Friday, March 8, 2013

တောသူဌေးကတဲ့ အရပ်ဇာတ်၊ သို့မဟုတ် ပြည်ထောင်စုဖလား ကွင်းဖွင့်ပွဲ

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ နေပြည်တော်ခရီးကို အမြန်ကားစီးပြီးသွားခဲ့ရတာက ဆီးဂိမ်း အကြို ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့ဖြစ်ပါတယ် ခင်ဗျ။

စိတ်ကူးထဲမှာတော့ နှစ် ၄၀ ကျော် မှ ကံကြမ္မာမျက်နှာသာပေးပြီး ကျင်းပမယ့် ဆီးဂိမ်းအတွက် အကြိုပြိုင်ပွဲမှာ ဘာတွေ ထူးထူးခြားခြားတွေ့ရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေသည့် ထင်သာ ထင် မ၀င်ဘူး ကျောင်းအစ်မရေ့ ဆိုသလို စိတ်ညစ်ညူးစရာ အလွဲတွေနဲ့ချည်း တွေ့ခဲ့ရတာကို ပြန်ရေးပြပါရစေ။

ပထမအလွဲကတော့ အစီအစဉ် ကြေညာသူတွေနဲ့ အခမ်းအနားကျင်းပရေး တာဝန်ရှိသူတွေ အချိတ်အဆက်မမိတဲ့ ပြဿနာပါ။ နိုင်ငံတော်အကြီးအကဲ ရောက်ရှိပြီး ၁၀ မိနစ် လောက်ကြာ တော့ အစီအစဉ်ကြေညာသူက နိုင်ငံတော် အကြီးအကဲရောက်ရှိလာရင် အားလုံး မတ်တတ်ထကြ ပါတဲ့။

အဲဒီလိုလည်း ကြေညာပြီးရော စည်တော်ကြီးက တီးခတ်ပါလေရော။ ရောက်လို့ နေရာမှာ ထိုင်နေ ပြီဖြစ်တဲ့ နိုင်ငံတော် ဒုတိယသမ္မတမှာ အပြင်ပြန်ထွက်ပြီး ပြန်ဝင်ရမလိုလိုတွေ ဖြစ်ကုန်ပါတယ်။

ထားပါတော့၊ နောက်ဆုံးမတော့ နိုင်ငံတော်အကြီးအကဲကလည်း သူ့နေရာမှာ မတ်တတ်ရပ်ပြ၊ အားလုံးကလည်း မတ်တတ်ရပ်ပြနဲ့ ပြီးသွားပါတယ်။

အကယ်၍သာ နိုင်ငံတော် ဒုတိယသမ္မတက မတ်တတ်ရပ်မပြခဲ့ရင် စည်တော်ကြီးကတော့ မနား တမ်း တီးနေမယ့်သဘောပါခင်ဗျ။

ဒုတိယကြေညာတာကတော့ အခမ်းအနားအစီအစဉ်ပါပဲ။ အစီအစဉ်က ၁၉ ခုတောင် ရှိပါတယ်။ အချိန်အားဖြင့် ၂ နာရီ ၄၄ မိနစ်ပါ။

ဒါပေသည့်ပေါ့ ခင်ဗျာ၊ တကယ်တမ်းကျင်းပလိုက်တာ လေးနာရီကျော် ကြာသွားပါတယ်။ ရှေ့ အစီအစဉ်တွေကတော့ ထုံးစံအတိုင်း အခမ်းအနားဖွင့်လှစ်တာ ကြေညာတာတို့၊ မိန့်ခွန်းခြွေတာတို့ ဘာညာသာရကာ တွေပါ။

အဲဒါတွေလည်းပြီးရော ပင်မ မီးရှူးတိုင်ကို မြားပစ်မီးထွန်းတဲ့ အစီအစဉ် စပါတယ်။ အိုလံပစ်အလံနဲ့ မြားကို သယ်လာတဲ့ ဘိုးတော်ကြီးက အသက်လည်း ရနေပြီဆိုတော့ သူ့မှာအလံရော မြားရော မနိုင်မနင်း သယ်လာ ရတယ်။

ပြီးတော့ မြားကို အသင့်စောင့်နေတဲ့ လက်ရွေးစင် မြားပစ်မယ်လေး လက်ထဲထည့်၊ ကလေးမ က မြားကို လွယ်ပြီး ပစ်ဖို့ ဘာလုပ်တယ်ထင်လဲ။ လှေကားကြီးနဲ့ စင်ပေါ်ကို တက်ရသဗျ။

ဟိုတယ်တွေမှာ မော်ဒယ်လေးတွေတောင် lift နဲ့ တက်တာတွေ မြင်ဖူးနေတဲ့ မာဂျေ့အ တွက် တော့ အော် နိုင်ငံတကာကိုပြမယ့်ပွဲက ဒီလို လှေကားနဲ့တက်ပါသလားဆိုပြီး အံ့ဩမိပါတယ်။

အဲဒါတွေပြီးတော့ ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်အစီအစဉ်တဲ့။ ဘာတွေများ မြင်ရမလဲတွေးပြီး ကြည့် လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က အရှေ့ ဥရောပ အားကစားပွဲတွေမှာ ခေတ်စားခဲ့တဲ့ mass sport လို့ခေါ်တဲ့ လူ ၁၀၀ ကျော် ကွင်းထဲဝင်လာပြီး အင်ဒီးယန်း ကလပ်လို့ခေါ်တဲ့ သစ်သား လက်ကိုင်ကို ဘယ်မြှောက် ညာမြှောက်လုပ်တဲ့ အကွက်ကြီး။ ဥရောပမှာ ကွန်မြူနစ်တွေ တန်ခိုး ထွားချိန်က ပြသခဲ့တဲ့ အကွက်မျိုးပေါ့။

လူတွေအများကြီး ကွင်းထဲဝင်၊ မျက်နှာ သေကြီးတွေနဲ့ တီးလုံးအတိုင်း ကိုယ်လက်လှုပ်ရှားတာ လေ။ အရှေ့ဂျာမနီက ပြကွက်တွေပေါ့ဗျာ။ ခေတ်ပြောင်းသွားပြီဆိုတာ မသိတာလား၊ ကျင်းပရေး ကော်မတီမှာ ၀န်ကြီး တွေပဲ ထည့်ထားလို့ သူတို့ခေတ်က သူတို့ မြင်ဖူးတာကိုပဲ ပြတာလားတော့ မသိ ပေဘူး။

မြေးတွေလုပ်ရမယ့်အလုပ်ကို အဘိုးတွေဝင်လုပ်နေတော့ သူတို့ ခေါင်းထဲစွဲနေတဲ့အမြင်ပဲ ထွက်လာ မှာလေ။ ခေတ်ကြီးက အားကစားရယ်၊ အနုပညာရယ်၊ အင်တာတိန်းမန့်လို့ခေါ် တဲ့ ဖျော်ဖြေရေး ရယ် ရောစပ်ပြီး လုပ်နေကြတာကို မသိတာထင်တယ်။

ကြည့်ရင်း ကြည့်ရင်းနဲ့ အစီအစဉ်တွေက အိုင်ထွန်း နေတယ်။ ထိုင်ရတာလည်း တင်ပါးတွေနာလာ တယ်။ ခဏနေတော့ အဆိုတော် တွေရဲ့ ဖျော်ဖြေခန်း ရောက်လာပါလေ ရော။ နိုင်ငံတော်အဆင့် အခမ်းအနားမှာ ဂျင်းဘောင်းဘီတိုကို ပိတ်စပတ်၊ ပေါင်တစ်ခြမ်းဖော်ပြီးထွက်လာတဲ့ အဆိုတော်က ရှိသေးတယ်။

အမေရိကန် အော်စကာ အကယ်ဒမီ ပေးပွဲမှာတောင် သရုပ်ဆောင်တွေ လုံလုံ ခြုံခြုံဝတ်စားဖို့ ကြိုတင် သတိပေးချက်ထုတ်တာကို သွားသတိရသေးတယ်။

အခု ဒီမှာတော့ အဆိုတော်တွေကို ဘယ်လိုဝတ် ဘယ်လိုစားဆိုပြီး တာဝန်ရှိ သူတွေက မပြောရဲ ကြဘူးထင်တယ်။ ခေတ်ကိုက အားလုံးကိုကြောက်နေရတဲ့ ခေတ်လေ။ တော်ကြာ စိတ်ကောက်ပြီး လာမဆိုဘူးဆိုရင် ပြဿနာက ရှိတာကိုးဗျ။

ခြုံပြီးပြောရရင် ဆီးဂိမ်းဖွင့်ပွဲဆိုတာက တစ်ကမ္ဘာလုံးက မြန်မာဆိုတာ ဘာလဲဆိုတာ နိုင်ငံတကာ က စောင့်ကြည့်မယ့် ပွဲပါ။ သိတဲ့အတိုင်း ဒီအချိန်မှာ တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံကို စိတ်ဝင်စားနေကြ တာ။

အဲဒီပွဲမှာ ခုနလို မကိုးမကားတွေသာ ပြလိုက်လို့ကတော့ အလကားနိုင်ငံပါကွာ ဖြစ်သွားမယ်။ ဆီးဂိမ်း အတွက် နိုင်ငံတော်ကလည်း ငွေအလုံအလောက်လျာထားပြီးသား။ ဒီငွေတွေကို အကျိုးရှိရှိ အသုံးချစေ ချင်တယ်။

ဆီးဂိမ်းဖွင့်ပွဲမှာ ဘာတွေပြမှာလဲ၊ မြန်မာနိုင်ငံရဲ့ Land Mark ခေါ်တဲ့နေရာတွေကို ပြချင်တာလား၊ တိုင်းပြည်သွားနေတဲ့လမ်းကြောင်း ကိုပြချင်တာလား၊ နိုင်ငံ့ခေါင်းဆောင် တွေရဲ့ ညီညွတ်တာကို ပြချင်တာလား၊ အေးချမ်းသာယာနေတာကို ပြချင်တာလား၊ တိုင်းပြည်တိုးတက် တာကို ပြချင်တာ လား စသဖြင့် ကိုယ်ပေးချင်တဲ့ မက် ဆေ့ခ်ျကို နိုင်ငံတကာကို ပြရမှာလေ။

တစ်ခါလာလည်း ဓားတွေ၊ လှံတွေ ကိုင်ကိုင်ပြီးပြနေလို့လည်း မဖြစ်သေးဘူး။ အခုတော့ ကြီးကျယ် သလားမေးရင် ကြီးကျယ်ပါတယ်၊ မခမ်းနားဘူးလားမေးရင် ခမ်းနားပါတယ်၊ ခေတ်မီမီနဲ့ ကိုယ်ပေး ချင်တဲ့မက်ဆေ့ခ်ျ ပေးနိုင်သလားမေးရင် တော့ ဟင့်အင်းလို့ပဲ ဖြေရပါလိမ့်မယ်။

ဘာနဲ့တူနေသလဲဆိုတော့ တောသူဌေး တစ်ယောက်က ဘုန်းကြီးပျံပွဲမှာ သူ့ ပိုက်ဆံနဲ့ အရပ်ဇာတ် ငှားကသလို ဖြစ်နေတယ်။

သူ ကြည့်ချင်တာ၊ သူသိတာတွေပဲ ကခိုင်းနေတော့ ပရိသတ်က စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေရ သလိုပါပဲ။ ကွင်းထဲကိုထည့်ထားတဲ့ ပွဲကြည့်ပရိသတ်ကလည်း ကွန်မြူနစ်နိုင်ငံတွေကလို တူညီ ၀တ်စုံတွေနဲ့ လိမ္မော် တစ်ကန့်၊ အဖြူတစ်ကန့်၊ အပြာတစ်ကန့်၊ အနီတစ်ကန့်၊ အစိမ်းတစ်ကန့်၊ အ၀ါ တစ်ကန့်၊ ထိုင်ခိုင်းထားတာတွေကလည်းသွားနေတဲ့ ခေတ်စနစ်နဲ့ မကိုက်ညီသလိုပဲ။

ဖျော်ဖြေရေးအစီအစဉ်တွေကလည်း ထပ်နေတယ်။ ခဏနေရင် ဒီဆင်၊ ဒီတိုးနယား၊ ဒီလူတွေပဲ ပြန်ပြန်ထွက်လာတယ်။ အစားအသောက်လိုပေါ့ မ၀ တ၀ကျွေးရင် အရသာရှိတယ်၊ စားစမ်းကွာ ဆိုပြီး ပုံပေးထားရင် ဘာအရသာမှ မရှိတော့သလိုပေါ့။

အစီအစဉ်တွေက တိုတိုတုတ်တုတ်နဲ့ ခေတ်မီမီအရသာရှိဖို့ လိုတယ်။ ကြည့်လိုက်ရတဲ့သူတွေ ရင်ထဲ မှာ တသသနဲ့ အော် မြန်မာဆိုတာ ဒါပါလားဆိုပြီး ရင်ထဲစွဲသွားဖို့လိုတယ်။

နေပြည်တော်မှာ ပွဲငတ်နေတဲ့အစိုးရ ၀န်ထမ်းတွေကို ကွင်းထဲထည့်၊ အခမဲ့ ပွဲကြည့်ခိုင်းလို့ ထွက် လာတဲ့လက်ခုပ်သံကို အဟုတ်မှတ်နေရင်ဖြင့် ငါးပါးမှောက်ပါလိမ့်မယ်။

အော် စကားမစပ်ဗျာ၊ ကြေညာသွားတာတစ်ခု နားထောင်လိုက်ရတယ်။ ပြကွက်တစ်ခုမှာ စည်တို အလုံး ၈၀ တီးပြပြီး တကယ့်ဆီးဂိမ်းကျရင် အသံပိုကျယ်အောင် စည်တိုအလုံး ၄၀၀ တီးမယ်တဲ့။

မလုပ်ကြပါနဲ့ဗျာ။ ဒီအလုံး ၈၀ နဲ့တင် ရင်ဘတ်မှာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရပါပြီ။ ၄၀၀ သာတီး ရင် ချက်ချင်း နှလုံး သွေးရပ်သွားမှာစိုးလို့ပါ။ အဲဒီစည်တို ဆိုတာကလည်း မြန်မာ့ရိုးရာဂီတမှာ တကယ်ရောရှိရဲ့လား၊ အခုမြင်ရတာက ကိုရီးယားဒရမ်လိုမျိုးတွေကို ခေါက်နေတာ မြင်ခဲ့ရလို့ပါ။

အဲဒီတော့ ခေတ်မီအောင်၊ လူမျိုး ပေါင်းစုံရင်ထဲ စွဲနေအောင် ပြနိုင်ဖို့ဆိုရင် တကယ် တတ်ကျွမ်းတဲ့ နိုင်ငံတကာက Event Management အဖွဲ့မျိုးငှားဖို့ လိုတယ်။ အဲဒီအဖွဲ့ကို ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျ၊ ကိုယ်ပြချင်တဲ့ Theme အနှစ် သာရဘာလဲ ပြောပြ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့် အနုပညာ နဲ့ ပေါင်းစပ်ပြခိုင်းမှသာ ငွေကုန်ခံရကျိုး နပ်မယ်ထင်တာပဲ။

တကယ့်ဆီးဂိမ်းကျရင်တော့ တရုတ်ပညာရှင်တွေက ကူမယ်ပြောတယ်။ အဲဒီ ကျရင်လည်း တရုတ် တီးလုံးနဲ့ တရုတ် ကကွက်တွေနဲ့ မြန်မာ့ယဉ်ကျေးမှု ပျောက်ပြီး ကမ္ဘာမှာ မြန်မာဆိုတာ တရုတ်နိုင်ငံ တစ်ခု ပါပဲ ဖြစ်မသွားဖို့ကလည်း အရေးကြီးသေးတယ်ဗျ။

ပြည်ထောင်စုဖလားဖွင့်ပွဲမှာ ဂုဏ်ယူစရာတစ်ကွက်ပဲ တွေ့တယ်။ အဲဒီ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း ကြီးကို မြန်မာအင်ဂျင်နီယာတွေကပဲ တည်ဆောက်ခဲ့တဲ့ အချက်ပါ။

ပြောချင်တာတွေလည်းများသွားပြီ။ အခုလောက်ဆိုရင် ဒီမာဂျေဆိုတဲ့ကောင် ကို ဘယ်သူက လက်ဆော့ပြီး ဖိတ်တာလဲဆိုတဲ့ ပြဿနာလည်း တက်နေလောက်ပြီ။

အရာရာကို အဆိုးမြင်နေတာ မဟုတ်ရပါဘူးဗျာ။ ကိုယ့်ဘ၀မှာ ပထမဆုံး ကိုယ့်မြေပေါ်မှာ မြင် ရ တွေ့ရမယ့် ဆီးဂိမ်းအတွက် ကောင်းစေချင်လွန်းလို့ပါ။ ဂုဏ်ယူချင် လွန်းလို့ပါ။

အခုတော့ မလိုအပ်ဘဲ မီးရှူးမီးပန်း တွေ အကြိမ်ကြိမ်ဖောက်ပြ၊ အလွန်ပျင်းရိစရာ ပြကွက်တွေ ထပ် တလဲလဲပြနေတာကလွဲရင် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့် မရှိဘဲ တောဘုန်းကြီးပျံမှာ တော သူဌေးစီစဉ်တဲ့ အရပ်ဇာတ် အဆင့်ပဲ ရှိနေလို့ အားမလိုအားမရဖြစ်ပြီး ရေးလိုက်ရတာပါ။

လွန်တာများရှိခဲ့ရင်တော့ ၀န္တာမိပါ။

Credit : Here

ကုမ္ပဏီများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်တော့မည်

ဧပြီ ၁ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကို အွန်လိုင်း စနစ်ဖြင့် ပြောင်းလဲ ကျင့်သုံးသွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းနွဲ့ထံမှ သိရသည်။

“ရန်ကုန်မှာပဲ စပြီးလုပ်ပေးသွားမှာပါ။ နေပြည်တော်မှာကတော့ အစမ်းသဘော လုပ်ထားတာ ရှိတယ်။ ရန်ကုန်မှာ ရှိတဲ့ကုမ္ပဏီတွေ အပြင် တခြားပြည်နယ်၊ တိုင်းက ကုမ္ပဏီတွေလည်း လျှောက်လို့ရပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

နေပြည်တော်တိုင်း ဒေသကြီးတွင် ၂၀၁၂ စက်တင်ဘာလမှ စတင်ကာMini – On line စနစ်ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်းကို စီစဉ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း နေပြည်တော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။

“အွန်လိုင်းစနစ်သို့ ပြောင်းတာမှာ မသမာတဲ့ ကိစ္စတွေမဖြစ်အောင် လက်ရှိ ကုမ္ပဏီဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။ဒီဥပဒေက ခေတ်နဲ့ မညီညွတ်တော့ဘူး။ ဒါကိုပြင်ဆင်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ပညာရှင်တွေ ကူညီပြင်ဆင်သွားဖို့ ရှိပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရှင်းပြသည်။

ပြင်ဆင်ရန် စီစဉ်နေသည့် ကုမ္ပဏီဥပဒေမှာ ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့သည့် ဥပဒေဖြစ်ပြီး လက်ခံ ကျင့်သုံးလာမှုမှာ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီ ဖြစ်သည်။ ဥပဒေပြင်ဆင်မှု၊ အွန်လိုင်းမှ ကုမ္ပဏီ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်ခြင်း တို့အတွက် ADB မှ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲ ကူညီပံ့ပိုးပေးရန် ရှိကြောင်း သိရသည်။

“ခက်တာကနေ လွယ်လာလို့ ၀မ်းသာပါတယ်။ ဒါထက်မက ပိုလွယ်ရင်တော့ ကောင်း တာပေါ့။ ဖြစ်နိုင်ရင်တော့ One Stop Service ပေးစေချင်တယ်။ လူလုပ်ရင်တော့ အကုန်ဖြစ်တာပါပဲ။ အပေါ် ကနေ ကောင်း တာတွေ ဘာလုပ်ပေးပေး အောက်ပိုင်းမှာ အကောင်အထည် ဖော်ပေးတဲ့လူတွေ တအား အားနည်းနေတယ်။ စနစ်တွေကောင်းလာလည်း ကြာနေဆဲပါပဲ။ အခု အွန်လိုင်းစနစ် သွားဖို့ အင်တာနက် ကောင်းဖို့လိုတယ်။ အခုထိ ကောင်းမှ မကောင်း သေးတာ” ဟု လုပ်ငန်းရှင် တဦးက ပြောသည်။

နေပြည်တော် တိုင်းဒေသကြီးတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်ကာ Mini – On line အနေဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်းကို စီစဉ် ဆောင်ရွက်ပေးလျှက်ရှိရာတွင် လိုအပ်ချက် တောင်းဆိုမှုများ များပြားသည့် အတွက် ကိုယ်တိုင်သွားရောက် ဆောင်ရွက်ကြသည်ကများကြောင်း၊ အွန်လိုင်းစနစ်ဖြင့် လုပ်ဆောင်ရာတွင် တောင်းသည့် အချက်အလက် ပြည့်စုံစွာ တင်ပြနိုင်ပါက ၁ ရက်သာ ကြာကြောင်း ၎င်းလုပ်ငန်းရှင်က ဆိုသည်။

