Saturday, April 6, 2013

ကင်ဆာဝေဒနာရှင် (၅)ဦးတွင် ကုထုံးသစ်ခံယူပြီးနောက် ကင်ဆာလုံးဝ ရပ်တန့်သွား

ကင်ဆာဝေဒနာရှင်ငါးဦးတွင် သူတို့၏ ခုခံအားဆဲလ်များ အားထုတ် ယူ၍ ကင်ဆာတိုက်ထုတ်နိုင်သော ဗီဇများ ပိုမိုပါဝင်စေရန် ပြောင်း လဲပြီး ၄င်းတို့ ခန္ဓာကိုယ်ထဲသို့ ပြန်သွင်းပေးခဲ့ရာ မကြာမီ၌ ကင်ဆာ လုံးဝ သက်သာ လာပြီး ကင်ဆာဆဲလ်များအားလည်း လုံးဝမတွေ့ရှိ ရတော့ကြောင်း သိရသည်။

ယင်းဝေဒနာရှင်များ အားလုံးမှာ သွေးကင်ဆာ တစ်မျိုး ဖြစ်သော ဘီတာဆဲလ် acute lymphoblastic Leukaemia ဝေဒနာခံစားနေရသူများဖြစ်ကြသည်။

ထိုသူအားလုံးမှာ ယခုကုသမှုကို မခံယူမီဓါတုကုထုံးအား ခံယူထားဖူးပြီး ထပ်မံဖြစ်ပွားရာ ကင်ဆာဆဲလ် များက ဓါတုဆေးများနှင့်ယဉ်ပါးနေ၍ ယင်းကုထုံးအား ထပ်မံခံယူရန် မသင့်တော်ပေ။ ထို့ကြောင့် နယူးယော့ခ်ရှိ Memorial Sloan Kettering ကင်ဆာဗဟိုမှ သိပ္ပံပညာရှင်များက လူနာ၏ ပင်ကိုဗီဇ ထဲသို့ ကင်ဆာတိုက်ထုတ်နိုင်သော ဗီဇများ ထပ်မံထည့်သွင်းကုသည့် ဗီဇကုထုံးအား တီထွင်ခဲ့ကြသည်။

ထိုလူငါးဦးတွင် ရိုးတွင်းချဉ်ဆီထဲသို့ ယင်းဆဲလ်များအစားသွင်း၍ကုသပြီး သုံးရက်အကြာမှစ၍ ရောဂါ သက်သာလာကာ ၅ လမှ ၂၄ လ အတွင်း လုံးလုံးပျောက်ကင်းသွားကြောင်း တွေ့ရသည်။ သို့သော် ထိုငါးဦးထဲမှ တစ်ဦးမှာကင်ဆာကြော့်မဟုတ်ဘဲ တစ်ခြားရောဂါတစ်မျိုးကြောင့် အသက်ဆုံးခဲ့ကြောင်း သိရသည်။ ယင်းကုထုံးတစ်ခုအဖြစ် လက်ခံရန်စောသေးသော်လည်း ဖြစ်လာနိုင်ချေ အလွန်များကြောင်း သိရသည်။

Credit : Here

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ် ဆတ်သော ရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်ရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြို ထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

Credit : Here

သင်္ကြန်မဏ္ဍပ်လျှောက်ထားသူများလိုက်နာရန် စည်းကမ်းချက်(၂၈)ချက် ထုတ်ပြန်...

ရန်ကုန်မြို့တော်မဏ္ဍပ်နေရာချထားရေး ဆပ်ကော် မတီမှ အခုနှစ် သင်္ကြန် ကာလအတွင်း သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ရန် လာရောက်လျှောက် ထား သူ များအား လိုက်နာရမည့် စည်းကမ်းချက် (၂၈)ချက် ချမှတ်ထားကြောင်း သိရသည်။ စည်းကမ်းချက်များအရ ခွင့်ပြုပေးထားသော မဏ္ဍပ်ကြီးနှင့် မဏ္ဍပ်လတ်များတွင် လုံခြုံရေး အတွက် CCTV ကင်မရာများအား လိုအပ် သောနေရာများတွင်တပ်ဆင်ထားပြီး ကျွမ်းကျင်သူ များအား တာဝန်ချထားပေးရန်၊ နေ့စဉ် CCTV Record မှတ်တမ်းများအား သက်ဆိုင်ရာ ကွပ်ကဲမှု ရုံးများသို့ ည(၈)နာရီထက်နောက်မကျပဲပေးပို့တင်ပြသွားရန်တို့ ပါဝင်ကြောင်း သိရသည်။ရေ ကစား မဏ္ဍပ်များ အား နေ့စဉ်မနက်(၇)နာရီမှစတင်ပြီး ည(၆)နာရီ အထိ ရေကစားခွင့်ပြုထား၍ မဏ္ဍပ်များနှင့် မဏ္ဍပ် အနီးတွင် အရက်ဆိုင်၊ ဘီယာဆိုင်များ ရေကစား မဏ္ဍပ် များတွင် မူးယစ်သောက်စား၍ ပါဝင် လှုပ်ရှားနေ သူများမရှိစေရန်၊ သင်္ကြန်မဏ္ဍပ်များတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် မအပ်စပ်သည့် အမည်များ ၊ နိုင်ငံရေး အရိပ်အယောင်မကင်းသော အမည်များမသုံးစွဲရန်၊ အမျိုးသမီးများအနေဖြင့် မဏ္ဍပ်တွေရှေ့ တွင်မြန် မာ့ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်၍ အများအမြင်တွင်လက်မခံနိုင်သော ဝတ်စားဆင်ယင်မှု၊ ကပြသီဆိုရေပက်ခံခြင်းများမပြုလုပ်ရန်သက်ဆိုင်ရာ မဏ္ဍပ်တာဝန်ခံများမှ အလေးထားကြပ်မတ်ပေး သွားရန်၊ ယာဉ်သွားလမ်းမပိတ်ဆို့စေရန် သက်ဆိုင်ရာ မဏ္ဍပ်ရေပက်ခံယာဉ်ထိန်းသိမ်းရေးအဖွဲ့မှ ယာဉ်များအား အချိန်ကန့်သတ်၍ ရေကစားစေပြီး ယာဉ်ကြော စဉ်ဆက်မပြတ်သွားလာနိုင်ရေး ထိန်းသိမ်း ကွပ်ကဲပေးရေး စသည့်အချက်များပါဝင်ကြောင်းသိရသည်။

Credit : Here

အစီရင်ခံစာထွက်ပြီး သုံးပတ်အတွင်း လက်ပံတောင်းတောင် ဒေသခံများအား ကျပ်သိန်းပေါင်းတစ်သောင်းခွဲကျော် ပေးပြီးပြီဟုဆို

အစီရင်ခံစာထွက်ရှိပြီး သုံးပတ်အတွင်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဒေသခံ များ အား မြေလျော်ကြေး ငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဆားလင်း ကြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

