Wednesday, March 27, 2013

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ

မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်

ပြည်မြို့နှင့် အနီးဝန်းကျင်ဖြစ်သည့် မှော်ဇာကျေးရွာ အုပ်စုတို့တွင် ယနေ့ (မတ်လ ၂၇ ရက်) ညမှစတင်၍ ည ၁၀ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရသည့် ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက်သည်။ ယင်း အမိန့်ကြေညာစာ အမှတ် ၆၄/၂၀၁၃ အား ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် ည ၈ နာရီ ၃၀ မိနစ်တွင် လိုက်လံကြေညာခဲ့သည်ဟု သိရသည်။

မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်

ပြည်မြို့နှင့် ပြည်မြို့အနီးဝန်းကျင်ဖြစ်သည် မှော်ဇာကျေးရွာ အုပ်စုတို့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ပြည်မြို့ အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ် လှိုင်မိုးဝင်းက "လက်ရှိ ပဋိပက္ခတွေ ဖြစ်နေလို့ ပုဒ်မ ၁၈၈ ကို ထုတ်ပြန်တာ မဟုတ်ပါဘူး။

ပြဿနာတွေဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလိုဆောင်ရွက်တာပါ။ ဒီဒေသမှာ ဘာပြဿနာမှ မရှိပါဘူး။ တည်ငြိမ်နေပါတယ်" ဟု Eleven Media Group သို့ မတ်လ ၂၇ ရက် ည ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က ပြောကြားခဲ့ပါသည်။

ပဲခူးတိုင်းအနောက်ခြမ်း အဓိကရုဏ်းသတင်း နောက်ဆက်တွဲ

ဒီနေ့ မတ်လ ၂၇ ရက်နေ့ ည ၉ နာခွဲအချိန်လောက်က ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ပေါ်မှာ ဆူပူမှုများပြုလုပ်ရန်အတွက် ဖိုးသာအောင်ကုန်းပေါက်တန်းကျေးရွာဘက်မှ တက်လာတဲ့ လူ ၄၀ ခန့်အား ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးရာ မင်္သာကာဖွယ်ရာ သံသယ ရှိသူ ၁၀ ဦးကို ဖမ်းဆီးရမိကြောင်း ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့မှသိရပါတယ်၊

ဧပြီလ(၁)ရက်နေ့မှ စတင်ပြီး PAC ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှုန်းထား များကို လျှော့ပေါ့ကောက်ခံသွားမည်..

(၂၀၁၃-၂၀၁၄)ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလ(၁)ရက်နေ့မှစတင်ပြီး Public Access Center (PAC)ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှုန်းထားများကို လျှော့ ပေါ့ကောက်ခံသွားမှာဖြစ်ကြောင်း ဆက်သွယ် ရေးနှင့်သတင်းအချက် အလက်နည်းပညာ ဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။


ပြောင်းလဲကောက်ခံသွားမည့် နှုန်းထားများမှာ ကနဦးလိုင်စင်(၅) သောင်း ကျပ်၊ နှစ်စဉ်ကြေး(၆)ထောင်ကျပ်၊ ပျက်စီး/ ပျောက်ဆုံး(၁)ထောင်ကျပ်နဲ့ နောက်ကျကြေး(၁)ရက်ကို(၁၀၀)ကျပ်တို့ဖြစ်သည်။

ယခင် PACဝန်ဆောင် မှုလုပ်ငန်းဆိုင်ရာ လိုင်စင်အခွန်အခကောက်ခံသည့် နှုန်းထားများမှာ ကနဦးလိုင်စင်ကျပ်(၅)သိန်း၊ နှစ်စဉ်ကြေးကျပ်(၃)သိန်း(၆)သောင်း၊ ရက်လွန်ကြေး တစ်ရက်ကိုကျပ်(၁)ထောင်တို့ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် PAC ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်များကို(၂၀၁၁-၂၀၁၂)ဘဏ္ဍာနှစ်မှစတင်ကာ လုပ်ငန်း လုပ်ကိုင်ခွင့် များ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Credit : Here

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ဆူပူဖျက်ဆီးမှုများ

နတ္တလင်းမှာ မတ် ၂၆ ရက်နေ့ညပိုင်းမှာ လူအုပ်စုများဖွဲ့ပြီး ဆိုင်ခန်းများကို ခဲနဲ့ပေါက်ခြင်း၊ ၀င်ရောက် ဖျက်ဆီးခြင်းများပြုလုပ်တဲ့အတွက် အိမ် ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်းနဲ့ ဘာသာရေး အဆောက်အအုံတစ်ခု ပျက်စီးခဲ့ရပါတယ်။

သဲကုန်မြို့နယ်၊ အင်းမကျေးရွာမှာလည်း မတ် ၂၇ ရက်နေ့မနက်မှာ ဘာသာရေးအဆောက် အအုံတစ်ခုကို လေးခွများနဲ့ ပစ်ခတ်မှုရှိခဲ့ပါတယ်။


ဇီကုန်းမြို့မှာလည်း မတ် ၂၇ ရက်နေ့မနက်ပိုင်းမှာ ခဲများနဲ့ ပစ်ပေါက်ဖျက်ဆီးမှုကြောင့် နေအိမ် ၁၄ လုံး၊ ဘာသာရေးအဆောက်အအုံတစ်လုံးပျက်စီခဲ့ပါတယ်။ 

လာရောက်ဖျက်ဆီးသူများကို လုံခြုံရေးတပ်ဖွဲ့များက လူစုခွဲခဲ့ရပြီး မနေ့က အုပ်ဖိုမြို့မှာနဲ့ ဒီနေ့ ဇီးကုန်း မြို့မှာ သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရပါတယ်။ 

ဇီးကုန်းမှာ လုယက်ဖျက်ဆီးမှုများမှာပါဝင်သူဟု ယူဆရသူ ၁၀ ဥိးကို ဖမ်းဆီးထားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပါတယ်။

သတင်းအသေးစိတ်ကို ည၇နာရီသတင်းနဲ့ သတင်းစာများမှာဖော်ပြပေးပါ့မယ်။

Credit : ဦးရဲထွဋ် FB

ကချင်ပြည်နယ် ပန်ဝါနှင့် ရှမ်းမြောက်ဒေသများတွင် တိုက်ပွဲဖြစ်နေဆဲ

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်တို့ စစ်ရေးအရှိန် လျော့ချရန် သဘောတူ ထားသော်လည်း ကချင်ပြည်နယ် ပန်ဝါ ဒေသနှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွား နေဆဲဖြစ်ကြောင်း သိရသည်။

အစိုးရတပ်ဖွဲ့ဝင်များနှင့် ဒေသခံ နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်း၍ လှုပ်ရှားလာမှုကြောင့် KIA တပ်ဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀) ပန်ဝါဒေသဘက်တွင် မတ်လ (၂၅) ရက်နေ့ ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ပန်ဝါဒေသမှ အမည်မဖော်လိုသည့် KIA အရာရှိ တဦးက ပြောဆိုသည်။

“ကျနော်တို့ နေရာယူထားတဲ့ စခန်းမှာ သူတို့ ရောက်လာလို့ ကျနော်တို့ remote ဗုံးနဲ့ ဖောက် လိုက်တာ။ အဲတော့ သူတို့ဘက်နေပြီး လက်နက်ကြီး မော်တာနဲ့ပြန်ပစ်တယ်။ ၃၀ မိနစ်လောက် ပစ်ခတ်ကြတယ်။ အဲဒီနောက် မနေ့ညကနေ တစ်ညလုံး နေရာယူနေကြတာ အခုထိပဲ။ ဒီမနက်လည်း လက်နက်နဲ့ အင်အားတွေ လာတိုးချမယ်ဆိုပြီး ဇုတ်လန်းဘက်မှာ ကား ၆၀ ရောက်နေတယ်တဲ့” ဟု အထက်ပါ KIA အရာရှိက KNG ကချင်သတင်းဌာန သို့ပြောသည်။


အလားတူ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၇ နယ်မြေရှိ KIA တပ်ဖွဲ့ဝင်များ တည်ရှိသည့် မန်ကန်း-လွယ်ဟူးမုန်း နေရာသို့ အစိုးရတပ် ခမရ ၃၂၄ တပ်ဖွဲ့များ ထိုးစစ်ဆင် ချဉ်းကပ်လာသောကြောင့် ယမန်နေ့ မနက် ၆ နာရီမှ ၈ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA တပ်မဟာ (၄) မှ အရာရှိ တဦးက ပြောဆိုသည်။

ထို့အပြင် မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီခွဲမှ ၅ နာရီဝန်းကျင်ထိ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ရှိ ခလရ ၁၄၅ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။

“၂၄ ရက်နေ့တော့ အစိုးရတပ်တွေ မန်လွမ်ဘက်ကနေ ကျနော်တို့နေတဲ့ နေရာကို တက်လာလို့ ပစ်လိုက်တာ။ ၂ နာရီလောက်ပစ်ခတ်ကြပြီး သူတို့တပ်ဖွဲ့ နောက်ဆုတ်သွားတယ်။ သူတို့ နောက်ဆုတ် သွားတော့ သိန်းဒန်ဘက်ကနေ နောက်အစိုးရစစ်ကြောင်း တစ်ခုပြန်တက်လာတယ်။ အဲဒီပြန်တက်လာတဲ့ အဖွဲ့နဲ့ မနေ့က မနက်ပိုင်းမှာ ပြန်ပစ်ခတ်ကြတယ်။ သူတို့လဲ ပြန်နောက်ဆုတ်သွားတယ်။ အစိုးရတပ်ဖွဲ့ တွေက ကျနော်တို့နေရာယူနေတဲ့ နေရာတိုင်းမှာ လိုက်လိုက်နေတာ။ သူတို့လိုက်လို့ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တော့ ပစ်ခတ်ဖြစ်သွားတာ” ဟု အထက်ပါ KIA အရာရှိက ပြောသည်။

ထိုနေ့ တရက်တည်းတွင် KIA တပ်ရင်း ၁၇ နယ်မြေ အခြားနေရာ တခုရှိ KIA တပ်ဖွဲ့များ နေရာယူ ထားသည့် နမ်ယူးဘွမ်အနီးသို့ အစိုးရ ခလရ ၂၉၀ တပ်ဖွဲ့ အင်အား ၁၀၀ ခန့်က ချဉ်းကပ်လာသောကြောင့် ညနေ ၄ နာရီခွဲ အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပြီး တရက်တည်း တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွား ခဲ့သည်။

လက်ရှိ တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရတပ်ဘက်မှ ဒေသတွင်း လက်နက်နှင့် လူအင်အား ဖြည့်တင်းနေသည့်အပြင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု KIA ဘက်က ပြောဆိုသည်။

KIO နှင့် အစိုးရ ကိုယ်စားလှယ်များအကြား မတ်လ ၁၁-၁၂ ရက်နေ့ တွေ့ဆုံပွဲမှ အပစ်အခတ် ရပ်စဲရေး အတွက် နှစ်ဖက် အောက်ခြေတပ်များ အထိ ညွန်ကြားသွားရန် သဘောတူခဲ့ကြသည်။

Credit : Here

နယ်မြေ ရှင်းလင်းရေး ပြုလုပ်မည်ဟု တိုင်းမှူးပြောဆို

လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဒေသအား နယ်မြေ ရှင်းလင်းရေးပြုလုပ်မည် ဟု အရှေ့ မြောက်ပိုင်းတိုင်း (ရမခ) တိုင်းမှူးက ပြောဆိုကြောင်း ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောသည်။

“တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး က ကျနော်တို့ ရှိတဲ့ နေရာတွေကို နယ်မြေ ရှင်းလင်းရေး လုပ်ရမယ်လို့ မနေ့က ပြောလာတယ်။ တန့်ယန်းမြို့နယ်မှာ ရှိတဲ့ SSA တပ်မဟာ (၃၆) လက်အောက်ခံ တပ်ရင်း (၁၉၂) လွယ်လန်းတောင် တပ်စခန်းနှင့် လယ်စေးတောင် တပ်စခန်း (၂) နေရာကို စတင် ရှင်းတော့မှာ ဖြစ်တယ်၊ တိုက်ပွဲ မဖြစ်ချင် ရင်တော့ အဆင်သင့် ဆုတ်ထား ပေးပါပေါ့။ အဲလို ပြောထားတယ်။” ဟု ဆိုသည်။

အစိုးရဘက်က ရည်ရွယ် ထားသည့် နယ်မြေ ရှင်းလင်းရေး စီမံချက် အတိုင်း ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့က မြဝတီ မီဒီယာတွင် ဖော်ပြ ခဲ့ပြီးနောက် ရမခ တိုင်းမှူးမှ တရားဝင် ထုတ်ဖော် ပြောကြား လိုက်ခြင်းဖြစ်သည်။


ယင်းကိစ္စနှင့် ပတ်သက်၍ SSPP/SSA ဘက်ကလည်း လွယ်လန်း တပ်စခန်းမှ ဆုတ်ခွာ ပေးမည် မဟုတ် ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြား ထားပြီး ဖြစ်သည်ဟု ဗိုလ်မှူး စိုင်းလ က ဆိုသည်။

အဆိုပါ လွယ်လန်းစခန်း တောင်ကြောသည် ဝ နယ်နှင့် SSA တပ်ဖွဲ့များ အတွက် စစ်ရေး အရ အချက်အခြာ ကျသည့် နေရာဖြစ်သည် ဟု တရုတ်- မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက မတ်လလယ်ပိုင်းက သျှမ်းသံတော်ဆင့် သတင်းဌာနသို့ ပြောဆိုခဲ့ဖူးသည်။

“ဒီ လွယ်လန်း စခန်းကနေ ဆုတ်ပေး လိုက်ရင် နောက်ထပ် ဆုတ်စရာ နေရာ မရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချရုံပဲ ရှိတော့တယ်။ အဲဒီတောင်ကို ရသွားရင် ဝ နယ်က ပန်ဆန်းတို့ ပန်ယန်း အပါအဝင် မြို့တော် အတော် များများ အပေါ်စီ ရသွား တာပေါ့။ လက်နက်ကြီးတွေ တင်ပြီး ပစ်ရင် ဝ နယ်ကို ခြိမ်းခြောက် နိုင်ပြီဖြစ်တယ်” ဟု ဦးအောင်ကျော်ဇောက ပြောဆိုသည်။

