Thursday, March 7, 2013

သစ်ကားများကို KIA မှ ဂိတ်ဖွင့်ပြီးအခွန်ကောက်ခံ


မန်စီမြို့နယ် ကိုင်းချောင်းရွာ အနီးတွင် KIA မှ ဂိတ်ဖွင့်ပြီး သစ်ကားများအား အခွန်ကောက် ခံနေ ကြောင်းသိရှိရပါသည်။ သစ်ကားတစ်စီးကို သစ်များတင်ဆောင်လာလျှင် ၁သိန်း၂သောင်းနှင့် သစ်များ တင်ဆောင်လာခြင်းမရှိပါက ၅သောင်းနှုန်းဖြင့် ကားသမားများထံမှ ကောက်ခံနေကြောင်း၊ သစ်များ ခုတ်ယူ သူများသည် KIA နှင့်နီးစပ်သူများ၊ တရုတ်သစ်လုပ်သမားများဖြစ်ပြီး သစ်ခုတ်ယူမှု ပို့ဆောင်မှုတို့တွင် လည်း KIA မှသာ သေနတ်တကားကားနဲ့ ပိုက်ဆံယူကာ လုံခြုံရေး လုပ်ပေးနေသည်ဟု အလုပ်သမားတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

KIA သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်သောကြောင့် တိုက်ပွဲတွေ မရှိသလောက် နည်း ပါးနေချိန်တွင် သစ်များနှင့် ကချင်ပြည်နယ်ရှိအခြား အဖိုးတန် သယံဇာတ များကို ထုတ်ယူပြီး ၎င်းတို့၏ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုနေကြ ပါသည်။

KIA မှ သစ်များကို ကိုယ်တိုင်ထုတ်ယူခြင်း၊ တရုတ်နိုင်ငံသားများနှင့်ပူးပေါင်း၍ ကာကွယ်ပေးကာ သစ်များကိုထုတ်ယူခြင်းများကိုပြုလုပ်ခြင်းအပြင် သစ်ကားများထံမှ အခွန်ငွေများကို ကောက် ခံနေခြင်းကြောင့် တစ်နေ့ကို သိန်ရာချီရရှိနေကြောင်း၊ ခုတ်ယူပြီးသစ်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချနေကြောင်း သစ်ကား မောင်းသမားများ၏ ပြောဆိုမှုရသိရှိရပါသည်။

Credit : Kachin Daily News

တရားမ၀င် ကုလားများကို မြေပိုင်အိမ်ပိုင် ဆောက်ပေးမည့်ကိစ္စနှင့် အစိုးရက ဗြောင်လိမ်ဗြောင်စား လုပ်နေသည့်ကိစ္စ ရခိုင်လူထုဆန္ဒပြကန့်ကွက်

ဘင်္ဂလီကုလားများကို နိုင်ငံသား ဟုတ်မဟုတ် မစီစစ်ဘဲ မူဆလင်နိုင်ငံ များ၏ ရံပုံငွေဖြင့် မြေပိုင် အိမ် ပိုင် ဆောက်ပေး ရန်ပြင် ဆင်နေခြင်းနှင့် ဘင်္ဂလီအရေးကိစ္စတွင် ပွင့်လင်းမြင်သာ မှုမရှိဘဲ ဆောင် ရွက်နေမှု တို့ကို ယနေ့ နေ့လည် ၂နာရီခန့်တွင် ရခိုင်လူမှုကွန်ရက် (စစ်တွေ) မှ ဦးဆောင်ပြီး ကန့်ကွက် ဆန္ဒပြ ကြကြောင်းသိရသည်။

စစ်တွေမြို့မှ တက်ကြွလှုပ်ရှားသူများ၊ အသင်းအဖွဲ့ ကိုယ်စားပြု ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ခန့် က တွေ့ဆုံဆွေးနွေးပြီး ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က မြို့နယ်ရဲမှုးထံ မတ်လ ၆ရက် နေ့စွဲဖြင့် ကန့်ကွက်ဆန္ဒပြရန် တရားဝင်ခွင့်တောင်းခံခဲ့ကြသည်။ မြို့နယ်ရဲမှုးက ပယ်ချခဲ့သဖြင့် ပြည်နယ်ရဲမှုးထံတွင် မတ်လ ၇ ရက်နေ့စွဲဖြင့် အယူခံဝင်ခဲ့ကြကြောင်း၊ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန္ဒပြပွဲကို ဦးဆောင်လျှောက်ထားသူ ဦးကျော်ဇောဦး နှင့် ဒေါ်ညိုအေး တို့အား တွေ့ဆုံဆွေးနွေးရာ ၄င်းတို့က မိမိတို့တွင် ညှိနှိုင်းရန် အခွင့်အာဏာပါမလာကြောင်း နှင့် မြို့သူမြို့သားတို့၏ သဘောထား သာဖြစ် ကြောင်းပြောဆိုခဲ့သည်ဟုသိရသည်။



ထို့နောက် မတ်လ ၅ ရက်နေ့နံနက် တွင် စစ်တွေမြို့မိမြို့ဖ များနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် သက်နိုင်ဝင်း နှင့်တွေ့ဆုံကာ ကုလားများအတွက် အိမ်ဆောက်ပေးမည်မှာ မဟုတ်ကြောင်း သို့ရာတွင် မိမိတိုအနေဖြင့် စာရွက်စာတမ်းဖြင့် တရားဝင်မထုတ်ပြန်နိုင်ကြောင်း လူသိနတ်ကြားမခံ နိုင်သော ကတိ ကိုပြောကြားခဲ့သည်။

၎င်းမတ်လ ၅ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့မှ တက်ကြွလှုပ်ရှားသူများ၊ အသင်းအဖွဲ့ ကိုယ်စားပြု ကိုယ်စားလှယ်များ မြို့မိမြို့ဖ များနှင့်တွေ့ဆုံကာ မဲခွဲပြီး အောက်ပါ တောင်းဆိုချက်များဖြင်. ကန့်ကွက် ဆန္ဒပြရန်ဆုံဖြတ်ခဲ့ကြသည်။

ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို လေးစားပါ။
ဒေသခံတိုင်းရင်းသားများ၏ သဘောထားမပါဘဲ ဒေသအရေးကို မဆုံးဖြတ်ပါနှင့်။
နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားအခွင့်အရေးမပေးပါနှင့်။
၁၉၈၂ ခု နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး(အမြန်ဆုံး) အကောင်အထည်ဖေါ်ပေးပါ။
တရားမ၀င် နေထိုင်သူများအား ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူပေးပါ။
ဘင်္ဂလီအရေး ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုရှိပါစေ တို့ဖြစ်ကြသည်။

ယနေ့ နေ့လည် ၂ နာရီခန့်တွင် စစ်တွေမြို့ဝင်္ကပါကွင်းတွင်စုရပ်လုပ်ပြီး မင်းဘာကြီးလမ်းအတိုင်း စီတန်းဆန္ဒ ပြလျှက်ရှိကြောင်းသိရသည်။ ဆန္ဒပြပွဲကို ကြည့်ရှု အားပေးနေသော သက်ကြီးပိုင်း တစ်ဦးကို Coral Arakan မှ မေးမြန်းရာ မိမိအနေဖြင့် နှစ်ပေါင်းသုံဆယ်ကျော် နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း မိမိ နှင့် မိမိဇနီး တို့ နှစ်ဦးလုံးအငြိမ်းစားယူပြီး နောက်တွင် မိမိပိုင်အိမ်မဆောက်နိုင်ကြောင်း နိုင် ငံတော်ကလည်း မဆောက်ပေးခဲ့ကြောင်း တရားမ၀င် နိုင်ငံသားမဟုတ်သူ ဘင်္ဂလီကုလားများကို အိုးပိုင်အိမ်ပိုငမြေပိုင် ဆောက်လုပ်ပေးခြင်းကို မိမိအနေဖြင့် နားမလည်နိုင်သလို အစိုးရကိုစိတ်ဆိုး မိကြောင်း၊ ဆန္ဒပြပွဲ ကိုထောက်ခံကြောင်းပြောကြားခဲ့သည်။

နောက်ထပ် ဆန္ဒပြပွဲကို တက်ရောက်သူတစ်ဦးကလည်း OIC ကိုမိမိ တို့ တနိုင်ငံလုံးက ကန့်ကွက်ဆန္ဒ ပြခဲ့ကြပြီး OIC အသွင်သဏ္ဍန် အမျိုးမျိုးနှင့် ၀င်လာသည့်မည်သည့်ပုံစံမျိုးကိုမဆို မိမိ အနေဖြင့် ကန့်ကွက် သွားမည်ဖြစ်ကြောင်းပြောကြားသွားခဲ့သည်။

Credit : Coral Arakan News

မတ်လ ၁၁ ရက်နေ့ အစိုးရနှင့် KIA ဆွေးနွေးမည်


လာမယ့် မတ်လ ၁၁ ရက်နေ့ကျရင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံကြမယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

ကေအိုင်အိုနဲ့အစိုးရဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ၄ ရက်နေ့ကလည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီဆွေးနွေးပွဲ မှာ စစ်ရေးအရှိန်တွေ လျှော့ချမယ်လို့ ပြောခဲ့ပေမယ့်လည်း တိုက်ပွဲငယ်တွေ ပြန်ဖြစ်နေတာ ၊ အစိုးရတပ် ဘက်က တပ်တွေ နောက်ဆုတ် သွားတာမ၇ှိဘဲ တပ်အလဲအလှယ်လုပ်တာ ၊ စစ်စခန်းတွေ ပြင်ဆင်ဆောက်လုပ်နေတာတွေ တွေ့နေရတဲ့အတွက် စစ်ရေးကိစ္စလည်း ထပ်ဆွေးနွေးဖွယ် ရှိတယ်လို့ သူကဆက်ပြောပါတယ်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဆွေးနွေးနေတဲ့ ဖြစ်စဉ်အကြောင်းတွေနဲ့ပတ်သက်ပြီး ကေအိုင်အို အရာရှိအရာခံတပ်သားတွေကြား ရှင်းလင်းပွဲတရပ်ကိုလည်း ဌာနချုပ်လိုင်ဇာမှာ မတ်လ ၄ ရက်နေ့ က ပြုလုပ်ခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။

ဆွေးနွေးပွဲမှာ စောင့်ကြည့်အကဲခတ်မယ့် ကြားနေအဖွဲ့အစည်းလိုအပ်ကြောင်းတွေလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတုံးကတော့ တရုတ် အစိုးရက ကြားဝင်စီစဉ်ပေးခဲ့ပြီး ဆွေးနွေးပွဲကို အဆင့်မြင့်သံတမန် ၂ ဦး တက်ရောက်ခဲ့ပါတယ်။

Credit : Here

မန္တလေး၏ ပထမဆုံး မီတာစနစ်ဖြင့် ပြေးဆွဲမည့် မြို့တော် အငှားယာဉ်လုပ်ငန်းဖွင့်ပွဲ


မန္တလေး မြို့နေ ပြည်သူများ သွားလာမှု လွယ်ကူ ချောမွေ့ စေရန်နှင့် မန္တလေးမြို့ တွင် ပထမဆုံး မီတာစနစ် ဖြင့် မောင်းနှင် ပေးမည့် မန္တလေးဂုဏ် ကုမ္ပဏီ လီမိတက် ၏ မြိ့တော် အငှားယာဉ် ( City Taxi ) လုပ်ငန်း ဖွင့်ပွဲအား မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ က မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၊ အနှိပ်တော် ရပ်ကွက် ၊ ၅၈ လမ်း ၊ ၂၂ x ၂၃ လမ်းကြားရှိ ကုမ္ပဏီ ရုံးရှေ့၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ဖြစ်ကြေသော မန္တလေး မြို့တော်ဝန် ၊ စည်ပင် သာယာရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မောင်း ၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း ၊ လျှပ်စစ် နှင့် စက်မှုလက်မှု ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ မြင့်ကြူ ၊ စီမံကိန်း နှင့် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်ဇံ ၊ ယာဉ်ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိ သူများ ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ မင်္ဂလာ အချိန်တွင် မန္တလေး မြို့တော်ဝန် ၊ စည်ပင် သာယာရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မောင်း ၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း နှင့် မန္တလေးဂုဏ် ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးရန်သိမ်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး တက်ရောက် လာသော ၀န်ကြီးများမှ ဂျာမဏီ နိုင်ငံမှ ထုတ်လုပ်သော Vauxhall Astra ယာဉ်ငယ် များအား အမွှေး နံ့သာရည်များ ပက်ဖြန်း ပေးကြပြီး ဆုမွန်ကောင်း များ ဆုတောင်း ပေးကြသည်။



အဆိုပါ ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းတွင် ယာဉ်ငယ် ၁၀ စီး ဖြင့် လုပ်ငန်း စတင်မည် ဖြစ်ပြီး မီတာစနစ်ဖြင့် မောင်းနှင်သည့် အတွက် ဈေးနှုန်း တည်ငြိမ် မှန်ကန်မှု ရှိမည် ဖြစ်ကြောင်း ၊ ခရီးစဉ် စ - ဆုံး လေအေး ပေးစက် ဖွင့်၍ ပို့ဆောင် ပေးမည် ဖြစ်ကြောင်း ၊ မြို့တွင်း တစ်မိုင် ကျပ် ၇၀၀ နှုန်းဖြင့် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

Credit : Here

မြန်မာ့အပြောင်းအလဲအပေါ် VOA ဝိုင်းတော်သားတဦးအမြင်

နေပြည်တော်ရှိ Pepsi ကုမ္ပဏီ ဆိုင်းဘုတ်။

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်မှာ ဗွီအိုအေဝိုင်းတော်သား ကိုဝင်းမင်း ဟာ မြန်မာနိုင်ငံ ထဲမှာ (၃) လကြာ ပြန်လည်နေထိုင်ပြီး နိုင်ငံပြုပြင်ရေးယန္တရားနဲ့ အတော်လေးထဲထဲဝင်ဝင် ထိတွေ့လေ့ လာနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲရေး အခြေအနေများနဲ့ အလားအလာများကို ဦးကျော်ဇံသာ နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအတွင်းမှာ အဓိကအားဖြင့် ပြောင်းလဲမှုတွေ ဘာတွေတွေ့ခဲ့ရသလဲ။ အတော်လေး ပြောင်းလဲလာပြီလို့ ဆိုနိုင်မလား။

ကိုဝင်းမင်း
။ ။ အပြောင်းအလဲတွေ အများကြီးတွေ့ခဲ့ပါတယ်။ မပြောင်းလဲသေးတဲ့ အနေအထားတချို့ လည်း ရှိတော့ရှိတာပေါ့။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်အနေနဲ့ ပြောင်းလဲတဲ့ အနေအထားတွေပဲ အာရုံစိုက် ပြီးတော့ ပြောပြချင်ပါတယ် ဆရာ။ ပထမ အပြောင်းအလဲကတော့ ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲ လုပ်လိုစိတ် - တော်တော်များများမှာ ပြင်းပြင်းထန်ထန် ရှိတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ မြန် မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ကင်းကွာပြီးတော့ ဖွံ့ဖြိုးမှုအပိုင်း နောက်ကျနေရာကနေ အနည်းဆုံးတော့ ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အဆင့်အထိရောက်ဖို့အတွက် အများကြီးကြိုးစားကြရအုံးမယ်ဆိုတာကို သိတဲ့အပြင်၊ အဲဒီအတွက် လိုအပ်တဲ့ ပြောင်းလဲမှု မူဝါဒပေါ်လစီတွေကိုလည်း စပြီးတော့ အများနဲ့ ဆွေးနွေးတိုင်ပင်၊ အကြံယူသုံးသပ်ပြီးတော့ မူဝါဒအသစ်တွေ ချလာတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ
။ ။ ဆိုတော့ သူတို့မှာ ပြောင်းလဲဖို့ လိုလားတဲ့ စိတ်ဆန္ဒ political will တကယ်ရှိလာပြီလို့ ဆိုနိုင်တယ်ပေါ့။

ကိုဝင်းမင်း
။ ။ ဟုတ်ကဲ့ အဲဒါကတော့ အများကြီး တွေ့ခဲ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ ပြောင်းလဲချင်တဲ့ မူဝါဒကို စိတ်ဆန္ဒကို အကောင်အထည်ဖော်နိုင်မယ့် လက်တွေ့ အခြေအနေ ရှိပါရဲ့ လား။ ကျနော် အဓိက မေးချင်တာကတော့ ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒတော့ အပြင်း အထန် ရှိလာပြီဆိုတာတော့ တွေ့ခဲ့ရတယ်။ တနည်းအားဖြင့်ပြောရင် intangible factors ပေါ့။ Tangibly သိသိသာသာ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့အတွက် လွယ်ပါရဲ့ လား။ တကယ်ကော အဲဒါတွေ ဖြစ်လာပြီလား။

ကိုဝင်းမင်း ။ ။ မူဝါဒ ချတဲ့အပိုင်းမှာတော့ နိုင်ငံတကာက အကြံပေးတာတွေ၊ ပြည်တွင်းမှာရှိတဲ့ ပညာ ရှင်တွေ၊ သုတေသီတွေက သုံးသပ်ပြတာတွေအပေါ်မှာ ယူပြီးတော့ လုပ်တာဖြစ်တဲ့အတွက် မူဝါဒအပိုင်းကတော့ တော်တော်လေး ကောင်းလာတာ၊ ပြောင်းလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်မှုအပိုင်းမှာတော့ တချို့ မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ပေမယ့် တချို့ မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာတော့ လက်တွေ့အားနည်းနေတဲ့ အနေအထား တစုံတရာကိုတော့ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတွေမှာ ပြည့်ဝတဲ့ အရည်အချင်းရှိမှု အနေအထားအပိုင်းကတော့ တော်တော်လေး အားနည်းနေတာကို တွေ့ရတယ်။ နောက်တခု က မြန်မာနိုင်ငံရဲ့  လက်ရှိပကတိ ဖြစ်နေတဲ့ စီးပွားရေးပြဿနာ အနေအထား အဲဒါကလည်း အတော်လေး ကို အဟန့်အတား ဖြစ်နေတယ်လို့ ပြောလို့ရတယ်ဆရာ။ ဥပမာ မြေဈေးက အရမ်းကြီးနေတာတွေ။ နောက် လမ်းပန်းဆက်သွယ်ရေး အားနည်းနေတာတွေ။ လျှပ်စစ်မီး ရရှိမှု အားနည်းနေတာတွေ အဲဒါတွေအားလုံးက စီးပွားရေးအပြောင်းအလဲအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတုန်း။ အချိန်တော့ ယူရမယ်ထင်တယ်။