ယင်းစီမံကိန်းဒေသ ကျေးရွာပေါင်း ၂၀ ကျော်ရှိ စိုက်ပျိုးမြေဧက တစ်ထောင့်လေးရာကျော်၊ တောင်သူ ၅၃၆ ဦးအား မြေလျော်ကြေးငွေကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ခုနစ်ရာခန့်ကို မတ်လ ၁၆ ရက်မှ မတ်လ ၃၁ ရက်အတွင်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လျော်ကြေးငွေများကို တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ အမျိုးအစားသုံးမျိုးခွဲ၍ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယခုလျော်ကြေးငွေ ပေးအပ်ခြင်းသည် ကျေးရွာစိုက်ကွင်အလိုက် ပေး အပ်ခြင်းဖြစ်ပြီး လျော်ကြေးငွေပေး အပ်သောအဖွဲ့ မရောက်ရှိသေး၍ မရရှိသေးသူများလည်း ရှိသေးကြောင်း ဒေသခံ ရွာသား များကပြော သည်။


“၁၅ ရက်က အဖွဲ့ဆင်းလာပြီး ၁၆ ရက်မှာ စပြီးပေးတာ။ မနေ့ကနားတယ်။ ဆက်ပြီးတော့ လျော်ကြေးတွေ ပေးသွားမယ်။ မရောက်သေးတဲ့ နေရာတွေကိုလို့ ကြားပါတယ်”ဟု ၀က်မှေးရွာသားတစ်ဦးက ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် စီမံကိန်း လျော်ကြေး ငွေကို ကာလပေါက်ဈေးအတိုင်း ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်မှ ကျပ်သိန်းပေါင်း ငါးသောင်းခန့်ကို ဒေသခံများအား လျော်ကြေးအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း မတ်လ ၁၃ ရက် လက်ပံတောင်းတောင်ဒေသ ခရီးစဉ်အတွင်း ဒေသခံများအား ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာကို မတ်လ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ပြီး ယင်းနေ့တွင်ပင် အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီသည် မတ်လ ၁၅ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် တစ်ရက်အကြာတွင် လျော်ကြေး ငွေများကို စတင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Credit : Here

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက်အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနဲ့လျှောက်ထားရမည်…


ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနှင့်သာ ဆက်လက် လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝ န်ရှိသူ တစ်ဦး၏ပြောကြား ချက် အရ သိရသည်။

ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ချပေးမည့် CDMA 800 MHz ဖုန်းများတွင် အင်တာနက်လိုင်းပါဝင်မည် မဟုတ်ဘဲ သီးခြားလျှောက် ထားရမည် ဖြစ်ပြီး လျှောက်ထားရာတွင် GSM ဖုန်းများနည်းတူ ကျပ်(၁)သောင်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။


ယင်းကဲ့သို့ CDMA ဖုန်းများ အများအပြားထပ်ချပေးသော်လည်း အင်တာနက်မြန်နှုန်းကတော့ လတ် တလောတွင် အရမ်းကျဆင်းတာမျိုးမဖြစ်နိုင်ကြောင်း အဆိုပါတာဝန်ရှိသူကမှတ်ချက်ပြုသည်။မိုဘိုင်း ဖုန်း သုံးစွဲသူအများစုသည် SIM ကတ်ဈေးနှုန်းများ ချပေးလိုက်သည့် အတွက် အင်တာနက် တပ်ဆင်ခ ကိုလည်း လျှော့ချပေးစေလိုကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသည့် GSM, WCDMA ဖုန်းများကို အင်တာနက်တပ်ဆင်အသုံးပြုခွင့်ပြုထားရာ လူ တစ်ဦး ချင်း၏ အင်တာနက်အသုံးပြုမှုနှုန်းသည် လွန်ခဲ့သည့် နှစ် အနည်းငယ်ကထက် အဆများစွာမြင့် တက်လာကြောင်း သတင်းရရှိသည်။

Credit : Here

အမျိုးသမီးများကြား စီးဝင်လာသည့် ယမကာယဉ်ကျေးမှု

မူးယစ်ရီဝေလာပါက အဖော်ယောက်ျား လေး ကို ကုန်းပိုးခိုင်းစေ လိုခြင်းနှင့် ငို၍ ကောင်း သောကြောင့် ဘီယာနှင့် ဆိုဂျူးအရက် များ သောက်သုံး ကြသည်ဟု ဆိုသည့် ကိုရီးယား လှိုင်း၏ ရိုက်ခတ်မှု သည် မြန်မာမိန်းကလေး ငယ် တချို့အတွက် ဖက်ရှင်ကျသည့် လူငယ် သဘာဝတစ်ခု ဖြစ်လာခဲ့ပါပြီ။

အမျိုးသားများနှင့် ရင်ပေါင်တန်းမည့် တန်း တူညီမျှ အခွင့်အရေးဟူသော အသုံးအနှုန်းကို တွင်ကျယ် စွာပြောဆိုလာကြပြီး နောက်ပိုင်းတွင် ယမကာသောက်သုံးခြင်းသည်လည်း အမျိုးသမီးများ ကိုယ်ပိုင် အခွင့်အရေးတစ်ရပ်ဟု လက်ခံယူဆလာကြသည်။


ရန်ကုန်မြို့တော်တွင် ၁၉ လမ်းကဲ့သို့ အရက်ဆိုင်တန်းများ၌ အမျိုးသားတို့ကြား ၀ိုင်းဖွဲ့သောက် သုံးနေ သည့် အမျိုးသမီးများအပြင် မိန်းကလေးများအုပ်စုဖွဲ့ သောက်သုံးနေကြသည့် မြင်ကွင်းများ ကိုလည်း နေ့စဉ်မြင်တွေ့ရမည် ဖြစ်သည်။ ဘီယာဆိုင်ကြီးများ၊ နိုက်ကလပ်များ၊ ပါတီပွဲများမှာလည်း အမျိုးသမီး ငယ်များ ဘီယာ၊ အရက်သောက်သုံးလာကြသည်ကိုတွေ့မြင်နိုင်ကြပါသည်။

အမျိုးသမီးတို့အနေဖြင့် အရက်အလွန်အကျွံ သောက်သုံးမိပါက နီးစပ်သူအမျိုသားများနှင့် မှားယွင်း မှုများ ဖြစ်ပေါ်တတ်သည့် သာဓကအချို့လည်းရှိခဲ့ပြီး အများစုကတော့ အပျော်သဘောဖြင့် သရုပ် မပျက် သောက်သုံးကြသည်က များသည်။

“မူးနေတဲ့ မိန်းကလေးတစ်ယောက်ကို အခွင့်အရေးယူတဲ့ ယောက်ျားက လူစဉ်မမီဘူးထင်ပါတယ်။ မူးနေတဲ့မိန်းကလေးမှာ အပြစ်မရှိဘူးထင်ပါတယ်။ အမြတ်ထုတ်တဲ့သူသာ အပြစ်ရှိပါတယ်။ လူ့အသိုင်း အ၀ိုင်းက တကယ်အပြစ်ရှိတဲ့သူကို မြင်တတ်ဖို့လိုပါတယ်”ဟု Yangon Film Schoolမှ မန်နေဂျာ ကိုသက်ဦးမောင်က ၎င်း၏အမြင်ကိုပြောသည်။

