Wednesday, March 6, 2013

ဒါလေးတွေတော့ အရင်လုပ်ပါ အန်တီ


အသက်ကြီးကြီး အမေအရွယ်မို့ အမေလို့ ခေါ်ပေးရတာ ကျွန်တော့်အတွက် ပြဿနာ မရှိပါဘူး။ အတိတ် ဟောင်း တွေကို ပြန်မဆွပဲ ကျွန်တော်နဲ့အတူ ခဏလောက် ပြည်သူတွေကြားထဲကို သွားကြည့် ရ အောင်။

အန်တီ အကျယ်ချုပ်က လွတ်လွတ်ချင်းမှာ ကျွန်တော် အံ့သြမိတာက လူတိုင်း ဖုန်းတွေ သုံးနိုင်တာကိုပဲ ဆိုပြီး အန်တီ ကျေနပ်အား ရခဲ့တဲ့ ဖုန်းဈေးတွေဟာ နိုင်ငံတကာ စံ မဟုတ်ပါဘူး။ ဒါပေမယ့် အန်တီကလဲ ၀င်ငွေ ရှိပြီး လိုတာတွေ အကုန်ရနေတာမို့ ဒီဖုန်းကိစ္စကို အန်တီ တစ်ခွန်း မဟခဲ့ဘူး မဟုတ်လား။



အန်တီ့ရဲ့ ဂရုစိုက်မှုကြောင့် ဂင်းနစ်စံချိန်ဝင် ဖြစ်လာနိုင်တဲ့ အဘွားအို

ဟိုမှာ ကြည့်လိုက်ပါအုံး အန်တီ။ ဖျားနာနေတဲ့ အမယ်အိုတစ်ယောက်နဲ့ ဘွဲ့ရပြီး ၀င်ငွေမရှိလို့ မပြုစုနိုင်တဲ့ သား တစ်ယောက်ကို တွေ့လား။ အန်တီ ဖျားရင် ရန်ကုန်ဆေးရုံကြီး ရောက်ချင်ရောက်မယ်။ ဒါမှမဟုတ် အ ထူးကု ဆေးခန်းကြီးတွေ၊ အဲဒါမှမဟုတ်ရင် နိုင်ငံခြားက ဆေးရုံကြီးတွေမှာ အန်တီ ကုပါလိမ့်မယ်။ ဒါပေမယ့် ဒီ အမယ် အို အတွက်ကတော့ ရန်ကုန်ဆေးရုံကြီး သွားဖို့ ကားခတောင် မရှိပါဘူး ။ အဲဒီ အမယ်အိုလို လူတွေ မြန်မာ နိုင်ငံမှာ အများကြီး ရှိနေတဲ့ အနက် တစ်နိုင်ငံလုံးကို ကိုယ်စားပြုချင်တဲ့ အန်တီက ရန် ကုန်ဆေး ရုံကြီး တစ်ကွက် ကို အဆိုတင်သွင်းခဲ့တာ ကျွန်တော် အံ့သြမိပါတယ် အန်တီ။



ဆိုင်ကယ်စီးချင်၍ ဘဏ်ဖောက်ခဲ့သည့် ကျောင်းသား၊ ဒီကျောင်းသားကို ဗကသတွေက ကာကွယ်ပေး ကြ သတဲ့ အန်တီ
သူ့ဘေးက သားကို ကြည့်ပါအုံး။ အန်တီ အဆိုတင်သွင်းခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီးက ဘွဲ့ရခဲ့တာ မဟုတ် ပါ ဘူး။ အဲလိုမျိုး ရန်ကုန်တက္ကသိုလ်ကြီးက မဟုတ်ပဲ ဘွဲ့ရပြီး အလုပ်မရသေးတဲ့ လူငယ်တွေ အန်တီ အ ကျယ်ချုပ် ကျနေတုန်း သိန်း သန်းမက ရှိနေခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်ကြီး မဟုတ်ဘဲ မြန်မာ တစ်နိုင် ငံ လုံးမှာ အခြား တက္ကသိုလ်တက်မယ့် ကျောင်းသားတွေလဲ သိန်းသန်းမက ရှိနေပါသေးတယ်။ သူတို့ အနာဂတ်တွေ အတွက်ဆိုတာထက် ရန်ကုန်တက္ကသိုလ်ကြီးကို ကွက်ပြီး အဆိုတင်သွင်းခဲ့တာကိုလည်း ကျွန်ေ တာ် အံ့သြမိပြန် ပါတယ် အန်တီ။



ဟို ဆိုင်းဘုတ်ကြီးကို ကြည့်လိုက်ပါအုံး။ အန်တီနဲ့အတူ နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာ ခွင့် ကျေး ဇူး ကြောင့် နှစ်ရှည်ထောင်ထဲက လွတ်မြောက်လာသူတွေပါတဲ့ စာပေဟောပြောပွဲ ဆိုင်းဘုတ် ကြီးလေ။ သူတို့က အခု မကြောက်တရားတွေ ဟောနေကြတယ်။ အစိုးရကို အပုပ်ချနေကြတယ်။ အန်တီ က လက် ရှိ အစိုးရ အဖွဲ့မှာ တရားဥပဒေ စိုးမိုးရေး ကော်မရှင် ဥက္ကဌကြီး မဟုတ်လား။ ကျောင်းသား ကို ကျောင်းစာ ကြိုးစားဖို့၊ တရားဥပဒေကို လေးစားလိုက်နာဖို့၊ သတ်မှတ်ထားတဲ့ လူ့စည်းကမ်းတွေမှာ နေ တတ် ဖို့ အန်တီ မသွန်သင် တော့ဘူးလား။



ဒီလို သရုပ်ပျက် အ၀တ်အစားများနဲ့ မကြောက်တရားတွေ ကိုင်စွဲပြီး ဒီနေ့ ပြည်သူ့ရင်ပြင်မှာ ရိုက် ပွဲ တောင် ဖြစ်ကြပါတယ်။

ဟိုတစ်လောက အန်တီ လုပ်တဲ့ ဟောပြောပွဲမှာ လူတွေ စည်းကမ်းမရှိဘူးဆိုပြီး အန်တီ ဆူခဲ့ရ တာကို မှတ် မိ မှာပါ။ လူငယ်တွေကို ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ လေ့ကျင့်ကြိုးစားဖို့ စာပေဟောပြောတဲ့သူတွေ နေရာ မှာ မကြောက်တရားနဲ့ သူပုန်ထဖို့ ပြောသူတွေ နေရာရကုန်ကြပြီ အန်တီ။



အန်တီ ဟိုဘက်ကို ကြည့်ပါအုံး။ ၉၆၉ စတစ်ကာတွေနဲ့ ဈေးရောင်းနေတဲ့ မြန်မာတွေလေ။ ရခိုင်မှာ ဘင်္ဂလီ ကိစ္စ ကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ အမျိုးသား လှုပ်ရှားမှုပါ အန်တီ။ အမျိုးသားရေး ဆိုပေ မယ့် နောက် ကွယ်က ပံ့ပိုးမယ့်သူ မရှိတော့ သစ်သီးသည်၊ ကွမ်းယာသည်၊ စတိုးဆိုင်တွေနဲ့ ယာဉ်လိုင်းတွေမှာပဲ ၉၆ ၉ နိုင် တော့တယ်။ သံသွပ်ဆိုင်၊ ပိုက်ဆိုင်၊ လျှပ်စစ်ဆိုင်၊ ဒံပေါက်ဆိုင်နဲ့ မရှိမဖြစ် လိုအပ်တဲ့ လုပ် ငန်းတွေ၊ ဆိုင်တွေ မှာ မြန်မာတွေ နေရာရအောင် ပံ့ပိုးပေးမယ့်သူတွေ မရှိသေးဘူး အန်တီ။ နိုင်ငံရေး အကျဉ်း သား ဆိုသူတွေကို တစ်လ ငါးထောင် ထောက်ပံ့ခဲ့တဲ့ အန်တီတို့က သူတို့တွေ အတွက် နည်း နည်းလေး လုပ်ပေးလို့ မရဘူးလားဗျာ။



နေပြည်တော်က ၀န်ထမ်းများကတော့ ဒီထက်ဆိုးတဲ့ ကားတွေနဲ့ ရုံးတက် ရုံးဆင်း လုပ်နေရတယ် ဆိုတာ တစ်ညနေလောက် မြို့မဈေးကို ၀င်ကြည့်ရင် တွေ့နိုင်ပါတယ်

ဟိုမှာ ပြေးပြေးလွှားလွှားနဲ့ ဘတ်စ်ကား တိုးစီးသွားတာ နိုင်ငံ့ဝန်ထမ်း ဦးစီးအရာရှိပါ အန်တီ။ လစာ တစ် သိန်း၊ ဒေါ်လာ ၁၀၀ ကျော် လစာနဲ့ နိုင်ငံ့တာဝန် ထမ်းနေတဲ့ ၀န်ထမ်း အရာရှိပါ။ သူ့နောက်က ပါသွားတဲ့ သူ ကတော့ ဘွဲ့ရ အငယ်တန်းစာရေး တစ်ယောက်ပါ အန်တီ။ တစ်နေကုန် ရုံးမှာ အလုပ်လုပ်ပြီး ညပြန်ေ ရာက်ရင် နောက် အလုပ်တစ်ခုကို ထပ်လုပ်မှ မိသားစု ဘ၀ရပ်တည်ရေး ပြေလည်တဲ့ ၀န်ထမ်းတွေပါ။ နိုင်ငံတော် အဆင် မပြေ တာက တစ်ကြောင်း၊ လူသန်း ၆၀ ရှိတဲ့အထဲမှာ လူ ၂ သန်းကို ဦးစားမပေးနိုင် ဘူးဆို တာနဲ့ သူတို့ဘ၀တွေဟာ မတင့်တယ်နိုင်ကြပါဘူး။ ၀န်ထမ်းတွေ ဘ၀ကို အန်တီ တစ်ခါမှ ပြောဖူး တာ မတွေ့မိဘူးနော်။



အန်တီ့ ညာဘက်ကို မြန်မြန် ကြည့်လိုက်။ လက်သီးဆုပ်ပြီး ကားမီအောင် သုတ်သုတ် ပြေးလျှောက်သွား တဲ့ လူနှစ်ယောက်ကို တွေ့လား။ အဲဒါ အလုပ်တာဝန်နဲ့ မြို့ပေါ်ကိုလာတဲ့ တပ်က အရာရှိနဲ့ သူ့အကူ ဆရာ တစ်ယောက်ပါ အန်တီ။ အန်တီ့အဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်က အရာရှိတွေဟာ အသက်စွန့် စားရိတ် ၅၀၀၀၊ တာဝန် တစ်ခုသွားရင် ၅၀၀၀ ဆိုတဲ့ ငွေနဲ့ တိုင်းပြည် တာဝန်ထမ်းဆောင် နေပါတယ်။ တပ်မတော် အပေါ်မှာ အပြည့်အ ၀ သစ္စာရှိပြီး ကိုယ်ကျိုးအတွက် ဖြစ်မှာ စိုးတဲ့စိတ်ကြောင့် ဘာတစ်ခုမှ မတောင်းဆိုကြ ပါဘူး။ အန်တီ့ အမေလို ပါရမီ ဖြည့်ဘက်တွေကတော့ ကောက်စိုက်ချိန်ဆိုလည်း စိုက်၊ ပရိတ်ရွတ်ချိန်လည်း ရွတ်၊ ဘ၀တွေကို တပ်ထဲ မှာ အချိန်ပေးပြီး မလောက်မငှ ဘ၀မှာ ရပ်တည်နေကြပါတယ်။ ၀န်ထမ်းတွေ အရေး အန်တီ ဆောင်ရွက်ပေး တဲ့ တစ်နေ့မှာ သူတို့အတွက်လည်း အကျိုးဖြစ်ထွန်းမှု တစ်ခုခု ပါကောင်းပါရဲ့ ဆိုပြီး တာဝန်ကို အသက်စွန့် ထမ်းဆောင်နေကြပါတယ်။



ဟိုဘက်က လယ်ကွင်းတွေကို ကြည့်လိုက်ပါအုံး အန်တီ။ ၁၉၈၈ မှာ တရုတ်နိုင်ငံက GPS သုံးပြီး လယ် စိုက်နေ ပြီ အန်တီ။ အန်တီတို့ ပါတီထောင်ပြီး အပြိုင်အဆိုင် လုပ်နေကြချိန်မှာ တရုတ်တွေက လယ်မြေေ တွကို ဓာတ်ခွဲ ခန်းပို့ပြီး စစ်နေကြပြီ။ အဟောင်းတွေ မပြောကြေး ဆိုတော့ လက်ရှိ အချိန်ပဲ ပြောရအောင် အန်တီ။ နိုင်ငံတ ကာမှာ စက်မှုလယ်ယာ စနစ်ကို သွားနေကြပြီ ဆိုတာ အန်တီက ပိုသိမှာပါ။ ဒီက လယ်သမားတွေကတော့ ဆန္ဒ ပြဖို့ပဲ သိကြတယ် အန်တီ။ ကျွန်တော့်တို့ရဲ့ လယ်ကွင်းတွေမှာလဲ လူ၊နွား၊ လယ်ထွန်စက် လောက်ပဲ ရှိနေပေ မယ့် နိုင်ငံတကာမှ စက်တွေနဲ့ အလုပ်လုပ်နေကြပြီ အန်တီ။ လယ်ပိုင်၊ ယာပိုင် ဆူပူမှုတွေ ကြားထဲမှာ ခေတ်မီ တဲ့ စိုက်ပျိုးစနစ်၊ နည်းပညာနဲ့ အထောက်အကူ ပစ္စည်း အကူအညီတွေကို အနောက်က အမျိုးတွေ ဆီမှာ တောင်း ကြည့် ပါလား အန်တီ။



ဓာတ်တိုင် နားက ရဲတစ်ယောက်ကို ကြည့်လိုက်ပါအုံး အန်တီ။ အန်တီ ဒီလမ်းကို လျှောက်မယ် ဆိုလို့ အန် တီ့ လုံခြုံရေး အတွက် ကာကွယ်ပေးနေတာပါ။ သူ့ဖိနပ်က စုတ်နေတယ်။ သူ့ဆီမှာ ရာဘာဒုတ် တစ်ချောင်း က လွဲပြီး ဘာမှ မရှိဘူး အန်တီ။ အရေးအကြောင်းဆို ဆက်သွယ်စရာ စက်ကလေးတစ်လုံးတောင် သူ့ကိုယ် မှာ မရှိ ဘဲ ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ အန်တီ့ကို စောင့်ရှောက်ပေးနေတယ်။ သူတို့က တိုင်းပြည် အတွက် လို အပ် တာပဲ မဟုတ်လား အန်တီ။

စိတ်မောသွားပြီလား။ ဒီထက် မောစရာ လက်တွေ့ဘ၀တွေ အများကြီး ရှိပါသေးတယ်။ အခု အန်တီက အ စိုး ရ အဖွဲ့ဝင် ဖြစ်နေပါပြီ။ အန်တီဟာ နိုင်ငံရဲ့ တာဝန်ရှိသူ တစ်ဦး ဖြစ်နေပါပြီ။ အစိုးရကို အပုပ်ချတာ မ ဟုတ် ဘဲ လုပ်နိုင်တဲ့ အလုပ်တွေကို အန်တီ ပညာရှိရှိ ချပြသင့်ပါပြီ။



ကျွန်တော့်ကို ကြည့်ပါ အန်တီ။ ကိုယ့်အမေ အရွယ်မို့ အမေလို့ တစ်ခွန်း ခေါ်ပေးဖို့ ကျွန်တော်တို့ အတွက် ဘာမှ မခက်ပါဘူး။ ဒါပေမယ့် ဒါလေးတွေတော့ အရင်လုပ်ပါ အန်တီ။

Credit : Here

သမ္မတ (ဗိုလ်)ဦးသိန်းစိန် ပြောတဲ့ “ခေတ်စနစ် အခြေအနေအရ အကျဉ်းချခံခဲ့ရသူများ”

မူနှင့်သဘောထားကိုဖေါ်ပြဖို့ဆိုလျှင် “ဝေါဟာရ၊ စကားလုံး”တို့ ဖြင့်ဖေါ်ပြရမည်သာဖြစ်သည်။

သုံးစွဲဖေါ်ပြသော “ဝေါဟာရ၊စကားလုံး”တို့၏ အနု အရင့်၊ အပျော့အမာ အပေါ်မူတည်ပြီး သုံးစွဲသူ၏ သဘောထားကို ရှင်းလင်း စွာသိရှိနိုင်သည်။ တစ်ခါ တစ်ရံ လေသံ၊ ဟန်ပန်အမူအရာဖြင့်လည်း သဘောထားကိုဖေါ်ပြကြစမြဲဖြစ်သည်။

သမ္မတ (ဗိုလ်)ဦးသိန်းစိန်သည် သူတို့ ချမှတ်ထားသော မူ/သဘောထားအပေါ် စွဲမြဲစွာရပ်သည် ဟု ပြောရမည်ထင်သည်။

“နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားကို သမ္မတ(ဗိုလ်)ဦးသိန်းစိန်အပါအဝင် ကြံ့ဖွံ့အစိုးရ တစ်ဖွဲ့လုံးနှင့် ကြံ့ဖွံ့အမတ် အားလုံးကတညီတညာတည်း ယနေ့အထိ စွဲကိုင်ထားကြဆဲဖြစ်သည်။

အဆိုပါသဘောထားကိုအလွယ်တကူစွန့်လွှတ်မည့် အရိပ်အယောင်မျှပင် ယနေ့အထိ မတွေ့မြင်မိသေးပါ။

“နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားသည် (နဝတ-နအဖ) စစ်အစိုးရ၏ သဘောထားဖြစ် သည်။

ယင်းသဘောထားကို (နဝတ-နအဖ) စစ်အစိုးရ၏ အာဏာအမွေခံဖြစ်သော (ဗိုလ်)ဦးသိန်းစိန်တို့ ကြံ့ဖွံ့အစိုးရက ဆက်ခံထား ခြင်းဖြစ်သည်။ ကာကွယ်နေခြင်းဖြစ်သည်။

သူတို့သည်“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး”ကို “မင်းမဲ့စရိုက် ဆူပူသောင်းကျန်းမှု/ တိုင်းဆူပြည်ဖျက် လုပ်ရပ်” ဟု သဘော ထားကြသူများဖြစ်သည်။ သို့အတွက် “၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီး” တွင် နည်းလမ်းပုံစံမျိုးစုံဖြင့်ပါဝင်ကြခဲ့သော “အရေးတော်ပုံ တပ်သား” မှန်သမျှသည် သူတို့ အတွက် ဆူပူသောင်းကျန်းသူ၊ ဥပဒေချိုးဖောက်သူများသာဖြစ်နေတော့သည်။

“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” သည် (မဆလ) တစ်ပါတီအာဏာရှင်စနစ် ဖယ်ရှားပစ်ခဲ့သည်။ (နဝတ-နအဖ) စစ် အစိုးရသည် “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ကို အကြမ်းဖက်ချေမှုန်းပြီး အာဏာယူခဲ့ခြင်းဖြစ်သည်။

