Friday, March 22, 2013

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်

မိတ္ထီလာခရိုင်အား အရေးပေါ်အခြေအနေ ကြေညာရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က)ပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာခြင်း ဖြစ်ပါသည်။

ထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်၊ စာပိုဒ်(၃)တွင် ဖော်ပြထားသည်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်းချက်အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။" ဟူ၍ ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)မှာ လိုအပ်လျှင် စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ခြင်း အတွက် ပြဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းပြဌာန်းချက်ပါ အခွင့်အာဏာကို ရယူကျင့်သုံးခြင်း မရှိသေးပါ။

ယခု နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်သည့်အမိန့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က) ပါပြဌာန်းချက်အရ အပ်နှင်းထားသည့် အခွင့်အာဏာကိုရယူခြင်းသာ ဖြစ်၍ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း သိစေအပ်ပါသည်။ အရေးပေါ်အခြေအနေ အဆင့်(၂)ဆင့်ရှိသည့်အနက် စစ်အုပ်ချုပ်ရေးမဟုတ်သော အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။

အချုပ်အားဖြင့် ယခုထုတ်ပြန်သည့်အမိန့်မှာ "စစ်အုပ်ချုပ်ရေးအမိန့် Military Administrative Order ပါဝင်ခြင်းမရှိသော မိတ္ထီလာခရိုင်အား "State of Emergency ကြေညာခြင်း"သာ ဖြစ်ကြောင်း ရှင်းလင်း အပ်ပါသည်။

(မှတ်ချက်။ စစ်အုပ်ချုပ်ရေး ဖြစ်သွားပြီဟူ၍ နားလည်မှုလွဲမှားနေသူ အချို့ ရှိနေခြင်းကြောင့် သိရှိစေရန် ရှင်းလင်းရခြင်း ဖြစ်ပါသည်။)

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန်


Fri, 03/22/2013 - 16:22

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အမိန့် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)

အရေးပေါ်အခြေအနေကြေညာခြင်း

၁။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင် ရွက်ခဲ့ပါသည်။

၂။ သို့သော်လည်း ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်း များကို ထိရောက်အောင် ဆောင်ရွက် နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင် ပေးနိုင် စေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌဌာန်းချက်အရ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌဌာန်းချက် အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏အကူအညီကို ရယူဆောင်ရွက်ရမည်။

၎။ ဤအမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစ်စုံတစ်ရာထုတ်ပြန်မှု မရှိမခြင်း အတည် ဖြစ်သည်။

၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။



                                                                                               (ပုံ) သိန်းစိန်
                                                                                            နိုင်ငံတော်သမ္မတ
                                                                                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မိထ္ထီလာမြို့၏ ပဋိပက္ခ အခြေအနေမှာ တည်ငြိမ်မှုမရှိသေးဘဲ ဖောက်ထွင်းလုယက် မှုများရှိလာ၊ သေဆုံးမှုများနှင့် ပတ်သက်၍ အတိအကျ အတည်ပြုနိုင်ရန် ခက်ခဲနေ

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်ရှိ ကားကြီးဝင်းအနီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေစဉ်

မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မိထ္ထီလာမြို့၏ ပဋိပက္ခ အခြေအနေမှာ ၂ ရက်တာ ကြာမြင့်လာသည်အထိ အခြေအနေ တည်ငြိမ်မှု မရှိသေးဘဲ အချို့နေရာများ တွင် ဖောက်ထွင်း လုယက်မှုများ ရှိလာကြောင်း စုံစမ်းသိရှိရပါသည်။ မိထ္ထီလာ ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးမှုများ ရှိနေရာ တရားဝင် ထုတ်ပြန်မှုများထက် သေဆုံးမှု များပြားကြောင်း သတင်းများ ထွက်ပေါ်နေပြီး မည်မျှသေဆုံးသည် ဆိုသည်ကို အတိအကျ အတည်ပြုရန် ခက်ခဲနေဆဲဖြစ်ကြောင်း Eleven Media Group သတင်းထောက်များ၏ သတင်းပေးပို့မှုအရ သိရသည်။

မိထ္ထီလာမြို့၏ လက်ရှိအခြေအနေသည် မီးရှို့ဖျက်ဆီးမှု အခြေအနေမှ ဖောက်ထွင်းလုယက်မှုများ လုပ်ဆောင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း မိထ္ထီလာမြို့ရှိ အမည်မဖော်လိုသူ လုံခြုံရေး အရာရှိတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

ထို့အတွက်ကြောင့် မိထ္ထီလာမြို့တွင်း၌ တုတ်၊ ဓားကိုင်ဆောင်ပြီး သွားလာနေသူများကို ဖမ်းဆီးစစ်ဆေး လျက်ရှိပြီး ဖောက်ထွင်းလုယက် ပစ္စည်း သယ်ဆောင်လာသူများကိုလည်း ဓာတ်ပုံရိုက်၊ မှတ်တမ်းယူပြီး ပစ္စည်းကို ပြန်လည် သိမ်းဆည်းခြင်းများ လုပ်ဆောင်နေသည်ဟု မိထ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။

မိထ္ထီလာမြို့၏ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း အခြေအနေမှာ သီရိမင်္ဂလာရပ်ကွက်ရှိ ကားကြီးဝင်း အနီးတွင် မီးလောင်မှု အချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ မီးလောင်ကျွမ်းမှုများ ကို မြင်းခြံ၊ ကျောက် ဆည်၊ ရမည်းသင်း၊ မိထ္ထီလာခရိုင် လေးခရိုင် မီးသတ် မော်တော်ယာဉ်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကြိုးစားငြိမ်းသတ်မှုများ ပြုလုပ်နေသည်ဟု မိထ္ထီလာမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောကြားပါသည်။

မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း အတွင်းသို့ ရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။

“ရပ်ကွက်အချို့မှာ မီးလောင်မှုတွေ ထပ်ဖြစ်တယ်လို့ သိရတယ်။ အချို့နေရာတွေမှာ မနေ့ကလိုပဲ အပြန် အလှန် ရန်ပြုမှုတွေရှိပြီး ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ်လို့လည်း သိရတယ်။ ဒါပေမယ့် အချို့ သတင်းတွေက မျိုးစုံကြားနေရပေမယ့် အတိအကျ အတည်ပြုဖို့ ခက်ခဲနေပါသေးတယ်။ မီးလောင် ကျွမ်း မှုတွေက ဒေသခံတွေကို စိုးရိမ်စေပါတယ်။ မြို့ရဲ့ဖွဲ့စည်းပုံအရ အချို့နေရာတွေမှာ လမ်းတွေက ကျဉ်းတဲ့ အတွက် နောက်ပြီးနွေရာသီလည်း ဖြစ်နေတဲ့အတွက် အန္တရာယ်ရှိပါတယ်။ အခုလောလောဆယ်မှာ ဆိုင်တွေအားလုံးနီးပါး ပိတ်ထားပါတယ်။ ပုံမှန်သွားလာမှုအချို့ ရှိတယ်ဆိုပေမယ့် ဒီနေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက လမ်းဆုံလမ်းခွတွေမှာ နေရာယူပြီး တုတ် ဓါး လက်နက် ကိုင်ဆောင်မှုတွေ မသင်္ကာ မှုတွေကို ခေါ်ယူစစ်ဆေးနေတာတွေ ရှိတဲ့အတွက် မြို့ထဲမှာ အသွားအလာ နည်းနည်းကျဲသွားတယ်။ အားလုံးကတော့ ကိုယ့်နေရာကိုယ် လုံခြုံမှုရှိအောင် နေနေကြတယ်။ တုတ်ဓါးလက်နက် ကိုင်ဆောင် ထားတဲ့ လူအုပ်စုတွေကတော့ သူ့နေရာနဲ့သူ ရှိနေတုန်းပါပဲ” ဟု Eleven Media Group သတင်းထောက် က ပြောကြားခဲ့ပါသည်။

လတ်တလော၌ ပဋိပက္ခဖြစ်ပွားရာ မိထ္ထီလာမြို့တွင် တရားဥပဒေ စိုးမိုးမှုဖြင့် ဒေသတည်ငြိမ်မှုရှိအောင် အပြည့်အ၀ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ လုံခြုံရေးအင်အား လောက်ငှမှု မရှိကြောင်း လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်ရန် လုံလောက်သော ပံ့ပိုးပစ္စည်းများ လိုအပ်မှုများ ရှိနေကြောင်းလည်း သိရသည်။ တုတ် ဓါးလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုများလည်း နေရာအနှံ့တွင် ရှိနေဆဲဖြစ်ကြောင်း အချို့မှာ မိမိလုံခြုံမှုအတွက် ခုခံကာကွယ်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း သိရှိရသည်။

မိထ္ထီလာ-ကျောက်ပန်းတောင်းလမ်း ကျောက်ပန်းတောင်ဘက်က ၀င်လာသူများ အားလုံးကို ရဲတပ်ဖွဲ့ဝင် များမှ စစ်ဆေးလျက်ရှိပြီး တုတ်၊ ဓားလက်နက် ကိုင်ဆောင်လာသူ မှန်သမျှကို ဖမ်းဆီးစစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။ ထို့အပြင် သဲတော - ၀မ်းတွင်း ဘက်တွင်လည်း လမ်းပေါ်တွင် သွားလာလှုပ်ရှားနေသူ အားလုံးမှာ တုတ်၊ ဓားလက်နက် ကိုင်ဆောင်ပြီး သွားလာနေကြောင်း Eleven Media Group သတင်းထောက်က ပြောပါသည်။

လက်ရှိအချိန်တွင် ပဋိပက္ခဖြစ်ပွားမှုနှင့် လူသေဆုံးမှုများအတွက် တရားခံတစ်ဦးကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အတွက် ဖမ်းဆီးနိုင်ရေး ကိစ္စရပ်များကို ကြိုးပမ်း လုပ်ဆောင်နေကြောင်း သိရပါသည်။

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်ရှိ ကားကြီးဝင်းအနီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေစဉ်

