Wednesday, April 3, 2013

အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး ပြောကြား

ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာနမှ ဦးအောင်ကြည်

အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြား ရေးမှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး ၀န်းကြီးချုပ်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေး တာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည် ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက် တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး” ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။

သာသနာရေး ၀န်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီစုစုပေါင်း ၁၄၀ ခန့် ရှိကြောင်း သိရှိရသည်။

ဗလီများတွင် လက်နက်များ စုဆောင်းထားသည်ဟူသော လူထုအတွင်း ထွက်ပေါ်နေသည့် သတင်းများအရ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မောင်ငံဗလီသို့ ၀င်ရောက်စစ်ဆေးရာ လက်နက်များ စုစောင်းထားခြင်း မရှိကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဦးသက်ချိုက မီဒီယာများသို့ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီအများဆုံး မြို့နယ်များမှာ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ သန်လျင်၊ သာကေတ၊ ကျောက်တံတားမြို့နယ်များ ဖြစ်ကြသည်။ မင်္ဂလာတောင်ညွန့် မြို့နယ် တွင် ဗလီ ၁၈ ခု၊ ပန်းဘဲတန်းတွင် ၁၁ ခု၊ ဗိုလ်တထောင်တွင် ၁၀ ခု ရှိကြောင်း အကြမ်းဖျင်း သိရှိရသည်။ ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ဗလီအများဆုံး ပြည်နယ်မှာ ရခိုင် ပြည်နယ် ဖြစ်ပြီး ဗလီပေါင်း ၁၀၀ ကျော် ရှိသည်ဟု သိရှိရသည်။ တစ်နိုင်ငံလုံး အနေဖြင့် ဗလီအရေ အတွက် ၇၀၀ ကျော် ရှိမည်ဟု ခန့်မှန်းကြသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အစ္စလမ် ဘာသာဝင်ပေါင်း သုံးသန်းဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။ 

Credit :

ရှောက်ရည်သောက်ခြင်း၏ အကျိုးကျေးဇူးများ


ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။ ရှောက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။


(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

(၂)အစာခြေရန် ကူညီနိုင်ခြင်း

(၃)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း

(၄)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၅)အစာစားချင်စိတ်ကို ချိုးနှိမ်ပေးခြင်း

(၆)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း

(၇)အနာကျက်မြန်စေခြင်း

(၈)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၉)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း

(၁၀)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း

(၁၁)ရင်ကျပ်ပန်းနာ သက်သာစေခြင်း

(၁၂)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း

(၁၃)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း

(၁၄)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၁၅)ဆံပင်သန်မာစေခြင်း

ဒေါက်တာ ခင်မိုးမိုး

credit to Health Articles

စီး/ကူး ဝန်ကြီးဌာနအောက်ရှိ ဌာနနှစ်ခု အမည်ပြောင်း ဖွဲ့စည်းလိုက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ဌာနသုံးခုအနက် နှစ်ခုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး တဦးက ဆိုသည်။

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဌာနကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာန လို့ အမည်ပြောင်းခဲ့သလို နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနကိုလည်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနဆိုပြီး အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်”ဟု ဝန်ကြီးဌာနမှ လက်ထောက် ညွှန်မှူး ဦးခင်မောင်လွင် က ပြောသည်။


ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှာ လုပ်ကိုင်နေရသော လုပ်ငန်းများနှင့် ဌာနအမည်မှာ အံဝင်မှုရှိ၍ မူလအတိုင်း ထားရှိကာ အမည်ပြောင်းလဲခြင်း မရှိဟု ဆိုသည်။

“မြန်မာ့ လယ်ယာထွက်ကုန်ဌာနဆိုရင် အရင်က ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်တဲ့ နာမည် ဖြစ်နေတဲ့အတွက် လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ အံဝင်အောင် အမည်ပြောင်းလဲလိုက်တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကုန်သွယ်မှုမြှင့်တင်ရေးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများ ပြုလုပ်ရန်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး၊ အသေးစား ငွေကြေးလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ စသည်တို့ ဆောင်ရွက်သွားမည် ဖြစ်သည်။

အလားတူ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုဌာနခွဲ၊ ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲ၊ ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲ၊ စားသုံးသူရေးရာ ဌာနခွဲ၊ ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းကွပ်ကဲရေးဌာနခွဲ၊ ကုန်သွယ်မှု စာရင်းအင်းဌာနခွဲ၊ ပို့ကုန်လုပ်ငန်းဌာနခွဲ၊ သွင်းကုန်လုပ်ငန်းဌာနခွဲ စသဖြင့် ဌာနခွဲများ ဖွဲ့စည်းလုပ်ကိုင်မည်ဟု ဆိုသည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအပြင် နယ်စပ်မြို့များနှင့် တိုင်းနှင့်ပြည်နယ် များတွင် လည်း ဌာနခွဲများ ဖွင့်လှစ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအချို့မှ အကြီးတန်း အရာရှိကြီးများ အပါဝင် အရာရှိအများအပြားကို တာဝန်မှ အငြိမ်းစား ပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်းတာဝန်ပေးမှုများ မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ရာ စီး/ကူး ဝန်ကြီး ဌာနအောက်ရှိ အရာရှိကြီးများလည်း ပါဝင်ခဲ့သည်။

Credit : Here

အံ့ဖွယ်နှုန်းဖြင့် ဖုန်းဆင်းမ်ကတ်လာပြီ

-ဧပြီလ ၂၄ ရက်နေ့ တွင် စတင်ရောင်းချမည်။  ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင်ရောင်းချသွားမည်။

-CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွင် WCDMA 3G ဖုန်းများ ချထားပေးမည်။ ၁၅၀၀ ကျပ် ဖြစ်သည်။

-နောက်လများတွင် GSM 2.5 G၊ WCDMA 3G ဖုန်းများကိုလည်း ၁၅၀၀ ကျပ်ဖြင့် ချထားပေးမည်။

-ဖုန်းကတ်တွင် ငွေကျပ် ၃၀၀ ပါရှိမည်။ ငွေကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြု ရမည်။ တလလျှင် အနည်းဆုံး ၂၅၀၀ အသုံးပြုရမည်။

-ဖုန်းပြောဆိုခများမှ ရရှိသည့် ၀င်ငွေဖြင့် ကွန်ရက်နှင့် စက်ပစ္စည်းများ ထပ်မံ တပ်ဆင်သွားမည်။

-မှောင်ခိုဈေးကွက်ကာကွယ်ရန် ဖုန်းကတ်ကို ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံးမပြုပါက ဖုန်းလိုင်း ပိတ်မည်။

-ဖုန်းပြောဆိုခသည် ခေါ်ဆိုခ ၅၀ ကျပ်ဖြစ်ပြီး ဖုန်းအ၀င်ပေးရန် မလိုဟုသိရှိရသည်။ (ဧရာဝတီ၏ သီးခြား စုံစမ်းချက်ဖြစ်ပါသည်)

ရေနွေးညသိပ် အဆိပ်ထက်ပြင်း

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲံ့ ရေနွေး။ရေကျက်အေး ရေအေး တို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာ ပါဝင်ပါတယ်. တင်ပြလိုတာကတော့.....

(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။

(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။

(၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ လှောင်ထားသော ရေနွေး ကိုမသုံးသင့်ပါ။

(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနဲံ။ ပြန်ကျိုချက်ပြီး မသုံးပါနဲ့။

(၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။ အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆ တွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.

Credit : Here

ကိုင်း... ကောင်းကြသေးရဲ့လား ဗျာတို့

မမွေးဖွားလိုသည့်ရင်သွေးဖျက်ချခွင့် အစိုးရဖော်ဆောင်ပေးစေလို
Wednesday, April 3, 2013


မမွေးဖွားလိုသည့် ရင်သွေးများအား မိခင်အသက်အန္တရာယ်ကင်းဝေးရန်အတွက် ဆေးရုံများ၌ ဖျက်ချ နိုင်ခွင့်ရှိစေရန် အစိုးရအနေဖြင့် အကောင်အထည် ဖော်ပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။


လက်ရှိပြဋ္ဌာန်းထားသော ပြစ် မှုဆိုင်ရာဥပဒေပုဒ်မ ၃၁၂ အရ အစိုးရက ခန့်အပ်ထားသည့် အဖွဲ့အစည်း၏ ထောက်ခံချက်မပါရှိပါက ကိုယ်ဝန်မရှိစေရန် ခွဲစိတ်ခံခွင့် ကန့်သတ်ထားသည့်အတွက် မြို့နယ်၊ ရပ်ကွက် များ အတွင်းရှိ မကျွမ်းကျင် သောအရပ်လက်သည်များနှင့် ကိုယ်ဝန်ဖျက်ချခြင်းဖြင့် မိခင်များသေဆုံးမှု ဖြစ်ပေါ်စေနိုင်သည်ဟု ၄င်းကပြောသည်။


လက်ရှိအချိန်တွင် အစိုးရဘက်မှ မိခင်လောင်းများအား အပြည့်အဝကူညီထောက်ပံ့နိုင်မှုအား နည်းနေပြီး မွေးဖွားလိုမှုမရှိသည့် ရင်သွေးများ မွေးဖွားရမှုတို့ကြောင့် ဆေးရုံ၊ ဈေး၊ အမှိုက်ပုံ အစရှိသည့် နေရာများ တွင် ကလေး ငယ်စွန့်ပစ် မှုများရှိနေခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်။

ယင်းအပြင် ကလေးမွေးဖွား မည့်မိခင်များအတွက် ကိုယ်ဝန် ဆောင်စဉ်နှင့်မွေး ဖွားစဉ် အခမဲ့ ဆေးကုသ ခွင့် ပေးရန် လိုအပ်သည် ဟု ၄င်းကပြောသည်။

ယင်းကဲ့သို့ အခမဲ့ဆောင်ရွက်ပေးရန် အဆိုကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ သည့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေး၌ တင်သွင်းခွင့်ရရှိပြီး ဆွေးနွေးမှုကို ဧပြီ ၃ရက်နေ့တွင် ဆောင်ရွက် သွားမည် ဖြစ်သည်။

၎င်း၏ ပြောပြချက်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ ဝင် ၁၈၉ နိုင်ငံသည် ၂ဝဝဝ ခုနှစ် မှစတင်ကာ ထောင်စုနှစ်ရည်မှန်း ချက်အဖြစ် မိခင် များသေဆုံးမှု အချိုးအစား ၇၅ ရာခိုင်နှုန်းခန့် လျော့နည်းရေးကို ချမှတ် သဘော တူခဲ့ပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံ တွင် သားဖွားမိခင်တစ်သိန်း အနက် ၃၆ဝ ခန့် သေဆုံးမှုရှိနေရာ ယင်း မှာမြင့်မားသည့်နှုန်းထားဟု ဆိုနိုင် ကြောင်း၊ ထောင်စုနှစ်ရည်မှန်းချက် အရ မိခင်တစ်သိန်းလျှင် သေဆုံး သူ ၁ဝဝ အောက်လျှော့ချရန် လိုအပ်ကြောင်းဒေါက်တာ ညိုညို သင်းကဆက်လက်ပြောသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၁၂ အရ အစိုးရအဖွဲ့အစည်း ၏ ခွင့်ပြုချက်မရှိဘဲ သန္ဓေသားမရှိရန် ခွဲစိတ်ပါက ခွဲစိတ်သူနှင့်ခွဲစိတ်ခံသူ နှစ်ဦးလုံးထောင်ဒဏ် ၃ နှစ်ကျခံရ ဖွယ်ရှိကြောင်း ၄င်းက ပြောသည်။

Credit : Here

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ KIO နယ်မြေမှာ ပြုလုပ်မည်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာ အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ကြား တတိယအကြိမ်အဖြစ် ဒီလထဲ တွေ့ဆုံ ရာ မှာတော့ KIO ထိန်းချုပ်နယ်မြေမှာ ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

တွေ့ဆုံဖို့အတွက် နေ့ရက် အတိအကျ နောက်ဆုံး မသတ်မှတ်ရသေးပေမဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့အတွက်ကိုတော့ သဘောတူထားကြတဲ့ အကြောင်း မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။

“ဆွေးနွေးပွဲကတော့ နှစ်ဘက်စလုံးကတော့ hour and hour ညှိနှိုင်းနေဆဲပါ။ အခုတော့ စောပြီး ဖြစ်မယ့်အနေအထားတော့ ရှိပါတယ်ခင်ဗျ။ ဒါပေမဲ့ တရားဝင်စာကို စောင့်နေပါတယ်။ ကျနော် သိ သလောက်ကတော့ ၀န်ကြီး ဦးအောင်မင်းက ဒီ KIO အဖွဲ့အစည်းကို ဒီတကြိမ် ဆွေးနွေးပွဲကို မြန်မာ နိုင်ငံထဲမှာ ရှိတဲ့ မြစ်ကြီးနား (သို့မဟုတ်) KIO ဘက်က သဘောတူတဲ့နေရာ ပြည်တွင်းမှာ လုပ်ဖို့ သူ့အနေ နဲ့ အရင်ဆုံး အဆိုပြုထားတယ်ခင်ဗျ။ ကျနော်တို့လည်း သူတို့ရဲ့ official reply letter ကို ၀န်ကြီး ဦးအောင်မင်း က စောင့်နေပါတယ်ခင်ဗျ။”


လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက် တွေ့ဆုံ ဆွေးနွေးမှုတွေကို တရုတ်နိုင်ငံက ကြားဝင် ကမကထ လုပ်ပေးခဲ့ပြီးတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ကြတာပါ။

အစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ ကတော့ အစောပိုင်းတုန်းက လုံခြုံရေး အခြေ အနေတွေကြောင့် တတိယနိုင်ငံ တခုမှာ တွေ့ဆုံခဲ့ရတာ ဖြစ်ပေမဲ့ အခုတကြိမ်မှာတော့ အခြေအနေ တွေဟာ တိုးတက်လာတာနဲ့အမျှ ပြည်တွင်းမှာ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ပြောပါတယ်။

“ဆွေးနွေးပွဲတိုင်းမှာတော့ ၀န်ကြီး ဦးအောင်မင်းအနေနဲ့ ပြည်တွင်းမှာ ဆွေးနွေးဖို့ အဆိုပြုခဲ့တာချည်းပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာတော့ ယုံကြည်မှု စပြီး တည်ဆောက်ပြီး လုပ်ရတာဖြစ်တဲ့ အတွက် တဘက်အဖွဲ့အစည်းဘက်ကနေ ကျနော်တို့ ပြည်တွင်းကို လာဖို့ အခက်အခဲရှိတဲ့ အခြေအနေ မှာတော့ တဘက်အဖွဲ့အစည်းဘက်က ချိန်းဆိုတဲ့နေရာတွေကို သွားတယ်။ အခုကတော့ တစုံတခုအထိ ယုံကြည်မှု နှစ်ဘက်ကြားထဲမှာ တဖြေးဖြေး စပြီးတော့ တည်ဆောက်လာနိုင်တယ်လို့ ကျနော်တို့ အနေနဲ့ လည်း မှတ်ယူတယ်။ ၀န်ကြီးအနေနဲ့လည်း မြစ်ကြီးနား သို့မဟုတ် ဒါ KIO ဘက်က ညှိနှိုင်းလို့ရတဲ့ နေရာမှာ ဆွေးနွေးပွဲ တည်ဆောက်လိုပါတယ် ဆိုတာကို လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ၀န်ကြီးအနေနဲ့ ပို့ထားတယ်လို့ ရှင်းပြပါတယ်။”

Credit : Here

မြန်မာပြည်ရဲ့ ကမ္ဘာကျော် ဖန်တီးရှင် ကိုဝင်းသန်း (ခ) ပီတာချူး

အမည်အရင်း – ဝင်းသန်း၊ Peter Chou
မွေးသက္ကရာဇ် – ၁၉၅၃
မွေးရပ်ဇာတိ – မန္တလေး၊ မြန်မာ
လက်ရှိနေရပ် – တိုင်ဝမ်

ပညာအရည်အချင်း

၁၉၈၅ ခုနှစ်တွင် National Taiwan Ocean University မှ Electronic Engineering ဘွဲ့ကို ရရှိခဲ့၊
၂၀၀၃ ခုနှစ်တွင် National Chenghi University မှ MBA ဘွဲ့ကို ရရှိခဲ့၊
၂၀၀၆ ခုနှစ်တွင် Harvard Business School မှ Advanced Management Program ကို တက်ရောက်ပြီးဆုံးခဲ့။

အလုပ်အကိုင်

Chief Executive Officer, High Tech Computer Corporation

ယခင် လုပ်ကိုင်ခဲ့ဖူးသည့် ကုမ္ပဏီနှင့်ရာထူး

Digital Equipment Corporation တွင် Server Division Director အဖြစ် တာဝန်ထမ်းဆောင်ခဲ့

ကိုယ်ပိုင် ခံယူချက်

မိမိကိုယ်ကို သဘာဝမှ ပေးအပ်သော အင်ဂျင်နီယာတစ်ယောက်ဟု သတ်မှတ်ခဲ့


ရရှိခဲ့သည့် အောင်မြင်မှု


ကမ္ဘာ့ ပထမဆုံး Smart Phone ထုတ်လုပ်သော ကုမ္ပဏီများစာရင်းတွင် HTC မှ ပါဝင်ခဲ့၊ HTC နှင့်အတူ ၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့အအောင်မြင်ဆုံး IT ကုမ္ပဏီ ၁၀၀ ၌ နံပါတ် ၁၁ နေရာ သို့ရောက်ရှိခဲ့၊ HTC မှာ အာရှ၏ အကောင်းဆုံးအိုင်တီကုမ္ပဏီ ၅ ခုထဲ၌ တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရ၊ ၂၀၁၀ ခုနှစ်တွင် Fast Company မှ ပေးအပ်သည့် ကမ္ဘာ့ဆန်းသစ်အတီထွင်နိုင်ဆုံး ကုမ္ပဏီများထဲတွင် HTC မှာ နံပါတ် ၃၁ နေရာချိတ်ခဲ့၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်များထဲ၌ HTC ၏အဆင့်မှာ နံပါတ်၉၈ နေရာသို့ ရောက်ရှိခဲ့။

