ငြိမ်းချမ်းရေးအတွက် လိုင်ဇာအထိ လမ်းလျှောက်သူများကြောင့် တကယ်ငြိမ်းချမ်းမှာလား


ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများ ရပ်တန့်စေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးကို လိုလားသည့် လူ ငယ်များ စုပေါင်းကာ မိုင် ၇၀၀ ကျော် ဝေးသည့် လိုင်ဇာသို့ လမ်းလျှောက်ချီတက်ခဲ့ကြသည်။ အဆိုပါ ခရီး စဉ် သည် ဇန်န၀ါရီလ ၂၁ ရက် နံနက် ၇ နာရီတွင် စတင်ခဲ့ပြီး ယနေ့တွင်တော့ ရက်ပေါင်း ၅၀ ခန့် ရှိပြီ ဖြစ် သည်။ မိုင်ပေါင်း ၇၀၀ ကို တစ်နေ့ ၇ မိုင် လမ်းလျှောက်ပါက ရက်ပေါင်း ၁၀၀ လျှောက် ရမည်ဖြစ်ပြီး တစ်ေ န့ ၁၀ မိုင် လမ်းလျှောက်ပါက ရက်ပေါင်း ၇၀ လျှောက်ရမည် ဖြစ်ကာ ယနေ့တွင် ရောက်မည် ဆိုပါ က တစ်နေ့လျှင် ၁၄ မိုင် လမ်းလျှောက်ရမည် ဖြစ်သည်။ ဒါတောင် ကြားတွင် ပျော်ပွဲရွှင်ပွဲ အနားယူပွဲများ မပါမှသာ တစ်နေ့ ၁၄ မိုင်ဖြင့် ရက်ပေါင်း ၅၀ အတွင်း လိုင်ဇာရောက်မည်မို့ ယခု လမ်းလျှောက်ခရီးသည် မည်သို့ ရောက်ရှိသွားသလဲ ဆိုတာ ကျွန်တော် မပြောလိုတော့ပေ။

လေးစား ချီးကျူးရမည်ကား တစ်လခွဲကျော် မိသားစု ထောက်ပံ့ရန်မလို၊ ကိုယ်တိုင် စားဝတ်နေရေး လုပ်ေ ဆာင် ရန် မလို ပင်ကိုယ်ကြွယ်ဝသည့် မြန်မာများ လမ်းလျှောက်နိုင်ကြခြင်းပင် ဖြစ်သည်။ ကတ္တီပါ ဖိနပ် စီးသော ဘုန်းကြီးများ၊ ခြေညှပ်ဖိနပ်၊ အားကစားဖိနပ် စီးသူများ၊ ဂျင်းဘောင်ဘီလေး များဖြင့် လမ်းေ လျှာက်ေ သာ မမ များ အားလုံး တစ်ပြိုင်ထဲ ရောက်နိုင်မှု သည်ကား ပို၍ ချီးကျူးဖွယ်ဖြစ်သည်။ တပ်မတော် ၏ ခံနိုင်ရည် စံနှုန်း ထက်ပင် ကျော်လွန်သော စွမ်းရည်များ ပိုင်ဆိုင်သည့် အဖွဲ့ဖြစ်သဖြင့် ချီးကျူးရမည်ကား အမှန်ပင်။

ငြိမ်းချမ်းရေး လမ်းလျှောက်သည့် အဖွဲ့များ စတင်ထွက်ခွာပြီး တစ်ပတ် မပြည့်ခင် လိုင်ဇာ အနီးပတ်လည်သို့ တပ် မတော်က ၀ိုင်းရံထိန်းချုပ်ပြီး ဖြစ်ခဲ့သည်။ ထိုအချိန်တွင် နေမျိုးဇင်တို့ အပြေးအလွှား လိုင်ဇာသို့ သွား ရန် ကားဖြင့် ရောက်လာသော်လည်း မိုင်းကွဲသံကြောင့် နောက်ပြန်လှည့် သွားခဲ့ရသည်။ သိပ်မကြာမီ အပစ် အခတ် ရပ်စဲပြီး နိုင်ငံတကာ အဖွဲ့များ သွားလာသည်ကို ကြားသည့်အခါ နေမျိုးဇင်တို့ အပြေးအလွှား လိုင် ဇာ သို့ ပြန်လာ ပြီး မပေါက်ကွဲတတ်သည့် မိုင်းများကို ပြကာ ထမင်းမစားရသေးေ ကြာင်း၊ သောက်စရာ ရေ မရှိေ တာ့ကြောင်း သနားစဖွယ် ဗီဒီယိုဖိုင် ထုတ်ပြ ခဲ့သည်။ သို့သော် ဗီဒီယိုဖိုင် အဆုံးတွင် သိမ်းထားသည့် အအေး ဗူးများ၊ ရေသန့် ဗူးများပြခဲ့သည့် အတွက် အရှက်ဗြန်းဗြန်းကွဲရသည်။ ထို လိုင်ဇာခ ရီးတွင် ဘယ်အ ဖွဲ့နှင့်မှ ပေါင်းသင်းဆက်ဆံ၍ မရသည့် နေမျိုးဇင်တို့ အဖွဲ့သ ည်ကား ငြိမ်းချမ်းရေးထက် တပ်မတော် အပုပ် ချရေး ကို ဦးတည်ခဲ့ သည်မှာ သိသာ ထင်ရှားခဲ့သည်။ တပ်မတော်ကို စော်ကား ပုတ်ခတ်ခြင်းနှင့် ငြိမ်း ချမ်းေ ရး ခရီး ခေါင်းစဉ်ကို စေတနာ မမှန်သည့် နေမျိုးဇင် နားမလည်ခဲ့ပါ။

ရန်ကုန်မှ စတင်ပြီး ရဲဝံ့စွာထွက်ခွာခဲ့သည့် အဖွဲ့မှာလည်း စထွက်ပြီး ပဲခူးမရောက်မီ အမှုဖွင့်ခံရသည်။ ထုံးစံ အ တိုင်း ဥပဒေအထက်တွင် နေလိုသော ပြည်သူများ ဖြစ်သည့်အတွက် ဖြစ်သည်။ အံ့သြသင့်ဖွယ် မိုင် ၆၀ ကို တစ်ရက်ထဲ လမ်းလျှောက်သွားသည့် အတွက် အံ့သြသင့်ဖွယ်များ ရှိသော်လည်း အတူလိုက်ပါသည့် အန် အယ်ဒီမှ အဖွဲ့ဝင်တစ်ဦး ဆိုင်ကယ် တိုက်သဖြင့် အရေးပေါ်ဌာန ရောက်သွားသည့်အခါ သဘောပေါ က်ခဲ့ သည်။ မည်မျှ အရှိန် မြန်သနည်း ဆိုသည်ကို ဖြစ်သည်။ ဆက်ပြီး ထွက်ခွာခဲ့သည့်နောက် ကိုယ့် မုံရွာ အနီး တွင် လက်ပံတောင်း မပြီးသေး သော်လည်း လိုင်ဇာသို့ လမ်းလျှောက်ရန် ပြင်ဆင်သည့် အဖွဲ့များ ထွက်ပေါ်လာသည်။ ဗကသများ ပါလာသည်။ အကွဲအပြဲ ဟာသနှောသည့် ပြဿနာများ ဖြစ်လာသည်။

ယခုတွင်တော့ ထိုအဖွဲ့များနှင့် ပြဿနာ ဖြစ်ရသူများမှာ တပ်မတော်သာ ဖြစ်သည်။ စစ်ဆင်ရေးနယ်မြေ အတွင်း တားမြစ်မှုများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ကြသည်။ တရားဥပဒေလည်း မရှိ။ စစ်ဥပဒေ လည်း မသိ။ တားမြစ်နယ်မြေ၊ ကန့်သန့်နယ်မြေများ လုပ်စရာ မလို ကာ အိမ်သာတက်ချင် ပါက တက္ကသိုလ်ရိပ်သာလမ်းထဲ သွားကြည့်ရပေတော့မည်။

ကေအိုင်အေ များ အပြင်းအထန် ကြိုဆိုကြသည်။ လမ်းတစ်လျှောက်တွင် တာဝန်ရှိသူများ ဖေးကူကြ သည်။ ထောက် ပံ့ကြသည်။ အဆုံးတွင်တော့ တစ်နေ့ ၁၄ မိုင် နားရက်မရှိ လျှောက်နှုန်းစံချိန်ဖြင့် လိုင်ဇာ ရောက် ကြ သည်။ ငြိမ်းချမ်းရေး ဆွေးနွေးစေရန် တာဝန်ရှိ ခေါင်းဆောင်များ အကြိမ်ကြိမ် တိုက်တွန်းသော်လည်း နား မ၀င် သည့် ကေအိုင်အေများသည် အမှန်တကယ် ငြိမ်းချမ်းစေချင်ပါသလား။ ယခုတွင်ပင် လမ်းခရီး တွင် လူသစ် စု ဆောင်းမှုများ ထိုလမ်းလျှောက်အဖွဲ့တို့ မြင်ရကြားရမည် ဖြစ်သည်။ ထိုအရာများကို မျက်ကွယ်ပြုကာ အဆုံးတွင်တော့ တစ်ဖက်သတ် စကားလုံး များဖြင့် ငြိမ်းချမ်းရေး ခရီးကို ခေါင်းစဉ်တပ်ကာ တပ်မတော်ကို အပုပ်ချပေမည်။

ကျွန်တော်မြင်သော ငြိမ်းချမ်းရေးလမ်းလျှောက် ခရီးသည်ကား တကယ်ငြိမ်းချမ်းခဲ့ပါသည်။ အလုပ်လုပ်စရာ မလို လမ်းလျှောက်လျှင် ထမင်းဝသူများ အေးဆေးစွာဖြင့် တစ်လခွဲ ထမင်း မငတ်ကြပေ။ သံယောင်များ အေ ထာက် အပံ့ကောင်းကောင်းရကာ ထမင်းဝကြသည်။ ဗကသများ ရန်ပုံငွေ ရကြသည်။ နေမျိုးဇင်တို့ တွက် ခြေကိုက်ခဲ့သည်။ မြစ်ကြီးနား တစ်ဝိုက်မှ ဒုက္ခသည်များကို ကျော်ကာ ကေအိုင်အေ အုပ်ချုပ်သည့် ဒုက္ခ သည် ၊ ကေအိုင်အေတို့၏ ဆွေမျိုးများမှ ဒုက္ခသည် အစစ်များ ဖြစ်ကြသဖြင့် ယခုတော့ အမှန် ငြိမ်း ချမ်းကြပေမည်။

အငြိမ်းချမ်းတကာ့ အငြိမ်းချမ်းဆုံးမှာ ကေအိုင်အေများ ဖြစ်ပြီး ၄င်းတို့၏ ဆွေမျိုးများအတွက် စားနပ် ရိက္ခာ ဆေးဝါး အထောက်အပံ့များ ရရှိလာမည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အခိုင်အမာ စခန်း တစ်ခုမှ မရှိတော့သည့် အချိန်တွင် ငြိမ်းချမ်းရေး အမှန်တကယ်လိုချင်သည်မှာတော့ အဆန်းမ ဟုတ်ပေ ။ ကေအိုင်အေ တို့ ၏ လက်နက် များကို စွန့်၊ လူသစ်စုဆောင်းခြင်းများ ရပ်လိုက်ပါက ပို၍ ငြိမ်း ချမ်း မည် ဖြစ်သည်။ မည်သို့ ပင် ဆိုစေ.. တစ်လခွဲ ရက်ပေါင်း ၅၀ ကျော်တော့ အားလုံး ငြိမ်းချမ်း ခဲ့လေ သည်။ လမ်းလျှောက်သူများ၊ လမ်းလျှောက် သူများနှင့် ကပ် မြှောင်များများ ငြိမ်းချမ်းကြပြီးနောက် ကေ အိုင်အေနှင့် ၄င်းတို့ ဆွေမျိုးများ ဆက်လက် ငြိမ်းချမ်းကြပေ အုံးမည်။

ထိုအချိန်တွင် နေ့ပူ ညချမ်း လိုင်ဇာလမ်းတစ်လျှောက်မှ ကျောပိုးအိတ် တစ်လုံးစာ ၀တ်စရာများဖြင့် လုံခြုံရေး ယူနေသည့် စစ်သားများ၊ စားသောက်ဖွယ်အပြည့် ရိက္ခာတန်းကြီးကို ဆန်ပြုတ်စားရင်း လက်ြ ပနှု တ် ဆက် နေသည့် သည့် စစ်သားများ၊ လိုင်ဇာလမ်းတစ်လျှောက်တွင် အသက်ပေးခဲ့ရသော တပ်မေ တာ် သားတို့၏ ၀ိဥာဉ် များ ကတော့ အမှန်တကယ် ငြိမ်းချမ်းချင်မှ ငြိမ်းချမ်းလိမ့်မည်သာ။။။

Credit : Here

တစ်ခါ အားသွင်း ရုံဖြင့် တစ်လကြာ အသုံးပြု နိုင်မည့် ဟန်းစက် Nokia ထုတ်လုပ်

ဘက်ထရီအား တစ်ခါ အားသွင်းရုံဖြင့် အချိန်တစ်လ ကြာအထိ အသုံးပြုနိုင်မည့် ဒေါ်လာ၂၀ ၀န်းကျင် ရှိ ဈေးနှုန်း သတ်မှတ်။

