Friday, April 5, 2013

အကြမ်းဖက်မှုတိမ်းရှောင်သူတချို့ နေရပ်ပြန်

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက အကြမ်းဖက်မှု တွေ ကြောင့် နေရပ်စွန့်ခွာပြီး ရန်ကုန်ကို သွားရောက် ခိုလှုံနေကြ တဲ့ မွတ်ဆလင် ဒုက္ခသည် အများစုကို ဒီကနေ့ မနက်အစော ပိုင်းကပဲ သူတို့ရဲ့နေရပ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ နတ်တလင်းမြို့တွေကို ပြန်ပို့ပေးနိုင်ခဲ့တယ်လို့ ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ နယ်မြေ လုံခြုံရေးအခြေအနေတွေ အတန် ငယ် အေးချမ်းသွားပြီလို့ ဆိုရနိုင်ပေမဲ့ ပဲခူးတိုင်း အနောက်ဘက်ခြမ်းမှာ ပုဒ်မ ၁၄၄ ကို မရုတ်သေးပါဘူး။ ဒါပေမဲ့ တားမြစ်ထားတဲ့ နာရီတွေကိုတော့ အနည်းငယ် လျှော့ချပေးလိုက်ပြီလို့ မင်းလှမြို့ခံတစ်ဦးက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန် အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။


မကြာသေးခင်က ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲတဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့တွေက ဒုက္ခသည် ၁၀၀ ကျော် ကို ရန်ကုန်ကနေ သူတို့နေရပ်တွေကို ဒီကနေ့မနက် အစောပိုင်းကပဲ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့လည်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက် က နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

“မင်းလှ၊ အုတ်ဖိုက ဒုက္ခသည် တစ်ရာကျော်ကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ လုံခြုံ စိတ်ချစွာ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။”

ပဲခူတိုင်းဒေသကြီး အနောက်ခြမ်းက မွတ်ဆလင် လူမျိုးအများစုပါတဲ့ ဒုက္ခသည် ၁၀၀ ကျော်ကို သူတို့ နေရပ်ကနေ ရန်ကုန်ကို ခေါ်လာပြီး အကူအညီတွေ ပေးနိုင်ဖို့ ဒေသခံတွေရဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုအတော်အများများ လုပ်ခဲ့ရတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

အဲဒီဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့အတွက် ပထမအသုတ်အနေနဲ့ လူ ၁၃ ဦးကို အရင် ပို့ဆောင်ပေး ခဲ့ပြီးတော့ နယ်မြေတည်ငြိမ်မှုတွေကို လေ့လာစေခဲ့ပြီးတဲ့နောက်မှာ ကျန်တဲ့လူ ၁၀၀ ကျော်ကို ဒီကနေ့ မနက်အစောပိုင်းးမှာ ပဲခူတိုင်း အနောက်ခြမ်းက မြို့တွေကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက်က ၂၈ ရက်မှာ သွားခေါ်တယ်။ သွားခေါ်ပြီးတော့ မြို့နယ် အာဏာ ပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ တရားဝင် ခေါ်လာတယ်၊ တရားဝင် သူတို့ကို ပြန်ပို့မယ်ဆိုတဲ့အချိန်မှာ အထူး သဖြင့် မင်းလှက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ ပထမခရီးအနေနဲ့ ၁၃ ယောက်ကို သွားပို့ တယ်။ ၁၃ ယောက် သွားပို့တဲ့ အချိန်မှာလည်း နယ်မြေအေးချမ်းပါတယ်။ နယ်မြေလည်း တည်ငြိမ်နေ ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အပြုံးနဲ့ ကြိုဆို ပါတယ်။ အခုကတော့ ထပ်ပြီးတော့ ၁၀၀ ကျော်ကို ပို့တာပါ။ အဲဒါလည်း အဆင်ပြေ ချောမွေ့ပါတယ်။”

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောခဲ့တာပါ။

အခုလို ဒုက္ခသည်အများစုရဲ့ မိသားစုတွေကို ကူညီပေးရေးအတွက် ၂၀၀၇ ရွှေဝါရောင်တုန်းက တက်ကြွ လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ရွှေဝါရောင်သံဃာတော်များ ကွန်ယက်နဲ့ ဘာသာပေါင်းစုံပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဥပဒေပညာရှင်တွေ ပါဝင်ဖွဲ့စည်း ထားတဲ့ ငြိမ်းချမ်းမှု တည်ဆောင်ရေး ကွန်ယက်တို့ကနေ ပူးပေါင်းပြီး ကူညီခဲ့တာဖြစ်ပါတယ်။

မတ်လအတွင်း မိတ္ထီလာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီးဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက ဒုက္ခသည်တွေကို ရန်ကုန်က မင်္ဂလာတောင်ညွှန့် ၁၀၁ လမ်းထိပ်က ရောင်နတ်ဗလီဘေး ပုဂ္ဂလိက အဆောက်အအုံတစ်ခုမှာ နေရာပေးပြီး ကူညီတာတွေ ဆောင်ရွက်ပေးခဲ့တယ် လို့လည်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက်က ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဆူပူမှုတွေ ဖြစ်ခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ဒေသ အတော်များများမှာလည်း ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုတွေ ဆက် တိုက် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလို ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး တည်ငြိမ်အောင် အခြေ အနေတွေကို ထိန်းခဲ့ရတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နယ်မြေဒေသ အနည်းငယ် တည်ငြိမ် လာပြီး ဈေးဆိုင်တွေလည်း အတော်များများ ပြန်ဖွင့်လာနိုင်တာကြောင့် အာဏာပိုင်တွေက ထုတ်ပြန် ထားတဲ့ ပုဒ်မ ၁၄၄ ကို အချိန်အနည်းငယ် လျှော့ပေးလိုက်တယ်လို့လည်း မင်းလှဒေသခံလည်းဖြစ်၊ မင်းလှမြို့ ပေါ်က တိုင်တရာဗလီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစံလှက ပြောပါတယ်။

“အခုတော့ အေးချမ်းတာပေါ့ဗျာ။ အခုတော့ အားလုံး ကိုယ့်အိမ်အသီးသီး သွားနေကြပြီ။ ဆိုင်တွေ ဘာတွေ လည်း ပြန်ဖွင့်နေကြပါပြီ။ လုံခြုံရေးကတော့ ညပိုင်းပဲ ကင်းလှည့်တဲ့ သဘောရှိတယ်။ နေ့ခင်း၊ နေ့လည် ကတော့ ဘာမှ သိပ်မတွေ့တော့ပါဘူး ခင်ဗျ။ အခြေအနေကတော့ အေးချမ်းပါတယ်။ ပုဒ်မ ၁၄၄ ကိုလည်း လျှော့ထားပါတယ်။ ည ၁၀ နာရီက မနက် ၄ နာရီ။”

မိတ္ထီလာနဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းဒေသတွေမှာဆူပူမှုတွေအပြီး အကြမ်းဖက်သူ (၆၈) ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ပြည်ထဲရေး ၀န်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ 

Credit : Here

လက်ပံတောင်းမှာ ချီတက်ဆန္ဒပြ

ဓာတ်ပုံ - Han Win Aung / Facebook

လက်ပံတောင်း ဒေသခံတွေဟာ သူတို့ရဲ့လယ်ယာမြေတွေနဲ့ လက်ပံတောင်းတောင်ကြီးကို တူးဖော် လုပ်ကိုင်နေတဲ့ ကြေးနီးစီမံကိန်းကြီး ဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ သပိတ်စခန်းတွေကို အကြမ်း ဖက်ဖြိုခွင်းမှုကို ဖော်ထုတ်ပေးရေးနဲ့ ၎င်းတို့ ဘိုးဘွားပိုင်မြေတွေကို မရောင်းနိုင်တဲ့ အကြောင်းတွေကို ဒီကနေ့ ထုတ်ဖော်ဆန္ဒပြကြပါတယ်။


စီမံကိန်းအတွက် မြေသိမ်းခံထားရတဲ့ လက်ပံတောင်း ဒေသခံ ဇီးတော၊ ကျောက်ဖြူတိုင်၊ ဖောင်းကတာ၊ မိုးကြိုးပြင်၊ တုံရွာနဲ့ လယ်တီရွာက တောင်သူ ၁၀၀ ကျော်က တိုင်းအာဏာပိုင်များထံက ခွင့်ပြုချက် ရရှိထားတဲ့ ဒီဆန္ဒပြခွင့်ကို မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီအထိ တုံရွာကနေ ညောင်ပင်ကြီးအထိ ၎င်းတို့ တောင်းဆိုချက် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပါတယ်။

ဒေသခံတွေက သဘာဝအတိုင်း ရှိလာခဲ့တဲ့ လက်ပံတောင်း တောင်ကြီးကို အဆုံးရှုံး မခံနိုင်သကဲ့သို့ ၎င်းတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေတွေကိုလည်း အဆုံးရှုံးမခံလိုက်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ အတွက် စီမံကိန်းလုပ်ငန်းသာ လည်ပတ်နိုင်ပြီး သူ့တို့ ပိုင်ဆိုင်တဲ့ ယာခင်းတွေထဲကိုတော့ ကာယကံရှင် တောင်သူတွေကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်ဖို့ ခက်နေ တယ်လို့လည်း ဆိုပါတယ်။

လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ အာဏာပိုင် အဖွဲ့များကိုလည်း ဖော်ထုတ်အရေးယူပေးဖို့ ဆန္ဒပြအဖွဲ့များက တောင်းဆိုကြပါတယ်။

အာဏာပိုင်များဖက်ကလည်း လုံခြုံရေးလိုက်ယူပေးခဲ့သလို အရပ်ဝတ်နဲ့ အာဏာပိုင်များကလည်း မှတ်တမ်း များ လိုက်ယူခဲ့ ကြတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲခွင့်ပြုချက်က ၂ ရက်ရရှိထားတာ ဖြစ်တဲ့အတွက် မနက်ဖြန်တွင်လည်း နေ့လည် ၂ နာရီမှ ညနေ ၄ နာရီထိ ယနေ့ပြုလုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း ထပ်မံ ပြုလုပ်ဦးမယ်လို့သိရပါတယ်။

ဇီးတော၊ ကျောက်ဖြူတိုင်၊ ဖောင်းကတာ၊ မိုးကြိုးပြင်၊ တုံရွာ၊ အလယ်ရွာနဲ့ လယ်တီရွာများတွင်လည်း ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က စတင်ပြီး လယ်ယာမြေ ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ၎င်းတို့ လယ်ယာမြေ တွေကို စီမံကိန်းမြေအဖြစ် မရောင်းနိုင်ကြောင်း ဆိုင်းဘုတ် စိုက်ထူပွဲများ၊ စုပေါင်း လက်မှတ်ရေးထိုး ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသေးသော ဒေသခံ ကျေးရွာများတွင်လည်း ဆက်လက် လုပ်ကိုင် ရန် ရှိကြောင်း ဆန္ဒပြသူတွေက ဧရာဝတီကိုပြောပါတယ်။ 

Credit : Here

ဧပြီ ၂၄ ရက် စရောင်းမည့် CDMA 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မည်


သည်လ ၂၄ ရက်မှစပြီး CDMA- 800 MHz ဖုန်းနဲ့ WCDMA ဆင်းကတ်တွေကို ငွေကျပ်တစ်ထောင့်ငါးရာနဲ့ ရောင်းချပေးမယ်လို့ မြန်မာ့ရုပ်သံမှာ စာတန်းထိုး ကြေညာပါတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “CDMA- 800 MHz နဲ့ WCDMA ဆင်းကတ်တွေ ကို ငွေကျပ် တစ်ထောင့်ငါးရာနဲ့ သည်လ ၂၄ ရက်နေ့က စပြီး ပြည် နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ် နဲ့ ရောင်းချပေးမှာဖြစ်တယ် ၊ ရောင်းချပေးမယ့် နံပါတ်တွေကတော့ 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မှာ ဖြစ်ပါတယ်။


တယ်လီဖုန်း လျှောက်ထားဖို့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းနဲ့အတူ လစဉ် အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အင်တာနက်ကိုတော့ သီးသန့် လျှောက်ထားဖို့ လိုတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ကုမ္ပဏီတွေနဲ့ မိုဘိုင်းအရောင်းဆိုင်တွေကိုတော့ ရောင်းချခွင့် မပြုသေးပါဘူး။ တစ်နိုင်ငံလုံးကို အလုံးရေခွဲတမ်းနဲ့ ရောင်းချပေးမှာလို့ ဆိုပါတယ်။ ခေါ်ဆို ခနှုန်းထား ပြောင်းလဲခြင်း မရှိ ဘူးလို့ သိရပါတယ်။

စတင်ရောင်းချတဲ့ ရက်ကစပြီး လစဉ်အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးသွား မှာဖြစ်ပြီး အော် ပရေတာတွေ နဲ့ အကျိုးတူ ပူးပေါင်းတည်ဆောက်မယ့် တာဝါတိုင် တိုးချဲ့စီမံကိန်းတွေ ပြီးသွားခဲ့ရင်တော့ ဖုန်းတွေကို အကန့်အသတ်မရှိ ရောင်းချပေးမယ်လို့ ရုပ်မြင်သံကြား ပြည်တွင်း သတင်းမှာ ကြေညာ ပါတယ်။ ဘယ် နေရာ၊ ဘယ်ဌာနတွေမှာ ရောင်းချမယ် ဆိုတာကိုတော့ မတွေ့ရပါ ဘူးဟု ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Credit : Here

အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ နှင့် SSPP လားရှိုးမြို့၌ တွေ့ဆုံ


အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကိုယ်စားလှယ် မှ အစိုးရဝန်ကြီး တချို့နှင့် သျှမ်းပြည် တပ်မတော် ကိုယ်စားလှယ် တို့ ယမန်နေ့က လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေး ကြသည်။

“လျှပ်စစ်မီးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောတယ်။ ‘အစက ဦးအောင်မင်း ကိုယ်တိုင် လာမလို့ပါဘဲ။ သူ မအားလို့ကျနော်လာတယ်။ ကျနော်လဲ သမ္မတ ညွှန်ကြားချက်အရလာတယ်။ အဓိက ကတော့ ဖြစ်နေတဲ့ တိုက်ပွဲ မကျယ်ပြန့်ဖို့ ခင်ဗျားတို့ဘက်ကလဲ ထိန်းထိန်းသိမ်းသိမ်း လုပ်သွားဖို့ မေတ္တာရပ်ခံ ချင်တယ်’ တဲ့ ” - ဟု လားရှိုးရောက် SSPP/SSA အရာရှိ တဦးကပြောပြသည်။


အဆိုပါတွေ့ဆုံမှုတွင် သျှမ်းပြည်တပ်မတော် SSPP/SSA ပြန်လည်အပစ်ရပ်စဉ်က ရောက်ရာအရပ် နေထိုင် သွားလာနိုင်ရင် သွား ရန်သဘောတူထားကြောင်း၊ ဖြစ်ပွားခဲ့သောတိုက်ပွဲများအရ အစိုးရဘက်က လမ်းတံတား လုံခြုံရေးအတွက်ဟုဆိုကာ သျှမ်းပြည် တပ်မတော်အား ရန်ရှာတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲကြောင့် ကျေးလက် လူထုလည်း မြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်နေကြောင်း သျှမ်းပြည် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ပြောသည်။

ပြီးခဲ့သည့် မတ်ခ်ျ ၂၆ ရက်က တန့်ယန်း - မိုင်းရှူးကားလမ်း အရှေ့ဘက်၊ သံလွင်မြစ်အနောက်ခြမ်း နယ်မြေအတွင်း အခြေချ သျှမ်းတပ်များ လွယ်ခေါက်၊ လွယ်စေး (တောင်) စခန်းများမှ ဆုတ်ခွာပေးရန် အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက တောင်းဆိုခဲ့သည်။

“ရမခ တိုင်းဧရိယာ ထဲပါဝင်တယ်ဆိုတဲ့ လွယ်စေး လွယ်ခေါက်ဒေသက ကျနော်တို့ စခန်းတွေကို ရမခ တိုင်းမှူးက ဆုတ်ခိုင်းတယ်။ ပြီးခဲ့အပတ်တိုက်ပွဲတုန်းကလဲ လမ်းလုံခြုံရေးအကြောင်းပြပြီး ကျနော် တို့ကို လာတိုက်တယ်။ ကျနော်တို့ တပ်စခန်းက ကားလမ်း မပြောနဲ့ လှည်းလမ်းတောင်မပေါက်ဘူး။ ကျနော် တို့ မွေးရပ်မြေလေ။ မဆုတ်ပေးနိုင်ဘူး။ လာရင်တော့ တိုက်ပွဲထပ်ဖြစ်ဦးမှာဘဲ။ အဲဒီကိစ္စ ကျနော်တို့ တင်ပြ တယ်။ သူတို့လဲ အထက်ကိုပြန်လည်တင်ပြမယ်ပြောတယ်။ ကျနော်တို့လဲ မြို့ထဲဝင်ရင် သေနတ်မပါ သလို အစိုးရတပ်လဲပဲ ကျနော်တို့တပ်စခန်းနားဖြတ်သန်းသွားလာဖို့လိုရင် ၇ ရက်ကြို သတင်းပေးပို့ရမယ်။ ဒါတွေ ကို တင်ပြခဲ့ တယ်၊ ဦးခင်မောင်စိုးတို့ကလည်း အထက်ကိုပြန်လည်တင်ပြပါ့မယ်လို့ပြောသွားတယ်” - ဟု ဆို သည်။

