Monday, April 1, 2013

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card ရောင်းချနိုင်ရေး ကြိုးပမ်းမှုများ

မတ် ၂၉ ရက် နံနက်ပိုင်းက နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချနိုင်ရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး အပြီးတွင် ပြည်သူများ မျှော်လင့်နေသည့် အဆိုပါ ဖုန်းကိစ္စနှင့် ပတ်သက်၍ သတင်း အချက်အလက် အချို့ကို အသိပေးနိုင်ရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးများ ဖြစ်ကြသော ဦးဝင်းသန်းနှင့် ဦးသောင်းတင် တို့နှစ်ဦးအား သတင်းအဖွဲ့က တွေ့ဆုံ မေးမြန်းခဲ့သည် များကို အောက်ပါအတိုင်း ကောက်နုတ် ဖော်ပြလိုက်ရပါသည်-


မေး။တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card တွေ အခုလို ရောင်းချနိုင်အောင် ဝန်ကြီးဌာနရဲ့ အဆင့်ဆင့် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများနဲ့ ပတ်သက်ပြီး သိလိုပါတယ်။ အကြမ်းဖျင်း ရှင်းလင်း ဖြေကြား ပေးစေ လိုပါတယ်။

ဖြေ။ (ဒုတိယဝန်ကြီး ဦးဝင်းသန်း) မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းဆဟာ ကမ္ဘာ့နိုင်ငံများ၊ အနီးစပ်ဆုံး ပြောရရင် အိမ်နီးချင်း နိုင်ငံများ၊ အရှေ့တောင် အာရှ နိုင်ငံများရဲ့ တယ်လီဖုန်း သိပ်သည်းဆနဲ့ နှိုင်းယှဉ်ရင် အင်မတန် နည်းနေသေးတာကို တွေ့ရပါတယ်။ အဲဒါကြောင့် တယ်လီဖုန်း သိပ်သည်းဆကို မြှင့်ဖို့လိုလာတယ်။ ဘာလို့ မြှင့်ဖို့ လိုအပ်သလဲ ဆိုရင် ဆက်သွယ်ရေးကောင်းမှ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်လို့ အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုရင် တယ်လီဖုန်း သိပ်သည်းဆ တိုးအောင် လုပ်ရမယ်ဆိုတဲ့ အဖြေထွက်ပါတယ်။ 

တယ်လီဖုန်းတွေ တိုးအောင် လုပ်တာမှာ နိုင်ငံသားအားလုံး ဝယ်ယူ သုံးစွဲနိုင်ဖို့က ဈေးနှုန်း အပေါ်မှာ မူတည်ပါတယ်။ ဈေးနှုန်းဆိုတဲ့ နေရာမှာ ခေါ်ဆိုခ သက်သာရ မယ်၊ Initial Cost သက်သာရမယ်။ Sim Card ဈေးနှုန်းတွေ သက်သာရပါမယ်။ အဲဒါ ဆို ပြည်သူလူထု တော်တော်များများ သုံးနိုင်လာမယ်။ အဲဒီအတွက် Infrastructure ကိုလည်း တည်ဆောက် ပေးထားတယ်။ ပြီးတော့ ဖုန်းအခွန်တွေ ဈေးသက်သာဖို့ အတွက်လည်း အခွန် အခတွေ သက် သာအောင် လုပ်ပေးတာ၊ အပြိုင်အဆိုင် ရောင်းချကြ မှာတွေကြောင့် ဈေးနှုန်း သက်သာမှု ရှိလာမယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်ရောက်လာမှာ ဖြစ်သလို ပြည်တွင်းမှာရှိတဲ့ ရတနာပုံ တယ်လီပို့လို MPT တို့လို ကုမ္ပဏီ တွေလည်း ပါဝင် လုပ်ကိုင်လာမယ်ဆို ရင်ပိုပြီး အဆင်ပြေလာမှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ နိုင်ငံမှာ တာဝါတိုင်တွေ ထူတာက ကျွန်တော်တို့ နိုင်ငံက လူတွေပဲ လုပ်တာပါ။ ပစ္စည်းပဲ နိုင်ငံခြားက မှာရတာပါ။ ပြည်ပက လူတွေခေါ်တာက တစ်ပိုင်းပေါ့။ ပြည်တွင်းက လုပ်နေတဲ့ လူတွေနဲ့လည်း ပူးပေါင်း လုပ်သွားလို့ ရပါတယ်။ အခုလက်ရှိ ပူးပေါင်းလုပ်နေတဲ့ ပြည်တွင်း ကုမ္ပဏီ ၁၃ ခုရှိပါတယ်။ ပြည်ပက မလာခင် စပ်ကြားမှာလည်း သူတို့နဲ့ လုပ်သွားမှာပါ။ ပြည်တွင်းအား နဲ့ကို အရင်စလုပ်မှာပါ။

ဖြေ။ (ဒုတိယဝန်ကြီး ဦးသောင်းတင်) အစိုးရသစ် တက်လာပြီးနောက Tele- com Sector ကို နိုင်ငံတကာ ပုံစံဖြစ်အောင်၊ နိုင်ငံတကာလို သက်သက် သာသာနဲ့ ဝယ်ယူနိုင်အောင်၊ ဆက်သွယ်ရေး စနစ်ကောင်းအောင်၊ ခေါ်ယူခက အစသက်သာအောင် နည်းလမ်းရှာဖွေ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ လက်ရှိတည်ဆောက် ထားတဲ့ တာဝါတိုင်တွေက အများကြီး နည်းနေပါသေးတယ်။ ဖိုင်ဘာလိုင်းတွေ ချထားတာတွေ ကိုလည်း လက်ရှိ အခြေအနေထက် (၁ဝ) ဆလောက်ကို တိုးချဲ့ရဦးမှာ ဖြစ်ပါတယ်။ တာဝါတိုင်ဆိုရင် လက်ရှိ ၁၅ဝဝ လောက်ရှိရာကနေ တစ် သာင်းခွဲ၊ နှစ်သောင်းလောက်ထိ တိုးချဲ့ တပ်ဆင်ရမှာ ဖြစ်ပြီး ဖိုင်ဘာလိုင်းတွေကိုလည်း တစ်ပြည်လုံးမှာ ပင့်ကူမျှင်လိုဖြစ် အောင်လုပ်မှ ဆက်သွယ်ရေးစနစ် ကောင်းမှာဖြစ်ပါတယ်။ 

နောက်တယ်လီဖုန်း Equipment တွေလည်း လုပ်ရဦးမှာပါ။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူဦးရေရဲ့ ၅ဝ ရာခိုင်နှုန်း တယ်လီဖုန်း ရဖို့အတွက် ဆိုရင် အမေရိကန် ဒေါ်လာသန်း ၂ဝဝဝ လောက် ရင်းနှီး မြှုပ်နှံရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်မယ်ဆိုရင် လက်ရှိ အခြေအနေကနေ တယ်လီဖုန်း သိပ်သည်းဆ ၅ဝ ရာခိုင်နှုန်း ထိရောက်လာဖို့အတွက် ငါးနှစ်ကနေ ခုနစ်နှစ် အထိကြာမှာပါ။ တာဝါတိုင်တွေ ဆောက်ရမယ်၊ ဖိုင်ဘာလိုင်းတွေ ချရမယ်၊ ဒါတွေက နေ့ချင်း ညချင်းလုပ်လို့ မရပါဘူး။ ကျွန်တော်တို့က သုံးနှစ်အတွင်း ၅ဝ ရာခိုင်နှုန်း ဖြစ်ချင်တယ်။ နိုင်ငံတကာ နည်းတူ တယ်လီဖုန်းကို ဈေးပေါပေါနဲ့ ရောင်းချင်တယ်။ ဒီတော့ ဒါတွေလုပ်ဖို့ တိုင်းပြည်ရဲ့ လက်ရှိအင် အားနဲ့ မဖြစ်နိုင်ဘူး။ ကိုယ်နည်းကိုယ့်ဟန်နဲ့ လုပ်ရင်ကြာလိမ့်မယ်။ လုပ်နိုင်တဲ့ နည်းလမ်းက တစ်ခုပဲရှိတယ်။ Telecom Sector ကို ပုဂ္ဂလိက ကဏ္ဍက ပါဝင်ယှဉ် ပြိုင်ခွင့် ပေးလိုက်တဲ့ နည်းလမ်းပါ။ 

စနစ်ကြီးကို လုံးဝပြောင်းလဲ လိုက်တာပေါ့။ အစိုးရကပဲ အစအဆုံး လုပ်မယ့်အစား ပုဂ္ဂလိက ကဏ္ဍပါဝင် ပူးပေါင်းမှု၊ နိုင်ငံတကာက ပါဝင်ပူးပေါင်းမှု တွေကို ဖွင့်ပေး လိုက်မှပဲဖြစ်မယ်။ ဒီလိုဖွင့်ပေးမယ်ဆိုရင် ဒီမိုကရေစီ အစိုးရ ဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ လုပ်ရပါမယ်။ အဲဒါကြောင့် ဒါတွေ လုပ်လို့ရအောင် ဥပဒေကို ပြင်ဆင်ရေးဆွဲပြီး လွှတ်တော်ကို တင်ပြထားပါတယ်။ တစ်ဖက်ကလည်း ပုဂ္ဂလိက ကဏ္ဍတွေ ပါဝင်ခွင့်ရအောင် ပြင်ဆင် ဆောင်ရွက်နေပါတယ်။ နောက် ၃/၄ လဆိုရင် ဥပဒေလည်း အတည် ပြုပြီး လောက်ပါပြီ။ ဒါဆိုရင် ပုဂ္ဂလိက ကဏ္ဍက ပါဝင်ဆောင်ရွက် နိုင်တော့မှာပါ။ သူတို့ အနေနဲ့ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ရှစ်လ၊ ကိုးလလောက် အချိန်ယူ ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၁၄ ခုနှစ် နှစ်လယ်လောက် ဆိုရင်တော့ တယ်လီဖုန်း လောက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖွံ့ဖြိုးလာ လိမ့်မယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့က အဲဒီအချိန်ထိစောင့် လို့မဖြစ်ဘူး။ ပြည်သူတွေကလည်း ဖုန်း တွေလိုချင် တယ်။ သမ္မတကြီးရဲ့ စေတနာကလည်း ပြည်သူတွေ လိုချင်တဲ့ ဖုန်းကို နိုင်ငံတကာ ဈေးနှုန်းအတိုင်း သက်သာတဲ့၊ ချိုသာတဲ့ဈေးနဲ့ ရောင်းပေးချင်တယ်။ ဒါကြောင့် ရေရှည် စီမံကိန်းနဲ့ စနစ်တစ်ခုလုံး ပြောင်းတဲ့ ကိစ္စကတော့ သွားနေတယ်။ ဒီကြားထဲမှာ ရေတိုစီမံကိန်း အနေနဲ့ ကျွန်တော်တို့က ဖြစ်အောင် ကြိုးစား ဆောင်ရွက် ရမှာပေါ့။ နောက်တစ်နှစ်ခွဲ၊ နှစ်နှစ်နေမှ ဖြစ်နိုင်မယ့်ဟာကို ကျွန်တော်တို့က အခုဖြစ်အောင် လုပ်ရမှာပါ။ 

အချိန်နဲ့၊ လူတွေနဲ့ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာဖို့ အစီအစဉ်တွေက ရှိပြီးသားပါ။ ရှေ့ကို တိုးလုပ်တဲ့ အခါမှာ ကျွန်တော်တို့မှာ အကန့်အသတ်တွေ ရှိပါတယ်။ ဘတ်ဂျက် အခက်အခဲ တို့၊ ဖုန်းတွေများလာလို့ လိုင်းကျပ်မှာတို့ စသဖြင့်ပေါ့။ ဈေးနှုန်းတက်ချီ၊ ကျချီလည်း မဖြစ်အောင် လစဉ် သက်သာတဲ့ တစ်သမတ်တည်း ဈေးနှုန်း နဲ့ ရောင်းပါမယ်။ ဒီလိုရောင်းရာမှာ လိုင်းမကျပ်နိုင်မယ့် အရေ အတွက်ကို ကန့်သတ်ပြီးတော့ ရောင်းပေးမှာပါ။ တစ်နှစ်ခွဲ ကာလ အတွင်းမှာ ချိန်ချိန် ဆဆနဲ့ ရောင်းပေး မယ့် သဘောမျိုးပါ၊

မေး။ အခုစတင် ရောင်းချပေးမယ့် တန်ဖိုးနည်း တယ်လီဖုန်း Sim Card တွေရောင်းချတဲ့ နေရာမှာ ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများ ပူးပေါင်းပါဝင်မှု ရှိ/ မရှိ ဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ။ (ဒုတိယဝန်ကြီး ဦးသောင်းတင်) အခုလက်ရှိ ရောင်းမှုမှာ မပါသေးပါဘူး။ ကျွန်တော်တို့ ဝန်ကြီးဌာနကပဲ ရောင်းပေး သွားမှာဖြစ်ပါတယ်။

မေး။ အခုအစီအစဉ်မှာ ပထမနှစ်လမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ ကို တစ်လကို CDMA Sim Card (၃၅ဝဝဝဝ) ဖြန့်ဖြူးသွားမယ်လို့ အကြမ်းဖျင်း လျာထားကြောင်း သိရပါတယ်။ ဘာဖြစ်လို့ CDMA ကို ရွေးချယ်ရတာ ပါသလဲ။ ဘာဖြစ်လ GSM တို့၊ WCDMA တို့ကို မရွေးချယ်ရတာလဲ ဆိုတာကို သိချင်ပါတယ်။

ဖြေ။ (ဒုတိယဝန်ကြီး ဦးသောင်းတင်) ရေရှည် စီမံကိန်းကတော့ နိုင်ငံတကာ ပုံစံ 3G နဲ့ Data တွေနဲ့ အင်တာနက်လည်း ကောင်းတဲ့၊ ကွာလတီလည်း ပိုကောင်းတဲ့ ဟာမျိုးကို သွားဖို့ပါ။ ဒီစီမံကိန်းက ရှိပြီးသားပါ။

လတ်တလော လုပ်ဆောင်ရမယ့် ဟာကတော့ ဘယ်စက် အမျိုးအစားက လိုင်းလက်ကျန် ပိုများသလဲ ဆိုတာ ကြည့်ရပါတယ်။ လိုင်းကျပ်တည်းမှု မရှိအောင် အဓိက စဉ်းစားတာပါ။ CDMA က တပ်ဆင်ထားတဲ့ စခန်းတော်တော် များများရှိပြီး တစ်ပြည်လုံးလည်း ပြန့်ကြဲနေတယ်။ ရောင်းချထားတာက နည်းနေ သေးတယ်။ ဒါကို စရောင်းခြင်းအားဖြင့် လိုင်း ကျပ်တည်းမှုကို ဖြေရှင်း ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပထမနှစ်လကို CDMA 800 ရောင်းချမယ်လို့ မှန်းထားတာပါ။ သို့သော် ပထမတစ်လမှာ ဒီလိုင်းကျပ်ခဲ့ရင် တခြားလိုင်း စီစဉ်ထားတာ ရှိပါတယ်။ နောက်ပြီး ဒေသတစ်ခုနဲ တစ်ခုရောင်းမယ့် ဖုန်းအမျိုးအစားမတူ ပါဘူး။ ဒေသရဲ့ ချောင်တဲ့လိုင်းပေါ် မူတည်ပြီး ဖုန်းအမျိုးအစား ခွဲခြားရောင်း ချပေးသွားမှာပါ။ ရောင်းမယ့် အရေအတွက်ကတော့ တစ်လ ၃၅ဝဝဝ ပါပဲ။ သို့သော် တချို့နေရာမှာ CDMA 800 ဖြစ်မယ်။ တစ်ချို့ နေရာတွေမှာ WCDMA ဖြစ်မယ်။ ဒါမျိုးပါ။ လိုင်းချောင်တဲ့ အပေါ် မူတည်ပါတယ်။

