Sunday, April 7, 2013

ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ဖို့ မမေ့ပါနှင့်

ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက် ခြင်းဖြင့် ခန္ဓာကိုယ် ဝိတ်အား ထိန်းသိမ်း ပေးသည်။

အမေရိကန် ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူ အယောက် (၁ဝဝဝ) ဖြင့် လေ့လာဆန်းစစ် ရာတွင် ထမင်းမစားမီ ဟင်းရည်ပူ သောက်သူသည် စားသော ထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်း စေသည်။ သာမန်အားဖြင့် ထမင်းစား မြန်သူသည် အဝ လွယ်သည်။ အကြောင်းမှာ ဦးနှောက် အတွင်းရှိ (အာသာ) ချဉ်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့် သတင်းရဖို့ အချိန်အနည်းငယ် ယူရသည်။ ထိုအချိန် ယူနေစဉ် အတွင်းတွင် အစားမြန်သောသူက ပိုလွန်သော အစားများ စားသုံးပြီး ဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ခြင်းဖြင့် ထမင်းအစား နည်းစေပြီး ဝခြင်းမှ ကာကွယ် ပေးနိုင် သည်။

Credit : Here

ဦးဝင်းတင် ထောင်ဝတ်စုံ ပြန်အပ်ရတော့မလား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်
(ဓာတ်ပုံ – ဧရာဝတီ)

သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ၂၀၀၈ ခုနှစ် က အင်းစိန်အကျဉ်းထောင်က လွတ်မြောက်စဉ် ၀တ်ဆင်သွားတဲ့ အပြာ ရောင် ထောင် ၀တ်စုံကို ပြန်လည် အပ်နှံဖို့ မနေ့တုန်းက အင်းစိန် ရဲစခန်းက ပထမဆုံးအကြိမ် တရားဝင် တောင်းခံလိုက်တယ်။

၅ နှစ်ကြာမှ အင်းစိန် ရဲစခန်းက ရဲမှူး ဆိုသူက ဖုံးဆက် တောင်းခံခြင်းဖြစ်ပြီး ဦးဝင်းတင် ကတော့ မအပ်နိုင်ကြောင်း၊ တရားစွဲမယ်ဆိုလည်း ရင်ဆိုင်သွားဖို့ အသင့်ရှိကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရတယ်။


“ထောင်ဝတ်စုံကို အပ်ပါ၊ မအပ်နိုင်ဘူး၊ ဒါဆို ငွေ နှစ်ထောင် လျော်ပါ၊ မလျော်နိုင်ဘူး၊ နောက်ဆုံး သူတို့ စိုက်လျော်ပါမယ် လက်မှတ် ထိုးပေးပါ ဆိုတယ် ကျနော် ထိုးမပေးနိုင်ဘူး ငြင်းလိုက်တယ်”လို့ ဦးဝင်းတင်က ဆိုပါတယ်။

ထောင်က လွတ်စဉ်တုန်းက ဒီဝတ်စုံကို မချွတ်ရင် တရားစွဲမယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပေမယ့် လည်း ချွတ်ယူမယ်ဆိုရင် ၀တ်လစ္စလစ်နဲ့ ထောင်ကထွက်မယ်လို့ အဲဒီကတည်းက အပြတ်ပြောဆိုပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ ၀တ်စုံပြန်မအပ်ရင် ဥပဒေအရ အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်စကားတွေကို သံတမန် အသိုင်းအ၀ိုင်း ကနေ တဆင့်ကြားသိနေရပေမယ့် ဖမ်းဆီး တရားစွဲဆိုမှုကို ရင်ဆိုင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ ဦးဝင်းတင် က ဆက်ပြောပါတယ်။

ထောင်ဝတ်စုံကို ၀တ်ပြီး ထောင်ကထွက်ခဲ့ရတာဟာ ၂၀၀၅ ခုနှစ် အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း ကိုယ်တိုင် မိမိ ကို လွှတ်ပေးလိုက်ပြီလို့ လူပေါင်း ၁၀၀ ကျော်ရှေ့မှာ ပြောဆိုခဲ့ပေမယ့်လည်း နောက်ပိုင်း ပြန်လည် အကျဉ်းချခဲ့တဲ့အတွက် မယုံကြည် တာကြောင့် ထောင်ဝတ်စုံကို မချွတ်စတမ်းဝတ်ပြီး ထောင်က ထွက်ခဲ့ရတာပါလို့လည်း ပြောဆိုပါတယ်။

ဦးဝင်းတင်ဟာ ထောင်ကလွတ်ကတည်းက ထောင်ဝတ်စုံကို အဆင်အမြဲ ၀တ်ဆင်နေတာလည်း ဖြစ်ပါ တယ်။

ထောင်ဝတ်စုံကိစ္စ အစပြန်ဖော်တာဟာ အစိုးရအနေနဲ့ ဥပဒေဘောင်အတွင်းက ရမယ်ရှာခြင်းဖြစ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။

အခု အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အင်းစိန်ရဲစခန်းကို မေးမြန်းတဲ့အခါမှာတော့ မသိရှိကြောင်း ငြင်းဆိုသွား ပါတယ်။

ဦးဝင်းတင်အနေနဲ့ ၂၀၀၅ ခုနှစ်တုန်းက လွတ်မြောက်ပြီးမှ ထောင်တွင်း ပြန်လည်အကျဉ်းချထားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ထောင် အာဏာပိုင်တွေကို ပြန်လည် တရားစွဲဆိုမယ်လို့လည်း ပြောဆို ပါတယ်။

ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လအတွင်း စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခံခဲ့ရပြီး ထောင်တွင်းမှာ ၁၉ နှစ်ကျော် နေခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်က အင်းစိန်အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

Credit : http://burma.irrawaddy.org/archives/37155#.UV-aIWH7VV0.facebook

သာကေတ (၇) ရပ်ကွက်မှာဘုရားလှည့်လည်အပူဇော်ခံနေပုံပါ



သာကေတ (၇) ရပ်ကွက်မှာဘုရားလှည့်လည်အပူဇော်ခံနေပုံပါ။ ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာဂုဏ်တော် တွေကိုရည်စူးတဲ့ ၉၆၉ နဲ့ပါ။ ဘာသာ သာသနာကိုကာကွယ်စောင့်ရှောက်နေပုံတွေပါ

Credit : Here

ဝ ပြည်နယ်ထူထောင်ခွင့်ပေးဖို့ လွှတ်တော်မှသာ အာဏာရှိကြောင်းဦးအောင်မင်းပြော

လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ၌တွေ့ရသော သျှောင်းဆမ်ခွန်းနှင့်ဦးအောင်မင်း
(ဓါတ်ပုံ- SNLD)

လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် မှ တင်ပြတောင်းဆိုသည့် ၀ ပြည်နယ်ထူထောင် ခွင့်ပေးရန်အတွက် အာဏာမှာ လွှတ်တော်အတွင်း၌သာရှိကြောင်း ဦးအောင်မင်းက ပြောပါသည်။


“ ဆွေးနွေးပွဲဖွင့်ပွဲရက်မှာဘဲ ဝ ပြည်နယ်ကိုယ်စားလှယ်အဖြစ်တက်ရောက်တဲ့ သျှောင်းဆမ်ခွန်းရဲ့ ဝ ပြည် နယ် ထူထောင် ခွင့်ပေးဖို့ တောင်းဆိုတဲ့ကိစ္စ။ ဖွင့်ပွဲပြီးဆုံးတော့ သျှောင်းဆမ်ခွန်းက ဦးအောင်မင်းနဲ့ တွေ့တယ်။ ဦးအောင်မင်းက သူ့ကိုပြော လိုက်တယ်။ ၀ ပြည်နယ် ပေးဖို့ကိစ္စ သူ့မှာ ဘာအာဏာမှ မရှိဘူး။ လွှတ်တော်ထဲမှာဘဲ ဆုံးဖြတ်ခွင့်အာဏာ ရှိတယ် လို့ပြောတယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူ တဦးက ပြောသည်။

သျှမ်းပြည်နယ် - ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ ၏ ပထမရက်ဖြစ်သော မတ်ခ်ျလ ၂၀ ရက်နေ့ ဖွင့်ပွဲအခမ်းအနား၌ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ၏ ကိုယ်စားလှယ်အဖြစ်တက် ရောက် သော UWSP / ဒုပြင်ပဆက်ဆံရေးမှူး သျှောင်းဆမ်ခွန်းက “ သီးခြား ၀ ပြည် ထူထောင်ဖို့ တောင်းဆိုတယ်။ ၀ ဒေသကို လာ ရောက်တဲ့ သူတိုင်းကိုလည်း ဒီအကြောင်း ပြောပြတယ် ။ ၁၉၉၃ ကတည်းက တောင်းဆိုလာ တယ်။ ဦးအောင်မင်း ပန်ဆန်း လာ တုန်းကလဲ ပြော တယ်။ ၀ ပြည် မထူထောင်နိုင်သရွေ့ ဆက်ပြီးတောင်းဆိုသွားမယ်”ဟု ပြောဆိုသည့်အပေါ် ဦးအောင်မင်း က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင်လည်းဖြစ်ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သော စိုင်းလိတ်က- ၀ ပြည်နယ်တောင်းတယ်ဆိုတာ သူ့မှာတောင်းပိုင်ခွင့်ရှိလို့တောင်းတာဘဲ။ ပေးမပေး ကိစ္စက ကျနော်တို့ သျှမ်းပြည်ထဲမှာ ရှိနေတဲ့ အခြားတိုင်းရင်းသားတွေ တောင်မှ ဘာအခွင့်အရေးမှမရှိသေးတော့ ဘာမှဝေဖန်ချက်ပေးဖို့မရှိပါဘူး- ဟုသျှမ်းသံတော် ဆင့်အားပြောပြဖူးပါသည်။

