Monday, March 18, 2013

လေယာဉ်မောင်းသင်တန်း တက်ရောက်ရန် စိတ်ဝင်စားပြီး ငွေကြေးချို့တဲ့သူများအတွက် HTOO FOUNDATION’S SCHOLARSHIP PROGRAM


Asian Wings Airways Ltd. သည် မျိုးဆက်သစ် မြန်မာလူငယ်များ လေကြောင်းဆိုင်ရာ အဆင့်မြင့် နည်းပညာများကို ပြည်တွင်း၌ပင် သင်ယူစေနိုင်ရန် ရည်ရွယ်၍ Myanmar Aviation Academy အတွက် လိုအပ်သော မတည်ရင်းနှီးမှုများဖြစ်သည့် ကျောင်း အဆောက်အဦများ တည်ဆောက်ပေး ခြင်း၊ DA40 NG လေယာဉ်များနှင့်လိုအပ်သောသင်ကြားမှုအထောက်အကူပစ္စည်းများဝယ်ယူဖြည့် တင်းပေးခြင်း အပါ အ၀င် လုပ်ငန်းတည်ထောင်မှုအတွက် ကုန်ကျစရိတ်များကို Asian Wings Airways ၏ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းမှ ရရှိသောဝင်ငွေများထဲမှ ပြန်လည်စိုက်ထုတ် ကျခံစေလျက် ဆောင်ရွက်ပေး ခဲ့ခြင်းဖြင့် Myanmar Aviation Academy မွေးဖွားပေါ်ပေါက်လာခဲ့ပါသည်။

ပညာရည်ထူးချွန်၍ အရည်အချင်းပြည့်ဝပြီး လေယာဉ်မောင်းအတတ်ပညာနှင့် လေကြောင်း ပညာများကို ဝါသနာပါ၍ သင်ယူဆည်းပူးလိုသော်လည်း သင်တန်းစရိတ် မတတ်နိုင်၍ သင်ယူမှုမပြုနိုင်သော ထူးချွန်သည့် မျိုးဆက်သစ်မြန်မာ လူငယ်မောင်မယ်များအား ပညာပါရမီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ၎င်းတို့၏ ဘဝကိုမြှင့်တင်ပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးလိုသော HTOO FOUNDATION ၏ စေတနာကြောင့် ဤပညာရေး ထောက်ပံ့မှု အစီအစဉ် Scholarship Program ပေါ် ထွန်း လာခြင်းဖြစ်ပါသည်။

ရည်ရွယ်ချက်
--------------

၁။ ပညာရည်ထူးချွန်၍ အရည်အချင်းပြည့် ဝပြီး လေယာဉ်မောင်း အတတ်ပညာရပ် နှင့် လေကြောင်း ပညာများကို ဝါသနာပါစိတ်ပါဝင်စားမှု ရှိ၍ သင်ယူဆည်းပူးလိုသော်လည်း သင်တန်းစရိတ်မတတ်နိုင်သည့် မျိုးဆက်သစ်မြန်မာလူငယ်မောင်မယ်များအားနိုင်ငံတကာအဆင့်မီလေယာဉ်မောင်းအတတ်ပညာရပ်နှင့် လေေ ကြာင်း ပညာရပ်များကို ဆည်းပူးသင်ယူခွင့် ရရှိရေးအတွက် ပညာပါရမီဖြည့်ဆည်းပေးရန်နှင့် လူငယ် တို့ ၏ ဘဝကို မြှင့်တင်ပေးရန် ရည်ရွယ်၍ HTOO FOUNDATION က နှစ်စဉ်သင် တန်းသား(၁ဝ) ဦးကို ထောက်ပံ့ပေးမည့် SCHOLARSHIP PROGRAM ဖြစ်ပါသည်။

SCHOLARSHIP PROGRAM ကို လျှောက်ထားမည့်သူများအတွက် လိုအပ်သည့် အရည်အချင်းများ

၂။ အောက်ပါအချက်များနှင့် ကိုက်ညီသူမြန်မာနိုင်ငံသား မျိုးဆက်သစ်လူငယ် မောင်မယ်များလျှောက် ထားနိုင် ပါသည်- (က) အခြေခံပညာအထက်တန်းစာမေးပွဲ သိပ္ပံဘာသာတွဲကို ရမှတ်အနည်းဆုံး (၃၆ဝ)နှင့်အ ထက် ရရှိ အောင်မြင်သူဖြစ်ရပါမည်။ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ရူပဗေဒဘာသာများကို ဂုဏ် ထူးဖြင့် အောင်မြင် သူများကို ဦးစားပေး ရွေးချယ်ပါမည်။

(ခ) လေယာဉ်မောင်းအတတ်ပညာကို ဝါသနာပါ၍ စိတ်ပါဝင်စားသူဖြစ်ရပါမည်။

(ဂ) အသက်(၁၇)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။

(ဃ) သင်တန်းစရိတ်ပေးသွင်းရန် အမှန်တကယ်ငွေကြေးမပြည့်စုံသူ ဖြစ်ရပါမည်။

(င) Myanmar Aviation Academy မှ စစ်ဆေးမည့် ဝင်ခွင့်စာမေးပွဲများကို အနိမ့်ဆုံးရမှတ် (၆ဝ)နှင့် အထက်ဖြင့် အောင်မြင်ရပါမည်။

(စ) လေယာဉ်မှူး(၁)ဦးဖြစ်ရန်အတွက် လိုအပ်သော အောက်ပါစစ်ဆေးမှုများကို အောင်မြင်ရပါမည်-

(၁) ကျန်းမာရေးစစ်ဆေးမှု

(၂) Spot Test နှင့် Drum Test

(၃) Dual Hour နာရီ(၂ဝ) သင်ကြားပြီးချိန်တွင် ပထမအကြိမ် တစ်ဦးတည်း မောင်းနှင်ခြင်း First Solo သွား နိုင်သော အရည်အချင်းရှိသူဖြစ်ရမည်။

၃။ Scholar အဖြစ် ရွေးချယ်ခံရပြီးနောက် သင်တန်းတက်ရောက်ရာတွင် သင်တန်းသားတိုင်း အခြေခံ အားဖြင့် လိုက်နာရမည့်စည်းကမ်းချက်များအပြင် အောက်ပါ စည်းကမ်းချက်များကိုလည်း လိုက်နာရ မည်ဖြစ် ပါသည်-

(က) Htoo Foundation ၏ ထောက်ပံ့မှုဖြင့် Sholarship ရရှိသူတိုင်းကို အောက်ဖော်ပြပါသင်တန်းများ ပို့ချသင်ကြားပေးပါမည်-

(က)Private Pilot License (PPL) Course

(ခ)Commercial Pilot License (CPL) Course

(ဂ)Instrument Rating (IR) Course

(ဃ)Airline Transport Pilot License (ATPL) (Frozen) Course

(ခ) သင်တန်းအဆင့်လိုက် စာမေးပွဲကြီးများ၊ လပတ်၊ သင်ခန်းစာများအလိုက် စာမေးပွဲငယ်များဖြင့် စစ်ဆေးပါမည်။ အဆိုပါ စာမေးပွဲများ(၁)ကြိမ် ကျရှုံး လျှင် နောက်ဆုံးအကြိမ်သတိပေးခြင်းကို ခံယူရမည်ဖြစ်ပြီး၊ ဒုတိယအကြိမ် ထပ်မံကျရှုံးပါက ထောက်ပံ့မှုရပ်စဲပါမည်။

(ဂ) သင်တန်းပြီးစီးအောင်မြင်ပါက Htoo Foundation က သတ်မှတ်ပေးသည့် လေကြောင်းလိုင်းများတွင် အနည်းဆုံး(၇)နှစ် တာဝန်ထမ်းဆောင်ရပါမည်။

Scholarship လျှောက်ထားခြင်း
----------------------------------

၎။ Scholarship လျှောက်လွှာများကို Myanmar Aviation Academy ၏ အောက်ဖော်ပြပါ လိပ်စာ များတွင် ထုတ်ယူ၍ စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်-

Myanmar Aviation Academy
Room-004-Condo(C), Tetkatho Yeikmon Housing, University Avenue Road, Bahan Township, Yangon
Ph; + 951551229, 556626

Scholarship ရွေးချယ်ခြင်း
-----------------------------

၅။ Scholarship နှင့်ပတ်သက်သော စစ်ဆေးမှုများအားလုံးကို Myanmar Aviation Academy ၏ Management Committee မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး Htoo Foundation မှ ရွေးချယ် အ တည်ပြု ပေးသွားမည်ဖြစ်ပါသည်။

Management
Myanmar Aviation Academy

ref:Techspace journa

Credit : Here

ဘီလူးချောင်းရေ ရေရှည် ကျန်းမာရေး ထိခိုက်နိုင်ဟုဆို၍ ထီးစဲခါးမှ ရေသွယ် ယူနိုင်ရန် လွှတ်တော်တွင် တင်ပြမည်


ကယားပြည်နယ်လွိုင်ကော်မြို့တွင် ဒေသခံများ သောက်သုံးနေသည့်ဘီလူးချောင်းရေမှာ ရေရှည် ကျန်း မာရေး အတွက် ထိခိုက်မှုတွေရှိလာနိုင် တယ်လို့ဆိုပြီး ထီးစဲခန်းမှ ရေသွယ် ယူနိုင်ရေးအ တွက် ပြည်ထောင် စု လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်ရှိကြောင်း ကယားပြည်နယ် ရှားတော မဲဆန္ဒနယ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောပါတယ်။ အင်လေးဒေသတွင် စိုက်ပျိုးရေးလုပ်ငန်း အသုံးပြုတဲ့ ဓတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေမှာ ဓာတု ဆေး ပစ္စည်းတွေ များလာတယ်ဆိုတဲ့ အတွက်ကြောင့် အင်းလေးကန်မှ ရေကညစ်ညမ်းလာတယ်လို့ ပြော ပါ တယ်။

ဦးဌေးရယ်က "ရှင်းရှင်းပြောရရင် ဘီလူးချောင်းရေက တော်တော် များများကျေးရွာတွေက ဒီဘီ လူးချောင်း ကရေကိုဘဲ အားကိုးနေရတာလေး ဘီလူးချောင်းရေက အင်းထဲမှာက ပိုးသတ်ဆေးတို့နဲ့ စိုက်ပျိုးရေး ထဲမှာ လုပ်သွားတဲ့အခါကျတော့ ရေကညစ်ညမ်းမှု ဖြစ်နေပြီပေါ့။ အဆိပ်သင့်တာ မရှိသေးပေမယ့်လို့ ဒီဟာရဲ့ နောက် ဆက်သွယ်မှာ ကင်ဆာသဘောမျိုး ဖြစ်လာတယ်ဆိုပြီးတော့ အဲဒါမျိုးရှိတယ်လေး။ ဒီ ထက်ကောင်း တဲ့ သောက် သုံးရေကို ထီးစဲခန်းဘက်ကရေကို ယူချင်တယ်ဆိုတဲ့အဆိုကိုတင်ဖို့ ရှိပါ တယ်။ နောက် တကြိမ် အစည်း အဝေးမှာပဲတင်မယ်" လို့ ပြောပါတယ်။

၎င်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်က မိုးဗြဲဆည်နဲ့တဆက် တည်းဖြစ်ပြီး ကယားပြည်နယ် ဘီး လူးချောင်းအတွင်း စီးဆင်းသွား တာဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းတွင်အများအားဖြင့်၎င်းဘီလူးချောင်းရေကိုအသုံးပြုကြတာဖြစ်ပါတယ်။ စိုက် ပျိုးရေး လုပ် ငန်းတွင် ပါဝင်တဲ့ ဓာတု ပစ္စည်းတွေ အသုံးပြုတာတွေ များလာရင် အယ်လကာလီ ပါဝင် မှုကို ဖော်ပြတဲ့အတိုင်းအတာ ပီအိပ်ခ်ျ (Level က ပိုမိုမြင့်တက်လာပြီးတော့ ရေကိုသောက်သုံးမ ရနိုင်တော့တဲ့ အဆင့်ထိ ဖြစ်လာနိုင်ပါတယ်လို့ ကရင်နီနယ်လှည့် ကျန်းမာရေးတဦးက ပြောပါတယ်။

"ရေမသန့်တာလို့ခေါ်တာပေါ့။ သောက်သုံးရေဆိုရင် အသုံးပြုတဲ့ pH level တခုက ၆.၀ ဝန်းကျင်ပဲရှိရမယ်။ ဒီထက်များသွားရင်အက်ဆစ်များသွားတယ်။ ရေထဲမှာ အဲဒီအညစ်အကြေးတွေနဲ့ အတူအက်ဆစ် ပါဝင်မှုများလာတာပေါ့၊ အက်ဆစ်အရမ်းလွန် ကဲရင်တော့ အဆိပ် အတောက်ဖြစ်တယ်။ အသဲတို့ ကျောက်ကပ်တို့ ပျက်ဆီးနိုင်တယ်။" လို့ ပြောပါတယ်။

ref:Ktimes

Credit : Here

လက်ပံတောင်းတောင်ဒေသခံများကို နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု စွပ်စွဲခံထားရသူနှင့် တွေ့ဆုံခြင်း


လက်ပံတောင်းတောင်သပိတ်စခန်းများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကအင်အားသုံးဖြေရှင်းခဲ့ပြီးနောက် ဖြစ်ပေါ် လာသော နောက်ဆက်တွဲပြဿနာများနှင့် ဒေသခံများကြုံ တွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတကဖွဲ့စည်းပေးခဲ့သည်။အဆိုပါကော်မရှင်က ၄င်းတို့ ၏ အပြီးသတ်အစီရင်ခံစာကို မတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအချို့က အစီရင်ခံစာနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ စုံစမ်းစစ်ဆေး ရေးကော်မ ရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်အစီရင်ခံစာနှင့်ပတ်သက်၍ ဒေသခံများနှင့်တွေ့ဆုံ ရှင်းပြမှု များပြုလုပ်ရာတွင်လည်း ကန့် ကွက်ဆန္ဒပြမှုအချို့နှင့်ကြုံတွေ့ခဲ့ရသည်။

ယင်းဆန္ဒပြမှုများ၏ နောက်ကွယ်တွင် ပြည်ပမှ အထောက်အပံ့များ ရယူ၍ လက်ပံတောင်းတောင်ဒေသ ခံများအား ကြိုးကိုင်လှုပ်ရှား နေသူ နိုင်ငံရေးအရ အမြတ်ထုတ်နေသူဟု စွပ်စွဲခံထားရသော ကိုဟန်ဝင်းအောင်နှင့် The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းထားသည်များ ကို ဖော်ပြ လိုက်ပါသည်။

ပထဦးဆုံးအနေနဲ့ ကိုဟန်ဝင်းအောင်အနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဖတ်ပြီးပြီ လား၊ ဘာပြောချင်သလဲ။

အဓိက က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက် ဆုံးမှတ်ချက်က စီမံကိန်းဆက်လုပ်ရေးဆို တဲ့ ဟာပေါ့။အဲ့ဒီအတွက်အစီရင်ခံစာမှာရွေးချယ်ခွင့်သုံးခုပေါ့။ စီမံ ကိန်းကို ဒီအတိုင်း ဆက်လုပ်မလား၊ ပြုပြင် ပြီး ဆက်လုပ် မလား လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ ဆက်လုပ် မလား၊ လုံးဝ ရပ်ဆိုင်းမလားဆိုတာပေါ့။ အဲဒီမှာ ပြုပြင်ပြီး ဆက်လုပ်ရမယ့်သဘောကို ပြထားတယ်။ နောက်စီမံ ကိန်း ဆက်လုပ်ရေးဆိုတဲ့ဟာကို အကြံပြုချက် တွေနဲ့ ဖြည့်စွက်တင်ပြထားတယ်။ အဲ့ဒီတော့ ခြုံပြီးပြောရရင် အရင်က အခြေအနေထက်ပိုပြီး တိုးတက်လာတဲ့တင် ပြချက်တွေ ဖြစ်လာတဲ့အတွက် တစ်စုံတစ်ရာ လက်ခံနိုင် စရာရှိပါတယ်။

အစီရင်ခံစာမှာ မကျေနပ်တဲ့အချက်တွေကဘာတွေလဲ။
အဓိကပြောရရင် ကာလကြာရှည်မှ အဖြေပေါ်လာ မယ့်အပိုင်းတွေ စောင့်ကြည့်လေ့ လာမှုနဲ့ ကောင်တာ ချက် ပြန်လုပ်ရမယ့် အပိုင်းတွေမှာ အားနည်းချက်ရှိတယ်။ လက်ရှိ ဒီမှာဖြစ်နေတဲ့ ပြဿနာ ကို ဖြေရှင်းတဲ့ အခါမှာ လက်တွေ့ကိစ္စကိုပဲ ဦးစွာ ဖြေရှင်းသင့်တယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဒေသ ခံပြည်သူတွေရဲ့ ရင်ထဲမှာ စိတ် ဒဏ်ရာတွေ ရထားတယ်။ သူတို့တွေနှစ်နဲ့ချီပြီး ပုဒ်မ ၁၄၄ ထုတ်ခံရတယ်။ မီးလောင်ဗုံးနဲ့ အကြမ်းဖက် ခံရတဲ့ကိစ္စတွေ၊ မြေယာသိမ်းထားတဲ့ကိစ္စတွေ ဖြစ်တဲ့ အတွက် စိတ်ဒဏ်ရာရ ထားတယ်။ ပြင်းထန်ပြီး ဆန္ဒတွေ ပြင်းပြနေတဲ့ဟာမျိုးတွေ ရှိတယ်။ဒါမျိုးကိုလက်တွေ့ ကျကျ ဖြေရှင်း သင့်တယ်။စုံစမ်းစစ်ဆေးရေး ကော်မ ရှင် ရဲ့ပြသနာမှာ အရေးကြီးဆုံး ပဋိပက္ခဖြစ်နေတဲ့ဟာက ပုဒ်မ ၁၄၄ ထပ်ထုတ်ထားရမယ့်ဟာပေါ့။ အဲ့ဒါက ဒေသခံတွေ ရဲ့ စိတ်ဒဏ်ရာကို ကြီးထွားစေတယ်။ နောက်တစ်ခုက မီးခိုးဗုံးလား၊ မီးလောင် ဗုံးလားဆိုတဲ့ ပြဿနာမှာသုံးစွဲတဲ့ ပစ္စည်းထက် အကြမ်းဖက်မှုဖြစ်ပွားတယ်။ ဒါကို တစ်စုံတစ်ရာ ဖော်ထုတ်မ ထားဘူး။ အဲ့ဒီ တစ်ချက် ကလည်း တော်တော်လေး၊ မခံမရပ်နိုင်ဖြစ်သွားတယ်။ နောက်တစ်ခုက စီမံကိန်း ဆက်လုပ်ရမယ့်ကိစ္စပေါ့။လောလောဆယ်ပြဿ နာတွေကို ပြေပြေလည်လည် မရှင်းသေးပဲနဲ့ နေ့စဉ်မြေယာ သိမ်းတာကို ကန့်ကွက် မယ်။ ကုမ္ပဏီက ရွာအနီးမှာ စွန့်ပစ်မြေတွေလာပုံရင် ကန့်ကွပ် မယ်။ နေ့စဉ် ကန့်ကွက်မှုတွေ ဆန္ဒပြမှုတွေ ဖြစ် နေမှာ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အခြားအချက်တွေ ထက် လက်တွေ့ကျတဲ့ အချက်တွေ ပါသင့်တယ်။ လူထုကို ပိုမိုကြီးထွားစေတဲ့အချက်က သုံးချက်ပါ။ ပုဒ်မ ၁၄၄ ဆက်ထုတ်ရေး၊ မီးလောင်ဗုံး တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိတာ၊ စီမံကိန်း ဆက်လုပ် ထားမယ် ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာကို ပိုမို ကြီးထွားစေတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ကြီးကျယ် ခန်းနားလွန်းနေပြီ။ ကျွန်တော်တို့ နံပါတ်တစ် ဖြေရှင်းရမှာက ဒေသခံသူတွေ ရဲ့အရှိန်ကို လျော့ ချပေးရ မယ်။ ယုံကြည်မှုတည်ဆောက်ရမယ်။ ပြီးမှ အခြား အဆင့်တွေ နဲ့ ဆောင်ရွက်ရ မယ်။ ဒေသခံပြည် သူတွေရဲ့ စိတ်ဒဏ်ရာလျော့မချပဲ ဘာကိုမှအကောင် အထည်ဖော်လို့ မရဘူး။ ပိုပြီးတော့ ဆိုးသွားစေတယ်။ သူတို့ ပညာ မဲ့ရင်မဲ့မယ်။ ရိုးသားပြီး မဟုတ်မခံစိတ်ရှိတယ်။ ရိုးသား မှုနဲ့ မဟုတ်မခံစိတ်က ဒါကို စဉ်းစားမှာပဲ။

၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လာတဲ့အခါမှာ မုံရွာ သပိတ်စခန်းမှာ ဆန္ဒပြခဲ့တာကို ကို ဟန်ဝင်းအောင် နောက်ကွယ်ကနေ လှုံ့ဆော်နေတယ်ဆိုပြီး သတင်း တွေပြန့်နေတယ်။ ဒီကိစ္စနဲ့ ပတ် သတ်ပြီး ဘာပြော ချင်ပါသလဲ။

ကျွန်တော်တို့ ၁၄ ရက်နေ့ကအစီရင်ခံစာမှာ စီမံ ကိန်းဆက်လုပ်မယ့်ဟာကို ဆားလင်းကြီးမှာ ဆန္ဒပြကြ တယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်း ပေးရေး၊ ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးရေး မီးလောင်ဗုံးအကြမ်းဖက်သမားတွေ ဖော်ထုတ်ပေးရေးနှင့်ဆန္ဒပြကြတယ်။ ဒေါ်အောင်ဆန်းစုကြည် လာခြင်း မ လာခြင်းနဲ့ မသက်ဆိုင်ဘူး။ ဆန္ဒပြမှုတွေက ရာနဲ့ချီပြီးဖြစ်နေတာ။ ဒေသခံက သူ့နည်းသူ့ဟန်နဲ့ ဆန္ဒပြ တယ်။ ဒေါ်အောင် ဆန်းစုကြည် ခရီးစဉ်နဲ့ကြုံကြိုက်ခဲ့တယ်။ ဒါကို ထိပ် တိုက်မတွေ့ကြ နဲ့ ဒေသ ခံပြည်သူ လူထုက နားလည်ရင် နားလည်တဲ့အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ကျွန်တော် သတင်းရတယ်။ ထိပ် တိုက် မတွေ့စေနဲ့၊ ကျော်ရွာကျော် ကျော်လောက်မှာ ထိပ်တိုက်တွေ့မယ်လို့ သတင်းရတယ်။ ကိုယ့်လမ်း ကိုယ်လျှောက်ကြ၊ တားဆီးတာတွေမလုပ်နဲ့၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လုပ်နေတာက လူ တစ်ယောက် ပုဂ္ဂိုလ်တစ်ယောက်ကို ဆန္ဒပြနေတာ မဟုတ်ဘူး။ စီမံကိန်းဖျက်သိမ်းရေးကို ဆန္ဒပြနေတာ၊ ဆန္ဒပြပြီးညနေမှာ ဒေသခံတွေနဲ့ ကျွန်တော်တို့ တွေ့ကြ တယ်။

