Thursday, March 14, 2013

၂၀၁၅ မှာ ရွေရောင်လွှမ်းတဲ့ မြန်မာပြည်ဖြစ်ဖို့ ပြည်သူတွေဘာလုပ်သင့်သလဲ?

ဒီနေ့ မြို့ထဲ ရပ်ထဲ ရွာထဲကို လေ့လာကြည့်လိုက်ရင် လူတွေရဲ့ ပါစပ်ဖျားမှာ ပြောနေကြတာက ဒီချုပ် ဒီချုပ် ဒီချုပ်ဆိုတဲ့စကားလုံးပါ၊ ဒီစကားလုံးက တော်တော်လေး ရေပန်းစားနေတာ ကို တွေ့ကြရ မှာပါ ။ ပြီးတော့ ရပ်တိုင်း ရွာတိုင်းမှာ NLD ပါတီဝင်တွေရဲ့ အစည်းဝေးတွေ ပလူပျံနေအောင် လုပ်နေကြ တာပေါ့။ ဒါတွေကို ကြည့်ခြင်းအားဖြင့် NLD ပါတီအနေနဲ့ လူထု အပေါ်မှာ စည်းရုံးရေး အတော်လေးရနေပြီလို့ပြောရင် လက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေ အနေ အတိုင်း ဆက်သွား မယ်ဆိုရင် မြန်မာပြည်ရဲ့ ၂၀၁၅ ဟာ အင်မတန် ရင်လေး စရာကောင်းတဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။ ဒီနေရာမှာ မေးစရာ တစ်ခုဖြစ်လာပါတယ်။ NLD ပါတီ အခုလို စည်းရုံးရေး ကောင်းလို့ ပြည်သူတွေထောက်ခံမှုရလို့ ၂၀၁၅ မှာ NLD ပါတီ အနိုင်ရသွားခဲ့ရင် မြန်မာပြည် အတွက် အကောင်းဘူးလို့ ဆို လိုတဲ့ အဓိပ္ပါယ်ကို ပြောတာလားလို့ မေးမှာ မုချမလွဲပါဘဲ။ မှန်ပါ တယ်။ကျွန်တော့် အမြင်အတွေးအရတော့ ဒီလိုဘဲ ရဲရဲကြီး ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ NLD ပါတီ ကို မုန်းလို့လဲမဟုတ် ဒေါ်အောင်ဆန်း စုကြည်ကို မုန်းလို့လဲမဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရ အဖွဲ့အစည်းကို ခေါင်းဆောင်သော Leader များ Decision Maker များဟာ အရည်အချင်းရှိပြီး ထက်မြတ် တဲ့ သူများပါဝင် ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဖြစ်မှသာ မြန်မာပြည်ရဲ့ လှပတဲ့ ရွေရောင် အနာဂတ်နေ့ ရက်တွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရဲရဲကြီး ယုံကြည်တဲ့အတွက်မှန်ကန်တဲ့ အတွေးသစ် အမြင်သစ်တွေကို ချစ်လှစွာသော မြန်မာပြည်သူ ညီအစ်ကိုမောင်နှမများကို တင်ပြဆွေးနွေးလိုပါတယ်။

၁။ အိမ်ထောင်စုတစ်ခု မိသားစုတစ်ခုမှာ မိဘအုပ်ထိန်းသူဟာ အခရာကျပါတယ်။ မိဘအုပ်ထိန်းသူရဲ့ ဆိုဆုံးမမှု၊ ပဲ့ပြင်မှုတွေက သားသမီးတွေရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ နေမှု ၊ထိုင်မှု စတာတွေနဲ့ အနာဂတ်တွေ လှပအောင် ဖန်တီး ပေးနိုင်ပါတယ်။ မိဘက အရည်အချင်း ရှိဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် မိဘကောင်းဖြစ်ရုံနဲ့ မလုံလောက်ဘဲ ထက်မြတ်ပြီး တော်တဲ့ မိဘဖြစ်ဖို့ပါ လိုအပ်လာပါပြီ။ ဒီလို ပါဘဲ မြန်မာပြည်သူတွေ အနေနဲ့ ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေ ဟာ ပြည်သူတွေရဲ့ မိဘတွေလို့ သတ်မှတ်ရမှာဖြစ် ပါတယ်။ ဒီနေ့ Direction ဖြစ်တဲ့ Democracy လမ်းကြောင်းပေါ်က မြန်မာပြည်ကို ဦးဆောင် ဦးရွက်ပြုမဲ့ Government အဖွဲ့အစည်းမှာ ပါဝင်တဲ့ Leader တွေဟာ ကောင်းရုံနဲ့တင် မရပါဘူး။ မလုံလောက် ပါဘူး Not enough with good ။ထက်မြတ် တဲ့သူတွေ တော်တဲ့သူတွေဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ သူတာဝန်ယူရတဲ့ နယ်ပယ်မှာ specialist ဖြစ်ဖို့လိုအပ်တယ်။ ဒါမှာသာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ်မီတိုး တက်သော မြန်မာပြည်ဆိုတာ ဖြစ်တည်လာမှာ ဖြစ်ပါတယ်။

၂။ NLDပါတီကို ပြည်သူတွေဘာကြောင့်ထောက်ခံနေတာလဲ ဆိုတာလဲ အကြောင်းအရင်တွေ ရှိပါတယ်။ အဓိက အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ အမျိုး သား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတဲ့ အချက်ဟာ အဓိက အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။ ဒေါ်အောင်စုကြည်ဟာ တော် တဲ့၊ထက်မြတ်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်တယ်ဆိုတာ မှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်မှ ပြောင်းလဲ တိုးတက်မှာလား? ဒီယူဆချက်ဟာ လုံးဝမှားယွင်းသွား ပါလိမ့်မယ်။ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ တော်တဲ့သူတွေ၊ သူ့ထက်တော်တဲ့ သူတွေ အများကြီးရှိ နေပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းရုံနဲ့ ကျွန်တော်တို့နိုင်ငံဟာ တိုးတက်ပြောင်း လဲသွားမှာ မဟုတ်ပါဘူး။ လူတစ်ဦး တစ်ယောက် Super Brain ပိုင်ရှင်ဖြစ်နေပါစေ တိုင်းပြည်တစ် ခုကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ Develop ဖြစ်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ဓာတ် ကောင်းမွန်ပြီး ထက်မြတ်တဲ့သူတွေနဲ့ ပေါင်းစု ဖွဲ့စည်းထားတဲ့ အစိုးရ အဖွဲ့အစည်း တစ်ခုက နိုင်ငံ့ ထိပ်ဆုံး ခေါင်းဆောင်ကို Support လုပ်ပေးနိုင်ဖို့ဟာ အဓိက Key Point ဖြစ်ပါတယ်။

၃။ NLD ထောက်ခံမှုရနေတဲ့ နောက် အကြောင်းအရင်း တစ်ချက်ကတော့ကျွန်တော်တို့ မြန် မာပြည် သူတွေဟာ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ အောက်မှာ နှစ်ပေါင်း ၂၀ ကာလလောက် နေခဲ့ရတဲ့ အတွက် စနစ်အ ပြောင်းအလဲတစ်ခုကို အင်မတန်လိုချင်နေတဲ့ အချက်ပဲဖြစ်ပါတယ်။ စစ်အုပ် ချုပ်ရေးစနစ်မှာ နိုင်ငံတကာနဲ့ အနောက် အုပ်စုများရဲ့ ဒဏ်ခတ် စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် စားဝတ်နေရေး၊ လူမှုဘ၀မြင့်မား တိုးတက်ရေး စတာတွေ နိုင်ငံတစ်ကာနဲ့ Compare လုပ်ကြည့်ရင် အများကြီး နောက်ကျ ကျန်ခဲ့ရတဲ့ အတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒီစနစ်ကြောင့်ဆိုပြီး အလိုလို နေရင်း အုပ်ချုပ်သူ လူတန်းစားကို မုန်းတီးမှုတွေ ကြီးထွားလာခဲ့ပြီး ဒီလုတွေ၊ ဒီပါတီ ဆိုရင်တော့ ကောင်းတာ လုပ်လုပ် မလုပ်လုပ် မထောက်ခံဘူး။ NLD ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ထောက်ခံမယ် ဆိုတဲ့ အမုန်းတရား စိတ်ဓာတ်တွေ ၀င်နေတဲ့ အချက်ပဲဖြစ် ပါတယ်။ ဒီနေရာမှာ တစ်ခု ဖြည့်စွက် ပြောချင်တာ ကတော့ ကမ္ဘာပေါ်မှာ တိုင်းရင်းသား လူမျိုးစု အများဆုံး နဲ့ သောင်းကျန်သူ လက်နက်ကိုင် အဖွဲ့အစည်းအများဆုံး နိုင်ငံဟာ မြန်မာနိုင်ငံဖြစ် ပါတယ်။ တိုင်းပြည် တစ်ခု ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ အဲဒီတိုင်းပြည်ငြိမ်းချမ်းမှု ရှိလား မရှိဘူးလားဆိုတဲ့ အချက်က အဓိကကျတဲ့ အချက် တစ်ခုဖြစ် ပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းမှု မရှိဘူးဆိုရင် ကြိုက်တဲ့ အစိုးရတက် အဲဒီ တိုင်းပြည်ဟာ ဘယ်နည်းနဲ့မှ Develop ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ သမိုင်းကြောင်း နောက်ခံတွေရှိခဲ့တာက လဲ ချန်လှပ်ထားလို့မရတဲ့ အဓိက အချက်တစ်ခုဖြစ်နေပါတယ်။

၎။ နောက်ထပ် အကြောင်းအရင်းကြီး တစ်ခုကတော့ NLD ပါတီရဲ့ ပြည်သူလူထုကို စည်းရုံးရေး လုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီဖြစ်တယ် ဆိုတာရယ် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓာတ်ပုံ၊မိန့်ခွန်း စတာတွေကို အသုံးပြုပြီး စည်းရုံးတဲ့အပြင် အစိုးရ ရဲ့ လုပ်ကိုင်ဆောင် ရွက်သမျှ ကိစ္စအားလုံးကို Anti လုပ်ပြီး ဆန့်ကျင်ဘက် ပုတ်ခတ် ပြောဆိုတဲ့ အလုပ်ကို လက်ကိုင်တုတ်သဖွယ် အသုံးပြုတဲ့အချက်ဖြစ်ပါတယ်။ ဒီလို ရေးသာရတာဟာ NLD ကို ပုတ်ခတ်ပြောဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ NLD ပါတီရဲ့ စည်းရုံးရေး အစည်းအဝေးတွေမှာ သွား နားထောင် ကြည့်လိုက်ရင် ဟုတ်မဟုတ်သိနိုင်ပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက် နေပြည်သူ များဖြစ်ပါတယ်။ အတွေးအခေါ် အမျှော်အမြင်နဲ့ ဗဟုသုတ နည်းနေသေးတဲ့ ပြည်သူတွေကို စည်းရုံးတဲ့နေရာမှာ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ဟာကွက် ပျော့ကွက်တွေကိုသာ ထောက်ရှုပြီး စည်းရုံး ပြောဆိုရင် အဲဒီလူတွေ ကိုကြိုက်ကြပါ တယ်။ထောက်ခံကြတယ်။ ဒါဟာ လူ့သဘောသဘာဝလဲ ဖြစ်တဲ့ အတွက် အပြစ်တော့ မဟုတ် ပါဘူး။ ဥပမာတစ်ခုနေနဲ့ ( NLD ပါတီဝင်တစ်ယောက်က လူထုစည်းရုံးရေး လုပ်တဲ့ အစည်းဝေးတစ် ခုမှာပြောလိုက် တယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ကလူတွေက ယခင် စစ်အစိုးရ လက်ထက် တုန်းကလူတွေ၊ ဒီလူတွေက ဘောင်းဘီချွတ် အရောင်ပြောင်းထားတဲ့ လူတွေ၊ နဂိုကလည်း ဒီလူတွေ လုပ်ခဲ့လို့ တိုင်းပြည် မတိုးတက်တာ၊ အခုလဲ ဒီလူတွေဘဲ ဆိုတော့ ဘာမှထူးလာမှ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူတွေဘ၀ အရောင်ပြောင်းမှာ မဟုတ်ဘူး။ ) ဒီလိုပြောလိုက်တဲ့ အချိန်မှာ အောက်က လူတွေက လက်ခုပ်တဗြောင်း ၂ တီးပြီး ထောက်ခံကြတယ်။ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရက သိပ်ကောင်း တာဘဲလို့ ဘယ်တော့မှ ပြောပြီးစည်းရုံးမှာ မဟုတ်ပါဘူး။ ဒီလိုပြောဆိုစည်းရုံးမှုတွေရဲ့ အောက်မှာ အမှား အမှန် ကို သေသေချာချာ ကွဲကွဲပြားပြား မပိုင်းခြားဘဲ ဘာမသိညာမသိနဲ့ သူများတွေ လက်ခုပ်တီးလို့ သူများတွေ NLD ကို ထောက်ခံလို့ လိုက်ပြီး ထောက်ခံတဲ့ လူတွေဟာ ၁၀၀ မှာ ၉၅% နှုန်းလောက် ရှိပါတယ်။ အမှန်တော့ ကျွန်တော်တို့ ပြည်သူတွေက NLD ကို ချစ်လွန်းလို့ အားကိုလွန်းလို့ မဟုတ်ပါဘူး။ NLD စည်း ရုံးရေးလုပ်နေတဲ့သူတွေရဲ့ အစိုးရအပေါ်မှာ အဆိုးမြင်ဝါဒ လက်ကိုင်ထားပြီး ထိုးနှက် တိုက်ခိုက်တဲ့ အပေါစား စည်းရုံးရေး ၀ါဒမှိုင်းတိုက် စကားလုံးတွေ အောက်မှာ ဟုတ်များ ဟုတ်လေ မလား ဆိုပြီး ယောင်ဝါးဝါးနဲ့ ထောက်ခံနေ မိကြတာ ဖြစ်ပါတယ်။

၅။ NLD ပါတီမှာ ဘယ်လို အရည်အချင်းရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မေ့လျော့နေတဲ့ အရေးကြီးဆုံး အချက်တစ်ခုရှိနေပါ သေးတယ်။ ဒီနေ့ NLD ပါတီဝင်တွေမှာ အများဆုံး ပါဝင်တဲ့လူတွေက အစိုးရ အပေါ်မှာ တစ်ချိန်လုံး Anti လုပ်လာခဲ့ တဲ့သူတွေနဲ့ ပညာ အရည်အချင်းက အစ နည်းပါတဲ့ သူတွေ အများဆုံး ပါဝင်ဖွဲ့စည်းထားပါတယ်။ (ဥပမာ တစ်ခုပြောပြရရင် ကျွန်တော့်မွေးရပ်မြေ ရွာက NLD ပါတီဝင်တွေကို ရွာရောက် တုန်းလေး လာကြည့်လိုက်တယ်။ ဥက္ကဌက ၄ တန်းမအောင်တဲ့ ဦးဖိုးစိန်၊ သူ့ ကို ကျွန်တော် မေးကြည့်တယ် ဦလေး NLD ပါတီ ဥက္ကဌဆိုတော့ တယ်ဟုတ်ပါလား။ ဘယ်လို ၀င်ဖြစ်သွားပြီး ဘာတွေလုပ်ဖို့ရှိလဲ မေးကြည့်တော့ ဦးလေလဲ မသိပါဘူး ငါတူရာ၊ တောင်ဘက်ရွာ သွားတော့ ထွန်းမောင်ကြီးက ခေါင်းမှာ အနီရောက် အ၀တ်စီးပြီး ဒီချုပ်အလံ အိမ်ရှေ့မှာထောင် ထားတာကွ လူတွေ တရုံးရုံးနဲ့ NLD ဈေးပွဲတော်တဲ့ဗျ ဟန်ပါပါနဲ့ ဒီကောင်က ဥက္ကဌလုပ်နေတယ် ဆိုတော့ ငါလဲဒီဘက်ရွာမှာ ဥက္ကဌ လုပ်မယ်ဆိုပြီး ပါတီဝင်တာဟေ့၊ ဘာလုပ်ဖို့လဲ ဦးလေးရ လို့မေးတော့ ငါတူနှယ် ဥက္ကဌဆိုတော့ ဟန်ပါပါ နေရတာပေါ့ကွ လူအထင်ကြီးတော နည်းသလားတဲ့ ၊ ဒါဆိုဦးလေး ဘာတာဝန် တွေယူထားလဲ ဆိုတော့ ငါတူနယ် ရွာမယ် ဘုရားပွဲရှိ တိုင်း NLD အတွက်ဆိုပြီး ဈေးရောင်းတော့ အမြတ်ကလေး ဘာလေးလဲရ၊ ငါလဲ ဟန်ပါပါ နေလို့ရတာ ပေါ့ကွတဲ့၊ ဟုတ်ပါပြီ ဒါဆို ဦးလေး Democracy ကိုတော့ သိတယ် မဟုတ်လား ဆိုလား အင်း ငါတူရယ် သိတာပကွ မင်းနှယ် Democracyကို ဒေါ်အောင်ဆန်းစုကြည် ၀ယ်ထားပြီးပြီတဲ့ဟ အရင်တုန်း ကတော့ ဒေါ်စုက Democracy လုပ်တာတဲ့ အခုတော့ ၀ယ်ထားပြီးပြီတဲ့ဟ) ဦးဖိုးစိန်က ကျွန်တော့်ကို အဲဒီလို ပြောခဲ့တာပါ ဒါဟာ လက်တွေဖြစ်ပျက်ခဲ့ တာပါ။

