Tuesday, March 19, 2013

SIM Card အကြောင်း သိကောင်းစရာ


SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့အတိုကောက်ပါ။ လွယ်လွယ်ကူကူ သယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။

SIM Card တွေကို H1, H2, H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။

H1= Normal Network
H2= Better Network , Means Strong
H3= More Better Network , Means Stronger
H4= Normal, Better, More Better Is Nothing In Front OF This Sim

များသောအားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်းကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို အသုံးပြုနေသလဲ သိချင်ရင် SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။

SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြုပါတယ်။ mini-SIM ရဲ့အရွယ်အစားက 25mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ card အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာပါဝင်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံ အတူတူပဲဖြစ်တဲ့အတွက် အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာတပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင်ပါတယ်။

SIM card တွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ ဖုန်းအ၀င်အထွက်မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင်စေမယ့် လုံခြုံရေးအစီအမံတစ်ရပ်လည်းပါဝင်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းအခိုးခံရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြုနိုင်မှာ မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာမဟုတ်ပါဘူး။

Tech & Security News
သန်းထိုက်ဇော် - နည်းပညာစုစည်းမှု

Credit : Here

မြန်မာနိုင်ငံ၏ ပထမဦးဆုံးလေယာဉ်မောင်း သင်တန်းကျောင်း အတွက် သြစတြီးယား နိုင်ငံလုပ် အမောင်းသင် လေယာဉ် DM-40 အမျိုးအစား ၃ စီး ၀ယ်ယူ


မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးလေယာဉ်မောင်း သင်တန်းကျောင်း အတွက် သြစတြီးယား နိုင်ငံမှထုတ်လုပ်သည့် အမောင်း သင် လေယာဉ် DM-40 အမျိုးအစား ၃ စီးကို ၀ယ်ယူ ထားပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါလေယာဉ်များကို MAA (Myanmar Aviation Academy ) ပုသိမ် လေယာဉ်မောင်း သင် တန်းကျောင်း အတွက် ၀ယ် ယူခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။

ယင်းလေယာဉ် ၃ စီးကို အမေရိကန်ဒေါ်လာ ၁.၃ မီလီလျံ ကုန်ကျခံကာ ၀ယ်ယူခဲ့ကြောင်းသိရသည်။ MAA (Myanmar Aviation Academy ) ပုသိမ် လေယာဉ်မောင်း သင်တန်းကျောင်း တွင် တက်ရောက်သည့် သင် တန်း သားများကို လက်တွေ့ အမောင်းသင်ကြားပေး မည် ဖြစ်ပြီး သင်တန်းကာလ တစ်နှစ်နှင့် ရှစ် လ ပြီးဆုံး ပါက ပြည်တွင်းလေကြောင်း လိုင်းများတွင် တိုက်ရိုက်လေယာဉ်မှူး အဖြစ်ခန့်အပ် သွား မည် ဖြ စ်ကြောင်း သိရသည်။

ကျော်ဇေယျ ၊
သတင်းဓာတ်ပုံ (ရဲနောင် - ဖယ်ခုံ)
ref:YMG

Credit : Here

ငလျင်လှုပ်ခတ်မှုသည် ရေကိုရွှေအဖြစ် ပြောင်းလဲစေကြောင်း သုတေသီများ တွေ့ရှိ

ငလျင်လှုပ် နေစဉ်အတွင်း ပြတ်ရွေ့ ကြောင်းများ၌ ရှိသော ရေများသည် အငွေ့ပျံ၍ ရွှေအဖြစ် အနည်ကျ သွားကြောင်း မတ် ၁၇ ရက်တွင် ထုတ်ပြန်သော Nature Geoscience ဂျာနယ်တွင် ဖော်ပြထားသည်။ အဆို ပါ ဖော်ပြချက်သည် ကမ္ဘာ့ ရွှေကြောကြီးများ တွင် တွေ့ ရသော သလင်းကျောက်နှင့် ရွှေတို့ကြား ဆက်နွှ ယ်မှု ရှိနေခြင်းကို ဖော်ပြနေကြောင်း သြစတြေးလျ နိုင်ငံ ကွင်းစလန်း တက္ကသိုလ် မှ ဘူမိ ရူပပညာ ရှင် ဖြစ် သူ ဒိုင်ရွန်ဝဲ သာလေးက ပြောကြားသည်။

ငလျင် လှုပ်ခတ်သည့်အချိန်တွင် ငလျင်ကြောသည် မြေပြင်ပေါ်တွင် ရှိသော ပြတ်ရွေ့ ကြောင်း တစ်လျှောက် ရွေ့ သွားသည်။ ပြတ်ရွေ့ ကြောင်းကြီးများတွင် ၎င်းတို့၏ လမ်းကြောင်း တစ်လျှောက်၌ အက် ကွဲ ကြောင်း ငယ်များမှာ ဖြစ်ပေါ်လာပြီး ၎င်းအက်ကွဲ ကြောင်းငယ်များသည် အချင်းချင်း ချိတ်ဆက် ကာ လေးထောင့်ပုံ အ ကွက်ငယ်များ ဖြစ်ပေါ်လာသည်။ ငလျင် လှုပ်ခတ်သည့် အချိန် တွင် ပြတ်ရွေ့ ကြောင်းကြီးများ အတွင်း သို့ ရေများ ဝင်ရောက် လာခဲ့သည်။ မြေပြင်အောက် ၆ မိုင်ခန့် အနက်တွင် အပူချိန် နှင့် ဖိအား များ ပြင်း ထန် စွာ ဖြစ်ပေါ်လာကာ မြေပြင် အက်ကွဲကြောင်းများ အတွင်း ရှိရေ က မြေကြီး အတွင်းရှိ ကာဗွန်ဒိုင် အောက် ဆိုက်ဓာတ်ငွေ့၊ ဆီလီကွန် နှင့် ရွှေတို့ကို သယ်ဆောင် လာခဲ့သည်။

ငလျင် လှုပ်ခတ်သည့် အချိန်တွင် မြေပြင် အက်ကွဲကြောင်းများ ကျယ်ပြန့်လာပြီး ဖိအား ပြောင်းလဲလာမှု (ဥပမာ အား ဖြင့် ပေါင်းအိုး အဖုံးဖွင့်လိုက် သကဲ့သို့ မြေအောက် ရှိရေများ) နှင့်အတူ ကာဗွန် ဒိုင် အောက် ဆိုက်၊ ဆီလီကွန်နှင့် ရွှေတို့မှာ မြေပြင်ပေါ်သို့ရောက်ရှိခဲ့ပြီး ရေများအငွေ့ပျံသွားကာ ရွှေအဖြစ်ကျန် ရှိခဲ့ ခြင်းဖြစ် သည်ဟု ၎င်းဂျာနယ်တွင် ဖော်ပြ ထားသည်။

အသေးစား ငလျင်ငယ် လှုပ်ခတ်လျှင်ပင် မြေအောက်ရှိ ဓာတ်သတ္တုများ ပါဝင်သည့် အရည်များ က ရွှေ များသယ်ဆောင် ပေးနိုင်ကြောင်း၊ သို့ရာတွင် ငလျင်လှုပ် ခတ်ပြီးနောက်တွင် ကျန်ရစ်ခဲ့ သည့် ရွှေပမာ ဏမှာလည်းအနည်းငယ်ပင် ဖြစ်ကြောင်းကွင်းစလန်းတက္ကသိုလ်မှဘူမိ ရူပဗေဒ ပညာရှင် ဒိုင်ရွန် ဝဲသာလေး က ပြောကြားသည်။

လူသားများ အနေဖြင့် ကမ္ဘာမြေကြီး အတွင်းမှ အကြမ်းဖျင်း အားဖြင့် ရွှေတန် ချိန် ၁၈၈ဝဝဝ တန်ခန့်ကို တူးဖော်ရရှိ နိုင်သည်ဟု ခန့်မှန်းရကြောင်း ဒိုင်ရွန်ဝဲ သာလေးက ပြောကြားသည်။

ကမ္ဘာမြေပြင် အောက်ရှိ ရေများသည် ရွှေပါဝင်မှုကို အများဆုံးအားဖြင့် ၁ သန်း လျှင် ၁ ပုံခန့်သာ သယ် ယူ နိုင်ခြင်းကြောင့် ငလျင်တစ်ကြိမ် လှုပ်ခတ်ပြီးလျှင် ကျန်ရစ်ခဲ့သည့် ရွှေပမာဏမှာ အလွန်နည်းပါးကြောင်း၊ သို့ရာတွင် နယူးဇီလန် နိုင်ငံ၏ အယ်လ်ပိုင်း ပြတ်ရွေ့ကြော ကဲ့သို့သော ငလျင်ဇုန် များတွင်မူ နှစ်ပေါင်း ၁ဝဝဝဝဝ ခန့်တွင်သတ္တုသိုက်ကြီးတစ်ခုကိုဖြစ် ပေါ်စေနိုင်ကြောင်း ဒိုင်ရွန်ဝဲသာလေးက ထပ်ေ လာင်း ပြော ကြားသည်။

သို့ရာတွင် ငလျင် လှုပ်ခတ်ခြင်းတစ်ခု သာလျှင် ရွှေဖြစ်ပေါ်စေသည့် အကြောင်း ရင်းမဟုတ်ကြောင်း၊ တူ ညီသောအခြေအနေများတွင်မီးတောင်များ၏ အောက်၌လည်းဖြစ်ပေါ်တတ်ကြောင်း၊မီးတောင် ၌ ရွှေဖြစ်ေ ပ်ါမှု ၏ ဆက်စပ်မှုကို လေ့လာနေသူ ဝီလ်ကင်ဆန်က ပြောကြားသည်။ အကြမ်းဖျင်း အားဖြင့် ကမ္ဘာ့ေ ရွှ ကြောများ၏ ၁ဝ ရာခိုင်နှုန်း ခန့်သည် ထိုကဲ့သို့သော တောင်များ၏အောက် တွင်ရှိသည်ဟု ဝီလ်ကင် ဆန်က ထပ် လောင်းပြောကြားခဲ့သည်။

သိပ္ပံပညာရှင်များ အနေဖြင့် ငလျင်လှုပ်ခတ်မှုသည် ရေကို တစ်ခဏ အတွင်း ရွှေ အဖြစ် ပြောင်း လဲစေ နိုင် သည်ဟူသည့်အချက်ကိုရှာဖွေ တွေ့ရှိခဲ့ကြ သော်လည်းရွှေသိုက်ကြီးတစ်ခု ဖြစ်လာရန်မှာမူ နှစ်ထောင် ပေါင်း များစွာ ကြာမြင့်မည် ဖြစ်သည်။

ref:မြ၀တီ

Credit : Here

Management နဲ့ Leadership ဘယ်လိုကွာခြားပါသလဲ

Management နဲ့ Leadership ရဲ့အဓိကကွာခြားချက်ကတော့ Management ဟာလေ့ကျင့်ထားတဲ့ ကျွမ်းကျင်မှုနဲ့ သက်ဆိုင် ပြီး Leadership ကတော့ အနုပညာ ဒါမှမဟုတ် အတတ်ပညာ နဲ့သက်ဆို င်ပါ တယ် ။

များသောအားဖြင့် The skill of management and the art of leadership လို့ ပြောလေ့ရှိကြပါတယ်။ Management Skills လို့ပြောတဲ့အခါ လုပ်ငန်းအဖွဲ့အစည်းအတွက် မဟာဗျူဟာ (Strategy) ချမှတ်နိုင်စွမ်းရှိတာ ၊ ၀န်ထမ်းတွေကို စနစ်တကျ စုစည်းပြီး ဖွဲ့စည်းပုံ (structure) ချမှတ် ထားနိုင်တာ၊ ငွေကြေးနဲ့ ဘဏ္ဍရေးကိစ္စတွေ၊ နေ့စဉ်လုပ်ငန်းဆောင် တာတွေအပေါ်စနစ် (System) ကျကျ ထိန်းသိမ်းနိုင်စွမ်းရှိတာ ကိုဆိုလိုပါတယ်။

ဒါပေမယ့်စဉ်ဆက်မပြတ် အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့စီးပွားရေး ပါတ်ဝန်းကျင်မှာ မန်နေဂျာတွေအဖို့ Management Skill နဲ့တင်မ လုံလောက်တော့ပါဘူး။ အနာဂါတ်မှာ ကြုံတွေ့ရမည့် စိန်ခေါ် မှုတွေကို ကျော်လွားနိုင်ဖို့ ၊ အခွင့်အလန်းတွေ ရယူနိုင်ဖို့နဲ့ မိမိအဖွဲ့အစည်းကို အားထည့်ထားဖို့ အတွက် ခေတ်သစ်မန်နေဂျာတွေဟာအမြင်ကျယ်ပြီး ဥာဏ်ပညာအမျှော်အမြင်ပြည့်စုံဖို့ လိုအပ်လာ ပါတယ်။

ဒါကြောင့်လုပ်ငန်းတွေအောင်မြင်ဖို့အတွက် Management တခုတည်းသာမက Leadership ပါလိုအပ်လာပါတယ်။ Leadership မှာတော့ ကျိုးကြောင်းဆင်ခြင်မှု ပါရှိပြီး လုပ်ငန်းလုပ်ဆောင်တဲ့အခါ ရည်ရွယ်ချက် (Purpose) ၊ စဉ်ဆက်မပြတ်လှုပ်ရှားနေတဲ့ ဖြစ်စဉ်တွေ (Process) နဲ့ ကျွမ်းကျင်ပြီး စွမ်းရည်ပြည့်တဲ့သူတွေ (People) တို့ကို အဓိကထားပြီး စူးစိုက်ဆုံးဖြတ် လုပ်ဆောင်ပါတယ်။

Mangement နဲ့ Leadership ရဲ့အဓိကကွာခြားချက်သုံးခုကတော့

၁။ Management က Planning နဲ့ strategy ကိုဇောင်းပေးပြီး Leadership က Organization Purpose ကိုဦးစားပေးပါတယ်။

၂။ Management ကလုပ်ငန်းအဖွဲ့အစည်းရဲ့ Formal Structural Design ကိုအာရုံစူးစိုက်ထားပြီး Leadership က Effective Management Process ကိုအာရုံစူးစိုက်ထားပါတယ်။

၃။ Management က၀န်ထမ်းတွေကို ထိန်းချုပ်ကြပ်မတ်ဖို့တာဝန်ယူပြီး Leadership က လုပ်ငန်း မှာရှိတဲ့လူတွေရဲ့ ကျွမ်းကျင်မှူနဲ့ စွမ်းဆောင်ရည် တိုးတက်မှုကို တာဝန်ခံဆောင်ရွက်ပါတယ်။ Management နဲ့ Leadership ကွာခြားမှုရှိပေမယ့် တစ်ခုနဲ့တစ်ခု သီးခြားသတ်မှတ်လို့မရနိုင်သလို တစ်ခုနဲ့တစ်ခု ကင်းကွာလို့ မရနိုင်ပါဘူး။

Management ရဲ့မူလလုပ်ဆောင်ချက် လုပ်ငန်းတာဝန်တွေကိုလည်း ပစ်ပယ်လို့မရပါဘူး။ Management နဲ့ Leadership ပေါင်းစပ်နိုင်မှသာ လုပ်ငန်းအောင်မြင်နိုင်ပြီး အဲဒီအောင်မြင်မှူကို ဆက်လက်ထိန်းသိမ်းနိုင် မှာဖြစ်ပါတယ်။လုပ်ငန်းမှာ ရည်မှန်းချက်နဲ့ အလုပ်အစီအစဉ်တွေ သတ်မှတ်ဖို့နဲ့ သတ်မှတ် ထားတဲ့အလုပ်တွေ သတ်မှတ်ထား တဲ့အချိန် အတွင်း သတ်မှတ်ထားတဲ့ဘတ်ဂျက်အတိုင်း ပြီးဖို့ Management ဟာမရှိမဖြစ်လိုအပ်ပါတယ်။

Management ဟာ အလုပ်အစီအစဉ်တွေ Planning ရေးဆွဲသတ်မှတ် ရသလို သတ်မှတ်ချက်တွေနဲ့အညီ ကိုက်ညီမှုရှိမရှိကို Controlling ပြန်လုပ်ရပါတယ်။ Management ဟာလုပ်ငန်းရဲ့ အမြတ်ရရှိနိုင်စွမ်းကို ထိန်းချုပ်လုပ်ဆောင်ရုံသာမက ဘတ်ဂျက်ဘောင်အတွင်း အချိန်ကာ လသတ်မှတ်ချက် ဘောင်အတွင်း ပြီးစီးလုပ်ဆောင်နိုင် မှုကိုပါထိန်းချုပ်ရပါတယ်။

လုပ်ငန်းမှာရှိတဲ့ ၀န်ထမ်းတွေ၊ လူတွေကို စနစ်တကျဖွဲ့စည်းဆောင် ရွက်တဲ့အခါမှာ စီမံခန့်ခွဲမှု (Management) သာမက ဦးဆောင်မှု (Leadership) ပါလိုအပ်လာပါတယ်။ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အလုပ်စံတွေ သတ်မှတ်ပေးဖို့ တဖက်မှာလိုအပ်သလို တဖက်မှာလည်း ၀န်ထမ်းတွေကို စနစ် တကျဆောင်ရွက်တတ်အောင် ပံ့ပိုးမှု၊ သင်ကြားမှု နဲ့ အားပေးမှုတွေပေးရပါမယ်။ခေတ်သစ်အဖွဲ့ အစည်းတွေမှာ ၀န်ထမ်းတွေ ကိုယ်တိုင်ပါဝင်ပြီး စီမံကိန်းအစီအစဉ် တွေ ရေးဆွဲစေတဲ့ အစီအစဉ်တွေပေး ထားပါတယ်။

ဝန်ထမ်းတွေဆီကအဖွဲ့အစည်းရဲ့မျှော်မှန်းချက်နဲ့ အဖွဲ့အစည်းပေါ် ၀န်ထမ်းကမျှော်မှန်းနိုင်မှုကိုလည်း ပွင့်ပွင်လင်းလင်း အသိပေး ထားပါတယ်။အမိန့်နဲ့ ထိန်းချုပ်မှုဟာ နေ့စဉ်လုပ်ငန်းလုပ်ဆောင်မှုအတွက် လိုအပ်ပြီးရေရှည်မှာတော့ ၀န်ထမ်းတွေမှာ ကောင်မွန်တဲ့ အလေ့အထနဲ့ အပြုအမူတွေ ရှိလာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။သင်ယူလိုစိတ်၊ ပူးပေါင်းဆောင် ရွက်လိုစိတ်တွေ ရှိလာ အောင်နဲ့ ၀န်ထမ်းတွေတိုးတက်အောင်ဆောင်ရွက်ပေးရပါမယ်။

လုပ်ငန်းတွေမှာ Management နဲ့ Leadership နှစ်မျိုးစလုံးပြည့်စုံ တဲ့ ဦးဆောင်မှုမျိုးလိုအပ်ပါတယ်။ ရိုးသားမှုနဲ့ သမာဓိရှိတဲ့ ၊ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်မှုနဲ့ လုပ်ရဲကိုင်ရဲရှိတဲ့ ၊ပူးပေါင်းမှုနဲ့ ညှိုနှိုင်းဆောင်ရွက် နိုင်စွမ်းရှိတဲ့ ၊လိုက်လျှောညီထွေဖြစ်ပြီး အလိုက် သင့်ပြုပြင်နိုင်စွမ်းရှိတဲ့ အရည် အချင်းတွေအပြင် ဥာဏ်ရည်မြင့်တဲ့ ၊အင်အားရှိတဲ့ ၊ ဇွဲရှိတဲ့ ၊အမြော် အမြင်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ အဖွဲ့အစည်းမှာ စံနမူနာယူစရာအဖြစ် ရှိနေဖို့ လိုအပ်ပါတယ်။