ဖြေ။ (ဒုတိယဝန်ကြီး ဦးဝင်းသန်း) နောက်ပိုင်း ကာလတွေမှာတော့ ဂျီအက်စ်အမ်ကိုပဲ ဖြန့်ပေးမှာပါ။ ဘာလို့လဲဆိုတော့ အင်တာနေရှင်နယ် အရရော၊ လက်တွေ့အရရော ကျွန်တော်တို့ အနေနဲ့ 3G နဲ့ အထက်ကို သွားမှာမို့ပါ။ လောလောဆယ် ပြည်သူတွေ အကျိုးရှိ ရှိ သုံးစွဲနိုင်အောင် အတွက်သာ လိုင်းချောင်တဲ့ဖုန်းကိုပဲ ဦးစားပေး ရောင်းပေးတာ ဖြစ်ပါတယ်။

မေး။ အခုဆိုရင်တောင် အချို့နေရာ တွေမှာ လိုင်းတွေကျပ်ပြီးခေါ်လို့ မရတာတွေ တွေ့ရပါတယ်။ အခုဖုန်းတွေ ထပ်ချပေးမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် လိုင်းအခက်အခဲကို ဘယ်လို ဝန်ဆောင် မှုတွေနဲ့ ဖြေ ရှင်း ဆောင်ရွက်မလဲ ဆိုတာကို သိလိုပါတယ်။

ဖြေ။ (ဒုတိယဝန်ကြီး ဦးသောင်းတင်) ကျွန်တော်တို့က တာဝါတိုင်တွေကိုလည်း ဆက်ပြီး တိုးချဲ့ တည်ဆောက် နေမှာပဲ၊ ဖိုင်ဘာလိုင်းတွေလည်း ချနေတာပဲ။ Euipment တွေလည်း တပ်ဆင်နေတာပါ၊။ အခုဆိုရင် ပစ္စည်းဝယ်တဲ့ အခါ ဂျပန်တို့၊ အမေရိကန်တို့ စတဲ့နိုင်ငံတွေ က လုပ်တဲ့ပစ္စည်း ပစ္စည်းကောင်းတွေ ကို သုံးလာပါတယ်။ ပထမဆုံးက လိုင်းပိုချောင်တဲ့ အမျိုးအစားကို ချပေးတာပေါ့။ ဒါတောင်မှ လိုင်းကျပ် လာမယ်ဆိုရင် ဖြေရှင်းနိုင်ဖို့လည်း လုပ်ထားပါတယ်။ ဒါရောင်းရင် လိုင်းကျပ်မလား ဆိုတာကို စိုးရိမ်နေတဲ့ ပြည်သူတွေ အတွက် နည်းလမ်း ပေါင်းစုံဆောင်ရွက် ပေးထားပါတယ်။

ဖြေ။ (ဒုတိယဝန်ကြီး ဦးဝင်းသန်း) ကျွန်တော်တို့က ပုဂ္ဂလိကတွေနဲ့ PPP ပုံစုံနဲ့ သွားနေပါတယ်။ ပုဂ္ဂလိကတွေ တာဝန်ယူ သွားတဲ့အခါ သူတို့အနေနဲ့ ဖုန်းခေါ်ဆို မှုများများရှိမှ သူတို့ အကျိုးအမြတ်တွေ ရမှာဖြစ်ပါတယ်။ ဒီလိုများများ ခေါ်ဆိုနိုင်အောင်လည်း လိုင်းကောင်းအောင်၊ လိုင်းမကျပ်အောင်လုပ် မှရမယ်။ ဒါမှသာ သူတို့အကျိုးရှိမယ်။ ကျွန်တော်တို့က စစ်ဆေးကြပ်မတ်တဲ့ အပိုင်းက လုပ်နေသလို သူကလည်း ဥစ္စာရင်လို ဥစ္စာရင်ခဲ သူ့ဆက်သွယ်ရေး လိုင်းတွေ ကောင်းအောင် ကြိုးပမ်းနေ မှာပဲဖြစ်ပါတယ်။ ဒီတော့ ပိုပြီးထိရောက်မယ့် သဘောရှိပါတယ်။ ပုဂ္ဂလိက ပါ လာတာက Government Sector ချည်းပဲ လုပ်တာထက်စာရင် ပိုပြီးထိ ရောက်လာမှာပါ။ လိုင်းတွေ ပိုကောင်း လာမှာပါ။

မေးမြန်း ဖြေကြားမှုများ အပြီးတွင် ကျွန်တော်တို့ သတင်းအဖွဲ့က ဒုတိယ ဝန်ကြီးများအား ယခုလို စိတ်ရှည်လက် ရှည်ဖြေကြားပေးသည့် အတွက် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့ ကလည်း ယခုလို မေးမြန်းပေးသည့် အတွက် ကျေးဇူးတင်ရှိ နေပုံရသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံးသည် ပြည်သူ့အတွက် အလုပ်အကျွေး ပြုနေခြင်းပင် မဟုတ်ပါလား။ 

Credit : Here

ယခုလမှစတင်၍ ဗီဇာကတ်များ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် အသုံးပြုနိုင်ပြီ

ယခုလမှစတင်၍ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် ဗီဇာကတ်များပါ အသုံးပြုနိုင်ပြီ ဖြစ် ကြောင်း သိရသည်။

CB ဘဏ်၏ POS ( ငွေချေစက် )နေရာ ၃၈ ခုတွင် အသုံးပြုနိုင်ပြီဖြစ်ကာ အဆိုပါ POS များတွင် ဗီဇာ ကတ်အပြင် မာစကာ ကတ်များကိုပါ အသုံးပြုနိုင် နေပြီဖြစ်သည်။

CB ဘဏ်သည် နိုင်ငံတကာ ငွေချေကတ်များဖြစ်သာ မာစတာကတ် ၊ ဗီဇာကတ် ၊ချိုင်းနားယူနီကတ် နှင့် ပြည်တွင်းသုံး MPU ( ဈေးဝယ်ကတ် )များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး မကြာမီ ချိုင်းနားယူနီယမ် ပေး ကတ်များ ကိုလည်း POS တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

Popular

Credit : Here

ရခိုင်စုံစမ်းရေး အစီရင်ခံစာ ထုတ်ပြန်ရက်ရွှေ့ဆိုင်း

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတဆီကို မတ်လ နောက်ဆုံး ရက်မှာ အပြီးသတ် တင်သွင်းရမယ့် အစီရင်ခံစာကို ဧပြီလလယ်ပိုင်းအထိ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်က ကြေညာလိုက် ပါ တယ်။ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင် ခံစာအပေါ် နောက်ဆုံးအကြိမ် ပြန်လည်စိစစ်သုံးသပ်ဖို့ အချိန်ယူတာနဲ့အမျှ အချက်အလက် မှန်ကန်တဲ့ ဒီအစီရင်ခံစာ ထွက်ပေါ်လာမယ့်လို့ မျှော်လင့်တဲ့ အကြောင်း ဒေသခံ ပြည်သူ့လွှတ်တော် အမတ်တွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။


မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတဆီ အပြီးသတ် တင်သွင်းရမယ့် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာပါတဲ့ သတင်းမှတ်တမ်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် စိစစ်သုံးသပ်ဖို့ လိုသေးတဲ့အတွက် ဖြစ်တယ်ဆိုပြီး ဧပြီလ ၂၄ ရက်နေ့ကို ရက် ရွှေ့ဆိုင်းလိုက်တယ်လို့ ကော်မရှင်က ကြေညာလိုက်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ပြည်သူတွေတင်မကဘဲ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင်ခံစာ ဖြစ်တဲ့အတွက် အငြင်းပွားဖွယ်ရာ အချက်အလက်တွေ မပါဝင်အောင် စနစ်တကျ လုပ်ဆောင်ဖို့ ကြိုးစားနေကြတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင် က ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ ထပ်ဖြည့်နိုင်တာလေးတွေပေါ့နော်၊ နောက် ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲ ဆိုတာလေးတွေ သူတို့ ဒီဘက်မှာရှိတဲ့ အသွင်အပြင် မတူတဲ့ မျိုးနွယ်စု နှစ်ခု ဟာ တဦးကိုတဦး ယုံကြည်မှုထက် ဖြစ်လာနိုင်တဲ့ တခြားအကြမ်းဖက်မှုလေးတွေကို စိုးရိမ်တဲ့အခါကျတော့ အတူယှဉ်တွဲနေထိုင်ရေးထက်လေ ယုံကြည်မှု တည်ဆောက်ရေး ကာလရှည်တခုကို ဖြတ်ဖို့ လိုမယ်ဆိုတဲ့ သဘော ရှိနေကြတယ်လို့ သုံးသပ်ပါတယ်။”

အခုလမှာ ထွက်ရှိမယ့် အပြီးသတ် အစီရင်ခံစာနဲ့ ပတ်သက်ပြီးလည်း ကော်မတီ၊ ကော်မရှင်ပါ အဖွဲ့ဝင်တွေအနေနဲ့လည်း အစီရင်ခံစာ တင်ပြနိုင်အောင် အချိန်နဲ့တပြေးညီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့သင့်တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အမှန် အချိန်က တော်တော်နည်းပါတယ်။ အကုန်လုံး စုစည်းဖို့ကလည်း လိုချင်မှ လိုမယ်လေ။ ဒါပေမဲ့လည်း ကော်မတီ သို့မဟုတ် ကော်မရှင်ရဲ့ ပုံမှန်လုပ်ငန်း လုပ်ဖို့အတွက်တော့ သူ့မှာ ခိုင်မာတဲ့ report တခု မပြီးခင်မှာ ကျနော်တို့ကို ပြန်ပြီး ဥပမာ final report မထွက်ခင် ၃ ပတ်လောက် ကြိုပြီး တွေ့ဆုံညှိနှိုင်းဖို့ သင့်တယ်။ တွေ့ရှိချက် အပေါ်မှာလည်းပဲ အပြန်အလှန် သုံးသပ် ဝေဖန် ဆွေးနွေးကြတဲ့ အဆင့်လည်း ရှိသင့်တာပေါ့လေ။”

နိုင်ငံတော်သမ္မတထံ တင်သွင်းမယ့် အပြီးသတ် အစီရင်ခံစာထဲမှာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ အခြေခံ အကြောင်းအရင်း၊ အဓိကအကြောင်းအရင်း၊ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ အပါအဝင် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုတွေ အပါအဝင်၊ ဒုက္ခသည်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင် ဖို့နဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သင့်တဲ့ အချက်များ၊ မတူကွဲပြားတဲ့ လူအုပ်စုတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် နိုင်မည့် နည်းလမ်းတွေနဲ့ နယ်မြေတွင်း ပြန်လည် ထူထောင်ရမယ့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

အခုလို သမ္မတ ဦးသိန်းစိန်ဆီကို အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့ ရက်ရွှေ့ဆိုင်းလိုက်ပြီး ဧပြီလ ကုန်ပိုင်းလောက်မှာ ထွက်လာမယ့် အစီရင်ခံစာပါ မှတ်တမ်း အချက်အလက်တွေဟာ မှန်ကန်မှုရှိဖို့ လိုအပ်ပြီး၊ အငြင်းပွားဖွယ်ရာ အချက်အလက်တွေနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းတွေ၊ ဘက်ပေါင်းစုံက လေ့လာ စုံစမ်းမှု စုံစုံလင်လင်နဲ့ ထွက်ရှိသင့်ပြီး ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့လည်း အချက်အလက် စုဆောင်းရေးမှာ ပါဝင်ကူညီခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်အမတ် ဦးရွှေမောင်း က ထောက်ပြ ပြောဆို လိုက်ပါတယ်။

“ဒီလကုန်မတိုင်ခင် ထွက်ရမယ်လို့၊ တင်မယ်လို့ အဲ့လို ကြားခဲ့တာ။ အဲ့ဒါက နိုင်ငံတော် သမ္မတဆီကို တင်မှာပေါ့နော်။ တင်ပြီးလို့ရှိရင် နိုင်ငံတော် သမ္မတကနေ ဒါကို လူသိရှင်ကြားဖြစ်အောင် ကြေ ညာမယ်။ အဲ့လိုမျိုး အကြမ်းဖျင်းသိရတယ်။ ကျနော်တို့ကလည်း တောက်လျှောက် သူတို့ကို လိုအပ်တဲ့ အချက် အလက်တွေ၊ ကျနော်တို့ ပေးထားတာရှိတယ်။ ဒီရခိုင်စုံစမ်းရေးကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတဆီကို တင်သွင်းတဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လို စုံစမ်းလို့ ရခဲ့တယ်ဆိုတာကို အလေးအနက် ထားပြီးမှ ပါစေ ချင်တယ်ခင်ဗျ။”

ကော်မရှင်အနေနဲ့ အပြီးသတ် အစီရင်ခံစာ တင်သွင်းမယ့်ရက်ကို အချိန်ယူပြီး ပြန်သုံးသပ်ဖို့ လုပ်ဆောင် နေတဲ့ အချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခအတွင်း အိုးအိမ်ဆုံးရှုံးခဲ့ ရသူတွေအတွက်လည်း မိုးရာသီအမှီ နေစရာ အခက်အခဲ ဖြစ်နေတဲ့အပေါ် အရေးတကြီး ဆောင်ရွက်သင့် တယ်လို့ ဘူးသီးတောင်အမတ် ဦးရွှေမောင်း က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“အခုက မိုးရာသီက လာတော့မယ်။ ဇွန်လဆိုရင်ပေါ့နော်။ တချို့ဆိုရင် မေလ အလယ်လောက်မှာ မိုးရွာ တာပဲ။ ဆိုတော့ အခုအချိန်ထိ အိမ်တွေ ဆောက်ဖို့အတွက်ကို အဆင်မပြေသေးဘူး။ လိုအပ်တဲ့ အစီအမံ တွေကိုလည်း ဆောင်ရွက်ပေးရမယ်။ လုံခြုံရေးကိစ္စတွေကိုလည်း သူတို့က ၀င်ပြီး လုပ်ပေးလိမ့်မယ်။”

ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ကြားဖြတ် အစီရင်ခံစာကို နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် နိုင်ငံတော် သမ္မတဆီကို တင်သွင်းခဲ့ပြီး၊ အပြီးသတ် အစီရင်ခံစာ တင်သွင်း မယ့်ရက်ကို ၂၀၁၃ မတ်လ ၃၁ ရက်နေ့ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံကို တိုက်ရိုက်အစီရင်ခံ တင်ပြရမယ်လို့ သမ္မတက အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

Credit :

အဓိကရုဏ်း ဖြစ်ခဲ့သော်လည်း ကုန်ဈေးနှုန်းများ တည်ငြိမ်နေ

အဓိကရုဏ်း ဖြစ်ပေါ်ခဲ့သော မိတ္ထီလာ၊ ရမည်းသင်း၊ အုတ်ဖို၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ မအောင်မြင်၊စစ်ကွင်းစသော မြို့များအပါအဝင် ရန်ကုန်မြို့တွင် အခြေခံစားကုန်များ ဈေးတက်ခြင်း၊ ပစ္စည်းပြတ်လပ်ခြင်း ပစ္စည်း ၀ယ်စုဆောင်းခြင်း၊ သိုလှောင်ထားခြင်းများ မရှိဘဲ ကုန်စည်စီးဆင်းမှု ကောင်းမွန်လျှက်ရှိကြောင်း အခြေခံစားကုန်များ ရောင်းချနေသည့် ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

“များများစားစား ၀ယ်စုတာမျိုး မရှိပါဘူး။ ဈေးကလည်း ပုံမှန်အနေအထား လောက်ပါပဲ။ နောက်တခုက လကုန်ခါနီး ဖြစ်နေတော့လည်း ငွေကပြတ်နေပြီလေ။ စုဆောင်းတာမျိုးတွေ မရှိဘူး” ဟု ရန်ကင်းဈေး အတွင်းမှ မေတ္တာရောင်ခြည် ဆန်ဆီ ရောင်းဝယ်ရေးမှ ဒေါ်အေးဖြူဖြူက ပြောသည်။


ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နေ့များမှာသာ အနည်းငယ် ဈေးကစားမှု ရှိခဲ့ကြောင်း၊သို့ရာတွင် နောက်ပိုင်း၌ မူလ အခြေအနေတိုင်းသာ ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုမှာလည်း ယခင်ကဲ့သို့ ကြန့်ကြာမှုများ မရှိသည့် အတွက် ဈေးကစားမှု နည်းပါးကြောင်း စားသောက်ကုန် တင်ပို့ရောင်းချသူများ အသင်းမှ အသင်းဝင် တဦးထံမှ သိရသည်။

“ပဋိပက္ခ စဖြစ်တဲ့နေ့ကနေ ဒီနေ့အထိကို စားသောက်ကုန် ပြတ်တာတွေမရှိဘူး။ ဈေးကလည်းပုံ မှန်ဈေး အတိုင်းပဲ ရှိတယ်။ရှားတယ်ဆိုတာ မရှိဘူး။ ရောင်းရေးဝယ်ရေးကော၊ ပစ္စည်းတွေကောက ပုံမှန်တိုင်းပါပဲ။ ဘာမှ ပြောင်းလဲတာမရှိပါဘူး” ဟုမိတ္ထီလာ မြို့ခံတဦးက ပြောသည်။

လက်ရှိအစိုးရမှာ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်း လာနိုင်သည့်အတွက် မြန်မာ့ငွေတန်ဖိုး မှာလည်း တည်ငြိမ်နေလျှက် ရှိသည့်အတွက် ကုန်ဈေးနှုန်း တက်လာခြင်း မရှိကြောင်း၊ ထို့အပြင် ကုန်စည်စီးဆင်းမှု တွင်လည်း ယခင်ကထက် ပိုမို မြန်ဆန်လာသည့်အတွက် ကုန်စည်များဈေးမတက်ခြင်း ဖြစ်ကြောင်း၊ ယခင် အခြေအနေများကဲ့သို့ ကုန်ပစ္စည်း စီးဆင်းမှု ကြန့်ကြာခြင်းများ မရှိတော့သည့်အတွက် ပဋိပက္ခဖြစ်ပွားခဲ့ သော်လည်း စီးပွားရေး နောက်ဆက်တွဲ ဆိုးကျိုး နည်းပါးခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးလေ့လာသူ တဦးက သုံးသပ်သည်။

“ပဋိပက္ခတွေဆိုတာက ခဏပဲ။ မထိန်းနိုင်တာလည်းမဟုတ်ဘူး။ ထိန်းနိုင်နေတာဘဲလေ။ သိပ်ပြီး ဈေးကစားမှာ မဟုတ်ဘူး။ ရေတိုကိစ္စတွေပါ။ လက်ရှိ အခြေအနေကြောင့် ဈေးအတက်အကျ ရှိလာ တာတွေ၊ အရင်လို သိုလှောင် သိမ်းတာတွေ မရှိနိုင်ဘူး” ဟု စီးပွားရေးပညာရှင် ဒေါက်တာခင်မောင်ညို (ဘောဂဗေဒ) က ရှင်းပြသည်။

ပဋိပက္ခများ နယ်ပယ်စုံတွင် ဖြစ်ပွားခဲ့သော်လည်း တနိုင်ငံလုံး အတိုင်းအတာ မဟုတ်ခြင်း၊အစိုးရအနေဖြင့် ထိန်းနိုင်သည့် အနေအထားတွင် ရှိနေခြင်း တို့ကြောင့် ကုန်ဈေးနှုန်း မတက်ခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးသန်းဇော်က ပြောသည်။

“၀ယ်ယူမှုတွေမှာ ခေါက်ဆွဲခြောက် ၀ယ်တာကတော့ အရင်ကထက် များတယ်။ ဒါပေမယ့် ဒါကလည်း နေရာတိုင်းမှာ မဟုတ်ဘူး။ တနေရာနဲ့တနေရာက မတူဘူး။ ပြောရခက်တယ်။ သိမ်းကျုံး ပြောရရင်တော့ အရင်ကလို ၀ယ်စုတာတို့ ဘာတို့တော့ မရှိပါဘူး” ဟု ABC စတိုးရုံးချုပ်မှ မန်နေဂျာ တဦးက ဆိုသည်။

ကုန်ပစ္စည်းဈေးများမှာ အတက်အကျမရှိဘဲ ပုံမှန်အတိုင်းသာ ရှိသော်လည်း ရွှေဈေးနှုန်းမှာ မေလဆန်းတွင် ကျပ် ၇ သိန်း ၅ သောင်းကျော် ရှိရာမှ မေ ၂၇၊ ၂၈ မှ စတင်ကာ ၇ သိန်း ၄ သောင်းကျော်သို့ ကျသွားခဲ့ပြီး မေ ၂၉ တွင် ၇၄၃၅၀၀ ဈေးသာ ရှိတော့ကြောင်း ရွှေဈေးကွက် အတွင်းမှ သိရသည်။

ဒေါ်လာ ဈေးနှုန်းမှာမူ မေလဆန်းတွင် ကျပ် ၈၉၀ ကျော် ရှိရာမှ မေ ၂၆၊ ၂၇ မှ စတင်ကာ ၈၇၀ ပတ်ဝန်းကျင်သာ ရှိခဲ့ပြီး မေ ၂၉ တွင် တဒေါ်လာလျှင် ၈၇၆ ကျပ်ဈေး ပေါက်နေသည်။

Credit : Here

အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ

အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့  သူတွေ အများစုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက် လာပါပြီ။

မိဘနဲ့ အိမ်နဲ့ အဝေးမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေက သင်္ကြန်ပိတ်ရက် ၁၀ ရက်မှာမိဘ ဆီကို ပြန်ဖို့ အိမ်ပြန်ဖို့ ကြိုးစားကြပါတယ်။ သင်္ကြန်ပိတ်ရက်တွေမှာ အဝေးပြေးကားလိုင်းတွေလည်း ပိတ်တတ် တဲ့အတွက် သင်္ကြန်မတိုင်ခင်ရက်တွေမှာ ကားလက်မှတ်ကို အပြေးအလွှားဝယ်ယူကြတာပါ။

ဒီနှစ်မှာလည်း April လ ၁ ရက်နေ့ပဲ ရှိပါသေးတယ်။ ဧပြီလ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေက မရှိ တော့ဘူးလို့ အဝေးပြေး ကားဂိတ်တွေက ပြိုင်တူ တညီတညွှတ်ထဲ ဇာတ်တိုက်ထားသလို ပြောလာကြ ပါတယ်။

တကယ်လက်မှတ်ကုန်သွားတာမျိုး မဟုတ်ဘဲနဲ့ မှောင်ခိုဈေးကွက်တစ်ခု ဖြစ်လာအောင် အဝေးပြေး လိုင်းကားတွေ ဖန်တီးကြခြင်းသာ ဖြစ်တယ်လို့ အိမ်ပြန်နေကျ ပြည်သူတွေက ပြောပြကြတယ်။


`အဝေးပြေးကားတွေက အဲလိုပဲ ဒီရက်မှာ မေးတဲ့ သူတိုင်းကို လက်မှတ်တွေကုန်ပြီ မရှိတော့ဘူးလို့ ပြော တယ်၊ ပြီးတော့ မဖြစ်မနေ ပြန်ချင်တဲ့ သူတွေကို လက်မှတ်ခတွေ ၅ ဆလောက် တက်ပြီး ရောင်းတယ်၊ အိမ်ပြန်ချင်တော့ ပေးရတာပဲ၊ ကျနော် ဆိုရင် လစာ ၅ ငါးသောင်းကျော်ပဲ ရတယ်၊ မနှစ်ကလည်း အမေနဲ့ တွေ့ချင်လို့ အိမ်ပြန်တာ ကားခနဲ့တင် လစာ ကုန်လို့ အမေ့အတွက် မုန့်တစ်ထုပ်တောင် မ၀ယ်နိုင်ခဲ့ဘူး `လို့ လှိုင်သာယာ စက်မှု ဇုံ ၂ ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံဝန်ထမ်းလေးတစ်ဦးက ပြောပြ ခဲ့တယ်။

သူ့လိုပဲ အစိုးရ၀န်ထမ်းတဦးကလည်း ခုလေးတင် မြတ်မန္တလာထွန်း၊ ရွှေမန္တလာထွန်း၊ ရွှေမျှား ၊ အောင်စင်္ကြာ စတဲ့ အဝေးပြေးကားတွေကလည်း ဧပြီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ် တွေ ကုန်ပြီလို့ ပြောပါတယ်။

`ကျမက လွန်ခဲ့တဲ့ မတ်လ ၂၅ ရက်နေ့လောက်ကတည်းက ကားလက်မှတ်မှာတော့ ဧပြီလ ၁ ရက် နေ့မှ စမှာပါလို့ ပြောတယ်၊ ဒီမနက် အစောကြီးကတည်းကပဲ ကားလက်မှတ် ၀ယ်တော့ ကုန်ပြီလို့ ပြော တယ်၊ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး သူတို့တွေ ကားလက်မှတ်ခတွေ တက်ချင်လို့ လုပ်နေကြတာ ၊ မနှစ်ကလည်း အဲလိုပဲ ကျမတို့ လက်မှတ် လိုချင်လို့ တစောင်ကို ကျပ် ၄ သောင်း ဈေးနဲ့ ပေးဝယ်ခဲ့ရတယ်`ဟု သူမက ပြောပါတယ်။

ခုလိုပဲ အဝေးပြေးလိုင်းကားတွေက လုပ်နေကြလို့ ပြည်သူတွေက ပြောကြတယ်။ ထုံးစံအတိုင်း သင်္ကြန် မတိုင်ခင်မှာကတည်းက အဝေးပြေးကားတွေက ပုံမှန်ယူနေကြ ဈေးနှုန်းတွေထက် ၃ ဆ လောက်ထိ မြှင့် တင်ပြီး ကားလက်မှတ်တွေ ရောင်းချကြပါတယ်။ ပုံမှန် ၁၂၀၀၀ကျပ် တစ်သောင်း နှစ်ထောင်း ကား လက်မှတ်ခ ပေးရတာက ဒီလို သင်္ကြန်မတိုင်ခင်ရက်တွေမှာတော့ ကျပ် သုံးသောင်းကနေ ကျပ် ၅ သောင်း အထိ ဈေးမြှင့်ရောင်းချနေကြတာကိုလည်း နှစ်တိုင်း တွေ့မြင်ခဲ့ရတာပါပဲ။

အိမ်ပြန်ချင်ရှာတဲ့သူတွေ မိဘနဲ့ တွေ့ချင်ရှာတဲ့  သူတွေကတော့  သူတို့ရဲ့ ချွေးနည်းစားနဲ့ ဘယ် လောက် တောင်းတောင်း မျက်စိမှိတ်လို့ ပေးကြရ တာပါပဲ။

မြတ်မန္တလာထွန်းကားဂိတ်ရဲ့ အရောင်းကိုယ်စားလှယ်တဦးဖြစ်တဲ့ မထက်ထက်က `ဟုတ်တယ်၊ ဒီနေ့ မနက်မှာပဲ လာဝယ်တဲ့သူများလွန်းလို့ ကုန်သွားပြီ၊ ဧပြီ ၁၂ ရက်နေ့ထိ ကုန်ပြီ၊ မကျေနပ်လို့ တိုင်ချင် လည်း တိုင်ပေါ့ အဲလို ဟိုတိုင်မယ် ဒီတိုင်မယ် ပြောကြတာပဲ ဘာမှလည်း တတ်နိုင်ကြတာ မဟုတ်ဘူး`လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒီလို သင်္ကြန်ရက်မှ အိမ်ပြန်နိုင်သူတွေကို ခုလိုမျိုး အဝေးပြေးကားဂိတ်တွေက ပြည်သူတွေအပေါ် အမြတ် ထုတ်နေတာ နှစ်တိုင်း လိုလိုဖြစ်နေပါပြီ။

အဝေးပြေးကားလိုင်းတွေက ပြည်သူအပေါ် ခုလို အနိုင်ကျင့် အမြတ်ထုတ်လိုမှုတွေကို ပြည်သူတွေက အမြဲ သည်းခံခဲ့ကြရတာပဲလား။

ဒီလို ပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို တာဝန်ရှိသူတွေ ဘယ်သူတွေကမှ ဘာမှ လုပ်မပေး နိုင်ခဲ့ကြဘူးလား။

ဒီအဝေးပြေးလိုင်းကားတွေ မှန်မှန်ကန်ကန်ဖြစ်ရေးအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။

လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ရှိသလား။ မထသမှာ တာဝန်ရှိသလား။ အရင်တုန်း ကတော့ ကုန်လမ်းပို့ဆောင်ရေးမှာ တာဝန်ရှိတယ်။

ခုလို လက်မှတ်တွေကို မှောင်ခိုဈေးဖြစ်အောင် ဖန်တီးနေတဲ ကိစ္စတွေကို စီစစ်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိ သလဲ။

ခုလို ပြည်သူတွေအပေါ် သတ်မှတ်ထားတဲ့ လက်မှတ်ဈေးနှုန်းတွေထက် ပိုရောင်းတဲ့ လိုင်းကားတွေကို ဘယ်လို အရေးယူကြမလဲ။

ဘာပဲဖြစ်ဖြစ် ဒီလို အဝေးပြေးကားတွေ ပြည်သူကို အနိုင်ကျင့်ခွင့်ပေးထားတဲ့ တာဝန်ရှိသူတွေ ဘယ် သူတွေ ဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ကဲ….လက်ရှိတာဝန်ရှိသူတွေ အနေနဲ့ အဝေးပြေးလိုင်းကားတွေရဲ့အမြတ်ထုတ်လိုမှုနဲ့ စိန်ခေါ်ချက်ကို ပြည်သူတွေဘက် ရပ်တည်ဖြေရှင်းမလား၊ အဝေးပြေးလိုင်းကားတွေဘက်ကနေ ရပ်တည်နေမလား ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

မေသင်္ကြန်ဟိန်း
မြစ်မခ

Credit : Here

တောင်ကြီးရောက် ပုဂ္ဂလိက နေ့စဉ် သတင်းစာ နှစ်စောင်

ဧပြီ ၁ ရက်နေ့ ၊ နေ့လည်ပိုင်းတွင် တောင်ကြီး မြို့ သို့ ပုဂ္ဂလိက သတင်းစာများဖြစ်ကြသည့် ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ နှင့် The Voice နေ့စဉ် သတင်းစာ တို့ရောက်ရှိလာပြီး ဈေးကွက် အတွင်း စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း Student Choice စာပေမှ ကိုမျိုး ကပြောဆိုသည်။

နေ့လည် ၂း၃၀ မိနစ်က ယခုသတင်းစာနှစ်စောင် လေယာဉ်ထုတ်ဖြင့် ရောက်ရှိလာကြောင်း တစ်စောင်လျင် ကျပ် ၂၀၀ ဖြင့် ရောင်းချလျက်ရှိနေကြောင်း၊ လူအများစိတ်ဝင်စားမှု သိပ်မရှိသေးကြောင်း၊ လပေး ဖတ်ရှုလျင် တစ်လ ကျပ် ၄၀၀၀ ဖြင့် လက်ခံပေးနေကြောင်း၊ မိမိတို့ နယ်သတင်းများ ပါဝင်မှု မရှိပဲ ရန်ကုန်၊ မန္တလေး အစရှိသည့်မြို့ကြီးများ ရှိသတင်းများသာ ဇောင်းပေး ဖော်ပြထားသဖြင့်နောက်ပိုင်းတွင် သတင်းစာဖတ် ပရိတ်သတ်များ အနေဖြင့် စိတ်ဝင်စားမှု လျော့နည်းလာနိုင်ကြောင်း ယင်းက ထပ်မံ ပြောကြားသည်။


စာပေဖြန့်ချိရေး ပိုင်ရှင်တစ်ဦးက ပြောကြားရာတွင် မိမိတို့ အနေဖြင့် လေယာဉ်ထုတ်ဖြင့် တင်လျင် ငွေပိုကုန်ကြောင်းသည့်အတွက် ရန်ကုန် ယနေ့ထွက်လျင် နယ်ဒေသသို့ မနက်ဖြန် အရောက်သာ ဖြန့်ချီ သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

