရေးပါတီ၊ ၀ ဒီမိုကရက်တစ် ပါတီ၊ ဖလုံ စဝေါ် ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကရင်ပြည် နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုက ရေစီပါတီသစ်၊ ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်ကြောင်း သိရသည်။

ပဋိပက္ခဖြစ်စဉ်များအတွက် လှုံ့ဆော်မှုများကို တချို့ပါတီများက ပြုလုပ်နေသည်ကို ကြားသိရကြောင်း ဦးကိုကို က ပြောသည်။

“ကျနော်တို့ ကော်မရှင်အနေနဲ့က အကြားနဲ့တင် လုပ်မရဘူး။ တိုင်ကြားမှ ဆက်အရေးယူလို့ရမှာ။ အခု အချိန်ထိတော့ အဲဒီလို အရေးယူတာ မရှိပါဘူး။ တကယ်လို့ ပါတီထိပ်ပိုင်းတွေက အစ ပဋိပက္ခဖြစ် စဉ်တွေ နဲ့ ဆက်နွှယ်နေတာ ထင်ရှားရင်တော့ ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူလို့ရတယ်။ ပါတီဝင်တွေ သူ့ဘာ သာ သီးခြား ဆက်နွှယ်တာ ဆိုရင်တော့ ပါတီထိပ်ပိုင်းက အပြစ်မရှိပါဘူး” ဟု ပြောပြီး ပါဝင်မှု ထင်ရှားပါက နိုင် ငံေ တာ် ၏ တည်ဆဲ ဥပဒေအရ အရေးယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည် ။

ဧရာဝတီ

Credit : Here

ရိုးသားပြီး မြန်မာပြည်သူတို့အတွက် မေတ္တာရှေ့ထား အလုပ်လုပ်နေသည့် နှလုံးရောဂါသည် သမ္မတကြီး ဦးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ဝေဖန် တိုက်ခိုက်


ရိုးသားပြီး မြန်မာပြည်သူတို့အတွက် မေတ္တာရှေ့ထား အလုပ်လုပ်နေသည့် နှလုံးရောဂါသည် သမ္မတကြီး ဦး သိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်တိုက်ခိုက် ကာ စည်းမရှိကမ်း မရှိ ပြော ဆိုခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ တိကျတဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာ မတွေ့ရသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့သည်။


မနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များကလပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန် အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ အကဲမဖြတ်ပါ ဘူး၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့သာ အကဲဖြတ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲ မှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အ ထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရတာက ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက် သတ်မှတ်ပြီး အကောင် အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကိုအခြေခံပြီး ချမှတ်ရေးဆွဲ အကောင် အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး” လို့ ပြောခဲ့သည်။

ပြီးခဲ့သည့် ဟာဝိုင်ယီ နှင့် ကိုရီးယား ခရီးစဉ်တုန်းကလည်း က "ကျွန်မခွေးလေးလောက် လူတွေရိုး သား ကြရင် ငြိမ်ချမ်းရေးရပြီ" ဟု ပြောဆိုခဲ့သည်။ အသက်အရွယ်နှင့် မလိုက်အောင် စည်းမဲ့ကမ်းမဲ့ ပြောဆိုမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ လူထုက စိတ်ပျက်လျှက် ရှိကြောင်း သိရသည်။


ဂျပန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်သည် တဖက်တွင် သမ္မတ၊ အစိုးရ နှင့် စစ်တပ်ကို အပြစ်တွေ ပုံချပြီး တဖက်တွင် သမ္မတ ဖြစ်လိုကြောင်း၊ အထောက်အပံ့တွေပေးလျှင် သူမကို လည်း ပေးစေ လိုကြောင်းများ ပြောဆိုခဲ့သည်။ အမေရိကန် နှင့် ဥရောပခရီးစဉ်များကလည်း အစိုးရကို အကောင်းမမြင်ဖို့ နှင့် စီးပွားပိတ်ဆို့မှုများကို ရုတ်သိမ်းမည်ဆိုပါက သေသေချာချာ စဉ်းစားဖို့ ဒေါ်အောင် ဆန်းစုကြည်မှ တိုက်တွန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ဝေဖန်တိုက်ခိုက် ပြောဆိုနေသော်လည်း ယနေ့ သမ္မတကြီး ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့၏ ထူးချွန်အောင်မြင်မှုများကို မြန်မာလူထုနှင့် ကမ္ဘာက အသိမှတ် ပြုလျှက် ရှိကြောင်း သိရသည်။



Credit : Myanmar Express