“အချိန်ကြာတာတွေ မရှိအောင် တတ်နိုင်သမျှ အဆင့်တွေ လျှော့ပေါ့ပေးထား ပါတယ်။ ဥပဒေပြင်ပြီး ရင်တော့ ဒီထက် ပိုမြန်လာနိုင်မှာပါ။ အင်တာနက် ကြာတာကတော့ ဆက်သွယ်ရေးဘက်ကနေ ဖြေရှင်း ရမယ့်ကိစ္စပါ။ ဒီဟာလည်း အဆင်ပြေဖို့ ဆောင်ရွက်နေပါတယ်” ဟု နေပြည်တော်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် တည်ထောင်သည့် ကုမ္ပဏီများအနေဖြင့် ၁၉၁၄မြန်မာကုမ္ပဏီ အက်ဥပဒေနှင့် နည်းဥပဒေများ၊ ၁၉၅၇ ခုနှစ်က ရေးဆွဲထားသည့် မြန်မာကုမ္ပဏီ လုပ်ထုံးလုပ်နည်းများနှင့် Myanmar Companies Schedules တို့ဖြင့် လိုက်နာ ကျင့်သုံးလျှက် ရှိကြောင်း သိရသည်။

Credit : ဧရာဝတီ

ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်


ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ် ဆိုလည်း မရပါဘူး။ အနည်းဆုံး လေးပေ၊ ငါးပေ လောက်တော့ ခွာပြီး ထားရမယ့် ပစ္စည်း ဖြစ်ပါတယ်။

သူ့ဆီကနေ ထွက်တဲ့ ရေဒီယို ဓာတ်ကြွ ရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။ ခန္ဓာ ကိုယ် ပြင်ပ အရေပြားကစလို့ အတွင်း အထိကို ထိပါတယ်။ အနီးစပ်ဆုံး ကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမို ခံရပါတယ်။

ဦးနှောက် အတွင်းမှာ ရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ အင်မတန် နူးညံ့ပြီး နေ့စဉ် ထိတွေ့ နေတဲ့ ဓာတ်ရောင် ခြည်ကြောင့် သေဖို့ ပိုများပါတယ်။ ရှင်သန်မယ့် ဆဲလ်အရေ အတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့ အခါ ရေရှည်မှာ ဦးနှောက် သောတို့၊ ဦးနှောက် ကင်ဆာ တို့ကိုတောင် ဖြစ်ပေါ် စေနိုင် ပါတယ်။

ယနေ့ ကမ္ဘာရဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့ နေရပြီး ဒါတွေကို သိရှိ နားလည်လို့ အတတ်နိုင် ဆုံး ရှောင်ကြဉ်တတ်ရန် လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရ ပါတယ်။

Credit : မြ၀တီ

NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်


NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက် လိုက်ကြောင်း ပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌဟောင်း ဦးစော်ဒယ်နီယ် က The Messenger သို့ပြောသည်။

"ဖြစ်တဲ့ပြဿနာက ၉ လပိုင်းကတည်းက ဖြစ်နေတာ ဗဟိုရုံးချုပ်မှာလည်း လာပြီး အကြိမ်ကြိမ် ရှင်းပြ ဆွေးနွေးခဲ့ပြီးပြီ ဘယ်လိုမှ အဆင်မပြေဘူး အခု ညီလာခံကို တက်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ကန့်ကွက်ပါတယ် ဒီနေ့အစည်းအဝေး လုပ်ပြီး နှုတ် ထွက်ဖို့သဘောတူဆုံးဖြတ်ခဲ့တာပါ" ဟု ဦးစော ဒယ်နီယ် ကပြောသည်။

Credit : Here

ပြောပြန်ရင်လည်း လွန်တော့မယ် (၁)


မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တဲ့ အခုအခြေအနေဟာ အရင်အခြေ အနေ တွေ နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အကောင်းဆုံးလို့ ပြောစမှတ်ပြုရမယ့် အနေအထားပါလို့ တစ်ထစ်ချ ယုံရခက်တယ်ဆိုရင် စာရေးတဲ့ကျွန်တော့်ကို သို့လောသို့လော မေးချင်ပြောချင်ကြမယ် ထင်ပါတယ်။ ကျွန်တော် စစ်သားဟောင်းတစ်ဦးပါ။ တိတိပပပြောရရင်တော့ ကျွန်တော်မြန်မာ့နိုင်ငံရေး သမိုင်းတချို့ကို ထိတွေ့ခွင့်ရသူတစ်ဦးပေါ့လေ။ အခုတော့ သတင်းလေးတွေဖတ်ရင်း စဉ်းစားမိ တာလေး မြင်မိ တာလေးတွေ ချရေးမိတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ပြောင်းလဲမှုတွေလုပ်တဲ့အချိန် ကျွန်တော်ရင်တဖိုဖိုနဲ့စောင့်ကြည့် ဖူးပါ တယ်။ ဒါပေမယ့် ရင်ဖိုရတာ အမောသားဖြစ်သွားစေတဲ့ အကြောင်းက အရင်ဝန်ကြီး ၆ ဦးကို မဖြုတ်ဘဲ သမ္မတက သူ့အနားကို ခေါ်ထာလိုက်ခြင်းပါပဲ။ တခြားသူတွေ ဘေးချိတ်လို့ အရင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးစိုးသိန်း ပါလာတာကိုက တိုင်းပြည်နေ ပြည်သူလူထုအတွက် ရတက်မအေးစရာပါပဲ။ သူဟာ နေရာတကာ နေရာရလိုတဲ့အတွက် သူ့ကိုယ်သူ lobby လုပ်နေသူ တစ်ဦးလည်းဖြစ်တဲ့ အပြင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုတဲ့ ဥက္ကဌထိုင်ခုံမှာ အမြိုင့်သားထိုင်ရင်း တိုင်းပြည်ကို ရောင်း စားနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဦးစိုးသိန်းဆိုတာက တပ်မတော်ရေတပ်စခန်းမှုး အဆင့်လောက်ကနေ ရေတပ်ဦးစီးချုပ်၊ နောက်တော့ စက်မှုဝန်ကြီးအဆင့်ထိတက်ဖြစ်၊ အခု သမ္မတရုံး ဝန်ကြီးအဆင့်ထိ ရောက်နေတဲ့ ဒုသမ္မတတွေ နေ ရာပျောက်လောက်အောင်ကို သမ္မတကို အိပ်ထောင်ထဲ ထည့်ထားသူလို့ သူ့ကိုယ်သူကြုံးဝါးတတ်သူ တစ်ဦးဖြစ်ပါတယ်။ ဒါကိုလည်း သူအရင်လုပ်ခဲ့တဲ့ ဌာနတွေထဲမှာ ကြိုက်သလို စုံစမ်းလို့ရပါတယ်။

သူလုပ်ခဲ့တာတွေထဲက တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ ဖြုန်းတီးပြစ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ စက်မှု (၁/၂) ဝန်ကြီး၊ MIC ဥက္ကဌဘဝမှာတုန်းက ပြည်ပကနေ ပစ္စည်းဝယ်ရင် Board အဖွဲ့ဖွဲ့ပြီး အဲဒီအဖွဲ့ရဲ့ သဘော တူညီချက်၊ မဲခွဲဆုံးဖြတ်ချက်တွေ အမြင်တွေနဲ့ဝယ်ဖို့ သူ့ကို အထက်လူကြီးတွေအနေနဲ့ ညွှန်ကြား ထားပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်တည်း သဘောနဲ့ဘဏ္ဍာဖြုန်းတီးမှု မဖြစ်အောင် ဆိုတာကို ဒီစာဖတ်မိတဲ့ ကလေးကအစ နားလည်မယ်ထင်ပါတယ်။ ဒါပေမယ့်ပေါ့လေ။ ဦးစိုးသိန်းဆိုတာ ခေသူမဟုတ်ဘူးပဲ။ Board အဖွဲ့မဖွဲ့ဘဲ ဝန်ကြီးဌာနပိုင်တဲ့ ငွေတွေကို သူ့ခြေသူ့လက် သူ့စိတ်တိုင်းကျကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး သူကိုယ်တိုင်ဝယ်ပါတယ်။ ပြီးတော့ ဝန်ကြီးဌာနအတွင်းမှာ စာရင်းတွေကို လိမ်လည်ပြခိုင်းပါတယ်။

ဝန်ကြီးဘဝတုန်းကတင်မဟုတ်ပါဘူး။ ရေတပ်ဦးစီးချုပ်ဘဝတုန်းက ရေတပ်အတွက် ပစ္စည်းတွေ ဝယ်တာ မှာ သူကိုယ်တိုင် ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ဝယ်ပါတယ်။ စီးပွားရေးလာဘ်မြင်တာ နိုင်ငံအတွက်လား သူ့အတွက်လားတော့ မသိပေမယ့် သေချာတာတော့ ရေတပ်မှာသုံးရတဲ့ 108 m frigate ၂ စီးကတော့ သုံးစားလို့မရဘူးဆိုတာ ရေတပ်အရာရှိတွေအသိပဲဖြစ်ပါတယ်။

လုပ်ချင်သလိုလုပ်တဲ့ ဥပဒေလွတ်လုပ်ရပ်တွေလည်း ရှိပါတယ်။ ကျွန်တော်အထက်မှာ ပြောခဲ့သလို အထက်လူကြီးတွေက သိပ်တော်သိပ်တတ်တယ်လို့ ချီးကျူးခံချင်တဲ့ သူတော်ယောင်စိုးသိန်းဟာ သူ့ကိုယ်သူလည်း Lobby သိပ်လုပ်ပါတယ်ဆိုတာ တခြားကြောင့်မဟုတ်ပါဘူး။ ၂၀၀၉-၂၀၁၀ လောက် တုန်းက မြန်မာ့မော်တော်ယာဉ်နဲ့ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းကနေ အမြတ်ငွေကို ၂ ဆကျော်လောက် စာရင်းလိမ်ပြခိုင်းတဲ့ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စမျိုးတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းပျောက်လုပ်ခဲ့ ပါတယ်။ သူလုပ်ခဲ့တဲ့နည်းလမ်းကတော့ ဘဏ္ဍာရေး ညွှန်ကြားရေးမှုးဖြစ်တဲ့ အမျိုးသမီးကို အငြိမ်းစားပေးလိုက်တာပါပဲ။ သူ့လုပ်ရပ်ကို အဲဒီတုန်းက ဘဏ္ဍာရေး ညွှန်ကြားရေးမှုးဖြစ်သူ လည်း ကောင်းကောင်း သိပါတယ်။

ပြည်သူ့ဘဏ္ဍာကို ဖောက်ထုတ်ရင်း အိပ်ထောင်ထဲထည့်ဖို့ကြိုးစားတဲ့ လုပ်ရပ်တွေထဲမှာ လုပ်ရပ် တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက တာတာကုမ္ပဏီကိစ္စလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တာတာကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ၁၀ ဘီးကားတွေ တစ်နှစ်ကို အစီးရေ (၁၀၀)ထုတ်ဖို့အကြောင်းကို လွန်ခဲ့တဲ့ နှစ်တွေမှာ ဂျာနယ်တွေ မီဒီယာတွေထဲမှာ ပါခဲ့ဖူးတာကို မှတ်မိကောင်း မှတ်မိနိုင်မယ့်သူတွေ ရှိပါတယ်။ မကွေးမှာ စက်ရုံတည်တော့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ဆေးစိမ်တဲ့စက်ဝယ်ဖို့ပြင်ပါတယ်။ အဲဒီစက်တန်ဘိုးက အမေရိကန်ဒေါ်လာ (၇)သန်းလောက် တန်ပါတယ်။ ကာလတန်ဘိုးနဲ့သင့်ရင် မြန်မာငွေ ကျပ်သိန်းပေါင်း   ခြောက်သောင်းသုံးထောင်ကျော်ရှိပါတယ်။ ဒီငွေတွေဟာ စက်ရုံနေ့စားအလုပ်သမားပေါင်း ၁၀၀၀ အ တွက် (၇)နှစ်စာ ရှိပါတယ်။ သေးသေးလေး မဟုတ်ပါဘူး။

အဲဒီစက်ကို ဒုတိယဝန်ကြီးအပါအဝင် အခြားသောပြောရေးဆိုခွင့် ရှိတဲ့သသူတွေက မလိုအပ်တဲ့ အတွက်မဝယ်ဖို့ ကန့်ကွက်ပေမယ့်လည်း တစ်ဦးတည်းသဘောနဲ့ ရအောင်ဝယ်ခဲ့ပါတယ်။ အဲသလို လုပ်ချင်သလို အာဏာကိုအသုံးချ၊ ပြည့်သူ့ဘဏ္ဍာကို စီရင်ချင်သလို စီရင်လိုက်လို့လည်း အကောင်းဖြစ် လာသလားဆိုတော့လည်း မဖြစ်လာပါဘူး။ စက်ရုံကြီးတော့ ကုန်ချင်သလောက်ကုန် ဆောက်ချင် သလိုဆောက်၊ ဝယ်ချင်တာတွေ စိတ်တိုင်းကျ ဝယ်လိုက်ပြီးတဲ့နောက်၊ ပွဲစားခတွေ အိပ်ထဲမြိုးမြိုးမြတ်မြတ် ထည့်လို့ အိန္ဒိယကနေ ၁၀ ဘီးကား အစီး (၈၀)လောက် သွင်းပြီး လုပ်ငန်းကိုရုတ်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် စောစောကပြောခဲ့တဲ့ ဆေးစိမ်တဲ့စက်ဆိုတာ သုံးတောင်မသုံးလိုက်ရပါဘူး။ အဲဒီ သုံးမရတဲ့ စက်ကို ဒေါ်လာသန်းပေါင်းများစွာနဲ့ ဝယ်လိုက်ပြီး ဘဏ္ဍာကိုဖြုန်းတီးလိုက်တဲ့အတွက် အလုပ်သမား လူတန်းစားနဲ့ ပြည်သူလူထု နစ်နာခဲ့ပါတယ်။

(အပိုင်း ၂ မှာဆက်လက်ရှုစားပါခင်ဗျာ။)

Credit : Here

ပြောပြန်ရင်လဲလွန်တော့မယ်(၂)


စက်မှု (၁/၂) ဝန်ကြီးအနေနဲ့ လုပ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံကထုတ်တဲ့ Landmark ကားတွေကို စက်မှု(၂)တံဆိပ် ခပ်တည်တည်နဲ့ကပ်ပြီး လူကြီးတွေနဲ့ စစ်တပ်က တပ်ရင်းမှုးတွေ အတွက် Grand Tiger တွေပေးခဲ့ပါတယ်။ တရုတ်ကနေ တစ်စစီဝယ်လာတဲ့ မော်တော်ကားအပ ပစ္စည်းတွေကို ဒီမှာအကုန်တပ်ဆင်ပြီးတော့ စက်မှု(၂)တံဆိပ်ကို ခပ်တည်တည်နဲ့ ကပ်လိုက်တဲ့အခါ မှာ ကမ္ဘာမှာ ဘယ်မှာမှမရှိဖူးသေးတဲ့ ဂိုဒေါင်တွေကနေ ကားထုတ်တဲ့စက်ရုံဖြစ်စေတဲ့ စနစ်ကို တည်ထောင် ခဲ့သူလည်း ဖြစ်ပါတယ်။

မော်တော်ကားတွေ သွင်းလာတာနဲ့ အားမရသေးဘဲ လိမ်တဲ့နေရာမှာ အကြီးကြီး ပီပီပြင်ပြင် လိမ်ဖို့ကြိုးစားတာမှာ မော်တော်ကားမှာတပ်ဆင်မယ့် စက်ယန္တရားတွေကို မလိုအပ်ဘဲ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်သလို ဝယ်ယူတပ်ဆင်ပြန်ပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီးပေးချေခဲ့ရတဲ့ ဂီယာထုတ် စက်ကို စက်ရုံအနေနဲ့ပါ တည်ဆောက်ပြီး ပြည်သူ့ဘဏ္ဍာကို ဖောက်ခဲ့ပြန်ပါတယ်။ စက်ရုံကနေ အခုထိ ဘာပစ္စည်းမှ ထုတ်လုပ်ခြင်းမရှိသေးဘူးဆိုတာလည်း စိတ်မကောင်းခြင်းများစွာနဲ့သိရပါတယ်။ ဒီကြားထဲ ပြုပြင်ထိန်းသိမ်း စရိတ်တွေ၊ လုပ်ငန်းလည်ပတ်စရိတ်တွေ တိုးလာတာပဲအဖတ်တင်ပါတယ်။

ဒေါ်လာသန်းဂဏန်း ရင်းနှီးဝယ်ယူထားရတဲ့ ဒီစက်ပစ္စည်းများအတွက် ဘယ်သတင်းစာ ရှင်းလင်းပွဲမှာမှထုတ်မပြောခဲ့သလို မသိချင်ယောင်ဆောင်နေသလိုပါ နေခဲ့ပါတယ်။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ရင်း သူ့အိပ်ထောင်ထဲကို ပွဲခအနေနဲ့ ဒေါ်လာငွေပမာဏများစွာ စီးဝင်နေတယ် ဆိုတာ သတိချပ်စေချင်ပါတယ်။ လူတကာအပေါ်မှာ ညာဝါးတတ်တဲ့အကျင့်ကို လက်ကိုင်စွဲထားရင်း တပ်ကိုပါလိမ်လည်တဲ့ ကိစ္စတွေလည်း အများကြီးရှိပါသေးတယ်။

အဲဒီအထဲက ဗြောင်ကျကျညာဝါးလိုက်တဲ့ကိစ္စကတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း သိသိနဲ့ ခံလိုက်ရတဲ့ကိစ္စပါပဲ။ အိန္ဒိယကနေသွင်းလာတဲ့ မြေသယ်ကား (၈)စီးကို ခပ်တည်တည်နဲ့ စက်မှု(၂) တံဆိပ်ကောက်ကပ်ပြီး လွှဲပြောင်းပေးလိုက်ပါတယ်။ ထော်လာဂျီစက်တစ်လုံးတောင် မထုတ် လုပ်နိုင်တဲ့ စက်မှု (၂)ရဲ့ နည်းပညာမြင့်မားမှုကို နိုင်ငံနေထိုင်သူ ပြည်သူလူထုလည်း ခန့်မှန်းလို့ရနိုင် သလို စစ်ဘက်အရာရှိကြီးတွေနဲ့ တပ်မတော်အသိုင်းအဝိုင်းများလည်း သိပြီးဖြစ်ပေမယ့်လည်း အထက်အုပ်ချုပ် သူ အရာရှိကြီးများနဲ့အလွမ်းသင့်တဲ့ ဦးစိုးသိန်းကို ဘယ်သူမှ မလွန်ဆန်ဝံ့ဘူး ဖြစ်နေရပါတယ်။

ဘယ်လိုပစ္စည်းကောင်းကို တွေ့သည်ပဲဖြစ်ပါစေ စက်မှု (၂) ထုတ်လုပ်သည် ဆိုတဲ့စကားမျိုးကို အရှက်မရှိပြောတဲ့ကိစ္စတွေထဲမှာ ရယ်ပွဲဖွဲ့စရာအကောင်းဆုံးဖြစ်စေခဲ့တဲ့ ကိစ္စကတော့ သာဂရမှာ ရေအား နဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ တာဘိုင်စက်ထောင်တဲ့ ကိစ္စလည်း အပါအဝင်ဖြစ်ပါတယ်။ စက်ရုံကို တာဝန်ရှိ နိုင်ငံတော်အကြီးအကဲတွေ လာရောက်စစ်ဆေးတဲ့အခါ မျက်နှာလိုအားရ ပြောင်ကျကျ ညာလိုက် ရမှကျေနပ်သူ ဦးစိုးသိန်းဟာ တာဘိုင်စက်ကိုလက်ညှိုးထိုးပြီး စက်မှု (၂)က ထုတ်လုပ် ပါတယ် ဆိုပြီး ပြောခဲ့ပါတယ်။