ထို့အပြင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေအတွင်းသို့လည်း တခြားသော တိုင်းရင်းသားနယ်မြေများကဲ့သို့ မြန်မာအစိုးရ၏ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ယန္တရား ချပေးရန်ဆန္ဒရှိကြောင်း သျှောင်းဆမ်ခွန်းအား ဦးအောင်မင်းကပြောကြားသည်ဟုဆိုပါသည်။

သျှောင်းဆမ်းခွန်းဘက်မှ ဤကိစ္စ အထက်သို့ဆက်လက်တင်ပြသွားမည်ဟုဆိုပါသည်။

နောက်ဆုံးရရှိသော သတင်းအရ ယခင်က နိုင်ငံသားမှတ်ပုံတင်မရှိသော ၀ အမျိုးသားများကို ၀ ပြင်ပ ဆက်ဆံရေးဌာနမှ လက်မှတ်ထုတ်ပေးလျှင်တန့်ယန်းကိုကျော်ဖြတ်၍ တိုင်းပြည်အနှံ့ သွားနိုင်ခဲ့ကြောင်း၊ သို့သော်ပြီးခဲ့သည့် အပတ်မှစ၍ မြန်မာအာဏာပိုင်များက ပြင်ပဆက်ဆံရေးဌာန လက်မှတ် ကိုင်ဆောင်သူ များဖြတ်သွားခွင့်အား ပိတ်ပင်ခဲ့ကြောင်း ကြားသိရပါသည်။

မတ်ခ်ျလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသော အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်၊ အင်္ဂလန်၊ အင်ဒိုနီးရှား၊ ပရူနိုင်း နိုင်ငံ တို့မှ အရာရှိများ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့ အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ လူထု ကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀ ကျော် တက်ရောက် သည် ဟု သိရှိရပါသည်။

သျှမ်းသံတော်ဆင့်

Credit : Here

ရန်ကုန်တွင် One Stop Services ဌာနဖွင့်လှစ်မည်

ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူများအား တစ်နေရာတည်း၌ အပြီး ဝန်ဆောင်မှုပေးနိုင်မည့် One Stop Services ဌာနကြီးကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီး ဌာန၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ အလုပ်သမားဝန်ကြီးဌာန နှင့် စက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်မြို့ကန်ဘဲ့ရှိ သစ္စာလမ်းတွင် ဧပြီလ ၁၀ ရက်နေ့တွင် ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း သိရသည်။

Credit : Here

ကြက်ဥကြော်ရာက မီးလောင်မှုဖြစ်

၆-၄-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့ကင်းသာ ကျေးရွာအုပ်စု၊ တဲကူးရွာနေ ဦးစိုးသိန်း(၄၃)နှစ်၏ နေအိမ်မီးဖိုချောင်တွင် ကြက်ဥကြော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ်တဲ ၂၁ လုံး၊ (၃)ပင်/(၄)ပင် သွပ်မိုး၊ အုတ်နံရံကပ် ၁ လုံး၊ စုစုပေါင်းနေအိမ်(၂၂)လုံး အား လောင်ကျွမ်းခဲ့ပြီး ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၆၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။

အခင်းဖြစ်နေရာသို့ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူမျာ ၀ိုင်းဝန်ငြှိမ်းသတ်မှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိသော်လည်း ဆိတ်(၁၉)ကောင် မီးလောင်ကျွမ်းသေးဆုံးခဲ့သဖြင့် တန်ဘိုးငွေကျပ် (၁၀)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂၂)စု၊ လူဦးရေ ကျား ၄၃ ဦး၊ မ ၄၄ ဦး၊ စုစုပေါင်း ၈၇ ဦးတို့အား ကျေးရွာရှိ မြတ်ရတနာဘုန်းကြီးကျောင်း၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားရှိခဲ့ပြီး မီးပေါ့ဆသူ ဦးစိုးသိန်းအား မြစ်ခြေရဲစခန်း(ပ)၂၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ထား ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဦးပိန်တံတားသမိုင်း


အမရပူရမြို့နယ်အတွင်းရှိ တောင်တမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံ တက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်း ကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ်ကျော်ကြားပေသည်။ ဦးပိန်တံတားသည် ၁.၂ ကီလိုမီတာ (သို့မဟုတ်) တစ်မိုင် ၏ ၄ ပုံ ၃ ပုံ ရှည်လျား ၍ ကမ္ဘာ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘမှာ အရှည်ဆုံး ကျွန်းသားတံတား ဖြစ်သည်။ တံတားဆောက်လုပ်သောနှစ်ကို အင်းက အော်အာ ဆောက်လုပ်ခါ (၁၂၁၁)ဟု၎င်း၊ ပြီးစီးသည့် နှစ်ကို အင်းကအော်ညီး ဆောက်လုပ်ပြီး (၁၂၁၃)ဟုလည်း မှတ်သားထားကြသည်။ တံတားပြီးစီးစက တိုင်ပေါင်း ၉၈၄-တိုင်(န၀ အဋ္ဌဇယမောင်ပိန်) အခန်းပေါင်း ၄၈၂-ခန်းရှိခဲ့သည်။


တံတားအရှည်မှာ (၃၉၇၆)ပေ ရှည်၏။ နားနေဇရပ် လေးဆောင်ရှိပြီး ဘုရင့်ဖောင်တော်များ လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ရန် ဖောင်ကြောင်း ကိုးခုကိုလည်း စီစဉ်ထားရှိလေသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မြစ်ရေကြီးမှုကြောင့် တံတားရေမြှုပ်ကာ အခန်းအချို့ ပျက်စီးသွားခဲ့ရာ အမရပူရအမတ် ဦးဘသီက ပြန်လည်ပြင်ဆင်ခဲ့သည်။ ၁၉၇၃-ခုနှစ်ကလည်း အခန်းရှစ်ဆယ်ကျော် ရေမျောသွားခဲ့သည်။ ထိုစဉ်က မဟာဂန္ဒရုံဆရာတော် အရှင် ဇနကာဘိဝံသ ဦးဆောင်၍ အမရပူရမြို့နယ် ပြည်သူလူထုနှင့် ပြုပြင်ခဲ့သည်။

ဦးပိန်တံတားသမိုင်း

ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါးဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟုခေါ်သည့် ကုလား(မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင်မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူ ချီးမြှောက်ခြင်းခံရသူမှာ ၄င်း၏တပည့် မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်း လှသဖြင့် အမရပူရတစ်မြို့လုံးသည် ခြောက်ခြားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၄င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့် တကွကွပ်မျက်ခဲ့သည်။

မြို့စာရေး မောင်ပိန်သည် မွတ်ဆလင်ဘာသာဝင် ဖြစ်သော်လည်း မြန်မာဘုန်းတော်ကြီးကျောင်း ထွက်ဖြစ် သည်။ ခရစ်နှစ် ၁၈၄၉-ခုနှစ်တွင် အမရပူရမြို့စာရေး မောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ် အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ သစ်သားတံတားကြီး တစ်ခုကို တည်ဆောက်လေသည်။ တံတားဆောက်လုပ်ရန် သစ်များကို ပုဂံမင်း၏ အမိန့်အရ အင်းဝ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ ဘုန်းတော်ကြီးကျောင်းဟောင်းများ ဖျက်ခြင်းဖြင့် ရရှိသည် ဟုဆိုသည်။ တည် ဆောက်ရသည် အကြောင်းမှာလည်း အကောင်းမဟုတ်။ တစ်ဖက်ကမ်းရှိ မွတ်ဆလင်များ ကို ဘိုင်ဆပ်က အမရပူရသို့ အကြောင်းရှိလျှင် အမြန်ကူးနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောက်သည်ဟု ဆိုပါသည်။ တည်ဆောက်သူ မောင်ပိန်ကို အစွဲပြုပြီး ဦးပိန်တံတား ဟုသာ အမည်တွင်သည်။ မည်သို့ဆိုစေကာမူ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်တံမန်အင်း၏ အထင်ကရ ပြယုဂ်အနေဖြင့် ထင်ရှားလျက် ရှိပေသည်။

သက်တမ်း ၁၅၀

ဦးပိန်တံတား သက်တမ်း နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်သည်။ အင်းဝနေပြည်တော်မှ ရွှေ့ပြောင်းမြို့တော် တည်ထောင်ခဲ့သော အမရပူရသည် ဘိုးတော်ဘုရားလက်ထက်က လူမှုရေး၊ စီးပွားရေး၊ မြို့ပြအိမ်ယာ များနှင့် စည်းကားဖွံ့ဖြိုးခဲ့ပုံကို သမိုင်းမှတ်တမ်းများ၌ တွေ့ရှိရကြောင်း၊ မျက်မှောက်ခေတ် အမရပူရ မြို့ဟောင်းသည် စေတီပုထိုးသမိုင်း အဆောက်အဦအချို့က ရှေးခေတ်ကို တစေ့တစောင်း ပြသလျက်ရှိသော်လည်း မန္တလေးမြို့တော်နှင့် ဆက်စပ်လျက် ရှိနေသဖြင့် တိမ်မြုပ်လုမတတ်ရှိနေသည်။ ရက်ကန်းလုပ်ငန်းဖြင့် ထင်ရှားသော မြို့တစ်မြို့အဖြစ်သာ အသိအမှတ်ပြုကြရသည်။ သို့ရာတွင် သမိုင်းကို ဖော်ပြနေသော ရပ်ကွက်ကြီးများ၏ အမည်များနှင့် အနုပညာလုပ်ငန်း အတန်းအစု အကွက် အမည်များက ရှေးခေတ်အမရပူရ ကို ပြောပြနေဆဲရှိသည်။

