Tuesday, March 26, 2013

ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗိုလ်ချုပ်မှူးကြီးအဆင့် တိုးမြှင့်ခန့်အပ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အား ဗိုလ်ချူပ်မှူးကြီး အဆင့်သို့ လည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအား ဒုတိယဗိုလ်ချူပ်မှူးကြီး အဆင့်သို့လည်းကောင်း မတ် ၂၅ရက်က တိုးမြှင့်လိုက်ကြောင်းသိရသည်။


အဆိုပါရာထူးအဆင့်အသစ်များဖြင့် ၆၈နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်မည် ဖြစ် ကြောင်းလည်း တပ်မတော်နှင့်နီးစပ်သော အသိုင်းအ၀န်းမှ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၁၉၅၆ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး မေမြို့ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုနှစ်ပေါင်း ၂၀ ကျော် တည်ငြိမ်အေးချမ်းအောင် အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားပြီးနောက် အရပ်သားအစိုးရလက်ထက် ပထမဆုံး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသော ဦးမင်းအောင်လှိုင်သည် တိကျပြတ်သားမှုနှင့် လဘ်ပေးလဘ်ယူ လုံးဝ ကင်းရှင်းမှုတွင် အထူးနာမည်ကောင်းထွက်သူဖြစ်သည်။

Credit : Here

ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်း

ဂျပန်အခြေစိုက် NGO အဖွဲ့တစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က
ကရင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက်
အလှူငွေပေးအပ်ပွဲကိုတွေ့ရစဉ်
photo: RFA/ Sai Tun Aung Lwin

ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်းပေးအပ်ပွဲကို ရန်ကုန်မြို့ ဂျပန်သံရုံးမှာကျင်းပခဲ့ပါတယ်။


အဲဒီထောက်ပံ့ကြေးတွေကို သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ် လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနရဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

“စာချုပ်မှာ ဒေါ်လာ ၁၁ သန်းဖိုးရှိတဲ့ ထောက်ပံ့ အကူအညီတွေကို ၃ နှစ်အတွင်းမှာ ကရင်ပြည်နယ် ကို ထောက်ပံ့ဖို့ အစီအစဉ်တွေလည်းပါ ပါတယ်၊ အစိုးရသစ်လက်ထက်မှာ အလှူရှင်တွေက ကာယကံရှင်တွေဆီကို သူတို့စိတ်တိုင်းကျ တိုက်ရိုက်လှူလို့ရတဲ့စနစ်မျိုးကို ဆောင်ရွက်နေပါတယ်၊ စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှာ အသေးစိတ်အစီအစဉ်တွေကိုတော့ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”

ဒီအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င် Japan Platform အဖွဲ့အစည်း ကိုယ်စားလှယ် Ms. Keiko Kiyama၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သံအမတ်ကြီး Mikio Numata နဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

အခုလိုထောက်ပံ့မှုပြုတာဟာ လာမယ့် ဧပြီလကနေ ၂၀၁၆ခုနှစ် မတ်လအထိ ပြုလုပ်သွားမယ့် စီမံကိန်းတွေအတွက်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Mikio Numata က အမေရိကန် ဒေါ်လာ ၆.၅ သန်းခန့်နဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၆၅၁ သန်းကို ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပြည်လည်နေရာချထားရေးအတွက် ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

Credit : Here

မိတ္ထီလာ ပဋိပက္ခ ပြန်လည် ထူထောင်ရေး ပါတီကြီး ၂ ခုလည်း ကူညီ

မိတ္ထီလာမြို့တွင် ပဋိပက္ခကြောင့် မီးလောင်ပျက်စီးသွားသောနေအိမ်အဆောက်အဦးမှ ကောင်းနိုး ရာရာ များပြန်လည် ရှာဖွေနေသည့် ဒေသခံများ (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့က သွားရောက်ကူညီမှုတွေ လုပ်နေကြောင်း သိရပါတယ်။


ကြံ့ခိုင်ရေးပါတီ အနေနဲ့ မိတ္ထီလာမြို့ပေါ်က ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ကူညီမှုတွေ ပေးနိုင်ဖို့ ဒီနေ့ပဲ ကွင်းဆင်း လေ့လာမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ဒီခရီးစဉ်မှာ ပါတီ ဒု ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ အဖွဲ့ဝင်တွေ အပါအဝင် အမှတ်(၁) စက်မှု ဒု ဝန်ကြီးတို့လည်း လိုက်ပါ လေ့လာမယ်လို့ သိရပါတယ်။


ဒု ဥက္ကဋ္ဌ ဦးဌေးဦး က “လိုတဲ့ စားစရာ သောက်စရာတွေပေါ့၊ ဒါတွေ လှူဒါန်းဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ အခြေအနေ အခက်အခဲတွေကို ကြည့်ပြီးတော့မှ ကူညီနိုင်တာတွေ ဆက်ပြီး လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စေတနာရှင်တွေကလည်း ကျနော့်ကို ကူညီချင်တဲ့ ဥစ္စာတွေ ကမ်းလှမ်းထားတာ ရှိပါတယ်။ နောက်တခုက ဝန်ကြီးချုပ်တို့၊ လူထုတို့နဲ့ တွေ့ပြီးလို့ရှိရင် ဘာတွေ အကောင်းဆုံး လုပ်နိုင်မလဲ ဆိုတာကို အလေးထားပြီး ကျနော်တို့ ဆောင်ရွက်ပါ့မယ်” လို့ ဧရာဝတီကို ပြောပါတယ်။

NLD ပါတီကတော့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၀ ရက်နေကတည်းက ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ နေပြည်တော် လွှတ်တော်မှာ တက်ရောက်နေတဲ့ ပါတီရဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကို ချက်ချင်းစေလွှတ်ပြီး ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမြန်ဆုံး တည်ငြိမ်အေးချမ်းမှု ရရှိရေး မြို့ခံအာဏာပိုင်တွေ၊ ပါတီဝင်တွေနဲ့ မြို့ခံ ပြည်သူတွေနဲ့ ပူးပေါင်း ဖြေရှင်းနိုင်ရေး လုပ်ဆောင်စေခဲ့ပါတယ်။

NLD အနေနဲ့ အကြမ်းဖက်မှုတွေ နောက်ထပ် မပေါ်ပေါက်စေဖို့ လုံခြုံရေး ကိစ္စအတွက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ကို အကြံပြုခဲ့သလို ဒုက္ခသည်တွေ နေရာချထားရေး၊ စားဝတ်နေရေး ကိစ္စရပ်တွေကို မြို့ခံ အာဏာပိုင်တွေနဲ့ ညှိနှိုင်း လုပ်ဆောင်နေတဲ့အပြင် မိတ္ထီလာ၊ မန္တလေး၊ ပျော်ဘွယ်၊ ပြင်ဦးလွင်၊ ရေနံချောင်းတို့က NLD ပါတီဝင်တွေကလည်း လာရောက် ပူးပေါင်းကူညီတယ်လို့ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကတော့ ရပ်ကွက်တွေထဲက NLD အဖွဲ့ဝင်တွေအထိ ဒုက္ခသည်တွေကို တတ်နိုင်သလောက် ကူညီဖို့နဲ့ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာတွေ အကြား ပဋိပက္ခ လျှော့ပါးအောင် လုပ်ဆောင်ပါလို့ ကျန်ာတို့ကို ညွှန်ကြားထားတယ်။ ဒီလူတွေ တသက်လုံး ဒီ မိတ္ထီလာမှာ နေနေကြတယ်ဗျာ၊ အချင်းချင်းတွေ ပြန်ပြီးတော့ ခင်မင်အောင်၊ မကြောက်အောင်၊ မလန့်အောင် ပြန်ပြီး ဖြောင်းဖျဖို့ ကြိုးစားပေးရမှာပေါ့” လို့ လွှတ်တော် အမတ် ဦးဝင်းထိန်က ဧရာဝတီကို ပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် မွတ်စလင် ဒုက္ခသည် ၁ သောင်းခန့် မိတ္ထီလာမြို့ပေါ်ရှိ အထက်တန်းကျောင်း ၅ ကျောင်းမှာ ခိုလှုံနေပြီး ဗုဒ္ဓဘာသာဝင် ၇ ထောင်ကျော်လည်း မြို့ပေါ်က ဘုန်းကြီးကျောင်း ၁၅ ကျောင်းမှာ ခိုလှုံနေကြောင်း ဦးဝင်းထိန်က ပြောပါတယ်။ အစိုးရကလည်း ယာယီ ဒုက္ခသည်စခန်း ၅ ခုမှာ ဒုက္ခသည် ၉၆၄၄ ဦးရှိကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။

NLD က နှစ်ဖက်ဒုက္ခသည် စခန်းတွေကို မတ်လ ၂၁ ရက်နေ့က စတင်ပြီး အဝတ်အထည်၊ သောက်ရေသန့်၊ မုန့်၊ ခေါက်ဆွဲခြောက် အပါအဝင် အခြား အစားအသောက်များကို ကျပ် သိန်း ၂၀၀ ကျော်ဖိုး လှူဒါန်းထားကြောင်း၊ ယခင် ရက်ပိုင်းများက ဒုက္ခသည်များ စား၊ ဝတ်၊ နေရေး အခက် ကြုံနေရသော်လည်း ယခုအခါ နိုင်ငံတကာ အကူအညီများနဲ့ ပုဂ္ဂလိက အလှူရှင်များ လာရောက် လှူဒါန်းမှုကြောင့် အဆင်ပြေမှု ရရှိနေပြီဖြစ်ကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

အခုအခါ မိတ္ထီလာမြို့ပေါ်က အပျက်အစီးတွေကို တပ်မတော်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေက ရှင်းလင်းရေး လုပ်ဆောင်နေသလို၊ လုံခြုံရေးကိုလည်း အစိုးရက တင်းကြပ်စွာ ချပေးထားကြောင်း၊ ဆူပူမှုတွေလည်း လျှော့နည်းသွားပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ရပ်ကွက်ထဲမှာ ကင်းစောင့်ပေးနေရတဲ့ အခြေအနေတွေတော့ ပျောက်သွားခြင်း မရှိသေးကြောင်း သူက ဆက်ပြောပါတယ်။

ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ဦးဌေးဦးက “ကျနော်တို့ ပါတီအနေနဲ့ကတော့ လုံးဝ သဘောမတူနိုင်ပါဘူး၊ သဘောလည်း မကျပါဘူး။ ဖြစ်စဉ်တွေကို ပိုပြီး ကျယ်ပြန်အောင်လုပ်တယ် ဆိုတာတွေနဲ့ ပတ်သက်လို့လည်း လုံးဝ သဘောမတူပါဘူး။ ပါဝင်လှုံ့ဆော်တဲ့ လူတွေကိုလည်း ဥပဒေအရ အရေးယူဖို့ လိုပါတယ်။ ကျနော်တို့ သဘောထားကတော့ ဒီအတိုင်းပါပဲ” လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကို နှုတ်အားဖြင့် အကြံပြု တောင်းဆိုသွားမှာ ဖြစ်ပေမယ့် ၎င်းတို့ပါတီရဲ့ သဘောထားတွေကို တရားဝင် ကြေညာချက် ပုံစံမျိုးနဲ့ ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ ဦးဌေးဦးက ဆက်ပြောပါတယ်။

ဆူပူအကြမ်းဖက်မှု ဖြစ်စေနိုင်တဲ့ ကောလာဟလ သတင်းတွေ ရန်ကုန်မြို့ပေါ်အထိ ပြန့်နှံ့လာပြီးတဲ့နောက် မနေ့က NLD ရန်ကုန်တိုင်း ဒေသကြီး အလုပ်မှုဆောင်အဖွဲ့က မြို့နယ် အလုပ်မှုဆောင်အဖွဲ့ အသီးသီးကို သက်ဆိုင်ရာ မြို့နယ်တွေအတွင်း အကြမ်းဖက် ပဋိပက္ခတွေ မပေါ်ပေါက်စေရေး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

NLD အနေနဲ့ကတော့ မိတ္ထီလာမြို့ တည်ငြိမ်အေးချမ်းရေး ကိစ္စကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်သလို နှစ်ဖက် ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးနဲ့ ထူထောင်ရေး ကိစ္စတွေကိုလည်း ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ဒီမှာ တိုင်းဝန်ကြီးချုပ် ဦးရဲမြင့် ရောက်နေတယ်လေ။ ကျနော်တို့ အနေနဲ့ သူ့ကို အချိန်မရွေး သွားတွေ့လို့ရတယ်၊ ပြောလို့ရတယ်။ အဖြစ်အပျက်တွေ၊ လုံခြုံရေးကိစ္စတွေနဲ့ အခြား ပြဿနာတွေကိုလည်း တင်ပြလို့ရတော့ ကျနော်တို့ ကြားထဲမှာလည်း ဆက်ဆံရေး ကောင်းပါတယ်။ ထူထောင်ရေး ကိစ္စတွေကိုလည်း ကျနော်တို့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” လို့ ဦးဝင်းထိန်က ပြောပါတယ်။

အကြမ်းဖက် ဆူပူမှုတွေ ကူးစက်မှုနေမှုနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ နာယကနဲ့ ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က ရှုတ်ချကြောင်း ပြောဆိုလိုက်ပြီး ဒီလို ဖြစ်ပွားမှုတွေကြောင့် ပြုပြင်ပြောင်းလည်းရေး လုပ်ငန်းတွေကို ထိခိုက်မှာကို စိုးရိမ်တယ်လို့ ပြောဆိုပါတယ်။

ဆူပူအကြမ်းဖက်မှုတွေ ဆက်လက် မပြန့်ပွားရေးကို အမြန်ဆုံး ထိန်းသိမ်းပြီး စစ်တပ် ဝင်ရောက် နေရာယူထားတဲ့ အရေးပေါ် အခြေအနေတွေ အမြန်ဆုံး ရုပ်သိမ်းနိုင်ဖို့ လိုအပ်ကြောင်း၊ ယင်းသို့ မဟုတ်ဘဲ ဆူပူမှုတွေ ဆက်လက် ဖြစ်ပွားနေမယ်ဆိုရင် စစ်အုပ်ချုပ်မှုအောက်ကို အလွယ်တကူ ပြန်ရောက်သွားနိုင်ကြောင်း ဦးဝင်းတင်က သတိပေး ပြောဆိုပါတယ်။

အစိုးရအနေနဲ့လည်း လူမျိုးရေး၊ ဘာသာရေး၊ အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအဝင် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေနဲ့ အညီ အစွမ်းကုန် တားဆီး ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေကိုလည်း လုံခြုံရေးအခြေအနေ တည်ငြိမ်လာတာနဲ့ အမျှ ပြန်လည် နေရာချထားရေးတွေ အမြန်ဆုံး လုပ်ဆောင်ပေးသွားမှာ ဖြစ်ကြောင်း၊ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ လုံခြုံရေးတွေကိုလည်း အပြည့်အဝ တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်မြို့တွင် ဘာသာရေးအဓိကရုဏ်း ကာကွယ်တားဆီးရေးကွန်ရက် ဖွဲ့စည်း

ပြည်မြို့တွင် ဘာသာရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေးအကျဉ်းသားများနှင့် မြို့မိမြို့ဖများ ပါဝင်သော ဘာသာရေးအဓိကရုဏ်း ကာကွယ်တားဆီးရေးကွန်ရက်ကို ဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိသည်။

“အစိုးရအဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ပါတယ်။ ညဆို တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့အဖွဲ့နဲ့ပေါင်းပြီး တစ်ညလုံး ကင်းလှည့်ပါတယ်”ဟု အဆိုပါအဖွဲ့မှ ကိုကျော်ဆန်းကပြောသည်။

ထို့အပြင် စိုးရိမ်ထိတ်လန့်နေသော အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအား မကြောက်ကြရန်နှင့် အေးအေးချမ်းချမ်း အိပ်စက်ရန် အားပေးစကားများ ပြောထားပြီး တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ၂၄ နာရီ ဖွင့်ထားသော ရုံးခန်းသို့ ဆက်သွယ်ရန် မှာကြားထားကြောင်း ကိုကျော်ဆန်းကပြောသည်။

ဘာသာရေးအဓိကရုဏ်း ကာကွယ်တားဆီးရေးကွန်ရက်အား မတ်လ ၂၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ ၀င်အင်အား ၄၀ ခန့်ရှိသည်။ ပြည်မြို့တွင် ၁၉၈၇၊ ၁၉၉၁၊ ၁၉၉၇ နှင့် ၂၀၀၁ ခုနှစ်များတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

Credit :

