Tuesday, March 5, 2013

မရှင်းလို့ပါ အဘရယ်..

အာဏာခွဲဝေမှုမှာ ကချင်ပြည်နယ်ကို ကချင်တွေ အုပ်ချုပ်ပေါ့၊ ရှမ်းပြည်နယ်ကို ရှမ်းတွေ အုပ် ချုပ်ပေါ့ဗျာ။ ခြွင်း ချ က်တော့ ရှိတာပေါ့။ ရှမ်းပြည် နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ် သို့သော် လည်း ဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ သူတို့ပြည် နယ် က ကျောက်စိမ်း ဆိုလို့ရှိရင် ကျွန်တော်တို့က ထိုက်သင့်တဲ့ အချိုးတစ်ခု ခွဲပေးရ မှာေ ပါ့။ အဲဒါမှ သူတို့က ကြိုက်မှာပေါ့။ သယံဇာတ ခွဲဝေရာမှာ ကျွန်တော် အကြမ်းဖျင်း စဉ်းစားထားတာက အပုံသုံးပုံ ပုံလိုက်မှာပေါ့။ တစ်ပုံကတော့ သူ့ပြည်နယ် အတွင်းမှာ သူ့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ သုံး မ ယ်။ နောက်တစ်ပုံက ဗဟိုအစိုးရ၊ နောက် တစ်ပုံ ကျန်တာက သိပ်ဆင်းရဲတဲ့ ချင်းပြည်နယ်တို့ ဘာတို့ကို ခွဲပေး ရမှာပေါ့။ ဒါကရှင်းရှင်းလေးပဲ လို့ အဘကတော့ ပြောခဲ့ပါတယ်။

အဘပြောတဲ့ ကချင်ပြည်နယ်ကို ကချင်တွေပဲ အုပ်ချုပ်ဆိုတာ လက်နက်ကိုင်ထားတဲ့ ကေအိုင်အေလို့ ခေါ် တဲ့ ကချင်တွေကို ပြောတာလား။ ပင်လုံမတိုင်ခင်က နယ်နိမိတ်တွေကို ပြန်ခွဲအုံးမှာလား။

ချင်းပြည်နယ်ကို ချင်းတွေ အုပ်ချုပ်ပြီး ကချင်က တစ်ပုံကို ခွဲပေးရမယ် ဆိုတာ နှစ်ပေါင်း ၂၀ ကျော် နိုင် ငံခြား ရောက်ပြီး အခုမှ ပြန်လာတဲ့ ချင်းတွေကို ပြောတာလား။

ကရင်ပြည်နယ်ကို ကရင်တွေပဲ အုပ်ချုပ်ဆိုရင် ကရင်ပြည်နယ်က မြိုင်ကြီးငူနဲ့ အခြား အထူးဒေသတွေ၊ ဘား အံ နဲ့ မြို့ပေါ် ဒေသတွေကို ခွဲပြီး အုပ်ချုပ်ဖို့ ပြောတာလား။ ဧရာဝတီက ကရင်တွေကကော။ စောဘ ဦးကြီး ပြောခဲ့ တဲ့ ကရင်နယ်နိမိတ်ကကော။

ရှမ်းပြည်နယ်ကို ရှမ်းတွေပဲ အုပ်ချုပ်ဆိုတာက ၀၊ ကိုးကန့်၊ SSA တောင်မြောက် တွေကို ပိုင်းပြီး အုပ်ချုပ်ဖို့ ပြော တာ လား။

ရခိုင်ပြည်နယ်ကို ရခိုင်တွေပဲ အုပ်ချုပ်ဆိုတာ ဟို လူ သန်းနဲ့ချီလာတဲ့ ဘင်္ဂလီတွေနေရာကော ပါရဲ့လား။

ဒါဖြင့် ဗမာပြည်ကို ဗမာတွေပဲ အုပ်ချုပ်ဖို့ ဘယ်ဟာကို ဗမာလို့ သတ်မှတ်မှာလဲ။

မန္တလေးကို မန္တလေးသားတွေပဲ အုပ်ချုပ်စေမှာလား။ ရန်ကုန်ဆို ရန်ကုန်၊ စစ်ကိုင်းဆို စစ်ကိုင်း အဲလိုလား။

အဘ တစ်ယောက်ထဲနဲ့ မရဘူး ဆိုတဲ့စကားကိုတော့ ကျွန်တော် ယုံပါတယ်။

ဒါပေမယ့် မရှင်းလို့ပါ အဘရယ်။

Credit : Here

စာနယ်ဇင်းထုတ်ဝေ ဖြန့်ချိမှုအပေါ် စောင့်ကြည့်ကြပ်မတ်ရန် ပြန်ကြားရေး၊ ပြည်ထဲရေး၊ တပ်မတော်မှ တာဝန် ရှိသူများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း

မြန်မာနိုင်ငံတွင် ထူးခြားစွာ ဘောင်ကျော် ရေးသား ထုတ်ဝေလျှက် ရှိသော ပုံနှိပ်သူများ၊ ထုတ်ဝေသူ များ မှတ် ပုံ တင်နှင့် စာပေစိစစ် ဖြန့်ချိရေး လုပ်ငန်း များ ကြီးကြပ်မှု ဗဟိုအဖွဲ့ကို နိုင်ငံတော် သမ္မတရုံးမှ ဖွဲ့စည်းေ ပးခဲ့ ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် ပြန်ကြားရေး၊ ပြည်ထဲရေး၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့၊ အထူးစုံစမ်း စစ် ဆေးေ ရး အပါအ၀င် တာဝန်ရှိ ဌာနများ ပါဝင်ပြီး မြန်မာ မီဒီယာများ၏ ပုံနှိပ် ထုတ်ဝေမှု၊ မှတ်ပုံတင်မှု၊ ထုတ် ဝေသည့် စာပေတို့ အပေါ် စိစစ်ကြီးကြပ်မှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ မီဒီယာများသည် စစ်ဆေးမှု မရှိဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့် ရရှိပြီးနောက် အစိုးရနှင့် တပ်မတော် အေ ပါ် အပုပ်ချမှုများ၊ ယဉ်ကျေးမှုနှင့် လိင်ပိုင်းဆိုင်ရာ သွေးဆောင်မှုများ၊ တိုင်းရင်းသား စည်းလုံး ညီညွှ တ်ေ ရး ပျက်စီးစေမှုများတို့ကို တွင်တွင် ကျယ်ကျယ် လုပ်ဆောင်ခဲ့ပါသည်။