အမျိုးသမီးများက အမျိုးသားတို့နှင့် ရင်ပေါင်တန်း၍ အရက်သေစာ သောက်သုံးလာကြခြင်း၏ အဓိက အကြောင်းရင်းများထဲတွင် ကိုရီးယားဇာတ်လမ်းတွဲများက ထိပ်ဆုံးမှ ပါဝင်လျက် ရှိသည်။ မြန်မာ့ ယဉ်ကျေးမှုဓလေ့စရိုက်အတွင်း ကူးစက်ဝင်ရောက်လာသည့် ကိုရီးယားယဉ်ကျေးမှု ဓလေ့စရိုက်များက အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး စွဲလမ်းလာစေခဲ့ပြီး အနောက်တိုင်းရုပ်ရှင်များတွင် ပါဝင်သည့် ဓလေ့စရိုက်များကိုလည်း နှစ်သက်တတ်လာကြသည်။

ဘိန်းစွဲသကဲ့သို့ စွဲလမ်းလာကြသည့် ကိုရီးယားဖက်ရှင်များ၊ ကိုရီးယားအစားအသောက်များက လူငယ်ထု အကြား ပျံ့နှံ့မှုပိုမိုများပြားကာ ဘီယာ၊ အရက်နှင့် ဆိုဂျုးသောက်သုံးခြင်း၊ မူးယစ်လာပါက ငိုကြွေးခြင်း ၊ ယောက်ျားလေးကို ကုန်းပိုးခိုင်းခြင်း စသည်တို့ကိုလည်း လုပ်ဆောင်လာကြသည်။ ညဥ့်နက်မှ မူးပြီး အိမ်ပြန်လာသည့် ဇာတ်ဝင်ခန်းများ၊ အိမ်ထောင်ရေးဖောက်ပြန်သည့် ဇာတ်ရှုပ်များ ကလည်း ကိုရီးယားဇာတ်ကားတိုင်းလိုလိုတွင် ပါဝင်လျက်ရှိနေသည်။

ယခင်က အရက်ဆိုင်၊ ဘီယာဆိုင်များရှေ့မှ ဖြတ်လျှောက်လျှင် ပင် ခေါင်းငုံ့ကာ ခပ်သွက်သွက်လျှောက် လှမ်းကြသည့် မြန်မာမိန်းကလေးများက ယခုအခါ ဘီယာဆိုင်များအတွင်း ၀င်ထိုင်နေကြပါပြီ။ ယောက်ျားလေး အပေါင်းအသင်းများနှင့် ဘီယာဆိုင်လိုက်ထိုင်ရင်း တစ်ခွက်တစ်ဖလား စမ်းသောက် ကြည့် ရာမှ အရက်သောက်သုံးခြင်းကို စတင်ခဲ့ကြလေသည်။

အသက် ၂၄ နှစ်အရွယ် သတင်းထောက်အမျိုးသမီးတစ်ဦးကတော့ သူမ ဘီယာသောက်ဖြစ်ခြင်း ကို အောက်ပါအတိုင်း ပြောကြားသည်။

“ကိုရီးယားကားကြောင့် သောက်တာလည်း မဟုတ်ဘူး။ ကြိုက်လို့သောက်တာ။ သူများ မိန်းကလေးတွေ သောက်တာလည်း ဘယ်လိုမှမမြင်ဘူး။ အရမ်းသရုပ်မပျက်ရင် ပြီးတာပဲ။ ဒီမှာက မိန်းမတွေက သောက်ပြီဆို ငိုလိုက်၊ ရယ်လိုက်နဲ့”

အသက် (၂၉)နှစ်အရွယ် ကိုနစ်ကီကလည်း “တချို့မိန်းကလေးတွေက အပျော်အပါး သဘောမျိုး နဲ့ သောက်ကြတာတွေ့ရတယ်။ ဥပမာ- ၁၉ လမ်းလို နေရာမျိုးကို ကြည့်လေ။ ဘာပွဲညာပွဲမရှိဘဲ နဲ့ကို သောက်နေကြတာ။ သင်္ကြန်မှာဆိုလည်း အရက်ဘီယာသောက်တာ မဆန်းတဲ့ ပုံစံနဲ့ သောက် ကြတာ”ဟု ဆိုသည်။

ကုမ္ပဏီဝန်ထမ်း အမျိုးသမီးများက ပါတီပွဲများ၊ ညစာစားပွဲများတွင် လူမှုရေးအရ ၀ိုင်နှင့်ဘီယာ အနည်း ငယ်သောက်သုံးသည့် ဓလေ့ရှိလာကြပြီး တချို့အမျိုးသမီးများက ဖက်ရှင် သဘောမျိုး သောက် သုံးလာ ကြကာ အမျိုးသမီးငယ်များကတော့ သူငယ်ချင်းအပေါင်းအသင်း များနနှင့် သွားလာရင်း သောက်ဖြစ် လာခြင်းဖြစ်သည်။“သူငယ်ချင်းတွေနဲ့သွားရင်း မြည်းစမ်းသောက်ကြည့်ရာက သောက်တတ်လာတာပဲ။ သောက်ကြည့်လိုက်တော့လည်း ကြိုက်တယ်။ အရင်ခေတ်တွေတုန်းကလို အရက်တစ်ခွက်ဝင်ပြီး မိန်းကလေးတွေ အသိစိတ် ပျောက်ကုန်တယ်ဆိုတာမျိုး မဖြစ်တော့ဘူး။ တော်ရုံတန်ရုံ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင် တယ်”ဟု အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးကပြောပြသည်။

မြို့နယ်ပေါင်း ၅၀ ကျော်မှ အသက်(၁၈)နှစ်မှ (၆၄)နှစ်အရွယ် လူပေါင်းခုနစ်ထောင်ကျော်ကို ကျပန်းရွေးချယ်၍ သုတေသနတစ်ခု ပြုလုပ်ခဲ့ရာ၌ အမျိုးသား ၁၀၀ တွင် ၄၅ ဦးက အရက်သောက် သုံးပြီး အမျိုးသမီး ၁၀၀ တွင် လေးဦး(လေးရာခိုင်နှုန်း)က အရက်သောက် သုံးကြောင်း တွေ့ ရှိရသည်။

“နှစ်ယောက်မှာ တစ်ယောက်လောက် သောက်နေတယ်ဆိုတော့ ဒါတော်တော်အရေး ကြီးတဲ့ ပြဿနာပဲ” ဟု ဒေါက်တာကိုကိုဇော်ကပြောသည်။

“ဒီလေးရာခိုင်နှုန်းဆိုတာက မြို့ပြရော၊ တောရော အသက်ကြီးငယ်အားလုံးနဲ့ အရက်လုံးဝ မသောက်တဲ့ သူတွေကိုပါ ပြုလုပ်ထားတဲ့ သုတေသနပါ။ တကယ်ကို အရက်သောက်နိုင်တဲ့ အများဆုံးအခြေအနေရှိတဲ့ အသက်အပိုင်းအခြားကိုပဲ လေ့လာရင် ဒီထက် အဆပေါင်းများစွာ များနိုင်မယ်”ဟု ၎င်းကဆိုသည်။