ယခုအခါ အမရပူရမှာ လေ့လာစရာအဖြစ် ရှေးဦးစွာ ဦးတိုက်လေ့လာကြည့်ရှုကြသော နေရာကား တောင်သမန် ဦးပိန်တံတား ဖြစ်သည်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ မြို့စာရေး ဦးပိန်တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည်တွင်သည်။ ဦးပိန်သည် မိုးတွင်းကာလ တောင်သမန် ၁၂ ရပ်မှ လူအများ သွားလာလွယ်ကူရေးအတွက် စစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင့်ထံ လျှောက်တင်ပြီး ရရှိသမျှနှင့် အခြေတည် ဆောက်လုပ်ခြင်းဖြစ်ရာ ယနေ့တိုင် တံတားအိုကြီး မြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသနေဆဲရှိသည်။ ခေတ်အဆက်ဆက် လေမိုးဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများကို ပြုပြင်ခဲ့ရသည်။

တံတားကို ဆောက်လုပ်ရာ၌ နှစ်နှစ်မျှ ကြာခဲ့သည်။ မြန်မာအင်ဂျင်နီယာပညာရှင်တို့က စကေးမှန်ချိန် မပါဘဲ ခြေလှမ်းဖြင့် တိုင်းတာ၍ ဆောက်ခဲ့ရသော မြန်မာမှု တံတားကြီးဖြစ်သည်။ လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်အောင် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဍာန် ဆောက်လုပ်ထားသည်။

ဦးပိန်တံတားကြီး၏ တိုင်ပေါင်းမှာ ရှေးခေတ်မှတ်တမ်းအရ ၉၈၄တိုင် ရှိသည်ဟု ဆိုသည်။ ဆောင်ပုဒ်အရ “န၀အဋ္ဌဇယမောင်ပိန်” ဟူ၍ ဖြစ်သည်။ ခေတ်ကာလ ရွေ့လျားလာသဖြင့် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ်ဇရပ်များကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရသည်။ ဇရပ် လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း ၁၀၈၆တိုင် ရှိသည်။ အခန်းပေါင်း ၄၈၂ခန်း၊ တံတားအရှည် ၃၉၆၇ပေ၊ တစ်မိုင်၏ လေးပုံသုံးပုံ ရှည်လျားကြောင်း နောက်ဆုံးထုတ် မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန် ရေးသားပြုစုသည့် “၀င်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်” စာအုပ်၌ ဖော်ပြထားသည်။

ဆိုခဲ့သည့်အတိုင်း မြန်မာဗိသုကာပညာရှင်များက မြန်မာ့ဆောက်လုပ်ရေးအတတ်ဖြင့် မြန်မာမှုစစ်စစ် တံတားကြီးအဖြစ် ဦးပိန်တံတားကြီးသည် အမရပူရ ရှေးဟောင်းမြို့တော်၏ အမှတ်သင်္ကေတအဖြစ် ရည်တည်လျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စု တိုင်းရင်းသားများသာမက နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည်များပါ နေ့စဉ်လာရောက်ကြည့်ရှု၍ စည်ကားလှသဖြင့် အမရပူရ တောင်သမန်အင်းစောင်း၌ သပ်ရပ်သော စားသောက်ဆိုင် စသော ဈေးဆိုင်ခန်းတန်းများ အတည်တကျ တည်ဆောက်ကာ စီးပွား ဖြစ်နေကြသည်ကို တွေ့ရှိခဲ့ရလေသည်။

Credit : Here

ဆိုရှယ်မီဒီယာမှာ ကျင့်ဝတ်ရှိစရာ လို မလို


စစ်အစိုးရကနေ အရပ်သားအစိုးရဆီ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအဖြစ် ချီတက်နေပါတယ်လို့ ကြွေးကြော်ထားတဲ့ သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာ အသိသာဆုံးမြင်ရတဲ့ တိုးတက်မှုက မီဒီယာ လို့ဆိုချင်ပါတယ်။ အဲဒီမီဒီယာအမျိုးမျိုးထဲမှာမှ အွန်လိုင်းပေါ်က ဆိုရှယ်မီဒီယာ။ အဲဒီ ဆိုရှယ်မီဒီယာများစွာ ထဲမှာမှ Facebook လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းကိစ္စမှာ Facebook ရဲ့သြဇာ ဘယ်လောက်အထိ သက်ရောက်မှုရှိခဲ့တယ်ဆိုတာကို ဆိုရှယ်မီဒီယာ သုံးသူတိုင်း သတိထားမိမှာပါ။ စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ လက်ပံတောင်းဒေသဆီ ၀င်လာပုံ၊ ဒေသခံတွေနဲ့ တွေ့ ဆုံရှင်းလင်းပုံ၊ တချို့ရွာတွေမှာဆိုရင် လုံခြုံရေးမပါပဲနဲ့ ရွာသားတွေကြားထဲ ဒေါ်အောင်ဆန်းစု ကြည် ဒီတိုင်းတိုးဝင်သွားပုံ၊ ရွာသားတချို့က ကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ ကြွေးကြော်သံတွေ အော်ပြီး ဆန္ဒပြကြတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယို ကလစ်တွေဟာ မိနစ်ပိုင်းအလိုက် Facebook ပေါ်မှာ တက်လာခဲ့ပါတယ်။


လွန်ခဲ့တဲ့ ၁၀ နှစ် အရင် စစ်အစိုးရခေတ်ကဆိုရင် ဒီလိုမျိုး ဘယ်တွေ့ခွင့်ရပါ့မလဲ။ ၈ လေးလုံး အရေး တော်ပုံကို ခဏထားဦး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးခေတ်၊ ဆိုရှယ်မီဒီယာတွေ စတင်ထွန်းကားနေစဉ် မှာတောင် မြန်မာနိင်ငံတွင်းက လှုပ်ရှားမှုပုံတွေကို ဒီလို ချက်ချင်းမြင်ရဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလ တွေမှာ အင်တာနက်ကို လုံးဝ ထိန်းချုပ်ထားပြီး ”အီလက်ထရောနစ်ပုဒ်မ” နဲ့ ဖမ်းဆီး ထောင်ချလိုက်တာ ၈၈ ကျောင်းသားတွေ၊ ဘလော့ဂါတွေ၊ စီတီဇင်ဂျာနယ်လစ်တွေ၊ သတင်းထောက်တွေ ရာနဲ့ချီ အဖမ်းခံရ ဖူးပါတယ်။

အခုတော့ အခြေအနေက အတော့်ကို ပြောင်းလဲသွားခဲ့ပါပြီ။ နိုင်ငံရေးအရ နည်းနည်း ပွင့်လင်းလာလို့ ဖမ်းဆီးခံ မီဒီယာသမား အားလုံးပြန်လွတ်လာသလို နည်းပညာ အရလည်း အများကြီး တိုးတက်လာတဲ့ အတွက် အခင်းဖြစ်တဲ့နေရာအထိ စီတီဇင်ဂျာနယ်လစ်ခေါ် မီဒီယာ စိတ်ဝင်စားသူတွေ ကိုယ်တိုင်ဖြစ်စေ၊ နိုင်ငံရေး တက်ကြွသူ၊ လှုမှုရေး တက်ကြွသူတွေ ကိုယ်တိုင်ဖြစ်စေ၊ နိုင်ငံရေးသမားတွေ ကိုယ်တိုင်ဖြစ်စေ ဗွီဒီယို ကင်မရာ၊ ဓာတ်ပုံ ကင်မရာ၊ လက်ကိုင်ဖုန်း ကင်မရာတွေနဲ့ လွတ်လပ်စွာ ရိုက်ယူခွင့်ရနေပြီ ဖြစ်ပါတယ်။ ဒီတော့ အခင်းဖြစ်တဲ့နေရာကနေ မိနစ်ပိုင်းအလိုက် သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယို ကလစ် တွေ Facebook ပေါ် တက်လာနေတာပေါ့။

တချိန်တည်းမှာပဲ စိတ်ဝင်စားတဲ့ ပြည်တွင်း ပြည်ပရှိ မြန်မာတွေကလည်း Facebook ပေါ်မှာ ထင်မြင်ချက် အမျိုးမျိုး၊ မှတ်ချက် အမျိုးမျိုးပေးပြီး ရေးလိုက်ကြတာ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ ရနေသယောင်တောင် ထင်ရပါတယ်။

Social Media အကြောင်း သုတေသနလုပ်သူတွေက Mainstream မီဒီယာတွေဖြစ်တဲ့ TV, Radio, Newspaper, Journal, Magazine တွေမဟုတ်တဲ့ တဦးချင်း လွတ်လပ်စွာ ရေးနိုင်၊ ပြောနိုင်တဲ့ အွန်လိုင်းပေါ်က နေရာတွေကို Social Media လို့ ခေါ်ဆိုကြပါတယ်။ ဆိုလိုတာကတော့ အစိုးရ၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တစုစု၊ တဦးဦးကနေ တာဝန်ခံ ထုတ်လုပ်တာမျိုးမဟုတ်တဲ့ တဦးချင်းတာ ၀န်ခံမှုနဲ့ (ဘယ်သူမှ တာဝန်မခံတာလည်း ဖြစ်နိုင်ပါတယ်) လုပ်တဲ့ မီဒီယာလို့ ပြောနိုင်ပါတယ်။

