Thursday, March 28, 2013

နိုင်ငံတော်သမ္မတ၏ ပြည်သူလူထုသို့ ရှင်းလင်းချက်အပြည့်အစုံ


မိတ္ထီလာအရေးကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေ အနေများနဲ့ စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထု တရပ်လုံးကိုလိုအပ်တဲ့ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။


ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။



ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။

ဒီလိုပဋိပက္ခတွေ၊ အခက်အခဲအကျပ်အတည်းတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ မဖြစ်မနေကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ၊ ပြဿနာတွေထဲက တစ်ခုလို့ ရှုမြင်ရမှာ ဖြစ်ပြီး အားလုံးအတူ ပူးပေါင်းကျော်လွှား ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့ အခါမှာလည်း နိုင်ငံတည်ဆောက်ရေးမှာ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး ကျွန်တော်တို့ နိုင်ငံကို နောက်ကျကျန်စေခဲ့တဲ့ မတူတဲ့အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အနိုင်-အရှုံးသတ်မှတ်တဲ့ အလေ့အကျင့်ကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့ အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင် ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံး အဖြေကိုရှာတဲ့ ဒီမိုကရေစီအလေ့အကျင့်ကို ကျင့်သုံးခြင်း ကသာ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေ ကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း ဖြစ်စဉ်ကို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထား ပါတယ်။

ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။

ဒါ့အပြင် သွေးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်။

မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံ စုစည်းတည်ဆောက်ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေနဲ့ နိုင်ငံသားအားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကသာလျှင် တည်ငြိမ်အေးချမ်းမှုကို အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်လာမယ်ဆိုတာကို အားလုံးက အလေးအနက် ခံယူထားကြရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေပေမယ့်လည်း အဆင်ပြေပြေ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် ဒီမိုကရေစီ နည်းလမ်းကျကျ၊ ငြိမ်းငြိမ်းချမ်းချမ်း ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ယူကြရမှာဖြစ်သလို တစ်ပြိုင်နက် တည်းမှာပဲကွဲပြားတဲ့ အင်အားတွေကို စုစည်းပြီး ပေါင်းစည်းအားအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော်တို့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်သူလူထုအားလုံးကို ပြောကြားလိုတာကတော့ အခုချိန်မှာ ကျွန်တော်တို့ မြန်မာ့လူအဖွဲ့အစည်းကို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားနေတာဖြစ်တဲ့အတွက် အစိုးရကလည်း ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေကိုအချိန်နဲ့ တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိရှိ သတင်းပေးပြန်ကြားသွားမှာ ဖြစ်သလို ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့လည်း ကောလာဟလတွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင် ရှိရှိနဲ့ ရင်ဆိုင်တုံ့ပြန်သွားကြရင် ကျွန်တော်တို့အားလုံး ဒီစိန်ခေါ်မှုတွေကို သမိုင်း အစဉ်အလာအရ သဟဇာတရှိရှိ နေထိုင်ခဲ့တဲ့ လူအဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အတူလက်တွဲ ကျော်လွှားသွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ

မိုးညိုမြို့နယ် ဇောတိက ရပ်ကွက်
မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ

မိုးညိုမြို့နယ် ဇောတိက ရပ်ကွက်ရှိ ဗလီတစ်လုံးကို မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင် အချိန်မှ ညနေ ၄ နာရီ ၀န်းကျင်အထိ သံဃာဟုယူဆရသူ (၄၀) ၀န်းကျင်ခန့်က ဖျက်ဆီးခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က သတင်းပေးပို့ခဲ့သည်။

ထိုသို့ ဖျက်ဆီးပြီးချိန်တွင် လူစုခွဲ၍ ပြန်လည် ထွက်ခွာ သွားကြကြောင်း သိရသည်။ ဖျက်ဆီးပြီးနောက် ပြန်လည် ထွက်ခွာသွားချိန်တွင် အဆိုပါ နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ယူခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖျက်ဆီးနေချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ကူးခွင့် မပြုဘဲ တားဆီးခဲ့ကြပြီး ဖျက်ဆီးမှုတွင် ပါဝင်သူများမှာ ဒေသခံများ မဟုတ်ကြောင်း မိုးညိုမြို့ခံများက ပြောသည်။

ယနေ့ ညနေ နိုင်ငံတော်သမ္မတမှ မိန့်ခွန်းပြောမည်

မိတ္ထီလာ ကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်သူ လူထုထံသို့ ရှင်းလင်း ပြောကြားမည် ဖြစ်ပြီး အဆိုပါ ပြောကြားချက်ကို မြန်မာ့ ရုပ်မြင်သံကြား၊ မြန်မာ့အသံ၊ FM ရေဒီယို လိုင်းများမှ ယနေ့ (မတ်လ ၂၈ ရက်နေ့) ညနေ ည ၆ နာရီ၊ ၈ နာရီနှင့် ၁၀ နာရီ အချိန်များတွင် ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရပါသည်။

Credit :

ပဋိပက္ခများနှင့် မြန်မာ့နိုင်ငံရေး ပရောဂ


လူမျိုးရေးဘာသာရေးကို အခြေခံပြီးဖြစ်ပွားခဲ့သော မိတ္ထီလာ အဓိကရုဏ်းများဧ။် နောက်ဆက်တွဲ ဂယက်အဖြစ် ရန်ကုန်မြို့မှာပါ မတည်မငြိမ် အခြေအနေများ ဖြစ်ပေါ်လာခဲ့ခြင်းက ဒီမိုကရေစီနိုင်ငံ အဖြစ် အသွင်ကူးပြောင်းနေစဲ မြန်မာနိုင်ငံအတွက် ကြီးစွာသော အတားအဆီးတစ်ခု ဖြစ်လာနိုင်သလို၊ ထိတ်လန့်ဖွယ်ရာ ကောင်းသော အန္တရယ်ဟုလည်း ယူဆနိုင်သည်။။

အမှန်စင်စစ်အားဖြင့် လူမျိုးရေးဘာသာရေး ဆက်နွယ်သော ပဋိပက္ခများ ကြောင့် ဖြစ်ပွားခဲ့ရသော အဓိကရုဏ်းများမှာ ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဟု ဆိုနိုင်သည်။ ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များအား ပြန်လည်ကုသရေးများလုပ်ဆောင်နေစဉ် အချိန်တွင်းမှာပင် မိတ္ထီလာ အရေးအခင်းဖြစ်ပေါ်လာခဲ့ တာဟာ ဒီမိုကရေစီသက်တမ်းနုနယ်လွန်းသော မြန်မာနိုင်ငံအတွက် လူမျိုးရေးဘာသာရေး ပဋိပက္ခမုန်တိုင်း များစတင်ရိုက်ခတ်လာခဲ့ခြင်းပင်ဖြစ်သည်။


သက်တမ်းအားဖြင့် ၂ နှစ်တာကာလသို့ ကျော်ဖြတ်လာခဲ့သော မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲဟာ အားရကျေနပ်စရာကောင်းသော ဖြစ်ရပ်များ အပြောင်းအလဲများ ကြုံတွေ့လာခဲ့သလိုပဲ ပဋိပက္ခမျိုးစုံတို့ မှာလည်း ထင်မှတ်မထားတဲ့ ထောင့်မျိုးစုံက ကြုံတွေ့လာခဲ့ရပါတယ်။

ပြဿနာများ ဖြစ်ပွားရခြင်းအကြောင်းအချက်များဟာ များစွာရှိနေနိုင်ပေမယ့် အခြေခံအကြောင်းအရင်း တွေကို ရှာဖွေကြည့်မယ်ဆိုရင်တော့ ယဉ်ကျေးမှုပြဿနာ ၊ လူ့အဖွဲ့အစည်းထဲက လူသားဖြစ်တည်မှု ဟာ ဘာသာရေးလူမျိုး အစွန်းရောက်ခြင်းအောက်မှာ နစ်မြုပ်နေရခြင်း၊ မတည်ငြိမ်မှုများကို လိုလားသူတွေရဲ့ လှုံဆော်မှုများနဲ့ အစွန်းရောက်လူ့အဖွဲ့အစည်း နှစ်ခု ထိပ်တိုက်တွေ့ဆုံခြင်း စတဲ့အခြေခံအရင်းအမြစ်တွေကို တွေ့မြင်နိုင်ပါတယ်။

ယဉ်ကျေးမှုပြဿနာဟာ တတိယလှိုင်းအလွန်ကာလတွေမှာ ဂလိုဘယ်လိုက်ဇေးရှင်းယဉ်ကျေးမှု ထွန်းကား လာခြင်းနဲ့အတူ ယဉ်ကျေးမှုရောနှောပေါင်းစပ်ခြင်းအပေါ်မှာ စိုးရိမ်စိတ်လွန်ကဲခြင်းအရ ဖြစ်ပေါ်လာ ခဲ့တာပါ။ အစွန်းရောက် လူ့အဖွဲ့အစည်းဟာ ဂလိုဘယ်လိုက်ဇေးရှင်းယဉ်ကျေးမှုနဲ့ သဟဇာတ မဖြစ်ခြင်းကလည်း ယဉ်ကျေးမှုပြဿနာကို ကြီးထွားစေခဲ့ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းအရ ရရှိလာတဲ့ အကျိုးရလဒ်တွေကို ရယူချင်ပေမယ့်၊ ဂလိုဘယ်လိုက်ဇေးရှင်းအရပဲ ဖြစ်ပေါ်လာနိုင်တဲ့ ယဉ်ကျေးမှု စည်းပေါင်းစပ်ရောနှောခြင်း ၊နယ်မြေတံတိုင်းပြိုကွဲသွားခြင်း စတာတွေကို ကြောက်ရွံ့နေမှု များပြားတဲ့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ခြင်းဟာလည်း အဓိက ပြဿနာတွေထဲမှာ ပါဝင်လာတယ်လို့ ဆိုနိုင်ပါသေးတယ်။

