Friday, March 1, 2013

သူရဲကောင်းဓား သံချေးမတက်ပါ


သူရဲကောင်းရဲ့ ဓါးသည် သံချေး ဘယ်သောအခါမှ မတက်တတ်ပါ၊ သူရဲကောင်းသည် ရန်ကုန် မော်တင် ကမ်းနားလမ်းဈေး၏ ညသန်းကောင်တွင် စက္ကန့်မလပ် ဖေါက်ဖွားလာသော ခြင်ကောင်များကဲ့သို့ မဟုတ်ပါ။

သူရဲကောင်းတို့သည် ဖိနှိပ်မှုမှန်သမျှအား လောကဓံတရားဟု ကောက်ချက်မဆွဲ၊ တုန့်ပြန်ရန် လက်ရဲ ဇက်ရဲရှိသော ၊ မတွေဝေသော သူများဖြစ်၏။

မြန်မာပြည်တွင် သူရဲကောင်းဆိုသူအား မျှော်လင့်နေတတ် စောင့်စားနေတတ်ကြသည်။ တကယ်အစစ်မှန် သူရဲကောင်းသည် မိမိ၏ ၀ိဥာင် မှာပင် ရှိနေပြီး မိမိသာလျှင် သူရဲကောင်းဖြစ်နေသည်။

သက္ကရာဇ် ၁၄၇၈ တွင် မြန်မာဘုရင်၏ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်လာသော တရုတ်စစ်သည် တို့ကို မြန်မာဘုရင် မင်းခေါင် (မင်းရဲကျော်စွာ)၏ အကျဉ်းသားအဖြစ် အဖမ်းခံနေရသော မွန်သူရဲကောင်း သမိန်ဗရမ်းသည် မြန်မာစစ်သည်တို့တွင် ထိုးသတ်မည့်သူ မရှိသဖြင့် တရုတ်စစ်သူကြီး ဂါမဏိအား စီးချင်း ထိုးရန် လက်ခံဖို့ စဉ်းစားချိန် တရက်သာရခဲ့၏၊။

မြန်မာဘုရင်မင်းခေါင်းက သူ့တွင် သူရဲကောင်း ရှားနေပြီး တိုင်းပြည်အား လက်နက်အင်အား လူသူအင်းအားဖြင့်သာ အုပ်ချုပ် နေထိုင်ခဲ့သောကြောင့် ယ္ခု တ၇ုတ် စစ်သည်တို့ ၀င်ရောက် လာမှုအား ဖြေရှင်းရန် အကြီးကျယ် အခက်တွေ့နေ၏။ သို့သော် ဘုရင်မင်းခေါင်မှ သူ၏တိုင်ပြည်အား ကာကွယ်ရန် သူကိုယ်တိုင်ပင် မ၀ံ့သာသောအခြေနေအား သမိန်ဗရမ်းမှချက်ခြင်း သတိရကာ အင်အားရစေခဲ့သည်။

သမိန်ဗရမ်းသည် မွန်လူမျိုးတဦးဖြစ်သော်ငြား တိုင်ပြည် အရေးတွင် မိမိ၏ တာဝန်သိ သစ္စာရှိသော သတ္တိက သူရဲကောင်းတဦး၏ စံ ဟုပင် နားလည် ပြီး တရုတ်စစ်သူကြီး ဂါမဏိနှင့် စီးချင်းထိုးနိုင်ရန် အသင့်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။

သမိန်ဗရမ်းအဖို့ သူ့ထက် အစစ အရာရာ ချပ်ဝတ် လက်နက် အားအင် အစစအရာရာ သာလွန်သော ဂါမဏိအား အကျဉ်းစံနေသော နေရာမှ လေ့ကျင့်ချိန် မရပဲ တရူးထိုး စဉ်းစား ဆုံးဖြတ်ခဲ့သည် အသိဥာဏ်မဲ့သူ မဟုတ်ခဲ့ပါ။ သမိန်ဗရမ်း လေ့ကျင့်သော နေရာသည် သူ့အားချုပ်နှောင်ထားသော ၁၀ ပေမျှလောက်သာ ကျယ်ဝန်းပြီး အမြင့် ၁၅ ပေလောက်ရှိသော သုံးဖက်ပိတ်မြေကျဉ်းသည် သူ၏ သုံးရက်မျှလောက်သာ ကျန်တော့သည့်ကာလအတွက် စစ်ရေးလေ့ကျင့် ကွင်းကလေး သဖွယ် လေ့ကျင့်ခဲ့ရသည်။