တကယ်တော့ Management နဲ့ Leadership ရဲ့ ကွာခြားမှုကို သတ်မှတ်လို့မရနိုင်ပါဘူး။ Management ပဲရှိပြီး Leadership မရှိရင် မပြည့်စုံသလို Leadership ပဲရှိပြီး Management မရှိရင်လည်း မပြည့်စုံ ပါဘူး။

အားကောင်းတဲ့ Management သာရှိပြီး Leadership ကောင်းကောင်း မရှိတဲ့ အဖွဲ့အစည်းမှာ အမိန့်ညွန်ကြားချက်တွေများပြီး အမိန့်ညွန်ကြား ချက်အတိုင်း အလုပ်ပြီးရုံ သာလုပ်တဲ့ သဘောမျိုး ရှိလာနိုင်ပါတယ်။

ဒီလိုအဖွဲ့အစည်းမျိုးကို Bureaucratic အဖွဲ့အစည်းမျိုးအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ အားကောင်းတဲ့ Leadership သာရှိပြီး Management ကောင်းကောင်းမရှိတဲ့ အဖွဲ့အစည်းတွေမှာတော့ Leadership ကိုကိုးကွယ်မှု ရှိလာနိုင်ပါတယ်။

ဒါကြောင့်လုပ်ငန်းအဖွဲ့အစည်းတွေမှာ စနစ်တကျစီမံခန့်ခွဲနိုင်စွမ်း (Management) နဲ့ ဦးဆောင်နိုင်စွမ်း (Leadership) နှစ်မျိုးစလုံးရှိဖို့ လိုအပ်ပါတယ်။

Credit : Here

လက်ပတောင်းတောင်စာချုပ် တရားဝင်သလော


ဦးပိုင်နှင့် ဝမ်ဘောင်တို့ ယခုလအတွင်းမှာဘဲ စာချုပ်သစ်ပြန်ချုပ်မယ်လို့ ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌဒေါ်စုက ပြောပါတယ်။

အစီရင်ခံစာမှာလဲ နိုင်ငံတော်အတွက်အကျိုး၊ မြန်မာ့စီးပွားရေးဦးပိုင်အကျိုးပြည့်ဝစွာရရှိစေဖို့ ညှိနှိုင်းပြီး စာချုပ်ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။

အော် နိုင်ငံတော်အမည်ခံ အာဏာပိုင်အစိုးရရယ်၊ ဘာကို ကိုယ်စားပြုနေမှန်းကွဲကွဲပြားပြားမသိရတဲ့ ဦးပိုင်ရယ် ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ကြွယ်ဝမှုပေါင်းများစွာ အကျိုးပြည့်ဝစွာခံစား စံစားပြီး ဆင်းရဲသား လက်ပတောင်းသားတွေ၊ ဒီမြေပေါ်မှာ တသက်လုံးရပ်ခဲ့သူတွေက ဘေးအန္တရာယ်နှင့် ကပ်ဆိုးအမျိုးမျိုး၊ မရေရာ၊ မလုံခြုံမှုစတဲ့ စိတ်ဖိစီးမှုအမျိုးမျိုးစတဲ့ ဝန်ထုတ်ဝန်ပိုးတွေ ထမ်းကြရတော့မယ် ဆိုတဲ့သဘောပင်။

ဆက်လက်ချုပ်မဲ့စာချုပ်မှာ ရပ်ရွာနဲ့ ဒေသခံများရဲ့ ဘဝတွေ၊ သားစဉ်မြေးဆက်အမှုန့်ကြိတ် အရည်ဖျော် ခံရတော့မယ့် အခြေအနေတွေ တွေ့နေရတယ်။

မှီခိုလဲလျောင်းရာ၊ တည်မှီရှင်သန်ရာနေရာဒေသကြီးနဲ့ အတိုင်းမသိကိန်းအောင်းခဲ့တဲ့ယဉ်ကျေးမှု ဓလေ့တွေ၊ နေထိုင်သူသက်ရှိတွေ ထိခိုက်ပျက်စီးနာကျင်ဒဏ်ရာရ၊ လွှင့်ပါးပျောက်ကွယ်သွားစေတဲ့ စက်မှုလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အာဏာရှင်တွေနဲ့ သူတို့ရဲ့အပေါင်းဖေါ်တွေဟာ တခြားသူတွေရဲ့ ဘဝတွေ၊ နေမှုတွေကိုမကြည့်ဘဲ၊ ဘဝတခုလုံးကျွမ်းထိုးမှောက်ခုံဖြစ်သွားမဲ့သူတွေကို ထဲ့မတွက်ဘဲ သူတို့ဘာသာ ဘယ်ရွာတွေရွှေ့မယ်၊ ဘယ်တောင်တွေဖြိုမယ်၊ ဘယ်လူတွေမောင်းထုတ်မယ်ဆိုပြီး ကြိုက်သလိုဆုံးဖြတ်ကြ၊ ပီးတော့ ဒီစီမံကိန်းလုပ်မယ်ဆိုပြီး ကြေညာပြီးတာနဲ့ တပြိုင်နက် ရွှေ့ခိုင်း၊ ပြောင်း ခိုင်း၊ တွန်းထိုးမောင်းထုတ်၊ ထောင်ချ၊ ဆန့်ကျင်သူတွေကို ဖိနှိပ်သတ်ဖြတ်ပြီး စီမံကိန်းကို အကောင် အထည်ဖေါ်ကြတော့တာပါဘဲ။

ခုလဲ အဲဒီလိုမျိုးပါဘဲ။

ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးသွားလို့ ဆင်းရဲသားတွေ အသက်တိုတာဘဲ၊ ငါတို့လောက် ဒီနိုင်ငံ သမိုင်းကြောင်းမှာ အရေးမပါသူတွေ အသက်မရှည်တာ၊ မကျန်းမာတာ၊ ဘာမှ အရေးမကြီးပါဘူး ဆိုတဲ့သဘောမျိုးပါဘဲ။ လတ်တလော ငွေကြေးနဲ့ဆိုရင် သူတို့ဆင်းရဲသားတွေ ရေရှည်ထိခိုက်တာ ဘာမှ မဟုတ်ပါဘူး၊ ဒါကို လက်ခံမှာပါဆိုတာမျိုးပါဘဲ။

ဒီကြေးနီထုတ်ယူလို့ ဖြစ်လာမဲ့ညစ်ညမ်းမှု၊ ပျက်စီးမှု၊ ထိခိုက်နစ်နာမှုတွေကို ဒေသခံတွေလက်ခံ ဖို့ လျော်ကြေးနဲ့ စည်းရုံးတာဟာာ၊ ရေရှည်လူနေမှုဘဝနဲ့ ထိခိုက်နစ်နာမှုများကို သေသေချာချာ ပိုင်းခြားမပြဘဲနဲ့၊ နိုင်ငံတကာမှာ ကြေးနီထုတ်လို့ ဘယ်လိုတွေဖြစ်သွားပါတယ်ဆိုတာတွေထုတ်မပြဘဲနဲ့ အလုပ်အကိုင်တွေ၊ လျော်ကြေးတွေ၊ နိုင်ငံတော်အကျိုးဆိုတာတွေနဲ့ ဖိအားပေးနေတာတွေဟာ၊ ပညာတတ်ကြိမ်လုံးနဲ့ တဗုံးဗုံးချနေတာတွေဟာ မျှတပါရဲ့လား။ တရားပါရဲ့လား။ ကိုယ့်သိက္ခာကို လုံခြုံရဲ့လားဆိုတာ မေးချင်ပါတယ်။

လက်ပတောင်းဒေသခံတွေဟာ လူသားတွေပါ။

သူတို့တောတောင်ဟာ

သူတို့တည်မှီရာပါ။

လဲလျောင်းရာပါ။

အဲဒါတွေဟာ ဈေးကွက်ဝင်ပစ္စည်းတွေ မဟုတ်ပါဘူး။

စာချုပ်လိုက်ရမဲ့ဟာတွေ မဟုတ်ပါဘူး။ စာရွက်တရွက်နဲ့ စီရင်ချက်ချခွင့်မရှိပါဘူး။

အစီရင်ခံစာမှာပါတဲ့ဥပဒေအတိုင်းဆို စာချုပ်က ချုပ်ခွင့်ကို မရှိဘူးလို့ထင်ပါတယ်။ ဥပဒေသဘောတော့ နားမလည်ပါ။ ဖတ်ရတဲ့အတိုင်းဆိုရင်တော့ ဒီစာချုပ်ဟာ ပျက်ပျက်ပါတယ်။

အစီရင်ခံစာ အပိုဒ် ၇၃ (က) မှာ သတ္ထုတွင်းလုပ်ငန်း ဖက်စပ်စာချုပ်များ ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ ၁၉၉၆ ခုနှစ်၊ မြန်မာ့သတ္ထုတွင်းနည်းဥပဒေများ အခန်း-၁၆၊ နည်းဥပဒေ ၈၄ ပါ ပြဋ္ဌာန်းချက်အရ သတ္ထုတွင်း ဝန်ကြီးဌာနသည် မည်သည့်ပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းကိုမဆို ဝန်ကြီးဌာနလက်အောက် ရှိ နိုင်ငံတော်ပိုင်လုပ်ငန်းတစ်ခုခုနှင့် ဓာတ်သတ္ထုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း(သို့မဟုတ်) ထုတ်လုပ်ခြင်းဆိုင်ရာ ဖက်စပ်စာချုပ်များကို ဥပဒေနှင့်အညီ ချုပ်ဆိုနိုင်သည်ဟု ပါပါတယ်။

အဲဒီအတိုင်းဆို ဦးပိုင်ဟာ သတ္ထုတွင်းဝန်ကြီးဌာနလက်အောက်က နိုင်ငံတော်ပိုင် လုပ်ငန်းတခု မဟုတ်ဘူး။ နောက်ပြီး ဦးပိုင်ကိုယ်နှိုက်က ဘယ်ဓာတ်သတ္ထုမှ ရှာဖွေတာ၊ စမ်းသပ်တိုင်းတာ၊ ထုတ်လုပ်တာမကြားမိပါဘူး။ ရှာဖွေ၊ စမ်းသပ်၊ ထုတ်လုပ်သူနဲ့ဘဲ လုပ်ရမယ်လို့ပါပါတယ်။ (နောက်ပြီး အဲသလို မဆီမဆိုင်ပုဂ္ဂလိကကုမ္မဏီတစ်ခုနဲ့ နိုင်ငံခြားသားပိုင်ကုမ္မဏီတခုတို့လုပ်ခွင့်ရဖို့ ခွင့်ပြုမိန့် အမိန့်ကြော်ညာစာမရှိဘူးလို့လဲ ဆိုထားပါတယ်) ခုဟာက အဲဒါတွေကို အိုင်ဗင်ဟိုနဲ့ ဝမ်ဘောင်တို့ကဘဲ လုပ်တာပါ။ ဒီဖြစ်စဉ်မှာ ဦးပိုင်ရဲ့အခန်းကဏ္ဍကို သီးခြားမတွေ့ရပါဘူး။ သူက သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ဝမ်ဘောင်ကြားမှာ ပွဲစားအဆင့်မျိုးပါ။ ဒါဆိုရင်လဲ ဒီအခြေအနေမှာ ပွဲစားမလိုပါဘူး။ နိုင်ငံတော်နဲ့ အိုင်ဗင်ဟိုချုပ်ခဲ့သလိုဘဲ နိုင်ငံတော်နဲ့ ဝမ်ဘောင်တိုက်ရိုက်စာချုပ်ရုံပါဘဲ။

ခုဟာက ဦးပိုင်က မသာအိမ်ကို အပိုင်စီးပြီး ဖဲဝိုင်းခံ အကောက်ကောက်သလိုမျိုးပါ။ မသာ ပိုင်ရှင်ဖြစ်တဲ့နိုင်ငံတော်ရဲ့အခန်းကဏ္ဍက ပျောက်ဆုံးနေပါတယ်။ ဝမ်ဘောင်က ဖဲလာရိုက်သူပေါ့လေ။ မသာကိုယ်တိုင်ကတော့ လက်ပတောင်းဒေသခံတွေပေါ့။ အော် မသာပိုင်ရှင်ဖြစ်တဲ့နိုင်ငံတော်ကိုတော့ လက်ဖက်ဖိုးပေးပါတယ်၊ ဧက ရှစ်ထောင်(၈၀,၀၀)ကို တစ်နှစ် နှစ်ဆယ့်ရှစ်သိန်း(၂၈)ကျော် နဲ့ နှစ် ခြောက်ဆယ်(၆၀)မြေငှားခ ရမယ်ဆိုဘဲ။

(မှတ်ချက်) အဲဒီငှားရမ်းခသင့်၊ မသင့် ကော်မရှင်အစီရင်ခံစာ၌ မတွေ့ရပါ။

မောင်လူရေး
(ဓာတ်ပုံ Messenger သတင်းဂျာနယ်)

Credit : Here



နှိုင်းယှဉ်ချက် ...။


(၁)

မေး - နိုင်ငံတကာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်မရသူဆိုတာ ရှိပါသလား။ ရှိလျှင် ယင်းနိုင်ငံသား အမျိုးမျိုး၏ အခွင့်အရေးကို ဘယ်လို ပိုင်းခြားထားပါသလဲ။

ဖြေ - ဧည့်နိုင်ငံသား ဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလွဲပြီး တခြားနိုင်ငံတွေမှာ ရှိတယ်လို့ ကျွန်တော်မကြားဖူးဘူး။ အမေရိကမှာ ကျွန်တော် အလုပ်လုပ်တယ်။ ကျွန်တော် တက္ကသိုလ် ဆရာအဖြစ်နဲ့ လေးနှစ် နေထိုင်ပြီးတဲ့အခါမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရတယ်။ ကျွန်တော့်ဇနီးကော၊ ကျွန်တော့် သမီးကောရတယ်။ ဒါက ဘယ်လိုလဲဆိုရင် အမြဲတမ်းနေထိုင်ခွင့် Permanent Residence သာဖြစ်တယ်။ ဒါပေမဲ့ သမ္မတရွေးကောက်ပွဲမှာ ကျွန်တော့်မှာ မဲပေးပိုင်ခွင့်မရှိဘူး။ ကျွန်တော် နိုင်ငံသားမှ မဟုတ်တဲ့ဟာ။ ဒါပေမဲ့ သူတို့ တရားဝင်ခွင့်ပြုထားတဲ့ အမြဲနေထိုင်ခွင့် ရရှိ ထားတဲ့ အေးချမ်းသည် မဲပေးပိုင်ခွင့် မရဘူး။

ဒါပေမဲ့ ဗိုလ်ချုပ်မောင်ဦးလား၊ ဘာလားမသိဘူး။ သူထုတ်ပေးထားတဲ့ အဖြူရောက်ကဒ် ကိုင်ထားတဲ့ သူတွေက မဲပေးပိုင်ခွင့်ရတယ်။ အဲဒီ အဖြူရောင်ကဒ် ဆိုတာကဘာလဲ။ အမြဲနေထိုင်ခွင့် လား။ ရေးထားတာက ယာယီ မှတ်ပုံတင်ကတ်ပြား။ အမြဲ နေထိုင်ခွင့်ရတဲ့ သူတောင် မဟုတ်ဘူး။ ဘာလို့ မဲပေးခွင့်ရလဲ။ တစ်ချိန်က ဂျပန်တွေက ကိုရီးယားကို ကိုလိုနီလုပ်ပြီး ကိုရီးယားလူမျိုးတွေကို ကျွန်ပြုဖို့ ခေါ် ထားတယ်။ ဂျပန်လူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်တွေကို ခိုင်းတယ်။ အဲဒီလူတွေက အခု တတိယမျိုးဆက် ကို ရောက်လာပြီ။ အမြဲတမ်း နေထိုင်ခွင့်ပဲ ရှိတယ်။ မဲပေးလို့မရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီ အဖြူရောင်ကဒ် ကိုင်ထားတဲ့သူတွေ အကုန်လုံး မဲပေးခွင့်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်လောက် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံ ရှိဦးမလား။

(ဒေါက်တာအေးချမ်း)
မတ်-၁၄ -၂၀၁၃
ှSource : EMG
--------------------------------------------------------------------------------------

(၂)

ရိုဟင်ဂျာများ ၁၈ ရာစုမတိုင်မှီ ကတည်းက ရှိခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဘူးသီးတောင်လွှတ်တော်အမတ် ဦးရွှေမောင်မှ ပြည်ပမီဒီယာများကိုပြောကြား..။
---------------------------------------------------------------------------------------

(၃)

ဖွဲ့စည်းပုံ အအခြေခံဥပဒေပုဒ်မ (၄၄၅)

“ပြည်ထောင်စု မြန်မာနိုင်ငံ တော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင် ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေ များ၊ စည်းမျဉ်းများ၊ အမိန့် ပြန်တမ်းများ၊ ကြေငြာချက်များ ကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက် ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့် များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ။”
------------------------------------------------------------------------------------------

ဒီ .. နှိုင်းယှဉ်ချက် သုံးချက်ကို ဖတ်ပြီး ...။

အဖြေကို .... ခင်ဗျားတို့ တွေးကြပေါ့ဗျား..။

ဘင်္ဂလီကိစ္စ ရေးသူတွေလည်း ... တွေးနိုင်ကြပါ၏။

မှတ်ချက် - ဗိုလ်ချုပ်မောင်ဦး (ဦးမောင်ဦး) သည် ယခင်က နတခ (ရခိုင်) စစ်တိုင်းမှူးဖြစ်ခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ .။

ယခုအခါ ပြည်ခိုင်ဖြိုးပါတီ ရခိုင်ပြည်နယ်တာဝန်ခံ အဖြစ် ဆောင်ရွက်နေပါကြောင်း..။

Credit : Here

အတိုက်အခံအကွဲနှင့် ရွေးကောက်ပွဲ ရလာဒ် (မောင်ဝံသ)

ပြီးခဲ့တဲ့ အပတ်က ပြည်သူ့ခေတ်ဂျာနယ်မှာ ရွေးကောက်ပွဲ သင်ခန်းစာ နမူနာ အချို့ခေါင်းစဉ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျွန်တော့်ရဲ့ ရဲရဲတင်းတင်း အာမခံချက် လွဲချော်ပြီး ပဲခူးတိုင်းမှာ ဒီချုပ် တစ်နေရာရှုံးခဲ့တဲ့အကြောင်း ရေးခဲ့ပါတယ်။ အဲဒီအကြောင်းအစပြန်ဖော်ရ တာက လောလော ဆယ် ပြည်နယ်တချို့က တိုင်းရင်းသားပါတီတွေ က နောက်ရွေးကောက်ပွဲတွေကျရင် နိုင်ငံလုံးဆိုင်ရာ ပါတီကြီးတွေ သူတို့ဆီမှာ လာမပြိုင်စေချင်ဘူးလို့ အတိအလင်း သဘောထားထုတ်ဖော်နေကြတာကို ကြားသိနေရလို့ ဖြစ်ပါတယ်။