ယနေ့ကမ္ဘာမှာ လူသားဖြစ်တည်မှုတန်ဖိုးဟာ အဓိက ကျလာတယ်ဆိုပေမယ့် အဲ့ဒီအယူအဆတွေဟာ မြန်မာ့ နိုင်ငံမှာတော့ လူမျိုးရေး၊ဘာသာရေး ဖြစ်တည်မှု ကိုကျော်လွန်နိုင်ခြင်းမရှိသေးတဲ့အပြင် တတိယလှိုင်းအလွန်ကာလ မှာ ဖြစ်ပေါ်လာတဲ့ မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်အတွက် အဓိက အဟန့်အတားတစ်ခုဖြစ်လာပါတယ်။ ဒါ့အပြင် နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စတာတွေကို နောက်ပြန်ဆွဲစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီထက်ပိုပြောရမယ်ဆိုရင်တော့ မတည်ငြိမ်မှုနဲ့ နောက်ကြောင်းကို ပြန်ဆွဲလိုသူတွေရဲ့ အဓိက အသုံးချလာနိုင်တဲ့ အားနည်းချက်လည်း ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအပြောင်းအလဲဟာ သာမန်အားဖြင့်ကြည့်မယ်ဆိုရင် Political Player တွေ စုံလင် လာတယ်။ အစိုးရအဖွဲ့အရွေ့၊ လွှတ်တော်အရွေ့၊ အတိုက်အခံအရွေ့တွေဟာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာဖြစ်ပေါ်လာခဲ့တယ်ဆိုပေမယ့် ထင်မှတ်မထားတဲ့ အတားအဆီးအခက်အခဲတွေဟာ စဉ်ဆက်မပြတ်ဆိုသလို ကြုံတွေနေရပြန်တယ်။ ဘာသာရေးလူမျိုးရေး လှုံဆော်မှုများ၊ ဆန္ဒထုတ်ဖေါ် ပွဲများဧ။် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားမှုများ၊ လက်နက်ကိုင်တိုင်းရင်းသားများနဲ့ ငြိမ်ချမ်းရေးပြဿနာ စတာတွေဟာ မြန်မာ့နိုင်ငံရေးအတွက် အဓိက စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။ လတ်တလော အခြေအနေဟာ Liberalization (ဖြေလျော့ခြင်း)အဆင့်ကို စတင်နေစဲ အချိန်ပဲဖြစ်ပါတယ်။ အဲ့ဒီကနေတဆင့် Transition အဆင့်ကို သွားနိုင်ဖို့ကတော့ ခက်ခဲမှုများရှိရစဲလို့ ဆိုရင်မမှားနိုင်ပါဘူး ။ အခြေခံအားဖြင့် နိုင်ငံရေးအရ လုပ်ဆောင်မှုကိုဖြေလျော့ပေးလိုက်တဲ့အခါမှာ နိုင်ငံရေးလုပ်ကိုင်နိုင်တဲ့ space ဟာ ကျယ်ပျံ့လာတာနဲ့အမျှ အဲ့ဒီကျယ်ပျံ့လာတဲ့ Political Space ကိုပဲ အသုံးချပြီး မတည်ငြိမ်မှုလိုလားတဲ့ အင်အားစုများကလည်း ပဋိပက္ခတွေကို ဖန်တီးလာခဲ့ပါတယ်။ဒါဟာ မြန်မာ့နိုင်ငံရေးမှာ လတ်တလောကြုံတွေနေရတဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေကိုဖြစ်ပေါ်စေတဲ့ အကြောင်းအချက်တစ်ခုလို့ ဆိုချင်ပါတယ်။ မည်သို့ပင် ဆိုစေ ဒီမိုကရက်တိုက်ဇေးဖြစ်စဉ်မှာ Liberalization နဲ့ Transition အဆင့်တွေကို မကျော်ဖြတ်လို့တော့ မဖြစ်ပါဘူး။ အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ကတော့ တိုးတက်ပြီး ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခု ဖြစ်အောင် ပုံဖေါ်သွားနိုင်ဖို့လိုပါတယ်။

ဒီနေရာမှာ သတိထားစရာကောင်းတဲ့အချက်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာ ကမ္ဘာမှာ ယဉ်ကျေးမှုပေါင်းစပ်ရောနှောခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းယဉ်ကျေးမှု စတာတွေ ထွန်းကား နေချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲဖြစ်နေပါတယ်။ ဆိုရရင် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင် မကူးပြောင်းခင်ကာလတွေကစလို့  ဂလိုဘယ်လိုက်ဇေးရှင်းယဉ်ကျေးမှုနဲ့ စတင်ထိတွေ့ခဲ့ရတယ် ဆို သော်လည်း အကန့်သတ်တစ်ခုအောက်က အနေအထားဖြင့်သာ ထိတွေ့ခဲ့ခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ဂလိုဘယ်လိုက်ဇေးယဉ်ကျေးမှုဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ Society Change အပေါ် သိသာထင်းရှားစွာ မထိတွေ့ခဲ့ရဘူးလို့ဆိုရမှာပါ။ ဒီမိုကရေစီထွန်းကားပြီးသားနိုင်ငံတစ်ချို့ဟာ ဂလိုဘယ် လိုက်ဇေးရှင်း ယဉ်ကျေးမှုနဲ့ အသားတကျ ရှိနေပေမယ့် ဒီမိုကရေစီအသွင်းကူးပြောင်းစ မြန်မာ့လူ့အဖွဲ့အစည်းကတော့ အသားတကျ မရှိသေးပါဘူး။ လူမျိုးစွဲ၊ဘာသာစွဲ၊ စတဲ့ အစွဲတွေကြီးမားမှုတွေဟာ မတည်မငြိမ်ဖြစ်မှုတွေကို လိုလားသူတွေရဲ့ ပဋိပက္ခကို ပုံဖေါ်တဲ့နေရာမှာ အသုံးချဖို့ရာ အကောင်းဆုံး အခြေအနေတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အပွင့်လင်းဆုံးပြောရရင်တော့ မတည်ငြိမ်မှုကိုလိုလားသူများ၊ ကပြစရာ စင်မရှိတဲ့အခါ နိုင်ငံရေးဇတ်ခုံ တစ်ခုလုံးကို ဖျက်စီးဖို့ကြိုးစားနေကြသူများ၊ အပြင် အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ အသုံးချခံ လူတန်းစားတစ်ခုဟာ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို သွေဖယ်စေမယ့်အရာတွေကိုဖန်းတီးလာခဲ့တယ်။ ဖန်းတီးလျှက် ရှိနေတယ်လို့ ဆိုချင်ပါတယ်။ မတည်ငြိမ်မှုကို လိုလားသူများဆိုတဲ့နေရာမှာတော့ အမျိုးစား သုံးခု ရှိနိုင်ပါတယ်။ အမျိုးစားတစ်ခုကတော့ ယခင်အဏာနဲ့ လုပ်ပိုင်ခွင့်ကိုပြန်လည်အိမ်မက် မက်တမ်းတသူ များဖြစ်ပြီး ကျန်နှစ်ခုကတော့ နိုင်ငံရေးဇတ်ခုံပျောက် လူတန်းစားနဲ့  ရယ်ဒီကယ်နိုင်ငံရေးသမား တနည်း အားဖြင့် ထာဝရတော်လှန်းရေးကိုလိုလားသူများဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာတွေဟာ နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ဖြစ်နိုင်ပေမယ့်။ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေကတော့ ဖြေရှင်းဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်မှုများ နဲ့သက်ဆိုင်နေပြီး ထိလွယ်ရှလွယ်ဖြစ်လွန်းတဲ့ အရာတစ်ခုဖြစ်နေတာကြောင့်ပါပဲ။ ဒီထက်ပိုပြီးကြောက်လန့်ဖွယ်ကောင်းတာက မြန်မာနိုင်ငံမှာ ကြုံတွေနေရတဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခများရဲ့များနောက်ကွယ် ကြိုးကိုင်းလှုပ်ရှားမှု ပရောဂ များပဲဖြစ်ပါတယ်။ မိတ္ထီလာအဓိကရုဏ်းမှာ ပါဝင်သူအများစုမှာ ဒေသခံတွေ နည်းပါတယ်လို့ သတင်းအချက်လက်တွေ ထွက်လာခဲ့သလိုပင် အဓိကအချက်အချာကျတဲ့ ရန်ကုန် မြို့ အထိ ပစ်မှတ်ထားပြီး မတည်ငြိမ်ဖြစ်ပွားအောင်လှုံဆော်မှုများကိုကြည့်မယ်ဆိုရင် လူမျိုးရေး၊ ဘာသာရေးဆက်နွယ်နေတဲ့ မြန်မာ့နိုင်ငံရေး ပရောဂ ရောဂါဟာ ကြောက်လန့်စရာကောင်းလာပါတယ်။