ထပ်မံရရှိသော သတင်းများအရ မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသူ (၅) ဦး ထပ်မံရောက်ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း စုစုပေါင်း(၅၅) ဦးအထိ ရှိလာကြောင်းနှင့် ဒဏ်ရာရသူများထဲတွင် ၁၁ ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

နိုင်ငံပိုင် မီဒီယာများမှ ယမန်နေ့က ထုတ်ပြန်ခဲ့သော စာရင်းများအရ မတ်လ ၂၁ ရက်နေ့တွင် သေဆုံးသူ (၅) ဦး (သံဃာတော် တစ်ပါး၊ အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦး) ရှိခဲ့သဖြင့် မတ်လ ၂၀ ရက်နေ့မှ ယခုအချိန်အထိ ဖြစ်ပွားနေသော မိထ္ထီလာ ပဋိပက္ခတွင် သေဆုံးသူ (၁၀) ဦး ရှိလာခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်း အချိန်အထိ တရားဝင် ရရှိသော သတင်းများအရ သိရပါသည်။

"လက်ရှိအချိန်အထိ စုစုပေါင်း သေဆုံးသူ (၁၀) ဦးရှိပါပြီ။ ဒဏ်ရာရသူက (၄၅) ဦးပါ။ အများစုက မီးလောင် ဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဒီစာရင်းတွေက ဆေးရုံ ကို ရောက်လာတဲ့ စာရင်း ဖြစ်ပါတယ်။ ဆေးရုံအနေနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ထိရောက်စွာ ကုသနိုင်ဖို့ ၀န်ထမ်းအင်အား၊ အရေးပေါ် နေရာတွေ တိုးချဲ့ပြီး ဆောင်ရွက်နေပါတယ်” ဟု မိထ္ထီ လာမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

လတ်တလောတွင် မိထ္တီလာမြို့မှ ဖြစ်ပေါ်နေသော အခြေအနေများကို သတင်း ရယူနေသော ပြည် တွင်း ပြည်ပ သတင်းထောက်များ၏ ကင်မရာများကို အကြမ်းဖက် လူအုပ်စုအချို့က ကင်မရာများ အတင်း အဓမ္မ သိမ်းယူခြင်း၊ ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခံနေရကြောင်း သိရှိရပြီး အစိုးရ တာဝန်ရှိသူများ၊ မိဘ ပြည်သူများ အနေဖြင့် သတင်းမှန်များကို တင်ပြနိုင်ရေး ကြိုးပမ်းနေသော သတင်း မီဒီယာ သမားများ၏ လုံခြုံရေးကို အထူးဂရုစိုက် ပေးပါရန်နှင့် သတင်းသမားများ အနေဖြင့်လည်း မိမိ၏ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးကို အထူးဂရုပြုကြပါရန် အလေးအနက်ထား တိုက်တွန်း မေတ္တာ ရပ်ခံကြောင်း ထုတ်ပြန်ချက် တစ်ရပ်ကို သတင်းလွတ်လပ်ခွင့် ကော်မတီက သတင်းထုတ်ပြန် ထားသည်။

Credit : Here

Eleven Media Group 

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

ဆယ်တန်းကျောင်းသား ၃၇၅ ဦး လာရောက်ဖြေဆိုခြင်း မရှိခဲ့
==================================

မိတ္ထီလာမြို့တွင် ၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန(၈)ခု ထားရှိထား ပြီး ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ဖြေဆိုရန် စာရင်းရှိဦးရေ(၃၃၃၉)ဦး ရှိသော်လည်း(၂၉၆၄) ဦး လာရောက်ဖြေဆိုခဲ့ပြီး (၃၇၅)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။

''အချို့ကျောင်းသားတွေက ကိုယ့်အိမ်မီးရှို့ခံရတဲ့အထဲမှာပါသွားလို့ စာမေးပွဲသွားမဖြေကြတဲ့ သူတွေလည်း ရှိပါတယ်။ စာစစ်ဌာနတွေကတော့ ဘာမှမဖြစ်ပါဘူး ။ကျောင်းသားတွေကို နီးစပ်ရာ စာစစ် ဌာနတွေမှာ ဖြေဆိုခွင့်ပြုခဲ့တာကလွဲလို့ ဘာမှမဖြစ်ခဲ့ပါဘူး'' ဟု မိတ္ထီလာမြို့နေ ဒေသခံတစ်ဦးက ဆိုသည်။

မနေ့ကတော့ မိတ္ထီလာမြို့မှာ ပထ၀ီဘာသာရပ် ဖြေဆိုမယ့်သူမရှိပါဘူး။ ဒီနေ့ ဘောဂဗေဒဘာသာ ရပ် ဖြေဆိုတဲ့နေ့မှာတော့ ကျောင်းသားတွေ စိတ်အနှောင့်အယှက် မဖြစ်စေဖို့နဲ့ သွားရေးလာရေး အဆင်ပြေစေဖို့ ကိုယ်နဲ့နီးစပ်တဲ့ စာစစ်ဌာနမှာ ဖြေဆိုခွင့်ပေးခဲ့ပါတယ်''ဟု အ.ထ.က(၁) မိတ္ထီလာမြို့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်

မိတ္ထီလာမြို့ ဈေးကုန်း ဘုန်းတော်ကြီးကျောင်းတွင် ပိတ်မိနေသော AFP, Messenger, RFA အစရှိသည့် သတင်းထောက်(၉)ဦးအား မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ အစီအစဉ်ဖြင့် ဆွဲထုတ်ပေးခဲ့ပြီး ခရိုင်ရုံးတွင် အချို့ ဆက်လက် နေထိုင်ကာ သတင်းရယူမည် ဖြစ်ပြီး အချို့မှာ ရန်ကုန်သို့ ပြန်လာမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

ပန်းသီး စားခါနီးရင် သတိထားပါ

ပန်းသီး အခွံတွေပါ စားတတ်တဲ့ သူတွေအဖို့ သတိထား ရမယ့် အချက် ဖြစ်ပါတယ် ပန်းသီးတွေရဲ့အခွံကို ဖယောင်းတွေ သုတ်ထားလေ့ရှိတယ် ဒါကြောင့် ဘယ် အသီးပဲစားစားမစားခင် အရင် စစ်ဆေးကြည့်ပါ ။ ဖယောင်းကို အအေး ခံနိုင်အောင်နဲ့ Preservation ( တာရှည်ခံ နိုင်ရန် ရည်ရွယ်ချက်ဖြင့် ) အနေနဲ့ အသုံးပြု ကြပါတယ် ။

အထူးသဖြင့် မြန်မာနိုင်ငံမှာတော့ သိပ်မသိ သာ ပေမယ့် အနောက်နိုင်ငံ တွေမှာ တစ်နှစ်ထက် ခံအောင်ဆိုပြီး အသီးတွေကို ဒီလိုနည်းတွေနဲ့ အသုံးပြု ကြပါတယ် ပုံသဏ္ဍန် အရ ကြည့်မယ် ဆိုရင် လည်း တောက်ပြောင်နေပြီး လတ်ဆတ်နေအောင် ဖြစ်ပါတယ် ။ Becox wax ကို သုတ်လိမ်း ထားရင် ဘတ်တီးရီးယား တွေကိုမ၀င်အောင်လည်း ကာကွယ် ပေးနိုင်ပြီး ခြောက်သွေ့ ခြင်းလည်း မဖြစ်ပေါ် စေပါဘူး ။

ဒါကြောင့်ပုံမှာ ပြထားတဲ့အတိုင်း ပန်းသီးမစားခင် ဖယောင်းတွေကို အရင်ခြစ်ထုတ်ပစ်ကြပါ။ ဒီစာလေး ကိုလည်း မသိသေးသူများကို မျှဝေပေးကြပါ အထူးသဖြင့် USA လို အနောက်နိုင်ငံ တွေမှာ ဒီနည်းလမ်း ကို အသုံးများပါတယ် ။

From.....မြ၀တီ

မိတ္ထီလာပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံပိုင်ရုပ်သံမှ တရားဝင် သတင်းထုတ်ပြန်


မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံပိုင်ရုပ်သံများမှ မတ် ၂၁ ရက် ည ၈ နာရီ သတင်းများတွင် တရားဝင် ထုတ်လွှင့်သွားသည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ -

"မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက သာမန်ဈေးအရောင်းအ၀ယ် အချင်းများရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး မကျေနပ်သူများက အဆောက်အဦများနှင့် ဈေးဆိုင်ခန်းတစ်ချို့ ဖျက်ဆီးမှု ဖြစ်ပွားခဲ့သဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရေးအတွက် မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက မတ် ၂၀ ရက် ည ၈ နာရီမှ စတင်ပြီး မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန် တားဆီးထားကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် မိတ္ထီလာမြို့ မြို့မအရှေ့ပြင်ဈေးရှိ ရွှေဆိုင် တစ်ဆိုင်သို့ မိတ္ထီလာမြို့၊ ပြွန်ကောက်ကျေးရွာအနီး ဦးခင်မောင်ဝင်း ဇနီးမအေးနိုင်နှင့် မညိုသန်းတို့ သုံးဦး က ရွှေဆံကုပ်တစ်ခုအား ရောင်းချရန် သွားရောက်ရာ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးခေါ် အာရှစ်၊ ဇနီးမညွန့်ရီအေး၊ ဆိုင်လုပ်သား ညီညီခေါ် ၀င်းအောင်တို့က ရွှေဆံကုပ်ကို ငွေကျပ် တစ်သိန်းငါးထောင်ပေး မည်ဟု ဈေးညှိနှိုင်း သဘောတူပြီး မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ ယူသွားခဲ့ကြောင်း၊ ဈေး အတွင်းမှ ပြန်ရောက်ချိန်တွင် ရွှေဆံကုပ်မှာ ပဲ့နေပြီး ဆိုင်ရှင်တို့က ငွေကျပ် ငါးသောင်းသာ ပေးတော့ မည်ဟု ပြောဆိုရာ ဆိုင်ရှင်မိသားစုနှင့် ရွှေဆံကုပ်ရောင်းချသူ မိသားစုများ အချင်းများကြပြီး ကိုယ်ထိ လက်ရောက် ရိုက်နှက်မှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဦးခင်မောင်ဝင်းမှာ ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာ ဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်း မှာ (ပ) ၇၄/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၉(၁၄)/၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ပြီး ဆိုင်ရှင်ဦးထွန်းထွန်းဦး အပါအ၀င် သုံးဦးအား ဖမ်းဆီးထိန်းသိမ်းထားရှိခဲ့ကြောင်း သိရ ပါတယ်။