အစိုးရ ခြေမြန်တပ်ရင်း ခမရ ၃၂၂ မှ အင်အား (၁၀၀) ခန့်နှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့က လွယ်လန်း တောင်အား စစ်ဆင် ခဲ့ရာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကလည်း ထိုနေရာမှ ဆုတ်ခွာပေးရန် ရမခ မှ တာဝန်ရှိသူတဦးက SSPP ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံအား လာရောက် ပြောကြား ခဲ့သေးသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ထပ်မံ၍ ဖိအားပေး ပြောဆိုခဲ့ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အလားတူ မတ်လ (၁၂) ရက်နေ့ ညနေပိုင်းကလည်း တန့်ယန်းမြို့နယ်၊ မိုင်းကောင် တိုက်နယ်ရှိ SSA တပ်ရင်း ၁၉၂ အခြေစိုက်ရာ လွယ်စေးတပ်စခန်းအား အစိုးရ၏ ခလရ ၂၉၁၊ ခလရ ၃၃၊ ခမရ ၃၂၆ ပူးပေါင်းတပ်မှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ပိတ်မိနေသည့် အစိုးရ တပ်ဖွဲ့ဝင်များအား ပြန်လည် ဆုတ်ခွာနိုင်ရန် SSA ဘက်မှ လမ်းကြောင်း ဖွင့်ပေးခဲ့ရာ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက ကျေးဇူးတင်ကြောင်းနှင့် ထပ်မံ၍တိုက်ခိုက် တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ဗိုလ်မှူးစိုင်းလက ဆိုသည်။

ထို့အပြင် “သူတို့ လာတိုက်တာဘဲ ကျနော်တို့ဘက်က မတတ်နိုင်ဘူး။ ပြန်တိုက်ဖို့ဘဲ ရှိတော့တယ်လေ။ ဒီ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး ဟာလဲ သူတို့ အစိုးရ တပ်ဖွဲ့တွေကဘဲ ဖျက်တယ် ဒီတော့ သူတို့ လာရောက် တိုက်ခိုက်တဲ့ အပေါ်မှာသာ မူတည် ပါတယ်။” ဟု ဆက်လက် ပြောဆိုသည်။

SSPP/SSA နှင့် အစိုးရ တို့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂၈) ရက်နေ့က အပစ် အခတ် ရပ်စဲ ခဲ့သော်လည်း တိုက်ပွဲ ကြီးငယ်ပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အကယ်၍ အစိုးရဘက်မှ SSPP အား ပြင်းထန်စွာ ထိုးစစ်ဆင် လာပါက ယခုတကြိမ် စစ်ဆင်ရေး တွင် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA လည်း ပါဝင်လာနိုင်ကြောင်း စစ်ရေး အကဲခတ်များက သုံးသပ် ပြောဆိုသည်။

Credit : Here

အဓိကရုဏ်း နှိမ်နင်းရေးအတွက် ရန်ကုန်မြို့တော်ခန်းမ ရှေ့၌ လေ့ကျင့် (ဓါတ်ပုံသတင်း)

အဓိကရုဏ်းများ ဖြစ်ပေါ်လာပါက နှိမ်နင်းရန်အတွက် လေ့ကျင့်မှုတစ်ခုကို မတ်လ (၂၇) ရက်နေ့ နံနက်ပိုင်း အချိန်က ရန်ကုန်မြို့တော် ခန်းမ ရှေ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။








Credit : Here

၆၈ နှစ်မြောက် တပ်မတော်နေ့ တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပြောကြားသည့် မိန့်ခွန်း


၂ဝ၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနား၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

ရဲဘော်တို့

ဒီနေ့ဟာ တို့တပ်မတော်က ပြည်သူလူထုနဲ့ လက်တွဲပြီး ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့တဲ့ (၆၈) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ အတူ ပေါက်ဖွား လာခဲ့တဲ့ တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူ အားလုံးနဲ့ လက်တွဲပြီး တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း စိတ်ဓာတ်နဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တွေကို တော်လှန် ချေမှုန်း ခဲ့ကြတယ်။ ဒီလို အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေတဲ့ သမိုင်း မော်ကွန်းဝင် နေ့ထူးနေ့မြတ်ဖြစ်လို့ သိသင့် သိထိုက်တာ တွေကို အလေးအနက်ထား မှာကြားသွားမှာ ဖြစ်တယ်။

ရဲဘော်တို့

တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ခေါင်းဆောင်မှု ကောင်းခဲ့တဲ့ အနော်ရထာ မင်းတရားကြီး၊ ဘုရင့်နောင် မင်းတရားကြီးနဲ့ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျတို့ ခေတ်မှာ နိုင်ငံတော် စည်းလုံး ညီညွတ်မှု ခိုင်မာခဲ့လို့ မြန်မာတို့ရဲ့ ဘုန်းမီးနေလ တောက်ပ ခဲ့တာ၊ တိုင်းပြည်မြို့ရွာ သာယာဝပြော ခဲ့တာ တွေ့ကြ ရမှာ ဖြစ်တယ်။

ပြည်သူတွေ စည်းလုံးညီညွတ်မှု ပျက်ပြားချိန်မှာ တိုင်းပြည်ပြိုကွဲ ပျက်စီးပြီး တိုင်းတစ်ပါး လက်အောက် ကျရောက်ခဲ့တာ ကိုလည်း တွေ့ကြရမှာ ဖြစ်တယ်။ ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှ နယ်ချဲ့ တွေ မြန် မာနိုင်ငံကို ၃ ကြိမ် တိုင်တိုင် နယ်ချဲ့စစ်ပွဲ ဆင်နွှဲပြီး မတရား သိမ်းပိုက်ခဲ့လို့ ၁၈၈၅ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှ လက်အောက် ကျရောက်ခဲ့ရပြီး ပြည်သူအများ သူ့ကျွန် ဘဝ ရောက်ခဲ့ရတယ်။ တိုင်းရင်းသား ပြည်သူတွေ သူ့ကျွန်ဘဝမှာ အသက်၊ သွေး၊ ချွေးများစွာ ကျရောက် ပေးဆပ်ခဲ့ရသလို မျက်ရည်အတိ စိတ်ခံစားမှုအဖုံဖုံနဲ့ ဒုက္ခ ရောက်ခဲ့ရတာဟာ သူ့ခေတ်သူ့အခါနဲ့ အညီ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ ခေတ်မီတပ်မတော် မရှိခဲ့လို့ဖြစ်တယ်။ ဒို့အမျိုးသား ခေါင်းဆောင်ကြီး သခင်အောင်ဆန်း ဦးဆောင်တဲ့ မျိုးချစ်လူငယ် ၃ဝဟာ ဂျပန်တွေထံမှာ စစ်ပညာ သင်ကြားကာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ကြပြီး ဂျပန်တွေ အကူအညီနဲ့ နယ်ချဲ့ ဗြိတိသျှ တွေကို တိုက်ထုတ်ခဲ့ ကြတယ်။ အာရှတိုက်သားများ သာတူညီမျှရေး ဆိုတာကို ကြွေးကြော်ခဲ့ သော်လည်း ဖက်ဆစ်ဝါဒနဲ့ မြန်မာပြည်သူတွေ အပေါ် ရက်စက် ကြမ်းကြုတ် ခဲ့တာကြောင့် တပ်မတော်ဟာ ပြည်သူလူထုနဲ့ အတူ ဖက်ဆစ်တို့ကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ တွန်းလှန် ချေမှုန်း ခဲ့ကြတာ ဖြစ်တယ်။ အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ်ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လုံးဝလွတ်လပ်ရေးရခဲ့တယ်။ ဒီသမိုင်းကြောင်းတွေအရ နိုင်ငံတော်မှာ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာဆုံးရှုံးရင် ပြည်သူ ပြည်သား အားလုံး ဆင်းရဲဒုက္ခ ခံစားကြရတာကို တွေ့ကြရမှာ ဖြစ်တယ်။ ဒီလို အဖြစ်ဆိုးမျိုး ပြန်မကြုံ တွေ့ရအောင် ဆောင်ရွက်ဖို့ အရေးဟာ တို့တပ်မတော်နဲ့ အတူ ပြည်သူ အားလုံးရဲ့ အမျိုးသားရေး တာဝန် ဖြစ်တယ်။

ရဲဘော်တို့

ကိုလိုနီ ဘဝကျရောက် ခဲ့ချိန်က နယ်ချဲ့တွေဟာ တို့တိုင်းရင်းသားများ အကြား စည်းလုံး ညီညွတ်မှု ပျက်ပြားအောင် သွေးခွဲ အုပ်ချုပ်ခဲ့ကြတယ်။ တို့တိုင်းရင်းသားများ အကြား တစ်ဦးနဲ့တစ်ဦး သံသယတွေ၊ မယုံကြည်မှုတွေ ဖြစ်ပွားခဲ့ကြလို့ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလမှာ အခက်အခဲတွေ ဖြစ်ခဲ့ကြရတယ်။ လွတ်လပ်ရေး ရပြီး ၁၉၄၉ ခုနှစ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ထူပြောခဲ့လို့ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ချိန်မှာ တို့တပ်မတော်က တိုင်းပြည်အပေါ် မျိုးချစ် စိတ်ဓာတ်အပြည့်နဲ့ အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ် တိုက်ပွဲဝင် ခဲ့ပြီး ရန်ကုန် အစိုးရလို့ခေါ်ရတဲ့ အနေအထားကနေ တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့ ကြတာပဲ ဖြစ်တယ်။ ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရ အဖြစ်နဲ့ တိုင်းပြည် တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက် ပေးခဲ့ရတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အားနည်းချက် အပေါ် အခွင့်ကောင်းယူပြီး ပြည်နယ်တွေ ခွဲထွက်ဖို့ ဆောင်ရွက် လာတာကြောင့် တိုင်းပြည် ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံတွေ့ရချိန်မှာလည်း တို့တပ်မတော်ကပဲ ကာကွယ် စောင့်ရှောက် ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ကနေ မင်းမဲ့စရိုက်တွေ အထိ ကြီးထွားလာပြီး တိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေကိုလည်း တို့တပ်မတော်ကပဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက် ခဲ့ရတယ်။ တပ်မတော်ဟာ တိုင်းပြည်ကို အမြဲတမ်းကာကွယ် စောင့်ရှောက်လျက် ရှိသလို လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ် ပေးလျက်ရှိရာမှာ ပြည်သူလူထုနဲ့ တစ်သားထဲ ဆောင်ရွက်လျက် ရှိတယ်။ ဒါဟာ တပ်မတော်က အမျိုး သားနိုင်ငံရေးကို ဖော်ေ ဆာင် နေခြင်းပဲ ဖြစ်တယ်။

ရဲဘော်တို့

လွတ်လပ်ရေး တိုက်ပွဲဝင်ချိန်က စလို့ နိုင်ငံတော်ရဲ့ သမိုင်းကြောင်းနဲ့ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ အမြဲယှဉ်တွဲလျက် ရှိခဲ့တယ်။ တိုင်းပြည် လွတ်လပ်ရေး ရဖို့၊ တိုင်းပြည် လွတ်လပ်ရေး ပြန်လည် မဆုံးရှုံးဖို့၊ တိုင်းပြည် မပြိုကွဲစေဖို့ အတွက် တပ်မတော်က အမြဲပါဝင် နေခဲ့ ရတာကြောင့် ဒီကနေ့ ခေတ်မီဒီမိုကရေစီ နိုင်ငံတော်အဖြစ် လျှောက်လှမ်း နေချိန်မှာ တို့တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နေရတာ ဖြစ်တယ်။ လွတ်လပ်ရေး ရပြီးချိန်က တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ကြပေမယ့် ဒီမိုကရေစီ အလေ့အကျင့် မရင့်ကျက်သေးချိန်မှာဘဲ နိုင်ငံရေးဝါဒ အကွဲအပြဲတွေ၊ လူပုဂ္ဂိုလ်ရေး ကိုးကွယ် ဆည်းကပ်မှုတွေ ဖြစ်ပြီး ပါတီတွေကွဲကြ၊ မညီမညွတ် ဖြစ်ခဲ့ကြရာကနေ လက်နက်ကိုင် ဆန့်ကျင်မှုတွေ ပြုခဲ့ကြတယ်။ တိုင်းရင်းသားတွေ အရေးမှာလည်း လူမျိုးရေး အကြောင်း ပြချက်၊ ဘာသာရေး အကြောင်းပြချက်၊ နိုင်ငံရေး အကြောင်းပြချက် တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖော်ဆောင် ခဲ့ကြလို့ တိုင်းပြည်တစ်ဝန်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်နိုင်ခြင်း မရှိဘဲ တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့ ရတာကို သင်ခန်းစာ ယူကြဖို့ လိုတယ်။

ရဲဘော်တို့

တို့တပ်မတော်ဟာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂ဝ (င)နဲ့ (စ) တို့မှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ တို့တပ်မတော်က လူပုဂ္ဂိုလ် တစ်ယောက် အတွက်၊ လူတစ်စု အတွက် တာဝန်ထမ်းဆောင်နေတာမဟုတ်သလို လူမျိုးရေး မုန်းတီးလို့၊ ပုဂ္ဂိုလ်ရေး မုန်းတီးလို့ လက်နက်ကိုင် ပဋိပက္ခတွေကို ချေမှုန်းနေခြင်း မဟုတ်ကြောင်း ပြောကြား လိုတယ်။ မည်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းရေးကို ထိပါး နှောင့်ယှက်မယ်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ထိပါးမယ်၊ ပြည်ထောင်စု ပြိုကွဲစေမယ်၊ တိုင်းရင်းသား ချစ်ကြည် စည်းလုံးမှုကို ပြိုကွဲစေမယ်၊ ဒေသရဲ့တည်ငြိမ် အေးချမ်းမှုကို ထိပါးစေမယ့် စုဖွဲ့မှု၊ လုပ်ဆောင်မှုတွေ ပြုလုပ်မယ်ဆိုရင် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ် ပန်ဆင်ထားတဲ့ တို့တပ်မတော်က ကာကွယ်သွားမှာပဲ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိရေးနှင့် လိုက်နာ ဆောင်ရွက်နိုင်ရေး အတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သား များနဲ့ အတူ ထိန်းသိမ်း ဆောင်ရွက်သွား ရမှာဖြစ်တယ်။