ဒါ့အပြင် စိုးမင်းသန့်ဆိုတဲ့သူနဲ့ ပူးပေါင်းလို့ ကိုရီးယားကနေ ချွေလှေ့စက်တွေ ထင်သွင်းပြန် ပါတယ်။ ဒီချွေလှေ့စက်တွေကိုလည်း ထုံးစံအတိုင်း စက်မှု (၂) တံဆိပ်ကပ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ မဖြစ်နိုင်သေးတာတွေကို ထုတ်ပါတယ်ပြောပြီး သမ္မတကို လက်ဆောင် (၂)စီးပေးပြီး စက်မှု(၂)က ထုတ်ပါတယ်လို့ ပြောင်ကျကျ ညာပြောခဲ့ပါတယ်။ ဒီစက်တွေဟာ ကိုရီးယားကနေ သွင်းလာတယ်ဆိုတာ သမ္မတခမျာမယ် မသိတာလား သိသိနဲ့အညာခံရသလားဆိုတာ မစဉ်းစား တတ်အောင် ဖြစ်ရပါတယ်။ ကြားထဲမှာ ဖြတ်ပြီးစဉ်းစားမိတာက သူလုပ်ခဲ့တဲ့ ကိစ္စတွေဟာ အလိမ်အညာတွေ အပြည့် ဖြစ်နေတဲ့အပြင်၊ ဒီလို ထင်ထင်ပေါ်ပေါ်ကြီး ညာနေခဲ့တာတွေဟာ ပြည်သူတွေအတွက်တော့ စိုးရိမ်စရာတွေ အပြည့် ဖြစ်နေ တယ်ဆိုတာ သိလာရပါတယ်။ လက်ရှိအနေအထားမှာ ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီးဖြစ်ပါတယ်။ သမ္မတရုံးဟာ ကျွန်တော်သိသလောက် နိုင်ငံတော်ရဲ့အမြင့်ဆုံးပါပဲ။ နိုင်ငံတော်အုပ်ချုပ်မှု အမြင့်ဆုံးမှာ ရှိနေတဲ့သူတစ်ယောက်ရဲ့ အနားမှာရှိနေသူဟာ စိတ်ထားမပြည့် ဝတဲ့အပြင် အတွေးအခေါ်ပါ ချွတ်ချော်နေသူ၊ စကားကို လူကြီးတစ်ယောက်မဆန်စွာ ပြီးစလွယ်ပြောပြီး လိမ်လည်သူ တစ်ယောက်ဖြစ်နေတယ် ဆိုတာကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ စဉ်းစား သုံးသပ် စေချင်တဲ့ အပြင် ပြည်သူလူထုအနေနဲ့လည်း သိထားဖို့ လိုအပ်ပါတယ်။

(အပိုင်း ၃ မှာဆက်လက်ရှုစားပါခင်ဗျာ။)

Credit : http://koshwehtoo.wordpress.com

ပြောပြန်ရင်လည်း လွန်တော့မယ် (၃)


စိုးသိန်းအကြောင်းပြောရင် မိုးလင်းတယ်ဆိုတဲ့စကားက မှန်တယ်ပဲပြောရတော့မလား မသိပါဘူး။ သူ့အကြောင်း သူ့ဇာတ်က ရိုးကိုမရိုးနိုင်အောင် တစ်မျိုးပြီးတစ်မျိုး ကြားရပါတယ်။ ပြောင်ကျကျ လိမ်တတ်တဲ့ သူ၊ သရုပ်ဆောင်ကောင်းတဲ့သူတွေဟာ အစိုးရအဖွဲ့အစည်းမှာ ရာထူးကြီးနေရာတွေနဲ့ ရှိနေခြင်းက တိုင်းပြည်အနာဂါတ်အတွက် အင်မတန်ကြောက်စရာကောင်းသလို ပြည်သူလူထု အတွက် လည်း နစ်နာမှု အပြည့်ရှိ တယ်ဆိုတာဥပဒေပြုအဖွဲ့အစည်းတွေကော ပြည်သူက ရွေးကောက် တင်မြှောက်ထားတယ်လို့ ပြောနေခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌကြီးအနေနဲ့ပါ စဉ်းစားသုံးသပ်စေ ချင်ပါတယ်။ ဒီလိုလူတွေရဲ့လက်မှာ အာဏာဆက်ရှိနေခြင်းဟာ တိုင်းပြည်အတွက် ဘယ်လိုနည်းနဲ့ကောင်းနိုင်ပါ့မလဲ။

တိုင်းပြည်ရဲ့အနာဂါတ်ကောင်းဖို့ထက် ကိုယ့်နာမည်ကောင်းဖို့အတွက် ကြိုးစားနေတယ်ဆိုရင်တော့ ရေ လိုက်လွဲတဲ့ လုပ်ရပ်တွေအပြည့်နဲ့ ဖြစ်နေဦးမယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ဦးစိုးသိန်း ဟာ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌဆိုတဲ့ ထိုင်ခုံမှာထိုင်ရင်း ပြည်သူ့ဘဏ္ဍာဖြုန်းတဲ့ ဥပမာတစ်ခု ထုတ်ပြ ချင်ပါတယ်။ ပြည်သူ့ချွေးနဲစာအပါအဝင် နိုင်ငံရောင်းစားလို့ရတဲ့ ငွေတွေနဲ့ ဘူဒိုဇာစက်ရုံတစ်ရုံ တည်ဆောက်ပြန်ပါတယ်။ တည်ဆောက်ပြီး ထုတ်လုပ်ဖို့အတွက်ဆိုတဲ့ အဆင့်ကိုရောက်ဖို့အတွက်တော့ မကြိုးစားဘဲ ဟန်ပြသက်သက် ရုပ်ရှင်ရိုက်တဲ့အနေနဲ့ တရုတ်နဲ့ ထိုင်းငံတွေကနေ ပစ္စည်းတွေတင်သွင်းပြီး တပ်ဆင်ပြန်ပါတယ်။ ပြီးတော့ ထုံးစံအတိုင်းပဲ စက်မှု တံဆိပ်ကပ်ပြီး လိမ်ဆင်လုပ်ခဲ့ပါတယ်။

ဒီလိုအဖြစ်မျိုးတွေ ခဏခဏဖြစ်လာတဲ့အခါ စာရေးသူအနေနဲ့ စဉ်းစားမိတာ အစိုးရက အညာခံနေ သလား? ဒါမှမဟုတ် ဒီလောက် ခြတက်နေတဲ့ ကိစ္စကို မျက်ကွယ်ပြုနေလောက်အောင် ပြည်သူ့ မျက်နှာကို မထောက်ငဲ့လိုလို့ပဲလား? ဒါမှဟုတ် သမ္မတကြီးရဲ့ အစိုးရဝန်ကြီးတွေ ဦးစိုးသိန်းလုပ်နေတဲ့ လုပ်ထားတဲ့ ကိစ္စတွေကို မျက်ကွယ်ပြုပြီး ပြည်သူ့ဘက်ကမရပ်တည်ဘဲ ဦးစိုးသိန်းတစ်ယောက်အတွက်ဘဲ ရပ်တည် နေတော့မလားလို့ စဉ်းစားမိပါတယ်။ ဒါကို စာဖတ်သူများအနေနဲ့လည်း သုံးသပ်ပေးစေ လိုပါတယ်။ စိုးသိန်းဟာ လက်ရှိသမ္မတရုံးဝန်ကြီး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ၊ နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးရေးဥက္ကဌ နေရာတွေမှာ ယူထားပြီး သူ့နာမည်ကောင်းဖို့အတွက် သူ့ကိုယ်သူ တည်ဆောက်ရင်း တိုင်းပြည်ကို ရောင်းစားနေတဲ့သူတစ်ယောက်ဆိုတာ သိသာထင်ရှားနေပါတယ်။

လူလိမ်တစ်ဦးဖြစ်ကြောင်း ပိုသေချာစေတဲ့ လုပ်ရပ်တစ်ခု ဥပမာထပ်ပေးပါ့မယ်။ စက်မှု ၂ ဝန်ကြီး အနေနဲ့ ဆောင်ရွက်စဉ်ကာလမှာ သူဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်လုပ်ခဲ့တဲ့ စက်ရုံကိစ္စတွေနဲ့ စက်မှု ၂ ထုတ်ပါတယ်လို့ နာမည်တပ်ခဲ့တဲ့ ပစ္စည်းတွေကို သူယူပို့ဆောင်တဲ့ကိစ္စတွေကိုလည်း လုပ်ခဲ့ပါတယ်။ ဒီပစ္စည်းတွေကို ရန်ကုန်ကနေ ဧရာဝတီအနောက်ဘက်ခြမ်းကို သယ်ရပါတယ်။ ဒီလို ပို့ဆောင်တဲ့နေရာမှာ စက်မှု ၂ ပိုင် ဇက်ရေယာဉ်တွေနဲ့ပို့ပါတယ်။ ရေကြောင်းကနေ ပို့တဲ့အတွက် ကုန်ကျစရိတ်က ကုန်းလမ်းကပို့တဲ့ ကုန်ကျ စရိတ်ထက် ပိုသက်သာပါတယ်။ ဒါပေမယ့် စာရင်းမှာတော့ Container တွေနဲ့သယ်ပြီး ကုန်လမ်းကနေ ပို့ပါတယ်လို့ ပြထားပါတယ်။ ဒီလို စာရင်းခေါင်း စဉ် ပြောင်းလိုက်တဲ့အပြင် ကုန်ကျစရိတ်တွေကိုလည်း စာရင်းပိုပြလိုက်တဲ့အတွက် သိန်းပေါင်းသောင်း နဲ့ချီတဲ့ စာရင်းကွာဟမှု ဖြစ်သွားပါ တယ်။

ဒီလိုစာရင်းလိမ်လိုက်တာကို သတင်းကြားတဲ့အတွက် စာရင်းစစ်တွေနဲ့ စစ်ဆေးတာမှာ စာရင်း လိမ်လည်မှုတွေ့ပါတော့တယ်။ ဦးစိုးသိန်းဟာ စားနေကျကြောင်ဖားဖြစ်တဲ့အတွက် စာရင်းစစ်တွေလက်က အလွယ်တကူရှောင်ထွက်သွားနိုင်ခဲ့ပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ ရှောင်ထွက်ခဲ့သလဲဆိုတော့ ရိုးရိုးရှင်းရှင်း လေးပါပဲ။ အဲဒီတုန်းက ဦးစီးလုပ်ခဲ့တယ်ဆိုတဲ့ နာမည်တပ်ပြီး တပည့် တစ်ယောက်ကို ခေါင်းပုံချလိုက်ပါ တယ်။ အဲဒီသူ ဘယ်သူဆိုတာထက် အဲဒီသူကို ဝန်ထမ်းစာရင်းကနေ အခုထိ ထုတ်ပယ်ခြင်းမရှိသေးဘူး။

နောက်ထပ်စာရင်းလိမ်လည်မှုတစ်ခုအနေနဲ့ကတော့ အရာရှိအိမ်ယာတွေ ဆောက်ပေးတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ စက်မှုအရာရှိတွေအတွက် အိမ်ယာပြုလုပ်ပြီး ဝန်ကြီးဌာနအနေ နဲ့ ငွေကြေးပေးချေတဲ့နေရာ မှာ အိမ်တစ်လုံးကို တကယ်တမ်းကုန်ကျစရိတ်က သိန်း ၈၀ ပဲကုန်ကျပါတယ်။ ဒါပေမယ့် ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ လက်ဝါးချင်းရိုက်ပြီး ကျပ်သိန်း ၂၀၀ လို့ ကုန်ကျစရိတ်ပြခဲ့ပါတယ်။ ဒီလို ဆောက်လုပ်ရေး လုပ်ငန်းတွေကို အကွက်ကျကျ ခွင်ချပြီး ဦးစိုးသိန်းကို လုပ်ကိုင်ကျွေးမွေးမွေးနေတဲ့ လုပ်ငန်းရှင်တွေကတော့ ရွှေတောင် အိုက်ထွန်းတို့ Asia World MD ထွန်းမြင့်နိုင်တို့ပဲ ဖြစ်ပါတယ်။ တစ်ဆက်တည်း ပြောချင်တာက Asia Wold ရဲ့ပိုင်ရှင် လော်စစ်ဟန် ဆိုတာ တစ်ချိန်ကဘိန်းဘုရင်ပါ။ ငွေမည်းငွေဖြူဖြစ်အောင် လုပ်တဲ့ကိစ္စတွေမှာ စိုးသိန်းဟာ ကြံရာပါ ကြိုးကိုင်သူ တစ်ယောက်အနေနဲ့ ဝင်ရောက်ခွင်ချပြီး ဆောင်ရွက် ပေးနေပါတယ်။

(အပိုင်း ၄ မှာဆက်လက်ရှုစားပါခင်ဗျာ။)

Credit : Here

ပြောပြန်ရင်လည်း လွန်တော့မယ် (၄)


စိုးသိန်းတစ်ဦးတည်းရဲ့ လုပ်ချင်သလိုလုပ် မူဝါဒရဲ့ နောက်ဆက်တွဲရလဒ်တွေက ကောင်းတဲ့ အနေအထားမှာ မရှိဘူးဆိုတာ နည်းနည်းလောက် တွေးကြည့်တတ်ရုံနဲ့တင် မြင်လောက်မယ်လို့  ယုံကြည် ပါတယ်။ သူထင်သလို လုပ်နေတဲ့ လုပ်ရပ်တွေကြောင့်လည်း မြန်မာနိုင်ငံမှာ နောက်လာမယ့် အချိန်တို ကာလအတွင်းမှာ မြန်မာသူဌေးတွေ တော်တော်များများ ပျောက်ကွယ်သွားမယ့် အလားအလာ ရှိပါတယ် လို့ မြင်နေရတယ်။

လောဘဇောတိုက် သပိတ်ဝင်အိတ်ဝင်ဖြစ်တုန်း ကဲ့ထုတ်ချင်တဲ့ စိတ်ဓါတ်ပိုင်ရှင် စိုးသိန်းကြောင့် မြန်မာနိုင်ငံသား၊ မြန်မာလူမျိုးများပိုင်ဆိုင်ရမယ့်အပြင် မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေ ဦးဆောင်လုပ်ကိုင်နိုင်စွမ်းရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံသားပိုင် လုပ်ငန်းတွေ လျော့သွားမယ်။ ဒါ့အပြင် ပြည်သူတွေဟာလည်း မကြာမီ တိုင်းတပါးနိုင်ငံခြားသား အလုပ်ရှင်တွေထံမှာ ကျွန်သာသာ အလုပ်သမားဘဝနဲ့ နေရတော့မယ်။ အခုခေတ်က လက်နက်နဲ့ တိုက်ယူပြီး နယ်မြေ တွေသိမ်းတာထက် ငွေအင်အားကြီးတဲ့နိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ စီးပွားရေးအင်ပါယာထူထောင်ပြီး သိမ်းပိုက်နိုင်တဲ့ခေတ်ဖြစ်နေတယ်ဆိုတာ သတိပြုမိဖို့လိုပါတယ်။

စိုးသိန်းရဲ့မိန်းမ ဒေါ်ခင်အေးကြင် (ယခင်နာမည်ဟောင်း) ဟာ တရုတ်ပြည်ဖွား ဧည့်နိုင်ငံသား လက်မှတ်ကိုင် ဦးဘီလားလို့ခေါ်တဲ့ တရုတ်စစ်စစ်ကြီးတစ်ဦးရဲ့ သမီးဖြစ်ပါတယ်။ ဒီအကြောင်း ဘာကြောင့် ဖော်ပြထားရသလဲဆိုတော့ မြန်မာလူမျိုးများကို တရုတ်တွေတွေ့တိုင်း နောက်ကွယ်မှာ အမြဲလှောင်ခံရတဲ့ စက်မှု (၂) တံဆိပ်ကပ် မြန်မာစတေရှင်ဝပ်ဂွန် (Myanmar Station Wagon) အမျို အစား ပါရာဒိုကားတွေကိစ္စပဲ ဖြစ်ပါတယ်။ သူ့မိန်းမ သူယောက္ခမ မိသားစုများ ကောင်းစားရေး အတွက် ပြည်သူကို မငဲ့ကွက် အာဏာကို အလွဲသုံးစားလုပ်ပြီး အခုလို ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ချင်သလို လုပ်နေတာဟာ စဉ်းစားစရာပါပဲ။ စဉ်းစားကြည့်ရင် ရင်နာဖို့ကောင်းတာက မြန်မာတွေဟာ သူများနိုင်ငံထုတ် ကားအမျိုးအစားကို ကိုယ့်နိုင်ငံထုတ်သယောင် တံဆိပ်ကပ်ပြီး ဒေါင်းယောင်ဆောင် ခဲ့တဲ့အကြောင်းကို တစ်ဖက်နိုင်ငံရဲ့အမြင်မှာ ကိုယ့်လူမျိုးတွေကို ဘယ်လောက် လှောင်ပြောင်ခဲ့မလဲဆိုတာ စဉ်းစားသာကြည့်စေ ချင်ပါတယ်။ ဒီကားတွေကို သူ့အမျိုးတွေရဲ့ အဆက်အသွယ်တွေနဲ့ ပွဲစားလုပ်ပြီး တင်သွင်းရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။

၈၈ အရေးအခင်းတုန်းက အများနဲ့အတူရောယောင်ပြီး အရေခြုံခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ ခါတော်မှီ စိုးသိန်းဟာ ၈၈ DSA သမဂ္ဂအဖွဲ့မှာ ဗိုလ်မှုးအဆင့်နဲ့ ဝင်ပါခဲ့တဲ့အပြင် တန်းစီလှည့်လည်တဲ့နေရာမှာလည်း လိုက်ပါခဲ့ပါသေးတယ်။ ဒါ့အပြင် သမဂ္ဂအစည်း အဝေး တော်တော်များများကို In Service ဖြစ်နေတုန်းမှာ တပ်မတော်ကို သစ္စာဖောက်ပြီး တက်ရောက် ခဲ့တဲ့ အထောက်အထားတွေ သက်သေနဲ့တကွ ရှိပါတယ်။ စိုးသိန်းရဲ့ သာကူးစိတ်ဓါတ်ကို ဒီနေရာမှာ အတိုင်းသားတွေ့ရသလို ဒီကိစ္စတွေ လုပ်ခဲ့မိတဲ့အတွက် အရေးယူခံရမှာစိုးလို့ ညဘက်တွေမှာ အိပ်လို့တောင် မပျော်ခဲ့ပဲ ဥ.စ.တ (စစ်ဦးစီးတက္ကသိုလ်) ကို တက်ရတော့မှ ရင်ထဲကအလုံးကြီး ကျသွားသလို ပေါ့သွားတယ်လို့ ပြောဖူးပါတယ်။ ဗိုလ်မှုးအဆင့်ဆိုတာ In service ဖြစ်နေတဲ့ အခြေ အနေပါ။ ဒါဟာ သူ့အကျင့်ဖြစ်တဲ့ ပေါ်ပြူလာဖြစ် အောင်လုပ်လိုတဲ့ဆန္ဒ၊ ကိုယ့်ကိုယ် ကိုယ် လော်ဘီလုပ်လိုတဲ့ ဆန္ဒနဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတာ အသိသာကြီးပါ။ ဒါတွေကိုကြည့်ရင် ကိုယ်ကျိုးစီးပွားရှာ၊ ကိုယ်ကောင်းစားရေး တစ်ဘို့တည်းပဲ ကြည့်တဲ့လုပ်ရပ်တွေအဖြစ် အတိုင်းသားမြင်ရပါတယ်။

အရင် အာဏာမရှိခင်တုန်းက ဒီလိုဖြစ်နေတယ်ဆိုရင် အခုလို သမ္မတရုံးဝန်ကြီးဘဝဆိုရင် ဘယ်လောက်တောင် ကိုယ်ကျိုးရှာ အာဏာကို အလွဲသုံးစားလုပ်မယ်ဆိုတာ ပိုပြီးပေါ်လွင် ထင်ရှားနေပါတယ်။ စိုးသိန်းဟာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ၊ သမ္မတရုံးဝန်ကြီးဆိုတဲ့ ရာထူး ယူထားပြီး ဒုတိယ သမ္မတတွေကို ကျော်ပြီး ပိုမိုထင်ရှားအောင် နေရာယူပါတယ်။ ၂၀၁၅ ခုနှစ်မှာ သမ္မတ ဖြစ်ချင်ဇောနဲ့ စည်းရုံးရေးအတွက် ငွေရှာနေတာလား? ဒါမှမဟုတ် သူ့အတ္တ အတွက် ငွေရှာနေ တာလား မသိတော့ပါ။ ရှက်တတ်ရင် လဲသေလို့ ရတယ်ဆိုတဲ့စကားအတိုင်းပဲ ပြောရတော့မယ်။ ဒုသမ္မတတွေလည်း စိုးသိန်းလို လူမျိုးလောက်ရဲ့ အကြောကို ခံလို့ ပြည်သူ့အမြင်မှာ သာရေးနာရေးသမ္မတလို့ ခေါ်ခံရလောက်အောင် ဘာဆေးစားမှားလို့ ကြောက်ချေးပန်းနေတယ် မသိဘူး။ ရုံးအုပ်လောက်အဆင့်ရှိတဲ့သူက ဒုဥက္ကဌရာထူးလောက်ကို ဘာလုပ်နိုင်မှာမို့လို့ ဒီလောက် ကြောက်နေ တာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ တကယ့်ကို ရုပ်သေးအစိုးရဆိုတဲ့ စကားလုံးနဲ့ အံဝင် ခွင်ကျဖြစ်သွားတော့တာပါပဲ။

