Monday, March 25, 2013

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို


ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းဆိုကြောင်း Shan Herald Agency for News (SHAN) သတင်းတရပ်တွင်ဖေါ်ပြထားသည်။

UWSA မှ ပြင်ပဆက်ဆံရေးဆိုင်ရာ လက်ထောက် ပြောရေးဆိုခွင့် ရှိသူ ရှောင်ဆမ်ကွန် (Xiao Samkun) က လားရှိုးမြို့တွင်တွေ့ဆုံ ဆွေးနွေးနေကြသည့် ရှမ်း-ကယား ယုံကြည်မှု တည်ဆောက်ရေး ကွန်ဖရင့်တွင် မတ်လ ၂၁ ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့မှ စတင်၍ သုံးရက်တာ ကျင်းပခဲ့သော အဆိုပါ ညီလာခံသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ပြီး ရှမ်းနှင့် ကယားပြည်နယ်မှ ပါတီနှင့် အဖွဲ့ အစည်းပေါင်း ၂၂ ဖွဲ့ တက်ရောက်ရာ UWSA ၏ ရပ်တည်ချက် အနေအထားကို တရားဝင် ဆွေးနွေးခဲ့ကြခြင်း မရှိဟု Shan Herald က ဖေါ်ပြသည်။

တိုင်းရင်းသား အဖွဲ့များအနေဖြင့် ဘုံသဘောထားအမြင် ရှာဖွေရန် လိုအပ်သည်ဟု SHAN အယ်ဒီတာချုပ် က ဆိုသည်။

“ဝ,က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းနေပါတယ်။ ဒါသူတို့အခွင့်အရေးပါ။ ဝ,ရဲ့ တောင်းဆိုမှုကို ဆန့်ကျင်မယ့်သူတွေလည်း ရှိပါတယ်။ သူတို့ (အခွင့်အရေး)ကိုလည်း ပိတ်ပင်လို့ မရပါဘူး” ဟု ဦးခွန်ဆိုင်း က ပြောသည်။

ထို့ပြင် ခွဲထွက်ခြင်းမပြုသည့် အဖြေတရပ်ရရန် ဆွေးနွေးသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရှမ်း-ကယား ညီလာခံသို့ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့် လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ် များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။ ဗြိတိန်၊ အမေရိကန်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံ သံရုံးများမှ သံတမန်များလည်း တက်ရောက် ခဲ့ကြသည်။

UWSA မှာ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အစိုးရနှင့် အပစ် အခတ်ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အား သုံးသောင်းကျော်ရှိကာ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားရှိသည့် အင်အား အကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို မြို့နယ် ၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင်နှစ်မြို့နယ်သာ ကျင်းပနိုင်ခဲ့သည်။

မဇ္ဈိမ

Credit : Here

Viber Code မရလို့ စိတ်ညစ်နေသူများအတွက် Code စောင့်စရာမလို့တဲ့ Viber လာပါပြီ

ဒီ Viber လေးကတော့ တော်တော်အဆင်ပြေ တယ်ဗျာ သိပြီသာသူတွေ မပါဘူးနော် မသိသေးတဲ့ သူများအတွက် ပါ ။ အားလုံးပဲ အဆင်ပြေအော င်ပြန်လည်မျှဝေပေးလိုက်ပါတယ် ဒီ Viber ကိုပေး တဲ့ MPX ကအကိုတွေကိုလဲ Credit ပေးပါတယ် ။ ဒီ Viber ရဲ့ အားသာချက်ကတော့ တခြားဘက်က ဖုန်း ခေါ်လာတာကိုလဲ စောင့်စရာမလို့ပါဘူး တခါတည်း Auto Coad တွေဝင်ပြီလုပ်သွားတာပါ။

Viber apk ကို ဒီမှာဒေါင်းပါ

MediafireမှDownloadလုပ်ရန် http://www.mediafire.com/?53234pd9afu3l1f

ZippyShareမှDownloadလုပ်ရန် http://www43.zippyshare.com/v/41327138/file.html

ဒေါင်းပြီ ရင် ဖုန်းမှာ install လုပ်ပါ လုပ်နေကြအတိုင်လေးပဲ ဖုန်းနံပါတ်ထည့် ပါ ပြီရင် Continue ကို နိပ်လိုက်ပါ Coad ထည့်ရမယ့်နေရာရောက်ရင် သူဟာသူ Coad တွေထည့်ပြီလုပ်သွားလိမ့်မယ် လွယ်မှလွယ်နော် ဘယ်လောက်မှ မကြာဘူးနော် ။ အားလုံးပဲအဆင်ပြေပါစေဗျာ။။။။။။။။။။။။။။။။။

Credit : Here

ရန်ကုန်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်သည်ဆိုသော သတင်းမဟုတ်မှန်ဟုဆို

ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၁၈၈ ထုန်ပြန် ရန်အတည်ပြုဆုံးဖြတ်လိုက် သည် ဆိုသောသတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယ ညွှန် ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

''ပုဒ်မ ၁၁၈ ထုတ်တယ်ဆိုတာ မဟုတ်ပါဘူး။ လိုအပ်ရင် ထုတ်ဖို့ စီစဉ်တဲ့အဆင့်ပဲ ရှိပါသေးတယ်။လုံးဝ မထုတ်ရ သေးပါဘူး''ဟု ၎င်း က ဆိုသည်။

ပုဒ်မ ၁၈၈ သည် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရေးပေါ် အခြေအနေများ မဖြစ်ပေါ်ရန် ကြိုတင်တားဆီး သည့်အနေဖြင့်ထုတ်ပြန်လေ့ ရှိသော ပုဒ်မတစ် ခုဖြစ်ပြီး ပြည်သူ့ ၀န်ထမ်း ၏ အမိန့်ကို မနာခံမှုအပေါ် အရေး ယူ ဆောင်ရွက်နိုင်သော ပုဒ်မတစ်ခု ဖြစ်သည်။

Credit : Here

ဆူပူအကြမ်းဖက်မှုတွေ အစွမ်းကုန် ကိုင်တွယ်သွားမယ်

မိတ္ထီလာမြို့က ပဋိပက္ခ အကြမ်းဖက် ဆူပူဖျက်ဆီးသတ်ဖြတ်မှုတွေ ပြီးတဲ့နောက် ယနေ့ မတ်လ ၂၅ ရက် နေ့ ရက်စွဲနဲ့ အစိုးရ အဖွဲ့က လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုတွေအပါအ၀င် အကြမ်းဖက် မှု အားလုံးကို အစွမ်းကုန် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

အပြည့်အစုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်

၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။

၂။ အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှုနှင့် အဓိကရုဏ်းများကြောင့် အိုအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စာဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်။

၃။ လုံခြုံရေးအခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို အမြန် ဆုံး ဆောင်ရွက်သွားမည်။

၎။ လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန်အတွက် လူထုအခြေပြု လူ့အဖွဲ့ အစည်း များ၊ ပုဂ္ဂလိကများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ ဆောက်ရွက်သွားမည်။

၅။ ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက် နိုင်မည့် ဆွေးနွေးမှုများနှင့် စိတ်ခံစားချက်များကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်။

၆။ ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ လုပ်ဆောင်နေသည် ဖြစ်ရာ ယင်းလုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာသာ ရေး အစွန်းရောက်မှုများကို ရှောင်ရှားကြပါရန် ပြည်သူများကို တိုက်တွန်းအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

ရွှေ့ပြောင်းနေထိုင်သူများ တရားဝင် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးမည်


ကယားပြည်နယ်အတွင်း ရွှေ့ပြောင်းသွားလာနေကြတဲ့သူတွေနဲ့ နယ်စပ်ဒုက္ခသည် စခန်းကနေပြီး ပြန်လာ တဲ့သူတချို့ အနေနဲ့ တရားဝင် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးခင်စိုးက ယခုလို ရှင်းပြသွားပါတယ်။

"သန်းခေါင်းစာရင်း မရှိတဲ့သူတွေက ဒီဒေသမှာရှိတဲ့သူတွေ ဒီဒေသမှာအမြဲတမ်းနေတဲ့ နယ်မွေး ခြံပေါက်တွေ နေပြီးတော့မှ တဖက်နိုင်ငံရဲ့ နိုင်ငံတွေမှာ တရားဝင်သွားရောက်နေထိုင်ခြင်း နိုင်ငံ သားပြုခံယူခြင်း မဟုတ်ရင်တော့ ဒီလူတွေအားလုံးကို ငါးဦးကော်မတီထောက်ခံချက်နဲ့ တရားဝင် အိမ်ထောင်စု တခု ထုတ်ပေးသွားမှာဖြစ်ပါတယ်"

မိဘ၊ အဖိုးအဖွားတွေနဲ့ တစ်ဖက်နိုင်ငံသား ခံယူမှုရှိမရှိ ချက်ချင်း မစစ်ဆေးနိုင်သေးတဲ့အတွက် အမျိုးသားမှတ်ပုံတင် ကဒ်ပြားကိုသာ ဦးစွာ ထုတ်ဝေပေးမှာ ဖြစ်တယ်လို့ ယခုလို ထပ်မံရှင်းပြသွား ပါတယ်။

"ဒီမှာနေထိုင်တဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က တရားဝင်နေထိုင်လာပြီ ဒါတွေအားလုံး ညှိနိုင်းပြီးပြီဆိုရင် ကျနော်တို့က ဆွဲတင်စစ်လုပ်ပါမယ် သူတို့တွေကို အိမ်ထောင်စုနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပေးဖို့လေး အခြေချနေထိုင်ပြီဆိုတော့မှ အိမ်ထောင်စု ထုတ်ပေးခြင်း တွေလုပ်ပါမယ် လုပ်ပြီဆိုရင် တရားဝင်နေပြီဆိုရင် ကျန်တဲ့ဟာ နိုင်ငံသား ကဒ်ပြားလုပ်တာကတော့ စီစစ်ပြီးတော့ နိုင်ငံသား အရည်အချင်းရှိတဲ့သူ ငါးဦးကော်မတီနဲ့ လုပ်ပါမယ်။ လောလောဆယ်မှာ တဖက်နိုင်ငံသား ခံလားမခံလား မသေချာသေးခင်မှာ သူတို့ရောက်တာနဲ့ အိမ်ထောင်စုတွေကို ဆွဲတင် စစ်နဲ့ အိမ်ထောင်စုကို လုပ်ပေးပါမယ်။ အဲဒီ အိမ်ထောင်စုလုပ်ထားတဲ့သူကိုပဲ လောလောဆယ် အဖေအမေ အဖိုးအဖွားတွေ သူတို့ရဲ့ အထောက်အထားတွေ မစစ်နိုင်သေးလို့ ယာယီသဘောနဲ့ အမျိုးသားမှတ်ပုံတင် ကဒ်ပြားကို ဦးစွာထုတ်ပါမယ်"

လာမည့် ဧပြီလအတွင်းမှာ မြို့နှင့် ၁၅ မိုင်ဝေးတဲ့ နယ်မြေဒေသ နှစ်နေရာစီကို မြို့နယ်အသီးသီးမှာ အိမ်ထောင်စုစားရင်းနှင့် မှတ်ပုံတင် အခမဲ့သွားရောက် ပြုလုပ်ပေးသွား မှာဖြစ်ပါတယ်။

၎င်းအိမ်ထောင်စုစားရင်းနှင့် မှတ်ပုံတင် အခမဲ့ပြုလုပ်ပေးနေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ယမန်နေ့မတ်လ ၂၁ ရက်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီတချို့တွေ၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းတချို့တွေကို ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူးက ဆွေးနွေးတင်ပြ သွား တာ ဖြစ်ပါတယ်။

အခမ်းအနားအစီအစဉ်မှာ ၂၀၁၄ ခုနှစ် သံခေါင်းစာရင်းတွေ ကောက်ဖို့ ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေး သွားကြတာ ဖြစ်တယ်လို့ ယခုလိုရှင်းပြပါတယ်။

"၂၀၁၄ မှာကောက်မည့် သန်းခေါင်စာရင်းကော ၂၀၁၃ ခုနှစ်မတ်လ ကနေ ဧပြီလအတွင်းမှာ ကောက်မည့် စမ်းသပ်သန်းခေါင် စာရင်းကော ပြည်သူတွေကော ဒီမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကော ကယားပြည်နယ်မှာရှိတဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့ဝင်တွေ အဖွဲ့အစည်းတွေ အသီးသီး နိုင်ငံရေး ပါတီတွေ ဒါတွေ အားလုံးက ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ရှင်းလင်းတင်ပြတာ ဖြစ်ပါတယ်"

Credit : Here

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်အားလုံးကို ညကိုးနာရီနောက်ဆုံးထား ပိတ်ရမယ်လို့ အမိန့်ထုတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးအတွက် စားသောက်ဆိုင်၊ မီနီမားကတ် စတဲ့ ဈေးဆိုင်တွေကို ဒီကနေ့ညကစပြီး ည ၉ နာရီ နောက်ဆုံးထားပိတ်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ဒီအမိန့်ထုတ်ပြန်ရတာနဲ့ ပက်သက်ပြီး ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှုးက RFA ကိုအခုလိုပြောပါတယ်။

" စားသောက်ဆိုင်တွေကို ညကိုးနာရီထိပဲဖွင့်ဖို့ အမိန့်ထုတ်တာပါခင်ဗျာ၊ ကိုးနာရီကျော်တဲ့ အခါ ကျရင် သောက်စားမူးယစ်ပြီးတော့ တခြားပြဿနာတွေဖြစ်မှာစိုးလို့ ညကိုးနာရီထိသာဖွင့်ပါလို့ ကျွန်တော် တို့ အကြောင်းကြားထားတာပါခင်ဗျ"

မနေ့ညကလည်း ရန်ကုန်တိုင်းအတွင်းက အစ္စလာမ် ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ လူစုလူဝေးနဲ့ ဆူပူဖို့ ကြိုးစားခဲ့တာတွေ ရှိပါတယ်။

Credit : RFA Burmese

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူရန် ကားတစ်စီးဖြင့် လိုက်လံလှုံ့ဆော်မှုများ ဖြစ်ပွားခဲ့၊ လှုံ့ဆော်သူများ ပေါ်ပေါက်လာပါက အများပြည်သူမှ ဓာတ်ပုံရိုက်ယူထားပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြကာ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည့်ဖြစ်ရပ်မှာ မတ်လ ၂၄ ရက်နေ့ညတွင် ဖြစ်ပွားခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်း နေထိုင်သူများက ပြောကြားခဲ့ကြသည်။