သမိန်ဗ၇မ်း၏ အားသာချက်သည် မျက်လုံးအမြင်အား အလွန်သာလွန်ကောင်းမွန်ပြီး ၊ တုန်လှုပ်ခြောက်ခြားမှု ကင်းသော စိတ်တည်ငြိမ်မှုရှိသူဖြစ်သည်။ သမိန်ဗရမ်းတွင် အများထက်ထူး ကဲသော လက်ဝဲလက်ယျာ လက်ဖျံရိုးတို့ တချောင်းစီသာ ပါသော ပါရမီထူးဖြစ်ပြီး၊ သေးငယ်သော အရာများကိုပင် သူ၏လှံဖျားဖြင့် မလွတ်တမ်း ထိခိုက်အောင် စွမ်းဆောင်နိုင်သူဖြစ်သည်။

သမိန်ဗရမ်းက သူနှင့် စီးချင်း စစ်ယှဉ်ထိုးရမည်ဖြစ်သော ဂါမဏိအား မတွေ့ဘူးမမြင်ဘူးခဲ့ပါ။ သို့သော် သူ၏ ယုံကြည်ချက်သည် သူသည် အမှန်းတရားကို မြတ်နိုးပြီး အမှန်တရားဘက်တွင်သာ အမြဲ ရပ်လို နေ လိုသော ဆုံးဖြတ်ချက်ဖြင့် ရှင်သန်နေသည်ဟု သူက ယူဆလေ့ရှိသောကြောင့် ဘာကိုမှ သူမမှုပဲ ရိုးရိုး၇ှင်းရှင်းသာ နေထိုင်တတ်သူဖြစ်သည်။

သမိန်ဗရမ်းအား စီးချင်းထိုးမည့်နေ့တွင် တွေ့ရသော တရုတ် စစ်သူကြီး ဂါမဏိက အားရပါးရ ရယ်မောဟားတိုက်ကာ အထင်မြင်သေးပြီး ဟောက်ငန်းမှုများ ပြုလုပ်လေသည်။ သမိန်ဗရမ်းက မည်သို့ မျှမတုန့်ပြန် အခြေနေမှန်အားလုံးအား မိမိရန်သူတွင် အသေးစိတ်လေ့လာ အကဲခတ်ကာ စစ်ရေးစီးချင်းထိုးကွင်းထဲသို့ ဆင်းလေသည်။