အဲဒီနောက် မွန်းလွဲတစ်နာရီကျော်ခန့်မှာ အခင်းဖြစ်ပွားရာ ရွှေဆိုင်အနီးသို့ အထက်ပါဖြစ်စဉ်အပေါ် မကျေနပ်သူ လူအုပ်စုများ ရောက်ရှိလာပြီး ယင်းအုပ်စုမှ လူအချို့က ဈေးဆိုင် ၆ ဆိုင်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အဲဒီနောက် ဈေးအနောက်ဘက်ရှိ ဘာသာရေးအဆောက်အအုံ တစ်လုံးအား ဖျက်ဆီးခြင်း၊ အနီးရှိ ဆိုင်ကယ်လေးစင်းအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ အဲဒီနောက် ညပိုင်း အထိ လူအုပ်စုများက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါလူအုပ်စုတို့ရဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဖျက်ဆီးမှုတို့ကြောင့် ဈေးအရှေ့ပြင်ရပ်ကွက်ရှိ အခင်းစတင်ဖြစ်ပွား တဲ ရွှေဆိုင်တစ်ဆိုင်၊ ဘာသာရေး အဆောက်အအုံတစ်လုံးနှင့် ဂျစ်ကားတစ်စီး၊ အောင်ဇေယျာရပ်ကွက်ရှိ သုံးဘီးဆိုင်ကယ်နှစ်စီးနှင့် ဆိုင်ကယ်တစ်စီး၊ တော်ဝင်နန်းလမ်းဆုံအနီးရှိ ဆိုင်ခန်းများနှင့် အခြားအဆောက်အဦ ၁ လုံး၊ သီရိမင်္ဂလာ ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦတစ်လုံး၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ကားပစ္စည်းဆိုင်နှင့် အဆောက်အဦအချို့၊ ပြည်သာယာရပ်ကွက်ရှိ အဆောက် အဦအချို့၊ ရတနာမာန်အောင်ရပ်ကွက်ရှိ အဆောက်အဦအချို့နှင့် ၁၀ ဘီးကားတစ်စီး ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ယနေ့ မွန်းလွဲ ၁ နာရီအထိ ရရှိတဲ့ သတင်းများအရ သံဃာ ၁ ပါး ပျံလွန်တော်မူကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း၊ ၃၉ ဦး စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့တဲ့အတွက် မိတ္ထီလာဆေးရုံမှာ အတွင်းလူနာ၊ အပြင်လူနာများအဖြစ် ဆေးဝါး ကုသပေးခဲ့ကြောင်း သိရပါတယ်။ သို့ဖြစ်ပါ၍ မတ်လ ၂၀ ရက် ည ၈ နာရီမှ စတင်ပြီး မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက မိမိမြို့ပေါ်ရှိ ရပ်ကွက် ၁၄ ရပ်ကွက်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ကျင့်သုံး၍ တားမြစ်မိန့်ပိတ်ပင်ထားကြောင်း သိရပါတယ်။

အများပြည်သူရဲ့ လိုအင်ဆန္ဒနဲ့အညီ တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် မြို့နယ်ရပ်ရွာ အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုတို့ကို ဖောက်ဖျက်ပြီး ဆူပူအကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ကြသူများအား တရားဥပဒေအရ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်" ဟု ထုတ်ပြန်သွားခဲ့သည်။

Credit : Here

ထိုင်းဘုရင် အုတ်ဂူ အစစ်အမှန်ဟု အတည်ပြု

လင်ဇင်းကုန်း သုသာန် တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်
(ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

မန္တလေးတိုင်း အမရပူရမြို့ တောင်သမန်အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ၏ အုတ်ဂူမှာ အစစ်အမှန်ဟု အတည်ပြုနိုင်ပြီဖြစ်ကြောင်း တူးဖော်ရာတွင်တွေ့ရှိရသည့် အထောက်အထားများကို ကိုးကား၍ ထိုင်းသမိုင်း ပညာရှင်များက ပြောဆိုသည်။

အုတ်ဂူကို တူးဖော်စစ်ဆေးရာတွင် အရှေ့မြောက်ဘက် အရန် စေတီတိုင်အတွင်းမှ အရိုးများ ထည့်ထားသည့် မှန်စီရွှေချ သပိတ်တလုံး နှင့် ပန်းချီရေးဆွဲထားသည့် မှန်ချပ်များတွေ့ရခြင်း၊ ထိုင်း ရာဇ အနွယ်ဝင်များ၏ ထုံးတမ်းဓလေ့နှင့်အညီ မြှုပ်နှံထားခြင်းများကို တွေ့ရသည့်အတွက် မှန်ကန်သည်ဟု ယူဆခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ သမိုင်းနှင့် ရှေးဟောင်းသုတေသနအဖွဲ့ ဒုတိယခေါင်းဆောင် မစ္စတာ မစ်ကီဟတ်က “အရိုးတွေသပိတ်ထဲမှာ ထည့်ထား တယ် ဆိုကတည်းက ဘုန်းကြီးဝတ်နဲ့ ပျံလွန်တော်မူသွားတဲ့ မင်းကြီး ဥတွန်ပုံ ဆိုတာ ၉၉ ရာခိုင်နှုန်း သေချာသွားပြီ”ဟု ဧရာဝတီ ကို ပြောသည်။

အဆိုပါ မှန်စီရွှေချ မြေသပိတ်သည် အကျယ် ၈ . ၅ လက်မ၊ အမြင့် ၅ . ၅ လက်မ ရှိပြီး နှုတ်ခမ်းနား တွင် ရွှေချထားကြောင်း၊ သပိတ် အဖုံး လက်ကိုင်မှာ ကြာဖူးပုံသဏ္ဍာန် ပြုလုပ်ထားပြီး သို့သော် ကျောက်စာ ကမ္ပည်းဖြင့် မှတ်တမ်းတင် ရေးထိုးထားခြင်းမရှိဟု သိရ သည်။

ဤအုတ်ဂူသည် ကျောက်ဘွားဒေါက်မဒူဝါး ဘွဲ့ခံ ထိုင်းဘုရင်ဟောင်း မင်းသားကြီး ဥတွန်ပုံ ၏ အုတ်ဂူ အစစ်အမှန်ဖြစ်ကြောင်း မကြာမီ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ် မည်ဖြစ်ကြောင်း မစ္စတာ မစ်ကီဟတ်က ပြောသည်။

ယင်းအရိုးများထည့်ထားသည့် မှန်စီရွှေချ မြေသပိတ်ကို မန္တလေးမြို့တော်ဝန်ထံ ယာယီအပ်နှံထားကြောင်း၊ အနီးအနားရှိ တခြား သော ထိုင်းအနွယ်များ၏ အုတ်ဂူများကိုလည်း ဆက်လက်တူးဖော်နိုင်ရန် မြန်မာ အစိုးရထံတွင် ထပ်မံခွင့်တောင်းထားကြောင်း၊ ထို့အပြင် အုတ်ဂူအား ထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံ အစိုးရညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းဘုရင်အုတ်ဂူနှင့် ပတ်သက်ပြီး ထိုင်းသမိုင်းပညာရှင်များအကြား တူးဖော်သင့် မသင့် အချိန်ကြာမြင့်စွာ အငြင်းပွားနေရာ ပြီး ခဲ့သည့် နှစ် ဇူလိုင်လအတွင်းက ယင်းအုတ်ဂူရှိသည့် လင်းဇင်းကုန်း သုသာန်ကို ဖျက်သိမ်းရန် ဒေသအာဏာပိုင်များက စီစဉ်နေကြောင်း ဧရာဝတီသတင်းဌာနမှ ဖော်ပြလိုက်ပြီးနောက် ဘန်ကောက်အခြေစိုက် ထိုင်းအသိပညာ ပြန့်ပွားရေး အသင်း (Siam Society)မှ အစည်းအဝေးခေါ်ယူပြီး တူးဖော်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မန္တလေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးမှူး ဦးညိုမြင့်ထွန်းကလည်း ထိုင်းဘုရင်ဟောင်း၏ ဂူဖြစ်သည့် ဤအထိမ်းအမှတ် စေတီ ကို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဆက်လက်ထားရှိမည်ဆိုလျှင် ရှေးဟောင်း သုတေသနဌာန အနေဖြင့် ကူညီဆောင်ရွက်ပေးသွား မည်ဟု ဆိုသည်။

ယခုအခါ အဆိုပါ အုတ်ဂူတည်ရှိရာ လင်းဇင်းကုန်း သုသာန်သည် မန္တလေးမြို့ပြဖွံဖြိုးမှု စီမံကိန်း အကောင်အထည်ဖော်မည့် ဧရိယာ အတွင်း၌ ပါဝင်နေသည့်အတွက် ဖျက်သိမ်းရန် မန္တလေး စည်ပင် သာယာရေးက လုပ်ဆောင်လျက်ရှိသည်။

မန္တလေး စည်ပင်သာယာ သန့်ရှင်းရေးဌာနမှ ဗိုလ်မှူး နေ၀င်းမြင့်က “ကျနော်တို့အနေနဲ့ အစိုးရတို့၊ လွှတ်တော်တို့ကို တင်ပြမယ်၊ ထိန်းသိမ်းဆိုရင် ထိန်းသိမ်းပေးမယ်၊ တောင်လေးလုံး ကျောင်းထဲမှာ ထားမယ်ဆိုလည်း ရတယ်”ဟု ဆိုသည်။

တောင်သမန်အင်းစောင်း၌ အများပြည်သူ အပန်းဖြေနိုင်ရေးအတွက် မန္တလေးတိုင်း စည်ပင်သာယာရေးမှ ဆောင်ရွက်နေရာ သက်တမ်းရင့် မယ်ဇယ်ပင်ကြီးများကို ကျောက်စီနံရံများ ကာရံ ထိန်းသိမ်းခြင်း၊ အမှိုက်ပုံများရှင်းလင်းခြင်း နှင့် လင်းဇင်းကုန်း သာန်ကိုလည်း ပြောင်းရွှေ့ခြင်းများ ပြုလုပ် လျက်ရှိသည်။

