Saturday, March 30, 2013

ပြည်ထောင်စုနေ့စဉ်သတင်းစာ " စာနယ်ဇင်း မိတ်ဆက်ပွဲကျင်းပ

ရန်ကုန် ၊ ၃၀-၃-၂၀၁၃


ပွင့်လင်းမြင်သာပြီ ဖြစ်သော မီဒီယာ လွတ်လပ်ခွင့် များအရ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ များကို နိုင်ငံတော်မှ ထုတ်ဝေခွင့် ပေးခဲ့ရာ ပထမဦးဆုံး အနေဖြင့် " ပြည်ထောင်စုနေ့စဉ်သတင်းစာ " The UNION Daily Newspaper စာနယ်ဇင်း မိတ်ဆက်ပွဲ ကို ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ ၊ ဗဟန်း မြို့နယ် ရှိ မြရိပ်ညို ရွိင်ရယ် ဟိုတယ် မြက်ခင်းပြင်၌ ကျင်းပရာ ၀ါရင့် သတင်းစာ ဆရာများ ၊ နေ့စဉ်ထုတ် သတင်းစာ တိုက်များမှ အယ်ဒီတာ ချုပ်များ ၊ စာနယ်ဇင်း အသီးသီးမှ ပုဂ္ဂိုလ်များ ၊ သတင်းဂျာနယ် အသီးသီးမှ တာဝန်ရှိ သူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။


မိတ်ဆက်ပွဲတွင် " ပြည်ထောင်စုနေ့စဉ်သတင်းစာ " ထုတ်ဝေသူ ဦးတင့်ဇော် နှင့် အယ်ဒီတာချုပ် ဦးဝင်းတင် တို့က သတင်းစာ ထုတ်လုပ်ရခြင်း နှင့် ပတ်သက်၍ ပြောကြားသည်။ ယင်းနောက် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး(ငြိမ်း) ဦးအောင်သိန်း နှင့် စာနယ်ဇင်း မှ သတင်းစာ ဆရာများက ဂုဏ်ပြု စကားများ ပြောကြားသည်။ အဆိုပါ သတင်းစာ သည် လူတစ်စု အတွက်မဟုတ် ပြည်သူလူထု အတွက် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ၊ ပါတီစွဲ ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ ကဏ္ဍအားလုံး ပါဝင်မှုကို အလေးထားမည် ဖြစ်ပြီး စာနယ်ဇင်း မီဒီယာသမားများ၏ တိုးတက်မှု ဘ၀ အခွင့်အလမ်း များကိုလည်း ဖော်ဆောင် သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ " ပြည်ထောင်စုနေ့စဉ်သတင်းစာ " သည် ၁၂ မျက်နှာ ရောင်စုံ သတင်းစာ ဖြစ်ပြီး နိုင်ငံတကာ စံချိန်မီ စာမျက်နှာ ဆိုဒ်ကြီး အမျိုးအစား ဖြစ်သည်။ လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် ထုတ်ဝေ ဖြန့်ချိ သွားမည် ဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့ အထိ အခမဲ့ ထုတ်ဝေ သွားမည် ဖြစ်သည်။ တိုက်ဖြန့်ဈေးမှာ တစ်စောင်လျှင် ကျပ် ၁၀၀ နှုန်း ဖြစ်သည်။ အသေးစိတ် သိလိုပါက " ပြည်ထောင်စုနေ့စဉ်သတင်းစာ " ၊ ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ ၁၄-၁ ရပ်ကွက် ၊ သခင် ဖိုးလှကြီးလမ်း နှင့် မေတ္တာလမ်း ထောင့်တွင် တည်ရှိပြီး ဖုန်း - ၀၁- ၈၅၀၀ ၇၅၀ နှင့် ၀၁- ၈၅၀၀ ၇၅၁ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

Credit : Here

ထူးထူးခြားခြား မိုင်ဒါကွင်းမှာ ကျင်းပမယ့် ရန်ကုန် သင်္ကြန်

၂၀၁၃ ခုနှစ်ရဲ့ ရန်ကုန် အတာသင်္ကြန်ပွဲကိုတော့ ထူးထူးခြားခြား အစီအစဉ်တခု ရှိနေပါတယ်။ မိုင်ဒါကွင်း မှာ စုပေါင်းပုံစံနဲ့ မဟာသင်္ကြန် ပွဲတော်ကို ပထမဆုံး အနေနဲ့ ကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။

မိုင်ဒါကွင်း ရန်ကုန် အတာသင်္ကြန်ပွဲတော်ကို Forever Group က ဦးဆောင်ပြီး စီစဉ်တာလို့ သိရပြီး ထိုင်း အဲဝေးအပါ အ၀င် ထိုင်းလုပ်ငန်းရှင်တချို့၊ မြန်မာဘက်က လုပ်ငန်းရှင်တချို့ရဲ့ စပွန်ဆာတွေနဲ့ အခုလို ထူးထူးခြားခြား စီမံဖို့ဖြစ် လာတာလို့ Forever Group က တာဝန်ရှိသူတဦးက MRTV4 ကို ပြောပါတယ်။


“ထိုင်း အဲဝေးကလည်း အကိုတို့ကို ပံ့ပိုးထားတယ်။ Thai Life Insurance ကလည်း ပံ့ပိုးတယ်” လို့ သူက ဆိုပါတယ်။ စပွန်ဆာတွေထဲမှာ Signal သွားတိုက်ဆေး ကုမ္ပဏီအပါအ၀င် Forever Group ထဲက လုပ်ငန်းကဏ္ဍတွေက ၀န်ထမ်း တွေ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ မိုင်ဒါကွင်း တာဝန်ခံတွေနဲ့ အရပ်ဘက်၊ ဌာနဆိုင်ရာက ပုဂ္ဂိုလ် တွေရဲ့ ပံ့ပိုးကူညီမှုတွေပါလို့သာ အခုလို ထူးခြားတဲ့ အတာသင်္ကြန် ၂၀၁၃ ပွဲကို စိတ်ချလုံခြုံစွာနဲ့ ရေကစားဖို့ စီမံနိုင်တာ ဖြစ်တယ်လို့လည်း သူက ဆက်ပြော သွားပါတယ်။ 

ယမန်နေ့က MRTV 4 ထုတ်လွှင့်တဲ့ Forever Group ရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲမှာ တက်ရောက် လာသူတွေကိုလည်း အစီအစဉ်နဲ့ပတ်သက်ပြီး အသေး စိပ် ရှင်းလင်းပြောကြားမှုတွေလုပ်သွားချိန်မှာ သင်္ကြန်အကြို သင်္ကြန်အက၊ ယိမ်းတွေနဲ့ လည်း ဖျော်ဖြေ တင်ဆက်သွားပါသေးတယ်။ 

ခေတ်ပေါ် အဆိုအကတွေလည်း ပါဝင်ပြီး အကြို သင်္ကြန် ရေပက်ဖျန်းမှု ပုံစံကတော့ ထိုင်းမူ၊ ထိုင်းဟန် ရောနှောနေတာ သတိထားမိပါတယ်။ ထိုင်းကုမ္ပဏီတွေရဲ့ စပွန်ဆာတွေ ပါဝင်တာကြောင့်လည်း ဖြစ်နိုင် ပါတယ်။ 

ဘာပဲ ပြောပြော မိုင်ဒါကွင်း သင်္ကြန်ပွဲကိုတော့ ရန်ကုန်က လူအများအတွက် ပထမဆုံး အတွေ့အကြုံ သစ် တမျိုးကို ပေးမှာမို့ စိတ်ဝင်စားမှုတွေလည်း များတယ်လို့ ရန်ကုန် သင်္ကြန် ကဲချင်သူတွေက ဧရာဝတီ ကို ပြောပါတယ်။ 

Credit : http://blog.irrawaddy.org/2013/03/blog-post_3195.html

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၂၉


''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။


အဆိုပါအစည်းအဝေးကို နိုင်ငံတော်သမ္မတအိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးမြတ်ဟိန်း၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်သွယ်ရေး ကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စီမံချက်များ ရေးဆွဲပြီးစီမံဆောင်ရွက်လျက် ရှိကြောင်း၊ တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြား လာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လိုင်း (၈)သန်း ၊ ၂ဝ၁၄-၂ဝ၁၅ တွင် လိုင်း (၁၈) သန်း စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂ဝ၁၂-၂ဝ၁၃ တွင် (၁ဝ) ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ တွင် (၅ဝ) ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့ နယ်ပယ် အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့် ပစ္စည်းတစ်ခု ဖြစ်ပါကြောင်း၊ တယ်လီဖုန်း သုံးစွဲနိုင်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားပါကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက် သည့် အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ ရှိပါကြောင်း၊ အခြေခံ အဆောက် အအုံနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပ ကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားပါကြောင်း။