ဒေါ်အောင်ဆန်း စုကြည် နောက်နေ့ မှာ ဒေသခံ တွေကို လိုက်လံတွေ့ဆုံတဲ့အချိန်ကြရင် ဘယ်လိုလုပ် မလဲ။ ကျွန်တော်တို့က တစ်ယောက် တည်း လုပ်တာ မဟုတ်ဘူး။ အားလုံးလုပ်ကြတယ်။ လက်ခံနိုင်ရင် စကားပြော၊ လက်မခံနိုင် ရင်စကား မပြောနဲ့၊ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးမဟုတ်ဘူး။ သူရဲ့ အမြင်တွေက လုပ်သင့် တာ ကို လုပ်သင့်တယ်လို့ မြင် ကောင်းမြင်လိမ့်မယ်။ အမျိုးမျိုးကြောင့် မလုပ်သင့်ဘူး ဆိုတဲ့ ပြည်သူတွေကလည်း စိတ်ခံစားချက်ရှိလိမ့်မယ်။ ဒါသဘောထားကွဲလွဲခွင့်ရှိတယ်။ ဒါ မွေးရာပါအခွင့် အရေးပဲ။ အဲဒါဘာမှပြသနာ မရှိဘူး။ ဒါဟာ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မုံရွာသပိတ်စခန်း ကိုလာတာဆိုတော့ ကျွန်တော်က ရန်ကုန် ကရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအဖွဲ့ချုပ်က လူတွေရယ်၊ လူဘောင်သစ်ဒီမိုကရက်တစ် ပါတီဟောင်း တွေရယ်၊ ABSDF ရဲဘော်ဟောင်း ကိုရဲလင်းတို့နဲ့ တစ် နေရာ မှာ အစည်းအဝေး လုပ်နေတယ်။ ကျွန်တော်ဘာမှ လုပ်လို့မရဘူး။ တုံရွာကို ရောက်ပြီလားဆိုတော့ ပို ကောင်း တာပေါ့။ တွေ့ချင်တဲ့လူလည်းတွေ့။ မတွေ့ချင်တဲ့ လူလည်းမတွေ့နဲ့။ အဲဒီအချိန် တုံရွာထဲက ကျောင်း တစ်ကျောင်းမှာ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ထားတယ်။ ဒေါ်စုကရောက်လာပြီး ရွာထိပ်က သပိတ်စခန်း ထဲကို ဝင်လာတယ်။ ဝင်တဲ့အချိန်မှာ လုံထိန်းတွေပါလာတယ်။ ဒါကို ကိုဗထူးက ဒါသပိတ်စခန်းဖြစ်တယ်။ မမြင် သင့်တာတွေလည်းရှိတယ်။ ဘုန်းကြီးတွေလည်းရှိတယ်။ တားမြစ်တယ်လို့ ကြားတယ်။

ကျွန်တော် အဲဒီမှာလုံးဝမရှိဘူး။ နောက်ဆုံးလုံထိန်းတွေကအားသိပ်ကောင်းတဲ့အခါမှာသပိတ်စခန်းပေါ် တက်သွားတယ်။ ကိုဗ ထူးက သပိတ်စခန်းမှာရှိနေတာ။ ဒေါ်အောင်ဆန်းစုကြည်လာမှ သပိတ်စခန်းထဲ ဝင်လာတာမဟုတ်ဘူး။ အသေးစိတ်တော့ ကျွန်တော် မသိဘူး။ အဲဒီမှာ ကိုဗထူးက မီးလောင်ဗုံး အခြေအနေ ဘယ်လိုရှိ လည်းေ မးတော့ ဒေါ်အောင်ဆန်းစုကြည်က သားက ဘယ်ကလဲလို့ မေးတော့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန် ယက် ကပါလို့ ပြန်ဖြေတယ်။ အန်တီ ဒေသခံတွေနဲ့ တွေ့ဖို့လာတာ။ ရန်ကုန်က လူတွေ ကို တွေ့ဖို့အစီ အစဉ် မရှိ ဘူးလို့ ပြောလိုက်တယ်။ ဒါ သပိတ်စခန်းထဲမှာ ဖြစ်နေတာ။ သပိတ်စခန်းအပြင်ထွက်ပြီး ဒေသခံတွေက မီးခိုးဗုံးလား မီးလောင်ဗုံးလား မေးတော့ မီးခိုးဗုံး လို့ ပြန်ဖြေတော့ ဒေသခံတွေက မကျေ မနပ် ဖြစ် သွားတယ်။ ကျွန်တော်ပြောတဲ့ သုံးချက်ဘဲ ပုဒ်မ ၁၄၄၊ မီးခိုးဗုံး၊ စီမံကိန်းဆက်လုပ် မယ့် ပြဿနာ တွေ ကို လျော့ ချဖို့လိုတာ။

အဲဒီမှာ ပေါက်ကွဲပြီးရွာထဲကို အဝင်မခံတော့ဘူးဆိုပြီး သူတို့ဘာသာ ဆုံးဖြတ်တာ။ ဆုံးဖြတ်ချင်တဲ့သူလည်း ဆုံးဖြတ်တယ်။ ပါချင်တဲ့သူ လည်းပါမယ်။ မပါချင်တဲ့သူလည်း မပါဘူး။ ကျွန်တော် က အားလုံးကို ကိုင်ထားလို့မရဘူး။ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းအလိုမရှိ၊ စုံးစမ်း စစ်ဆေးရေး ကော်မ ရှင် အဖြေအလိုမရှိဆိုပြီး ဆန္ဒပြပွဲဖြစ်သွားတယ်။ ကျွန်တော်နဲ့လည်းမဆိုင်ဘူး။ ကျွန်တော် တာဝန် ယူ သလားဆိုရင် ဒီဒေသမှာ ကူညီနေတဲ့သူတွေအတွက်ရှိရင် ရှိသလောက် သတ်မှတ် ပါ။ ကျွန်တော် တာဝန်ယူတယ်။ဒါပေမဲ့ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင် ရေးမ လုပ်ဘူး။ ဖြစ် သွားတာ ဒါပဲ။

ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတဲ့သူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ ကြိုးစားတယ်လို့ကြားတယ်။ တစ်ဖက်က လည်း အတွေ့မခံဘူးလို့ ကြားတယ်။ ဘာလို့မတွေ့ တာလဲ။

ဒေါ်အောင်ဆန်းစုကြည် ၁၃ရက်နေ့ ရောက်ပြီး မနေ့က ၁၄ ရက်နေ့ ပြန်သွားရ တဲ့ အချိန်ထိ ဒေါ်အောင် ဆန်းစုကြည်ဘေးမှာပါတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းသမားတွေ၊ လုံခြုံရေးတွေ၊ အကြံပေးတွေ၊ ဆက် သွယ်ခြင်း၊ အကြောင်းကြားခြင်း မရှိဘူး၊ ကျွန်တော် ဖုန်းကို Call Log ကို ပြန်ဖွင့် လို့ရ တယ်။ ကြားခံတစ်စုံ တစ် ဦးနဲ့ ဖြေရှင်းပေးတယ်။ ကျွန်တော်တို့ဒေသခံတွေ အနေနဲ့ မတွေ့ရဲတာ ဘာများရှိလို့လဲဗျာ။ ၀မ်းပန်း တသာနဲ့ ခုန်ပျံကျော်ပေါက်ပြီး တွေ့ရမယ့်ဟာ။ ဒါဖြင့် မင်း က ကော တွေ့ ဖို့မကြိုးစား ဘူးလား။ ခင်ဗျားတို့ မေးနိုင် ပါတယ်။ မကြိုးစားဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗထူးနဲ့ ပထမဦး ဆုံးဖြစ်စဉ်မှာ အန်တီလာတာက ရန်ကုန်ကလူတွေနဲ့ တွေ့ဖို့မဟုတ်ဘူး။ ဒေသခံတွေနဲ့ တွေ့ဖို့လာတာဆိုတဲ့ စကား ရှိပြီးသားဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူလူထု အတွက် ဒေသခံတွေ ရှင်းပြ ဖို့က အဓိကဖြစ်တယ်။ ကျိန်းသေတာ တစ်ခုက လုံးဝ အဲ့ဒီဘက်ကနေ ဆက်သွယ်မှု၊ ကမ်း လှမ်းမှု မရှိ ခဲ့ဘူး။ ဒါဟာ ကျိန်းသေဘဲ။

လက်ပံတောင်းကိစ္စမှာ ကိုဟန်ဝင်းအောင်တို့ကို နိုင်ငံခြား တိုင်းပြည်တစ်ခုကနေ အဖွဲ့အစည်းတစ်ခုက ပိုက်ဆံထောက်ပံ့တယ်လို့သတင်းတွေထွက်တယ်။ဒီငွေတွေနဲ့လက်ပံတောင်းတောင်ရပ်စဲရေးဖြစ်အောက်လုပ်ခိုင်းတယ်။နဂိုအစိုးရလက်ထက်က ထိုင်း-မြန်မာ နယ်စပ် ဟိုဘက်ကမ်း ကနေ မြန်မာ အစိုးရကို ဝေဖန်ပြီး ဆဲရင် ပရိုပို့ဆယ် တင်ပြီး ပိုက်ဆံ ရ တယ်။ အခု ဒီလိုပုံစံ လုပ်နေတယ်လို့ သတင်းတွေပျံ့နေတယ်နော်။

ကျွန်တော်သိသလောက် ကျွန်တော်တို့ကိုထိုင်း နိုင်ငံအခြေစိုက် ဒေါက် တာနိုင်အောင်၊ ဒေါ် ခင်ဥမ္မာ၊ ထောက်ပံ့တယ် ဆိုတဲ့ စကားသံတွေရှိ တယ်။ နောက် တစ်ခါ AAPP က ကိုဘိုကြည် တို့ ထောက်ပံ့တယ်။ ကိုမိုးသီးဇွန်၊ တခြားအဖွဲ့အစည်း ပြည်တွင်းက ဆိုရင် ဒေါက် တာကျော် သူ ထောက် ပံ့တယ်လို့ပြောတယ်။ နိုင်ငံရေးအမည်ခံတဲ့ အဖွဲ့အစည်းတွေ ထောက်ပံ့မှုပေး တယ်လို့ ထွက်နေတာ မဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော် ကို ညီအစ်ကိုလိုခင်လို့ ပိုက်ဆံပေးတာကိုတော့ လာ မပြော နဲ့လေဗျာ။ ကျွန်တော်အမေ ပိုက်ဆံပေးတာ။ ထောက်ပံ့တာမဟုတ်ဘူး။ ဒါကမဆိုင်ဘူး။ နိုင်ငံရေး အဖွဲ့အစည်း တစ်ခုက နိုင်ငံရေးရည်ရွယ်ချက်တစ်ခုနဲ့ ထောက်ပံ့တယ်လို့ ပြောကြတာပေါ့။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ဟန်ဝင်းအောင်ရှင်းလို့ရတယ်။ စိန်ခေါ် တယ်။ ကိုဘိုကြည် မြန်မာပြည်ကို AAPP ကိစ္စနဲ့ လာတယ်။ကျွန်တော်က နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက်ဖြစ်လို့ ရောဂါဖြစ်နေရင် အကျဉ်း သား တစ် ယောက်ကို အကူအညီပေးလို့ရတဲ့ ဆေးဖိုး ငါးသိန်း ပေးလို့ရတယ်လို့ ပြောတယ်။

ကျွန်တော် လက် မခံဘူး။ ကျွန်တော်နဲ့တွဲပြီးလုပ်တဲ့ ရဲဘော်တွေရှိတယ်။ ကြိုက်တဲ့ အချိန်မေးကြည့်။ ကျွန်တော်ပြောတာကို တရားဝင် ကြေညာပေးပါ။ ဒေါက်တာနိုင်အောင် ၊ဒေါ်ခင်ဥမ္မာတို့နဲ့ ငါးပြားမှ မပတ်သက်ဘူး။မယူဖူး ဘူး။ ဒေါက် တာနိုင် အောင် ကျွန်တော်ကို တစ်ခါတစ်လေ Online မှာတွေ့ရင် ညီလေးတော့ ဒီလိုမျိုးဆောင် ရွက်နေ တယ်။ ကိုယ်တို့ လည်း ဒီမိုကရေစီအရေး ဆောင်ရွက်နေတာဖြစ်လို့ ဘာအကူအညီလိုပါသလဲ မေးတယ်။ ကျွန်တော် မလို ပါဘူး။ လက်လည်း မခံပါဘူး၊ သုံးကြိမ်တိတိ ကျွန်တော့် ကို ပြောတယ်။ လုံးဝ လက်မခံဘူး။ AAPP အဖွဲ့နဲ့လည်း လုံးဝ မရှိပါဘူး။ ယူထားတာလည်း မရှိပါဘူး။ ပေါင်းကူး ဒေါက်တာကျော်သူ ငါးပြားမှ မယူဘူးဖူး။အမေရိကန်သံရုံးဆိုပိုတောင်ဆိုးပါတယ်။

ကျွန်တော်မှာ မွေးချင်းနှစ် ယောက်ရှိတယ်။ ကျွန်တော့် အမေက ရွှေဆိုင်ဖွင့်တယ်။ ကျွန်တော် ညီမလည်း ရွှေဆိုင်ဖွင့်ထားတယ်။ ကျွန်တော် ထောင်နှစ်ကြိမ်ကျတာ အိမ်က သိန်း ၄ဝဝ ကျော် ကုန်သွား တယ်။ အိမ်ကိုသွားတယ်၊ မုန့်ဖိုးယူတယ်။ တစ်ခါတစ်လေကျရင် ငယ်ပေါင်းကြီးဖော် သူငယ်ချင်း တွေက ခင်မင်လို့ ပေးတာမျိုးတွေရှိတယ်။ အရက်တိုက် ရင် တိုက်တယ်။ ဘီယာတိုက်ရင် တိုက် သွားတယ်။ နိုင်ငံရေးအမည်ခံတဲ့ အဖွဲ့အစည်းတွေကမယူဘူး။ NLD ဆီကလည်း မယူဘူး။ ဒေါက်တာနိုင်အောင်ကို အဆက် အသွယ်ရှိရင် မေးကြပါ။ ကျွန်တော့်ကို ကိုမိုးသီးဇွန် ထောက်ပံ့ပါ တယ် ပြောတယ်။ မိုးသီးဇွန်နဲ့ တစ်ခါမှ မဆုံဖူးဘူး။ Online ပေါ်မှာ တွေ့ဖူးတယ်။ ပြည်သူ့ လှုပ်ရှားမှု သပိတ် စခန်းကနေ တစ်သောင်းတောင်းလို့ ဆန္ဒထပ်မပြရင် ငါးထောင်စီတောင်းတာ ဒီမှာ အကုန် လုံးရှိတယ်။ ရွာသားတွေကို မေးကြည့်ပါ။ ကျွန်တော် တရားဝင် အကူအညီတောင်းပြီး သပိတ် စခန်းဖြစ်နေတာ။ အလှူ ရှင်တွေရှိတယ်။ ကိုဇော်ထွန်း ပြည်တွင်းခရီးစဉ်လာ တုန်းက လာလှူ သွားတာ ရှိတယ်။ လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ ပြည်တွင်းကိုလာတုန်းက လာလှူသွား တာရှိတယ်။ တရားဝင်စာရင်းဇယားရှိတယ်။ မဟုတ် ရင် ပြောတဲ့လူ အကုန်တာဝန်ယူရမယ်။

ကိုဟန်ဝင်းအောင် ၂ဝ၁ဝ မှာ ထောင်ကလွတ်လာပြီး ဘာအသက်မွေးဝမ်းကျောင်းမှု အလုပ်လုပ်လဲ။ ဘယ် လို ရပ်တည်သလဲ။ လက်ပံတောင်းတောင်မှာ ဘယ်လို ပုံစံမျိုးနဲ့ နေထိုင်တာလဲ။

ကျွန်တော် ၂ဝ၁ဝ ဒီဇင်ဘာမှာ ထောင်ကနေ လွတ် လာပြီး အိမ်မှာနေတယ်။ စာဖတ်တယ်။ ကျွန်တော့် အမေဆီက ပိုက်ဆံတောင်းတယ်။ ညီမဆီက တောင်း တယ်။ ဦးလေးဆီက တောင်းတယ်။ အရင် တုန်း က ရွှေဆိုင်ထိုင်ပြီး ပန်းတိမ်လုပ်တယ်။ ကျွန်တော်က နိုင်ငံ ရေးလှုပ်ရှားမှု၊ လယ်သမား၊ အလုပ် သမား၊ လူတန်းစား တွေရဲ့ အခွင့်အရေးလှုပ်ရှားမှု တတ်နိုင်သလောက် ပါ ဝင်ခဲ့တယ်။ ဥပမာ နိုင်ငံရေး အကျဉ်းသားတွေ ထောင် ဝင်စာ တွေ့ဖို့လိုရင် အချင်းချင်း ချိတ်ဆက်ပြီးတော့ ငါးပိတို့၊ ငါးခြောက်တို့ သွားပို့ တာမျိုးတွေရှိတယ်။ ရန်ကုန်မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတုန်းက ကျွန်တော် မြန်မာငွေ ငါးရာပဲ ကုန်တယ်။ ပြည်သူတွေက ဖယောင်းတိုင်ယူလာကြတယ်။ အပြန်ကျတော့ သူတို့ ပါလာတဲ့ကားနဲ့ လိုက်ပို့ တယ်။ ကျွန်တော်နဲ့သိတဲ့အိမ် ရှိတယ်။ကျွန်တော် ငွေရေးကြေးရေး မသုံးစွဲဘူး။ လက်ပံတောင်းကို ၂ဝ၁၁ မေ လမှာ စရောက်တယ်။ ကျွန်တော်လှုပ်ရှားမှုနဲ့ သွားလာမှုတွေက ဟိုတယ်ကြီး အခမ်းအနား ကြီးတွေ လုပ်တာ မဟုတ် ဘူး။ သာမန်ပြည် သူတွေလိုပဲ ငွေရေးကြေးရေး သုံးစွဲတယ်။ သူငယ်ချင်း တွေ လည်း လူမှုရေးအရ ကူညီတာရှိတယ်။ မိသားစု ကလည်း ကူညီတယ်။ ဒီရွာလာတုန်းက သူငယ်ချင်း တစ်ယောက်က အသုံးစရိတ် မြန်မာငွေသုံးသောင်း သုံးချင်တာ သုံးလို့ ပေးလိုက်တယ်။ အဲဒီစရိတ်နဲ့ လက်ပံ တောင်းတောင် ကို ကားစီးလာတယ်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးဖို့ စီမံကိန်းကြီးတွေ လိုအပ်တယ်။ ဒီစီမံကိန်းရပ်လိုက်ရင် အခြားစီမံကိန်းတွေပါ လိုက်ရပ် ပေးရမယ့်ပုံစံ ဖြစ်နေတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံ တွေကလည်း ဝင်ရမှာ ကြောက်နေ တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် စီမံကိန်းကို ဆက် လုပ်သင့် မလုပ်သင့်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို နှစ်နိုင်ငံ စာချုပ် ချုပ်ထားတဲ့အတွက် ရပ်ဆိုင်းလိုက်ရင် ဒီဖြစ်စဉ် ပေါ်မူတည်ပြီး အခြားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ တွန့် ဆုတ်သွားနိုင်တယ်ဆိုတာ ပြီးပြတ်နိုင်တဲ့ ဆင်ခြေမဟုတ် ဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် ဥရောပသမဂ္ဂ အမေရိ ကန် နိုင်ငံလို ဟာ မျိုးတွေ မြန်မာပြည်ကို စင်ကာပူ၊ ဂျပန်၊ ကိုရီးယား အစရှိတဲ့ နိုင်ငံတွေကလည်း စိတ်ဝင် စားကြတယ်။ တစ်နိုင်ငံက တစ်နိုင်ငံကို ပြန်လည် ပြည့် ဖြိုးမြဲမဟုတ်တဲ့ စွမ်းအင်ထုတ်လုပ်ရေး၊ ရေနံ၊ ကျောက် မျက် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကုန်သွယ်ဖက် လုပ် ဖို့ဆိုရင် ပြည်သူတွေက ကန့်ကွက်တာ ဘာမှ စိုးရိမ်စရာ မရှိဘူး။ ပြည်သူတွေအနေနဲ့ အဆင့်အတန်းရှိတဲ့ ကုန် ထုတ်လုပ်မှု၊ မညှာမတာ ဈေးပေါပေါနဲ့ လုပ်တာတွေ ကို ကန့်ကွက် ရဦးမယ်ထင်တယ်။ ဥပမာ အမေရိကန်ဆိုရင် ဒီလိုဟာမျိုးတွေ မထုတ်ဘူး။ ဒါ Open မိုင်းချည်း ပဲ။ လက်ဝါးကြီးအုပ်ထားတာ ဖြစ်နေတယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ပတ်တယ်။ ကျွန်တော်တို့ က ကန့် ကွက်ရင် ပြည်သူလူထုကို ပွင့်လင်းမြင်သာအောင် လုပ်ပေါ့။ အဲဒီတော့ အခြားလူတွေ က ကြောက် သွား လို့ရှိရင် ကြောက်သွားကောင်း ကြောက်သွားလိမ့်မယ်။ မြန်မာပြည်ကနေ ခရိုနီတချို့ လက်ဝါးကြီးအုပ် ဝင်နှိုက် မယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကြောက်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ မတရား အမှောင် ချပြီးေ တာ့ တစ် သက်လုံး မြှုပ်နှံမှုတွေ ဆက်လုပ်နေရင် မလုပ်တာကမှ ပိုကောင်းဦးမယ်။ ဘာကြောင့်လဲဆိုရင် ဟိုးရှေးက လုပ်ခဲ့တဲ့ စီမံကိန်းတွေ၊ မဆလ လက်ထက်ကတည်းက စီမံကိန်းတွေ လုပ်တာ၊ ဘယ်သူအတွက် အကျိုးအမြတ် ရမလဲ။သာဓကတွေရှိတယ်။ထုတ်လုပ်တိုင်း ပြည် သူတွေ အကျိုးမခံစားရဘူး။ ပွင့် လင်းမြင် သာ မှုနဲ့ ထုတ် လုပ်ရေး ပေါ်လစီ နိုင်ငံတော်က ဘယ်လောက်ရမှာလဲ။ အစိုးရ ဘယ်လောက်ရမ လဲဆို တဲ့ ပေါ်လစီတွေ ဆက် လုပ်ဆောင်နေရင် အလကား ပြီးစီးနေမှာပဲ အဲဒီဆင်ခြေ ကို ကျွန်တော် လုံးဝ လက်မ ခံဘူး။

တကယ်လို့ စာချုပ်ချုပ်တဲ့ထဲမှာ ကိုဟန်ဝင်းအောင်လိုမျိုး ကူညီပေးနေတဲ့ လူမျိုးပါလာခဲ့မယ်ဆိုရင် ဒီစီမံ ကိန်း ရပ်ဆိုင်းသင့် မသင့်ဆိုတာက တစ်စုံတစ်ရာ ပြောင်းလဲ လာနိုင်သလား။