ထားသည့် တန်းဖိုးနည်း ဟန်းဆက်တစ်မျိုးကို Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရ သည်။ အဆိုပါ ဟန်းဆက်အား Nokia 105 ဟု အမည်ပေးထားပြီး FM Radio စနစ်နှင့် လက်နှိပ်ဓာတ်မီး စနစ်တို့ကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။ Standby ထားရှိပါ က ၃၅ ရက်ကြာ ထားရှိနိုင် မည်ဖြစ်ပြီး တရစပ် စကားပြောလျှင် ၁၃ နာရီ ကြာပြောနိုင်အောင် ဘက်ထရီ အနေဖြင့် ခရီးဝေးသွားသည့် ကာလ၌ ဘက်ထရီ အားသွင်းရန် ခက်ခဲသည့် အခြေ အနေ များတွင် အကောင်းမွန်ဆုံး အသုံးချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် နည်းပါးခြင်း ကမည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်မည့် အချက်ဖြစ်ကြောင်း ပြောကြားထားသည်။ လာမည့် ရက်သတ္တပတ်အတွင်း ၎င်းဖုန်းများအား ဈေးကွက် အတွင်း ရောင်းချရန် စီစဉ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက် အထိ ထိုးဖောက်ရန် ရည်ရွယ်ထား နေကြောင်း သိရသည်။

From : Yoyarlay
Credit : Here

မြန်မာမှ ဘင်္ဂလာဒေခ်ျ့သို့တင်သွင်းလာသော AK 47 သေနတ် ၃၃ လက် မီဇူရမ်တွင် ဖမ်းမိ

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ တင်သွင်းလာသော စက်သေနတ် တစ်လက် အပါအ၀င် အေကေ ၄၇ သေနတ် ၃၃ လက်ကို အိန္ဒိယ နိုင်ငံ မီဇူရမ်တွင် ဖမ်းဆီးရမိကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က လွန်ခဲ့သော သောကြာနေ့က ထုတ်ဖေါ်ပြောဆိုသည်။

ဖမ်းဆီးရမိသော လက်နက်များကို တွေ့ရစဉ်။ ( ဓါတ်ပုံ- Morung)

အိန္ဒိယ ရဲတပ်ဖွဲ့နှင့် အာသံ ရိုင်ဖယ် တပ်ဖွဲ့မှ လွန်ခဲ့သော ကြာသပတေးနေ့နှင့် သောကြာနေ့က မီဇူရမ်ပြည်နယ် အိုင်ဇိုးမြို့ရှိ Lengpui လေဆိပ် အနီးရှိ လယ်တဲ တစ်ခုကို နှစ်ကြိမ်တိုင်တိုင် စီးနှင်း ၀င်ရောက် ရှာဖွေစဉ် စက်သေနတ် တစ်လက် အပါအ၀င် အေကေ ၄၇ မောင်းပြန် ရိုင်ဖယ် သေနတ် ၃၃ လက်နှင့် လက်နက် ခဲယမ်း မီးကျောက်များကို ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးရမိကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့၏ ထုတ်ဖေါ်ပြောကြားသည်။

၎င်းပြင် အဆိုပါ လက်နက် ခဲယမ်းများနှင့် ဆက်စပ်နေသူများဟု သံသယ ဖြစ်ခံရသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ သား (၃) ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူ (၃) ဦးမှာ မိုနီ ထရိပူရ၊ ရိုဘီ ချက်ကမာ(သက် လူမျိုး)နှင့် ဆာဘူဂျီး ချက်ကမာ (သက် လူမျိုး) တို့ ဖြစ်ကြသည်။

ကြာသပတေးနေ့က ရှာဖွေမူတွင် အေကေ ၄၇ လက်နက် ၂၃လက်၊ စင်္ကာပူလုပ် စက်သေနတ် တစ်လက်နှင့် အမေရိကန်လုပ် Browning မောင်းပြန် ရိုင်ဖယ် သေနတ် တစ်လက်တို့ ပါဝင်သည်။

ဖမ်းဆီးသူများ၏ ထုတ်ဖေါ်ပြောကြားချက် ကျန်မောင်းပြန်ရိုင်ဖယ် သေနတ်များကို သောကြာနေ့တွင် ထပ်မံ ရှာဖွေ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသော သေနတ်များကို မြန်မာနိုင်ငံမှ တင်သွင်းလာကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် အိန္ဒိယ သတင်းများကို ကိုးကားပြီး ဖေါ်ပြကြသော်လည်း အသေးစိတ် တစုံတရာ ရေးသားထားခြင်း မရှိပေ။

အဆိုပါ သေနတ်များမှာ ဘင်္ဂလာဒေခ်ျ့တွင် လူနည်းစု အခွင့်အရေး အတွက် တိုက်ပွဲဝင်နေသည့် အဖွဲ့ အစည်းများ၏ ပိုင်ဆိုင်သော လက်နက်များ ဖြစ်ဖွယ်ရှိကြောင်း အများက ဝေဖန် သုံးသပ် ပြောဆိုသည်။

Credit : Here

ဒီမိုကရေစီဖော်ဆောင်ရာတွင် ပါဝင်ရမည့်ထင်ရှားသောလက်နက်နှစ်ခု

၁။ လူမှုအဆောက်အအုံပြန်လည်တည် ဆောက်ရေးနှင့်

၂။ ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုရေး

တက္ကသိုလ်စိန်တင်- “လက်ပံတောင်း တောင်ကြေးနီ စီမံကိန်း ပဋိပက္ခနဲ့ ပတ်သက် တဲ့ စုံစမ်းရေးကော်မတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်တင်သွင်းတဲ့ အစီရင်ခံစာ အကြောင်း၊ ဘာကြား ရသေးသလဲ၊ နိုင်ငံ ရေးသုတေသီ”

နိုင်ငံရေးသုတေသီ- “နိုင်ငံတော်သမ္မတ ကြီးဆီတင်သွင်း ထာတယ်ဆိုတာပဲ။ ကြားသိရတယ်။ ဘာကြောင့်မေးခွန်းထုတ် တာ လဲဗျ”

တက္ကသိုလ်စိန်တင်- “ဒီလိုပါဗျာ၊ ကမ္ဘာ့ သမိုင်း မှာ၊ မော်ကွန်း တင်ရမယ့်၊ ဆိုဗီယက် ယူနီယံတစ်ပါတီအာဏာရှင်နိုင်ငံကြီးပြို လဲပြီး၊ ဒီမိုကရက်တစ်ရုရှသမ္မတနိုင်ငံ၏ ပေါ်ထွန်းခဲ့ရာမှာ ဆိုဗီယက်သမ္မတ မစ်ခေးလ်ဂေါ်ဘာချက် ကိုင်စွဲခဲ့တဲ့လက်နက် နှစ်ခုကိုသတိရလို့ပါဗျ”

နိုင်ငံရေးသုတေသီ- “၇၅ နှစ်ကြိမ်များ တောင်၊ တည်တံ့ခဲ့တဲ့ ဆိုဗီယက်ကွန်မြူ နစ်တစ်ပါတီအာဏာရှင် စနစ်ဆိုးကြီးပြိုလဲ ခဲ့ရာမှာ သမ္မတဂေါ်ဘာချက် ဘာလက် နက်များကိုင်စွဲခဲ့လို့လဲ”

တက္ကသိုလ်စိန်တင်- “သူတို့ရုရှဘာသာ စကားနဲ့ ပြောရရင်တော့။ (၁) ပယ်ရယ် စထရွိုက်ကာနဲ့ (၂) ပလပ်စနော့ လို့ခေါ် တယ်။ မြန်မာဘာသာပြန်ဆိုရရင်၊ (၁) လူမှုအဆောက်အအုံပြန်လည် တည်ဆောက် ရေးနဲ့ (၂) ပွင့်ပွင့်လင်းလင်းဝေဖန်ပြော ဆိုရေးပဲဗျ”

နိုင်ငံရေးသုတေသီ- “ဆိုဗီယက်သမ္မတ ဂေါ်ဘာချက်ဟာ အမှန်ဆိုရရင်၊ နွံထဲက ကြာပဲဗျ၊ ဆိုဗီယက်ပြည်ထောင်စုပြည်သူ တွေ အမဲသားတစ်တုံး အာလူးတစ်လုံး၊ ဂျုံမှုန့်တစ်ပေါင် ရဖို့နာရီပေါင်း များစွာ နေပူထဲမှာတန်းစီစောင်းဆိုင်းဝယ်ယူရတဲ့ ဘ၀ကို ကယ်တင်လွတ်မြောက်စေခဲ့တဲ့ တကယ့် သူရဲကောင်းပါပဲဗျ။ ကြုံကြိုက် တုံးမှာ ဆိုဗီယက်သမ္မတဂေါ်ဘာချက်နဲ့ သူကိုင်စွဲ တဲ့ နိုင်ငံရေးလက်နက်အကြောင်း ကြားချင်တယ်ဗျာ”

တက္ကသိုလ်စိန်တင်- “ကြားချင်ရင်နားဆင် ပါဗျာ။ ဒီကနေ့ မြန်မာနိုင်ငံတော်ကြီးရဲ့ ဒီမို ကရေစီဖော်ဆောင်နေသူတွေ ဆင်ခြင် နှိုင်းဆဆောင်ရွက်နိုင်ကြအောင် ပြောပြ ချင်လှပါ တယ်” နောင် အခါတွင် တစ်ပါတီကွန်မြူနစ် နိုင်ငံကြီးဘ၀မှ ဆိုဗီယက်ပြည်ထောင်စု နိုင်ငံ သားတို့အား နိုင်ငံရေးလက်နက်ကြီး နှစ်လက်ကိုင်စွဲကာ ကယ်တင်ရှင်ဖြစ်လာ သေ၍ မစ်ခေးလ်၊ ဂေါ်ဘာချက်ကို ၁၉၃၁ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

မစ်ခေးလ်ဂေါ်ဘာချက်ကို ရုရှပြည် ထောင်ပိုင်းစတာဗရိုဗိုမြို့မှ (၁၂၅) မိုင် ဝေးကွာသည့်၊ ပရီဗိုရိုနီ ရွာ ကလေးတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူ၊ ဆာဂေသည်၊ စပါးရိတ်သိမ်းစက်မောင်း နှင်သူဖြစ်သည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီ ၀င်ဖြစ်သည်။ မိခင်မာရီယာသည်။ ရုရှ အော်သိုဒေါစ်ခရစ်ယာဉ် ဘာသာ ၀င်ဖြစ်သည်။ ကွန်မြူနစ်ပါတီဝင်မဟုတ်။ ပါတီဝင်တို့ သည် ဘာသာတရားကိုးကွယ်သူ မရှိစေ ရ။ ဂေါ်ဘာချက်အသက် (၁၅) နှစ် အရွယ် တွင် ဖခင်ဖြစ်သူနှင့် လယ်ယာလုပ်ငန်းခွင် သို့အတူလိုက်ဝင် သည်။ ဖခင်နှင့်အတူ ဖခင်သင်ပေးသည့်ကွန်ဘိုင်းခေါ်စပါးရိတ် သိမ်းစက်ကို ကျွမ်းကျင်စွာမောင်းနှင်တတ် သည်။

ဂေါ်ဘာချက်သည် တက်ကြွသော လယ်ယာလုပ်သားဖြစ်ခဲ့၍ အသက် (၁၈) နှစ်တွင် Red Banner of Labour ဟု ခေါ်သော လယ်ယာစံပြလုပ်သားဆုရရှိသည်။ ဂေါ်ဘာချက်၏ပညာရေးကို ကွန်မြူနစ် ပါတီက ချီးမြှောက်အားပေး၍ မော်စကို တက္ကသိုလ်မှ ၁၉၅၅ ခုနှစ်တွင် ဥပဒေဘွဲ့ ရသည်။

တက်္ကသိုလ်ဘွဲ့ရ ဂေါ်ဘာချက် ကို ဆိုဗီယက်လူငယ်တပ်ဦး “ကွန်ဆိုမို” တွင် အရာရှိအဖြစ်ခန့်အပ် ခံရသည်။

ဆိုဗီယက်ပြည်ထောင်စုအာဏာရှင် ခေါင်းဆောင်များတစ်နှစ်လျှင်တစ်ယောက် တစ်ဦးပြီးတစ်ဦး၊ ကွယ်လွန်အနိစ္စရောက် ခဲ့ရခြင်းသည်။ တက်ကြွသောကွန်မြူနစ် လူငယ်၊ မစ်ခေးလ်ဂေါ်ဘာချက် တိုင်းပြည် ခေါင်းဆောင်ဖြစ်ရန် ပန်းခင်းလမ်းဖြစ် တော့သည်။

ဆိုဗီယက်ကွန်မြူနစ်ပါတီအတွင်းရေး မှူးချုပ်၊ လီယိုနတ်ဆရက်ဇနက်သည်။ ၁၉၈၂ ခုနှစ်တွင် လည်း ကောင်း/သူ့ရာ ထူးကိုဆက်ခံသော၊ ယူရီအင်ဒရိုပေါ့သည်။ ၁၉၄၈ ခုနှစ်တွင်လည်းကောင်း၊ ထိုရာထူး ကိုပင်ဆက်ခံသူ ချာနှင်ကိုသည် ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ ရောဂါဝေဒနာ အသီးသီးဖြင့် ကွယ်လွန်သွားခဲ့ကြရာ ဆိုဗီယက်ပြည်သူတို့ကို နိုင်ငံတော်သစ်ဆီ သို့ အချိန်မီကယ် တင်ခေါ်ဆောင် သွားမည့် လယ်ယာစက်မောင်းသမားဟောင်းဥပဒေ ပညာရှင်၊ မစ်ခေးလ်ဂေါ်ဘာချက်သည် ၁၈၈၅ ခုနှစ် တွင် ဆိုဗီယက်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်ဖြစ်လာလေသည်။