အုပ်ဖို၊ မင်းလှ နှင့် ကြို့ပင်ကောက်မြို့များ တွင် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ကြေ ညာ

အုပ်ဖို၊ မင်းလှ နှင့် ကြို့ပင်ကောက်မြို့များတွင် ယနေ့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းကစတင်ကာ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ကြေညာ လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော် သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်၏ အွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရုပ်သံသတင်းများတွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဦးရဲထွဋ်၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်မှာ "အုပ်ဖို၊ မင်းလှနဲ့ ကြို့ပင်ကောက် မြို့များမှာ ယနေ့ မတ်လ ၂၆ ရက်နေ့ ညနေကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။ အသေးစိတ်ကို ရုပ်သံသတင်းများမှာ ထုတ်ပြန်ပေးပါ့မယ် " ဟု ရေးသားဖော်ပြထားသည်။

သမ္မတဦးသိန်းစိန် တရုတ်ပြည်အလည်အပတ်ခရီးသွားရောက်မည်


တရုတ်သမ္မတသစ် ရှီကျင့်ပင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သို့ တရားဝင်အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

ယင်းသို့ သွားရောက်စဉ်အတွင်း ဧပြီ ၆ ရက်မှ ၈ ရက်နေ့အထိ ဟိုင်နန်တွင် ကျင်းပမည့် နှစ်လည်အာရှ ကွန်ဖရင့်ဘိုအားအို ဖိုရမ်သို့လည်း တက်ရောက်မည် ဖြစ်သည်။


၂၀၁၁ ခုနှစ် မတ်လ ၎င်းအာဏာရအချိန်မှ စ၍ တရုတ်နိုင်ငံသို့ တတိယအကြိမ် သွားရောက်ခြင်းဖြစ်ရာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အလည်အပတ်နှစ်ကြိမ် သွားရောက်ပြီး ဖြစ်သည်။

မြန်မာ သမ္မတ၏ အလည်အပတ် ခရီးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မတ်လ ၂၅ ရက်တွင် ကြေညာ လိုက်ခြင်းဖြစ်သည်။

သမ္မတ ရှီကျင့်ပင်ကိုယ်တိုင် အဆိုပါ ဖိုရမ်သို့ တက်ရောက်၍ အမှာစကားပြောကြားမည်ဖြစ်သည်။ ဖိုရမ်ဆောင်ပုဒ်မှာ ``အားလုံးဖွံ့ဖြိုးရေး ကြံဆောင်နေသည့် အာရှ´´ပြန်လည်ထူထောင်ရေး တာဝန်နှင့် ပူးပေါင်းဆောင်ရွက်မှု ဟူ၍ ဖြစ်သည်။

အဆိုပါ ဖိုရမ်သို့ အာရှ၊ ဥရောပ၊ အာဖရိကနှင့် အမေရိကန်နိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက် ဖွယ်ရှိသည်။ 

Credit : Here

ပြည်ထောင်စုလွတ်တော်နာယကဦးခင်အောင်မြင့်ရမည်းသင်းမြို့နှင့်ပျော်ဘွယ်မြို့ဒေသခံများနှင့်သွားရောက်တွေ့ဆုံ

ပြည်ထောင်စုလွတ်တော်နာယက ဦးခင်အောင်မြင့် သည်(၂၄-၃-၂၀၁၃) ရက်နေ့ တွင် လွှတ်တော် ကိုယ်စားလှယ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရမည်းသင်းမြို့ ၊ ပျော်ဘွယ်မြို့ရှိ ဒေသခံများ နှင့်သွားရောက်တွေ့ ဆုံခဲ့ကြောင်း ရမည်းသင်းမြို့ လွှတ်တော် ကိုယ်စားလှယ် ဦးဘိုနီကပြောသည်။

"ပြည်ထောင်စုလွတ်တော်နာယက ဦးခင်အောင်မြင့် နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရယ် ၊ လုံခြုံရေး အဖွဲ့တွေခေါ်ပြီး ဒီနေ့နံနက်(၁၀) နာရီခွဲလောက်မှာ ရမည်းသင်းရွာတန်းကျေးရွာဒေသခံတွေ နဲ့တွေ့ဆုံခဲ့ပါ တယ် ၊ နေ့လည်(၁၂)နာရီမှာ ရမည်းသင်းမြို့ ဒေသခံတွေနဲတွေ့ ဆုံခဲ့ပြီး နေလည်(၂)နာရီမှာ ပျော်ဘွယ်မြို့ ဒေသခံများနဲ့တွေ့ဆုံခဲ့ပါတယ် " ဟု ရမည်းသင်းမြို့ လွှတ်တော် ကိုယ်စားလှယ် ဦးဘိုနီကပြောသည်။

Credit : Here

NLD အမတ် ဦးအုန်းကြိုင်ရဲ ဦးနှောက်ကို ဆေးကုပြီ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်သည် ဦးနှောက်ပိုင်း ဆိုင်ရာ ရောဂါတစ်ခုကြောင့် ယနေ့နံနက်ပိုင်းတွင်အာရှတော်ဝင်ဆေးရုံ၌ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။


" ဒီနေ့မနက် ၉ နာရီလောက်မှာ အာရှတော်ဝင်ကို ရောက်တာပါ၊ ဦးခေါင်းပိုင်းကို ဆေးစစ်ဖို့ လုပ်နေတယ်၊သောက်နေတဲ့ ဆေးတွေ ပြင်းလွန်းလို့ ထိတာလို့သိရတယ်"၊ဟု ဒီလှိုင်းဂျာနယ်မှတာဝန်ရှိသူ တစ်ဦးက ယနေ့ နေလည်တွင် ပြောသည်။

၎င်း၏ပြောကြားချက်အရ ဦးအုန်းကြိုင်သည် သွေးတိုးရောဂါရှိသောကြောင့် ဆေးများ ပုံမှန်သောက် သုံးနေရကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဇေယျာသော် မှာလည်း ဆေးကုသမှုခံယူနေရသဖြင့် လွှတ်တော်အစည်းအဝေးမှ အနားယူလိုက်ရသည်။

Credit : Here

ပြည်တွင်း ဈေးကွက်အတွင်း တရုတ်၊ ထိုင်းနှင့်မလေးရှားနိုင်ငံများမှ တင်သွင်းနေသည့် ဓါတ်မြေသြဇာများ အရည်အသွေး ပြည့်မီခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိ

ပြည်တွင်း ဈေးကွက်အတွင်းသို့ တရုတ်၊ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ တင်သွင်းလာသည့် ဓါတ်မြေသြဇာ များ အရည်အသွေးပြည့်မီခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိချက်အား မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းမှ ထုတ်ပြန်ချက် အရ သိရှိရသည်။

''ဈေးကွက်အတွင်းကို တင်သွင်းလာတဲ့ ဓါတ်မြေသြဇာတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ ပြည့်မီခြင်းမရှိဘူးဆိုတာ စစ်ဆေးတွေ့ရှိထားပါတယ်။ အများအားဖြင့်တော့ တရုတ်၊ထိုင်းနဲ့ မလေးရှားနိုင်ငံက တင်သွင်းကြတာဆိုတာလည်း သိရပါတယ်''ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း၊ ဥက္ကဌဒေါက်တာ စိုးထွန်းက ပြောကြားခဲ့သည်။


ယင်းကဲ့သို့ ဈေးကွက်အတွင်းရှိ ဓါတ်မြေသြဇာများ စစ်ဆေးခြင်းကို မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းနှင့် ဓါတ်မြေသြဇာ တင်သွင်းရောင်းချသူများ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းနှင့် ဓါတ်မြေသြဇာ တင်သွင်းရောင်းချသူများ အသင်းတို့ရှိ ဓါတ်ခွဲခန်းများတွင် စမ်းသပ် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

ပြည်တွင်းဈေးကွက်အတွင်း တောင်သူများ ဝယ်ယူသုံးစွဲမှုများသည့် ဓါတ်မြေသြဇာ ၁၅မျိုး၊ ပိုးသတ်ဆေး ၁ဝမျိုးတို့ကို ၂ဝ၁၃ခု နှစ်၊ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းက စမ်းသပ် စစ်ဆေးခဲ့ခြင်းဖြစ်ရာ ပိုးသတ်ဆေး ၈မျိုးကိုသာ ပြည်တွင်း၌ စစ်ဆေးနိုင်ခဲ့ပြီး ကျန်နှစ်မျိုးကိုမူ ထိုင်းနိုင်ငံတွင် စစ်ဆေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဓါတ်မြေသြဇာ(၁၅) မျိုးမှာ

(၁)Three Circle,GTSP၊
(၂)Panda(တရုတ်တံဆိပ်)၊
(၃) Golden Crop ၊
(၄) Compound Fertilizer ၊
(၅) Comet Natural Calcium Sulphate ၊
(၆)Comet (ရွက်ဖြန်းဓါတ်မြေသြဇာ)၊
(၇)အာမို (၂)(ရွက်ဖြန်း ဓါတ်မြေသြဇာအမှုန့်၊
(၈)Hyper Bloom ၊
(၉) Grow More ၊(၁ဝ)Mamigro(Soluable Folian) ၊ 
(၁၁) Comet Plus (ရွက်ဖြန်း ဓါတ်မြေသြဇာအမှုန့်၊အဝါရောင်)၊ 
(၁၂)Super N ၊
(၁၃)SUNRAY(ဇီဝအော်ဂဲနစ် ကွန်ပေါင်း ဓါတ်မြေသြဇာ၊
(၁၄) Cal One Gypsum (အော်ဂဲနစ်ဂျစ်ဆမ် ဓါတ်မြေသြဇာအမှုန့်)၊
(၁၅)Hrea ပုလဲတို့ဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများအား ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ နှင့် အနောက်ဒေသများတွင် တောင်သူများ အသုံးပြုနေကြသည့် ဓါတ်မြေသြဇာများကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိရရှိထားသော အရည်အသွေး ပြည့်မီခြင်းမရှိသည့် ရလဒ်များကို မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့သို့ တင်ပြထားကြောင်း၊ မကြာမီကာလ အတွင်း ဓါတ်မြေသြဇာများ အရည်အသွေး ပြည့်မီခြင်းမရှိသည်နှင့် စပ်လျဉ်း၍ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

Credit :

မြန်မာနိုင်ငံတွင်ရှိသော အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ်သတိပေးချက်တစ်ခုကို အမေရိကန်အစိုးရမှ ထုတ်ပြန်

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် လတ်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ် သတိပေးချက် တစ်ရပ်ကိုအမေရိကန်အစိုးရမှ မတ်လ ၂၅ ရက်နေ့တွင် သတိပေးချက်တစ်ရပ် ထုတ်ပြန် ခဲ့ပါသည်။


အဆိုပါ ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး ၀န်းကျင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် လူအုပ်စု နှစ်ဘက်စလုံးတွေ ပြင်းထန်သော စိတ်ခံစားချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ လတ်တလောတွင် အမေရိကန် နိုင်ငံသားများကို ရည်ရွယ်သည့် ခြိမ်းခြောက်မှုများ မရှိသေးသော်လည်း ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ ၀န်းကျင်များကို ရှောင်ရှားကြရန် အကြံပေးအပ်ကြောင်း အစရှိသဖြင့် ဖော်ပြခဲ့ပါသည်။

ထို့အပြင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ သွားရောက်ရာတွင် ပတ်ဝန်းကျင် အခြေ အနေများကို အမြဲသတိထားရန်နှင့် မည်သည့် လူစုလူဝေး လှုပ်ရှားမှုတွင်မှ ပါဝင်ပတ်သက်ခြင်း မပြုရန်၊ မင်္သကာစရာ အခြေအနေ တစ်စုံတစ်ခု ရှိလာပါက တာဝန်ရှိသူများထံသို့ သတိပေးရန်နှင့် အဆိုပါ နေရာကိုစွန့်ခွာရန် အကြံပေးထားသည့်အပြင် အမေရိကန် နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံတွင်း အရေးပေါ် ကိစ္စရပ်များ ရှိပါက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ အရေးပေါ် ဖုန်းနံပါတ် (95)-(9)-5124330 သို့ ဆက်သွယ်ပြီး တာဝန်ကျအရာရှိနှင့် ဆက်သွယ် ပြောဆိုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

Credit :

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲကာလ KIA ဘက်ကစတင်စည်းဖောက်ပြီ…

KIO အဖွဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ငြိမ်း ချမ်းရေး ဆွေးနွေးပြီး တိုးတက်မှု ရလာဒ်အဖြစ် နှစ်ဖက် တပ် တွေ အပစ်အခတ်မရှိဘဲ အေးချမ်းနေလို့ပြည်သူ အများ ၀မ်းသာကြည်နူးခဲ့ကြပြီး အေပြီလ ၁၀ ရက်နေ့မတိုင်မီ ထပ်မံဆွေးနွေးကြအုံးမယ်လို့ ကြားသိရပါတယ်။

ဒီလိုအခြေအနေကနေ မတ်လ ၂၅ ရက်နေ့ ညနေ ပိုင်းမှာ ပန်ဝါကနေ ဂန့်ဂွင်းဘက် ကိုရိက္ခာ ပို့ဆောင် ဘို့အတွက် လမ်းဖောက်နေတဲ့ တပ်မ(၈၈)က စစ်ကြောင်းကို KIA ရင်း(၁၀)အဖွဲ့တစ်ဖွဲ့ ကမိုင်းခွဲပြီး သေနတ်နဲ့ဝိုင်းပစ်ကြလို့ ရဲဘော် ၃ ယောက်လောက် သေဆုံး ဒဏ်ရာရသွား တယ်လို့ သိရပါတယ်။

“KIO/KIA အဖွဲ့ဟာ ဖိအားပေါင်းစုံကနေ မတတ်သာလို့ ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ် တက် လာရတယ်၊ ဒီလမ်းက သွေဖယ်အောင်လို့ စစ်တပ်ကိုအပြစ်ရှာကြည့်မယ်၊ မဖြစ်လာရင်တော့ သူတို့ဘက်ကတစ်ခုခုနဲ့ ပျက်ယွင်းအောင်ကျိုးပမ်းနေမှာဘဲ” လို့ ကချင်အရေးလေ့လာသူ တစ်ဦး က ပြောပြလာပါတယ်။

Credit : Myawady News

တောင်ဖီလာတောင်မှ မြေသားဖဲ့ယူခြင်းမပြုလုပ်ဖို့ ဒေသခံများ မေတ္တာရပ်ခံ


လေယာဉ်ကွင်းချဲ့ထွင်ရေး လုပ်ငန်းတွင်လေယာဉ်ပြေးလမ်း မြေဖို့ရန် မြေကျင်းပေါင်းများစွာ လိုအပ်နေပြီး ၎င်းလိုအပ်သော မြေအား တောင်ဖီလာတောင်မှ ကျင်းပေါင်း(၈)သောင်းကျော် ဖဲ့ ယူရန် စီစဉ်နေသည်။ ၎င်းင်းကိစ္စ များနှင့်ပတ်သက်၍ ကလေးမြို့ တောင်ဖီလာ စာသင်တိုက်တွင် မတ်လ (၂၃)ရက် (၃)နာရီက လေယာဉ်ကွင်းပြုပြင်ရေးအင်ဂျင် နီယာနှင့် ကလေးမြို့ လက်ထောက် ညွှန်ကြားရေးမှူးတို့သည် ကလေး မြို့၊ သံဃာတော်များ လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံခဲ့သည်။


တွေ့ဆုံပွဲတွင် ဒေသခံများမှ တောင်ဖီလာသမိုင်းအကြောင်းများကို ရှင်းလင်းကြပြီး တောင် ဖီလာတောင် ဟာ ကလေးမြို့ရဲ့ ပြယုဒ်သင်္ကေတတစ်ခုပါ။ နောက် ပြီး သာသနာ့နယ်မြေဆိုတာ လည်း ဘိုးစဉ်ဘောင် ဆက်ကတည်း က လူတိုင်းအသိပါ။ ဒါကို ဒီ တောင်ကမြေဖြိုပြီး လေယာဉ် ကွင်းတိုးချဲ့ရေးမှာ မြေဖို့မယ် ဆိုတော့ ၀မ်းနည်းမိတယ်။ ဒါ ကြောင့် ဒီလိုမလုပ်ဖို့ သက်ဆိုင် ရာအဖွဲ့တွေကို ဆက်မလုပ်ပါနဲ့ လို့ မေတ္တာရပ်ခံခဲ့တာပါလို့ ကလေးမြို့ သံဃာတော်တစ်ပါးမှ မိန့်သည်။