ပြည်မြို့နယ် မဲဆန္ဒနယ် တစ်ခုမှာ ဖြစ်ခဲ့တဲ့ကိစ္စရဲ့ ဇာစ်မြစ်ကို ခုအချိန်မှာ ဇာတ်ကြောင်းပြန်မလှန်ချင်တော့ ပါဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အမတ်လောင်းတွေ ရွေးချယ်ချိန်မှာ ကျွန်တော် အင်းစိန်ထောင် ထဲ ရောက် နေပါတယ်။

၁၉၈၉ ဇူလိုင်လ၂၀ ရက်နေ့ညက ဒီချုပ်ပါတီဌာနချုပ်ရုံးထဲကနေ ဗဟိုကော်မတီ ဦးမိုးသူနဲ့ ကျွန်တော့်ကို ဖမ်းသွားတာပါ။ စစ်ကြောရေးစခန်းနဲ့ ထောင်ထဲမှာ ၉လကျော် ပုဒ်မ ၁၀ (က)နဲ့ ထိန်းသိမ်း ထားပြီး ရွေးကောက်ပွဲ မကျင်းပခင် တစ်လလောက်အလိုမှာမှ ပြန်လွတ်ခဲ့ပါတယ်။

ဝေါမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကနေ အမတ်လောင်းအဖြစ် ၀င်အရွေးခံဖို့ ပုံစံတွေကို ဒီချုပ်က ထောင်ထဲကို ပို့လိုက်တာ ကျွန်တော်က လက်ခံသဘောတူကြောင်း လက်မှတ် ရေးထိုး ပြန်ပို့ လိုက်တာဖြစ်လို့ အမတ်လောင်းတစ်ယောက်အနေနဲ့ ပြန်လွတ်တာ ဖြစ်ပါတယ်။

ကျွန်တော့်ကို ပြန်လွှတ်တဲ့နေ့က အိမ်ကို တန်းပြီး ပြန်မပို့သေးဘူး။ ခင်ဗျား ထိန်းသိမ်းခံနေရတဲ့ ၉လကျော် အတွင်း တည်ဆောက်ပြုပြင်ရေးတွေကြောင့် ရန်ကုန်မြို့ကြီး ဘယ်လောက် တိုးတက်နေတယ်ဆိုတာ လိုက်ပြမယ်ဆိုကာ ကားနဲ့ လှည့်ပြပါတယ်။ ရွေးကောက်ပွဲအတွက် ပါတီတွေရဲ့ မဲဆွယ်ပိုစတာ ကြီး တွေကိုလည်း ပြပါတယ်။ အဲသလိုပြရင်း ]]ခင်ဗျားတို့ အဖွဲ့ချုပ်ကတော့ အမတ်လောင်းအဝေမတည့် လို့ ရန်တွေဖြစ်ကြ၊ တံမျက်စည်းရိုးနဲ့ ရိုက်မောင်း ပုတ်မောင်းတွေ ဖြစ်ကြ၊ ခင်ဗျား သိပ်မကြာခင် ကြားပါလိမ့်မယ်}} လို့ ပြောပါ သေးတယ်။

အိမ်ပြန်ရောက်တဲ့နေ့ချင်းမှာပဲ အခြေအနေတွေ သိရပါတယ်။ သို့ပေမယ့် လမ်းမှာ ပြောလိုက်သလောက် ဆိုးဆိုးဝါးဝါးမဟုတ်ပါဘူး။ ထုံးစံအတိုင်း အမတ်လောင်း ရွေးချယ်ရေးမှာ ပြသနာဖြစ်ခဲ့တဲ့နေရာတချို့ ရှိခဲ့တယ်။ အဲဒီအထဲ ပဲခူးတိုင်း ပြည်မြို့နယ်လည်း ပါဝင်နေတာပါပဲ။ ဗဟိုက ရွေးချယ်လိုက်သူကို လက်မခံ လိုတဲ့ အောက်ခြေပါတီဝင်တချို့က သူတို့ သဘောကျတဲ့ ဒေသခံ ဒီချုပ်အဖွဲ့ဝင်တစ်ယောက်ကို တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ် တင်ပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော် မရှိတဲ့အချိန်မှာ အဲဒီပြသနာတွေ ဖြစ်ခဲ့တာ အမတ်လောင်စာရင်းတွေ ထွက်ပြီး မဲတောင်ဆွယ်နေကြပြီဆိုတော့ ဘာမှ မတတ်နိုင်တော့ပါဘူး။

မဲဆန္ဒရှင်အများစုက ဒီချုပ်ကို ထောက်ခံမဲပေးချင်တယ်။ သို့ပေမယ့် ခမောက် အမှတ်အသားနဲ့ ယှဉ်ပြိုင်တဲ့ အမတ်လောင်းရယ်၊ သူတို့က ဒီချုပ်တစ်ယောက် လို့ပဲ သိထားတဲ့ တစ်သီးပုဂ္ဂလ အမတ်လောင်းရယ် ကြားမှာ မဲတွေကွဲကုန်ပြီး ကြားထဲက တစည အမတ်လောင်းက အနိုင်ရသွားတယ်။ သည်နှစ်ယောက်ရဲ့ မဲစုစုပေါင်းဟာ တစညအမတ်လောင်းရသွားတဲ့ မဲထက် အများကြီးသာတယ်။ သို့ပေမယ့် မဲကွဲသွားလို့ နှစ်ယောက်လုံး ရှုံးခဲ့ရတာပါ။ ဒီလို ဖြစ်ရခြင်းဟာ ဘာမှ မထူးဆန်း ပါဘူး။ တောင်ကိုရီးယားမှာ ၁၉၈၆ခုနှစ်က အလားတူ အဖြစ်မျိုး အထင်အရှား ဖြစ်ခဲ့ဖူး လို့ လေ့လာသူအတော်များများက အဲဒီအကြောင်းကို နိုင်ငံရေး သိပ္ပံသင်ခန်းစာတစ်ခု အဖြစ် လေ့လာမှတ်သားခဲ့ကြပါတယ်။

တောင်ကိုရီးယားမှာ ကွမ်ဂျူး အုံကြွမှုကြီးလို ပြည်သူအများသွေးမြေကျခံပြီး တောင်းဆိုဆန္ဒပြပွဲများ စွာ ဖြစ်ပွား အပြီးမှာ အာဏာရှင် ချန်ဒူးဝှမ်က သမ္မတကို လွှတ်တော်က ရွေးတဲ့စနစ်ကနေ ပြည်သူလူထု တိုက်ရိုက်ဆန္ဒမဲပေးရွေးချယ်တဲ့ စနစ်သို့ပြောင်းလဲတဲ့ အခြေခံဥပဒေ ပြင်ဆင်မှု ပြုလုပ်ပေးခဲ့တယ်။ ပထမ ဆုံး တိုက်ရိုက်မဲပေး ရွေးကောက်တဲ့ပွဲမှာ အာဏာရှင် ချန်ဒူးဝှမ်က သူ့လူရင်း ဗိုလ်ချုပ်ကြီး နိုတေ၀ူးကို စစ်မှုထမ်းအဖြစ်က ထွက်စေပြီး သမ္မတလောင်းအဖြစ် ၀င်အရွေးခံ ခိုင်းတယ်။ တစ်ချိန်တည်းမှာ လက်ယာအုပ်စုက ကင်မ်ယန်းဆန် ကလည်း သမ္မတလောင်းအဖြစ် စာရင်းတင်တယ်။ တစ်သက်လုံး အတိုက်အခံ လုပ်လာသူ၊ ပြည်ပြေးဖြစ်လိုက်၊ ၀ရမ်းပြေးဖြစ်လိုက်၊ ထောင်ကျလိုက်နေခဲ့ရသူ လက်ဝဲ ယိမ်းနိုင်ငံရေးသမားကြီးလို့ လူသိများတဲ့ ကင်မ်ဒေးဂျုံကလည်း သမ္မတလောင်းအဖြစ်စာရင်းတင်ပါတယ်။ ဒီတစ်ကြိမ်မှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်က နောက်ဆုတ်ပေးဖို့၊ နိုတေ၀ူးကို အတိုက်အခံတစ်ယောက်တည်း က ယှဉ်ပြိုင်ဖို့ အမြော်အမြင်ကြီးသူ တိုင်းပြည်ရဲ့ နားမျက်စိများက ၀ိုင်းဝန်း တောင်းပန်ကြပေမယ့် ဘယ်သူကမှ နောက်မဆုတ် ပေးခဲ့ပါဘူး။ သည်လိုနဲ့ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးနိုတေ၀ူးက အနိုင်ရကာ သမ္မတဖြစ်သွားပါတယ်။

ဒါနဲ့ မပြီးသေးဘူး။ နိုင်ငံရေးဆိုတာ ဘယ်လောက် သိမ်မွေ့သလဲဆိုရင် နိုတေ၀ူးသမ္မတသက်တမ်းအတွင်း ကင်မ်ယန်းဆန်က နိုတေ၀ူးပါတီနဲ့ ပေါင်းလိုက်တယ်။ နောက်တစ်ကြိမ်ရွေးကောက်ပွဲကျတော့ အာဏာရ ပါတီရဲ့ သမ္မတလောင်းအဖြစ် ကင်မ်ယန်းဆန်ကို ရွေးလိုက်တယ်။ ကင်မ်ယန်းဆန်နဲ့ ကင်မ်ဒေးဂျုံ တစ်ပွေချင်းပြန်ဖိုက်ကြတဲ့အခါ ကင်မ်ဒေးဂျုံ ရှုံးသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာက မူလ သူ့ကို ထောက်ခံတဲ့ အပိုင်မဲပဲ ရှိတယ်။ ကင်မ်ယန်းဆန်ကျတော့ မူလသူ့အပိုင်မဲအပြင် အာဏာရ ပါတီကို ထောက်ခံတဲ့ မဲတွေပါ သူ့ဆီဝင်ကုန်တာကိုး။ ကင်မ်ဒေးဂျုံခမျာ တတိယအကြိမ်ဝင်ပြိုင်တော့မှ သမ္မတဖြစ်ပါတော့တယ်။ (သူနဲ့ ယှဉ်ပြိုင်သူက အစိုးရနဲ့နီးစပ်သူဆိုပြီး လူထုမဲက သူ့ဆီ ပြုံရောက်သွား တာပါ။)

ကျွန်တော့် ဆောင်းပါးရဲ့ မူလဦးတည်ချက်ကို ပြန်ကောက်ပါမယ်။ တိုင်းရင်းသား ဒေသ (ပြည်နယ်)တွေ မှာ ပြည်မက နိုင်ငံရေးပါတီကြီးတွေ ၂၀၁၅ကျရင် လက်ရှောင်ကြပါလို့ မေတ္တာရပ်ခံနေကြတာကို ထည့်သွင်း စဉ်း စား သင့်ကြောင်း ပထမဆောင်းပါးမှာကတည်းက ကျွန်တော် ပြောခဲ့ပါတယ်။ ပါတီကြီးက အမတ်လောင်းကို ပါတီကြီးရဲ့ စည်းရုံးရေးနဲ့ အခြား အရှိန်အ၀ါများကြောင့် မဲပေးသူတွေ အများကြီးရှိနိုင် သလို တိုင်းရင်းသားပါတီက အမတ်လောင်း ကိုလည်း တိုင်းရင်းသားချင်းဆိုတဲ့ သံယောဇဉ်နဲ့ မဲပေးကြမှာပါပဲ။ သို့ပေမယ့် မဲတွေကွဲသွားတဲ့အတွက် သူတို့နှစ်ယောက်စလုံး နိုင်ခြေနည်းပါလိမ့်မယ်။

၉၀ပြည့်နှစ်ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှာ SNLD က နေရာအများစု နိုင်ခဲ့တယ်။ ရခိုင်ပြည်နယ်မှာလည်း ALD က အများစုနိုင်ခဲ့ပါတယ်။ မွန်ပြည်နယ်မှာလည်း မွန်ပါတီက အတော် များများနိုင်ခဲ့တယ်လို့ ကျွန်တော် မှတ်မိပါတယ်။

၁၉၆၀ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ဦးနုရဲ့ သန့်ရှင်းဖဆပလကို ပုံအော မဲပေး ခဲ့ကြတဲ့အတွက် ယခင်ရွေးကောက်ပွဲ (၁၉၅၆)တုန်းက အမတ်နေရာ ၄၆နေရာရခဲ့တဲ့ အတိုက်အခံတပ်ပေါင်းစု (ပမညတ)ဟာ အမတ်တစ်နေရာပဲ နိုင်ခဲ့ပါတယ်။ ပြည်သူချစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော သည် ပင်လျှင် တစ်သီးပုဂ္ဂလအဖြစ် ၀င်ပြိုင်တာ အနိုင်မရခဲ့ပါဘူး။ ၉၀ပြည့်နှစ်တုန်းက ဒီချုပ် အနေအထားဟာ ၁၉၆၀ပြည့်နှစ်က သန့်ရှင်းဖဆပလနဲ့ ဆင်တူပါတယ်။ ဟိုတုန်းက နုမှ နု ဖြစ်ခဲ့သလို ၉၀ပြည့်မှာလည်း စုမှ စု ဖြစ်ခဲ့တာပါ။

သို့သော် ဟိုတုန်းက သန့်ရှင်းဖဆပလက ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေနဲ့ ရွေးကောက်ပွဲ မဟာမိတ်(electoral alliance)တွေ ဖွဲ့ပြီး အပေးအယူလုပ် ယှဉ်ပြိုင်ခဲ့ကြတယ်ဆိုတာ လေ့လာသင့် ပါတယ်။ နိုင်ငံရေးမှာ အကျိုးဆက်တွေ ဖြစ်ပေါ်တတ်တဲ့ ထုံးစံအတိုင်း အဲသလို ရွေးကောက်ပွဲ မဟာမိတ် လုပ်ခဲ့ခြင်းရဲ့ ဂယက်တွေလည်း ကျန်ခဲ့တာပါပဲ။ ဦးနုဟာ နောက်ပိုင်းမှာ ဝေဖန်မှုတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရွေးကောက်ပွဲ မဟာမိတ်ပုံစံအချို့ အကြောင်း နောင် အလျဉ်းသင့်ရင် တင်ပြပါဦးမယ်။

၁၆ ၀၃ ၂၀၁၃
maungwuntha@gmail.com

Credit : Here

တန်ဖိုးနည်း ဖုန်းကတ်ကြောင့် ဖုန်းဈေးကွက်လှုပ်ရှား

မြန်မာ့ ဆက်သွယ်ရေးက ထုတ်လုပ်ထားသော မိုဘိုင်းလ်ဖုန်းကတ် တခုကို တွေ့ရစဉ်
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အစိုးရတာဝန်ရှိသူများက ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငွေကျပ်ထောင်ဂဏန်းဖြင့် တန်ဖိုးနည်းဖုန်းကတ် များ ရောင်းချမည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ရာ ပြည်သူအများစုက ကြိတ်ကြိတ်တိုး ၀ယ်ယူ ကြမည့် အခြေအနေများ ဖြစ်ထွန်းနေသောကြောင့် ဖုန်းဈေးကွက်လှုပ်လှုပ်ရှားရှားဖြစ်လာကြောင်း သတင်းရရှိသည်။

ဂျီအက်စ်အမ်ဖုန်းကတ်တကတ်လျှင် ငွေကျပ် ၂၀၀၀ နှင့် WCDMA ဖုန်းကတ်တကတ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည် ဆိုသော သတင်းများက အပတ်စဉ်ထုတ်ပုဂ္ဂလိက သတင်းဂျာနယ်များ တွင် ဖော်ပြထားရာ ပြည်သူအများစုမှာ မိုဘိုင်းလ်ဖုန်းဟန်းဆက်အရောင်းဆိုင်များသို့ ကြိုတင်စာရင်းပေး သွင်းမှုများ ရှိနေကြောင်း မိုဘိုင်းလ်ဖုန်းဟန်းဆက်အရောင်းဆိုင်များထံမှ သိရှိရသည်။

ရန်ကုန်-အင်းစိန်လမ်းမကြီးဘေး၊ မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော NES ဖုန်းဟန်းအရောင်းဆိုင် ပိုင်ရှင် ဒေါ်မျိုးမျိုးက ဖုန်းကတ်များထွက်ရှိမည့် ဧပြီလ ၁ ရက်နေ့မတိုင်မီ လာရောက်ကြိုတင်စာရင်းပေး သွင်းနေသူ ရာချီရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ငွေကျပ်ထောင်ဂဏန်းလောက်နဲ့ ဖုန်းကတ်ရမယ်ဆိုတော့ လူတွေက တော်တော်လာမေးကြတယ်။ စာရင်းပေးတဲ့လူတွေလည်းရှိတယ်။ ကျမတို့ကလည်း သတင်းတွေမှာသာဖတ်နေရတာ၊ ဘယ်လိုပေးမလဲ၊ ဘယ်လိုရောင်းမလဲဆိုတာ သေသေချာချာမသိတော့ လာမေးတဲ့သူတိုင်းကို စာရင်းယူထား လိုက်တယ်။ ထောင်ဂဏန်းဆိုတော့ တကယ်ဖုန်းကတ်တွေထွက်လာရင် ဈေးကွက်က ရုတ်တရက် ၀ယ်လိုအား တအားထိုးတက်ဖို့ပဲ သေချာနေပြီ” ဟု ဒေါ်မျိုးမျိုးက ဆိုသည်။

ဧပြီလ ၁ ရက်နေ့ ငွေကျပ် ထောင်ဂဏန်းသာရှိသည့် ဖုန်းကတ်များအမှန်တကယ် ထွက်ပေါ်လာ ပါက ဈေးပေါပြီးသက်သာသည့် တရုတ်နိုင်ငံလုပ် ဖုန်းဟန်းဆက်များ ၀ယ်လိုအား ထိုးတက်လာနိုင်သည်ဟု လူကြီးမင်း ဖုန်းဆိုင်မှ တာဝန်ရှိသူတဦးဖြစ်သူ ကိုဝေယံ ကပြောသည်။

”တရုတ်က လာတဲ့ ဟန်းဆက်ဈေးပေါပေါလေး တွေရောင်းရဖို့များတယ်။ ငွေသောင်းဂဏန်းလောက်နဲ့ ဖုန်း ပြောနိုင်မယ့် ဖုန်းလေးတွေရောင်းရမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်လူငယ်အများစုမှာ လည်း ငွေကျပ်ထောင်ဂဏန်းဖြင့် ရောင်းချမည့် ဖုန်းကတ်များအပေါ် ရင်ခုန်စွာ စောင့်ဆိုင်း နေကြသည်ဟု သိရှိရသည်။