အကယ်၍သာ “နိုင်ငံရေးအကျဉ်းသား သို့မဟုတ် နိုင်ငံရေးအကျဉ်းသားရှိသည်” ဟု အသိ အမှတ်ပြုလိုက်မည်ဆိုလျှင် “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ကိုပါ အသိအမှတ်ပြုရတော့မည်။ ယင်းသို့အသိအမှတ်ပြုလိုက်လျှင် (နဝတ-နအဖ) စစ်အစိုးရလက်ထက် မှ ယနေ့ အထိ အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်ခဲ့မှုမှန်သမျှကို ဝန်ခံရတော့မည်။ တာဝန်ယူရတော့မည်။ တာဝန်ခံရတော့မည်။

ယင်းသို့ အသိအမှတ်မပြုနိုင်၊ ဝန်မခံနိုင်၊ တာဝန်မယူနိုင်သဖြင့် “နိုင်ငံရေးအကျဉ်းသားမရှိ” ဟု မျက်စိ မှိတ်ငြင်းကွယ်နေခြင်း ဖြစ်သည်။ စကားလုံးဝေါဟာရအရအငြင်းပွားနေခြင်း မဟုတ်။ နိုင်ငံရေး သဘော ထားပြဿနာဖြစ်သည်။

ကြံ့ဖွံအစိုးရသက်တမ်း ၂ နှစ်တာကာလအတွင်း “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုသည်ကို တစ်ခါမျှပင် မပေးခဲ့ချေ။ (ဗိုလ်) ဦးသိန်း စိန်သည် “၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၂၀၄ (က) အရ “ပြစ်ဒဏ် လွတ်ငြိမ်းခွင့်” သာပေးခဲ့သည်။

ထိုသို့လွှတ်ပေးခဲ့သော “အကျဉ်းသား”များကိုလည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁(၁) အရ ပြစ်မှုကြွေးကျန်“နှောင်ကြိုး တည်း၍လွှတ်ပေးခြင်း” သာဖြစ်သည်။

ဤသို့သော အခြေအနေအချက်အလက်များအရပြောရလျှင် “နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသော သဘောထားသည် သမ္မတ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအတွက် ဘယ်လိုမှ မပြောင်းလဲနိုင်သော၊ အလျှော့မပေးနိုင်သော သဘောထားဖြစ်သည်။ နိုင်ငံရေးသမား များအပေါ်ထားရှိသော(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ အငြှိုး၊ အတေးနှင့်အာဃာတဖြစ်သည်။

ဤသဘောထားမှာ သမ္မတ(ဗိုလ်) ဦးသိန်းစိန်အပါအဝင် (ကာလုံ)၊ လက်ရှိအစိုးရအဖွဲ့နှင့်ကြံ့ဖွံ့ပါတီတို့၏ ကွဲလွဲမှုမရှိသော ဘုံ သဘောထားလည်းဖြစ်သည်။ ယင်းကိစ္စအပေါ် သူတို့အချင်းချင်းအကြား ကွဲလွဲမှု (လုံးဝ)မရှိချေ။

ကွဲလွဲသည်ဟု ထင်လျှင်/မြင်လျှင်ထိုသို့ထင်သူ/မြင်သူများ၏ ရိုးအမိုက်မဲမှုသာဖြစ်ပါလိမ့်မည်။

ထို့အပြင် (နဝတ-နအဖ) စစ်အစိုးရကျူးလွန်ခဲ့သော အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်ခဲ့မှုမှန်သမျှ ကာကွယ်နိုင်ရန် “၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၄၄၅ ဖြင့် အကာအကွယ်ယူထားသေးသည်။

သို့ဖြင့် သမ္မတ (ဗိုလ်)ဦးသိန်းစိန်က “မတ် ၁ ရေဒီယိုမိန့်ခွန်း” ထဲတွင် “နိုင်ငံရေးအကျဉ်းသား” ဟု မသုံး။

“လက်ကျန် အကျဉ်းသားစိစစ်ရေးကော်မတီ” ဟုသာသုံးသည်။

နိုင်ငံရေး“ယုံကြည်ချက်” ဟုပင်မသုံး။ “ယုံကြည်ချက်အကျဉ်းသား” (Prisoner of conscience) ဆိုသည့် စကားလုံးနှင့်တူနေ မည်စိုးသဖြင့် တမင်ရှောင်လွှဲသည့်သဘောဖြစ်သည်။ “မတူညီတဲ့ နိုင်ငံရေး ခံယူချက်၊ သဘောထားများကြောင့် ခေတ်စနစ် အခြေအနေ အရ အကျဉ်းချခံခဲ့ရသူများ” ဟုသုံးသည်။

(နဝတ-နအဖ) စစ်အစိုးရခေတ်သည် မတူညီသောနိုင်ငံရေးခံယူချက် ၊ သဘောထားရှိသူများကို အကျဉ်းချ ရုံသာ ချထားခဲ့ခြင်း မဟုတ်၊ စစ်ကြောရေးနှင့်အကျဉ်းထောင်များ ထဲတွင် နိုင်ငံရေး သမားများ၊ နိုင်ငံရေးတွင်ပါဝင်လှုပ်ရှားခဲ့သူများကို မသေမချင်း ညှင်းပမ်း နှိပ်စက်သတ်ဖြတ်ခဲ့သောခေတ် စနစ်ဖြစ်ပါသည်။

အချို့စစ်ကြောရေးတွင်၊ အချို့အကျဉ်းထောင်ထဲ၌ အသက်ဆုံးရှုံးခဲ့ကြရသည်။ အချို့မှာမူထောင်ထဲ တွင် သေတော့မည်ဆိုတာ သိသဖြင့် ထောင်မှလွှတ်ပေးပြီးနောက် ထောင်ပြင်ပတွင် သေဆုံးကြရသည်။

ယနေ့အထိလည်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများရှိနေဆဲဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားမှုများနှင့်ဆန္ဒပြမှုများကိုအကြမ်းဖက်ဖိနှိပ်ဖြိုခွဲနေဆဲဖြစ်သည်။ လက်ပံတောင်းတွင် မီးလောင်ဗုံးဖြင့် အကြမ်းဖက်မှုနှင့်ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာလယ်သမားများကို ရဲက သေနတ်ဖြင့်ပစ် ခတ်ခြင်းတို့သည်ထင်ရှားသော သက်သေများ ပင်ဖြစ်သည်။

သမ္မတ (ဗိုလ်) ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ “ရေဒီယိုမိန့်ခွန်း” သည် ဘာမျှမဟုတ်။ ကြွားလုံးထုတ်မှု ၊ လိမ်ညာလှည့်စားမှု နှင့် အငြှိုး အာဃာတကိုဖေါ်ပြခြင်းမျှသာဖြစ်သည်။

Credit : Here

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ သမ္မတထံတင်ပြရန် အဆင်သင့်ဖြစ်နေ

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်ပြရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဒေါ် ခင်စန်းလှိုင်က ပြောကြားသည်။

အစီရင်ခံစာအား အပြီးသတ်ပြီး ဖြစ်သော်လည်း နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြရမည်ဖြစ်၍ သမ္မတ ၏ ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိပါက တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများကိုပါ တစ်ပါတည်း အသိပေးတင်ပြသွားမည်ဟုလည်း ၎င်းက ပြောသည်။

"ကျွန်မတို့ဥက္ကဋ္ဌကြီး ပြောတာကတော့ ဒါတွေရဲ့အပေါ်မှာ အားရတယ်။ ကျေနပ်တယ်လို့။ ဟိုတစ်နေ့က ညစာစားပွဲမှာလည်း ပြောပါတယ်။ ပါဝင်တဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်၊ အခုလို ချောချောမောမော ပြီးမြောက်သွားတဲ့အတွက် ၀မ်းသာတယ်လို့ ပြောနေတဲ့ စကားအရပေါ့။ ပြီးနေပါပြီ။ အားလုံး ကျေနပ်လောက်တဲ့အဖြေ ပါမယ်လို့တော့ ကျွန်မတို့လည်း မျှော်လင့်ရတာပေါ့" ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ယင်းအစီရင်ခံစာသည် အမှားအမှန်၊ စီမံကိန်းရပ်စဲရေး ဆက်လက်လုပ်ဆောင်ရေး ကို ပြောကြား ထားသည်မဟုတ်ဘဲ တွေ့ရှိချက်ကိုသာ အစီရင်ခံစာ တင်ပြထားခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများက ဆုံးဖြတ်ရမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆက်လက်ပြောကြားသည်။

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းရာတွင် နိုင်ငံတကာမှ ကန့်သတ်ထားသော ဖော့စ်စဖားရပ်စ် ပါဝင်သည့် စစ်ဘက်သုံး မီးလောင်ဗုံးများဖြင့် နှိမ်နင်းခဲ့ကြောင်း အမေရိကန်အခြေစိုက် Justice Trust အဖွဲ့က ပြောကြားထားသည်။

သို့ရာတွင် ယင်းကဲ့သို့ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ အဆိုပါအဖွဲ့များမှာ အစိုးရက တာဝန်ပေးထားသော အဖွဲ့အစည်းများ မဟုတ်ကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာကိုသာ စောင့်ပါရန် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံတော် သမ္မတက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း တည်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယာမြေဧက ၇၀၀၀ ကျော်အား သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ရာတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီအချိန်၌ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခဲ့သည်။

EMG Credit : EMG

ဒီချုပ်ကိုယ်စားလှယ် ဦးဇေယျာသော် အသည်းရောင် အသားဝါ( စီပိုး) ရောက်ဂါဖြစ်နေ


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော် (ခ)ဦးဖြိုးဇေယျာသော်သည် ကျန်းမာရေးကြောင့် ယခုကျင်းပ နေသော ပထမအကြိမ် ဆဋ္ဌမပုံမှန် လွှတ်တော်အစည်းအဝေးမှ အနားယူထားရကြောင်း သိရသည်။

''ကျန်းမာရေးကြောင့် အနားယူထားတာပါ။ စီပိုး နည်းနည်းများလာ တဲ့အတွက် ကြောင့်ပါ။ ကြီးကြီး မားမား တော့ မရှိပါဘူး၊ နားနား နေနေနဲ့ အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ'' ဟု ဦးဇေယျာသော် ကပြောသည်။

မတ်လ ၄ ရက်နေ့ လွှတ်တော်အစည်းအဝေးမှ စ၍ယခုလွှတ်တော် ပြီးဆုံး သည် အထိခွင့်ယူ ခဲ့ပြီး နေပြည် တော်မှ ရန်ကုန်သို့ ပြန် လည် ရောက် ရှိနေပြီ ဖြစ်သည်။

''ကျွန်တော် ဒီနေ့ပဲ ကိုယ်တိုင် ခွင့်တင်ပေးလိုက် တာပါ။ ဆေးသွင်းပြီး နား ချိန်လေး နည်းနည်းပေးရမှာ ပါ။ ဆေးဒဏ်ကြောင့်အသည်း ကိုနည်းနည်း ထိတဲ့ သဘော ရှိပါတယ်။ အလုပ်တွေ နား ထားရမဲ့ သဘောပါ။ တရား ဝင်ခွင့်ဖြစ်ပါတယ်''ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ က ပြောသည်။

၎င်းသည် ကြားဖြတ် ရွေးကောက်ပွဲတွင် နေပြည် တော် ပုဗ္ဗသီရိမြို့နယ်မှ ပြည် သူ့လွှတ်တော် ကိုယ်စား လှယ် အဖြစ် ဝင်ရောက်အရွေးချယ် ခံခဲ့ပြီး ၄င်း၏မဲဆန္ဒနယ်မြေ တွင် လူငယ်များ အလုပ် အကိုင် ရရှိရေးနှင့် ပညာရေး ကိစ္စများကို ဆောင်ရွက်လျက် ရှိသည်။

Credit : Popular

မြန်မာ့တိုင်းရင်း ပရဆေးပင် ဣဿရမူလီတွင် ကင်ဆာဖြစ်နိုင်စွမ်း မြင့်မားသော ဓာတုပစ္စည်း Aristolochic Acid ပါဝင်နေပြီး ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း စစ်ဆေးတွေ့ရှိ

ဣဿရမူလီ ဆေးရွက်ကို တွေ့ရစဉ်

မြန်မာ့တိုင်းရင်း ပရဆေးပင် ဣဿရမူလီတွင် ကင်ဆာဖြစ်နိုင်စွမ်း မြင့်မားသော ဓာတုပစ္စည်း တစ် မျိုးဖြစ်သည့် Aristolochic Acid ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားပြီး ယင်းဆေးပင်ကို စားသုံးခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေရှိ-မရှိ စစ်ဆေးခဲ့ရာ ကျောက်ကပ်ပျက်စီးမှုကို ဖြစ်ပေါ်စေ ပြီး ကျောက်ကပ် ကင်ဆာ ဖြစ်နိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန် မာပြည်)၊ ဆေးဝါး အဆိပ် သုတေသနဌာနမှ ဒေါက်တာခင်ချစ်က ပြောသည်။

အဆိုပါ ဆေးပင်ကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသည့်အတွက် ပြည်တွင်း၌ သုံးစွဲလျက် ရှိသည့် မျိုးစိတ်များကို ဖော်ထုတ်၍ အဆိပ်အတောက် ရှိမရှိ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ဆေး သုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ ဆေးဝါးအဆိပ် သုတေသနဌာနတို့ ပူးပေါင်းကာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဣဿရမူလီပင်သည် Aristolochia မျိုးစုတွင် ပါဝင်ပြီး မျိုးစိတ်ပေါင်း ၅၀၀ ကျော်ရှိသည်။

မြန်မာပြည်တွင် အသုံးများသည့် မျိုးစိတ်မှာ Aristolochia Indica Linn မျိုးစိတ်ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ရုက္ခဗေဒပညာရှင် ဒေါ်သီတာဆွေမှ ဖော်ထုတ်ခဲ့ကြောင်း၊ ယင်းဆေးပင်ကို မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ ဘီ-စီပိုး၊ ကင်ဆာရောဂါများ၊ အဆစ်အမြစ် ကိုက်ခဲမှုများ စသည့် ရောဂါများကို သက်သာစေသည်ဆိုကာ တိုင်းရင်း ပရဆေးအဖြစ် သုံးစွဲမှုများ ရှိနေကြောင်း၊ အဆိုပါ ဆေးရွက်ကို နှစ်ရွက်မှ လေးရွက်အထိ သဘာဝအတိုင်း မပြုမပြင် စားသုံးလေ့ ရှိကြောင်း သိရသည်။

ယင်းနောက် ဆေးပင်တွင် အဆိပ်အတောက်ရှိ-မရှိ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာ ပြည်) တွင် ၎င်းအရွက် သတ္တုရည်ကို ရေဖြင့်စပ်ပြီး ရရှိသော “ဆေးအနှစ်” များကို ကြွက်ဖြူများဖြင့် စမ်းသပ်ခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးစမ်းသပ်ရာတွင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လက်ရှိအသုံးပြု Organization for Economic Co-operative Development(OECD) Guideline အတိုင်း စမ်းသပ်ခဲ့ကြောင်း သိရသည်။

စမ်းသပ်ရာတွင် ကြွက်ဖြူ အကောင်လေးဆယ်ကို အုပ်စုလေးစုခွဲ၍ စမ်းသပ်ခဲ့ကြောင်း၊ ပထမအုပ်စုတွင် အရွက်သတ္တုရည်ပါ ဆေးအနှစ်များ မတိုက်ကျွေးဘဲ ကျန်သုံးအုပ်စုတွင် 300mg/kg, 2G/kg နှင့် 5G/kg ဟူ၍ ဆေးပမာဏခွဲကာ တိုက်ကျွေးခဲ့ပြီး ၁၄ ရက်ကြာ စောင့်ကြည့်ခဲ့ကြောင်း၊ ရလဒ်များ အရ ကြွက်များ သေဆုံးမှု မရှိသော်လည်း ၎င်းကြွက် ဖြူလေးများ၏ သွေးများကို ထုတ်ယူ၍ အသည်းနှင့် ကျောက်ကပ်ပျက်စီးမှု ရှိ-မရှိ စစ်ဆေးရာ ကျောက်ကပ် ထိခိုက်မှုကိုပြသော Urea နှင့် Creatinine ပမာဏမှာ 2G/kg ဆေးပမာဏမှ စ၍ မြင့်တက်လာပြီး 2G/kg ဆေးပမာဏအထက် အသုံးပြုထားသည့် ကြွက်များတွင် Urea နှင့် Creatinine ပမာဏမှာ သိသိသာသာ မြင့်တက်လာကြောင်း စစ်ဆေးတွေ့ရှိရသည်။

ယင်းသို့ တွေ့ရှိမှုကြောင့် ကြွက်များ၏ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ဘေလုံး၊ အစာအိမ်၊ အူသိမ်နှင့် အူမကြီးများ အားလုံးကို ထုတ်ယူ၍ ပြင်ပလက္ခဏာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ၎င်းအသားစများကို အလွှာလိုက်ဖြတ်ပြီး အဏုကြည့်မှန်ပြောင်းဖြင့် အသေးစိတ် ထပ်မံ ကြည့်ရှု စစ်ဆေးခဲ့ရာ 5G/kg ဆေးပမာဏ သောက်ထားသော ကြွက်များ၏ ကျောက်ကပ်များတွင် အချို့ရောင်ရမ်းနေပြီး အချို့မှာ သွေးယိုစီးမှု ရှိနေကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ယင်းဆေးပင်သည် အတိုင်းအဆမဲ့ စားသုံးပါက ကျောက်ကပ်ပျက်စီး စေနိုင်ကြောင်း သိပ္ပံနည်းကျ စမ်းသပ်ဖော် ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ဆေးပင်ကို စမ်းသပ်ခဲ့ရာတွင် လူကို အကျိုးပြုသည့် Flavonoit , Polyphenol, Tanin နှင့် Saponin ဒြပ်ပေါင်းများ ပါဝင်နေသလို အဆိပ်အတောက် ဖြစ်စေနိုင်သည့် Cyanogenic Glycoside ကဲ့သို့ ဒြပ်ပေါင်းများလည်း ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်ဟု သိရသည်။

Credit : EMG

နွေရာသီမှာ ခရမ်းလွန်ရောင်ခြည် အန္တရယ် သတိပြု

ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအချို့တွင် ခရမ်း လွန်ရောင်ခြည် အဆင့် (၁၃) နီးပါးကျရောက် လျက်ရှိ၊ အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင် အာရုံချို့ တဲ့သော ရောဂါများ ဖြစ်ပွားနိုင်

ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအချို့တွင် ခရမ်း လွန်ရောင်ခြည် အဆင့် (၁၃) နီးပါးကျရောက် လျက်ရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောကြားလိုက်ပါတယ်။ ခရမ်း လွန်ရောင်ခြည်အညွှန်းကိန်း (၈)နှင့် အထက်ဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အဆင့်လို့ သတ်မှတ်ထားပါတယ်။

