Tuesday, April 9, 2013

ရွေးကောက်ပွဲ မဲအချိုးကျစနစ် ပါတီများ သဘောထားကွဲ

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွှေးကောက်ပွဲ တွင် ပြည်သူလူထု၏ ထောက်ခံမဲ ရရှိမှုပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အချိုးကျ ရရှိသည့် စနစ်(Propotional Representative) ကျင့်သုံးရေး ကြိုးပမ်းမှုအပေါ် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီတို့က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရရှိသူက အနိုင်ရသည့်စနစ် အစား ပြည် သူ လူထု ၏ ထောက်ခံသော မဲအရေအတွက် အပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အချိုးကျရရှိ သည့် စနစ် (Proportional Representative) ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြချက်အပေါ် နိုင်ငံရေး ပါတီအချို့ကန့်ကွက်လျက်ရှိပြီး အချို့နိုင်ငံရေး ပါတီများ ထောက်ခံကြခြင်းဖြင့် သဘောထားကွဲလွဲမှုများ သိသိသာသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိ ရသည်။

မဲအချိုးကျ ကိုယ်စားပြု (Proportional Representative) စနစ်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံးရရှိသူ က အနိုင်ရရှိသည့်ပုံစံမဟုတ်ဘဲ ထောက်ခံမဲ မဲအချိုးကျပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် ရရှိ သည့်ပုံစံဖြစ်သည်။


နေပြည်တော်တွင် မတ်လ ၈ ရက်နေ့က ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပရေး ကိစ္စ တွေ့ဆုံခဲ့ကြရာ နိုင်ငံရေးပါတီ ၅၃ ခု တက်ရောက်ခဲ့ပြီး မဲအချိုး ကျ ကိုယ်စားပြုစနစ် (Propotional Representative) ကျင့်သုံးရန် တင်ပြထောက်ခံသောနိုင်ငံရေးပါတီ ၇ ခု၊ ကန့်ကွက်သောနိုင်ငံရေးပါတီ ၅ ခုရှိခဲ့ပြီးအချိန်ယူ၍ ဆောင်ရွက်သင့်သည်ဟု စဉ်စားပါတီ ၄ ခုရှိခဲ့ ကြောင်း၊ နိုင်ငံရေးပါတီအများစုမှာ ၀င်ရောက်ဆွေးနွေးခြင်း မရှိခဲ့ကြောင်းသိရှိရသည်။

PR စနစ်ကျင့်သုံးရန်တင်ပြထောက်ခံသည် နိုင်ငံရေးပါတီ ၇ ခုတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၊အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ တို့ ပါဝင်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီအချို့အပါအ၀င် နိုင်ငံရေးပါတီ ၅ ခုကမူ PR စနစ်ကြောင့် ဆိုးကျိုးများရှိလိမ့်မည်ဟု ဆိုကာ ကန့်ကွက်ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

PR စနစ်ကို ထောက်ခံသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး ၁ ဦးကြည်သန်းက “အခုလုပ်နေတဲ့ နိုင်သူအကုန်ယူစနစ်အရဆိုရင်မဲဆန္ဒရှင်အားလုံးရဲ့ဆန္ဒကိုလွှတ်တော်မှာ ကိုယ် စားပြုပြီး ပြောမယ့်ဆိုမယ့်သူ မရဘူးပေါ့ဗျာ။ ပြည်သူ့ဆန္ဒမဲရာခိုင်နှုန်းမှာ နိုင်ငံရေးပါတီတခုက ၅၁ ရာခိုင်နှုန်း ရပြီး အခြားနိုင်ငံရေးပါတီတခုက ၄၉ ရာခိုင်နှုန်းရလို့ ၅၁ ရာခိုင်နှုန်း ရတဲ့သူက နိုင်သွားလို့ ရှိရင် ၄၉ ရာခိုင်နှုန်းမဲတွေရထားသူက ဘာမှလုပ်လို့ မရတော့ဘူးလေ။ အဲဒါကြောင့် ပြောရေးဆိုခွင့် ရအောင် ရ တဲ့ မဲအချိုးပေါ်မှာ မူတည်ပြီးတော့ ရတဲ့ မဲနဲ့ လွှတ်တော်ထဲရောက်သွားရင်ပြောရေး ဆိုခွင့်ရှိ အောင် တင်ပြ တာပါ”ဟု ရှင်းပြသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံးနီးပါး အနိုင်ရခဲ့သော် လည်း စစ်အာဏာရှင်စနစ်၏ အသိအမှတ်မပြုခဲ့သောကြောင့် အနိုင်ရရှိမှု အလကားဖြစ်ခဲ့ရကြောင်း၊ PR စနစ်ကျင့်သုံးမည်ဆိုပါကပါတီတခုတည်းက ရွေးကောက်ပွဲတွင်အနိုင်ရရှိမှုမျိုးရှိတော့မည်မဟုတ်ဟုဦးကြည် သန်းက ဆက်လက်ပြောသည်။ ”၁၉၉၀ ရွှေးကောက်ပွဲမှာ ဆိုရင် ပါတီတစ်ခုကအကုန်နိုင်တယ်ဗျာ။ အဲဒီရွေးကောက်ပွဲ ရလဒ် အဟော သိကံ ဖြစ်သွားရတယ်။ အဲဒါမျိုး နောင်မဖြစ်ရအောင် ရည်ရွယ်တာပါ”ဟု ဦးကြည်သန်းက ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း PR စနစ်ကို ကျင့်သုံးရန် ကြိုးပမ်းရခြင်းမှာ ပြည်သူများ ၏ ထောက်ခံဆန္ဒမဲအားလုံး အကျိုးရှိ စေရန် ရည်ရွယ်တင်ပြထားခြင်း ဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ ရန်ကုန်တိုင်း ဒေသကြီးအနောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်စိုးက ဧရာဝတီသို့ ပြောသည်။

PR စနစ်ကိုကန့်ကွက်သောအမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှပုသိမ်မြို့နယ်လွှတ်တော်ကိုယ်စား လှယ်ဦး ၀င်းမြင့် က ”ဒီ PR စနစ်ကို ကျင့်သုံးမယ် ဆိုရင် လူမျိုးစွဲ၊ ၀ါဒစွဲ၊ အစွန်းရောက် ပါတီတွေက အချိုးကျစနစ်နဲ့ မဲရလာနိုင်တယ်။ အဲဒီလိုဖြစ် လာရင် တိုင်းပြည်ရဲ့ကံကြမ္မာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ PR စနစ်ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင် ဟစ်တလာ တက်လာတာ ကိုကျနော် ဥပမာပေး ထောက်ပြခဲ့တယ်။ ဂျာမန် ဒီမိုကရေစီ ပျက်စီးရခြင်းဟာ PR စနစ်ကြောင့် လို့ ပြော စမှတ် တွင်သွားတယ်။အခုဒီက ဒီမိုကရေစီစနစ်က အပင်ပေါက်လေး ပဲရှိသေးတယ်။ သင်းသတ်တဲ့ ပုံစံ မျိုး တော့ အဖြစ်မခံနိုင်ဘူး”ဟု ပြောသည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဒုတိယဥက္ကဋ္ဌလည်းဖြစ်ဟင်္သတမြို့နယ်ပြည် သူ့လွှတ်ေ တာ် ကိုယ်စားလှယ် လည်းဖြစ်သူ ဦးဌေးဦးကမူ ရွေးကောက်ပွဲတွင် မည်သို့သော မဲပေးစနစ် အသုံးပြုစေ ကာမူ ပြည်သူလူထု နားလည်လွယ်သော စနစ်ဖြစ်ရေးသည်သာ အဓိကဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ တွင် PR စနစ် အသုံးပြုရေး မဖြစ်နိုင်သေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

”အဓိကကမဲထည့်မယ့် ပြည်သူတွေအဆင်ပြေဖို့လိုတယ်။ မဲပေးသူတွေ ရှင်းရှင်းလင်းလင်း သဘောမပေါက် ဘူး ဆိုရင် သူတို့ပေးချင်တဲ့သူကို ပေးနိုင်မှာ မဟုတ်ဘူး။ အခု အမှား အမှန်ခြစ်တဲ့ ကိစ္စမှာတောင် လူတွေ ဒီလောက် ဇဝေဇ၀ါ ဖြစ်နေတာ။ PR စနစ် ဆိုရင် လည်း ပြည်သူတွေ လိုက်ပါလာနိုင်ဖို့ လို တာပေါ့။ ပြည် သူတွေ နားလည်မှ ဒီစနစ် အောင်မြင် လိမ့်မယ်”ဟု ဦးဌေးဦးက သုံးသပ်သည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများကမူ ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး စောလွန်းနေသေးပြီး အခက် အခဲများစွာ ရှိလိမ့်မည်ဟု ဆိုကြသည်။

”တိုင်းရင်းသား ဒေသမှာဆိုရင်စာတတ်မှုနှုန်းက တော်တော်နည်းတယ်။ VoterEducation တွေ အများကြီး လုပ်ရဦးမယ်။ PR စနစ် ကောင်းတာ မကောင်းတာထက် လူထုရဲ့ ပညာရေး ရေချိန်ပေါ် မှာ မူတည်ပြီးတော့ အချိန်ယူ တည်ဆောက်ရမယ်လို့မြင်တယ်”ဟု ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးဆလိုင်းဒေးဗစ်ထွန်း က ပြောသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက PR စနစ်ထက် ၂၀၀၈ ခုနှစ်ဖွဲ့စည်း ပုံအခြေခံဥ ပဒေပြင်ဆင်ရေးကို အလေးပေးပြောလိုကြောင်း ပြောဆိုသည်။

”အခြေခံ ဥပဒေပြင်ပေးပါ။ တိုင်းရင်းသားပြသနာ အရင်ရှင်းပါ။ ပြီးမှရွေးကောက်ပွဲကို တရားမျှတအောင် လုပ်ပါ။ ကျနော်ကတော့ နိုင်ငံရေးနည်းကိုပဲ ပြောချင်တယ်”ဟု ဦးခွန်ထွန်းဦးက သုံးသပ်သည်။

PR စနစ်ကြောင့် အစွန်းရောက်လူနည်းစုများ ပါတီထောင်ပြီး နိုင်ငံရေးတွင် ပါဝင်ခြေရှုပ်လာမည်ကို စိုးရိမ်သည့်အတွက်ကန့်ကွက်ကြောင်းရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဋ္ဌလည်းဖြစ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာအေးမောင်က ပြောသည်။ ”ကျနော်တို့က PR စနစ်ကို လက်မခံဘူး။ ဒုတိယအင်အားကြီး ပါတီဝင်မှာကြောက်လို့။ ပြီးတော့ အစွန်းရောက်တွေလည်း ပါတီထောင်လာနိုင်တယ်။ ရွေးကောက်ပွဲမှာ ရှုံးပေမယ့်လည်း အချောင်ရတဲ့ ပါတီခေါင်းဆောင်တွေ ပါလာ နိုင်တယ်။သူတို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံး ခဲ့ပြီး၂၀၁၅ မှာ ရှုံး နိုင်တဲ့ အတွေးလေး ၀င်တာနဲ့ အခုလို ပုံစံပြောင်းချင်တာ”ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကမူ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး လာမည့် ဇွန်လတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြကာ အဆုံး အဖြတ်ရယူမည်ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲကိုသန့်ရှင်းမျှတသော ရွေးကောက် ပွဲဖြစ်ေ စရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

ref:ဧရာဝတီ 

Credit : Here

ဆင်းမ်ကတ် အခမဲ့ ရမယ်


မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီဖုန်း ဆင်းမ်ကတ်တွေ အခမဲ့ ရပါတော့မယ်။

ဒါကလည်း မကြာသေးခင်က အစိုးရ က WCDMA 800 MHZ ဆင်းမ်ကတ်တခုကို ကျပ်ငွေ ၁၅၀၀ နဲ့ လာမယ့် ဧပြီလ ၂၄ ရက်နေ့က စတင် ရောင်းချပေး တော့မယ်ဆိုတဲ့ အသိပေးချက်အပြီး ထွက်ပေါ်လာ တာပါ။


ကျပ် ၁၅၀၀ တန် မိုဘိုင်း တယ်လီဖုန်း ဆင်းမ်ကတ် ၃ သိန်းခွဲကို လစဉ် ရောင်းချပေးတော့မယ်ဆိုတဲ့ သတင်းကြောင့် မို ဘိုင်းဖုန်း သုံးစွဲလိုသူတွေသာမက တယ်လီဖုန်း ဟမ်းဆက် အရောင်းဆိုင်တွေလည်း ၀မ်းပမ်းတသာ ကြိုဆိုခဲ့ကြပါတယ်။ 

အခု ဆင်းမ်ကတ် အခမဲ့ ရမယ့်နေရာကတော့ ကလေးမြို့က တယ်လီဖုန်း ဟမ်းဆက်ဆိုင်တဆိုင်မှာဖြစ်ပြီး ဟမ်းဆက် တလုံးဝယ်ရင် ဆင်းမ်ကတ် အခမဲ့ပေးမယ်လို့ ယနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထား ပါတယ်။ 

ကလေးမြို့က Over Sea တယ်လီဖုန်း ဟမ်းဆက်အရောင်းဆိုင် ပိုင်ရှင် ကိုထွေးက ကြေးမုံသတင်းစာ ကို ပြောတာမှာ တော့ ဆင်းမ်ကတ်တခုကို ကျပ် ၁၅၀၀ နဲ့ ရောင်းမယ့် အစီအစဉ်သကို အလွန်ဝမ်းသာ တယ်လို့ ဆိုပြီး သူ့ဆိုင်မှာ ဟမ်း ဆက် တလုံး ၀ယ်ယူသူတိုင်းကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆင်းမ်ကတ် တခု လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်တဲ့။ 

Over Sea တယ်လီဖုန်း ဆိုင်ဟာ ကလေးမြို့မှာ ထင်ရှားပြီး အင်တာနက်လိုင်းချိတ်ဆက်ပေးတာ၊ ဖုန်း ငွေဖြည့်ကတ် ရောင်းချပေးတာ၊ တယ်လီဖုန်း ဟမ်းဆက်ပြုပြင်တာစတဲ့ ၀န်ဆောင်မှုပေးနေတဲ့ ဆိုင်တဆိုင် လည်းဖြစ်တယ်လို့ ဆိုပါ တယ်။ 