မိုဘိုင်းလ် တယ်လီဖုန်း Sim Card များကို ယခင်က ပြည်သူများ ဝယ်ယူသုံးစွဲရသည်မှာ ဈေးနှုန်း များပြားခဲ့ပါကြောင်း၊ ဈေးများရသည့် အကြောင်းမှာ ပြည်သူများထံမှ ရောင်းချရသည့် ငွေများဖြင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လိုင်းများ တပ်ဆင်ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အခြေခံ အဆောက်အအုံနှင့် လိုင်းများမှာ တော်တော်များများ တပ်ဆင်ပြီးဖြစ်၍ လိုင်းများများ သုံးနိုင်ရန်အတွက်ဆိုလျှင် Sim Card များကိုလည်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအား Sim Card များ ​ရောင်းချ​ပေးမည့် ရက်နှင့် ​ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အချိန်မီ သတင်း ထုတ်ပြန် ကြေညာ​ပေးသွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများ မျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့််ခွဲ ရောင်းချပေးသွားရန် ဖြစ်ပါ ကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကို တူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားပါကြောင်း၊ Sim Card များရောင်းချပေးသည့်နည်းတူ Hand Set များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျော့ပေးသည့်နည်း၊ အပြိုင် အဆိုင် ရောင်းချပေးစေသည့် နည်းစသည့် နည်းလမ်းများအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ် ပေးထားသည့် ဈေးနှုန်း အတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များကို လစဉ် ဈေးနှုန်းမပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ရရှိမည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား အသိပေးတင်ပြထားရန် ဖြစ်ပါကြောင်း၊ Sim Card များ ရရှိပြီး နောက် ဖုန်းလိုင်းများ ကြပ်တည်းမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန် ဖြစ်ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းSimCard များ ဖြန့်ဖြူးရောင်းချနိုင်မည့် အစီအစဉ်ကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးများက လုပ်ငန်းလိုအပ်ချက် များနှင့် စီစဉ် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်ကြသူများက အထွေထွေ ဆွေးနွေး တင်ပြကြပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လ လျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်သည်။ ထိုသို့ ဖြန့်ဖြူးရောင်းချပေး ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်း ဝယ်ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ရောင်းချမည့် အစီအစဉ်၊ လက်ရှိအခြေအနေ နှင့် နောင်ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှ တစ်ဆင့် စဉ်ဆက်မပြတ် အသိပေး တင်ပြသွားမည် ဖြစ်သည်။

Sim Card များ အရေအတွက်နှင့် စက်အင်အားကန့်သတ်ချက်များကြောင့် ကန့်သတ် ရောင်းချနေရခြင်းဖြစ်ကြောင်း၊ ဆက်သွယ်ရေး ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီး နောက်တွင် အခြား အော်ပရေတာကြီး နှစ်ခုကလည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်ကိုလည်း အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲကာ တိုင်းရင်းသား လုပ်ငန်းရှင်များ ပါဝင်လုပ်ကိုင်နိုင်ရေး စီစဉ် ဆောင်ရွက်ခြင်းအားဖြင့် လည်းကောင်း လာမည့်နှစ် အနည်းငယ်အတွင်း ပြည်သူများ၏ လိုအပ်ချက်ကို ကန့်သတ်ချက်မရှိ ဖြည့်တင်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။




Credit : Here

SSPP/SSA အား အစိုးရ စစ်ဆင်နေ

ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ လွယ်လန်း နှင့် လွယ်စေး တောင်ကြော တဝိုက်၌ ယမန်နေ့ ညနေပိုင်း အချိန်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ဆိုသည်။

“မတ်လ ၂၃ ရက်နေ့ ကတည်းက အဲဒီတောင်ကုန်း၂ ခုကို သူတို့ တပ်ဖွဲ့တွေ တက်တိုက်နေတာ မတ်လ ၂၅ ရက်နေ့ကျမှ နယ်မြေ ရှင်းမယ် ဆိုတာ အကြောင်းကြားလာပြီး ၂၆ ရက်နေ့အထိ ဆက်တိုက်ပြန်တယ်။ (၂၇) ရက်နေ့မှာ တရက်နား ပြီးတော့ ၂၈ ရက်နေ့ (၂) နာရီခွဲလောက်မှာ ပြင်းပြင်း ထန်ထန် လာတိုက်ပြန် တယ်။” ဟု ဆိုသည်။


အစိုးရ၏ လားရှိုးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၉၁ ၊ ခလရ ၃၃ ခြေမြန်တပ်ရင်း ခမရ ၃၂၆ တို့မှ အင်အား (၄၀၀) ခန့်ဖြင့် စစ်ကြောင်း (၄) ကြောင်းဖွဲ့ကာ လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အစိုးရဖက်မှ ထိခိုက် ဒဏ်ရာမှုများစွာ ရှိသော်လည်း အတိအကျ မသိရသေးကြောင်း ၎င်းက ဆက်ပြော သည်။

အစိုးရသည် ၄င်းတို့၏ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေး အစီစဉ်ကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးမှ တဆင့် လားရှိုးမြို့ပေါ်ရှိ SSPP/SSA ဆက်ဆံရေးရုံးသို့ အကြောင်းကြား ခဲ့ကြောင်း သိရသည်။

အစိုးရ တပ်ဖွဲ့က လွယ်လန်း တောင်တန်း တဝိုက်ကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့၌ တိုက်ပွဲများ စတင်ခဲ့ပြီး ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် ထိုနေရာမှ ဆုတ်ခွာပေးရန် ရာဇသံ ပေးခဲ့သည်။

သို့သော် နောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာသဖြင့် SSPP က သမ္မတထံ ဖေဖော်ဝါရီလ ၂၀ ရက်နေ့နှင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့များက အကြောင်းကြား ခဲ့သော်လည်း သမ္မတမှ တစုံတရာ အကြောင်းပြန်ကြားမှု မရှိခဲ့ကြောင်း ဗိုလ်မှူး စိုင်းလက ဆိုသည်။

အလားတူ ဖေဖော်ဝါရီလအတွင်းနှင့် မတ်လလယ်ပိုင်းအထိ အစိုးရတပ်က ဒေသတွင်း အင်အား ဖြည့်တင်းခဲ့ပြီး SSPP/ SSA တပ်ဖွဲ့ဝင်များ အခြေစိုက်ရာ လွယ်လန်းနှင့် လွယ်စေး တပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ယင်း အခြေအနေများကြောင့် SSPP အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းထံ ထပ်မံ စာရေး အကြောင်းကြား ခဲ့သော်လည်း ထူးလာခြင်း မရှိသည့်အပြင် အဆိုပါ တောင်တန်းအား ရှင်းလင်းတော့မည် ဖြစ်ကြောင်းနှင့် SSPP တပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးရန် အရှေ့မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် ရမခ တိုင်းမှူးက အကြောင်းကြားခဲ့သည်။

SSPP/SSA နှင့် အစိုးရတို့ ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၂၈) ရက်နေ့က အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့သော်လည်း နှစ်ဖက် တိုက်ပွဲပေါင်း အကြိမ်(၁၀၀) ကျော် ဖြစ်ပွားခဲ့ကြောင်း SSPP က ဆိုသည်။

Credit : Here

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ နီပေါနဲ့ မြန်မာနိုင်ငံခရီး စတင်

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ နီပေါနဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ် သောကြာနေ့က စတင်လိုက်ပါတယ်။

သမ္မတကာတာဟာ နီပေါနိုင်ငံကတဆင့် မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး၊ နိုင်ငံရေး အသွင်ကူပြောင်း နေတဲ့ မြန်မာနဲ့ နီပေါနိုင်ငံတွေမှာ ဒီမိုကရေစီလမ်းများ ပေါ်ထွန်းလာရေးကို အားပေးဘို့ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ဂျင်မီကာတာဟာ မြန်မာနိုင်ငံကို ဧပြီလဆန်းမှာ ရောက်ရှိ မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်များ လူမူရေးအဖွဲ့ NGO များအပြင် နိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေလုပ်နေတဲ့ တချိန်က စစ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

သမ္မတကာတာမြန်မာနိင်ငံကိုလာရောက်ချိန်မှာ မြန်မာနိုင်ငံအတွင်း ဘာသာရေးနဲ့ နွယ်ပြီး အကြမ်းဘက် မူတွေ ဖြစ်ပေါ်နေတာကြောင့် အပြည်ပြည်ဆိုင်ရာက စိုးရိမ်မကင်းဖြစ်နေချိန်နဲ့ တိုက်ဆိုင် နေတာလည်း ဖြစ်ပါတယ်။

သမ္မတရာထူးက အနားယူခဲ့တဲ့ ၁၉၈၁ ခုနှစ်ကစပြီး သမ္မတဟောင်း ဂျင်မီကာတာဟာ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းတွေ၊ ဆင်းရဲမွဲတေမူ ပပျောက်ရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူဖြစ်ပြီး ၂၀၀၂ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

Credit : Here

ပြည်နယ် သုံးခုအတွက် ဂျပန်အစိုးရ ဒေါ်လာ ၇ သန်းကျော် ထောက်ပံ့ကူညီ

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက အမေရိကန် ဒေါ်လာ ၇ သန်း ၄ သိန်းထောက်ပံ့ကူညီလိုက်တယ်လို့ သိရပါတယ်။

ဒီအတွက် ကချင်ပြည်နယ်က မြို့နယ် ၄ ခု၊ ချင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ် ၃ ခုဆီမှာရှိတဲ့ မိသားစု ၅ သောင်းလောက်အတွက် ဖွံ့ဖြိုးရေး အစီအစဉ်တွေဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

သူတို့အတွက် အခြေခံအဆောက်အဦတွေဖြစ်တဲ့ လမ်းပမ်းဆက်သွယ်ရေးနဲ့ အိုးအိမ်တည်ဆောက်ပေးတာ၊ ရေနဲ့သန့်ရှင်းရေးစနစ် တည်ဆောက်ပေးတာ၊ ပညာရေးနဲ့ ဝင်ငွေရမယ့် အလုပ်အကိုင်ဖန်တီးပေးတာ၊ သက်မွေးဝမ်းကြောင်းမှု အတတ်ပညာ သင်တန်းပေးတာတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ဒီထောက်ပံ့ငွေကို ဂျပန်အစိုးရက ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင် ရေးအစီအစဉ် (UN-Habitat) ကနေတဆင့်ပေးအပ်လိုက်တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ဂျပန်သံအမတ်ကြီး မစ္စတာ မီကီအို နူ-မ-တ (Mikio Numata) ၊ ကုလသမဂ္ဂအရာရှိ မစ္စတာ ဆရီနီဗာဆာ ပိုပူရီ၊ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းတို့ လက်မှတ်ထိုးခဲ့ကြတယ်လို့ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်ဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။