အညွှန်းကိန်း (၈၊ ၉၊ ၁၀)အထိတက်ရောက်ပါက အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံချို့ တဲ့သော ရောဂါများနှင့် အညွှန်းကိန်း (၁၃၊ ၁၄)အထိတက်ရောက်ပါက သားသမီးမရနိုင်သည့်ရောဂါများ အထိ သက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီနောက်ဆုံးပါတ်မှာ ရန်ကုန်မြို့မှာ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအမှတ် (၁၂.၈)အထိကျရောက်ခဲ့ပြီး၊ ကော့သောင်းမြို့နဲ့ ထားဝယ်မြို့မှာ (၁၃.၂)၊ ပုသိမ်မြို့မှာ (၁၃.၁)နဲ့ နေပြည်တော်မှာ (၁၁.၇)ကျရောက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့နှင့် ဘားအံမြို့တို့မှာ (၁၂.၈)၊ လွိုင်ကော်မြို့မှာ (၁၂.၄)နဲ့ တောင်ကြီးမှ အညွှန်းကိန်း (၁၂)အသီးသီး ကျရောက်ခဲ့တာဖြစ်ပါတယ်။ မနှစ်က ခရမ်းလွန်ရောင်ခြည်ကျရောက်မှုဟာ အဆင့် (၁၀၊၁၁)ပဲ ရှိခဲ့ပြီးတော့ ဒီနှစ်မှာ (၁၃)ထိ ရှိလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပြင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတွေမှာလည်း ခရမ်းလွန်ရောင်ခြည် (၁၃)နီးပါး ကျရောက်နေတယ်လို့ ဦးထွန်းလွင် မှ ဆက်လက်ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ခရန်းလွန်ရောင်ခြည့်ရဲ့ အညွှန်းကိန်းကို ၂၀၁၂ခုနှစ်မှာ စတင်တိုင်းတာခဲ့တာဖြစ်ပါတယ်။

ခရမ်းလွှန်ရောင်ခြည်အညွှန်းကိန်းကို တိုင်းတာရာမှာ

(၀ မှ ၃အထိ)ကို အနိမ့်စား

(၄ မှ ၇အထိ)ကို အသင့်အတင့်

(၈နှင့် အတက်)ကို အန္တရာယ်ရှိအဆင့် လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးသက်ရောက်ချိန်ဟာ မွန်းတည့်ချိန်ဖြစ်တာကြောင့် နံနက် (၁၁း၀၀)မှ မွန်းလွဲ (၂း၀၀)နာရီအချိန်အတွင်း နေပူထဲကိုသွားလာပါက သတိပြုဖို့လိုအပ်ပြီးတော့ ထီး၊ နေကာမျက်မှန်၊ စတဲ့ အကာအကွယ်တွေနဲ့ သွားလာသင့်တယ်လို့ ဦးထွန်းလွင်က အကြံပြု ပြောကြားထားပါတယ်။

Credit :  EMG

နိုင်ငံခြား ထွက်ခွာခွင့် D Form စနစ် အဆုံးသတ်မည်


မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ထွက်ခွာတဲ့အခါ ပြည်ပထွက်ခွာခွင့် အထောက်အထားစာရွက်ခေါ် D Form စနစ်ကို လာမယ့် ဧပြီလ ၁ ရက်နေ့က စတင်ပြီး ပယ်ဖျက်တော့မယ်လို့ လ၀က ၀န်ကြီး ဦးခင်ရီ က ပြောဆို လိုက်တာကို ပေါ်ပြူလာ ဂျာနယ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဌာန်း ကျင့်သုံးခဲ့တဲ့ D Form လုပ်ရတဲ့ အဆင့်ဆင့် လုပ်နည်း လုပ် ဟန် တွေကြောင့် ပြည်ပ ထွက်ခွာသူတိုင်း အလုပ်ရှုပ်စေတဲ့ ၀န်ပိုတခုတော့ အခုတော့ အဆုံးသတ်တော့ မယ် လို့ ပြောရမှာဖြစ်ပါတယ်။

အွန်လိုင်းက လျှောက်ထားတဲ့ စနစ်ရှိသလို၊ စာရွက်စာတမ်းနဲ့ လျှောက်ထားတဲ့ စနစ်လည်း ကျင့်သုံးခဲ့တာ ပါ။

ဒီစနစ်ကြောင့် မြန်မာနိုင်ငံသားရော၊ နိုင်ငံခြားသားပါ မြန်မာပြည်က ထွက်ခွာမယ်ဆိုရင် D Form ကို ရယူပြီးမှသာ ထွက်ခွာလို့ ရခဲ့တာဖြစ်ပါတယ်။

ပွဲစားတွေနဲ့ လုပ်ရင်လည်း အနည်းဆုံး ကျပ်ငွေ ၁၀၀၀ လောက်ပေးရပြီး ကိုယ်တိုင်သွားလုပ်ရင်တော့ ရာဂဏန်းလောက် ကုန်ကျပါတယ်။

D Form အမျိုးအစားအနေနဲ့က ရိုးရိုး နဲ့ နိုင်ငံခြားသား အတွက်ဆိုပြီး ၂ မျိုးရှိပါတယ်။

ဒီအပြင် ၀န်ပိုအလုပ်ရှု့ပ်စေတဲ့ စနစ်တခု မရှိတော့တဲ့ အတွက် ပြည်ပထွက်ခွာသူတွေအတွက် စိတ် သက်သာရာလည်း ရသွားမှာပါ။ DForm နဲ့ပတ်သက်တဲ့ အောက်ဖော်ပြပါ အဆင့်တွေ၊ လုပ်ထုံးလုပ်နည်း တွေ အခုတော့ မလိုအပ်တော့ဘူး ပြောလို့ရမယ်ထင်ပါတယ်။











Credit : Here

သထုံမြို့နယ်၊ ကွင်းကလေးဒေသ တွင် ရွှေတူးဖော်ရေးလုပ်ငန်း တွင်ကျယ်နေ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြံခါးချောင်း(ခရူးခီး)အုပ်စု၊ ကွင်းကလေးရွာအနီးရှိ ကရင်အမျိုး သားအစည်းအရုံး- KNU ထိန်းချုပ် နယ်မြေ ကွင်းကလေးဒေသတွင် ရန်ကုန်အခြေစိုက် မြန်မာကုမ္ပဏီများ အပါအ၀င် ထိုင်းနှင့် တရုတ်ကုမ္ပဏီတို့က ရွှေတူးဖော် ရေးလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လျှက်ရှိ သည်။

ရန်ကုန်အခြေစိုက် မြဖူး(ရွှေဖူး)ကုမ္ပဏီ၊ လင်းလဲ့ကုမ္ပဏီ၊ ဇင်မင်းထွန်း ပိုင်ဆိုင်သည့် ကုမ္ပဏီ၊ မစ္စတာကေး (ဟောင်ကောင် တရုတ်ကုမ္ပဏီ)၊ ထိုင်းကုမ္ပဏီများဖြစ်သည့် အေဘီစီနှင့် မောင်လူကုမ္ပဏီ စသည်တို့ကို မြေယာ ၅ဧကနှုန်းစီဖြင့် ရွှေလုပ်ငန်းများ တူးဖော်ရန် KNU တပ်မဟာ(၁) အာဏာပိုင်များက ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ များ၏ ပြောပြချက်များအရ သိရ သည်။

ယင်းရွှေတူးကုမ္ပဏီများသည် မြေတူးဘူဒိုဇာကားကြီးများ၊ မြေကော်ကားကြီးများ၊ မြေသယ် ဆယ်ဘီးကား ကြီးများ၊ ရေစုပ်အား ကောင်း အင်ဂျင်စက်ကြီးများနှင့် လျှပ်စစ်မီးပေး အင်ဂျင်စက်များကို အသုံးပြု၍ ရွှေ တူးဖော်ရေးလုပ်ငန်းကို နေ့စဉ် လုပ်ဆောင် နေကြောင်း ၎င်းရွှေတူးဖော်ရာ နယ်မြေသို့ ကိုယ်တိုင်သွားရောက် မြင်တွေ့ခဲ့သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ရွှေတူးတာ အပြင်းအထန် တူးနေကြတယ်။ အခု ရွှေတူးတဲ့တွင်းဆိုရင် အနက်ကြီး ဖြစ်သွားတယ်။ ဒီရွှေတူးထားတဲ့ နေရာတွေ ဟာ မြေပြန်မဖို့ဘူးဆိုရင် မိုးတွင်းကာလဆိုရင် မြေပြိုမှုတွေ ဖြစ်လာမယ်။ ကုမ္ပဏီတွေကတော့ သူတို့ဝယ်ထားတဲ့ မြေအတိုင်း ပြီးတဲ့အထိ လုပ်သွားမှာပဲ။ အလုပ်သမားတွေကတော့ ကုမ္ပဏီကပဲ ခေါ်လာတဲ့သူတွေ ဖြစ်တယ်”ဟု ပြောဆိုသည်။

အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းအတွက် မြေ ၅ဧကစီ လုပ်ခွင့်ပေးလိုက်သည့် ကုမ္ပဏီများထဲမှ မစ္စတာကေး (ခေါ်) ဟောင် ကောင်တရုတ်ကုမ္ပဏီထံ KNU မှ မြေ ၅ဧကကို အပြီးရောင်းချပေးခဲ့ကြောင်းနှင့် ကျန်သည့်ကုမ္ပဏီများကိုမူ လုပ်ကိုင်ခွင့်သာ ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အခု ရွှေတူးတဲ့နေရာက ရွာသားတွေ လုပ်ကိုင်စားသောက် တဲ့နေရာတွေပါ။ တောင်ယာ စိုက်ပျိုးရေးတွေလည်း လုပ်တယ်။ အခု ရွှေလာတူးတော့ အဲဒါနေရာမှာ အလုပ်သွားမလုပ်ကြဖို့ ရွာသားတွေဟာ သတိပေးတာ ခံထားရတယ်။ ဆက်လက်ပြီး ရွှေတူးမြေဧကတွေ ထပ်တိုးချဲ့ဖို့ ရှိတယ်လို့လည်း ကြားသိရတယ်”ဟု ပြောသည်။

လက်ရှိ ရွှေတူးသည့်ဒေသတွင် ကေအဲန်ယူ တပ်မဟာ(၁) ဗျူဟာမှူး ဗိုလ်မှူးကြီးစောပလေ့က ထိန်းချုပ် တာဝန်ယူထားသလို မြဖူး(ရွှေဖူး)ကုမ္ပဏီနှင့်လည်း ဖက်စပ်ရွှေတူးမှုလုပ်ငန်း လုပ်ကိုင်လျှက်ရှိသည်ဟု သိ ရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကေအဲန် ယူ ဗဟိုသတ္တုနှင့်မိုင်းဌာနသို့ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ ဖုန်းလိုင်းအဆက်အသွယ်မရ ဖြစ်နေသည်။

ထို့အပြင် ကုမ္ပဏီများ ရွှေလာရောက်တူးဖော်ရန်အတွက် ကားလမ်းဖောက်လုပ်ရာတွင် ကွင်းကလေး ရွာအတွင်းရှိ အုန်းပင်များ မှာ ဘူဒိုဇာကားများဖြင့် ဖြိုလဲခံရခြင်း၊ ရာဘာခြံများကို ဖြတ်၍ ကားလမ်းဖောက် လုပ်ခြင်းများ ရှိနေခဲ့သော်လည်း ကုမ္ပဏီများမှ လျော်ကြေးပေးရန် တစုံတရာ ပြောဆိုခြင်း မရှိကြောင်း လည်း ဒေသခံများက ပြောဆိုသည်။

သထုံမြို့နယ်၊ ကြံခါးချောင်း(ခရူးခီး)အုပ်စု၊ ကွင်းကလေးရွာအနီးရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှာ KNU နှင့် မြန်မာအစိုးရတို့ ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၂ရက်နေ့က အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူပြီးနောက်ပိုင်းမှစ၍ အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

Credit : KIC

လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် မှန်ကန်မှု အားနည်းဟုဆို

လယ်ယာမြေစုံစမ်း စစ်ဆေးရေး ကော် မရှင် အဖွဲ့၏ လုပ်ဆောင်ချက်များ မှန်ကန်ခြင်း မရှိဘဲ အားနည်းချက် များစွာ ရှိနေကြောင်း လယ်သမားများ က ပြောသည်။

တနိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် မြေ ယာ အငြင်းပွားမှု ပြဿနာများနှင့် ပတ်သတ်ပြီး လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်း ခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းထားသော်လည်း လယ်ယာမြေကိစ္စ များကို စစ်ဆေး ဖော်ထုတ် ရာတွင် အားနည်းချက်များ ရှိနေပြီး ကော်မရှင် အဖွဲ့ဝင် တချို့သည် အငြင်းပွားဖွယ်ရာ လယ်ယာမြေ ကိစ္စရပ်တွင် ပါဝင် ပတ်သက်မှု ရှိနေသည်ဟု လယ်သမားများ အရေး ဆောင်ရွက်နေသည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုနေမျိုးဝေက ဧရာဝတီ ကို ပြောသည်။

“လယ်ယာမြေ စုံစမ်းရေး ကော်မရှင်တွေ မဖွဲ့ခင်ကတည်းက ဘယ်လိုလူတွေ မပါရဘူး၊ လယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်နေသူတွေ မပါဝင်သင့်ဘူးလို့ ပြောတယ်။ အခုကျတော့ အများကြီးပါနေတယ်။ သူတို့ကိုယ်သူတို့ မထိခိုက်အောင် သူတို့ကိုယ်တိုင် ကာကွယ်နေ ရင်တော့ ဒီပြဿနာက မပြီးပြတ်နိုင်ဘူး” ဟု ကိုနေမျိုးဝေက ပြောသည်။

လွှတ်တော်အမတ်နှင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တဦး ဖြစ်သည့် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် လက်ရှိ လယ်ယာသိမ်းဆည်းမှုနှင့် အငြင်းပွားနေမှု တခုတွင် ပါဝင်နေ ကြောင်း၊ အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် များသည် တိုက်ရိုက် မပတ်သတ်သော်လည်း သိမ်းဆည်းသည့် အမှုတွဲတွင် တနည်းနည်းဖြင့် ပါဝင် ပတ်သက်နေကြောင်း ၎င်းက ဆိုသည်။

ရခိုင် ပြည်နယ်တွင် စုံစမ်းရေးကော်မရှင် တကြိမ်သာ လာရောက်ပြီး နောက်တကြိမ် မလာကြောင်း၊ တချို့လယ်သမား များသည် လယ်ယာမြေ သိမ်းခံရသည်ကို ယခုချိန်အထိ ကြောက်ရွံ့နေပြီး မတိုင်ကြားဘဲ ရှိနေသေးကြောင်း၊ လယ်သမား များမှာ လယ်ယာ မရှိသဖြင့် လယ်မစိုက်ရသည့် အဖြစ် ရောက်ရှိနေကြကြောင်း ရခိုင်ပြည်နယ်မှ လယ်သမား ကိုနိုင်စိုးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဆီမှာဆိုရင် လယ်မြေတွေ ဧက ၂၀၀၀ လောက် အသိမ်းခံရတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေကလည်း လာမကြည့်ဘူး။ တိုင်တော့လည်း ဘာမှ အရေးမလုပ်ဘူး။ စုံစမ်းရေး ကော်မရှင်ကို ဘယ်လိုယုံကြည်ရမှာလဲ” ဟု စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကိုသန်းထိုက်က ဧရာဝတီသို့ပြောသည်။

အသိမ်းခံရသည့် လယ်ဧက ၁ သောင်းကျော် ထဲမှ ဧက ၅၀၀ လောက်ကိုသာ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လက်ခံ လေ့လာ စစ်ဆေးခဲ့ပြီး၊ လယ်ယာမြေ စုံစမ်း စစ်ဆေးရေးအဖွဲ့သည် လုပ်ငန်းရှင်ဘက်မှ ရပ်တည်နေကြသည် ဟု ရန်ကုန် ရွှေပြည်သာ မြို့နယ် တောင်သူ လယ်သမား အသင်း ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဧရာဝတီသို့ ပြောသည်။

“စုံစမ်းရေး ကော်မရှင်ဆိုတာက မှန်မှန်ကန်ကန် မျှမျှတတ ရှိဖို့ လာစုံစမ်းတာ မဟုတ်ဘူး။ လယ်သမားတွေကို ကျတော့ ကုမ္ပဏီတွေဆီကို ပိုက်ဆံမတောင်းနဲ့ မြေကိုသာ ပြန်တောင်းလို့ပြောတယ်။ တကယ် ကုမ္ပဏီတွေနဲ့ ဆွေးနွေးတော့ စုံစမ်းရေးအဖွဲ့က ကုမ္ပဏီတွေ ဘက်ကို အလေးပေးပြီး ဆောင်ရွက်နေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် စီမံကိန်းအတွက် လယ် ၅၂၇ ဧက ကို ၁ ဧက ကျပ် ၂၂ သိန်းနှုန်းနှင့် ၇ ရက် အတွင်း ပေးချေရန် စုံစမ်းရေး ကော်မရှင်က ဆုံးဖြတ် ပေးခဲ့သော်လည်း ကုမ္ပဏီများသည် လျော်ကြေးငွေကို နှစ်ရစ်ခွဲပြီး ပေးနေ ကြောင်း ထို့အပြင် မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး လယ်သမားများကို လိုအပ်သည်ထက် ပိုမို စစ်ဆေးမှုများ ရှိနေကြောင်း လယ်သမားများ၏ အဆိုအရ သိရသည်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များကြောင့် အထောက်အထား၊ စာရွက်စာတမ်းများ ပျက်စီးသွားသဖြင့် ပိုင်ဆိုင်မှုကို အသေးစိတ် တင်ပြနိုင်ခြင်း မရှိတော့သည့် လယ်သမားများကို စုံစမ်းစစ်ဆေးသူများက ပိုင်ဆိုင်ကြောင်း သတင်းစာတွင် ထည့်သွင်း ကြေညာခိုင်းကြောင်း၊ လယ်သမားများသည် ပညာ မတတ်ခြင်း၊ မသိ နားမလည်မှု များပြားခြင်း၊ မည်သို့လုပ်ဆောင်ရမည်ကို မသိရှိကြကြောင်း တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဧရာဝတီသို့ ပြောသည်။

လယ်သမားများ ထံတွင် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ မရှိသော်လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့အနေဖြင့် လုပ်ဆောင်ရန် နည်းလမ်းများရှိနေကြောင်း၊ သက်ဆိုင် ရာ မြေစာရင်းရုံးတွင် ဦးပိုင်အမှတ်၊ အမည်နှင့် နောက်ဆက်လက် ဆက်ခံမည့် မျိုးဆက်နာမည်များကို သွားရောက်ရှာဖွေကာ မိတ္တူကူးပြီး ဆောင်ရွက်နိုင်ကြောင်း၊ သတင်းစာတွင် ကြေညာစရာမလိုဘဲ စာရွက်စာတမ်း ပျောက်သည့်အခါ စုံစမ်း စစ်ဆေးနိုင်သည့် နည်းလမ်းရှိကြောင်း လယ်သမား အရေးကို ပါဝင်ဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးဖိုးဖြူက ဧရာဝတီသို့ ပြောသည်။