အဲဒီထဲမှာ အခု မြန်မာနိုင်ငံ အွန်လိုင်းယဉ်ကျေးမှုမှာ အထွန်းကားဆုံးဖြစ်နေတဲ့ Facebook ပါ ပါတယ်။ ပြီးရင် LinkedIn, Twitter, Google+ ။ နောက်တခါ blogs, YouTube, wikis အများကြီးပါပဲ။ စာရိုက်တာ၊ ဓာတ်ပုံပို့ တာ၊ ဗွီဒီယို ပို့တာ၊ ရှယ်တာ စသဖြင့် ကိုယ်လုပ်ချင်တဲ့ အကြောင်းအရာပေါ်လိုက်ပြီး အခမဲ့ဝန်ဆောင်မှု ပေးတဲ့ ဆိုရှယ်မီဒီယာတွေ အများကြီး ရှိပါသေးတယ်။ ဒါက လောလောဆယ် ရှိသမျှကို ပြောနေခြင်းပါ။ နည်းပညာက နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့အတွက် မနက်ဖြန်မှာ ဒီထက်ပို ခေတ်မီပြီး လူကြိုက်များတဲ့ Social Media တွေ ပေါ်လာနိုင်ပါသေးတယ်။

Social Media တွေ ဘယ်လောက်အထိ သြဇာကောင်းလာသလဲဆိုရင် ကမ္ဘာကြီးရဲ့ တနေရာရာမှာ အရေးကြီး သတင်းတခုခု စဖြစ်ပြီဆိုရင် AP, AFP, Reuter အပါဝင် Mainstream သတင်းဌာနတွေထက် Facebook, Twitter အပါအ၀င် Social Media တွေမှာ အရင်စောပြီး မြင်ရလေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် Twitter ကို Social Media Wire သတင်းဌာနအဖြစ် သတင်းထောက် အတော်များများက ပုံမှန်ဝင်ကြည့်နေကြပြီလို့လည်း သိရပါတယ်။ အလားတူ ထူးခြား ဗွီဒီယိုတွေရနိုင် ဖို့အတွက် YouTube ကို ရုပ်-သံ သတင်းထောက်တွေက ပုံမှန်ဝင်ကြည့်နေကြပြီလို့လည်း ဆိုပါတယ်။

မြန်မာ သတင်းသမားတွေအတွက်တော့ Facebook က Social Media Wire ဖြစ်နေမယ်လို့ ထင်ပါ တယ်။ အခုချိန်ထိ Facebook တခုကိုပဲ ကျယ်ကျယ် ပြန့်ပြန့်သုံးနေကြပြီး တာဝန်ခံမှု၊ တာဝန်ယူမှုပိုရှိတဲ့ Twitter နဲ့ Google + ကိုသုံးတာ အတော်နည်း နေဆဲပါ။

ရှေ့မှာပြောခဲ့တဲ့အတိုင်း ဆိုရှယ်မီဒီယာဟာ တဦးချင်းတာဝန်ခံမှု သို့မဟုတ် (account အတု၊ လူအတု တွေအပါဝင်) ဘယ်သူ တာဝန်ခံမှန်းမသိတဲ့ သတင်းတွေကို တင်လေ့ရှိတာကြောင့် သတင်းတွေက ဦးပေမယ့် အတည်ပြုချက် ယူဖို့၊ ကိုးကားဖို့အတွက်တော့ ခက်နေဆဲဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ် ဆိုရင်တော့ အတည်ပြုချက် ယူစရာမလို၊ အကိုးအကား ထည့်စရာမလို၊ တာဝန်ခံစရာ မလိုတဲ့အတွက် ဆိုရှယ်မီဒီယာက ပင်မရေစီးမီဒီယာထက် သတင်းတွေ ပိုမြန်နေတဲ့သဘောဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာဟာ အခမဲ့ဝန်ဆောင်မှုပေးတဲ့အတွက် ဘာအဖိုးအခမှ ပေးစရာမလို လူတိုင်းအလွယ်တကူ ၀င်ရေးနိုင်တဲ့နေရာဖြစ်ပါတယ်။ အဲဒီလို လူတိုင်း ၀င်ရေးနိင်တာကြောင့် ဟုတ်တာရော မဟုတ်တာရော သင့်တာရော မသင့်တာရော ဆဲတာရော ခြောက်တာရော ရိုင်းတာရော ပုဂ္ဂိုလ်ရေး အပုပ်ချတာရော အသရေဖျက်တာပါ စသဖြင့် ရေးကြတာကို တွေ့နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းဒေသ ခရီးစဉ်နဲ့ ပတ်သက်ပြီး ထောက်ခံသူတွေနဲ့ ကန့်ကွက် သူတွေကြား အပြင်းအထန် သဘောထားကွဲကြပြီး အပြန်အလှန် စွပ်စွဲပုတ်ခတ်ကြတာကို Facebook ပေါ်မှာ ကောင်းကောင်းတွေ့လိုက်ရပါတယ်။ ဒါကြောင့် မြန်မာတချို့က Facebook ကို ”ဖွဘုတ်” လို့တောင် ခေါ်ဝေါ်တဲ့အထိ ပြောချင်ရာပြော၊ ဖွချင်ရာဖွနိုင်တဲ့ တာဝန်မဲ့တဲ့နေရာတခုအဖြစ် မြင်လာနေကြပါတယ်။ တချို့ဆိုရင် Facebook မှာ ရေးထားတဲ့ Comment တွေကို မခံစားနိုင်လို့ account တွေတောင် ပိတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ အတော်များများကတော့ မိတ်ပျက်သွားကြပြီး အချင်းချင်း Block လုပ်လိုက်ကြတယ်လို့ ပြောကြပါတယ်။

ဒါဟာ မြန်မာအွန်လိုင်း ကွန်မြူနတီ တခုတည်း ကွက်ပြီးဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာက တခြားနိုင်ငံတွေထက် ဆိုရှယ်မီဒီယာနဲ့ နည်းပညာ လွတ်လပ်ခွင့်ရတာ နောက်ကျတာ၊ နောက် တခါ စစ်အာဏာရှင်လက်အောက်ကနေ အရပ်သားအစိုးရပြောင်းစဉ်မှာ စရတာဆိုတော့ နှစ် ၅၀ စာ အောင့်အီးထားခဲ့ရသမျှကို Facebook ပေါ်မှာ လာပေါက်ကွဲနေကြတာ ဖြစ်နိုင်တယ်လို့ မီဒီယာလေ့လာ သူတွေက ထောက်ပြပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေး တည်ငြိမ်ရင့်ကျက် လာနိုင် ပါတယ်လို့လည်း သူတို့က ဆိုပါတယ်။

တကယ်ဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာရေးတဲ့ စီတီဇင်ဂျာနယ်လစ်တွေဟာ ပင်မရေစီး မီဒီယာမှာရေးနေတဲ့ လခစား သတင်းထောက်တွေလို မီဒီယာကျင့်ဝတ်ကို တာဝန်ခံစရာ မလိုဘူးဆိုပေမယ့် လူတဦးချင်း ကျင့်ဝတ်နဲ့ ဒီမိုကရေစီ ကျင့်ဝတ်တွေကိုတော့ တာဝန်ခံဖို့လိုမယ်လို့ ထင်ပါတယ်။ Facebook member အချင်းချင်း အပြန်အလှန်လေးစားဖို့ လိုပါတယ်။ ကိုယ့်အမြင် ကိုယ်ရေးတယ်ဆိုပေမယ့် ကိုယ်ရေး လိုက်တာကို ကိုယ်ဖတ်စေချင်တဲ့ လူတဦးတည်း၊ အုပ်စုတခုတည်းက မြင်ရ ဖတ်ရတာမျိုးမဟုတ်ပဲ ကမ္ဘာ တလွှားရှိ အွန်လိုင်းကွန်မြူနတီပေါ်က ထောင်သောင်းချီတဲ့လူတွေလည်း မြင်နေ ဖတ်နေနိုင်တယ်ဆိုတာ ကို သတိပြုဖို့ လိုပါလိမ့်မယ်။ ငါနဲ့မတူ င့ါရန်သူဆိုတဲ့ ခေတ်ဟောင်းက ဓာတ်ပြားဟောင်းကို ခေတ်သစ် Facebook ပေါ်မှာ လာတင်နေရင် ဆိုရှယ်မီဒီယာရဲ့ လွတ်လပ်ခွင့်ကို တလွဲသုံးသလို ဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်အရှိဆုံး ဆိုရှယ်မီဒီယာ Facebook ကို စာဖတ်သူတွေ မငြိုငြင်အောင် တာဝန်မဲ့ ရေးချင်ရာရေးလို့ ရတဲ့နေရာ ဖွဘုတ် အဖြစ် မမြင်မိအောင် စီတီဇင် ဂျာနယ်လစ်တွေ၊ မီဒီယာလွတ်လပ်ခွင့်ကို ချစ်မြတ်နိုးသူတွေ အားလုံး ချင့်ချိန်ဆွေးနွေးသင့်နေပြီလို့ တိုက်တွန်းတင်ပြအပ်ပါတယ်။