အဆိုပါ အဖွဲ့၏ ပထမဆုံး လုပ်ဆောင်ချက်အဖြစ် Eleven မီဒီယာ၏ သတင်းစာ ထုတ်ဝေရာတွင် လျှောက် ထား သည့် အချက်အလက်နှင့် လိုအပ်သည့် အချက်များ မပြည့်စုံမှုများကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Eleven မီဒီယာ ၄င်းတို့ နောက်မှ တင်သည့် Messenger သတင်းစာပင် ခွင့်ပြုချက်ရကြောင်း၊ ယခင်တုန်းကလည်း ဒီလို ညှိနှိုင်းပြီး လုပ်နေကြ ဖြစ်ကြောင်း တို့ကို ၄င်း၏ ဂျာနယ် စာမျက်နှာတွင် ရေးသားခဲ့ပါတယ်။

မည်သို့ပင် ဖြစ်စေ မြန်မာနိုင်ငံတွင် စည်းကမ်းပျက်လုနီးပါး ဖြစ်နေသော မီဒီယာများအား ထိန်းသိမ်း ကြပ် မတ် သည့် ကဏ္ဍစုံမှ ပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်းနိုင်ခြင်းကို ဂုဏ်ပြု ကြိုဆို ရမှာဖြစ် ပါတယ်။

Credit : Here

၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ


၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲဆုရှင်အဖြစ် အဆိုပြုခံရသူများစာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင်တယ်လို့ သိရပါတယ်။

ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုခံရသူ အရေအတွက်ဟာ စံချိန်တင် ရလော က်ေ အာင် များပြားတယ်လို့ နိုဘဲဆုဌာနက ပြောပါတယ်။ အဆိုပြုစာရင်းမှာ လူပုဂ္ဂိုလ် ၂၀၉ ဦးနဲ့ အဖွဲ့အ စည်း ၅၀ ပါဝင်တဲ့အတွက် စာရင်းဝင်အရေအတွက် စုစုပေါင်း ၂၅၉ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် က အဆိုပြု ခံရ သူပေါင်း ၂၄၁ ဦးရှိခဲ့ပါတယ်။

ဒီနှစ်အဆိုပြုခံရသူများစာရင်းမှာ ပါကစ္စတန်နိုင်ငံက တာလီဘန်တွေ ပစ်ခတ်လုပ်ကြံလို့ ဦးခေါင်းမှာ သေ နတ် ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးများပညာရေးအတွက် ဆော်သြလှုပ်ရှားသူ မာလာလာ၊ အမေရိကန် သမ္မ တေ ဟာင်း ဘီလ်ကလင်တန်၊ ရုရှားလူ့အခွင့်အရေးအဖွဲ့၊ ကိုလံဘီယာနိုင်ငံသမ္မတ စန်တို့စ်၊ မြန်မာနိုင် ငံ သ မ္မတ ဦးသိန်းစိန်တို့ပါဝင်ပြီး၊ GAVI ခေါ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့နဲ့ အမေရိကန် စစ် သည်ေ တ်ာတို့ကလည်း ပါဝင်တယ်လို့ သိရပါတယ်။

နိုဘဲဆုဌာန အကြီးအကဲ Geir Kundestad က ငြိမ်းချမ်းရေးနိုဘဲဆုအတွက် အဆိုတင်သွင်းမှု အရေ အ တွက် ထိုးတက်လာတာဟာ နှစ်စဉ်မဟုတ်ပေမယ့် ခြုံကြည့်မယ်ဆိုရင် အတက်ဘက်ကိုပြနေကြောင်း၊ ဒါ ဟာ ဒီဆုအပေါ် ကမ္ဘာ့လူထုရဲ့ စိတ်ဝင်စားမှု တိုးတက်နေတာကို ထင်ဟပ်နေကြောင်း ပြောပါတယ်။

ငြိမ်းချမ်းရေးနိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုလွှာတွေကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား လက်ခံ ခဲ့တာဖြစ်ပါတယ်။

Credit : RFA

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်နည်း


ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရော ဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေ ရ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီး မှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရ မှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

Credit : Here

ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးပါတီတစ်ခု၏ ညီလာခံကို ရုပ်သံ တိုက်ရိုက်လွှင့်မည်


လာမယ့် မတ်လ 8 ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့များမှာကျင်းပပြုလုပ်မည်ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကျင်းပပုံများကို ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော Sky Net ရုပ်သံ လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတည်ပြုပြောဆိုလိုက်ကြောင်း သိရသည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံရေးသမိုင်းမှာ 1962 ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာမသိမ်းခင် ပါလီမန် ဒီမိုကရေစီခေတ် အစည်းအဝေးကျင်းပုံကို ရေဒီယိုကနေ တိုက်ရိုက်လွှင့်တာ ရှိခဲ့ဖူးပေမယ့် ပါတီညီလာခံ တစ်ခုကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ပေးတာကတော့ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ညီလာခံကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ရုံမက အင်တာနက် ဆိုရှယ်မီဒီယာတွေဖြစ်သော ဖေ့စ်ဘုတ်၊ တွစ်တာ၊ ဖလစ်ကာ၊ ယူကျု့ တွေကနေ သတင်းတွေ Video ဖိုင်တွေကို တိုက်ရိုက်ထုတ်လွင့်ပေးသွားမယ် လို့လည်း သတင်းထုတ်ပြန်ထားကြောင်း သိရပါတယ်။

မိမိကြောင့် သာသနာ မညိုးနွမ်းစေပါနှင့်


အလုပ်လုပ်နေစဉ် Facebook Message ဖြင့် မိတ်ဆွေ တစ်ဦးက အောက်ပါစာ ပို့လာပါသည်။

"သာမညဆရာတော်ဘုရား၏ အိမ်မက်အရ လူသားတို.ကောင်းကျိုး အတွက် ဗုဒ္စံဓမ္မံ သံဃာ အန္တော အန္တငါးပါးကို အိပ်ရာဝင်တိုင်း မမေ့နဲ.ကြနှင့် ဥပုဒ်သီလစောင့်ကြပါ။ သားကြီးငါးကြီးတို.ကိုရှောင်ကြဉ်ပါ။ မကောင်းသော ဒုစရိုက်အလုပ်ကိုရှောင်ကြဉ်ပါ။ ရှောင်ကြဉ်သောသူများ သာမညဆရာတော် ဘုရား အကျိုးပေးမည်။ ဒီစာကိုရသူ တိုင်း(၉)စောင်ဖြန်.ေ ၀ပါ (၉)ရက် အတွင်း တခုခုအကျိုးပေး လိမ့်မည်။ မော်လမြိုင်မြို. ရဟန်းတစ်ပါး သည် ဒီစာကိုရပြီးဖြန်.ဝေခဲ့သဖြင့် သိန်း(၇၀)ထီပေါက်ခဲ့ပါ သည်။ ကျန်အမေအို တစ်ယောက်သည် ဒီစာကိုရပြီးမယုံကြည်စိတ်ဖြင့် မဝေခဲ့သောကြောင့် အမေအို၏ သမီးသည် အလိုလိုနေရင်းသေဆုံး ခဲ့ရသည်။နောက် မှဒီစာကိုသတိရ၍ဖြန်.ဝေခဲ့ရာ အမေအို၏သမီး ရက်လည်နေ့မှာပဲ ထီဆုကြီးပေါက်ခဲ့သည်။ ဒီစာကိုယုံကြည်မှု.ထားပါဒီစာကိုလူ(၂၀)ဝေပေးပါ သင် ကံကောင်းလာလိမ့်မည်။"