သို့သော်လည်း များပြားလှသည့် တောင်သူလယ်သမားများ အရေးကို အသေးစိတ်လိုက်ပါ ဆောင်ရွက်ပေး သူ၊ ပညာပေးသူ အရေအတွက် နည်းပါးလှကြောင်း သိရသည်။

တောင်သူ လယ်သမားများ၏ လယ်ယာမြေများကို စီမံကိန်း အကြောင်းပြ သိမ်းဆည်းခဲ့မှုကြောင့် လယ်သမားအများစုသည် လယ်ယာ မလုပ်ကိုင်နိုင်တော့ဘဲ ဈေးရောင်းစားရခြင်း၊ စက်မှုဇုန်တွင် ကျပန်း လုပ်ကိုင်ရခြင်း အဖြစ်သို့ ရောက်ရှိသွားသည် ဟု လယ်သမားများက ပြောသည်။

“စိုက်ပျိုးရေး ထွက်ကုန်တွေ ပြည်ပကို ဘယ်လို ထိုးဖောက် ရောင်းချမယ်၊ သီးနှံ အထွက်တိုးအောင် ဘာတွေ လုပ်ဆောင်မယ် ဆိုတာ သမ္မတရော၊ ၀န်ကြီးတွေရော ပြောနေကြတာပဲ။ လယ်သမားတွေ လယ် ယာတွေ အသိမ်းခံရတာကိုပဲ ပြန်ရအောင် အရင် လုပ်ပေးကြပါ” ဟု ပြည်မြို့မှ လယ်သမား ကိုထွန်းထွန်း က ဆိုသည်။

စုံစမ်း စစ်ဆေးရေး ကော်မရှင်အနေဖြင့် အဓိကအားဖြင့် မြေသိမ်းသည့် ဖြစ်စဉ် ဥပဒေနှင့်ညီ မညီကို စစ်ဆေးမည် ဖြစ်ကြောင်း၊ ယခင် မြေသိမ်းစဉ်က ဥပဒေနှင့် မညီပါက လယ်သမားများ နစ်နာ မည် ဖြစ်ကြောင်း၊ လယ်သမားများ မနစ်နာအောင်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လယ်ယာမြေ များ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ဧရာဝတီ သို့ ပြောသည်။

တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း၊ လွှတ်တော်မှ ဖွဲ့စည်း ပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော်မရှင်သို့ စစ်တပ်နှင့်သက်ဆိုင်သော တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇ ဒဿမ ၆၀ ရှိကြောင်း ယင်းကော်မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ပါရှိသည်။

လယ်ယာမြေ သိမ်းဆည်းမှုများတွင် ဌာနဆိုင်ရာများ သည်လည်း မြေသိမ်းဆည်းခြင်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့် အညီ ဆောင်ရွက်ခဲ့မှု မရှိခြင်း၊ လျှို့ဝှက်အဆင့် မရှိသော စာရင်းဇယား အထောက်အထား စာရွက်များ ပြသရန် တောင်းခံရာ ပြည့်စုံစွာ တင်ပြနိုင်မှု မရှိခြင်း၊ တိုင်ကြားစာပါ နယ်မြေများသို့ ကွင်းဆင်းသည့် အခါ သက်ဆိုင် ရာ ဌာနများက မိမိတို့နှင့် မသက်ဆိုင် သကဲ့ သို့ ပြုမူခြင်းနှင့် မြေသိမ်းဆည်းခံရသည့် ဌာန၊ အဖွဲ့အစည်းများနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ သည် ဖြေ ရှင်း ဆောင်ရွက်ရမည့် ပြဿနာ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်း ဆောင်ရွက်မှု အား နည်းခြင်း တို့ တွေ့ရှိရကြောင်း ကော်မရှင်က ဆိုသည်။

မြေသိမ်းခံရသော အကြောင်းရင်း ၆ ခုမှာ မြို့ပြများ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စက်မှုဇုန်များ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေး အတွက် သိမ်းဆည်းခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိ လုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်းတို့ ဖြစ်သည်။

ရွှေပြည်သာမှ လယ်ယာသိမ်းခံရသည့် ၁၃ ရွာမှ တောင်သူ လယ်သမား ၅၀၀ နီးပါးသည် မင်္ဂလာဒုံ မြို့နယ်သို့ မတ်လ ၂ ရက်နေ့ နံနက် ၅ နာရီတွင် သွားရောက်ပြီး တောင်သူလယ်သမားနေ့ကို ကျင်းပခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ရွှေပြည်သာ လိန်ကုန်းကျေးရွာ ကိုးန၀င်းတန်ဆောင်းတွင် နံနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီ အထိ ထပ်မံကျင်းပရာ ထိုပွဲသို့ ရန်ကုန်တိုင်း ဒေသကြီးမှ လယ်ယာမြေနှင့် တခြားမြေယာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးအောင်သိန်းလင်းလည်း အလွတ်သဘောဖြင့် တက်ရောက် ခဲ့ကြောင်း သိရသည်။

Credit : Here

စစ်ပြေငြိမ်းရာတွင် တပ်တည် သတ်မှတ်ရန် လိုဟု KIA ကဆို


ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ အဖွဲ့တို့ လာမည့် မတ်လ ဒုတိယ ပတ်တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု KIA စစ်ရုံးချုပ် အရာရှိတစ်ဦးက ပြောပါသည်။

“တွေ့ဆုံ ဆွေးနွေးပွဲ အတွက် ကျနော်တို့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ တဖက်နဲ့တဖက် အပြန်အလှန် စာအဆက်အသွယ် တော့ ရှိပါတယ်။ အစိုးရဘက်က ဘယ်နေ့တွေ့ကြမယ် ဘယ်သူတွေ လာကြမယ်ဆိုတာ အကြောင်း ပြန်ကြားတာတော့ မရှိ သေးဘူး ဆိုတော့ ဘယ်လို ဆွေးနွေးပွဲ မျိုးလဲ ဆိုတာ တိတိ ကျကျတော့ ပြောလို့ မရသေးဘူး။” ဟု ဆိုပါသည်။

ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့၌သာ ဖြစ်ဖွယ် ရှိသည်ဟု ဆိုပါသည်။ KIA သည် လာမည့် ဆွေးနွေးပွဲ၌ အစိုးရ တပ်တည် ကိစ္စနှင့် တပ်နေရာ ချထားရေးကို တင်ပြရန် ရှိနေကြောင်း ဆိုပါသည်။

KIA သည် အစိုးရနှင့် စစ်ပြေ ငြိမ်းရန် တရုတ် အစိုးရ၏ ကြားဝင် ဖြန်ဖြေမှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် တရုတ်ပြည် ရွှေလီမြို့၌ အလွတ်သဘော တွေ့ဆုံခဲ့ပါသည်။ ဤတွေ့ဆုံပွဲမှ KIA နှင့်အစိုးရတို့ စစ်ပြေငြိမ်းရေးကို ယေဘူယျ သဘောတူ နိုင်ခဲ့သည်။

ဆွေးနွေးပွဲ ကိုလည်း ဖေဖော်ဝါရီ လကုန်ပိုင်းတွင် နှစ်ဖက် ထပ်မံ တွေ့ဆုံကြရန် သဘောတူညီချက် ရရှိထားသော်လည်း အစိုးရ စစ်ဆင်ရေးများ ဆက်လက် ရှိနေခြင်းနှင့် ၄င်းတို့ ၀န်ထမ်းများအား ရှင်းလင်း တင်ပြရန် ရှိနေသေးသဖြင့် KIA ဘက်က ဆွေးနွေးရန် အသင့် မရှိသေးကြောင်း ရက်ရွေ့ဆိုင်း ခဲ့ရပါသည်။

ဤသို့ကြောင့် KIA သည် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး ကိစ္စ အပေါ် KIA ၀န်ထမ်း များ၏ သဘောထားကို ရယူရန် မတ်လ (၄) ရက်နေ့၌ လိုင်ဇာမြို့ပေါ်ရှိ ဝန်ထမ်း များအား တွေ့ဆုံခဲ့ပါသည်။ KIA သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များလည်း ပြုလုပ်ရန် လိုအပ်ကြောင်း ရှင်းလင်း တင်ပြခဲ့သည်ဟု ဆို ပါသည်။

Credit : Here

သန်လျင် ကညန မှ အထက်တန်းစာရေးငွေပိုတောင်း ၊ မိမိအမှားဝန်မခံမခြေမငံပြောဆိုသဖြင့်နိုင်ငံတော်ထံတိုင်စာပို့


ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ က. ည.နရုံးတွင်ယာဉ်မောင်းလိုင်စင် သက်တမ်း သွားတိုးသူ တစ်ဦးက ကညနမှအကြီးတန်း စာရေးဒေါ် နှင်းမာလာစိုးအပေါ် အရေးယူ ပေးပါ ရန် နေပြည်တော်ပြည်ထဲ ရေးဝန်ကြီးဌာနသို့ တိုင်စာပို့ထား ကြောင်း ပြောသည်။

မ——-သည် ၎င်းင်း၏(ခ) လိုင်စင်အား(ဃ)လိုင်စင်အဖြစ် ပြောင်းလဲရန် ပုံစံဖြည့်စွက်ခဲ့ ကြောင်း ၊၎င်းင်းပုံစံအား ဒုဦးစီးမှူး ဒေါ်သဉ္စာအောင် ကိုယ်တိုင်စစ် ဆေးလက်မှတ်ထိုးပေးပြီးအကြီး တန်း စာရေးဒေါ်နှင်းမာလာစိုးထံ သို့ ပြန်တင်ထားကာ တစ်နာရီခွဲ ကျော်ကြာစောင့်နေခဲ့ပြီး လိုင်စင် ထွက်လာ ချိန်တွင်(ခ)လိုင်စင်သာ ထွက်လာသဖြင့် ပြန်လည်ပေးမြန်း ရာအကြီးတန်းစာရေးဒေါ်နှင်းမာ လာစိုးက ၎င်း၏အမှားအား ၀န်ခံ ခြင်းမပြုသည့် အပြင်လိုင်စင်ပြု လုပ်သူ မ——–အားနိုင်ထက် စီးနင်းပြောဆိုသဖြင့် မ——က နေပြည်တော် ပြည်ထဲရေးဝန်ကြီး ဌာနနှင့်သက်ဆိုင်ရာဌာနအသီးသီး သို့ တိုင်စာများပို့ကာ တည်ဆဲ ဥပဒေများအရအရေးယူပေးပါရန် တိုင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

““လိုင်စင်ဖိုးငွေသွင်းတော့ (၅၅၀၀)ကောက်တယ် အာမခံ ကြေးကို ကိုယ်တိုင်သွားမသွင်းနဲ့ ဝေးတယ် သူတို့ပြီးမှပေါင်းသွင်း ပေးမယ်လို့ပြောပြီးယူတာ။ လိုင်စင် အသစ်ပြန်ထွက်လာတော့(ခ) လိုင်စ်ပဲပြန်ထွက် လာတယ်။ ကျွန်မ လျှောက်တာ(ဃ)လို့ပြောတော့ ပြောမှမပြောခဲ့တာမပြောတော့ ရိုးရိုးသက်တမ်းတိုးတာပဲ ထင်တာ ပေါ့ပြောခဲ့မှသိမှာပေါ့ အဲလိုက စပြီးအစုံပဲပြောတာ၊ကျွန်မပုံစံမှာ ဖြည့်ထားပြီးသားပြန်ကြည့်ကြည့် ဦးလို့ပြောလိုက်ယ်။သူကပုံစံကို ကြည့်ပြီး(ဃ)ပြောင်းရင်(ခ)ကို သက်တမ်းတိုးအသစ်လုပ်ပြီးမှ ပြောင်းလို့ ရတာနားမလည်ဘူး လားဆိုပြီးဟောက်ပြန်ရော။

ကျွန်မ တော်တော်စိတ်ပျက်သွားတယ်။ တကယ်ဆိုရင်အကြီးတန်းစာရေး ဖြစ်တဲ့ သူကသာနားမလည်တာ (ခ) လိုင်စင်အဟောင်းပေးလိုက်(ဃ) လိုင်စင်ပြောင်းဆိုပုံစံဖြည့်သက်တမ်း ကျော်နေရင်ဒဏ်ကြေးဆောင်၊ တကယ်ဆိုမှားသွားလို့တောင်းပန် ပါတယ်။ တခွန်းလောက်ပြော လိုက်၊မြန်မာလူမျိုးတွေပါ နားလည် ပေးတတ်ပါတယ်။အဲဒါကိုသူက ပိုက်ဆံထပ်သွင်းခိုင်းတယ်ကျွန်မ လဲ နဲနဲတော့ စိတ်ကတိုသွားပြီ ပိုက်ဆံထပ်မသွင်းနိုင်ဘူး ကျွန်မ မှားတာမဟုတ်ဘူးလို့ပြောတော့ ပိုက်ဆံမသွင်းပဲဘယ်သူရဲ့ ဘာမို့ လဲတဲ့ အဲဒီစကားကြီးက သေသေ ချာချာစဉ်းစားရင်တော်တော်ဆိုး တယ်။တကယ်ဆို(၅၅၀၀)တောင်း တာကိုက လွန်တာအမှန်ကသုံး ထောင်ကျော်ပဲကျတာ ကျွန်မက တိုင်မှာလို့လဲပြောခဲ့တယ်။

လိုင်စင် ဖိုးက ဘယ်လောက်လဲမေးတော့ ရှင်းမပြဘူးဝန်ထမ်းတွေမပြေလည် လို့ လည်သလိုလုပ်နေ ကြတာကို နားလည်ပါတယ်။ ပြေပြေလည် လည်တော့ ဆက်ဆံပေးပေါ့။သူ ပိုက်ဆံပိုယူတာ ကျွန်မကိုမခြေ မငံပြောတာတွေအားလုံး ကျွန်မ recording လုပ်ထားတယ်၊တိုင်ကြား ပါထိထိရောက်ရောက်အရေး ယူ ပေးမယ်လို့ နိုင်ငံတော်ရဲ့လူကြီး မင်းတွေကပြောထားတာပဲ၊ ကျွန်မ ဘက်ကမှန်တဲ့အတွက် ကျွန်မ တော့တိုင်မယ်ထိထိရောက်ရောက် စစ်ဆေးပြီး ဘယ်လိုအရေးယူမလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့၊

လို အပ်လို့ နေပြည်တော်က ကျွန်မ ကိုခေါ်ပြီးစစ်မေးချင်လဲခေါ်ပါ နေပြည်တော် မဟုတ်ဘူး မြန်မာ နိုင်ငံမြောက်ဖျားထိခေါ်လဲသွား မယ်””ဟုပြောသည်။

အဆိုပါကိစ္စကိုမေးမြန်းရန် သန်လျင် က.ည.နသို့(၄.၃. ၂၀၁၃) ဖုန်းနံပါတ် ၀၅၆-၂၂၀၀၁ သို့ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်သူအမျိုးသမီးမှခရိုင်မှူးမရှိ သဖြင့် ဖြေကြားခွင့်မရှိပါကြောင်း အထက်သို့ ဆက်သွယ်၍ခွင့်ပြုချက် ရရှိမှသာဖြေကြားလို့ရမည်ဖြစ်သ ဖြင့် ခဏနေမှဖုန်းပြန်ဆက် ပါရန် ပြောသည်။ (၁၅)မိနစ်ခန့်အကြာ တွင် ဖုန်းပြန်ဆက်ရာ မည်သူမှ ဖုန်းကိုင်ခြင်းမရှိခဲ့ပါ။

Credit : Here

ပုဗ္ဗသီရိမဲဆန္ဒနယ်ကို ဒေါ်အောင်ဆန်းစုကြည် ၃ လ တာဝန်ယူမည်


နေပြည်တော်-ပုဗ္ဗသီရိမြို့ နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသော ဦးဖြိုးဇေယျာ သော်၊ ဦးမင်းသူ၊ဦးနိုင်ငံလင်းတို့နှင့် အတူ ဒေါက်တာမြတ်ဥာဏစိုး တို့ ဦးဆောင်အဖွဲ့သည် ပုဗ္ဗသီရိ မြို့နယ်၊ညောင်လူးကျေးရွာအုပ်စု၊ ကျောင်းစုပရိယတ်္တိစာသင်တိုက် ကျောင်းသို့ မတ်လ(၂)ရက်နေ့ နံနက်ကရောက်ရှိခဲ့ရာ ဒေသခံ ပြည်သူများမှလှိုက်လှဲစွာကြိုဆိုခဲ့ ကြကြောင်းသတင်းရရှိသည်။

ဦးစွာ NLD ပါတီဥက်္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်နှင့်အဖွဲ့သည် ကျောင်း စုပရိယတ်္တိစာသင်တိုက် ကျောင်း ထိုင်ဆရာတော် ဥူးသုနမောဒိ အားဖူးမျှော်ကြည်ညိုပြီး ဒေသခံ ပြည်သူများအား တွေ့ဆုံနှုတ်ခွန်း ဆက် အမှာစကားပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်ကော်မ တီဝင်များမှတင်ပြခဲ့သော အလုပ် လက်မဲ့ပြဿနာအကြောင်းနှင့် အတူ ကျေးရွာလျှပ်စစ်မီးလင်းရေး၊ သောက်သုံးရေရရှိရေး၊ပညာရေး၊ ကျန်းမာရေး၊စိုက်ပျိုးရေးကဏ္ဍများ ကိုလည်း အကျယ်တ၀င့်ဆွေးနွေး မှာကြားပြောကြားသွားသည်။ ၎င်းနောက် ပုဗ္ဗသီရိမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဇေယျာသော်မှကျန်းမာရေးအခြေ အနေ အရ ခွင့်(၃)လယူထားစဉ် ကာလ ၎င်း၏နယ်မြေအား ဒေါ် အောင်ဆန်းစုကြည်မှခွင့်ကာလ အတွင်းကိုယ်စား တာဝန်ယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဒေသခံ ပြည်သူများ အား ပြောကြား လျက် ဒေသခံပြည်သူများအား နှုတ်ဆက် ကာ ပြန်လည်ထွက်ခွာခဲ့သည်။

ထို့နောက် ပုဗ္ဗသီရိမြို့နယ်ရှိ ကုတင် (၅၀)ပြည်သူ့ဆေးရုံသို့သွားရောက် ခဲ့ပြီး ဆေးရုံတာဝန်ရှိသူ များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

Credit : Here

နိုင်ငံသား ၊ နိုင်ငံဂုဏ်သိက္ခာ ၊ အချုပ်အခြာအာဏာ နှင့် သဘာဝပတ်ဝန်းကျင်မထိခိုက်မှသာ ယစ်မျိုးရင်းနှီးမြုပ်နှံခွင့်ပေးမည်ဟုဆို


မြန်မာနိုင်ငံတွင် မကြာသေး မီကထုတ်ပြန်လိုက်သော ရင်းနှီး မြှုပ်နှံမှုဥပဒေထဲတွင် အရက်နှင့် ဘီယာများ အား ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံသည်နိုင်ဟုပါရှိခဲ့ကြောင်း သိရသည်။ အဆိုပါအရက်ဘီယာများနှင့် ပတ်သက် ၍ မြန်မာနိုင်ငံတွင် လူငယ်များစုသည်စတိုင်(လ်)တစ် ခုလို့ အရက်ဘီယာများကို သောက်သုံးနေကြပြီး ယင်းကဲ့သို့ အရက်ဘီယာများအား ပြည်တွင်း ၌ ကျယ်ပြန့်စွာရင်းနှီးမြှုပ်နှံမှုပေး ပါက လူငယ်များပို၍ ပျက်စီးလာ နိုင်ကြောင့် သက်ကြီးဝါကြီးများက သုံးသပ်လျက်ရှိသည်။