ယင်းကဲ့သို့ ဆူပူစေရန်လှုံ့ ဆော်သူများအကယ်၍ ပေါ်ပေါက် လာခဲ့သည်ရှိသော် အများပြည်သူမှ ဓာတ်ပုံရိုက်ယူ၍လည်းကောင်း၊ အ ရေးပေါ်ဆက်သွယ်၍လည်းကောင်း အနီးစပ်ဆုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့ သို့သတင်းပေးတိုင်ကြားနိုင်ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၀န်းကျင်အချိန်မှစ၍ နောက်တစ်ရက် နံနက် ၂ နာရီဝန်းကျင်အထိ မင်္ဂလာတောင်ညွန့်မြို့နယ်အ တွင်းရှိ ရပ်ကွက်အချို့တွင် ဘာသာရေး အကြောင်းပြကာ ဆူပူမှုဖြစ်စေရန် သတင်းဖြင့် လှုံ့ဆော်ခြင်း၊ လိုက်လံပြောကြား လှုံ့ဆော်ခြင်း၊ အော်ဟစ်ပြောကြားခြင်း များကို လူတစ်စုမှပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဖြစ်ပွားသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ "ည ၁ နာရီလောက်မှာ သတင်းဝင်လာတယ်။ ရပ်ကွက်ထဲမှာရှိနေတဲ့ ပြည်သူတွေက လှမ်းပြီး အကြောင်းကြားတယ်။ ဒီလိုပဲ အသံတွေ ကြားတယ်၊ ဘာညာဆိုတော့ အစ်မတို့ အဖွဲ့ဝင်သုံးယောက်ကို ဆက်သွယ်ပြီးတော့ လျှောက်ကြည့်ပေးပါဆိုလို့ လျှောက်ကြည့်တော့ အေးဆေးပဲ၊ ဘာမှမဖြစ် ဘူး။ နောက်နှစ်ပတ် သုံးပတ်လောက် ရပ်ကွက်ထဲကို လှည့်ကြည့်တော့လည်း ဘာမှမဟုတ်ဘူးလို့ သတင်းပြန်ပို့တယ်။ နောက်တစ်ကြိမ် ၂ နာရီခွဲလောက်မှာ ပြန်ပြီး အဆက်အသွယ်ရတဲ့အခါ လွတ်လပ်ရေး ရပ်ကွက် ဘက်မှာတော့ ဒီလို ဒီလို ဖြစ်နေတယ်။ ကျွန်မလွှတ်လိုက်တဲ့လူက ကျွန်တော်သွားကြည့်မယ် ဆိုပြီး သွားကြည့်တော့ Super Custom အမျိုးအစား ကားတစ်စီးက ရပ်ပြီးတော့ ဗလီတွေဘာတွေကို ဖြိုနေပြီဆိုပြီးတော့ လှမ်းပြီးတော့ ရပ်ကွက်ထဲက လူတွေကို ပြောတာ။ အဲတော့ ရပ်ကွက်ထဲက လူတွေက လည်း ဓားတွေဆွဲ၊ တုတ်တွေဆွဲနဲ့ ထွက်ကြတာပေါ့နော်။ ကျွန်မတို့ဆီက သွားကြည့်တဲ့လူက မဟုတ်ဘူး။ ကျွန်တော် ရောက်ခဲ့ပြီးပြီ။ ဘယ်ဗလီမှ မဖြိုဘူးဆိုတော့ ကားထဲကနေပြီးတော့ ဟာရှုပ်တယ်ကွာ ဆိုပြီး ကားကိုလှည့်ပြီးတော့ မောင်းထွက်အသွားမှာ ကားပေါ်ကနေ ဓားထွက်လာတာပေါ့နော်။ သူတောင် တော်တော်ရှောင်လိုက်ရတယ်ပေါ့။ ဓားနဲ့ လှမ်းခုတ်တဲ့ ပုံစံမျိုးပေါ့နော်။ အဲဒီ တစ်ယောက်ကတော့ ရှောင်လိုက်တော့ လွတ်သွားတယ်။ ကားနောက်ကို လိုက်တော့ မမီတော့ဘူး။ သူကလည်း တစ်ယောက်တည်း ဖြစ်နေတယ်။ လွတ်လပ်ရေးမှာလည်း နည်းနည်းခပ်ကြမ်း ကြမ်းတွေ ဖြစ်နေတော့ ကားနံပါတ်ကို မမှတ်လိုက်ဘူး။ ၁၀၁ လမ်းဘက်ကို ထွက်သွားတယ်လို့ ပြော တယ်။ ကားပေါ်မှာ လူ ၁၃ ယောက်လောက် ပါတယ်ပြောတယ်။ ဘယ်လူမျိုး၊ ဘာညာတော့ မသုံးနှုန်းချင်ဘူး။ အကြမ်းဖက်သမားတွေလို့ပဲ သုံးစွဲရမှာပဲ။ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် လိုက်လုပ်နေတဲ့သူတွေ ရှိတယ်လို့ ကောက်ချက်ဆွဲရမှာပဲ" ဟု ပြောပြခဲ့သည်။

မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက "ညဦးပိုင်းကတည်းက စပြီး မင်းတို့ရပ်ကွက်ကို ဒီညမီးလာရှို့လိမ့်မယ်ဆိုပြီး သတင်းတွေ ဘယ်ကမှန်းမသိဘူး ရောက်လာတယ်။ ရပ်ကွက်ထဲက လည်း ကြောက်ပြီး စိတ်မချတော့ မအိပ်နိုင်ဘူး။ အဲဒီမှာ ရပ်ကွက်နား ရောက်လာတော့မယ် ဘယ်နားကို ရောက်နေပြီ လူအုပ်လာနေပြီဆိုပြီး သတင်းတွေကို ဆက်တိုက်လိုက်လွှင့်တယ်။ တစ်ချို့ ရပ်ကွက်ထဲနေတဲ့ သူတွေကလည်း အသင့်စောင့်တဲ့သူစောင့် တချို့ဆဲတဲ့သူလည်းဆဲ တုတ်ဓားတွေကိုင်ပြီး ဆင်းတဲ့သူဆင်း ဖြစ်ကုန်တာပေါ့။ သတင်းမှားတွေ လွှင့်တယ်၊ ဆူပူအောင် လိုက်လုပ်နေသလို မျိုးဖြစ်နေတယ်" ဟု ပြောပြခဲ့သည်။

ကန်တော်ကြီးတာဝါတွင် နေထိုင်သူတစ်ဦးက "ကျွန်မတို့ ည ၁၁ နာရီလောက်မှာ တစ်ခါအော်ဟစ်နေတဲ့ အသံတွေ ကြားတယ်။ ပြီးတော့ ပြန်ငြိမ်သွားတယ်။ နောက်တစ်ခေါက် ည ၁ နာရီခွဲလောက်လဲ ရောက်ရော အော်ဟစ်သံတွေကြားလို့ ပြတင်းပေါက်က ကြည့်နေတာ တုတ်တွေလက် နက်တွေ ကိုင်ထားတဲ့ လူတစ်စုက မင်္ဂလာဈေး တက္ကစီမောင်းသမားတွေနဲ့ တခြားရှိနေတဲ့သူတွေကို လှမ်းဆဲပြီး ရန်စနေတယ်။ ယုဇနပလာဇာရဲ့ အရှေ့၊ မင်္ဂလာဈေးရဲ့ ဘေးဘက် တစ်ဖက်လမ်းမှာရှိတဲ့ ရပ်ကွက်ထဲမှာ လူတစ်ချို့က အော်ပြီးလျှောက်သွားနေတယ်။ တိုက်ခန်းအပေါ်ထပ် အခန်းတွေကို ကြည့်ပြီးလည်း အော်တယ်။ အပေါ်ထပ်အခန်းက လူတွေက အဲဒီလူစုနဲ့ သွားပေါင်းဖို့ တချို့ဆင်းတဲ့အခါ မိသားစုတွေက မဆင်းဖို့ ပြန်ဆွဲထားတယ်။ ရဲကားတွေ လှည့်နေတဲ့အတွက် ရဲကားရောက် လာတော့ ပျောက်သွားကြရော" ဟု ပြောပြခဲ့သည်။

ဆူပူရန် လှုံ့ဆော်မှုများ ဖြစ်ပွားပါက မိမိရှေ့တွင် ဖြစ်ပွားသည်ဆိုပါက သက်ဆိုင်ရာရဲစခန်းများသို့ ချက်ခြင်းသတင်းပေးပို့ခြင်း၊ ရဲစခန်းများမှလည်း ချက်ခြင်းဖမ်းဆီးကာ အရေးယူခြင်း၊ နောက်ကွယ်မှ ကြိုးကိုင်လှုံ့ဆော်နေသည့် အဖွဲ့အား အမိအရ ဖော်ထုတ်အရေးယူသည်အထိ ဆောင်ရွက်ပါက လှုံ့ဆော်မှုများ လျော့ပါးသွားနိုင်သည်ဟု ရပ်ကွက်နေ ပြည်သူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများက ပြောကြားခဲ့ပါသည်။

ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက "လှုံ့ဆော်တဲ့အဖွဲ့တွေ တွေ့တာနဲ့ ချက်ချင်းပဲ အနီးစပ်ဆုံး သက်ဆိုင်ရာရဲနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေကို သတင်းပို့ရင် အရမ်းကောင်းပါတယ်။ သတင်းပို့တာနဲ့ ချက်ချင်းပဲ ဆောင် ရွက်ပေးမှာပါ။ တကယ်လို့ ကိုယ့်ဆီမှာ ဓာတ်ပုံရိုက်ထားနိုင်မယ်ဆိုရင်လည်း ကောင်းပါတယ်။ ကျွန်တော်တို့လည်း အခုဆို နေရာတော်တော်များများမှာ ဒီလိုပဲ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေပါ ယူဖို့လုပ်ထားပါတယ်။ လှုံ့ဆော်တဲ့အခါ ကိုယ်တိုင်မပါဝင်ပဲ အများပြည်သူအနေနဲ့ ဒီလိုလုပ်ရင် ဒါမျိုးတွေ နည်းသွားနိုင်ပါတယ်။ လက်ရှိ အနေအထားအရလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ အင်အားတိုးပြီး ချထား တယ်။ တောက်လျှောက်လှည့်ကင်းတွေထားပြီး လုံခြုံရေးတွေချပြီး လုပ်နေပါတယ်" ဟု ပြောပြခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူတစ်ဦးကလည်း "တစ်ကယ်လို့ ရပ်ကွက်ထဲမှာလည်း တစ်ခုခုဖြစ်ရင် ကိုယ်တိုင်မပါပဲနဲ့ သက်ဆိုင်ရာ အကြောင်းကြားပြီး တိုင်မယ်၊ ဓာတ်ပုံတွေရိုက်ထားပြီး တိုင်ရမှာဖြစ်သလို အစိုးရနဲ့ တာဝန်ရှိ ရဲတပ်ဖွဲ့အနေနဲ့လည်း အမြန်ဆုံး ဖမ်းဆီးပြီး အရေးယူမှဖြစ်မယ်။ ဖမ်းဆီး အရေးယူမှု ပြုမပြုကိုလည်း မီဒီယာတွေက စောင့်ကြည့်ပြောကြားသင့်တယ်။ မီဒီယာတွေကို သတင်း မှန်ပေး တာကလည်း ဆူပူအောင်လုပ်တဲ့ သူတွေရှိနေရင် သူတို့ကို တားဆီးရာ ရောက်ပါတယ်" ဟု ပြောပြခဲ့သည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး၊ ဦးဇော်ဌေး၏ Facebook စာမျက်နှာတွင်လည်း မြို့ရွာရပ်ကွက်များ အတွင်း ဆူပူမှုများဖြစ်ပေါ်လျှင် အရေးပေါ်ဖုန်းများသို့ ဆက်သွယ်နိုင်ကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းများ ဖုန်းနံပါတ် ပြည်ထဲရေးဝန်ကြီးဌာန

၁။ ဒဂုံတောင်ရဲစခန်း ၀၁-၅၉၀၀၉၃
၂။ ဒဂုံမြောက်ရဲစခန်း ၀၁-၅၈၄၁၀၉
၃။ ဒဂုံအရှေ့ ၀၁-၅၈၅၁၈၇
၎။ ဒဂုံဆိမ်ကမ်း ၀၁-၅၉၃၀၀၇
၅။ ဗိုလ်တစ်ထောင် ၀၁-၂၉၁၈၇၄
၆။ မင်္ဂလာတောင်ညွန့် ၀၁-၂၉၁၀၃၄
၇။ သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅
၈။ သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃
၉။ တောင်ဥက္ကလာပ ၀၁-၅၆၁၆၄၂
၁၀။ မြောက်ဥက္ကလာပ ၀၁-၉၆၉၉၃၈၄
၁၁။ ရွှေပေါက်ကံ ၀၁-၉၆၉၅၅၆၁
၁၂။ ဝေဘာဂီ ၀၁-၉၆၉၉၁၃၈
၁၃။ တာမွေ ၀၁-၅၅၆၇၇၁
၁၄။ သင်္ဃန်းကျွန်း ၀၁-၅၆၂၅၄၄
၁၅။ သုဝဏ္ဏ ၀၁-၅၆၂၅၈၈
၁၆။ ပုဇွန်တောင် ၀၁-၂၉၁၂၁၈
၁၇။ ဒေါပုံ ၀၁-၅၅၆၉၈၈
၁၈။ ရန်ကင်း ၀၁-၅၇၇၁၉၀
၁၉။ မရမ်းကုန်း ၀၁-၆၆၀၃၅၂
၂၀။ ဘုရင့်နောင် ၀၁-၆၈၀၇၇၄
၂၁။ လှိုင် ၀၁-၅၁၉၅၃၁
၂၂။ ပိတောက်ချောင်း ၀၁-၆၈၁၅၇၄
၂၃။ ကမာရွတ် ၀၁-၅၃၄၃၀၄
၂၄။ ဗဟန်း ၀၁-၅၅၄၆၃၀
၂၅။ စမ်းချောင်း ၀၁-၅၃၅၁၈၄
၂၆။ ကြည့်မြင်တိုင် ၀၁-၅၃၅၈၆၇
၂၇။ စက်ဆန်း ၀၁-၇၀၈၉၃၁
၂၈။ အလုံ ၀၁-၂၂၀၇၉၃
၂၉။ လမ်းမတော် ၀၁-၂၂၄၅၂၈
၃၀။ လသာ ၀၁-၂၅၃၂၀၂
၃၁။ ပန်းဘဲတန်း ၀၁-၃၇၁၃၉၈
၃၂။ ကျောက်တံတား ၀၁-၃၇၁၀၅၄
၃၃။ ဆိပ်ကမ်း ၀၁-၂၅၆၉၂၀
၃၄။ ဒလ ၀၁-၂၆၉၁၉၂
၃၅။ သံလျင် ၀၅၆-၂၁၅၀၄
၃၆။ ကျောက်တန်း ၀၅၆-၂၅၅၀၄
၃၇။ အင်းစိန် ၀၁-၆၄၅၈၁၉
၃၈။ မင်္ဂလာဒုံ ၀၁-၆၃၅၀၇၄
၃၉။ ထောက်ကြန့် ၀၁-၆၀၀၀၃၂
၄၀။ လှိုင်သာယာ ၀၁-၆၄၅၀၁၆
၄၁။ မှော်ဘီ ၀၁-၆၂၀၀၀၁
၄၂။ လည်းကူး ၀၁-၆၂၉၀၀၉
၄၃။ တိုက်ကြီး ၀၅၅-၂၀၀၀၃
၄၄။ သောင်းကြီး ၀၁-၇၂၂၉၁၆
၄၅။ လှော်ကား ၀၁-၇၀၈၉၃၀

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇
၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈
၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉
၎။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁
၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁
၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂
၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃
၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄
၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅
၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅
၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆
၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀
၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈
၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉
၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉
၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈
၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅
၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇
၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂
၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁
၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉
၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂
၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃
၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂
၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄
၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂
၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆
၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃
၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁
၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃
၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆
၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇
၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄
၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁
၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂
၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃
၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄
၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅
၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄
၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄
၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆
၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅
၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅
၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉
၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄
၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁
၄၇။ ၀မ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇
၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃
၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆
၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄
၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉
၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀
၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄
၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄
၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉
၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉
၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃
၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉
Credit : Here

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး အင်အား နှစ်ဆတိုးချထား၊ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များကို စဉ်းစားချင့်ချိန်မှုဖြင့် ထိန်းသိမ်းသင့်ပြီး အုပ်စုလိုက် စုဖွဲ့မှုများ မဖြစ်စေရန် လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တိုက်တွန်း

ယုဇနပလာဇာအနီး လုံခြုံရေးယူထားသော ရဲဝန်ထမ်းများကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်း ထွက်ပေါ်နေသော နေရာများကို လုံခြုံရေး အင်အား နှစ်ဆ တိုးချထားကြောင်းနှင့် ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များကို စဉ်းစား ချင့်ချိန်မှုဖြင့် ထိန်းသိမ်းသင့်ပြီး အုပ်စုလိုက် စုဖွဲ့မှုများ မဖြစ်စေရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြင့်အေးက မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