ဆိုဗီယက်ခေါင်းဆောင်ဂေါ်ဘာချက် သည်မိမိ၏ နှလုံးသည်းပွတ်တွင် သိုမှီးသိမ်း ဆည်းထားခဲ့သော တိုင်းပြည်လက်နက် နှစ်လက်ကို ရင်ဝယ်ပိုက်၍ ၁၉၈၅ ခုနှစ် ဧပြီလ ဆိုဗီယက်ကွန်မြူနစ်ပါတီမျက်နှာ စုံညီအစည်းအဝေးသို့တက်လာသည်။ ဂေါ်ဘာချက်ကိုင်စွဲလာသော ပထမလက် နက်မှာ ပယ်ရယ်စတာရွိုက်ကာခေါ် “လူ မှုအဆောက်အအုံပြန်လည်တည်ဆောက် ရေး”ဖြစ်သည်။ ကွန်မြူနစ်ပါတီ မျက်နှာစုံ ညီအစည်းအဝေးတွင် အထွေထွေအတွင်း ရေးမှူးချုပ်ဂေါ်ဘာချက်က နိုင်ငံဖွံ့ဖြိုးရေး အတွက်ရှေ့ခရီးတွင် အပေါ်ယံကြော ဖာထေးပြင်ဆင်မှုများဖြင့်မပြီးကြောင်း နိုင်ငံတော်အား လုံးထုဿုံပြန် လည်ပြုပြင် တည်ဆောက်ရေးကိုသာ အားပြုရတော့ မည်ဆိုသည့်မဟာဗျူဟာကို တင်ပြဆွေး နွေးသည်။

ဂေါ်ဘာချော့တင်ပြသော မဟာဗျူ ဟာသစ်ကို ပါတီကိုယ်စားလှယ်များက ခါးသည်သော်လည်း အားမာန်အပြည့်ဖြင့် ဝေဖန်အကဲဖြတ်ပြောဆိုခွင့်ရကြသည်။ ယခင်ကလို ရာဘာတံဆိပ်တုံးထုညီလာ ခံမဟုတ်ဘဲ။ စိတ်ထဲတွင် ပေါ်ထင်ရာကို ရဲဝံ့စွာဝေဖန်တင်ပြနိုင်ခွင့်ရကြသည်။ ယင်းသည်ဂေါ်ဘာချက်၏ ဒုတိယလက်နက် ဂလက်စနော့ခေါ်ပွင့်လင်းရဲတင်းစွာဝေဖန် နိုင်ခွင့်ဖြစ်သည်။

ဂေါ်ဘာချက်၏ ထက်မြက်သော အတွေးအခေါ်လက်နက်နှစ်ခုသည် ဆိုဗီယက်ပြည်သူတို့၏ နှလုံးသားထဲ စိမ့် ၀င်သွားသည်။ ပြိုကွဲလျော့လျဲနေသော တို့နိုင်ငံတော်ကို တို့ကအမြစ်ကစပြီးတည် ဆောက်ရမှာပါလား။ တို့ရင်ထဲကဆန္ဒကို တို့ကရဲရဲဝံ့ဝံ့လှုပ်ရှားဖော်ထုတ်ဝေဖန်ပြော ဆိုရမျာပါလားဟုသိနားလည်ကြလေပြီ။ အတွေးအမြင်သစ်များကို ပိုင်ဆိုင်ထားကြ ပြီးဖြစ်သော ဆိုဗီယက်ပြည်သူတို့သည် ဆိုဗီယက်ကွန်မြူနစ် ပါတီခေါင်းဆောင် (ဗိုလ်ချုပ်အောင်ဆန်းစကား၊ ငှားသုံးရ လျှင်) စားဖားလူမိုက်ကြီးများကို ကြည့်ပြီး၊ အော့နှလုံးနာနေကြပြီ။ သို့သော် အချိန်အခါမကျသေး၍ “နေသေးသပ၊ ချုံထဲက ချိုသွေးသပ တမြမြ”ဖြစ်နေကြ သည်။

ဆိုဗီယက်ကွန်မြူနစ်ပါတီခေါင်းဆောင် စားဖားကြီးများကလည်း ဆိုဗီယက်သမ္မတ မစ်ခေးလ်ဂေါ်ဘာချက် ၏ “ပယ်ရစတရွိုက် ကာနှင့် ဂလက်စနော့” လက်နက်၏မြား ဦးသည်၊ မကြမီငါတို့ ရင်ဘတ်တည့်တည့် ချိန်ရွယ်တော့မည်။ တို့တတွေ၊ စားခွက် ပျောက်ရချည်ရဲ့ဟု တွေးတောထိတ်လန့် ပြီး (၁၉.၈.၁၉၉၁)နေ့ တွင် စစ်တပ် လက်နက်ကိုင်အာဏာဖြင့် ဆိုဗီယက် သမ္မတဂေါ်ဘာချက်ကို အကျယ်ချုပ်ချ၊ ဖမ်းဆီးအာဏာသိမ်းပွဲ၊ ပေါ်ပေါက်ခဲ့သည်။ ထို့နောက် ထို့နောက် ပေါ်ပေါက် လာ သော အခွင့်အလန်းစောင့်နေသည့် ဆိုဗီ ယက်ယူနီယံပြည်သူ ခု၊ ဆယ်ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေတို့သည် ဒီမိုကရေစီသူရဲကောင်းရုရှသမ္မတ၊ ဘောရစ်ယဲ့ဆင် ၏ ခေါင်းဆောင်မှုကိုခံ ယူကာ မော်စကိုမြို့တော်လမ်းများပေါ် သို့ထွက်လာကြတော့သည်။ အာဏာသိမ်း ဆိုဗီယက် စစ်ဗိုလ်ချုပ်ကြီးတို့ မော်စကို အကျဉ်းထောင်သို့ဝင်ဆိုဗီယက်ပြည်ထောင် စုကြီးပြိုကွဲ၊ ဒီမိုကရေစီ လမ်းထဲတွင် ပျော်ရွှင်နေသောပြည်သူတို့ကခုန်မြူးထူး နေကြပြီ။

နိုင်ငံရေးသုတေသီ- “ဒီမိုကရေစီတည် ဆောက်မှုမှာ ပွင့်လင်းမြင်သာတဲ့ ဝေဖန် မှုအရေးကြီးသဗျ”

တက္ကသိုလ်စိန်တင်- “လေ့လာ၊ စံပြု၊ နည်းယူကြရမယ့်၊ ဒါကမ္ဘာ့သမိုင်းတစ်ကွက် ပေပဲ”

တက္ကသိုလ်စိန်တင်

Credit : Here

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်များစာရင်း(ညီလာခံမှ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပထမဆုံးအကြိမ် ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ယနေ့ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးဖြင့် အသစ်ရွေးချယ်ဖွဲ့စည်းလိုက်သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့အမည်စာရင်းများမှာ အောက်ပါအတိုင်းဖြစ်သည် -

၁။ ဒေါ်အောင်ဆန်းစုကြည်                        (ဥက္ကဋ္ဌ)
၂။ ဦးဥာဏ်ဝင်း                                      (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၃။ ဦးဟန်သာမြင့်                                   (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၎။ ဦးအုန်းကြိုင်                                      (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၅။ ဦးဝင်းမြင့်                                         (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၆။ ဦးထွန်းထွန်းဟိန်း                               (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၇။ ဒေါက်တာဒေါ်မေ၀င်းမြင့်                      (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၈။ ဦးဝင်းထိန်                                        (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၉။ ဒေါက်တာဇော်မြင့်မောင်                       (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၁၀။ ဒေါက်တာအောင်မိုးညို                       (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၁၁။ ဒေါ်ခင်ဌေးကြွယ်                              (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၁၂။ ဒေါ်နန်းခင်ထွေးမြင့်                           (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၁၃။ ဦးကျော်ခင်                                     (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၁၄။ ဦးညီပု                                           (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
၁၅။ ဒေါက်တာမျိုးအောင်                          (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)

အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၅ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဦးမန်းဂျော်နီ
၂။ ဒေါက်တာသိန်းလွင်
၃။ ဦးအောင်စိုး
၎။ ဦးဇိုဘွဲ
၅။ ဒေါ်ဖြူဖြူသင်း

Credit : Here

ကျပ်သန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်


မြန်မာငွေကျပ် သန်းပေါင်း သုံးသောင်းခြောက်ရာကျော် ကုန်ကျမည့် ဥရောပ-မြန်မာ ဗုဒ္ဓစင်တာကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။ အရှေ့တောင် အာရှ တွင် ထေရဝါဒ အများဆုံး ကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကိ ဥရောပနိုင်ငံ သားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံ တစ်ခုပါဝ င်ပြီး မြေနေရာ အ ကျယ် နှစ်ဧကခွဲ ရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင်လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက် လက်မိန့်ကြားသည်။ “မြန်မာတွေ ဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာ ဖြစ်လာမယ်။

ဘာသာ၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ သင်တန်းတွေ ပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်းမိန့်ကြားသည်။ အ ဆိုပါ မြန်မာဗုဒ္ဓ စင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့် တစ်နှစ်အတွင်း အကောင် အ ထည် ဖော် သွားမည်ဖြစ်ပြီး မြေနေရာ တစ်ပေပတ်လည်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာ လင်ပေါင် ၅၀၀ နှုန်းဖြင့် အလှူခံနေကြောင်း၊ မြန်မာနိုင်ငံသားများ လှူဒါန်းမည်ဆိုပါက မြေနေရာ တစ်ပေ ပတ် လည် ကို ငါးသောင်းကျပ်ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး အသင်း ထံမှ စုံစမ်းသိရှိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွား လူဦးရေ ၁၇ သန်းခန့် လာရောက် လည်ပ တ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာမှုများ ရှိ လာနိုင်ကြောင်း လန်လန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာဉ်ဘာသာဝင် များပြားကြောင်း၊ သို့သော် မည်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Credit : Here

တရုတ်နိုင်ငံကို ဘယ်လို ရင်ဆိုင်မလဲ


အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းတပုဒ်ကတော့ တရုတ်နိုင်ငံဟာ ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ် အေ) ကို မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ နဲ့ တင့်ကား ဖျက် လက်နက်တွေ အပါအ၀င် ခေတ်မီ လက်နက်ပစ္စည်းတွေ ရောင်းချခဲ့ တယ် ဆိုတဲ့ သတင်း ပဲဖြစ်ပါတယ်။

Jane Defense အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြကြတဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြောင်း ကျွမ်းကျင်သူတွေနဲ့ စစ်လက်နက်ကုန် သွယ် မှုအကြောင်း ကျွမ်းကျင်သူတွေက ထောက်ခံ ပြောဆိုကြပေမယ့် တရုတ်သံရုံးကတော့ ဒီသတင်း အခြေအမြစ် မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ “၀” တပ်ဖွဲ့ကို တရုတ်နိုင်ငံက လက်နက်တွေ တ ကယ်ပဲ ရောင်းခဲ့သလား၊ တရုတ်နိုင်ငံဟာ နယ်စပ် က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဘယ်လို သဘောထားခဲ့သလဲ၊ ဒီ ပြဿနာတွေနဲ့ ပတ်သက်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံကို ဘယ် လို ရင်ဆိုင် ရမလဲ ဆိုတာ ခုတပတ် ဆွေးနွေးသုံးသပ် တင်ပြသွားမှာ ဖြစ်ပါတယ်။

ပြောရရင် မြန်မာနိုင်ငံဟာ လက်ရှိ ခေတ်သစ်တရုတ်နိုင်ငံထက် ၁ နှစ်စောပြီး လွတ်လပ်ရေး ရပါတယ်။ ၁၉၄၉ ခုနှစ် ကွန်မြူနစ်တွေ အောင်ပွဲခံ မှုနဲ့ အတူ တရုတ်နိုင်ငံ လွတ်မြောက်ပြီးနောက် တရုတ် ကွန်မြူနစ်အစိုးရကို ပထမဦးဆုံး အသိအမှတ်ပြုတဲ့အထဲမှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ တရုတ်ပြည်သစ် တည်ထောင်ပြီးနောက် ကွန်မြူနစ် အစိုးရဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ချမှတ်တဲ့ဆီမှာလည်း ပါဝင်ပြီးနိုင်ငံတ ကာရေးရာမှာ သူများ ပြည်တွင်း မစွက်ဖက်ရေး မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ ဒီလိုနဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ဟာ ၁၉၆၀ စုနှစ် နှောင်း ပိုင်းအထိ ချစ်ကြည်ရင်းနှီးမှု ရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်ပွားခဲ့သလို အဲဒီ ပြဿနာတွေနဲ့ ဆက် စပ်ပြီး မြန်မာနိုင်ငံမှာလည်း တရုတ်-မြန်မာ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ အဓိက ရုဏ်းတွေကို တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရ တုံ့ပြန်လိုက်ပုံကတော့ တရုတ်ပြည်ထဲရောက် နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်တချို့၊ ကချင်တိုင်းရင်းသားခေါင်းဆောင် နော်ဆိုင်း ခေါင်း ဆောင်တဲ့ တိုင်းရင်းသားတချို့ကို ရှေ့တန်းတင်ပြီး လူအင်အားနဲ့ လက်နက်အင်အား အပြည့်အ၀ ထောက်ပံ့ မှုပေးပြီး မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့မြောက်ပိုင်းကို အလုံးအရင်းနဲ့ ၀င် ရောက်တိုက် ခိုက်ခြင်းပါပဲ။ လက်ရှိ ၀ တပ်ဖွဲ့နဲ့ မိုင်းလား အခါတပ်ဖွဲ့တွေဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရရဲ့ မြန်မာပြည်တွင်းရေး ၀င်ရောက် စွက်ဖက်မှုက နေ ကျန်နေရစ်တဲ့ အမွေတခုလို့ ဆိုရင်လည်း မမှားပါဘူး။