အမျိုးသမီးများထဲတွင် အသက်(၃၃)နှစ်မှ (၄၅)နှစ်အထိသည် အများဆုံးသောက်သုံးသည့် အသက် အရွယ်ပင် ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်များကို လေ့လာသည့်အခါ ကယားပြည်နယ်သည် အမျိုးသမီးများ အရက်သောက်သုံးမှု အများဆုံးပြည်နယ်ဖြစ်ပြီး သုတေသနပြုလုပ်ချက်အရ တစ်နှစ်အတွင်း အရက်သောက်သုံးမှုမှာ အမျိုးသမီး ၁၀၀ တွင် ၃၈ ဦးရှိကြောင်း တွေ့ရှိရသည်။

အမျိုးသမီးများ အရက်သောက်သုံးမှု ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်သည်။

အသက်မပြည့်သေးသည့် ကလေးများ အရက်သောက်သုံးမှုနှင့်ပတ်သက်၍ Strategic First စီးပွားရေး သင်တန်းကျောင်းမှ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ရှစ်ကျောင်း၌ တက်ရောက် နေသော ၈ တန်းမှ ၁၀ တန်းအထိ ကျောင်းသူ ၁၀၀ ကျော်အား မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုကို ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းများ အပါအ၀င် ဆင်ခြေဖုံးရှိ ကျောင်း များကို ပါ ရွေးချယ်မေးမြန်းထားခြင်းဖြစ်သည်။

ကျောင်းသူ၁၀၀ ကျော်တွင် မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည့်ကျောင်းသူတိုင်းက ဘီယာနှင့် ဆိုဂျုး သောက်ဖူး ကကြောင်း Strategic First သင်တန်းကျောင်း မှ ကျောင်းအုပ် ဦးအောင်မျိုးချစ် က ပြောပြ သည်။

“ယောက်ျားလေးတွေက ကောင်မလေးကိစ္စနဲ့ သောက်တယ်။ ကောင်မလေးကေတော့ သောက်ပြီးရင် ငိုလို့ကောင်းလို့၊ ကောင်လေးကို ကုန်းပိုးခိုင်းချင်လို့သောက်တာလို့ ဖြေကြတယ်။ ဆရာမတွေ ကိုမေးတာ ကျောင်းမှာလည်း ၀ိုင်ပုလင်းတွေ ယူယူလာလို့ ရုံးခန်းကို ပို့လိုက်ရတယ် ဆိုတာတွေလည် ရှိနေတယ်”ဟု သူကဆိုသည်။

အမျိုးသမီးငယ်များကို အဓိကရည်ရွယ်သည့် ဘီယာသောက်ပြိုင်ပွဲကဲ့သို့ ပြိုင်ပွဲများလည်း တချို့ပါတီ ပွဲများတွင် ထည့်သွင်းကျင်းပလာပြီး အရက်သောက်ဖူးမှ ခေတ်မီသည် ဆိုသည့် ပြောင်းလဲ မှုများ လည်း လူအများကြားရှိလာပြီ ဖြစ်သည်။

“အဓိကက ကြိုက်လို့လို့ထင်ပါတယ်။ ပုံမှန်အားဖြင့် မြန်မာမိန်းကလေးတွေ စကားတိုးတိုးပြောပြီး ခပ်မှန်မှန် နေထိုင်လေ့ရှိပေမယ့် သောက်ပြီးတဲ့အခါ လွတ်လပ်မှုတစ်မျိုးဖြစ်သွားပြီး နေရထိုင်ရတာ ပိုပျော်ဖို့ ကောင်းသလို ဖြစ်သွားလို့ သောက်ကြတာလို့ ထင်တယ်”ဟု ဒီဇိုင်နာအမျိုးသမီးတစ်ဦး က ပြော သည်။

“မိန်းကလေးတွေ အရက်သောက်လို့ရတဲ့ နေရာတွေ များလာတယ်။ နိုက်ကလပ်ဆို မိန်းကလေးကို အရက်အလကား တိုက်တယ်လို့ ပြောတာပဲ။ ရုပ်ရှင်ကားတွေထဲမှာလည်း စိတ်ညစ်လို့ ထွက်ပေါက်ရှာရင် အရက်သောက်ပြီး ရှာကြတယ်ပေါ့လေ။ မြန်မာကားတွေမှာလည်း အဲဒါတွေ ရိုက်ကူးပြနေတယ်။ အပြင်မှာလည်း သောက်နေကြတော့ ဒါက ယဉ်ကျေးမှုတစ်ခု လို့တောင် ပြောလို့ရနေပြီ”ဟု တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက သုံးသပ်သည်။

သို့သော် အမျိုးသမီးများမှာ ကိုယ်သောက်သုံးသည့် ယမကာအမျိုးအစားတွင် အရက်ပမာဏ မည်မျှ ပါဝင်နေသည်ကို မသိရှိကြပေ။ အများစု၏ စိတ်ထဲတွင် ၀ီစကီကဲ့သို့ အရက်ပြင်းများ၌ အယ်လ်ကိုဟောလ် Level ၁၀၀ ရာခိုင်နှုန်းပါဝင်နေပြီး ဘီယာကဲ့သို့ အဖျော်ယမကာများတွင်မူ အယ်လ်ကိုဟောလ်ပမာဏ အနည်းငယ်သာ ပါဝင်နေသည်ဟု ထင်မှတ်နေကြသည်က များသည်။

တကယ်တမ်းတော့ မိန်းကလေးများ သောက်သုံးနေကြသည့် ဆိုဂျုးအရက်တွင်ပင် အယ်လ်ကိုဟောလ် Level မြင့်မားစွာ ပါဝင်နေပြီး ဘီယာတွင်လည်း အယ်လ်ကိုဟောလ် ၄ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း သိရသည်။

“Trend ကလည်း တော်တော်လေးကို ပြောင်းလဲနေပြီ။ အရက်တွေလည်း ထပ်ပြီးခွင့်ပြုနေတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးကို ကာကွယ်ဖို့ ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာတော့ မရှိဘူး။ ထိုက်သင့် တဲ့အခွန်တွေ တိုးကောက်တာမျိုး၊ ထိုက်သင့်တဲ့ ထိန်းသိမ်းမှုတွေနဲ့ လူငယ်တွေကို ပညာပေးတာမျိုးတွေ ထိထိရောက်ရောက် လုပ်ဖို့တော့ လိုနေပါပြီ”ဟု Strategic First သင်တန်းကျောင်း မှ ကျောင်းအုပ် ဦးအောင်မျိုးချစ်က သုံးသပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ထားသည့် သုတေသနအရ မြန်မာနိုင်ငံ၌ ဘီယာ သောက်သုံးမှုမှာ ၈၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အရက်ပြင်းနှင့် ၀ိုင်သောက်သုံးမှုမှာ ၁၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ဖော်ပြထားသည်။

“အရက်သောက်တာကြာရင် ပထမအဆင့်မှာ စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှု ဖြစ်လာတယ်။ အဲဒါကိုမှ မဖြတ်ဘူး ဆိုရင် ရုပ်ပိုင်းဆိုင်ရာစွဲလန်းမှုတွေ ဖြစ်လာတယ်။

အရက်အနည်းငယ်သောက်ရင် ကျန်းမာရေးအတွက် ကောင်းကျိုးနည်းနည်း ရှိတယ်ဆိုပေမယ့် လူအများ က အဲဒီအဆင့်နဲ့တင် ရပ်မနေကြဘူး။ လစ်မစ်ကျော်တဲ့ အထိကူးသွားတာ များတယ်” ဟု ဒေါက်တာ ကိုကိုဇော်ကပြောသည်။

လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အသက်(၂၅)နှစ်အရွယ် မချမ်းငြိမ်းဖြူကလည်း “ဘယ်အရာမဆို အလွန်အကျွံမဖြစ်ရင် ကောင်းပါတယ်”ဟု ဆိုလာသည်။

အရက်၊ ဘီယာသောက်သုံးခြင်းအားဖြင့် မည်သူမဆို ရောဂါပေါင်းခြောက်ဆယ်ကျော် ဖြစ်နိုင်ခြေရှိနေပြီး အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ရှိစေရန် အခက်အခဲဖြစ်စေသောကြောင့် အလွန်အကျွံသောက် သုံးခြင်း ကို ရှောင်ရှားသင့်ပါသည်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အရက်စွဲဝေဒနာဖြင့် ရောက်ရှိလာကြသူများထဲတွင် အမျိုးသမီး များ လည်း ပါဝင်လာနေခဲ့ပြီ ဖြစ်သည်။

“ရောဂါပေါင်း ခြောက်ဆယ်ကျော် ဖြစ်နိုင်တဲ့အထဲက လူတိုင်းသိတာကတော့ အသည်းခြောက်ရောဂါ၊ ဦးနှောက်ထိခိုက်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်တယ်။ ပြီးတော့ ခံတွင်းကင်ဆာစတဲ့ ကင်ဆာ ရောဂါတွေ၊ အမျိုးသမီးတွေမှာဆိုရင်လည်း ကလေးပေါင်မပြည့်ဘဲ မွေးတာမျိုး၊ ဆီးချိုရောဂါနဲ့ လူမှုရေး ပိုင်းဆိုင်ရာ ပြဿနာတွေကတော့ အထင်ရှားဆုံးပဲ”ဟု ဒေါက်တာကိုကိုဇော်က ရှင်းပြသည်။

နိုင်ငံခြားယဉ်ကျေးမှုများကို သရုပ်ပျက်ခြင်းဟု ဆို၍မရပါ။ သူတို့လူမျိုး၊ သူတို့ထုံးစံပင် ဖြစ်ပါ သည်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ထုံးစံရိုးရာများ ရှိပါ သည်။ နိုင်ငံခြား ယဉ်ကျေးမှု များကို အတုယူနေထိုင်ခြင်းသည် တိုးတက်လာ သည့် ခေတ်အခြေအနေ အရ ဖြစ်တည် လာမှုတစ်ခုပင် ဖြစ်နိုင်ပြီး မြန်မာ့ယဉ်ကျေးမှုကိုလည်း ပျောက်ပျက်မသွားစေရန် ထိန်းသိမ်း ဖို့ရာ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။

တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက လူငယ်အမျိုးသမီးများ အရက်၊ ဘီယာ သောက်စားလာကြခြင်းအပေါ်တွင် အောက်ပါအတိုင်းသာ မှတ်ချက်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုဆိုရင်စကတ်တိုဝတ်တယ်ဆိုတာခြေထာက်လှဖို့ လိုတယ်လေ ။ ကောင်း တယ်ထင်ရင်လုပ်ပေါ့။ ကိုယ်လုပ်တာတွေက ကိုယ့်အရိပ်ပဲဖြစ်မှာပါ”ဟူ၍ ဖြစ်ပါသည်။

Credit : Here

ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ


ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက် စီးမှုကို ကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော်တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။


သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta က တွေ့ရှိမှုအရ ယမကာသောက်သုံးသူများတွင် ကော်ဖီက ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင်း လေ့လာမှုတွင် ပါဝင်သူများ၏ သွေးတွင်းဝယ် အသည်းအင်ဇိုင်းဖြစ်သော gamma-glutamyl transferase, GGT၏ ပမာဏသည် ယမကာမှီဝဲသူများတွင် မြင့်တက်နေကြောင်း အဆိုပါ အင်ဇိုင်း များပြားနေခြင်းသည် အချိန်ကြာမြင့်စွာ အရက်သောက်သုံးသူများတွင်အသည်းရောဂါဖြစ်စေကြောင်း သိ၇ှိရသည်။

GGT ပမာဏမြင့်တက်ခြင်းသည်ယမကာသာမက ဆေးလိပ်သောက်သုံးခြင်း၊ အသက်အရွယ် လွန်ခြင်းတို့နှင့်လည်းသက်ဆိုင်နေကြောင်း ဖော်ပြထားသည်။ ယခုသုတေသနတွင် ကော်ဖီသောက်သုံး ခြင်းသည်သာ အသည်းရောဂါကို ကာကွယ်နိုင်ခြင်းဖြစ်ပြီး မည်သည့်ကော်ဖီ အမျိုးအစား၊ မည်ကဲ့သို့ ဖော်စပ်သည်ဆိုခြင်းက သက်ရောက်မှုမရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်.။

ယခုလေ့လာမှုကို Journal Alcohol and Alcoholism တွင် ပုံနှိပ်ဖော်ပြထားခြင်းဖြစ်သည်။

Credit : Here

ငါးထောင်တန် ငွေစက္ကူအတုတွေ မိပြန်ပြီ


ငါးထောင်တန် ငွေစက္ကူ အတုတွေ မကြာခဏ ဖမ်းဆီးရမိလေ့ရှိတတ်ရာမှာ အခုတော့ ကချင်ပြည်နယ် မြစ်ကြီးနား မှာ မတ်လ ၂၈ ရက်နေ့က ဖမ်းမိလိုက်ပါတယ်။

ဆိုင်ကယ်ဆိုင်မှာ ၅ ထောင်တန် အတုနဲ့ ဆိုင်ကယ် လာရောက်ဝယ်စဉ်မှာ ငွေစက္ကူအတုတွေကို နယ်မြေခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာလို့ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။


အဲဒီလို ငွေစက္ကူအတုတွေ ဖမ်းမိတာနဲ့ပတ်သက်ပြီး ကွင်းဆက်တွေလိုက်လံဖော်ထုတ်ကာ စုစုပေါင်း ၆ ဦး ကို အရေးယူထားတယ်လို့ ဆိုပါတယ်။ 

အခုဖြစ်စဉ်မှာ ငွေစက္ကူအတုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ အဆိုပါအမှုနဲ့ပတ်သက်ပြီး ဖမ်းဆီခံရသူတဦးရဲ့ ၀န်ခံ ဖြောင့်ချက်ထဲမှာ ၅ ထောင်တန် အတု တွေကို မြန်မာနိုင်ငံထဲမှာ ထိုးဖောက်ကာ စမ်းသပ်သုံးစွဲဖို့ စီမံခဲ့တယ်လို့ ဆိုပြီး အောင်မြင်သွားမယ်ဆိုရင် ပမာဏ ကြီးကြီးမားမား နောက်ထပ် ပေးဖို့ အစီအစဉ် ရှိတယ်လို့ ဆိုပါတယ်။ 