Credit : Here

အစ္စလမ်ဘာသာ အပါအဝင် ဘာသာ (၄) ခု ကျောင်းစာတွင် သင်ကြားရန် ဦးမြအေး နှင့် ၈၈ မျိုးဆက်များ စီစဉ်မှုအား လုံးဝ ကန့်ကွက်သည်


အင်္ဂလန်နှင့် အခြားဥရောပတိုင်းပြည်တွေက ကျောင်းတွေရော၊ အမေရိကန်ကကျောင်းတွေပါ ကမ္ဘာ့ ဘာသာကြီးလေးမျိုးကို လေးစားလို့ဆိုပြီး၊ ဗုဒ္ဓဘာသာ ကို ထည့်သွင်း၍ ကျောင်းများတွင်သင်ပေးခြင်း လုံးဝ(လုံးဝ) မရှိပါဖူး။ ဒါကြောင့်မို့လို့ မြန်မာအစိုးရနှင့်အမေစုအပါအဝင် မြန်မာနိုင်ငံပါလီမန် အမတ်မင်း များကလည်း ယောင်ယောင်အမှားမှားနဲ့ သဘောအကောင်းလွန်ပြီး၊ အခုဘာသာပေါင်းစုံ အဖွဲ့က တောင်း ဆိုလိုက် တဲ့ ဘာသာလေးမျိုးကို မြန်မာနိုင်ငံရဲ့ အစိုးရကျောင်းသင်ခန်းစာတွေမှာထည့်သွင်းသင်ကြားပေး ရန်ဆို တဲ့၊ တောင်းဆိုချက်ကို လုံးဝ(လုံးဝ) ခွင့်မပေးသင့်ပါဖူး။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဗုဒ္ဓဘာသာ Strong Hold တိုင်းပြည်ပါ။


ဘယ်မူဆလင်နိုင်ငံ၊ ခရစ်ယာန်နိုင်ငံမှာမှ၊ ဗုဒ္ဓဘာသာကို ထည့်သွင်းမသင်ပါဖူး။ မြန်မာတွေ မအ မန ကြပါနဲ့လို့၊ သူ များနိုင်ငံက လာရောက်ချယ်လှယ်တာ မခံကြပါနဲ့။ ဘာသာရေးကို အစိုးရကျောင်းတွေ အထိ ကြုံးသွင်းတာကိုလည်း မခံလိုက်ကြပါနဲ့။ နိုင်ငံ ၂၃နိုင်ငံကို အကျွန်ုပ်ကိုယ် တိုင်လှည့်လည် ကြည့်ရှူပြီး ပါ ပြီ။ မိမိ 'အ' လျှင် မိမိ တိုင်းပြည် ခံရမည်။ မိမိ၏ ပြည်သူပြည်သားများခံရမည်။ ကမ္ဘာပေါ် တွင်၊ မြန် မာနိုင်ငံသည်၊ အလွန်ရှားပါးသော၊ အနည်းငယ်မျှ သာကျန်တော့သော၊ အဖိုးတန်ကမ္ဘာကျော် ဗုဒ္ဓဘာ သာ တိုင်းပြည်တခုဖြစ်ပါသည်။ မိမိတိုင်းပြည်၏ အဖိုး ထိုက်တန်မှုကို မိမိတို့ကိုယ်တိုင်သိကြပါစေ။ ကမ္ဘာ့သူ ကမ္ဘာ သားတော်တော် များများက၊ မြန်မာနိုင်ငံသည် အလွန်အဖိုးထိုက်တန်သော ထေရဝါဒ ဗုဒ္ဓဘာ သာ တရားထူးတရားမြတ် များကို ပိုင်ဆိုင်သည်ဟု ယုံကြည်ကာ၊ ဟိုးယခင်ခေတ်များ ကတည်း က နိုင်ငံခြား သားများ လာရောက် တရားအားထုတ်လျှက်ရှိကြပါသည်။ ထိုဘာသာလေး မျိုး မြန်မာ အစိုးရကျောင်း များတွင် သင်ကြားပေးပါရန်ဆိုသည့်တောင်းဆိုချက်မှာ၊ ဥပမာပြော ရလျှင်၊ "နားလှည့်ပြီး ပါးရိုက်ခြင်း"သာဖြစ် ၍ အထူးလက်ဆင့်ကမ်းအသိပေးကြပြီး အမြန်ဆုံး၊ အချိန်မှီ တားဆီးကြပါ ဟု လေးနက်စွာ တိုက်တွန်းလိုက်ရပါသည်။


From: စန္ဒီသင်းမာဦး

Credit : Here

နောက်ဆုံးတော့……………..


၈ ပူးတွေကလည်း ၂၀၁၅ အမှီ ရွေးကောက်ပွဲဝင်မယ် ဆိုတော့ မွတ်တွေဆီက မဲကို မျှော်ကြရှာ တယ် ။ ဘာသာကြီးလေးခု ကို ကျောင်းသင်ခန်းစာထဲ ထဲ့မယ်ဆိုပဲ ။

*NLD ကလည်း လူနည်းစုကို ညှာရမယ်တဲ့ ၊ ကုလားဆိုတာ တိုင်းရင်းသားတမျိုးဆိုပဲ ။


*ကြံ.ဖွတ်ကလည်း ဘာသာရေးအဓိကရုံးကို မသိမသာလေး ဘေးတီးပေးရှာတယ် ။ ဒါမှ အမျိုးသားရေး ဝါဒီတွေ ဆီက မဲရမယ် ။


*အမျိုးသားရေးဝါဒီတွေကလည်း တိုင်းပြည်ချစ်စိတ်တွေ တဖွားဖွားနဲ့ ။

*အိုအိုင်စီကလည်း ဝင်မယ်တကဲကဲ ၊

*ကုလကလည်း စိုးရိမ်လိုက်ပုံများ သူ့မိန်းမ ကျနေတာပဲ ။

*လူ့အခွင့်အရေး သမားတွေကလည်း ဒီအချိန်လေးမှာ အမှတ်ဝင်ယူရတယ် ။ ဖျန်ဖြေသလိုလိုနဲ့ သူ.ကိုယ် သူ ကိုယ်ရည်သွေး ၊ သူသာလျှင် စိတ်ထားမြင့်မြတ်သူဖြစ်ကြောင်း ပေါ်လွင်အောင် အမျိုးသားရေး ဝါဒီတွေ ကို နာနာလေးနိပ် ။

*နောက်ဆုံးတော့ သူတို့က ဘယ်နေ့ ပွဲကြီးပွဲကောင်းနွှဲရမလဲစောင့်နေလေရဲ့ ။

From:ရဲသူရိန်မင်း

Credit : Here

သင်္ကြန်တွင်း ကျန်းမာရေးနှင့် ပါတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ


ဦးနှောက် နှင့် အာရုံကြော ခွဲစိတ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ စောဆိုင်မွန်သာ

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးမှာ မကြာခင်အချိန်အတွင်းမှာ ကြရောက်တော့မည် ဖြစ်သည်။ မြန်မာတို့၏ နှစ်ဟောင်းမှ အညစ် အကြေး များကို နှစ်သစ်တွင် ပါမလာစေရန် သင်္ကြန်ရေဖြင့် သန့်စင်စေမည် ဟုဆိုကြ လေသည်။ သင်္ကြန်ရေ သည် လူကြီး လူငယ် မရွေး စိတ်ကို ကြည်နှုးစေသည် ၊ လန်း ဆန်းအေးမြစေ သည်။

တိုတောင်းလှသော သင်္ကြန်ရက်များကို စိတ်အေး ချမ်းသာစွာ ဖြင့်သာ ကုန်ဆုံး လိုကြသည်။ လူကြီးတွေ လည်း ပျော်ကြသလို လူငယ်တွေလည်း ပျော်ကြ မည်မှာ အမှန်ပင် ဖြစ်သည်။


ထိုအချိန်တွင် အမှုမဲ့ အမှ တ်မဲ့ သတိမထားမိ ဘဲဖြစ် ပေါ်တတ်သော မိမိတို့၏ ကျန်းမာရေးကို အထူးဂရုပြု ရန် လိုအပ်လှပေသည်။

သင်္ကြန်တွင်း အပျော်လွန်ပြီး မဆင်မခြင် ဖြစ်ရပ်များ ဖြစ်ပေါ် နိုင်သော ကြောင့် မလိုလား အပ်သော ကျန်းမာရေး ပြဿနာ များ ဖြစ်ပေါ်လာ နိုင်သည်။

သို့ဖြစ်ပါ၍ သင်္ကြန် တွင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆောင် ရန် ရှောင်ရန်များ ကို စာဖတ်ပရိတ်သတ် များ အတွက် ဦးနှောက် နှင့် အာရုံကြော ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာ နှင့် သင်္ကြန်နှင့် ပတ်သက်၍ ကျန်းမာရေး တွေ့ဆုံ မေးမြန်းခန်းကို တင် ဆက် ပေးလိုက် ပါသည်။

မေး- သင်္ကြန်တွင်းမှာ လမ်းဘေးအစားအစာတွေ အစားများကြတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိပြု စရာလေး တွေရှိရင် ပြော ပြပေး ပါဆရာ။

ဖြေ- သင်္ကြန်တွင်းမှာ လမ်းဘေးအစားအစာ စားတဲ့ သူတွေကို မစားနဲ့တော့မပြောပါဘူး။ ဒါပေမဲ့ ကိုယ် စားတဲ့ အစားအစာက သန့်ရှင်းတဲ့ အစား အစာဖြစ်ဖို့ လိုတယ်။