အဲဒီ အချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ အလံထောင်ထားတဲ့ ခေါင်းစဉ်အောက်မှာ ဗော်လံတီယာတွေလို့ နာမည်တပ်ထားတဲ့ တရုတ်နိုင်ငံသား တပ်ဖွဲ့ဝင်တွေဟာ တရုတ်အစိုးရ လက်နက်တွေနဲ့ပဲ မြန်မာ့ တပ်မတော်ကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြောရရင် အဲဒီအချိန်က တရုတ် ပြည်ရဲ့ ကူညီမှုဟာ လက်နက် တခုတည်း မကပါဘူး။ တပ်ဖွဲ့ဝင်တွေ၊ စားရေရိက္ခာတွေနဲ့ လက်နက်ကြီးငယ်တွေ အားလုံး ပါဝင် ခဲ့ပါ တယ်။ နောက်ပိုင်း မြန်မာအစိုးရနဲ့ ပြေလည်မှုရရှိသွားလို့ အဲဒီ ဗမာပြည်ကွန်မြူနစ်ပါတီကို အကူ အညီတွေ လျော့ ချခဲ့ပေမယ့် လက်နက်ကိုင်တပ်ဖွဲ့ တွေ ကတော့ တရုတ်နယ်စပ်မှာ ဒီကနေ့အချိန်ထိ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် အဲဒီ တပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံထဲက သယံဇာတ တွေကို တ ရုတ် ပြည်ဘက် ထုတ်ရောင်း၊ ရတဲ့ငွေနဲ့ ဆန်၊ ဆီနဲ့ ဆားကအစ တရုတ်ပြည်က ၀ယ်ယူသုံးစွဲပြီး တပ်ဆင် ထားတဲ့ လက်နက်တွေ ဟာလည်း အရင်ကတည်းက တရုတ်လက်နက်တွေဖြစ် သလို နောက်ပိုင်း ဖြည့် တင်းတာဟာလည်း တရုတ်လက်နက်တွေ ချည်း ပဲဖြစ်ပါ တယ်။

လောလောဆယ် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)နဲ့ အစိုးရတပ်တွေ တိုက်ကြခိုက်ကြရာမှာ လည်း တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက် မှုကို တွေ့နိုင်ပါတယ်။ ကေအိုင်အေ ဟာ လည်း အရင် တချိန်တုန်းက တရုတ်ပြည်ရဲ့ လက်နက် ထောက်ပံ့မှုကို ရယူခဲ့ဖူးတဲ့ တပ်ဖွဲ့ဖြစ် ပါတယ်။ လက်ရှိအချိန်မှာလည်း အင်အား ကြီးတဲ့ မြန်မာအစိုးရတပ်တွေကို အချိန်ကာလ ကြာ မြင့်စွာ စစ်ပွဲဆင်နွှဲနိုင်တဲ့အထိ စစ်လက်နက် ပစ္စည်း တွေ ကို တရုတ်ပြည်ကနေပဲ ရရှိနေတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ကချင်လက်နက်ကိုင် တပ်မှူးတွေကလည်း မငြင်းကြပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို အဲလို လက်နက်ရောင်းချတဲ့ တရုတ်အစိုးရဟာ ပြည်တွင်းရေး ၀င်မစွက်ဘူး ဆိုပေမယ့် ပြည်သူကို ဖိနှိပ်တဲ့ မြန်မာစစ်အစိုးရကိုတော့ နှစ်ပေါင်းများစွာ အပြည့် အ၀ ထောက်ခံခဲ့ပါတယ်။ တပြိုင်နက်တည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ပဲ သစ်၊ ကျောက်စိမ်းနဲ့ သယံဇာတ မှန်သမျှ နည်းပေါင်းစုံနဲ့ ထုတ်ယူ အမြတ်ထုတ် ခဲ့ပါတယ်။ ပြောရရင် တရုတ်ပြည် ရဲ့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် ထားတဲ့ သဘောထားဟာ မှတ် တမ်းကောင်းတွေတော့ မဟုတ်ခဲ့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံဟာ ဒီနေ့ စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သလို မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ရှည်လျားစွာ ထိစပ်နေတဲ့ အိမ်နီးချင်း တိုင်းပြည်တပြည်လည်း ဖြစ်နေ ပါတယ်။ ဒေါ် အောင်ဆန်း စုကြည် ပြောသလို အိမ်နီးချင်းဆိုတာ ပြောင်းပြေးလို့ ရတာ မဟုတ်လို့ သင့်မြတ်တဲ့ ဆက်ဆံရေး ထူထောင် ဖို့ လိုပါတယ်။ မြန်မာနိုင်ငံထဲမှာ ဗမာတွေအချင်းချင်း၊ ဗမာနဲ့ တိုင်း ရင်းသား၊ တိုင်းရင်းသားအချင်းချင်း သဘောထား တွေကွဲလွဲ တိုက်နေခိုက်နေကြလို့ကတော့ တရုတ်နိုင်ငံကို ရင်မဆိုင်နိုင်ပါဘူး။ အမျိုးသားပြန် လည် သင့်မြတ်ရေးကို ဖော်ဆောင်နိုင် တဲ့၊ တိုင်း ရင်းသားတွေနဲ့ စည်းလုံးညီညွတ်မှုတည်ဆောက်နိုင်တဲ့ အင်အားကောင်းတဲ့ ဒီမိုကရေစီအစိုးရမျိုး တည်ထောင်နိုင်မှသာ မှန်မှန်ကန်ကန်ရင်ဆိုင် နိုင်မယ် ဖြစ် ပါကြောင်း တင်ပြလိုက်ရ ပါ တယ်။

Credit : Here

ထိုင်းငွေနှင့် တရုတ်ငွေလည်း တရားဝင် လဲလှယ်ခွင့် ပေးမည်

အဓိက ကုန်သွယ်ဘက် နိုင်ငံနှစ်ခုဖြစ်ခြင်းကြောင့် ငွေလဲလှယ်မှု တရားဝင် လဲလှယ်ခွင့် ရှိသင့်သည်
(ဓာတ်ပုံ – zingarate.com)

ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေတို့ကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တရားဝင်လဲလှယ်ခွင့်ပေးရန် ယခုနှစ် ဧပြီလ မတိုင်မှီတွင် ခွင့်ပြုပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေ စသည်တို့ကိုသာ တရားဝင် လဲလှယ်ခွင့်ပေးထားပြီး ယခုအခါ ၎င်းငွေကြေးများနည်းတူ ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေတို့ကို တရားဝင်လဲလှယ်ခွင့် ပေးသွားရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။

“တရားဝင်လဲလှယ် အသုံးပြုနိုင်ဖို့အတွက် လုပ်ရတာပါ။ အဓိကကတော့ နယ်စပ်တွေမှာ သုံးနေတာတွေ ရှိတာမှာ တရားဝင် လဲလှယ်ခွင့်မရှိသေးတော့ ဈေးနှိမ်တာတို့ တခြား မသမာမူတွေ ဖြစ်နေတယ်။ မြ၀တီနဲ့ တာချီလိတ်မှာဆို မြန်မာကျပ်ထက် ဘတ်ငွေတွေ၊ ယွမ် ငွေတွေ ပိုသုံးတယ်။ တရားဝင် လဲလှယ်ဖို့ ခွင့်မပြုထားတော့ ဈေးကနှိမ်ပြီး လဲလှယ် ခံနေရတာပေါ့။ ဒီအတွက် တရားဝင်လဲလှယ်ခွင့် ပေးသွားဖို့ စီစဉ်နေတာပါ ”ဟု ဗဟိုဘဏ် ငွေကြေးလဲလှယ်သုံးစွဲရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တရားဝင် လဲလှယ်ခွင့် မရသေးသည့်အတွက် လက်ရှိတွင် အဆိုပါငွေကြေးနှစ်ခု၏ ပေါက်ဈေးမှာ လဲလှယ်ပေးသူ အေးဂျင့်များ၏ ပါးစပ်တွင်သာရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ် ဘက် နိုင်ငံနှစ်ခုဖြစ်ခြင်းကြောင့် ငွေလဲလှယ်မှုတွင် တရားဝင် လဲလှယ်ခွင့် ရှိသင့်ကြောင်း သွင်းကုန် လုပ်ငန်းရှင်တဦးကလည်း ပြောသည်။

“မြ၀တီမှာက ဘတ်ငွေပဲ သုံးတာ များတယ်။ ဆိုင်ကြီး၊ စတိုးဆိုင်တွေကနေ ဆိုက္ကားသမားထိ ဘတ်ငွေပဲ ကိုင်တယ်။ ကျပ်ငွေနဲ့ ဘတ်ငွေ လဲလှယ်တာမှာ ကျပ်ငွေဆို ဘယ်ဈေးနဲ့ဖြတ်လည်း အတိအကျ မရှိတော့ မသိဘူး။ လဲပေးတဲ့သူ အပြောပဲ။ ဘတ် ၁၀၀ ဖိုးလဲရင် အနည်းဆုံးတော့ ၁၅၀၀ နဲ့ ၂၀၀၀ ကြား ပိုပေးရတယ်”ဟု မြ၀တီမြို့၊မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားအနီး ရွှေအင်းလေး လက်ဘက် ရည်ဆိုင်ပိုင်ရှင် ကိုဇော်ဇော်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံပိုင် ဘဏ် ၄ ခု ရှိပြီး ပုဂ္ဂလိက ဘဏ် ၁၉ ခုနှင့် နိုင်ငံပိုင် ဘဏ် ၃ ခုတွင် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကြေးများ တရားဝင် လဲလှယ်ခွင့် ပြုထားပြီး ယခု ဘတ်ငွေနှင့် ယွမ်ငွေ လဲလှယ်ခွင့်ကိုလည်း အထက်ပါ လုပ်ကိုင်ခွင့်ရဘဏ်များ အတိုင်း ချပေးသွားမှာဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ နိုင်ငံခြား ငွေလဲလှယ်မှုကို တရားဝင် ခွင့်ပြုခဲ့ပြီး လဲလှယ်မှုနှုန်းထား အမျိုးမျိုးဖြစ်နေရာမှ ဈေးကွက်တခု ဖန်တီးကာ floating rate အဖြစ် သတ်မှတ် အကောင်အထည်ဖော်ခဲ့သည်။

Credit : Here

အဓမ္မကျင့်ခံရပြီး ခိုးမှုနှင့်ပြန်လည် တရားစွဲခံရသူ မိန်းကလေးကို အာမခံဖြင့် ပြန်လွှတ်ပေးပြီ

အခြိမ်းခြောက်ခံခဲ့ရသည့် မိန်းကလေး (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

ခြိမ်းခြောက်၍ အဓမ္မပြုကျင့် ခံရသည့်အပြင် ခိုးမှုဖြင့် ပြန်လည် တရားစွဲခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးသည် ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းမှ အာမခံဖြင့် ယမန်နေ့က ပြန်လည် လွတ်မြောက် လာပြီဖြစ်သည်။

(ပ) နံပါတ် ၁၀၄၊ ၁၃ ပုဒ်မ ၃၈၁ ဖြင့် တရားစွဲဆိုခံထားရသူ မိန်းကလေးအား မြောက်ဥက္ကလာပ မြို့နယ် တရားရုံးသို့ ယမန်နေ့နေ့လယ် ၁၁ နာရီခွဲကျော်တွင် နတ်မောက်လမ်း ကျောင်းမှ ခေါ်ယူလာပြီး အာမခံ နှစ်ဦးဖြင့် သွားရောက် ထုတ်ခဲ့ကြောင်း၊ မိန်းကလေး တရားရုံးသို့ မလာမီ ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေးအဖွဲ့ မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။

“ဒီနေ့တော့ အာမခံ နှစ်ဦးနဲ့ အတူ မြေဂရမ်တွေပါ ပြပြီး ထုတ်ခဲ့တယ်။ မြေဂရမ်ကတော့ နှစ်ယောက်ပေါင်း သိန်း ၅၀ လောက်ရှိပါတယ်။ ကျမကတော့ သူ့ကို အာမခံနဲ့ ထုတ်ပေးပြီးတော့ ကလေးကို လုံခြုံတဲ့နေရာမှာ ထားသွားမှာပါ” ဟု ဒေါ်လေးလေးက ဆိုသည်။

အမျိုးသမီးလည်းဖြစ်၊ အသက် ၁၆ နှစ်အောက်လည်း ဖြစ်၍ ပြစ်မှု ကျင့်ထုံး (ပ) ၄၉၇ အရ ရုံးမှ အာမခံပေးနိုင်ကြောင်း၊ မိန်းကလေးတိုင်း လျှောက်ခွင့်ရှိကြောင်း၊ မိန်းကလေး ဖြစ်သည့်အတွက် အာမခံ နှစ်ဦးမရှိပါက ကိုယ်ပိုင် ခံဝန်နှင့်လည်း ရကြောင်း၊ အာမခံသည့်အခါ ကျပ် ၁၀ သိန်းနှင့် တန်းတူညီ ပစ္စည်းများကို တင်ပြရမည်ဖြစ်ကြောင်း အဆိုပါ မိန်းကလေး ကိစ္စကို လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေ တဦးက ဧရာဝတီသို့ ရှင်းပြသည်။

“သမီးကို လွန်ခဲ့တဲ့ သုံးရက်မှာ ရဲတွေက “အန်တီ သမီး တောင်းပန်ပါတယ်” ဆိုတဲ့ စာရေးခိုင်းတယ်၊ လက်မှတ်ထိုးခိုင်းတယ်။ သမီးကတော့ မရေးတက်ဘူး၊ မထိုးတက်ဘူး” ဟု ခိုးယူမှုဖြင့် ပြန်လည် တရား စွဲဆို ခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးက ဧရာဝတီသို့ ပြောသည်။

နတ်မောက် အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းတွင် နေ့စဉ် ငါးခြောက်ကြော်နှင့် ပဲဟင်းကိုသာ စားသောက် ရပြီး မနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ကော်ချောင်းခြစ်သည့် အလုပ်ကိုလုပ်ရကြောင်း၊ အရွယ် မရောက်သေးသည့် ကလေးသူငယ် အယောက် ၅၀ ခန့် ရှိရာ ရေအိမ် ၂ လုံးသာ ထားကြောင်း၊ ရေကို လုံလောက်စွာ မသုံးစွဲရကြောင်း ၎င်းက ဆိုသည်။