အဆိုပါ လားရှိုးတွေ့ဆုံပွဲတွင် အစိုးရကိုယ်စားလှယ်ဘက်များဖြစ်ကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ ဝင် လျှပ်စစ်မီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တို့ဖြစ်သည်။ သျှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့မှာမူ အထွေအထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဆိုင်၊ ဗိုလ်မှူးခေးမောဝ်၊ ဗိုလ်ကြီး နော်လိတ် တို့ ပါဝင်သည်။

Credit : Here

ဘင်္ဂလီများ ဘက်မှ မကြာခဏ ဘက်လိုက်ပေးတက်သည့် မစ္စတာ ကင်တားနား မြန်မာ ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ ဟု ဦးသိန်းညွန့်ဆို


အကြမ်းဖက်မှု ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိ အစိုးရ ပါဝင်ပတ်သတ်မှု ရှိသည်ဟု ပြောကြား ခဲ့သော ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှည် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနား သည် မြန်မာပြည်ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ဟု ယူဆ ကြောင်း ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မြန်မာ့ခေတ်သို့ ပြောကြားသည်။


မတ်လအ တွင်း ဖြစ်ပွားခဲ့သော မြန်မာပြည် အလယ်ပိုင်း အဓိကရုဏ်း အကြမ်းဖက်ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိအစိုးရ ပါဝင်ပတ် သတ်မှု ရှိသည်ဟု မစ္စတာကင်တားနားက မတ်လ ၂၉ ရက်နေ့ တွင် စွပ်စွဲပြောကြားခဲ့သည်။

ယင်းကဲ့သို့ စွပ်စွဲပြောကြားချက်များနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွေမှာ မမှန်မကန်ရပ်တည်နေတဲ့ အင်အားစုတွေက ပေးတဲ့ အချက်အလက်တွေ မခိုင်မာတဲ့အချက်တွေနဲ့ စွပ်စွဲခြင်းဟာ အလွန်မှား ယွင်းသော လုပ်ရပ်ပါဟု ဆိုသည်။

“မစ္စတာ ကင်တားနားက ရှေ့နေတစ်ယောက်ပဲ။ ရှေ့နေဆိုတာ မှန်မှန်ကန်ကန် အချက်အလက် ယူသင့် ပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတွင် တားဆီးနေသူများ၊ မိမိအာဏာရရန် အတွက် ပြည် သူ့ အသက် အိုးအိမ်ကို ချနင်းရန် ဝန်မလေးသော သူများလည်း ရှိနေကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများ သည် တိုင်းပြည်အေးချမ်းသာယာမှသာ လုပ်ဆောင်နိုင် ကြောင်း၊ အစိုးရမှာ လက်ရှိ အာဏာရှိနေ၍ ယင်းကဲ့သို့ အခြေအနေမျိုးကို အဖြစ်မခံနိုင်ကြောင်း၊ ထို့အတွက် မြန်မာ့အရေးနှင့် ပတ်သတ် လာပါ က မှန်မှန်ကန်ကန် မသုံးသပ်နိုင်သော အချက်အလက်မှန်မှန်ကန်ကန် မရှိသော မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ပါဘူး ဟု ဦးသိန်းညွန့် က ပြောသည်။မစ္စတာ ကင်တားနားသည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့် ပတ်သတ်၍ အစီရင်ခံစာ တင်သွင်းရာတွင်လည်း ပြည်တွင်း အဖွဲ့အစည်းအများအပြား၏ ဝေဖန်ကန့်ကွက်မှု ခံခဲ့ရ သေးသည်။

Credit : Here

အဗ္ဗဒူလာမင်းကိုနိုင် သို့ မိတ္ထီလာသားတစ်ဦးထံမှ အိတ်ဖွင့်ပေးစာ...


မြန်မာပြည်မှာ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ မင်းကိုနိုင်ဆိုတဲ့ မင်း.က ရှေ့တန်းက နာမည်ဝင်ယူလေ့ ရှိတာဆိုတာ ရိုးနေပြီ။ ရခိုင်ပြည်နယ် မွတ်ဆလင်-ဗမာ အထိကရုဏ်း ဖြစ်တုန်းကလဲ မင်း . ပါခဲ့တာပဲ… ဒါပေမယ့် မင်းက ငါတို့ တိုင်းရင်းသား ရခိုင်တွေဘက်ကမဟုတ်ဘူး. မွတ်ဆလင်တွေဘက်က ပါခဲ့တာ။


အခု ငါတို့မိတ္ထီလာမှာ မွတ်ဆလင်-ဗမာအရေးအခင်းဖြစ်တော့လဲ မင်း.ပါလာပြန်တယ်။ ဆင်တစ်ကောင် လုံး တွေ့နေတာတောင် ဆင်ခြေရာ ရှာသလိုမျိုး အထာတွေ မင်း.လုပ်ခဲ့တာ။ ငါတို့မြို့ရဲ့ဖြစ်စဉ် ကို သေ ချာပြန်စဉ်းစား ကြည့်စမ်း။ မွတ်ဆလင်လူမျိုးပိုင်တဲ့ ရွှေဆိုင်တစ်ဆိုင်ကို ဗမာလင်မ ယားနှ စ်ယောက် က ရွှေလာရောင်းတယ်.။ ဒါကို ကလိမ်ကကျစ်ကျပြီး ရွှေခိုးတယ်၊ ဈေးနှိမ်တယ်.။ မကျေနပ် လို့ ပြန်ပြောတော့ ဆိုင်ရှင်မွတ်ဆလင်တွေက လူအုပ်စုနဲ့ ရွှေလာရောင်းတဲ့ ယောက်ျားကို ဝိုင်း.ထိုးတ ယ်၊ တုတ်နဲ့ ရိုက်တယ်၊ မိန်းမကိုကျတော့ ပါးရိုက်တယ်။ အဲဒီကနေ စဖြစ်တာ။ ဒီနေရာမှာ မင်း. ရော ခံရတဲ့သူသာဆိုရင် ဘယ်လို နေမလဲ၊ မင်း.ညီမ ဆိုရင်ရော မင်း.ဘာလုပ်မှာလဲ။ ဆိုင်ရှင် ကုလားတွေကို ထိုင်.ကန်တော့ပြီး တောင်းပန် မှာလား။

ပြောလို့တော့ မရဘူးပေါ့ကွာ. မင်း.က ကုလားတွေ ရဲ့အထောက်အပံ့တွေ ယူနေတဲ့သူဆိုတော့ အဲလိုလုပ်ရင်လဲ လုပ်မှာပေါ့။ မင်း.မျက်နှာကိုမင်း. မှန်ထဲ ပြန်ကြည့် လိုက်အုံး နှာခေါင်းကချွန်ချွန်နဲ့ ကုလားရုပ် ပေါက်နေ တာ မင်း.သတိမထားမိပေမဲ့ မြင်တဲ့သူတွေ အကုန်သိတယ်။ ကြက်မှာအမျိုး လူမှာ အရိုး တဲ့.။ ဒီစကား မင်း.ကြားဖူးမှာပါ၊ ကုလားရုပ်ပေါက်နေတဲ့ မင်း.က ကုလားတွေဘက်က လိုက်ပြီး ပြော တာ မဆန်းပါဘူး ကွာ။ အရင်တုန်းကတော့ မင်း.ကို ၈၈ ကျောင်း သားခေါင်းဆောင်၊ ထောင်ထဲ မှာ အကြာ ကြီးနေခဲ့ ရတယ်ဆိုပြီး မင်း.ကို သနားပြီး ကိုယ်ချင်းစာခဲ့တာ။ အခုတော့ မင်း.က ကုလားဘက်ကလိုက်ပြီး အရှက်မရှိ ပြောဆိုနေလို့ ငါတို့မြို့ကလူတွေ မင်း.ကို လုံးဝကြည့် မရတော့ဘူး။ ကုလားကျွေးတာစားပြီး ကုလား စကား မပြောတတ်ပေမဲ့ ကုလားလူမျိုး ထိတော့ မင်း.က နာတတ်နေပြီပေါ့ ဟုတ် လား။ ဘာလဲ မင်း.က ကုလားတွေ ဆီက နောက်ထပ် အထောက် အပံ့ တွေ မရမှာကို စိုးရိမ်နေ လို့လား။ မင်း.တို့ မိတ္ထီလာ လာတုန်းက အပြေးမြန်သွားလို့ ကံကောင်း တယ်မှတ်ပါ. မဟုတ် လို့ကတော့ မင်း. ကိုယ့်လိပ်ပြာ ကို ဘယ်မှာရှာရမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး၊ ငါတို့ အညာ သားတွေ ကုလား ဘယ်လောက်မုန်းလဲ ဆိုတာ မင်း.မသိသေးရင် ကျောက်ပန်းတောင်းကို သွားပြီး ကုလားအကြောင်း သွားပြောကြည့်။

အခုဖြစ်စဉ် မှာ မင်း.ငါတို့ဘက်က ကာကွယ်ပြီး ဘာပြောခဲ့လဲ၊ ဘာပြောရဲလဲ၊ မင်း.ပြောတဲ့ပုံစံက ငါတို့ကပဲ ငြိမ်ခံနေရမှာလိုလိုနဲ့၊ အဲဒီတုန်းက ငါတို့ဘက်က ရပ်တည်ပြီး ပြောခဲ့တာဆိုလို့ သီတဂူဆရာတော်ကြီး ပဲရှိတယ်။ မိတ္ထီလာက လူတွေက မင်းကို မင်းလာတဲ့နေ့က ည ၁၀ နာရီမထိုးခင် မိတ္ထီလာက အပြီးထွက် သွားဆိုလို့ မင်း. အရှက်မရှိ တိုးတိုးတိတ်တိတ်နဲ့ ပြန်သွားခဲ့ရတယ် ဆိုတာကို မင်းအသိဆုံးဖြစ်မှာပါ။

ဒီလ (၁) ရက်နေ့က ငါတို့ဆီကို ၈၈ ကျောင်းသားတွေ လာမယ်ဆိုလို့ မျှော်နေတာ. စောင့်နေတာ။ မင်း.များ ပါလာမလားလို့၊ မြအေးနဲ့ နီလာသိန်းတို့ပဲ ရောက်လာတာ။ မင်း.လိုက်မလာရဲတော့လို့ မလိုက် တော့ တာတဲ့.၊ မင်း. ပါမလာတဲ့အတွက် ငါတို့မြို့သားတွေ မချင့်မရဲဖြစ်နေကြတာ။ မင်း.ကို ဆုံးမချင် တဲ့ကောင်တွေ အများကြီး. ကျင်းတူး မြေမြှပ်စရာမလိုဘဲ အပျောက်ဖျောက်မလို့၊ မင်း.ကံကောင်း တယ် မှတ်၊ မင်း.သိအောင် ငါပြောလိုက်မယ်. မင်း. ဘယ်တော့မှ ငါတို့မိတ္ထီလာကို ကျော်ပြီးလာဖို့မစဉ်းစားနဲ့၊ တစ်သက် လုံး မင်း.မှတ်ထား၊ အသက်ချင်းလဲ ပစ်လိုက် မယ်။ ဗမာလူမျိုးအတွက် မင်းကိုသတ်ပြီး ကြိုးစင် တက်လိုက်မယ်။ မင်းကို ကုလားဘက်ပါလွန်းလို့ ငါတို့ မိတ္ထီလာ သားတွေက အဗ္ဗဒူလာမင်းကိုနိုင် ဆိုပြီး နာမည် ပေးထားတယ်...။

မင်း.ကို အရှင်ဝီရသူကလည်း ပြောနေပြီ. ကုလားလူ ဖြစ်နေပြီတဲ့. အဲဒါ အလကားပြောတာ မဟုတ်ဘူး။ ကုလားတွေဘက်ကပဲ အမြဲတမ်းလိုက်ပြောနေလို့ မင်း.အပြောခံရတာ။ ဒီအချိန်က အပြောနဲ့တင် ရတဲ့အ ချိန် မဟုတ်တော့ဘူး၊ အလုပ်နဲ့ သက်သေပြမှ ယုံကြတော့တာ။ မင်း.လို သူများမကောင်းကြောင်း. ကိုယ်. ကောင်း ကြောင်းလောက်သာ ပြောတတ်တဲ့ အပေါစား စကားလုံးတွေနဲ့ လျှောက်ပြောမနေနဲ့တော့. နားထောင် နေတဲ့လူတွေက မင်း.လို အရှက်မရှိ၊ အဆင့်မရှိတဲ့ခပ်တုံးတုံးလူတွေမဟုတ်တော့ဘူး။ ငါတို့ လူမျိုးတွေက ကောင်းရင် သူများထက် ကောင်းတယ်။ ဆိုးရင်တော့ သူများထက် ဆယ်ဆမက ဆိုး တယ် ဆိုတာ မင်း.ကောင်းကောင်း မှတ်ထားပါ. ။

ထီလာသား

Credit : Here

Google.com.mm မှာ Zawgyi font ရော Unicode ရောအဆင်ပြေပြေဖတ်နိုင်ဖို့

www.google.com.mm မှာ သုံးထားတဲ့စာသားတွေက unicode ပါ။ အဲ့အတွက် zawgyi ကိုပဲ အမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခုကျနော်ပြောမယ့် နည်းလမ်း က zawgyi ကော် unicode ကော်ကို font setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့ -


Firefox ( http://www.mozilla.org/en-US/firefox/new/ )

GreaseMonkey firefox addon

Myanmar 3 font ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_ .zip )

MyanmarFontTagger( GreaseMonkey addon)

Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။

အရင်ဆုံး myanmar 3 font ကိုdownloadချပါ။ install လုပ်ပါ။

ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို default အတိုင်း ထားရပါမယ်။ အဲ့အတွက် Tools>Options>Content ထဲ ကFont setting မှာ default font ကို TimeNewRomance ထားပေးပါ။ Advance မှာ proportional ကို Serif / Serif ကို Times New Roman ။ San-serif ကို Arial / Monospace ကို Courier New ထားပါ။ Default charcter encoding ကို Western(ISO-8859-1) ထားပါ။ ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် ok နဲ့ထွက်ပါ။

GreaseMonkey addon သွင်းရပါမယ် အဲ့အတွက် အောက်ကလင့် ကို နှိပ်ပီး install လုပ်လိုက်ပါ..

https://addons.mozilla.org/firefox/downloads/latest/748/addon-748-latest.xpi?src=dp-btn-primary

ပြီးလျှင် Firefox ကို Restart လုပ်ပါ ။

firefox တက်လာရင် https://userscripts.org/scripts/show/103745 ကိုသွားပါ။

ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။ အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။ pop-up window တခုပေါ်လာပါလိမ့်မယ်။ install ကိုနှိပ်ပါ။ MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။

http://www.google.com.mm/ ကိုသွားပါ။ မြန်မာဘာသာ ကိုရွေးပါ။ အားလုံးကိုအဆင်ပြေပြေ မြင်ရပါ လိမ့်မယ်။

zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။ Zawgyi ကော unicode ကော အားလုံး အဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။

မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။ အဆင်ပြေပါစေခင်ဗျ။

Credit : Here

ဆောင်းပါးလား၊ ရန်တိုက်ပေးနေတာလား ဖတ်ကြည့်လိုက်ပါ.......

စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ကို ဆန့်ကျင်သူ နဲ့ လိုလားသူ ထိပ်တိုက်တွေ့ခြင်း (Tu Maung Nyo)


ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်မင်းအောင်လှိုင် ထိပ်တိုက်တွေ့ကြပြီဟုပြောလျှင်ရမည်ထင်သည်။

ယခုထိပ်တိုက်တွေ့မှုသည် အပေါ်ယံသဘောထိပ်တိုက်တွေ့ကြခြင်းမဟုတ်။ အခြေခံ အယူအဆချင်း ထိပ်တိုက် တွေ့ကြသည့် သဘောဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “စစ်အစိုးရအဆက်ဆက် ထောက်ခံကာကွယ်ပြောကြားခဲ့သော စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ ဆိုသည်ကို တစ်လျှောက်လုံး ဆန်ကျင့်ခဲ့တယ်/ နောင်လည်းအမြဲတန်း ဆန့်ကျင်သွားမှာဖြစ်တယ်” လို့ ပြောခဲ့ဖူးသည်။

မတ်လ ၂၇ ရက်နေ့၊ ၆၈နှစ်မြောက် “တပ်မတော်နေ့” မိန့်ခွန်းတွင် ဗိုလ်မင်းအောင်လှိုင်က “တို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးကို လိုလားတယ်” လို့ ပြောခဲ့သည်။

သို့အတွက် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ကို ဆန့်ကျင်သူနဲ့ လိုလားသူတို့ ထိပ်တိုက်တွေ့ကြရပြီ။


ဗိုလ်မင်းအောင်လှိုင်၏ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီကိုလိုလားတယ်” လို့ ပြောလိုက်ခြင်းသည်။


၁။ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

၂။ “၂၀၀၈ အခြေခံဥပဒေ ” ကို ဖျက်သိမ်းပြီး အသစ်ရေးအစားထိုးချင်သူတွေနဲ့ ဒီမိုကရေစီမကျ တဲ့ အချက် များကို ပြင်ဆင်လို သူတွေကို တုန့်ပြန်ခြင်းဖြစ်သည်။

(၂၀၀၈ အခြေခံဥပဒေစာအုပ်ကို “မျက်နှာဖုံးကစပြီး ပြင်ရမယ်”ဟု ပြောကြားနေသူများကိုလည်း တုန့်ပြန် လိုက်ခြင်းဖြစ်သည်)

၃။ စစ်သားအမတ် (၁၆၆) ဦး လွှတ်တော်ထဲမှာ ဘယ်လိုရပ်တည်ပြီး/ ဘယ်လိုမဲပေးရမယ်ဆိုတဲ့ အမိန့် လည်း ဖြစ်သည်။

“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဆိုသည်မှာ အမြင်ဖေါ်ပြမှုနှင့်အသွင်သဏ္ဍာန်အရပြောရမည်ဆိုလျှင် “တပ်မတော်က အမျိုး သား နိုင်ငံရေး ဦးဆောင်မှု” နှင့် “၂၀၀၈အခြေခံဥပဒေ” ဖြစ်သည်။

အနှစ်သာရသဘော ပြောရမည်ဆိုလျှင် စစ်အုပ်စုအဆက်ဆက် သိမ်းပိုက်ထိန်းချုပ်ထားခဲ့သော အာဏာနှင့်ဘဏ္ဍာကို မျိုးဆက် သစ်စစ်အုပ်စုက ဆက်ခံထိန်းသိမ်းတိုးချဲ့ရေးပင်ဖြစ်သည်။

ဤထိပ်တိုက်တွေ့မှုသည် ဗိုလ်မင်းအောင်လှိုင်ဘက်ကပြောလျှင် သူတစ်ဦးတည်း၏ ဆန္ဒသဘောထားကို ထုတ်ဖေါ် ပြောကြား ခြင်းမဟုတ်။ စစ်အုပ်စုအဆက်ဆက်၏ သဘောထားခံယူချက်ကို ဆက်ခံ ရပ်တည်ကြောင်း ထုတ်ပြောခြင်းဖြစ်သည်။ ဤသဘောထားခံ ယူချက်သည် ကြံ့ဖွံ့ပါတီ၏ သဘောထား နှင့်လည်းထပ်တူထပ်မျှဖြစ်သည်။

ထို့အပြင်လွယ်လွယ်နှင့် နောက်ဆုတ်အလျှော့ပေးမည့် သဘောထားလည်း မဟုတ်ပါ။

ထို့ကြောင့် ဤထိပ်တိုက်တွေ့မှုအား “အရှိကိုအရှိတိုင်း” ပြောရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဘက်က လျှော့ရမည့် သဘောဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း “၂၀၀၈ အခြေခံဥပဒေ ဘောင်”ထဲသို့ လျှော့ပြီး ဝင်ခဲ့ရတာဖြစ်သည်။ “ကျိမ်းကျိန်ရေး”မှာ လည်း လျှော့ခဲ့ရသည်။ သို့အတွက် လျှော့ လက်စနှင့် ဆက်လျှော့သွားလိမ့်ဦးမည်ဟု ထင်ပါသည်။

အခုလည်း နိုင်ငံခြားမီဒီယာတွေက ဗိုလ်မင်းအောင်လှိုင်ပြောတဲ့အချက်တွေထဲက အခြေခံဥပဒေကို စောင့်ရှောက်ရမယ်ဆိုတဲ့ အချက်ပဲ မီးမောင်းထိုးကြည့်တာဟာ ချိန်ခွင်လျှာညီမျှမှုမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က “ဆင်ဝှေ့ရန်ရှောင်” ပြောတာ ကြားလိုက်ရ ပါသည်။

(၆၈) နှစ်မြောက်“တပ်မတော်နေ့” ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် သတင်းနှင့်ဓါတ်ပုံကို အစိုးရပိုင်သတင်းစာများ ( ကြေးမုံ/ မြန်မာ့အလင်း/NLM) တွင် မဖေါ်ပြသလို၊ စစ်တပ်ပိုင် “မြဝတီ သတင်းစာ” မှာလည်းဖေါ်ပြတာ မတွေ့မိပါ။

“နိုင်ငံခြားမီဒီယာချိန်ခွင်လျှာညီမျှမှုမရှိဘူး” ဆိုသည့်အချက်ကိုပြောရမည်ဆိုလျှင်လည်း (နဝတ-နအဖ) စစ်အစိုးရခေတ်မှ ယနေ့ ကာလအထိ နိုင်ငံခြားမီဒီယာများသည် “ဒီမိုကရေစီထိပ်ထား”ကို အစွမ်းကုန် လှလှပပချယ်သပေးခဲ့ပြီး၊ စစ်အာဏာရှင် “သေနာ” များကို အရေခွာခဲ့သည်မဟုတ်ပါလော။ ယင်းအချက် များကို မည်သို့ပြောမည်နည်း။

၁၉၆၂ မှ ၁၉၇၄ အထိ အခြေခံဥပဒေမရှိဘဲအုပ်ချုပ်ခဲ့ပြီး၊ စိတ်ကြိုက်ရေးဆွဲခဲ့သော “၁၉၇၄အခြေခံဥပဒေ”ဖြင့် ၁၉၇၄ မှ ၁၉၈၈ အထိ စိုးမိုးခဲ့သည်။ ဆိုရှယ်လစ်ရေပန်းစားချိန်ဖြစ်သဖြင့် “မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ်”ခဲ့ကြသည်။

၁၉၈၈ မှ ၂၀၁၁ အထိလည်း (နဝတ-နအဖ) စစ်အုပ်စုက အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်ခဲ့ပြီး၊ စိတ်ကြိုက်ရေးဆွဲခဲ့သော “၂၀၀၈အခြေခံဥပဒေ” ဖြင့် အုပ်ချုပ်နေပြန်သည်။ ဒီမိုကရေစီ ရေပန်းစားချိန် ဖြစ်သဖြင့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” အရေခြုံ နေ ခြင်းဖြစ်သာသည်။

စစ်အုပ်စု(၁၉၆၂ ခုနှစ် မှယနေ့အထိ) သည်ရာစုနှစ်ဝက်ကျော်အာဏာချုပ်ကိုင်ထားဆဲဖြစ်သည်။ အာဏာ သိမ်းသည့် အတွေ့ အကြုံရော၊ အာဏာထိန်းသည့် အတွေ့အကြုံပါရှိသည်။ ချော့မြှူလှည့်စားနိုင်သလို အကြမ်းဖက်ဖိနှိပ်နိုင်သည်။

လိုရင်းကိုချုပ်ပြောရလျှင် စစ်အုပ်စုသည် စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ် ချုပ်ကိုင်ပြီး နိုင်ငံရေး လုပ်နေခြင်းဖြစ်သည်။ “၂၀၀၈အခြေခံဥပဒေ”သည် “စစ်အုပ်စုနိုင်ငံရေး”၏ အပေါ်ယံအသွင်သဏ္ဍာန်နှင့် စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းကာကွယ် သယ်ဆောင် သွားမည့် ယာဉ်ယန္တယားသာလျှင်ဖြစ်သည်။

ညွန်း

- ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၁၅၊ စာမျက်နှာ ၂၇

- ၂၀၁၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ၊ ဗိုလ်မင်းအောင်လှိုင်မိန့်ခွန်း အပြည့်အစုံ၊ မြဝတီဝဘ်ဆိုဒ်

- ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃ ရက်၊ RFA သတင်းဌာန၊

(Photo – NickNayMan Blog)

ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု

ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ် တာနဲ့ ပတ်သက်ပြီး အိုင်စီအေအာရ် ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ့  မှတ် ချက်ကတော့ ........"..စိတ်ဝင်စား စရာ ကောင်း တာက ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့  ဘာသာရေး ခေါင်းဆောင်အများအပြားဟာ မိမိတို့ ရဲ့  ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ် ကြခြင်းပါပဲ ။ဗုဒ္ဓဘာသာ ဦးရေ အနည်း ငယ်သာပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကို ရတယ်ဆိုတာ အလွန်စိတ်ဝင် စားဖွယ် ၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ် ။ ".......တဲ့ ။ အိုင်စီအေ အာရ်ယူအက်စ် အဖွဲ့ ရဲ့ သုတေသန ညွှန်ကြား ရေးမှုး " ဂျွန်နာဟာတ် ( Joona Hult )" က ပြောတာ ကတော့ .....".

.ဗုဒ္ဓဘာသာက ကမ္ဘာမှာ အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို သာဓက တစ်ခုမှ ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။ ဗုဒ္ဓဘာသာဝင်တွေဟာယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့ အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ် ."..........တဲ့ ။


ဒီဆုရွေးချယ်ရတာနဲ့  ပတ်သက်လို့  ဘဲလ်ဖတ်စ်မြို့ က ကက်သလစ် ဘုန်းတော်ကြီး " တက်အို ရှောင်နတ်ဆီ " ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ် ဂုဏ်းတော်ကို ချစ်ကြည်ညို ပါတယ် ။ ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို့ ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ ကျတော့ အလိုတော် အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန် စိတ်ရှုပ်စေပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ ။"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ " တာလ်ဘင်ဝါဆတ် " ကလည်း ..".ဒေါသ အမျက်တွေနဲ့  သွေးထွက် သံယို ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာ က အဖြေ ရှာပြီးသားဖြစ်တယ် " .........လို့ မှတ်ချက်ပေးပါတယ် ....။

ဂျေရုဆလင်ကဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း" ကလည်း ......."ပွင့်ပွင့်လင်း လင်း ၀န်ခံ ပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့  တိုင်း ၀ိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။

ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော် နားလည်ပါတယ် ။".........တဲ့ ။.....

ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊ စစ်ပွဲတွေ ၊ သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိ မျက်မှောက် ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာ ဖြစ်တယ်ဆိုတာ အခြားဘာသာဝင်ကြီးတွေကတောင် အသိအမှတ်ပြုထား တယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။ ( မူရင်းကို အပြည့်အစုံ ကြည့် လိုတယ် ဆိုရင်တော့ (WWW.sikhpilosophy.net/ ) မှာ အမြဲ လွှင့်တင်ထားပါတယ် ) ....။

( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း )

Credit : Here

ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် အလွန်ပြင်းထန်သည့် အဆင့်အထိ မြင့်မည်


အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်လျက် ရှိရာတွင် မြန်မာနိုင်ငံပေါ်သို့ အလွန်ပြင်းထန်သော အဆင့် Extremelevel ၁၂ ဒသမ ၈ အထိ ယခုအပတ်အတွင်း ကျရောက်မည် ဖြစ်ကြောင်း www.uvawareness.com သတင်းစာမျက်နှာတွင် ခန့်မှန်း တွက်ချက် ဖော်ပြထားသည်။

ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ၆ ရက် နေ့အထိ မြန်မာနိုင်ငံသို့ ကျရောက်မည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ သည် နံနက် ၉ နာရီမှ မွန်းလွဲ၂ နာရီအထိ အညွှန်းကိန်း ၆ ဒသမ ၇ မှ ၁၂ ဒသမ ၈ အထိ ရှိနိုင်ကြောင်း၊ အညွှန်းကိန်းသည် ၁၁ အထက် ကျော်လွန်ပါက Extreme အဆင့် သတ်မှတ်ထားပြီး ကာကွယ်မှုမဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း ယင်း website စာမျက်နှာတွင် ထုတ်ပြန်ကြေညာ ထားသည်။


အဆိုပါရောင်ခြည် မြန်မာနိုင်ငံအပေါ် ကျရောက်ခြင်းကို တိုင်းတာချက်များအရ ပြီးခဲ့သည့် နှစ်များတွင် ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း အနေနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် အောက်ပိုင်းဒေသ တို့ တွင် အညွှန်းကိန်း ၈ မှ ၁၀ အထိ သာရှိခဲ့သော်လည်း၊ ဖေဖော်ဝါရီလဆန်းမှ လက်ရှိအထိ မြန်မာ နိုင်ငံ တောင်ပိုင်း ဒေသများဖြစ်သော တနင်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန် တိုင်းတို့တွင် အညွှန်းကိန်းပြင်းအား ၁၂ အထိ မြင့်တက် လာသည်ကိုတွေ့ရှိရကြောင်း ထပ်မံ၍လည်း မြောက်ပိုင်းဒေသများပါ မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ကလည်း ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန ကလည်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမိုကျရောက်နိုင်ခြင်းကြောင့် ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် မီဒီယာများကတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ခရမ်းလွန်ရောင်ခြည်သည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ဖြစ်ပြီး ထိတွေ့မှု များပြားပါက မျက်စိတိမ်စွဲခြင်း အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနှင့် အရေပြား ကင်ဆာရောဂါဖြစ်ခြင်းတို့ စသည့်ရောဂါများ ဖြစ်ပွားနိုင်ခြင်းကြောင့် ပူပြင်းသော နေရောင်ခြည် ကျရောက် နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အချိန်ခန့်အတွင်း အလုပ်လုပ် ကိုင်သူ များ နေရောင်ခြည် အောက်တွင် သွားလာ လှုပ်ရှားသူများ၊ သင်္ကြန်တွင်း ရေကစားသူများနှင့် ကလေးငယ်များသည် သတိပြု ကာကွယ်ရန် လိုအပ်ကြောင်း ဖော်ပြ ထားသည်။

Credit : Here

Hand Set မျိုးစုံ လျှော့ဈေးဖြင့် အပြိုင် ရောင်းချ


Hand Set မျိုးစုံ လျှော့ဈေးဖြင့် အပြိုင် ရောင်းချတန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို တစ်ခုလျှင် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့်ဧပြီ ၂၄ ရက်မှစတင်ကာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card သုံးသိန်းခွဲ ဖြန့်ဖြူး ပေးသွားမည့် သတင်းကို မြဝတီ သတင်းစာနှင့် အခြား သတင်းစာများတွင် ဖော်ပြပြီး နောက်ပိုင်း ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ နမ္မတီးနှင့် မိုးကောင်းမြို့တို့ရှိ Mobile Phone ဆိုင်များ၌လည်း Hand Set မျိုးစုံကို လျှော့ဈေးနှုန်းဖြင့် အပြိုင်အဆိုင် ရောင်းချရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

Credit : Here

ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဖြစ်စေရ ငြိမ်းချမ်းရေးလှုပ်ရှားမှု”


ဘာသာပေါင်းစုံ လူငယ်အဖွဲ့ ၁၀ ဖွဲ့မှ ဦးဆောင်ပြီး ယနေ့ 5.4.2013 တနေကုန် ရန်ကုန်မြို့ရှိ လှည်းတန်း၊ မြေနီကုန်း၊ မင်္ဂလာဈေးနှင့် အခြားလူစည်ကားရာ နေရာများတွင် “ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဖြစ်စေရ” စာတမ်းပါ စတစ်ကာများ၊ တီရှပ်များ အခမဲ့ဖြန့်ဝေ သောငြိမ်းချမ်းရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit : Here

ဝါယာကို ရှော့တိုက် ကစားခြင်း


ဝါယာရှော့ ဖြစ်ပြီဆိုရင် လူတွေက မီးထတောက်မယ်၊ မီးပန်းတွေ ထဖြစ်မယ်၊ ဖြူးစ် (Fuse) လို ဘရိတ်ကာ (MCB, Over Current Breaker)လို အကာအကွယ်ဖြစ်စေမယ့် ပစ္စည်းတွေ မီးကို ဖြတ် ချပေး မယ်လို့ပဲ ထင်မြင်တတ်ကြပါတယ်။ ဝါယာရှော့ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ အများကြီးပါ။ အကြောင်း အရင်း မတူတဲ့အခါမှာ ဖြစ်ပွားပုံနဲ့ ခုနင်က အကာအကွယ်တွေ အလုပ်လုပ်ပုံတွေ မတူညီ သလို ဖြစ် လာနိုင်တဲ့ အန္တရာယ်တွေလဲ မတူပါဘူး။


ပလပ်ပေါက် (Socket Outlet) တစ်ခုမှာ ပလပ် (Plug) များစွာ တပ်ဆင် အသုံးပြုခြင်း။


ပုံမှန် အိမ်သုံး Socket Outlet တွေနဲ့ Plug တွေကို တပ်ဆင် အသုံးပြုရာမှာ အများဆုံး ခံနိုင်ဝန်အား ( ၁၃ အမ်ပီယာ - 13 A; Ampere) ကိုပဲ ခွင့်ပြုကြပါတယ်။ BS (British Standard) မှာတော့ 2, 5, 15, 30 A အထိ ခွင့်ပြုသတ်မှတ် သုံးစွဲတာကို တွေရပါတယ်။

#REF: CP-05; 553-01, Table 55A (L)

တပ်ဆင် အသုံးပြုမယ့် ပစ္စည်းကိရိယာရဲ့ ဆွဲမယ့်ဝန်ကို မူတည်ပြီးတော့ Socket-Outlet နဲ့ Plug တွေကို ပုံသေ တွက်ချက် အသုံးပြုရပါတယ်။ Extension Cable အသုံးပြုတာ၊ Extension Socket လို့ခေါ်တဲ့ ပွားသုံးတာတွေကို ခဏတာ အသုံးပြုဖို့အတွက်ပဲ ခွင့်ပြုပါတယ်။ အမြဲတပ်ဆင် အသုံးပြုခွင့် မရှိပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာ အသုံးပြုကြတဲ့ ပုံစံကတော့ ပလပ်ပေါက်တစ်ခုတွေ့ရင် စုပြုံထိုးကြတာပါပဲ။ ဒီကနေပြီးတော့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

(၁) ဝန်ပိုအသုံးပြုခြင်း (Over Current)