ငွေစက္ကူအတုနဲ့ နိုင်ငံတခုရဲ့ စီးပွားရေး ချွတ်ခြုံကျအောင် စီမံတတ်တဲ့ မသမာတဲ့ သီအိုရီ တခုကို ကျင့်သုံး ခဲ့ဖူးတဲ့ သမိုင်းကြောင်းဟာ ကမ္ဘာပေါ်မှာ အခုထိ တွင်ကျယ်နေပါသေးတယ်။

Credit : http://blog.irrawaddy.org/2013/04/blog-post_6.html

ကန် သမ္မတဟောင်း ဂျင်မီကာတာ ရန်ကုန်မှာ ဘာပြောလဲ


မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် သမ္မတဟောင်း မစ္စတာ ဂျင်မီကာတာဟာ နိုင်ငံရေး၊ ဘာသာ ရေး ၊ လူမှုရေး စတဲ့ မြန်မာ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ နဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဧပြီလ ၅ ရက်နေ့ ညပိုင်းက တွေ့ဆုံခဲ့ပါတယ်။


ထိုသို့ တွေ့ဆုံရာမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာပြီးနောက်ပိုင်း နိုင်ငံတကာက မြန်မာနိုင်ငံကို စိတ်ဝင် စားမှုများလာတာကို ရေရှည် ဖြစ်စေလိုကြောင်း၊ ကူညီပေးချင်းသူတွေလည်း ရှိကြောင်း၊ ၂၀၁၅ ရွေး ကောက်ပွဲဟာလည်း စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ အကြောင်းဖြစ်ပြီး သူအပါအ၀င် နိုင်ငံတကာကို လည်း လေ့လာသူတွေအဖြစ် ဖိတ်ခေါ်စေလိုတယ်လို့လည်း ဂျင်မီကာတာက ပြောသွားပါတယ်။


“ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြဿနာ ရှိနေသေးသရွေ့ မငြိမ်းချမ်းသေးပဲ ဒီမိုကရေစီ သွားဖို့နှောင့်နှေး နေဦးမှာပဲ” အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုတွေအားလုံးကို နိုင်ငံရေးခေါင်းဆောင်တွေအားလုံးဟာ နိုင်ငံသူ နိုင်ငံသားတွေနဲ့ လက်တွဲပြီး နိုင်ငံရေး နည်းလမ်းတွေနဲ့ အတူဖြေရှင်းသွားကြဖို့လည်း တိုက်တွန်း ပြောဆို သွားပါတယ်။ 

မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အထောက်အကူဖြစ်စေဖို့ သမ္မတဟောင်း ဂျင်မီကာတာတို့ ဇနီး မောင်နှံထူထောင်ထားတဲ့ ကာတာဖောင်ဒေရှင်းဟာလည်း မြန်မာနိုင်ငံမှာ အခြေစိုက်သွားဖို့လည်း ရှိပါ တယ်။ 

Credit : http://blog.irrawaddy.org/2013/04/blog-post_8870.html

သင်္ကြန် မဏ္ဍပ်ဖိုး သတ်မှတ်ကြေးနဲ့ ကောက်လို့ လာရှိုး ဈေးသည်များ မကျေနပ်


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မကြာမီ ကျင်းပမည့် မဟာသင်္ကြန် ပွဲတော်အတွက် မြို့မဈေး သင်္ကြန် မဏ္ဍပ်ပြုလုပ်ရန် ဟုဆိုကာ လားရှိုးမြို့ စည်ပင်မှ ဈေးခေါင်းနှင့် ဈေးအကျိုးဆောင် ဥက္ကဌ တို့က ဦးဆောင်ပြီး ဈေးဆိုင်ခန်းတစ်ခန်းလျင် အပေါ်ထပ်ဖြစ်ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ သတ်မှတ်ချက်ဖြင့် လိုက်လံ ကောက်ခံနေကြောင်း လားရှိုးမြို့မဈေး ဈေးဆိုင်ခန်း ပိုင်ရှင်များက ပြောသည်။


“မထည့်ဘူး မပြောပါဘူး၊ စေတနာရှိသလောက်တော့ ဖြစ်စေချင်တာပါ၊ ဒါကို သူတို့က သတ်မှတ်ချက်နဲ့ လာပြီး အတင်းဆိုတော့ စိတ်ကုန်တယ်ဗျ၊ အရင်ခေတ်ကလို မှတ်နေကြတာ” ဟု ဈေးဆိုင်ခန်း ပိုင်ရှင် တစ်ဦး ကပြောကြားသည်။

ပျံကျဈေးရောင်းချနေသည့် ဈေးသည်များက ပြောရာတွင် မိမိတို့ ပျံကျ ဈေးသည်များအားလည်း ကောက်ခံကြောင်း၊ ပျံကျတဦးလျင် ကျပ် ၄၀၀၀ ပေးဆောင်နေရကြောင်း၊ ဈေးထွက်ခွင့်ကိုမူ ယခု ဧပြီလ ၁ ရက်နေ့ မှစတင်ပြီး နံနက် ၇း၀၀ နာရီမှ နေ့လည် ၂း၀၀ ထိ ခွင့်မပြုတော့ကြောင်း၊ ဈေးကွဲမှ ဈေးရောင်း ချခွင့် ရသဖြင့် အခက်အခဲများ ကြုံနေရကြောင်း ပျံကျဈေးသည်များ ကပြောသည်။

ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက သုံးသပ်ပြောကြားရာတွင် ယခုကဲ့သို့ စည်ပင်အနေဖြင့် ပြည်သူ လူထုအပေး အတင်းအကျပ် ကောက်ခံခွင့် မရှိကြောင်း ၊ အောက်ခြေ ၀န်တမ်းများရော၊ အပေါ် ၀န်ထမ်းများပါ ဒါကို သဘောပေါက်ပြီး အာဏာပါဝါ သုံးစွဲခြင်းကိုရှောင်ရှား သင့်ကြောင်း ပြောဆိုသည်။

ပျံကျဈေးသည်များကလည်း ယခင်လို နံနက်မှ စတင်ပြီး ဈေးရောင်းခွင့်ရလိုကြောင်း ပြောဆိုသည်။

စည်ပင်မှ ၀န်ထမ်း တဦးက ပြောကြားရာတွင် ဈေးရောင်းချခွင့် မပေးခြင်း မဟုတ်ကြောင်း၊ စာကပ်ပေး ထားကြောင်း၊ အချိန်အတိုင်းအတာ သတ်မှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ပြန်လည် ပြောဆိုသည်။ 

Credit : http://blog.irrawaddy.org/2013/04/blog-post_4296.html

ဆရာတော် ဦးဝီရသူ ၏ တရားတော်များနဲ့ပတ်သက်ပြီး ရှင်းလင်းချက်များ။ ကျုပ်တို့ မြန်မာများ မဖြစ်မနေဖတ်ပါ.............