တောင်သမန်အင်းစောင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားအနီး ဤ ထိုင်းဘုရင့် အုတ်ဂူကို နှစ်စဉ်နှစ်တိုင်း ထိုင်းလူမျိုးများ လာရောက်ပူဇော်လေ့ရှိသည့်အတွက် မန္တလေး ဒေသအာဏာပိုင်များ အနေဖြင့် ပြုပြင် ထိန်းသိမ်း လိုက်မည်ဆိုပါက ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကို အထောက်အ ကူပြုမည် ဖြစ်ကြောင်း လေ့လာသူများနှင့် ပညာရှင်များက ပြောဆိုကြသည်။

Credit : Here

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင် သတင်းများမှာ ကောလာဟလ များသာဖြစ်ပြီး ကူးစက်မှု မဖြစ်စေရန် ကြိုတင်စီမံထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ပြောကြား

မိတ္ထီလာခရိုင်အတွင်း လက်ရှိ ဖြစ်ပွားနေသော ဘာသာရေး အဓိကရုဏ်း ဖြစ်စဉ်များနှင့် ဆက်စပ်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်း လတ်တလော ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလ များသာဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိတ္ထီလာခရိုင်မှ အဓိကရုဏ်း အသွင်များ ကူးစက်မှု မရှိစေရန် ကြိုတင်စီမံထားကာ လုံခြုံရေး အင်အားကို တိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က “ဒီလို ဆူပူ မှုတွေ ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေထဲက အဓိက အချက်တစ်ချက်က နောက်ကွယ်ကနေ ကြိုးကိုင် လှုံ့ဆော်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရှိတယ်။ ဒါတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့ လိုအပ်တယ်။ အခု ရန်ကုန်တိုင်း အတွင်းမှာလည်း မိတ္ထီလာမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး ဆူပူမှုတွေ ဖြစ်တော့မယ်။ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှု လုံးဝမရှိဘူး။ ဒါတွေက ကောလာဟလတွေသာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ ဖြစ်သည့် လှိုင်သာယာ၊ အင်းစိန်၊ လှိုင်၊ မင်္ဂလာတောင်ညွှန့်၊ သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် သန်လျင် စသည့်မြို့နယ်များတွင် ဘာသာရေး အသွင်ဆောင်သည့် အခြေအနေများ ဖြစ်ပွားနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“ဒီလိုဖြစ်စဉ်တွေမှာ ပြဿနာ မကြီးကြီးအောင် ဖန်တီးနေတဲ့ လူတွေက အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ၊ ပညာမဲ့တဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အသိဥာဏ်ရှိဖို့လိုအပ်တယ်။ ဒီလို ဆူပူမှုတွေ ရန်ကုန်တိုင်းအတွင်း မဖြစ်စေဖို့ အစစအရာရာ ကြိုတင်ပြင်ဆင် ထားတယ်။ ညပိုင်းတွေမှာ ရဲတပ်ဖွဲ့ဝင် အင်အားတွေ တိုးမြှင့်ပြီး လုံခြုံရေး ဆောင်ရွက်နေတယ်။ အကယ်၍ ဆူပူမှုတွေ ဖြစ်ပွားအောင် ပြဿနာ စတင်ပြီ ဆိုတာနဲ့ ဥပဒေနဲ့အညီ ဖြေရှင်းသွားမယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်း အသွင်ဖြစ်စဉ်များ ဖြစ်ပွားနေသည်ဟု သတင်း များ ထွက်ပေါ်သည်နှင့် သက်ဆိုင်ရာမှ အမြန်ဆုံးသွားရောက်ပြီး စုံစမ်းစစ်ဆေးမှုနှင့် လုံခြုံရေးများ ဆောင် ရွက်လျက်ရှိသည်။

Credit : Here

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်

မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသူ (၅) ဦး ထပ်မံ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာ ရရှိသူ အရေ အတွက်မှာလည်း စုစုပေါင်း(၄၅) ဦးအထိ ရှိလာကြောင်း မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

နိုင်ငံပိုင် မီဒီယာများမှ ယမန်နေ့က ထုတ်ပြန်ခဲ့သော စာရင်းများအရ မတ်လ ၂၁ ရက်နေ့တွင် သေဆုံးသူ (၅) ဦးရှိခဲ့သဖြင့် မတ်လ ၂၀ ရက်နေ့မှ ယခု အချိန်အထိ ဖြစ်ပွား နေသော မိထ္ထီလာ ပဋိပက္ခ တွင် သေဆုံးသူ (၁၀) ဦးရှိလာခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်အချိန်အထိ တရားဝင် ရရှိသော သတင်းများ အရ သိရပါသည်။

"လက်ရှိအချိန်အထိ စုစုပေါင်း သေဆုံးသူ (၁၀) ဦး ရှိပါပြီ။ ဒဏ်ရာရသူက (၄၅) ဦးပါ။ အများစုက မီးလောင် ဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဒီစာရင်းတွေ က ဆေးရုံကို ရောက်လာတဲ့ စာရင်း ဖြစ်ပါတယ်။ ဆေးရုံအနေနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ထိရောက် စွာ ကုသနိုင်ဖို့ ၀န်ထမ်း အင်အား၊ အရေးပေါ် နေရာတွေ တိုးချဲ့ပြီး ဆောင်ရွက်နေပါတယ်”ဟု မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

နေ့လည် ၁ နာရီ ၅ မိနစ်

မိထ္တီလာမြို့ပေါ် အိမ်များတွင် ပိတ်မိနေသူများကို ကယ်တင်ရန် စတင်ကြိုးပမ်း

မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်အတွင်း နေအိမ်များတွင် ပိတ်မိနေသောသူများကို ကယ်တင်ရန် စတင်နေပြီဖြစ်ကြောင်း မိတ္ထီလာမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။

“ နေအိမ်တွေမှာ ပိတ်မိနေတာတွေ ရှိတယ်။ အဲဒါကို အခု လုံခြုံရေးတပ်ဖွဲ့တွေက ကယ်တင်ဖို့ အစီစဉ်တွေ စနေပြီ။ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကြည့်ပြီး ရှာကြမှာ ” ဟု ၄င်းက ဆိုသည်။

ယနေ့နောက်ဆုံးအခြေအနေအရ ဓါး၊ တုတ်၊ လက်နက်ကိုင်များကို လုံခြုံရေး ရဲတပ်ဖွဲ့မှ လိုက်လံ သိမ်းဆည်း နေပြီး ပစ္စည်းများ သယ်ယူကြသူများကို ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြို့ကြီးတွေမှာ အဓိကရုဏ်းမကူးစက်ဖို့ အာဏာပိုင်တွေ ပြင်ဆင်ထား


မနေ့က မိတ္ထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေလိုမျိုး မြန်မာနိုင်ငံရဲ့ တစ်ခြားေ သာဒေသများ မှာ ဖြစ်ပေါ် လာပါက အမြန်ဖြေရှင်းနိုင်ဖို့ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့များကို အသင့်စုဖွဲ့ ထားပြီးဖြစ် တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိုင်းတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးထွန်းမင်းက RFA ကိုပြောပါတယ်။

"ပုံမှန်ရဲလုပ်ငန်းလုပ်တဲ့အဖွဲ့က သက်သက်၊ ရုန်းရင်းဆန်ခက်ဖြစ်လာခဲ့ရင် ကားတစ်စီးနှိမ်နှင်းတဲ့အ ဖွဲ့ဆိုတာ က အ သင့်ဖွဲ့ပြီးသားပါပဲ၊ အဆင်သင့် ရှိနေပြီးသားပါပဲ၊ ရဲတပ်ဖွဲ့မှာက နယ်မြေရဲနဲ့ အဓိကရုဏ်း နှိမ်နှင်းရေးရဲဆိုတာ ရဲတပ်ရင်းနှစ်မျိုးရှိတယ်၊ အင်အားများရင် နှစ်ခု စလုံးပူးပေါင်းတယ်၊ အင်အားများရင်တော့ အထက်အမိန့်အရပဲလုပ်တယ်"လက်ရှိအချိန်မှာ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သတင်းလက်ဦးမှုရယူရေးကို ဦးတည်ဆောင်ရွက်နေ တဲ့အပြင်၊ ကောလဟာလ ဖြန့်ဖြူးသူတွေကိုလည်း ချက်ချင်းဖမ်းဆီးအရေးယူဖို့ ပြင်ဆင်ထားတယ်လို့ ဒုရဲမှူးကြီး ဦးထွန်းမင်းက ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့အတွင်းက တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရဲတပ်ဖွဲ့များကို ယမန်နေ့ညနေက စတင်ပြီး အဆင်သင့်တပ်လှန့်ထားတဲ့အပြင်၊ ရန်ကုန်မြို့မှာ အဓိကရုဏ်း စတင်ဖြစ်ပွားနို င်မယ်လို့ ယူဆရတဲ့နေရာတွေမှာ အဓိကရုဏ်း နှိမ်နှင်းရေးတပ်ဖွဲ့တွေကို အသင့်နေရာ ယူထားစေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

မနေ့က မတ်လ ၂၀ ရက်နေ့ နေ့လယ်က စတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့က အဓိကရုဏ်းဖြစ်စဉ်တွေကို ထိန်းသိမ်းဖို့အတွက် အဓိကရုဏ်းနှိမ်နှင်ရေး ရဲတပ်ရင်းနှစ်ရင်းနဲ့ နယ်မြေခံရဲတပ်ဖွဲ့များကို တွဲဖက်တာ ဝန်ပေးထားပါတယ်။