အရွယ်မရောက်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်မှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင် ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့သည်ဟု ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့သောကြောင့် မိန်းကလေးကို ရန်ကုန် နတ်မောက် လမ်းရှိ အမျိုးသမီး ကလေး သူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပို့လိုက်ခြင်း ဖြစ်သည်။

“ကျနော် အာမခံပေးရတဲ့ အကြောင်းရင်းက အသက်လည်း ငယ်တယ်၊ ပြီးတော့ အချုပ် ထဲမှာလည်း နေရတယ်။ ငွေ ၂ သောင်းကျပ်၊ နာရီတလုံးနဲ့တော့ အချုပ်ထဲမှာ နေရတာ မတန်ဘူး” ဟု အာမခံပေးသည့် ဦးမင်းမင်းအောင်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကလေးငယ်အား အာမခံ ပေးရန်အတွက် ရပ်ကွက်ရုံးတွင် ထောက်ခံစာ ပြုလုပ်နေသည့်အချိန်တွင် ရဲများသည် နောက်မှ တကောက်ကောက် လိုက်လာကြောင်း၊ တခြားသူများကို မိန်းကလေးအား အာမခံမပေးရန် တားမြစ်မှုများလည်း ရှိကြောင်း ဦးမင်းမင်းအောင်က ဆိုသည်။

“ကျမကတော့ လုံးဝမကျေနပ်ဘူး။ အဲဒီ သူဌေးတွေက ပိုက်ဆံရှိပြီး လုပ်ချင်တိုင်းလုပ်နေကြတာ။ ကျမကတော့ ပြီးတဲ့အထိ လုပ်ဆောင်သွားမယ်။ ကျမရဲ့သမီးကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့ အတွက် ပျော်တယ်” ဟု မိန်းကလေး၏ မိခင်က ဧရာဝတီသို့ ပြောသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ကျမှသာလျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ်တွင် အချက်ပေါင်း ၅၄ ချက် ပါဝင်ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေးကို ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင် အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သက်မှတ် ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ် ကို လူငယ်ဟု သတ်မှတ်ထားသည်။

Credit : Here

သမ္မတကြီး ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် နှိုင်းယှဉ်ချက်


( နှိုင်းတောင်း မနှိုင်းသင့်ပါဘူး ။ ဒါပေမဲ့ အမေမှ အမေဖြစ်နေသော ၁ ဖက်ပိတ်များအတွက်ပါ )

၁။ ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ မြန်မာ တိုင်းရင်းသားမဟုတ်ပါ ။ ( တိကျပြတ် သားသော ဖြေရှင်း ချက်ဖြင့် နိုင်ငံ တကာကို ထုတ်ဖော်ပြော ) ( သမ္မတကြီး )

ရိုဟင်ဂျာဆိုတာ ကျွန်မတို့ တိုင်းရင်းသားဟုတ်မဟုတ် ၊မသိပါဘူး ။( ပြတ်သားစွာ မငြင်း ရဲသော ပြောဆို ချက် ဖြင့် နိုင်ငံတကာကို ထုတ်ဖော်ပြော ) ( ဒေါ်စု )

၂ ။ကုလားကို ကုလားဟုခေါ်ဆိုသည်အတွက် ပြစ်တင်ပြောဆိုခြင်း မရှိ ။ ( သမ္မတကြီး )

ကုလားကို ကုလားလို့ မခေါ်နဲ့ ကျွန်မ အသဲ နာနိုးနိုးနိုး ၊ ကုလားလို့ခေါ်ရင် မိမဆုံးမ ဖမဆုံးမ ဆရာ/မ မဆုံးမသူ ဟု သုံးစွဲပြောဆို ။ ( ဒေါ်စု )

၃ ။ဆန်ရှင် ဖွင့်ပေးဖို့ အတွက်တစာစာ တောင်းခံခဲ့ ။ ( သမ္မတကြီး )

ဆန်ရှင် ပိတ်ရန် -င်star ပြီး မာနကြီး တခွဲသားနဲ့ ပိတ်ခိုင်း ။ ( ဒေါ်စု )

၎။နိုင်ငံ အရေး ၊ ပြည်သူ လူထုတွက် အလေးပေးပြီး နိုင်ငံ ပြင်ပသို့ ထွက် ( သမ္မတကြီး )

ကိုယ်ကျိုးအတွက်သာ နိုင်ငံ ပြင်ပသို့ ထွက် ။ ( ဒေါ်စု )

၅ ။နိုင်ငံ ပြင်ပတွင် ကျွန်တော်တို့နိုင်ငံကို ကြွေးမြှီများ ကင်ရှင်းဖို့ အကူအညီတောင်းခံ ။ ( သမ္မတကြီး )

နိုင်ငံ ပြင်ပတွင် ကျွန်မ ခွေးလေးလောက်သာ လူတွေကရိုးသာကျရင် အားလုံးငြိမ်းချမ်းနေမှာပါ ။ နိုင်ငံ အ တွက် ၁ လုံးမှမပါ ။ ဆရာကြီး အထှာနှင့် -င်satr ။ ( ဒေါ်စု )

၆ ။ အတိုက်အခံတို့၏ ရိုင်းပြမူ့များကို နွေးထွေးစွာ ဆွေးနွေး အကြံပေး/ယူ ။ ( သမ္မတကြီး )

ဝေဖန်သူ / မထောက်ခံသူတို့အား ပြစ်တင်ပြောဆို ။ မိန်းမကျင့် မိန်းမကြံအတိုင်း မထိခလုပ် ထိခ လုပ်စောင်းမြောင်းပြောဆို ။ ( ဒေါ်စု )

၇ ။၂၀၁၅ အတွက် ကျွန်တော်ဟာ မဲပေးသူသာဖြစ်ရမည် ။ ( သမ္မတကြီး )

၂၀၁၅ တွင် သမ္မတဖြစ်ရေး ကြိုးစားနေ ၊ အာဏာရှင်ဖြစ်ရန် ကြံစည်နေသည် ။ ( အင်းပေါ့ မမြင်ဖူး မူးကို မြစ်ထင်နေတာလေ ) ( ဒေါ်စု )

မြောက်များစွာသော အချင်းအရာများရှိ၏ ဆက်လက်ပြောဆိုရန် မတန်လို့ မပြောတော့ပေ ။ ထိုဖြစ်ရပ်များသည် အားလုံးသော ပြည်သူလူထု အမြင်ပင်ဖြစ်သည် ။

နှိုင်းယှဉ်ရန် မသင့်ပဲ နှိုင်းယှဉ်ခဲ့မိသော ကျွန်တော့်အား ခွင့်မလွှတ်ပါနှင့် ။ ၁ ဖက်ပိတ်များ အား ဝေဖန်ထောက်ပြခြင်းဖြစ်ပါသည် ။ ၁ ဖတ်ပိတ်များ ၂ ဖက်ပွင့်ရန် တိုက် ခိုက်ခြင်းဖြစ်သောကြောင့် ခွင့်မလွှတ်ပါနဲ့ဗျာ ။

စစ်ရန်နိုင် ( သမ္မတကြီး အတွက် )
Dခွေးယောင်ဝါး သူတောင်းစားတို့မိခင်ခင် ( ဒေါ်စု အတွက် )

Credit : Here

မိုးပေါ်ကပြုတ်ကျ လာရင်သိပ်ကောင်းမှာ.....။

မစ္စတာကင်တားနား၏ ကိုးကွယ်သည့်ဘာသာအပေါ် မူတည်ကာ နှိမ့်ချခွဲခြားမှုမရှိသည့် ဥပဒေအသစ် ပြင် ဆင်သင့်ကြောင်း ပြောကြားမှုနှင့် ပတ်သက်၍လည်းအာဖဂန်နစ္စတန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ ရဲ့ ကိုယ်စားလှယ် ကရောအဲ့လိုပြောခဲ့ပါသလား ? ။ကမ္ဘာ့ကုလသမဂ္ဂ ကမြန်မာနိုင်ငံတခုထဲအနိုင်ကျင့်တာ လား...။၈၂ ဥပဒေ ပြင်တာမပြင် တာမြန်မာလူမျိုးတွေကိစ္စ..လိုအပ်ရင်တောင်လွှတ်တော်မှာ ပဲပြင် ဆင် ဆွေးနွေးရမယ့်ကိစ္စ၊ဒါကတပိုင်း......။

ကျောက်နီမော်နဲ့တောင်ကုတ်ကိစ္စမတိုင်ခင်အရင်ထဲက ထောက်ပြခဲ့တာကဘင်္ဂလားနယ်စပ်မှာလုပ်စားနေတဲ့ကိစ္စ၊မှတ်ပုံတင် မျိုးစုံဈေးနုံးမျိုးစုံကိစ္စ၊ခိုးဝင်သူလား၊အခြေချသူလား၊နိုင်ငံသားအဆင့် လား၊စီစစ်ဖို့၊လုပ်စားသူတွေအရေး ယူဖို့နောက်ပြီးမြန်မာနိုင်ငံအရှေ့ မြောက်ပိုင်းနဲ့မန္တလေးမှာတရုတ်တွေများပြားလာမှုအပေါ်စီစစ်ပေးဖို့ ဒီလောက်ပဲတွန်းအားပေးခဲ့တယ်။အဲ့ဒီအချိန်မှာရခိုင်-ဘင်္ဂလီကိစ္စဖြစ် တယ်။အခုဆို ၉၆၉ထိဖြစ်လာတယ်။။။

ကျွန်တော်တို့ ထောက်ပြနေ တဲ့ကိစ္စတွေမှေးမှိန်သွားတာမျိုးတော့မဖြစ်သင့်ပါဖူး။စီစစ်ပေးပါလို့ ပဲပြော ချင်တယ်။ ၉၆၉ကိစ္စဟာဘင်္ဂလီကိစ္စကနေဆက်ပွားခဲ့တဲ့ကိစ္စဖြစ် တယ်။ ဒါပေမယ့်ဘင်္ဂလီကိုဦးမတည်ပဲ ဘာသာရေးကိုဦးတည်လာပြီ။ ကျွန်တော်တို့သွားနေတာစီစစ်ရေး၊ဖြစ်နေတာက ဆန့်ကျင်ရေး၊ မြန်မာ နိုင်ငံမှာ ၈၂ နဲ့ပဲစံထားစံထားနိုင်ငံသားဖြစ်ပြီးဘိုးစဉ်ဘောင် ဆက်နေလာတဲ့တရုတ်နဲ့ကုလား(မူဆလင်-ဟိန္နူ-ဗုဒ္ဒဘာသာ) တွေကိုတော့ပစ်ပယ်ဆန့်ကျင်လိုက်တာမျိုးတော့မဖြစ်သင့်ပါဖူး။

သစ္စာမစောင့်သိဖူးဆိုရင်လဲအစိုးရကပဲစစ်ဆေးဖမ်းဆီးထောင်ချ တာလုပ်သင့်တယ်၊တရုတ်ကတော့ပြောရ ခက်တယ်..." ဘာသာရေး ၀မသိဖူး..နိုင်ငံသားဝဂီရုမီစိုက်ဖူး...တိုင်းရင်းသားဝကိုမီပေးနဲ့ရလယ် ၀ဆိုင်ကပေါက်စီတနေ့တလုံးသာလာဝယ်စားဝကျေနပ်လယ်......။" ဆိုတော့ကာ စီစစ်ရမဲ့ သူတောင်ပေါက်စီ ၀ယ်စားရမလိုဖြစ်နေတယ်။

အဓိကကျတာပဲဆက်ဆွေးနွေးချင်တယ်။။။ကုလား(ဟိန္နူ-ဗုဒ္ဒဘာသာ) နဲ့ကျဘာမှအသံမကြားရပဲ ကုလား (မူဆလင်)တွေအပေါ်မှာပဲသဘော ထားတင်းမာတာတွေ့ရတယ်။အဲ့ဒီတော့ကုလားဆိုတဲ့လူမျိုးကိုတိုက် တာမဟုတ်ပဲဘာသာကိုတိုက်သလိုမျိုးတွေ့လာတယ်။တကယ်လုပ်ရ မယ်မပြောပါဖူး တကယ်လို့ အဲဒီမူဆလင်တွေ (ဟိန္နူ-ဗုဒ္ဒဘာသာ)အဖြစ် အိန္ဒိယမှာလိုပြောင်းလိုက်ရင်သေချာတယ် ၉၆၉ စစ်ဆင်ရေးကြီးရပ် သွားမယ်...။ပြောင်းတဲ့သူတယောက်စနှစ်ယောက်စပဲတွေ့ဖူးပါတယ်။ အဲဒီတော့ အစ္စလာမ်နဲ့ဗုဒ္ဒဘာသာဝင်အကြားသင့်မြတ်ရေးကအဓိကကျ လာပါပြီ။

လုပ်ဟေ့..လို့ပြောရင်လည်းလှုံဆော်သူဖြစ်မယ်... မလုပ်နဲ့...ဆိုရင်လည်းဗမာဗုဒ္ဒဘာသာမဟုတ်ဖူးလား အဆဲခံရမယ်။ ဒီကိစ္စအစိုးရကစီစစ်တာတွေဆက်တိုက်လုပ်ပြခဲ့ရင်ဖြစ်လာစရာအ ကြောင်းကိုမရှိတာ။

အဲဒီမှာတလောကဖေ့ဘွတ်ပေါ်မှာတွေ့လိုက်တာလေးမဆိုးဖူး၊သင့်မြတ် ရေးလမ်းကြောင်းတခုပေါ်လာနိုင်တယ်။ဘာလဲဆိုတော့ ၈၈ ကိုမြအေး ကအစ္စလာမ်ဘာသာရေးအဖွဲ့ကသူတွေကိုတွေ့ဆုံပြီးသင့်မြတ်ရေးနည်း လမ်းတချို့ချပြ ခဲ့တယ်။