ဦးကျော်ဇံသာ
။ ။ နောက်တခုက ဒီကိစ္စမှာ ကျနော် ဘာကိုထောက်ပြချင်သလဲဆိုတော့ သူတို့ပြောင်းလဲချင်တယ်။ အခုနကိစ္စမျိုး၊ အခက်အခဲမျိုး စီးပွားရေးမှာ ပြောင်းလဲဖို့ မြေဈေးအခက်အခဲ ရှိတယ်ဆိုတော့ တချို့ နေရာတွေဟာ သူတို့တွေရဲ့  ဘဝဟောင်းက ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်မှာလည်း အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်တော့ သူတို့နဲ့ ပတ်သက်ရာပတ်သက်တဲ့ လူတွေနဲ့ မကင်းရာမကင်းကြောင်း လူတွေရဲ့  အကျိုးစီးပွားကိုလည်းကောင်း၊ သူတို့ရဲ့  ကိုယ်ပိုင်အကျိုးစီးပွားကိုလည်းကောင်း စတေးရမယ့် အပြောင်းအလဲ လုပ်စရာတွေ ပေါ်ကောင်းပေါ်မှာပေါ့။ အဲဒါမျိုးတွေကြတော့ သူတို့ အဲဒီလိုလုပ်နိုင်ရဲ့ လား။ အဲဒီ အတားအဆီးကို ကျော်လွှာနိုင်မလား။

ကိုဝင်းမင်း ။ ။ အခုမေးတဲ့ မေးခွန်းက အတော်ကောင်းတဲ့ မေးခွန်းပါ ဆရာ။ ဘာလို့လဲဆိုတော့ အခု မြေယာဈေးကြီးမှုတွေ ကြည့်လိုက်မယ်ဆိုရင် မြေယာတွေကို ပြီးခဲ့တဲ့ အစိုးရအပြောင်းအလဲမှာ ပိုင် ဆိုင်ဖို့ လွှဲပြောင်းပေးအပ်ခဲ့တဲ့ လူတွေအတော်များများက အရင်စစ်အစိုးရဟောင်းနဲ့ နီးစပ်ခဲ့ပြီးတော့ အရမ်းချမ်းသာကြတဲ့လူတွေ ဖြစ်ကြတယ်။ အဲဒီအခါကြတော့ သူတို့အနေနဲ့ ဒီမြေယာတွေကို လက်ရှိဈေး ကွက်အတိုင်း ဖြစ်လာအောင် လျှော့ပေးဖို့ အနေအထားကလည်း အခက်အခဲရှိနေတာကို တွေ့ရတယ်။ ဒါပေမဲ့ သူတို့မှာက မြေယာကို မရောင်းလဲ ငွေကြေးကရှိထားပြီးသာ ဖြစ်တဲ့အတွက် မရောင်းဘဲနေတော့ ဒီမြေတွေက သေသလို ဖြစ်နေတယ်။ အဲဒီအခါကြတော့ အဲဒီအနေအထားကိုတော့ တစုံ တရာ ပြောင်းနိုင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ပိုအားကောင်းလာမယ်ဆိုတော့ အကျိုးစီးပွား ထိခိုက်မှု တစုံတရာတော့ ရှိမယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ချမ်းသာပြီးသာလူတွေလည်း ချမ်းသာမယ်။ အောက်ခြေမှာ ဆင်းရဲနေတဲ့လူတွေ၊ အလယ်အလတ်လူတန်းစာတွေလည်း ပိုပြီးတော့ ချမ်းသာလာမှာ ဖြစ်တဲ့အတွက် ရေရှည်အတွက်တော့ ကောင်းမှာပါ။ ရေတိုမှာတော့ ယာယီအကျိုးစီးပွား ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီအကျိုးစီးပွား ထိခိုက်မှုကို သူတို့ထိုးဖောက်ကျော်ဖြတ်ပြီးတော့ လုပ်မယ့်အခြေအနေ ရှိရဲ့ လား။ ယာယီအကျိုးစီးပွားကို သူတို့ စတေးခံနိုင်ပါ့မလား။

ကိုဝင်းမင်း ။ ။ အဲဒါကတော့ စောင့်ကြည့်ရပါလိမ့်မယ်။

ဦးကျော်ဇံသာ
။ ။ ဒါကတော့ စီးပွားရေးအပိုင်းပေါ့။ နောက်တခါ ဝန်ထမ်းပိုင်းကို ပြောတယ်။ အရည်အချင်း မပြည့်ဝဘူး။ skills ပိုင်းမှာ သိပ်ညံ့ဖျင်းတယ်ဆိုတော့။ အဲဒီ ဝန်ထမ်းအပိုင်း ကို လေ့ကျင့်ပေး ဖို့အတွက် နိုင်ငံတကာက အကူအညီတွေ။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးအဖွဲ့တွေကလည်း အများကြီးပြောနေကြတာကို တွေ့ရတယ်။ အဲဒါကော တကယ်မဖြစ်လာသေးဘူးလား။

ကိုဝင်းမင်း
။ ။ သင်တန်းတွေတော့ နိုင်ငံတကာအဖွဲ့တွေက ဝိုင်းပေးနေတာတော့ တွေ့ရပါတယ်။ တဖြည်းဖြည်းနဲ့တော့ ကျနော်ထင်တယ် နိုင်ငံတကာအဆင့် မှီနိုင်တဲ့။ အနည်းဆုံးတော့ ဒေသအတွင်း အဆင့်မှီနိုင်တဲ့ ဝန်ထမ်းတွေအဆင့်ကိုတော့ ရောက်လာနိုင်မယ်လို့တော့ မျှော်လင့်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဝန်ထမ်းတွေ အရည်အချင်း ပြည့်ဝလာနိုင်မယ်ဆိုတာနဲ့ တပြေညီအရေးကြီးတာက လာဘ်ပေးလာဘ်ယူမှု ဝန်ထမ်းလောကမှာ။ ဒီကိစ္စကို ဝန်ထမ်းတွေက သူတို့လစာနဲ့ လုံလုံလောက်လောက် ရပ်တည်နိုင်သလား။ လာဘ်ငွေ တစိုးလက်ဆောင်ဆိုတာကို ဘဝရပ်တည်ရေးအတွက် မျှော်လင့်နေရတုန်း ပဲလားဆိုတာကို ဘယ်လိုတွေ့ခဲ့ရပါသလဲ။

ကိုဝင်းမင်း
။ ။ လာဘ်ပေးလာဘ်ယူမှုကတော့ တစုံတရာတော့ ရှိနေတုန်းပဲ။ အထူးသဖြင့်တော့ ကျေးလက်နဲ့ နယ်ဒေသတွေမှာ။ မြို့ ကြီးတွေမှာတော့ အရင်လို ထင်ထင်ရှားရှား မတွေ့ ရတော့ဘူး။ အထူးသဖြင့် မကြာသေးခင်က ဆက်သွယ်ရေးဝန်ကြီးနဲ့ ပတ်သက်ပြီးတော့ လာဘ်စားမှုနဲ့ ပတ်သက်ပြီးတော့ အရေးယူဖို့ စလုပ်လာတယ်။ နောက်တခုကြတော့ အစိုးရဝန်ကြီးဌာနတခုနဲ့ Voice သတင်းဌာနကြားမှာ ဖြစ်ခဲ့တဲ့ လာဘ်ပေးလာဘ်ယူမှုအကြောင်း ရေးခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာန ဘက်က အလျှော့ပေးပြီးတော့ တရားစွဲဆိုမှုကို ရပ်ဆိုင်းပေးခဲ့တာတွေ။ အဲဒီနှစ်ခုအနောက်မှာ ကျနော်အမြင်ကတော့ တော်တော်များများက လက်ရှိကာလမှာ လာဘ်စားမှုတွေ အများကြီးလုပ်လို့ရှိရင် အရေးယူခံရနိုင်တယ်ဆိုတဲ့ အနေအထားမျိုး။ သတင်းဌာနတွေကလည်း ပွင့်လာတဲ့အခါကြတော့ အရင်လိုတော့ ပြောင်ပြောင်တင်းတင်း လာဘ်တောင်းတာ၊ လာဘ်စားတာတော့ သိပ်မတွေ့ရတော့ဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု သိချင်တာက တိုင်းပြည်ပြုပြင်ပြောင်းလဲရေး တိုးတက်ဖို့အတွက် ပညာရေးဟာ သိပ်အရေးကြီးတယ်ဆိုတာ ခေါင်းဆောင်တွေက အမြဲတမ်းပြောနေကြတာကို တွေ့ရပါ တယ်။ ဆိုတော့ ပညာရေး ပြုပြင်ပြောင်းလဲရေး ဆိုတဲ့အသံကြားရတယ်။ ဘယ်အထိ ခရီးရောက်နေပြီလဲ။ ကိုဝင်းမင်း ။ ။ အဲဒါလည်း အချိန်ယူရမယ်ထင်တယ် ဆရာ။ အထူးသဖြင့်တော့ တက္ကသိုလ်တွေမှာ အထက်တန်း၊ မူလတန်း ပညာရေးအဆင့်တွေမှာ ဆရာ၊ ဆရာမတွေရဲ့  သင်ကြားမှုဆိုင်ရာ အရည်အချင်း မြှင့်တင်ပေးဖို့က အများကြီးလိုအပ်နေပါတယ်။ အဲဒါအပြင် သင်ရိုးညွှန်းတမ်းတွေ ပြောင်းလဲ ဖို့၊ သင်ပုံသင်နည်းတွေ ပြောင်းလဲဖို့။ အဲဒီတော့ တစုံတရာတော့ အချိန်ယူပြီးတော့ ဆောင်ရွက်ရမယ် လို့တော့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သတင်းလွတ်လပ်ခွင့်။ အချက်အလက်ကိုတော့ အမှန် အတိုင်း ဖော်ပြလာနိုင်ပြီဆိုပေမယ့် ဝေဖန်တာ။ ဥပမာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ပေါ်ပေါ် ထင်ထင်ကြီး ရေးတာကို သတင်းပွင့်လင်းအောင် ဖွင့်ပေးပါပြီးဆိုတဲ့ အာဏာပိုင်တွေကလည်း အကဲဆက်နေတုန်းပဲထင်တယ်။ သူတို့ကလည်း သိပ်ပြီးတော့ defense ဖြစ်လွန်တယ်လို့ ကျနော်ထင်တယ်။ သူတို့ဟာ ချက်ချင်း ငြင်းဖို့ကာကွယ်ဖို့ပဲ ပြောတယ်။ သူတို့ဟာ ဒီဘက်နိုင်ငံတွေကလို သူတို့ဝေဖန်တာလည်း ဝေဖန်စရာရှိလို့ ဝေဖန်တယ်ဆိုတဲ့ သဘောထားမျိုးတော့ မတွေ့ရသေးဘူး။ ကိုဝင်းမင်း ဘယ်လို တွေ့ခဲ့သလဲ။

ကိုဝင်းမင်း ။ ။ အပြောင်းအလဲရဲ့  အစပိုင်းမှာတော့ တချို့ ခေါင်းဆောင်တွေ အနေနဲ့ ဖြစ်နေတဲ့ ပြဿနာတွေအပေါ် ဝန်ခံတာ၊ မှားယွင်းမှုတွေအပေါ် တောင်းပန်တာ အားနည်းနေသေး တယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့ ခေါင်းဆောင်တွေလည်း မှားယွင်းမှုတွေကို ဝန်ခံဖို့အတွက် တိုက်တွန်းတာတွေ ရှိတာကိုလည်း တွေ့ရပါတယ်။ အဲဒီအခါကြတော့ တစုံတရာတော့လည်း အရင်အခါထက်တော့ ပြဿနာတွေအပေါ် အသိအမှတ်ပြုလာတာမျိုး။ နောက်ပိုင်းမှာ ဝန်ခံတာ မျိုး လည်း ဖြစ်လာဖို့ အလားအလာ ရှိနေတယ်။ လောလောဆယ်အထိတော့ အပြောင်းအလဲကြား ကာလ ဖြစ် တဲ့အတွက် အခုလို မှားတာကို မှားတယ့်အတိုင်း ဝန်ခံပြီးတော့ ပြောင်းဖို့အနေအထားမှာ တစုံ တရာတော့ အားနည်းနေသေးတယ်။ ဒါပေမဲ့ အခုလို ဝန်ခံလိုက်ခြင်းအားဖြင့် အမှားကို ဝန်ခံခြင်းအားဖြင့် ရှေ့ မှာ အမှန်လုပ်တာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့  ထောက်ခံမှု ပိုရလာမယ်ဆိုတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ မျိုး ခံယူချက်ပြောင်းလာလို့ရှိရင်တော့ ကျနော်ထင်တယ် ခေါင်းဆောင်ပိုင်းအနေနဲ့လည်း ရဲရဲတင်းတင်း ကိုယ့်အမှားတွေ ဝန်ခံလာမှာပါ။

ဦးကျော်ဇံသာ
။ ။ နောက်တခု မေးချင်တာကတော့ မြန်မာပြည်မှာ ကျနော်တို့တုန်းက အဓိက တွေ့ခဲ့ရတယ်။ မကြာခဏ ညည်းတွားသံ ကြားရတယ်။ အကြောင်းအရာ အခြေခံ အချက်ကလေး တစ်ခု၊ နှစ်ခုကို မေးချင်ပါတယ်။ မြန်မာပြည်မှာ မီးပျက်တုန်းပဲဆိုတဲ့ အသံတွေ မကြာခဏ ကြားရတယ်။ အဲဒါကိုလည်း တပိုင်းရှင်းပြပါ။ ပျက်တုန်းပဲလား။ ဘာကြောင့် မဖြေရှင်းနိုင်တာလဲ။

ကိုဝင်းမင်း ။ ။ အဓိကတော့ ရေအားလျှပ်စစ်အပေါ် မှီခိုအားထားရတဲ့အတွက် မိုးရာသီနောက်ပိုင်းမှာ ရေအား အားနည်းလာတဲ့အတွက် ရေအားကထုတ်တဲ့ လျှပ်စစ်ထုတ်နိုင်တဲ့ ပမာဏ အားနည်းတဲ့အပေါ်မှာ အခုလိုမျိုး မီးပျက်နိုင်တဲ့ အလားအလာတွေ တွေ့နေရပါတယ်။ ဒါကလဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထူးသဖြင့် တကယ့်ကို အဟန့်အတားတခု ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ မိုးကို အားကိုးနေရတဲ့ အဆင့်ပဲလား။ မိုးရွာမှ ဖြစ်မလား။

ကိုဝင်းမင်း ။ ။ လောလောဆယ် အနေအထားကတော့ သဘာဝ လျှပ်စစ်ရေအားကိုပဲ အားကိုးနေရတဲ့ အနေအထား ရှိနေပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့လည်း တခြား အရှေ့ တောင်အာရှနိုင် ငံတွေ ပြောင်းသလို ပြောင်းလဲလာနိုင်တဲ့ အနေအထားမျိုး တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဧည်စာရင်း စစ်တုန်းပဲလား။

ကိုဝင်းမင်း ။ ။ ဧည်စာရင်း စစ်တာတော့ မတွေ့ရတော့ဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒါ ကောင်းတဲ့အချက်ပေါ့။ ဧည်စာရင်းစစ်တာဟာ တကယ်တော့ နိုင်ငံရေးနဲ့ ဆက်စပ်နေခဲ့တာပေါ့။ နိုင်ငံရေးဘက်မှာ အတိုက်အခံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတယ်။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်လာတယ်ဆိုတယ်။ ဒါပေမဲ့ အဓိက ပြဿနာတွေမှာကြတော့ အမြဲတမ်း ရင်ဆိုင်တိုးနေတာပဲ။ Confrontation ဆန္ဒပြတဲ့လူတွေ ပေါ်ထွက်လာတယ်။ လမ်းပေါ်ကို ဒီဘက်က အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နှင်းလိုက်တယ်။ အဲဒါမျိုးတွေ မကြာခဏ တော်တော်များများမှာ ကြားနေရတယ်။ အဲဒီကိစ္စတွေ ဘာကြောင့် ဖြစ်နေတာလဲ။ ဒါဟာ လုံခြုံရေးဝန်ထမ်းတွေ၊ ရဲတို့ဘာတို့ ကများ စရိုက်ဟောင်း မပြောင်းနိုင်တာလား။ အပေါ်ပိုင်းက ဒီကိစ္စကို ဘယ်လောက် မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားတာ တွေ့ရပါသလဲ။