ပလပ်ပေါက်တစ်ခုအတွက် သွယ်တန်းထားတဲ့ ဝါယာကြိုး၊ ပလပ်ပေါက်ရဲ့ ခံနိုင်ရည်အား၊ ပလပ်ရဲ့ ခံနိုင်ရည်အား စတာတွေက များသောအားဖြင့် ၁၃ အမ်ပီယာ ခံနိုင်အောင် လုပ်ထားပေမယ့် အလွယ်တကူ နီးစစပ်ရာမှာ တပ်ဆင် အသုံးပြုကြတာကြောင့် ခံနိုင်ရည်အားကို ကျော်လွတ်ပြီးတော့ ဆွဲတတ်ပါတယ်။ ဥပမာဆိုရရင် ပလပ်တစ်ပေါက်ထဲကနေ ကွန်ပြူတာရဲ့ မော်နီတာ၊ UPS၊ System၊ စတာတွေအပြင် ပန်ကာတို့ မီးပူတို့ ယူအသုံးပြုတာပါ။

ပလပ်တွေ ပလပ်ပေါက်တွေရဲ့ အတွင်းမှာ ပါဝင်တဲ့ ကြေးတွေနဲ့ အဆက်ဖြစ်တဲ့ မူလီ၊ စကူ (Screw) စတာတွေရဲ့ လျှပ်စီးခံနိုင်ရည်ထက် ပိုသုံးတဲ့အခါ ဒီနေရာတွေက ပူလာတတ်ပါတယ်။ ပုံမှန် ဒီပစ္စည်းတွေ ကနေ ထုတ်လွှတ်တဲ့ အပူချိန်ဟာ ၃၅ ကနေ ၄၀ ဒီဂရီ ဆဲလ်စီးယပ်ထက် မပိုသင့်ပါဘူး။ ဒီခံနိုင်အား ဆိုတာက ပလပ်တစ်ခုရဲ့ ခံနိုင်အားပါ အကာအကွယ်ဖြစ်တဲ့ Breaker နဲ့ ဖြူစ်တွေနဲ့ မဆိုင်တာကြောင့် အပေါ်က ခံထားတဲ့ ဒီပစ္စည်းတွေ မဖြတ်ချပဲနဲ့ ဒီပလပ်နဲ့ ပလပ်ပေါက်မှာ မီးထလောင်နိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖြူစ်တွေ Breaker တွေက တစ်အိမ်လုံးစာ လိုင်းတစ်လိုင်းစာအတွက် တွက်ချက် ထည့်သွင်းထားတာ ဖြစ်ပြီးတော့ ဒီပလပ်ပေါက်မှာ ဝန်ပိုနေပေမယ့် သူ့ရဲ့ ခံနိုင်ဝန်ထက် မကျော်သေး တာကြောင့်လို့ ပြောလို့ရပါတယ်။

ပြထားတဲ့ ပုံမှာဆိုရင် အချိန်ကြာမြင့်စွာ ဝန်ပိုသုံးထားတဲ့အတွက် ပူပြီးတော့ ပျော်လာ တာကို တွေ့ ရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် လျှပ်စစ်ပစ္စည်းးတွေဟာ အပူချိန်ကို ခံနိုင်ရည်ရှိအောင် ထုတ်လုပ် ထားပေမယ့် အချိန်ကြာမြင့်စွာ နည်းမှားတစ်ခုနဲ့ အသုံးပြုခဲ့ရင်တော့ အပူလွန်ပြီး ဒီကနေပဲ မီးထလောင် နိုင်ပါတယ်။

လုပ်ဆောင်ရမှာကတော့။ ။ ပလပ်တစ်ပေါက်တည်းကနေ အများကြီး ခွဲသုံးဖို့ကို ရှောင်ရပါမယ်။ မဖြစ် မနေ အသုံးပြုရရင်လဲ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီးတော့ ပုံသေ ပလပ်တွေ တပ်ဆင်သင့် ပါတယ်။ အများကြီး စုပြုံ အသုံးပြုမိရင်လဲ အပူလွန်နေမနေ စစ်ဆေးနေရပါမယ်။

(၂) လျှပ်စစ်ပစ္စည်းမှ ဝန်ပိုဖြစ်ခြင်း

အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ ဝန်ပိုဆွဲခြင်း (Short-Circuit) ဖြစ်တာကြောင့်လဲ ပလပ်နဲ့ ပလပ်ပေါက်မှာ အလွန်အကျွံ ဝန်ဆွဲပြီးတော့ ခုနင်ကလို မီးလောက်ကျွမ်းတာတွေလဲ ဖြစ်တတ်ပါတယ်။ များသော အားဖြင့် အခုနောက်ပိုင်း ပလပ်နဲ့ ပလပ်ပေါက်တွေမှာ ဝန်ထိန်းပေးမယ့် Fuse လေးတွေ တပ်ဆင်ထား တာတွေ ရှိနေပါပြီ။ ဒါမျိုးတွေကို ရွေးချယ် အသုံးပြုသင့်ပါတယ်။ လျှပ်စစ်ပစ္စည်းတစ်ခု ဝန်ပိုဖြစ် လို့ ရှော့ဖြစ်ရင် ဒိဖြူးစ်လေးက ပြတ်သွားပြီးတော့ အန္တရယ်ကို ရှောင်နိုင်ပါလိမ့်မယ်။

(၃) မထိတထိဖြစ်ခြင်း၊ အံမဝင်ခြင်း

ပလပ်ပေါက်တစ်ခုတည်းကို ပလပ်ပေါင်းများစွာ စုပြုံထိုးပြီးတော့ အသုံးပြုတဲ့အခါ တစ်ခုနဲ့ တစ်ခု ထောက်နေတာ၊ အခုအခံဖြစ်နေတာတွေကြောင့် ထိထိမိမိ မဖြစ်တဲ့အခါတွေ ရှိတတ်ပါတယ်။ ဒီလို အခါမှာ ပလပ်နဲ့ ပလပ်ပေါက် အတွင်းက ကြေးသားတွေမှာ အပူလွန်ကဲလာပြီးတော့ မီးထလောင်တတ် ပါတယ်။ ဒါမျိုးဟာ ဝန်ပိုဆွဲတာ မဟုတ်တော့ Breaker နဲ့ Fuse တွေကနေ အကာအကွယ် ပေးမှာ မဟုတ်ပါဘူး။ နောက်ဆုံး မီးလောက်ပြီး အထိန်းတွေဖြစ်တဲ့ PVC တွေ လောင်ကျွမ်းမီးလောင်ပြီးတော့ ဝါယာနှစ်ခုပူးမှသာ ဒီအကာအကွယ်တွေက အလုပ်လုပ်မှာပါ။ ဒိအချိန်က အလွန်နောက် ကျနေလောက် ပါပြီ။

နောက်တစ်ခုက ပလပ်တွေ စုပြုံထားတဲ့အတွက် တစ်ခုနဲပတစ်ခု ငြိနေတာမျိုး ချိတ်နေတာ မျိုးတွေကြောင့်လဲ ပလပ်ရဲ့အမာခံ ခေါင်းနဲ့ ကြိုးအဆက်နေရာတွေမှာ ဒဏ်ဖြစ်တတ်ပါတယ်။ အဲ့ဒိ ဒဏ်ဖြစ်တဲ့နေရာထဲက ဝါယာနှစ်ခု မထိတစ်ထိဖြစ်ရာကနေလဲ မီးလောင်နိုင်စေပါတယ်။

လုပ်ဆောင်ရမှာက။ ။ ပလပ်တပ်တဲ့အခါ ထိထိမိမိရှိပါစေ။ ဝါယာတွေကို ရှုပ်ထွေးမနေစေပဲနဲ့ ရှင်းလင်း သပ်ရပ်အောင် ဂရုစိုက်စေလိုပါတယ်။

မြန်မာပြည်မှာ အထူးသဖြင့် အသုံးပြုနေတာတွေက (2 Pin Plug) လို့ခေါ်တဲ့ နှစ်ငုတ် ခေါင်းတွေ ပါပဲ။ ခေါင်းလုံးနဲ့ ခေါင်းပြားဆိုပြီးတောင် ကွဲပါသေးတယ်။ များသော အားဖြင့် ခေါင်းပြား နှစ်ငုတ်တွေကို သုံကြပါတယ်။ ဒါတွေက ပိုပြီးတော့ မမိတာတွေ မထိတထိဖြစ်တာတွေကို ပိုဖြစ်စေပါ တယ်။ မြန်မာပြည် မယ် ဘယ်လို ပလပ်ကိုပဲ သုံးရမယ်ဆိုတဲ့ စံမရှိတာကြောင့် ဒီပြဿနာတွေ ဖြစ်နေတာပါ။

နောက်ဆုံး ပလပ်တွေအကြောင်း နိဂုံးချုပ်ရရင်တော့ ကိုယ်တပ်ထားတဲ့ ပလပ်ကထိထိမိမိဖြစ်ပါစေ၊ အပူချိန် လွန်နေသလား အမြဲဂရုစိုက်ပါ၊ ဖြစ်နိုင်ရင် (3 Pin Plug) တွေ သုံးပါ။ နောက်ပြီးတော့ ကိုယ်အမြဲသုံးမယ့် ပစ္စည်းတွေအတွက် ပုံသေ ပလပ်ပေါက်များ တပ်ဆင် အသုံးပြုကြပါလို့။

လျှပ်စစ်အကြောင်း တိတိပပ မသိသေးသူများအတွက် ဦးတည်ရေးပါသည်။

Credit : Here

လက်ပတောင်းတောင် မီးလောင်တဲ့ကိစ္စ ထုတ်စရာ တရားခံ မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

“လက်ပံတောင်းတောင်အစီရင်ခံစာနဲ့ ပတ်သက်လို့ ရဲတွေထဲမှာ တရားခံမထုတ်လို့ ဆိုပြီးတော့ မကျေနပ်တဲ့လူတွေရှိတယ်။ ဒါပေမယ့် အမှန်ပြောရရင် ထုတ်စရာတရားခံကိုမရှိဘူး။ အဆင့်ဆင့် က သူတို့ ဥပဒေအရလုပ်သွားတာပဲ ၊ တကယ်ပြဿနာက ဘာလဲဆိုတော့ အဲဒီမီးလောင်တဲ့ ကိစ္စ ပဲ။ အဲဒီတော့ မီးလောင်တဲ့ကိစ္စဟာ ဒါ ရည်ရွယ်ချက်မရှိဘူး။ ရည်ရွယ်ချက်မရှိဘူးဆိုတော့ တရား ဥပဒေအရ ရည်ရွယ်ချက်မရှိရင် ဒီဟာကို ရည်ရွယ်ချက်နဲ့လုပ်တဲ့အပြစ်လို့ သတ်မှတ်လို့မရဘူး”

ဧပြီလ ၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၃) တွင်ပါရှိသော “လက်ပံတောင်း တောင်နဲ့ ပတ်သက်လို့ တရားခံထုတ်စရာမလိုဟု ဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကင်းထောက်လူငယ်များ တွေ့ဆုံသည့် အခမ်းအနားတွင် ပြောကြားခဲ့သည့်မိန့်ခွန်း


ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြတဲ့ ကျောင်းသားလူငယ်၊ ကင်းထောက်လူငယ်နှင့် အခြား တက်ရောက်လာတဲ့ပုဂ္ဂိုလ်အား လုံးမင်္ဂလာ အပေါင်းနှင့်ြ ပည့်စုံပါစေ လို့ ဆုမွန်တောင်းပါတယ်။

အခုလို ပြည်သူ့လွှတ်တော် ကို လာရောက်လေ့လာတဲ့ အတွက် ပြည်သူ့ လွှတ်တော် အနေနဲ့ လေ့လာ သူ မောင်တို့၊ မယ်တို့၊ သားတို့၊ သမီးတို့ ကို ကြိုဆိုပါကြောင်း ပထမပြောလိုပါတယ်။ ဒီထက်ပိုပြောရမယ် ဆိုရင်မိမိတို့ ပြည်သူ့လွှတ်တော်ကို အခုလို အလေးထားပြီးတော့ လာရောက်လေ့လာ ခြင်းကို လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ဂုဏ်ယူကြောင်း၊ အထူးပင် ဝမ်းမြောက်ကြောင်း ဒီနေ့ မိမိတို့ရဲ့ လွှတ်တော်ဟာ ပြည်သူများရဲ့ကိုယ် စားလှယ်များနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။


ဒါကြောင့်လည်း ပြည်သူများရဲ့အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ဖြစ်နိုင်သမျှ ဖော်ဆောင် ပေးမယ် ဆိုတဲ့ စေတနာကောင်း နဲ့ ရည်ရွယ်ချက် ထားရှိပြီးတော့ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ အလျဉ်းသင့်လို့သားတို့၊ သမီးတို့၊ မောင်တို့၊ မယ်တို့ ရှေ့မှာ မိမိတို့ လွှတ်တော်သည် ပြည်သူများ ရဲ့ အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ် ကြောင်းလည်း သားတို့၊ သမီးတို့ရှေ့မှာ ကတိပေး ပြောကြားလိုပါတယ်။ 

နိုင်ငံတကာမှာတော့ လွှတ်တော်များဟာ နိုင်ငံများရဲ့ အသက်ဝိဉာဉ်ဖြစ်သလို နိုင်ငံတော်တည်ဆောက်တဲ့ နေရာမှာလွှတ်တော်များရဲ့ အခန်းကဏ္ဍကအရေးကြီးကြောင်းပာကြပါတယ်။ ဒါလည်း မှန်ကန်တဲ့ကိစ္စ တစ်ခုကို ထုတ်ဖော်ပြောခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့လွှတ်တော်သည်လည်း နိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့  နိုင်ငံ့တည်ဆောက်ရေးမှာ ယခုထက်ပိုမိုပြီး ဆောင်ရွက်နိုင်အောင် မိမိတို့ လွှတ်တော်မှာရှိကြတဲ့ပြည်သူ့ကိုယ်စားလှယ်များ ရဲ့ အရည်အချင်း မြှင့်တင် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း လည်း ထပ်လောင်း အသိပေးလိုပါတယ်။

ဒီလိုအချိန်မှာ မောင်တို့၊ မယ်တို့၊ သားတို့၊ သမီးတို့အနေနဲ့လည်း ကြုံကြိုက်တုန်း မှာစရာလေးရှိပါတယ်။ မိမိတို့တွေဟာ မိမိ နိုင်ငံ အပေါ် ချစ်မြတ်နိုးရမယ်၊ သစ္စာ ရှိရမယ်။ ဒီ့ထက် ပိုပြောမယ် ဆိုရင် မောင်တို့၊ မယ်တို့အားလုံးဟာ နိုင်ငံ့သားကောင်းတွေဖြစ်ဖို့လိုပါတယ်။ အဲဒီလို ဖြစ်အောင် အလိုအလျောက်တော့ မဖြစ်နိုင်ဘူး။ စိတ်ထားစေတနာနဲ့လေ့ကျင့်မှု တွေပြုဖို့လိုပါတယ်။ ဘာတွေ လေ့ကျင့်ဖို့ လိုလည်းဆိုရင် စိတ်ဓာတ် ကောင်း အောင်၊ စည်းကမ်း ကောင်းအောင်၊ အရည်အချင်း ရှိအောင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ဘယ်ကိစ္စမဆိုအလကားဘာမှမရဘူး။ တစ်ခုခုပေးဆပ်ရပါတယ်။ ရယူချင်တယ် ဆိုလို့ရှိရင် ပေးဆပ်ဖို့ လည်းလိုပါတယ်။ ဒါကြောင့်မို့လို့မောင်တို့၊ မယ်တို့ နိုင်ငံ့သားကောင်းဖြစ်အောင်ဆိုရင်တော့၊ နိုင်ငံ့ သား သမီးကောင်းများဖြစ် အောင်ဆိုရင်တော့ စိတ်ဓာတ်ကောင်းဖို့၊ စည်းကမ်းကောင်းဖို့၊ အရည်အချင်း ရှိဖို့ ကြိုးစားနေရ မှာဖြစ်ပါတယ်။ 

အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ မိမိတို့တွေ သည် အချိန်ကို လေးစားတန်ဖိုးထားဖို့ လည်းလိုပါတယ်။ အလုပ်ကို ကြိုးစား ပမ်းစားလုပ်ဖို့လည်းလိုပါတယ်။ ထိုနည်းတူစွာပဲ အချင်းချင်း ဆက်ဆံဆောင် ရွက်တဲ့နေရာမှာပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက် ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် လေးစားပြီး မိမိတို့ ဆောင်ရွက်မယ့်ကိစ္စများကို ညှိနှိုင်းပေါင်း စပ်ကာ ပူးပေါင်းဆောင်ရွက်နိုင်မှု အလေ့အကျင့်ကောင်း များကို မွေးမြူဖို့ လိုပါတယ်။ 

အဲဒီနည်းတူပဲ တစ်ဦးနှင့် တစ်ဦးဆက်ဆံတဲ့နေရာမှာ လေးစား တန်ဖိုး ထားပြီးတော့ မျှမျှတတခွဲခြားမှုမရှိဘဲ ချစ်ခင်ရင်းနှီးစွာ ဆောင်ရွက်နေဖို့လိုပါတယ်။ ဒါတွေလွှမ်းခြုံပြောလိုက်မယ်ဆိုရင် မောင်တို့၊မယ်တို့ဟာ နိုင်ငံ့သားကောင်း၊ သမီးမွန်များဖြစ်ပြီး မိမိတို့ရဲ့တစ်ဦးချင်းရဲ့အကျိုးစီးပွား၊ ဒေသရဲ့ အကျိုးစီးပွား၊ အများ ရဲ့အကျိုးစီးပွား၊နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

