Thursday, April 4, 2013

ဘုရားမီးပူဇော်ရာမှ ဓာတ်ပုံဆိုင် မီးလောင်

ရန်ကုန်မြိုတွင်း မြို့နယ်များတွင် လူနေထူထပ်သည့် လသာမြို့နယ် ၁၇ လမ်းရှိ ဓာတ်ပုံဆိုင်တစ်ဆိုင်တွင် ဧပြီလ ၃ ရက်နေ့ နံနက် ၆ နာရီက ဘုရားမီးပူဇော်ရာမှ ဓာတ်ပုံဆိုင် ဖွင့်ထားသော တိုက်ခန်း မီးလောင် ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

အဆိုပါမြို့နယ်၏ အမှတ် (၂)ရပ်ကွက်၊ ၁၇ လမ်း (အထက်ဘလောက်) ရှိ အမှတ် ၁၈၁ ဟောင်ကောင် နှစ်ခန်းတွဲ ခြောက်ထပ်တိုက်၊ ပထမထပ် (ဘယ်) အခန်းတွင် ဖွင့်လှစ်ထားသည့် ရွှေမြန်မာဒစ်ဂျစ်တယ် ဓာတ်ပုံဆိုင်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာ ယင်းမီးက ဘုရားစင်ပေါ်ရှိ ရေမွှေးဘူးများသို့ မီးကူးစက်ရာမှ တစ်ဆင့် မီးလောင်ခဲ့ကြောင်း မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


မီးလောင်မှုကြောင့် တီဗီတစ်လုံး၊ ပန်ကာတစ်လုံး၊ အဲယာကွန်းတစ်လုံးနှင့် ပရိဘောဂနှင့် အတွင်းပစ္စည်းများ မီးလောင် ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

"ကျွန်တော်တို့စမြင်တော့ မီးတောက်က အပြင်ကိုထွက်နေပြီ"ဟု ယင်းလမ်းတွင် နေထိုင်သူ ဦးအောင်လှက ပြောကြားသည်။

အဆိုပါမီးလောင်မှုကို မီးသတ်ယာဉ် ၁၁ စီး၊ ကွပ်ကဲမှုယာဉ် နှစ်စီး၊ မီးသတ် တပ်ဖွဲ့ဝင်ပေါင်း ၉၅ ဦးဖြင့် ငြှိမ်းသတ်ခဲ့ပြီး ၂၅ မိနစ်အကြာတွင် မီးငြိမ်းခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ သိရသည်။

မီးလောင်မှုကြောင့် မန်နေဂျာ ဒေါ်ဆွေဆွေဝင်းကို (ပ) ၈၇ /၁၃/ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း လသာ မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

ဂီတပဒေသာ ကပွဲမှ ရရှိငွေ ကျပ်သိန်း ၃ဝဝဝ ကျော်အား ကချင်စစ်ဘေးရှောင် ပြည်သူများသို့ ဧပြီ ၉ ရက်တွင် သွားရောက် လှူဒါန်းမည်

ကချင်စစ်ဘေးရှောင် ပြည်သူများအား ကူညီထောက်ပံ့ရန် ရည်ရွယ် ကျင်းပခဲ့သည့် ရန်ပုံငွေ ဂီတပဒေသာ ကပွဲမှ ရရှိသည့် ငွေကျပ် သိန်း ၃ဝဝဝ ကျော်အား ဧပြီလ ၉ ရက်တွင် ကချင်ပြည်နယ်သို့ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း ကချင်တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေးမှု အသင်း (ရန်ကုန်) မှ ဒုတိယ ဥက္ကဋ္ဌ ဦးနော်ဘောက်က ပြောသည်။

မတ်လ ၂၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ နှစ်ခြင်းခရစ်ယာန်အသင်း ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည့် ရန်ပုံငွေ ဂီတပဒေသာ ကပွဲတွင် ငွေကျပ်သိန်းပေါင်း ၃၂၅ဝ ကျော် ရရှိခဲ့ပြီး အမေ ရိကန်ဒေါ်လာ ၁ဝ၃ဝဝ ရရှိခဲ့ကြောင်း သိရသည်။


ထိုသို့ သွားရောက်လှူဒါန်းရာတွင် ကချင်ပြည်နယ် နယ်စပ်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများ အား အဓိက လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ လှူဒါန်းရာတွင် ငွေကြေးကိုသာ ပေးအပ်သွားမည်ဟု သိရသည်။

ဦးနော်ဘောက်က ''ကျွန်တော်တို့ အနေနဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲက ရရှိလာတဲ့ ငွေတွေအားလုံးကို ကချင် ဒေသမှာရှိတဲ့ စစ်ဘေးရှောင် စခန်းတွေကို လှူဒါန်းသွားမှာပါ။ ဧပြီလ ၉ ရက်နေ့သွားမှာဖြစ်ပြီး လှူဒါန်း မယ့်သူတွေ အရောက်အပေါက်နည်းတဲ့ ဒေသတွေကို သွားမှာပါ။ အဲဒီလို သွားတဲ့အခါ ကချင်မျိုးနွယ်စု ခြောက်ခုက ကိုယ်စားလှယ် တစ်ဦးစီ လိုက်ပါမှာပါ။ တချို့နေရာတွေမှာ ဆေးဝါးပြတ်လပ်မှုတွေ ရှိနေ တယ်လို့ သတင်းရတဲ့အတွက် ဆေးဝါးတွေ ယူသွားဖို့ ရှိတယ်'' ဟု ပြောပါသည်။ 

''လက်ရှိအချိန်မှာ ကချင်ဒေသမှာ စစ်ပွဲတွေ ရပ်နေတယ်။ ဒါဟာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီ ဒေသမှာရှိတဲ့ ကလေးငယ်တွေရဲ့ ပညာရေး၊ အဲဒီဒေသမှာ နေထိုင်သူတွေရဲ့ စီးပွားရေးတွေ ကောင်းမွန် အောင် လုပ်ဆောင်ပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်'' ဟု ဦးနော်ဘောက်က ဆက်လက် ပြောကြား ခဲ့သည်။ 

ကချင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်) သည် ကချင်ရိုးရာ ဓလေ့များ မပျောက်ပျက် ရေး၊ တည်တံ့ခိုင်မြဲရေးတို့အတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကချင်မျိုးနွယ်စုများဖြစ်သည့် ဂျိန်းဖော့၊ လော်ဝေါ်၊ လာချစ်၊ ဇိုင်ဝါး၊ လီဆူး၊ ရဝမ်စသည့် မျိုးနွယ်စုအားလုံး ပါဝင်ဖွဲ့စည်းထားသည်။

Credit : Here

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်အမှတ်(၁/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆုတ် ၈ ရက်
(၂၀၁၃ ခုနှစ်၊ ဧပြီလ ၃ ရက်)

၁။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်က အကြံပြုခဲ့သည့် ''ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏ အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွားအနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာ ရရှိစေ ရန် အစီအမံများချမှတ်ပြီးစီမံကိန်းကို ဆက်လက်ဆောင်ရွက်စေမည့်နည်းလမ်း'' အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။


၂။ ကော်မတီအနေဖြင့် လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာ (၃-၄-၂ဝ၁၃) ရက်နေ့ အထိ ဆောင်ရွက် ပြီးစီးမှုများကို ထုတ်ပြန်ကြေညာအပ်ပါသည်။


၃။ စီမံကိန်းအတွက် သိမ်းဆည်းထားသော မြေပမာဏသည် လိုအပ်သည်ထက်ပိုမိုသိမ်းဆည်းခြင်း ရှိ/မရှိ သိမ်းဆည်း လယ်ယာမြေများ စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး မြေတိုင်းတာရေး အဖွဲ့များဖြင့် ပြန်လည် တိုင်းတာ စိစစ်ခဲ့ရာ အောက်ပါအတိုင်းစိစစ်ရရှိခဲ့ပါသည်-

(က) မူလသိမ်းဆည်းခဲ့သော မြေဧရိယာ ၇၈၆၇ ဒသမ ၇၈ ဧက

(ခ) တိုင်းတာတွက်ချက်ပြီး အနည်းဆုံးဆောင်ရွက်နိုင်မည့် စီမံကိန်းလုပ်ငန်းဧရိယာ ၆၉၆၅ ဒသမ ၅၄ဧက

(ဂ) စီမံကိန်းမှပြန်လည်ထုတ်နုတ်ပေးနိုင်မည့် မြေဧရိယာ ၉ဝ၂ ဒသမ ၂၄ ဧက

၎။ ကြေးနီစီမံကိန်းတွင် မြေသိမ်းဆည်းခံထားရသော ဒေသခံလူထုအတွက် မြေလျှော်ကြေး ထပ်မံ ပေးအပ်ရာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်အတိုင်း လယ်မြေ/ ယာမြေ အလိုက် စိစစ်ပေးအပ်လျက်ရှိရာ တောင်သူ ၅၇ဝ ဦးအား မြေ ၁၇၅၃ ဒသမ ၇၁ ဧကအတွက် တန်ဖိုးငွေကျပ် ၁၇၈၅၆ ဒသမ ၇၅ သိန်း ပေးအပ်ခဲ့ပြီးဖြစ်သည့်အပြင် ဆက်လက်၍လည်း ပေးအပ်သွား မည် ဖြစ်ပါသည်။

၅။ မြေယာလျှော်ကြေးငွေများပေးအပ်ရာတွင် ဒေသခံတောင်သူများ အချင်းချင်းအမွေဆိုင်ကိစ္စများနှင့် မြေ အမျိုးအစားကွာ ခြားချက်များကြောင့် ကန့်ကွက်မှု ၁၇၇ မှုလက်ခံရရှိခဲ့ပါသည်။ ကော်မတီအနေဖြင့် မြေယာမှုခင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းစိစစ်ဖြေရှင်းခဲ့ရာ ၃၃ မှုဖြေရှင်းပေးခဲ့ပြီး ကျန်အငြင်းပွားမှုများကို ဆက်လက် ဖြေရှင်းပေးလျက်ရှိပါသည်။

၆။ ကော်မတီသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြောင်းရွှေ့လာသောကျေးရွာများဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကိုလည်း တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကို ဒေသခံ ပြည်သူများ အကျိုး စီးပွားအတွက်ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးအခါအားလျော်စွာ သတင်း ထုတ်ပြန် ပေးသွားမည် ဖြစ်ပါသည်။

                                       လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်
                        စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကော်မတီ
                                                        ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃ ရက်

သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်သဖြင့် ဓါတ်လှေခါးပြုတ်ကျ

၃-၄-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံနှင့်ဘဏ်လမ်းထောင့်၊ အမှတ်(၃၃/၄၉)၊ ““ရှိုင်း””ကွန်ဒိုအဆောက် အဦရှိ ဓါတ်လှေခါး ၃ ခုအနက် အလယ်ပေါက်ဓါတ်လှေကားသည် သတ်မှတ်လူဦးရေ ၁၀ ဦးထက် ၃ ဦး ပိုမိုတင်ဆောင်၍ လူ ၁၃ ဦးဖြင့် (၈)လွှာမှ မြေညီထပ်သို့ဆင်းခဲ့ရာ မြေညီထပ်မရောက်မီ Over Weight ဖြစ်ကာ အရှိန်လွန်ပြီး မြေကြီးအတွင်းသို့ ၁ ပေခန့်ကျွံဝင်သွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Credit : Here

MIC မှ နိုင်ငံသားလုပ်ငန်း ရှစ်ခုနှင့် နိုင်ငံခြားလုပ်ငန်း တစ်ခုတို့ကို ထပ်မံခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ၁၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့အား ထပ်မံ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။


မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ခွင့်ပြုခဲ့သည့် လုပ်ငန်းရှစ်ခုတွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ် ခြင်းလုပ်ငန်း၊ BOT စနစ်ဖြင့် လမ်းတံတားအသုံးပြုခ ကောက်ခံခြင်းလုပ်ငန်း၊ အင်တာနက် ကေဘယ်လ် ကြိုးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် BOT စနစ်ဖြင့် ငှားရမ်း၍ ဟိုတယ်၊ ရှော့ပင်းမော၊ ရုံးခန်း၊ တိုက်ခန်းနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ တည်ဆောက်၍ ငှားရမ်းခြင်း လုပ်ငန်းတို့ ပါဝင်ကြောင်း သတင်း ထုတ်ပြန်ချက်များတွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။ 

အဆိုပါ လုပ်ငန်းများအား လုပ်ကိုင်ခွင့် လျှောက်ထားသည့် တိုင်းဒေသကြီးများ ဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုပေး ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ထပ်မံလုပ်ကိုင်ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာမူ ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် သစ်အချောထည် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဖြစ်ပြီး Concorde Commodities Pte.Ltd အား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ၁၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးကို မတ်လ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ ရုံးအမှတ် ၁၄ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် လုပ်ငန်းများ အပါအဝင် အစီအစဉ် ၂၂ ခုအား ဆွေးနွေးခဲ့ကြသည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Credit : Here

မိုဘိုင်းဖုန်းနှစ်(၄၀)ပြည့်နှစ်ပတ်လည်...