တရုတ်စစ်သူကြီး ဂါမဏိသည် နယ်နယ်ရရမဟုတ်ပါ၊ အာရပ်နွယ်တို့သွေးနှင့် ရောစပ်ထားသော လူ့ဆင်ရိုင်းကြီး တကောင်ကဲ့သို့ပင် အင်အားကြီးမား ကိုယ်လုံးထွားပြီး မြင်းစီး ဓားခုတ် အလွန် ကျွမ်းကျင်သော စစ်သူကြီးတဦး ဖြစ်လေသည်။ သို့သော် သူ၏ အားနည်းချက်မှာ တဖက်ရန်သူအား အထင်မြင်သေးတတ်ပြီး မိမိသာလျှင် မဟာ အာဂ သိုင်းလောကသမားတို့၏ သူရဲကောင်းအသွင် လုပ်ပြလေ့ရှိကြောင်းကို သမိန်ဗရမ်းမှ သိရှိပြီး ဟန်ရေးတပြပြ စစ်မာန်ကြွနေသော ဂါမဏိအား ပထမ စစ်ရေးစီးချင်း ကွင်းပြင်မှာပင် လှည့်ပတ်ကြည့်ရင်း ဂါမဏိ၏ အားနည်းချက်အား အသေခြာသိရှိခဲ့ပြီး စစ်စီးချင်း ယှည်သောအခါ တမိနစ်သာ မကြာလောက်သော ကာလလေးမှာပင် ဂါမဏိကြီး တယောက် မြေသို့ပေါ်သို့ တုံးလုံးပက်လက် ပုံခွေကျသွားအောင် ထုတ်ချင်းပေါင် ပစ်သွင်းခဲ့သော သမိန်ဗရမ်း လှံသွားက မျက်နှာချင်းယှဉ် ဒုန်းစိုင်းဝင်လာသော ဂါမဏိ၏ ထူထဲသော စစ်ချပ်ဝတ် ဘယ်လက်မောင်းဂျိုင်းအောက်မှ ချုပ်ရိုးပြတ်တချောင်းနေရာမှ သမိန်ဗရမ်း၏ အားပြင်းလှသော လှံသွားက နေရာမလွဲ ထိုးဖေါက်ကာ ဂါမဏိဆိုသော တရုတ်စစ်သူကြီးးအား တံစိုးထိုးသွားခဲ့လေသည်။

မြန်မာဘုရင် မင်းခေါင်အဖို့ နှစ်ထောင်းအားရဖြစ်ခဲ့ရသည်။ တရုတ်စစ်သည်များရန်မှ ကင်းဝေးခဲ့ရသော သူရဲကောင်းတဦးမှ တတိုင်းပြည်လုံးအား ကယ်တင်ခဲ့လေသော သမိုင်းသည် မြန်မာပြည်တွင် အလွန်ထင်၇ှားသော မွန်သူရဲကောင်းတဦး၏ တိုင်းပြည်ကို ကာကွယ်လိုသော သစ္စာသည် ယနေ့တိုင်ပင် ထင်ထင်ရှားရှားရှိခဲ့လေသည်။

ထိုအခါ ဘုရင်မင်းခေါင်မှ သမိန်ဗရမ်းအား “ယခုစီးချင်းထိုးပွဲအား မည်သို့သော စိတ်ဆန္ဒဖြင့် အသင်ရွေးချယ်သနည်း ?”ဟု မေးခွန်းထုတ်သောအခါ သမိန်ဗရမ်းမှ “သူရဲကောင်းတို့၏ ဓားသည် သံချေး ဘယ်သောအခါမှ မတက်တတ်ပါ” ဟု ဖြေကြားခဲ့လေသည်။

ယခု မြန်မာပြည်၏ ဦးပိုင်နှင့် နောက်ဖေးပေါက်က ချမ်းသာလာသူ ခ၇ိုနီများ၏ မြေ ၊လယ်ယာသိမ်း တိုက်ပွဲတို့တွင်လည်း သမိန်ဗရမ်းကဲ့သို့ပင် လက်ပံတောင်း နှင့် မအူပင်မှ တောင်သူလယ်သမားတို့၏ အင်အား သည်လည်း ဘယ်သောအခါမှ သံချေးတက်မည် မဟုတ်ပါကြောင်း တင်ပြပါသည်။
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၆ နာရီ ၂၅ တွင် ရေးသားသည်။
နှစ်သက်လျှင် ၀ိုင်းရှယ်ပေးပါ

Credit : Here

အမေရိကန် အောက်လွှတ်တော်မှာ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကြားနာပွဲကျင်းပ

ဝါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန် အောက်လွှတ်တော်မှာ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကြားနာပွဲ တရပ်ကို ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားမှာ အောက်လွှတ်တော်အမတ် James McGoven က သဘာပတိအဖြစ်ဆောင် ရွက်ခဲ့ပြီး မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စု အနေ နဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒတွေကို အများအပြား ပြုပြင်ပြောင်းလဲချမှတ်ခဲ့ကြောင်း၊ အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတအိုဘားမားတို့ သွားရောက်လည်ပတ်ခဲ့ကြောင်း ဒါပေမဲ့ မြန်မာ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများအပြားလုပ်ဖို့ ကျန်ရှိနေသေးတယ် လို့ ပြောကြား သွားပါတယ်။