စိုးသိန်း အခုလို ဒုသမ္မတတွေကို မခန့်လေးစား ကျော်လုပ်နေတာဟာ သိန်းစိန်ရဲ့ အကာအကွယ် ကြောင့်လား? ဒါမှမဟုတ် စိုးသိန်းဟာ ပြည်ပအင်အားကြီးနိုင်ငံတွေရဲ့ လက်ကိုင် တုတ်ဖြစ်နေလို့ သမ္မတကိုယ်တိုင် ကြောက်ရတဲ့လူ ဖြစ်နေလို့လား? ဒီလိုဆို အခုတက်လာတဲ့ သိန်းစိန် အစိုးရကို ဘယ်လို အခြေအနေမျိုးမှ ယုံရတော့မလဲ? စိုးသိန်းဟာ နိုင်ငံရေးအမြတ်ထုတ်လို့ လာမယ့် သမ္မတသက်တမ်းမှာ သမ္မတလုပ်ဖို့ အားထည့်တဲ့အနေနဲ့ သူ့လုပ်ရပ်တွေဟာ သူ့ကိုယ်သူ လော်ဘီ လုပ်နေ တယ်ဆိုတာ မြင်သာလာပါတယ်။ (အပိုင်း ၅ မှာ ဆက်လက်ရှုစားပါခင်ဗျာ။)

Credit : Here

မြန်မာတွင် နည်းပညာ ထရိန်နင်စင်တာများဖွင့်ရန် Cisco စီစဉ်

ကမ္ဘာပေါ်တွင်ဆက်သွယ်မှုအနည်းဆုံး နေရာ တစ် ခုဖြစ်သောမြန်မာနိုင်ငံသို့ နိုင်ငံတကာနည်းပညာ ကုမ္ပဏီ များ စတင် ဝင်ရောက် လာပြီဖြစ်၍ Cisco System ကလည်း မြန်မာနိုင်ငံတွင် Network Training center နှစ်ခု ဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်။

ယခင်က သော့ခလောက် သံချေး တက်လောက်အောင် တံခါးပိတ်ထားခဲ့ပြီး ယခု မြန်မြန်ဆန်ဆန် တံခါး ဖွင့်နေသော မြန် မာနိုင် ငံသို့ Cisco၊ Google၊ Intel၊ HP၊ Microsoft ကုမ္ပဏီများမှ အမှုဆောင် များပါ ဝင်သော USAID စပွန်ဆာ ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိလာခဲ့ ပြီးနောက် ကြာသပတေးနေ့တွင် ၎င်းကြေ ညာ ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဆဲလ်ဖုန်းသုံးစွဲမှုအဆင့်သည် မြောက်ကိုရီးယားထက်ပင် နိမ့်နေသည်။ သို့သော် ယ ခင် က ဝန်ကြီး ဌာနနှင့် ခရိုနီကုမ္ပဏီများ လက်ဝါးကြီးအုပ်ထားခဲ့သော တယ်လီဖုန်းစီးပွားရေးခွင်ကို အစိုးရ က ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်လျက် ရှိသည်။

နိုင်ငံတစ်လွှား တယ်လီကွမ်းကန်ထရိုက် လိုင်စင်နှစ်ခုအတွက် အဆိုပြုလွှာ တင်ထားကြသော ကမ္ဘာတစ် လွှား ကုမ္ပဏီ ၉၁ ခု၏လျှောက်လွှာများကို အစိုးရက စဉ်းစားသုံးသပ်နေပါသည်။ ပြိုင်ဆိုင်မှု ကြီးမား လာခြင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် လက်ရှိ ဒေါ်လာ ၃၀၀ မှ ၅၀၀ ကြာဈေးပေါက်နေသော SIM ကဒ်ဈေးနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်တော့မည်ပာု မျှော်လင့် ရသည်။

USAID နည်းပညာကိုယ်စားလှယ်အဖွဲ့သည် နည်းပညာဆိုင်ရာ ပညာရေးကဏ္ဍကို အားပေးရန်ရည်ရွယ် ကာ ရောက်ရှိလာခြင်းဖြစ်သော်လည်း စီးပွားရေးထိတွေ့ဆက်ဆံရေး အတွက်ပါ ခြေလှမ်း ချခဲ့ကြခြင်းဖြစ် သည်။

“Google ပာာ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့အခွင့်အလမ်းတွေကြောင့်သာမကပဲ၊ အလားအလာကောင်းတဲ့ လက် တွဲဖော်တွေ နဲ့ တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပာာ Online လေ့လာသင်ယူနိုင်မှု တိုးတက်လာစေဖို့ ရည်ရွယ် တာပါ။ Google ပာာ တော်တော်ကြီး မြန်မြန်ဆန်ဆန် ခြေလှမ်းကျဲနေတာကို ခင်ဗျားတို့တွေ့လိမ့် မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကုမ္ပဏီတွေအားလုံး ဒီအတိုင်းပါပဲ”ပာု မြန်မာနိုင်ငံ သို့ပထမဆုံးခရီးထွက် လာသူ USAID ဥက္ကဋ္ဌ ရာဂျစ်ရှားက ပြောကြားသည်။

ဝါရှင်တန်က မြန်မာအစိုးရအပေါ် ချမှတ်ထားသော Sanctions ပိတ်ဆို့မှုများ ဆိုင်းငံ့ပေး လိုက်ပြီးေ နာက် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ USAID ကလုပ်ငန်းပြန်စခဲ့ခြင်းဖြစ်သည်။ ထို့နောက် တွင် မြန် မာနိုင်ငံ၏ ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေး အစီအစဉ်များ အတွက် ဒေါ်လာ ၁၇၁ သန်းကူညီရန် USAID က ကတိပြုခဲ့သည်။ မြန်မာနိုင်ငံ ပိုမိုပြုပြင်ပြောင်းလဲ လာသည်နှင့် အမျှ ငွေကြေးပိုမိုကူညီသွားရန် USAID က ကတိပြုခဲ့သည်။ မြန်မာနိုင်ငံ ပိုမိုပြုပြင်ပြောင်းလဲ လာသည်နှင့် အမျှ ငွေကြေးပိုမိုကူညီသွားရန် USAID အေဂျင်စီက စီစဉ်ထားသည်။

Credit : Here

တောင်ကြီးမြို့ပေါ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင် ပိုင်း တောင်ကြီး မြို့ ညောင်ရွှေဟော် ကုန်းရပ်ကွက် အနီး တွင် တောင်ကြီးမူးယစ် အဖွဲ့နှင့် သက်သေများမှ မတ်လ(၇) ရက်နေ့တွင် တရားမ၀င် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရ သည်။

တောင်ကြီးမူး ယစ်အထူးနှိမ်နင်းရေး အဖွဲ့မှ ရဲအုပ် ၀င်းနိုင်ဦးစီး ရဲတပ်ဖွဲ့ဝင် များသည် မတ်လ(၇) ရက်နေ့ နေ့လည်ပိုင်းတွင် စိုင်းနန္တော (ပင်လုံမြို့နေ သူ) မောင်းနှင်လာသော ကန်ဘိုအမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာမှ တရားမ ၀င်ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ စိုင်းနန္တောစီးနင်းလာသော ဆိုင်ကယ် ၀ဲဘက်ဒူးကာအတွင်း တွင် ပလပ်စတစ်အိတ် အပြာရောင်ဖြင့် ထုတ်ထားသော WY စိတ်ကြွ ရူးသွပ်ဆေးပြာ(၂၀၀)ပြားပါ ၂ ထုပ်နှင့် (၈၀)ပြားပါ (၁)ထုပ် စုစုပေါင်း ဆေးပြား (၄၈၀)ပြား ကာလတန်ဖိုးအားဖြင့် သိန်း(၂၀)ခန့် ဖမ်းဆီးရမိခဲ့သည်။

တရားမ၀င်စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသူ စိုင်းနန္တော အား တောင်ကြီးမြို့အမှတ် (၂) ရဲစခန်းမှ မူးယစ်(ပ) ၃/၂၀၁၃ မူး၊ စိတ်ဥပဒေပုဒ်မ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Credit : Here

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ


တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။

-- ➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP

➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

Credit : Here

အများပြည်သူများ လေယာဉ်တစ်စင်းအား အနီးကပ် လေ့လာနိုင်ရန် ပြည်သူ့ဥယျာဉ် ၌ စီစဉ်လျက်ရှိ


ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ မြန်မာ့လေကြောင်း ဦးစီးဌာန နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီတို့ ပူးပေါင်း စီစဉ်မှုဖြင့် အများပြည်သူ နှင့် ကျောင်းသား ကျောင်းသူ လူငယ်များ အနီးကပ် လေ့ လာ နိုင်စေရန် စက်အစိတ်အပိုင်များ အပါအ၀င် လေယာဉ် တစ်စင်းအား ရန်ကုန်မြို့ ၊ ပြည်သူ့ဥယျာဉ်ရှိ နက္ခတာရာ ပြခန်းအနီး၌ လာမည့် မတ်လ ၁၅ ရက်နေ့တွင် စတင်ပြသ ထားရန် စီစဉ်လျက် ရှိကြောင်း သိရ သည်။

အဆိုပါ လေယာဉ်မှာ XY - ADZ F-27 ဖော်ကာ MA-4 R 600 အမျိုးအစား ဖြစ်ပြီး သက်တမ်း ၂၅ နှစ်ကျော် တာဝန်ထမ်းဆောင် ခဲ့ကာ သတ်မှတ်ချက် အရ မြန်မာ့ လေကြောင်း ဦးစီးဌာနက ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် အနားပေး ခဲ့သော လေယာဉ် ဖြစ်သည်။ ထိုလေယာဉ်အား ပို့ဆောင်ရေး ၀န်ကြီးဌာနက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသို့ လှူဒါန်းပြီး လေယာဉ် တစ်စင်းလုံး စက်အပြည့်အစုံ အပါအ၀င် လေယာဉ် တစ်စင်းတွင် ရှိသော စက်အင်္ဂါ အစိတ်အပိုင်း အားလုံးကို တပ်ဆင်၍ ပြင်ဆင်မှု ရက် ၂၀ နှင့် အပြီး ဆောင်ရွက် သွားမည် ဖြစ်သည်။

မြန်မာ့ လေကြောင်း ဦးစီးဌာနမှ ပြင်ဆင်မှုများ ပြီးစီးသွားပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီသို့ အပြီးအပိုင် လွှဲပြောင်း၍ ပြည်သူ့ ဥယျာဉ်တွင် အများပြည်သူ များအား အနီးကပ် လေ့ လာ နိုင် ရန် ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Credit : Here

7Day News Hero ဆုရှင် ဦးဌေးနိုင် လက်ထောက်စက်ခေါင်းမောင်း

ခုတ်မောင်းလာသည့် မီးရထားရထားအားကြောက် လန့် ကာ ချောင်းကူးတံတားရထားသံလမ်းပေါ် စုံရပ်နေသော မြေအဖွားနှစ်ဦး အား ရထားနှင့် တိုက်လုဆဲဆဲတွင် စက်ခေါင်းပေါ်မှခုန်ချကာ သက်စွန့်စံဖျား ကယ်တင်ခဲ့သူဖြစ် သည်။

၂၀၁၂ ဧပြီ ၁၁ရက်က ရန်ကုန်-မော်လမြိုင် (အစုန်ရထား) အမှတ် ၁၇၆ ကိုအောင်းနှင်လာစဉ် ဒါးပိန်ဘူတာအ ၀င်တွင်ဖြစ်ပွားခဲ့သည့် အက်ရှင် ကား ဆန်ဆန်ကယ်တင်မှုတစ်ခုဖြစ်သည်။ အသက် ၆၂ နှစ်အရွယ်အဘွားဖြ စ်သူနှင့် အသက် ၈ နှစ် အရွယ်မြေးဖြစ်သူတို့ရထားလမ်းဖြတ်ကူးစဉ် ရှေ့တည့် တည့်မှမောင်းနှင်လာသောရထားကိုတွေ့ ပြီးကြောက်လန့်ကာရောက်သည့်နေရာမှာပင်စုံရပ်နေခဲ့ကြခြင်းဖြစ် သည်။

စက်ခေါင်းမောင်းက အရေးပေါ်ဘရိတ်ကိုသုံးလိုက်သော်လည်း လုံးဝရပ်တန့်နိုင်ခြင်းမျိုးမဟုတ်သဖြင့် ဦးဌေးနိုင်သည် တစ်နာရီခုနစ်မိုင်နှုန်းမောင်းနှင်အားရှိနေသေးသည့် စက်ခေါင်းပေါ်မှခုန်ချပြေးဆင်းပြီး မြေး အဘွားနှစ်ဦးကို တွန်းထုတ် ဖယ်ရှားလိုက်သည်။

ထိုအခါ ၃ ဦးစလုံး ရထားလမ်းတံတားပေါ်မှ ချောင်းထဲသို့ပြုတ်ကျသွားခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အသက်ကိုစွန့်၍ မြေးအဘွားနှစ်ဦး၏အသက်ကို ကယ်တင်ခဲ့သော ထိုလက်ထောက်စက်ခေါင်းမောင်း၏ သူရဲကောင်း စိတ်ဓာတ်ကို အခင်းသားမြင်တွေ့ရသည်။ ထို့ကြောင့် 7 Day News အယ်ဒီတာအဖွဲ့က လက်ထောက်စက် ခေါင်းမောင်း ဦးဌေးနိုင်အား 7Day News Hero အဖြစ်သူရဲကောင်းဆုပေး အပ်ရန်ု ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ကိုဌေးနိုင်အား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။

Credit : 7DaysNewsJournal

7Day News Hero ဆုရှင် လေယာဉ်မှူး ဦးသန်းထွေး( မြန်မာ့လေကြောင်း)

ဒဏ်ရာပြင်းထန်စွာရထားသည့် လူနာနှင့်အတူ လူနာရှင်များကို လေယာဉ်လက်မှတ် မရှိ ဘဲ ခေါ်တင်ခဲ့သည့် အစိုးရပိုင်လေကြောင်းလိုင်း တစ်ခုဖြစ်သော မြန်မာ့လေကြောင်း လေယာဉ်မှု တစ်ဦး၏ဆုံးဖြတ်ချက်မှာ စွန့်စား မှုတစ်ခုဖြစ်သည်။

ထားဝယ်မြို့လေဆိပ်မှ လေယာဉ်ထွက်ခွာရန် တံခါး ပိတ်ပြီးနောက် လေယာဉ်တံခါးပေါက်မှတဆင့် ပိုက်တန်း လန်းနှင့် ကလေးငယ်တစ်ဦးအားပွေ့ ချီလျက်လေယာဉ်ဆီအော်ဟစ်ပြေးလွှား လာနေ သူများကို လေယာဉ်ပြ တင်းမှတဆင့် လေယဉ်မှုး ဦးသန်းထွေးတွေ့ခဲ့ရသည်။

ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ခဲ့သည့် ၁၅နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရသည့်အခါ လေ ယာဉ်မှုး တစ်ဦး လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို မေ့ဖောက်လျက် အရေးပေါ် အသက်ကယ်နိုင်ရေးအတွက် လက်မှတ်မရှိ ခွင်ပြုချက်မရှိသည့် အရေးပေါ်လူနာနှင့် လူနာရှင်များအားလေ ယာဉ်ပေါ်တွင်တင် ဆောင်လာရန်ဆုံး ဖြတ်ခဲ့သူဖြစ်သည်။

မိမိအလုပ်၊ နေရာနှင့်ရင်းကာ လူသားစိတ်အပြည့်ဖြင့်အသက်တစ်ချောင်းကယ်တင်ရန်ကြိုးစားခဲ့သော ဦးသန်းထွေး၏ သူရဲ ကောင်းစိတ်ဓာတ်ကြောင့် 7Day News သူရဲကောင်းအဖြစ်ရွေးချယ် လိုက်ခြင်းဖြစ်သည်။

လေယာဉ်မှူးဦးသန်းထွေးအား ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပေးအပ်ချီးမြှင့်ခဲ့သည်။

Credit : 7DaysNewsJournal

7Day News Hero ဆုရှင် မစုပုံချစ်

ခြေထောက်တစ်ချောင်းသာ အကောင်းတိုင်းရှိသည့် မစုပုံချစ်ကို ၄င်းငယ်စဉ်ကပင် လူအများကသတိ ထားမိကြ သည်။ လက်နှစ်ဖက် နှင့်ခြေတစ်ဖက် မသန်စွမ်း ကလေးငယ်တစ်ဦးအဖြစ်မွေးဖွား လာ ခဲ့သော မစုပုံချစ်မှာ လုံ့လ၀ိရိ ယအားကောင်းသူ တစ်ဦးအဖြစ်၊ ကျောင်းသား လူငယ်များ အတုယူ စရာစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ မသန်စွမ်းက လေးငယ် များ၏ လမ်းပြသူတစ်ဦးအဖြစ် မီဒီယာများမှ တဆင့် လူသိများ လာခဲ့ခြင်းဖြစ်သည်။

ခြေထောက်ဖြင့်စာရေးကာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့်ဖြေဆို အာင်မြင်ခဲ့သည်။ သတင်းနှင့် နည်းပညာအင်ဂျင်နီယာ ဘာသာ ရပ်ဖြင့်နည်းပညာ တက္ကသိုလ်တက်ရောက်ခဲ့သည်။ ယခု မဟာဘွဲ့အတွက်အတွက် နည်းပညာတက္ကသိုလ် တွင်ပင်တက်ရောက်နေဆဲဖြစ် သည်။

မဟာဘွဲ့တက်ရောက်နေဆဲမှာပင် ယခုလအတွင်းသူမ၏ကြိုးစားအားထုတ်မှု အဖြေရလဒ်ထွက်လာခဲ့ သည်။ ပြည်ပ ပညာတော်သင်ဆုရရှိသောမြန်မာနိုင်ငံ၏ ပထမဆုံးမသန်စွမ်းတစ်ဦးအဖြစ်မှတ်တမ်း ထူနိုင် ခဲ့ခြင်း ဖြစ်သည်။ သြစတြေလျနိုင်ငံ ဆစ်ဒနီမြို့တွင် သွား ရောက်သင်ယူရန်ပညာသင်ဆု ရခဲ့ သည်။ ခြေထောက်တစ်ချောင်းသာ အများသူငါနည်းတူရှိသည့်မသန်စွမ်း အမျိုးသမီးတစ်ဦးအတွက် အကြီးမားဆုံး သောအောင်မြင်မှုပန်းတိုင်လည်းဖြစ်သည်။ ထိုကဲ့သို့မစုပုံချစ်၏ စွမ်းဆောင်မှုများက ကျောင်း သားလူငယ် လူရွယ်များကြား နမူနာစံပြလူငယ်တစ်ဦးအဖြစ်ရှုမြင်ခံစားလာစေခြင်းကြောင့် 7 Day News အယ်ဒီတာအဖွဲ့က သူရဲကောင်းဆုချီးမြှင့်ရန်ရွေးချယ်လိုက်ခြင်းဖြစ်သည်။

Hero ဆုကို ပညာတော်သင်သွားရောက်နေသဖြင့် မစုပုံချစ်ကိုယ်စား ၄င်း၏မိဘနှစ်ပါးက တက်ရောက် လက်ခံခဲ့ပြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပေးအပ်ချီးမြှင့်ခဲ့သည်။

Credit : 7DaysNewsJournal

ယာဉ်မောင်းလိုင်စင်လျှောက်ထားရာ၌ ကျရှုံးသူများနေကြောင်း သိရ


ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ယခင်ကထက် အခက်အခဲများ ရှိလာသည့်အတွက် လွယ်လွယ်ကူကူ လိုင်စင်ရရှိသူဦးရေ နည်းလာကြောင်း လိုင်စင်ဖြေဆိုသူများ ထံက သိရသည်။

``အခု ယာဉ်မောင်းလိုင်စင်လုပ်တဲ့ဦးရေလည်း တိုးလာသလောက် ကျတဲ့သူတွေ လည်း များလာတယ်။ ပျမ်းမျှအယောက်နှစ်ဆယ်ဖြေရင် ၄ ယောက်ပဲ အောင်တယ်။ ဘာလို့လဲဆိုတော့ စစ်ဆေးရေး ပုံစံတွေ ပြောင်းလိုက်တာလည်း ပါတယ်။ ပြီးတော့ ပိုပြီး တင်းကြပ်လာတာလည်း ပါတယ်´´ ဟု ကျော်စိန်လင်း(စစ်ဆေးရေးမှူး ၂) က ပြောသည်။

၂၀၁၁ ခုနှစ် မတိုင်မီကာလအထိ တစ်ရက်လျှင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ (၈၀) မှ(၁၀၀) ၀န်းကျင်ရှိသော်လည်း ယခုအချိန်တွင် တစ်ရက် ပျမ်းမျှ (၁၅၀)မှ (၂၀၀) အတွင်း မြင့်တက်လာကြောင်း က.ည.န(ရွာသာကြီး)မှ သိရသည်။

`` ကျွန်တော် ဒီမှာ လာဖြေတာ သုံးခေါက်ရှိပြီ။ အခုတစ်ခေါက်လည်း ကျတယ်။ အခုတစ်ခေါက်က Simulator စာမေးပွဲမှာ ကျတာ၊လက်တွေ့ ဂိမ်းနဲ့ ကားမောင်းရတဲ့ ပုံစံမျိုးပေါ့၊ ´´ ဟု က.ည.န( ရွာသာ ကြီး) တွင် လာရောက်ဖြေဆိုသူ ကိုဇင်ဖြိုးက ပြောသည်။