ဧပြီလ(၃) ရက် ၁၉၇၃ ခုနှစ်တွင် စတင်ပေါ်ပေါက် ခဲ့ သော မိုဘိုင်းဖုန်း၏ သက်တမ်းသည် ၂၀၁၃ ခုနှစ် ဧပြီ လ(၃)ရက်နေ့တွင်နှစ်(၄၀)ပြည့်မြောက် ခဲ့ပြီဖြစ်သည်။

ပထမဆုံး မိုဘိုင်းဖုန်းအားတီထွင်ခဲ့သော အင်ဂျင်နီယာ ပညာရှင်မှာ အမေရိကန်နိုင်ငံမှ “ Martin Cooper” ဆိုသူဖြစ်သည်။

Martin Cooper ကို ၁၉၂၈ ခုနှစ်ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် ဂျီကာဂိုမြို့၌မွေးဖွားခဲ့ပြီး အီလီနွိုက်နည်းပညာ တက်္ကသိုလ်မှ အင်ဂျင်နီယာဘွဲကိုရရှိခဲ့သည်။

Martin Cooper သည် ယခုအခါ၌အသင်(၈၄)နှစ် အရွယ်ရှိပြီဖြစ်ပြီး ၎င်း၏တီထွင် မှုကြောင့် မိုဘိုင်း ဖုန်းများ ပေါ်ပေါက်လာခဲ့၍ ဆက်သွယ်ရေးနည်းပညာ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းကြောင့် Martin Cooper အားမိုဘိုင်းဖုန်း များ၏ ဖခင်အဖြစ်ကမ္ဘာမှ အသိအမှတ်ပြုလက်ခံထားကြကြောင်း BBC သတင်းဌာနတွင်ဖော်ပြထားသည်ကိုတွေ့ရှိရသည်။

KIA တပ်သားတစ်ဦး အစိုးရတပ်သို့အလင်းဝင်ရောက်


KIA မဒိန်ယန်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးသည် ယမန်နေ့က ဆင်ဘိုမြို့်နယ်ခွဲရှိ အစိုးရတပ်စခန်းတစ်ခုသို့ အလင်းဝင်ရောက် ခဲ့ကြောင်းသိရှိရပါသည်။

ထွက်ပြေးလာသော KIA တပ်ဖွဲ့ဝင်သည် ပြီးခဲ့သောလ ၂၄ ရက်နေ့ က ရွှေကူးမြို့နယ်၊ ကျောက်ကြီး ကျေးရွာအနီးတွင် ၀ါးခုတ်နေစဉ်အတွင်း KIA တပ်ဖွဲ၏လူသစ်စုဆောင်းမှုကို ခံခဲ့ရပြီး မဒိန်းယန်စခန်းတွင် တပ်သားသစ်အဖြစ်သင်တန်းပေး ခံနေရပြီး ယမန်နေ့ မနက်က သင်တန်းမှ ထွက်ပြေးလာပြီး နေ့လည် ၁နာရီခန့်တွင် ဆင်ဘိုမြို့နယ်ခွဲ အနီးတွင် ရှိနေသော အစိုးရတပ်တစ်ခုသို့ အလင်းဝင်ခဲ့ကြောင်း သိရှိရ ပါသည်။


အလင်းဝင်ရောက်သူသည် ရွှေကူးမြို့နယ်၊ ကျောက်ကြီးရွာတွင် အစ်မဖြစ်သူနှင့် နေထိုင်းပြီး KIA တပ်ဖွဲ့ ၏ လူသစ် စုဆောင်းမှု ကိုခံရပြီး တပ်သားသစ်အဖြစ် အခြား ၂၆ဦးနှင့်အတူ မဒိန်ယန်စခန်းတွင် ဖွင့်ထားသော သင်တန်းကျောင်းတွင် တက်ရောက်ခဲ့ ရကြောင်း KIA အနေဖြင့် မသေရုံကျွေးမွေးပြီး မိုင်းထောင်နည်း သေနတ် ပစ်နည်းများကို သင်ပေးကြောင်း အလင်းဝင်သူ ၏ပြောဆိုမှုအရသိရှိရပါသည်။ KIA အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ၂ကြိမ်တိုင်တိုင် ပြုလုပ် ခဲ့သော်လည်း လူသစ်စုဆောင်းမှု များနှင့်အခွန်များ ကောက်ခံ ခြင်း၊မိုင်းထောင်ခြင်း၊ရိက္ခာတောင်းခံခြင်းများကို ပြုလုပ် နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက် အရ သိရှိရပါသည်။

Credit : Here

လမ်းသွယ်အ၀င်အထွက် နေရာများတွင် အမှိုက်ပုံးများ ချပေးလျက်ရှိ


စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ ၊ မြို့ပေါ် ရပ်ကွက်များ အတွင်းသို့ အမှိုက်သိမ်းကား မော်တော်ယာဉ် များ အ၀င် - အထွက် မလွယ်ကူသော လမ်းသွယ် များနေ ပြည်သူများ အမှိုက်အစို - အခြောက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် နှင့် အမှိုက်ကင်းစင် ပြီး သန့်ရှင်းသော မြို့တော် ဖြစ်ပေါ် လာစေရန် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ မြို့တွင်း လမ်းမကြီး များနှင့် ထိပ်တိုက် တွေ့ဆုံသော လမ်းသွယ် အ၀များတွင် အမှိုက်ပုံးများ ချထား ပေးလျက် ရှိကြောင်း သိရသည်။


ထိုသို့ အမှိုက်ပုံးများ ချထားပေးမှု နှင့် ပတ်သက်၍ မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက " ယခုလို အမှိုက်ပုံးများ ချထား ပေးခြင်းဖြင့် ရန်ကုန်နေ ပြည်သူများ ၊ လမ်းသွား လမ်းလာ ၊ ဧည့်သည်များ အမှတ်တမဲ့ အမှိုက် စွန့်ပစ်ခြင်း များကို သတိပြုမိ စေရန် ၊ အမှိုက်ပုံးများ အတွင်းသို့ စနစ် တကျ စွန့်ပစ်ခြင်းဖြင့် အမှိုက် လိုက်လံ သိမ်းဆည်းသော ၀န်ထမ်းများအား ကူညီရာ ရောက်ပါကြောင်း ၊ အမှိုက်များ ပြန့်ကျဲပြီး မြို့ကို အရုပ်ဆိုး အကျည်းတန် စေမည့် အဖြစ်မျိုး မဖြစ်စေရေန် အတွက် ရပ်ကွက် နေ ပြည်သူများ ၀ိုင်းဝန်း ကူညီပြီး စနစ်တကျ စွန့်ပစ် ကြပါရန် .... " ရပ်ကွက် အုပ်ချုပ်ရေါ်မှူး များမှ တစ်ဆင့် ပန်ကြား ခဲ့ကြောင်း သိရသည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် မုံရွာမြို့ ၊ မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ မြို့တွင်း လမ်းမကြီး များနှင့် ဆက်စပ်လျက် ရှိသော လမ်းသွယ်များတွင် အမှိုက်ပုံး တစ်ပုံးလျှင် တန်ဖိုးငွေ ကျပ် ၂၅၀၀၀ ရှိ အမှိုက်ပုံး ၄၀ ပုံး ချထား ပေးခဲ့ကြောင်း နှင့် လာမည့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် တွင်လည်း အမှိုက်ပုံး ၆၀ ပုံးအား ဆက်လက် ချထား ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Credit : Here

SSA-N တပ်များ ထပ်ဆုတ်ပေးနိုင်မည်မဟုတ်ဟု ဆို

ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူညီချက်အရ အခြေစိုက်နေထိုင်နေခြင်း ဖြစ်၍ အစိုးရ စစ်တပ်က ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA-N တပ်စခန်းများကို ဆုတ်ခွာပေးရန် ပြောဆိုမှု လက်ခံမည် မဟုတ် ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောသည်။

ဧပြီလ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ)ရှိ ရွှေလီရိပ်သာတွင် အစိုးရ ဝန်ကြီး နှစ်ဦး နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။


“စာချုပ်အတိုင်း ကျနော်တို့ ရောက်ရှိတဲ့နေရာမှာ အခြေချ နေထိုင်ထားတယ်။ ကျနော်တို့က ကားလမ်း တလျှောက်မှာ ဝင်ပြီး တိုက်တာလည်း မရှိဘူး။ ကျနော်တို့ စပြီးတိုက်တာ မဟုတ်ဘူး။ သူတို့က ကျနော်တို့ ရှိတဲ့နေရာကို ဝင်ရှင်းတယ်။ ဖယ်ခိုင်းတာမျိုးတွေ လုပ်တော့ ပစ်ခတ်မှုတွေ ဖြစ်တယ်။ အခု တိုက်ပွဲဖြစ်တိုင်း တပ်မတော်က စပြီး ဝင်တိုက်တာမျိုး ဖြစ်နေတယ်။ အဲဒါ စဉ်းစားပေးဖို့ တင်ပြတယ်” ဟု ဗိုလ်မှူးစိုင်းလှ က ပြောသည်။

SSA-N အတွင်းရေးမှူး ဦးခွန်စိုင်း အပါအဝင် လေးဦး နှင့် အစိုးရ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးနှင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်တို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

မတ်လ ၂၅ ရက်နေ့က ရမခ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်တိုး က ရမခနှင့် ရလခ တိုင်းဌာနချုပ် ဆက်သွယ် သည့် လားရှိုး-တန့်ယန်း-မိုင်းရှုး ကားလမ်းလုံခြုံရေးအတွက် နယ်မြေ ရှင်းလင်းမည် ဖြစ်၍ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ SSA-N ယာယီ တပ်စခန်းမှ ဆုတ်ခွာပေးရန် ပြောဆို ခဲ့ခြင်း ဖြစ်သည်။

“ဖယ်ပေးမယ်ဆိုရင်လည်း နေရာ မရှိတော့ဘူး။ ဆုတ်ပေးလို့လည်း မရဘူး။ ကျနော်တို့က ဘယ်နေရာမှ မရွှေ့နိုင်ဘူး။ ဒီနေရာမှာပဲ နေထိုင်ခဲ့တာ။ နောက် လက်နက်ကြီးနဲ့ ပစ်တော့ ရွာသားတွေ မနေရဲဘူး။ သူတို့ ရွာပြန်နေထိုင်ပေးဖို့၊ အဓိက စီစဉ်ပေးဖို့ သူတို့ အစိုးရတပ်တွေကို ထိန်းပေးဖို့၊ ထာဝရငြိမ်းချမ်းရေးကို လိုလားရင်တော့ သူတို့ အဲဒီနေရာကို ကွက်ပြီး စစ်ဆင်ရေး လုပ်စရာ မလိုဘူး” ဟု SSA-N ပြောခွင့်ရသူက ပြောသည်။

ဆုတ်ခွာခိုင်းသော နေရာသည် SSA-N နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့၏ နှစ်ဖက် မဟာမိတ် ဆက်ဆံရေးလမ်းကြောင်း ဖြစ်နေပြီး ထိုလမ်းကြောင်းမှ ဒေသထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့သော အရေးကြီး ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည်ဟု ဆိုသည်။

“အရင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေလည်း သူတို့ နယ်မြေရှင်းတာတို့၊ ဟိုလုံခြုံရေး၊ ဒီလုံခြုံရေး အကြောင်းပြပြီးတော့ ကျနော်တို့ကို ဆုတ်ခိုင်းခဲ့တာလည်း များပြီ။ ခုလည်း အဲဒီနယ်မြေကို စိုးမိုးချင်တဲ့ သဘောမျိုး။ အဲဒီနေရာက ကျနော်တို့ တလျှောက်လုံးနေခဲ့တဲ့ နယ်မြေတွေပဲ။ ကျနော်တို့လည်း မရွှေ့ပါဘူး” ဟု ဗိုလ်မှူး စိုင်းလ က ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇူလှိုင်လဆန်းပိုင်းက SSPP က တန့်ယန်းမြို့နယ် ၇ မိုင်စခန်းနှင့် မိုင်းရှူးမြို့နယ် လွိုင်ဖာဖိန့်ရှိ တပ်စခန်း နှစ်ခုကို ပြောင်းရွှေ့ပေးလိုက်ပြီး ၎င်းနေရာများတွင် အစိုးရ စစ်တပ်က အခိုင်အမာ တပ်စွဲထား လိုက်သည် ဟု ဆိုသည်။

ယမန်နေ့ တွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း တက်ရောက်မည်ဟု ဆိုထားသော်လည်း လာရောက်လာခြင်း မရှိခဲ့ကြောင်း ဗိုလ်မှူးစိုင်းလ က ပြောသည်။

တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသူ ဒေသခံ ရွာသားများနှင့် ပတ်သက်၍လည်း ယမန်နေ့ တွေ့ဆုံ ရာတွင် ဆွေးနွေးတင်ပြခဲ့သည်။

