Monday, March 4, 2013

နေ့ခင်းဘက် လျှပ်စစ်မီးပေးဝေချိန် လျှော့ချမည်

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေး အဖွဲ့က မတ်လမှစတင်၍အများပြည်သူသို့ လျှပ်စစ်ပေးဝေချိန် လျှော့၍ ပေးဝေတော့ မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဝန်ကြီးဌာနမှ သိရသည်။

ယခုအခါ ပူပြင်းခြောက်သွေ့သော နွေ ရာသီ ရောက်လာပြီ ဖြစ်သည့် အတွက်ရေအား လျှပ်စစ်ပေးဝေရေး လုပ်ငန်းများတွင် လျှပ်စစ် ထုတ်လုပ်မှုမရှိတော့သည့်အတွက် လျှပ်စစ်ထုတ်လုပ်မှု မဂ္ဂါဝပ် လျော့ကျသည့် အတွက်အများပြည်သူကို မီးပေးချိန် လျှော့ချထားရခြင်း ဖြစ်ကြောင်းအမည်မဖော်လိုသူ လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာန၏ အရာထမ်းတစ်ဦးကပြောသည်။

“ မတ် ၁ ရက်ကစပြီး ကလေးတွေ ညဘက် စာဖတ်ချိန် မီးအပြည့်အ၀ပေးနိုင်အောင်ကြိုးစားနေတယ် ဆယ်တန်း စာမေးပွဲတွေကလည်း ဖြေဖို့နီးလာပြီ အဲဒီအတွက်နေ့ခင်းဘက်တွေမှာ အချိန်ပိုင်းလေးတော့ မီးပျက်နိုင်တယ်” ဟုလျှပ်စစ်ဓာတ်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

က်မှုဇုန်များကို လျှပ်စစ် ဓါတ်အားလိုအပ်ချက်အတွက် မနက် ၇ နာရီမှနေ့လည်၁၂နာရီ၊ ၁၂နာရီမှ ညနေ ၅ နာရီ နှစ်ပိုင်းခွဲ၍ အလှည့်ကျ မီးပေးစနစ်ဖြင့်ပေးထားကြောင်း သိရသည်။ ညနေ ၅နာရီမှ မနက် ၇နာရီအထိ ကိုမူမီးဖြတ်ထားကြောင်းကိုလည်း သိရသည်။

“မီးက နေ့ခင်းဘက် နှစ်နာရီလောက် ဆိုရင် နေ့တိုင်းလိုလိုကို ပြတ်နေတာအကြာကြီးတော့ မဟုတ်ဘူး နာရီဝက် တစ်နာရီလောက်တော့ ကြာတယ်”ဟုစမ်းချောင်းမြိနယ်တွင် နေသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏ ၇၀ ရာခိုင်နှုန်းသည်ရေအားလျှပ်စစ်မှ ရရှိပြီး၊ ၂၀ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှလည်းကောင်း၊ ၉ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှလည်းကောင်း ရရှိကြောင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမဂ္ဂါဝပ်မှာ ၂၁၂၈ မဂ္ဂါဝပ် ဖြစ်သော်လည်း လက်ရှိတွင် တစ်နိုင်ငံလုံးအတွက်ထုတ်လွှတ်ပေးနေသော လျှပ်စစ်မဂ္ဂါဝပ်မှာ အနည်းဆုံး ၇၈၅ မဂ္ဂါဝပ်၊ အများဆုံး၁၅၇၂ ဒသမ ၈ မဂ္ဂါဝပ်၊ ပျှမ်းမျှ ၁၁၇၈ ဒသမ ၁မဂ္ဂါဝပ်သာရှိကြောင်းလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

Credit : Here

KIO ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး၏ အိတ်ဖွင့်ပေးစာ

ကချင်ပြည်နယ်၊ ကချင်တိုင်းရင်းသား မျိုးနွယ်စုများရဲ့ ကံကြမ္မာအတွက် ဆုံးဖြတ် ချက်တွေမှားခဲ့လို့ နောင် တတွေ တစ်ခါပြီးတစ်ခါ ရနေတာ ကနေ အခုကချင်ပြည်နယ် က ပြည် သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေဟာ ဆုတ်ယုတ် ခဲ့သလို ဒေသဖွံ့ဖြိုးရေး ဟာလည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီး တွေနဲ့နှိုင်းယှဉ်ရင် အရမ်းနောက်ကျသွားပြီ။

KIO/KIA/KIC အဖွဲ့အခြေအနေဟာ ၂၀၁၁ ခုနှစ်၊ ဇွန်လမတိုင်ခင်က အခြေအနေနဲ့ယှဉ်ကြည့်ရင် အများ ကြီး ကွာခြားသွားပြီ။ ဘာအကျိုးကျေးဇူးတွေရခဲ့လဲ၊ ဘယ်လိုဆုံးရှုံးမှုမျိုးတွေဖြစ်ခဲ့လဲ၊ ဘယ်လိုဆုံးဖြတ် ချက်ချခဲ့လို့ ဘာတွေဖြစ်ပွားခဲ့တာလဲဆိုတာတွေကို သေသေချာချာ လေ့လာသုံးသပ်ဆင်ခြင်ဖို့ လိုနေပါပြီ။

KIO/KIA/KIC အဖွဲ့တွေဖွဲ့၊ ခဏခဏအစည်းအဝေးခေါ်လုပ်၊ သဘောထားတွေတောင်းခံ၊ ကိုယ့်သဘောနဲ့ တိုက်ဆိုင်ရင် အများဆန္ဒအရဆိုပြီးလုပ်၊ ကိုယ့်သဘောနဲ့မတိုက်ဆိုင်ရင်လဲ ကိုယ်လုပ်ချင်ရာကိုဘဲ အများ ဆန္ဒ လို့ဆိုပြီးလုပ်၊ ဒါတွေနဲ့ဘဲ KIA ဟာ ဒီအခြေအနေအထိ ရောက်လာခဲ့တာပါ။ မူလအခြေအနေကို ပြန်ရောက် အောင် ဘယ်နှစ်နှစ် အချိန်ယူရအုံးမှာလဲ၊ ဒီကြားထဲမှာရော စစ်တပ်နဲ့ အပစ်ရပ်စဲထားမှာလား… ? ၊ ဒီကြား ကာလထဲမှာ ၁၉၉၄ ခုနှစ်နောက်ပိုင်းကာလတွေလို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းတွေရော ရမှာလား…. ?

စစ်တပ်ဟာ ၁၉၈၈ ခုနှစ် လောက်ကတည်းက ကမ္ဘာ့အနောက်အုပ်စုအင်အားကြီးနိုင်ငံတွေနဲ့ ဘက်ပေါင်းစုံ ကနေပိတ်ဆို့ထားတဲ့ဒဏ်ကို ဟန်မပျက်နဲ့ မြန်မာပြည်ကို ထိန်းချုပ်သွားတာကို လေ့လာကြည့်ပြီးမှ စစ်တပ် ကို အံတုသင့်တယ်။ တိုက်ပွဲလေးတစ်ပွဲနှစ်ပွဲလောက် အောင်နိုင်တာနဲ့ သွေးနထင်ရောက်သွားလို့ အခုပေး လိုက် ရပြီလေ။

ခယာဘွမ်၊ ဖုန်ပြန်ဘွမ်မှာ တိုက်ပွဲတွေသိမ်ပြင်းထန်နေတဲ့အချိန်မှာ ကျန်တဲ့ တပ်မဟာ/တပ်ရင်းတွေ ဘာလုပ် နေကြလဲ … ? ၊ စစ်ဦးစီးချုပ်ရဲ့ အမိန့်ကို မနာခံတာလား … ? ၊ သူတို့ကိုယ်တိုင်က စစ်ကို မလိုလားတာလား ? ၊ ကိုယ်တစ်ယောက်တည်းစစ်ကို လိုလားနေမယ်ဆိုရင် ဟစ်တလာ၊ ဆက်ဒမ်ဟူစိန်၊ အိုစမာဘင်လာဒင်တို့လို တစ်ချိန်ဖြစ်မှာဘဲ၊ ဒါပေမဲ့ တပ်ဖွဲ့ဝင်တွေ ပြည်သူလူထုတွေကတော့ အလူးအလဲ မြေစာပင်လိုခံစားကြရမှာကို ထည့်စဉ်းစားရမယ်။

အခုကာလမှာ ပိုအရေးကြီးတယ်၊ ကိုယ့်တပ်ဖွဲ့ဝင်တွေ၊ ကိုယ့်လူမျိုး ကိုယ့်ပြည်သူတွေရဲ့ စည်းလုံးမှု အင်အားကို အရေးတစ်ကြီး တည်ဆောက်ရမယ်၊ အစိုးရသစ်ဟာ စစ်တပ်လူအများစုဖြစ်နေပြီး ဘာကြောင့် အောင်မြင်မှုရ နေလဲ၊ ပြည်သူလူထုအကျိုးကို ဦးစားပေးပြီး စေတနာ ထားလို့ အောင်မြင်မှု ရနေတာကို သင်ခန်းစာယူ သင့်တယ်။

၁၉၉၀ ပြည့်နှစ်က စပေါ့ချောင်းလူသတ်ပွဲဆိုပြီး အခုထိ နံမည်ပျက်နေတုံးဘဲ၊ လုပ်တာကတော့ မူးယစ် ဆေးဝါး မသုံးစွဲရအောင်၊ မရောင်းဝယ်ရအောင် ဟန့်တားတာဘဲ၊ ဒါပေမဲ့ အပြစ်ပေးတာ နည်းလမ်းမကျတော့ လူသတ်ပွဲ ဖြစ်သွားတယ်။

အခုလဲ တိုက်ပွဲကနေရှောင်လွှဲပြီး အလင်းဝင်ဘို့ကြိုးစားတဲ့လူတွေကို သေဒဏ်စီရင်မယ်ဆိုရင် အမိန့်ချ ရင်တော့ လွယ်လွယ်လေးဘဲ၊ KIA အဖွဲ့ဝင်ဆိုတာနဲ့ တိုက်မယ်ခိုက်မယ် သတ်မယ်ဖြတ်မယ်ဆိုတဲ့ လူချည်း ဘဲ လို့ တစ်ဖက်သက်ထဲတွေးလို့မရဘူး၊ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးအတွက်တော့ မှန်တယ်၊ သူ့မိသားစု၊ သူ့ဘ၀၊ သူ့အနာဂတ်အတွက်ကိုလည်း စဉ်းစားပိုင်ခွင့်ရှိတယ်၊ လဂျားယန်တိုက်ပွဲမှာ အသက်ပေး သွားတဲ့သူရဲကောင်း တွေထဲမှာလည်း သေမိန့်ချပြီးသားလူတွေရဲ့ ဆွေမျိုးသားချင်းအရင်းအချာ တွေလည်းပါမှာဘဲ၊ သူတို့ရဲ့ မိဘ ဆွေမျိုးသားချင်းတွေဘက်ကရော ဘယ်လိုခံစားကြရမလဲ၊ ပြင်းပြင်းထန်ထန် အပြစ်ပေး လိုက်လို့ အားလုံးက ကြောက်လန့်သွားပြီး ငြိမ်သွားမယ်လို့ တစ်ထစ်ချတွက်လို့ မရဘူး၊ ခွေးကို ချောင်ပိတ်ရိုက်ရင် ဘာဖြစ်မလဲဆိုတာ လည်းစဉ်းစားရမယ်၊ KIA မှာ ဂျိန်းဖောကချင် တစ်မျိုးတည်းရှိတာလား၊ အခြား ရှမ်း၊ ရခိုင်၊ လီဆူး၊ ဇိုက်ဝါး တွေရော မပါဘူးလား၊ သူတို့ကရော ငြိမ်နေမှာလား…. ? KIA တပ်ဖွဲ့လုံးကို မပြောနဲ့ အခုဗဟိုကော်မတီ အယောက်(၃၀)ကျော်ကိုတောင် တစ်သွေး တစ်သံတစ်မိန့်လုပ်နိုင်ပြီလား … ? မင်းလဲသေနတ်ရှိတယ်၊ ငါလည်းသေနတ်ရှိတယ်ဆိုတဲ့ အတွေးမျိုးတွေဝင်လာရင် ဘယ်လိုထိန်းချုပ်ကြမှာလဲဆိုတာ ကော်မတီဝင်တွေ ၀ိုင်းဝန်းစဉ်းစား အကြံပေး ကြဖို့ လိုပါတယ်။

တစ်ပြည်နယ်လုံးမှာရှိတဲ့ ပြည်သူတွေသာမက ကိုယ့်တပ်ဖွဲ့ဝင်အများစုကပါ လိုလားနေတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းသင့်နေပါပြီ။ လက်ရှိအခြေအနေမှာ “ထာဝရ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပါယ်၊ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရအနက် မြန်မာစာလုံးပေါင်းသတ်ပုံက ဘယ်လို” ဆိုတာတွေ လုပ်နေရမယ့် အချိန်မဟုတ်တော့ဘူး၊ ဘယ်လိုအခွင့်အရေးမျိုးလိုချင်တယ်၊ ရမလား၊ မရရင် ဘယ်အခွင့်အရေး ပေးမှာလဲ၊ ကျေနပ်လား၊ မကျေနပ်ရင် ဘယ်လိုညှိမလဲ ဒီလိုတိကျခိုင်မြဲတိုးတက်မှုရှိတဲ့ ရလဒ်တွေ ဖြစ်ပေါ်လာ အောင် ၀ိုင်းဝန်းလ်ုပဆောင်ကြဖို့ လိုနေပါပြီ။

KIO ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး

Credit : Here

ကြံ့ဖွံ့ မတက်တဲ့ မန္တလေး အာဇာနည်နေ့ အစီအစဉ်


၁၃၀၀ ပြည့် အရေးတော်ပုံကြီး အတွင်း ရဟန်းရှင်လူ အာဇာနည် ၁၇ ဦး ကျဆုံးခြင်း နှစ်ပတ်လည်နေ့ အစီအစဉ်ကို မန္တလေး တမ္ပဝတီသူဌေးကုန်းရပ်၊ အာဇာနည်ဗိမာန်မှာ ဒီမနက်ကျင်းပပါတယ်။

၇၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ကို မန္တလေးမှာရှိတဲ့ နိုင်ငံရေး၊ လူမှုရေး အသင်း အားလုံးကိုဖိတ်ကြားခဲ့တဲ့အတွက် နိုင်ငံရေးပါတီ ၁၅ ခုက လွမ်းသူ့ ပန်းခွေများ ကိုင်ဆောင်ပြီး တက်ရောက်အလေးပြုခဲ့ ပါတယ်။

မန္တလေး အာဇာနည်နေ့ ပေါ်ပေါက်လာပုံ

ဗြိတိသျှကိုလိုနီခေတ် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အရှိန်မြင့် နေစဉ် ၁၉၃၉ ခု ဖေဖော်ဝါရီ ၁၀ ရက် (တပို့ တွဲလပြည့်ကျော် ၇ ရက်) မှာ ဒေသခံ တသိန်းကျော်ခန့်  ချီတက်ဆန္ဒပြခဲ့ပါတယ်။ ရဲလက်နက်ကိုင်များ ပစ်ခတ်နှိမ်နင်းတဲ့အတွက် သံဃာ ၇ ပါး၊ လူပုဂ္ဂိုလ် ၁၀ ဦး ကျဆုံးခဲ့ရပါတယ်။

ကျဆုးံခဲ့ ကြတဲ့သူတွေကို မြို့ လူထုက “နေမျိုးမဟာသီရသူရ”ဘွဲ့ အပ်နှင်း၊ ဗိုလ်ဘွဲ့ တပ်ပြီး တမ္ပဝတီသူဌေးကုန်းရပ်မှာ အာဇာနည်ဗိမာန်ဆောက်၊ ခေတ်အဆက်ဆက်ဂုဏ်ပြုခဲ့ ကြပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်ကြီးများရဲ့ အစိုးရ အဆက်ဆက် လက်ထက်မှာ ထိန်းသိမ်းစောင့် ရှောက်မှု ကင်းမဲ့ခဲ့တဲ့အတွက် မန္တလေးမြို့ အာဇာနည်ဗိမာန်က မြို လူထုကြားမှာပင်သိသူနည်းခဲ့ပါတယ်၊ ခြုံနွယ်ပိတ်ပေါင်းများနဲ့ ပြည့်နှက်ခဲ့ပါတယ်။

အခုတော့ အာဇာနည်ဗိမာန်ထိန်းသိမ်းစောင့် ရှောက်ရေး ယာယီ ကော်မတီကို ဖွဲ့ စည်းပြီး အရှည်သဖြင့် တည်တံ့ အောင် ထိန်းသိမ်းစောင့် ရှောက်သွားမယ်လို့ သိရပါတယ်။ ပြည်တွင်း ခရီးသွားတွေ မန္တလေးရောက်ရင် လေ့လာ လည်ပတ်ကြမယ့် နေရာတခု ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။

ဂါရ၀မပြုတဲ့ကြံ့ခိုင်ရေးပါတီ

ဒီနေ့ အထိမ်းအမှတ် အစီအစဉ်ကို ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တက်ရောက်ခဲ့ ခြင်းမရှိပါ။ အာဏာရပါတီ တက်ရောက်ဖို့ ပျက်ကွက်တဲ့ အကြောင်းရင်းက ဘာကြောင့်လဲ။ ပါတီကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ အာဏာရခဲ့စဉ် လျစ်လျူရှုခဲ့တဲ့ဒေသ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ အလေးထားတဲ့ ဒေသဖြစ်တဲ့အတွက် ရှောင်ရှားတာလည်း ဖြစ်နိုင်ပါ။ ဖိတ်စာ အချိန်မီ မရတဲ့အတွက်၊ သို့မဟုတ် လုံးဝ မရတဲ့အတွက်၊ သို့မဟုတ် တက်ရောက်ရေး မတက်ရောက်ရေး ဆုံးဖြတ်ချက် မချကြရသေးလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီနှစ် အစီအစဉ် မတက်ရောက်နိုင်ပေမယ့်လည်း ၂၀၁၅ ရွေးကောက်ပွဲ နီးရင်တော့ မပျက်မကွက် တက်ရောက်ဖွယ် ရှိပါတယ်။
 
အထိမ်းအမှတ် လက်ကမ်းစာစောင်ကို စိတ်ဝင်တစား ဖတ်ရှုနေသော အမျိုးသမီးကြီးတဦး


ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်း


ဒီမိုကရက်တစ်ပါတီ (မြန်မာ)


အမျိုးသားဒီမိုကရစီအဖွဲ့ ချုပ်


အာဇာနည်ဗိမာန်အထိမ်းအမှတ် ကျောက်စာများ၊ ဓာတ်ပုံများကို လေ့လာနေတဲ့ ပရိသတ် -







Credit : Here

လိုင်ဇာအနီးတွင် အစိုးရတပ် လှုပ်ရှားမှုများ ရှိနေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးသို့ အစိုးရ စစ်တပ်အင်အား ယခု ရက်ပိုင်းအတွင်း သွားလာ လှုပ်ရှားမှုများ ရှိနေကြောင်း KIO နှင့် ကျောင်းသားတပ်ဖွဲ့က ပြောသည်။

မတ်လ ၁ ရက်နေ့က မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာသို့ အစိုးရ စစ်ကား အစီး ၄၀ ကျော် တက်လာပြီး မတ်လ ၂ ရက်နေ့တွင် ဗန်းမော် ကားလမ်းဘက်မှ ဒေါ့ဖုန်းယန်မြို့နယ် သို့ စစ်ကားအစီး ၂၀ ကျော် တက်လာသည်ဟု ကျောင်းသား တပ်မတော် (မြောက်ပိုင်း) တာဝန်ခံ ဦးလဆိုင်း က ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ တွေ့ ဆုံ ဆွေးနွေးခဲ့ပြီး နောက် လိုင်ဇာအနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့သော်လည်း မြစ်ကြီးနား-လိုင်ဇာ လမ်းရှိ ဝိုင်းမော်မြို့နယ် အတွင်း ဤရက်ပိုင်းတွင် အစိုးရ စစ်တပ် လှုပ်ရှားမှုများ ရှိလာခြင်း ဖြစ်သည်။

“သူတို့ ဂန်ဒေါင်ယန်ကနေ ဒီဘက်မှာ အစိုးရ တပ်စခန်းတွေ အများကြီးရှိတယ်။ နာ့ဖော့ ဘက်မှာလည်း သူတို့ စခန်းတွေရှိတော့ အဲဒီကနေပြီး တခြားစခန်းတွေဘက် ရိက္ခာပို့တာတို့၊ လူပြောင်းတာတွေတော့ ရှိတယ်။ ခုချိန်က အဲဒီလို တပ်လှုပ်ရှားသွားလာတာ မလုပ်သင့်ဘူး။ ဒါပေမယ့် သူတို့က မသင့်တော်တာက သူတို့ အတွက် အရေးမကြီးဘူး၊ သူတို့အလုပ် အောင်မြင်ဖို့ပဲ ကြည့်တယ်” ဟု KIO စစ်ပြေးဒုက္ခသည်များ ကူညီရေးတာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

ဒေါ့ဖုန်းယန်ဘက်မှာလည်း အစိုးရစစ်တပ် အပြောင်းအလဲများ ရှိနေကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်၍ ချီဖွေ-ပန်ဝါဒေသဘက်တွင် အစိုးရ စစ်တပ်၊ နယ်ခြားစောင့် တပ်များနှင့် KIO တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် တနင်္ဂနွေနေ့ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရစစ်တပ်ဘက်မှ လက်နက်ဖြင့် ပစ်ခတ်မှုများ ကြိုးကြားကြိုးကြား ရှိသေးကြောင်း ဦးဒွဲပီဆား က လိုင်ဇာမြို့မှ မဇ္စျိမကို ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံတွင် KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံစဉ် စစ်ရှိန်လျော့ရန် သဘောတူညီခဲ့ကြသည်။

မတ်လ ဒုတိယအပတ်တွင်း ပြန်လည် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

လိုင်ဇာအနီးတဝိုက်ရှိ စစ်ပြေးဒုက္ခသည်များ ကူညီရန်အတွက် ကုလသမဂ္ဂက နေပြည်တော်မှ အစိုးရထံ တင်ပြထားကြောင်းကို KIO ထံ အကြောင်းကြားလာသည်ဟုလည်း ဦးဒွဲပီဆား က ပြောသည်။

