Sunday, March 31, 2013

သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက်


"ပထမအချက်အနေနဲ့က ပြည်သူအများမျှော်လင့်စောင့်စားနေတဲ့ မိုဘိုင်းတယ်လီဖုန်း ကိစ္စဖြစ်ပါတယ်။ မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို ယခုဧပြလမှစပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး သတင်းနှင့် နည်းပညာ ၀န်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး အသက်သာဆုံးကျပ်ငွေနှုန်းထားဖြင့် ကျွန်တော် ကတိပေးပြောကြားထားတဲ့အတိုင်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။

မိုဘိုင်းတယ်လီဖုန်းဆင်း ကဒ်ရောင်းချရာမှာ တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံ တပ်ဆင်ထားပြီးဖြစ်တဲ့ လိုင်းအင်အား ၀င်ဆန့်တဲ့ တယ်လီဖုန်းအရေအတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး မျှမျှ တတ ဖြစ်စေရန် ဖြန့်ခွဲ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

၎င်းအပြင်အခြေခံတယ်လီဖုန်း အဆောက်အအုံ နဲ့ တယ်လီဖုန်းလိုင်းများကို ပြည်တွင်းပြည်ပကုမ္မဏီများနဲ့ လစဉ်တိုးချဲ့ သွားမယ့်အပြင် မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို လစဉ်မှန်မှန်ရောင်းချ ပေးသွားမှာ ဖြစ်တဲ့ အတွက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်ဒေသ အထိ ဆက်သွယ်ရေးစနစ်များ တိုးတက်ကောင်းမွန်လာအောင် စီမံချက် ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


တစ်ချိန်ထဲမှာပဲ လက်ရှိသုံးစွဲနေတဲ့ အော်တို တယ်လီဖုန်းများကို ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။"

ဧပြီလမှစ ကျပ်ငွေ၂သောင်း ၀န်ထမ်းလစာတိုးမည်ဟု သမ္မတ ဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြား

"ဒုတိယ အချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေး ကိစ္စဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ရငွေ သုံးဆွဲရသည့် ဘတ်ဂျတ်ပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြင့်ထောက်ပံ့ ပေးသွားမှာ ဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေ ရငွေ သုံးငွေ စာရင်းမှာ ၀န်ထမ်းများအတွက် လစာနှင့် ပင်စင် တိုးမြှင့်ပေးနိုင်ဖို့ တွက်ချက်ပြီး ကျပ်ငွေ (၃၈၅) ဘီလီယံ ထည့်သွင်းပြီး လွှတ်တော်ကို တင်ပြ တောင်းခံ ခဲ့ပါတယ်။ ပြည်ထော်စုလွှတ်တော်ကလည်း ၀န်ထမ်းများရဲ့ အခက်အခဲ ကို စာနာပြီး ဒါကြောင့် ယခင် ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ သုံးသောင်းကို ယခင်အတိုင်းထောက်ပံ့ ကြေးငွေ အဖြစ်ဆက်လက် သတ်မှတ်ပြီး ယခု ကျပ်ငွေ နှစ်သောင်းကို လစာငွေအဖြစ်ဧပြီလ မှ စပြီး ထပ်မံ၍ တိုးပေးသွားမှာ ဖြစ်ပါ တယ်။"

တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးအောင်၊ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြဖို့ကိုလည်း သမ္မတဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယို မိန့်ခွန်းမှာ မေတ္တာရပ်ခံ

"တတိယအချက်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ပေးကြဖို့ ဖြစ်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သလောက် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ဟာလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေရအလုပ်အကိုင် အခွင့်အလမ်း များ ရရှိဖို့ အတွက် အလုပ်ရုံ စက်ရုံများ ထူထောင်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ အရင်းအနှီး နည်းပညာ နဲ့ လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်နေပါတယ်။ ဒီအချက်တွေ မပြည့်စုံသေးခင်မှာ ပြည်ပမှ အရင်းအနှီး တွေ ခေါ်ရမှာ ဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ ဖိတ်ခေါ်တဲ့နေရာမှာလည်း တိုင်းပြည်ရဲ့ အကျိုး ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို ရှိစေမယ့် မူဝါများ လည်း ချမှတ်ထားပြီးဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့အတွက် နိုင်ငံတကာနဲ့ လိုက်ရော ညီထွေ ရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြင်ပက မိမိတို့နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့တာဆီးမှုတွေ ဖြေလျော့ နိုင်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှု တစ်ချို့ ရရှိနေပြီဖြစ်ပါတယ်။ ယခင်ခေတ်ဆက်ဆက်က တင်ရှိနေတဲ့ နိုင်ငံခြား ကြွေးမြေများအနက် အမေရိကန်ဒေါ်လာသန်းပေါင်း ခြောက်ထောင်ကျော်ကို လျော်ပစ် ပယ်ဖျက်ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အရှဖွံ့ဖြိုးရေးဘဏ် တို့မှ နှုန်းထားသက်သာတဲ့ နှစ်ရှည် ချေးငွေများကို လည်း ရရှိတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးတွက် အဘက်ဘက်မှ အထောက်အကူများ ရရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက လိုအပ်ချက်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ တိုင်ပြည် တည်ငြိမ်းအေးချမ်းမှုမရှိပဲ ဆူဆူပူပူဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မိဘ ပြည်သူများအားလုံးကို တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။"

"တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း အပေါ်မှာ အခြေခံပြီး လက်လုပ်လက်စားများဖြစ်ကြကြောင်း"

သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက် (၄)

"စတုတ္တအချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံအကျဆုံး လူအများစုဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူလယ်သမား ဘ၀ တိုးတက် မြင့်မားရေးဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း အပေါ်မှာ အခြေခံပြီး လက်လုပ် လက်စားများဖြစ်ကြပါတယ်။ လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ ပြည်သူလူထုရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စာရေးဝတ်ရေးနဲ့ နေရေးကို ဖူလုံလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာကဏ္ဍ ဖွံဖြိုး တိုးတက်ရေးအတွက် တောင်သူလယ်သမားများအနေနဲ့ အလုပ်ကိုကြိုးစားလုပ်ကိုင်ကြပြီး လယ်ယာ ထွက်ကုန်များ ပိုမိုထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ မိမိတို့ရဲလယ်မြေများ တန်ဖိုးမြင့် တက်လာအောင် လယ်မြေများကို ပြုပြင်ကြဖို့ အထွက်တိုးတဲ့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုး ကြဖို့ စနစ်တကျ သိပံနည်းကျ စိုက်ပျိုးကြဖို့ စက်မှုလယ်ယာကို ပြောင်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ တောင်သူလယ်သမား အလုပ်သမားများအတွက် အဓိကလိုအပ်ချက်ဟာ ငွေကြေး အရင်းအနှီးဖြစ်တယ်ဆိုတာ ကျွန်တော်အနေနဲ့ သိရှိထားပါတယ်။ ဒါကြောင့်ငွေကြေးအရင်းအနှီးကို ဖြည့်စည်းပေးနိုင်ဖို့အတွက် အသေးစားငွေစုငွေချေးဘဏ် အသေးစားငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေး အစုအဖွဲ့များတည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါတယ်။ ဒါအပြင့် ပြည်ပအထောက်အပံ့နဲ့ ချေးငွေများကိုလည်း ရယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။ "

Credit : Here

ဂျိတ္တော အုပ်ချုပ်ရေးမှူးနှုတ်ထွက်ပေးရန် ဆန္ဒပြ


ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိတ္တောရွာအုပ်ချုပ်ရေးမှူးမှာ ဘင်္ဂလီများဘက်မှ ရပ်တည်နေသဖြင့် အုပ်ချုပ်ရေးမှူးမှ နုတ်ထွက်ပေးရန် ရွာသားများက မတ်လ ၃၁ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြ တောင်းဆိုရာတွင် ဘင်္ဂလီ အလိုတော်ရိအုပ်ချုပ်ရေးမှူး အလိုမရှိ၊ မော်လဝီ လူလေး နှုတ်ထွက်ပေး၊ ကျေးရွာလူထုကို ကိုယ်စားမပြုသော အုပ်ချုပ်ရေးမှူး အလိုမရှိ၊ ကျေးရွာလူထုကို နှောင့်ယှက်နေသော အုပ်ချုပ်ရေးမှူး အလိုမရှိ၊ ရခိုင်ပြည်ကို ရခိုင်လူမျိုးလောက် မည်သူမျှ မချစ်၊ အစရှိသော ပိုစတာများကို ကိုင်ဆောင်၍ ၈နာရီခွဲကနေ ၁၀နာရီခွဲအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း လူမှုကွန်ယက်အဖွဲ့ဝင် ကိုစိန်ချစ်က ပြောသည်။


ဂျိတ္တောရွာသူ၊ ရွာသားများ လမ်းလျှောက်ဆန္ဒထုတ်ဖော်ချီတက်လာကြစဉ် ဂျိတ္တောကျေးရွာတွင် မတ်လ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ဘင်္ဂလီ အိမ်တစ်အိမ်နှင့် ရွာသားများ ပဋိပက္ခဖြစ်ပေါ်ခဲ့ရာ အဆိုပါ ပဋိပက္ခတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူများအား ကျေးရွာ အုပ်ချုပ်ရေးမှူ၏ တိုင်းကြားချက်ဖြင့် ရဲစခန်းမှလာရောက်ဖမ်းဆီးခဲ့ခြင်းအပေါ် အုပ်ချုပ်ရေးမှူးအား နုတ်ထွက်ပေးရန် ရွာသူ၊ ရွာသား ၄၀၀ခန့်က လတ်တလော ဆန္ဒပြခဲ့ကြကြောင်း ရွာသားတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာ ဒေါ်အမာနေအိမ်တွင် ဘင်္ဂလီအမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့မှာ ပတ်ဝန်းကျင်မမြင်တွင် မဖွယ်မရာနေထိုင်သဖြင့် မတ်လ ၂၉ ရက်ရက်နေ့က ရွာသားများ ခဲနှင့်ပစ်ပေါက်မောင်းထုတ်ခဲ့သဖြင့် မတ်လ ၃၀ ရက်နေ့ ညတွင် အဆိုပါဘင်္ဂလီအမျိုးသမီးမှာ ဓာတ်ဆီများဖြင့် ရောက်ရှိလာခဲ့ရာ ကျေးရွာလူထုမှာ စိုးရိမ်မှုဖြင့် တဖန် မောင်ထုတ်ခဲ့ကြောင်း သိရပါသည်။

ဂျိတ္တောကျေးရွာ ပဋိပက္ခဖြစ်ပွားရာတွင် ခေါင်းဆောင်သည်ဟု ယူဆကာ ကိုထွန်းဝင်းနှင့် အမျိုးသမီး၂ဦးကို မတ်လ ၃၀ ရက်နေ့ ည ၁နာရီခန့်တွင် သံတွဲမြို့မ ရဲစခန်းမှ လာရောက်ဖမ်းဆီးသွားခဲ့ရာ ရွာသား (၂၀၀) ခန့်မှ ဂျိတ္တောရဲစခန်း ရှေ့တွင်စုဝေးကာ ချက်ချင်းပြန်လွှတ်ပေး ရန်တောင်းဆိုခဲ့သဖြင့် မတ်လ (၃၁) ရက်နေ့ နံနက်(၄) ကျော်ခန့် တွင် ပြန်လွှတ်ပေးခဲ့သည်။

"ဒီဖြစ်စဉ်ကလူမျိုးရေးထက် အိမ်ရှင်က ရွာသားတွေနဲ့နဂိုကတည်းကအဆင်မပြေမှုပိုများပုံရတယ်။ အိမ်ကိုသွားပြီးမေးမြန်းမှုမှာအပြန်အ လှန်ထိခိုက်မှုအနည်းငယ်ရှိခဲ့ပေမယ့်စွပ်စွဲခံရသူတွေဟာအမှန်တကယ်ပြစ်မှုကျူးလွန် ကြောင်း အလီဘိုင် မပြနိုင်လို့ပြန်လွှတ် ပေးလိုက်တာပါ"ဟု သံတွဲရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပြသည်။

ဒေါ်အမာမှာ သံတွဲမြို့နယ်၊ ခြံပြင်ကျေးရွာမှာ ပြောင်းရွှေ့လာကာ ဂျိတ္တောကျေးရွာတွင်လာရောက် နေထိုင်ပြီး ဘင်္ဂလီများအား လက်ခံထားသဖြင့် အဆိုပါ မျိုးသမီးအား ကျေးရွာတွင် နေထိုင်ခြင်းကို ရွာသားများက လက်မခံနိုင်ကြောင်းကို အုပ်ချုပ်ရေးမှူးအားတိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်မှု မရှိခြင်း၊ ပဋိပက္ခဖြစ်ပေါ်ရာတွင် အုပ်ချုပ်ရေးမှူးမှ မဟုတ်မမှန် တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခံရ၍ ရွာသားများက လတ်တလော ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်းသိရသည်။

ဂျိတ္တောရွာမှာ သံတွဲမြို့တောင်ဖက် ၁၀မိုင် အကွာရှိ အိမ်ခြေ၂၀၀၀ကျော်သည့် ရွာကြီးတရွာဖြစ်ကာ၊ ယခုအခါ ဆန္ဒပြမှု ဖြစ်စဉ်ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး ၊မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ရောက်ရှိနေပြီး လုံခြုံရေးအင်အား ၃၀ကျော် တို့နှင့်အတူ စီမံကွပ်ကဲလျက်ရှိသည်။ တချိန်တည်းတွင် သံတွဲမြို့ပေါ်၌လည်း တပ်နှင့်ရဲတို့ပူးပေါင်းလျက် လုံခြုံရေးအင်အားကို ယခင် ကထက် ပိုမို တင်းကြပ်စွာချထားကြောင်းသိ ရသည်။

ဆန္ဒပြမှုနှင့်ဆက်စပ်၍ ယခုအချိန်ထိ အာဏာပိုင်များကနောက်ထပ်ဖမ်းဆီးမှုတစုံတရာ မရှိသေး သော်လည်း အုပ်ချုပ်ရေးမှူးနေအိမ်တွင် သက်ဆိုင်ရာလူကြီးများ တံခါးပိတ် ဆွေးနွေးနေကြောင်း သိရ သည်။

Credit : Here

ဟုတ်၍ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ


ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center(MPC)၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။

ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန် ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရ ပါတယ်။

MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က ဘက်ဂျက်ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာ အထောက် အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group(PDSG)နဲ့ Myanmar Peace Support Initiative(MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက် နိုင်ငံများရှိ Donor များက အကူအညီ ပေးလျက်ရှိနေပါတယ်။


ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမယ်လို့ သိရှိရပါတယ်။


ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေ ကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။


ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက်(၂)ချက်ကတော့ ငွေကြေး စာရင်းဇယား ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ(၂)ချက် စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်အောက်မှာ တိုင်းပြည်မျက်နှာကို မကြည့်ဘဲ နိုင်ငံရေးလုပ်စားသူများ ဖြစ်တာ ကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။

NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။ အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။ NGO အဖွဲ့ အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့ ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက် ကြတာလည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ် များအဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။

ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲ သုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေမပျောက်ဘဲ Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။ လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။ ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ် နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။

ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေ စာရင်း ရှင်းလင်းရဲရပါမယ်။ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ -

- MPC အဖွဲ့ဝင် ဒါရိုက်တာများ လစာငွေမြင့်မားနေခြင်း။

- MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလာစရိတ်များ မြင့်တက်နေခြင်း။

- ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project များ လုပ်ဆောင်ရာမှာ ကော်မရှင်ခများ ညှိနှိုင်းရယူခြင်း။

- MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို သုံးသပ်မှုများ ရှိနေပါတယ်။

ထောက်ပြဝေဖန်ရင် စွပ်စွဲပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျိုး သက်ရောက်မှုရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း အကြံပြုလိုပါတယ်။ ပုတ်ရင်ပေါ်ပြီး ဟုတ်ရင် ကြော်ကြားတဲ့ သတင်းဆိုးများ ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ အပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါ ခင်ဗျာ။

မောင်နိုင်အောင်(အမိမြေ)

Credit : Here

သဲကုန်းအခြေအနေ တင်းမာဆဲ


ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲမှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ အကြမ်းဖက်မှုတွေ စခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာတော့ ဒီကနေ့မှာ မြို့မဈေးကြီး ပြန်ဖွင့်နေပြီး အခြေအနေဟာ တည်ငြိမ်စ ပြုနေပြီလို့ မြို့ခံတွေကပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေနဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတဲ့နေရာတွေမှာတော့ စစ်တပ်က စစ်ကားတွေနဲ့ကင်းလှည့်ပြီး စောင့်ကျပ်နေ တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။


ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားအောင် မီးရှို့ဖျက်ဆီးမှုတွေလုပ်ဖို့ လူအုပ်စုတချို့ကနေ ကြိုးစားလုပ်ဆောင်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီး သဲကုန်းခရိုင်ထဲမှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားရပါတယ်။ စစ်တပ်က မြို့ထဲမှာ တပ်စိပ်တွေ အင်အားတိုးချထားပြီး မြို့ခံလူထုနဲ့ ပူးပေါင်းလုံခြုံရေးယူထားရတဲ့ အနေအထားဖြစ်တယ်လို့ သဲကုန်းဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ပုတီးကုန်းမြို့တွင်းမှာ ဗလီတလုံးအပါအဝင် အိမ်တချို့ အဖျက်ခံခဲ့ရပြီး မြို့မနဲ့ အင်းမဘက်မှာတော့ ဈေးဆိုင်တွေ နဲ့ နေအိမ်တချို့ အဖျက်ဆီးခံခဲ့ရပါတယ်။

သဲကုန်းမြို့မှာတော့ အထိအခိုက်မရှိဘူးလို့ သဲကုန်းဒေသခံ ဦးသိန်းထွန်းက ပြောပါတယ်။ သဲကုန်း မြို့နယ်ထဲမှာတော့ ဘာသာရေးအဆောက်အဦးကို ဖြိုဖို့အတွက် လူအုပ်စုလိုက် အကြမ်းဖက်ဖို့ ရောက်လာတဲ့အချိန်မှာ စစ်တပ်က လုံခြုံရေးအပြည့် ယူပေးထားတဲ့အတွက် နောက်ဆုတ်သွားကြတယ် လို့လည်း သူကဆက်ပြောပါတယ်။

“နယ်ဘက်ကလူတွေက ဗလီဖျက်ဖို့ဆိုပြီး တက်လာတယ်။ တက်လာတော့ တပ်က ရောက်နေပြီလေ။ တပ်ကရောက်နေပြီဆိုတော့ တပ်က မဖျက်ဖို့ပြောတယ်။ ဖျက်ရင်ပစ်မယ်လို့ပြောတယ်။ သေနတ်တွေ ဘာတွေ မောင်းတင်တော့ ပြန်သွားကြတယ်။ ပုတီးကုန်းမှာ ဗလီအဖျက်ခံရတယ်။ နေအိမ် နှစ်လုံးသုံးလုံး အဖျက်ခံရတယ်။ ဆိုင်နှစ်ခု အဖျက်ခံရတယ်။ အင်းမဘက်မှာလည်း ဆိုင်တွေအဖျက်ခံရတယ်။”

သဲကုန်းမြို့နယ်တွင်းက မူစလင်တွေကို ဒေသခံတွေက လုံခြုံတဲ့နေရာတွေမှာ ဖွက်ပေးထားပြီး မြို့ခံလူငယ်တွေက လုံခြုံရေးယူထားကြတယ်လို့ သိရပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ သဲကုန်းမြို့ထဲမှာ ည ၆ နာရီကနေ မနက် ၅ နာရီ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး မြို့နယ်တွင်းမှာ လူအုပ်စုလိုက်သွားလာခွင့်မပြုဘဲ မသင်္ကာသူမှန်သမျှကို စစ်ဆေးနေပြီး ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပါတယ်။ သဲကုန်းမြို့နယ်တွင်း မြို့တွေမှာတော့ စစ်တပ်က တပ်စိပ်တွေတိုးချထားပြီး မြို့လယ်တွေမှာ နေရာယူပြီး တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

“ည ၆ နာရီနဲ့ မနက် ၅ နာရီ curfew ထုတ်ထားတယ်။ ညဆို လူတွေအားလုံးစစ်တယ်။ လူအုပ်စုနဲ့လက်မခံဘူး။ တပ်ကရောက်ပြီးတော့ မြို့လယ်ခေါင်က စာကြည့်တိုက်မှာ ချထားတယ်။ ဇီးကုန်းမှာလည်း ဒီလိုပဲ။ မြို့လယ်ခေါင်က ပြန်ကြားရေးတနေရာမှာ တပ်ဆွဲထားတယ်။”

သဲကုန်းဘက်မှာ ဒီနေ့အခြေအနေကတော့ ငြိမ်သက်နေပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်း တလွှားက နတ္တလင်း၊ ဇီးကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်တပ်နဲ့ရဲလုံခြုံရေးတွေက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့သိရပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့ထဲမှာတော့ ဒီနေ့မှာ မြို့မဈေးကြီးပြန်ဖွင့်လိုက်ပြီဖြစ်ပြီး မြို့တွင်းအခြေအနေဟာ တည်ငြိမ်စပြု လာနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ခြုံရေးအခြေအနေ ကောင်းလာပြီဖြစ်လို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မူစလင်တချို့ကလည်း သူတို့ရဲ့ နေအိမ်တွေဆီကို ပြန်ခွင့်တောင်းပြီး ပြန်နေကြတဲ့ အတွက် ဒေသခံလူငယ်အဖွဲ့တွေက လိုက်လံပို့ဆောင်ပေးနေတယ်လို့ မိတ္ထီလာမြို့ခံ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“ဒီနေ့တော့ ဈေးပြန်ဖွင့်တယ်လို့ ကြားတယ်။ အခု တချို့ အမှတ် (၃) ကျောင်းက မူစလင်တချို့က ဆိုလို့ရှိရင် သူတို့ရပ်ကွက်က မီးလည်းမလောင်တဲ့အတွက် ပြန်ချင်ပါတယ်လို့ ဆိုပြီး ဌာနဆိုင်ရာကို ပြောပေးပါဆိုလို့ ကျမ စောစောကပဲ ပြောပေးလိုက်တယ်။ ပြန်ချင်လို့ရှိရင် ကိုယ့်အိမ်ကိုယ်ပြန်လို့ ရတယ် လို့ဆိုတော့ သူတို့ပြန်လို့မရသေးလို့ပါတဲ့။ အဲဒီနေရာတွေမှာ နေရတာကတော့ အဆင်မပြေနိုင်ဘူး ဆိုတာ တော့ ရှိမှာပေါ့လေ။ စိုးရိမ်တာကတော့ မြန်မာလူမျိုးတွေကလည်း စိုးရိမ်တာပဲ။ မူစလင်တွေကလည်း စိုးရိမ်တာပဲ။ အခြေအနေတခုကို စိတ်အေးချမ်းသာတဲ့ အခြေအနေတခုရောက်အောင်တော့ အချိန် နည်းနည်း စောင့်ရမယ်ထင်တယ်။”

အရေးပေါ်အခြေအနေ မရုပ်သေးတဲ့ မိတ္ထီလာမြို့တွင်းအခြေအနေကတော့ ပုံမှန်အနေအထားအထိ မရောက်သေးပေမဲ့လည်း လုံခြုံရေးကို မြို့ခံလူထုနဲ့အတူ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက အလှည့်ကျမြို့ကိုပတ်ပြီး ကင်းလှည့်နေကြတယ်လို့ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“မြို့ထဲကတော့ ပုံမှန်ပြောလို့ရပါတယ်။ ည ညတော့ စောင့်နေကြရတယ်။ ည ၇ နာရီကနေ မနက်ခင်း ၅ နာရီအထိအောင် အလှည့်ကျ လှည့်ကြတယ်တဲ့။ ရဲကတော့ အထိုင်ပဲပေါ့။ စစ်ကားတွေလှည့်တယ်တဲ့။ စစ်ကားပေါ်မှာ တက်လိုက်တဲ့သူက နောက်တပတ် ခြေလျှင် လှည့်တယ်တဲ့။ ခြေလျှင်လှည့်တာရော၊ ကားနဲ့လှည့်တာရော အဲဒီလိုမျိုး မြို့မိမြို့ဖတွေက ပြောတာပေါ့။ လုပ်ငန်းတွေကလည်း နည်းနည်းတော့ ပြန်စနေပြီဒီမှာ။ စခန်းတွေမှာလည်း လှူတာလေးတွေတော့ ဆက်တော့လာနေတယ်လို့ ကြားမိတယ်။ ဒါပေမဲ့ ရေအခက်အခဲ ဆိုတာလေးတွေလည်း နည်းနည်းတော့ ရှိတယ်။ အခြေအနေက ပြန် တည်ငြိမ် အောင် ကြိုးစားနေရတဲ့ အနေအထားလို့ ပြောလို့ရတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၃ ထဲမှာတော့ မတ်လ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ မြို့နယ် ၁၅ မြို့နယ်မှာ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း၊ အဆောက်အဦး ၁,၃၅၅ လုံး နဲ့ ယာဉ်မျိုးစုံ ၃၉ စီးပျက်စီးဆုံးရှုံးကြောင်း၊ လူဦးရေ ၁၁,၃၇၆ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုမှာ လူဦးရေ ၉,၀၆၅ ဦးကို စောင့်ရှောက် ထားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူရန် ဆောင်ရွက်နေကြောင်းလည်းဖော်ပြထားပါတယ်။ 

Credit :

မနက်ဖြန်မှာ ပုဂ္ဂလိကသတင်းစာတွေ စထွက်ပြီ

ဆယ်စုနှစ်များစွာ အတွင်းမှာ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေ မနက်ဖြန် ဧပြီ ၁ မနက်က စလို့ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဧပြီ ၁ မနက်မှာ The Voice Daily၊ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်ထောင်စုနေ့စဉ်၊ ရွှေနိုင်ငံနေ့စဉ်နဲ့ The Standard Time (စံတော်ချိန်) သတင်းစာ လေးစောင် ထွက်ရှိလာမှာ ဖြစ်ပါတယ်။

အစိုးရက ဧပြီ ၁ က စလို့ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေနိုင်ပြီလို့ ခွင့်ပြု ပြီးနောက်မှာ လောလောဆယ် ခွင့်ပြုချက်ရ သတင်းစာ ၁၆ စောင်အနက်က လေးစောင်က ပထမဆုံး ထွက်လာကြမှာ ဖြစ်ပါတယ်။


အခုလို နှစ်ပေါင်းများစွာအတွင်း လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာတွေ ထွက်လာမှာနဲ့ ပတ်သက်လို့ သတင်းစာ ထုတ်ဝေခွင့် ရထားသူတွေ အပါအ၀င် သတင်းစာသမား အချင်းချင်းက အပြန်အလှန် စောင့်ကြည့် နေကြတယ်လို့ ရန်ကုန်က ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

လူထုကတော့ အသွင်ပြောင်းထားတဲ့ တခါ ဈေးသက်သာပြီး ရောင်စုံနဲ့ ရိုက်နှိပ်ထားတဲ့ အစိုးရထုတ် ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတွေကို ဖတ်နေရသလို လူထုကြား စာဖတ်အားကလည်း အရင် ခေတ်တွေလို မဟုတ်တော့ဘဲ တခြား ဖျော်ဖြေရေးတွေကလည်း ပေါပေါလောလော များများစားစား ရှိလာတဲ့ခေတ်မို့ လူထုအနေနဲ့တော့ မနက်ဖြန် ပုဂ္ဂလိက သတင်းစာတွေ ထွက်လာမယ့်အပေါ် သည်းသည်းလှုပ် စိတ်ဝင်စားမှုမျိုး မတွေ့ရဘူးလို့ ရန်ကုန် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နာမည်ကျော် အပတ်စဉ်ထုတ် သတင်းဂျာနယ် တစောင်ဖြစ်တဲ့ The Voice Weekly ကတော့ မနက်ဖြန်ကစလို့ The Voice Daily နာမည်နဲ့ ပထမဆုံးထွက်ရှိလာတဲ့ ပုဂ္ဂလိက သတင်းစာတစောင်အဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ နေ့ချင်းဖြန့် တပတ်ကို ခြောက်စောင် ထုတ်ဝေမယ်လို့ သိရပါတယ်။

ပုံမှန် စာမျက်နှာ ၂၀၊ မနက်ဖြန် ပထမဆုံးထွက်မယ့် The Voice Daily ကိုတော့ စာမျက်နှာ ၂၄ မျက်နှာနဲ့ ဖြန့်ချိဈေးနှုန်း ၁၁၀ ကျပ် ဖြစ်ပြီး၊ သတင်းစာ ၀ယ်ဖတ်သူက ၁၅၀ ကျပ်နှုန်းနဲ့ ဖတ်ရှုနိုင်မယ်လို့ သိရပါတယ်။

Credit : Here

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို သိစေလိုသော ၂၀၁၃ ခုနှစ် ကျောင်းသားလေးရဲ့ ရင်တွင်းစကားများ


အမည်မဖေါ်လိုတဲ့ ကျောင်းသားတစ်ဦးမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အတွက် ရေးပို့လာတဲ့ ကျောင်းသားတစ်ဦးရဲ့ရင်ဖွင့်စာကို ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့ နေ့စွဲ ဖြင့် တောင်ကြီးတိုင်းမ်က လက်ခံရရှိခဲ့ပြီး၊ အောက်ပါအတိုင်း ဖေါ်ပြလိုက်ပါတယ်။

-----------------------------------------


၂၀၁၃ ခုနှစ် မတ်ခ်ျလ ၃၀ ရက်နေ့

အစ်ကို မင်းကိုနိုင် အင်တာနက်နဲ့ Facebook စာမျက်နှာတွေပေါ်မှာ တွေ့လိုက်ရတဲ့ သတင်းတွေကို ဖတ်ပြီးတော့ တော်တော်ကို မချင့်မရဲ ဖြစ်မိပါတယ်အစ်ကို။ အစ်ကို့ရဲ့ ပြောဆိုမှုတွေဟာ တိုင်းပြည် ကောင်းစားရေးကို ဟစ်ကြွေးပြီး တကယ်တမ်းကျတော့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကို ဖွင့်ဟနေတဲ့ မရေမရာစကားလုံးတွေကို ပြောနေတယ်လို့ ထင်မိပါတယ်။