တန့်ယန်းမြို့နယ်အရှေ့ဘက် ၁၀ မိုင်အကွာရှိ လွယ်စေးဒေသတွင် မတ်လအတွင်း နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ထိုဒေသအတွင်း ရွာပေါင်း ၁၄ ရွာမှ လူဦးရေ ၁,၀၀၀ ကျော်မှာ တန့်ယန်းမြို့ရှိ ဘုန်းကြီး ကျောင်းများသို့ ထွက်ပြေး ခိုလှုံနေရသဖြင့် လုံခြုံရေး စီစဉ်ပေးရန် တင်ပြခဲ့သည်ဟု သူက ဆက်ပြောသည်။

လွယ်စေးဒေသ အခြေစိုက် ခလရ တပ်ရင်း ၂၉၁ နှင့် ၃၃ တပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရွာသားများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် SSA-N ကိုယ်စားလှယ်များ၏ တင်ပြချက်များကို သက်ဆိုင်ရာ တိုင်းဌာနချုပ်များနှင့် သမ္မတ ဦးသိန်းစိန်တို့ထံ တင်ပြပေးမည်ဟု ဝန်ကြီး ဦးခင်မောင်စိုးတို့က ပြောဆိုခဲ့ကြောင်း ဗိုလ်မှူး စိုင်းလှက ပြောသည်။

Credit : Here

အလန်းဆုံး ဒီဇိုင်းများနှင့် ထူးခြားသော ရေပန်းများ ပါဝင်မည့် သင်္ကြန်ပွဲတော် မြန်မာနှင့် ထိုင်းကုမ္ပဏီ ပူးပေါင်းကျင်းပ နွှဲပျော်မည်

မြန်မာနိုင်ငံမှ Forever Group နှင့် ထိုင်း နိုင်ငံမှ Index Creative Village တို့ ပူးပေါင်း ၍ ထူးခြားသည့် ထာဝရသင်္ကြန် ၂၀၁၃ ပွဲ တော်ကြီးကို မြန်မာ့ယဉ်ကျေးမှုများနှင့်အညီ ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း တွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ပထမဆုံး ကျင်းပ သွားမည် ဖြစ် ကြောင်း၂၈-၃-၂၀၁၃ ရက်က သိရသည်။ ထိုင်းနိုင်ငံ Index Creative Village မှ သင်္ကြန်ပွဲ ဖြစ်မြောက်ရေး အတွက် စီစဉ် သူ တစ်ဦးဖြစ်သည့် Mr. Narindej Thavees angpanich က “အခုပွဲကို သင်္ကြန် ပွဲတော်တစ်ခါမှ ပါဝင်ဆင်နွှဲဖူးခြင်းမရှိသေးတဲ့ သူတစ်ယောက်လို ပျော်ရွှင်မှုအသစ်ကိုပေးမယ့် ထူးခြားတဲ့ ပွဲတော်ကြီးအဖြစ်ဖန်တီးထားပါတယ်။ ဒါ့ပြင် ပျော်ပွဲရွှင်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ တင် ဆက်သွားမှာ ဖြစ်ပြီး ထူးခြားတဲ့အစီအစဉ်တွေ၊ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ ဆုမဲတွေကို ဆွတ်ခူးနိုင် မယ့် အစီအစဉ် တွေလည်းပါပါတယ်။ ဒီပွဲကိုလာတဲ့သူက ကျွန်းလေးတစ်ကျွန်းကို ရောက်သွားသလို ခံစား ရမှာ ဖြစ်တယ်” ဟု ပြောကြားသည်။


Forever Blossom Entertainment မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းသူရလှိုင်က “ရေကစား မဏ္ဍပ် မှာ တော့ သတ်မှတ်ခ မကောက်ပါဘူး။ ဖျော်ဖြေရေး မဏ္ဍပ်တွေမှာ သီဆိုဖျော်ဖြေဖို့လည်း ပါတယ်။ အစီအစဉ် တွေကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန် ဓလေ့ မပျောက်အောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်။ လုံခြုံရေးကိုအသေးစိတ် ပြင်ဆင် ရေးဆွဲထားတယ်။ Eagle က လုံခြုံရေး ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးစီမံချက်တွေ လုပ်ထားတယ်” ဟု ပြောကြားသည်။ အဆိုပါ ပွဲတော်ကြီးတွင် ဇုန်ကြီးငါးခုပါရှိမည်ဖြစ်ပြီး အလန်းဆုံးဒီဇိုင်းများနှင့် ထူးခြားသော ရေပန်းကြီးများ ပါဝင် သည့် ရေကစားမဏ္ဍပ်၊ Foam Party၊ နိုင်ငံခြားမှ တင်သွင်းထားသော ဂိမ်းကစားရင်း ဆုမဲများကို ဆွတ်ခူးနိုင်မည့် မဟာသင်္ကြန် ကစားကွင်းကြီး၊ ပျော်ပါးကခုန်ပြီး ဆာလောင် မောပန်းနေသူများအတွက် စားသောက်ဆိုင်တန်းများနှင့် နားနေစရာ နေရာ များ၊ Forever Thank You Concert ဂီတဖျော်ဖြေပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထာဝရသင်္ကြန်ပွဲကို MRTV-4 နှင့် Channel 7 တို့မှ နေ့စဉ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး မန္တလေး FM၊ ပဉ္စဝတီ FM တို့မှလည်း ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ကြိုတင်လက်မှတ်များကို www.myasiaticket.com, 1876 call center နှင့် MRTV-4 Showrooms များတွင် ဧပြီ ၂ ရက်မှ ၁၄ ရက်ထိ ဝယ်ယူနိုင်ပြီး ပွဲနေ့တွင်လည်း မိုင်ဒါကွင်းတွင် လက်မှတ်ကောင်တာများ ထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ပုံမှန်လက်မှတ် (ကစားနည်း ရှစ်မျိုးပါဝင်) ကို တစ်ရက်လျှင် ကျပ်တစ်သောင်း၊ ကစားကွင်း ဝင်ခွင့်လက်မှတ်ကို တစ်ရက်လျှင်၂၀၀၀ ကျပ်နှင့် ဂိမ်းလက်မှတ်ကို တစ်စောင်လျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မဟာသင်္ကြန် ကစားကွင်းကြီးကို ဧပြီလ ၁၉ ရက်အထိ ဖွင့်လှစ်ပေးထားမည် ဖြစ်ကြောင်း သိရ သည်။

Credit : Here

Facebook Translation တွင် ဗမာစာဟု စတင်ပါဝင်လာ


Facebook Translation တွင် ဗမာစာဟု စတင်ပါဝင်လာပြီး ယခုကဲ့သို့ မြန်မာစာကို ထည့်သွင်းထားမှုမှာ ၆ ရာခိုင်နှုန်းသာရှိသေးကြောင်း Facebook translation ၏ ဖော်ပြချက်အရ သိရသည်။


အဆိုပါ Translation ကို ဖြည့်စွက်လိုသူများ၊ ထည့်သွင်းလိုသူများအနေဖြင့် Facebook Translation တွင်ဝင်ရောက်ပြီး ဗမာစာဟူသော စနစ်ကိုနှိပ်၍ ထည့်သွင်းနိုင်ပြီး ထည့်သွင်းထားသည်များကိုလည်း မည်သည်က ပိုမှန်သည်ကို Vote ပေးနိုင်ရန် စနစ်ကိုလည်း စီစဉ်ပေးထားသည်။


အကယ်၍ ထည့်သွင်းထားသည်များကို Vote ပေးခြင်း ( သို့မဟုတ် ) ကိုယ်တိုင် ထည့်သွင်းလိုပါက https://www.facebook.com/?app=1&sk=translations တွင်ဝင်ရောက် လေ့လာနိုင်သည်။

Credit : Here

Laptop သုံးစွဲသူများ သတိပြုရန် အချက်များ


၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။

ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီ သည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တို နိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။


၂။ ကွန်ပျူတာကို လေရအောင်လုပ်ပါ။

Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။

၃။ သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။

သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။

Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။

Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။

Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံး မပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့ တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။

Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။

အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထား ပါက ဘက်ထရီ အသက်တိုစေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီးပတ်လမ်း ဖြစ်ပေါ်နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်း ထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။

Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Credit : Here

ရေကျော် ဗလီ မီးလောင်မှု စုံစမ်းရေး ကော်မရှင်ဖွဲ့


မွတ်စလင် စာသင်သား ၁၃ ဦး သေဆုံးတဲ့ ဆော်ဒီကီးရား ရေကျော်ဗလီ မီးလောင်းမှုကို စုံစမ်းစစ်ဆေးဖို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ အတွင်းရေးမှူး ဦးတိုးအောင် ခေါင်းဆောင်တဲ့ ၇ ဦးပါအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ မီးသတ်ဌာန၊ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးမှုးရုံးက အရာရှိတွေ ပါဝင် ပါတယ်။

Credit : http://blog.irrawaddy.org/2013/04/blog-post_1819.html

တရုတ် မီဒီယာတွေက မြန်မာ စာနယ်ဇင်း လွတ်လပ်လာမှုကို အားကျ

လွန်ခဲ့တဲ့ ဧပြီလ ၁ ရက်က ပုဂ္ဂလိက နေ့စဉ်ထုတ် မြန်မာဘာသာနဲ့ သတင်းစာ ၄ စောင် စတင် ထုတ်ဝေလာတဲ့အခါ တရုတ်နိုင်ငံ၊ မီဒီယာ လောက မှာလည်း စိတ်လှုပ်ရှားပြီး အားကျနေကြတယ်လို့ သိရပါတယ်။

မြန်မာအစိုးရဟာ စာပေစိစစ်ရေး ဆင်ဆာ ဘုတ် အဖွဲ့ကို ယမန်နှစ်က ပယ်ဖျက်ခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေကို လွတ် လွတ်လပ်လပ် ထုတ်ဝေခွင့် ပြုလိုက်တဲ့အပေါ် တရုတ် မီဒီယာသမားတွေက မြန်မာကို အားကျပြီး ပီကင်း သတင်းစာ၊ ပီကင်းတိုင်းမ်၊ ဆိုင်နာ အွန်လိုင်းသတင်းတွေမှာ အားတက်သရော ရေးသားလာကြတယ်လို့ South China Morning Post အွန်လိုင်း သတင်းတပုဒ်မှာ ရေးသားထားပါတယ်။


တရုတ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရုတ်နိုင်ငံသားတွေအနေနဲ့ တရုပ်နိုင်ငံမှာ သတင်းစာ ထုတ်ဝေဖို့ သတ်မှတ် ပြဋ္ဌာန်းထားပြီးဖြစ်တယ်လို့ တချို့ က ထောက်ပြပါတယ်။ ဒါပေမယ့် အဲဒီ ဖွဲ့စည်းပုံပါ အခွင့်အရေးကို လက်တွေ့မှာ ကျင့်သုံးလို့ မရဘဲ တသီးပုဂ္ဂလတွေထုတ်မယ်ဆိုရင် ကန့်သတ်တားမြစ် တာတွေရှိပြီး အပြစ်ဒဏ်လည်း သတ်မှတ်ထားပါတယ်။

ဒါကြောင့်ပဲ China’s Southern Weekly မှာ နှစ်သစ်ကူးအတွက် အယ်ဒီတာ့ အာဘော်မှာ ခေါင်းစဉ် အနေနဲ့ “China’s deram: the dream of constitutionalism” လို့ ဖော်ပြခဲ့လို့ ဆင်ဆာထိသွား ခဲ့ရပါတယ်။

ဒါကိုဘဲ အယ်ဒီတာက ပါတီကို နည်းနည်း ချီးမွမ်းဟန် ပြန်ရေးပြီး ငါတို့ အိမ်မက်တွေနဲ့ပတ်သက်လို့ အရင် ကထက် ပိုနီးလာပြီလို့ ခေါင်းစဉ်ကို ပြောင်းရေး လိုက်ရတယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်း သတင်းသမားတွေ၊ အယ်ဒီတာတွေ၊ စိတ်ဝင်စားသူတွေက ပါတီရဲ့ မီဒီယာ ဆင်ဆာလုပ်နေတဲ့ ကိစ္စကို ဆန့်ကျင်ကန့်ကွက်ဖို့ Southern Weekly နဲ့ ပူးပေါင်းခဲ့ကြပါတယ်။

“ဒီ (လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်) ဟာ တကယ့် တရုတ်နိုင်ငံသားတွေရဲ့ အိပ်မက်ပါဘပဲ” လို့ Netizen က ရေး ထားပြီး တကယ်လည်း တရုတ်သတင်း အယ်ဒီတာတွေလည်း ဒီအိပ်မက်ကို ထွေးပွေ့ထား ကြပါတယ်။

တရုတ် မီဒီယာသမားတွေ အားကျနေတဲ့ မြန်မာနိုင်ငံဟာ တချိန်ကတော့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အလွန်အနိမ့်ဆုံး အဆင့်မှာပဲ ရှိခဲ့ဖူးတာပါ။ မြန်မာ သတင်းသမား တော်တော်များများ ကလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်လို အကျဉ်းထောင်တွေထဲ နှစ် ရှည်လများနေခဲ့ကြရ ပါသေးတယ်။