နိုင်ငံတစ်ရပ် ဖွံ့ဖြိုးတိုးတက်မှု အတွက် တည်ငြိမ် အေးချမ်းရေးဟာ မရှိမဖြစ် လိုအပ်တယ်။ နိုင်ငံတော် ဖွံ့ဖြိုးရေး တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်အောင် အစိုးရကလည်း ငြိမ်းချမ်းရေးကို လိုလားသလို နိုင်ငံတော် ကာကွယ်ရေးမှာ အသက်ခန္ဓာတွေပေးအပ်ပြီး ထမ်းဆောင် နေကြရတဲ့ တပ်မတော် အနေနဲ့လည်း ငြိမ်းချမ်းရေးကို ပိုပြီးဖြစ်ပေါ် စေချင်တယ်။ နှစ်ဖက် ငြိမ်းချမ်းရေး ရဖို့ကိစ္စကို တစ်ဖက်ကဘဲ ဆောင်ရွက်လို့ မရနိုင်တာ ဖြစ်လို့ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ စိတ်ရင်း စေတနာမှန်နဲ့ ဖိတ်ခေါ် ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေး စားပွဲဆီ လာရောက်မယ် ဆိုရင် ကျန်ရှိနေသေးတဲ့ လက်နက်ကိုင် အဖွဲ့နဲ့ ပဋိပက္ခတွေပြေလည်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဟာ မလွဲမသွေ ဖြစ်ထွန်း ပေါ်ပေါက် လာမှာ ဖြစ်တယ်။ ဒီနေရာမှာ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ပြီး စုစည်း ညီညွတ် တဲ့ ပြည်ထောင်စုကြီး ဖြစ်စေရေးအတွက် ရိုးသားမှု၊ ကတိတည်မှုနဲ့၊ တိုင်းရင်းသား ပြည်သူလူထု အားလုံး အပေါ် စိတ်ကောင်း စေတနာ ကောင်းထားရှိဖို့ လိုအပ်ကြောင်း ပြောကြား လိုတယ်။

ရဲဘော်တို့

တို့တပ်မတော် စတင် ဖွဲ့စည်းကတည်းက လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဆိုပြီး နိုင်ငံတော် လွတ်လပ်ရေး အတွက် အဓိက တိုက်ပွဲဝင် ခဲ့ကြတယ်။ တပ်မတော်သည် နိုင်ငံတော် အတွက် ဖြစ်ရမယ် ဆိုတဲ့ တိုင်းပြည် ချစ်စိတ်၊ နိုင်ငံ ချစ်စိတ်နဲ့ ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်။

နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ တပ်မတော်က နိုင်ငံတော် တာဝန်ယူခဲ့ရချိန်မှာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကို ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်းပေါ် ပို့ဆောင် ပေးခဲ့တယ်။ ယခုအခါမှာ ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်းပေါ်မှာ နိုင်ငံတော် အစိုးရ၊ လွှတ်တော် အသီးသီးတို့ရဲ့ ဦးဆောင်မှုနဲ့ လျှောက်လှမ်းခဲ့တာ ၂ နှစ် သက်တမ်း ရှိပြီ ဖြစ်တယ်။ အင်မတန် နုနယ်တဲ့ ကာလအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ကြိုးစား ပြုလုပ်ခဲ့တာက စတင် ရရှိလာတဲ့ အကျိုးရလဒ်များနဲ့ အတူ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် နေကြပြီ ဖြစ်တယ်။ မိမိတို့ လိုလားတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်း ပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်စေဖို့ များစွာကြိုးစားပြီး ဆက်လက် လုပ်ဆောင် သွားကြရမယ်။ ဒီမိုကရေစီဆိုတာ ဥပဒေဘောင် အတွင်းမှာ စည်းကမ်းနဲ့အညီ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်တယ်။ ဒီမိုကရေစီစနစ်နဲ့ ချီတက်ရာမှာ တပ်မတော်အပါအဝင် ပြည်သူ တစ်ရပ်လုံး စည်းကမ်းရှိကြဖို့၊ ဥပဒေကို လေးစား လိုက်နာကြဖို့ အရေးကြီးတယ်။ တို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးကို လိုလားတယ်။ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် မှန်ကန်စွာ ရှင်သန် ဖွံ့ဖြိုးလာရင် ဒီအသီးအပွင့်တွေကို ပြည်သူ ပြည်သားတွေနဲ့ အတူ တို့တပ်မတော် သားတွေလည်း ခံစားကြရမှာ ဖြစ်တယ်။ ဒီမိုကရေစီစနစ် တည်ငြိမ်ရင့်ကျက်မှု မရှိသေးမီမှာ ယခင်အတိတ် သမိုင်းကြောင်းကလို အဖြစ်မျိုးတွေ ဖြစ်ပြီး တိုင်းပြည် ထိခိုက်နစ်နာ ဆုံးရှုံးရတာတွေ မဖြစ်ဖို့ အရေးကြီးတယ်။ တို့တပ်မတော် အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတော် ထာဝရ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှာ တာဝန်ကျရာ အခန်းကဏ္ဍ ကနေ တက်ကြွစွာ ပါဝင် ပူးပေါင်း ဆောင်ရွက်လျက် ရှိတယ်။ တပ်မတော်ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ဒီမိုကရေစီ ကျင့်စဉ် များနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုး တိုးတက်မည်၊ စည်းလုံး ညီညွတ်စွာဖြင့် အလုပ်လုပ်မှ ဖွံ့ဖြိုးတိုးတက်မည်၊ စည်းကမ်းရှိမှ ဖွံ့ဖြိုးတိုးတက်မည် ဆိုတဲ့အတိုင်း ရဲဘော်တို့အားလုံး တို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက်ညီလက်ညီ လုပ်ဆောင် သွားဖို့ မှာကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေတဲ့ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ အလွန်တရာ ကြီးမားလှတဲ့ အစဉ်အလာ ကောင်းတွေနဲ့ ပြည့်စုံနေတယ်။ ဒီအစဉ်အလာ တွေဟာ မိမိကိုယ်ကျိုးကို ပဓာနမထားဘဲ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်၊ နိုင်ငံနဲ့ လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံရဲတဲ့ စိတ်ဓာတ်တွေ ပေါ်မှာ အခြေခံပြီး ပေါက်ဖွားလာတဲ့ အစဉ်အလာတွေ ဖြစ်တယ်။ ဒါ့အပြင် တို့တပ်မတော်ဟာ နယ်ဘက်ဆိုင်ရာ ဥပဒေစည်းမျဉ်း စည်းကမ်းတွေ၊ တပ်မတော်ရဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ သာမက ဂျီနီဗာ ကွန်ဗင်းရှင်း ကိုပါ အထူး လိုက်နာတဲ့ တပ်မတော်တစ်ရပ် ဖြစ်တယ်။ တို့တပ်မတော် သားတွေကို ဂျီနီဗာ ကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာဖို့လည်း လေ့ကျင့် သင်ကြားပေးလျက် ရှိတာကြောင့် တို့တပ်မတော်ဟာ ဘယ်လို စစ်ရာဇဝတ်မှုတွေကိုမျှ မကျူးလွန်သလို စည်းကမ်း ဖောက်ဖျက် ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မတော် စည်းမျဉ်း ဥပဒေများနဲ့ အညီ ထိရောက်စွာ အရေးယူ ခဲ့တယ်။ နိုင်ငံတော် ကာကွယ်ရေး အတွက် တာဝန် ထမ်းဆောင် နေချိန်မှာ ဘယ်တိုင်းရင်းသား လူမျိုးအပေါ်မှ မုန်းတီးစိတ်နဲ့ ဆောင်ရွက်ခြင်း မရှိဘဲ လက်နက်ကိုင် ပဋိပက္ခ ဖော်ဆောင်သူတွေ ကိုသာ တိုက်ခိုက် နေတာဖြစ်လို့ လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ဆိုတာ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိ ကြောင်း ပြောကြား လိုတယ်။

ရဲဘော်တို့

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂ ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက် နေသလို ၂၁ ရာစုမှာ ကမ္ဘာ့ပြည်သူ အများစုဟာ တရားမျှတမှု၊ ငြိမ်းချမ်း သာယာရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ပိုမို လိုလားခဲ့ကြတယ်။ ကမ္ဘာ့ပြည်သူများဟာ စစ်ကို မလိုလား ခဲ့ကြပေမယ့် ကမ္ဘာ့နေရာ ဒေသအချို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ များ ကို ကောင်းစွာဖြေရှင်းနိုင်မှု မရှိကြလို့ စစ်ပွဲတွေကို ရှောင်လွှဲ မရနိုင်ဘဲ ဒေသတွင်း စစ်ပွဲ များ ဖြစ်ပွားလျက် ရှိတာကို တွေ့ကြရမှာဖြစ်တယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံ အချို့ဟာ အခြားနိုင်ငံများ အပေါ် အကြောင်းပြချက် အမျိုးမျိုး အဖုံဖုံနဲ့ ထိန်းချုပ်မှုများ လုပ်ဆောင်ခြင်း၊ သံသယရှိသည့် နယ်မြေများတွင် အင်အား ဖြန့်ကြက် ချထားခြင်း၊ ကမ္ဘာ့လုံခြုံရေး အကြောင်းပြချက်ဖြင့် ထိန်းချုပ်မှု၊ ဟန့်တားမှု၊ အင်အား ထုတ်ဖော် ပြသမှုများ ပြုလုပ်လာ ကြတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယုံကြည်မှု မရှိသည့် နိုင်ငံများက မိမိနိုင်ငံ လုံခြုံရေး၊ ခုခံ ကာကွယ်ရေးနဲ့ စစ်ကိုတားဆီးနိုင်ရေး အတွက် ပြင်ဆင်   နေကြတာကိုလည်း တွေ့ကြရမှာ ဖြစ်တယ်။ ကမ္ဘာတည်သရွေ့ အမိ မြန်မာနိုင်ငံ၏ ဒို့တာဝန် အရေး(၃)ပါး တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်ရဲ့ မြေထု၊ ရေထု၊ လေထုတွေ အထိပါး အဆုံးရှုံး မခံရရေး၊ တိုင်းရင်းသား ပြည်သူ အပေါင်းရဲ့ အသက်အိုးအိမ် စည်းစိမ် တွေကို ထိရောက်စွာ ကာကွယ် ပေးနိုင်ရေး အတွက် တို့တပ်မတော်ကို စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ်ဖြစ်အောင် တည်ဆောက်ကြ ရမယ်။ နိုင်ငံတော်ရဲ့ ရှည်လျားတဲ့ ပင်လယ် ကမ်းရိုးတန်း ကာကွယ်ရေး အတွက် ရေတပ်အင်အား တောင့်တင်းရမှာဖြစ်သလို နိုင်ငံတော်ရဲ့ မြောက်ဘက် ထိပ်ဖျားကနေ တောင်ဘက်စွန်း အထိ ကျယ်ဝန်းလှတဲ့ ပိုင်နက်နယ်မြေကို ကောင်းစွာ ကာကွယ် နိုင်အောင် ထက်မြက်တဲ့ လေတပ်အင်အား တစ်ရပ်လည်း လိုအပ်တယ်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးမှာ ဒို့တပ်မတော် ဖခင် ဗိုလ်ချုပ် အောင်ဆန်းက မြန်မာနိုင်ငံ ကာကွယ်ရေး အတွက် '' လေတပ်ဟာ first line airplane အဖျင်းဆုံး ၅ဝဝ ရှိရမယ်၊ စစ်တိုက်တဲ့ ချိန်မျိုးမှာ လူတစ်သန်း စစ်အင်အား ရှိရမယ်၊ ဟိုနေရာက မထိတထိစတာ၊ ဒီနေရာက မထိတထိ စတာကိုလည်း ပြန်ပြီး လုပ်ရဲရမယ်၊ လုပ်နိုင်ရမယ်'' လို့ ပြောကြား ခဲ့တာ တွေ့ကြရမှာ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ် ၇ဝ ကျော်က ဗိုလ်ချုပ်အောင်ဆန်း ကြိုတင် မျှော်မှန်းခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေး အတွက် အင်အား တောင့်တင်းတဲ့ တပ်မတော် ဖြစ်အောင် ကြိုးပမ်းကြရမှာ ဖြစ်သလို နိုင်ငံတော်ရဲ့ မြေထု၊ ရေထု၊ လေထုတွေကို ကောင်းစွာ ကာကွယ်နိုင်ဖို့ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစု အားလုံး ခေတ်မီရေး၊ အစွမ်းထက်ရေးကို ခေတ်နှင့်အညီ အမီ လိုက်နိုင်အောင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ စုစည်းညီညွတ်တဲ့ ပြည်ထောင်စု ကြီးကိုလည်း တည်ဆောက် ကြရမယ်။ တပ်မတော် စွမ်းရည် ထက်မြက်ရေး အတွက် ဆောင်ရွက်ရာမှာ တပ်မတော်ရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက် ကြရမှာဖြစ်တယ်။ နည်းပညာတွေ ကောင်းစွာ တတ်ကျွမ်းရေးနဲ့ နည်းပညာမြင့် ခေတ်မီ စစ်လက်နက် ပစ္စည်း ကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရေး အတွက် စစ်သည်များရဲ့ ပညာရည် မြင့်မားဖို့ လိုအပ်တယ်။ တပ်မတော် စွမ်းရည် မြင့်မားရေး အတွက် လေ့ ကျင့်ရေးကိုလည်း အလေးအနက်ထား ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ခေတ်မီ လေ့ကျင့်ရေး သင်ထောက် ကူ ပစ္စည်းတွေ၊ ခေတ်မီ လေ့ကျင့်ရေး နည်းနာတွေနဲ့ စနစ်တကျ လေ့ကျင့်မှု တွေကို အမြဲ မပြတ် ဆောင်ရွက် ကြမှသာလျှင် ခေတ်မီ စစ်လက်နက်ပစ္စည်း ကိရိယာတွေနဲ့နည်းစနစ်တွေ၊ နည်းဗျူဟာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး တပ်မတော်ရဲ့ စွမ်းရည် ထက်မြက် လာမှာ ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာတွေ ဖြစ်တဲ့ စိတ်ဓာတ် ခိုင်မာရေး၊ စည်းကမ်း ကောင်းမွန်ရေး၊ သစ္စာ ရှိရေး၊ စည်းလုံး ညီညွတ်ရေးနဲ့ စွမ်းရည်သုံးရပ် ပြည့်ဝစေရေးတို့ အတွက် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာ ချောင်ချိရေး၊ စိတ်ဓာတ် စတဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်နဲ့ အမြဲမပြတ် အလေးထား ဆောင်ရွက် နေကြဖို့ အလေးအနက် မှာကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတော်တစ်ရပ် လွတ်လပ်ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ဆိုရင် နိုင်ငံရေးစွမ်းအား၊ စီးပွားရေး စွမ်းအား၊ ကာကွယ်ရေး စွမ်းအားတွေ အားကောင်း ခိုင်မာဖို့ လိုတယ်။ နိုင်ငံတော် တစ်ရပ်အတွက် အရေးကြီးလှတဲ့ စွမ်းရည်သုံးရပ် တောင့်တင်းအောင် ဆောင်ရွက်ရေးဟာ တိုင်းပြည်ချစ်စိတ် ရှိသူတိုင်း၊ အမျိုးသားရေး စိတ်ရှိသူတိုင်းရဲ့ တာဝန် ဖြစ်တယ်။ ကာကွယ်ရေး စွမ်းအား ထက်မြက် ခိုင်မာရေးအတွက် တပ်မတော်မှာ တာဝန်ရှိတယ်။ တို့တပ်မတော်ကို စွမ်းရည် ထက်မြက် မြင့်မားတဲ့ Standard Army ဖြစ်အောင် တည်ဆောက်ရေးမှာ ရဲဘော်တို့လည်း တာဝန်ရှိကြောင်း ပြောကြား လိုတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၂ မှာ နိုင်ငံတော် သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု၊ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချ ခွင့်မပြုလို့ ချမှတ်ထားတာနဲ့အညီ နိုင်ငံတော်ရဲ့ ကာကွယ်ရေး မူဝါဒမှာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရန်၊ ပြည်သူ့ စစ်မဟာ ဗျူဟာဖြင့် နိုင်ငံတော် ကာကွယ်ရေး ဖော်ဆောင်ရန်၊ ပြည်ပနိုင်ငံများမှ နည်းမျိုးစုံဖြင့် စွက်ဖက် ကျူးကျော်မှုများကို ကာကွယ်ရန် တို့ကို ချမှတ်ဆောင်ရွက် လျက်ရှိတာကြောင့် ပြည်ပ နိုင်ငံများမှ စွက်ဖက် ကျူးကျော်မှုများကို ကောင်းစွာ ကာကွယ်နိုင်ရန် ကာကွယ်ရေး စွမ်းအား မြင့်မားခိုင်မာရေး အတွက် တပ်မတော်နဲ့ အတူ ပြည်ထောင်စုသား အားလုံးမှာ တာဝန်ရှိကြောင်း ပြောကြားလိုတယ်။