ထပ်မံတိုးလာသော ဖြေဆိုနည်းမှာ Simulator စာမေးပွဲဖြစ်ပြီး အဆိုပါ စာမေးပွဲမှာ လက်တွေ့မောင်းနှင် ရသည့်ဂိမ်းတစ်မျိုးဖြစ်ပြီး ၁၀ မှတ်ပေးထားရာ ၆ မှတ်ရ လျှင် အောင်မြင်ကြောင်း သိရသည်။

အထူးသဖြင့် ၂၀၁၂ မှ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်သူဦးရေ တိုးတက်လာပြီး (င) လိုင်စင်ပြုလုပ်သူ အထူးများပြား လာကြောင်း သိရသည်။ စာမေးပွဲ အောင်မြင်သူများတွင်လည်း (င) လိုင်စင် ပြုလုပ်သူများသည် အအောင် များကြောင်း သိရသည်။

`` ဒီမှာ လာဖြေတဲ့သူ အများစုက လက်တွေ့တွေမှာ အောင်ကြတယ်။ ဒါပေမဲ့ စာတွေ့မှာ ကျကြတာများတယ်။ လာဖြေတဲ့သူတွက လက်တွေ့ကို အားစိုက်ကြပြီး စာဖတ်အားနည်းပုံရတယ်´´ဟု က.ည.န (ရွာသာကြီး) စစ်ဆေးရေးမှူးများ က ပြောသည်။

မြန်မာနိုင်ငံတွင်း နောက်ပိုင်း ကုမ္မဏီများမှ အလုပ်များခေါ်ယူရာတွင် ယာဉ်မောင်း တတ်မှုမှာ တစ်ဘမ်းသာသည့်အတွက် အလုပ်လျှောက်သည့်အခါ အဆင်ပြေစေရန် ယာဉ်မောင်းလိုင်စင် လာရောက် ဖြေဆိုကြခြင်း ဖြစ်ကြောင်း လာရောက်ဖြေဆိုသူ အများစုက ဆိုသည်။

`` င လိုင်စင်ဖြေတဲ့သူတွေကျတော့ လုပ်ငန်းအတွက် လာဖြေကြတာ ဆိုတော့ နောက်တစ်ခေါက် ထပ်ဖြေဖို့ အချိန် မရှိကြတော့ တစ်ခါတည်း အောင်ဖို့ ကြိုးစားပြီး ဖြေကြ တယ်၊ ဒါပေမဲ့ ခ လိုင်စင် ကျတော့ သူဌေးတွေ လာဖြေကြတာ များတယ်၊အိမ်မှာ ကားရှိလို့သာ လာဖြေကြတာ၊ စာတွေ့ရော လက်တွေ့ ရော လေ့လာမှု အားနည်းတယ်၊ ပေါ့တီးပေါ့လျှံနဲ့ အများစုက ဘာမှလည်း မသိကြဘူး´´ ဟု စာမေးပွဲစစ်ဆေးရေးမှူး တစ်ဦးက ပြောသည်။

၂၀၁၁ ခုနှစ် နောက်ပိုင်း ကားတင်သွင်းခွင့်များ သက်ဆိုင်ရာမှ လျှော့ချခဲ့ပြီးနောက် ရန်ကုန်မြို့အတွင်း ကားအစီးရေ တစ်သိန်းနီးပါး မြင့်တက်လာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထိုကဲ့သို့ ကားအစီးရေတိုးလာသည့် အလျောက် ယာဉ်မောင်းလိုင်စင် ပြုလုပ်သူ ဦးရေမြင့်တက် လာခြင်းဖြစ်ကြောင်း က.ည.န (ရွာသာကြီး)မှ သိရသည်။

Credit : မြတ်မိုးကျော်(မြစ်မခ)

ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ

လယ်သမားအရေးကူညီပေးနေသူမတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီခေါင်းဆောင်ဦးနေမျိုးဝေက ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ သွားရောက်လျှောက်ထား ခဲ့တာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေက အခုလို ပြောပါတယ်။

" ဒီနေ့ပဲ ဒဂုံမြို့နယ် တရားရုံးမှာ တရားသွားစွဲတဲ့အခါကျတော့ တရားသူကြီးအမျိုးသမီး က လေ့လာ မယ်လို့ ပြောပြီးတော့ ကျွန်တော်ကလည်း ခရီးစဉ်တစ်ခုရှိတဲ့ အခါကျတော့ ခရီးစဉ် ကပြန်လာတဲ့အခါ ကျတော့မှ ကျွန်တော်တို့ရဲ့ ထွက်ဆိုချက်တွေ ပြန်လည်မေးမြန်းမယ်ပေါ့ဗျာ အဲ့ဒါပြော ပါတယ်ဗျ၊ ချက် ချင်းတော့ တစ်ထိုင်တည်း အမှုမေးမြန်းတာတို့ မလုပ်သေးဘူးခင်ဗျ၊ ပုဒ်မတပ်ဖို့ကို သူလေ့လာမယ် လို့ ပြောတယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ လယ်ယာမြေနဲ့ လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ဦးခင်ရွှေ က အလုပ်သမားလုံခြုံရေးအင်အား နှစ်ရာကျော်နဲ့ ဦးနေမျိုးဝေကို ကြိုးတုပ်ချည်နှောင်ပြီး ရိုက်နှက်မယ် လို့ ပြောခဲ့တဲ့အတွက် ခုလို အမှုဖွင့်တိုင်ကြားလိုက်တာပါလို့ ဦးနေမျိုးဝေက ပြောပါတယ်။

ဒါကြောင့် ဇေကမ္ဘာဦးခင်ရွှေကို ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို လိုက်တာပါ။

Credit : Here

www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း


နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရသည် ကျင့်ကြံအားထုတ်၍ သိရှိခဲ့ပြီးသော စိတ်လေ့ကျင့်ခန်းများကို တစ်ကမ္ဘာလုံးရှိ လူသားအားလုံး သိရှိနိုင်စေ ရန် အတွက် www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြားသိ ရသဖြင့် Myanmar ICT ဂျာနယ်မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များ ကို ပြန်လည် မျှဝေ ဖော်ပြလိုက်ပါသည်။

လူ့လောကကြီးကို စွန့်ခွာခဲ့တာ နောင်တရလား ဘုရား။

တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။

ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။

မထွက်ခင်၊ ရဟန်းဘ၀ မရောက်ခင်၊ ပြီးခဲ့တဲ့ ရှစ်နှစ် ကတည်းက ကြိုတင်ပြီး ၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ကြေညာခဲ့တယ်။ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ၊ ဒီအလုပ်က ရုတ်တရက် ကောက်ပြီး ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ရှစ်နှစ်ကြာရင် ထွက်မယ်ဆိုပြီး ပြင်ဆင်ထားတာတွေ၊ အစီအစဉ်တွေ ပါတယ်။ နောင်တရစရာ မရှိဘူး။

အခု www.athithedi.com ဆိုပြီး ၀က်ဘ်ဆိုဒ် လွှင့်တင်မယ်လို့ သိရပါတယ်။ ဘယ်ကနေဘယ်လို ၀က်ဘ်ဆိုဒ် တင်မယ်လို့ တွေးမိပါသလဲ ဘုရား။ ရည်ရွယ်ချက်ကရော ဘုရား။
ဦးပဉ္စင်းအသက်က ၆၆နှစ်၊ လူ့သက်တမ်း ၇၀လို့ထားရင် နောက် ၄နှစ်ပဲ ကျန်တယ်။ ဒီလေးနှစ်အတွင်း ဘာတွေ လုပ်ခဲ့ရမလဲ။ ကိုယ်သိထားတာလေးတွေ ကိုယ်ကျင့်လို့ ရတာတွေရဲ့ အဖြေက ဘယ်အရာမှ အကြာကြီးမဟုတ်ဘူး။ ပြီးတော့ အားလုံးကို စွန့်လွှတ်ရမယ် ဆိုတာတွေအထဲမှာ သိခဲ့တဲ့ အသိတွေကိုပါ ထားခဲ့ရမယ့် အတူတူ တန်ဖိုးရှိတဲ့ အသိတွေကို အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတဲ့ ITခေတ်မှာ ၀က်ဘ်ဆိုဒ်နဲ့ IT ပစ္စည်းတွေရဲ့ အကူအညီကို ယူပြီး ထိထိရောက်ရောက် အသုံးချချင်တယ်။ အထူးသဖြင့် ဒီနေ့ခေတ် လူငယ်တွေ သိအောင် ဖြန့်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀က်ဘ်ဆိုဒ် လွှင့်တင်မှာပါ။

ဦးပဉ္စင်းရဲ့ ဒီဝက်ဘ်ဆိုဒ်ထဲမှာ စိတ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖော်ပြထားတော့ စိတ်နဲ့စေတသိက်ရဲ့ ကွာခြားမှုလေးကို ရှင်းပြပေးပါလား ဘုရား။

စိတ်ဆိုတာ အာရုံကို သိရုံသိတာ။ စေတသိက်က စိတ်ကို မှီပြီး ခြယ်လှယ်တာ၊ ဒုက္ခပေးနေ တာ စေတသိက်ဆိုတဲ့ စိတ်တွေ။

အသိနဲ့ သတိကို ခေါင်းစီးနာမည် ယူထား တာလည်း သိချင်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရည်အချင်းတွေကို ကြည်ညိုလွန်းလို့ သိစေချင်တယ်။ ဂုဏ်တော်ကိုးပါးမှာ ဒုတိယအချက်ဖြစ်တဲ့ သမ္မာသဗ္ဗုဒ္ဓေါ ဂုဏ်တော်မှာ မြတ်စွာဘုရားဟာ သိစရာ မှန်သမျှ အရာအားလုံးကို ဆရာမလို ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်တော်တိုင် ထိုးထွင်းပြီး အကြွင်းမရှိ သိမြင်တော်မူတယ်။ လက်တဖျစ် အတွင်းမှာ ရုပ်ခန္ဓာရဲ့ ဖြစ်ပျက်မှုဟာ အကြိမ်ကုဋေပေါင်း ငါးထောင်၊ စိတ်က ကုဋေတစ်သိန်းဆိုတာ ဘုရားရဲ့ အသိဉာဏ်တော်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီးမှာ နောက်ဆုံးမှာခဲ့တာ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထတဲ့။ ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။ မမေ့မလျော့သော သတိတရားနဲ့ ကိစ္စ ပြီးအောင် ဆောင်ရွက်ကြကုန်လော့တဲ့။ သတိ အရေးကြီးဆုံး ဆိုတာ ဟောခဲ့လို့ အသိနဲ့ သတိကို ဦးညွတ်တဲ့သဘော။

ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေ၊ လက်ရှိ သူတို့ လုပ်ကိုင် နေကြပုံတွေကို အားရ ရဲ့လား ဘုရား။

ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေကို ပြောရရင်တော့ သူတို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ရနေပြီလား။ ရခဲ့ရင်လည်း တကယ်တွေးခေါ်နိုင်တဲ့ အတွေ့အကြုံတွေရော ရနေပြီလား၊ အခွင့်အရေးရခဲ့ရင်ရော အသုံးချဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အရည်အချင်း ရှိနေပြီလား ဆိုတာတွေကို ကြည့်ပြီးတော့မှ အားရတယ်၊ အားမရဘူးဆိုတာ ပြောနိုင်မှာပေါ့။ လူငယ်တွေ အနေနဲ့လည်း သူတို့ လုပ်ချင်တာတွေ လုပ်ခွင့်ရပြီး လုပ်ပြနိုင်တဲ့ အရည်အချင်းတွေ အဆင်သင့် ဖြစ်နေပြီဆိုရင် လက်ခုပ်တီးပေး မယ့် လူတွေက နေရာတိုင်းမှာ အပြည့်ပဲ။ အားလုံးက စွမ်းအားအသစ်တွေ လိုချင်နေကြပြီ။ ကိုယ့်ဘက်က အဆင်သင့် ပြင်ဆင်ထားဖို့ပဲ လိုတယ်။ ဒီသဘောကို မသိကြဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။

အနုပညာလောကသားတွေနဲ့ ပြန်တွေ့ ဖြစ်သေးလား။ တွေ့ဖြစ်ရင်ရော သူတို့တွေကို အကြံပေး ဝေဖန် မှုတွေ လုပ်ပေးသေးသလား ဘုရား။
တွေ့ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာ သူတို့လည်း ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို မေးကြတယ်။ အားလုံးတိုင်ပင် ဆွေးနွေးပြီး လုပ်ကြရင်တော့ ကောင်းလာ မှာပါ။ မျှော်လင့်နေကြတဲ့ အခွင့်အရေးတွေ ရလာကြရင် အဆင်သင့် ဖြစ်နေဖို့ ပြင်ဆင်ထားစေချင်တယ်။ အင်္ဂလိပ်စာ ဘာသာရပ်၊ ကွန်ပျူတာ ဘာသာ ရပ်၊ အင်တာနက် အသုံးပြုမှု စတာတွေ တတ်ထားစေချင်တယ်။

မြန်မာ့ရုပ်ရှင်လောကကို ဘယ်လို မြင်ပါသလဲ ဘုရား။
အပြောင်းအလဲတွေ ရှိလာပြီ ဆိုတော့ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဟောပြောပွဲတွေ အများကြီး လုပ်ခဲ့ဖူးတာ ဦးကျော်ဟိန်းကြောင့် လူများတာလား။ ဦးပဉ္စင်း ယခုလေ့လာ ကျင့်သုံးခဲ့တဲ့ အသိတရားတွေ များကြောင့်လား ဘုရား။
အရင်ဦးဆုံးကတော့ သူတို့သိခဲ့တဲ့ ကျော်ဟိန်းဆိုတာကို လာကြည့်ကြတာ။ ဦးပဉ္စင်းက စိတ် အကြောင်းတွေ၊ ဒုက္ခ အကြောင်းတွေ၊ သိစရာရှိတာ သိဖို့အကြောင်းတွေ၊ မရှိတာထက် မသိတာခက်တဲ့အကြောင်း၊ မသိတာထက် မလုပ်တာခက်တဲ့ အကြောင်းတွေ ပြောတော့ သူတို့ ကြား ချင်တာ မပြောပေးလို့ ကျေနပ်မှုတွေ ရှိချင်မှ ရှိနိုင်မယ်။ အသိနဲ့ သတိအကြောင်းကိုပဲ အဓိကထား ပြော တဲ့နေရာမှာ တစ်ချိန်ချိန်တော့ အသိနဲ့သတိ အရေးကြီးတာကို သဘောပေါက်လာမယ်လို့ ယုံကြည်တယ်။ စိတ်ရှည်ပေးရမှာပေါ့။

ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးများလို မရွတ်ဖတ်နိုင်တော့ ယခုလို လေ့လာ ကျင့်ကြံ တွေ့ရှိမှုတွေဟာ ဦးပဉ္စင်းဘက်မှာ ဘယ်လို သက်ရောက်မှု ရှိခဲ့သလဲ ဘုရား။

သက်ရောက်မှုတွေ ရှိတာပေါ့။ ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးတွေလို မရွတ် ဖတ်နိုင်တော့ဘဲ ရဟန်းဘောင် ၀င်ပြီး ဘာမှမကြာဘူး၊ စာအုပ်တစ်အုပ် ထွက်လာတယ်။ ဦးပဉ္စင်းဟာ ဘယ် ဂိုဏ်းဝင်ပါ၊ ပြောနေတဲ့ စကားတွေက အဓမ္မ၀ါဒီတွေပါ၊ ဘုရားရဲ့ အယူအဆ တွေ ကို ပြောင်းပြန်ဖြစ်အောင် လုပ်နေတာပါ။ ဓမ္မတွေ၊ ၀ါဒတွေကို အပြောင်းအလဲ ဖြစ်ကုန်မယ်နော်၊ ဒီလူကြီး ကို လွှတ်မထားနဲ့၊ သတိထားပါ ဆိုပြီး ရဟန်းခြောက်ပါးက တိုင်တယ်။ အဖွဲ့အစည်းတွေ ကလည်း စောင့်ကြည့် ကြတာပေါ့။ ဦးပဉ္စင်းအနေနဲ့ ကျော်ဟိန်း ဘ၀ကို စွန့်လွှတ်ပြီးတဲ့နောက်မှာ ဘာကို လိုချင်ရဦးမှာလဲ။ ဘာမှမဖြစ်ချင်၊ မလိုချင်တော့ဘူး။ ဘယ်အရာမှ မမြဲဘူး ဆိုတာကို ဦးပဉ္စင်းက သဘောပေါက်နေပြီ။ ဦးပဉ္စင်းက ဘုရားရဲ့ တရားတော်တွေကို အများသိအောင်၊ တစ်ဖက်တစ်လမ်းကနေ ကူညီချင်တာ။ သြော် ဦးပဉ္စင်းကြီးက သာသနာကို တစ်ဖက်တစ်လမ်းက နိုင်သလောက် အကူ အညီ ပေးနေတာလို့ အကောင်းမြင်တဲ့ဘက်က သိပေးရင်၊ နားလည်ပေးရင် အဆင်ပြေမှာပါ။

လူအဖြစ် ပြန်လည် မနေထိုင်တော့ဘူးလား ဘုရား။

မနေထိုင်တော့ပါဘူး။ အာရုံတွေကို ကြိုက်တတ်တဲ့ စိတ်တွေကို ဆက်တိုက် စွန့်လွှတ်နိုင်အောင် ကြိုးစားရင်း နောက်ဆုံး စွန့်လွှတ်စရာ အသက်ပဲ ကျန်တော့တယ်။ မသေခင် အကြွေးတွေ အကုန် ဆပ်ခဲ့ချင်တယ်။

ဒီဝက်ဘ်ဆိုဒ်လေးက နိုင်ငံတကာမှာရှိတဲ့ မြန်မာလူမျိုးများလည်း လေ့လာနိုင်တယ်ဆိုတော့ သူတို့နှင့် တကွ ပြည်တွင်းမှ မြန်မာလူမျိုးအားလုံးရဲ့ ဝေဖန်မှုကို ဘယ်လိုမျှော်လင့်ထားသလဲ ဘုရား။

အပြုသဘောနဲ့ ဝေဖန်တာကို လက်ခံရမယ်။ လူဖြစ်နေတဲ့အတွက် ပြည်စုံပြီလို့ မပြောနိုင်ဘူး။ မှားတာ ကို ထောက်ပြနိုင်လို့ ဦးပဉ္စင်းဘက်က မှားမှန်း သိရင် ချက်ချင်းပြင်မယ်။

ဦးပဉ္စင်းရဲ့ ဘ၀တစ်လျှောက်မှာ ဆုံးရှုံးခဲ့ဖူးတယ်လို့ လူတွေထဲမှာ ပြောသံ မကြားဖူးဘူး ဘုရား။ ဒီဘ၀ မှာ ကျရှုံးမှု မရှိခဲ့လို့ ယခုလို နောက်လာမယ့် ဘ၀မှာ မဖြစ်အောင် ယခုလို ကျင့်ကြံနေတာလား ဘုရား။

နောက်ဘ၀ကို မျှော်လင့်ပြီး ဘာမှမလုပ်ခဲ့ဖူးဘူး။ ပြီးတော့ အောင်မြင်နေတဲ့ လူအားလုံးကို မေးကြည့်လိုက်! ဆုံးရှုံးမှုကို မကြုံဖူးပဲနဲ့ အောင်မြင်မှု အကြီးစား ရတဲ့သူဆိုတာ မရှိဘူး။ ဦးပဉ္စင်းကတော့ ဆုံးရှုံးခဲ့တာတွေ များလွန်းလို့ လူတော့လူပဲ ဒါပေမယ့် ဒဏ်ရာများနဲ့လူ။

ယနေ့လို အပြောင်းအလဲ မြန်ဆန်လွန်းနေတဲ့ မြန်မာပြည်မှာ ဦးပဉ္စင်းလို အတွေ့အကြုံများစွာ ကို ဖြတ် သန်းခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်သည့် တာဝန် (သို့) လုပ်ငန်းဆောင်တာ ငါးချက်ကို ပြောပြလို့ ရမလားဘုရား။

ပြောကြည့်မယ်။ ငါးချက်တော့ ပြည့်ချင်မှ ပြည့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုးတက် အောင်မြင်စေ ချင်တဲ့ စိတ်အသိနဲ့ ညှိကြည့်စေချင်တယ်။ အကောင်းမြင်တဲ့ဘက်က ဝေဖန် စေချင်တယ်။ ဝေဖန်ခံစေ ချင်တယ်။ ညှိနှိုင်းပြီး အဖြေထွက်လာရင် ချက်ချင်း အကောင်အထည် ဖော်စေချင်တယ်။ တစ်ခုခုကို ချက်ချင်း လက်မခံပါနဲ့။ ချက်ချင်းလည်း မပယ်ပါနဲ့လို့ ပြောချင်ပါတယ်။

တိုင်းပြည်ကြီးလည်း ပြောင်းလဲနေပြီဆိုတော့ လက်ရှိ အခြေအနေလေးကို သုံးသပ်ပေးလို့ ရမလား ဘုရား။