အခြားဖော်ပြချက် –

Peter Chou သည် ၁၉၉၇ ခုနှစ်အတွင်း HTC ကုမ္ပဏီကို မိတ်ဆွေများဖြစ်ကြသော Cher Weng၊ HT Cho တို့နှင့် ပူးပေါင်း တည်ထောင်ခဲ့ပြီး ထိုစဉ်ကတည်းက ကုမ္ပဏီ၏ CEO ရာထူးနှင့် President ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာအမည် ဝင်းသန်း ခေါ် Peter Chou မှာ မန္တလေးမြို့မှ တိုင်ဝမ်မြို့သို့ ၁၉၈၁ ခုနှစ်တွင် ထွက်ခွာခဲ့ပြီး ငယ်စဉ်က ဆိုးသွမ်းလူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ သို့သော်လည်း Chou ဟာ Electronics ပညာရပ်ကို လွန်စွာ စိတ်ဝင်စားခဲ့ပြီး နေအိမ်နှင့် အနီးနားတဝိုက်မှ သူငယ်ချင်း မိတ်ဆွေများ၏ စက်ကိရိယာများကို ပြင်ဆင်ပေးခြင်းဖြင့် နာမည်ကြီးခဲ့ပါတယ်။ ထိုကဲ့သို့ Electronics ပညာရပ်တွင်ပျော်မွေ့သူ Peter Chou ဟာ မန္တလေးမြို့ ၈၃ လမ်းတွင် လျှပ်စစ်ပြင်ဆိုင်တစ်ခု ဖွင့်လှစ်ခဲ့ကြောင်းနဲ့ သူဟာ Electronics ပညာ တွင်သာမက သချာင်္ပညာတွင်လည်း အတွက်အချက်မြန်သူတစ်ဦးအဖြစ် နာမည်ကျော်သူ ဖြစ်ပါတယ်။

မန္တလေးဒေသကောလိပ်မှာ ဒုတိယနှစ်ကျောင်းသားအဖြစ် တက်ရောက် နေစဉ် (၁၉၈၁)မှာ တိုင်ဝမ် နိုင်ငံကို ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်ပါတယ်။ Peter Chou ရဲ့ ဝါသနာတွေကတော့ အားလပ်ချိန်တွင် Classical Music များ နားထောင်ခြင်း၊ စာဖတ်ခြင်းနှင့် အနုပညာရသပေါင်းစုံကို အပြည့်အဝ ခံစားခြင်း တို့ဖြစ်ပါတယ်။

အိုင်စီတီဂျာနယ်နှင့် စကားဝိုင်း

လူတိုင်းအားလုံး သိချင်နေကြတဲ့ ကမ္ဘာကျော် မြန်မာ့ဂုဏ်ဆောင် ၀င်းသန်း (ခေါ်) ပီတာချူးကို ကျွန်တော် တို့ ICT ဂျာနယ်ရဲ့ CEO ကိုယ်တိုင် နေပြည်တော် အနီးတ၀ိုက်တွင် သွားရောက် စကားဝိုင်း ဖွဲ့ခဲ့ပါတယ်။ ICT ဂျာနယ်ရဲ့ CEO ဦးဖြိုးမင်းမင်းနဲ့ HTC ကုမ္ပဏီရဲ့ CEO တို့ စကားဝိုင်းမှာ အင်္ဂလိပ်စကားဖြင့် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်တဲ့အတွက် ICT ဂျာနယ်အဖွဲ့သားတွေက အနီးစပ်ဆုံး ဘာသာပြန် ဖော်ပြပေး လိုက် ပါတယ်။

ပီတာချူးဟာ မြန်မာစာကို အတော်ကျွမ်းကျင်သေးကြောင်း၊ မြန်မာလူငယ်များကို ကြိုးစားစေလိုတဲ့ ဆန္ဒများတွေ့ရကြောင်း၊ အလွန်ဖော်ရွေပြီး ကိုယ့်မြေကိုယ့်ဒေသ ပြန်ရောက်နေခြင်းကို အတိုင်းထက် အလွန် ပျော်နေသည့်ပုံရှိကြောင်း ထိုစကားဝိုင်းမှ အကဲခတ်သုံးသပ်ရပါတယ်။

HTC ရဲ့ CEO တစ်ယောက်ဖြစ်သည့်အားလျော်စွာ ဂျာနယ်အတော်များများမှ သူ၏ ကိုယ်ရေးရာဇ၀င်နှင့် သတင်း အချက်အလက်အချို့ကို ဝေေ၀ဆာဆာ တင်ပြပေးလျက် ရှိကြပါတယ်။ ICT ဂျာနယ်ကလည်း လူကိုယ်တိုင်တွေ့ဆုံခွင့်ပေးခဲ့ပြီး မေးခွန်းအားလုံးကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့တဲ့အတွက် မစ္စတာ ပီတာချူးကို အထူး ကျေးဇူးတင်ပါတယ်။

စကားဝိုင်းအရ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေများ၊ မြန်မာပြည်ကို မစ္စတာ ပီတာချူး လို နေရာမျိုးမှနေ၍ ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ မေးခွန်းတွေကို တင်ပြချင်ပေမယ့်လည်း အချိန်တန်မှ ရေးသားခွင့်ရမည်ဆိုသော မျှော်လင့်ချက်ဖြင့် ဒီတစ်ပတ်မှာတော့ အများနဲ့မတူ လူအများစိတ်ဝင်စား နိုင်မယ့် မေးခွန်း လေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

အခုလိုမအားလပ်တဲ့ကြားက လူကိုယ်တိုင် တွေ့ခွင့်ရဖို့ အခွင့်အရေးပေးတာရော၊ အင်တာဗျူးခွင့် ပေးတာ အတွက်ပါ အထူး ကျေးဇူးတင်ပါတယ်။

ရပါတယ်ဗျာ။

အခုလိုမတွေ့ခင်မှာ ခင်ဗျားသူငယ်ချင်းတွေဆီက တစ်ဆင့် ကြားသိရတာက မြန်မာပြည်ပြန်မလာတာ နှစ်သုံးဆယ် ရှိပြီဆို။

အတိအကျပြောရရင် ၃၃ နှစ်ပါ။

၃၃ နှစ်ကြာပြီးမှ အခုလိုပြန်လာတာ နိုင်ငံရေးအပြောင်း အလဲကြောင့်လား။ တခြားကိစ္စကြောင့်များလား။

နိုင်ငံရေးအပြောင်းအလဲကြောင့် မဟုတ်ပါဘူး။ ကျွန်တော် မြန်မာပြည် ပြန်ချင်တာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်းကပါ။ ဒါပေမဲ့ ကျွန်တော် HTC ကို စတင်တည်ထောင်တဲ့ အချိန်ဖြစ်နေတော့ အလုပ် တွေက အရင်နဲ့ မတူဘဲ များသထက်များ၊ ရှုပ်သထက် ရှုပ်နေတာကြောင့်ပါ။ မနှစ်ကမှ တိုင်ဝမ်မှာနေတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်နဲ့ အဆက်အသွယ်ရပြီး ဒီနှစ် မေလလောက်ပြန်ရင် ကျွန်တော့်အတွက် အဆင်အပြေဆုံးမို့ သူနဲ့အတူတူ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပြန်လာဖို့အတွက် ခင်ဗျားရဲ့ Appointment တွေ Cancel လုပ်ခဲ့ရသေးလား။

မလုပ်ခဲ့ရပါဘူး။ ကျွန်တော်အလုပ်အရှုပ်ဆုံး အချိန်တွေက January၊ February၊ March တွေမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့မှာ ပွဲအများကြီး ရှိတယ်လေ။ CES, Mobile Congress, Product Launch တွေပေါ့။ ဒီလကတော့ အဆင်အပြေဆုံးလပါ။

စိတ်ဝင်စားစရာ Product အသစ်တွေ Launch လုပ်ဖို့ ရှိလား။

ကျွန်တော်တို့က Launch မလုပ်ခင် ကြေညာလေ့ မရှိပါဘူး။

ဟုတ်ကဲ့ပါ။ အင်တာနက်သတင်းတစ်ပုဒ်အရဆိုရင် ကျွန်တော် နားလည်တာက ခင်ဗျားဟာ ကိုယ့် ကိုယ်ကိုယ် Engineer By Nature လို့ ကြွေးကြော်တယ် ဆိုတာ မှန်ပါသလား။

လုံးဝ မှန်ပါတယ်။

အဲဒီ Statementနဲ့ပတ်သက်ပြီး တစ်ဆိတ်လောက် ရှင်းပြပေးလို့ရမလား။

Hmm! နံပါတ်တစ်ကတော့ ကျွန်တော်က Math နဲ့ Science မှာ တွက်ချက်တာ မြန်တယ်။ အဲဒီ ဘာသာ ရပ်တွေက ကျွန်တော့်အတွက် စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော် စက်ပစ္စည်းတွေ၊ Electronic ပစ္စည်း လေးတွေကို ထိတွေ့တိုင်းမှာ အလွယ်တကူပဲ နားလည်တယ်လေ။ ပြီးတော့ အဲဒါတွေ ဘယ်လို အလုပ်လုပ် သလဲဆိုတာကို သိချင်စိတ် အရမ်းပြင်းထန်တယ်။ နောက်ပြီး ကျွန်တော်က Physic ကိုလည်း နှစ်သက် တယ်။ တစ်နေ့မှာ Physicist ဖြစ်မယ်လို့တောင် ထင်ခဲ့မိတယ်။ Faraday ကိုလည်း အရမ်း လေးစားခဲ့ပါတယ်။ Mechanics, Electronicsနဲ့ Electricalတွေကိုလည်း ကြိုက်နှစ်သက်ခဲ့ပါတယ်။ ကျွန်တော် ပထမဆုံး ရူပဗေဒအခြေခံသီအိုရီတွေ စတင် ဖတ်တုန်းကတည်းက အဲဒါတွေရဲ့ အလုပ်လုပ်ပုံကို အရမ်းစိတ်ဝင်စားခဲ့ပါတယ်။ သံလိုက်လှိုင်းတွေ ဘယ်လို အသုံးပြုရတယ် ဆိုတာတွေ၊ လျှပ်စစ်ဓာတ်ကို ဘယ်လိုထုတ်လုပ်လို့ရတယ် ဆိုတာတွေရောပေါ့။ ကိုယ်ကိုယ်တိုင် Transformer လို့ ယုံကြည်ထားတော့ Calculate The Count ဘယ်လိုလုပ်ရမလဲဆိုတာ သိခဲ့တယ်။ Rectifier ကိုအသုံးပြုပြီးတော့ 220 Volt ကနေပြီး 6 V ကို AC/DC Convert ကိုယ့်ဘာသာကိုယ် ပြောင်းလုပ်နိုင်ခဲ့တယ်။

အဲဒါတွေလုပ်တတ်တာ ဘယ်အချိန်လောက်ထဲကလဲ။

အထက်တန်းကျောင်းသား ဘ၀တည်းကပါ။

ဒါတွေကို မသင်ရသေးဘဲနဲ့ အလိုအလျောက် သိတာလား။

ကျွန်တော် အပြင်ကစာအုပ်တွေဖတ်တယ်။ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင်တယ်လေ။

ဘ၀မှာ ပထမဆုံးဖတ်ခဲ့ဖူးတဲ့ စာအုပ်အကြောင်း ပြောပြပါလား။ ခင်ဗျားကို Inspire ဖြစ်စေတဲ့ စာအုပ်မျိုးပေါ့။

Radio Transistor အကြောင်းရေးထားတဲ့ Sony ကထုတ်တဲ့ စာအုပ်ကလေးပါ။ Sony က Technician တွေအတွက် ထုတ်ဝေခဲ့တဲ့ စာအုပ်လေးပေါ့။ နားလည်ရ မခက်ပါဘူး။

ကျွန်တော်တို့ကလည်း လူငယ်တွေကို ဒီစာအုပ်လေး ပြန်ရှာပြီး မျှဝေပေးရဦးမှာပေါ့။

ဒါပေါ့ (ရယ်လျှက်)။

Luvre ပြတိုက်မှာ မိုနာလီဆာပန်းချီကားကို ၃ နာရီ လောက်ကြာအောင် ရပ်ကြည့်နေခဲ့တယ်ဆိုတာ ဟုတ်လားဗျ။

ဟုတ်ပါတယ်။ ၃ နာရီလောက်ရှိမလားတော့ မသိဘူး။ အကြာကြီး ရပ်ကြည့်မိတာတော့ အမှန်ပါ။

အဲဒီပန်းချီကားထဲမှာ ဘာကို ရှာဖွေနေတာလဲ။

ကျွန်တော်က Art ကို မြတ်နိုးတာလေ။ Painting တွေရောပေါ့။ ပြီးတော့ မိုနာလီဆာကလည်း အရမ်း ကျော်ကြားတာဆိုတော့၊ Da Vinci ဆိုတာကလည်း အရမ်းလေးစားရတဲ့ Artist တစ်ယောက်ထဲမှာ ပါတယ် လေ။ ဒါနဲ့ ပထမဆုံးပန်းချီကားကို ကျွန်တော်တွေ့တော့ ပန်းချီကား ဖြစ်ပေါ်လာတာနဲ့ပတ်သက်တဲ့ အရာ အားလုံးကို သိချင်စိတ် အရမ်းပြင်းပြလာမိတယ်။ ရှာဖွေတွေ့ခဲ့တာကတော့ သူ့ရဲ့ Painting Skill ကိုပေါ့။ သူလိုချင်တဲ့အရာကို ရောက်အောင် ဖော်ကျူးနိုင်တယ်လို့ သုံးသပ်မိပါတယ်။ National Gallery of London မှာလည်း သူ့ရဲ့ Graphite Paintingကို လေ့လာဖူးပါတယ်။ Da Vinci ဟာ Subtle Transition of The Light အရမ်းကောင်းတယ်လို့ သုံးသပ်မိပါတယ်။ Brightness တွေ Colour တွေ ဘယ်လို အသုံးချ ခဲ့သလဲဆိုတာ အဲဒီ ပန်းချီကားမှာ လေ့လာခဲ့ရပါတယ်။

ခင်ဗျားမှာပိုင်ဆိုင်သမျှနဲ့ ဒီပန်းချီကားကို ၀ယ်ချင်လို့လား။

ကျွန်တော် မ၀ယ်နိုင်ပါဘူး။

ဒါနဲ့ အားလုံးပြောနေကြတဲ့ ရေဒီယိုပြင်ဆိုင်လေးကို မန္တလေးရောက်တုန်း ပြန်ရောက်ဖြစ်သေးလား။

(လေသံဖျော့လျှက်) ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒါက ကျွန်တော်ပိုင်တဲ့ အိမ်ပါ။ မီးလောင်မှုဖြစ်ပြီးတော့ အဆောက်အဦးသစ်တွေနဲ့ ဖြစ်နေပါပြီ။ အခုလို အိမ်ဆိုင်လေးကို ပြန်မြင်ခွင့် မရတဲ့အတွက် ၀မ်းနည်း မိပါတယ်ဗျာ။

Feeling ဘက်ကို ပြောရင်းနဲ့ ရောက်သွားမိပြီဆိုတော့ မြန်မာပြည်ပြန်ရောက်ပြီးနောက် ခံစားရတာ လေးတွေ ပြောပြပါဦး။

ကျောင်းနေဘက်သူငယ်ချင်းတွေ ပြန်တွေ့ရတော့ အရမ်းပျော်ပါတယ်။ ပျော်လည်း ပျော်ခဲ့ကြတယ်လေ။ မန္တလေးမှာ ကျွန်တော် သူငယ်ချင်းဟောင်းတွေနဲ့ တစ်နေ့ ၅ ကြိမ် စားကြသောက်ကြတယ်လေ။ နံနက်စာ ၂ ကြိမ်၊ ညနေစာ ၂ ကြိမ်နဲ့ နေ့လည်စာပေါ့။ မြန်မာအစားအစာ အရမ်းနှစ်သက်ပါတယ်။ စားပြီးရင် ထပ်ထပ်ပြီးလည်း စားချင်နေသေးတယ်။ အဲသလို စားသောက်ကြရင်း ငယ်ငယ်တုန်းက အကြောင်းလေး တွေ ပြန်ပြောကြရင်းနဲ့ အားလုံးက ကျွန်တော့်ကို ၀ိုင်းနောက်ပြောင်ကြတယ်။ ခံစားမှု အရမ်းကောင်း ပါတယ်။

ငယ်ငယ်တုန်းကလို သူငယ်ချင်းတွေနဲ့ ပြန်နေထိုင်ချင်စိတ် ရှိလား။

No။ အနာဂတ်ကိုပဲ ကြည့်တာ ကောင်းပါတယ်။ ပြန်ကြည့်ရင် ၀မ်းနည်းစရာတွေ ပြန်မြင်လာမှာလေ။ မန္တလေးမြို့ကြီး အခုလို အများကြီး ပြောင်းလဲသွားတာကိုလည်း မကြိုက်ပါဘူး။ အခုဆို အရမ်းရှုပ်တယ်။ ကားတွေလည်း အများကြီးပဲ။ နဂိုတုန်းကဆို သစ်ပင်တွေ ငြိမ်ငြိမ်သက်သက်လေးနဲ့၊ လမ်းတွေအားလုံး ဟာလည်း ကျွန်တော်တို့အတွက် ကစားကွင်းတွေလိုပါပဲ။

မန္တလေးဟာ Trading Place တစ်ခုဖြစ်လာတယ်လို့ မြင်မိပါသလား။

ဟုတ်ကဲ့။ မြင်မိပါတယ်။

ခင်ဗျားမှာ အခွင့်အရေးရှိရင် မန္တလေးမြို့ကို နဂိုတုန်းကလို ပြန်လည်မွမ်းမံချင်ပါသလား။

ဒါပေါ့။ ကျွန်တော်တွေးထားတာ၊ စိတ်ကူးထားတာတွေ ရှိတယ်လေ။

Wall Street ဂျာနယ်မှာ ခင်ဗျားကို Next SteveJobs လို့ ဖော်ပြဖူးတယ်လေ။ ခင်ဗျားအနေနဲ့ Steve လိုမျိုး သူ့ပရိသတ်တွေကို ကိုယ်တိုင် e-mail ပြန်လေ့ရှိလား။

ကျွန်တော် တစ်ခါတစ်လေတော့ လုပ်ပါတယ်။ အားလုံးကိုတော့ မလုပ်နိုင်ဘူးပေါ့။ E-mailတွေက အရမ်း များတယ်လေ။