From:rfa

Credit : Here

မိတ္ထီလာဖြစ်စဉ် ဗမာကောင်မလေး နှစ်ယောက် အပိုင်းပိုင်းအတစ်တစ် ဓားခုတ်ခံရ


၂၁-၃-၂၀၁၃-ရက်နေ့ မွန်းတည့် (၁၂း၀၀)နာရီခန့်တွင် ပုလိပ်ကားကြီး (၆)စီးဖြင့် မွတ်ဆလင်များ ကယ်ထုတ်တင်ဆောင် သွားသည်ကိုတွေ့ရ။ ဘယ်ရပ်ကွက်ကမှန်း မသိရ။မွန်းလွဲ(၁၂း၃၀)နာရီခန့်တွင် နာရီစင် ဘက်မှ ဆိုင်ကယ်များ အမြန်မောင်းနှင်လာ။ ကုလားတွေ နာရီစသ် ဘက် ချီတက်လာပြီး။ ဗမာတွေ ကို ဓားတွေနှင့်လိုက် ခုတ်နေပြီဟု အော်ပြောသွား။ ဓာတ် တိုင်တွေ ခေါက်ပြီး အချက်ပေးကြ။ လုံခြုံရေးတွေ တောင်းကြ။ ဆိုင်ကယ်ဖြင့် သွားကြည့်ခိုင်းရာ ဘာမျှ မတွေ့ရ။

ကားကြီးဝင်းအနီး သီရိမင်္ဂလာ(ခ)ရပ်ကွက်တွင် မူဆလင်များက သူ့အိမ်သူ မီးရှို့ပစ်၊ ဗမာများက ဓားနှင့်လိုက် ခုတ်။ ဗမာကောင်မလေး နှစ်ယောက် ဓားခုတ်ခံရ။ အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ပစ်ကြ။ မွတ်ဆလင်များ ရာ ရပ်ကွက်တွေမှ ဗမာအိမ်များ မီးရှို့ခံနေရချိန်တွင် ဗမာများကလည်း မွတ်ဆလင်များ အိမ်ကို မီးရှို့ပစ်ကြ။ မွတ်ဆလင်ပိုင် အိမ်များကို မီးလိုက်ရှို့နေ။ မွတ်ဆလင်ပိုင် နှင်းပုလဲ တည်းခိုခန်း မီးထဲပါသွား။

ဦးရာလူစနစ်ဖြင့် မီးရှို့နေ။ မီးခိုးလုံးများကို မြင်နေရ။ ညနေ(၆း၁၀)နာရီတွင် ချမ်းအေးရပ်ကွက်မှ မူဆ လင် များ ကိုယ့်အိမ်ကို မီးရှို့ပစ်ကြ။ စာရင်းစစ်ရုံး၊ ပညာရေးရုံးများလည်း မီးထဲပါသွား။ ညနေ(၆း၃၀ )နာ ရီတွင် အလံဖြူထောင်ထားသော မူဆလင်တန်းကြီး သီရိမင်္ဂလာ(ခ)ရက်ကွက်မှ ထွက် လာ။ ကလေး ငယ်များ၊ အမျိုးသမီးများ၊ အဖိုးအဖွားများ ရှေ့တန်းမှာဦးဆောင်လာကြ။ အရွယ်အမျိုးစုံ အမျိုး သား များလည်း အနည်ငယ်ပါ။ အားလုံး ခေါင်းပေါ်လက်တင်လာကြ။ အသက်(၆၀)အရွယ် အဖိုးကြီး များလည်းပါ။ ထိုင်ပါရစေ၊ ထိုင်ပါရစေ၊ အော်ဟစ်ငိုယို တောင်းပန်သူများလည်းရှိ။

အလံဖြူထောင် အဖွဲ့ကြီးသည် မြနန္ဒာတိုက်နှင့် ကြေနန်းစာတိုက်ကြားရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင် ခိုင်း ထား။ လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မပါကြကြောင်း အစစ်ဆေးခံကြ။ ထိုင်နေသော လူ တန်းကြီး သည် စာတိုက်ရှေ့မှ တောင်ဘက် မီးပွိုင့်ထိ ရှည်ကြောင်း၊ ဦးရေတစ်ထောင်ကျော် ရှိသည်ဟု ခန့်မှန်း ရ။ ခရိုင် အားကစားကွင်းထဲမှာ ဒုက္ခသည်စခန်းဖွင့်ပေးထား။ ညနေ(၉း၀၀)နာရီထိ သံချောင်းခေါက် သံ များ ဆူညံနေသေး။

From:wira thu

Credit : Here

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

မတ်လ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ

မိထ္ထီလာ-ကျောက်ပန်းတောင်းလမ်း ကျောင်းပန်းတောင်ဘက်က ၀င်လာသူများ အားလုံးကို ရဲတပ်ဖွဲ့ဝင် များမှ စစ်ဆေးလျက်ရှိပြီး တုတ်၊ ဓားလက်နက် ကိုင်ဆောင် လာသူမှန်သမျှကို ဖမ်းဆီး စစ်ဆေး မှုများ ပြုလုပ်နေကြောင်း သိရသည်။ ထို့အပြင် သဲတော - ၀မ်းတွင်း ဘက်တွင်လည်း လမ်းပေါ်တွင် သွားလာ လှုပ်ရှားနေသူ အားလုံးမှာ တုတ်၊ ဓားလက်နက် ကိုင်ဆောင်ပြီး သွားလာနေကြောင်း မိထ္ထီလာမြို့ သို့ ထပ်မံ ရောက်ရှိသွားသော Eleven Media Group သတင်းထောက်က ပြောပါသည်။

လက်ရှိအချိန်တွင် ပဋိပက္ခဖြစ်ပွားမှုနှင့် လူသေဆုံးမှုများအတွက် တရားခံ တစ်ဦးကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အတွက် ဖမ်းဆီးနိုင်ရေး ကိစ္စရပ်များကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ရှမ်းနှင့် ကယား ညီလာခံ ဆွေးနွေး

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရရန်အတွက် လက်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ရန်လိုအပ်ကြောင်း ယနေ့ စတင်ကျင်းပနေသည့် ရှမ်းနှင့် ကယားပြည်နယ်ရှိ လက်နက် ကိုင်နှင့် နိုင်ငံရေးပါတီများ ညီလာခံတွင် ဆွေးနွေးသဘောတူညီခဲ့ကြသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ပြောသည်။

'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ' တွင် အဖွဲ့အစည်းပေါင်း အနည်းဆုံး ၇ ဖွဲ့ခန့် ဆွေးနွေးခဲ့ကြပြီး အကျိုးရလဒ်အဖြစ် ငြိမ်းချမ်းရေး အမှန်တကယ် လိုလားနေခြင်းကို တွေ့ရှိရကြောင်း ဦးဆောင် စီစဉ်သည့် SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် က ပြောသည်။

“အားလုံးဆွေးနွေးတာက ဖွဲ့စည်းပုံ ဥပဒေကို မဖြစ်မနေပြင်ဖို့ ဆိုတာ တွေ့ရတယ်။ ငြိမ်းချမ်ရေး လမ်းစပေါ် နေတယ်ဆိုတာ ကျနော်တွေ့ရပါတယ်။ ဖွဲ့စည်းပုံဥပဒေ ပြင်နိုင်ဖို့ လမ်းစပေါ်နေတယ်လို့ ဒါက ကောင်းတဲ့အချက်လို့ ကျနော် သုံးသပ်လို့ ရပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်ရေးအတွက် သက်ဆိုင်သူများအကြား ခိုင်မာသည့် ယုံကြည်မှု တည်ဆောက်ရန် လိုကြောင်း ဦးခွန်ထွန်းဦး က ၎င်း၏ အဖွင့် မိန့်ခွန်း တွင် ပြောဆိုသွားခဲ့သည်ဟု ညီလာခံ တက်ရောက်ခဲ့သူ ဦးစိုင်းလိတ်က ပြောသည်။

“ဖွဲ့စည်းပုံဥပဒေရဲ့ မှားယွင်းချက်ကြောင့် တိုင်းရင်းသား အချင်းချင်းကြား မညီညွတ်ဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ပေါ်တယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ ဆိုရင် တိုင်းရင်းသား အချင်းချင်း ကြားမှာရော၊ တိုင်းရင်းသားနဲ့ အစိုးရကြားမှာ ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ရမယ်။ ဒါမှ အားလုံးမျှော်မှန်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက်ကို ဖွဲ့စည်း ပုံအခြေခံ ဥပဒေတရပ် ရေး ဆွဲ ပြီးတော့မှ ရှေ့ဆက်လှမ်းနိုင်မယ်” ဟု ပြောပြသည်။

လားရှိုးမြို့တွင် ကျင်းပသည့် အဆိုပါ ညီလာခံသို့ လူဦးရေ စုစုပေါင်း ၁၈၄ ဦး တက်ရောက်နေပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဦးခွန်ထွန်းဦး အပြင် ဝန်ကြီးဦးအောင်မင်း၊ နိုင်ငံရေးပါတီများ ကိုယ်စား ဦးအေးသာအောင်၊ လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား SSPP မှ ဗိုလ်ချုပ်ဆေထင်က အဖွင့် မိန့်ခွန်းများ ပြောကြားခဲ့သည်။

ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေသဖြင့် အခက်အခဲ ကြုံတွေ့နိုင်သော်လည်း တိုင်းရင်းသားများနှင့် တပ်မတော်အစိုးရကပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွင် ပါဝင်ပူးပေါင်းရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းရေး အရေးကြီး အဆိုကို မတ်လ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

ယနေ့ ညီလာခံသို့ လေ့လာသူများအဖြစ် အဖွဲ့အစည်းပေါင်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပြီး အင်္ဂလန်၊ အမေရိကန်၊ အင်ဒိုနီးရှာ၊ ဘရူနိုင်း သံရုံးများမှ ကိုယ်စား လှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ လားဟူ၊ ကိုးကန့်၊ ရှမ်း၊ ဝ၊ တအောင်း(ပလောင်)၊ ဓနု၊ အင်း၊ ပအိုဝ်း၊ ကယန်း၊ ကရင်နီ စသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ အဖွဲ့ပေါင်း ၂၅ ဖွဲ့ ဖိတ်ခေါ်ခဲ့ရာမှ ၂၁ ဖွဲ့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ မြို့နယ်အဆင့် ကိုယ်စားလှယ်သာ တက်ရောက်ခဲ့ပြီး ဝ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