တိုင်းပြည်မှာ လက်ရှိ အခြေအနေက တိုးတက်ဖို့ ကြိုးစားနေတဲ့ အချိန်ဆိုတော့ တကယ် တိုးတက်အောင် လုပ်နိုင်တဲ့ လူတွေနဲ့ တွဲလုပ်ပါ။ စိတ်တွေ ရှင်းဖို့လိုတယ်။ ဟန်မဆောင်နဲ့၊ မလိမ်နဲ့၊ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး၊ လုပ်တတ်တယ်၊ မလုပ်တတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ လုပ်နိုင်တဲ့လူ၊ လုပ်တတ်တဲ့လူကို လုပ်ခွင့်ပေးပါ။ လုပ်ခွင့်ရတဲ့ လူကလည်း ရိုးသား စင်ကြယ်တဲ့ စိတ်မျိုး ထားပြီး လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပါ။ ချက်ချင်း လုပ်ပါ။

ဦးပဉ္စင်း လူသူကင်းမဲ့တဲ့ တောထဲမှာ တစ်ပါးတည်း သီတင်း သုံးတယ်လို့ ကြားပါတယ် ဘုရား။ ယခင်က ချောချောလှလှလေးတွေ ၀ိုင်းနေတဲ့ ပတ်ဝန်းကျင်ကနေ ယခုလို ကျင့်သုံးနိုင်ဖို့ ဘယ်လိုများ ကြိုးစားခဲ့ပါသလဲ ဘုရား။

အရင်က ချောချောလှလှလေး တွေလည်း အခုချိန်ဆို ပြောင်းလဲနေကြပြီ ပေါ့။ ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး။ အားလုံးကို စွန့်လွှတ်ရမယ်ဆိုတာတွေ ကြိုသိထားပြီး ပြင်ဆင်ထားတဲ့နည်းနဲ့ အချိန်တွေကို ရင်ဆိုင်နေတယ်။

အခုလို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ ဦးပဉ္စင်းကို ICT အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ၀က်ဘ်ဆိုဒ် လွှင့်တင်တဲ့ အခါမှာလည်း တစ်ကမ္ဘာလုံးရှိ လူသားအားလုံးက စိတ်ဝင်တစား ၀င်ရောက် ကြည့်ရှုကြမယ့် Website တစ်ခု ဖြစ်မယ်ဆိုတာ ယုံကြည်နေပါသည်။

Credit : Here

သောင်းပြောင်းထွေလာ မြန်မာ့ရေးရာ

(က)
ခြေစစ်ပွဲအောင် မြန်မာအသင်း


ပထမဆုံးအဖြစ်အပျက်ကို ပျော်ရွှင်ဂုဏ်ယူဖွယ်ရာ အမှတ်တရနဲ့ ဖွင့်လိုက်ပါတယ်ဗျာ။ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ 2014 AFC Challenge Cup အုပ်စု (က) ခြေစစ်ပွဲကို မြန်မာအသင်းဟာ အုပ်စုပထမအဖြစ်နဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အုပ်က (က)မှာ အသင်း ၄ သင်း ပါဝင်ယှဉ်ပြိုင် ခဲ့ရပါတယ်။ အိမ်ရှင် မြန်မာ၊ အိန္ဒိယ၊ ဂူအမ်၊ တရုတ် (တိုင်ပေ) တို့ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုတွင်း ၃ ပွဲ ကစားခဲ့ရာမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ စုစုပေါင်းရမှတ် ၇ မှတ်နဲ့ အုပ်စုပထမ အဖြစ် ခြေစစ်ပွဲ အောင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပွဲစဉ်အဖြစ် ဂူအမ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဂိုးပြတ်ရလဒ်အဖြစ် ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒုတိယပွဲစဉ်အဖြစ် တရုတ်(တိုင်ပေ) အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ အဲဒီအချိန်မှာ အိန္ဒိယအသင်းက ၂ ပွဲနိုင်ထားပြီး ၆ မှတ်ရနေခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာနဲ့ အိန္ဒိယတို့ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ အိန္ဒိယ က သရေကျရုံနဲ့ အုပ်စုပထမ ရမှာဖြစ်ပေမယ့် မြန်မာအသင်းကတော့ အနိုင်ရလဒ် ရရှိမှသာ ခြေစစ် ပွဲအောင်မှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကစားကြတော့ မြန်မာအသင်းက အိန္ဒိယအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့ပါတယ်။ အဲဒါကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ ခြေစစ်ပွဲ အောင်သွားခဲ့တာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရ၊ နည်းဗျူဟာပိုင်းအရ ကျေနပ်ဖွယ်ရာ လုံးဝမရှိသော်လည်း ကိုယ့်ပရိသတ်တွေရှေ့ မှာ နိုင်ကိုနိုင်မှဖြစ် မယ်ဆိုတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ရေကုန်ရေခန်း ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ကစားသမားတွေကိုတော့ မပျက်မကွက် ချီးကျူးစကား ဆိုချင်ပါတယ်။ တာဝန်ကျေတယ်လို့လည်း ကျွန်တော်မြင်ပါတယ်။ ဂုဏ်ယူပီတိလည်း ဖြစ်မိပါတယ်။ သို့သော် ဒီနေ့ခေတ်လို အချိန်မျိုးမှာ ဒီလိုကစားကွက်၊ ဒီလိုကျွမ်းကျင်မှု၊ ဒီလိုအားထုတ်မှုမျိုးနဲ့တော့ အာရှအဆင့်ကို လှမ်းမကြည့်ပါနဲ့ အရှေ့တောင်အာရှမှာတောင် ဗိုလ်မစွဲနိုင်သေးဘူးလို့ ကျွန်တော်က အကြံပြုဝေဖန်လိုပါတယ်။ ပြိုင်ရင် နိုင်ချင်ပေမယ့် နိုင်ဖို့ အတွက် ပြုပြင်ပြောင်းလဲရမှာတွေ၊ လေ့ကျင့်ရမှာတွေ အများကြီး ရှိသေးကြောင်း ထောက်ပြလိုက် ရပါတယ်။ မြန်မာအသင်း ဆက်လက်အောင်မြင်နိုင်ပါစေ။

(ခ)
ဘိန်းရာဇာ နော်ခမ်း




နော်ခမ်း ဘာကောင်လဲဆိုတာ ကျွန်တော်အရင်က သိသမျှက အနည်းအကျဉ်းရယ်ပါ။ ဘိန်းကုန်ကူးတယ်၊ မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောတွေကို ဖမ်းပြီး ပါလာတဲ့ တရုတ်သင်္ဘောသားတွေကို သတ်ပစ်တယ်။ ဒီလောက်ပါပဲ။ ပြောရရင်တော့ အရေးတယူလုပ်ပြီး သူ့အကြောင်း ဖတ်ထား၊ မှတ်ထားတာ မရှိပါဘူး။ သိလည်း မသိခဲ့ပါဘူး။ ထို့အတူပဲ မတ်လ ၁ ရက်နေ့က တရုတ်နိုင်ငံမှာ သေဒဏ်ပေးပြီး ဆေးထိုး စီရင်လိုက်တဲ့အထိလည်း မြန်မာနိုင်ငံက ဘယ်ပုဂ္ဂိုလ်ကမျှ အရေးတယူ ရေးသားဖော်ပြတာ မတွေ့ရပါဘူး။ သို့သော်... သို့သော်... နော်ခမ်းကို ဆေးထိုးကွပ်မျက်လိုက်တဲ့ သတင်းလည်းတက်လာရော အင်တာနက် တစ်ခွင် ဟိုးလေးတကြော် ဖြစ်ပွားပါလေရောလားခင်ဗျ။ နေ့ချင်းညချင်းပဲ နော်ခမ်းဟာ သူရဲကောင်းဖြစ်သွားတယ်။ အတော်အံ့သြဖို့ ကောင်းတယ်ဗျာ။ ဘယ်လို အသိဉာဏ်တွေနဲ့များ အဲဒီလိုတွေ ရေးကြသားကြ၊ ပြောကြဆိုကြသလဲ ဆိုတာကိုဖြင့် ကျွန်တော်ကိုဉာဏ် တွေးပင်မတွေး တတ်တော့ပါ။ မဲခေါင်မြစ်ထဲမှာ တရုတ်နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ကျွန်တော်တွေက ရှက်တောင်ရှက်ရမယ့် ကိစ္စတစ်ခုကို ဘာဖြစ်လို့များ နော်ခမ်းမှ နော်ခမ်း ဖြစ်နေရသလဲဆိုတာ ကျွန်တော် မတွေးတတ်ဘူး။ အဲဒီလို ရေးနေ၊ ပြောနေတဲ့လူတွေကို ကျွန်တော်က တစ်ခုလောက်ပဲ မေးချင်တယ်။ တကယ်လို့များ နော်ခမ်းကို မကွပ်မျက်ဘဲနဲ့ ပြန်လွှတ်ပေးပြီး အဲဒီပြောတဲ့လူတွေအိမ်မှာ ပို့ထားမယ်ဆိုရင် လက်ခံမလား ဆိုတာပါ။ လူသတ်၊ ဓားပြတိုက်၊ ဘိန်းကုန်ကူး လုပ်နေတဲ့ အပေအတေတစ်ယောက်ကို တလေးတစား၊ တမြတ်တနိုး လုပ်နေတဲ့လူတွေကို ကျွန်တော် ဘယ်လိုပြောရမလဲဆိုတာ စကားလုံး စဉ်းစားလို့မရဘူး။ ကျွန်တော်စဉ်းစားမိသမျှက မလုံလောက်လို့ပါ။ အင်း... ကျွန်တော်တို့နိုင်ငံထဲမှာ အစိုးရဘာလုပ်လုပ် ကန့်လန့်တိုက်မယ် ဆိုတဲ့လူတွေနဲ့ တရုတ်ဆိုတာ တစ်စက်ကလေးမျှ ကောင်း တဲ့သောက်ကျင့်မရှိတဲ့ နိုင်ငံအဖြစ် မှိုင်းမိနေတဲ့လူတွေ အတော်များပါလားဆိုတာကို ကျွန်တော်တွေး မိတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တချို့အကြောင်းအရာတွေကို နိုင်ငံတကာက ပညာရှင်တွေ မသိ ပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။ ဥပမာ... မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သူငယ်နာ မစင်တဲ့သူ အများဆုံးရှိတဲ့ နိုင်ငံဆိုတာမျိုးပေါ့။ မူးယစ်ဆေးဝါးဆိုတာ နိုင်ငံတစ်ခု၊ လူမျိုးတစ်ခုတည်းရဲ့ ရန်သူ မဟုတ်ပါဘူး၊ အန္တရာယ်မဟုတ်ပါဘူး။ လူသားမျိုးနွယ် တစ်ရပ်လုံးရဲ့ ရန်သူဖြစ်ပါတယ်။ ဒါက ပထမအချက်။ ဒုတိယအချက်ပြောပါ့မယ်... တရုတ်နိုင်ငံသားတစ်ယောက်က မြန်မာပြည်ထဲမှာ လာပြီး သေနတ်တစ်လက်နဲ့ မြန်မာ ၁၀ ယောက်လောက်ကို သတ်လိုက်တယ်ဆိုပါစို့။ မြန်မာအစိုးရက အဲဒီတရုတ်ကို ဖမ်းမယ်၊ တရားစွဲမယ်၊ ပြစ်ဒဏ်စီရင်မယ် စသည်ဖြင့် သူ့လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ပါလိမ့်မယ်။ အဲ... တရုတ်အစိုးရက သူ့နိုင်ငံသားကို သူတို့ဆီမှာ တရားစီရင်ပါ့မယ်၊ အပြစ်ပေးပါ့မယ်... သူတို့ဆီ ပြန်လွှဲပေးပါလို့ တောင်းဆိုတယ်ဆိုကြပါစို့ရဲ့။ မြန်မာအစိုးရကလည်း လွှဲပေးလိုက်တယ်ပဲ ထားလိုက်ပါတော့။ ကျွန်တော်တို့ နိုင်ငံတွင်းမှာ ဘယ်လိုဆက်ဖြစ်လာမယ်လို့ စာဖတ်သူ ထင်ပါသလဲ။ ဒါတောင် အဲဒီတရုတ်ဟာ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘူး၊ သူ့မှာ လက်အောက်ဂိုဏ်းသားတွေ၊ တပည့်တွေ မရှိဘူးနော်၊ တစ်ယောက်တည်းပဲ သူ့ဟာသူ သေနတ်နဲ့ လိုက်ပစ်တာ။ အင်တာပိုလ်ကလည်း ဆုငွေထုတ်ထားတဲ့ စာရင်းဝင်လူဆိုးလည်း မဟုတ်ဘူး။ စာဖတ်သူတို့ ဉာဏ်ရှေ့ပန်း၍ စဉ်းစားကြပါကုန်။ ကျွန်တော်ကတော့ဖြင့် ရှေးမင်းသမီးကြီးတစ်ယောက်ရဲ့ မြန်မာကျော်လေသံလေးဖြင့် ဒီလို ပြောလိုက် ချင်ပါသည်။ "မပြောချင်ဘူး..... ပြောကို..... မပြောချင်ဘူး......" :D
(ဂ)
NLD ကွဲကြပြဲကြပြီလား


ပါတီတွင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ညီလာခံကိုယ်စားလှယ် ၄ ဦးကို ထုတ်ပယ်လိုက်တဲ့ သတင်းကလည်း အခုတလော Hot အဖြစ်ဆုံး သတင်းတစ်ခု ဖြစ်နေပါတယ်။ NLD မှ မဟုတ်ပါဘူး။ အဖွဲ့အစည်း၊ အသင်းအပင်းဆိုတာ ရှိနေသရွေ့ ဒီလိုကိစ္စမျိုးတွေဆိုတာ ရှောင်လွှဲလို့ မရပါဘူး။ ပြည်ခိုင်ဖြိုးလည်း ကြုံမှာပဲ၊ NDF လည်း ကြုံမှာပဲ၊ တစည လည်းကြုံမှာပဲ။ ဘာမှထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အခုဖြစ်နေတာက ပါတီတွင်းကိစ္စက အဲဒီလောက် မဟုတ်ဘူး။ ဘေးကလူတွေက ပိုပြီး အဖြစ်သည်းနေကြတာပါ။ မီဒီယာအချို့က အဆ ၁၀၀၀ လောက်ချဲ့ထားတဲ့ မှန်ဘီလူးနဲ့ ကြည့်တယ်၊ ရေးတယ်၊ ဘေးတီးတဲ့လူတွေက ပြိုကွဲတော့မယောင်ယောင် လေသံဟတယ်။ အတော်တော့ ရယ်စရာကောင်းတဲ့ လုပ်ရပ်ကြီးပါ။ ထူးခြားတာတစ်ခုက အခုသတင်းနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ က သော်လည်းကောင်း၊ အခြားသော ပါတီတွေကသော်လည်းကောင်း ဝေဖန်ပြောဆိုတာ မတွေ့ရတာပါပဲ။ အခုဟာက သူတို့ပါတီတွင်း အချင်းချင်း၊ ပါတီဝင် အချင်းချင်း၊ ပါတီကို ထောက်ခံသူ အချင်းချင်း ဆော်ပလော်တီးနေကြတာပါ။ မီဒီယာအများစုက နှာစေးနေကြတာကိုလည်း တွေ့ရပါတယ်။ အခုလို အဖြစ်အပျက်မျိုးသာ ပြည်ခိုင်ဖြိုးတို့၊ တစညတို့၊ NDF တို့မှာ ဖြစ်လိုက်လို့ကတော့ ဘယ်ပြောကောင်းမလဲ ပွဲလှလိုက်မယ့်ဖြစ်ခြင်း....။ ဒေါ်စုကြောင့် ပါတီကို ထောက်ခံတဲ့လူတွေ ရှိနေ တာဆိုတဲ့ အမှန်တရားကို လက်မခံသေးသရွေ့ ဒီလိုပြဿနာတွေ ဖြစ်နေဦးမှာပဲ။ တစ်ဦး တစ်ယောက်တည်းအပေါ်မှာ မှီခိုရတဲ့ အဖွဲ့အစည်းဆိုတာ အချိန်မရွေး ပြိုလဲသွားနိုင်တယ် ဆိုတာ ဘောလုံးပွဲ အနည်းအကျဉ်း ကြည့်ဖူးရင်တောင် သိနိုင်လောက်တဲ့ အတွေးအခေါ်ပါဗျာ။ ကဲပါဗျာ... တော်တော်ကြာ ကျွန်တော်ကိုဉာဏ်က NLD အခုလို ဖြစ်တာကို ၀မ်းသာနေ သလို ဖြစ်နေပါဦးမယ်။ အခုကိစ္စပြီးသွားလည်း နောက်ထပ်တစ်ခုပြီးတစ်ခု ထပ်ဖြစ်နေဦးမယ်ဆိုတာ ကျွန်တော်က ကြိုတင်ဟောလိုက်ချင်ပါရဲ့။ အသင်းအဖွဲ့ဆိုတာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖွဲ့စည်းပါမှ၊ ရပ်တည်ပါမှ၊ ဆုံးဖြတ်ပါမှ၊ လုပ်ကိုင်ဆောင်ရွက်ပါမှ ရေရှည်တည်တံ့တယ်၊ အောင်မြင်တယ်ဆိုတာကို ကျွန်တော်ကိုဉာဏ်က လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက သိတယ်ဗျ။ မသိသေးတဲ့လူတွေကိုတော့ သနားရုံမှတစ်ပါး အခြားမပြောလိုပါ။ လူရွှင်တော် ပန်းသီးပြောတဲ့ ဟာသလေးကို ချက်ချင်း သတိရမိတယ်။ ဒေါ်စုဟာ အမြှောက်တပ်နဲ့ နေတာတဲ့။ အခြားမမှတ်လိုက်ပါနဲ့။ ဒေါ်စုဘာလုပ်လုပ်၊ ဘာပြောပြော သိပ်ကောင်း၊ သောက်ရမ်းကောင်း၊ သိပ်မှန်၊ သောက်ရမ်းမှန်၊ သိပ် သင့်လျော်၊ သောက်ရမ်းသင့်လျော်၊ သိပ်အဖိုးတန်၊ သောက်ရမ်းအဖိုးတန် ဆိုပြီး မြှောက်ပေးနေတဲ့ လူတွေက တပ်တစ်ခုစာလောက် ရှိနေလို့ အမြှောက်တပ်နဲ့ နေတာလို့ ပြောတာပါတဲ့။ ကျွန်တော် ကိုဉာဏ်က ထပ်ဖြည့်ပြီး ပြောလိုက်ချင်သေးတယ်... ဒေါ်စုဘေးမှာ အမြှောက်တပ်တင် မဟုတ်ဘူး၊ ဒေါ်စုဘေးမှာ ပါးပြောင်တဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ ကြံစုပ်တဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ ဆန်တောင်းတဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ ဆယ်အိမ်ခေါင်းကို ဟိုဟာထင်တဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ မယ်ဘော်တပ်လည်း ရှိသေးတယ်၊ စသည် စသည်ဖြင့်ပေါ့ဗျာ။ ၂၀၁၄ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံကနေ နေတိုးဦးဆောင်တဲ့ တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာတော့မှာ ဖြစ်ပါတယ်။ အာဖဂန်အတွက် တကယ့်အလှည့်အပြောင်း တစ်ရပ် ဖြစ်ပါတယ်။ Post-2014 Afghanistan ဟာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော့်အတွက်ကတော့ Post-Daw Aung San Su Kyi NLD က ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းကြောင်းပါခင်ဗျား။