၆။  နောက်ထပ် ဥပမာတစ်ခုကလဲ တကယ်ဖြစ်ပျက်ခဲ့တာပါ ရွာတစ်ရွာမှာပေါ့ သူတို့ရွာသားချင်း စီးပွားရေး၊ လူမှုရေးကိစ္စ တွေနဲ့ ပြဿနာဖြစ်ကြတယ်။ ဖြစ်တဲ့အခါကျတော့ ဘာမဆိုင်ညာမဆိုင် ပြဿနာနဲ့မဆိုင်တဲ့ မင်းတို့ ------ ပါတီကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ပြောပြီး၊ အနီးဆုံးမြို့ကိုသွား NLD နဲ့ဆက်သွယ်ပြီး သူ့ အိမ်မှာ NLD ဆိုင်းဘုတ်တင်ပါသတဲ့ဗျာ။ ဖွင့်ပွဲနေမှာ လူလေး ၄/၅/၆ ယောက်လောက်နဲ့ပေါ့။ ပြီးတော့ ခုချိန်ထိလဲ ဘာမှမလုပ်ပါဘူး။ လုပ်လို့လဲမရဘူးလေ။ တစ်ရွာလုံးက တခြားပါတီဝင်တွေကိုး။ ဒီဇင်ဘာလက ရွာရောက်လို့ကြည့်လိုက်တော့ ဆိုင်းဘုတ်တောင် ယိုင်နေတာတွေ့ခဲ့ပါတယ်ဗျာ။

ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း တော်နေရုံနဲ့ NLD ပါတီက တိုင်းပြည်ကို ဦးဆောင် လို့မရပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ တိုင်းပြည်ကို ကောင်းအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး။ အဖွဲ့အစည်းမှာ ပါဝင်သူတွေဟာ တော်တဲ့ ထက်မြတ်တဲ့ သူတွေဖြစ်ဖို့ အရေး အလွန်ကြီးပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLDနိုင်ရင် ပြီးရောဆိုပြီ လာချင်ရာလာ NLD ဆိုပြီး မဲပေးလိုက်တဲ့ ရလာဒ်ဟာ ကြာဖြတ် ရွေးကောက်ပွဲလေး ဖြစ်ခဲ့လို့ တိုင်းပြည်အတွက် ဘာမှ မသိသာ ခဲ့ပေမဲ့ ၂၀၁၅ မှာသာ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ဒီပုံစံတိုင်းဘဲ ဖြစ်သင့် မဖြစ်သင့် ဆိုတာ သေချာ မဆုံးဖြတ်ဘဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေ ထားပြီး မဲပေးကြ ဦးမယ်ဆိုရင် အနာဂတ် မြန်မာနိုင်ငံကြီးဟာ ကျွန်တော် တို့ ပြည်သူတွေ မျော်လင့်ထားတဲ့ ရွေရောင် လွှမ်းတဲ့ မြန်မာပြည် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူးဆိုတာ သုံး သပ် တင်ပြလိုက်ရ ပါတယ်။

Jing Hpaw Land

Credit : Here

SSA/SSPP နှင့် UWSA တို့ ဆက်သွယ်ရေး ပြတ်တောက်စေရန် အစိုးရတပ်က ကြိုးပမ်းခြင်းဖြစ်

KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြား နေသော ဗိုလ်မှူးကြီးစိုင်းထူး

အစိုးရတပ်က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်း မြို့နယ် တောင်ဘက်ရှိ SSPP/ SSA ၏ လွယ်လန်း တပ်စခန်းအား စစ်ရေးအရ တိုက်ခိုက်ခဲ့ခြင်းမှာ SSA နှင့် UWSA အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း SSPP/SSA မှ ဗိုလ်မှူးကြီး စိုင်းထူး က ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်သည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ သို့ တက်ရောက် လာသည့် SSA/SSPP ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းထူးက မတ်လ ၁၂ ရက်နေ့က မီဒီယာ များ၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

“လွယ်လန်းစခန်းဆုတ်ခိုင်းတဲ့ အကြောင်းပြချက်ကတော့ ဘိန်းတိုက်ဖျက်ရေးပေါ့။ DEA နဲ့လာပြီးတော့ ရှိတဲ့နေရာက တပ်တွေဆုတ်ဖို့ ရဟတ်ယာဉ်ကွင်းကို ပြန်ပြီးတော့ လုပ်ဖို့ပေါ့လေ။ ကျနော်တို့ မဆုတ်နိုင် ဘူး။ အရင်ဆုတ်ပေးတဲ့ စခန်း တွေ လည်း ဆုတ်ပေးထားပြီ။ ကျနော်တို့ နေမြဲနေတဲ့နေရာ ဖြစ်တယ်။ ခင်ဗျားတို့ မလာပါနဲ့ လို့ ဆိုတာ ကိုလာတော့ တိုက်ပွဲ ဖြစ် တာပေါ့။ ကျနော်တို့နဲ့ '၀' နယ်က သံလွင်မြစ်ခြားထားတယ်။ ဒီနေရာက။ ကျနော်တို့နဲ့ '၀' ဆက်ဆံရေး လမ်းကြောင်းကို ပိတ် ဆို့တဲ့သဘောရှိမှာပေါ့” ဟု သူက ဆိုသည်။

အဆိုပါလွယ်လန်းစခန်းမှာ ၀ နယ်နှင့် SSA အဖွဲ့များအတွက် စစ်ရေးအရ အချက် အခြာ ကျသော နေရာဖြစ်သည် ဟု တရုတ် - မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော ကလည်း ယခုလို ပြောဆိုသည်။

“ဒီလွယ်လန်းစခန်းကနေ ဆုတ်ပေးလိုက်ရင် နောက်ထပ် ဆုတ်စရာ နေရာမရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချရုံပဲရှိ တော့တယ်။ အဲဒီတောင်ကို ရသွားရင် '၀' နယ်က ပန်ဆန်းတို့ ပန်ယန်း အပါအဝင် မြို့တော်တော် များများကို အပေါ်စီးရသွားတာပေါ့။ လက်နက်ကြီးတွေတင်ပြီး ပစ်ရင် '၀' နယ်ကို ခြိမ်းခြောက်နိုင်ပြီပေါ့။ SSA အတွက်လည်း နောက်ဆုတ်ဖို့ နေရာမရှိတော့ဘူး” ဟု ဆိုသည် ။

SSA နှင့် အစိုးရတပ်တို့အကြား ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ အထိ နှစ်ဘက် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာ SSA မှ သမ္မတဦးသိန်းစိန်ထံ စာရေးတင်ပြခဲ့သဖြင့် အဆိုပါ တိုက်ပွဲများ အဆုံးသတ်သွားကြောင်း ဗိုလ်မှူးကြီး စိုင်းထူးက ဆိုသည်။

ယခုအခါ နှစ်ဘက်တိုက်ပွဲများ ရပ်ဆိုင်းနေသော်လည်း SSA နယ်မြေအတွင်းမှ အစိုးရတပ်များ ဆုတ်ခွာခြင်း မရှိသေးကြောင်း စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် စကခ ၂ နှင့် စကခ ၁၇ လက်အောက်ခံတပ်များ မိုင်းရှူးအရှေ့ဘက်တွင် နေရာယူထားပြီး ထောင်ချီရှိသည့် အစိုးရတပ်များ တိုးချဲ့ချထားဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယင်းသို့ ဖြေကြားခဲ့ပြီးနောက် လောလောဆယ်တွင် ဗမာ့တပ်မတော်မှ ခလရ ၃၃ ခလရ ၂၉၁ နှင့် ခမရ ၃၂၆ တို့က လွယ်လန်းစခန်း အထက်ဖက်ရှိ လွယ်စေးတောင်စခန်းကို ယနေ့ချိန်ထိ တိုက်စစ် ဆင်နေကြောင်း သိရသည်။

Credit : Here

မတ်လအတွင်း ကျင်းပမည့် ကုန်စည်ပြပွဲများ

သင်္ကြန်အကြို ကုန်စည်ပြပွဲကြီး နှင့် ကားပြပွဲကြီးကျင်းပမည်

ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်း ၊ မိုင်ဒါကွင်း (မြို့မကွင်း) ၌ သင်္ကြန်အကြို ကုန်စည်ပြပွဲ ကြီးနှင့် ကားပြပွဲ ကြီးကို ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ (၄)ရက် တိုင်တိုင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပြခန်းပေါင်း ၅၀၀ ကျော်နှင့် ကားအစီးရေ ၁၀၀၀ ကျော် ပါဝင် ပြသမည် ဖြစ်ပြီး ၀ယ်ယူ သူများ အတွက် အရစ်ကျ ငွေချေစနစ် နှင့် အထူး လျော့ဈေးများ ၊ အပို မေတ္တာ လက်ဆောင်များ ၊ ကံစမ်းမဲ အစီအစဉ်များ ပါဝင်မည် ဖြစ်သည်။ ယင်းပြပွဲတွင် ပြခန်း ငှားရမ်း လိုသူ လုပ်ငန်းရှင်များ အနေဖြင့် Smart Business Group ၊ ဖုန်း ၀၉- ၇၃၀၁ ၄၇၇၇ ၊ ၀၉- ၅၀၉၉ ၀၇၉ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

မဟာ မေတ္တာ ပညာရေး ဖောင်ဒေးရှင် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ကုန်စည်ပြပွဲ
ကောက်ရိုးနွယ် ကုမ္ပဏီ လီမိတက် နှင့် မဟာမေတ္တာ ပညာရေး ဖောင်ဒေးရှင်း တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် မဟာ မေတ္တာ ပညာရေး ဖောင်ဒေးရှင် ရန်ပုံငွေ ကုန်စည်ပြပွဲ ၊ ဈေးပွဲတော် ၊ ကားပြပွဲ နှင့် ဂီတဖျော်ဖြေ ပွဲတော်ကြီး ကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့ အထိ တောင်ငူမြို့ ၊ မိုင်ဒါကွင်းတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲနှင့် ပတ်သက်၍ ကောက်ရိုးနွယ် ကုမ္ပဏီ လီမိတက် ၊ အမှတ်(၁၂) ၊ ဗိုလ်တထောင် လမ်းသွယ်(၃) လမ်း ၊ ဗိုလ်တထောင် မြို့နယ် ၊ ရန်ကုန်မြိ့ ၊ ဖုန်း ၀၁- ၂၀၀ ၉၈၈ ၊ ၀၉- ၅၀၁၀ ၇၄၈ ၊ မဟာ မေတ္တာ ပညာရေး ဖောင်ဒေးရှင်း ၊ ဘိုးဘွားရိပ်သာ လမ်းနှင့် ဘူတာရုံ လမ်းထောင့် ၊ တောင်ငူမြို့ ၊ ဖုန်း ၀၅၄- ၂၃၇ ၉၉ ၊ ၀၉- ၅၃၅၂ ၅၄၄ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

Credit : Here

ဂျပန်နိုင်ငံ ( JICA ) အကူအညီပေးရေး အဖွဲ့မှ မွန်ပြည်နယ် အစိုးရအဖွဲ့အား လာရောက်တွေ့ဆုံ

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ အစိုးရ အဖွဲ့ရုံး ဧည့် ခန်းမတွင် မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များတွင် အကူအညီ ပေးရန် မွန်ပြည်နယ် အစိုးရ အဖွဲ့အား ဂျပန်နိုင်ငံ ( JICA ) အဖွဲ့မှ Mr. Takayasu Otake နှင့် အဖွဲ့ဝင် ၅ ဦးတို့က မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က လာရောက် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ ( JICA ) အကူအညီ ပေးရေး အဖွဲ့ Mr. Takyasu Otake မှ ၄င်းတို့ အနေဖြင့် မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေး အတွက် ဒေသတွင်း ပညာရေး ၊ ကျန်းမာရေး ၊ လမ်းပန်း ဆက်သွယ်ရေး ၊ သောက်သုံးရေ ရရှိရေး ကိစ္စရပ် များတွင် အကူအညီများ ပေးအပ် နိုင်ရန် ကွင်းဆင်း လေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း တွေ့ဆုံပွဲသို့ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် အတွင်းရေးမှူး ဦးဇော်လင်းထွန်း ၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးညွန့်စိုး ၊ နတလ မှ ဦးခင်မောင်ကြည် နှင့် ပြည်နယ် စီမံကိန်း ဦးစီးမှူး ဦးမျိုးညွှန့် တို့ တက်ရောက် ကြကြောင်း သိရှိရသည်။

Credit : Here

ဗုဒ္ဓ ဓမ္မသင်တန်း (ဗဟိုအဆင့်) စာမေးပွဲ ကျင်းပမည်

ရင်သွေးငယ်များ လိမ္မာ ယဉ်ကျေး လာစေရန် နှင့် လူ့ကျင့်ဝတ် ၊ လူ့သိက္ခာ များ၏ တန်ဖိုးကို သိနားလည် လာစေရန် ရည်သန်၍ မဇ္ဈိမ၀ံသ မြန်မာ ရဟန်းတော်များ အဖွဲ့မှ ကြီးမှူး ကျင်းပသော ဗုဒ္ဓ ဓမ္မ သင်တန်း ၊ မူလတန်း နှင့် အလယ်တန်း အဆင့် (ဗဟိုအဆင့်) စာမေးပွဲ များကို ၁၃၇၄ ခုနှစ် တပေါင်း လပြည့်ကျော် ၁၄ ရက် ( ၉-၄-၂၀၁၃ ) အင်္ဂါနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ၊ ကမာရွတ် မြို့နယ် ၊ အထက (၄) ၊ ဆင်ရေတွင်း တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲ သို့ ၀င်ရောက် ဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူ များသည် နီးစပ်ရာ မဇ္ဈိမ၀ံသ ဗုဒ္ဓသင်တန်းကျောင်း များတွင် ၀င်ခွင့်ပုံစံများ တောင်းခံ၍ ဧပြီလ ၅ ရက်နေ့ နောက်ဆုံးထား၍ စာရင်း ပေးသွင်းရန် နှင့် အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉- ၈၅၉ ၈၀၀၁ ၊ ၀၉- ၇၃၁၇ ၅၄၉၇ ၊ ၀၉- ၇၃၁၁ ၆၀၉၆ ၊ ၀၉- ၇၃၁၂ ၉၁၅ ၊ ၀၉- ၅၁၀ ၄၆၆၉ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