ယင်းကဲ့သို့အရက်ဘီယာများ ကို ခွင့်ပြုပေးသည့်ဆိုသည့်မှာလည်း ပြည်တွင်း၌ အလုပ်အကိုင်ရှားပါး သော လူငယ်လူရွယ်အတွက်အလုပ် အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် တရားမ၀င်ခိုးသွင်းလာသောအရက် ဘီယာသောက်သုံးခြင်းမှ ကင်းဝေး စေရန် နိုင်ငံတော်၏ ဘဏ္ဍာအား တစ်ဖက်တစ်လမ်းဖြည့်တင်းနိုင်စေ ရန် အရက်ဘီယာများ ရင်းနှီးမြှုပ် နှံမှု၌ ပြည်သူအကျိုးအားကြည့်၍ အကန့်အသတ်ဖြင့်သာခွင့်ပြုပေး သွားမည်ကြောင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ မန်နေဂျင်း ဒါရိုက်တာတာဦးအောင်နိုင်ဦးပြော ကြားသည်။

“ဟိုတလောက သတင်းတစ် ခုကြားရတယ်။ ဦးတို့ MIC ဟာ ဘီယာစက်ရုံတွေဟာကို ရင်းနှီးမြှုပ် နှံ့ခွင့်တအားပေးတဲ့လို့အပြင်မှာ ပြောနေကြတယ်။ တကယ်တော့ နည်းနည်းလေးပေး တာဖြစ် ပါတယ်။ ဥပမာ-အထည်စက်ရုံ (၂၀) လောက်ပေးပြီးတော့မှာ အရက် ဘီယာစက်ရုံကို (၁) ရုံသာပေးတာ ပါ။ သို့သော် သူတို့ဝေဖန်နေတာက တော့ မမှားပါဘူး။ မှန်သင့် သလောက်တော့မှန်ပါတယ်။ ဦးတို့တိုင်းပြည်မှာ import ပိတ် ထားတယ်။ ဘယ်နိုင်ငံမှ သွင်းလို့ မရဘူး။ ဒါကြောင့် မှောင်ခိုသွင်း လာကြတယ်။ တစ်နှစ်တစ်နှစ်ကို ဒေါ်လာသန်းပေါင်းများစွာ အရက် ဘီယာတွေ နယ်စပ်ဘက်က၀င်လာ တယ်။ တရုတ်၊ ထိုင်း၊ ဘက်က မှောင်ခိုဝင်တယ်။ ပင်လယ်ရေ ကြောင်းကလည်း ၀င်လာတယ်။ ဘီယာကို Import မပေးဘူး။ Export တော့ပေးတယ်ဟုပြောကြား ခဲ့သည်။

ယနေ့ကာလတွင် မြန်မာနိုင်ငံ အတွင်း၌ အရက်ဘီယာဆိုင်များ ပေါများလာခြင်းနှင့် ပတ်သက်ပြီး ယင်း ပုဂ်္ဂိုလ်မှဆက်လက်ပြောကြား ရာတွင် “လူတွေပြောင်းလဲလာတဲ့ ဘ၀တိုင်းဟာ မြန်မာနိုင်ငံရဲ့ အိမ် နီးချင်နိုင်ငံတွေကိုကြည့်လိုက်ရင် ထိုင်း၊ လာအိုကမ္ဘောဒီယားသူတို့ ကိုကြည့်ရင် တစ်နှစ်ကိုပျမ်းမျှ (၁၀) လီတာသောက်တယ်။ တစ်နှစ်ကိုမြန်မာနိုင်ငံမှ ပျမ်းမျှ သောက်နှုန်း (၁.၄၅) လီတာ သောက်တယ်။ ဘာလဲဆိုတော့ ဒီလိုသောက်ခြင်းဟာ လူတွေရဲ့ လူနေမှုဘ၀စတိုင်လပ်ကိုပြောင်း တာဖြစ်တယ်။ အခုဆိုအမြန်မာ နိုင်ငံအတွင်းမှာ ဘီယာဆိုင်တွေ တော်တော်များများလာတာတွေ့ ရတယ်။

ဒါဟာအကောင်းလား၊ အဆိုးလားမသိဘူး။ ဒီကမ္ဘာကြီး ရဲ့ လူနေမှုတွေဟာ အမျိုးမျိုး ပြောင်းလာကြတယ်။ ဦးတို့အိမ်နီး နားချင်နိုင်ငံတွေနဲ့ ဘီယာသောက် နှုန်းယှဉ်လိုက်ရင်အရမ်းနည်းတာ ကို တွေရတယ်။ တစ်ချိန်မှာ လူနေမှုစတိုင်(လ်)ပြောင်းလဲလာ မှာပါ။ သူများတိုင်းပြည်မှာသွင်း လာပြီး ကိုယ်ပြည်မှသောက် မှာ လား။ ကိုယ်နိုင်ငံမှထုတ်ပြီး ကိုယ်နိုင်ငံမှာ ဈေးနှုန်းချိုသာစွာ နဲ့ သောက်မှာလား”ဟု ပြောကြား သည်။

ယခုကဲ့သို့ အရက်၊ ဘီယာ များ ရင်းနှီးမြှုပ်နှံမှုခွင့်ပေးခြင်း သည့် အဆိုးထဲကအကောင်းဖြစ် ကြောင်း အထက်ပါပုဂ်္ဂိုလ်မှာ ဆက်လက်ပြောကြားသည်။ “ကိုယ်တိုင်းပြည်မှာ ဘီယာစက်ရုံ ထောင် လိုက်ရင် ကိုယ်တိုင်းပြည်က လူငယ်တွေအလုပ်ရမယ်။ တစ်ဖက်ကကြည့်ရင်ပြည်ပကနေ တရားမ၀င်တင်သွင်း လာတဲ့ အရက်ဘီယာတွေကို ဆက်စပ်ပြီး တားပြီးသားဖြစ်တယ်။ အခုမြန်မာ ဘီယာဆိုပြည်ပ တင်ပို့နိုင်တဲ့အဆင့် ရှိတယ်။ ဒါဟာတိုင်းပြည်အတွက် တင်ပို့နိုင်တယ်ဖို့ကုန်တစ်ခုအဖြစ် အထောက် အကူဖြစ်လာတယ်။ ဒါကိုအဖက်ဖက်မှချိန်ဆပြီးမှ လုပ်တာဖြစ်တယ်။ ကိုယ်တိုင်း ပြည်မှ ဘီယာစက်ရုံ မရှိတဲ့အခါကြ တော့ အရက်၊ ဘီယာတွေဟာ ခိုးခိုးပြီးဝင်လာနေတာပဲ။ ဒါကြောင့် ခိုးဝင်လာမယ်အတူတူ ကိုယ်တိုင်း ပြည်မှာထုတ်လုပ်ရင် အဆိုးထဲက အကောင်းဖြစ်လာမယ်”ဟုပြော ကြားခဲ့သည်။

နိုင်ငံသူ၊ နိုင်ငံသားမထိခိုက် စေရ၊ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ မထိခိုက်စေရ၊ နိုင်ငံတော်ရဲ့ အချုပ်ခြာ အာဏာမထိခိုက်စေရ၊ နိုင်ငံတော်ရဲ့သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်ဆိုသည့် အချက် (၄) ချက်နှင့် ညီညွတ်မှသာ အရက်ဘီယာများ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခြင်းဖြစ်ပြီး အဆိုပါ အချက် (၄) ချက်နှင့် မညီညွတ် ပါက အရက်ဘီယာများ ရင်းနှီးမြှုပ် နှံမှုခွင့်ပြုပေးမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင် မှ ဦးအောင်နိုင်ဦး၏ပြောကြား ချက်အရ သိရသည်။

Credit : Here

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား/သူများ၏ ရင်ဖွင့်သံ


ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ကျောင်းသူ/ကျောင်း သားများ၏ စုပေါင်း၍ ယခုလ (၃၁)ရက်တွင် ရန်ကုန်အနောက် ပိုင်းတက္ကသိုလ် အနောက်ဘက် မုဒ်ဦးရှိ Friend Canteen ၌ ၎င်း တို့ ကြုံတွေ့နေရသော အခက် အခဲများ၊ ခံစားချက်များကို မီဒီ ယာများသို့ စုပေါင်းရင်ဖွင့် ပြော ကြားခဲ့ကြသည်။

ကျောင်းသား/သူများမှ ၎င်းတို့ကြုံတွေ့နေရသော ဘတ်စ် ကားရှားပါးမှု၊ ကားလမ်းများ ပျက်စီးနေ မှု၊ ကျောင်းအနောက် အပေါက်တံခါးပိတ်ထားခြင်းအား ပြန်ဖွင့်ပေးရန်နှင့် ဆံပင်ဆေးဆိုး ၍ ကျောင်းသား ကဒ်သိမ်းခြင်း၊ ကျောင်းထဲသို့ ပေးမ၀င်ခြင်း၊ နိုင်ငံတကာကျောင်းသားများ နည်းတူ သရုပ်ပျက်အ၀တ်အစား မှလွဲ၍ ကြိုက်နှစ်သက်ရာ အ၀တ် အစားများ ၀တ်ခွင့်ရရေးတို့အား ပြောကြားခဲ့ကြသည်။

ဒဿနိက ဗေဒ ကျောင်းသားတစ်ဦးဖြစ်သူ ကိုထူးအောင်မြတ်မှ ““ကျွန်တော် တို့ ဒီပွဲကိုလုပ်တာ အာဏာ ပိုင် အဖွဲ့အစည်းတွေ၊ ပါမောက္ခကြီး တွေကို စော်ကားဖို့၊ သူတို့ကို ဖြုတ်ချဖို့အတွက်လုပ်တာမဟုတ် ဘူး၊ ကျွန်တော်တို့ ရသင့်ရထိုက် တဲ့ အခွင့်အရေးတွေ၊ အခက်အခဲ တွေကို ကျောင်းအာဏာပိုင်တွေ သိစေ၊ ကြားစေဆိုပြီး ကျွန်တော် တို့ လိုချင်တာကို ချပြရင်ဖွင့်တာ ပါ။ အခု ကျွန်တော်တို့ကျောင်း မှာ ဘာတွေ ကြုံတွေ့နေရလဲဆို တော့ ကျောင်းသားအတော်များ များက ဆံပင်ဆေးဆိုးလို့ ကျောင်း သားကတ် သိမ်းတာတွေ၊ ခံဝန် လက်မှတ် ထိုးခိုင်းတဲ့ကိစ္စကို မကျေနပ်ကြဘူး။ ဒါဟာလည်း မဖြစ်သင့်ပါဘူး။ ဆံပင်ဆေးမဆိုး မှ စာလိုက်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျောင်းထဲမှာ ကျောင်း သားကတ် ဆွဲခိုင်းတဲ့ကိစ္စ ကျောင်း သားကတ်ကို ကျောင်းအ၀င်ပဲ ဆွဲခိုင်းစေချင်တယ်။ ကျောင်း သားကတ်ဆွဲ မှ ကျောင်းသားဆို တဲ့ကိစ္စကို လက်မခံဘူး၊ နိုင်ငံသား စိစစ်ရေးကတ်တောင်ထုတ်ပြီး ဆွဲ မထားရဘူး။ အရေးအကြောင်း ဆိုမှ ထုတ်ပြရတာ၊ အဲဒီလိုပဲ ဖြစ် စေချင်တယ်။ အခုတော့ ဆရာ ဆရာမတွေ က ကျောင်းသားတွေ အပေါ် အုပ်ချုပ်မှုတွေ အရမ်း တင်းကျပ်နေတယ်။ သူတို့လိုချင် တာ ကျောင်း သားတွေ ပညာရေး တိုးတက်ဖို့ပဲ မဟုတ်လား၊ အခု တော့ ရုပ်ပိုင်းဆိုင်ရာတွေကို လိုက်ကြည့်နေတယ်။ ပြီးတော့ အနောက်ပေါက် တံခါးပြန်ဖွင့် ပေးဖို့ တောင်းဆိုချင်တယ်။ အနောက်ပေါက်ပိတ်ထားတဲ့ အတွက် ကျောင်းသားတွေ သွား ရေးလာရေး အဆင်မပြေဘူး၊ ဘာလို့ဆိုတော့ (၂၁၁)ကားဂိတ် က အဲမှာရှိတာ””ဟု သူ၏ ခံစား ချက်အား ပြောကြားသည်။

ကျောင်းသားတစ်ဦးဖြစ်သူ ကိုမင်းမောင်မှလည်း ““ကျွန်တော့် အနေနဲ့ တက္ကသိုလ်ဘာသာရပ် တွေ နဲ့ ကျောင်းရဲ့ အုပ်ချုပ်မှုပိုင်း တွေကို မြင်စေချင်တယ်။ မြင်တဲ့ အခါမှာလည်း ကျောင်းသားတွေ ရဲ့အသံကို နားထောင်စေချင် တယ်။ ကျောင်းဆေးပြန်သုတ် တာတွေဟာ ကျွန်တော်တို့အတွက် မလိုအပ်ဘူး၊ ကျွန်တော်တို့လိုတာ လက်တွေ့ပစ္စည်း အပြည့်အစုံ ရယ်၊ လိုင်းကား ရှားပါးမှုတွေ ကြောင့် ယာဉ်လိုင်းတွေ တိုးချဲ့ စေချင်တယ်။ အခု ဒီမှာက ယာဉ် လိုင်း(၃)လိုင်းပဲရှိတယ်။ ကျွန်တော် တို့ ဒီအခက်အခဲတွေကို ရန်ကုန် တိုင်းဒေသကြီး ပညာရေးဝန်ကြီး နဲ့ မထသကို တင်ပြထားတယ်။ ဒါပေမဲ့ ဘာမှ မထူးခြားသေးဘူး။ ပြီးတော့ ကျောင်းသားတွေကိုယ် တိုင်ဖွဲ့တဲ့ အသင်းအဖွဲ့တွေရှိစေ ချင်တယ်။ ဒီလိုတွေရှိမှ လည်း ကျောင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှာပါ။ အခုဟာက ဘာ အသင်းအဖွဲ့မှ လုပ်ခွင့်မပေးဘဲ စည်းကမ်းတွေ တင်းကျပ်လွန်း တော့ ကျောင်းသားတွေက အချစ် တွေ၊ အမုန်းတွေပဲ ရနေတယ်။ ဒီဒုက္ခတွေကို တတ်သိနားလည် တဲ့ပုဂ်္ဂိုလ်တွေနဲ့ တိုင်ပင်ပြီး လွှတ် တော်အထိ စာပို့ပြီး တောင်းဆိုဖို့ အစီအစဉ် ရှိပါတယ်””ဟု ၎င်းမှ ပြောကြားသည်။

အဆိုပါကျောင်းသားများ၏ ခံစားချက်အကြောင်းအရာကိစ္စ များနှင့်ပတ်သက်၍ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်အား သွားရောက် မေးမြန်းရာ အစည်းအဝေးကျင်းပ နေသောကြောင့် တွေ့ဆုံဖြေ ကြားနိုင်ခြင်း မရှိပေ။

Credit : Here

NLD ပါတီ ညီလာခံကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး - ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း

ညီလာခံတွေနဲ့ ပတ်သက်ပြီး ပြေလည်တယ်ဆိုတဲ့အဆင့်ကို ကျွန်တော် သိပ်မပြောရဲဘူး - NLD ပါတီ ညီလာခံ ကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး - ဦးဥာဏ် ၀င်းနှင့်တွေ့ဆုံခြင်း ( အံ့ခေါင်မင်း ) ( သတင်း - မြန်မာ သံတော်ဆင့် - အတွဲ -၁ ၊ အမှတ် - ၅၁ ၊ မတ် - ၂ - ၈ ၊ ၂၀၁၃ ခုနှစ် )

လာမည့် မတ်လ ၈ရက်မှ စတင်ကာ နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်မှုမျိုးစုံကြားမှ ရုန်းကြွတိုက်ပွဲဝင်ခဲ့ရသော အမျိုးသား ဒိမိုကရေစီအဖွဲ့၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ကျင်းပတော့မည်ဖြစ်သည်။ ယင်းညီလာခံကြီးသည် အာဏာရှင်လက်အောက်တွင် အင်အားချည့်နဲ့အောင် နည်းမျိုးစုံနှင့် ချောင်ပိတ်ခြင်း ခံခဲ့ရသော ဒီမိုကရေစီ လှုပ်ရှားမှု ပါတီကြီး၏ ရပ်/ကျေး အဆင့်မှ ဗဟိုအဆင့်ထိ အားသစ်လောင်းသည့် ပွဲကြီးတစ်ရပ် လည်းဖြစ်ပါသည်။ သို့သော် ယင်းညီလာခံကြီးနှင့် ပတ်သက်၍ ပါတီအောက်ခြေအဆင့်မှ စကားအမျိုးမျိုး ဝေဖန်ပြောကြားမှုများ၊ ပဋိပက္ခ အသွင်သဏ္ဍန် များသည်လည်း သြဇာအာဏာ ယစ်မူးမှုတို့၏ ဓမ္မတာအရ ဖြစ်ပေါ်လာခဲ့ကြသည်။ ပွင့်လင်းစွာဆောင်ရွက်လာနိုင်မှု နှင့် လူထုကြားကြီးမားသော ထောက်ခံမှုရခြင်းကြောင့် ဝင်လာမစဲ တသဲသဲ ဖြစ်ခဲ့ရသော NLD ပါတီအနေဖြင့် လူစုံသလို ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်အဆင့် ညီလာခံများ၌ ပြဿနာလည်း စုံခဲ့လေသည်။

ယင်းပြဿနာများကြားမှာပင် ယခုဗဟိုအဆင့်ညီလာခံကြီး ကျင်းပတော့မည်ဖြစ်သည်။ ထို့အတွက် ညီလာခံနှင့် ပတ်သက်၍ ညီလာခံကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှုး ဦးညာဏ်ဝင်း နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲသည်။

မေး - ဗဟိုညီလာခံလည်းကျင်းပတော့မည်ဆိုတော့ တိုင်းဒေသကြီး နဲ့ ပြည်နယ်ညီလာခံတွေရဲ့ အခြေ အနေတွေက ဘယ်လိုရှိပါသလဲ။

ဖြေ - ပြည်နယ်နှင့် တိုင်းအဆင့်ဆင့် နောက်ဆုံးသိသလောက်တော့ (၉)ခုက ပြီးသည့် စာရင်း ထဲရောက် တယ်။ ကျန်တဲ့ဟာတွေက ဒီနေ့ကျင်းပနေတာ တစ်ချို့ရှိတယ်။ မနေ့ကဆိုရင် ကယားပြည်နယ် ကျင်းပတယ်။ ဒီနေ့ ကချင်ပြည်နယ် ကျင်းပတယ်။ သူတို့လည်း ဆက်တိုက်ကျင်းပနေတယ်။ ကျွန်တော်တို့ ထင်ပါတယ် ဒီအပတ်ထဲမှာ တိုင်းဒေသကြီးအထိ အားလုံးပြီးသွားမှာပါ။