ဂျပန်နိုင်ငံရဲ့ အခုအကူအညီဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အများဆုံးရတဲ့ အလှူငွေ ဖြစ်တယ်လို့ သိရ ပါတယ်။

Credit : Here

သင်္ကြန်ကာလမှာ မြန်မာမလေးတွေ မြန်မာဆန်ဆန်လှနိုင်ကြပါစေ


မကြာမီမှာ မြန်မာနှစ်သစ်ကူး သင်္ကြန်အတာ ရေပွဲသဘင်ကို ရောက် တော့မည်။ မြန်မာမိန်းကလေးတွေ ဆင် ဆင်ခြင်ခြင်၊ ထိန်းထိန်းသိမ်းသိမ်း၊ ယဉ်ယဉ်ကျေးကျေး ၀တ်စားဆင်ယင်ကြဖို့၊ သိက္ခာဣနြေ္ဒ ရှိရှိဆင်နွှဲကြဖို့ လိုပါသည်။ ယခင်နှစ်က နာမည်ကြီး အနုပညာရှင် တစ်ဦး သင်္ကြန်ကာလတွင် သောက်စား မူးယစ်ကာ မဆင်မခြင်၊ မလျော်မကန်၊ ၀တ်စားဆင်ယင်၊ ပျော်ပွဲဝင်မှုကြောင့် အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ရှုမကောင်း၊ မြင်မကောင်း အပုပ်နံ့ ထောင်းထောင်းထပြီး သတင်းပေါင်းများစွာ ပြန့်လွင့်ကာ သိက်္ခာကျခဲ့ရသည်။


ခေတ်တွေ စနစ်တွေ မည်သို့ပင်ပြောင်း လဲပါစေ၊ မြန်မာသည် မြန်မာဆိုတာကို မမေ့ဖို့လိုသည်။ မြန်မာပြည်မှာ နေထိုင် သရွေ့ မြန်မာစိတ်မပျောက်ဖို့တော့ လို သည်။ လျှပ်ပေါ်လော်လည်ခြင်း၊ အရှက် အကြောက်တရား(ဟီရိသြတ္တပ္ပ)ကင်းမဲ့ ခြင်းကို မြန်မာ့လူမှုအသိုင်းအ၀ိုင်းက လက်မခံကြချေ။ ခေတ်မီခြင်းနှင့် ခေတ် ဆန်ခြင်းကို မကွဲပြားရှာကြသူတွေလည်း အများအပြားရှိနေဆဲပင်။ ရှေးကလို “မြန်မာယဉ်ကျေးမှုကို ပျက်စီးစေတာ အနောက်တိုင်းယဉ်ကျေးမှုပါ”ဟု လက်ညှိုး ထိုး၍ မဖြစ်တော့ချေ။ နေ့စဉ် မြန်မာ့ ရုပ်သံမီဒီယာများမှ တွင်တွင်ကျယ်ကျယ် လွှင့်ထုတ်ပေးနေသော ကိုရီးယားဇာတ် လမ်းတွဲများမှာ အနောက်တိုင်းမှလာခြင်း မဟုတ်ချေ။ အနောက်တိုင်းနှင့် မကွာခြား လှတော့သည့် ကိုရီးယားယဉ်ကျေးမှုများ က မြန်မာ့အိမ်ဦးခန်းသို့ တဖြည်းဖြည်း နေရာယူကာ အမျိုးသားယဉ်ကျေးမှုကို တစစလှိုက်စားဖျက်ဆီးနေပြီဖြစ်သည်။

မြန်မာလူငယ်အများစုတို့၏ ၀တ်စားဆင် ယင်မှုကိုကြည့်လိုက်လျှင် ကိုရီးယားယဉ် ကျေးမှုပုံစံတွေ လွှမ်းမိုးနေသည်။ ကိုရီး ယားနိုင်ငံတွင်မူ သူတို့အမျိုးသားယဉ် ကျေးမှု၊ သူတို့ကိုယ်ပိုင်ရိုးရာဓလေ့များကို ထိန်းသိမ်းစောင့်ရှောက်ထားကြသည်။ မြန်မာမလေးများကသာ ကိုရီးယားဇာတ် လမ်းများထဲမှ မင်းသမီးလေးများ၏ အတုကိုယူကာ ဘောင်းဘီ၊ စကတ်တွေ အပြိုင်တိုနေကြသည်။ ဆံပင်ကို ဆေးနီ၊ ဆေးပြာ၊ ဆေးဝါတွေ အပြိုင်ဆိုးလာကြ သည်။ ယောက်ျားလေးများနှင့် အပြိုင် ကြဲကာ ဘီယာ၊ အရက် သောက်ချင်နေ ကြသည်။ ကိုရီးယားနိုင်ငံတွင်မူ မိန်းက လေးများ စကတ်တို၊ ဘောင်းဘီတိုမ၀တ် ရန် ဥပဒေပြဋ္ဌာန်း၍ တားမြစ်တော့မည် ဟု အင်တာနက်သတင်း တစ်ပုဒ်ထဲတွင် ဖတ်လိုက်ရသည်။ 

“တို”နေသည်ကို ပြန် ရှည်ဖို့ သူတို့ဆီမှ တာဝန်ရှိသူတွေက ဆောင်ရွက်နေကြပြီ။ အမျိုးသားယဉ် ကျေးမှုကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေကြ ပြီ။ ထိုအချိန်တွင် သူတို့အတုကိုယူ၍ “တို” နေသော မိမိတို့နိုင်ငံက “တို”ရုံမျှမက “ပေါ်”လာအောင် ဖန်တီးနေကြသည်။ စိတ်မကောင်းဖွယ်တွေ့နေရသည်။ သက် ဆိုင်သူများ၏ မောင်ဖွားမိဘတွေက လည်း ရှက်ကြိုးပြတ်နေသူတွေလား တော့မသိ။ ကိုယ့်သမီး၊ ကိုယ့်နှမ၏ ဟီရိ သြတ္တပ္ပတရားကင်းမဲ့နေသည့် လုပ်ရပ်ကို တားမြစ်ရကောင်းမှန်း၊ ထိန်းသိမ်းရ ကောင်းမှန်းမသိဖြစ်နေ ကြသည်။

မြန်မာယဉ်ကျေးမှု၏ ခံတပ်၊ မြန်မာ့ယဉ်ကျေးမှုမြို့တော်၊ မြန်မာတို့၏ နောက်ဆုံးမင်းနေပြည်တော်ကြီး ဟု ဂုဏ်ယူဝင့်ကြွားနေခဲ့ကြသည့် ရတနာပုံရွှေမြို့တော်ကြီးတွင် ထိုမြို့ဓာတ်ပုံ အသင်းကြီး၏ လပတ်တံခွန်စိုက် ဓာတ်ပုံ ပြိုင်ပွဲ၊ ပွဲစဉ်(၁)တွင် စံပြမော်ဒယ်လ်ကို ((BIKINI))ရေကူးဝတ်စုံဖြင့် ကိုယ်ဟန်ပြ ရိုက်ကူးကာ သမိုင်းစာမျက်နှာသစ်ဖွင့် လှစ်လိုက်သည်တဲ့။ 

ဓာတ်ပုံအသင်းသား (၅၀)ကျော်နှင့် လူငယ်သတင်းထောက် များကလည်း ဇွဲနပဲကြီးစွာ သတင်းရယူ ကြသည်တဲ့။ မြန်မာနိုင်ငံတွင် ဤမျှ တော်တော်သတိ္တကောင်းသော မိန်းက လေးရှိမည်ဟု ထင်မထားမိသည်မှာ မိမိ အမှားပင်။ ခုတော့ ရှိလေသမှ နှစ် ယောက်တောင်မျှ ရှိနေသည်။ ဓာတ်ပုံ သမားယောက်ျားသား ၆၀ လောက်၏ ရှေ့တွင် ရေကူးဝတ်စုံ ((BIKINI))ဖြင့် ပုံစံ အမျိုးမျိုး၊ ပို့စ်အမျိုးမျိုးပေးကာ ဓာတ်ပုံ ရိုက်ခံဝံ့သည့် မြန်မာမိန်းကလေးမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြားဖူး၊ မတွေ့ဖူး၊ “ပြောမဆုံးပေါင် တောသုံးထောင်”ဟုပင် ဆိုရတော့မလို PLAY BOY မဂ္ဂဇင်း အတွက် ဓာတ်ပုံရိုက်ခံသည့် နိုင်ငံခြားသူ မော်ဒယ်လ်များပင်လျှင် အပေါ်ချွတ် ရိုက်တာမှန်ပေမဲ့ သည်လောက် ယောက်ျား သားအများကြီး၏ရှေ့တွင် အရှင်လတ် လတ် မျက်စိစားပွဲထိုင်တာကိုတော့ ခံရ မည်မထင်။

ခုတော့ စီစဉ်သူအနုပညာ ရှင် ဆရာကြီးများကလည်း မဆင်မခြင် စီစဉ်၊ အရိုက်ခံဝံ့သည့် မိန်းကလေးတွေ ကလည်း မြန်မာမိန်းကလေးဖြစ်ပါလျက် နှင့် မရှက်မကြောက်(BIKINI)နှင့် အရိုက်ခံ။ တားမြစ်သွန်သင်မည့် မောင် ဖွားမိဘ၊ အထိန်းအကွပ်လည်းမရှိ။ နာမည်ကြီးလျှင်ပြီးရော သဘောထား နေကြလေသလားတော့ မသိ။ မြန်မာ့ယဉ် ကျေးမှုခံတပ်ကြီးကို ဖြိုဖျက်ပစ်ကြသည်လား။ မည်သူတွေက ဦးဆောင် ထိန်းသိမ်း ကြမည်နည်း။