-------- ------

ရိုးရိုးရှင်းရှင်းနှင့် ပွင့်ပွင့်လင်းလင်းသာ ပြောပါမည်။ အထက်ပါ စာများက သာသနာပျက်စေရန် တစ်နည်း တစ်ဖုံ ထောက်ပံ့နေခြင်းပင်။

စာတွင် အကြောက်တရားများ လွမ်းမိုးနေသည်။ ကျိန်စာလိုလို၊ ခြိမ်းခြောက် စာလိုလို သဘော သက်ရောက်ပြီး သဘောတူတူမတူတူ၊ လက်ခံခံ မခံခံ ဒါကို လုပ်ကိုလုပ်ရမယ် ဆိုသော သဘောများ တွေ့ရပါသည်။

ဗုဒ္ဓဘာသာဟူသည် အကြောက်တရားနှင့် စည်းရုံးအပ်သော အရာ မဟုတ်ပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် သာသနာ ပြုစဉ်ကာလက င့ါဘာသာကို ကိုးကွယ်ချေ၊ င့ါတရားကိုလာနာချေ ဟူ၍ အမိန့်ပေး စေခိုင်းမှုများ မရှိခဲ့ပါ။ ဗုဒ္ဓဘာသာသည် အကြောက်တရား ပယ်စေသော ဘာသာဖြစ်ပြီး အကြောက်တရားနှင့် လွမ်းမိုးသော ဘာသာ မဟုတ်ရပါ။

ယခုကဲ့သို့ ခြိမ်းခြောက်စာများ (ဒေါသ၊ အာကာသ) နှင့် မက်လုံးပေးစာများ (လောဘ) များက ဗုဒ္ဓဘာသာနှင့် လုံးဝ ဆန့်ကျင့်ဘက်ပင် ဖြစ်သည်။

မိမိသည် သာသနာ ပြုလိုလျှင် မှန်ကန်သော သာသနာပြုနည်းလမ်း စဉ်အတိုင်း လေ့လာပြီးမှ သာ သနာပြုအပ်သည်။ လောဘ၊ ဒေါသ၊ မာန်မာန၊ ဝါဒ၊ အာကာသ အစရှိသဖြင့် အကုသိုလ် ဟိတ်တရားတို့ လွမ်းမိုးသော စာများက သာသနာအား အင်မတန် ငြိုးနွမ်းစေပါသည်။

ယခုစာကို ဖတ်၍ ဗုဒ္ဓဘာသာအား အဓွန့်ရှည်တည်တံ့စေရန် မှန်ကန်သော နည်းလမ်းဖြင့် သာသနာ ပြုနိုင်ရန် ဆန္ဒပြု ရေးသား အပ်ပါသည်။

--

အောင်ခမ်း

Credit : Here

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်


ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ၄င်းတာဝန် ယူထားရသော ကော်မတီများ စွာ၏ လုပ်ဆောင် ချက်များတွင် ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော် စီးပွား ရေးပညာရှင် ဒေါက်တာ Seal Turnell ၂၃-၂-၂၀၁၃ ရက်က သိရသည်။

Australian သတင်းစာ၏ အဆိုအ ရဒေါ်အောင်ဆန်း စုကြည်၏ ယခုကဲ့သို့ ရွေးချယ်မှုကို ဒေါက်တာ Seal Turnell ကဝမ်း မြောက်စွာဖြင့် လက်ခံခဲ့ကြောင်း နှင့်၎င်းတို့ အနေဖြင့် ဆက်သွယ် ရေးကွန်ရက် မျိုးစုံမှ တစ်ဆင့် အတွေးအ ခေါ်အယူအ ဆများတို့ကို အကြံပြုဆွေးနွေး ပေးသွားမည်ဟု သိရ သည်။

မစ္စတာSeal Turnell သည် ကမ္ဘာ့စီးပွားရေးရာ ကိစ္စ ရပ်များကို ပုံမှန်ဆွေး နွေးဝေဖန်သုံးသပ် နေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွား ရေးအခြေ အနေကိုလည်း မကြာခဏသုံး သပ်ပြောကြား နေ သူဖြစ်ကြောင်းလည်း သိရသည်။ မစ္စတာ Turnell နှင့် ဒေါ် အောင်ဆန်း စုကြည်တို့ ယခင်ကတည်း က ရင်းနှီးမှုရှိကြသူ များဖြစ်သည့် အပြင်မစ္စတာTurnell ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည် ကို လေးစားအားကျ သူတစ်ဦး ဖြစ်သညဟု ထုတ်ဖော်ပြော ကြားထား ဖူးသူဖြစ်သည်။

မစ္စတာTurnell နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ၂၀၁၀ ပြည့်နှစ်က မြန် မာနိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ မစ္စတာTurnell က ၁၀ ကြိမ် အထိလာရောက် ခဲ့ဖူးသည် ဟု သိရ ကာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ Reform များကို ဝေဖန်သုံးသပ် အကြံဥာဏ်များ ပေးနိုင် လိမ့် မည် ဖြစ်ကြောင်းသိရသည်။

Credit : Pyi Myanmar

ယူအေအီးသမ္မတ၏ ဖေါင်ဒေးရှင်းမှ ရခိုင်သို့ အစားအစာ တန်ချိန် ၂,၆၀၀ ပေးပို့ 


ယူအေအီးသမ္မတ ရှိတ်ခါလီဖာ၏ ခါလီဖာ ဘင်ဇေယတ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဖေါင်ဒေးရှင်းသည် မြန်မာရှိ ရခိုင်ပြည်နယ်မှ မူဆလင်များ အတွက် အစား အစာထောက်ပံ့မှုတန်ချိန် ၂,၆၀၀ ကို ပေးပို့လိုက်ကြောင်း ယူအေအီးနိုင်ငံပိုင် သတင်း အေဂျင်စီ Wam က ပြောကြားလိုက်သည်။

ယခုထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုမှာ ရခိုင်သို့ ဖေါင်ဒေး ရှင်းမှပေးပို့ခဲ့သည့်ကယ်ဆယ်ရေးနှင့်ထောက် ပံ့ရေးပစ္စည်း တန်ချိန် ၅,၂၀၀ မှ နောက်ဆုံးအသုတ် ပေးပို့ခြင်း ဖြစ်သည်။

ထောက်ပံ့ရေးပစ္စည်းများကြောင့် ရခိုင်ရှိ ဒုက္ခသည် ၈၅၀,၀၀၀ ခန့်ကို အစားအစာဖူလုံရေး အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

ခါလီဖာဖေါင်ဒေးရှင်း၏ ယခုပရောဂျတ်ကို သမ္မတ ရှိတ်ခါလီ ဖာ၏ လမ်းညွှန် မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယူအေအီးမှ ရခိုင်ပြည်နယ်သို့ တင်ပို့ခဲ့သော ပစ္စည်းများတွင် ဒုက္ခသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအတွက် အခြေခံစား သောက် ကုန်နှင့် အဝတ်အထည်များပါဝင်ကြောင်း သိရသည်။

Credit : မြန်မာ့ခေတ်

ဂျပန်သို့ ဆန်တန်ချိန် ၅၀၀၀ ပထမဆုံးအကြိမ်တင်ပို့မည်

ဓာတ်ပုံ - ရန်ကုန်မြစ် ဆိပ်ကမ်းတခုတွင် ဆန်များ အတင်အချ ပြုလုပ်နေသည့် မြင်ကွင်း
(ဓာတ်ပုံ – Reuters)

ဂျပန်သို့ မြန်မာ့ဧည့်မထ ဆန်တန်ချိန် ၅၀၀၀ ကို ပထမဆုံးအကြိမ် အဖြစ် လာမည့် မေလဆန်းတွင် တင်ပို့မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ဧရာဝတီသို့ ပြောသည်။

ဂျပန်နိုင်ငံအစိုးရက နိုင်ငံတွင်း ဆန်တင်ဒါခေါ်ယူရာတွင် မြန်မာနိုင်ငံကိုပါ တင်ဒါဝင်ရန် ကမ်းလှမ်းခဲ့သည့် အတွက် မြန်မာ့ လယ်ယာ စီးပွားရေး အများပိုင် ကုမ္ပဏီ (MAPCO) က တင်ဒါဝင်ခဲ့ပြီး အောင်မြင်ခဲ့၍ ပထမဆုံး အဖြစ် ဧည့်မထဆန်တန်ချိန် ၅၀၀၀ ကို တင်ပို့မည် ဖြစ်သည်။ ဧည့်မထဆန် (၅ ရာခိုင်နှုန်း) တတန်လျှင် အမေရိကန် ဒေါ်လာ ၄၉၀ နှုန်းဖြင့် တင်ပို့မည် ဖြစ်ကြောင်းနှင့် MOU လက်မှတ် ထိုးထားခြင်း မဟုတ်သဖြင့် နောက်ပိုင်းတွင် တင်ဒါဆက်ဝင်ပြီး တင်ပို့ရန်လည်း ရှိကြောင်း သိရသည်။

“MAPCO နဲ့ ဂျပန် က Mitsui ကော်ပိုရေးရှင်း ပူးပေါင်းလုပ်မှာပါ၊ အခုဆိုရင် မြန်မာ့ဆန် ကို တခါမှ မဝယ်ဘူးသေးတဲ့ နိုင်ငံ တချို့ကလည်း ဝယ်ယူဖို့ စိတ်ဝင်တစား ကမ်းလှမ်းလာကြတယ်” ဟု ဒေါက်တာ စိုးထွန်း က ပြောသည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ ခြင်းကြောင့် ပြည်ပနိုင်ငံ အချို့၏ စီးပွားရေးကမ်းလှမ်းမှုများ ရရှိလာခဲ့သည် ဟု လည်း ၎င်းက သုံးသပ်သည်။

မြန်မာ့လယ်ယာ စီးပွားရေး အများပိုင်ကုမ္ပဏီက ကိုရီးယားနိုင်ငံမှ ခေါ်ယူသည့် ဆန်တင်ဒါ တွင်လည်း ဈေးနှုန်း အဆို ပြုလွှာနှင့် လိုအပ်သည့် အချက်အလက်များ ပေးပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများ သို့ ၂၀၁၂- ၂၀၁၃ ဘဏ္ဏာရေးနှစ်အတွင်း ဆန်တန်ချိန် ၁ ဒသမ ၆ သန်းခန့် တင်ပို့ခဲ့ပြီး နှစ် ၅၀ အတွင်း စံချိန်တင် ပို့နိုင်ခဲ့သည့် ပမာဏ ဖြစ်လာသည်ဟု သိရသည်။

တရုတ်အစိုး ရက မြန်မာ့ဆန် တင်ပို့မှုကို တရားဝင် လက်ခံထားခြင်း မရှိသေးသော်လည်း မူဆယ် နယ်စပ်ထွက်ပေါက်မှ တင်ပို့မှုပမာဏသည် တခြားနိုင်ငံများသို့ တင်ပို့ရမှုထက် များကာ လက်ရှိအချိန်အထိ ဆန်တန်ချိန် ၈ သိန်း ကျော် တင်ပို့ထားပြီး ဆန်ကြမ်းတင်ပို့ရမှုက ပိုများကြောင်း ဒေါက်တာ စိုးထွန်းက ပြော၏။

တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ဆန်တင်ပို့လျှင် ဈေးပိုရခြင်းကြောင့် ပြည်တွင်း ဆန်ကုန်သည်များ အနေဖြင့် တခြားနိုင်ငံများထက် တရုတ်နိုင်ငံသို့သာ တင်ပို့ လိုကြကြောင်း သိရသည်

“တရုတ်ပြည်ဘက်က ကောက်တဲ့ အခွန်ငွေ ပမာဏက ၁၃ ရာခိုင်နှုန်း လောက်ရှိတယ်၊ တရားဝင်အခွန်ဆောင်ပြီး ပို့ရမယ် ဆိုရင်တော့ မကိုက်ဘူး၊ ဆန်တွေ ဈေးတက်သွားနိုင်တယ်” ဟုဒေါက်တာစိုးထွန်းက ဆိုသည်။