အခု မောင်တို့၊မယ်တို့ ကင်းထောက်လူငယ် များဟာလည်း အခု ဘဘလွှတ်တော်ဥက္ကဋ္ဌ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ တွေပေါ်အခြေခံပြီး ဆောင်ရွက်ထားတဲ့ အဖွဲ့အစည်းတစ်ခုလို့ ဘဘဒီလိုပဲ ခံယူပါတယ်။ ဒါကြောင့်မို့လို့ အသင်းကြီးရဲ့ ရည်ရွယ်ချက် စေတနာအပေါ် အခြေခံပြီးတော့ မောင်တို့၊ မယ်တို့ တစ်ဦးချင်း အနေနဲ့သော်လည်းကောင်း၊ အဖွဲ့လိုက်အနေနဲ့ သော်လည်းကောင်း ကြိုးစားဆောင်ရွက်ရင်း အမိပြည် ထောင်စုမြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆောင်ရွက်တဲ့နေရာမှာ မောင်တို့၊ မယ်တို့ဟာ တကယ့် သားကောင်း၊ သမီးမွန်များ အဖြစ်နဲ့ ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ ဘဘအနေနဲ့ ဆုမွန် တောင်းရင်း နိဂုံးချုပ်ပါတယ်။

ပြည်သူ့လွှတ်တော် Facebook 

မြို့မ တေးဂီတ ရန်ကုန်တွင် ဖျော်ဖြေမည်

၂၀၁၂ သင်္ကြန်က မန္တလေးတွင် လိုက်လံဖျော်ဖြေခဲ့သော မြို့မ တေးဂီတဝိုင်း
(ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

အတာတေးနဲ့ မြို့မ သင်္ကြန်သံစုံ ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့မ တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ဧပြီ ၆ (စနေ) ညနေ ၆ နာရီတွင် ရန်ကုန် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေမည်ဟု ၎င်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာလှခိုင် ထံမှ သိရသည်။

ဖျော်ဖြေပွဲကို JBL (Galaxy Pro Rent) ကုမ္ပဏီမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး စင်ကာပူနည်းပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့မတေးဂီတ မန်နေဂျာ ဦးဇော်ဝင်းသန်းက ပြောသည်။


“ခေါင်းစဉ်ကတော့ JBL စက်တွေကို ပရိုမိုးရှင်း လုပ်တဲ့သဘောပါပဲ။ မြို့မတေးဂီတအဖွဲ့က အပုဒ်ရေ ၂၀ ကျော်လောက် တီးကြမယ်။ ဧည့်သည်တီးဝိုင်း ဖိတ်ထားတာတော့မရှိသေးပါဘူး” ဟု မန်နေဂျာ ဦးဇော်ဝင်းသန်းက ဆိုသည်။


ဖျော်ဖြေပွဲတွင် တေးသံရှင် တက္ကသိုလ်မင်းနောင်၊ ကိုသိန်းဝင်း၊ သန်းမြတ်စိုး၊ ရန်ပိုင်စိုး၊ မန္တလေးသိန်းဇော်၊ ဖိုးသောကြာ၊ ဇေယျာပြည့်ဖြိုး၊ ချစ်ကောင်း၊ စည်သူလွင်၊ ဘိုဘို၊ ထား၊ တင်တင်မြ၊ ရီရီသန့်၊ ညွန့်ညွန့်သိန်း၊ စိုးစန္ဒာထွန်း၊ အိအိချွန်၊ ပန်းအိဖြူ၊ ရတနာဦး စသည့် တေးသံရှင်များက ဖျော်ဖြေကြမည်ဖြစ်ပြီး မြန်မာသံတေးများ၊ သင်္ကြန်တေးအကများ ဖြင့်လည်း တင်ဆက် ဖျော်ဖြေမည်ဖြစ်သည်။

“ဧပြီ ၆ ရက်နေ့မှာ ကိုမင်းနောင်နဲ့ ကိုသိန်းဝင်းတို့ကတော့ ကိုယ်ပိုင်သီချင်းတွေနဲ့ အစပိုင်းမှာ ဖျော်ဖြေ မယ်။ သင်္ကြန် သီချင်းတွေ မြို့မဧည့်ခံ သီချင်းတွေကို အများဆုံးဆိုကြမှာပါ။ မြို့မ တေးဂီတအနေနဲ့ ဘယ်သီချင်းဖြစ်ဖြစ် တီးနိုင်တယ် ဆိုတာလည်း ပြချင်ပါတယ်” ဟု မန်နေဂျာ ဦးဇော်ဝင်းသန်းက ပြော သည်။

မြို့မ တေးဂီတအဖွဲ့နှင့် ပါဝင်သီဆိုမည့် တေးသံရှင် စည်သူလွင်က “ဖိုးညိုမြနဲ့ ရှာပုံတော် မင်းသားကြီး သီချင်းနှစ်ပုဒ် ဖျော်ဖြေဖို့ စဉ်းစားထားပါတယ်။ သင်္ကြန် သီချင်းတွေအနေနဲ့ ဒီပွဲက မြို့မနဲ့ ဖျော်ဖြေတာ ပထမဆုံးပွဲပါ။တခြား သီချင်းတွေကိုတော့ မန္တလေးမှာမြို့မနဲ့ တခါ ဖျော်ဖြေဖူးတယ်။ မြို့မနဲ့ မန္တလေး၊ မြို့မနဲ့ သင်္ကြန်ဆိုတာ အစဉ်အလာရှိခဲ့ပါတယ်။ အခုလို ၀င်ရောက် သီဆိုရတဲ့အတွက် အရမ်းဝမ်းသာတယ်” ဟု ပြောသည်။

လက်မှတ်များကို ကျပ် ၁၀၀၀၀၊ ၂၀၀၀၀ သတ်မှတ်ထားကြောင်း၊ ယခုပွဲသည် JBL (Galaxy Pro Rent) ၏ ဒုတိယမြောက် ပွဲဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ပထမဆုံး ပွဲအဖြစ် ဇော်ဝင်းထွဋ်နှင့် S.I.R ပွဲကို ကျင်းပခဲ့ကြောင်း JBL(Galaxy Pro Rent) ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်က ပြောသည်။

မြို့မတေးဂီတ၏ ဧပြီ ၆ ရက်နေ့ ဖျော်ဖြေပွဲသည် ရန်ကုန်တွင် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ၂၀၀၉ တွင် ရန်ကုန် မျှော်စင်ကျွန်းတွင် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မြို့မ တေးဂီတသည် မတ် ၂၉ တွင် မန္တလေး အမျိုးသား ကဇာတ်ရုံတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မပ ပျောက်ရေး ရည်ရွယ်ချက်ဖြင့် မန္တလေးနှင့် မြို့မဟူသော ဖျော်ဖြေပွဲတပွဲ ကျင်းပရန်ရှိသေးသည်။

မန္တလေး မြို့မတေးဂီတသည် ၁၉၂၅ တွင် စတင်ခဲ့ပြီး အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း (ဦးကျော်ငြိမ်း) က တည်ထောင်ခဲ့ သူများထဲတွင် တဦးအပါအ၀င် ဖြစ်သည်။ မြို့မငြိမ်းသည် မြန်မာ့တေးဂီတ သမိုင်းတွင် ကျန်ရစ်စေသော မြန်မာသီချင်း (Modern Classicisms) များကို သီကုံးခဲ့၍ ပန်းချီပန်းပု ပညာရပ် များကိုလည်း တတ်မြောက်ခဲ့သူဖြစ်သည်။

၁၉၂၈ ခုနှစ်တွင် မန္တလေး မြို့မတူရိယာအဖွဲ့ကို ဦးကော်လုံဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့သည်။ ဦးကျော်ငြိမ်းသည် မြို့မ အဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာ တီးနည်းနှင့် တူရိယာ သင်္ကေတ ပညာတို့ကို သင်ယူခဲ့သည်ပြီး ၁၉၃၁ မှစ၍ သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆိုအမည်ကို ခံယူခဲ့သည်။

မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း ၂၀၀ ခန့် ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ပါရှိသည်။ မြန်မာသင်္ကြန်၏ ပြယုဂ်ဖြစ်သော မန်းတောင်ရိပ်ခို သီချင်းကိုလည်း ၎င်းက ရေးစပ်ခဲ့သည်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တတိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်တာပဓာန” သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း ၂၄ နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ ခင့်အိပ်မက်၊ တစ်ချစ်ထဲ ချစ်၊ မြင်းခင်းတော်၊ နတ်သျှင်နောင်၊ မေ့ပါနိုင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ ပါရမီတော်၊ ချစ်ရဲဘော်၊ မင်္ဂလာမောင်မယ်၊ ငွေဇင်ယော်၊ ပြုံးတဲ့မေ၊ လေချိုသွေး စသော သီချင်းများ ဖြစ်ကြသည်။ မြို့မငြိမ်း သီချင်း စတင်ရေးသားခဲ့သော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာစကားလုံး သွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်သည်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်း ဂီတမှ သီချင်း စပ်နည်းကို မီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်း မပြုဘဲ သူ၏ ပင်ကိုယ်ဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင် တေးသွားများ ရေးစပ်ခဲ့ကြောင်း www.Shwesu.web.com တွင် ဖော်ပြထားသည်။



Credit : http://burma.irrawaddy.org/archives/37021

ဘားအံတွင်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

၂-၄-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ ကော့ဂွန်း ကျေးရွာ၊ အမှတ်(၃)ရပ်ကွက်နေ တင်ဌေးဦး (၃၃)နှစ်၏နေ အိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းဝတ်ဆင် ထားသော ဂျင်း ဘောင်းဘီအဖြူရောင်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၄ ပြား၊ အစိမ်းရောင် ၁ ပြား၊ပေါင်း ၅၅ ပြား၊ အလေးချိန် ၅.၅ ဂရမ်၊ တန်ဘိုးငွေကျပ်(၁၆၅၀၀၀ိ/-)နှင့် မူးယစ်ဆေးဝါး ရောင်းချရငွေဟုယူဆရသည့် ငွေကျပ်(၂၆၅၀၀၀ိ/-)တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ သဖြင့် တင်ဌေးဦးအား ဇာသပြင်ရဲစခန်း မယ(ပ)၁/၂၀၁၃၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ရည်မှန်းချက်က ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည်နယ် ပေးဖို့ပါပဲ


ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့တွင် ကျင်းပသည့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ လာရောက်လေ့လာသည့် မြန်မာနိုင်ငံ အထူးဒေသ ၂ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပြည်ပ ဆက်ဆံရေး ဒု – ဌာနကြီးမှူး ဦးဆမ်ခွန်း အား ၎င်းတို့ UWSA ၏ လက်ရှိ လုပ်ဆောင်ချက်၊ အစိုးရအပေါ် အမြင်နှင့် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။


မေး။ ။ လက်ရှိ UWSA အနေနဲ့ လုပ်ဆောင်ချက်တွေကို ပြောပြပေးပါ။

ဖြေ။ ။ လုပ်ဆောင်ချက်ဆိုရင် ဘာမှမရှိဘူး။ ကျနော်တို့ဆီက မိမိဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ အဓိက ကျန်းမာရေး ၀န်ထမ်း၊ ပညာရေး ၀န်ထမ်းတွေကိုပဲ တောင်းဆိုပါတယ်။ ဒါတွေကို လုပ်ဆောင်ပေးထား ပါတယ်။ ကျန်တဲ့ စစ်တပ်တို့၊ အုပ်ချုပ်ရေး ၀န်ထမ်းတို့ကိုတော့ ကျနော်တို့ဆီမှာ အ၀င်မခံဘူး။

မေး။ ။ ငြိမ်းချမ်းရေး အတွက် ဘယ်လောက်အထိ မျှော်လင့်ချက် ထားပါသလဲ။

ဖြေ။ ။ ကျနော်တို့ကို “၀” ဗဟိုက မှာထားတယ်။ ဒီအစည်းအဝေးက ကျနော်တို့ကို ဖိတ်တဲ့ အတွက်ကြောင့် သွားသင့်တယ်၊ လာရောက်လေ့လာတဲ့ အဆင့်ပါပဲ။ တိုင်းရင်းသား ညီအစ်ကို လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ သဘောထားကို လာလေ့လာတဲ့ အဆင့်ပဲ။ ဒီကနေ အစည်းအဝေးတက်ပြီးတော့ “၀” ပြည်ကို ရောက်ရင် ကျနော် မှတ်ထားတဲ့ မှတ်တမ်းတွေ ဟိုမှာ ပြန်ပြီးရှင်းပြမယ်၊ ချပြမယ်။ ကျနော်တို့ “၀” ဗဟိုက ပြန်သုံးသပ်မယ်။ ဒါပါပဲ။ ကျနော်တို့ စာတမ်းလည်း မပြုစုပါဘူး။

မေး။ ။ တရုတ်အစိုးရနဲ့ “၀” ပြည် စည်လုံးညီညွတ်ရေး ပါတီတို့ရဲ့ ဆက်ဆံရေး အပိုင်း ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ဒါကတော့တရုတ်နဲ့ “၀” က နယ်နိမိတ်ချင်း ဆက်နေတော့ ဟိုအရင်ကတည်းက နှစ်ဘက်ပြည်သူ တွေပါ။ ဟိုဘက် နိုင်ငံကလည်း ကျနော်တို့ “၀” တိုင်းရင်းသားတွေပါပဲ၊ ဒီဘက်ကလည်း ကျနော်တို့ “၀” တိုင်းရင်းသားတွေပါ။ အဲဒီတော့ လူမှုရေးရော၊ စီးပွားရေးပါ နေ့စဉ်နဲ့အမျှ သွားလာဆက်သွယ်မှုတော့ ရှိတယ်။ တရုတ်ပြည်နဲ့ ကျနော်တို့က ကုန်သွယ်ရေး ဆက်သွယ်မှု၊ ဆက်ဆံရေးပဲ ရှိပါတယ်။ “၀” ပြည်တခုလုံးက စီးပွားရေးနဲ့ ပတ်သတ်ပြီးတော့ တရုတ်ပြည်မှာပဲ ဈေးကွက်ရှိတယ်။ တရုတ်ပြည်နဲ့တော့ ပိုပြီး ဆက်ဆံရေး၊ ဆက်သွယ်ရေး ရှိပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို ဆက်ဆံတာ နေ့စဉ်နဲ့အမျှ ရှိပါ တယ်။

မေး။ ။ လက်ရှိ “၀” ပြည်နယ်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင် နေပါသလဲ။

ဖြေ။ ။ ကျနော်တို့က ၂၀၀၅ ခုနှစ် ကတည်းက “၀” ပြည်မှာ ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်သွားတယ်လေ။ ပြီးတော့ အရေးယူတယ်။ အသက် ၆၀ အောက် မူးယစ်သုံးစွဲသူ အားလုံးကို ဖမ်းတယ်။ ပထမအနေနဲ့ ဘိန်းချက် စခန်းတွေကို ကျနော်တို့ သုံးနှစ်လောက် ဖျက်ခိုင်းတယ်။ ကျနော်တို့က ဘိန်းလည်း မစိုက်တော့ ဘူးဗျာ၊ မထုတ်လုပ်တော့ဘူးဗျာ။ မဖြန့်ဖြူးတော့ဘူး၊ ရောင်းဝယ်ဖောက်ကားမှု မရှိတော့ဘူး။ တချို့က ဟိုပြည်ပက လာတဲ့ဘိန်းတွေ ရှင်းရှင်းပြောမယ်ဗျာ၊ ကုန်သည်တွေက သံလွင်မြစ်ကြီးကနေ ခိုးလာရောင်း ကြတာတော့ အနည်းအကျဉ်း ရှိတာပေါ့။ တွေ့ရင်တော့ ဖမ်းတယ်။ ထောင်ချတယ်။ မူးယစ်နဲ့ ပတ်သတ်ရင် တော့ ပြင်းပြင်းထန်ထန် အရေးယူတယ်။

မေး။ ။ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် တရားဝင် ပါတီထောင်ဖို့ကိစ္စရော စဉ်းစား နေပြီလား။

ဖြေ။ ။ မလျှောက်သေးဘူး။ အခုကျနော်တို့ “၀” အဖွဲ့က တရားဝင်ပါတီ မထောင်သေးဘူး၊ မလျှောက် သေးဘူး။ ကျနော်တို့ ပါတီက ရှိပြီးသား “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ။ အဲဒါကြောင့် ကျနော်တို့က အသစ် ထပ်ထောင်စရာ မလိုဘူး။ နောင်တော့မသိဘူးပေါ့။ ကျနော်တို့ ဥက္ကဋ္ဌ ပြောဖူးတယ်။ ၂၀၀၈ ခုနှစ် ကတည်းက ဗိုလ်ချုပ်ရဲမြင့် ကျနော်တို့ကို ဒီ ရွေးကောက်ပွဲ ပါဝင်နိုင်ဖို့ ခင်ဗျားတို့ “၀” တရားဝင်ပါတီတခု လျှောက်ပါလား ဆိုတာ ကျနော်တို့ ဥက္ကဋ္ဌ ဖြေဖူးပါတယ်။ ကျနော်တို့ အခုလက်ရှိ ပါတီကိုပဲ အသိ အမှတ်ပြုပါမယ်။ ကျနော်တို့ ဒီပါတီရော၊ နောက်ပါတီပါ ထပ်ထောင်ရင် ကမ္ဘာရော၊ မြန်မာပါ မျက်စိလည် သွားမယ်လေ။ အခုအထိ ကျနော်တို့က “၀” ပြည် သွေးစည်းညီညွတ်ရေး ပါတီကိုပဲ ဆက်လက် လုပ်ဆောင်သွားမယ်။ ကျနော်တို့ “၀” က ပါတီရှိတယ်ဗျာ။ “၀” ပြည် သွေးစည်းရေး ပါတီ၊ “၀” ပြည် သွေးစည်းရေး တပ်မတော်၊ “ ၀ ” ပြည်သူ့ အစိုးရဆိုပြီး ရှိပြီးပါပြီ။