“ကျနော်က ဖုန်းကတ်ထွက်လာရင် ကိုင်ဖို့ ဟန်းဆက်လှလှလေးတွေ လိုက်ကြည့်နေတယ်။ ၂ သိန်းနဲ့ ရောင်းတုန်းက အိမ်က ၀ယ်မပေးနိုင်ဘူးလို့ပြောတယ်။ ထောင်ဂဏန်းဆိုတော့ ၀ယ်ပေးမယ်။ ဒါပေမယ့် ဟန်းဆက် ကိုတော့ ဈေးပေါပေါလေးပဲ ၀ယ်ပေးမယ်ပြောလို့ ဈေးလည်းပေါ ကင်မရာလေး ဘာလေး ရိုက်လို့ရတဲ့ ဖုန်းဟန်းဆက်လေးတွေ လိုက်ရှာနေတာ။ ကျနော်တို့သူငယ်ချင်းတွေလည်း အားလုံး ဖုန်းကတ်ဝယ်ဖို့ လုပ်နေကြပြီ” ဟု မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြား နေသော Grade 9 ကျောင်းသားတဦးက ဧရာဝတီသို့ ပြောသည်။

နယ်ဒေသများတွင် လည်း ထောင်ဂဏန်းမျှဖြင့် ဖုန်းကတ်များ ၀ယ်ယူအသုံးပြုနိုင်မည်ဆိုသော သတင်း များပျံ့နှံ့နေသည့်အတွက် လယ်သမားအပါအ၀င် ကျေးလက်နေ လူတန်းစား အများစုစိတ်ဝင်စား လျက်ရှိ ကြောင်း မအူပင်ဒေသခံ တဦးက ဆိုသည်။

“ဖုန်းကတ် တကတ်ကို ထောင်ဂဏန်းနဲ့ရမယ်ဆိုတဲ့ သတင်းကြားရတယ်။ မအူပင်ဘက်က လယ်သမား တွေလည်း တကယ်ဖုန်းထွက်ရင် မြို့တက်ဝယ်မယ်ဆိုပြီး ပြောကြ၊ ဆိုကြ တိုင်ပင်နေကြ တယ်။ မအူပင်မြို့ပေါ်မှာလည်း ဖုန်းဟန်းဆက်အရောင်းဆိုင်တွေရှိပေမယ့် စောစောသုံးချင်ကြလို့ ရန်ကုန် တက်ဝယ်ကြမယ်ဆိုပြီး ကျနော့်အသိ လယ်သမားတွေက မေးနေကြတယ်” ဟု မအူပင်မြို့ပေါ်မှ ဆန်စပါးကုန်သည်တဦးက ပြောသည်။

ငွေကျပ်ထောင် ဂဏန်းတန် တန်ဖိုးနည်းဖုန်းများကြောင့် ပြည်သူအများစု၏ ဆက်သွယ်ရေး အဆင်ပြေလာ မည်ဖြစ်သည့်အပြင် စိုက်ပျိုးရေးလုပ်ကိုင်နေသော လယ်သမားများ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် လယ်သမားများသည် အခက်အခဲများနှင့် သိရှိလိုသော သတင်းအချက်အလက် များကိုသတ်မှတ်နေရာ များနှင့် ကုန်စည်ဒိုင်များတွင် မေးမြန်းနိုင်သဖြင့် လယ်ယာစီးပွားရေး လုပ်ငန်း အထူးအောင်မြင်ဖြစ်ထွန်းကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပဲဈေး၊ နှမ်းဈေး၊ စပါးဈေး အပါအ၀င် သတင်း အချက်အလက်အားလုံး မေးမြန်းနိုင်သည့် စနစ်တရပ်ပေါ်ထွန်းလျှင် ဖုန်းကိုင်မည့် လယ်သမားများ အဆင်ပြေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဒေါက်တာ မျိုးအောင်ကျော်က ပြောသည်။

”လယ်ပြင်မယ်။ ပိုးသတ်ဆေးဖြန်းမယ်။ သီးနှံစိုက်မယ် ဆိုရင် မိုဘိုင်းလ်ဖုန်း တစ်လုံးရှိတာနဲ့ Service Provider လို့ခေါ်တဲ့ဒေသတွင်း သတင်းအချက်အလက်စင်တာတွေနဲ့ လှမ်းချိတ်ပြီးတော့ အချိန်နဲ့ တပြေးညီ အကုန်လုံး လုပ်လို့ရသွားတာပေါ့။ အချင်းချင်းလည်း ဒေသအလိုက်ပေါက်ဈေး တွေညှိုလို့ ရလာမယ်။ မိုဘိုင်းလ်ဖုန်း လုပ်ငန်းဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရအနေနဲ့အမြတ် ထုတ်ရမယ့် လုပ်ငန်း မဟုတ်ဘူး။ အရင်က လုပ်စားတဲ့ခွင်ကြီးတစ်ခုဖြစ်ခဲ့တာ။ အဲဒီအတွက် တိုင်းပြည်က အများကြီး နိမ့်ကျ ကျန်ခဲ့တယ်။ အခုမှဖြစ်လာပေမယ့် ၀မ်းသာပါတယ်”ဟု ၎င်းက ဆိုသည်။

တန်ဖိုးနည်းဖုန်းများအမှန်တကယ်ထွက်ရှိလာပါက လူထုကို မှန်ကန်စွာ အသုံးပြုစေနိုင်ရန်အတွက် ပညာပေးမှုများ ဆောင်ရွက်သင့်ကြောင်း ဘလော့ဂါကိုနေဘုန်းလတ်က ဧရာဝတီသို့ ပြောသည်။

”တော်တော်များများက ဖုန်းကို ဆက်သွယ်စကားပြောဖို့လောက်ပဲ သုံးကြတာများတယ်။ အင်တာနက် သုံးလို့ရတယ်။ သတင်း တွေကြည့်မယ်။ ဖုန်းကိုဆက်သွယ် ပြောဆိုတာထက် အကျိုးရှိရှိသုံးနိုင်အောင် ပညာပေးလေးတွေတော့များများလုပ်ဖို့လိုမယ်”ဟု အိုင်တီကျွမ်းကျင်သူ ကိုနေဘုန်းလတ် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းတယ်လီဖုန်းသန်းချီ တိုးချဲ့ တပ်ဆင်မည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မိုဘိုင်းလ်ဖုန်းအလုံးရေ ၁၀ သန်း၊ ၂၀၁၄-၂၀၁၅ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ၁၄ သန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ၁၅ ဒသမ ၅ သန်း စုစုပေါင်း၃၉ ဒသမ ၅ သန်းအထိ ချထား ပေး မည်ဖြစ်ပြီး မြန်မာနိုင်ငံ ၏ လူဦးရေ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ မိုဘိုင်းလ်ဖုန်း သုံးစွဲခွင့် ရလာ ဖြစ် ကြောင်း၊ အနာဂတ် တွင် ဆက်သွယ်ရေးလုပ်ငန်းများကို အစိုးရဘက်ဂျက်ငွေကို မှီခိုအသုံး မပြု သည့် အများပိုင်ကုမ္ပဏီ အဖြစ် ပြောင်းလဲဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရ သည်။

http://burma.irrawaddy.org/archives/35833 Credit : Here

ကရင်အဖွဲ့စုံ ပထမဆုံးအကြိမ် ဘားအံမှာတွေ့ကြမယ်

နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း မတရားအသင်းကြေညာခံထားရသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ကရင်အမျိုးသားအရေး လုပ်ဆောင်နေကြသည့် မြို့ပေါ်မှ အဖွဲ့အစည်းများက ပထမဆုံးအကြိမ် တွေ့ဆုံရန် ပြင်ဆင်နေကြသည်။

ကရင်ရေးရာအစည်အဝေးတက်ရောက်မည့် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)

ကရင့်အနာဂတ်ရေးဆိုင်ရာ အစည်းအဝေးကို ကရင် ပြည်နယ်မြို့တော် ဘားအံရှိ ဇွဲကပင်ကလပ်ခန်းမတွင် ကျင်းပမည့်နေ့မှာ ယခုလ ၂၉-၃၀ ရက်နေ့များတွင် ဖြစ်ပြီး ကရင့်အနာဂတ်အရေးများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဟုသိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင် ၂၀ နှင့်အတူ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင် လူထုအခြေပြုအဖွဲများနှင့် အခြားကရင်အမျိုးသားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့ဝင်များ အပါအ၀င် ကိုယ်စားလှယ် ၅၀ ဦး တက်ရောက်ကြမည်ဟု အစည်းအဝေးဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့၏ တာဝန်ရှိသူ တဦးဖြစ်သည့် စောလှထွန်းက ပြောသည်။

ကရင် နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ကရင်မျိုးနွယ်စုအဖွဲ့အစည်းများ၊ ကရင်စာပေ ယဉ်ကျေးမှုနှင့် အနုသုခုမပညာရှင်များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဒေသအသီးသီးမှ ကရင်ရေးရာဝန်ကြီးများ၊ ကရင် ယဉ်ကျေးမှု အဖွဲ့များ၊ လက်ရှိ မြန်မာ့တပ်မတော်မှ ကရင်တပ်မှူးများကိုပါ ဖိတ်ကြားထားသည်ဟု စောလှထွန်းက ဖြည့်စွက်ပြောကြားသည်။

အစည်းအဝေးတက်မည့် လက်နက်ကိုင်အဖွဲ့များ

KNU
ဗိုလ်ချုပ်စောလားပွယ်ဦးဆောင်သည့် DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်၊
ဗိုလ်ချုပ် စောဌေးမောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊
ကရင်နယ်ခြားစောင့်တပ်၊
ဟောင်သရောငြိမ်း ချမ်းရေးအဖွဲ့၊
သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့
ပဒိုအောင်ဆန်းဦးဆောင်သည့် ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၏ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းက ကိုယ်စားလှယ် ၂၀၀ ခန့် တက်ရောက်မည့် ကရင့်ရေးရာ အစည်းအဝေး ဖြစ်မြောက်ရေးနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်မှု တချို့ကို စီစဉ် ဆောင်ရွက်ပေးသည်ဟု KNU အဖွဲ့မှ အဆင့်မြင့်ခေါင်းဆောင်တဦးက ပြောသည်။

အစည်းအဝေးဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့ဝင်တဦးက ”ဒီအစည်းအဝေးကို ကရင်အမျိုးသားတွေ သီးသန့်ပြု လုပ်တာဖြစ်တယ်။ အားလုံး ရင်းရင်နှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့ ဒေသအလိုက်၊ အဖွဲ့အစည်းအလိုက် အမျိုးသား စည်းလုံးညီ ညွတ်ရေး၊ စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးနဲ့ ကရင့်အနာဂတ်အရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို တင်ပြ ဆွေးနွေးကြမှာဖြစ်တယ်” ဟု ဆိုသည်။

ယခုလကုန်ပိုင်း ဘားအံမြို့တွင် ကျင်းပမည့် ကရင့်ရေးရာအစည်းအဝေးသည် ထူးခြားသည့် ဖြစ်စဉ် တခုဖြစ်ပြီး ကရင့်ရေးရာ အစည်းအဝေးကြီး၏ အောင်မြင်မှု ရလဒ်ကောင်းများ ရရှိနိုင်ရန်မှာ အစည်းအဝေး တက်ရောက်ကြသူများ၏ အမျှော်အမြင်ရှိမှု၌သာ မူတည်မည်ဟု ပြည်တွင်းပြည်ပမှ ကရင်အရေးလေ့လာ သူများက သုံးသပ်ပြော ဆိုကြသည်။

“ခံယူချက်ယုံကြည်ချက် မတူတော့လို့ KNU ကနေ ခွဲထွက်သွားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ဆယ်စုနှစ် ၂ ခု လောက်အကြာမှာ ကရင့်အမျိုးသား အနာဂတ် အရေးနဲ့ ပတ်သက်ပြီး ပြန်လည်တွေ့ ဆုံဆွေးနွေးကြဖို့ အကြောင်းဖန်လာတဲ့ကိစ္စမှာ ကရင်တွေကလွဲပြီး အခြားဘယ်သူ့ကိုမှ နိုင်ငံရေး အမြတ် မရစေ ချင်ဘူး” ဟု ကရင်ပြည်နယ် လှိုင်းဘွဲမြို့မှ ကရင်ဘုန်းတော်ကြီးတပါးက ဧရာဝတီသတင်းဌာနကို မိန့်ကြားသည်။

ယခင်က ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ကရင်လူထုအခြေပြုအဖွဲ့များနှင့် နိုင်ငံတကာမှ ကရင်အရေး ဆောင်ရွက်နေကြသည့်အဖွဲ့အစည်းများက KNU ဒေသအတွင်း ကရင်အမျိုးသား သွေးစည်း ညီညွတ်ရေး နှီးနှောဖလှယ်ပွဲကို ၈ ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့သည်။

သို့သော်လည်း အဖွဲ့အစည်း အများအပြားသည် အစိုးရအဆက်ဆက်က ကြေညာထားသည့် မတရား အသင်း ဥပဒေကြောင့် ထိုနှီးနှောဖလှယ်ပွဲတို့ကို တက်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း ကရင့်အရေး ဆောင် ရွက်နေ သူတဦးကပြောသည်။

ပြည်တော်မြင့် ~

Credit : Here

မြန်မာ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အမေရိကန်တိုက်ရိုက်ပါဝင် သင့်

တိုင်းရင်းသားမီဒီယာများ စုပေါင်းဖွဲ့စည်းထားသည့် ဘီအဲန်အိုင် က မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ် ရာမှာ ‘မြန်မာ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ အမေရိကန် တိုက်ရိုက်ပတ်သက်သင့်’ သည်ဟု ပြောကြားလိုက် ပါ သည်။

“ထိုင်းနိုင်ငံမှာလုပ်တဲ့ တွေ့ဆုံပွဲမှာဆို ဂျပန်က ကမ ကထ ပြုတယ်။ မူစယ်တဘက်ခြမ်းရွှေလီမှာ တွေ့ဆုံ တာက တရုတ်က တိုက်ရိုက်ပတ် သက်တယ်။ ဝင်ရောက် စွက်ဖက် တယ်လို့တောင် ကြားရတယ်။ ဂျပန်နဲ့ တရုတ်က ရန် ဘက်လေ။ ငြိမ်းချမ်းရေးလမ်းစဉ်က ဖြောင့်တော့မှာမ ဟုတ်ဘူး။ သူတို့နှစ်ဦးဘဲ ပြိုင်လုမနေ ရအောင် အမေရိကန် ပါဝင်လာသင့်တယ်” - ဟု Deciphering – Myanmar's Peace Process အစီရင်ခံစာ ထုတ်ပြန် မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်းက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဒုတိယ ဉက္ကဌ ဦးအောင်မင်း အဖွဲ့ နှင့် UNFC ကိုယ်စားလှယ်တို့ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်း မှ ကမကထ ပြု၏။ မတ် ၁၁ ရက်နေ့ ကေအိုင်အို နှင့် ဦးအောင်မင်းတို့အဖွဲ့ တရုတ်နယ်စပ် ရွှေလီမြို့၌ တွေ့ ဆုံရာတွင် တရုတ်အစိုးရက ကမကထပြုသည်ဟုဆို၏။

“ရွှေလီတွေ့ဆုံပွဲ တရုတ်က ဝင်ပါလာလို့ တချို့ဟာတွေ ဆုံးဖြတ်ချက်ထဲ မပါလိုက်ရဘူး။ humanitarian assistant တို့ ceasefire monitoring တို့ မပါဘူးလေ။ အဲဒီကိစ္စထည့်ထားရင် အနောက်နိုင်ငံက NGO တွေဝင်လာမယ်။ ဒါကိုတရုတ်က မကြိုက်ဘူး၊ အဲဒါကြောင့် တရုတ်က တဘက်၊ ဂျပန်က တဘက် လွန်ဆွဲ နေရင် မြန်မာ့ငြိမ်းချမ်းရေးလဲ ဟိုမရောက်ဒီမရောက် ဖြစ်သွားနိုင်တယ်၊ ပိုမိုကြန့်ကြာသွားနိုင် တယ်” - ဟု ပြောပါသည်။

Deciphering – Myanmar's Peace Process A Reference Guide 2013 အစီရင်ခံစာအား သတင်းစာရှင်းလင်းပွဲကို ဘီအဲန်အိုင် အကြီးအ ကဲများဖြစ်သည့် ဦးခွန်စိုင်း၊ နန်းဖေါ့ကေ နှင့် စိုင်းလိတ် တို့က ဦးဆောင်ပြီး ဘန်ကောက်မြို့ FCCT -The Foreign Correspondents' Club of Thailand ၌ ယနေ့ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

၁၉၆ စာမျက်နှာ ရှိ Myanmar's Peace Process A Reference Guide 2013 အစီရင်ခံစာအား ဖတ်ရှုရန် - http://www.mmpeacemonitor.org/#!deciphering-myanmars-peace-process/chz2

Credit : Here

သတင်းမှားဟု စွပ်စွဲခံရသည့် 1st Music News ဂျာနယ်နှင့် အာကျယ် မသွဲ့သွဲ့ဝင်းတို့ ပြဿနာ

“မသွဲ့သွဲ့ဝင်း သတင်းမှား ရေးသားသူ မုံရွာမောင်သုံ နှင့် The First Music News- ဂျာနယ်အား မသွဲ့သွဲ့ ဝင်းက ရှင်းလင်းခွင့်ပြန်တောင်း”
**********************************************

The First Music New- ဂျာနယ် အမှတ်(၃၂၆) ၁၉-၃-၂၀၁၃-ရက်စွဲပါ “မြောက်ပိုင်း ပါချောင်ဒေသမှာ ကျောင်း သားအများအပြားကို သတ်ဖြတ်ခဲ့တဲ့ အမှုမှာ တာဝန်မကင်းသူ ABSDF-က နိုင်အောင်၊ ဇနီး ခင်ဥမ္မာ နဲ့ မိုးသီးဇွန်တို့က ကမကထပြုပြီး လက်ပံတောင်းတောင် ကြေးနီ စံမံကိန်း သပိတ်က- မသွဲ့သွဲ့ ဝင်းကို ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်ကာ (၁၂)ကြိမ်မြောက် အမျိုးသမီး နှီးနှော ဖလှယ်ပွဲ တက်ရောက်ေ စခဲ့ကြောင်း သိရ”

ခေါင်းစဉ်နှင့် ရေးသားထားသော သတင်းအချက်အလက်များမှာ မသွဲ့သွဲ့ဝင်းနှင့် လုံးဝမသက်ဆိုင်သော သတင်း မှားများ ဖြစ်နေကြောင်း၊ မသွဲ့သွဲ့ဝင်းမှာ အပြီးသတ် အစီရင်ခံစာ ထွက်ပြီးသည်မှ ယနေ့ အချိန် ထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမရှိသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ဂုံတော၊ ကံကုန်း၊ ကျော် ရွာ၊ ဝက်မှေး၊ ကန်တောရွာသစ်၊ တုံသပိတ်စခန်း၊ ဆည်တည်း၊ ဇီးတော၊ မိုးကြိုးပြင် သုံးရွာနှင့် ဝမ်ေ ပါင် ကုမ္ပဏီတို့သို့ (၂)ရက်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြောင်း၊ မသွဲ့သွဲ့ဝင်းတို့ နေထိုင်ရာ ဝက်မှေးရွာေ ဟာင်း သို့ မလာရောက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရှိ သလို ဒေါ်အောင်ဆန်း စုကြည်ကို ဆန္ဒပြရာတွင်လည်း ဝက်မှေးရွာဟောင်း မပါ ဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် အတူ လိုက်ပါလာသော NLD-ဦးစိုးဝင်းက “ညည်းတို့ ညီအစ်မနှစ်ယောက် ဦးဆောင်ပြီး ဒေါ်စုကို ဆန္ဒပြ တာလား-ဟု ဖုန်းဆက်၍ မေးကြောင်း၊ ကျွန်မတို့ ရွာက ဆန္ဒပြရာတွင်လည်း မပါကြောင်း၊ ကျွန်မတို့ ကိုယ် တိုင် လည်း ဆန္ဒပြရာတွင် မပါဝင်ကြောင်း၊ ပြန်ပြောမှ NLD-ဦးစိုးဝင်းက ပြန်လည်တောင်းပန်ခဲ့ကြောင်း” အထင်အမြင် လွဲမှားမှုသာ ဖြစ်ကြောင်း၊ ဒေါ်စုကိုလေး စားကြောင်း၊ ဒေါ်စုကသာ ဒီလိုအဖြေ မထုတ်ခဲ့ရင် ရွာသူရွာသားတို့ ဆင်းရဲတာရှည်နိုင်ကြောင်း၊ ဒေါ်စု ကို ကျေးဇူးအထူးတင်ကြောင်း ဦးဝီရသူထံ လာရောက်လျှောက်ထား ပါသည်။ ထို့အပြင် ဒေါက်တာနိုင်အောင်ကို မမြင်ဖူးသလို အဆက်အသွယ်လည်း မရှိကြောင်း ထပ်မံ လျှောက်ထား လာပါသည်။