“အထက် အစိုးရကို ခွင့်တောင်းထားတယ်။ တင်ပြထားတယ်ဆိုတော့ ဒီဒုက္ခသည် ကူညီဖို့ ခွင့်တောင်း ပြီးမှ ပေးမယ်ဆိုတော့ ကူညီမယ်ဆိုတော့ မျှော်လင့်ချက် မရှိဘူး” ဟု ဆိုသည်။

၂ နှစ်ခန့်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် တသိန်းကျော်ရှိခဲ့ပြီ ဖြစ်ပြီး ဖားကန့်မြို့ နယ်ရှိ စစ်ပြေးဒုက္ခသည်များအား ကုလသမဂ္ဂက ဖေဖော်ဝါရီလအတွင်း ပထမဆုံးအကြိမ် သွားရောက် ကူညီနိုင်ခဲ့သည်။

Credit : Here

NLD ညီလာခံကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီဖွဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုညီလာခံသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက် လာမည့် ကိုယ်စားလှယ်များကို မှန်ကန်ခြင်း ရှိ၊ မရှိစိစစ်ရန် ဗဟိုညီလာခံ စိစစ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ယင်းပါတီ၏ ဗဟိုကော်မတီဝင် ဦးစိုးဝင်းက The Voice Weekly သို့ ပြောကြားသည်၊။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များသည် မတ်လ ၇ရက်နေ့ နောက်ဆုံး ထားပြီး ကော်မတီသို့ အကြောင်း ကြားရမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုး က ပြောသည်။

ညီလာခံ ကျင်းပရေး စီမံချက်ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာလမှ စတင်ကာ ရပ်ကွက်။ကျေးရွာ အုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် ညီလာခံများကို အဆင့်ဆင့် ပြုလုပ် ရွေးကောက်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားလှယ် ၁၅၀၀ ခန့်ဖြင့် ပါတီဗဟိုညီလာခံကို မတ်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်။

“ကိုယ်စားလှယ်တွေ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကို မှန်မှန်ကန်ကန် ကိုယ်စားပြု၊ မပြုဆိုတာ စိစစ်ပြီးရင် IDကတ်( ညီလာခံ တက်ရောက်ခွင့်ကတ်) ထုတ်ပေးမယ်”ဟု ၎င်းက ဆိုသည်၊ ညီလာခံ ကိုယ်စားလှယ်များအနက်မှ ဗဟိုကော်မတီဝင်များကို မဲပေးရွေးချယ်မည်ဖြစ်ပြီး တစ်ဖန် ဗဟိုကော်မတီဝင်များက ပါတီဥက္ကဌကို ညှိနှိုင်းရွေးချယ်မည်ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်၊ မဲပေးရာတွင် ကိုယ်စားလှယ်များ အချင်းချင်း စွဲဆောင်ခြင်း၊ စည်းရုံးခြင်း မပြုဘဲ လွတ်လပ်စွာ မဲပေးရမည်ဟု ညီလာခံ ကိုယ်စားလှယ်များ လိုက်နာရမည့် စည်းကမ်းများကို ယင်းပါတီ၏ အတွင်းရေးမှူး ဦးညဏ်ဝင်းက ထုတ်ပြန်ထားသည်။

ဗဟိုညီလာခံ ကိုယ်စားလှယ် ရွေးချယ်ရေးအတွက် ပြည်နယ် ၊တိုင်းဒေသကြီးနှင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ ရွေးကောက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ညီလာခံ ကျင်းပရေး ကော်မတီများ ဘက်လိုက်မှု ရှိသည်ဟု ဆိုကာ ဆန္ဒဖော်ထုတ်မှုများ ပေါ်ပေါက်ခဲ့သည်၊

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့တွင် မှတ်ပုံတင်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလအထိ ပါတီဝင်အင်အား ၁၂သိန်းကျော် ရှိကြောင်း ယင်းပါတီက ထုတ်ပြန်ထားသည်၊

Credit : Here

ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာ ပြေလည်နိုင်မည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ပြောကြား

"Peace Building and Myanmar Transition" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဟောပြောပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား တွေ့ရစဉ်
ဥပဒေနှင့်အညီ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် ဗဟိုအစိုးရ၊ သက်ဆိုင်ရာ ဒေသနှင့် ဆင်းရဲသည့် ဒေသတို့အား အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာ ပြေလည်နိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည့် “Peace Building and Myanmar Transition” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ပညာ ရှင် ဟောပြောပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ကျွန်တော်တို့ နှစ်ပေါင်းခြောက်ဆယ်လောက် ဖြစ်ခဲ့တာ နာတာ ရှည် ရောဂါကို ဆေးမြီးတိုနဲ့ သွားကုလို့မရဘူး။ နာတာရှည် ရောဂါကို နာတာရှည်ဆေးနဲ့ပဲ ကုရမယ်။ တိုင်းရင်းသား တွေဘာလို့ ဒီလိုဖြစ်တာလည်း။ သူတို့ဖြစ်တယ်ဆိုတာ တန်းတူညီတူ အခွင့်အရေး မရလို့ပေါ့။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မရလို့ပေါ့။ အဲဒါကို ကျွန်တော်တို့က သူတို့ကို ပေးရမယ်။ သူတို့ကို ဒါတွေပေးမယ်ဆိုရင် အာဏာခွဲဝေတာတွေ သယံဇာတ ခွဲဝေတာတွေဆက်ပြီး စဉ်းစားရမယ်” ဟု ပြောကြားခဲ့သည်။

“အာဏာခွဲဝေမှုမှာ ကချင်ပြည်နယ်ကို ကချင်တွေ အုပ်ချုပ်ပေါ့၊ ရှမ်းပြည်နယ်ကို ရှမ်းတွေ အုပ်ချုပ်ပေါ့ဗျာ။ ခြွင်းချက်တော့ ရှိတာပေါ့။ ရှမ်းပြည်နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ် သို့သော်လည်း ဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ သူတို့ပြည်နယ်က ကျောက်စိမ်း ဆိုလို့ရှိရင် ကျွန်တော်တို့က ထိုက်သင့်တဲ့ အချိုးတစ်ခု ခွဲပေးရမှာပေါ့။ အဲဒါမှ သူတို့က ကြိုက်မှာပေါ့။ သယံဇာတ ခွဲဝေရာမှာ ကျွန်တော် အကြမ်းဖျင်း စဉ်းစားထားတာက အပုံသုံးပုံ ပုံလိုက်မှာပေါ့။ တစ်ပုံကတော့ သူ့ပြည်နယ် အတွင်းမှာ သူ့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ သုံးမယ်။ နောက်တစ်ပုံက ဗဟိုအစိုးရ၊ နောက်တစ်ပုံ ကျန်တာက သိပ်ဆင်းရဲတဲ့ ချင်းပြည်နယ်တို့ ဘာတို့ကို ခွဲပေးရမှာပေါ့။ ဒါကရှင်းရှင်းလေးပဲ ဒီကိစ္စတွေ အောင်မြင်ဖို့က ကျွန်တော် တစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံးဝိုင်းဝန်း လုပ်ဆောင်မှရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။

“Peace Building and Myanmar Transition” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ် ဆိုင်ရာ ဟောပြောပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်နေသူများ ဖြစ်သည့် Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး၊ ဒေါတ်တာကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦး၊ ဦးညိုအုန်းမြင့်နှင့် ဦးသီဟန်မျိုးညွန့်တို့မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များအား ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဒေါက်တာမင်းဇော်ဦးက “အဓိက ကတော့ အများပြည်သူကို ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နားလည်တာ၊ ကျွန်တော်တို့ဘက်က အမြင်တွေ၊ ကျွန်တော်တို့ သွားချင်တဲ့ဟာတွေကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးဖြစ်တာပါ။ နောက်ပိုင်းမှာလည်း ဒီလိုဆွေးနွေးပွဲတွေလုပ်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

Credit : Here

“ဒေါ်အောင်စုကြည်ထံသို့ အိတ်ဖွင့်ပေးစာ”

“ဗမာတိုင်းရင်းသားများအပေါ် လူ့အခွင့်ရေး ချိုးဖောက်သော ဒေါ်အောင်ဆန်းစုကြည် UN- USA- UK” (အမေသိစေဖို့ပါ။ အမေ့ကို ချစ်ပါတယ်။ အမေ့နားက လူတွေကို မချစ်ရဲပါ။ အမေ့ကို ယုံပါ တယ်။ အမေ့နားက လူတွေကို မယုံရဲပါ။ အမေပြတ် သားမှ ဖြစ်ပါ့မယ်။ အမေ ဖင်မနိုင်ဘဲ ပဲကြီးဟင်း မသောက်မိစေလိုပါ။ တိုင်းပြည် အမှောင်ထဲ မကျစေလိုပါ။ တိုင်းပြည်ချောက်ထဲ မကျစေလိုပါ။ လူတိုင်းကို အမေ့လို ထင်ပြီး အမေအရဲ မကိုးပါနှင့်။ အန္တရာယ်သိပ်ကြီးလို့ပါ။ ဒီစာကို ၅-၂-၂၀၁၃-ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရှောက်ပင်ခြံတရားပွဲမှာ ဒကာတစ်ဦးက ဆက်ကပ်လိုက်ခြင်းပါ။ မန္တလေးရောက်မှ ဖတ်ပါဘုရားလို့ လျှောက်ထားသွားပါသေးတယ်။ အသက်ငါးဆယ် ကျော်အရွယ် ပိန်ပိန်ပါးပါး ခပ်နွမ်းနွမ်းပုံရှိသည့် သာမန်ပြည်သူတစ်ဦးပါ။ သာမန်ပြည်သူ တစ်ဦးရဲ့ အမေ့အပေါ် သဘောထားကို ပြည်သူ့အသံ နားစွင့်လေ့ရှိတဲ့ အမေတစ်ယောက် သိစေဖို့ပါ။ အမေ သတိမူလို့ ဂူမြင်နိုင်ပါစေ)

ကျွန်တော်သည် ဤစာကိုရေးရန် လွန်ခဲ့သော (၄)လခန့်က အနဲဆုံးအကြိမ်(၅၀)ခန့် စဉ်းစားခဲ့သည်။ စဉ်းစားလိုက်တိုင်း ဗိုလ်ချုပ်အောင်ဆန်း၏ မျက်နှာကို မြင်ယောင်လာသဖြင့် မရေးတော့ပါ။ အဘယ့်ကြောင့်ဆိုသော် ရေးရမည့် အကြောင်းအရာမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဒေါ်အောင်ဆန်းစုကြည်သည် ဗမာပြည်၏ တစိတ်တဒေသ ဆုံးရှုံးစေရန် ထိုဒေသတွင် မူဆလင်နိုင်ငံတစ်ခုပေါ်ပေါက်ရန် အားပေးကူညီနေကြောင်း ရေးရမည် ဖြစ်သောကြောင့် ဖြစ်သည်။

ရခိုင်မြောက်ပိုင်းရှိဘင်္ဂါလီတစ်ဦး၏ အိမ်အကျယ်မှာ ၃၀-ပေ×၄၀-ပေ ဆိုပါစို့။ ဘင်္ဂါလီ(၁)သန်းအတွက် ထိုအိမ်မျိုး (၁)သန်းအတွက် ထိုအိမ်မျိုး (၁)သိန်း နှစ်သောင်းခန့်ရှိသည်။ ဘင်္ဂါလီ(၁)သန်းပိုင်သောအိမ် ခြံလယ်ယာ ငါးမွေးကန် ပုဇွန်မွေးကန် အားလုံး၏ အကျယ်မှာမြေဧက (၂)သိန်းကျော်ကျယ်သည်။ ထိုမြေနေရာကိုရခိုင်ဖြစ်စေ၊ ဗမာဖြစ်စေ စည်ပင်သာယာရေး ဝန်ထမ်း ဖြစ်စေဘင်္ဂါလီကခွင့်ပြုမှ ဝင်ခွင့် ရှိသည်။ ခွင့်မပြုလျှင် မည်သို့ပြောမည်နည်း။

ဗဟုသုတမရှိသူက ထိုမြေများကို ဗမာအစိုးရ၏ ရဲစစ်တပ်က အချိန်မရွေး သိမ်းနိုင်သည်-ဟု ယူဆမည်။ ထိုယူဆချက်မှားသည်။ ဗမာအစိုးရ၏ ရဲစစ်တပ်သည် ဘင်္ဂါလီများ၏ ရွာလယ် ငါးမွေးကန် ပုဇွန်မွေးကန်ကို နှင်ထုတ်လျှင် HOLLAND-နိုင်ငံTHE HAGUE-မြို့ရှိ နိုင်ငံတကာရာဇဝတ်တရားရုံး ICJ-တွင် အရပ်သူအရပ်သားများ အပေါ်ရာဇဝတ်မှု ကျူးလွန်သည်ဟုတရားစွဲ၍ ဗမာအစိုးရခေါင်းဆောင်များကို သေနှင်ဒဏ်ပေးမည်ဟု UN USA UK-က သတိပေးအကျပ်ကိုင်သည်။

2012-ခုနှစ်တွင် ဥရောပတိုက်ရှိဆားဗီးယားနိုင်ငံဗိုလ်ချုပ်ကြီးတစ်ဦး (မူဆလင် ၂၀၀၀-ကို သတ်သူ) ကွန်ဂို နိုင်ငံမှ ဗိုလ်ချုပ်တစ်ဦး၊ အိုင်ဗရီကို့စ်နိုင်ငံမှ ဗိုလ်ချုပ်ကြီးတစ်ဦးတို့သည် စစ်ပွဲများတွင် အရပ်သားများကို သတ်မှုဖြင့် ICJ-တရားရုံးတွင် အမှုရင်ဆိုင်ပြီး အဖမ်းခံရသည်။

ဗမာနိုင်ငံသည် ဗမာတိုင်းရင်းသားများ စုပေါင်းနေထိုင်သော အိမ်ကြီးတလုံးဖြစ်သည်။ ထိုအိမ်တွင် ဗမာတိုင်းရင်းသားများသည် မိမိမိသားစုဝင်များသာ နေထိုင်ခွင့်ပေးပြီး မိမိမသိရှိသော မဖိတ်ခေါ်သော အကျင့်စာရိတ္တ ဆိုးဝါးပုံရသော လူစိမ်းကို မိမိနေအိမ်အတွင်း နေထိုင်ခွင့် မပေးဘဲနေအိမ်မှ မောင်းထုတ်ရန် ဗမာတိုင်းရင်းသားများ၌ လူ့အခွင့်အရေးရှိသည်။ ထိုဗမာတိုင်းရင်းသားများ၏ လူ့အခွင့်အရေးကို UN USA UK-က ချိုးဖောက်၍ လူစိမ်းဖြစ်သော ဘင်္ဂါလီများကို ဗမာတိုင်းရင်းသား တို့၏ နေအိမ် အတွင်းနေခွင့်ပေးရမည်ဟု HOLLAND-နိုင်ငံရှိ ICJ-တရားရုံးဖြင့် ခြိမ်းခြောက်၍ ဗမာအစိုးရကို အကျပ်ကိုင်သည်။

2012-ခုနှစ် နိုဝင်ဘာလတွင် USA-သမ္မတအိုဘားမားသည် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောရာ တွင် ရိုဟင်ဂျာလူမျိုးများသည် ဗမာပြည်တွင်း၌ နေထိုင်ခွင့်ရှိသည်ဟုပြောသည်။

UN-အတွင်းရေးမှူး UN-ကိုယ်စားလှယ် ကွင်တားနားUSA-သမ္မတအိုဘားမားဒေါ်အောင်ဆန်းစုကြည် တို့၏ နေအိမ်အတွင်း၌ မိမိမသိရှိသော မဖိတ်ခေါ်သော အကျင့်စာရိတ္တ ဆိုးရွားပုံရသော လူစိမ်းသုံးဦးကို မိမိနေအိမ်အတွင်း အတင်းအကျပ် နေထိုင်ခွင့်ပေးရမည်ဟု အကျပ်ကိုင်ခြင်း၊ ခိုင်းစေခြင်းခံရလျှင် UN-အတွင်းရေးမှူး၊ UN-ကိုယ်စားလှယ် ကွင်တားနား၊ USA-သမ္မတအိုဘားမား၊ ဒေါ်အောင်ဆန်းစုကြည် တို့သည် မည်သို့ခံစားရမည်နည်း။ လူ့အခွင့်အရေး ချိုးဖောက်ခံရသည်ဟု ခံစားရမည် ဖြစ်သည်။

ဤသို့ဆိုလျှင် UN-အတွင်းရေးမှူး၊ UN-ကိုယ်စားလှယ် ကွင်တားနား၊ USA-သမ္မတ အိုဘားမား၊ ဒေါ်အောင်ဆန်းစုကြည်သည် အဘယ့်ကြောင့် ကိုယ်ချင်းမစာနာဘဲ၊ ဗမာတိုင်းရင်းသားများက မိမိနေအိမ်အတွင်း လူစိမ်းကို နေခွင့်ပေးရမည်ဟု ICJ တရားရုံးဖြင့် အကျပ်ကိုင်ပါသနည်း။

၁၈ ရက် စတင်ဘာလ၊ 2012-ခုနှစ် USA-နိုင်ငံတွင် VOA-ဝန်ထမ်း ဦးကျော်ဇံသာနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခန်း၌ ဦးကျော်ဇံသာက “ဘင်္ဂါလီ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ယခု အချိန်ထိအဘယ်ကြောင့် ဝေဖန်ပြောဆိုခြင်း မပြုလုပ်ပါ သနည်း”ဟု မေးရာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မကွင်တားနားနဲ့ တွေ့တယ်။ တူရကီ နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့တယ်။ လူ့ခွင့်ရေးအရမ်းအရေးကြီးတယ် ပြောတယ်။ လူမျိုးတစ်ခုနဲ့ တစ်ခုပဋိပက္ခ ပိုကြီးမှာ စိုးလို့ကို ကျွန်မမပြောတာပါ။”ဟု ပြောသည်။ 24.9.2012-နေ့ထုတ် Messenger-ဂျာနယ်စာမျက်နှာ H-တွင်ဖော်ပြသည်။

သူမ၏အထက်ပါ စကားအရ သူမသည် သူမ၏နေအိမ်တွင် UN-ကိုယ်စားလှယ် ကွင်တားနားနှင့် နှစ်ဦး တည်း တွေ့စုံရာတွင် ဘင်္ဂါလီများကို လူ့အခွင့်အရေး ရရှိစေရန် သဘောတူညီမှု ရရှိခဲ့သည်။ သူမက “တိုင်းပြည်ခေါင်း ဆောင်သည် ပြည်သူ့ပေါ် ပွင့်လင်းမြင်သာမှု ရှိရမည်”ဟု အကြိမ်များစွာပြောသည်။ ထိုပွင့်လင်းမြင်သာမှုအရ ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်တားနား ရရှိခဲ့သော ဘင်္ဂါလီများကို လူ့အခွင့်ရေးပေးရန် ဘဘောတူညီချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူထံ အဘယ့်ကြောင့် မကြေညာပါသနည်း။ ကင်တားနားအဆိုအရ လူ့အခွင့်အရေးဆိုသည်မှာ နိုင်ငံသားဖြစ်ခွင့် ရခြင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ရခြင်းလွတ်လပ်စွာ လက်ထပ်ခွင့် ရခြင်းဖြစ်သည်။ ဗမာတိုင်းရင်းသား (၆၀)သန်းကျော်အနက် ဘင်္ဂါလီများကို လူ့အခွင့်အရေးပေးရန် သဘောတူညီ သူမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာရှိသည်။ အလွန်ထူးဆန်းသည်။

18-9-2012-နေ့ ဒေါ်အောင်ဆန်းစုကြည်၏ VOA-တွေ့ဆုံခန်းအရ သူမ၏နေအိမ်တွင် တူရကီနိုင်ငံခြားရေး ဝန်ကြီးနှင့် (၂)ဦးတည်းတွေ့ဆုံရာတွင် ဘင်္ဂါလီများအားလူ့အခွင့်အရေးပေးရန် သဘောတူညီမှု ရရှိခဲ့သည်။ ကင်တားနား တူရကီနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ သူမ၏ နေအိမ်တွင် (၃)ပွင့်ဆိုင် ရယူခဲ့သော ဘင်္ဂါလီများကို လူ့အခွင့်အရေးပေးရန် သဘောတူညီချက်သည် ဒေါ်အောင်ဆန်းစုကြည်က ဗမာပြည်သူများအပေါ် သစ္စာဖောက်ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ် ဂျာမန်စစ်သား (၃)သိန်းငါးသောင်းသည် USSR-နိုင်ငံအနောက်ခြမ်းကို တိုက်ခိုက် သိမ်းပိုက် သောအခါ USSR-ပြည်သူများသည် မိမိနေအိမ်များ ဖျက်ဆီးခြင်း ရေတွင်းရေကန်များ ဖျက်ခြင်း သီးနှံစိုက်ခင်းများ ဖျက်ခြင်းများ ပြုလုပ်၍ ဆုတ်ခွာသည်။ USSR-ပြည်သူများသည် မိမိနိုင်ငံကို သိမ်းရန်ရောက်လာသော ဂျာမန်(၃)သိန်းငါးသောင်းကို လူသားများဖြစ်သည်ဟု ယူဆ၍ လူ့အခွင့်အရေး မပေးလျှင် ဗမာတိုင်းရင်းသားများသည် မိမိနိုင်ငံကိုသိမ်းရန်ရောက်လာသောဘင်္ဂါလီ (၁)သန်းကို အဘယ့်ကြောင့် လူ့အခွင့်အရေးပေးရမည်နည်း။

22-စက်တင်ဘာလ-2012-ခုနှစ် USA-နိုင်ငံ NEW YORK-မြို့မှ ဗမာများနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံစဉ် သူမက “ရခိုင်ဘင်္ဂါလီကိစ္စကို ယခုထိ မပြောခြင်းမှာ ရခိုင်ဖြစ်စေ ဘင်္ဂါလီဖြစ်စေ မနစ်နာစေရန် မပြောခြင်း ဖြစ်သည်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုရှိလျှင် ကျမကအပြင်းအထန် ကန့်ကွက်သည်”ဟု ပြောကြားကြောင်း DVB-က ထုတ်လွှင့်သည်။