မေး။ ။ ဒီပွဲကနေ အစိုးရကို ဘာတွေ တောင်းဆိုသွားမှာလဲ။

ဖြေ။ ။ ၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး အမျိုးသားညီလာခံသို့ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က “၀” ကိုယ်စားလှယ်တွေ စေလွှတ် တော့ “၀” ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိဖို့ စာနဲ့ အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါတယ်။ အခု ဒုတိယအကြိမ် ငြိမ်းချမ်းရေးကာလမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းတို့ အဖွဲ့ကိုလည်း “၀” ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးဖို့ ထပ်မံတင်ပြ တောင်းဆိုခဲ့ပါတယ်။ ယနေ့အထိ နိုင်ငံတော် အစိုးရ အနေနဲ့ “ ၀ ”ကိုယ်ပိုင် အုပ်ချုပ်ရေးရ တိုင်းအဆင့်ကိုပဲ သတ်မှတ် ပေးတဲ့အတွက် မိမိတို့ အနေနဲ့ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် ရရှိဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမှာပါ။ ကျနော်တို့ နောက်ဆုံး အချက်အနေနဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်က ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည်နယ် ပေးဖို့ပါပဲ။ ဘာမှမတောင်းဘူး။

မေး။ ။ အခုကရော “၀” က ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေအဖြစ် သတ်မှတ်ထားပြီးတဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲဒါကို ပြောရမယ်ဆိုရင်တော့ ဟိုတုန်းက ထုတ်ပြန် ကြေညာပြီးပါပြီ။ “၀” ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ အစိုးရက အသိအမှတ် ပြုထားတာပေါ့နော်။ ကျနော်တို့ “၀” အနေနဲ့တော့ မည်သည့် ပါတီမဆို၊ မည်သည့် ပုဂ္ဂိုလ်မဆို “၀” ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာကိုတော့ အသိအမှတ်မပြုဘူး။ အစိုးရတော့ပေးပြီ။ ကျနော်တို့ တောင်းတာ “၀” ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည်နယ်။ အစိုးရ ပေးတာက “၀” ကိုယ်ပိုင်အုပ်ချုပ်ရေး အတိုင်း ပေါ့နော်။ အဲဒီတော့ ကျနော်တို့လည်း ကိုယ်ပိုင် အုပ်ချုပ်ရေးပြည်နယ် ရဖို့အထိ ဆက်လက်ပြီးတော့ တောင်းဆိုသွားမှာပဲ။

မေး။ ။ အဲဒီ ကိုယ်ပိုင် အုပ်ချုပ်ရေးရဖို့အတွက် ဘယ်အရာက အဓိက ကျမယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အဓိကကတော့ သွေးစည်း ညီညွတ်ရေးပါပဲ။ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံး အတွက်ပေါ့။ အကြမ်းအားဖြင့်တော့ ဒီဆွေးနွေးပွဲက နားထောင်ဖို့ ကောင်းတာပါပဲ။ နိုင်ငံတော် အတွက် ရော၊ ကျနော်တို့ ဒီကချင်ပြည်နယ် တိုင်းရင်းသားတွေ၊ တိုင်းရင်းသားပါတီတွေ အားလုံးအတွက်တော့ ကျနော် နားထောင်တာ အားလုံးကောင်းတာပေါ့။ အလားအလာ ကောင်းတယ်။ ။

Credit : Here

မန္တလေး၌ ပဋိပက္ခ ကာကွယ်တားဆီးရေး ကော်မတီ ဖွဲ့


လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားစေရေးအတွက်“ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ကော်မ တီ” ကို ယမန်နေ့က မန္တလေးမြို့တွင် ဖွဲ့စည်းလိုက်သည်။

အဆိုပါကော်မတီ၏ ရည်ရွယ်ချက်မှာ မကြာသေးမီက ဖြစ်ပွားသည့် ပဋိပက္ခသည် ဘာသာရေး၊ လူမျိုးရေး မဟုတ်ကြောင်းကို အများ ပြည်သူများ နားလည်စေရန် သံဃာတော်များ၊ ဘာသာရေးနှင့် လူမှုရေး ခေါင်းဆောင်များ ပူးပေါင်းကာ ပညာပေးစည်းရုံး လုပ် ဆောင်ရန်နှင့် ပဋိပက္ခဖြစ်ရန် လှုံ့ဆော်သူများကို ဖော်ထုတ်အရေးပေးရန် ဖြစ်ကြောင်း အဖွဲ့ဝင်တဦးဖြစ်သည့် ဒေါ်အမာနီက ဆို သည်။


ထိုကော်မတီတွင် နာယကအဖြစ် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူ ၊ အာရှ အလင်းရောင် ဆရာတော် ဦးစိန္တိတ၊ ရေတော် တိုက် ဆရာတော် ဦးဝိသုတ၊ ကံတက်ကုန်း ဆရာတော် ဦးတေဇောဘာသ၊ ယမုန်းကြီး ဆရာတော် ဦးသောဘိတ တို့က နာယက အဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး ကော်မတီဝင်များ တွင် အစ္စလမ် ဘာသာဝင်များ ဖြစ်သည့် ဦးမောင်မောင်(ရွှေကရ၀ိတ်)၊ ဦးရွှေမောင်း၊ ဒေါ်ဝင်းမြမြ၊ ဦးစိန်ဝင်းတို့ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့များနှင့် ဘာသာရေး အဖွဲ့အစည်းများမှလည်း ပါဝင်ကြောင်း သိရသည်။

ယမန်နေ့က ကျင်းပသော ယင်းကော်မတီ ဖွဲ့စည်းသည့် အခမ်းအနားသို့ လူပေါင်း ၁၅၀ ခန့် တက်ရောက်ပြီး ဆရာတော် ဦးဝီရသူ က မိမိအနေဖြင့် မြန်မာလူမျိုးအများစုက လူနည်းစု အစ္စလမ် ဘာသာဝင်များအား ကြောက်ရွံ့အောင် ပြုလုပ်ခြင်းကို မလိုလား သကဲ့သို့ အစ္စလမ်ဘာသာဝင်များက မြန်မာလူမျိုးများအား စော်ကားမှုကိုလည်း လက်မခံကြောင်း၊ သတ်ဖြတ်မှုကို အားမပေးကြောင်း၊ အစ္စလမ် ဘာသာဝင်များ ကိုယ်စား ဒေါက်တာ သန်းညွန့် ကလည်း ဗုဒ္ဓဘာသာဝင်များနှင့် ညီညွတ်စွာ ယှဉ်တွဲနေထိုင်သွားမည်ဖြစ်ပြီး ရဟန်းသံဃာများအနေဖြင့်လည်း မိမိတို့အား ထောက်ပြပြောဆိုနိုင်ကြောင်း ဟောပြောသွားသည်ဟု အခမ်းအနား တက်ရောက်သည့် မန္တလေးမြို့ခံ သတင်းသမား တဦးက ဆိုသည်။

ဆရာတော် ဦးဝီရသူက“ ဦးပဉ္ဇင်း ရှိနေသရွေ့ မန္တလေး အဓိကရုဏ်း မဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်နဲ့ နေခဲ့တာ၊ စိုးရိမ်စရာမရှိပါဘူး၊ ပြည်သူတွေကတော့ ကောလာဟလတွေကြောင့် စိုးရိမ်စရာဖြစ်တာပေါ့”ဟု မိန့်သည်။

အစ္စလမ် ဘာသာဝင်များ အနေဖြင့် ရဟန်းသံဃာများနှင့် အများမနှစ်သက်သည့် လူမှုရေးနှင့် ပတ်သက်သည့် အပြုအမူများကို ဆင်ခြင် စေခြင်ကြောင်း၊ သို့မှသာ အတူယှဉ်တွဲနေထိုင်နိုင်မည် ဖြစ်ကြောင်းလည်း ဦးဝီရသူက ဧရာဝတီသို့ မိန့်သည်။

ကောလာဟလများ ထွက်ပေါ်လာလျှင် မဟုတ်မမှန်ကြောင်းကို လျှင်မြန်စွာ သတင်းထုတ်ပြန်ရမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် ရန်စစော်ကားသူ မည်သည့်ဘာသာဝင်မဆို တိုင်ကြားနိုင်ရန် ဖုံးနံပါတ်များကိုလည်း မကြာမီထုတ်ပြန်မည်ဟု သိရသည်။

“ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ”၏ နာယက ဆရာတော်တပါးဖြစ်သည့် အာရှအလင်းရောင် ဆရာ တော် ဘန္ဒတ ဦးစိန္တိတက ယခုအဖွဲ့၏ ရည်ရွယ်ချက်မှာ ကောင်းမွန်ကြောင်း၊ နှစ်ဘက် ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့် အတွက် အားရကြောင်း၊ သို့သော် အများပါဝင်လာ စေရန် ဆက်လက်စည်းရုံး ဆောင်ရွက်ရမည်ဟု ထင်ကြောင်း မိန့်သည်။

အစ္စလမ်ဘာသာဝင် ရွှေကရ၀ိတ် ဦးမောင်မောင်က ဘာသာပေါင်းစုံ ညီညွတ်ရေး ချစ်ကြည်ရေး အတွက် အမြဲမပြတ် ဆက်ဆံရေး ထားရှိသည်မှာ ကောင်းသောလက္ခဏာတရပ် ဖြစ်သော်လည်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ တားဆီးရေးမှာ အစိုးရ၏ တာဝန် သာဖြစ်ကြောင်း ပြောဆိုသည်။

“အခုအခြေအနေက ငါးပိသည်က အိပ်ပြီး ဆားသည်က ခွေးမောင်းနေရသလို ဖြစ်နေတယ်၊ မန္တလေး ဆိုတာ သံဃာတော်တွေရဲ့ စောင့်ရှောက်မှုနဲ့ ဒီအချိန်အထိ အန္တရာယ်ကင်းနေပါတယ်၊ ဖွဲ့ဖို့တော့ မလိုအပ် ဘူး လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။

ယခု အခြေအနေသည် ဋိပက္ခ အသွင် မဟုတ်သော်လည်း တချို့သောနေရာများတွင် ရန်စလှုံဆော်မှုများ တွေ့ရှိရပါကြောင်း၊ သို့သော် နှစ်ဘက်ထိန်းသိမ်းလျှင် ပြေလည်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင် က ဆက်လက်ပြောသည်။

လက်ရှိ မန္တလေးမြို့အခြေအနေမှာ ယခုရက်ပိုင်းတွင် ကောလာဟလ သတင်းများ ထွက်ပေါ်နေသော်လည်း ငြိမ်သက်မှုရှိကြောင်း၊ ချမ်းအေးသာဇံမြို့နယ် အတွင်းတွင်မူ လုံခြုံရေး အခြေအနေကြောင့်ဟု ဆိုကာ ဈေးဆိုင်များကို ည ၁၁ နာရီပိတ်သိမ်းရန် ညွန်ကြား မှုများရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် လအတွင်းက မိတ္ထီလာမြို့၌ ရွှေအရောင်းအ၀ယ်ပြုလုပ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း များသည် အနီးအနားရှိ မန္တလေးမြို့ကို မကူးစက်သော်လည်း ပဲခူးတိုင်း အနောက်ခြမ်း ဒေသများသို့ ပျံ့နှံ့ခဲ့သည်။

ထိုအဓိကရုဏ်း အတွင်း လူပေါင်း ၄၂ ဦး သေဆုံးကာ လူနေအိမ် ၁၂၂၇ လုံး ပျက်စီးသွားပြီး တရားခံ ၆၈ ဦးကို ဖမ်းဆီးထား သည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀က်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

Credit : Here

သြော် လူ့အလို နတ်မလိုက်နိုင်ဆိုတာ တကယ်ပါပဲလား ...


ခင်ဗျားတို့ပဲ ၅၀၀၀ ကျပ်တန် ၅၀၀၀ ကျပ်တန် ဆင်းကဒ်နဲ့ အော်နေကြပြီး ဟော ခုတစ်ကယ် လည်း ရောင်းပေးရော ၁၅၀၀ကျပ် (ဖုန်းပြောဆိုခ ၃၀၀ကျပ်ဖိုး ပါပြီးသား) ဗျာ ... ကဲ ခင်ဗျားတို့ပြော တာ ထက် ၃၅၀၀ သက်သာတယ် ... ပြီးတော့ ကောလဟလလို အ၀င်ကော အထွ က်ကော ပေးရ မယ် ဆိုတာလည်း မဟုတ်ဘူးဗျာ ... ကျေနပ်သေးဘူးလား ...


တစ်လက ၂၅၀၀ကျပ်ဖိုး ၂လ ၅၀၀၀ကျပ်ဖိုး မပြောမနေရလို့လေး ပါနေတာကို ပွစိပွစိနဲ့ ... ဖုန်းပြောဆိုခ တစ်မိနစ်ကို ၃၅ကျပ်နဲ့ဆို ၇၁မိနစ်ကျော် ၊ ၂၅ကျပ်နဲ့ဆို မိနစ် ၁၀၀ဗျာ ... တစ်လကို မိနစ်၁၀၀ (တစ်ရက် ကို ၃မိနစ်ကျော်ကျော်လေး) ကို ဖုန်းတစ်လုံးဝယ်ပြီး မပြောတော့ဘူးလားဗျ ... ဒါဆို ဘာအတွက် ဖုန်းဝယ် သတုန်း ... တစ်ရက်မှ ၃မိနစ်တောင် ဖုန်းပြောစရာမရှိဘဲ ၀ယ်ကိုင်မနေတော့နဲ့ဗျာ ... နောက်ဆုံး “ ဟေ့ကောင် မင်းငါ့ကို ပြန်ခေါ်” တစ်ရက် သုံးခါလုပ်တာတောင် တစ်လ ၂၅၀၀ ကျပ်တော့ ကျမယ်ဆိုတာ နားလည်သင့်တယ် ... ခုက ဈေးလျှော့ပေးတဲ့သူကိုမှ အားမနာ ...

ပြီးတော့ ကဒ်ဝယ်ပြီး ၁၅ရက်အတွင်း ဖုန်းကဒ်ကို မသုံးရင် ကဒ်ပျက်မယ်ဆိုတာက မသုံးဘဲ ဥထားမယ့် သူတွေရန်ကနေ ကာကွယ်ပြီး အများပြည်သူကို အမှန်တစ်ကယ်သုံးစေချင်လို့ ပါတဲ့စည်းမျဉ်းပါပဲ ... ဆိုင်တွေကတောင် ဟန်းဆက်ဝယ်ရင် ဖုန်းကဒ်အလကားပေးမယ်ဆိုရင်တောင် ဟန်းဆက် မရောင်းရ ရင် ကဒ် အလကားရှုံးမှာ ... ဒီလိုမျိုးတမင်လုပ်ထားပြီး မြန်မာပြည်သူပြည်သားအားလုံး ဖုန်းသုံးနိုင်အောင် လုပ်ထားပေးတာကို ကျေးဇူးတင်ပါဦး ...

ကျနော် ခုရောက်နေတဲ့ တိုင်းပြည်မှာတောင် တစ်ကဒ်ကို ၂ဒေါ်လာ (၁၇၀၀ကျပ်လောက်) ပေးရတယ်ဗျာ ... ဖုန်းပြောခ မ ပါသေးဘူး ... ငွေဖြည့်ကဒ်က အနည်းဆုံး ၃၀ဒေါ်လာ (၄၅ရက်အတွင်း သုံး .. မသုံးလည်း ကုန်မယ် ... ဖုန်းပြောခ နည်းနည်းသက်သာတာကတော့ ကွာတာပေါ့ဗျာ) ... ဒေါ်လာ ၃၀ = ၂၅၀၀၀ ကျပ်လောက် ကို ၄၅ရက်အတွင်း မပြောမနေရ ... ကဲ မြန်မာပြည်က ရက်ပေါင်း ၆၀မှ ၅၀၀၀ကျပ် ... ဘယ်လောက်သာလဲ ...

ဖုန်းဟန်းဆက်ဝယ်ရဦးမယ်တွေ ဘာတွေ အတွန့်မတက်ပါနဲ့ဗျ ... ဖုန်းပြောရုံဆို သိပ်ဈေးမကြီးပါဘူး ... ဖုန်းပြောရုံတင်မဟုတ်ဘဲ ကင်မရာကလည်း ရိုက်ချင်သေး၊အင်တာနက်လည်း သုံးချင်သေး ၊ သီချင်းလည်း နားထောင်ချင်သေး ၊ ဂိမ်းကြီးကြီးလည်း ကစားချင်သေးလို့ ဟန်းဆက်အကောင်းဝယ်တာကတော့ ခင်ဗျား တို့ ရဲ့ အပိုဆန္ဒလေ ... အစိုးရက ဖုန်းကဒ်ဈေးချပေးပြီးပြီ ... ဟန်းဆက်ကတော့ သူတို့နဲ့ မဆိုင်တော့ ဘူးဗျို့ ...