အများပြည်သူတို့ အထင်အမြင်လွဲမှားအောင် သတင်းမှားများပေးပို့သော မုံရွာ မောင်သုံနှင့် အဆိုပါ ဂျာနယ်လ် -တို့အား တရားဝင် ပြန်လည်တောင်းပန် ခိုင်းဖို့ ဆန္ဒရှိကြောင်းလည်း ဆက်လက်လျှောက်ထား ပါသည်။

“The First Music News- ဂျာနယ်၏ တုန့်ပြန်ချက်”
×××××××××××××××××××××××××××

ယနေ့ (၁၈-၃-၂၀၁၃- pm ၁၂း၁၅-နာရီခန့်က) ၎င်းဂျာနယ်တိုက် ဖုန်း-၀၁-၃၇၈၀၉၀-သို့ ဆက် သွယ်ပြော ကြား ရာ အယ်ဒီတာချုပ်မရှိသေး၍ နောက်တစ်နာရီအကြာမှာ ပြန်ဆက်ပါဟု ဆိုပါသည်။

(၁း၅၀)ခန့်မှာ ပြန်ဆက်ရာ ဆရာတော်ဦးဝီရသူကို လေးစားကြောင်း၊ မသွဲ့သွဲ့ဝင်းကိုတော့ လုံးဝ မတောင်း ပန်နိုင်ေ ကြာင်း၊ မသွဲ့သွဲ့ဝင်းတို့ရွာသား (မုံရွာသား)များကိုယ်တိုင် ပေးပို့တာ ဖြစ်ကြောင်း၊ အထောက်အ ထားနှစ် ခု အခိုင်အမာရှိကြောင်း၊ ပြန်လည်ပြောကြားပါသည်။ မသွဲ့သွဲ့ဝင်း အနားမှာရှိတယ် ပြောဦးမ လား မေးသော်လည်း ဖုန်းချသွားပါသည်။

မသွဲ့သွဲ့ဝင်းက လုံးဝမကြေနပ်ပါ။ သူလုံးဝမပြောဖူးပါဟု ဆိုပါသည်။
-----------------------------------------------------------

Credit : Here

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ ရှိ


"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသညHIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်း ကျင်ရှိ အခြားဆဲလ် များ ကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ် ရာတွင် ပျားအဆိပ်သည် အရေး ပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

"melittin" အမည်ရှိ ပျားအဆိပ်ကို သေးငယ်သော အမှုန်အစိတ် အပိုင်းများဖြစ်အောင် သိပ္ပံ ပညာရှင်များ က ဖန်တီးခဲ့ကြပြီး HIV ဆဲလ်များပေါ်သို့ ထည့်သွင်းလိုက်သည့် အခါတွင် HIV ဆဲလ်များ သေ ဆုံးခဲ့သည် ကို သိပ္ပံပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

အဆိုပါ လေ့လာမှုကို အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင် များ အဖွဲ့က လုပ်ဆောင်ခဲ့ပြီး HIV ပိုး ကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အတွက် ပျားအဆိပ်ကို အမျိုး သမီး အင်္ဂါတွင် ထည့်သွင်းသည့် ဂျဲလ်ထဲတွင် ထည့်သွင်း အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင် ဒေါက် တာ ဂျို့စ်ဟွာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

HIVပိုးကနဦး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ပြည်သူများသည် ၎င်းဂျဲလ် ကို အသုံးပြုနိုင်မည် ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမှန်စင် စစ်အားဖြင့် HIV ပိုးတိုက်ဖျက်သည့် ဆေးဝါး အများစုသည် ဗိုင်းရပ်စ်ပိုးများ မျိုးပွားခြင်းကို ဟန့် တား နိုင်စွမ်းသာရှိပြီး ပျားအဆိပ်များသည် ဗိုင်းရပ်စ်ပိုး ဖွဲ့စည်း တည်ဆောက်ပုံကို အမှန်တကယ် တိုက် ဖျက် နိုင်စွမ်းရှိ၍ ကူးစက်မှုကို ကာကွယ် နိုင်စွမ်းရှိသည် ကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

ထို့ပြင် ပျားအဆိပ် အမှုန်လေး များသည် အကျိတ်ဆဲလ်များကို သေစေရန် အသုံးပြုနိုင်သည့် ထိရောက်ေ သာ နည်းလမ်း တစ်ခုဖြစ်လာ နိုင်ဖွယ် ရှိကြောင်း ဒေါက်တာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

မြ၀တီ

Credit : Here

April Fool တွင် ရူးကြမည့် သတင်းစာများအတွက် အားဆေးတစ်ခွက်


အစိုးရ သတင်းစာသည် သူ့ဟာသူ ဘယ်ပိုက်ဆံနဲ့ပဲ ထုတ်ထုတ်၊ ပြည်သူ့ပိုက်ဆံ သုံးချင်သုံး မသုံးချင်နေ အဘ တို့အလုပ် မဟုတ်ဘူး။ အဘတို့ ကတော့ ကျပ်ငါးဆယ်နဲ့ လိုက်ပြီး မရောင်းနိုင် ဘူး။ ရောင်းချင် ရောင်း ရမယ်။ မရောင်းရလည်း စက္ကူဈေးတော့ ပြန်ရမှာပဲ။ အခု ရှစ်စောင်ပဲ ရှိတယ်။ မြန်မာပြည်မှာ လူဦးရေ သန်းခြော က်ဆယ် ရှိတယ်။ အဘတို့ ၆၂ ခုနှစ်မှာ သတင်းစာပေါင်း အစောင် ၇၀ ကျော်တယ်။ လူ ဦးရေ ၂၄ သန်းပဲ ရှိတယ်။ ရန်ကုန်မှာ ၆၂ တုန်းက နှစ်သိန်းနဲ့ ရှစ်သောင်း ပဲရှိတယ်။ အခု ခြောက်သန်း ကျော် တယ်။ အဲဒီတုန်းက စာတတ်သူဦးရေ သိပ်နည်းတယ်။ အခု စာတတ်သူ ဦးရေ သိပ်များတယ်။ ဒါ့ကြောင့် မကြောက်ဘူး။

သတင်းစာ လွတ်လပ်ခွင့် အတွက် သတင်းစာ ထုတ်မှာ။ သတင်းစာပညာ ဆိုတာ စာသင်ခန်းထဲမှာ ကျန် ရစ် ခဲ့ပြီ။ သတင်းစာ လွတ်လပ်ခွင့်ဆိုတာ စာအုပ်ထဲမှာ ရှိပြီးသား။ အဲဒါကို လူ့အဖွဲ့အစည်း ထဲမှာ ချပြီး ကျင့် သုံးမယ်။ ဒါ့ကြောင့် အမြတ်ကို ပဓာနမထားဘူး၊ အလုပ်ကို ပဓာနထားတယ်။ အခြေစိုက်မယ်။ မျိုးစေ့ ချမယ်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ ဒီသတင်းစာ လွတ်လပ်ခွင့်ဆိုတဲ့ အပင်ကြီးကို အရှုံး ခံပြီး စိုက်ကြရမယ်။ ရှုံးရင် ပိတ်မယ် ဆိုရင်တော့ အစကတည်းက မလုပ်ပါနဲ့။ အရှုံးခံပြီး လုပ်ပါ လို့ပဲ ပြောချင်ပါတယ်။

မတ်လ ၁၀ ရက်နေ့ထုတ် Street View သတင်းဂျာနယ်ပါ
“ဝါရင့် သတင်းစာဆရာကြီး ဖိုးသောကြာ (ခေတ်+မိုး) အား တွေ့ဆုံခြင်း” မှ ကောက်နုတ်ချက်
‎[ Voice of the Day]
==================================================

ဆရာကြီးက ၀ါရင့်သတင်းစာ ဆရာကြီး ဆိုတော့လဲ အတွေးတွေလဲ ရင့်တာပေါ့ ဆရာကြီးရာ။ ကမ္ဘာ့ မီဒီ ယာလောကမှာ ပုံနှိပ် မီဒီယာ အခန်းကဏ္ဍဟာ ရပ်ဆိုင်းဖို့ တာစူနေပါပြီ။ မြန်မာလို နိုင်ငံမှာတော့ သတင်း စာ တစ်စောင် ၅၀ ကို လိုအပ်မှန်း သိတာတောင် ၀ယ်မဖတ်နိုင်တဲ့ ပြည်သူတွေ အများကြီးပါ။ ၅၀ နဲ့ ထုတ် တဲ့ သတင်းစာမှာ နေ့တိုင်း အချပ်ပိုကြော်ငြာ ၄ ၅ မျက်နှာ ပါလို့ ၃၀ နဲ့ရောင်းတောင် မရှုံးနိင်ေ လာက်ေ ပ မယ့် နောက် ထွက်မယ့် သတင်းစာတိုင်းက ရှုံးမှာပဲ။ တစ်ပတ်တစ်ခါ ထွက်တဲ့ ဂျာနယ်တောင် သတင်းေ ကာင်း မှ အရောင်း ထွက်နေချိန်မှာ သတင်းစာ ထုတ်ချင်တာကတော့ အံ့သြစရာပါပဲ။ ပုံနှိပ် ဥပဒေသာ မရှိ လို့ ကတော့ Facebook ကလို အတင်းအဖျင်းတွေ အစုံ စည်းလွတ်ဝါးလွတ် ပုံနှိပ် မီဒီယာ သတင်း စာတွေမှာ တွေ့လာရတော့မှာပေါ့။ ၁ လ ၂ လ အတွင်း အစိုးရ သတင်းစာကို ခွက်စောင်း လာမခုတ်ရင် အိမ်မှာ လပေးနဲ့တောင် ၀ယ်ဖတ်ပေးလိုက်ပါအုံးမယ်။

Credit : Here

KIO တိုက်နယ်ရုံး ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများဖွင့်လှစ်


ရွှေကူးမြို့န်ယ် စီသော်ရွာနှင့် စီးငန်ရွာတို့တွင် KIO လမိုင်ယန် တိုက်နယ်မှူးရုံးမှ ခွင့်ပြုချက်ဖြင့် တစ်ရွာလျှင် ခြောက်ေ ကာင် ဂျင်နှင့် လေးကောင်ဂျင် လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း သိရှိရ ပါသည်။ လောင်း ကစား ၀ိုင်းပိုင်ရှင်များအနေဖြင့် တိုက်နယ်ရုံးရန်ပုံငွေအဖြစ် တစ်ဝိုင်းကို တစ်ရက်လျှင် ၁သောင်းနှု န်း ပေးသွင်းရကြောင်း လောင်းကစားဝိုင်းသို့ သစ် ကုန်သညများနှင့် မှောင်ခို လုပ်ငန်းလုပ်ကိုင်သူများ အဓိ က လာရောက်လုပ် ကစားကြပြီး ရွာမှ ဒေသခံများလည်း သွားရောက် ကစား ကြကြောင်းသိရှိရသည်။

လောင်းကစား ၀ိုင်းပြုလုပ်ခြင်းကို ရွာ အုပ်ချုပ်ရေးမှူးများက ခွင့်ပြုခြင်း မရှိ သော်လည်း တိုက်နယ်မှူးရုံးမှ ခွင့်ပြု ထားခြင်းကြောင့် သွားရောက်ကန့်ကွက် ပြောဆိုရဲခြင်းမရှိကြောင်း၊ မြို့ပေါ် ဌာနဆိုင်များသို့လဲ အ သက် အန္တရယ် စိုးရိမ်မှုကြောင့် ပြောပြခြင်းမရှိကြောင်း သိရှိရပါသည်။

လောင်ကစားဝိုင်းများ ရွာတွင်ဖွင့်လှစ်ခြင်းကြောင့် ဒေသခံလူငယ်များ၏ စိတ်ဓာတ်အခြေအနေ ပျက်ယွင်း မှုများ၊ ခိုးဆိုး လုယက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ KIO အနေဖြင့် မိမိတို့ ငွေရဖို့ တစ်တည်း ကိုသာ အာရုံ ထားပြီး ဒေသခံ တိုင်းရင်း သား တို့၏ ရှေ့ရေးကို မကြည့်ဘဲ လုပ်ဆောင် နေခြင်းကြောင့် ရွာရှိ လူကြီးများ ကျေ နပ် မှုမရှိသော်လည်း ၎င်းတို့၏ သေနတ်ပြောင်းဝမှ အမိန့်ကြောင့် ရေငုံနှုတ်ပိတ်နေနေ ရကြောင်း စီသော် ရွာမှ ဒေသခံတစ်ဦးမှပြောကြားခဲ့ပါသည်။

Credit : Here

လားရှိုး ပြန်ကြားရေးဌာန နှင့် ဆိုင်ခန်းဖွင့်သူများ ပဋိပက္ခ


လားရှိုးမြို့၊ ရပ်ကွက် ၃ ရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးအောက်တွင် ဖွင့်လှစ်ထား သည့် ဈေးဆိုင်ခန်း (၁၄) ခန်းအား ယခု လကုန်ရက် နောက်ဆုံးထားပြီး ထိုနေရာမှ ရွှေ့ကြရန် အာဏာပိုင်တို့က ညွှန်ကြားထားကြောင်း ဆိုင်ရှင်တို့က ပြောသည်။

လုံခြုံရေး၊ စည်ပင်သာယာရေး အခြေအနေများ အကြောင်းပြပြီး ဖယ်ရှားခိုင်းခြင်းဖြစ်သည်ဟု ရှမ်းပြည်ပြန်ဆက် ဒုညွန်မှူး ဒေါ်ခင်ဆန်း ထုတ်ပြန်သည့် အမိန့်စာတွင် ဖော်ပြထားသည်။

ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး ဈေးဆိုင်ခန်း ပိုင်ရှင်များက မတ်လ ၁၀ ရက်နေ့တွင် မီဒီယာတွေ့ဆုံပွဲ ပြုလုပ်ပြီး ရှင်းပြကြသည်။

ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးတာက ~
- တောင်းသလောက် လစာအား မညည်းမငြူ အမြဲပေးဆောင်နေကြောင်း၊
- ယခုလို မောင်းထုတ်ခံနေရသည့်တွက် မိမိတို့များစွာ နှစ်နာကြောင်း၊
- ဖယ်ရှားဖို့ သိရှိကြောင်းသာ လက်မှတ်ထိုးခဲ့ကြောင်း၊
- ၁၉၉၃ ခုနှစ် ကတည်းက စတင်ပြီး ဆိုင်ခန်းဆောက်ကာ လုပ်ကိုင်နေသူများလည်းရှိကြောင်း၊
- လစာပေးရပုံမှာ အခြားနေရာများထက် ထူးခြားကြောင်း - ၁ နှစ်လျှင် ၁၂ လသာ ရှိသော်လည်း ၁၃ လစာ ပေးရကြောင်း၊
- မိမိတို့အနေဖြင့် ပြောင်းရွှေ့ပေးမည်မဟုတ်ကြောင်း ရှင်းလင်းပြောဆိုသည်။



ဈေးဆိုင်ခန်းပိုင်ရှင် တစ်ဦး ဖြစ်သူ ဒေါ်နန်းလှကြည် (မြေသြဇာနှင့် စိုက်ပျိုးရေးပစ္စည်းအရောင်း ဆိုင်)၊ ဈေးဆိုင်ခန်းထွက်နေသည့် မချိုထမင်းကြော် ဆိုင်မှ မငယ်တို့က ~
- ရုတ်တရက် ဖယ်ရှားရန် ခိုင်းစေခြင်းခံရသည့်အတွက် ဒုက္ခ များစွာရောက်ရှိကြောင်း၊
- ရှမ်းပြည်ပြန်ဆက် ဒုညွန်မှူါ် ဒေါ်ခင်ဆန်း ကိုယ်တိုင် မိမိတို့အား လာရောက်ပြောဆိုခဲ့ကြောင်း ၊ ကြားကာလဆိုင်းငံရန် တင်ပြ တောင်းဆိုခဲ့သော်လည်း ယင်းအနေဖြင့် တလသာ တိုးပေးနိုင် သည်ဟု ပြန်ပြောဆိုခဲ့ကြောင်း၊
- သည်နေရာတွင်ပင် မဖယ်ရှားဘဲ ဈေးဆက်လက်ရောင်းချလိုကြောင်း ပြောသည်။

ဈေးဆိုင်ရှင် တဦးဖြစ်သူ မကံချီးက ~
- ဆိုင်ခန်းအား လွန်ခဲ့သည့် တနှစ်ခွဲခန့်က ၀ယ်ယူစဉ် ပြန်ဆက် ဒုညွန်မှူး ဒေါ်ခင်ဆန်းထံ စုံစမ်း အကူညီတောင်းခံခဲ့ကြောင်း၊
- ၀ယ်ပါ၊ ပြဿနာ မရှိပါ ဟုပြောဆိုသဖြင့် သိန်းလေးဆယ်ဖြင့် ၀ယ်ယူခဲ့ကြောင်း၊
- ဆိုင်ခန်းဝယ်ထားသည်မှာ ၂ နှစ်ပင်မပြည့်ခင် မိမိတို့အားမောင်းထုတ်နေသည်မှာ မတရားကြောင်း ၊
- ဆိုင်ခန်းခလည်း တနှစ်လျှင် ၁၃ လစာ ပေးဆောင်နေရကြောင်း ၊
- မိမိတို့နေရာမှ ဖယ်ရှားပေးမည်မဟုတ်ဘဲ ဈေးဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

ကိုဗီချနှူး ကုန်ဆုံဆိုင်ပိုင်ရှင်က ~

- သိန်း ၁၀၀ ကျပ်ဖြင့် ၀ယ်ထားသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊
- မောင်းထုတ်တော့ ဖယ်ရှားဖို့ နေရာထိုင်ခင်းအခက်အခဲ ရှိကြောင်း၊
- တခြားနေရာများတွင် ဈေးဆိုင်ခန်းခ တလ ငှားရမ်းခ သုံးလေးသိန်း လည်း မိမိတို့အနေဖြင့် မတတ်နိုင်ကြောင်း ပြောသည်။