The Voice သတင်းစာ ဖတ်နေသူတစ်ဦးက ပြောကြားရာတွင် အရင်ခေတ် သတင်းစာတွေလို ဆောင်းပါး များ၊ အခန်းဆက် ၀ထ္တုအသစ်များ ထည့်နိုင်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း ၊ မိမိတို့ နယ်ဒေသ သတင်း များအားလည်း ပဋိပက္ခဖြစ်မှ မျက်နာဖုံးတင် ဖော်ပြသည်ထက် နယ်သတင်းများပါ ထည့်နိုင်လျင် ပိုကောင်း မည်ဖြစ်ကြောင်း၊ အစိုးရ သတင်းစာတွင်ပင် နယ်သတင်းများ ဖော်ပြထားကြောင်း၊ ခေတ် နှင့်လျော်ညီသည့် စာရေးဆရာ ဦးကျော်ဝင်း ၏ ဆောင်းပါးများလို ဆောင်းပါးတွေ များများ ပါစေချင်ကြောင်း ပြောကြား ခဲ့သည်။

တောင်ကြီးတွင် ဂျာနယ်လက်ပွေ့ရောင်းသက်တမ်း (၅) နှစ်ရှိ မောင်အောင်စိုး ကပြောရာတွင် နေ့စဉ် သတင်းစာများ ထွက်ရှိလာတော့ လူတွေအနေဖြင့် နေ့စဉ်ဝယ်ရန် ခက်ခဲနိုင်မည်ဟု ထင်မြင်ကြောင်း၊ နောက်ပိုင်းနေ့စဉ် သတင်းစာများ အပြိုင်ဖြစ်လာလျင် ရောင်းအားများလျင် ၀ယ်လိုအား လျော့နည်းလာနိုင် ပါကြောင်း သုံးသပ်ပြောဆိုသည်။

နေ့စဉ်ထုတ် သတင်းစာများ ထွက်ရှိလာသော်လည်း မြန်မာ့အလင်း၊ ကြေးမုံ၊ မြ၀တီ အစရှိသည့် သတင်းစာများ စာဖတ်ပရိသတ်ထံသို့ ပုံမှန်ပို့နေရကြောင်း သတင်းစာပို့သူ ကိုလင်းထိန်က ပြောသည်။ 

Credit : http://blog.irrawaddy.org/2013/04/blog-post_2271.html

မန္တလေးတွင် အုပ်စုဖွဲ့ရမ်းကားမှုများရှိ


ယနေ့နံနက် ၁ နာရီအချိန်ခန့်က မန္တလေး မဟာအောင်မြေမြို့နယ်တွင် လူနေအိမ်များရှေ့၌ ရပ်နား ထားသော ကားတစီး၏ မှန်များကို လူအုပ်စုတစုက အကြောင်းမဲ့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

ဖျက်ဆီးရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း ကျူးလွန်သူတို့မှာ အခင်းဖြစ်ပွားချိန်တွင် အရက်မူးနေသူများ ဖြစ်သည်ဟု မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းမှ တာဝန်ကျရဲအုပ် ဦးစိုးမိုးနိုင် က ဧရာဝတီကို ပြောသည်။

“ဘာသာရေးနဲ့ ပတ်သက်တာမျိုး မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ မူးပြီး ရမ်းကားတာပါ။ လူငယ်တွေ ဆိုတော့ အရက်လေးဝင်တာရယ် လေတဖြူးဖြူး တိုက်တာရယ်ဆိုတော့ စိတ်တွေအလိုလိုနေရင်း ကြွပြီး ရမ်းကားတာတွေ ဖြစ်ကုန်တာပါ” ဟု ၎င်းက ဆိုသည်။


အခင်းဖြစ်ပွားချိန်တွင် ပါဝင်သူ ၁၀ ဦးရှိပြီး ၉ ဦးကို အချိန်တိုအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။ ခေါင်းဆောင်ဟု ယူဆရသော ဗေဒါကြီး ဆိုသူမှာမူ လွတ်မြောက်နေဆဲဖြစ်ပြီး ဖမ်းဆီးရမိရန် အချိန်နှင့် တပြေးညီ် ကြိုးစား နေကြောင်း ရဲအုပ်စိုးမိုးနိုင်က ပြောသည်။

၎င်းကျူးလွန်သူ လူငယ်များမှာ ၇၄ လမ်းနှင့် ၃၇ လမ်းကြားရှိ အိမ်တအိမ်ရှေ့တွင် ရပ်နားထားသည့် Van ကားကို အကြောင်းမဲ့ မှန်များရိုက်ခွဲခဲ့ခြင်းဖြစ်သည်။ ကား၏ ဘယ်ဘက်အခြမ်းရှိ မှန်မှာ တစစီကွဲကုန်ပြီး ညာဘက်အခြမ်း ကားမှန်မှာ အပေါက် ဖြစ်သွားခဲ့သည်။ မှန်များကိုသာ ရိုက်ခွဲခဲ့ခြင်းဖြစ်ပြီး ကားကိုယ်ထည် ကို ဖျက်ဆီးခဲ့ခြင်းမျိုး မရှိဟုလည်း သိရသည်။

“အဲလို ရမ်းကားတဲ့ လူတွေကို ရပ်ကွက်ကနေ ၀ိုင်းဖမ်းကြတာပါ။ သူတို့လည်း သွေးရူးသွေးတန်းနဲ့ ပြေးမိပြေးရာ ပြေးကြတာ ထွက်ပေါက်မရှိတဲ့ လမ်းကို တဦးက ၀င်သွားတယ်။ အဲဒါနဲ့ ရပ်ကွက်ကလူတွေက ခြိမ်းခြောက်ပြီး ဖမ်းလိုက်တာ။ နောက်ပိုင်းမှ ကျန်တဲ့လူတွေကို ရဲကဆက်ရှာပြီး ဖမ်းရတာပါ” ဟု ယင်း ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွက် ဖမ်းဆီး စစ်ဆေးထားသော တရားခံများကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ ခုနှင့် စွဲချက် တင်ကာ တရားရုံးသို့ တင်မည်ဖြစ်ကြောင်းသိရသည်။

၎င်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ဆဲဆိုရမ်းကားမှု)၊ ၄၄၀ (နာကျင်စေရန် ပြင်ဆင်ပြီးနောက် စော်ကားမှု၊ အကျိုးဖျက်ဆီးမှု)၊ ၅၀၄ (ငြိမ်ဝပ်ပိပြားရေး ပျက်ပြားစေရန် အကြံဖြင့် တမင်စော်ကားခြင်း)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု) နှင့် ၁၄၄ (လူတယောက်ထက် ပိုမှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း တာဝန်ကျ ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။

မတ်လ ၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့် ကလည်း မန္တလေးမြို့ ၆၉ လမ်း ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် လူငယ်အချင်းချင်း အုပ်စုဖွဲ့ ရိုက်နှက်မှုတခု ဖြစ်ပွားခဲ့ပြီး တရားခံ ၈ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ ထိုနည်းတူပင် မန္တလေးမြို့ တချို့သော နေရာများတွင် ဆိုင်ကယ်များ စီးနင်းကာ အုပ်စုဖွဲ့ပြီး လမ်းသွား လမ်းလာများ၏ ကားများကို မှန်ရိုက်ခွဲသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။ သို့ရာတွင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသေးပေ။

ယင်းကဲ့သို့ အုပ်စုဖွဲ့ ရမ်းကားမှုများသည် မန္တလေးမြို့၌ သင်္ကြန်နား နီးချိန်တွင် ဖြစ်လေ့ဖြစ်ထ ရှိသော ပြဿနာများ ဖြစ်သော်လည်း လွန်ခဲ့သောလ အတွင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း ဖြစ်ရပ်များကြောင့် ရပ်ကွက်များအတွင်း ဆူပူမှုများမဖြစ်ပွားစေရန် အထူးဂရုစိုက်နေကြရကြောင်း မန္တလေး ဒေသခံများက ပြောသည်။

Credit : Here

ဇီးကုန်းအကြမ်းဖက်မှု သံသယရှိသူကို ဖမ်းလိုက်ပြီ

မိတ္ထီလာမြို့လမ်းမတခုပေါ်မှာ လုံခြုံရေးစောင့်ကျပ်နေတဲ့ စစ်သားတချို့

ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက်မှုမှာ ပါဝင် တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဖမ်းဆီးထားပြီး ပေါင်းတည်ထောင် အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါ တယ်။ ဇီးကုန်းနဲ့ ကြို့ပင်ကောက် မြို့နယ်တွေမှာ ညမထွက်ရ သတ်မှတ်ချက်ကို လျှော့ပေးလိုက်ပြီး အခြေအနေတွေ တည်ငြိမ်လာနေပေမဲ့ ပုံမှန်အခြေအနေ ပြန်မရောက်သေးသလို အကြမ်းဖက်မှုတွေ စခဲ့တဲ့ မိတ္ထီလာ မြို့မှာလည်း အခြေအနေပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။


ပဲခူးတိုင်းအနောက်ခြမ်းက ဇီးကုန်းမြို့ဟာ မိတ္ထီလာအကြမ်းဖက်မှုတွေ ကူးစက်ဖြစ်ပွားခဲ့တဲ့ထဲက အဆိုးဆုံး ကြုံခဲ့ရတဲ့ မြို့နယ် တစ်ခုဖြစ်ပြီး ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှမြို့တွေနဲ့အတူ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့မြို့ဖြစ်ပါတယ်။ ဆူပူ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဇီးကုန်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ ဇီးကုန်းရဲ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“အခင်းဖြစ်တဲ့ထဲက ၁၀ ယောက်ဖမ်းထားတယ်။ ပေါင်းတည်ထောင် အချုပ်မှာ လောလောဆယ် ထားထားတယ်။ ပုဒ်မ ၄၅၂၊ ၄၂၇၊ နောက်ပြီးတော့ ၂၉၅ ပုဒ်မသုံးခုနဲ့ စွဲတယ်ခင်ဗျ။ အခုလက်ရှိကတော့ အဲဒီရုံးက ပြောရရင်တော့ ယမန်နဲ့ထားတယ်။ ရုံးကတော့ တင်ထားတယ်ခင်ဗျ။ တခါတော့စစ်ပြီး သွားပြီခ င်ဗျ။”

ပုဒ်မ ၄၅၂ က နာကျင်စေမှုကိုဖြစ်စေ၊ လက်ရောက်မှုကိုဖြစ်စေ၊ မတရားတားဆီးမှုကိုဖြစ်စေ ကျူးလွန်ရန်ပြင်ဆင်၍ အိမ်ကျော်နင်းမှု၊ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၂၉၅ က ကိုးကွယ်တဲ့ ဘာသာ သာသနာကို စော်ကားရန်အကြံဖြင့် ကိုးကွယ် ၀တ်ပြုသောနေရာကို ဖျက်ဆီးမှုတို့ဖြစ်ပါတယ်။

ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို တနင်္ဂနွေနေ့မှာ လျှော့ ချလိုက်ပြီး ည ၈ နာရီ ကနေ မနက် ၄ နာရီ ကြား ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒီလိုလျှော့ချလိုက် တာက အခြေအနေတွေ တိုးတက်လာတယ် ဆိုတာကို ပြနေတယ် လို့ ယေဘုယျအားဖြင့် ပြောနိုင်ပေမဲ့ မြို့ခံတွေကြားမှာ စိုးရိမ်စိတ်တွေ ရှိနေသေးပြီး နဂို ပုံမှန်အတိုင်းတော့ ပြန်မဖြစ်သေးဘူးလို့ ဇီးကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ဇီးကုန်းက အထိနာဆုံးပဲ။ တော်တော်လေး များများစားစားကို ပျက်စီးသွားတယ်ပေါ့နော်။ မူစလင်အိမ်တွေရော၊ ဗလီကျောင်းရောပေါ့။ အတော်လေးကို ပျက်စီးပါတယ်။ အိမ်တွေဘာတွေမှာလည်း တော်တော်လေး ရစရာမရှိအောင် ပစ္စည်းတွေ ဖျက်ပစ်တယ်။ အခြေအနေက ပုံမှန်မဖြစ်သေးဘူး။ ပုံမှန်မဖြစ်သေးဘူးဆိုတာက မူစလင်တွေက အခုမှပြန်လာနေတယ်။ သူတို့ရဲ့ မိသားစု၊ သူတို့အိမ်လေး တွေကိုပေါ့နော်၊ အိမ်ကလည်း အပျက်အစီးတွေနဲ့။ တချို့အိမ်တွေဆို ပစ္စည်း ဘာမှမရှိတော့ဘူး။”

ဇီးကုန်းနဲ့အလားတူ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကြို့ပင်ကောက်မြို့နယ်မှာလည်း အလားတူ အချိန် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေသခံလူထု၊ အရပ်ဘက် လူမှုအဖွဲ့အ စည်းတွေနဲ့ နိုင်ငံရေးပါတီတွေက မြို့နယ် တည်ငြိမ်လုံခြုံရေးအတွက် ပူးပေါင်း လုပ်ဆောင်ချင်တာကို မြို့နယ်တာဝန်ရှိသူတွေက ခွင့်မပြုဘူးလို့ ကြို့ပင်ကောက် မြို့ခံ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ မြို့နယ် တည်ငြိမ်အေး ချမ်းရေး ဆောင်ရွက်ရာ တွင် သူတို့ဆီမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လုံလောက်ပါတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ကျနော်တို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်မပေးပါဘူး။ အဲဒါကတော့ ပြီးခဲ့တဲ့သုံးရက်လုံး ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ရဲ့လုပ်ငန်းစဉ်ပါ။ ကျနော်တို့ အကြိမ်ကြိမ် တောင်းဆို ပါတယ်။ အကြိမ်ကြိမ်တောင်းဆိုတဲ့ နေရာမှာ သူတို့က လုံးဝလက်မခံပါဘူး။”

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီတစ်ရပ်ကို မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကြော်ညာစာတစ်ခုကို တနင်္ဂနွေနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လတ်တလောဖြစ်နေတဲ့ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်ဖို့ အဲဒီကော်မတီကို ဖွဲ့စည်းလိုက်တယ်ဆိုပေမဲ့ ကော်မတီရဲ့ သက်တမ်းကိုတော့ အတိအကျ ပြောမထားပါဘူး။ ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားမယ်လို့လည်း ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ထဲမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် အဓိကရုဏ်းတွေ စဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာကို မရုပ်သိမ်းသေးသလို စစ်တပ်အင်အားတွေ ချထားဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း ကင်းလှည်စောင့်ကျပ်နေ ပါတယ်။ တည်ငြိမ်လာခါစ အခြေအနေမှာ ဖြစ်တတ်တဲ့သဘာဝ အတိုင်း ကောလာဟလတွေ ကလည်း ပြန့််နေတာမို့ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ မိတ္ထီလာမြို့ခံ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေး က ပြောပါ တယ်။

“စိတ်အေးလက်အေး ရှင်းရှင်းလင်းလင်းတော့ မရှိဘူး။ လူတွေက အခြေတကျ မဖြစ်သေးတဲ့အတွက် စိတ်ပူတယ်ပေါ့နော်။ မူစလင်တွေလည်း တော်တော်များများ ထိခိုက်ထားတဲ့အခါမှာ မီးများပြန်ရှို့မလား၊ ဒီကြားထဲမှာတော့ ဓာတ်ဆီပုံးတွေနဲ့ တွေ့တယ် ဆိုတာမျိုးတွေလည်း ရဲတွေက သွားရှာတယ်။ ရဲတွေကို လှမ်းအကြောင်းကြားတယ်ဆိုတော့။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက် ကလည်းဖြစ်တယ်။ အဲဒီတော့ ကောလာဟလလည်း ပျံ့နှံ့တာလည်းရှိတယ်။ ပုံမှန်လည်း ပြန်မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ ဆိုတော့ လုပ်ယူရဦးမှာပေါ့ ပုံမှန်ပြန်ဖြစ်ဖို့ဆိုလို့ရှိရင်တော့။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြစ်မှုကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးထားပြီး ဥပဒေ နဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။ 