အစ္စလာမ်ဘာသာဆိုပေမယ့်မြန်မာဓလေ့နဲ့ကိုက်ညီတဲ့ပုံမျိုးသွားဖို့ ဆိုတာကိုဆွေးနွေးခဲ့တယ်။

အာရပ်နိုင်ငံတွေမှာကဘာသာရေးနဲ့အုပ်ချူပ်ရေးကတွဲနေတတ်တော့ အိမ်ထောင်သားမွေးအရွယ် မိန်းကလေး အပြင်ထွက်ရင်မျက်နှာအုပ်ရတာ၊ မင်္ဂလာဆောင်သီချင်းမဆို ရတာ၊ဘာသာရေးကြောင့်လား၊ဥပဒေ ကြောင့်လားမကွဲပြားတော့ဖူး..တွဲပြီးအုပ်ချူပ်နေတာဆိုတော့၊ မြန်မာနိုင်ငံမှာကဥပဒေအရမရှိဖူး၊ဘာသာရေးအရပဲရှိနိုင်တယ်၊ဆိုတော့ မြန်မာ့ဓလေ့နဲ့ကိုက်ညီအောင်ပြောင်းလို့ရတာတွေပြောင်းနိုင်အောင် ရှင်းပြတာတွေရှိတယ်။ဥပမာဗလီသွားတာကအစမြန်မာအ၀တ်အစား ပဲဝတ်ဖို့စသဖြင့်အချက်အတော်များများတင်ပြခဲ့ပေမယ့်..တုံ့ပြန်ရေး တဲ့ဆောင်းပါးတခုမှာတော့အချက်အကုန်နီးပါးကိုပါပဲ..မဖြစ်နိုင်တဲ့ပုံ ပြန်ရေးထာတာဖတ်ရတယ်..ပြန်ရှာတာမတွေ့တော့ဖူး....။

ဘယ်ဘာသာပဲဖြစ်ဖြစ်အလွန်အကျွံတင်းကျပ်ကျင့်သုံးတာလူကိုထိ ခိုက်စေတယ်....ဥပမာ..တခုပြချင်တယ်။ ရေခဲတဲ့နိင်ငံတွေကဗုဒ္ဒဘာသာဘုန်းကြီးတွေတိုင်ပင်ဖူးတယ်။ ငါးပါးသီလမှာသူရာမေတာရကိုဖြုတ်ပြီးလေးပါးသီလပဲပေးဖို့...။ အရမ်းအေးတော့ကျမ်းမာရေးသွေးလည်ပတ်မှုအားကောင်းဖို့စသဖြင့် ၀ိုင်လေးလောက်ဆေးဖြစ်ဝါးဖြစ်မှီဝဲရတာရှိတယ်။အဲလိုလူတွေငါးပါးသီလ ယူဖို့ခက်တယ်။ဘုန်းကြီးကျောင်းမလာချင်တာတွေရှိမယ်..လာစေချင်တယ် ဖြုတ်ပေးလို့ဖြစ်နိုင်မလားဆွေးနွေးဖူးတယ်။

နောက်အရေးကြီးတဲ့တချက်ကရန်ကုန်လို့မြို့ကြီးတွေမှာနေတဲ့သူတွေ သတိထားဖို့ပါ။ဘိုးစဉ်ဘောင်ဆက်နေခဲ့တဲ့သူတွေရဲ့မူလအစဟာအိန္ဒိယ ကလည်းဖြစ်နိုင်တယ်။ဘင်္ဂလားဒေ့ရှ်ဖက်ကလည်းဖြစ်နိုင်တယ် ၈၂ လို ဟာနဲ့လည်းကိုက်ညီလို့နိုင်ငံသားဖြစ်ပြီးသူတွေဖြစ်တယ်။အဲဒီသူတွေဟာ လတ်တလောမတင်မကျဖြစ်နေတဲံဘူးသီးတောင်မောင်တောဖက်က နေလာချင်သူတွေကိုစီစစ်မှုမလုပ်ရသေးခင်ဘယ်လိုဆက်သွယ်မှုနဲ့မှ လက်ခံခေါ်ယူတာမလုပ်သင့်ပါဖူး။မိမိကိုပါထိခိုက်စေနိုင်တယ်။ပိုက်ဆံ ယူပြီးပို့တဲ့အစိုးရ၀န်ထမ်းတွေကိုလည်းနိုင်ငံတော်သစ္စာဖေါက်ဖျက်မှု နဲ့အရေးယူပေးပါ။

ထပ်ပြောချင်ပါတယ်။။ကျွန်တော်တို့လိုချင်တာစီစစ်ရေး..စီစစ်ရေး ဖြစ်ပါတယ်။၉၆၉ကိစ္စနဲ့စီစစ်ရေးတွဲကြည့်လို့မရဖူးဖြစ်နေပါတယ်...။ ဒီအချိန်မှာဘာကို..ဘယ်သူ့ကို...တောင်းဆိုရမှာလည်းသုံးသပ်စေချင်တယ်။

အမေစုပြောဖူးတဲ့" Rule of the law " ဆိုတာကြီးအခုနေမိုးပေါ်ကပြုတ်ကျ လာရင်သိပ်ကောင်းမှာပဲ...တကယ်ပါ......။

Credit : Here

၂၀၁၅ မှာ ဒေါ်စု သမ္မတ ဖြစ်မယ်ဆိုတဲ့ ဟာသ ပျက်လုံးတစ်ခု ထွက်ပေါ်


ဒီနေ့ ဟာသာပြက်လုံးလေး တစ်ခုဖက်မိလို့ပါ ပထမတော့ မရေးဘူးနေတာ နောက်မှ သစ်ထူးလွင် ဆိုဒ်ကပါ အတည်ပေါက်နဲ့နောက်နေလို့ တင်လိုက် တာပါ။

သူပြောတာက မွတ်ဒေါင်းတို့ ညီလာခံကို ဦးဌေးဦးတက်ရောက်လာစဉ်မစုက 2015မှာ သမ္မတဖြစ်မှာမို့ တဲ့.. တကယ်ဟာသတွေ ပြောပြီး တော်တော်လည် ဖွကြပါလာ ..

စိတ်ချပါ ဒီတစ်သက်ဒေါ်စုတစ်ယောက်သမ္မတဖြစ်လာစရာအကြောင်းမရှိပါဘူး။မျှော်လည် မမျှော်လင့်ပါနဲ့ ဘာကြောင့်လည်ဆိုတော့ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ(၅၉) ဆိုတာ ဗိုလ်ချူပ်အောင်ဆန်း ကိုယ် တိုင် ရေးဆွဲခဲ့တာပါ။

အဲဒီတော့ တချိန်လုံး ဖေဖေကလေ ဖေဖေကနဲ့ သွားလေး သူအဖေကိုယ် အသုံးချနေတဲ့ ဒေါ်စုအနေနဲ့ ကိုယ့်အဖေ က လက်နဲ့ရေးခဲ့တာကိုယ် သူမ အနေနဲ့ ခြေနဲ့ဖျက်တော့မှာလာ။ဖေဖေ ကပြောခဲ့ တယ် ဖေဖေက ဘာဖြစ်တဲ့နဲ့ပြောပြောနေတဲ့ ဒေါ်စု အခုကျတော့ သူအာဏာမရမှာဆိုလို့ သမ္မတ လုပ်ခြင်းနေ တာနဲ့ ဖေဖေကိုယ်တိုင်း လက်နဲ့ရေးခဲ့တာခြေနဲ့ဖျက်ပြီးဖေဖေကို အားခံတော့မလို့လာ တချိန်လုံး ဖေဖေတနေတဲ့ ဒေါ်စု အခုတော့ ဖေဖေလို့တောင် အသံမထွက်နိုင်တော့ဘူး..။

အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ(၅၉) ပယ်ဖျက်လိုက်မယ်ဆို ကျနော်တို့မြန်မာနိုင်ငံဟာ တိုင်းရင်းသား ၁၃၅ မျိုးပေါင်းစပ်ထား တဲ့ ပြည်ထောင်စုနိုင်ငံ ။ တခြားနိုင်ငံသားတွေ လူမျိုးခြားတွေ သမ္မတတက် လုပ်ခွင့် ရမယ့်အခွင့်ရေးကို လမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားမှာပါ။ မူဆလင်လည်း တက်အုပ်ချုပ်ခွင့်ရသွား မှာဖြစ်တဲ့အ တွက် ဘယ်နည်းနဲ့မှပုဒ်မ(၅၉) ပယ်ဖျက်မို့အတွက်မဖြစ်နိုင်ပါဘူး။

ဒေါ်စုလို လူမျိုးသမ္မတလုပ်မယ်ဆို သူအဖေပြောခဲ့တဲ့ ဖာနိုင်ငံဖြစ်သွားမယ်။ ရခိုင်မှာ ရိုဟင်ဂျာ မူဆလင်တွေ နဲ့ ပြဿနာဖြစ်လို့ ကိုယ့်အမျိုးနွယ်တွေဘက်က ပြက်ပြက် သာသာ ရပ်တည်ပေးခဲ့သလာ။

အမျိုးဘာသာ သာသနာကိုလည် ပါစပ်နဲ့တောင် မစောင့်ရှောက် မကာကွယ်နိုင်တဲ့ အပြင် ရဟန်း ရှင်လူ ပြည် သူတွေကို စော်ကားနေတဲ့ ဒေါ်စု။ ကိုယ့်မိဘတောင် ပြန်စော်ကာရဲတဲ့ဒေါ်စု။ (ကုလားဆိုတာ သူအဖေ မမွေးခင်ကတည်ကရဟန်း ရှင်လူ ပြည်သူတွေ အားလုံး ကုလားလို့ခေါ်ခဲ့တာ သူအဖေကိုယ်တိုင် လည် ခေါ်ခဲ့တာပဲဒါကို မိမဆုံးမ ဖမဆုံးဆိုပြီး ပြောဆိုလိုက်တာ ရဟန်း ရှင်လူ ပြည် သူတွေကို စော်ကား လိုက်သလို သူအဖေကိုယ်ပါ စော်ကားလိုက်တာနဲ့တူတူပါပဲ။) မိမိ ပါတီလေးတောင် တည်ငြိမ်အောင် မထိန်းသိမ်းနိုင်တဲ့ ဒေါ်စုအနေနဲ့သမ္မတလုပ်မယ်ဆို မြန်မာနိုင်ငံဆို ကမ္ဘာမြေပေါ်က ပါ ပျောက် ကွယ်သွား မယ်။

ပုဒ်မ(၅၉) မှာ
=========

မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သား သမီး တစ် ဦးဦး၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်းနိုင်ငံခြားအစိုးရ ၏ ကျေးဇူး သစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊

ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ် သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ၊...................

From:လူထု မောင်ကာဠု

Credit : Here

NLDဗဟို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသူ မြန်မာဒီမိုကရက် သင်တန်းကျောင်း နည်းပြချုပ် ဦးသန့်ဇင်နှင့် တွေ့ဆုံခြင်း


မတ်လ(၈)ရက်နေ့တွင် စတင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်း ပရာတွင် အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေမည့်အပြုအမူ၊ အပြောအဆို၊လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင် လုံသောသတင်း ရရှိထား သည်ဟုဆိုကာ ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသော ကိုယ် စားလှယ် လေးယောက်တွင် ပါဝင်သော “ဒီမိုကရေဒီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင် လုပ်လိုက်တာ ကွ ငါအဲ့လိုမျိုးကိုမြင်တယ်” ဟုဆိုသူ ရွှေပြည်သာ မြို့နယ်မှ ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးခင်မောင် ဝင်းအား မြန်မာ့ခေတ်မှ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

MMA ။ ။ ဆရာ မင်္ဂလာပါ ။ ဆရာအခုလိုဗဟိုညီလာခံကိုယ်စားလှယ် အဖြစ်ကနေ ရပ်စဲခံလိုက်ရတာနဲ့ ပတ် သက်ပြီး အဲ့ဒီအပေါ် ဘယ်လိုခံယူထားသလဲ ဆိုတာကို အရင်ပြောပေး ပါလားခင်ဗျ။

TZ ။ ။ ရပ်စဲတယ်လို့ ပြောလိုက် ကတည်းကကျွန်တော်က ထူးကိုထူးဆန်း နေတယ်ဗျ။ နဂိုကတည်းက ကျွန်တော်ကအကုန်လုံးနဲ့ ရင်းနီးတယ်ဗျ။ ဒေါ်စုတစ်ယောက်နဲ့ပဲ သိပ်ပြီး လက်ပွန်းတတီးမသိတာ။ ဦးတင်ဦး နဲ့လည်း ခင်ခင် မင်မင်ရှိပါတယ်။ နောက်ပြီး ကိုဟန်သာမြင့် ဦးဝင်းတင် အားလုံး သိကြတာပဲ။ ဒါပေမဲ့ အဲ့လိုကြီး ခပ်ဝေးဝေးက လူတစ်ယောက်နဲ့ စာရင် ကိုယ့်ကို နေ့စဉ်နဲ့အမျှ ဖက်လဲ တကင်း ရှိတဲ့လူတွေက ဘာမှ ကို အကြောင်းပြချက် မရှိဘဲနဲ့ဗျာ။ နက်ဖြန် သဘက်ဆိုရင်ပဲ ဦးစိုးဝင်း( ပါတီ ညီလာခံ ကိုယ်စားလှယ် စိစစ်ရေး) ကကိုသန့်စင်ရေ ၇ ရက်နေ့ မနက်ကိုတော့ ကဒ်ပြားတွေ ထုတ်ပေးမယ်။ ရုံးချုပ်ကို လာလို့တောင် ကျွန်တော့ကို ပြောတာ။

MMA ။ ။ ကိုယ်စားလှယ်စိစ်ရေး အတွင်းရေးမှူး ကိုယ်တိုင်ကကို လှမ်းဖိတ်ပြီးမှဆိုတော့ ဘယ်လိုဖြစ်ပြီး ရပ်ဆဲတဲ့ အထဲပါသွားတာလဲခင်ဗျ။