ဆန်နှင့် ဆန်ထွက်ပစ္စည်း တင်ပို့မှုမှာ ၂ဝ၁၂ – ၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ တန်ချိန် ၁ ဒသမ ၆ သန်းအထိ ရှိခဲ့သည့် အတွက် ၄၆ နှစ်အတွင်း စံချိန်တင် အများဆုံး ဖြစ်ခဲ့သည်ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မတ်လ ၂ရက်၊ မင်းဓမ္မလမ်း MCC ခန်းမတွင် ကျင်းပသည့် မြန်မာ့ ဆန်စက်နှင့် လယ်ယာ ထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာ ပြပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့ ပျမ်းမျှလူ့သက်တမ်း မြင့်တက်လာစေရန် ရည်ရွယ် လုပ်ဆောင်နေ


မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး စီမံချက်၏ တစိတ်တပိုင်း အဖြစ် မြန်မာနိုင်ငံသားများ ၏ ပျမ်းမျှ သက်တမ်းကို ၂၀၃၁ ခုနှစ်တွင် ၇၅ မှ ၈၀ နှစ်အထိ မြင့်တက်လာစေရေးအတွက် ကြိုးပမ်းရန် အစိုးရက ရည်ရွယ်ထားသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တဆင့် သိရသည်။

၂၀၀၁ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် စာရင်းအရ မြန်မာနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်းမှာ ၆၀ မှ ၆၄ နှစ်သာ ဖြစ်သည်။

မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ် ခဲ့သည့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော် က မြန်မာနိုင်ငံ တဝှမ်းလုံးတွင် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၌ အဘက်ဘက်တွင် တိုးတက်လာရန် လိုအပ်ကြောင်း ပြောဆိုရင်း ပျမ်းမျှသက်တမ်း တိုးမြှင့်ရေးကို လုပ်ဆောင်မည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

“အဲဒီရည်မှန်းချက်ကို ပြည့်မီဖို့ အတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို မြှင့်တင်ဖို့နဲ့ လူစုလူဝေးတွေ ထဲမှာ ဖြစ်တတ်တဲ့ ရောဂါတွေ အကြောင်းနဲ့ ပတ်သတ်ပြီး သတိထား နိုးကြားမှု မြင့်တက်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဒေါက်တာ ထွန်းဇော်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုများကို ထက်ဝက် လျှော့ချရန်၊ ကလေးသူငယ်သေဆုံး မှုနှုန်းနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းကို လျှော့ချရန် နှင့် အဆုတ်ရောဂါနှင့် HIV/AIDS ကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွါးမှုများကို လျှော့ချနိုင်ရန်အတွက် အစိုးရက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Credit : မဇ္ဈိမ

လက်ပံတောင်းတောင် ဒေသခံ ၃ ဦးမှ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ နိုင်ငံတော်သမ္မတကို ဦးတိုက်လျှောက်ထား တရားစွဲဆို

လက်ပံတောင်းရွာသူရွာသားများ ဆားလင်းကြီးမြို့နယ် တရားရုံးမှ ပြန်လည်ထွက်ခွာလာစဉ်

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံ ၃ ဦး မှ လက်ပံတောင်းတောင် အရေးနှင့် ပတ်သတ်၍ နိုင်ငံတော် သမ္မတကို ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဆားလင်းကြီးမြို့နယ် တရားရုံးက မတ်လ ၄ ရက်နေ့တွင် လက်ခံခဲ့ကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့  နေ့လည် ၁ နာရီ ၂၀ ၀န်းကျင်တွင် လက်ပံတောင်းတောင် အနီးရှိ ကျေးရွာများမှ ရွာသူရွာသား ၃၅ ဦးသည် လက်ရှိသပိတ်စခန်းနှင့် ၇ မိုင်ခန့်ဝေးကွာသော ဆားလင်းကြီးမြို့ နယ် တရားရုံးသို့ ရောက်လာကာ ဖောင်းကတာအုပ်စု ဆည်တည်းကျေးရွာနေ မ၀င်းဝင်းဌေးနှင့် မရီဝင်း၊ မိုးကြိုးပြင် အလယ်ရွာနေ ကိုဇော်နိုင်တို့  ၃ ဦး မှ တရားလို ပြုလုပ်ကာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား လက်ပံတောင်းတောင်အရေး ဖြိုခွဲမှုတွင် တာဝန်အရှိဆုံး အဖြစ် အကြောင်းပြချက် ၃ ချက် နှင့်တကွ တရားစွဲ ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နေ့ပိုင်း ၂ နာရီလောက်မှာ ဆားလင်းကြီးမြို့နယ် တရားရုံးမြို့ နယ် တရားသူကြီး ဒေါ်ခင်ခင်ဆွေက အမှုကို လက်ခံလိုက်ပြီး ဒီအမှုဟာ ထူးခြားတဲ့ အမှုဖြစ်လို့  အထက်က ရုံးတွေကို တင်ပြရမှာဖြစ်ပြီး လာမယ့်ရုံးချိန်းရက်ကို မတ်လ ၁၁ ရက်နေ့မှာ ချိန်းလိုက်ပါတယ်” ဟု လာရောက်တရား စွဲဆိုရာတွင် ပါဝင်သူ လက်ပံတောင်းတောင် ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

“လက်ပံတောင်းတောင်အရေး ဖြိုခွင်းနှိမ်နင်းရာမှာ ရေပက်တာ၊ မီးလောင်ဗုံးသုံးတာ၊ နံပါတ်တုတ်နဲ့ ရိုက်တာ၊ ကြိမ်းမောင်းတာတွေ လုပ်တာတွေနဲ့ ပတ်သတ်ပြီး ဘယ်သူ တာဝန်အရှိဆုံးလဲ စဉ်းစားတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၁၃၂ အရ ဒီလိုကျူးလွန်သူတွေကို နိုင်ငံတော်သမ္မတ ရဲ့ အခွင့် အမိန့် မရဘဲ တရားစွဲဆိုခွင့် မရှိလို့ ဆိုထားလို့ အကြမ်းဖက် ဖြိုခွင်းမှုအတွက် တာဝန်အရှိဆုံးက သမ္မတဖြစ်လို့ သမ္မတကို တရားစွဲဆိုတာ ဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

Credit : Eleven Media Group

၂၀၁၅ ရွေးကောက်ပွဲ တိုင်းရင်းသားဒေသမှာ လူမျိုးစုတွေသာ ယှဉ်ပြိုင်လို

ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ (NBF)