Credit : Here

သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည်အန္တရာယ် ပိုများလာနိုင်

မြန်မာတစ်နိုင်ငံလုံးမှာ Ultraviolet Ray လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြင့်တက်နေတဲ့ အတွက် အထူးသတိထားသွားလာကြဖို့၊ အထူးသဖြင့် သင်္ကြန်တွင်းမှာ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ ၁၁ ထက်ကျော်နေတဲ့အတွက် သတ်မှတ်စိုးရိမ်ညွှန်းကိန်းအထက်မှာ ရောက်နေတယ်လို့ ပြောပါတယ်။

သင်္ကြန်ကာလ ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းပိုများမယ်လို့ယူဆရပြီး အန္တရာယ်ပိုများဖွယ် ရှိတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။


"မြန်မာပြည်မှာ သင်္ကြန်ကာလမဟုတ်တဲ့ ရိုးရိုးချိန်မှာတောင် ကားတွေကသိပ်ကျပ်တယ်၊ တစ်နေရာ ရောက်ရင် တော်တော်နဲ့ကို မထွက်နိုင်ဘူး၊ သင်္ကြန်ကာလဆို မဏ္ဍပ်တွေဘာတွေ သွားမယ်ဆိုရင်တော့ အနည်းဆုံး ၄ နာရီ ၅ နာရီလောက်က ကားစီးပြီး နေပူထဲမှာနေရမယ့် သဘောရှိနေတယ်၊ အန္တရာယ်ပိုကြီး တယ်ပေါ့ဗျာ၊ ဒီရေတို့ဘာတို့နဲ့ နီးနီးကပ်ကပ်ရှိတယ် ရေက အငွေ့ပျံတဲ့သဘာဝရှိတော့ ခရမ်းလွန် ရောင်ခြည်က ရေပေါ်မှာကျလို့ အလင်းပြန်ရင် လူကိုပိုထိခိုက်တယ်၊ အဲ့တော့သင်္ကြန်မှာ ခရမ်းလွန်ရောင် ခြည်ရဲ့ အန္တရာယ်က ပိုရှိတယ်"

ကမ္ဘာ့လေထုအထက်မှာရှိတဲ့ အိုဇုန်လွှာပါးတဲ့အတွက် ကမ္ဘာမြေပေါ် ခရမ်းလွန်ရောင်ခြည် ကျရောက်တာ ဖြစ်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်နိင်အောင် ဦးထုပ်အဝိုင်းကြီးကြီးဆောင်းဖို့၊ နေရောင်ခြည်ကာ မျက်မှန် တပ်ဖို့နဲ့ အဝတ်အထည်ကို လုံလုံခြုံခြုံဝတ်ဆင်ကြဖို့ ဦးထွန်းလွင်က အကြံပေးပါတယ်။

Credit : Here

စင်္ကာပူ သမ္မတ နှင့် ဇနီး နေပြည်တော်သို့ရောက်ရှိ


စင်္ကာပူ နိုင်ငံ ၏ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း သည် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မြန်မာနိုင်ငံ(နေပြည်တော် လေဆိပ်)သို့ ၄င်း၏ ဇနီးနှင့် အတူ ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏ မောင်လွင် မှ သွားရောက် ကြိုဆိုခဲ့ကြောင်းသိရသည်။


ဒေါက်တာ တိုနီတန်ကင်ယမ်း သည် မနက်ဖြန်မနက်ပိုင်းတွင် မန္တလေး မြို့သို့ ၄င်း စီးနင်းလာသော လေယာဉ် ဖြင့် သွားရောက်လည် ပတ်မည် ဖြစ်ကြောင်းသိရသည်။ ဒေါက်တာ တိုနီတန်ကင်ယမ်း သည် ၄င်း ၏ ဇနီးနှင့် အတူ အဖွဲ့ဝင် ၃၀ ဦးခန့် ခေါ်ဆောင်လာကြောင်းသိရသည်။



Credit : Here

ဧပြီ ၁၁ ရက်တွင် လှည်းတန်းခုံးကျော်တံတား၌ မော်တော်ယာဉ် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်မည်

လာမည့် ဧပြီ ၁၁ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတားပေါ်၌ မော်တော်ယာဉ်များ စမ်းသ ပ်မောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ သိရသည်။

ရန်ကုန်မြို့ရှိ ခုံးကျော်တံတား စီမံကိန်းများအနက် ပထမဆုံး စတင်ဆောက်လုပ်ခဲ့သည့် လှည်းတန်း ခုံးကျော်တံတားမှာ ၉၅ ရာခိုင်နှုန်းကျော်အထိ ပြီးစီးနေပြီဖြစ်ပြီး လာမည့် သင်္ကြန်မတိုင်မီကာလ ဧပြီ ၁၁ ရက်တွင် မော်တော်ယာဉ်များ စမ်းသပ်မောင်းနှင်စေမည် ဖြစ်သည်။

၂၀၁၂ ခုနှစ် မတ် ၁၁ ရက်တွင် တံတားစီမံကိန်း စတင်ပန္နက်တင် ပြုလုပ်ခဲ့ပြီး တည်ဆောက်မှုများ ဆောင်ရွက်ခဲ့သည့် လှည်းတန်းခုံးကျော်တံတား ပြီးစီး၍ ဖြတ်သန်းမောင်းနှင် နိုင်တော့မည်ဖြစ်ရာ အဆိုပါ မီးပွိုင့်လမ်းဆုံတစ်ဝိုက် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျသွားနိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တံတား တည်ဆောက်ရေး လုပ်ငန်းမှ ကျွမ်းကျင်အင်ဂျင်နီယာများက သုံးသပ်ကြသည်။

သို့ရာတွင် စမ်းသပ် မောင်းနှင်မှုများ ပြုလုပ်ရန် လိုအပ်ချက်များ၊ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာများ၊ မီးပွိုင့်အချက်ပြစနစ် စသည့်ယာဉ်ထိန်း အင်ဂျင်နီယာ လုပ်ငန်းများကိုလည်း ထပ်မံဖြည့်စွက်သွားမည် ဖြစ်ရာ စမ်းသပ်မောင်းနှင်ရန် စစ်တမ်းပြန်လည် ကောက်ယူသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

မွတ်ဒေါင်းကမွတ်ကိုအကာအကွယ်ပေးနေပေမယ့်အမေရိကန်သမ္မတဟောင်း ဘီကလင်တန် ကတော့ဗုဒ္ဓကျင့်စဉ်ကိုကိုးကွယ်


အမေရိကန်သမ္မတဟောင်း ဘီကလင်တန်ဟာ ဗုဒ္ဓဘာသာရဲ့ တရားထိုင်နည်းတွေကို သင်ယူခဲ့ပြီး နှစ်ချိုက် လို့  ဟမ်ဘာဂါနဲ့ ဖတ်စ်ဖုဒ်တွေသာ ကြိုက်တဲ့သူဟာ အခုတော့ တခါတရံ ငါးကိုသာစားသုံးပြီး အခြား အသားများကို မစားတော့ဘဲ သစ်သီးသစ်ရွက်တွေကိုသာ စားပါသတဲ့ ။ ဒီလိုလုပ်ခြင်းဟာ စိတ် ၊ ခန္ဓာ နှစ်ခုလုံးရဲ့ ငြိမ်းအေးမှုကို ရရှိစေပြီး ၊ အလုပ်များတဲ့ အမေရိကန် အစိုးရဝန်ထမ်းတွေ နဲ့ လူတိုင်းကိုလည်း ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ်တွေကို လေ့လာသင်ယူ ကျင့်ကြံသင့်ကြောင်း အကြံပေးထားပါတယ် ။


သူက ဗုဒ္ဓဘာသာ ကျင့်စဉ်တွေဟာ ဘဝရဲ့ ကိုယ်စိတ် ကျမ်းမာရေး ၊ ငြိမ်းအေးမှုတို့ အတွက် အကောင်းဆုံး ဆေးလို့ဆိုပါတယ် ။ အချို.သတင်းဌာနတွေကတော့ ဘီကလင်တန်ဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းသွားပြီလို့ ဖေါ်ပြကြပါတယ် ။

CNN သတင်းဌာနနဲ့ တွေ.ဆုံမေးမြန်းမှုတခုမှာ အခုတော့ ကျွန်တော် ပစ်ရမဲ့ကျည်ဆံကို တွေ.ရှိခဲ့ပါပြီ ။ ကျွန်တော်ကံကောင်းလို့ နှလုံးရောဂါကြောင့် သေဆုံးမဲ့ အရေးက လွတ်မြောက်ခဲ့ပါပြီ ။ လို့ ပြောခဲ့ပါတယ် ။

ဒါဟာ သူတရားထိုင်နည်းသင်ယူခဲ့ခြင်းနဲ့ အသီးအရွက်သာ စားသုံးခြင်းတို့ကို ရည်ညွန်းပြောဆိုခဲ့ခြင်း ဖြစ် ပါတယ် ။

Bill Clinton embraces Buddhist meditation

Tue, Aug 21 2012 at 11:47 AM

Former president is taking private classes from a Buddhist monk to better relax his mind and body.
In an effort to compliment the beneficial changes he's made to his physical well-being, former President Bill Clinton is addressing his inner mental health as well.

RadarOnline recently reported that 66-year-old is taking private classes from a Buddhist monk to better relax his mind and body and reduce stress. In 2010, after suffering various health scares and heart surgeries, Clinton shifted to a plant-based diet, dropping 24 pounds and crediting the change with saving his life.

"When I had my second heart incident [in 2010] and I had the stents put in, I had passed all my physicals, I was doing great, but I was still building up plaque in my arteries," he told CNN. "So I decided that I wanted to see if I could live to be a grandfather, so I just went all the way."

A source told Radar that Clinton's move towards meditation is yet another way he's improving his overall health.

“He has a hectic life, he travels a lot on business as an ambassador for the U.S. and needs something to keep him sane.

“Meditation offers him that, he has a mantra that he likes to chant, and after every session he feels transformed and full of positive energy. It’s definitely doing him the world of good — he feels fitter and stronger than ever,” the source added.

According to WebMD, studies have shown that meditation not only lowers blood pressure but also can strengthen your immune system. To learn more about the practice and give it a try yourself, check out MNN's Meditation for Beginners tip sheet.

He says that learning meditation helps him to relax, which apparently stress is supposedly one of the biggest contributors to this heart condition. He travels a lot and his job is highly stressful, learning to meditate he learns to relax and says he is doing much better after his two life changing decisions. He reportedly also has a favorite mantra that he loves to chant when things get hectic and says that is really does help him to relax and think more clearer. He used to eat a lot of fast food apparently according to the news reports, but now he has decided to give up all that and replace it with a lot of fruits and vegetables with the occasional fish! Outstanding I say, we need more govt. officials turning to healthy ways of life and Buddhist meditations to relax and maybe our country would start looking up.

As 2010 and 2011 taught us, Buddhist meditation and healthier diets are starting to make a trend with everyone. More and more people are seeing the benefits that come from a life of relaxing meditation and eating healthier and changing their lives. From Tiger Woods to Steve Jobs (RIP) Buddhism is beginning to be seen in some very high places. It is true meditation has a lifetime of relaxation and peace as well as health with it. Everyone could benefit from the changes that Mr. Clinton has made, and good for him.

Credit : Here

ဆန္ဒဖော်ထုတ်ကုန်ကြပြီဗျိုးးးးးးး

ဧပြီ (၁) ရက်နေ့ဖြစ်တဲ့အတွက် ပေါ့ပါ့ပါးပါး ရယ်စရာလေးများ တင်ပေးလိုက်ပါတယ်။


Credit : Here

ပုဂ္ဂလိကပိုင် ပုသိမ်သူ ရှပ်ပြေးရေယာဉ် ဆန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိပြီး နစ်မြှုပ်

ရန်ကုန်မြို့ကနေ ပုသိမ်ကိုပြေးဆွဲနေတဲ့ ပုဂ္ဂလိကပိုင် ပုသိမ်သူ ရှပ်ပြေးရေယာဉ်ဟာ မတ်လ ၃၁ ရက် နေ့က ရန်ကုန်မြို့က ထွက်ခွာသွားပြီး ည ၈ နာရီခွဲအချိန်မှာ တွံ့တေးမြို့နဲ့ ၇ မိုင်ခန့်အကွာ ဆူးကလပ်ရွာ အနီးတွင် ဆန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိပြီး နစ်မြှုပ်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

သဘောင်္တိုက်မိမှုကြောင့် ကျား ၁ ဦး၊ မ ၁ ဦးသေဆုံခဲ့ပြီး လူ ၃၀ ကျော်ပျောက်ဆုံးနေကြောင်း အခင်း ဖြစ်ပွားရာနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။

ဒီသင်္ဘောတိုက်မိမှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Credit :

အရေးကြီး သတင်းဗျို့

မကွေးမြို့ရှိ မူလတန်းကျောင်းတစ်ခုအား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ် သွားမှုတစ်ခု ယနေ့နေ့လယ် ၂ နာရီခဲ့က ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်။

အင်အား နှစ်ဆယ်ခန့်ရှိ ၎င်းအဖွဲ့မှာ အတူတကွရောက်ရှိလာပြီး ကျောင်ဝန်းအတွင်းရောက်မှသာ နှစ်ဖွဲ့ခွဲပြီး အပြန်အလှန် တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း ထိုကျောင်းအနီးတွင်နေထိုင်သော ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။


ရပ်ကွက်တာဝန်ရှိလူကြီးများနှင့် ရဲတပ်ဖွဲ့များကလည်း ထိုဖြစ်ရပ်အတွက် မည်သည့်အရေးယူမှုမှ ဆောင် ရွက်ခြင်းမရှိသေးကြောင်း သတင်းရရှိပါတယ်။

ထိုဖြစ်ရပ်အတွင်း တစ်ဦးတည်းသောမျက်မြင်သက်သေဖြစ်သည့် ကျောင်းစောင့်ကြီးအား ဆက်သွယ် မေးမြန်းခဲ့ရာ

"တော်တော်ဆိုးတဲ့ကလေးတွေဗျာ။ ဘယ်လိုတားတား မရဘူး။

ရေပြွတ်သေနတ်တွေနဲ့ အပြန်အလှန် ပစ်ကြတာ

ဆူညံပွက်နေတာပဲ။ သင်္ကြန်အတွက် လေ့ကျင့်နေတာတဲ့။

ခွက်စောင်းတောင် အုပ်ကြသေးတာ။ ကျုပ်မှာတစ်နေ့ခင်းလုံးကို အိပ်မရဘူး"

( ကိုင်း ကောလဟလတွေဆို ယုံကြလွန်းလို့ .... )

Credit : Here

ပဋိပက္ခမျာကြောင့် သင်္ကြန်ပွဲတော်ကို စိုးရိမ်ရန် မလိုဟု ရဲတပ်ဖွဲ့ ပြော

ရန်ကုန်မြို့ရဲ့ ၂၀၁၀ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ – Reuters)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ကနေ နေပြည်တော်နဲ့ ပဲခူးတိုင်းတွေအထိ ကူးစက်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မြန်မာ့ ရိုးရာ အတာသင်္ကြန် ပွဲတော်ကို ကူးစက်ဖွယ် ရှိမှာမဟုတ်ဘူးလို့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆို လိုက်ပါတယ်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စတင်ဖို့ ရက်သတ္တ နှစ်ပတ်ခန့်သာ လိုတော့တဲ့ အချိန်မှာ ပဋိပက္ခတွေက ကူးစက်နေဆဲဖြစ်တာမို့ သင်္ကြန်ပွဲတော် လည်ပတ်ကြဖို့ အားခဲနေသူတွေက အကြမ်းဖက် မှုတွေ ကူးစက်လာမှာကို စိုးရိမ်နေကြခြင်းအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ အကြမ်းဖက်မှုတွေ မကူးစက်ရေး စနစ်တကျ ကိုင်တွယ် ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင် နေတဲ့အပြင် နှစ်စဉ်ကျင်းပတဲ့ သင်္ကြန်ပွဲဟာ နိုင်ငံသားအားလုံး ပါဝင်ဆင်နွှဲကြတဲ့ ပွဲဖြစ်တာကြောင့် အကြမ်းဖက်မှုတွေ ကူးစက် မလာနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒု ရဲမှူးကြီး မင်းအောင်က ဧရာဝတီကို ပြောပါတယ်။