အကျဉ်းထောင်ထဲမှာ စုစု ပေါင်း ၁၉ နှစ်နီးပါး နေခဲ့ရသူ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် က တရုတ် အနေနဲ့ မြန်မာနိုင်ငံကို အားကျတဲ့ သာဓကတွေ တော်တော်များများ ရှိခဲ့ဖူးပြီး အထင်အရှား ဖြစ်ရပ်တွေထဲမှာ ၁၉၈၈ ခု နှစ် မြန်မာနိုင်ငံက လူထုအရေးတော်ပုံကြီးပြီးနောက် တရုတ် တီအင်နမင် အရေးအခင်းလိုမျိုးပါဝင်ကြောင်း၊ တရုတ် သတင်း သမားတွေအနေနဲ့ မြန်မာနိုင်ငံက သတင်းစာ ထုတ်ခွင့် ရတဲ့ အခြေအနေ အသေးစိပ်ကို သေချာ ဆန်းစစ်သင့်ကြောင်း ဧရာဝတီကို ပြောပါတယ်။

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၁၆ စောင် အခုပြန်လည် ထုတ်ဝေခွင့် ရတာက တချိန်က သတင်းစာ တွေက ၀ိုင်းပြီး ကန့်ကွက်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဥပဒေနဲ့ လုပ်ပိုင်ခွင့်ပေးခဲ့တာဖြစ်ပြီး ကန့်သတ်မှုတွေ အများကြီးရှိတာကြောင့် ရေးသားတဲ့ အပိုင်းမှာလည်း မြေစမ်း ခရမ်းပျိုးသွားနေရတာပါလို့ ဦးဝင်းတင်က ဆိုပါတယ်။

“ဒီလိုချုပ်ချယ်မှုတွေ တော်တော်ရှိနေတဲ့ အနေအထားဟာ ကျနော်ပြောသလို တရုတ်ပြည်က အားကျတယ် ဆိုတာ ပေါ်ထွက်လာတဲ့ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ရတယ်တခုတည်းကို ကြည့်ပြီး ပြောလို့ မရဘူး။ အရေးအသား လွတ်လပ်ခွင့်အရရော ဒီသတင်းစာတွေဟာ သတင်းစာပီပီသသနဲ့ ဒေါင်ဒေါင်မြည် ပြည်သူ့ဘက်က ရပ်တည်လို့ရတဲ့ သတင်းစာတွေ ဖြစ်နိုင်မလားဆိုတာ အများကြီး သံသယ ရှိစရာ အခြေ အနေပဲ” လို့ သူက ဆိုပါတယ်။

ပြည်ပမှာ နှစ်ပေါင်း ၂၀ ကြာ အခြေစိုက်ခဲ့ကြရပြီးနောက် ဧရာဝတီ အပါအဝင် မီဒီယာတွေ မြန်မာပြည်မှာ ရုံးပြန်စိုက်ခွင့်ရပြီး သတင်းလုပ်ငန်းတွေ လည်ပတ်နေကြတာကိုလည်း တရုတ်သတင်းစာတချို့က ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထောက်ပြပြီး အားကျခဲ့ကြပါသေးတယ်။

အခုလို ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ပြန်လည် ထုတ်ဝေခွင့် ပေးလိုက်ခြင်းဟာ မြန်မာ့ပြုပြင် ပြောင်းလဲရေး အတွက် ကြီးမားတဲ့ ခြေလှမ်းသစ် တရပ်ကို လှမ်းလိုက်တာပဲလို့ မန္တလေး တက္ကသိုလ် ရူပဗေဒ ဌာန ပါမောက္ခဟောင်း ဦးလှမြင့်က ဧရာဝတီကို ပြောပါတယ်။

“ဒါက ဧရာမ ခြေလှမ်းတခုအဖြစ် ရှေ့တိုးဆောင်ရွက်လိုက်တာပါပဲ” ဟု သူက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် ရကြတဲ့ သတင်းစာ ၁၆ စောင်ထဲမှာ မြန်မာဘာသာနဲ့ ထုတ်ဝေမှုပဲ ပါဝင်သေးပြီး တိုင်းရင်းသား ဘာသာ သတင်းစာ တစောင်မှ ပါမလာသေးပါဘူး။

တရုတ်သတင်းစာတစောင်ရဲ့အဆို အရ မြန်မာနိုင်ငံမှာ တရုတ်စကားပြောသူ အနည်းဆုံး ၂ သန်းကနေ ၃ သန်းထိရှိတယ်လို့ ခန့် မှန်းပြီး မြန်မာနိုင်ငံမှာ တရုတ်ဘာသာနဲ့ သတင်းစာမျိုးတော့ ထွက်ပေါ်ခြင်း မရှိသေး ဘူး လို့ ရေးထားပါတယ်။ 

Credit : http://blog.irrawaddy.org/2013/04/blog-post_4466.html

ဒေါ်အောင်ဆန်းစုကြည် ဂျပန် သွားမယ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ (သင်္ကြန် တတွင်းလုံး) ဂျပန်နိုင်ငံကို အလည်အပတ်သွားရောက်မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံက သတင်းထုတ်ပြန်ထားပါတယ်။

နှစ်ပေါင်း ၃၀ နီးပါးအတွင်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဂျပန်ပြည်ကို ပထမဆုံး ခရီးစဉ် ဖြစ်လာ မှာပါ။ ၁၉၈၅ ကနေ ၁၉၈၆ အထိတုန်းက ဒေါ် အောင်ဆန်းစုကြည်ဟာ ကျိုတိုတက္ကသိုလ်မှာ သုတေသီအဖြစ် လုပ်ဆောင်ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း တက္ကသိုလ်များမှာ မိန့်ခွန်းပြောတာတွေ၊ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာတွေ၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး အပါအဝင် ဂျပန် နိုင်ငံရေး ခေါင်းဆောင်များနဲ့ တွေ့ဆုံတာတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။

Credit : http://blog.irrawaddy.org/2013/04/blog-post_7242.html

ကရင်ပြည်နယ် NLD ပါတီ ဥက္ကဌ နန်းခင်ထွေးမြင့် ဘုရားသုံးဆူ မြို့ရှိ ပါတီဝင်များကိုသွားရောက်တွေ့ဆုံ

ကရင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ နန်းခင်ထွေးမြင့်သည် ဘုရားသုံးဆူ မြို့ရှိပါတီဝင်များကို ယမန်နေ့ ဧပြီလ ၂ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကာဆွေးနွေးပွဲ တရပ် ပြုလုပ် ခဲ့သည်ဟုသိရသည်။

လွန်ခဲ့သောမတ်လ ၁၀ ရက်နေ့ ကရန်ကုန်မြို့တွင်ပြုလုပ်သော NLD ပါတီညီလာခံနှင့် ပတ်သက်ပြီး အခြေ အနေ များကိုအောက်ခြေမြို့ နယ်ရှိ ပါတီဝင်များ သိမြင်နား လည်စေရန် ရည်ရွယ်ပြီး ဘုရား သုံးဆူမြို့ တွင်ပါတီ ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ် သည် ဟု NLD ဗဟိုကော်မတီဝင် လည်းဖြစ် ကရင်ပြည်နယ် NLD ပါတီဥက္ကဌလည်းဖြစ်သူ နန်းခင်ထွေးမြင့်က ကေအိုင်စီကိုယနေ့ တွင် ပြော သည်။

“ရန်ကုန်မှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် NLD ညီလာခံမှာဒီက ကိုယ်စားလှယ် အဖြစ် တက်ရောက်နိုင် ခဲ့ခြင်း မရှိဘူးလေ။ အဲဒါကြောင့်ညီလာခံက အကြောင်းအရာတွေကို သူတို့ကိုသိစေချင် တယ်။ နောက်ပြီးတော့ ဗဟိုကနေအောက်ခြေ အထိပြည်သူလူထုတွေနဲ့ ရင်းနှီးအောင်၊ပိုပြီးနားလည်မှု ရှိလာ အောင်ရည်ရွယ် လုပ်တာပါ” ဟုနန်းခင်ထွေးမြင့် က ပြောသည်။

ဘုရားသုံးဆူမြို့အမှတ်(၁)ရပ်ကွက်ရှိ NLDရုံးတွင်မနက်၇နာရီမှ စတင်ကျင်းပခဲ့သောအဆိုပါ အခမ်း အနားတွင် NLD ပါတီဝင်များအပါအဝင် မွန်ပြည်နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှင့် ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီမှ ကိုယ်စားလှယ်များစုစုပေါင်း၁၅၀ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါအခမ်း အနားတွင်ဒေါ်နန်းခင်ထွေးမြင့်မှ ပါတီ၏လုပ်ငန်းစဉ်များအကြောင်းကို ပါတီဝင်များ နှင့်အတူအပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြသည့်အပြင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်မှ လွှတ်တော်ဆိုင် ရာအကြောင်းအရာများနှင့် သိသင့်သိထိုက်သည်များကို ဆွေးနွေး ခဲ့ကြပြီးအခမ်းအနားကို မနက်၁၀နာရီတွင် ရုပ်သိမ်းလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့်မြန်မာပြည် အနယ်နယ်အရပ်ရပ် တွင် လူမှုရေးအကျိုးပြု၊ ပညာရေးအထောက်အကူပြုအခမဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ရာ ဘုရားသုံးဆူမြို့ တွင်လည်းအဆိုပါသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ဟု သိရ သည်။မြန် မာတစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပါတီ ၀င်အင်အားမှာ ၁၃သိန်းကျော်ရှိပြီး နယ်စပ်မြို့တစ်ခုဖြစ်သော ဘုရားသုံးဆူမြို့နယ်တွင် ပါတီဝင်အရေ အတွက်၃၀၀ကျော်ခန့်ရှိသည်ဟု သိရသည်။

Credit : Here

မြန်မာ နိုင်ငံတွင် အောင်မြင်လျက်ရှိသည့် ၉၆၉ အပေါ် ဆရာတော် များ၏သုံးသပ်ချက်


မိတ္ထီလာအပါအဝင် လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများမှာ ၉၆၉ နှင့် ပတ်သက်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူ၊ ဓမ္မစကူးလ်ဖောင်ဒေး ရှင်း၏ အတွင်းရေးမှူး ဆရာတော် အရှင်ကုသလသာမိ၊ ပဲခူးမြို့ အောင်ဇေယျာ စာသင် တိုက် ကျောင်း ထိုင်ဆရာတော် ဦးသာသနသိရီတို့နှင့် တွေ့ဆုံကာ ၉၆၉ ပေါ်ပေါက်လာပုံနှင့် ၉၆၉ အပေါ် ဆရာတော်ကြီး များ၏ အမြင်ကို တွေ့ဆုံမေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။


ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံခြင်း

Voice ။ ။ အခုဖြစ်နေတဲ့ ပဋိပက္ခ တွေ မှာ ၉၆၉ နဲ့ ပတ်သက်မှုရှိတယ် လို့ တချို့သော သူတွေက သံသယဖြစ်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လို မှတ် ချက်ပေး ချင်ပါသလဲ။

ဆရာတော် ။ ။ ၉၆၉ က ဘုရားဂုဏ်တော် ကိုးပါး၊ ဓမ္မဂုဏ်တော်ခြောက်ပါး၊ သံဃာ ဂုဏ်တော်ကိုးပါး ရတနာ သုံးပါးကို ရည်ရွယ် ပြီးတော့ သင်္ကေတေပြုထားတာ။

အဓိကရုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ မိတ္ထီလာ မြို့ကို ၉၆၉ လှည့်လည်ဟောပြောတဲ့အဖွဲ့ တစ်ဖွဲ့မှ ရောက် မလာဘူး။ ၉၆၉ လည်း တစ်ရွက်မှ မရောက်ဘူး။ ၉၆၉ အဖွဲ့ ရောက်တဲ့ နေရာတိုင်းမှာ ဘာအဓိကရုဏ်းမှ မဖြစ်ဘူး။ မန္တလေးဆိုရင် မောင်တော အဓိကရုဏ်း ကတည်းကိုက သွေးကြွနေတဲ့ သူတွေ၊ နိုင်ငံရေး သမားတွေ ပါတယ်။ ဦးပဉ္စင်းဆီကို လာကြတယ်။ ဒါပေမဲ့ ဦးပဉ္စင်း ထိန်းနိုင်ခဲ့တယ်။

မိတ္ထီလာမှာဖြစ်တယ်၊ မန္တလေးမှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ပေါက်ဖွားရာနေရာ မော်လမြိုင်မှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ကူးစက် သွားတဲ့ သံတွဲဘာမှမဖြစ်ဘူး။ အခြားမြို့နယ်တွေမှာပါ ဘာမှမဖြစ်ဘူး။ ပဲခူးမှာ ပဋိပက္ခဖြစ်နေ တဲ့ နေရာတွေဆိုရင်လည်း ၉၆၉ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ မရောက်ဘူး။ လုံးဝအချိတ် အဆက် မရှိဘူး။ အဆက်အသွယ် လုံးဝမရှိဘူး။ ၉၆၉ ဥပဒေ ကိုသာ လိုက်နာမယ်ဆိုရင် ဘာအဓိကရုဏ်း မှ မဖြစ်ဘူး။ ဦးပဉ္စင်း ရဲရဲ အာမခံရဲတယ်။