မြန်မာနိုင်ငံမှာ နောက်တကြိမ် ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ တိုင်းရင်းသားဒေသ တွေမှာ လူမျိုးစုနိုင်ငံရေး ပါတီတွေသာ အဓိကထား ယှဉ်ပြိုင်တာမျိုး လိုလားတဲ့အကြောင်း တိုင်းရင်းသား မဟာမိတ်ပါတီတွေက ပြောဆိုလိုက်ကြပါတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေးပါတီကြီးတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူမျိုးစုဒေသတွေ အတွက် ၀င်ရောက် ယှဉ်ပြိုင်တာတွေ မလုပ်ကြဖို့ တိုက်တွန်းလိုက်တာပါ။ ဒါပေမဲ့လည်း ဒီတိုက်တွန်းချက်ဟာ ဒီမိုကရေစီ အခြေခံတွေကို ဆန့်ကျင်ရာ ကျနေတယ်လို့ အဓိကနိုင်ငံရေးပါတီ ကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက် နိုင်ဖို့ အတွက်ဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင် တိုင်းရင်းသား ဒေသတွေက မဲဆန္ဒနယ်တွေမှာ အင်အားကြီး ပါတီတွေ ၀င်ရောက် ယှဉ်ပြိုင်တာကို ရှောင်ရှားကြဖို့ လူမျိုးစုပါတီတွေက ကြေညာချက်တစောင် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

ဒါမှသာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ အကောင်အထည် ဖော်ပေးနိုင် မယ်လို့ (National Brotherhood Federation) အဖြစ် အမည်ပေးထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့က ယုံကြည်ထားတဲ့အကြောင်း ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ (RNDP) က ဦးဖေသန်း က ပြောပါတယ်။

“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် လိုလားပါလျှင် နောင်ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲများတွင် အင်အားကြီးပါတီများက လူနည်းစု တိုင်းရင်းသားများ၏ မဲဆန္ဒနယ်မြေများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းကို လုံးဝ ရှောင်ရှားရန်”
ဒါပေမဲ့လည်း ပါတီစုံ ဒီမိုကရေစီ စနစ်တရပ်မှာ လွတ်လပ်တဲ့ ယှဉ်ပြိုင်ခွင့်တွေ ရှိရမှာ ဖြစ်တာမို့ ဒီလို သဘောထားဟာ ဒီမိုကရေစီ အခြေခံတွေနဲ့ ကိုက်ညီမှုရှိပါ့မလား မေးခွန်းထုတ်တာတွေလည်း ရှိနေကြတာပါ။ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းကတော့ တန်းတူရည်တူ ယှဉ်ပြိုင်ခွင့် ရှိသင့်တယ် လို့ မြင်ပါတယ်။

“Competition (ယှဉ်ပြိုင်မှု) လုပ်တယ် မလုပ်ဘူးဆိုတာက သူတို့ပါတီရဲ့ သီးခြား အယူအဆ အဆုံးအဖြတ်ပဲ။ သူတို့ ဘယ်အပေါ်မှာ အခြေခံလည်းမသိဘူး။ အဲ့ဒါကတော့ ခုနပြောသလိုပဲ ဒီမိုကရေစီရေးနဲ့ သိပ်အကျုံးမ၀င်ဘူးလို့ ထင်ပါတယ်။ ဒါဟာ ဒီမိုကရေစီနည်းကျကျ ဆုံးဖြတ်တာလို့ ကျနော်တော့ မယူဆဘူး။”

လက်ရှိ အချိန်မှာ လွှတ်တော်ထဲမှာ အင်အားကြီးပါတီ ၂ ခု အဖြစ် အာဏာရ အစိုးရပါတီဖြစ် တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်မြေတွေအားလုံးမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က လွှတ်တော်ကိုယ်စားလှယ် အင်အားများစွာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေ မှာ နေရာရ ထားကြတာပါ။

တိုင်းရင်းသား လူနည်းစုဒေသတွေမှာ တိုင်းရင်းသားပါတီတွေပဲ ရွေးကောက်ပွဲဝင်ပြီး အင်အားကြီး ပါတီတွေ ရွေးကောက်ပွဲ ၀င်မှာကို မလိုလားဘူးဆိုတာဟာ နိုင်ငံရေး လမ်းစဉ် ဒီမိုကရေစီအရ ကြည့်ရင်တော့ မသင့်တော်ဘူးဆိုတာကို နားလည်ပြီးတော့ ဒါဟာ လူနည်းစု တိုင်းရင်းသားတွေရဲ့ ရင်တွင်းခံစားချက် အမှန်ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလှကျော် က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒါကတော့ နိုင်ငံရေးလမ်းစဉ် ဒီမိုကရေစီအနေနဲ့ ကြည့်ရင်တော့လည်း ဒါ သင့်တော်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ ကျနော်တို့လည်း သဘောပေါက် နားလည်ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့က တိုင်းရင်းသားရဲ့ ရင်တွင်းခံစားချက် အမှန်ကတော့ ဒီလိုပဲရှိနေတာကိုး။ မလိုးလားဒါကတော့ အမှန်ပဲပေါ့ဗျာ။ ဒါ ဒီမိုကရေစီနည်းတော့ မကျဘူးပေါ့လေ။”

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ဟာ ပြည်တွင်းအခြစိုက် တိုင်းရင်းသား ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ NBF မှာ ပါဝင်တဲ့ တိုင်းရင်းသား ပါတီတွေကတော့ ရခိုင် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ စဝေါ်ပါတီ၊ အင်းအမျိုးသားပါတီ၊ ကရန်း အမျိုးသားပါတီ တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၁၄ ကြိမ်မြောက် သဘောထားကြေ ညာချက်မှာတော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်း အားလုံးက သမာသမတ်ကျကျ ဆောင်ရွက်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ ကြီးမားလာတဲ့ မူးယစ်ဆေးဝါး ပြဿနာ ကို ပြည်တွင်း ပြည်ပ အင်အားစုတွေနဲ့ လက်တွဲပြီး ဖြေရှင်းဖို့၊ အစိုးရက သတ်မှတ်ပြောကြားတဲ့ တိုင်းရင်း သား ၁၃၅ မျိုးဆိုတာကို တိတိကျကျ ကောက်ယူဖို့နဲ့ မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ ချင်းပြည်နယ် ခရီးစဉ်နဲ့ အချိန်ကိုက်ပြီး အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ပီမိုနင်းရဲ့ဆောင်းပါးမှာပါတဲ့ ကရင်ရိုင်း၊ ချင်းရိုင်းဆိုတဲ့ စကားအသုံးအနှုန်း တွေကို ပြန်လည်ဖော်ပြတဲ့အတွက် ရှုတ်ချကြောင်း ဆိုပြီး ကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လွှတ်တော်တွင်း ကိုယ်စားလှယ် အများဆုံးနေရာကို ပြည်ခိုင်ဖြိုးပါတီ က ရယူထားပြီး၊ နံပါတ် ၂ နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နံပါတ် ၃ နေရာမှာ ကျားဖြူ ပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီ၊ နံပါတ် ၄ နေရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ နံပါတ် ၅ နေရာမှာ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က အင်အားအများဆုံးပါတီတွေအဖြစ် အသီးသီး ရပ်တည်နေတာကို တွေ့ရပါတယ်။