ယနေ့ခေတ်သည် အင်တာနက် ခေတ်၊ နည်းပညာခေတ်ဖြစ်သည်။ ဖုန်း ဟန်းဆက်တစ်လုံးရှိနေလျှင် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ထားနိုင်သည်။ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်းတွင် ရှုမကောင်း၊ မြင် မကောင်းသည့် ပုံရိပ်ပေါင်းများစွာက အွန်လိုင်းအင်တာနက်စာမျက်နှာများပေါ် တွင် ပြန့်သွားနိုင်သည်။ တစ်ဆွေလုံး၊ တစ်မျိုးလုံး အရှက်ကွဲနိုင်သည်။ ဆိုရလျှင် သည်ခေတ်က ဆင်ဆင်ခြင်ခြင်နေနိုင်မှ တော်ကာတန်ကာ ကျသည်။ မောင်ဖွား မိဘတွေကလည်း ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်နှမကို ထိန်းသိမ်းဆုံးမဖို့လိုပါသည်။

မကြာမီ နှစ်သစ်ကူးသင်္ကြန်အခါရောက် တော့မည်။ ဟီရိသြတ္တပ္ပတရားမရှိဘဲ မြန်မာမရွှေသည်းတို့ ကဲကြဦးမည်ဆိုလျှင် အင်တာနက်အွန်လိုင်း စာမျက်နှာမှာ သိက္ခာအလီလီကျနိုင်သည်ကို သတိရှိ ကြဖို့ လိုပါသည်။ သည်နေ့ခေတ်က ပြည်သူ၊ ပြည်သား သတင်းသမားတွေက ပေါမှပေါပါဘိသနဲ့။ မြန်မာမလေး တွေ မြန်မာဆန်ဆန် လှနိုင်၊ ယဉ်နိုင်ကြပါစေ။

နန္ဒာမင်းလွင်

Credit : Here

ဘကြီးမောင် ပြောတဲ. မင်းကိုနိုင် အတွက် လက်ခုပ်သံ (ပေးစာ)


ခုတလော ထီလာဘက်မှာ ကုလားတွေဘက်က မားမားမတ်မတ်နဲ.ရပ်တည်ပီး ကိုယ်.နိုင်ငံကို ကုလား အောက် ရောက်ရင်ရောက်ပစေ စစ်တပ်ပြန်မလာရင်ပီးရောဆိုပီး ဟောပြောသွားတဲ. ထောင်ထွက် မင်းကိုနိုင် သတင်းကို ကြည်.ပီး အွန်လိုင်းပေါ်က မြန်မာ ပညာတတ် ကျောင်သားလူငယ် လူရွယ်တွေ ဒေါသတကြီး နဲ. မင်းကိုနိုင်က ဘာကောင်လဲ ဘယ်ကျောင်းမှာ ခေါင်းဆောင်. မိလို. ခေါင်းဆောင်ဖြစ်တာ လဲ ဘာလဲ ညာလဲ နဲ. တုံ ပြန်သံတွေ ကြားမိတော. ကျွှန်တော် လဲ ကိုယ်တွေ. မင်းကိုနိုင် အကြောင်းလေး ကို ပြောပြချင် လာတယ်ဗျ။


လွန်ခဲ.တဲ. လ အနည်းငယ်ကပေါ.ဗျာ။ ကျုပ်လဲ အလုပ်လေး အားတာနေတော. ဘကြီးမောင် တို. အိမ်ဘက် မရောက်တာလဲ ကြာတာနဲ. အလည်အပတ် ထွက်ခဲ. ရာကနေ ဒီဇတ်လေး ကို စသိရတော. တာဘဲ ဗျို.။


ဘကြီးမောင် အိမ် ရောက်တော. စားပီ သောက်ပီး ပီ ဆိုတာ နဲ. ဘကြီးနဲ. စကား ၀ိုင်း စတော.တာဘဲဗျို.။ ဘကြီးမောင် က ငါ.တူ ဒီည တို.ရပ်ကွက်ထဲ စာပေ ဟောပြောပွဲ ရှိတယ်ကွ၊ အဲတာ ငါတူ နားထောင် သွားဦးလေကွာ ဆိုတာနဲ. ကျွှန်တော် လဲ နဲနဲ စိတ်ဝင်စားသွားတာပေါ.။ 

ဒါနဲ. ဘကြီး ဘယ်စာရေးဆရာ တွေပါမှာလဲ လို.မေးမိတော. ဘကြီးမောင်ရဲ.အဖြေက စာရေးဆရာတွေ မပါဘူးကွ ထောင်ထွက်တွေ ကိုခေါ်ထားတယ်ကွ မင်းကိုနိုင် တို.လေကွာ တဲ.။ ဘကြီးမောင် ကလဲ ဗျာ ကျွှန်တော်က ဘွဲ.ရ လူငယ် ပညာတတ်ဗျ၊ ဘွဲ.ရ ဆိုတာတောင် စစ်တပ်ခေတ်မှာ ဘွဲ.ရပေမယ်. ကျွှန်တော် ဘယ်နိုင်ငံက ဘွဲ. ရတယ်ဆိုတာ ဘကြီးမောင် သိပါတယ် ကျွှန်တော် မကြွားချင်တော.ဘူး ဒီလို ထောင်ထွက် ယောင်ခြောက်ဆယ် လူပြောတာ နားထောင်ဖို. အချိန်မရှိပါဘူး ဘကြီးမောင်ရာ လို. ပြန်ပြောမိတယ် ဆိုရင် ဘဲ ………………………..

ဒီမယ် ငါတူ ဒီခေတ်က ဒီမိုကရေစီ ခေတ်ဦးလေကွာ အရင်က လူတွေ မပြောရဲမဆိုရဲ ဖြစ်နေကြသေးတဲ. အချိန် ထောင်ထွက် ကောင်တွေပြော တဲ.စကား နားယောင်ပီး အားကြနေကြတာကွ။ ဒို.ရပ်ကွက် ထဲက လူငယ်တွေ အပါအ၀င် ပေါ.ကွာ။ လူငယ်တွေ စိတ်ထဲ မှာ ဘာအလုပ်မှမလုပ်ဘဲ ဟေးလားဝါးလား နဲ. ထောင်ကြပီး အစိုးရမကောင်းကြောင်း ပြော ရင် သူဌေးဖြစ်ပီး လူထင်ကြီးတယ် နေရာ ရတယ်လို.ဘဲ စိတ်ထဲ ထင်နေတာကွ။ ဒါနဲ. ငါလဲ ဒီတိုင်းထား မဖြစ်ချေ ဘူး ဆိုပီး ရက်ကွက်ထဲက လူကြီး တွေ နဲ.တိုင်ပင်ပီး ဒီပွဲ ကို စီစဉ် လိုက်ရတာဘဲကွာ။

ဘကြီးမောင် ကလဲ လုပ်ပီ မင်းကိုနိုင် ကို အားကြပီး ဘာအလုပ်မှ မလုပ်ဘဲ မကြိုးစားဘဲ နေမှာလဲ စိုးသေးတယ် ဟောပြော ပွဲ တောင် ခေါ်လုပ်သေးတယ် ဆိုတော. ဘကြီးအကွက် ကို လင်းစမ်းပါဦး ဘကြီး ရဲ.လို. မေးတယ် ဆိုရင် ဘဲ ဘကြီးမောင် က ချက်ချင်း မပြောသေးဘဲ ရေနွေးကြမ်း တခွက် ကို ကောက် မော.နေပြန်ရောဗျ။

ဒါက ဒီလိုရှိတယ် ငါ.တူ။ ကျောင်းသား ခေါင်းဆောင် ဆိုပီး ဘယ်သူ ပေးမှန် မသိတဲ. နံမည် နဲ. နံမည် ကြီး နေတဲ. ကောင် ကို ဘာဘဲ ပြောပြော လူငယ်လူရွယ် တွေက အထင်ကြီးတာ မဆန်းဘူးလေကွာ။ ခက်တာ က ဒီကောင် ဘာအရည်အချင်း ရှိတယ် ဘာစိတ်ဓါတ်ရှိတယ် ဘယ်လို လုပ်ရည် ကိုင်ရည် ရှိတယ် တိုင်းပြည်နဲ. လူမျိုးကို ဘယ်လိုသဘောထားတယ် ဆို တာ လူငယ်တွေက မသိဘူးကွ။ ငါတို. လူကြီးတွေ က ပြောပြ လို. တော.ရတယ်ကွ။ ဒါပေမယ်. လူငယ်တွေ ဆို တာ လွတ်လပ်မှု ကိုကြိုက်တယ် ကိုယ်တိုင် အတွေ.အကြုံ ရမှ ကြေနပ် ကြတာ လက်တွေ. ကြ ကြ ခေတ် လေကွာ ။

ကိုယ်တိုင် လက်တွေ.သိမြင်တာကို စဉ်းစာ ဆုံဖြတ်ပီး လက်ခံ ကြတာကလဲ လူငယ်တွေအတွက် ပို သဘာဝ ကြတာပေါ.ကွ။ ဒီည ပွဲ လုပ်ရတဲ. ရည်ရွယ်ချက် ကလဲ ဒါ အဓိက ဘဲကွ။ ထုံစံအတိုင်း ပညာမရှိ တဲ. ကောင်တွေဆိုတော. မိုက် လက်ထဲ ရောက်တာနဲ. ထင်ရာ တွေလျောက်ပြော မှာကွ။ တနိုင်ငံ လုးံ မကောင်းကြောင်း သူတို.ဘဲ ကောင်းကြောင်းပေါ.ကွာ။ စကား ထဲကနေ ဇာတိပြမှာကွ။ 