Credit : Here

ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန်


ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ဟောင်းများနှင့် ပတ်သက်ပြီး အလွန်အကျွံသည်းခံသူဖြစ်ကြောင်း NLD ၀ါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းတင်က ဝေဖန်ပြောဆိုလိုက်သည်။ဝါရှင်တန်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာ Veteran Burmese activist Win Tin says democracy icon Suu Kyi is too conciliatory ခေါင်းစဉ်တပ် ဆောင်းပါး တစ်ပုဒ်တွင် ယမန်နေ့ရက်စွဲဖြင့် ယင်းသို့ ရေးသား ထားခြင်း ဖြစ်သည်။”ကျွန်တော်တို့ထဲကတချို့ကတော့ ဒီစစ်ဗိုလ်ချုပ်တွေကို ဘင်္ဂလားပင်လယ်အော်ထဲ ပို့လိုက်ချင်တာ။ သူကတော့ (ရန်ကုန်မြို့)ကန်တော်ကြီးထဲ တွန်းချလိုက်တာမျိုးလောက်ပဲ လုပ်ချင်တာ” ဟု ဦးဝင်းတင်က ပြုံးပြီး ပြောသည်ဟု ရေးထားသည်။

ဆောင်းပါးတွင် ဦးဝင်းတင် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြောင်းကို အသားပေး ရေးထားသည်ကို ဖတ်ရမည်ဖြစ်သည်။

ဒေါ်စုက တချိန်ချိန်တွင် သမ္မတဖြစ်လာရေးအတွက် စစ်ခေါင်းဆောင်များနှင့် ညှိနှိုင်းစေ့စပ်ပြီး အခြေခံ ဥပဒေကို ပြင်ဆင်လိုဟန်ရှိသည်ဟု ယုံကြည်ရကြောင်း၊ ဦးဝင်းတင်က အခြေခံဥပဒေကို ဖျက်သိမ်းလို သူဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။

စစ်အုပ်စုက အပြောင်းအလဲ အနည်းငယ် လုပ်ပြရုံဖြင့် သွေးအေးမသွားကြရန် သူ၏ လုပ်ဖော်ကိုင်ဘက် များကို သတိပေးနေရသည်ဟု ဆိုသည်။

“စာနယ်ဇင်းသမား တော်တော်များများ၊ နိုင်ငံရေးသမား တော်တော်များများက အခြေ အနေ ကောင်းနေပြီလို့ ထင်ကောင်း ထင်ကြလိမ့်မယ်။ သိပ် ကျေနပ်နေကြတယ်။ ပွင့်ပွင့်လင်းလင်း မပြော ချင်ကြဘူး။ သူတို့က အစိုးရကို မဝေဖန် မတိုက်ခိုက်ချင်ကြဘူး။ အဲဒါ ပြဿနာပဲ” ဟု ဦးဝင်းတင်က ၀ါရှင်တန်ပို့စ်ကို ပြောလိုက်သည်။

သံတမန်တချို့ကမူ အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်သော ဦးဝင်းတင်သည် သဘောထားတင်းမာသူ၊ လက်ရှိ အပြောင်းအလဲနှင့် အံဝင်ခွင်ကျခြင်းမရှိသောသူတစ်ဦးဟု မြင်ကြသည်ဟု ယင်းဆောင်းပါးက ဆို သည်။

NLD မှ ခွဲထွက်သွားသူများနှင့် ဖွဲ့စည်းထားသည့် NDF ပါတီ ဌာနချုပ်တွင်လည်း ဦးဝင်းတင်က နာမည်ကောင်းမရကြောင်း ဆောင်းပါးတွင် ဆက်လက် ဖော်ပြထားသည်။

ထောင်သက်ရှည်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဦးဝင်းတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပုံကိုလည်း ၀ါရှင်တန်ပို့စ် ဆောင်းပါးတွင် ရေးထားသည်။

“သူက ရူးနေတဲ့လူပဲ။ ထောင်ထဲမှာပဲ အာဇာနည်အဖြစ် သေသွားချင်တဲ့သူပဲ” ဟူသော အသက် ၇၁ နှစ်အရွယ် ဦးခင်မောင်ဆွေ၏ စကားကို ကိုးကား ဖော်ပြထားသည်။

ဦးဝင်းတင်သည် အကျဉ်းသားယူနီဖောင်းဖြစ်သည့် အပြာရောင်ကို အမြဲ ဝတ်ဆင်လေ့ ရှိကြောင်း၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လာသည်အထိ ထိုကဲ့သို့ ၀တ်ဆင်မည်ဖြစ်ကြောင်း ဆောင်း ပါး တွင် ရေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန်ချက်ကို ဖော်ပြထားသည့် ဤဆောင်းပါး ထွက်ပေါ်လာချိန်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြုစုသည့် လက်ပံတောင်းဒေသ အစီရင်ခံစာအပေါ် အများအပြားက မကျေမနပ် ဖြစ်နေချိန်နှင့် တိုက်ဆိုင်နေသည်ကို တွေ့ရှိရသည်။

Credit : Here

သာသနာ့ နေမင်း ကွယ်လေပြီ – မစိုးရိမ်ဆရာတော် အရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ဘ၀နတ်ထံ ပျံလွန်တော်မူ


မန္တလေးမြို့၊မဟာအောင်အောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်များ၏ မဟာနာယကချုပ် မစိုးရိမ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)မထောရ်မြတ်ကြီးသည်၊ ယနေ့ ည ၁၁း ၄၀ခန့် မှာ မစိုးရိမ် တိုက်သစ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပြန်လွန်တော်မူသွားပါသည်။ ဆရာတော်ကြီးသည်ကား မြန် မာနိုင်ငံ၏ ပရိယတ္တိစာသင်တိုက်များ၏ မီးရှုးတန်ဆောင်ဖြစ်သည်။ ဆရာတော်၏ မစိုးရိမ်တိုက် သည် မြန်မာနိုင်ငံတော်တွင် စာသင်သားသံဃာတော် (၃၀၀၀ )ကျော်စာသင်၊စာချ သာသနာပြုရာ စာသင် သံဃာအများဆုံးစာသင်တိုက်ကြီးဖြစ်ပြီး၊ မြန်မာပြည်မက ကမ္ဘာအထိတိုင်အောင် ဆရာတော်ဘုရားကြီးနှင့် မစိုးရိမ်တိုက်၏ ဂုဏ်သတင်းကားမွေးပြန့်လှချေသည်။

ယခုသော်ကား ပရိယတ္တိ ဦးသျှောင် နေမင်းကြီးသည်ကား ကွယ်တော်မူလေပြီး၊ မြန်မာနှင့် သာသနာ အတွက် ပြောမပြနိုင်လောက်သော ဆုံးရှုံးမှုကြီးပဲ ဖြစ်ချေတော့၏။

(ဆရာတော်၏ ထေရုပ္ပတ္တိအား ကြည်ညိုပူဇော်ကြရန် အကျဉ်းမှ တင်ပြပေးလိုက်ပါသည်)

http://www.facebook.com/dhammavira.ashin မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ-၏ ထေရုပ္ပတ္ထိအကျဉ်း
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်ကြီး (၃)တိုက်တို့၏ အဓိပတိ မဟာနာယက
ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ-၏ ဘဝပုံရိပ်


ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၂၉၅-ခု၊ ၀ါဆိုလပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ် ၁၉၃၃-ခု၊ ဇူလိုင် ၁၉ -ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအကိုမောင်နှမ ငါးယောက်အနက် တတိယမြောက် သား ရတနာဖြစ်သည်။ ၁၃၀၈-ခုနှစ်၊ နှောင်းတန်ခူးလတွင် သာမဏေအဖြစ်သို့ ရောက်ရှိသည်။

၁၃၁၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၅-ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ ဆရာတော် ဦးကိတ္တိဖြစ်သည်။ အင်တိုင်းရွာ တောင်ကျောင်း ဆရာတော် ဦးရ၀ိန္ဒ၊ ဆရာတော် ဦးကောဝိဒ တို့အထံတွင် သင်ပုန်းကြီးမှ စ၍ စတင်ပညာသင်ခဲ့သည်။

၁၃၁၂-ခုနှစ်၊ နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမ စာသင်တိုက်သို့ ရောက်ရှိခဲ့သည်။ ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။ ၁၃၁၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၂-ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက် ပုသိမ်ကျောင်းသို့ ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။ ၁၃၁၅-ခုနှစ်၊ နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။

မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊ သကျသီဟ စာချတန်းများ ကို အောင်မြင်သဖြင့် မစိုးရိမ် တိုက်ကြီး၌ ကျောင်းထိုင်နာယက စာချ အဖြစ်သို့ ရောက်ရှိခဲ့သည်။ မစိုးရိမ် တိုက်ကြီး၌ ခြောက်နှစ် တိတိ စာချပြီး ၁၃၂၉-ခု၊ တပို့တွဲလ၌ စိန်းပန်း မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ် ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍ စာချခဲ့သည်။

ထိုအချိန်က မစိုးရိမ်တိုက်သစ် တတိုက်လုံး စာသင်သား သံဃာ-၆၃ ပါးမျှ သာရှိသည်။ တဖြေးဖြေး သံဃာ တိုးပွါးလာရာ ၁၃၅၀-ခုနှစ်၌ သံဃာတစ်ထောင်ကျော်အထိ တိုးတက်လာသည်။ ယခု အချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။ စိန်းပန်း မစိုးရိမ်တိုက်သစ်၌ သံဃာများလွန်း သဖြင့် ပြည်ကြီးတံခွန် မြို့နယ်၌ မစိုးရိမ်တိုက်သစ် တတိုက် တည်ထောင်ခဲ့ သည်။

ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀-ကျာ်ခန့်အထိ နေထိုင်သီတင်းသုံးလျှက်ရှိသည်။ ယင်းတိုက်သစ်၌် စာသင်သားသံဃာများ တဖြေးဖြေး တိုးတက်လာသော်လည်း သောက်သုံးရေမှာ အဆင်မပြေလှချေ အဆင့်မမှီသည့် ရေကိုပင် လျှပ်စစ်စွမ်းအား နည်းပါးသဖြင့် စာသင်သား သံဃာများ သုံးစွဲလောက်အောင် တင်မပေးနိုင်ပေ။ ထိုကြောင့် ဒေးဝန်းမြို့တော်ဝန် ဦးပေစိဘုရား အနောက်ဖက်၌ မစိုးရိမ်တိုက်သစ် အမှတ် ( ၃) ကို တည်ထောင်ပေးခဲ့သည်။

ယင်းတိုက်၌ စာသင်သားသံဃာ ၁၀၀-ကျော်မျှ သီတင်းသုံး နေထိုင်လျှက်ရှိသည်။ ပြည်ကြီးတံခွန် မစိုးရိမ် တိုက်သစ်၌ ဆရာတော်ဦးရာဇဓမ္မကိုယ်တိုင် နေ့စဉ် စာပေပို့ချ သာသနာပြုလျှက်ရှိသည်။ ဗမာပြည်ပြန် မရောက်မီ သေချင်လျှင်လည်း သေပါလိမ့်မည်။ မသေခင် သံဝေဂဉာဏ်ပွါးများ၍ တကာ-တကာမ များကိုလည်း သံဝေဂဖြစ်အောင် သံဝေဂ တရားသာ ဟောကြားလေ့ရှိသည်။ ဘွဲ့များ ရရှိသော်လည်း ယင်းဘွဲ့များကို အသုံးပြုလေ့မရှိပါ။ ဘွဲ့ရခြင်းကြောင့် ဆက်ကပ်ထားသည့် ဖရီးပတ်စ် လက်မှတ်များကို လည်း တကြိမ်တခါမျှ အသုံးမပြုခဲ့

ဆရာတော်ဘုရားကြီးသည် ယခင်စစ်အစိုးရလက်ထက်တွင် ၀ိနယ ကိုလေးစားသည့်အလျှောက် ဆရာတော်ဘုရားမှ စစ်အစိုးရအား တရားသဖြင့် ဆိုဆုံးမသည်ကို လက်မခံပဲ ဆရာတော်ဘုရားကြီး အား ထောင်တွင်းအကျဉ်ချခဲ့ကြလေ၏..။

(ဆရာတော်၏ သြ၀ါဒများအား ဖတ်လိုလျှင်)

http://www.facebook.com/masoeyeintaik?fref=ts

မိုးမခစာဖတ်သူများကို ပေးအပ်ခဲ့သော သြ၀ါဒ -

http://moemaka.wordpress.com/2011/06/30/sayadawgyi-u-yaza-dhamma-urged-unity-of-burmese-community-in-and-outside-of-burma/#more-25165

Credit : Here

၂၀၁၅အတွက် မျက်ဖြူဆိုက်နေသူများ သွေးထိုးလှုံဆော်ဖို့ ဆရာကြိုက် မဖြစ်ရလေအောင်..


လက်ရှိ လက်ပံတောင်းတောင် အရေးမှာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ မလုပ်ကြပါနဲ့.. ဒီခေါင်းဆောင်၊ ဒီလမ်းကို အားလုံးတားမြစ်တဲ့ ကြားထဲက ကျဉ်းတည်း၊ ကြပ်တည်းမှာ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းတယ် ဆိုကတည်းက ဘယ်အတွက်ကြောင့်ဆိုတာ မေးစရာ မလို ပြည်သူ အတွက် ဖြစ်သည်။

တိုင်းပြည်တာဝန် ယူထားပြီး ခေါင်းဆောင်ဆိုသည့် ပုဂ္ဂိုလ်များမှ ခေါင်းရှောင်ကြသည်...။ အစိုးရဟူသည့် ပုဂ္ဂိုလ်များသည် သိက္ခာမရှိစွာပင် ပြည်သူအပေါ်ထားသည့် မေတ္တာနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိ၊ အများပြည်သူ ထောက်ခံမှု မရှိသည့်အတွက်ကြောင့် ကိုယ်လုပ်ထားသည့် အလုပ်ကို တာဝန် မယူ ခေါင်းရှောင်ကြသည်..။ သတ်ကွင်းကို မဖြတ်ဝံ့ ဖြတ်ရန်လည်း နှလုံးရည်၊ လက်ရုံးရည်လည်းမရှိ..။

တခါတခါ လူမျိုးနဲ့ ယှဉ်ပြောရမှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်မည်။ ဒူးလောက်တင်မှ ရင်လောက်ကျသည်။ ရေကူးညာတင် စသည့် မြန်မာစကားပုံများရှိသည်..။ မည်သည့်အရေးတွင်မဆို ရည်မှန်းချက် အပြည့်ဆိုသည်မှာ ရှားလှသည်..။ အရှုံးထဲမှ အမြတ်ရှိနိုင်သလို၊ အမြတ်ထဲမှလည်း အရှုံးရှိနိုင်ပေသည်..။

ယနေ့ ပြောင်းလဲလာသော အခြေအနေ တရပ်ဆိုသည်မှာ မိုးပေါ်က ကျလာသည်မဟုတ်ပေ..။ ယနေ့ နိုင်ငံ့ခေါင်းဆောင်ဆိုသူ တာဝန်မယူရဲသူများ၏ စေတနာ ကောင်းလွန်းသောကြောင့်လည်း မဟုတ်ပေ..။ ဒီအခြေအနေတရပ်ကို ပေါ်ထွန်းလာဖို့ လူထုခေါင်းဆောင် မည်၍ မည်မျှ ကြိုးစားခဲ့ရသည် အနစ်နာခံ စတေးခဲ့ရသည်ကို ပြန်မြင်အောင်ကြည့်သင့်ပေသည်...။ ပြည်သူ့အကျိုးမပါပဲ ဘယ်အရာမှ မလုပ်ဟု အကြိမ်ကြိမ် ကတိပေးခဲ့ပြီးဖြစ်သည်။ ယနေ့အရေးတွင် ထွက်ပေါ်လာသော အစီရင်ခံစာအရ ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့သည် ယခင်ကလို ထင်တိုင်းလုပ်ခွင့် မရတော့ပေ။ ထင်သာမြင်သာ မရှိ လုပ်ချင်တိုင်း လုပ်ခွင့်မရတော့သည်မှာလည်း အမြတ်ဖြစ်သည်..။ ပတ်ဝန်းကျင်မှ ပြည်သူ့သဘောထားကို အလေးမထား၍ မရတော့သော အခြေအနေသည် အမြတ်ဖြစ်သည်။

ယနေ့ အရေးမှာ ၂၀၁၅အတွက် မျက်ဖြူဆိုက်နေသူတွေ အတွက် သွေးထိုးရန် ဆရာကြိုက် အခွင့်အလမ်းမဖြစ်ဖို့ အရေးကြီးလှသည်။ သွေးဆူနေသော ဒေသခံပြည်သူများအား လူထုခေါင်းဆောင် အပင်ပန်းခံ ရှင်းလင်းပြောပြ လုပ်ဆောင် နေသည်။