မြန်မာလူမျိုးတော်တော်များများက ခင်ဗျားကို မသိကြဘူးဗျ။ ကိုယ့်ကိုယ်ကိုယ် မြန်မာလို့ မပြောချင်တာ ကြောင့်လား။

မဟုတ်ပါဘူး။ မြန်မာလူမျိုးဖြစ်ရတာ အရမ်းဂုဏ်ယူပါတယ်။ (မြန်မာလိုပြောသည်) ကျွန်တော် မန္တလေးသား အဖြစ်လည်း ဂုဏ်ယူပါတယ်။ မန္တလေးသား အစစ်ပါ။

ဒါဆို ကျွန်တော်တို့ အခု ကမ္ဘာပေါ်က ထင်ရှားတဲ့ မြန်မာလူမျိုးတွေအကြောင်း ပြောကြရအောင်။ တစ်ကမ္ဘာ လုံးအတိုင်းအတာအရ ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သိကြလိမ့်မယ်ဆိုတာ မမှားနိုင်ပါဘူး။ အဲဒီတော့ ခင်ဗျားကို သူတို့နှစ်ယောက်ပြီးရင် တတိယ အထင်ရှားဆုံး မြန်မာလူမျိုးတစ်ယောက်လို့ သုံးသပ် ရင် ဘယ်လိုနေမလဲ။

(ရယ်လျှက်) No No၊ ကျွန်တော်က Low Profile ပဲ နေတတ်ပါတယ်။

နာမည်ကျော် Innovator တော်တော်များများဟာ ဒီလိုပဲ Low Profile နေတတ်ကြတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးက ခင်ဗျားကို မြန်မာ့ဂုဏ်ဆောင် တစ်ယောက်အဖြစ် ဦးသန့်နဲ့ ဒေါ်စုပြီးရင် နေရာ ထားကြမယ် ဆိုရင်ရော။

အဲသလို နေရာက အရေးမကြီးပါဘူး။ ကိုယ်လုပ်တဲ့ လုပ်ရပ်က လူငယ်တွေအားလုံးကို Inspire ဖြစ်စေတယ်ဆိုရင် ကျေနပ်ပါတယ်။ ကျွန်တော့်ကို ကြည့်ပြီးတော့ ဒီခေတ် လူငယ်တွေ Passion, Dream နဲ့ Confidence အပြည့် ရှိပြီး ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားကြမယ်ဆိုရင် အများကြီးပျော်စရာ ကောင်းနေ မှာပါ။

ICT လောကထဲက ကမ္ဘာ့နာမည်ကျော်တွေ၊ နိုင်ငံ့ခေါင်းဆောင် တွေနဲ့ တွေ့တဲ့အခါမှာ ခင်ဗျားအနေနဲ့ Confidence ကို ဘယ်လိုမွေးယူသလဲ။

ကျွန်တော်က ငယ်စဉ်ကတည်းက ဒီလိုပါပဲ။ သူငယ်ချင်း တွေက ပြောကြတာတော့ ကျွန်တော်မှာ Strong Personality ရှိတယ်တဲ့။ ကျွန်တော်ကတော့ ယုံကြည်တဲ့အတိုင်းပဲ စကားကို ပြောတတ်ပါတယ်။ အဲဒီလို လုပ်ဆောင်နေတာကြောင့် Challenge များ ပေါ်လာနိုင်ပါတယ်။ ကျွန်တော်အမြင်ကတော့ အဲဒီ Challenge တွေကို Overcome လုပ်နိုင်မယ်ဆိုရင် တန်ဖိုးရှိတဲ့ အရာများကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Presentation တွေမှာတော့ အခု ခင်ဗျာနဲ့ ကျွန်တော် စကားပြောနေတဲ့အတိုင်းပဲ ပြောပါတယ်။ လူတွေက ကျွန်တော်ကို ယုံကြည်မှုရှိတယ်လေ။ ကျွန်တော် ကံကောင်းပါတယ်။

ခင်ဗျား ငယ်ငယ်တုန်းက ရန်ဖြစ်ဖူးလား။

(ရယ်လျှက်) ယောက်ျားလေးတိုင်း ရန်ဖြစ်ဖူးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်လည်း သမားရိုးကျ ယောက်ျားလေး တစ်ယောက်ပါပဲ။ ဒါပေမဲ့ ပြဿနာ ဖြစ်မှာကိုတော့ ကျွန်တော် စိုးရိမ်စိတ်ရှိပါတယ်။

နောက်ဆုံး ကျွန်တော်မေးချင်တာက ခင်ဗျားရဲ့ Management နဲ့ ပတ်သက်တဲ့ အတွေ့အကြုံပါ။

ဟုတ်ကဲ့၊ ကျွန်တော့်အလုပ်မှာ ၀န်ထမ်းပေါင်း နှစ်သောင်းကျော် ရှိပါတယ်။ ကျွန်တော်ကတော့ Micro-manager မဟုတ်ပါဘူး။ အလုပ်နဲ့ ၀န်ထမ်းတွေကို အမြဲဂရုစိုက်ပါတယ်။ အခြေအနေတစ်ခုကြောင့် ၀င်ရောက် စွက်ဖက်ရမယ်ဆိုရင်တော့ မော်နီတာ လုပ်ရတာပေါ့။ ပြောင်းလဲသင့်ရင် ပြောင်းရတာပေါ့။ ကျွန်တော်က များသောအားဖြင့် အချိန်တွေမှာ Strategy, Innovation, Product နဲ့ Customer ကိစ္စရပ်တွေနဲ့ ကုန်ဆုံးလေ့ရှိပါတယ်။ Operation & Sale အပိုင်းမှာတော့ ကျွန်တော်တို့မှာ လူတော်တွေ အများကြီး ရှိပါတယ်။ Sale အပိုင်းမှာ အများကြီး ၀င်ပါခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ International Sale အများစုဟာ ကျွန်တော်နဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ပါပဲ။ HTC က ကုမ္ပဏီသေးသေးလေးက အစပြုတာဆိုတော့ ကျွန်တော်ကိုယ်တိုင် Mobile Operator တွေနဲ့ Relationship ကို တည်ဆောက်ရတယ်လေ။ Europe နဲ့ USA က CEO တွေဆို ကျွန်တော်နဲ့ပဲ တိုက်ရိုက်လူချင်း တွေ့ချင်ကြတာလေ။ Google, Microsoft, Facebook ရဲ့ ကိစ္စတွေဆိုလည်း ကျွန်တော်ကိုယ်တိုင် ကိုင်ထားတာဆိုတော့ အမြဲတန်းသစ်လွင်နေတဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ဖန်တီးနေရတာပေါ့။ ဒါကြောင့် Mobile Operator အားလုံးဟာ နောက်ဆုံးပေါ် နည်းပညာတွေအကြောင်း သိချင်ရင် ကျွန်တော်နဲ့ပဲ စကားပြောချင်ကြတယ်။ ကျွန်တော့်ရဲ့ ၅၀% အချိန်တွေကိုတော့ Product Innovation Design ပေါ်မှာ အသုံးချပါတယ်။

ခင်ဗျားကိုယ် ခင်ဗျား Innovator လို့ ကြွေးကြော်ပါသလား။

ကျွန်တော်က Innovator ပဲလေ။

ကမ္ဘာပေါ်မှာ ပထမဆုံး smartphone တီထွင်တဲ့ Innovator တစ်ယောက်အနေနဲ့ရော ကြွေးကြော် ပါသလား။

ဟုတ်ပါတယ်။ ကျွန်တော် အဲသလို ကြွေးကြော်တာပါ။ ပထမဆုံးတစ်ယောက်လို့တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ အစောဆုံးတီထွင်သူတွေထဲက တစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒီ concept က ကျွန်တော့် အတွက်ပါ။ တကယ်တော့ ကျွန်တော်က Mobile Phone Industry ထဲက Veteran တစ်ယောက်ပါ။

နိုင်ငံခြားရောက်မြန်မာတွေအတွက်ရော၊ မြန်မာနိုင်ငံက လူငယ်တွေအားလုံး အတွက်ပါ စကား လက်ဆောင်လေးများ ပြောပေးလို့ရမလား။

မြန်မာလူမျိုးဟာ တီထွင်နိုင်တဲ့ လူမျိုးပါ။ ကျွန်တော်တို့က ကမ္ဘာကြီးကို ပြောင်းလဲနိုင်အောင် လုပ်နိုင်စွမ်း ရှိသူတွေပါ။ ကမ္ဘာကြီးကိုလည်း ဦးဆောင်နိုင်သူတွေပါ။

ကျွန်တော်တို့ကို ဘယ်သူမှ စွမ်းရည်မရှိဘူး၊ မလုပ်နိုင်ဘူးလို့ မပြောနိုင်တော့ပါဘူး။ ကျွန်တော်တို့အားလုံး လိုအပ်တာက Dream နဲ့ Passion ပါပဲ။ ဇောက်ချလုပ်ပါ။ အလုပ်ကြိုးစားပြီး ယုံကြည်တာကို စွဲစွဲမြဲမြဲ လုပ်ကြပါ။

ဤစကားဝိုင်းဖြစ်မြောက်ရေးအတွက် စိတ်ရင်းစေတနာရင်းဖြင့် ပံ့ပိုးကူညီပေးခဲ့ကြသော မိတ်ဆွေ သင်္ဂဟ အားလုံးကို ICT Journal မှ အထူးကျေးဇူးတင်ရှိပါသည်။

Ref: ICT Journal

Credit : Here

မန္တလေး -စင်ကာပူ ခရီးစဉ် စတင်ပျံသ န်းတော့ မည့် ရွှေမြန် မာလေေ ကြာင်း

လေကြောင်းလိုင်းသစ်တစ်ခုဖြစ်သော ရွှေမြန်မာ လေကြောင်းလိုင်းသည် မန္တလေး_စင်ကာပူ ခရီး စဉ် ကို ဧပြီလ(၅)ရက်နေ့တွင် စတင်၍ နေ့စဉ်ပျံသန်း ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်ကို အဲဘတ်စ်အေ(၃၂၀)လေယာဉ် ဖြင့် ပျံသန်းပြေးဆွဲမှာဖြစ်ပြီး ခရီးသည် ၁၈၀ လိုက်ပါနိုင် မည်ဖြစ်သည်။ ခရီးစဉ်သစ် စတင်ပျံသန်းခြင်းအခမ်းအနားကို ဧပြီလ(၅)ရက်နေ့တွင် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်၌ ကျင်းပ သွားမည်ဖြစ်သည်။ အဆိုပါလကြောင်းလိုင်း၏ ခရီးစဉ်လက်မှတ်များအား အရောင်းကိုယ်စားလှယ် ရုံးများတွင် ရောင်းချနေပြီဖြစ်ကြောင်း NiceFare ကုမ္ပဏီမှ သိရပါသည် ။ ပြည်ပခရီးစဉ်များ ပျံသန်း ပြေးဆွဲကြရာတွင် ရန်ကုန်မြို့နှင့်သာ တိုက်ရိုက်ချိတ်ဆက်ပျံသန်းသည့်လေကြောင်းလိုင်းသာများပြားပြီး မန္တလေးမြို့နှင့် ချိတ်ဆက်ပျံသန်းမှုနည်းပါးကြောင်း သိရသည်။ လက်ရှိမန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်နေသော ပြည်ပခရီးစဉ်လေကြောင်းလိုင်းများမှာ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)၊ထိုင်းအဲဝေးလ်၊ အဲလ်အေးရှ၊ChinaEasten လေကြောင်း လိုင်းများ ဖြစ်ကြောင်း သတင်းရရှိသည်။

Credit : Here

မီးလောင်မှုတစ်ခုဖြစ်တဲ့အခါ မီးသတ်တပ်ဖွဲ့အပေါ် မဆင်မခြင် အပြစ်ပြောမစောဖို့


မီးလောင်မှုတစ်ခုဖြစ်တဲ့အခါ မီးသတ်တပ်ဖွဲ့အပေါ် မဆင်မခြင် အပြစ်ပြောမစောဖို့ငယ်စဉ်ကသိခဲ့တဲ့ မီး သတ် တပ်ဖွဲ့ အကြောင်းလေး မျှဝေပါတယ်..

မီးလောင်မှုသတင်းရလို့မီးသတ်က လူစုတဲ့အချက်ပေးခေါင်းလောင်းသံဟာ မရပ်မနား တရစပ် ခေါက်နေ တယ်ဆိုရင်မီးလောင်မှုဟာ မိမိမြို့နယ်အတွင်းမှာ ဖြစ်ပွားတာပါ။ ဒါကြောင့် မီးသတ်တပ်ဖွဲ့နဲ့ အရန် အင်အားတွေ ဟာ ဝတ်စုံပြည့်ဝတ်ဆင်ဖို့မလိုဘဲအလျှင်အမြန်ပြေး ကြရပါတယ်.


အကယ်၍အချက်ပေးခေါင်းလောင်းသံဟာ တစ်ချက်ခြင်းမှန်မှန်ခေါက်နေတယ်ဆိုရင် မိမိမြို့နယ် မှာ လောင် ကျွမ်းတာမဟုတ်ဘဲအခြားမြို့နယ်တစ်ခုမှာအိမ်ခြေ ၅လုံးထက်ပိုပြီး လောင်ခဲ့ တဲ့အတွက် အကူအညီ တောင်း တာ ဖြစ်တာမို့ဝတ်စုံပြည့်ဝတ်ဆင်ပြီး သွားရောက်ရပါတယ်။


အခြားမြို့နယ်ကိုအကူအညီအဖြစ် သွားရောက်ရတာမို့အဲဒီ သွားရောက်ကူညီနေ ချိန်အတွင်း မတော် တဆကိုယ့်မြို့နယ်မှာ မီးလောင်မှု ဖြစ်ခဲ့ရင် ငြိမ်းသတ်နိုင်အောင် လူအင်အား စက်အင်အား အစီအ မံ တွေပြု လုပ်ပြီးမှ ထွက်ရပါတယ်.။ ဒါကြောင့် မီးသတ်က ချက်ခြင်း မလာနိုင်ပါ။

မီးသတ်ကားတစ်စင်းမှာပါတဲ့ ဘေး၂ဘက် ရေထုတ်ပိုက်၎ခုနဲ့ကိုယ်ထည်ပေါ်မှာရှိနေတဲ့ ရေပိုက် စုစုပေါင်း၅ ခု ရဲ့ရေပက်နိုင်စွမ်းဟာ ဂါလံ ၆၀၀၀ ဆန့်တဲ့ကားအတွက် ၆မိနစ်ခန့်သာရှိ ပါတယ်.။ pump တွေရဲ့ ပက်အား ဟာ တစ်နာရွီဂါလံ ၁၂၀၀၀ခန့်ရှိပါတယ်.။ ဒါကြောင့်“မီးသတ်ကားလာပါတယ်. ခဏလေး ပက်ပြီး ရေကုန် သွားတယ်. ရေမှမပါလာတာ” ဒီလို ပြောတာတွေဟာ မှားပါတယ်.။

မီးသတ်ကားရဲ့ water Tank ဟာ အကန့်တွေပါပါတယ်.ရေရဲ့အလေးချိန်နဲ့ ကားကွေ့တဲ့အခါ မမှောက်သွားအောင်ပါ။ ဒီလို လုပ်ထားတာတောင်အဆင်မသင့်မြန်မြန် မောင်းရင်မှောက်တတ်ပါတယ်။ မီးသတ်ယာဥင်္ဟာ အမြန်မောင်းဖို့ မဖြစ်ပါဘူး။ ဒါကြောင့်မီးသတ်က နှေးတယ်။ မီးငြိမ်းမှ ရောက်လာတာ ထုံးစံ လို့ လွယ်လွယ် မှတ်ချက်မပေးသင့်ပါဘူး။

မီးသတ်တဲ့အခါမှာ မီးသတ်ကားမှာ ပါလာတဲ့ ရေနဲ့ လောင်နေတဲ့နေရာကိုအပိုင် ငြိမ်းနိုင်မငြိမ်းနိုင် တွက်ဆ ပါတယ်.။ မငြိမ်းနိုင်လောက်အောင် လောင်ကျွမ်းအားများနေရင် မီးလောင်ရာကိုမပက်ဘဲ ဆက်ပြီးလောင် နိုင်တဲ့ နေရာကို ကြိုတင်လက်ဦးအောင် ရေပက်ထားပြီး မူလလောင်နေရာကိုတော့လောင်စာကုန်အောင ထားလိုက်ပါတယ်..။ ဆက်ပြီးလောင်မယ့်နေရာကို ဖြိုထားတာမို့မသိသူများက လောင်တဲ့နေရာကို ဘာမှမငြိမ်းဘဲ တခြားငွေပေးတဲ့ အိမ်ကို ရေဖြန်းနေတယ်ဆိုတတ်ကြပါတယ်..။

တစ်ခါတလေ ကိုယ်ထင်တာမြင်တာတွေဟာ ပညာမပါရင်လွဲမှားနေတတ်ပါတယ်။

Credit to-Maung Maung Myint

မှတ်ချက်။ မီးသတ်ကားတွေမှာ ရေမပါဘူးဆိုတာ မဟုတ်ပါ။ မီးသတ်ကားတွေဟာ ရေမပါရင်/လိုအပ်တဲ့ ရေပမာဏမပါရင် မောင်းရတာပိုခက်ခဲပြီး အန္တရာယ်ဖြစ်လွယ်ကြောင်း ပညာပေးဟောပြောပွဲတစ်ခုမှာ နားထောင်လိုက်ရပါတယ်။ (မြန်မာနိုင်ငံက မီးသတ်ကားတွေက တစ်ဖက်က ပိုက်ဆံထည့်မှ တစ်ဖက်က ရေထွက်တာဆိုတဲ့ ခပ်ညံ့ညံ့ပျက်လုံးတစ်ခုလည်း ရှိခဲ့ဖူးကြောင်းပါခင်ဗျာ)

ဆင်းကတ်ရောင်းမည့်ရက် ကြေညာချက်ထုတ်ပြီး တစ်ပတ်ကျော်မှ ဝယ်လို့ရမည်

ဆင်းကတ်ရောင်းချမည့် ရက်ကို ကြေညာချက်ထုတ်ပြန်ပြီး တစ်ပတ်ကျော်ကြာမှသာ ရောင်းပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “ကျွန်တော်တို့ လက်ထဲမှာ ဆင်းကတ်တွေ ရောက်နေပါပြီ။ ကတ်တွေ ထုတ်လိုက်တော့ဆိုပြီး အထက်က ညွှန်ကြားချက် မလာ သေးဘူး။ ညွှန်ကြားချက် လာရင်လည်း ချက်ချင်း ရောင်းလို့မရသေးဘူး။ သတင်းထုတ်ပြန်ပြီး ရောင်းဖို့ စီစဉ်ရဦးမယ်။ တစ်ပါတ် ဒါမှမဟုတ် ၁၀ ရက် လောက် နီးပါး အချိန်ခွာပြီးမှ ရောင်းချပေးမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။