၉၆၉ ကို တရားခံအဖြစ် လုပ်နေတာဟာ လူကို မဖော်ထုတ်နိုင်လို့ အပြစ် မရှိတဲ့သူကို ထုထောင်းပြီး တရားခံပါလို့ အတင်းဝန်ခံ ခိုင်းသလိုမျိုး ဖြစ်နေတယ်။ အခုလည်း မိတ္ထီလာပဋိပက္ခမှာ တကယ်အပြစ်ရှိတဲ့ သူကို မဖော်ထုတ်နိုင်တဲ့အခါ အပြစ်မရှိတဲ့ ၉၆၉ကို ထုထောင်း ရိုက်နှက်နေတယ်လို့ ခံစားမိပါတယ်။

Voice ။ ။ တချို့ကလည်း ၉၆၉ က ၇၈၆ ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်တယ်လို့ လည်း သတင်းတွေထွက်နေ တယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါလဲဘုရား။

ဆရာတော်။ ။ ၇၈၆ ကို တုပြီးပေါ်လာတဲ့ ဂဏန်းသုံးလုံးပါ။ ကိန်းဂဏန်းအားဖြင့် တော့ ၇၈၆ က သာတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ အခုလုပ်နေတဲ့ မူဝါဒတွေ၊ ဟောပြောနေတာ တွေက ဦးပဉ္စင်းတို့မှာ ကိုယ်ပိုင် အိုင်ဒီယာ ဘာမှမရှိဘူး။ မွတ်ဆလင်တွေ လုပ်တဲ့အတိုင်းပဲ လိုက်လုပ်နေရတာ။ ပြောရမယ်ဆိုရင် ခံစစ်နဲ့ လုပ်နေရ တာ၊ တိုက် စစ်တစ်ခုမှ လုပ်တာမရှိသေးဘူး။ သူတို့က သူတို့ဆိုင်အချင်းချင်း ဈေးဝယ် ရမယ်လို့ ကန့်သတ် လို့ ဦးပဉ္စင်းတို့ကလည်း ကိုယ့်လူမျိုးဆိုင်ကပဲ ဝယ်ရမယ်လို့ ကန့်သတ်တာ။ သူတို့က ၇၈၆ လုပ်လို့ ဦးပဉ္စင်းတို့က ၉၆၉ လုပ်တာ။

ဒါပေမဲ့ အကုန်လုံး မတုပနိုင်သေးဘူး။ ဥပမာ - မွတ်ဆလင်ကို ညားရင် သူတို့ဘာသာကို ဝင်ရတယ်။ ဦးပဉ္စင်းတို့ ကျတော့ အဲဒီလို မကျင့်သုံးရဲဘူး။ အဲဒါကြောင့် ဦးပဉ္စင်းတို့ လုပ်နေတာက ၇၈၆ နည်းဗျူ ဟာတွေပါ။

Voice ။ ။ ၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဆက်လုပ်ဖို့ရှိပါသလား။ သို့မဟုတ် ရုပ်သိမ်းဖို့ ရှိပါသလား။

ဆရာတော် ။ ။ ရတနာသုံးပါးရဲ့ သင်္ကေတ ကို ဦးပဉ္စင်းတို့လူမျိုး တည်ရှိနေသရွေ့ သုံးစွဲသွားမှာပါ။ အသက် ထက်ဆုံး ဦးထိပ်ထားပြီးတော့ သုံးစွဲသွားမှာပါ။ ၉၆၉ လှုပ်ရှားမှုကတော့ ဦးပဉ္စင်းတို့က အမြဲတမ်း ဆက်လုပ်နေရမှာပဲ။

၇၈၆ ကို တိတိကျကျ ထုတ်ပြန်ပြီးတော့ ၇၈၆ က ၂၁ ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တာ မဟုတ်ဘူး လို့ တရားဝင် ကြေညာပေးရင် ၉၆၉ လှုပ်ရှားမှုကိုလည်း ရပ်တန့်မယ်။ ၉၆၉ ကြောင့် ဖြစ်တာ မဟုတ်ဘဲနဲ့ ၉၆၉ ကို ရုပ်သိမ်းပေးရမယ်ဆိုတာ လုံးဝသဘာဝ မကျဘူး။

Voice ။ ။ ၉၆၉ ကြောင့် ပဋိပက္ခ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆရာတော်တို့အနေနဲ့ ဘယ်လိုလုပ်ဖို့ရှိပါသလဲ။

ဆရာတော် ။ ။ ၉၆၉ ကြောင့် ဖြစ်တယ် ဆိုရင်တော့ ဦးပဉ္စင်းကိုယ်တိုင် အရေးယူ သွားမယ်။ ၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်။ မိတ္ထီလာမှာ အဓိကရုဏ်း စဖြစ်တယ်။ ဒါပေမဲ့ ၉၆၉ တစ်ရွက်မှ မရောက်ဘူး။

ဦးပဉ္စင်းတို့ ဖြန့်ခဲ့တာက Save Our Country, Save Our Future ဒါပဲ ဖြန့်ခဲ့ တယ်။ မိတ္ထီလာမှာ ဖြစ်ခဲ့တာနဲ့ ဘာဆိုင်လဲ။ ၉၆၉ ကို တရားခံလို့ ဖော်ထုတ်နိုင်ရင် ၉၆၉ ကို ဒီနေ့ ရပ်တန့်ပေးပါ့မယ်။

Voice ။ ။ ၉၆၉ ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး ပေါ်ပေါက်လာတာလဲဆိုတာ ရှင်းပြပေးပါဘုရား။

ဆရာတော် ။ ။ ၉၆၉ စတင်တီထွင်တဲ့ သူကတော့ နဖလ ဦးကျော်လွင်ပါ။ သာသနာထွန်း ကား ပြန့်ပွားရေး မှာ ညွှန်ချုပ် အဆင့်အထိ လုပ်ခဲ့ပါတယ်။ ဘာသာရေး စာရေးဆရာ ပါ။ ရှေ့နေ လည်း ရှေ့နေပါ။ သူဘယ်တုန်းက တီထွင်တယ် ဆိုတာ မသိပေမယ့် သူရေးထားတဲ့ စာအုပ် မှာတော့ စပြီးဖော်ပြတာက ၁၉၉၈ ခုနှစ်ပါ။

အဲဒါကို သဘောကျလို့ ဦးပဉ္စင်း အသုံး ပြုခဲ့တာကတော့ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်မှာ ၉၆၉ သင်္ကေတလေးတွေကို ဦးပဉ္စင်းကစပြီး တီထွင်တာ။ အဲဒီတုန်းက စတစ်ကာ ခေတ်မစားသေးတဲ့အတွက် သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ အခု စတင်သုံးစွဲတာကတော့ သီတင်းကျွတ် လောက်က ဖြစ်တယ်။

မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက်က လိုဂိုနဲ့ စတစ်ကာကို တီထွင်လို့ ကျယ်ပြန့်သွားတာ။ ဒါပေမဲ့ ဦးပဉ္စင်းက တစ်ရွက်မှ မဖြန့်ရသေးဘူး။ ရည်ရွယ်ချက်က ကိုယ့်လူမျိုး ကိုယ့်ဘာသာ အချင်းချင်း စီးပွားရေး၊ လူမှုရေး အားပေးဖို့ပါ။

ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီ နှင့် တွေ့ဆုံခြင်း

Voice ။ ။ ၉၆၉ ဆိုတဲ့ ဝေါဟာရတွေ အတော်လေး ခေတ်စားလာတာ တွေ့ရပါတယ်ဘုရား။ ၉၆၉ နဲ့ ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို သိပါရစေ။

ဆရာတော် ။ ။ ၉၆၉ ဆိုတာ ခုမှ စသုံးတာတော့ မဟုတ်ဘူး။ နှစ်ဖက်လှ ဦးကျော်လွင် ဆိုတာ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ သင်္ကေတ အနေနဲ့ သတ်မှတ်ဖို့ ပြောခဲ့ဖူးတယ်။ ဗုဒ္ဓ ဘာသာက ဘုရား၊ တရား၊ သံဃာကို ဦးထိပ် ထားတာကိုး။ ဦးထိပ်ထားတယ် ဆိုတဲ့နေရာ မှာ ဂုဏ်တော်ကို ဦးထိပ်ထားစေချင်လို့ ၉၆၉ လို့ ပြောခဲ့တာ။ ဦးကျော်လွင်က လမ်းညွှန်တဲ့သဘော၊ အကြံပြုတဲ့သဘော အနေနဲ့ပဲ ရေးခဲ့တာ။

၉၆၉ ဆိုတာကို ခုတုံး လုပ်တာမဟုတ်ဘဲ ဦးထိပ်ရွက်တဲ့သဘော ဆိုရင် လက်ခံပါတယ်။ ခုတုံးလုပ်တယ်၊ အုပ်စုဖွဲ့တဲ့ သဘောဆိုရင် မကောင်းပါ ဘူး။ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ဖို့ပြောခဲ့တာတော့ မဟုတ်ပါဘူး။

Voice ။ ။ တရားတစ်ပုဒ် ဟောတယ် ဆိုတာ ဟောတဲ့ပုဂ္ဂိုလ်အပေါ်မှာ ဘယ်လောက် တာဝန်ကြီး ပါသလဲဘုရား။

ဆရာတော် ။ ။ ဦးပဉ္စင်းတို့ဘုရားက တရားတွေဟောခဲ့တယ် ဆိုတာ ကောင်းစေချင်လို့ ကောင်းတာတွေကိုပဲ ဦးတည်ဟောခဲ့တာ။ ကောင်းတာတွေပဲ လမ်းညွှန်ခဲ့တာ။ ကောင်းတာတွေကို ဖော်ထုတ်ပြီး လိုက်နာ ကြမယ်ဆိုရင် နားထောင်တဲ့ပုဂ္ဂိုလ်အတွက် ကျေနပ်စရာတွေဖြစ်စေတယ်။ စိုးရိမ်စရာ ပူပန်စရာတွေ ငြိမ်းစေရမယ်။ အဆင်ပြေမှု တွေနဲ့ ကြုံတွေ့စေရမယ်။

ဘုရားကို စံထားပြီးတော့ ကောင်းတာတွေပြောမယ်။ ကောင်းတာတွေ ဟောမယ်ဆိုရင် ကောင်းတာပေါ့။ ဟောတဲ့ တရားတစ်ပုဒ်ဟာ နာကြားလိုက်ရလို့ ပီတိ ဖြစ်တယ်၊ စိတ်ကြည်နူးတယ်၊ နှစ်သက်စရာ၊ ကျေနပ်စရာတွေ ဖြစ်သွားတယ်ဆိုရင် ကောင်းတာပေါ့။ တရားဟောတာ ဟုတ် မဟုတ် ဆိုတာကို ဒါနဲ့ပဲ စစ်တမ်းထုတ်ရမယ်။

စကားပြောတာကတော့ ဘယ်လိုပြောပြော ဖြစ်ပေမယ့် တရားဟောတာကတော့ ဘုရားရဲ့နည်းအတိုင်းပဲ ကျင့်ကြံဟောပြနိုင်ရမယ်။ တရားဆိုတာ စိတ်ကြည်နူး စေရမယ်၊ ကောင်းတဲ့ဘက်ကို လမ်းညွှန် နိုင်ရမယ်။ စိုးရိမ်ပူပန်စရာတွေ ကင်းရမယ်။ ထိတ်လန့်ကြောက်ရွံ့မှုတွေ မဖြစ်ပေါ် စေရဘူး။ ဗုဒ္ဓဝင်ပါဠိတော်မှာလည်း ဘုရားက ဒီအတိုင်းဟောခဲ့ပါတယ်။

အရှင်ကုသလသာမိနှင့် တွေ့ဆုံခြင်း

Voice ။ ။ အခုအချိန်မှာ လူတွေကြားထဲ ၉၆၉ ဘာလဲဘယ်လဲဆိုပြီး သို့လော သို့လော ဖြစ်နေကြတဲ့အတွက် ၉၆၉ အကြောင်း အများနားလည်အောင် မိန့်ပါဘုရား။

ဆရာတော် ။ ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် ကို ကိုယ်စားပြုပါတယ်။ တခြားဘာသာ တွေမှာ အမှတ်တံဆိပ်တွေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိသင့်တယ်ဆိုပြီး လုပ်ကြတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာတိုင်းဟာ ၉၆၉ ကို တန်ဖိုးထားရမယ်။ ၉၆၉ ဆိုတာ ဂိုဏ်းလည်းမဟုတ်ဘူး။

အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာတွေ အားလုံးလည်း နားလည်သင့်တာက ၉၆၉ သည် ဂိုဏ်းဂဏမဟုတ်၊ အဖွဲ့အစည်း မဟုတ်၊ အဲ့ဒီလိုသိထားရမယ်။ တချို့က အဖွဲ့အစည်းတစ်ခုလို့ ထင်နေ တယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအားလုံးသည် ၉၆၉ တွေပဲဆိုတဲ့ သဘောလေးကို သိစေချင် တယ်။