(ဃ)
ပြန်ကြားရေး၊ အလဲဗင်းနှင့် စာနယ်ဇင်းများ




ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့လည်း အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်နားမလည်နိုင်တာက သူများနိုင်ငံတွေမှာ ဥပဒေတွေကို ဘယ်လိုများ ပြဋ္ဌာန်းရေးဆွဲနေကြသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ ကျွန်တော်အများကြီး လေ့လာဖို့ လိုဦးမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော်က အခြားနိုင်ငံတွေမှာလည်း ဥပဒေဆိုတာ လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းတာလို့ ထင်ထားတာဗျ။ အခုတော့ ကျွန်တော့် အထင်တွေကို ပြောင်းရတော့မယ်ထင်တယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေဆိုရင် စီးပွားရေးလုပ်ငန်း ရှင်ကြီးတွေက ရေးဆွဲမယ်၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေဆိုရင် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့၊ မိခင်များအဖွဲ့ချုပ်တို့၊ အမျိုးသမီးရေးရာတို့ က ရေးဆွဲမယ်၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဥပဒေဆိုရင် ဆေးလိပ်မသောက်တဲ့လူတွေ၊ ဒါမှမဟုတ် ဆေး လိပ်သောက်တဲ့လူတွေက ရေးဆွဲမယ်၊ သယ်ယူပို့ဆောင်ရေး ဥပဒေဆိုရင် ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ စပယ်ယာတွေက ရေးဆွဲမယ်၊ အလုပ်သမားဥပဒေဆိုရင် စက်ရုံအလုပ်ရုံအသီးသီးက အလုပ်သမားတွေက ရေးဆွဲရမယ်၊ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီလိုများ ဖြစ်မလားမသိဘူးဗျာ။ သိတဲ့လူတွေများ ရှိရင် ကျွန်တော့်ကို ပြောပြကြပါဦး၊ ဖတ်ရမယ့်စာအုပ်တွေ ညွှန်ကြပါဦး။ လွှတ်တော်က ကော်မတီတွေဖွဲ့ ထားတာ ဘာလုပ်ဖို့လဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ထားတာ ဘာလုပ်ဖို့လဲ။ တောက်... ပြော ရင်းနဲ့ စိတ်တိုလာတယ်။ သိပ်တော့ မဟုတ်သေးပါဘူးဗျာ... ဘယ်နှယ့်ဗျာ ရေးဆွဲထားတဲ့ ဥပဒေကဖြင့် လွှတ်တော်မှာတောင် မဆွေးနွေးရသေးဘူး၊ အတည်မပြုရသေးဘူး၊ အပြင်မှာ ဖြစ်နေလိုက်ကြတာ တကယ့်ကို အမဲသားတုံးကို ကျီးကန်းအုံနေသလိုပါပဲ။ မြန်မာပြည်မှာက ကလောင်တစ်ချောင်းကိုင်ထားရင်၊ ဂျာနယ်တစ်စောင်လောက် ထုတ်ဝေနေရင်၊ သတင်းထောက်ဆိုတဲ့ ကတ်လေးတစ်ခုများ ရှိထားရင် သူတို့ကိုယ်သူတို့ မသိတာမရှိ၊ မတတ်တာမရှိ၊ နားမလည်တာမရှိ၊ အားလုံးသိတဲ့ အနှိုင်းမဲ့ကြီးတွေလို့ ထင်နေကြတော့တာကိုး။ အလဲဗင်းဆိုတဲ့ မီဒီယာ နည်းနည်းမဟုတ်တော့ဘူး အတော်ကြီးတော့ လွန်လာပြီလို့ ထင်တာပဲ။ ဆူးလှည်းဖြစ်မှန်းမသိ ဖြစ်လာနေတာကို မြင်နေရတယ်။ ဒီပုံအတိုင်းဆို အနာဂတ်အလားအလာ သိပ်မကောင်းနိုင်ဘူး။ ခက်တာက သူတို့က သူတို့ကိုယ်သူတို့ နံပါတ်ဝမ်းလို့ အတင်းခံယူထားပေမယ့် မီဒီယာလောကအတွင်းမှာကျတော့ သူ့ကို ဘယ်သူကမှ အဖက်မလုပ်တာ အတော်ဆိုးတယ်။ သူကလည်း သူကလွဲရင် အခြားမီဒီယာတွေဟာ တတ်လို့လုပ်တာမဟုတ်၊ ငတ်လို့လုပ်တာဆိုတဲ့အပေါက်မျိုး သိပ်ပြောတတ်၊ ရေးတတ်တာကိုး။ အခုလည်းကြည့်ဦး ဘာတဲ့... သူတို့ရုံးမှာ လွှတ်တော်ကို တင်သွင်းခဲ့တဲ့ ပုံနှိပ်ထုတ်ဝေရေးဥပဒေကို ကန့်ကွက်တဲ့အကြောင်း ဗီနိုင်းချိန်ဆွဲထားသတဲ့။ အေးလေ... သူ့ဆန္ဒကိုယ်သူ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိတာပဲ... လုပ်ပေစေပေါ့။ ဒါပေမယ့် သူတို့ဗီနိုင်းချိတ်ထားတာကို ဘယ်သူကမှလည်း ဂရုမစိုက်၊ ဘယ်သူကမှလည်း အလေးထားပြီး သတင်းမရေးတော့ သူတို့ထုတ်တဲ့ ဂျာနယ်မှာ သူတို့ဘာသာသူတို့ သတင်းပြန်ရေးတယ်၊ မကောင်းဘူးလား။ ထားပါ.. သူများမရေးလို့ သူတို့ဘာသာ ရေးတာပဲ။ အဲဒါကို သတင်းလို့ သတ်မှတ်လို့ ရေးတယ်လို့ပဲ ထားလိုက်ပါတော့။ ဒါက အစိုးရ၀န်ကြီးဌာနတစ်ခုကို တရားဝင် ကန့်ကွက်တာနော်။ လူမြင်သူမြင် ဗီနိုင်းချိတ်တယ်၊ ထပ်ပြီးတော့ ကျယ်ပြန့်စေချင်တဲ့အတွက် သူတို့ဂျာနယ်မှာ သတင်းထည့်ရေးတယ်၊ အဲ.... ဘာမဟုတ်တဲ့ အွန်လိုင်းပေါ်က သူတို့ စာမျက်နှာမှာကတော့ အလဲဗင်းကို မကောင်းကြောင်းများပြောရင် အဲဒီကွန်းမန့်ကို ဖျက်ပစ်ရတာ နဲ့၊ ရေးတဲ့လူကို ဘန်းရတာနဲ့၊ အတော်လည်း ဟုတ်တဲ့လူတွေဗျာ။ ငါကသာ သူများကို လက်ညှိုးထိုးမယ်၊ ငါ့ကိုတော့ မျက်လုံးနဲ့တောင် စိုက်မကြည့်နဲ့ဆိုတဲ့ မီဒီယာလို့ပဲ ကျွန်တော်က သတ်မှတ်လိုက်ပါတယ်ဗျာ။ (တချို့တွေ ပြောကြသလို အလဲဗင်းဟာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ရတဲ့အထဲမှာ မပါသေးတဲ့အတွက် အရှိုက်ထိပြီး အခုလို လုပ်မိလုပ်ရာ လျှောက်လုပ်တာ ဟုတ်၊ မဟုတ် ဆိုတာကတော့ ကျွန်တော် ကိုဉာဏ် သေချာမသိတဲ့အတွက် ဒီနေရာမှာ ဘာမျှမပြောလိုပါဘူး) ကဲ... ကဲ.... သိပ်လည်း သည်းမနေ ကြပါနဲ့ မီဒီယာတို့ရယ်... ဥပဒေကြမ်းက အခုမှ ပြည်သူ့လွှတ်တော်ကို တင်ထားတုန်း ရှိပါသေးတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြဦးမှာပါ၊ သက်ဆိုင်တဲ့ ရေးရာကော်မတီကလည်း သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ၊ အကြံဉာဏ်ယူတာတွေ လုပ်ကြဦးမှာပါ။ ဥပဒေဆိုတဲ့ စကားကိုကြားတိုင်း တီကို ဆားနဲ့တို့ သလို ဖြစ်နေတာကတော့ သိပ်ပြီး မနိပ်လှဘူး ထင်ပါတယ်ဗျာ။ ကိုယ်တိုင်ဥပဒေပြဋ္ဌာန်းချင်ရင် စာနယ်ဇင်း ပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲသာ ၀င်ထိုင်ကြပါတော့လို့ ကျွန်တော်က အကြံပြုချင် ပါတယ်။ နောက်တစ်ခု ကျွန်တော်ကိုဉာဏ် ကတိပေးချင်တာက လွှတ်တော်တွေက ပြဋ္ဌာန်းတဲ့ ဥပဒေတွေ ဟာ မဖြစ်သင့်လောက်အောင် ဖိနှိပ်ထားတာ၊ နှိပ်ကွပ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ကန့်သတ်ထားတာတွေ ပါနေတယ်ဆိုရင် ကျွန်တော်ကလည်း တတ်နိုင်တဲ့ဘက်က ခင်ဗျားတို့နဲ့အတူ လွှတ်တော်ကို ဝေဖန်မယ် ဆိုတာပါပဲ။ အခုဟာက ဥပဒေကြမ်းပဲ ရှိပါသေးတယ်ဗျာ။ အရက်ပုလင်းကိုမြင်ရုံနဲ့ မူးသွားတယ်ဆို ရင်တော့ သေချာတယ်... အဲဒီပုလင်းကြောင့် မဟုတ်ဘူး၊ ခင်ဗျားတို့ဘာသာ ပုလင်းကို မမြင်ခင် ကတည်းက သောက်ထားခဲ့ကြလို့ပါ။ စေ့စေ့တွေးရင် ရေးရေးပေါ်ပါတယ်ဗျာ။ :D

(င)
သမ္မတကြီးကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပြည်ပရောက် မိကောင်းဖခင်သားသမီးများ




အားလုံးသိပြီးသားမို့ အထွေအထူး ရေမနှူးတော့ပါဘူး။ သမ္မတကြီးရဲ့ ဥရောပခရီးစဉ်တွေကို ကျွန်တော်တို့ အားလုံး ဖတ်ခဲ့၊ ကြားခဲ့၊ မြင်ခဲ့ရပြီး ဖြစ်ပါသည်။ နိုင်ငံအတွက် ဆောင်ရွက်ရန်ရှိသည်များကို အားကြိုး မာန်တက် ဆောင်ရွက်နေသည်ကို ရုပ်သံမှတ်တမ်းများအရလည်း သိရပါသည်၊ ထုတ်ပြန်ချက်များ အရလည်း သိရပါသည်။ ရလဒ်များအရလည်း သိရပါသည်။ နိုင်ငံတိုးတက်စေရန်ဟူသည့် ရည်မှန်းချက် တစ်ခုတည်းဖြင့် သွားရောက်၊ တွေ့ဆုံ၊ ဆွေးနွေး၊ အကူအညီတောင်း လုပ်ခဲ့သည်ကို အမှန်အတိုင်း လက်ခံရမည်သာ ဖြစ်ပါသည်။ လက်မခံလျှင်လည်း အတင်းအဓမ္မမပြောလိုပါ။ ဒီအတိုင်းနေရုံ သာ ဖြစ်ပါ သည်။ သို့သော် တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့သူကို အကောင်းလည်းမပြော၊ ချီးကျူးခြင်းလည်း မပြုဘဲ ကန့်လန့်တိုက်နေသူများကိုတော့ အံ့သြမိတာ အမှန်ပင်။ ထားပါလေ... ဒါကလည်း ကိုယ့်အယူအဆနဲ့ကိုယ်ပဲ၊ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ သို့သော် ကွဲလွဲသည့်နေရာတွင် ကွဲလွဲလိုခြင်း က အဓိကလား၊ ရိုင်းစိုင်းလိုခြင်းက အဓိကလားဆိုသည်ကို ကျွန်တော် သံသယဖြစ်မိပါသည်။ ဆေးဆိုလျှင် ခါးမှကောင်းတာဟု အခုထိ အသိစွဲနေသေးလျှင်ဖြင့် ကျွန်တော်မပြောလိုပါ။ ကိုယ်သဘောမကျတဲ့လူကို ကန့်ကွက်တာ၊ ဆန္ဒပြတာဟာ အရိုင်းစိုင်းဆုံး စကားလုံးတွေ သုံးဖို့လိုပါသလားဟု ကျွန်တော် က မေးခွန်းထုတ်ချင်ပါသည်။ အလကားနေရင်း မွေးထားတဲ့ မိဘများကို မျက်နှာပူစရာ ကြီး ဖြစ်ပါသည်။ ပြောတောဖြင့် မြန်မာပြည်လိုမဟုတ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ပနိုင်ငံတွေမှာ နေထိုင်ကြတာတဲ့၊ လုပ်တဲ့လုပ်ရပ်၊ ထွက်တဲ့စကား၊ ရေးတဲ့စာတွေက တစ်စက်ကလေးမျှ အဆင့်အတန်းမရှိ၊ မယဉ်ကျေး။ သူတို့အစား ကျွန်တော့်မှာ ရှက်လိုက်သည်က မပြောပါနှင့်တော့။ အဲဒါ ဒီနိုင်ငံကို ရောက်နေ တဲ့ မြန်မာတွေလေဟူသော အကြည့်၊ စကားတွေကို ဘယ်လိုများ ခံစားရမလဲ။ အင်း... အိုင်တီခေတ်၊ အိုင်တီခေတ်နဲ့ ဘယ်လောက်တောင် တိုးတက်နေသလဲဆိုတာ အခုမှပဲ ကျွန်တော်သိတော့ တယ်။ မြစ်တစ်ဖက်ကမ်းက မီးပုံကို ဒီဘက်ကမ်းကနေ ယပ်ခတ်နေတာကတော့ သိပ်ကိုတိုးတက် လွန်းတယ်လို့ ထင်တာပါပဲ။ သမ္မတကြီးကို ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ ပြည်ပရောက် မိကောင်းဖခင် သား သမီးလေးတွေကို မှတ်တမ်းတင် ထားလိုက်ပါတယ်ဗျာ။

အမှတ်တရ

ကိုဉာဏ် (ပန်းလောင်မြေ)

Credit : Here

ဒီမိုကရေစီရှိ “ပြည်သူလူထု” (“The People” in a Democracy)

ဒီမိုကရေစီအယူအဆအရ ပြည်သူလူထုက အုပ်စိုးမှု ပြုသည် (rule by the people)ဟု ဆိုကြရာ ၌ ပြည်သူလူထု(the People) ဆိုသည်မှာ မည်သူနည်းဟု မေးစရာ ရှိလာပါသည်။ ဒီမိုကရေစီစနစ်သည် သတ်မှတ်ထားသည့် နယ်နမိတ်တစ်ခုအတွင်း တစ်ဦးတစ်ယောက်ချင်းဖြင့် ပေါင်းစုထားသည့် လူအစု အဝေးက (a group of individuals in a defined territory) အစိုးရကို ဖွဲ့စည်း တည်ထောင်ခြင်း ဖြစ်သည်။ သို့သော် မည်သို့သော တစ်ဦးတစ်ယောက်ချင်း သောသူများ (individuals) ကိုဆိုလိုပါသနည်း။ ယင်းမှာ အလွန်အရေးကြီးသည့် မေးခွန်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် “ပြည်သူလူထု” ဆိုသည့် စကားရပ် ကို ဖွင့်ဆိုရှင်းလင်းမှု မပြုနိုင်သေးသရွေ့ တရားနည်းလမ်းကျသည့် ဒီမိုကရေစီ (legitimate democracy) ကို ဖော်ဆောင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

“ပြည်သူလူထု” ဆိုသည်မှာ တစ်စုတစ်ဝေးတည်း ( a single whole) အဖြစ်ဖြင့် ပေါင်းစည်းရန် လက်ခံထားကြသည့် တစ်ဦးတစ်ယောက် ချင်းလူသားများနှင့် လူအုပ်စုများပင်ဖြစ်သည်။ ၄င်းတို့သည် ၄င်းတို့ကိုယ်တိုင် အတူတကွ ဖန်တီး၍ ကိုင်စွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖြစ်ပေါ် လာသည့် နိုင်ငံတော်၌ အတူနေထိုင်ရန်ရည်ရွယ်ထား သူများ ဖြစ်ကြ သည့်အတွက် “နိုင်ငံရေးအရ စုစည်းထားသည့် လူထု” (politically united people) သို့မဟုတ် “နိုင်ငံရေး သဘောဆောင်သော လူထု” (political people) ပင်ဖြစ်သည်။ ဤတွင် ဖိနှိပ်ချုပ်ခြယ်သော နိုင်ငံတော်တစ်ခု မဟုတ်ဘဲ တရားနည်းလမ်း ကျသည့် နိုင်ငံတော်တစ်ခု ပေါ်ပေါက်လာဖို့ရန်မှာ (to be legitimate and not an agent of oppression) ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်၏ အောက်တွင် နေထိုင်ကြသူတို့၏ လွတ်လပ်သော အများညီဆန္ဒ သဘောထား (free consent) မှာ အလွန်အရေးကြီးသည်ကို နားလည်ထားရန်လိုပါသည်။ တစ်ဦးတစ်ယောက်ချင်း လူသားများနှင့် လူအုပ်စုများ (individuals and groups) သည် တစ်ခုသော ပထ၀ီဒေသ၌ အတူတကွ နေထိုင်ကြရုံသက်သက်ဖြင့် “နိုင်ငံရေးသဘောဆောင်သော လူထု” (political people) ဖြစ်မလာပေ။ “နိုင်ငံရေးသဘော ဆောင်သော လူထု” ဖြစ်လာရန်မှာ ၄င်းတို့အနေဖြင့် တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံ တည်ထောင်ရန်အတွက် သာတူညီမျှမှု အခြေခံအားဖြင့် အပြန်အလှန်သဘောတူညီမှုထားရှိနိုင်ရန် (mutually consent) လိုအပ်ပေသည်။

ထိုသို့ “နိုင်ငံရေး သဘောဆောင်သော လူထု” (political people) အဖြစ် ပေါင်းစည်းကြနိုင်ရန်မှာ တစ်ခုသော နယ်ပယ်ဒေသအတွင်းနေထိုင်ကြသူတို့သည် အများဆိုင်ဘ၀ (common life) တစ်ခု ဖော်ဆောင်ရာ၌ လိုအပ်သည့် “အပြန်အလှန် လက်ခံ သဘောထားကြီးမှု” (mutual toleration)ကို အတူတကွ ကိုင်စွဲထားနိုင်ရန်လည်း လိုအပ်ပါသည်။

“တရားနည်းလမ်းကျသောဒီမိုကရေစီ” (democratic legitimacy) ကို ရရှိရန်အတွက် လူနည်းစုများသည် လူအများစုနှင့် အတူ တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ပါမည်ဟု လွတ်လပ်စွာ သတောတူညီ နိုင်ရန် (freely consent) လိုပါမည်။ အကယ်၍ လူအများစု မှ ပုဂ္ဂိုလ်များသည် လူအနည်းစုများ၏ ဆန္ဒမပါဘဲ အတင်းသွတ်သွင်း၍ (forcible inclusion) အများဆန္ဒဟူသည့် အခြေခံမူ (the principle of majority rule) ကို အကြောင်းပြကာ နိုင်ငံတော်တစ်ခု တည်ထောင်မှုပြုခြင်းသည် တရားနည်းလမ်းကျမှု မရှိပေ (not legitimate)။

တစ်ဦးတစ်ယောက်ချင်းလူသားများနှင့် အုပ်စုများအားလုံးအနေဖြင့် တစ်ခုတည်းသော နိုင်ငံတော်၌ ပါဝင်ကြမည်ဟု လက်ခံသဘောတူပြီးမှသာလျှင် တရားနည်းလမ်းတကျ အုပ်ချုပ်နိုင်မည်ဖြစ်ပြီး၊ တစ်သီးပုဂ္ဂလလူသားတို့၏ အခြေခံ အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းသွားနိုင်မည်ဖြစ် သည်။ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် တည်ထောင်ရန် သဘောတူကြသည့် “ပြည်သူလူထု” ဆိုသည်မှာ လူမျိုးစုအရ၊ ကိုးကွယ်မှု ဘာသာအရ၊ အမျိုးသားရေး သို့မဟုတ် လူမျိုးရေး သမိုင်းနောက်ခံအရ ကွဲပြားခြားနားမှုများ ရှိကောင်းရှိနိုင်ပါသည်။ဘုံ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု (a common constitution) ၏ အောက်တွင် လူမျိုးနှစ်မျိုး သို့မဟုတ် ထိုထက်ပိုသည့် လူမျိုးများမှ ပြည်သူများအနေဖြင့် တစ်ခုသော ဒီမိုကရေစီနိုင်ငံ တည်ထောင်သည်လည်းဖြစ်နိုင်ပါသည်။ ဤတွင် ထိုပြည်သူများသည် နိုင်ငံရေးအရ တစ်ခုတည်းသော သဘောဆောင်သည့် ပြည်သူများ(political people) ဖြစ်သွား သည့်တိုင် တိုင်းရင်းသား လူမျိုးစုများ အဖြစ်ဖြင့် ၄င်းတို့၏ ကိုယ်ပိုင်အမှတ်သရုပ်များ (identities) ကိုမူ ဆက်လက် ထိန်းသိမ်း နိုင်ခွင့်ရှိရမည်ဖြစ်သည်။ ၄င်းတို့သည် ၄င်းတို့၏ လူမျိုးစုဆိုင်ရာ ကိုယ်ပိုင် အမှတ်သရုပ်များကို သီးခြားထိန်းသိမ်းရင်း တစ်ဖက်တွင်လည်း “ဘုံ ပြည်သူ့စရိုက်လက္ခဏာ” (common civic identity)ကို လက်ခံကြရမည်ဖြစ်သည်။