"သတင်းထွက်ပေါ်တဲ့ နေရာတွေကို လုံခြုံရေး အင်အားကို နှစ်ဆချထားတယ်။ ကြောက်လန့်မှုတွေ၊ စိုးရိမ်မှုတွေကို စဉ်းစားချင့်ချိန်မှုတွေနဲ့ ထိန်းသိမ်း သင့်ပါတယ်။ လက်ရှိ အချိန်အထိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ လုံခြုံရေး အင်အား ပိုချထားပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြင့်အေးက ပြောသည်။

ထို့အပြင် ထွက်ပေါ်နေသော ကောလာဟလများကြောင့် စိုးရိမ်စိတ်ဝင်ပြီး တစ်ဦးစ၊ နှစ်ဦးစဖြင့် မိမိလုံခြုံရေး မိမိယူရင်း အုပ်စုလိုက် စုဖွဲ့မှုများ မဖြစ်ပေါ်စေရန် လိုအပ်ကြောင်းလည်း ရဲမှူးမြင့်အေးက အကြံပြုပြောကြားခဲ့သည်။

ယမန်နေ့ညကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းရှိ ကလပ်တစ်ခုတွင် လူငယ်များ ရန်ပွဲငယ်တစ်ခု ဖြစ်ရာမှ တစ်ဆင့် ထိုဖြစ်ရပ်ကို ပုံကြီးချဲ့ပြီး လှုံ့ဆော်မှုများ ရှိခဲ့ခြင်းကြောင့် ပဋိပက္ခ ဖြစ်ပွားသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ရဲမှူးမြင့်အေးက ပြောပါသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း သတင်းထွက်ပေါ်ရာ နေရာများအနက် မင်္ဂလာ တောင်ညွန့် မြို့နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားခြင်းမျိုး မရှိသေးဘဲ တည်ငြိမ်မှု ရှိစေရန်အတွက် တာဝန်ကျ ရဲဝန်ထမ်းများ အပါအ၀င် အရပ်ဝတ် ရဲဝန် ထမ်းများပါ စောင့်ကြည့်နေကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ် အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့လည်း လုံခြုံရေး အင်အားကို လိုတာထက် ပိုမို အသုံးပြုပြီး အရပ်ဝတ်တွေနဲ့ရော၊ ယူနီဖောင်း ၀တ်တွေနဲ့ပါ စောင့်ကြည့်နေပါတယ်။ ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးပါဘူး။ ခက်တာက လူတွေက တစ်ခုခု ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အုပ်စုလိုက် အုပ်စုလိုက် ဖြစ်နေကြတာပါ။ ကျွန်တော်တို့လည်း အဲတာကို စိုးရိမ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ လိုတာထက်ပိုပြီး သတိထား စောင့်ကြည့်နေပါတယ်။ မင်္သကာဖွယ်ရာ တစ်ခုခုတွေ့ပြီ ဆိုရင် ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ဆီ ဖုန်းဆက် အကြောင်းကြားပြီး ပူးပေါင်း ပါဝင်နိုင်ပါတယ်။ ဒီလို ပူးပေါင်း ပါဝင်ရင်တော့ အကောင်းဆုံးပါပဲ”ဟု မင်္ဂလာတောင် ညွှန့်မြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောပါသည်။

မင်္ဂလာ တောင်ညွှန့်မြို့နယ်အတွင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တစ်ဝိုက်ရှိ ဆိုင်အများအပြားကို ယနေ့ မွန်းလွဲပိုင်းတွင် ဆိုင်ရှင်များက ပိတ်သိမ်းခြင်း ရှိနေပြီး ထွက်ပေါ် နေသော ကောလာဟလများကြောင့် စိုးရိမ်စိတ်ဖြင့် ဆိုင်များကို ပိတ်သိမ်းနေခြင်း ဖြစ်ကြောင်း၊ ကောလာဟလများကြောင့် လူအများ အကြား စိုးရိမ်စိတ် ၀င်နေခြင်းမှ လွဲ၍ အခြားသော ပဋိပက္ခများ ဖြစ်ပွားခြင်းများ မရှိကြောင်း မင်္ဂလာတောင်ညွှန့် မြို့ နယ်အတွင်း ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။

ထို့အပြင် မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို အကြောင်းပြု၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မငြိမ် မသက်ဖြစ်စေနိုင်သည့် ကောလဟာလများ၊ Phone Message, Facebook Status စသည့် သတင်းဖြန်ဖြူးမှုများ ပြန့်နှံ့လျက်ရှိပြီး ပြည်သူများအကြား ကျီလန့်စာစား အခြေအနေတစ်ရပ်ကို ရောက်ရှိ လာရန် ဦးတည်လျက် ရှိနေကြောင်း၊ မိဘပြည်သူများအကြားတွင်လည်း သံသယများ ဖြစ်ပေါ်စေကာ လုံခြုံအေးချမ်းမှုအပေါ် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်လာစေသည့် အခြေအနေတွင် ကောလဟာလအ မျိုး မျိုးကြောင့် အထင်အမြင်လွဲမှားကာ ပဋိပက္ခများ ဖြစ်ပွားလာနိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေ အနေ များ ဖြစ်ပေါ်နိုင်ကြောင်း၊ လတ်တလောတွင် အမျိုးမျိုး ဖြစ်ပေါ်နေသော ကောလဟာလများကို အလွယ် တကူ မယုံကြည်သင့်ဘဲ သက်ဆိုင်ရာတာဝန်ရှိသူများထံ စုံစမ်းမေးမြန်းပြီးမှ သတင်းအမှန်များ အတည်ပြုကြရန် လိုအပ်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ Facebook စာမျက်နှာတွင် မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေးသားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး များအား မြို့နယ် အတွင်း တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်စေလျက်ရှိသလို တစ်ချိန်တည်းမှာပင် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်နေ မိဘပြည်သူများ၊ လူငယ်များ လူမျိုး/ ဘာသာမရွေး ပူးပေါင်းကာ မိမိရပ်ကွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စေရေး ညှိနှိုင်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ဦးဇော်ဌေးက ရေးသားထားပါသည်။

Credit : Here

ကောလာဟလ ထုတ်လွှင့်မှုအချို့ကြောင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းအများစု ပိတ်သိမ်း


ယုဇနပလာဇာနှင့် မင်္ဂလာဈေးအနီး ဗညားဒလ လမ်းပေါ်ရှိ ဈေးဆိုင်များ အချိန်စောပိတ်သိမ်းခဲ့သည်ကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်

ဘာသာရေး၊ လူမျိုးရေးနှင့် သက်ဆိုင်သည့် ကောလာဟလ ထုတ်လွှင့်မှု အချို့ကြောင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းများမှာ ပိတ်သိမ်းလျှက် ရှိသည်။

ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တစ်ဝိုက်တွင် လူမျိုးရေး၊ ဘာသာရေးနှင့် သက်ဆိုင်သည့် ကောလာဟလများ ထုတ်လွှင့်မှုကြောင့် ဆိုင်ခန်းပိုင်ရှင်များမှာ ဆက်လက်ရောင်းချခြင်း မပြုပဲ ဆိုင်ခန်းအချို့ ပိတ်သိမ်းခြင်းဖြစ်သည်။

မင်္ဂလာဈေးရှိ ဆိုင်ခန်းများအား လုံးပိတ်သိမ်းခြင်း မဟုတ်ပဲ ဆိုင်ခန်းအချို့မှ ပိတ်သိမ်းခြင်း၊ ဗညားဒလ လမ်းမပေါ်ရှိ ဆိုင်ခန်းအများစု ပိတ်သိမ်းခြင်း ဖြစ်သည်။

မင်္ဂလာဈေးမှ ဈေးကော်မတီနှင့် တာဝန်ရှိသူများကမူ စိုးရိမ်စရာမရှိကြောင်း၊ ဆက်လက်၍ ဆိုင်ခန်း ဖွင့်လှစ် ရောင်းချနိုင်ကြောင်းကို ဆက်တိုက်နီးပါး ကြေညာပေးလျှက်ရှိပြီး တာဝန်ရှိသူများ၊ တာဝန်ကျ ရဲဝန်ထမ်းများလည်း လာရောက်ဆောင်ရွက်ပေးလျှက် ရှိသည်ဟု သိရသည်။

ယခုဖြစ်စဉ်အရ မည်သည့်အကြောင်းရင်း တစ်စုံတစ်ရာမရှိပဲ ကောလာဟလ ထုတ်လွှင့်နေသူ များကြောင့် ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့ညကလည်း ကားတစ်စီးဖြင့် လူတစ်စုမှ လိုက်လံ၍ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ဗလီတွေကို ဖျက်နေပြီဟူသော သတင်းမှားများ ထုတ်လွှင့်ကာ ဆူပူစေရန် လှုံ့ဆော်မှု ဖြစ်ပွားခဲ့သည်။

Credit : Here

ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း ဦးအောင်မင်းပြောကြား


နိုင်ငံတွင်း ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကပြောသည်။

ယနေ့ နံနက်ပိုင်းက ဆရာတော်အရှင်ဆေကိန္ဒ၊ ဆရာတော် ဦးဝီရသူ၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်သုံးဦး၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်သုံးဦး တို့နှင့်အတူ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးဆန်းဆင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ နမ်ဗီးယားတို့ မိတ္ထီလာမြို့ အခြေအနေကို လိုက်လံကြည့်ရှုပြီး၊ ဒုက္ခသည်များအားလည်း လိုက်လံတွေ့ဆုံ အားပေးစဉ် သတင်းစာဆရာများအား ဦးအောင်မင်းက ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

"ခုလိုမျိုး ဆူပူမှုတွေမကြာခဏဖြစ်နေတာဟာ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကို အကြီးအကျယ်ထိခိုက်စေပါ လိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးက ရိုးရိုးရှင်းရှင်းလေးပဲ အချက် နှစ်ချက် လမ်းညွှန်ထားပါတယ်။ တစ်အချက်က ကိုယ့်နိုင်ငံသားတွေအကျိုး မထိခိုက်   စေဖို့၊ နှစ်အချက်က ရင်းနှီးမြှုတ်နှံတဲ့သူတွေအတွက် အာမခံချက်ရှိဖို့ပဲ။

ဒီလိုသာ ဆူပူမှုတွေ မကြာခဏဖြစ်နေမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုတ်နှံသူတွေက ဘယ်လိုလုပ်ပြီး လာရဲမှာလဲ။ ဒါကြောင့်မို့လို့ ခုလိုမျိုးတွေ မကြာခဏဖြစ်နေမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကို အကြီးအကျယ်ထိခိုက်စေမှာပါပဲ"ဟုဦးအောင်မင်းကပြောကြားခြင်းဖြစ်သည်။

Credit : Here

မိတ္ထီလာအဖြစ်အပျက်ကြောင့် ရွှေစက်တော်ခြေတော်ရာဘုရားပွဲ ဘုရားဖူးအလာနည်း

နှစ်စဉ်တပို့တွဲလ္ဆန်း(၅)ရက်မှ စတင်ကာ မြန်မာ အခါသင်္ကြန်နှစ် ဆန်းတစ်ရက်နေ့အထိ ကျင်း ပ မြဲဖြစ် သော မင်းဘူး(စကု)မြို့နယ်ရှိ မန်းစက်တော် ရာ(ရွှေစက်တော်)ဘုရားပွဲသို့ ဘုရားဖူးများ လာရောက်မှုကြဲပါးသွားကြောင်း တည်းခိုဆောင် လုပ် ငန်းရှင်တစ်ဦးမှပြော့သည်။

“အခုတစ်လောဖြစ်နေတဲ့ မိတ္ထီလာ အရေးခင်းေ ကြာင့်ရော ၊ကျမတို့မန်းစက်တော်ရာဈေးခင်းမှာ ထွက် ပေါ်နေတဲ့၊ ဘုန်းကြီးတစ်ပါး အိမ်မ က်ကြောင့်ရောပေါ့နော်၊ ဘုရားဖူးအလာနည်းသွား တယ်။ရေက လည်းနည်း နည်းနောက်နေတော့ လုပ်သက်(၁၁)နှစ်အတွေ့အကြုံအရ ရေနောက်တဲ့နှစ်ဆို လူအလာ နည်း တယ်၊ ဒီနှစ် လုပ်ငန်းရှင်တွေမြတ်ဘို့မလွယ်ဘူး၊ တည်းကျောင်းလေလံနေရာတွေဝယ်ရတဲ့ ဈေးကလည်း အပြိုင် ဆိုတော့၊နေရာရဘို့လေးတင် သိန်း(၃၀)လောက်ပေးရတာ၊ တည်ကျောင်းခတစ်ခန်းကိုလေးငါးသောင်းမှ မငှါးရရင် အ ရင်း ပြန်ရဘို့တောင်မလွယ်ဘူး” ဟုနှစ်စဉ်တည်းကျောင်း လုပ်ကိုင်နေသူမှ ညည်းတွား ခဲ့သည်။

နွေရာသီကျောင်းပိတ်ရက်ဖြင့်တိုက်ဆိုင်စွာရက်ရှည်ကျင်းပနိုင်ခြင်းနှင့် စီးဆင်းလျှက်ရှိသော မန်းချောင်း ငယ်တွင်ရေချိုးဆော့ကစားနိုင်ခြင်းက ဘုရားဖူးများအတွက်အားသာချက်ပွဲတော် တစ်ခုလည်းဖြစ်သည်။

လေ လံချထားရာတွင် အများစိတ်အ၀င်စားခံရဆုံးလည်းဖြစ်သည်။ ယင်းနှင့်ဆက်စပ်၍ ဘုရားဖူး များဝင်ရောက်နားခိုကြသည်မှာမကွေးမြသလွန်ဘုရားဖြစ်သည်ဟု ဘုရားဂေါပကမှပြောသည်။

“ဒီရက်တွေက ကျနော်တို့မြသလွန်ဘုရာကြီးအတွက် အလှူခံရငွေအများဆုံးကာလဗျ၊ လာ တာကတော့ရွှေစက်တော်ဘုရားပွဲဆိုပြီးလာခဲ့ပေမဲ့၊ ဟိုမှာ တည်းကျောင်းအခန်းအခတွေက အဆ မတန် ဈေး များတော့၊ (၂)ညအိပ်မှာကိုမအိပ်တော့ဘူး ဒီဘုရားမှာလာအိပ်တယ်၊ ကျနော်တို့က အလကား တည်းခိုနိုင်အောင်စီစဉ်ပေးထားပါတယ်၊ အေးအေးဆေးဆေးနေရတော့ သဒ္ဒါစိတ်က ဘုရားအတွက် အလှူငွေများများ ထည့်သွားကြ တာဗျ” ဟု ဘုရားအလှူခံရရှိငွေ များရခြင်းကိုဂေါပက လူကြီးက ရှင်းပြခဲ့သည်။

ကားသမားတစ်ဥိးက “ဘုရားရောက်ဘို့က ဧရာဝတီတံတားက(၆၀၀)၊ မင်းဘူးအထွက် က(၅၀၀) မန်းချောင်းတံတားက(၁၅၀၀)၊ သုံးမိုင်လမ်းခွဲဂိတ်က(၁၀၀၀) ၊လှေတင်တံတားကြေးက(၁၅၀၀)၊ ဘုရား ပွဲတော်ဝန်း ၀င်ကြေးက(၁၅၀၀)ဗျာ၊ ဒါကားလေးဈေးပဲရှိသေးတာ ကားကြီးဆိုရင်တော့ မပြော နဲ့တော့ပေါ့ဗျာ များပြီ ပေါ့” ဟုလမ်းတံတားကြေးအကြီးဆုံးလမ်းပိုင်းဖြစ်ကြောင်းပြောပြသွားခဲ့သည်။ ယ္ခုအခါဖြစ်ပေါ်လျှက်ရှိသော မိတ္ထီလာပဋိပက္ခများနှင့်၊ထွက်ပေါ်လာသော မတ်လ(၂၅)(၂၆)တွင်ရာသီဥ တုဘေးရန် ကျနိုင်ခြင်းဆိုသည့်ဘုန်းတော်ကြီးအိပ်မက်ကဘုရားဖူးများနည်းပါးခြင်းကြောင့်မန်းရွှေစက်တော်ဘုရားပွဲတော်တွင်လေလံဝယ်ယူလုပ်ကိုင်နေကြရသော တည်း ကျောင်း လုပ်ငန်းရှင်များ၊အခြားသောအလှူခံလေလံရထားသူများ၊ဈေး သည် များ အရှုံးနှင့်ရင်ဆိုင်ရမည်ကို ရတက်မအေးဖြစ်နေရကြောင်းသိရသည်။