Credit : Here

မြန်မာ့ဆန် ဂျပန်နိုင်ငံက ၀ယ်ယူမည်


မြန်မာနိုင်ငံက ဆန်တွေကို နှစ်ပေါင်း ၄၅ နှစ်နီးပါး ၀ယ်ယူမှုရပ်ဆိုင်း ထားတဲ့ ဂျပန်နိုင်ငံက အခု မြန်မာပြည်ကဆန်တွေကို ပြန်လည် ၀ယ်ယူတော့မယ်လို့ Financial Times သတင်းစာက ဒီကနေ့ ရေး သားလိုက်ပါတယ်။

၁၉၆၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံက ဆန်ဝယ်ယူမှုရပ်ဆိုင်းခဲ့တာဖြစ်ပါ တယ်။ အခု ဂျပန် Mitsui ကုမ္ပဏီက ပြန်လည်ဝယ်ယူဖို့ လက်ခံခဲ့ တာဖြစ်ပြီး လာမယ့်မေလမှာ ဆန် တန်ချိန် ၅၀၀၀ စတင် ၀ယ်ယူမှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံက ၀ယ်ယူတဲ့ဆန်တွေကို ဘီယာ၊ ဘီစကွတ်လိုမျိုး မုန့်ပဲသရေစာလိုအပြင် ဂျပန်အရက်ချက် တဲ့ နေရာမျိုးတွေမှာသုံးဖို့ဖြစ်တယ်လို့ ဂျပန်စိုက်ပျိုးရေး ၀န်ကြီးဌာနကပြောကြောင်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ဂျပန်အစိုးရနဲ့ မြန်မာ အစိုးရတို့ကြား ပိုမိုရင်းနှီးတဲ့ ညှိနှိုင်းဆက်ဆံမှုတွေရှိလာခဲ့တာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါ ဂျပန်နိုင်ငံက အကူအညီပေးနေတာတွေ ရှိလာပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပံ့ပိုးတဲ့ အနေနဲ့ မြန်မာနိုင်ငံ ကနေ ဂျပန်နိုင်ငံအပေါ်တင်ရှိနေတဲ့ လက်ရှိကြွေးမြီ ဂျပန်ယန်းငွေ သန်းပေါင်း ၃ သိန်းကျော်၊ အမေရိကန်ဒေါ်လာ နဲ့ဆိုရင် သန်းပေါင်း ၃၇၀၀ ကို ပြီးခဲ့တဲ့ မတ်လက လျော်ပေးခဲ့ပြီး ဖြစ်ပါတယ်။

From.....RFA 

Credit : Here

(၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်

(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊

(၂)ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး၊

(၃) ပြည်တွင်းပြည်ပ အဖျက်သမား များ၏ အန္တရာယ် မှန်သမျှကိုနိုင်ငံတော် စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော် စွမ်းအားတို့ဖြင့် ပူးပေါင်းကာကွယ်တိုက်ဖျက်ရေး၊

(၄) နိုင်ငံတော်၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီးစွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ်တပ်မတော် ဖြစ်ပေါ်လာစေရေး'' တို့ဖြစ်ကြသည်။

Credit : Here

မိတ္ထီလာ မြို့၌ ယာယီ ဖွင့်လှစ် ထားသော ကယ်ဆယ်ရေး စခန်း များသို့ အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ လာရောက်လှူ ဒါန်းလျက်ရှိ


မိတ္ထီလာ မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများမှ ဒုက္ခသည်များ အတွက် မတ် ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ စေတနာရှင် ပြည်သူ များက အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ လာရောက် လှူဒါန်းလျက် ရှိရာတွင် ယနေ့မွန်းလွဲပိုင်းအထိ ခေါက် ဆွဲခြောက် ၁၇၈ဝ၆၆ ထုပ်၊ ရေသန့် ၁၁၄၄၉၆ ဘူး၊ မုန့်မျိုးစုံ ၄၄၆၃၉ ထုပ်၊ အချိုရည် ၁၇၉၆ ဘူး၊ ဓာတ်ဆားထုပ် ၃ဝဝဝ၊ ကော်ဖီ မစ်ထုပ် ၁ဝဝဝဝ၊ ဆန် ၂၂၇၁ အိတ်၊ ဆီ ၁၁၂၂ ပိဿာ၊ ကြက်ဥ အလုံး ၃၃၉ဝဝ၊ ပိတ်စ သုံးထုပ်၊ အဝတ် အထည် ၁၉ ထုပ်၊ ဆေးဝါး မျိုးစုံ တစ်သေတ္တာ၊ မိုးကာ ၁ဝ ထည်၊ ဖိနပ်အရန် ၄ဝဝဝ၊ ပလတ် စတစ်ဖျာအချပ် ၂ဝဝဝ၊ ကုလားပဲ ပိဿာ ၃ဝဝဝ၊ ငါးသေတ္တာဘူး ၃ဝဝဝ တို့ဖြစ်ပြီး အလှူငွေ စုစု ပေါင်းမှာ ငွေကျပ် ၅၃၅ဝဝဝဝ ဖြစ်ကြောင်း သိရသည်။


မိတ္ထီလာမြို့ ဆက်သွယ်ရေး ဝန်ထမ်း ရိပ်သာ၌ ဖွင့်လှစ် ထားသော အလှူငွေ နှင့် ပစ္စည်း လက်ခံရာ ဌာနသို့ စေတနာရှင် ပြည်သူများ လာရောက် လှူဒါန်းလျက် ရှိကြရာ မြန်မာနိုင်ငံ အမျိုး သမီး ရေးရာ အဖွဲ့ချုပ် (ဗဟို)က ငွေကျပ်သိန်း ၃ဝ၊ မိတ္ထီလာ ခရိုင် အမျိုး သမီး ရေးရာ အဖွဲ့က ငွေကျပ် ငါးသောင်း၊ မိတ္ထီလာ ခရိုင် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့က ငွေကျပ် ငါးသောင်း၊ မိတ္ထီလာ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း က ငွေကျပ် နှစ်သောင်း၊ မိတ္ထီလာ မြို့နယ် အမျိုး သမီး ရေးရာ အဖွဲ့က ငွေကျပ် တစ်သောင်း၊ မန္တလေး ကျောက်စိမ်း ရောင်းဝယ်ရေးက ခေါက်ဆွဲခြောက်ထုပ် ၂၈ဝဝ၊ ရေသန့်ဘူး ၁၅ဝဝ နှင့် မုန့် မျိုးစုံ အထုပ် ၃၁၂ဝ၊ ကျောက်ဆည် မိသားစုက ရေသန့် ၃၈၄ ဘူး၊ မုန့်မျိုးစုံ ၅၂၈ ထုပ်၊ အဝတ် အထည် တစ်ထုပ်၊ ဆေးဝါး တစ်သေတ္တာနှင့်တစ်အိတ်၊ အောင်မြင်သူ ကုမ္ပဏီများ အုပ်စုက ရေသန့်ဘူး ၂၃၄ဝ နှင့် ဆန်အိတ် ၉ဝ၊ ဧရာ မေတ္တာလူမှုကူညီရေး အသင်းက ခေါက် ဆွဲခြောက်ထုပ် ၃ဝဝ၊ ရေသန့်ဘူး ၁၈ဝ နှင့် ဆန်အိတ် ၈ဝ၊ ကျင်းလုံ မြန်မာ က ခေါက်ဆွဲခြောက် ထုပ် ၉ဝဝဝ၊ ရေသန့် ၁၅၂၇၆ ဘူးနှင့်ဆန်အိတ် ၃ဝဝ၊ ဧဒင် အုပ်စုကုမ္ပဏီကဆန်အိတ် ၈ဝ၊ KTM သောက်ရေသန့်က ရေသန့်ဘူး ၃ဝဝဝဝ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီရေး အဖွဲ့က ခေါက်ဆွဲ ခြောက်ထုပ် ၁၆၅ဝ၊ မုန့်မျိုးစုံ အထုပ် ၂ဝဝ၊ အချိုရည် ၅၇၆ ဘူးနှင့် အဝတ် အထည် ၈၈ ထည်၊ တော်ဝင် ဖောင်ဒေးရှင်းက ဆန်အိတ် ၁၅ဝ၊ မြို့တော် ဘီစကစ်က မုန့်မျိုးစုံ ၅၁၄၈ ထုပ်၊ ဆန်အိတ် ၁ဝဝ၊ ပဲဆီ ပိဿာ ၃ဝဝဝ နှင့် ငါး သေတ္တာဘူး ၃ဝဝဝ တို့ကို လာရောက် လှူဒါန်း ခဲ့ကြ သည်။

စေတနာရှင် ပြည်သူများ အနေဖြင့် မိတ္ထီလာမြို့ ဆက်သွယ်ရေး ဝန်ထမ်း ရိပ်သာ၌ ဖွင့်လှစ် ထားသည့် အလှူငွေနှင့် ပစ္စည်း လက်ခံရာ ဌာနသို့ လာရောက် သတင်း ပို့၍ ကယ်ဆယ်ရေး စခန်း များသို့ ကိုယ်တိုင် သွားရောက် လှူဒါန်း နိုင်ကြောင်း သိရှိ ရသည်။

Credit : မြ၀တီ

လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် မရိုးသားကြောင်း ရွှေညဝါ ဆရာတော် မိန့်ကြား

မိမိတို့နိုင်ငံတွင် နေရာဒေသတချို့၌ ဖြစ်ပေါ်နေ သော လူမျိုးရေး ပဋိပက္ခကဲ့သို့သော ဖြစ်ရပ်တချို့ သည် ရိုးသားမှု မရှိကြောင်း ရွှေညဝါ ဆရာတော်က မအူပင်မြို့နယ်ရှိ ပလောင်ရွာသို့ ရောက်ရှိစဉ် မိန့် ကြားသွားသည်။

“နိုင်ငံတော်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာပဋိပက္ခ၊ လူမျိုးရေး အဓိကရုဏ်းနဲ့ ဘာသာရေး ပဋိပက္ခတွေဟာအချိန်မရွေး တစ်တိုင်း တစ်ပြည်လုံးကို ချက်ခြင်းမီးလောင်သွားနိုင်တဲ့ မှတ် တိုင်ကြီးဖြစ်နေတယ်၊ ဒါကို နည်းနည်းတော့ ပြော ချင်တယ်၊ သိပ်မရိုးသားဘူးလို့ ဘုန်းကြီးက ဝေဖန် ချင်တယ်၊ဘာဖြစ်လို့ ဒီအကွက်ကျကျနဲ့ ပေါက်ကွဲမှု တွေဟာ ဟိုနားဒီနား ဖြစ်နေတာလဲ”ဟု ဆရာတော်က ဒေသခံရွာသားများအား ဆုံးမစကားပြောကြားရာ၌ ထည့်သွင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။


ဆရာတော်နှင့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)စသည့် (၈၈)မျိုးဆက်ကျောင်းသား များသည်ရဲနှင့်ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားခဲ့ဖူးသော မအူပင်မြို့နယ်ရှိ ပလောင်ရွာရှိဒေသ ခံများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေး အကြံပြုပေးရန် ယနေ့နေ့လည်(၁၁)ခွဲ အချိန်၌ အဆိုပါ ရွာသို့ရောက်ရှိလာကြခြင်း ဖြစ်ကြောင်းသိရသည်။

“ကျုပ်လည်း မအားဘူး။ ဒကာမင်းကိုနိုင်တို့လည်း မအားဘူး။ ကျုပ်တို့ နိုင်ငံရေးကို မလုပ်ရဘူးဗျာ။ ကယ်ဆယ်ရေးတွေပဲလျောက်လုပ်နေရတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ကျုပ်တို့လုပ်နေတာက ရှေ့ကို မရောက်တော့ဘူး။ ပွက်တဲ့နေရာ ဆူတဲ့နေရာ အကုန်လုံး လျောက်ပြီးတော့ သွားနေရတယ။် ”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ထိုကဲ့သို့ ကိစ္စများနှင့် ဆက်စပ်၍ “အဲလို သွားနေရတာကြီးကကျုပ်တို့ တဖြည်းဖြည်းနဲ့ စဉ်းစားမိတယ်။ဒါ ဘာကြောင့်လဲ။ မွတ်စလင် ဘာသာဝင်တွေဟာ ဧည့်သည်ဘာသာဝင်တွေပါ။ ဧည့်သည်ဘာသာဝင်တွေ လူနည်းစုတွေ ဆိုပြီးတော့ ကျုပ်တို့ဗုဒ္ဓဘာသာဝင်တွေက အများစုဆိုပြီးတော့ နိုင့်ထက်စီးနင်း အနိုင်ကျင့်ကြ တာတွေတော့ ကျုပ်မတွေ့ခဲ့ဖူးဘူး။ အနိုင်ကျင့်တဲ့ ဗုဒ္ဓဘာသာဝင်တွေတော့ ရှိကောင်းရှိမယ်။ ဒါပေမယ့် ခုထက်ထိ ကျုပ်မတွေ့သေးဘူး” ဟုမိန့်ကြားသည်။

ပလောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပက်သက်၍လည်း တိုင်းဒေသကြီး တစ်ခုလုံး၏ သိက္ခာကျစရာ ဖြစ်သွားနိုင်သည့် အရေးကို လာရောက်ဖြေရှင်းပေးခဲ့ရဖူးကြောင်း၊ ရဲတပ်သား တစ်ဦး သေဆုံးသွားသည့်အတွက် ဝမ်းနည်း ရပါကြောင်းနှင့် နှစ်ဦးနှစ်ဘက် မည်သူမှန်သည်မှားသည် မဝေဖန်ချင်ပဲ နောက်နောင် မဖြစ်ပွားကြစေရန် ဆရာတော်မှ တိုက်တွန်းလိုက်ပြီး ရွာသားများအနေဖြင့် ဆန္ဒမစောကြရန်၊ အကြမ်းမဖက်ကြရန်နှင့် စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်နဲ့လုပ်ကြရန်နှင့် ရသင့်ရထိုက်သည်များကို ဦးတည်ပြီး၍ လိုချင် မှုတစ်ခုတည်းနှင့် လုပ်ဆောင်နေပါက ရသင့်သည်များပါ ဆုံးရှုံးသွားရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။

ရွှေညဝါ ဆရာတော်သည် ပလောင်ပြဿနာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌဖြစ်သူ ဧရာဝတီ တိုင်း ဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုမှ လှူဒါန်းသော အလှူငွေ (၁)သိန်းကျပ်နှင့် ပလောင်ဒေသခံများ လှူဒါန်းသော အလှူငွေ (၁)သိန်းကျော်အား ပလောင်ကျေးရွာ ဖွံ့ဖြိုးရေး အတွက် ပြန်လည် လှူဒါန်းခဲ့သည်။

၎င်းတို့ ရောက်လာရခြင်းသည်လည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းဒေသကြီး အစိုးရနှင့် တောင်သူလယ်သမားများ အကြား နှစ်ဦးနှစ်ဖက် မျှတသော အခြေအနေများ ပေါ်ပေါက် ကာဒေသခံများ၏ ဘဝနေရေးထိုင်ရေး ပြေလည်ပြီး တရားဥပဒေ စိုးမိုးမှုအောက်၌ ဘေးကင်းလုံခြုံသော ဘဝများ ဖြစ်စေချင်သောကြောင့်ဟု ဒေသခံရွာသားများအား မိန့်ကြားခဲ့သည်။

ထက်နောင်နောင်
မြန်မာ့ခေတ်

Credit : Here

ဆီးဂိမ်းအတွက် ငွေဆောင်ကမ်းခြေမှာ ဘာတွေလုပ်နေသလဲ


ငွေဆောင်ကမ်းခြေမှာကျင်းပမယ့် ဆီးဂိမ်း ရွက်လှေပြိုင်ပွဲအတွက် လိုအပ်တဲ့ တည်ဆောက်မှုတွေ ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေ ဘူးကွဲကြီးကျေးရွာမှာ အကောင်အထည် ဖော်နေတဲ့ ဒီစီမံကိန်းကို ဆောက်လုပ်ရေးလုပ်ငန်းများ တနှစ်ပြည့်မယ့် လာမယ့် မေလမှာ ပြီးဆုံးဖို့ လျာထားသတ်မှတ်ထားကြောင်း စီမံကိန်းတာဝန်ခံအင်ဂျင်နီယာ ဒေါ်သန်းသန်းညိုက ဧရာဝတီကို ပြောပါတယ်။


“ဆီးဂိမ်းမှာ နိုင်ငံတကာက အားကစားသမားတွေ၊ အုပ်ချုပ်သူတွေလာကြမှာဆိုတော့ သူတို့တွေ အဆင့်မြင့်မြင့် တည်းခိုနိုင်ဖို့ ဟိုတယ်တွေရဲ့စံနှုန်းအတိုင်း အကောင်းဆုံး တည်ဆောက်ထားပါတယ်။ နိုင်ငံတကာပွဲလည်းဖြစ်တယ်၊ နိုင်ငံတော်ပွဲလည်း ဖြစ်နေတဲ့အတွက် အဆောက်အအုံတွေကို နိုင်ငံတကာအဆင့်မီ လုပ်ဆောင်ထားပါတယ်” လို့ ဒေါ်သန်းသန်းညိုက ပြောပါတယ်။

စားသောက်ခန်း၊ အားကစားလေ့ကျင့်ခန်း၊ နားနေဆောင်၊ ထမင်းစားဆောင်၊ အစည်းအဝေးခန်းမ၊ လူနေအိပ်ခန်းတွဲများ၊ အင်တာနက်အသုံးပြုနိုင်မယ့် မီဒီယာအခန်း စသဖြင့် လူပေါင်း ၂၀၀ ကျော် သက်တောင့်သက်သာ တည်းခိုနိုင်ဖို့ တည်ဆောက် ထားတယ်လို့ ဆိုပါတယ်။

၁ ထပ်ဆောင် - ၈ လုံး
၂ ထပ်ဆောင် - ၂ လုံး
ပင်မဆောင် - ၁ ဆောင်
အခန်းစုစုပေါင်း - ၇၀

ဆီးဂိမ်း ပြီးဆုံးသွားချိန်မှာ ဒီအဆောက်အအုံတွေကို မြန်မာနိုင်ငံ ရွက်လှေအသင်းရဲ့ Boat Club (ရွက်လှေ ကလပ်) အဖြစ် ဆက်လက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

အဆောက်အအုံနေရာတွေဟာ ပင်လယ်ကမ်းစပ်မို့လို့ ပင်လယ်လေ တဖြူးဖြူး တိုက်ခတ်နေပြီး အုန်းစိမ်းပင်တန်းတွေ၊ ဖြူလွှလွှသောင်ပြင်ကျယ်ကြီးနဲ့ ပင်လယ်ပြာကြီးအပြင် ငွေဆောင်ရဲ့ ချစ်သူများကျွန်းနဲ့ မနီးမဝေးမှာတည်ရှိတာကြောင့် “ကဗျာဆန်အောင် လှပတဲ့နေရာ” လို့တောင် တင်စားရလောက်အောင် သာယာလှပါတယ်။

အာဆီယံနိုင်ငံတွေက လာရောက်ကြမယ့် ရွက်လှေအဖွဲ့တွေအနေနဲ့တော့ ဆီးဂိမ်း ပြိုင်ပွဲဝင်ရုံတင်မကဘဲ မြန်မာ့ကမ်းခြေ ငွေဆောင်အလှကိုပါ ရင်သပ်ရှုမော ခံစားကြရဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာရွက်လှေအားကစားသမားတွေ ငွေဆောင်မှာ လာရောက် လေ့ကျင့်နေတာ ၄ ကြိမ်ရှိပြီ၊ တကြိမ်လေ့ကျင့်ရင် ၁ လခန့် ကြာမြင့်တယ်လို့ သိရပါတယ်။

“ကိုယ့်မြေ၊ ကိုယ့်ကွင်း၊ ကိုယ်ပင်လယ်ပြင်မှာ ယှဉ်ပြိုင်ရမှာမို့လို့ မြန်မာရွက်လှေအဖွဲ့ကို ရွှေတံဆိပ်ဆု ဆွတ်ခူးစေချင်ပါတယ်။ ဆီးဂိမ်းကျင်းပဖို့ အချိန် ၈ လကျော် ကျန်နေသေးတာမို့လို့ တကယ်ကြိုးစားပမ်းစား လေ့ကျင့်မယ်ဆိုရင် ရွှေတံဆိပ်ရနိုင်မယ်လို့ ထင်မိပါတယ်” လို့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ရဲ့ နည်းပြဟောင်းတဦးက ပြောပါတယ်။


၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ကို လာမယ့် ဒီဇင်ဘာလမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံက နှစ်ပေါင်း ၄၉ နှစ်အကြာမှာ အိမ်ရှင်အဖြစ် ပြန်လည် လက်ခံ ကျင်းပခဲ့တာပါ။

ဆီးဂိမ်းကာလအတွင်း ရွက်လှေပြိုင်ပွဲလုပ်မယ့် ငွေဆောင်ကမ်းခြေမှာ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေ ထူးထူးခြားခြား တိုးတက်လာနိုင်မလား?

“ကျနော်တို့မြန်မာတွေက ဘောလုံးလောက်ပဲ အဓိက စိတ်ဝင်စားကြတာ ဆိုတော့ ငွေဆောင်မှာ ကျင်းပမယ့် ရွက်လှေပြိုင်ပွဲကို ပြည်တွင်းက လူတွေက တကူးတကနဲ့ လာပြီးအားပေးမယ်တော့ မထင်မိ ဘူးဗျ။

ပြည်ပက ယှဉ်ပြိုင်သူတွေကလည်း နိုင်ငံတော်က စီစဉ်ပေးတဲ့နေရာမှာပဲ တည်းခိုကြမှာဆိုတော့ ဧည့်သည် ထူးထူးခြားခြား မြင့်တက်လာမယ်လို့ မထင်ပါဘူး” လို့ ငွေဆောင်ဟိုတယ်ဇုန် ကမ်းခြေလုပ်ငန်း ကော်မတီ ဥက္ကဌ ဦးသော်ဇင်ညွှန့်က ပြောပါတယ်။

ငွေဆောင်ကမ်းခြေမှာ လက်ရှိလည်ပတ်နေတဲ့ ဟိုတယ် ၁၇ လုံး ရှိတယ်၊ နောက်ထပ် ၅ လုံး ထပ်ဆောက်နေတာကြောင့် ခရီးသွားတွေ တိုးမြင့် ၀င်ရောက်လာရင်လည်း အခန်းတွေ လောက်ငှအောင် နေရာချထားပေးနိုင်ပါတယ်လို့ သူက ဆက်ပြောပါတယ်။ 





Credit : http://blog.irrawaddy.org/2013/03/blog-post_6777.html

ပွဲစားခ နဲ့ ရဲကြေး ပေးနေရတဲ့ ထိုင်းရောက်မြန်မာများ

မကြာသေးခင်က မဲဆောက်မြို့မှ မြဝတီမြို့ဘက်သို့ ကူးရန် ထိုင်းမြန်မာနယ်စပ်ဂိတ်တံခါး ဖွင့်ချိန် နံနက် ၆ နာရီ အရောက်သွားခဲ့သည်။

(ဓာတ်ပုံ - ကေဇီလင်း)

ဂိတ်ဖွင့်ချိန်ဖြစ်သောကြောင့် တဘက်ကမ်းကို အစောဆုံး ရောက်နိုင်သည်ဟု ယူဆခဲ့သော်လည်း ဂိတ်တွင် ပြည်တော်ပြန်မည့် မြန်မာအလုပ်သမားတို့က ရာနှင့်ချီ ရောက်နေသဖြင့် အံ့သြမိ၏။


ပျားပန်းခတ်သလို စည်ကားသည့် နယ်စပ်ဂိတ်ရှေ့ လူအများတန်းစီရာမှာ ဝင်စီလိုက်သည် ဆိုလျှင်ပဲ ဝန်ဆောင်မှုပေးဖို့ တတွတ်တွတ်ဖိတ်ခေါ်နေသည့် ပွဲစားများက အနားရောက်လာသည်။

ပွဲစားတို့ထုံးစံအတိုင်း အပြောချို၏။ ထိုသူတို့သည် လူတယောက် စောင့်ဆိုင်းရချိန်ကို ချုံ့ပစ်နိုင်စွမ်းရှိသူများ ဖြစ်၏။ မိမိရှေ့ မနက် ၃ နာရီ၊ ၄ နာရီကတည်းက ဂိတ်ပေါက်ရှေ့ လာရောက်တန်းစီနေသော သူများထက် ဆောလျင်စွာ နယ်စပ်ဖြတ်လိုသူများအတွက် ကြားပွဲစားများကား အုံဖွ မန်းပေးတတ်သူများ ဖြစ်နေပြန်၏။ 

(ဓာတ်ပုံ - လေးဝါ/ဧရာဝတီ) 

နယ်စပ်မှ တဆင့် ယာယီနိုင်ငံကူးလက်မှတ် (ခေါ်) အလုပ်သမားပတ်စ်ပို့ ကိုင်ဆောင်သူ မြန်မာပြည်သား တို့ အိမ်အပြန်မှာ လွယ်လင့်တကူတော့ မဟုတ်ပါလေ။ Re-entry visa ခေါ် ထိုင်းသို့ တရားဝင် ပြန်ဝင်ခွင့် ဗီဇာ တောင်းခံပြီး အိမ်ပြန်နိုင်သည်။ နောက် ထိုင်းသို့ပြန်လာပါကလည်း မိမိရှိပြီးသား ဗီဇာသက်တမ်း အတိုင်း နေလို့ရသည်၊ ခဏခဏ ဗီဇာလျှောက်စရာ မလို။ ရဲဖမ်းလို့ မရ။ ထို ပြန်လည်ဝင်ရောက်ခွင့် ဗီဇာ အတွက် ထိုင်းလဝကကိုပေးရသည့် ငွေကြေးက တခေါက်ကို ဘတ် တထောင်။ (တချို့လည်း တရားဝင် တုံးထုကာ တံတားမှ ပြန်ကြသည်။ တချို့ကတော့ ရှုပ်သည်ဆိုတာ လှေဖြင့် အလွယ်ကူးပြန်ကြသည်။)

နယ်စပ် ပွဲစား

ဘန်ကောက်ပြန် မြန်မာများကတော့ တထောင်ပေးပြီး တံတားက ဖြတ်ကြသည်။ သို့သော် ထို တထောင်တန် ဗီဇာအတွက် စာရွက်စာတမ်းကိစ္စက တနေ့တာကုန်ချင်လည်း ကုန်သွားနိုင်သည်။ ထိုအတွက် ပွဲစားကို အပ်ကြရသည်။ ပွဲစားခ သုံးလေးရာ ပိုပေးလိုက်ကြသည်။ သွားလိုရာ အမြန်ရောက်ဖို့ အရေးကြီးသည်ဟု စိတ်ထဲ ထားကြသည်။ တခါမှ မသွားဖူး မလာဖူးသူများ၊ ရုံးကန္နားကြောက်သူ စကားနားမလည်သူ၊ လိုရာအမြန်ရောက်လိုသူ စသဖြင့် လူအထွေထွေမှာ ပွဲစားကို အသုံးပြုကြသည်။

မငှားခင်က ပွဲစားအပြောချိုသလောက် အလုပ်တခု အပ်လိုက်လျှင် ထိုပွဲစားမှာ အချိုးပြောင်းတတ်သည်။ ဂိတ်မှာ တုံးထုဖို့ ခဏချင်း ရမည်ဟု ဆိုလျှင် ယုံကြည်ဖို့ ခက်ပါသည်။ ယုံပြီး ပိုက်ဆံပေးခိုင်းလိုက်လျှင် အနည်းနှင့်အများတော့ စောင့်ရမည်ကို ကြိုတင်သတိချပ်သင့်သည်။ အလိမ်ခံရဖို့ များ၏။