လူထုခေါင်းဆောင်အ လုံခြုံရေးအတွက် အင်မတန်မှ အရေးကြီးလှသည်.။ အများကြည်ညိုလေးစား ရသော ထေရ်ကြီး ဝါကြီး သံဃာတော်များမှလည်း ဝိုင်းဝန်းဖြောင်းဖျပေးဖို့ လျှောက်ထား တောင်းပန် အပ်သလို၊ ၈၈ကျောင်းသား ခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် အနုပညာရှင်များမှလည်း ဝိုင်းဝန်းဖြေရှင်း လုပ်ဆောင်ပေးဖို့ တောင်းဆိုအပ်ပါသည်။

ယနေ့လက်ပံတောင်းတောင် အရေး ကော်မရှင်ဥက္ကဋ္ဌသည်.. အာဏာရ အစိုးရအဖွဲ့မဟုတ် သမ္မတမဟုတ်..။

အစိုးရအဖွဲ့သည် ကော်မရှင် အဆင့်လောက်တောင် တာဝန်မယူရဲ၊၊ တာဝန်မခံရဲ၊ တာဝန်မသိ၊ တာဝန်မရှိသည့် အဖွဲ့ဟုသာ သုံးသပ်မိသည်။

Credit : Here

အိမ်သာတက်ခွင့်ပြုတယ် ၊ သေးတော့ မပေါက်နဲ့ လို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာ

ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများ သို့ အကြံပြုချက်

အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။

ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး ။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲ ဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာ အမြင်နဲ့ အကြံပေးကြည့်တာပါ ။

ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာ လို့ မြင်တယ်။ ဖော်ပြချက်တွေ ကို လိုက် နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ် ) လို့ မပြောယုံတမယ်ပဲ ။ အိမ်သာတက်ခွင့်ပြုတယ် ၊ သေးတော့ မပေါက်နဲ့ လို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့ ဝမ်ပေါင် ဦးပိုင် ခေါင်းစား စရာတွေ အများကြီး ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစီရင်ခံစာရဲ့ အကြံပေးချက်တွေကို ဦးပိုင် ၊ ၀မ်ပေါင်နဲ့ အခြား အကျိုး အမြတ် ရရှိနေသူများ တွေ မလုပ်ချင်တဲ့ အရာတွေ များပါတယ်။ ဒီအချက်တွေ လုပ်မပေးခဲလို့ ခုလို ဒေသခံတွေရဲ့ နစ်နာမှုတွေ ဖြစ်ပေါ်လာတာပါပဲ။ ( စီမံကိန်း ဆက်လုပ်သင့် ဆိုတာမျိုး ) လက်မခံနိုင်စရာအချို့ ပါကောင်း ပါလည်း ဒေသခံတွေ အတွက် ဆောင်ရွက် ပေးရမယ့် လုပ်ငန်းတွေ အပါအဝင် စီမံကိန်း ဆက်လုပ်ရင် လိုအပ်တာတွေရော ဖော်ပြ ထားပါတယ် ။

နမူနာ ဆွဲထုတ်ပြရလျှင် အစီရင်ခံစာတွင် -

ပတ်ဝန်းကျင် သိပ္ပံ အဖွဲ့၏ လေ့လာတွေ ရှိချက်အဖြစ် -

စာပိုဒ် ၇၀။ အပိုဒ်ခွဲ (က) ဂေဟစနစ် မှာ

အထူးသဖြင့်ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာ က သတ်မှတ် ထားသော သောက်သုံးရေ စံနှုန်းထက် နိမ့်ကျသည် ကို တွေ့ရှိရကြောင်း ။

အပိုဒ်ခွဲ(ခ) လေထုညစ်ညမ်းမှု အခြေအနေ ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ ဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကိုတွေ့ရှိရကြောင်း။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ၊ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)။ ဘာသာရပ်နှင့် ကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက် ။ ဒီ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)အရ သေချာ ဖတ်ကြည့်လျှင် ဒီ ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် ဥပဒေနှင့်အညီ လုပ်ဆောင်နေသော စီမံကိန်း မဟုတ်ကြောင်း ပေါ်လွင်နေတယ်။ အားနည်းချက်တွေ အများ ကြီး ထောက်ပြထားပါတယ်။

ဖော်ပြပါရှိသလို အခြားအချက်များကို တိုက်ပွဲဝင်သူတွေ က ဆွဲထုတ်ပြပြီး စီမံကိန်း အပေါ် မေးခွန်းထုတ်ပြီး အချက်ကျကျ တိုက်ပွဲဝင်နိုင်ရန် စီမံ သင့်ပါတယ် ။( အပိုဒ်ခွဲ-ဃ မှာလည်း အားနည်းချက်တွေ တွေ့ ရှိရတာကို ဖော်ပြထားပါတယ်။)

သပိတ်စခန်းနှင့် ပတ်သက်၍်လည်း -

စီမံကိန်း ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည် ဟု ပါရှိပါတယ် ။ထိုတင်ပြမှုမျိုး မှာ အရေးယူ ဆောင်ရွက်ရာတွင် (အရေးယူပေးရန် ဆန္ဒပြ တောင်း ဆိုသူတွေ အတွက် ) အကောင်းဆုံး သက်သေ ရလာဒ်လို့ မြင်ပါတယ် ။

ဤအချက်ကို ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုက်ပွဲဝင်သူများဘက်မှ တရားဥပဒေ အရ အရေးယူ ပေးရန် တရားရုံးကို ဦးတိုက်လျှောက်လျှင် အရေးမယူပဲ နေလို့မရဘူးလို့ မြင်ပါတယ်။

( ၂၀၀၈ အခြေခံဥပဒေ ။ အခန်း(၈) ပုဒ်မ၃၄၇ ။ ဥပဒေ အရာ တွင် တန်းတူ ညီမျှ အခွင့်အရေး ရရှိစေရမည် ။ ထိုအပြင် ဥပဒေ၏ အကာအကွယ် ကိုလည်း တန်းတူ ညီမျှစွာ ရယူခွင့်ပေးရမည် ။) လို့ ပါရှိပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာက တိုက်ပွဲ ဝင်နေသူတွေ ကိုယ်တိုင်ပါပဲ။

စီမံကိန်းကို မရပ်တန့်တာကို မကျေနပ်တာလား ။

စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင် နဲ့ ဦးပိုင် တို့ကို မကျေနပ်တာလား ။

(၂) ခုလုံးကို မကျေနပ်တာလား ( စီမံကိန်း လုံးဝ ရပ်ဆိုင်းရန်) ။

အဘယ်သို့ ဖြစ်စေချင်တယ် ဆိုတဲ့ ဆန္ဒကို ကျကျနန အချက်အလက် ထောင့်စေ့စွာ တင်ပြဖို့ အခွင့်အရေး ရနေတဲ့ အချိန် တင်ပြ အဖြေရှာနိုင်ရန် အကျိုးရှိစွာ အသုံးချသင့်သည် ဟု ယူဆပါသည်။

နောက်ထပ် ထပ်သွင်းစဉ်းစားသင့်တာက မူလပထမက လက်ပံတောင်းဒေသနှင့် နိုင်ငံ အဝန်းမှ ချစ်ခင် ယုံကြည် အားကိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် စပ်လျဉ်းတဲ့ အချက်တွေပါ ။

၁။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ကော်မရှင် ဥက္ကဌ ရာထူး ပေး၍ စုံစမ်း စစ်ဆေးပါ ဆိုကတည်းက လူထုနှင့် ဆက်ဆံရေး ကို အန္တရာယ်ရှိ လမ်းကြောင်းပေါ်သို့ ပညာသားပါစွာ တင်ပေးခြင်းဆိုတာ လက်ခံပါသလား ။

၂။ အကယ်၍ ၎င်းတို့ မျှော်မှန်းထားသည့် အတိုင်း ဒေသခံ လူထုမှ လက်မခံလျှင် ဒေါ်အောင် ဆန်းစုကြည်နှင့်ေးသခံ လူထု ဆက်ဆံရေး ထိခိုက်လျက် -

(က) ဒေါ်အောင်ဆန်းစုကြည် မှ အားနည်းချက် တစုံတရာဖြစ်လျှင် လူထု အကြည်ညို ပျက်စေရန် ။

(ခ) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အစီရင်ခံစာ အပေါ် မကျေနပ်ဘူး ဆိုသော ဒေသခံ တို့အား ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုသော နိုင်ငံ အဝန်းမှ လူထုက လက်ပံတောင်းလှုပ်ရှားသူတို့၏ တိုက်ပွဲကို ဆက်လက် အားပေးခြင်းမှ ရပ်တန့်သွားစေရန်။

(၃) နိုင်ငံ့ အရေးကိစ္စများသည် အလွန်ပရိယာယ်များကြောင်း ခေါင်းဆောင်တိုင်း သိကြမည် ထင်ပါသည်။ အစဉ်အဆက် သပ်လျို သွေးခွဲမှု လမ်းစဉ်ကို နည်းအမျိုးမျိုး နဲ့ သုံးစွဲ၍ ဖြိုခွဲခဲ့ကြသည်ကို သမိုင်းတွင် သာဓကများစွာ ရှိသည် ကို သတိချပ်စေချင်သည်။

(၄) အရေးကြီးဆုံးက (အားလုံးကို မေးတာပါ) ဒီကနေ့ နိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည် ကို မယုံကြည်ဘူး ဆိုလျှင် ယုံကြည်ရတဲ့သူ မည်သူရှိသလဲ ။ ရှေ့ဆက်ရမယ့် ကာလများမှာ ဒေါ်အောင်ဆန်း စုကြည် လုံးဝမလိုအပ်ပါ ဟု မည်သူ အာမခံ တာဝန်ယူမလဲ ။း

(၅) လတ်တလော ဒီစီမံကိန်းရဲ့ အားနည်းချက်တွေ ၊ နောက် ဗုံးကိစ္စတွေ ကို ပြောကြားရာ မှာ ဘယ်သူပြောတာဖြစ်ဖြစ် အရေးစိုက်ခံရခြင်း မရှိခဲ့ဘူး ဆိုတာ အားလုံးအသိပါပဲ ။

ဒီအစီရင်ခံစာထဲက စီမံကိန်းအပေါ် အားနည်းချက်တွေ ၊ ဗုံးကိစ္စတွေ ကတော့ ကျွန်တော်တို့ ပြောချင်တာတွေကို ဦးပိုင်၊ ဝမ်ပေါင် နဲ့ သက်ဆိုင်ရာတွေ ကို မလှုပ်သာအောင် တရားဝင် ကမ္ဘာသိ ပြောကြားပေးထားတာ ဆိုတာ ထည့်စဉ်းစာရမှာပါ။(ထိရောက်ဖို့ အရေးကြီးပါတယ်)

သို့ပါ၍ ကျွန်တော်တို့ အားလုံး ဟာ စိတ်ဓါတ်ပြင်းထန်မှု နှင့် အတူ မိမိရင်ထဲ ရှိနေသော အစိုင်အခဲကို ချက်ချင်း ဖြေဖျောက်ရန် မစွမ်းသာသော်လည်း မိမိတို့၏ လိုရာ နှင့် အခြေအနေကို ဆောင်ရွက်ရာတွင် ဆင်ခြင်တုံ့တရား ၊ ပိုင်းခြားဝေဖန်ခြင်း ၊ နှံစပ်စွာ သိနားလည်ခြင်း၊ ရှေ့ဆက်နိုင်ရန်ေ မျှာ်မြင်သုံးသပ်ခြင်း တို့ကို မမေ့မလျောပဲ တိုက်ပွဲ သတိဖြင့် ပန်းတိုင်ကို ချီတက်သင့်ပါတယ်။

မဟာဗျုဟာ ကျကျ နည်းဗျုဟာ မှန်မှန် နဲ့ ဆက်လက် တိုက်ပွဲ ဝင်တတ်ရင် ကျေနပ်စရာတွေ ရလာမယ် လို့ မျှော်လင့်ပါတယ်။ တိုက်ပွဲ ဝင်နေသူတွေ မိမိ တို့ အလိုရှိရာကို အစီရင်ခံစာပါ အချက်တွေ ကိုင်စွဲပြီး တောင်းဆိုနိုင်ရင် ကျေနပ်စရာ အောင်ပွဲ ရနိုင်ပါတယ်။ အစီရင်ခံစာ အချက်တွေ ဆောင် ရွက်ပေးနိုင်ရင် ဒီစီမံကိန်းက အသွင်ပြောင်း သွားနိုင်ပါတယ်။

စိတ်ဆန္ဒ ကို အလိုပြည့်အောင် ဘယ်လို ဖြည့်စည်းရမလဲ ဆိုတာ မိမိတို့၏ ကံ၊ ဥာဏ်၊ ဝရီယ အပေါ်မှာ လည်း မူတည်ပါတယ် ။

ကျွန်တော် လေးစားသော လက်ပံတောင်းတောင် တိုက်ပွဲဝင် ရဲဘော်များသည် ပါးနပ် လိမ္မာ၍ ပညာသား ပါပါ မိမိတို့ လိုရာကို ချီတက်နိုင်ရန် ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားပေးနိုင်ရန် အကြံပေးခြင်း ဖြစ်ပါသည်။

ဤစာစုပါ အကြံပေးချက်များသည် ကျွန်တော်တစ်ဦးတည်း ၏ အမြင် ဖြစ်ပြီး ဗကသများ အဖွဲ့ချုပ်၏ အာဘော် မဟုတ်ကြောင်း ၊ ကိုယ်စားပြုပြောကြားခြင်း မဟုတ်ကြောင်း သိစေအပ်ပါသည်။

ကိုရဲရင့်ကျော်
၁၃-၃-၁၃

Credit : Here

Fulbright လျှောက်လွှာတင်နိုင်ပြီ

အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ကြားလိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ Fulbright နိုင်ငံ ရပ်ခြားကျောင်းသား ပညာသင်ဆုကို ၂၀၁၄ ခုနှစ်အတွက် စတင် လျှောက်ထားနိုင်ပြီလို့ အမေရိကန် သံရုံးက မတ်လ ၁၃ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

လျှောက်ထားမယ့် သူတွေဟာ မြန်မာနိုင်ငံသား ဖြစ်သူ၊ ဘွဲ့ရပြီးသူ၊ အင်္ဂလိပ်စာ TOEFL ရမှတ် (၅၇၅) မှတ် ဒါမှမဟုတ် IELTS ရမှတ် (၆.၅) အထက်ရရှိထားသူ၊ မိမိလျှောက်ထားမယ့် ဘာသာရပ်မှာ ဘွဲ့ရ ထားသူ ဒါမှမဟုတ် လုပ်ငန်းအတွေ့အကြုံရှိသူတို့ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီပညာသင်ဆု ရွေးချယ်ခံရတဲ့ ကျောင်းသားတွေကို ပညာရေးစရိတ်၊ နေရာထိုင်ခင်းစရိတ်၊ ကျန်းမာရေးနဲ့ ထိခိုက်ဒဏ်ရာရခဲ့ရင် အကျိုးခံစားခွင့်၊ စာအုပ်စာတမ်းကြေးနဲ့ ခရီးစရိတ်တွေအတွက် ထောက်ပံ့ပေး သွား မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာမယ့် ဧပြီလ၊ မေလနဲ့ ဇွန်လမှာ ဖူးလ်ဘရိုက် ပညာသင်ဆုအကြောင်းကို ရန်ကုန်မြို့၊ အမေရိကန် စင်တာမှာ ဆွေးနွေး ဟောပြောသွားမယ်လို့ သိရပါတယ်။

Credit : Here

ရခိုင်စာကို ရခိုင်တိုင်းရင်းသားတို့ သင်ခွင့်ရတော့မည်

နှစ်ပေါင်းနှစ်ရာကျော် ကာလအတွင်း သင်ကြားခွင့်မရခဲ့သော ရခိုင်စာပေကို လာမည့် ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အစိုးရကျောင်းများ၌ တရားဝင် ပြဋ္ဌာန်း သင်ကြားတော့မည် ဖြစ်ကြောင်း ရခိုင်စာ သင်ရိုး ညွှန်းတမ်း ပြုစုရေး ကော်မတီမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