ဦးမြသောင်းက ~

၁၉၉၈ ခုနှစ်ကတည်းက ဖွင့်လှစ်ရောင်းချရာ ယခု (၁၅) နှစ်ခန့် ရှိပြီဖြစ်ကြောင်း
- ရန်ကုန် ပြန်/ဆက်ဦးစီး အရာရှိ ကိုယ်တိုင်ကွင်းဆင်းကြည့်ုပြီး ခွင့်ပြုပေးခဲ့ကြောင်း၊
- ယခုမှ ဖယ်ရှားခိုင်းခြင်းသည် သဘာဝမကျကြောင်း၊
- သူတို့ခွင့်မပြုသည့်ပစ္စည်းများလည်းရောင်းချနေသည့်ဈေးဆိုင်ခန်း တခန်းမှ မရှိကြောင်း၊
- သည့်အတွက် ယခုဖြစ်စဉ်အား နိုင်ငံတော် သမတ၊ ဒုသမတ၊ ပြန်ကြားရေးဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ ရှမ်းပြည်ပြန်ဆက်ရုံး တို့ထံလိပ်မူပြီး လူကိုယ်တိုင်နေပြည်တော်သို့ သွားရောက်ပြီး အသနားခံစာ တင်ပြထားကြောင်း၊
- ရှေ့ဆက်ပြီး တရားဥပဒေ စိုးမိုးရေး နှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ပါ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဆိုင်ခန်းပိုင်ရှင်များဖက်မှ ကူညီပေးနေသည့်တရားလွတ်တော် ရှေ့နေ တဦးက ~

- အခကြေးငွေပေးပြီး အသုံးပြုနေသူများဖြစ်သဖြင့် ပြန်/ဆက်က အငှားချသူ၊ အိမ်ရှင်၊ ဆိုင်ခန်းဖွင့်သူက အိမ်ငှားများဖြစ်သည်၊
- ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး ဥပဒေနှင့်သာ သက်ဆိုင်ကြောင်း၊
- ယင်း ၁၉၆၀ ပြည့်နှစ် ဥပဒေ၏ အကာအကွယ်ကို နိုင်ငံသား အခွင့်အရေး အလျောက် ရသင့်ကြောင်း၊
- နို့တစ်စာထုတ်ပြီးအင်အားသုံးနှင်ထုတ်ခွင့် မရှိကြောင်း၊
- ၁၉၅၅ အစိုးရ အိမ်ဥပစာမှ နှင်ထုတ်သည့် ဥပဒေ နှင့်မသက်ဆိုင်ကြောင်း၊
- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ (အခန်း-၈) အရ နိုင်ငံသားများ၏ မူလ အခွင့် အရေး နှင့်တာဝန်များ ပုဒ်မ ၃၇၂ အရ ဖွဲ့စည်းပုံပါ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်များ နှင့်လည်းကောင်း၊ တည်ဆဲ ဥပဒေများ ပါပြဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်ဘဲ စီးပွားရေး ကိစ္စများကို ဆောင်ရွက်ရာ တွင် ပစ္စည်းပိုင်ဆိုင်ခွင့် ၊ သုံးစွဲခွင့်၊ ကိုယ်ပိုင် တီထွင်ခွင့် ၊မူပိုင်ခွင့်၊ တို့ကို နိုင်ငံတော် က အာမခံသည်ဟု ထည့်သွင်းဖော်ပြထားကြောင်း၊
- နိုင်ငံတော်၏ ဥပဒေသည် တစ်ခုတည်းသာဖြစ်ပြီး နိုင်ငံသားအားလုံး နှင့် သက်ဆိုင်ပြီး သာတူညီမျှ ဖြစ်စေရမည်ဟု ပါဝင်ကြောင်း သုံးသပ်ပြောဆိုသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

Credit : Here

ပြည်ထဲရေးဝန်ကြီးဌာန စာတတ်သွားပြီ


ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကနေ ပတ်စ်ပို့ (passport) တွေ ထုတ်ပေးနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

ပတ်စ်ပို့ ရလိုသူများက စာရွက်စာတမ်းတွေ တပုံတပင် ရေးဖြည့်ပြီး လျှောက်ထားခဲ့ကြရတာပါ။ အခုတော့ တပုံတပင် ဖြည့်စရာ သိပ်မလိုတော့ပါဘူး တဲ့။

လျှောက်လွှာ ၁၄ ရွက် ဖြည့်ရတဲ့ ဘ၀ကနေ ၅ ရွက်ပဲ ဖြည့်ရတော့မယ်လို့ ဒီကနေ့ ကြေးမုံသတင်းစာ စာမျက်နှာ ၉ မှာ ရေးထားပါတယ်။

တကယ် လိုအပ်တာကလည်း အဲဒီ ၅ ရွက်လောက်ပါပဲ။ ကျန်တာတွေက အပိုအလုပ်တွေပါ။ စာရွက်တွေ သိပ်များရင် ရုံးမှာလည်း စာရွက်ထားစရာနေရာ အခက်အခဲ ဖြစ်ပါလိမ့်မယ်။

မလိုလားအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေ လျှော့ချရမယ်ဆိုတာကို ပြည်ထဲရေးဌာန သဘောပေါက်သွား တာ ၀မ်းသာစရာပါပဲ။

စာရွက်စာတမ်း ဖောင်းပွခြင်းဟာ လျှောက်ထားသူအတွက်လည်း ပင်ပန်းပါတယ်။ ဌာနဆိုင်ရာများ အတွက်လည်း သိမ်းဆည်း၊ သိုလှောင်၊ စီမံ ခန့်ခွဲရတဲ့ ဝန်ထုပ်ဝန်ပိုးလည်း အင်မတန် ကြီးပါတယ်။

ဒီမိုကရေစီခေတ်၊ ကွန်ပျူတာခေတ်မှာ ဒီလို မလုပ်နိုင်စရာ အကြောင်း မရှိပါ။

ဒီသတင်းအရ ဆိုရင် - စာရွက်စာတမ်းကိစ္စကို ၆၅ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ပြီ၊ ပတ်စ်ပို့ကိုလည်း ဆယ်ရက်အတွင်း ထုတ်ပေးနိုင်ဖို့ စီစဉ်နေပြီ လို့ သိရပါတယ်။




Credit : Here

Samsung Galaxy S4 အကြောင်း သိကောင်းစရာ

Samsung Galaxy S4 ထွက်လာခြင်းဟာ ရင်ခုန်မှု တခုထက် ပိုတဲ့ မျှော်လင့်ခြင်းတွေနဲ့ ပါလို့  Samsung Galaxy ပရိသတ်တယောက်က ပြောပါတယ် ။

Galaxy S4 နဲ့  Galaxy S3 တို့ ရဲ့ကွာခြားချက်နှိုင်းယှဉ်ပြထားပုံ ( ဓာတ်ပုံ -CNet)

မထင်မှတ်လောက်အောင်အောင်မြင်မှုရခဲ့တဲ့ Galaxy S 3 ကြောင့် Samsung ဖုန်းပရိသတ်တွေဟာ ထွက်ရှိလာမယ့် Galaxy S4 ကို မျှော်လင့်တကြီး စောင့်ကြည့်ခဲ့ကြပါတယ်။

Samsung ကုမ္မဏီ ကလည်း အရင်တုန်းကလို အာရှနိုင်ငံကြီးတွေမှာသာ မိတ်ဆက်ပွဲ ပြုလုပ်ခြင်းကနေ အခုတော့ လမ်းဖောက်ထွက်ပြီး ထူးခြားတဲ့အစီအစဉ်တွေ နဲ့ နယူးယောက် မြို့ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

၂၀၁၂ ရဲ့ အရောင်းရဆုံးဖုန်းဖြစ်ခဲ့တဲ့ Samsung Galaxy S 3 ရဲ့နောက်ထပ်မျိုးဆက်သစ် Galaxy S4 ဟာ Andriod 4.2.2 Jelly Bean အသုံးပြုထားပြီး ကိုယ်ထည်အစိတ်အပိုင်း ( Hardware) ပိုင်းမှာ တော်တော် အဆင့်မြှင့်ထားသလို ၊ ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေ ထည့်သွင်းထားပါတယ်။

နောက်ပြီး ဒီဖုန်းဟာ 7.9mm deep (0.31 inch), 130g (4.6 ounces) သာ ရှိတာကြောင့် ပိုမိုပါးလွှာပြီး ၊ ပိုမိုလည်း ပေါ့ပါးလာပါတယ်။

နဂိုမူလ Galaxy S3နဲ့ ကိုယ်ထည်အတိုင်းအတာ အတူတူပါပဲ။ ဖုန်းမျက်နှာပြင်သာ အနည်းငယ် ကြီးလာတာပါ။

ဒါ့အပြင် ဖန်သားပြင်ကြည်လင်မှုအနေနဲ့ resoultion (1080) ရှိလာပြီး ဘတ်ထရီ ကလည်း ( 2,600 mAh) အထိ တိုးတက်လာပါတယ်။

အရေးကြီးတဲ့ Processor ကတော့ ( 1.9 GHz quad-core or 1.6 GHz octa-core) ဖြစ်လာပါတယ်။

ဓာတ်ပုံရိုက်တာနှစ်ခြိုက်သူတွေအတွက်တော့ 13 mega pixels ထိ မြှင့်တင်ပေးထားတဲ့အတွက် Apple ရဲ့ iPhone တွေထက် နှာတဖျားသာအောင် စွမ်းဆောင်ထားတာလို့ ဆိုရပါမယ်။

ကောလာဟလတွေ ထွက်ခဲ့သလိုပါပဲ - ထူးခြားတဲ့ စွမ်းဆောင်ရည်တွေအနေနဲ့  Eye-tracking စနစ် ပါဝင်လာပြီး စာဖတ်နေတဲ့အခါ သို့မဟုတ် ဗီဒီယို ကြည့်နေတဲ့အခါ မျက်လုံးရဲ့ စေစားရာကိုလိုက်ပြီး အလုပ် လုပ်ပေးမှာဖြစ်ပါတယ်။

ဥပမာ အနေနဲ့  ဗီဒီယို ကြည့်နေတုန်း အခြားဘက်ကို မျက်စိလွှဲလိုက်ပါ က ဖုန်းရဲ့ Eye-tracking စနစ်က ဗီဒီယိုကို အလိုအလျောက် ခေတ္တရပ်တန့် ပေးထားမှာဖြစ်ပါတယ်။

ဒါမှမဟုတ် - စာဖတ်နေတယ်ဆိုလျှင်လည်း နောက်တမျက်နှာကို လက်ဖြင့် နှိပ်စရာမလိုဘဲ မျက်လုံးက စာမျက်နှာရဲ့ အောက်ဆုံးကို ရောက်သွားတာနဲ့  နောက်စာမျက်နှာကို အလိုအလျောက် ပြောင်းရွှေ့ ပေးမှာ ဖြစ်ပါတယ်။


Samsung Galaxy S4 ဟာ သူ့ရဲ့ ယှဉ်ပြိုင်ဘက် ကုမ္မဏီတွေရဲ့ HTC One, Nokia Lumia 920 နဲ့ iPhone 5 တို့ နဲ့ ဈေးကွက် ယှဉ်ပြိုင်လုရမှာဖြစ်ပါတယ်။

လာမယ့်လမှာ စတင်ရောင်းချသွားမယ့် ဒီဖုန်းရဲ့ ဈေးနှုန်း ဘယ်လောက် ရှိမယ် ဆိုတာကိုတော့ Samsung က ကြေညာခြင်းမရှိသေးပါဘူး။ Samsung Galaxy S4 က ကြော်ငြာအား တော်တော်ကောင်းပါတယ်။ ဒီအကြောင်း ဧရာဝတီ ဘလော့ http://blog.irrawaddy.org/2013/03/samsung-galaxy-s4.html မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဘယ်တော့ မိတ်ဆက်ပွဲလုပ်မယ်၊ ဘယ်လို နည်းပညာသစ်တွေ ပါမယ် စသဖြင့် ဒီဖုန်းသစ်အကြောင်းကို အိုင်တီသတင်းအများအပြားမှာ တွေ့ခဲ့ရပါတယ်။

ကြော်ငြာတွေကြီးကျယ်ခဲ့သလို ပရိသတ်ရဲ့ စောင့်စားခဲ့တဲ့ Samsung Galaxy S4 ဟာ လူတွေရဲ့ နည်းပညာသစ်တွေ ထည့်သွင်းနိုင်မှု မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဖုန်းကိုယ်ထည် ဒီဇိုင်းပိုင်းမှာ အခြားဖုန်းတွေထက် အားနည်းချက်တွေရှိတယ်လို့  မိုဘိုင်းဖုန်း နည်းပညာသမားတွေက ဆိုပါတယ်။

ဒါ့အပြင် LG Nexus 4 နဲ့ Nokia Lumia Series ဖုန်းတွေမှာလို wireless charging စနစ် ပါဝင်ဖို့ ဖုန်းချစ်သူပရိသတ်တွေက လိုလားနေပါတယ်။

Samsung အနေနဲ့  ဒီနည်းပညာကို ထည့်သွင်းပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အားလုံးခြုံကြည့်ရင်တော့ မိုဘိုင်းဖုန်းလောကမှာ အဆင့်အမြင့်ဆုံးဖုန်းတွေထဲက တလုံးဖြစ်ပြီး ထူးခြား ဆန်းသစ်တဲ့ နည်းပညာကို အသုံးပြုလိုသူတွေ နှစ်ခြိုက်မယ့် ဖုန်းတလုံးပါ။


ဝယ်ယူချင်လို့၊ လေ့လာချင်လို့ Samsung ရဲ့ ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ အထက်ပါ ရုပ်သံမှာ ကြည့်နိုင်ပါပြီ။ လောလောဆယ်တော့ ကြည့်ရှုသူ ပရိသတ် သုံးသန်း ရှိသွားပါပြီ။

Credit : Here

နေပြည်တော်တွင် ပုံစံတူ ဗုဒ္ဓဂယာ စတင်ဖွင့်လှစ်


အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာနှင့် ပုံစံတူ တည်ဆောက်ထားသော နေပြည်တော် ဗုဒ္ဓဂယာ စီမံကိန်း ရာ ခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်၍ နိုင်ငံတဝန်းရှိ ပြည်သူများ လာရောက် ဖူးမျှော်နိုင် ပြီ ဖြစ်ကြောင်း နေပြည်တော်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။

အဆိုပါ ပုံစံတူ ဗုဒ္ဓဂယာကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် စတင် တည်ဆောက်ခဲ့ပြီး အန္ဒိယနိုင်ငံသို့ သွားရောက်ဖူးမျှော်ရန် ခက်ခဲသော ဗုဒ္ဓဘာသာဝင်များအတွက် ရည်ရွယ်တည်ထားခြင်း ဖြစ်ကြောင်း နေပြည်တော် ကောင်စီဝင်၊ အထူးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးကံချွန်က ပြောသည်။

“ဗုဒ္ဓဂယာကတော့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အထွတ်အမြတ်ထားတဲ့ နေရာဆိုတော့ ကျနော်တို့ဆီက လူတွေအများစု အနေနဲ့ လူတိုင်း အိန္ဒိယကိုသွားပြီး ဖူးဖို့ဆိုတာ မသက်သာဘူးလေ။ ဒါကြောင့်အများစု လာရောက်ဖူးမျှော်နိုင်အောင် အဓိက ရည်ရွယ်ပြီး တည်ထားတာပါခင်ဗျ။ အခုလည်း ဒေသတွင်းက ဘုရားဖူးဧည့်သည့်တချို့ လာကြပါတယ်” ဟု ဦးကံချွန်က ဧရာဝတီသို့ ပြောသည်။

နေပြည်တော် ဗုဒ္ဓဂယာကို အန္ဒိယ ဗုဒ္ဓဂယာနည်းတူ စေတီများကိုလည်း ဉာဏ်တော်အတူ တည်ဆောက်ထားသကဲ့သို့ အခြား စေတီပုထိုးနှင့် အဆောက်အအုံများကိုလည်း ပုံစံတူ၊ အကွာအဝေးနှင့် အကျယ်အဝန်းတူ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မဟာဗောဓိ စေတီတော်ကြီးနှင့် သတ္တ သတ္တာဟ ခုနှစ်ဌာနဖြစ်သည့် မဟာဗောဓိပင် ရွှေပလ္လင်တော်၊ အနိမိသ စေတီတော်၊ ရတနာ စင်္ကြတော်၊ ရတနာဃရ ရွှေအိမ်၊ အဇပါလညောင်ပင်၊ မုဉ္စလိန္ဒာရေကန်နှင့် ရာဇာယတန လင်းလွန်းပင်တို့ကိုလည်း အန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ အတိုင်းပင် တည်ထားကြောင်း ဦးကံချွန်က ပြောသည်။

ယင်းအရာများကို ပုံစံတူ တည်ထားသော်လည်း ကွဲလွဲမှု အနည်းငယ်ရှိကြောင်း၊ အိန္ဒိယရှိ ဗုဒ္ဓဂယာ တွင် ဂေါတမ မြတ်စွာဘုရား ထိုင်တော်မူပုံကို မြောက်အရပ်သို့ မျက်နှာမူထားသော်လည်း နေပြည်တော် ဗုဒ္ဓဂယာတွင်မူ အရှေ့အရပ်သို့ မျက်နှာမူထားကြောင်း၊ ယင်းနေရာတွင် အိန္ဒိယ ဗုဒ္ဓဂယာ ၌ မြောက်အရပ်တွင်သာ မုခ်ဦးတခုထားရှိသော်လည်း နေပြည်တော်တွင် အရှေ့ဘက်တွင်ပါ မုခ်ဦးတစ်ခု ထပ်တိုးထားကြောင်း သိရသည်။

“တခြား အကြောင်းတွေကြောင့်တော့ မဟုတ်ပါဘူး။ ကျနော်တို့ ဗုဒ္ဓဘာသာတွေရဲ့ အယူအဆကတော့ ဘုရားဟာ အရှေ့ဘက် မျက်နှာမူတာပဲ ပိုအလေးထားတယ်လေ။ အဲဒါလေးတခုပဲ ပြင်ထားတာ ရှိတယ်လေ။ ကျန်တာတွေတော့ အတူတူပါပဲ။ အိန္ဒိယနဲ့ မြေအနေအထား ကွာတယ်ဆိုတာကလည်း ဒီမှာက တောင်တွေဝိုင်းထားတဲ့ ကုန်းပေါ်မှာ ဖြစ်နေတာပေါ့” ဟု ဦးကံချွန်က ပြောသည်။

အဆိုပါ စီမံကိန်းသည် အနည်းဆုံး ကျပ် သန်းပေါင်း ၄၀၀၀ ကျော်မှ အများဆုံး ကျပ်သန်း ၁ သောင်းအတွင်း ကုန်ကျနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။ ယင်းကုန်ကျငွေကြေးနှင့် ရရှိငွေကိုမူ တာဝန်ရှိသူများက ဖြေကြားခြင်းမပြုပေ။

နေပြည်တော် ဗုဒ္ဓဂယာသည် ဥတ္တရသီရိမြို့ မြောက်ဘက်၊ ခွာညိုပန်းအဝိုင်းမှ ၅ မိုင် ၆ ဖာလုံ အကွာရှိ ဥဒယရံသီ ကုန်းပေါ်တွင် တည်ထားကြောင်း ယခုလ ၁၆ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားသည်။