လေယာဉ်ကွင်းပြုပြင်ရေး အင်ဂျင်နီယာ ကိုဝင်းဇော်ဇော် တင်ကလည်းဒီကိစ္စက ကျွန်တော် မသိဘဲ ကောင်းမယ်ထင်ပြီး လုပ် လိုက်မိတာပါ။ နောက်ပြီး ဒီမြေ ကလည်း လေယာဉ်ပြေးလမ်းဖို့ဖို့ ကောင်းတယ်။ နောက်ပြီး ကုန်ကျ စရိတ်လည်း သက်သာမယ်လေ။ ဒါကြောင့်ပါ။ အခုမှ တောင်ဖီ လာအကြောင်းကို ဒေသခံတွေ စကားကြားရမှ ဒီတောင်က ဒီလို ပါလားဆိုတာ ကျွန်တော်သိရ တာ ဒါပေမဲ့ ကျွန်တော်က ၀န်ထမ်း လေ အထက်ကို ပြန်တင်ပြရဦး မယ်။ အခုပွဲမှာတော့ ဆက်မလုပ် ဖို့ ကိုယ်တိုင် ဆုံးဖြတ်ပေးခဲ့လို့ မဖြစ်တာကို နားလည်ပေးပါလို့ ပြောခဲ့သည်။ 

တောင်ဖီလာသည် သမိုင်းဝင်မြေဖြစ်သည့်အပြင် ကလေးမြို့၏ ပြယုဒ်သင်္ကေတ အမှတ်အသား တစ်ခုဖြစ်သော ကြောင့် မြေဖဲ့ယူခြင်း မပြုလုပ် စေချင်ကြောင်း ဒေသခံများ သံဃာတော်များ အဖွဲ့အစည်း အသီးသီးများမှ တင်ပြမေတ္တာရပ် ခံခဲ့သည်။ တောင်မှ မြောက်သို့ စီးသော မြစ်သာမြစ်နှင့် အရှေ့မှ အနောက်သို့ အခြားတောင်တန်း များနှင့်မတူဘဲ ပေါက်နေသည့် တောင်ဖီလာတို့သည် ကလေးမြို့ ၏ သင်္ကေတအဖြစ် ယနေ့တိုင် ထူးခြားစွာတွေ့ရသည်။

Credit : Here

ကောလဟာလနှင့် သွေးထိုးစကား ပြောမည်ဆိုပါက၊ ကောလဟာလနှင့် သွေးထိုးစကား ကြားရပါက (သို့ ) အပြောခံရပါက။

၁။ အကြောင်းအရာ အဖြစ်အပျက်ကို မှန်သည် မှားသည်ကို ချက်ချင်း မသုံးသပ် မဆုံးဖြတ်ပါနှင့်။

၂။ အချိန်ခေတ္တယူပြီး သုံးသပ်နိုင်အောင် ကြိုးစားပါ။ လိုအပ်သော အချက်အလက်များ တိကျခိုင်မာသော အချက်အလက်များ ပိုမို ပြည့်စုံအောင် ဆောင်ရွက် ပါ။

၃။ သူစိမ်းဖြစ်စေ ရင်းနှီးသူဖြစ်စေ မည်သူပြော သည်ဖြစ်စေ ပုဂ္ဂိုလ်ဘက်လိုက်မှုအပေါ် အခြေခံ၍ မဆုံးဖြတ်ပါနှင့်။

၎။ ကိုယ်သာ ကိုယ့်လူသာ ကိုယ့်လူမျိုးသာ ကိုယ့် ဘာသာသာ ကိုယ့်ယုံကြည်ခံယူချက်သာ ကိုယ်သာ အမှန်ဖြစ်ရမည်ဟူသော တစ်ဘက်သတ်ဖြစ်မှု အား ရှောင်ရှားတွေးတောပါ။

၅။ မိမိကိုယ်တိုင် စုံစမ်းပါ၊ မျက်မြင်ကိုယ်တွေ့ ဖြစ်အောင် ကြိုပမ်းပါ။

ဒီသင့်တော်တဲ့ သိသင့်သိထိုက်တဲ့ အခြေအနေ အနေအထားတွေ မရှိဘဲနဲ့  -

လူတစ်ယောက်ကို မုန်းရမလားဆိုရင် ဘာကြောင့် မုန်းတီးသင့်တာလည်း၊ လူတစ်ယောက်ကို ရိုက်ပုတ် သတ်ဖြတ်ဆိုရင် ဘာကြောင့် ရိုက်ပုတ်သတ်ဖြတ်ရမှာလည်း၊ လူတစ်ယောက်ကို သတ်ဆိုရင် ဘာကြောင့် သတ်ရမှာလည်း၊ မုန်းတီး ရိုက်ပုတ်သတ်ဖြတ်မှု လုပ်ရင် လုပ်သင့်လုပ်ထိုက်သလား၊ မုန်းတီး ရိုက်ပုတ် သတ်ဖြတ်ဖြစ်ရင်တောင် ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်သလား။ မုန်းတီး ရိုက်ပုတ် သတ်ဖြတ် တာဟာ ပဋိပက္ခတစ်ခု ပပျောက်ဖို့  စစ်မှန်တဲ့ ဖြေရှင်းခြင်း ဟုတ်ရဲ့ လား ဆိုတာတွေကို ကိုယ့်ဖာသာ သုံးသပ်ကြည့်ပါ။

ဒီနေရာမှာ - အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဆိုကရေးတီးရဲ့  ပြောကြားချက်နဲ့  သုံးသပ်ဆုံးဖြတ်ချက် ကို အတုယူထိုက်မှုကို သာဓက ပြောပြလိုပါတယ်။

ရှေးခေတ် ဘီစီ ၄၆၉ နဲ့  ၃၉၉ အချိန်ကြားကာလတစ်ခုမှာ ဆိုကရေးတီးဟာ အလွန်ထင်ရှားကျော်ကြားတဲ့ အတွေးအခေါ်ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ တစ်နေ့ မှာ ဆိုကရေးတီးကို အခြားသောပုဂ္ဂိုလ်တစ်ဦးက လာပြောပါတယ်။ “ဆိုကရေးတီး …. ငါ မင်းရဲ့  တပည့်တစ်ယောက်အကြောင်း ဘာကြားလည်းဆိုတာ မင်းသိသလား” လို့  စတင်ပြောပါတယ်။

ဒီအခါမှာ ဆိုကရေးတီးက … “နေဦး နေဦး .. မင်း ကြားတဲ့ အကြောင်းအရာ ငါ့ကို မပြောခင်မှာ … ငါ အနေနဲ့  မင်းကို အရင်ဆုံး မေးချင်တယ်” လို့  ပြောပါတယ်။

ဒါနဲ့  ဆိုကရေးတီးက “မင်း မပြောပြခင် ငါအနေနဲ့  သိလိုတာ မေးခွန်းလေး ၃ ခွန်းလောက် မေးပါရစေ” ဆိုပြီး -

၁။ မင်း ငါ့ကို ပြောပြမယ့် အကြောင်းအရာဟာ အမှန်တကယ် မှန်ကန်ပါတယ်လို ခိုင်လုံစွာ ပြောလို့  ရအောင် မင်းကိုယ်တိုင် မြင်တွေ့  ကြုံတွေ့ ခဲ့ရတာလား၊ ဒါမှ မဟုတ် အခြားသူထံက မင်းကြားရုံ ကြား သိခဲ့ရတာလား။

၂။ မင်း ငါ့ကို ပြောပြမယ့် အကြောင်းအရာဟာ အဆိုပါ အပြောခံရသူအတွက် အကျိုးယုတ်စေသော အကြောင်းအရာ ဖြစ်ပါသလား။ အကျိုးယုတ်စေမယ့် အကြောင်းအရာဆိုရင်တောင် အဆိုပါ အကြောင်း အရာဟာ ပထမမေးခွန်းပါအတိုင်း မှန်ကန်မှုရှိတယ်လို့  မပြောနိုင်ဘဲနဲ့  အဆိုပါသူအတွက် အကျိုး ယုတ်ပြောမယ့်ဟာသည် ဆက်လက် မှန်ကန်နိုင်ပါ့မလား။

၃။ မင်းပြောပြမယ့် အကြောင်းအရာဟာ ငါ့အတွက် ကောင်းကျိုးပြုစေမယ့် အရာ ဖြစ်ပါသလား။

ဒီမေးခွန်း ၃ ခုကို အရင် ဖြေကြားပါလို့  ဆိုကရေးတီးက ပြောကြားတဲ့နောက်မှာတော့ - မှန်ကန်မှုကိုလည်း မခိုင်လုံဖူး၊ ကောင်းမွန်မှုလည်း မရှိဖူး၊ ကောင်းကျိုးတရားလည်း မရှိနိုင်ဖူးဆိုရင်တော့ ဒီလို စကားမျိုး ကို ပြောကြားမယ့်သူကိုယ်တိုင်ကလည်း ပြောသင့် မပြောသင့်ကို ဆင်ခြင်သင့်သလို၊ လက်ခံနားထောင် မယ့်သူကလည်း နားထောင်ရန် ငြင်းပယ်သင့်ပါတယ် (သို့ ) မှားယွင်းစွာ သုံးသပ်ဆုံးဖြတ်မှု ကို ရှောင်ကြဉ် သင့်ပါတယ်။

ဘယ်သူလည်း ဘာကြောင့်လည်း ဘယ်နေရာမှာလည်း ဘယ်အချိန်ကလည်း ဘယ်လိုဖြစ်တာလည်း ဘယ်သူတွေ မျက်မြင်ရှိသလည်း ဘယ်အချက်တွေ သက်သေခိုင်ခိုင်လုံလုံရှိသလည်း အစ ရှိတဲ့ မေးခွန်းတွေ မေးလို့  သိရရင်တောင်၊ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့  ကြုံတွေ့ ရရင်တောင် ချင့်ချိန် စဉ်းစား သုံးသပ်နိုင်မှ တော်ကာကျတယ်ဆိုတာကို ကောလဟာလနှင့် သွေးထိုးစကား ကြားရပါက (သို့ ) အပြောခံရပါက သတိတရား အသိတရားနှင့် ရှိကြစေရန် မေတ္တာစကား ပါးလိုက်ရပါတယ်။

ကောလဟာလနှင့် သွေးထိုးစကား ပြောလိုသူများ ဆင်ခြင်တရား ရှိကြပါစေ၊ ကောလ ဟာလနှင့် သွေးထိုး စကား ကြားရ အပြောခံရသူများလည်း မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်ကြပါစေ။

မိသားစုအတွင်း ငြိမ်းချမ်းကြပါစေ၊ လူမှုအဖွဲ့ အစည်းအတွင်း ငြိမ်းချမ်းကြပါစေ၊ တိုင်းပြည်ရပ်ကွက်မြို့ တိုင်း အတွင်း ငြိမ်းချမ်းကြပါစေ ……

နစ်နေမန်း။

Credit : Here

မိတ္ထိလာမှာ အဓိက သွေးထိုးလှုံ့ ဆော်သူ ဦးဝင်းထိန်ကို တွေ့ ပြီ

မိတ္တိလာမြို့ မှာ ရွှေဆိုင်ကနေပြီး အရောင်းအ၀ယ် ပြု လုပ်ကြ မှာ ကတောက်ကဆဖြစ်ပြီး ဖြစ်ခဲ့ ကြတယ် ။ အဲဒီနောက် ရိုက်မှုဖြစ်ခဲ့ တယ် ။ ဒီသတင်းကနေပြီး ဆက်လက်ဖြစ်ပွါး ခဲ့ တဲ့  အဓိကရုဏ်းမှာ ရဟန်းသင်္ဃာတော် တပါးကို အက်စစ်တွေလောင်း မီးရို့ သတ်ဖြတ်မှု အပြီး နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ ကြရ တယ် ။ မိတ္ထိလာသား ဗုဒ္ဒဘာသာဝင်တွေနဲ့  တိုင်းရင်းသားမဟုတ်သူ လူမျိုးတွေ ဖြစ်ရပ်ကို ဂျာနယ်တွေမှာ ဖေါ်ပြရေး သားနေကြ ပါတယ် ။ အခုဆိုရင် နိုင်ငံတော်အစိုးရက လုံခြုံရေးတွေကို စနစ်တကျ စီမံချထားပေး ထားတယ်ဆိုတာကို မြင်နေရ ပါ တယ် ။ လုံခြုံရေးအတွက် တာဝန်ယူထမ်းဆောင်လာခဲ့ တဲ့  တပ်မတော်သားတွေ ဟာလဲ တချို့ ဆိုရင် သူတို့ ရဲ့  တပ်မအသီးသီးဆီ ပြန်လည် ထွက်ခွါသွားနေ ကြတာကို သ တင်းတွေမှာ တွေ့ မြင်နေရပါတယ် ။ မန္တလေးတိုင်း ၀န်ကြီးချုပ် ဟာလဲဘဲ မိတ္ထိလာမြို့ ကို အနီး ကပ်စောင့်ရှောက်ပြီး တာဝန်ယူကြီးကြပ်ပေးနေ တာ တွေ့ မြင်ရပါတယ် ။

ဒီလိုဖြစ်ပွားခဲ့ တာဟာ ဘယ်ဂယက်တွေကြောင့်မှ မဟုတ်ဘဲ မတော်မဆဖြစ် ခဲ့ ကြရာကနေပြီး ဖြစ်ပွား သွားတာသာဖြစ်တယ် ။ အဓိက မူရင်းအကြောင်းခံက ဒါဘဲဖြစ်ပါတယ် ။

အဲဒီလို ဒုက္ခသည်စခမ်းတွေမှာ ရောက်ရှိနေတဲ့  ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့  တပ်မတော်သားတွေ- ပြည်သူ့ ရဲတွေ- အခြားလူမှုရေးအဖွဲ့ အစည်းတွေနဲ့  ဆရာတော် ဦးဝီရသူ အပါအ၀င် သင်္ဃာတော်တွေတချို့ ကိုလဲ ကူညီဝိုင်းဝန်း ပံ့ပိုးနေကြတာကို တွေ့ မြင်နေရပါတယ် ။

ဒီလို ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မိတ္ထိ လာမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ဟာ -DVB- အင်တာဗျူးမှာ တည်ငြိမ်အေးချမ်း စပြုနေပြီဖြစ်တဲ့  အရေးအခင်းကို ပိုမိုထပ်မံဖြစ်ပွါးအောင် အခုလို ပြောဆို သွားတာတွေ့ ရပါတယ် ။

( မူဆလင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ နေသူများဖြစ်တယ် ၊ အဖွဲ့ ဝင်တွေလဲပါတယ် ၊ ဗမာ လူမျိုးတွေဟာ မယုံကြည်နိုင်လောက်အောင် ရိုင်းစိုင်းတယ်၊ ကျနော်က ဘေးကနေ ထိုင်ကြည့်နေခဲ့  ရတယ် ၊ မူဆလင် လူမျိုးတွေဟာ ဒီမှာနေတာကြာလှပြီ ၊ သူတို့ လဲ တိုင်းရင်းသား လူမျိုးဖြစ် တယ် ၊ တိုင်းရင်းသား တမျိုးပေါ့ ၊

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာနဲ့ ပါတ်သက်လို့  မူဆလင်တွေမှာ စိတ်ခံစားချက် ရှိနေသလို ဗမာလူ မျိုးတွေမှာလဲ စိတ်ခံစားချက်ရှိနေတယ် ၊ အခုလိုပေါက်ကွဲလာတာဟာ အဲဒီရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့ တာကို အခံတွေ ရှိနေလို့ ဘဲ ဖြစ်တယ် ) ။

ဒါက ဦးဝင်းထိန်ရဲ့  ကမ္ဘာသိ အင်တာဗျူး ပြောဆိုတဲ့ စကားဖြစ်တယ် ။ ဒီလိုပြောဆိုတာကို အပြည့်အစုံ ဖေါ် ပြချင်လောက်အောင် စိတ်ခံစားချက် မရှိလို့  ဒီလောက်ဘဲ မှတ်ထားပြီး ရေးသားဖေါ်ပြလိုက်တာဖြစ်တယ် ။