ရခိုင်စာကို ပြုစုသင်ကြားရေးအတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့ က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ဆွေးနွေးညှိနှိုင်းကာ ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုရေးကော်မတီကို ၂၇ ဦးဖြင့် ဖွဲ့စီးပြီး စတင်ပြုစုခဲ့ကြသည်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ) မူလတန်းအဆင့်အတွက် သူငယ်တန်း သင်ရိုးကို ရေးဆွဲပြီးဖြစ်သည်။

ရခိုင်စာကို ပြုစုသင်ကြားရေးအတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ပြည်နယ် အစိုးရအဖွဲ့ရုံး တွင် ဆွေးနွေးညှိနှိုင်းကာ ရခိုင်စာ သင်ရိုးညွှန်းတမ်း ပြုစုရေးကော်မတီကို ၂၇ ဦးဖြင့် ဖွဲ့စီးပြီး စတင်ပြုစုခဲ့ကြ သည်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ) မူလတန်းအဆင့်အတွက် သူငယ်တန်း သင်ရိုးကို ရေးဆွဲပြီးဖြစ်သည်။

မတ်လ ၅ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ရှိ ၁၇ မြို့နယ်မှ သမိုင်းသုတေသီများ၊ စာပေပညာရှင် များနှင့် အစိုးရအဖွဲ့က ဆွေးနွေးညှိနှိုင်းပြီး ရခိုင်စာသင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းကို ရေးသားပြုစုကာ လာမည့် ၂၀၁၃/၁၄ ပညာသင်နှစ်တွင် ပြည်နယ်အတွင်းရှိ အထက ကျောင်းများ၌ စတင်သင်ကြားတော့မည်ဟု ဆိုသည်။

“ပြည်ထောင်စု အစိုးရက ဒီနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ ရခိုင်စာ သင်ကြားဖို့ ညွှန်ကြားလာတယ်။ ဒါကြောင့် သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ကျနော်တို့ သင်ရိုး ညွှန်းတမ်း ရေးဆွဲနေပါတယ်။ အောက်ခြေက စလို့ အတန်း ၃ တန်း ရေးဆွဲတဲ့နေရာမှာ အခုဆို အခြေခံ အကျဆုံး သူငယ်တန်းကို ရေးဆွဲပြီး နေပါပြီ” ဟု ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင် က ပြောသည်။

သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် ရခိုင်အက္ခရာအဖြစ် ယနေ့အသုံးပြုနေကြသော မြန်မာအက္ခရာနှင့် တူသည့် မြောက်ဦးခေတ်နှောင်းသုံး အက္ခရာကို သုံးပြီး ဝေါဟာရများမှာ ရခိုင်ပြည်နယ် တဝှမ်းလုံးတွင် တူညီသော အသုံးများကို ပင်တိုင်ထား၍ ကွဲပြားမှုများကို ညှိနှိုင်းထည့်သွင်း အသုံးပြုထားကြောင်း သိရသည်။

“မူလတန်းဆိုတော့ အထူးသတိထား လုပ်ဆောင်ရတယ်။ အက္ခရာအသုံးထက် အသံထွက် သရ အသုံးမှာ ဒေသ အလိုက် ကွဲပြားမှုတွေ တွေ့ရတယ်။ ပညာရှင်တွေ အချင်းချင်း အကြိတ် အနယ် ဆွေးနွေးရတာလည်း ရှိတယ်။ နှစ်ပေါင်း ၂၂၈ နှစ်တောင် ကင်းကွာနေလေတော့ ပြုစုတဲ့နေရာမှာ အမှားအမှန်တော့ ရှိမယ်။ အမှားပါလာရင် ဝေဖန်ကြမှာပဲ။ ဘာပဲဖြစ်ဖြစ် ရခိုင်စာပေ ပြန်လည် ရှင်သန်ရေး အတွက် ခေါင်းခံပြီး မကြောက်မရွံ့ဆက်လုပ်သွား ကြဖို့ ကျနော်တို့အားလုံး ဆုံးဖြတ်ထားကြတယ်” ဟု သင်ရိုးညွှန်းတမ်းပြုစုရေး ကော်မတီဝင် တဦးက ဆိုသည်။

နှစ်ပေါင်းများစွာ ကင်းကွာလာခဲ့ရသည်နှင့်အမျှ မူလစာပေ အသွင်သဏ္ဍာန်ကို ရုပ်လုံး ဖော်ရာတွင် အချိန်တို အတွင်း ပြီးပြည့်စုံရန် မလွယ်ကူသဖြင့် အချိန်ယူ၍ ဖြည့်စွက်ပြင်ဆင်သွားရမည်ဟု ကော်မတီဝင် ဆရာတော် ဦးကောသလ္လ(ဂဝေသီ)က မိန့်ကြားသည်။

“အခုပြဋ္ဌာန်းချက်တွေက ပြီးပြည့်စုံတဲ့ ပြဋ္ဌာန်းချက်တော့ မဟုတ်သေးဘူး။ ရခိုင်စာပေ သင်ကြားရေး ပထမခြေ လှမ်း အဆင့်ပဲ ရှိသေးတယ်။ ရခိုင်ဒေသမှာ မတူကွဲပြားတဲ့ စကားသံတွေ၊ များပြားလှတဲ့ ဝေါဟာ ရတွေ ရှိနေတာမို့ အချိန်ယူ ဖြည်းဆည်းဆောင်ရွက်သွားဖို့ လိုတယ်။ သုတေသနပိုင်းမှာလည်း ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူစွဲတွေကို ဘေးဖယ်ပြီး မျှမျှတတ ဆောင်ရွက်သွားရင် ပြီးပြည့်စုံတဲ့ ရခိုင်စာပေသင်ကြားရေး စနစ် တခု ဖြစ်ထွန်းလာမှာပါ” ဟု အမိန့်ရှိသည်။

သတ်မှတ်ထားသည့် အတန်းအားလုံးအတွက် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲပြီးစီးပါက ရခိုင်ပြည်နယ် လူမှုရေး ရာဝန်ကြီးမှ တဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြကာ လိုအပ်သော ကျောင်းသုံး စာအုပ်များကို ဧပြီနှင့်မေလ တွင် အပြီးရိုက်နှိပ်ကာ သက်ဆိုင်ရာကျောင်းများသို့ ဖြန့်ဝေလျက် ဇွန်လမှစ၍ သင်ကြားတော့ မည်ဟု သိရသည်။

“ရခိုင်စာ သင်ကြားတဲ့အခါ မသင်မနေရစနစ်တော့ မဟုတ်ဘူး။ နောက်ပြီးတော့ ကျောင်းချိန်ပြင်ပ စာသင်ခန်း မှာပဲ သင်ရမယ်။ ရခိုင်စာ သင်ယူမယ့်ကလေး အယောက် ၃၀ ပြည့်ရင် ဆရာတဦးကို သီးသန့် ငှါးပေးမယ်။ အစိုးရက အဲဒီဆရာကို လစာပေးထားမယ်။ စာအုပ်တွေကို ရခိုင်မှာပဲ ပုံနှိပ်မယ်။ လာမယ့်ပညာသင်နှစ်အတွက် အုပ်ရေ တသောင်း ရိုက်မယ်” ဟု ဦးဇော်ဝင်းနိုင် က ပြောသည်။

ပြည်နယ်အစိုးရက ဖွဲ့ပေးသော ရခိုင်သမိုင်းသုတေသီ၊ စာရေးဆရာ ၂၇ ဦးပါ ရခိုင်စာ သင်ရိုး ညွှန်းတမ်း ပြုစုရေး ကော်မတီသည် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခဲ့ရာ သူငယ်တန်းအတွက် ပြီးစီးခဲ့ပြီး လာမည့်သီတင်းပတ်အတွင်း ပထမတန်းနှင့် ဒုတိယတန်း တို့ကို တလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။

Credit : Here

တားမြစ်ခံထားရသည့် ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာမြို့ရောက်ပြီ

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မန္တလေးနှင့် မြင်းခြံမြို့မှ လမ်းလျှောက်လာသူများ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာ၇ီတွင် လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး ပြည်သူလူထု ၅၀၀ ခန့် ကြိုဆိုခဲ့သည်ဟု ကချင် လွတ် လပ်ရေးအဖွဲ့ KIO ၏ ကြိုဆိုရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

“ကျနော်တို့က ငြိမ်းချမ်းရေး ရလိုတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တယ်။ ကချင်မှ မပြီးခင်၊ ရှမ်းပြည်နယ် ဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ အဲဒီကနေ ကယား၊ ကရင် စသဖြင့် တိုက် ပွဲတွေ ကြီးထွားလာနိုင် လို့ တိုက်ပွဲတွေ ချုပ်ငြိမ်းစေချင်လို့ ဆန္ဒကို ဖော်ပြတာပါ ဆိုတာပါပဲ”ဟု မဇ္ဈိမ ကို ပြောသည်။

မိုင်းများ ရှိနိုင်၍ လုံခြုံမှု မရှိကြောင်း ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဒုံခွန်းကျေးရွာရှိ အစိုးရ စစ်တပ်ဘက်မှ မတ်လ ၉ ရက်နေ့ မှ ၁၂ ရက်နေ့ထိ ၄ ရက်ကြာ တားမြစ်ထားရာမှ ယနေ့ နံနက်ပိုင်း တွင် ဖြတ် သန်း ခွင့် ပြု ခဲ့ခြင်း ဖြစ်သည်။

“သူတို့က တားမြစ်ထားပြီး အစားအသောက်လာပေးရင်လည်း မစားဘဲ ဆန္ဒပြနေရာကနေ ဒီမနက်တော့ ခွင့်ပြုလိုက် တယ်။ ဒီလိုင်ဇာဘက် ဖြတ်လာဖို့ ပိတ်ထားတာတွေ ဖွင့်လိုက်လို့ သူတို့ ဖြတ်လာနို င်တယ် လို့ ပြောတယ်”ဟု ၎င်းက ဆက်ပြောသည်။

လိုင်ဇာမြို့တော်ဝန်၊ ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း) တို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားပြီး လမ်းလျှောက်ဆန္ဒပြ ဦးဆောင်သူ ကိုသန့်ဇင်၊ ဦးဇင်းတပါးနှင့် အမျိုးသမီး တဦးတို့က ငြိမ်းချမ်းရေးရရှိလိုကြောင်း မိတ်ဆက်စကား ပြော ကြားခဲ့ကြသည်ဟု ဦးဒွဲပီဆား က ပြောပြသည်။

ချီတက်လမ်းလျှောက်လာသူများအား ကြိုဆိုသည့် အခမ်းအနား ကျင်းပပြီးနောက် ညနေပိုင်းတွင် ညစာစားပွဲ ကျင်းပနေသည်ဟု သူက မဇ္စျိမကို ပြောသည်။ ၎င်းတို့သည် ကြာသပတေးနေ့တွင် စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက် လေ့လာမည် ဖြစ်သည်။

မြစ်ကြီးနားလမ်းဘက်မှ လမ်းလျှောက်လာသည် အဖွဲ့မှာ လာမည့် ၁၅ ရက်နေ့မှ မြစ်ကြီးနားမြို့မှ လိုင်ဇာ မြို့သို့ ချီတက်လာမည် ဖြစ်ကြောင်း သိရသည်။

Credit : Here

KIO နယ်မြေရှိ ကျောင်းများ ဧပြီ ၁ ရက်နေ့မှ ၁၀ တန်းဖြေမည်

မြန်မာနိုင်ငံ တဝှမ်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ယနေ့ မတ်လ ၁၃ ရက်နေ့တွင် စတင် ဖြေဆိုနေပြီ ဖြစ်သော်လည်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေများမှ ၁၀ တန်း ကျောင်းသူ/သားများ အတွက်မူ လာမည့် ဧပြီလ ၁ ရက်နေ့မှ ဖြေဆိုကြမည် ဖြစ်သည်။

မကြာသေးမီက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် ကျောင်းစာသင်ရက်များ ပျက်ခဲ့ရပြီး သင်ရိုးကုန်ရန် အချိန် နောက်ကျခဲ့၍ စာမေးပွဲလည်း နောက်ကျ စစ်ရကြောင်း KIO ပညာရေးဌာနမှ အထွေထွေ အတွင်းရေးမှူးက မဇ္စျိမကို ပြောသည်။

“တိုက်ပွဲတွေ ပြင်းထန်တယ်။ လိုင်ဇာအနားမှာ အစိုးရဘက်က လက်နက်ကြီးတွေ နေရော ညပါ ပစ်နေတော့ ကျောင်း တွေ တပတ်ကျော် ပိတ်လိုက်ရတယ်။ လက်နက်ကြီးတွေ ကျမှာစိုးလို့ သတိနဲ့ စာသင်ရတော့ သင်ခန်းစာတွေ နောက်ကျသွားတယ်။ သင်ခန်းစာ ကုန်အောင် သင်ကြားပေးနေလို့ပဲ တခြားတော့ မရှိဘူး” ဟု ဆရာကြီး ဖောင်းဂါ ရော်ဆော် က ပြောသည်။

လိုင်ဇာ၊ မိုင်ဂျာယန်၊ အင်ဂွမ်လ အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသား အားလုံးက ၂၀၀ ဦးကျော် ရှိကြောင်း သိရသည်။

၎င်းတို့အတွက် ၂၀၁၂-၂၀၁၃ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို KIO ၏ ပညာရေးဌာနမှ ဘုတ် အဖွဲ့ ဖွဲ့စည်း၍ မေးခွန်းများထုတ်ကာ စာမေးပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့မှာ စတင် ဖြေဆိုမည် ဖြစ်ကြောင်း ဆရာကြီး ဖောင်းဂါ ရော်ဆော် က ဆက်ပြောသည်။

“ကျနော်တို့ ကျောင်းသားတွေက လိုင်ဇာ၊ မိုင်ဂျာယန်၊ အင်ဂွမ်လတို့မှာ ခွဲပြီး ဖြေရမယ်။ အရင်နှစ်တွေက အစိုးရ ကျောင်းတက်ပြီး ဖြေခိုင်းတာ။ ခုတော့ သူတို့ အစိုးရဘက်က လာပါလို့လည်း မပြောဘူး။ မလာနဲ့ လို့လည်း မပြောဘူး ဆိုတော့ ကျနော်တို့ဘက်က မသွားတော့ဘူး” ဟု ဆိုသည်။

အစိုးရနှင့် KIO တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ်မှ စ၍ ၂၀၁၁-၂၀၁၂ ခု ပညာသင်နှစ်က KIO နယ်မြေအတွင်း ရှိ ၁၀ တန်းကျောင်းသူ/သားများ အစိုးရကျောင်းများနှင့် ပူးတွဲ၍ စာမေးပွဲ ဖြေဆိုခွင့် မရတော့၍ KIO က ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် စာမေးပွဲ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲပြီးနောက် ပူးတွဲပညာသင်ကြားခွင့်ပေးသည့် အစီအစဉ်အရ KIO နယ်မြေရှိ ၁၀ တန်း ကျောင်းသူ/သားများကို နှစ်စဉ် စက်တင်ဘာလ တွင် မြစ်ကြီးနား မြို့၌ ဘော်ဒါဆောင်အဖြစ် သီးသန့်နေထိုင်ပြီး အထက(၁) ကျောင်းတွင် တက်ရောက်၍ စာမေးပွဲ ဖြေဆို ခွင့်ပေးခဲ့သည်။

သို့သော် ၂၀၁၁ ခုနှစ်မှစတင်၍ အစိုးရဘက်မှ စာမေးပွဲ လာရောက်ဖြေဆိုရန် ပြောဆိုခြင်း မရှိသလို KIO ဘက်မှ လည်း လုံခြုံရေး စိုးရိမ်၍ ထိုအစီအစဉ် ရပ်ဆိုင်းသွားခဲ့သည်ဟု ဆိုသည်။