ကျွန်တော်အမြင်ပြောရရင်တော့ အစီရင်ခံစာ ဖော်ပြချက်မှာ အစီရင်ခံစာရဲ့ အပိုင်းပေါ့ဗျာ။ စီမံကိန်း လုပ် မယ်ဆိုရင် ဒီအတိုင်းကြီးတော့ မလုပ်ပါနဲ့။ မကောင်းဘူး။ ဖျက်သိမ်းတာလည်း မကောင်း ဘူး။ ပြင် ဆင်ပြီး လုပ် တဲ့ အကြံပြုချက်တွေမှာ စီမံကိန်း မစတင်ခင် ဖြည့် ဆည်း ဆောင်ရွက်ရမယ့် ကိစ္စတွေရှိ တယ်။ စီမံကိန်းလုပ်ဆောင် နေတဲ့နှစ် ၂၈ နှစ်လောက် တောက်လျှောက်ဖြည့်ဆည်း ပေးရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုံးဝပြီးသွားပြီ။ တောင်ကြီးလည်း လုံးဝ ပျောက်သွားပြီဆိုတဲ့ ကာလမှာ ပြန်လည်ဖြည့်စွက်ပေးရ မယ့် ကိစ္စ သုံးပိုင်းလောက် ရှိတယ်။ အဲဒီအကြံပြုချက်ကို တကယ်ဖြည့်ဆည်း ပေးနိုင်မလား။ ဘယ်သူ က စောင့်ကြည့် မ လဲ။ ဘယ်သူကရော အာမခံမလဲ ဆိုတဲ့ ပြဿနာရှိတယ်။ ဒါက မဖြစ်နိုင်တာကို မေးခွန်း ထုတ်နေတာ မဟုတ်ဘူး။ ပွင့်လင်းမြင်သာမှုနဲ့ တကယ် တာဝန်ခံမှု ရှိတယ်ဆိုရင် မလုပ်ရသေးတဲ့ ဒီတောင် ကို မပြောနဲ့။ လုပ်ပြီးလက်စ စံပယ်တောင်၊ ကြေးစင်တောင် ကိုပဲ အရင်ဖြည့် ဆည်းကြည့် ပါလို့။ ကြေးစင်က ရန်စီ ကုမ္ပဏီ၊ လက်ပံတောင်းတောင်က ဝမ်ပေါင်ကုမ္ပဏီ အတူတူပဲ အရင်ဖြည့် ဆည်းပေးပါ လို့ မေးခွန်း ထုတ် ချင် တယ်။ စာချုပ်ပါ အချက်အလက်တွေကို ပြင်ဆင်ဖို့ အရင် လုပ်မယ်ဆိုရင် ဒီကိစ္စ ဟာ ဒေသ ဆိုင်ရာ ပြဿနာ မဟုတ်တော့ဘဲ တည်ငြိမ်ရေးကိုပါ တဖြည်းဖြည်းနဲ့ ထိပါးလာ တဲ့ ပြဿနာတွေ ဖြစ် တဲ့အ တွက် တိုင်းပြည် မှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ ကျွမ်းကျင် ပညာရှင်တွေ၊ တကယ်ဒေသခံခေါင်းဆောင်တွေ တိုင်းပြည်ကိုတကယ်ချစ်မြတ်နိုးသူတွေနဲ့လုပ်တာ တကယ်အဆင်ပြေ ပါတယ်။ ကျွန်တော်တို့ကတော့ ပြည်သူ အများစု လက်ခံ တယ်။ သဘော တူတယ် ဆိုရင် ပြည်သူတွေရဲ့သဘော ဆန္ဒအတိုင်းပဲ လိုက်မှာပါ။

သပိတ်ဖြိုခွင်းတဲ့နေရာမှာ အသုံးပြုသွားတဲ့ ဗုံးကို အစိုးရက ထုတ်ပြန်တဲ့အခါမှာ မီးခိုးဗုံးလို့ ထုတ်ပြန် တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင် ရဲ့ နောက်ဆုံး အစီရင်ခံ စာ မှာလည်း မီးခိုးဗုံးလို့ပဲ သတ်မှတ်ထားတယ်။

တစ်ကြောင်းဆွဲကောက်ချက်နဲ့တော့ အပိတ် ပြော လို့မရဘူး။ နှစ်ပိုင်းတော့ရှိတယ်။ အကြမ်း ဖက်ဖြို ခွင်း လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စဉ်းစားရမယ့်အချက်က နံပါတ်တစ်၊ နံပါတ်နှစ်က ကန့်သတ်လက်နက် သုံးစွဲမှု ဟုတ်မဟုတ်ဆိုတဲ့ အဖြေရှာရမယ့်အပိုင်း နှစ်ပိုင်းရှိတယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ တင်ပြသလိုအဆင့်ဆင့်ဥပဒေနဲ့အညီလုပ်ထုံးလုပ်နည်းအရအသိပေး ပြီးမှကျင့်ထုံးအရဝင်ရောက် ဖြိုခွင်း တယ် ဆိုရင် ဥပဒေနဲ့ညီတယ်ပေါ့ဗျာ။ ဒါဆိုရင် ကန့်သတ် ပစ္စည်းသုံး မသုံးဆိုတာ လေ့လာရမယ်။ ဒါနဲ့ပတ် သက်ပြီး အမေရိ ကန်နိုင်ငံက ဒေါက်တာရောလ်မန်တို့ ခွဲစိတ် သုတေသန လုပ်တာ၊ ထိုင်းနိုင်ငံက ဆင်းလာ တဲ့ အဖြေတွေကို စတဲ့ ကျွမ်းကျင်အလွတ်ပညာရှင်တွေ၊ နိုင်ငံတော် တာဝန်ပေး ချက်မဟုတ်တဲ့ ဟာတွေ ကတော့ ဖော့စဖရိတ်ဗုံးလို့သတ်မှတ်ထားတယ်။ဒီကတော့မဟုတ်ဘူးလို့ ပြော တယ်။ ဒါ ကတော့ သေသေ ချာချာ စုံစမ်းပြီးတော့ ပြော ရမှာပေါ့။ ကပစ ကနေ ထုတ်ပေးလိုက်တယ်လို့လည်း ပြောကြတယ်။ ဒါက အငြင်းပွားစရာရှိတယ်။ ကျွန်တော် ပြောချင်တာက လူထုရှုထောင့်ကနေ ပြောတာတွေ၊ အော် တာတွေ၊ တစ်ခု တည်းကိုကြည့်လို့ မရဘူး။ သပိတ်စခန်း တွေဖွင့်တယ်။ အကြိမ်ကြိမ်ဆန္ဒပြခွင့် ရှစ်ကြိမ်တောင်း တယ်။ တစ်ကြိမ်မှ မရဘူး။ ကုမ္ပဏီဘက်ကျတော့ လယ်မြေတွေသိမ်းတယ်။ ခွင့်ပြုချက်မကျတော့ ဆန္ဒပြဖို့ လို တယ်။ မပြလို့ကလည်းမဖြစ်နိုင်ဘူး။ ကုမ္ပဏီက မြေသိမ်းတော့ ဒေသခံတွေက လမ်းမပေါ်ထွက်လာတဲ့ အကြောင်းကိုထည့်စဉ်းစားရတယ်။အဲဒါတွေက ပြဿနာတွေကြီးထွားလာတဲ့အခါကျတော့စစ်ကိုင်းတိုင်း ဒေ သကြီး ဝန်ကြီးချုပ်ဦးသာအေးက စီမံကိန်းနဲ့ ပတ် သက်ပြီးကြွေးကြော် တောင်း ဆိုနေတဲ့ကိစ္စတွေ ကို ဆန္ဒပြမှုတွေနဲ့ ပတ်သက်တာတွေကို သူ့အနေနဲ့ မဖြေ ရှင်းပေးနိုင်ဘူး လို့ပြော တယ်။ ပြည်ထောင်စု အဆင့် ကပဲ ဖြေရှင်းပေးနိုင်တာလို့ပြောတယ်။ ပြည်ထောင်စုအဆင့် Level ကလည်း လုံးဝမလာ ဘူး။ နိုဝင်ဘာ ၂၃ ရက်မှာ တော့ တစ်ကြိမ်လာတယ်။ ဦးအောင်မင်းရယ်၊ ပြည် ထောင်စုကြံ့ခိုင်ရေးအမတ် ဦးသန်းမြင့် အဲတာ ပဲလာ တယ်။ ဒါတောင် ဖြေရှင်းသွားတာမဟုတ်ဘူး။ ဒေသခံ တွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မကြာကြာေ အာင် အချိန် ဆွဲ ထားတဲ့ကိစ္စက မကြီးထွားရင် ကြီးထွားလာအောင်လုပ်ခဲ့ တဲ့ကိစ္စတွေ ဖြေရှင်းသင့်တယ်။ ဘယ်သူ့ မှာတာဝန် ရှိသ လဲ။ စည်းမဲ့ကမ်းမဲ့ လမ်းပေါ်တက်လာတာမျိုးတော့ မဟုတ်ဘူး။ ဥပဒေအရ မဟုတ်တော့ဘဲ တက်လာ အောင်ခွင့် မပြုပေး တာက ဘယ်သူတွေလဲ။ အဲဒါကြောင့် ဒါမျိုးတွေဖြစ်လာတာ။ သပိတ်စခန်းတွေ ဖွင့်ကြတယ်။ အဲဒီမှာ ကုမ္ပဏီနဲ့ ပြည်သူ တိုက်ရိုက်ဆက်ဆံခိုင်း ပြီးမှ မြေသိမ်း မှုတွေ လုပ်တယ်။ ပြည်သူက တိုက်ရိုက်မြေသိမ်း တာကို ဆန့်ကျင်တယ်။ အဲဒီလိုမျိုး ကုမ္ပဏီ၊ အစိုးရနဲ့ တိုက် ရိုက် ဖြစ်ပေါ် လာတဲ့ ပြဿနာမှာ ကြားခံပါ။

ဒေါ်အောင်ဆန်းစုကြည်က (၁၄)ရက်နေ့က သပိတ်စခန်း မှာ ဆရာတော်ကို လျှောက်ပါတယ်။ အစီရင် ခံစာက ကျွန်မပဲလုပ်တာပါ။ ကုမ္ပဏီနဲ့လည်းမဆိုင်ပါဘူး။ ဒေသ ဆိုင်ရာ အာဏာပိုင်နဲ့လည်း မဆိုင် ပါဘူး။ ဆန္ဒပြချင် တယ်ဆိုရင် ကျွန်မကိုပြလို့ရပါတယ်။ ခွင့်ပြုချက်ယူပြီး တရားဝင် ကျွန်မအိမ်ရှေ့မှာ လာပြီး ဆန္ဒပြနိုင်ပါတယ်လို့ ပြောသွားတယ်။ အစ်ကိုတို့အနေနဲ့ ဆန္ဒပြမယ်ဆိုရ င် ဒေါ်အောင်ဆန်း စုကြည်ကို ပြ သလို ဖြစ်နေမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ဆို တော့ ဒေသတွင်းပြဿနာတွေ ကြီးထွားနေတဲ့ ဒေသမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအရ ပေါက်ကွဲမှုတွေ၊ ပယော ဂတွေမပါလာအောင် တာဝန် ယူ မှု၊ တာဝန်ခံမှုနဲ့ ပြော လိုက်တဲ့ စကားတွေလို့ နားလည်တယ်။ လက်တွေ့ ဆန် ဆန်ကြေ တာ့ ပြည်သူ က ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဒါကြီး ဖြစ် နေတယ်။ သူတို့က မြင်တာမဟုတ်ဘူး။ ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း မဆိုင်ဘူး။ နှစ်ပေါင်းများစွာ ကတည်းက ဦး ပိုင် က လုပ်ခဲ့တယ်။ Wanbao နဲ့ ဖြစ် ခဲ့တယ်ဆိုတာပဲ သူတို့နားလည်ထားတယ်။ ပြဿနာရဲ့ အရင်း အမြစ် ကို ဖြေရှင်းမယ်ဆိုရင် တကယ်ကုမ္ပဏီပိုင်း နဲ့တာဝန်ရှိသူပိုင်းကပဲတာဝန် ယူပြီး ဖြေရှင်း ရမှာ ပါ။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အကြံပြုတဲ့အပိုင်း စုံစမ်း တဲ့အပိုင်းမှာပဲ တာဝန်ရှိတယ်။ စေတနာနဲ့ ပါဝင်ခဲ့တာ ပါ။ ကျွန်တော်နားလည်တာကတော့ ဒေါ်အောင်ဆန်းစု ကြည်ကို ဆန္ဒပြစရာမလိုပါ ဘူး။ ပြတယ်ဆိုတာကတော့ တခြားအပိုင်းတွေပဲ ရှိလိမ့်မယ်။ ကျွန်တော်တို့က ဒေါ် အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောစရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့က စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ မလိုအပ်ဘူးဆိုရင် ဖျက်သိမ်းဖို့ လုံးဝ Perfect ဖြစ်နေရင် ပြည်သူလူထုက လက်ခံလို့ ဆိုရင် လုပ်ချင်နေ မလုပ်ချင်နေ ဒါက တစ်ပိုင်း။ ကျွန်တော်တို့က စီမံကိန်းဖျက်သိမ်းရေး ပွင့်လင်းမြင်သာမှုရှိရေး၊ လူထု အကျိုးစီးပွားပိုင်းကပဲ သွားနေတဲ့အတွက် ဒေါ်အောင် ဆန်းစုကြည်အပိုင်းကို ဘာမျှပြောမှာမဟုတ်ပါဘူး။ စီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ သူရဲ့အပိုင်းကို ပြောရမှာပါ။

နောက်ဆုံးအနေနဲ့ဆည်တဲရွာကိုဒေါ်အောင်ဆန်းစု ကြည်နဲ့ လုံခြုံရေး ငါးဦးကိုပဲ လမ်းလျှောက်ပြီး ပေးဝင် ခိုင်းတာ ဘာကြောင့်လဲ၊ လုံခြုံရေးအပြည့်အဝနဲ့ ဘာ ကြောင့် ပေးမဝင်တာလဲ။

ဆည်တဲရွာက ဇီးတောရွာ၊ ဝက်မှေးရွာတို့က ပုဒ်မ ၁၄၄ အထုတ်ခံထားရတာ။ ရွာက ခြံစည်းရိုးတွေ ကာထားတယ်။ အမြဲတမ်း သတိနဲ့နေတဲ့ ရွာပေါ့ဗျာ။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က ဆည်တဲ ကို ဝင်တယ်။ ဝင်တဲ့အခါကျတော့ ကျွန်တော်က အဲဒီဘက် မှာ မရှိဘူး။ ရွာသားတွေက အခြေအနေ လှမ်းပြော တယ်။ လုံထိန်းကား သုံးစီးပါတယ်။ အားလုံးလည်း သက်သေရှိ တယ်။ ထောက်လှမ်းရေးတွေ ည်း ပါလာ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို လာ ရောက်ရှင်းလင်း အဖြေရှာတာပဲ။ ဒါက ပြဿနာ မဟုတ်ဘူး။ လုံထိန်းတွေက ပါနေတဲ့အတွက် လုံထိန်းတွေကို ရွာထဲ အဝင်မခံတာ။ ရွာ လမ်းကြောင်းတွေကို သိပြီး နောက်တစ်ခါကျရင် လုံထိန်းတွေက ဒီရွာကို လာဖြိုရင် လုံထိန်း လမ်းကြောင်း သိနိုင်တယ်။ ဒါမျိုးကို သူတို့တွေ စိုးရိမ်မှုရှိတယ်။ ရွာသားတွေက တံခါးကို ပိတ်လိုက်တယ်။ ရွာသားတွေက စပြောတယ်။ ဒေါ် အောင်ဆန်းစုကြည် ဝင်ပါ။ လုံခြုံရေး လေးငါးခြောက် ယောက် ဝင်ပါ။ ထောက် လှမ်းရေးတွေ မပါ ပါစေနဲ့။

သတင်းထောက်တွေထဲမှာလည်း ထောက်လှမ်းရေးတွေ ပါနေမှာကို သူတို့ အရမ်းကြောက်တယ်။ကားနဲ့ ဝင်ပါ၊လမ်းလျှောက်ဝင်ပါ၊ ဘာမှမပါဘူး။ ရွာသားတွေ ပြော တာ က ဒေါ်အောင် ဆန်းစုကြည်ကို ဝင်ခွင့်မပေးတာ မဟုတ်ဘူး။ လုံထိန်းနဲ့ ထောက်လှမ်းရေးကို ပိတ်တာ။ အဲဒီမှာ ရုတ်ရုတ် သဲသဲ ဖြစ်သွားတယ်။ နောက်ဆုံးတော့လုံထိန်းတွေပါမသွားဘူးပေါ့ဗျာ။ သတင်းထောက် တချို့ နဲ့ ဒေါ်အောင် ဆန်းစုကြည်ပဲ ဝင်ခွင့်ရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆည်တဲရွာ မဝင်ပါနဲ့လို့ ရွာသားတွေ က အမိန့်ပေးလို့ မရဘူး။ ဘယ်သူမှ အမိန့် ပေးလို့ မရဘူး။ ကျွန်တော်လည်း အမိန့်ပေးလို့ မရပါ ဘူး။ ရွာသားတွေပြောတာက လမ်းလျှောက်ခြင်း မလျှောက်ခြင်း တစ်ခုမှ မပါပါဘူး။ လုံထိန်း တပ်ဖွဲ့တွေ ရွာထဲ အဝင်မခံနိုင်ဘူး။ ထောက်လှမ်းရေးတွေ အဝင် မခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လိုအပ်တဲ့သူတွေ ဝင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွာသားတွေလည်း ပြေလည်တာလည်း ရှိတယ်၊ မပြေလည်တာလည်း ရှိ တယ်။ ကျွန်တော့်သဘောအရ ရွာသားတွေပြောတာ ရှင်းရှင်းလင်းလင်း သဘောပေါက်တယ်။ ဖြစ်စဉ်က ဒီအတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်း ဆောင် တစ်ယောက် အနေနဲ့ ဒီဒေသက ပြည်သူတွေ မမုန်းဘူး။ မကန့်ကွက်ကြဘူး။ သူတို့ကန့်ကွက်နေတာက တစ်ဖက် သတ် နိုင် ထက် စီးနင်းလုပ်နေတဲ့ စီမံကိန်းအပေါ် မှာ စိတ်ပျက်နေကြတာ ဖြစ်တယ်။ အဲဒါကို ကွဲကွဲပြား ပြား နားလည်ဖို့လိုတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဒေါ်အောင် ဆန်းစုကြည်ကြောင့် စီမံကိန်းကြီး ပုံဖော်မှုက ပင်မ အကြောင်းအရာဖြစ်တဲ့ စီမံကိန်း နဲ့ ပတ်သက်တဲ့ အဖြေ ရှာရေး၊ အကြမ်းဖက် မှုတွေ ဖော်ထုတ်ရေး၊ ဒေသတည် ငြိမ်ရေးနှင့် တိုင်းပြည်စီး ပွားရေးနဲ့ ပတ်သက်တဲ့ ပြဿနာ တွေ လမ်းကြောင်းလွှဲမှာဖြစ်တဲ့အတွက် ကျွန်တော် ကိုယ်တိုင်လည်း အဲဒါ ကို မပြောဘူး။ အားလည်း မပေး ဘူး။ ကျွန်တော ဆက်မရှင်းဘူး။ တိုင်းပြည်အတွက် အကျိုးမရှိ တဲ့ ခေါင်း စဉ်တွေဖြစ်နေတဲ့ အတွက် ပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြဿနာတွေ တက်တယ် ဆိုတာတွေ မဖြစ်သင့်ဘူး။အဓိက က စီမံကိန်းကြောင့် ပြဿနာကို ဖြေရှင်းဖို့ဆိုရင် စီမံကိန်းခေါင်းစဉ်အောက် ကဖြစ်နေ တဲ့ ခေါင်းစဉ် ကိုပဲပြောကြတာ အဖြေရှာကြပါ။

ref:themessenger

Credit : Here

မန်းကျုံးဘေးတွင် သင်္ကြန်မဏ္ဍပ်လျှောက်ထားသူ ၁၇၂ခုရှိ

ယခုနှစ်မန်းတွင် သင်္ကြန်မဏ္ဍပ်လျှောက်ထား သူ များမှာ ကျုံးဘေးတွင်သာ အများဆုံးဖြစ်ပြီး ဌာန ဆိုင်ရာ မဏ္ဍပ်များအပါအ၀င် ၁၇၂ ခု ရှိကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ်လျှောက်ထားလိုသူများသည် မန်း စည်ပင် အခွန်ဌာုနုသို့ ယခုလ ၈ရက်နေ့ တွင် နောက် ဆုံး ထားလျှောက်ထားစေ ခဲ့ပြီး လျှောက် ထားလိုသူများမှာ အာမခံကြေး ငါးသိန်းပေးသွင်းခဲ့ရပြီး ကျုံးပတ်လည်တွင် တစ်ဖက်လျှင် မဏ္ဍပ်၁၀ခုသာ လက်ခံမည်ဖြစ်သောကြောင့် ကျုံးဘေးလျှောက်ထားလိုသူများအား မဲနှိက်နေရာချထားပေးမည်ဖြစ်ပြီး မဲမပေါက် ပါ က အာမခံကြေးငါးသိန်းမှ လေးသိန်း ပြန် လည်ပေး မည်ဖြစ်ကြောင်း မြို့ထဲနှင့် အခြားနေရာ လျှောက်ထားလိုသူများသည် အာမခံကြေးပေးသွင်းရန် မလိုကြောင်း အခွန်ဌာနမှ တာဝန်ရှိုသူတစ်ဦးက ပြောသည်။

ယခင်နှစ် မန်းသင်္ကြန်များတွင် ကျုံးဘေးပတ်ပတ်လည်သာ မဏ္ဍပ်များရှိပြီး လူစည်ကားခဲ့ကာ တစ်နေရာနှင့်တစ်နေရာ ကူးသန်းဖို့ ပင်မလွယ်၍ မန်းမြို့သူ မြို့သားများမှ ဝေဖန်မှုများရှိခဲ့ရာယခုနှစ်တွင် မြို့အနှံ့ အပြားစည်ကားစေရန် လမ်း ၃၀၊ ၃၅လမ်း၊ သိပ္ပံလမ်း မြို့ပတ်လမ်း၊ ၆၂လမ်း၊ ၇၃လမ်း၊ ၇၈လမ်းစသည့် လမ်းကျယ်သောနေရာများနှင့် အခြားယဉ်ကြောမပိတ်ဆို့နိုင်သောနေရာများတွင် မဏ္ဍပ် တည်ဆောက်လိုသူများအား မန်းစည်ပင်ဌာနမှ ရေလိုအပ်ပါက အကူညီပေးသွားမည်ဖြစ်ပြီး သင်္ကြန် မတိုင်မီ ရုံးဖွင့်ရက်များ တွင် အချိန်မရွေးလာရောက်လျှောက်ထားနိုင်ကြောင်း၊ မဏ္ဍပ်တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ပေ၁၂၀နှင့် တီးဝိုင်း မပါလျှင် ပေ ၈၀အထိသာ လက်ခံဆောက်လုပ် ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီပါက စိစစ်ချထားပေးသွားမည်ဖြစ်ပြီး မဏ္ဍပ်တည်ဆောက်လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့်နေရာတွင် သတ်မှတ်ထားသည့် အကျယ်အ၀န်းအတိုင်း တည်ဆောက် ရမည်ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန်ထားရှိရ မည်ဖြစ်ကာ ယာယီရေလောင်း အိမ်သာ ထားရှိရမည်ဖြစ်သည်။

ထို့အပြင် စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများကပ်ခြင်း၊ ချိပ်ဆွဲခြင်းများမပြုလုပ်ရန်နှင့် မဏ္ဍပ်တည်ဆောက်ရာတွင် ပလပ်ဖောင်းအတွင်း သာတည်ဆောက်ရမည်ဖြစ်ပြီး လေအိုးသုံးရေပိုက်၊ မီးသက် ပိုက်ခေါင်း များဖြင့် ရေပတ်ခြင်းအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လိုက်နာခြင်းမရှိပါက Black Listစာရင်းသွင်းရ်ျ လိုအပ် သလို အရေးယူသွား မည်ဖြစ်ကြောင်း မဏ္ဍပ်တည်ဆောက်လိုသူများလိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း ချက် များအရသိရသည်။

ref:popular

Credit : Here

ပုဂံဒေသတွင် ညစာစားပွဲများ ပြုလုပ်ခွင့် စတင်ခွင့်ပြုမည်


ပုဂံဒေသ ဟိုတယ်လုပ်ငန်းရှင်များနှင့် ပုဂံခရီးသွား လုပ်ငန်းရှင်များအနေဖြင့် ရှေးဟောင်း အဆောက်အအုံ များ၏ ပရဝုဏ်နှင့် လွတ်ကင်းသည့် နေရာများတွင် ညစာစားပွဲများ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။