TZ ။ ။ သူနဲ့ကျွန်တော်နဲ့ တနင်္ဂနွေ နေ့လောက်က တွေ့ သေးတယ်ဗျ။ ကျွတော်က ရုံးချုပ်မှာ ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းတွေ ပေးတော့သူ့အောက်ကကျွန်တော်ကလုပ်ရတယ်ဗျ။ ဦးစိုးဝင်းကတာဝန်ခံ တယ်။ ကျွန်တော် က အဲ့ဒါကို ကျကျနန ပြီးစီးအောင် လုပ်ပေးခဲ့တာဗျ။ တပည့် တွေကော ခုံကိစ္စကအစ အစုံပလုံ လုပ်ပေးခဲ့တာဗျ။ နောက်ဆုံးအိမ်သာတက်ဖို့ ကိစ္စတောင် အတူတူ တွဲလုပ်ကြတာဗျ။ ဘာပဲ ပြောပြော ဆရာ ဦးစိုးဝင်းကတော့တကယ့်လူကြီးလူကောင်းလည်းဆန်တယ်။ပါတီကိုလည်းအရမ်းသံယောဇင်ရှိ တာတောင် သူနား လိုက်တယ်ဗျ။ သူနားတာနဲ့ ပတ်သက်ပြီးသူ့ရဲ့ ခံစားချက်ကို ဘယ်သူမှ မမေးကြဘူး။ အမှန်မယ် ဒီညီ လာခံကြီးမှာကဒ်ပြားထုတ်ပေးတဲ့အထိသူလုပ်သွားတယ်။ ညီလာခံ စိစစ်ရေးမှာလည်း လုပ်ပေးသွား တယ်။ ဒါပေမဲ့ သူ မပါဘူး။ တာမွေမြို့နယ်က ရွေးကတည်းက သူ့ကို ဖယ်လိုက်တာ။ ကျွန်တော်သွားမေးတဲ့ အခါမှာ သူကိုယ် တိုင် နားလိုက်တယ်လို့ ပြောတယ်ဗျ။ ဒါပေမဲ့ သူ အများကြီး လုပ်နိုင်သေးတယ်ဗျ။ တကယ်ထိပ် တန်း အရာရှိ ဆယ်ရောက်လောက်နဲ့ ညီမျှတယ်လို့တောင် ပြောလို့ ရသေးတယ်။

MMA ။ ။ ဆရာ အဲ့သလိုမျိုး သူတို့တွေနဲ့ တကယ် လုပ်ပေးခဲ့တယ်။ ကဒ်ထုတ်ပေးမယ်လို့ အဆင့် ထိ ဖြစ် သွားပြီး ခုလိုမျိုး ဦးစိုးဝင်းလည်း ထွက်သွားတယ်။ ဆရာလည်း ကိုယ်စားလှယ် အဖြစ်က ရပ်စဲခံလိုက်ရ တယ် ဆိုတော့ ဘယ်လိုမျိုး နားလည် ခံယူလိုက်လဲ ခင်ဗျ။

TZ ။ ။ လူကြီးတွေး တွေးမယ် ဆိုရင်တော့ဗျာ ငါနဲ့ဟို ကောင်နဲ့ကြားမှာ အမှားအယွင်း တစ်ခုရှိပုံ ရတယ်လို့ ထင်ရင် ထင်လိမ့်မယ်ဗျ။ အဲ့ဒါကို ကျွန်တော်က ကောင်တာ လိုက်ကြည့်တယ်ဗျ။ လိုက်ကြည့်တော့ လွန်ခဲ့ တဲ့ တစ် လ လောက်ပေါ့ ညီလာခံ ကိုယ်စားလှယ် ကျွန်တော့ကို ရွေးလိုက် တဲ့ ရက်ပိုင်းလေး။ ၈ ရက်နေ့မှာ ကျွန်တော့ကို ရွေးတယ်။ ၂၀ရက်နေ့မှာ ကျောင်းဖွင့်တယ်( မြန်မာဒီမိုကရက် သင်တန်းကျောင်း)။ သိတဲ့ အတိုင်း ပဲလေ ရှစ်ရက်နေ့ မက တစ်ရက်နေ့လောက် ကတည်းက ကျွန်တော်တို့ ဝုန်းနေရတယ်။ ရှစ်ရက်နေ့ ပွဲတောင်ဒီကနေခွင့်ယူပြီးညီလာခံ သွားတက်ရတယ်။ ညှိနှိုင်းနှစ်ရက်လုပ်တော့လည်း တစ်ရက်ပဲ တက်နိုင် တယ်။ အဲ့ဒီအချိန်မှာ ခေါင်း ထဲမှာ ဘာမှမရှိဘူး။ ကြားတယ် သူများတွေ အောင်ပွဲခံကြ စားကြ၊ သောက်ကြ ကျွန်တော် မပါဘူး။

MMA ။ ။ ဆရာတို့ ရပ်စဲခံရတဲ့ လေးယောက်ကကော ဘယ်လို ပတ်သက်မှုမျိုး ရှိလဲဗျ။

TZ ။ ။ အဲ့ဒါလည်း ကျွန်တော် ပြောပြီးပြီ။ ဆရာဦးခင်မောင်ဝင်းကတော့ ဟုတ်တယ်။ ကျွန်တော့ဒီမှာ စာသင်နေ တဲ့ ဆရာ ကျော်ဇေယျာဝင်းရဲ့ အဖေ။ ခင်လည်းခင်တယ်။ သူနဲ့ ကျွန်တော်နဲ့က ဒီဖက်လွှတ်တော် တက်နေတဲ့ နောက်ပိုင်း လေးလငါးလလောက်ကို မတွေ့တာ။ မတွေ့ဖြစ်ဘူးဗျ အဲ့ဒီ ပုဂ္ဂိုလ်နဲ့။ တွေ့စရာ အကြောင်း လည်း မရှိဘူးဗျ။ ဒါပေမဲ့ ဦးခင်မောင်ရှိန် မြောက်ပိုင်းဥက္ကဌ အရွေးခံရတာ ကြားတယ်။ ဒါပေမဲ့ ဦးခင်မာင်ရှိန်ဆိုတာကိုမသိဘူး ။ လူမသိတာမဟုတ်ဘူး။ နာမည် မသိတာ။ ဟိုတစ်နေ့ အဲ့ဒီစာ ထွက်တော့ က မှ သိတာ။ နောက်ဘယ်သူလဲ ဒေါ်မိမိကြီးက ကောလင်းလား စစ်ကိုင်းလားပဲ။ ကျွန်တော် လူလည်း မသိဘူး။ နံမည်လည်း မသိဘူး။ ဘယ်လိုမှ ဆုံစရာ အကြောင်းလဲ မရှိဘူး။

MMA ။ ။ ပြီးတော့ ၂၆ ရက်နေ့ ထုတ်လိုက်တဲ့ စည်းကမ်း ချက်ကကော ဒီမိုကရေစီ နည်းလမ်းကျတယ်လို့ ဆရာထင်လား။ ဘယ်လိုမြင်သလဲ ပြောပေးပါဦးခင်ဗျ။

TZ ။ ။ အဲ့ဒီနေရာမှာ နှစ်ပိုင်း ခွဲပြောလိုက်မယ်။ ကျွန်တော် သာဆို အဲ့ဒီနေရာမှာ လုပ်ပိုင်ခွင့်ရတဲ့ အုပ်ချုပ်သူ တစ်ယောက် ဆိုရင်အဲ့ဒီစာကို ကျွန်တော်အဲ့ဒီလို မရေးဘူး။ နယ်မှလာတဲ့ ကိုယ်စားလှယ်တော်တွေဟာ မိမိ တို့နေအိမ် မိမိတို့ အဆောက် အဦး အတွင်းမှာ စားလို့သောက်လို့ရတယ်။ ဆွေးနွေးတဲ့ အခါမှာ ရည်ရွယ် ချက်ရှိရှိနဲ့ ဆွေးနွေးတဲ့ဟာမျိုးမလုပ်သင့်ဘူးဆိုရင် မကောင်းဘူးလား။ ခုနပြောသလိုဘဲ ရန်ကုန်ရောက်တုန်း ရောက်ခိုက်တော့ သွားလည်ကြ တာမျိုးတော့ လုပ်ကြမှာပဲ။ ညအိပ်ကြမှာပဲ။ တိုင်းရွေးပွဲတုန်းကတောင် အဲ့သလို လုပ်ကြ တယ်လို့ ကြားမှာပဲ။ ခုအရွေးခံရတဲ့ သူတွေအိမ်ကို သွားအိပ်ကြတယ် ပြောတာပဲ။ ဆရာ တို့ ကတော့ အစ ကတည်းက ဘာသာရေးလည်း လုပ်တော့ အန္တရာယ်ရဲ့ အငွေ့အသက်ကို ကြိုမြင်တယ်။ အဲ့ဒါကြောင့် ရှင်လောင်းပြုခါနီး ရှင်လောင်းလိုနေတယ်။ အမြင့်မတက်နဲ့ ၊လျှောက်မသွားနဲ့ ဆိုသလိုမျိုးပေါ့။ ဟိုသွားဒီသွား အဲ့လိုမျိုးလည်း မလုပ်ဘူး။ အဲ့လိုမျိုးလို့ လားလည်း မသိဘူး ဘလိုင်းကြီး ဝင်ခွတ်တာပဲ။ ကျန် တဲ့ သူတွေနဲ့လည်း မသိဘူး။ ဆရာဦးခင်မောင်ဝင်းနဲ့ လည်း နီးစပ်တဲ့ စကားလုံးမျိုး မပြောဖူးဘူး။ ရှင်း ရှင်းပြော ရရင် မတွေးမိတဲ့ အကြောင်း အရာတွေဗျ ဒါတွေက။ ရယ်တော့ ရယ်စရာ ကောင်းတယ်ဗျ။

MMA ။ ။ သူတို့ ကြေညာချက်ထဲမှာ ခိုင်လုံတဲ့ အကြောင်း ပြချက်လို့ ပါတယ်ဗျ။ အဲ့ဒါကိုကော ဆရာက ဘာကိုပြောတာ လို့ ထင်သလဲခင်ဗျ။

TZ ။ ။ အဲ့ဒါကတော့ကျွန်တော် ရည်ညွှန်းလိုက်မယ်။ တစ်ချို့ ဖေ့ဘွတ်မှာ ရေးတယ်ဗျ။ တစ်ယောက် က ရေး တယ် နိုင်ငံရေး လက်ဦးမှုယူတယ်။ နောက်တစ်ယောက်က ရေးတယ် နိုင်ငံရေးလုပ်ကြံမှု အသေးလေး လို့ ရေးတယ်ဗျ။ ဒီနေ့မနက်တွေ့တာက တပ်မတော်ထဲက ဗိုလ်ကြီးဟောင်း တစ်ဦးက လုပ်တယ်လို့ အသံ ထွက်လာတယ်။ သူကစေခိုင်းလို့ ဗဟိုလူငယ်ကအခမ်းအနားလုပ်တဲ့နေရာကိုဓာတ်ပုံ ရိုက်ပြီး ယူလာ တယ်။ ဓာတ် ပုံ အထောက်အထား ယူလာတယ်လို့ ကြားတယ်။

MMA ။ ။ ဆရာပြီးတော့ NDFက ဝင်လာကြလို့ လို့လည်း သတင်းတွေက ထွက်နေတယ်ဗျ။ အဲ့ဒါကကော။

TZ ။ ။ အင်းလေ ဒီမိုကရေစီ ခေတ်မှာက ရာနှုန်းပြည့်ဆိုတာ မရှိပါဘူး။ ဒီမိုကရေစီဆိုတာ ဆန့်ကျင်ဖက်က ရတဲ့ အတွေး အခေါ် အယူအဆ၊ ဆန့်ကျင်ဖက်က ထောက်ပြတဲ့ အကြောင်း အရာတွေကို ကိုင်စွဲပြီးတော့ ရိုးပလေး လုပ်တဲ့ အဖွဲ့အစည်းပေါ့ ဒါလည်းမှန်ပါတယ်။ ဆရာ ဥပမာတစ်ခုပြောမယ်။ ဒီနေ့ ဒေါ်အောင်ဆန်း စုကြည်ကဘာပြောထားသလဲ။သူတစ်ခုပဲ ကန့်သတ်ထားတယ်။ သူတို့ပါတီက ထွက်သွားတဲ့ သူ ပြန်ဝင်လာ ရင် လက် မခံဘူးလို့။ ဒါမူပဲ သူပြောထားတာ။ အဲ့ဒီမှာ ဒေါ်စုပြော ထားတာ ရှင်းတယ်။ ဘယ်ပါတီက လာလာ လက်ခံမယ်။ နောက်ဆုံးကြံ့ခိုင်ရေးက လာမယ် ဆိုရင်တောင် လက်ခံမယ်။ အဲ့ဒီအချိန်မှာ ဘာမဟုတ်တဲ့ ချစ်တီးခေါင်း သန်းရှာလို ပါတီ ဝင်၁၂သိန်း ရှိတယ်လို့ ကြေညာ ထားတာလေ။ ၁.၂သန်းရှိတဲ့ ပါတီမှာ လူတစ်ယောက်အပေါ် အဲ့လိုအာဃာဒထားစရာလား။ခေါင်းဆောင် ဆိုတာက ရပ်ကွက်ခေါင်းဆောင် မဟုတ် ဘူးလေ။ဌာနချုပ်မှာခေါင်းဆောင်လုပ်တဲ့သူ တစ်ယောက် က ဒေါ်စုရဲ့သဘောထားကိုအကောင် အထည် ဖော် တဲ့နေရာမှာ လိပ်ပြာသန့်သန့် ဖြစ်ဖို့မိုဘူးလား။ တပ်မတော်က ဝင်လာလည်း သူတို့ လက်ခံမယ် လို့ ပြော တယ်။ ဗိုလ်မှူးကြီးတွေထဲက အယောက် ၅၀ ဝင်မယ်တဲ့ ဟာ ဒီကောင်တွေ တစ်သက်လုံး ငါတို့ကို နှိပ်စက် လာတာ ရပ်ကွက်ထဲက မတက်စေနဲ့လို့ အဲ့လို ညွှန်ကြားလို့ မရဘူးလား။ ဒ်ါစုက ပြောတယ် ဦးခင်မောင်ဝင်း ဝင်လာကတည်းက ဦးတင်ဦးကို အဘ ကာကွယ်ရေး ဦးစီးချုပ်တောင် ဒီမှာနာယက ဖြစ်နေသေးတာလို့။ သူပြောတာ ရှင်းတယ်လေ။ အရမ်းမျှတ တယ်ကွ ငါတို့ခေါင်းဆောင်။ အရမ်းလေးစားဖို့ ကောင်းတယ်။