ကျွန်တော် တစ်ခုလောက်တော့ ပြောချင်ပါတယ်။ အစ်ကိုက ကျွန်တော်တို့ တိုင်းပြည်ကောင်းစားဖို့အတွက် ဘာလုပ်ခဲ့ဘူးလဲ။ ၈၈ အရေးအခင်း ဖြစ်ခဲ့အောင် ငါလည်း အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ လုပ်ခဲ့တာပဲလို့တော့ အစ်ကို မပြောလောက်ပါဘူးနော်။ အစ်ကိုက မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ပါနော်။ မြန်မာနိုင်ငံသား မဟုတ်ဘူးလို့လဲ အစ်ကို မပြောလောက်ဘူးလို့ ထင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာမှ မကြာသေးဘူး။ ပဋိပက္ခတွေ ဖြစ်နေတယ်။ ဖြစ်တဲ့ အကြောင်းအရင်းအရာရဲ့ နောက်ကွယ်က လုပ်ဆောင်တဲ့သူတွေကို အစ်ကို အတိအကျ သိရဲ့လား။ အစ်ကိုပြောနေတဲ့ ပုံစံက နောက်ကွယ်က လုပ်နေတဲ့သူရှိတယ်။ ဘယ်သူဘယ်ဝါ ဆိုတာလည်း မခိုင်မာ မတိကျ။ ပြီးတော့ အစ်ကိုက ပြောသေးတယ်။ စနစ်တကျ လေကျင့်ထားတယ်။ ၀ီစီမှုတ်ပြီးတော့ တပ်ဖြန့်တာတွေ၊ လူစု လူခွဲတာတွေ ဆိုပြီး အစ်ကိုပြောတာတွေက စစ်တပ်တို့ ရဲတို့ကို အပြစ်ပုံချ နေတဲ့ သဘောမျိုး သက်ရောက်နေတယ်။

အစ်ကို့ကို တစ်ခုလောက်ပြောချင်တယ်။ အခုခေတ်က လူငယ်တွေနဲ့ ပြည်သူတွေဟာ ကျောင်းသား ခေါင်းဆောင်လုပ်ခဲ့တဲ့ အစ်ကို့လို ခေါင်းဆောင်မဟုတ်ကြပေမယ့် ခပ်တုံးတုံး ဦးနှောက်တွေကို ပိုင်ဆိုင်ကြတဲ့သူတွေ မဟုတ်ဘူးဆိုတာတော့ အစ်ကို့ကို သိစေချင်မိတယ်။ အားလုံးဟာ အသိဥာဏ်ရှိကြတဲ့ လူတွေကြီး ပါပဲ။

အစ်ကိုရဲ့ အမြင်ကျဉ်းကျဉ်းလေးနဲ့ မကြည့်ပါနဲ့။ နိုင်ငံရေးသမား အယောင်ဆောင်ပြီး နိုင်ငံတော်ရဲ့ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေအောင် အရေးအခင်း ပဋိပက္ခ ဆူပူမှုတွေ ဖြစ်ပေါ်လာအောင်လုပ်။ အခြေခံ လူတန်းစားတွေကို သွေးထိုးနေတဲ့ သူတွေကိုရော အစ်ကို မပြောတော့ဘူးလား။ အဲဒီထဲမှာ ငါမပါဘူးလို့ အစ်ကိုပြောမှာပေါ့။ အစ်ကို မပါမှန်း ကျွန်တော် သိပါတယ်။

တိုင်းပြည် ကောင်းရာ ကောင်းကျိုးကို တတ်စွမ်းသရွေ့လုပ်နေကြတဲ့ သူတွေကို အစ်ကို အပြစ်ပုံမချပါနဲ့။ လူထုခေါင်းဆောင် အမေစုတောင် တူတာတွေကို ညှိနှိုင်းပြီး နိုင်ငံအတွက် လုပ်ဆောင်နေတဲ့ အချိန်မှာ အစ်ကို ၈၈ ကျောင်းသားခေါင်းဆောင်လည်း လုပ်သင့်ပြီလို့ ကျွန်တော် ၂၀၁၃ ကျောင်းသားပေါက်စက အကြံပေးချင်တယ် အစ်ကိုရေ။

အစ်ကို တိုင်းပြည်အတွက် အသက်ပေးရဲလား။ အသက်ပေးပြီး နိုင်ငံအတွက် အလုပ် လုပ်နေကြတဲ့ ကာကွယ်နေကြတဲ့ ရဲတွေ စစ်သားတွေကို မတိုက်ခိုက် အပုတ်မချမိပါစေနဲ့ အစ်ကိုရယ်။ အစ်ကိုက မပုတ်ချဘူးလို့ ပြောမှာကိုလည်း ကျွန်တော် ယုံပါတယ်။

အစ်ကိုရေ အပြောနဲ့ တိုင်းပြည်အတွက် အလုပ် လုပ်လာခဲ့တာ အစ်ကိုလည်း အသက်တွေ ကြီးနေပါပြီ။ လက်တွေ့လုပ်မယ့်အချိန်ကို ကျွန်တော် စောင့်ပါတယ်။ ကျွန်တော် သေဆုံးသွားတဲ့ အချိန်ထိ အစ်ကို တိုင်းပြည်အတွက် အလုပ်နဲ့ သက်သေ မပြနိုင်သေးဘူးဆိုရင် ကျွန်တော်လည်း အသေဖြောင့်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆုံးဖြတ်ထားပါတယ်။ ဒီဘ၀ ဘယ်တော့မှ အသေ မဖြောင့်နိုင်ဘူး ဆိုတာကိုပေါ့။

အစ်ကိုရေ ပြည်သူတွေ အကုန်သိပါတယ်။ မိတ္ထီလာ ပဋိပက္ခကို သူတစ်ပါး ထောက်ပံ့မှုနဲ့ သွား။ ဟိုရောက် တော့ စစ်ဖိနပ်အောက် ရောက်အောင် လုပ်နေတာလား ဘာလား ညာလားဆိုပြီး ပြောနေတာ ကြားလို့ မကောင်းပါဘူး အစ်ကို။

စစ်ဖိနပ်အပေါ်ကို အစ်ကို့ကို ရောက်စေချင်တယ်။ အစ်ကိုသာ စစ်ဖိနပ်အပေါ်ကို ရောက်တဲ့ စစ်သား ဖြစ်ခဲ့ရင် အစ်ကို စစ်သားတွေရဲ့ အကြောင်းကို သိခဲ့မှာပါ။ စစ်သားတွေက ရိုးရိုးသာမာန် အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက Road Map (၇) ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။

အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီစည်းဝိုင်းထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီ လမ်းဟောင်းကို ကျင့်သုံးတာ ၂ နှစ်ကျော်ပဲ ရှိသေးတယ်။ ဒီလိုအချိန်မှာ ဒီစကားတွေ ပြောနေမယ့်အစား အစ်ကို တိုင်းပြည်အတွက် တစ်ခုလောက် လုပ်ပြပါလား အစ်ကိုရယ်။ ငါထောင်ကျ ဘူးတယ်တော့ လာမပြောနဲ့နော်။

အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံး အဖွဲ့အစည်းပါ။ ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမက နိုင်ငံတကာ မှာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စ ဖြစ်ပါတယ်။ အစ်ကို တစ်ယောက်ပဲ ဟိုအပုတ်ချ ဒီအပုတ်ချ လုပ်နေတဲ့လို့ သူများတွေ ပြောနေကြတာကို ကျွန်တော် အသဲနာမိတယ် အစ်ကို။

အစ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟိုပုံးမြို့ နောင်တောင်းဘုန်းကြီးကျောင်းမှာ လာတုန်းက အစ်ကိုပြောခဲ့တဲ့ စကားလေးကို ကျွန်တော်ခုထိ မှတ်မိနေသေးတယ်အစ်ကို။ တစ်နေ့နေ့ ကြုံကြိုက်ခဲ့ ရင်တော့ လူထုခေါင်းဆောင် အမေစုကို ကျွန်တော်မေးကြည့်ရအုန်းမယ်။

အစ်ကိုပြောခဲ့တာက “မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်ဘူး၊ ကိုအောင်ဆန်း ဖြစ်တယ်။ သူဝတ်ထားတာက စစ်ဝတ်စုံ မဟုတ်ဘူး၊ ကျောင်းသားသမဂ္ဂ၀တ်စုံ။ မြန်မာ့လွတ်လပ်ရေး ရရှိရေးအတွက် ကိုအောင်ဆန်းက ကျောင်းသား ၃၀ နဲ့ ဂျပန်နိုင်ငံ စစ်ပညာတွေ သင်ပြီး လုပ်ပေးခဲ့တာ စစ်တပ်မဟုတ်ဘူး။ ကျောင်းသားတွေ” ဆိုပြီးတော့ အစ်ကို ပြောခဲ့တာလေ။

အစ်ကို မပြောဖူးလို့တော့ မပြောနဲ့။ ကျွန်တော် အစ်ကို့အသံကို လေးစားလို့ အသံဖမ်းထားတာ။ အစ်ကိုရယ် ဒီအကြောင်းကို ပြန်စဉ်းစားလိုက်ရင် ကျွန်တော်ကပဲ ဥာဏ်မမှီတာလားတော့ မသိဘူး။ လူတိုင်းက ကျောင်းသားဘ၀ကို ဖြတ်သန်းပြီးမှ ရည်ရွယ်ချက်ရှိရာကို ရောက်သွားကြတာပါ။ အစ်ကို အဲဒီလို ပြောကြေး ဆိုရင် စစ်ဘီလူးလို့ ခေါ်နေကြတဲ့ အာဏာရှင် ဟစ်တလာကရော ကျောင်းသားဟောင်း မဟုတ်ဘူးလား။ အစ်ကို ဖြေပေးပါ။ ကျွန်တော် မစဉ်းစားတတ်လို့ပါ အစ်ကို။

အစ်ကို စစ်တပ်ကို မုန်းတာ ကျွန်တော်သိပါတယ်။ အစ်ကိုရဲ့ ကိုယ်ရေးခံစားချက်ကြောင့် မုန်းချင်မုန်းပါ။ စစ်တပ်ကိုချစ်နေတဲ့ ကျွန်တော်လို ၂၀၁၃ ကျောင်းသားတစ်ယောက်ကိုတော့ အတင်းမမုန်းခိုင်းပါနဲ့ အစ်ကိုရေ။ အစ်ကို့ကို သီချင်းလေးတောင် ဆိုပြချင်တယ်။

"မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး၊ စစ်တပ်ကို ကျွန်တော်ချစ်တယ်"

Credit : Here

ဖုန်းတစ်လုံး ရေထဲ ကျသွားတဲ့အခါ သိထားသင့်တဲ့ အချက်များ


ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက်ရှာရှာ အိမ်သာခွက်ထဲကျတဲ့ သူတွေ တောင် ကြံဖူးပါတယ်။


ပါဝါမဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါလုံးဝမဖွင့်မိဖို့ အရေးကြီးပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်း လို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံးဝ ထိခိုက်စေ ပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက်ရင် ရေငွေ့ကို အမြန်ဆုံးစုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝအသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာပါပဲ။ နေပူထဲ လုံးဝမထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ်ပေးတာမျိုးတို့ ဖြစ်ပါတယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်း အတာအလိုက်၊ ရေငွေ့ပြန်နိုင်တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့်ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါအတိုင်း ပြုလုပ်ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ် ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြ သင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ် လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစိုဖုန်းများ မြန်မြန်အသက်ပြန်ရှင် နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်းလာရင်းဖြစ်တယ် ဆိုရင်လည်း အိမ်မှာရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင်အဆင်ပြေပါသေးတယ်။

---

TechSpace Journal

Credit : Here

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်

၁။ စွမ်းအင်ဝန်ကြီးဌာန၊ ရတနာဓာတ်ငွေ့ကမ်းလွန်တွင်းတူးစင်၏ ကမ်းလွန်ပလက်ဖောင်း အထွေထွေ ပြုပြင်ခြင်းလုပ်ငန်းများအား ( ၅-၄-၂၀၁၃)ရက်နေ့မှ (၁၃-၄-၂၀၁၃)ရက်နေ့အထိ (၉)ရက်ကြာ ဆောင်ရွက် မည်ဖြစ်သောကြောင့် ၄င်းကာလအတွင်း ပြည်တွင်းသို့ သဘာဝဓာတ်ငွေ့ပို့လွှတ်နေသော ကန်ဘောက်-မြိုင်ကလေး ပိုက်လိုင်းနှင့် ရန်ကုန်-ပြည်-မြန်အောင်ဒေ သများသို့ ပို့လွှတ်နေသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသို့ ဓာတ်ငွေ့ ပို့လွှတ်မှုများ ရပ်တန့်ထားမည် ဖြစ်ပါသည်။


၂။ ထိုသို့ သဘာဝဓာတ်ငွေ့ပို့လွှတ်မှု ရပ်တန့်ထားမည့်ကာလအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်ရုံ(၄)ရုံနှင့် နယ်မြို့များရှိ ဓာတ်အားပေး စက်ရုံ(၄)ရုံမှ ဓာတ်အား ထုတ်လုပ်မှု (၃၀၀)မဂ္ဂါဝပ်ခန့် လျော့နည်းသွားမည်ဖြစ်ပါသည်။ ၄င်းဓာတ်အားထုတ်လုပ်မှု လျော့နည်းခြင်းသည် နိုင်ငံတော်ဓာတ်အား လိုအပ်ချက်၏ (၂၀%)ရှိမည် ဖြစ်ပါသည်။

၃။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုသို့ လျှပ်စစ်ဓာတ်အားရရှိဖြန့်ဖြူးပေးနိုင်ရေး အတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်ရုံများ၊ စက်မှုဇုံများ အကြီးစားစက်မှုလုပ်ငန်းများနှင့် ကုန် ထုတ်လုပ်မှု လုပ်ငန်းများအား ဓာတ်အားဖြန့်ဖြူးမှုရပ်တန့်ထားမည့်အပြင် စွမ်းအင်ဝန်ကြီးဌာနမှ ကုန်းတွင်းသဘာဝ ဓာတ်ငွေ့ တိုးမြှင့်တောင်းခံ၍ လည်းကောင်း၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားတိုးမြှင့် ထုတ်လုပ်၍ လည်းကောင်း၊ ပြည်သူလူထုသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားမည် ဖြစ်ပါသည်။