PNLO မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ရှိနေသဖြင့် ထိုညီလာခံသို့ တက်ရောက်လာခြင်း မရှိကြောင်း အဖွဲ့မှ ဥက္ကဋ္ဌ နိုလ်မှူးကြီး ခွန်ဥက္ကာ က မဇ္စျိမကို ပြောဆိုထားသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသော KNPP ပါတီကမူ ထိုညီလာခံ၏ ရည်မှန်းချက် အသေးစိတ်မသိရ သဖြင့် တက်ရောက်ခြင်း မရှိကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး(၁) ခူဦးရယ် က ပြောသည်။

“တကယ်တန်း ညီလာခံရဲ့ ရည်ရွယ်ချက်၊ ဘယ်ပုံစံနဲ့ သွားကြမယ်။ ဘယ်လို ရှိတယ်ဆိုတာ ကျနော်တို့ အဆက်အစပ် မရှိဘူး။ နောက်ပြီး သူတို့က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပံ့ပိုးဖြစ် မယ်ဆိုတဲ့ ရည်ရွယ် ချက်တော့ ပြောပါတယ်။ သို့သော် ဘယ်လိုသွားမယ်ဆိုတာ အသေးမသိတဲ့ အခါကျတော့ မသေချာ မရေရာဘဲ၊ တစုံတရာ ဂဃနဏ မသိဘဲ ကျနော်တို့ သွားတာမျိုး မဖြစ်သင့်ဘူးဆိုပြီး မတက်တာပါ” ဟု မဇ္စျိမကို ရှင်းပြသည်။

အစိုးရထဲမှ ဝန်ကြီး ဦးအောင်မင်း အပြင် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ အပြင် ငြိမ်းချမ်းရေး စင်တာမှ အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးနှင့် ဦးအောင်နိုင်ဦးတို့လည်း တက်ရောက်ကြသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ရှမ်း နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သော ပထမဆုံး ညီလာခံတရပ်ကို ရန်ကုန်မြို့တွင် “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ယခုတကြိမ် ညီလာခံသည် ဒုတိယအကြိမ် ကျင်းပနေခြင်း ဖြစ်ပြီး ကယား အဖွဲ့အစည်းများပါ ဖိတ်ခေါ်ကျင်းပခြင်း ဖြစ်သည်။

ပထမ ညီလာခံ ပြီးနောက် ဒီဇင်ဘာလအတွင်း SNLD ပါတီ အဖွဲ့ဝင်များ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သို့ လေ့လာရေးခရီးစဉ်သွားရောက်စဉ် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ကယား ပြည်သူလူထုနှင့် ရှမ်းပြည်သူလူထု၏ လိုအပ်ချက်၊ နိုင်ငံရေး ရည်မှန်းချက်များ ထပ်တူ ခံစားနေ ရသည်ကို တွေ့ရှိရ၍ ယခုကဲ့သို့ ပူးပေါင်း၍ ညီလာခံကို ကျင်းပရခြင်း ဖြစ်သည်ဟု ဦးစိုင်းလိတ်က မဇ္စျိမကို မကြာမီက ပြောဆိုခဲ့သည်။

ညီလာခံ ဒုတိယနေ့ဖြစ်သည့် ကြာသပတေးနေ့တွင် ချင်းမိုင်အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခွန်ဆိုင်း၊ ရှေ့နေများကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဦးလှထွန်း၊ မြန်မာ ငြိမ်း ချမ်းရေး စင်တာ မှ ဒေါက်တာမင်းဇော်ဦးတို့ ဆွေးနွေးကြမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Credit : Here

ဦးအောင်မင်းနှင့် PNLO ရန်ကုန်မြို့မှာ ဆွေးနွေးမည်

အပစ်အခတ် ရပ်စဲဖြစ်ပြီးသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့ မတ်လ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီး က ပြောသည်။

“ကျနော်တို့ ပြည်ထောင်စုအဆင့် တွေ့ဖို့ ရှိတယ်။ ဦးကြီး ဦးအောင်မင်းဆီက ဖိတ်စာရောက်လာလို့ ကျနော် တို့ ထွက်လာတာ။ သူတို့ အစိုးရဘက်က လာကြိုတယ်။ ခု သထုံရောက်ပြီ။ မနက်ဖြန် ရန်ကုန်ဝင်မယ်။ ကိုယ်စားလှယ် ၁၅ ယောက် တက်မယ်။ ၅ ယောက်က ရန်ကုန်မှာ ရောက်နေပြီ” ဟု PNLO ဥက္ကဋ္ဌ က  ပြောသည်။

ထိုဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေရသဖြင့် ယနေ့ လားရှိုးမြို့တွင် စတင်ကျင်းပနေသော ရှမ်းနှင့်ကယား ပါတီအဖွဲ့အစည်းများ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိ ကြောင်း သူက ပြောသည်။

PNLO သည် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ထိုင်းနိုင်ငံတွင် အလွတ်သဘော နှစ်ကြိမ် တွေ့ဆုံပြီးနောက် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ပြည်နယ်အဆင့် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ သည်။

သဘောတူညီချက်အရ PNLO ၏ ဆက်ဆံရေးရုံးများကို ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ မောက်မယ်နှင့် ဆီဆိုင်မြို့များတွင် ဖွင့်လှစ်ရန် သဘောတူခဲ့ပြီး မွန်ပြည်နယ်ရှိ သထုံမြို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် ဆွေးနွေးပွဲတွင် ညှိနှိုင်းသွားရန် ရှိသည်။

ထို့ပြင် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်နိုင်ရေး၊ ဆက်ဆံရေးရုံး လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် ကူညီပံ့ပိုးရေး၊ PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာ ညှိနှိုင်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးရန် သဘောတူ ထားကြပြီး ဖြစ်သည်။

PNLO ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်သည့် ပအိုဝ်း အမျိုးသား ညီလာခံမှ စတင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်တွင် လှုပ်ရှားလျက် ရှိကာ လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် ရှိကြောင်း သိရသည်။ ထို့အပြင် တိုင်းရင်းသား တန်းအခွင့်အရေး အတွက် ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ UNFC တွင် အဖွဲ့ဝင် ဖြစ်သည်။

Ref: မဇ္ဈိမ

Credit : Here

လက်ဖက်များတွင် ဆိုးဆေးများသုံးကာ ရောင်းချလာသည်ကိုတွေ့ရှိ


မြန်မာလူမျိုးများ၏ ရိုးရာ ဓလေ့အဖြစ် စားသုံးလေ့ရှိသည့် လက်ဖက်ထဲတွင် ဆိုးဆေးများ ထည့်သွင်းရောင်းချခြင်းများရှိနေ ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြားသည်။

““ဆရာတို့အနေနဲ့ အရင် တုန်းက စစ်ဆေးလို့တွေ့ရှိတာ မျှစ်တွေထဲမှာ၊ အသားငါးတွေထဲ မှာပဲ ဆိုးဆေးတွေသုံးတာကို တွေ့ရှိခဲ့တယ်။ အခုထပ်ပြီး လက်ဖက်ထဲမှာပါ ဆိုးဆေးအ၀ါ ရောင်တွေကိုပါ သုံးလာကြ တယ်။ ဘာလို့ သူကသုံးတာလဲ လက်ဖက်ဆိုတာ ပုံမှန်အတိုင်းဆိုရင် အရောင်ကသိပ်မလှဘူး။ အမည်း ရောင်။ သူတို့ဆိုးဆေးသုံးလိုက် တဲ့အခါကြတော့ လက်ဖက်က အ၀ါရောင်သန်းသွားတယ်။ အမည်းမဟုတ်တော့ဘူး။ အ၀ါ ရောင်သန်းသွားတယ်။ အဲတော့ အရောင်က လှသွားတာပေါ့။ ဒါကိုဝယ်တဲ့ သူတွေကရှိတယ်။ ဒါတွေဟာ ရှောင်ကြဉ်သင့်တယ်။ နောက်ပြီး ၀ယ်ယူရင်လည်း သေချာ လက်နဲ့ကိုင်ကြည့်ပြီးတော့ မှ ၀ယ်ယူသင့်တယ်။ နောက်တစ် ခုက လက်ဖက်တို့၊ လက်ဖက်ရည် ကြမ်းတို့ဟာ သောက်တာပဲဖြစ် ဖြစ်၊ စားတာပဲဖြစ်ဖြစ် ကင်ဆာ ရောဂါကို ကာကွယ်နိုင်တယ်။ ဒါပေမဲ့ လက်ဖက်ရည်ကြမ်းတို့၊ လက်ဖက်တို့ကို ညသိပ်ပြီးတော့ မစားသင့်ဘူး ညသိပ်ပြီးတော့ သောက်တာ ပဲဖြစ်ဖြစ်၊ စားတာပဲ ဖြစ်ဖြစ် သူရဲ့ နဂိုအာနိသင် ပြယ်သွားပြီးတော့ ကင်ဆာရော ဂါဖြစ်စေနိုင်တယ်””ဟု မတ်လ ၂၀ ရက်က ပြောကြားခဲ့သည်။

Credit : Here

သီတဂူဆရာတော်၏ ညီညွှတ်ရေး နှင့် အတူတကွလက်တွဲနေထိုင်ရေးသြ၀ါဒ (Peace ,Harmony and Co-existence)

ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်း ကြောင်းမှာ သည်း မခံနိုင်တာတွေ၊ ခွင့် မလွှတ်နိုင်တာတွေ၊ မစွန့်လွှတ်နိုင် တာ တွေ၊ မမေ့ပျောက်နိုင်တာတွေ အားကြီး လွန်း လို့ ပြည်ထောင်စုမြန်မာနိုင် ငံတော်ကြီး ဟာ သွေးချောင်းစီးပြီးတော့ ထပ် တလဲလဲပစ်ကြ၊ ခတ်ကြ၊ သတ်ကြ၊ ဖြတ် ကြ၊ ဖမ်းဆီးကြ၊ နှိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ရဲ့သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစ ကတည်းက အခုထိပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ ကာလပတ်လုံး ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွှတ်နိုင်ကြတာတွေ၊ မစွန့်လွှတ်နိုင် ကြတာတွေ တစ်ယောက်ရဲ့အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာ တွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံး ညီညာမှုနဲ့ ငြိမ်းချမ်းသာယာရေး ပျက် ပြားပြီး လက်တွဲဆောင်ရွက်ခြင်း၊ Peace ရယ်၊ Harmony ရယ်၊ Co-existence ရယ်၊ ဒီကနေ့ထိ မရသေးဘူး။