အရည်အချင်း တွေ ပေါ်မှာပေါ.ကွာ။ အေး အဲမှာ လူငယ်တွေ ရဲ. အမှားနဲ. အမှန် စဉ်းစား ဆုံးဖြတ် တဲ. ဥာဏ် က စကားပြောတာ.တာဘဲ ဟေ.။ ထင်ရာတွေ သူများမကောင်းကြောင်း အနှစ်သာရ မပါတာတွေ ပြောပီးရင် ငါထင်တယ် ဒို.၇ပ်ကွက် ထဲက လူငယ် လူကြီးတွေ အရင်က အထင်ကြီးခဲ.သမျှ လူတွေ အားလုံက လက်ခုပ် တွေ အကျယ် ကြီး တီးကြလိမ်.မယ် ကွ။ 

သိပီးသား လူတွေ ကတော. ပြောစရာ မလိုဘူးပေါ.ကွာ။ မင်းတို. ခေတ်က အိုင်ပက် တို. အိုင်ဖုန်း တို.ခေတ်လေကွာ၊ ဘကြီး သိတာ အဲတာတွေနဲ. ကျန်းမာရေး ဆေးစစ်ချက် တွေ လုပ်ရအောင် တောင် တိုးတက် နေပီ ဆိုကွ၊ ငါတူ မှာ အိုင်ဖုန်း၇ှိတော. အချိန်ရရင် ဒီည ပွဲ မှာ တီးတဲ. လက်ခုပ် သံတွေ ကို ရာခိုင်နှုန်း တောင် ခွဲ ခိုင်းလိုက်ချင် တယ် လူငယ်တွေ ဘာကြောင်.လက်ခုပ်တီး သလဲ ကို…… ဟားဟား………………….

ဘကြီးမောင် အရမ်းပြေးလှချီလားဗျ လို. ကျွှန်တော် ထပ် မေးမိတော. ဘကြီးမောင်က ငါတူ ဘကြီးပြေး တာ တကွက်ကျော်လောက် ဘဲ ရှိတယ် ဒီလောက် ၀ိုင်းပိတ်ဆို.ထားတဲ. ကြားက ဒို.တိုင်းပြည် ကျွှန်ပြန်မဖြစ်သေးတာ စစ်တပ်ကကောင်တွေ တော်တော် ပိုပြေးကြလို. ဘဲဟေ……

ကျွှန်တော် လဲ ဘကြီးစကားကို အရမ်းခိုက်သွားပီး ဘကြီးမောင်ရာ ကျွှန်တော်လဲ ပြေးလိုက်ဦးမယ် နောက်ကြနေရင် မိန်မ ကွိုင်ရှာနေဦးလို. ပြောမိရင်ဘဲ ဘကြီးမောင်ကအေးအေး ပြေးပြေး ငါတူ စစ်တပ်က ကောင်တွေထက်တော. ပိုပြေးဖို.လိုမယ်လိမ်မယ် တဲ.ဗျာ။

ဆောင်းဦးရာသီ

Credit : Here

ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထားဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်


မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက် တစ်ရပ်အား ယနေ့ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြို့နယ် ၁၅ မြို့နယ်၌ ပြစ်မှုဆိုင်ရာ ကျင့် ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ်များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ် ပွားခဲ့ကာ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၈၆ ဦးရှိ၍ လူဦးရေ ၁၁,၃၇၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။


ဖမ်းဆီးရမိခဲ့သော ပြစ်မှုကျူးလွန်သူများ ပြုလုပ်ခဲ့သည့် ပြစ်မှုများမှာ လူသတ်မှု၊ လုယက်မှု၊ မီးဖြင့် အကျိုး ဖျက်ဆီးမှု၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ဆန့်ကျင်သည့် ပြစ်မှုဖြစ်စေရန် လှုံ့ဆော်မှု၊ ကောလာဟလဖြန့်ချိမှု အစရှိ သည့် အမှုများ အပါအ၀င် ပြစ်မှု ၁၇ မျိုးရှိသည်။


ထို့အပြင် တည်ဆဲဥပဒေများအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ငါးယောက်ထက်ပိုသော လူစုလူဝေးကို အင်အားသုံး၍ လူစုခွဲနိုင်ပြီး ထိုသို့အင်အားသုံးဖြေရှင်းရသည့် ကိစ္စမျိုးပေါ်ပေါက်ခဲ့ပါက ပြည်သူ လူထု အနေဖြင့် ပါဝင်ကူညီဆောင်ရွက်ကြရန် အလေးအနက်တိုက် တွန်းပန်ကြားပါကြောင်း ဖော်ပြပါရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ကြောင်း ပြစ် မှုထင်ရှား သူများ ကို တည်ဆဲဥပဒေများ နှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး အဆိုပါဖြစ် ရပ်များ ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရန် ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

7Day News Journal


Credit : Here

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

မိတ္ထီလာဈေးအား မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်က တွေ့ရစဉ်

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင်ဈေး တို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “ဈေးက အခုဖွင့်ထားပြီဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက်ကြသေးဘူး၊ ညနေ ဘယ်နှစ်နာရီ ပိတ်မယ်ဆိုတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်းကျန်တာဆိုလို့ ဒီဈေး တစ်ခုပဲ ရှိတယ်။


အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အားကို နေ့ညမပြတ် အဆင်သင့်ထားပေးစေချင် တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင် မြန်မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မိတ္ထီလာမြို့ စည်ပင်သာယာဈေး အတွင်းရှိ သဇင် ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်ကပြောသည်။

ဈေးပြန်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မိတ္ထီလာမြို့ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း “ဒီနေ့မနက် ကိုးနာရီမှာ ဈေးကိုပုံမှန်အတိုင်း ပြန်ဖွင့်ထားပါတယ်။ ညနေငါး နာရီလောက်မှ ဈေးပြန်ပိတ်ပါမယ်။မနက်ဖြန်လည်း ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ဖို့ ရှိပါတယ်၊ လုံခြုံရေး အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင် ရာ တာဝန်ရှိသူတွေ၊ နောက် ဈေးအကျိုးတော်ဆောင်အဖွဲ့၊ ဈေးမိဈေးဖတွေ အားလုံးရှိပါတယ်” ဟု ပြော သည်။

မိတ္ထီလာဈေးကြီးမှာ အနီးအနားရှိ မြို့နယ်များဖြစ်သော ရမည်းသင်း၊ပျော်ဘွယ်၊ သာစည်အစ ရှိသော မြို့ များမှပင်လာရောက် ဈေးဝယ်လေ့ရှိသော ဈေးကြီးတစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသောဆိုင် ခန်းပေါင်း လေးထောင်ကျော်နှင့် ယာယီပျံကျ ဆိုင်ခန်းပေါင်း သုံးထောင်ကျော် ရှိကြောင်း သိရ သည်။

Eleven Media Group

Credit : Here

ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်း ခေါင်းဆောင်များနှင့် အမေရိကန် သံအမတ်ကြီးတို့ တွေ့ဆုံ


အကြမ်းဖက် ဆူပူမှုများ အမြန်ဆုံး တည်ငြိမ်အေးချမ်းစေရန်နှင့် မြန်မာ့ဒီမိုကရေစီ အနာဂတ်လမ်းကြောင်း ပိုမိုတိုးတက်ကောင်းမွန် ခိုင်မာစေရေးအတွက် မတ် (၂၉) ရက် ညနေ ၃ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းပုဂ္ဂိုလ်တို့နှင့် အမေရိကန်သံအမတ်ကြီးတို့ ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ တွေ့ ဆုံ ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲ၌ အထက်ပါကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ပထမဦးဆုံအကြိမ် ဖြစ်သည် ဟု ပါတီ ဒုတိယဥက္ကဌဖြစ်သူ ဦးဌေးဦးက ပြောသည်။အမေရိကန် သံအမတ်ကြီးနှင့် ဆွေးနွေးမှုပြုလုပ် ရာတွင် ပါတီဒုတိယ ဥက္ကဌဖြစ်သူ ဦးဌေးဦး၊ ပါတီအတိုင်ပင်ခံ ဦးအောင်သောင်းတို့ တက်ရောက်ခဲ့သည်။

Credit : Here

ဦးဝီရသူနှင့်တွေ့ဆုံခြင်း(ဧရာဝတီအင်တာဗျူး)

မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုးရိမ် ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ လွတ်မြောက် ရေး ဆန္ဒပြပွဲ၊ အောက်တိုဘာလတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီအယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းထားပါသည်။


မေး။ ။ မိတ္ထီလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်တယ်။ အရှင်ဘုရားကလည်း မိတ္ထီလာကို သွားရောက်ပြီး တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့် ဒီလောက် အထိ အသေအပျောက်တွေ များလာရတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။အသေအဆုံးများတာက ဒုတိယနေ့(မတ် ၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊ အဲဒီအကြောင်းပြောရရင်တော့ ဖြစ်ပြီးလို့ မီးတွေဘာတွေရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊ အဲဒီမွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက ကျောင်းသားတွေများတယ်။ အရပ်သားတွေလည်း ပါတယ်။ သူတို့တတွေကို ရယက ဖွက်ပေးထားတယ်။ လုံခြုံရေးလည်း ချပေး ထားတယ်။ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင် အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။ ၀ိုင်းတဲ့အချိန်မှာ သူတို့က ဘေးပတ်လည်လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင် ဗလီရှိတယ်။ ညာဘက်မှာဆိုရင် မီးလောင်ပြင်ရှိတယ်။ သူတို့ရဲ့ မျက်နှာချင်းဆိုင် တည့်တည့်မှာဆိုရင် ကုန်းမြင့်ကြီးရှိတယ်။ သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ ၀ိုင်းတဲ့အချိန်မှာ မွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။ အဲဒီမှာ ဗမာလူအုပ်က သွေးကြွ လာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။ အဲဒီအချိန် အထိ တိုက်ခိုက်မရှိတာဘူး။ ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။ သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့ ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတ္ထီလာကို ဦးဇင်းရောက်နေတာ။ ဦးဇင်းက ၂၀ ရက်နေ့ ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ ရွှေည၀ါရော၊ မင်းကိုနိုင်တို့တောင်ရောက်နေပြီ။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် ၂၀ လောက်က ဗမာလူအုပ်ကြီးကို အသေခံပြီးထွက်တိုက်တယ်။ အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို ၉ လောင်း၊ ၁၀ လောင်း၊ ၁၁ လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာ လုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။ အဲဒါ အကျအဆုံး အများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကျတယ်။ ဟိုနေရာ တယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့ အဲဒီနေရာမှာပဲကျတာ။