ယမန်နှစ် စာမေးပွဲအောင်မြင်သူ ၅၅ ဦး ရှိပြီး မြို့ပေါ်တွင် နေထိုင်နေသော တက္ကသိုလ် ဝင်တန်း အောင်မြင်ထားသူ များနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ ၁၀ တန်းစာမေးပွဲ အောင်မြင်သူများ စုစုပေါင်း ကျောင်းသူ ကျောင်းသား ၃၀၀ ခန့်ရှိပြီး ၎င်းတို့ကို KIO အတွင်း ဆေးကျောင်း၊ ဆရာအတတ်သင်ကျောင်း၊ ဗိုလ်လောင်းကျောင်းနှင့် တရုတ်နိုင်ငံ မန်ရှိ တက္ကသိုလ်ကျောင်း၊ တရုတ်စာသင်ကြားခြင်း စသည့် နေရာများတွင် တက်ရောက် နေကြသည်ဟု ပြောသည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများအတွက် မိုင်ဂျာယန်တွင် တက္ကသိုလ်တခု ဖွင့်လှစ်ရန် စီစဉ် နေပြီဟု ဆရာကြီး ရော်ဆော် က ပြောဆိုသည်။

Credit : Here

မတ် ၁၃ ရက်ကို ရုံးပိတ်ရက်သတ်မှတ်ရန် တိုက်တွန်း

ယနေ့ မတ်လ ၁၃ ရက်နေ့တွင်ကျရောက်သော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သေဆုံးခဲ့ရ သည့်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် ကျင်းပလျက် ရှိပြီး နှစ်စဉ် တရားဝင် အစိုးရရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုသွားမည့်အကြောင်း သိရသည်။

ဓာတ်ပုံ- ဂျေပိုင်( ဧရာဝတီ ) ~

အဆိုပါနေ့သည် မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသော ၈၈ အရေးတော်ပုံကို သန္ဓေတည် အစပျိုး ခဲ့သော နေ့ဖြစ်သည့်အပြင် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခံရ သော နေ့ဖြစ်ကြောင်း၊ ၁၉၈၉ ခုနှစ် ပထမအကြိမ် ကျင်းပစဉ်ကတည်းက လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ကြောင်း ယနေ့ ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမတွင် ကျင်းပသော လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဦးဆောင် ကျင်းပသူစ်များက ပြောသည်။

“ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပမှာရော ဒီနေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ဖို့ တိုက်တွန်းတောင်းဆိုသွားမယ်။ ဖြစ်လည်း ဖြစ်သင့်တယ်။ လက်မှတ် ကောက်ခံပြီး တင်တာ မျိုးတော့ ဆွေးနွေးနေဆဲပါပဲ။ အတတ်နိုင်ဆုံးတော့ အမြန်ဆုံး တောင်းဆိုနိုင်အောင် စီစဉ်နေပါတယ်” ဟု ကိုထွန်းကြည်က ပြောသည်။

ယနေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် တရားဝင် ရုံးပိတ်ရက်သတ်မှတ်ပေးရန်တောင်း ဆိုသည့် အပြင် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့၏ အထိမ်းအမှတ်အဖြစ် စာပေဆု ချီးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ကိုအောင်ထွန်းက ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့် အရေး ပညာပေးဌာန( HREIB ) မှ ဒါရိုက်တာ ကိုအောင်မျိုးမင်းက - မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး လှုပ်ရှားခဲ့တဲ့ အစဉ်အလာများ အများကြီးရှိကြောင်း၊ အသက်ပေး သွားသူများလည်း အများကြီးရှိကြောင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခံရသော တိုင်းပြည်တွင် လူ့အခွင့် အရေးနေ့များသည် နေ့စဉ်နေ့တိုင်း ရှိနိုင်သော်လည်း ၈၈ အရေးတော်ပုံကြီး အစပျိုးခဲ့သော ယနေ့ ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အ ဖြစ် သတ်မှတ်ခြင်းကို လက်ခံကြောင်း ပြောသည်။

“ အခုတော့ ကျင်းပခွင့်တော့ ရှိလာပါတယ်။ ဒါပေမယ့် ဒီထက် ပိုပြီး အနှစ်သာရပြည့်ဝ အားကောင်းဖို့ အစိုးရရဲ့ တာဝန်ရှိသူတွေကိုယ်တိုင်က ပါဝင် အသိအမှတ်ပြုပေးဖို့လိုအပ် မယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအတွက် အသက်စွန့်သွားတဲ့ သူရဲကောင်းတွေအတွက် အသိအမှတ်ပြုတဲ့နေ့တစ်နေ့ ရှိသင့်ပါတယ်။ဂုဏ်ပြုသင့်လို့ အများပြည်သူ အတွက် ရုံးပိတ်ရက်အဖြစ်တောင် သတ်မှတ်သင့်ပါတယ် ” ဟု ၄င်းက ပြောသည်။

အဆိုပါပွဲသို့ တက်ရောက် လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်က - မြန်မာနိုင်ငံတွင် အစိုးရ ရုံးပိတ်ရက်များစွာရှိသောကြောင့် ယခုလို ကိုဖုန်းမော်၊ ကိုစိုးနိုင် တို့ သေဆုံး ခဲ့သောနေ့ကို အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် အဟန့်အတားရှိနိုင် သော်လည်း တိုင်းပြည်အတွက် အသက်ပေးသွားသူများကို တစ်နိုင်ငံလုံး မမေ့စေရန်နှင့် အောက်မေ့နေစေရန်အတွက် အစိုးရအဖွဲ့အနေဖြင့် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ် မှတ်သင့်ကြောင်း ပြောသည်။

“ ဒါက တစ်နိုင်ငံလုံး လုပ်ရ မယ့်ကိစ္စ။ တစ်မျိုးသားလုံးလုပ်ရမယ့်ကိစ္စ။ တခြားနိုင်ငံတွေမှာလဲ နိုင်ငံအတွက် အသက်စွန့်ခဲ့တဲ့ သူတွေအတွက် အသိအမှတ်ပြုတာတွေ အများ ကြီး ရှိပါတယ်” ဟု ၄င်းက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်က - ယနေ့ကို မြန်မာနိုင်ငံ လူ့အခွင့် အရေးနေ့အဖြစ် တညီတညွှတ်တည်း စတင်သတ်မှတ်ပြီး ကျင်းပခဲ့ သည့် ၁၉၈၉ ခုနှစ် ပထမ အကြိမ်မှ ယနေ့တိုင်သည်အထိ ခေါ်တွင်နိုင် သေးသည့် အတွက် အားရကျေနပ်မိကြောင်း၊ စွန့်လွှတ် သူများ၏ စွန့်စားမှုများကြောင့် ယနေ့အချိန်လို မြန်မာနိုင်ငံ၏ နိုင်ငံရေးအနေ အထားမျိုး သို့ ရောက် လာ နိုင်ခြင်းဖြစ် ကြောင်း ပြောသည်။

လက်စားချေမှုကို မစဉ်းစားသော်လည်း သမိုင်းကို မေ့ဖျောက်၍မရကြောင်း၊ ရသည့်နည်းဖြင့် မှတ်တမ်းတင် ရမည်ဖြစ်ကြောင်း၊ ယနေ့လို လူ့အခွင့်အရေး၊ ဒီမိုကရေစီ စကားသံ များကို ကျယ် ကျယ်လောင်လောင် ပြောနိုင် သည်မှာ သွေးမြေကျခဲ့ရသည့် ကျောင်းသားမှတ်တမ်းများက သက်သေပြ မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“ ကျောင်းသားသမိုင်းကို အမှန်အတိုင်းရေးနိုင်ကြပါစေ၊ သိနိုင်ကြပါစေ။ ကြီးကျယ် မြင့်မြတ်သော ကျောင်းသား သမိုင်းဟာ ပေးဆပ်မှုတွေနဲ့စတင်ခဲ့ပြီးနောက်ဆုံးမှာ တိုင်းပြည်ကို တည်ဆောက်ရေး သမားကောင်းတွေနဲ့ အဆုံးသတ်နိုင်ပါစေလို့ ဆုတောင်းတယ် ” ဟု ၄င်းက ဆိုသည်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ်အဆောင်တွင် စာကျက်နေခဲ့ပြီး ညပိုင်း လက်ဖက်ရည်ဆိုင်ထိုင်ရာမှ စက်မှုကျောင်းသားများနှင့် အရပ်သားတချို့ စကားများရာမှ စက်မှု ကျောင်းသား ကိုဖုန်းမော်သည် ရဲတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကျည်ဆန်ဒဏ်ရာဖြင့် သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပွဲသို့တက်ရောက်လာ သော ကိုဖုန်းမော်၏ နှမဖြစ်သူက ပြောသည်။

ကိုဖုန်းမော်သည် ပြသနာဖြစ်နေစဉ် ရဲတပ်ဖွဲ့မှ စက်မှုတက္ကသိုလ်ဆရာတစ်ဦးကို ပစ်ရန် ချိန်ရွယ်သောကြောင့် ဆရာဖြစ်သူကို တွန်းဖယ်စဉ် ၄င်းက အပစ်ခံလိုက်ရခြင်းဖြစ် ကြောင်း၊ ထို့အတွက် ကိုဖုန်းမော်၏ ရင်ဝ၊ ဆီးစပ်နှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာ ၃ ချက်ရခဲ့ကြောင်း၊ ထိုအချိန်က အစိုးရ ရေဒီယို သတင်း ဌာနမှ ကြေညာသလို ရန်ပွဲဖြစ်ရာမှ ဓါးဒဏ်ရာဖြင့် သေဆုံးခဲ့သည်မှာ မဟုတ်မှန်ကြောင်း ၄င်းက ဆိုသည်။

ကိုဖုန်းမော်၏ နာရေးအတွက် အသုဘချခွင့်၊ မဏ္ဍပ်ထိုးခွင့်နှင့် သေဆုံးကြောင်း အသိပေးကြေညာ ခွင့်များကိုလည်း ပြုလုပ်ခွင့်မရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုစိုးနိုင် သေဆုံစဉ်ကလည်း ဖခင်ဖြစ်သူကို အာဏာပိုင်များမှ ဆူပူမှုမဖြစ်စေရန် တာဝန် ယူနိုင်လည်း နာရေးအသုဘချခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ဖခင်က တာဝန် မယူ နိုင်ကြောင်း ပြန် လည်ပြောကြားခဲ့သည်ဟု ကိုစိုးနိုင်၏ အမဖြစ်သူ ဆိုသည်။

“ အဲဒီလို ပြောတော့ အဖေကိုယ်တိုင်က ကျုပ်သားကတော့ သေတာကသေပြီ။ ခင်ဗျားတို့ဘာသာ သားကို ဖျာလိပ်နဲ့ပက်ပြီး ခဲဆွဲကာ ရေထဲချလည်း ကျုပ်ကျေနပ်တယ်လို့ ပြန်ပြောခဲ့တယ် ” ဟု ၄င်းက ဆက်ပြော သည်။

ကိုဖုန်းမော်သည် ၁၉၆၅ ခုနှစ်၊ ဇန်န၀ါရီ ၂၂ ရက်နေ့တွင် မွေးဖွားပြီး မွေးချင်း ၅ ဦးရှိကြောင်း၊ ၁၉၈၁ ခုနှစ်တွင် လသာမြို့နယ် အမှတ် ( ၁ ) အထက်တန်းကျောင်းမှ ဒသမ တန်းအောင်မြင် ခဲ့ပြီး ဒေသ ကောလိပ် ( ၂ ) ရန်ကုန် လှိုင်နယ်မြေတွင် သိပ္ပံသချာင်္အထူးပြုဖြင့် တက်ရောက်ခဲ့ သူဖြစ်ကြောင်း၊ ၁၉၈၃ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ ဓါတု အင်ဂျင်နီယာ ဘာသာရပ် တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ် မသေဆုံးခင်အထိ ပဉ္စမနှစ် တက်ရောက်နေခဲ့ကြောင်း သိရသည်။

ကိုစိုးနိုင်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ဒသမတန်းကို ဂုဏ်ထူး ၂ ဘာသာဖြင့် အောင်မြင်ခဲ့ ပြီး ရန်ကုန်စက်မှုတက္ကသိုလ်သို့ သတ္တု အင်ဂျင်နီယာဘာသာရပ် တက်ရောက်သင်ကြားခဲ့ကြောင်း၊ မသေဆုံးမီ ၁၉၈၈ ခုနှစ်တွင် ပဉ္စမနှစ် ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း သိရသည်။

စနေလင်း ~

Credit : Here

လက်ပံတောင်းအရေး တရုတ် ၀မ်ပေါင် ဘာပြောထားလဲ


မြန်မာနိုင်ငံက တပ်မတော်က ပိုင်ဆိုင်တဲ့ ဦးပိုင်နဲ့ တရုတ် နိုင်ငံက ၀မ်ပေါင် တို့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့တွေက လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ပြင်းထန်စွာအင်အားသုံး ဖြိုခွဲ ခဲ့ပါတယ်။

ဒီနောက်ပိုင်း လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်ယူကာ ဖွဲ့စည်း တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။

မတ်လ ၁၂ ရက်နေ့ကတော့ လက်ပံတောင်း ကော်မရှင်ရဲ့ အစီရင်ခံစာထွက်ပေါ်လာပြီး ကြေးနီစီမံကိန်းနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ၀မ်ပေါင် ကုမ္ပဏီကလည်း အစီရင်ခံစာကို ကြိုဆိုကြောင်းနဲ့ အစီရင်ခံစာပါ တိုက်တွန်း အကြံပြုချက်တွေကို လိုက်နာသွားမယ်ဆိုတဲ့အကြောင်း ၁၃.၃.၂၀၁၃ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဝမ်ပေါင်နှင့် ဖက်စပ် လုပ်ကိုင်တဲ့ ဦးပိုင် ကလည်း ၁၃.၃.၂၀၁၃ နေ့စွဲနဲ့ အလားတူ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။


Credit : Here

မြန်မာ့ ပထမဆုံး မိုဘိုင်းဖုန်း-အင်္ဂလိပ်စာ ပို့ချမှု စတင် - See more at: http://blog.irrawaddy.org/2013/03/blog-post_2292.html#sthash.uTwXAB2W.dpuf

မြန်မာနိုင်ငံဟာလည်း နည်းပညာပိုင်းမှာ အရင်ကထက် ခေတ်မီတိုးတက်လာနေပါပြီ။ အခုဆိုရင် မိုဘိုင်း ဖုန်း အသုံးပြုသူတွေ မြန်မာနိုင်ငံမှာ များပြားလာတာကြောင့် အင်္ဂလိပ်စာသင်ခန်းစာတွေ ကို မိုဘိုင်း ဖုန်းမှ တဆင့် သင်ယူနိုင်ပြီလို့ သိရပါတယ်။

ဓာတ်ပုံ- အိမ့်သံစဉ် ( ဧရာဝတီ ) ~

မိုဘိုင်းဖုန်းကနေ အင်္ဂလိပ်စာ လေ့လာလိုသူတွေအတွက် Urban English ကို Blue Ocean နဲ့ URban Planet Mobile Deucation Service တို့က ပူးပေါင်းပြီး မတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်ရှိ Park Royal ဟိုတယ်မှာ ၀န်ဆောင်မှုကို အသိပေးပွဲကျင်းပခဲ့တာကို ယနေ့ ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

Urban English ရဲ့ ၀န်ဆောင်မှုထဲမှာ အခြေခံ အဆင့် ၁၊ ၂၊ ၃ ဆိုပြီး အဆင့်ခွဲထားတယ်လို့ သိရပါတယ်။ စီးပွားရေး၊ လူမှုရေး ဆိုတဲ့ ကဏ္ဍတွေခွဲထားပြီး TOEFL ကဏ္ဍကိုလည်း လေ့လာနိုင်အောင်စီစဉ်ထားတယ် လို့ ဆိုပါတယ်။

ကဏ္ဍ တခုစီတိုင်းမှာ သင်ခန်းစာပေါင်း ၆၀ မှ ၉၀ အထိ ပါဝင်ကြောင်းနဲ့ အခြေခံ သင်ခန်းစာ တခု ကျသင့် ငွေ ၅၀ ကျပ်၊ သင်ခန်းစာပေါင်း ၆၀ အတွက် ကျသင့်ငွေ ကျပ် ၃၀၀၀ ဈေးနှုန်းနဲ့ ၃ လအတွင်း နှစ်သက် သလို လေ့လာနိုင်တဲ့အခွင့်အလမ်း ရှိတယ်လို့ ဆိုပါတယ်။