Credit : http://blog.irrawaddy.org/2013/04/blog-post_4002.html

ယဉ်ကြောရှုပ်ထွေးနချိန်ထိုင်ရာမထ၀ီစီမှုတ်နေသောယာဉ်ထိန်းရဲများအားစစ်ဆေးအရေးယူသွားမည်ဟုဆို


ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောရှုပ်ထွေးနေသောနေရာ များသို့သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှညွှန်ကြားနေသည့် ယာဉ်ထိန်းရဲများအား စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှအရာရှိတစ် ဦးကပြောသည်။


ရန်ကုန်မြို့အတွင်းလမ်းဆုံ များ၊ မီးပွိုင့်များနှင့်လမ်းမကြီးများ တွင် ယာဉ်ထိန်းရုံးငယ်များထားရှိ ပြီး လမ်းပိတ်ဆို့မှုများအားရှင်းလင်း ရန်နှင့် ယာဉ်တိုက်မှုဖြစ်စဉ်များ အား မြန်ဆန်စွာစစ်ဆေးနိုင်ရန် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များကို တာဝန်ပေးထားသော်လည်း တချို့ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ မှာတာဝန်ပျက်ကွက်မှုများရှိနေ သည့်အတွက် အဆိုပါ တာဝန်ပျက် ကွက်သည့်ယာဉ်ထိန်းရဲများအား သက်ဆိုင်ရာမြို့နယ်အလိုက်ယာဉ် ထိန်းတပ်ဖွဲ့စုမှူးများက စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“အရေးယူဆောင်ရွက်တဲ့ အပေါ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယတပ်ဖွဲ့ခွဲမှူးရဲမှူးကယာဉ် ထိန်း တပ်ဖွဲ့အနေနဲ့ အရည်အချင်း ရှိတဲ့ ၀န်ထမ်းတွေမွေးထုတ်ဖို့လို တယ်။ တာဝန်ပျက်ကွက်တဲ့ ၀န်ထမ်းတွေ ကိုလည်း စစ်ဆေးပြီး အရေးယူသွားမှာပါ။ ဒါအပြင် တချို့ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ ကဒီလိုအချိန်မှာ ယာဉ်ရှုပ်နေတဲ့နေ ရာကိုမသွားဘဲနဲ့ ထိုင်ပြီးစကား ပြောနေခြင်း၊ စာထိုင်ဖတ်နေခြင်း တွေကို သက်ဆိုင်ရာ မြို့နယ်တွေ ရဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးများက ရှောင်တခင်လှည့်ပတ်စစ်ဆေးသွား မှာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

ပထမအကြိမ်အနေဖြင့် အသိပေးဆုံးမပြီး ဒုတိယအကြိမ် တာဝန်ပျက်ကွက်ပါကနေရာပြောင်း ရွှေ့မူနှင့် ရာထူးလျော့ချမူစသည့် အပြစ်ဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန် တိုင်းဒေသကြီး အတွင်းယာဉ်ထိန်း ရဲတပ်ဖွဲ့အင်အားကို ၁၄၀၀ ဦး အထိတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

Credit : Here

အခွန်ဆောင် မရှောင်သင့်ကြောင်း သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် မှာကြား

ဧပြီ (၉) ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံးချုပ်၌ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် လုပ်ငန်းရှင်များတွေ့ဆုံကာ ၎င်းတို့၏အခက်အခဲများအား လွှတ်တော်ဥက္ကဌထံ တင်ပြခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကြီးစား၊ အလတ်စား၊ အသေးစား လုပ်ငန်းရှင်များ၊ ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မီဒီယာသမားများ တက် ရောက် ခဲ့ကြသည်။


ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက အခွန်အကောက်နှင့်ပတ်သက်သည်များကိုပြောကြားခဲ့ပြီး အခွန်နှင့်ပတ်သက်သည့် ဥပဒေများကို လိုက်နာခြင်းရှိ/မရှိ လေ့လာစောင့်ကြည့်သွားမည်ဟု ပြောကြား ခဲ့သည်။

“မူပေါ်အခြေခံတဲ့ စနစ်ဖြစ်ပါတယ်၊ တနည်းဥပဒေနဲ့အညီ အုပ်ချုပ်နေတဲ့နိုင်ငံဖြစ်ပါတယ်၊ အခွန် ကင်းလွတ်ခွင့် တွေရှိနေတယ် ဆိုရင် တိတိကျကျ ဖော်ပြပေးနိုင်ရင် လွှတ်တော်မှာ တင်ပြပေးပြီး အဲ့ဒါကို ဆွေးနွေးရပါမယ်။” ဟု ပြည်သူ့လွှတ်တော်ဥက္ကသူရဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များကလည်း ၎င်းတို့အခက်အခဲများကို တင်ပြခဲ့ရာ ၂၀၁၅ခုနှစ်၌ ၀င်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား မယှဉ်ပြိုင်နိုင်မည်ကို ကြောက်ရွံ့နေကြကြောင်း ပြောဆိုခဲ့ကြသည်။

ထိုကဲ့သို့ မယှဉ်ပြိုင်နိုင်ခြင်းမှာ အစိုးရ၏ မူဝါဒများနှင့် ဘဏ်တိုးနှုန်းများကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင် တို့က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသားများ အခွန်ဆောင်ခြင်းမှာ နိုင်ငံတော် တိုးတက်ရန်အတွက် ဖြစ်ကြောင်းနှင့် နိုင်ငံတော်အခွန်ကို မရှောင်တိမ်း ပေးဆောင်သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။

မြစ်မခ

Credit : Here

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရွှေ့တာ တရုတ်နိုင်ငံကြောင့်လား


ပြီးခဲ့သောအပတ် သောကြာနေ့ ဧပြီလ ၆ ရက်နေ့တွင် ပြုလုပ်ရမည့် မြန်မာအစိုးရနှင့် ကချင် လက်နက်ကိုင်တပ်ဖွဲ့များ၏ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ရခြင်းမှာ တရုတ်နိုင်ငံက ကန့်ကွက်သောကြောင့်ဟု ကချင်အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်ပြောဆိုခဲ့ကြသည်။

အနောက်နိုင်ငံများမှ လေ့လာသူများ တက်ရောက်လာမည်ကို တရုတ်နိုင်ငံက လက်မခံခြင်းကြောင့် ဖြစ်သည်ဟု ၎င်းတို့ကဆိုသော်လည်း ရန်ကုန်မြို့ရှိ တရုပ်နိုင်ငံသံရုံးကမူ ဆွေးနွေးပွဲရွှေ့ဆိုင်းရခြင်းသည် ထိုအချက်ကြောင့်မဟုတ်ဟု ငြင်းဆိုခဲ့သည်။


အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ကချင် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခဲ့သော်လည်း ရက်အနည်းအငယ်မျှ အလိုတွင် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ရက်ရွှေ့ဆိုင်းရန်အတွက် ကချင်ဘက်မှစတင်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အစိုးရကတည်ထောင် ထားသည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှ အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ဘက်ကတော့ ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် သူတို့ (KIO) က ရက်ရွှေ့ပေးဖို့ တောင်းဆိုလာတာ ကြောင့် လက်ခံပေးလိုက်တာပါ” ဟု ဆိုသည်။ ဧပြီလ ၁၅ ရက်နေ့တွင်ပြီးဆုံးမည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်လွန်လျှင် တွေ့ဆုံညှိနှိုင်းမှုများ ပြန်လည် ပြုလုပ်သွားမည်ဟု သူက ထပ်လောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ကချင်ပြည်နယ်တွင်းရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း ၁၃ ခု ကမူ ဆွေးနွေးပွဲ ရက်ရွှေ့ရခြင်းသည့် တရုတ်နိုင်ငံကြောင့်ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။ ကုလသမဂ္ဂ၊ အင်္ဂလန် နှင့် အမေရိကန်ပြည်ထောင်စုမှ လေ့လာသူများ တက်ရောက်ပါက ဆွေးနွေးပွဲအတွက် ထောက်ပံ့ပေးမှုများကို ရပ်ဆိုင်းပစ်မည်ဟု တရုတ်ဘက်က ခြိမ်းချောက်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ ထိုအဖွဲ့ အစည်းများက ပူးတွဲ ကျေညာချက်တစောင်ထုတ်ပြန်ခဲ့ရာတွင် မတ်လ ၂၉ ရက်နေ့တွေပြုလုပ်ခဲ့သောဆွေးနွေးပွဲ၌ တရုတ်နှင့် အနောက်နိုင်ငံများမှ လေ့လာသူများ တက်ရောက်ခွင့်ပြုရန် KIO ဖက်မှ တောင်းဆိုခဲ့ခြင်းအား အစိုးရဖက်မှ ဦးဆောင်ဆွေးနွေးသူဖြစ်သော သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ခံ သဘောတူပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးလှမောင်ရွှေကလည်း နောက်ပိုင်းကျင်းပမည့် ဆွေးနွေးပွဲများသို့ အနောက်နိုင်ငံ များမှ လေ့လာသူများ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ဧရာဝတီသို့ မတ်လအတွင်းက ပြုလုပ်ခဲ့သည့် မေးမြန်းမှုတခုတွင် ပြောကြားခဲ့သည်။

ယခု ပျက်သွားခဲ့သော ဆွေးနွေးပွဲမှာ ဖေဖော်ဝါရီလ ၄ ရက်နှင့် မတ်လ ၈ ရက်တို့တွင် တရုတ်နယ်စပ်မြို့ ရွှေလီမြို့ ၌ကျင်းပခဲ့သော ဆွေးနွေးပွဲ နှစ်ကြိမ်၏ နောက်ဆက်တွဲဖြစ်သည်။ ယင်းဆွေးနွေးပွဲများတွင် မည်သည့် သဘောတူညီချက်မျှ မရရှိခဲ့ဘဲ တရုတ်ဘက်မှ လေ့လာသူများသာ တက်ရောက်ခဲ့ကြသည်။

“ ဧပြီ ၆ရက်မှာလုပ်မယ့် ဆွေးနွေးပွဲကို ကုလသမဂ္ဂ၊ အင်္ဂလန် နှင့် အမေရိကန်နိုင်ငံတွေ တက်လာမှာကို တရုတ်က လက်မခံဘူး၊ ခွင့်မပြုဘူး” ဟု ကချင်ပြည်နယ်တွင်းရှိ စစ်ပြေးဒုက္ခသည်များကို ကူညီပေးနေသည့် အဖွဲ့တခုဖြစ်သည့် Kachin Legal Aid Network မှ အမှုဆောင်ညွှန်ကြားရေးမှုး ဦးမာခါးက ဆိုသည်။ ၎င်း၏ အဖွဲ့သည် ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ကချင်ရှေ့နေများအဖွဲ့၊ ကချင်အမျိုးသမီးငြိမ်းချမ်းရေးအဖွဲ့ စသည်များနှင့် အတူ ပူးတွဲ ကြေညာချက်ထုတ်ရာတွင်ပါဝင်ခဲ့သည်။

“KIO ခေါင်းဆောင်တွေကလည်း တရုတ်နဲ့ မျက်နှာမပျက်ချင်လို့ ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ကိုယ်စားလှယ်တွေ အချိန်မီ ရောက်လာနိုင်မှာ မဟုတ်ဘူးလို့ အကြောင်းပြလိုက်ရတယ်” ဟု တနင်္လာနေ့က ဧရာဝတီမှ တယ်လီဖုန်းနှင့် ဆက်သွယ်မေးမြန်းရာတွင် ပြောကြားသည်။

တရုတ်နိုင်ငံသံရုံးကမူ အနောက်အုပ်စုမှ လေ့လာသူများတက်ရောက်ခြင်းကို တရုတ်မှကန့်ကွက်ခဲ့သည် ဆိုသည့်အချက် ကို ငြင်းပယ်လိုက်ပြီး ၎င်းတို့၏ Face Book စာမျက်နှာတွင် ထိုစွပ်စွဲမှုသည် အခြေ အမြစ်မရှိ ဟု ရေးသားဖေါ်ပြခဲ့သည်။

အိမ်နီးချင်း မိတ်ဆွေစစ် မိတ်ဆွေကောင်းများအနေဖြင့် မိမိတို့သည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု အပေါ် အပြည့်အ၀ လေးစားပါကြောင်းနှင့် အမျိုးသားညီညွတ်မှုထိန်းသိမ်းရေးနှင့် တိုင်းရင်းသားမျိုးနွယ်စုများ အချင်းချင်းသဟဇာတဖြစ်ရေးအတွက်လည်း ထောက်ခံပေးသွားမည် ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ပြောဆိုခဲ့ သည်။

အနောက်နိုင်ငံများနှင့် မြန်မာအစိုးရကြားတွင် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် မြှင့်တင်နေသည့် အချိန် ဖြစ်သည့်အတွက် ၎င်းတို့နိုင်ငံများမှ လေ့လာသူများ တက်ရာက်လာခြင်းသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို ပို၍လျှင်မြန် အောင်မြင်စေလိမ့်မည်ဟု ဦးမာခါးကပြောသည်။ သူကထပ်၍ “ ဒါဟာ တရုတ်က သူနဲ့လည်းမဆိုင်ဘဲနဲ့ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိန်းချုပ်စွက်ဖက်ချင်တဲ့သဘောပဲ” ဟုဆို၏။

ယခင်အပတ်က သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ ခရီးသွားရောက်ခဲ့ပြီး တရုတ် သမ္မတသစ် မစ္စတာ ရှီကျင်ပင်း နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေဆုံရာတွင် ကချင်ပဋိပက္ခ နှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့ကြကြောင်း တရုတ်အစိုးရ မီဒီယာများတွင်ဖေါ်ပြထားသည်။ တရုတ်သမ္မတက မြန်မာ-တရုတ်နယ်စပ် တွင်ဖြစ်ပွားနေသည့် တိုင်းရင်းသားပဋိပက္ခများ ဖြေရှင်း နိုင်ရေး အတွက် ဆက်လက် ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သလို သမ္မတ ဦးသိန်းစိန် ကလည်း ငြိမ်းချမ်းရေးကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဟု ပြောဆိုခဲ့သည်။