ဆက်လက်ပြီး အောက်လွှတ်တော်အမတ် James McGoven က နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကျော်ရှိနေဆဲဖြစ်ကြောင်းနဲ့ ကချင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေပြီး ရခိုင်ပြည်နယ်က အခြေအနေတွေဟာလည်း စိုးရိမ်စရာဖြစ်ကြောင်း၊ ရိုဟင်ဂျာအများစု ပါဝင်တဲ့ ပြည်သူတစ်သိန်းခွဲကျော်ဟာ ရခိုင်ပြည်က ဒုက္ခသည်စခန်းတွေမှာ အစာရေစာ ချို့တဲ့ပြီး ရောဂါဘယထူပြောမှုတွေကို ရင်ဆိုင်နေရကြောင်း ထပ်မံဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်တဲ့ အမေရိကန် နိုင်ငံခြားရေးဋ္ဌာန ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပေါ့စနာက မြန်မာပြည်မှာ လုပ်ကိုင်တဲ့ စီးပွားရေးကုမ္ပဏီတွေအနေနဲ့ မိမိတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှုရှိဖို့လိုကြောင်းနဲ့ အမေရိကန်အစိုးရက ဂရုတစိုက် စောင့်ကြည့်နေကြောင်း ထွက်ဆိုခဲ့ပါတယ်။

အလားတူ နိုင်ငံခြားရေးဋ္ဌာန မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Patrick Murphy ကလည်း မြန်မာအစိုးရအနေနဲ့ ထူးခြားတဲ့တိုးတက်မှုတွေကို ဆောင်ရွက်ခဲ့ကြောင်း၊ လွှတ်တော်တစ်ခု ပေါ်ပေါက်လာပြီဖြစ် သလို ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့ကြောင်း ၊ စာနယ်ဇင်းတွေ အပေါ် တင်းကြပ်မှုတွေကို လျှော့ချခဲ့သလို အဓမ္မခိုင်းစေမှုတွေကို အစိုးရက ပိတ်ပင်ခဲ့ကြောင်း ဒါ့အပြင် ကလေးစစ်သား စုဆောင်းမှုကိုလည်း ပပျောက်အောင် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

အခမ်းအနားကို တက်ရောက်တဲ့ ကချင်အမျိုးသမီးအစည်းအရုံး KWAT က တွဲဘက်ညှိနှိုင်းဆောင်ရွက်ရေးမှူး မအာနိုးကတော့ ကချင်ပြည်နယ်မှာ မြန်မာအစိုးရစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ရှိနေကြောင်း ပြောကြားခဲ့သလို US Campaign for Burma အမေရိကန်အခြေစိုက် မြန်မာအရေး ဆောင်ရွက်မှုအဖွဲ့က Jennifer Quigley နဲ့၊ Human Rights Watch နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဝါရှင်တန်ဆိုင်ရာ ညွှန်ကြားရေးမှူး Tom Malinowski , Earth Rights International အဖွဲ့က ဥပဒေရေးရာ ညွှန်ကြားရေးမှူ Marco Simon နဲ့ United to End Genocide အဖွဲ့ဥက္ကဋ္ဌ Tom Andrews တို့ တက်ရောက်ပြီး မြန်မာပြည်ရဲ့အခြေအနေတွေဟာ စိုးရိမ်နေရဆဲဖြစ်ကြောင်းနဲ့ သတိကြီးစွာထားပြီး ဆက်ဆံဖို့လိုကြောင်း စသဖြင့်ပြောဆိုသွားကြပါတယ်။