အင်္ဂလိပ်စာကို မိုဖုန်းဖုန်းမှ တဆင့် လေ့လာလိုသူတွေအနေနဲ့ Call Center ဖုန်း- ၀၁-၂၃၉၉၈၇၆ ကို ခေါ် ဆိုပြီး Native Speaker များပို့ချတဲ့ မိုဘိုင်းဖုန်း အင်္ဂလိပ်စာ ပို့ချမှုကို လက်ကမ်းလို့ ရပါတယ်တဲ့။

အခုလို မိုဘိုင်းဖုန်းကတဆင့် အချိန်ကုန်သက်သာ၊ ငွေနဲ့ လူသက်သာစေတဲ့ အင်္ဂလိပ်စာ သင်ယူလေ့ လာ နိုင်မှု ဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး လည်းဖြစ်ပါတယ်။

Credit : Here

KIA ၏ ခံစစ်စခန်းများအား ဂျပန်နိုင်ငံသားတစ်ဦး၏ အကြံပေးချက်ဖြင့် ပြန်လည် ပြင်ဆင်ခဲ့


မြန်မာနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် KIO/KIA ခေါင်းဆောင်များ ဆွေးနွေးမှု ပြုလုပ်နေသည့် အ ချိန် အတွင်း ကေအိုင်အေ ဗဟိုဌာနချုပ်သို့ ဂျပန်နိုင်ငံသား မစ္စတာ ဟီတာချီနှင့် အဖွဲ့ဝင်များ မတ်လ ၄ ရက်ေ န့ တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဂျပန်နိုင်ငံသားနှင့်အဖွဲ့သည် ကေအိုင်အေ ဒု စစ်ဦး စီး ချုပ် ဂွမ်မော် နှင့် အတူ ကေအိုင်အေ ခံစစ်စခန်းများအား လိုက်လံကြည့်ရှုခဲ့ပြီး ခံစစ်စခန်းများ၏ လိုအပ် ချက်နှင့် ပြန်လည်ပြုပြင်ခြင်း များ ပြုလုပ်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲခဲ့ကြောင်း လိုင်ဇာ သတင်း ရင်းမြစ်မှ ဆိုပါ သည်။

ထို့ပြင် ကေအိုင်အေ အနေဖြင့် အနာဂတ် စစ်ရေး စီမံချက် တစ်ခုအား ဂျပန်နိုင်ငံသား အကူအညီဖြင့် ရေး ဆွဲ လျှက်ရှိပြီး ၄င်းတို့ စီမံချက် ရေးဆွဲရာ နေရာအနီး မီတာ ၂၀၀ အကွာတွင် လုံခြုံရေး ချထားလျှက် ရှြိေ ကာင်း သိရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ကေအိုင်အေ အနေဖြင့် လိုင်ဇာကို အခြေပြုပြီး စခန်းများ ကို ပြန် လည် တိုက်ခိုက်ရန် စီစဉ်နေပုံ ရကြောင်း၊ လက်နက်ရိက္ခာ အထောက်အပံ့များကိုလည်း ဆက်တိုက် ဖြည့် တင်းလျှက် ရှိကြောင်း သတင်းပေးပို့သူက ဆိုပါသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကေအိုင်အေ အုပ်ချုပ်ရာ ဒေသများ၌ လူဖမ်းပွဲများ ဆက်တိုက် ဖြစ်ပွားလျှက် ရှိပြီး ဒေသခံများ ကျီးလန့်စာစား ဖြစ်နေရသည်ဟု သိရသည်။

Credit : Here

ဘတ်ဂျက် စာရင်းကို အတည်ပြုရန် သမ္မတ ဦးသိန်းစိန် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်က ဘဏ္ဍာရေး ကော်မရှင် အဖွဲ့ဝင်များအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် အသစ်ပြန်လည် ရေးဆွဲထားသည့် ရသုံးခန့်မှန်းခြေ ငွေစာရင်း (ဘတ်ဂျက်စာရင်း) ကို ဆွေးနွေး အတည်ပြုပေးကြပါရန် မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၁၃ခုနှစ်အတွက် ဘဏ္ဍာရေး ကော်မရှင်၏ ပထမဆုံး အစည်းအဝေး တွင် တိုက်တွန်းခဲ့သည်ဟု အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ပြုပြင်ရေးဆွဲ အတည်ပြုထားပြီး ဖြစ်သည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် အညီ ၂၀၁၃-၂၀၁၄ အ တွက် ဘတ်ဂျက်စာရင်းကို ပြန်လည်ရေးဆွဲခဲ့ကြပြီး ထိုဘတ်ဂျက် စာရင်းကို လွှတ်တော်သို့ တင်ပြ ရန် ဖြစ်သည်။

ထို ဘတ်ဂျက်စာရင်းတွင် ဘဏ္ဍာရေး လိုငွေပြမှုမှာ ၂၉၂၆.၈၉၈ ဘီလီယံကျပ် (အမေရိကန် ဒေါ်လာ ၃.၄ ဘီလီယံ ခန့်) ဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီ(GDP) အချိုးမှာ ၄.၉၄ ရာခိုင်နှုန်း ဖြစ်သည်ဟု ဆိုသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ကာကွယ်ရေး ဝန်ကြီးဌာန ၏ဘတ်ဂျက် ခွဲတမ်းမှာ အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံ ကျော် ရှိသည်။ ထို့ကြောင့် စုစုပေါင်း အမျိုးသား ဘတ်ဂျက်၏ ငါးပုံတပုံခန့် ရှိသဖြင့် ထိုခွဲတမ်း ပမာဏကို မတ်လ ၁ရက်နေ့က လွှတ်တော်တွင် အငြင်းပွါးဖွယ်ရာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မှန်းခြေ ငွေစာရင်း [ဘတ်ဂျက်စာရင်း] ကို ဆွေးနွေး အတည်ပြုပေးကြပါရန် မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၁၃ခုနှစ်အတွက် ဘဏ္ဍာရေး ကော်မရှင်၏ ပထမဆုံး အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်ဟု အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

Credit : Here

“၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သို့ အိတ်ဖွင့်ပေးစာ” (မောင်စက်မှု)


ကိုမင်းကိုနိုင်ဆီကို ခင်မင်မှု အရင်းခံပြီး စာရေးလိုက်ပါတယ်။ ကိုမင်းကိုနိုင်တို့ဆီကို စာရေး မယ်လို့ ကြံ ရွယ်နေ ခဲ့တာ အခုမှပဲ အထမြောက်ပါတော့တယ်။ ကျွန်တော့်ရဲ့ နာမည်ကိုတော့ မပြောချင်တော့ပါဘူး။ ကျွန်ေ တ်ာက ကိုမင်းကိုနိုင်တို့လိုပဲ ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသား တစ်ဦးပါပဲ။ ကျွန်တော့် မှာ ပြောစရာလေးတွေ၊ မေးစရာလေးတွေ ရှိနေလို့ ပြောပါရစေ၊ မေးပါရစေ ဆိုပြီး ကိုမင်းကိုနိုင်ဆီမှာ ခွင့်ေ တာင်း ပါတယ်။

ဦးဆုံးအနေနဲ့ ကိုမင်းကိုနိုင်တို့တတွေ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာခဲ့တာကို ၀မ်းမြောက် ပါ တယ်လို့ ပြောပါရစေ။ ပြီးတော့ နိုင်ငံအတွက် ကျရာနေရာကနေ တတ်နိုင်သရွေ့ အကျိုးပြု လုပ်ငန်းတွေ အင် တိုက် အားတိုက် ဆောင်ရွက်နေတာ၊ စာအုပ်စာတမ်းတွေ ရေးသားနေတာ၊ ပြီးတော့ ဟောပြောပွဲတွေ လိုက် လံဟောပြောနေတာ အဲဒီလိုတွေကို တွေ့ရတော့၊ ကြားရတော့ ကျွန်တော် ချီးကျူးမိပါတယ်။ ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။

အဲဒီလို ကိုမင်းကိုနိုင်တို့တစ်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့အတူ “၈၈ မျိုးဆက် ကျောင်းသား အဖွဲ့” ဆို တဲ့ နာမည်ဟာလည်း နိုင်ငံမှာ ထင်ရှား၊ ကျော်ကြားလာပါတယ်။ လူအများရဲ့ အာရုံစိုက်မှုကိုလည်း ရရှိ လာခဲ့ ပါတယ်။ အဲဒီမှာ ကျွန်တော့်အနေနဲ့ မတင်မကျ၊ ဒွိဟဖြစ်ပြီး စိတ်ထဲကနေ မေးခွန်းတွေ မေးချင်စိတ်၊ သိချင်စိတ်တွေ ဖြစ်ပေါ် လာခဲ့ပါတယ်။

အဲဒီတော့ ကိုမင်းကိုနိုင်တို့ “၈၈ မျိုးဆက်ကျောင်းသား အဖွဲ့”ကို မေးခွန်းလေးတွေ မေးချင် ပါတယ်။ ဒီလို မေးမြန်း တာဟာ မနာလို ၀န်တိုလို့၊ ပျက်စီးစေချင်လို့၊ မုန်းပြီး ကြည့်မရလို့ အဲဒီလို မျိုးတွေ ဖြစ်စေချင်လို့ မဟုတ် ပါဘူး။ မထင်စေချင်ပါဘူး။

သူငယ်ချင်းတစ်ယောက်၊ ညီငယ်တစ်ယောက်က သိချင်စိတ်နဲ့ မေးတာလို့ ယုံကြည်ပေးပါ။

- ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဆိုတာကို ဘယ်တုန်းက စတင်ဖွဲ့စည်းခဲ့တာလဲ။

- အဲဒီအဖွဲ့ဟာ ဘယ်သူတွေကို ကိုယ်စားပြုသလဲ။

- ၁၉၈၈ ခုနှစ်တုန်းက ကျောင်းသားအားလုံးကို ကိုယ်စားပြုတာလား။

- ကျောင်းသားဆိုရင်လည်း တက္ကသိုလ်ကျောင်းသားတွေကိုပဲ ပြောတာလား။

- တက္ကသိုလ်တွေက ဘယ်တက္ကသိုလ်တွေပါလဲ။

- ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခုထဲကို ပြောတာလား။

- ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စတာတွေရော ပါသေးသလား။

- မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ ရှိတဲ့ တက္ကသိုလ်တွေရော မပါဘူးလား။

- ကျောင်းသားဆိုတဲ့ စကားလုံးကို သုံးစွဲထားတော့ စတိတ်ကျောင်းသားတွေ ပါသေးသလား။

- စတိတ်ကျောင်းသားဆိုရင်လည်း မူလတန်းကျောင်းသားတွေအထိ ပါသလား။

“၈၈ မျိုးဆက်ကျောင်းသား”ဆိုတဲ့ အသုံးအနှုန်းရဲ့ အဓိပ္ပါယ်က အလွန်တရာ ကျယ်ဝန်းလွန်း လှပါတယ်။ အဲဒီ ကျယ်ဝန်းတဲ့ အခေါ်အဝေါ်ကို ကိုမင်းကိုနိုင်တို့က အဖွဲ့အစည်းတစ်ခုအနေနဲ့ ယူသုံး ထားတော့ လူအ များ ရဲ့ စိတ်ထဲမှာ သို့လော သို့လော ထင်မိကြမှာပါ။ အထူးသဖြင့် ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်တွေမှာ ပညာ သင်ယူနေဆဲ တက္ကသိုလ်ကျောင်းသားများ၊ စတိတ်ကျောင်းသားများက ပိုပြီးတော့ ယုံထင်ကြောင် ထင် ဖြစ်မိကြမှာပါ။ သူတို့လည်းပဲ မေးခွန်းတွေ မေးချင်နေမှာ အသေအချာပါပဲ။

- ဒီအဖွဲ့ ဖွဲ့စည်းလိုက်တာ ငါတို့လည်း မသိလိုက်ရပါလား။

- ၁၉၈၈ ခုနှစ်တုန်းကတည်းက ဖွဲ့ထားတာလား။ အခုမှ ဖွဲ့လိုက်တာလား။

- ငါ တို့ရော ပါလို့ရသေးလား။

- ငါတို့လည်း ဒီနာမည်ကို ယူသုံးလို့ ရသလား ... စသဖြင့် ပေါ့လေ။

၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်တဲ့ ကာလတွေမှာ ကျွန်တော်လည်း ရန်ကုန်မှာ ရှိခဲ့ပါတယ်။ အဲဒီ အချိန် တုန်းက ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ရဲ့ ကျောင်းသား လှုပ်ရှားမှုတွေနဲ့အတူ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်၊ ကိုဝင်း မိုးတို့စပြီး ထင်ရှားလာကြတာ ကျွန်တော် မှတ်မိပါတယ်။ နောက်ပိုင်း ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ရဲ့ ကျောင်းသားသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားအဖွဲ့ စတာတွမှာ ကိုမင်းကိုနိုင် ပါဝင်ခဲ့တယ်လို့ ကျွန်ေ တာ် သိခဲ့ရပါတယ်။

စစ်အစိုးရလက်ထက်မှာတော့ အဲဒီအဖွဲ့တွေ အားလုံး ပျက်စီးသွားခဲ့ပါတယ်။ ကိုမင်းကိုနိုင်တို့လည်း အ ကျဉ်းေ ထာင်ထဲကို ရောက်သွားခဲ့တယ် ထင်ပါတယ်။

ကျွန်တော်မရှင်းလင်းတာ တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ အသက်နဲ့အတန်းပါပဲ။ ၂၀၁၂ ခုနှစ်မှာ ကိုမင်းကိုနိုင်ရဲ့ အသက်(၅၀)ပြည့် မွေးနေ့ပွဲ ပြုလုပ်သွားတယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒီလိုဆိုတော့ ကို မင်းကိုနိုင်က ၁၉၆၂ ခုနှစ်ဖွားပေါ့။ ၁၉၈၈ ခုနှစ်တုန်းက အသက်(၂၆)နှစ် ရှိနေရ မှာပေါ့။

ကိုမိုးသီးဇွန်ရဲ့ စာအုပ်တစ်အုပ်ထဲမှာ သူဟာ ၁၉၆၂ ခုနှစ် ဖွားမြင်ပြီး၊ ၁၉၈၇ ခုနှစ်မှာ ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ဘွဲ့ရခဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒါဆိုရင် ၁၉၈၈ ခုနှစ်မှာ သူက တက္က သိုလ်ကျောင်း သားတစ်ယောက် မဟုတ်တော့ပါဘူး။ ကျောင်းပြီးသွားတဲ့သူ၊ ဘွဲ့ရသွားပြီး တဲ့သူ အဲလို မျိုး လူတွေကို ကျောင်းသားလို့ ခေါ်လို့ မရပါဘူး။ ကျောင်းသားမဟုတ်တဲ့သူကို လည်း ကျောင်းသားေ ခါင်းေ ဆာင်အဖြစ် သတ်မှတ်လို့ မရနိုင်ပါဘူး။

ကိုမင်းကိုနိုင်ရေးတဲ့ “နောက်ကြည့်မှန်”ဆိုတဲ့ စာအုပ်ထဲမှာ ကိုမင်းကိုနိုင်ရဲ့ အတ္ထုပတ္တိကို ရှာကြည့်တော့ ကျွန်ေ တာ် မတွေ့ပါဘူး။ တခြား ဘယ်နေရာတွေမှာ ရှာကြည့်ရမလဲလို့လဲ ကျွန်တော် မသိပါဘူး။ ဒါကြောင့် မေးခွန်းလေးတွေ မေးကြည့်ချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလို ပါတယ်။

- ၁၉၈၈ ခုနှစ်တုန်းက ကိုမင်းကိုနိုင်က ကိုမိုးသီးဇွန်လို ကျောင်းပြီးထားတဲ့ ဘွဲ့ရထားပြီးတဲ့ သူလား။