တိုးတက်ပြီး ယဉ်းကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာခြင်းဟာ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေ ထိန်းသိမ်းနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ တိုးတက်ပြီး ယဉ်းကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ် လာဖို့ဆိုရင်တော့ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ တစ်ခုတည်းကို တန်ဖိုးထား ကာကွယ် နေရုံနဲ့ မရပါဘူး။ ကိုယ့်ယုံကြည်မှုကို တန်ဖိုးထားသလို တစ်ပါးသူရဲ့ ယုံကြည်မှုကိုလည်း လေးစားရပါမယ်။ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းသလို တစ်ပါးသူရဲ့ ယဉ်ကျေးမှုကိုလည်း အသိမှတ်ပြုနိုင်ရပါမယ်။ လူသားဖြစ်တည်မှုကို တန်ဖိုးထားရပါမယ်။

အနာဂတ်ကမ္ဘာကြီးဟာ ယဉ်ကျေးမှုအဆင့်အတန်းတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ လူသားဖြစ်တည် မှုဟာ ပိုမိုအရေးပါလာမှာပဲဖြစ်ပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ်ဘာသာစတဲ့ အတ္တမာန အစွဲများ ကိုင်စွဲ ထားခြင်းဟာ ဖွံ့ဖြိုးတိုးတက်လာမယ့် လူ့ယဉ်ကျေးမှုတစ်ခုလုံးရဲ့ အနာဂတ်ကမ္ဘာမှာ အသုံးဝင်နိုင်မှာ မဟုတ်သလို လူ့ယဉ်ကျေးမှုအတွက် အဆိပ်အတောက်တွေလည်း ဖြစ်လာပါလိမ့်မယ်။

ဘ၀မှာ အရေးကြီးဆုံးက "ချစ်ခြင်းမေတ္တာ နဲ့ ဥာဏ်ပညာ" လို့ ကွယ်လွန်သွားတဲ့ အဆိုတော် ထူးအိမ်သင် က တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

လတ်လလော မြန်မာနိုင်ငံမှာ ကြုံတွေနေရတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ၊ အဓိကရုဏ်များ ကိုဖြေရှင်းနိုင်ဖို့ဆိုတာမှာ ချစ်ခြင်းမေတ္တာ နဲ့ ဥာဏ်ပညာ ဟာ အဓိက ကျနေတယ်လို့ ဆိုချင်ပါတယ်။ လူတစ်ယောက်ခြင်းစီရဲ့ လူသားဖြစ်တည်မှုနဲ့ယုံကြည်ချက်ကို လေးစားနိုင်ဖို့ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းတစ်ခုလုံးရဲ့ ယဉ်ကျေးမှုမှာ ချစ်ခြင်းမေတ္တာတရားနဲ့ ဆင်ခြင်နိုင်စွမ်းမြင့်မားသော ဥာဏ်ပညာရှိဖို့ က အရေးကြီးပါတယ်။ 

ပဋိပက္ခနဲ့ အဓိကရုဏ်းတွေကို ဖန်တီးသူတွေ ပဲဖြစ်ဖြစ် ပါဝင်သူတွေပဲဖြစ်ဖြစ် အားလုံးသတိထားဖို့ လိုတာကတော့ ကိုယ့်ယဉ်ကျေးမှုကို ကာကွယ်တာပဲဖြစ်ဖြစ် ကိုယ့်ဘာသာကို ကာကွယ်တာဖြစ်ဖြစ် ကိုယ့်လူမျိုးကို ကာကွယ်တာပဲဖြစ်ဖြစ်၊ ကာကွယ်မှုတွေဟာ နိုင်ငံကိုပျက်စီးဆုံးရှုံးစေမယ်ဆိုရင် လူမျိုး၊ ဘာသာ၊ယဉ်ကျေးမှု၊ အားလုံးကို စွန့်လွှတ်ဆုံးရှုံးသွားနိုင်တယ်ဆိုတာ ဆင်ခြင်နိုင်စွမ်းဖြင့် သတိပြုဖို့ လိုပါတယ်။ ပဋိပက္ခများ အဓိကရုဏ်းများ မဖြစ်ပွားအောင် ကာကွယ်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ပေါ်က ကိုယ့်နိုင်ငံကို ကာကွယ်ခြင်းလို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် ကိုယ့်နိုင်ငံကိုကာကွယ်ခြင်းဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု ၊ နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ကို ကာကွယ် ထိန်းသိမ်းခြင်းဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ လူမျိုးရေးအရပဲဖြစ်ဖြစ်၊ ဘာသာရေးအရပဲဖြစ်ဖြစ် ကြုံတွေလာတဲ့ အခက်အခဲ ပြဿနာအရပ်ရပ်ကို ချစ်ခြင်းမေတ္တာ နဲ့ ဥာဏ်ပညာ အရင်းခံပြီး ဖြေရှင်းနိုင်မှသာ ကျွန်တော်တို့ဟာ တိုးတက်ပြီးယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ကို တက်လှမ်းနိုင်ပါလိမ့်မယ်။

မှူးသစ်

Credit : Here

အရောင်းအ၀ယ် ပုံမှန်ပြန်ဖြစ်တော့မယ့် ရေလယ်ကျွန်း


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မူးယစ်ဆေး အမြောက်အများ၊ စစ်မြေပြင်သုံး လက်နက်ခဲယမ်းတချို့ ဖမ်းဆီး ရမိခဲ့တဲ့ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားအောက် ရေလယ်ကျွန်းမှာ မြန်မာပြည်သားတချို့ ပြန်လည် ၀င်ရောက် ဈေးရောင်းနေကြပါပြီ။

အခုကျွန်းမှာ လူ ၁၀၀ ကျော် ပြန်လည်အခြေချပြီး လယ်ယာထွက်ကုန်၊ ရေထွက်ကုန်တွေဖြစ်တဲ့ ပုစွန်ထုပ်၊ ဂဏန်း၊ ပုစွန်ခြောက်၊ ငါးခြောက်ကအစ ကြက်သွန်အဖြူအနီအလယ် ကာမအားတိုးဆေးမျိုးစုံ အဆုံး ရောင်းချနေတာပါ။ သူတို့ရဲ့ဖောက်သည်အများစုကတော့ ထိုင်းတွေပါပဲ။


ကျွန်းမှာ ပုစွန်ထုပ်ရောင်းသူတယောက်က ရေလယ်ကျွန်းမှာအိမ်ခြေ ၆၀ လောက် ပြွတ်သိပ်ပြီး ရှိနေတယ်၊ မြန်မာ ၂၀၀ နီးပါး နေထိုင်တယ် လို့ ရှင်းပြပါတယ်။ နေထိုင်သူတွေထဲ လူကောင်းရှိသလို လူဆိုးများလည်း ရှိပါတယ်တဲ့။

ဒီလို နေထိုင်ကြတဲ့ ကျွန်းရဲ့အကျယ်အဝန်းကတော့ ၂ ဧကနီးပါးလောက်ပါပဲ။ 

ထိုင်းနဲ့မြန်မာနှစ်ဘက်အာဏာပိုင်တွေ သဘောတူညီချက်ရှိထားတာက ချစ်ကြည်ရေးတံတားအောက် ရေလယ်ကျွန်းကို လူမနေဖို့ပါ။ 

ဒါပေမဲ့ မြန်မာပြည်သားတွေ ၀င်ရောက်နေထိုင်ရာမှာ မြန်မာ အာဏာပိုင်တွေက ဟန့်တားပြောဆိုတာတွေ မရှိပါဘူး။

(ဓာတ်ပုံများ-ပြည်တော်မြင့်/ဧရာဝတီ)

မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့နေရာလို့ လူပြောများတဲ့ အဲဒီရေလယ်ကျွန်းကို သောကြာနေ့က လက်နက် ကိုင် ကရင်လူငယ်အဖွဲ့တခု ၀င်ရောက်စီးနင်းပြီး သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့ မူးယစ်ဆေး၊ လက်နက်ခဲယမ်း တွေကို မြ၀တီမြို့ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကော့မူးရာကရင်လူငယ် အဖွဲ့ KYO အဖွဲ့ပါ။ အဖွဲ့ ဥက္ကဌဖြစ်တဲ့ စောမိုရှေးက ကျွန်းပေါ်မှာမူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဒုစရိုက်သမားတွေ ပြန်လည်အခြေချမယ်ဆိုရင်တော့ ကျွန်းကိုနောက်တခါတက်ရှင်းပြီး လုံခြုံရေးအတွက် အချိန်ပြည့်စခန်းထိုင် မယ်လို့ ဆိုပါတယ်။ ကျွန်း အနေအထားကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်းဆိုပါတယ်။

အနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုတဲ့အတွက် ဒီကျွန်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲက စိတ်ဝင်စားစရာ ကောင်းနေတယ်လို့ နှစ်ဘက်ဒေသခံတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

ဒီကျွန်းမှာ နေထိုင်တဲ့မြန်မာတွေဆီကနေ မူးယစ်ဆေးဝါးနဲ့လက်နက်ခဲ ယမ်းတွေကို ထိုင်းနဲ့မြန်မာ အာဏာပိုင်တွေက ဖမ်းဆီးရရှိမှုတွေရှိခဲ့တာ သက်တမ်း ၂၀ နီးပါးရှိပါပြီ။ ဒါပေမဲ့ ကျွန်းရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး နှစ်ဘက်အာဏာပိုင်တွေက ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

မကြာသေးမီက သွေးထွက်သံယိုမဖြစ်ခဲ့တဲ့ KYO အဖွဲ့ရဲ့ ကျွန်း ယာယီသိမ်းပိုက်မှု အပြီးမှာတော့ ထိုင်းနယ်ခြားစောင့်တပ်တွေက ကျွန်းကိုအချိန်ပြည့် အနီးကပ်စောင့်ကြည့်နေပြီး အရင်ထက်ကို လုံခြုံရေး တိုးမြှင့်ချထားပါတယ်။