ဆင်းကတ်ကို ဧပြီလ ၅ ရက်နေ့တွင် ကျပ်နှစ်သောင်းနှုန်းဖြင့် ရောင်းချပေးမည်ဟု သတင်း ထွက်ပေါ်နေသလို ဂျီဖုန်း ကျပ်ငါးထောင်နှင့် WCDMA ကျပ်ခြောက်ထောင်နှုန်းဖြင့် ယခုရက်ပိုင်းအတွင်း ရောင်းချပေးမည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

“ဈေးနှုန်း ဘယ်လောက်လဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ ဖုန်းဈေးနှုန်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်တောင် မပြောသေးဘူး။ ဝန်ကြီးလည်း မပြောသေးဘူး။ ဒါကြောင့် ကျွန်တော်တို့အဆင့်လည်း မသိသေးပါဘူး” ဟု ၄င်းက ဆက်လက်ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆင်းကတ်ရောင်းချရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တယ်လီဖုန်း မရရှိသည့်သူများကို မျှတမှုရှိအောင် စနစ်တကျ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ဖုန်းများ ရောင်းချပြီးပါကလည်း ဖုန်းလိုင်းကျပ်တည်းမှု မရှိအောင် ကြိုတင်စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြင်ပဈေးကွက်တွင် သတ်မှတ်နှုန်းထက် ပို၍ရောင်းချမှုနှင့် ဈေးကစားမှုများ မပြုလုပ်နိုင်ရေးအတွက် လစဉ် ဖုန်းရောင်းချမှုကို တူညီသည့်နှုန်းဖြင့်သာ ရောင်းချပေးမည် ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြား ခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Credit : Here

ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် စတင်ပြင်ဆင်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်နိုင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စီစဉ် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပါတီ၏ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဆက်လက်ဝင်ရောက် အရွေးခံ လိုခြင်းရှိ၊ မရှိကို ဆန္ဒသဘောထား ကောက်ခံနေပြီ ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက ပြောကြားသည်။


ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပြည်သူလူထု အကျိုးကို စေတနာအပြည့်ဖြင့် စွမ်းဆောင် ပေးနိုင်ခြင်း၊ ပြည်သူနှင့် ဆက်ဆံရေး အဆင်ပြေမည့်သူများ ဖြစ်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁,၁၅၄ နေရာ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၈၂ နေရာ အနိုင်ရရှိခဲ့သည်။ 

သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လစ်လပ်နေရာ ၄၅ နေရာ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ်လောင်း တစ်ဦးမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

ပါတီတွင် ဖွဲ့စည်းပုံ ကျစ်လျစ်ခိုင်မာစေရန်နှင့် မူဝါဒသဘောထားများ ပြန်လည်သုံးသပ်နိုင်ရန် ပထမဦးဆုံးအကြိမ် ပါတီညီလာခံကို ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက နေပြည်တော်တွင် ကျင်းပ ခဲ့သည်။ 

၁၉၉၃ ခုနှစ်တွင် လူမှုရေး အသင်းအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်၌ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပကာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Credit : Here

၄၈ လမ်း မီးလောင်မှုမှ လွတ်မြောက်လာသူအချို့ ဘာပြောကြသလဲ


ယခုကျောင်းသား သုံးဦးမှာ ဧပြီ ၂ ရက် နံနက် သုံးနာရီက ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းတွင် မီးလောင်ရာ၌ ရှိနေခဲ့သူများ ဖြစ်သည်။ ဧပြီ ၂ ရက် ညနေ ၅ နာရီကျော်တွင် မီဒီယာအချို့နှင့် တွေ့ဆုံ ခွင့်ရခဲ့သည်။ မီးလောင်မှု ဖြစ်စဉ်အတွင်း သူတို့ကြုံတွေ့ခဲ့ရမှုများအား ကျွန်တော်တို့ကို ပြောပြခဲ့သည်။ ထို့ပြင် ဗလီဥက္ကဋ္ဌ ဦးဘနီနှင့် ကျောင်းဆရာ ဦးဆာအိ တို့က သတင်းစဉ်သို့ပြောကြားချက် များကို လည်း ပေါ်ပြူလာနယူးစ် ပရိသတ်များသိရှိနိုင်ပါရန် စုစည်း တင်ဆက်လိုက်ပါသည်။


မောင်ဝေယံသူ(၁၄ နှစ်)

အဲဒီမှာနေတာတော့ တစ်နှစ်ကျော်လောက်ရှိပြီ။ ကျွန်တော်က အောက်ထပ်မှာအိပ်တယ်။ မီးလောင် နေတော့ ကျွန်တော်တို့ ထမင်းစားခန်းထဲ ဝင်ပြေးကြတယ်။ မီးသတ် တွေလာမှ ကျွန်တော်တို့ ထွက်လာကြ တယ်။ သူတို့ကလည်း ကျောင်းသားလေးတွေ ထွက်လာလို့ရပြီလို့ ပြောတယ်။ အဲဒီမှာ ထွက်လာကြတာ။ ကိုယ့်ဘာသာ လွတ်အောင် ပြေးလာတော့ တခြားသူတွေကိုလည်း ဂရုမစိုက်ဖြစ်ဘူး။ ဘေးအိမ်ကို အကူ အညီ အော်တောင်းတော့ ဘေးအိမ်က မီးတော့လင်းလာတယ်။ ဒါပေမဲ့ လူတစ်ယောက်မှ မတွေ့ဘူး။

မောင်ဇော်ဇော်ထက်(၁၈ နှစ်)

လှေကားအရင်းက စလောင်တာတွေ့တယ်။ ကျွန်တော်လည်း အောက်ထပ်မှာပဲ အိပ်တယ်။ အထပ်ခိုး မှာက ကလေးတွေပဲထားတာ။ ကလေးတွေဆိုတော့ ကြောက် နေကြတာပေါ့။ ၁၃ နှစ်အရွယ် တချို့ကလေး တွေက လှေကားမှာ မီးစွဲနေတော့ အပေါ်ကနေ ခုန်ချကြ တယ်။ ဆရာကပြောတယ်။ မီး လောင်နေပြီ၊ မင်းတို့ပြေးကြတော့၊ လွတ်ရာကိုသွားလို့ ပြောတယ်။ ကျွန်တော်တို့လည်း မီးက အရမ်းပူတော့ စောင်တွေ ကာပြီး ထမင်းစားခန်းထဲ ဝင်ပြေးကြတယ်။ ဓာတ်ကြိုးတွေကလည်း ထပေါက်တဲ့ ဟာက ထပေါက်တယ်။ နောက် မီးသတ် တွေလာလို့ရပြီပြောမှ ကျွန်တော်တို့ ဓာတ်ကြိုးအောက်ကနေပြီး လာရတယ်။

မောင်မင်းခန့်ဇော်(၁၇ နှစ်)

ကျွန်တော်တို့ ကြီးတဲ့ကလေးတွေကို အောက်မှာ ပေးအိပ်ထားတယ်။ လှေကားနားမှာ အိပ်တဲ့သူတွေလည်း ဘာမှမဖြစ်ဘူး။ အပေါ်က ကလေးတွေပဲ ဖြစ်သွားတာ။ ကျွန်တော်တို့လည်း အော်ပြီးအကူအညီတောင်း ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိကြဘူး။

ဗလီဥက္ကဋ္ဌနှင့် ကျောင်းဥက္ကဋ္ဌဖြစ်သူ ဦးဘနီက သတင်းစဉ်(ပြည်တွင်း) သို့ ပြောကြားချက်

ကျွန်တော် လည်း သတင်းကြားကြားချင်း ရောက်လာတာပါ။ ကျောင်းက ပိတ်ထားရာကနေ ပြန်ဖွင့် တာ နှစ်ရက်ပဲ ရှိပါသေးတယ်။ လမ်းထဲက ရပ်ကွက်သူ ရပ်ကွက်သား တွေကလည်း အတော် စောင့် ရှောက် ကြပါတယ်။ ဒါကြောင့် ဒီရက်ပိုင်း အရင် ကျောင်းပိတ်ထားရာကနေ ပြန်ဖွင့်လိုက်တာပါ။ ဒီကလေးတွေကို ရပ်ကွက်က ကိစ္စတစ်ခုခု ရှိရင် ခေါ်ခိုင်းတာတွေ ရှိပါတယ်။ ပြီးတော့ လိုအပ်တာတွေကို ရပ်ကွက်က ဝိုင်းပံ့ပိုးကြပါတယ်။ ဒီရပ်ကွက်ကို ကျွန်တော်တို့ သိပ်စိတ်ချပါတယ်။

ကလေးတွေက ဒီလမ်း ထဲမှာပဲ အားလပ်ရင် ဆော့ကစားတယ်။ ဒီလမ်းက သိပ် စိတ်ချရတယ်။ ဒါကြောင့် ကျောင်း ပိတ်ရက်မှာ ကလေးတွေ စာတွေ မေ့သွားမယ်ဆိုပြီး ပြန်ဖွင့်တာ။ အခုမှ နှစ်ရက် ပဲ ရှိပါသေး တယ်။ အခုဖြစ်တော့ တံခါးတွေကပိတ်ထားတော့ ကလေးတွေ မီးခိုးတွေမွှန်ပြီး သေရတာပါ။ အောက်ထပ် က စာသင်တဲ့အဆောင်ပါ။ ရှေ့ဘက်မှာ ဝတ်ပြုဆောင်ရှိပါတယ်။ မီးလောင်စရာတော့ ကြီးကြီးမားမား ပစ္စည်းမရှိပါဘူး။ သစ်သားကြမ်းခင်းနဲ့ စီလင်ကလည်း သစ်သားပါ။ ဒါလောက်ပဲရှိတာပါ။ အခုတော့ မီး လောင်တာနဲ့ ပတ်သက်ပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ပြောပါ တယ်။ မီးလောင်ချိန်ကတော့ သိပ် မကြာလိုက်ဘူး။ ကျောင်းက ကျောင်းသား ၇ဝ ကျော်လောက် ရှိတာမှာ အပေါ်ထပ်မှာနေတဲ့ ၁၃ ယောက် သေသွားတယ်။ ကျန်တဲ့ ကလေးတွေကိုတော့ မင်္ဂလာ တောင်ညွန့်မြို့နယ်မှာရှိတဲ့ ဗလီကို ရွှေ့ပြောင်း ပေးထားပါတယ်။ အခု ဒီကျောင်းမှာ တက်နေတဲ့ အချို့က မိဘရှိသူလည်း ရှိပါတယ်။ အချို့ ကတော့ နယ်ဘက်က မိဘမဲ့တွေ ဖြစ်ပါတယ်။ မိဘမဲ့တချို့ကိုတော့ မင်္ဂလာတောင်ညွန့်ဗလီမှာ ဆက် လက်ထိန်း သိမ်းစောင့်ရှောက်ထား ပါတယ်။ တချို့ကိုတော့ သူတို့မိဘ တွေ လာခေါ်သွားတယ်လို့ သိရပါ တယ်။

ကျောင်းဆရာ ဦးဆာအိက သတင်းစဉ် (ပြည်တွင်း)သို့ ပြော ကြားချက်

ဒီမှာအိပ်တာက ဘော်ဒါဆရာ နှစ်ယောက်နဲ့ ကျောင်းသား ၇ဝ ကျော်ရှိပါတယ်။ ကျွန်တော်တို့က တော့ စာသင်ပြီး ပြန်တာပါ။ ကလေးငယ်တွေကို အပေါ်ထပ်မှာ သိပ်ပါတယ်။ ကလေး အလတ်တွေ နဲ့ ဆရာတွေ ကတော့ အောက်ထပ် မှာ အိပ်ပါတယ်။ မီးလောင်တာကို သူတို့ ငြှိမ်းသတ်ကြတယ်။ နောက် တော့ လှေကားတွေ မျက်နှာကြက်တွေ မီးလောင်ပြီး အပေါ်ထပ်က ကလေးတွေ ဆုံးသွားတာပါ။ မသင်္ကာစရာ လူစိမ်း လုံးဝမတွေ့ခဲ့ ပါဘူး” ဟု ပြောခဲ့သည်။

ထိုကဲ့သို့ အမှားမခံနိုင်သည့် အခြေအနေကြောင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ယင်းနေ့ (ဧပြီ ၂ ရက်) မနက် ၁၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းမ ၃ တွင် သတင်းစာရှင်း လင်းပွဲတစ်ခု ချက်ခြင်းပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်ဆွေက အဆိုပါ ရှင်းလင်းပွဲ၌ ”ဒီစာသင်ကျောင်းရဲ့ အားနည်း ချက်က တံခါးတွေအလုံကြီး ပိတ်ထားတယ်။ ဖြစ်တဲ့အချိန်တုန်းက ဆိုရင် သော့နှစ်ထပ်ခတ်ထားတယ်။ သူ့ရဲ့ ပတ်ပတ်လည်ပြတင်းပေါက်နဲ့ မြေညီထပ်က တံခါးတွေ အကုန်လုံးမှာ သံတိုင်တွေ၊ သံဆန်ခါတွေ အထပ်ထပ်ခတ်ထားတယ်။ တော်ရုံ တန်ရုံဖွင့်လို့မရဘူး။ မီးလောင်တော့ ကလေးတွေက အပြင်မထွက် နိုင်ဘူး။ မထွက်နိုင်တဲ့အတွက် ဆင်းရမှာလည်း ဒီတစ်ပေါက်တည်း။ အောက် ထဲကို ဆင်းရမှာ၊ လောင်တာ ကလည်း ဒါပဲဆိုတော့ ကလေးတွေ အပြင် အချိန်မီ မရောက်တဲ့အတွက် မီးခိုး ငွေ့တွေထိပြီး အသက်ရှုကျပ် သေဆုံး ကြရတာပါ”ဟု ဖြစ်ပွားပုံကို ပြောခဲ့ သည်။

ထို့ပြင် ”အဲဒါက တစ်စုံတစ် ယောက်က လုပ်တာမဖြစ်နိုင်ဘူးလို့ အကြမ်းဖျင်းတော့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ သို့သော်လည်းပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး တိတိကျကျ အဖြေပေါ်အောင် လုပ်မယ်။ မနေ့ကအထိတော့ ကျွန်တော် တို့ကင်းအဖွဲ့တွေ အကြမ်းဖျင်းစစ် ဆေးတော့ ဘာမှမသင်္ကာ စရာမတွေ့ ဘူး။ အားလုံးလည်း သိကြတဲ့အတိုင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတော့ ည ကျရင် ၉နာရီ တော်ရုံ မထွက်ကြ တော့ဘူး။ ဒီလိုမျိုး မနက်ဆို ပိုပြီး တော့ ကင်းချထားတယ်” ဟု ၄င်း က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲနောင်သိန်းကလည်း ”ဒီနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစ္စလာမ်ဘာသာကြီး ၅ ဖွဲ့ကို ခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လောလောဆယ် ချို့ယွင်းချက်အနေနဲ့မြင်တာ မီးအားမြှင့်စက်ပေါ့။ မီးအား မြှင့်စက်က မီးမြင့်ပြီး အပူဒဏ်မခံ နိုင်လို့ လောင်တယ်လို့ယူဆပါတယ်။

အဲလိုယူဆတဲ့ နေရာမှာတစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ကို စိုးရိမ် နေတာက လုပ်ကြံဖန်တီးမှုတစ်ခုလို့ ယူဆနေတာကြောင့် ကျွန်တော်တို့ အနေနဲ့ လုပ်ကြံဖန်တီးမှုလား အမှန်တကယ် မီးအားမြှင့်စက်ကြောင့်လားဆိုတာကို အဖြစ်မှန်စစ်ဆေး ဖော်ထုတ်ဖို့အတွက် တောင်းဆို ပါတယ်။ ဝန်ကြီးချုပ်ကလည်းအမြန်ဆုံးကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ကော်မတီဖွဲ့ပြီးအမြန်ဆုံး အမှန်ဆုံး ဖော်ထုတ်ပေးမယ်လို့ပြောပါတယ်” ဟု ဆိုခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေး ဒုတိယ အင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က ”စစ်ဆေးတွေ့ရှိချက်အရ မီးအား အလွန်အကျွံမြင့်တက်လို့ မဟုတ်ဘဲ မီးအားမြှင့်စက်ကြောင့် ဖြစ်တာတွေ့ရတယ်။ မီးအားမြှင့်စက်မှာ ဗို့အားကို Regulator သုံးထား တယ်။ ပြီးတော့ သူက Manual ဖြစ်နေတယ်။ ညဘက်ကျတော့ မူလထဲကတင်ထားတဲ့အားကို ပြန်မချတော့အပူလွန်ကဲ ပြီးစလောင်တာ။ လျှပ်စစ်ဓာတ်အား မြင့်တာနဲ့ မဆိုင်ဘူး”ဟု ရှင်းလင်းခဲ့ သည်။ ယင်းအချိန်ကာလတွင် အင်တာနက်စာမျက်နှာ အချို့၌ ဆူပူမှု ဖြစ်စေနိုင်သော သွေးထိုးလှုံ့ဆော်မှုများဖြင့် လှုပ်ခတ်နေခဲ့သော်လည်း အများစုအနေဖြင့်မျှတစွာရှုမြင်ကြ ပြီး အဓိကအားဖြင့် သေဆုံးခဲ့ကြသော ကလေးများအတွက် ဝမ်းနည်းမှုဖြင့် စိတ်ထိခိုက်ခံစားမှုများကို ရေးသား ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော် လဝီအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးကျော်စိုးကလည်း ”ဘယ် လိုပုံစံနဲ့ ဖြစ်တယ်ဆိုတာကိုသိဖို့က အစည်းအဝေးထိုင်ပြီး ဖြစ်ရပ်မှန်ကို ကော်မရှင်ဖွဲ့လုပ်နေတယ်လို့သိရတယ်။ ထွက်လာတဲ့အဖြေပေါ် ကြည့်ပြီးတော့မှ ပြောလို့ရမယ်။ အခုဟာက မမြင်တွေ့ရဘဲသုံးသပ်မှု မပြုနိုင်ဘူး။ ဒါက လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်၊ ဒါကို ဥပဒေအတိုင်း စုံစမ်းဖော်ထုတ်မယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြောထားတာပဲ။ ဒီကိစ္စကြောင့်တော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ဖို့မရှိဘူး။ ရန်ကုန် တိုင်းအစိုးရအဖွဲ့ကလည်း ဒါကို အဖြစ်မခံပါဘူး”ဟု သုံးသပ်သည်။