ကိုယ်စားမယ့် အစားအစာကို ကိုင်တွယ်တဲ့ လက်ကလည်း သန့်ရှင်း ဖို့လိုတယ်။ အမေရိကန်သမ္မတ အိုဘားမား ပြောသလိုပဲ wash your hand ဘာမဆို ကိုင်တွယ်ရင် လက်ဆေး ကြပါလို့ ဆိုချင်ပါတယ်။

သရက်ကင်တွေစားရင် ရေခဲရည်တွေ သောက် ရင် ဝမ်းပျက်နိုင်တယ်။ အထူး သဖြင့် ရေခဲမုန့်တွေ၊ ဒိန်ချဉ် တွေစားမယ်ဆိုရင် ရက်လွန်တာတွေ ဖြစ်နေရင် ဝမ်း ပျက်၊ ဝမ်းလျှောဖြစ် နိုင်တယ်။

သင်္ကြန်မှာ အရက်အတု တွေလဲရောင်းနိုင်တဲ့အတွက် အသောက်အစားမကင်း တဲ့သူတွေလဲ သတိထား ရမှာပါ။

မေး- အသောက်အစားမကင်းတဲ့သူတွေက သင်္ကြန် အတွင်း မဆင်မခြင် သောက်စားရင် ဘယ်လိုမျိုးထိ ခိုက်နိုင် ပါသလဲဆရာ။

ဖြေ- သင်္ကြန်မှာကတော့ အသောက်အစားဆင်ခြင် ရမယ်။ မဆင်ခြင်ရင် ထိခိုက်မှာကတော့ အများကြီး ပါပဲ။ အမူးလွန်ရင် အချင်းချင်း ခိုက်ရန် ဖြစ်ပွားမယ်။မူးပြီး ကားပေါ်ကနေ လိမ့်ကျရင် ထိခိုက်ဒဏ်ရာရ မယ်။

မူးပြီး ကားမောင်းရင် ကားမှောက်မယ်။ အော့ အန်မယ်။ ဦးခေါင်း ဒဏ်ရာရနိုင်တယ်။ အသက်ဘေး အန္တရာယ်ရှိသည် အထိဖြစ် နိုင်ပါတယ်။ ဒါကြောင့် သင်္ကြန်တွင်း အရက်သောက်ချင်ရင် ညပိုင်း အိမ်မှာပဲ သောက်သင့်တယ်။

မေး- သင်္ကြန်မှာ အဝတ်အစားတွေ အချိန်အကြာကြီး ရေစိုနေတာကကော ဘာဖြစ်နိုင်ပါသလဲဆရာ။

ဖြေ- သင်္ကြန်မှာ သိပ်ကြာကြာ ရေစိုကြီး မနေရဘူး။ ချမ်းတုန်တဲ့ အထိမနေရဘူး။ ရေပက်တဲ့သူတွေ အနေနဲ့ နားထဲကို ရေဝင်အောင် မပက်ပါနဲ့။ မျက်စိထဲ ရေဝင် အောင်မပက်ပါနဲ့လို့ အကြံပေးချင်ပါတယ်။

ဘာလို့လဲဆိုတော့ သင်္ကြန် ပြီးရင် နားပြည်ယိုတာတွေ၊ မျက်စိ နီရဲတာတွေ ကို နောက်ဆက်တွဲအနေနဲ့ ဆေးခန်းမှာ ကုပေး ရလို့ပါ။

မေး- သင်္ကြန်အတွင်းမှာ ရာသီဥတုပူပြင်းရင် အပူ လျှပ်နိုင်ပါသလား ဆရာ။ အပူလျှပ်ရင် အသက် အန္တရာယ် ကော ဖြစ်နိုင်ပါ သလား။

ဖြေ- ရာသီဥတုပူပြင်းရင် Heat Stroke အပူလျှပ်တာ ဖြစ်နိုင်တယ်။ အပူလျှပ်ရင် ကိုယ်ပူအရမ်းတက်ပြီး သတိမေ့ပြီး သေနိုင်တယ်။ ချွေးအရမ်းထွက်ပြီးတော့ ခန္ဒာကိုယ်မှာရှိတဲ့ ဓာတ်ဆားရည်တွေ ခန်းခြောက်ပြီး သေနိုင်တယ်။

နောက်တစ်ခု သတိပေးချင်တာက ရာသီဥတု ပြင်း ရင် ဦးနှောက် သွေးကြော ပြတ်နိုင်တယ်။ အရက် သောက်တဲ့ လူတွေဆိုရင် ပိုဆိုးတယ်။ အထူး သဖြင့် သွေးတိုးရှိတဲ့ သူတွေ ဆိုရင် သင်္ကြန်မှာ နေပူပြင်း ရင် ဦးနှောက် သွေးကြောပြတ်နိုင်တဲ့ အတွက် သင်္ကြန် မလည်ခင် ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးကျဆေး ကို သုံး ရက် လောက် ကြိုတင်စားထား သင့်တယ်။

မေး-သင်္ကြန်မှာ ယောင်္ကျားလေး တွေအပြင် မိန်းကလေးတွေလဲ သောက်စားတတ်တယ်နော်။ သူတို့တွေ အတွက် ကျန်းမာရေးနဲ့ ပတ်သက် ပြီး အသိပေးပါဦး ဆရာ။

ဖြေ- မိန်းကလေးတွေလဲ အဲဒီအချိန်မှာ သောက်စား တာတွေ၊ လည်ပတ်တာတွေရှိတယ်။ မိန်းကလေးတွေ အနေနဲ့ သင်္ကြန်မှာ မဆင် မခြင်သောက် စားမယ်၊ လည်ပတ်မယ်ဆိုရင် မဖြစ်သင့်တာတွေဖြစ်မှာ စိုးရိမ်ရပါ တယ်။ ဆိုးရွားတဲ့ ကူးစက် ရောဂါတွေ အကူးစက်ခံရနိုင် တဲ့ အတွက် ဆင်ခြင်ပါလို့ပဲ ပြောချင်ပါတယ်။

မေး- သင်္ကြန်မှာ အထူးသတိပေးချင်တာများရှိရင် ပြောပါဆရာ။

ဖြေ- ခုနကပြောတဲ့ ဟာတွေပါပဲ။သင်္ကြန်မှာ အပူလျှပ်နိုင်တယ်။ ဦးနှောက်သွေးကြော ပြတ်နိုင်တယ်။ ဝမ်းပျက် ဝမ်းလျှော ဖြစ်နိုင်တယ်။ ထိခိုက်ဒဏ်ရာတွေလည်း ရနိုင်တယ်။ အဲဒါတွေ မဖြစ်အောင် ဂရုစိုက်ပြီး နေထိုင်ပါ လို့ပဲ ပြောချင်ပါ တယ်။

ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

From: Yangon Media Group

Credit : Here

''အမျိုးမစစ်''က အမျိုး ချစ်တတ်မည် မဟုတ်ပါ


အမျိုး၊ဘာသာ၊သာသနာမပျောက်စေဖို့သင်တို့ရဲ့ အချစ်နယ်စပ် တံခါးပေါက်ကြီးကို လူမျိုးခြား၊ ဘာ သာခြား တွေအတွက် ပိတ်ထားပေးကြပါ။

သင်ရဲ့ မိဘတွေ မဆုံးမသော်လည် သင့်ရဲ့ __င်ကို စည်းစောင့်ပါ သင့် __င်ကို စည်းမစောင့် မှုကြောင့် အမျိုး၊ ဘာသာ၊ သာသနာ မပျောက်ပါစေနဲ့။ ဖင်ကိုအရမ်ရက်ရောနေတယ်ဆို မြန်မာနိုင်ငံသားတွေ ရှိနေပါတယ်။

ကမ္ဘာကျော်အဆိုတော် လာရောက် သီဆိုတာကိုလည်း အားပေးပါတယ်။ထိုအဆိုတော်ကို ပရိသတ်က သောင်းသောင်း ဖျဖျ ကြိုဆိုတာကိုလည်း အားပေးပါတယ်။


ဒါပေမယ့် မြန်မာမတွေ ဒီလိုမျိုးဖြစ်တာကိုတော့ အားမပေးပါဘူး။ဘယ်လောက်တောင် အရှက်မဲ့နေတယ် ဆို ဒီမိန်းမ ကိုယ်တိုင်က လူသိရှင်ကြား သူ့ဝေါလ်မှာ တင်ထားတာ...ဒါဟာ ဂုဏ်ယူစရာမဟုတ်ဘူး၊ အထင်ကြီးစရာ မဟုတ်ဘူး။စောက်ရှက်မရှိတဲ့ မိမဆုံးမ ဖမဆုံးမ သားသမီးတွေလုပ်ရပ်ပါ။။

မြန်မာ ဆိုသည်မှာ အထင်ကရ သမိုင်းနှင့် မျိုးနွယ်အခြေခံ ကြီးကြီးမှ ဆင်းသက်ပေါက်ဖွာလာသော အဆင့်အတန်းရှိသည့် လူမျိုးစု တစ်စု ဖြစ်သည့် အားလျော်စွာ မြန်မာတို့၏ ရှေ့သမိုင်းတို့သည် လည်း အိမ်နီးချင်း နိုင်ငံများတင်မ က ကမ္ဘာကပါ မြန်မာတို့ အကြောင်းကို သိကြလေ၏…။