ပုံတွေမှာ တွေ့ရတဲ့အတိုင်း ဒီနေရာကို အားကိုးပြီး အရောင်းအ၀ယ် လုပ်တဲ့သူတွေ တဖြည်းဖြည်း ပြန်လည် လုပ်ငန်းစနေကြပါပြီ။

ဒီအတိုင်းဆို ရေလယ်ကျွန်းမှာ အရောင်းအ၀ယ် ပုံမှန်ပြန်ဖြစ်တော့မယ်လို့ ဆိုနိုင်ပါတယ်။

ပုံမှန်ရောင်းဝယ်ဖောက်ကားမယ့်ထဲမှာ မူးယစ်ဆေး ပါမပါ ဆိုတာကတော့ မကြာခင် ကြားသိရဖွယ် ရှိပါတယ်။

Credit : Here

လမ်းများကို ပြည့်စေသူ


ကာတွန်း - တော်တီဆွေ

တော်သေးတာပေါ့ အမရယ်

ကျုပ်တို့ ဆိုက္ကားတွေ

အစိုးရက တင်သွင်းခွင့်မပြုလို့

Credit : Here

လာပြန်ပြီနောက်တစ်မျိုး

တန်ဘိုးနည်း ဆင်မ်ကတ် ဈေးနှုန်း မသတ်မှတ်ရသေး


တန်ဘိုးနည်း ဆင်မ်ကတ်တွေ နဲ့ပတ်သက်ပြီး မကြာခင် ရောင်းချပေးဖို့ အစီအစဉ်ရှိပေမယ့် ဈေးနှုန်း မသတ်မှတ် ရသေးပါဘူးလို့  ဆက်သွယ်ရေးဝန်ကြီးဌာနက အိုင်တီဝန်ဆောင်မှု အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောလိုက်ပါတယ်။

ဘယ်နေ့၊ ဘယ်ရက်မှာ ဘယ်ဈေးနှုန်းနဲ့ ဘယ်ပုံစံ ဖြန့်ဖြူးမယ်ဆိုတာ မသိရသေးကြောင်း မြန်မာ့အလင်း သတင်းစာ ကို ဦးဌေးဝင်းက မတ်လ ၂၅ ရက်နေ့က ပြောသွားတာပါ။


"ကျနော့်ဘက်က ၃ သန်းရှိတာတော့ သေချာတယ်။ ဖုန်းတသန်းပဲ ချပေးမယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး" လို့ ဦးဌေးဝင်းက ပြောသွားတာကို ယနေ့ထုတ် မြန်မာအလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဖုန်းလိုင်းတွေ ချထားပေးဖို့ ဆက်သွယ်ရေး တာဝါတိုင်တွေ လုံလောက်မှုမရှိသေးဘူးလို့တော့ သူက ပြော ထားပါတယ်။

"ရန်ကုန်နဲ့ မန္တလေးမှာ တော်တော်လေး ကြိုးစားရမယ်။ မြို့ပေါ်တွေမှာနေရာသစ်မရရင် စခန်းတိုးချဲ့လို့ မရဘူး" လို့ သူက ဆိုထားပါတယ်။ 

ဒါကြောင့် စခန်းတွေလည်း ထပ်ချဲ့ပြီး လိုအပ်တာတွေလည်း ထပ်ဝယ်တဲ့ကိစ္စတွေကို အထက်လူကြီးတွေ လည်း စီစဉ်နေတဲ့အကြောင်း ဦးဌေးဝင်းက ပြောသွားပါတယ်။

မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေတယ်ဆိုတာကို သမ္မတဦးသိန်းစိန်က မတ်လ ၁ ရက်နေ့က ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ပြောသွားတာလေး အမှတ်ရမယ် ထင်ပါတယ်။ 

"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင် မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်း မှာ ရောင်းချ ပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်" လို့ သမ္မတက ဆိုထားတာပါ။ 

မိုဘိုင်းဖုန်း ဆင်မ်ကတ်တွေ ဈေးချိုချိုနဲ့ ရောင်းချပေးမယ်ဆိုလို့ ဖုန်း ဟမ်းဆက် ဈေးတွေလည်း ရိုက်ခတ်မှု ရှိတယ်လို့ ဆိုကြပါတယ်။ 

လူအများကတော့ တန်ဘိုးနည်း မိုဘိုင်းဖုန်းအတွက် ကင်မ်ပိန်းတွေလုပ်ပြီး တောင်းဆိုခဲ့ကြရင်း မျှော်လင့် စောင့်စားနေကြတယ်ဆိုတာကတော့ သေချာပါတယ်။ 

Credit : Here

ရန်ကုန်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမယ်

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကသံလျင်မြို့နယ်တွင်ကျင်းပခဲ့တဲ့
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဟောပြောပွဲ ဖိတ်ကြားစာ

မိတ္ထီလာမြို့က မတည်ငြိမ်မှုတွေဟာ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော်က တာဝန်ယူပြီး တဲ့နောက် အေးချမ်းသွားပြီလို့ ဆိုပေမယ့် တခြားနယ်မြို့တွေကို ကူးစက်ပျံ့နှံ့လာခဲ့ပြီး ရန်ကုန်မှာ လည်း ကောလဟာလတွေနဲ့ ပြည်သူအများစိုးရိမ်မကင်းဖြစ်နေကြရပါတယ်။


ယနေ့ မတ်လ ၂၈ ရက် နေ့လယ် ၂ နာရီမှာတော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ တခုကို ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင်က ၀ိုင်အမ်စီအေ- YMCA အဆောက်အအုံမှာ ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။ 

ငြိမ်းချမ်းမှုတွေအတွက် ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေ စုဝေးပြီး ဆုတောင်းပွဲကျင်းပတာ ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် နမိတ်ကောင်းတခုဖြစ်ပါတယ်။ 

မကြာသေးမီ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ကလည်း ဘာသာရေး ခေါင်းဆောင်တွေ စုပေါင်းပြီး စည်းဝေးမှု တခုကို ရန်ကုန်တိုင်း သံလျင်မြို့နယ်မှာ ကျင်းပခဲ့ပါသေးတယ်။

Credit : Here

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း တောင်သာဒေသခံများနှင့်တွေ့ဆုံ လွှတ်တော်အတွေ့အကြုံရှင်းလင်း

တောင်သာ၊ မတ်လ ၂၇ ရက်


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ရုံးခန်းမ ဆောင်တွင် မတ်လ(၂၇)ရက်နေ့ နံနက်(၈းဝ၀)နာရီအချိန်တွင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းမှ ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒသဘောထားခံယူပွဲကို ကျင်းပပြုလုပ်သည်။


အဆိုပါတွေ့ဆုံပွဲသို့ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၊ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အဖွဲ့အစည်းများ၊ မဲဆန္ဒရှင်ပြည်သူများ၊ စုစုပေါင်း အင်အား(၃၀ဝ)ကျော် တက်ရောက် ကြသည်။



ထိုသို့တွေ့ဆုံရာတွင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းမှ ပြောကြားရာတွင် ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုအပ်ချက်ကို လွှတ်တော်များက ဆောင်ရွက်နေကြောင်း၊ လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများ မေးမြန်းတင်သွင်းခြင်း အခြေအနေနှင့် မိမိအားလွှတ်တော်ကတာဝန်ပေး ထားသော ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ(ဥက္ကဋ္ဌ)၏ ဆောင်ရွက်ချက်နှင့်လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားသည်။


၎င်းနောက် ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များ၊ တောင်သာမြို့နယ် ရေရရှိရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မီးလင်းရေး အခြေအနေများကို တင်ပြကြရာ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ချက်ချင်းညှိနှိုင်းဆောင်ရွက်ပေးမှုများ၊ ကူညီပံ့ပိုးမှုများ၊ မှာကြားမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Credit : Email သို့ပို့လာ၍ ဖော်ပြသည်။

တောင်သာမြို့နယ်အသင်း နာယက ဦးအောင်သောင်း တောင်သာမြို့နယ်အသင်း(မန္တလေး) ပဉ္စမအကြိမ် နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား တက်ရောက်


တောင်သာမြို့နယ်အသင်း(မန္တလေး) ပဉ္စမအကြိမ် နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို မတ်လ(၂၆)ရက်နေ့၊ နေ့လည်(၁းဝ၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် စင်္ကြာသီဟဘုရားဝင်းအတွင်းရှိ ဝေဇယန္တာဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ တောင်သာ မြို့နယ်အသင်း နာယကကြီး ဦးအောင်သောင်းနှင့် အလှူရှင်များ၊ အသင်းဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အသင်းသား/သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ အသင်းနာယကကြီး တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ အမှတ်(၁)စက်မှု ဝန်ကြီး(ငြိမ်း) သီရိပျံချီ ဦးအောင်သောင်းမှ တောင်သာဒေသဖွံ့ဖြိုးတိုးတက်ရေးအခြေအနေများနှင့် အသင်း ရေရှည် တည်တံ့ရေးအတွက် ဝိုင်းဝန်ကူညီဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကား ပြောကြားသည်။



၎င်းနောက် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တောင်သာမြို့နယ် အသင်းဝင် ဦးဝင်းမောင်၊ တောင်သာ မြို့နယ်အသင်း(မန္တလေး)ဥက္ကဋ္ဌ ဦးစိုးမြင့်၊ တောင်သာ မြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဆွေတို့မှ အမှာစကားအသီးသီးပြောကြားပြီး အတွင်းရေးမှူးဦးစိုးလွင်မှ နှစ်ပတ်လည်အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

ထို့နောက် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်သူများကို အသင်းနာယကကြီးနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြု ချီးမြှင့်ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