ယင်းမီးလောင်မှုမှာ လတ်တလော စစ်ဆေးမှုများအရ မီးအားမြှင့်စက် အပူလွန်ကဲရာမှ ဖြစ်ပွားခြင်း ဟုသိရပြီး အဓိကတာဝန်ရှိသည့် ဗလီတာဝန်ခံနှစ်ဦးအား အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

နံနက် ၁၁နာရီတွင် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ ရန် ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်က ”ဗလီ တာဝန်ခံနှစ်ယောက်ကို အမှုဖွင့် အရေးယူထားတယ်။ အခုသေဆုံး သွားတဲ့သူတွေက မီးခိုးမွှန်ပြီး သေဆုံး တယ်ဆိုတဲ့ ဆရာဝန်ရဲ့ ဆေးစစ်ချက်အရသိရတယ်။ ဒီဖြစ်စဉ်က ဝါယာရှော့ဖြစ်တာ။ ဒါကို ဖုံးချင်ဇောနဲ့ မသမာမှုတွေလို့ လျှောက် ပြောနေတယ်။ လမ်းတိုင်းလမ်းတိုင်းမှာ အလှည့်ကျကင်းလှည့် စနစ်ထားပါတယ်။ ဘယ်လူစိမ်းမှ အဝင်မရှိဘူး။ အပြင်ပယောဂမပါတဲ့အတွင်းက ဖြစ်စဉ်ကြောင့် ဖြစ်တယ်။ ဒီဝါယာရှော့ ဖြစ်တယ်ဆိုတာက လျှပ်စစ်ကျွမ်းကျင်သူရော၊ မီးသတ်ရော ဒီပုဂ္ဂိုလ်တွေရဲ့ သုံးသပ်ချက်တွေပါ။ ဒီ မီးလောင်မှုမှာ ဗလီတာဝန်ရှိသူတွေ တာဝန်ပေါ့လျော့ တယ်။ မီးလောင်နေ တာသိရက်နဲ့သော့ကိုင်သူက တံခါး ဖွင့်မပေးဘူး” ဟု ဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ”အမှန်ဆိုရင် သူတို့လေးတွေ မသေသင့်ဘဲ သေ သွားတာပါ။ ဗလီဆရာတွေရဲ့ မှားယွင်းစွာ ဆုံးဖြတ်မိလို့ပါ။ သူတို့ သာသော့ဖွင့်ပေးမယ်ဆိုရင် ကလေးတွေ ကို ကယ်တင်နိုင်မှာပါ။ တာ ဝန်ခံဖြစ်တဲ့နှစ်ဦးကို အရေး ယူပါ မယ်”ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲနောင်သိန်းကလည်း ထပ်မံ၍ ”ကလေးတွေရဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်စဉ်တွေလည်း ကျွန်တော်တို့ မေးမြန်းထား ပါတယ်။ ဒါတွေကတော့ အခုရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ကော်မရှင်ဖွဲ့ပြီး စုံစမ်းမှာဖြစ်တဲ့အတွက် ကော်မရှင် အဖြေလေး စောင့်စေချင်ပါတယ်။ ကော်မရှင် ကတော့ကျွန်တော် တို့လည်း မေတ္တာရပ်ခံတယ်။ ဝန်ကြီး ချုပ်ကလည်း ပြတ်ပြတ်သားသား ပြောပါတယ်။ အမှန်ဆုံးဖြစ်အောင် လုပ်ပေးမှာပါ။ ဒီကော်မရှင်က တကယ် ကျွမ်းကျင်တဲ့ ပညာရှင်တွေ နဲ့ဖွဲ့စည်းပြီး အမှန်ဆုံးဖော်ထုတ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့က မြန်မာနိုင်ငံ မွတ်ဆလင် အများစု စိတ်ဝင်စားတဲ့နေရာ ဖြစ် တယ်လေ။ ဒီနေရာမှာ အမှားအယွင်း တစ်စုံတစ်ခုဖြစ်ခဲ့ရင် တစ်နိုင်ငံလုံး ပြန့်သွားဖို့အချိန်က မဆိုင်းတော့ဘူး။ အဲဒါကြောင့် ဒီနေရာမှာ အမြန်ဆုံး အမှန်ဆုံးဖော် ထုတ်မယ်ဆိုရင် တစ်နိုင်ငံလုံးရဲ့ဂယက်ကလည်း အေးချမ်းသွားမှာပါ။

အဲဒီအတွက်ကြောင့် အမြန်ဆုံးနဲ့ အမှန်ဆုံး ဖော်ထုတ်ပေး မယ်လို့ ဝန်ကြီးချုပ်ကကတိပေးပါ တယ်” ဟုဆိုခဲ့ပြီး ယခုအခြေအနေ အရကြောက်ရွံ့မှုခံစားရခြင်းနှင့် ပတ်သက်၍မူ ”ကျွန်တော်တို့က အမှန်တရားပဲလိုချင်တာ။ အမှန်တရား ပေါ်ပေါက်ဖို့ ကျွန်တော်တို့ ကြားတာ မြင်တာတွေ့တာကိုလည်း သက်ဆိုင် ရာကို တင်ပြပြောဆိုထားပါတယ်။ မီဒီယာကိုလည်း တရားဝင် ဗျုးထားပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ထိန်ချန်တာ လျှို့ဝှက် တာဘာမှမရှိပါဘူး”ဟု ဆိုခဲ့သည်။

မီးလောင်မှုကို မျက်မြင်ကြုံ တွေ့ခဲ့ရပြီးအသက်ဘေးမှ လွတ် မြောက်ခဲ့သော ကလေးများနှင့်ပတ် သက်၍ ¤င်းက ”လောလောဆယ် မှာ ကလေးတွေကို လုံခြုံတဲ့နေရာ မှာ အေးအေးချမ်းချမ်းနား နေခွင့်ပေး ထားတာပါ။ မိဘရပ်ထံကို ကျွန်တော် တို့ပြန်မပို့သေးပါဘူး။ ဒီကိစ္စက မမျှော်လင့်ဘဲ ကြီးကြီးမားမားဖြစ် တယ်ဆိုတော့ ဒီကိစ္စကို လောလော ဆယ်မှာ ကျွန်တော်တို့ အပြင်ကို မထုတ်သေးပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဆို တော့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့က လုံလောက်အောင် ပြည့်စုံအောင်မှာ ကြားထားတာမို့ တိုင်းဒေသကြီး အစိုးရနဲ့ ပူးပေါင်း ပြီး အမှန်တရား ပေါ်ပေါက်ဖို့ဆောင်ရွက်သွားမှာပါ”ဟု ထပ်လောင်းပြောခဲ့သည်။

မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းကြားရပြီးနောက် မင်္ဂလာတောင်ညွန့်၁ဝ၁ လမ်းထိပ်မှ M.M ယောင် နက်အစ္စလာမ်ဗလီတွင် လာရောက်၍ ကူညီပေးခဲ့သော သုဝဏ္ဏ ဘက်တွင် ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသည့် အစ္စလာမ်ဘာသာဝင် ဆရာဝန်(အမည်မပြော)က ”တစ်ယောက်က လက်က ဒီလိုခေါက်သွားတာပေါ့ (လက်ဖမိုး နေရာကို ကွေးပြရင်း) လက်က ကျိုးသွားတာလား ခေါက်သွားတာလား မသိဘူး။ ဒါပေမဲ့ ကျွန်တော် ဘန်ဒေ့စည်းပေးလိုက်တယ်။ နောက်တစ်ယောက်ကျတော့ ခြေသန်းကွဲ သွားတယ်။ သူ့ကိုတော့ မေးခိုင်ကာကွယ်ဆေးထိုး ပေးလိုက်တယ်။ အနာကိုဆေး ထည့်ပေးလိုက်တယ်။ နောက်တစ်ယောက်က ကျတော့ ဒူးနည်းနည်းနာသွားတယ်။ ဒီလောက်ပဲ ။ ဟိုမှာတော့ ဘယ်လောက်သေလည်း ကျွန်တော် မသိဘူး။ ကျန်တဲ့အပိုင်းကတော့ ကလေးတွေ အေးဆေးပဲလား အေးဆေးပါပဲ။ ဆရာတစ်ယောက်ကတော့ လက်မောင်းမှာ မီးဟပ်ထားတဲ့ ဒဏ်ရာလေးရှိတယ် ။ အရေပြားတော့ ဘာမှမဖြစ်ဘူး။ ပူတယ်လို့ပဲ သူပြောတယ်။ အရေပြားနည်းနည်း နီနေ တယ်။ ဒါပဲ” ဟု ပြောပြသည်။

မည်သို့ပင်ဆိုစေ မီးလောင်မှုအရ ဗလီမှ မီးအားမြှင့်စက်တစ်လုံး၊ အဆောက်အအုံလှေကားနှင့် ကြမ်းခင်း များအပါအဝင် ဆုံးရှုံးမှုငွေကျပ် တန်ဖိုးအားဖြင့် ကျပ် ရှစ်သိန်းငါး သောင်းနှင့် အသက် ၁၂ နှစ်မှ ၁၆ နှစ်ထိ ပါဝင်သော ကလေးကျား ၁၃ ဦး သေဆုံးခဲ့ရသည်။

လက်ရှိ အခြေအနေအရ အရပ်သားအစိုးရတက်လာပြီး အတန်အ သင့်ပွင့်လင်းလွတ်လပ်သည့် ကာလ တစ်ခုသို့ရောက်ချိန် နိုင်ငံအနေဖြင့် ရှေ့သို့သာသွားရမည့်အစား မလို လားအပ်သော လူမျိုးရေးနှင့်ဘာသာ ရေးပဋိပက္ခကို ဦးတည်သည့်အကြမ်း ဖက် လှုံ့ဆော်မှုများကတော့ အခွင့် ကောင်းကို ချောင်းနေပြီဖြစ်သည်။

ယင်းအခြေအနေတွင် လှုံ့ဆော် မှုကို မရည်ရွယ်ဘဲ အားပေးမိလျက် သားဖြစ်နိုင်သည့် အခြေအနေများကို သတိထားရှောင်လွှဲရမည်ဖြစ်ပြီး သြဇာသက်ရောက်မှုရှိသည့် အင်တာ နက်ကဲ့သို့ လူမှုဝက်ဘ်ဆိုက် များအနေ ဖြင့်လည်း အမုန်းတရားများ မပြန့် ပွားရန် သတိထားသင့်ကြောင်း နိုင်ငံ ရေး လေ့လာသူများက သုံးသပ်သည်။ ၄င်းအပြင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ၄င်း၏ ဖေ့စ်ဘွတ်ခ်တွင် ကောလာဟလများကို လွယ်လွယ်ကူကူ မယုံကြည်ကြရန်နှင့် မီဒီယာများအနေ ဖြင့်လည်း သတင်းမှန်ဖြစ် စဉ် အမှန်ကို ထုတ်ပြန်ပေးကြရန် အရေးကြီးကြောင်း သုံးသပ်ရေးသား ထားသည်။

ဒီမိုကရေစီလမ်းပေါ် စတင် လျှောက်လှမ်းခွင့်ရချိန် ဤကာလ တွင်မှ ယင်းကဲ့သို့ ပဋိပက္ခများ ပိုမို များပြားလာခြင်းသည် တိုင်းပြည်ကို အရောင် မထွက်စေလိုသူများ ကြောင့်လော၊ ပြောင်းလဲတိုးတက် မှုကို မမြင်လို၍ အာဏာနှင့်နေရာ အသက်ဆက်ချင်သူများကြောင့် လော။ သို့တည်းမဟုတ် ဖြစ်နိုင် ခြေများကတော့ ဖြစ်နိုင်သည်သာ ချည်းပင်။ သို့သော် အခွင့်အခါကောင်း ခေတ်စနစ်ပြောင်းချိန်ကျမှ ဤ ကဲ့သို့ အခြေအနေများ အသက်ဝင်လာခြင်းကတော့ တိုင်းပြည်နှင့် ပြည်သူအတွက် ရတက်မအေး စရာပင် ဖြစ်သည်။

ရန်ကုန်သည် ယခင်ပျော်ရွှင် ဖွယ် ကောင်းသော မြို့ပြဆန်မှုများ ဖြင့် ရန်ကုန်သာ ဖြစ်စေလိုပါသည်။ ရန်ကုန်သာမက မြန်မာတစ်နိုင်ငံလုံး ရှိသမျှ နေရာဌာနတိုင်းတွင်လည်း ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အကာ အကွယ်နှင့်လုံခြုံမှုမဲ့သည့် နေ့ည အချိန်များမရှိစေလိုပါ။ စိတ်ချလက် ချအိပ်စက်နိုင်သော ညများနှင့်အတူ စားဝတ်နေရေးအတွက် နေ့ည အချိန်မရွေး လုံခြုံသော လူမှုပတ် ဝန်းကျင်ထဲ အားလုံးရှင်သန်နေချင် ကြပါသည်။

ဤနေရာတွင် လူတိုင်းမလို လားသော အကြမ်းဖက်မှုများရှိနေ သည်ဟု ယူဆပါက စကားဟောင်း ဖြစ်သည့် အစိုးရနှင့်ပြည်သူ လက် တွဲ၍ တိုင်းပြည်ကို ထူရမည့်အချိန် ရောက်လာပြီဟုဆိုရမည် ဖြစ်သည်။

အယူအဆမတူကြသော်လည်း ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေ ထိုင်နိုင်ရေးသည် တိုင်းပြည်အတွက် အရေးပါသော မူဝါဒဖြစ်ပြီးမည် သည့် အရာတစ် ခုကမှ ပြာသာဒ်ကို မီးလောင်စေမည့် အမှိုက်များမဖြစ်စေ လိုသည်ကတော့ အားလုံး၏ဆန္ဒ ပင်ဖြစ်ပါမည်။

လက်ရှိဖြစ်ရပ်အတွက် သက် ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လည်း လျှပ်စစ်၊ မီးသတ်၊ တိုင်း သာသနာရေး၊ တိုင်းရဲတပ်ဖွဲ့နှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ဖြစ်စဉ်နှင့်ပတ်သက် ၍ အမှန်တရားပေါ်အောင် ဆောင် ရွက်မည်ဟုလည်း တရားဝင် ထုတ် ပြန်ထားပြီး ဖြစ်သည်။

ထို့အတွက် အမုန်းတရားကို အခြေခံသောအတ္တနှင့်ဆန္ဒကို အသီး သီးထိန်းကာ ငြိမ်းချမ်းရေးအတွက် အတူ ယှဉ်တွဲ၍ အကြမ်းဖက်မှုမပါ သော တိုးတက်ပြောင်းလဲမှုကို တည် ဆောက်ရမည်ဟု ယုံကြည်ပါသည်။

၂ဝ၁၃ ကတော့ မြန်မာနိုင်ငံအတွက် အမှားမခံသော စိန်ခေါ်မှုများနှင့် စောင့်နေပြီဖြစ်သည်။ ရခိုင်၊ မိတ္ထီလာ၊ ပဲခူး စသဖြင့် စသဖြင့် မည့် သည့်အရပ်ဒေသတွင်မှ အမုန်း တရား မရှိစေရ။ မည်သည့် အကြောင်းရင်းကြောင့်ဖြစ်ဖြစ် အပြစ်မဲ့သူများ အ သက်မဆုံးစေရ။

လောကပါလတရားများနှင့် အတူ ပြည်သူကတော့ ငြိမ်းချမ်းပျော် ရွှင်ဖွယ်ကောင်းသော ရန်ကုန်ညတွေ အမြန်ပြန် လာနိုင်ပါစေဟူသောဆု တောင်းသံများရင်ထဲတွင် ညံနေကြ ပြီ ဖြစ်ပါသည်။

Popular News

Credit : Here

သင်္ကြန်ရက်တွေကို ဂုဏ်သိက္ခာရှိရှိနဲ့ ဖြတ်သန်းတာအကောင်းဆုံးပါပဲဆိုတဲ့ တင်မိုးလွင်နှင့်အင်တာဗျူး

အခုခေတ်သင်္ကြန်အပေါ် အစ်မရဲ့အမြင်ကို ပြောပြပေးပါ လား။

အခု သင်္ကြန်ကို မဆင်နွှဲဖြစ်တာ (၁၂)နှစ် ရှိသွားပါပြီ။ ဒီ(၁၂) နှစ်အတွင်းမှာလည်း အန္တရာယ်တွေကို စိုးရိမ်စိတ်နဲ့ပဲ သင်္ကြန် ကို ဖြတ်သန်းခဲ့ရတာပါ။ အခုတော့ မိသားစုနဲ့ပဲ ခရီးထွက် တယ်၊ အေးတဲ့နေရာမှာပဲ သွားနေတယ်။ အလှူတွေ လုပ်တယ်။ အဲဒီလိုလုပ်ရတာကလည်း သင်္ကြန်ကို တော်တော် စိတ်ကုန်သွားလို့ပါပဲ ... ။ အခုခေတ်သင်္ကြန်က စိုးရိမ်စိတ် တွေနဲ့ ပျော်နေရ တယ်လို့ထင်တယ်။ အစ်မတို့လည်း သင်္ကြန်မှာ Talents & Models အနေနဲ့ ကြီးမားတဲ့ ၀န်ဆောင်မှု တွေပေးပြီး လုပ်ခဲ့တာတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ အခုခေတ်သင်္ကြန်က အရမ်းကြမ်းတမ်း လာကြတယ်။ ရေပက်ရင် လည်း မီးသတ်ပိုက်တွေနဲ့ ပက်လာကြတယ်။ မူးတဲ့လူတွေ အရမ်းများလာကြ တယ်။ ပြီးတော့ ပြန်တဲ့အခါမှာလည်း လမ်းတွေပိတ်ပြီး ညဘက်ပြန် ရတာ မိုးချုပ်တော့ ကိုယ့်အတွက် အန္တရာယ် ကလည်း များတယ်။