Voice ။ ။ ၉၆၉ လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲဘုရား။

ဆရာတော် ။ ။ အဓိကရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ပိုင်းမှာ စည်းလုံးမှု အားနည်းလာတယ်။ အဲ့ဒါကြောင့် အချင်းချင်းစည်းလုံးမှုရှိအောင် လူမှုရေး၊စီးပွားရေး မှာ ကူညီရိုင်း ပင်းနိုင်အောင် ၉၆၉ ဆိုတဲ့တံဆိပ်ကို ဆိုင်တိုင်းနေရာတိုင်းမှာ ကပ်ကြဖို့ပြောတာ။ ၉၆၉ ဆို တာ မြင် လိုက်တာနဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ကို ချက်ချင်းအောက်မေ့ပြီး ကုသိုလ် စိတ် တွေဖြစ်အောင် ပါ။

Voice ။ ။ ၉၆၉ ကို ဘယ် အချိန်မှာ ဘယ်သူတွေက စခဲ့တယ်ဆိုတာ သိလိုပါတယ်။

ဆရာတော် ။ ။ ၉၆၉ ဘယ်အချိန်မှာ ဘယ်သူတွေက စခဲ့တာ အတိအကျပြောဖို့ တော့ ခက်တယ်။ သိသလောက် ဆိုရင်တော့ ၉၆၉ ကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ အမှတ်တံဆိပ် လုပ်သင့်တယ်လို့ ပြောကြတာတွေရှိတယ်။

ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပေမယ့် ၉၆၉ ကို ကားတွေ၊ အိမ်တွေမှာ ရေးကြတာ တွေ့ရတယ်။ ဒီဘက်ခေတ်မှာ အခြေအနေအရ ဗုဒ္ဓဘာသာတွေဟာ ပိုမို စည်းလုံးဖို့ လိုအပ်တယ်လို့ ယူဆပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေက ၉၆၉ ကို တွင်တွင်ကျယ်ကျယ် ဟောပြောလာကြတယ်။ ဒါကြောင့် ၉၆၉ အမှတ်တံဆိပ်ဟာ လူသိများ လာတယ်လို့ ဆိုရမယ်။

Voice ။ ။ လတ်တလောပဋိပက္ခ တွေမှာ ၉၆၉ အဖွဲ့တွေရဲ့ ပယောဂကြောင့် လို့ ပြည်ပမီဒီယာတွေနဲ့ လူတွေအကြား ပျံ့နှံ့နေတဲ့အပေါ် အရှင်ဘုရား ဘာများ မိန့်ချင်ပါလဲဘုရား။

ဆရာတော် ။ ။ လတ်တလောဖြစ်ပျက် ခဲ့တာတွေမှာ ၉၆၉ ကြောင့်ဖြစ်သယောင် မီဒီယာအသုံးချ ဖန်တီး တာတွေဟာ တကယ်တော့ အဖြစ်အပျက်မှန်သမျှ ၉၆၉ နဲ့ လုံးဝ မဆိုင်ပါဘူး။ ပြည်ပမီဒီယာတွေကို အသုံး ချပြီးတော့ အကြမ်းဖက်ပါတယ်ဆိုပြီး မိတ္ထီလာ အဖြစ်အပျက်နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ အကြမ်း ဖက်မှုတွေကို နောက်ခံထား တိုက်ခိုက်နေကြတာပါ။

၉၆၉ လှုပ်ရှားမှုပေါ်လာတဲ့ အတွက်ကြောင့် တခြားအဖွဲ့အစည်းတွေက သူတို့စီးပွားရေး အဆင်မပြေ ဘူးဆိုပြီးတော့ ပြောကြတယ်။ အဲ့ဒါကြောင့်၉၆၉ ဟာ သူတို့ရဲ့ ရန်သူလို့ သတ်မှတ်ကြတယ်။ အဲ့တော့ ၉၆၉ နာမည်ပျက်အောင်၊ လူတွေ အကြည်ညိုမဲ့အောင် ပုံစံအမျိုးမျိုးနဲ့ လုပ်နေကြတာ။

Voice ။ ။ ၉၆၉ အပေါ် သံဃာ့အကြီးအကဲတွေရဲ့ သဘောထားက ဘယ်လိုရှိပါလဲဘုရား။

ဆရာတော် ။ ။ အကြီးအကဲဆရာတော် တွေရဲ့ သဘောထားကို တိုက်ရိုက် မလျှောက်ဖူးတဲ့ အတွက် သေချာမသိပါဘူး။ ဒါပေမဲ့ ပြောရဲပါတယ်။ ဗုဒ္ဓဘာသာဝင် တိုင်းဟာ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါး ဂုဏ်တော်တွေကို ကိုယ်စားပြုတဲ့ ဒီ ၉၆၉ ကိုသေသေချာချာသိရင် မလို လား ကန့်ကွက် တာတွေရှိမှာ မဟုတ်ပါဘူး။

Voice ။ ။ နိဂုံးချုပ်ဘာများ မိန့်ချင် ပါသလဲဘုရား။

ဆရာတော် ။ ။ ၉၆၉ ဟာ လတ်တလော ဖြစ်ပျက်တဲ့ ပဋိပက္ခတွေနဲ့ လုံးဝပတ်သက် ဆက်နွှယ်ခြင်းမရှိဘဲ ၉၆၉ ဟာ အဖွဲ့အစည်း ပုံစံတွေ၊ ဂိုဏ်းဂဏပုံစံတွေ၊ အကြမ်းဖက်မှု ပုံစံတွေဖြစ်နေတာ အားလုံးမှန်သမျှ ဟာ တစ်ဖက်အဖွဲ့အစည်းက မီဒီယာနဲ့ပေါင်းပြီး လုပ်ကြံတဲ့အတွက်ကြောင့် သာလျှင် ဒီလိုနာမည် ထွက်နေရတာဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။

Credit : Here

၂၀၁၃ ခုနှစ် နာမည်ကျော် အနုပညာရှင်များ ဖျော်ဖြေရေး မဏ္ဍပ်များ


မြန်မာ့နှစ်သစ်ကူး သင်္ကြန်တွင် ဂီတကိုချစ်မြတ်နိုးသူများ သွားရောက်ကြည့်ရှုနိုင်မည့် နာမည်ကျော် အနုပညာရှင်များရှိးရာ ဖျော်ဖြေရေး မဏ္ဍပ်များကို မေးမြန်း ဖော်ပြလိုက်ပါသည်။

Air Bagan မဏ္ဍပ်

မြန်မာနိုင်ငံ၏ နာမည်ကျော် ရောခ့်ဂီတအဖွဲ့၏ ဝိုင်းတော်သားများဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့က ပြည်လမ်းရှိ Air Bagan မဏ္ဍပ်တွင် အကြိုနေ့မှ အကြတ်နေ့ အထိ လေးရက်တိုင်တိုင် ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း ပုဂံ Entertainment မှ ဦးဝင်းမြင့်စိုးက ပြောကြားသည်။


My New April မဏ္ဍပ်


"မင်းလမ်း ရခိုင်မုန့်တီဆိုင် ရှေ့က My New April မဏ္ဍပ်မှာ နန်းဆုရယ်၊ အောင်လ၊ ဆိုတေး၊ ရတနာမိုင်တို့က ဖျော်ဖြေကြမှာပါ" ဟု တေးသံရှင်သရုပ်ဆောင် နန်းဆုရတီစိုးက The Voice သို့ ပြောကြားသည်။

Grand Royal မဏ္ဍပ်

လူငယ်ပရိသတ်ကြိုက် S.I.R ရောခ့်ဂီတအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သော Big Bag၊ Wanted၊ Idiots အဖွဲ့တို့က ကန်တော်ကြီး မျှော်စင်ကျွန်းရှိ Grand Royal မဏ္ဍပ်တွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း S.I.R အဖွဲ့၏ မန်နေဂျာ ကိုဒီမိုက The Voice သို့ ပြောဆိုသည်။

Alpine မဏ္ဍပ်

"ကျွန်တော်က ဒီနှစ်သင်္ကြန် ရန်ကုန်က Alpine မဏ္ဍပ်မှာ ရှိပါမယ်" ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ပြောကြားသည်။

Credit : Here

တိုင်းဖျက်ပြည်ဖျက် မျက်လုံးစိမ်းလူပျက်များ(၁)

မြန်မာ့ လူမှု အသိုင်း အဝိုင်းမှာ သူတစ်ပါး ဘာလုပ်လုပ် အကောင်း မမြင် အဆိုးမြင်ကြ သူများကို မျက်မှန်စိမ်း တပ်ထား သူများ အဖြစ် ခေါ်ဝေါ် သမုတ်ကြ ပါတယ်။ ဒီလို မျက်မှန် စိမ်း တပ်ထား သူတွေဟာ ဘယ် ပုဂ္ဂိုလ်၊ ဘယ် အဖွဲ့အစည်းက ဘယ်လောက် ပဲကောင်း တာလုပ်လုပ် အကောင်း မမြင်ကြဘဲ အဆိုးကို သာကြံ ဖန်ပြစ် တင်မြင်ကြလေ့ ရှိပါတယ်။ အချိန်အတိုင်းအတာတစ်ခု၊ အသိဉာဏ်တစ်ခု လောက်ရပြီး အမြင် မှန်ရလာ တဲ့အခါ မျက်မှန်စိမ်းကိုချွတ်ပြီး လောကကြီးကို ပုံမှန်အတိုင်းပြန်မြင် လာတတ်ကြ ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းတွေထဲမှာလည်း ဒီလိုမျက်မှန်စိမ်းတပ်ထားသူတွေ အများ အပြား ရှိနေကြ ပါတယ်။ အချို့ကလည်း အချိန်တန်လို့ အသိတရားရပြီး မျက်မှန်စိမ်းချွတ်ကာ မြန်မာ့ လူ့ဘောင် အဖွဲ့ အစည်း ကို အမှန်အတိုင်းသိမြင်လက်ခံလာကြပါတယ်။ အချို့ကျတော့လည်း အတ္တ၊ မာန်မာနစွဲတွေ၊ ပုံသေဓား ထစ် အယူ အဆတွေနဲ့ မြန်မာ့လူ့ဘောင်ကို အမှန်အတိုင်းမမြင်လိုကြလို့ မျက်မှန်စိမ်းကိုမချွတ်ဘဲ ဆက်လက် တပ်ဆင်ပြီး ဆက်လက်အပြစ်မြင်နေကြဆဲပါ။ ပိုဆိုး တာ ကတော့ မွေး ကတည်း က လောက ကြီးကို၊ မြန်မာ့လူမှုဝန်းကျင်ကို အဆိုးသက်သက်မြင်ဖို့ မွေးရာပါမျက်လုံးစိမ်း ပါရှိလာသူများပဲဖြစ်ပါတယ်။


ဒီလူတွေဟာ ခေတ်တွေဘယ်လောက်ပဲပြောင်းပြောင်း၊ စနစ်တွေဘယ်လိုပဲပြောင်းပြောင်း၊ တာဝန်ရှိ သူတွေ က ဘယ်လောက် ကြိုးစားဆောင်ရွက်နေပါစေ။ အကောင်းမမြင်ကြပါဘူး။ အဆိုး မြင်ကာ တာဝန်မဲ့ စွာနဲ့ နိုင်ငံတော် တည်ဆောက် တိုးတက်ရေးကို အဟန့်အတားဖြစ်အောင်၊ ပြည်သူတွေ ထင်ယောင် ထင်မှား ဖြစ်အောင် ပြစ်တင်ဝေဖန်ပြောဆိုနေကြရမှ စားဝင်အိပ်ပျော်သူတွေဖြစ်ပါတယ်။ အမြဲတမ်း အဆိုးမြင် တတ် တဲ့ သူတို့ရဲ့စိတ်အစဉ်ဟာလည်း အမြဲတမ်းပဲ အတွေးဆိုး၊ ဉာဏ်ဆိုးတွေသာ အမြဲဖြစ်ပေါ်ပြီး အောက်တန်း ကျသောအပြောအဆိုများကိုသာ အမြဲပြောဆိုတတ်ကြပါတယ်။ ပွင့် လင်း မြင် သာ မှု ရှိအောင်ကြိုးစားနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီလိုအတွေးဆိုး၊ အကြံဆိုးနဲ့ အောက်တန်း ကျ စွာပြော ဆိုတတ်သော လူများကို သာမန်ပြည်သူလူထုနဲ့မတူဘဲ တဖြည်းဖြည်း ထင်ထင် ရှားရှား တွေ့မြင် လာကြ ရပါတယ်။ သူတို့ကိုအဆိုးမြင်သူတွေလို့ ဘယ်သူကမှမစွပ်စွဲရပါပဲ ‘‘ကိုယ့်ကိုယ်ကို ဖော်မသူတော်’’ ဆိုတဲ့စကားအတိုင်း သူတို့ရဲ့အကျင့်စရိုက်၊ အပြောအဆိုတွေက ဇာတိပြလာလို့ သိလာရတာဖြစ်ပါတယ်။