JAGUCO မြန်မာ အင်တာနေရှင်နယ်ကိုးလီမိတက်၊ မန်နေဂျင်း ဒါရိုက်တာ၊ အသင်းအမှုဆောင် Dr ခင်မောင်ဝင်းနှင့် ဇနီးဒေါ်ခင်ခင်ငြိမ်းမိသားစုမှ အသင်းသို့ အလှူငွေကျပ်(၁၅)သိန်းကို ပေးအပ်လှူဒါန်းရာ အတွင်းရေးမှူးမှ လက်ခံရယူ ပါသည်။

ဆက်လက်၍ တက်ရောက်လာသော တောင်သာမြို့နယ်အသင်း(မန္တလေး) ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည် တော်များအား ဗလာမပါကံစမ်းမဲများအား အသီးသီး မဲဖောက်ပေးခဲ့ကြောင်း သိရသည်။




Credit : Email သို့ပို့လာ၍ ဖော်ပြသည်။

ဦးတေဇက လိုအပ်လျှင် သူ့ အသက်ကို စွန့်လွှတ်ဖို့ အသင့်ဟု ဆို

ဦးတေဇ - ဓာတ်ပုံ - ဦးတေဇ ဖေ့စ်ဘုတ်

နာမည်ကျော် သူဌေးကြီး ဦးတေဇက သူ့အမည်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သူဟာ တိုင်းပြည်နဲ့လူမျိုး၊ ကုမ္ပဏီ ၀န်ထမ်းတွေအတွက် အသက်ကိုပင် စွန့်လွှတ်စွန့်စားဖို့ အမြဲ အသင့်ရှိနေပါတယ်လို့ ရေးသားထား ပါတယ်။


"ယခင်က ကျွန်တော်ဟာ စီးပွားရေးသမားတစ်ယောက် ဖြစ်သည့်အတွက် အတ္တအနည်းငယ်ပိုခဲ့ပါတယ်။ ကျွန်တော်ဟာ ကျန်ရှိသေးတဲ့ ကျွန်တော့်ဘဝ သက်တမ်းတစ်လျှောက်လုံး ကျွန်တော့်ကိုယ် ကျွန်တော် မြန်မာပြည်ရဲ့ တန်ဖိုးရှိသော လူတစ်ယောက်အဖြစ် ကျင့်ကြံနေထိုင်သွားပါမယ်။ လိုအပ်လျှင် တိုင်းပြည်နှင့် လူမျိုး၊ ကုမ္ပဏီဝန်ထမ်းများအတွက် မိမိအသက်ကို ပဓာနမထားပဲ စွန့်လွှတ်စွန့်စားဖို့ အမြဲ အသင့်ရှိနေပါ မယ်။ မိမိ အသက်ထက် အများအကျိုး ပရဟိတလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေထိုင်သွားရန် ဆုံးဖြတ်ထားပါကြောင်း ....."

လို့ ဦးတေဇက မတ်လ ၁၂ ရက်နေ့က ဆိုထားပါတယ်။ 

ဒီလို ရေးသားထားချက်အပေါ် လူအများ စိတ်ဝင်စားနေကြပါတယ်။ ဦးတေဇဟာ ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ဘီလျံချီပြီး ရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေ ပေါ်ထွက်နေတာတော့ကြာခဲ့ပါပြီ။ 

သူ့ဟာ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု အမည်စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပေမယ့် မကြာသေးခင်ကပဲ သူပိုင်တဲ့ အာရှ စိမ်းလန်းစိုပြေရေး ဘဏ်နဲ့ အမေရိကန် ဘဏ်တွေ ငွေကြေးဆိုင်ရာ ဆက်ဆံမှုတွေ ရှိလာခဲ့ပါတယ်။ 

AGD ဘဏ်ကိုလည်း အများပိုင် ဘဏ်အဖြစ် ပြောင်းလဲလုပ်ဆောင်နေပါတယ်။ ယခင် စစ်အစိုးရ လက် ထက် မှာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်ပြီး စီးပွားရေး လုပ်ငန်းတော်တော်များများကို ပိုင်ဆိုင်လုပ်ကိုင်နေပြီး Air Bagan လေကြောင်းလိုင်းဟာလည်း သူ့ရဲ့ ပိုင်ဆိုင်မှုတွေထဲက တခုဖြစ်ပါတယ်။

Credit : Here

ဒါဖတ်ပြီးမှ နေပူထဲထွက်ပါ

ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ပူပြင်းခြောက်သွေ့သော နွေရာသီအတွင်း ၀င်ရောက်ခဲ့ပြီ ဖြစ်သောကြောင့် အပူချိန်မြင့်တက်ခြင်း၊ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အန္တရာယ် စိုးရိမ်ဖွယ် ရှိနေကြောင်း မိုးလေ၀သဗေဒ ပညာရှင်ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။

ရန်ကုန်ရဲ့ နေပူဒဏ်ကို ပုဆိုးများနဲ့ ကာကွယ်ထားတဲ့ တက္ကစီတစီးကို
သင်္ကန်းကျွန်းမြို့ နယ် သုဝဏ္ကမီးပွိုင့်မှာလဆန်းပိုင်းက အထက်ပါအတိုင်း တွေ့ရပါတယ်
(ဓာတ်ပုံ - http://www.facebook.com/GtrJournal GTR Car Journal)

ရန်ကုန်မြို့တွင် ခရမ်းလွန်ရောင်ချည်ကျရောက်မှုသည် ညွန်းကိန်းအမှတ်အထိ ရောက်ရှိနေပြီး မော်လမြိုင်၊ ဘားအံမြို့များတွင် (၁၂.၈) လွိုင်ကော်မြို့တွင် (၁၂.၄)၊ တောင်ကြီးမြို့ တွင် (၁၂) ဒီဂရီ အထိ အသီးသီး ကျရောက်လျက်ရှိကြောင်း ဦးထွန်းလွင်က ထပ်မံပြောကြားသည်။


ခရမ်းလွန်ရောင်ခြည်ညွန်းကိန်းကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ကစတင်ပြီး တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။


(၀ မှ ၃) အထိ အနိမ့်စား၊ 
(၄ မှ ၇) အထိ ဆိုလျှင် အသင့်တင့်၊ 
၈ မှ အထက်ကို အန္တရာယ်ရှိအဆင့်ဟုသတ်မှတ်ထားသည်။

ခရမ်းလွန်ရောင်ခြည်သည် အညွန်းကိန်း (၈) အထက်ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ် ထိခိုက်နိုင်ပြီး၊ အညွန်းကိန်း ၈၊ ၉၊ ၁၀၊ အထိရောက်ရှိပါက အရေပြားဆိုင်ရာ ရောဂါများ၊ အမြင်အာရုံေ၀၀ါးမှု ချို့တဲ့မှု ရောဂါများ၊ ကျရောက်နိုင်ကြောင်း၊ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ညွန်းကိန်း (၁၃/၁၄) အထိ ရောက်ရှိပါက အမျိုးသားဆိုင်ရာ ရောဂါ၊ သားသမီး မရနိုင်သည့်ရောဂါ များအထိ သက်ရောက်နိုင်ကြောင်း အရေပြား အထူးကု ဆရာဝန်ကြီးတဦးကပြောကြားသည်။

ခရမ်းလွန်ရောင်ခြည် ထိရောက်မှု များပါက အရေပြားဆိုင်ရာ ရောဂါ၊ ကင်ဆာရောဂါ စသည်ဖြင့် ဖြစ်ပွား တတ်ကြောင်း ကျန်းမာရေးဦးစီး ဌာန မှ ဆရာဝန်တဦးက ပြောကြားသည်။

နေပူထဲသွားလျှင် နေလောင်ခံ လိမ်းဆေး လိမ်းခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ ထီးဆောင်းခြင်း၊ နေရောင် စုတ်ယူအား နည်းသည့် အဖြူထည် အင်္ကျီ အ၀တ်အစား ၀တ်ဆင်ခြင်းဖြင့် ပြုလုပ်ပြီးမှ သွားလာ သင့်ကြောင်း သူက ဆက်ပြောသည်။

နေပူထဲမှ ပြန်ရောက်ရောက်ခြင်း ရေချိုးခြင်း ၊ ရေခဲရေသောက်ခြင်း ၊ အရက်သောက်သုံးခြင်း မပြု သင့်ကြောင်း သူက ဆက်ပြောသည်။ 

Credit : Here

ဘာသာရေးပဋိပက္ခ ရေရှည်အဖြေရှာဖို့ ကုလ တိုက်တွန်း


လက်ရှိ မိတ္ထီလာအရေးနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို ဘယ်ဘာ သာဝင်ဖြစ်ဖြစ် ဘယ်လူမျိုးဖြစ်ဖြစ် ထိထိရောက်ရောက် ကိုင်တွယ်အရေးယူပြဖို့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က မြန် မာအစိုးရကို တိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံတွင်း လူနည်းစုတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဦးစားပေး နိုင်ငံအဆင့်အနေနဲ့ သူတို့ မျက်ခြေ မပြတ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။