၎။ ထိုသို့ ပြည်သူလူထုသို့ လျှပ်စစ်ဓာတ်အားရရှိရေး ကြိုး ပမ်းဆောင်ရွက် သွားမည်ဖြစ်သော်လည်း ယခု ကာလသည် နွေရာ သီဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများရှိ ဆည်တမံများတွင့် ရေဝင်ရောက်မှု မရှိ သည့် အပြင် ရေပမာဏလျော့နည်းကျဆင်းသည့်ကာလဖြစ်ခြင်း၊ ကမ်းလွန်ပလက်ဖောင်းပြုပြင်ရန် ကာလအတွင်း ဓာတ်အား ထုတ်လုပ်မှုမှာ နိုင်ငံတော်ဓာတ်အားလိုအပ်ချက်၏ (၂၀%)ခန့် လျော့နည်းသွားမည်ဖြစ် ခြင်းတို့ကြောင့် ကမ်းလွန် ပလက်ဖောင်းပြုပြင်စဉ် ဓာတ်အားထုတ်လုပ်မှု လျော့နည်းမည့် အခိုက်အတန့် ကာလအတွင်း ပြည်သူလူထုအနေဖြင့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲခြင်းဖြင့် ပူးပေါင်း ကူညီ ဆောင်ရွက်ပေး နိုင်ပါရန် မေတ္တာရပ်ခံအသိ ပေးနှိုးဆော်အပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

Credit : Here

တရားမ၀င် ကျွန်းသစ် တံခါးရွက် နှင့် ကျွန်းပွတ်လုံးများ ကျပ်သိန်း ၈၉၀ ကျော်ဖိုး ဖမ်းဆီးရမိ


တရားမ၀င် သစ်ထုတ်လုပ်မှု နှင့် ရောင်းဝယ်မှု လုပ်ငန်းများ လျော့နည်း ကျဆင်းရေး အတွက် တာဝန်ရှိသူ များမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ မတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီ အချန်က ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့ တောင်ဘက် ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီး ဘေးတွင် တရားမ၀င် ကျွန်းသစ် တံခါးရွက်များ အရွယ်စုံ ၃၅ တန်ကျော် ၊ ကာလတန်ဖိုး ကျပ်သိန်း ၈၉၀ ဒသမ ၇၇၅၀ ကို ပိုင်ရှင်မဲ့ ဖမ်းဆီ ရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရေတာရှည် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ်ဝင်း နှင့် မြို့နယ် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ များက မိမိမြို့နယ် အတွင်း တရားမ၀င် သစ်ထုတ်လုပ် ရောင်းဝယ်မှုများ မရှိစေရေး အတွက် သတင်းအရ ရေတာရှည်မြို့ တောင်ဘက် ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီး ၊ မိုင်တိုင် အမှတ် ၁၈၈/၀ နှင့် ၁၈၈/၂ အကြား ကားလမ်း အရှေ့ဘက် ၊ အနောက်ဘက် တွင် ကားပေါ်မှ ပစ်ချခဲ့သည့် ကျွန်းတံခါးရွက် ၂၄၃၀ ချပ် ( ၃၅ ဒသမ ၃၅၃၈ တန် ) ကျွန်းပွတ်လုံး ၂၃၁ လုံး ( ၀ ဒသမ ၂၇၇၂ တန် ) စုစုပေါင်း ၃၅ ဒသမ ၆၃၁ တန် ၊ ကာလတန်ဖိုး ကျပ်သိန်း ၈၉၀ ဒသမ ၇၇၅၀ အား ပိုင်ရှင်မဲ့ တွေ့ရှိရ၍ ရေတာရှည် မြို့နယ် သစ်တော ဦးစီးဌာန တွင် ထိန်းသိမ်း ထားရှိကြောင်း သိရပြီး ယခုအခါ တရားမ၀င် ကျွန်းသစ်များ သယ်ဆောင်မှု မရှိစေရေး အတွက် ရေတာရှည် မြို့နယ် နှင့် တောင်ငူ မြို့နယ် များတွင် သက်ဆိုင်ရာ တာဝန်ရှိ သူများမှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


Credit : Here

ကိုရီးယားနိုင်ငံတွင် စကတ်အတို ဝတ်ဆင်ခြင်းကို ဒဏ်တပ်မည်

တောင်ကိုရီးယားနိုင်ငံတွင် ယခုရက်သတ္တပတ် အတွင်း၌ အမျိုးသမီးများ အဝတ်အစား အဖော် အချွတ်နှင့် ပတ်သက်သော ဥပဒေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရာ လူထုကြား၌ အငြင်းပွားမှု များ ဖြစ်ပေါ်နေသည်။


ကိုရီးယားနိုင်ငံရှိ အမျိုးသမီးများက အများပြည်သူ ရှေ့တွင် ပေါင်ပေါ်စကတ်ကို ဝတ်ဆင်လျှင်သော် လည်းကောင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အလွန်အမင်းဖော်ပြလျှင်သော်လည်းကောင်း ကိုရီးယား ငွေဝမ် ၅၀,၀၀၀ ဒဏ်ကြေးငွေပေးဆောင် ရမည်ဟု သိရသည်။


အဆိုပါ ဥပဒေသစ်ကို တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်သူ ပက်ဂွမ်ဟေးကသူမ၏ ပထမဆုံးဝန်ကြီးများ တွေ့ဆုံ အစည်းအဝေး၌ အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေအပေါ် ခေတ်နောက် ပြန်ဆွဲသောဥပဒေဟုလည်းကောင်း၊ အာဏာရှင်ဆန်သောဥပဒေဟု လည်းကောင်း အမျိုးမျိုး ဝေဖန် ကြကြောင်း သိရသည်။

ပက်ဂွမ်းဟေး၏ အဖေဖြစ်သူ ပတ်ချုံဟီး တောင်ကိုရီးယားနိုင်ငံကို ၁၉၇၀ ပြည့်နှစ်များက အုပ်ချုပ်စဉ် ကလည်း အလားတူဥပဒေမျိုး ပြဌာန်းခဲ့ဖူးသည်ဟုသိရသည်။ စကတ်တိုဝတ်ဆင်ခြင်းသည် ကိုရီးယား အမျိုးသမီးများနှင့် ဆိုတော်များအကြားတွင် အလွန်ခေတ်စားနေသော ဖက်ရှင်တစ်ခု ဖြစ်သည်။

Myawady News

Credit : Here

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်၍ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လ တတိယပတ်မှ စတင်ကာအပူဒဏ် ကာကွယ်ရေး နှိုးဆော် ချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။ မြန်မာ နိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံး ကာလဖြစ်ပြီး မေလ ၀န်းကျင်အထိ အပူချိန်မြင့်မားမှုကို ခံစားရ ကာ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုး ဆက်များ မဖြစ်ပေါ်စေရန် ထုတ်ပြန်ခြင်း ဖြစ် ကြောင်းလည်း သိရသည်။


ပူပြင်းသည့်အချိန်၌ အရွယ်မရွေး အပူရှပ်ခြင်းကို အနည်းနှင့် အများ ခံစားကြရမည်ဖြစ်ကာ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ရောဂါခံစားရမှု ပိုမိုတတ်ကြောင်း သိရသည်။


အပူချိန် မြင့်မားမှုကြောင့် ခန္ဓာကိုယ်တွင်းရှိချွေးများ ပြင်ပသို့ မထွက်ရှိဘဲ ခန္ဓာကိုယ်အပူချိန်များ မြင့်မား လာကာ အဖျားကြီးခြင်း၊ ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကြောင့် မိတ်နှင့်ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေထိ ဖြစ် တတ်ကြောင်း သိရသည်။

နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်းလွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ် စသည် တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရ၍ အေးမြသောနေရာတွင် နေထိုင်ခြင်း၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း မှ ရှောင်ကြဉ်ရန်၊ နေပူထဲတွင် ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ရန်၊ အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ် လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစား ရခြင်းကြောင့် ရှောင်ကြဉ်ရန်၊ နေ့ခင်းဘက် အပြင်ထွက်သည့်အခါ အရိပ်လုံလောက်စွာ ရရှိနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းရန်၊ အလင်းရောင် ပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ အ၀တ် အထည်များကို ၀တ်ဆင်ခြင်း၊ ပွပွချောင်ချောင် ချည်ထည်များကို ၀တ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။

နေ့အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်သည် ပုံမှန်ကိုယ်တွင်း အပူချိန်ဖြစ်ပြီး ၃၈ ဒီဂရီစင်တီဂရိတ် တွင် ချွေးထွက်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်း၊ အနည်းငယ် ဆာလောင်ခြင်း၊ ၃၉ ဒီဂရီ စင်တီဂရိတ် ဖြစ် ပါက ချွေးအလွန်အမင်း ထွက်ခြင်း၊ အရေပြား နီရဲခြင်း၊ နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းများ မြန်လာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း၊ အတက်ရောဂါ ရှိသူများတွင် အတက်ရောဂါထခြင်း၊ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ်ရသောအဆင့်သို့စတင်ရောက် ရှိနေပြီး မော ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ချွေးအလွန်အမင်း ထွက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ မိုး လေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ မတ်လ ၂၆ ရက်နေ့တွင်ရန်ကုန်မြို့၌ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ရှိပြီး မန္တလေး မြို့တွင် အပူချိန် ၃၉ ဒီဂရီစင်တီ ဂရိတ်ရှိသည်ဟု သိရသည်။

နေ့အပူချိန်မြင့်သည့်ကာလတွင် သွားလာနေသူများအား ရန်ကုန်မြိုအတွင်း တွေ့ရစဉ်

Eleven Media Group

Credit : Here

သင်္ကြန်လည်ရတာကို မနှစ်သက်တဲ့ ချစ်သုဝေ


ထရီဇာ ဇာတ်ကားတွေ လက်ခံ ရိုက်ကူးတဲ့ အခါမှာ ဖက်ရှင်နဲ့ ပတ် သက်ပြီး ဘယ်လိုပုံစံ မျိုးတွေ လုပ်ဖြစ် လဲဆိုတော့ ဇာတ်ကားရဲ့ သဘာဝ၊ ကိုယ်လုပ် ရမယ့် ကာ ရိုက်တာ လေးရယ်၊ ပရိသတ် အာရုံ စူးစိုက်မှု ဘယ်လို မျိုးလေး ရှိသွားမ လဲဆိုတဲ့ အပေါ်မှာ မူတည် ပြီးတော့ တစ်ကားနဲ့ တစ်ကား ဖက်ရှင် မထပ် အောင် ကြိုးစားတယ်။


သင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောရမယ် ဆိုရင် အစ်မ သင်္ကြန်ကို သိပ်ပြီး မပျော် တတ်ဘူး။ အဲဒါကတော့ နည်းနည်း ထူးခြားမယ် ထင်တယ်။ ပိုက်ကြီး ကိုင်ပြီး ရေပက် နေရတာကို မနှစ်သက် သလို ရေပက်ခံ ထွက်ရ တာကိုလည်း မကြိုက်ဘူး။

စိုလိုက် ခြောက်လိုက်ကို မကြိုက်တာ။ တောက်လျှောက် စိုနေရင်တော့ ကြိုက်ပါတယ်။ ပတ်ဝန်းကျင် ကြီးက Safe မဖြစ်သလို ခံစားရတဲ့ အတွက် သင်္ကြန် လည်တာကို မကြိုက်ဘူး။ အစ်မ ငယ်ငယ်တုန်းက နှစ်နှစ်လုံး သင်္ကြန် လည်တာ ကားက လမ်းမ ကြီးမှာ ပျက်သွားတယ်။ သင်္ကြန် အ မှတ်တရ ဆိုရင် အဲဒါ လည်း ပါတာ ပေါ့။

မိသားစုနဲ့ နှစ်နှစ် လည်ဖို့ ကြိုး စားတာ နှစ်နှစ်စလုံး ကားပျက်ပြီး စိတ်ညစ် ခဲ့ရတော့ အဲဒီလိုမျိုး လည် တာကို မပျော် မိတော့ဘူး။ မကြိုက် တော့ဘူး။ ဘယ်တော့မှလည်း နောက်နှစ်တွေ ထပ်ပြီးတော့ လည်ဖို့ မကြိုးစား မိတော့ဘူး။ ဒါပေမဲ့ အစ် မ မုန့်လုံး ရေပေါ် ကြိုက်တယ်။

ပိ တောက်ပန်းလည်း ကြိုက်တယ်။ ပြီးတော့ မြေကြီးထဲက ထွက်လာ တဲ့ မြေသင်းနံ့ လေးလည်း ကြိုက်ပါ တယ်။ ပရိသတ်ကြီး သင်္ကြန်လည်ရင် ကားလည်း မပျက်ဘဲနဲ့ အန္တရာယ် ကင်းစွာ အပျော်ကြီး ပျော်နိုင်ပါ စေ။

Credit : Here

လက်နက်စွန့်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး


ဗိုလ်ချုပ်ဆေထင်သည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် SSPA/SSA ၏ အထင်ကရ ခေါင်းဆောင် ဖြစ်သည်။

မကြာသေးမီက လားရှိုးမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေး ပွဲသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်ဆေထင်ကို အလွတ်သတင်းထောက် ဂျွန်ချစ်ငြိမ်း(တောင်ကြီး)က တွေ့ဆုံပြီး ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ၊ မူးယစ်ဆေးဝါး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကြောင်းအရာတို့ကို မေးမြန်းထားသည်။


မေး ။ ။ ဗိုလ်ချုပ်ဆေထင် ဒီဆွေးနွေးပွဲတက်ရောက်ရခြင်း အကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ။ ။ လာတက်ရတာကတော့ ရှင်းနေတာပဲလေ၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တာပေါ့၊ ဒီပွဲကနေတဆင့် မြန်မာတပြည်လုံး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ သွားကြနိုင်မယ်လို့ ယုံကြည် လို့ လာတက်တာပါ။

မေး။ ။ ဒီပွဲ မတိုင်မီ ရှေ့တရက်ကလည်း ၀န်ကြီးဦးအောင်မင်းတို့အဖွဲ့ နဲ့ တွေ့ဆုံရာမှာ ဘာတွေ ဆွေးနွေးဖြစ်ခဲ့သလဲ။

ဖြေ။ ။ ကြိုကြား အပစ်အခတ်ဖြစ်နေတာတွေပေါ့၊ ဒါနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေအရေး ပြောခဲ့တယ်၊ ပြေလည်ပါတယ်။

မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူချက် တခုက လက်နက်စွန့်၊ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ဖို့ ပေါ့ဗျာ..၊ အဲဒါကို ဘယ်လိုသဘောရပါသလဲ။ 

ဖြေ။ ။ လက်နက်စွန့်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးပါတီ ထူထောင်ပြီးလုပ် ဆိုတာ လွှတ်တော် ထဲမှာ နိုင်ငံရေး လုပ်ဖို့ဖြစ်တယ်၊ ဒီအတွက်က ၂၀၀၈ အခြေခံ ဥပဒေနဲ့ ဖွဲ့ထားတဲ့ လွှတ်တော်၊ မိုးထဲ လေထဲ နာဂစ်မုန်တိုင်း ကာလမှာ ပေါ်လာတဲ့ ဖွဲ့စည်းပုံ၊ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ၊ အဲသည် ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျနော်တို့ လုံးဝ လက်မခံဘူး။ ဒီအခြေအနေမှာ လွှတ်တော် သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ 

အပစ်အခတ် ဆိုတာလည်း နိုင်ငံရေး ပြဿနာတရပ်ပါ၊ ဒါကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ်၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ရမယ်။ ဒီနေရာမှာ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ် ပုံနဲ့  အစားထိုးမှသာလျှင် နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်မယ်။

မေး။ ။ ဘိန်းထုတ်လုပ်မှုမှာလည်း ကျနော်တို့ နိုင်ငံဟာ သည်နှစ်အတွက် မလျော့သွားဘဲ ထပ်တိုးနေတယ် လို့ ပြောနေကြတယ်။