မေး - ဒါဆိုရင် ဗဟိုညီလာခံ မတိုင်ခင် တိုင်းဒေသကြီး၊ ပြည်နယ်ညီလာခံတွေ အကုန်ပြီးနိုင်မယ်ပေါ့။

ဖြေ - ဟုတ်တယ်။ အကုန်လုံးအပြီးပေါ့။

မေး - အခုဒီညီလာခံတွေ ကျင်းပတဲ့အချိန်မှာ ခုထက်ထိပေါ့လေ။ ညီလာခံ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်တွေ ဘယ်လောက်ထိများ အောင်မြင်တယ်လို့ သုံးသပ်လို့ရပါသလဲ။

ဖြေ - ပထမဆုံး အောင်မြင်တာက ပါတီအဖွဲ့ဝင်တွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ က လက်ရှိခြေအနေတွေပေါ် မူတည်ပြီးတော့ အရမ်း အပြောအဆိုများ လာတယ်။ ဒါကျွန်တော်က အပြစ်ပြောတာ မဟုတ်ဘူး။ ဒါက ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် အပြောများလာ တာ ကောင်းတယ်။ အပြောများတဲ့အထဲမှာ စေတနာ ကောင်းတာနဲ့ မကောင်းတာကတော့ ပါမှာပေါ့။

မေး - အခုဗဟိုညီလာခံ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။

ဖြေ - ပြင်ဆင်မှု ကဏ္ဍအနေနဲ့ အချောတော့ မသတ်သေးဘူး။ အကြမ်းထည်တော့ အားလုံးပြီးနေ ပြီ။ နောက်ဆုံးအစီရင်ခံစာကအစ အကြမ်းထည်ပြီးပါပြီ။ စကားလုံးအသုံးအနှုန်း၊ အထားအသို ဘာညာ ဒါကတော့ ပြင်ရဦးမှာပေါ့။ ကျွန်တော်နေ့တိုင်း ဒါနဲ့ပဲ အလုပ်များနေပါတယ်။ ကျန်တဲ့ အခမ်းအနား အပြင်အဆင်တို့နဲ့ ပတ်သက်လို့ ဦးစိုးညွှန့်ကို တာဝန်ပေးထားတယ်။ သူလည်း ပြီးစီးအောင် လုပ်နေပါတယ်။

မေး - ဗဟို ညီလာခံ အတွက်ကော၊ ဒီဗဟိုအဆင့်အတွက်ကော ရွေးချယ်ခံဖို့ စာရင်းတင်ရမှာလားခင်ဗျ။

ဖြေ - အဲဒီလိုလည်းမရှိဘူး။ ရွေးချယ်ဖို့ ကိုယ်စားလှယ် စာရင်းမရှိဘူး။ လူ ၈၀၀၊ ၁၀၀၀ လောက်တက်လာမယ်။ ဒီ ၈၀၀၊ ၁၀၀၀ ထဲက ကြည့်ပြီးတော့ CC ရွေးမယ်။ ဗဟိုကော်မတီရွေးမယ်။ ၁၂၀ ရွေးမယ်။ ဗဟိုကော်မတီကမှ CEC ရွေးမယ်။ အဲဒီသဘောပါပဲ။

မေး - ဒါဆိုရင် လာမယ့် ညီလာခံထဲမှာ လူငယ်နိုင်ငံရေးသမား မျိုးဆက်သစ်တွေလည်း ပါဝင်လာနိုင်သလား။

ဖြေ - အများကြီးပါလာမယ်။

မေး - ခန့်မှန်းခြေ ဘယ်လောက်ပါနိုင်ပါသလဲ။

ဖြေ - ကျွန်တော့် ခန့်မှန်းခြေက တစ်ပြည်လုံး အတိုင်းအတာနဲ့ သိပ်ခြုံမိမှာ မဟုတ်ဘူး။ ကျွန်တော်တို့က လူနာမည် တွေ့ပြီးတော့ ဦးထိပ်ထားပေမယ့်လို့ လူငယ်လည်း ဖြစ်ချင်ဖြစ်နေမှာကိုး။ သိတာက ရန်ကုန် တိုင်း မှာ တော့ တွေ့တာမြင်တာ များတာပေါ့။ ရန်ကုန်တိုင်းအနေနဲ့ဆိုရင် အမြင်အရပြောရရင် တစ်ဝက်လောက်ကတော့ လူငယ်ပညာတတ်တွေ များတာပေါ့။

မေး - အခု ညီလာခံဗဟိုမှာ တက်လာမယ့် အဆင့်အထိ လူဘယ်လောက် လောက်နဲ့ ဘယ်လိုအဆင့်အထိ ဘယ်လောက်အထိ ရွေးချယ်ခဲ့တာလဲ။ အဲဒါလေး သိပါရစေခင်ဗျ။

ဖြေ - အခုထိ ကျွန်တော်တို့ လူခုနှစ်ရာလောက်ရှိတယ်။ နောက်ထပ် လုပ်နေတာက တက်လာရင် ရှစ်ရာနဲ့ တစ်ထောင်ကြားမှယ ရှိမယ်လို့မှန်းထားတယ်။ ညီလာခံကိုယ်စားလှယ်ပေါ့။

မေး - အန်ကယ်လ်တို့ အောက်ခြေအဆင့် ရပ်/ကျေး ကနေပြီးတော့ ဘယ်လောက် ဘယ်နှစ်ဖွဲ့ ကျင်းပခဲ့ရလဲ။ မြို့နယ် ဘယ်လောက်၊ ခရိုင် ဘယ်လောက် အဲဒီစာရင်းလေးလည်း သိပါရစေ။

ဖြေ - အဲဒါက ကျွန်တော်က ခွဲပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရပ်/ကျေး ညီလာခံကို တိုင်းနဲ့ ပြည်နယ်တွေကို လုံးဝတာဝန်ပေးထားတယ်။ သူတို့ပဲသိမယ်။ ကျွန်တော်တို့ဆီကို ကြားဖြတ်အစီရင် ခံတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့က ဗဟိုကို အစီရင်ခံစာ တင်ရမယ်လို့ကို ကျွန်တော်တို့ မထည့်ထားဘူး။ အဲတော့ တိုင်းနဲ့ ပြည်နယ် သိတယ်။ ကျွန်တော်တို့က မြို့နယ်နဲ့ ခရိုင်၊ တိုင်းကိုပဲ ကျွန်တော်တို့ တစ်စိတ်တစ်ပိုင်း ကြီးကြပ်တာ။ ရပ်/ကျေးကို တိုင်းကို လုံးဝလုပ်ပိုင်ခွင့် ပေထားပါတယ်။

မေး - အခု လာမယ့်ဗဟိုညီလာခံမှာပေါ့ အခုလက်ရှိ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကကော ပြန်လည်အရွေးခံဖို့ ရှိလား။
ဖြေ - စာရင်းထဲမှာတော့ မရှိဘူး။ စာရင်းကိုမရှိတာ။

မေး - ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ အနေနဲ့ ပြန်လည်ပြီးတော့ ရွေးချယ်မယ်ဆိုရင် အဲဒီမှာ တက် လာတဲ့ လူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ရွေးချယ်ကြမှာပေါ့။

ဖြေ - ဟုတ်ပါတယ်။

မေး - ဒါဆိုရင် ညီလာခံ ရွေးချယ်မယ့်ပုံစံကတော့ ဥက္ကဌ နေရာအတွက်ဆိုရင် ဘယ်သူကို့ထားမယ် ဆိုတာ အားလုံးဆန္ဒမဲယူမယ်ပေါ့။

ဖြေ - ကျွန်တော်ခုနပြောတဲ့ အထဲမှာ ကျွန်တော်တို့က ဒီတက်လာတဲ့ လူအားလုံးကို CC ၁၂၀ ရွေးမယ်။ ဗဟိုကော်မတီ ၁၂၀ ကနေပြီးတော့မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅၊ ဒါမှမဟုတ်ရင် ၂၀ ဖြစ်မယ်။ အဲဒီ ၁၅၊ ၂၀ ကမှ ဥက္ကဌ ရွေးမယ်ဆိုတော့ အဆင့်ဆင့် သွားမယ်။

မေး - NLD ညီလာခံနဲု့ ပတ်သက်ပြီးတော့ အခုဆို ဗဟို ညီလာခံတွေ ကျင်းပတော့မယ်ပေါ့နော်။ ဒါပေမဲ့ တစ်ချို့ အောက်ခြေမှာပေါ့ ဥပမာ ပုသိမ်တို့ မြောင်းမြတို့ အဲလိုနေရာ မျိုးတွေမှာ ပြဿ နာတွေဖြစ်ခဲ့တာရှိတယ်။ ညီလာခံနဲ့ ပတ်သက်ပြီးတော့လေ။ အဲလိုမျိုးတွေဖြစ်ခဲ့တဲ့ အပေါ်မှာ ပြဿနာတွေရော ပြေလည်အောင် ဖြေရှင်းပြီးသွားပြီးလား ခင်ဗျ။ ဒီညီလာခံ မကျင်းပခင်ပေါ့။

ဖြေ - ညီလာခံနဲု့ ပတ်သက်ပြီး ပြေလည်တယ်ဆိုတဲ့ အဆင့်ကို ကျွန်တော် သိပ်မပြောရဲဘူးခင်ဗျ။ ဘာလို့လဲ ဆိုတော့ လူတိုင်းလူတိုင်း ကိုယ့်စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကျွန်တော်လည်းမသိဘူး။ ဒါပေမဲ့လို့ လုပ်ငန်း သဘောအရ ပြောရရင်တော့ ပြေလည်မှုတွေရနေပြီ၊ လုပ်ငန်းသဘော အရ ပြဿ နာတွေပြီးသွားပြီ မရှိတော့ဘူးလို့ ကျွန်တော်မဆိုလိုပါဘူး။ ရှိချင်ရှိမယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ ညီလာခံလုပ်မယ့် Process နဲ့ ပတ်သက်ရင်တော့ ပြီးသွားပါပြီ။

မေး - ဒါဆိုရင် ပြဿနာဖြစ်ခဲ့တဲ့ နေရာမျိုးတွေမှာရော အဲလိုနေရာတွေကို ညီလာခံမှာ ချန်ထား ခဲ့တာမျိုးရောရှိလား။
ဖြေ - ချန်ထားတာ တစ်ခုမှမရှိဘူး။ အခုနောက်ဆုံး ကျွန်တော်ခုနပြောသလို တစ်ချို့ ကျန်နေသေးတယ်။ မမီရင်တော့ သူကျန်ခဲ့မှာပဲ။ ကျွန်တော်တို့ ချန်ထားမှာ မဟုတ်ဘူး။

မေး - သူ့ဟာသူ ဘာအကြောင်းကြောင်းကြောင့်နဲ့ပဲ ကြန့်ကြာကြန့်ကြာပေါ့။

ဖြေ - မမီရင်တော့ အချိန်လွန်သွားရင်တော့ မရဘူးပေါ့။

မေး - ပြဿနာဖြစ်ခဲ့တဲ့ နေရာမှာ ဟိုဘက်ဒီဘက် ပြောကြတာမျိုး အန်ကယ်လ်တို့လည်း ဂျာနယ်တွေ မှာ ဖတ်ဖူးမှာပါ။ ကျွန်တော်တို့ လည်းတွေ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ တစ်ဖက်က အန်ကယ်လ် ဦးတင်ဦးကို လာပြောပြီးတော့ လုပ်သွားတဲ့ ကိစ္စမျိုးဆိုပြီးတော့ ပြောတာမျိုးတွေ၊ တစ်ချို့ကျတော့ အန်ကယ်လ်ဦးဥာဏ်ဝင်းကို ပြောပြီးတော့ လုပ်သွားတယ်ဆိုတဲ့ ကိစ္စမျိုးတွေပေါ့။ အဲဒါတွေနဲ့ ပတ်သက် လို့ကော ဘာပြောချင်ပါသလဲ။

ဖြေ - အဲဒီလိုပြောတဲ့ လူတွေက မှားတယ်။ ဘာလို့မှားလဲဆိုတော့ ကျွန်တော်တို့ ဦးတင်ဦးတို့က သူတို့ ညီလာခံတွေရဲ့ Process ကို ကျွန်တော်တို့ ကိုင်မှမကိုင်ပဲ။ ကျွန်တော်တို့က ကိုင်တာက ဒီစီမံချက်တို့ ဘာတို့၊ ညာတို့ ဒီအပေါ်မှာ ကျွန်တော်တို့ကို လာဆွေးနွေးရင် ကျွန်တော်တို့ ဆွေးနွေးတယ်။ ကျွန်တော်တို့ ညွှန်ကြားတာ မရှိဘူး။ သို့သော် ညွှန်ကြားသကဲ့သို့ ပြောတာလည်း ကျွန်တော်ကြားပါတယ်။ အပြစ်တင်တာလည်း မဟုတ်ဘူး။ ဒါပေမဲ့လို့ လုပ်ငန်းသဘောအရ ကျွန်တော်တို့ ဒီ ရပ်/ကျေး၊ မြို့နယ်တွေကို ညွှန်ကြားစရာမရှိဘူး။ ညွှန်ကြားရင် အားလုံးခြုံပြီးတော့ ညွှန်ကြားမှာ တစ်ခုချင်းလိုက်ပြီး ညွှန်ကြားတာ ဘာမှမရှိဘူး။

မေး - ဗဟိုညီလာခံ ကျင်းပတော့မယ့် အဆင့်အထိ ရောက်လာတော့မယ့် အခြေနေ မှာပေါ့လေ ပြဿနာတွေ ဖြစ်ခဲ့တာဆိုရင် ခရိုင်အဆင့်လောက် အထိပဲ ရှိတာလားခင်ဗျ။ တိုင်းဒေသ ကြီး၊ ပြည်နယ် အဆင့်မှာရောရှိသလား။

ဖြေ - တိတိကျကျ မပြောနိုင်ဘူး။ ကျွန်တော် ဒီနေ့ သတင်းကြားတာ တိုင်းတစ်ခုမှာ ပြဿနာဖြစ်နေတယ် ကြားတယ်။ အသေးစိတ်တော့ မသိဘူး။ အသေအချာလည်း မသိလို့ ကျွန်တော်ထုတ်မပြောတာပါ။

မေး - အဲဒီလိုဖြစ်ရတဲ့ အရင်းခံအကြောင်းရင်းက ဘာများဖြစ်နိုင်မလဲ။

ဖြေ - အရင် အဟောင်းဆိုတာကတော့ လက်ရှိကတော့ မရှိတော့ဘူး။ ကျွန်တော်တို့က ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် ပါတီစပြီးတော့ မှတ်ပုံတင်ကတည်းက အဟောင်းဆိုတာ မရှိတော့ဘူး။ ဒါ ကျွန်တော်တို့ရဲ့အမြင်၊ ကျွန်တော် တို့ရဲ့သဘောထား။ ဒါကို အဲဒီပုဂ္ဂိုလ်တွေက အဲဒီလိုရှိတယ်လို့ဆိုပြီးတော့ တစ်ချို့ယူဆကြတယ်။ ယူဆပြီးတော့ ပြဿနာ ဖြစ်တာပဲ။ တစ်ကယ်က မရှိဘူး။

မေး - အခုဒီညီလာခံနဲ့ ပတ်သက်လို့ ပြဿနာဖြစ်ပေါ်နေတဲ့ အနေအထားတွေမှာရော လက်ရှိ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနေအထားနဲ့ ဘယ်လိုမှတ်ချက်နဲ့ ဘယ်လိုသဘော ထားမျိုး ပေးတာမျိုးရှိလဲမသိဘူး ခင်ဗျ။

ဖြေ - ကျွန်တော်မှတ်မိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဓိပ္ပယ်က စည်းနဲ့ကမ်းနဲ့လုပ်ရ မယ့်ဟာ စည်းကမ်းမလိုက်နာလို့ ညှာတာစရာမရှိဘူး။ လုပ်စရာရှိတာလုပ်ပါ။ ဒီလိုတော့ တိုက်တွန်းတယ်။

မေး - အခုဒီ ဗဟိုညီလာခံကြီးပြီးသွားတဲ့ အချိန်မှာပေါ့လေ လက်ရှိပါတီရဲ့ အနေအထားက ဘယ်လောက်အထိများ အခုထက်ပိုပြီးတော့ ကောင်းမွန်တွေ့ကြုံနိုင်မလဲ ခင်ဗျ။
ဖြေ - ကျွန်တော်တို့ ညီလာခံလည်းမရှိ၊ ရွေးချယ်မှုလည်းမရှိ ဗဟိုဦးစီးစနစ်နဲ့ပဲ လုပ်ခဲ့ရတယ်။ ဒါကလည်း အခြေအနေအရ ဒီလိုပဲလုပ်ခဲ့ရတာပေါ့။ အဲဒီ အခြေအနေကနေပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပါတီဟာ ပိုပြီးတော့ ခိုင်မာတယ်။ ပိုပြီးတော့ အားသန်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။

မေး - ပြီးခဲ့တဲ့ တစ်ခေါက်ကဆိုရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ညီလာခံကျင်းပ ခဲ့တယ်ခင်ဗျ။ အဲဒီမှာလည်း အသံတွေ အမျိုးမျိုးထွက် လာတာရှိပါတယ်။ အဲဒီပါတီတစ်ခုရဲ့ ညီလာခံပေါ်မူတည်ပြီးတော့ရော NLD ကကျင်းပမယ့် ညီလာခံကို သူတို့ကို နမူနာယူပြီးတော့ ဘာတွေရှောင်ရမယ်။ ဘာတွေလုပ်ရမယ် ဆိုပြီးတော့ အန်အယ်တို့ အနေနဲ့ သုံးသပ်လို့ ရတာရှိလားမသိဘူး။
ဖြေ - အဲဒီလို ယှဉ်ပြီးတော့ ပြောစရာသိပ်မရှိဘူး။ တစ်ခုပဲ ပြောစရာရှိတာက ကျွန်တော်တို့က ရွေးချယ် တင်မြှောက်ပြီး အာဏာအပ်တာ၊ သူတို့ဘက်မှာ အဲဒါမရှိဘူးလို့ ကျွန်တော်တို့ နားလည်တယ်။

Credit : Here

ဒေါ်အောင်ဆန်းစုကြည်ပုဗ္ဗသီရိမြို့နယ်မှလူထုဟောပြောပွဲ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်၊ စနေနေ့ က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ လူထုဟောပြောပွဲတခု ပြုလုပ်ခဲ့ပါတယ်။

Credit : RFA

ဝန်ကြီးနဲ့သမ္မတ ဘယ်သူက အထက်ကလဲ…?