မစ္စတာ အဒေမာ ဒီရန် (Mr. Adama Dieng)ဟာ ကမ္ဘာ့နိုင်ငံ အရပ်ရပ်မှာ လူမျိုးနွယ်တုန်း သတ်ဖြတ်ခံ ရမှု ဖြစ်လာနိုင်ချေတွေကို ကြိုတင်ကာကွယ်ဖို့စောင့်ကြည့် အစီရင်ခံရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံက မိတ္ထီလာအရေးအခင်းနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတဲ့အပေါ်မှာ သူ့အနေနဲ့စိုးရိမ်မကင်းဖြစ်ကြောင်း ပြောပါတယ်။ လူနည်းစုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာ လတ်တေ လာဖြစ်ရပ်ကိုချည်း အာရုံမစိုက်ဘဲနဲ့ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းရင်းကိုဖော်ထုတ်ဖို့ လိုမယ်လို့ သူက အကြံပြုပါတယ်။ ဒါမှလည်း ရေရှည်ခံမယ့် အဖြေထုတ်နိုင်မှာ ဖြစ်တယ်လို့ ဗွီအိုအေ (မြန်မာပိုင်း) ကို ပြောပါတယ်။

“မြန်မာအစိုးရရဲ့ လူနည်းစုတွေအပေါ် ကိုင်တွယ်ပြုမူ နေတာတွေနဲ့ ပတ်သက်လို့ ကျနော် အမြဲတမ်း စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ကချင်နဲမြန်မာအစိုးရ တိုက်ပွဲတွေ ဖြစ်တာကြောင့် ကချင်ပြည်နယ် အတွင်းက အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း ရခိုင် ဗုဒ္ဓဘာသာတွေနဲ့ မူဆလင် ရိုဟင်ဂျာတွေ အကြား ဖြစ်တဲ့ ကိစ္စတွေအပေါ်မှာ စိုးရိမ်ပူပင်ခဲ့ပါတယ်။ အခု မန္တလေးတိုင်း ဒေသကြီး အတွင်း ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား အကြမ်းဖက်မှုတွေကိုလည်း စိုးရိမ် မကင်း ဖြစ်နေပါတယ်။ မိတ္ထီလာမှာဖြစ်တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံ တခြားမြို့တွေ ကိုပါ ကူးစက်ပျံ့နှံ့သွား ပြီး၊ နောက် ထပ် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ကျယ်ပြန့် မသွား အောင် ကာကွယ်ဖို့ အဓိက ကိုင်တွယ် ဆောင်ရွက်ရပါမယ်။ ဒီလို ဆောင်ရွက်ရာမှာ လက်ရှိ ဖြစ်နေ တဲ့ အကြမ်းဖက်မှုတွေ ရပ်သွားအောင်တင်မဟုတ်ဘဲ၊ အကြမ်းဖက်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းကိုပါ ရှာဖွေကိုင်တွယ်ဖို့ လိုပါတယ်။”

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ လူနည်းစုအပေါ် ဆက်ဆံပြုမူ နေတာတွေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ အချိန် အတော်ကြာကတည်းက မြန်မာနိုင်ငံကို စောင့်ကြည့်နေတယ်လို့ မစ္စတာ ဒင်း က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ အခု ကိစ္စမှာတော့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူပြဖို့လည်း အာဏာ ပိုင်တွေကို တောင်းဆိုပါတယ်။

“၂၀၀၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံ အခြေအနေကို စောင့်ကြည့် လေ့လာခဲ့တာပါ။ မြန်မာနိုင်ငံ အရေးဟာ ကျနော်တို့ရဲ့ ဦးစားပေး စောင့်ကြည့်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်ရှိပါတယ်။ မိတ္ထီလာမှာဖြစ်တဲ့ ဘာသာရေးနဲ့ လူမျိုးရေးအဓိကရုဏ်းတွေမှာ ပတ်သက်ဆက်နွယ်သူတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူပြဖို့ လိုပါတယ်။”

လူမျိုးနွယ်တုန်း သတ်ဖြတ်မှု ကြိုတင် ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအပေါ် သူ့ရဲ့ သုံးသပ်ချက် ကတော့ ၊ မြန် မာနိုင်ငံမှာ လူမျိုးနွယ်တုန်း သတ်ဖြတ်မှုဆိုတဲ့ Genocide အဆင့်အထိတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအခြေအနေပေါ် ဦးတည်ပြီးတော့ ဖြစ်လာနိုင်ချေတွေ အပေါ်မှာတော့ စိုးရိမ်တယ် လို့ ပြောပါတယ်။

“Genocide လူမျိုးနွယ်တုန်း သတ်ဖြတ်မှုလို့ ပြောနိုင်တဲ့အဆင့်နဲ့ အတော်ကြီးဝေးပါတယ်။ အဲ့ဒီ အဓိပ္ပါယ်အရဆိုရင် မျိုးနွယ်စုကြောင့်ဖြစ်စေ၊ ဘာသာရေးကြောင့်ဖြစ်စေ စတဲ့ မတူကွဲပြားတဲ့ အုပ်စုတစု ဒါမှမဟုတ် အစိတ်အပိုင်းကို လုံးဝ အပြတ်ချေမှုန်းမယ်ဆိုတဲ့ အစီအစဉ်ကြီး ရှိရပါတယ်။ ဒါကြောင့် အခုကိစ္စက အဲ့လောက်အထိ မဟုတ်သေးပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ ယုံကြည်ထားတာ၊ ကျနော်တို့ရဲ့ စိုးရိမ်ချက်ကတော့ မူဆလင်ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ အတော်လေးကို ဆိုးရွားနေတဲ့ ကိစ္စပါ။ နိုင်ငံတကာကနေ သူတို့အရေးကို မီးမောင်းထိုး ပြောနေတာကို ကြိုဆိုသလိုပဲ၊ အစိုးရဘက်က လည်း ဒါကို အရေးယူ ကိုင်တွယ်ဖို့ တာဝန်ရှိပါတယ်။ ဒီလို ခွဲခြားဆက်ဆံနေမှုတွေအပေါ် အစိုးရအနေနဲ့ အရေးယူ ဖြေရှင်းပေးဖို့ ဆိုတာကိုလည်း ကျနော်တို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ ကလည်း မပြတ် တိုက်တွန်းနေရမှာပါ။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် နာမည်ကောင်း ရနေတဲ့အချိန်မှာ အခုလို ဖြစ်ရပ်တွေ ပေါ် လာတာကြောင့်၊ တရားဥပဒေ စိုးမိုးမှုနဲ့ ဘာသာရေးနဲ့ လူမျိုးရေးအပေါ်မှာ အခြေခံတဲ့ အကြမ်းဖက်မှုတွေ မဖြစ်အောင် ကာကွယ်တားဆီးဖို့မှာ အစိုးရအနေနဲ့ အဓိကတာဝန်ရှိတယ်လို့ မစ္စတာ ဒင်း က ပြောပါတယ်။

တဘက်မှာလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ မတူကွဲပြားမှုရှိတဲ့ မြန်မာ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေနိုင်ဖို့အတွက် ဘာသာရေး ခေါင်း ဆောင်ေ တွ ဒေသခံ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ လူမှုအသိုင်းအ၀ိုင်းက အရေးပါသူတွေအားလုံး ကြိုးစား ဆောင်ရွက်ကြ ဖို့လည်း သူက တိုက်တွန်းထားပါတယ်။

VOA Credit : Here

ဇီးကုန်း NLD မှ ကိုအောင်မြတ်သူ တို့ သောင်းကျန်းမှုကြောင့် ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် ဆူပူ ဖျက်ဆီးမှုများ ဆက် ပျံ့နှံ့

လူမျိုးရေး၊ ဘာသာရေး ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများ ပဲခူးတိုင်း အနောက်ခြမ်းဒေသများသို့ ပျံ့နှံ့ လာ ရာ ဇီးကုန်း၊ နတ္တလင်း မြို့တွင် ဗလီနှင့် မွတ်စလင်များ၏ နေအိမ်၊ ဈေးဆိုင် များ ဆက်လက် ဖျက်ဆီး ခံခဲ့ရ ကြောင်း သတင်းရရှိသည်။

နတ္တလင်းမြို့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ဘုန်းတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် နိုင်ငံရေးပါတီများမှ စောင့်ကြပ်နေ သည့် ကြားမှပင် လူ ၁၅၀ ခန့် စတင် စုဝေးလာရာမှ လူအုပ်စုမှာ ပိုမိုများပြားလာပြီး လုံခြုံရေး တပ်ဖွဲ့များက လူစုခွဲသော်လည်း မရတော့ဘဲ အဆောက်အအုံများကို ဖျက်ဆီးကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

နတ္တလင်းမြို့ခံ ဦးအုန်းသန်းက “ဖျက်ဆီးရေး ခေါင်းဆောင်တွေက မီးရှို့ဘူး၊ လူမသတ်ဘူး၊ ပစ္စည်းမယူဘူး ဖျက်ပဲဖျက်မယ်၊ တားဆီးတာတွေ မလုပ်ပါနဲ့ ဆိုတဲ့ ခြိမ်းခြောက်စကားတွေ ပြောလာတဲ့အတွက် အကြမ်းမ ဖက်အောင် အာဏာပိုင်တွေ နောက်ဆုတ်ပေးလိုက်ရတယ်။ အဲဒါမှာ အန္တရာယ် မရှိတော့ဘူးဆိုပြီး လူတွေ ပိုရဲတင်းလာတယ်” ဟု ဆိုသည်။


ထို့နောက် မွတ်စလင်များ ပိုင်ဆိုင်သော ပစ္စည်းများကို လမ်းပေါ်သို့ သယ်ယူပြီး မီးရှို့ကြကြောင်း၊ တချို့သော မွတ်စလင်များမှာ ၎င်းတို့ပိုင် ပစ္စည်းဥစ္စာများနှင့် အတူ ညနေပိုင်းကတည်း မြို့ခံ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း များနှင့် အိမ်တချို့သို့ ပြောင်းရွေ့ထားသည့် အတွက် ဖျက်ဆီးခြင်းမှ လွတ်မြောက် သွားကြောင်း ၎င်းက ဆက်ပြောသည်။