ဖြေ။ ။ တည်မြဲတဲ့ အစိုးရ တရပ် မတည်ထောင်နိုင်ဘူး ဆိုရင် ကျနော်ထင်တယ် ဘိန်းကတော့ ပပျောက်မှာ မဟုတ်ဘူး။ ဘိန်းကတော့ နှစ်ပေါင်း ရာချီ ရှိခဲ့တဲ့ပြဿနာပါ၊ အင်္ဂလိပ်ခေတ် ကတည်းက ရှိခဲ့တာပဲ၊ အထူး သဖြင့် ရှမ်းပြည်နယ်မှာပေါ့၊ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးမရခဲ့ဘူး၊ နယ်မြေက မအေးချမ်းဘူး။

မေး ။ ။ ငြိမ်းချမ်းရေး ရဖို့ ဘာ အဓိကလိုမလဲ။

ဖြေ။ ။ အခု လားရှိုးမှာ လုပ်နေတဲ့ ပွဲလိုပေါ့၊ တဦးနဲ့ တဦး ယုံကြည်မှု တည်ဆောက်သွားဖို့လိုတယ်၊ အပေး အယူတော့ ရှိရမှာပေါ့...၊ ဗိုလ်ချုပ်အောင်ဆန်းပြောဖူးခဲ့တယ်လေ.... ခင်ဗျားတို့ ရှမ်းတွေက တိုင်းရင်းသား တွေတဲ့။ အင်္ဂလိပ်ကျွန် မဖြစ်စေရသလို၊ ဗမာကျွန်လည်း မဖြစ်စေရဘူးဆိုတာကိုလေ..။ ဗိုလ်ချုပ် အောင်ဆန်းသေတော့ နောက်ပိုင်း ကျနော်တို့လည်း ဗမာကျွန်ဖြစ်သွားတာပဲ၊ ဒီပြဿနာကို ဖြေရှင်းဖို့က အချိန်ယူရမယ်။ 

Credit : http://blog.irrawaddy.org/2013/03/blog-post_2867.html

အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီဖွဲ့

သမ္မတ ဦးသိန်းစိန်ဟာ လတ်တလောဖြစ်နေတဲ့ မတည်ငြိမ်မှု၊ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းကိုင် တွယ် ဆောင်ရွက်ဖို့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးလိုက်ပါ တယ်။



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး 
အမိန့်ကြော်ငြာစာ အမှတ် ၊ ၃၄ /၂၀၁၃ 
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် 
(၂၀၁၃ ခုနှစ်၊မတ်လ ၃၀ ရက်) 

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း 

၁။ လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင် တွယ် ဆောင်ရွက်နိုင်ရန် အတွက် " အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ " ကို အောက်ပါ အတိုင်း ဖွဲ့စည်း လိုက်ပါသည်- 

(က) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို - ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန                         - ဥက္ကဋ္ဌ 
(ခ) ဦးအောင်မင်း- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၄)                              - ဒုတိယဥက္ကဋ္ဌ 
(ဂ) ဦးအုန်းမြင့်- ပြည်ထောင်စုဝန်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန -                          အဖွဲ့ဝင် 
(ဃ) ဦးခင်ရီ - ပြည်ထောင်စုဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန -          အဖွဲ့ဝင် 
(င) ဦးဝင်းမြင့် - ပြည်ထောင်စုဝန်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန -            အဖွဲ့ဝင် 
(စ) ဗိုလ်မှူးချုပ်အောင်သော်- ဒုတိယဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန -                                အဖွဲ့ဝင် 
(ဆ) ဗိုလ်ချုပ် ဇော်ဝင်း - ဒုတိယဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန -                                    အဖွဲ့ဝင် 
(ဇ) ဦးရဲထွဋ် - ဒုတိယဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန -                                                   အဖွဲ့ဝင်
(ဈ) ဦးဘုန်းဆွေ - ဒုတိယဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်-                                      အဖွဲ့ဝင် 
       ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန                                                                                               
(ည) ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း - ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန  -         အတွင်းရေးမှူး 

၂။ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါ သည်။ - 

(က) အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင် စေရန်။ 

(ခ) ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်း နိုင်ရေး (Rapid Response) စီမံပေးရန်။ 

(ဂ) လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်။ (ဃ) နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရန် အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူ နိုင်ရန်။ 

(င) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားရန်။ 

(စ) လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားရန်။ 

၃။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက် သွားရန် ဖြစ်ပါသည်။ 


                                                                                                            ပုံ 
                                                                                                       (သိန်းစိန်) 
                                                                                                  နိုင်ငံတော်သမ္မတ

Credit : http://blog.irrawaddy.org/2013/03/blog-post_2435.html

မေးရဲမေးကြည့်


တရားခွင်တခုမှာဖြစ်ပါတယ်။

နှစ်ဘက်ရှေ့နေများက သက်သေအဒေါ်ကြီး တယောက်ကို အပြန်အလှန် မေးခွန်းများ မေးနေကြတယ်။

တရားလိုရှေ့နေဦးမောင်မောင်က စ, မေးတယ်… …

“အန်တီကြီးခင်ဗျား၊ တဘက်က တရားပြိုင်ရဲ့ရှေ့နေကြီး ဦးကျော်ကျော်ကို သိပါသလား”


“သိတာပေါ့၊ ဒီ ကျော်ကျော် ဆိုတဲ့ကောင်ကို သူ ငယ်ငယ်လေးထဲကသိတာ၊ သောက်ပျင်းလေးပါ၊ ငယ်ငယ် က ကျောင်းပြေးတယ်၊ အိမ်စာမလုပ်ဘူး၊ ရပ်ကွက်ထဲရန်ဖြစ်တယ်၊ လိမ်ပြောတယ်၊ လူကြီးတွေ ဆိုဆုံးမ လို့လဲ နားမထောင်ဘူး၊ လူဆိုးမှ တကယ်လူဆိုး”

ဒီတခါတော့ တရားပြိုင်ရဲ့ရှေ့နေ ဦးကျော်ကျော် မေးရမယ့်အလှည့်… …

ဦးကျော်ကျော်က မေးတယ်… …

“အန်တီကြီးခင်ဗျား၊ တဘက်က တရာ;လိုရဲ့ရှေ့နေကြီး ဦးမောင်မောင်ကိုရော သိပါသလား”

“အင်း…သိတယ်၊ ဒီ မောင်မောင် ဆိုတဲ့ကောင်ကိုလည်း ငယ်ငယ်လေးထဲက သိတာ၊ သူလည်း ဘာထူး လို့လဲ၊ လူဆိုးလူမိုက်လေး၊ အရက်ကသောက်သေးတယ်၊ သူများပစ္စည်းငှားပြီး ပြန်မပေးဘူး၊ ပေါင်းမယ့် သင်းမယ့် လူလည်းမရှိ၊ မိန်းကလေးတွေကို လိုက်နှောက်ယှက်လို့ ရုံးရောက်ဂတ်ရောက် ခဏခဏပဲ”

အဲဒီအချိန်မှာပဲ တရားသူကြီးက ခုံကို တူနဲ့ထုရင်း အခုလို လှမ်းအော်ပြောလိုက်ပါတော့တယ်… ….

“နှစ်ဘက်ရှေ့နေတွေ နားထောင်၊ ‘တရားသူကြီးကို သိသလားလို့’ ဒီအဒေါ်ကြီးကို ..မေးရဲ မေးကြည့်၊ ငါးမိနစ်အတွင်း ထောင်ချပစ်မယ်…ဒါပဲ”….တဲ့။ 

Credit : http://blog.irrawaddy.org/2013/03/blog-post_6006.html

သင်္ကြန်သေနတ်တွေ လာပြီ

ရန်ကုန်ဈေးကွက်ထဲက ပလပ်စတစ်သင်္ကြန်ပစ္စည်းများ

တန်ခူးလ သင်္ကြန်ပွဲ နီးလာတာနဲ့အမျှ သင်္ကြန်နဲ့ ပတ်သက်တဲ့ မြင်ကွင်းတွေကိုလည်း စုံစုံလင်လင် မြင်တွေ့ လာရပါပြီ။

ဒီအထဲမှာ သင်္ကြန်ရောက်ရင်အပျော်ဆုံးဖြစ်မယ့် ကလေးတွေအတွက် သင်္ကြန်ရေကစားစရာပစ္စည်းတွေကို စတိုးဆိုင်၊ ကုန်တိုက်တွေက အစ ရပ်ကွက်ဈေးတွေမှာပါ တွေ့နေရပါတယ်။


ရေသေနတ်တွေက ကလေးတွေအကြိုက် သင်္ကြန် ရာသီစာ ဖြစ်ပါတယ်။


လူကြီးတချိုကလည်း ရေသေနတ်နဲ့ သင်္ကြန်မှာ ကဲကြ၊ ရေပက်ကြတာကိုလည်း တွေ့ဖူးကြမှာပါ။

ရေသေနတ်ရဲ့ အကြီးဆုံးသော အားသာချက်ကတော့ ရေကုန်သက်သာခြင်း ဖြစ်ပါလိမ့်မယ်။ ငွေကုန်တာ တော့ သက်သာမယ်မဟုတ်ပါ။ အခု ဈေးကွက်မှာ ရေသေနတ်တွေရဲ့ ဈေးနူန်းတွေက ၁,ဝဝဝ ကနေ ၅,ဝဝဝ အတွင်း ရှိနေပါတယ်။

ဘန်ကောက်မြို့ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ - AFP)

Credit : Here

FEC ပြန်လဲယူဖို့ နေရာတွေ ဗဟိုဘဏ် ကြေညာ

ရန်ကုန်က FEC လဲလို့ရမယ့် ငွေလဲ ကောင်တာ တခု၊ ဓာတ်ပုံ- ရွက်စိမ်း

တချိန်က မြန်မာစစ်အစိုးရက တရုတ်နိုင်ငံကို အတုယူပြီး ဒေါ်လာ အစား အသုံးပြုခဲ့တဲ့ ယူနစ် FEC စက္ကူ တွေကို ဖျက်သိမ်းတော့မှာမို့ ပြန်လည် ထုတ်ယူခွင့် ပြုခဲ့ပြီး ဖြစ်ပါတယ်။

FEC (Foreign Exchange Certificate) ငွေလက်မှတ် လက်ဝယ်ရှိသူတွေ ဆုံးရှုံးနစ်နာမှု မရှိစေဖို့ ဖျက်သိမ်းမယ့် သတ်မှတ်ကာလကို တိုးမြှင့်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဗဟိုဘဏ်က မတ်လ ၂၁ ရက်နေ့က ကြေညာခဲ့ပါသေးတယ်။


၁၉၉၃ ခုနှစ်တုန်းက စတင်ထုတ်ဝေခဲ့တဲ့ FEC ကို ဖျက်သိမ်းရာမှာ ၁-၄-၂၀၁၃ ရက်နေ့ အစား ၃၀-၆-၂၀၁၃ ရက်နေ့သို့ ပြောင်းရွှေ့သတ်မှတ်ပေးခဲ့ပြီး ခိုင်လုံသော အကြောင်းပြချက်နဲ့ ဆိုရင်တော့ ၁-၇-၂၀၁၃ ရက်နေ့ အစား ၃၁-၃-၂၀၁၄ ရက်နေ့အထိ အပ်နှံလဲလှယ်တာတွေကို ဆောင်ရွက်ပေး မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။


အခု ဗဟိုဘဏ်က FEC တွေကို ဘယ်နေရာတွေမှာ ကျပ်ငွေနဲ့ ပြန်လည် လဲလှယ် ထုတ်ယူလို့ရမယ်ဆိုတာ ကို ကြေညာချက် ထုတ်ပြန် ထားတာ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစားတွေမှာ ဖော်ပြထားပါတယ်။ 


Credit : http://blog.irrawaddy.org/2013/03/fec.html

ရန်ကုန်မှာ စနစ်တကျ ကားရပ်ပါ


မနက်ဖြန်က အစပြုပြ၊ီး ရန်ကုန်မှာ ယာဉ်ရပ်နားခ ကောက်ခံခြင်း၊ ကိုယ်ပိုင်ယာဉ်ရပ်နားရာ နေရာများ အဖြစ် ရယူထားခြင်း တို့ကို အားလုံး ဖျက်မယ် လို့ မြို့တော်စည်ပင်က ပြောလိုက်ပါပြီ။



စည်းကမ်းမဲ့သူတချို့ ကားရပ်ပုံ အချိုးမပြေတာကြောင့် ယာဉ်ကြောပိတ်နေပြီ လို့ ဒီနေ့ အစိုးရသတင်းစာ များမှာ တွေ့ရတဲ့ မြို့တော်စည်ပင်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြွေစေ့ပေါတဲ့ အမေရိကန်လို နိုင်ငံမှာတော့ လမ်းဘေး မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်ရုံပါပဲ။ တမတ်စေ့ (၂၅ ဆင့်) ထည့်ရင် ၁၅ မိနစ်/နာရီဝက် စသဖြင့် ရပ်နိုင်ပါတယ်။ များများထည့် ကြာကြာ ရပ်ပေါ့။

ဆန်ဖရန်စစ္စကိုမြို့ လမ်းဘေးမီတာတိုင် နဲ့ စစ်ဆေးရေးရဲ (ဓာတ်ပုံများ - www.sfgate.com )

ရဲလိုက်စစ်တဲ့အခါ ကိုယ်ဝယ်ထားတဲ့အချိန်ထက် ပိုရပ်ရင် ဒဏ်ရိုက်ခံရပါလိမ့်မယ်။ ဒဏ်ငွေဆောင်ဖို့ သတိပေးတဲ့စာရွက် (ticket) ကို ကားမှန်မှာ၊ ဒါရိုင်ဘာတခါးလက်ကိုင်မှာ ရဲကထားသွားပါလိမ့်မယ်။ စည်ပင်သာယာရုံးကို ကိုယ်တိုင်သွားပြီး ဒဏ်ငွေဆောင်နိုင်၊ စာတိုက်ကနေ ချက်လက်မှတ် ရေးပြီး ပို့နိုင် ပါတယ်။ ဒဏ်ငွေမဆောင်ရင်တော့ အမှု ပိုကြီးလာမှာပါ။

အကြွေစေ့ မရှိ/မသုံးတဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ် မကျင့်သုံးနိုင်ပါဘူး။ ထိုင်းမှာလည်း အကြွေစေ့ ပေါများပေမယ့် မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်နားနိုင်တဲ့စနစ် မတွေ့ရပါ။

လမ်းဘေးမှာ ယာဉ်ရပ်နားခ ကောက်ခံဖို့ ၀န်ထမ်း/အလုပ်သမား ခန့်ထားရတယ် ဆိုတာ တွက်ချေ ကိုက်နိုင်မယ်မဟုတ်ပါ။

အခုလို ရန်ကုန် လမ်းဘေးမှာ အခမဲ့ ယာဉ်ရပ်နိုင်ပြီ ဆိုတော့ စည်ပင်သာယာဝင်ငွေ ထိခိုက်ပါပြီ။ ရွေးစရာ နည်းလမ်း များများ မရှိလို့ ဒီလို လွှတ်ပေးလိုက်ဟန်တူပါတယ်။