ကိုဝင်းမင်း ။ ။ ဒီနေရာမှာတော့ နှစ်ပိုင်းလို့ ပြောရမယ်။ ဖြစ်တဲ့အနေအထားက အရင်ထက်တော့ နည်းသွား တယ်လို့ ပြောလို့ရတယ်။ ဥပမာ အလုပ်သမားဆန္ဒပြပွဲတွေမှာ တစုံတရာ ညှိနှိုင်းဖြေရှင်းပြီးတော့ အဖြေရသွားတာတွေ တွေ့ရတယ်။ ဒါပေမဲ့ တချို့ ဆန္ဒပြပွဲတွေမှာတော့ အဖြေကိုဖြေရှင်းဖို့ အချိန်ကာလမှာ အရင်သဘောအတိုင်း လက်နက်ကိုင်ပြီးတော့ အကြမ်းဖက်နှိမ်နှင်းရမယ်ဆိုတဲ့ စဉ်းစားချက်ရှိတဲ့ ဝန်ကြီးဌာနတချို့  ရှိနေတယ်။ တချိန်တည်းမှာပဲ ညှိနှိုင်းဖြေရှင်းရမယ်ဆိုတဲ့ ဝန်ကြီးဌာနတချို့ လည်း ရှိနေတာကို တွေ့ရပါတယ်။ အဲဒီနှစ်ခု အသွင်ကူးပြောင်းရေးကာလမှာ အားပြိုင်နေတဲ့ အနေအထားအောက်မှာ တချို့ ပြဿနာတွေကို ဖြေရှင်းနိုင်ပေမယ့်လဲ။ တချို့ ပြဿနာတွေက အကြမ်း ဖက်နှိမ်နှင်းတဲ့အဆင့်ကို ရောက်သွားတာကို တွေ့ရပါတယ်။ အရေးကြီးတာကတော့ အစိုးရထဲမှာ ညှိနှိုင်းဆောင်ရွက်ပြီး ဖြေရှင်းလိုတဲ့ ခေါင်းဆောင်ပိုင်းနဲ့ အခုနက ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တစုံတရာ ချိတ်ဆက်မှုရှိပြီးတော့ ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းပြီးတော့ သွားနိုင်မယ်ဆိုလို့ ရှိရင် ပြင်းပြင်းထန်ထန် လမ်းမပေါ်ထွက် ဆန္ဒပြတဲ့အနေအထားမျိုး ဖြစ်လာဖို့ အလားအလာနည်းသွား မှာ ဖြစ်သလို၊ နှိမ်နှင်းလို့တဲ့ဘက်ကလည်း နှိမ်နှင်းဖို့ ခက်သွားမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ
။ ။ နောက်တခုက အပစ်အခတ်ရပ်စဲရေးတွေ လုပ်တယ်ဆွေးနွေးတယ်ဆိုပေမယ့် တချို့  အပြင်ကနေ ကြားကြားနေရတာက ဒီပါဝင်ဆွေးနွေးနေတဲ့ ပုဂ္ဂိုလ်၊ တာဝန်ရှိ ပုဂ္ဂိုလ်တချို့ က သူတို့ဟာ တာဝန်ရှိလို့သာ လုပ်နေရတယ်။ သူတို့ကိုယ်၌က သိပ်အလေးအနက် မရှိလှဘူးဆိုတဲ့ စကားတွေလည်း ပြောသံကြားရတယ်။

ကိုဝင်းမင်း ။ ။ ဒီနေရာမှာလည်း တကယ့်ကိုပဲ ညှိနှိုင်းဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးရအောင် သွားဖို့လိုအပ်တယ်လို့ ယုံကြည်ချက် ခိုင်ခိုင်မာမာချထားတဲ့ ထိပ်ပိုင်းအစိုးရဝန်ကြီးတွေ ရှိသလို၊ အရင်လို နည်းနဲ့ပဲ တိုက်ခိုက်ပြီး ဖြေရှင်းမှရမယ်၊ ဖိအားပေးမှသာ ရမယ်လို့ စဉ်းစားတဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ လည်း ရှိနေတာကို တွေ့ရပါတယ်။ အဲဒီနှစ်ခု အားပြိုင်မှုအကြားမှာ အဲဒီလို ညှိနှိုင်းမှုပိုင်းက တခါတလေ အောင်မြင်လိုက်၊ တခါတလေ တိုက်ခိုက်မှု ဖြစ်သွားလိုက်။ အဲဒီလို လွန်ဆွဲနေတဲ့ အအေထား မျိုးကိုတော့ တွေ့နေရပါတယ်။ ဒီမှာ အရေးကြီးတာကလဲ အစိုးရထဲမှာ အပြောင်းအလဲလုပ်လိုတဲ့၊ ညှိနှိုင်းဆွေးနွေးလိုတဲ့လူတွေနဲ့ တိုင်းရင်းသား၊ အတိုက်အခံဘက်တွေမှာလည်း ညှိနှိုင်းဆွေးနွေးပြီး အပြောင်းအလဲလုပ်လိုတဲ့လူတွေရဲ့  ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အားကောင်းမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။

ဦးကျော်ဇံသာ
။ ။ စစ်တပ်ကို ပြောပါအုံး။ စစ်တပ်ဟာ အခု ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လောက် အထိ လိုက်လိုက်လျောလျော ရှိပါသလဲ။ သူတို့ဟာ တွန့်ဆုတ်နေတဲ့ အစိတ်အပိုင်း တရပ်ဖြစ်တယ်လို့ တချို့ က သုံးသပ်နေကြတယ်။ ကိုဝင်းမင်း ဘယ်လို တွေ့ခဲ့ရပါသလဲ။

ကိုဝင်းမင်း ။ ။ စစ်တပ်ခေါင်းဆောင်ပိုင်းတွေနဲ့တော့ အများအပြား မတွေ့ခဲ့ရပါဘူး။ တချို့  နည်းနည်းပဲ တွေ့ခဲ့ရတာ ရှိပါတယ်။ တချို့ ကတော့ အခုလို အပြောင်းအလဲကို ထောက်ခံပြီးတော့ စစ်တပ်အနေနဲ့ သူကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးကိစ္စပဲ လုပ်ပြီးတော့၊ မကျွမ်းကျင်တဲ့ နိုင်ငံရေးကိစ္စတွေမှာ အရမ်းဝင်ပါပြီးတော့ နံမည်ပျက်မယ့်ကိစ္စမျိုး မဖြစ်စေချင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပြဿ နာတွေ နိုင်ငံရေးအရ ဖြေရှင်းလို့ မရနိုင်တဲ့အခါမှာတော့ စစ်တပ်အနေနဲ့ သူတို့ဝင်ရှင်းရမယ်ဆိုတဲ့ စိတ်ဓါတ် ရှိတဲ့ ခေါင်းဆောင်မျိုးကိုလည်း တွေ့နေရတယ်။ အဲဒီအခါကြတော့ ဒီအပြောင်းအလဲမှာ စစ်တပ်က နိုင် ငံရေးပြဿနာတွေကို ဘယ်လောက်ဖြေရှင်းနိုင်မလဲအပေါ် စောင့်ကြည့်နေတဲ့ သဘောတော့ တွေ့ရတယ်။

Credit : Here

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (အိပ်ခ်ျဖိလဒင်းဟော)

ဆရာပါရဂူ မြန်မာပြန်သည့် “သီပေါ၏ မဟေသီ” စာအုပ်သည် လူကြိုက်များ၍ အကြိမ်ကြိမ်ပြန်လည် ထုတ်ဝေရသော စာအုပ်ဖြစ်သည်။ ယင်းစာအုပ်ကို ဆရာပါရဂူသည် အိပ်ခ်ျဖိလဒင်းဟော (H.Fielding Hall) ရေးသည့် Thibaw’s Queen ကို မြန်မာပြန်ဆို ထားခြင်းဖြစ်သည်။

ဖိလဒင်းဟောသည် မြန်မာနိုင်ငံသို့ သီပေါမင်းတရား ပါတော်မမူခင် ကပင် ရောက်ရှိနေသည်။ သူ၏စာများ အရ သိရသည်မှာ သူသည် မြန်မာနိုင်ငံသို့ မလာမီ အိန္ဒိယ၌ (၆) နှစ်တာမျှ နေခဲ့ဖူးလေသည်။ သူ၏စာများ ထဲတွင် မကြာခဏ သူ၏အတွေ့အကြုံများကို အခြေခံပြီး မြန်မာပြည်နှင့် အိန္ဒိယကို နှိုင်းယှဉ်ရေးသား ထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသို့ မည်သို့မည်ပုံစတင်ရောက်လာသည်ကို မသိရသော်လည်း အထက်မြန်မာနိုင်ငံသို့ ရောက်ရှိသွားခြင်းမှာမူ ဘုံဘေဘားမား သစ်ကုမ္ပဏီ အမှုဆောင်တစ်ဦးအဖြစ်ဖြင့် ရောက်ရှိသွားခြင်းဖြစ်သည်။ အင်္ဂလိပ်တို့သည် နယ်ချဲ့ လိုသောကြောင့် မြန်မာနိုင်ငံကို သိမ်းပိုက်သည်ကို ဖုံးကွယ်လိုသည့်အတွက် ဟိုနယ်သည်နယ် အကြောင်းပြခဲ့သည်။ မြန်မာအစိုးရနှင့် သစ်ကုမ္ပဏီတို့၏ ပဋိပက္ခ သည် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားလာ၍၊ မြန်မာနိုင်ငံကို သိမ်းပိုက်ယူငင်ရေးအတွက် အကွက်တစ်ကွက်ဖြစ်လာသည်။

ယင်းသို့အားဖြင့် မြန်မာနိုင်ငံကို တစ်ဇာတ်သိမ်းစေခဲ့သော စစ်မီးမွှေးပေးသည့် တရားခံမှာ ဘုံဘေ ဘားမား သစ်ကုမ္ပဏီ ဖြစ်သည်။သစ်ကုမ္ပဏီ၏ အမှုထမ်းတစ်ဦး အဖြစ် ရောက်ရှိလာသူဖြစ်၍ ဖိလဒင်းဟော သည် မြန်မာ့သမိုင်းနှင့်လည်း ဆက်စပ်နေသူဟု ဆိုက ဆိုနိုင်ပေသည်။ ဘုံဘေဘားမားသစ်ကုမ္ပဏီ၏ အမှုထမ်းတစ်ဦးဖြစ်သည့်အလျောက် ထိုစဉ်က သစ်ကုမ္ပဏီကြောင့် ပေါ်ပေါက်လာရ သည့် ပြဿနာ အရှုပ် အထွေးကို ဖိလဒင်းဟောသည် တဆင့်စကားမဟုတ် ကိုယ်တိုင်ကိုယ်ကျ သိရှိလားသူဖြစ်သည်။ သို့ဖြစ်၍ သူ၏ Thibaw’s Queen (သီပေါ၏မဟေသီ) စာအုပ်၌-

“၁၈၈၄ ခုနှစ်အတွင်း၌ ဖြစ်ပျက်သည့်အဖြစ်အပျက်ဟု ကျွန်ုပ်ထင်သည်။ မြန်မာနိုင်ငံအစိုးရက နှစ်ဦးနှစ် ဖက် ချုပ်ဆိုထားသည့် အငှားစာချုပ်ကို ဘုံဘေဘားမားကုမ္ပဏီက ချိုးဖောက်ကြောင်းတွေ့ရသည်ဟု ဆိုလေသည်။ အကြီးစားကျွန်းသစ်များကို အကျင့်ပျက်ပြား နေသည့် မြန်မာအရာရှိများ၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် နယ်စပ်ရှိအစိုးရစခန်းများမှတဆင့် အသေးစားကျွန်းသစ်များအနေနှင့် ခိုးထုတ်သည်။ မမှန်မကန်လုပ်သည့်အတွက် အကောက်ခွန် အများအပြားဆုံးရှုံးနစ်နာသွားရသည်။ တင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ ယင်းကဲ့သို့ မသမာသောနည်းဖြင့် ကျွန်းသစ်များကို ခိုးထုတ်နေသည်မှာ ကာလကြာပြီဖြစ်ကြောင်းသိရှိရသည် ဟု မြန်မာအစိုးရက ဆိုလေသည်။

ဘုံဘေဘားမားကုမ္ပဏီက မဟုတ်ရကြောင်း ငြင်းဆိုသည်။ ကျွန်းသစ်များ ခိုးထုတ်သဖြင့် နစ်နာဆုံးရှုံး သွားသော အခွန်အကောက်ကို သူတို့ခန့်မှန်းထားသည့်အတိုင်းပေးရန်နှင့် ဒဏ်ငွေအနေနှင့် လည်း ငွေအမြောက်အမြားဆောင်ရန် ဘုံဘေဘားမား အစိုးရအား အမိန့်ချမှတ်လိုက်လေ သည်။ မြန်မာအစိုးရက မိမိအားပေးရန် ဘုံဘေဘားမားကုမ္ပဏီအား ချမှတ်လိုက် သည့် ငွေအရေ အတွက် မှာ စတာလင်ပေါင် ငွေနှစ်သိန်းငါးသောင်းခန့်ရှိပေသည်။ အငှားစာချုပ်ကို ဖျက်သိမ်းပစ်ရန်လည်း စကားပြန် လေသည်။ ဘုံဘေဘားမားကုမ္ပဏီသည် ကြွယ်ဝချမ်းသာသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ သို့ရာတွင် ယခုလောက် များပြားသည့် ဒဏ်ငွေကို ဆောင်ရပြီး အငှားစာချုပ်ကိုလည်း ဖျက်သိမ်းလိုက်ရမည်ဆိုလျှင် ကုမ္ပဏီပျက်စီးလုနီးနီးဖြစ်သွားနိုင်စရာ ရှိလေသည်။ သို့ဖြစ်၍ ဘုံဘေဘားမားကုမ္ပဏီက အိန္ဒိယအစိုးရအား တိုင်ကြားလေသည်။ ဘေးကျပ်နံကျပ်ဖြစ်သေည့် ဘုံဘေဘားမားကဲ့သို့သော ကြွယ်ဝချမ်သာသည့် ကုမ္ပဏီဘက်က ရပ်ဖို့ရန် ဆန္ဒပြင်းပြနေသည့် အိန္ဒိယအစိုးရ သည် မြန်မာအစိုးရအား စကားကမ်းလှမ်းကြည့်လေသည်။

ယင်းစေ့စပ်ကမ်းလှမ်းချက်၌ မည်သည့်အချက်အလက်များ ပါသည်ဆိုသည်ကိုမူ ကျွန်ုပ်မသိပေ။ သို့ရာတွင် စေ့စပ်ကမ်းလှမ်းချက်မှာ ပျက်ပြားသွားလေသည်။ ထိုအချိန်မတိုင်မီကလည်း ဘုံဘေဘားမား ကုမ္ပဏီသည် မိဘုရားကြီးနှင့် သြဇာတိက္ကိမ ရှိသည့် မှူးမတ်များထံ ချဉ်းကပ်ပြီး မိမိတို့ အလိုကျဖြစ်ရေးအတွက် ဆွေးနွေးကြည့်ခဲ့ဖူးသည်။ သို့သော်လည်း အောင်မြင်မှုမရရှိပေ။ ထိုနည်း အတိုင်းပင် ယခုအိန္ဒိယအစိုးရအနေနှင့် ကုမ္ပဏီအကျိုး အတွက် ကြားဝင်ပြန်သော အခါ လည်း အောင်မြင်မှုမရရှိခဲ့ပေ။ မြန်မာအစိုးရကမူ တရွေးသားမှ အလျော့မပေးပေ။ ဤသို့ ထုတ်ဖော်ပြော ဆိုလေသည်။ “ဒီကုမ္ပဏီဟာ အင်မတန်ကောက် ကျစ်စဉ်းလဲတယ်။ သူတို့အမှုကို အခုလို စီရင်ချက်ချတာ အင်မတန်တရားမျှတတယ်။ ဘာမှ သံသယဖြစ်နေစရာမရှိဘူး။ ကုမ္ပဏီဟာ မြန်မာအစိုးရရဲ့ အခွန် အကောက်အရေအတွက် မြောက်မြားစွာကို မသမာတဲ့နည်းကိုသုံးပြီး နစ်နာဆုံးရှုံးသွားအောင် လုပ် တယ်။ မြန်မာအစိုးရရဲ့ အရာရှိများကိုလည်း သူတို့ရဲ့ အပြစ်ကို ဖုံးကွယ်လိုတဲ့အတွက် အကျင့်ပျက်ပြားသွားအောင်လုပ်တယ်။ မြန်မာနိုင်ငံဘုရင်မင်းတရားကြီးဟာ ဘုရင်တစ်ဆူဖြစ်တယ်။ အပြစ်ကျူးလွန်တဲ့လူဟာ အင်္ဂလိပ်လူမျိုးဖြစ်စေကာမူ ဘုရင်မင်းတရားကြီးအနေနဲ့ မိမိတရားသည် မှန်သည်ထင်သည့်အတိုင်းသာ တရားစီရင်လိမ့်မယ်။ အခုဒီအမှုနဲ့ပတ်သက်ပြီး တရားစီရင်ပြီးပြီ။ ပြန်လည် ရုပ်သိမ်းလို့ မရတော့။ ဒဏ်ငွေကို ချက်ချင်းဆောင်ရမယ်။ ဒါမှမဟုတ်ရင် အငှားစာချုပ်အားလုံးကို ချက်ချင်း ဖျက်သိမ်းပစ်မယ်”

သို့ရာတွင် ထိုစီရင်ချက်ကို အကောင်အထည်ဖော်ရာ၌မူ မြန်မြန်ထက်ထက်မရှိပေ။ မြန်မာအစိုးရ သည် အေးတိအေးစက် နိုင်လှသည်။ အမှုမှာ ၁၈၈၅ ခုနှစ် နွေဥတုကုန်သည်အထိ မျောသွားလေသည်။ မိုးသားတိမ်လိပ်တို့သည် မည်းမှောင်နက်ချိပ်လာ ကြလေသည်။ မချွတ်ဖြစ်ရတော့မည့် စစ်ပွဲလည်းနီးသထက်နီးလာလေသည်။ တိုင်းပြည်တခွင်လုံးတွင် ကောလဟာလ သတင်းများ ပျံ့နှံ့နေသည်။ တိုင်းသူပြည်သားတို့သည် ကျရောက်လာမည့်ဘေးဒုက္ခကို လှမ်းမျှော်ရမ်းဆပြီး၊ ဂဏာမငြိမ်ဖြစ်နေကြသည်။ မြန်မာအစိုးရသည် အောက်မြန်မာနိုင်ငံသို့ လူယုံများကို စေလွှတ်ပြီး ပုန်ကန် ထကြွမှုဖြစ်ပေါ်လာအောင် လှုံ့ဆော်ခိုင်းသည်ဟု သတင်းထွက်လာသည်။