နယ်စပ် ရဲကြေး

ယခင်က ထိုင်းရောက်မြန်မာပြည်သားများမှာ အလုပ်လုပ်ခွင့်လက်မှတ် မရှိကြခြင်းကြောင့် မကြာခဏ ထိုင်းရဲဖမ်းဆီးခြင်း ခံကြရသည်။ အမိနိုင်ငံသို့ အချုပ်ကားဖြင့် ပြန်လည်ပို့ဆောင်ခြင်း ခံကြရသည်။

ယခု နိုင်ငံသားစိစစ်ပြီးနောက်တွင် ၆ နှစ်သက်တမ်းရှိသည့် အလုပ်သမား ပတ်စပို့များ ထုတ်ပေးလိုက် သောအခါ ရွှေ့ပြောင်းလုပ်သား မြန်မာပြည်သားအများစုမှာ ယာယီပတ်စပို့ ကိုယ်စီနှင့် ဖြစ်လာကြသည်။

ထိုပတ်စပို့ကလည်း ကြေးကြီး၏။ တော်ရုံ မလုပ်နိုင်။ သတ်မှတ်ငွေကြေးထက် နှစ်ဆ သုံးဆ ပိုပေးပြီး ပွဲစားများမှတဆင့် လုပ်ဆောင်မှသာ လွယ်ကူ၏။ သို့သော် အလုပ်သမားပတ်စပို့ လုပ်ပြီးပါကလည်း အလုပ်လုပ်ခွင့်ကတ်(ထိုင်းအခေါ် - ဘတ်) မရှိပါက ရဲဖမ်းပိုင်ခွင့်ရှိသည်။ အများအပြားက ဒါကို သိပ်နားမလည်ကြ။ ယာယီပတ်စပို့သာ လုပ်ပီး အလုပ်လုပ်ခွင့် မလျှောက်ဘဲ နေကြ၏။ တကယ်တမ်း ပြန်သောအခါ ရဲက စစ်လျှင် ဒဏ်ကြေးဆောင်ရ၏။

(ဓာတ်ပုံ - လေးဝါ/ဧရာဝတီ)

ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မနက် ၅ နာရီကျော် နယ်စပ်ဂိတ်ကို လာစဉ် မဲဆောက်လေယာဉ်ကွင်းရှေ့တွင် ထိုင်းရဲများက လိုင်းကားများကို စစ်ဆေးနေသည်။ ထိုင်းရဲများ အလုပ်လုပ်လှချည်လားဟု စိတ်က မှတ်ချက်ပြုခဲ့လိုက်သေးသည်။ သူတို့ စစ်ဆေးသည့် ထိုလိုင်းကားများပေါ်တွင် အိမ်ပြန်မည့် မြန်မာအလုပ်သမားများ စီးနင်းလိုက်ပါလာကြသည်။

မကြာခင် တန်းစီနေရာရောက်တော့ ကိုယ့်ရှေ့က ရောက်နှင့်နေသူတွေနဲ့ စကားစပ်မိသည်။ တချို့က မနက် ၄ နာရီကတည်းက အိမ်ကထွက်လာပီး ဂိတ်ရှေ့ လာတန်းစီနေကြသူများဖြစ်သည်။

အနီးအနားက လူငယ်အုပ်စုတစုကတော့ ခုနက မြင်ခဲ့သည့် ထိုင်းရဲများ စစ်ဆေးမှုကို ခံယူပြီးသူများ ဖြစ်လို့နေသည်။ ယာယီပတ်စပို့သာရှိပြီး ဘတ်မရှိပါက (အလုပ်လုပ်ခွင့်ကတ် မရှိပါက) ထိုင်းဘတ်ငွေ တထောင် ပေးဆောင်ခဲ့ရကြောင်း၊ သူတို့ ကားပေါ်တွင် လူ ၃ – ၄ ယောက်လောက် ထိုသို့ ပေးခဲ့ရကြောင်း အချင်းချင်း စကား ဖလှယ်နေကြခြင်း ဖြစ်သည်။

အလုပ်လုပ်လွန်းသော ထိုရဲများ ဒဏ်ကြေးငွေ အတော်ရမည့်ပုံဖြစ်သည်။ အထောက်အထား မပြည့်စုံသော၊ စာရွက်စာတမ်းကိစ္စ နားမလည်သော မြန်မာပြည်သားအများအပြားက ဒဏ်ရိုက်ခံရမည်ကို ကြိုမသိ၊ ဒဏ်ငွေပေးသည့်အခါ ဖြတ်ပိုင်းတောင်းရကောင်းမှန်းလည်း သိချင်မှ သိကြမည်။

မိအေး အကြိမ်ကြိမ်နာ

ရွှေ့ပြောင်းမြန်မာလုပ်သား ထောင်နှင့်ချီ နေ့စဉ် ဝင်ထွက်နေသော၊ နေရောင်မလာခင်ပင် နယ်စပ်မှာ လေးငါးရာကျော် ရောက်နှင့်နေသော နယ်စပ်ဂိတ်မှာ လူလှိုင်းလုံးကြီးနှင့် တူနေသည်။ အထောက်အထားရှိ၊ အထောက်အထားမဲ့ အလုပ်သမားများထံမှ ဝန်ဆောင်မှုကြေးငွေဖြင့် ရှာဖွေနေသော ပွဲစားကြီး၊ ပွဲစားလတ်၊ ပွဲစားသေးများ၊ လုပ်ငန်းရှင်များက လူလှိုင်းလုံးကြီးစီးပြီး ဝင်ငွေကောင်း၊ ဂွင်မိထားကြ၏၊

ထိုလူလှိုင်းမှာ မိအေး ၂ ခါထက်မနည်း ခံရသူများမှာ ရွှေ့ပြောင်းလုပ်သားဟု ခေါ်ဆိုသော တနေရာမှ တနေရာသို့ ရွှေ့ပြောင်းလုပ်ကိုင်သည့် မြန်မာပြည်သားများပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုလူလှိုင်းကြီးက ကာလအတန်ကြာ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။

Credit : http://blog.irrawaddy.org/2013/03/blog-post_4491.html

သျှမ်းပြည် သစ်တော၊ သယံဇာတ ထုတ်ယူမှုအားလုံး RCSS/SSA ပိတ်တော့မည်


သျှမ်းပြည်ထွက် သယံဇာတများဖြစ်သော သစ်တော၊ သတ္တုတွင်းထွက်ပစ္စည်းများတူးဖော်ခြင်း နှင့် လူထုအတွက် အကျိုးယုတ်စေသည့် စီမံကိန်းများအား RCSS ထံခွင့်ပြုချက်ရယူခြင်းမရှိ က အားလုံးပိတ်ပင်တော့ မည်ဟုဆိုသည်။

“ကျနော်တို့ သျှမ်းပြည်မှာသစ်ထုတ်တဲ့ ကုမ္ပဏီတွေ၊ သတ္တုတူးဖေါ်နေတဲ့ ကုမ္ပဏီတွေကြောင့် လူထုဘ၀ ရှင်သန်ရပ်တည်ဖို့ အနှောင့်အယှက်ဖြစ်တယ်။ သောက်ရေထွက်ရာကိုသစ်တောတွေ ခုတ်လိုက်တော့ နွေဘက်ဆို ရေက သုံးဖို့မရှိဘူး။ တာချီလိတ် တာလေဘက်ဆိုလဲ ရွှေတူးဖေါ် ရေး ကုမ္ပဏီတွေကြောင့် လယ်သမားတွေ လယ်လုပ်လို့မရဘူး၊ အဲဒါကြောင့် ကျနော်တို့က ဟန့်တားသွားမှာဖြစ်ပါတယ်” - ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်းက သျှမ်းသံတော်ဆင့်အား ပြော ပါသည်။


သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် သျှမ်း ပြည်အတွင်း သစ်၊ တွင်းထွက်နှင့်အခြားသော သယံဇာတများအား သျှမ်းပြည်လူထုအကျိုး ခံစားခွင့်ရရှိသကဲ့သို့ ထိန်းသိမ်းကာကွယ်ဖို့ရန်လည်းတာဝန်ရှိသည်၊ ထို့ကြောင့် လူထုနှင့်လက် တွဲပြီး RCSS/SSA က သျှမ်းပြည်သဘာဝအရင်းအမြစ်များနှင့် သယံဇာတများအားထိန်းသိမ်း ကာကွယ်သွားမည်ဟု ကြေငြာချက် ချက် သုံးချက်ဖြင့် မတ်ခ်ျ ၂၁ ရက်နေ့ကထုတ်ပြန်ကြေငြာ ခဲ့ပါသည်။

“အခု အခြေအနေက နေပြည်တော်အစိုးရဆီကနေဘဲ သူတို့ ပါမစ်ယူပြီး သစ်တွေ၊ သယံဇာတ တွေတူးဖေါ် နေကြတယ်လေ။ နောက်ဆို ကျနော်တို့ဆီကပါ ခွင့်ပြုချက်ယူရမယ်။လုပ်ကိုင်ခွင့် ပေးဖို့ မပေးဖို့ ကျနော်တို့ကွင်းဆင်းစစ်ဆေးမယ်။ လူထုကိုထိတွေ့မေးမြန်းမယ်။လူထုအကျိုး မထိခိုက်ရင်တော့ တမျိုး။ မြစ်ဖျား ချောင်းဖျား၊ ကျွဲနွားစားကျက်လိုနေရာများဆိုရင်တော့ ခွင့်ပြုမှာမဟုတ်ဘူး” - ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်းက ဆက်ပြော၏။

အဆိုပါကြေငြာချက်တွင် လာမည့် ၂၀၁၄ ဂျန္နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားကာ လုပ်ကိုင် ခွင့် ပေးထားမည်ဟုပါရှိသည်။

ထို့နောက်ပိုင်း၌နေပြည်တော်အစိုးရထံခွင့်ပြုချက်ရခဲ့ပြီးဖြစ်သော်လည်း သျှမ်းပြည်တပ်မတော်ထံ ခွင့်ပြုချက် မရယူပါက လုပ်ကိုင်ခွင့်ပြုမည်မဟုတ်သကဲ့သို့ လုံခြုံရေးအတွက်လည်း တာဝန်ယူမည်မဟုတ် ကြောင်းပါရှိသည်။

သျှမ်းပြည်အနှံ့သစ်ထုတ်နေသော ကုမ္ပဏီ၊ သတ္တုတူးဖေါ်နေသော ကုမ္ပဏီကြီးအခု ၂၀ ထက် မနည်း ရှိနေကြောင်း၊ ထိုကုမ္ပဏီကြီးများမှ ကုမ္ပဏီခွဲလည်း အများအပြားရှိကြောင်း၊တာချီလိတ် ခရိုင် တာလေ မြို့နယ်ခွဲ တခုတည်း၌ ရွှေ၊ ရွှေဖြူနှင့် အခြားတွင်းထွက်ပစ္စည်းများ တူးဖေါ်နေ သည့် ကုမ္ပဏီပေါင်း ၃၀ ကျော်ရှိကြောင်း ထိုကုမ္ပဏီများမှစွန့်ပစ်သောအညစ်ကြေးများကြောင့် စိုက်ပျိုးလယ်မြေနှင့် ကျွဲနွားများအား ပျက်စီသေကြေစေကြောင်း RCSS ပြောခွင့်ရကပြော သည်။

Credit : Here

လိုင်ဇာ ဒုက္ခသည်များထံ အရောက်သွား၍ ဗကသ ကူမည်

ပထမဆုံးအကြိမ် အဖြစ် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ စစ်ပြေး ဒုက္ခသည်များဆီသို့ အရောက်သွား၍ ကူညီမှုများ လုပ်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)ကျောင်းသားခေါင်း ဆောင် ၆ ဦး အင်္ဂါနေ့ တရုတ် နယ်စပ် ဂျယ်ဂေါင်တွင် ရောက်ရှိနေပြီ ဖြစ်သည်။

ဒုက္ခသည် ကျောင်းသူကျောင်းသားများ၏ ပညာရေးနှင့် လူမှုရေးဆိုင်ရာများ ကူညီရန် သွားရောက်ခြင်း ဖြစ်သည်ဟု ဗကသ မှ သတင်းပြန်ကြားရေးကော်မတီမှ ကိုသီဟဝင်းတင် က ပြောသည်။


“ကျနော့်တို့ အလှူခံထားတယ်။ အဲဒါကို သွားလှူကြတာပါ။ IDP စခန်းမှာရှိတဲ့ ကျောင်းသားတွေကို အဓိက ထားမယ်။ သူတို့ ဘာတွေ လိုအပ်တယ်ဆိုတာ။ သူတို့ အခက်အခဲတွေကို ဘယ်လို ပူးပေါင်း ဝင်ရမယ် ဆိုတဲ့မျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး သွားတာပါ” ဟု မဇ္ဈိမကို ပြောသည်။

ပြည်သူလူထု၏ စိတ်ထဲ နိုင်ငံရေး နိုးကြားမှု တခု ရရှိစေရန်နှင့် တိုင်းရင်းသားများ၏ ခံစားချက်အား သိရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ နယ်အသီးသီးသို့ အလှူငွေကောက်ခံခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ကျနော်တို့က ကချင်စစ်ဘေးကြောင့် ပြည်သူတွေနဲ့ ကျနော်တို့နဲ့ တသားတည်းလို့ ခံစားရတယ်။ ကျနော်တို့ကျောင်းသားတွေဆိုတာ ပြည်သူတွေရဲ့ ရင်သွေးတွေပဲ။ ပြည်သူတွေ ဒီလို ခံစားနေရတာကို ကျနော်တို့ လက်ပိုက်ကြည့်လို့ နေဖို့မသင့်ဘူး။ သူတို့ ဒုက္ခတွေ မျှဝေခံစားရတယ်” ဟု ဆိုသည်။

တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကောက်ခံရရှိသော အဝတ်အစား၊ ဆေးဝါးများနှင့် အလှူငွေများကို သွားရောက် လှူဒါန်းမည် ဖြစ်သည်။ ရရှိပြီး အလှူငွေ ပမာဏကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ခရီးစဉ်တွင် ဗကသ ဗဟိုလုပ်ငန်းကော်မတီမှ ဒု-ဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဒု-တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်၊ ဘဏ္ဍာရေးရာ ကော်မတီဝင် မဟန်နီဦး၊ သတင်းနှင့်ပြန်ကြားရေး တာယန်ခံ ကိုသီဟဝင်းတင်၊ တောင်ပိုင်းခရိုင်မှ ကိုသက်နိုင်ထွန်း၊ ကိုအောင်လှိုင်မင်းတို့ ပါဝင်ကြောင်း သိရသည်။