“သင်္ကြန်ပွဲက အားလုံးရဲ့ပွဲ ဖြစ်တဲ့အတွက် ဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ပဲ ယူဆပါတယ်။ သင်္ကြန်ကာလ အတွက်တော့ လုံခြုံရေးကို နှစ်စဉ် လုပ်နေကြအတိုင်းတော့ စီမံထားပါတယ်။ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေအလိုက် သင်္ကြန်တွင်း လုံခြုံရေး စီမံချက်ဆိုတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ ရေးဆွဲထားပါတယ်။ လုံခြုံရေးကို ဒီနှစ်မှ ထူးထူးခြားခြား စီမံဖို့တော့ အစီအစဉ်မရှိသေးပါဘူး” လို့ ဒု ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။

သင်္ကြန်ကာလကို လုံခြုံရေး ထူးထူးကဲကဲ လုပ်ဆောင်သွားဖို့ အစီအစဉ် မရှိပေမယ့် အရင်နှစ်တွေကအတိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးအရ CCTV ကင်မရာများ တပ်ဆင်ခြင်း၊ ရဲတပ်ဖွဲ့အနေနဲ့ စောင့်ကြပ် ကြည့်ရှုခြင်းတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့က မြို့ခံအချို့ကတော့ အပျက်အစီးတွေ၊ ဒုက္ခသည်တွေ ကြားထဲက သူတို့မြို့ရဲ့ အတာသင်္ကြန်ကာလဟာ ပျော်ရွှင်စရာ ကောင်းမှာ မဟုတ်ဘူးလို့ ဆိုကြပြီး တချို့ကတော့ မန္တလေးမြို့ပေါ်မှာပဲ သွားရောက် လည်ပတ်ကြမယ်လို့ ဆိုပါတယ်။

“တဦးနဲ့ တဦး ယုံကြည်မှု မရနိုင်သေးတဲ့အချိန် ဘယ်သူက ရန်ပြုမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ၊ မြို့ပေါ်က အပျက်အစီးတွေ၊ ဒုက္ခ သောက ရောက်နေတဲ့ လူတွေကြားထဲမှာ ကျမတို့မြို့ရဲ့ ဒီနှစ်သင်္ကြန်က အသက်မဲ့နေမှာပဲ။ သင်္ကြန် ဒီက သူငယ်ချင်းတွေ တချို့ဆိုရင် မန္တလေးမှာ သွားလည်ကြမယ်။ တချို့က ဥပုသ်စောင့်ကြမယ်လို့ ပြောတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

မိတ္ထီလာမြို့ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် ကိုယ်တိုင်၊ နိုင်ငံရေးပါတီတွေ၊ ဒေသခံတွေ၊ ဘာသာရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်နေပြီး လက်ရှိ အနေခြအနေမှာ ဆူပူအကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပွားမှု မရှိတော့ကြောင်း၊ သို့သော်လည်း လုံခြုံရေးကင်းတွေတော့ နေ့ညမပြတ် စောင့်နေရသေးတဲ့ အခြေအနေမှာ ရှိနေသေးကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆူပူအကြမ်းဖက်မှုတွေရဲ့ နောက်မှာ လှုံ့ဆော်သူတွေ ရှိတယ်လို့ ထင်မြင်ကြောင်း၊ ဒါကြောင့် သင်္ကြန်ကာလကို အကြမ်းဖက်မှုတွေ မကူးစက်စေဖို့ အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ လူထုတွေ ကိုယ်တိုင်က ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် (NNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။ “သင်္ကြန်ကျလို့ရှိရင် အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်မှုကို ဖြတ်သန်းကြတာချည်းပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိတဲ့လူတွေက အုပ်ချုပ်ရေးပိုင်း ဖြစ်ဖြစ် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရတွေက ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပြည်သူလူထု အေးချမ်းဖို့ ပြည်သူ့ဆန္ဒနဲ့ အညီ ကူညီမှာပေါ့” လို့ ဦးသိန်းညွန့်က ဧရာဝတီကို ပြောပါတယ်။

အကယ်၍ ဆူပူ အကြမ်းဖက်မှုတွေ သင်္ကြန်ကာလကို ကူးစက်မှု ဖြစ်ပွားလာပါက နိုင်ငံတော် အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့ အုပ်ချုပ်ရေးပိုင်းက နိုင်ငံရေးသမားတွေကို နှစ်ပေါင်းများစွာ ထောက်လှမ်းရေး သတင်းတွေနဲ့ ဖမ်းဆီး အရေးယူခဲ့တာပဲ။ အခု ပွဲဖျက်မယ့် လူတွေကိုရော သူတို့ စုံစမ်းထောက်လှမ်း၊ ဖမ်းဆီး အရေးမယူနိုင်ဘူးလား။ ဒီလောက် အားကောင်းတဲ့ ထောက်လှမ်းရေး ယန္တယားကြီးရှိတဲ့ တိုင်းပြည်ပဲ။ အဲဒါကိုတော့ ကိုင်တွယ်နိုင်ရမှာပေါ့။ မကိုင်တွယ်နိုင်ရင် တာဝန်ရှိတဲ့လူတွေ ညံ့ဖျင်းမှုပေါ့” လို့ ဦးသိန်းညွှန့်က ပြောဆိုပါတယ်။

အခုအချိန်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ တည်ငြိမ်မှုတွေ ရရှိသွားပြီ ဖြစ်ပေမယ့် ပဲခူးတိုင်း အနောက်ခြမ်းမှာတော့ နေရာကွက်ကြား ဖြစ်နေဆဲပဲလို့ ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။

ဆူပူအကြမ်းဖက်မှုတွေရဲ့ နောက်မှာ လှုံ့ဆော်သူတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သံသယ ရှိကြောင်း၊ ဒါကြောင့် အကြမ်းဖက်မှုတွေ ထပ်မံမပြန့်ပွားအောင် လုပ်ဆောင်မှုတွေရှိနေသလို ဦးဆောင် သူလို့  ယူဆရသူတွေကိုလည်း ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ထားကြောင်း ပြောပါတယ်။

အဓိက မြို့ကြီး နှစ်မြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနှစ် သင်္ကြန်အတွက် ရေသဘင် မဏ္ဍပ်တွေ တည်ဆောက်ဖို့ လျှောက်ထားမှုတွေဟာ အရင်နှစ်ကထက် များပြားကြောင်း မန္တလေးမြို့ စည်ပင် သာယာရေး ကော်မတီ အခွန်ဌာန တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပါတယ်။

ဆူပူမှုတွေနဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေဟာ ရန်ကုန်မြို့မှာ ရိုက်ခတ်မှုတွေ ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုံခြုံရေးတွေ ချထားပါတယ်။ ဒီအခြေအနေတွေကြောင့် သင်္ကြန်ကာလ အထူးစည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့မှာ ပဋိပက္ခတွေ ကူးစက်လာမှာကိုလည်း မြို့ခံတချို့က စိုးရိမ် နေကြကြောင်း ပြောပါတယ်။

မန္တလေးမြို့မှာတော့ တည်ငြိမ်မှုရှိကြောင်း သင်္ကြန်ကာလကို ပဋိပက္ခတွေ ကူးစက်မလာနိုင်အောင် အစိုးရအနေနဲ့ ကိုင်တွယ် ဆောင်ရွက်သွားနိုင် လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း မန္တလေးမြို့ခံ ကဗျာဆရာကြီး ဦးကိုလေး (ကိုလေး – အင်းဝဂုဏ်ရည်) က ပြောပါတယ်။

“ကျနော်တို့မြို့မှာတော့ ဖြစ်မလာနိုင်ဘူးဗျ၊ အခုဆိုရင် ဆိုင်ရာဆိုင်ရာ မြို့နယ်တွေမှာ ဆရာတော်တွေရော၊ မွတ်ဆလင် လူကြီးတွေရော၊ ကျန်တဲ့ ဘာသာပေါင်းစုံတွေရော အခုပြန်ပြီး စည်းလုံးနေကြတယ်ဗျ။ ကျနော်တောင် ပျော်သွားတယ်။ အစိုးရကလည်း မီးတောက်အောင်တော့ အဖြစ်ခံမှာမဟုတ်ဘူး၊ ထိန်းမှာပဲ လို့ယုံကြည်တယ်။ ကျနော်တို့ကလည်း တာဝန်သိ ပြည်သူတယောက် အနေနဲ့ တတ်နိုင်သလောက် ကာကွယ်၊ ဖော်ထုတ်ရမှာပဲ” လို့ ကိုလေး (အင်းဝဂုဏ်ရည်) က ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းလုံခြုံမှုကို ထိပါးလာတဲ့ လုပ်ရပ်မှန်သမျှကို လုံးဝ သည်းခံမှာမဟုတ်ဘဲ ဥပဒေနဲ့အညီ ထိထိရောက်ရောက် တားဆီးနှိမ်နှင်းကြဖို့ ယမန်နေ့ညနေပိုင်းမှာ အစိုးရမီဒီယာတွေကနေ တဆင့် မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ ၂၀၁၀ ပြည့်နှစ်က သင်္ကြန်ကာလ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းမှာ ရှိတဲ့ X2O ရေကစား မဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ လူ ၁၀ ဦး သေဆုံးပြီး ၁၇၀ ကျော်ဒဏ်ရာ ရခဲ့ကြောင်း အစိုးရကလည်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီ 

Credit : Here

Nok Air လေကြောင်း မဲဆောက်က မြန်မာပြည်ကို ပြေးဆွဲမယ်


ထိုင်းနိုင်ငံ မဲဆောက် အထူးစီးပွားရေး ဇုန် နဲ့ အာဆီယံ လူ့အဖွဲ့အစည်း AEC တို့အတွက် ကြိုတင်ပြင်ဆင် တဲ့ အနေနဲ့ Nok Air လေကြောင်းလိုင်းဟာ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံကို ခရီးစဉ်သစ် ၂ ပြေးဆွဲဖို့ အစီအစဉ်ချမှတ်နေပါပြီ။


ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံ မော်လမြိုင်ကို သူတို့လေကြောင်းလိုင်း ပြေးဆွဲဖို့ လေ့လာရေး ခရီးစဉ်ပျံသန်း မှုကို ယမန်နေ့က Nok Air လေကြောင်းလိုင်းရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဆုန်ချိုင်နွတ် အန်ထရာကူးလ်နဲ့ စီအီးအို မစ္စတာ ပတ္တီး စရာစင် တို့က Nok Air လေကြောင်းလိုင်းရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ၂၀ ကို ဦးဆောင် သွားခဲ့ ကြောင်း ဒီကနေ့ ထုတ် ဘန်ကောက်ပို့စ် မှာ ဖော်ပြ ထားပါတယ်။ 

ဈေးနှုန်းချို လေကြောင်းလိုင်း တခုဖြစ်တဲ့ Nok Air အနေနဲ့ မဲဆောက်နဲ့ ရန်ကုန်ကိုလည်း လေကြောင်း ခရီးစဉ်ပြေးဆွဲဖို့ စီစဉ်နေပါတယ်တဲ့။ 

၂၀၁၅ ခုနှစ်မှာ စတင်အကောင်အထည်ဖော်မယ့် အာဆီယံ လူ့အဖွဲ့အစည်း AEC ပေါ်ပေါက်လာရေး ဦးတည်ပြီး ထိုင်း- မြန်မာ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ နိုင်ငံခြားခရီးသွားလာရေးတွေ အရှိန်မြှင့်တင်ဖို့ မဲဆောက် နယ်စပ်ကုန်သွယ်ရေး ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မကြာသေးမီက ၂ နိုင်ငံ သဘောတူညီမှုကို ယခု Nok Air လေကြောင်းလိုင်းရဲ့ လှုပ်ရှား မှုက လိုက်နာအကောင်အထည်ဖော်တာလည်း ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

Credit : http://blog.irrawaddy.org/2013/04/nok-air.html

သံတွဲမြို့တွင် ရခိုင်အမျိုးသမီးတို့ ဘ၀လုံခြုံရေး ဆန္ဒဖော်ထုတ်ပွဲပြုလုပ်မည်

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ရခိုင်အမျိုးသမီး များဘ၀ လုံ ခြုံမှုရှိစေရေးအတွက် လာမည့်ဧပြီလ(၄)ရက်နေ့ တွင် ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ပြုလုပ်သွား မည်ဖြစ်ေ ကြာင်းဦးဆောင်စီစဉ် သည့်ရခိုင်မှု ကွန်ယက် ၏ခေါ င်းဆောင်များ ကဆိုသည်။ အဆိုပါဆန္ဒဖော် ထုတ်ပွဲ ကို လူ(၂၀၀)ခန့် ဖြင့်ပြု လုပ်မည်ဖြစ်ပြီး၊ ယင်းနေ့ နံ နက်(၈)နာရီမှ၁၀နာရီ အထိငြိမ်းချမ်းစွာ လမ်းလျှော က် ဆန္ဒဖော် ထုတ်သွား မည်ဟုစီစဉ်သူများက ပြော သည်။ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုချက်နှင့်ပတ်သက်၍ သံတွဲလူမှုကွန်ယက် အဖွဲ့ဝင် ဦးမြင့်မိုးက " အစပိုင်းမှာ ဧပြီ ၃ ရက်နေ့လုပ် မယ်ဆုံးဖြတ် ထားပေမယ့် ယင်းနေ့က သံတွဲမှာရှင်ပြုပွဲရှိနေတော့ သက်ဆိုင် ရာနှင့် ဆွေးနွေးပြီး၊ ဧပြီ၎ ရက်ကို ပြောင်းလိုက်ရတယ်။ ပြီးတော့မှ မတ်လ၂၉ ရက်နေ့၊ နေ့လည်ပိုင်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကို ကျနော်တို့ ခွင့်ပြုချက် တင်ပါတယ်။ မြို့နယ်မှူးကလည်း လက်ခံတယ်။ သက်ဆိုင် ရာက ကန့်ကွက်မယ့် လက္ခဏာကိုတော့ မတွေ့ရသေးဘူးဗျ။ " ဟု ဆိုသည်။


ယခု ဆန္ဒဖော်ထုတ် ပွဲ ပေါ်ပေါက် လာရခြင်းမှာ " လွန်ခဲ့သည့် ဇန်န၀ါရီ၂၅ ရက်နေ့ကသံတွဲမြို့နယ်၊ ဆိပ်ကြီးကျေးရွာ၌ ရခိုင် အမျိုးသမီးတစ်ဦးကို ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်ခဲ့သည့် အမှုအား ခရိုင် တရားရုံး၏ တရားစီရင်မှု အလွန်နှောင့်နှေးကြန့်ကြာနေခြင်း" နှင့်"ဘင်္ဂလီများကျူး လွန်ထားသည့် အမှု ၁၀ ကျော်ကို စီရင်ချက်မချ သေးဘဲထားရှိခြင်း" တို့ကြောင့် ဖြစ်ရသည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြော သည်။


ဆန္ဒဖော်ထုတ်ပွဲ၏ တောင်းဆိုချက်များမှာ ရခိုင်အမျိုးသမီးများ၏ ဘ၀လုံခြုံရေးတောင်းဆို ချက် အပြင် လက် ရှိသံတွဲတရား ရုံး၏ တရားစီရင်ရေး ကဏ္ဍနှောင့်နှေးကြန့်ကြာနေမှုအား ကန့်ကွက်ခြင်း အပါအ၀င် ရခိုင်အရေးနှင့်သက်ဆိုင်သည့် တောင်းဆိုချက် (၇) ချက်ကို တောင်းဆိုသွားမည်ဟု သိရသည်။