အမြောက်တပ်ဗိုလ်မှူးကြီးတစ်ဦးသည် ကျွန်ုပ်တို့၏ ဗိုလ်ချုပ်ကြီးများအခြေအနေ သုံးသပ်ကြည့်နိုင်အောင် မန္တလေးမြို့သို့ တက်သွားပြီး မန္တလေးမြို့၏ ကာကွယ်ရေးအခြေအနေကို လေ့လာစုံစမ်းလေသည်။ သူ့ကိုဖမ်းဆီးရန် နောက်ယောင်လိုက်သော်လည်း အချိန်မီလွတ် မြောက် သွားလေသည်။ သူ့ကိုခေါ်ဆောင် သွားသော ကုန်သင်္ဘောကပ္ပတိန်သည် သူလျှိုတစ်ဦးအား ကူညီမိသည့်အတွက် အသတ်ခံရလုနီးနီးဖြစ် သွားခဲ့လေသည်။ မြန်မာအစိုးရသည် မိမိတို့၏ အခြေအနေကို လာရောက်စုံထောက်သည့် ဗိုလ်မှူးကြီး၏ လုပ်ရပ်ကို သိရသည့် အတွက် အကြီးအကျယ်ဒေါသထွက်သွားပြီးလျှင် ရန်ကုန်မြို့သို့နာကျည်းစွာဖြင့် စာချွန်တော်ရေးသားပေးပို့ပြီး ကန့်ကွက်လေသည်။ သို့ရာ တွင် မြန်မာအစိုးရ၏ ကန့်ကွက်စာကို အင်္ဂလိပ် အစိုးရက မဖွယ်မရာ လုပ်ပစ်လေသည်။

သို့ဖြစ်ရာ အခြေအနေသည် ဆိုးသထက် ဆိုးသွားလေသည်။ ထိုအတောအတွင်း အိန္ဒိယမှ မြန်မာပြည်သို့ စစ်တပ်များပို့ပြီး လျှင် မိုးပါးသွားသည်နှင့်တပြိုင်နက် မန္တလေးသို့ ချီတက်နိုင်ရန်အဆင် သင့် ဖြစ်အောင် ပြင်ဆင်နေလေသည်။ မန္တလေးမြို့သည် ဧရာဝတီမြစ် ကမ်းနဘေးတွင် တည်ရှိနေ သည်။ ရေလမ်းခရီးအရ ရန်ကုန်မြို့မှ မိုင်ခုနစ်ရာဝေးပြီး ကျွန်ုပ်တို့၏ နယ်ခြားစခန်းမြို့ဖြစ် သည့် သရက်မြို့မှ မိုင် ၄၀၀ ဝေးလေသည်။ စစ်တပ်ချီတက်ရမည်မှာ ရေကြောင်းခရီး က ဖြစ်လေသည်။ မြစ်ထဲတွင် သွားလာ ခုတ်မောင်းနေသည့် သင်္ဘောများစွာကို ငှားရမ်းပြီးလျှင် အမြောက် များတပ်ဆင်လိုက်လေသည်။ စစ်တပ်ကို သယ်ဆောင်သွားနိုင်ရန် အတွက် တွဲသမ္ဗာန်များကို သင်္ဘောများ၌ ချိတ်ဆွဲလေသည်။ စစ်ပြင်ဆင်မှုမှာ လျင်မြန်သည်။ စေ့စပ်သည်။

မြန်မာဘုရင်ဘက်ကလည်း စစ်ပြင်ဆင်မှုများပြုလုပ်လေသည်။ များများစားစားတော့မဟုတ်ပေ။ မန္တလေးမှ စစ်တပ်တချို့ကို မင်းလှ သို့လည်းကောင်း၊ အရှေ့ဘက်နယ်စပ်သို့လည်းကောင်း ပို့လေသည်။ စစ်သည်တပ်သားများကို အရေအတွက် တိုးမြှင့်ရန်နှင့် လက်နက်တပ်ဆင်ပေးရန်အတွက်လည်း ကြိုးပမ်းအားထုတ်လေသည်။ သို့ရာတွင် စည်းကမ်းသေ၀ပ်မှု လည်း မရှိပေ။ စနစ်တကျ လည်းမရှိပေ။ ထိုအချိန် ထိုကာလတွင် မြန်မာဘုရင်အတွက် မြန်မာ့တပ်မတော်ကို ဦးစီးကွပ်ကဲမည့် မဟာဗန္ဓုလ စစ်သူကြီးလည်း မရှိတော့ ပေ။ အံ့သြစရာကောင်းလောက်အောင်ပင် အကြားအမြင်ကင်းမဲ့ကြသည်။ နည်းဗျူဟာလည်း ညံ့ဖျင်းကြသည။် လစ်လျှင်လစ်သလိုလည်း မရိုးမသားလုပ်ကြသည်။ စစ်တပ်ကို ပေးကမ်းထောက်ပံ့ရန်အတွက် အခကြေးငွေကို ပေးလိုက်လျှင် စစ်တပ်သို့ မရောက်ဘဲ ကြားဖြတ်သုံးပစ်ကြသည်။

လက်နက်ဝယ်ရန် ကြေးငွေကို ပေးလိုက်လျှင်လည်း ကြေးငွေသာ ဆုံးသည်။ လက်နက်ကိုမရရှိပေ။

ဦးဆောင်ညွှန်ကြားမည့်သူ ဘယ်မှာမှမရှိပေ။ နည်းလမ်းကို ရှာကြံပြီး ထိုနည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မည့် အမြော်အမြင်ရှိ သူဟူ၍လည်း တဦးတယောက်မျှ မရှိပေ။ ကင်းဝန်မင်းကြီးသည် ငြိမ်းချမ်းရေးရရှိစေရန်နှင့် အကျေအလည်ဖြစ်စေရန် အကြံဉာဏ်ပေး သည်ကားမှန်၏။ သို့ရာတွင် ထိုစဉ်က ကင်းဝန်မင်းကြီးသည် တကိုယ်တည်းသာလျှင် ဖြစ်နေရှာသည်။ ထို့အပြင် ထိုအချိန်က လိုအပ်နေသည့် အရာမှာ အကြံဉာဏ်မဟုတ်ပေ။ အကြားအမြင်ဗဟုသုတသာ ဖြစ်လေသည်။ အကယ်၍ ဘုရင် မင်းတရားကြီးနှင့် မိဘုရားကြီးတို့သာ နားလည်မှုရှိကြပါလျှင်….။ သို့သော် မင်းမိဘုရားနှစ်ပါးတို့သည် နားမလည်ကြပေ။ သူတို့သည် သူတို့၏ နန်းတော်အပြင်ဘက်က ကမ္ဘာလောကအကြောင်းကို ဘာမှနားမလည်ကြပေ။ မိမိတို့သည် ကမ္ဘာပေါ်ရှိ ဘုရာင်ဧကရာဇ်တို့နှင့်တန်းတူ ရည်တူပင် အာဏာရှိသည်။ ပညာရှိသည်။ မိမိတို့၏ တံခါးဝရောက်လာသည့် မည်သည့် ရန်သူနှင့်မဆို အပေါ်စီးကနေပြီး စကားပြောနိုင်လောက်အောင် ဘုန်းလက်ရုံးနှင့် ပြည့်စုံသည်ဟူ၍ သူတို့ကိုယ်သူတို့ ထင်နေကြသည်။ သို့ဖြစ်၍ ကင်းဝန်မင်းကြီးက အလျော့ပေးလိုက်ဖို့ရန် အကြံဉာဏ်ပေးသောအခါ ကင်းဝန်မင်းကြီးအား မိန်းမလျာ ဟူ၍လည်းကောင်း၊ သစ္စာဖောက်ဟူ၍ လည်းကောင်း၊ သမုတ်ပြီးသူပေးသည့် အကြံဉာဏ်ကို ဘေးဖယ်ထားလိုက်ကြလေသည်။

ဘာကြောင့် သူတို့အလျော့ပေးကြရမည်နည်း။ သူတို့ဘာလုပ်လုပ်အမှန်ဟု ကိန်းသေ တွက်ထားကြသည်။ မြန်မာအစိုးရနှင့် ဘုံဘေဘားမားကုမ္ပဏီတို့ဖြစ်သည့်ကိစ္စတွင် အိန္ဒိယအစိုးရ ကြားဝင်ခြင်းသည် ကိုယ်နှင့်မဆိုင်တာကို ၀င်စွက်သည်ဟု မြန်မာဘုရင်နှင့် သူတို့၏ အတိုင်ပင်ခံ အမတ်ကြီးများက ယူဆကြသည်။ အင်္ဂလန်ပြည်သည် ပြင်သစ်ကို ဤသို့ လုပ်ရဲမှာမဟုတ်။ အမေရိက ကိုလည်း ဤသို့ လုပ်ရဲမည်မဟုတ်။ ရုရှားကိုလည်း ဤသို့ လုပ်ရဲမည်မဟုတ်။ သို့ဖြစ်လျှင် သူတို့ကိုလည်း ဘာကြောင့် လုပ်ရဲရမည်နည်း။ ထိုနိုင်ငံများနှင့် မြန်မာနိုင်ငံကား မတူပေ။ ထိုနိုင်ငံများသည် အင်အားကြီး မားသည်။ စွက်ဖက်မှုကို တုံ့ပြန်နိုင်စွမ်းရှိသည်။ မြန်မာနိုင်ငံကား အင်အားအလွန်နည်းပါးသည်ဖြစ်၍ လက်ရဲဇက်ရဲသူတစ်ဦးဦး၏ သားကောင်ဖြစ်သွားနိုင်သည်။ ယင်းခြားနားချက်ကို သူတို့ မစဉ်းစားမိကြပေ။

သူတို့ကို မည်သူကမှ အမှန်သဘောကို ပြောမပြကြပေ။ ပြောလည်းမပြောဝံ့ပေ။ တကွက်မှားသွား သည်နှင့်တပြိုင်နက် အပြစ်ဒဏ်အစီရင်ခံရသည့် ထုံးများ ရှိနေသောကြောင့် ဖြစ်သည်။ နန်းတော် တံခါးအပြင်ဘက်၌ အကြားအမြင်ရှိနေသည်။ အကြောက်အရွံ့ရှိနေသည်။ နန်းတော်တွင်း၌ကား မျက်စိကန်းတစ္ဆေမကြောင်ရှိနေသည်။ သူတို့သည် ယင်းကလေးသူငယ် နှစ်ဦးတို့သည် အိပ်မက် မက်နေကြသည်။ သူတို့သည် အင်္ဂလန်နှင့်တုဖက်ယှဉ်ပြိုင်နိုင်စွမ်းမရှိဟု သူတို့အား မည်သူကမှ အရိပ်အမြွက် မပြောဝံ့ကြပေ။ ကင်းဝန်မင်းကြီးလည်း အကြံဉာဏ်သာပေးသည်။ အမှန်သဘောကိုမူ ပြော မပြ၀ံ့ပေ။ သူအရိပ်ပြသည်ကို အကောင် မထင်ပေ။ တလွဲသာထင်နေသည်။ ဘုရင်မင်းတရားကြီးနှင့် သူ့အစိုးရသည် သူတို့၏ နောက်၌ ထိုးဖောက်ဖို့ရန် မလွယ်သည့် တပ်မတော်ကြီးရှိနေသည့် အလား ပြုမူလုပ်ကိုင်နေကြသည်။ ထိုအချိန်က ဗြိတိသျှအစိုးရထံပေးသည့် သူတို့၏ စာချွန်တော်အားလုံး၌ အားမာန်သဘောသည် ပေါ်လွင် နေပေသည်။ မိမိတို့ဘက်က လုံးဝမှန်ကန်သည်ဟူ၍ လည်းကောင်း၊ စွက်ဖက်မှုဟူသမျှကိုတွန်းလှန်ပစ်နိုင်သည့်စွမ်းအား မိမိတို့တွင်ရှိသည်ဟူ၍လည်းကောင်း၊ စိတ်ချလက်ချ ယုံကြည်ထားခြင်းသည်လည်း သူတို့၏ စာချွန်တော်များ၌ထင်ရှားနေပေသည်။ ကျွန်ုပ်အနေနှင့် ယခု အတိတ်ကို ပြန်ကြည့်လိုက်သည့်အခါ၌ကား ယင်းသူငယ်ဘုရင်ကလေးများ၏ အခြေအနေသည် ကြင်နာ သနားဖွယ်အပြည့်ရှိနေသည်။ သူတို့၏ ကလေးပီပီ မသိနားမလည်မှု၊ သူတို့၏အင်အားနည်းပါးမှု၊ သူတို့၏ အာဏာနှင့် တန်ခိုးကို ဆုပ်ကိုင်ထားလွန်းမှု၊ ယင်းအခြင်းအရာများသည် ကြင်နာသနားဖွယ်ရာပင်ဖြစ်လေ သည်။ ယင်းအခြင်းအရာများသည် သူတို့အား ဘယ်လမ်းဘယ်ခရီးသို့ ပို့ဆောင်မည်ဆိုသည်ကို သိနေရသော ကျွန်ုပ်တို့အဖို့ ယင်းအခြင်းအရာများထက် သနားကြင်နာစရာ ကောင်းသောအရာ မရှိနိုင်တော့ပေ။

ဤကား ၁၈၈၅ ခုနှစ် မိုးကုန်ချိန်အခြေအနေဖြစ်လေသည်” ဟူ၍ ရေးသားဖော်ပြထားလေသည်။ ဖိလဒင်းဟောသည် အခြားစာအုပ်များတွင် သစ်ကုမ္ပဏီနှင့် မြန်မာအစိုးရအချင်းများရသည့်ကိစ္စ ကို ရေး သားတင်ပြထားသည်ကို တွေ့ရလေသည်။

၁၈၈၅ ခုနှစ် မေလ လောက်က ဖိလဒင်းဟောသည် သီပေါဘုရင်အုပ်စိုးနေသည့် အထက်မြန်မာနိုင်ငံသို့ ရောက်သွားလေသည်။ ထိုအချိန်က တတိယမြန်မာ-အင်္ဂလိပ် စစ်ပွဲ မဖြစ်သေးပေ။ ထိုစဉ်က မြန်မာနိုင်ငံအတွင်း ကူးသန်းသွားလာရေးမှာ မလွယ်ကူပေ။ ဖိလဒင်းဟော သစ်ကုမ္ပဏီ၏တာဝန် အရ အထက်မြန်မာနိုင်ငံသို့ သွားသည့်အခါ အင်္ဂလိပ်ပိုင်နှင့် မြန်မာပိုင်နယ်စပ်ကို ခဲခဲယဉ်းယဉ်းဖြတ်ကျော် ပြီးသွားရလေသည်။ ယင်းခရီးစဉ်ကို သူ၏ A People at School အမည်ရှိ စာအုပ်၌ ရေးသားဖော်ပြထားလေသည်။ အထက်မြန်မာနိုင်ငံသို့သွားပြီး ဖိလဒင်းဟော ပထမဆုံးနေ သည့်နေရာမှာ “နင်းကြမ်း” အမည်ရှိ သစ်တောနယ်မြေဖြစ်သည်။ နင်းကြမ်းမှာ ပျဉ်းမနားနယ်ရှိ သစ်တော်အချက်အချာနယ်မြေဖြစ်သည်။ ဖိလဒင်းဟောသည် ၎င်းကြမ်းတွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားသည်အထိ နေသွားခဲ့လေသည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးမြို့ကျပြီး အရှင်နှစ်ပါးကို အင်္ဂလိပ်တို့က အိန္ဒိယသို့ခေါ်ဆောင်သွားကြသည်။ ထို့နောက် ခုနစ်လအကြာ ၁၈၈၆ ခုနှစ် ဇူလိုင်လတွင် ဖိလဒင်းဟော မန္တလေးသို့ ရောက်သွားလေးသည်။ ထိုစဉ်က မန္တလေးမြို့၏ အခြေအနေကို ဖိလဒင်းဟောသည် သူ၏ စာအုပ်တွင် ရေးသားဖော်ပြထားသည်။ ထိုစဉ်က မန္တလေးနန်းတော်သည် အထက်မြန်မာနိုင်ငံ အင်္ဂလိပ်အစိုးရ၏ ဗဟိုဌာနဖြစ်နေလေသည်။ အင်္ဂလိပ်စစ်ဗိုလ်ချုပ်၏ ဌာနချုပ်ကိုလည်း နန်းတွင်းမှာပင် ထားလေသည်။ ယခင်က မိဘုရားများ၊ ရံရွေတော်များ၊ မှူးမတ်များနေခဲ့သော အဆောင်တော်များမှာ အင်္ဂလိပ်အရာရှိများ စတည်းချရာ ဖြစ်နေသည်။ ပလ္လင်ဆန်း၊ ပလ္လင်ဆောင်များမှာ ရုံးများဖြစ်နေသည်။