ဦးပဉ္စင်းသည် အစ္စလာမ်ဆန့်ကျင်ရေးတရား ဟောကြားနေသူမဟုတ်ပါ။ အစ္စလာမ်သာသနာကို မဆန့်ကျ သင်လို ကိုရ်အန်ကျမ်းကိုလည်း လေးစားပါသည်။ (၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃) ခုနှစ်တွေတုန်းက ကိုအန်ကျမ်း ကို လေ့လာဖူးပါသည်။

(၂၀၁၂) ခုနှစ်တွင် ကရဝိက်ဦးမောင်မောကင် လက်ဆောင်ပေးထားသော ကိုရ်အန်ကျမ်းကိုလည်း ယခု အချိန် ထိ ဗီရိုပေါ်မှာ အမြတ်တနိုး သိမ်းဆည်းထားပါသည်။ ကိုရ်အန်ကျမ်းကို လေးစားပါသည်။


ဦးပဉ္စင်းဟောကြားနေသည်မှာ အမျိုးသားရေးတရားတော်များ ဖြစ်ပါသည်။ ဦးပဉ္စင်းသည် မွတ်ဆ လင်တွေ ကို မလိုလားသူလည်း မဟုတ်ပါ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုပဲ ကျင့်သုံးပါ သည်။

ဦးပဉ္စင်းတရားထဲတွပင်ပါဝင်သော မွတ်ဆလင်တွေအေကြာင်း လေ့လာသင့်ပါသည်။ ဦးပဉ္စင်းဟောသလို ဦးပဉ္စင်းတို့ အမျိုးဘာသာ သာသနာကို စော်ကားမော်ကားပြုသူများမ ဟုတ်လျှင် ပြန် လည်ဖြေ ရှင်း တောင်း ပန်ပါမည်။ ဦးပဉ္စင်းဟောကြားသည့်အတိုင်း မှန်ကန်လျှင် မိတ်ဆွေတို့ကလည်း ဝန်ခံခြင်း၊ တောင်း ပန် ခြင်းများ ပြန်လည်ပြုလ်ုရပ ပါမည်။

ထို့အပြင် အသင်မိတ်ဆွေအား နမူနာမေးခွန်းတစ်ချို့ မေးပြလိုက်ပါသည်။

၁။ မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ် စေ သင်တို့မွတ်ဆလင်တွေနှင့် ညားသည့်အခါ အစ္စလာမ် ဘာသာ ထဲသို့ အတင်းအဓမ္မ သိမ်းသွင်းနေသူများကို သင်တို့ အစ္စလာမ်အဖွဲ့ချုပ်က အဘယ်ကြောင့် အရေး မယူဘဲ မသိကျိုးကျွံ ပြုနေပါသနည်း။

၂။ အစ္စလာမ်မကိုးကွယ်ဘဲ ကိုယ်ယုံကြည်ရာ ကိုးကွယ်သူများကို အဘယ့်ကြောင့် သတ်ဖြတ် ရပါ သနည်း။ (၂၀၀၃၊ မုံရွာမြို့မြောက်ဘက်၊ အလုံမြို့လေးမှ မစုစုလတ်ကို ရာဇင်နှင့်မိသားစုက အင်္ဂါဇာတ် ကို ဓားနဲ့ ထိုး သတ် ခဲ့သည်။)

၃။ အစ္စလာမ်ထဲသို့ ကြောက်၍၀င်ရင်သော် လည်း ခိုးကြောင်ခိုးဝှက် ဘုရားသွားကျောင်းတက်၊ ဥ ပုသ်စောင့် သူကို အဘယ့်ကြောင့် နေ့စဉ်ညှဉ်းဆဲ ရက်ရက်ရပါသနည်း။ (၂၀၁၃- ကေလင်းမြို့မှ မဝါဝါမြင့်)

၎။ ရခိုင်းတိုင်ရင်းသားများကသဘောထားကြီးမားပါလျက် မွတ်ဆလင်တွေက ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓရုပ် ပွားတော်တွေ ကို ဘာကြောင့် ခါးခါးသီးသီး မုန်းတီးနေကြပါသနည်း။ (ရခိုင် နှစ်ကြိမ် အကြမ်း ဖက်မှုနှင့် ဦးပဉ္စင်းတရားထဲ မှာပါသော မွတ်ဆလင်အချို့)

၅။ မွတ်ဆလင်နှင့်ညားသော မြန်မာအမျိုးသမီးများကို ဘာကြောင့် စစ်သုံ့ပန်းလို ဆွေပြတ်မျိုးပြတ် အ ဆက်ဖြတ် ထားရပါသနည်း။

၆။ အဆိုပါအမျိုးသမီးများကို ဘာကြောင့် ဘူခါခြုံခိုင်းရပါသနည်း။ အမီနာ၊ အစီနာ နာမည်များ မည့်ခေါ် ထားကြ ပါသနည်း။

၇။ လိမ္မာယဉ်ကျေးသော အဆိုပါမိန်းကလေးများ မွတ်ဆလင်လက်ထဲရောက်မှ အဘယ့်ကြောင့် ကြမ်းတမ်း ရိုင်း ပျမောက်မာ သွားကြပါသနည်း။

၈။ မြန်မာတိုင်းရင်းသား မိဘများက သေဘာမတူ မကြည်ဖြူလို့ ငိုယိုပြန်တောင်းသည့်အခါမျိုးမှာ သမီးနှင့် ဘာကြောင့် တွေ့ခွင့်မပေးပါသနည်း။ အဘယ်ကြောင့် မိဘချင်း ကိုယ်ချင်းမစာ လက်ထပ်စာချုပ်ပြ ပြီး ဗလီ ထဲဝင်ခွင့်သမီးနှင့် တွေ့ခွင့် မပေးပါသနည်း။

၉။ ဝက်သားစားသောတိုင်းပြည်မှာ နေထိုင်သောသင်တို့သည် ဝက်သားကို ခါးခါးသီးသီးမုန်းပါလျက် ဝက်သား စားသော မြန်မာအမျိုးသမီးများကို ဇွတ်ရော အတင်းရော အဓမ္မရော အဘယ့်ကြောင့် သိမ်း ပိုက်နေကြ ပါသနည်း။

၁၀။ ရဟန်းသံဃာများက မကြိုက်မှန်းသိပါလျက်၊ မိဘပြည်သူများက မကြည်ဖြူမှန်းသိ ပါလျ က် မြန်မာ မိန်း ကလေးများကို ပစ်မှတ်ထားသိမ်းပိုက်နေခြင်းကို သင်တို့ အစ္စလာမ်အဖွဲ့ချုပ်က ဘာကြောင့် လက် ပိုက်ကြည့်နေ ပါသနည်း။

၁၁။ လွတ်လပ်စွာ ကိုးကွယ်မှုကို ရက်ရက်စက်စက် ပက်ပက်နှက်နှက် မိုက်မိုက်မဲမဲ ချိုးဖောက်နေသည့် မွတ် ဆ လင်များကို ကိုရ်အန်ကျမ်းက ခွင့်ပြုထားပါသေလာ။

From: ဦးပဉ္စင်း ဝီရသူ (မစိုးရိမ်)