ဗမာတိုင်းရင်းသားများ၏ နေအိမ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်သော လူစိမ်းကို ဗမာတိုင်းရင်း သားများ နေအိမ်တွင်းမှ မောင်းထုတ်ရန် ဗမာတိုင်းရင်းသားများ၌ လူ့အခွင့်အရေးရှိသည်။ ထိုဗမာတိုင်းရင်းသား များလူ့အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်က ချိုးဖျက်၍ ဘင်္ဂါလီများ ကိုလူ့အခွင့်အရေး (နိုင်ငံသားဖြစ်ခွင့် လွတ်လပ် စွာခရီးသွားခွင့် လွတ်လပ်စွာလက်ထပ်ခွင့်)ပေး ရန် ဒေါ်အောင်ဆန်းစုကြည်က USA-၌ ပြောဆိုပါသနည်း။

မိမိအမေနှင့် ဓားပြ ရန်ဖြစ်လျှင် ဘယ်သူ့ကိုကူညီရမလဲဆိုတာ စာမတတ်သော ဆယ်နှစ်ကလေးတောင် သိလျှင်နိုင်ငံခြားမှ ဆုတံဆိပ်နှစ်ခု ရထားသော ဒေါ်အောင်ဆန်းစုကြည်က မသိပါသနည်း။ NEW YORK-မြို့ တွေ့ဆုံပွဲတွင် ရခိုင်ရောဘင်္ဂါလီပါ မနစ်နာစေရန် ဘာမျှမပြောတာပါ-ဟု ဒေါ်အောင်ဆန်း စုကြည်က အဘယ့်ကြောင့် ပြောသနည်း စာမတတ်သော ဆယ်နှစ်ကလေးလောက် ဒေါ်အောင်ဆန်း စုကြည်သည် မိခင်နှင့်ဓားပြကို မခွဲခြားတတ်ပါ သလား။

2012-ဂျွန်လ တောင်ကုတ်မြို့တွင် ကုလားဆယ်ဦး အသတ်ခံရသောအခါ ဒေါ်အောင်ဆန်းစုကြည်က “အင်းအားကြီးသူက အင်းအားငယ်သူကို ဂရုဏာထားရမယ်၊ အကြင်နာထားရမယ်”ဟု ဆိုသည်။ သီတာထွေးကို သတ်သောကုလား တောင်ကုတ်မြို့တွင် အသတ်ခံရသော ကုလားဆယ်ဦး၊ ဗမာပြည်တစ်ပြည်လုံးရှိ ကုလားအားလုံး စိတ်ဓာတ်မှာ အတူတူပင်ဖြစ်သည်။ လူမျိုးချင်းမတူ ဘာသာခြင်းမတူ မတူသဖြင့် ဗမာပြည်ပေါ်ကောင်းသောစိတ်၊ တစ်ရာခိုင်နှုန်းမရှိ။ ရခိုင်မြောက်ပိုင်းရှိ ဘင်္ဂါလီများသည် တိုင်းဒေသတွင် မူဆလင်နိုင်ငံထူထောင်လျှင် ဗမာတစ်ပြည်လုံးရှိ ကုလားများက ဝမ်းသာအားရ အသက်စွန့်ကူညီ လိုသည်။ ထိုကုလားများကို သူမက “ကရုဏာထားရမည်။ အကြင်နာထားရမည်။ ”ဟု ဆိုခြင်းမှာ အံ့သြဖို့ကောင်းပါသည်။

သီတာထွေး ကိစ္စကိုတော့ အင်အားကြီးသူ ကုလားသုံးယောက်က အင်အားနည်းတဲ့ သီတာထွေးကို ဂရုဏာထားရမည်။ အကြင်နာထားရမည်။ ဟုဒေါ်အောင်ဆန်းစုကြည်ကဘာကြောင့်မပြောသနည်း။

ရခိုင်များ နေအိမ်အတွင်း မိမိမသိသော လူစိမ်းကို အတင်းအကျပ်နေထိုင်ခွင့် ပေးရမည်-ဟု ICJ-တရားရုံးဖြင့် ခြိမ်းခြောက်ရန် UN USA UK‑က အကျပ်ကိုင်သောအခါ ဒေါ်အောင်ဆန်းစုကြည်က ဗမာတိုင်းရင်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရကြောင်း မအော်ပါ။

ကုလားများ လူ့အခွင့်အရေး ချိုဖောက်ခံရကြောင်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က တစ်ကမ္ဘာလုံး ကြားအောင် USA-နိုင်ငံတွင် ကျယ်လောင်စွာအော်သည်။

ဗမာပြည်တစ်စိတ်တစ်ဒေသကို သိမ်းရန်ကြိုးစားနေသော ဘင်္ဂါလီများကို ဗမာအစိုးရက လူ့အခွင့်အရေး ပေးရမည်ဟု UN USA UK-ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခြင်း ဘင်္ဂါလီများအတွက် လယ်ယာငါးပုဇွန် မွေးကန်အတွက် မြေနေရာပေးရမည်-ဟု တောင်းဆိုခြင်းသည် ဒေါ်အောင်ဆန်းစုကြည် UN USA UK-က ဗမာပြည်သူ များအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အောက်ပါမေးခွန်း (၄)ခုမေးလိုပါသည်။

၁။ ရခိုင်မြောက်ပိုင်းမှ ဘင်္ဂါလီများကို ဗမာနိုင်ငံသား ဖြစ်ခွင့်ပေးသင့်သလား၊ မပေးသင့်သလား
၂။ ထိုဘင်္ဂါလီများကိုဗမာပြည်တွင် ထားသင့်သလား မောင်းထုတ်သင့်သလား
၃။ ဘင်္ဂါလီများကို လူ့အခွင့်အရေး ပေးသင့်သလား မပေးသင့်သလား
၎။ ဘင်္ဂါလီများသည် ဗမာပြည်၏ ရန်သူလားမိတ်ဆွေလား

ထိုမေးခွန်းများကို ဒေါ်အောင်ဆန်းစုကြည်သည် အဓိပ္ပါယ်(၂)ခု ထွက်သော စကားလုံး၊ အဓိပ္ပါယ်(၅)ခု ထွက်သော စကားလုံး၊ ဝေ့လည်ကြောင်ပတ် စကားလုံးများဖြင့် ဖြေဆိုခြင်းမပြုဘဲ ရိုးသားစွာဖြေစေ လိုသည်။

သမ္မတဦးသိန်းစိန်သည် အဓိပ္ပါယ် တစ်ခုသာထွက်သော စကားကို UN-အား 12-Junly- 2012-နေ့ တွင် အောက်ပါအတိုင်းပြောသည်။ “တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသော ရိုဟင်ဂျာများကို ဗမာပြည် အတွင်း လက်မခံပါ။ လက်ခံမည့် နိုင်ငံရှိလျှင် ပို့ပေးမည်။”

ဘင်္ဂါလီများနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်၏ စကားနှင့် ပြည်သူကဆန့်ကျင်သော ဦးသိန်းစိန်၏ စကားသည် 100%ရာခိုင်နှုန်း ဆန့်ကျင်နေသည်ကို ထူးဆန်းစွာ တွေ့ရသည်။ နက်ရှိုင်းစွာ ဆန့်ကျင်နေသည်ကို တွေ့ရသည်။ ထူးဆန်းသော ဗမာသမိုင်းအရ မင်းတုန်းမင်းကြီးနှင့် ဆွေမျိုးတော်သော ဦးနေဝင်း၏ ဇနီးဖြစ်သော ဒေါ်ရတနာနတ်မယ်သည် နိုင်ငံခြားတိုင်းပြည် တစ်ခု၏ သူလျှိုဖြစ်နေသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဒေါ်အောင်ဆန်းစုကြည်သည် ဗမာပြည်၏ တစ်စိတ်တဒေသ ဆုံးရှုံးစေရန် ထိုဒေသတွင် မူဆလင်နိုင်ငံတစ်ခု ပေါ်ပေါက်ရန် အာပေးကူညီနေသည်။

ထို့ကြောင့် နိုင်ငံခြားမှ နောက်တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်အား ဆုပေးလျှင် နိုဘယ်ဆုထက် (၁၀)ဆမြင့်မြတ်သော မဟာတမန်တော် မိုဟာမက်ဆုကို UN USA‑ဆော်ဒီအာရေဗျ နိုင်ငံ တို့ကပူးတွဲ ပေးသင့်သည်။ ဆုကြေးငွေမှာ USA တစ်ဘီလီယံပေးရမည်။ အဘယ့်ကြောင့် ဆိုသော် ရခိုင်မြောက်ပိုင်းဒေသ၏ တန်ဖိုး ရခိုင်မြောက်ပိုင်း ပင်လယ်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် တန်ဖိုးမှာUSAဘီလီယံများစွာ တန်ဖိုးရှိသောကြောင့် ဖြစ်သည်။

သူမကိုအောက်ပါဘွဲ့ထူးဂုဏ် ထူးနာမည်ဖြင့် ဗမာပြည်သူ(၆၀)သန်းက ခေါ်ဆိုရမည်။

BURMA-မှ MYANMAR-နာမည်ပြောင်းခြင်းနှင့် ပတ်သက်၍ သူမက “နာမည်က တိုင်းပြည်ကို မပြောင်းလဲနိုင်ပါ တိုင်းပြည်ကသာ နာမည်ကို ပြောင်းလဲနိုင်သည်”ဟု ဆိုသည်။ ထိုသို့ ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီများပေါ် ထားရှိသော စေတနာအရ ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်ဘင်္ဂါလီစုကြည်-ဟု အမည်ပြောင်းလျှင် 786-ဒေါ်အောင်ဆန်းစုကြည်သည် တရားမျှတစွာ ခံယူပါမည်လား။

786-ဒေါ်ဘင်္ဂါလီစုကြည်သည် ဝန်ထမ်းမဟုတ်သော်လည်း ပြည်သူ့ခေါင်းဆောင် တိုင်းပြည် ၏ ခေါင်းဆောင် ဖြစ်သည်။

ကမ္ဘာ့င်ငံ(၂၀၀)အနက် မိမိတိုင်းပြည်ပေါ် အန္တရယ်ကျရောက်လျှင် တိုင်းပြည်ကို ကာကွယ်မည့်စကားကို နိုင်ငံ့ခေါင်းဆောင် အားလုံးက ပြောကြသည်။ 786-ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကသာ “ဗမာပြည်၏ တစ်စိတ်တစ်ဒေသ ဆုံးရှုံးမည့် အန္တရာယ်မှ ကာကွယ်ရန် ရခိုင်မြောက်ပိုင်းမှ ဘင်္ဂါလီများကိစ္စ မပြောနိုင်ပါ”ဟု 2012 October USA-နိုင်ငံမှ အပြန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

2013- နှစ်ဆန်းတနင်္လာရီတိုင်းသို့ ဒေါ်ဘင်္ဂါလီစုကြည် သွားရောက်စဉ် “သမ္မတဖြစ်ချင် တယ်”ဟု ဒေါ်ဘင်္ဂါလီ စုကြည်က ပြောပြန်သည်။

တိုင်းပြည်ကို ကာကွယ်မည့် စကားတခွန်းမျှ မပြောနိုင်ပါ-ဟုဆိုသူ ဒေါ်ဘင်္ဂါလီစုကြည်က “သမ္မတ လုပ်ချင်တယ်”ဟု ပြောဆိုခြင်းသည် အောက်တန်းကျသည်။

ဒေါ်ဘင်္ဂါလီစုကြည်သည် အောက်တန်းကျသည်ကို မိမိကိုယ်မိမိ သိရှိပါသလား။

ဗမာလူမျိုးတစ်ဦး
5thFEBUARy 2013

Credit : Here

ဆက်သွယ်ရေး အရာရှိ တချို့ ပြန်လွှတ်ပေးပြီ

ပြီးခဲ့သည့်ဇန်န၀ါရီလ ၁၇ ရက်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ်၊ အရာရှိ များအပါအ၀င် အဆင့်မြင့် အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်းက ၇ ဦးကို တရားသေပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ သတင်းအချက် အလက်နှင့် နည်းပညာ ဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက“ သူတို့ အကုန်လုံး ပုံမှန်ပြန် အလုပ်လုပ်နေကြပါပြီ၊ တရားခွင် မဝင်ရသေးဘဲ ပြန်လွှတ်လိုက်တာ ဟုတ်မဟုတ် မသိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နေပြည်တော် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန မှ တာဝန်ရှိသူ တချို့ထံသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။ ဆက်သွယ်ရေးအရာရှိများကို မိုဘိုင်းဖုန်းဆင်းကဒ်များ၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ ချထားပေးခဲ့ ရာတွင် ဌာနတွင်း အကျင့် ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့မှုရှိမရှိ စစ်ဆေးခဲ့ ခြင်းဖြစ် ကြာင်း သိရသည်။

Credit : Here

အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် ငွေကျပ် ၃၅ ဘီလီယံ ထုတ်ချေးရန် စီစဉ်

ပြည်တွင်းရှိ အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် တစ်နှစ်လျှင် အတိုး ၈ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ချေးငွေကျပ် ၃၅ ဘီလီယံ ထုတ်ချေး သွားရန် စီစဉ်လျက် ရှိကြောင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဘဏ် မှ သိရှိရသည်။

အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဘဏ် သည် မြန်မာ စီးပွားရေးဘဏ်မှ တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ချေးယူကာ အပေါင်ပေး စနစ်ဖြင့် တစ်ဆင့်ခံ ပြန်လည် ထုတ်ချေးခြင်း ဖြစ်သည်။ ဘဏ်သည် ၀ ဒသမ ၂၅ ရာခိုင်နှုန်းသာ အတိုးယူ ထားပြီး ငွေချေးမည့် သူသည် မြေ ၊ အဆောက်အအုံ ၊ ပစ္စည်း အပေါင် ထားရမည် ဖြစ်ပြီး တင်ပြ လာသည့် အပေါင် ပစ္စည်း တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ကို တွက်ချက်ကာ ထုတ်ချေးမည် ဖြစ်သည်။ မြန်မာ နိုင်ငံတွင် အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်းပေါင်း ၁၂၆၂၃၇ ခု ရှိကြောင်း သိရှိရသည်။

Credit : Here

ဖက်ဒရယ် ပြည်ထောင်စု သဘောတရားဆိုတာ ဘာလဲ

ဖက်ဒရယ်ဆိုတာ သဘောတူညီသည့် စာချု့ပ် လို့အဓိပ္ပါယ်ရပါတယ်။ ဖက်ဒရယ်စနစ်မှာ လက်တင်ဘာသာစကား ‘foedus’ မှဆင်းသက် လာပြီး သဘောတူညီမှု “covenant” လို့ အဓိပ္ပါယ် ထွက်ပါတယ်။ နှစ်ဦး နှစ်ဖက် သဘောတူညီမှုနဲ့ အပြန်အလှန် လေးစား အသိအမှတ်ပြုမှုကို အခြေ ခံလို့ နိုင်ငံတခုကို အတူတကွ ပူးပေါင်း တည်ဆောက်ကြတာပဲ ဖြစ်ပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ တဦးတဖွဲ့ချင်း အသိအမှတ်ပြုခြင်းနဲ့ ခွဲခြားလို့ မရဘဲ တစည်း တလုံးတည်း တန်းတူရည်တူ ဖြစ်မှုဟာ တပြိုင်နက်တည်း တည်ရှိနေပါတယ်။(Individual indentity and Integrity) အတူတကွ ပူးပေါင်းပါဝင် တည်ဆောက်နေကြသူအားလုံးက ငါတို့ အတူ တကွ ပူးပေါင်းနေထိုင်ကြစို့ ပါလို့ အားလုံးက မိမိတို့ရဲ့ ဆန္ဒသဘောထားကို အလိုအလျှောက် ဖော် ထုတ်ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဆန္ဒ (good will) ကို အလိုအလျှောက်ကိုယ့်သဘောနဲ့ကိုယ် (voluntarily) ပါဝင်ဆောင်ရွက် သဘောတူညီကြရ ပါတယ်။ ဒီဥပဒေရေးရာ ၀ိညာဉ်ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ သဘောထား (concept) ကျမှ လက်တွေ့လုပ်လို့ရပါတယ်။

ဒီစနစ်ဟာ နိုင်ငံတနိုင်ငံမှာ မတူကွဲပြားနေတဲ့ လူမျိုးများ၊ ပြည်နယ်များ၊ အုပ်စုများ က အတူတကွ စုစည်းလို့ အချုပ်အခြာအာဏာကို ခွဲဝေအုပ်ချုပ်တဲ့ အယူအဆတရပ်လည်း ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ တနိုင်ငံလုံးနှင့် သက်ဆိုင်တဲ့ အဖွဲ့ဝင် ပြည်နယ် များနဲ့ ဖွဲ့စည်းထားတဲ့ ဗဟို ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရ အဖြစ်ဖွဲ့စည်းထူထောင် ထားကြ ပါတယ်။

သက်ဆိုင်ရာ အစိုးရ အသီးသီးတိုင်းဟာ အချုပ်အခြာအာဏာကို အားလုံးရဲ့ သဘောတူညီမှုများနဲ့ ခွဲဝေအပ်နှင်းထားတဲ့အတိုင်း အပြည့်အ၀ ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။ အဖွဲ့ဝင် ပြည်နယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရာ မှာ ဘယ်သူကမျှ လွှမ်းမိုးမှုမရှိစေရဘဲ ဆောင်ရွက်ရမယ့်မူကို အဓိက ဖော်ဆောင်ကြရ ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံသေ တသမတ်တည်းမယူဆရဘဲ၊ အချင်းချင်း အပေးအယူ၊အလျော့အတင်းများရှိကြပါတယ်။ အရေးကိစ္စရပ်တိုင်းကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း စဉ်းစားညှိနှိုင်း ဆွေးနွေးကြရပါတယ်။ အဖွဲ့ဝင် များရဲ့သဘော တူညီချက်နဲ့သာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း အုပ်ချုပ်ကြရပါတယ်။ အဖွဲ့ဝင်ပြည်နယ် များအတွင်း စုစည်းညီညွတ်မှုဟာ စစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုတွေကို အခြေခံရပါတယ်။

ဖယ်ဒရယ် ပြည်ထောင်စု စနစ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-Rule) နဲ့ မျှဝေ အုပ်ချုပ်ခြင်း (Shared-Rule) တို့ပဲဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်နယ်များအချင်းချင်း စိတ်တူကိုယ်တူ သဘောတူလက်ခံတဲ့ ဘုံသဘောတူညီတဲ့ စိတ်ဓါတ်တူညီမှု ရှိရေးဟာ အဓိကကျပါတယ်။ သဘော တရားညီညွတ်မှ အလုပ်ညီညွတ်ပါမယ်။ အတွေးအခေါ်ရှိရှိ လက်တွေ့ အကောင် အထည်ဖော်ဆောင်နိုင်ပါမယ်။ ဒီနေရာမှာ အမျိုးသားအသီးသီး တန်းတူညီမျှဖို့၊ စည်းလုံးညီညွတ်ဖို့ နှဲ့ အတူတကွ တိုးတက်ကြီးပွားဖို့ မူကို အခိုင်အမာ လိုက်နာရပါလိမ့်မယ်။ လူမျိုးတိုင်းရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အခွင့်အရေးကို နိုင်ငံတော်က အပြည့်အ၀ အလေးထားကာ အာမခံပေးနိုင်ရပါမယ်။

နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းရပ် တစုံလုံးကို အလုပ်အကျွေးပြုရေးအတွက် ကိုယ့်ဒူးကိုယ်ချွန် အဆင်းရဲအပင်ပန်းခံ လုံးပမ်းတဲ့စိတ်ဓါတ်ထားကာ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအရ စီးပွားရေးနဲ့ ယဉ်ကျေးမှုကို မြှင့်မားလာဖို့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီ မြင့်မြင့်မားမားရှိတဲ့ နိုင်ငံအဖြစ်ထူတောင်နိုင်ဖို့ အရေးကြီးတဲ့ နိုင်ငံရေး စနစ်တရပ်လည်း ဖြစ်တယ်ဆိုတာကို နုလုံးသွင်းကြရပါမယ်။ ဖယ်ဒရယ် ပြည်ထောင်စုစနစ် ဆိုတာ ပြည်နယ်များစုပေါင်းထားတဲ့စနစ်ဖြစ်လို့ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုပါလီမန်၊ ပြည်ထောင်စုတ ရားရုံးတို့နဲ့ ပြည်ထောင်စု အဆင့်မှာ ဖွဲ့စည်းထားသလို ပြည်နယ်များ အတွက်လဲ ပြည်နယ် အစိုးရ၊ ပြည်နယ်ပါလီမန်၊ ပြည်နယ်တရားရုံးတို့နဲ့ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းထားကြ တာ ဇြစ်ပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုရဲ့ သဘောတရားကိုယ်၌က မိမိတို့ရဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ မိမိတို့ကိုယ်စား ဘုံလုပ်ငန်းအကျိုးစီးပွားကို အကောင်အထည် ဖော်ဆောင်မယ့်သူကို လွှဲအပ် လုပ်ဆောင်စေတာဖြစ် ပါတယ်။ ဒီလို နိုင်ငံရေးစနစ်တရပ်ကို ကျင့်သုံးခြင်းဟာ ပြည်သူ့အုပ်ချုပ်ရေး ဆိုတဲ့ ဒီမိုကရေစီကို ပိုမိုအားကောင်းလာစေပါတယ်။ ဒီမိုကရေစီ ရှိရှိ ပြည်ထောင်စု စစ်စစ် နိုင်ငံတော်ကို ထူထောင်နိုင်ပါမယ်။

နိုင်ငံရဲ့ နိုင်ငံရေးစနစ်တရပ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ချမှတ်ကျင့်သုံးရာမှာ အရေးကြီးတဲ့ အခြေခံမူ ၃ ချက်ကို လိုက်နာကျင့် သုံးကြပါတယ်။

(က) လွတ်လပ်မှု

လူတိုင်း လွတ်လွတ်လပ်လပ် ပါဝင်လာနိုင်စေဖို့ လွတ်လပ်မှုကို ကျယ်ပြန့်အောင် လုပ်ဆောင်ပေးရ ပါတယ်။လွတ်လပ်မှုကို ကျင့်သုံးတဲ့နေ ရာမှာလည်း တခြားသူများရဲ့ အကျိုးကို ထိခိုက်နစ်နာစေတဲ့ လုပ်ငန်းရပ်တွေ မပါစေရပါဘူး။ဒီမိုကရေစီ အခြေခံလွတ် လပ်မှုတစုံလုံးရှိရပါမယ်။