Credit : Here

(အမျိုးသား အမျိုးသမီးများ သတိပြုရှောင်ရှားတက်စေရန်) ကာမစိတ်ကို နိုးကြွစေနိုင်သည့် Lady Coffee


ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။ အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။

အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနို င်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူ ကြကြောင်းတွေ့ ရှိရသည်။

ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများ ၀ယ်ယူသုံးစွဲ နိုင်သော ချိုသာသောအနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်း များလာကြောင်းသိရသည်။

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။

နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။

ကဲ သတိသာထားကြပေတော့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ရေ။

Credit : Here

မိတ္ထီလာမြို့၌ တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိနေပြီဖြစ် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ နေရာချထား ဆောင်ရွက်ပေးလျက်ရှိ ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေးအတွက် လိုအပ်သည့် ကိစ္စအဝဝကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးထား

နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ဖြင့် အရေးပေါ် အခြေအနေကြေညာခြင်းကို မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရာမတ် ၂၂ ရက် ညပိုင်းမှ စတင်၍ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီဖြစ်သည်။ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော ဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်းများဖွင့် လှစ်၍ နေရာချ ထား ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့အတွက် အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆား၊ ပဲနှင့် ထောက်ပံ့ရေးပစ္စည်းများဖြန့်ဝေပေးလျက်ရှိသည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့် တာဝန်ရှိသူ များက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ဦးစီးသည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးစခန်းအသီးသီးရှိဒုက္ခသည်များ၏ စားသောက် နေထိုင်ရေးအတွက် လိုအပ်သည့် ကိစ္စအဝဝ ကိုကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပြီး မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် အလှူခံဌာနဖွင့်လှစ် ထားရှိ၍ စီစဉ် ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် ဒုက္ခသည်များအားရေသန့်၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ကုန် များကို ဖြန့်ဝေပေးလျက်ရှိပြီး၊ စေတနာရှင်၊ အလှူရှင်များကလာရောက် လှူဒါန်းလျက်ရှိရာ ဧဒင်ကုမ္ပဏီ၊ မန္တလေးမြို့ရှိသံဃာများနှင့် အလှူရှင်များ၊ The Action Time Foundation၊ Sky Net ရုပ်သံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးအောင်ကျော်ဦး၊ ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးတို့ကခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်မျိုးစုံ၊ ရေသန့်ဗူးများ၊ အအေးဗူးများ၊ ဆန်အိတ်များ၊ ဆေးဝါးများ၊ မိုးကာတဲများ၊ အထည်မျိုးစုံ၊ ကော်ဖီမစ်ထုပ်များ၊ ဓါတ်ဆားထုပ်များနှင့် အလှူငွေများကိုလာရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ကယ်ဆယ်ရေးစခန်းများ၌ ယာယီနေထိုင်လျက်ရှိသော ဒုက္ခသည်များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပေးပို့သည့် ထောက်ပံ့ရေးပစ္စည်း များသည် ရန်ကုန်မြို့မှ မိတ္ထီလာမြို့သို့ ၂၃.၃.၂၀၀၃ ရက်နေ့တွင် Y-8 လေယာဉ်ဖြင့် ရောက်ရှိလာသည်။

ကယ်ဆယ်ရေးစခန်းများမှာ နေရပ်အသီးသီးရှိ မိမိတို့ နေအိမ်သို့ ပြန်လိုသူများကိုလည်း သက်ဆိုင်ရာက လုံခြုံရေးတာဝန်ယူ၍ လိုက်ပါပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။လုံခြုံရေးတာဝန်ကျ ဝန်ထမ်းများ သည် ဒေသတည်ငြိမ်အေးချမ်းရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို 
၂၃.၃.၂၀၀၃ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက် အပျက်အစီးများ အတွင်းမှ စုစုပေါင်း သေဆုံးသူ (၂၁) ဦး၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ ရုပ်အလောင်းများသည် ရုပ်ဆင်းအင်္ဂါ ပျက်ယွင်းနေပြီးအမည်နှင့် လူမျိုးဘာသာ ခွဲခြားနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် 
၂၃.၃.၂၀၀၃ ရက်နေ့ညနေပိုင်းအထိ ရရှိသော သတင်းများအရ သေဆုံးသူစုစုပေါင်း (၃၂) ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။

Credit : နိုင်ငံတော်သမ္မတရုံး

ရွေးကောက်ပွဲ မနိုင်မည် စိုးရမ်သဖြင့် (PR) ကို NLD နှင့် တိုင်းရင်းသားပါတီများ ကန့်ကွက်မည်


ရရှိသော မဲများအားလုံးပေါင်းကာ အချိုးကျစနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် နေရာရယူသော အချိုးကျ ကိုယ်စားပြုစနစ် (PR System) ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မကျင့်သုံးရန် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားပါတီများက The Voice Weekly သို့ ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးစံကျော်လှကလည်း အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို လက်မခံကြောင်း ပြောကြားသည်။

နိုင်ငံရေးပါတီများ အားလုံးနှင့် မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြားထားပြီး အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး ကို ဆွေးနွေးနိုင်ဖွယ် ရှိသောကြောင့် နိုင်ငံရေးပါတီဝင်များ ကန့်ကွက်သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ဆိုသည်။

အင်အားကြီးပါတီများနှင့် ယှဉ်ပြိုင်အရွေးခံပါက တိုင်းရင်းသား ပါတီငယ်များ အနေနှင့် ရွေးကောက်ပွဲ အနိုင်ရရန် ခက်ခဲနိုင်ပြီး လွှတ်တော်အတွင်း တိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင်နိုင်မည်ကို စိုးရိမ်သဖြင့် အချိုးကျကိုယ်စားပြု စနစ်ကို ကန့်ကွက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကဆိုသည်။

အချိုးကျ ကိုယ်စားပြုစနစ်မှာ မဲဆန္ဒရှင်ပြည်သူများက ပါတီကို ရွေးချယ်မဲပေးရခြင်း ဖြစ်ပြီး မဲရရှိသော ရာခိုင်နှုန်းအလိုက် သက်ဆိုင်ရာ ပါတီများက မိမိပါတီဝင်များ ထဲမှ လွှတ်တော်ကိုယ်စားလှယ် များကို ရွေးချယ်စေလွှတ်သော စနစ်ဖြစ်သည်။

တိုင်းရင်းသား ပါတီများကလည်း ပြည်နယ်များတွင် အချိုးကျကိုယ်စားပြု စနစ်ကို ကျင့်သုံးပါက ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကဲ့သို့ တိုင်းရင်းသားပါတီ များ အပြတ်အသတ် အနိုင်မရမည်ကို စိုးရိမ်နေကြောင်း တိုင်းရင်းသားပါတီ ဝင်များက ပြောကြားသည်။

"PR စနစ် (အချိုးကျကိုယ်စားပြုစနစ်) ကို မကြိုက်ဘူး။ ကန့်ကွက်မယ်" ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောအောင်ကြည်စိုး က ဆိုသည်။

ယင်းစနစ် ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သို့တင်ပြပါက လွှတ်တော်က အတည်ပြု၊ မပြုအပေါ် မူတည်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောကြားသည်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ တွင် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးပါက တစ်နိုင်ငံလုံးရှိ မဲဆန္ဒ နယ်များတွင် အင်အားကြီးပါတီများနှင့် တန်းတူယှဉ်ပြိုင် အရွေးခံနိုင်ရန် တိုင်းရင်းသား ၁၃ ပါတီ ပူးပေါင်း ဖွဲ့စည်း ထားသည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းက ကြိုတင်ပြင်ဆင် နေကြောင်း ယင်းဖက်ဒရေးရှင်းတွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ တွဲဖက် ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ပြောကြားထားသည်။

Credit : Here

လက်ပံတောင်း တောင် စီမံကိန်း နယ်မြေရှိ ကျေးရွာ များတွင် ပညာရေး၊ ကျန်းမာရေး၊ မြေတိုင်းတာရေးနှင့် အလုပ်အကိုင် ရရှိရေး တို့ကို ဆောင်ရွက် ပေးလျက်ရှိ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင် ရွက်ရေး ကော်မတီက ဖွဲ့စည်းတာဝန် ပေးအပ်ထားသော အဖွဲ့များသည် စီမံကိန်း နယ်မြေ၏ ကျေးရွာများ သို့ သွားရောက်၍ အဖွဲ့ငယ်များဖြင့် မြေယာများ စိစစ် တိုင်းတာခြင်း၊ စိုက်ပျိုး မြေများ ဖော်ထုတ်နိုင်ရေး ညှိနှိုင်းခြင်း၊ အလုပ်အကိုင် ရရှိရေးနှင့် ပညာရေး၊ ကျန်းမာရေး ဆောင် ရွက်ပေးရန် ရှိသည်များကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

မတ် ၁၈ ရက်တွင် သိမ်းဆည်းမြေ ယာများ စိစစ်ရေး အဖွဲ့အနေဖြင့် ဖောင်းကတာ၊ ရွာရှည်၊ တုံ၊ တောင်ပလူ ကျေးရွာ အုပ်စုများမှ တောင်သူ ၉၆ ဦးအား မြေယာ လျော်ကြေး ငွေကျပ် ၂၈၄၉ သိန်းကျော် ထပ်မံ ပေးအပ်ခဲ့သဖြင့် မတ် ၁၆ ရက်မှ ၁၈ ရက်အထိ စုစုပေါင်း တောင်သူ ၂၅၉ ဦးအား မြေယာလျော်ကြေးငွေ ကျပ် ၈၄၄၇ သိန်းကျော် ပေးအပ်ခဲ့သည်။

မြေယာ လျော်ကြေးငွေ ပေးအပ်ရာ၌ ဒေသခံ တောင်သူများမှ တင်ပြသော မြေယာ လျော်ကြေး ကန့်ကွက် လွှာ (၁၄) စောင်ကို လက်ခံရရှိပြီး သိမ်းဆည်း မြေယာများ စိစစ်ရေး အဖွဲ့မှ မှတ်တမ်းတင် စိစစ်ဆောင် ရွက် ပေးမည် ဖြစ်သည်။ မြေယာလျော်ကြေး ကန့်ကွက် လွှာများမှာ ကိုယ်စား ထုတ်ယူမှုကို ကန့်ကွက်ခြင်း၊ အမွေဆိုင် ဖြစ်၍ ကန့်ကွက်ခြင်း၊ မြေယာပြန်လည် တိုင်းတာပေးရန် ကန့် ကွက်ခြင်းနှင့် လျော်ကြေး နှုန်း ထားများ သတ်မှတ်ရာ တွင်မြေအမျိုး အစား ကွဲလွဲချက်များ ရှိသဖြင့် ကန့်ကွက်ခြင်း တို့ဖြစ်ကြောင်း သတင်းရရှိသည်။

Credit : Here

အမေစုနောက်ကွယ်မှာ ဦးဝင်းတင်ဘာတွေကြံစည်နေသလဲ…?


အမေစုက အဖြောင့်အတိုင်းကြည့်တတ်တော့ အဘိုးကြီး ဦးဝင်းတင်ရဲ့ ကောက်ကျစ်တဲ့ ကလိန်ကကျစ် အကွက်ဆန်းတွေကို မမြင်မိတာဖြစ်မယ်။ အခုပဲကြည့်လေ ဘိုးတော်ဦးဝင်းတင်ရဲ့ ဒီလှိုင်း ဂျာနယ်က လူတွေ အရန်ဗဟိုကော်မတီထိုင်ခုံတွေ ဝင်ထိုင်လာ ခဲ့ပြီ။

နောင်ဆို သစ်ကုလားအုတ် ပုံပြင်ထဲကလိုဖြစ်တော့မယ်။ အမေစုကို တဲထဲကတွန်းထုတ်ဖို့ သစ်ကုလားအုတ်ဦးနှောက်ပိုင်ရှင် ဦးဝင်းတင် ရဲ့အကြံဥာဏ်တွေကို  မြင်နေရတယ်။

နောက်တစ်ယောက်က နာမည်နဲ့လူနဲ့ဆန်ကျင်ဘက် ဖြူဖြူသင်း။ သူက ဦးဝင်းတင်ရဲ့လူစစ်စစ်။ အများ အမြင်မှာ ခပ်တန်းတန်းဆက်ဆံပေမယ့် ကွယ်ရာမှာက တကယ့်ဆရာတပည့်။ အခုလည်း ဗဟိုကော် မတီဝင် ဖြစ်သွားတော့ စောင့်ကြွားစောင့်ကြွားလုပ်နေပြီ။ Living Together ကိုရာဇာနဲ့ ၄၀ ကျော်မှ ကံပေါ်ပြီး လက်ထပ်ကြမယ်လုပ်နေလေရဲ့။ ဖြူဖြူသင်းဟာတစ်ကယ်တော့ ဦးဝင်းတင် ရဲ့ ဒေါက်တိုင် တစ်ဖက်။ ကျန်တဲ့ ဒေါက်တိုင်တွေလည်း NLD ခေါင်းဆောင်ပိုင်းမှာရှိသေးရဲ့။

တကယ်တော့ ဦးဝင်းတင် တစ်စင်ထောင်ပြီဆိုတာရှင်းပါတယ်။ ဒါကို အမေရိပ်မိပေမယ့် မျက်လုံးစုံမှိတ် ကြိတ်ပြီးယုံနေတာအံ့သြလွန်းတယ်။ ကျောချမှ ဓားပြမှန်းသိရတဲ့အဖြစ်မျိုးဆိုရင်တော့ အတော်ပဲ အချိန်နှောင်းသွား ပါလိမ့်မယ်။ ရာဇဝင်မှာ ထီးနန်းရဖို့ သားလုပ်သူကတောင် အဖေအရင်းဖြစ်တဲ့ ဘုရင်ကို လုပ်ကြံခဲ့သေးတာပဲ… အဘိုးကြီးဦးဝင်းတင်တို့ ဖြူဖြူသင်းတို့က သူ့ထက်ကဲနဲ့ရွှေပြည်စိုးတွေမို့ အမေလျော့ မတွက် သင့်ပါဘူး။

ဦးဝင်းတင်ဟာ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး အမျိုးမျိုးဗလောင်းဗလဲ လုပ်တတ်တဲ့ အဘိုးကြီးပါ။ အမေစုကို တိုက်ခိုက်တဲ့နေရာမှာ အခြား ပါတီတွေကို ကြားခံခုတုံးလုပ်အသုံးချမှုတွေရှိတယ်။ ဟုတ်နိုးနိုးနဲ့ သူနောက် သံယောင်လိုက်မိယင် မထင်မှတ်ဘဲသူရဲ့အသုံးချခံဖြစ်သွားပါလိမ့်မယ်။ အဓိကအနီးကပ်ဆုံး အမေ့ကိုတိုက်ခိုက် နေတာ ဒီအဘိုးကြီးပဲ။ အဘိုးကြီးရဲ့အသုံးချခံရသူတွေထဲမှာ NDF က ဦးခင်မောင်ဆွေ တို့တောင်ပါတယ်။ တစ်ချို့ မသိလို့ခံလိုက်ရတာတွေရှိတယ်။