အသက်သာဆုံးလုပ်ထားပေးတာကို အရိုးများသလေး ချီးခါးသလေး လုပ်နေကြသေးတယ် ... တော်တော် ပေါက် လာပြီ ... အလကားပေးရင်တောင် ခုမှပေးလား လုပ်ဦးမယ် ထင်တာပဲ ...

Credit : Here

ညီမလေးဖတ်ဖို့ ရေးတဲ့ စာ..........


ညီမလေးရေ

သိပ်မကြာခင်မှာပဲ မြန်မာတွေရဲ့ နှစ်သစ်ကူး ပွဲတော် သင်္ကြန်ရက်လေးတွေရောက် လာကျတော့  မယ်နော်။မြန်မာနိုင်ငံကလည်းခေတ်မှီတိုးတက်တဲ့ ဒီမိုကရေစီအတိုင်း ကျင့် သုံးနေလေပြန်တော့  တချို့ အရာတွေကိုလည်း လက်မခံချင်ပဲလက်ခံနေရ သလို ဖြစ်နေပြန် တယ်လေ။ဒါေ ပမဲ့ လည်း ဒီနှစ်မှာတော့  ရိုးရာပွဲဆိုတာနဲ့ အညီ ၀တ်စားဆင်ယင်မူ့လေးတွေကို ထိန်းထိန်း သိမ်းသိမ်းဖြစ် ဖို့ စည်း ကမ်းတွေ သတ်မှတ်ထားတယ်လို့ ကြားမိပြန်တော့  စိတ်အေးရပြန်တာပေါ့..........။


ညီမလေးရေ......

နိုင်ငံရေးမှ မဟုတ် ပါဘူး။လူတွေဖြစ် တည်လာတဲ့  ဟိုးရှေးရှေးကတည်းက အရာဝတ္တု ပဲဖြစ်ဖြစ်၊စိတ်နေ စိတ်ထားပဲဖြစ်ဖြစ် မျိုးတူရင် စုတက်ကျတာ သဘာဝပဲမဟုတ်လား။ညီမလေး စိတ်ထဲမှာမြင်အောင်ပြောပြ ရမယ်ဆိုရင် ခု လူငယ်တွေသုံးနေတဲ့  ဆိုရှယ်နက်ဝေါ့ ဖြစ်တဲ့ ဖေ့ဖုတ်မှာ သိပ်ကို ကွဲကွဲပြားပြားမြင်နိုင် တာပေါ့။

ဘာလို့ လဲဆိုတော့ ခေတ်ယဉ်ကျေးမူ့ဆိုတဲ့ စကားလုံးကို ခဏလောက်ထားလိုက်ဦး။ကိုယ်ဝတ်ထားတဲ့  အ၀တ်အစားက လူမြင်မကောင်းအောင်ဖြစ်နေ ခဲ့ ရင်..သေချာတယ်ညီမလေးရယ် ယောက်ျားလေးတွေ ခဏအပန်းဖြေရာ ဆိုတဲ့  မကောင်းတဲ့ မိန်းကလေးမဟုတ်ပေမဲ့  မသင့်လျှော်တဲ့  အ၀တ်အစားဝတ်မိလို့  အဲ့လို Fan Page ထဲရောက်သွားခဲ့ ရင်...သိပ် ကိုရှက်စရာကောင်းပါ တယ်နော်။ဘာဖြစ် လို့ လဲ ဆိုတော့ တခြား တဖက်မှာလည်း မြန်မာဆန်ဆန် မိန်းကလေးအလှတွေဆိုပြီး အစရှိသဖြင့် Fan Page လေးတွေ ရှိကျပြန်တော့  ယောက်ျားလေးတွေစိတ်ထဲမှာရော၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာရော အဆင် မပြေလှ ပါဘူးကွယ်။

နောက်တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ စာပဲဖြစ်ဖြစ်၊ အသုံးလိုတဲ့  ဓါတ်ပုံတပုံဖြစ်ဖြစ် အကိုတို့ တွေက Google မှာ ရိုက်ရှာဖြစ်ကျတယ်လေ။တဖြည်းဖြည်းခေတ်မှီလာတာကလွဲရင် Google Search မှာရောက် သွား တဲ့  ပုံတွေက တော့ ဘယ်သူတွေကဖျက်ပေးကျမှာလဲ။

ညီမလေးက နောင်တချိန် ခေတ်ပညာတက် အမျိုးသမီးဖြစ်လာမယ်။ ၀န်ထမ်းအရာရှိ တစ်ယောက် လည်းဖြစ်ကောင်းဖြစ်နိုင် တယ်။လေယာဉ်မယ်လည်းဖြစ်နိုင်တယ်။အများကြီးမှ တကယ်ကို အများကြီး ဖြစ်နိုင်သေး တယ်မဟုတ်လား။ဘယ်အရာတွေ မဖြစ်ခဲ့ စေဦးတော့  နောင်တချိန် မျိုးဆက် သစ်အတွက် အိမ်ထောင်ရက်သားကျပြီး မိခင်တစ်ယောက်တော့ ဖြစ်လာဦးမယ်လေ။ တဒင်္ဂ ကိုယ်ပျော်မြူးခဲ့ တဲ့  အချိန်၊ လွတ်လပ်ခွင့်ဆိုပြီး စိတ်တိုင်းကျ ၀တ်ဆင်ခဲ့ မူ့တွေက နောင်တချိန် ကိုယ်သား သမီး၊ ကိုယ်မိဘ၊ ကိုယ်မောင်နှစ်မ ကြားမှာ ပတ်ဝန်းကျင်အလည်အရှက်ရစရာတွေဖြစ်မှာ စိုးရိမ်စရာသိပ်ကောင်းပါတယ် နော်.....။

သင်္ကြန်တွင်းမှာ ဥပုဒ်စောင့်ရမယ်လို့ ကိုယ်မဆိုလိုပါဘူးနော်။ကိုယ်ဖတ်ထားတဲ့  စာလေးကို ပြန်Sharing လုပ်ရရင်-

သင်္ကြန်တွက်ရိုးကျမ်းများအလို သင်္ကြန်အခါအတွင်း မပြုလုပ်ဘဲ ရှောင်သင့်သည်များ ကို သင်္ကြန်စာများ၌ အောက်ပါအတိုင်း ဖော်ပြထားကြလေသည်--------။

(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။
(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။ 
(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း။
ဆိုပြီး အကိုမှတ်သားဖူးတယ်။

ညီမလေးသင်္ကြန်မှာ နှစ်ဟောင်းကိုစွန့်ပြီးနှစ်သစ်ကိုကြိုရင်း တချို့အရာတွေကို ရှောင်ကြဉ်နိုင်ပါစေ နော်........

Credit : Here

၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသည့် ဗလီဆရာ နှစ်ဦးအနက် လွတ်မြောက်နေသူ တစ်ဦးအား ဖမ်းဆီးရမိ

မိတ္ထီလာ ပြည်သူများ ဒုက္ခရောက်နေချိန်တွင် ပျောက်နေသော်လည်း ၄၈ လမ်းဗလီ မီးလောင်သောအခါတွင် အစောဆုံး ထွက်ခဲ့သော ၈၈ မှ မြအေး

ဧပြီလ ၂ ရက်က ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသူဟုဆိုသူ ဗလီဆရာ ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့ နှစ်ဦးအနက် လွတ်မြောက်နေသူ ဦးခင်မောင်အေးအား ဧပြီလ ၃ ရက်က ဖမ်းဆီးရမိပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက ပြောကြားခဲ့သည်။


ထို့ပြင် ဗလီအနီးတစ်ဝိုက်တွင် အများပြည်သူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ဗိုလ်တစ်ထောင်မြို့ နယ်ရှိ ရပ်ကွက် များမှ လမ်းလုံခြုံရေးများကို ဆက်လက်ထားရှိထားကြောင်း ရဲတပ်ဖွဲ့မှူး စိန်ဝေက ဆိုပါ သည်။

"၄၈ လမ်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ရယ် ဗလီရှေ့ရယ်ကို ရဲတပ်ဖွဲ့ဝင် အားလုံးပေါင်း ၄၅ ယောက် ထား ရှိပြီး လုံခြုံရေး ရယူထားပါတယ်။ ရပ်ကွက်လုံခြုံရေးက တစ်ရပ်ကွက်ကို နှစ်ယောက်နှုန်းနဲ့ ဗိုလ် တစ်ထောင်မြို့ နယ်က ၁၀ ရပ်ကွက်ရယ်၊ မီးလောင်တဲ့ ရပ်ကွက်က ၁၀ ယောက်လောက်ရယ်ဆိုတော့ အား လုံးပေါင်း ၂၈ ဦးလောက်တော့ ရှိပါမယ်" ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေ က ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားချိန်က ဗလီ၏ အောက်ထပ်တွင် ထားရှိသည့် မီးအားမြှင့်စက်များကို ဗလီတာဝန် ရှိသူများမှ မည်ကဲ့သို့ အသုံးပြုခဲ့ကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားချိန်တွင် တံခါးများကို အချိန်မီ မဖွင့်နိုင် ခဲ့သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် အသေးစိတ် သတင်း အချက်အလက်များကို အထက်အရာရှိများက ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး စိန်လွင်က ဆက်လက်ပြောကြားသည်။

အစ္စလာမ်ဘာသာဝင် စာသင်သား ကလေးငယ် ၁၃ ဦး သေဆုံးခဲ့သော ဗလီမီးလောင်မှုတွင် မီးအား မြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားရာရှိ ဗလီဆရာ နှစ်ဦးဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့တွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Credit : Here

တိုင်းဖျက်ပြည်ဖျက် မျက်လုံးစိမ်းလူပျက်များ(၂)

မျက်မှန်စိမ်း မချွတ် ချင်သေးတဲ့ မျက်လုံးစိမ်း လူပျက် အဆိုးမြင် တိုင်းဖျက်ပြည်ဖျက်ပုဂ္ဂိုလ်တွေ အကြောင်း ဆက်ပြော ရရင် ..

နိုင်ငံ အတွင်းဖြစ် ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး နိုင်ငံကျော်သီတဂူဆရာတော်ကြီးက ငြိမ်းငြိမ်း ချမ်းချမ်း အဖြေ ရှာဖို့၊ လူမျိုး ဘာသာ အချင်းချင်း မခွဲခြား ဘဲ ဘာသာပေါင်းစုံ ညှိနှိုင်း အဖြေရှာ အေးချမ်းစွာ နေထိုင်နိုင်ဖို့ ဟောကြား ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ မြန်မာ လူမျိုးတွေ နှစ်ထောင်ပေါင်း များစွာက နေထိုင် လာပြီး နောက်ရောက် လာတဲ့ ဧည့်သည်က အိမ်ရှင် ကိုလေးစား ဖို့ လိုကြောင်း နည်းပေး လမ်းပြဟောကြား ခဲ့ပါတယ်။ ဒါကို မျက်လုံးစိမ်း လူပျက် တစ်ယောက်က “ဒီနေ့ ကမ္ဘာကြီးမှာ အိမ်ရှင်ရယ်၊ ဧည့်သည်ရယ် မရှိဘူး။ အားလုံးတန်း တူပဲ” ဆိုပြီး ဝေ ဖန်ပြော ကြား ခဲ့တာကို မြန်မာပြည်သူတွေက မခံနိုင်ဘဲ ဒီလူပျက်အပေါ် အမျက်ဒေါသ ထွက်ခဲ့ ရပါတယ်။ အဖွဲ့အ စည်းအမျိုးမျိုး အမည်ခံ လူပျက် များက လည်း ပြဿ နာဖြစ်နိုင် တဲ့နေရာ တိုင်းကို ရောက်ရှိအောင်သွားပြီး ပြဿနာတွေ ကို မကြီး၊ ကြီးထွားလာအောင် မီးလောင်ရာလေ ပင့်ပေး ခဲ့၊ ပေးလျက် ရှိပါတယ်။ ရိုးသားသောပြည်သူ တွေကို လှုံ့ဆော်သွေးထိုးပြီး မငြိမ် မသက်ဖြစ်အောင် လှုံ့ဆော်ပေး လျက်ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့များ က တာဝန်ရှိတဲ့ အတိုင်း ဆောင် ရွက်တော့ လည်း ပြည်သူကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်လို့ စွပ်စွဲပြစ်တင်ကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့ များက ပြဿနာအကြီးအသေးကို စောင့်ကြည့်နေတဲ့အချိန် ကျတော့လည်း အရေးယူဆောင် ရွက်မှုနှောင့်နှေး တယ်လို့ ပြစ်တင်ပြောဆိုကြပါတယ်။


တစ်ချိန်က အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုကြည်ဟာ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် ခံရပြီး တဲ့နောက်ပိုင်းမှာ လိုအပ်ချက်အရ တိုင်းပြည်ရဲ့ အချို့ အရေးအရာကိစ္စတွေမှာ ဦးစီး ခေါင်းဆောင် ပြီး ဖြေရှင်းပေးရတဲ့ အနေ အထားဖြစ်လာပါတယ်။ အရင်ကလို လူပြိန်းကြိုက်ပြောဆို စည်းရုံးလုပ်ကိုင်လို့ မရတော့ ပါဘူး။ သူ့တာဝန်၊ သူ့အနေအထားအရ တိုင်းပြည် အတွက်ဖြစ် သင့် ဖြစ်ထိုက်တဲ့ အတိုင်း ပြောဆိုဆုံးဖြတ်လာရတာတွေရှိပါတယ်။ တာဝန်မခံ ခေါင်းရှောင်ချင်သူတွေ ကတော့ လက်ပံတောင်း တောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်အဖြစ် သမ္မတက ရွေးချယ်ဖွဲ့ စည်း ပေးခဲ့ တာတောင် ရှောင်လွှဲ ခဲ့ပါတယ်။ ပြီးတော့ ဒေါ်စုဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အမျိုးမျိုး ဖိအားပေး ခဲ့တယ်။ အစီရင်ခံစာထွက်လာတဲ့အထိ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း လက်မခံဘဲ ရွာသူ ရွာသားတွေ ကနေ ဒေါ်စု ကိုပြန်လည် ဆန့်ကျင်အောင် နောက်ကွယ်ကနေ ကြိုးစားခဲ့ကြ ပါတယ်။ သေချာမေးကြည့်မှ လက်ပံတောင်းတောင်အရေးမှာ ဦးဆောင် ငိုယိုဝမ်း နည်းပြ သူတွေ ဟာ ဒေသခံတွေ မဟုတ်ဘဲ အဖွဲ့ အစည်း အမည်ခံ ရန်ကုန်က လာတဲ့ လူပျက်တွေဖြစ်နေ တယ်ဆို တာ ပေါ်ပေါက်လာ ခဲ့ပါတယ်။ ကော်မရှင်တာဝန်ရှိသူတစ်ဦးအနေနဲ့ တပ်မတော်နေ့အခမ်းအနားကို တက်ရောက် ခဲ့ တော့လည်း နောက် ဖြစ်လာမယ့် ဒုတိယအာဏာရှင်၊ ဘက်ပြောင်းသွားတဲ့ ဒေါင်း အိုမကြီး ဆိုပြီး မလိုရင် မလိုသလို တိုက်ခိုက် ပြောဆိုတတ်တာ မျက်လုံးစိမ်းတွေရဲ့ အကျင့်ပါ။


ဒီလို အကောင်းမမြင် အဆိုးမြင်သူတွေဟာ တစ်ယောက်စ၊ နှစ်ယောက်စကနေ လူစုမိလာ ပါတယ်။ အကျင့် တူရာပေါင်း ဖက်တတ်တဲ့အတိုင်း ဒီလိုအဆိုးမြင်အဖျက်သမားတွေကို အားပေးတဲ့ အဆိုးမြင် မီဒီယာတွေ ကလည်းပေါ် လာတယ်။ သူတို့ကိုထောက်ပံ့အားပေးမယ့် ခရိုနီများကလည်း ပေါ်လာတယ်။ ဒီလူတွေ ဟာ ဘယ်နေရာ မှာပြဿ နာဖြစ်မလဲ။ ပြဿနာမီးထွန်းပြီးရှာတယ်။ ပြဿနာကို မီးလောင်ရာ လေပင့်ပေးတယ်။ အစဆွဲ ထုတ်ပြီး မရှုပ်ရှုပ်အောင်လုပ်တယ်။ ကျောင်းသား အမည်ခံအဖွဲ့တွေဟာ ဘယ်နေ ရာရောက်ရောက်၊ ဘယ်သူနဲ့တွေ့တွေ့ ‘‘နောက်ကြောင်းပြန် မလှည့် ချင်ကြ ဘူး။ နောက်ကြောင်းပြန် လှည့် ရမှာ စိုးရိမ်တယ်’’ ‘‘နောက်ကြောင်းပြန်သွားရမှာ လက်မခံ ဘူး’’ဆိုတဲ့ စကား ကို ထပ်တလဲလဲ သုံးပြီး နောက်ကြောင်းပြန်ကိစ္စ နှပ်ကြောင်းပေးနေကြတယ်။ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ စုဝေး အုံကြွအောင် သွေးထိုး လှုံ့ဆော်နေတာလည်း သူတို့ပဲဖြစ်ပါတယ်။ မိတ္ထီလာအရေးမှာလည်း အစိုးရက လုံခြုံရေးဆောင်ရွက်မှုအားနည်းတယ်ဆိုပြီး အပြစ်တင်ပြောဆို ပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ ဘာသာ၊ သာသနာ ကို ခုတုံးလုပ်ပြီး မတည်မငြိမ်အကြမ်းဖက်မှုတွေကို အကွက်ကျကျစီမံဆောင်ရွက် ဖျက်ဆီးမှုတွေ လုပ်ဆောင်နေကြ ပါတယ်။ နေရာအနှံ့ဆူပူလှုပ်ရှား မှုတွေ ဖြစ်ပေါ်အောင် နောက်ကြောင်း ပြန် လှည့်အောင် အင် အား စုတစ်ခုခုကပဲ ကြံစည်နေသလိုလို လုပ်ကြံဖန်တီးလျက်ရှိကြပါတယ်။