အိမ်နှင့် ဆိုင် ဖျက်ဆီးခံရသည့် မွတ်စလင်တဦးဖြစ်သူ ဦးတင်အေးက မိမိတို့ နတ္တလင်းမြို့ ၌ နေထိုင် လာသည် မှာ နှစ်ပေါင်း ၄၀ ခန့် ရှိပြီဖြစ်ကြောင်း၊ ဒေသခံ ဘာသာခြားများဖြင့်လည်း ညီရင်းအစ်ကို တမျှ နေထိုင် ခဲ့ကြောင်း၊ ယခုကဲ့သို့ ဖျက်ဆီးမှုမျိုး မကြုံဖူးကြောင်း၊ အုပ်ချုပ်ရေး ကင်းမဲ့သွားပြီဟု ခံစား ရကြောင်း၊ ပြောသည်။

“ကျနော်တို့ ပုန်းနေရတယ်။ တအိမ်လုံး ရစရာမရှိဘူး၊ ဖျက်ဆီးသွားတာ။ ချွေးနဲစာနဲ့ ရှာထားရတာတွေ ကုန်ပြီ။ ဘယ် သူ့ကို အားကိုးရမှန်း မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

အလားတူ ဇီးကုန်းမြို့တွင်လည်း ဗလီနှင့် မွတ်စလင်များ၏ နေအိမ်၊ ဆိုင်များကို ဖျက်ဆီးခံ ရကြောင်း ဒေသခံများထံမှသိရသည်။

ဇီးကုန်းမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်ဝိုင်းက “တမြို့ထဲနေတဲ့ မွတ်စလင်တွေကို လူသားချင်း စာနာဖို့တော့ ကောင်းပါတယ်။ အခု ဖျက်ဆီးတဲ့လူတွေလက်ထဲမှာ ပုဆိန်၊ ဓား၊ သံတူရွင်း အစုံပါတယ်။ မင်းမဲ့စရိုက်တွေ ဖြစ်နေပြီ” ဟု ဆိုသည်။

ဇီးကုန်းဗလီမှာ အနည်းငယ်သာ ပျက်စီးသွာသော်လည်း ထပ်မံဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ်လာ သည့်အတွက် ယခုအခါ မွတ်စလင်များမှာ ထိတ်လန့်တုန်လှုပ်နေကြောင်း သိရသည်။

အဆိုပါ ဆူပူမှုနှင့် ပတ်သက်ပြီး ဇီးကုန်း NLD မှ ကိုအောင်မြတ်သူ အပါအ၀င် တခြားသော ၁၀ ဦးကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။

မိတ္ထီလာမြို့မှ စတင်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် ယခုအခါ ပဲခူးတိုင်း အနောက်ခြမ်း မြို့များဖြစ်သည့် ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ နတ္တလင်းမြို့ များသို့ ပြန့်နှံ့ လာခြင်း ဖြစ်သည်။

ယမန်နေ့ညက ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှမြို့များ၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း လမ်းပေါ် မထွက်ရန်၊ လူစုခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်းမပြုလုပ်ရန် ကြေညာထားသည်။

အုတ်ဖိုမြို့နယ် အိုးသည်ကုန်း အုပ်စု၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၅ ဦးကို မင်းလှရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု အစိုးရသတင်းစာ များ တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းမှ ရန်ကုန်သို့ လမ်းတလျှောက်ရှိ မြို့များတွင် ဆူပူ ဖျက်ဆီးမှုများ ကူးစက်ဖြစ်ပေါ်နေခြင်း အပေါ် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ၏ တရားဥပဒေစိုးမိုးရေး ကိုင်တွယ်မှုကို ဝေဖန်မှုများ ရှိနေသည်။

ပြည်မြို့တွင်လည်း ဆူပူအုံကြွအောင် လှုံ့ဆော်စာများ ဝေငှသည်ဟု သိရကြောင်း၊ ထိုမှတဆင့် ရန်ကုန်-ပြည် အဝေးပြေး ကားလမ်းအတိုင်း ရန်ကုန်ဘက်သို့ ဆင်းလာကာ အုတ်ဖို၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်မြို့၊ ပုတီးကုန်းမြို့ တို့တွင် ထပ်မံ ဖြစ်ပေါ်ခဲ့ရာ အဝေးပြေး ကားလမ်းမပေါ်ရှိ မြို့များ တလျောက် ဖြစ်ပျက်ခဲ့သည်ကို မတားဆီးနိုင်သေးသည်က သံသယ ရှိစရာကောင်းကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးမင်းကိုနိုင်က ပြောသည်။

Credit : Here

လိုင်ဇာဒေသသို့ စီးပွားရေးသမားများ ပြန်လည် ၀င်ရောက်လို

ပွင့်လင်းရာသီ ရောက်သည်နှင့် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လူစည်ကားလာပြီး တရုတ်ကုန်သည် စီးပွားရေးသမားများနှင့် ကချင်စီးပွားရေးသမား အယောက် (၂၀)ကျော်က ၄င်းတို့လုပ်ငန်းအတွက် နေရာများ နေ့စဉ် လိုက်လံရှာဖွေနေကြောင်း လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် ကပြောသည်။

“ဒီရက်ပိုင်းမှာ လိုင်ဇာပြည်သူတွေကလည်း ကိုယ့်အိမ်ပြန်လာပြီး အရင်စီးပွားရေး အလုပ်လုပ်တဲ့သူကလုပ် တစ်ရက်ပြီးတစ်ရက် စည်စည်ကားကားပြန်ဖြစ်လာတယ်။ ပြီးတော့ စီးပွားရေးငွေရှင်တွေကလည်း သူများတွေထက် ကိုယ်ဦးအောင်ဆိုပြီး အုပ်ချုပ်ရေးရုံးကိုလာကြတယ်” ဟု ဦးဂရန်နော်အောန် က KNG ကချင်သတင်းဌာနသို့ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးအသံများ ကြားနေရပြီးဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသောကြောင့် မတ်လ(၁၁-၁၂) ရက်နေ့ ဆွေးနွေးပွဲ ပြီးချိန်မှစ၍ အဆိုပါ ကချင်နှင့် တရုတ်စီးပွားရေး သမားများက တစ်နေ့ထက် တစ်နေ့ လိုင်ဇာမြို့အုပ်ချုပ်ရေးရုံးသို့ လာရောက်မေးမြန်း ကြောင်းသိရသည်။


၂၀၁၂ ခုနှစ်ကုန်ပိုင်းက လိုင်ဇာမြို့အနီးတ၀ှိုက် ပြင်းထန်သည့် စစ်ပွဲများဖြစ်ပွားခဲ့ရာ လိုင်ဇာမြို့ခံများ အပါ အ၀င် စစ်ဘေး ရှောင်တိမ်းလာသူများက မိမိတို့လုံခြုံရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ရှမ်းပြည်နယ်မှ အထည်ဆိုင်ဖွင့်နေသူ ဒေါ်အထွယ်က ပြောဆိုသည်။

“အရင်လတွေမှာဆိုရင် ဘယ်သူမှမရှိတော့ဘူး။ ကျွန်မတို့လည်း တရုတ်ပြည်ဘက်ပြေးသွားရတယ်။ အခုမှ ငြိမ်းချမ်းရေးသံတွေ ကြားရလို့ စိတ်ချနိုင်လောက်ပြီဆိုမှ ဈေးဆိုင်ပြန်လာဖွင့်တယ်” လို့ ပြောဆိုသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် စီးပွားရေးလုပ်ငန်းများ ခေတ္တ ငြိမ်သက်သွားခဲ့ရာ ယခုလ အစောပိုင်း မှ စတင်၍ သစ်လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းဖြစ်သည်။

တဖက်တွင်လည်း အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ကြား တင်းမာမှုများ ဆက်လက်ရှိနေ ဆဲဖြစ်ပြီး ယခုနောက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများမှာ အစိုးရတပ်ဖက်မှ လူအင်အားဖြည့်၍ နယ်မြေ တိုးချဲ့လာခြင်းကြောင့် ဖြစ်သည်ဟု KIA အထက်အရာရှိများက ပြောဆိုသည်။

Credit : Here

သံသယဖြစ်ဖွယ်ရာ ကြို့ပင်ကောက် အကြမ်းဖက်မှု


ကြို့ပင်ကောက် အကြမ်းဖက်မှု ဓါတ်ပုံများကို ဧရာဝတီမှ တင်ဆက်လာပါတယ်။ ထိုအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဖျက်ဆီးခံထားရသော အစ္စလာမ်ဘာသာရေး အဆောက်အဦးပုံနှင့် အခြားဆက်စပ် မော်တော်ယာဉ် နှစ်စီး ဖျက်ဆီးခံရ မှုကို အဓိကဖော်ပြထားပါတယ် ။

ဖျက်ဆီးခံရသော အစ္စလာမ်ဘာသာရေးအဆောက်အဦးမှာ တံခါးမှအပ ကျန်အစိတ်အပိုင်းများ ထူးထူး ခြားခြား မပျက်စီးပဲ၊ ၎င်း၏ဘေး အဆောက်အဦးငယ်ကို အဓိကဖြိုဖျက်ထားသည်ကိုတွေ့ မြင်ရပါသည်။