ကျန်တဲ့လူတွေလဲ အရိုးပေါ်လာမှ အသားတွေအစားခံလိုက်ရပါပကော လားလို့ နောင်တမရစေချင်ဘူး။ ဘုံးဘုံးလဲသွားမှပြန်ဆောက် ဖို့မလွယ်ပါ။ ယိုင်လာကတည်းက ကျားကန်ထားကြပါ။ ရှုတ်ထွေးတဲ့နိုင် ငံရေးလောကမှာ အမေ အတွက် အန္တရာယ်ပေးမယ့်အုပ်စုတစ်စုက တာစူလို့နေပါပြီ။

ငွေကြေးကိစ္စလဲပြောချင်ပါတယ်။ ညီလာခံအသုံးစရိတ် သိန်း ၃၆၀ ကို ဦးစိုးညွန့်ကစိုက်ထားတယ်။ အမေက ခွင့်ပြုပေးပြီးပြီ။ ဦးစိုးညွန့် လက်ထဲမရောက်သေးဘူး။ ဒါဆို ကြားထဲမှာဘယ်သူ ကုလားဖန်ထိုး သွားသလဲ။ ပါတီသစ်ထောင်ဖို့များ ရန်ပုံငွေလုပ်သွားလေသလား၊ အမေရေ.. တကယ်ဆို ဖွတ်ထွက် မှတောင်ပို့မှန်းသိရတယ်လို့ မဖြစ်ရအောင် အပွေးမြင်အပင်သိပါအမေ။ ဘိုးတော်လူလည်နှင့် တပည့်ကျော် ဒေါ်ဖြူဖြူသင်းတို့ကို လျော့မတွက် လိုက်ပါနဲ့၊ ဦးဝင်းတင်ရဲ့ညာလက်ထဲမှာ အမေနာမည်ရေး ထားတာ။ အမေ့ကိုထောက်ခံနေတာမဟုတ်ပါဘူး။ တကယ့်ဆိုလိုရင်းက အမေဟာသူ့လက်ခုပ်ထဲကရေ ပါတဲ့။ ဂရုစိုက်ပါအမေ။

Credit : Myanmar Online News FB

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်း ၇၂ ခု လေလံတင် အငှားချထားခဲ့ရာ ၄၃ ခု လေလံအောင်ခဲ့ပြီး လေလံဈေးများ ယမန်နှစ်ကထက်မြင့်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်း ၇၂ ခုကို ဈေးပြိုင်စနစ်ဖြင့် လေလံတင် အငှားချထားခြင်းကို မတ် ၂၀ ရက်က ရန်ကုန်မြို့တော် ခန်းမ တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်း ၄၃ ခု လေလံအောင်ခဲ့ကြောင်းနှင့် လေလံရရှိသည့် နှုန်းထားများ ယမန်နှစ်ကထက် မြင့်တက်ခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

လေလံတင် အငှားချထားခဲ့ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန မှ လှော်ကားလမ်း အသုံးပြုခ ကောက်ခံခြင်း၊ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်း ညပိုင်း ယာဉ်ရပ်နားခ ကောက်ခံခြင်း၊ တောင်ဥက္ကလာပ- ဒဂုံမြောက် ကူးတို့လုပ်ငန်း၊ မြောက်ဥက္ကလာ-ဘုန်းကြီး လမ်း ကူးတို့လုပ်ငန်းများ အပါအ၀င် လုပ်ငန်း ၁၂ ခု၊ ဈေးများဌာနမှ ဈေး ၅၆ ခုရှိ သန့်စင်ခန်း အသုံးပြုခ ကောက်ခံခြင်း လုပ်ငန်း ၅၆ ခု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ပန်းဥယျာဉ်လေးခုရှိ လူ-ယာဉ်ဝင်ခနှင့် သန့်စင်ခန်းဝင်ကြေး ကောက်ခံခြင်း လုပ်ငန်းလေးခု စုစုပေါင်းလုပ်ငန်း ၇၂ ခုဖြစ်သည်။

သို့ရာတွင် လုပ်ငန်း ၄၃ ခုသာ လေလံအောင်ခဲ့ပြီး တောင်ဥက္ကလာပ-ဒဂုံမြောက် ကူးတို့ လုပ်ငန်းနှင့် မြောက်ဥက္ကလာပ-ဘုန်းကြီးလမ်း ကူးတို့လုပ်ငန်းတို့မှာ လေလံအောင်မြင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

လေလံဆွဲသည့် ဈေးနှုန်းများ အနေဖြင့် အင်းယားပန်းခြံ လူ-ယာဉ် ၀င်ခ ကောက်ခံခြင်း လုပ်ငန်းအား ယခင်နှစ်က တစ်နှစ်လျှင် ကျပ်သိန်း ၂၀၀ ဖြင့်လေလံအောင်ခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၆၆၅ သိန်းဖြင့် လေလံအောင်ခဲ့သည်။

လုပ်ငန်းများအားလုံး၏ လေလံအောင်မြင်ခဲ့သည့် ဈေးနှုန်းများ အနေဖြင့် ပြီးခဲ့သည့်နှစ်က ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၈၄၇၀ ကျော် ဖြစ်ခဲ့သော်လည်း ယခုနှစ် လေလံအောင်မြင်သည့်ဈေးမှာ ကျပ်သိန်းပေါင်း ၁၀၅၂၀ ကျော် ဖြစ်သည်ဟု သိရသည်။ ယခုနှစ် ဧပြီ ၁ ရက်မှစ၍ ရန်ကုန်မြို့တွင်းရှိ ယာဉ်ရပ်နားဇုန် များတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်း အစီအစဉ်ကို ဖျက်သိမ်းတော့မည် ဖြစ်သောကြောင့် အဆိုပါဇုန် များတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်း လုပ်ငန်းများကို လေလံတင် အငှားချထားပေးသည့် စာရင်းတွင် ထည့်သွင်းခြင်း မရှိတော့ကြောင်း သိရသည်။

Credit : Here

နိုင်ငံတိုးတက်မှုအတွက် အင်တာနက်လိုင်း ပိုမိုကောင်းမွန်ရန် အရေးကြီးဟု Google ဥက္ကဋ္ဌ ပြော

Google ဥက္ကဋ္ဌ Eric Schmidt (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အင်တာနက်လိုင်းများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုကောင်းမွန်လာမည် ဆိုပါက နိုင်ငံ၏ တရားဥပဒေ အင်အား ယခုထက် ကောင်းလာမည်ဖြစ်ပြီး ထိုအချက်သည် နိုင်ငံတိုးတက်မှုအတွက် အလွန်အရေးကြီးသည့် အခြေခံ အကြောင်းတရား တခု ဖြစ်ကြောင်း Google ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Eric Schmidt က ပြောသည်။

“မင်းတို့အစိုးရ ပြောင်းလဲလိုက်တဲ့ နိုင်ငံရေးဟာ မယုံနိုင်စရာပဲ။ ပြီးတော့ တခြား နိုင်ငံတကာမှာလိုမျိုး ကိုယ့်နိုင်ငံရဲ့ အင်တာနက်ဆက်သွယ်ရေးနဲ့ သတင်းစာတွေ ကောင်းလာအောင် လုပ်ပေးနေတာကလည်း အင်မတန် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်” ဟု သူက ဆိုသည်။

Google ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Eric Schmidt သည် မြန်မာနိုင်ငံသို့လာရောက်ပြီး အနာ ဂတ် ခေါင်းဆောင်များ (လူငယ်များ) နှင့် တွေ့ဆုံပွဲ အခမ်းအနားတခုကို MICT ၌ ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ Eric Schmidt လာရောက်သည့် ကာလသည် အလွန်တိုတောင်းသောကြောင့် ယခုထက် အချိန်ပိုရမည် ဆိုပါက အဆင်ပြေနိုင်မည် ဖြစ်ကြောင်း မြန်မာဘလော့ဂါတဦးဖြစ်သူ ကိုနေဘုန်းလတ် က ပြောသည်။


“သူလာရတာ အချိန်တော့နည်းတယ်။ အချိန် ပိုပေးပြီး လာတယ်ဆိုရင် နယ်ပယ်စုံက လူတွေနဲ့ တွေ့စေ ချင်တာ။ ဘာပဲပြောပြော အခုလိုလုပ်ပေးတာက ဘာမှမလုပ်ဖြစ်တာထက် စာရင် ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

Eric Schmidt မြန်မာနိုင်ငံသို့ လာရောက်ခြင်းကြောင့် နည်းပညာများနှင့် ပတ်သက်သည့် တိုးတက်မှု များကို မြင်တွေ့ လိုကြောင်း ကိုနေဘုန်းလတ်က ၎င်း၏ဆန္ဒကို ထပ်ပြောသည်။

“လူငယ်တွေနဲ့ လာတွေ့တယ်။ ဒီနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကိုလည်း သူက လေ့လာထားပုံရတယ်။ ဒါကို အခြေခံပြီး အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) နဲ့ သွားတွေ့တဲ့အခါမှာလည်း ပူးပေါင်းဆောင်ရွက် မှုတွေ ဖြစ်လာနိုင်တယ်” ဟု ကိုနေဘုန်းလတ်က ဆက်လက်ပြောသည်။

ထိုသို့ မြန်မာနိုင်ငံနှင့် Google ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာမည်ဆိုပါက မိမိတို့ တိုင်းပြည်အနေဖြင့် နည်းပညာနှင့် ပတ်သက်သည့် တိုးတက်မှုများကို ယခုတနှစ်အတွင်း ၌ပင် မြင်တွေ့လာရဖွယ် ရှိနိုင်ကြောင်း သူက ဆိုသည်။

MCF (Myanmar Computer Federation) ဥက္ကဋ္ဌ ဦးခွန်ဦးကလည်း မိမိတို့နိုင်ငံသို့ Google ကုမ္ပဏီ ဥက္ကဋ္ဌ လာရောက်ခြင်းကြောင့် နိုင်ငံအတွက် ကြီးမားသည့် တိုးတက်ပြောင်းလဲမှုများ ဖြစ်လာနိုင်မည်ဟု ထင်ကြောင်း ပြောသည်။

“လောလောဆယ် Eric Schmidt နဲ့ အတိအကျ ဆွေးနွေးထားတာ မရှိသေးဘူးဆိုတော့ ဘယ်လိုစလုပ်ကြမယ် ဘယ်လို ပူးပေါင်းမှုတွေ လုပ်ကြမယ်ဆိုတာကို ကျနော် ဖြေဖို့ ခက်ပါသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

Google ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် အလည်အပတ်ခရီးစဉ် တခုဟု ပြောနိုင် သကဲ့သို့ ပြည်သူများ၏ လိုအပ်ချက်များ၊ စကားသံများကို နားထောင်လို၍ လာရောက်ခြင်း လည်း ဖြစ် သည်ဟု Google ကုမ္ပဏီ၏ အင်ဒိုချိုင်းနားဒေသ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေး တာဝန်ခံ Mrs. Amy Kunrojpanya က ရှင်းပြသည်။

“မြန်မာပြည်ကို ဘာတွေကူညီပေးမလဲဆိုတာ ပြောဖို့ အချိန်စောပါသေးတယ်။ အခုလာလည်တဲ့ ခရီးစဉ် က ပြည်သူတွေရဲ့ ပြောသံတွေ နားထောင်မယ်၊ လေ့လာမယ်။ အကောင်းဆုံးက ပြည်သူတွေကို ဘာတွေ ကူညီသင့်တာလဲ ဆိုတာ မေးမယ်” ဟု သူက ဆိုသည်။

Credit : Here

လိုင်ဇာ မှပြန်ရောက် လာသော ငြိမ်းချမ်းရေး အလံသယ် ဆောင်သူများ သခင်ကိုယ်တော် မှိုင်းအုပ်ဂူတွင် ဂါရဝပြု

ရန်ကုန်မြို့မှ မိုင် ၈၀၀ ကျော်ဝေးကွာသည့် ကချင်ပြည်နယ်၊လိုင်ဇာ သို့ ငြိမ်းချမ်းရေး အလံကို လမ်းလျှောက် သယ်ဆောင် သွားသွားသူများ ယနေ့န့နက် ၄ နာရီခွဲခန့်အချိန်တွင်မန္တလေးမှ တစ်ဆင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ယင်းအဖွဲ့သည် ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင်ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့မှ ခရီးစတင်ထွက်ခွာ၍ကချင်ပြည်နယ် လိုင်ဇာမြို့ အထိ လမ်းလျောက် ခဲ့ကြပြီး ယနေ့ နံနက် ပြန်လည်ရောက်ရှိ လာခဲ့သည်။ ယင်းသို့ပြန် လည် ရောက်ရှိ လာခဲ့ပြီးနောက် နံနက် ၇နာရီအချိန် ခန့်တွင် ရွှေတိဂုံဘုရားအနီးရှိ ပြည်တွင်း ငြိမ်း ချမ်းရေးများပြုလုပ်ခဲ့သော သခင်ကိုယ်တော်မှိုင်း၏ အုပ်ဂူသို့သွားရောက် ဂါရဝ ပြုခဲ့ကြသည်။

“အရမ်းဝမ်းသာတယ်၊ ဒီလို ပင်ပင်ပန်းပန်းကြီး ငြိမ်းချမ်းရေးခရီးစဉ်ကို တွန်းအားတစ်ခု အနေနဲ့ဖော်ဆောင် တာပေါ့၊ ပြည်သူတယောက် အနေနဲ့ ကြိုးပမ်းခဲ့ တာလေ၊ ကေအိုင်အေဘက်ကလဲ ငြိမ်းချမ်းရေးအတွက် ဒီလိုလာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်၊” ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဇော်မင်းထွန်းက ယခုကဲ့သို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့ခြင်းနှင့်ငြိမ်းချမ်းရေးကို အတိုင်းအတာ တစ်ခု အထိ ဖော်ဆောင်ခွင့်ရရှိခဲ့ခြင်းအပေါ် ၎င်း၏ ခံစားချက် ကို ပြောကြားသည်။

ထို့ပြင် ၎င်းသည်ပါတီဝင် တစ်ဦးဖြစ်သော်လည်း ပါတီ၏သွားပါဟူသော အတင်းဖိအားပေး တိုက်တွန်း မှုကြောင့် မဟုတ်ဘဲ မိမိတို့ ဆန္ဒအလျောက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတစ်ခုအနေဖြင့် သွားရောက် ခဲ့ခြင်းဖြစ်ပြီး ယခုပြန်လည်ရောက်ရှိချိန်တွင်လည်း ဆက်လက်လုပ်ကိုင်စရာများ ရှိနေသေးကြောင်းကို ဆက်လက် ပြောကြားသွားခဲ့သည်။

ဝေယံ
The Myanma Age

Credit : Here

မိတ္ထီ လာမြို့ ဒုက္ခ သည် စခန်းများ သို့ မန္တလေးမြို့ရှိ လူမှု ကူညီရေး အသင်း များမှ စားနပ်ရိ က္ခာများ အဓိက ထား သွားရောက်လှူဒါန်းရန် စီစဉ်ဆောင်ရွက်

မိတ္ထီလာမြို့ ဒုက္ခသည်စခန်းများသို့ မန္တလေးမြို့ရှိ လူမှုကူညီရေး အသင်းများမှ စားနပ်ရိက္ခာများ အဓိကထား သွားရောက်လှူဒါန်းရန် စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း လူမှုကူညီရေး အသင်းများ ထံမှ သိရှိရသည်။မန္တလေးမြို့ရှိ လူမှုကူညီရေး အသင်းများမှ သွားရောက်လှူဒါန်းနိုင်ရန် အလှူ ခံခြင်းများ ဆောင်ရွက်နေပြီး အများစုမှာ ဆန်၊ ဆီနှင့် အာလူးကဲ့သို့ စားနပ်ရိက္ခာများကို အရင် သွားရောက် ကူညီ လှူဒါန်းကြမည်ဖြစ်ပြီး ဒုက္ခသည် စခန်းများတွင် လိုအပ်သည်များကို လေ့လာ၍ ထပ်မံသွားရောက် လှူဒါန်းခြင်းများ ဆောင်ရွက်မည် ဟု သိရသည်။“မတ်လ ၂၅ ရက်နေ့မှာ မိတ္ထီလာမြို့က ဒုက္ခသည်စခန်းတွေကို သွားရောက် လှူဒါန်းဖို့ စီစဉ်ထားပါတယ်။ အခုအသင်းကနေ အလှူခံခြင်းတွေ ဆောင်ရွက်နေပါတယ်။ ပထမဆုံး သွားလှူတဲ့ အခေါက်ကိုတော့ ဆန်၊ ဆီ၊ အာလူးတို့လို စားစရာတွေ လှူဒါန်းဖို့ စီစဉ်ထား ပါတယ်။ နောက်အခေါက် တွေကိုတော့ ဒုက္ခသည် စခန်းတွေမှာ လိုအပ်တာကို လေ့လာပြီး သွားရောက် လှူဒါန်းသွားမှာပါ” ဟု ချမ်းမြသုခ လူမှုကူညီရေး အသင်းမှ အတွင်းရေးမှူး ဦးလှအောင် က ပြောကြားသည်။