အစိုးရတပ်ဖွဲ့ နှင့် ကချင်လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ၂၀၁၁ ခုနှစ်ဇွန်လမှ စတင်ဖြစ်ပွားခဲ့ပြီး ထိုနှစ် ဒီဇင်ဘာလမှ ယခုနှစ် ဖေဖော်ဝါရီလကြားတွင် အရှိန်တိုးမြင့်လာခဲ့၏။ ထိုစစ်ပွဲများ တရုတ်နိုင်ငံ ဘက်သို့ ကူးစက်လာမည်ကို စိုးရိမ်သည့်အတွက် တရုတ်အစိုးရက နယ်စပ်တလျောက်တွင် လုံခြုံရေး တပ်ဖွဲ့များ ချထားခဲ့သည်။

Credit : Here

ဟန်ဆက်ဈေးနှုန်း မြင့်တက်မှု မရှိစေရန် အခွန်လျှော့ချပေးမည့် သမ္မတကြီး၏ စေတနာ


မြန်မာနိုင်ငံအတွင်း၌ ရောင်းချလျက်ရှိသော နည်းပညာပစ္စည်းများ အပါအဝင် မိုဘိုင်းဟန်းဆက် ပစ္စည်းများ ကို ဈေးနှုန်းမြင့်တက်မှု မရှိစေရန်အတွက် အခွန်လျှော့ချပေးမှုများ ပြုလုပ်ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ်များေ ရာင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးတွင် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ သိရသည်။ “ဆင်းကတ်တွေ ကို ပြင်ပဈေး ကွက်မှာ ဈေး မကစား နိုင်ဖို့အတွက် တူညီတဲ့ ဈေးနှုန်းနဲ့ လစဉ်ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။


ဆင်းကတ်များ ရောင်းချပေးတဲ့နည်းတူ ဟန်းဆက်များကိုလည်း ပုဂ္ဂလိကမှ ရောင်းချ ရာတွင် ဈေးမက စားနိုင်အောင် အခွန်လျှော့ချပေးတဲ့နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေ တဲ့ နည်းလမ်းများ အပါအဝင် သက်ဆိုင်ရာ ဌာနများဖြင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးသွားမှာပါ” ဟု သမ္မတက ပြောကြား ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြည်ပမှ တင်သွင်းလာသော နည်းပညာပစ္စည်းများ အခွန်လျှော့ ချနိုင်ရေး အတွက်လည်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခြင်းမှာလည်း ပြည်တွင်း အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းပညာ ပစ္စည်း များကို ဈေးပေါပေါဖြင့် လူအများစု အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ “နိုင်ငံတော် ကနေ အခွန်လျှော့ပေးရင်တော့ နည်းပညာပစ္စည်းတွေ ဈေးကျသွားမှာတော့ အမှန်ပါပဲ။ 

လက်ရှိက အိုင်တီပစ္စည်းတိုင်းကို ငါးရာခိုင်နှုန်း အခွန်ပေးရတာကြောင့် နောက်ပိုင်း သုညထိ လျှော့ ချပေးနိုင်ရင် ဈေးသက်သာမှု ရှိလာမှာပါ။ ပြည်တွင်း နည်းပညာ တိုးတက်ဖို့အတွက် နည်းပညာ ပစ္စည်းတွေ ကို ဈေးနည်းနည်းနဲ့ များများအသုံးပြုနိုင်ရမှာပါ။ ဒီအတွက် အခွန်လျှော့ပေးဖို့ကို နိုင်ငံတော် အကြီးအ ကဲနဲ့ တွေ့တိုင်းလည်း ပြောနေပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

Credit : Here

ပုဂ္ဂလိက သတင်းစာများ ဂျာနယ်ပုံပေါက်နေဟု စာဖတ်သူများ ဝေဖန်


ဧပြီလဆန်းပိုင်းမှ စတင်ထွက်ပေါ်လာသည့် ပုဂ္ဂလိကသတင်းစာများကိုဖတ်ရှုရသည်က သတင်းစာ ဖတ်ရသည့် အရသာမျိုးမပေးစွမ်းနိုင်သေးကြောင်း မန္တလေးမြို့နေ စာဖတ်သူအသိုင်းအ၀ိုင်းက သုံးသပ် ပြောဆိုကြသည်။

“ ကျွန်တော် ၀ယ်ဖတ်ကြည့်တယ် ၊ ကြည့်တော့ သတင်းစာပုံစံ မပေးနိုင်သေးဘူး ၊ ကြည့်ရတာ သတင်းကို မနည်း ပြည့်အောင်ဖြည့်နေတဲ့ ပုံရှိတယ် ၊ ဂျာနယ်ပုံစံပဲ ဖြစ်နေတယ် ”ဟု အောင်မြေသာစံမြို့နယ်အတွင်းရှိ အမျိုးသား စာဖတ်သူတစ်ဦးက ပြောသည်။


လက်ရှိထုတ်ဝေလျက်ရှိသည့် သတင်းစာများမှာ ခရီးသွား ဆောင်းပါးများ ပါဝင်သင့်ပြီး အခြားကဏ္ဍများနှင့် လည်း စာဖတ်သူ စိတ်ပါဝင်စားစေရန် တင်ဆက်သင့်သည်ဟု အကြံပြု ပြောဆိုလျက်ရှိသည်။

“ အမှန်အတိုင်းပြောရရင်တော့ မပေးနိုင်သေးဘူးပေါ့ ၊ ဂျာနယ်အကျင့်ကနေ ရုန်းထွက်နိုင်ဖို့ ခက်နေတဲ့ အနေအထားမှာပဲ ရှိနေသေးတယ် ” ဟု ရန်ကုန်အခြေစိုက် မြန်မာအင်ဒီပင်းဒန့်သတင်းဂျာနယ်မှ အယ်ဒီတာတစ်ဦးဖြစ်သူ မသီတာ(စမ်းချောင်း)က သုံးသပ်သည်။

ပုဂ္ဂလိကသတင်းစာများတွင် အစိုးရနှင့်ပတ်သက်သည့်သတင်းများ မတင်ဆက်နိုင်သေးကြောင်း အစိုးရသတင်းများကို အစိုးရပိုင်သတင်းစာများ၌သာ တွေ့မြင်ရဆဲဖြစ်ကြောင်းနှင့် ထုတ်ဝေနေသည့် ပုဂ္ဂလိက သတင်းစာအသစ်များအနေဖြင့် ဂျာနယ်ရပ်တည်မှု လမ်းကြောင်းအတိုင်းသာ သွားနေသေး ကြောင်းများကို ၄င်းက ဆက်ပြောသည်။

“ အားအနည်းဆုံးထဲမှာ Art of Editing ကိုဘယ်သူမှ တခုတ်တရ မပြောကြဘူးတဲ့အတွက် Rule of Editor နဲ့ Art of Editing က အားအနည်းဆုံးပဲ အဲ့ဒီဟာက ဖြည့်ကိုဖြည့်ရမယ့်ကိစ္စပဲ ၊ တစ်ချို့ သတင်းတွေမှာ စကားပြေနဲ့ ရေးတာတွေ တွေ့ရသလို စကားပြောနဲ့ ရေးနေတာတွေလဲတွေ့တယ် ၊ နောက်ပြီး တိုက်တစ် တိုက်ရဲ့ House of Style ကိုလည်း မတွေ့ရတာတွေရှိတယ် ” ဟု ဆရာမ မသီတာ(စမ်းချောင်း)က ပြောသည်။

မန္တလေးမြို့ရှိစာဖတ်သူတစ်ဦးဖြစ်သည့် ဓါတ်ပုံဆရာဦးမောင်မောင်လတ်(ချစ်ညို)က ၎င်းတို့ကြုံတွေ့ခဲ့ ရသည့် သတင်းစာခေတ်နှင့် ယခုထွက်ရှိနေသည့်သတင်းစာများအား ယခုလိုနှိုင်းယှဉ်ပြောကြားခဲ့သည်။

“ ပြည်ထောင်စုနေ့စဉ်သတင်းစာဆိုဒ်ကတော့ အရင်တုန်းကထွက်ခဲ့တဲ့ အရွယ်အစားတိုင်းပဲ ၊ ဒါပေမဲ့ အရင်တုန်းက သတင်းစာဆိုတာ မနက်မိုးလင်းတာနဲ့ အိမ်ရောက်နေပြီ ၊ (၁၀)နာရီလောက် ဆိုရင်ကို အဲ့ဒီသတင်းက ဟောင်းသွားပြီ ၊ အခု အစိုးရထုတ်သတင်းစာတွေက နေ့လည်ပိုင်းမှ အိမ်ကိုရောက်တယ် ” ဟု ဓာတ်ပုံဆရာ ဦးမောင်မောင်လတ်(ချစ်ညို)က ပြောသည်။

နှစ်(၄၀)ကြာပျောက်ကွယ်ခဲ့သော ပုဂ္ဂလိကပိုင်သတင်းစာများကို ၂၀၁၃ ဧပြီလဆန်းပိုင်းတွင် ပြန်လည် ထုတ်ဝေခွင့်ရရှိခဲ့ကြသည်။

“ ကျန်တာတွေ များတယ် ၊ အားလုံး အကုန်မရောင်းရသေးဘူး ၊ လူတိုင်း မဖတ်ကြသေးတာပေါ့ ” ဟု ဂျာနယ်လက်ပွေ့ သမားတစ်ဦးက ပြောသည်။

ထုတ်ဝေခွင့်ရှိသည့်သတင်းစာများအနက် The Voice Daily ၊ ပြည်ထောင်စုနေ့စဉ် ၊ စံတော်ချိန် နှင့် ရွှေနိုင်ငံသစ် သတင်းစာများထုတ်ဝေခဲ့ကြပြီး လတ်တစ်လော အချိန်တွင် စောင်ရေအများအပြား မရောင်း ချရ သေးကြောင်း မန္တလေးမြို့ရှိ ဂျာနယ်လက်ပွေ့ အရောင်းသမားများထံက သိရသည်။

မင်းမင်းလတ် (မြစ်မခ) 

Credit : Here

ပြည်ထောင်စုငြိမ်းချမ်းရေးလှုပ်ရှားမှု(၂၀၁၃)ဧပြီလအတွင်းကျင်းပမည်

ပြည်ထောင်စုငြိမ်း ချမ်းရေး လှုပ်ရှားမှု (Myanmar Union Peace Movement) ကို ၂၀၁၃ ခုနှစ် ဧပြီ(၂၁)ရက် နံနက် (၇)နာရီ မှစတင်၍ မြေနီကုန်း မီးပွိုင့်မှ အင်းလျားကန်၊စိမ်းလမ်းစိုပြေမြက် ခင်းပြင် အထိ လူအင်အား(၁၀၀)ခန့် စုစည်း၍တူညီဝတ်စုံ တီရှပ်များ ၀တ်ဆင်ကာ တရားဝင်ခွင့်ပြုချက် ဖြင့် ငြိမ်းချမ်းစွာလမ်းလျှောက်ဖော် ဆောင်မည်ဟု သိရ သည်။

အဆိုပါလှုပ်ရှားမှုကိုဆောင် ရွက်ရာတွင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ၊ အရေးအခင်း၊ ဆူပူနှင့်ပတ်သက် ၍ သမ္မတကြီးက ပြည်သူသို့ ရှင်းလင်းပြောကြားသော မိန့်ခွန်းကို ထောက်ခံကြောင်း၊ ၎င်း၏ပြည်သူ ဗဟိုပြု မူဝါဒကို အပြည့်အ၀ယုံ ကြည်ကြောင်း၊ထို့အတူသမ္မတကြီး ၏ငြိမ်းချမ်းရေးဆောင်ရွက်ချက် များ ဖြစ်ထွန်းတိုးတက်မှုနှင့်ဖော် ဆောင်နေမှုများကိုအပြည့်အ၀ယုံ ကြည်ထောက်ခံကြောင်းဖြစ်ပေါ် လာသော စိန်ခေါ်မှုများကို သဟ ဇာတရှိရှိ နေထိုင်နိုင်သော လူ့အ ဖွဲ့အစည်းတစ်ရပ်၏ ဂုဏ်သိက်္ခာ နှင့်အညီ လက်တွဲကျော်လွှားသွား ကြရန်ပူးပေါင်းဆောင်ရွက်ကြပါစို့ ဟူသော ပိုစတာ ဗင်နိုင်းများပါဝင် မည်ဖြစ် သည်။


ယင်းလှုပ်ရှားမှုကိုဆောင်ရွက် ရန် ဧပြီ(၈)ရက် ညနေ(၄)နာရီ တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်မီးပွိုင့် အနီးရှိ တော်ဝင်နှင်းဆီစားသောက် ဆိုင်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးလှုပ်ရှား မှုအတွက် စာနယ်ဇင်း မီဒီယာရှင်း လင်းပွဲဖြင့်fh Union Peace Rally ၏ရည်ရွယ်ချက်များအပေါ် ဒေါက်တာဇော်သန်း၊ကိုမိုး(စီးပွား ဥပဒေ)၊ဦးဆွေဆန်းဦးတို့က သဘာ ပတိအဖြစ်ဆောင်ရွက်ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့လှုပ်ရှားမှုဟာ ကနေ့နိုင်ငံတော်အစိုးရရဲ့ပြောင်းလဲ မှုဖြစ်စဉ်တိုင်းတွင် ပြည်သူဗဟိုပြု လူဝါဒကိုအကောင်အထည်ဖော် ဆောင်ရွက်နေတာကိုတွေ့ရပါတယ်၊ မကြာမီကဖြစ်ခဲ့တဲ့ ပဋိပက္ခနှင့် အငြင်းပွားခဲ့တာတွေငြိမ်းချမ်းစွာ ဆောင်ရွက်လျက်ရှိသည့်အလျောက် ဖွံ့ဖြိုးတိုးတက်မှုများကို အသိအမှတ် ပြုပါတယ်၊ပဋိပက္ခနဲ့ဆူပူမှုတွေနဲ့ စပ်လျဉ်း၍နိုင်ငံသားတိုင်းအားလုံး က ငြိမ်းချမ်းရေးအသိတရားကို လူတိုင်းရဲ့ရင်မှာကိန်းအောင်းထား နိုင်ဘို့လိုတယ်၊ပဋိပက္ခတွေ ဆူပူ မှုတွေဖြစ်မှ ငြိမ်းချမ်းရေးလုပ်တာ ထက်ငြိမ်းချမ်းရေးဆိုတဲ့မေတ္တာ တရားကိုအခြေခံပြီး လူတိုင်း နေ့ စဉ် ကျင့်သုံးနိုင်ဘို့ အဓိကပြော ချင် ပါတယ် သို့မှသာ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးတစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့ကိုတစ်ဖွဲ့၊တစ်နိုင်ငံနှင့်တစ် နိုင်ငံ ငြိမ်းချမ်းရေးပေါင်းသင်း ဆက်ဆံရေးအတွက် အခြေခံ အကြောင်းတရားဖြစ်ပါတယ်ဟု ငြိမ်းချမ်းရေး လှုပ်ရှားမှုကိုဦးဆောင် ကျင်းပမည့်သူ ကိုမိုး(စီးပွားဥပဒေ) ကပြောကြားခဲ့သည်။