ပွင့်လင်းမြင် သာစွာနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်နေချိန်မှာ သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ ကျန်းမာရေးကို ဂရုမ စိုက်နိုင်ဘဲ တိုင်းပြည်ပြေလည်ငြိမ်းချမ်းတိုးတက်အောင် မနားမနေဆောင်ရွက်နေရ ရှာတယ်။ ခေတ် အဆက် ဆက်က၊ အစိုးရအဆက်ဆက်က တင်ကျန်နေခဲ့တဲ့ ကြွေးမြီသန်းထောင်ပေါင်း များစွာကို သူ့သိ က္ခာနဲ့ လဲပြီး နိုင်ငံတကာလှည့်လည်အဆင်ပြေအောင် ညှိနှိုင်းပြီး သူသုံးစွဲခဲ့တာ မဟုတ်တဲ့ တိုင်းပြည်ကြွေး မြီတွေ ကို ရနိုင်သလောက်ကြေအောင်ချေနေပါတယ်။ ကိုယ်ကျိုးအတွက် မဟုတ် တဲ့ ငွေကြေး အကူအ ညီတွေကို နိုင်ငံတကာလှည့်လည်အောက်ကျခံပြီး အကူအညီတောင်းနေပါ တယ်။ တိုင်းပြည်အတွက် ရလည်း ရခဲ့ အဆင်ပြေခဲ့ပါတယ်။ ရှေးအဆက်ဆက်ဘယ်လူကြီးမှ ဒီလောက် အောက်ကျ ခံပြီးမတောင်း ခဲ့ပါဘူး။ ဒါကို ‘‘အရူးဘုံမြှောက်ချေးခြောက်ကောက်စား’’ နေသူငမိုက်သားများ က မြန်မာပြည် မှာနေ၊ မြန်မာရေ ကိုသောက်ပြီး ကိုယ့်နိုင်ငံရဲ့အထွဋ်အထိပ်သမ္မတကို ‘‘သူတောင်းစား’’ လို့ လူသိရှင်ကြား ပုတ်ခတ်စော် ကားပြက် လုံးထုတ်ပါတယ်။ နိုင်ငံတော်သမ္မတကို လူရွှင်တော်မိုးကျော် ထင်လို့ဆိုပြီး ဟာသလုပ်ပါတယ်။ သူတို့ရဲ့ပြက်လုံးကြောင့် သမ္မတကို ပြည်သူတွေက အကြည်ညို လျော့မသွားခဲ့ပါဘူး။ သူတို့ သာလျှင် အောက်ခြေလွတ်သော၊ အဆင့်အတန်းမရှိသော၊ လူပြက်(ခေါ်) လူရွှင်တော်မဟုတ်သော တိုင်းပြည် ဖျက်မယ့် ‘‘လူပျက်’’များဖြစ်တယ်လို့ ပြည်သူလူထုက ချက်ချင်း တုံ့ပြန်လာကြပါတယ်။ 

ဒီလူပျက်တွေဟာ အရင်ခေတ်ဟောင်း၊ စနစ်ဟောင်းနဲ့ အခုပြုပြင်ပြောင်း လဲနေတဲ့ ခေတ်ကြီး ကို လေနဲ့ဝမ်းမကွဲသလိုပဲ ဘာပြုပြင်ပြောင်းလဲမှုကိုမှ အကောင်းမမြင်ကြပါဘူး။ ခေတ်စနစ်ကိုပြုပြင် တည့် မတ်ပေး လိုသော စိတ်ရင်းစေတနာကောင်းစိုးစဉ်းမျှမရှိဘဲ စင်ပေါ်တက်ရ၊ ပြောခွင့်ရတဲ့အခိုက်မှာ တာဝန်ရှိ လူပုဂ္ဂိုလ်တွေ ကို နာမည်အတိအကျနဲ့ ပုတ်ခတ်တိုက်ခိုက်စော်ကားမှုများသာ ပြုလုပ်တတ်ကြ ပါတယ်။ နိုင်ငံတော် သီချင်းဟာ နိုင်ငံတော်ရဲ့ အထွတ် အမြတ်ဖြစ်ပြီး ပြက်ရယ် မပြုရဘူး ဆိုတာ နိုင်ငံသား တိုင်းသိ ထားပါတယ်။ မူလ တန်းကျောင်း သားလေးတွေကအစ တပ်မတော်သားတွေ အထိ နိုင်ငံတော် သီချင်းသီဆို တဲ့အခါ မတ်တတ် ရပ်ငြိမ် သက်စွာနဲ့ မျိုးချစ်စိတ်အပြည့်နဲ့ လှိုက်လှိုက်လှဲလှဲသီဆို ရတဲ့ သီချင်းမျိုးဖြစ်ပါတယ်။ လူပျက်များ ကတော့ ကိုယ့်နိုင်ငံတော်သီချင်းကို တန်ဖိုးမထားဘဲ အိမ်သာ ထဲမှာ သီဆိုတဲ့ပုံ ယုတ်မာရိုင်း စိုင်းစွာ ပြက်လုံးထုတ်တတ်ကြပါတယ်။ ဒီလူတွေဟာ ဘယ်တော့မှ အကောင်းမြင် မှာမဟုတ် တဲ့ မွေးရာပါမျက်လုံးစိမ်းပိုင်ရှင်တွေပါပဲ။

နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်ဟာမရှိမဖြစ်ရှိရမယ့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါ တယ်။ တိုင်းပြည်ကိုအင်အားမရှိစေချင်တဲ့ အဖွဲ့အစည်းတွေက ‘‘တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည်’’ ဆိုတာကို လက်မခံချင်ကြပါဘူး။ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့မိန့်ခွန်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်က လွန်ခဲ့တဲ့နှစ် ၇၀ ကျော်က ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းထား တဲ့အ တိုင်း နိုင်ငံတော် ကာကွယ်ရေးအတွက် အင်အားတောင့်တင်းတဲ့တပ်မတော်ဖြစ်အောင် လုပ်ရမယ် ဆိုပြီး အထောက် အထား နဲ့ပြောကြား သွားတာကို ပြည်သူအများကအားရကျေနပ်လက်ခံကြပေမယ့် မျက်လုံး စိမ်းပိုင် ရှင်လူ ပျက်များကတော့ တစ်မျိုးအသွင်နဲ့ အဆိုးမြင်ခဲ့ကြပါတယ်။ တပ်မတော်အင်အား အစိတ် အပိုင်း အချို့ကို ပွင့်လင်းမြင်သာစွာထုတ်ဖော်ပြသတဲ့အခါ နိုင်ငံငြိမ်းချမ်းရေးတည်ဆောက်နေချိန် မှာ ဒီလို လက်နက်တွေ ထုတ် မပြသင့် ဘူးလို့ သက်ကျားအိုလူပျက်များက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဒီလက် နက်တွေ ဟာ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ပဋိပက္ခမှာထုတ်သုံးဖို့မဟုတ်ဘူး။ နိုင်ငံတော် ကာကွယ်ရေး အတွက် အသင့်ပြင်ထားတဲ့ လက်နက်တွေဖြစ်တယ်ဆိုတာ လူပြိန်းတောင်သိနိုင်တဲ့ကိစ္စ တွေဖြစ်ပါတယ်။ သို့သော် လည်း ဒီလူပျက်များက နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား ယုန် ထင်ကြောင်ထင် သံသယ ၀င်အောင် ပြောဆိုဝေဖန်ခဲ့ကြပါတယ်။ 

Credit : Here

အစိုးရနဲ့ KIO တို့ တွေ့ဆုံပွဲကို ကုလကိုယ်စားလှယ်ပါ တက်ရောက်မယ်

မြန်မာအစိုးရနဲ့ ကချင်ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုအတွင်း တွေ့ရစဉ်
(ဓာတ်ပုံ-လှမောင်ရွှေ)

ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ ငြိမ်း ချမ်းရေး ဆွေးနွေး ပွဲ တွေကို မြန်မာနိုင်ငံတွင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်ကြမယ်မှာဖြစ်ပြီး ကုလ သမဂ္ဂ ကိုယ်စား လှယ် ပါ တက်ရောက် မယ်လို့ သိရပါတယ်။

KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တွေကြား မြန်မာနိုင်ငံတွင်းမှာ ပထမဆုံး အ ကြိမ် တွေ့ ဆုံ မယ့် ဆွေးနွေး ပွဲကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းက မဂျွယ်ခန်းမမှာ ပြုလုပ်ဖို့ရှိပြီး ကြိုတင် ပြင်ဆင်မှု ပြုလုပ်နေ တယ် လို့ သိရပါတယ်။


ဒီဆွေးနွေးပွဲဟာ KIO ဘက်က ဦးဆွန်လွတ်ဂမ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်မယ်လို့ သိရပြီး အစိုးရဘက်က ဦးအောင်မင်း ခေါင်းဆောင် တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၊ မြောက်ပိုင်းတိုင်းတိုင်းမှူးနဲ့ ကချင်ပြည် နယ် ၀န်ကြီး ချုပ်တို့ လည်း တက်ရောက်မှာဖြစ်တယ် လို့ ပြောပါတယ်။ ဒီဆွေးနွေးပွဲကို လေ့လာသူအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားလည်း တက်ရောက် မှာဖြစ်သလို UNFC အဖွဲ့ ၀င်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ လည်း တက်ရောက် မှာဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးတော် ဆောင်တဦးဖြစ်တဲ့ ဦးခွန်ဂျာက အခုလိုပြောပါ တယ်။

တွေ့ဆုံဆွေးနွေးပွဲအတွက် ဆိုပြီးတော့ ဒီလ ၆ရက်နေ့ပေါ့ စနေနေ့ပေါ့ ဒီမှာတွေ့ဆုံဖို့အတွက် ဆိုပြီးတော့ ပြောထား တာရှိတယ်ဗျ၊ ကချင်ပြည်အစိုးရနဲ့ ကျနော်တို့ ပြည်သူတွေနဲ့ ၆ရက်နေ့ဆွေးနွေး ပွဲအ တွက် ကျနော် တို့ ဒီမှာ အခမ်းအနားအပြင်အဆင်တွေတော့ အားလုံးတော့ ပြင် ထားပြီးပါပြီ ဗျ၊ မြစ်ကြီး နား၊ စီတာပူမနောကွင်း မဂျွယ်ခန်းမဆောင်မှာဗျ။

ဆွေးနွေးပွဲကို တက်ရောက်လာမဲ့ KIO ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေ သွားလာရေးနဲ့ ပတ်သက်ပြီး UN ဘက် က တာဝန်ယူဆောင်ရွက်ပေးတာဖြစ်ပြီး မစ္စတာနမ်ဘီးယားနဲ့ အဖွဲ့ဟာ ဧပြီလ ၅ရက်နေ့ မှာ မြစ်ကြီး နားကို ရောက်ရှိမှာဖြစ်တယ်လို့ ပြောပါတယ်။ ဆွေးနွေးမဲ့ အကြောင်းအရာတွေကို အတိအ ကျမသိရသေးပေမဲ့ တရုတ်နိုင်ငံရွှေလီမြို့မှာဆွေးနွေးခဲ့တဲ့အထဲက မပြီးပြတ်သေးတဲ့ စစ်ရေးနဲ့ ပတ်သက်ပြီး အဓိကထားဆွေးနွေးသွားမဲ့အကြောင်း ဦးခွန်ဂျာပြောပါတယ်။

ကျနော်တို့ အတိ အကျ မသိရသေး ဘူးဗျ၊ ဒါဟာစစ်ရေးနဲ့ ပတ်သက်ပြီးမှပဲ အဓိက ဆွေးနွေးမယ် လို့ပဲ ကျနော်တို့ ဒီလိုပဲ ထင် တယ်ဗျ၊ ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့အတွက်ဆိုတဲ့သဘောလောက်ပဲ သူတို့ဆွေးနွေး သွားလို့ ထင်တယ်ဗျ။

KIOနဲ့ အစိုးရကြားတွေ့ဆုံဆွေးနွေးတာဟာ ၁၀ကြိမ်ကျော်သွားပြီဖြစ်ပေမဲ့ နှစ်ဘက်ကြားမှာ ယုံကြည်မှုအား နည်းနေတဲ့အနေအထားတွေရှိနေတဲ့အတွက် ဒီတကြိမ်ဆွေးနွေးမှုကနေ ယုံကြည်မှုတည်ဆောက်နိုင်ပြီး ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ဒေသခံပြည်သူတွေက မျှော်လင့်နေတယ်လို့လည်း ဦးခွန်ဂျာက ပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

Credit : Here

ဧက ၅၀ အကျယ်အ၀န်းရှိမည့် Solar System ဖြင့် စစ်တွေကို လျှပ်စစ်မီး ပေးဝေမည့် စီမံကိန်း များမကြာမီ စတင်မည်

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဆိုလာ စနစ် ( Solar System) ဖြင့် လျှပ်စစ်မီး ပေးဝေနိုင်ရေး အတွက် မြေ နေရာ ဧက ၅၀ ခန့် လိုအပ်နေရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မြေနေရာ ရရှိရေးကို စီစဉ် ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိသည်။

“ နေရာ သတ်မှတ်နိုင်ရေး အတွက် မြေနေရာကို လိုက်ရှာနေတဲ့ နေရာမှာ မနေ့ကတော့ ယခင် သချိုင်္င်း ဟောင်း အာကျိတ်တောင်ကုန်းကို သွားကြည့်ပါတယ်။ အဲဒီနေရာက အကောင်း ဆုံး ဖြစ်မယ်လို့တော့ အားလုံးက ယူဆနေကြပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြ ကျော် က ပြောသည်။