ပညာရှိများဟာ စည်ကဲ့သို့နေရမယ်လို့ ရှေးလူကြီးသူမများ ပြောကြားခဲ့ဖူးပါတယ်။ စည်ဆိုတဲ့အမျိုးဟာ တီးမှသာမြည်တဲ့အမျိုးမဟုတ်ပါလား။ အချို့အချို့သောလူများဟာ မတီးခင်က အလိုလိုထထမြည်နေတတ် ကြပါတယ်။ တစ်ချို့ဆို အတောမသတ်နိုင်အောင်ဘဲ မြည်လို့ကိုမဆုံးတော့ပါဘူး။ ဒါကြောင့် “ အသံကြောင့် ဖားသေ”၊ “စကား၊ စကား ပြောပါများ စကားထဲကဇာတိပြ” ဆိုတဲ့စကားပုံတွေပေါ်ပေါက် လာရတယ်လို့ ထင်ပါတယ်။ မြန်မာစကားပုံတွေ လေ့လာလိုက်စားမှုအားနည်းလို့များ သတိလက် လွတ်ဖြစ်နေလေရော့သလားလို့ စကားကြော ရှည်လွန်းသူ ဝန်ကြီးတစ်ပါးကိုမေးခွန်းထုတ်လိုပါတယ်။

နိုင်ငံတော်သမ္မတဟာ ဥရောပ(၅)နိုင်ငံခရီးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ သမ္မတနဲ့အဖွဲ့က နော်ဝေရောက် မြန်မာ မိသားစုဝင် များနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ သမ္မတက ငါးမိနစ်လောက်သာစကားပြောခဲ့တာဖြစ်ပြီး ဒီပွဲမှာ တော်တော်များများကို ပြောသွားတာကတော့ ဦးစိုးသိန်းပဲဖြစ်ပါတယ်။ ဒီပွဲအတွက် အချိန်တစ်နာရီ သာ သတ်မှတ်ကြောင်း ဖိတ်စာမှာ အတိအလင်းသတ်မှတ်ထားသော်လည်း သူတစ်ယောက်တည်း မိနစ် ၂၀ လောက် မရပ်မနား ပြောသွားတဲ့အတွက် တက်ရောက်လာကြသူတွေနဲ့ မီဒီယာသမားတွေက အချိန် မလေးစားသူ၊ ထင်ရာမြင်ရာ ပြောတတ်သူအဖြစ် မှတ်ချက်ပြုကြကြောင်းကြားသိရပါတယ်။ “တက်ရောက် လာတဲ့ပရိသတ်ကို မေးခွင့်ပေးပါအုံးလို့” အခမ်းအနားမှူး လုပ်တဲ့ DVBသတင်းဌာန ဒုညွှန်မှူး ကိုခင်မောင်ဝင်းက ပြောယူရတဲ့အဆင့်ထိဖြစ်ခဲ့ရသလို“ဝန်ကြီးက သိပ်ပွားတာပဲ” လို့ ထပြီးဝေဖန် တာတွေလဲခံခဲ့ရပါတယ်။

အထက်ပါတွေ့ဆုံမှုမှာ ဦးစိုးသိန်းက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး “အင်ဒိုနီးရှား ပါလီမန်ထဲက စစ်သား ၂၅% ထွက်ဖို့အတွက် ပါလီမန်သက်တမ်း နှစ်ခါစောင့်ခဲ့ ရပေမယ့် မြန်မာနိုင်ငံမှာ အဲဒီလောက်အထိစောင့်စရာ မလိုလောက်ပါဘူး” လို့ ပြောကြားခဲ့တာတွေ့ရ ပါတယ်။ ဒီပြောကြားမှုကြောင့် မီဒီယာတွေနဲ့ ပြည်သူတွေကြား ၂၀၁၅ မှာ တပ်မတော်သားကိုယ်စား လှယ်တွေ မပါတော့ဘူးလားဆိုတဲ့ မေးခွန်းမျိုး တွေ၊ အတွေးမျိုးတွေနဲ့ ဂယက်ရိုက်စေခဲ့ပါတယ်။

ဦးစိုးသိန်းရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေများစွာရှိပါတယ်-

ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီးဖြစ်တဲ့အတွက် သမ္မတရဲ့သဘောထားတွေကို နောကြေအောင်သိနေလို့ ဒီလိုပြောခဲ့တာလား။

တစ်ဖက်ကစဉ်းစားပြန်ရင်လဲ ဦးစိုးသိန်းက သမ္မတရဲ့ယုံကြည်မှုကို အသုံးချပြီးအဖေ့ထက်သားတစ်လကြီး ဆိုသလို သမ္မတရဲ့သဘောထားမဟုတ်ဘဲ ကိုယ့်သဘောထားကိုယ်ပြောခဲ့တာလား။

ဝန်ကြီးတစ်ယောက်အနေနဲ့ လက်လွတ်စပယ်ပြောတာကို သမ္မတကထိန်းချုပ်နိုင်ဖို့ မတတ်နိုင်တဲ့ သဘောလား။ ၀န်ကြီးအပေါ် သမ္မတရဲ့အာဏာသက်ရောက်မှုများမရှိလေရော့သလား။ အားနာစရာ၊ မပြောရဲစရာ၊ ထောက်ထားစရာတွေများ ရှိနေပါသလား(ဦးစိုးသိန်းက MIC ဥက္ကဋ္ဌကြီးမဟုတ်ပါလား)။

ဦးစိုးသိန်းက သမ္မတကိုတောင် ဘေးဖယ်ထားပြီး ကိုယ်တိုင်ပဲသမ္မတရဲ့ဘိုးအေပုံစံမျိုး ဂိုက်ဖမ်းနေတာ ဆိုတော့ ၀န်ကြီးကသမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေများရှိနေပါသလဲ။ သမ္မတက ကျွန်တော်ပြီးရင် ပြီးတယ်။ ကျွန်တော်ဖြူဆိုဖြူ၊ ကျွန်တော်မဲဆိုမဲ၊ ကျွန်တော်ပြောတဲ့အတိုင်းဖြစ်တယ်ဆိုတာ ကို ဖော်ထုတ်ပြ(Show)ချင်တာလား။

အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံမေးမြန်းမှုတွေလုပ်တဲ့နေရာမှာ သတင်းမီဒီယာ တွေရဲ့ မေးမြန်းမှုတွေအပေါ် အကျိုးအကြောင်းဆီလျော်မှု၊ အထောက်အထားခိုင်လုံမှု၊ တည်ကြည်ပြတ်သားမှုတွေနဲ့ မှန်မှန်ကန်ကန်ဖြေကြားဖို့က အလွန်ပဲအရေးကြီးပါတယ်။ စကားတစ်ခွန်း အစွန်းသုံးဖက်ဆိုတာကို ဒီအသက်အရွယ် ရောက်နေမှဖြင့် စဉ်းစားတတ်ပြီလို့ ယူဆထားခဲ့တာ လုံးဝလွဲသွားခဲ့ပါတယ်။ အဓိကရှောင်ရှားရမှာက“ ငါ့စကားနွားရ” မဖြစ်စေဖို့ပါ။ သိပ်ပွား၊ သိပ်ဖားတဲ့ ၀န်ကြီးတစ်ပါးရဲ့ ဦးနှောက်ထဲကအကြံဉာဏ်တွေ၊ ၀န်ကြီးနဲ့သမ္မတတို့ ဘယ်သူက အထက်ကလဲ ဆိုတာတွေကိုဖြင့် နိုင်ငံတကာမီဒီယာများနဲ့ နိုင်ငံရေးသုတေသီများ ယနေ့မှစအထူးဂရုပြုလေ့ လာ စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျား…။

Credit : Here

လာမည့်ရွေးကောက်ပွဲ မန်းမြို့တော်ဝန် ပြန်အရွေးခံတော့မည် မဟုတ်


မန­္တလေးမြို့တော်ဝန် ဦးအောင်မောင်းက လာမည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံတော့မည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် မန္တလေး မြို့တော်ခန်းမ၌ စာနယ်ဇင်းသမား များနှင့် တွေ့ဆုံစဉ်ပြောသည်။

''ကျွန်တော်လာမည့် ရွေးကောက်ပွဲကျရင် အနားယူတော့ မယ်။ အခုဟာက စိတ်ပဲရှိတယ်'' ဟု မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။

လက်ရှိတွင် ၄င်း၏အသက် အရွယ်သည် ၇၂ နှစ်ဖြစ်နေ၍ လာ မည့်ရွေးကောက်ပွဲတွင် အသက် ၇၅ နှစ်ဖြစ်မည်ဖြစ်၍ အနားယူရန် စဉ်းစားနေခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ဆိုသည်။

''ကျွန်တော်က ဆင်းရဲတဲ့ မိဘကနေ မွေးဖွားလာတာလေ။ ဒါ ကြောင့် အခြေခံလူတန်းစားအတွက် ကိုအမြဲ စဉ်းစားပြီး လုပ်ဆောင်ပါ တယ်''ဟု မန်းမြို့တော်ဝန်က ပြော သည်။

၂ဝ၁၅ အထွေထွေရွေးကောက် ပွဲတွင် မန္တလေးမြို့တော်ဝန် ဝင် ရောက်ယှဉ်ပြိုင်မှုမပြုခြင်းနှင့် ပတ် သက်၍ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက မြို့တော်ဝန် အနေနှင့် လာမည့်ရွေးကောက်ပွဲ မဝင်ခြင်း မှာမှန်ကန်သည့် ဆုံးဖြတ်ချက် ချ မှတ်ခြင်းသာ ဖြစ်သည်ဟု ၄င်းအ မြင်ကိုပြောသည်။

မန္တလေးမြို့တော်ဝန် ဦးအောင် မောင်းသည် ၂ဝ၁ဝ အထွေထွေရွေး ကောက်ပွဲတွင် မဟာအောင်မြေ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ် စားပြု၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အနေနှင့် ရွေးချယ် ခဲ့ရာတွင် အနိုင်ရရှိခဲ့သူ ဖြစ်သည်။

Credit : Popular

ကရင်ပြည်နယ်တွင်း မြေယာသိမ်းခံရမှု ပြဿနာကြီးထွား


မြန်မာနိုင်ငံအရှေ့ပိုင်း တိုင်းရင်းသားဒေသတွေမှာ မတရားမြေယာ အသိမ်းခံရမှုတွေဟာ အဓိက ကြုံနေရ တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်လို့ ကရင် လူ့အခွင့်အရေး အဖွဲ့တခုက ပြောလိုက် ပါတယ်။ KHRG လို့ခေါ်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကရင်လူ့အခွင့် အရေးအဖွဲ့ရဲ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းတိုက်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဖွဲ့ရဲ့ တနှစ်တာ အစီရင်ခံစာ ထုတ်ပြန်ပြီးတော့ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဝင်းမင်း က တင်ပြထားပါတယ်။

မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကြား အပစ်အခတ် ရပ်စဲရေး လုပ်အပြီးမှာ ထိုက်တန်တဲ့ လျော်ကြေးမပေးဘဲ စီးပွားရေး ကုမ္ပဏီတွေက ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အခုလို မြေယာသိမ်းယူတာတွေဟာ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသတွေမှာ အများဆုံးဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အဓိက ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က နော်ခူးခူးဂျူး က ဆိုလိုက်ပါတယ်။

“ဒီအစီရင်ခံစာမှာ ဆိုလို့ရှိရင် ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ကျမတို့ ရရှိတဲ့ သတင်းတွေအပေါ်မှာ ပြန်ပြီးတော့ ဝေဖန် သုံးသပ်လိုက်တဲ့အခါမှာ အများဆုံး တွေ့ရှိရတာ ကတော့ မြေ ယာနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်။”

ထိုင်းနိုင်ငံအခြေစိုက် SYCB ခေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်အဖွဲ့နဲ့ Alternative Asean လို့ခေါ်တဲ့ စင်ပြိုင်အာဆီယံ အဖွဲ့တို့ကပါ ပါဝင်ဆွေးနွေးခဲ့တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က အခုလို အစီရင်ခံစာ ထုတ်ပြန်ပြီး သယံဇာတ တွေ ကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ သယံဇာတ တူးဖော်ရေး၊ လမ်းပန်းဆက် သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် ဒေသခံ လူထုနဲ့ မတိုင်ပင်ဘဲ အခုလို အဓမ္မ မြေသိမ်း မှုတွေ ဖြစ်နေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

“ရပ်တည်ရာ ပျောက်ဆုံးခြင်း” လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာထဲမှာ အဓိက တွေ့ရှိခဲ့ချက်တွေ ကို နော်ခူးခူးဂျူး က ဆက်ပြီး -

“အဓိကကတော့ တဖတ်သတ် ဆောင်ရွက်ပုံရတယ်။ ရွာသားတွေနဲ့ လုံးဝ တိုင်ပင် ဆွေးနွေးခြင်း၊ အကြောင်းကြားခြင်းမရှိဘဲနဲ့ တဖတ်သတ် ဆောင်ရွက်ခဲ့ခြင်းဆိုတာကို ကျမတို့ တွေ့ရပါတယ်။ ဒုတိယတချက်အနေနဲ့က ဒီလို စီမံကိန်းတွေကြောင့် မြေယာ သိမ်းဆည်းခံရခြင်းတွေ၊ ဒေသ တွင်း မြေယာ ကို အသုံးပြုမှု အခက်အခဲတွေကို ကြုံရ တယ်။ တတိယအချက်အနေနဲ့က သူတို့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုအပေါ်မှာ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေ ရရှိဖို့အတွက်ကို ကြိုးပမ်းရာမှာ သူတို့အတွက် အများကြီးပဲ အခက်အခဲတွေ ရှိပါတယ်။ လေးချက်မြောက်အနေနဲ့က သဘာဝ သယံဇာတ တူးဖော်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် သူတို့ ဒီအခု အတင်း အဓမ္မ နေရာ ရွှေ့ပြောင်းခံရတာကို ကျမတို့ တွေ့ရတယ်။”

အခုလို မတရား မြေသိမ်းခံခဲ့ရမှုအပေါ် လျော်ကြေးရဖို့အတွက် ဒေသခံတွေအနေနဲ့ ကြိုးစားခဲ့ပေမဲ့ စီးပွားရေးကုမ္ပဏီတွေက လာဒ်စားတဲ့ ဒေသခံအရာရှိတွေနဲ့ ပူးပေါင်း ကြံစည်ဆောင်ရွက်ခဲ့ တာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ နော်ခူးခူးဂျူး က ဆက်ပြောပါတယ်။ ဒါ့အပြင် အခုလို မတရား မြေယာ အသိမ်းခံခဲ့ရတဲ့ အကျိုးဆက်အနေနဲ့ ဒေသခံတွေဟာ သူတို့ရဲ့ မူလနေရာတွေကို ဆုံးရှုံးပြီး ပြောင်းရွှေ့ပေးခဲ့ရတာအပြင် သူတို့ရဲ့ စားဝတ်နေရေးအတွက်နဲ့ သဘာဝပတ်ဝန်းကျင်အတွက်ပါ ထိခိုက် ပျက်စီးကုန်ပြီလို့ ခူးခူးဂျူး က ထောက်ပြလိုက်ပါတယ်။

“နောက်ပိတ်ဆုံးအချက်အနေနဲ့က ကျမတို့ ဒီနောက်ဆက်တွဲပေါ့ သဘာဝ သယံဇာတ တူးဖော်ရေး ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ လယ်မြေ၊ စားဝတ်နေရေးနဲ့ အသက်အန္တရာယ်တွှေအပေါ်မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ သက်ရောက်မှုကိုလည်း ကျမတို့ တွေ့ရှိ ရပါတယ်။”

အခုလို ထိခိုက်စေခဲ့တဲ့ မတရား မြေယာသိမ်းမှုတွေကို ဖော်ထုတ်ခဲ့တဲ့ ဒီအစီရင်ခံစာထဲမှာ ပါဝင်ပတ်သက် ခဲ့တဲ့ စီးပွားရေး စီမံကိန်းပေါင်း ၃၀ ကျော်နဲ့ အစိုးရဌာနတွေကို ရွာသားတွေက အသေးစိတ် တိုင်ချက် ဖွင့်ထားရာမှာ ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ ရွှေကျင်ဆည်တွေလည်း ပါတယ်လို့ KHRG ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တကယ်တော့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရ တို့အကြား အပစ်ခတ်ရပ်စဲခဲ့ပြီး မတရားလူသတ်မှုနဲ့ အဓမ္မ ကျင့်မှုတွေလို စစ်ပွဲနဲ့ တိုက်ရိုက် ပတ်သက်ပြီးဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျှော့ကျလာပေမဲ့ အခုလို စီးပွားရေး ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ မြေယာသိမ်းမှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ တိုးပွားလာနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက သုံးသပ်နေချိန်နဲ့ မြန်မာနိုင်ငံ အနှံ့အပြား မှာလည်း မြေယာသိမ်းမှု ပဋိပက္ခတွေ တိုးပွားလာနေချိန်မှာ ဒီအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Credit : VOA

မြန်မာပုံနှိပ်ဥပဒေမူကြမ်း ခြေလှမ်းပြန်ဆုတ်ရာရောက်


မြန်မာနိုင်ငံ မီဒီယာ ဥပဒေသစ် တရပ်ကို အခု လွှတ်တော် မှာ ဆွေးနွေးဆုံးဖြတ်ဖို့ အစိုးရက တင်သွင်း ထားပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်ကပဲ ဆင်ဆာ ဖြတ်တောက်မှုကို ဖျက်သိမ်းလိုက်တာကြောင့် သတင်းမီဒီယာနဲ့ ပတ်သက်လို့ တိုးတက်မှု မြင်လာရပေမဲ့၊ အခု ဒီဥပဒေကြမ်းဟာ အခြေအနေတွေကို သိသိသာသာ နောက်ပြန် လှည့်သွားစေတဲ့ ခြေတလှမ်းဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ ကတော့ ဝေ ဖန်နေပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ကနေ Danielle Bernstein ရဲ့ သတင်းလွှာကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

အခုလက်ရှိ လွှတ်တော်ကို တင်သွင်းထားတဲ့ ပုံနှိပ်ဥပဒေမူကြမ်း အတည်ဖြစ်သွားခဲ့ရင် သတင်းထောက်တွေအတွက်တော့ သတင်းရေးသားရတဲ့ နေရာမှာ ပိုပြီး ခက်ခဲသွား နိုင်ပါတယ်။

ဥပဒေကြမ်းထဲမှာတော့ လက်ရှိ တိုင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိခိုက် ချိုးဖောက်စေတဲ့ အရေးအသားတွေ၊ မတည်ငြိမ်မှုတွေဖြစ်အောင် လှုံ့ဆော်ရေးသားမှုမျိုးတွေကို တားမြစ်တယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။ ဘယ်လို အခြေအနေမျိုး၊ ဘယ်လို ရေးသားဖော်ပြမှုမျိုးဟာ ဥပဒေ ချိုးဖောက် တယ်ဆိုတာကို ပြန်ကြားရေးဝန်ကြီးရုံး မှတ်ပုံတင်ဌာနကို လုပ်ပိုင်ခွင့်ပေးသလို ပြန်ဖြစ် သွားပါ တယ်။