Credit : Here

မဒေးကျွန်း တရုတ် ကုမ္ပဏီကို ဆန္ဒပြရန် အစိုးရက ခွင့်ပြုချက် ပေးလိုက်ပြီဟုဆို


ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အဓိက တည်ရှိရာ ကျောက်ဖြူ မဒေးကျွန်း ဒေသခံများက တရုတ်ကုမ္ပဏီ အား ဆန္ဒပြရန် ရခိုင်ပြည်နယ် အစိုးရထံ ခွင့်ပြုချက်တင်ထားရာ ယခုအခါ အစိုးရမှ ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ဦးဆောင် လူပ်ရှားရာတွင် ပါဝင်သူ ဦးထွန်းကြည်အား ဖုံးထဲက တဆင့် မေးမြန်းစဉ် ခွင့်ပြုချက် ရရှိထားမူ အခြေအနေကို ယခုလို နိရဉ္စရာသို့ ရှင်းပြ ပြောဆိုသည်။

“ ပြည်နယ် အစိုးရဆီက တိုက်ရိုက်ခွင့်ပြုချက်ကိုတော့ ကျွန်တော်တို့ လက်ခံ ရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကျောက်ဖြူခရိုင် ရဲမှူးကြီးက ပြည်နယ်က ခွင့်ပြုချက်ပေးလိုက်ပြီ ဆိုပြီး အကြောင်းကြားလာတဲ့ အတွက် သိရှိရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။


မဒေးကျွန်း ဒေသခံများက ဆန္ဒပြပွဲကို လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု ဆိုသည်။

“ ကျွန်တော်တို့က အမျိုးသား အင်အား ၂၀၀၊ အမျိုးသမီး အင်အား ၅၀၊ စုစုပေါင်း အင်အား ၂၅၀ တင်ထားပါတယ်။ အဲဒီနေ့မှာ မဒေးကျွန်း ဘုန်းတော်ကြီး ကျောင်းကနေ တရုတ်ကုမ္ပစီ CNPC ထိ ချီတက်ပြီး ဆန္ဒပြကြမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းကြည်က ပြောသည်။

တရုတ်ကုမ္ပဏီအား ဆန္ဒပြရန် စီစဉ်ရခြင်းမှာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင်း ဒေသခံများ အတွက် ထိခိုက်နစ်နာမူများနှင့် အတူ ရပ်တည်ရေးပိုင်းကိုပါ ခြိမ်းခြောက်မူများ ရှိလာ၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ကျွန်တော်တို့မှာ လယ်ယာမြေတွေ အများကြီး ဆုံးရှုံးသွားပေမယ့် လျှော်ကြေးငွေ အပြည့်အ၀ မရဘူး။ ဒါ့ပြင် ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာတဲ့ မြေတွေကို မြေလွှတ် မြေရိုင်းတွေဆိုပြီး အာဏာပိုင် အရာရှိကြီးတွေက သိမ်းယူသွားတယ်။ ပီးရင်သူတို့က တရုတ်ကုမ္ပဏီက ပိုက်ဆံတွေကို ထုတ်ယူသွားတယ်။ ဒေသခံတွေ အနေနဲ့ အဲဒီမြေတွေအတွက် လျှော်ကြေးငွေ တပြား တချပ်မှ မရဘူး။ ဒါတွေကို ကျွန်တော်တို့က ကန့်ကွက် ဆန္ဒပြ တောင်းဆိုသွားမယ်” ဟု ဆိုသည်။

မဒေးကျွန်းပေါ်ရှိ ဒေသခံများ၏ ဘ၀ရပ်တည်ရေး ခြိမ်းခြောက်ခံနေရမူနှင့် ဆက်စပ်ပြီးလည်း သူက ယခုလို ပြောသည်။

“ ရပ်တည်ရေးပိုင်းနဲ့ ပတ်သက်ပြီး ပြောရရင် ကုန်းပေါ်မှာ လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိ တော့ဘူး။ ရေထဲကျပြန်တော့လည်း ကျွန်တော်တို့ လုပ်ကိုင် စားသောက်နေတဲ့ မဒေးကျွန်း တ၀ိုက် ရေပြင်မှာ ငါးမဖမ်းရဘူးဆိုပြီး တားမြစ်ထားတယ်။ လုပ်ကိုင် စားသောက်စရာ ကုန်းပေါ်မှာရော ရေထဲမှာရော နေရာ မရှိုဖြစ်လာတဲ့ အတွက် ကျွန်တော်တို့မှာ စားဝတ်နေရေး အထူးကျပ်တည်း လာတယ်။ ဒါတွေကို တင်ပြ တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာ အာဏာပိုင်များနှင့် တရုတ်ကုမ္ပဏီ အရာရှိများသည် ဒေသခံများ တောင်းဆိုသော ကျွန်းပေါ်ရှိ ရွာဆက်လမ်းများအား ဖေါက်လုပ်ပေးမည်ဟု ကတိခံထားသော်လည်း ယခုအချိန်ထိ ပြုလုပ်ပေးခြင်း မရှိသလို ကျွန်းပေါ်ရှိ ကျေးရွာများအား လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်ပေးမည်ဟု ကတိပြုထား သော် လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

ကျွန်းပေါ်တွင် တရုတ်အရာရှိများ နေထိုင်သော တိုက်တာ အဆောက်အဦးများတွင် လျှပ်စစ်မီးများ ထိန်ထိန်လင်းနေသော်လည်း ဒေသခံ ရခိုင်ပြည်သူများ နေထိုင်သော နေရာများတွင် မှောင်ကြီးကျကာ မိုက်မှောင်လျှက် ရှိနေသည်ဟု သိရသည်။

ယခု ပြုလုပ်မည့် ဆန္ဒပြပွဲတွင် ဒေသခံ ပြည်သူများက သူတို့ နစ်နာချက်များ၊ လိုလားချက်များကို ပိုစတာ များ၊ ဆိုင်းဘုတ်များတွင် ရေးသားကာ ကြွေးကြော်သံများ ကြွေးကြော်ပြီး တရုတ်ကုမ္ပဏီ ရုံးရှေ့ထိ ချီတက် ဆန္ဒပြသွားကြမည်ဟု သတင်း ရရှိသည်။

Credit : Here

ကမ္ဘာမှာရှားမှရှားတဲ့ အိန္ဒိယနိုင်ငံနာဂပူမြို့၇ဲ့ မြို့ လုံးကျွတ် ဗုဒ္ဓဘာသာ အဖြစ်ခံယူပွဲ


မြန်မာနိုင်ငံမှာတော့ သာသနာရောင်ဝါလင်းလို့ စေတီပုထိုးတွေ ရွှေရောင်ဝင်းတယ် ရဟန်းသံဃာတွေ လည်းလေး သိန်းကျော်ဆို တဲ့အင်အား ကမ္ဘာရှားပါပေ့၊ ပေါများတော့ တန်ဖိုးမသိ၊ အိန္ဒိယနိုင် ငံ နာဂ ပူမြို့မှာတော့ သာသနာရောင်ဝါလင်းချင်ပေမယ့် မလင်းရှာ ဘူး၊ သာသနာပြုရဟန်း ဆိုတာရှား ပါးလွန်းလို့ လူငယ်ပညာ တတ် ရဟန်းဆိုတာ ပညာသင်နေတဲ့ မြန်မာ ရဟန်းအနည်းငယ်ပဲ ရှိရှာ တယ်၊ ဘာသာရေး လမ်းညွှန်ပေးမည့်သူ အကြောင်းအကျိုးအ ကောင်းအဆိုးတွေကို ဝေဘန်ထောက်ပြ ဆုံးမပေးမည့် သူ ဗုဒ္ဓ ရဲ့ တရားတော်တွေကိုပြန်လည်ဟောပြမည့်သူ မရှိရှာဘူး..၊


ခေတ်တွေတိုးတက်လာတာနဲ့အမျှ ဟိန္ဒူဘာသာရဲ့အဓိပ္ပါယ်မဲ့ နတ်ကိုးကွယ်မှုပူဇော်မှုတွေကို ယုံကြည်မှု မရှိကြတော့ဘူး၊ ဒီတော့ ဘာသာတစ်ခုကိုကူးပြောင်းချင်လာကြတယ်၊ ကျန်တဲ့ ဘာသာသုံးခုထဲ က တစ်ခု ကိုရွေးရတော့မှာပေါ့၊ အင်္ဂလိပ်လက် ထက်က အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုရေး ဆွဲပေး ခဲ့တဲ့ ဆရာကြီး ဒေါက်တာအန်ဘေဒကာကတော့ ဗုဒ္ဓဘာသာကို နှစ်ပေါင်းများစွာ သေချာလေ့လာပြီး တော့မှ ရွှေးချယ်ကိုးကွယ် ခဲ့တယ်.၊

လူပေါင်းငါးသိန်းကျော်ကိုတပြိုင်နက် ဗုဒ္ဓဘာသာဖြစ် စေခဲ့တယ်၊ ဒါကြောင့်အဲ့ဒီ နာဂပူမြို့မှာ ဗုဒ္ဓဘာသာ တွေများစွာ ရှိနေတာပေါ့၊ လိုအပ်နေတာက သာသနာပြုရဟန်း၊ ဗမာရဟန်းတော်တွေ မြို့ ကိုရောက် လာတော့ ပျော်လိုက်ကြတာ..၊ ပြန်သွားတော့ မျက်ရည်တွေဝဲကျန်ခဲ့တယ်၊ သနားစ ရာကောင်း လိုက်ပါ ဘိ၊ ဘားမားဘန္တေတွေလည်း နှလုံးသားနဲ့ပါ ၊ ဗုဒ္ဓဘာသာရှားပါးတဲ့ မင်းတို့နိုင်ငံမှာ ဗုဒ္ဓဘာသာဖြစ်ရတာ အားမငယ်ပါနဲ့ ဗုဒ္ဓဘာသာပေါများတဲ့ ဒို့နိုင်ငံမှာ ဗုဒ္ဓဘာသာမဖြစ်တဲ့သူထက် များစွာသာလွန်ပါတယ်..၊ ဟုတ်တယ် ရှားမှတန်ဖိုးသိတာပါ..။

From: အရှင်သဒ္ဓမ္မ၀ံသ - ဇလွန် 

Credit : Here

ဒေါ်အောင်ဆန်းစုကြည်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး တွေ့ဆုံဆွေးနွေး

April 8, 2013
M-Media

နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော လက်ရှိ အကြောင်းအရာများနှင့် နိုင်ငံတော်အတွင်း စည်းလုံး ညီညွတ်မှုရစေရန် ရည်ရွယ်၍ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ ယနေ့ နံနက် ၁၁း၃၀ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။


အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေ၊ အလ်ဟာဂ်ျမောင်လာနာ ဦးသိန်းမြင့်၊ ဟာဂျီ ဦးမြင့်ထွန်း၊ ဟာဂျီ ဦးကျော်ခင်၊ ဟာဂျီဦးကိုကိုလတ်၊ ဦးကျော်ငြိမ်း စသူတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြရာတွင် နိုင်ငံအတွင်း အေးအေး ချမ်းချမ်း နေထိုင်နိုင်ကြရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။

ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ “ညီညီညွတ် ညွတ်လုပ်ဆောင်စေဖို့ အကြံဥာဏ် ပေးစေချင်တယ်။ ဒါပေမယ့် အခက်အခဲတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်းတင်ပြပါ။ ဘာဖြစ်လို့လဲဆိုတော့ လူနည်းစုများဟာ အခက်အခဲဆိုတာ ရှိတတ်ပါတယ်။ ဒါကတော့ ကျွန်မတို့ နိုင်ငံတင် မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ ဖြစ်တတ်ပါတယ်။ ကျွန်မတို့ ဒီလိုပြဿနာတွေဖြစ်တာ ဘာကြောင့်ဖြစ်သလဲဆိုတာ ဇစ်မြစ်ကို ရှာဖွေပြီး နောင်ပြဿနာတွေ မဖြစ်အောင် ကျွန်မတို့ အားလုံးဝိုင်းဝန်းပြီး ကြိုးစားကြရမယ်။ အဲဒါအတွက်ကို ကျွန်မတို့ကို အကြံဥာဏ်ပေးပါ။ အခက်အခဲတွေရှိလည်း ပွင့်ပွင့်လင်းလင်း တင်ပြပါ။