(ခ) ပူးပေါင်းပါဝင်ဆောင်ရွက်မှု

ဆန္ဒအလျှောက် ပူးပေါင်းပါဝင်တာမျိုးဖြစ်ရပါမယ်။ ဘယ်မူဝါဒကိုမဆို ချမှတ်ထားတဲ့နေရာမှာ ပူးပေါင်း ပါဝင်မှု မရှိဘူးဆိုရင် ဖယ်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကို ရောက်ဖို့ မလွယ်ကူပါဘူး။ ပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီကျင့်သုံးရာမှာ အများဆုံး တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကို အကောင် အထည် ဖော်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါ ဒီမိုကရေစီသဘောတရား အခြေခံကို စနစ်တကျ လိုက်နာရပါတယ်။

(ဂ) ကောင်းမွန်သည့် အစိုးရတရပ်

စီမံအုပ်ချုပ်မှုကောင်းမွန်တယ်ဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တရားမျှတ နည်းလမ်းကျစွာ စီမံခန့်ခွဲတာကို ခေါ်ပါတယ်။ အဂတိတရား လုံးဝကင်းရှင်းရပါမယ်။ စစ်စစ်မှန်မှန် ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးသာ ဖြစ်ရပါမယ်။စစ်မှန်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ဖြစ်ရမယ်။ တရားမျှတတဲ့ အာဏာခွဲဝေမှု မျိုး ရှိရပါမယ်။

ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ အုပ်ချုပ်လျှင် ဗဟိုပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတို့ဟာ အရာရာတိုင်းမှာ ဆွေးနွေးမှုနဲ့သဘော တူညီမှုအပေါ်မှာ အခြေခံရပါတယ်။ ဒီသဘောတူ ဆုံးဖြတ် ချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေကသာ အာမခံထားရပါတယ်။ ပြည်ထောင်စု စနစ်ဟာ စေ့စပ်ညှိနှိုင်း မှုမှာ အလွန်အရေးကြီး ပါတယ်။ ညှိနှိုင်းမှုမရှိ၊ အလျော့အတင်းမရှိလျှင် ဘယ်လိုမှ ရှေ့ဆက် လျှောက် လှမ်းနိုင် မှာမဟုတ်ပါ။ ညှိနှိုင်း အဖြေရှာလိုတဲ့ စိတ်ရင်း ဆန္ဒရှိရပါမယ်။ တဖက်နှင့် တဖက် အပြန်အလှန် လေးစား အပြန်အလှန် အသိအမှတ်ပြုရပါမယ်။ သည်းခံ စိတ်ရှည်မှု့နဲ့သာ ညှိနှိုင်း ဆောင်ရွက်ကြရပါမယ်။ ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ဖို့ဆိုလျှင် တဖက်လူရဲ့ ဆန္ဒကိုလည်း လေးစားရမယ်။ ကိုယ့်ဆန္ဒနဲ့ ကိုယ်ချည်း လျှောက်လှမ်းလို့ မရပါ။ အားလုံးသဘော တူညီမှုအပေါ် အခြေခံပြီး စိတ်ရှည်ရှည်ထား ဆောင်ရွက်သွား ရန်လိုပါတယ်။

Credit : Here

ဒေါက်တာဆိတ်ဖွား သိစေအပ်ပါသည်

လွှတ်တော်ဥက္ကဋ္ဌကြီးများနှင့်တကွ

လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးကို လေးစားပါကြောင်းနှင့် ပြည်သူတို့၏အသံ၊ ပြည်သူတို့၏ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက်များကို နားထောင်၊ တင်ပြ၊ ဖြည့်ဆည်း၊ ဆောင်ရွက်ပေးမှုများ ပြုလုပ်နေသည့်အတွက် လွန်စွာ့လွန်စွာမှပင် ၀မ်းမြောက်ဂုဏ်ယူ ဖြစ်ရပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။

မြန်မာပြည်သူ သန်း ၆၀ ကိုယ်စား ဖင်ပူခံ၊ ခေါင်းပူခံ၊ နားပူခံ၊ လည်ချောင်းအပူခံ၍ လွှတ်တော်ထဲတွင်ထိုင်၊ စဉ်းစား၊ နားထောင်၊ ဆွေးနွေး၊ မေးမြန်း၊ ပြောကြားမှုများအတွက် ကျွန်တော်တို့ မြန်မာပြည်သူများ အားလုံးက အထူးပင် ကျေးဇူးတင်မဆုံး ဖြစ်လျက်ရှိပါသည်။ ကိုယ်စားလှယ်ကြီးများ သည် ပြည်သူများ က ရွေးကောက်တင်မြှောက်လိုက်သည့် အနှိုင်းမဲ့ဉာဏ်ကြီးရှင်များ ဖြစ်ကြရာ လွှတ်တော်ထဲတွင် ထိုင်သမျှ၊ ထသမျှ၊ ခလုတ်နှိပ်သမျှ၊ မတ်တပ်ရပ်သမျှ၊ မေးမြန်းသမျှ၊ ဆွေးနွေးသမျှသည် ကျွန်တော်တို့ ပြည်သူများ၏ စိတ်ထဲတွင် ဖြစ်နေသည်များကို ထွင်းဖောက်မြင်နေဘိအလား ကျွန်တော်တို့ ပြည်သူများ၏ ဆန္ဒများနှင့် ထပ်တူထပ်မျှကျကြောင်းကိုလည်း ၀မ်းသာဂုဏ်ယူစွာ ပြောကြားလိုပါသည်။ ကိုယ်စားလှယ်ကြီးများ အနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်ကာလက မဲရရှိစေရန်အလို့ငှာ ကျွန်တော်တို့ ပြည်သူများအတွက် လမ်းခင်းပေး၊ ရေတွင်းတူးပေး၊ မီးကြိုးသွယ်ပေး၊ ဖုန်းလိုင်းဆင်ပေး၊ ဘုန်းကြီးကျောင်းဆောက်ပေး၊ သိမ်လှူပေး၊ စသည်စသည်ဖြင့် အကုန်အကျခံ၍ အရင်းအနှီးများ အမြောက်အမြား မိမိအိတ်ထဲမှ စိုက်ထုတ်သုံးစွဲ ထားခဲ့သော်လည်း နေပြည်တော်ရှိ လွှတ်တော်ကြီးထဲတွင် တစ်နေကုန်တစ်နေခန်း ဖင်ပူအောင်ထိုင်ကာ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ အပါအ၀င် အိုးပစ်အိမ်ပစ် သားပစ်၊ မယားပစ်၊ ချစ်သူပစ်၊ တိတ်တိတ်ပုန်းပစ် လုပ်ဆောင်နေကြပါသော်လည်း နေ့တွက်စရိတ် တစ်လ ၃ သိန်းနှင့် လစဉ်ချီးမြှင့်ငွေ တစ်လ ၃ သိန်း၊ စုစုပေါင်း ၆ သိန်းသာယူကာ နေ့စဉ်ဖယ်ရီကို ပိုက်ဆံ ၅၀၀ ကျပ်ပေး၍ လွှတ်တော်တက်နေကြောင်း သိရသည့်အတွက်လည်း ပြည်သူများအားလုံးက စိတ်မကောင်းဖြစ်ရပါသည်။ သို့သော် ပြည်သူတွေအတွက် ထိုကဲ့သို့ စွန့်လွှတ်အနစ်နာခံကာ လုပ်ဆောင်နေကြသည်ကို မြင်ရသည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပုဂ္ဂိုလ်များ နောက်ထပ်အစားရသည်ဟု အောက်မေ့ကာ ဂုဏ်ယူ မဆုံး ဖြစ်မိပါသည်။

မြန်မာတွေရဲ့ မနာလိုစိတ်များကြောင့် တိုင်းပြည်အကျိုးကို သူများနှင့်မတူအောင် စွန့်လွှတ်ကြိုးပမ်း ဆောင် ရွက်နေကြသည့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် ဒေါက်တာ ဆိတ်ဖွား ဆိုသူကို လည်း ကျွန်တော်တို့ ပြည်သူအားလုံးက အင်မတန်မှပင် အော့နှလုံးနာ၊ စက်ဆုပ်ရွံရွှာ၊ ခါးသီးမုန်းတီး၊ အသံမျှမကြားချင်၊ ကုန်ကုန်ပြောရလျှင် ဆိတ်သားကိုပင် မစားချင်လောက်အောင် မုန်းတီးလျက်ရှိကြောင်း သိစေအပ်ပါသည်။ ဘာဒေါက်တာမှန်းမသိသည့် ဆိတ်ဖွားဆိုသည့် လူ့ဗာလ၊ လူ့အန္ဓ၊ လူ့အမှိုက်၊ ဆန်ကုန်မြေလေး၊ ကလေကချေ၊ ရေမြောကမ်းတင်၊ ဓာတ်တိုင်သေးပန်း၊ လမ်းဘေးချီးယို၊ ကြံဖတ်အီးအီးကုန်း၊ အလှူအိမ်ဖိနပ်ခိုး၊ မသာအိမ်ဖဲရိုက်၊ မွေးထားသည့်မအေအတွက် ၀မ်းရေစပ်စေသည့် ငကြောင်တစ်ကောင်ကြောင့် မြန်မာပြည်၏ အဆင့်အမြင့်ဆုံး အဖွဲ့အစည်းကြီးဖြစ် သည့် ပြည်ထောင်စုလွှတ်တော်မှ ပြည်သူတို့၏ ရင်နှစ်သည်းခြာလည်းဖြစ်၊ အားကိုးရာလည်းဖြစ်၊ မိဘ သဖွယ်လည်းဖြစ်၊ မှီခိုအားထားရာလည်းဖြစ်သော ကိုယ်စားလှယ်ကြီးများ၏ စိတ်ဘ၀င်ကို ညှိုးငယ်၊ ပင်ပန်း၊ ရှုပ်ထွေး ဖြစ်စေခဲ့သည်မှာ လုံးဝ လုံးဝ လုံးဝ လုံးဝ ခွင့်လွှတ်ဖွယ်ရာ မရှိပါ။

ယခုအခါ ဆိတ်ဖွားဆိုသည့် သကောင့်သားကို မည်သူမည်ဝါမှန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က သိရှိပြီး ဖြစ်သည်ဟု ကြားသိနေရပါသည်။ မြန်မာပြည်သူအားလုံးက အင်မတန်မှပင် ၀မ်းမြောက် ၀မ်းသာ ဖြစ်လျက်ရှိပါသည်။ အမှန်တကယ်တော့ ဆိတ်ဖွားဆိုသည့် ဘာမဟုတ်သည့်လူကို ကျွန်တော်တို့ ပြည်သူများက သိချင်၊ လိုချင်သည်မဟုတ်ပါ။ ကျွန်တော်တို့၏ ကိုယ်စားလှယ်ကြီး များ နေ့စဉ်နှင့်အမျှ ဆိတ်ဖွားအကြောင်း ခေါင်းထဲထည့်ထားရသဖြင့် မပျော်မရွှင်၊ မကြည်မလင် ဖြစ်နေ သည်ဟု သိရသည့်အတွက် အခုလို မြန်မြန်သိသွားသည့်အပေါ် ၀မ်းသာကြခြင်းဖြစ်ပါသည်။

စုစည်းညီညာအောင်ကြောင်းဖြာဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားသည့်၊ လူညီလျှင် ဤကို ကျွဲဟု ဖတ်၍ရရုံသာမက သမ္မတကြီးကိုပင် စွပ်စွဲပြစ်တင်ပြီး ရာထူးမှနုတ်ထွက်သွားအောင် လုပ်နိုင်စွမ်းရှိသည့် ဘုန်းရှင်ကံရှင် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများအား စော်ကားမော်ကား၊ မထီလေးစား၊ မရိုမသေ၊ ကပျက်ကချော်၊ ကချော်ကချွတ်၊ ထေ့ထေ့ငေါ့ငေါ့၊ စွက်စွက်ဖက်ဖက်၊ ဝေေ၀ ဖန်ဖန်၊ ပြောင်ပြောင်လှောင်လှောင်၊ သရော်တော်တော်၊ ဟာသလုပ်ခဲ့သော ဆိတ်ဖွား ဆိုသည့် ဒေါက်တာ အစုတ်ပလုတ်အား သေဒဏ်ပေး၍ ဆေးထိုးကွပ်မျက်ပေးပါရန် ကျွန်တော်တို့ပြည်သူများက တစ်နိုင်ငံလုံးအနှံ့ ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်သွားရန်အတွက် စီစဉ်လျက်ရှိပါသည်။ မြန်မာပြည်အတွက် လုံးဝအသုံးမ၀င်သည့် ဆိတ်ဖွားဆိုသည့်လူသည် မရှိမဖြစ် လွှတ်တော်ကိုယ်စားလှယ်များအတွက် အန္တရာယ်ဖြစ်သည်ဆိုလျှင် ကျွန်တော်တို့ပြည်သူများ၏ အန္တရာယ်ပင် ဖြစ်ပါသည်။ လွှတ်တော် စိတ်ညစ်လျှင် ပြည်သူတွေစိတ်ညစ်ပါသည်၊ လွှတ်တော်စိတ်တိုလျှင် ပြည်သူတွေ စိတ်တိုပါသည်၊ လွှတ်တော်ဒေါသထွက်လျှင် ပြည်သူတွေ ဒေါသထွက်ပါသည်။ ထို့ကြောင့် လွှတ်တော်က အလို မရှိသည့် ဒေါက်တာဆိတ်ဖွားအား ကျွန်တော်တို့ ပြည်သူများကလည်း လုံးဝ လုံးဝ လုံးဝ အလို မရှိပါကြောင်း ဒေါက်တာဆိတ်ဖွားသိစေရန် ဤနေရာမှတစ်ဆင့် အသိပေးကြေညာအပ်ပါသည်။

မှတ်ချက်။ ဤစာကို လွှတ်တော်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များထံသို့လည်း ပြည်သူ ထံမှ ပေးစာအဖြစ် ပေးပို့သွားမည် ဖြစ်ပါသည်။ အကယ်၍ အထက်တွင် ရေးခဲ့သည်များကို သဘောတူ ပါလျှင် အောက်တွင် ဖော်ပြထားသည့်အတိုင်း သုံးကြိမ်သံပြိုင် ရွတ်ဆိုကြစေလိုပါသည်။

ဒေါက်တာဆိတ်ဖွား အလိုမရှိ
ဒေါက်တာဆိတ်ဖွား အလိုမရှိ

ဒေါက်တာဆိတ်ဖွား အလိုမရှိ

ကျွန်တော်ကိုဉာဏ် တကယ်ရေးချင်တာက ဒီလို... ဒီလို....

ဆိတ်ဖွားလိုမျိုး လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အရေးအသားတွေကို မရေးသင့်ဘူးဆိုတော့ အပေါ်မှာ ကျွန်တော်ရေးခဲ့သလို ဘုန်းတော်ဘွဲ့တွေ ရေးရင်တော့ ရတယ်ဆိုတဲ့ သဘောပေါ့နော်။ တောက်... ပြောတော့ဖြင့် မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်နဲ့ ချီတက်နေပြီတဲ့။ အခုမှပဲ ကုန်းဘောင်ခေတ်က မင်းတရားကြီးတွေ၊ ၀န်မင်းတွေ၊ အမတ်မင်းတွေနဲ့ လာတွေ့နေရတယ်။ အခုဆိတ်ဖွားကိစ္စက လွှတ်တော်က လုပ်နေသမျှကို ကောင်းပါတယ်၊ မှန်ပါတယ်လို့ ထောက်ခံရမယ်လို့ တစ်ဖက်လှည့်နဲ့ အာဏာပြတဲ့ လုပ်ရပ်လို့ပဲ ကျွန်တော်ကမြင်တယ်။ ဘာတဲ့... ပြောကြသေးတယ်၊ ဆိတ်ဖွားဟာ အစိုးရအဖွဲ့ကလူဆိုရင် မလုပ်သင့်ဘူးတဲ့။ အပြန်အလှန် ထိန်းကျောင်းတာလို့ မခံယူနိုင်ဘူးလားလို့ မေးလိုက်ချင်တယ်။ သဘောကတော့ အစိုးရအဖွဲ့ကလူက လွှတ်တော်ကို အခုလို ပြောဆိုတာဟာ မကောင်းဘူးပေါ့ဗျာ။ ပြည်သူထဲကဆိုရင်တော့ လက်ခံပါတယ်တဲ့။ ကျွန်တော့် မှာလေ ရယ်ချင်လိုက်တာ မပြောပါနဲ့တော့။ တစ်ခုပဲ မေးချင်တယ်... လွှတ်တော်ကိုယ်စားလှယ်တွေ ထဲမှာရော သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အင်တာနက် စာမျက်နှာတွေကတစ်ဆင့် အပုပ်ချ၊ ဝေဖန်၊ တိုက်ခိုက် လုပ်နေတဲ့လူတွေ မရှိဘူးလား။ ကျွန်တော့်အသက်ကို ထပ်ပြီးတော့တောင် လောင်းလိုက်ချင်သေးတယ်။ ကျွန်တော်ဆိုတဲ့ကောင်က ပေါက်ပေါက်ရှာရှာ အတော်တွေးချင်တယ်ဗျ။ အခုလည်းကြည့်၊ လွှတ်တော်စုံခုံကအဖွဲ့တွေက ခင်မောင်ညို(ဘောဂဗေဒ)၊ အလဲဗင်း၊ ဗွိုက်(စ်) စတဲ့ မီဒီယာကလူတွေအပြင် ဆက်သွယ်ရေးက လူတွေကိုလည်း ခေါ်မေးတယ်တဲ့။ အဲဒီလူတွေကများ ဒေါက်တာဆိတ်ဖွားဆိုတာ လွှတ်တော်ကိုယ်စားလှယ် ဘယ်သူပါဆိုပြီး အစစ်ခံလိုက်ကြရင်ဖြင့် ပွဲကလှပြီလို့ ဆိုချင်တာပါပဲ။ ဒါပေမယ့် ဒါက ကျွန်တော့်အတွေး သက်သက်ပါ။ ကျွန်တော့်သူငယ်ချင်းပြောတဲ့ ဟေ့ကောင် ဉာဏ်ကြီး... လွှတ်တော်က မွှတ်နေအောင်လည်တယ်ကွ၊ ဆိတ်ဖွားဆိုတာ ဘယ်သူလဲ သူတို့သိပြီးသားမို့ အခုလို ရှဥ့်အ၀ှာကို အနာလုပ်ပြီး ဟိုဖွဲ့ဒီစစ် လုပ်ကြတာတဲ့၊ တကယ်လို့သာ ဆိတ်ဖွားဆိုတာ ဘယ်သူဘယ်ဝါမှန်း မသိဘူးဆိုရင် လွှတ်တော်က လူတွေက ဆိတ်ဖွားကို အရေးတောင်လုပ်မှာ မဟုတ်ဘူးတဲ့။ ကျွန်တော်ကတော့ ကျွန်တော့်သူငယ်ချင်းရဲ့ အယူအဆကို အပြည့်အ၀ ထောက်ခံပါတယ်ဗျာ။ သူတို့မှာလည်း လွှတ်တော်စာမျက်နှာ ရှိနေတာပဲ၊ ကလောင်ချင်း အပြိုင်တိုက်ကြပါ့လား၊ အခုတော့ ရှိတဲ့အာဏာကို အသုံးချပြီး လူတစ်ယောက် ကို နှိပ်ကွပ်တယ်လို့ပဲ မြင်မိကြောင်းပါဗျာ။

တစ်ချိန်တုန်းက နာမည်ကြီး ရုပ်ရှင်တစ်ခုကို လူလတ်ပိုင်းများနှင့်အထက် မှတ်မိကြလိမ့်မည် ထင်ပါသည်။ "ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား" ဆိုတဲ့ ဇာတ်ကားပါ။ အဲဒီဝတ္ထုကို ရေးတဲ့သူက မိုးမိုး (အင်းလျား) ပါ။ အရင်တုန်းက နေအောင်တို့၊ ခင်သီတာထွန်းတို့ သရုပ်ဆောင်ခဲ့တယ် ထင်တာပါပဲ။ အခုနောက်ပိုင်းတော့ မြင့်မြတ်နဲ့ မိုးဟေကိုထင်ပါရဲ့ သရုပ်ဆောင်ပြီး ပြန်ရိုက်ကြတယ်။ ကျွန်တော် ကိုဉာဏ်လည်း ပိုက်ဆံလေးများ အပိုရှိရင် ဇာတ်ကားတစ်ကားလောက် ရိုက်ချင်မိတယ်။ ဇာတ်ကားနာမည် ကတော့ "လွှတ်တော်ကြီးက ဆိတ်ဖွားကို ကြောက်သတဲ့လား" လို့ ပေးမယ်ဗျာ။ ဒေါက်တာဆိတ်ဖွား ဇာတ်ကောင်အတွက်တော့ လျှောက်လွှာခေါ်မယ်။ ကြိုတွေးမိတာကတော့ မုတ်ဆိတ်ဖားဖား ရှိတဲ့လူတွေအားလုံးဟာ ဆိတ်ဖွားလုပ်ချင်လို့ လျှောက်လွှာတင်ကြမယ် ထင်တာပါပဲ။ ခက်တာက ဆိတ်ဖွား လုပ်ချင်တဲ့သူသာ အတော်များပြီး လွှတ်တော်အတွက် လူမရှိတာပါပဲ။ အဲဒီလိုပုံစံမျိုးနဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး ပြည်သူ့အသံကို ထင်ဟပ်တဲ့ ဇာတ်ကားဆိုပြီး ပေါက်အောင်ရိုက်လို့ ရမလဲဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၂ ရက်၊ စနေနေ့။
ည ၁၁ နာရီ ၁၆ မိနစ်တွင်ပြီး၏။
ရီးရဲလ်မက်ဒရစ် ၂-၁ ဘာစီလိုနာပွဲနှင့်၊ မန်ချက်စတာယူနိုက်တက် ၄-၀ နောဝစ်(ခ်ျ)ပွဲတို့ကို ဟိုပြောင်းဒီပြောင်း ကြည့်ရှုရင်း ရေးခဲ့သည်။

Credit : Here

အာဏာသိမ်းဖို့ အခွင့်သာလေပြီလော?