ကောင်းပါပြီ ။

မိတ္ထိလာမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကို ကျွန်တော်လေးစားစွာ ပြန်လည် တုန့် ပြန် ရပါတော့မယ် ။ အင်တာဗျူးမှာ ခဏခဏ ပြောသံကြားလိုက်တာ က ဒေါ်အောင်ဆန်းစုကြည်ရဲ့  ညွှန်ကြားမှုအရ မိတ္ထိလာမြို့  အရေးအခင်းကို ထိမ်းသိမ်းစောင့်ရှောက်ဖို့  လာသူလို့  ပြောတာကြားရတယ် ။ ဒီတော့ခါ မူဆလင်လူမျိုးတွေဟာ တိုင်းရင်းသားလူမျိုး ပါ လို့  ဒေါ်အောင်ဆန်းစုကြည် ကများ ညွှန်ကြားပြီး မိတ္ထိလာမြို့ ကို လာရောက်ခဲ့ လေသလားဗျာ ၊ ဒါက ကျွန်တော့်ရဲ့  ပထမ ဦးစွာ မေးချင်တဲ့  မေးခွန်းဖြစ်တယ် ။

ဒုတိယမေးခွန်းကတော့ အခုဖြစ်ပျက်နေတာဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက် ခဲ့တာနဲ့ ပါတ်သက်လို့  ဆက် လက်ပြီး ဖြစ်ပေါ်လာခဲ့ တဲ့  အခံဘဲလို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ခံယူထားလေသလားဗျာ ၊ ဒီလိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ခံယူထားလေမှာ မဟုတ်ဘူးလို့  ထင်ရပါတယ် ။ ဘာဖြစ်လို့ ဆိုရင် ထင်ရှားတဲ့  နိုင်ငံရေးပါတီ တခုဖြစ်တဲ့ အပြင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင် ဆန်းကြည် ဦးဆောင်နေတဲ့  ပါတီဖြစ်လို့ လဲဘဲ ကံသေကံမ မသိရဘဲနဲ့  ခိုင်လုံတဲ့  အကြောင်းပြချက် မရှိပါ ဘဲနဲ့  ဒီမှတ်ချက် ချလေမှာ မဟုတ်ဘူးထင်တယ် ။

မည်သို့ ပင်ဆိုစေကာမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဦးဝင်းထိန်ဟာ အခုလို ကောက်ချက်ချလိုက်တာနဲ့  ပတ်သက်လို့  မိတ္ထိလာမြို့ သူ မြို့ သားတွေကိုရိုင်းစိုင်း တဲ့ လူမျိုးဖြစ်တယ်လို့  ပြောတဲ့ အတွက် နောက်ထပ်မိတ္ထိလာမြို့ သူမြို့ သားတွေကိုစိန်ခေါ်လိုက်တဲ့  အသံကို ပေးသလိုဖြစ်နေပါတယ် ။ နောက်ပြီးတော့ အခုဖြစ်ပျက်သွားတာဟာ ရခိုင်ပြည်နယ် ကို အကြောင်းခံပြီး အခံတွေ ရှိနေတဲ့  စိတ်ကြောင့်လို့  ပြောဆိုတာ ဟာ ငြိမ်သက်နေပြီဖြစ် တဲ့ ရခိုင်ပြည်နယ် ကိုလဲ ဂယက်ရိုက်ခတ်သွားစေ နိုင်ပါတယ် ။ ဒါ့ကြောင့်မို့ လို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် အဖို့  ကျွန်တော့်ရဲ့  မေးခွန်းနှစ်ခုကို မဖြေဆိုလိုဘူးဆိုရင် မိတ္ထိလာမြို့  အရေးအခင်းမှာ သွေးထိုး လှုံ့ ဆော်သူ အဖြစ် ဦးဝင်းထိန် ကို တွေ့ ရှိပြီလို့  ပြောလို့ ရနိုင်ပါပြီ ။

ကျွန်တော်တို့ ဟာ အခုလို သွေးထွက်သံယိုဖြစ်ပြီး လူမှုဒုက္ခအ၀၀ ကို ရောက်ရှိစေချင်တဲ့  လူမျိုးတွေ မဟုတ်ကြပါဘူး၊ ဗုဒ္ဒဘာသာဝင် လူမျိုးတွေရဲ့  စိတ်နေသဘောထားနဲ့ ဒုက္ခရောက်သူကို ကူညီခြင်းဆို တာကို နှလုံးမူထားကြသူများဖြစ်ပါတယ် ။ မိတ္ထိလာမြို့ တင်မက အခြား မည်သည့် မြို့ နယ်မှာ လဲဘဲ နေ အိမ်တွေ မီးရို့ -လူတွေကို အက်စစ်နဲ့ လောင်း-လည်လှီး-မုဒိမ်းကျင့်-သင်္ဃာတော်တွေ ကွယ်လွန်- လူတွေ သေဆုံးကြ ရတာမျိုးကို မမြင်လို မတွေ့ လိုတဲ့  လူတွေဖြစ်ကြပါတယ် ။ ဒါ့ကြောင့်မို့ လို အခုလို အရေးအခင်း အဓိကရုဏ်းဖြစ်ပြီဆိုရင် နုတ်၏စောင့်စည်းခြင်း ၊ ကိုယ်၏စောင့်စည်းခြင်းနဲ့  သတိသံဝေဂ တရားများနဲ့ သင်္ခဏ်းစာများကို ရယူပြီး နောင်ကို မဖြစ်ပွါးရအောင် အပြောအဆို ထိမ်းသိမ်းနေကြ သူများဖြစ်ပါတယ် ။

အခုလို မြန်မာနိုင်ငံအတွင်းက ထင်ရှားလှတဲ့  နိုင်ငံရေးပါတီတခု က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် အနေနဲ့  အင်တာဗျူး ပြောဆိုလိုက်သံဟာ ဆက်လက်ပြီး သွေးထွက်သံယိုဖြစ်စေဖို့  အရေး အခင်းများကို စနက်တန်ကောင်းကောင်းနဲ့  ဓါတ်ဆီလောင်းပေး လိုက်သလို ဖြစ်နေပါပကော ၊ ဒါ့ကြောင့် မို့ လို မိတ္ထိလာမြို့ ရဲ့  ပြသနာဟာ ရခိုင်ပြည်နယ်က ဖြစ်ရပ်ကို အခြေခံပြီး အခံတွေ ရှိလို့  ဖြစ်တာ မဟုတ်ေ ကြာင်း ဖြေရှင်းပြောဆိုကြရမှာ ဖြစ်နေပါတယ် ။ မြန်မာနိုင်ငံတ၀န်း မှာလဲဘဲ နောင်မဖြစ်ပွါးရအောင် အစိုးရ ကနေပြီး စန်စတကျ ထိမ်းသိမ်း ကာကွယ်ပေးဖို့  လိုအပ်ပါတယ် ။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး ရှိပါတယ်လို့  နိုင်ငံတော် သမ္မတဦးသိန်းစိန်က ကမ္ဘာမှာ လှည့်ပတ်ပြောနေခဲ့ သလို မြန်မာနိုင်ငံအတွင်းမှာလဲ အာပေါက်အောင် ပြောဆိုပြီးပါပြီ။ လူဝင်မှုကြီး ကြပ်ရေး ၀န်ကြီး ဦးခင်ရီကလဲဘဲ အာပေါက်လောက်အောင် ပြောဆိုပြီးပါပြီ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဟာ မူဆလင်လူမျိုးတွေကို တိုင်းရင်းသားလူမျိုးပါလို့  တရားဝင်ထုတ်ဖေါ်ပြောဆိုတာ ဒီအကြိမ် ပထမဆုံးအကြိမ်ဖြစ်တယ် ။ ဒါ့ကြောင့်မို့ လို့ -၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအရ မည်သူက နိုင်ငံသားဆိုသည်ကို မသတ်မှတ်ရခင်မှာ အခုလို တိုင်းရင်းသားလူမျိုး ပါလို့  ပြောဆိုထုတ်ဖေါ်လိုက်တာဟာ ကြီးမားစွာသော သံသယများကို ဖြစ်စေပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက်)

Credit :

မြန်မာနိုင်ငံ ATPF အဖွဲ့ဝင် ဖြစ်ပြီ

၁၉၈၇ ခုနှစ်က ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အာရှ ကုန်သွယ်ရေးမြှင့်တင်မှုအဖွဲ့ Asia Trade Promotion Forum (ATPF) က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ အဖွဲ့ဝင်အဖြစ် မတ်လ ၉ ရက် နေ့က အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

APTF အဖွဲ့ဝင်ဖြစ်လာတာကြောင့် နိုင်ငံတကာနဲ့ ကုန်သွယ် ရာမှာ သတင်း အချက်အလက်တွေ ဖလှယ်နိုင်ကြတော့မှာဖြစ်တယ်လို့ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

နိုင်ငံတကာနဲ့ ကုန်သွယ်ရေးမှာ အထောက်အကူဖြစ်စေဖို့ စီးပွားရေးသံမှူးတွေ ခန့်အပ်ပြီး နိုင်ငံခြား မြန်မာ သံရုံးတွေမှာ ပူးတွဲ တာဝန် ထမ်းဆောင်နိုင်ရေး စီစဉ်နေကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အရ ၀န်ဆောင်မှုတွေ မြန်ဆန်သွက်လက်ရေး ကြိုးစား နေတဲ့အကြောင်း ကုန်သွယ်ရေးညွှန်ကြားမှူဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောပါတယ်။

Credit :

မိတ္တီလာအရေးအခင်း ဒုက္ခသည်တွေကို ကုလ အကူအညီပေးမည်

မိတ္ထီလာခရိုင်တွင်း ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက် အဓိကရုဏ်း တွေကြောင့် အိုးအိမ်မဲ့ခဲ့ရသူ ၁ သောင်း ၂ ထောင်ကျော်ရှိနေပြီး ဒီလူတွေအတွက် လိုအပ်တဲ့ အကူ အညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂက အချက်အလက် ရှာဖွေ စုဆောင်းမှုတွေ လုပ်နေတယ်လို့ ကုလသမဂ္ဂက ပြော ပါ တယ်။ မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေ တခြားမြို့ ရွာတွေ ကို ပျံ့နှံ့မသွားအောင် အစိုးရက ထိန်းသိမ်းဆောင် ရွက်နေပေ မဲ့လည်း မြို့နယ်တချို့ ပျံ့နှံ့ခဲ့တာလည်း ရှိပါတယ်။ ရန်ကုန်မြို့မှာလည်း မနေ့ကစလို့ လုံခြုံရေး တိုးမြှင့် ချထားမှုတွေ ရှိတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

ရွှေဆိုင်တခုမှာ အချင်းများရာကနေ စခဲ့တဲ့ မိတ္ထီလာခရိုင်တွင်း အကြမ်းဖက် ဆူပူမှုတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခရောက်နေသူပေါင်း ၁ သောင်းကျော်ရှိနေပြီး ဒီလူတွေကို လိုအပ်တဲ့ အကူအညီ တွေ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့တွေက ကြိုးပမ်းနေတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မာတင် နားစကီး (Martin Nesirky) က တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောသွား ခဲ့ပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်က မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေအတွင်း လူပေါင်း ၁ သောင်း ၂ ထောင်လောက် အိုးအိမ်မဲ့ခဲ့ရတယ် လို့ မြန်မာအစိုးရက ခန့်မှန်းတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာရုံးက ပြောပါတယ်။ ဒုက္ခရောက်နေတဲ့သူတွေကို အာဏာပိုင်တွေက အစားအစာနဲ့ ရေ ဖြန့်ဝေပေးနေပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာရုံး၊ ကုလသမဂ္ဂ ကလေးများအတွက် ရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ အပါအ၀င် အဖွဲ့တွေကလည်း လိုအပ်နိုင်မယ့် အကူအညီတွေနဲ့ ပတ်သက်လို့ အချက်အလက် စုဆောင်းရှာဖွေတာတွေ လုပ်ဆောင်နေပါတယ်။”

မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာလည်း လူပေါင်း ၃၀ ကျော် သေဆုံးတဲ့အထိ အကြမ်းဖက် မှုတွေ ပြင်းထန်ခဲ့တဲ့ မိတ္ထီလာမြို့ကို တနင်္ဂနွေနေ့က သွားရောက်ကြည့်ရှုခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ရှိတဲ့ အိုးအိမ်မဲ့ ဒုက္ခရောက်နေသူတွေကို တွေ့ဆုံခဲ့သလို၊ ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံ ခဲ့တာပါ။

အသက်အိုးအိမ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ သလို ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့လည်း မစ္စတာ နမ်ဘီးယားက တိုက်တွန်းပြောကြားခဲ့ပါတယ်။

မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေ တခြားမြို့ရွာတွေကို ပျံ့နှံ့မသွားအောင် အစိုးရက ထိန်းသိမ်းဆောင် ရွက်နေပေမဲ့လည်း မြို့နယ်တချို့မှာ အကြမ်းဖက်မှုတွေ ပျံ့နှံ့ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်မှာ တနင်္ဂနွေနေ့ညပိုင်းက အုပ်စုလိုက် အကြမ်းဖက် မီးရှို့မှုကြောင့် ဘာသာရေး အဆောက်အဦး တလုံးနဲ့ လူနေအိမ် ၅၅ လုံး မီးလောင် ပျက်စီးခဲ့တဲ့အကြောင်းနဲ့ ဒီအကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရသူတွေကိုလည်း ဖမ်းဆီးထားတဲ့ အကြောင်း မြန်မာ အစိုးရသတင်းစာမှာ တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

နေပြည်တော်မြောက်ဘက် တပ်ကုန်းမြို့မှာလည်း တနင်္ဂနွေနှောင်းပိုင်းက အကြမ်းဖက် မီးရှို့တာတွေ ဖြစ် ခဲ့ပြီး လူနေအိမ် ၄ လုံးနဲ့ ဗလီငယ်တခု မီးလောင် ပျက်စီးခဲ့တဲ့အကြောင်း ရိုက်တာသတင်း က ဖော်ပြပါတယ်။

ရန်ကုန်မြို့မှာတော့ ဘာသာရေး အဓိကရုဏ်းတွေနဲ့ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်တဲ့ ကောလဟာလ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံတချို့က ဗွီအိုအေ ကို ပြောပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ဘက်မှာ ကောလဟာလ ပြောဆိုမှုတွေကြောင့် မနေ့ကညပိုင်းက လူတွေ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ဈေးဆိုင်တချို့ စောပိတ်သွားခဲ့တာ ရှိပေမဲ့ အကြမ်းဖက်တဲ့အထိတော့ ဘာအခြေ အနေမှ မရှိခဲ့ဘူးလို့ မြို့ခံတွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါ တယ်။ လောလောဆယ် ရန်ကုန်မြို့ က စစ်ဆေးရေးဂိတ်တွေ အပါအ၀င် နေရာတချို့မှာ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတဲ့ အကြောင်း ဒေသ ခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ဘာသာရေး အဓိကရုဏ်းတွေ အရင်ကလည်း ဖြစ်ခဲ့ဖူးပေမဲ့ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အဆိုးရွားဆုံး ပြန်ဖြစ်လာခဲ့ တဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်တွင်း ဒေသခံရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေ ကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသလို လူပေါင်း သိန်းနဲ့ချီ အိုးအိမ်မဲ့ ဒုက္ခရောက်နေကြရဆဲလည်း ဖြစ်ပါတယ်ရှင်။

Credit :

ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News Group မည်သူဆိုသည်ကို ဖော်ထုတ်လိုက်ပြီ

အိုင်တီပညာရှင်များ ပါဝင်သော အထူးအဖွဲ့မှ မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများလှုံ့ဆော်ဆောင်ရွက်နေသော Freedom News Group အမည်ရှိ facebook page တစ်ခုအား လိုက်လံထောက်လှမ်း ရှာဖွေလျက်ရှိရာ ယနေ့ အတိအကျ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်.....

ဂိတ်ဝေးတွင်စိစစ်ချက်အရ FNG ဟူသော ဆူပူအကြမ်းဖက်မှုများ လှုံ့ဆော်လျက်ရှိသည့်အကောင့်မှာ အမေ၇ိကန်အခြေစိုက် သတင်းထောက်တစ်ဦး ပုံစံဟန်ဆောင်ထားသော Page တစ်ခု ဖြစ်သော်လည်း ၄င်းမှာ ပြည်တွင်းမှ M3Wi ပိုင်ရှင် မေဇင်အေး-ခွန်ဒီးယမ်-ဒီမိုဖက်တီးဖြစ်ကြောင်း သိရှိရသည်....