အမှန်ပြောရရင် ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပဲ။ အစိုးရအဖွဲ့မဟုတ်ပါဘူး။ သို့သော်ငြားလည်း ကျွန်မတို့က ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်နေတဲ့ နိုင်ငံရေးအဖွဲ့ အစည်းဆိုတော့ အစိုးရမဟုတ်လည်း တာဝန်မရှိဘူးလို့ မသတ်မှတ်ပါဘူး။ လူတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံသားတိုင်း တာဝန်ရှိတယ်။ ကျွန်မတို့လို နိုင်ငံရေးပါတီဆိုရင်တော့ တာဝန်မကင်းဘူး။ အခု မိတ္ထီလာမှာဖြစ်တဲ့ကိစ္စတွေကို ကျွန်မတို့ဘက်က လုပ်တာတွေကို တင်ပြရမယ်ဆိုရင် ကျွန်မတို့ဘက်က ဘာမှပြောတာဆိုတာ ကြေညာချက်တွေထုတ်တာ မရှိပေမယ့် ပထမဆုံးဖြစ်တဲ့နေ့ကတည်းက ဦးဝင်းထိန်ကို နေပြည်ကနေ မိတ္ထီလာလွှတ်လိုက်တယ်။ ချက်ချင်းကြားကြားချင်း ပဋိပက္ခဖြစ်ပြီဆိုတာနဲ့ ဦးဝင်းထိန်ကလည်း သွားရမလား၊ ကျွန်မကလည်း သွားပါ၊ ချက်ချင်းသွားပါဆိုတော့ ချက်ချင်း အဲ့ဒီနေ့ကတည်းက မိတ္ထီလာရောက်သွားတယ်။ ကျွန်မတို့ တစ်ချိန်လုံး အဆက်အသွယ်ရှိနေတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ဘာလုပ်သင့်တယ်ဆိုတာကို ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ညှိပြီးလုပ်တယ်။ အခြေအနေဘယ်လိုရှိတယ်ဆိုလည်း ဦးဝင်းထိန်က တစိုက်မတ်မတ်သတင်းပို့လို့ သိခဲ့ရတယ်။ အဲဒီတော့ အဲဒီမှာ ကျွန်မ အမြဲပြောတာက အဲလို ပဋိပက္ခတွေမဖြစ်ဖို့အတွက် ပထမဦးဆုံးလိုအပ်ချက်က ဥပဒေစိုးမိုးရေး၊ တချို့က ကျွန်မက ဥပဒေစိုးမိုးရေးကို အလွန်အကျွံ ဇောင်းပေးတယ်လို့ထင်တယ်။ ဒါက လိုအပ်ချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေစိုးမိုးရေးဆိုတာ မရှိရင် အကြမ်းဖက်မှုဆိုတာ ဖြစ်နိုင်တယ်။ အကြမ်းဖက်မှုဖြစ်ပြီဆိုရင် အပျက်အစီး အသေအကြေတွေ ရှိမယ်ဆိုရင် အရှိန်အဟုန်တက်လာတယ်။ မကျေနပ်မှုတွေ၊ ဒေါသတွေဖြစ်လာတော့ ပိုပိုပြီးတော့ ကိုင်တွယ်ရ ခက်လာတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးကို အဓိကထားပြောတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စတွေ မဖြစ်အောင်လို့၊ စောစော စီးစီးကတည်းကနေ တားထားလို့ရအောင်။ တစ်ယောက်နဲ့တစ်ယောက် ဆဲရုံဆိုရုံနဲ့က မြန်မြန် ပြေလည်အောင် လုပ်လို့ရတယ်။ နောက်တစ်ဆင့် ရိုက်ရုံပုတ်ရုံနဲ့လည်း နည်းနည်းမဆိုးဘူး။

ဒါပေမယ့် သတ်တဲ့ဖြတ်တဲ့အဆင့် ရောက်လာပြီဆိုရင် ပြေလည်ဖို့ရာ တော်တော်ခက်သွားပြီ။ ဒါကြောင့် ကျွန်မ ဥပဒေစိုးမိုးရေးကို ဦးစားပေးတာပါ။ ကိုဝင်းထိန်နဲ့လည်း ကျွန်မ တစ်ချိန်လုံး အဆက်သွယ် လုပ်နေတဲ့အခါမှာ ဥပဒေ စိုးမိုးရေးကိုပဲ အဓိကထားပြောတာပါ။ နောက်တစ်ခုကလည်း ကာကွယ်ရမည်။ ဒုက္ခသည်တွေကို ကာကွယ်ရမယ်။ အကြမ်းဖက်မှုကို လုံးဝ အားမပေးရဘူး။ အကြမ်းမဖက်တဲ့ဘက်က ရပ်တည်ရမယ်။ အကြမ်းဖက်တဲ့ကိစ္စတွေကို ဆန့်ကျင်ရမယ်ဆိုတာ ဦးဝင်းထိန်က တစိုက်မတ်မတ် လုပ်သွားပါတယ်။ ကျွန်မ ကြွားပြောတယ်ဆိုရင်လည်း အပြောခံရမှာပါ။ မိတ္ထီလာမှာ အစကတည်းက တတ်နိုင်သလောက် လူမှုရေးအရ လုပ်ဆောင်ပေးတာက ဦးဝင်းထိန်ဦးဆောင်ပြီးတော့ NLD အဖွဲ့က လုပ်ပေးပါတယ်။ ကျန်တဲ့ ပတ်ဝန်းကျင်က မန္တလေးစသဖြင့် မြို့တွေကလည်း ကူညီပေးပါတယ်။ ကျွန်မတို့ ကော့မှူးရွာကတောင်မှ မနေ့ကထိ တတ်နိုင်သမျှ ကူညီပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ အလုပ်နဲ့ပဲ ပြချင်တယ်။ ကြေညာချက်ထုတ်တာတို့ ပြောတာဆိုတာတို့ထက် အလုပ်နဲ့ပဲ ထိထိ ရောက်ရောက်ပြစေချင်တယ်။ ကျန်တဲ့သူတွေကိုလည်း အလုပ်နဲ့ပြတာကိုပဲ ဦးစားပေးစေချင်တယ်။ အလုပ် နဲ့ပြတယ်ဆိုတာ ပဋိပက္ခတွေ မပွားရေးအတွက်၊ နောက်ပြီးတော့ ဒုက္ခရောက်တဲ့သူတွေကို ဘယ်ဘာသာ ၀င်ပဲဖြစ်ဖြစ် တတ်နိုင်သမျှကူညီရေးအတွက် နောက် ပြေလည်ရေးအတွက်။ ဒီတော့ ကျွန်မတို့ဘက် ကတော့ ကျွန်မတို့ အတတ်နိုင်ဆုံး လုပ်သင့်လုပ်ထိုက်တယ်လို့ ထင်တာကို လုပ်ခဲ့ပါတယ်။ ပိုပြီးတော့ လုပ်သင့်လုပ်ထိုက်တယ်လို့ထင်တာတွေကို ကျွန်မတို့ကို အကြံဥာဏ် ပေးပါ။ နောင် ဒီလို ကိစ္စတွေ ထပ်မဖြစ်အောင်လို့။ ကျွန်မတို့ ဒီနိုင်ငံမှာ အေးအေးချမ်းချမ်း နေနိုင်အောင်လို့ တတ်နိုင်သမျှ ဘယ်လိုလုပ် သင့်တယ်ဆိုတာလည်း ကျွန်မတို့ကို အကြံဥာဏ်တွေ ပေးစေချင်ပါတယ်။” ဟု ပထမပိုင်းတွင် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။

ဘာသာရေးအဖွဲ့ကြီးမှ ပြန်လည်တင်ပြဆွေးနွေးရာတွင် “လေးစားရတဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ၊ NLD အဖွဲ့ချုပ် နာယကကြီးများနှင့် အစ္စလာမ့်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရသည့်အတွက် ၀မ်းသာကြောင်း၊ ယခုဖြစ်ပေါ်နေတဲ့ လုပ်ရပ်များနဲ့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ တာဝန်ပျက်ကွက်မှုများ၊ ပြဿနာတွေ ကျယ်ပြန့်ပြီးတော့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်သာမက သာသနိက အဆောက်အအုံတွေ၊ ဗလီတွေဖျက်ဆီးခံရတဲ့အထိကို အကြောင်းအမျိုးမျိုးနဲ့ တင်ပြဆွေးနွေးလိုကြောင်း၊ ဥက္ကဌကြီးအနေနဲ့ ဂရုတစိုက် နားသောတဆင်ပြီးတော့ မိမိတို့ရဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ အာဏာစွမ်းရှိသဖြင့် ကူညီဆောင်ရွက်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံကြောင်း၊ မိမိတို့တွေ၏ နဖူးစာကောင်းမှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်တစ်ဦး မိမိတို့နိုင်ငံတွင် ရှိနေသည့်အတွက် အလွန်ပဲ အားရ၀မ်းသာကြောင်း၊ အစ္စလာမ်ဘာသာဝင် လူထုအနေနှင့်လည်း ငြိမ်းချမ်းရေးကို လိုအပ်နေကြောင်း၊ ဒါကြောင့် ထာဝစဉ်ငြိမ်းချမ်းရေးကို လက်ဆွဲပြုထားတဲ့ အမေစုတစ်ယောက် ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ ဖော်ဆောင်တတ်တဲ့ အမေစုအနေဖြင့် ကျွန်တော်တို့ စိတ်အားငယ်ပြီး စိုးရိမ်ထိတ်လန့်နေရတဲ့ မြန်မာနိုင်ငံရှိ မွတ်စလင်မ်များကို အားပေးမှု၊ ကူညီပေးပါရန် ယုံကြည်အားကိုးစွာဖြင့် မေတ္တာရပ်ခံပန်ကြားကြောင်း မိတ်ဆက်ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မိမိတို့ ဆွေးနွေးလိုကြသည်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော ပြဿနာများရေရှည်မှာ မဖြစ်အောင်ဆိုသည့်အချက်ပေါ် မူတည်ကြောင်း၊ မိမိတို့နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀-ခန့် ကတည်းက ပြောလိုသည်မပြောရ၊ လုပ်လိုသည်မလုပ်ရဖြင့် နေလာခဲ့ပြီးမှ ရုတ်တရက် လွန်မြောက် လာသောအခါ အသီးသီးမှာ ခံစားချက်တွေ ရှိလာခဲ့ကြပြီး၊ အမှောင်တွင်းမှ အလင်းထဲသို့ ရုတ်တရက် ရောက်ရှိလာချိန်တွင် မိမိညီနောင် အချင်းချင်း တစိမ်းပြင်ပြင် နေမိလာကြကြောင်း၊ နိုင်ငံတော်၏ သမိုင်းကို ပြန်ကြည့်ပါက ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစ္စလာမ်သာသနာရောက်ရှိခဲ့ကြောင်း၊ နိုင်ငံမှာ အများစုက ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မေတ္တာ တရားကြီးများစွာဖြင့် စောင့်ရှောက်ခဲ့ကြကြောင်း၊ ဘုရား ကျောင်းကန်များရှိခဲ့သည့်နည်းတူ ဗလီများတည်ရှိခွင့်ကိုလည်း လွတ်လပ်စွာ ခွင့်ပေးခဲ့ကြကြောင်း ပြောပါသည်။ ဆက်လက်ပြီး နိုင်ငံတော်တွင် လွတ်လပ်ရေး ဆုံးရှုံးပြီးနောက်ပိုင်း ၁၉၃၀-ခုနှစ်ခန့်ကက ဘာသာရေး အဓိကရုဏ်းစဖြစ်ခဲ့ကြောင်း၊ ရှေ့မြန်မာမင်းများလက်ထက်တွင် ဘာသာရေး အဓိကရုဏ်း ဆိုသည် မကြားဖူးခဲ့ကြောင်း၊ ၁၉၃၈-ခန့်ကနောက်တစ်ကြိမ်ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်း သည်လည်း ၁၉၃၁-ခုနှစ်ခန့်က ထုတ်ထားသည့် မော်လ၀ီ-ယောဂီစာအုပ်ကို ပြန်ထုတ်ပြီး လှုံ့ဆော်ခဲ့ကြ ကြောင်း၊ ယင်းအချိန်ကာလသည် မြန်မာ့သမိုင်းတွင် နိုင်ငံရေးဒီရေအတက်ဆုံး အချိန်ဖြစ်သည့်အတွက် အရေးကြီးဆုံး အချိန်တွင် နိုင်ငံရေးအာရုံလွှဲသည့် ဖန်တီးချက်ဟု မိမိတို့အနေနှင့် သုံးသပ်ရရှိထားကြောင်း၊ နိုင်ငံတော်အတွက် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတွင် ရိုးသားဖြောင့်မတ်ပြီး လူမျိုးဘာသာ အသီးသီးအပေါ်၌ စာနာခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် မြန်မာမွတ်စလင်မ်များသည် ၀န်ကြီးအဆင့်ထိ ရှိခဲ့ကြောင်း၊ လွတ်လပ်ရေး တိုက်ပွဲတွင်လည်း မွတ်စလင်မ်တွေ ကျရာတာဝန် ထမ်းရွက်ခဲ့ကြကြောင်း၊ ၁၉၆၁-ခုနှစ်တွင်လည်း မြောက်ဥက္ကလာ အရေးအခင်းဖြစ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေသော ကာလတွင် ဒီမိုကရေစီအစိုးရဖြစ်သည့် အစိုးရက ဘက်မလိုက်ပဲ ဖြေရှင်းပေးခဲ့ကြောင်း၊

၁၉၆၂-ခုနှစ်တွင် လူထုဆန္ဒအား မလေးမထားပဲ လူတစ်စုဆန္ဒသာ အလေးထားသည့်စနစ် ပေါ်ပေါက်လာပြီးနောက် လူတစ်စုမှ မိမိအာဏာ တည်မြဲရေးအတွက် နိုင်ငံသားချင်းသွေးကွဲစေရန် ကိစ္စများ စတင်ဆောင်ရွက် လာကြောင်း၊ နိုင်ငံအစိုးရက နိုင်ငံရေးအရ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး သြဇာ အာဏာ တည်မြဲရေးအတွက် ဆောင်ရွက်ချက်များကို ရိုးရိုးသားသား တင်ပြရပါက ငယ်စဉ် ကျောင်းနေစဉ် ကပင် ကျောင်း၌ မှတ်ပုံတင်ပြုလုပ်သောအခါ မှတ်ပုံတင် မရှိသည့်ကလေးတွေ မတ်တပ်ရပ်သည့်ဆိုသည့် အတွက် မတ်တပ်ရပ်သည့်အခါ မွတ်စလင်မ်ကလေးတွေ မပါဘူး ပြန်ထိုင်ဟု ပြောကြောင်း၊ ပြန်ထိုင်ရပြီး သည့်အခါ ဘေးတွင်အတူယှဉ်တွဲထိုင်ခဲ့သည့် ညီနောင် သူငယ်ချင်းတွေရဲ့စိတ်ဓါတ် မတူကွဲပြားခြားနားခြင်း ဆိုသည့်အသိကို အဲ့ဒီမှာပဲ စပေးပါကြောင်း၊ မွတ်စလင်မ်တွေမှာလည်း အားငယ်စိတ်ကို စတင်ဝင်လာခဲ့ ကြောင်း တင်ပြပါသည်။