ဒီဥပဒေဟာ တကယ်တော့ သတင်းထောက်တွေအနေနဲ့ မိမိရေးသားချက်ကို မိမိကိုယ်တိုင် ဆင်ဆာဖြတ်တောက်ရတဲ့ ဆင်ဆာဖြတ်တောက်မှု ပုံစံသစ် ဖြစ်လာစေလိမ့်မယ်ဆိုပြီး အမေရိကန် အခြေ စိုက် သတင်းထောက် ကာကွယ်ရေးကော်မတီ (CPJ) က ဒီဥပဒေကို ဝေဖန် ကန့်ကွက်ထားပါတယ်။

ရှောင် ခရစ္စပင်း (Shawn Crispin) ဟာ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ခံပါ။ ဥပဒေမှာပါရှိတဲ့ ဝေေ၀၀ါးဝါး စကားလုံး အသုံးအနှုန်းတွေဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“သတင်းမီဒီယာတွေကို စောင့်ကြပ်မှုတွေကို ထိထိရောက်ရောက် လုပ်မယ့် ကော်မတီသစ်တရပ် ကို ပြန်ကြားရေး ၀န်ကြီးဌာနက ကြီးကြပ်သွားဖို့ ရှိပါတယ်။ ဒီ ဝေေ၀၀ါးဝါးဖြစ်နေတဲ့ ဥပဒေပါ အပိုဒ်တွေကို ချိုးဖောက်တယ်ဆိုပြီး သူတို့က သတ်မှတ်ရင်၊ အဲ့ဒီ စာစောင်၊ မဂ္ဂဇင်း ထုတ်ဝေမှုကို ရပ်နားတာ၊ အပြစ်ပေးတာ လုပ်နိုင်တဲ့အာဏာ သူတို့မှာ ရှိပါတယ်။ ဒါဟာ အရင်တုန်းက စာပေစိစစ်ရေး ဘုတ်အဖွဲ့ထားတုန်းက ပုံမှန်မြင်ခဲ့ ကြုံခဲ့ရတဲ့ ကိစ္စမျိုးတွေပါ။ ကျနော့်အထင်တော့ သတင်းရေးသားမှုဟာ ကျင့်ဝတ်နဲ့ ညီ မညီဆိုတာကို ကြီးကြပ်ဆုံးဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍ မျိုးမှာ နိုင်ငံတော် အာဏာပိုင်တွေ မရှိသင့်ပါဘူး။”

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဒီဥပဒေကြမ်းမတင်ခင် တိုင်ပင်ဆွေးနွေးမှုတွေလုပ်တာ၊ သတင်းထောက်တွေနဲ့ ထုတ်ဝေသူတွေရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပေး မယ့် ပျော့ပြောင်းတဲ့ ဥပဒေတရပ်ဖြစ်လာဖို့ သတိထား ဆောင်ရွက်ခဲ့တာတွေ ရှိပေမဲ့၊ အခုလို ဥပဒေကြမ်းထွက်လာတော့ စိတ်ပျက်စရာ ဖြစ်ရတယ်လို့ ခရစ္စပင်း (Crispin) က ပြောပါတယ်။

ဒါပေမဲ့လည်း အခုဥပဒေသစ်မှာ အရင်လို ဆင်ဆာ ဖြတ်တောက်မှုဆိုတာမရှိဘဲ မှတ်ပုံတင်တဲ့ ကိစ္စပဲ ပါဝင် တာမို့ အရင်ထက် တိုးတက်လာပါတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ဦးရဲတင့် က ပြောပါ တယ်။

အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးမယ့် ဥပဒေဖြစ်တာမို့ ဒါဟာ နိုင်ငံတကာ စံနှုန်းစံထား နဲ့လည်း ညီညွတ်ပါတယ်လို့ ဦးရဲတင့်က ပြောပါတယ်။ ဒီဥပဒေဟာ ထုတ်လုပ်သူတွေအတွက်သာ အကျုံးဝင်တာ မို့၊ မြန်မာစာနယ်ဇင်းကောင်စီအနေနဲ့ ဒီ ဥပဒေကို စိုးရိမ်စရာ မလိုဘူးလို့လည်း ဦးရဲတင့်က ပြောပါတယ်။

“ဒီဥပဒေဟာ စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ဆက်နွယ်စရာ မရှိပါဘူး။ ဒါဟာ ကျနော်တို့ ၀န်ကြီးဌာနကိစ္စပါပဲ။ စာနယ်ဇင်းကောင်စီအနေနဲ့ စာနယ်ဇင်း ဥပဒေကို မူကြမ်းရေးဆွဲရမှာပါ။”

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်မပြုခင် လပိုင်းအတွင်းမှာပဲ ဒီ ဥပဒေကြမ်း ထွက်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ် ငါးခုအတွင်း ပထမဆုံးအကြိမ်အနေနဲ့ နေ့စဉ် သတင်းစာတွေကို မကြာခင် ထုတ်ဝေခွင့် ရကြတော့မှာ ဖြစ်ပါတယ်။

မြန်မာတိုင်းစ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်လည်းဖြစ် ထုတ်ဝေသူလည်းဖြစ်တဲ့ ရော့စ် ဒန်ကလေ (Ross Dunkley) ကလည်း အခု ဥပဒေကြမ်းအပေါ် စိုးရိမ်ချက်အချို့ ရှိတယ် လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဥပဒေကြမ်းပါ ပြဿနာရပ်တွေကို ဖော်ထုတ် ဖယ်ရှားဖို့ လွှတ်တော်လုပ်ငန်းစဉ် ကတော့ ရှိနေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာ လွှတ်တော်မှာ ပြန်ဆွေးနွေး ရဦးမှာပါ။

“အစိုးရက အခုလို အဆိုပြု တင်သွင်းတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဒီ ဥပဒေကြမ်း အ ပေါ် ဆွေးနွေး တာတွေကို ကြည့်ရပါမယ်။ အဆိုပြုချက်မှာပါတဲ့ မဖြစ်သင့်တာတွေ ဆိုးရွားချက်တွေကို ပြစ်လိုက်ကြ ပါစို့။ ကောင်းတာတွေကို ဆက်ထားမယ်၊ ဒီလိုပဲ ဖြစ်လာမယ် ထင်ပါတယ်။”

ဒန်ကလေ (Dunkley) ရဲ့ မြန်မာတိုင်းစ်ကတော့ အခုလာမယ့် ဧပြီ ၁ ရက်နေ့စပြီး နေ့စဉ် သတင်းစာ ထုတ်နိုင်ဖို့ ပြင်ဆင်နေပြီလို့လည်း သူက ပြောသွားပါတယ်။

Credit : VOA

ဒေါ်အောင်ဆန်းစုကြည်အား တရုတ် သံအမတ်နှင့် ဇနီးလာတွေ့ဆုံ


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ လီကျင်ဟွာနဲ့ ဇနီးသည်တို့ဟာ ယမန်နေ့ ညနေ ၆ နာရီခွဲလောက်က နေပြည်တော် ရှိ ရွှေမြန်မာ ဟော်တယ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

သံအမတ်ကြီးတို့ ဇနီးမောင်နှံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံမှု ဟာ ပွင့်လင်းစ ပြုလာတဲ့ မြန်မာ့နိုင်ငံရေးအတွက် ထူးခြားမှု တခုအဖြစ် ဝေဖန်သူတွေက မှတ်ချက်ပြုကြပါ တယ်။ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ပြီးခါက NLD ပါတီက တနိုင်ငံလုံး အတိုင်း အတာနဲ့ အနိုင်ရပြီးစအချိန်မှာ ထိုစဉ်က တရုတ် သံအမတ်ကြီးကလည်း ပါတီရုံးချုပ်ကို လာရောက် တွေ့ဆုံ ခဲ့ဖူးပါသေးတယ်။ ပထ၀ီ နိုင်ငံရေးအရ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံဟာ မြန်မာအတွက်အရေးကြီးသလို တရုတ် အတွက်လည်း ဒီမိုကရေစီပွင့်လင်းစပြု လာပြီး မြန်မာနိုင်ငံနဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂနိုင်ငံတွေနဲ့ ပိုမိုနီးကပ်လာချိန် မြန်မာဟာလည်း အရင်ထက် ပိုပြီး အရေးပါတဲ့ နိုင်ငံ တခုဖြစ်ပါတယ်။ ဒီအပြင် မြန်မာဟာ တရုတ်နိုင်ငံအတွက် လိုအပ် ချက်နိုင်ငံတခုဖြစ်နေခြင်းဟာ အာဆီယမ်နိုင်ငံများအကြား ကြားခံ နိုင်ငံတခုအဖြစ်ရှိနေတာနဲ့ အိန္ဒိယနဲ့ ထိစပ်ထားတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ အခုလိုတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အများဆုံး ရှိနေ တာကြောင့်လည်း တရုတ် အကျိုး စီးပွား ကာကွယ်ရေးတွေ အတွက်လည်း ပါဝင်တယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ အခု တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ အသေးစိပ်ကိုတော့ မသိရသေးပါဘူး။







Credit : ဧရာဝတီ

နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေတစ်ဝိုက် ရွှေကြောများတွေ့

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်တိုင်းစစ် ဌာနချုပ် နယ်မြေအနီးတစ်ဝိုက်တွင် စီးပွားဖြစ် ထုတ်နိုင်သော ရွှေကြောများရှိနေကြောင်း ဘူမိဗေဒ ပညာရှင်ဦးစိုးသိန်းက ပြောသည်။ ယခင် နေပြည်တော် မြို့တော်အဖြစ် မဖော်ထုတ်ခင် ၁၉၈၉ ခုနှစ် အစောပိုင်းကာလက ယင်းနယ်မြေတွင် သရက်ခုံ ရွှေကြောတစ်ခုရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ရွှေထုတ်လုပ်သည့် စက်ရုံဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။ ယင်းရွှေကြောမှာ နေပြည်တော် တောင်ဘက်ရှိ တောင်တန်းများမှ တစ်ဆင့် ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအထိပင် ရှည်လျားကြောင်း ဦးစိုးသိန်းကပင်ဆိုသည်။

ယင်းရွှေကြောများကို လောလောဆယ် စီးပွားဖြစ် ထုတ်ယူသွားမည်မဟုတ်ဘဲ တပ်မတော်ပိုင်နယ်မြေ အတွင်းတွင် တည်ရှိနေ ခြင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က အတည်ပြုပြောကြားသည်။

ထိုနေရာမှာ ဒေသအခေါ် သရက်ခုံနယ်မြေအတွင်းတွင် တည်ရှိနေပြီး ယခင်က ရွှေထုတ်ယူခဲ့သည့် နယ်မြေတစ်ခုဖြစ်ခဲ့ကြောင်း ဦးဝင်းထိန်ကပြောသည်။

“အဲဒီဘက်မှာ ရွှေကြောတွေ ရှိမှန်းတော့သိတယ်။ ဒါပေမဲ့ ရန်ကုန်ဘက်ကို တက်လာတာတော့ မရှိဘူး။ တချို့ရွာသေးသေးလေးတွေမှာ တစ်ပိုင်တစ်နိုင်လုပ်နေတာမျိုးတွေတော့ ကြားမိတယ်” ဟု ရန်ကုန်မြို့ မှ ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

နေပြည်တော် - ရန်ကုန်အမြန်လမ်းမနှင့်အပြိုင် ၉၈ မိုင်နှင့် ၁၁၅ မိုင်ကြားရှိ အလယ်ရိုးမအနီးတွင် လည်း ရွှေကြောများရှိပြီး လက်ရှိတွင် ဒေသခံအချို့မှ တစ်ပိုင်တစ်နိုင် တူးဖော်မှုများလည်းရှိကြောင်း ဘူမိဗေဒပညာရှင်များက ဆိုသည်။

မြန်မာနိုင်ငံ ဧရိယာအတွင်း ၅၄ ရာခိုင်နှုန်းကျော်တွင် ဈေးကွက်ဝင် သတ္တုအမျိုးပေါင်း ၂၀ ကျော် ထွက်ရှိပြီး နေရာအနှံ့အပြားတွင် သတ္တုကြော သတ္တုသိုက်များ တည်ရှိနေကြောင်း အမျိုးသား လွှတ်တော် သတ္တုနှင့် သယံဇာတ ကော်မတီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ အဓိကထွက်ရှိသော ရွှေကြောအများစုမှာ တောင်ငူ၊ ရမည်သင်း၊ သထုံ၊ ဘီးလင်း၊ ရွှေကျင်အစရှိသော မြို့နယ် များအပြင် ကချင်ပြည်နယ် မြစ်ဆုံအနီးတစ်ဝိုက်တွင် အဓိက ထုတ်ယူလျက်ရှိသည်။

မြန်မာနိုင်ငံ၏ မြို့ပေါင်း ၁၇၆ မြို့နယ်တွင် သတ္တုကြောသတ္တုသိုက်များ ခိုအောင်းတည်ရှိ နေပြီး အစိုးရအနေဖြင့် အမှန်တကယ်သုတေသနပြု ဆောင်ရွက်မည်ဆိုပါက တိုင်းပြည်အတွက် များစွာ အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ပညာရှင်အများစုက အကြံပြုပြောကြားခဲ့သည်။

Credit : 7DaysNewsJournal

ဝန်ထမ်းများကို မြန်မာမီနီဆလွန်း အရစ်ကျရောင်းမည်

မြန်မာမီနီဆလွန်းကားများကို နိုင်ငံဝန်ထမ်းများအား ငါးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေး သွား မည်ဖြစ်ေ ကြာင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အတွက် စက်မှုဝန်ကြီး ဌာ န သို့ တင်ပြထားပြီးဖြစ်ကာ ခွင့်ပြု ချက်ရရှိပါက တစ်ပြိုင်နက်တည်း ရောင်းချပေး သွား မည်ဖြစ်သည်။

ကနဦးအနေဖြင့် ကျပ်ခုနှစ်သိန်းခွဲ ပေးသွင်း ရမည်ဖြစ်ပြီး ကျန်ရှိသည့် ကားတန်ဖိုးကို တစ်လလျှင် ကျပ် တစ် သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “လက်ကျန်ရှိနေသေးတဲ့ မီနီ ဆ လွန်းတွေကို ပြည်သူတွေ သက်သက်သာသာနဲ့ စီးနိုင်အောင် အရစ်ကျနဲ့ ရောင်းပေးနိုင်ဖို့ စီစဉ်ေ နပါ တယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာမီနီဆလွန်း ကားများအား ပြည်သူတစ်ဦးချင်း အနေဖြင့် ဝယ်ယူလိုပါက ယခင် ကဲ့ သို့ လျှောက်ထားချက် စာရွက်စာတမ်းများ မလိုတော့ဘဲ ဘဏ်သို့ ကားတန်ဖိုးငွေ ပေးသွင်းပြီးပါက မိမိ ကြိုက်နှစ် သက်ရာ အရောင်အား ရွေးချယ် ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။ စက်မှု ဝန်ကြီး ဌာနမှ ဒေါ်လှလှသီက “ဒီလိုအရစ်ကျနဲ့ ရောင်းမယ်ဆိုရင်လဲ... တစ်လကို ကျပ်တစ်သိန်း ပေး သွင်းနိုင်တဲ့ လ/ထကြီးကြပ်ရေးမှူးနဲ့ လစာတူတဲ့ ဝန်ထမ်းတွေကို ရောင်းချပေးမှာပါ။ တစ်လကို ကျပ် တစ် သိန်း လစာဝင်ငွေ မရှိတဲ့သူတွေကို ရောင်းချပေးဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးဘူးပေါ့” ဟု ပြော သည်။ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ဦးစီးအရာရှိက “အခုလို အရစ်ကျစနစ်နဲ့ ရောင်းရင်တော့ ဝန်ထမ်း အတော်များများ ဝယ်နိုင်သွားမှာပါ။ ဘာပဲပြောပြော ပိုက်ဆံနည်းနည်းနဲ့ ကားပိုင်ဆိုင်နိုင်တော့ ဝမ်းသာပါ တယ်။ ဒီလိုမှ မဟုတ်ရင် ဝန်ထမ်းတွေအနေနဲ့ ကားဝယ်စီးနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမယ့် ဂျပန် ကားေ တွ ကိုလဲ ဒီလိုရောင်းပေးရင် ပိုကောင်းတာပေါ့” ဟု ပြောသည်။

လက်ရှိ ကားဈေးကွက်တွင် မြန်မာမီနီဆလွန်းများမှာ ကျပ်သိန်း ၆၀ နှင့် ၆၅ သိန်းသာ ရှိသော်လည်း စက်မှု ဝန်ကြီးဌာနမှ ကျပ် ၇၅ သိန်း သတ်မှတ်ကာ ရောင်းချပေးလျက် ရှိသည်။

ယခင်က မြန်မာမီနီဆလွန်းကား ဝယ် ယူရာတွင် အရောင်မှာ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ အဖြူ၊ ရွှေအိုရောင်၊ ငွေအိုရောင်တို့သာ ရရှိနိုင်ေ သာ် လည်း လက်ရှိအချိန်တွင် အနက်ရောင်တစ်မျိုး ထပ်တိုးလာပြီး ဝယ်ယူသူများ အနေဖြင့် အရောင် စိတ်ကြိုက် ရွေးချယ်နိုင်ပြီဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

Credit : ခေတ်လူငယ်

မြန်မာ့အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်ရေး အကူအညီပေးရန် အမေရိကန်နည်းပညာကုမ္ပဏီကြီးများ လာရောက်

အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Microsoft ၊ Google ၊ HP နှင့် Cisco တို့မှ ကိုယ်စားလှယ်များသည် အမေရိကန်အစိုးရ USAID အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်စေရေး အကူအညီပေးနိုင်ရန် တစ်ပတ်ကြာခရီး လာရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီ USAID ၏ အဆိုအရ အထက်ပါကုမ္ပဏီကြီးများ၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၌ ဈေးနှုန်းသက်သာသော အင်တာနက်ချိတ်ဆက်မှု ဖန်တီးရေး၊ ပြည်တွင်း၌ အိုင်တီနည်းပညာ ကျွမ်းကျင်မှုမြင့်မားစေရေး၊ ပွင့်လင်းမြင်သာပြီး ထိရောက်အကျိုးရှိသောအစိုးရ အားကောင်းစေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေ သွားရေးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ အရပ်သားတစ်ပိုင်း အစိုးရသစ် တက်လာ ပြီးနောက် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက်လုပ်ဆောင်လာကာ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှု များ ဖြေလျှော့ပေးခြင်းကြောင့် ပြည်ပကုမ္ပဏီများ ၀င်ရောက်မှု တိုးတက်လာခဲ့သည်။ ယခု ကန်နည်းပညာ ကုမ္ပဏီကြီးများ၏ ခရီးနှင့်ပတ်သက်၍ USAID ၏ Chief Innovation Officer မော်ရာအိုနီးလ်က "ကမ္ဘာ့ အဆင့်ရှိတဲ့ အမေရိကန်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဦးစားပေးဆောင်ရွက် မှုတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရှာခဲ့ကြတာကို အစိုးရပိုင်းကရော အဆင့်မြင့် ပညာရေးပိုင်းက ခေါင်းဆောင်တွေကပါ တန်ဖိုးထားမယ်လို့ ယုံကြည်ပါတယ်"ဟု သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

Credit : 7DaysNewsJournal