သင်္ကြန်တွင်းဆိုတာကလည်း ဘာလုပ်လုပ် ခွင့်လွှတ်ရမယ့်ပုံစံမျိုးဖြစ်နေ တယ်။ ယဉ်ကျေးမှုမရှိတာတွေ၊ အရက်သေစာသောက်စားတာတွေကို ခွင့်လွှတ်နေကြရတော့ သင်္ကြန်က မိန်းကလေးတွေအတွက် မလုံခြုံတော့ ဘူး။ သင်္ကြန်မှာ သရုပ်ပျက်တာတွေကများတယ်။ သင်္ကြန်ပြီးရင်လည်း ဘယ်သူတွေ နာမည်ပျက်ကြဦးမလဲဆိုတာကလည်း ရှိနေတယ်လေ။ မမိုးတို့ဆိုရင် အခုခေတ်သင်္ကြန်ကိုကြောက်လွန်းလို့ အလုပ်တွေတောင် လက်မခံတော့ဘူး။ အလုပ်လက်ခံတဲ့အခါ ကိုယ့်တစ်ယောက်လုံခြုံဖို့တင် မကဘဲ ကိုယ့်ဆီမှာရှိတဲ့ Model တွေရဲ့လုံခြုံရေးကအစ ကိုယ့်မှာတာဝန် ရှိနေတော့ သူတို့အတွက်ပါ စိတ်ပူ နေရတယ်။

အခုခေတ်သင်္ကြန်နဲ့ အစ်မတို့လူငယ်ဘ၀တုန်းက သင်္ကြန်နဲ့ ဘာတွေကွာခြားမှုရှိသလဲဆိုတာ ပြောပြပေး ပါလား။

အရမ်းကွာခြားမှုတွေရှိသွားတယ်။ အရင်တုန်းကတော့ ခွက်နဲ့ ပက်တာကနေ ကူးပြောင်းလာတဲ့ခေတ်ထဲမှာ ပိုက်ကိုခပ်ပျော့ပျော့နဲ့ပဲ ပက်ကြတာပါ။ အရမ်းကြမ်းတာတွေ သိပ်မရှိဘူး။ အခုခေတ်က ရေပက်တာလည်း အရမ်းကြမ်းလာတယ်။ စူးတဲ့ပိုက်တွေ၊ မီးသတ်ပိုက်တွေနဲ့ ပက်တာတွေ ရှိလာကြတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်မှုတွေ၊ နားလည်မှုတွေနည်းလာပြီး ရန်ဖြစ်တာတွေ၊ သွေးထွက် သံယိုတွေ များလာတာတွေကို ကြားရတယ်။ ရိုက်ကြပြီဆိုရင် ဆွမ်းကြီးလောင်းတယ်လို့ လူငယ်တွေ ပြောကြတာပဲ။ ဘယ်သူရယ်ဘယ်ဝါရယ် မသိဘူး။ လက်တည့်တွေစမ်းကြတာကို ကိုယ့်မျက်စိ ရှေ့မှာ တွေ့တဲ့အခါ စိတ်ထဲမကောင်းဘူး။

မမိုးတို့မှာလည်း သင်္ကြန်ကိုပျော်ချင်တဲ့စိတ်တွေ ရှိပါတယ်။ ဒါပေမဲ့ အပျော်ကနေ အပျက်တွေဖြစ်လာတာ ဒီခေတ်ထဲမှာ များလာတယ်။ မမိုးတို့ခေတ်တုန်းကလည်း ဟော့ရှော့တွေဝတ်ပါတယ်။ ဒါပေမဲ့ ဒီလောက်တော့ သရုပ်မပျက်ကြဘူး။ လုံးလားထွေးလားတွေ မရှိကြဘူး။ သမီးရည်းစားဆိုလည်း ပိုက်ကို ကိုင်ပြီး အတူတူရေပက်ကြ တာလောက်ပဲ။ 

အခုခေတ်မှာတော့ သင်္ကြန်ပြီးရင် အခွေထွက်လာတာ၊ တိုင်လုံးတွေကိုဖက်ပြီး ကတာတွေ၊ Sexy အက တွေကတာတွေက မဏ္ဍပ်ပေါ်မှာ သူများနိုင်ငံက မကောင်းတဲ့ပုံစံမျိုးတွေနဲ့ လုံးဝကို သွားတူနေတယ်။ ဒီခေတ် စီးပွားရေးလုပ်နေတဲ့သူတစ်ယောက် အနေနဲ့ ခေတ်အမြင်တော့ ရှိပေမယ့် မြန်မာတစ်ယောက် အနေနဲ့ မြန်မာ ဆန်တာကိုပဲ ကြိုက်တယ်။

Credit : Here

မိတ္ထီလာမြို့ မှ ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း ၄သောင်းတန်ဖိုးရှိအိမ်များ တည်ဆောက်ပေးမည်

မတ်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အိမ်ခြေများ ပျက်စီးဆုံးရှုံး သွားသော ဒုက္ခသည် များအတွက် အိမ်ထောင်စုတစ်ခုလျှင် တန်ဖိုး ၃၅သိန်း ၄သောင်း တန်ဖိုးရှိသော အိမ်ပေါင်း ၁၅၃၄အိမ်အား တည်ဆောက်ပေးရန် စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

“တစ်အိမ်ကို ၅၃သိန်း၎သောင်းတန်ဖိုးရှိတဲ့ အိမ် ပေါင်း ၁၅၃၄လုံးကိုတည်ဆောက်ပေး မှာဖြစ်ပါတယ်။ သံတိုင် ၊အုတ်တွေနဲ့ တည်ဆောက်ပြီး သွပ်မိုးပါတဲ့ အလျား ၂၄ပေ အနံ ၁၈ပေအကျယ်ရှိတဲ့ အိမ်တွေ တည်ဆောက်ပေးမှာပါ။မွေးစာရင်းရှိတဲ့ လူတွေကို ပေးမယ်” ဟု ဦးရဲမြင့် အောင်က ပြောကြားသည်။


မိတ္ထီလာပဋိပက္ခဖြစ်ပွားစဉ်က ပျက်စီးသွားသော ၊ မီးလောင်သွားသော အိမ်များကို လုံခြုံရေး များနှင့် စောင့် ကြည့်ထားကြောင်း၊ အိမ်ပိုင်ရှင်များကို ၎င်းတို့နှင့်သတ်ဆိုင်ရာ နေအိမ်များတွင် ၀င်ရောက်ရှာဖွေရန် ၂ရက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့ပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ အပျက်အစီးများကြားထဲတွင် တွေ့ရှိပါက ယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၇ှာဖွေမှုများပြီးဆုံးပါက ထိုမြေနေရာများကို ဘူဒိုဇာများဖြင့် ထိုးကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်က ထည့် သွင်းပြောကြားသည်။

“၀မ်းသာပါတယ်။ ဒီမှာက ကျောင်းပိတ်တုန်း နေရာချပေးထားတာလေ။ နွေရာသီကျောင်းပိတ်ရက်ပြီးလို့ ကျောင်းပြန်ဖွင့်ရင် ဒီကလူတွေ ဘယ်မှာနေရမလဲ ဆိုပြီး စိတ်ပူနေရတာ။ အခုတော့ အိမ်တွေ ပြန်ဆောက် ပေးမယ်ဆိုတော့ အရမ်းကို ဝမ်းသာပါတယ်။ စောင့်ရှောက်မှုတွေ ပေးထားပေမယ့် အားလုံးစုပြီးနေရတော့ ကိုယ့်အိမ်ကိုယ်မဟုတ်တော့လည်း နေရေးထိုင်ရေးက အဆင်မပြေဘူးလေ” ဟု အစ္စလာမ်ဒုက္ခသည် တစ်ဦးဖြစ်သူ ဒေါ်မြင့်ကြည်ကပြောကြားသည်။

ယခုအခါ မိတ္ထီလာမြို့တွင် ဗုဒ္ဒဘာသာဝင် ဒုက္ခသည်စခန်း ၂ခုနှင့် အစ္စလာမ်ဘာသာဝင် စခန်း ၅ခုကို ဘုန်းတော်ကြီးကျောင်းများ၊ ကောလိပ်၊ အထက်တန်းကျောင်း၊ အားကစားကွင်း စသည့်နေရာများတွင် ဖွင့် လှစ်ကာစောင့်ရှောက်ထားကြောင်း သိရသည်။

Credit : Here

အပျော်ဖက်မယ့် သင်္ကြန်၊ အတော်ခက်တဲ့ သင်္ကြန်

မဝေးတော့တဲ့ အချိန်ကာလမှာ တနှစ်ကုန်လို့ တနှစ်ကူးတော့မယ့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူး သင်္ကြန်အချိန်အခါ သမယကို ရောက်ရှိလာတော့မှာပါ။ ဒီလို အချိန်အခါမှာ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေအနေနဲ့ နှစ်ဟောင်းက အညစ်အကြေး တွေကို နှစ်သစ်ကို ပါမသွားရလေအောင် သင်္ကြန်ရေ ဆိုတဲ့ အတာ ရေနဲ့ ဆေးကြောပက်ဖျန်းလို့ ကောင်းမှုကုသိုလ်တွေ ပြုကြ၊ ဥပုသ်သီလတွေ ဆောက်တည်ကြနဲ့ နှစ်သစ်ကို ဖြတ်သန်းတတ်ကြတဲ့ ချစ်စရာဓလေ့ ထုံတမ်းအစဉ်အလာတွေဟာ ဟိုးယခင် အုပ်ချုပ်သူ မင်းများလက်ထက် ခေတ်အဆက်ဆက် ကတည်းက တည်ရှိလာခဲ့တယ်ဆိုရင် မမှားပါဘူး။

သင်္ကြန်အချိန်အခါဆို ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် စတုဒိသာတွေ ကျွေးလို့ သပြေခက်နဲ့ ရေပက်၊ ငွေဖလားနဲ့ ရေလောင်း မောင်နဲ့နှမ သားနဲ့အမိ ချစ်စဖွယ် ကြည်စယ်ကြတဲ့ လူငယ်တွေဘာသာဘာဝ ချစ်စရာ့သင်္ကြန် အငွေ့အသက် တွေဟာ ဒီဘက်ခေတ်မှာ တဖြည်းဖြည်း နည်းသထက်နည်း၊ ပျောက်သထက် ပျောက်၊ နောက်ဆုံး စာအုပ်ထဲမှာပဲ ရှာဖတ်ရတော့မယ့် အနေအထားကို ရောက်ရှိလာခဲ့ ရတာပါ။


ဒီလို ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ မြန်မာတို့ရဲ့ ရိုးရာသင်္ကြန်ဟာ တနှစ်ထက်တနှစ် မတူလို့ တိုးတက် ထွန်းကားလာခဲ့တဲ့ ခေတ်ရေးစီးကြောင်းနဲ့ အတူ မျောပါလာခဲ့တယ်လို့ ဆိုရလေမလားပါပဲ။

အင်းပေါ့လေ။ မြန်ဆန်လှတဲ့ အခုလို အင်တာနက် ခေတ်ကြီးမှာ သပြေခက်နဲ့ ရေပက်၊ ငွေဖလားနဲ့ ရေလောင်း၊ ချိတ်ထမီ ရင်ဖုံးနဲ့ ရွှေခြေချင်းဝတ် သင်္ကြန်ယိမ်းသမ လုံမေတွေနဲ့ သင်္ကြန်ပွဲတော်ကြီးကို ရိုးရာမပျက်ဆင်နွှဲနေမယ်ဆိုရင်တော့ တော်တော်လေး ရယ်စရာ ကောင်းနေမယ်ထင်ပါတယ်။ တော်ကြာ သမ္မတကြီး ပြောခဲ့သလို နောက်ကြောင်း ပြန်ဆွဲနေတဲ့သူတွေကို အကုန် ထားခဲ့မယ် ဆိုတဲ့ထဲ မစပ်စုလည်း ပါနေမှဖြင့်။ ခေတ်ရေစီးကြောင်း အလိုက် ပြောင်းလဲ တိုးတက်မှုကတော့ ရှိမြဲ ရှိဆဲ လက်ခံမြဲ လက်ခံရပေလိမ့်မယ်။ ဒီပြောင်းလဲမှုမှာ ကောင်းသော ပြောင်းလဲမှုဘက်ကို အားသားရလေအောင် လူတိုင်း ၀ိုင်းဝန်း ထိန်းသိမ်း ကြရမယ်လို့ မစပ်စု ခံယူထားပါတယ်။

သင်္ကြန်ပွဲတော်ရဲ့ အနှစ်သာရ တခုဖြစ်တဲ့ တဦးကိုတဦး အေးစေ ချမ်းစေ လိုတဲ့ စိတ်ဆန္ဒတွေနဲ့ ရေပက်ဖျန်း ကစားကြတဲ့ ရိုးရာ ဓလေ့ တခုမှာ မစပ်စုပြောခဲ့သလို သပြေခက်နဲ့ ရေပက်၊ ငွေဖလားနဲ့ ရေလောင်း တာကနေ ပြောင်းလဲ တိုးတက်လာတော့ ရေခပ်နေစရာ မလိုအောင် အဆင်သင့် ရေပိုက်တွေနဲ့ ပက်ဖျန်းလာကြတဲ့ အနေအထား ရောက်လာခဲ့တယ်။ ဒီမှာ မစပ်စု မှတ်မိတာလေးတခုက ၁၉၉၀ နားကို နီးကပ်လာတဲ့ ကာလတွေက သင်္ကြန်လည်တဲ့ ကားတွေ၊ လူတွေ၊ ဆိုင်ကယ်တွေ အကြောက်ကြီး ကြောက်ရတဲ့ ပလပ်စတစ်ထဲမှာ ရေထည့်ထားတဲ့ ရေပူဖောင်း၊ နို့ဆီခွက်ထဲမှာ ရေထည့်ထားတဲ့ လူတွေအခေါ် “ခွက်စုတ်” ဆိုတဲ့အရာတွေ မင်းမူစိုးမိုးလာခဲ့ချိန်မှာတော့ သင်္ကြန်ရေဟာ တဦးနဲ့ တဦး အေးစေချမ်းစေ ဆိုတဲ့အရာ မသက် ရောက်ဘဲ အင်မတန် ကြောက်စရာကောင်းတဲ့၊ တဦးကိုတဦး နာစေကျင်စေဆိုတဲ့ အရာ သက်ရောက်သွားခဲ့တာပါ။

ဒီထက် ပြောင်းလဲ တိုးတက်လာတော့ မီးသတ်ပိုက်၊ ကားရေဆေးတဲ့ ဂန်းတွေနဲ့ကအစ ဖျန်းပက်တာ မဟုတ်ဘဲ ထိုးပက်ကြတဲ့ တိုးတက်လွန်းသော သင်္ကြန်ကာလတခုကို ရောက်လာ ပြန်ပါလေရော။ ရေပက်ခံတဲ့ လူတွေရဲ့ အသားတွေ စုတ်ပြတ်သတ်၊ ကျောတွေ အောင့်နေအောင်၊ ရေပက်ခံကားပေါ် ပါလာတဲ့ ကြီးငယ်မရွေး ကားပေါ်ကနေ ၀ရုန်းသုန်းကား ဆင်းပြေးရတဲ့ အနေအထား ရောက်အောင်၊ ဒီအထဲ ရေပက်ရင်း အချောင်သမား၊ လက်သရမ်းတဲ့ ယောက်ျားသားတွေရဲ့ ရန်က ကြောက်ရသေးတဲ့ မိန်းကလေးတွေရဲ့ ဘ၀ကလည်း သင်္ကြန်ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ အရာထဲမှာ တခုအပါအ၀င်ပါပဲ။ ဒါ့အပြင် ရိုက်ပွဲ၊ နှက်ပွဲတွေကတော့ နေရာအနှံ့ပေါ့။ ပေါချင်းသောချင်း အရက်သေစာတွေ အကြား မထိန်းနိုင်မသိမ်းနိုင် မူးကြ၊ ရူးကြ၊ ကွဲကြ၊ ပြဲကြတဲ့ အဖြစ်တွေကို နှစ်တိုင်း အခုအချိန်အထိ မကြားချင်မှ အဆုံး ဖြစ်ခဲ့ပါတော့တယ်။

“အရင်က သင်္ကြန်ဆိုတာ ရိုးရာယဉ်ကျေးမှုနဲ့ တဦးနဲ့တဦးကို ချစ်ကြည်နူးစေတဲ့ ပရဟိတ စိတ်ဓာတ်နဲ့ စခဲ့တဲ့ သင်္ကြန်လေ။သူများကို ကျွေးမယ်၊ သူများကို အေးစေမယ် ချမ်းစေမယ်၊ ကြည်နူးစေမယ်။ စပြီးတော့ သင်္ကြန်ကို ဆင်နွှဲကတည်းက ပရဟိတ စိတ်နဲ့သွားတာ။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ဒီသင်္ကြန်ကို ခုတုံး လုပ်ပြီးတော့ ရှိတဲ့ အတ္တတွေ အကုန်လုံးကို မီးပြိုင်းပြိုင်းနဲ့ ဟုန်းဟုန်းတောက်မျှကို သင်္ကြန်တွင်းမှာ လောင်ကျွမ်းကုန်ကြတယ်။ မူးပစ်လိုက်မယ်၊ သောက်ပစ်လိုက်မယ်၊ ရမ်းကားလိုက်မယ်၊ ကပစ်လိုက်မယ်၊ အော် ဟစ်ပစ်လိုက်မယ်၊ နောက်ဆုံး ဘာဖြစ်လာလဲဆိုတော့ ရိုက်ပစ်လိုက်မယ်၊ သတ်ပစ်လိုက်မယ် အထိပေါ့။ မိန်းကလေးတွေ အပေါ်မှာလည်း စော်ကားပစ်လိုက်မယ် … ဒီလိုတွေ အကုန်ဖြစ်ကုန်တာ ဒါတွေဟာ ပြောရရင် နိုင်ငံရေး ပင်စည် ပင်မတွေပဲ။ 