၎င်းအပြင် Myanmar World Distribution မှ ခင်အေးဝင်း၊ ခင်စန်းဝင်း ညီအစ်မ(၂)ယောက် သည်လည်း မေဇင်အေးနှင့်အတူ ချိတ်ဆက်ကာ လူပေါင်းများစွာ အသုံးပြုနေသယောင် လှုံ့ဆော်နေကြောင်း ၊ ၄င်းနှင့်အတူ အပါတ်စဉ်(၄၈)မှ အရာရှိငယ်တစ်ဦးအား ဖျားယောင်းသွေးဆောင် ကာ ဒီမိုကရေစီအမည်ခံထားသော ခင်ကလျာစိုးသည်လည်း အွန်လိုင်းတွင်တစ်ဖက်နှင့်တစ်ဖက် အုပ်စုဖွဲ့ တိုက်ခိုက်မှုများ ဖြစ်လာစေရန် အကောင့်အမည်အမျိုးမျိုးဖြင့် သွေးထိုးပေးလျက်ရှိကြောင်း သိရှိရသည်..

မေဇင်အေးသည် အစိုးရနှင့် NLD အကြား၊ တပ်မတော်နှင့် တိုင်းရင်းသားများအကြား၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်များအကြား၊ ပြည်တွင်းနေနှင့် ပြည်ပရောက်များအကြား ပြဿနာများမဖြစ် ဖြစ်လာအောင် အမျိုးမျိုးလှုံ့ဆော်လျက်ရှိကြောင်း၊ ထိုသို့ လှုံ့ဆော်ရာတွင် NLD ၏ အွန်လိုင်းပြန်ကြားရေးတာဝန်ခံ တစ်ဦးသဖွယ် ပြုမူ ဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွက်လွန်စွာကြီးမားလှသော ပဋိပက္ခများကို ဖန်တီးနေခြင်း ဖြစ်သည်...

"ဒီမိုဖက်တီးတို့ ခွန်ဒီးယမ်တို့ဆိုတာဘယ်သူဖြစ်တယ်ဆိုတာကို အွန်လိုင်းသုံးနေတဲ့သူတွေ အကုန်သိ တယ်....ဒီလိုမျိုးတိုင်းပြည်မတည်ငြိမ်အောင် လုပ်ဆောင်နေတဲ့ အွန်လိုင်းအဖျက်သမားတွေကို နိုင်ငံတော် အစိုးရ တာဝန်ရှိသူတွေအနေနဲ့ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာတွေ လုပ်ဖို့ကောင်းပြီလို့ ကျွန်တော်တို့ကတော့ မြင်တယ်"ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းမှ အမှုဆောင် တစ်ဦး က ပြောသည်..

ကျနော်တို့ဆီမှာ လော့အလိုက် စကင်ဖတ်ထားတာတွေရှိတယ်....ဒီဟာတွေအရ မေဇင်အေးဆိုတဲ့ အမျိုးသမီး ခလောက်ဆန်နေတာတွေကို ဖော်ထုတ်လို့ ရတယ်...ဘယ်လိုဥပဒေနဲ့ အရေးယူမလဲ ဆိုတာကိုပဲ မေးခွန်းထုတ်ရတော့မယ် ဟူ၍လည်း ၄င်းက ဆိုသည်...

ခွန်ဒီးယမ်၊ ဒီမိုဖက်တီး၊ Freedom News Group စသည်တို့မှာ ပြောင်ပြောင်တင်းတင်းပင် တိုင်းပြည် ပျက်စီးအောင် ဖန်တီးဆောင်ရွက်နေကြသူများ ဖြစ်ပြီး ယင်းတို့၏ ဆောင်ရွက်ချက်များကို မကျေနပ်နိုင် သည့် လူငယ်များက ယင်းတို့အား ပြန်လည်တုံ့ပြန်သော facebook များ ထူထောင် လာ ကြခြင်း ဖြစ်ကြောင်း သိရှိရသည်....

သတင်းထောက်တစ်ဦးကလည်း "အခု ဖြစ်နေတာက ဘာဖြစ်လို့ ဘာဖြစ်မှန်းကို မသိတော့ဘူး ...ကောလ ဟာလတွေကလဲ အမျိုးမျိုး ထွက်နေတာ...မြန်မာနိုင်ငံမှာ facebook အသုံးမပြုနိုင်အောင် ပိတ်ပစ်တာက အကောင်းဆုံး ဖြစ်မယ်လို့တောင် ကျနော်တို့ ထင်မိတယ်" ဟု ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြော ကြားသည်...

မေဇင်အေးဆိုတာ လေဒီးဂျာနယ်လုပ်နေတာ...သူ့ဟာသူ မှန်လား မမှန်လား မသိ..ထည့်ချင်ရာ ထည့်နေတာ...ကျင့်ဝတ်ဆိုတာလဲ နကန်းမှ နားလည်တဲ့သူ မဟုတ်ဘူး....ငွေကြေးအထောက်အပံ့တွေ ရလို့ ဂျာနယ်ထုတ်တာက ကိစ္စမရှိဘူး...ကြားထဲကကျင့်ဝတ်နဲ့ညီတဲ့ သတင်းဂျာနယ်တွေပါ ရောပြီး နာမည်ပျက်ရတယ်...အခုဟာက စာပေစိစစ်ရေး ထားတာကတောင် ကောင်းမယ် ဆိုတဲ့ သဘော မျိုးတွေ ပြောလာပြီ။ ဒါက မေဇင်အေးတို့လို ကျင့်ဝတ်နားမလည်. ..အလကား ရတဲ့ ငွေကြေးထောက် ပံ့မှုတွေနဲ့ မဟုတ်မမှန်သတင်းတွေ ဖြန့်ဖို့လုပ်နေတဲ့သူတွေကြောင့် စာနယ်ဇင်းလောက တစ်ခုလုံး သိက္ခာ ကျရတယ်.....ဒါ့ကြောင့် စာနယ်ဇင်း ကောင်စီအနေနဲ့ ဒီလို ကျင့်ဝတ်နဲ့ မညီတာတွေကို အရေးယူ တာမျိုးတွေ...ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဒီလိုမျိုး စော်ကားနေတာတွေကို ထိထိရောက်ရောက် ဒဏ်ခတ်ဖို့အချိန်တန်ပြီ လို့ပဲ ပြောချင်တယ်...ဟု အပတ်စဉ်ထုတ် သတင်း ဂျာနယ်တစ်ခုမှ တာဝန်ခံ အယ်ဒီတာတစ်ဦးက ပြောသည်။

From...ပလေတိုဒီမို

Credit : Here

မိတ္တီလာမှာ ဒုက္ခသည်တွေအတွက် လှူဒါန်းသူတွေ များလာ

မိတ္ထီလာမြို့မှာ ၃ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ် ဆုံးရှုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေ ကို နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက မတ်လ ၂၅ရက် ဒီကနေ့မှာ ရောက်ရှိလှူဒါန်းနေကြပါတယ်။

မန္တလေးမြို့အခြေစိုက် ဘာသာပေါင်းစုံကနေ လှူဒါန်းလိုက်တဲ့ ပစ္စည်းတွေသယ်ဆောင်ပြီး မိတ္ထီလာမြို့ကို ရောက်ရှိလာတဲ့ မေမြို့ အာရှအလင်းရောင်ဆရာတော် ဦးစိန္တက ဦးဆောင်တဲ့အဖွဲ့က အလှူ ပစ္စည်းတွေကို ဘာသာရေးခွဲခြားမှူ မရှိပဲ နှစ်ဖက်လုံးကို ပေးအပ်သွား မယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။

“အခုလို မိတ္ထီလာကိုလာရတာက ပြီးခဲ့တဲ့ရက်ပိုင်းက အခင်းဖြစ်လိုက်တဲ့နေရာမှာ ဒုက္ခရောက်သွားတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာတွေရော အစ္စလာမ်ဘာသာဝင် မြန်မာတွေရောပေါ့နော်၊ သူတို့အတွက် တတ်နိုင် သလောက်အလှူအတန်းတွေလာပြီးတော့လုပ်ပေးတာပါ၊ လှူလိုက်တာကလည်း မန္တလေးမြို့ပေါ်က ဘာသာပေါင်းစုံကလှူလိုက်တာပါ၊ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေက ဘုန်းကြီးတို့ကို ပိုပြီးတော့ လှူတာတွေ့ရပါတယ်၊ ဒါတွေကိုလည်း ဒီမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ ဘယ်ဘာသာမဆို ဘုန်းကြီးတို့က လှူဒါန်းပေးမှာပါ”

မိတ္ထီလာမြို့ခံ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကတော့ မကျီးကုန်း၊ သမုန်းကုန်း၊ မင်္ဂလာဇေ ယုံကျောင်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို ဆန်၊ ရေသန့်ဘူး၊ မိုးကာ၊ စောင်၊ အ၀တ်အစားတွေ ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဲဒီအဓိကရုဏ်းကြောင့် သေဆုံးသူ ၃၂ ဦးရှိပြီး၊ ဒေသခံ ၉၆၀၀ ကျော် ဒုက္ခသည်တွေဖြစ် ခဲ့ရတယ် လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒုက္ခသည်စခန်းတွေကို ခရိုင်အားကစားကွင်း၊ အမှတ် (၁) အထက် တန်းကျောင်း၊ ပညာရေးကောလိပ်စတဲ့ နေရာတွေမှာ အာဏာပိုင်တွေက ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဗုဒ္ဓ ဘာသာဝင် ဒုက္ခသည်တွေကိုတော့ မကျီးကုန်းကျောင်း၊ သမုန်းကုန်းကျောင်းစတဲ့ ဘုန်းတော် ကြီးကျောင်းတွေမှာ နေထိုင်နေကြပါတယ်။

From...RFA

Credit : Here

လက်ကိုင်ဖုန်း သေနတ် ပေါ်ပေါက်နေ သဖြင့် တင်းကြပ်စွာ စစ်ဆေးနေ


လက်ကိုင် ဖုန်းသေနတ်များ ပေါ်ပေါက်နေသဖြင့် လေဆိပ်နှင့် သင်္ဘောဆိပ်များတွင် စနစ်တကျ စစ်ဆေး အရေးယူ ဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြား ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ လက်ကိုင်ဖုန်းသေနတ်များ ပေါ်ပေါက် နေကြောင်းသတင်းရရှိသဖြင့် လေ ဆိပ် နှင့် သင်္ဘောဆိပ်ရှိ နိုင်ငံခြား အဝင်အထွက်ဂိတ်များတွင် စနစ်တကျရှာဖွေစစ်ဆေးရန်လေကြောင်း ဦးစီး ဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်သို့ အကြောင်းကြားထား ကြောင်း သိရ သည်။

” ပြည်ပအဝင် အထွက်တွေက ပုံမှန်စစ်ဆေးနေတာပဲ။ ခုချိန်ထိ တော့လက်ကိုင်ဖုန်းသေနတ်တွေ တော့ ဖမ်းမိတယ်လို့ မကြားရဘူး။ တော်တော်များများကို အသေးစိတ် စစ်ရတာ။

နည်းပညာရော ပစ္စည်းပါတိုးတက်လာတဲ့ခေတ်ဆိုတော့ အတိုင်းထက်အလွန်စစ်ရတယ်။ ပြီးတော့ ဟိုဘက်နိုင်ငံမှာလည်း အစစ်အဆေးမရှိဘဲ ဒီကိုရောက်မလာနိုင်ပါဘူး ”ဟု လေဆိပ်ရှိ စစ် ဆေးရေး အရာရှိ တစ်ဦး ကဆိုသည်။

ရန်ကုန်တိုင်း ဒေသ ကြီးအတွင်း တွင် လေဆိပ်၊ ရေဆိပ်များသာ မက မြို့တွင်း ကား လမ်းကြောများ တွင်လည်း ရှောင်တခင် ရှာဖွေစစ် ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဓား၊ စကေ ဘာ၊ နံချပ်ကူစသည့် လူကိုအန္တ ရာယ် ဖြစ်စေ နိုင်သော ကိရိယာများ ကိုင်ဆောင်ခြင်းရှိ၊ မရှိအသေးစိတ် စစ်ဆေးလျက်ရှိ ကြောင်း၊ ယင်းကဲ့ သို့ ပစ္စည်းများ တွေ့ရှိပါက လက်နက်ဥပဒေအရ ထိရောက်စွာအရေး ယူရန်စီမံချက် ချထားကြောင်း သိရသည်။

Credit : Here

သိထားသင့်တဲ့ ဆီးချိုသွေးချို အန္တရာယ်

ချို၊ ချဉ်၊ စပ်၊ ဖန်၊ ငန်၊ ခါး ဆိုတဲ့ အရသာ ၆ ပါး အနက် အများစုက ချိုမြိန် အရသာကို ပိုလို့ နှစ်သက်တတ်ကြလေ့ ရှိပါတယ်။ ဒီအချို ဓာတ်ဟာ သွေးတွင်း လွန်ကဲ လာတဲ့ အခါ ဘေး ဥပါဒ် ဖြစ်စေတတ်ပါတယ်။ မလေးရှား နိုင်ငံမှာ လူ ဦးရေ ၁.၈ သန်း ခန့်ဟာ သကြားဓာတ် လွန်ကဲစွာ စားသုံး မှုကြောင့် ဆီးချိုနဲ့ နှလုံးရောဂါ ဝေဒနာကို ခံစားနေ ကြရပါတယ်။ WHO ကတော့ လူသားတွေ ရဲ့ နေ့စဉ်စား သုံးမှုမှာ သကြားဓာတ်ကို တစ်အောင်စ ခန့် လောက်တောင် ထည့်သွင်း စားသုံးဖို့ မသင့် ကြောင်း အဆိုပြု ထားပါတယ်။ ဆီးချိုသွေးချိုဟာ အချိုဓာတ် စားသုံးမှုလွန်ကဲရုံမက အငန်ဓာတ်နဲ့ အဆီ များလွန်းတဲ့ အစားအစာကြောင့် လည်း ဖြစ်တတ်တာမို့ ဆီနဲ့အငန် ကြိုက်ပြီး ထမင်းစားပြီးချိန် အချိုတည်းတတ်ကြသူ မြန်မာလူမျိုးတွေ အဖို့ သတိပြုမိ ဆင်ခြင်စရာ တစ်မျိုးပါပဲ။ ဒါကြောင့် ရတီ ပရိသတ် များအတွက် ဆီးချို သွေးချို ဆိုင်ရာ အတွက် ကျန်းမာရေး ဗဟုသုတ တွေကို ဆေးတက္ကသိုလ် ၂ ရဲ့ ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ်နဲ့ တွေ့ဆုံပြီး မေးမြန်းခဲ့ သမျှ မျှဝေပေးလိုက် ပါတယ်။

ဆီးချိုရောဂါ ဟာ အချိုဓာတ် လွန်ကဲစွာ စားသုံးမှု ကြောင့်ဖြစ်ရတာ ဟုတ်ပါသလား။

ဆီးချိုသွေးချို ရောဂါ ဆိုတာက အချို ဓာတ်လွန်ကဲစွာ စားသုံးမှုကြောင့် တစ်ခုတည်း မကဘဲ ချိုလွန်း၊ ငန်လွန်း၊ အဆီများ လွန်းတဲ့ အစားအစာတွေ စားသုံးရင် လည်း ဖြစ်တတ်ပါတယ်။ အဝလွန်သူတွေနဲ့ ကိုယ်ကာယ လှုပ်ရှားမှု နည်းပါးလွန်း သူတွေ ၊ နောက် ဆွေမျိုးရင်း ချာတွေမှာ ဆီးချိုသွေး ချို ရောဂါရှိသူတွေ၊ ဆီးချိုသွေး ချိုရောဂါ အဖြစ်များတဲ့ လူမျိုးနွယ် စုတွေ ၊ သွေးတိုး ရောဂါ ရှိသူတွေ၊ ၉ပေါင်နဲ့အထက် ကိုယ် အလေးချိန်ရှိတဲ့ ကလေး မီးဖွားတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ်ဘဲ ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်ပွားတဲ့ ဆီးချိုသွေးချို ရောဂါဖြစ်ဖူးတဲ့ အမျိုးသမီးတွေ၊ သားဥမှာ အရည် အိတ်တွေ တည်နေတဲ့ ရောဂါစု ရှိသူ အမျိုးသမီးတွေရယ် နဲ့ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖူးတဲ့ သူတွေ၊ ဆီးချို သွေးချိုရောဂါ ကနဦး အဆင့်ရှိသူတွေ စတာတွေကြောင့် ဆီးချို သွေးချိုရော ဂါ ဖြစ်လာ တာဖြစ်ပါတယ်။

သွေးချိုရောဂါကရော ဆီးချိုနဲ့ အတူတူပဲ လား၊ ဆီးချိုရဲ့နောက်ဆက်တွဲ ရောဂါလား ဒါမှမဟုတ် သီးသန့်စီဖြစ် သလား သိချင်ပါတယ်။