သိအောင် လုပ်သောသူများကလဲ မတို့တထိ လုပ်ဆောင်ခဲ့ကြခြင်းမဟုတ်၊ ဦးအောင်ဇေယျက ၀ါးရင်း တုတ်နဲ့ ပြည်တက်သိမ်းတယ်….။ ဘုရင်နောင်က စစ်သည်ရာမကျော် ပဲ ထောင်ချီသော ရန်သူတ ပ်မကြီး ကို ဖောင်ဖျက်ပီး ၀င်တိုက်သည်. ။အနော်ရထာက တိုင်းပြည်အတော် များများကို ဘုန်းတန်ခိုး ကြီးမားစွာ မင်းလုပ်အုပ်ချုပ်ပြီး ကမ္ဘာ့ နေရာဒေသ တော်တော် များများကို ဗုဒ္ဓသာသနာ စည်ပင် ပြန့်ပွားစေခဲ့သည်။

ထိုကဲ သို့ပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လက်ထက်တော်တွင်းလဲ အမျိုးဇတ်ကြီး မားသော မြန်မာ အစ သာကီဝင်မင်းမျိုးတို့သည်အမျိုး ဂုဏ်ဇတ်မြင့်မားမှုကို မျိုးနွယ်စု တစ်ခုလုံး လိုက်နာထိမ်းသိမ်းခဲ့ကြ သည်။ မြန် မာတို့၏ ဂုဏ်ပုဒ်များကို ပြောပြလျှင် တစ်ထောင် တစ်ည ပုံပြင်ထက် ပိုများပြားပေ လိမ့်မည်။

သမိုင်းတစ်လျှောက်ပြန်ကြည့် လျှင်မြန်မာတို့သည်… ယဉ်ကျေးကြသည်… ။ ခွင့်လွှတ်သည်း ခံမှု အားကြီးကြသည်….။

ကိုယ့်စာပေ ၊ကိုယ့်ဂီတ ၊ ကိုယ်ဘာသာ ဖြင့် တသီးတကန့် ရပ်တည်ခဲ့ကြသည်….။ အဆင့်အ တန်းမြင့် မားသော လူမျိုးစုများဖြစ်ကြသည်….။

သို့သော် ယခု မြန်မာတို့၏ ၂၁ ရာစုခေတ်ပုံသဏ္ဍန်များနှင့် ယှဉ်ကြည့်လိုက် လျှင်တော့ မြန်မာ တို့၏ ပြ ယုဂ်များ သည် ယခင်က ရှိခဲ့သော သမိုင်းနှင့် မြင့်မြတ်မှုများကို ဘယ်လို မှ ဆက်ဟပ်၍ မရနိုင် တော့ပေ….။

ထိုနည်းလည်းကောင်းပဲ ဘာသာခြားကို ငွေမျက်နှာတစ်ခုတည်းကြည့်၍ ဘ၀ပေး ပေါင်းကြသည်…။ ကုလားလင်ဖြစ်ဖို့ထက် ကုလားမယား အဖြစ် အဖြစ်ခံနေရခြင်းက ပိုများနေသည်..။

ဒါကိုလဲ မြန်မာအမျိုးကောင်းသားကြီးတို့က နာရမှန်းမသိ လက်စားချေ ဟန့်တားရမှန်းမသိကြပေ..။ စဉ်းစားပြီးလဲ မသုံးသပ်ကြပါ…။ ကုလားမလင်၊ တရုပ်မလင်၊ နိုင်ငံခြားသူလင် ဖြစ်မှုအရေအတွက် ထက်….. ကုလား မယားတွေ…. တရုပ် မယားတွေ….. တိုင်းတပါးသား မယားတွေ …မိမိတို့ လူမျိုး အမျိုးကောင်း သမီးတွေ ဖြစ်နေကြသည်ကို အလေ့မပြုမိကြပါ....။

ထိုသို့ဆိုလျှင် ကျိမ်းသေးပါသည် မြန်မာနိုင်ငံသည် များမကြာသော အချိန်ကာလတွင် တစ်ချိန်က ဗုဒ္ဓဘာသာ ကိုးကွယ် ခဲ့သော အင်ဒိုနီးရှား နိုင်ငံနည်းတူ တိုင်းတစ်ပါးသားတို့လက်တွင်း သို့တိုင်းပြည် ကျရောက် ၍ လူမျိုးပါပျောက်ရပေလိမ့်မည်….။

ကိုယ့်အမျိုးကိုယ့်ဘာသာဖြင့်ရပ်တည်နေ သော နိုင်ငံသည် မြန်မာနိုင်ငံဖြစ်ပါသည်…။ အဆင့် အတန်း ရှိသော တိုင်းပြည်ဖြစ်ပါသည်….။ မျိုးစစ်မျိုး မှန်တို့ ဌာနေ ဖြစ် ပါသည်…။ ကမ္ဘာပေါ်ရှိ အဆင့် အတန်း အမြင့်ဆုံး ထိပ်သီးနိုင်ငံ တစ်နိုင်ငံဖြစ်သော အမေရီကန်နိုင်ငံပင် လျှင် မြန်မာနိုင်ငံလို မျိုးရိုး၊ သမိုင်းစစ်စစ် မရှိသောမျိုးမစစ်နိုင်ငံ ဖြစ်ပါသည်….။

မြန်မာလူမျိုးတို့၏ အမျိုးဂုဏ်ကို စောင့်ထိမ်းရန်မှာ မြန်မာလူငယ်တို့၏ တာဝန်ဖြစ်ပြီး….. မြန်မာ့ အမျိုး ဂုဏ် ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေးရန်မှာ မြန်မာလူကြီးတို့၏ တာဝန်ဖြစ်ပါသည်….။ ထိုသို့တာဝန် ကျေပွန်မှု မရှိလျှင် အမျိုးပျောက်ပါတော့မည်…။

ထို့ကြောင့် မြန်မာအမျိုးဂုဏ်ကို သေခါနီးလူကြီးများက ပို၍ဂရုစိုက် သင့်ပါသည်…။ ထိုမှ သာလျှင် လူငယ်များ အတုခိုးမှန်ပါလိမ့်မည် ။ရှေ့နွား ဖြောင့်ဖြောင့်မသွားလျှင် နောက်နွား လဲ ဖြောင့်ဖြောင့် လိုက် မည် မထင်ပါ....။

မြင်မြတ်သော အမျိုးဂုဏ်ကို အသေးအဖွဲကိစ္စမှ စ၍ မြန်မာတို့သည် ထိမ်းသိမ်းစောင့်ရှောက် သင့် ပါသည်…။

ကိုယ်မျိုး..ကိုယ်မြေမှာ ရှင်သန်နေလျှက်နှင့် မွေးဖွားလာလျှက်နှင့် မည်သို့ကြောင့် မြန်မာ များ ယခု ခေတ်ကာလ တွင် အမျိုးဖျက် နေကြ သနည်း…။ မိမိတို့ လုပ်ရပ်များသည် ကိုယ့်မျိုး၊ ကိုယ့်နိုင်ငံဂုဏ် ၊ ကိုယ့်ယဉ်ကျေး မှုကို မသိကြပေ၍လော….။

ထိုမှမဟုတ်မရှက်တတ်ကြပေ၍လော…။ ကိုယ်နိုင်ငံတန်ဖိုးကို မသိကြပေ၍လော….။ မေ့လျော့နေကြ သည်လော့…။

ထိုကဲ့သို့ ဆိုလျှင်….. မြန်မာနိုင်ငံတော် သီချင်းကို သေသေချာချာ တစ်ခေါက်မျှ ပြန် ဆိုကြည့်စေချင် ပါသည်….။

“မြန်မာမျိုးဟေ့တို့မြန်မာ” ဆိုသည့် စကားပေါ်ထွက်လာခဲ့သော အင်္ဂလိပ်ခေတ် သူ့ကျွန်ဘ၀က သခင် များ ၏ ရွတ်ဆိုသံများကို ပြန် လည်ကြားယောင်စေချင်မိပါသည်…..။

From: လူထု မောင်ကာဠု

ကိုရီးယား ကျွန်းစွယ် စစ်ပူနေ၍ မြန်မာများ စိုးရိမ်သော်လည်း အိမ်ပြန်မည် မဟုတ်သေး

တောင်နှင့်မြောက် ကိုးရီးယားအကြား တင်းမာမှုများကြောင့် တောင် ကိုးရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် စိုးရိမ်မှု ရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့် အလားအလာကို မတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။

“အသစ်ရောက်လာတဲ့ မြန်မာတွေက သူတို့ အတွေ့အကြုံ မရှိတဲ့အခါကျတော့လေ စိုးရိမ်မှု ရှိတဲ့ အနေ အထားတွေ တွေ့ရတယ်။ ကျနော့်ကိုလည်း ဖုန်းဆက်ပြီး မေးကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ပြန်ဖို့ အနေအထား မရှိဘူးခင်ဗျ။ တကယ့်ကို စိုးရိမ်ရတဲ့ အနေအထား မတွေ့ရလို့လေ” ဟု ဆိုးလ်မြို့ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုဇော်မိုးအောင် က ပြောသည်။


မတ်လကုန်ပိုင်းတွင် မြောက်ကိုးရီးယားက အမေရိကန်နှင့် တောင်ကိုးရီးယားကို နျူကလီးယား သုံး၍ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေ၍ စိုးရိမ်မှုများ ဖြစ်ပွား ကြခြင်း ဖြစ်သည်။