နိုင်ငံရေးသဘောအရ ဘယ်လိုဖြစ်ကုန်ကြလဲ ဆိုတော့ လူတွေမှာက ဖိနှိပ်မှုတွေ များလာတော့ ထွက်ပေါက်တွေ ရှိချင်လာတယ်၊ အစော်ကား ခံလာရတာတွေ များတော့ ရိုင်းရိုင်းပြောရရင် ကိုယ်ကနေ ပြန်စော်ကား လာချင်ကြတယ်” လို့ အမျိုးသားစာပေဆုရ မန္တလေးသား စာရေးဆရာ ဆူးငှက်က သူ့ရဲ့ အမြင်ကိုပြောပါတယ်။ ဒီလို ပေါက်ကွဲသံစဉ်တွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို လူငယ်တွေအနေနဲ့ အရင် သင်္ကြန်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ လှုပ်ရှားမှုတွေကို လုပ်ခွင့် မရလာတာတွေကြောင့် မဟုတ်တဲ့ဘက်၊ မကောင်းတဲ့ဘက်ကို ယိုစိမ့်သွားတယ်လို့ မြင်မိကြောင်း ဘလော့ဂါ ကိုနေဘုန်းလတ်ကလည်း သုံးသပ်ပါတယ်။

“လူငယ် တော်တော်များများ ဘာကြောင့် ဒီလိုမြင်လာလဲဆိုတာ ပြောဖို့ တော်တော် ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ငယ်ငယ်က အုန်းလက် မဏ္ဍပ်ထိုးပြီး လူငယ်တွေ စုပြီး မုန့်လုံးရေပေါ် လုံးတယ်။ ပြီးတော့ ကျနော်တို့ စတုဒီသာကျွေးတယ်။ ဒီလို အလေ့အထတွေ ရှိတယ်။ ဒီလို မဏ္ဍပ်တွေ ထိုးပြီး လူစုလူဝေးနဲ့ လုပ်တဲ့ အရာတွေကို နောက်ပိုင်းမှာ အစိုးရက တားမြစ် လာတာတွေ ရှိတယ်။ အဲဒီတော့ မဏ္ဍပ်ဆိုရင် မဏ္ဍပ်အကြီးကြီးတွေ ချည်းပဲ ရှိလာတယ်။ အစိုးရအနေနဲ့ လုံခြုံရေး အကြောင်း ပြပြီးတော့ တားမြစ်ပိတ်ပင် ခဲ့တာတွေ လုပ်ခဲ့လို့ လူငယ်တွေက တခြားဘက်တွေကို လမ်းလွဲသွားတယ်လို့ ထင်ပါတယ်။ ဒီလိုမျိုးတွေ ပြန်ပြီးဖော်ဆောင်ဖို့ လိုမယ် ထင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒီလိုနဲ့ ဒီဂျေ သင်္ကြန်ခေတ် ရောက်လာပြန်တော့ ပြောင်းလဲ တိုးတက်မှုတခုဖြစ်တဲ့ သင်္ကြန်မဏ္ဍပ် စင်မြင့်က ညကလပ် စင်မြင့် တခုလို ခေတ်သမီးပျိုများရဲ့ အတို၊ အပြတ်၊ အကွဲ၊ အဟိုက်တွေနဲ့၊ အကအလှများနဲ့ အပြိုင်အဆိုင် ဖျော်ဖြေ ဧည့်ခံကြတဲ့ သင်္ကြန်ခေတ် ကာလကို ရောက်လာခဲ့ ပါတော့တယ်။ စစ်အစိုးရလက်ထက် အင်လျားလမ်း၊ တက္ကသိုလ် ရိပ်သာလမ်းဆိုတဲ့ လူကုန်ထံ အသိုင်းအ၀ိုင်းနဲ့ ဆိုင်ရာ ပိုင်ရာတွေရဲ့ သားတွေသမီးတွေ ပိုင်ဆိုင်တဲ့ သင်္ကြန်မဏ္ဍပ်တွေက တစတစ အစပြုလို့လာတာ စနစ်ပြောင်းလို့ ဒီမိုကရေစီ ခေတ်သစ်ကို ရောက်လာလေတော့ အကုန် ပွင့်လင်းမြင်သာ ထင်သာတွေ ဖြစ်ကုန်ကြတာ နောက်ဆုံးမှာ သင်္ကြန်မဏ္ဍပ်ရဲ့ အနောက်ဘက်မှာ အေးအေးဆေးဆေး အနားယူလို့ရတဲ့ အခန်းတွေတောင် ထည့်သွင်း တည်ဆောက် လာကြတယ်ဆိုပဲ။ မူးယစ်ဆေးဝါးတွေကို လိုအပ်သလို ရောင်းဝယ် ဖောက်ကား သုံးစွဲနိုင်တဲ့ အချိန်အခါလို့ လည်း အများက ဆိုလာကြပါတယ်။

“မိန်းကလေးတွေ ကိုယ်နှိုက်ကလည်း ဒီအချိန်မှာ ငါတို့ တလျှောက်လုံး ခြေတလှမ်း ကုဋေတသန်းနဲ့ နေလာခဲ့တာတွေ ဖွင့်ချလိုက်မယ်။ ဒီအပေါ် ရောက်သွားတာနဲ့ ငါတို့အိမ်ရဲ့ အုပ်ထိန်းမှုနဲ့ လွတ်သွားပြီ၊ ဒီအပေါ်မှာ လိုင်စင်ရ ထင်သလို နေလို့ရတယ်။ ဆိုတော့ အရက်ကလည်း လိုင်စင်ရ၊ မူးယစ်ဆေးဝါးလည်း လိုင်စင်ရ၊ သမီးရည်းစားအတွဲ ကလည်း လိုင်စင်ရ၊ အကုန်လုံးက လိုင်စင်ရ ဖြစ်ကုန်တာ” လို့ စာရေးဆရာ ဆူးငှက်က ပြောပါတယ်။

လက်ဘက်ရည်ဆိုင် ယဉ်ကျေးမှုကနေ ဘီယာဆိုင် ယဉ်ကျေးမှုကို ပြောင်းလာတဲ့ခေတ်၊ အရက်ဘီယာက ရေသန့်ဗူးထက် ဈေးပေါနေတဲ့ ခေတ်၊ နေရာတိုင်း ၀ယ်လို့ရနေတဲ့ ခေတ်မှာ ဒါတွေကို ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်မယ်ဆိုရင်လည်း မြန်မာ့ရိုးရာ သင်္ကြန်ရဲ့ အခုလိုအရုပ်ဆိုး အကျည်းတန်မှုကို လျော့ပါးစေ လာနိုင်တယ်လို့ ကိုနေဘုန်းလတ်က ဆိုပါတယ်။

“လူငယ်တွေ သောက်ပြီးတော့ မူးနေရင် နိုင်ငံရေး စိတ်မ၀င်စားရင် ကောင်းတာပဲဆိုတဲ့ အတွေးမျိုးနဲ့ အစိုးရက ဒါမျိုးတွေကို ဖောဖောသီသီ ရအောင် ခွင့်ပြုထားတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဲဒီတော့ သင်္ကြန်တွင်းမှာ ဖြစ်ပျက်နေတဲ့ ရန်ဖြစ်တာတွေ၊ မိန်းကလေးတွေ အရှက်သိက္ခာ မဲ့တာမျိုးတွေဟာ မြန်မာ မိန်းကလေးတွေဟာ အဲဒီလို အရက်တွေဘာတွေ ၀င်သွားတဲ့အခါမှာ အသိစိတ် အကုန်လုံး ပျောက်ပြီး ပိုဆိုးသွားတယ်လို့ မြင်တယ်။ နောက်ဆုံး မဏ္ဍပ်တွေမှာ စပွန်ဆာ ပေးတာတွေကလည်း ဒါတွေပဲ များတယ်လေ။ ကျနော်တို့ ဂျာနယ်တွေမှာ အရက်ကို မကြော်ငြာရဘူးဆိုတဲ့ အခါကျတော့ PH 7 လိုလို ဘာလိုလိုနဲ့ စီးပွားရေး သမားတွေက လှည့်စားပြီးတော့ ကြော်ငြာတယ်။ အစိုးရ ဘက်ကလည်း မသိချင် ယောင်ဆောင်ပြီး ခွင့်ပြုနေတာတွေ ရှိနေတာကိုး။ သင်္ကြန်မှာ အဲဒီ အရက်သေစာနဲ့ ပတ်သက်တာကို ပြန်ပြီး ထိန်းနိုင်ကွပ်နိုင်မယ် ဆိုရင်တော့ ဒါတွေဟာ အရမ်းကြီး ပျောက်သွားမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် သင်္ကြန်ဟာ ဒီထက်ပို ဆိုးမလာဘဲနဲ့ အခုလို အရုပ်ဆိုး အကျည်းတန်မယ့် အရာတွေ နည်းနည်း လျော့သွားမယ်လို့ မြင်ပါတယ်” လို့ သူက ဆက်ပြောတယ်။

သင်္ကြန်နားနီးလာပြီ ဆိုရင်တော့ သင်္ကြန်မဏ္ဍပ်တွေ အနေနဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့၊ သရုပ်ပျက်ယဉ်ကျေးမှု သင်္ကြန် မဖြစ်စေဖို့ တိုက်တွန်း နှိုးဆော်စာတွေက ခါတော်မီ ထွက်လာခဲ့ပေ မယ့်လည်း သင်္ကြန်တွင်းမှာတော့ ဒီစည်းကမ်းချက် တွေလည်း သင်္ကြန်ရေထဲ မျောပါကုန်ကြတာ ထုံးစံပါပဲ။

ဒီလို အနေအထားတွေ ရောက်လာရတာဟာလည်း သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေအပေါ် အများကြီး မူတည်ပါတယ်လို့ ဆရာ ဆူးငှက်က သုံးသပ်ပါတယ်။

“မြို့တော်ဝန်ဆိုတဲ့ တကယ့် တာဝန်အရှိဆုံး မဏ္ဍပ်ကတောင်မှ သိန်းပေါင်း ၁၆၅၀ အကုန်ခံပြီးတော့ အဆိုတော်တွေ တီးဝိုင်းတွေ ငှားမယ်၊ ဒီပိုက်ဆံတွေသည် ကျနော်တို့ရဲ့ပိုက်ဆံတွေ၊ စစ်မှန်သော မြို့လူထု အများစုက ယဉ်ကျေးသော သင်္ကြန်ကို အလို ရှိတယ်။ သို့သော် သူတို့က အလိုမရှိဘူး။ သူတို့ပြောနေတဲ့ ပြည်သူ့အသံတို့ ပြည်သူ့ ဆန္ဒတို့ဆိုတာက ဘယ်ရောက်သွားတာတုန်း။ ဒီတော့ ခေါင်က မိုးမလုံတဲ့ ကိစ္စကိုး။ တကယ့်ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ်မယ့် မဏ္ဍပ်တွေ ဆယ်လုံးမကဘူး။ အလုံးတရာ သူတို့ လုပ်နိုင် တယ်။ အဆိုတော် တယောက်ကို သိန်းရာနဲ့ချီပဲ ပေးမယ်၊ အရင်က သင်္ကြန်မဏ္ဍပ်၊ သံချပ်တွေ ပြန်လုပ်မယ့် သူတွေကို သိန်း ၄၀၊ ၅၀ ထုတ်ပေးဖို့ ၀န်လေးတယ်။ သူတို့ကလည်း ဒီအချိန်မှာ အာဏာဆိုတဲ့ အတ္တပေါ့။ ဒီအချိန်မှာ ငါတို့ လူတွင်ကျယ် လုပ်မယ်။ ငါတို့ အပေါ်စီးက နေမယ်။ ငါတို့ ကြည့်ချင်တဲ့ အဆိုတော်၊ မင်းသား၊ မင်းသမီးကို ကြည့်မယ်။ သံဆူးကြိုးတွေခတ်၊ ကော်ဇောနီတွေ ခင်းထားပြီး မိသားစုလိုက် ရှေ့က အပူ အအေးတွေနဲ့ ခံစားကြတော့မှာလေ။ သူတို့ ကြည့်ချင်တဲ့ မင်းသမီး ပေါင်တိုနဲ့ ကြည့်ရတယ်ဆိုတာမျိုး ဖြစ်ကုန်ကြတာကိုး” လို့ မန္တလေး သင်္ကြန်နဲ့ပတ်သက်လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်သင်္ကြန်ကတော့ ဒီဂျေသင်္ကြန် ဖြစ်သွားပြီဆိုတော့ အဆိုတော်၊ သရုပ်ဆောင် အများစုဟာ သင်္ကြန် ကာလ ရောက်ပြီဆိုရင် သိန်းရာနဲ့ချီ ပေးနိုင်တဲ့ နယ်မြို့ သင်္ကြန်မဏ္ဍပ်တွေဆီ အပြေးအလွှား သွားရောက် ဖျော်ဖြေကြရတာပါ။

ဒီမှာ အဆိုတော်ဆိုလို့ နှစ်စဉ်နှစ်တိုင်း ဆိုသလို အမျိုးသား အဆိုတော်၊ သရုပ်ဆောင်တွေထက် အမျိုးသမီး အဆိုတော်၊ သရုပ်ဆောင်တွေကို သင်္ကြန်မဏ္ဍပ်တွေက ခေါ်ယူဖို့ ပိုစိတ်ဝင်စားကြတယ်လို့ အနုပညာ အသိုင်း အ၀ိုင်း က ပြောတာ မစပ်စု အမှတ်ရမိပါတယ်။

တည်ငြိမ်အေးချမ်းနေတဲ့ အချိန်အခါမှာတောင် သင်္ကြန်ကာလ ဆိုရင် ရိုက်ပွဲ နှက်ပွဲတွေက ရိုးရာမပျက် ဆိုတော့ အခုလို လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေချိန်မှာ ရောက်ရှိလာတော့မယ် သင်္ကြန်အခါသမယကို ဆူပူ အကြမ်းဖက်ချင်သူတွေက ပစ်မှတ် တခုအဖြစ် ထားလာမှာ စိုးရတဲ့အတွက် ရိုးရိုးရန်ပွဲကနေ အဓိကရုဏ်း ဘက်ကို ရောက်သွား စေနိုင်တာကြောင့် အတတ်နိုင်ဆုံး ရန်ပွဲတွေ မဖြစ်ကြဖို့နဲ့ တကယ်လို့ ဖြစ်လာ ခဲ့တယ်ဆိုရင်တော့ ဘေးက လူတွေက ဒီရန်ပွဲမှာ မပါဝင်ဘဲ ၀ိုင်ဝန်း ထိန်းသိမ်းကြဖို့ လိုတယ်လို့ ကိုနေဘုန်းလတ်က တိုက်တွန်းလိုက်ပါတယ်။

ဘကြီးမိုးလို့ အများခေါ်ကြတဲ့ စာရေးဆရာ မောင်မိုးသူကလည်း သင်္ကြန်မှာ အပျော်အပါး ဆိုတာထက် ကုသိုလ်ကောင်းမှုလုပ်တာ ဘုရားသွားကျောင်းတက် စတဲ့ ယဉ်ကျေးမှုဘက်ကို နွှယ်တဲ့ အလုပ်တွေကို ပိုလုပ်ကြမယ်ဆိုရင် ထိန်းသိမ်းရာလည်း ကျမယ် အန္တရယ်လည်း ကင်းမယ်လို့ သူ့အမြင်ကို ပြောပါတယ်။

ကဲ … ၂၀၁၃ ခုနှစ် ဧပြီလမှာ ရောက်ရှိလာတော့မယ် မြန်မာတို့ရဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကြီးကို လူသား အားလုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Credit : Here

သင်္ကြန်ကာလ ဈေးချိုချိုနဲ့ လေယာဉ်စီးကြမယ်


သင်္ကြန်ကာလမှာ ပရိုမိုးရှင်းတွေက များတယ်။ ဒီအထဲက ခရီးသွားတာနဲ့ သက်ဆိုင်တဲ့ အထူး ပရိုမိုးရှင်တခု ကတော့ ဈေးချိချိုနဲ့ လေယာဉ်စီးကြလို့ ရတာပါဘဲ။


ဒီကနေ့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ သင်္ကြန်အထူးအစီအစဉ် အဖြစ် မန္တလေး- ရန်ကုန် ခရီးစဉ် လေယာဉ်လက်မှတ် တစောင်ကို ကျပ်ငွေ ၃၅၀၀၀ နဲ့ ရောာင်းချပေးနေပါတယ်တဲ့။ 

မြန်မာ့လေကြောင်းလိုင်းက မတ်လ ၁၄ ရက်ကနေ ဧပြီလ ၁၃ ရက်အထိ ပရိုမိုးရှင်း ကာလ သတ်မှတ်ပြီး ကျပ် ၄ သောင်းခွဲနဲ့ ရောင်းချပေးနေရာက အခု အထူးအစီအစဉ်အရ မတ်လ ၂၄ ရက်နေ့က စတင်ပြီး လက်မှတ် တစောင်ကို ကျပ် ၃ သောင်းခွဲနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်တဲ့။ 

အထူးလျှော့ဈေးနဲ့ မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်တွေကို မြန်မာ့လေကြောင်း ( မန္တလေး ရုံးခွဲ) မှာ မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ ၀ယ်ယူနိုင်ပါပြီတဲ့။ 

မြန်မာ့လေကြောင်း စီးပြီး ရန်ကုန်နဲ့ မန္တလေး သင်္ကြန်တွေကို အလည်သွားလိုသူတွေအတွက် သတင်း ကောင်း တခုပေါ့။ 

သင်္ကြန်ကာလမှာ နန်းခင်ဇေယျာ ဘာလုပ်မှာလဲ


နန်းခင်ဇေယျာက သင်္ကြန်ကာလ ပရဟိတ လုပ်ငန်းတခု လုပ်ဖို့ ရှိနေပြီး အဲဒီ ပရဟိတ လုပ်ငန်းမှာ သူနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ပြောကြားလာ တဲ့ နှိုးဆော်မှုပါ။


အားလုံးပဲ မင်္ဂလာ နံနက်ခင်းလေးပါရှင်

ပရဟိတ လုပ်ငန်းများမှာ ညီမနဲ့အတူ ပူပေါင်းလှူဒါန်းချင်ကြတဲ့ ညီမရဲ့ ပရိသတ်တွေကို ညီမ ထပ်မံ ပြုလုပ်မယ့် ပရဟိတလုပ်ငန်းတစ်ခု အကြောင်းအသိပေးလိုပါတယ်။

ညီမအနေနဲ့ လာမယ့် ဧပြီလ ၈ ရက်နေ့ (တနလာင်္နေ့) မှာ မြန်မာနှစ်သစ်ကူး သင်္ကြန်အကြိုကောင်းမှု ကုသိုလ်ပြုလုပ်မှုအဖြစ် ရန်ကုန် ကလေးဆေးရုံ (Helping လမ်း) မှာ တက်ရောက်လျက်ရှိ ပြီး ဆေးဝါး ကုသမှုခံယူနေရတဲ့ ကင်ဆာဝေဒနာရှင် ကလေးငယ်များကို သွားရောက်တွေ့ဆုံပြီး အားပေး စကားပြောမှာဖြစ်ပါတယ်။

ဒါ့အပြင်မှာ ဆေးဝါးကုသမှုခံယူဖို့အတွက် ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ကင်ဆာဝေဒနာရှင် ကလေးငယ်များအတွက်လည်း ညီမအနေနဲ့ ကိုယ်တတ်နိုင်သလောက် လှူဒါန်းသွားမှာဖြစ်ပြီး အမှန် တကယ်ငွေကြေးချို့တဲ့ပြီး ဆေးကုသမှုခံယူဖို့အတွက် အခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ ကလေးငယ် လေးများအတွက် ညီမနဲ့အတူတတ်နိုင်သလောက် လှူဒါန်းလိုသူများ၊ ညီမရဲ့ ပရိသတ်များ၊ အလှူရှင်များ အနေနဲ့လည်း ညီမနဲ့အတူလိုက်ပါလှူဒါန်းလိုလျင်ဖြစ်စေ၊ တဆင့်လှူဒါန်းလိုလျင်ဖြစ်စေ ဧပြီလ ၇ ရက်နေ့နောက်ဆုံးထားပြီး ညီမထံသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း အသိပေးကြေငြာ လိုက် ပါတယ်ရှင်....