ဆီးချိုသွေးချို ရောဂါဆိုတာ ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းလို့ဖြစ်ပေါ်လာတဲ့ ရောဂါစုတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်တွင်း အင်ဆူလင် ဟော် မုန်းဓာတ် ချို့တဲ့နေလို့ဖြစ်စေ၊ အာနိ သင်လျော့နည်း နေလို့ဖြစ်စေ၊ ကစီဓာတ်၊ အသားဓာတ် နဲ့ အဆီဓာတ်တို့ အားလုံးရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပျက်စီးပြီး သွေး တွင်း အချိုဓာတ်တွေ အစဉ်တစိုက် နှစ်လကြာ ရှည်အောင် များပြားနေတဲ့ ရောဂါစု တစ်ခု ဖြစ်ပါ တယ်။

ဒီနေ့ကာလမှာ အများက လက်ခံထားတဲ့ ရောဂါအမည် အဓိပ္ပာယ်ဖွင့်ဆိုချက် (Definiation) ကို ဘာသာပြန် ထားတာ ပဲဖြစ်တယ်။ အဲဒီ အဓိပ္ပာယ် သတ်မှတ်ချက် အရတော့ ဒီ Diabetes Mellitus ရောဂါကို ‘သွေးချို’ ရောဂါ လို့ပဲ ခေါ်သင့်တာပေါ့လေ။ ဒါပေမဲ့ ပြည်သူလူထု က ရှေးပဝေသဏီ တည်းကစပြီး အစဉ်တစိုက် လက်ခံ သုံးစွဲလာတဲ့ ‘ဆီးချိုရောဂါ’ နဲ့ လုံးဝမတူဘဲ ရောဂါ အသစ် တစ်ခုလို့ မှတ်ထင် ယူဆသွားစရာ ရှိတယ်။ အမှန် တကယ်လည်း အထင်လွဲနေကြောင်း နေ့စဉ်တွေ့နေရတာပါပဲ။

Diabetes Mellitus ရောဂါရှိသူရဲ့ ဆီးကို ရှေးခေတ် သမားတော်တွေ လျှာနဲ့ တို့ကြည့်တဲ့အခါ ချိုနေတာ ကို ရှာဖွေတွေ့ရှိ ခဲ့ကြလို့ ‘ဆီးချိုရောဂါ’ လို့ အရင်ကတည်းက ခေါ် ဝေါ်သုံးစွဲခဲ့ကြတာ။ Diabetes Mellitus ရဲ့ မူရင်း အဓိပ္ပာယ်ကိုကပဲ ဆီးတွေ ဒလဟော ထွက် ကျနေပြီး အဲဒီ ဆီးတွေကလည်း ချိုနေတယ်လို့ အဓိကညွှန်းဆို ခေါ်ဝေါ်တာပါပဲ။

အများ ပြည်သူ တွေက ‘ဆီးချို’ လို့ နားလည် လက်ခံထားတဲ့ ရောဂါကို ဒီနေ့ ကာလခေတ်ပေါ် အဓိပ္ပာယ် သတ်မှတ်ချက် အရ ‘သွေးချိုရောဂါ’ လို့ပြင်ပြီး ခေါ်လိုက်ရင် လူတွေက ရောဂါ အသစ်တစ်ခုလို့ ပဲ ထင်မြင်မှာပါပဲ။

‘ဆီးချို’ ရတာဟာ ‘သွေးချို’နေ လို့ဖြစ်တာ ဆိုပြီး ဒီရောဂါကို ‘သွေးချို ဆီးချို’ လို့ခေါ်သင့်တယ် လို့ ပြောကြတာတွေလည်း ရှိပါ တယ်။

မြန်မာနိုင်ငံမှာ ဆီးချို သွေးချိုရောဂါ ကာ ကွယ်ထိန်းသိမ်းရေး စီမံချက်အနေနဲ့တော့ ပြည်သူ တွေနဲ့ ရင်းနှီးပြီးသား၊ အရိုးစွဲ သိနေပြီးသား ‘ဆီးချိုရောဂါ’ ကို ဒီနေ့ ကာလ အဓိပ္ပာယ် သတ်မှတ် ချက်အရ ‘သွေးချို’ ခြင်းပါထပ်ထည့်ပြီး ‘ဆီးချို သွေးချို’ ရောဂါ လို့ ခေါ်ဝေါ် သုံးစွဲနေတာဖြစ်ပါ တယ်။

လူအများရှုပ်ထွေးမှားယွင်း မှုနည်း ရ အောင် ရှေးထုံးကိုလည်း မပယ်၊ ဈေးသုံးကိုလည်း မလွယ်ဆိုတဲ့ သဘောတရား အရ ‘ဆီးချိုသွေးချို ရောဂါ’ လို့ခေါ်နေတာပါပဲ။

ဆီးချိုသွေးချို သမားက အချိုအဆီ အဆိမ့် ရှောင်ရမယ် ဆိုရင် သူတို့ အခြားရောဂါနဲ့ နေမကောင်းတဲ့အခါ အားရှိတယ် ဆိုတဲ့ အိုဗာတင်းတို့ ဟောလစ် တို့လို လူမမာ အားဖြည့် အစားအစာ တွေကို စားသောက်လို့ မရနိုင်ဘူးလား။ ဒါဆို သူတို့က အားအင် ပြတ်လပ်မှု ဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုရော မတွေ့ကြုံ ရနိုင်ဘူးလား ဆိုတာလည်း သိချင်ပါတယ်။

ဆီးချိုသွေးချို ရောဂါရှင်တွေဟာ အားမရှိဘူး အားပြတ်တယ် ဆိုတာ အဓိကကတော့ သွေး တွင်း သွေးချိုဓာတ်တွေ များနေ လို့ ဖြစ်ရတာပါ။ အဲဒါကို အချိုဓာတ်တွေ များတဲ့ ဟောလစ်၊ အိုဗာ တင်းတွေ သောက်မယ် ဆိုရင် ရောဂါ မသက်သာဘဲ ပိုဆိုးဖို့ပဲ ရှိပါတယ်။ ရေလိုက်လွဲတဲ့ အယူ အဆတွေပဲ ဖြစ်ပါတယ်။ အချို များနေတဲ့ရောဂါ ကို အချိုဓာတ် တွေထပ်သောက်လို့ ကတော့ ရောဂါ သက်သာစရာ မရှိပါဘူး။

ဆီးချိုသွေးချို ရောဂါဟာ ကိုယ့်မှာစတင်ရှိ လာပြီဆိုရင် ကြုံရမယ့် လက္ခဏာတွေက ဘာတွေ ပါလဲ။

ဆီးချိုသွေးချို ရောဂါဖြစ်လာရင် ဆီးအသွား များလာတတ်ပါတယ်။ အထူးသဖြင့် ညဘက် ဆီးအသွား များတတ် ပါတယ်။ ရေငတ် လွန်းပါတယ်။ ဒါကြောင့် ရေတွေခဏ ခဏ သောက်ရ လေ့ရှိပါတယ်။ အစား အသောက်လည်း ကောင်းကောင်း စားနေရက်နဲ့ ပိန်သွားတတ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ် အနှံ့ ယားယံ တတ်ပါတယ်။ လိင်အင်္ဂါတွေ ယားယံတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ အကြောင်း မရှိဘဲနဲ့ တစ်နေ ကုန် နွမ်းနယ် နေတာမျိုး၊ ဘာပဲစားစား အားမရှိသလို နဲ့ နုံးချည့်နေ တတ်တာ မျိုးတွေကလည်း ဒီရော ဂါတွေ ရဲ့လက္ခဏာတွေပါပဲ။ နောက် အနာတွေလည်း မကြာခဏ ပေါက်တတ်တယ်။ အနာတွေကလည်း ကျက်ခဲတယ်။

ဒီရောဂါ လက္ခဏာတွေ အဖြစ် များတယ် ဆိုပေမယ့် ဒီလက္ခဏာတွေ ဘာမှ မပြဘဲ မခံစားရဘဲလည်း ဆီးချို သွေးချိုရောဂါ ဖြစ်နေနိုင် ပါတယ်။ ဒီအချက်ကလည်း အရေးကြီးပါတယ်။ ဆီးချိုသွေးချိုရောဂါ ရဲ့ လက္ခဏာတွေကို လူတွေ သိထားသင့်ကြသလို အဲဒီ ရောဂါ လက္ခဏာတွေမရှိ ဘဲလည်း ဆီးချိုသွေးချို ရောဂါ ဖြစ်နေတတ်တယ် ဆိုတာ သိထားကြဖို့ လိုအပ်ပါတယ်။

အချို့သော ရောဂါရှင်တွေ ကတော့ စဖြစ်ကတည်းက ဆီးချို သွေးချို ရောဂါ ရဲ့ နောက်ဆက်တွဲရော ဂါတွေရဲ့ ရောဂါ လက္ခဏာတွေ ရှိနေတတ်ပါတယ်။ ခြေလက် တွေထုံကျဉ်နေ တတ်တာမျိုး၊ ခြေ လက်တွေ ဖောယောင်တာမျိုးနဲ့ တချို့ကတော့ လေဖြတ် သွားတတ်ပါတယ်။ ဒါကြောင့် ရောဂါကို စောစီး စွာရှာ ဖွေတွေ့ရှိဖို့ လိုအပ်ပါတယ်။

ဆီးချို သွေးချိုရောဂါဟာ မျိုးရိုးအစဉ် လိုက်ရော ဆင်းသက် လာတတ်ပါသလား။

အထက် မှာပြောခဲ့သလိုပဲ ဆီးချို သွေးချို ရောဂါဟာ မျိုးရိုး လိုက်တတ်တာလည်း ဒီရောဂါ ဖြစ်စေတဲ့ အကြောင်းအချက် တစ်ခုပါပဲ။

ဆီးချိုရှိသူက မျက်စိမှုန်တယ်ဆိုတာလည်း ကြားဖူးပါတယ်။ အဲဒီအတွက် ရှောင်ကြဉ်ရမှာတွေ ကိုလည်း သိချင်ပါ တယ်။

မျက်စိမှုန်ခြင်း၊ မျက်စိအမြင်လွှာ ထိခိုက်ခြင်း တို့ဟာ ဆီးချို သွေးချိုရောဂါ ရဲ့နောက်ဆက် တွဲ ရောဂါဖြစ်ပါတယ်။ အဓိက ရှောင်ရမှာက သွေးချိုဓာတ် ကိုကောင်းကောင်း ထိန်းသိမ်းထားဖို့ အချိုဓာတ်ပါတဲ့ အစာတွေ ရှောင်ရမယ်။ သွေးချို ထိန်းဆေးကို ဆရာဝန်ပေးတဲ့ အတိုင်း အတိအကျ လိုက်နာပြီး သောက်နေရမယ်။ မျက်စိကို ၆လ တစ်ခါ စစ်ဆေးကြည့်နေရမယ်။

စားချင်တာစားပြီး ဆေးသောက်တယ် ဆို တဲ့  ဆီးချိုသွေးချို မားတွေကို ဘာများ ပြောလိုပါသလဲ။

အင်မတန် အန္တရာယ် များတဲ့ အမူအကျင့်ပါ။ ဆီးချို သွေးချိုရောဂါ ဖြစ်ပြီ ဆိုကတည်းက စားချင်တာ စားလို့ မရပါဘူး။ စားသင့် တာပဲ စားရမှာပါ။ အစားမရှောင် ဘဲ ဆေးသောက်နေ ရုံသက်သက်နဲ့ သွေး ချို ကောင်းစရာ အကြောင်းမရှိပါဘူး။

ဒီရောဂါ က အမြစ်ပြတ်အောင် ကုသလို့ရ နိုင်ပါသလား။ အချို့က အမြစ်ပြတ်နိုင်တယ် လို့ ဆေးတွေ ညွှန်းကြတာတွေ ကြားနေရပါတယ်။ အဲဒါတွေ အတွက်ရော ဘာ များ ပြောလိုပါ သလဲ။

ဆီးချိုသွေးချို ရောဂါဟာ အမြစ်ပြတ်အောင် ကုသလို့ မရနိုင်ပါဘူး။ အစားအသောက် အနေ အထိုင် ဆင်ခြင်ပြီး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပြီး ရောဂါကို ထိန်းထား လို့ပဲ ရနိုင်ပါတယ်။ ဆီးချိုသွေးချို ရောဂါဖြစ်ဖို့ အဓိက အကြောင်းအချက် ၂ ရပ် လိုအပ် ပါတယ်။ မျိုးရိုးဗီဇ (Genetic)နဲ့ ပတ်ဝန်းကျင် ဆိုင်ရာ အကြောင်း အချက်များ (Environmental Factors) တို့ပဲဖြစ်ပါတယ်။ ဗီဇနဲ့ ပတ်ဝန်းကျင်နှစ်ခု အနက် ဗီဇကို ပြုပြင် ပြောင်းလဲလို့ မရနိုင်ပါဘူး။ ပတ်ဝန်းကျင် ကိုသာ ပြုပြင်ပြောင်းလဲ ဖန်တီး ယူလို့ ရပါတယ်။ ပတ်ဝန်းကျင် ဆိုတာမှာ ကျန်းမာရေး နဲ့ညီညွတ်တဲ့ လူ့ဘဝ နေထိုင်မှုဟန်တွေ ဖြစ်ဖို့လိုပါတယ်။ အစား အသောက်၊ အနေအထိုင်၊ ပုံမှန်လေ့ ကျင့်ခန်း ပြုလုပ်ခြင်း၊ အဝ လွန်လာခြင်းတွေကို သတိပြု ဆင်ခြင် လိုက်နာ နေထိုင်ခြင်း အားဖြင့် လူတစ်ဦးမှာ ဆီးချိုသွေးချိုရောဂါ မျိုးရိုး ရှိနေရင်တောင် ၆ဝ ရာခိုင်နှုန်းလောက် အထိ ဆီးချို သွေးချိုရောဂါ ကို ကာကွယ်နိုင်ပါတယ်။

ကိုယ်ကာယ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့အခါ သွေးတွင်း သကြားဓာတ် ကျဆင်း သွားတတ် တယ်လို့ ဆိုကြတာ ကြားဖူးပါတယ်။ ဆီးချိုသွေးချို သမား ကရော ဒီလိုပြဿနာမျိုး တွေကို ရင်ဆိုင်ရ တတ်ပါသလား။ အကျိုးဆက်က ဘာဖြစ် တတ်ပါသလဲ။

ကိုယ်ကာယ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ်တဲ့အခါ သွေးတွင်း သကြားဓာတ် ကျဆင်း သွားတတ် တာ မှန်ပါတယ်။ ဆီးချိုသွေးချိုရောဂါ ရှင်တွေဟာ ပုံမှန် လေ့ကျင့်ခန်းကို စမလုပ်မီမှာ ကောင်းစွာ စစ်ဆေး စမ်းသပ်မှုတွေ ပြုလုပ်သင့် ပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်ဖို့သင့်လျော်မှု ရှိ မရှိ ရောဂါ ရှာဖွေမှု ကိုလည်း ပြုလုပ်သင့်ပါတယ်။

အထိုင်များလို့ လှုပ်ရှားမှုနည်းသူတွေ အတွက် လေ့ကျင့်ခန်း လုပ်မှုကို ဖြည်းဖြည်း နဲ့မှန်မှန်ပဲ တိုး ပြီးပြုလုပ် သင့် ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့ ရက်တွေမှာ အစာစားပြီး လေ့ကျင့်ခန်း လုပ်သင့်ပါ တယ်။ သွေးချိုဓာတ်တွေ သိပ်ကျသွားရင် သတိမေ့သွားတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။ သွေးချိုဓာတ် ဆိုတာ များလွန်းလည်း မကောင်း သလို နည်းလွန်းလည်း မကောင်းပါဘူး။

ယခုဖော်ပြခဲ့တဲ့ ဆီးချို၊ သွေးချိုရောဂါ အကြောင်း ဖတ်ရှုပြီးခဲ့တဲ့ ရတီ ပရိသတ်အတွက် ဆီးချို သွေးချိုရောဂါ ကာကွယ်ရှောင်ရှားဖို့ အချို ဓာတ်၊ အငန်ဓာတ်နဲ့ ဆီလွန်ကဲစွာ စားသုံးမှုကို ရှောင်ကြဉ် ရတယ်ဆိုတာ သတိပြုမိပြီး ဖြစ်မှာပါ။ ထို့အတူပဲ မိမိရဲ့ခန္ဓာ ကိုယ်လည်ပတ်မှု လုပ်ငန်းစဉ်မှာ သာမန် ထက်ပိုလို့ ဆီးသွား များ လာ၊ ရေငတ်လွန်း လာတာတွေ ဖြစ်နေရင် ဆီးချိုသွေးချို တက်ပြီလားလို့ ဆန်းစစ် ဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် ကျန်းမာတဲ့ လူမှုဘဝ ရရှိဖို့ မှန်ကန် တဲ့ နေထိုင် စားသောက်မှု ဓလေ့တွေ ကို ဒီကဏ္ဍကနေ ရရှိစေဖို့ ဆန္ဒပြုလိုက်ပါတယ်။