ထို့အတူ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းကြီးမှလည်း သွားရောက် လှူဒါန်းရန်အတွက် စီစဉ်လျက် ရှိကြောင်း၊ မဟာအောင်မြေကျောက်ဝိုင်းအတွင်း ရှိ ကျောက်စိမ်း၊ ကျောက်မျက် ပရဟိတ လူမှုစီးပွား အကျိုးဆောင်အသင်းနှင့် ရတနာလူငယ်များ အဖွဲ့ကလည်းကျောက်ဝိုင်းမိသားစု အနေဖြင့်မတ်လ ၂၆ ရက် နေ့တွင် သွားရောက် လှူဒါန်းမည်ဖြစ်ရာ ကျောက်စိမ်း၊ ကျောက်မျက် ပရဟိတ လူမှုစီးပွား အကျိုးဆောင်အသင်းမှ ကျောက်ဝိုင်းအတွင်း အလှူခံရရှိငွေ ကျပ် ၂၄ သိန်းကျော်နှင့် ဆန်အိတ် တစ်တင်းခွဲအိတ် ၂၀၊ ရတနာလူငယ် များအဖွဲ့မှ ကောက်ခံရရှိငွေ ကျပ် သိန်း ၂၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ အခြားလူမှုကူညီရေး အသင်းများ အနေဖြင့်လည်း မိမိအစီအစဉ်ဖြင့် သွားရောက် လှူဒါန်းခြင်းများရှိကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ဓများကြောင့် သေဆုံးသူ ၃၀ ကျော် ရှိခဲ့ပြီး မိတ္ထီလာမြို့ ပညာရေး လေ့ကျင့်ရေးကျောင်း၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ခရိုင် အားကစားကွင်းနှင့် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းများတွင် ကယ်ဆယ်ရေး စခန်းများ ယာယီဖွင့်လှစ်ထားရာ ခိုလှုံလျက်ရှိသော ဒုက္ခသည် စုစုပေါင်း ၉၆၄၄ ဦးရှိကြောင်း သိရသည်။

Eleven Media Group

Credit : Here

မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်းနီးပါး ရှိနေပြီး စားသောက်မှုထက် နေရာထိုင်ခင်း အခက်အခဲများရှိနေ


မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင်ဒုက္ခသည်ဦးရေ တစ်သောင်း နီးပါး ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြော ကြားခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည် အများစုမှာ စားသောက်မှု အပိုင်းထက် နေထိုင်မှုအပိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံ တွေ့သူ များ ၏ ပြောကြားမှု အရ သိရှိရသည်။

သမုန်းကုန်း ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသည့် ဒေါ်ယဉ်ထွေးက “ဒီကယ်ဆယ်ရေးစခန်း အနေနဲ့စားဖို့သောက်ဖို့ လိုအပ်မှုတွေသိပ်မရှိဘူး။ ဒါပေမယ့် ကျောင်းမှာ လူ အရမ်းများတဲ့အတွက် နေရထိုင်ရတာ အဆင်မပြေ ဖြစ်နေတယ်။

နောက်ထပ်ရောက်လာတဲ့ သူတွေကိုတော့ အပင်အောက်တွေလိုနေရာမျိုးတွေမှာ အဆင်ပြေသလိုပဲနေ ထိုင်နေရတယ်။ နေ့ခင်းဘက်တွေမှာ အရိပ်အာဝါသ မရှိသလို ညဘက်တွေမှာလည်း စိုးရိမ်စိတ်တွေနဲ့ လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု ပြောကြားခဲ့သည်။

မိတ္ထီလာမြို့ရှိ ကယ်ဆယ်ရေးစခန်း အများစုတွင် နေထိုင်မှုအတွက် အခက်အခဲများ ရှိနေသည့်အပြင် မိသားစုကွဲကွာနေမှုများလည်း ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်က “ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် လေ့လာတဲ့ အခါမှာအများစုရဲ့ အဓိကတောင်းဆိုတဲ့အချက်က သူတို့ရဲ့ ကွဲကွာနေကြတဲ့ မိသားစုကိုပြန် လည်တွေ့ ဆုံဖို့ ပြောလာကြတယ်။ ဒါကြောင့် ဒီလို အခြေအနေတွေကို အမြန်ဆုံး အကောင်အထည် ဖော်သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့၊ ခရိုင်အားကစားကွင်း အတွင်းတွင်ရောက်ရှိနေသော ဒုက္ခသည်များကို အမိုးအကာအောက်သို့ရောက်ရှိစေရန်အတွက် မြို့ပေါ်ရှိ စာသင်ကျောင်းများသို့ ပြောင်းရွှေ့နေရာချ ထား ပေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group

Credit : Here

မြန်မာပြည်ကိုရောင်းစားနေသူများ အကြောင်းတစေ့တစောင်


ဒီသုံးယောက်ဟာ Farmaner(Burma Campaign UK)အတွက် ၂၀၀၃-၄ ကတည်းက အလုပ် လုပ်ပေးနေပြီး ၊ Zoya Phan ဟာ Mark Farmaner ရဲ့ living together နေတဲ့ မယား၊ Mark ရဲ့ အရင်မယားကြီး အင်္ဂလိပ်မ က လူလယ်ကောင်မှာဇိုရာဖန်ကို** TURN PIKE LANE UNDERGROUND STATION ** ရှေ့မှာ ပါးချတာ လူတိုင်း အသိ။

ဝေနှင်းပွင့်သုန်နဲ့ Mark ကိုမသင်္ကာဖြစ်ပြီး ဇိုရာဖန်နဲ့ ဝေနှင်း ရန်အကြီးအကျယ်ဖြစ်ကြတာလည်း လူတိုင်း အသိ။ အခု မြအေးလွတ်လာတော့ ၈၈ ကျောင်းသားတွေကိုသူ့အဖေက တဆင့် Skype နဲ့ Brain wash လုပ်နေတာလဲ လူတိုင်းအသိဆုံး။

အစွန်ဆုံးက ကရင် Mary Hla ကတော့ နိုင်ငံခြား ရေဒီယို၊ မီဒီယာ တွေက ဘာမေးမေးMark Farmaner & Anna Robert ညာခိုင်းတဲ့ အတိုင်း မြန်မာ့ သတင်းတွေကို ညာပေးနေရတဲ့သူပဲ။

အဲဒီ ၃ဦးနဲ့ အခြားအပေါင်းအပါတွေသာမရှိရင် Burma Campaign UK ဆိုတာ ရပ်တည်လို့မရတော့ဘူး။

Zoya Phan နဲ့ Mark Farmaner (စေ့စပ်တယ်ကရင်လူမျိုးတွေကြားမှာ )Zoya Phan နဲ့ Mark Farmaner engaged last year)။

မယူသေးတာကတော့ ထုံးစံအတိုင်းပေါ့။ သူတို့က မြန်မာပြည်အတွက် လုပ်နေသူတွေတော့ လုံးဝမဟုတ် တာသေချာတယ်။ အဲဒီ ၃ဦးနဲ့ အခြား အပေါင်းအပါတွေသာမရှိရင် Burma Campaign UK ဆိုတာ ရပ်တည် လို့မရတော့ဘူး။

Credit : Here

မိမိတို့ မြို့တွေ ရပ်ကွက်တွေမှာဖြစ်ဖြစ် မသင်္ကာစရာများတွေ့ရင်ဖြစ်ဖြစ် ဆူပူမှုတွေ ဖြစ်လာရင် အရေးပေါ်ဆက်သွယ် ဆက်သွယ်လိုက်ပါ


မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့စခန်းများဖုန်းနံပါတ် ( ပြည်ထဲရေးဝန်ကြီးဌာန)

၁။ ဒဂုံတောင်ရဲစခန်း ၀၁-၅၉၀၀၉၃
၂။ ဒဂုံမြောက်ရဲစခန်း ၀၁-၅၈၄၁၀၉
၃။ ဒဂုံအရှေ့ ၀၁-၅၈၅၁၈၇
၎။ ဒဂုံဆိမ်ကမ်း ၀၁-၅၉၃၀၀၇
၅။ ဗိုလ်တစ်ထောင် ၀၁-၂၉၁၈၇၄
၆။ မင်္ဂလာတောင်ညွန့် ၀၁-၂၉၁၀၃၄
၇။ သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅
၈။ သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃
၉။ တောင်ဥက္ကလာပ ၀၁-၅၆၁၆၄၂
၁၀။ မြောက်ဥက္ကလာပ ၀၁-၉၆၉၉၃၈၄
၁၁။ ရွှေပေါက်ကံ ၀၁-၉၆၉၅၅၆၁
၁၂။ ဝေဘာဂီ ၀၁-၉၆၉၉၁၃၈
၁၃။ တာမွေ ၀၁-၅၅၆၇၇၁
၁၄။ သင်္ဃန်းကျွန်း ၀၁-၅၆၂၅၄၄
၁၅။ သုဝဏ္ဏ ၀၁-၅၆၂၅၈၈
၁၆။ ပုဇွန်တောင် ၀၁-၂၉၁၂၁၈
၁၇။ ဒေါပုံ ၀၁-၅၅၆၉၈၈
၁၈။ ရန်ကင်း ၀၁-၅၇၇၁၉၀
၁၉။ မရမ်းကုန်း ၀၁-၆၆၀၃၅၂
၂၀။ ဘုရင့်နောင် ၀၁-၆၈၀၇၇၄
၂၁။ လှိုင် ၀၁-၅၁၉၅၃၁
၂၂။ ပိတောက်ချောင်း ၀၁-၆၈၁၅၇၄
၂၃။ ကမာရွတ် ၀၁-၅၃၄၃၀၄
၂၄။ ဗဟန်း ၀၁-၅၅၄၆၃၀
၂၅။ စမ်းချောင်း ၀၁-၅၃၅၁၈၄
၂၆။ ကြည့်မြင်တိုင် ၀၁-၅၃၅၈၆၇
၂၇။ စက်ဆန်း ၀၁-၇၀၈၉၃၁
၂၈။ အလုံ ၀၁-၂၂၀၇၉၃
၂၉။ လမ်းမတော် ၀၁-၂၂၄၅၂၈
၃၀။ လသာ ၀၁-၂၅၃၂၀၂
၃၁။ ပန်းဘဲတန်း ၀၁-၃၇၁၃၉၈
၃၂။ ကျောက်တံတား ၀၁-၃၇၁၀၅၄
၃၃။ ဆိပ်ကမ်း ၀၁-၂၅၆၉၂၀
၃၄။ ဒလ ၀၁-၂၆၉၁၉၂
၃၅။ သံလျင် ၀၅၆-၂၁၅၀၄
၃၆။ ကျောက်တန်း ၀၅၆-၂၅၅၀၄
၃၇။ အင်းစိန် ၀၁-၆၄၅၈၁၉
၃၈။ မင်္ဂလာဒုံ ၀၁-၆၃၅၀၇၄
၃၉။ ထောက်ကြန့် ၀၁-၆၀၀၀၃၂
၄၀။ လှိုင်သာယာ ၀၁-၆၄၅၀၁၆
၄၁။ မှော်ဘီ ၀၁-၆၂၀၀၀၁
၄၂။ လည်းကူး ၀၁-၆၂၉၀၀၉
၄၃။ တိုက်ကြီး ၀၅၅-၂၀၀၀၃
၄၄။ သောင်းကြီး ၀၁-၇၂၂၉၁၆
၄၅။ လှော်ကား ၀၁-၇၀၈၉၃၀

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇
၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈
၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉
၎။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁
၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁
၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂
၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃
၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄
၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅
၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅
၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆
၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀
၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈
၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉
၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉
၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈
၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅
၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇
၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂
၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁
၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉
၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂
၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃
၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂
၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄
၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂
၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆
၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃
၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁
၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃
၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆
၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇
၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄
၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁
၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂
၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃
၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄
၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅
၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄
၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄
၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆
၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅
၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅
၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉
၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄
၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁
၄၇။ ဝမ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇
၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃
၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆
၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄
၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉
၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀
၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄
၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄
၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉
၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉
၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃
၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉

Credit : Here

တခမ်းတနားဖွင့်လိုက်တဲ့ SNLD ရဲ့ လားရှိုးမြို့ရုံးခွဲ


SNLD ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ လားရှိုးမြို့ရုံးခွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်က စည်စည်ကားကား ကျင်းပခဲ့ကြသည်။

ရုံးတည်ရှိရာ နမ္မတူလမ်းခွဲ၊ တောရကျောင်းလမ်းတွင် ပြုလုပ်သည့် ထိုအခမ်းအနားသို့ SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် အပါအ၀င် ပါတီ ခေါင်းဆောင် အများအပြား၊ SNLD ပါတီ၏ မိတ်ဆွေများ တက်ရောက်ကြသည်။




SSA/SSPA တပ်မတော်မှ ဗိုလ်ချုပ်ဆေထင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး စသည့် အထင်ကရ ပုဂ္ဂိုလ်များ၊ ကျားဖြူပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေး အဖွဲ့၊ ကိုးကန့်အမျိုးသားအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့များ တက်ရောက်လာသည်ကို တွေ့မြင်ရသည်။


အခမ်းအနားတွင် တက်ရောက်လာသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများက နိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအတွက် တစ်မိနစ်ငြိမ်သက် ဂုဏ်ပြုခြင်း စသည့် အစီအစဉ်များလည်း ပါဝင်သည်။

တက်ရောက်လာသည့် တိုင်းရင်းသား အဖွဲ့ အစည်းများ၊ SNLD မြို့နယ်ရုံးခွဲများက လားရှိုးရုံးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည်။


ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်

SNLD ပါတီဆိုင်းဘုတ်ကို ခွန်ထွန်းဦး၊ ဦးအေးသာအောင် တို့က အမွှေးနံသာများ ဖြန်းကာ ဖွင့်လှစ်ပေး ကြသည်။

SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မြန်မာတနိုင်ငံလုံး မဲဆန္ဒနယ် ဒုတိယ အများဆုံး အနိုင်ရခဲ့သော ပါတီ ဖြစ်သည်။

သို့သော်လည်း အာဏာရ ဗိုလ်ချုပ်ကြီးတို့က အနိုင်ရသည့် SNLD ကိုယ်စားလှယ်တို့ကို အခြေခံဥပဒေရေးဆွဲသည့်အမျိုးသားညီလာခံသို့ ပို့လိုက်ခြင်း၊ နောက်ပိုင်းတွင် ခေါင်းဆောင် ခွန်ထွန်းဦးကို နှစ်ရှည်ထောင်ဒဏ် ပေးလိုက်ခြင်း စသော ဖြစ်ရပ်များ ပေါ်ပေါက်လာသည်။

မကြာသေးခင်က ခွန်ထွန်းဦး ထောင်မှပြန်လွတ်လာရာ SNLD ပါတီကို ပြန်လည် စုစည်း ထူထောင်ခဲ့သည်။

ယမန်နေ့က ပြုလုပ်သည့် လားရှိုးမြို့ရုံးခွဲဖွင့်လှစ်သည့် အခမ်းအနား မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။











SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်

Credit : Here

Google ထွင်လိုက်တဲ့ မှတ်စုစာအုပ်


Google ကနေ နောက်ဆုံးထွက်ရှိလာတာကတော့ Google Keep ဖြစ်ပါတယ်။

Android ဖုန်း အသုံးပြုသူတွေအတွက် အသုံးဝင်စေမယ့် မှတ်စုစာအုပ် Application တခု လို့ ဆိုရပါမယ်။

Keep ဟာ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုနေတဲ့ မှတ်စုစာအုပ် ( application) ဖြစ်တဲ့ Evernote နဲ့ တူပါ တယ်။ မိမိ အလိုရှိတဲ့ ကိစ္စအ၀၀ တို့ ကို အလွယ်တကူ မှတ်သားနိုင်မှာပါ။

Apple ရဲ့ iOS မှာတော့ မှတ်စုရေးတဲ့ apps တွေ နဂိုကတည်းက ရှိပြီးသားဖြစ်ပါတယ်။ Google အနေနဲ့ တော့ ဒါဟာ ပထမဦးဆုံးအကြိမ် ထုတ်လုပ်လိုက်တဲ့၊ မှတ်စုရေးတဲ့ app တခု ဖြစ်ပါတယ်။

Google Keep ဟာ အားလုံးမျှော်လင့်ထားတဲ့အတိုင်း Google Drive နဲ့ ချိတ်ဆက်ထားတာပါ။ သင်မှတ်ထားသမျှ အရာအားလုံးဟာ Google ရဲ့ (cloud storage service) မှာလည်း မှတ်သား ထားပြီး ဖြစ်ပါလိမ့်မယ်။

မှတ်စု ရေးသားတာအပြင် ဓာတ်ပုံတွေ၊ အသံဖိုင်တွေကိုလည်း အလွယ်တကူ မှတ်သားနိုင်မှာဖြစ်ပါတယ်။ အကယ်၍ အင်္ဂလိပ်လိုပြောပြီး ကိုယ်ရဲ့ အသံကိုဖမ်းလိုက်ရင် တခါတည်း စာသားအဖြစ် သို့ ပြောင်းသွားမှာမို့  စာရိုက်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။

Google Keep ကိုသုံးပြီး ဓာတ်ပုံ ရိုက်တယ်ဆိုရင်လည်း တခါတည်း တည်းဖြတ်နိုင်၊ အရောင်တွေပြုပြင်နိုင်ပါတယ်။ ပြီးတော့ ဓာတ်ပုံတွေကို e-mail, picasa , Google + , Facebook , Twitter , Instagram အစ ရှိတဲ့ လူမှုကွန်ရက်ဝက်ဆိုက်တွေပေါ်မှာ တခါတည်း ရှယ်လို့ ရပါတယ်။

Google Keep ကို ဖုန်း၊ သင်ပုန်းကွန်ပျူတာတွေမှာ သုံးချင်တယ်ဆိုရင်တော့ Andriod 4.0 Ice Cream နဲ့  နောက်ပိုင်းထွက်တဲ့ Jelly Bean တို့ မှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။



Apple မှ iOS နဲ့ Windows Phone သမားတွေအတွက်တော့ ခေတ္တခဏ စောင့်ရဖွယ်ရှိပြီး မကြာခင်မှာ Google က မိုဘိုင်းအားလုံးမှာ အသုံးပြုနိုင်ရန် ဖန်တီးပေးဖွယ်ရှိပါတယ်။

ကွန်ပြူတာနဲ့ ပဲ မှတ်စုတွေ ရေးမယ်ဆိုရင်တော့ အောက်ပါ လင့်မှာ သွားရောက် စတင် အသုံးပြုနိုင်ပါပြီ။
https://drive.google.com/keep/

Google Keep ဟာ ရိုးရှင်းလွယ်ကူပြီး မိမိရဲ့ တနေ့ တာလုပ်ဆောင်မှုတွေကို ဂရုတစိုက် မှတ်တမ်း မှတ်ရာအနေနဲ့ သိမ်းထားချင်တဲ့သူတွေအနေနဲ့ သုံးသင့်တဲ့ application တခု ဖြစ်ပါတယ်။

ဒါကြောင့် Google Keep ထွက်ရှိလာပြီး ၃ ရက်အတွင်းမှာ Android အသုံးပြုသူပေါင်း ၁ သန်းကျော်သွား တာပါ။

အဲဒီထဲက Matt Miller ဆိုသူကတော့ “အလွယ်ကူဆုံး နဲ့ အရိုးရှင်းဆုံး မှတ်စု ရေးချင်တဲ့သူများအတွက် အဆင်ပြေစေမှာပါ။ အထဲက အရောင် တည်ဆောက်ပုံ ကိုလည်း သဘောကျမိပါတယ်“ ဆိုပြီး မှတ်ချက်ပေးသွားပါတယ်။

သဘောကျသူတွေ ရှိသလို သဘောမကျသူတချို့လည်း ရှိနေပါတယ်။ အခု ထွင်လိုက်တဲ့ မှတ်စုစာအုပ် ဝန်ဆောင်မှုကို Google က ဘယ်လောက်ကြာအောင် ထိန်းထားနိုင်မှာလဲ လို့ သူတို့က မေးခွန်း ထုတ်ပါတယ်။

လူသုံးများပေမယ့် ပိုက်ဆံမဝင်တဲ့ Google Reader ကို ဆက်မထားတော့ဘူးလို့ ဟိုတလောကမှ ကြေညာ ချက် ထွက်လာပါတယ်။ ဒီအကြောင်း http://blog.irrawaddy.org/2013/03/google-reader.html မှာ Google Reader ဖျက်သိမ်းတော့မယ် ဆိုပြီး ရေးခဲ့ပြီးပါပြီ။ စိုးရိမ်သူ ရှိပေမယ့်လည်း Google ပရိသတ် အများအပြားကတော့ ဒီ ဝန်ဆောင်မှု အသစ်ကို မြည်းစမ်းကြ၊ ကြိုက်ရင် ဆက်သုံးကြမှာပါ။

အသစ် ထွင်လိုက်တဲ့ Google Keep ရဲ့ လုပ်ဆောင်နိုင်စွမ်း (၇) ချက်က ဒီလိုပါ -

၁။ သင်ရဲ့ အတွေး ၊ စိတ်ကူးမှန်သမျှကို မှတ်စု အနေနဲ့ သော်လည်းကောင်း၊ တနေ့ တာလုပ်ဆောင်စရာ အချက်များ နဲ့  ဓာတ်ပုံတွေကို သော်လည်းကောင်း အလွယ်တကူ သိမ်းထားနိုင်ပါတယ်။

၂။ သင်ရဲ့ အသံကို စာသားအဖြစ် တခါတည်းပြောင်းလဲပေးခြင်း ( ဘာသာစကား ကန့် သတ်ချက်ရှိ )

၃။ homescreen widgets လို့ ခေါ်တဲ့ ဖုန်းရဲ့ အဓိကကျတဲ့နေရာကနေပြီး သင့်ရဲ့အတွေးတွေကို မှတ်စုအဖြစ် အလျှင်အမြန် ပြောင်းလဲနိုင်ခြင်း



၎။ ရောင်စုံနဲ့မှတ်သားထားပြီး မှတ်စုများကို အလွယ်တကူ ပြန်လည်ရှာဖွေနိုင်ခြင်း

၅။ သင်မလိုအပ်တော့တဲ့ မှတ်စုများကို အခြားနေရာမှာ အလွယ်တကူ မှတ်တမ်းမှတ်ရာအနေဖြင့် သိမ်းဆည်းထားနိုင်ခြင်း

၆။ မှတ်စု အနေနဲ့ သာ မဟုတ်ဘဲ တနေ့ တာ လုပ်ဆောင်စရာများကို ရေးသားထားပြီး checklist ပြုလုပ် ထားနိုင်ခြင်း

၇။ မှတ်စုတွေကို သင်ရောက်ရှိနေတဲ့နေရာကနေ အလွယ်တကူ အသုံးပြုနိုင်ခြင်း (အင်တာနက်အတွင်းရှိ “Cloud”ကွန်ရက်ထဲမှာ သိမ်းဆည်းထားတာဖြစ်တဲ့အတွက် အင်တာနက် အသုံးပြုပြီး ပြန်လည် ရှာဖွေနိုင်ခြင်း )

အသုံးပြုချင်သူများအတွက်တော့ အောက်ပါလင့်မှာ သွားရောက် ဒေါင်း ယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.google.android.keep

ကွန်ပျူတာကနေ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ လင့်မှာ သွားရောက် စမ်းသပ် သုံးစွဲကြည့်ပါ။

https://drive.google.com/keep/



Google Keep အကြောင်းရှင်းပြထားတဲ့ ရုပ်သံကို ကြည့်ရင် အသုံးပြုပုံကို အသေးစိတ်ကို တွေ့ရ မှာ ဖြစ်ပါတယ်။

ကိုးကား - http://edition.cnn.com/2013/03/21/tech/mobile/google-keep/index.html https://play.google.com/store/apps/details?id=com.google.android.keep

From : http://blog.irrawaddy.org/2013/03/google_25.html

Credit : Here

မိတ္တီလာ အခြေအနေ တည်ငြိမ်လာပြီ

March 25, 2013

မိတ္ထီလာမြို့မှာ အရေးပေါ် အခြေအနေ ကြေညာပြီးနောက်ပိုင်း အခြေအနေ အေးဆေး တည်ငြိမ် လာပြီ ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ဆက်တိုက်အသိပေးကြေညာနေပါတယ်။


အရေးပေါ် အခြေအနေကြေညာပြီး စစ်တပ်က ပဋိပက္ခကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေကို ဖယ်ရှားပေးကြပြီး မြို့အခြေအနေတွေလည်း လူသွား လူလာတွေနဲ့ ပုံမှန်အခြေအနေကို ဦးတည်လာနေပြီဖြစ်တယ်လို့ သိရပါ တယ်။

ယမန်နေ့ကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာအထူး ကိုယ်စား လှယ် ဖြစ်သူ မစ္စတာ ဗီဂျေနမ်ဗီးယားဟာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပါအ၀င် အစိုးရ တာဝန်ရှိ သူတွေနဲ့ မိတ္ထီလာကို သွားခဲ့ကြပြီး ဒုက္ခသည်စခန်းတွေနဲ့ ဆေးရုံတွေကို သွားကာ နှစ်သိမ့် အားပေး စကားတွေ လည်း ပြောကြပါတယ်။

ရွှေည၀ါ ဆရာတော်၊ အရှင်ဆေကိန္ဒအပါအ၀င် ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း မစ္စတာ နမ်ဗီယား က တွေ့ဆုံခဲ့ပြီး ဘာသာရေး ခေါင်းဆောင်များကပါ မြို့အခြေအနေကို ၀င်ရောက် ထိန်းသိမ်းပေးလို့ ၀မ်းမြောက်ရကြောင်း၊ ထိခိုက်ပျက်ဆီး ဆုံးရှုံးမှုတွေကြောင့် စိတ်မကောင်းဖြစ်မိကြောင်း မစ္စတာ နမ်ဗီယား က ပြောသွားပါတယ်။

ဒါပေမယ့် မိတ္ထီလာနဲ့ တဆက်တည်း လယ်ဝေးနဲ့ ရမည်းသင်းမြို့နယ်တွေမှာ မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့ပြီး ရဲတပ်ဖွဲ့က အရေးယူထားတယ်လို့လည်း သိရပါတယ်။

"မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်း သိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူဖို့ ဆောင်ရွက်နေကြောင်း၊ မိတ္ထီလာမှာ တုတ်? ဓား လက်နက် ? ကိုင်ဆောင်သွားလာသူ ၅၂ ဦးကို ဖမ်းဆီးပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း မြန်မာ့အသံနဲ့ ရုပ်မြင် သံကြား ညနေ လေးနာရီသတင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်" လို့ ပြန်ကြားရေး ဒုဝန်ကြီးကလည်း သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြရေးသားထားပါတယ်။



မတ်လ ၂၅ ရက်နေ့ ကြေးမုံသတင်းစာ

လက်ရှိအခြေအနေမှာ မိတ္ထီလာ အခြေအနေတည်ငြိမ်စပြုလာပြီဆိုပေမယ့် အလားတူ ဖြစ်ရပ်မျိုး အခြား နယ်တွေ ကို မကူးစက်ရေး ဒေသခံတွေရော၊ အာဏာပိုင်တွေပါ ကြိုးစားနေကြတယ်လို့ သိရပါတယ်။

http://blog.irrawaddy.org/2013/03/blog-post_25.html

Credit : Here

အင်းလေး ဟိုတယ်ဇုန် စီမံကိန်းနှင့် ဒေသခံ အင်းသားများ အနာဂတ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အရှေ့ဘက်ကမ်း၊ သလဲဦးရွာ အုပ်စုအတွင်းရှိ အင်း တိုင်းရင်းသားပိုင် လယ်ယာခြံမြေနှင့် သာ သနိက နယ်မြေ ၆၂၂ ဧကကို ၂၀၁၂ ခုနှစ် အတွင်း က “အင်းလေးကန် ဟိုတယ်ဇုန်” မြေ ယာဖော်ဆောင်ေ ရး အတွက် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန် ချက်ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိမ်းယူခဲ့ သည်။

ထိုသို့ သိမ်းယူခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးရဲအောင်နိုင်က “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၆) မှာ စီးပွားရေးနှင့် ပတ်သက်တဲ့ မူဝါဒတွေကို ပြဌာန်းထားပါတယ်။ ဥပဒေ ပုဒ်မ (၃၇) မှာ ပြဌာန်းထားတာ ကတော့ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအား လုံး၊ မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်နှင့် လေထု အတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်လို့ ဒီလို ဖော်ပြ ပြဌာန်းထားကို တွေရှိရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ သိမ်းယူပြီးနောက် ဟိုတယ်ဇုန် တည်ဆောက် အကောင်အထည်ဖော်မည့် မြေနေရာ အား ပြည်ထောင်စု အစိုးရ သစ်တောဦးစီးဌာနမှ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ နှစ် ၃၀ ဂရမ်ဖြင့် ငှာရမ်းခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကဲ့သို့ မြေ ၆၂၂ ဧက သိမ်းယူရာတွင် ကျေးရွာ ၆ ရွာမှ တောင်သူ ၈၃ ဦး၏ စိုက်ပျိုးမြေ ဧရိယာ ၁၂၀.၈၉ ဧကနှင့် သာသနာမြေ ၇၂.၁၈ ဧက စုစုပေါင်း ၁၉၄.၀၇ ဧက ပါဝင်သည်ဟု သိရှိရသည်။ သို့သော် သစ်တောကြိုးဝိုင်း ဖွဲ့စည်းစဉ် ဆိုင်ရာဆိုင်ခွင့် ခွင့်ပြုထားသည့် တောင်သူ ၂၉ ဦး၏ ခြံမြေ ၆.၅ ဧက၊ ယာမြေ ၃၆.၄၂ ဧက စုစုပေါင်း ၄၂.၉၂ ဧက သာရှိခဲ့သည်ဟု ရှမ်းပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အင်းလေးကန် ရေရှည် တည်တံ့စေရေးအတွက် ၂၀၀၀-၂၀၀၁ ခုနှစ်တွင် သစ်တောဦးစီးဌာနမှ အင်းလေးကန် မိုင် ၂၀ ၀န်းကျင် သစ်တော၊ ရေ၊ မြေ၊ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအတွက် “အင်းလေးကန် ဘေးမဲ့တော” ဟု သတ်မှတ်ခဲ့သည်ဟု သိရသည်။