ကာချုပ်ကြီး မင်းအောင်လှိုင်က ၁၉ ကြိမ်တိုင် အာဏာသိမ်းဖူးသော ထိုင်းနိုင်ငံကို သဘောကျ လွန်းသည်ဟု သူ၏ ထိုင်းနိုင်ငံသို့ ဇန်နာဝါရီလ ၉ရက် ၂၀၁၂ ခုနှစ် အလည်ပတ် မထွက်ခင် ကာကွယ်ရေးရုံတွင် ပြောကြားဘူးသည်။ ထိုင်းနိုင်ငံ တွင်းမှ ကြိမ်ဖန်တေသောနိုင်ငံတကာမှ ထောက် ခံသည့် အာဏာသိမ်းမှုမျိုး သို့ မင်းအောင်လှိုင်တို့ သွားချင်ကြသည်။ ထိုင်းနိုင်ငံကဲ့သို့ လိုအပ်သလို အာဏာသိမ်းပြီး မိမိတို့လိုချင်သော နိုင်ငံရေး ပုံစံသို့သွားနိုင်စေဖို့အပြင် နိုင်ငံတကာမှ မဆုတ် မယုတ် ထောက်ခံအားပေးသော မိမိတို့၏ဆောင်ရွက်မှုအား ထာဝရ အသက်ဝင်စေရန် မင်းအောင်လှိုင်တို့ အကြီးကျယ်ပြင်ဆင်ကြိုးပမ်းနေကြသည်။ အာဏာသိမ်းရန် ကိစ္စမှာ အလွန်ပင် မလွယ်လွန်းလှပေ၊ အာဏာသိမ်းရန်အတွက်(1) စမ်းသပ်မှု၊(2) စိန်ခေါ်မှု၊ (3)အကွက်ရိုက်မှု၊(4) ဖန်တီးမှု၊(5) လုပ်ကြံမှု၊(6) ထိန်းချုပ်မှု။(7) ဦးတည်မောင်းနှင်နိုင်မှု ဆိုသော အချက်ကြီး (၇)ချက်နှင့်ပြည့်စုံမှသာလျှင် အာဏာ သိမ်းရန် အဆင်ပြေနိုင်သည်။

(၁) စမ်းသပ်မှု

အာဏာသိမ်းရန် ပထမအရေးကြီးသော ဌာနမှာ ပြည်ထဲရေးနှင့် ကာကွယ်ရေး ဌာနဖြစ်သည်။ အာဏာ ရှင်ဟောင်းဦးနေ၀င်းက တိုင်းပြည်အား လိုအပ်သလိုအာဏာသိမ်းနိုင်ရန် ကာကွယ်ရေး ဦးစီးချုပ်အပါဝင် ပြည်ထဲရေ၀န်ကြီး နှင့် အဖွဲ့အား ၁၉၈၈ ဇွန်လတွင် အရေးပေါ်အစည်းဝေးခေါ် ယူခဲ့ သည်ကို The Guardian သတင်းစာက ရေးသားဖေါ်ပြသည်။ထို့နောက် တိုင်းပြည်အာဏာ မသိမ်းခင်း စမ်းသပ်မှုများကို ပြုလုပ်ကြလေသည်။ ပြည်ထဲရေးဌာနအောက်တွင်ရှိသော ရဲ နှင့် လုံထိန်းများ မည်မျှ အမိန့်နာခံမှုရှိမရှိအား စမ်းသပ်သည့်အနေဖြင့် ကျောင်းသားပြည်သူများအား နှိမ်နှင်းဖြိုခွဲ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် အမိန့်နာခံမှုကို ဆန်းစစ်ကြသည်။ ၄င်းတို့၏ လက်နက်ကိုင် ရဲ ၀န်ထမ်းများမှ တသွေမတိမ်းလိုက်နာ ဆောင်ရွက်ပါက အမိန့်နာခံမှု အောင်မြင်သော အဆင့်သို့ ရောက်သည်ဟု ကောက်ချက်ချလေ၏။ ယခုတွင်လည်း မင်းအောင်လှိုင်တို့မှ အမိန့်နာခံမှုအား ဆန်းစစ်သည့်အနေဖြင့် လက်ပံတောင်း၊ မအူပင် နှင့် အခြားသော ဒေသအလိုက်တွင် ရှိနေကြသော ရဲဝန်ထမ်းများအား အမိန့်နာခံမှုအား တဆင့်ပြီးတဆင့် စမ်းသပ်နေကြသည်မှာ အောင်မြင် သလောက်ဖြစ်နေလေသည်။

(၂) စိန်ခေါ်မှု

အာဏာသိမ်းမှုများတွင် မလွဲမသွေတွေ့ကြုံရသော ပြည်တွင်း၊ပြည်ပ စိန်ခေါ်မှုများအား ရင်ဆိုင်ရလေ သည်ကို မင်းအောင်လှိုင်တို့ သိကြ၏၊ ပြည်တွင်းစိန်ခေါ်မှုတွင် လူထုအုံကြွမှု နှင့် တိုင်းရင်းသားဒေသ အသီးသီး၏ လက်နက်ကိုင်တော်လှန်လာကြမည်ဖြစ်သော အနေထားအား ဆန်းစစ်ကြ သည်။ ပြည်မအလယ်ခေါင်တွင် ရဲ၊ထောက်လှမ်းရေးနှင့် သတင်းပေးများအပါဝင် လက်နက်ကိုင် စစ်တပ်အတော်အသင့်ဖြင့် ထိန်းချုပ်ထားနိုင်သော်ငြား နယ်ချင်းထိစပ်သော ဒေသများတွင် လက်နက်ကိုင်တော်လှန်ပုန်ကန်သော အင်အာစုများအား ချက်ခြင်း ထိန်းချုပ်ကိုင်တွယ်ရန် အလွန် ခက်သောကြောင့် ၁၉၈၈ စက်တင်ဘာ ၁၈ အာဏာမ သိမ်းခင်ကာလတိုလေးမှာပင် တိုင်းရင်းသာနယ်မြေများသို့ ကြီးမာသော ခေတ်မှီလက်နက်များ တပ်ဆင်ထားသည့် စစ်အင်အားများကို ပို့လွှတ်ထိန်းချုပ်သည့်အနေဖြင့် ရှမ်းပြည်နယ် မိုင်းယမ်းနှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲထိုးစစ်များ ဆင်နွဲနေပြီး ၊ အချို့တိုင်းရင်းသားဒေသများအား ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲထားရေးဆိုသော အသွင် များဖြင့် ဆွဲဆောင်ကိုင်တွယ်ခဲ့ကြသည်။ ယခုတွင်လည်း တိုင်းရင်းသားတော်လှန်ရေး အဖွဲ့စည်းများနှင့် အတော်တန်ပင် အလျှင်းသင့်နေကြပြီး တိုင်းရင်းသားခေါင်းဆောင်များ မလှုပ်သာ မပြောသာ အခြေနေသို့ရောက်အောင် ဆွဲဆောင်ထား ကြပြီး၊ ပြည်မမှ ထွက်ပြေးကာ နယ်စပ်တွင် တိုင်းရင်းသား များနှင့် ပူးပေါင်း တော်လှန်နိုင်သော အခြေနေသို့ မရောက်လေအောင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုခရက်တစ်တပ်ဦး (ABSDF)ကိုပင် အခြေပြုတ်အောင် လှည့်ကွက်စုံဖြင့် အကုန်ရှင်းထုတ်နေသော အနေထားကို တွေ့ရသည်။ (ABSDF) အင်အားအတော်တန်မြင့်မား အားကောင်းလာသော ကချင်ဒေသအား ခဲတလုံးနှင့် ငှက် ၂ ကောင်ကို တခါတည်း ပြုတ်ကျအောင် ထိုးစစ်များ မရပ်တန့်ပဲ ဆက်လက်ပြုလုပ်နေသည်မှာ လုံးလုံးမရိုးသားသော အကြံစည်သစ်အတွက် ချီတက်နေကြခြင်းဖြစ်သည်။

(၃) အကွက်ရိုက်မှု

ပြည်သူများ မည်မျှ တော်လှန်ပုန်ကန်လိုသော ဆန္ဒအား သိလာစေရန် ပြည်သူများအား ထောင့်အမျိုးမျိုးမှ ချိမ်းခြောက်ခြင်း မတရားလုပ်ပြခြင်း လစ်လျူရှု့ခြင်း အဓမ္မကိုင်တွယ်ဖြေရှင်းမှုများအား ထုတ်သုံးပြခြင်းများဖြင့် ပြည်သူများဘက်မှ ပြန်လည်တုန့်ပြန်လာမှုများအတွက် စနစ်တကျ အကွက်ချကာ အရေးခင်းငယ်လေးများအား ဖန်တီးပေးသည်။ ယခု ရခိုင်ဒေသ၊ လက်ပံတောင်း၊ ဧရာဝတီတိုင်း စသောစသောနေရာများတွင် ငါးပွက်သကဲ့သို့ ပွက်ထမှုများအား ဖန်တီးကာ အကွက်ရိုက် စမ်းသပ်လေ သည်။

(၄) ဖန်တီးမှု

ပြည်သူများနှင့် ကျောင်းသား လယ်သမား အလုပ်သမား ၊ သံဃာတော်များနှင့် လူတန်းစားအလွှာ အသီးသီးတို့အား စည်းလုံးညီညွတ်မှုအား မည်မျှရှိသည်ကို စမ်းသပ်မှုများဖန်တီးလေသည်။ လက်ပံတောင်းအရေးခင်းတွင် သံဃာတော်များ၏ စည်းလုံးမှုတချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာ သမားများ စည်းလုံးမှုတို့သည် မင်းအောင်လှိုင်တို့ အဖို့ သတိထားစရာဖြစ်ခဲ့ရသည့်အပြင် ယခု အောင်မင်း တို့နှင် တွေ့ဆုံနေသော UNFC ဟုခေါ်သော ပြည်ထောင်စုတိုင်းရင်းသားများဖယ်ဒရယ် ကောင်စီ၏ စည်းလုံးရေးအနေထားများကိုလည်း တိုက်ရိုက်စမ်းသပ်သည့်အနေဖြင့် ကချင်ဒေသစစ်ပွဲအပါဝင် ရှမ်းဒေသများအား စစ်ဆင်ရေးများပြုလုပ်ပြခြင်း၊ နိုင်ငံရေးပါတီဝင် အချင်းချင်း သဘောထားကွဲလွဲရေးများဖန်တီးပြီး ပါတီများအားနည်းလာအောင်ဖန်တီးနေကြသည့် အပြင်၊ တိုင်းရင်းသားနှင့်  ပြည်မတွင်းမှ ပြည်သူများမည်မျှအတွေးမြင်တူညီကြသည်ကို မီဒီယာ နာမည်တုများနှင့် မဟုတ်မ မှန် သတင်းဖြန့်ထုတ်ကာ စမ်းသပ်ခြင်းများ ပြုလုပ်နေပြီး တိုင်းရင်းသားများ ပြည်မနှင့် ပြည်ပ အတိုက်ခံတို့ အချို့သော အယူဆကွဲလွဲမှုများတွင် မင်းအောင်လှိုင်တို့ဘက်က အသာစီးရနေကြသည်။

(၅) လုပ်ကြံမှု

အာဏာလွယ်ကူချောမွေ့စွာသိမ်းယူနိုင်ရန် လုပ်ကြံမှုသည် ရှေးယခင်ကပင် ထွန်းကားခဲ့သည်။ ယခုလုပ်ကြံမှုတို့သည်ကား ရှေးယခင်က လုပ်ကြံမှုများနှင့် အလွန်ခြားနားကွဲပြားလေသည်။ အတိုက်ခံများ လက်နက်ကိုင်အင်အားစုများအတွင်း ဖြုတ်ထုတ်၇ှင်းများ ဖြစ်ပေါ်လာအောင် ဖန်တီးသော လုပ်ကြံမှု များအပါဝင် နေပြည်တော်တွင်လည်း ၀န်ထမ်းများ ၀န်ကြီးများအား အနားပေးခြင်း ရာထူးမှ ဖယ်ရှားမှုများပြုလုပ်ခြင်း မပြီးဆုံးနိုင်သော တရာစီရင်ရေးများဖြင့် ဖန်တီးဖယ်ထုတ်ပြီး ပြစ်ဒဏ် ကင်းလွတ်သော အမိန့်များဖြင့် ဖယ်ရှားပြသပြီး ပြည်သူ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာ မှဝေဖန်မှုများ ပပျောက်ကာ၊ယုံကြည်မှုများရအောင်ဆောင်ရွက်ပြသလာ သည်ကို သိသာမြင်သာနေသည်။

(၆) ထိန်းချုပ်မှု

ထိန်းချုပ်မှုအပိုင်းတွင် ကိုယ့်လူသူ့ဖက်သို့ ထိုးသွင်းသော နည်းဖြင့် နိုင်ငံရေးပါတီးများအတွင်းသို့၎င်း လူမှုရေးအသင်းဖွဲ့အပါဝင် သံဃာတော်များအကြားတွင်းသို့ ပုံစံပေါင်း ထောင်သောင်းများစွာဖြင့် မင်းအောင်လှိုင်တို့နှင် ၄င်းတို့၏ အားပြုပါတီ ကြံ့ဖွတ်ပါတီဝင်များအား အသုံးချကာဆောင်ရွက်နေပြီး လိုအပ်လာသည်နှင့် ချက်ခြင်းထိန်းချုပ်နိုင်ရန် အစီမံများပြုလုပ်နေသည်မှာ အတော်ပင် ထင်ထင်ရှား၇ှား သိသာလာသည်၊ ကြံ့ဖွတ် ဘောင်းဘီချွတ်များနှင့် စစ်ဝတ်များ လွှတ်တော်ထဲတွင် အသာစီးနေရာ ယူထားခွင့်အား နိုင်ငံတကာက လက်ခံအောင် အခြားသော အရပ်ဝတ်များဖြစ်သည့် အရပ်သားလွှတ်တော် အမတ်များအား စနစ်တကျ ကြိုးကိုင်ထားနိုင်နေသည်။ ကြံဖွတ် လွတ်တော်အမတ်များ၊ လွှတ်တော်ဥက္ကဌနှင့် ကြံဖွတ် ပါတီ ထိပ်ပိုင်းခေါင်ဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တံခါးမရှိ ဓားမရှိ အချိန်မရွေးတွေ့ဆုံ ၀င်ထွက်နေမှုများပြုလုပ်လာ နေကြသည်။ အဆိုပါအချင်းရာသည် မင်းအောင်လှိုင်တို့အဖို့ ပိုကာပိုကာ အသာစီးရနေ၏၊

(ရ) ဦးတည်မောင်းနှင်နိုင်မှု

ဦးတည်မောင်းနှင်နိုင်ဖို့ အလွန်ပင်အရေးကြီးသော ကိစ္စဖြစ်လေသည်။ ဦးတည်မောင်းနှင် နိုင်ရန် အထက်တွင်ဖေါ်ပြခဲ့သော အချက်လက်များအားဖန်တီးဆောင်ရွက်ပြီးလင့်ကစား၊ နိုင်ငံတော် လက်ရှိ ဘဏ္ဏာရေးဝန်ကြီးဌာန၏ နိုင်ငံတော်ငွေ ထိန်းသိမ်းကိုင်တွယ်ထားနိုင်မှု၊ သံတမန်ဆက်ဆံရေး နှင့် ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်ရေးဆိုင်ရာကိစ္စတို့ဖြစ်၏၊ ၁၉၈၈ အာဏာသိမ်းချိန်က နေ၀င်းနှင့် ဆွေးနွေး အကွက်ချခဲ့သော စစ်ခေါင်းဆောင်များ ထိုကဲ့သို့ မစဉ်းစားသောကြောင့် နိုင်ငံတော် အာဏာသိမ်းပြီးသော ကာလ၀ယ် ၀န်ထမ်း ယန္တယားပြန်လည်ထူထောင်နိုင်ရန် အခက်ခဲများစွာကြုံတွေကြရပြီး တရုတ်အား ချေသလုံးသွားဖက်ခဲ့ကြရသည့် အပြင် ၄င်းတို့ ချဉ်းကပ်ငွေချေးလို့ ရနိုင်မည်ဖြစ်သော ဥရောပနှင့် အာရှနိုင်ငံများထံ အောက်ကျ နောက်ကျခံကာငွေချေးခဲ့ရသည့် သင်ခန်းစာများရှိခဲ့သည်။ ထို့အပြင် သံတမန်ဆက်ဆံရေး အားနည်းအကျဉ်းတန်မှုများကြောင့် အတိုက်ခံပြည်သူဘက်က အားသာခဲ့ရပြီး နိုင်ငံတကာမှ ဝေဖန်မှုများ နှင့် စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့မှုများအား ဒီရေတက်သကဲ့သို့ အကြိမ်ကြိမ်ရင်ဆိုင်ကြုံ တွေ့ခဲ့ရသောကြောင့် ယခုအခါ အတိုက်ခံများကို ပွဲထုတ်၊ ပွဲလန်းများ လုပ်ပေးပြီး နိုင်ငံတကာ ပိတ်ဆို့မှုများ အရှင်းပပျောက်အောင် အဖက်ဖက်က ကြိုးစားလာပြီး စစ်ရာဇ၀င်လူဆိုးကြီးများ ခိုးခဲ့သုံးခဲ့သော ကြွေးမြီများအားလုံး အမေရိကန်ဒေါ်လာ သန်း(၉)ထောင်ကျော် လျော်ပစ်လာ အောင် ဆောင်ရွက်လာကြလေသည်။ နိုင်ငံတကာက ကြွေးမြီများနှင့် ပိတ်ဆို့မှုများ အတားဆီးသည် နောက်တကြိမ် လိုသလို အာဏာသိမ်းနိုင်ရန်အတွက် ဦးတည်မောင်းနှင်နိုင် ရန် ကြီးမားသော အနှောင့်ယှက်များဖြစ်သည်ကို ယခု စစ်ခေါင်းဆောင်များက သင်ခန်းစာယူထားကြ သည်။

ထို့ကြောင့် ယခုတကြိမ်အာဏာသိမ်း၇န်အားထုတ်မှုသည် ပြည်သူတို့၏ အကျိုးစီးပွားထက် ၄င်းတို့ စစ်တပ်အရာရှိတို့၏ အကျိုးစီးပွားချိန်ခွင်လျှာ အသာထွက်ရေးအတွက် ယခင်ထက် နူးညံ့ညင်သာပြီး လူထုပိုင်ဆိုင်မှုနှင့် ရပိုင်ခွင့်တို့သည် အာလုံးဆုံးရှုံးသွားရပြီး ၄င်းတို့ စစ်အုပ်စု ကိုပင် နိုင်ငံတကာမှ ခြေလွန်လက်လွန် ရင်းနှီးမြုပ်နှံထားပြီးဖြစ်သော အခြေနေများကြောင့် ထောက်ခံ ကျားကန်ပေးထားနိုင်ပါသည်။သို့သော် ပြည်တွင်း အတိုက်ခံနှင့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် အသေးစိတ်သိမြင်ပြီး ပြင်ဆင်နိုင်လျှင် တိုင်းသူပြည်သားများ အတွက် အနာဂတ်ကောင်းတခု တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် စစ်ဘက်ဆိုင်ရာမှ သာသာကလေး တိုင်းပြည်အာဏာအား လှလှပပ စကားလုံးလေးများဖြင့် ပြန်လည်သိမ်းယူဖို့ တဆင့်ပြီးတဆင့် အကောင် ထည်ဖေါ် ဆောင်ရွက်လာသည်မှာ သိသာမြင်သာအောင် စူးစိုက်ကြည့်မည်ဆိုပါက အထက်တွင် တင်ပြခဲ့သော အချက်လက်များထက်ပင် လေးနက်သော ကောက်ကြောင်းများစွာ ရှိနေသေးကြောင်းတွေ့ ရပြီး….အာဏာသိမ်းဖို့ အခွင့်သာလာနေပြီလော? ဟုပင် မေးခွန်းထုတ် စဉ်းစားစရာ ဖြစ်နေပါ၏၊

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

Credit : Here

ကျွန်တော် ဖတ်မိပြီးနောက် တွေးမိသည့် အန်အယ်လ်ဒီပါတီ အကြောင်း

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က စတင် ဖွဲ့စည်းပြီး န၀တမှ ဥပဒေပြဌန်းချက် အရ ၁၉၈၈ ခုနှစ် စက်တင်ဘာလ(၂၇) ရက်နေ့ တွင် နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ (ဥပဒေအမှတ်-၄/၈၈) အရ ဖွဲ့စည်းတည်ထောင်ခဲ့ ပါသည်။ ခေါင်းဆောင် တစ် ဦး စီ တွင် အဖွဲ့ဝင် ၄ ဦးစီဖြင့် ၁၂ ဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ၄ ဦးမှာ သူမအပါ ဟံသာ ၀တီ ဦးဝင်း တင်၊ ဒေါ်မြင့်မြင့်ခင်နှင့် ရုပ်ရှင်မင်းသား ဦးအောင်လွင် တို့ဖြစ်ကြသည်။(Wiki)

ဤတွင် ယနေ့ဗိုလ်ချုပ်ဓာတ်ပုံများ ကိုယ်ပိုင်အဖြစ် အသုံးချနေခြင်းကို ဗိုလ်ချုပ်ကျဆုံးသည့် ၁၉-၇-၁၉၄၇ နှင့် ၂၄-၉-၈၈ တို့တွင် ဖွဲ့စည်းခဲ့သည့် ပါတီအနေအထားဖြင့် ခွဲခြားနိုင်သည်။ သို့သော် ဗိုလ်ချုပ်၏ သမီး တစ်ေ ယာက် အနေဖြင့် သုံးခြင်းကို သီးခြားဖော်ပြရန်မရှိ။ ပြည်သူ့ရဲဘော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ရှိစဉ်တွင် Register လုပ် ကြေငြာချက် တစ်ခု ထုတ်ခဲ့သည်မှလွဲ၍ အခြား မူပိုင်ခွင့်များလည်း မရှိပေ။

စတင်ချိန်ကတော့ ဦးအောင်ကြီး ဥက္ကဌဖြစ်ပြီး ကွန်မြူနစ် စွပ်စွဲမှု ပြဿနာဖြစ်ကာ အန်အယ်လ်ဒီ ကွဲပြဲခဲ့သည်။ ထိုအကွဲတွင် ဦးအောင်ကြီး၏ ပါတီထဲသို့ တက္ကသိုလ် ၊ကောလိပ် များမှ ဆရာ၊ ဆရာမများ ကျောင်း ဆ ရာေ ဟာင်း များ ပညာရှင်၊ပညာတတ်ပေါင်းများစွာ ပါသွားသည်။(wiki)