ရှေးဦးစွာ ငါပြောချင်တာကတော့လက်ပန်းတောင်း တစ်ပတ်လည်က လူတွေရော၊ တစ်နိုင်ငံ လုံးက လူတွေရော၊ လူမျိုးမရွေး ဘာသာ မရွေး၊ တိုင်းရင်းသား အားလုံး၊ လူမျိုးစု နိုင်ငံ သားတွေဟာ မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့သူတွေ၊ မြန်မာပြည်ထဲမှာပဲနေနေ၊ အပြင်ဘက်မှာပဲနေနေ၊ အကုန် လုံးဟာ အချင်းချင်း အပြန်အလှန်ခွင့်လွှတ်ကြပါ လို့။

တစ်ယောက်ကိုတစ်ယောက်၊ နောက် တစ်ခုကတော့ သည်းခံကြပါ၊ သည်းခံ တယ်ဆိုတာ အဓိကကတော့ ဒေါသကို ထိန်းချုပ်တာပဲ။ တစ်ယောက်က တစ် ယောက် အမှားအယွင်းရှိရင်လည်း ခွင့် လွှတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ် တာရှိတယ်။ ကြီးကြီးကျယ်ကျယ် မှားရင် ခွင့်မလွှတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာ တွေအကုန်လုံး ခွင့်လွှတ်ကြပါ။ နောက် တစ်ခုကစွန့်လွှတ်ခြင်းဆိုတာလည်းအရေး ကြီးတယ်။

အဲဒီအခြေခံမူ သုံးချက်ကွာ၊ ငါကတော့ သဘောကျထားတာ။ နိုင်ငံ တော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင် ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ၊ ခတ်ကြနဲ့ နှစ် (၆၀)ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်း ကြီးကို တို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ကယား၊ ရခိုင်၊ ရှမ်း လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို လျှောက်လှမ်းခဲ့တာ ကြာလှပြီပဲ။

ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံး တော့မယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က ရွှေတံခါးကြီးကို ခုဖွင့်ခါနီး အနေအထား မှာ အကုန်လုံးရောက်နေကြပြီ။ ရွှေတံခါး ကြီးကိုဖွင့်ဖို့ အနေအထား ရောက်တာ ဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ ၀င်တွေအားလုံးနဲ့ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲ နိုင်ဖို့ရာ သိပ်အရေးကြီးတယ်။

အဲဒီလို ဤနှစ်ဦးသားလက်မတွဲနိုင်ဘူး ဆိုလို့ရှိရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲလျှောက် ကြရဦးမှာပဲ။ အနည်းကလေးမျှသော အကြောင်းကိစ္စရဲ့အခြေခံကိုအကြောင်း ပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွှတ် နိုင်ကြမယ်၊ သည်းမခံနိုင် ကြမယ်၊ ရန် တွေ့ကြမယ်၊တိုက်ခိုက်ကြမယ်၊ ဖော်ထုတ် ကြမယ်၊ အဲဒါတွေ စွဲနေကြဦးမယ်ဆိုရင် ဒီဆူးခင်းသော လမ်းကြောင်းပေါ်ကို အကုန်လုံးပြန်လျှောက်ကြရမှာ။ ပြီးတော့ ရွှေတံခါးကြီးကလည်း ပိတ်သွားမှာ။ ဒါ့ ကြောင့်ရှေးဦးစွာငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံးသည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်တစ် ယောက် ခွင့်လွှတ်ကြစမ်းပါ။ နောက် တစ်ခုက စွန့်လွှတ်ခြင်း ဆိုတာကလည်း အရေးကြီးပါတယ်။ စွန့်လွှတ်ပုံ အမျိုး မျိုးတော့ ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ် လပ်ရေးအတွက်အောင်ဆန်းတစ်ယောက် နဲ့ အပေါင်းပါ၊ ခေါင်းဆောင် ကြီးတွေ အများကြီးပဲ။ အသက်တွေ စွန့်လွှတ်သွား ကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီး တဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ် လပ်ရေးရပြီး နှစ်ပေါင်း(၆၀)လောက်ခရီး မှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဒီဆူးခင်းသော လမ်းကြမ်းကြီးကိုပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးနိုင် မယ့်ခေါင်းဆောင်ဟာ တို့ တိုင်းပြည်မှာမတွေ့ခဲ့ရဘူး။

ရွှေတံခါးကြီး ကို ဖွင့်ပေးနိုင်မယ့် ပုဂ်္ဂိုလ်ဟာ ဒီကနေ့ တွေ့ပြီ၊ အောင်ဆန်းမရှိတဲ့နောက်ပိုင်း မှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာ တာဟာ ဒို့အတွက်တော့ အဲဒါ အတော် ကံကောင်းတယ်။ နောက်ပြီးတော့ တပ်မ တော်ကြီးအတွက်လည်း သိပ်ကံကောင်း တယ်။ မစုတစ်ယောက်ဟာဒီပဲယင်းကိစ္စ ကြီးတစ်ခုလုံးကို လုံးဝမျက်နှာလွှဲပြီးတော့ ခွင့်လွှတ်ထားတာ။ ဘာအစအနမှ ပြန် မဖော်ဘူးဆိုရင် လက်ပံတောင်းတောင် က ကိစ္စတွေလည်းပဲ အကုန်လုံးက အဲဒီ လိုပဲ။ ““သြော်- မစုတောင် ဒီလောက်ကြီး ခွင့်လွှတ်နိုင်ရင်တို့တစ်တွေလည်းခွင့်လွှတ် ကျေနပ်ကြဖို့ ကိစ္စဟာ ဒါနှလုံးသားထဲ မှာအကုန်လုံး စွဲစွဲမြဲမြဲထား။ ဒီမူဝါဒသုံးခု ပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ ကောင်းတယ်။ အဲဒါကြောင့် Union Of Myanmar ကို United Myanmar ဖြစ်အောင်၊Development of Myanmar ဖြစ်အောင်။Golden Myanmar ဖြစ် အောင် ကြိုးစားကြ။ အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွှတ်မှ ကြီးကျယ် တဲ့အကျိုးအမြတ် ဆိုတာကိုရရှိနိုင်မှာ””ဖြစ် တယ်။ အဲဒီအချက် သုံးချက်ကိုတော့ ငါ အလေးအနက်ထားပြီး ပြောချင်ပါတယ်။

ဒို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာအနားယူနေတာ၊ မင်းလာမေးတော့ ငါကလည်းပဲ ဒါပြောချင်စိတ် ပေါက်နေ တာ၊ ဘာကြောင့်လဲဆိုတော့ စိတ်ထဲမှာ ပင်ပန်းလွန်းလို့ကွာ။ တိုင်းပြည်အတွက် ဒီလောက်စွန့်လွှတ်တဲ့ သူတစ်ယောက်ကို ၀ိုင်းရန်တွေ့ကြတဲ့ ကိစ်္စကတော့ အတော် စိတ်ဆင်းရဲစရာ ကောင်းတယ်။ ဒီမယ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ပထမ ဆုံးစည်းလုံးခဲ့တာအနော်ရထာမို့လားကွ။ အနော်ရထာဟာ အေဒီ (၁၁) ရာစုဆို တော့ ဒို့နိုင်ငံတော်ရဲ့စည်းလုံး ညီညွတ်မှု ဟာ အင်္ဂလိပ်အမေရိကန်တို့ ထက် သက် တမ်းရှည်ပြီကွ။နှစ်ပေါင်း (၉၀၀)ကျော်ပြီ။ အဲဒီ အနော်ရထာ စည်းလုံးညီညွတ်မှုနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်ဆီးပစ်ကြတာကတော့ မင်းပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ အကျယ်တ၀င့် သိချင်ရင်တော့ နောက် ပြန်ဖတ်၊ ငါပြောမယ်၊ သီဟပတေ့ဆိုတဲ့ ဘုရင်နဲ့ နရသူဆိုတဲ့မင်းပဲ။ အဲဒီမင်းနှစ်ပါး အကြောင်း အကျယ်မပြောဘူးကွာ။ ပုဂံ သမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေး ထားသလဲဆိုတာ နာမည်လေးပဲ ပြော မယ်။ သီဟပတေ့မင်းကို ဘာခေါ်လဲဆို တော့ တရုတ်ပြေးမင်းလို့ခေါ်တယ်။နရသူ ကိုတော့ ကုလားကျ မင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံ သားတွေ သိပ် သတိထားရမယ့် အချက်ပဲ။

တရုတ်ပြေး မင်းနဲ့ ကုလားကျမင်း၊ အဲဒီမင်းနှစ်ပါးတို့ ကြောင့် အနော်ရထာ စည်းညီညွတ်စွာ တည်ထောင် ခဲ့တဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးဟာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးခဲ့တယ်။ ကုလားကျမင်း ဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယမင်း သမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒါ ကုလားသတ်လို့သေတာပဲ။ အဲဒါကြောင့် မို့ ““တိုင်းပြည်မှာနော် အဲဒီလို တရုတ်က တစ်မျိုး၊ကုလားကတစ်မျိုး၊ အဘက်ဘက် က ခြိမ်းခြောက် နေတဲ့အချိန်မှာ ဒီလို ရထားတဲ့ ရှားရှား ပါးပါးရထားတဲ့ခေါင်း ဆောင်ကောင်းတစ်ယောက်ကို ဒို့တစ် တွေက အားမပေး ဘူးဆိုရင် အင်္ဂလိပ်ကျ မင်းဆိုတဲ့ သီပေါမင်းဆိုတာလည်း ရှိသေး တယ်ကွ။ အဲဒီ သမိုင်းတွေကို အားလုံး ဆက်လက်ပြီးတော့ စဉ်းစားကြ။