မြင့်သူဇာထွန်း

Credit : Here

အဓိကရုဏ်း ဖြစ်ပွားမှုတွင် ပါဝင်သည်ဟု ယူဆရသူ ၄၀ ကို ဖမ်းထားပြီ

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နှင့် အနီးတ၀ိုက် မြို့နယ် ၃ မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက် မီးရှို့မှုများတွင် ပါဝင်ခဲ့သူဟု ယူဆရသည့် လူ ၄၀ ကို ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၀ရက်နေ့ ညနေပိုင်းစတင်ကာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ရွာ၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၀ ဦးနှင့် ရမည်းသင်း မြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါး သာစည် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦး စုစုပေါင်း လူဦးရေ ၄၀ ကို ဖမ်းဆီးထားပြီး ၎င်းတို့ကို ဖြစ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၇ (လူကိုနာကျင်အောင်လုပ်ပြီး ခြောက်လှန့် တောင်းခံမှု)၊ ပုဒ်မ ၃၉၂ တပါးသူ ပစ္စည်းကို လုယက်မှု)၊ ပုဒ်မ ၄၄၇ (တပါးသူများအိမ်ကို ကျူးကျော်မှု) နှင့် ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု) တို့ဖြင့် အမှုဖွင့်ထားပြီး ကျန်ရှိနေသည်များကို စုံစမ်းစစ်ဆေးနေကြောင်း မန္တလေးတိုင်း သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ တာဝန်ခံက ပြောသည်။

ပုဒ်မ ၃၂၇ (လူကိုနာကျင်အောင်လုပ်ပြီး ခြောက်လှန့်တောင်းခံမှု) သည် ထောင်ဒဏ် ၁၀ နှစ်ချနိုင်ပြီး အာမခံမရရှိနိုင် သော်လည်း ဥပဒေကြောင်းအရ အခင်းဖြစ်ပွားသည့် ကိစ္စရပ်တခုတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ ခုထက် ပိုမို အမှုဖွင့် အရေးယူ၍ မရကြောင်း ဥပဒေ ကျွမ်းကျင်နားလည်သူ ဦးမြင့်သွင်က ဆိုသည်။

မတ်လ ၂၂ ရက်နေ့က တုတ်၊ ဓားလက်နက် ကိုင်ဆောင်သွားလာခဲ့သူ ၅၂ ဦးကို ၀န်ခံချက်ဖြင့် မိတ္ထီလာ မြို့နယ် မြို့မရဲစခန်းမှ ပြန်လည်လွှတ်ပေးခဲ့သည်ဟုလည်း မန္တတိုင်းဒေသကြီးအစိုးရ သတင်းနှ င့် ပြန်ကြားရေး ဆပ်ကော်မတီမှ သိရသည်။

မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ဆူပူအကြမ်းဖက်မှုတွင် ရပ်ကွက် ၁၂ ခုရှိ လူနေအိမ် တိုက်တာ ၂၀၆ လုံး၊ ပျဉ်ထောင်မိုး၊ ကပ်ကာ ၆၆၄ လုံး၊ တဲ ၁၉၄ လုံး၊ ဘာသာရေး အဆောက်အုံ ဗလီ ၁၀ ခု၊ အစ္စလမ် ဘာသာရေးကျောင်း ၅ ခုနှင့် ဆိုင်ခန်း ၃၆ ခန်း ပျက်စီးသွားခဲ့ပြီး ပဋိပက္ခ အတွင်း သေဆုံးသူများမှာ ၃၆ ဦး ရှိကာ ဒဏ်ရာရရှိသူ ၅၂ ဦးရှိကြောင်း၊ ကယ်ဆယ်ရေး စခန်း ၅ ခုတွင် ဘာသာပေါင်းစုံမှ ဒုက္ခသည် ၉၉၇၉ ဦး ရှိကြောင်း မန္တလေး သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီက သတင်းထုတ်ပြန် ထားသည်။

မိတ္ထီလာ အဓိကရုဏ်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်များကို ပြန်လည် ဆောက်လုပ်ပေး သွားမည် ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧရာဝတီ၏ မေးမြန်း မှုကို ပြန်လည် ဖြေကြားခဲ့သည်။

“အစိုးရအနေနဲ့ ပြဿနာ ထပ်မဖြစ်အောင် ထိန်းမယ်။ စားရေးသောက်ရေး စီစဉ်ပေးရမယ်။ အဆောက် ဦးတွေနဲ့ နေစရာတွေ ပြန်ဆောက် ပေးရမယ်၊ နေရာ ချထားပေးရမှာပေါ့။ နဂို အနေထားဖြစ်အောင် ပြန် လုပ်ပေးရမှာ” ဟု သူက ပြောကြားခဲ့သည်။

မတ်လ ၂၄ ရက်နေ့က ၀န်ကြီး ဦးအောင်မင်းနှင့်အတူ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယား၊ ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၊ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့သည် မိတ္ထီလာမြို့ အခြေနေနှင့် ကယ်ဆယ်ရေးစခန်း အခြေနေများကို သွားရောက် လေ့လာခဲ့သည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ရွှေအရောင်းဝယ် မှားယွင်းမှုကိစ္စမှ အစပြုကာ ခိုက်ရန် ဖြစ်ခဲ့သည်ပြီး ယင်းနေ့မှာပင် ဘုန်းကြီးတပါး သေဆုံးခဲ့သည့် အပေါ် ကြီးမားသော ခိုက်ရန်ဖြစ်ပွား မှုကြီး ဖြစ်ခဲ့ပြီး အဓိကရုဏ်းအသွင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

မတ်လ ၂၂ ရက်နေ့အထိ ရဲများ အခြေနေကို ထိန်းသိမ်းနေသော်လည်း ထိန်းသိမ်းထားနိုင်ခြင်း မရှိသည့်အတွက် ယင်းနေ့ စတင်ကာ သမ္မတ အမိန့်နှင့် တပ်မတော်၏ အကူညီကို ရယူရန်အတွက် အရေးပေါ် အခြေနေ ကြေညာခဲ့သည်။

မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ မလှိုင်မြို့နယ်များတွင် ဆူပူအကြမ်းဖက် မှုများ ပိုမို များပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင် ရွက်ရုံဖြင့် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ထိရောင်စေရေးအတွက် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း၊ ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းစွာ နေနိုင်ရေးတို့ အတွက် အရေးပေါ် အခြေအနေ ကြေညာရခြင်းဖြစ်ပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက် ရမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ အမိန့်ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

“လူတွေက ပုဒ်မ ၁၄၄ ထုတ်ပြန်တာကိုတောင် လက်မခံဘူး။ နောက်တော့ အရေးပေါ် အမိန့် ထုတ်ပြန် ရတယ်။ ပုဒ် ၁၄၄ က ရဲနဲ့ ပြီးတယ်။ အရေးပေါ် အမိန့်ကတော့ တပ်နဲ့ ထိန်းတာပေါ့။ တပ်ဝင်လာတော့ အားလုံးက ငြိမ်သွားတယ်။ အပ်ကျသံတောင် မကြားရတော့ဘူး။ တပ်ကို လိုအပ်တဲ့အချိန်အထိ ဆက်ထားမှာပါ” ဟု သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

တပ်မတော်မှ ၀င်ရောက် တာဝန်ယူမှုနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း “မြို့အနေနဲ့ အေးချမ်းသွားတယ်ဆိုရင် တပ်က သူ့အလိုလို ရုပ်သိမ်း ပေး သွားမှာပါ။ အခုတော့ တပ်မ ရောက်လာတဲ့အတွက် တပ်ရင်းက တခြားနေရာကို တာဝန်ယူတယ်။ တပ်မ စရက ၄ တာဝန်ယူထားတယ်။ တပ်အင်အား ဘယ်လောက် ရှိတယ်ဆိုတာတော့ ပြောလို့မရပါဘူး” ဟု ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

တပ်မတော် တာဝန်ယူချိန်မှ စတင်ကာ မိတ္ထီလာမြို့သည် တည်ငြိမ်အေးချမ်းသွားပြီ ဖြစ်ပြီး ရောင်းဝယ် မှုများ ပြန်လည် စတင်နေပြီ ဖြစ်သည်။

မိတ္ထီလာမြို့ အခြေနေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားက “အရမ်း ၀မ်းနည်းစရာကောင်းပါတယ်။ အခုလို လူမျိုးစုံ အကြာကြီး နေထိုင်ပြီးမှ ဒီလိုမျိုးတွေ ဖြစ်ခဲ့ရတဲ့အပေါ် စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်ပြီး အိုးအိမ်ဆုံးရှုံးသွားတဲ့လူတွေကို ကျွန်တော်တို့ တွေ့ပြီး စကားပြော ခဲ့ရပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မှုတွေ၊ စိုးထိတ်မှုတွေ ရှိနေပေမယ့် သူတို့ရဲ့ မျက်လုံးထဲမှာ အမုန်းတရားတွေ ရှိမနေတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ အကြမ်းဖက်မှု တွေကိုတော့ အစိုးရက အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မစ္စတာ ဗီဂျေ နမ်ဘီယားသည် မတ်လ ၂၄ ရက်နေ့က မိတ္ထီလာမြို့သို့ ရောက်ရှိကာ မိတ္ထီလာမြို့ အပျက်စီးများကို သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး မိတ္ထီလာ ခရိုင် အားကစားကွင်း၊ အထက ၁၊ ပညာရေး ကောလိပ်နှင့် သာသနာ့ ဝေပုလ္လပါဠိ တက္ကသိုလ်တို့အတွင်း ခိုနားနေသော ဒုက္ခသည် ၉၀၀၀ ကျော်တို့ကို ကြည့်ရှု အားပေးခဲ့သည်။

“ဒုက္ခသည်စခန်းမှာ ရှိတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို ကျနော်တို့ အများကြီး ကြည့်ဖို့ လိုပါတယ်။ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ အဖွဲ့စည်းနှစ်ခု ပေါင်းပြီး ဒီဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ ကြိုးစား တာတွေကို မြင်တွေ့ ရတဲ့အတွက် အများကြီး ၀မ်းသာမိပါတယ်။ ဒီတိုင်းပြည်မှာ ရှိတဲ့ ဘာသာပေါင်းစုံက ဘုန်းတော်ကြီးတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဒီပြဿနာ ဖြစ်နေတဲ့နေရာကို အမြန်လာရောက်ပြီး ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ၀ိုင်းဝန်း လုပ်ဆောင်နေတာ တွေကို တွေ့တော့ အများကြီး အားတက်မိပါတယ်” ဟု သူ၏ လေ့လာမှု အပြီး မီဒီယာများကို ပြောကြားခဲ့သည်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် အတွင်းရှိ ရွာတန်းရွာတွင်လည်း မတ်လ ၂၃ ရက်နေ့ ည ၈ နာရီခွဲခန့်က လူနတဲအိမ် ၅၀ ကျော်နှင့် ဘာသာရေး အဆောက်အုံ တခု မီးလောင်ပျက်စီးခဲ့သေးကြောင်း သိရသော်လည်း မည်သည့် အခြေခံ အဖြစ်အပျက်ကြောင့် စတင်ခဲ့ရသည်ကိုမူ စုံစမ်း၍ မရသေးပေ။

Credit : Here

ကုန်ကျငွေသိန်း၅ဝဝဝ လောက် ခန့်မှန်းထားတဲ့ ဖိုးချစ်ရဲ့ သဘင်ခြံ

ဖိုးချစ်ကသဘင်သမားတွေ နား နေဖို့နဲ့ နေ ထိုင်ဖို့ အတွက် မင်္ဂလာဒုံ မြို့နယ်အတွင်း ၃ဧက ကျယ်ဝန်းတဲ့ မြေနေ ရာမှာသဘင်ခြံကြီးကိုေ ဆာက်လုပ်နေပါတယ်။ သဘင်ခြံကို ဆောက်လုပ်နေတာ တစ်နှစ်ပတ်ဝန်း ကျင်လောက်ကြာမြင့်ခဲ့ ပြီဖြစ်ပြီး၊ နယ်မှာ ဇာတ် ကနေတဲ့ အချိန်တွေမှာ တော့ သဘင်ခြံဆောက် လုပ်နေ မှုကို ခေတ္တရပ်နား ထားကာ ရန်ကုန်ပြန် ရောက်တာနဲ့ခြံနဲ့ ပတ်သက်တာတွေ အမြန် ပြီးစီးအောင်ဖိုးချစ်က အကောင် အထည်ဖော်လျက်ရှိပါတယ်။

အခု လက်ရှိအချိန်မှာတော့ ဆောက်လက် စပဲရှိနေသေးတဲ့အတွက် ကုန်ကျမယ့် ငွေကြေး ပမာဏ အတိ အကျ ကိုမပြော နိုင်သေးပေမယ့် လည်း ခန့်မှန်းကုန် ကျငွေသိန်း ၅ဝဝဝလောက်ရှိသွားနိုင် ကြောင်း ဖိုးချစ် က ပြောပါတယ်။ ဆောက်လုပ်ရေးအပိုင်းနဲ့ ပတ်သက် ပြီး အကူအညီပေးတာကတော့ Great Father Land Constructionြ ဖစ်ကြောင်း ၊မြေနေရာနဲ့ ပတ်သက် ပြီးလည်း မိဘလိုဖြစ်နေကြတဲ့သူ တွေကပဲ ရှာပေြးေ ကာင်း၊ ဆောက် နေစဉ်ကာလအတွင်းမှာလည်း ကူ ညီပေးကြတဲ့အတွက် သိပ်ပြီး ကြီး ကြီးမားမား အခက် အခဲ မရှိကြောင်း၊ အမြန်ဆုံး ပြီးနိုင်အောင် ကြိုးစား နေကြောင်း ဖိုးချစ်က ပြောပါတယ်။

သဘင်ခြံဆောက်လုပ်ရခြင်းနဲ့ ပတ် သက်ပြီး ဖိုးချစ်က.. "စိတ်ကူးကတော့ အရင်က တည်းက ရှိခဲ့ပါတယ်။ ကျွန်ေ တာ် တို့ တွေက ပွဲနားရင် ဇရပ်မှာနေရ၊ ဘုန်း ကြီးကျောင်းမှာ တောင်းပန်ပြီးနေရ၊ ခန်းမတွေ ငှားေ တာ့ လည်း အဆင် မပြေဘူး။ အဲဒါတွေကြောင့်လည်း သဘင်ခြံဆောက်လုပ်ဖို့အတွက် တွေး မိရင်းနဲ့ လုပ်ဖြစ် သွားတာပါ။

ကုန်ကျ ငွေပမာဏကတော့ အခုချိန်မှာ လုပ် တုန်းကိုင်တုန်းဆိုတော့ပြောရခက်တယ်။ ခြံဆောက်တယ် ဆိုတော့ ကာ ပိုက်ဆံက မသိမသာ လေးနဲ့ ထည့်ရင်ထည့်သလောက် ဝင်တာပဲ။

အားလုံးအပြီးအစီးလောက်ဆိုရင် ကုန်ကျစရိတ်က သိန်း ၅ထောင်၊ ၆ထောင်လောက်တော့ ကုန်မယ် ထင် တယ်။မြေဝယ်တာ၊နှစ်ထပ် တိုက် ဆောက်မှာ၊ စတူဒီယိုတွေ၊ နှစ်ထပ်ဆောင်၊ ဇာတ်ရုံတွေရောဆောက်မှာ ဆိုတော့လေ။

ခြံစည်းရိုး ခတ်တာတင် သိန်းရာချီပြီးကုန်တာလေ။ ဒါပေမဲ့မပြီး သေးတော့ မပြောတတ်ဘူး"လို့ပြော ပါတယ်။ ဖိုးချစ်က သူ့အနေနဲ့ သဘင်ခြံလုပ်ဖြစ်ခြင်းက စီးပွားရေးတစ်ခုအနေနဲ့ လုပ်ဖြစ်ခြင်းမဟုတ်ဘဲ သူ တ အားလုပ် ချင်နေတဲ့ အလုပ်တစ်ခုကို လုပ်လိုက်ခြင်းပဲ ဖြစ်ကြောင်း၊ နောက်ပိုင်းမှာ အနုပညာ အလုပ်နဲ့ ပတ် သက်ပြီး ဒီသဘင်ခြံကြီးထဲမှာ ဇာတ်က၊အသံသွင်း နဲ့ ဇာတ်ရုံဆောက်ပြီး ပရိသတ်ကို ဖျော်ဖြေလို့ လည်း ရပြီဖြစ်ကြောင်း ပြောပါတယ်။