ပုဂံဇုန်သို့ လည်ပတ်သည့် ခရီးသည်များအတွက် စိတ်ရွှင်လန်းမှု ရရှိစေရန်ဖြစ်သည်ဟု ဆိုသည်။

“ဘယ်ရက်က စပြီး အကျုံးဝင်မယ်ဆိုတာကိုတော့ မတ်လ ၁၈ ရက်အထိ တရားဝင် ညွှန်ကြားချက် မထွက်သေးပါဘူး။ ဟိုတယ် လုပ်ငန်းရှင်တွေနဲ့ ခရီးသွား လုပ်ငန်းရှင်တွေ အနေနဲ့ ညစာစားပွဲ လုပ်မယ်ဆိုရင် ပုဂံမြို့ ရှေးဟောင်းသုတေသန အမျိုး သား ပြတိုက် နှင့် စာကြည့်တိုက်ဌာနကို ကြိုတင် အသိပေးသွားဖို့ပဲ လိုပါမယ်” ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြော သည်။

ထိုသို့ ခွင့်ပြုမည့် နေရာများမှာ ဓမ္မရံကြီးဘုရား၏ အနောက်မြောက်ဘက်ရှိ ယာမြေကွက်၊ အိုးထိန်းတောင်နှင့် ရွှေနန်း ရင်တော် ကျောင်းတိုက်စု၏ အရှေ့တောင်ဘက်ရှိ ယာမြေကွက် တို့ ဖြစ်သည်ဟု ဆိုသည်။

ပုဂံဒေသတွင် ယခင်က ညစာစားပွဲများ ပြုလုပ်ခွင့် မရှိခဲ့၍ ခွင့်ပြုပေးရန် လုပ်ငန်းရှင်များက ဆိုင်ရာသို့ အကြိမ်ကြိမ် တောင်း ခံခဲ့ကြပြီးဖြစ်သည်။

“အခု ခွင့်ပြုမယ့် နေရာတွေက ဘုရားဝင်းထဲ မဟုတ်ဘူးလို့ သိထားပါတယ်။ စေတီပုထိုးတွေကို ညဘက်မှာ ကြည့်လို့ ရတဲ့ နေ ရာတွေ ဖြစ်တဲ့ ယာကွက်၊ မြေကွက်တွေပါ။ အဆောက်အအုံနဲ့ အနည်း ဆုံး ပေ ၁၀၀ ဆိုတာတော့ နီးလွန်းတဲ့အတွက် စည်းကမ်းချက် ကို ကြိုတင်ပြင်ဆင်ဖို့ လိုပါမယ်။ ပြီးတော့ လည်း ပုဂံ ရှေးဟောင်းသုတေသနကနေ စည်းကမ်းချက်တွေ ထုတ်ထား တာ ကို အတိအကျ လိုက်နာမယ်လို့လည်း သိထားပါတယ်။ အခုလို စည်းကမ်းထုတ်ပြန်ပြီး ပျော်ရွှင်လွတ်လပ်ခွင့် ပေးတာမျိုးက အားလုံး လက်ခံနိုင်မယ့် အနေအထားပါ” ဟု ပုဂံဒေသခံ မသိင်္ဂီ က ပြောသည်။

ညစာစားပွဲပြု လုပ်လိုသူများအတွက် ဧည့်ခံကျွေးမွေးမည့် နေရာမှာ ရှေးဟောင်း အဆောက် အအုံများနှင့် အနည်းဆုံး ပေ ၁၀၀ အကွာအဝေးတွင်ရှိရန်၊ မူးယစ်ဆေးဝါး၊ ဘီယာ အပါအဝင် အရက်သေ စာ သောက်စားမှုများ မပါဝင်စေရန်၊ ပတ်ဝန်းကျင် အနှောက်အယှက် ဖြစ်စေနိုင်မည့် အသံချဲ့ စက်၊ လော် စပီကာနှင့် ဆောင်းဘောက်သံများ လုံးဝ အသုံးမပြုရန်၊ သန့်ရှင်းရေး ကိစ္စများအား ပွဲပြီးသည်နှင့် တပြိုင်နက် အပြီးသိမ်းဆည်းပေးရန် စသည့် စည်းကမ်းချက်များ သတ်မှတ်ထားသည်။

ref:mizzima

Credit : Here

ISchool (မြန်မာ)မှ အခမဲ့ အိုင်တီနည်းပညာသင်တန်းကို ဖွင့်လှစ်ပေးသွားမည်

အဖွဲ့အစည်းအသီးသီးရှိ ပြည်သူ့ဆက်ဆံရေး ဌာနများ (Public Relation Department) နှင့် သတင်း အချက်အလက်နည်းပညာဌာနများ (InformationTechnology Department) အတွက် သတင်းအချက် အလက် နည်းပညာနှင့် လူမှုကွန်ရက်မီဒီယာများသုံးစွဲရာတွင် ပိုမိုထိရောက်စွာ အသုံးချနိုင်ရန်ရည်ရွယ်၍ ISchool (မြန်မာ)မှ အခမဲ့ အိုင်တီနည်းပညာသင်တန်းကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းတွင် Introduction to Computer Technology (ICT) ၊ Introduction to Internet and Websites ၊ Digital Security ၊ Social Media (Gmail, Facebook and Youtube) ၊ Blogging (BlogSpot) နှင့်Digital Security တို့ကိုသင်ကြားပေးသွားမည်ဖြစ်ပြီး အင်တာနက် လုံခြုံရေးတိုးမြှင့် ၍ သုံးစွဲနည်း၊ ပိုမိုထိရောက်စွာသုံးစွဲနည်း ၊ ကွန်ပျူတာသုံးစွဲရာတွင် လုံခြုံရေးတိုးမြှင့်၍သုံးစွဲနည်း၊ ပိုမို ထိရောက်စွာ သုံးစွဲနည်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းကာလမှာ ၂၀၁၃ မတ်လ(၂၈) မှ ဧပြီလ(၃)ရက်ထိ (၇)ရက်ကြာမြှင့်မည်ဖြစ်ပြီး သင်တန်းချိန်မှာ မနက် (၉)နာရီမှ ညနေ(၅)နာရီအထိ ဖြစ်ကြောင်း ၊ သင်တန်းတက်ရောက်လိုသူများသည် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအား အခြေခံအဆင့်တတ်မြောက်ထားရန် လိုအပ်ပြီး ပြည်နယ်နှင့်တိုင်းများမှ လာရောက်သင် ကြား လိုသူများအတွက် နေရာထိုင်ခင်း (နေစရာအခန်း) စီစဉ်ပေးမည်ဖြစ်ပြီး ခရီးစရိတ်များကိုမူ ကျခံကုန် ကျပေးမည်မဟုတ်ကြောင်း ၊ သင်တန်းကာလအတွင်း တွင် နေ့လည်စာကို ISchoolမှ တာဝန်ယူပေး မည် ဖြစ်ပြီး ညနေစာကိုမူ မိမိဘာသာ တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်းထို့ပြင် တက်ရောက် ခွင့်ရွေးခြယ်ပုံ မှာ သင်တန်းပြီးဆုံးပါက မူလမိခင်အဖွဲ့အစည်းများတွင် ပြန်လည်တာဝန် ထမ်းဆောင်မည့် သူများ၊ ဒေသခံ နယ်မြေများအားပြန်လည်အကျိုးပြုမည့်သူများကို ဦးစားပေးရွေးခြယ်သွားမည်ဖြစ်ကြောင်း တက်ရောက် သင်ကြား လိုသူများသည်လျှောက်လွှာပုံစံများနှင့် လူမှုကွန်ရက်မီဒီယာစစ်တမ်း (Social Media Survey) တို့ကို ပြည့်စုံစွာရေးဖြည့်၍ မတ်လ(၂၄)ရက်နေ့နောက်ဆုံး ထားကာ ischool.mm@gmail.com နှင့် maungyewin@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း ၊ သင်တန်းနှင့်ပါတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက-ကိုရဲဝင်း၊ သင်တန်းညှိနှိုင်းရေးတာဝန်ခံ၊ ဖုန်း-၀၉၇၃၀၃၇၀၇၇၊ အီးမေး(လ်) လိပ်စာ - maungyewin@gmail.com သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်

သတင်း - NLA
Popular Myanmar News Journal

Credit : Here

ကရင် လက်နက်ကိုင် ခွဲထွက်အဖွဲ့များ ပေါင်းစည်းရေး KNU ကြိုးပမ်းမည်

ကရင်ပြည်နယ် ဖာပွန်ခရိုင် တွင် ၂၀၀၉ ခု သြဂုတ်လ ၁၂ ရက်က ကျင်းပသော ကရင့် အာဇာနည်နေ့ အခမ်းအနား၌ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်
(ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)

ကွဲပြားနေသော ကရင်လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းရေး ဦးတည်ဆောင်ရွက်နိုင်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU)က ကော်မတီတခု ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရှိရသည်။

“ကွဲပြားနေသော ကရင် လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး ကော်မတီ”ဟု အမည်ပေးထား သည့် ကော်မတီတွင် ဥက္ကဌ အဖြစ် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်(KNLA)၏ စစ်ဦးစီးချူပ် ဗိုလ်ချုပ် စောဂျော်နီ က တာဝန်ယူထားသည်။

ပြန်လည် ပေါင်းစည်းရေးဟု သုံးနှုန်းထားသော်လည်း မည်သည့်ပုံစံမျိုးဖြစ်မည်ကို မသိရှိနိုင်သေးကြောင်း၊ ရှေ့ဆက် လုပ်ဆောင် စရာ အဆင့်များစွာ ကျန်သေးကြောင်း KNU ဒု ဥက္ကဌ နော်စီဖိုးရာစိန်က ဧရာဝတီ သို့ ပြောကြားသည်။

“KNU ဆိုတဲ့အဖွဲ့ အောက်မှာ အဖွဲ့တွေ ပြန်ပေါင်းမလား ဒါမှမဟုတ် တပ်ပေါင်းစုအနေနဲ့ သွားမလားဆိုတာ အဆင့်ဆင့် လုပ်ရဦး မယ်။ အများစုကတော့ KNUရဲ့ ပေါ်လစီ၊ မူသဘောထား ရပ်တည်ချက်ကို လက်ခံမယ့် သဘောထားရှိတယ်”ဟု ၎င်းက ပြော သည်။

ကရင်ပြည်နယ် အတွင်း၌ KNU အပါအ၀င် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ၊ နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူးဒေသ) (KPF)စသည့် လက်နက် ကိုင် အဖွဲ့များ ရှိသည်။

ကရင် လက်နက်ကိုင် အဖွဲ့များသည် နိုင်ငံရေးဦးတည်ချက်များ ကွဲပြားခြင်းကြောင့် KNU မှ ခွဲထွက်သွား သော အဖွဲ့များ ဖြစ်ကြောင်း၊ သို့သော်လည်း ကရင် တမျိုးသားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ကြိုးပမ်းနေကြခြင်း ရည်ရွယ်ချက်မှာ တူညီမှု ရှိကြကြောင်း၊ ပြည်နယ် အတွင်း၌ ယခုကဲ့သို့ အဖွဲ့များကွဲပြီး နယ်မြေ သတ်မှတ်ချက်များကြောင့် ကရင် လူထု အနေဖြင့် အခက် အခဲများ ကြုံတွေ့နေရခြင်းကြောင့် ပေါင်းစည်းရေးကို ပြုလုပ် လိုခြင်း ဖြစ်ကြောင်း နော်စီဖိုးရာစိန် က ဆို သည်။

ယခု ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် KNUအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ယခင်ကလည်း ယခုကဲ့သို့ ကော်မတီ တခု ဖွဲ့စည်း၍ လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်းရေးကို လုပ်ခဲ့ကြသော် လည်း အောင်မြင်မှု မရှိခဲ့ကြောင်း နှင့် ယခုအကြိမ် ညှိနှိုင်းမှုများ လုပ်မည်ဆိုပါက တပ်များပေါင်းစည်းရေး အား အဓိကထား၍ ပြောဆိုမည် မဟုတ်ဘဲ အမျိုးသားရေးကိုသာ ဦးစားပေး ဆွေးနွေးမည်ဟုလည်း သိရ သည်။

“အားလုံးက ကရင်လူမျိုးတွေပဲ အရေးကြီးရင် သွေးစည်းရမှာပဲ၊ ဒီအဖွဲ့တွေကလည်း အရင်တုန်းက KNU ကပဲ”ဟု ဗိုလ်ချုပ် စောဂျောနီ က ပြောသည်။

DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်က KNU မှခွဲထွက်သွားခဲ့ပြီး သီးသန့်အဖွဲ့အဖြစ်ရပ်တည်ခဲ့ရာမှ ၂၀၁၀ ပြည့် နှစ်၌် ဗိုလ်မှူးကြီး စောချစ် သူဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များက အစိုးရတပ် လက်အောက်သို့ ၀င် ရောက်ခဲ့ကြပြီး တပ်ရင်း သုံးခုနှင့် နယ်ခြားစောင့်တပ် အဖြစ် ရပ်တည်ခဲ့သည်။ ဗိုလ်မှူးချူပ် စောလားပွယ် ၏ DKBAတပ်များကမူ သီးခြား ဆက်လက် ရပ်တည်နေသည်။

နယ်ခြားစောင့်တပ်များ ဖြစ်သွားသည့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်များနှင့် ပေါင်းစည်းရေး ခက်ခဲမည်ဖြစ်ကြောင်း နော်စီဖိုးရာစိန်က ဆိုသည်။

DKBA ကလိုထူးဘော ကရင်အစည်းအရုံး(KKO)အဖွဲ့ ၏ ပထမ အကြိမ် ညီလာခံအပြီး ထုတ်ပြန် ခဲ့သော ကြေညာချက်၌ KKOသည် KNU အား မိခင်အဖွဲ့အစည်း အဖြစ်ခံယူပြီး ၀န်းရံသည့် အဖွဲ့ဖြစ်သည်ဟု ပါရှိ သည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီအား ဗိုလ်ချူပ် ထိန်မောင်(ဌေးမောင်)က KNU လက်အောက်မှ ခွဲထွက် ၍ ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး KPF အပါအ၀င် တခြားသော လက်နက်ကိုင်အဖွဲ့ငယ်များလည်း ကရင်ပြည်နယ်တွင် ရှိနေဆဲ ဖြစ်သည်။

သတင်း - ကြယ်ပြာ
ဧရာဝတီ သတင်းဌာန

Credit : Here

၂ဝ၁၃ ခုနှစ် သင်္ကြန်ရက်များအတွင်း ရေပေးဝေရေးအစီအစဉ်



၂ဝ၁၃ ခုနှစ် မဟာသင်္ကြန်ရက်များအတွင်း ပြည်သူများရေပြတ်လပ်မှုမရှိစေရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က စီစဉ်ထားရှိရာ ဧပြီလ ၁၃ ရက်(သင်္ကြန်အကြိုနေ့)၊ ဧပြီလ ၁၄ ရက်(သင်္ကြန်အကျနေ့)၊ ဧပြီ လ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)၊ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) တို့တွင် အောက်ပါအတိုင်း ရေပေးဝေမည်ဖြစ်ပါသည်။

(က) ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့် ဒဂုံမြို့နယ်များသို့ နံနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီထိတစ်ကြိမ်၊ နှစ်ကြိမ်ခွဲ၍ ရေပေးဝေမည်ဖြစ်ပါသည်။

(ခ) အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်တို့အား နံနက် ၇ နာရီမှ ၁ဝ နာရီအထိ ရေပေးဝေ သွားမည်ဖြစ်ပါသည်။


(ဂ) တာမွေ၊ မင်္ဂလာတာင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေ တ၊ ဒေါပုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များသို့ မူလရေပေးဝေချိန်အတိုင်း ပေးဝေမည်ဖြစ်ပါသည်။

ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)တွင် မြို့နယ်များအားလုံးသို့ ယခင်ပုံမှန်ရေပေးဝေချိန် အတိုင်း ပြန် လည်ပေးဝေ သွားမည် ဖြစ်သည်။

သတ်မှတ်ရေပေးဝေချိန်အတွင်း ရေပိုက်များ အရေးပေါ်ပြင်ဆင်ရန် လိုအပ်ပါက သက်ဆိုင် ရာ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ချထားသည့် (ရေ/သန့်) ဝန်ထမ်းများထံ အကူ အညီ တောင်းခံနိုင်ပြီး အရေးတကြီးအကူအညီ လိုအပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ တယ်လီဖုန်း (ဝ၁-၂၄၉၆၅၅၊ ဝ၁-၂၄၃၅၅ဝ၊ ဝ၁-၃၈၂၉၈၉၊ ဝ၁-၃၈၂၉၉ဝ၊ ဝ၁-၆၆ဝ၃၄ဝ တို့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

Credit : YCDC

FTUB နှင့် MITU အဖွဲ့အစည်းနှစ်ခုမှာ သက်ဆိုင်မှုမရှိဟု MITU က အတိအလင်းကြေညာ


မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Fadration of Trade Union Burma) နှင့် မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမားများသမဂ္ဂ (Myanmar Industrial Trade Union) အဖွဲ့နှစ်ဖွဲ့မှာ သက်ဆိုင်မှု တစ်စုံတစ်ရာ လုံးဝမရှိပါ ဟု MITU မှ အထွေထွေအတွင်းရေးမှူး ကိုအောင်သူကဲပြောကြားသည်။

၂၀၁၃ခုနှစ် မတ်လ ၆ရက်မှ စကာ FTUB အဖွဲ့ချုပ်က FTUB ရံပုံငွေအတွက်ဟု ဆိုကာ MITU၏ အဖွဲ့ဝင် အခြေခံသမဂ္ဂများ အမည် ရိုက်နှိပ်ပြီး လှိုင်သာယာတွင် အင်္ကျီများ ဖြန့်ဖြူးရောင်း ချခဲ့ခြင်းအပေါ် MITU က ယင်းကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။ “လှိုင်သာယာမှာဆို ဒီအင်္ကျီတွေက တော်တော်ရောင်းရတယ်။ ဒါက ဝါဒဖြန့်တာဖြစ်တယ်။ ကျွန်တော်တို့ကို သူတို့လက်အောက် ကို ဆွဲသွင်းလိုက်တာပဲ။ ခုလိုမျိုး အသိမပေးဘဲ အင်္ကျီတွေ ရိုက်နှိပ် ရောင်းချခဲ့တဲ့အတွက် ဂျာနယ်တွေကနေ တဆင့် ဒါတွေ ဆက်မ လုပ်ဖို့ ကြေညာသွားမယ်။ ဒီလိုမှ မဟုတ်ဘဲ ဆက်လုပ်နေမယ် ဆိုရင်တော့ တရားဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ယင်းက ဆက်လက် ပြောကြားသည်။

“ယူနီကာလာဟာ FTUB နဲ့ ဘာမှ မပတ်သတ်ပါဘူး။ ကျွန်တော် တို့က MITU ရဲ့ လက်အောက်က အခြေခံ သမဂ္ဂတစ်ခု ဖြစ်ပါတယ်။ နောင်လည်း MITU နဲ့ပဲ အလုပ် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ယူနီကာလာ အခြေခံသမဂ္ဂအဖွဲ့က ပြောကြားသည်။ယင်းကဲ့သို့ ရိုက်နှိပ် ရောင်းချခဲ့သည့် အင်္ကျီများပေါ်တွင် ယူနီကာလာ ဗလာ စာအုပ်၊ မြန်မာမဏ္ဍိုင် ပလပ်စတစ် စသည့် အခြေခံသမဂ္ဂ အမည် နှစ်ခုကို ရိုက်နှိပ်ဖော်ပြခဲ့ကြောင်း၊ ၄င်းအဖွဲ့အစည်းများမှာ FTUB ၏ လက်အောက်ခံ အဖွဲ့အစည်းများ မဟုတ်ကြောင်း၊ အမည်များကို အသိမပေးဘဲ ဖော်ပြခဲ့ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း သိရှိရသည်။

“ကျွန်မတို့က အခြေခံ အလုပ်သမား စစ်စစ်တွေ ဖြစ်တယ်။ ဒီအဖွဲ့ကို လည်း လက်ရှိ လုပ်ငန်းခွင် ထဲမှာ ခေါင်းဆောင်နေတဲ့သူတွေကို စု စည်းပြီး ဖွဲ့စည်းထားတာ ဖြစ်တယ်။ MITU ဆိုတာလည်း အခြေခံ သမဂ္ဂတွေထဲက ခေါင်းဆောင်တစ်ဦးစီကို ပြန်ပြီးစုစည်းထားတဲ့ အဖွဲ့ဖြစ်တယ်” ဟု ယင်းသမဂ္ဂမှ ဒုဥက္ကဌ ဦးမျိုးသိန်းက ပြောကြား သည်။

ယင်းသမဂ္ဂကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၉ တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယင်းလက်အောက်တွင် အခြေခံ သမဂ္ဂပေါင်း ၂၀ကျော် ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ အခြေခံသမဂ္ဂများတွင် စားသောက်ကုန်၊ လူသုံးကုန်၊ ကုန်တင်ကုန်ချ၊ ရေလုပ်သား၊ စင်္ကာပူနှင့် ထိုင်းလေ ကြောင်းလိုင်း စသည်တို့မှ အလုပ်သမားများ ပါဝင်ပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ ထောက်ကြန့်၊ ဒဂုံတောင်ပိုင်း စသည် တို့တွင် ဖွဲ့စည်း ပြီးဖြစ်ကြောင်း သိရသည်။

Credit : Here

လေကြောင်းရန် ကာကွယ်ရေးတပ် ရေဒါစခန်းအဖြစ် အသုံးပြုရန်အတွက် လောင်းလုံကြိုးဝိုင်းတော အတွင်းရှိ မြေ ၂၁၅ ဧကကို ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်

လေကြောင်းရန် ကာကွယ်ရေးတပ် ရေဒါစခန်းအတွက် တပ်ပိုင်မြေအဖြစ် အသုံးပြုရန် တနင်္သာရီတိုင်းဒေ သကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ လောင်းလုံကြိုးဝိုင်းတောအတွင်းရှိ မြေ ၂၁၅ ဧကကို ကြိုးဝိုင်းေ တာမြေ အဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရှိရသည်။

တပ်ပိုင်မြေအဖြစ်အသုံးပြုရန်အတွက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးသည် ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ သစ်တောဥပဒေအရ အပ်နှင်းထား သည့် အခွင့် အာဏာများကို သုံးစွဲလျက် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ လောင်းလုံကြိုးဝိုင်းအတွင်း ကျရောက်နေ သည့် ဧရိယာအကျယ်အ၀န်း ၂၁၅ ဧကကို ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ပန်းတင်အင်းကြိုးဝိုင်းတော တစ်ခုလုံး ဧရိယာ ၁၇၂၈ ဧကအား ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီအမည်ဖြင့် လွှဲပြောင်းပေးနိုင်ရေး အတွက် ကြိုးဝိုင်းတောမြေ အဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ခရိုင် လောင်းလုံမြို့နယ် ရှိ မောင်းမ ကန်ကြိုးပြင် ကာကွယ်တောမှ ဧရိယာ ၄၆၈ ဧကကိုလည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ မှု ကော်မတီအမည်ဖြင့် လွှဲပြောင်းပေးနိုင်ရေးအတွက် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေး ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် သစ်တောရေးရ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။

ref:EMG

Credit : Here

ရန်ကုန် ၉ မြို့နယ် အမည်ပေါက် လျှောက်ထားခြင်း ၀န်ဆောင်မှုလုပ်ငန်း အွန်လိုင်းဖြင့် ၀န်ဆောင်မည်