SSA(ဝမ်ဟိုင်း)အဖွဲ့မှထောင်ထားသောမိုင်းအားနင်းမိ၍ ရွာသား၂ ဦးသေဆုံး ၂ ဦးဒဏ်ရာရ


တန့်ယန်းမြို့နယ်၊ ကောင်ဆိုင်ရွာ မှ ယနေ့ညနေ ၅ နာရီချိန် ခန့်တွင် သောက်ရေ ခပ်ရန် ရေလို သဖြင့် ရေခပ်ရန် ထွက် လာသော ရွာသား များသည် SSA(ဝမ်ဟိုင်း) အဖွဲ့မှ ထောင် ထားသော မိုင်းအား နင်းမိ၍ ပေါက်ကွဲ မှုဖြစ် ခဲ့ရာ ရွာသား၂ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရရှိ (မစိုးရိမ်ရ) ကြောင်းသိရှိရသည်။ ဟွန်တရွာ ရွာသား မောင်ကျိုင်းလုံစံ၊ အသက်(၂၅)နှစ်၊ (အဘ) ဦးလီကြူးစံ၊ ဘယ်ခြေသလုံး ၂ ချက်၊ ညာပေါင် ၃ ချက်၊ ညာဒူးအောက် ၁ ချက်၊ ကောင်းဆိုင်ရွာ ရွာသား မောင်စိုင်းဟင်၊ အသက် (၂၁)နှစ်၊ (အဘ) ဦးစိုင်း ခင်ကြံ၊ ညာခြေသလုံး ရှပ်ထိ ၁ ချက် ထိခိုက်ဒဏ်ရာရှိ(မစိုးရိမ်ရ) ကောင်းဆိုင်ရွာ ရွာသား ဦးစိုင်းခင်ကျန်၊ အသက် (၅၅)နှစ်၊ (အဘ)ဦးစိုင်းလုံဟန်၊ ဘယ်ခြေ သလုံး ကျိုး၊ ဘယ်တင်ပါး ၂ ချက်၊ ဘယ်ဝမ်းဗိုက် ၂ ချက်ထိ မှန်(သေဆုံး)၊ ကောင်းဆိုင်ရွာ ရွာသား ဦးကျိုင်းဟန်စံ၊ အသက် (၄၃)နှစ်၊ (အဘ) ဦးကျိုင်လုံးစံ၊ ညာဆီး စပ် အစ ၂ ချက်ထိမှန် သေဆုံး ခဲ့ကြောင်း သတင်း ရရှိသည်။ တပ်မတော် စစ်ကြောင်း များမှ လိုအပ် သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။





Credit : Here

ဗိုက်နာ၊ဗိုက်အောင့် ဖြစ်နေလျှင် မီးကင်ထားသော ပေါင်မုန့်စားပါ


ဗိုက်နာ၊ဗိုက်အောင့် ဖြစ်နေလျှင် မီးကင်ထားသော ပေါင်မုန့်စားပါ ပေါင်မုန့်က ဗိုက်နာ ဝေဒနာကို သက်သာ စေပါတယ်။ မီးတူးနေတဲ့ ပေါင်မုန့်ကင်က နာမကျန်းဖြစ်စေတဲ့ အဆိပ်တွေကို စုပ်ယူနိုင်တာကြောင့် ပိုကောင်းတယ် လို့ ဆိုပါတယ်။ အရသာရှိအောင် ထောပတ်သုတ်ပြီး စားပါ။

Credit : Here

ဒီလိုမီးလင်းအောင် လုပ်မယ်...


နေရောင်ခြည်သုံး ရေသန့်ဘူး အလင်းပေး စနစ် ကျေးလက်ဒေသများတွင်၊ နေ့ခင်းဘက် အမှောင် များသော အခန်းများ အလင်းရောင်ရရန် လုပ်ပေးနိုင်ပါသည်။

ဖိလစ်ပိုင်တွင်တွင်ကျယ်စွာ အသုံးပြုသောနညိးဖြစ်ပါသည်။ ရေသန့်ဘူး ၊ အချိုရည်ဘူးဟောင်း ထဲ ရေဖြည့် ပြီး ရေဘူးကိုပုံပါအတိုင်း ခေါင်မိုးတွင်တပ်ဆင်ပါ၊ မိုးမယိုအောင်တော့လုပ်ရမည်။

နေရောင်ခြည်သည်ပုံပါအတိုင်း အလင်းပြန်၍ ပုံပါအတိုင်း မှောင်နေသောအခန်းအား အလင်းအား 55Watt ခန့်ပေးပါမည်။

Credit : Here

အမျိုးသားကျန်းမာရေးကွန်ယက်(NLD) အလှူငွေ သိန်းလေးထောင်ခန့်လက်ခံရရှိ


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားကျန်းမာရေးကွန်ယက်ဖွဲ့စည်းရာတွင် အလှူငွေ သိန်း ၄ ထောင်ခန့် လက်ခံရရှိခဲ့ကြောင်း ၎င်းကွန်ယက်၏ ဘဏ္ဍရေးနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းထံမှ သိရသည်။


မြန်မာငွေ သိန်း ၃၈၂၆ သိန်း၊ အမေရိကန်ဒေါ်လာ ၁၆၄၀၀ ၊ ယမ်းငွေ ၁ သိန်းကို လှူဒါန်းမှုအသီးသီးမှ အမျိုးသားကျန်းမာရေးကွန်ယက်အတွက် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အမျိုးသား ကျန်းမာရေး ကွန်ယက် (NLD)ကို ၂၀၁၃ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒု ဥက္ကဌ (၁) ဒေါက်တာသန်းအေး၊ ၊ ဒု ဥက္ကဌ (၂ )ဒေါက်တာ ရွှေပုံ၊၊ ဒု ဥက္ကဌ (၃) ဒေါက်တာ မြသော်၊ အတွင်းရေးမှူး ဒေါက်တာ ကျော်စွာဦး နှင့် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အမျိုးသားကျန်းမာရေးကွန်ယက် (NLD) ဖွဲ့စည်းရခြင်းသည် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး အဆင့် အတန်းတိုးတက်မြင့်မားစေပြီး ကူညီဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

Credit : Here

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဒီဧပြီ ဂျူမုံလာမည်..


ဧပြီလ၆ရက်၊ နေ့ခင် ၁နာရီက ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း၌ ပြုလုပ်သည့် အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့နှင့် ကိုရီးယားရုပ်ရှင် မင်းသားဂျူမုံတို့ မှဧပြီ၂၃မှာ တွေ့ဆုံရန်ရှိကြောင်းကို ထုတ်ပြန်ပါသည်။


ယင်းအစည်းအဝေး၏ ထုတ်ပြန်ချက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ကိုရီးယားမှ လာရောက်မည့် မင်းသားဂျူမုံနှင့် ဒါရိုက်တာတို့ထံမှ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအကြံဉာဏ်များ ရယူနိုင်ရန်တွေ့ဆုံဖို့ရှိကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် ဇာတ်ကားအတွက် ဇာတ်ညွှန်း လုံးဝပြီးစီး သွားပြီ ဖြစ်ကြောင်း၊ ဇာတ်ညွှန်းကို နောက်ဆုံးအဆင့် ပြင်ဆင်တည်းဖြတ်ပြီး ပါက လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို တစ်ခုပြီးတစ်ခုစတင်တော့မှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်နေရာ အတွက် သရုပ်ဆောင်များကို မေလဆန်းမှာစကားပြောနှင့်အမူအရာကို သင်ပေးမည်ဖြစ် ကြောင်း ကိုဇော်သက်ထွေးက ထုတ်ပြန်ပြောကြား ပေးပါသည်။ 

Credit : Here