“သစ်တောမြေလို့ သတ်မှတ်တာ ဘုန်းဘုန်းတို့ကို အကြောင်းကြားခဲ့တာမျိုးလည်း မရှိဘူး၊ သိလည်း မသိလိုက်ဘူး။ ထင်းခြံတွေက ရှေးစော်ဘွားများ လက်ထက်ကတည်းက စော်ဘွားတွေ၊ ဒကာတွေ လှူဒါန်းထားခဲ့တာ” ဟု အဲယားရွာမမှ ဆရာတော် ဦးနရိန္ဒက မိန့်ကြားသည်။

သာသနိကပိုင် ထင်းခြံများသည် သံဃာများ အဆက်ဆက် ပိုင်ဆိုင်သော ကြီးလေးသော ပစ္စည်းလေးပါး တပါးအပါအ၀င် ဖြစ်ကြောင်း၊ ကြီးလေးသော ပစ္စည်းဖြစ်၍ သံဃာတော်များ အနေဖြင့် ၀ိနည်းအရ ပေးပိုင်ခွင့်လည်းမရှိ၊ စွန့်ကြဲနိုင်ခြင်းလည်း မရှိကြောင်း ဆရာတော်က မိန့်သည်။

အင်းလေး ဟိုတယ်ဇုန် အသစ်အတွက် အသိမ်းခံထားရသည့် ဘုန်းကြီးကျောင်း ၁၃ ကျောင်း၏ ထင်းစိုက်ခင်းများနှင့် ပတ်သက်ပြီး ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီးက သံဃာတော်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြောင်း သိရသည်။

“ကံ ကံ၏ အကျိုးဟာ ဘယ်သူလုပ်၊ ဘယ်သူခံ၊ အပြစ်ကြီး လွန်းတာကြောင့် လုပ်တဲ့ကံ၏အကျိုး ခံရမှာစိုးလို့ ပြောဆိုခြင်းဖြစ်တယ်၊ တားဆီးခြင်းဖြစ်တယ်” ဟု ဆရာတော် ဦးနရိန္ဒက ဆက်လက် မိန့်ကြားသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အင်း တိုင်းရင်းသား ၀န်ကြီး ဦးဝင်းမြင့်က ထိုဘုန်းကြီးကျောင်း ၁၃ ကျောင်း၏ ထင်းခြံများနှင့် ပတ်သက်ပြီး သင့်လျော်သော နေရာတွင် ပြန်အစားပေးရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ အကြံပြု တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။

သလဲဦး ကျေးရွာအုပ်စုတွင် အင်ကြင်းကုန်း၊ ကန်ပဲ့၊ ၀က်သားကင်၊ ချောင်းပါး၊ ဘုရားဖြူ၊ ညောင်ဝန်း စသည့် ကျေးရွာများ ရှိကြသည်။ ထိုရွာများတွင် နေထိုင်ကြသည့် ဒေသခံ အင်းတိုင်းရင်းသား တောင်သူများ၊ ရွာအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာပိုင် ထင်းခြံများနှင့် ဘုန်းကြီးကျောင်း ၁၃ ကျောင်းက ပိုင်ဆိုင်သော ထင်းခြံများအား မှီခိုပြီး အသက်မွေး ၀မ်းကျောင်းကြကြောင်းလည်း သိရှိရသည်။

အင်ကြင်းကုန်းရွာမှ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်နေသည့် မြေ ၁၄ ဧက သိမ်းဆည်းခံခဲ့ရသော ကိုအောင်ကျော်မျိုးက “ဒီလို ဆောင်ရွက်နေတာဟာ ဒေသခံ အင်းသားတွေကို ဒီနေရာမှာ မနေ ပါနဲ့ ပြောတာနဲ့ အတူတူပဲ။ ခြံယာမြေတွေကိုသာ သိမ်းဆည်းသွားမယ်ဆိုရင် ကျနော်တို့ကို သေဒဏ်ပေး တာနဲ့ တူပါတယ်” ဟု ပြောသည်။

အဆိုပါ အင်ကြင်းကုန်း ကျေးရွာတွင် ကျေးရွာဆိုင်းဘုတ်၏ ဖော်ပြချက်ရ အိမ်ခြေ ၆၃ အိမ်နှင့် လူဦးရေ စုစုပေါင်း ၂၈၃ ဦး ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် အိမ်ခြေ ၈၀ ခန့် ရှိသည်ဟု သိရသည်။

ဟိုတယ်ဇုန် အတွက် မြေသိမ်းယူရာတွင် သီးနှံလျော်ကြေး ပေးသော်လည်း မြေယာလျော်ကြေး မပေး ခဲ့ကြောင်း၊ လျော်ကြေးကို မယူလိုဘဲ ဘိုးစဉ်ဘောင်ဆက် မြေကိုသာ တန်ဖိုးထားသူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

သီးနှံလျော်ကြေး ယူခဲ့သူတဦးက “သီနှံလျော်ကြေး ရတယ်ဆိုတာလည်း ခဏနဲ့ ကုန်သွားမှာ ပဲ။ မြေကတော့ သားစဉ်မြေးဆက် လုပ်ကိုင် စားသောက်လို့ ရတယ်။ အထက်က အမိန့်နဲ့ အဆင့်ဆင့် ဆိုတော့ လက်မခံလို့ မရဘူးလေ။ တရားဥပဒေရ လုပ်ထုံးလုပ်နည်း လုပ်ဆိုတော့ ဆင်းရဲတဲ့ အင်းတောင်သူတောင်သားများ အနေနဲ့ ဥပဒေ အကြောင်းကိုလည်း နာမလည်ဘူး။ အဲဒါကြောင့် ဒီတခါ သီးနှံလျော်ကြေးပေးရင် ယူမှဖြစ်မယ်ဆိုပြီး ကျုပ်တို့က ယူခဲ့ရတာပေါ့” ဟု ဆိုသည်။

ထိုဒေသတွင် မြေတဧကလျှင် ကျပ် သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ ကျော်အထိ တန်ဖိုး ရှိကြောင်း ဒေသခံများက ပြောကြားသည်။

ပြီးခဲ့နှစ် ဒီဇင်ဘာလအတွင်း ဟိုတယ်ဇုန်လုပ်ငန်း ဆောင်ရွက်နေခြင်းကို ဒေသခံ အင်းတိုင်းရင်းသားများနှင့် သံဃာတော်များက ၎င်းမြေနေရာကို သာသနာ့အလံများ စိုက်ထူခဲ့ခြင်းဖြင့် မိမိတို့ ဆန္ဒကို ဖော်ပြခဲ့သည်။

ယခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့များအတွင်း ဟိုတယ်စီမံကိန်းကို စက်ယန္တရားကြီးများဖြင့် ဆက်လက် ဆောင်ရွက်နေခြင်းကြောင်း၊ ဒေသခံ အင်းသူအင်းသားများက စက်ယန္တရားကြီးမျာရှေ့တွင် ပိတ်ဆို့ကာ လုပ်ငန်း ရပ်နားပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုအခါ တောင်ကြီးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး ရောက်ရှိလာပြီး ဒေသခံများ ၏ တောင်းဆိုမှုများအား ပြည်နယ်အစိုးရသို့ တင်ပြပေးမည်၊ ယခု လုပ်ငန်းများ ရပ်နားပေးမည်ဟု ဆိုသဖြင့် ဒေသခံများ၊ သံဃာတော်များက ဆန္ဒထုတ်ဖော်မှုများ ရပ်နားခဲ့သည်။

“အင်းသူအင်းသားတွေဟာ ယခင် တပ်မတော်အစိုးရ လက်ထက်မှာလည်း ပြောရေးဆိုခွင့် မရှိ ဘူး။ ပြည်တွင်း သောင်းကျန်းသူများရဲ့ လက်နက်အားကိုးနဲ့ ပြောတဲ့အခါမှာလည်း ပြောခွင့် မရခဲ့ပါဘူး။ ဒီလို ဒီမိုကရေစီ ပွင့်လင်းလာတဲ့အခါ သူတို့ ရင်းထဲက ရှိတာကို ဖော်ပြတယ်လို့ပဲ ထင်ပါတယ်” ဟု အင်း တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရှမ်းပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် ခေတ်ကာလ အခြေ အနေ အရ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခြင်းကြောင့် အင်းလေးကန်ဒေသတွင် ဟိုတယ်များ လိုအပ် လာမှုအပေါ် ဟိုတယ်များကို နေရာအနှံ့ မဟုတ်ဘဲ ဇုန်သဘောမျိုး ခွင့်ပြုတည်ထောင်ခြင်း ဖြစ်ကြောင်း၊ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အင်းလေးဒေသနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုး တက်ရေး၊ အင်းလေးဒေသ ရိုးရာယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များကို လာရောက်လေ့လာ သည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအား ဂုဏ်သိက္ခာရှိရှိဖြင့် ဧည့်ဝတ်ကျေပွန်ရန်အတွက် ဟိုတယ်လုပ် ငန်း များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အင်းလေးဒေသသို့ ယမန်နှစ်တွင် နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု ၁ သိန်းကျော် ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ၆ သောင်းကျော် ရှိကြောင်း သိရသည်။

ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးရဲအောင်နိုင်က “အင်းလေးဒေသရဲ့ယဉ်ကျေးမှုတွေကို အလိုလိုနေရင်း ကမ္ဘာကို သယ်ဆောင်သွားမှာ ဖြစ်ပြီး ဒီလုပ်ငန်းဟာ အင်မတန် အကျိုးရှိတာကို တွေ့ရ ပါတယ်။ နောက်တခုက တောင်ကြီးခရိုင် ၁၀ မြို့နယ်မှာ ညောင်ရွှေမြို့နယ်ဟာ တဦးချင်းဝင်ငွေ အနည်းဆုံး ဖြစ်ပါတယ်။ ၀န်ဆောင်မှု လုပ်ငန်းကို တိုးမြှင့်မှ တဦးချင်းဝင်ငွေ တိုးလာမှာ ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ ညောင်ရွှေမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ရှင်းလင်း ပြောကြားခဲ့သည်။

အစိုးရသစ် လက်ထက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် ဟိုတယ်လုပ်ငန်းများကို မြန်ဆန်စွာ အကောင် အထည်ဖော်ရမည် ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် လူမှုဘဝ ထိခိုက်မှု အနည်း ဆုံးဖြစ်အောင် ပြုလုပ်မည် ဖြစ်ကြောင်း၊ ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် သေချာလျှင် ရှမ်းပြည်နယ် အစိုးရ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်မည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

စီမံကိန်းကို စောင့်ကြည့်လေ့လာသည့် ဒေသခံများကလည်း စီမံကိန်းကို ရှမ်းပြည်အစိုးရအဖွဲ့က အတင်းအကျပ် အကောင်အထည် ဖော်ခြင်းကြောင့် ပြဿနာများ ပေါ်ပေါက်နေကြောင်း၊ နောင် တွင် ပြဿနာများ ပေါ်ပေါက်ပါက ဒေသခံ အင်းသူအင်းသားများအတွက် မည်သည့်အာမခံချက် မျိုး ပေးမည်ကို မသိရကြောင်း ပြောဆိုကြသည်။

အင်းလေးကန်အတွင်းရှိ ရေသည် လွန်ခဲ့သည့် နှစ်ကာလများတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ အလွန်အကျွံ အသုံးပြုခဲ့ခြင်းကြောင့် သောက်သုံးနိုင်သော အဆင့်တွင် မရှိကြောင်း၊ ထို့ကြောင့် ဒေသအတွင်းရှိ ရွာပေါင်း ၄၀ ကျော်သည် ပတ်ဝန်းရှိ ရေထွက်များမှ ရေကိုသာ အားထားနေ ရကြောင်း သိရသည်။

အင်းလေးကန် ပတ်ဝန်းကျင်တွင် ရေထွက် အများစုရှိကြောင်း၊ ဟိုတယ်ဇုန် စီမံကိန်း ဧရိယာ အတွင်းရှိ ညောင်းဝန်းရေထွက်သည် ရေထွက်အား ကောင်းမွန်သောကြောင့် ပိုက်များဖြင့် သွယ်ပြီး သောက်ရေသုံးရေအဖြစ် အားထားနေရကြောင်းလည်း သိရှိရသည်။

ဒေသခံများ ပြောသည့် ရေထွက်ဆိုသည်မှာ အမြင့်နေရာများမှ မိုးရေများ စီးဝင် လာပြီး ရေဝေရေလဲတခုအဖြစ် မြေအောက်ရေ အသွင်ဖြင့် အလိုအလျောက် ပြန်လည် ထွက်လာသော မြေအောက်ရေ၏ ရေထွက်ရာနေရာ ဖြစ်သည်။

အင်းလေးကန်ဒေသ ဖွံ့ဖြိုးရေးအသင်းမှ အမှုဆောင် ဦးသာထိုးက “အင်းအရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းရော ရွာပေါင်း ၄၀ ကျော် ၅၀ လောက်က နေ့စဉ် ရေပေါ်နေပြီး ရေငတ်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေနေရမှာပါ” ဟု ပြောသည်။

ဒေသခံများကို သီးနှံလျော်ကြေးပေးရန် ကိစ္စ ဆွေးနွေးရာတွင် အစိုးရ ကိုယ်စားလှယ် အရာရှိကြီး တဦးက ဒေသခံများအား အကျိုးအကြောင်းကို သေချာစွာ ရှင်းလင်းပြခြင်း မရှိဘဲ “မြေတွေ၊ ရေတွေ၊ လေတွေဟာ နိုင်ငံတော်ပိုင်တယ်။ မင်းတို့ သေသွားခဲ့ရင် သင်္ချိုင်းမြေကိုတောင် မင်းတို့ မပိုင်ဘူး” ဟု ပြောဆိုခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူများက ပြောသည်။

ယခု ဖေဖော်ဝါရီလ အတွင်းကလည်း မြေသိမ်းခံ တိုင်းရင်းသားများနှင့် လွှတ်တော် မြေယာတိုင်ကြားမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ တွေ့ဆုံခဲ့ကြောင်း၊ ကော်မရှင်က လွှတ်တော်သို့ တင်ပြပေးမည်ဖြစ်သော် လည်း အစိုးရကသာ ဆုံးဖြတ်ပေးမည်ဟု ပြောဆိုကြောင်း သိရသည်။

ယခုနှစ်အစောပိုင်းတွင် “အခုအချိန်မှာက ဟိုတယ်ဇုန်သွင်းငွေတွေ မရသေးဘူး။ ရတဲ့အချိန်ကျရင်တော့ များရင်များသလောက် လျော်ကြေးငွေများမယ်။ နည်းရင်တော့ သင့်သလောက်ရမယ်။ ကျနော် ကြား တာတော့ ဟိုတယ်တွေက ခေတ်ကာလ နှုန်းထားအတိုင်း သွင်းငွေတွေ သွင်းမယ်ဆိုတော့ ဒေသခံတွေ မနစ်နာရပါဘူးလို့ ကျနော် ထင်ပါတယ်” ဟု ၀န်ကြီးက ဧရာဝတီသို့ ပြောထားဖူးသည်။

စောင့်ကြည့်လေ့လာသူများက စီမံကိန်း ပွင့်လင်းမြင်သာရေး၊ သိမ်းဆည်း မြေယာများအတွက် ဒေသခံများ ကို ထိုက်တန်သည့် လျော်ကြေးများပေးရေး၊ သာသနိကပိုင် မြေများအတွက် ပြည်နယ်အစိုးရ၏ ကိုင်တွယ် မှု များကို ထောက်ပြ ဝေဖန်ကြသည်။

ဒေသခံ တိုင်းရင်းသားများကလည်း လျော်ကြေးငွေ ကိစ္စ ထပ်မံတောင်းဆိုမှု ပြေလည်ရေး၊ အသက်မွေး ဝမ်းကျောင်းမှုအတွက် အနာဂတ် အလုပ်အကိုင်အရေးမှသည် ရေထွက်ပေါက်များ ဟိုတယ်ဇုန်အတွင်း ပါသွား၍ ရေလယ်တွင်နေပြီး ရေငတ်မည့်အရေးအထိ စိုးရိမ်ပူပန်လျက်ရှိနေကြသည်။ ။

Credit : Here