မြို့ပြစီမံကိန်း နှင့် မြေယာစီမံခန့်ခွဲမှု ဌာနက မတ်လ ၈ ရက်နေမှ စတင်ပြီး မြို့နယ် ၉ မြို့နယ် အမည်ပေါက် လျှောက်ထားခြင်း ၀န်ဆောင်မှု လုပ်ငန်းကို အွန်လိုင်းဖြင့် ဆက်သွယ် ဆောင် ရွက် နိုင်ကြောင်း သိရသည်။ အဆိုပါ ၉ မြို့နယ်မှာ ကျောက်တံတား ၊ စမ်းချောင်း ၊ ကမာရွတ် ၊ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ လှိုင် ၊ ပန်းဘဲတန်း ၊ လသာ နှင့် ဗဟန်း မြို့နယ်တို့ ဖြစ်ပြီး ယင်း မြို့နယ် အတွင်း နေထိုင်သော ပြည်သူများသည် www.ycdc.com.mm ၀က်ဘ်ဆိုဒ် မှတစ်ဆင့် ဆက်သွယ် အသုံးပြု နိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ ဆက်သွယ် အသုံးပြု နိုင်သော ၀န်ဆောင်မှု လုပ်ငန်းများသည် အမည်ပေါက် လျှောက်ထားခြင်း တွင် မိမိတို့ ပိုင်ဆိုင်သော မြေပေါ်တွင် အဆောက်အအုံ အသစ် ဆောက်ခြင်း ၊ အကြီးစား ၊ အသေး စား ပြင်ဆင်ခြင်း ၊ မိမိပိုင်မြေအား ခြံခတ်ခြင်း ၊ ပိုင်ဆိုင်မှု အထောက်အထား များဖြင့် ဘဏ်ချေးငွေ ဆောင် ရွက်ခြင်း စသည့် နောက်ဆက်တွဲ အကျိုးဆက် များကို ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြို့ပြစီမံကိန်း နှင့် မြေယာစီမံခန့်ခွဲမှု ဌာနသည် ပြည်သူများ အခက်အခဲမရှိ စေရေး အတွက် အွန်လိုင်းစနစ် ကျင့်သုံးမည် ဖြစ်သော်လည်း မူလ ဆောင်ရွက် ပေးလျက်ရှိသော အိမ်တိုင်ရာရောက် စနစ်ကိုလည်း ဆက်လက် လုပ်ဆောင် ပေးလျက် ရှိကြောင်း သိရှိရသည်။

Credit : Here

စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ တရုတ်နိုင်ငံ ရွှေလီမြို့ မှာ ကချင်ပြည်နယ်ငြိမ်းချမ်းရေး အတွက် မြန်မာအစိုးရနဲ့ ကချင်တိုင်းရင်းသားအဖွဲ့တို့ကြားက ဆွေးနွေးပွဲအခြေအနေကို ဒေါ်ခင်စိုးဝင်း က ညီညွှတ်သော တိုင်းရင်းသားကောင်စီ UNFC (United Nationalities Federal Council) တွဲဖက်အထွေထွေ အတွင်းရေးမှုးနှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ မတ်လ (၁၁) ရက်နေ့က ကျင်းပပြုလုပ် သွားခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ KIO/KIA အဖွဲ့ ကိုယ်စားလှယ်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO အဖွဲ့ရဲ့  ဖိတ်ကြားချက်နဲ့ လေ့လာသူအဖြစ်နဲ့ သက်သေအဖြစ် တက်ရောက်ခဲ့တဲ့ UNFC ညီညွှတ်သော တိုင်းရင်းသားကောင်စီ ဖယ်ဒရယ်ကောင်စီရဲ့  တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ရွှေလီမြို့ မှာ ကျမ တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အိမ်ရှင်တရုတ်နိုင်ငံရဲ့  ဝင်ရောက်စွက်ဖက်မှုကြောင့် ပူးတွဲကြေညာချက်ထုတ်တဲ့နေရာမှာ ကြန့်ကြာခဲ့ရတယ်လို့ ကြားသိရပါတယ်။ တရုတ်နိုင်ငံရဲ့  ကိုယ်စားလှယ်က ဘယ်လိုများ ပါဝင် ပတ်သက်ခဲ့လို့ပါသလဲရှင်။

ခွန်ဥက္ကာ ။ ။ မကြိုက်ဘူး။ တချို့ စာလုံးတွေ ပြင်ပေးပါ။ တချို့  စာလုံးတွေ ဘာဖြစ်သင့်တယ်ဆိုပြီးတော့ ဝင်ရောက်အကြံပေးတယ်။ ရိုးရိုးပြောရင်တော့။ ဒါပေမဲ့ စွက်ဖက်တဲ့သဘောမျိုး - intervene များတဲ့အခါကြတော့ အဲဒီအပေါ်မှာ နှစ်ဖက်စလုံးတော့ သိပ်စိတ်မကောင်းကြဘူး။ သို့သော်လဲပဲ တချို့ ကိစ္စတွေမှာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်၊ ကိုယ်ဟာကိုယ် သဘောတူ လုပ်ရမယ့်ဟာတွေကရှိတယ်။ ဒါကြောင့် ကျနော်တို့က ဒါဆိုရင် ဒီအိမ်ရှင်မှာတော့ လာမိပြီးဆိုတော့ ပြင်ပေးလိုက်။ တချို့ စကားလုံးတွေ၊ တချို့ ထွက်လာတဲ့ဟာတွေ။ သို့သော် ကိုယ့်အထဲမှာ တကယ်ရရှိတဲ့ဟာတွေကိုတော့ ဆက်ကိုင်ထား၊ အလုပ်ဆက်လုပ် အဲဒီလိုပဲ။ ဒါကြောင့် အခုထွက်ထားတဲ့ just statement အထဲမှာ မပါတဲ့ တချို့ အရေးကြီးတဲ့အချက်တွေကို ကျနော်တို့က အလုပ်ဆက်လုပ်ဖို့တော့ ချန်ထားလိုက်မယ်။ ဒါက အိမ်ရှင်ပြဿနာ၊ အကြံပေးတဲ့အတွက် ကျနော်တို့က လုပ်လိုက်တယ်။ ဒါကြောင့် statement ထဲမှာမပါဘဲနဲ့ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း အတူလုပ်ရမယ့်အလုပ်တွေကို ကျနော်တို့ ဆက်လုပ်သွားမယ့် သဘောတော့ ကျနော် တွေ့ရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလို သူများနိုင်ငံမှာလာပြီး ဆွေးနွေးတဲ့အခါကြတော့ အိမ်ရှင်ရဲ့  စွက်ဖက်မှု ခံရတာပေါ့။ အဲဒီတော့ ကိုယ့်ရဲ့ ပြည်တွင်းမှာပဲ တဖတ်နဲ့တဖတ် နားလည်းမှုတွေ၊ ယုံကြည်မှုတွေနဲ့ မျက်နှာချင်းဆိုင်ပြီးတော့ ဆွေးနွေးမှုတွေ မဖြစ်နိုင်ဘူးလားရှင်။

ခွန်ဥက္ကာ ။ ။ ခေါ်တယ်လို့ ပြောတာနဲ့ ကျနော်တို့က legal protection ကို တင်မှာပဲ။ ချင်းမိုင်မှာလည်း ကျနော်တို့ တင်ခဲ့ဘူးတယ်။ Legal protection လုပ်ပါ။ အဲဒါ မလုပ်ရင် ကျနော်တို့ အဲဒါကို လုပ်လို့မရဘူး။ International မှာ ကြည့်လို့ရှိရင် ပြည်တွင်းမှာ legal protection မလုပ်နိုင်ရင် ပြည်ပမှာပဲ တွေ့ကြတယ်။ ကျနော်တို့ Philippines ပွဲဆိုရင်လည်း မလေးရှားမှာပဲ ဆွေးနွေးတယ်။ အင်ဒိုနီးရှားပွဲဆိုရင်လည်း ကမ္ဘာ လှည့်ပြီးတော့ ဆွေးနွေးတယ်။ သီရိလင်္ကာမှာလည်း ခြောက်ခါလောက် ဆွေးနွေးတယ်။ အဲဒါ လည်း နိုင်ငံခြားမှာပဲ ဆွေးနွေးတယ်။ သူ့ပြည်တွင်းမှာ မဆွေးနွေးဘူး။ ပြည်တွင်းဆွေးနွေးခြင်းအားဖြင့် ဖိအား၊ indirect သို့မဟုတ် direct ဖိအားရှိနေတော့ အဲဒီ ဖိအားအောက်မှာ ဆွေးနွေးတာလည်း လွတ်လပ်တဲ့သဘောထားကတော့ ပြောင်းလဲလာမှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်တဲ့၊ မှီခိုကင်း တဲ့ နေရာမှာ ဆွေးနွေးခြင်းက ထွက်လာတဲ့ သဘောတူညီချက်တွေက ပိုပြီးတော့ စစ်စစ်မှန်မှန်၊ တရားမျှတမှု ရှိတယ်လို့ အဲဒီလို ကျနော် သုံးသပ်တယ်။ အဲဒါကြောင့် venue လို့ခေါ်တဲ့ ဆွေးနွေး တဲ့နေရာလည်း အင်မတန် အရေးကြီးတယ်။ ပြည်တွင်းကို မပြောသေးတာ အဲဒါကြောင့်။

ဒေါ်ခင်စိုးဝင်း ။ ။ တရုတ်နိုင်ငံရဲ့  အခန်းကဏ္ဍကတော့ နယ်နိမိတ်ချင်းလည်း ထိဆက်နေတဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်ဆိုတော့ တိုက်ရိုက်ပတ်သက်တယ်လို့ ပြောလို့ရပါတယ်။ နောက် EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့  - ဥပမာ နော်ဝေ၊ ဂျပန်နိုင်ငံ။ အဲဒီနိုင်ငံတွေက လည်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရန်ပုံငွေတွေနဲ့ ပံ့ပိုးနေတာကို တွေ့ရပါတယ်။ UNFC ကိုရော အဲဒီလိုမျိုး ပံ့ပိုးပေးတာ ရှိပါသလားရှင်။

ခွန်ဥက္ကာ ။ ။ ကျနော်တို့အနေနဲ့တော့ လောလောဆယ် တရားဝင်။ ကျနော်တို့ UNFC နဲ့ MOU လက်မှတ်ထိုးပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာ ဂျပန် ရှိတယ်။ Nippon Foundation ကတော့ ကျနော်တို့ရဲ့  လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ထိုးထားတဲ့ ဒီတဖွဲ့တော့ ရှိပါတယ်။ ဒီတဖွဲ့ကတော့ ကျနော်တို့ အစည်းအဝေးတွေ၊ ခရီးစဉ်တွေ၊ တိုင်ပင်နှီးနှောတာတွေကိုတော့ အကူအညီပေးနေပါတယ်။ သို့တည်းမဟုတ် ဂျပန်ကို ဖိတ်ခေါ်ပြီးတော့ အစည်းအဝေး လုပ်ဖို့ပေးနိုင်ပါတယ်။ သို့သော် ကျနော်တို့ ကြည့်သလောက်တော့ နော်ဝေတို့၊ တခြား Europe က အထောက်အပံ့တွေကတော့ မြန်မာ Peace Center ကို အဓိကထားပြီးတော့ သွားတယ်လို့ သိရတယ်။ သို့သော်လည်း အခုအချိန်အထိ ယုံကြည်စိတ်ချရမယ့် အခြေအနေမျိုး၊ ကတိပေးထားတဲ့အတိုင်း ကူညီပေးထားမယ့် amount အရေအတွက်ကို ကူညီတာတော့ တခါမှ မရှိသေးဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာကနေ အခုလိုမျိုး မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ရန်ပုံငွေတွေ ပံ့ပိုးပေးနေတယ်ဆိုတော့ လောလောဆယ် မြန်မာအစိုးရအနေနဲ့က ဘယ်လောက်အတိုင်းအတာအထိ ရန်ပုံငွေတွေ ခွဲဝေချထားပေးတယ်လို့ သိရပါသလဲရှင့်။

ခွန်ဥက္ကာ ။ ။ နေပြည်တော်အစိုးရဘက်က တပြားမှ မထုတ်ဘူး။ သူ့ရဲ့  budget တခုလုံးမှာ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် budget ဘယ်လောက်ရာထားတယ်ဆိုတာ မရှိဘူး။ ဒါကို သူတို့ကိုယ်တိုင်လည်း ဝန်ခံတာမရှိဘူး။ ဒါကြောင့် သမ္မတကြီးက ငြိမ်းချမ်းရေး တကယ်လိုချင်တယ်။ တကယ့် ငြိမ်းချမ်းချင်တယ် ပုဂ္ဂိုလ်ကြီးပါ။ ဒီမှာလည်း တပ်မတော်အရာရှိကြီးတွေ ပြောတယ်။ တပ်မတော်လည်း ငြိမ်းချမ်းရေး အင်မတန်လိုချင်တယ်။ အဲဒီ ပြောဆိုချက်ကို အထောက်အကူဖြစ်တဲ့ဟာက နိုင်ငံတော် budget ချပေးရမှာပေါ့။ နိုင်ငံတော်က budget မရှိဘဲနဲ့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်။ နိုင်ငံတကာ budget နဲ့ပဲ ငြိမ်းချမ်းရေးလုပ်မှာ။ ပြောတော့လည်း ငြိမ်းချမ်းရေးက ပြည်တွင်းပြဿနာ၊ ညီအကိုတွေ ရန်ဖြစ်တယ်။ စရိတ်က အထဲက မထုတ်ဘဲနဲ့ အပြင်ကပဲ မျှော်လင့်တယ်။ အပြင်ကထဲတဲ့ လူတွေက သူလည်းပါချင်တာပေါ့။ သူကူညီပေးရင် သူလည်းပါချင်တာပေါ့။ ဒီမှာလိုပေါ့ အကယ်လို့ ကျနော်တို့ကို အကူအညီပေး၊ နေရာထိုင်ခင်းပေးရင် သူလည်းပါချင်တာပေါ့။ ဒါက သူထုံစံ။ ဒါကြောင့် ပြည်တွင်းမှာလည်း လုပ်ချင်တယ်။ Budget လည်း လုံလုံလောက်လောက် ရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဘယ်သူ့စွက်ဖက်မှုကို မခံဘဲနဲ့ လုပ်လို့ရတယ်။ အခုတော့ budget လုံးဝမထည့်ဘူးဆိုတော့ အဲဒါလည်း တော်တော်စဉ်းစားစရာပါ။ ဘာကြောင့်လဲ နိုင်ငံတော် budget မထုတ်သလဲ ဒီကိစ္စမှာ။ အဲဒါလဲ စဉ်းစားစရာ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေကရော မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ သုံးသပ်လို့ ရပါသလဲရှင့်။

ခွန်ဥက္ကာ ။ ။ အင်ဒိုနီးရှားနိုင်ငံတနိုင်ငံတော့ ရှိမယ်။ ကျနော်တို့ကိုလည်း ဖိတ်ပါတယ်။ အင်ဒိုနီးရှားအစိုးရက ဖိတ်တယ်။ သူတို့ဆီမှာ အစည်းအဝေးလာလုပ်ဖို့။ သူတို့လည်း နေရာပေးပါတယ်။ သို့သော် အပြင်ကိုထွက်ဖို့ သိပ်စိုးရိမ်တယ်။ ပြည်တွင်းခေါင်းဆောင်တွေက အပြင်ကို မထွက်ချင်ဘူး။ အပြင်ကို ထွက်လို့ရှိရင် ပြည်တွင်းမှာ ရထားတဲ့အရှိန်အဝါ လျော့သွားမှာကို ကြောက်တယ်။ အပြင်ရောက် ရင် ပြည်တွင်းမှာ အရှိန်နဲ့အဝါနဲ့ တိုင်းမှူး၊ ဗိုလ်ချုပ်ကြီးအရှိန်ရှိတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဒီဆွေးနွေးပွဲမှာ MPC – Myanmar Peace Center မြန်မာ့ငြိမ်းချမ်းရေးစင်တာက ကိုယ်စားလှယ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီ MPC ရဲ့  အခန်းကဏ္ဍနဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ UNFC အနေနဲ့ အားရကျေနပ်မှု ရှိပါသလား။

ခွန်ဥက္ကာ ။ ။ သူတို့ရဲ့  တရားဝင်မှုက တဝက်တပျက်ပဲ။ တိုင်းပြည်တပြည်ရဲ့  တရားဝင်လမ်းကြောင်းပြောရင် လွှတ်တော်ကိုဖြတ်ရတယ်။ စုံစမ်းရေးကော်မရှင်တခု - ဘာလေးပဲပြောပြော အစိုးရကဖွဲ့တဲ့ ကော်မရှင် တရပ်က၊ အစုအဖွဲ့တရပ်က သူ့ရဲ့  လုပ်ပိုင်ခွင့်နဲ့ သူ့ရဲ့  လွှတ်တော်ကို တင်တယ်။ ပြဌာန်းဥပဒေ အနေနဲ့တင်တော့ လွှတ်တော်က အတည်ပြုလိုက်ရင် ပိုခိုင်တယ်။ အခု MPC law ကို ကျနော်ကြည့်တော့ သမ္မတကြီးရဲ့  အထူး ဒီဂရီ အထူးအမိန့်နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ ဦးအောင်မင်းပါတဲ့ ဝန်ကြီး (၉) ပါးပါတဲ့ ကြီးကြပ်ဖို့၊ အဲဒီအောက်မှာ ဝန်ထမ်းတွေခန့်တယ်။ ဒါရိုက်တာတွေ ခန့်တယ်။ အားလုံးက လခစားဝန်ထမ်းတွေ ဖြစ်တယ်။ အဲဒီလစာ လည်ပတ်စရိတ်တွေကိုတော့ နော်ဝေ က ပေးတယ်။ အဲဒီ လိုင်းလောက် မှာပဲ ရှိတယ်။

လွှတ်တော်က အတည်ပြုထားတဲ့ အစုအဖွဲ့မဟုတ်သေးဘူး။ လွှတ်တော်သည်ပင် အခုထိတိုင် MPC ကို မေးခွန်းထုတ်နေတယ်။ MPC က ဘာလဲပေါ့။ လွှတ်တော်က အဲဒီလို မေးခွန်းထုတ်နေတော့ တပ်က ပိုဆိုးတာပေါ့။ တပ်က MPC ဘာလုပ်နေသလဲ။ တို့တပ်ကိစ္စ ဘာဝင်ပြောသလဲ။ သူတို့တပ်တွေ ဆုတ်တယ်တက်တယ်ဆိုတာကို MPC က ဝေဖန်မိရင် MPC ကိုပါ တပ်ကစိတ်ဆိုးတာ။ ဘာဖြစ် လို့လဲဆိုတော့ MPC က တပ်မတော် နဲ့ လွှတ်တော်ကို သူကပြန် challenge လုပ်နေတာ။ သူတို့က အစိုးရ တခုတည်း၊ သမ္မတကြီးတယောက်တည်းရဲ့  ဝိတ်နဲ့ သွားနေတာ။ Run နေတဲ့အခါကြတော့ ပထမပိုင်း မှာတော့ သူက အကျိုးဆောင်၊ ကြားနေ ဟိုဖက်လည်းမပါဘူး၊ ဒီဖက်လည်းမပါဘူး။ ကြားနေ အကျိုးဆောင်။ အဲဒီလိုမျိုး ပြထားတယ်။ … International, observers တို့ကိုပြထားတယ်။ လုပ်ရင် လုပ်ရင်နဲ့ မပြနိုင်တော့ဘူး။ မပြနိုင်တော့ ဘက်တဖက်ပါသွားတယ်။ ပါသွားတယ်ဆိုတော့ အခုဆိုရင် MPC ဆိုရင် ကရင်တောင် သူတို့အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် အကုန်လုံး ထည့်လိုက်တယ်။ တဖတ်ကိုပဲ ပြောရတော့မယ်။ အရင်တုန်းက တဖတ်ကမဟုတ်ဘူး။ ကြားမှာနေသလိုလို လုပ်နေတယ်။ အခုတော့ ရှင်းသွားတယ်။ MPC ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် တရားဝင်နံမည်ထည့်ထားတယ်။ MPC က လူတွေအားလုံး ထည့်ထားတယ်။ ထည့်လိုက်တော့ အခုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရအဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ်။

ဒေါ်ခင်စိုးဝင်း ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ကြတယ်။ ဆွေးနွေးပွဲတွေပြီးတော့ ပူးတွဲကြေညာချက်တွေ ထုတ်တယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီကြတယ် စသဖြင့်။ အဲဒီ ဆွေးနွေးပွဲတွေလည်း ပြီးသွားရော ကရင်ပြည်နယ်မှာ တိုက်နေပြန်ပြီ၊ ကချင်ပြည်နယ်မှာ စစ်ရှိန်တွေမြှင့်ပြီးတော့ စစ်အင်အားတွေ တိုးချဲ့ နေတယ်လို့ ကြားနေရပြန်ပြီ၊ နောက် ရှမ်းနဲ့လည်း တိုက်နေတုန်းပဲဆိုတဲ့ သတင်းတွေက လူထုကြား မှာ ပြန့်နှံနေတာပါ။ အဲဒီတော့ ဒီသဘောတူညီမှုတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံအရ နည်းနည်းလောက် ရှင်းပြပေးပါလား။

ခွန်ဥက္ကာ ။ ။ ပမာဏဆိုပြီး လုပ်လိုက်ရင်လည်း ပမာဏလို့ လူတွေက သိတာမဟုတ်ဘူး။ ကေအိုင်အို လက်မှတ်ထိုးလိုက်တာနဲ့ ငြိမ်းချမ်းရေးရသွားပြီ။ တောင်ပိုင်းလည်းရပြီ၊ မြောက်ပိုင်းလည်းရပြီ။ Investment တွေ လာလို့ သွားဖိတ်လိုက်တာ။ အဲဒါကို လိုချင်တာ။ အဲဒီတော့ agreement အဆင့်ကို ဟိုဘက်ကတော့ တော်တော်တောင်းတယ်။ ကေအိုင်အို က မပေးနိုင်တာက agreement ကို တည့်တည့် မဟုတ်ဘဲနဲ့ အလွဲသုံးစား လုပ်သွားရင် မကောင်းဘူးလို့ အဲဒီလိုမြင်တယ်။ ဒါကြောင့် တကယ့်ကို ယုံကြည် စိတ်ချရတဲ့ အပစ်အခတ်ရပ်စဲရေးအဆင့် ရောက်သွားမယ်ဆိုရင် (၁) စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေး ပွဲ ပေါ်လာရင်တော့ ဒီ agreement က မခက်ဘူး။ ဟိုဟာတွေကို လက်ဆုတ်လက်ကိုင် မပြနိုင်သေးဘဲနဲ့ agreement ပဲဆိုရင် ဒီမှာပဲ အနိုင်ပိုင်းပြီးတော့ ဟိုဘက်ကို မသွားဘူးကွာ။ အဲဒီလို နေလိုက်မှာကိုလည်း စိုးရိမ်တယ်။