၂၀၁၃၊ မတ်လအတွင်း စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ် မြို့နယ် များ၌ "ဘင်္ဂလီများအား နိုင်ငံသားစီစစ်ခြင်းမရှိဘဲ အိမ်ရာဆောက်ပေးမည့် အစီအစဉ်အပေါ်ဆန္ဒဖော်ထုတ်" ကန့်ကွက်ခဲ့ရာတွင် ခွင့်ပြုချက်မရဘဲလုပ်သည်ဟုဆိုကာ အနည်းဆုံးလူ၉ ဦးကို အရေးယူထားကြောင်းကို လည်း သိရသည်။

Credit : Here

ဂျပန်နိုင်ငံ၏ အကြီးဆုံး ဘဏ်တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ မှ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီပေးမည်

ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ် တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ် မှ မြန် မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု ဖွံ့ဖြိုး တိုး တက်စေရန် နည်း ပညာအကူ အညီများ ပေး မည်ဖြစ်ကြောင်း သမ၀ါယမဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။သမ၀ါယဘဏ် မန်နေဂျင်း ဒါ ရိုက်တာဦးဖေမြင့်က“ဘဏ်နှစ်ခုကြား နှစ်ဖက်ဘော တူစာချုပ် ချုပ်ဆိုတာပါ။ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်က ဘဏ်လုပ်ငန်း ဆိုင်ရာ ကိစ္စတွေမှာ သမ၀ါယမဘဏ်ကို နည်းပညာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေမှာ အကူအညီပေးမှာပါ။ ဂျပန်ဘဏ်ဘက်က ပညာရှင်တွေ၊ အကြံပေး ပုဂ္ဂိုလ်တွေ ဒီကိုလာပြီး အကူအညီပေးမှာပါ” ဟု ပြောသည်။

ဘဏ်နှစ်ဘဏ်ကြား လုပ်ငန်းစတင်နိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ထပ်မံတိုးမြှင့်ရန်အတွက် စာချုပ် ချုပ်ဆိုခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သမ၀ါယမဘဏ်နှင့် (BTMU) ဘဏ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး ဘဏ်တစ်ခုဖြစ်ပြီး နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ဘဏ်တစ် ခုဖြစ်ကြောင်း သိရသည်။


သမ၀ါယမဘဏ်နှင့် BTMU ဘဏ်တို့၏ customer များဖြစ်ကြသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် တစ်ဦးချင်း ပုဂ္ဂလိက ကုန်သည်များ၊ အသင်းအုပ်စု အဖွဲ့အစည်းများကို ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံ တွင် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများ ချော့မွေ့လာစေရန် အတွက် ၀န်ဆောင်မှုများကို ပေးလိုကြောင်း ဦးကျော်လင်းက ထည့်သွင်း ပြောကြားသည်။

“မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမယ့် ဂျပန်လုပ်ငန်းရှင် အများစုက BTMU ဘဏ်နဲ့ အဆက်အဆံ ရှိသလို ကုန်သွယ်မှု အပိုင်းနဲ့ ပတ်သက်ရင် သူတို့ဘဏ်မှာ စာရင်းဖွင့်ထားတာတွေ များတယ်။ BTMU ဘဏ်နဲ့ချိတ်ဆက်ပြီး နောက်ပိုင်း ဂျပန်ကုမ္ပဏီတွေ စာရင်းလာဖွင့်တာ များလာတယ်” ဟု ၎င်းက ဆက် လက်ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသော နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲပေါင်း ၂၄ ခုရှိပြီး The Bank of Tokyo Mitsubishi UFJ၊ Mizuho Coporate Bank Ltd၊ Sumitomo Mitsui Banking Corporation ဘဏ်တို့သည် ဂျပန်နိုင်ငံ အခြေစိုက် ဘဏ်များဖြစ်သည်။

Eleven

Credit : Here

၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရန် စတင်ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်၊ တရားမျှတစွာ ကျင်းပနိုင်ရန် လိုအပ်သော ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ကို ယခုကတည်း က စတင်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၉ ရက်တွင် ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြော ကြားသည်။ ပထမအကြိမ် လွှတ်တော်ပုံမှန် သက် တမ်း တစ်ရပ်အတွက် ရွေးကောက်ပွဲများ ကျင်းပခဲ့ သည်မှာ နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ လာမည့် ဒုတိယအကြိမ် လွှတ်တော်ပုံမှန် သက်တမ်းအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နှစ်ကုန်ခါနီး လများအတွင်း ကျင်းပပေးရန် ရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်သော ပြည့်စုံမှန်ကန်သည့် မဲစာရင်း ရရှိရေးအတွက် စမ်းသပ်မဲစာရင်းကောက်ယူရေး လုပ်ငန်းကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။ကော်မရှင်က သူ့ဟာသူ လုပ်နေတာထက်စာရင် အခုလိုအရပ်ဖက် အဖွဲ့အစည်းတွေ ကို ဆွေးနွေး တိုင်ပင်တာမျိုး၊ ချပြတာမျိုးကကောင်းပါတယ်။ ဒါမျိုးကဒီတစ်ကြိမ်နဲ့ ပြီးသွားရင်တော့ဟန်ပြ သပ်သပ်ဖြစ်သွားမှာပဲ . . .

“ရွေးကောက်ပွဲဆိုတာက မဲထည့်ပြီးရုံနဲ့တော့ မပြီးဘူးပေါ့ဗျာ။ ရွေးကောက်ပွဲတိုင်းမှာ နိုင်ငံသားတွေရဲ့ ပူးပေါင်းပါဝင်မှု မြင့်မားလာလေ ရွေးကောက်ပွဲဂုဏ်သိက္ခာတက်လေ နိုင်ငံ့ဂုဏ်သိက္ခာ တက်လေပေါ့ ။ ကော်မရှင်က သူ့ဟာသူ လုပ်နေတာ ထက်စာရင် အခုလို အရပ်ဖက် အဖွဲ့အစည်းတွေကိုဆွေးနွေးတိုင် ပင်တာမျိုး၊ ချပြတာမျိုးက ကောင်းပါတယ်။ ဒါမျိုးက ဒီတစ်ကြိမ်နဲ့ ပြီးသွားရင်တော့ ဟန်ပြသပ် သပ် ဖြစ်သွားမှာပဲ။ ဒါပေမယ့် ဒီလိုမဖြစ်အောင် တစ်ကယ် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု မျိုး ဖြစ်အောင် ကျွန်တော်တို့ကလည်း တိုက်တွန်းရမှာပါ။ ဆောင်လဲ ဆောင်ရွက်ရမှာပါ” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက် အဖွဲ့အစည်းမှ ကိုသက်ဇော်က ပြောပါသည်။

သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများကလည်း သက်ဆိုင်ရာမြို့နယ် ကော် မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုကို ခံယူ၍ ၂၀၁၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းကို အခြေခံပြီး စမ်းသပ်မဲစာရင်း ကောက်ယူမည် ဖြစ်ကြောင်း၊ ထိုမဲစာရင်း စမ်းသပ်ကောက်ယူမှုမှ တစ်ဆင့် တစ်နိုင်ငံလုံးရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် မဲစာရင်းများကို ဆက်လက်ကောက်ယူရန် စီစဉ်ထားကြောင်းရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် New Myanmar Foundation မှ မမြနန္ဒာက “ကော်မရှင် ဥက္ကဋ္ဌ က ကော်မရှင်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် လုပ်ဆောင်သွားမယ်လို့ အာမခံ ပြောကြားခဲ့တယ် ။ နောက်ပြီး ထူးခြားတာက တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပညာရေးဌာနတို့ ဘာတို့ဆိုရင် ပြောသ မျှ ခေါင်းညိတ်တဲ့ ပုံစံမဟုတ်ဘဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တွေ့ကြုံခဲ့ရတာတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေရှိတဲ့ ဒေသနဲ့ ဆိုင်တဲ့ မဲစာရင်းကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားတာတွေ တွေ့ ရတော့ ပြောင်းလဲလာတယ်လို့ ပြောလို့ရတယ်” ဟု ပြောကြားသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်က ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက် ပွဲမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၂၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆၆၁ ဦးကို ရွေးကောက်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ၀န်ကြီးများအဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် နုတ်ထွက်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၄၅ နယ်၌ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ရွေးကောက်ခဲ့သည်။

eleven media group

Credit : Here

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်


စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇပိုင် ဧရာရွှေဝါ စိုက်ပျိုးရေးကုမ္ပဏီက သိမ်းဆည်းထားသည့် မြေဧက ၄ သောင်းကျော်ကို မူလပိုင်ရှင် လယ်သမားများထံ စနစ်တကျ ပြန်လည်ပေးအပ်ရန် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်က ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

လယ်ယာမြေများအား ယမန်နှစ် ဇူလိုင်လတွင် ဦးတေဇကိုယ်တိုင် လက်မှတ်ထိုး၍ နိုင်ငံတော်သို့ပြန်လည် အပ်နှံခဲ့သော်လည်း ၈ လကြာသည်အထိ လယ်သမားများလက်ဝယ် မရောက်ရှိသေးသည့်အတွက် မိုးစပါး စိုက်ပျိုးချိန်အမီ လယ်သမားများကို ပြန်လည်ပေးအပ်ရန် သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုအား လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


“နိုင်ငံတော်သို့ ပြန်လည်အပ်နှံပြီးသည့် ဧရာရွှေဝါ စိုက်ပျိုးရေးကုမ္ပဏီပိုင် လယ်မြေများအား လယ်ယာမြေ လက်လွတ် ဆုံးရှုံးခဲ့သော မူရင်းလက်ငုပ် တောင်သူများလက်ထဲသို့ လယ်မြေများ ဥပဒေနဲ့အညီ စနစ်တကျ ပြန်လည်ရောက်ရှိရေးကို တိုင်းဒေသကြီးအစိုးရက စနစ်တကျ စီမံဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း၊ အတည်ပြုကြောင်း ကြေညာအပ်ပါတယ်”ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၈ ခုနှစ်တွင် ဧရာရွှေဝါကုမ္ပဏီအား ရေကြီးကွင်း၊ ရေနက်ကွင်း၊ မြေလွတ်မြေရိုင်းများ ဖော်ထုတ်ရေး စီမံကိန်းအဖြစ် ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြည်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ဒါးက၊ သာပေါင်းစသည့် မြို့နယ်များမှ မြေဧကပေါင်း ၄၁၂၀၀ ဧကအား လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လုပ်ကိုင်ခွင့်ရပြီးနောက် စီမံကိန်းနယ်မြေတွင် ပါဝင်သော မြို့နယ်များမှ လယ်သမားများ၏ လယ်မြေများကို ဧရာရွှေဝါက သိမ်းယူပြီး လယ်သမားများနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သည်ဟုဆိုကာ ဧက ၅၀၊ ၁၀၀၊ ၃၀၀ စသဖြင့် လုပ်ကွက်များ သတ်မှတ်၍ ချမ်းသာသော လယ်သမားများအား ၁ ဧက စပါး ၂ တင်းနှုန်းဖြင့် သီးစားချထားပေးခဲ့ကြောင်း ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်က ပြောသည်။

“ဧရာရွှေဝါ ကုမ္ပဏီဟာ လယ်တွေကို ဆင်းရဲတဲ့လယ်သမားတွေဆီက သိမ်းယူပြီး ငွေရှင် လယ်သမားကြီးများကို သီးစားခနဲ့ လုပ်ကိုင်စေခဲ့တာဖြစ်ပါတယ်။ လယ်သမားတွေဟာ သူတို့လယ်တွေကို ၁၄ နှစ်လောက် လုပ်ကိုင်ခွင့်ဆုံးရှုံးနေတာပါ” ဟု ဦးလှမြင့်က လွှတ်တော်တွင် တင်ပြခဲ့သည်။

ယင်းလယ်မြေများအား ဧရာရွှေဝါကုမ္ပဏီက ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် နိုင်ငံတော် သို့ ပြန်လည် အပ်နှံခဲ့ရာတွင် ဦးတေဇက “နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုက ပိုကောင်းတယ်။ အရင်တုန်းက ပုဂ္ဂလိကအနေနဲ့ ပံ့ပိုးပေးတယ်။ ၁ ဧကကို ကျပ် ၂ သောင်းလောက်ပဲ ပေးနိုင်တယ်။ လက်ရှိမှာ နိုင်ငံ တော်က တစ်ဧက ၄၊ ၅ သောင်း ပေးနိုင်တယ်ဆိုတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုက ပိုကောင်းတဲ့အတွက် ပြန်အပ်ခြင်း ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက လွှတ်တော်တွင် တင်ပြသွားသည်။

ဧရာရွှေဝါကုမ္ပဏီက တိုင်းအစိုးရအဖွဲ့ထံ ပေးပို့သည့် အကြောင်းကြားစာတွင် ကုမ္ပဏီအနေဖြင့် လုပ်ကိုင်ခွင့် ရသည့် မြေများအား စိုက်ပျိုးနိုင်သည့်မြေ ၃၅၈၈၆. ၆၄ ဧက၊ အင်းအိုင် ၄၈၁၃. ၃၆ ဧကနှင့် ငါးကန် ၁၂၀၅. ၅ ဧက ဖော်ထုတ်ကာ စိုက်ပျိုးမွေးမြူရေးများ အသုံးချနိုင်ခဲ့ကြောင်း ရေသားဖော်ပြထားသည်။

ထို့အပြင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ရက်စွဲဖြင့်ပေးပို့ခဲ့သည့် ယင်းစာ၏ နောက်ဆုံးအပိုဒ်တွင် “ကျနော်များ ကုမ္ပဏီအနေဖြင့် ယခင်နိုင်ငံတော်မှ လုပ်ကိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရယူထားသော မြေများအား ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ပါကြောင်း” ဟု ရေးသားပါရှိသည်။

ယင်းစာကို တိုင်းအစိုးရ၀န်ကြီးချုပ် ဦးသိန်းအောင်ထံ လိပ်မူပေးပို့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင် တို့ထံ မိတ္တူပေးပို့ထားသည်။

လယ်မြေများအား နိုင်ငံတော်သို့ ပြန်အပ်ခဲ့သော်လည်း မူလလက်ငုတ်ပိုင်ရှင် လယ်သမားများထံ ပြန်လည် ပေးအပ်ဖို့ထက် ဧရာရွှေဝါပိုင် သမ၀ါယမ လယ်ယာကုန်ထုတ် အသင်းများအနေဖြင့် ဆက်လက် လုပ်ကိုင်မည့် အနေအထားဖြစ်နေကြောင်း သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ဧရာဝတီကို ပြောသည်။

“လယ်တွေကို မူလပိုင်ရှင်လယ်သမားတွေကို ပြန်ပေးဖို့ လွှတ်တော်ကတော့ ဆုံးဖြတ်လိုက်ပါပြီ။ တကယ့် လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုပါတယ်။ ဒီကိစ္စ အကောင်အထည်မပေါ်တာ ၂ နှစ်ရှိနေပါပြီ။ ဒီနှစ် စိုက်ပျိုးရာသီအမီ ဆောင်ရွက်ပေးနိုင်ဖို့ လိုပါတယ်။ လက်ရှိမှာတော့ လယ်ယာမြေကို စီမံခန့်ခွဲပိုင်ခွင့် ဧရာရွှေဝါလက်ထဲမှာပဲ ရှိနေ ပါသေးတယ်” ဟု သူက ဆိုသည်။

မြန်မာပြည်တွင် ယခင်စစ်အစိုးရ လက်ထက်၌ စီးပွားရေး လုပ်ပိုင်ခွင့်အများအပြား ရရှိခဲ့သူ ထိပ်တန်း သူဌေးကြီး ဦးတေဇမှာ ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သစ်လုပ်ငန်း၊ စက်သုံးဆီလုပ်ငန်း၊ လေကြောင်း လိုင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းစသဖြင့် လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင် လုပ်ကိုင်နေသူတဦးဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက် စစ်လက်နက်များ ၀ယ်ယူရာတွင် ပွဲစား တဦးအဖြစ် ဆောင်ရွက်ပေးခဲ့သူဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