ထို့ကြောင့် အများနှင့်အတူ ဒီမိုကရေစီနိုင်ငံတစ်ခု တည်ထောင်ရာတွင် တိုင်းရင်းသားလူမျိုးစုတိုသည် ၄င်းတို့၏ လူမျိုးစု ကိုယ်ပိုင် လက္ခဏာရပ်များကိုပင် ၄င်းတို့၏ ပြည်သူ့ဘ၀အဖြစ် ဆက်လက်ထိန်းသိမ်း သွားပြီး တစ်ချိန်တည်းတွင် “နိုင်ငံရေးသဘော ဆောင်သော ပြည်သူလူထုကြီး” (political People) ၏ အဖွဲ့ဝင်များအနေဖြင့် ဘုံပြည်သူ့ စရိုက်လက္ခဏာ (common civic identity) ကိုလည်း လက်ခံ ကျင့်သုံးသွားမည်ဖြစ်သည်။ ဥပမာပြရလျှင် ကိုယ်ပိုင်သီးခြား အမှတ်လက္ခဏာများရှိကြသည့် စကော့ တလန်၊ ဝေလ နှင့် အင်္ဂလန် ရှိ ပြည်သူများသည် နိုင်ငံရေး သဘောအရ ဗြိတိသျှပြည်သူလူထုကြီး၏ အစိတ်အပိုင်းများအဖြစ် တည်ရှိနေကြသည် ပုံစံဖြစ်သည်။ သို့သော်လည်း ဥပမာများစွာ၌ တွေ့ရတတ် သည်မှာ ဌာနေတိုင်းရင်းသားများ၊ အချို့သော လူနည်းစု အုပ်စုများ သည် ၄င်းတို့ အနေဖြင့် တကယ်တမ်းနှစ်ခြိုက်မှု မရှိပါဘဲနှင့် ပို၍ ကြီးမားသည့် နိုင်ငံရေး အသိုက်အ၀န်း (larger political community) အတွင်း ပါဝင်ပတ်နေကြရသည် ကိုပင်ဖြစ်သည်။

အခြားသော နိုင်ငံရေး အသိုက်အ၀န်းများနည်းတူပင် ဒီမိုကရေစီတွင်လည်း သူပြဿနာများနှင့်သူ ရှိပါသည်။ ယင်းပြဿနာများစွာအနက် အထက်တွင်တင်ပြခဲ့သည့် လူနည်းစု များအရေးကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့်ကိစ္စမှာ ဒီမိုကရေစီတွင် ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်ခဲဆုံး အကြပ်အတည်းပင် ဖြစ်ပါလိမ့်မည်။အမှန်အားဖြင့် ယနေ့ခေတ်သစ်လူ့အဖွဲ့အစည်းမှာ လူမှုရေး ပြိုကွဲမှု (social fragmentation) ၏ ဒဏ်ကို ခံစားနေရသည်ပင်ဖြစ်သည်။ တိုင်းရင်းသားလူနည်းစုများ နှင့် ဘာသာရေးအုပ်စုများမှာ လူအများစု၏ ဖိနှိပ်မှုကို ခံရသောကြောင့်လည်းကောင်း၊ ၄င်းတို့ လက်တွေ့ ရင်ဆိုင်နေရသည့် လူ့အဖွဲ့အစည်း၌ ၄င်းတို့နှင့် ဘုံတူညီမှုများကို ရှာဖွေမတွေ့ရသလောက် သာဖြစ်ခြင်းကြောင့် လည်းကောင်း နိုင်ငံရေးဘ၀အတွင်း၌ လူနည်းစုအဖြစ်ဖြင့် ပါဝင်ပတ်သက်ရန် ဆန္ဒကင်းမဲ့လာကြသည်ကိုတွေ့ရသည်။ ဤသို့ နိုင်ငံရေးသဘောဆောင်သော ပြည်သူလူထုဘ၀ ပြိုကွဲ လာခြင်း(the fragmentation of the political people) ဖြစ်သည့် လူနည်းစုများ၏ ယုံကြည်မှုကင်းမဲ့လာခြင်း၊ ကြီးမားသည့် လူ့အဖွဲ့စည်းထံမှ တဖြေးဖြေး ကင်းကွာလာခြင်း (alienation) တို့မှာ ကြီးမားလှသည့် အရေးကိစ္စတစ်ခုဖြစ်လာပါသည်။

ဤသို့သော အခြေအနေများ၏ ရလဒ်အဖြစ် မြင်သာထင်ရှားသည့် လူမှုရေးပြဿနာ များနှင့် တကွ နိုင်ငံရေးအစွန်းရောက်ဝါဒ၊ လူများစု သဘောမတွေ့သည့် အုပ်စုများကို ဘေးဖယ်ထုတ်ခြင်း၊ လူနည်းစုများ ချွတ်ခြုံကျလာခြင်း၊ ၄င်းနှင့်အတူ တပါတည်းပေါ်ပေါက်လာသည့် ရာဇ၀တ်မှုများ၊ အလွဲ သုံးစားပြုမှုများ၊ အကြမ်းဖက်မှုများ ခေါင်းထောင်ပေါ်ပေါက် လာနိုင်စရာရှိပါသည်။

Ref : Elements of Democracy by Richard Nuccio

Credit : Here

Facebook မှာတွေ့တဲ့ စကားလေးတွေကို မျှဝေလိုက်ပါတယ်


သတင်းထူးတွေ
************

NLD မွတ်ဒေါင်းပါတီ အကြီးအကျယ် သဘောထားကွဲ...
ဒေါ်စုကို ဥက္ကဌနေရာက ဖြုတ်ချလိုက်ပြီး ဗဟိုကော်မတီဝင်အဖြစ်ပဲ ရွေးလိုက်သတဲ့..
ဦးဝင်းတင်နဲ့ ဦးညဏ်ဝင်း ၀င်း-၀င်း ဂိုဏ်း မဟုတ်တော့ပဲ ၀င်း-၀င်း ကွဲ ဖြစ်နေပြီတဲ့......
ဦးဝင်းတင်ကတော့ နေရာလိုချင်တဲ့ CEC တွေကို ပြင်းပြင်းထန်ထန် လက်ညိုးငေါက်ငေါက် ထိုးပြီး ဝေဖန် သတဲ့...
ခွန်သာမြင့်က ကြားက ၀င်ထိန်းတော့ ခွန်သာမြင့်ကိုပါ ချဲ သတဲ့....
သတင်းထူးတွေ ...သတင်းထူးတွေ....
မွတ်ဒေါင်းပါတီ ချကုန်ကြပြီ....
သတင်းထူးတွေ.....

ဒီကနေ့ အကြိုက်ဆုံး စကား (ဟား ဟား ဟား)
******************************

မင်းတို့ ဖြုတ်လိုက်တဲ့သူတွေကြောင့် ပါတီပြိုကွဲမှာ မဟုတ်ဘူး...
အာဏာရှင် လုပ်နေတဲ့ မင်းတို့ကြောင့် ပါတီပြိုကွဲမှာ...
တကယ်တမ်း ဖြုတ်သင့်တာက မင်းတို့ကောင်တွေပဲ...
ငါကတော့ ပြတ်ပြတ်ပဲ...ဒီပါတီထဲမှာ နွားလိုရုန်းပြီး နေခဲ့တယ်...
နွားလို ငဒူပါဆိုပြီး ငါ့ကို လာပြီး မသတ်မှတ်နဲ့..
နွားလိုပဲ ရုန်းမယ်....နွားလိုတော့ မတုံးဘူးကွ...

ဦးဝင်းတင်

Credit : Here

လေလံဈေးကြောင့် ကားဈေးတက်သော်လည်း အရောင်းအဝယ် ဆက်ရှိနေ

ပြည်ပမှ မှာယူရသည့် လေလံဈေးနှုန်း အတက်ကြောင့် ပြည် တွင်း ကားဈေးနှုန်းများ အနည်း ငယ်မြင့်လာသော် လည်း ဈေးကွက်အတွင်း အရောင်းအဝယ် ဆက်ရှိနေကြောင်း ကားဝယ်ေ ရာင်း များက ဆိုသည်။

“လေလံဈေး မြင့်တဲ့အတွက် ကားဈေး မြင့်လာတာရယ်၊ ဟံသာ ဝတီ ကားပွဲစားတန်း အပြောင်း အရွှေ့ေ ကြာင့် မော်တော်ကား အရောင်းအဝယ် ဈေးကွက် အေးသွားမယ်ထင်ခဲ့တာ အရောင်း အဝယ် ဆက်ရှိနေ ပါ တယ်။ သီရိမင်္ဂလာဈေးရယ်၊ မင်းရဲကျော်စွာလမ်းနေရာရယ် နှစ်နေရာ ဖြစ်သွားတာကြောင့် ခါ တိုင်း ရောင်း ဝယ်မှု ထက် ၅၀ ရာခိုင်နှုန်းလောက်ပဲ အရောင်းအဝယ်ရှိနေပါတယ်” ဟု မော်တော်ကားရောင်း ဝယ်ရေး အသင်း-ဗဟို- ရန်ကုန်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းဦး က ပြောသည်။

ယခုအပတ်အတွင်း ကားဈေးကွက်တွင် ကားလေးများနှင့် အေအေတက္ကစီများ အရောင်းအဝယ် ဖြစ်သည်။

“မတ်လ ၇ ရက်နေ့မှာ အေ၇ာင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းတွေကတော့ တိုရိုတာပရိုဘောက် ကိုကျပ် ၁၃၅ သိန်း၊ တိုရိုတာ ဘစ်တာ-မော်ဒယ်လ် ၂၀၀၇ က ကျပ် ၁၄၅ သိန်း၊ မော်ဒယ်လ် ၂၀၀၉ က ကျပ်သိန်း ၁၆၀၊ ဟွန် တာ ဖစ် -မော်ဒယ်လ် ၂၀၀၇ ဆို ကျပ် ၁၃၅ သိန်း၊ မော်ဒယ်လ်-၂၀၀၉ ဆို ကျပ် ၁၅၅ သိန်းနဲ့ အရောင်း အဝယ် ရှိခဲ့ပါတယ်” ဟု ဝါရင့် ကားဝယ်ရောင်း ဦးသန်းဌေး က ဆိုသည်။

ဘီဘီ တက္ကစီ ပရိုဘောက် တစီးလျှင်ကျပ် ၁၁၅ သိန်းနှင့် အရောင်းအဝယ် ရှိခဲ့သည်။

အလားတူ စလစ် အရောင်းအဝယ်ဈေးကွက်တွင်လည်း ရိုးရိုးစလစ် တစောင်လျှင် ကျပ် ၈၆ သိန်း၊ အခွန်ေ ဆာင်ပြီး စလစ် တစောင်လျှင် ကျပ် ၉၂ သိန်း ပေါက်ဈေးရှိလာသည်။ ယင်းအပြင် 'လ' အက္ခရာများမှာ အအပ်လက်ခံပြီ ဖြစ်၍ ကျပ် ၈၇ သိန်းအထိ ဈေးခေါ်နေကြောင်း သိရသည်။

Credit : Here

စိတ်ပျက်ဖွယ် တစ်ခေတ် ထွင်နေကြသူများ


အင်တာနက်မှာ မဟုတ်တရုတ် အပုတ်ချတဲ့ အာဘော်ကြီးတွေနဲ့  ပြက်လုံးတွေစီပြီး မက်လုံးတွေ ဝေနေတဲ့ အချောင်သမားတို့ခေတ်.။ ။

မကြားဖူး၊ မမြင်ဖူး၊ မတွေ့ဖူးတဲ့ အကြောင်းအရာ ကိစ္စတွေကို ပုံကြီးချဲ့ အပြစ်ပြော စောက်တင်း ထုတဲ့ ဒေါ်ဂွက်ေ ထှာ်တို့ ခေတ်..............။ ။

ငြိမ်းချမ်းရေး နှင့် လွတ်လပ်ခြင်း မျှော်ရည်လို့ ခရီးရှည်ချီတက်မူဆိုတဲ့ ခေါင်စဉ်ကြီးကြီးတပ်ပြီး အဓိပ္ပါယ်မဲ့ အရူးေ တွ လမ်းထလျှောက်တဲ့ ခေတ်..........................................................................။ ။

လေထဲမှာ ပါတီကြီးကြီး ထောင်ပြီး ခပ်တည်တည်နဲ့ ဆရာကြီးလုပ် ဟောက် စား ညာစား လိမ်စား ရောင်းစား တောင်းစားတဲ့ သူတောင်းစားတွေ လူစွာလုပ် တဲ့ခေတ်.......... ...................... ..........................။ ။

ဦးနှောက် ခပ်ပါးပါး....အရေပြား ခပ်ထူထူ....ကလေးအတွေးမကျော် အမူအရာ ခပ်များများနဲ့  အခန့်သား ထိုင်နေပြီး အစိုးရကိုမကောင်းဘူးပဲ အော်နေတဲ့လူတွေ ဖင်ခေါင်း ကျယ်တဲ့ခောတ်..........................။ ။

ရန်သူကို ရန်သူဖြစ်အောင် ၊ မိတ်ဆွေကို ရန်သူဖြစ်အောင်လုပ်နေပြီး ဘာမှမစဉ်းစား တိုင်းပြည်ဖျက်မည့် The Voice ၊ Eleven တို့လို မီဒီယာတွေ အာကျယ်ချင်နေတဲ့ ခေတ် ......................... .........။ ။

အမှားကို ထောက်ပြပြီး အမှန်ကိုရင်ဆိုင်ဖို့အတွက် ဒေါ်လာကိုမက်နေတဲ့ ဒေါ်လာစား တို့ခေတ်............။ ။

တိုင်းပြည်အကျိုးထက် ဒေါ်လာတစ်ရွက်ကို တန်ဖိုးထားခုံမင်ရင်း လောဘစောတက်နေတဲ့ အတ္တသမား တို့ခေတ်............ ..........။ ။

အစိုးရက လုပ်ပေးကိုင်ပေးနေတာတွေကို မယူတတ် မခံစားတတ်နဲ့  သူများယောင်လို့ လိုက်ယောင်တဲ့ ဘုမ သိ ဘမသိတို့ခေတ်.......။ ။

ဟိုလူတရားစွဲမယ် ဒီလူတရားစွဲမယ် နဲ့ နောက်ဆုံး ဘယ်လေက်ဆိုးလဲ ဆိုရင် ဒီလောက်လုပ်ပေးနေတဲ့ အဖေသမ္မတကိုတောင် တရားစွဲမယ်ဆိုတဲ့ အဇာတသတ်တို့ ခေတ်..... .......... ............ .......................။ ။

ဒီမိုကရေစီဖော်ဆောင်ရာမှာ ကိုယ်တိုင်ပါဝင် လုပ်ဆောင်နေရမယ် ဆိုတာကို မသိပဲ သမ္မတနှင့် နိုင်ငံဝန်ထမ်းတွေနဲ့ပဲ သက်ဆိုင်တယ် လုပ်ရမယ်ထင်နေတဲ့ မဖြစ်စလောက် အတွေးအခေါ်အချို့နဲ့ သူသိသူတတ် နေရာတကာ ပါလေရာ ငပွေးလုပ်ချင်နေတဲ့ အလုပ်လက်မဲ့ ၁၀၉ ၊ ၁၁၀ တို့ခေတ်........... ........................................................။ ။

သင်တိုင်းပြည်ရဲ့ အနာဂါတ်အတွက် သင်မှာလဲ တာဝန်ရှိသည်...။ တစ်ကျပ်သားလောက် အသိကို ရင်မှာပိုက်ပြီး တစ်မတ်သားလောက်ကိုယ်ကျိုးအတွက် သင့်တိုင်းပြည်အနာဂါတ်ကို ချမနင်းပါနှင့်..... .........................................................။ ။

Credit : Here

၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ စတုတ္ထ အကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ


၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်း အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပ ပြုလု ပ်ရာ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ် ချုပ်ကြီး ရာပြည့်၊ စစ်ဦးစီး အရာရှိချုပ် (ရေ)ဗိုလ်မှူးချုပ် တင်အောင်စန်း၊ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်မှူး ချုပ် လွင်ဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့် တပ်မတော် အရာရှိ ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ် ဦးစီးဌာနတို့မှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည်က (၆၈) နှစ်မြောက် တပ် မတော်နေ့အား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ လုပ်ငန်း အဖွဲ့၊ ကော်မတီ များ က ဆောင်ရွ က်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲရေး ကော်မတီနှင့် ဆပ်ကော်မတီ များမှ ကော်မတီ အလိုက် လုပ်ဆောင်လျက် ရှိသည့် လုပ်ငန်းဆိုင်ရာ များကို အသေးစိတ် ရှင်းလင်း တင်ပြသည်။

ယင်းနောက် (၆၈) နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ေ ရး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ကော်မတီများ အလိုက် ရှင်းလင်း တင်ပြမှုများကို ပေါင်းစပ် ညှိနှို င်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

Credit : Here

ဒေါက်တာအေးချမ်းဆိုသူမှာ

ဒေါက်တာအေးချမ်းဆိုသူမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နေ ဦးစံတွန်းအောင်ရဲ့ ဒုတိယမြောက်ဇနီးမှ မွေးဖွားသောသူ တစ်ဦး ဖြစ် ပါတယ်။ သူရဲ့ဖခင်က ရိုဟင်ဂျာတွေနဲ့ ရင်နှီးစွာနေထိုင်ပြီး တော လက်ကျေးရွာနေ ရိုဟင်ဂျာများ၏ အရေးကိစ္စများကိုကိုယ် တိုင်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ရိုဟင်ဂျာနဲ့စီပွားအတူလုပ် ခဲ့ ပါသေးတယ်။ တချို့တွေကကုလားစံထွန်းအောင်လို့တောင် ခေါ်ကြ ပါတယ်၊ အသားမဲမဲနှာတံပေါ်နေတော့ ခေါ်ရတာအားနာ စရာမလို ဘူးပေါ့၊ ရိုဟင်ဂျာရိုးရာပြဇာတ်မှာလဲ ရခိုင်ဘုရင်၇ဲ့ ၀တ်စားဆင်ယင် ပုံတွေ နန်းတွင်းသုံးစကားတွေကို လိုလေသေး မရှိအောင်သင်ပေးခဲ့ပါတယ်။ ရှင်းရှင်းပြောရယင် ရိုဟင်ဂျာ တွေအရေးကိုဆောင်ရွက်ပေးရင်းအသက်မွေးဝမ်းကျောင်းခဲ့ တာပါ။

ဒေါက်တာအေးချမ်းလဲ ရိုဟင်ဂျာတွေနဲ့ပညာတူတူသင်ခဲ့ပြီး ယနေ့ရိုဟင်ဂျာတွေကိုမျိုးပြုတ်ရန်ကြိုးစားနေ သူပါ။ ရိုဟင်ဂျာ တွေကိုသုတ်သင်ပြီးခွဲထွက်ကြဖို့ကြံစည်နေတာပါ။ စကား ပြောတိုင်း ငါရခိုင်သား ဆိုပေမဲ့သူခလေးတွေကတော့ရခိုင်သား စစ်စစ်မဖြစ်နိုင်ပါ၊ တချို့တွေကပြောကြတာကတော့ သူ့ဖခင်လဲ ဘရူဝါတဲ့။ ကုလားစကားကျွမ်းကျင်ပါတယ်၊ကုလားကိုချစ်သ လောက်မုန်းသွားကြတဲ့ သူတွေပါ။ အေးချမ်း က ပညာတတ်သ လောက် အတွေးခေါင်သူပါ။ ရခိုင်ပြည်ကို ချစ်တယ်လို့ ပြောပြီး ရခိုင်ပြည်အေးချမ်းဖို့ သူမကြိုးစားပါ။ မီးလောင်ရာလေပင့် ပေး သူပါ။ သမိုင်းကို သူလိုရာပြင်တဲ့ သမိုင်းပြင်ဆရာပါ။

အထင်ကြီးစရာအလျဉ်းမရှိပါ။ ရခိုင်ပြည်ခွဲထွက်ရေးမူဝါဒလက် ကိုင်ထားသူတွေရဲ့ ဆရာတစ်ဆူပါ။ အမျိုးကိုချစ်ပြီး ငြိမ်းချမ်း ရေးကိုလိုလားသော ရခိုင်ပြည်သူတွေက သူ့ကို လက်မခံကြ ပါ။ ဒေါက်တာအေးမောင်တို့ ကဲ့သို အစွန်းရောက်ရခိုင်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အမျိုးကောင်းရခိုင်တွေရှိပါတယ်။

ရှေးပဝေသဏီကပင် အတူနေလာသူမို့အေးချမ်းစွာယှဉ်တွဲနေ ထိုင်လိုကြပါတယ်။ တချို့ ရခိုင်တွေက ခွဲခြားဆက်ဆံတာမရှိပါ သွားအတူလာအတူ၊ သာရေးနာရေးမှာလဲ အတူရှိခဲ့ပါ တယ်။ ဒေါက်တာအေးချမ်း တို့ရဲ့ သွေးထိုးလှုံဆော်မှုကြောင့် ရခိုင်အ ရေးအခင်း ပေါ်ပေါက်ခဲ့တာပါ။ ရခိုင်အစွန်းရောက်တွေနဲ့ တသား တည်းရှိနေတဲ့ သမိုင်းပညာရှင်တစ်ဦးအနေနဲ့ သမိုင်းအမှန်ကို ဘယ်တော့မှရှာဖွေတွေ့ရှိလိမ့်မယ်မထင်ပါ။

နောက်ဆုံးပြောချင်တာက ဒေါက်တာအေးချမ်းဆိုသူသည် အမြင်ကျဉ်းပြီး အဆိုးမြင်ဝါဒီဖြစ်ကြောင်း တင်ပြ လိုက်ပါတယ်။

Credit : Here