ညီမတို့အားလုံးရဲ့ ညီငယ် ညီမငယ်လေးတွေကို ကိုယ်တတ်နိုင်သလောက် ဖေးမကူညီကြရအောင် နော်....

နန်းခင်ဇေယျာ

လှူဒါန်းမှုများအတွက် ဆက်သွယ်ရန်

ဖုန်း  : ၀၉၅၆၀၁၂၅၈
Mail : nangkhinzayyar@gmail.com

Credit : http://blog.irrawaddy.org/2013/04/blog-post_9185.html

ရွေးကောက်ပွဲ မဟာမိတ် လုပ်လို့ရမရ (မောင်ဝံသ)

နိုင်ငံလုံးဆိုင်ရာ ပါတီကြီးတွေနဲ့ ပြည်နယ်အချို့ရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများ ဆက်ဆံရေးနဲ့ စပ်လျဉ်းလို့ ရွေးကောက်ပွဲ မဟာမိတ်များအဖြစ် ညှိနှိုင်းဆောင်ရွက်ကြဖို့ စဉ်းစားသင့်တဲ့ အကြောင်း အရင်ဆောင်းပါးတစ်ပုဒ်မှာ ကျွန်တာ် ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါး ဖတ်မိသူ လူငယ်နိုင်ငံရေးသမား တစ်ယောက်က တိုင်းရင်းသားပါတီများနဲ့သာမက ဗမာ ဒီမိုကရေစီပါတီအချင်းချင်းလည်း ရွေးကောက်ပွဲ မဟာမိတ်မလုပ်နိုင်ကြဘူးလား၊ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော့် သဘောထားကို သိချင် ပါတယ်လို့ မေးလ်ပို့ပြီး မေးခွန်းထုတ်ပါတယ်။

ဒီမိုကရေစီပါတီချင်းပဲ၊ ရွေးကောက်ပွဲမဟာမိတ် လုပ်နိုင်ရင်ကောင်းတာပေါ့လို့ အလွယ် ဖြေလို့ မရတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားပြီး စဉ်းစားမိတာကို တင်ပြလိုက်ပါတယ်။


အစိုးရအာဏာ ရဖို့အထိ


နိုင်ငံရေးပါတီတည်ထောင် ဖွဲ့စည်းတယ်ဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ နိုင်ငံတွေမှာ ပြည်သူလူထုရဲ့ ဆန္ဒမဲ အဆုံးအဖြတ်ကို ခံယူပြီး အစိုးရအာဏာ ရရှိဖို့အထိ မျှော်မှန်းကြစမြဲ ဖြစ်ပါတယ်။ ယခင် ပါလီမန်ဒီမိုကရေစီခေတ်က နိုင်ငံရေးပါတီတွေအကြောင်း မပြောတော့ဘဲ ရှစ်လေးလုံးအရေးတော်ပုံကြီး နောက်ပိုင်းကစလို့ ပေါ်လာတဲ့ နိုင်ငံရေးပါတီတွေကို လေ့လာရင်ပဲ ပါတီတွေရဲ့ ရည်မှန်းချက်နဲ့ လုပ်ထုံးလုပ်နည်း ကွဲပြားတာတွေကို တွေ့ရပါမယ်။ ပါတီပေါင်း ၂၃၀ ကျော် ပေါ်ခဲ့ပါတယ်။ ဒါလည်း အဆန်းမဟုတ်ပါဘူး။ စပိန်နိုင်ငံမှာ အာဏာရှင်ကြီး ဖရန်ကို ၁၉၇၅ခုနှစ်မှာ သေဆုံးသွားတော့ သူ့နေရာကို ဆက်ခံသူဖြစ်တဲ့ ရှင်ဘုရင်က ဖရန်ကို အင်မတန်မုန်းတီးတဲ့ ဒီမိုကရေစီစနစ်ကို စပိန်နိုင်ငံမှာ ပြန်လည် သွတ်သွင်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၅၀ ကျော် မြေအောက်ပါတီဖြစ်ခဲ့ရတဲ့ ကွန်မြူနစ်ပါတီ အပါအ၀င် နိုင်ငံရေးပါတီပေါင်း ၂၀၀ကျော် ပေါ်လာတာပါပဲ။ ရွေးကောက်ပွဲလုပ်တော့ ဆိုရှယ်လစ်ပါတီက မဲအများဆုံးရလို့ အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။ အခုဆိုရင် စပိန်မှာတကယ်တမ်း လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီ ၁၀ ပါတီ ကျော်ကျော်ပဲ ကျန်ရှိပါတော့တယ်။ နိုင်ငံရေးပါတီအများစုက ကောက်ရိုးမီးလို ပေါ်ခဲ့ပြီး နှစ်ပေါက်အောင်မခံဘဲ ပျောက်ကွယ်သွားပါတယ်။ တချို့ကျတော့ စိတ်တူကိုယ်တူ လေးငါးပါတီပေါင်းပြီး အင်အားစုစည်းကြပါတယ်။ သို့သော် နိုင်ငံရေး အာဏာ အနားမကပ်နိုင်ဘဲ ရပ်တည်ရုံရပ်တည်နေကြတာ ဖြစ်ပါတယ်။

ပါတီ မှတ်ပုံတင် လွယ်တဲ့အချိန်

ရှစ်လေးလုံးနောက်ပိုင်း ပေါ်လာတဲ့ နိုင်ငံရေးပါတီ ၂၃၀ ကို ပြန်ကြည့်ရင် အများစုဟာ သပိတ်ကြီးတုန်းက လက်တွဲလှုပ်ရှားခဲ့ကြသူတွေ မိမိတို့ သန်ရာသန်ရာ နိုင်ငံရေးသဘောထားတွေနဲ့ ဖွဲ့စည်းခဲ့ကြတာ များတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဗဟို အလုပ်အမှုဆောင် ၁၄-၅ ယောက်စာရင်းတင်နိုင်ရင် ပါတီ မှတ်ပုံတင်လို့ ရလေတော့ အလွယ်တကူ မှတ်ပုံတင်ခဲ့ကြတာပါ။ နောက်ပိုင်းမှာ ၀ါဒတူရာ တူရာ ပေါင်းစပ်မိပြီး တပ်ပေါင်းစုတို့ မဟာမိတ်တို့ ဖွဲ့ကြတာလည်း ရှိခဲ့ပါတယ်။ သို့သော် တကယ်တမ်း ရွေးကောက်ပွဲ ၀င်နိုင်တာ၊ ပါတီရပ်တည်မှုကို ထိန်းနိုင်တာ အလွန်နည်းခဲ့ပါတယ်။ ကျွန်တော့် အရင် ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီကြီးတွေနဲ့ နိုင်ငံရေးဝါဒ ခိုင်မာတဲ့ နိုင်ငံရေးပါတီတချို့ပဲ နောက်ဆုံး ကြွင်းကျန်ပါတယ်။

ဒီချုပ်ရဲ့ မဟာမိတ်အတွေ့အကြုံ

ဒီမိုကရေစီပါတီတွေ မဟာမိတ်ဖွဲ့စည်းပြီး ဆောင်ရွက်တာ ကောင်းတယ်ဆိုတဲ့ ယေဘုယျအမြင်ကတော့ ဘယ်တော့မှ ငြင်းစရာ မလိုပါဘူး။ ၁၉၈၈ နှောင်းပိုင်းနဲ့ ၁၉၈၉ ပထမနှစ်ဝက်အတွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အဲဒီတွန်းအားတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကလည်း ဒီမိုကရေစီပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ အဲဒီတုန်းက ဒီချုပ်ရဲ့ အတွင်းရေးမှူးတစ်ဦး ဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်က ဒီမိုကရေစီပါတီအတော်များများနဲ့ လိုက်လံတွေ့ဆုံပြီး ပါတီ ၄၀ကျော် (၄၂ပါတီလား၊ ၄၃ပါတီလား မသေချာပါ) နဲ့ ညီနောင်ပါတီများအဖြစ် မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ ဒီချုပ်နဲ့ မဟာမိတ်ပါတီများ စာရင်းကို တရားဝင်ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက အပြန်အလှန်အသိအမှတ်ပြုခဲ့တဲ့ ဒီချုပ်နဲ့ မဟာမိတ်ပါတီ ၄၀ ကျော်ဟာ ရွေးကောက်ပွဲ မဟာမိတ်အထိ သွားကောင်းသွားနိုင်တယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ သို့ပေမယ့် အဲဒီအဆင့်အထိ ဆွေးနွေးခဲ့တာ ကတိက၀တ်ပြုထားတာတော့ မရှိသေးပါဘူး။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကို န၀တခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးဖို့ တစ်ဦးတည်းသော ကိုယ်စား လှယ်အဖြစ် ပါတီပေါင်း ၁၀၄ပါတီက လက်မှတ်ရေးထိုး တာဝန်ပေး mandate တဲ့အခါမှာ ဒီချုပ်မဟာ မိတ်ပါတီများအဖြစ် ထုတ်ပြန်ကြေညာတဲ့ထဲ မပါတဲ့ ပါတီ ၆၀ကျော်ကလည်း ပူးတွဲ လက်မှတ်ထိုး ခဲ့ကြတာပါပဲ။ နောက်တော့လည်း အဲဒီတုန်းက အစည်းအဝေး တက်ရောက်ကြောင်းပဲ လက်မှတ်ထိုး ခဲ့တာပါလို့ ကိုယ်လွတ်ရုံးသူတချို့လည်း ရှိခဲ့ပါသေးတယ်။

ကိုယ့်အိမ်ကိုယ်ဆောက်အယူအဆ

၁၉၈၉ ဇူလိုင် ၄ ရက်မှာ ဆရာ ဦးဝင်းတင် အဖမ်းခံရတယ်။ ဇူလိုင် ၂၀ မှာ ဒေါ်စု ထိန်းသိမ်းခံရတယ်။ တစ်နေ့တည်းမှာပဲ ကျွန်တော်တို့လည်း ထိန်းသိမ်းခံရပါတယ်။ တတ်သိပညာရှင်အုပ်စုက ဒေါ်စုကစလို့ ဆရာ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဆရာ မောင်သော်က၊ ဦးထွန်းတင်၊ ဦးမိုးသူ၊ ဒေါက်တာ တင်မျိုးဝင်း၊ ဦးကိုယု၊ ဒေါ်စမ်းစမ်းနွဲ့ သာယာဝတီ၊ ကျွန်တော်စသည်ဖြင့် တစ်စုတစ်ပြုံလုံး ပြင်ပလောကနဲ့ အဆက်ပြတ်နေခဲ့ကြပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုမှာ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်စမ်းနွဲ့စမ်းနွဲ့နဲ့ ကျွန်တော်တို့ အင်းစိန်ကရှေ့ဆင့်နောက်ဆင့် လွတ်လာတော့ ရွေးကောက်ပွဲအတွက် အမတ်လောင်းတွေ အားလုံး မှတ်ပုံတင်ပြီးကြပြီး မဲဆွယ် ခရီးတွေ ထွက်နေကြပါပြီ။ ဒီချုပ်က ဘယ်သူနဲ့မှ ရွေးကောက်ပွဲ မဟာမိတ်မလုပ်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ "အားလုံး ပြင်ဆင်ထားပြီးသည့်အခြေအနေမှာ ကိုယ့်အိမ်ကိုယ် ဆောက်ကြပါစို့"ဆိုတဲ့ ဗဟို လူကြီး နိုင်ငံရေးသမားဟောင်းကြီးတစ်ယောက်ရဲ့ စာတမ်းထွက်ခဲ့တဲ့ အကြောင်း၊ အချို့သော မဟာမိတ်ပ်ါတီများနဲ့ ရွေးကောက်ပွဲ မဟာမိတ်လုပ်ဖို့ အကြံပြုတဲ့ ဦးခင်မောင်ဆွေ၊ ဦးကျော်မင်း၊ ဦးအုန်းကြိုင်၊ ဦးတင်ထွတ်စတဲ့ တတ်သိဗဟိုကော်မတီဝင်တချို့နဲ့ အခြေ အတင် ဖြစ်ကြသေးကြောင်း စတာတွေ ကြားရပေမယ့် အားလုံး တကယ်လည်း ပြီးစီးနေပြီဖြစ်လို့ ကျွန်တော်တို့ ဘာမှ မတတ်နိုင်တော့ပါ။

ဝိဓုရရဲ့ စာတမ်းတစ်ခု

ရွေးကောက်ပွဲမှာ ဒီချုပ် အပြတ်နိုင်ပြီးချိန်မှာ ၀ိဓုရ သခင်ချစ်မောင်က သုံးသပ်ချက် စာတမ်းတစ်ခု ရေးသား ထုတ်ဝေခဲ့တာ နိုင်ငံရေး သင်ခန်းစာ မှတ်သားစရာ တစ်ခုပါပဲ။ ရှာဖွေ ဖတ်ရှုလေ့လာဖို့ တိုက်တွန်း လိုပါတယ်။ ကျွန်တော်တို့ သဘောအရဆိုရင် ၀ိဓုရသခင်ချစ်မောင်လိုပုဂိုလ်မျိုးတွေကို (လွှတ်တော် ခေါ်ဖြစ်တာ မခေါ်ဖြစ်တာ အပထား) ထိပ်တိုက် ရင်မဆိုင်ဘဲ ညှိနှိုင်းပြီး ရှောင်ပေးသင့်ပါတယ်။ အလားတူ ဘကြီး ဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို)ရဲ့ ပြည်သူ့ဒီမိုကရေစီပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ စသည်တို့ကို အချို့နေရာတွေမှာ ဒီချုပ်က ရှောင်ပေးရင် မဟာမိတ်အင်အားကို ထိန်းသိမ်းရာ ရောက်နိုင် ပါတယ်။ အဲဒီတုန်းက ဒီချုပ်ကထုတ်ပယ်လိုက်ရတဲ့ ဥက္ကဌဟောင်းရဲ့ ပါတီမျိုးကျတော့ ရပ်တည်ချက်ချင်းကို မတူတဲ့အတွက် မဟာမိတ်ကိစ္စ စဉ်းစားဖို့ မရှိပါဘူး။ သူတို့ကလည်း စိတ်ဝင်စားမှု မရှိပါဘူး။

လစ်ဘရယ်အယူအဆလမ်းကြောင်း

၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း၊ ဒီချုပ်က ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဝင်တော့လည်း အထားတူ အသံတချို့ ကြားခဲ့ပါသေးတယ်။ သို့ပေမယ့် ခုချိန်မှာတော့ ဒီချုပ်ရဲ့ သဘောထား ဘယ်လို ရှိမယ်ဆိုတာ ကျွန်တော် မသိပါ။ တိုင်းရင်းသားပါတီတွေနဲ့ကိစ္စကို တော့ သီးသန့် စဉ်းစားရလိမ့်မယ်လို့ ယူဆပါတယ်။ အိန္ဒိယနိုင်ငံမှာ ကွန်မြူနစ်ပါတီလို လစ်ဘရယ်ဒီမိုကရေစီကို လက်မခံတဲ့ပါတီတွေကလွဲလို့ အင်အားကြီး ပါတီတွေဟာ လစ်ဘရယ် ဒီမိုကရေစီ လမ်းကြောင်းကို လိုက်နေကြပါတယ်။ သို့ပေမယ့် သူတို့ချင်း မဟာမိတ် မလုပ်နိုင်ကြပါဘူး။ တခါတလေ သည်းသည်းမည်းတောင် တိုက်ခိုက်နေ ကြပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အင်အားကို ကိုယ်ယုံကြလို့ပါပဲ။ ကိုယ့်အိမ်ကိုယ် ဆောက်ကြမယ်ဆိုတာ လစ်ဘရယ်ဒီမိုကရေစီမှာ အင်အားကောင်းတဲ့ ပါတီတွေအကြား အတော် ရေပန်း စားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒီငြိမ်းပါတီတို့၊ ဥက္ကဌဟောင်းရဲ့ ပါတီတို့ကလည်း သူ့သဘော သူ ဆောင်ပြီး ကိုယ့်အိမ်ကိုယ်ဆောက်ခဲ့ကြတာပါ ပဲ။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဘယ်လို အခြေအနေတွေ ဖြစ်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သက်ဆိုင်တဲ့ နိုင်ငံရေးပါတီများအနေနဲ့လည်း အလေးအနက် စဉ်းစားနေကြလိမ့်မယ်လို့ ယူဆပါတယ်။ ယခုဆောင်းပါးမှာတော့ ကျွန်တော့် အယူအဆပြောစရာ မရှိပါ။ ကာယကံရှင် နိုင်ငံရေး ပ်ါတီများ စဉ်းစားကြတဲ့အခါ အသုံးချလိုက ချနိုင်မယ့် အချက်အလက်အချို့ကိုသာ တင်ပြလိုက်ခြင်း ဖြစ်ကြောင်းပါ။

Credit : Here