ရန်ကုန်မှာ စနစ်တကျ ကားရပ်ကြဖို့ ဆိုရင် ပညာပေး/လှုံ့ဆော်တာတွေ လိုအပ်သလို အဲဒီလို တကယ် ရပ်တတ်မှ ကားလိုင်စင်ထုတ်ပေးတာမျိုးလို စည်းကမ်းတင်းကျပ်ဖို့လည်း လိုအပ်မယ်လို့ ယူဆပါတယ်။

စည်ပင်သာယာရဲ့ မေတ္တာရပ်ခံချက်နဲ့အတူ ဆက်စပ် ဖတ်ရှုသင့်တဲ့ သတင်းတပုဒ်ကတော့ ရန်ကုန်မန္တလေး ကားလမ်းမှာ ကင်မရာတပ်တော့မယ် http://blog.irrawaddy.org/2013/03/blog-post_8932.html ဆိုတဲ့ သတင်းပါပဲ။

ကားမောင်းမယ်ဆိုရင် ကား၊ လမ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို အနည်းနဲ့အများ သိထား တာ အကောင်းဆုံးပဲမဟုတ်လား။

Credit : http://blog.irrawaddy.org/2013/03/blog-post_9453.html

ILO ရန်ကုန် ရုံးခွဲ နေရာသစ်ကို ပြောင်း


အလုပ်သမားနစ်နာချက်တွေ တိုင်တန်းလိုသူတွေ သိထားဖို့ အတွက် သတင်းတခုပါဘဲ။ ရန်ကုန်မှာဖွင့်လှစ် ထားရှိတဲ့ ကမ္ဘာအလုပ်သမား အဖွဲ့ချုပ် ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိ ရုံးခန်း နေရာပြောင်းရွှေ့ သွား ပါပြီ။


ယခင်က ၁၂ ထပ်၊ ကုန်သည်ကြီးများ ဟိုတယ်၊ အမှတ် ၂၂၃၊ ဆူးလေဘုရားလမ်း ကနေ ဧပြီလ ၁ ရက်နေ့ က စတင်ပြီး နေရာ သစ်ဖြစ်တဲ့ အမှတ် ၁ (က) ကန်ဘဲ့၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ကို ပြောင်းရွှေ့ဖွင့် လှစ် လိုက်ပြီ ဆိုတဲ့ အကြောင်း ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ အသိပေး ထားပါတယ်။ 

ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေကတော့ ဖုန်း ၀၁- ၅၆၆၅၃၈၊ ၅၆၆၅၃၉၊ ၅၇၈၉၂၅၊ ၅၇၉ ၉၅၆ တို့ဖြစ်ပြီး ဖက်စ် ကတော့ ၀၁-၅၆၆၅၈၂ ဖြစ်ပြီး Po Box: 679 ဖြစ်ကြောင်း သိရပါတယ်။ 


မြန်မာနိုင်ငံမှာ အတင်း အဓမ္မ အလုပ်ခိုင်းစေမှု၊ ကလေးစစ်သား၊ အလုပ်သမားရေးဆိုင်ရာ စတဲ့ ပြဿနာ တွေ ဖြေရှင်း ဖို့အတွက် ILO နဲ့ မြန်မာအစိုးရတို့ နားလည်းမှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ရန်ကုန်မှာ ကိုယ်စားလှယ်ထားကာ ရုံးစိုက်ဖို့ လုပ်ဆောင်လာခဲ့တာပါ။ 

အခုတော့ အဆိုပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက်လိုသူတွေအတွက် ILO ရုံး သစ်ကိုဘဲ သွားနိုင်ကြပါပြီ။ 

Credit : http://blog.irrawaddy.org/2013/03/ilo.html

ရှမ်းမြောက်တွင် KIA နှင့် တိုက်ပွဲပြင်းထန်

ရှမ်းပြည်မြောက်ပိုင်း ဒေသရှိ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေ ဂန်မိန်းဒေသ ကောင်းဝွေဘွမ် (Kawng Woi Bum) သို့ အစိုးရတပ်က ထိုးစစ်ဆင် လာသောကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်အရှေ့ဘက်ရှိ ကွန်လုံ၊ နမ်ဂျရပ်ရှိ မြန်မာအစိုးရတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်မှ KIA တပ်ရင်း (၁၇) ရှိရာသို့ မတ်လ (၂၈) ရက်နေ့က ထိုးစစ်လာခဲ့ရာ နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂ နာရီခန့် အထိ ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက KNG ကချင်သတင်းဌာန သို့ပြောဆိုသည်။


“ပစ်ရင်းပစ်ရင်းနဲ့ ၁၂ နာရီထိဖြစ်သွားတယ်။ သူတို့ဖယ်သွားရင်တော့ ဘာမှဖြစ်စရာမရှိဘူး။ သူတို့ပြန်ထိုး လာရင်တော့ ဆက်ပြီးတော့ဖြစ်မှာပဲ။ ကျနော်တို့ဘက်က သူတို့ရှိတဲ့နေရာမှာ တမင်သွားတိုက်တာ မရှိဘူး။ သူတို့လာလို့ဘဲ ပစ်ခတ်မှုကဖြစ်လာတာ။”

ဆက်လက်၍ “ဒီနေ့သူတို့ဘက်က အရမ်း ထိခိုက်မယ်။ ငိုတဲ့သူတွေ အော်တဲ့သူတွေနဲ့ ညည်းငြူတဲ့ အသံတွေကြားနေရတယ်။ အားလုံး နမ်ဂျရတ် ဘက်ပဲ ပြန်ဆုတ်သွားတယ်။ အရမ်းဝေးတဲ့နေရာတော့ မပြေးလောက်ဘူး” ဟုလည်း ဆိုသည်။

ယမန်နေ့ တိုက်ပွဲတွင် အစိုးရတပ်မှ ထိခိုက်ကျဆုံးမှုများပြီး KIA တပ်ဖွဲ့ဝင်များဘက်မှ တစုံတရာ ထိခိုက်မှု မရှိကြောင်း KIA ဖက်က ပြောဆိုသော်လည်း ယင်းကိစ္စ သီးခြား အတည်ပြုချက် မရသေးပါ။

လောလောဆယ်တွင် မုံးကိုးဒေသရှိ စင်လီ(၆၉) အဖွဲ့နှင့် ထန်ဆီ ဦးဆောင်သည့် ကွတ်ခိုင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် အင်အား (၇၀) ခန့်သည် ပန်ဆိုင်းမြို့နယ် အတွင်းရှိ လူလီနှင့် ခလဲန် ကျေးရွာ များသို့ ရောက်ရှိ နေပြီး ဒေသခံ များ၏ အိမ်မွေး တိရိစ္ဆာန်များကို ယူငင် စားသောက် နေကြောင်း KIA အရာရှိက ပြောဆို သည်။

“အိမ်ဆိုင်ခန်းထဲဝင်ပြီး ကြိုက်သလိုယူ မွှေနှောက်ပြီးတော့ စိတ်ကြိုက်လုပ်နေတယ်။ အိမ်တအိမ်မှာက ပိဿာ ၃၀ ရှိတဲ့ ဝက်ကို ပစ်သတ်စားပေးတယ်။ ပြည်သူတွေက ပိုက်ဆံမတောင်းရဲပဲ ကြောက်ပြီး ထွက်ပြေးနေရတယ်” ဟု ဆိုသည်။

သို့သော် ယင်းကိစ္စ အတည်ပြုချက် ရနိုင်ရန် ဒေသခံများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

လောလောဆယ် ကွန်လုံ ဘက်တွင် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ ၁၄၇၊ ၁၀၅၊ ၁၄၅ နှင့် ၂၉၀ တပ်ရင်းများ ရောက်ရှိနေပြီး KIA တပ်ရင်း (၁၇) အနီး တပ်အင်အား (၃၀၀) ကျော် ရောက်ရှိနေကြောင်း သိရသည်။

Credit : Here

ကရင်အဖွဲ့အစည်းတွေ နိုင်ငံရေး လုပ်ငန်းစဉ် စတင်ဆွေးနွေး

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ကရင်လူမှုရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ပထမဆုံးအကြိမ် ကရင့်ရေးရာ အစည်းအဝေးကို ဒီကနေ့မနက်က စတင်ပြီး ကရင် ပြည်နယ် ဘားအံမြို့က ဇွဲကပင်ခန်းမမှာ ကျင်းပနေပါတယ်။

တိုင်းရင်းသားအားလုံး လိုလားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခမ်းအနားမှာ အခုလိုပြောကြား ခဲ့ပါတယ်။


“နိုင်ငံရေးဆွေးနွေးပွဲ ပုံစံချမှတ်ခြင်းနဲ့ ဆွေးနွေးရမည့်အချက်များ ရွေးချယ်သက်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အများစုရဲ့ သဘောတူညီချက်ရယူပြီး လုံလောက်တဲ့ရေးဆွဲခြင်းနဲ့ အချိန်ကာလ သတ်မှတ်ခြင်းတို့ကို ပြုလုပ် ရမှာဖြစ်ပါတယ်၊ ဆွေးနွေးရမယ့် အခြေခံအချက်အလက်တွေ သတ်မှတ်တဲ့ပုံ ဖြစ်ပြီး ဖက်ဒရယ်စနစ် အာဏာခွဲဝေမှုနဲ့ သယံဇာတအရင်းအမြစ် ခွဲဝေသုံးစွဲခြင်းကိစ္စတွေကို အဖွဲ့အစည်း အသီးသီး အားလုံးကလက်ခံနိုင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေရရှိအောင် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်”

အဲဒီအခမ်းအနားမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဗိုလ်ချုပ် ထိန်မောင်အပြင် ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်တို့ကလည်း အဖွင့်အမှာစကား ပြောကြားခဲ့ ပါတယ်။

ဒီနေ့ မတ်လ ၂၉ ရက်ကနေ စတင်ပြီး ၂ ရက်ကြာကျင်းပမယ့် ကရင့်ရေးရာအစည်းအဝေးညီလာခံကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU၊ DKBA၊ KNLA စတဲ့အဖွဲ့တွေအပြင် ကရင် လူမှုရေး အဖွဲ့အစည်းတွေ၊ လေ့လာသူတွေလည်း တက်ရောက်နေကြပါတယ်။

Credit : Here

ကိုသားစိုးက ဆရာတင်ရမယ့် အမွှေဆရာ မစ္စတာကင်တန်းနား မွှေပြန်ပြီ


အမွှေဆရာ မစ္စတာကမ်းနာသစ်ပင် ပြောတာက လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင် တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာ ရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရ ရှိကြောင်းနှင့် စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေ တယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။


ကဲဒီလူ ပြောတဲ့အတိုင်း အစိုးရကလုပ်ပေးရမှာလား ဦးရဲထွဋ်ကတော့ ပြန်ပြီးချေပထားတယ်ဦးရဲထွဋ်ပြော တာကမစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်ကန်လေ့လာမှုမရှိပဲ တဆင့်ကြား သတင်းများကိုသာ အခြေပြုပြောကြားနေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင် များ၊ လူမှုအဖွဲ့ အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက် တဲ့အတွက် ဝမ်းနည်းစရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထားပါတယ်။

ကန်းနားသစ်ပင်ရဲ့ ပြောစကားကို အကဲဖြတ်ကြရအောင်ဒီလူက ဒီလိုတွေပြောနေ တာ ဘာ အဓိပါယ်လဲဆိုတာအရင်းဆုံးစဉ်းစားကြည့်မယ်ရခိုင်အရေးမှာ သူပြောခဲ့တာက နိုင်ငံသားဖြစ်မှု ဥပဒေ ကို ပြင်ဖို့လိုတယ်လို့ ကမ္ဘာသိပြောခဲ့တယ်ဒီဥပဒေကိုပြင်ဖို့က ကျုပ်တို့ ပြည်သူတွေစဉ်းစားရမယ့် ဆုံးဖြတ်ရမယ့် ကိစ္စ သူနဲ့ မဆိုင်ဘူးလို့ဘဲ ပြောလိုတယ် ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေက ကျုပ်တို့နိုင်ငံကို အခြား နိုင်ငံသားတွေ ကြီးစိုးမှုအန္တရာယ်ကနေ ကာကွယ်ထားတယ် အရင် စစ်အစိုးရလက်ထက်မှာ ဒီဥပဒေကို လက်နှလုံးကြားလုပ်သူကလုပ် ချောင်ထိုးသူကထိုးနဲ့ သူတို့အိပ်ထဲ ငွေဝင်ဖို့ တစ်ခုထဲကိုကြည့်ပြီး တိုင်းပြည်အရေးကို မျက်နှာ်လွှဲခဲ့ကြတယ် အခုတော့ သူတို့ လုပ်ခဲ့တဲ့ ကံက လက်ရှိအ စိုးရနဲ့ပြည်သူတွေ ခံနေရပြီ။

ကန်းနားသစ်ပင် ထပ်ပြောခဲ့တာက အခြေခံဥပဒေကို ပြင်ဖို့တဲ့အခြေခံဥပဒေက ဘယ်ပုဒ်မ ဘယ်အ ပိုဒ်ကို ပြင်ချင်တာလဲ တိတိကျကျ ပြောခဲ့ခြင်းမရှိတာကို တွေ့ရတယ် သူပြင်ခြင်တာကို လေ့လာကြည့်တော့ ၅၉(စ) ဖြစ်ဖို့များနေတယ် ဘယ်သူ့အတွက်ပြင်ရမှာလဲ အဲဒီပုဂ္ဂိုလ်နဲ့ ဘယ်လိုအပေးအယူတွေ ဘယ်လို ပါတ်သက်မှု တွေ ရှိထားလို့လဲ တွေးစရာတွေပေါ်လာတယ်

အခုလဲကြည့် မိတ္တီလာအပါအဝင် ဖြစ်ပေါ်ခဲ့တဲ့ ပြသနာတွေမှာ လက်ရှိအာဏာပိုင်တွေ က လက်ပိုက် ကြည့်နေတယ် ဆိုတဲ့သတင်းတွေ သူ့ဆီမှာရှိနေတယ် လို့ပြောလာတယ်ဘယ်သူကပေးတဲ့သတင်းလဲ ဆိုတာမပြောထားဘူး အဲဒီလို သတင်းပေးတိုင်း လုပ်ရမယ်ဆိုရင် ဘင်လာဒင်ကို ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်တွေ ဖမ်းမိသွားပြီ ဘင်လာဒင်ကိုဖမ်းမိဖို့ အမေရိကန်တွေ ဘယ်ေ လာက်တောင်ကုန်ကျခဲ့သလဲ ဘယ်လောက်အထိ အချိန်ယူခဲ့ရသလဲ ဘယ်လို နည်းဗျူဟာတွေနဲ့ အကွက် ဆင်ခဲ့ရသလဲ ဆိုတာ ကမ္ဘာ့အသိုင်းအဝိုင်းကသိကြတယ်