နေပြည်တော် ဗုဒ္ဓဂယာသည် ၁၆ ဧက ကျယ်ဝန်းကြောင်း၊ မျက်နှာချင်းဆိုင်တွင် တရားစခန်းတခုပါ တည်ဆောက်ထားပြီး ယင်းတရား စခန်းမှာ ၁၂ ဧက ကျယ်ဝန်းကြောင်း၊ အခမဲ့ တည်းခိုဆောင်များလည်း ပါဝင်ကြောင်း ယင်းစီမံကိန်းကို တည်ဆောက်နေသော ACE ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

အဆိုပါ စိမံကိန်းကို အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းပိုင် ACE ကုမ္ပဏီနှင့်   ရွှေတောင် ကုမ္ပဏီတို့က ပူးတွဲလုပ်ခွင့် ရရှိထားကြောင်း သိရသည်။

နေပြည်တော် ဗုဒ္ဓဂယာ စီမံကိန်း မတည်ဆောက်မီ တနှစ်အလို ၂၀၁၀ ခုနှစ်ထဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် တို့သည် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်တွင် ဗုဒ္ဓဂယာသို့ သွားရောက် ဖူးမျှော်ခဲ့ကြသည်။

ယင်းခရီးစဉ်တွင် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ၏ ဇနီးများနှင့် လက်ရှိ အစိုးရတွင်းဝန်ကြီးများ (ယခင် စစ်ဗိုလ်ချုပ်များ) များလည်း လိုက်ပါသွားကြသည်။

ယခု နေပြည်တော် ဗုဒ္ဓဂယာ တည်ဆောက်မှုသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် မသက် ဆိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့်သာ တည်ဆောက်ခြင်း ဖြစ်ကြောင်း ဦးကံချွန် က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက်တွင် နေပြည်တော်ကို ဇဗ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိ မြို့နယ်တို့ဖြင့် တည်ထောင်ခဲ့ပြီး ရွှေတိဂုံစေတီကို ပုံစံတူအဖြစ် ဥပ္ပါတသန္တိ စေတီတော်ကိုလည်း တည်ထား ကိုးကွယ်ခဲ့သည်။

Credit : Here

သမ္မတဦးသိန်းစိန် သွားရောက်လည်ပတ်ခြင်းအပြီး သြစတြေးလျက ကာကွယ်ရေး ထိန်းချုပ်မှု ဖြေလျှော့


သြစတြေးလျသည် ၁၉၇၄ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ၏ ထိပ်သီးအကြီးအကဲ တစ်ဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန် လာရောက်သောကြောင့် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင် ရွက်မှု တင်းကျပ်ထားမှုကို ဖြေလျှော့ရန်နှင့် အကူအညီတိုးမြှင့်ရန် ယနေ့ သတင်း ထုတ် ပြန် သည်။

စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခံ ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအနေနှင့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်းပြီး အရပ် သားအစိုးအရအဖြစ် ပြောင်းလဲလာ သည်မှာ နှစ်နှစ်ပြည့် လုနီးပြီဖြစ် သည်ကို အသိ အမှတ်ပြုသည့် အနေနှင့် အကူအညီကို သြစတြေး လျနိုင်ငံက တိုးမြှင့်ခြင်းဖြစ်ကြောင်း ဆိုသည်။

“နိုင်ငံနီးချင်းဖြစ်ပြီး ဒေသတွင်းနိုင်ငံအဖြစ်တိုးတက်လာနေတဲ့ အတွက် ပွင့်လင်းပြီးကြွယ် ဝတဲ့မြန် မာနိုင်ငံသည် သြစတြေးလျ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်” ဟု မြန်မာနိုင် ငံနှင့် ပတ်သက်ပြီး သြစတြေးလျဒုဝန်ကြီး ဂျူလီယာဂစ်လားဒ်က ဆိုသည်။ “သြစတြေးလျနိုင် ငံနဲ့ မြန်မာနိုင်ငံ တို့ကြား တိုးတက်ရေး သဘောတူညီချက်တွေ မှာ ပြုပြင်ပြောင်း လဲနေဆဲ ဖြစ် တဲ့ နိုင်ငံရေး လွတ်လပ် ခွင့်တွေ၊ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ပိုင်ဆိုင် မှုတွေကို ပိုမိုတိုးတက်စေမယ့် အခွင့်အလမ်းသစ်တွေကို တိုးတက်စေ ဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ဆိုသည်။

From: The Myanma Age

Credit : Here

အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ

လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပြီးနောက် ပိုင်း ရက်အနည်းငယ်သည် အတိုက် အခံ ခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်အတွက် ခက်ခဲ၍ အရေး ကြီးသော သီတင်း ပတ် ဖြစ်သည်ဟု အချို့က ဆိုကြ သည်။

မီဒီယာများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ယခင် က ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံခဲ့သူများ သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ ဝေဖန်စရာများ ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ ငယ်ရွယ်စဉ်က ပညာ ဆည်းပူးခဲ့ဖူးသည့် အောက်စဖို့ဒ် တက္ကသိုလ်၌ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်   အောင်မြင်နိုင်ရေး လမ်းခရီးကို ဖြတ်သန်းရာတွင် လွယ်ကူလိမ့်မည် မဟုတ်ဟု ဆိုခဲ့ဖူးသည်။

ယခုအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့သည့် ကျောင်းတော်ဟောင်း အောက်စဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များကလည်း လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ် ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်၏ ရပ်တည်ချက် အပေါ် ဝေဖန်လာကြသည်။

မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ အောက်စဖို့ဒ် တက္ကသိုလ်တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် အရှေ့တောင် အာရှ လေ့လာရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အကြောင်းအရာများက လွှမ်းမိုးခဲ့သည်ဟု Oxford Student အစီရင်ခံစာ တစောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အပေါ် အပြုသဘောဆောင်သည့် မီဒီယာ ဖော်ပြမှုများ ရှိသော်လည်း မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သတ်၍ သံသယဖြင့်သာ ရှုမြင်သင့်ကာ စစ်မှန်သော အပြောင်းအလဲ ပေါ်ပေါက်ရေးအတွက် အခွင့်အလမ်း လွဲချော်နေဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ သမိုင်းဆိုင်ရာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် Dr. Peter Carey က ပြောဆိုခဲ့သည်ဟု သတင်းများက ဆိုကြသည်။

အစိုးရက ကချင်လက်နက်ကိုင် အဖွဲ့ကို တိုက်ခိုက်နေခဲ့သည့် ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည် က တောက်လျှောက် နှုတ်ဆိတ်နေခဲ့ခြင်းအပေါ် အထူးဝေဖန်ခဲ့ကြ သည်ဟု Oxford Student အစီရင်ခံစာက ဆိုသည်။ ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များအပေါ် မဝေဖန်ခဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ သြဇာညောင်းမှုကို ဆုံးရှုံးနေသည်ဟုလည်း ဆိုခဲ့သည်။

“မျှော်လင့်ချက်တွေဟာ နည်းပါးနေပါတယ်။ နောက်ပြီး ဒေါ်စုဟာလည်း ပြောသင့်တာတွေ ကို ပြောဖို့ လိုအပ် ပါတယ်” ဟု Dr. Carey က ဆိုသည်။

မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုများသည် အမှန်တကယ် သဘာဝကျကျ တိုးတက်နေခြင်း ရှိမရှိကိုလည်း ဆွေးနွေးပွဲ တက်ရောက်သူများကို Oxford Student အဖွဲ့က မေးခွန်း ထုတ်ခဲ့သေးသည်။ Burma Campaign (UK) မှ အလုပ်အမှုဆောင် ဒါရိုက်တာ Anna Robert က “ရည်ရွယ်ချက်တွေဟာ ဒီမိုကရေစီ နည်းကျ ဦးတည် မောင်းနှင်ထားတာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင် ဖိတ်ကြားချက် အရ ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သီတင်း နှစ်ပတ်ကြာ သွားရောက်လည်ပတ်ရန် ရွေးချယ်ခြင်း ခံထားရသည့် အောက်စဖို့ဒ် ကျောင်းသား ကိုယ်စားလှယ် အဖွဲ့က ထိုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

Credit : Here

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်များကို မြန်မာ အမည်များသာ ပေးရမည်


ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ဆောက်လုပ်မည့် မဏ္ဍပ်များကို မြန်မာ အမည်များသာ ပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မဏ္ဍပ် ဆောက်လုပ်မည့် သူများကို ယင်းကဲ့သို့ ညွှန်ကြားသွားမည်ဖြစ်ပြီး ညွန်ကြားချက်များ လိုက်နာမှု မရှိပါက ထိရောက်စွာ အရေးယူ မည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ရန်ကုန်သင်္ကြန်မှာ မြန်မာ့ယဉ်ကျေးမှုကို အထူးတလည် ထိန်းသိမ်းတင်းကျပ်မှုတွေ လုပ်မယ်။ လိုအပ်သလို အရေးယူမှုတွေပါ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်မှာ မဏ္ဍပ်တွေရဲ့ နာမည်ကို မြန်မာနာမည်ပဲ ဖြစ်စေချင်တဲ့ဆန္ဒနဲ့ အခုလို လုပ်ရတာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်္ကြန်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာမှုမရှိသည့် မဏ္ဍပ်များကို စာရင်းပြုစု ကာ ခေါ်ယူသ တိပေးသွားမည်ဖြစ်ပြီး ပုဂ္ဂလိကမဏ္ဍပ်များတွင်လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန် ယိမ်းအဖွဲ့များ မဖြစ်မနေ ပါဝင် ဖျော်ဖြေရမည်ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်မဏ္ဍပ်တွေကို ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ပေးတာ ကောင်းပါတယ်။

ယမန်နှစ်သင်္ကြန်တုန်းကဆိုရင် မဏ္ဍပ်တချို့ တော်တော်လေး နာမည်ပျက်သွားတယ်။ သရုပ်ပျက် ဝတ် စားတာတွေ အတွက်ကြောင့်ပေါ့။

ဒီနှစ်မှာတော့ ဒီလိုမဖြစ်အောင်လို့ မဏ္ဍပ်ဦးစီး ဦးဆောင် ပြုတဲ့သူတွေလဲ သတိထားမယ်လို့ ထင်ပါတယ်" ဟု ယမန်နှစ်က ကန်တော်ကြီး ပတ်လမ်းတွင် မဏ္ဍပ် တည်ဆောက်ခဲ့သူ ကိုဇေယျာမင်းက ပြောသည်။ ယခုအခါ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားသည့် ကိစ္စများကို စတင် လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

From:ဧရာဝတီ

Credit : Here

ဘာလျော်ကြေးမှ မလို၊ တောင်ကြီးကို ပဲလိုချင်သည့် ဆိုသည့် လက်ပံတောင်း တောင်သူများ နှစ်ရက် အတွင်း လျော်ကြေးငွေ ကျပ်သိန်း ၅၆၀၀ နီးပါးထုတ်ယူ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသောမြေယာများအတွက် လျော်ကြေးငွေ များ ကို မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ပေးအပ်လျက်ရှိရာ မတ်လ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက် အတွင်း၌ လျော်ေ ကြးေ ငွ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကို ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန် ချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင် ခံစာ ထွက်ပေါ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီသည် မတ် လ ၁၆ ရက်နေ့က ဆားလင်းကြီးမြို့နယ်သို့ ရောက်ရှိလာပြီး ယာမြေသိမ်းဆည်း ခံခဲ့ရသူများအတွက် လျော်ကြေးေ ငွများကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၁၆ ရက်နေ့က ကျေးရွာငါးရွာမှ မြေသိမ်းခံတောင်သူ ၅၂ ဦးကို ငွေကျပ် ၂၂၄၆၇၆၀၀၀ အား ပေး အပ် ခဲ့ကြောင်း သိရသည်။ သိမ်းဆည်း မြေယာများ စိစစ်ရေးအဖွဲ့ အနေဖြင့် မတ်လ ၁၇ ရက်နေ့တွင် တောင် သူ ၁၁၁ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၃၃၅၁ သိန်းကျော်ကို ထပ်မံပေးအပ်ခဲ့ရာ ၁၆ ရက်နှင့် ၁၇ ရက်နေ့နှ စ်ရက်အတွင်း တောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းေ ကျာ်ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မတ်လ ၁၈ ရက်ည ၈ နာရီတွင် နိုင်ငံပိုင်ရုပ်သံမှ သတင်း ထုတ်ပြန် ချက်များအရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ ပြန်သွားပြီးေ နာက် တွင် စီမံကိန်း ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်ရန် အတွက် သမ္မတ ရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်ေ သာ အဖွဲ့သည် မတ်လ ၁၅ ရက်နေ့တွင် မုံရွာမြို့မှတစ်ဆင့် စီမံကိန်း နယ်မြေအတွင်းသို့ သွားေ ရာက်လေ့လာခဲ့ပြီး ၁၆ ရက်နေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ညောင်ပင်ကြီး၊ ဖောင်းကား၊ ရွာရှည် ၊ေ ကျာ်ရွာ၊တောင်ပလူ၊ မိုးကြိုးပြင်ကျေးရွာများမှ တောင်သူများကို လျော်ကြေးငွေများ ပေးအပ်ခြဲ့ ခင်းဖြစ်ေ ကြာင်း သိရသည်။

Eleven Media Group

Credit : Here

မြစ်ကြီးနား

၂၀၁၁ ခုနှစ် ဇွန်လပိုင်းက စတင်ခဲ့သည့် KIOနှင့် အစိုးရတပ် နှစ်ဘက်တိုက်ပွဲများကြောင့် တစ်နှစ်ကျော်ကြာ ကား အသွား အလာများ ရပ်ဆိုင်းနေသော မြစ်ကြီးနား – ဗန်းမော်ကားလမ်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီး ဗန်းမော်မှ မြစ်ကြီးနားသို့ ကား ၈ စီး စတင်ထွက်ခွာကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီချိန်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းတိုက် အရှေ့တွင် အဆိုပါ ကားလမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ဗန်းမော်မြို့ အခြေစိုက် စကခ ၂၁ မှူးကိုယ်တိုင် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ဗန်းမော်မြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

“ဒီမနက် ၈ နာရီမှာ ဖွင့်ပွဲလုပ်တယ် မနောဧရာယာဉ်လိုင်းပေါင်းစုံပေါ့။ စကခမှူး ကိုယ်တိုင် လာဖွင့်သွားတယ်။ ဖွင့်ပွဲပြီးတာနဲ့ ဗင်ကား ၅ စီး ဟိုင်းလက် ၃ စီး မြစ်ကြီးနားကို ထွက်သွားပြီ” ဟု အဆိုပါ မြို့ခံက ပြောသည် ။

ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ KIO နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ အပြီး ယခု ကားလမ်းပြန်ဖွင့်မည့် အစီအစဉ်အား ဗန်းမော်မြို့တွင် ဆိုင်းဘုတ်များချိတ်ဆွဲ၍ ကြိုတင် အသိပေးကြေငြာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

ရွှေလီ တွေ့ဆုံပွဲ၌ အစိုးရဘက်မှ အပစ်ရပ်ရေး လက်မှတ်ထိုးရန် အပါအဝင် မြစ်ကြီးနား – ဗန်းမော်ကား လမ်းဖွင့်ရေး စသည့် အချက်များကို KIO ထံ တောင်းဆိုခဲ့သည် ။

သို့သော် ဆွေးနွေးပွဲအပြီး နှစ်ဘက် ထုတ်ပြန်သည့် ကြေငြာချက်တွင် ၄င်းအချက် ပါဝင်ခြင်း မရှိသော်လည်း လက်ရှိတွင် အခြေအနေများ တိုးတက်လာပုံရသည်ဟု နောက်ထပ်မြို့ခံတစ်ဦးက ဆိုသည်။

“တရုတ်နိုင်ငံသားတွေ အရင်တိုက်ပွဲစဖြစ်တဲ့ ၁၇ မိုင်နားက ရေအားလျှပ်စစ်စက်ရုံ ပြန်ပြင်နေပြီ။ ကားလမ်းမှာ မိုင်းရှာတာ တွေလည်း လုပ်နေတယ်။ တပ်တွေပြန်ရုပ်တာတော့ မကြားသေးဘူး။ အရင်တပ်မ ၁၀၁ နေရာကို တပ်မ ၃၃ နဲ့ လဲလှယ် တယ်။ အခုကားလမ်းပြန်ဖွင့်ပြီဆိုတော့ အခြေအနေတွေ ကောင်းလာပုံရတယ်” ဟု ၄င်းက ဆိုသည်။

မြစ်ကြီးနား – ဗန်းမော်လမ်း၌ ကားအသွားအလာများ ရပ်ဆိုင်းထားသည့် ကာလအတွင်း ဒေသခံများ အနေဖြင့် ရေလမ်း ခရီးကိုသာ အားထား သုံးစွဲခဲ့ရကြောင်း သိရသည် ။

Credit : Here

ယုဇနပလာဇာ တနင်္လာနေ့တိုင်း ပိတ်ဖို့ အလုပ်သမားတွေ ဆန္ဒပြ

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ယုဇနပလာဇာကို တနင်္လာနေ့တိုင်း နားရက်အဖြစ် သတ်မှတ်ရေးအတွက် ဆိုင်ခန်းပိုင်ရှင်တွေဟာ ဒီကနေ့မှာ ဈေးရောင်းရင်း တနင်္လာနေ့တိုင်းပိတ်သည်ဆိုတဲ့ စာတန်းပါ အဝါရောင်တီရှပ်တွေ ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီလိုလှုပ်ရှားမှုပြုလုပ်တဲ့ ယုဇနပလာဇာကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက လာရောက် အားပေးခဲ့ကြတယ်လို့လည်း အထည်ဆိုင်ပိုင်ရှင် မစုက RFA ကို ပြောပါတယ်။

“ကျွန်မတို့က ဒီနေ့မှာ ဆိုင်ရှင်ရော ဝန်ထမ်းတွေရော ဒီလိုမျိုးအဝါရောင်လေးတွေ ဝတ်တယ်ဆိုတာ ကိုယ့်ဆိုင်ကိုလာဝယ်တဲ့သူတိုင်း ပြောပြစရာမလိုပဲနဲ့ သိရှိစေပါတယ်၊ နောက်ပြီး ကျွန်မတို့ရဲ့ ပိတ်ချင်တဲ့ ဆန္ဒလေးတွေကိုလည်း လုပ်ပေးနိုင်စွမ်းရှိသူတွေက ကူညီပေးစေချင်ပါတယ်၊ အဲ့အတွက်ကြောင့်မို့လို့ တနင်္ဂနွေနေ့နေ့ ရောက်တိုင်းရောက်တိုင်း တီရှပ်အဝါရောင်လေးတွေ ဝတ်ရင်းနဲ့ ဆောင်ရွက်ကြပါတယ်၊ ဒီကနေ့ ကိုမင်းကိုနိုင်တို့ လာတဲ့အခါကျလဲ ကျွန်မတို့ရဲ့ ဈေးသူဈေးသားတွေ အကုန်လုံး ကြိုဆိုကြပါတယ်၊ ကျွန်မတို့အခုပိတ်ချင်တဲ့ ဆန္ဒလေးကို ကူညီပေးစေချင်ပါတယ်”