- တက္ကသိုလ်မှာ တက်နေဆဲဆိုရင်လည်း ဘယ်တက္ကသိုလ်ပါလဲ၊ ဘယ်နှစ်တန်းလဲ၊ ဘယ်မေဂျာမှာလဲ။

ဒီနေရာမှာ ကျွန်တော့်ရဲ့အကြောင်းကို အနည်းငယ် ပြောပါရစေ။ ကျွန်တော်က ၁၉၆၆ ခုနှစ်ဖွားပါ။ ၁၉၈၈ ခုနှစ် မှာ အသက်(၂၂)နှစ် ရှိနေပါပြီ။ ဆယ်တန်းတုန်းက တစ်ခါ စာမေးပွဲ ကျဖူးပါတယ်။ ၁၉၈၈ ခုနှစ် အရေး အခင်းကြီးကာလမှာ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသားတစ်ယောက်ပါ။ အဲဒီ တုန်းက ကြို့ကုန်းစက်မှုတက္ကသိုလ်ရဲ့ ပထမဦးဆုံး အရေးအခင်းမှာ သေနတ်ထိမှန်ပြီး သေခဲ့ရတဲ့ “စိုးနိုင်” နဲ့ တစ်တန်းထဲ ဖြစ်ပါတယ်။ “စိုးနိုင်”ဟာ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်လူနာဆောင်မှာ ကျွန်တော်တို့ လက်ပေါ်မှာ တင် သေခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတော့ စာမေးပွဲ တစ်နှစ်ကျဖူးပြီး အသက်(၂၂)နှစ်ရှိနေတဲ့ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ပဉ္စ မနှစ် ကို ရောက်နေတဲ့အချိန်မှာ အသက်(၂၆)နှစ် ရှိနေတဲ့ ကိုမင်းကိုနိုင်က ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံ တက္က သိုလ် မှာ ကျောင်းသား မဟုတ်နိုင်တော့ပါဘူး။ အဲဒီမှာက စတုတ္ထအထိပဲရှိတာ မဟုတ်လား။ ဂုဏ်ထူးတန်း တို့၊ မာစတာတန်းတို့ ရှိပေမယ့် အဲဒီတုန်းက နည်းလှပါသေးတယ်။

ဒါကတော့ နှိုင်းယှဉ်ပြီး တွေးကြည့်မိတဲ့ ကျွန်တော့်ရဲ့အတွေး ဖြစ်ပါတယ်။

နိုင်ငံရေးစိတ်ဝင်စားတဲ့ နီးစပ်တဲ့သူတွေကို ကျွန်တော် မေးကြည့်မိတော့ ဘယ်သူမှ မသိကြပါဘူး။ ကိုမင်း ကိုနိုင် ဟာ ၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသားတော့ ဟုတ်မှာပါတဲ့။ စာမေးပွဲ တွေ ကျနေလို့ ဖြစ် မှာေ ပါ့ ဆိုပြီး ထင်ကြေးနဲ့ ပြောကြတယ်။ နိုင်ငံရေးလုပ်တော့ စာမေးပွဲ ခဏ ခဏ ကျနေတာ ဖြစ်မှာပေါ့ လို့လည်း ဆက်ပြော ကြသေးတယ်။ အဖြေကို အတိအကျ မသိရတော့ ကျွန်တော် မချင့်မရဲ ဖြစ်ရပါတယ်။

၁၉၈၈ ခုနှစ် မတိုင်မှီအထိ ကျောင်းသားတွေထဲ က နိုင်ငံရေးလုပ်တဲ့သူဆိုလို့ ကျွန်တော် သိရ သလောက် မရှိပါ ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီတုန်းက “မဆလ”အစိုးရက နိုင်ငံရေးလှုပ်ရှားမှုတွေ ကို အပြင်း အထန် နှိပ်ကွပ်ထားတာကိုး။ အဲဒီတော့ နိုင်ငံရေး လှုပ်ရှားမှုတွေ မရှိသေးပါဘူး။

အဖွဲ့အစည်းတစ်ခုကို ဦးဆောင်မယ့်သူ၊ နောင် တစ်ခေတ်မှာ နိုင်ငံ့ခေါင်းဆောင်ဖြစ်မယ့်သူတွေရဲ့ ကိုယ်ေ ရး ရာဇ၀င်၊ အတ္ထုပတ္တိတွေကို အများပြည်သူကသိဖို့ အရေးကြီးလှပါတယ်။ အခုလို ကျောင်းသား တက္က သိုလ်ေ ကျာင်းသားလို့ဆိုပြီး ရောကြိတ်လို့ မဖြစ်ပါဘူး။ ဒါမှလည်း အများက စိတ်ရှင်းရှင်းလေးနဲ့ နှိုင်းယှဉ်ေ ရွး ချယ်နိုင်မှာပေါ့။ သူ့နောက်ကိုလည်း ယုံယုံကြည်ကြည်နဲ့ လိုက်နိုင်မှာပေါ့။ ပြီးတော့ ခေါင်းဆောင် လုပ်မယ့်သူတွေရဲ့ ပညာအရည်အချင်း၊ ဥာဏ်ရည်ဥာဏ်သွေး စတာတွေ ကိုလည်း ထည့်ပြီး စဉ်းစားရမယ် မဟုတ်လား။ ဥပမာပြောရရင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့ခေါင်းဆောင်တွေ စာမေးပွဲကျဖူးတယ်လို့ ကြားဖူးကြလို့လား။ စာညံ့တယ်လို့ များ သိကြ လို့လား။

ပြောစရာ နောက်တစ်ချက် ရှိနေပါသေးတယ်။ “ငါတို့က ထောင်ကျခံပြီး အများအတွက် အနစ်နာခံ ထားရ တာ ”ဆိုပြီး နေရာယူချင်တဲ့သူတွေ၊ နေရာတကာ ၀င်ပါချင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ကလည်း “ထောင်ထွက်လက်မှတ်ကို အလွဲသုံးစား မလုပ်ကြနဲ့”လို့ ပြောဖူး ပါတယ်။ နိုင်ငံရေးလုပ်လို့ ထောင်ကျခံရတာ၊ အများရှေ့ကနေ မားမားမတ်မတ် ရပ်ပေးရလို့ အနစ်နာခံ ရတာ၊ အဲဒီ သူတွေကို ချီးကျူးမိပါတယ်။ ကိုယ်ကျိုးကို စွန့်လွှတ်နိုင်လို့လည်း လေးစားရပါတယ်။ ကျွန်တော်လည်း အဲဒီလိုမျိုး မလုပ်နိုင်တာ ၀န်ခံပါတယ်။ ဒါမျိုးက လူနည်းစုသာ လုပ်နိုင်တဲ့ အရည် အချင်း တစ်ခုပါပဲ။

အဲဒီလို တိုင်းပြည်အတွက်၊ အများအတွက် ကိုယ်ကျိုးစွန့်ခဲ့၊ အနစ်နာခံခဲ့ကြတဲ့သူတွေ မြန်မာ့ သမိုင်းမှာ အများ ကြီး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုယ်ကျိုးစွန့်၊ အနစ်နာခံရုံမျှလောက်နဲ့ နိုင်ငံကို ဦးဆောင်နိုင်မယ့်သူရဲ့ အရည်အချင်း မ ဟုတ်ေ သး ပါဘူး။ အခြား ဥာဏ်ရည်မြင့်မားမှု၊ ပါးရည်နပ်ရည်ရှိမှု၊ ကိုယ်ချင်းစာတတ်မှု၊ အမျှော် အမြင်ရှိမှု၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မှု စသလို အရည်အချင်းများ လိုအပ်ပါသေးတယ်။

ဥပမာဆောင်ယူပြရရင် လွတ်လပ်ရေးမရခင်ကာလတွေတုန်း က မြန်မာ့သမိုင်းမှာ နိုင်ငံရေးသမား တွေ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းကြတဲ့သူတွေ အများကြီး ရှိခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အင်္ဂလိပ် အစိုးရက အဲဒီသူတွေကို အခါအားလျော်စွာ ဖမ်းဆီးထောင်ချပါတယ်။ တားဆီးနှိပ်ကွပ်ပါတယ်။ တချို့နိုင် ငံရေးသမားတွေဆိုရင် ထောင် ခဏ ခဏ ကျဖူးပါတယ်။ အဲဒီလို နိုင်ငံရေးသမားတွေထဲမှာ ထောင်ကျတဲ့ အကြိမ် အများဆုံးကို ခံခဲ့ရတဲ့သူက “သခင်ဗစိန်”လို့ သိရပါတယ်။ အဲဒီလို နိုင်ငံရေး သမား တွေထဲမှာ ထောင် တစ်ခါမှ မကျဘူးတဲ့ သူလည်း ရှိပါသေးတယ်။ အဲဒီသူကတော့ အများသိကြတဲ့ လွတ်လပ်ေ ရးခေါင်းေ ဆာင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။

ဟိုတစ်လောက ရေဒီယိုကနေ မှတ်သားစရာ အဆိုအမိန့်လေးတစ်ခု ကြားလိုက်ရပါတယ်။

“ဝေဖန်ပါ၊ ဝေဖန်ပါ ဆိုပြီး ပြောနေကြပေမယ့် အဆိုးကို ဝေဖန်တော့ သဘောမကျချင်ကြဘူး။ တကယ် တမ်း သူတို့ လိုချင်နေတာက ချီးကျူးမှုကို လိုချင်တာပဲ ဖြစ်တယ်”တဲ့။

သိပ်ကိုကောင်းပြီး၊ ကိုယ့်ကိုယ်ကို ဝေဖန်သင့်တဲ့ အဆိုအမိန့်လေး ဖြစ်ပါတယ်။ အခုလည်း ကိုမင်းကိုနိုင် တို့အပေါ် ကျွန်တော်အဆိုးတွေ ဝေဖန်မိသလို ဖြစ်သွားပါပြီ။ စိတ်တော့ မဆိုးလိုက်ကြပါနဲ့။ ၈၈ မျိုး ဆက် ကျောင်း သားအချင်းချင်း အကြံပေး၊ ဝေဖန်တယ်လို့ပဲ မှတ်ယူပေးပါ။

ကိုမင်းကိုနိုင်တို့တစ်တွေ ဒီထက်ပိုပြီး နိုင်ငံအကျိုး၊ လူအများရဲ့ ကောင်းကျိုးတွေကို ဆောင်ရွက် နိုင် ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

စာရေးဆရာ စိန်အိုးစည် ပြောနေကြ စကားလေးတစ်ခွန်းနဲ့ ဒီစာကို အဆုံးသတ်လိုက်ပါတယ်။

“လွန်တာရှိရင် ၀န္ဒာမိပါ။”

Credit to : Aung Kyaw Min

Credit : Here

ရယူခြင်းထက် ထိန်းသိမ်းရန် ပိုမိုခက်ခဲသည့် အောင်မြင်မှု

အောင်မြင်မှုတစ်ခု ရယူရန်ထက် ရရှိပြီးအောင်မြင်မှုကို ထိန်းသိမ်းရန်မှာ ပိုမိုခက်ခဲလေ့ရှိပါ သည်။ အောင်မြင်မှု၏ နောက်ကွယ်တွင် ကပ်လျက် ပါလာသည့် သာယာမှု၊ ဘဝင်မြင့်လာမှုနှင့် မလိုမုန်းထားသူများ၊ မိမိ၏အောင်မြင်မှုကို မရှုဆိတ်နိုင်သူများ၏ ချောက်တွန်းမှုများစသည်ဖြင့် များစွာ ရှိနေသည်ဖြစ်ခြင်းကြောင့် အောင်မြင်မှုဆိုသည်မှာ ထိန်းသိမ်းရန် ခက်ခဲသည်ဟု ဆိုကြရခြင်းဖြစ်သည်။

အားကစား၊ ရုပ်ရှင်၊ စာပေ၊ ဂီတ၊ အနုပညာ စသည့် ရပ်ဝန်းများတွင် အောင်မြင်မှုနှင့် ကျဆုံးမှုများကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရလေ့ ရှိ သည်။ ထို့အတူ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ တွင် လည်း အောင်မြင်မှုရယူနိုင်ခဲ့ပြီးကာမှ ထိုအောင်မြင်မှုကို ရေရှည်မထိန်း သိမ်း နိုင်၍ ကျဆုံးခဲ့ရသည့်ဖြစ် ရပ်များကို ကမ္ဘာနှင့်ချီ၍ တွေ့မြင်ရမည်ဖြစ်ပါသည်။ ဆိုရလျှင် အီဂျစ်သမ္မတ ဟိုစနီမူဘာရက်၊ လစ်ဗျားခေါင်းဆောင် ကဒါဖီ စသူတို့မှာ တစ်ချိန်တစ်ခါကပြည်သူတို့၏ လက်ခုပ်သံသောင်းသောင်းညံ ရရှိသည်အထိ အောင်မြင်မှုများ ရရှိခဲ့ကြသည် မှန်သော်လည်း ထိုအောင်မြင်မှုအပေါ်တွင် သာယာမိန်းမော မှုများကြောင့် အမှန်တရားနှင့် ကင်းဝေးလာပြီး ၎င်းတို့၏ ကျဆုံးခန်းများမှာလည်း ရင်နင့်ဖွယ် အတိ ဖြစ်ခဲ့ရသည်ကို မျက်ဝါး ထင်ထင်တွေ့ရပြီး ဖြစ်သည်။

မြန်မာ့နိုင်ငံရေး တလျှောက်တွင်လည်း ရယူခဲ့သည့် အောင်မြင်မှု၊ ထိုအောင်မြင်မှုများအပေါ် ယစ်မူး သာယာမိ၍ ရင်ဆိုင်ရသည့်ကျဆုံးမှု စသည့် ကိစ္စရပ်များကို သင်ခန်းစာယူမည် ဆိုပါကများစွာပင် ယူရန် ရှိပါလိမ့်မည်။ အစိုးရသစ်လက်ထက်တွင် ထင်ရှားသိသာသော အောင်မြင် မှုများ အတော်အသင့်ထက်ပို၍ ရရှိခဲ့သည်။ အထူးသဖြင့် တိုင်းပြည်တွင် နှစ်ပေါင်းများစွာ ကြိုးစားသော်လည်း အဖြေမထွက်နိုင် ခဲ့သည့် ပြည် တွင်းစစ်ပြဿနာ ဖြစ်သည်။ ကေအင်န်ယူကဲ့သို့သော အဓိကအင်အားစုကြီးနှင့် ငြိမ်းချမ်းရေး ကို လက်မှတ်ရေး ထိုးနိုင်ခဲ့မှုသည် ကြီးမားသည့် အောင်မြင်မှုဖြစ်သည်။

သို့ရာတွင် လက်ရှိအခြေအနေ၌ အသေးအမွှားအကြောင်းအရာလေးများမှစ၍ ထိုငြိမ်းချမ်းရေး အောင်မြင် မှုကို ခြိမ်းခြောက်လာသည်ကို တွေ့ ရပေရာ ဤပြဿနာများကို အချိန်မှီမဖြေရှင်းနိုင်ရန် လွန်စွာ အရေး ကြီးပါသည်။ ထိုသို့မဟုတ်ပါက ရရှိပြီးအောင်မြင်မှုသည် နှစ်ပေါင်းများစွာ ကြိုးပမ်းခြင်းဖြင့် ရယူ နိုင်သော် လည်း နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ရန် ခက်ခဲကြောင်း အရင်းအနှီးကြီးမားသည့် သင်ခန်းစာ ရဖွယ်လည်း ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင် ပြဿနာနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ဥပမာပေးရခြင်းမှာ ထင်သာမြင်သာ ရှိနေ၍ဖြစ်သည်။ အခြားသော အောင်မြင်မှုများကိုလည်း ထိန်းသိမ်းနိုင်ကြရန် လိုအပ်ဦးမည်ဖြစ်သည်။ ထိုကဲ့သို့ အောင်မြင်မှုများကို ထိန်းသိမ်းထားနိုင်ရန်မှာ ပါဝင် ပတ် သက်နေသူများ၏ မိမိကိုယ်ကို သိမြင်မှု၊ ပတ်ဝန်းကျင်ကို သိမြင်မှု၊ အခြေအနေကို တတ်သိနားလည်မှု စသည်ဖြင့် ဆင်ခြင်စရာများစွာ ရှိနေပါကြောင်း……………. ။

Credit : Here