မေး။ ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မိတ္ထီလာ အဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ် အကြမ်းဖက်မှုကြီးလို့ ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ။ ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။ တကယ်တန်းစနစ်တကျရှိတာက ပထမနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ ဒုတ်တွေ၊ ဓါးတွေလက်နက်တွေ အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကို အကုန်ခုတ်တာ။ သံဃာတပါးအသတ်ခံရတယ် ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ်ကွက်ထဲကို တိုးဝင်သွားတာ။ တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ၂ ယောက်သေပြီးတော့ ၁၆ ယောက်လောက် ဒဏ်ရာရတယ်။ ဓားခုတ်ဒဏ်ရာနဲ့ တကယ့်ပြင်းထန်တဲ့ ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက မွတ်စလင်ရပ်ကွက်ထဲကဖြစ်တယ်။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။

မေး။ ။ အခု နိုင်ငံတကာသတင်းဌာနတွေက ၉၆၉ နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေဆိုပြီး ရေးလာကြတာတွေ ရှိနေပါတယ်။ အဲဒါ ဆရာတော်အနေနဲ့ ၉၆၉ အဓိပ္ပာယ်ကို နည်းနည်းလေး သိအောင် ရှင်းပြပေးပါလား။

ဖြေ။ ။ ရှင်းပြလို့ရပါတယ်။ ပထမအစ ဂဏန်း ၉ က ဘုရားဂုဏ်တော်ကိုးပါးရည်ရွယ်တယ်။ ဒုတိယ ဂဏန်း ၆ က တရားဂုဏ်တော် ၆ ပါးကို ပြောတာ။ တတိယ ဂဏန်း ၉ က သံဃာ့ဂုဏ်တော် ၉ ပါးကို ရည်ရွယ်တာ။ ဘုရားတရားသံဃာ ရတနာ ၃ ပါးရဲ့ ဂုဏ်တော်တွေဖြစ်ပါတယ်။ ဟိုးအရင်တုန်းက ဗုဒ္ဓံသရံဏံ၊ အရဟံတို့ ဓမ္မစကြာတို့ စသည်ဖြင့် အဲဒါတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့သင်္ကေတဖြစ်သလို ၉၆၉ က ဗုဒ္ဓဘာသာဝင်တွေရဲ့ သင်္ကေတဖြစ်တယ်။ ၉၆၉ ကို မဆီမဆိုင်ဆွဲထည့်တာကတော့ တရားခံရှာမရလို့ တွေ့ရာမြင်ရာလူကို ထုထောင်းရိုက်နှက်ပြီးတော့ တရားခံလုပ်သလိုမျိုးပေါ့နော်။ ဘာဖြစ်လို့လဲ ၉၆၉ က မိတ္ထီလာမှာ တရွက်မှ မရောက်ဘူးဗျ။ ဘယ်သူမှလည်း လာမဖြန့်ဘူး။ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future အဲဒါလေးပါပဲ။ အဲဒါကို မဆီမဆိုင် ၉၆၉ ကို တရားခံ လုပ်နေတာကြီးက တခြားစီပါဗျာ။ တကယ်တန်းတော့ ဘုရားတရားသံဃာ ဂုဏ်တော်တွေပါ။ တကယ်အပြစ်ကင်းပါတယ်။

မေး။ ။ပဲခူးတိုင်းဒေသကြီးမှာ မွတ်စလင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေနဲ့ ဈေးဆိုင်တွေ အဖျက်ဆီးခံရတယ်။ ကြို့ပင်ကောက်က အဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ ကားတွေပေါ်မှာ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းနဲ့ ရေးတာတွေရှိနေပါတယ်။ ဆရာတော်အနေနဲ့ ဗလီတွေကို ဖျက်ဆီးနေတာတွေ၊ ဖျက်ဆီးထားတဲ့အပေါ်မှာ ၉၆၉ ရေးထိုးသွားတာတွေနဲ့ပတ်သက်လို့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။ ။ဒကာကြီး ပဲခူးတိုင်းဖြစ်ပျက်နေတဲ့ နေရာတော်တော်များများမှာ ဦးဇင်းက မြို့ခံတွေနဲ့ အဆက် အသွယ် မရှိတဲ့အခါကျတော့ အဲဒီအကြောင်းအရာကို ဘာမှ မသိရဘူး။ ဦးဇင်းတို့ ဖွဲ့စည်းထားတဲ့ နေရာတွေမှာတော့ ဦးဇင်းမူဝါဒ၊ လမ်းစဉ်အတိုင်း အလုပ်လုပ်ကြတဲ့အတွက်ကြောင့် ဘာပြသနာမှမဖြစ်ဘူး။ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။ မွတ်စလင်နဲ့ ဗမာတွေနဲ့ ဖြစ်တဲ့အမှုတွေ။ မုဒိမ်းမှုတွေ၊ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသူ၊ ၇ တန်းကျောင်းသူ၊ ကျောင်းသူတွေကို ပြုကျင့်တဲ့ အမှုတွေများတယ်။ နောက် ကာယကံအလျောက် ထိုးကြိတ်စော်ကားတဲ့ အမှုတွေများ၊ ဘာသာ သာသနာကိုစော်ကားတဲ့အမှုတွေ များတယ်။ နောက်ဆုံးဗျာ ရဟန်းသံဃာကို ပက်ပက်စက်စက် မိုက်မိုက် ရိုင်းရိုင်း ဆဲတဲ့အမှုတောင်ပါတယ်။ တရားမ၀င် ဗလီတွေပါတယ်။ ကျူးကျော် ဗလီတွေပါတယ်။ မွတ်စလင် သချိုင်းတွေပါတယ်။ ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီးတော့ အကြံဥာဏ်ပေးရတာပေါင်းရင် ၁၀၀ ကျော်ရှိနေပြီ။ သိတာအကုန်လုံးကို ဦးဇင်းက ဥပဒေ ဘောင်ထဲကနေ ဖြေရှင်းဖို့ဆိုပြီးတော့ ဆုံးမ သြ၀ါဒပေးတဲ့အတွက် ဦးဇင်းထက် ကြီးတဲ့ သံဃာတွေရော၊ လူတွေရော ဦးဇင်းစကား နားထောင်ကြတယ်။ ဥပဒေဘောင်ထဲက ဖြေရှင်းတဲ့အတွက် ဘာပြသနာမှ မရှိဘူး။ ဦးဇင်းတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ တကယ် ၉၆၉ ဆိုတာ အကြမ်းမဖက်ဘူး။

မေး။ ။နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ၉၆၉ အမှတ်တံဆိပ်က ဗုဒ္ဓဘာသာရဲ့ တရားဝင် သင်္ကေတအဖြစ် အသိအမှတ်ပြုထားတာမရှိပါဘူးလို့ ပြောပါတယ်။ အကြောင်းကြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမြင်လေးသိချင်ပါတယ်။

ဖြေ။ ။ဟုတ်ပါတယ်။ ဦးဇင်းတို့ သိသလောက် မှတ်သလောက် တတ်သလောက်ပဲ လိုက်လံဖြန့်ဖြူး နေကြတာလေ။ ဒါကြီးကို တရားဝင်မှတ်ပုံတင်ပြီးတော့ ဖြန့်ဖြူးနေတာမဟုတ်ဘူးပေါ့။ ဥပမာဆိုကြပါစို့၊ ဒီဟာကို ပြင်ဆင်တဲ့သူက ပြင်ဆင်တယ်။ လှူဒါန်းတဲ့သူက လှူဒါန်းတယ်။ လိုက်ဖြန့်တဲ့သူက လိုက်ဖြန့်တယ်။ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးတော့ ဒါတွေကို ရောင်းဝယ်ဖောက်ကားတာမဟုတ်ဘူး။

မေး။ ။ဆရာတော်ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ ဆိုတဲ့ တရားဟောပြောမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်က ဘာမှမလုပ်နိုင်ဘူး။ NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထား ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါ ဘုရား။

ဖြေ။ ။ ဦးဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို တလျှောက်လုံးထောက်ခံခဲ့တယ်။ ဒါပေမယ့် ရခိုင်အရေး ဖြစ်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တကယ်တန်းကျတော့ ဘာမှ အားမကိုးလောက်ဘူး။ အဲဒါ ကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်း စုကြည် နားရောက်နေတဲ့သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ပြီးတော့ မြို့တွေတော်တော် များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကိုသွားပြီးတော့ လှည့်ပြန်လာရတယ်။ အချို့မြို့တွေမှာဆိုလိုရှိရင် မွတ်စလင်အိမ်ကိုငှားပြီး ရုံးဖွင့်ရတဲ့အတွက်ကြောင့် မွတ်စလင်မျက်နှာကိုကြည့်ပြီး အာဇာနည်နေ့လိုမျိုးတောင်မှ ဗိုလ်ချုပ် အောင်ဆန်း အထိမ်းအမှတ် နေ့မျိုးမှာ ဆွမ်းကပ်ဖို့ အိမ်ရှင်က တားမြစ်လို့ ဆွမ်းမကပ်ရဘူး။ အဲဒါကြောင့် မို့လို့ ခွပ်ဒေါင်းက ခွပ်ဒေါင်းအသွင်မဆောင်ဘဲ မွတ်ဒေါင်းအသွင်ဆောင်လာပြီလို့ ဦးဇင်းဟောတာလေ။