ညီလာခံခန်းမဆောင်များမှာ ထမင်းစားခန်းများဖြစ်နေသည်။ အထက်မြန်မာနိုင်ငံကို အုပ်ချုပ်သော ကော်မရှင်နာမင်းကြီး ဆာဘားနဒ်လည်း နန်တော်အတွင်း၌ပင်နေလေသည်။ ဖလဒင်းဟော သည် အစိုးရအမှုထမ်းရန် ကော်မရှင်နာမင်းကြီး ထံမှ အမိန့်ကို စောင့်ဆိုင်းနေလေသည်။ ယင်းသို့စောင့် ဆိုင်းနေစဉ်အတွင်း ကော်မရှင်နာမင်းကြီး၏ ရုံးအရာရှိများနှင့် အတူတကွ နန်းတော်အတွင်း ၌ပင် နေထိုင်လေသည်။ ထိုအချိန်ကား မန္တလေးမြို့ ကျသါားသည်မှာ ပူပူနွေးနွေးပင် ရှိသေးသည်။ သို့ဖြစ်၍ ဖိလဒင်းဟော သိရှိရသည့် မန္တလေးနန်းတော်နှင့် မြန်မာဘုရင်၊ မြန်မာမိဘုရားများအကြောင်းများမှာ လတ်လတ်ဆတ်ဆတ်ပင် ရှိသေးသည်။

ထို့ကြောင့် ၁၈၉၉ ခုနှစ် ထုတ်ဝေသည့် Thibaw’s Queen စာအုပ်ပါ အချက်အလက်များမှာ မှန်ကန်မှုနှင့် အနီးစပ်ဆုံးသော အကြောင်းအရာများဖြစ်နိုင် လေသည်။ ယင်းစာအုပ်ကို ၁၉၇၂ ခုနှစ် “သီပေါမဟေသီ” အမည်ဖြင့် မြန်မာပြန်ရေးသားထုတ်ဝေခဲ့သော ဆရာပါရဂူကလည်း -

“မြန်မာပြည်အကြောင်းရေးသားသည့် နိုင်ငံခြားသားများအနက် မြန်မာပြည်သူပြည်သားများအနေနှင့် စွဲလမ်းနှစ်ခြိုက်နေ သည့် စာရေးဆရာတစ်ဦးမှာ အင်္ဂလိပ်လူမျိုး ဖိလဒင်းဟောဖြစ်လေ သည်။ မြန်မာပြည်အကြောင်းကို ရေးသားရာ၌ တစ်ဦးနှင့်တစ်ဦး မတူကြပေ။ အချို့မှာ မြန်မာရာဇ၀င် သမိုင်းကို ရေးကြသည်။ အချို့က မျက်မြင်ကိုယ်တွေ့ကို ရေးကြသည်။ အချို့က ခရီးသွားမှတ်တမ်းရေး ကြသည်။ အချို့က ဘာသာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံအကြောင်းတို့ကို ရေးကြသည်။ အချို့က မြန်မာပြည် ကို နောက်ခံထားပြီး ၀တ္ထုရေးကြသည်။ ယင်းသို့ ရေးသားကြရာ၌ မြန်မာပြည်အကြောင်းကို မှန်မှန် ကန်ကန် တိတိကျကျ ရေးသားနိုင်သူက နည်းသည်။ အချို့အရေးအသားများမှာ တိမ်းစောင်းနေပြီး၊ အချို့အရေးအသားများမှာ ဘက်လိုက်ရေးသား ထားလေသည်။

ဖိလဒင်းဟော၏ အရေးအသားများမှာကား ထိုကဲ့သို့ မဟုတ်ပေ။ ဖိလဒင်းဟောသည် မြန်မာနိုင်ငံ ၌ နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့သည်။ ယင်းသို့ နေထိုင်စဉ်အတွင်းမြန်မာတို့၏ အတွင်းသဘောကို နှိုက် ပြီး လေ့လာသည်။ လေ့လာသမျှကို အခြေခံပြီး စာအုပ်ရေးသည်။ မြန်မာလူမျိုးအပေါ်၌ထားသော သူ၏ စေတနာကလည်း မှန်သည်။ သူ၏ လေ့လာချက်ကလည်း ခိုင်မာသည်။ သို့ဖြစ်၍ သူရေးသားထားသည့် မြန်မာအကြောင်းစာအုပ်များမှာ သမာသမတ်ကျပြီး မြန်မာလူမျိုးတို့၏ ဘ၀အမှန်နှင့် နီးစပ်သည့် စာအုပ်များ ဖြစ်နေပေသည်။”

ဖိလဒင်းဟောသည် မန္တလေးမြို့၌ နေထိုင်စဉ်အတွင်း ကျောက်ဆည်မြို့အုပ်ခန့်အပ်ခံရ၍ ကျောက်ဆည်မြို့ သို့ ပြောင်းရွှေ့နေထိုင်သည်။ မြန်မာနိုင်ငံ ပြန်တမ်းဝင်အရာရှိကြီးများ၏ အမှုထမ်းသမိုင်းတွင် မန္တလေးမြို့ ၌ ဟေညသည် တစ်ပတ်ကြာမျှ မြို့အုပ်လုပ်သည် ဟု ပါရှိလေသည်။ ကျောက်ဆည်၌လည်း မကြာ လှပေ။ ကျောက်ဆည်မြို့သို့ ၁၈၈၆ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ရောက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရှိမ်းမကားသို့ မြို့အုပ်အဖြစ်နှင့်ပင် ပြောင်းရွှေ့ရလေသည်။

ရှိမ်းမကားသို့ ရောက်သောအခါ ကျောက်ဆည်နှင့်မတူသည့်အခြေအနေကို ဖိလဒင်းဟောတွေ့ရှိရလေ သည်။ ကျောက်ဆည်တွင် ငြိမ်ဝပ်ပိပြားမှုရှိသော်လည်း ရှိမ်းမကား၌ လှုပ်ရှားထကြွမှုများရှိနေသည်။ သူ့အလုပ်မှာ မြို့အုပ်ဖြစ်သော်လည်း ရှိမ်းမကား၌ စစ်တပ်ကို သတင်းရှာပေးရသည့် ထောက်လှမ်းရေး အလုပ်ကိုသာ လုပ်နေရသည်။ ထိုစဉ်က ရှိမ်းမကားနယ်တွင် နာမည်ကြီးဖြစ်သည့် ဗိုလ်မောင်ရိုင်တို့၏ ရန်က ဖိလဒင်းဟော သူ၏ A People at School တွင် လည်းကောင်း၊ The Soul of a People (မြန်မာ့စိတ်သဏ္ဌာန်) တွင်လည်းကောင်း၊ ရှိမ်းမကားနယ်မှ နယ်ချဲ့တော်လှန်ထကြွမှုများအကြောင်းနှင့် ဗိုလ်မောင်ရိုင်၏ အကြောင်းကို တခမ်းတနားရေးသား ဖော်ပြထားလေသည်။

၁၈၈၇ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ရွှေဘိုသို့ မြို့အုပ်အဖြစ်နှင့်ပင် ပြောင်းရွှေ့ရသည်။ ထိုမှတဆင့် မြို့အုပ်ရာထူးနှင့်ပင် ဧပြီလတွင်ကောလင်းသို့ ပြောင်းရွှေ့ရသည်။ ကောလင်းတွင် နေစဉ် အင်္ဂလိပ်အစိုးရ ကို တော်လှန်ခြားနားနေသော ၀န်းသိုစော်ဘွားကြီး ကို ဖိလဒင်းဟော တွေ့ဆုံခဲ့ရလေသည်။ ၁၈၈၈ ခုနှစ် ဇူလိုင်လတွင် ဖိလဒင်းဟောသည် ကောလင်းမှ ချင်းတောင်သို့ ပြောင်းရွှေ့သွားရသည်။ ကလေးမြို့တွင် ဥရောပတိုက်သား အဖော်ဟူ၍ အခြားတစ်ဦးတစ်ယောက်မျှ မရှိဘဲ သူတစ်ဦးတည်းနေရလေသည်။ ၁၈၈၉ ခုနှစ် ဒီဇင်ဘာလကျမှ ချင်းတောင်မှ ပြောင်းရွှေ့ရလေသည်။

ဖိလဒင်းဟောသည် အစိုးရအမှုထမ်းဘ၀ဖြင့် မြန်မာပြည်အရပ်ရပ်တွင် ကျင်လည်ခဲ့သည်။ သူအမှုထမ်း ခဲ့သော မြို့များမှာ ကျောက်ဆည်၊ ရှိမ်းမကား၊ ရွှေဘို၊ ကောလင်း၊ ချင်းတောင်၊ မလှိုင်၊ ၀မ်းတွင်း၊ ရန်ကုန်၊ ၀န်းသို၊ သရက်၊ မကွေး၊ စစ်ကိုင်း၊ ဘုတလင်၊ မြင်းခြံ၊ အင်စိန်တို့ ဖြစ်သည်။ အမှုထမ်းခဲ့သည့် ရာထူးများ မှာလည်း မြို့အုပ်၊ လက်ထောက်ကော်မရှင်နာမင်းကြီး စသည်တို့ဖြစ်သည်။ တစ်ခါတစ်ရံ အရေးပိုင် တာဝန်များကိုလည်း ထမ်းရွက်ရလေသည်။ ၁၈၈၆ ခုနှစ်မှစ၍ အစိုးရအမှုထမ်းလုပ်လာခဲ့ရာ ၁၉၀၆ ခုနှစ်ကျမှ အငြိမ်းစားယူခဲ့လေ သည်။ အငြိမ်းစားမယူမီအတွင်း ၁၈၉၁ ခုနှစ်က တရုတ်ပြည်နှင့် ဂျပန်ပြည် သို့လည်း သွားလိုက်သေးသည်။

ဖိလဒင်းဟောသည် အိုင်ယာလန်ပြည် ရာသိုဝင်မြို့၌ ၁၈၅၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ အိပ်ခ်ျဘီဟော (H.B.Hall) ၏ တစ်ဦးတည်းသောသားဖြစ်သည်။ လီမန်တန်ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ဂျေအမ်မဒ်ခ် သမီး မာဂရက်အီလာဒင်နှင့် အိမ်ထောင်ကျ၍ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ၁၈၇၈ ခုနှစ် ၌ ရွက်သင်္ဘောဖြင့် ကမ္ဘာတစ်ပတ် ခရီးထွက်ခဲ့ဖူးသည်။ ဖိလဒင်းဟောသည် ၁၉၁၇ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ဖိလဒင်းဟောသည် မြန်မာပြည်၏ ရေစက်သည် သူ့တစ်သက်၌သာ ကုန်ဆုံးသွားသည်မဟုတ်ပေ။ ဖိလ ဒင်းဟော၏ သားလည်း အစိုးရ အမှုထမ်းအဖြစ်ဖြင့် မြန်မာပြည်သို့ ရောက်လာလေသည်။ ဖိလဒင်းဟော၏ သားသည် ဒုတိယကမ္ဘာစစ်ဖြစ်သည်အထိ မြန်မာပြည်၌ ရှိနေသည်။ သို့သော် မြန်မာပြည်၌ သူ့ဇာတ်ကို သူသိမ်းသွားသည့် သတင်းကို ကြားရသည်မှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသည်။

ဖိလဒင်းဟော၏ သားသည် ထိုအချိန်က တရားဌာနအတွင်းဝန်အဖြစ် အမှုထမ်းနေသည်။ ရန်ကုန်ကို ဂျပန်တို့ စတင်ဗုံးကြဲသောအခါ အစိုးရအဖွဲ့ ပြောင်းကြရွှေ့ကြသည်။ ရန်ကုန်ဆေးရုံလူနာများကို အထက်မြန်မာပြည်သို့ ရထားဖြင့် သယ်ဆောင်သွားသည်။ တဆက်တည်း မှာပင် အရူးထောင်အတွင်း၌ ထားသောအရူးများ၏ ပြဿနာပေါ်လာသည်။ အရူးမျာကို အထက်မြန်မာနိုင်ငံကို သယ်ဆောင်သွားဖို့ ရာလည်း မဖြစ်နိုင်ပေ။ ထောင်ထဲတွင် ပိတ်ထားခဲ့ဖို့ရာကလည်း ငတ်၍ သေဖို့ရာသာရှိသည်။ သို့ဖြစ်၍ အရူးများကို ထောင်ဖွင့်ပြီး လွှတ်လိုက်လေသည်။ အရူးများကို လွှတ်ပေးဖို့ အမိန့်ပေးသူမှာ ဖိလဒင်းဟော၏ သား တရားရေးဌာနအတွင်းဝန်ဖြစ်လေသည်။ သို့ရာတွင် အရူးများထောင်က လွတ်သွားသောအခါ ရန်ကုန်မြို့လမ်းများပေါ်၌ အခြေအနေဆိုးများကို တွေ့ရသောအခါ ဖိလဒင်းဟော၏ သားသည် သူ့ကြောင့် ယင်းကဲ့သို့ ဖြစ်ရသည်။ သူ့၌သာ တာဝန်ရှိသည်ဆိုပြီး သူ့ကိုယ်သူသတ်သေသွားလေသည်။

ထိုအကြောင်းကို မောရစ်ကောလစ်၏ First and Last in Burma အမည်ရှိစာအုပ်၌ အစိုးရ၏ အစီရင်ခံစာတစ်ခုကို ကိုးကား၍ ရေးသားထားလေသည်။

ဖိလဒင်းဟောသည် စုစုပေါင်းစာအုပ် (၁၄) အုပ် ရေးသားပြုစုသွားခဲ့လေသည်။ သူသည် ဆောင်းပါး၊ စာတမ်းအများအပြားကိုလည်း ရေးသားသွားလေသည်။ သူရေးသားခဲ့သည့် စာအုပ်များမှာ-

(၁) The Soul of a People (၁၈၉၈)
(၂) Thibaw’s Queen (၁၈၉၉)
(၃) Palace Tales (၁၉၀၀)
(၄) For England (Tale & Poems) (၁၉၀၄)
(၅) The Hearts of Men (၁၉၀၄)
(၆) A People at School (၁၉၀၆)
(၇) The Inward Light (၁၉၀၈)
(၈) One Immortality (၁၉၀၉)
(၉) The Way of Peace (၁၉၁၀)
(၁၀) The World Soul (၁၉၁၃)
(၁၁) Margaret’s Book (၁၉၁၃)
(၁၂) Love’s Legend (၁၉၁၄)
(၁၃) The Field Honor (၁၉၁၅)
(၁၄) The Nature of War & It’s Cause (၁၉၁၉)
စသည်တို့ဖြစ်သည်။

စာကိုး
၁) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် ပထမတွဲ (ပ) ကြိမ် ၂၀၁၀၊ ပညာရွှေတောင် စာအုပ်တိုက်။
၂) ပါရဂူ (မြန်မာပြန်)၊ သီပေါ၏မဟေသီ၊ ချင်းတွင်းစာပေ၊ ပကြိမ်၊ ၁၉၇၂။

Credit : Here

မတ်လအတွက် ၇ ရက် သားသမီး ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအ စည်ကောင်းများ အဆက်အသွယ်ကောင်း များ ပေါ် လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်း များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီး မားမား စရန် မကောင်းသေးပါ။ ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။

မသွားချင်သော ခရီးများ၊ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုး အကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ် သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာ လုပ်ငန်း များ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။

ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျော ညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။

ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

တနင်္လာသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာ ကျိုးပေး အောင်မြင်မည်။

အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်း များ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော် များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွား အလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့် တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှု အခင်း ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ် သည်။

အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမား ကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော် ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။

ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ။ အစားမှား ဆေးမှားဖြစ်ခြင်း၊ သွားဒုက္ခပေး ခြင်းများ ကြုံရ မည်။ မြေကိစ္စ အမွေနှစ်ကိစ္စ များကြုံရ တတ်သည်။

ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊ ။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။

ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံ ဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိ လာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြု လုပ်ပါလေ ။ ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

အင်္ဂါသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။

ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်းများ တွေ့မည်။ အဖိုးတန် စက်ပစ္စည်များ ၀င်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။

ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေ လမ်းခွဲရခြင်းများ ကြုံမည်။ အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူး သတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုး ချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများကို ဂရုစိုက်ပြု လုပ်ပါလေ။ ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက် လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်း ရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။

အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောင်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။

သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံ ရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။

ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ် သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။

မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည်။ ဘုရားဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။

လက်ဝတ်ရ တနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံ မည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထားသော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက် စေ့လှူပါ။

ကြာသပတေးသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှ လည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလမျိုး၌ သာမန်အခြေ အနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများစွာ စီးပွား တက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်း မလိုက်ရန် သတိပေးလိုပါသည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည် သင့်မြတ် သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေး အတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ် ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။

လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။

ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ် သည်။ ရွှေထွက်ခြင်း၊ ရွှေ အတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ် သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။ အထူး သတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက် စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။

က်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။

ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တလက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

သောကြာသားသမီးများအတွက်

ခရီးတို ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူး စေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတခု သင်ကြားရခြင်း သင်တန်းတခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည် ရွယ်ဘဲ မြေ၀င်တတ်သည်။

ဤလအတွင်း အစစအရာရာ သတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ် သည်။ ပြဿနာ ကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါ ကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သား အတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီး အကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။

အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ် သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ ငွေ၊ ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။ လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြု လုပ်ပါလေ။

ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

စနေသားသမီးများအတွက်

ဘုရားဆင်းတုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွယ်သော ခရီးများသွားရတတ်သည်။ သူတပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။

မနာလိုသူလည်း ပေါ်လိမ့်မည်။ မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သော အချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့် များနေလိမ့် မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မငှားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။

ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ် သည်။ ကျော ဒုက္ခပေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံ မလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြု လုပ်လေ။ နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့် ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တပတ်တကြိမ် အဓိဋ္ဌာန်ဝင်ပါ။

အားလုံး၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့)

Credit : http://www.heintinzaw.com

ဗိုလ်လေးသိန်းစိန်ပြောတဲ့ နန်းမြတ်စန္ဒာဆိုတာ ဘယ်သူလဲ?