ထိုအချက်ကြောင့် အန်အယ်လ်ဒီပါတီသည် စတင်ပြီး မကြာမီကပင် ပညာတတ်နည်းပါးသည့် ပြဿနာကို ရင် ဆိုင် ခဲ့ရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ တစ်ဦးတည်း ခေါင်းဆောင်မှုဖြင့် ရွေးကောက်ပွဲ တွင် အနိုင်ရ ခဲ့သည်။ ယနေ့အချိန်အခါတွင်လည်း ကြုံရာလူများကို ဒေါ်အောင်ဆန်းစုကြည် တစ်မျက်နြှာ ဖင့် ပါတီတွင်း ထည့်သွင်းထားသည်ကို တွေ့နိုင်သည်။

န၀တ အစိုးရလက်ထက် ရွေးကောက်ပွဲအပြီး အနိုင်ရ အန်အယ်လ်ဒီပါတီများ၏ လက်လွတ်စပယ် တောင်း ဆို မှုများ ကြောင့် အရပ်သားအစိုးရ မဖြစ်ခဲ့ပေ။ ထို့နောက်တွင် အန်အယ်ဒီမှ အမျိုးသားညီလာခံကို ကျော ခိုင်း ကာ ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ကေအန်ယူ ဌာနချုပ် မာနယ်ပလောတွင် စင်ပြိုင်အစိုးရ အဖွဲ့ ကို တည် ထောင်ခဲ့ကြသည်။ (wiki)

အန်အယ်လ်ဒီကို ဖိနှိပ်သည်ဟု ဆိုသည်များ ပြောလေ့ မရှိသည့် အချက်များ ဖြစ်သည်။ တိုင်းပြည် တစ်ပြည် တွင် အနောက် အကူအညီဖြင့် စင်ပြိုင် အစိုးရဖွဲ့ခြင်း၏ အကျိုးအပြစ်ကို သီးခြားလေ့ လာနိုင်ပေ သည်။ အစိုးရမှ ကမ္ဘာနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ၁၉၉၆ မြန်မာခရီးသွားနှစ် (Visit Myanmar year 1996) ကို ပြုလုပ်ခဲ့ရာတွင် အန်အယ်လ်ဒီမှ ခရီးသွားများ လာရောက်ရန် အချိန်မဟုတ်သေး ဟုဆို ကာ ဆန့်ကျင် ခဲ့သည်။(wiki)

အစိုးရသည် တိုင်းပြည်အတွက် ဘာမှ မလုပ်ခဲ့ဟု ဆိုသူများ ထိုအဖြစ်ကို မေ့နေကြသည်။ ပူးပေါင်းဆောင် ရွက် ခြင်းဖြင့် တိုင်းပြည် အကျိုးရှိနိုင်သော်လည်း ထိုအချိန်တွင် ကန့်လန့်တိုက်ခဲ့ခြင်းကြောင့် ခရီးသွား ဧည့် သည် သန်းကျော် လာမည်ဟု မှန်းထားရာမှ ၂ သိန်းခန့်သာ လာရောက်ခဲ့သည်။ ထို့ပြင်သာမက မြန် မာနိုင်ငံ ကို စီးပွားရေး ပိတ်ဆို့ရန် တောင်းဆိုခဲ့သည့်အတွက် စက်ရုံ၊ အလုပ်ရုံများ ပိတ်ကာ 555 သောက် သည့် မြန်မာများ လန်ဒန် ဖြစ်ကုန်သည်။ အထည်ချုပ် အလုပ်သမများ ထိုင်းကို ရောက်ကုန်သည်။ ထိုအ ချိန် ကာလအတွင်း ဇာဂနာမှာ ထန်းခေါက်ဖာကို ကိုင်၍ ဖာနိုင်ငံဟု ပြက်လုံးထုတ်ခဲ့သည့်အတွက် အဖမ်းခံ ရသည်။ ဘယ်သူတွေ အမြင်ကျဉ်း ခဲ့သလဲ၊ ဘယ်သူတွေကြောင့် ထိုသို့ ဖြစ်ခဲ့သလဲဆိုသည်ကို နှစ်ဖက် မျှတွေး က သိနိုင်သည်။

စစ်အစိုးရမှ တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်။ နောက်ဆုံးတွင် ဆက်ဆံရေး ၀န်ကြီး တစ် ဦး ထားရှိသည်အထိ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအတွက် ထားရှိပေးခဲ့သည်။ သို့သော် ထိုအချိန် ကာလ အတွင်း ကျွန်မကတော့ ရန်ကုန် တက္ကသိုလ်ကြီး ပြန်ဆောက်ချင်တယ်၊ ကျွန်မကတော့ ရန်ကုန် ပြည် သူ့ဆေးရုံ ကြီးကို မွမ်းမံချင်တယ် ဆိုသည့် ယခုလွှတ်တော်အတွင်း ဆောင်ရွက်ခဲ့ သည့် နှစ်ခု ကို ပြော ဆို ခဲ့ခြင်း မရှိပေ။ သူမသာ ပြောခဲ့ပါက လွန်ခဲ့သည့် နှစ်များစွာကပင် ယခုထက်ပိုမိုကြီးကျယ် သည့် နေရာ များ ဖြစ်လာမည် သာမ က လွှတ်တော်အတွင်း လူထုခေါင်းဆောင် တစ်ယောက်၏ အချိန် အလဟသ မဖြစ်ေ တာ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်သည်။ ရွေးကောက်ပွဲ မ၀င်ဘဲနေသည်။ ထို့အတွက် အန်အယ် လ်ဒီ များ ကွဲထွက်ကာ ပါတီ အသစ်များ ဖွဲ့စည်းကြသည်။ ပညာတတ် အလယ်အလတ်ကျသည့် Third Group များ အခြားပါတီ များဖြစ်လာသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အရွေးခံစေမည့် ပညာတတ်များ မရှိသလောက် ဖြစ်ခဲ့ရ သည်။ စောစီးစွာ ပြောင်း လဲပါက နိုင်ငံလည်း စောစီးစွာ ပြောင်းလဲမည်ကို သတိပြုသင့်သည်။ အန်အယ်ဒီ အဖွဲ့ဝင် အဖြစ် ပြည်ထောင်စုမြန်မာနိုင်ငံသားများ၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မ ဟုတ် ယာယီသက်သေခံ လတ်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ရမည် ဆိုပြီး သတ်မှတ်ထားသည်။ (ပါတီ စည်း မျဉ်း) အန်အယ်လ်ဒီ၏ မူအရ ဘင်္ဂလီဖြစ်စေ၊ ကုလား၊တရုတ် ဖြစ်စေ ပါတီဝင် ဖြစ်ရမည်သာ ဖြစ်သည်။ ထို့ေ ကြာင့် လည်း မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ပါတီဝင် ၁၀ ယောက်၌ ၆ ယောက်ခန့်သည် လူမျိုးခြား များ ဖြစ်ေ န သည်။ သို့ပါဆိုလျှင် အန်အယ်ဒိ အာဏာရပါက မည်သူများကို လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် မြင်ေ တွ့ရမည် ထင်သနည်း။

ပါတီ၏ အထွေထွေညီလာခံကြီးကို မတ်လ ၉ ၇က်နေ့တွင် ကျင်းပမည်ဟု ဆိုင်းဘုတ်ကြီး ထောင်ထား သည်။ သို့သော် ဗိုလ်ချုပ်ပုံကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ပုံကို ထောင်ထားသည်မှာ ဗိုလ်ချုပ်က အန် အယ်လ် ဒီ ပါတီဝင်အလား ထင်ရသည်။ ပါတီဝင် အဖြစ် ဂုဏ်ယူဖော်ပြစရာ လူမရှိသလော။ လေးစား သ မှုေ လာ ကတော့ ပါတီဥက္ကဌကြီး သဘောသာ။

ဤစာစုများသည် မိမိအမြင်ကို သမိုင်းကြောင်းနှင့် ယှဉ်ပြီး တွေးခေါ်ခြင်းသာ ဖြစ်သည်။ လွတ်လပ်စွာ သဘော ကွဲလွဲနိုင်ပါသည်။

Credit : OppositEyes

မြဝတီလောင်းကစားပွဲကြီးများကို ပထမဆုံးအကြိမ် ဖမ်းပြီ


လောင်းကစားလုပ်ငန်းရှင်တို့အတွက် နေ့တိုင်းနေ့တိုင်း ရက်ရာဇာ ဖြစ်လေ့ရှိသော်လည်း ယနေ့အတွက် မူ ပြဿ ဒါးနေ့ ဖြစ်ဟန်ရှိသည်၊ အထူးသဖြင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖြစ်သည်။

မြ၀တီခရိုင်အတွင်း အနှစ် ၂၀ နီးပါး သက်တမ်းရှိခဲ့သော ကြည့်ချင်ပွဲနှင့်တွဲဘက်ကျင်းပသည့် တရား မ၀င် လောင်း ကစားပွဲ(အာဝါဒေး)များကို ယနေ့မှစတင်ပြီး ဖမ်းဆီး အရေးယူနေသည်ကို တွေ့ရသည်။

အဓိဌာန်အောင်ဘုရားဝင်းအတွင်း ဖမ်းဆီးထားသည့် လောင်းကစားခုံကြီး ၉၂ ခုကို မီးရှို့ဖျက်ဆီး လိုက် သည်။

“ပိုင်ရှင်တွေကိုဖမ်းဆီးရမိတာမရှိပေမဲ့ နောက်ကိုဆိုရင်တော့ ဒိုင်ကော၊ ပစ္စည်း ကော၊ ထိုးသားတွေကိုပါ ဖမ်းဆီး အရေးယူမယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတဦးကပြောသည်။

လောင်းကစားပစ္စည်းများဖျက်ဆီးမှု အစီအစဉ်သို့ မြ၀တီခရိုင်ဥက္ကဌဦးသန်းဆွေ၊ ခရိုင်ရဲမှူးကြီးဦးအောင်မြင့် အပါ အ၀င် အရာရှိ အများအပြား တက်ရောက်ခဲ့ကြသည်။

မြ၀တီမြို့ခံကျောင်းဆရာတဦးက “အရင်က ဘယ်လူကြီးပဲလာလာ ဘာအရေးယူမှုမှ မရှိဘူး။ အခုလာတဲ့ ခရိုင်ဥက္ကဌအသစ် ဦးသန်းဆွေကတော့ စပြီး ကိုင်တွယ်ပြီ။ ဘယ်အတိုင်းအတာအဖြစ် အလုပ်ဖြစ်မလဲ၊ တကယ်လား၊ အဟုတ်လား ဆိုတာတော့ စောင့်ကြည်ရအုံးမယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

“ဒီပြဿနာက ကျောင်းသားလူငယ်တွေကို အများစု ပျက်စီးစေသလို (လောင်းကစားကြောင့်) ဒီနယ်မှာ လည်း ရာဇ၀တ်မှုတွေက နေ့တိုင်းနီးပါးရှိတယ်” ဟု ကျောင်းဆရာက ဆက်ပြောသည်။

တန်ဆောင်မုန်းလမှ စတင်သည့် အာဝါဒေးပွဲများကို ခရိုင်အတွင်း နွေရာသီကာလများတွင် ကျင်းပ ခဲ့ကြခြင်ြး ဖစ်ကြောင်း၊ မြို့တွင်းမြို့ပြင်များတွင် နေရာ ၇ ခုခန့်ရှိကြောင်း၊ ကစားကွင်းတနေရာတွင် လောင်း ကစားခုံ ၅၀ ခန့်နှင့်လောင်းကြေးငွေ ကျပ်သိန်းရာချီရှိကြောင်း လောင်းကစားဒိုင်တဦးကပြောသည်။

အာဝါဒေးပွဲကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA စတင် ပေါ်ပေါက်ပြီးနောက် ထိုအဖွဲ့ ရံပုံငွေရရှိရေးအတွက် ယခင်စစ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု မြ၀တီမှကျောင်းထိုင် ဘုန်းေ တ်ာကြီး တပါးက မိန့်ကြားသည်။

မြ၀တီ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ဘားအံ စသည့် ကရင်ပြည်နယ်ရှိ မြို့များတွင် အာဝါဒေးပွဲများ အစဉ် အလာ တရပ်အနေနှင့် တည်ရှိလာသည်မှာ နှစ် ၂၀ ပြည့် တော့မည်ဟုလည်း ၎င်းဘုန်းတော်ကြီး က ဖြည့်စွက် မိန့်ကြားသည်။

ယနေ့ဖမ်းဆီးမှုကြောင့် မြ၀တီခရိုင်အတွင်းရှိ လောင်းကစားပွဲများ ရပ်နားထားရသည်ဟု သိရှိရသည်။

မြ၀တီခရိုင်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတခုမှ တပ်မှူးတဦးက ၎င်းတပ်ရင်းအတွက် လစဉ် ကုန်ကျ သည့် ရိက္ခာ ဘိုး ကျပ်သိန်း ၃၀၀ ခန့်ကို အာဝါဒေးပွဲမှတဆင့် ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်း ကျင်းပသည့် ဘာသာရေးပွဲတော်များတွင်လည်း တညလျှင် ကျပ် ၅ သိန်းနှင့် အ ထက် ငှားရသည့် ဇာတ်ပွဲများအတွက် အာဝါဒေးကို မလွဲမသွေ ထည့်သွင်းရသည်ဟု ပြီးခဲ့သည့် တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲ ကျင်းပခဲ့သည် ကော့ကရိတ်မြို့နယ်မှ ဆရာတော်တပါးက မိန့်ကြားသည်။

ပြည်တော်မြင့် ~

(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

နာမည်ကြီးနေသည့် အမျိုးသမီးဖက် ဘုရားပုံနှင့် ပတ်သက်၍ ရှင်းလင်းချက်


အခုပုံကတော့ တိဘက်က ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံပါ။ မြတ် ဗုဒ္ဓ ရဲ့ပုံတော် အစစ်မဟုတ်တဲ့ အတွက် ရုပ်ပွါးတော်လို့ ခေါ်လို့မရပါဘူး။ ပုံကတော့ သူတို့ရဲ့ ယောဂ ကျင့် ဉ်ေ တွထဲက ကာမဂုဏ်ခံစားတဲ့ ကျင့်စဉ်တစ်ခုကို ပုံဖော်ထားတဲ့ ကာမမုဒြာ ပုံပါ။

တိဘက်ထုံးစံ အရ ဇနီးမောင်နှံ နှစ်ဦးစလုံး အတွက် အသုံးဝင်တဲ့ ကျင့်စဉ်လို့ ဆိုပါတယ်။ အမျိုး သားနဲ့ အ မျိုး သမီး ပူးတွဲလေ့ကျင့်လို့ ရသလို တစ်ဦးထဲလည်း လေ့ကျင့်လို့ရပါတယ်တဲ့။

ဝဇီရာယန ဆိုတာ လက်ရှိ ဒလိုင်းလားမား ယုံကြည်လက်ခံ ကျင့်သုံးနေတဲ့ ဝါဒလည်းဖြစ်ပါတယ်။ သူကိုယ် တိုင် တန်ထရာယောဂကို ကျင့်ကြံလား ဆိုတာတော့ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ မြန်မာပြည်မှာ အသံ ထွက် လာတဲ့ ကာမကို အလှူခံလို့ရတယ် ဆိုတဲ့ ဝါဒနဲ့တော့ မသက်ဆိုင်ဘူးထင်ပါတယ်။

ကျွန်တော်တို့ရဲ့ ထေရဝါဒနဲ့ မဟာယန မတူသလို ထေရဝါဒနဲ့ ဝဇီရာယန ဟာလည်း လားလားမှ မဆိုင် ပါဘူး။ တင်တဲ့သူတွေကတော့ ဘာရည်ရွယ်ချက်နဲ့ တင်ကြလည်းမသိပါ။ ဒီကျင့်စဉ်တွေဟာ မနေ့တနေ့ ကမှ ပေါ်လာတာမဟုတ်ဘဲ နှစ်ပေါင်းရာပေါင်း များစွာကတည်းက တစ်ခြားအယူဝါဒ ကျင့်စဉ်တွေနဲ့ ရြော ပီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့ကျင့်သုံးတဲ့ ထေရဝါဒ (မဟာယနတွေအခေါ် ဟိနယန ) ပိဋကတ်ေ တာ်ေ တွ ကို ရှေးမူအတိုင်း မပျောက်မပျက် စင်ကြယ် အောင် သံဃာယနာ ၆ ကြိမ်တိုင်တင်ခဲ့ရတာ ဝိနယေ တ်ာတွေ ကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ ကြရတာ ဖြစ်ပါတယ်။

ဝဇီရာယနနဲ့ တန်ထရာယောဂ အကြောင်း အသေးစိတ်သိလို သူများ အောက်ပါလင့်ခ်များမှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/Tantra_techniques_(Vajrayana)
http://en.wikipedia.org/wiki/Karmamudrā

http://tantrismuskritik.blogspot.com.au/2011/01/true-face-of-dalai-lama-playing-around_21.html

(ရာဇာဓိ ရာဇာ photo မှ ကူးယူဖေါ်ပြပေးပါသည်..အထင်လွဲ အမြင်လွဲ ကိစ္စများကင်းေ ဝးေ စရန် ရည်ရွှယ် ပါသည်)

Credit : Here

ကချင်ဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မကြာခင်ပြန်စမည်

KIO ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာအစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ တို့ကြား မတ်လ ဒုတိယပတ်လောက်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ ထပ်လုပ်တော့ မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက ကျင်းပဖို့စီစဉ်ထားတဲ့ ဆွေးနွေးပွဲ ဟာ ဆွေးနွေးပွဲ မတိုင်ခင် ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပျက်ခဲ့ရပြီး ဆွေးနွေးပွဲတွေ နှောင့်နှေးခဲ့ရတာမို့ ဒီလို ထပ်မံမဖြစ်ပွားစေဖို့ တိုက်ပွဲအရှိန်လျှော့ရေး သဘောတူညီချက်ကို လက်တွေ့ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ KIO ကပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

စနေနေ့ကအထိ ချီဖွေဒေသ လောခေါင်ဇုံနယ်မြေမှာရှိတဲ့ ကေအိုင်အို တပ်စခန်း ၄ ခုကို အစိုးရတပ်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်ခဲ့သလို ပန်ဝါဒေသတလျှောက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေဆဲပဲလို့ ကေအိုင်အေရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံက ဗွီအိုအေကို ပြောခဲ့ပါတယ်။ တိုက်ပွဲတွေ အခုလိုဆက်ပြီး ဖြစ်ပွားနေပေမဲ့ အဲဒီဒေသမှာ ဖေဖော်ဝါရီ ၂၂၊ ၂၃ မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေလောက်တော့ သိပ်ပြီး ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ကေအိုင်အေ ပြောခွင့်ရ ဒေါက်တာ လဂျာ ကပြောပါတယ်။

“ဟိုတလောက ၂၂၊ ၂၃ ဖေဖော်ဝါရီလမှာပေါ့နော်။ ချီဖွေ လောခေါင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်တာရှိတယ်။ အဲဒီနောက်ပိုင်း နည်းနည်းပါးသွားတယ်။ ရှိပေမဲ့ အကြီးအကျယ်တော့ မရှိတော့ဘူး။”

ဖေဖော်ဝါရီ ၄ ရက်နေ့က တရုတ်နိုင်ငံရွှေလီမှာ ကေအိုင်အို နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ကြား တွေ့ဆုံဆွေးနွေးမှုတွေ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက် အခု မတ်လ ဒုတိယပတ်ထဲမှာ ဆွေးနွေးပွဲတွေ ထပ်ပြီးလုပ်ဖို့ သဘောတူညီချက် ရထားပြီလို့လည်း ပြောပါတယ်။

“တွေ့ဖို့ သူတို့ confirm လုပ်ထားတာရှိတယ်။ မတ်လ ဒုတိယပိုင်းမှာတွေ့ဖို့ အဲဒါရှိတယ်။ တရုတ်ပြည်မှာလုပ်မှာ။ တရုတ်အစိုးရလည်း ပါဝင်တယ်။ ဆိုတော့ စစ်ရေးအရှိန်လျှော့ဖို့ကိစ္စကို ပထမဦးစားပေး ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲအတွက်ကလည်း အစ ပြင်ဆင် မှုတွေပေါ့နော်။ ပြင်ဆင်စရာရှိတာတွေကိုတော့ ဆွေးနွေးကြမှာ။”

နှစ်ဘက်ဆွေးနွေးပွဲတွေကို မူလက ဖေဖော်ဝါရီလကုန်မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမဲ့ မြန်မာအစိုးရဘက်က ထိုးစစ်တွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့တာမို့ ယုံကြည်မှုမရှိဘဲ ဆွေးနွေးပွဲတွေ နှောင့်နှေးခဲ့ရတယ်လို့ ဆို ပါတယ်။

“ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဆိုတဲ့ဟာက ခုနကပြောသလိုပေါ့။ အဲဒီ ၂၂၊ ၂၃ ၀န်းကျင်မှာ တော်တော်လေး အစိုးရဘက်က ထိုးစစ်ဆင်တဲ့နေရာတွေ ရှိတော့၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ရွှေလီမှာတွေ့တုန်းကတော့ ဒီ နှစ်ဘက်စစ်ရေးအရှိန်လျှော့ဖို့ သဘောတူညီမှု ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ထားတာ ရှိတယ်လေ။ ဒါပေမဲ့ အစိုးရတပ်ဘက်က အဲဒီလို ဖြစ်မလာတော့ နည်းနည်း ဟိုဘက်ကလည်း ဒါ ဘယ်လိုလဲဆိုတာပေါ့။ စစ်ရေးအရှိန်မလျှော့နိုင်တဲ့သဘောလို ဖြစ်တော့ ဒီလကုန်ပိုင်းမှာ တွေ့ဖို့ဆိုတဲ့ဟာ က နှောင့်နှေးသွားတဲ့သဘော ရှိပါတယ်။”