မင်းကိုနိုင်တို့ ၈၈ အဖွဲ့ ကို ဦးဇင်းက ဒုတိယအင်အားအကြီးဆုံးအဖွဲ့ဆိုပြီးတော့ တအားအားကိုးတယ်။ အနာဂတ်အတွက် အများကြီးမျှော်လင့်ထားတာ။ ဒါပေမယ့်သူတို့လည်း ရခိုင်အရေး အခင်းမှာ ပြည်သူလူထု ပြောပလောက်အောင် အားကိုးစရာမရှိဘူး။ အဖွဲ့အစည်းတရပ်အနေနဲ့ ပြည်သူ့ဘက် ရပ်တည်တာမျိုး မရှိဘူးပေါ့ဗျာ။ လူပုဂ္ဂိုလ်အနေနဲ့ တဦးတယောက် ထပြောတယ်။ ရခိုင်ဒုက္ခသည်တွေကူညီပြီး အပြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ဒါပဲ။ ကြေညာချက်တရပ်ထုတ်ပြီးတော့ သတ်သတ်မှတ်မှတ် ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ပါဘူးတို့၊ အခုလို ဘင်္ဂလီတွေက ရခိုင်တွေ အတုံးအရုံးသတ်ဖြတ်နေတာကို လုံးဝ ရှုတ်ချပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ မတွေ့ရဘူး။ အဲဒါကြောင့်မို့ ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။

မေး။ ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆ အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။

ဖြေ။ ။အော် ဒကာကြီးရဲ့။ အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီအတိုင်း ကျင့်သုံးတာ။ ဒကာကြီး မြို့ထဲလှည့်ကြည့်လေ မွတ်စလင်တွေက ဗမာဆိုင် အားပေးတာ ဘယ်နှယောက်ရှိသတုန်း။ သူတို့က သူတို့ဆိုင်တွေကို အားပေးရင် ဦးဇင်းတို့ကလည်း ဦးဇင်းတို့ ဆိုင်ကို အားပေးရမှာပေါ့။ ဆိုတော့ ဦးဇင်းဘာသာဝင်တွေရဲ့ ဆိုင်တွေသာ ဦးဇင်းတို့အားပေးရင် ဒီလို စော်ကားခံရတာတွေ မရှိနိုင်ဘူးလေ။ ကိုယ့်အချင်းချင်း ပြသနာဖြစ်တယ် ဒီလောက်တော့ မပိုဘူးပေါ့ဗျာ။ အမျိုးသားရေး ပြသနာအဆင့်မရောက်နိုင်ဘူး။ ကိုယ့်အချင်းချင်းဆိုင် မ၀ယ်ဘဲ ရွှေဆိုင် မွတ်စလင်ဆိုင်ကို သွားတော့ အစော်ကားခံရတာပေါ့။ အခုလို စော်ကားခံရတော့ အမျိုးသားရေးပြသနာအဆင့် ရောက်သွားတာပေါ့။ အဲဒါကြောင့်မို့ ဈေးဝယ်တာနဲ့ပတ်သက်လို့ သွေးခွဲရာမရောက်ပါဘူး။ ကိုယ့်လူ ကာကွယ်ရာတောင် ရောက်တယ်။ ကိုယ့်လူမျိုးကို ကိုယ်ပြန်ကာကွယ်ရာရောက်တယ်။

မေး။ ။အခု ပဋိပက္ခတွေ ပျံ့နှံ့မှုကြီးလာတော့ လူ့အဖွဲ့အစည်းတွေကြားမှာ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့ မှုတွေဖြစ် လာနေပြီ။ ဒါတွေ ချုပ်ငြိမ်းအောင် ဘယ်လိုလုပ်သင့်တယ်လို့ ဆရာတော်အကြံပြုချင်ပါသလဲ။

ဖြေ။ ။ကျုပ် အမြဲတမ်းအကြံပြုနေတယ်။ ထောင်ကထွက်ကတည်းက မွတ်စလင်အသိုင်းအ၀ိုင်းကို အကြံပြုနေတယ်။ အခုလည်း အကြံပြုနေတယ်။ မနေ့ညကလည်း အကြံပြုနေတယ်။ ဦးဇင်းတို့တွေက ပူးပေါင်းပြီးတော့ ဖြေရှင်းမှဖြစ်တော့မယ်။ မွတ်စလင်တွေကလည်း မြို့ရွာတွေမှာ ရပ်မိ၊ ရပ်ဖအသင်းဖွဲ့ပါ။ ဗမာတွေကလည်း ကိုယ့်မြို့ကိုယ့်ရွာမှာ ရပ်မိရပ်ဖ အသင်းဖွဲ့ပါ။ အဲဒီအဖွဲ့ ၂ ဖွဲ့က ပြသနာဖြစ်လာတဲ့ အခါမှာ ကိုယ့်လူကိုယ် ထိရောက်စွာအရေးယူရမယ်။ အဲဒီလို ကိုယ့်လူကိုယ် ထိရောက်စွာ အရေး ယူတဲ့အချိန်မှာ တဖက်လူက အင်အားသုံး ဖြိုခွင်းသလိုမျိုး လုပ်ခဲ့လို့ရှိရင် ကိုယ့်လူကပဲ ဖြိုးခွင်းလို့မရအောင် ရှေ့မှာ မားမားရပ်တည်ပြီးဖြေရှင်းပါ။ အဲဒီပုံစံလိုမျိုးနဲ့သွားမယ်ဆိုရင် တကမ္ဘာလုံး ငြိမ်းချမ်းမှာပါ။

မေး။ ။ သမ္မတအနေနဲ့ မနေ့က မိတ္ထီလာပဋိပက္ခနဲ့ပတ်သက်လို့ ပြောတဲ့ မိန့်ခွန်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံ ကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြားမှာ အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေကို တည်ဆဲဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောထားတယ်။ အဲဒီအပေါ်မှာ ဆရာတော်အမြင်လေး သိချင် ပါတယ်။

ဖြေ။ ။ အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊ နောက်ကွယ်ကနေ သွေးထိုးပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက ပိုပြီးထိရောက်တယ်။ ဥပမာအားဖြင့်- မော်လ၀ီ ဆရာတွေပေါ့။ သူတို့တွေက ကလေးလေးတွေကို စာသင်ပေးတယ်။သူတို့တွေက သွေးခွဲစကားတွေကို ပြောပြီးတော့ သွေးခဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီးတွေလို။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့် ကလေးတွေကိုမှိုင်းတိုက်ပြီးတော့ သွေးခွဲနေတဲ့နေတဲ့သူတွေကို အရေးယူနိုင်အောင်ကြိုးစားရမယ်။

Credit : Here

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အား စုံစမ်းရေးကော်မရှင်၏ ရလဒ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

မတ် ၂၀ ရက်မှ ၂၃ ရက် အထိ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရလဒ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက မတ် ၂၉ ရက် ညနေက Eleven Media Group သို့ ပြောသည်။

ယင်းကဲ့သို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရလဒ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့်အပြင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူ ၁၃ ဦးနှင့် ဆက်စပ် ကျူးလွန်သူများကိုလည်း လိုက်လံ ဖမ်းဆီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗိုလ်မှူးကြီး အောင်ကျော်မိုးက “ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှုက ပြီးခါနီးပါပြီ။ သိပ်မကြာခင်မှာ ၀န်ကြီးချုပ်ကို တင်ပြပြီးတော့ ဆက်လက် ဆောင်ရွက်ရမယ့် အပိုင်းတွေကို အမြန်ဆုံး ဆောင်ရွက်သွားပါ့မယ်။ ဒါ့အပြင် ဒီဖြစ်စဉ်မှာ အဓိက ကျူးလွန်တဲ့ ၁၃ ဦးကတစ်ဆင့် ကွင်းဆက် ကျူးလွန်သူများကို မှားမဖမ်းမိအောင် တိတိကျကျ စုံစမ်းပြီး ဖော်ထုတ် ဖမ်းဆီးနေပါတယ်” ဟု ပြောသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်ကြောင့် မတ် ၂၉ ရက် ညနေပိုင်းအထိ သေဆုံး သူ ၄၃ ဦးအနက်မှ ၄ ဦးသာ မည်သူမည်ဝါ ဖြစ်ကြောင်း စစ် ဆေးသိရှိရပြီး မိသားစုနှင့် တိုက်ရိုက်ချိတ်ဆက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ နှင့် အရေးပေါ် အခြေအနေများနှင့် ဆက်စပ်၍လည်း ဗိုလ်မှူးကြီး အောင်ကျော်မိုးက “ထုတ်ပြန်ထားတဲ့ ပုဒ်မတွေနဲ့ အရေးပေါ် အခြေအနေကို တည်ငြိမ်အေးချမ်းမှုနဲ့ ရလဒ်တွေပေါ် မူတည်ပြီး အထက်အဆင့် အမိန့်နဲ့ ပြန်လည် ရုပ်သိမ်းသွားဖို့ ရှိပါတယ်” ဟု ပြောသည်။

Credit : Here

“အရှင်ဝီရသူထံ အီးမေးလ်ပို့၍ ခြိမ်းခြောက်”

sender mail address pine pine(ppine22@gmail.com)


(ဝီရသူ........ အမင်္ဂလာပါ မင်းအသားကဖြူတယ်နော် အချည်ရည်နဲ့ တို့စားရင်ကောင်းမှာပဲ မင်းရဲ့ လယ်ပင်းက သွေးသောက်ချင်နေတဲ့လူ တစ်သန်းကျော်ရှိတယ် လူများတော့ မင်းသွေးလောက် မှာ မဟုတ် ဘူး သွေးအားကောင်းအောင် လုပ်ထားပါ မင်းစံပြ ပုံစံပေးစာရင်းထဲမှာ မင်းပါနေတယ်... သတိထားနော် သွားတဲ့နေရာ၊ စားတဲ့နေရာ အစစအရာရာ မင်းကို အရမ်းချစ်တယ် ............)