သမ္မတ ဦးသိန်းစိန်အနေနဲ့ ငယ်စဉ်က စာတွေ ရေးခဲ့ဖူးတဲ့ စာရေးဆရာဆိုရင် မမှားပါဘူး။

တချိန်က သိန်းစိန်ထွန်း ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးသားထားတဲ့ ၀တ္တုတို တပုဒ်ကိုတော့ မြ၀တီ က နိုင်ငံတော် သမ္မတကြီး၏ ငယ်မူငယ်သွေး ပြန်လည်ဆန်းသစ်ခြင်းလက်ရာ ဆိုပြီး ပြန်လည် ဖော်ထုတ် ထားပါတယ်။

ဦးသိန်းစိန်ရဲ့ ၁၉၈၆ ခုနှစ် အောက်တိုဘာလ တုန်းက မြ၀တီ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ အချစ်နဲ့ ဘ၀ကို ခံစား ဖွဲ့ သီထားတဲ့ လက်ရာလေးမှာ......

တချိန်က စစ်ဗိုလ်လေး ဦးသိန်းစိန်ပြောတဲ့ နန်းမြတ်စန္ဒာဆိုတာ ဘယ်သူလဲ? "အချစ်ရှိက သောက ရှိမည်၊ အချစ်နှင့် သောကသည် အသည်းနင့်အောင် ခံစားရသည့် ဝေဒနာ" လို့ ဆိုထား လေတော့ ဦးသိန်းစိန် တယောက် အဲဒီတုန်းက ဘယ်လို ဝေဒနာတွေ ခံစားခဲ့ရလို့ ဘယ်လိုများ ရေးဖွဲ့ ထားသလဲ ?

သမ္မတ ဦးသိန်းစိန်ရဲ့ ယခင်က စာ အရေးအသား အဖွဲ့အနွဲ့ လက်ရာကို http://www.myawady.net.mm/images/pdf/333.pdf မှာ ဖတ်နိုင်ပါတယ်။

(PDF ဖိုင် ဖြစ်တဲ့အတွက် အင်တာနက် မြန်နှုန်းမြင့်ဖို့တော့ လိုပါမယ်)

Credit : Here

ထိုင်ဝမ်မုန့်လင်မယား ရန်ကုန်ရောက်ပြီ


ရန်ကုန်မြို့လယ်တ၀ိုက်မှာ နိုင်ငံတကာက အစားအသောက်ဆိုင် မျိုးစုံကို ဖွင့်လာတာ၊ ဖွင့်ဖို့ပြင်ဆင်နေ တာတွေကို အခုရက်ပိုင်း သတိထားမိပါတယ်။ အသစ် ဖွင့်ထားတဲ့ဆိုင်တခုကတော့ ၃၇ လမ်း နဲ့ မဟာဗန္ဓုလထောင့်က လမ်းဘေးမုန့်ဆိုင်လေးပါပဲ။ ထိုင်ဝမ်နိုင်ငံအနှံ့မှာ ရိုးရာမုန့်အဖြစ်တွေ့ရမယ့် wheel pie (ဘီးမုန့်) ရန်ကုန်ရောက်လာပြီပေါ့။ ရောင်းတဲ့မုန့် နာမည်ကိုပဲ ဆိုင်နာမည်ပေးထားတာပါ။ ဆိုင် ဆိုင်းဘုတ်မှာ တွေ့ရတဲ့ 7's wheel pie ကို နံပါတ် ၇ ရဲ့ ဘီးမုန့် လို့ ဘာသာပြန်နိုင်ပါလိမ့်မယ်။



ပုံစံကတော့ မြန်မာပြည်ကလမ်းဘေးမုန့်တခုဖြစ်တဲ့ မုန့်လင်မယားနဲ့ ခပ်ဆင်ဆင်ပါ။ စားကြည့်တော့ အရသာကတော့ မတူပါဘူး။

ဒီမုန့်ရဲ့ အားနည်းချက်ကတော့ ပူပူနွေးနွေး ဆိုမှ စားကောင်းတာမျိုးပါ။ အချိန်နည်းနည်းကြာလို့ အေး သွားရင် မာပြီး စားမကောင်းတော့ပါဘူး… ။

ဆိုင်ရှေ့က ထွက်တာနဲ့ လမ်းလျှောက်ရင်း စားလိုက်တာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

မုန့်နှစ်ကို ပုံစံခွက်မီးဖိုထဲထည့် အပူပေးပြီး အဆာသွပ်ထားပါတယ်။ လောလောဆယ်မှာ ပဲနီ၊ ပိန်းဥ၊ ထောပတ်၊ ချိစ်၊ ချောကလက် စသဖြင့် အရသာ ငါးမျိုး မှာယူ စားသောက်နိုင်ပါတယ် တဲ့။

မုန့်တခုကို ၃၀၀ ကျပ်နဲ့ ရောင်းနေပါတယ်။



အစားသောက် အသစ်တွေကို မြည်းစမ်းချင်သူတွေ ပေးနေတဲ့ မက်လုံးတခုက ဒီရက်ပိုင်း အရောင်းမြှင့်တင် တဲ့ကာလ ဖြစ်တဲ့အတွက် ငါးခု ၀ယ်ရင် တခု အပို ပေးတယ် ဆိုတာပါပဲ။

ရန်ကုန်မှာ နောက်ထပ် ငါးဆိုင်လောက် ထပ်ဖွင့်ဖို့ရှိတယ် လို့လည်း သိရပါတယ်။

ထိုင်ဝမ်မှာ 紅豆餅 သို့မဟုတ် 車輪餅 လို့ ခေါ်တဲ့ ဒီမုန့်လင်မယားမျိုးကို ဂျပန်မှာလည်း ရိုးရာမုန့် အဖြစ် တွေ့နိုင်ပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဒီလိုမုန့်လင်မယား ရောင်းနေကြတာ တွေ့ရပါတယ်။

ရွက်စိမ်း ~





Credit : Here

ကလေးများအတွက် တရားစခန်း


တရားစခန်းဝင်ခြင်းမှာ လူကြီးတို့၏အလုပ်သာ ဖြစ်သည်ဟု ယူဆရဖွယ် ရှိသော်လည်း တောင်ကြီးမြို့တွင် ကလေး ၂ဝဝ အထိ ယခု ရက်ပိုင်း တရားစခန်းဝင်မည်ဖြစ်သည်။ ယခုလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကန်အောက်ရပ်ကွက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်သည့် တရားစခန်းတွင် ကိုရင် အပါးတရာ၊ သီလရှင်အပါး တရာအထိ လက်ခံမည်ဟု သိရသည်။

ကလေးတရားစခန်းကို စတုတ္တအကြိမ်မြောက်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းဝေယျာဝစ္စ အဖွဲ့ ၀င် ဒေါ်စန္ဒာကရှင်းလင်းပြောဆိုသည်။

၂၀၁၀ ပြည့်နှစ်က ကိုရင် အပါး ၈၀၊ သီလရှင်အပါး ၇၀ ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြော သည်။

ဆရာတော်များဖြစ်ကြသည့် ဦးနာယက၊ ဦးဂုဏသာရ တို့က ဦးဆောင်ပြီး ကလေးတရားစခန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ အကြောင်း သိရှိသူ ကလေးငယ်များ ဖြစ်လာရန်၊ လိမ္မာယဉ်ကျေးသူများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်မှ ကလေးများ၊ အနီးတ၀ိုက် မြို့ရွာများမှ ကလေးများ တရားစခန်း ဝင်နေကြသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~











Credit : Here

သံရည်ကျိုမယ့်ကားတွေ ရန်ကုန်အပူရှိန်ကြောင့် မီးလောင်


မနေ့က ရန်ကုန်မြို့ ကားသင်္ချိုင်း မီးလောင်မှုဟာ ကားဟောင်းတွေထဲက အင်ဂျင်ဝိုင်၊ ဓာတ်ဆီ အကြွင်းအကျန်တွေ နေပူချိန်အောက်မှာ အပူလွန်ကဲရာကနေ အစပြုတယ်လို့ ဒီကနေ့ အစိုးရ သတင်းစာ မှာ ရေးထားပါတယ်။

မနက် ၁၁း၀၀ ထိုးခါနီးမှာ အပူလွန်ကဲပြီး လောင်တယ် ဆိုတော့ ရန်ကုန်နွေဦးက တော်တော်ပူနေပြီလို့ ခန့်မှန်းရပါတယ်။

ဒီနေ့ နဲ့ လာမယ့် ရက်ပိုင်းအတွင်း ရန်ကုန်နဲ့ ဘန်ကောက် အပူရှိန် နှိုင်းယှဉ်ချက်တွေ ကို အောက်ဆုံး မှာ ဖော်ပြလိုက်ပါတယ်။

မီဒီယာမှာ အကြီးအကျယ်ဖော်ပြ၊ စာဖတ်သူအများအပြား အထူး စိတ်ဝင်စားခဲ့တဲ့ မီးလောင်မှုမှာ ဆုံးရှုံးမှုတန်ဖိုး မရှိဘူးလို့ သိရပါတယ်။ သံရည်ကြိုမယ့်ကားဟောင်း၊ တာယာဟောင်းတွေလောင် တာကြောင့် ဒီလို ဆုံးရှုံးမှု မရှိတာပါ တဲ့။

မြန်မာ့အလင်းထဲက အဲဒီသတင်းမှာပဲ တခြားမီးသတင်းတပုဒ် ပါလာပါတယ်။ မကွေးတိုင်း မင်းဘူး(စကု) မြို့မှာ ရေနွေးတည်ရာက မီးကြွင်းမီးကျန်ကြောင့် အိမ် ၂၉ လုံး လောင်ကျွမ်းသွားတယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။

ဆက်စပ် - ရန်ကုန်ကားသင်္ချိုင်း မီးလောင်မှုဖြစ်









Credit : Here

အာဏာရူးများနှင့် ပက်သတ်၍ လူ့အလို နတ်မလိုက်နိုင်


ဒီမိုကရေစီရသောနေ့ မပြောမပြီးမတီးမမြည်ပြည့်စည်ကြီးဟီးတော့မည် ၂၀၁၁ ပြည်သစ်တည်မင်းပြောင်း ငါတော့မင်းလောင်းဖြစ်ချေရက် မျှော်လင့်လို့ထားပေမဲ့ ရက်စက်တဲ့အဘ ချန်ထားခဲ့ ဒုတိယ ကြာလှပေါ့ ဒီလိုဘ၀ အလိုမကျပေမဲ့ မဟရဲခဲ့သမျှ ပြောင်ပြောင်နဲ့ဆိုလို့ကတော့ လုံးဝလုံးဝ ဖွကိုဖွ ချကိုချမယ် ရရင်ရ မရရင်ချ မျိုးဆက်ညစ် ၈၈ ဗကသ ဗကပ ဘက အလုပ်သမား လယ်သမား ပွဲစား ၀ဲစားပါမကျန် မအူပင် လက်ပန်တောင်း ခွက်စောင်းခုတ် လူရှုတ်တွေပါအစုံ မီဒီယာ စတုတ္ထ သုံးမရ အာဏာတည် ပါတီ ဟိုဟာ လိုဒီဟာတောင်း လမ်းလျှောက်ကာတောင်းစား လုပ်မစားချင်သူများနဲ့ ဘယ်လိုသွားကြမလဲ

ဒီမိုကရေစီ တိုင်းပြည်မှာမငြိမ်းချမ်း မဖြောင့်တန်းတဲ့ ဒီမိုကရေစီလမ်း သိကြားမင်းကျောက်ဖျာ၂ခြမ်း ဗျန်းဗျန်း ကွဲမတတ်တင်း

ကဲ--- ဆင်းကြည့်စမ်းဟဲ့-နတ်မင်း-သတင်းပြန်ပြော -ပြောစမ်းပြောစမ်း မြန်ပြည်သူမြန်ပြည်သား ဘာတွေ များ လို လားသလဲပေါ့ ၈၈ မျိုးမစစ် ၂၀၁၅ခုနှစ် သမ္မတဖြစ်ချင်---

ကဲ--ရစေဗျား ဗကသ ဗကပ ဘာရရ လိုချင်--

ကဲ---ရစေဗျား အမေစု NLD ပါတီဝင်အားလုံး လွှတ်တော်တက် အမေစုကသမ္မတပဲခုလုပ်ချင်သတဲ့ --

ကဲ--ရစေဗျား ဘုန်းဘုရားကောဘာများလို--ပါဂျဲယို-မာဆီးသီး ငါလဲစီးချင်----

ကဲ---ရစေဘုရား လက်ပန်တောင်း လယ်သမား ဘာများလဲဟဲ့--

မအူပင် ဆူချင်သူ အလုပ်မသွား အလုပ်သမားကကော ဘာပြောမလဲဟဲ့ အော်--အော်--ရခိုင်သူရခိုင်သား ကျန်နေအုံးမလားကြည့်ဟဲ့ ကုလားတော့မပါစေနဲ့ ဘက်လိုက်တယ်ပြောပြော ၈၈ ဇာဂနာ ပါချင်ပါ NLD နတ်မင်းကတော့မျိုးချစ်တယ်ဗျ ဟဲ့--ဟဲ့--ဟဲ့ စွပ်အော်တတ်တဲ့ ----တော်ကကောပြောစရာမရှိတော့ပီလား မဟုတ်ပါ ဘုရား ဟိုဒေါက်တာရှာပေးပါ-- ကဲ--ကဲ--တွေ့စေဗျား ကဲ--အချိန်စေ့ပီမို့ စုံပီလား ကုန်ပီလား နတ်တို့တန်ခိုးနဲ့--မြေလျှိုးလို့မိုးပျံ--စုန်ဆန်ကာ ဖန်တီး မြမ်ပြည်သူမြန်ပြည်သား လိုတာတွေ အကုန်ရစေ သား---- လိုတာတွေအကုန်ရစေသား-------ရစေသား ဟိုးထားပါဘုရား --ဟိုးထားပါဘုရာ့ သားတော်ဟာ ပွဲစားပါ ဖျာ့--ပွဲစားပါဖျာ့-- နဖူးစည်းတွေနဲ့ ဟိုပွဲစား မေးခိုင်းလို့ပါဖျား မစားဖူးတဲ့အစား စားချင်လို့ပါတဲ့ဖျား ကဲ--ကဲ--ကဲ လူ့အလိုနတ်မလိုက်နိုင်တာ မရှိဘူးဟဲ့ ဆိုစမ်း--ဆိုစမ်း တိုးတိုးပဲပြောပါရစေဖျား---

( နတ်_င်ချချင်လို့တဲ့ဖျား)? ? ? ? ?

ထိုထိုသောနေ့မှစပီး မြန်ပြည်သူမြန်သားအပေါင်း ဒီမိုကရေစီ အပြည့်အ၀ ရသွားကြောင်းပါခင်ဗျား။ (မသင့်တော်သော စကားတစ်ခွန်းအတွက်အားလုံးကိုတောင်းပန်အပ်ပါသည်။)

(ချိုင်မိုမို-ပီကင်း)

Credit : Here

အသုံးလုံးလုံးမကျတဲ့ NLD ဗဟိုကော်မတီ အာဏာသိမ်းဖို့ ကြံလေသလား ??


ယခုလ ၈၊၉၊၁၀ နေ့များတွင်ပြုလုပ်မည့် NLD ဗဟိုညီလာခံမတိုင်မီ NLD ပါတီဝင်အချို့ လျှို့ဝှက်အစည်း အဝေး ၃ ကြိမ်ကို ၃ နေရာခွဲပြီးပြုလုပ်ခဲ့ကြသည်ဟုသိရပါသည်။ သူတို့၏ရည် ရွယ်ချက် မှာ ယခုဗဟိုညီလာခံ၌ အနိုင်ရရှိရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် သူတို့အသာစီး ရရေးတို့ဖြစ်ပြီး ၂၀၁၅ တွင်ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်ရွေးချယ် တင်မြှောက်ခြင်းခံရပါက ပါတီဥက္ကဌ အဖြစ်မှ ဖယ်ရှားရေး တို့ဖြစ်သည်ဟုသိရပါသည်။ ယခုပါတီတွင်း မသမာမှု၏နောက်ကွယ်တွင် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း တိုက်ရိုက်ပတ်သက်နေသည်ဟုလည်း သိရပါသည်။

ထိုလျှို့ဝှက်အစည်းအဝေးများကိုတက်ရောက်ခဲ့ကြသောသူများစာရင်းတွင် စမ်းချောင်းမြို့နယ်မှ ဦးဘိုဘိုဦး၊ သာကေတမြို့နယ်မှ ဦးကျော်ကျော်ထွေး၊ ကျောက်တံတားမြို့နယ်မှ ဒါရိုက်တာကြည်ဖြူ သျှင်၊ အင်းစိန်မြို့နယ်မှ ဦးခင်မောင်ရှိန်၊စစ်ကိုင်းတိုင်းမှ ဒေါ်မိမိကြီး၊ရွှေပြည်သာမြို့နယ်မှ ဦးသန့်ဇင်၊လမ်း မတော်မြို့ နယ် မှဦးခင်မောင်ဝင်း တို့ပါဝင်သည်ဟုသိရပါသည်။ ယနေ့ ဒေါ်အောင်ဆန်းဆုကြည် မှ တိုက်ရိုက် ဖွဲ့စည်းစေလွှတ်လိုက်သော စုံစမ်းစစ်ဆေးရေးကော်မီတီ ၏စစ်ဆေးတွေ့ရှိချက်များအရ ဦးခင်မောင်ရှိန်၊ ဒေါ်မိမိကြီး၊ဦးသန့်ဇင်၊ဦးခင်မောင်ဝင်း တို့ ၄ ဦး ကို ညီလာခံကိုယ်စားလှယ် အဖြစ်မှရပ်စဲ လိုက်ကြောင်းသိရပါသည်။ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းပြု၊မပြုကို မဆုံးဖြတ်ရသေးကြောင်းသိရပါသည်။