မလက်တိုမှာ တာဝန်ထမ်းဆောင်ကြတဲ့ ရဲကို ရွာသားတွေကဝိုင်းရိုက်လို့သေဆုံးသွားက ရွာသားအင်အားနဲ့ တာဝန်ကျ ရဲအင်အားမညီမျှတာကတစ်ကြောင်း အထက်ကအမိန့်ပေးထားပေမယ့် တာဝန်ကျ တဲ့ရဲဝန်ထမ်း တွေက ပြည်သူကိုမလုပ်ရက်ဘဲ ပြည်သူက လုပ်ရက်လို့ ရဲဝန်ထမ်းသေဆုံးရခြင်းဖြစ်တယ်ဆိုတာက ထင်ရှားတဲ့ သာဓကတစ်ခု နောက်တစ်ခုက ရန်ကုန်တိုင်းဝန်းကြီးချုပ်ကိုယ်တိုင် ပြောကြားထားက အခု ဖြစ်ပေါ်နေတဲ့ ပြသ နာတွေရဲ့နောက်ကွယ်မှာ နိုင်ငံရေးပါတီက အောက်ခြေအဆင့်အဖွဲ့ဝင်တွေပါနေတယ် လို့ ဆိုထားတယ် အဲဒီတော့ မစ္စတာကန်းနားသစ်ပင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ဖိအားမပေးပဲ အစိုးရ ကိုပဲ ကျွိင်ရှာနေတာက ရိုးသားမှုမရှိဘူးလို့ပဲပြောချင်တယ်။

မစ္စတာကန်းနားသစ်ပင်ပြောတဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ လူစုဆိုတာ ဘယ်သူတွေလဲ အရင်းဆုံး ပြောပြပေးပါလား အရင်ဆုံးဖေါ်ထုတ်ပေးပါလား ခင်ဗျားကိုသတင်းပေးတဲ့သူတွေက ဘယ်သူတွေဆိုတာ မပြော ထားဘူးလား။

အခုဆိုရင်သမ္မတကြီးက အမိန့်ပေးလိုက်ပါပြီ တာဝန်ကျ လုံခြုံရေးဝန်ထမ်းတွေအနေနဲ့ ဆူပူမှု ဖန်တီးသူ တွေကို ထိထိရောက်ရောက်နှိမ်နင်းဖို့ နဲ့ ကြိုကိုင်သူတွေကိုဖေါ်ထုတ်ဖို့ ပြောထားပါပြီ ဒါကိုအမေရိကန်နဲ့ နိုင်ငံအတော်များများက ကြိုဆိုကြတယ်။

အဲဒီလိုသမ္မတကြီးအမိန့်ပေးထားတဲ့အတိုင်း တာဝန်ကျ လုံခြုံရေးဝန်ထမ်းတွေက ဆောင်ရွက်ခဲ့ရင်လဲ လူ့အခွင့်ရေးကို ချိုးဖောက်ပြန်ပြီ အင်အားသုံးနှိမ်နင်ပြန်ပြီလို့ မစ္စတာကန်းနားသစ်ပင် ကြီး အော်အုံးမှာ လားဟင် ...

Credit : Here

မိုဘိုင်းဖုန်းဆင်းမ်ကတ်ဈေး ကျပ်နှစ်သောင်းသတင်း မဟုတ်မှန်

တန်ဖိုးနည်းဖုန်းဆင်းမ်ကတ်ရောင်းချမည့်နှုန်းထားအတိအကျ မသတ်မှတ်ရသေးကြောင်းယင်းဆင်းမ် ကတ် များ ကိုသင်္ကြန်ကာလအပြီးတွင် စတင်ရောင်းချမည်ဟုမိုဘိုင်းဆက် သွယ်ရေးဌာနမှဒုတိယ မိုဘိုင်းအင်ဂျင် နီယာချုပ်ဦးစိုးအောင် ကအတည်ပြု ပြောကြား လိုက် သည်။


လက်ရှိထွက်ပေါ်နေ သည့် ကျပ်နှစ်သောင်းဖြင့်ရောင်ချ မည်ဆိုခြင်းမှာမှန်ကန်မှုမရှိကြောင်း မိမိတို့ဌာန အနေဖြင့် ဈေးနှုန်း နှင့် ရက် အတိအကျတစ်စုံတစ်ရာမသတ်မှတ်ရ သေးကြောင်းသိရသည်။

''ရောင်းမယ့်ရက်က တော့ အခုပုံနဲ့ဆိုရင်သင်္ကြန် အပြီးလောက်ဖြစ် သွားမှာပဲ၊ကျွန်တော်တို့ တ ကယ် ရောင်းရင် မီဒီယာကနေ တရားဝင်ထုတ်ပြန်ကြေငြာမှာပါ၊ အခုထိတော့ ဘာမှ ညွှန်ကြားချက်မလာ သေးတော့ ပြောလို့မရသေးပါဘူး'' ဟုပြောသည်။ 

ယခင်က တန်ဖိုး နည်း ဖုန်းဆင်းမ်ကတ်များ ကိုဧပြီ ၁ ရက်နေ့ မှစတင်၍ထောင်ဂဏန်းမျှဈေးနှုန်း ဖြင့်သာ ရောင်းချပေးမည် ဟု နိုင်ငံတော် သမ္မတ ရုံးမှ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိမ်း က ပြောကြားခဲ့သည်။

YMG

Credit : Here

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိ

ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြ မြေပုံ(၇)ရပ်ကို ချမှတ်ခဲ့ခြင်းမှာ ဒီမိုကရေစီ လမ်းကြောင်းသို့ ကူးပြောင်းစေ လိုခြင်းကြောင့် ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သိန်းလင်းက ဆို သည်။

“စစ်သားတွေက ရိုးရိုးသာမာန်အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်။ကျွန်တော်တို့ ဗိုလ်ချုပ် မှူးကြီးသန်းရွှေလက်ထက်ကတည်းက Road Map(၇)ချက် အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပြီး ဒီမိုကရေစီ စည်းဝိုင်း ထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ ၂နှစ်ကျော် ပဲရှိသေးတယ်။ မရင့်ကျက်သေးတော့ နောက်ပြန်လှည့် သွားနိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်းက သုံးသပ်ပြော ဆိုသည်။


ပြည်နယ်အချို့တွင် အကြမ်းဖတ်မှုနှင့် ပဋိပက္ခများ မကြာခဏဆိုသလိုဖြစ်ပေါ်နေခြင်းမှာ တပ်မတော် မှ နောက်ကွယ်က ကြံစည်နေခြင်းဖြစ်သည်ဟုအင်တာနက် လူမှုရေးဝက်ဆိုက်ဒ်အချို့၌ ပျံနှံ့ပြောဆိုနေ မှုမှာ မှန်ကန်ခြင်းမရှိဟု ၄င်းက ဆိုသည်။

“အစိုးရ အကူအညီတောင်းလို့သာ တပ်မတော်က၀င်ပြီး ပုဒ်မ ၁၄၄ထုတ်ရတာပါ။ တပ်မတော် က နောက်က ကြိုးကိုင်ပြီး လှုံ့ဆော်နေတယ်ဆိုတာ မဟုတ်ပါဘူုးဗျာ၊အပ်နဲ့ထွင်းရမယ့် ဟာကို ပုဆိန်နဲ့ ထွင်းရမှာစိုးလို့ တပ်မတော်က၀င်လုပ်ပေးနေတာပါ။ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာ တပ်မတော် က ပျက်ဆီးရာပျက်ဆီးကြောင်း လုပ်ပါ့မလားဗျာ။ တပ်မတော်ကို အပုပ်ချချင်လို့ အမြင်စောင်းနေသူတေ က အခုလိုပုံကြီးချဲ့ပြီး တပ်ကိုမုန်းတီးလို့စွပ်စွဲပြောဆိုနေကြတာပါ” ဟုပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွင်းခြင်းကြာင့် ပြည်သူအများ လမ်းပေါ်ထွက် ဆန္ဒပြမှုများအတော်အတန်ကြာဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ များဖြစ်ပွားခဲ့ရာမှ မိတ္တီလာမြို့၌ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီးလက်ရှိအချိန်အထိ တည်ငြိမ် မှုရရန် ပုဒ်မများ ထုတ်ပြန်ကာထိန်းသိမ်းနေရဆဲဖြစ်သည်။ပဋိပက္ခများဖြစ်စဉ်များနောက်၌ တပ်မတော် အပြင် ပြည်ပမှအဖွဲ့အစည်းများမှ လှုံ့ဆော်နေခြင်းကြောင့်ဖြစ်သည်ဟု လူမှုရေးစာ မျက်နှာ များ၌ ဝေဖန် ပြောဆိုသံများ ထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါ အသံများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှဦးသိန်းညွှန့်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။“ယူဆတာက စနစ်သစ်ကို ပြောင်းတဲ့အချိန်မှာ ခေတ်ဟောင်းက ဥစ္စာကြွယ်ဝပြီး အနှစ်(၂၀)လုံးလုံး သပိတ်ဆိုရင် သူပုန်ထချင်သူတွေ နိုင်ငံတည်ဆောက်တဲ့အခါမှာ နှေးကွေးအောင် လုပ်နေသူတွေ လုပ်နေတာပါ။ စစ်တပ်က မဟုတ်ပါဘူး။နောက်တစ်ခု ကျွန်တော်ကြားမိ တာက ပြည်ပအဖွဲ့အစည်းတွေကနေပြည်တွင်းက အချို့အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပေးပြီး ပဋိပက္ခဖြစ်အောင် လုပ်နေတယ်ဆိုတာတွေ ဒီလိုပဋိပက္ခဖြစ်အောင် လုပ်တဲ့အထဲ မှာနိုင်ငံရေး ပါတီအ ချို့လည်း ပါနေတယ်ဆိုတာတွေပေါ့” ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ ဦးသိန်းညွှန့် က ပြောသည်။

ဆူပူမှု၏ နောက်ကွယ်တွင် စစ်တပ်နှင့်အစိုးရအပေါ် စွပ်စွဲပြောဆိုချက်များကအခြေအမြစ် မရှိကြောင်း ၊ ပဋိပက္ခများ ဖြစ်ပေါ်အောင် ပြုလုပ်နေခြင်းကြောင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဟန့် အတားဖြစ်စေကြောင်းနိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေ့ဘုတ် လူမှုရေး ကွန်ယက်၌ဆိုသည်။

“အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံးအဖွဲ့အစည်းပါ။ဒါတွေက နိုင်ငံရဲ့ ဒီမို ကရေ စီအသွင် ကူးပြောင်းရေး ၊စီးပွားရေးပြုပြင်ပြောင်းလဲမှုစတဲ့ လုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမကနိုင်ငံတကာမှာမြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်ပါတယ်၊ ကျွန်တော် တို့အားလုံးက ဒါတွေကို ထိန်းဖို့ကြိုးစားနေတာဖြစ်ပါတယ် “ ဟု ဦးရဲထွဋ်က ဖေ့ဘုတ် စာမျက်နှာ တွင်ပြောကြားထားခြင်းဖြစ်သည်။

အဆိုပါပဋိပက္ခအရေးများကိုဖြေရှင်းရာ၌ နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာဖြေရှင်း သင့်ကြော င်း ၊ လူထုကလည်း ပူးပေါင်းပါဝင် တားဆီးသင့်သည်ဟု ဦးသိန်းညွှန့် က အကြံပြုပြောဆိုသည်။

Myit Makha Media group

Credit : Here

နောက်ကွယ်က လူတွေကို စုံစမ်းစစ်ဆေးနေပြီ ပြောပေမယ့် မဖေါ်ထုတ်ဘူးဆိုရင် နောက်ထပ် အရေးအခင်းတွေကို ဖိတ်ခေါ်သလို ဖြစ်သွားမှာပေါ့ ဆိုသည့် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် နှင့်တွေ့ဆုံခြင်း

လတ်တလော ဖြစ်ပွားနေသော ဘာသာရေး လူမျိုးရေး အကြောင်းပြ၍ ပဋိပက္ခများ အဓိကရုဏ်း များ ဖြစ်ပေါ်နေခြင်းများနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အား တွေ့ ဆုံမေးမြန်း မှုများအား ဖေါ်ပြလိုက်ပါသည်။

မေး။ ။အခု အဓိကရုဏ်းတွေ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အဘ ဘယ်လိုမြင်မိလဲ

ပဋိပက္ခက မိတ္ထီလာ ရွှေဆိုင်တစ်ဆိုင်ကနေ စတယ်။ အဲ့ဒီမှာ ခံရတဲ့ဘက်က ဗုဒ္ဒဘာသာတွေက ရပ်တယ် အဲ့ဒီအပြင် သံဃာတစ်ပါးနဲ့ ပတ်သက်ပြီး တစ်ဖက်က ကိုင်တွယ်မှုအပေါ်မှာ ကိုင်တယ်မှုအပေါ်မှာ ခံပြင်းရာကနေ သာမန် ခိုက်ရန်ဖြစ်ပွားမှုက စပြီး ဘာသရေးအဓိကရုဏ်း ဘာသာရေးအုပ်စု မတူခြားတဲ့ အသွင်း အဓိကရုဏ်းဖြစ်ပြီး ခု အပြစ်မဲ့တဲ့သူတွေပါ သေရတာပေါ့ မီးလောင်ပြီးတော့ အိုးအိမ်တွေ ဆုံးရှုံးရတာပေါ့။ ဒါတွေက မလိုလားအပ်တဲ့ ဖြစ်ရပ်တွေပါ။ ဒီဖြစ်ရပ်တွေကို ကြည့်တဲ့အခါမှာ အခုလက်ငင်းပေါ်ပေါက်တဲ့အကြောင်းတွေ ကြည့်လို့မရဘူး အရင်းအခံအကြောင်းကို ကြည့်ရမယ်။ အရင်းခံအကြောင်းတွေထဲမှာ ဘာလဲ ဆိုတော့ ဧည့်နိုင်ငံသားလို့ နိုင်ငံသားပြုခွင့်ရတဲ့သူတွေ၊ ဧည့်သည် တွေက အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ကလည်း ဧည့်သည်ရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ရမယ်။ အဲ့ဒါက နှစ်ရှည်လများ ဧည့်သည်က အိမ်ရှင်အပေါ်မှာ စီးပွားရေး မညီမျှမှုတွေ ၊ လူမှုရေး မမျှတမှုတွေ လုပ်လာတဲ့ အခါကြတော့ လူ့အဖွဲ့အစည်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ခံပြင်းတဲ့ နာကျည်းမှုတွေရှိလာတာပေါ့။ ခုလို ပုဂ္ဂိုလ်ရေးဆိုင်ရာ ပေါ်ပေါက်လာတဲ့ အရေးအခင်းတွေက စပြီးတော့ ဆိုးရွားတဲ့ အခြေအနေတွေဖြစ်လာတာ။