တကယ်ပဲ ၁၇ နှစ် နေခဲ့တာပဲ။ ဟိုအရင်တုန်းက ချုပ်ထားတာတောင် မဖျက်သေးဘူး။ မဖျက်သေးတော့ ဘာကြောင့် ဆက်ထိုးဖို့ လိုသလဲ။ ဒါကို ဆက်မတိုက်ရုံနဲ့ ရပ်သွားတာပဲ။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲ တင်လိုက်။ နိုင်ငံရေးဆွေးနွေးပွဲလိုင်း တကယ်တက်လာမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးက ယုံကြည် စိတ်ချရတဲ့အဆင့် ရောက်သွားမှာပါ။ စားပွဲပေါ် အားလုံး မျက်နှာစုံညီ တွေ့နေကြပြီလေ။ ရင်းရင်းနှီနှီ တဆင့်ပြီးတဆင့် ဒီတိုင်းပြည်အတွက် nation building ပျက်စီးနေတဲ့ဟာ၊ ယိုးယွင်းနေတဲ့ ဟာကို ပြန်လည်ထူးထောင်ဖို့ လုပ်ကြပြီဆိုရင် အဲဒီအချိန်မှာ ဒါဟာ ပစ်တာရပ်တာတော့ နားသွား မှာပဲ။ နောက် nationwide ceasefire လိုဟာမျိုး အစိုးရက ဒိုင်ခံပြီးတော့ လူသိနတ်ကြား ကမ္ဘာသိ ကြေညာလိုက်လည်း သွားတိုက်လို့ မရတော့ဘူး။ အခုကတော့ အဲဒါတွေ မရှိတော့ လိုအပ်လို့ တိုက်သလို။ လိုအပ်လို့ တိုက်တာလည်း ကချင်မှာ နည်းနည်းနားတာနဲ့ ရှမ်းပြည်မြောက်ပိုင်းကို သွားတိုက်တယ်။ ရှမ်းပြည်မြောက်ပိုင်းကို တိုက်ဖို့ လူ ရှစ်ထောင် ပို့ထားတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

Credit : Here

ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး၏ လက်အောက်ဝန်းထမ်းမျာကို မတရားဖိနှိပ်ခိုင်းစေမှု


ဟင်္သာတ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဇော်၏ လက်အောက်ဝန်ထမ်း များအားလုံးကို မတရားဖိနှိပ် ခိုင်းစေမှုကို အထက်လူကြီးများ သိစေရန်နှင့် မှန်မှန်ကန်ကန် လာစစ်တဲ့ အဖွဲ့ကို လွှတ်ပေးပါ။

ကိုယ်ကျောင်း သိက္ခာ ကျမှာစိုးလို့ မတိုင်ချင်သော်လည်း ဒေါ်ဝင်းဝင်းဇော်သည် ဆရာ။ ဆရာမများနှင့် ၀န်ထမ်းများအပေါ် အမြင်မကြည် လင်ရင်တစ်မျိုး ဆက်ဆံတယ်။နိမ့်ချ ပြောဆိုဆက်ဆံတယ်။ ရိုင်းပြစွာ လူလယ်ခေါင်မှာပြောဆိုဆက်ဆံတယ်။

တာဝန်ချိန်ထက် တစ်နာရီစောပြီး ကျောင်းကိုလာရတယ်။ အလှည့်ကျ ဆရာ ဆရာမများနှင့် ရုံးဝန်ထမ်းများ အား သူ၏သမီး ကျောင်ကြိုပို့ လုပ်ငန်းအား အလှည့်ကျလုပ်ပေးရတယ်။ သူအိမ်က ပန်းကန်က အစ ဆေးပေးရတယ်။

ရုံတက်ချိန် မနက် 93း0 မှ ည 43း0 ပြီးဆုံးသော်လည်း ကျောင်းအလုပ်မဟုတ်ဘဲ သူအိမ်အလုပ်တွေ သူခိုင်းတာတွေကို မပြီးမချင်း လုပ်နေရပြီး ညနေ 6း00 နာရီကျော်မှ ပြန်ရတယ်။ ၂၀၁၂ ခုနှစ်က သိပ္ပံနှင့် နည်းပညာဌာနသို့ တရားဝင်တိုင်ကြားခဲကသော်လည်း၊ လာစစ်တဲ့အဖွဲ့ထဲက အဓိကလူတွေ ဖြစ်သော ဒေါ်ခင်မှတ် (စီမံ) နှင့် ဒေါ်နွယ်နတို့နှစ်ဦးကို တန်းဘိုးကြီးပစ္စည်းများ ပေးပြီး လာဘ် ထိုးသောကြောင့် ဒီအတိုင်းဘဲ ပြီးသွားခဲ့ပါတယ်။တိုင်းကြားတဲ့ အကြောင်းအရာတွေအားလုံး မှန် ကန်နေသော်လည်း မည်သိုမျှအရေးယူဆောင်ရွက်ခြင်းမရှိပါဘူး ။ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ် ၀င်းဝင်းဇော်၏ ဆရာ။ဆရာမများ နှင့်ဝန်ထမ်းအပေါ် မတရား ခိုင်းနေတဲ့အတွက်ကြောင့် အထက်က တာဝန် ရှိသူများသိစေရန် တင်ပြလိုက်ပါတယ် ။

Credit : Here

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား???


"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ.
အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."

ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏ အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမ တစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင် ပေါ်တွင်လည်း ပြန့်ကျဲ ကျလျှက်....ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်.... နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးချော့ကျွေး၍ သား၏ ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်အပြစ်တင် မဆုံး ဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့.... သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော် ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိရေညှိများဖြင့် ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ် ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...

ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်... သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီ လိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့.... သားလက်သည်းခြေသည်းလေးတွေကို တပတ် တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ... တခါတရံ အသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင် ကိုဗလောင် ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့..... ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ် တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလား သားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏ စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....

ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်း သူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန် ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကို အလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များက သားကိုယ်စားအဖြေပေးခဲ့သည်....

သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ " ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်.... မိမိ အတွက် သားမေး တိုင်း ကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသော ပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာ အမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကို ကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...

သားကို ဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျား မှ ထွက်ကျ လာသည့် " ဒီလောက်စာလုံးကြီးကြီး နဲ့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည် မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....

သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်... သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရား စာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲ နားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသော သူမ၏ မျက်လုံး အစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...

မိမိ၏ လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏ နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့... ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘ၀လို သူတစ်ပါး အကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....

အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှ မွေးဖွားခဲ့သော တစ်ဦးတည်းသော သားလေး ဖြစ်စေ ချင်သည်ကို သားမေ့နေခဲ့သည်.... ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...

သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..

သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏ နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသော ဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....

သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏စိတ်ကူးနှင့် လွန်စွာခြားနားလှ သည်....မိမိ ရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူး ဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေး ကို ပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲ သို့ ပေါက်ခနဲ...................

"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"

Credit : Here

စာကြွင်း၊ ``မိဘများကို မသေခင်ကလုပ်ကျွေးပါ။ သေမှငိုမနေပါနှင့်´´

“ထိုင်းဘုရင်ဂူ အမှန်ဆိုတာကို တင်ပြပေးရုံ သက်သက်ပါပဲ”


ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း၏ အင်းဝသို့ ခေါ်ဆောင်လာခြင်းခံရသော ထိုင်းနိုင်ငံ အယုဒ္ဓယ ဘုရင်ဟောင်း ကျောက်ဘွားဒေါက် မဒူးဝါး(ခ) သဖန်းပွင့်မင်းသားဘွဲ့ခံ မင်းသားကြီး ဥတွန်ပုံ ၏ အုတ်ဂူဟု ယူ ဆရသည့် အမရပူရ တောင်သမန်အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ စေတီပုံ သချိင်္ိုင်းဂူကို ယခုအခါ ထိုင်းနိုင်ငံမှ ရှေးဟောင်းသုတေသီများ နှင့် သမိုင်းပညာရှင်များက အထောက် အထားနှင့် တကွ လာ ရောက် တိုက်ဆိုင် စစ်ဆေး တူးဖော်လျက်ရှိပါသည်။

အဆိုပါ အုတ်ဂူအား တူးဖော်မှု အခြေအနေနှင့် ပတ်သက်၍ တူးဖော်ရေးတွင် ဦးဆောင်သည့် ပြင်ပ ထိုင်း သမိုင်းပညာရှင် မစ္စတာ မစ်ကီဟတ်(Mr. Mickey Heart)ကို ဧရာဝတီ သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်း ထားပါသည်။

မေး။ ။ ထိုင်းဘုရင် အုတ်ဂူကို တူးဖော်စစ်ဆေးနေတဲ့ အခြေအနေလေး သိပါရစေ။

ဖြေ။ ။ ထိုင်းဘုရင့်အုတ်ဂူလို့ ယူဆရတဲ့ စေတီကို ထိပ်ကနေ ၂ပေခွဲ အကျယ် ဖောက်ပြီး အုတ်တွေကို လွှာလွှာယူလာတာ ၁ မီတာ ခွဲလောက်ရောက်တဲ့အခါ ဌာပနာ တိုက်လို့ ယူဆရတဲ့ နေရာကို တွေ့ရတယ်။ အဲဒါကြောင့် တူးဖော်မှုကို ရပ်ထားတယ်၊ တခြား သက်သေခံ အထောက်အထား ရမယ် ဆိုရင်တော့ ဌာပနာတိုက်ကို မဖွင့်ဘူး။ ဖွင့်မယ် ဆိုရင် နှစ်ဘက်အစိုးရ တာဝန်ရှိသူတွေ၊ ပညာရှင်တွေ ညှိနှိုင်းပြီး ဘယ်လိုဖွင့်မယ် ဆိုတာ တိုင်ပင်ရမယ်၊ သက်သေထားရမယ်၊ မှတ်တမ်းတင်တာတွေ လုပ်ရမယ်။ အဲဒီ အတွက် တူးဖော်မှု ရပ်ဆိုင်းထားတယ်။

အခုလောလောဆယ်တော့ စေတီကြီး ပရ၀ုဏ်တလျှောက်ကိုပဲ ဖော်နေတယ်။ ရှေ့တပတ်လောက်ဆို တိကျတဲ့ အဖြေတခုပေးနိုင် မှာပါ။

လတ်တလော အခြေအနေကတော့ စေတီကြီးရဲ့ လေးဘက်လေးတန်မှာ တံခွန်တိုင်လို မုခ်ဦးတိုင်လိုမျိုး တိုင်လေးတိုင်ကို တွေ့ရ တယ်၊ စေတီရဲ့အရှေ့ဘက် အောက်ခြေမှာ ဟိုတုန်းကဖောက် ထားတယ်လို့ ယူဆရတဲ့ အကျယ် ၄ ပေ ပတ်လည်ရှိတဲ့ လူ တယောက် ကောင်းကောင်း ထိုင်ပြီးအလုပ်လုပ်နိုင်တဲ့ အပေါက် တပေါက်တွေ့တယ်။ တခုခုကို တူးရှာထားတဲ့ လက္ခဏာပဲ၊ ဒါပေ မယ့် ဘာမှရသွားဟန် မတူဘူး။

မေး။ ။ အခု ထိုင်း ရှေးဟောင်းပညာရှင်တွေနဲ့ အတူ မြန်မာပြည်က ဘယ်သူတွေတွဲဖက် အလုပ် လုပ်နေပါသလဲ။

ဖြေ။ ။ မြန်မာအစိုးရ ရှေးဟောင်းသုတေသန ဌာနက ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပူးပေါင်း လုပ်ဆောင်နေပါတယ်။ လောလောဆယ်တော့ မန္တလေးမြို့ခံ ပြင်ပသမိုင်းပညာရှင်တွေတော့ မပါသေး ပါဘူး၊ ဖိတ်ခေါ်ထားတယ်၊ မည်သူမဆို လာရောက် နိုင်ပါတယ်၊ တမ္မ၀တီ ဦးဝင်းမောင် တို့လည်း လာမယ်ပြောပါတယ်။

မေး။ ။ ထိုင်း ရှေးဟောင်း သုတေသနပညာရှင်တွေ အနေနဲ့ အရင်ကရော တူးဖော်ဖူးတဲ့ အတွေ့အကြုံ ရှိပါသလား။

ဖြေ။ ။ အယုဒ္ဓယ ရှေးဟောင်းမြို့ကို တူးဖော်ဖူးပြီး ထိန်းသိမ်းစောင့်ရှောက်ဖူးတဲ့ ထိုင်းပညာရှင်တွေပါ ပါတယ်။

မေး။ ။ ထိုင်း ပညာရှင်တွေအနေနဲ့ ရော မန္တလေး၊ အင်းဝ တ၀ိုက်မှာ နေထိုင်တဲ့ ယိုးဒယား အနွယ်ဝင် မျိုးဆက်တွေကို သွားရောက် တွေ့ဆုံပါသေးလား။
ဖြေ။ ။ သွားတွေ့ဖြစ်ပါတယ်၊ ပြောရရင်တော့ အနေတွေကြာခဲ့ပြီ ဆိုတော့ အဖေအမေ၊ အဘိုး အဘွား ပြောခဲ့လို့ အရိပ် အယောင် လောက်ပဲ သိတဲ့သူ ရှိသလို၊ လုံးဝ မသိတော့တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်၊ နောက်ဆုံး ပေးနိုင်တဲ့ အထောက် အထား ကတော့ မုန့်တီစုက သဲပုံစေတီကျောက်စာပဲ ရှိတော့တယ်။ ကျောက်စာအရတော့ ယိုးဒယားဘုရင်ကြီးဟာ ပေါင်းလည်း ကျောင်း တိုက်မှာ ကျောင်းထိုင် တယ်ဆိုတာပဲ သူတို့လည်း ပြောနိုင်တော့တယ်။ တခြားသော ခေတ်ပြိုင်အထောက်အထားတော့ မတွေ့ရ ပါဘူး။

မေး။ ။ ဒီလို တူးဖော်ရှာဖွေတဲ့ နေရာမှာ ဘယ်သမိုင်း အထောက်အထားကို ကိုးကား ကိုင်စွဲပြီးတော့ တူးဖော်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ အချက် ၃ ချက်ကို ကိုးကားတယ်၊ ပထမ မြန်မာ ရာဇအနွယ်ဝင် ယိုးဒယား လူမျိုး မင်းသားကြီး ဦးမောင်မောင်တင် ရဲ့ နန်းတွင်း မှတ်တမ်းတွေထဲက ထုတ်နုတ်ရေးသားတဲ့ ကုန်းဘောင်ဆက် မဟာရာဇ၀င်ကို ကိုးကားတယ်၊ ဒုတိယ လန်ဒန်မြို့ ကော်မွန်းဝဲလ် ပြတိုက်မှာ ရှိတဲ့ မင်းတုန်းလက်ထက်က ရေးသားတော်မူသော ရုပ်စုံပရပိုဒ်၊ တတိယကတော့ အမရပူရ ပတ်ဝန်းကျင်က သက်ကြီးရွယ်အိုတွေကို လိုက်မေးတယ်။

သက်ကြီးရွယ်အို အားလုံးက ဒီနေရာဟာ ဘုရင်အုတ်ဂူလို့ ပြောကြတယ်၊ တချို့ကျတော့ ဘုရင် ဆိုတာမသိဘူး၊“ ဦးထုံ” ရဲ့ ဂူလို့ ပြောကြတယ်၊ ဦးထုံဆိုတာ ဘုရင်ကြီးရဲ့ဘွဲ့ ဥတွန်ပုံက ဆင်းသက် လာတယ်လို့ ယူဆတယ်၊ နောက်ပြီးတော့ သမိုင်းပညာရှင် တောင် လေးလုံး ဆရာတော် ဦးပညာကလည်း ဒီနေရာဟာ ယိုးဒယား ဘုရင်ဂူဆိုတာ ငယ်ငယ်ကတည်းက မှတ်မိတယ်လို့ ဆိုတယ်။

စေတီကြီးရဲ့ အုတ်ချပ် သက်တမ်းကို လေ့လာကြည့်တော့လည်း အမရပူရမြို့တည် နန်းတည်ရဲ့ အစော ပိုင်း သက်တမ်းမှာ တည် ဆောက် ထားသလို၊ စေတီကြီးရဲ့ ရှေ့မှာလည်း အမရပူရနဲ့ အင်းဝမြို့ ဆက်သွယ်ထားတဲ့ အုတ်ခင်းမင်းလမ်း အဟောင်းကြီးကို တူးဖော် တွေ့ရပါတယ်။ ဒီတွေ့ရှိချက်တွေအရ ဒီဂူကို တူးဖော်တာပါ။

မေး။ ။ အရိုးအိုးပဲဖြစ်ဖြစ်၊ ရုပ်ကြွင်းပဲဖြစ်ဖြစ် တွေ့မယ်ဆိုရင် ထိုင်းဘုရင်ဆိုတာ မှန်ကန်ကြောင်းဘယ်လို စစ်ဆေးမလဲ။
ဖြေ။ ။ အရှေ့တောင်အာရှရဲ့ ရိုးရာအရ သေသူကို မြှုပ်နှံတဲ့ အခါ အရိုးအိုးမှာ ကမ္ဗည်းထိုးလေ့ ရှိတယ်၊ မြန်မာမှာဆိုလည်း ပျူခေတ်ကတည်းက အရိုးအိုးမှာ နာမည်၊ နန်းသက်၊ သက်တော်ကအစ ကမ္ဗည်းထိုးထားတယ်လေ၊ အမရပူဆိုတာ မြို့တည်နန်းတည် က လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်က ဆိုတော့ ကျနော်တို့ မျှော်လင့်တာက ကမ္ဗည်းထိုးပြီးသား တွေ့မယ်မှန်းတယ်၊ ကမ္ဗည်းမပါဘူး ဆိုရင်တော့ အရိုးပြာကို DNA နဲ့ တိုက်ဆိုင် စစ်ဆေးရပါလိမ့်မယ်။

မေး။ ။ လက်ရှိ တူးဖော်နေတဲ့ အုတ်ဂူက ထိုင်းဘုရင်ရဲ့ အုတ်ဂူသာ စစ်မှန်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ ဘယ်လိုများ ဖြစ်စေ ချင်ပါသလဲ။
ဖြေ။ ။ ဒီဂူသာ စစ်မှန်ခဲ့မယ်ဆိုရင် ကျနော်တို့ အပေါ်မှာ တာဝန် မရှိသလို၊ ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိပါဘူး၊ နှစ်နိုင်ငံအစိုးရကို ထိုင်းဘုရင်ဂူ အမှန်ဆိုတာကို တင်ပြပေးရုံ သက်သက်ပါပဲ၊ ဘယ်လို ဆက်လုပ် မယ် ဆိုတာကတော့ နှစ်နိုင်ငံအစိုးရ အပေါ်မှာမူတည် ပါတယ်၊ ရှေးဟောင်း သမိုင်းသုတေသီတွေ သဘောထားကတော့ ထိန်းသိမ်းချင်တဲ့ စိတ်ပဲရှိပါတယ်။ မည်သည့် အကြောင်း ကြောင့် ဖြစ်စေ ဖြိုဖျက် ပစ်တာတို့ ပြောင်းရွှေ့ပစ်တာတို့ မလုပ်စေချင်ဘူး၊ လက်လည်းမခံနိုင်ဘူး။ ။

Credit : Here

သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းအား “ ရက္ခဝံသ ရက္ခိတ ” ဆုပေးအပ် ပွဲ အခမ်းအနားကျင်းပ

သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းအား " ရက္ခဝံသ ရက္ခိတ " ဆုပေးအပ်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ စစ်တွေ ဟိုတယ်တွင် ယနေ့တွင် ကျင်းပပြုလုပ်ကြောင်း သတင်းရရှိ သည်။

ရခိုင်အမျိုးသားရေးဖက်မှ သတ္တိရှိရှိနှင့် ရပ်တည်ကာ မိမိတို့ အမျိုးသားရေးအတွက် တစိုက်မက်မက် လုပ်ဆောင်ပေးနေသော ဂျပန်နိုင်ငံ Kan da တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာမှသမိုင်းပညာရှင် ပါမော က္ခဒေါက်တာအေးချမ်းအား ဂုဏ်ပြုသည့် အနေဖြင့် "ရခိုင်မျိုးနွယ်ကိုစောင့်သူ" ဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း ဝံလက်ဖေါင်ဒေးရှင်းမှ ဒါရိုက်တာ အဖွဲ့ဝင် ကိုဇော်ဇော်ထွန်းက ပြောသည်။

သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းအား "ရခိုင်မျိုးနွယ်ကိုစောင့်သူ" ဆုကိုပေးရခြင်းအကြောင်းဖြစ်ပေါ် လာခြင်းကို ဆရာသိန်းထွန်းအေးက ရှင်းပြသည်။

" ပထမတော့ ကျနော်တို့ ၀ံလက်အနေနဲ့ ဆရာကြီးရဲ့ သြ၀ါဒကို ခံယူလိုတယ်ဆိုပြီး ဖိတ်ထားတာဖြစ် တယ်။ နောက် ကျွန်တော်တို့စဉ်းစား တယ်။ ဆရာဟာ အမျိုးသားခေါင်း ဆောင် တစ်ဦးလည်း ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ၀ံလက်ကဆုပေးတာထက် ရခိုင်တမျိုးသားလုံးက ဆုပေးတာ ကောင်းမယ်ဆိုပြီး ရခိုင်စာပေပညာရှင်တွေ သမိုင်းပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆရာဟာ ပ ညာရှင်တစ်ဦးဆိုတာထက် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကိုပါစွန့်ပြီး လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် "ရက္ခ၀ံသ ရက္ခိတ" ဆိုပြီး ပညရှင်ဆုပေးဖို့ ဆုံးဖြတ်ထားတာ ဖြစ် ပါတယ်။ ဒီဆုက ရခိုင်တ မျိုးသားလုံးကပေးတာ ဖြစ်တယ်။ ကျနော်တို့ ၀ံလက်က ကမကထလုပ်ပေးတာ သာဖြစ်ပါတယ်။ " ဟု ဆိုသည်။

အဆိုပါ အခမ်းအနားတွင် ဒေါက်တာအေးချမ်းမှ သမိုင်းဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြေားကြား ခဲ့ကြောင်း သိရသည်။

ထိုရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ရခိုင်ပြည်သူများမှာ ၁၀၀၀ နီးပါးခန့်ရှိပြီး ခန်းမအတွင်း၌ ၃၀၀ ကျော်နှင့် ၄င်းခန်းမတွင် မဆန့်၍ အပြင်တွင် ၅၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆု၏ ပုံသဏ္ဍန်မှာ ဝေသာလီခေတ်က ဒင်္ဂါးပြားကို ရွှေ(၁)ကျပ် ခွဲ ကျော်ဖြင့် ရွှေအတိပြုလုပ်ကာ ၄င်းဒင်္ဂါးပြားကို သဇင်ခတ်များဖြင့် ဝန်းရံထားကြောင်း သိရသည်။

From:News Collection

Credit : Here

သမ္မတ ဦးသိန်းစိန်နှင့် မီဒီယာ များအား အရှက်မရှိ တိုက်ခိုက်နေသော ခွန် ဒီးယမ် အကြောင်းအား အသေးစိတ် ဖော်ပြီ


ခွန်ဒီးယမ်း (ခေါ်) ဒီမိုဖက်တီး...... ကျွန်တော် တတ်နိုင်သလောက် မရေးပါဘူး..... သူ့ရဲ့ ဒုက္ခိတ ဘ၀ကို စာနာတာရယ်၊ တစ်ချိန်မှာတော့ ပြောင်းလဲလာမယ်လို့ ယူဆပြီး ရှောင်ခဲ့တယ်.... ဒါပေမယ့် တဖြည်းဖြည်း နဲ့ ကျွန်တော့်ကို ဘိုင်နိမ်းတတ်ပြီး အညှိုးအတေးကြီးစွာနဲ့ မဟုတ်တာတွေ ရေးတာ များလာတဲ့အတွက် တစ်ခုခုတော့ တုံ့ပြန်သင့်တယ်လို့ မြင်မိတဲ့အတွက် ဒီစာကို ရေးဖြစ်တာပါ.....