Credit : Lun Swe

ဒုက္ခသည်များမှ အရှက်မရှိ ဆန္ဒပြကြသော်လည်း သမ္မတကြီးအား ယုံကြည်သောကြောင့် မြန်မာနိုင်ငံကို ယူရို သန်း(၁၅၀) ထောက်ပံ့ကူညီရန် အီးယူ ထုတ်ပြန်ကြေညာ


မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အပြောင်းအလဲကို ကူညီပံ့ပိုးပေးနိုင်မယ့် ထောက်ပံ့ ကူညီမှုနဲ့ ကုန်သွယ်မှု များ မြှင့် တင် ရန် အီးယူ ကတိကဝတ်ပြု

ဥရောပကော်မရှင်ဟာ နိုင်ငံတော်သမ္မတကြီးရဲ့ ပထမဆုံးဘရပ်ဆဲလ်ခရီးစဉ်မှာ ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးပြောကြားခဲ့ပြီး ဖွံ့ဖြိုးရေးထောက်ပံ့ကူညီမှုတွေ မြှင့်တင်ဖို့၊ အီးယူ-မြန်မာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘော တူညီချက်တစ်ရပ် ရေးထိုးဖို့ ကတိပြု ပြောကြားခဲ့ပါတယ်။

ဒီခရီးစဉ် ဟာ မြန်မာနိုင်ငံသမ္မတတစ်ဦးရဲ့ ပထမဆုံးသော အီးယူခရီးစဉ်ဖြစ်တဲ့ အတွက် သမိုင်းဝင်ခရီး စဉ်တစ် ရပ် ဖြစ်ကြောင်းနိုင်ငံတော်သမ္မတကြီးနဲ့ အတူ ပြုလုပ်ခဲ့တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဥရောပ ကော်မရှင်ဥက္ကဌ José Manuel Barroso က ပြောကြားခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ သမိုင်းဝင်အပြောင်းအလဲတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံကို ကိုယ်တိုင်ကိုယ် ကျ တွေ့မြင် ခွင့် ရခဲ့ပါတ ယ် လို့ Barroso က ပြောကြားခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ ဒီမိုကရက် တစ်ပြုပြင်ပြောင်း လဲမှု တွေကို ထောက်ပံ့ကူညီဖို့ ယူရိုသန်း(၁၅၀) ပေးအပ် ကူညီသွားမယ့်အ စီအစဉ် ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကနေ့မှာ အီးယူနဲ့ မြန်မာနိုင်ငံအကြား အပြန်အလှန်ရင်းနှီးမြုပ်နှံမှု သဘောတူညီချက် ချမှတ်ဆောင် ရွက်နိုင် မယ့် ဖြစ်နိုင်ချေတွေကို ရှာဖွေ ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့တယ်လို့လည်း Barroso က ပြောကြား ခဲ့ပါတယ်။

Credit : Hmuu Zaw

ဒေါ်စုအတွက်ပဲ အခြေခံဥပဒေ ပြင်ပေးရမှာလား

သူတစ်ယောက်အတွက် မပြင်သင့်တဲ့ ဥပဒေကို ပြင်ရမှာလား ဒေါ်စုတစ်ယောက် တိုင်းပြည်ကို တတယ်ချစ်ခဲ့ရင် ဒေါ်စုတစ်ယောက် သမ္မတကြီးလုပ် ဖို့ ရည်ရွယ်ချက်ရှိခဲ့ရင် ဒေါ်စုတစ်ယောက် ဗိုလ်ချုပ် မျက်နှာ ကိုထောက်ခဲ့ရင် ဒေါ်စုတစ်ယောက် မျိုးရို ဂုဏ်သိက္ခာကို စောင့်ထိန်းခဲ့ရင် တိုင်းတပါး သား တစ်ယောက်ကို ဦးနှောက်နဲ့ မတွေးဘဲ ပေါင်းသင်းလက်ထပ်ပြီး ကလေးနှစ်ယောက်မွေးခဲ့မှာလား ?

အဲ့လိုမေးရင်.........................

ဖြေကြပါလိမ့်မယ် .......

သူလဲလူပဲ သူကြိုက်တဲ့သူသူယူမှာမပေါ့ အဲ့ဒါနဲ့ တိုင်းပြည်ကိုချစ်တာနဲ့ဘာဆိုင်လဲ..... အများကြီး ဆိုင်တာပေါ့ အခြေခံအမျိုးသားရေးစိတ်ဓာတ်မရှိတဲ့လူ တစ်ယောက်က တိုင်းပြည်ကို ဘယ်လို ဦးဆောင်နိုင်မှာလဲ။ လူမျိုးကို ဘယ်လိုလုပ် ချစ်နိုင်မှာလဲ။

သမ္မတမဖြစ်လဲ မြန်မာနိုင်ငံတော်ကြီး တိုးတက်အောင် အများကြီး ဦးဆောင်ဦးရွက်လုပ် ပြီး တစ်ဖက်တလမ်းက ပါဝင်ကူညီလို့ရပါယ်။ မြန်မာနိုင်ငံ တကယ်လိုအပ်နေတာ ဒေါ်စုသမ္မတ ဖြစ်ဖို့ မဟုတ်ပါ။ အခြေခံ လိုအပ်ချက်အားလုံးကို လည်း ဒေါ်စုသမ္မတ ဖြစ်ရုံနဲ့ မဖြေရှင်းနိုင်ပါ။ ယခု အချိန်မှာ ဒေါ်စု လုပ်မပေးသေးတဲ့ ဒေါ်စုလုပ်နိုင်တာတွေ အများကြီးရှိပါသေးတယ်။

နိုင်ငံတကာက ပေးတဲ့ ဆုတွေ ဘယ်လောက်ပဲရရ ဘယ်နိုင်ငံ ရောက်ရောက် စတိတ်စင်ပေါ်တက်ပြီး ဘာတွေပဲပြောပြော နေအိမ်အကျယ်ချုပ်က လွတ်ပြီးကတည်းက တိုင်ပြည်အပေါ် ပြောစမတ်တွင်အောင် ဘာမှ လုပ်မပေးနိုင်သေးပါ။

NLD ပညာရေး ရန်ပုံငွေ ကျောင်းမနေနိုင်သော ကလေးသူငယ်များဆီ မရောက်သေးပါ

NLD ပါတီ ရန်ပုံငွေ ပြည်သူလူထုရဲ့ပိုက် ဆံကို အင်းကျီ ရောင်းပြီး ယူနေတုန်းပါ။

NLD ပါတီ ပါတီတွင်းပြသနာတွေကို ဖြေရှင်နေတုန်းပါ

NLD ပါတီ ပါတီအတွက်သာလျင် အလုပ်လုပ်နေတုန်းပါ

ခေါင်းဆောင်ကောင်း နဲ့ ပါတီ ကောင်းကို မျှော်ရင်း အချိန်တွေကုန်လာတဲ့ ခင်ဗျားတို့ကို ထောက်ခံတဲ့ လူတွေမျက်နှာကိုထောက်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ပေးကြပါ...။

စေတနာဖြင့်

Thu Ta

Credit : Here

ကွန်တိန်နာများ အကောက်ခွန်ဌာန မဲနှိုက် စစ်ဆေးတော့မည်

ကွန်တိန်နာများကို မဲနှိုက်ဖွင့်ဖောက် စစ်ဆေးသည့် စနစ်ကို Risk Management ဟု
အမည်ပေးထားသည် (ဓာတ်ပုံ – Reuters)

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနက ဆိပ်ကမ်းများတွင် သွင်းကုန်နှင့် ပို့ကုန်ပစ္စည်းများပါဝင်သော ကွန်တိန်နာများအားလုံးကို မစစ်ဆေးတော့ဘဲ မဲနှိုက်ပြီး မဲပေါက်သော ကွန်တိန်နာအချို့ကိုသာလျှင် စစ်ဆေးသော စနစ်ကို ယခုမတ်လ ၄ ရက်နေ့မှ စတင်ကျင့်သုံးနေ ပြီဖြစ်ကြောင်း သိရှိသည်။

လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများ အလွန်ဖြစ်ထွန်းနေသည်ဟုဆိုကာ အကောက်ခွန်ဦးစီး ဌာနနှင့် ပတ်သက်ပြီး တိုင်ကြားမှုများ နိုင်ငံတော်သမ္မတရုံးထံ ရောက်ရှိလာသည့်အတွက် သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ သမ္မတရုံး ဒုဝန်ကြီး ဦးသန့်ရှင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာရှိများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ အရာရှိကြီးများအပါအ၀င် စစ်ဆေးရေးအဖွဲ့ မတ်လ ၁ရက်နေ့က ရန်ကုန်တိုင်း အကောက်ခွန်ဦးစီး ဌာနရုံးချုပ် သို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် မတ်လ ၄ ရက်နေ့မှ စတင်ပြီး ဆိပ်ကမ်းများတွင် ကွန်တိန်နာများ အားလုံးကို အကောက်ခွန်ဦးစီးဌာနက စစ်ဆေးခြင်းမပြုတော့ဘဲ ဆိပ်ကမ်းများတွင် နေ့စဉ် ပို့ကုန်၊ သွင်းကုန် ကွန်တိနာအားလုံး၏ ၁၀ ရာခိုင်နှုန်းကိုသာ မဲဖောက် စစ်ဆေးခြင်းပြုသည့်စနစ်ကို စတင်ကျင့်သုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကွန်တိန်နာအလုံး ၃၀ ရှိရင် ကွန်တိန်နာနံပါတ်တွေကို မဲနံပါတ်လိပ်ပြီး ၃ လုံးကို မဲနှိုက်တယ်။ မဲပေါက်တဲ့ ကွန်တိန်နာ ၃ လုံးကို အကောက်ခွန်ဦးစီးဌာနက ဖွင့်ဖောက်ပြီး စစ်ဆေးတယ်။ ကျန်တဲ့ ကွန်တိန်နာ ၂၇ လုံးမှာလည်း ၃ လုံးကို ထပ်ပြီးမဲနှိုက်တယ်။ ပေါက်တဲ့ ကွန်တိန်နာ ၃ လုံးကို ဖွင့်တော့မဖောက်ဘူး၊ ဒါပေမယ့် X-Ray စက်မှာ ဖြတ်ပြီးတော့ စစ်တယ်။ ကျန်တဲ့ ကွန်တိန်နာ ၂၄ လုံးကို လုံးဝ မစစ်တော့ဘူး။ ဒီအတိုင်းလွှတ် ပေးလိုက်တယ်” ဟု ရန်ကုန်မြို့အခြေစိုက် အကောက်ခွန် ရှင်းလင်းရေး ၀န်ဆောင်မှု အေးဂျင့်တဦးက ပြောသည်။

ယခင်က ဆိပ်ကမ်းရှိ ပို့ကုန်သွင်းကုန်ကွန်တိန်နာများအားလုံးသည် အကောက်ခွန်ဦးစီးဌာန၏ ဖွင့်ဖောက်စစ်ဆေးမှု ခံယူပြီးမှသာလျှင် ဆိပ်ကမ်းမှ ထုတ်ယူခြင်း၊ ပြည်ပသို့ တင်ပို့ခွင့်ပြုများ လုပ်ဆောင် ရလေ့ရှိသည်။

အကောက်ခွန်ဦးစီးဌာနမှ အရာရှိအချို့၏အဆိုအရ ကွန်တိန်နာများကို မဲနှိုက်ဖွင့်ဖောက်စစ်ဆေးသည့် စနစ်ကို Risk Management ဟု အမည်ပေးထားပြီး ပြည်သူလူထု အဆင်ပြေစေရေးအတွက် လုပ်ထုံး လုပ်နည်းများ လျော့ချခြင်းဖြစ်သည်ဟု သိရှိရသည်။

လတ်တလော ကွန်တိန်နာများကို မဲနှိုက်စစ်ဆေးသည့်စနစ်ကြောင့် ကွန်တိန်နာထုတ်ယူမှု၊ တင်ပို့မှုပိုင်းတွင် မြန်ဆန်လာသော်လည်း နောက်ပိုင်းတွင် မဲနှိုက်စစ်ဆေးသည့်အပေါ် မူတည်ပြီး အကောက်ခွန်ဦးစီးဌာနတွင် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု အကောက်ခွန်အရာရှိအချို့နှင့် အကောက်ခွန်အေးဂျင့်များက သုံးသပ်ကြသည်။ “မဲကျတဲ့ ကွန်တိန်နာကိုပဲ စစ်တယ်။ မဲမကျတဲ့ ကွန်တိန်နာမစစ်ဘူးဆိုတော့ မဲမကျဖို့ လုပ်တာတွေလည်း ရှိနိုင်တယ်။ မဲနှိုက်တယ်ဆိုတာကလည်း အကောက်ခွန်ဦးစီးဌာနက အရာရှိတွေရဲ့လုပ်ပိုင်ခွင့်ဆိုတော့လည်း မဲနှိုက်တာပေါ်မှာမူတည်ပြီး အကျင့်ပျက်ခြစားတွေရှိနိုင်ပါတယ်” ဟု အကောက်ခွန်အရာရှိတဦးက သုံးသပ်သည်။

နိုင်ငံတကာတွင် သွင်းကုန်၊ ပို့ကုန် ဆိုင်ရာ ကုမ္ပဏီများကို နိုင်ငံတော်သို့ အခွန်ပေးဆောင်မှု၊ လုပ်ငန်းလုပ်ဆောင်ရာတွင် မသမာမှု လုပ်ဆောင်ခြင်း နည်းပါးမှုတို့အပေါ် အဆင့်အတန်း သတ်မှတ်ပေးပြီး ကုမ္ပဏီက ရရှိထားသော အဆင့်အတန်း သတ်မှတ်ချက်အပေါ် လိုက်ပြီး တင်သွင်းသော ကွန်တိန်နာကို စစ်ဆေးခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်းများ ခွင့်ပြုကြောင်း၊ မဲနှိုက်စစ်ဆေးသည့်စနစ်သည် လုပ်ထုံးလုပ်နည်းဖြေ လျော့မှုဖြစ်သော်လည်း အကျင့်ပျက်ခြစားလိုသော အကောက်ခွန်ဌာန ၀န်ထမ်း များကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်သကဲ့သို့ ဖြစ်လာနိုင်ခြေရှိသည်ဟု အကောက်ခွန်ဝန်ထမ်းဟောင်း တဦးက ဆိုသည်။

“ဂျပန်လိုနိုင်ငံမျိုးမှာ အခွန်လည်း တအားဆောင်တယ်၊ မသမာမှု တခါမှ မလုပ်တဲ့ ပို့ကုန်၊ သွင်းကုန်ကုမ္ပဏီတွေကို A+ အဆင့် သတ်မှတ်ပေးလိုက်တယ်။ အဲဒီကုမ္ပဏီကသွင်းတဲ့ ကွန်တိန်နာဆိုရင် မစစ်ဘူး။ စစ်ဆေးမယ် ရင်လည်း အဲဒီကုမ္ပဏီက အချိန်မရွေး အစစ်ခံတယ်။ အဲလိုမျိုး တာဝန်ခံတဲ့စနစ်မျိုးက ပိုကောင်းတယ်။ မဲနှိုက်တယ်ဆိုတာက ကျစေချင်တဲ့ စစ်ဆေးစေချင်တဲ့ ကွန်တိန်နာကိုပဲ စစ်ဆေးပြီး၊ မစစ်ဆေးချင်တဲ့ ဟာကို မဲမကျအောင်လုပ်ထားရင် ဘယ်လိုလုပ်မလဲ။ တကယ်တော့ အကောက်ခွန်ဦးစီးဌာနဆိုတာက သေသေချာချာ တင်းတင်းကျပ်ကျပ်နဲ့ ၀န်ထမ်းတွေကို ထိန်းကျောင်းရမယ့်ဌာန၊ ဥပဒေတွေမှာဆိုရင် အကောက်ခွန်ဝန်ထမ်းတွေက ရုံးမတက်ခင် အိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ပါတယ်ဆိုတာကအစ ကြေညာပြီးမှ ရုံးတက်ရတဲ့၊ စစ်ဆေးရေးအဖွဲ့နဲ့သွားရမယ် ဆိုတာမျိုး ကိုလိုနီခေတ် အင်္ဂလိပ်ဥပဒေတွေထဲမှာ ပြဋ္ဌာန်းထားတယ်။ အခု အဲဒီဥပဒေမျိုးတွေက ရှိသာ ရှိတယ်၊ မလုပ်ကြတော့ အသက်မ၀င်ဘူး” ဟု အကောက်ခွန်အရာရှိတဦးက ရှင်းပြသည်။

အကောက်ခွန်ဦးစီးဌာနတွင် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများ ကို ကင်းရှင်းစေလိုပါက အကောက်ခွန်ဦးစီးဌာနအတွင်း ညွှန်ကြားရေးမှူးနှင့်အထက် အရာရှိများထံ အောက်ခြေ၀န်ထမ်းများ က နေ့စဉ် တင်ပြရသော နေ့စဉ်ခွဲတမ်းစနစ် သတင်းပေးပို့မှုမှတ်တမ်း(Pool) များကို ဖတ်ရှု စစ်ဆေးခြင်းလုပ်ဆောင်သင့် ကြောင်း အဆိုပါ အရာရှိက အကြံပြုသည်။ အကောက်ခွန်ဦးစီးဌာနတွင် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှု ပပျောက်ရေးအတွက်ဟုဆိုကာ သွင်းကုန်ကွန်တိန်နာ ထုတ်ယူမည့် အကောက်ခွန်အေးဂျင့်များကို အကောက်ခွန်ဦးစီးဌာနရုံးချုပ်အတွင်း ၀င်ခွင့်မပြုတော့ဘဲ သက်ဆိုင်ရာစာရွက်စာတမ်းများကို ရုံးရှေ့တွင် တင်ပြစေသော စနစ်ကို အကောင်အထည်ဖော် လိုက်ကြောင်း၊ သို့ရာတွင် နေ့စဉ် စာရွက်စာတမ်းပေါင်းများစွာ စုပုံနေပြီး အခက်အခဲများ ကြုံတွေ့နေ ရကြောင်း အကောက်ခွန်အေးဂျင့်များက ဆိုသည်။