" ဖိုးချစ်ဆောက်တာဆိုတာမျိုး မဟုတ်ဘဲနဲ့ သဘင်သမား အားလုံးအတွက် အရိပ်တစ်ခု၊ နားခိုရာ တစ်ခု ရှိစေ ချင်တာပါ။ ကျွန်တော်တို့ သဘင်တွေ ဆိုပါစို့ သဘင်အနေနဲ့ ပိုင်တဲ့ဇာတ်ရုံဘယ်မှာရှိလဲ။ သဘင် ကပိုင် တဲ့ အဆောက်အအုံ ဘယ်နှခုရှိလဲ။

သဘင်သမားတွေကိုအထောက် အကူပြုဖို့ ဘယ်နေရာတွေမှာ ဘာတွေလုပ်ထားပေးလဲ။ ကျွန်တော်မြင် သလောက်ဘာမှမရှိဘူး။

ခပ်ကွင်း ကောင်းကောင်းမရှိဘဲနဲ့ ခြင်းဝိုင်း ကောင်းကောင်းတွေ့ရမှာမဟုတ်ဘူး။ ခပ်ကွင်းကောင်းေ ကာင်းေ တာ့ လို သေးတာပေါ့။ ဒါကြောင့် ဒီသဘင်ခြံသည် လောလောလောဆယ်မှာ ဖိုးချစ်ဇာတ် အဖွဲ့အားလုံး သက်သောင့် သက်သာနဲ့နေခွင့်၊ စားခွင့်ရ မယ်။ သွားလာတဲ့အခါမှာ သက်သောင့် သက်သာ သွားလာလို့ ရေ အာင် စီစဉ်ထားတယ်။ အဲဒါပြီးလို့ အဆင်ပြေပြီ ဆိုရင် နောက်တစ်ဆင့် ထပ်စဉ်းစားတယ်။

ကိုယ့်အဖွဲ့အိုကေပြီဆိုရင် နောက်ဇာတ်အဖွဲ့တွေကို လက်ခံလို့ရတဲ့ အနေအထားဖြစ်လာအောင် ကြိုးစား မယ်။ အခကြေးငွေ ကျွန်တော် မယူပါဘူး။ ခြံကသတ်မှတ်မယ့် စည်းကမ်းပုံစံနဲ့ နေမယ်ဆိုရင် ရပါပြီ" လို့ သဘင်နဲ့ပတ်သက်ပြီး ဖြစ် စေချင်တဲ့ဆန္ဒ၊ သဘင်ခြံနဲ့ပတ်သက် ပြီး ဖြစ်ချင်တာတွေကို ဖိုးချစ်က ပြောပြခဲ့ ပါတယ်။

သဘင်ခြံရဲ့ နာမည်ကိုတော့ အနုပညာစံအိမ် (သဘင်ခြံ)လို့ ပေးထားကြောင်းအနုပညာသမားတွေ နဲ့ လည်း ဆက်စပ်ပြီး အနုပညာကို အားေ ပးတဲ့ငွေကြေးနဲ့ တည်ဆောက် ထားတာလည်းဖြစ် ကြောင်း၊ ချစ်စ ရာ လည်း ကောင်း အောင် အနုပညာစံ အိမ်လို့ နာမည် ပေးတာဖြစ်ေ ကြာင်း၊ သဘင်ခြံဖွင့်ပွဲ နေ့မှာတော့ ၂ရက် တိုင်တိုင် အခမဲ့သဘင်ေ ဖျာ်ဖြေပွဲကြီးကို ခြံထဲမှာ ပြုလုပ်သွားမှာဖြစ် ကြောင်း ဖိုးချစ်က ပြော ပါ တယ်။

လင်းအက္ခရာ
Popular Journal

Credit : Here

စမ်းသပ်သန်းခေါင် စာရင်းတွင် လူနေမှု အဆင့်အတန်း ကိုပါ စစ်တမ်း ကောက်ယူမည်

မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ ကောက်ယူမယ့် စမ်းသပ် သန်းခေါင် စာရင်းမှာ လူနေမှုအဆင့်အတန်းနဲ့ သက်ဆိုင် တာတွေကိုပါ ကောက်ယူသွားမှာ ဖြစ်တယ်လို့ လူ ၀င်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။

အခုလို ကောက်ယူရာမှုမှာ စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူ ရာမှာ မေးမယ့် မေးခွန်းများ ထဲမှာ အိမ်ထောင် စု အလိုက် နေတဲ့ အိမ်ဟာ ပျဉ်ထောင်အိမ်၊ တိုက်အိမ် အစရှိသည်နဲ့ အိမ်သာ အမျိုးအစား၊ မီး ဖိုေ ချာင်တွင် အသုံးပြုတဲ့ လောင်စာ အမျိုးအစား၊ သောက်သုံးရေ မှအစ လျှပ်စစ်မီး အစရှိတဲ့ လူနေထိုင်မှု အဆင့် အတန်း နဲ့ဆိုင်တဲ့ မေးခွန်း တွေကို ပါထည့်သွင်း ကောက်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားသော မေးခွန်းများနဲ့ စုစုပေါင်း မေးခွန်း ၄၁ စုံကို လည်းမေးမြန်း သွားမှာဖြစ်ပြီး အခုလို လူေ န မှု အဆင့်အတန်း နဲ့ဆိုင်တဲ့ မေးခွန်းတွေကို ထည့်သွင်းမှုဟာ ပြည်တွင်းရဲ့လူနေမှု အဆင့်အတန်း အခြေ အနေကို သိရှိစေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ အခုလို စမ်းသပ် သန်းခေါင် စာရင်း အတွက် ပြုလုပ် ထားတဲ့ မေးခွန်းတွေကို စမ်းသပ်ကောက် ယူသွားမှာဖြစ်ပြီး အဆင်ပြေပါက ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရာမှာလည်း အဆိုပါမေးခွန်းပုံစံအတိုင်း အသုံးပြုသွားဖို့ရှိတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို စမ်းသပ် ကောက်ယူရာမှာ တစ်နိုင်ငံလုံး အနေနဲ့ မြို့နယ် ၂၀ မှာ ကောက်ယူမှာ ဖြစ်ပြီး ရန်ကုန် တိုင်း ဒေသကြီး အတွင်း မှာတော့ေ ရွှပြည်သာနဲ့ လမ်းမတော် မြို့နယ် တို့မှာ ကောက်ယူ သွားမှာဖြစ်တယ် လို့ သိရပါတယ်။

Credit : Here

မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကို ဆော်ဒီက နေထိုင်ခွင့်ပေးမယ်

ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခု အနေနဲ့ မြန်မာပြည်က လူ ၅ သိန်းနီးပါးကို ဒုက္ခ သည်တွေအဖြစ် အသိအမှတ်ပြုပြီး နေထိုင် ခွင့်ပေး မယ်လို့ ဆော်ဒီမင်းသား Khaled Al-Faisal က ပြောကြားလိုက်ပါတယ်။

“ဒါက ကျနော့် ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲ က တခုပါ” လို့ မက္ကာအနီးက ကူဒိုင်းမှာ ကျင်းပတဲ့ အခမ်းအနား တခုမှာ မင်းသား Prince Khaled က ပြောသွားတာကို မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေနဲ့ အာရပ် သတင်းဌာနတခုဖြစ် တဲ့ ARAB NEWS မှာ ဖော်ပြထားပါတယ်။

“ကျနော် မက္ကာ အုပ်ချုပ်ရေးမှူး တာဝန်ရလာပြီးတဲ့နောက် ဘုရင် အဗ္ဗဒူလာဆီကို ကျနော်တင်ပြခဲ့တဲ့ ပထမဆုံး အဆိုပြုချက်ပါ” လို့ ဆော်ဒီမင်းသား Khaled က ပြောပါတယ်။

OIC အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ ဆော်ဒီ မြန်မာ အသိုင်း အ၀ိုင်း ခေါင်းဆောင်တွေ အပါအ၀င် ကျယ်ကျယ်ပြန့်ပြန့် သြဘာပေးကြမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘုရင် အဗ္ဗဒူလာက မက္ကာမှာ ပြန့်ကျဲနေတဲ့ အဆိုပါ ခရိုင်အတွင်းနေထိုင်နေသူ မြန်မာမွတ်ဆလင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ ၀န်ကြီးဌာနနဲ့ဆိုင်တဲ့ ကော်မတီတခု ဖွဲ့ဖို့ကိုပါ အမိန့် ထုတ်ပြန်ခဲ့ပါတယ် လို့လည်း မင်းသား Khaled က ပြောပါ တယ်။

“ဒါဟာ ကမ္ဘာမှာ ပထမဆုံး အတွေ့အကြုံဘဲ” လို့ ဆိုပြီး မက္ကာဒေသ ခရိုင်တွင်းမှာ တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်ယာသစ်များ တည်ဆောက်ရုံသာမကအ လားတူ အဲဒီမှာနေထိုင်နေကြတဲ့ လူပေါင်း ၄ သိန်း က ၅ သိန်းထိကိုလည်း ပြန်လည် ပြုစုပျိုးထောင်ပေးမှာဖြစ်တယ်” လို့ မင်းသား Khaled က ရှင်းပြ ပါတယ်။

ဆော်ဒီအစိုးရက ဆော်ဒီရောက် မြန်မာမွတ်ဆလင် လူ့အဖွဲ့အစည်းကို ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်တွေ ထောက်ပံ့သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့က သူတို့ကို အလုပ်အကိုင်တွေ ရဖို့ လေ့ကျင့် သင်ကြားပေးမှုတွေလည်း လုပ်မှာဖြစ်တယ်” လို့ မင်းသား Khaled က ဆိုပါတယ်။ မြန်မာ ၄ ဦး အလုပ်ခန့်ထားမှု ကိုလည်း နိုင်ငံခြားသား ၁ ဦးနဲ့ တန်းတူထားရှိတယ်လို့ အလုပ်သမား ၀န်ကြီးဌာနရဲ့ အစီအစဉ်မှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒါဟာ ကုမ္ပဏီတွေအနေနဲ့ မြန်မာတွေကို ပိုပြီး အလုပ်ခန့်ထားဖို့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အခု လက်ရှိ မက္ကာ၊ ဂျက်ဒါနဲ့ မဒီနာ ဒေသတွေမှာ မြန်မာ မွတ်ဆလင် ၃ သိန်းခွဲလောက် နေထိုင်နေကြ တယ်လို့ သိရပါတယ်။ အရင်က တရားမ၀င်နေထိုင်ကြတာဖြစ်ပြီး အခုတော့ တရားဝင် ဒုက္ခသည်တွေ အဖြစ်နဲ့ နေထိုင်ခွင့် ရကြတော့မှာပါ။

မြန်မာနိုင်ငံမှာ လတ်တလော မိတ္ထီလာမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီသ တင်းပေါ်ထွက်လာတာပါ။

Credit : Here

ရခိုင်အမျိုးသမီးများလည်း သမ္မတဖြစ်နိုင်ဟု ဦးအေးသာအောင် ပြော

ရခိုင်အမျိုးသမီးများလည်း နိုင်ငံ့ ထိပ်တန်းခေါင်းေ ဆာင် ဖြစ်နိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင် က ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရက္ခေ ဖာင်ဒေးရှင်းရုံး၌ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ကျင်းပသော ရခိုင်အမျိုးသမီး ခေါင်းဆောင်များ အရည်အသွေးမြှင့် သင်တန်းဆင်းပွဲ အပြီး တွင် ဖောင်ဒေးရှင်း နာယကလည်း ဖြစ်သည့် ဦးအေးသာအောင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ခေါင်းဆောင် အရည်အသွေးမြှင့် သင်တန်း သုံးခု လုပ်ခဲ့ရာမှာ ဒီသင်တန်းကို ပထမဆုံး အမျိုးသမီးသီး သန့်လုပ်ခဲ့ ရတာက ရခိုင်အမျိုးသမီးတွေလည်း နိုင်ငံခေါင်းဆောင် သမ္မတ ဖြစ်နိုင်တာပဲ။ ရခိုင်ပြည်နယ်မှာ လူဦးရေ ထက်ဝက် ကျော်ဟာ အမျိုးသမီးတွေ ဖြစ်နေတာရယ်၊ နောက်တချက်က အရင်က သင်တန်းခေါ် လိုက်ရင် အမျိုးသား အများစုပဲ ရောက် လာတဲ့အတွက် အခုလို အမျိုးသမီး သီးသန့် ခေါ်ရတာ ဖြစ်တယ်။

သူတို့တွေရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို နိုင်ငံရေးအပါအဝင် နယ်ပယ်ကဏ္ဍအသီးသီးမှာ ပါဝင်ဆောင် ရွက်နိုင်ဖို့ ကျနော်တို့က ပံ့ပိုးပေး ကြရပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

မတ်လ ၁၂ ရက်နေ့မှ စတင်ခဲ့သည့် သင်တန်းတွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ဧရာဝတီတိုင်း အမာမြို့နယ်တို့မှ သင်တန်းသား ၂၁ ဦး တက်ရောက်ကာ စာရေးဆရာမ ဂျူး၊ ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ (ဒေါ်) ဆွေဇင်ထိုက် တို့အပါအဝင် တိုင်းရင်းသား သင်တန်း ဆရာ/ဆရာမ ၁၀ ဦးတို့က ကူညီသင်ပြပေးခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးတွေ မဖြစ်မနေ လုပ်ရမယ့် တာဝန်တွေ၊ အမျိုးသမီးအခွင့်အရေးတွေ၊ သူတို့နဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ ဥပဒေတွေ၊ မီဒီယာလုပ်ငန်းတွေ၊ အိမ်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အဖျော်ရည် လုပ်နည်းတွေက အစ ပို့ချသင်ကြား ပေးပါတယ်”ဟု မင်းသမီးကြီး ဆွေဇင်ထိုက် က ဆိုသည်။

“တပါတီ အာဏာရှင်အောက်မှာ နိုင်ငံရေးလုပ်ခွင့် လုံးဝ မရခဲ့ဘူး။ တိုင်းရင်းသားတွေအနေနဲ့က ပိုဆိုးတယ်။ ရခိုင်အမျိုး သမီးတွေဆို အဆိုးဆုံးပေါ့။ ဒါကြောင့် ရခိုင်လူငယ်တွေ အမျိုး သမီးတွေ နိုင်ငံရေးမှာ ပါဝင်လာဖို့၊ နိုင်ငံရေးပါတီတွေမှာ တက်တက်ကြွကြွ ဝင်ရောက်လုပ်ကိုင် လာဖို့အတွက် ဒီသင်တန်းတွေကို ကျနော်တို့ ဖွင့်ပေးနေတာပါ” ဟု သင်တန်းရည်ရွယ်ချက်ကို ဦးအေးသာအောင် က ပြောပြသည်။

အခမ်းအနားတွင် နာယက ဦးအေးသာအောင် အပြင် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်စောခင်တင့်၊ အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်မေအောင်တို့က ရခိုင်သမိုင်းနှင့် ရခိုင် အမျိုး သမီးများ အကြောင်းကို ဟောပြော ဆွေးနွေးခဲ့ကြသည်။

သင်တန်းအတွက် ကုန်ကျစရိတ်များကို အမေရိကန်ရောက် အာရက္ခ၏ နိုင်ငံတကာ ကိုယ်စားလှယ် ဒေါက်တာ အရှင်နာယက မှ တာဝန်ယူ ဆောင်ရွက်ပေးပြီး အလားတူ သင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဟု လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ဝင် ဦးမျိုးကျော်က ပြောသည်။

အာရက္ခဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်မှစ၍ လူငယ် အရည်အသွေး မြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးသူများ ပညာသင် ထောက်ပံ့ရေး၊ မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေး၊ ဘေး အန္တရာယ်ကျရောက် ရာ ဒေသ များသို့ ထောက်ပံ့ လှူဒါန်းရေး တို့ကို လုပ်ဆောင်ရန် အာရက္ခဖောင်ဒေးရှင်းကို ပြည်တွင်းပြည်ပရှိ ရခိုင် လူမျိုးများက ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Credit : Here