ဆက်လက်ပြီး ဘာသာရေးအဖွဲ့ကြီးမှ တင်ပြသည်မှာ – ကျောင်းတက်သည်မှ လွန်မြောက်ပြီး တက္ကသိုလ် တက်သည့်အခါတွင်းလည်း တချို့သော ဆရာ/ဆရာမများသည် ရင်ဝယ်သားပမာ ဆက်ဆံသော်လည်း အချို့မှာ ခွဲခြားဆက်ဆံမှုအပေါ် အမြစ်တွယ်လာပြီး ကုလားကလေးဟု ခွဲခြားခံရမှုများရှိကြောင်း တင်ပြ ဆွေးနွေးခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဆွေးနွေးသည်မှာ – တရားဥပဒေစိုးမိုးရေးကော်မတီအနေနှင့်လည်း လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အစိုးရပိုင်းအားလည်း တတ်နိုင်သမျှ ဆော်သြ မည်ဖြစ်ကြောင်း၊ အကြမ်းဖက်လမ်းစဉ်ဖြင့် အပြောင်းအလဲလုပ်ဆောင်မည်ကို လုံးဝလက်မခံကြောင်း၊ အခြေအနေတစ်ခုကို ပြောင်းလဲစဉ် အကြမ်းဖက်နည်းကို သုံးစွဲသည်မှာ ယဉ်ကျေးသည့်လူများ၏ လုပ်ရိုးလုပ်စဉ်မဟုတ်ကြောင်း၊ လူရိုင်းများသည်သာ အကြမ်းဖက်သည့်နည်းဖြင့် ပြဿနာအား ဖြေရှင်း ကြောင်း၊ ယဉ်ကျေးသည့်သူများသည် ဦးနှောက်နှင့် နှလုံးသားအားအသုံးပြုပြီး ပြဿနာရှိပါက အကြမ်း မဖက်ပဲ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပြဿနာရှိပါက အကြမ်းမဖက်ပဲ ဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း၊ အကြမ်း မဖက်ပဲ ဖြေရှင်းနိုင်သည့် အရည်အချင်းရှိရန်လိုကြောင်း၊ ချို့တဲ့နေသူများ၏စိတ်ဓါတ်တွင် ခံစား မှုတွေ ပြင်းထန်စွာ ရှိတတ်ကြောင်း၊ တစ်ယောက်နဲ့တစ်ယောက် ကူညီသွားရန်လိုကြောင်းများကို ပြန်လည် ဆွေးနွေး ပြောကြားဆွေးနွေးခဲ့ပြီး ၁၂း၄၀ နာရီတွင် ဆွေးနွေးမှု ပြီးဆုံးခဲ့ကြောင်းသိရပါသည်။

Credit : Here

နမ့်ခမ်း ပန်းဆေးပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရ

ဧပြီ ၈ ရက် ၂၀၁၃

ယနေ့နံနက်ပိုင်း၌ ပန်းဆေးပြည်သူ့စစ်တပ်စခန်းအား တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုဟု ယူဆရ သည့် အ ဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု နမ့်ခမ်းရောက်ပန်းဆေးဒေ သခံများ က ပြောပြ ပါ သည်။

“ဒီမနက် ၄ နာရီကနေ မနက် ၈ နာရီလောက်အထိ သွားတိုက် တယ်။ နောက်မွန်း တည့်ချိန်မှာ နောက် တကြိမ် ထပ်တိုက်ပွဲဖြစ်တယ်။ ပန်းဆေးဘက်မှာဘဲ။ စခန်းကိုမီး ရှို့ပြီး ပြန်ထွက်သွားတော့ အဲဒီလာတို က်တဲ့အဖွဲ့က သျှမ်းတွေ၊ ပလောင်တွေ၊ ကချင်စကားတွေ ပြောတယ်လို့တော့ ပြောတာဘဲ ဒေသခံတွေက” - ဟု ဒေသခံ နမ့်ခမ်း သျှမ်းနိုင်ငံရေးပါတီဝင် စိုင်းခမ်းလုံ ကပြောပါသည်။


ယနေ့နံနက် (ဧပြီ ၈ ရက် ၂၀၁၃) ပိုင်း၌ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က နမ့်ခမ်းမြို့ အရှေ့ တောင်ဘက် ၁၅ မိုင် ခန့်ဝေးသည့် ပန်းဆေးကျေးရွာအုပ်စုရှိ ပန်းဆေးပြည်သူ့စစ်တပ်စခန်းအား တိုက်ခိုက်ခဲ့ ကြောင်း၊ ပန်းဆေးဒေသရှိ တာ့ပန်းကုန်း နှင့် ရှောက်ပန်းကုန်းရှိ တပ်စခန်းသုံးခု အနက် နှစ်ခုအား မီးရှို့ဖျက်စီးလိုက်ကြောင်း၊ သေကြေဒဏ်ရာရှိမှုလည်းရှိကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

“စခန်းနှစ်ခုက ပြည်သူ့စစ်တွေနေတဲ့ စခန်းမဟုတ်ဘူး။ ဘိန်းချက်စခန်း၊ ယာဘ၊ ဘိန်းဖြူလုပ်တဲ့စခန်းတဲ့။ အဲဒါကြောင့်မီးရှို့ပစ်လိုက်တာတဲ့” - ဟု တပ်ပေါင်းစုနှင့် နီးစပ်သူ ဒေသခံတဦးကပြောပါသည်။

“နမ့်ခမ်းဆေးရုံမှာ အခုချိန်အထိ (၁၅ နာရီခွဲ) လူနာတွေရောက်လာတာတော့မတွေ့ရဘူး။ မြို့မပြည်သူ့စစ် တပ်ဖွဲ့ကတော့ လက်နက်အပြည့်နဲ့ အသင့်ပြင်ထားတယ်။ အစိုးရစစ်ကြောင်းကို စောင့်နေတာတဲ့။ စောင့်နေတုန်း ပဲ ။” - နမ့်ခမ်းသား စိုင်းရီလုံး က ပြောပါသည်။

ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့သည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ပြည်နယ်လွှတ်တော်အမတ် ပန်းဆေး ဦးကျော်မြင့် က ဦးဆောင်သည်။ လက်နက်ကိုင်တပ်ဖွဲ့ အင်အား ရာဂဏန်းရှိသည်။ အစိုးရခိုင်း သမျှလုပ်ပြီး စီးပွားရေးအခွင့်ထူးများ လက်ဝါးကြီးအုပ်သည့်သူဟု နိုင်ငံရေး စစ်ရေးအသိုင်း အဝိုင်းကစွပ်စွဲ ထားပြီး သျှမ်း ပြည်မူးယစ်ဆေးဝါး စောင့်ကြည့် ရေးအဖွဲ့ကလည်း ၎င်းအား ခေတ်သစ်မူးယစ်ရာဇာအဖြစ် စာရင်းသွင်း ထားသူဖြစ်သည်။

သျှမ်းသံတော်ဆင့်

Credit : Here

ကေအိုင်အေ ဧ။် C4U +S. မဟာဗျူဟာအခင်းအကျင်း

ထူးခြားသောသတင်းလား ? ဦးအောင်မင်းရဲ့ ထာဝရငြိမ်းချမ်းရေးမဟာဗျူဟာကို ကေအိုင်အေမှ C4U ( China, UN,US,UK,UNFC) နိုင်ငံရေး မဟာဗျူဟာအခင်းအကျင်း အသစ်ဖြင့် နှစ်သစ်တွင် စီအိုင်အေ အဖွဲ့ နောက်ကွယ်မှ Invisible Hand အဖြစ် ဂျပန်အစိုးရကို အသုံးချပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ထူးခြားစွာ မထင်မှတ်ဘဲကေအိုင်အေအတွင်းစည်းမှ အလွန်ရင်းနှီးသော ကျောင်းနေဖက် တစ်ဦး မှ ပြောသည်ဟု နမ့်ခမ်းသစ်ကုန်သည် တစ်ဦးထံမှကြားသိရသလို ပိုပြီးထူးဆန်းသည်မှာ ၄င်းတိုက်ကွက်တွင် အမေစု ကို အတွင်းစည်းမှပါဝင်ပေးဖို့ညှိနှိုင်းမှုပြုလုပ်နေသည်ဟု သိရပါသည်။ အမေစု က လည်းဂျပန် ခရီးစဉ် ရှိနေသလို ဆွေးနွေးဖို့ရက်နောက်ဆုတ်ထားတယ်ဟု ကိုလနန် ကပြောတာကြောင့် သို့လော သို့လောဖြစ် စရာဟုထင်ရသည်။ကေအိုင်အေမှ အရှေ့တီမော စတိုင် C4U+S (စု) ကိုတိုင် တည်တောင်း ဆိုပြီး လက် ရှိအစိုးရပြုတ်ကျသည်အထိ မဟာဗျူဟာရည်မှန်းချက်ဖြစ်တယ်လို့ ထူးထူးခြားခြား ကြားမိသည့် အတွက် စိတ်ဝင်စားစရာကောင်းလာသော ကစားပွဲဖြစ်လာမည်ဟု ထင်ရသည့် အတွက် မဖြစ်မနေစောင့် ကြည့်သင့်သော နှစ်သစ်ပွဲတစ်ပွဲဖြစ်လာနိုင်သလို ကေအိုင်အေ နဲ့ ဦးအောင်မင်း ဘယ်သူသာမလဲ စောင့်ကြည့်ကြရအောင်။

Credit : Here

KIA နယ်မြေအတွင်း အမေရိကန်များ ၀င်ရောက်ခဲ့ခြင်း ကြောင့် တရုတ် အစိုးရ က KIA ကို ဖြေရှင်းချက်တောင်း

KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့ တရုတ်မှတဆင့် အမေရိကန်နိုင်ငံ မှလူများ ၀င်ရောက်လာသောကြောင့် KIA ကို တရုတ်အစိုးရမှ ဖြေရှင်းချက်တောင်းထားကြောင်းသိရှိရပါသည်။ အမေရိကန်နိုင်ငံခြားရေးဌာန၊ အာ ရှဒေ သ တိုင်းရင်းသား လူမျိုးစုရေးရာဌာနမှ အထူးအကြံပေးအဖွဲ့ဝင်များသည် ပြီးခဲ့သောလအတွင်းက လိုင်ဇာသို့ ၀င်ရောက်ခဲ့သည်။ အဆိုပါအဖွဲ့အား တရုတ်နိုင်ငံ မန်ရှီမြို့မှ လိုင်ဇာသို့သွားလာနိုင်ရေးအတွက် ကူညီခဲ့သော တရုတ်နိုင်ငံသား၊ ကချင်လူမျိုး ၂ ဦးအား ယူနန်ပြည်နယ်အစိုးရမှ ဖမ်းဆီး ထားကြောင်း သတင်း များထွက်ပေါ်လာပြီးနောက် KIO အဖွဲ့ အား ယူနန်ပြည်နယ် အစိုးရက လာရောက်ဖြေ ရှင်းရန် တောင်းဆို ထားကြောင်းသိရှိရသည်။


အမေရိကန်ကိုယ်စားလှယ်အဖွဲ့လိုင်ဇာ ကချင်ဌာနချုပ်သို့ တရုတ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ၀င်ရောက်ခဲ့မှုကြောင့် KIO အဖွဲ့အပေါ် တရုတ်ခေါင်းဆောင်ပိုင်းက အမြင်မကြည်မှုများ ပိုမိုတိုးပွား လာခဲ့သည်။ KIO အနေဖြင့်လည်း မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ နီးနီးကပ်ကပ် ဆက်ဆံနေမှု များကြောင့် အမေရိကန်ထံတဖက် လှည့်ချဉ်းကပ်ခြင်းဖြစ်သည်။ အမေရိကန် အထူးအကြံပေး အဖွဲ့ဝင်ရောက်ခဲ့သည့် လမ်းကြောင်းအား ယူနန်ပြည်နယ် အစိုးရက ပြန်လည် စစ်ဆေး မေးမြန်း မှုများ ပြုလုပ်လျက်ရှိပြီး KIO အဖွဲ့၏ ဖြေရှင်းချက်ကို စောင့်ကြည့်လျက် ရှိကြောင်း ဌာနချုပ် ရှိ တပ်ဖွဲ့ဝင် တစ်ဦး ပြောဆိုမှုအရ သိရှိရ ပါသည်။

Credit : Here

လင်းယုန် နဂါး မာဖီးယား ကစားတဲ့ကွင်း မြန်ပြည် ဖြစ်နေခြင်း

မြောက်ကိုးရီးယား ပဋိပက္ခသည် ဘယ်သူကစပြီး ဘယ်သူက ကြိုးကိုင်နေသလဲ ထဲထဲ ၀င်ဝင် ဘယ်သူတွေး သလဲ ပြောရရင် ကြောင်ကိုဘယ်သူခြူဆွဲပေးနေသလဲ ကိုပွကြီးရဲ့ အာရှပစ္စိဖိတ် ခြေဆန့် လက်ဆန့် မ ဟာ ဗျူဟာ အခင်းအကျင်းအတွက် ကင်စမောလ်လေး ကို တိုက်ချင်းပစ် ဒုံးစမ်းလာအောင် ကုလနဲ့တည်ပေးပြီး ပူတင်တို့ ရှီကျင့်ဖျင်တို့ကိုလည်း မငြင်းသာ ခွာပြဲ တောင်ဘက်က မမတို့ဆီက ပိုက်ဆံလည်းရ မဟာ ဗျူဟာ လည်းဂွင်အကျ စစ်ရေးလေ့ကျင့်မှုကို ရန်စသလိုဖြစ်အောင်လုပ်ပြ ဒါသေချာကြည့်ရင် calendar ကျ ရိုက် ကွက် ဆို တာ မြင်လာရသလိုပါပဲ။


ကိုကြီးပွရဲ့ ကမ္ဘာ့အဆင့် ၁ ကလျှောမကျရေးနောက်ဆုံးဆေးလည်းဖြစ် ပေါက်ဖော်နဂါးကြီးကို ၂၀၅၀ မှာကျော်တက်မလာအောင် ဒီမတိုင်မီ ဆွဲချထားနိုင်ဖို့ နဂါးခြေနဂါးလက်တွေကိုချုပ်ထားနိုင်ဖို့ ဆိုရင် အာရှပစ္စိဖိတ် နဂါးထိန်းချုပ်ရေးမဟာဗျူဟာအတွက် ကင်စမောလ်လေးဟာ အစပျိုးဖို့အကောင်းဆုံး hard. attack ဖန်တီးမှုတစ်ခုဆိုတာပေါ်လာသလို သေချာပြန်စဉ်းစားရင်သူများတွေကိုဘေးဘီ ပဲကြည့်နေေ တာ့ ကိုယ့်ကိုကိုယ်မမြင်သလိုဖြစ်နေတြယ်လို့ ထင်ပါတယ်။ ပြန်ကြည့်ရင် ကိုကြီးပွ စခဲ့တာ မြန် မာနိုင်ငံ လို့ဆိုရင် မလွဲနိုင်ဟုဆိုရမည့် Soft power ဖြင့် စတင်နေခြင်း ဟုဆိုပါမည်။