“အကျင့်ပျက်ခြစားမှု မဖြစ်အောင် အေးဂျင့်တွေကို ရုံးထဲဝင်ခွင့်မပေးတော့ အပြင်မှာ အေးဂျင့်တွေ နေ့စဉ် ရာချီ တိုးဝှေ့နေရတယ်။ အလုပ်လည်း မပြီးဘူး။ သူတို့ဘက်ကလည်း ၀န်ထမ်း တအားနည်းတယ်။ ရုံးထဲ ၀င်ခွင့်မပြုရုံနဲ့ အကျင့်ပျက်ခြစားမှု ပျောက်သွားမလား။ အစိုးရရဲ့ ကိုင်တွယ်ပုံက မှားနေတယ်” ဟု အကောက်ခွန်ဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အကောက်ခွန်ဦးစီးဌာန လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစား မှုများကြောင့် အရာရှိနှင့် ၀န်ထမ်း ၄၉ ဦးကို ရာထူးမှ အနားပေးခြင်း၊ ရာထူးလျော့ချခြင်း၊ ဌာနပြောင်းခြင်း အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။

၂၀၀၆ ခုနှစ်ကလည်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးချုပ်အပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည်။

Credit : ဧရာဝတီ

ဒီမိုကရေစီ အသိုက်အ၀န်း ၀န်ကြီး အဆင့် ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်မည်

မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့တွင် ကျင်းပမည့် ၇ ကြိမ်မြောက် ဒီမိုကရေစီ အသိုက်အ၀န်း ၀န်ကြီးအဆင့် ညီလာခံ သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း သတင်းရသည်။ မွန်ဂိုလီးယား အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ သမ္မတ အကြံပေး L.Purevsuren နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး တို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက် လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်း စိန် အပါအ၀င် ၀န်ကြီးဌာန အဆင့်ဆင့်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း၊ မွန်ဂို လီး ယား နိုင်ငံတွင် ဧပြီ ၂၇ မှ ၂၉ ရက်နေ့အထိ ကျင်းပမည့် ၇ ကြိမ်မြောက် ဒီမိုကရေစီ အသိုက်အ၀န်း ၀န်ကြီးအဆင့် ညီလာခံ သို့ အစိုးရအဖွဲ့ ၀န်ကြီးများ တက်ရောက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရများ၊ အဖွဲ့အစည်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း InfoMongolia.com သတင်းတရပ်၌ ဖော်ပြထားသည်။ ယင်း ညီလာခံ နိုင်ငံ ပေါင်း ၁၃၁ နိုင်ငံမှ ၀န်ကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၀ နှင့် အခြား နိုင်ငံတကာ ဂုဏ်ဆောင် အထင် ကရ ပုဂ္ဂိုလ် ၁၀ ဦး အား ဖိတ်ကြားထားကြောင်း သိရသည်။

Credit : ဧရာဝတီ

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံရမှုအပေါ် ဦးခင်မောင်ရှိန် ပြန်လည်ရှင်းလင်း

ဦးခင်မောင်ရှိန်က မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရမှုနှင့် စပ်လျဉ်း၍ ရပ်စဲခံရသူ တစ်ဦးဖြစ်သူ ဦးခင်မောင်ရှိန်က ရန်ကုန်မြို့တွင် မတ် ၆ ရက်က ပြန်လည်ရှင်းလင်းခဲ့သည်။ ဦးခင်မောင်ရှိန်က ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်၏ စွပ်စွဲမှုများမှာ မှန်ကန်မှုမရှိကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ် သည်ဟု ခိုင်လုံသောသတင်း ရရှိထားသဖြင့် ဦးခင်မောင်ရှိန် အပါအ၀င် ကိုယ်စားလှယ်လေးဦး အား နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း NLD ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က မတ် ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဦးခင်မောင်ရှိန်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ (ဗဟို ညီလာခံကိုယ်စားလှယ်) ဖြစ်ပြီး တရားလွှတ်တော်ရှေ့နေလည်း ဖြစ်သည်။

ဦးခင်မောင်ရှိန်က ၎င်းနှင့်အတူ ရပ်စဲခံခဲ့ရသော ရန်ကုန်တိုင်းဒေသကြီးမှ ကိုယ်စားလှယ်စ်ဦးကို လုံးဝမသိကြောင်း၊ ယင်းကိုယ်စားလှယ် နှစ်ဦးကို စွပ်စွဲထားသည့် အဖွဲ့ချုပ် စီအီးစီရယူရေး၊ ၂၀၁၅ တွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပါက ပါတီဥက္ကဋ္ဌမှ ဖယ်ရှားရေးကို စီမံနေကြောင်း သတင်းကြောင့်ဟု ထင်ကြောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် ကိုယ်စားလှယ် ၁၀ ဦးကို မတ် ၂ ရက်က သမိုင်းလမ်းဆုံရှိ စီးတီးမတ်တွင် တွေ့ဆုံခဲ့ခြင်းမှာလည်း ဗဟိုညီလာခံတွင် မည်သည့်ကိုယ်စားလှယ်များ အရွေးခံမည်၊ အရွေးမခံမည်ကို ဆန္ဒယူခြင်းသာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ဦးခင်မောင်ရှိန်နှင့်အတူ ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ်မှ ဦးခင်မောင်ဝင်း၊ ရွှေပြည်သာမြို့နယ်မှ ဦးသန့်ဇင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း မြို့နယ်မှ ဒေါ်မိမိကြီးတို့ဖြစ်သည်။

စွပ်စွဲချက်များသည် မှားယွင်းကြောင်း ညီလာခံကျင်းပရေး ဗဟိုကော်မရှင်က မိမိကို တောင်းပန်စေ လိုကြောင်းနှင့် တောင်းပန်သည်ဖြစ်စေ၊ မတောင်းပန်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် ဆက်လက်ရပ်တည်တော့မည် မဟုတ်ကြောင်း၊ ယင်းအတွက် စီးပွားရေးအတွက် အချိန်ပိုမိုပေးနိုင်သွားကြောင်းနှင့် နိုင်ငံရေးကိုမူ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်း က ပြောသည်။

၎င်း၏ နိုင်ငံရေးဂုဏ်သိက္ခာကို ထိခိုက်စေခြင်းနှင့် ပါတီ၏အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်အတွက်လည်း နစ်နာသည်ဟု ယုံကြည်သည့်အတွက် ယခုကဲ့သို့ ဖြေရှင်းချက် ထုတ်ရခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ထံသို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း ဦးခင်မောင်ရှိန်က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ညီလာခံ ကျင်းပရေးဗဟိုကော်မရှင်က "ညီလာခံ ကိုယ်စားလှယ်များသည် ညီလာခံ၏ ရွေးချယ်မှု အဆင့်ဆင့်တွင် အခြားသူများအား မည်သူ့ကို ဆန္ဒမဲပေးရန် သို့မဟုတ် မဲမပေးရန် စည်းရုံးခြင်း မပြုရ။ ထိုသို့ စည်းရုံးမှုမျိုးကို တိုက်တွန်းခြင်း၊ အားပေးခြင်း၊ ကူညီခြင်း မပြုရ။ ညီလာခံ ကိုယ်စားလှယ်၏ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ကို ထိခိုက်စေမည့် အပြုအမူ၊ အပြောအဆိုမျိုးကို မပြုလုပ်ရ" ဟု ဖေဖော်ဝါရီ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ညီလာခံကိုယ်စားလှယ်များ လိုက်နာရန် စည်းကမ်းချက်များတွင် ထည့်သွင်းဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ် ၈ ရက်မှ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဖြစ်ကာ ကိုယ်စားလှယ် ၁၅၀၀ ခန့် တက်ရောက်မည်ဖြစ်သည်။

Credit : Here

လက်ပံတောင်းကြေးနီစီမံကိန်းတ၀ိုက် ပုဒ်မ ၁၄၄ သက်တမ်းတိုး


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိတဲ့ ကြေးနီသိုက်နေရာက ဧက ၇၈၆၇.၇၈ မှာ ၂၄ နာရီပတ်လုံး မည်သူမှ သွားလာခွင့် မရှိတဲ့အကြောင်း ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် သက်တမ်း ၂ လတိုးလိုက်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ အခုလို ထပ်တိုးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ နီးစပ်ရာ ကျေးရွာတွေအနေနဲ့ ၂၄ နာရီ အတွင်းမှာ ကန့်သတ်နယ်မြေတွေကို ကျုးကျော်ခြင်း မလုပ်နိုင်ဖို့အတွက် ဆားလင်းကြီးမြို့နယ် အထွေအထွေ အုပ်ချုပ်မှူးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်က ပုဒ်မ ၁၄၄ ကို သက်တမ်း ၂ လတိုးပြီး ထုတ်ပြန်ခဲ့တာပါ။

လက်ပံတောင်းတောင် သပိတ်စခန်းမှာရှိနေတဲ့ မြန်မာနိုင်ငံ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ရက်က ကိုသောင်းထိုက် က အခုလို ပြောပါတယ်။

“ဒီနေ့ဆိုရင် အသစ်ပြောင်းလာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းကနေ မတ်လ ၁ ရက်နေ့က ဧပြီလ ၃၀ ရက်နေ့အထိ ဆိုပြီးတော့ ၂ လ သက်တမ်းတိုးပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ချက်ကိုလည်း ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။ တကယ်လို့ ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်ဆို ရင်တောင် ဒေသခံတွေကို ပြောရမှာ။ အခုတော့ မပြောဘူး။ သူတို့ အုပ်ချုပ်ရေးပိုင်းမှာပဲ စာရွက်တွေ ဖြန့်ပြီးတော့ ထုတ်ပြန်တယ်ဆိုတာမျိုးလောက်ပဲ အသိအမှတ်ပြုပြီးတော့ ပြည်သူတွေ မသိတဲ့အတွက် အချိန်မရွေး သူတို့ ၀င်ပြီးတော့ နှိမ်နင်းနိုင်တယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ကျေးရွာတွေကတော့ ဖောင်းတကာရွာ၊ တောင်ပလူရွာ၊ ရွာရှည်အုပ်စု ၀က်မှေးကျေးရွာ၊ ဖောင်းကားတောင်ရွာ၊ လိပ်ခွံတောင်၊ ဖောင်းတကာအုပ်စု ဆည်တဲရွာ၊ ဇီးတောရွာ၊ ပလူကုန်းရွာ၊ ရွေလှေရွာ၊ လက်ရှိ သပိတ်စခန်း ဖွင့်ထားတဲ့ တုံရွာ တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အရှေ့၊ အနောက်၊ တောင်၊ မြောက် မှာရှိတဲ့ ဆားလင်းကြီး၊ ညောင်ပင်ကြီး ကားလမ်း၊ မိုးကြိုးပြင်ကျေးရွာအုပ်စု၊ ဖောင်းတကာကျေးရွာအုပ်စု၊ ညောင်ပင်ကြီး ယင်းမာပင်လမ်းတို့လည်း ပါဝင်ပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေတဲ့ ပြီးခဲ့တဲ့နှစ် အချိန်ကာလ ကတည်းက အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာပါ။ လယ်သမားတွေက သူတို့ လယ်မြေတွေနေရာမှာ ပြန်လည်လုပ်ကိုင်တဲ့အခါမှာ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုတွေကို လုပ်ခဲ့ကြပါတယ်။

မတ်လ ၁ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်း ၂ လ ထပ်တိုးလိုက်ခြင်းလည်း ဖြစ် ပါတယ်။ ဒေသခံတွေကတော့ စီမံကိန်း ဖျက်သိမ်းဖို့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက မီးလောင်ဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့တဲ့အပေါ်မှာ အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့အတွက် နိုင်ငံတော် သမ္မတကို ဒေသ ခံရွာသား ၃ ဦးက တရားစွဲဆိုမှုတွေ လုပ်ခဲ့တဲ့အကြောင်းကိုလည်း ကိုသောင်းထိုက် အခုလို ဆက်ပြောခဲ့ပါတယ်။

“အဓိကစွဲရတဲ့ အကြောင်းရင်းကတော့ သပိတ်စခန်းတွေမှာရှိတဲ့ သံဃာတွေနဲ့ ပြည်သူတွေကို အစိုးရအာဏာပိုင်တွေက မီးလောင်ဗုံးတွေသုံးပြီး ပစ်ခတ်နှိမ်နင်း အကြမ်းဖက်တဲ့ကိစ္စ အစိုးရအဆင့်၊ နိုင်ငံတော်အဆင့် လုပ်ကြံမှုဖြစ်တယ်။ အဲ့ဒါကြောင့် ဒီကိစ္စတွေရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတပဲ ဖြစ်တယ်ဆိုတဲ့အတွက် ကြောင့် နိုင်ငံတော် သမ္မတကိုပဲ ဦးတည်ပြီးတော့ တရားစွဲတယ်။ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်တယ်ပေါ့နော်။ ဒီဥစ္စာက မြို့နယ်အုပ်ချုပ်မှူး အဆင့်ကနေပြီးတော့ ဒီဒေသမှာ ပုဒ်မကို လိုသလို ထုတ်ပြန်နိုင်တဲ့အတွက် ဒီကိစ္စမှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာလည်း သမ္မတဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် ဒီကိစ္စတွေနဲ့ နိုင်ငံတော် သမ္မတကို တရားစွဲတာပါ။ စွဲတာက သုံးယောက်၊ တရားစွဲတဲ့သူတွေက ဆည်တဲရွာက မ၀င်းဝင်းဌေးရယ်၊ မရီဝင်းရယ်၊ နောက် မိုးကြိုးပြင်ရွာက ကိုဇော်နိုင်ရယ်။”

လက်ပံတောင်းဒေသခံတွေက စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း ဘ၀င်ကျမှုမရှိကြောင်း သူတို့ရဲ့ လေ့လာစုံစမ်းချက်တွေဟာ ဒေသခံတွေရဲ့ သဘောထားဆန္ဒတွေကို အလေးထားမှု နည်းပါးတဲ့အကြောင်းကိုလည်း ဆက်ပြောသွားပါတယ်။

“လက်ပံတောင်းတောင်နဲ့ ပတ်သက်ပြီးတော့မှ သဘာဝပတ်ဝန်းကျင်တို့၊ ရေတိုရေရှည် စီမံကိန်း တို့နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို တင်ပြတဲ့အခါမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်တဲ့သူတွေက ဒီကိစ္စတွေကို သူတို့ သိပြီးသားပါ။ ဒါတွေ မပြောပါနဲ့ဆိုပြီးတော့ ကြားကနေ ဖြတ်ပြီးတော့ တားတဲ့အတွက် သူတို့ မှာ ပြောပိုင်ခွင့် မရခဲ့ဘူး။ သူတို့ ပြောခွင့်ရတဲ့အပိုင်းကတော့ မြေယာလျော် ကြေးနဲ့ ပတ်သက် ပြီးတော့ပဲ ပြောခွင့်ရခဲ့တယ်။ ဟိုဘက်ကလည်း မေးတာက မြေယာလျော်ကြေး ကိုပဲ ဦးတည် ပြီး မေး တယ်။ ဒေသခံတွေ လိုချင်တာကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီဒေသက ပြည်သူတွေ ဘာဖြစ် ချင်တယ်၊ ဘယ်လိုချင်လဲ ဆိုတဲ့ အချက်အလက်တွေကို အစုံအ လင် မယူဘဲနဲ့ မြေယာလျော်ကြေး ကိစ္စတခုလောက်သာ သူတို့ စုံစမ်းစစ်ဆေးသွားတဲ့ကိစ္စအပေါ် မှာ သံသယ၀င်နေတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာတော့ မီးလောင်ဗုံးတွေ ထည့်သွင်းထား ပေမဲ့ နောက်ပိုင်း ၁၆ ယောက်နဲ့ ၁ ယောက် ပြန်လည် ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် မှာတော့ ဒီမီးလောင်ဗုံးကိစ္စနဲ့ပတ်သက်ပြီး တခုမှ မပါတော့ဘူး။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးဖို့ အချက်အလက်တွေပဲ သူတို့မှာ ပါဝင်ခဲ့ပါတယ်။ မီးလောင်ဗုံးနဲ့ပတ်သက် တဲ့ဟာကတော့ လုံးဝကို မြုပ်ပြီး ပျောက်ကွယ်သွား တာပါ။ အဲ့ဒီအကြောင်းအရာက။ အဲ့ဒီအပေါ်မှာ လည်း ဒေသခံတွေက သိပ်ပြီး မကြည်လင်ကြဘူး။”

ဒီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ ကျော်ကို သိမ်းယူခဲ့သလို စီမံကိန်းနဲ့ မလွတ်တဲ့ ရွာ ၄ ရွာကိုလည်း ဖယ်ရှားခိုင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခု ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေတွေကတော့ လယ်သမားတွေထံကနေ သိမ်းယူထားတဲ့ လယ်မြေဧကတွေရှိတဲ့ ကွင်းအမှတ်တွေ ဖြစ်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လယ်သမား တွေ ကတော့ အစပိုင်းမှာ သူတို့ပိုင် လယ်မြေတွေ ပြန်ရရေးအတွက် ကြိုးစားခဲ့ကြပေ မဲ့ နောက်ပိုင်းမှာ စီမံကိန်း ရပ်တန့်ရေးအတွက်ကိုပဲ သူတို့ သဘောထား ဆန္ဒအဖြစ် ထုတ်ဖော်ကြပါ တယ်ရှင်။

Credit : VOA