ဒါကတော့ သာမန်လူထုဟာပေါ့ နောက်တစ်ခုက နိုင်ငံအရေးရ စဉ်းစားရမှာက ခေတ်ဟောင်းမှာ အခွင့်အရေးရပြီးတော့ အဏာကိုအကြောင်းပြပြီး စည်းစိမ်းဥစ္စာကို ရှာနိုင်ခဲ့တဲ့ အင်အားစုပေါ့ ဒီအင်အားစု တွေကလည်း သူတို့ရဲအခွင့်အဏာတွေဟာ ပြောင်းလဲရေးလုပ်လာရင် လျော့နည်းတော့မှာကိုး၊ ဆုံးရှုံးတော့မှာကိုး၊ အဲ့တော့ သူတို့မှာ ရှိတဲ့ ငွေကြေးနဲ့ သူတို့သြဇာကို သုံးပြီးတော့ သူတို့ အားကောင်းတဲ့ နေရာတွေမှာ မိတ္တီလာတို့လို မြင်းခြံတို့လို နေရာတွေမှာ အားစမ်းတာ မျိုး လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ နှစ်ပေါင်း၂၀ လုံးမှာ သပိတ်စုံ သူပုန်ထ လာခဲ့ပြီးတော့ လမ်းပေါ်ထွက် လမ်းပေါ်က နိုင်ငံရေးကိုပဲ လုပ်တတ်ကိုင်တတ်တဲ့ သူတွေကလည်း ခုလို အခွင့်အရေးအခါအခွင့်ပေါ်လာတဲ့ အခါမှာ နဂိုအခံနဲ့ ၀င်လုပ်တာလည်း ရှိတာပေါ့ ဒါတွေနဲ့တ်စက်ပြီး ကော်မရှင်က သတိပေးတာ ရှိတယ် နိုင်ငံရေးပါတီတွေ မပါဝင်ဖို့၊ ။ ဇီးကုန်းဘက်သတင်းကို ကြားရတဲ့အခါ နိုင်ငံရေးပါတီအချို့ က မေးမြန်းစုံစမ်းခံရမယ်ဆိုတဲ့အဆင့်ရောက်နေတဲ့ သတင်းတွေကြားရတယ်။ အဲ့တော့ အခုအရေးအခင်းက ရိုးရိုးပြောလိုက်ရင် တိုင်းပြည်ရဲ့ မတည်ငြိမ်မှုကို ဖန်းတီးပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု နှေးကွေးအောင်လုပ်ချင်တဲ့အင်အားစုနဲ့ မိမိရဲ့ ပုဂ္ဂိုလ်ရေးအဏာ အတွက် တိုင်ပြည်မတည်ငြိမ်မှ အလုပ်ဖြစ်မယ်ထင်တဲ့ နိုင်ငံရေးအတွေးအခေါ်မျိုးနဲ့ ၀င်ရောက်လုပ်နေတဲ့ အင်အားစုတွေပေါ့ အားလုံး လာပြီး ပေါင်းစပ် မိတယ်လို့ ပြောရမယ်။ တိုင်းပြည်က လူမျိုးရေး စစ်ပွဲ၊ ဘာသာရေး ဂိုဏ်းဂဏ စစ်ပွဲတွေကြောင့် ခေတ်နောက်ကျခဲ့ပြီ အဲ့ဒီအခြေအနေဆိုး တွေကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ အခု ဘာသာရေး အဓိကရုဏ်းဖြစ်တာ မလိုလားဘူး။ အဲ့တော့ တရားဥပဒေစိုးမိုးရေးကို တို့ပါတီအနေနဲ့ အဏာပိုင်တွေက ဖိတ်ခေါ်ရင် တို့ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်ပေးမယ်။ မဖိတ်ခေါ်ရင်လည်း လူထုအသိပေးတဲ့ စည်းရုံးလှုံဆော်တဲ့ နည်းနဲ့ လုပ်သွားမှာပဲ။

မေး။ ။အခု အဓိကရုဏ်းတွေမှာ အဏာပိုင်တွေက ထိန်းသိမ်းဆောင်ရွက်မှုအပေါ် အားနည်း ချက်တွေရှိတယ် ချို့ယွင်းချက်တွေရှိတယ်လို့ ဝေဖန်တာတွေ ကြားလာရတယ်။ အဓိကရုဏ်းတွေ ဖြစ်ပြီးမှ ဆောင်ရွက်မှုရှိလာတယ်ဆိုတာမျိုးပေါ့။

ရခိုင်ကိစ္စနဲ့ ဒီပဲယင်းအရေးအခင်းလိုမျိုးမှာ တစ်စုံတစ်ရာ အားနည်းတာ အမှန်ပဲ ဒါကလည်း ဘယ်သူမှ အငြင်းပွားစရာ မရှိဘူး။ ဒါပေမယ့် ခုမတ္တီလာကိစ္စမှာကတော့ခုလုပ်သင့်တာလုပ်ထိုက်တာကို လုပ်တာပေါ့ လုပ်တဲ့အခါမှာကျတော့ ဘာပဲဖြစ်ဖြစ်တော့ အခုက အစွန်းတစ်ဖက်ဖြစ်သွားတယ် ဟိုအရင်တုန်းကတော့ ထစ်ခနဲ ဆိုရင် လက်ဦးအောင်ဆော်ထည့်လိုက်တာပဲ အခုကျတော့ တစ်စုံတစ်ခုဖြစ်ရင် နဲနဲ ဥပဒေနဲ့ ညီမညီ ချိန်နေတော့ တုံ့ဆိုင်းတာမျိုးတော့ နဲနဲပါးပါး ရှိတာပေါ့ အခု ၁၄၄ ထုတ်တယ် အရေးအပေါ်အခြေအနေကြေညာတယ် ဒါမှန်ကန်တာပဲ နောက်တစ်ခုက လူတွေက မသိလို့ ၁၄၄ ထုတ်ပြီးရင် ကိုင်တွယ်တဲ့ နေရာမှာ သာမန်အားဖြင့် လူစုလူဝေးဟာ မိုးပေါ်ထောင်ပစ်ရင် ပိုရဲလာတယ် မပစ်ရဲမှန်းသိလို့ ။ အဲ့တော့ သေနတ်ကို သုံးပြီးဟေ့ ဆိုရင် ဥပဒေမှာ မိုးပေါ်ထောင်ပစ်ဖို့ မလိုတော့ဘူး အနည်းဆုံး ဆူပူမှုကို ခေါင်းဆောင်တဲ့ သူရဲ့ ခြေသလုံးကို ပစ်ရမယ်။ ဒါတွေက ပါလီမန် အစိုးရ လက်ထက်ထဲက ထုတ်ထားတဲ့ ရုန်းရင်းဆန်ခတ်လက်ဆွဲဥပဒေ ၁၉၅၆ ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ဒုဝန်ချုပ် ထုတ်ထားတာ ဒါကို ၆၁ ခုနှစ်မှာ ရဲအုပ်တွေ၊ တရားသူကြီးတွေကို အကုန်လုံးသိအောင် ဖြန့်ဝေပြီးသားပဲ။ အခု တိတိကျကျ ကျင့်သုံးတဲ့နေရာမှာ ဒီဥပဒေကို သူတို့ မသိလို့လား ဒါမှမဟုတ် မကျင့်သုံးဖူးလို့လား အဲ့ဒါကြောင့် နဲနဲတုံ့ဆိုင်းတာကလွဲရင် မတ္ထီလာ ကိုင်တွယ်ပုံကို ကျွန်တော်တို့ တစ်စုံတစ်ခု အသိအမှတ်ပြုရမယ်။ အခုအခြေအနေအားလုံးက သိတဲ့အတိုင်း၊ ၁၄၄ ထုတ်ရုံနဲ့ မလုံ လောက်ဘူး နိုင်ငံတော်သမ္မတက အရေးအပေါ်အခြေအနေကြညာပြီးတော့ တပ်မတော်ရဲ့ အကူညီကို ယူလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒ ၄၁၀ ကနေ ၄၁၂ အဲ့ဒီအထဲမှာပါတဲ့ ပြဌန်းချက်တွေနဲ့ညီတယ်။ အခုဆောင်ရွက်နေတာတွေကလဲ တည်ဆဲဥပဒနဲ့ညီတဲ့အတွက် မိတ္ထီလာမှာ ကိုင်တွယ်မှုအားလုံးဟာ ဥပဒေ ကြောင်းအရပြောရင် တရားဝင်တယ်။

မေး။ ။မိတ္တီလာမှာ ဖြစ်ပြီးတဲ့အခါမှာ အဲ့ဒီရဲ့ ဂယက်ပေါ့ ရန်ကုန်မှာပါ အသံတွေကြားလာရတယ်။ ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ သတင်းတွေ ထွက်လာတယ်။ ဒါအပြင့် တစ်ခြားဒေသတွေမှာ ဖြစ်လာ တယ်ပေါ့။ အဓိကတော့ ရန်ကုန်မှာပေါ့ တကယ်လို့များ အဲ့လို အဓိကရုဏ်းတွေ ရန်ကုန်မှာပါ ဖြစ်လာခဲ့ရင် ကျန်တော် ဒီမိုကရေစီအပြောင်းအလဲက ဘယ်လိုဖြစ်သွားနိုင်လဲ

ရန်ကုန်လိုမြို့တော်ဖြစ်ရင်တော့ နိုင်ငံတကာမှာလည်း တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာထိခိုက်မှာပေါ့ ဒီမှာ ဖြစ်တယ်ဆိုရင် အပျက်အစီးအဆုံးအရှုံး အသေအပျောက်ပိုများမှာပေါ့။ အဲ့တော့ အပြစ်မဲ့တဲ့ လူတွေ မသေဖို့ ဒိလိုအဖြစ်မျိုးတွေ မဖြစ်ဖို့ ဆိုရင် ဟိုနေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီ တွေ တွေ့တဲ့အခါမှာ သူတို့က အရေးအကြောင်းဆိုရင် သူတို့ကို ဆက်သွယ်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အကြောင်းကြားဖို့ပြောတယ်။ သတင်းပို့ခိုင်းတဲ့ အလုပ်ပဲ လုပ်ခိုင်းတာပေါ့ အဲ့ဒီလုပ်မယ့်အစား တို့ပါတီအနေနဲ့ပြောမယ်ဆိုရင် လူထုနည်းနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီတွေကို ဖွဲ့စည်းပြီးတော့ ဆောင်ရွက်ရမယ်။ ဥပမာဆိုရင် ရန်ကုန်တိုင်းအစိုးရက သဃန်းကျွန်းမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် တွေရော နိုင်ငံရေးပါတီတွေရော လူမှုရေးအဖွဲ့တွေရော အဏာပိုင်တွေရော ပါဝင်တဲ့ ကော်မတီတွေ ဖွဲ့မယ်။ မြို့နယ်ကနေတဆင့် ရပ်ကွက် တွေကို ဖွဲ့မယ် ရပ်ကွက်တွေကတဆင့် အခြေခံတကျ ထိန်းပြီးတော့ မတူညီတဲ့ ဘာသာခြား ၂ ခုအပေါ်မှာ ထိန်းနိုင်ဖို့ပေါ့ ။အခု့လုပ်နိုင်တာက သဃန်းကျွန်းမြို့နယ်မှာ ခရမ်းဆရာတော်အပါအ၀င်သံယာတော်တွေကို သွားလျှောက်တယ် ဗလီတွေကို စောင့်ရှောက်ဖို့ တစ်ဖက်ကလည်း ဗလီတွေမှာလည်း ဒုတ်ဓါး လက်နက်တွေ ကိုင်ပြီးတော့ မခုခံဖို့ မလုပ်ဖို့ လုပ်ရင် ပြဿနာတွေက ပိုကြီးသွားမယ်။ အဲ့ဒါမျိုးကို သံဃာတော်တွေရဲ့ အကူအညီတောင်းပြီးတော့ လက်လှမ်းမီသလောက်လုပ်နေတယ်။ ခရိုင်အလိုက်မြို့နယ်အလိုက် ရပ်ကွက် အလိုက် တရားဥပဒေ စိုးမိုးရေးကော်မတီတွေ ဖွဲ့ရမယ်။ အဲ့လိုဖွဲ့ပြီးတော့ အုပ်ချုပ်ပိုင်းနဲ့ဌာနဲ့ လူထုနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ပေါင်းလုပ်ရမှာ ။ အခုချိန်ထိ လူထုပုံစံမလုပ်ပဲနဲ့ သာမန်သတင်းပေးတဲ့ အလုပ်ပဲ လုပ်ခိုင်းတာက ရန်ကုန်တိုင်းအစိုးရရဲ့ ကိစ္စပဲ။ အဲ့တော့ ရန်ကုန်တိုင်းမှာ ပြဿနာ ပေါ်ရင်တော့ ရန်ကုန်တိုင်းအစိုးရက ပဲတာဝန်ယူရမယ်။

မေး။ ။ရခိုင်မှာ ဖြစ်သွားတဲ့အခါမှာ နောက်ကွယ်မှာ ကြိုးကိုင်တဲ့ လူတွေရှိတယ် အဲ့ဒီလူတွေကို အရေးယူဆောင်ရွက်မယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ မေ့မေ့လျော့လျော့လိုဖြစ်သွားတယ် နောက်ကွယ်မှာ ရှိတဲ့ သူတွေကို မထုတ်ဖေါ် နိုင်သေးတာလား ဒါမှမဟုတ် ထုတ်ဖေါ်နိုင်ပြီးပေမယ့် ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူတွေကို အသိပေးတာမျိုး မရှိတာလားတော့ မသိဘူး ။ အဓိက ကြိုးကိုင်တဲ့ လူတွေကို ခုချိန်ထိ မသိရသေး ဘူးပေါ့။ ခုမိတ္တီလာကိစ္စဖြစ်လာတာမှာလည်း နောက်ကွယ်မှာ ကြိုးကိုင်တဲ့ လူတွေရှိရင် ဖေါ်ထုတ် အရေးယူမယ်လို့ ပြောလာပြန်တယ်။ အဲ့လို ခဏခဏ ဖေါ်ထုတ်မယ် ဆိုပြီး အချိန်တွေသာကြာ သွားတယ် ဒီလိုပဲ တံအုံတနွေးနွေးနဲ့ ပြီးသွားမယ်ဆိုရင် ဘယ်လိုမျိုးဖြစ်လာနိုင်မလဲ။

အဲ့ဒါ မကောင်းတဲ့ သာဓကပေါ့ စုံစမ်းဖေါ်ထုတ်မယ်ဆိုရင် တကယ်စုံစမ်းဖေါ်ထုတ် ပွင့်လင်းမြင်သာမှု အရ တိုင်းပြည်ကိုတင်ပြ သတင်းမီဒီယာတွေက ထုတ်ပြန် ဒါလုပ်ရမှာပေါ့။ ခုမိတ္တီလာမှာလဲ နောက်ကွယ်က လူတွေကို စုံစမ်းစစ်ဆေးနေပြီ ပြောနေတာပဲ အဲ့လို စုံစမ်းစစ်ဆေးနေတာကို မဖေါ်ထုတ်ဘူးဆိုရင် နောက်ထပ် အရေးအခင်းတွေကို ဖိတ်ခေါ်သလို ဖြစ်သွားမှာပေါ့ နောက်ကွယ်က ကြိုးကိုင်တဲ့ သူတွေက ငါတို့ ဘာမှ မဖြစ်ဘူး ရှေ့ကနေ သွေးဆူတဲ့ လူတွေ ပဲဖြစ်တယ်ဆိုရင် နောက်ထပ်ပွဲတွေ လာဦးမှာပေါ့ နောက်ထပ်ပွဲတွေ လာရင် စုံစမ်းစစ်ဆေးရေး မလုပ်တဲ့ သူတွေပဲ ခံရမှာပေါ့။

Credit : Here