ဘာကြောင့်ပါလဲ။မြန်မာနိုင်ငံ အပြောင်းအလဲဟာ ဘပြောင်တကယ်လုပ်နေသလို ကိုကြီးပွ ဟာ ၂၀၀၈ ကစလို့ ၂၀၁၀ အရွေ့ ဒီနေ့ထိ အရင်အနေအထားနဲ့ပြောရရင် ကိုကြီးပွကျေနပ်လက်ခံမှာမဟုတ်ပါ။ဒါပေမဲ့ ကိုကြီးဟာ မထင်မှတ်လောက်အောင်ပဲ strategy ပြောင်းပြီး ခြင်္သေ့ခေါင်းထွက် အာဏာစက်ရလာတာကို အားပေးကူထောက် မာမီစုပါ လွှတ်တော်ထဲရောက်အောင်တွန်းပို့ခဲ့တာ ဒါ အိုဘားမားရဲ့ Smart. Power အခင်း အကျင်းလို့ မြင်မကြည့်သင့်ဘူးလား စဉ်းစားကြပါ။ ဒီနေရာမှာ မဟာဗျူဟာ ထဲမှာ မြစ်ဆုံကစလို့. ကေအိုင်အေနဲ့လုံးနေရတာ ကျောက်ဖြူပိုက်လိုင်း လက်ပံတောင်း ဒီအပြောင်း ဒီအတောင်းတွေ ဟာ ဖြုတ်သာသာ အကာလောက်ပဲရှိတဲ့ ရှစ်ပူး ဗကသ ဘက ဒီငပွတွေရဲ့ ဦးဏှောက်က ထွက်နေ တာ ထင်ရင် မှားမယ်လို့ထင်ပါတယ်။

ပြန်ကြည့်ပါ ကိုကြီးပွဟာ မဟာဗျူဟာ တစ်ချက်မှားသွားလို့ ကုလားနဲ့စပေးခဲ့တဲ့မီးကြောင့် ဒီနိုင်ငံဒီလောက် တည်ငြိမ်နေတာပါ။အကယ်လို့များ ကုလားနဲ့မမဟုတ်ဘဲ တရုတ်နဲ့သာမီးမွှေးပေး လိုက်ရင် ကေအိုင်အေ နဲ့တောင်ဖြစ် ချိန်မရဘဲ နဂါးနဲ့ ၂ ပါးသွားနေရလောက်တာကြာပေါ့။

နောက်ထပ်စဉ်းစားစရာ၂ခုလောက်ပြောချင်ပါသေးတယ်။ ဂျော့ခ်ျဆိုးရော့မပါဘဲ ကမ္ဘာ့ဘဏ်ပြဿနာ မပြေနိုင်ပါ ထို နည်းတူစွာ ဂျော့ခ်ျဆိုးရော့ မကူဘဲ ဆူတာလှူတာ ပွင်လင်းတာတွေ လိုက်မဟောနိုင်ပါ။ ဒါကြောင့် tiger ယောင်ဆောင်နေတဲ့ pond ကလေးတွေဖြစ်တဲ့ ဟော ပြော ဖွ ဆွ ပြ လုပ်နေကြတာဟာ ရိုးသားပါသလား ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းက ဘယ်လိုကြိုးကိုင်နေတာလဲ ဆိုတာ သာမြင်ကြည့်ကြမယ်ဆိုရင်-----

ကဲမေးပြီဗျာ ခင်ဗျားတို့. (((( ပါတီများ အမတ်များ နိုင်ငံရေးသမားဆိုသူများ လက်နက်ကိုင်အဖွဲ့များ ဟိုအော် ဒီအော် များ ကိုထောင်ထွက်များ ဟိုအဖွဲ့ ဒီအဖွဲ့များ ၀ါဝါမြင်တိုင်းရွှေမဟုတ်သူများ ---ပြည် တွင်းပြည် ပပြည်ချစ်သူများ ----စသော )))) ဒါတွေစဉ်းစားပြီးပြီလား ဘာဆက်လုပ်ကြမှာလဲ? ???

နောက် ၁ ချက် ---ပါးရိုက်ခဲ့တဲ့ ဂျပန်၊ စောင့်ကန်ခဲ့တဲ့ဂျပန်၊ လက်သည်းခွံ ခွာခဲ့တဲ့ဂျပန်၊ ကိုကြီးပွကို မလှန် ရဲ တဲ့ ဂျပန် တစ်ဖန်ပြန်ပြီးကူညီနေပြန်ပြီ။ ပြန်စဉ်းစား ဗိုလ်ချုပ်တို့ အင်္ဂလိပ်ကိုတော်လှန်ဖို့. စစ်ပညာ သင်ပေး ထောက်ပံ့ပေးခဲ့တဲ့ဂျပန် ခုတစ်ဖန်ပြန်ပြီး ထောက်ပံ့ပေးပြန်ပါပြီ ကျေးဇူးတင်စရာ ထင်ရပေ မဲ့ မြင်ရတာ ရဲ့နောက်ကွယ်က မမြင်ရ သောလက်များလို့ဆိုရမဲ့ ကိုကြီးပွရဲ့ လက်ပွားတွေ များမဖြစ်နိုင် ဘူး လား သူကလည်း နဂါးကိုတွယ်ချင်သူပဲလေ သေချာတွေးလေ. ဟုတ်သလိုဖြစ်လေပါပဲ။

ဘပြောင်ကို အကြွေးတွေဆပ်ပေးပြီး ကျေးဇူးတင်မျက်နှာနာအောင်လုပ်ပီး တစ်ဖက်မှာ UNFC. ကိုစင်တင်ပေး အကုန်ထောက်ပံ့ပေးနေတာ စစ်ရေးက ကိုကြီးပွ နဲ့တစ်မျိုး ကိုယ်တိုင်တစ်ဖုံ ကေအိုင်အေ. နဲ့ UNFC. ကို ရဲဘော်သုံးကျိတ်စတိုင် မြန်မာပြည် ပြည်ထောင်စုကခွဲထွက် အသက်ဆက်ပေးနေတာ ဗိုလ်တို့အင်္ဂလိပ်ကိုတော်လှန်ဖို့ ကြိုးစားခဲ့တဲ့ပုံစံနဲ့ သဏ္ဍန်တူနေတာဟာ ခဲတစ်လုံး ငှက် ၂ကောင် ဗမာ ၁ကောင် နဂါး ၁ကောင် ပစ်တာများလား ။

စဉ်းစားကြည့်သင့်သလားလို့ပါ။

လင်းယုန်နဲ့ မာဖီးယား ပေါင်းထားတဲ့ဆေးခါး မှားမသောက်မိစေဖို့ ဘပြောင် ဘအောင် တို့အခင်းအကျင်း ဘမန်းတို့ ဆွဲသွင်းကာရှင်းပါမှ သာယာလှပခြင်းဆိုတာတွေ မြန်ပြေမှာ ရနိုင်သလို စစ်တပ်ကိုပဲ ဗျင်းနေ ကြတာဟာလည်း Smart. Power. အခင်းအကျင်းလို့ပဲထင်မိတာမို့။

ဒီတစ်ခါ KIA.ရဲ့ C4U+S. အခင်းအကျင်းနဲ့ဆွေးနွေးမဲ့အရေး မတိုင်မီ လွှတ်တော် --- ဗျို့.လွှတ်တော်လို့ လွှတ်အော်ပြီးဇွတ်ခေါ်ကာ မြန်ပြည်အနာဂတ်အရေး လေးလေး နက်နက်တွေး အပြေးတက်ကလေးနဲ့

အရေးကြီးအဆို---

အရေးကြီးအဆို---

C4U + S တောင်ပါသေးတာ လွှတ်တော်ဟာဘာမို့ချန်ထား ပြည်သူ့ ကိုယ်စား လှယ် ပြည် သူ့ ဆန္ဒ ပြည်သူ့သဘောထား ပြည်သူ့ လိုအပ်ချက် C4U + S အထက်မှာ လွှတ်တော် မပါရင် မြန်ပြေ တစ်ပိုင်းတစ်စ စတောင်းကြခွဲကြမဲ့ အရေးထာဝရငြိမ်းချမ်းရေး လွှတ်တော်ပါဝင်ရေး အရေးပေါ်ခေါ်. တင် သွင်းတော် မူကြပါဗျို့.

မောင်မြန်မာ

Credit : Here

ပြည်ခိုင်ဖြိုးပါတီဟာ ကွန်မြူနစ်ဆန့်ကျင်ရေးကို မှန်မှန်လုပ်နေပါတယ် – ရဲဘော်ဖိုးသံချောင်း

“ပြည်ခိုင်ဖြိုးပါတီဟာ ကွန်မြူနစ်ဆန့်ကျင်ရေးကို မှန်မှန်လုပ်နေပါတယ်။ သူတို့ ၀တ္တရားမပျက်စေရဘူး ဆိုတာ အာမခံလိုက်တာဖြစ်တယ်” လို့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြောခွင့်ရ ရဲဘော် ဖိုးသံချောင်းက ပြောဆိုလိုက်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ စတင်တည်ထောင်ဖွဲ့စည်းခဲ့ကတည်းက လူထုကို အကြမ်းဖက်တဲ့ နည်းတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လျှောက်လုပ်တာမျိုး ဘယ်တုန်းကမှ အားမပေးခဲ့ဘူးလို့ ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။

မိတ္ထီလာမြို့ ပဋိပက္ခကို ဗကပဩဇာခံတွေက အဓိကလှုံ့ဆော်ခဲ့တာလို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ဧပြီ ၆ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်ကို ထုတ်ဖော်ပြောကြားခဲ့တဲ့အပေါ် ဗကပရဲ့ သဘောထားအမြင် ဆက်သွယ်မေးမြန်းရာမှာ ရဲဘော်ဖိုးသံချောင်းက ခုလို ပြောလိုက်တာ ဖြစ် ပါတယ်။


ရဲဘော်ဖိုးသံချောင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ရဲ ဘော်ဖိုး သံ ချောင်း

ပြည်ခိုင်ဖြိုးပါတီရဲ့ ဦးအောင်သောင်းက မိတ္ထီလာမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ဗကပ ဩဇာခံ တွေက လုပ်သွားတယ်။ အဓိက လှုံ့ဆော်သူအဖြစ် လုပ်သွားတာလို့ သူက စွပ်စွဲပြောကြား သွားတယ်။ အဲဒီအပေါ် ဘာများပြောချင်ပါလဲ။

“အခုအခါမှာ အဲကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရမှာ အကျပ်အတည်းတွေ့နေတယ်။ သူတို့ကိုယ်တိုင် ပါဝင်ထားတာတွေဖြစ်နေတော့ ဖြေရှင်းရခက်နေတယ်။ အဲအချိန်မှာ သူတို့က အလွယ်ကူဆုံး ပုံချလို့ ရဖို့အတွက် တွေ့ကရာဆွဲ ဖော်ထုတ်လိုက်တာဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ဒါတွေနဲ့ ဘယ်တုန်းကမှလည်း မပတ်သက်ခဲ့ဖူးဘူး၊ မလုပ်ခဲ့ဖူးဘူး။ သူတို့က အဲမှာရှိနေသူတွေကို ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ပတ်သက်တယ်လို့ ပြောလိုက်ခြင်းအားဖြင့် ပြင်းပြင်းထန်ထန် စွပ်စွဲလို့ရထားသမျှ ဒါမှ မဟုတ် သူတို့ စတေးမယ့်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူတော့မယ့်ဟန် ပြည်သူလူထုကို ဖော်ပြ လိုက်တာ။ ဟန်လုပ်တာလို့ ထင်တယ်။ ရိုးသားတဲ့ပြောဆိုမှုလို့ မယူဆဘူး။”

အမေရိကန်သံအမတ်ကို ဒီလိုစကားမျိုးပြောလိုက်တာ ဘယ်လိုအဓိပ္ပာယ်၊ ဘယ်လိုသဘောမျိုး သက်ရောက်သွားလဲ။

“အမေရိကန်သံအမတ်ကို ဒီလိုစကားမျိုးပြောလိုက်တာဟာ သူတို့ဟာ ပြည်တွင်းမှာ ကွန်မြူနစ်ဆန့်ကျင်ရေး မှန်မှန်လုပ်နေတယ်၊ ၀တ္တရားမပျက်စေရဘူးဆိုတာ အာမခံလိုက်တာဖြစ်တယ်။ ဒါပေမယ့် ကျနော် ထင်တယ်၊ အမေရိကန်သံအမတ်ကလည်း သူတို့ ပြောတိုင်းမယုံပါဘူး။ သံတမန်ရေးရာအရတော့ လက်ခံ ရတာပေါ့လေ။ အဲလိုအခြေအနေမျိုးမှာ ပြောတဲ့စကားဆိုတော့ နှစ်ဖက်လုံး သံတမန်သဘောပိုဆန်တယ် ထင်တယ်။”

မန်မာပြည်မှာ လက်ရှိ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီ ၅၀ ကျော်ရှိတဲ့အထဲ အမေရိကန် သံအမတ်က ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်တွေကို သွားတွေ့တာက ဘယ်လိုမှတ်ချက် ပေးချင်ပါလဲ။

“သိပ်တော့ မထူးဆန်းပါဘူး။ အာဏာရပါတီကို တချို့ကိစ္စတွေမှာ ဦးစားပေး ဆက်ဆံတယ်။ ဘယ်နိုင်ငံက မဆို လုပ်လေ့ရှိတယ်လို့ ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ အထွေအထူးပြောစရာ မရှိပါဘူး။ လုပ်ရိုး လုပ်စဉ်တမျိုးလို့ နားလည်ပါတယ်။”

အရင် စစ်အစိုးရလက်ထက်ကလည်း ဒီလိုပဲ ဗကပကို စွပ်စွဲလေ့ရှိတယ်လေ။ ဒီမိုကရေစီသွားနေတဲ့ ဒီဘက်ခေတ်မှာ အာဏာရပါတီ ထိပ်တန်းခေါင်းဆောင်တဦးက ထပ်စွပ်စွဲလိုက်တာက။