ဆိုင်ခန်းပိုင်ရှင်တွေ တောင်းဆိုတဲ့အချက်တွေ ရရှိဖို့အတွက် ယုဇနပလာဇာပိုင်ရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်နဲ့ ညှိနှိုင်းခွင့်မရရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြဆွေးနွေးသွားမယ်လို့ ဒီအရေးကို ကူညီပေးနေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် ကိုအောင်သူက RFA ကို ပြောပါတယ်။

ဆန္ဒပြပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုအောင်သူ၊ မမာမာဦး၊ မနီလာသိန်းနဲ့ ကိုသက်ဇော်တို့ သွားရောက်အားပေးစကားပြောကြားခဲ့ပြီး ဆိုင်ခန်းပိုင်ရှင်တွေနဲ့အတူ ဈေးအုပ်ချုပ်ရေးမှူး ရုံးနဲ့ စည်ပင်ကို စာတင်ထားခဲ့ကြပါတယ်။

Credit : Here

စစ်တန်းလျားဆောက်ဖို့ သိမ်းခဲ့တဲ့မြေတွေပြန်ရဖို့ ဒေသခံတွေ တောင်းဆို

ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်က တပ်မတော်(ရေ) စစ်တန်းလျားဆောက်လုပ်ဖို့အတွက် တာမွေမြို့နယ်၊ မြန်မာ့ ဂုဏ်ရောင်ရပ်ကွက်ကနေ ပြောင်းရွှေ့ပေးခဲ့ရတဲ့ ဒေသခံတွေဟာ မူလနေရာကို ပြန်ရရှိဖို့အတွက် ရန် ကုန်မြို့၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

မြန်မာ့ဂုဏ်ရောင်ရပ်ကွက်ကနေ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ပြောင်းရွှေ့ခဲ့ရတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် မူလနေရာကို ပြန်ပေးစေချင်တယ်လို့ ပြောင်းရွှေ့ ခံခဲ့ရသူ တစ်ဦးက ဒီကနေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ရပ်ကွက်က ၇၆ ခုနှစ်က မီးလောင်လို့ ဝန်ကြီး ဦးမြတ်မင်းကိုယ်တိုင် ပြန်ချ ထားတဲ့ နေရာဖြစ်ပါတယ်၊ ကျူးကျော်နေထိုင်တာ မဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့မြေမှာ ရှာလို့ ဖွေလို့လည်းကောင်းတယ်၊ ကျွန်တော်တို့နဲ့လည်း အဆင်ပြေတယ်၊ ကျွန်တော်တို့က ပွင့်ကောင်း ငါးပိငံပြာရည်စက်ရုံက ဆင်းရတဲ့အတွက် အဲ့စက်ရုံနဲ့ ကျွန်တော်တို့ရပ်ကွက်နဲ့က နီးနီးလေး၊ ဒီနေရာမှာ ကျွန်တော်တို့ပြန်ရမှ အဆင်ပြေမှာလေ၊ လျှော်ကြေးယူချင်လို့ မတင်တကာ လုပ်တာမဟုတ်ပါဘူး၊ ယခုအချိန်ထိ နှစ်ပေါင်းနှစ်ဆယ်နီးပါး ဒုက္ခတွေပင်လယ်ဝေခဲ့ရတယ်”

ဒေသခံတွေကို ဝါဝါဝင်းကုမ္ပဏီက ပြောင်းရွှေ့ခိုင်းခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ တရားဥပဒေနဲ့ အညီ ဆောင်ရွက်သွားဖို့လိုတယ်လို့လည်း ပြည်သူ့ကွန်ရက်နဲ့ အမှန်တရားဖော်ထုတ်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမြတ်ကျော်က ဖြည့်စွက်ဆွေးနွေးခဲ့ပါသေးတယ်။

အဲဒီရပ်ကွက်တွေကို ဖျက်သိမ်းစဉ်က တဲပေါ်ကနေ တိုက်ပေါ်တင်တဲ့စနစ်ကို အကြောင်းပြပြီး သိမ်းယူခဲ့ တာပါ။

ပြန်လည်နေရာချပေးခဲ့တဲ့အခါ ဒေသခံတွေ တိုက်ပေါ်မတင်ပေးဘဲ ဒဂုံဆိပ်ကမ်း၊ ၈၈ ရပ်ကွက် ကို ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။

ဒီကနေ့အခမ်းအနားကို ဖယ်ရှားပြောင်းရွှေ့ခံခဲ့ရတဲ့ဒေသခံ ၃၀၀ ကျော် တက်ရောက်ရှင်းလင်းခဲ့ကြပါတယ်။

Credit : Here

စစ်တပ်သိမ်းခဲ့တဲ့ ဧက ၂ သိန်းအတွက် ကော်မရှင်နဲ့ ပုလိပ်တောင်သူတွေတွေ့ဆုံ

မန္တလေးတိုင်း၊ ပုလိပ်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာက လယ်ဧက ၂ သိန်းကျော်ကို စစ်တပ်ကနေ သိမ်းယူထားခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်း စစ်ဆေးရေးကော်မရှင်နဲ့ တောင်သူ ၂၀၀ ကျော်တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

စစ်တပ်ကနေ လယ်ယာမြေသိမ်းတဲ့ကိစ္စရပ်တွေကို ဖြေရှင်းပေးဖို့အတွက် တောင်သူတွေနဲ့ အခု လိုတွေ့ဆုံခဲ့တာလို့ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်ဝိုင်းကြည် က RFA ကို ပြောပါတယ်။

“တပ်မတော်က သိမ်းထားတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ သိချင်တယ် လို့ အဲ့လိုပြောတာ ကော်မရှင်ကနေပြီးတော့ ပထမအစီရင်ခံစာ နံပါတ် ၁ အနေနဲ့ တပ်မတော်နဲ့ ပတ်သက် တာတွေ တင်ထားပြီးသားလေ၊ အားလုံးသိမ်းထားတာ”

အဲ့ဒီလယ်မြေတွေကို ၁၉၈၈ ခုနှစ် နောက်ပိုင်းစစ်တပ်က သိမ်းဆည်းခဲ့တာဖြစ်ပြီး လယ်တစ်ဧက ကို ငွေကျပ် ၅ ထောင်ပေးခဲ့ပေမယ့် တောင်သူအများစုကတော့ မရရှိခဲ့ကြဘူးလို့ ဆိုပါတယ်။

အလားတူ လယ်မြေသိမ်းဆည်းခံထားရတာတွေနဲ့ ပတ်သက်ပြီး ကောင်မရှင်ကို တရားဝင်တင်ပြထား တာတွေရှိပေမယ့် တချို့တောင်သူတွေကတော့ တင်ပြတိုင်ကြားတာတွေ မပြုလုပ်သေးဘူးလို့ သိရ ပါတယ်။

Credit : Here

ကျောက်ပန်းတောင်း ဖွံ့ဖြိုးရေး ဒေသခံတွေ နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ

အစိုးရကဆောင်ရွက်ပေးဖို့ အားနည်းနေတဲ့ ကျောက်ပန်းတောင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေ ကို အဖြေရှာဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ ပူးပေါင်းပြီး ဒီကနေ့မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

ဒေသခံ NLD ပါတီဝင် ကိုသန်းထင်အောင်က အခုလို ပြောပါတယ်။

" ပြည်ခိုင်ဖြိုးကတော့ မလာဘူး၊ တစညလာတယ်၊ NLD လာတယ်၊ လူမှုရေးအသင်းအဖွဲ့ ၁၆ သင်းရှိတယ်၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က တက်တယ်၊ တွေ့ပြီးတော့ ဘာလုပ်တာလဲဆိုတော့ သူတို့က မြို့ရဲ့အခြေအနေတွေကို အမြင်ချင်းဖလှယ်ပြီးတော့ မြို့ရဲ့အစစအရာရာ ဖွံ့ဖြိုး တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲဆွေးနွေးတယ်"

ဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းက လူပုဂ္ဂိုလ် ၅၀ ခန့် တက်ရောက် ခဲ့ကြပြီး ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပုပ္ပါးတောင် ထိန်းသိမ်းရေး၊ ပညာသင်ကြားနေတဲ့ကျောင်းတွေ အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေးဆေးပေးခန်းတွေ အလုံလောက်ရရှိရေး၊ ပျက်စီးနေတဲ့ လမ်းတွေ ကောင်းမွန်ရေးနဲ့ အမှိုက်သိမ်းကားထားရှိရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

၂ ရက်ကြာဆွေနွေးမယ့် ဒီအခမ်းအနားကနေ ရရှိလာတဲ့အချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Credit : Here

လူ့အခွင့်အရေးကိစ္စ ဖိအားပေးပြောကြားဖို့ သြစတြေးလျ ဝန်ကြီးချုပ်ကို စာပို့

သြစတြေးလျနိုင်ငံကို ဒီကနေ့ရောက်ရှိမယ့် မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါ မြန်မာ နိင်ငံက လူ့အခွင့်အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးပြောကြားဖို့ ဝန်ကြီးချုပ် Julia Gillard ကို သြစတြေးလျမှာရှိတဲ့ မြန်မာ့ အရေးဆောင်ရွက်တဲ့အဖွဲ့အစည်း ၁၅ ခုက စုပေါင်းလက်မှတ်ရေးထိုး ပန်ကြားတဲ့ အိတ်ဖွင့်ပေးစာ တစောင်ကို ဒီကနေ့မှာ ပေးပို့လိုက်ပါတယ်။

လက်မှတ်ရေးထိုးရာမှာပါတဲ့ ဆစ်ဒနီမြို့ အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Office အဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက RFA ကို ပြောပါတယ်။

“အခုလို သြစတြေးလျမှာ အခြေစိုက်ပြီးတော့ မြန်မာ့အရေးလှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသား အဖွဲ့ အစည်းတွေရော သြစတြေးလျ အဖွဲ့အစည်းတွေရော စုပေါင်းပြီးတော့ ဝန်ကြီးချုပ် Julia Gillard ကို စာရေးရတဲ့ အကြောင်းရင်းကတော့ တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းက လက်ရှိမြန်မာနိုင်ငံ သုံးသပ်ခြင်းအပေါ်မှာ ထုတ်ပြန်ပုံတွေက အနည်းငယ်ကွာနေတဲ့ပေါ်မှာ အကုန်လုံးက အမြင်တူတယ်၊ အပြောင်းအလဲတွေပေါ်မှာ ကြိုဆိုပေမယ့် အများကြီး ပြဿနာတွေ ရှိနေသေးတဲ့အပေါ် ကျွန်တော်တို့ အသားပေးပြီး ပြောချင်လို့၊ အဓိက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပြဿနာတွေကို အဓိကထား ဖြေရှင်းစေချင်လို့၊ ဒီအပေါ်မှာ အားလုံးက သဘောတူညီတဲ့အတွက်ကြောင့် တစ်ဖွဲ့ချင်းမဟုတ်ပဲနဲ့ ဆယ့်ငါးဖွဲ့လုံးစုပေါင်းပြီးတော့ ဝန်ကြီးချုပ်ဆီကို အိတ်ဖွင့်ပေးစာ ပေးလိုက်ရတာဖြစ်ပါတယ်၊ ဒါဟာ အားလုံးရဲ့ တစ်စုတစ်စည်းတည်း သဘောတူညီတဲ့ အပိုင်းပါ”

ဒီအဖွဲ့တွေထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေဖြစ်တဲ့ KAA Australia နဲ့ Queensland အခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့များ၊ KAP ကရင်နီနဲ့ AKA Australia ကရင်တိုင်းရင်းသားအဖွဲ့တွေလဲ ပါဝင်ပါတယ်။

Credit : Here

လယ်ယာမြေ၊ ရွှေထွက်မြေနှင့် ဘုရားတည်မည့်မြေများပါမကျန် သိမ်းယူနေသည့် ၀န်ကြီးချုပ်


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ အောင်ပင်လယ်ကန်ရိုးထိပ်တွင် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်သစ်ကြီး ဆောက်လုပ်ပြီးစီး၍ လုပ်ငန်းများစတင်လည်ပတ်နေပြီဖြစ်ပါသည်။

မန္တလေးမြို့တော်ကြီးမှာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တည်ဆောက်ခြင်းမှာ မဆန်းပါ။ အဲဒီဟိုတယ်ကြီး ဘယ်လိုဖြစ်လာသလဲ၊ ဘယ်သူတွေနဲ့ဆက်နွယ်နေလဲဆိုတာက ဆန်းကြယ်ပါသည်။

၎င်းဟိုတယ် ဆောက်လုပ်ထားသည့်မြေမှာ ယခင်က တောင်သူလယ်သများများ၏ စိုက်ပျိုးမြေများဖြစ်ပြီး ထိုနေရာကို ယခင် လ.ပ.ခ တိုင်းမှူး ဗိုလ်ချုပ်ကြီး ရဲမြင့်မှ စွယ်တော်မြတ်စေတီတော် တည်ထား ကိုးကွယ်ရန် သတ်မှတ်လျာထားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ရဲမြင့် ပြောင်းရွှေ့သွားသောအခါ ယခု လက်ရှိ ၀န်ကြီးချုပ်တာဝန်ယူ ထားသူ ဗိုလ်ချုပ် ရဲမြင့်က လ.ပ.ခ တိုင်းမှူးဖြစ်လာပါသည်။ တိုင်းမှူးဖြစ်လာသော အခါ ဘုရားမတည်ဖြစ်လိုက် သော မြေနေရာရှိကြောင်းသိရှိသွားပြီး ၎င်း၏ လူယုံတပည့်ရင်း ဦးသိန်းတန် (ရွှေပြည်သာ ကျောက်မျက်ကုမ္ပဏီ) နှင့် ပူးပေါင်း၍ ၎င်းလယ်မြေများအား ရယူပြီး ဟိုတယ်ဆောက် လိုက်သည်။

နောက်တစ်ခုက ရွှေထွက်သည့်မြေများကိစ္စဖြစ်ပါသည်။ ၀န်ကြီးချုပ် ဦးရဲမြင့်သည် သပိတ်ကျင်းမြို့နယ် အတွင်းရှိ ရွှေထွက်ရှိရာ ရွှေတောမှ မြေကွက်များကို ဦးသိန်းတန်(ရွှေပြည်သာ ကျောက်မျက်ကုမ္ပဏီ)နှင့် ပူးပေါင်း၍ လိုက်လံသိမ်းဆည်းပြီးနောက် ၎င်း၏သားဖြစ်သူ ဗိုလ်ကြီး နိုင်လင်းအောင်အား တပ်မတော်မှ ထွက် စေလျက် အဆိုပါရွှေတောများကို ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်စေလျက်ရှိသည်မှာ ယခု တိုင်အောင်ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သည် လယ်ယာမြေ၊ ရွှေတောမြေများသာမက ယခင် တိုင်းမှူး ဘ၀တုန်းက ဒူးကြားမြေကိုလည်း သိမ်းယူခဲ့ဖူးသေးသည်။ ဖြစ်ပုံမှာ ၎င်းလက်ရှိပိုင်ဆိုင်နေထိုင်သော ဗိုလ်ချုပ်ရွာ ရှိ မြေကွက်တွင် ဒူးကြားမြေ (၁၂)ပေအား အုတ်တံတိုင်းခတ်ကာရံ၍ သိမ်းယူခဲ့သည်။ ယခု ၀န်ကြီးချုပ်ဘ၀တွင် လည်း မန္တလေးမြို့ ၆၄ လမ်းနှင့် ၃၈ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် အပိုင်း(၂)ရှိ ၎င်းပိုင် မြေကွက် (၂)ကွက်တွဲနှင့် ကပ်လျက်ရှိသော မြေကွက် (၂)ကွက်တွဲအား ၀ယ်ယူကာ ၎င်းမြေကွက်ကြားရှိ ဒူးကြား လမ်း မြေ (၁၂)ပေအား အုတ်တံတိုင်းခတ်သိမ်းယူပြီး တရားဝင်ဂရန်ရရှိအောင် မန္တလေးစည်ပင်သို့ညွှန်ကြား ခိုင်းစေခဲသည်။ မြေကွက် (၄)ကွက်တွဲကို ၀န်ကြီးချုပ်၏သမီး ဒေါ်ဖြိုးမင်းသူ အမည်ပေါက် ဂရန်ဖြစ်အောင် အာဏာကိုအလွဲသုံးစားပြုလုပ်လျက် ရယူထားရှိခဲ့သည်။

ဒူးကြားမြေများကိုသိမ်းယူစဉ်က လျှို့ဝှက်စွာလုပ်ကိုင်ခဲ့သော်လည်း လျှို့ဝှက်ချက်ပေါက်ကြားသွား ချိန်တွင် ၀န်ကြီးချုပ်မှာ လွန်စွာဒေါသထွက်ပြီး မန္တလေးစည်ပင်မှဝမ်းထမ်းများကြောင့်ဟုစွပ်စွဲကာ စည်ပင်ဝန်ထမ်း (၂၀)ကျော်ကို နေရာပြောင်းရွှေ့ခြင်း အငြိမ်းစားယူစေခြင်းများ ပြုလုပ်အရေးယူခဲ့ပါသည်။ အရေးယူခံခဲ့ ရသော ၀န်ထမ်းများမှာ မျက်ရည်မဆည်နိုင်အောင်ပင် စိတ်ထိခိုက်ခံစားခဲ့ကြရပါသည်။

ဆိုပါ ဒူးကြားလမ်းများမှာ မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးလက်ထက်မှစ၍ အင်္ဂလိပ် အစိုးရနှင့် ယခင်အစိုးရ အဆက်ဆက်အထိ အမှိုက်သိမ်းကားများဝင်ရန်၊ အရေးပေါ် မီးသတ်ကားများ ၀င်နိုင်ရန် သတ်မှတ်ပြုလုပ်ပေးထားသော လမ်းကြားများဖြစ်ပါသည်။ ယခု ဒူးကြားမြေမရှိတော့သဖြင့် အရေးပေါ်ကိစ္စများ ဖြစ်ပွားလာပါက မည်သို့မျှဖြေရှင်းဆောင်ရွက်နိုင်တော့မည်မဟုတ်ပါ။

ဤကိစ္စများကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံ အကျိုးအကြောင်းများဖြင့် တင်ပြခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်ဟုမသိရပဲ ၀န်ကြီးချုပ်မှာ ယခုထိအရေးယူခံရခြင်းမရှိခဲ့ပါ။ ၀န်ကြီးချုပ်၏ ဥပဒေမဲ့ ဆောင်ရွက်ချက်၊ အာဏာအလွဲသုံးစားလုပ်၍ ဖိနှိပ်မှုများကို လက်မခံနိုင်ကြသူများက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊ တိုင်ကြား စာနှင့်အသနားခံစာကော်မတီများ သို့ စာရေးတင်ပြထားကြပါသည်။

အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သော ၀န်ကြီးချုပ် ဦးရဲမြင့်၏ အာဏာရှင်ဆန်ဆန် ပြုလုပ်နေမှုများကို မန္တလေး မြို့နေ ပြည်သူများ၊ စည်ပင်သာယာမှဝန်ထမ်းအားလုံးလည်း သိရှိကြပြီးဖြစ်သလို တစ်နိုင်ငံလုံးရှိပြည်သူ များလည်း ဥပဒေအပေါ်တက်ထိုင်ပြီး အာဏာအလွဲသုံးစား ပြုမူလျက်ရှိသော မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် အကြောင်းကို သိရှိနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။


Credit : Here