တကယ်တော့ ဒီမိုဖက်တီးဆိုတာ ဘယ်သူလည်း အထူးအထွေ ပြောစရာမရှိပါဘူး.... လူအများ သိပီး သားဖြစ်တဲ့ မေဇင်အေးပါပဲ...... သူ့ရဲ့ အညှိုးအတေးကြီးမှုက အခုမှ မဟုတ်ပါဘူး.... အရင်က တည်းက ပါပဲ.... သူ့ ရဲ့ M3WI ကုမ္ပဏီ ကြေငြာကိစ္စနဲ့ ပါတ်သက်ပြီး Weekly Eleven အုပ်စုနဲ့ အကြီးအကျယ် ငြိခဲ့ပါတယ်..... အဲ့ဒိအတွက် အခွင့်သာတိုင်းမှာ ဒီမိုဖက်တီးအကောင့်နဲ့ ကြုံရင်ကြုံသလို အညှိုးတကြီး တိုက် ခိုက်လေ့ ရှိပါတယ်..... ဒီအတွက်လည်း Eleven က ဆတ်ဆတ်ထိမခံတဲ့ အယ်ဒီ တာ ဝေဖြိုးနဲ့ တွေ့ချိန် မှာ ဝေဖြိုးက ဒီမိုဖက်တီးကို တရားစွဲမယ်လို့ ကြေငြာပီးတဲ့နောက်ပိုင်း မှာ တော်တော်လေး ငြိမ်သွားခဲ့ပါတယ်....

ဒီမိုဖက်တီးဟာ ဒေါ်စုရဲ့ သတင်း၊ ဓါတ်ပုံတွေကို အွန်လိုင်းမှာ ဦးဆုံးတင်နိုင်တဲ့လူ တစ်ယောက်အနေနဲ့ ရှိနေတဲ့အတွက်လည်း လူအများစုရဲ့ အားပေးမှုကို ရနေချိန်မှာ အတော်လေး ဘ၀င်မြင့်ပြီး လူအများစုကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလာတဲ့အတွက် မသင့်မတင့်တွေ အတော်များခဲ့သလို၊ လက်လွတ် စပါယ် ပြော ဆိုမှု၊ သူတစ်ပါး တင်ထားတဲ့ စာ၊ ဓါတ်ပုံတွေကို ပေါ်တင်ကူးယူပြီး လုံးဝ ခရက်ဒစ်မပေးခြင်း အစရှိတဲ့ သူခိုးကျင့် သူခိုးကြံတွေ ပြုလုပ်လာတဲ့အတွက် လူအများစုရဲ့ ချဉ်ဖတ်လည်း ဖြစ်ခဲ့ပါတယ်.....

ဒေါ်စု နေအိမ် အကျယ်ချုပ်က လွတ်လာခဲ့ပြီးနောက်ပိုင်း၊ သူမရဲ့ အားနည်းချက်ကို စာနာသွားလို့ ဒေါ်စုမှ အခွင့်အရေး ပေးခဲ့မှုအပေါ် ကောင်းကောင်း အသုံးချခဲ့ပါတယ်... ၂၀၁၂ နှစ်ဆန်းပိုင်း မှာ ဒေါ်စုအိမ်သွား လည်ရင်းနဲ့  ဒေါ်စုက သူ့ လက်တွန်းလှည်းကို တွန်းပေးနေတဲ့ပုံ ကို ဖေ့ဘုတ်မှာတင် ရင်း ဒေါ်စု နဲ့ ပုဂ္ဂိုလ်ရေး အရရင်းနှီးကြောင်းပြပြီး ဒေါ်စုချစ် သူတွေ သူ့ ကိုသတိထားမိအောင် လုပ်ခဲ့ တယ်..... သူ့မွေးနေ့အတွက် ဒေါ်စု ကိတ်မုန့် လက်ဆောင် ပေးခဲ့တာကို တခုတ်တရ ဖေ့ဘွတ်ပေါ်ကို တင်ပီး တဲ့နောက်မှာ တဖြည်းဖြည်းနဲ့ ဒီမိုဖက်တီးဟာ ဒေါ်စုရဲ့ ပြန်ကြားရေး အသွင်ပုံစံမျိုး ပြုလုပ်လာသလို၊ NLD ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်သဖွယ်မျိုး ပြောဆို ဆက်ဆံလာခဲ့ပါတယ်....

အဓိက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင်နဲ့ ကြားဖြတ်အပြီးမှာ ပြည်တွင်း သတင်းထောက်တွေရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေ များလာခဲ့ပြီး ဒေါ်စုရဲ့ ရွေးကောက်ပွဲ မဲဆွယ်ခရီးတွေ အများစုကို သတင်း ဌာနတွေက သတင်းတွေ တက်လာချိန်မှာ ဒီမိုဖက်တီးဟာ သူ့စီက အောင်မြင်မှုဝေစုကို ခွဲဝေယူသွားတဲ့ သတင်းသမားတွေကို အညှိုးအတေးထားပြီး မသိမသာ တိုက်ခိုက်လာခဲ့ပါတယ်...... အထူးသဖြင့် ၎င်းနဲ့ သူတော်ခြင်းခြင်း သတင်းလွေ့လွေ့ ပေါင်းဖြစ်နေတဲ့ အွန်လိုင်းပေါ်က စာရေးဆရာ သွန်းနေစိုးရဲ့ မုဒိမ်းမှုကို 7Day က သတင်းထောက် ဥက္ကာကိုကို တင်ခဲ့တာနဲ့ ပါတ်သက်ပြီး၊ သူနဲ့ အလွမ်းသင့်သူကို မကောင်းသတင်း တင်ရပါ့မလားဆိုပြီး ဒီမိုဖက်တီးနဲ့ သတင်းထောက် ဥက္ကာကိုကိုနဲ့ ငြိခဲ့တယ်..... အဲ့ဒိအချိန်က စပြီးတော့ ဒီမိုဖက်တီးဟာ ဥက္ကာကိုကိုကို တော်တော်လေး ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခဲ့တယ်.......

ဥက္ကာကိုကိုနဲ့ အခြေအတင်ဖြစ်ခဲ့ပြီး မကျေမလည် ဖြစ်နေတဲ့ ဒီမိုဖက်တီးဟာ ကျောက်နီမော် ကိစ္စဖြစ်ချိန် မှာ ရခိုင်လူမျိုး ဥက္ကာကိုကို ကို မကျေနပ်မှုနဲ့ စက်ချုပ်သမလေးကို လော်လီလို့ မုဒိမ်းကျင့်ပီး အသတ်ခံရ တဲ့ ပုံစံမျိုး ရေးလိုက်ချိန်မှာ ရခိုင်အများစုနဲ့ ဒီမိုဖက်တီးနဲ့ ပြဿနာ တက်ခဲ့ပါတယ်..... ရခိုင်ကိစ္စနဲ့ ပါတ်သက်ပြီး သူ့ရဲ့ အရေးအသားကြောင့် ရခိုင်လူမျိုးများ မကျေမနပ်ဖြစ်ခဲ့ရာမှ ဒေါ်စုနှုတ်ဆိပ်နေခဲ့ခြင်းကို အားမလိုအားမရဖြစ်ပြီး ဝေဖန်ခဲ့ခြင်းအပေါ်မှာလည်း ဒီမိုဖက်တီးဟာ မီဒီယာတွေကို ခပ်တည်တည်နဲ့ အပြစ်ပုံချခဲ့ပါတယ်.....

ဒီမိုဖက်တီးရဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်မှုတစ်ခုနဲ့ ဆူပူအောင်ရေးခဲ့ခြင်းရဲ့ အကျိုးရလာဘ်ကတော့ ရခိုင်လူမျိုး အများစုဟာ ဒေါ်စုအပေါ်မှာ အမြင်ကြည်လင်ခဲ့ခြင်း မရှိတော့တာ အခုအချိန်ထိပါပဲ...... ဒီမိုဖက်တီးရဲ့ လက်လွတ်စပါယ် ပြောဆိုမှု၊ အရေးအသားတွေကြောင့် NLD ကိုပါ ရိုက်ခတ်မှုရှိလာတဲ့အတွက် NLD မှာ ပြောရေးဆိုခွင့်ရ ဦးဥာဏ်ဝင်းကိုယ်တိုင် ဒီမိုဖက်တီးဟာ NLD နဲ့ လုံးဝ ပါတ်သက်မှု မရှိဘူးလို့ စာနယ်ဇင်း များကတဆင့် တရားဝင် ငြင်းဆိုခဲ့ပါတယ်......

ထိုကဲ့သို့ ဦးဥာဏ်ဝင်းမှတဆင့် ဒီမိုဖက်တီးဟာ NLD နဲ့ သက်ဆိုင်မှု မရှိပါလို့ ကြေငြာခဲ့တာနဲ့ ပါတ်သက်ပြီး ဒီမိုဖက်တီးဟာ တော်တော်လေးကို ခံစားခဲ့ရပါတယ်.... နာကြဉ်းခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့် မယ်.... ထို့ အတူပဲ ဒီမိုဖက်တီးဟာ ဒေါ်စုဘေးနားက ဦးခွန်သာမြင့်နဲ့ ပါတ် သက်ပြီးတော့ လည်း တော်တော်လေး ကို အညှိုးအတေး ထားခဲ့တာကို ဦးခွန်သာမြင့်အပေါ်မှာ သူရေးခဲ့ တဲ့ ဝေဖန် မှုတွေဟာ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ရှိခဲ့တာ အဲ့ဒိအချိန်က စာဖတ်သူတွေ မှတ်မိနေ ဆဲ ဖြစ် မှာပါ...... NLD သတင်းတွေကို အွန်လိုင်းပေါ်မှာ အမြဲလိုလိုတင်ပြီး NLD ဘက်တော်သားသဖွယ်၊ ဒေါ်စုရဲ့ အရေးပေး ခံရသူသဖွယ် မိမိကိုယ်ကို အမွှန်းတင်နေလေ့ရှိတဲ့ ဒီမိုဖက်တီးအတွက် ဦးဥာဏ်ဝင်း ရဲ့ ကြေငြာ ချက်ဟာ အတော့ကို အခဲမကြေနိုင်ဖြစ်ခဲ့ပါတယ်.....

ရလာဘ်ကတော့ ဒီမိုဖက်တီးဟာ သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာကို အသုံးပြုပြီး NLD ထဲမှာသူနဲ့ အလွမ်း သင့်သူတွေကိုသာ ဦးစားပေးခဲ့ပြီး သူမကျေနပ်သူများကို အခွင့်သာတိုင်း ကစ်ရင်းနဲ့ NLD ရဲ့ အက်ကြောင်း ကို ဖန်တီးခဲ့တာပါပဲ....... ထိုကဲ့သို့ ဖန်တီးရင်းနဲ့ တဖြည်းဖြည်းနဲ့ ဒီမိုဖက်တီးရဲ့ အပြောအ ဆိုတွေဟာ ဘောင်ကျော်လာပြီး NLD ကိုပါ ထိခိုက်လာတာတွေကြောင့် အဲ့ဒိအချိန်က ကျွန်တော်နဲ့ စိတ်တူကိုယ် တူရှိခဲ့တဲ့ လူတစ်စုကနေတစ်ဆင့် ဆုံးဖြတ်ကြရင်း ကျွန်တော် ဒီမိုဖက်တီးကို ပေါ်တင်ဝေဖ န် ခဲ့ ပါ တယ်..... အဲ့ဒိကစလို့ ဒီမိုဖက်တီးဟာ ကျွန်တော့်ကို ဘလော့သွားခဲ့တာ အခုအချိန်ထိပါပဲ......

Eleven Media မှ အယ်ဒီတာ ဝေဖြိုးရဲ့ တရားစွဲမယ်ဆိုတဲ့ ခြိမ်းခြောက်ခြင်း၊ ဥက္ကာကိုကိုကို မကျေနပ် တာနဲ့ ရခိုင်လူမျိုးတွေအပေါ် စော်ကားခဲ့ခြင်း၊ လက်လွတ်စပါယ် ရေးသားခြင်း၊ အခြားသူများ၏ ပို့စ်များ၊ ဓါတ်ပုံများ ကို ခပ်တည်တည်နဲ့ ခိုးယူဖော်ပြခြင်းများကြောင့် ဒီမိုဖက်တီး အကောင့်ကို လူအများ စု ပြစ်ပြစ်နှစ်နှစ် ဝေဖန်လာကြတဲ့အတွက် ခွန်ဒီးယမ်ဆိုတဲ့ အကောင့်ကို ဖွင့်ခဲ့ကာ ဒေါ်စုရဲ့ ခရီးသွားခြင်း ဓါတ်ပုံတွေကို တင်ရင်းနဲ့ နေရာပြန်ယူလာခဲ့ပါတယ်.....

ထုံးစံအတိုင်း လူအများစုရဲ့ အာရုံစိုက်ခံရချိန်မှာ တစ်ချိန်က သူမကျေနပ်ခဲ့တဲ့ Eleven၊ ကြားဖြတ်ရွေးကောက် ပွဲမှာ လက်စောင်းထက်ထက်နဲ့ ဖေ့ဘွတ်ပေါ်မှာ သူ့စီက အမှတ်တွေ ခွဲယူသွားတဲ့ မီဒီယာများနဲ့ ဥက္ကာကိုကို ကိစ္စနဲ့ ပါတ်သက်ပြီး သူဖြစ်စေချင်သလို ဖိအားပေးလို့ မရတဲ့ 7Days က ကိုသောင်းစုငြိမ်းတို့ကို အခွင့်အခါသင့်တိုင်းမှာ အထိမ်းအကွတ်မရှိ ဝေဖန်ခဲ့ပါတယ်...... သိသာခဲ့တာ ကတော့ ကိုသောင်းစုငြိမ်းတို့ ဦးသိန်းစိန်ကို ကန်တော့ခဲ့တဲ့ ကိစ္စနဲ့ ပါတ်သက်ပြီးတော့ပဲ ဖြစ်ပါတယ်.....

ဒီမိုဖက်တီးအကောင့်နဲ့ ဒေါ်စုရဲ့ အွန်လိုင်းပေါ်က ပြောရေးဆိုခွင့်ရလူလိုလို ဘာလိုလိုနဲ့ လက်လွတ် စပါယ်ရေး သားခြင်းရဲ့ ရလာဘ်ကတော့ ဒေါ်စုအပေါ်မှာ ပညာတတ်လူတန်းစားတွေ အမြင်ပြောင်း လဲမှုတွေ ဖြစ်ခဲ့ ပါတယ်.... အထူးသဖြင့် ဒီမိုဖက်တီးရဲ့ ဒီမိုနာမည်ခံပြီး Dictatorship အပြုအမူများဖြစ်တဲ့ အမြင်မတူ သူများကို ဆဲဆိုခြင်း၊ အမှားထောက်ပြသော မှတ်ချက်များကို ဖျက်ခြင်း၊ ပိုင်ရှင်ထံမှ ခွင့်မတောင်း ပဲ ကူးယူသော စာ၊ ဓါတ်ပုံများနှင့် ပါတ်သက်ပြီး ဝေဖန်သူများကို ဘလော့ခြင်း၊ ပိုင်ရှင်အား ဘလော့ခြင်း အစရှိသည်များကြောင့်ပဲ ဖြစ်ပါတယ်.... ဒေါ်စုနှင့် နီးစပ်သူတစ်ဦးက ဒီလို မျိုး လုပ်နေ တာ ဒေါ်စု က မဟန့်ဘူးလား ဆိုတဲ့ မေးခွန်းများစွာလည်း အွန်လိုင်းသုံးတဲ့ ပညာတတ် လူတန်း စားကြား မှာ ပြန့်နှံ့ခဲ့ပါတယ်.....

ဒါတင် အားမရသေးပါဘူး ခွန်ဒီးယမ်း အကောင့်မှလည်း မကျေနပ်ချက် အညှိုးအတေးများ ကို ရှေ့တန်း တင် ရေးသား ခဲ့ပါတယ်..... အထူးသဖြင့် NLD ပါတီတွင်း မကျေနပ်ချက်များကြောင့် အက်ကြောင်း များ ဖြစ်လာ ခဲ့စဉ်မှာ သူမကျေနပ်တဲ့ လူတွေပါဝင်တဲ့ဘက်ကို ဆိုးဆိုးဝါးဝါး ဝေဖန်ခြင်းမျိုး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုများကြောင့် အမြင်မကြည်လင်မှု များစွာ ဖြစ်ပေါ်ခဲ့ပါတယ်..... ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်းရဲ့ ဆိုက်ကိုတစ်ခုဟာ သူပြောတာကို လက်ခံ ထောက်ခံပြီး မြှောက်ပင့်ပေးနေမှ သဘောကျနေတတ်တဲ့ စိတ်ထားရှိ သူ တစ်ဦး ဖြစ်ပါတယ်..... ဒါကြောင့် ရံဖန်ရံခါမှာ သူပြောတာနဲ့ ဆန့်ကျင် ဘက် ဖြစ်ဖြစ် သွားတဲ့ ဒေါ်စုကိုတောင် စကားနာထိုးခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်......

ထိုမျှနဲ့မရပ်သေးပဲ လက်ပံတောင်းကိစ္စမှာ သူမနေစေချင်သလို မနေခဲ့တဲ့ ဒေါ်စုကော်မရှင်ဥက္ကဌ လုပ်ခဲ့ တာကို အတော်လေး မကျေမနပ် ဖြစ်ခဲ့ပါတယ်..... ဒေါ်စုကို မဝေဖန်ရဲတဲ့အတွက် အစိုးရကို အပြစ်ဖို့ရင်း လက် ပံတောင်း စီမံကိန်းကို ဆန့်ကျင်သူမှန်သမျှကို ထောက်ခံအားပေးခဲ့ပါတယ်.... သူမရဲ့ အဲ့ဒိအညှိုးအတေးဟာလည်း NLD၊ ဒေါ်စုနဲ့ ၈၈ ကို ရန်တိုက်သလို ဖြစ်လာခဲ့တာပါပဲ..... အထူးသဖြင့် လက်ပံတောင်း အစီရင်ခံစာမထွက်ခင် များသောအားဖြင့် ဒေါ်စုနဲ့ ဆန့်ကျင်ဘက် ပြောလေ့ရှိတဲ့ ဦးဝင်းတင်၏ ဆန္ဒပြခြင်းအား ထောက်ခံခြင်းများ၊ ဒေါ်စု ပါဝင်သည့် ကော်မရှင်မှ အစီရင်ခံစာနှင့် ဆန့်ကျင် ဘက်ဖြစ်သော စကားများကို တင်၍လှုံ့ဆော်ခဲ့ပြီး၊ ဒေါ်စု စုံစမ်းခဲ့သည်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ကိုမင်းကိုနိုင် ၏ မီးလောင်ဗုံး အင်တာဗျူးအဖြေအား တင်၍လည်း ဒေါ်စုရဲ့ အစီရင်ခံစာအပေါ် သွယ် ၀ိုက်သော ဝေဖန်မှုမျိုးများ ပြုလုပ်ခဲ့ပါတယ်........ ဒါတွေဟာ ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်း အကောင့်ရဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များ၊ အညှိုးအတေးထားမှုများနဲ့ လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်..... အဆိုပါဖြစ်ရပ်တွေထဲမှာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်မှု သက်သက်နဲ့ ဒေါ်စု၊ NLD အပါအ၀င် မည်သူ့ကိုမဆို ပုတ်ခတ်၊ စော်ကား၊ စကားနာထိုးခြင်း၊ သွေးထိုးခြင်း၊ သပ်ရှိုခြင်းများစွာ လုပ်ခဲ့တာကို သိနိုင်ပါတယ်.... ဒီမိုဖက်တီး အကောင့်နှင့် ခွန်ဒီးယမ်း အကောင့်ရဲ့ တူညီတဲ့အချက်ကတော့ စာအရေးအသား၊ အာဘော်၊ NLD အတွင်းရေး၊ ဒေါ်စု၏ အတွင်းသတင်း အစရှိတာတွေကို အမြဲလိုလိုပင် ဦးစွာတင်လေ့ရှိခြင်း ဖြစ်သလို၊ အခြားသူများရဲ့ စာများ၊ ပုံများကိုလည်း ခိုးယူတင်ခြင်းပဲ ဖြစ်ပါတယ်..... ဒီမိုဖက်တီးဟာ ဘယ်သူဆိုတာ တစ်ချိန်က ဒီမိုဖက်တီး မွေးနေ့မှာ ကိတ်မုန့်ပို့ခဲ့တဲ့ ဒေါ်စု အသိဆုံးပဲ ဖြစ်ပါတယ်..... ဒီမိုဖက်တီး ကိုယ် တိုင် သူဟာ ပေါင် ၂၀၀ ကျော်ရှိတယ်ဆိုတာကို ၀န်ခံထားတဲ့ ကျွန်တော်နဲ့ အပြန်အလှန် ပို့ထားတဲ့ မက်ဆေ့ခ်ျ လည်း သက်သေရှိပါတယ်..... ပုံမှန်အနေဖြင့် ကျွန်တော် လူတစ်ဖက်သားကို ဒီလိုမဝေဖန် ပါဘူး..... ဒါပေမယ့် အွန်လိုင်း ပရိတ်သတ်ရဲ့ အားကိုယူပြီး ကျွန်တော့်ကို သွားပုတ်လေ လွင့် ရေး သား ပြောဆိုလာတဲ့ အကြိမ်ပေါင်း များလာတဲ့အတွက်သာ ရေးခြင်း ဖြစ်ပါတယ်.....

တလက်စတည်း ဒီမိုဖက်တီးရေးသားခဲ့သည်များနှင့် ပါတ်သက်ပြီး တရားစွဲဆိုခြင်သူရှိပါက ဒီမိုဖက်တီးနဲ့ ကျွန်တော် အပြန်အလှန်ရေးသားခဲ့တဲ့ မက်ဆေ့ခ်ျတွေကို တရားရုံးမှာ သက်သေအဖြစ်တင်ဖို့ ကျွန်တော် ကူညီပါမယ်..... ကျေးဇူးတင်ပါတယ်....