ခုတော့ “နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိပါးလာရင် နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင် ခွင့်တွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ အဖွဲ့အစည်း တွေကို အသုံးပြုပြီး ကာကွယ် သွားမယ်။ လုံခြုံရေးတာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ကလည်း ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ပါ” လို့ သမ္မတ ကြီးက ခွင့်ပြု လိုက်ပြီ။ လိုအပ်ရင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်း သွားမယ် လို့လည်း ပြတ်ပြတ် သားသားပြောလိုက်ပြီ။ ဦးစီးချုပ်ကလည်း တပ်မတော် ဟာ နိုင်ငံတော် အတွက်ဖြစ် ရမယ်လို့ ပြတ်ပြတ် သားသားပြော လိုက်ပြီ။ ဒေါ်စုကလည်း တိုင်းပြည်အတွက် လုပ်သင့် လုပ်ထိုက်တာကို လုပ်သွား မယ်။ လူကြိုက်စေချင် ဇာတ်ကနေမှာပေါ့ လို့ ပြတ်ပြတ်သားသား ပြောပြီးသွား ပြီဖြစ်ပါတယ်။ ဒီတော့ အမြဲတမ်းအဆိုးမြင်၊ မျက်မှန်စိမ်းမချွတ်ချင်၊ မွေးရာပါမျက်လုံးစိမ်း နေတဲ့ လူပျက် တွေ သတိသာ ထား ကြတော့။ ဒီလူပျက်တွေက အမျိုး၊ ဘာသာ၊ သာသနာနဲ့ ပြည်သူ တွေရဲ့ ရိုးသားမှုတွေ ကို ခုတုံး လုပ် ပြီး တိုင်းပြည် ကို မပျက်ပျက်အောင်ဖျက်နိုင်မလား။ ပြည်သူ၊ အစိုးရနဲ့ လုံခြုံရေး အဖွဲ့ အစည်းတွေ ရဲ့ ဒဏ်ခတ်ချေမှုန်းမှုကိုပဲ ဒီမျက်လုံးစိမ်းလူပျက်တွေ မရှုမလှခံကြရမလား ဆိုတာ စောင့်ကြည့် ရတော့မယ်။


Credit : Here

စေတနာမှန်စေချင်သည် NLD


၁၈-၃-၂၀၁၃ ရက်နေ့ထုတ် The Messenger ဂျာနယ်တွင် ‘‘လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည် ၏ မုံရွာ ခရီးစဉ် အတွက် အရေးကြီးသော လုံခြုံရေး အစီ အမံ များကို ဆောင် ရွက်ပေး ရန် ခရီး မထွက် ခွာမီ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် စိတ် ပူပန် စွာညွှန်ကြား ထားကြောင်း နိုင်ငံတော် သမ္မတ ရုံး တာဝန် ရှိသူ တစ်ဦးက ၎င်း၏ဖေ့စ်ဘုတ်စ် စာ မျက်နှာ တွင် ဖော်ပြ ထား သည်’’ ဟူသော သတင်း ကို ဖတ် ရသည်။


ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး ကောင်းကျိုးအတွက် နေ့မအား၊ ညမအား၊ စိတ် မအား၊ ကိုယ်မနား စိတ်ရောကိုယ်ပါနှစ်၍ တာဝန် ထမ်းဆောင်နေသော နိုင်ငံတော် သမ္မ တကြီး သည် နိုင်ငံတော်တည်ဆောက်ရေး၌ တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက် နေသော NLD ဥက္ကဋ္ဌ လုံခြုံရေး အတွက် ပြည်ပခရီးမထွက်ခွာမီ စိတ်ပူပန်စွာ သတိတရညွှန်ကြားသည် မှာ နိုင်ငံတော် သမ္မတကြီး ၏ ရိုးသားဖြူစင်သောမေတ္တာ၊ စေတနာကို ထင်ရှားစွာတွေ့မြင်ရပေသည်။ အခြား အဖွဲ့အစည်း များနည်းတူ NLD လုပ်ဖော်ကိုင်ဖက်အဖြစ်ခံယူထားသော သမ္မတကြီး၏ သဘောထားကို ပွင့်လင်းမြင်သာ စွာတွေ့ ရပေသည်။

ထိုအခါ နိုင်ငံတော်သမ္မတကြီးအပေါ် NLD ဥက္ကဋ္ဌက မည်သို့သဘောထားသနည်းဟု စောကြော မိသည်။ ဖော်ပြပါ ဂျာနယ်တွင်ပင် ‘‘တရားဥပဒေချိုးဖောက်ရင်ဘယ်သူပဲဖြစ်ဖြစ် ဥပဒေအရအရေးယူခံရ မယ်။ ပြည်သူဘက်ကပဲ ချိုးဖောက်ချိုးဖောက်၊ အစိုးရဘက်ကပဲချိုးဖောက်ချိုးဖောက်၊ သမ္မတကြီးကပဲ ချိုးဖောက်ချိုးဖောက် တရားဥပဒေအတိုင်းအရေးယူသွားမှာပါ။ အဲဒီလိုအရေးမယူလို့ရှိရင် ဒီနိုင်ငံမှာ ဘယ်တော့မှ အေးချမ်းသာယာမှုဆိုတာမရှိနိုင်ဘူးဟုတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောသည်’’ ဟူသောသတင်းတစ်ပုဒ်ကို ဖတ်ရသည်။ သတိ မထားဘဲ သာမန်ဖတ်ရှုလျှင် ‘‘သွေးထွက်အောင်မှန်သောစကား’’ ဟုရာနှုန်းပြည့်ထောက်ခံ မိမည်မှာ သေ ချာသည်။

သို့သော်ခွဲခြမ်းစိတ်ဖြာလေ့လာလျှင် ဤစကားပြောသူ ဒေါ်အောင်ဆန်းစုကြည်သည် တရား ဥပဒေအတိုင်း အရေးယူ ခံရခြင်းမှ ကင်းလွတ်နေကြောင်း၊ ချိုးဖောက်သူများကို ၎င်းကသာ အရေးယူ မည်ဟု ဆိုလိုကြောင်း အဓိပ္ပာယ် ထွက်နေသည်။ တစ်ချိန်က သောင်းကျန်းသူများကို တပ်မတော်က ထိုးစစ် ဆင်သော အခါ သောင်းကျန်းသူခေါင်းဆောင်က ‘‘ဟေ့-ဘယ်တော့မှအရှုံးမပေးဘူးကွ၊ ငါတစ်ယောက် တည်းကျန်တဲ့ အထိ တိုက်မယ်’’ ဟုကြုံးဝါးသည်ကို သတိရမိသည်။ သာမန်နားထောင် လျှင် ဟုတ်သလို ပင်။ သေချာစဉ်း စားလျှင် ‘‘သူတစ်ယောက်တည်းကျန်ဖို့ ကျန်သူအားလုံး အသေခံ ရမည်’’ ဟူသော အဓိပ္ပာယ် သက်ရောက်နေ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာလည်း ဤသဘောပင်။

ထို့ပြင် ‘‘အစိုးရဘက်ကပဲချိုးဖောက်ချိုးဖောက်’’ ဟူသောစကားရပ်တွင် နိုင်ငံတော်သမ္မတကြီး ထိပ်ဆုံးက ပါဝင်ပြီးဖြစ် သည်ကို အားလုံးအသိပင်။ ဤသည်ကိုပင် ‘‘သမ္မတကြီးကပဲချိုးဖောက် ချိုးဖောက်’’ ဟု ဝိသေ သပြုခြင်းမှာ သမ္မတကြီးအပေါ်ထားရှိသော ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ရင်း အမှန် ကို ဖော်ပြနေခြင်း ပင်ဖြစ်သည်။ ‘‘စကားစကားပြောဖန်များ၊ စကားထဲက ဇာတိပြ’’ ဆိုရိုးရှိသည် မဟုတ် ပါလော။ ‘‘ဥပဒေ အထက်တွင် မည်သူ မျှမရှိ’’ ဟူသောစကားကိုလေးနက်စေလို၍ ‘‘သမ္မတကြီး ကပဲ ချိုးဖောက် ချိုးဖောက်’’ ဟုပြော ရခြင်းဖြစ်သည်ဟု ဆင်ခြေပေးလာငြားအံ့။

သို့ဆိုလျှင် ‘‘မိမိ(ဒေါ်အောင်ဆန်းစုကြည်)ကိုယ်တိုင်ပဲ ချိုးဖောက်ချိုးဖောက်၊ သမ္မတကြီးကပဲ ချိုးဖောက် ချိုးဖောက်’’ ဟု ‘‘ဥပဒေအရာတွင် ချွင်းချက်မရှိကြောင်း ပေါ်လွင်အောင် မပြောသင့်ပေဘူး လား’’ ဟုမေး စမ်း ချင်သည်။

သမ္မတကြီး အပေါ် ထား ရှိသော NLD ဥက္ကဋ္ဌ၏ သဘောထား အမှန်ပေါ် လွင်နေရာ မိုးကြိုးပစ် ထန်းလက် ကာရုံမျှဖြင့် မရပါ။ မည်သို့ပင် ဆင်ခြေတက်ပါစေ၊ ဆင်သေကို ဆိတ်သားရေဖြင့်ဖုံးသကဲ့သို့ သာ ရှိပေလိမ့် မည်။

နိုင်ငံတော်သမ္မတကြီးက NLD ဥက္ကဋ္ဌ၏ လုံခြုံရေးအတွက် ပြည်ပခရီးမထွက်ခွာမီ နောက်ဆံ တင်းစွာ စိတ်ပူပန် သလောက် NLD ဥက္ကဋ္ဌကမူ သမ္မတကြီးအပေါ် --------------

မောင်မင်္ဂလာ 

Credit : Here

WCDMA (3G) ဖုန်းဆင်းကတ် ကယားနှင့် ချင်းပြည်နယ်ကို ရောင်းချမည်

ဧပြီ ၂၄ ရက်မှာ ငွေကျပ် ၁၅၀ဝ နဲ့ ရောင်းချမယ့် တယ်လီဖုန်းဆင်းကတ် တမျိုးဖြစ်တဲ့ WCDMA (3G) ဖုန်းဆင်းကတ်တွေဟာ ကယားနဲ့ ချင်းပြည်နယ်ကို ရောင်းချဖို့ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးက ဧပြီ ၂၄ ရက်မှာ စတင် ရောင်းချမယ့် ဆင်းကတ်တွေဟာ CDMA-800 နဲ့ WCDMA (3G) ဆင်းကတ်တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။အသုံးပြုလို့ ရမယ့် ဟမ်းဆက်တွေနဲ့ ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဖုန်းဌာနဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က “၈၀ဝ သည် ၈၀ဝ ဟမ်းဆက်မှပဲ ရမယ်။ WCDMA ဟမ်းဆက်ဆိုတာ မြင့်နေမှရမယ်။ 3G ဟမ်းဆက်ပဲ ထည့်လို့ရမယ်။ တချို့နေရာတွေမှာ ဂျီ (ဂျီအက်စ်အမ်) ပဲ ရတဲ့နေရာတွေရှိတယ်။ ဒဗလျူရေပမယ့် ဒဗလျူ ဟမ်းဆက်ထဲမှာ မထည့်ခဲ့ဘူးဆိုရင် မရဘူး။ WCDMA ဟမ်းဆက်တွေ မြင့်တယ်။ 3G ထည့်မှ နားလည်တယ်။ နက်ဝဆီလည်း သွားပြီးအလုပ်လုပ်တယ်။ 3G ဟမ်းဆက်ဖြစ်မှ အဆင်ပြေမယ်” လို့ ပြောပါတယ်။


လိုင်းကျပ်တာမျိုး မြဖစ်အောင် ပြင်ဆင်ထားကြောင်းလည်း ပြောပါတယ်။အခု ရောင်းမယ့်ဖုန်းဆင်းကတ် အေရအတွက်နည်းတာမို့ ထူးထူးကဲကဲ ရောင်းရလိမ့် မထင်ဘူးလို့ ရန်ကုန်မြို့ လူကြီးမင်းဖုန်းစင်တာက အေထွေထွမန်နေဂျာ ဒေါ်ဇာခြည်လင်းက ပြောပါတယ်။“ကတ်အေရအတွက်ကလည်း နည်းတဲ့ အတွက်ကြောင့် အရင် ၂ သိန်းလောက် သိပ်ပြီး ဟမ်းဆက်ဈေးကွက်ကို မလှုပ်ဘူးလို့ ထင်ပါတယ်။ အရင် ၂ သိန်းတုန်းကဆို ကုမ္ပဏီတွေကလည်း ရတယ်၊ ဆိုင်တွေကလည်း ရတယ်၊ ပြီးတော့ အများကြီးလည်း ထွက်တယ်ဆိုတော့ အခုချိန်မှာ limit လည်း သတ်မှတ်ထားတော့ အေရအတွက်က လိုချင်သလောက် မရတော့ ဈေးကွက်က အရင် သိန်းလောက်တော့ မလှုပ်လောက်ဘူး မြင်ပါတယ်။”

ဒီအရင် ၂ သိန်းတန်ဖုန်းက အေရအတွက် ၁ သန်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ၁၅၀ဝ တန် ဆင်းကတ် တွေကို ပြည်နယ်နဲ့ တိုင်းအစိုးရေတွ အစီအစဉ်နဲ့ ရောင်းချတဲ့ နေရာမှာ ပွင့်လင်းမြင်သာမှုရှိရှိ ရောင်းချဖို့ လိုတယ်လို့ ပေါ်ပြူလာဂျာနယ် အယ်ဒီတာ ဦးမျိုးညွန့်က ပြောပါတယ်။

“ဖုန်းဈေးတခုဟာ နိုင်ငံတော် လျှို့ဝှက်ချက်မဟုတ်ဘူးလို့ ကျေန်ာတို့ ယုံကြည်တယ်။ အဲလိုအေနအထားမှာ ဖုန်းနဲ့ ပတ်သက်တဲ့ program ဘာတွေ ရှိမယ်ဆိုရင်လည်း ဒီ program တွေနဲ့ ပတ်သက်ပြီး ပြည်သူ တွေကို သေသချာချာ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လို့ မြင်တယ်။ ”အြေခခံလူတန်းစားတွေကေတာ့ ၁၅၀ဝ နဲ့ ဖုန်းကိုင်လို့ ရြကေတာ့မှာမို့ ဝမ်းသာနြေကတယ်လို့ ပြောပါတယ်။

ဖုန်းဆင်းကတ် ၃ သိန်းခွဲကို ပြည်နယ်နဲ့တိုင်း အားလုံးမှာ ခွဲဝေရောင်းချေပးမှာမို့ လူနေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တေလးမြို့တွေမှာ စေရာင်းတဲ့နေ့တွေ ဝရုန်းသုန်းကား ဖြစ်နိုင်မလား၊ တဆင့် ပြန်ရောင်းတာတွေရာ ဖြစ်နိုင်မလားလို့ မန္တေလးက စာရေးဆရာ သတင်းစာဆရာ ဦးကျော်ရင်မြင့်ကို မေးမြန်းရာမှာ ဖြစ်မယ် မထင်ဘူးလို့ ပြောပါတယ်။

“အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ သူက လူတွေကို အကုန်လုံး ချေရာင်းလိုက်မှာ မဟုတ်သေးဘူး။ ဝန်ထမ်းတွေက အချိုးဘယ်လောက်၊ ဘာအချိုးဘယ်လောက်ဆိုပြီး အချိုးတွေပဲ ရှိသေးတယ်။ နောက် တခုက ဖုန်းမရေသးဘူးဆိုတဲ့သူတွေကို ရောင်းမယ်ဆိုတာမျိုးလည်း ရှိသေးတယ်။ ဈေးအေတာ် သက်သာ သွားတဲ့အတွက် သာမန်လက်လုပ်လက်စား အေတ်ာများများ ဝယ်ချင်ကောင်း ဝယ်ချင်လိမ့်မယ်။ ဒီအပေါ်ကနေပြီး အမြတ်ထုတ် တဆင့်ခံ ရောင်းဖို့ကလည်း အလားအလာကြီးတော့ ဝရုန်းသုန်းကား ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ လိုချင်တဲ့သူများပြီး အထိုက်အေလျာက် တိုးဝှေ့တာမျိုးတော့ ရှိရင်ရှိလိမ့်မယ်။”

ဧပြီ ၂၄ ရက်နေ့ ရောင်းမယ့် ဖုန်းဆင်းကတ်တခုဖြစ်တဲ့ CDMA-800 ဖုန်းဟာ နိုင်ငံခြားကိုပါ ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ၁၅၀ဝ တန်ဖုန်း ရောင်းချမယ့်အစီအစဉ်တွေကို ဆက်လက် သတင်းထုတ်ပေးသွားမယ်လို့ အစိုးရ သတင်းက ဆိုပါတယ်။

Credit : Here