နိုင်ငံတကာဖြစ်စဉ်မှာလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးချိန်မှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နိုင်သေးပေမဲ့ ဒါကို လျော့သည်ထက်လျော့အောင် လုပ်သွားဖို့လိုအပ်သလို အခုလို တွေ့ဆုံ ပွဲတွေ ကလည်း ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ဖြစ်လာမယ် လို့ မျှော်လင့်ထားကြောင်း အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ကေအိုင်အိုက ခေါင်းဆောင်တွေနဲ့ ဦးအောင်မင်းနဲ့ ညှိနှိုင်းနေပါတယ်။ ပြင်ဆင်နေတဲ့ဟာတွေ ပြီး သလောက်ဖြစ်တော့ ၇ ရက်နေ့နောက်ပိုင်းလောက်မှာ နှစ်ဘက် တွေ့နိုင်တယ်လို့ ဦးအောင်မင်းက ရှင်းပြပါတယ်။ ဦးအောင်မင်းနဲ့ ညှိနှိုင်းတာနေတာတွေက မပြီးသေးပေမဲ့ အခု တိုက်ရိုက်ညှိနှိုင်းနေတယ်။ အဲဒီ peace process တွေအားလုံးကလည်း တိုက်ရိုက် ညှိနှိုင်းနေတာ ဖြစ်တဲ့အတွက် အရင်ကထက် အများကြီး positive ပါ။ အဲဒီလိုဖြစ်နည်းတွေကတော့ တခြား နိုင်ငံတကာဖြစ်စဉ်တွေမှာလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီးတာတောင်မှ ရှိခဲ့တာပဲလေ။ ဒါပေမဲ့ ကျနော့်အမြင်ပြောရရင်တော့ အခိုက်အတံ့မှာတော့ ကျနော်တို့ ဒါကို ဖြတ်တော့ဖြတ်နေရမယ်။ ဒါပေမဲ့ သိပ်အကြာကြီးတော့ မဟုတ်ဘဲနဲ့ ဒါတွေက အားလုံး လျော့ကျသွားမယ်လို့ ကျနော်တို့ကတော့ ယုံကြည်တာပဲလေ။”

ကေအိုင်အိုဘက်ကတော့ နှစ်ဘက် သဘောတူညီမှုတွေဟာ စာရွက်ပေါ်မှာတင်ရှိတာမဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။

“အဓိက ကတော့ ကျနော်တို့ စာရွက်ပေါ်မှာပဲ သဘောတူတာမဟုတ်ဘဲ တကယ် လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ဟာမျိုး အဆင့်ထိ ဖြစ်မလာရင်တော့ အဓိပ္ပါယ်မရှိတဲ့ တွေ့ဆုံမှု လို ဖြစ်လာ တဲ့သဘော ရှိတာပေါ့။ အဲဒါကြောင့် ကျနော်တို့ အကောင်အထည် ဖော်နိုင်ဖို့က လက်တွေ့ဖော်ဆောင်ဖို့မှာ ပို အရေးကြီးတယ်ဗျ။ လက်တွေ့ဖော်ဆောင်မှု မပါတဲ့သဘောတူညီချက် ဆိုရင်တော့ ကျနော်တို့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ အဲဒီလို မြင်တယ်။”

ပထမအကြိမ် ရွှေလီဆွေးနွေးပွဲမှာ ကေအိုင်အိုဘက်က ဗိုလ်ချုပ် ဂွမ်မော်နဲ့ ဦးစွန်လွန်ဂန် တို့ ဦးဆောင် တက်ရောက်သလို မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးအဖွဲ့ကို ဦးအောင်မင်း ဦးဆောင်ပြီး ဦးအုန်းမြင့်နဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ မူးတူးဆေးဖိုး အပါအ၀င် ကိုယ်စားလှယ် ၁၀ ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တော့ တက်ရောက်ခြင်းမရှိပါဘူး။

Credit : Here

ကျွန်တော် ပြောပြ ချင်ပါသည် ( ၂ )

( ၁ ) လူ့အခွင့် အရေး ဆိုတဲ့ စကားလုံးဟာ အတိုက်အခံတို့အတွက် လက်နက်လား

လူ့ အခွင့်အရေး လူ့ အခွင့်အရေး နှင့် မကြာခန ကြားနေရသည် ။ ဆူဆူညံညံလဲ ကြား ရသည်။ ဒါဆိုတော့ လူ့ အခွင့် အရေး ဘာလဲ ၊ ကျွန်တော် တို့ နိုင်ငံမှာ လူ့ အခွင့် အရေး တွေ ဆုံး ရှုံးနေတာလား ၊ ဒါမှ မဟုတ် လူ့ အခွင့် အရေး ဆိုသော အဖိုး တန် အမျိုးမှန် တန်ဘိုးရှိသော အသုံး အနှုန်း တစ်ခု သည် အတိုက်အခံ တို့၏ စကား လက်နက် ၊ အပုပ်ချ လက်နက် ဖြစ်နေပြီလား ကျွန်တော် လေ့လာ ကြည့် မိသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း တွင် ပိုမို ဆန်းသစ်ပြင်းထန်လာသော အနောက်နိုင်ငံ များ ၏သြဇာခံ မီဒီယာများ နှင့် နိုင်ငံ့ အတိုက်အခံ များ သည် လူ့ အခွင့်အရေး ဟူသော အသုံး ကို အလွန် အသုံး ပြု လာကြကြောင်း တွေ့ ရမည်ဖြစ်သည်။ ဥပမာ အသံလွှင့် ဌာနများ ၏ ထုတ်လွှင့် ချက်များ ၌ လန်ဒန် အခြေပြု နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကြီး ၊ နယူယောက်အခြေပြု လူ့ အခွင့် အရေး စောင့်ကြပ်ကြည့်ရှု ရေး အဖွဲ့ ဆိုသည်များ၏ မြန်မာနိုင်ငံ နှင့် ပတ်သတ် သည့် လူ့ အခွင့် အရေး နှင့် ဆိုင်ရာမှတ်တမ်းများ ၊ အစီရင်ခံ စာများ ၊ ကြားနာချက်များ ကို အထပ်ထပ်အခါခါ ထုတ်လွှင့် သဖြင့် ကြားနာဘူးပြီး ဖြစ်ကြလိမ့်မယ်။ လူ့ အခွင့် အရေး ဆိုသောအသုံး အနှုန်းသည် လေးစားချင် စဖွယ် ကောင်း သလောက် ၄င်း ဌာနများ၏ လုပ်ဆောင်မှု များ မှ လု့ အခွင့် အရေး မရှိဘဲ တဘက်စောင်း နင်း နိုင်နေကြောင်း တွေ့ရှိရသည်။

၎င်းတို့ သည် အခွင့် အရေး ရလျှင် ရသလို တခြား နိုင်ငံများ ၏ ပြည်တွင်းရေး များ ကိုဝင်ရောက် စွက် ဖက် ခြင်း ၊ သပ်လျှို သွေးခွဲခြင်း ၊ သြဇာပေး တပည့်မွေးခြင်း ၊ ပြည်တွင်းရေး ကမောက် ကမ ဖြစ်လျှင် ၄င်းတို့ ၏ တပည့် များ အား ခေါင်း ဆောင် တင်ပေးနိုင်ရန် အတွက် လူ့ အခွင့် အရေး ၊ ဒီမိုကရေ စီရေး ဟု အသံ ကျယ်လောင်စွာ အော်ဟစ်၍ ၀င်ရောက် စွက်ဖက် ဆရာကြီး လုပ်ကြသည်များ ကို အတွေ့ အကြုံ အရ သိရှိနား လည်ထားကြပြီး ဖြစ်ပါမည်။

၎င်း အဖွဲ့ များ သည် မြန်မာနိုင်ငံ နှင့် အခြား အာရှနိုင်ငံ များ ၄င်း တို့ ၏ အတိုက်အခံ နိုင်ငံ ဟု ယူဆသော နိုင်ငံများ ၄င်း တို့ ၏ တပည့် မခံ သော နိုင်ငံများ ၊ပေါ်တွင်သာ စောင့် ကြည့်နေသော လူ့ အခွင့် အရေး စောင့် ကြပ်ကြည့်ရှုရေး အဖွဲ့ ကြီး ၏ လက်အောက်တွင် အာဖရိက ၊ လက်တင်အမေရိက၊ အရှေ့ အလယ်ပိုင်း ၊ ဟဲလ်ဆင်ကီး ၊ အာရှ စောင့်ကြည့်ရေး အဖွဲ့ များ သာ ရှိနေပြီး အနောက်အုပ်စု ၀င်နိုင်ငံများ အတွက် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့ များ မရှိသည်မှာ အံ့သြစရာပင်ဖြစ်သည်။ ဟုတ်ပါပီ ၊ ကျွန်တော်တို့ ကိုတော့ လူ့ အခွင့် အရေး ဗန်းပြ ၍ ဆရာကြီး ၀င်လုပ်နေကြသည် ။ ဒီလိုဆိုတော့ သူတို့ ဆီမှာ ရော လူ့ အခွင့် အရေး တကယ် ရနေပြီလား ???? ဥပမာ လေး တွေ လေ့လာ ကြည့် ရအောင် ဗျာ -

မြန်မာနိုင်ငံ ဘက်သို့ လူ့ အခွင့် အရေးဟု လှည့်အော်နေသော နိုင်ငံ တွင် အသားရောင်ခွဲခြားခံ နေ ရသော လူမည်းများ ၊ ကလေးများ မတော်မတရား ပြု ကျင့် ခံရမှုများ ( မုဒိန်းမှု ၁၀ မှု တွင် ၈ မှု မှာ ၁၈ နှစ်အောက် ကလေးများ ပြကျင့် ခံ ရခြင်းဖြစ်ပြီး ၄င်း ၈ မှု တွင် ၆ မှု မှာ အသက် ၁၂ နှစ်အောက် ကလေး များ ဖြစ်သည် ) ၊ အင်ဒီယမ်း တို့အပေါ် ၀ရမ်းမဲ့ ရှာဖွေ ဖမ်းဆီးမှုများ ၊ လူမျိုးရေးခွဲခြား ဆက်ဆံမှုများ ၊ လူမည်းနှင့် အင်ဒီးယမ်း မ၀င်ရနေရာများ ယနေ့ အချိန်ထိ ရှိနေသေးမှုများ ၊ ( ဥပမာ - ပရီးမီးယားလိရ် ပြိုင် ပွဲ များ တွင် လူမည်းကစားသမား များအား လူမျိုးရေး ခွဲခြား ဆက်ဆံမှု များ ယနေ့ထိေ တွ့ရ မည်ဖြစ်သည် ) အား မည်သည့် အတွက် ကြောင့် စောင့်ကြည့် လေ့လာမှု မရှိရသနည်း ။ တွေး စရာပင်။

အာရှဒေသများ တွင်လည်း ၄င်းတို့ လက်အောက် ပြုသမျှ မနု သောနိုင်ငံများ အား လူ့ အခွင့် အရေး စောင့် ကြည့် လေ့လာ၍ လူ့ အခွင့် အရေးမရှိ ဟု တိုက်ခိုက် အော်ဟစ်နေကြ သော် လည်း ၄င်းတို့ လက်ချက်ဖြင့် အင်္ဂါမစုံ ၊ လူရုပ်မပီ မွေးဖွားလာ ကြသော၊ ယခုထက်ထိ အဏုမြူေ ရာင်ခြည်သင့် နေသေးသော ဂျပန် လူမျိုး အချို့ အတွက် ၄င်း ၊ Agent Orange လက်ချက်ကြောင့် အင်္ဂါမ စုံ ၊ လူရုပ်မပီ မွေးဖွားလာ ကြသော၊ ယခုထက်ထိ ၄င်း Agent Orange ဒါဏ်ခံစားနေရသေးသော ဗီယက်နမ် ကလေးငယ်အချို့ အတွက် ၄င်း ၊ အမေရိကန် ဂျပန်၊ အမေရီကန် ဗီယက်နမ် ကပြား မိဘမစုံ သည့် ကလေးသူငယ်များ အတွက် တော့ လူ့ အခွင့် အရေး စောင့် ကြည့်လေ့လာမှု မရှိသည်ကို အံ့သြ စိတ်ပျက်ဖွယ်ရာ တွေ့ရမည် ဖြစ်သည်။

( ၂ ) လူ့ အခွင့် အရေး နှင့် ပတ်သတ်၍ ကျွန်တော့် အမြင်

ကျွန်တော် တို့နိုင်ငံမှာ အချို့ သော အတိုက်အခံ တို့ကြောင့် လူ့ အခွင့် အရေး မရ ၊ ဆုံးရှုံးနေ သည် ဟု ပြောကြသည်။ အချို့ လူငယ်များ ကလဲ နားယောင်ကြသည်။ ကဲ .... ကျွန်တော် တို့ တွေးကြည့် ရအောင် ဗျာ ...

ကျွန်တော် တို့ နိုင်ငံ တွင် လွတ် လပ်စွာသွားလာခွင့် ရှိသည်။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်။ လွတ်လပ်စွာ ပြောဆိုခွင့် ရှိသည်။ လွတ်လပ်စွာ ၀တ်ဆင်ခွင့် ရှိသည်။ လွတ်လပ်စွာ ရေး သားခွင့် ရှိသည်။ လူဖြူလူမည်း ခွဲ ခြား သလို ဘယ်တိုင်းရင်းသားမို့ မ၀င်ရ ၊ မလုပ်ရ ၊ ဘယ်ဘာသာမို့ မ၀င်ရ ၊ မလုပ်ရ ဆိုသော ဆိုင် ၊ နေရာ ၊ အလုပ်အကိုင် ရှိပါသလား ။ လူပီသသော သူများ အတွက် လူ့ အခွင့် အရေး အပြည့် အ၀ ရနေပါသည်။ ယခုမှ မဟုတ် ယခင်နှစ်ပေါင်း များ စွာကတည်းကပင်။ ပြောရလျှင် လူတယောက်အတွက် မွေးရာပါ အခွင့် အရေးများ ဖြစ်သည်။

လွတ်လပ်စွာ သွားလာခွင့် ရှိသည်။ သို့သော် လွတ်လပ်စွာ လမ်းပြောင်းပြန် မောင်းခွင့် စည်းမဲ့ ကမ်းမဲ့ လမ်းဖြတ်ကူးခွင့် စည်းလွတ်ဝါးလွတ် ယာဉ်ကြော ပိတ်ဆို့ခွင့် တော့ မရှိ။ လွတ်လပ်စွာ ပြောဆိုခွင့် ရှိသည်။ စည်းကမ်းမဲ့ သွားပုပ်လေလွင့် ဆဲဆို အပုပ်ချခွင့် တော့ မရှိ ။ လွတ်လပ်စွာ ၀တ်ဆင်ခွင့် ရှိသည်။ ကိုယ့် အမျိုး ဘာသာ သာသနာ မျက်နှာတော့ ကိုယ်ကြည့် ဖို့လိုသည်။ လွတ်လပ်စွာ ရေး သားခွင့် ရှိသည်။ စာပေဖြင့် စည်းလွတ်ဝါးလွတ် သောက်တင်းတုတ်ခွင့် မရှိ။ လူပီသသူတို့ အဖို့ တော့ လူ့ အခွင့် အရေး အကုန် ရနေသော နိုင်ငံ တနိုင်ငံ ဖြစ်သည် ဆိုတာကိုတော့ နားလည်ထားကြဖို့ လိုပါမည်။ နားလည်စေ ချင်ပါသည် ။

ကျွန်တော့် အမြင်ကို တင်ပြခြင်းသာ ဖြစ်ပါသဖြင့် လွတ်လပ်စွာကွဲ လွဲ နိုင်ပါသည်။

လင်း လက် လူ

Credit : Here

ကျွန်တော် ပြောပြ ချင်ပါသည်

မနေ့ က တယောက်ရေးထားတာလေး ဖတ်လိုက်ရတော့ ရေး လက်စလေးတွေ ရပ်လို့ ဒါလေး ရေး လိုက်ရတာပါပဲ ဗျာ ....

( ၁ ) မြန်မာ နိုင်ငံက GDP နိမ့်ကျတယ် ဆိုပဲ

ကျွန်တော် တို့ နိုင်ငံ GDP နိမ့်တယ် လို့ ဖတ်လိုက်ရတယ် ဗျ .... ဟုတ်ကဲ့ GDP ဆိုတာဘာလဲ ... သိရော သိရဲ့လား ..... အလွယ်ပြောရရင်တော့ Gross Domestig Product ( စုစု ပေါင်း အသား တင် ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှု တန်ဖိုး ) ပေါ့ဗျာ .... အဲ့ဒါနဲ့ ပတ်သတ် လို့ ကျွန်တော် ကိုယ်တိုင်လုပ်ခဲ့ ရတာလေးတွေ ပြောပြ ချင်တာပါ .... ကျွန်တော် တို့ နိုင်ငံ ဟာ အများပြောနေသလို တပ်မတော် အစိုးရ လက် ထက်မှာ GDP မနိမ့်ပါဘူး ခင်ဗျာ ... ကျွန်တော် ကိုယ်တိုင် ၂၀၀၈ ခုနှစ် တနှစ်လုံး မန္တလေး တယက ရုံး မှာ လစဉ် GDP အစည်းဝေး တက်ခဲ့ တာပါ .... သက်ဆိုင်ရာ ဌာနအလိုက် စက်ရုံ အလုပ်ရုံ တွေ အလိုက် ၀န်ကြီး ဌာန လက်အောက်ခံ အဖွဲ့ အစည်း အလိုက် အားလုံး တက်ရပါတယ် ... မှန်းချေ မန္တလေးတိုင်း တွင်းက ဌာနအသီးသီးက လူ ခုနှစ်ဆယ် ခန့်ပေါ့ဗျာ .... အဲ့မှာ ဘာတွေ လုပ်ရလဲ ဆိုတော့ တခု ကနေအရင် စပြောမယ် ဗျာ ....

GDP တွက်တဲ့ အခါမှာ ကဏ္ဍကြီး ( ၁၄ ) ခုနဲ့ တွက်ပါတယ် ... ပြောရရင်တော့ လယ်ယာ ၊ သားငါး ၊ သစ်တော ၊ သတ္တု ၊ စက်မှု ၊ လျပ်စစ် ၊ဆောက်လုပ်မှု ၊ စွမ်းအင် ၊ ဆက်သွယ်ရေး ၊ ကုန်သွယ်ရေး ၊ ငွေရေးကြေးရေး ၊ ပို့ဆောင်ရေး ၊လူမှု ရေးနှင့် စီမံ ခန့် ခွဲရေး ၊ ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု လုပ်ငန်း ပေါ့ဗျာ .... ကဏ္ဍ အလိုက် နှစ်စဉ် ကုန်ထုတ်လုပ်မှု တန်ဖိုး တိုးတက်အောင် ကြိုးစား ရပါတယ် ..... လျာထားချက်ကလဲ တနှစ်ထက် တနှစ် တိုးလာပါတယ် .... တိုးလာတာကို မှီအောင် လိုက်လုပ်ရပါတယ် ..... နားလည်အောင် ပြောမယ် ဆိုရင် လယ်ယာ ကဏ္ဍ အနေနဲ့ ( ဥပမာ ) ဒီနှစ် မန္တလေးတိုင်းက စပါး တင်း တရာ ထွက်ရင် နောက် နှစ် ၁၁၀ ထွက်အောင် ကြီုး စားရပါတယ် .... ဘယ်လို ကြီုးစားလဲ မေးစရာရှိလာမယ် .... မြေလွတ်မြေရိုင်းတွေ ဖော်ပါတယ် ..... ရေ ရနိုင်ဖို့ ကြိုးစားရပါတယ် ..... နည်းပညာ ဖြန့်ဝေနိုင်ဖို့ ကြိုးစားရပါတယ် ..... နှစ်သီးစိုက်နိုင်တဲ့ နေရာမှာ သုံးသီး စိုက်နိုင်ဖို့ ကြိုး စားကြရပါတယ် ..... အစည်းဝေးမှာ ဒါတွေ ကို ပေါင်းစပ် ညှိ နိုင်း တိုင်ပင်ကြတာဖြစ်ပါတယ် .....

သားငါး ကဏ္ဍ ... ထိုနည်း လည်းကောင်းပါပဲ ..... ကုန်ထုတ်လုပ်မှု တန်ဖိုးတွေ တိုးတက်လာအောင် ကြံ ရဖန်ရတယ် ... ကြိုးစားရပါတယ် .... လိမ်လို့မရပါဘူး .... စာထဲမှာတင် တင်ပြလို့မရပါဘူး .... လိမ်လိုက်ရင် နောက်ဆက်တွဲ စာရင်းစစ် audit ၀င်လာတဲ့ အခါ လိုအပ်နေတဲ့ ( ငွေ )ကုန်ထုတ်လုပ်မှု တန်ဖိုး ကို ဘယ်သူလျော်မှာလဲ ... အခန့်မသင့် ထောင်တောင် ကျနိုင်တယ်လေ .... နိုင်ငံ တော် အဆင့် လိမ်လည်မှု ဖြစ်သွားမယ် ..... အစည်းဝေးမှာ တင်ပြ တဲ့ အရာတွေ ဟာ နိုင်ငံ တော် အဆင့် အစည်းဝေးတွေ ထိရောက်လို့ဖြစ်ပါတယ် ....

စက်ရုံ တစ်ရုံ ( ဥပမာ ) ဒီနှစ် တလ ၁၀.၀ သန်းဖိုး ထုတ်နိုင်ရင် နောက်နှစ် လျာထား ချက် ဟာ ၁၀.၁ သန်းဖိုး ဖြစ်ပါတယ် .... ရအောင် ထုတ်ရတယ် ... ကုန်အောင် ရောင်း ရပါတယ် .... ရအောင် ထုတ်ဖို့ လူလိုရင် လူ ထပ်ခန့် ရတယ် ... အလုပ်ချိန် အဆိုင်း တွေ ထပ်ထည့် ရတယ် .... စက်လို ရင် စက် ထပ်ဖြည့်ရတယ် ..... လျာထား ချက်ပြည့် မှီကျော်လွန်ရေး ဆိုတဲ့ အသုံးနှန်း ကြား ဖူး ကြမှာပါ .... တကယ်လဲ လျာထား ချက်ပြည့် မှီကျော်လွန် အောင် လုပ်ကြရပါတယ် .....