“ကျနော်တို့မြင်နေတာက လက်ရှိအစိုးရဟာ သူတို့ဘယ်လို ဟန်ဆောင်မှုတွေ၊ ၀ါဒဖြန့်မှုတွေလုပ်သည် ဖြစ်စေ သူတို့အရိုးထဲအသည်းထဲက အဆက်ဆက်ရှိခဲ့တဲ့ မုန်းတီးမှုတွေ၊ အာဃာတတွေကို ဘယ်လိုမှ မဖျောက်နိုင်ဘူး။ အဲဒါတွေအရ ဆက်လုပ်နေသေးတယ်၊ ရှေ့လည်းဆက်လုပ်ဦးမယ်။ အခုအခါ နိုင်ငံရေးအကျပ်အတည်းပေါ်လာတာနဲ့ အဲ အသွင်အပြင်တွေနဲ့ လုပ်နည်းလုပ်ဟန်တွေ ပြန်ဖော်ပြလာ တယ်။ ဥပမာ လက်ပန်းတောင်းကို အပြင်းအထန် နှိမ်နင်းတာကအစ အကုန်။ သူတို့ရဲ့ အတွင်းလက္ခဏာ တွေ ပေါ်လာတယ်။ တဆက်တည်း ဗကပကို ပုံချတာက အရင် အကျင့်ဟောင်း ဖော်ပြလာတာလို့ပဲ ယူဆ တယ်။”

အရေးအကြောင်းရှိတိုင်း ဗကပ၊ ယူဂျီတွေလို့ ပြောပြောနေတာကို ပြည်သူလူထုတွေကလည်း ရိုးနေပါပြီ။ ဘာလို့ ထပ်တလဲလဲပြောနေတယ်လို့ ဆရာယူဆပါလဲ။

“မြန်မာပြည်နိုင်ငံရေးမှာ ဗကပနဲ့ သူတို့နဲ့ လုံးဝမဆက်ဆံဘူး။ ဗကပကိုပဲ တရားခံတယောက်လို့ လက်ညှိုး ထိုးထားလို့ရအောင် လုပ်တာဖြစ်ပါတယ်။။ သူတို့ထုံးစံ လုပ်တဲ့အစဉ်အလာက သူတို့မှာ ရန်သူတယောက် အမြဲထိုးပြထားဖို့ လိုတယ်။ ရုပ်ရှင်းကားတွေလိုဆိုရင် လူဆိုး၊ ဗီလိန်ပေါ့။ အဲလို ထိုးပြနိုင်ဖို့ ကြံဖန်ပြီး ဖန်တီးတဲ့ လုပ်ကွက်တခုလို့ မြင်တယ်။”

မတ်လအတွင်းဖြစ်သွားတဲ့ မိတ္ထီလာပဋိပက္ခအပါအ၀င် ပဲခူးတိုင်းအနောက်ပိုင်း အကြမ်းဖက် ဖြစ်ပွားမှုတွေ အပေါ်မှာရော ဗကပ အနေနဲ့ ဘယ်လိုသုံးသပ်ပါလဲ။ ဒီဖြစ်ရပ်တွေဟာ ဘယ်လို ကြောင့် ဒီလောက်အထိ ဖြစ်သွားရတာပါလဲ။

“ကျနော်တို့ တိုင်းပြည်မှာ ပြည်သူလူထုကြီးဟာ စားဝတ်နေရေးဆင်းရဲမှု၊ အဖက်ဖက် အကျပ်အတည်း ကြောင့် စိတ်တွေ မကျေမလည်ဖြစ်နေတာတွေ ဒါတွေက အခြေခံရှိနေပြီးသား။ မိတ္ထီလာမှာဖြစ်တာက မတော်တဆဖြစ်တာလို့ ထင်တယ်။ သို့သော် အဲလိုအခြေအနေမှာ တချို့သောအင်အားစုတွေက အစိုးရ အပါအ၀င် တမင်ဖန်တီးလိုက်တာလည်း ပါတယ်။ ဒါကြောင့် ဒီလောက်အကြီးကြီးဖြစ်သွားတာ။ ဒါကြောင့် မြန်မာ ဗုဒ္ဓဘာသာဝင်ဖြစ်ပါစေ၊ မြန်မာပြည်သား အစ္စလာမ်ဘာသာဝင်ဖြစ်ပါစေ တဖက်နဲ့တဖက် အာဃာတနဲ့ လုပ်စရာကို မရှိဘူးလို့ ထင်တယ်။ ဒါက ဖန်တီးပေးတာ။ အစိုးရက တမင်လုပ်တယ်လို့ ထင်တယ်။”

“ဘာလို့ တမင်လုပ်တာလဲဆိုတော့ မြန်မာတပြည်လုံးမှာ သူတို့အုပ်ချုပ်ဖို့ လိုအပ်တယ်။ သူတို့စစ်တပ် ကြီးကြီးမားမား တည်ရှိနေဖို့ လိုအပ်တယ်။ စစ်တပ်ကို အသွင်ပြောင်းထားတဲ့လူတွေပဲ အုပ်ချုပ်နေဖို့ လိုအပ်တယ်ဆိုတာ ဖော်ပြဖို့ လိုပါတယ်။ နောက် မမေ့သင့်တာက အခုလို အဓိကရုဏ်းတွေ ဖန်တီးနေချိန် မှာပဲ လက်ပန်းတောင်းဘက်မှာ သူတို့လုပ်ငန်းတွေကို ပြည်သူလူထု သဘောမတူဘဲ ဖိလုပ်နေတယ်။ ဒါတွေကို ဖုံးထားဖို့ အာရုံပျက်အောင်၊ သူတို့ လုပ်ချင်တာ လုပ်လို့ရအောင် ဆက်အကောင်အထည်ဖော် နေတယ်။ မြေသိမ်းတာတွေ၊ အက်ဆစ်စက်ရုံ လည်ပတ်တာတွေ အတင်းလုပ်နေပါတယ်။ ဒါကိုလည်း ဘယ်ကော်မရှင်ကမှ မတားပါဘူး။ သိချင်ဟန်မပြုဘူး။ အဲလို အခြေအနေမျိုးပါ။”

တခြားဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။

“ဗမာပြည်ကွန်မြူနစ်ပါတီ ရှေးအစဉ်အလာကရော၊ ပါတီစထောင်ကတည်းကရော လူထုကို အကြမ်း ဖက်တဲ့နည်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဘယ်တုန်းကမှလည်း အားမပေးခဲ့ဘူး။ မပါဝင်ခဲ့ဘူး။ အလား တူပဲ ဘာသာရေး၊ လူမျိုးရေးလက္ခဏာဆောင်တဲ့ လှုပ်ရှားမှုတွေကိုလည်း ဘယ်တုန်းကမှ အားမပေးခဲ့ဘူး၊ မပါခဲ့ဘူး။ နောင်မှာလည်း အဲလိုလုပ်မှာမဟုတ်ဘူး။ တိတိလင်းလင်း ဒီနေရာက ပြောချင်တယ်။ ပြည်ခိုင်ဖြိုးအမည်ခံ စစ်ဗိုလ်ဟောင်းတွေက ပြောနေတာကိုလည်း ချေပနေမှာ မဟုတ်ဘူး။ သူတို့နဲ့လည်း ဖက်ပြိုင်ပြောနေမှာ မဟုတ်ဘူး။” 

Credit : Here

မိတ္ထီလာ ရွှေဆိုင်ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သူ ၃ ဦးကို အမှုစစစ်

မိတ္ထီလာမြို့ ပဋိပက္ခစခဲ့တဲ့ ရွှေဆိုင်ရန်ဖြစ်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို မိတ္ထီလာမြို့နယ် တရားရုံးမှာ တရားစွဲဆိုဖို့ ဒီကနေ့ အမှုစတင်စစ်ဆေးနေပြီလို့ မန္တလေးတိုင်းဥပဒေချုပ် ဦးရဲအောင်မြင့် က ပြောပါတယ်။


မိတ္ထီလာပဋိပက္ခမှာ ပထမ အစပျိုးခဲ့တဲ့ ရွှေဆိုင် ရွှေရောင်းဝယ်ရေးကိစ္စမှာ ပါဝင်ခဲ့သူ ၄ ဦးထဲက ၃ ဦးကို စတင်စစ်ဆေးလိုက်တာဖြစ်ပြီး တဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတာမို့ တရားခံပြေး အမှုအနေနဲ့ စွဲဆိုမှာဖြစ်ပါတယ်။ စွဲဆိုမယ့် ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ ကျခံရနိုင်တဲ့ ပြစ်ဒဏ်တွေကိုလည်း ဦးရဲအောင်မြင့်က ခုလို ရှင်းပြပါတယ်။

“ပထမဆုံးဖြစ်စဉ်မှာတော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၂၊ အဲဒါက ပစ္စည်းယူပြီး ဒဏ်ရာရအောင်လုပ်ပြီး ပြင်ဆင်ပြီး နာကျင်စေအောင် လုပ်တာပေါ့။ ဒါဆိုရင် ပုဒ်မ ၃၈၂ ဖြစ်ပါတယ်။ ဥပဒေက ပြဋ္ဌာန်းထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်ကတော့ ထောင်ဒဏ် ၁၀ နှစ်ပါ။ နောက် ရိုက်လိုက်တယ်၊ အရိုးတွေကွဲသွားတယ် ဒါကျတော့ နာကျင်စေမှုပေါ့။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ ပြင်းထန်စွာနာကျင်စေမှုဆိုရင် အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်းရှိတယ်။ ဆဲဆိုတာကျတော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၄ အရ ထောင်ဒဏ် ၃ လ။ တဦးထက်ပို ကျူးလွန်တယ်ဆိုရင် ပုဒ်မ ၁၁၄ အရ အားပေးကူညီသူဖြစ်တယ်။ အားပေး ကူညီတွေကတော့ ပြစ်မှုကျူးလွန်သူကဲ့သို့ ပြစ်ဒဏ်များကို စီရင်နိုင်မှာဖြစ်ပါတယ်။”

မိတ္ထီလာပဋိပက္ခ ဖြစ်ပွားခဲ့တာဟာ ရွှေဆိုင်အရောင်းအ၀ယ်ကိစ္စက ပထမဖြစ်ပြီး ဒုတိယဖြစ်စဉ်ကတော့ သံဃာတော်တပါးကို ၀ိုင်းဝန်းရိုက်နှက်သတ်ဖြတ်လိုက်တဲ့ အဆင်ခြင်မဲ့လူတစုကြောင့် ဖြစ်တယ်လို့ ဆိုပါ တယ်။

ဒုတိယ ဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့ လူတစုဟာ အကြမ်းဖျင်းအားဖြင့် သိထားတာ ၉ ဦးဖြစ်ပြီး လောလောဆယ် ၆ ဦး ဖမ်းမိထားတယ်လို့ ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဒီလူတစုကပဲ လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်ပါ့မလားဆိုတာနဲ့ပတ်သက်ပြီး တိုင်း ဥပဒေချုပ် ဦးရဲအောင်မြင့်က အခုလို ပြောပါတယ်။

“ကျနော်က ဖြစ်စဉ် ၂ ခုကို ပြောခြင်းဖြစ်ပါတယ်။ ကျန်တဲ့ ဖြစ်စဉ်တွေမှာတော့ သက်ဆိုင်ရာ ကျူးလွန်သူ တွေကို ဆက်လက် စုံစမ်းဖော်ထုတ်သွားမှာပါ။ နောက်ထပ်အမှုတွေ ရှိပါသေးတယ်။ ဆက်လက်စုံစမ်း အရေးယူ ဖော်ထုတ်သွားမှာဖြစ်တယ်။”

မိတ္ထီလာပဋိပက္ခအတွင်း ဥပဒေဖောက်ဖျက်ကျုးလွန်ခဲ့သူတွေကို တရားဥပဒေအတိုင်း အရေးယူဖို့ တရားဥပဒေစိုးမိုးရေးကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဆောင်ပြီး ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။

မိတ္ထီလာမြို့ ပဋိပက္ခစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး ဦးဆောင်ဖွဲ့စည်းထားပြီး ဒီနေ့ထိတော့ အဲ့ဒီအဖွဲ့ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခြင်း မရှိသေး ပါဘူး။

အကြမ်းဖက် ပဋိပက္ခများကြောင့် ၄၃ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝ ကျော်၊ ဗလီ ၃၇ လုံး၊ ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်မှာ လူ ၁ သောင်းလောက် ဒုက္ခသည်ဖြစ်ခဲ့ရပြီး ရဲက လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

Credit : Here

မြန်မာ့ရုပ်သံ ဒီဂျစ်တယ်စနစ်ပြောင်းမည်

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ဟာ လက်ရှိ ထုတ်လွှင့်နေတဲ့ Analog စနစ်အစား ဒီဂျစ်တယ်စနစ်ပြောင်းပြီး Set-top Box နဲ့ ဖမ်းယူကြည့်ရှုရတဲ့ စနစ်ကို အစားထိုးမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ဒီအတွက် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ရုပ်သံလိုင်းဟာ receiver နဲ့ ဖမ်းယူကြည့်ရှုရတဲ့ တတိယမြောက် ရုပ်သံအစီအစဉ် ဖြစ်လာမှာပါ။ လောလောဆယ် MRTV-4 ရုပ်သံလိုင်းနဲ့ မြ၀တီရုပ်သံလိုင်းတွေက Set-top Box အသုံးပြု ဖမ်းယူကြည့်ရှုတဲ့စနစ်နဲ့ ထုတ်လွှင့်နေပါတယ်။

မြန်မာ့ရုပ်သံဟာ ဒီဂျစ်တယ်စနစ်ပြောင်းပြီး receiver နဲ့ ထုတ်လွှင့်နိုင်ဖို့အတွက် Set-top Box ပေါင်း ၁ သန်း ၀ယ်ယူလိုကြောင်း တင်ဒါ ခေါ်ယူထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကလည်း မြန်မာ့ရုပ်သံကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ် ပြောင်းဖို့ရှိပြီး ဘီဘီစီအသံလွှင့်ဌာနလို ဖြစ်လာမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း ဂျပန် မိုင်အိနီချိ သတင်းစာနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

Credit : Here