Credit : VOA

ဥပဒေသမားတွေပင်လျှင် အခြေခံဥပဒေကို မကျေညက်ဘူး

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌအဖြစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အတည်ပြု ခန့်အပ်ခံရသည့် ဦးမြသိန်းကို ရန်ကုန်မြို့၌ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာတိုင်း(မ်) အကြီးတန်း လက်ထောက်စာတည်း စန္ဒာလွင်က တွေ့ဆုံမေးမြန်းခဲ့သည်။

* ပထမဆုံး 'ပြည်ထောင်စုအဆင့်' ပြဿနာအပေါ် ဆရာ့အမြင် ပြောပေးပါ။

ဒါကို အခုဒီမှာတော့မပြောတော့ဘူး။ ဒါက အဖွဲ့နဲ့ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

* ဒီမိုကရေစီစနစ် အကောင်အထည် ဖော်ရင် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ဖို့ အရေးကြီး တယ်လို့ ပြောပါတယ်။

ဒီလိုမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေက အသက်ဝင်ဖို့လိုတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူတိုင်းလိုက်နာရမှာ။ အသက်ဝင်တယ်ဆိုတာက လှုပ်ရှားအောင်လုပ်တာ၊ လှုပ်ရှား အောင်လုပ်ဖို့ မဟုတ်ဘူး။ ဥပဒေတွေကို လှုပ်ရှားအောင်လုပ်ဖို့ မဟုတ်ဘူး။ ဥပဒေအတိုင်းကို လိုက်နာဖို့။

ကျွန်တော့် အယူအဆကတော့ သက်ဝင်လှုပ်ရှား တယ်ဆိုတဲ့ အယူအဆထက်ကို ကျွန်တော်က ဘာကိုမြင်လဲဆိုတော့ ဥပဒေအတိုင်းလိုက်နာကြဖို့။ လိုက်နာတာက ဥပမာ ဘယ်သူ့ကိုမှ မတရား မလုပ်တဲ့သူက ဥပဒေကို တော်တော်လိုက်နာတယ်လို့ ပြောနိုင်တယ်။ လွယ်လွယ်လေး ပြောမယ်ဆိုရင် အင်္ဂလိပ်လို ပြောတော့ conscious ခေါ်တာပေါ့။ conscious ဆိုတာ ကိုယ့်ကိုယ်ကိုယ်က မဟုတ်တာမလုပ်ဘူးလို့ စိတ်ထဲမှာ ခံစားတဲ့သူတွေဟာ ဥပဒေနဲ့အညီ လုပ်တယ်လို့ ပြောနိုင်တယ်။

* ဥပဒေကြီးတစ်ခုဟာ မတရားဘူးလို့ ယူဆတဲ့သူတွေကျရင် လိုက်နာဖို့ အခက်အခဲ ရှိမှာ ပေါ့ဆရာ။

မှန်တယ်၊ ဥပဒေဆိုတာက တရားလား၊ မတရားလား ဆိုတဲ့အပေါ်မှာ တည်တယ်။ တချို့ဥပဒေတွေ က လူတွေ မလိုက်နာအောင် ပြဋ္ဌာန်းထားရင်တော့ ဖြင့် ဒါမတရားဘူးလို့ တချို့က ပြောကြမှာပဲ။ ကိုယ့်အယူ အဆနဲ့ကိုယ်၊ သူ့ဘက်နဲ့သူ မှန်နေတာပဲ။ အဲတော့ ဘာဖြစ်သင့်သလဲလို့ ပြဋ္ဌာန်း ပေးရ တယ်၊ အဲ ပြဋ္ဌာန်း တဲ့အပေါ်မှာ မလိုက်နာရင်၊ ဒီလူအပြစ်ပေါ့။ အဲဒီ သဘောပါပဲနော်။

* လူသိတဲ့နမူနာတစ်ခုအနေနဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေထဲမှာ နိုင်ငံအမည် မြန်မာ၊ Myanmar၊ ဒါပေမဲ့ အရပ် ပြော ဗမာပြည်၊ နောက် Burma လို့ ဆက်အသုံးတွင်နေတာ လည်း တချို့ရှိတယ်။ ဒါမျိုးလေးတွေ ၏ဆို ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာတယ်လို့ ဆိုတာလား၊ မဆိုတာလားဆရာ။

အဲဒါကတော့ ကျွန်တော်ပြောချင်တာ က ဘာလဲဆိုတော့ လူတစ်ယောက်၊ တစ်ယောက်မှာ Freedom of Expressions တွေ ရှိတယ်။ အဲတော့ ကျွန်တော်တို့က ဒီအသုံးအနှုန်းကို လိုက်နာ ရမယ်လို့ ဥပဒေက ပြဋ္ဌာန်း ထားရင်တော့ လိုက်နာရမယ်။

အဲဒီ အသုံးအနှုန်းကို လိုက်နာရမယ်လို့ မပြောရင် လိုက်နာစရာလိုမယ် မဟုတ်ဘူး။ ဥပမာ ဒီ Traders ဟိုတယ်ဗျာ၊ ကျွန်တော် က အက်စ်မပါဘဲ ထရေးဒါဟိုတယ်လို့ ပြောမယ်။ ခင်ဗျားက ထရေးဒါးစ် ဟိုတယ် ကို ဘာလို့ အက်စ်ထည့်မခေါ် လဲလို့ပြောရင် ကျွန်တော့်မှာ အပြစ်ရှိ မလား။ ဥပဒေမှာ အဲဒီအတိုင်း ခေါ်ရ မယ်လို့ဆိုပြီးတော့ ပြဋ္ဌာန်းရင်တော့ ဟုတ်မှာပေါ့။