သို့သော်လည်း တောင်ကိုးရီးယားတွင် နှစ်အတန်ကြာ နေထိုင်သူများနှင့် တောင်ကိုးရီးယား နိုင်ငံသားများ တွင် ယင်းခြိမ်းခြောက်မှုအတွက် စိုးရိမ်သည့် လက္ခဏာ မမြင်တွေ့ရဘဲ ပုံမှန်လုပ်ကိုင် သွားလာလျက် ရှိကြောင်း တောင်ကိုးရီးယားနိုင်ငံတွင် အနှစ်နှစ်ဆယ်ခန့် နေထိုင်ခဲ့သူ ကိုဇော်မိုးအောင် က ပြောသည်။

“မြောက်ကိုးရီးယားက ဒီလိုခြိမ်းခြောက်နေတာက အခုမှ မဟုတ်တာ။ လွန်ခဲ့တဲ့ လေး ငါး ဆယ်နှစ်ကလည်း အဲဒီလို ခြိမ်းခြောက်ခဲ့ပေမယ့် သူတို့ဘက်က လက်တွေ့ဆန်ဆန် ကိုးရီးယား တနိုင်ငံလုံးကို တုန်လှုပ် ခြောက်ခြားအောင် လုပ်ခဲ့တာ မရှိတဲ့အခါကျတော့ စိတ်ဝင်စားတဲ့ ပုံစံမျိုး ပြတာ မတွေ့ရဘူး” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ထိုတင်းမာမှုနှင့် ပတ်သက်ပြီး တောင်ကိုးရီးယား အစိုးရက မိမိနိုင်ငံရှိ နိုင်ငံခြား သံတမန် များနှင့် အလုပ်သမားများကို တစုံတရာ ပြောဆိုခြင်း မရှိသေးဘဲ မြန်မာနှင့် ထိုင်း သံရုံးကလည်း စိုးရိမ်ရ သည့် အနေအထား ရှိပါက မိမိနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ခေါ်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်ဟု ဆိုသည်။

ကိုးရီးယားတွင် မြန်မာနိုင်ငံသား အလုပ်သမား ၉,၀၀၀ ကျော်နှင့် ကျောင်းသူ ကျောင်းသား ၂၀၀ ခန့် ရှိကာ ထိုင်းနိုင်ငံသား ၄၅,၀၀၀ ခန့် ရှိသည်ဟု ကိုဇော်မိုးအောင် က ပြောသည်။

မြန်မာအလုပ်သမား အများစုမှာ တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Gyeonggi ပြည်နယ်တွင် အလုပ် လုပ်ကိုင်ကြပြီး မြောက်ကိုရှးယား နယ်စပ်အနီးတွင် အယောက် ၅၀ ခန့်သာ ရှိသည်ဟု သူက ပြောသည်။

လက်ရှိတွင် တောင်ကိုးရီးယားနိုင်ငံသား ၆၀၀ ခန့် အလုပ်လုပ်ကိုင်နေသည့် နယ်စပ်ရှိ Kaesong စက်မှုဇုန်ကို မြောက်ကိုးရီးယားဘက်က လေးရက်တိုင် ပိတ်ထားခဲ့ပြီးနောက် တရာခန့်မှာ ပြန်လာကြ သော်လည်း အန္တရာယ် ဖြစ်နိုင်သည့် အခြေအနေ မရှိသေးသည့်အတွက် ကျန်ရှိသူများကို ကိုးရီးယား အစိုးရက ပြန်လည်ခေါ်ယူခြင်း မရှိသေးပေ။

ထိုစက်မှုဇုန်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတ တခုဖြစ်ပြီး ၎င်းတွင် မြောက်ကိုးရီးယား နိုင်ငံသား ၅၀,၀၀၀ ကျော် ဝန်ထမ်းအဖြစ် အလုပ်အကိုင်လျက် ရှိသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်ကို တိုက်ခိုက်ဖို့ ပိုင်းဖြတ်ပြီးကြောင်း ပြောဆို ထားသလို အမေရိကန် ဘက်မှလည်း ဗုံးကျဲလေယာဉ်များ ပျံသန်းပြခြင်း၊ စစ်သင်္ဘောများ စေလွှတ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးက လည်း ပြင်ဆင်မှုများ လုပ်ထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။ 

Credit : Here

သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့် အစီအစဉ် အသိပေးကြေညာ

မြန်မာ့မီးရထားမှ သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး လမ်းပိုင်းတို့တွင် သင်္ကြန်အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်ရာ နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်၊ အမှတ်(၈)အစုန် အမြန်ရထားနှစ်စင်း အပြင် အထူးရထား နှစ်စင်းကို ဧပြီ ၁၁ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲ ပေးမည်ဖြစ်ပြီး အစုန်အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ အစုန်အထူးရထား(၂)သည် နေပြည်တော်မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။


သင်္ကြန်အကြိုကာလအတွက် ဧပြီ ၁၂ နှင့် ၁၃ ရက်တို့တွင် အထူးရထား တစ်စင်းစီကို ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့ ပြေးဆွဲမည်ဖြစ်သည်။ 

သင်္ကြန်အလွန် ကာလအတွက် ဧပြီ ၁၇ ရက်တွင် သင်္ကြန်အထူးရထား(၁)စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း၊ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အထူးရထားနှစ်စင်းသည် ရန်ကုန် ဘူတာနှင့် မန္တလေးဘူတာမှ လည်းကောင်း၊ ဧပြီ ၂ဝ ရက်တွင် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း ပြေးဆွဲသွားမည် ဖြစ်သည်။ 

ရန်ကုန်-မန္တလေးအဆန် အထူးရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ မိနစ် ၄ဝ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေး-ရန်ကုန် အစုန်အထူးရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။ 

ရန်ကုန်မှ နေပြည်တော် ခရီးစဉ်အပြင် လက်ရှိ အမှတ်(၃၁)အဆန်၊ အမှတ်(၇)အဆန် အမြန်ရထား နှစ်စင်း အဖြစ် နောက်ထပ် အထူးရထား နှစ်စင်းကို ဧပြီ ၂၁ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန် အထူးရထား(၁) သည် ရန်ကုန်မှ ည ၇ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၄ နာရီခွဲတွင် လည်းကောင်း၊ အဆန်အထူးရထား(၂)သည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင် လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။

အထက်ပါ နေပြည်တော်-ရန်ကုန် အထူး(အစုန်/အဆန်) ရထားများကို ပျဉ်းမနား၊ တောင်ငူ၊ ပဲခူးနှင့် တိုးကြောင်ကလေး ဘူတာများတွင် ရပ်တန့်သွားမည် ဖြစ်ပြီး ရန်ကုန်-မန္တလေး အထူး(အစုန်/အဆန်) ရထားများကို တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာများတွင် ရပ်တန့်သွားမည်ဖြစ်သည်။ 

သင်္ကြန်ကာလ အတွင်း ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ အဆိုပါ အထူးရထား ပြေးဆွဲခြင်းကို ရပ်နား ထားမည်ဖြစ်ရာ ခရီးသွားပြည်သူများ အချိန်မီသိရှိစေရန် မြန်မာ့မီးရထားမှ ကြိုတင်အသိပေး ကြေညာထား ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

Credit : Here

ဦးသန့်အိမ် ရန်ကုန်မှာဖွင့်လှစ်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဦးသန့် ရန်ကုန်မြို့မှာနေထိုင်ခဲ့တဲ့ နေအိမ်ကို တနင်္ဂနွေနေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဝင်ဒါမီယာ Crescent လမ်း လို့ အများသိကြတဲ့ ပန်းဝါလမ်းက နေအိမ်ကို အကြိုဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောင်မှာ အများပြည်သူ လာရောက် ကြည်ရှုနိုင်မယ့် ပြတိုက်အဖြစ် ပြသနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့နဲ့ ဦးသန့်အိမ်စောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။


တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကို မယူခင် ဝန်ကြီးချုပ်ဦးနုရဲ့ အမြဲတမ်းအတွင်းဝန် တာဝန်ကို ထမ်းဆောင်နေစဉ် ၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ဦးသန့်ဟာ အခုပန်းဝါလို့ ခေါ်နေတဲ့လမ်းထဲက အိမ်မှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။ အရင်က လျစ်လျူရှုထားတဲ့အတွက် ယိုယွင်းနေတဲ့ ဦးသန့်ရဲ့အိမ်ကို Yangon Heritage Trust ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့က ဦးစီးပြီး ပြန်လည်ပြင်ဆင်ခဲ့တာပါ။

ဦးသန့်ရဲ့ဘဝနဲ့ သူလုပ်ကိုင်ခဲ့တဲ့ အလုပ်တာဝန်တွေကို ပြန်လည် အမှတ်ရစေဖို့ ပြတိုက်အသေးစား တခုနဲ့ အတူ အများပြည်သူ အသုံးပြုနိုင်တဲ့နေရာတခုအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်လုပ်ခဲ့ တာဖြစ်တဲ့အကြောင်း အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။ လမယ့်လတွေအတွင်း ဦးသန့်ပြတိုက်ကို ဖွင့်လှစ်မယ်လို့ မျှော်လင့်တဲ့ အကြောင်းကိုလည်း ဦးသန့်အိမ်ဖွင့်ပွဲနဲ့ ပတ်သက်တဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

စနေနေ့က ဦးသန့်အိမ်ဖွင့်ပွဲကို အစိုးရဝန်ကြီးတချို့အပြင် သံတမန်တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Credit : Here