ထိုအဖွဲ့သည် မနက်ဖြန်တွင် လိုင်ဇာမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ၂၈ ရက်နေ့တွင် ဒုက္ခသည်များထံ သွားရောက် ကြည့်ရှု၍ လှူဒါန်းကြမည် ဖြစ်သည်။

နိုင်ငံ တဝှမ်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၁၃ ရက်နေ့တွင် စတင် ဖြေဆိုခဲ့ကြသော်လည်း လိုင်ဇာ အပါအဝင် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေများမှ ၁၀ တန်း ကျောင်းသူ/သားများအတွက်မူ ဧပြီလ ၁ ရက်နေ့မှ ဖြေဆိုကြမည် ဖြစ်သည်။

မကြာသေးမီက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် ကျောင်းစာသင်ရက်များ ပျက်ခဲ့ရပြီး သင်ရိုးကုန်ရန် အချိန်နောက်ကျခဲ့၍ စာမေးပွဲလည်း နောက်ကျ စစ်ရကြောင်း KIO ပညာရေးဌာနမှ မဇ္စျိမကို ပြောဆို ထားသည်။ 

Credit : Here

စစ်ဘေးသင့်ဒေသမှ ကျည်ခွံများကို ဘုရားဆင်းတုတော် သွန်းလောင်းမည်

ဓာတ်ပုံ- ခေါင်းဆောင် စည်သူဝင်းတို့ ခလုတ်တိုက်မိလောက်အောင် ကြီးမားသော ကျည်ခွံများ

မတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသတင်းစာဆရာ ကွန်ရက်ခန်းမ၌ ကျင်းပသော လိုင်ဇာခရီး စဉ်အပြန် သတင်း စာ ရှင်းလင်းပွဲ၌ ကိုစည်သူဝင်းခေါင်း ဆောင်သည့် ရန်ကုန်၊ လိုင်ဇာလမ်း လျှောက်မစ်ရှင်အဖွဲ့မှ ၀ိုင်းေ မ်ာမြို့ မှ လိုင်ဇာသို့ ချီတက်ရာ လမ်းတစ် လျှောက်၌ ၎င်းင်း တို့ကောက်ယူသိမ်း ဆည်းလာသည့် လက် နက် ကြီး လက်နက်ငယ်ကျည်ဆံခွံများအား ဘာသာရေး အတွက် အကျိုး ရှိရှိ အသုံးပြုသွား မည်ဖြစ်ကြောင်း ပြော ကြား ခဲ့သည်။


စစ်ပွဲဖြစ်စဉ် အတွင်း ကေအိုင်အေ တို့ လက်နက်ကြီးများ ပစ်ခဲ့သည့် နေရာ၊ ယခုပုံ ကဲ့သို့ တရစပ် ပစ်နေ သော နေရာများတွင် ဖြတ်လျှောက်ပါက ကမ္ဘာ့အမြင့်ဆုံး ကြေးတုံးကြီး ဖြစ်အောင် စုနိုင်ပေမည်


၎င်းလမ်းလျှောက်မစ်ရှင်အဖွဲ့ တွင် ပါဝင်သော ဦးဝင်းချိုမှ “ကျွန်တ်ာတို့ဝိုင်းမော်ကနေ လိုင်ဇာ ကိုသွားတဲ့ လမ်း တစ်လျှော က်လုံး မှာ ပြန့်ကြဲနေတဲ့ ကျည်ခွံတွေ အများကြီးတွေ့ရတယ်။ ကျွန်တော် တို့ဒီကျည် ခွံတွေ ကို ဟိုဟိုဒီဒီလိုက် ကောက်တာမဟုတ်ဘူး။ လမ်း လျှောက်ရင်းနဲ့ ခလုတ်တိုက်မိတဲ့ ဟာတွေပဲ ကောက် လာတာ၊ အဲဒီကောက် လာတဲ့ ကျည်ခွံတွေ ကို လိုင်ဇာမြို့က ဗုဒ္ဓဘာသာဝင် တွေရဲ့ ဆန္ဒအရ ကျွန်ေ တာ် တို့ လမ်းလျှောက် မစ်ရှင်အဖွဲ့ မှာပါဝင် တဲ့ ဆရာတော်အရှင်ပဏ္ဍိတနန္ဒနဲ့ တိုင်ပင်ပြီး ဘုရား ဆင်း တုတော် ဖြစ်ဖြစ်၊ ဘုရားပုလ္လင်တော်ဖြစ်ဖြစ် သွန်းလောင်းပြီး လှူဒါန်း သွားဖို့ စီစဉ်ထားတယ်”ဟု ၎င်း မှာပြော ကြားသည်။

ဝင်းကိုကို
The Hot News

Credit : Here

ပြည်ပတွင် ဆွေးနွေးလိုသောကြောင့် အစိုးရနှင့် အပစ်ရပ် ဆွေးနွေးနိုင်ရေး ညှိနှိုင်းမှု ပလောင်အဖွဲ့ အဖြေ မရသေး


ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ ကိုယ်စားလှယ် တို့အကြား ပထမဆုံး အကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြုလုပ်နိုင်ရန် ဝန်ကြီး ဦးအောင်မင်း မှ တာဝန်ပေးအပ်ထားသည့် ကိုယ်စား လှယ်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ဆုံးဖြတ်ချက် မချမှတ် နိုင်သေးေ ကြာင်း PSLF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး မိုင်ဘုန်းကျော်မှ ပြောသည်။


“ဦးအောင်မင်း တာဝန် ပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လူတွေနဲ့ ဆွေးနွေး ညှိနှို င်းနေ တာပါ၊ နာမည် ထုတ်ပြောဖို့တော့ ခက်ပါသေးတယ်၊ အဓိက ကတော့ တွေ့ကြမယ့် နေရက် အချိန်ေ တွ၊နေရာတွေကို ညှိနေတာပါ၊ အခုချိန် ထိတော့ ဘာမှ ရေရေရာရာ သဘောတူတာတော့ မရှိသေးပါဘူး” ဟု ဗိုလ် မှူး မိုင်ဘုန်းကျော်မှ မဇ္ဈိမအား ပြောသည်။ 

ဖေဖော်ဝါရီ လကုန်မှစ၍ ဖုန်း၊ အွန်လိုင်း စနစ်တို့ဖြင့် နှစ်ဖက် တွေ့ဆုံဆွေးနွေး နိုင်ရေးကို ညှိနှိုင်း ခဲ့ကြကာ လူ ချင်း တွေ့ဆုံ ညှိနှိုင်းမှု မပြုလုပ် ရသေးဟု ဆိုသည်။ 

လက်ရှိ အခြေအနေ၌ ပလောင် (တအောင်း) ဒေသဘက်တွင် အစိုးရ၏ စစ်ကြောင်းလှုပ်ရှားမှု များကြောင့် ထိတွေ့ ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ 

မတ်လ (၂၂) ရက်နေ့ ညနေ(၅)နာရီတွင် အင်အား (၁၀၀) ကျော်ရှိသော အစိုးရ ခမရ (၅၀၂) စစ်ကြောင်း သည် ကွတ်ခိုင် မြို့နယ်ရှိ နမ့်လိတ်တောင်ကြော၌ အခြေ စိုက်နေသည့် တအာင်း အမျိုးသား လွတ်မြောက် ရေး တပ်မတော် T.N.L.A တပ်ရင်း (၁ဝ၁) မှ တပ်ခွဲ (၁) ၊ K.I.A တပ်ရင်း (၈) ပူးပေါင်း တပ်ဖွဲ့ များနှင့် တစ်နာ ရီကျော် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ 

ထိုသို့ ထိုးစစ်ဆင်လှုပ်ရှား လာသည့် လုပ်ရပ်ကို ကန့်ကွက် ရှုံ့ချကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) မှ မတ် (၂၂) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန် ခဲ့ သည်။ 

မန်တုံမြို့တွင် ကျင်းပရန် ရှိသည့် ရွှေဖီလက်ဖက်ရာသီနှင့် တအောင်းစာပေနှင့်ယဉ်ကျေးမှု ညီလာခံ ပွဲတော် အတွက် အခြေစိုက် ပျောက်ကြား စခန်းတွင်သာ နေရာယူကြရန်နှင့် စစ်ရေးလှုပ်ရှားမှုကို ရပ်စဲ ထိန်းသိမ်း ထားရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုသို့သော စစ်ရေး အခြေအနေ များကြောင့်လည်း တွေ့ဆုံ ဆွေးနွေးမည့် နေရာကို ပြည်ပ တစ်နေရာ၌ သတ် မှတ် ပေးရန် ပလောင် အဖွဲ့မှ တင်ပြ ထားပြီး အစိုးရ အဖွဲ့ဘက်မှ ပြည်တွင်းကို အဆိုပြု ထားပါ သည်။ 

“ညှိနှိုင်းလို့ မရသေးတာကတော့ ပြောဖို့တော့ခက်ပါတယ်၊ သူတို့ဘက်က အလုပ်တွေ တအားတွေ ရှုပ်နေ လို့လား၊ သို့မဟုတ် ကျွန်တော် တို့ကိုပဲ အသိအမှတ် မပြု တာလား၊ နေရာတွေ အချိန်တွေ ဒီလိုပဲ ညှိတာ ပေါ့၊ တစ်နေ့မဟုတ် တစ်နေ့တော့ တွေ့ရ မှာပေါ့လေ” ဟု PSLF အေ ထွထွေ အတွင်းရေးမှူး မိုင် ဘုန်းေ ကျာ် မှ မဇ္ဈိမအား ပြောကြား ခဲ့သည်။ 

အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးမှု ပြုနိုင်ရန် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးဘက်မှ မျှော်မှန်း ထား ကာ အစိုးရ၏ပလောင်(တအောင်း) ဒေသဖက်၌ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေခြင်းများသည်လည်း အစိုးရဘက်မှပြင်ဆင်မှု တစုံတရာဖြစ်မည်ဟု ခန့်မှန်းကြောင်း ဗိုလ်မှူး မိုင်ဘုန်းကျော်မှ ဆက်ပြောသည်။

မဇ္ဇိုမ

Credit : Here

အစဉ်အလာ ကောင်းကို ပြည်သူနှင့် တပ်မတော် ထိန်းသိမ်း ကြပါစို့


လွန်ခဲ့သော နှစ်ပေါင်း (၆၈) နှစ် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာ့ တပ်မတော်သည် လွတ် လပ်ရေး သည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ ဟူသော သန္နိဋ္ဌာန်ဖြင့် စစ် ထွက် ခဲ့သည်။ တပ်မတော် သားများက မိမိတို့၏ အသက် သွေးချွေး များစွာကို ပေးဆပ်ပြီး နိုင်ငံနှင့် လူ မျိုး အတွက် လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အရယူ ပေးခဲ့သည်။


လွတ်လပ်ရေးရရှိပြီးနောက် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲပြီး တိုင်းပြည် ပြိုကွဲမည့် အခြေအနေ အမျိုး မျိုး ပေါ်ပေါက် ခဲ့သည်။ ယင်း အခြေအနေ ဆိုးများကို တပ်မတော်က အောင်မြင်စွာ ကာကွယ်နိုင် ခဲ့ သည်။ ဤသို့ ကာကွယ် နိုင်ခဲ့သည့် အတွက် မြန်မာနိုင်ငံနှင့် လူမျိုးသည် လွတ်လပ်သော နိုင်ငံနှင့် လူမျိုး အဖြစ် တစည်း တလုံးတည်း ရပ်တည် နိုင်ခဲ့သည်။ ကမ္ဘာ့ မြေပုံ ပေါ်တွင်လည်း မြန်မာ နိုင်ငံ၏ မြေပုံနှင့် အလံတော် သည် ပျောက်ကွယ် မသွားဘဲ ခံ့ညား ထည်ဝါစွာ ဆက်လက် တည်ရှိ နိုင်ခဲ့သည်။ မြန်မာ လူမျိုးများ အနေဖြင့်လည်း ''ဒါ ကျွန်ုပ်တို့ နိုင်ငံ၏ တည်နေရာနှင့် ကျွန်ုပ်တို့၏ နိုင်ငံတော် အလံ'' ဟု ဂုဏ်ယူ ဝံ့ကြွားစွာ ထောက်ပြ နိုင်သော လူမျိုး အဖြစ် ရပ်တည် နိုင်ခဲ့သည်။

ကမ္ဘာတည်သရွေ့ လွတ်လပ်သော နိုင်ငံ၊ လူမျိုး အဖြစ် ရပ်တည် ထားနိုင်ရန် ဆိုသည်မှာ ခေတ်မီပြီး အင် အား ကြံ့ခိုင် တောင့် တင်းသော တပ်မတော် တစ်ရပ် ရှိနေမှသာ ဖြစ်နိုင်သည်။ နိုင်ငံနှင့် လူမျိုး တည်တံ့ ခိုင်မြဲရေး အတွက် တပ်မတော်၏ အခန်း ကဏ္ဍ အရေးကြီးပုံကို ရှေးမြန်မာ ပညာရှိ များက အောက်ပါ အတိုင်း ဖော်ပြ ခဲ့သည်။

ရှေးမြန်မာ ပညာရှိများ၏ နိုင်ငံ့ အင်္ဂါရပ် (၇) မျိုး

--------- --------- --------- --------- ---------

နိုင်ငံ တစ်နိုင်ငံသည် အင်္ဂါရပ် (၇)မျိုးနှင့် ပြည့်စုံရမည်။ ယင်းတို့မှာ(၁) ပြည့်ရှင်မင်း (သမ္မတမင်း ရှိရမည်)၊ (၂) ဝန်ကြီး (သံကြီး မင်းတိုင်ပင် အမတ်များ)၊ (၃) စစ်မက် ကူညီရေး မဟာမိတ်များ၊ (၄) စားနပ်ရိက္ခာ၊ ရွှေ၊ ငွေ၊ ဘဏ္ဍာများ၊ (၅) ကျုံးမြောင်း၊ ခံတပ်၊ နယ်စပ် တံတိုင်း၊ တောတောင်၊ (၆) ကျယ်ပြန့်သော နိုင်ငံ နယ်နိမိတ်၊ (၇) စစ်သည် ဗိုလ်ပါ၊ စစ်အင်္ဂါ အမျိုးမျိုးနှင့် ပြည့်စုံခြင်း စသည့် အချက်များ ဖြစ်သည်။ ရှေးမြန် မာ ပညာရှိများက တပ်မတော်ကို နိုင်ငံ၏ အင်္ဂါရပ် တစ်ခု အဖြစ် သတ်မှတ် ခဲ့ကြသည်။