* မတရားဘူးလို့ ယူဆထားသူတွေ ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို လူတွေလိုက်နာ လာအောင်ဆိုရင် ဘယ်လို လုပ်ဆောင်ဖို့ လိုမလဲ။

ကျွန်တော်တို့တစ်တိုင်းပြည်လုံးမှာ ရှိရှိသမျှ လူအားလုံး၊ ရာခိုင်နှုန်းအပြည့် ကတော့ ဘယ်ဥပဒေကို ရေးရေးအားလုံး က ကျေနပ်မှာမဟုတ်ပါဘူး။ အများက လက်ခံတယ်ဆိုရင် ကျွန်တော်တို့က ဒါ တော်တော်ကောင်းတဲ့ဥပဒေလို့ ခေါ်ရမှာပေါ့။ ဒါတောင်မှ minority ဆိုတာ ရှိမှာပဲ။ minority တွေ က ကြိုက်ချင်မှ ကြိုက်မယ်။ ဒါကြောင့် ဘယ်ဟာ တရားသလဲ ဆိုတဲ့အပေါ်မှာ အယူအဆတွေ အပေါ်မှာပဲ တည်ပါတယ်။ ကိုယ့်ရဲ့ ခံယူချက်တွေအပေါ်မှာပဲ တည်ပါတယ်။

* ဆရာတို့ရဲ့ ရှေ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

သူ့အယူအဆနဲ့သူ လုပ်သွားတာ မှန်တယ်။ အားလုံးမှန်တယ်။ သူ့အယူအဆနဲ့သူလို့ ပြောတာနော်။ အယူ အဆ တွေဆိုတာ အမျိုးမျိုးရှိတယ်။

* လက်ရှိ အခြေခံဥပဒေကို နိုင်ငံသားတွေ နားလည်သိရှိမှု ဘယ်လောက်ရှိတယ်လို့ ဆရာ သုံးသပ်ပါသလဲ။


ကျွန်တော့်အမြင်အရဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ဥပဒေသမားတွေပင်လျှင် ကောင်းစွာ မကျေညက်သေးဘူး။ အဲဒါကြောင့်မို့လို့လည်း တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦး၊ တစ်နေရာနဲ့ တစ်နေရာ အငြင်းပွားမှုတွေ ဖြစ်နေတာ။

ဒီလိုလား၊ ဟိုလိုလား၊ ဒါကြောင့်မို့ ကျွန်တော်တို့ ဥပဒေကို လေ့လာကြဖို့လိုတယ်။ လူတိုင်း ဥပဒေ တတ်ရင် ပိုကောင်းပါတယ်။ ဥပမာ ငါးပါးသီလဆိုပါတော့။ ဗုဒ္ဓဘာသာတွေ ငါးပါးသီလကို လိုက်နာ ကြတယ်။ သူများအသက် မသတ်ရဘူးဆိုရင် အသက်ဆိုတာ ဘာလဲ။ စဉ်းစားစရာ လာပြန်ပြီ။ အသက်ဆိုတာ လှုပ်ရှားတယ်၊ သွားလာတယ်ဆိုရင် သစ်ပင်တွေလည်းပဲ နေကြာပန်းက နေဘက် ကို လှည့် နေတာ မဟုတ်ဘူးလား။ အဲတော့ သူ ရော အသက်ရှိသလားပေါ့။ ဆိုတော့ အဲဒါမျိုးတွေ ကစ အများကြီးစဉ်းစား စရာတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ ဥပဒေရဲ့ လေးနက်မှုတွေ၊ သူ့ရဲ့ အနက် အဓိပ္ပာယ်တွေ၊ အဲဒါတွေ အများကြီး နားလည်ဖို့ လိုတယ်လေနော်။

Credit : Myanmar Times

ရခိုင်ပြည်နယ်မှာ ပြန်လည် သင့်မြတ်ရေးအတွက် အစိုးရဦးဆောင်မှု လိုအပ်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Ashok Nigam က
ဒေသခံသတင်းထောက်တွေနဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံနေစဉ်

ရခိုင်ပြည်နယ်မှာ လူအဖွဲ့အစည်း နှစ်ခုအကြား ပြန်လည် သင့်မြတ်ရေးဆောင်ရွက်ဖို့ အစိုးရရဲ့ ဦးဆောင်မှု အပိုင်းက အရေးကြီးကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ashok Nigam က မတ်လ ၄ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် မစ္စတာ နီဂမ်ဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး ကိစ္စရပ်တွေအတွက် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဒေသခံသတင်းထောက်တွေနဲ့ တွေ့ဆုံပြီး အဲဒီလိုပြောခဲ့တာပါ။

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်က “ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေးကိစ္စဟာ အရေးပါတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ ဒီအတွက် ကုလသမဂ္ဂအနေနဲ့လည်း အစိုးရဘက်က တောင်းဆိုလာမယ်ဆိုရင် အကူအညီပေးသွားဖို့ အဆင်သင့်ရှိပါတယ်။ အခုလိုမျိုး ပြန်လည်သင့်မြတ်ရေး ဆိုင်ရာကိစ္စရပ်တွေကို ကုလသမဂ္ဂအနေနဲ့ နိုင်ငံပေါင်းများစွာမှာဆောင်ရွက်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေကို ကိုင်တွယ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ကုလသမဂ္ဂမှာ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ကိစ္စရပ်တွေကိုဖြေရှင်းဖို့ အစိုးရရဲ့ဦးဆောင်မှုသာ အဓိကလိုအပ်နေ တာဖြစ်ပါတယ်” လို့ စကားပြန်ကတစ်ဆင့် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Mr. Ashok Nigam ဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း အပါအဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ မနေ့က သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံဆွေးနွေးရာမှာ ဒုက္ခသည်တွေ လက်ရှိလိုအပ်နေတဲ့ နေအိမ်၊ ကျန်းမာရေး၊ ပညာရေး၊ အစားအသောက်စတဲ့ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဒုက္ခသည်တွေအနေနဲ့ အဲဒီအခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီး မိမိတို့နေရပ်အသီးသီးကိုပြန်နိုင် မှ နိုင်ငံ တကာ အကူအညီတွေ မလိုတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လာနိုင်မှာဖြစ်တယ်လို့ Mr. Ashok Nigam က ပြောပါတယ်။

ဒါ့အပြင် ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် အယုံအကြည်ကင်းမဲ့နေတဲ့ ကိစ္စရပ်တွေကိုလည်း ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာကို အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ထည့် သွင်းဆွေးနွေးခဲ့တယ်လို့လည်း Mr. Ashok Nigam က ပြောပါတယ်။

Credit : RFA