လျပ်စစ် ကဏ္ဍ .... ထို အတိုင်းပါပဲ ခင်ဗျာ ... ဒီနှစ် လျပ်စစ် က ၀င်ငွေ ( ဥပမာ ) ၁၀၀ ရှိနေရင် နောက် နှစ် ၁၁၀ ရအောင် လုပ်ရပါတယ် .... ရအောင် ဘယ်လို လုပ်လဲ .... မီး ပိုပေး နိုင်အောင် လုပ်ရတာပေါ့ဗျာ .... ရေအား လျပ်စစ်အတွက် ဆည်တွေ ဆောက်တာ ၊ မီးစက် တွေ ဂျင်နရေ တာတွေ ၀ယ်တာ ပေါ့ .... ဒီနည်းတွေ သုံး ခဲ့ ကြပါတယ် .... တနှစ် ထက် တနှစ် တိုး တက်အောင် လုပ်ကြပါတယ် ... တကယ်လဲ တနှစ် ထက် တနှစ် တိုး တက်ပါတယ် .... ဘာကြောင့် ပြောနိုင်တာလဲ ဆိုတော့ သာမန်လူတယောက် မီး လာချိန် ပျက် ချိန်မှတ်တမ်း မရှိပါဘူး .... ကျွန်တော် တို့ မှာ မှတ်တမ်းတွေနဲ့ တကွ လုပ်တာမို့လို့သာ သိတာ ဖြစ်ပါတယ် ......

ကျန်တဲ့ ကဏ္ဍ တွေလဲ ထိုနည်း လည်းကောင်းပါပဲ ခင်ဗျာ ..... တိုး တက်အောင် မဖြစ်မနေ လုပ်ကြရတာဖြစ်ပါတယ် .... လျာထား ချက် မပြည့်မှီလို့လဲ မရ သလို မကျော်လွန်လို့လဲ မရပါဘူး ...... မသိဘဲ နဲ့ လဲ မပြောစေချင်ပါဘူး ... တိုင်းတပါး က ပြောတာတွေ နဲ့ တင် လျှောက်ပြောနေတော့ မ ကောင်းဘူးပေါ့ဗျာ ..... ကျွန်တော် တို့က တကယ်လုပ်ခဲ့ ရတဲ့ သူတွေ မို့ လို့ ဒီလို မဟုတ်က ဟုတ်က လျှောက်ပြောနေတာတွေ တွေ့ နေရတော့ ရယ်ချင်တယ်ဗျာ ....

( ၂ ) မတိုးတက်ဘူး ဆိုပဲ

ကဲ ဗျာ ... ဒါလေးရော ပေါ့ ... ကျွန်တော် တို့ နိုင်ငံ တပ်မတော် အစိုးရ ခေတ်မှာ တိုး တက်လား မတိုး တက်ဘူးလား .... တကယ် တတ်သိနား လည်တဲ့ သူတွေ က နားလည်ပါတယ် .... အမှန်တကယ်လဲ တိုး တက်ပါတယ် .... အချို့ အချက်လေးတွေ ကျွန်တော် ထုတ်ပြမယ်ဗျာ ..... ဆုံး အေင် ဖတ်ပေးကြပါဦး ....

( က ) လမ်း ပမ်း ဆက်သွယ်ရေး ။ ။ ကျွန်တော် တို့ နိုင်ငံ ဟာ ၁၉၄၈ ကနေ ၁၉၈၈ ထိ တိုး တက်မှု တွေ ဟာ အရပ် သား အစိုး ရလက် ထက် တိုး တက်မှု မရှိသလောက်ရှားပါတယ် ..... ကား လမ်း ရထား လမ်း များ ထောက်လုပ်ခဲ့ ခြင်း တွေ ကို အိမ်စောင့် အစိုးရနဲ့ တော်လှန်ရေး ကောင်စီ လက်ထက် တွေမှာ သာ အကောင် အထည်ဖော်ခဲ့ ပါတယ် ..... နောက် စစ်အစိုး ရလက် ထပ်ပေါ့ဗျာ .... အမြဲ တမ်းသွားကား လမ်း အရှည် မိုင် ထောင်နဲ့ ချီပြီးတော့ ဖောက်လုပ်ခဲ့ ပါတယ် .... ရထား လမ်း အရှည် မိုင် ထောင်နဲ့ ချီပြီး တော့ ဖော်လုပ်ခဲ့ ပါတယ် ..... ယခင် ဇက် ကူး တို့ နေရာ တွေမှာ တံတား ကြီး တွေ ဆောက်လုပ်ပေးခဲ့ လို့ ကုန် စည် စီးဆင်းမှု တွေ မြန်ဆန် လျှင်မြန်ခဲ့ ပါတယ် ..... ရထာလမ်း များယခင်ထက် ပိုမို ဖောက်လုပ်နိုင်ခဲ့ လို့ ကုန်ကျစရိတ်နည်းနည်း နဲ့ ကုန်စည်တွေ ကို ပိုမို ပို့ဆောင်နိုင်ခဲ့ ပါတယ် ..... တံတား များ များ စွာ ဆောက် လုပ်နိုင်ခဲ့ လို့ ယခင် ဇက် ကူး တို့ ကူး ချိန် ၊ ကုန်စည်များ ကဲ့ ချိန်နှင့် ကုန်ကျစရိတ် တို့ များ စွာ သက်သာခဲ့ ရပြီး ကုန်ဈေးနှန်း ကိုလဲ အထိုက်အလျောက် ထိမ်းသိမ်းနှိင်ခဲ့ ပါတယ် .... ( ဥပမာ ) လမ်းတွေ ဗျာ .... ပြင်ဦးလွင် အတက်လမ်း နှစ်လမ်းသွား ဖြစ်နေ တာကြာပြီ ... တောင်ကြီး အတက်လမ်း ယခင်ထက် နှစ်ဆကျော်ကျယ်သွားပြီ ..... ရန်ကုန် မန်းလေး အမြန်လမ်းမကြီး ကနေ အချိန်ကုန် သက်သာစွာနဲ့ လွယ်ကူ လျှင်မြန်စွာသွားလာနိုင်ပြီ ...... တံတားတွေ ထိုးလိုက်တဲ့ အတွက် ယခင် ၉ ၊ ၁၂ နှစ်ချိန်သာထွက်တဲ့ ဇက်တွေ ကို အစားထိုးနိုင်ခဲ့တယ် ... ဇက် ဆိုတာ မြင်ဘူးတဲ့ သူတွေ ရှိမှာပါ ..... ကားလေးတွေ အတွက် ဖင်နဲ့ တက်ရတာ ဖြစ်လို့ အင်မတန် လဲ အန္တရယ်များ ပါတယ် .... ဧရာဝတီ မြစ်ကို အချိန် နှစ်ရာရီ လောက်ယူပြီး ကူးပါတယ် ..... အဲ့ အချိန် ကုန် ငွေ ကုန်တာတွေ အများကြီး သက်သာသွားတယ်ဗျာ .... အများကြိးပါဗျာ ..... ပြောပြလို့ မကုန်နိုင် ပါဘူး ..... ဒါတွေ ဟာ တိုး တက်မှု တွေ မဟုတ်ဘူး လား ခင်ဗျာ .....

( ခ ) လယ်ယာ ။ ။ ယခင် လယ်သမားနဲ့ ယခု လယ်သမား ဘ၀ ကွာ ခြား ချက်များ ကိုကြည့်လျှင် သိနိုင်ပါတယ် ..... ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံ တွင် သီးထပ် သီး ညှပ် စိုက်ပျိုး နိုင်သော ကြောင့် လယ်သမား တို့ ဘ၀ များ စွာ ဖွင့်ဖြိုးတိုး တက်လာခဲ့ ရတာ မျက်မြင်ကိုယ်တွေ့ တွေ ပဲ ဖြစ်ပါတယ် ..... တနှစ်ပတ်လုံး ရေ ရရှိစေရေး အတွက် မြစ်ရေ တင်စီမံကိန်းတွေ ၊ ရေနက်တွင်း ဖော်ဆောင်မှု စီမံကိန်းတွေ ၊ ဆည်မြောင်း တွေ ၊ ရေလွှဲဆည်တွေ ၊ တူးမြောင်းတွေ များစွာ အကုန်ကျခံ ဖောက်လုပ်ခဲ့ တဲ့ အတွက် တနှစ်ပတ်လုံး စိုက်ပျိုးနိုင်တဲ့ အခြေ အနေ ဖြစ်လာ ပါတယ် .... တောင်သူလယ်သမား တို့ ဘ၀ ၊ နေထိုင်မှု အဆင့်အတန်း တိုးတက်မြင့် မား လာခဲ့ပါတယ် .... ဒါတွေဟာ မျက်မြင် တိုးတက်မှုတွေဖြစ်ပါတယ် ......

( ဂ ) ပညာရေး ။ ။ တက္ကသိုလ်ကျောင်းများ တိုးတက်လာပါတယ် ..... ရွာများ မှာ ပါ မူလတန်းကျောင်း ၊ မူလွန်ကျောင်း စသဖြင့် ပေါ်ပေါက်လာတဲ့ အတွက် စာတက်မြောက်မှု ယခင် အခြေအနေများထက် အများကြီး ပိုလာပါတယ် ..... ယခင် လို မြို့ တွေ ထိ သွားရောက်ပညာသင်ကြား စရာမလိုတော့ တဲ့ အတွက် မိဘတွေ အနေနဲ့ လဲ ရင် အုတ်မကွာ စောင့် လျှောက်နိုင်တဲ့ အခြေအနေထိ တိုးတက်လာခဲ့ပါတယ် ..... ကျွန်တော် ကြားဘူးခဲ့တာ တစ်ခုပေါ့ဗျာ .... ကျွန်တော့် မိဘများ လက်ထပ် တုန်းက ဆိုရင် ရန်ကုန်၊ မန်းလေး ၊ ပုသိမ် ၊ မိတ္ထီလာလောက်တွေမှာ သာ အဆင့်မြင့် ပညာရေး စနစ် တွေ ကို သင်ကြား နိုင်ပါတယ် ... ပြောရမယ် ဆိုရင် ၀ိဇ္ဖာ သိပ္ပွံ တက္က သိုလ်တွေ ၊ ဒီဂရီ ကောလိပ်တွေ ပေါ့ဗျာ ..... တက်ချင်ရင် မြန်မာနိုင်ငံ တနံ တလျား ကနေ လာတက်ကြရပါတယ် ..... ခုဆိုရင် ဘယ်လောက်တောင် လွယ်ကူလဲ ဗျာ .... ကျောင်းတွေ က ( အကုန်လုံး မဟုတ် ) မြို့ ပြင် ရောက်နေပေ မယ့် အဲ့ခေတ်တွေ ထက် အများ ကြီး ချောင်လည်စွာ ပညာ သင်ကြားလာနိုင်ပါတယ် ..... ဒါတွေ က တိုး တက်မှု တွေ မဟုတ်ဘူးလား ခင်ဗျာ ...... ( မှတ်ချက်။ ။ သင်တဲ့ စာကို တကယ် စိတ်ပါဝင်စားစွာ ကျက်မှတ်လေ့လာတဲ့ သူကတော့ တကယ်တတ်မှပေါ့ဗျာ .... အဲ့လို မှ မဟုတ် အီးရော အီးရော နဲ့ အောင်လာတဲ့ ကောင် ဆိုရင် တော့ တကယ် ဘယ်တက်မလဲ နော့ .... )

( ဃ ) အထွေထွေ ။ ။ ဒါလေးကတော့ ဖြည့် စွက်ပေါ့ဗျာ .... ကျွန်တော်တို့ နိုင်ငံမှာ စက်ရုံ အလုပ်ရုံ တွေ စီမံ ကိန်း တွေ လုပ်နေပါတယ် .. ယခင်ကလဲ လုပ်ခဲ့ ပါတယ် .... ခုလဲ လုပ်နေပါတယ် ..... အဲ့မှာ တခုပြောစရာ ရှိတာက စီမံ ကိန်း တစ်ခု ပရောဂျက် တစ်ခု လုပ်ရင် လေထဲ တိုက်အိမ် ဆောက်လို့မရပါဘူး ... မြေလို ပါတယ် ..... ( ဥပမာ ) စက်ရုံ တစ်ရုံ ဆောက်တယ်ပေါ့ဗျာ ... အကောင်း မြင်လေးနဲ့ ကြည့် ရအောင် .... ဒေသခံ ပြည်သူတွေ အလုပ်အကိုင်ရမယ်ဗျာ ... ယခင် မကိုင်တွယ်ခဲ့ ဘူးတဲ့ စက်ပစ္စည်း ကိရီယာတွေ ကို ကိုင်တွယ် ရတဲ့ အတွက် လူ့ စွမ်းအား အရင်း အမြစ် ( HR ) တိုးတက်မယ်ဗျာ ..... ကိုယ့် နိုင်ငံ တွင်းမှာ ထုတ်လုပ်တဲ့ အတွက် စရီတ်စက နည်းနည်း နဲ့ ၀ယ်ယူ အသုံးပြု နိုင်မယ်ဗျာ ..... တခု လိုချင်ရင် တခု တော့ ပေးဆပ်ရမှာ ပေါ့ဗျာ .... လိုချင်ရုံပဲ ရှိပြီး မပေးဆပ်ချင်ရင် တော့ ဘယ်ရမလဲ ....

နောက် လျှပ်စစ်မီး လိုချင်ကြတယ် ပေါ့ဗျာ ... ကျွန်တော် တို့ နိုင်ငံဟာ စူပါ ပါဝါ နိုင်ငံ မဟုတ်တဲ့ အတွက် နူကလီးယား ဓါတ်အား ပေး မရှိပါဘူး ..... ရေ အား လျှပ်စစ်ပဲ ရှိပါတယ် ... ရေအား လျှပ်စစ်မှာ မှ မြစ်ချောင်းတွေဟာ တနှစ် ပတ်လုံး အရှိန်မပြတ် စီးဆင်းနေတာမဟုတ်ပါဘူး .... အဲ့တော့ တနှစ်ပတ်လုံး မီးပေးနိုင်ဖို့ ဆည်တွေ နဲ့ ရေ ကို လှောင်ထားရမယ် .... ဆည်ဆောက်ပီ ဆိုကထဲ က သူ့ ရဲ့ ရေ၀င်ရေလဲ ဧရီယာ အတွင်းမှာ ရှိနေတဲ့ ရွာတွေ ၊ စိုက်ခင်းတွေ ၊ ကိုးကွယ်မှု ဆိုင်ရာတွေ ရွေ့ပြောင်းရမှာ ပဲ ဖြစ်ပါတယ် .... အဲ့ ဒါတွေ မရွေ့ ချင်လို့ မရပါဘူး .... လူ ဦး ရေ သန်းနဲ့ ချီပြီး အကျိုး ရှိဖို့ အတွက် ဖြစ်ပါတယ် .....

နောက်တစ်ခု အနေနဲ့ ကတော့ ကျွန်တော်တို့ နိုင်ငံဟာ ဘာသာရေး ကိုင်းရှိုင်း ရီုသေကြတဲ့ တိုင်းရင်းသား ညီ အကိုမောင် နှမတွေ စုစည်းနေထိုင်ကြတာဖြစ်ပါတယ် .... လက်ညှိးထိုးမလွဲ စေတီပုထိုး ပေါများ ပါတယ် ..... တောင်ထိပ်တိုင်းမှာ ရှေး ဘေးလောင်းတော် ဘိုးလောင်းတော် များ တည်ထားကိုးကွယ်ခဲ့ တဲ့ စေတီပုထိုး များ ရှိပါတယ် ..... ပရော ဂျက်တစ်ခု လုပ်ရင် အနည်းနဲ့ အများ တော့ ဒီလို ဘာသာရေး ဆိုင်ရာ အဆောက်အဦ တွေနဲ့ ပတ်သတ် ( သို့မဟုတ် ) မလွတ် ကင်း တာတွေ ဖြစ်နိုင်ပါတယ် ..... အဲ့ဒါကိုမှ မလုပ်ရဘူးဆိုရင် လဲ ကျွန်တော်တို့ နိုင်ငံမှာ လုပ်စရာမြေတောင် မရှိတော့ ပါဘူး ..... သေချာတွေးကြည့်ပါ ..... နားလည်စေချင်ပါတယ် .....

ပြောမယ် ဆို၇င် တစ်ထောင့် တစ်ည ၀တ္တုလို အများ ကြီးပါ ခင်ဗျာ .... တပ်မတော် အစိုးရအနေနဲ့ တကယ်လက်တွေ့  ဘယ်လိုတွေ လုပ်ခဲ့ ရလဲ .... ဒီလမ်း ၊ တံတား ၊ ကျောင်း ၊ ဆေးရုံ ၊ လေယာဉ်ကွင်း ၊ သင်္ဘော ဆိပ်များ ၊ ဘူတာရုံများ ၊ ၄င်းတို့ အတွက် လိုအပ်သော အဆင့် မြင့် ဆက်စပ်ပစ္စည်း များ ၊ စသဖြင့်ပေါ့ဗျာ ... မိဘပြည်သူတွေ အဆင်ပြေချောမွေ့စေရေး ၊ လူနေမှု ဘ၀ တိုးတက်စေရေး အတွက် နိုင်ငံတော် ကနေ အများကြီး အကုန်အကျခံ တည်ဆောက်ပေးခဲ့ တယ်ဆိုတာ ကိုတော့ ငြင်းနိုင်မယ် မထင်ပါဘူး ခင်ဗျာ ...... ကျေးဇူးတင်စေချင်တာ မဟုတ်ပါဘူး .... ငါ့စကား နွားရ ပြောတာထက် အမြင်ကြည်လင်စွာနဲ့ ခွဲခြား ဝေဖန်စေချင် တာသာ ဖြစ်ပါတယ် ......

တိုးတက်တယ် ဆိုတာ ဘာနဲ့( သို့ ) ဘယ်နှိင်ငံနဲ့ နှိင်းယှဉ် နေတာလဲ .... ဘာကိုမှ / ဘယ်လိုမှ တိုးတက်တယ် လို့ ပြောချင်နေတာလဲ ...... ခု ကျွန်တော် ပြောခဲ့တာတွေ ကရော တိုးတက်လာတာတွေ ပဲ မဟုတ်ဘူးလား ...... ကျွန်တော့်ရဲ့ ညီ ကို မောင်နှမတွေ အနေနဲ့ မျက်မှန်စိမ်းလေး ချွတ်ကြည့်စေ ချင်ပါတယ် ..... ( မှတ်ချက်။ ။ ဘ၀ရပ်တည်ရေး အတွက် မြင်သော် သိသော်လဲ တမင်တကာ အပုပ်ချနေ ရသော သူများ ကို ကျွန်တော် မဆိုလိုပါ )

ဆက်ပါဦးမည် ..... အမှားပါရင် ခွင့် လွှတ်ပါ .........

လေးစားစွာဖြင့်

လင်း လက် လူ

Credit : Here

ဆုတံဆိပ်များရှင် မြန်မာနိုင်ငံသားများရှိသော်လည်း ဂင်းနစ်စံချိန် မ၀င်သည့် ကမ္ဘာ့ အသက် အကြီးဆုံး အဘွားအို ဒေါ်မြကြည်


ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ပေးအပ်သည့် ဆုတံဆိပ်ပေါင်းများစွာ ရရှိထားသူများ ရှိကြ သည်။ ၈ လေးလုံးတွင် လမ်းပေါ်ထွက်ခဲ့ယုံဖြင့် ဆုပေါင်းများစွာ ပိုင်ဆိုင်သူများလည်း ရှိသည်။ ရပ်ကွက်လူ ကြီး ကို တိုင် ရာမှ ဆုတံဆိပ်ရသွားသည့် အမျိုးသမီးလည်း ရှိသည်။ ထိုသို့ ထိုသို့သော ဆုတံဆိပ်ပေါင်း များ စွာ ပိုင်ဆိုင်သည့် မြန်မာနိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ဒေါ်မြကြည်သည်ကား ဂင်းနစ်ဆု တံ ဆိပ်နှင့် အလှမ်းဝေးနေ ဆဲပင် ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဂျပန်နိုင်ငံမှ Misao Okawa အမည်ရှိ အသက် ၁၁၄ နှစ်အရွယ် အ ဘွား အိုသည် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်မှတ်တမ်းမှ အသိအမှတ်ပြု လက်မှတ် ချီးမြှင့် ပေးခဲ့ သည်။ သူမသည်ကား ၁၈၉၈ ခုနှစ် မတ်လ ၅ ရက်နေ့တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး သားသမီး(၃) ဦး၊ မြေး ၄ ဦးနှင့် မြစ် ၆ ဦးရှိသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ မန္တလေးတိုင်း၊ အမရပူရ မြို့နယ်မှ အဘွား ဒေါ်မြကြည်သည်ကား ၁၂၅၄ ခုနှစ် သီတင်း ကျွတ်လဆန်း ၁ ရက်နေ့တါင် အဖ ဦးကား-အမိ ဒေါ်ဖွားအုံတို့မှ မွေးဖွားခဲ့ကာ ယခုအခါ အသက် ၁၂၀ ကျော် ပြီ ဖြစ်သည်။ ကမ္ဘာ့အသက်အကြီးဆုံး အဖြစ် သတ်မှတ်ခဲ့သည့် အဘွားအိုထက် ၆ နှစ်ခန့် ပိုကြီး ကာ အထောက်အထားများ ပြည့်စုံစွာ ရှိသည်။

ထို အဘွားအို ဒေါ်မြကြည်အတွက် မြန်မာ ဂျာနယ်များ၊ အင်တာနက် သတင်းဆိုဒ်များမှ အကြိမ် ကြိမ် ဖော်ပြ ခဲ့ ပြီး ဖြစ်သည်။ အစိုးရ မကောင်းကြောင်းကို တစ်ရက်အတွင်း ကမ္ဘာသိအောင် ဖြန့်နိုင်ခဲ့သည့် မီဒီ ယာ များ ဒေါ်မြ ကြည်ကို ဂင်းနစ် ၀င်အောင် မစွမ်းဆောင်နိုင်ကြ။ ထောင်ထဲမှာ ဗိုက်အောင့် ဗိုက်နာနေ သည့် လူမိုက်များကို ဆုတံဆိပ်များ ရှာဖွေပေးအပ်ခဲ့သည့် အနောက်နိုင်ငံ များ မြန်မာ မီဒီယာ မှ ဖော်ပြ သည့် ဒေါ်မြကြည် ကို မမြင်ကြ သေး။

အာဖရိက ဘုန်းတော်ကြီး မဲတူးကို ဒူးထောက် ဦးညွတ်သည့် အန်တီစု ကမ္ဘာ့အသက်အကြီးဆုံး မြန်မာနိုင် ငံမှ ဒေါ်မြကြည်ကို တွေ့ဆုံကန်တော့ရန် အစီအစဉ် မရှိသေး။ ကောင်းပေစွ။

Credit : MEG