MMA ။ ။ ဒါဆိုကော်မရှင်က လုပ်လိုက်တာ ဒေါ်အောင် ဆန်းစုကြည် လုံးဝမသိနိုင်ဘူး ဆိုတဲ့သဘောပေါ့။

TZ ။ ။ ဥပမာ ရိုမီယိုနဲ့ ဂျူးလိယက်ကား ကြည့်ဘူးတယ် မလား။ အဲ့ဒီမှာ အဆိပ်ဖြေဆေး ပေးမယ့် ဆရာက လားလေးနဲ့ သွားတယ်။ မင်းသားက မြင်းနဲ့ သွားတယ်။အဲ့တော့ အဆိပ် ဖြေဆေးက နောက်ကြနေတယ်။ အဲ့တော့ မင်းသားက ပြန်နိုးလာမယ့် မင်းသမီးနားမယ် အဆိပ်သောက် သေသွား တယ်။ ဒီအမိန့်တွေရဲ့ သဘာဝကလည်း အံ့သြစရာ ကောင်းတယ်။ ဆရာ့ဆီကို ရောက်တာက ၅ရက်နေ့ညက သတင်းထောက် တစ်ယောက်ဖုန်းဆက်တယ်။အဲ့ဒါသိရင် ဖြေပါလို့ မေးတယ်။မဟုတ်ဘူးငါမသိဘူး။အဲ့ဒီအချိန်မှာ အယ်ဒီတာ က ခိုင်လုံတယ်။ အဲ့ဒီစာရွက် ကျွန်တော့ လက်ထဲ ရောက်နေပြီ လို့ပြောတယ်။ ငါ့လည်း ဖုန်းတစ်ယောက်မှ မဆက်။ ဖုန်းကြည့်တော့လည်း မသင့်တော်တဲ့ အချိန်ကြီး ဖြစ်နေတယ်။ ဖြစ်သင့် ဖြစ်ထိုက်တာက ဒီစာက ထုံးစံအတိုင်း ဆိုရင် အနည်းဆုံးတော့ ဖုန်းလေးနဲ့ မမေးသင့်ဘူးလား။ နိုင်ငံရေးပါတီ ခေါင်းဆောင် ပိုင်းမှာ ထိုင်နေတဲ့ သူတွေနော်။ ကိုယ်တိုင် မပြောချင် ရင်တောင် မောင်သန့်စင်လေး ကိုတော့ကွာ ဒီလိုဒီအကြာင်း ပြောလိုက်ပါဦးဆိုရင် ငါဌာနချုပ်ကို ပြေးမှာပေါ့။သွား မေးမှာပေါ့။စာထွက်လာလို့ ရှိရင် လည်းရပ်ကွက် ကနေ ပို့ ရင်နေ့ချင်း ရောက်ပါတယ်။ ခုတော့ ဖေ့ဘွတ်ပေးမှာ သွားတွေ့တယ်။ ဘယ်ကောင်က တင်လိုက်တယ် မသိ ဘူး။ အမှန်မယ် ကော်ပီနဲ့ ငါးဆောင် ထွက်ရင်တောင် ရောက်ရ မှာလေ။ လျှို့ဝှက် အဆင့်တော့ မဟုတ် ပါဘူး။အတွင်းစည်းမီဒီယာကို ပေါက်ကြားတယ်ဆိုတော့ ဂုဏ်သိက္ခာကိုမထိခိုက်ဘူးလား။အထူးသဖြင့် ဒေါ်ေ အာင် ဆန်း စုကြည်ရဲ့ လုပ်ငန်းတွေပေါ်မှာ နေတဲ့ သူတွေက ဒေါ်စုကို အရမ်းချစ်ခင် မြတ်နိုးနေတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောရရင် နိုင်ငံရေးအရ သေ သွားအောင်ရယ်အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ဒေါ်စုချစ် တဲ့ ကောင်တွေက ဒီကောင်တွေ တိုင်းပြည်ဖျက်မဲ့ ကောင်တွေ ဒေါ်စုဖြုတ်ချမဲ့ ကောင်တွေဆိုပြီး မထုဘူး လို့ ပြောနိုင်သလား။ ဒေါ်စုရဲ့ အင်းမေ့ပါတီရဲ့ရိုက်ခတ်မှုကိုလည်းသိရဲ့သားနဲ့အဲ့ဒါကြီးနဲ့ကိုင်ရိုက်တာ အန္တ ရာယ် ရှိ တယ်။ ဌာနချုပ် မှာ နေပြီးတော့ ဒါမျိုး လုပ်စရာလား။ ဒါပေမဲ့ သိသိရဲ့နဲ့ တမင်တကာ သေဟဲ့ဆိုပြီးတော့ လုပ်တာ လည်း ဖြစ်နိုင်တယ်။

MMA ။ ။ အဲ့ဒါတွေကို ဆရာ့နေနဲ့ ဘယ်လို တုန့်ပြန် သွားမလဲခင်ဗျ။

TZ ။ ။ အေးအဲ့ဒါငါကတရားမျှတမှုကိုလိုချင်တဲ့ဗျ။ အဲ့ဒီ NLD ဌာနချုပ်က လူကြီးတွေ ခေါ်ယူတွေ့ ဆုံစေချင် တယ်။ ငါတင်ပြတာကို နားထောင် စေချင်တယ်။ ပြီးလို့ရှိရင် အမြင့် ဆုံး ပြောရရင် အမေ့ကို တွေ့ချင် တယ်ေ ပါ့။ ငါမနေ့ကတော့ မတွေ့ဘူးလို့ မီဒီယာသမားတွေ အယောက်၃၀လောက်ကိုပြောလိုက်တယ်။ စိတ် ဆိုးနေလို့။ တွေ့ရအောင် ပြောရင်တော့ တွေ့ချင်တယ်

MMA ။ ။ အခုလို အခြေအနေကို ဘယ်လို သုံးသပ် မလဲဆရာ။

TZ ။ ။ အကျိုးဆက်က ၃ခုဖြစ်သွားမယ်။ တစ်အချက်က ကာယကံရှင်ဖြစ်တဲ့ စိတ်စေတ နာ ကောင်းေ ကာင်းနဲ့လာပြီးပေါင်းစည်း ပေးတဲ့သူတွေနင့်မွန်းသွားမယ်။ နှစ်အချက်က ပြည်သူကြားမှာ ရှိတဲ့ ပြည် သူတွေ ရဲ့ ယုံကြည် မှုတွေ နှစ်မျိုး ဖြစ်သွားနိုင်တယ်။ ငါတို့ကို မုန်းတီးပြီးတော့ ပိုပြီးတော့ ဆန့်ကျင်ဖက် အုပ်စုပေါ် လာသလို ငါလုပ်တဲ့ အမှန်တရားကို သိတဲ့ ထောက်ခံ ပေးတဲ့ အုပ်စုတစ်စု ဖြစ်လာမယ်။ အဲ့ဒီအုပ်စုနှစ်စုက ပါတီဝင်တွေ ဆိုတော့ နှစ်ခုကွဲ မသွားနိုင်ဘူးလား။ အဲ့ဒါတွေကို ငါတို့ ထိမ်းထိမ်းသိမ်းသိမ်း လုပ်သင့်တယ်။

MMA ။ ။ ခုဆရာ့ဖက်က သူတွေက ဆန္ဒပြဖို့ လုပ်နေပြီ ဆိုတော့ ဘယ်လိုလုပ်မလဲ။

TZ ။ ။ အဲ့ဒါကတော့ ဒီမိုကရေစီ လူ့ဘောင် ဒီမိုကရေစီ ခေတ်ကိုရောက်နေပြီဆိုတော့ ငါလည်း မတတ်နိုင် ဘူး။

MMA ။ ။ အခုလိုမျိုး ဆုံးဖြတ်ချက်တွေက ၂၀၁၅ကို အကျိုးသက်ရောက် သွားစေနိုင်လားခင်ဗျ။

TZ ။ ။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့က နှစ်ပိုင်းရှိတယ်ဗျ။ ဒါက ရောဂါဖြစ်သွားပြီ ကုသဖို့နည်းလမ်းကတော့ အနာ သိပြီဆိုရင် ဆေးရှိတာပေါ့။ အမြန်ဆုံး ပြုပြင်ပြောင်းလဲ မယ်။ နည်းလမ်းတွေရှာပြီး ထိရောက်အောင် အသုံးချမယ်။၂၀၁၅ပြဿနာက ပြည်သူလူထုကိုဦးဆောင်မဲ့တသားတည်းနားလည်ခံစားပေးမဲ့လူထု ခေါင်းေ ဆာင်တွေ ပေါ်လာဖို့ခေါင်းဆောင်ကောင်းထွက်လာဖို့အဓိကပေါ့။အဲ့ဒီလူတွေကအတိတ် ၊ပစ္စုပ္ပန် ၊ အနာ ဂါတ် ကို ကောင်းစွာ နားလည် ကျေညက်ထားမှ ရမှာလေ။ ပညာအရည် အချင်းနဲ့ ပြည့်စုံတဲ့ သူတွေကို စည်းရုံး သိမ်းသွင်း ရမှာလေ။ ခုဟာက စည်းရုံး စရာမလို သလိုဖြစ်နေတယ်။ ဒါပေမဲ့ ဟိုနေ့က ဦးတင်ဦး RFAကို ပြောသလိုမျိုး ကျစ်ကျစ်လစ်လစ် ဖြစ်ဖို့ လိုတယ် ဆိုရင် ငါတို့လေးယောက်က ဖောင်းပွနေလို့လား။

MMA ။ ။ ဆရာအနေနဲ့ အခုလာ အရွေးချယ်ခံတဲ့ ကိုယ်စား လှယ် ၉၀၀ထဲမှာ ဆရာ တို့လေးေ ရာက် လျော့သွားတဲ့ အတွက် ကျစ်လစ်သွားတယ်လို့ ခံစားရပါလားဗျ။

TZ ။ ။ အဲ့ဒါက ဟာသဖြစ်သွားပြီ ။ အဲ့လိုတွေးရင်တော့ ဟုတ်တယ်။ NLD ကြီး ကျစ်လစ်ခိုင်မာဖို့ ဦးသန့်ဇင်၊ ဦး ခင်မောင်ရှိန်၊ ဦးခင်မောင်ဝင်း၊ ဒေါ်မိမိကြီးတို့ကို ကန်တုတ်လိုက်ပါတယ်ဆိုရင် ကျစ်လစ်ခိုင်မာဖို့ အ တွက် နောက်ထပ် ဘယ်လောက်များ လုပ်ဦးမလဲဆိုတာ အဲ့ဒီ တက်နေတဲ့ သူတွေကလည်း ဖုတ်လှိုက် ဖုတ် လှိုက်ကိုတက်နေကြ ရမှာပဲ ကြောက်ကြောက် လန့်လန့်နဲ့ ။ကျစ်လစ်အောင် ဒီနေ့ေ လးေ ယာက်၊ နောက်ေ န့လေးဆယ်ထပ်ဖြူပ်ရင်ထပ်ဖြုပ်နေဦးမှာ ပြောလို့ မရဘူး။ နောက်တစ်ခုကရန်ကုန်မှာခရိုင်ဥက္ကဌလောက် ကောင်ကိုတောင် ငါတို့ဖြုတ်လိုက်တာ မင်းတို့ ငြိမ်ငြိမ်နေ၊ ငါတို့ ဖောမက် ချတဲ့အတိုင်း လိုက်ဆိုပြီး ဒါဒီမိုကရေစီကို အနိုင် ကျင့်တာ။ ဒီမိုကရေစီကို တန်ဖိုး မရှိအောင် လုပ်တာဗျ။ ဒီမိုရေစီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင်လုပ် တာကွ ငါအဲ့လိုမျိုး ကို မြင်တယ်။

MMA ။ ။ ဘာများ ဖြည့်ပြောချင် ပါသေးလဲ ခင်ဗျ။

TZ ။ ။ ပြောရရင်တော့ ငါတို့နဲ့ မင်းတို့မီဒီယာ သမားတွေ ကြားမှာ ပြည်သူလူထု တမ်းတနေတဲ့ အမှန် တ ရားတွေ ပေါ်ဖို့ ငါတို့ကလည်း မှန်မှန်ကန်ကန် ရပ်တည်ပြီးတော့ အမှန်ကို ထုတ်ဖော်ရဲတဲ့ သတ္တိနဲ့ ပြည်သူကို ဦးဆောင်ရမယ်။ မီဒီယာသမားကလည်း တစ်ချက် ကလေးမှ မမှားဘဲ ပြည်သူကို တင်ဆက်နိုင်ရမယ် အဲ့ဒါလေးတော့ လုပ်ပေးပါလို့ ပြောချင်ပါတယ်။

MMA ။ ။ အခုလို ဖြေကြား ပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်ခင်ဗျ။

အောင်သိုက်
ref:မြန်မာခေတ်

Credit : Here