အဲဒီ တော့ ဒီအချိန်မှာရှေးရှေးက အသက်စွန့် ကာသွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီး တွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ ဒီအမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့ တစ်တွေဟာ ထိန်း သိမ်းစောင့်ရှောက်ကြ ရမှာဖြစ်တယ်။

ညီညွတ်ခြင်းဆိုတဲ့ ကိစ်္စက လည်း သည်းမခံနိုင်ရင်မညီညွတ်ဘူးကွ၊ ခွင့်မလွှတ်နိုင်ရင်မညီညွတ်ဘူးကွ၊ မစွန့် လွှတ်နိုင်ရင် မညီညွှတ်ဘူးကွနော်။ မေ့ ပျောက်ခြင်းမရှိရင်လည်းမညီညွတ်ဘူးကွ။ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness. အဲဒီအထဲမှာ ထပ်ပြောရရင် self-forge-tencess ကိုယ် ကျိုး၊ ကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆို တဲ့ အဲဒီအခြေခံမူလေးနဲ့ Union of Myanmar ဆိုတဲ့ နိုင်ငံတော်ကိုဆက် လက်၍ထိန်းသိမ်းစောင့်ရှောက် နိုင်ကြ စို့လို့ငါအလေးအနက်ပြောချင်တယ်ကွာ။

““သီတဂူ စန်းလပမာချမ်းမြသာယာ ရှိကြပါစေ””

ဒေါက်တာအရှင်ဉာဏိဿရ
(Ph.D,D.Litt)အဂ္ဂမဟာပဏ္ဍိတ
သီတဂူကမ်္ဘာ့ဗုဒ်္ဓတက်္ကသိုလ်
အဓိပတိဆရာတော်

Credit : Here

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရားဝင်ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြရန် တင်ပြမှုကို မတ်လ (၂၁) ရက် နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

တုံရွာသူ မဌေးဦး နှင့် မဌေးနွယ်တို့ က ဦးဆောင်ကာ မတ်လ (၁၈) ရက်နေ့တွင် စာဖြင့် တင်ပြခဲ့ခြင်း ဖြစ်ပြီး ၊ ၃ ရက်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

မတ်လ ၂၃ ရက်နေ့တွင် တုံရွာထိပ်မှ စတင်ကာ ပုသိမ်မုံရွာ လမ်းဆုံအထိ အင်အား (၅၀၀ )ခန့်ဖြင့် စီတန်းဆန္ဒပြခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မွန်းလွဲ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့်ရပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ၊ မီးလောင်ဗုံးဖြင့် ဖြိုခွင်းသည့် တာဝန်ရှိသူ ဖော်ထုတ်အရေးယူရေး ၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ကြွေးကြော်သံများ ဖြင့် စီတန်းလှည့်လည် မည် ဖြစ်ကြောင်းသိရသည်။

စီတန်းလှည့်လည်ခြင်းကို ဦးဆောင်မည့် သူ ၂ ဦးနက် မဌေးနွယ်ဆိုသူမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ ၀င်အဖြစ်ပါဝင်သော ဒေသခံ ဦးဘိုဌေး ၏ သမီးဖြစ်ကြောင်း သိရသည်။

ယင်းခွင့်ပြုချက်ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး လက်မှတ်ရေးထိုးကာ စာအမှတ် ၁၀၀၂(၀၆)/ ၁၀၃/ဦး ၁ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Hot News Weekly

Credit : Here

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူတစ်ဦးထံမှ သေနပ်၊ကျည်ဆံ၊ လက်ကိုင်ဖုန်းတို့နှင့်အတူ ဖမ်းဆီးရရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူတစ်ဦးထံမှ သေနပ်၊ကျည်ဆံ၊ လက်ကိုင်ဖုန်းတို့နှင့်အတူ မောင် တော မြို့နယ်မြောက်ပိုင်း၊ နယ်မြေ (၂) အပိုင် မင်္ဂလာညွှန့်စံပြကျေးရွာရှိ ရဲစခန်းနီးတွင် ဖမ်းဆီးရရှိ
-------------------------------------------------------------

မတ်လ ၁၉ ရက်နေ့ ညဆယ်နာရီခန့်က မောင်တောမြို့နယ်၊ မြောက်ပိုင်း၊နယ်မြေ(၂)အပိုင်၊ သက်ကိုင်း ညာကျေးရွာအနီးတွင် တံရားခံပြေးနှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး၊ ၂၀ ရက်နေ့ နံနက် ကိုးနာရီခန့်တွင် တမန်းသားကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာဘက် ကမ်း၊ သုဿာန်အနီး တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး နောက် ထပ်မံပြီး မင်္ဂလာညွှန့်စံပြကျေးရွာအနီးရှိ လမ်းမပေါ်မှ တဆင့် ရဲစခန်းအနီးသို့ ချဉ်းကပ်လာသော ဘင်္ဂလီတစ်ဦးအား မသင်္ကာသဖြင့်စစ်ဆေးရာ ထိုဘင်္ဂလီ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူဖြစ်ကြောင်းသိရသည်။

ယင်းဘင်္ဂလီ၏ လက်ထဲတွင် မြန်မာငွေ ၃ သိန်းခန့် တန်ဖိုးရှိသော ပြောင်းရှည်ပီစတို တစ်လက်နှင့် တစ်တောင့်လျင် မြန်မာငွေ ၈ ထောင်ခန့်တန်ဖိုးရှိသော ကျည်ဆံ ၆ တောင့်၊ ဘင်္ဂလားဒေ့ရှ်တာကာငွေ ၂ သောင်း ခန့် တန်ဖိုးရှိ အဆင့်မြင့် လက်ကိုင်ဖုန်းတစ်လုံး ၊ တို့ကို တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးက ကြိမ်ချောင်းရဲစခန်းသို့ပို့ဆောင်ကာ ယင်းမှတစ်ဆင့် နစကဌာနချုပ်(ကျီးကန်းပြင်)သို့ ပို့ဆောင်လိုက် သည်ဟု သိရသည်။ ၂၀ ရက်နေ့သတင်းများအရ အဆိုပါဖမ်းဆီးမိသူများကို ကျီးကန်းပြင်ထောင် တွင် ယာယီထောင်ချထားလိုက်ပြီဖြစ်ကြောင်းသိရသည်။

Credit : Here

ဘီဘီစီ ဖော်ပြထားသော မိတ္ထီလာ ပဋိပက္ခတွင် မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိ

ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာ၏ facebook စာမျက်နှာတွင် ဖော်ပြထားသော မိတ္ထီလာ ပဋိပက္ခတွင် မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိ
-------------------------------------------

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် မွတ်စလင် (၁၀) ဦး သေဆုံးခဲ့သည်ဆိုသော ဘီဘီစီ (မြန်မာပိုင်း) facebook စာမျက်နှာတွင် ဖော်ပြထားသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိကြောင်း Eleven Media Group အနေဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။

ဘီဘီစီ (မြန်မာပိုင်း) ၏ facebook စာမျက်နှာတွင် "မွတ်ဆလင်ပိုင်တဲ့ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ မိတ္ထီလာ ပဋိပက္ခမှာ အခုနောက်ဆုံး သတင်းတွေအရ အနည်းဆုံး ၁၀ ဦး သေဆုံး သွားပြီး သေသူအားလုံးဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်" ဟု ဖော်ပြ ထားသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး Eleven Media Group မှ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးထွန်းနိုင်အား ဆက်သွယ်မေးမြန်းခဲ့ရာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိ ပက္ခကြောင့် သေဆုံးသူ (၆) ဦးရှိပြီး သံဃာတော်တစ်ပါး၊ ဗုဒ္ဓဘာသာဝင် အမျိုးသား (၂) ဦးနှင့် အစ္စလာမ် ဘာသာဝင် (၃) ဦးဖြစ်ကြောင်း အတည်ပြုပြောကြားပါသည်။

ဘီဘီစီ သတင်းဌာနအနေဖြင့် ၂၀၁၂၊ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ မတိုင်မီကလည်း ရခိုင်ပြည် နယ်အား ရိုဟင်ဂျာပြည်နယ်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်။ ဤသတင်းကို ထပ်ဆင့် ဖြည့်စွက်နိုင်ဖို့အတွက် RSV မှ မန္တလေးတိုင်းဒေသကြီး ရဲစခန်းအား ဖုန်းဆက်ခဲ့ပြီး ထပ်ဆင့် အတည့်ပြုအပ်ပါသည်။

Eleven Media Group

Credit : Here

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း မိထ္ထီလာမြို့ မြင်ကွင်းများ။

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း

မိတ္ထီလာမြို့မှာ အဓိကရုဏ်းတွေ ပြန်ဖြစ် မတ်လ ၂၀ ရက်နေနဲ့ ၂၁ ရက်ညနေ အထိ နှစ် ရက်ကြာ ဖြစ်ပွားပြီး အနည်းငယ်ငြိမ်သက်သွားတဲ့ မိတ္ထီလာမြို့မှာ ဒီကနေ့ မနက် ၅ နာရီကစပြီး မီးလောင် မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်လို့ RFA ကစုံစမ်းသိရပါတယ်။

ဒီမီးလောင်ကျွမ်းမှုတွေဟာ ရန်ကုန်-မန္တလေးကားလမ်းမဘေး၊အဝေးပြေးကားဝင်း အနီးက သီရိမင်္ဂလာ ရပ်ကွက်မှာ ဖြစ်ပွားနေတာလို့ မိတ္ထီလာမြို့နယ်မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။ "ပြည်သူ တစ်ချို့က သောင်းကျန်းနေတာပါ။ ရဲတွေလည်း ထိန်းဖို့ကြိုးစားနေတယ်"လို့ မီးသတ်တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိထ္ထီလာမြို့ သီရိမင်္ဂလာ ရပ်ကွက်ရှိ ကားကြီးဝင်းအနီး မီးလောင် ကျွမ်းမှု ဖြစ်ပေါ်နေစဉ်။


မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိထ္ထီလာမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ် ထားစဉ်။

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့ မြင်ကွင်းများ

မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း အတွင်းသို့ ရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။

Credit : Here