Credit : Here

အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲမလုပ်ခင် UNFC အဖွဲ့ တွေ့ဆုံ


မြန်မာအစိုးရနဲ့ ​မကြာခင်ဆွေးနွေးမှုတွေ ​စတင်တော့မည့် ​နိုင်ငံရေးဆွေးနွေးမှုတွေမှာ ​တိုင်းရင်းသားတွေဖက်က ​မူဘောင်အတိုင်း ​တညီတညွတ်တည်းဖြစ်စေဖို့ဆိုပြီး ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​တိုင်းရင်းသား ​လက်နက်ကိုင်ခေါင်းဆောင်တွေ ​၃ ​ရက်ကြာတွေ့ဆုံဆွေးနွေး ​ခဲ့ကြပါတယ်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ​၁၁ ​ဖွဲ့ ​ပူးပေါင်းဖွဲ့စည်းထားတဲ့ ​ညီညွတ်သော ​တိုင်းရင်းသားလူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​UNFC ​အဖွဲ့ဝင်ခေါင်းဆောင်တွေရဲ့ ​သုံး ​ရက် ​ကြာ ​ဆွေးနွေးမှု ​အတွင်း ​ဆွေးနွေး ခဲ့တာတွေကို ​ UNFC ​အတွင်းရေးမှူး ​၂ ​ဖြစ်တဲ့ ​ဦးခွန်ဥက္ကာ ​က ​အခုလို ​ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေး ​အဖွဲ့အစည်း ​ထိပ်သီးခေါင်းဆောင် ​အစည်းအဝေးပေါ့၊ ​WGEC ​က ​မဆုံးဖြတ်နိုင်တဲ့ဟာတွေကို ​ခေါင်းဆောင်တွေ ​ခေါ်ပြီးတော့ ​ဆုံးဖြတ်တာ၊ ​ဖရိန်းဝက်ဖော် ​ပေါ်လတီကယ် ​ဒိုင်ယာလော့ ​အဲ့ဒါလေးပဲ ​လောလောဆယ်ဆယ် ​လုပ်ရမည် ​ဆိုပြီးတော့ ​လက်ခံလိုက်တာ။ ​ဆုံဖြတ်ချက် ​အဲ့တစ်ခု၊ ​နိုင်ငံရေး ​ဆွေးနွေးပွဲ ​အတွက် ​လိုအပ်သည့် ​မူဘောင်များပေါ့။ 

ဒီအစည်းအဝေးကို ​UNFC ​အဖွဲ့ဝင် ​၁၁ ​ဖွဲ့အပြင် ​DKBA ​တိုးတက်သော ​ဗုဒ္ဓဘာသာ ​ကရင် ​အမျိုးသား ​တပ်မတော်၊ ​ကရင်ငြိမ်းချမ်းရေး ​ကောင်စီ၊ ​RCSS/SSA ​ရှမ်းပြည်ပြန်လည် ​ထူထောင်ရေးကောင်စီ ​အဖွဲ့က ​ခေါင်းဆောင်တွေလည်း ​တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။

အစိုးရနဲ့ ​နိုင်ငံရေးအရ ​အဓိက ​ဆက်လက်ဆွေးနွေးဆုံးဖြတ်ချက်တွေ ​ချမှတ်နိုင်ဖို့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့အစည်းက ​ထိပ်သီးခေါင်းဆောင်တွေ ​ဆွေးနွေးဆုံးဖြတ်ခဲ့တဲ့ ​ဒီအစည်းအဝေးကို ​တိုင်းရင်းသား ​ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ​WGEC ​(Working ​Group ​for ​Ethnic ​Co-ordinating) ​အဖွဲ့က ​ဦးဆောင်စီစဉ်ခဲ့တာဖြစ်တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

Credit : Here

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်း (မတ်လ ၃၁ ရက်)



မိဘပြည်သူများခင်ဗျား…

ကျွန်တော့်အနေနဲ့ လစဉ် ရေဒီယိုမှတစ်ဆင့် ပြည်သူများအား အသိပေး ပြောကြားလိုသည်များကို ပြောကြားလျက်ရှိရာ ရှေးဦးစွာ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


ပထမအချက်အနေနဲ့ကတော့ ပြည်သူအများ မျှော်လင့်စောင့်စားနေတဲ့ မိုဘိုင်းတယ်လီဖုန်းကိစ္စ ဖြစ်ပါ တယ်။ မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို ယခု ဧပြီလမှစပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီး အသက်သာဆုံး ကျပ်ငွေနှုန်းထားဖြင့် ကျွန်တော်ကတိပေး ပြောကြားထားတဲ့အတိုင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းတယ်လီဖုန်းဆင်းကဒ် ရောင်းချရာမှာ တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံအဆောက်အဦ၊ တပ်ဆင်ထား ပြီးဖြစ်တဲ့ လိုင်းအင်အားနဲ့ ၀င်ဆံ့တဲ့ မိုဘိုင်းတယ်လီဖုန်းအရေအတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး မျှမျှတတ ဖြစ်စေရန် ဖြန့်ခွဲရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ၄င်းအပြင် အခြေခံတယ်လီဖုန်း အဆောက်အဦများနဲ့ တယ်လီဖုန်းလိုင်းများကို ပြည်တွင်းပြည်ပကုမ္ပဏီများနဲ့ လစဉ် တိုးချဲ့ တပ်ဆင်သွားမယ့်အပြင် မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို လစဉ်မှန်မှန် ရောင်းချပေးသွားမှာ ဖြစ်တဲ့အတွက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်ဒေသအထိ ဆက်သွယ်ရေးစနစ်များ တိုးတက်ကောင်းမွန် လာအောင် စီမံချက်ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ရှိသုံးစွဲနေတဲ့ အော်တိုတယ်လီဖုန်း လိုင်းများကိုလည်း ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒုတိယအချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေးကိစ္စ ဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ ရငွေ၊ သုံးစွဲရမည့်ငွေ၊ ဘတ်ဂျတ်အခြေအနေပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြင့်ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေ ရငွေသုံးငွေစာရင်းမှာ ၀န်ထမ်းများအတွက် လစာနှင့်ပင်စင် တိုးမြှင့်ပေးနိုင်ဖို့ တွက်ချက်ပြီး ကျပ်ငွေ (၃၈၅) ဘီလီယံ ထည့်သွင်းပြီး လွှတ်တော်ကို တင်ပြ တောင်းခံခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ၀န်ထမ်းများရဲ့ အခက်အခဲကို စာနာပြီး ခွင့်ပြုပေးခဲ့ ပါတယ်။ ဒါကြောင့် ယခင်ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေသုံးသောင်းကို ယခင်အတိုင်း ထောက်ပံ့ကြေးငွေ အဖြစ် ဆက်လက်သတ်မှတ်ပြီး ယခု ကျပ်ငွေနှစ်သောင်းကို လစာငွေအဖြစ် ဧပြီလမှစပြီး ထပ်မံ၍ တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ ဖြစ်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရင် တိုးတက် သလောက် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ဟာလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိဖို့အတွက် အလုပ်ရုံစက်ရုံများ ထူထောင်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ ငွေကြေးအရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်နေပါတယ်။ ဒီအချက် တွေ မပြည့်စုံသေးချိန်မှာ ပြည်ပမှ အရင်းအနှီးတွေ ဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ ဖိတ်ခေါ်တဲ့နေရာမှာလည်း တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မထိခိုက်စေမယ့် မူဝါဒများလည်း ချမှတ်ထားပြီးဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ လာရောက်ရင်းနှီး မြှုပ်နှံကြဖို့အတွက် နိုင်ငံတကာနဲ့ လိုက်လျောညီထွေရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ပက မိမိတို့နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့တားဆီးမှုတွေ ဖြေလျော့ပေးနိုင်ဖို့အတွက်လည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုတချို့ ရရှိနေပြီဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က တင်ရှိနေတဲ့ နိုင်ငံခြား ကြွေးမြီများအနက်မှ အမေရိကန်ဒေါ်လာ သန်းပေါင်းခြောက်ထောင်ကျော်ကိုလည်း လျှော်ပစ်ပယ်ဖျက်ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အရှဖွံ့ဖြိုးရေးဘဏ်နှင့် ODA တို့မှ အတိုးနှုန်းသက်သာတဲ့ နှစ်ရှည်ချေးငွေများကိုလည်း ရရှိတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ အထောက်အကူများ ရရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိကလိုအပ်ချက်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ တိုင်ပြည်တည်ငြိမ် အေးချမ်းမှု မရှိပဲ ဆူဆူပူပူဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါ တယ်။ ဒါကြောင့် မိဘပြည်သူများအားလုံးကို တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

စတုတ္တအချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံအကျဆုံး လူအများစုဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူလယ်သမားများဘ၀ တိုးတက်မြင့်မားရေးဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းအပေါ်မှာ အခြေခံတဲ့ လက်လုပ် လက်စားသမားများ ဖြစ်ကြပါတယ်။ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စာရေး၊ ၀တ်ရေးနဲ့ နေရေးတို့ ပြည့်စုံဖူလုံလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများအနေနဲ့ အလုပ်ကို ကြိုးစား လုပ်ကိုင်ကြပြီး လယ်ယာထွက်ကုန်များ ပိုမိုထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့၊ မိမိတို့ရဲ့ လယ်မြေများ တန်ဖိုးမြင့်တက်လာအောင် လယ်မြေများကို ပြုပြင်ကြဖို့၊ အထွက်တိုးတဲ့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ် စိုက်ပျိုးကြဖို့၊ စနစ်တကျ သိပ္ပံနည်းကျ စိုက်ပျိုးကြဖို့နဲ့ စက်မှုလယ်ယာ ကူးပြောင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမား အလုပ်သမားများအတွက် အဓိက လိုအပ်ချက်ဟာ ငွေကြေး အရင်းအနှီး ဖြစ်တယ်ဆိုတာ ကျွန်တော်အနေနဲ့ သိရှိထားပါတယ်။ ဒါကြောင့် ငွေကြေးအရင်းအနှီးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစားငွေစုငွေချေးဘဏ်၊ အသေးစား ငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေးအစုအဖွဲ့များ ထူထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ပြည်ပအထောက်အပံ့နဲ့ ချေးငွေများကိုလည်း ရယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။

ပဉ္စမအချက်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒစိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရဟန်းရှင်လူ ပြည်သူအများစုဟာ တည်ငြိမ်အေးချမ်းတဲ့တိုင်းပြည်၊ တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ အလွန်လိုလားကြပါတယ်။ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှု မရှိခဲ့လို့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့ရတာကို အားလုံး ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်မှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိအောင်၊ နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက် ခွင့်ရအောင် ဖန်တီးပုံဖေါ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အကျဉ်းသားပေါင်း များစွာကိုလည်း အကြိမ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်အောင် အကျဉ်းသား စိစစ်ရေး ကော်မတီတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပြီး စီမံဆောင်ရွက်လျက်ရှိပါတယ်။ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာညောင်းခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် အောင်မြင်မှုရလဒ်များလည်း ရရှိနေပြီ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကနေ့မှာ ကျွန်တော်တို့ ပြည်သူအချို့ဟာ ပြဿနာတစ်ရပ် ကြုံတွေ့လာရင် တရားဥပဒေနည်းလမ်းနဲ့ ဖြေရှင်းကြရမယ့်အစား ဒေါသအလျောက် ဥပဒေကို မျက်ကွယ်ပြုပြီး လူအုပ်စုဖွဲ့ကာ အကြမ်းဖက်သတ်ဖြတ်မှု၊ မီးရှို့မှုများ ကျူးလွန်နေကြတဲ့အတွက် နိုင်ငံတကာမျက်နာစာမှာ မျက်နာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရပါတယ်။ ပြဿနာ တစ်ခုဖြစ်တိုင်း ကိုယ့်နိုင်ငံအတွင်းမှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့မပြီးပဲ ဒေသတွင်းမှာရော၊ နိုင်ငံတကာ နယ်ပယ်မှာပါ ရင်ဆိုင်ဖြေရှင်းနေရတဲ့အတွက် တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို များစွာထိခိုက်စေပြီး တိုင်းပြည် အတွက် အခွင့်အလမ်းများလည်း နစ်နာဆုံးရှုံးစေခဲ့ပါတယ်။ တစ်ချို့ကလည်း ပြဿနာတစ်ခုဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက်ကြရမယ့်အစား ပြဿနာ ပိုမိုကြီးထွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြပါတယ်။ ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက် အဟန့်အတားတွေ ဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုရေးနဲ့ စည်းကမ်းရှိသော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအား အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်များနဲ့အညီ ပြည်သူများရဲ့ အသက်အိုးစည်းစိမ်ကို အတတ်နိုင်ဆုံး ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

ဆဌမအချက်ကတော့ မတ်လ ၂၇ ရက်နေ့ဟာ ၆၈ နှစ်မြောက် တပ်မတော်နေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရဲဘော်သုံးကျိပ်နဲ့ စတင်ထူထောင်ခဲ့တဲ့ မြန့်မာတပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ဖက်စစ်တော်လှန်ရေးကို ပြည်သူများနဲ့အတူ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းရာမှာလည်း ပြည်တွင်းပြည်ပ အန္တရာယ်တွေကို တွန်းလှန်တားဆီးနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ပါတယ်။ ယခုအခါမှာဆိုရင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များကို ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍတွေက ပါဝင်ဆောင်ရွက်နေပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့ အစဉ်အလာတွေကို အင်အားတွေအဖြစ် အသုံးပြုသွားရဲရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဧပြီလအတွင်းမှာ ကျရောက်မယ့် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွင်းလန်းချမ်းမြေ့စွာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ကြပါစေရန်၊ အေးချမ်းသာယာသော၊ မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများအားလုံး ဘေးဘယာကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ…။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး တစ်နိုင်ငံလုံး အတိုင်းအတာ ဆွေးနွေးသင့် (ဦးဝင်းတင်)

Sunday, March 31, 2013


ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်သင့်တဲ့ အချက်အလက်တွေကို တပြည်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကအဖွဲ့ဝင် ဆရာဦးဝင်းတင်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ဖိုးစိန်လမ်း Holiday ခန်းမမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ပြောင်းလဲဖြစ်စဉ်ကာလနဲ့ ပတ်သက်တဲ့ ဟောပြောပွဲမှာ ဦးဝင်းတင်က ပြောကြားခဲ့တာပါ။


မြန်မာနိုင်ငံမှာ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရနေတဲ့ အချိန်မျိုးမှာ ပြုပြင်သင့်တဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ အချက်အလက်တွေကို နိုင်ငံသားအားလုံးပိုမို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာရေးဟာ အရေးကြီးကြောင်း ဆရာဦးဝင်းတင်က ပြောပါတယ်။

နယ်ပယ်အသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ အနာဂတ် မြန်မာနိုင်ငံကို ဘယ်လို ပြုပြင် ပြောင်းလဲသင့်သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေက ဆွေးနွေးကြရင်းနဲ့ အဖြေတစ်ခုရလာနိုင်ဖို့ စီစဉ်ရတာဖြစ်တယ်လို့ ဒီပွဲကိုဦးဆောင်စီစဉ်တဲ့ အနုပညာရှင် ဦးဇာဂနာကလည်း ဖွင့်ပွဲအခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

အဲဒီပွဲကို ဗြိတိန်နိုင်ငံ Index of Censorship အဖွဲ့က ပူးပေါင်းကူညီတာဖြစ်ပြီး မြန်မာပြည်အနှံ့က နိုင်ငံရေး၊ စာပေ၊ အနုပညာရှင်၊ ကဗျာဆရာ၊ ဂီတပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Credit : Here