Credit : Here

“ဖြူစင်မြတ်နိုး၊ ကိုးခြောက်ကိုး (၉၆၉)”



“၉၆၉-အဓိပ္ပါယ်”

(၉၆၉) ဂဏန်းသုံးလုံးတွင် ပထမ(၉)သည် ဘုရားဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
ဒုတိယ ဂဏန်း(၆)သည် တရားဂုဏ်တော် (၆)ပါးကို ရည်ညွှန်းသည်။
တတိယ(၉)သည် သံဃာ့ဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
(၉၆၉)သည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ကိုယ်စားပြုသော ဂဏန်းသုံးလုံးသာ ဖြစ်သည်။

“၉၆၉-၏ ပန်းတိုင်”

(၉၆၉)၏ အဓိကပန်းတိုင်မှာ အမျိုးဘာသာ သာသနာအဓွန့်ရှည် တည်တန့်ခိုင်မြဲရေး ဖြစ်သည်။
တိုင်းရင်းသူဦးရေ မလျော့ပါးရေး
တိုင်းရင်းသားဦးရေ အိမ်ခြေ မလျော့ပါးရေး
တိုင်းရင်းသား နယ်မြေ မလျော့ပါးရေး.. တို့သည် (၉၆၉)၏ အဓိကပန်းတိုင်ဖြစ်သော အမျိုးဘာသာ သာသနာ အဓွန့်ရှည်တည်တန့် ခိုင်မြဲရေးတွင် အကျုံးဝင်သည်။


“၉၆၉-လုပ်ငန်းစဉ်”


ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်ထောင်ပြုခြင်း၊
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်/မြေ အငှားထား ရောင်းချခြင်း၊
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသားပိုင် ဈေးဆိုင်များမှာသာ ဈေးဝယ်ခြင်း၊
အိမ်ဖော်၊ အလုပ်သမား ငှားသည်ဖြစ်စေ၊ အိမ်ဖော်အလုပ်သမား လုပ်သည် ဖြစ်စေ- ဗုဒ္ဓဘာသာဝင်/ တိုင်းရင်းသား အချင်းချင်းသာ ငှားရမ်းလုပ်ကိုင်ခြင်း-များကိုသာ ဦးစားပေး ဟောပြောစည်းရုံးသည်။

“၉၆၉-မူဝါဒ”

(၉၆၉)သည် လူသတ်ဝါဒ မဟုတ်သလို၊ လူသတ်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။

(၉၆၉)သည် အကြမ်းဖက်ဝါဒ မဟုတ်သလို၊ အကြမ်ဖက်ဝါဒကိုလက်မခံ အားမပေး ကန့်ကွက်ရှုတ်ချသည်။

(၉၆၉)သည် အနိုင်ကျင့်ဝါဒ မဟုတ်သလို၊ အနိုင်ကျင့်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။

(၉၆၉)သည် လူ့အသက်မပြောနှင့် တိရစ္ဆာန်အသေးအမွှားလေးများ၏ အသက်ကိုပင် တန်ဖိုးထား လေးစားသည်။ ကြင်နာသနားသည်။ စာနာမှုအပြည့်ရှိသည်။ (၉၆၉)၏ အဆုံးအမလာ ကံငါးပါးလုံခြုံရေး တွင် ပါဏာတိပါတကံ (သူ့အသက်မသတ်ရ ပညတ်ချက်) ပါဝင်သည်။

(၉၆၉)သည် သွေးစွန်းခြင်း၊ သွေးဆာခြင်း၊ သွေးတောင်းခြင်းကို မလိုလားသလို သွေးစွန်းသော လက်နှင့် သွေးဆာသွေးတောင်းသူများကိုလည်း မေတ္တာရေဖြင့် သန့်စင်ဆေးကြော ဆုံးမမှုကိုသာ ဆောင်ရွက်လေ့ ရှိသည်။

(၉၆၉)သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို လိုလားပြီး၊ ထိုသို့ နေထိုင်နိုင်ဖို့အတွက် လိုအပ်သော အချက်အလက်များကို အခွင့်သင့်တိုင်း ထုတ်ပြန်ကြေညာလေ့ရှိသည်။

(၉၆၉)သည် နိုင်ငံရေးလှုံ့ဆော်မှု၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားအောင် လှုံဆော်ခြင်း အလျဉ်းမရှိသလို၊ ငါနှင့်မတူငါ့ရန်သူ မူဝါဒကိုလည်း ကျင့်သုံးလေ့မရှိသည့်အပြင်၊ မိမိဘာသာ သာသနာ မှတစ်ပါး အခြားသော ဘာသာ သာသနာကို ထိပါးပုတ်ခတ်ခြင်း၊ ကျူးကျော်စော်ကားခြင်း၊ ရန်လိုရန်မူခြင်း လည်း လုံးဝမရှိပေ။

(၉၆၉)သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ရာနှုန်းပြည့်ကျင့်သုံးပြီး၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖောက် နေသူများကိုလည်း ပြင်းထန်စွာ ရှုတ်ချလေ့ရှိသည်။

(၉၆၉)သည် အမျိုးသမီးအခွင့်အရေးကို အပြည့်အဝပေးထားပြီး၊ အမျိုးသမီးများကို ဖိနှိပ်ချုပ်ခြယ် ကန့်သတ် တားမြစ်မှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်လေ့ရှိသည်။

(၉၆၉)သည် (၂၄)ရာစုမှာ တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်ဖြစ်ရေး အိပ်မက်ရှည်ကြီး မက်လေ့မရှိသလို ကေသမုတ္တိသုတ္တန် (ကာလာမသုတ္တန်)လာ ဘာသာတရားတစ်ခုကို လက်တွေ့ကျင့်သုံးပြီးမှ လက်ခံထိုက် သည့် ဗုဒ္ဓအဆုံးအမကို အမြဲတစေလေးစားဆောက်ရွက်သည်။

(၉၆၉)သည် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားပြီး၊ အသားအရောင် ခွဲခြားခြင်း၊ လူမျိုးဘာသာခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်းမျိုးကို လူသားမဆန်မှုဟု ရှုမြင်သည်။

(၉၆၉)သည် ဘာသာလူမျိုးကွဲပြားသူများနှင့် ပြဿနာဖြစ်လျှင် အမျိုးသားရေး ပြဿနာအဆင့်သို့ မရောက် စေရန် ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ အရေးယူမှုကို လိုလားပြီး အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်းကို လုံးဝမလိုလားပေ။

(၉၆၉)သည် အတ္တကို ဗဟိုပြုသည့် မူဝါဒကို မကျင့်သုံးသလို အနတ္တကို ယုံကြည်ရေးကိုသာ အလေးထား သည်။


“၉၆၉-တီထွင်သူ”

(၉၆၉)ကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ စာရေးဆရာနှစ်ဖက်လှကျော်လွင် (သာထွန်းပြန့် ညွှန်ချုပ်-ငြိမ်း)က တီထွင်ပြီး ခရစ်နှစ် 1998-1999-ခုနှစ်ခန့်မှာ “နှစ်ဖက်လှ၏ နှစ်ဖက်လှ” စာအုပ်မှာ စ,တင် သုံးစွဲခဲ့သည်။

“၉၆၉ သုံးစွဲသူ”

(၉၆၉) ကို မော်လ်မြိုင်မြို့၊ ဂဏဝါစက သံဃာ့ကွန်ရက်မှ စတင်သုံးစွဲပြီး စတေကာများပြုလုပ်ကာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ၏ အထိမ်းအမှတ် သင်္ကေတအဖြစ် သာသနာ့အလံတော်၊ ဓမ္မစကြာစက်ဝိုင်း၊ အသောကကျောက်စာတိုင်တို့ကို နောက်ခံထား၍ ဒီဇိုင်းရေးဆွဲသည်။

“၉၆၉ နှင့် မိတ္ထီလာ”

(၉၆၉) အဖွဲ့ဟု အများသိသော မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက် အဖွဲ့သည် မိတ္ထီလာမြို့သို့  မရောက်သေးသလို၊ (၉၆၉)တံဆိပ် စတေကာများလည်း မိတ္ထီလာမြို့မှာ ဖြန့်ဝေထားခြင်း လုံးဝမရှိပါ။

သို့ ဖြစ်ပါ၍ (၉၆၉)သည် ရတနာသုံးပါးကို ကိုယ်စားပြုသည့် အပြစ်ကင်းစင်သော ဂုဏ်ပုဒ်များဖြစ်သလို၊ ဗုဒ္ဓဘာသာဝင်တို့ အသက်ထက်ဆုံး ယုံကြည်ကိုးကွယ်သော၊ ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုး တန်ဖိုးထားသော အဖိုးအနဂ္ဃထိုက်တန်သည့် ရတနာမြတ်များသာ ဖြစ်ပါသည်။ ထို့ကြောင့် (၉၆၉)ဆိုင်းဘုတ်များကို ဖြုတ်ချ ဟန့်တား နှောက်ယှက်ခြင်းဖြင့် ဗုဒ္ဓသာသနာကို မစော်ကားမိဖို့ အနူးအညွတ် တောင်းပန်အပ်ပါသည်။

ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့
26.3.2013 (10း 07-am) 

Credit : Here