ဖျက်ဆီးခံရသော မော်တော်ယာဉ်နှစ်စီးမှာမူ တစ်စီးမှာ ဂျစ်ကားဖြစ်ပြီး ကျန်တစ်စီးမှာ ဆလွန်းကားဖြစ် သည်။ ထူးခြားသည်မှာ ထိုမော်တော်ယာဉ်နှစ်စီးလုံးတွင် ၉၆၉ ဟူသော နံပါတ်ကို အလွန်ထင်ရှားသော အဏုမြူ အစိမ်းရောင် မှုတ်ဆေးဖြင့် ရေးသားထားခြင်း ဖြစ်သည် ။

၎င်းတို့ ၏ ရည်ရွယ်ချက်မှာ ၉၆၉ အမည်ဖြင့်အကြမ်းဖက်မှုကို လုပ်ဆောင်သည်ဟု ထင်ရှားစေခြင်း ဖြစ်ပေမည် ။

သေချာစီမံထားသော ဘာသာရေး သွေးထိုးလှုံ့ဆော်မှုပင်ဖြစ်သည် ။အကယ်၍သာ မြန်မာများ လုပ်ဆောင် ခဲ့ပါမူ ထိုကဲ့သို့သောရေးသားခြင်းမျိုး ပြုလုပ်နိုင်စရာ အကြောင်းမရှိဟုထင်မြင်မိပါသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအပေါ် သေချာပေါက် အကောက်ကြံယုတ်မာသောရည်ရွယ်ချက်ဖြင့် ပြုမူလုပ်ဆောင်ပြီး နောက်ကွယ်တွင် အဓိကရုဏ်း ပိုမိုကြီးထွားစေရန် မီဒီယာနှင့်ပူးပေါင်း၍ လှုံဆော်နေသည်ဟု သံသယ ဖြစ်မိပါသည် ။ 

မည်သို့သောမီဒီယာများနည်း။ ၉၆၉ ကိုလွန်စွာမုန်းတီးနေသည်မှာ မည်သူတို့ဖြစ်၍ ၊ ထောင်မြင် ရာစွန့်သော အစီအမံများဖြင့် ကျားကွက်ရွေ့သော ဆူပူမှုများကို တောက်လျှောက်ဖန်တီးနေ ကြသည်ကို ရွှေမြန်မာတို့သတိရှိပါရန် နိုးဆော်အသိပေး လိုက်ပါရစေ ။

Credit : Here

NLD အဖွဲ့ချုပ်၏ တော်လှန်ရေးနေ့ အခမ်းအနား

NLD အဖွဲ့ချုပ်၏ တော်လှန်ရေးနေ့ အခမ်းအနား ကြေညာချက်တွင် အချက်ငါးချက် ထုတ်ပြန်ခဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ရေးလှုပ်ရှားမှုတွင် တပ်မတော်မှ ပါဝင်ရန် တိုက်တွန်းချက် ပါဝင်



Credit : Here

၆၈ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ လားရှိုးမြို့နယ် နားမွန်းကျေးရွာ အ၀င်လမ်း ကျောက်ချောလမ်းသစ် ဖွင့်ပွဲ ( ရုပ်သံ-သတင်း )

၆၈ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ လားရှိုးမြို့နယ် နားမွန်းကျေးရွာ အ၀င်လမ်း ကျောက်ချောလမ်းသစ် ဖွင့်ပွဲ



Credit : Here

မတ်လ ၂၈ ရက်နံနက် ၁ နာရီ (ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်း)

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပုတီးကုန်းမြို့တွင် မတ်လ ၂၇ ရက် ည ၁၀ နာရီမှ ၁၂ နာရီအတွင်း လူတစ်စု က ဗလီတစ်ခုအတွင်းရှိ ပစ္စည်းများနှင့် အစ္စလာမ်ဘာသာဝင်များ၏ သင်္ချိုင်းအတွင်းရှိ ပစ္စည်းများအား ဖျက်စီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ထိုသို့ ဆူပူ ဖျက်စီးမှုပြုလုပ်ခဲ့သည့် လူ ရာဂဏန်း ဝန်းကျင်သည် ပုတီးကုန်းမြို့အနီးဝန်းကျင်ရှိ ကျေးရွာများ မှ လာရောက်သူများဖြစ်ကြောင်း သတင်းရရှိသည်။ ပုတီးကုန်းမြို့ မငြိမ်သက်မှုများနှင့် ပတ်သက်၍ ပုတီး ကုန်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ဖြစ်စဉ်ကို ရဲတပ်ဖွဲ့ဝင်တွေ တပ်မတော်သားတွေနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်နေပါတယ်” ဟု မတ်လ ၂၈ ရက်နံနက် ၁ နာရီဝန်း ကျင်က Eleven Media Group သို့ ပြောကြားခဲ့သည်။

Credit : Here

တောင်ဒဂုံမြို့နယ်၊စက်မှုဇုန် ၂ ရှိ မုန့်စက်ရုံ မီးလောင်ကျွမ်းမှု


တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင်လမ်းရှိ မုန့်စက်ရုံတစ်ရုံသည် မတ်လ ၂၈ ရက်နေ့ နံနက် ၅နာရီ ၅ မိနစ်အချိန်မှ စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ ကြောင်း မီးငြှိမ်းသတ်နေသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။


မုန့်အထွေထွေအခန်းမှ စတင်ကာ မီးခိုးများ တွေ့ရကြောင်း၊ ယင်းမုန့်စက်ရုံမှ လုံခြုံရေး တာဝန်ကျသူက ပြောသည်။ မီးလောင်မှုကြောင့် သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်ကို မီးသတ်ယာဉ် ၂၃ စီးနှင့် အထောက်ကူပြုယာဉ်၇စီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရ သည်။

မီးလောင်ကျွမ်းမှုအကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။





Credit : Here

အခု လတ်တလော ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေဟာ (၉၆၉) လှုတ်ရှာမှူ့ နဲ့ လုံးဝ မပါတ်သက်ပါ။

မြန်မာနိုင်ငံ အတွင်း မျိုးချစ်လူငယ်များ ဖေါ်ဆောင်နေသော (၉၆၉) လှုတ်ရှားမှု့သည်။ မြန်မာနိုင်ငံတွင်းမှ ဘင်္ဂလီကုလားများ၏ စီးပွားရေးများအား ဒါဏ်ခတ်ပိတ်ဆို့ခြင်းကိုသာ အဓိကရည်ရွယ်ချက်ဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပါ သည်။

အခု လတ်တလော ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ (၉၆၉) လှုတ်ရှာမှု့ လုံးဝ မပါတ် သက် ပါ။ အချို့သောနေရာများတွင် (၉၆၉) လှုတ်ရှားမှု့နှင့်ပါတ်သက်နေသည်ဟူသော ကောလဟာလ သတင်း များ ထုတ်လွှင့်နေခြင်းကြေင့် ယခုကဲ့သို့ ရှင်းလင်းရခြင်း ဖြစ်ပါသည်။


(၉၆၉) လှုပ်ရှားမှု့သည်


၁။ ဘင်္ဂလီကုလားများ၏ ကွမ်းယာဆိုင်မှ အစ စတိုးဆိုင် နှင့် အခြားလူသုံးကုန် ပစ္စည်း ထုတ်လုပ်ရောင်း ချနေမှု့များအား မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူတရပ်လုံးမှ ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ကြရန် အတွက် လှုန့်ဆော်တားမြစ်သွားရန်။

၂။ ၄င်းတို့ ၏ စီးပွားရေး လုပ်ငန်းများ ပြိုကျသွားသည်အထိ အားပေး ဝယ်ယူခြင်းမပြုဘဲ အနုနည်းဖြင့် အသုံးပြုကာ မြန်မာနိုင်ငံတွင်းမှ ဖယ်ရှားသွားရန်။

၃။ မိမိတို့ မြို့နယ်၊ ရပ်ကွက် ၊ ကျေးရွာ များ အတွင်းရှိ ပြည်သူလူထု တရပ်လုံး မှ နားလည်သဘောပေါက် ပြီး ဝယ်ယူ အားပေးခြင်းမပြု ကြရန် လိုက်လံနှိုးဆော် တိုက်တွန်းသွားရန်။

၎။ ၄င်းတို့ ပိုင်ဆိုင်သော အသေးစား နှင့် အကြီးစား စက်မှု့ လုပ်ငန်းမှ အစ အိမ်တွင်းမှု့ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမ များအား အလုပ်မှ နှုတ်ထွက်စေပြီး ၄င်းတို့၏ စီးပွားရေး လုပ်ငန်းများ ( လုံးဝ ) ရပ်ဆိုင်းသည်အထိ ဆောင်ရွက်သွားရန်။

အစရှိသော ရည်ရွယ်ချက်များဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ မိမိတို့အနေပြင့် တိုင်းပြည် ဆူပူ အောာင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမည့် လုပ်ရပ်မျိုးကို လုံးဝလုပ်ဆောင်မည်မဟုတ်ဘဲ ထိုကဲ့ သို့ ဆူပူ အုံကြွမှု့ဖန်တည်းသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါသည်။

လက်ရှိ လုပ်ဆောင်နေသော မြန်မာ နိုင်ငံတွင်းမှ ဘင်္ဂလီကုလားများအပေါ် စီးပွားရေးပိတ်ဆို့ခြင်း လုပ်ငန်း များကို အရှိန်ဟုန်မပျက် ဆက်လုပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ (၉၆၉) လှုတ်ရှား နေသော လူငယ်မောင်မယ်များ နှင့် တိုင်းရင်းသားပြည်သူတရပ်လုံးသို့ လေးစားစွာ အသိပေး အပ်ပါ သည်။

(၉၆၉) လှုတ်ရှားမှု့
မျိုးချစ် မြန်မာ လူငယ်များအဖွဲ့

Credit : Here