နိုင်ငံ တည်တံ့ ခိုင်မြဲရခြင်း အကြောင်း (၈) ပါး

--------- --------- --------- --------- ---------

နိုင်ငံ၏ နယ်နိမိတ် တည်တံ့ ခိုင်မြဲရခြင်းနှင့် ပတ်သက်၍ မြန်မာ ပညာရှိ များက ဤသို့ ဖွင့်ဆို ထားခဲ့သည်။ (၁) စစ် ၏ ဦးခေါင်းမည်သော စစ်သူကြီး ရှိသည်။ (၂) စစ်၏ မျက်စိ မည်သော ဟူးရားတပ် ရှိသည်။ (၃) စစ် ၏ နားမည်သော လိမ္မာသော သူလျှို ရှိသည်။ (၄) စစ်၏ အားမည်သော ဗိုလ်ပါများ ရှိသည်။ (၅) စစ်၏ ခံတွင်း မည်သော လိမ္မာသော တမန် ရှိသည်။ (၆) စစ်၏ အစွယ်မည်သော လိမ္မာသော အမတ်သူ ရဲကောင်း ရှိသည်။ (၇) စစ်၏ အခြေမည်သော လိမ္မာသော ခြေသည် သူရဲကောင်း ရှိသည်။ (၈) စစ်၏ အင်္ဂါ မည်သော မြင်းကောင်း၊ ဆင်ကောင်း၊ လက်နက်ကောင်း ရှိသည်။ ဤ အဆိုအမိန့် အရ အမိ မြန်မာနိုင်ငံ ၏ နယ်နိမိတ် ထာဝရ ဆက်လက် တည်တံ့နေရေး အတွက် ကျွန်ုပ်တို့တွင် ခေတ်မီပြီး အင်အား ကြံ့ခိုင် တောင့်တင်းသော တပ်မတော်တစ်ရပ် ရှိနေရမည် ဖြစ်သည်။

ခေတ်သစ် ပညာရှင်များ၏ နိုင်ငံ့ အဓိက အင်္ဂါရပ် (၄) မျိုး

--------- --------- --------- --------- ---------

ခေတ်သစ် ပညာရှင်များက နိုင်ငံတစ်နိုင်ငံတွင် ရှိရမည့် အဓိက အင်္ဂါရပ် (၄) မျိုးကို သတ်မှတ် ခဲ့ကြသည်။ ယင်း တို့ မှာ (၁) လူဦးရေ၊ (၂) တိကျစွာ သတ်မှတ်ထားသော နယ်နိမိတ်၊ (၃) အုပ်ချုပ်သော အစိုးရ၊ (၄) အချုပ် အခြာ အာဏာ စသည်တို့ ဖြစ်သည်။ ယင်း အင်္ဂါရပ်များ ထာဝရ တည်တံ့ ခိုင်မြဲ နေခြင်းသည် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာ မြင့်မားနေခြင်း ဖြစ်သည်။ ယင်း အင်္ဂါရပ် (၄) မျိုး တည်တံ့ ခိုင်မြဲနေရန်နှင့် လုံခြုံမှု ရှိနေရန် အတွက် တပ်မတော် တစ်ရပ်ကို ဖွဲ့စည်း ထူထောင်ရသည်။ သဘောမှာ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို ကာကွယ် စောင့်ရှောက်ရန် တပ်မတော်တစ်ရပ် မလွဲမသွေ လိုအပ်သည် ဆိုသည့် သဘော ဖြစ်သည်။ ကျွန်ုပ်တို့ အမိ မြန်မာနိုင်ငံ တွင်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာကို ကာကွယ် စောင့်ရှောက်မည့် တပ်မတော် ရှိသည်။ ကျွန်ုပ်တို့၏ တပ်မတော်သည် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာ မြင့်မားရေး အတွက် အောက်ပါ အချက်များကို ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံနှင့် ပြည်သူအတွက် တပ်မတော်၏ စွမ်းရည် (၃) ရပ်

--------- --------- --------- --------- ---------

တပ်မတော်သည် အမိနိုင်ငံနှင့် ပြည်သူတို့ အတွက် မိမိ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေး စသည့် စွမ်းရည် (၃) ရပ်ကို မြင့်မားသည်ထက် မြင့်မားနေရန် မြှင့်တင်လျက် ရှိသည်။ စစ်ရေးစွမ်းရည် မြင့်မားနေ မှသာ အန္တရာယ် ရန်စွယ် အပေါင်းကို ချေမှုန်း သုတ်သင် ရှင်းလင်း ပေးနိုင်မည်။ အုပ်ချုပ်ရေး စွမ်းရည် မြင့်မား နေမှသာ နိုင်ငံနှင့် လူမျိုးတွင် ဘေးအန္တရာယ် အမျိုးမျိုး၊ ပြဿနာ အခက်အခဲ အမျိုးမျိုး ကျရောက် လာသည့် အခါ အောင်မြင်စွာ စီမံ ခန့်ခွဲ ဆောင်ရွက် ပေးနိုင်မည်။ စည်းရုံးရေး စွမ်းရည် မြင့်မား နေမှသာ ပြည်တွင်း စည်းလုံး ညီညွတ်ရေးကို ထာဝရ ထိန်းသိမ်း ပေးနိုင်မည်။ တပ်မတော်၏ စွမ်းရည် (၃) ရပ်သည် ပြည်သူ အတွက် စွမ်းရည်များပင် ဖြစ်သည်။

နိုင်ငံနှင့် ပြည်သူအတွက် သန္နိဋ္ဌာန် (၃) ရပ်

--------- --------- --------- --------- ---------

တပ်မတော်သည် အမိနိုင်ငံနှင့် ပြည်သူတို့၏ ဘဝ တည်ငြိမ် လုံခြုံရေးနှင့် အေးချမ်း သာယာရေး အတွက် မဖြစ်မနေ ဆောင်ရွက် ရန် သန္နိဋ္ဌာန် (၃) ရပ် ချမှတ်ထားသည်။ ယင်းတို့မှာ (၁) ပြည်ထောင်စု မပြိုကွဲရေး၊ (၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (၃) အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး စသည်တို့ ဖြစ်သည်။ ဤအချက်များ ထိခိုက်ဆုံးရှုံး သွားပါက အမိနိုင်ငံနှင့် လူမျိုး တိုင်းတစ်ပါးအောက် ပြန်လည်ကျ ရောက်မည်။ တပ်မတော်သည် အမိနိုင်ငံနှင့် လူမျိုးကို တိုင်းတစ်ပါးအောက် ဒုတိယ အကြိမ် ကျရောက် မခံနိုင်။ လွတ်လပ်သော နိုင်ငံ၊ လွတ်လပ်သော လူမျိုး၊ ဂုဏ်သိက္ခာနှင့် ထည်ဝါစွာ ရပ်တည်နိုင်သော လူမျိုး အဖြစ်သာ ထားရှိမည်။ ဤသို့ ထားရှိနိုင်ရေး အတွက် ဖော်ပြပါ သန္နိဋ္ဌာန် (၃) ရပ်ကို ချမှတ် အကောင် အထည်ဖော် ဆောင် ရွက်ခြင်း ဖြစ်သည်။

နိုင်ငံနှင့် ပြည်သူအတွက် မြဲသုံးမြဲ

--------- --------- --------- 

တပ်မတော်သည် အမိနိုင်ငံနှင့် ပြည်သူများ အတွက် မြဲသုံးမြဲကို အစဉ် ဆောင်ရွက်လျက် ရှိသည်။ ယင်းတို့မှာ (၁) အစဉ် အမြဲ လေ့ကျင့်နေသည်။ စစ်ရေးစွမ်းရည် မြင့်မားပြီး အမိနိုင်ငံ၏ ရန်သူ အပေါင်းကို အောင်မြင်စွာ ချေမှုန်း နိုင်ရန်ဖြစ် သည်။ (၂) အမြဲတမ်း စစ်ရေးသတိ ရှိနေသည်။ မည်သည့် နိုင်ငံနှင့် လူမျိုးကမှ အမိ နိုင်ငံအပေါ် စစ်ရေး အလစ်အငိုက် ရယူမှု၊ စစ်ရေး လက်ဦးမှု မယူနိုင်ရန် ဖြစ်သည်။ (၃) အမြဲတမ်း တိုက်ပွဲဝင်ရန် အသင့် ဖြစ်နေသည်။ အမိနိုင်ငံနှင့် လူမျိုးအပေါ် တိုင်းတစ်ပါးက ကျူးကျော်ရန် စလာသည်နှင့် တစ်ပြိုင်နက် အချိန်မဆိုင်း တန်ပြန် တိုက်ခိုက် ချေမှုန်းနိုင်ရန် ဖြစ်သည်။ တပ်မတော်သည် အမိနိုင်ငံနှင့် လူမျိုးအတွက် အသက်ပေး၍ တိုက်ပွဲဝင်ရန် အမြဲ အသင့်ပြင်ဆင် ထားသည်။ နိုင်ငံနှင့် ပြည်သူအတွက် တပ်မတော်၏ သစ္စာ အဓိဋ္ဌာန် (၄) ချက်

--------- --------- --------- --------- ---------

တပ်မတော်သည် အမိနိုင်ငံနှင့် ပြည်သူတို့ အပေါ် သစ္စာတရား ကြီးမားသည်။ တပ်မတော်သား များသည် နေ့စဉ် အမိနိုင် ငံနှင့် ပြည်သူတို့အား သစ္စာဆိုပြီးမှ လုပ်ငန်းတာဝန် စတင် ထမ်းဆောင်သည်။ တာဝန် ပြီးဆုံးသည့် အခါတွင်လည်း သစ္စာဆိုပြီးမှ တစ်နေ့တာကို ကုန်ဆုံး စေသည်။ တပ်မတော်သားများ ရွတ်ဆိုနေသော သစ္စာ (၄) ချက်မှာ (၁) ငါတို့သည် နိုင် ငံတော်နှင့် နိုင်ငံသား တို့၏ သစ္စာကို စောင့်သိ ရိုသေ ပါမည။် (၂) ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်။ (၃) ငါ့အား အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ (၄) ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန် ပြုပါ၏...ဟူ၍ ဖြစ်သည်။ တပ်မတော်သည် ခေတ်အဆက်ဆက်က နိုင်ငံတော်နှင့် လူမျိုးအပေါ် သစ္စာတရား ကြီးမားခဲ့သည်။ နောင်တွင်လည်း ကမ္ဘာ တည်သရွေ့ ဆက်လက် သစ္စာစောင့်သိ နေဦးမည်။ အမိနိုင်ငံနှင့် ပြည်သူကို သစ္စာတရားဖြင့် ဦးထိပ်ပန်ဆင် ထားခြင်းသည် တပ်မတော်၏ အစဉ်အလာပင် ဖြစ်သည်။

ပြည်သူကို ချစ်သော တပ်မတော်နှင့် တပ်မတော်ကို ချစ်သော ပြည်သူ

--------- --------- --------- --------- ---------

နိုင်ငံရှိလျှင် နိုင်ငံသား ရှိစမြဲ ဖြစ်သည်။ နိုင်ငံသား ရှိလျှင် ကာကွယ် စောင့်ရှောက်ရန် တပ်မတော် ရှိရမည်။ တပ်မတော်သည် မိမိ နိုင်ငံသားများကို ရိုသေလေးစား မြတ်နိုးရမည် ဖြစ်သကဲ့သို့ နိုင်ငံသားများ ကလည်း မိမိ တပ်မတော်ကို ချစ်ခင် မြတ်နိုးနေရန် လိုအပ်သည်။

ကျွန်ုပ်တို့၏ တပ်မတော်သည် ပြည်သူကို ချစ်သည်။ ပြည်သူကလည်း တပ်မတော်ကို ချစ်ပါသည်။ ရင်နှစ်သည်းချာ သားရတနာ များက အမိ၊ အဘ၊ ပြည်သူများကို ရိုသေလေးစား သကဲ့သို့ အမိ၊ အဘ၊ ပြည်သူများ ကလည်း သားရတနာ တပ်မတော်သား များကို ချစ်သည့် သဘော ဖြစ်သည်။ ဤကဲ့သို့ ပြည်သူနှင့် တပ်မတော် ကြည်ဖြူခဲ့သည့် အစဉ်အလာမှာ ယခုမှမဟုတ် တပ်မတော် ဖွဲ့စည်းသည့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင် တည်ရှိခဲ့သည်။ ယခုဆိုလျှင် နှစ်ပေါင်း ၇၂ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ ဤအစဉ် အလာကောင်းကို ကမ္ဘာတည်သရွေ့ ဆက်လက် တည်တံ့ ခိုင်မြဲ နေစေရန် ကျွန်ုပ်တို့ ထိန်းသိမ်း ကြရမည်။ ဤအစဉ် အလာကို ထိန်းသိမ်း နေခြင်းသည် အမိနိုင်ငံနှင့် လူမျိုး တည်တံ့ ခိုင်မြဲမှုကို တည်ဆောက် နေခြင်းပင် မဟုတ်ပါလား။

ကျော်ကျော်သန်း (မဟာဝိဇ္ဇာ)

Credit : Here

မင်္ဂလာ တောင်ညွန့် မြို့နယ်အတွင်း ဖြစ်ပေါ်နေသော ကောလဟာလ မမှန်ကန်ပါ

-မင်္ဂလာ တောင်ညွန့် မြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် လုံခြုံရေးကို စနစ်တကျ စောင့်ကြပ် ဆောင်ရွက်လျက် ရှိကြောင်း၊

-မည်သည့် ပဋိပက္ခမှ ဖြစ်ပွားခြင်း မရှိကြောင်း၊

-သို့သော် ကောလဟာလ များကြောင့် စုရုံးစုရုံးဖြစ်ကာ မယုံမကြည် ဖြစ်နေရာ မိဘပြည်သူများ သတိ ရှိကြရန် လိုကြောင်း၊

-ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်သည့်အပြင် ရပ်ကွက်အလိုက် လူမျိုး/ဘာသာမရွေး စုပေါင်း၍ လုံခြုံရေး ဆောင်ရွက်သည့်အစီအမံကို အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြောကြားပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်

၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။


၂။ အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှုနှင့် အဓိကရုဏ်းများကြောင့် အိုအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စာဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်။

၃။ လုံခြုံရေးအခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်။

၎။ လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန်အတွက် လူထုအခြေပြု လူ့အဖွဲ့အစည်း များ၊ ပုဂ္ဂလိကများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ ဆောက်ရွက်သွားမည်။

၅။ ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင် မည့် ဆွေးနွေးမှုများနှင့် စိတ်ခံစားချက်များကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

၆။ ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ လုပ်ဆောင်နေသည် ဖြစ်ရာ ယင်းလုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာသာရေး အစွန်းရောက်မှုများကို ရှောင်ရှားကြပါရန် ပြည်သူများကို တိုက်တွန်းအပ်ပါသည်။

(သတင်းထုတ်ပြန်ရေးအဖွဲ့)