အဆိုပါ စီမံကိန်းကို အမေရိကန် အကူအညီဖြင့် ပြည်တွင်း ကုမ္ပဏီ တစ်ခုက တည်ဆောက်သွားမည်ဟု ဆိုသည်။

“ မြေနေရာကို လိုက်ရှာနေတာ ကြာနေပါပြီ။ အခုတော့ အာကျိတ်တောင်ကုန်းမှာ တည်ဆောက် ဖြစ်ဖို့များတယ်။ အဲဒီ နေရာကို နောက်တစ်ရက် နှစ်ရက်ကြာရင် သတ်မှတ်မယ်။ ပီးရင် စီမံကိန်းကို စတင် အကောင်အထည်ဖေါ်မှာ ဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။

စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ထိ အသုံးပြုမည် ဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောကြားသည်။

သို့သော်လည်း အဆိုပါ ငွေပမဏ အပေါ် နိရဉ္စရာက အတည်ပြုနိုင်ခြင်း မရှိသေးပါ။

Ref: နိရဉ္စရာ

သစ်ခွလိုချင်လို့သစ်ပင်ခုတ်လှဲနေကြတဲ့သတင်းအရသစ်ခွတရားမ၀င်ဝယ်ယူရောင်းချသူ ၂ ဦးကိုဖမ်းမိ


စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်သို ပင်လည်ဘူးနယ်တွင် ဒေသ ခံများမှသစ်ခွပန်းအလေ့ကျပေါက် သည့်သစ်ပင်ကြီးများကို မဆင် မခြင် ချိန်သော့များဖြင့်ခုတ်လှဲရ ယူပြီး သစ်ခွန်းဝယ်ယူသည့် ကုန် သည် အချို့ထံသို့ရောင်းချ၍ ကုန် သည်အချို့မှ မန္တလေးသို့ပို့ဆောင် ပြီး မန္တလေးမှတရုတ်ပြည်ဘက် သို့ တင်ပို့ ရောင်းချနေကြောင်း သတင်းအရ ကသာခရိုင်သစ်တော ဦးစီးဌာနမှ ၀န်သို၊ပင်လည်ဘူးမြို့ ရှိ တရားမ၀င် သစ်ခွဝယ်ယူရောင်း ချသူ(၂)ဦးကို စုံစမ်းဖော်ထုတ်ဖမ်း ဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။

ကသာခရိုင် သစ်တော်ဦးစီး ဌာနမှလက်ထောက်ညွှန်ကြားရေး မှူး ဦးခင်မောင်ဝင်းအဖွဲ့သည် မတ်(၁၃)က ပင်လည်ဘူးမြို့သို့ ရောက်ရှိပြီး တရားမ၀င်သစ်ခွဝယ် ယူရောင်းချသူများကို မြို့မှ—နယ် တာဝန်ခံ တောအုပ် ဦးရဲမြင့်၏ စုံစမ်းရရှိသည့်သတင်းများအရ သစ်တောဦးစီးအရာရှိ ဦးရွှေသန်း နှင့်သစ်တော ၀န်ထမ်းများ ရပ်ကွက် အုပ်ချုပ်ရေးမှူး အသိသက်သေ များနှင့်အတူ မြို့မ(၂)ရပ်ကွက်နေ ဦးစိန်မြင့် နေအိမ်သို့ဝင်ရောက်ရှာ ဖွေရာ ကျားမျက်လုံးသစ်ခွအခြောက် (၁၀၅.၇၅)ပိဿာ ဖမ်းဆီးရမိခဲ့ သည်။


အလားတူ မတ်(၃၀)ရက်တွင် ဦးခင်မောင်ဝင်းခေါင်းဆောင်သော အဖွဲ့သည် ၀န်သိုမြို့သို့ရောက်ရှိ ပြီး သစ်ခွများကို ၀ယ်ယူနေသည့် သတင်းနှင့်ပတ်သက်၍တောအုပ် ကြီးဦးဝေဖြိုး၏စုံစမ်းသတင်းအရ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်အောင်ကျော်နှင့်သစ်တော ၀န်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေး မှူး အသိသက်သေများနှင့်အတူ ဆီဆုံကုန်းရပ်ကွက်နေ ဦးရင်မောင် နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ကျား မျက်လုံး သစ်ခွအစို(၁၃၅) ပိဿာ၊ ဖယောင်းပန်းသစ်ခွအစို (၄၅)ပိဿာ၊ မန်းချိုချဉ်သစ်ခွအစို (၅၃)ပိဿာ၊ စုစုပေါင်း(၂၃၃)ပိဿာ တို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါသစ်ခွများကို ၀ယ်ယူ ထားရှိသူ၏ ထွက်ဆိုချက်အရ သစ်ခွများကို အမျိုးအစားအလိုက် ဈေးနှုန်း အမျိုးမျိုးဖြင့် ၀ယ်ယူလျက် ရှိရာ ကျားမျက်လုံးနှင့်ချိုချဉ်သစ်ခွ အစို(၁)ပိဿာလျှင်(၄၀၀)ကျပ်မှ (၅၀၀)ကျပ် အထိရှိပြီး အခြောက် (၁)ပိဿာကို (၁၅၀၀)မှ(၂၀၀၀) ကျပ်ထိလည်းကောင်း၊ဖယောင်း ပန်းသစ်ခွအစို(၁)ပိဿာကို (၄၀၀၀)မှ(၅၀၀၀)ကျပ်အထိ၊ ဖယောင်းပန်း သစ်ခွအခြောက် (၁)ပိဿာကို(၁၀၀၀၀)မှ(၁၅၀၀၀) ကျပ်အထိဝယ်ယူပြီး မန္တလေးသို့ မီးရထား/ထားဖြင့် ဒေသထွက် မကျည်းသီးမှည့် ပို့ကုန်များနှင့် အတူ ရောနှော၍ပို့ဆောင်ရောင်းချခဲ့ ကြောင်းသိရသည်။

သို့ဖြစ်၍ကသာခရိုင်သစ် တောဦးစီးဌာနအနေဖြင့်အရောင်း အ၀ယ်ပြုလုပ်နေသော စီးပွားရေး သမားများကို အဓိကဖော်ထုတ် အရေးယူခြင်းဖြင့် သဘောဝတော အတွင်း တရားမ၀င်သစ်ခွစုဆောင်း မှုများ နည်းပါးသွားမည်ဟု ယူဆ ရသည့်အလျောက် လက်ကြီးသမား များကို ဆက်လက်စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဖြစ်သကဲ့သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့တင်ပြပြီး ကျေးရွာ အုပ်ချုပ် ရေးမှူးများမှတဆင့် ဒေသခံ ပြည်သူလူထုများအား အသိပေး တားဆီးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ သစ်ခွရောင်းဝယ်သူ(၂) ဦးအား တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေး နှင့် သဘာဝမြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ၃၆(ခ)ဖြင့် ဆက်လက် အရေးယူသွားမည်ဟု သတင်းရရှိ သည်။

Credit : Here

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ဟိုပုံးမြို့၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေး


ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါလျက် ဧပြီ ၃ တွင် နေပြည်တော်မှ ထွက်ခွာ လာခဲ့ရာ တောင်ကြီးမြို့သို့ နံနက်ပိုင်း တွင် ရောက်ရှိကြပြီး အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် တာဝန် ရှိသူ များမှ ကြိုဆို နှုတ်ဆက်ကြသည်။


ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့မှ မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာပြီး ဟိုပုံးမြို့ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေးရာ ရှင်းလင်းဆောင် ခန်းမ၌ ကျောင်းအုပ်ကြီးမှ သင်ကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တပ် တည်ဆောက်ရေး လုပ်ငန်းကြီး (၄) ရပ် ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တင်ပြချက်များ အပေါ် လိုအပ်သည် များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ (၂)၌ သင်တန်းသား များနှင့် အတူ တကွ နေ့လယ်စာ စားသုံးကြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စားချက်ဆောင်အတွင်း ချက်ပြုတ်နေမှု အခြေအနေများ၊ ရိက္ခာအမယ်စုံ ထားရှိမှု အခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေး ကြသည်။

၎င်းနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံရှိ ဆံသဆိုင်၊ အင်တာနက် café ဆိုင်နှင့် ရာသီ သီးနှံ စိုက်ခင်းတို့အား ကြည့်ရှု စစ်ဆေးပြီး အိမ်ထောင်သည် လိုင်းခန်းအတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ (၁)၌ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမှ အရာရှိ၊ စစ်သည် မိသားစုများနှင့် သင်တန်းသား များကို တွေ့ဆုံ အမှာစကား ပြောကြားသည်။

ရှေးဦးစွာ အဖွဲ့ဝင်အဖြစ် လိုက်ပါလာ ကြသော အရာရှိကြီး များမှ တပ်စစ်ဆေး ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ထောက်ဆိုင်ရာ ကိစ္စရပ် များနှင့် စစ်ဦးစီး ဆိုင်ရာ ကိစ္စရပ် များကို အသီးသီး ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ချိန် တပ်မတော်၏ လုပ်ငန်း တာဝန်များ၊ တပ်ရင်း/ တပ်ဖွဲ့အလိုက် တပ်တွင်း/ တပ်ပြင် စည်းရုံးရေး လုပ်ငန်းများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ် ဆိုင်ရာများအား အသေးစိတ် ရှင်းလင်း မှာကြားခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များက ဟိုပုံးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံရှိ သုတေသနနှင့် နည်းပညာ ပြခန်း၊ စာပေ ဌာနနှင့် လက်တွေ့သင်ကြားရေး ဆိုင်ရာ အလုပ်ရုံတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းေ ဆာင် ရွက် ပေး ခဲ့ကြောင်း သတင်း ရရှိသည်။



Credit : Here

အန္တရာယ်ကင်းအောင် စားသောက်နည်းများ

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန့်မစားမီ သံပုရာသီးစိတ်များကိုယူ၍ ဇွန်းထဲတွင်အရည်ညှစ်ချပါ။ ရလာသော ဇွန်းဝက်ခန့် သံပုရာရည် များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။


၃။ အဆိပ်အတော်ကများသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ် ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစိတ်ကြိုက် ချက်စားပါ။

သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

၎။ ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ်ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက်ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။ ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။

၅။ အထက်အညာဒေသ အိမ်ရှင်မများသည် မန်းကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ခြစ်မပစ်ဘဲ ချက်စားလေ့ရှိပါသည်။ မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှင့်ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။

၆။ လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြားကြပါသည်။ မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။ အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။

တနည်းမှာ---ဒညင်းသီးပြုတ်မှ အညှောက်ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ။

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ


မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။


ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

Credit : Here

Google.com.mm ကို မြန်မာဘာသာဖော်ပြချက်များနှင့် အသုံးပြုနိုင်ပြီ


အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm ကို မြန်မာဘာသာ ဖော်ပြချက် များဖြင့် တရားဝင် ပြောင်းလဲ လွှင့်တင်လိုက်ပြီဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြု သူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။


www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြုနိုင် ခဲ့ခြင်းဖြစ်သော်လည်း မြန်မာဘာသာဖော်ပြချက်များဖြင့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲလွှင့်တင် လိုက်ခြင်း ဖြစ်ပါ သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက် များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်ပါသည်။


ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံ မှ ဝင်ရောက်အသုံးပြုလာနိုင်ခဲ့သည်။

Firefox ဖြင့်အသုံးပြုမည်ဆိုလျှင် အောက်ပါအတိုင်း Option များ ပြောင်းပေးရန်လိုအပ်ပါသည်-







လက်ရှိ မြန်မာစာဖြင့်တင်ထားသော Web Page များသည် Zawgyi Font ကိုသာ အသုံးများသဖြင့် Myanmar 3 ကိုပြောင်းလဲလိုက်ချိန်တွင် ဖတ်ရအဆင်မပြေဖြစ်သွားပါသည်။ Facebook လည်း အလားတူ ပင်ဖြစ်ပါသည်။



မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား

မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင် သံဃာတော် တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်းအတွင်း တရားရုံးတွင် စွဲချက် တင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းဝယ်ရာမှ သာမန်ခိုက်ရန် ဖြစ်ပွားကာ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေအတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ် . . . . .

ရွှေဆိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း တစ်ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၅ တို့ဖြင့် လည်းကောင်း၊ သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှု ကျူးလွန်ခဲ့သူ လေးဦးအား ပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၂၆၊ ၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က "ဒီမိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့တဲ့လူတွေ အများကြီးရှိတယ်။ အဲ့ဒီထဲကမှ ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေအတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ်" ဟု ပြောကြားခဲ့သည်။

ကျန်ရှိနေသည့် ကျူးလွန်သူများကို ဆက်လက်စစ်ဆေးပြီး အမှုအား ခိုင်မာစွာ တည်ဆောက်ကာ စွဲချက် တင်ပြီး အရေးယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၃ ဦး (ဧပြီလ ၃ ရက်နေ့အထိ သိရှိရသော စာရင်းအရ) ထိ ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။

ယခုလက်ရှိတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

Credit : Here