တစ်ချိန်က ဒီမိုဖက်တီးရဲ့ စာစုတစ်ခု....

http://www.facebook.com/photo.php?fbid=425301744156430

From: James Mint

Credit : Here

ရှေ့နေကြီးများအတွက် မေးချင်နေသော မေးသင့်သည့် မေးခွန်းများ


ရှေ့နေကြီးများအတွက် (၁) ရှေ့နေများသည် ဥပဒေကိုအရေကြိုသောက်ထားသည့်အတွက် ဥပဒေကို လက်တစ် လုံးခြားရှောင်ကွင်းပါက ဥပဒေနှင့်ညီပါသလား။

(၂)တရားလို (သို့မဟုတ်)တရားခံတစ်ဦးအတွက် ရှေ့နေလိုက်ပါက အဂတိကင်းစွာဖြင့် ဥပဒေကြောင်းအရ မှန်ကန် မျှတစွာ ရပ်တည်ပြီး လိုက်မှာလား။

(၃) ဒါမှမဟုတ် မိမိအမှုသယ်နိုင်ဖို့ အတွက် ဥပဒေကို တစ်ဖက်သားကို ဥပဒေစကားလုံးများဖြင့် မြန်မာ စကား မြန်မာနားမလည်နိုင်အောင် ပြုပြီး မေးတာ လှည့်တာတွေလုပ်လို့ရပါသလား။ လုပ်ကော လုပ်ကြ ပါသလား။

(၄) တရားသူကြီးများကိုရှေ့နေကြီးများကိုယ်တိုင်ညှိပီး လာဘ် ပေးပြီးအမှုနိုင်အောင်လုပ်တာ။တရားသူကြီး ကို ရှေ့နေကြီးများကိုယ်တိုင်လိုလိုလားလား လာဘ်ထိုးခိုင်ပီး Blackmail လုပ်တာမျိုးသည် ဥပဒေနှင့် ညီပါသလား။

(၅) လူတစ်ဦး၊တစ်စု၊တစ်ဖွဲ့၊အများစုအား ဥပဒေကိုဖောက်ဖျက်နေမှန်းသိလျက်နှင့် မတားမြစ်ဘဲ နောက် ကွယ် မှ ကြိုးကိုင်မြှောက်ပင့် ပြုခြင်းသည်ဥပဒေနှင့်ညီပါသလား။

(၆) စော်ကားခြင်းမဟုတ်ပါ ရှေ့နေဆိုတာ လျှာအရိုးမရှိ သမုဒယာ ၀မ်းတစ်ထွာ (မွေးသလောက် ရှည် ပါမည်)အတွက် အရှက်ဆိုတာဂုဏ်သိက္ခာဆိုတာထက် ဂျပိုးလိပ်ဖြစ် လိပ်ဂျပိုးဖြစ် မှားခြင်းမှန်ခြင်းထက် အမှုနိုင်ဖို့ အတွက် အရှက်သိက္ခာမငဲ့ကွက် ဥပဒေကိုခုတုံးလုပ်ပီး ရှေ့နေ စီးပွားရေးလုပ်စားတာတွေဟာ ဥပဒေ ကျင့်ဝတ်တွေနဲ့ညီပါရဲ့လား။

(၇) အမှုအမြဲရှုံးနေရင် လျှာမြက်ပေါက်မှာ သေချာတယ်လေ ---အင်း--ဒါကြောင့်---ရှေ့နေအများစုဟာ ဥပဒေကို မလိုက်နာ လက်တစ်လုံးခြားလုပ် မဟုတ်ကိုအဟုတ်လုပ် အပုပ်နံ့ပြင်းသူတွေ လို့ဆိုရင် မမှားဟု ထင်ပါသည်။

(၈) မှန်ကန်ကောင်းမွန်သောသူအနည်းငယ်အားခွင့်လွှတ်ပါရန် တောင်းပန်ပါသည်။

(၉) ကိုယ်တွေ့ရှေ့နေမငှားဘဲ တစ်ဖက်ရှေ့နေနှင့်အမှုရင်ဆိုင်ခဲ့စဉ် တွေ့ကြုံရပုံကိုသီးခြားရေးပြပါအုံးမည်။

(၁၀)တရားရေးမဏ္ဍိုင် ယိမ်းယိုင်မှုမှာ တရားသူကြီး၊ရဲ၊အုပ်ချုပ်ရေးအာဏာပိုင်တို့ကိုသာ အပြစ်ပုံချနေချိန် တွင် ရှေ့နေများမှလည်း သူတို့မဟုတ်သလို ရောတွယ်တာတွေ့နေရပါသည်။

(၁၁) အထက်ပါသူများကြောင့်ဆိုတာလည်းမမှားသလို ရှေ့နေများ၇ဲ့ ကျင့်ဝတ်မစောင့်မှု ဥပဒေကို ကလိမ်ကကျစ် အသုံးပြု လိမ်လည်ထွက်ဆိုစေမှုတွေကြောင့် တရားသူကြီးများအမှားအမှန်ဝေခွဲရခက်ပီး မှန်သူရှုံး မှားသူနိုင် ငွေများတရားနိုင် ဆိုတာတွေနဲ့ တရားရေးမဏ္ဍိုင်တစ်ခုပဲ တရားခံဖြစ်နေတာလေ။

(၁၂) တကယ်တော့ တရားလို တရားပြိုင် တရားခံ အားလုံးဟာ တရားရုံးမှာ နိုင်ဖို့အတွက် နည်းမျိုးစုံ လုပ်ကြတယ်။မမှန်မကန်ထွက်ဆိုတယ် ရှေ့နေမသိမဟုတ် လမ်းပြလုပ်တာသူ။ရှေ့နေဆိုတာအမှုတစ်ခုရဲ့ အရှိန်အ၀ါအကြီးဆုံး ဒါပေမဲ့ဒီလူအများစု မမှန်တော့ ကျနော်တို ဘာဥပဒေပဲထုတ်ထုတ် ပြင်ပြင် အသစ်ပဲ ဆွဲဆွဲ ကျင့်ဝတ်မစောင့် သိက္ခာမရှိတဲ့ ဒီလူတွေကြောင့် ဥပဒေအထက်မှာ ဟိုလူဒီလူရှိတယ်မရှိဘူးငြင်းခုံပီး ခုံရုံးဖွဲ့တော့ ဒီရှေ့နေတွေပြုံးနေကြတာ လူမသိဘူး။

(၁၃) ဥပဒေ အထက်မှာကော ဘေးတိုက်ကော ကန့်လန့်ကော အထဲမှာကော ရှိနေ တာ ရှေ့နေ ဗျ --ရှေ့နေ- -ရှေ့နေ။ သမက်သူခိုးထင် ဇရက် ဂျိုးထင်တွေနဲ့ရှုတ်ယှက်ခတ်နေရင် လမ်းကြောင်းတွေမှား ကြပါလိမ့်မယ်။

(၁၄) ဖွတယ်လို့ မထင်ပါနဲ့ လွှတ်တောကိုယ်စားလှယ်ကြီးများ တိုက်တွန်းတင်ပြအပ်ပါကြောင်း---အရေးကြီး အဆိုဗျို့--အရေးကြီးအဆို-- ရှေ့နေများထိန်းချုပ်ရေး ဥပဒေ ရေးဆွဲမှ ဥပဒေ အထက်ရောက်မှန်း မသိ ရောက်နေ ကြသော ထိုထိုဥပဒေသမားရှေ့နေများအား ဆွဲချနိုင်ပါမည်။

Credit : Here

၈၈ နိုင်ငံရေးပါတီထောင်မည်

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ်လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပြည်ပရောက် မြန်မာတွေ မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲထဲ ပါဝင်ဖို့နဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအတွက် အရေးပါတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဌာနက မူဝါဒရေးရာ အကြံပေးတွေနဲ့ တွေ့ဖို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ ကိုဌေးကြွယ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ကိုဌေးကြွယ်က အမေရိကန်ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန်မှာ ရောက်နေတဲ့ မြန်မာတွေနဲ့ မျက်မှောက်နိုင်ငံရေးတွေ ကို ဆွေးနွေးတဲ့အခါ လက်ပံတောင်းတောင်အရေး ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။

Credit : Here

ကုလကန့်သတ်မှု ရုတ်သိမ်းပေးဖို့ သမ္မတဦးသိန်းစိန်တောင်းဆို


မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ကန့်သတ်မှုတွေကိုရုတ်သိမ်းပေး ဖို့အတွက် သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေစဉ် အတွင်း တောင်းဆိုလိုက်တယ်လို့ သိရ ပါတယ်။သြစတြေးလျနိုင်ငံကိုလည်း ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ကန့်သတ်မှုတွေကို ရုတ် သိမ်းပေးဖို့ အတွက် ကုလသမဂ္ဂကို တိုက်တွန်းပေးဖို့ လည်းပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ သြစတြေးလျနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံရေး အတွက် မြန်မာနိုင်ငံ ထဲ ကို သြစတြေးလျ စစ်သံမှူးထားရှိဖို့ အစီအစဉ်ရှိကြောင်း ဝန်ကြီးချုပ် ဂျူလီယာဂေးလ်လဒ်က သတင်းစာ ရှင်းလင်း ပွဲပြုလုပ်စဉ် အတွင်း သတင်းထောက်တွေ ရဲ့ မေးမြန်း ချက်ကို ဖြေကြားစဉ် ပြောသွားခဲ့ပါတယ်။

ဒီကနေ့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဂျူလီယာဂေးလ်လဒ်နဲ့ တွေ့ဆုံအပြီး သြစတြေးလျနိုင်ငံ ဘုရင်ခံ ချုပ် ရဲ့ ဂုဏ်ပြုဧည့်ခံ ကြိုဆိုပွဲကို သွားရောက်မှာ ဖြစ်တဲ့အပြင် မွန်းလွဲပိုင်းမှာတော့ သြစတြေးလျနိုင်ငံ ပညာ သင် ဆုရ မြန်မာကျောင်းသားများနဲ့ လည်းတွေ့ဖို့ ရှိပါတယ်။

မနက်ဖြန်မှာတော့ သမ္မတဦးသိန်းစိန်က ဆဒနီမြို့ကို သွားရောက် လည်ပတ်မှာဖြစ်ပြီး နညူးဆော့်ဝီ ပြည် နယ် ဘုရင်ခံချုပ် နဲ့ တွေ့ဆုံမှာဖြစ်သလို စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရ ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ သြစတြေးလျနိုင်ငံ မြို့တော်ကင်ဘာရာမှာ မနေ့ညနေကရောက်ရှိလာပြီး သြစတြေး လျရောက် မြန်မာတွေနဲ့လည်း မနေ့ညမှာပဲတွေ့ ဆုံစကားပြောခဲ့တယ်လို့ သိရပါတယ်။

၁၉၇၄ခုနှစ်ကစပြီး အခု သမ္မတဦးသိန်းစိန်သြစတြေးလျနိုင်ငံခရီးစဉ်ဟာ ပထမဦးဆုံး အကြိမ် မြန်မာနိုင်ငံက အဆင့်မြင့် အစိုးရအရာရှိတွေ သြစတြေးလျနိုင်ငံကို လာရောက်လည်ပတ်ခြင်းဖြစ် ပါတယ် တဆက်တည်းမှာပဲမြန်မာနိုင်ငံအစိုးရ ကိုဖိအားပေးတဲ့ အနေနဲ့ သမ္မတ ဦးသိန်းစိန် သြစတြေးလျ နိုင်ငံကိုရောက် ရှိနေ စဉ် အတွင်း ပြည်ပရောက် ကချင်၊ ကရင်တိုင်းသား တချို့နဲ့ ဘင်္ဂလီ တွေ က ကန့်ကွက် ဆန္ဒပြ မှုတွေ ပြုလုပ်သွားမယ်လို့ လည်းသိရပါတယ်။

Credit : Here

လက်ပံတောင်းနှင့်အမေစု

အခုလက်ရှိ လက်ပံတောင်းကိစ္စနဲ့ပါတ်သက်ပြီး   ဒေါ်စုအပေါ် ဝေဖန် တာတွေ တော်တော်တွေ့ ရပါတယ် ...... ကောင်းသော ဝေဖန်ခြင်း၊ မကောင်းသော ဝေဖန်ခြင်းနဲ့၊ ဆိုက်ဝါး သမားများ ဝေဖန်ခြင်း အမျိုးမျိုး ရှိကြပါတယ်...... အဓိကအားဖြင့် ဒေါ်စုဟာ လက်ပံတောင်း ကော် မရှင် ဥက္ကဌအဖြစ်နဲ့ ထိုးကြွေးခံရတယ်၊   ခေါင်းရောင်းခံရတယ်၊ အစိုးရရဲ့ အသုံးချတာ ခံရတယ်၊ အစိုးရရဲ့ အရှုပ်ထုပ်ကို ကူရှင်းပေးတယ်၊   နိုင်ငံရေး လုပ်ကြံခံရတယ် အစရှိ သဖြင့် တွေ့ရပါတယ်.....

ဒါဖြင့် သူမလိုလူတစ်ယောက်ဟာ လက်ရှိဝေဖန်နေကြသလို အစိုးရရဲ့ အသုံးချတာ ခံလိုက်ရအောင်၊ အစိုးရက ထိုးကြွေးတာ ခံလိုက်ရအောင် အတော့ကို ညံ့ဖျင်းနေသလား မေးစရာ ရှိလာပါတယ်....... ဒေါ်စုရဲ့ The Lady ဆိုတဲ့နာမည်တစ်လုံးဟာ ပေါ့ပေါ့တန်တန် ရခဲ့တာ မဟုတ်ပါဘူး..... The Lady ဆိုရင် သူမရဲ့ ထီမထင်မှု၊ ရဲဝံ့မှု၊ သတ္တိရှိမှု၊ ပြတ်သားမှု၊ ကြံ့ခိုင် မှု၊ ခေါင်းမာ မှုတွေကို လူတွေ ပြေးမြင်တာကို ကြည့်ခြင်းအားဖြင့်၎င်း၊ နှစ် ၂၀ ကျော် စစ်အစိုးရရဲ့ နှိပ်စက်မှုမျိုးစုံကို ကြံ့ကြံ့ခံ ဖြတ်ကျော်ခဲ့တဲ့ ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် လက်ရှိ ဝေဖန်နေကြတဲ့ အသုံးချခံ၊ ထိုးကြွေးတာခံရတယ်ဆိုတာ ဒေါ်စုဘက်က နာသလိုလိုနဲ့ ဒေါ်စုကို သိက္ခာပိုင်းအရ ထိုးနှက်မှု သာ ဖြစ်ပါတယ်.....

အားလုံး စဉ်းစားစေချင်တာ ဒေါ်စုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အိုင်ကွန်ဖြစ်သလို၊ ကမ္ဘာက လေးစား ရတဲ့လူတစ်ယောက် ဖြစ်ပါတယ်...... လက်ရှိအစိုးရအပေါ်မှာ သူမ အရှိန်အ၀ါ အထိုက်အလျောက် လွှမ်းမိုး မှုရှိသလို လာမယ့် ၂၀၁၅ ဆိုတာဟာ ဘယ်သူမှ ဒါရယ်လို့ ကံသေကံမ ပြောလို့ မရပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပေါ်မှာ အောင်ဆန်းစုကြည်ဆိုတဲ့ နာမည်လေးလုံးရဲ့ အရှိန်အ၀ါဟာ ကြီးမားနေဦးမှာ ဖြစ်သလို၊ သူမရဲ့ မြန်မာနိုင်ငံရေးအပေါ်မှာ လွှမ်းမိုးမှုဟာ ကြီးမားနေဦးမယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါ........

ဒီနေရာမှာ ပြန်စဉ်းစားသင့်တာဟာ မြစ်ဆုံစီမံကိန်းပဲ ဖြစ်ပါတယ်...... အားလုံးသိကြတဲ့ အတိုင်း မြစ်ဆုံ စီမံကိန်းဟာ ၂၀၁၀ အစိုးရသက်တန်းအတွင်းမှာသာ ရပ်ဆိုင်းထားတာ ဖြစ်လို့ နောက်အစိုးရ တက်လာ တာနဲ့ တပြိုင်နက်တည်း CPI အနေနဲ့လည်း မြစ်ဆုံကို ပြန်စဖို့ အစပျိုးလာမှာပါပဲ...... ဒါကိုရင်ဆိုင်ရမှာ ဟာ ၂၀၁၅ မှာတက်လာမယ့် အစိုးရပါ..... ၂၀၁၅ မှာ ကြံ့ဖွံ့မဲမခိုးရင် မြန်မာနိုင်ငံရေးမှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်ဟာ ဝေးဝေးပြေးကြည့်စရာမလိုတဲ့ ဒေါ်စုတစ်ယောက်သာ ဖြစ်လာမှာပါ....... ဒီအတွက် မြစ်ဆုံ စီမံကိန်း ပြဿနာကို သူမ မလွဲမသေ ရင်ဆိုင်ရမှာ အသေအခြာပါပဲ....... အဲ့ဒိအချိန်မှာမှ မြစ်ဆုံကိုစဖို့ ဘက်ပေါင်းစုံက ပြင်ဆင်ထားတဲ့ တရုတ်ကိုဟန့်တားဖို့ ရင်ဆိုင်ဖို့ဟာ တော်တော့ကို ခက်ခဲပါ လိမ့်မယ်.....

ဒါဆိုရင် လက်ပံတောင်း အရှုတ်ထုပ်၊ မြစ်ဆုံ အရှုတ်ထုပ်၊ ပိုက်လိုင်း အရှုတ်ထုပ်အပြင် အခြားသော အရှုတ် ထုပ်ပေါင်း များစွာဟာ ကြံ့ဖွံ့အစိုးရနဲ့သာ ဆိုင်သလား၊ မြန်မာပြည်နဲ့ သက်ဆိုင်နေသလား ခွဲခြားရှုမြင်လို့ ရပါပီ...... ရှေ့အစိုးရလက်ထက်က လုပ်ခဲ့တာ နောက်အစိုးရဟာ သူနဲ့မဆိုင်ဘူးလို့ အလွယ် တကူ ငြင်းပယ်လို့မရပါ..... ကောင်းသည် ဆိုးသည်မှန်သမျှကို ခံစားပြီး တိုင်းပြည်အတွက် အကောင်းဆုံး ဆက်လက်အကောင်အထည်ဖော်ရမှာ နောက်တက်လာတဲ့ အစိုးရတိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်...... ဥပမာအားဖြင့် ၂၀၁၀ အစိုးရဟာ အခွံသာသာကို လက်ခံရလိုက်လို့ နိုင်ငံဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ အကြပ်အတည်းတွေ တွေ့နေတာကို နမူနာ ယူနိုင်ပါတယ်...... ထို့အတူပဲ ၂၀၁၀ အစိုးရမှ ၂၀၁၅ အစိုးရကို လွှဲပေးချိန်မှာလည်း အခွံပဲဆိုရင်တော့ ၂၀၁၅ တက်လာမယ့် အစိုးရလည်း ဗိန်မသာ လိမ်မသာ အကြပ်အတည်းတွေနဲ့ အခက်အခဲများစွာထဲမှ တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်ယူရမှာပါ....... ဖွံ့ဖြိုးမှု နှောင့်နှေးလို့ နစ်နာတာဟာ ပြည်သူလူထုပဲ ဖြစ်မယ်ဆိုတာ သတိချပ်စေခြင်ပါတယ်.....

လက်ပံတောင်း အစီရင်ခံစာကို ပြန်ကြည့်မယ်ဆိုရင် အလွန့်ကို အရေးကြီးတဲ့ အချက်တွေများစွာထဲက အဓိက အချက်ဖြစ်တဲ့ ဒေသခံတွေဘ၀၊ သဘာဝ ပါတ်ဝန်းကျင် နဲ့ နိုင်ငံအကျိုးစီးပွားအရ စာချုပ်ကို ပြန်လည် ပြင်ဆင်ချုပ်ဆိုမှ လုပ်ငန်းဆက်လုပ်ဖို့ အတိအလင်း ညွှန်းဆိုထားပါတယ်...... အရှင်းလင်းဆုံး ဆိုရရင်တော့ လက်ပံတောင်း အစီရင်ခံစာရဲ့ အဓိက အသက်လို့ တင်စားနိုင်သလို နောင် တရုတ်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ စီမံကိန်းတွေကို ပြန်လည်စိစစ်ရမှာလည်း အဓိကျတဲ့ အချက် ပဲ ဖြစ် ပါတယ်...... ဒါဆိုရင် ဒေါ်စု လက်ပံတောင်း ကော်မရှင်ကို တာဝန်ယူခြင်း အကြောင်းရင်းကို သိရှိနိုင် မှာ ဖြစ်ပါတယ်.......

ဒေါ်စုနဲ့ ပါတ်သက်လို့ ရဲဝံ့တယ်၊ ကြံ့ခိုင်တယ်၊ တည်ကြည်တယ်၊ ပြတ်သားတယ်၊ ဘွဲ့တံဆိပ်တွေ အများကြီးရထားတယ် ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိအောင် သူမ ဘာလုပ်ခဲ့တာ ရှိသလဲလို့ မေးလာရင် ဖြေဖို့ ခက်ခဲခဲ့ပါတယ်...... ထို့အတူ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူ အနောက်နိုင် ငံသားများ အပါအ၀င် အများစုဟာ ဒေါ်စုရဲ့ တကယ့်လက်တွေ့ စီမံခန့်ခွဲမှုပိုင်းနဲ့ ပါတ်သက်လို့ အမြင်၊ အကြားသာရှိပြီး လက်တွေ့မရှိတဲ့အတွက် မှန်းဆလို့ ခက်ခဲကြောင်း ၀န်ခံထားတာတွေ ရှိပါတယ်...... ဒီအတွက် လက်ပံတောင်း ကော်မရှင်မှာ ဥက္ကဌအဖြစ် ဒေါ်စုပါဝင်ခဲ့ခြင်းဟာ မိမိအရည်အချင်းကို ထုတ်ဖော်ပြနိုင်ဖို့လို့ ကျွန်တော် တစိုက်မတ်မတ် ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်......

အတည်မပြုနိုင်သော သတင်းများအရလည်း ဒေါ်စုကိုယ်တိုင် လိုလိုချင်ချင်နဲ့ ဒီရာထူးကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်..... မည်သို့ပင်ဖြစ်စေ ယနေ့ အချိန်အခါမှာတော့ ဒေါ်စုဟာ သူမရဲ့ ထွန်းပြောင်တဲ့ အရည်အချင်းကို ကမ္ဘာသိအောင် ပြဆိုနိုင်ခဲ့ပြီ ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ အနာဂါတ် မှာ ဖြစ်ပေါ်လာမယ့် တရုတ်နဲ့ပါတ်သက်တဲ့ စီမံကိန်းများကို ပြန်လည် သုံးသပ်ရမှာ လွန်စွာမှ အသုံးဝင်တဲ့ Guide Line တစ်ခုကို ချပြနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တစ်ခုပါ စိုက်ထူလိုက်တာ ဖြစ်ပါတယ်..... ကော်မရှင်ရဲ့ အစီရင်ခံစာမှာ အစိုးရ အာဏာပိုင်များဘက်က ပံ့ပိုးမှု ၁၀၀ ရာနှုန်းပြည့် လက်ခံရရှိတယ်လို့ ဆိုပါတယ်...... ဒါကိုကြည့်ခြင်းအားဖြင့် ဒီကိစ္စတွေဟာ ဒေါ်စုအပေါ် နိုင်ငံရေး လုပ်ကြံမှု ဟုတ်သလား မဟုတ်သလား ခွဲခြားနိုင်မှာ ဖြစ်ပါတယ်......

သို့ဖြစ်တဲ့အတွက် လက်ပံတောင်း ကော်မရှင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါ်စုရဲ့ အစီရင်ခံစာဟာ လက်ရှိအစိုးရ အသုံးချခံပြီး အရှုပ်ထုပ်ကို ရှင်းပေးတာလား၊ နိုင်ငံရေး လုပ်ကြံခံရခြင်း လား၊ နိုင်ငံအတွက် ကောင်းမွန်တဲ့ Guide Line တစ်ခုကို ချပေးပြီး နောင်အလား တူ ပြဿနာမျိုးများအတွက် အကောင်းဆုံး အဖြေကို ပေးလိုက်ခြင်းလား ကွဲကွဲပြားပြား ခွဲခြားမြင်နိုင် မှာ ဖြစ်ပါတယ်ဆိုတာ တင်ပြလိုက်ပါတယ်......

Credit : Here