Credit : Here

အခမ်းအနားယဉ်ကျေးမှု


မကြာမီတစ်ရက်က ဟိုတယ်တစ်ခု တွင် ကျင်းပသော အခမ်းအနားတစ်ခုသို့ တက်ရောက်ခဲ့ရသည်။ ပုဂ္ဂလိကအဖွဲ့ တစ်ဖွဲ့က စာပေပြိုင်ပွဲကျင်းပပြီးဆုပေး သော အခမ်းအနားဖြစ်၏။ ပြိုင်ပွဲတွေကို အယုံ အကြည်မရှိသော်လည်း ဆုရသူက မကင်းရာမကင်းကြောင်းမို့ အားနာပြီး တက်ခဲ့ရခြင်းဖြစ်၏။

ရန်ကုန်တွင် အခမ်းအနားတက်ရ သည်မှာ အလကားမဟုတ်။ သူတို့ကျွေး သော မုန့်က ၁၅၀၀ ကိုယ်စိုက်ထုတ်ရ သော တက္ကစီခက ၅၀၀၀ (ပွဲတက်ဝတ် စုံနှင့်ဆိုတော့ ဘတ်စကားတိုးစီး၍မဖြစ်)။ ဒါတောင် ဗျူတီစလွန်းမှာ မိတ်ကပ်နှင့် ဆံပင်သွားမပြင်ပေလို့။ သွားပြင်လျှင်ဖြင့် နောက်ထပ်သောင်းချီပြီး ကုန်မည်။

အဆိုပါ အခမ်းအနားသို့ ကျွန်မ ရောက်သွားသောအခါ အခန်းထဲမှာ လူလျှံနေပြီ။ ပြည့်နေခြင်းမဟုတ်။ “လျှံ” နေခြင်းဖြစ်၏။ ဘာ့ကြောင့် လျှံနေသ နည်းဆိုလျှင် အခန်းနှင့်လူ မမျှတ၍ပါဘဲ။ ဟိုတယ်တွေမှာ Charges ခေါ် အခကြေးငွေတွေက အမျိုးမျိုးရှိသည်။တက်ရောက်သူတစ်ဦးချင်းအလိုက် အစား အသောက်နှုန်းထားရှိ၏။ ဥပမာ တစ်ဦးလျှင် ၁၅၀၀၊ ဒေါ်လာ ၂၀ စသဖြင့်။ နောက်တစ်ချက်မှာ “ခန်းမ ကြေး”ဖြစ်သည်။ အခန်းငယ်လျှင်ငယ် သလို၊ ကျယ်လျှင်ကျယ်သလို ပေးရ သည်။ အချို့ဟိုတယ်များမှာတော့ ခန်းမ တစ်ခုသာရှိပြီ လူ ၂၀ လောက်ဆိုလျှင် အခန်းခပေးရန်မလို ၂၀ အထက်ဆိုလျှင် ဘယ်လောက်၊ ၅၀ အထက်ဆိုလျှင် ဘယ်လောက်။ ၇၀ အထက်ဆိုလျှင်၊ ၁၀၀ဆိုလျှင် စသဖြင့် သတ်မှတ်သည်။ ငှားမည့်သူက မိမိဖိတ်ကြားမည့်သူကို အတိအကျမဟုတ်တောင် ခန့်မှန်းခြေ ပြောပြီး ငှားရသည်။ ဥပမာ လူ ၅၀ ဆိုလျှင်၊ ပိုပိုမိုမို ၁၀ ယောက်စာ သူတို့ အရန်လုပ်ထားသည်။ ပြေးလွှားရှာရန်မလို။

ခက်ပုံက ငှားသူများကပ်စေးနှဲခြင်း ဟု ဆိုရမလား။ သူက ဖိတ်စာ ၁၀၀ ဖိတ်ပြီး၊ အခန်းကိုတော့ ၇၀ ဟု ငှား၏။ ဟိုတယ်က ၀န်ထမ်းများက လာသမျှကို လက်ချိုးရေတွက်ကြသည်မဟုတ်ပါ။ မုန့်ပွဲအရေအတွက်ကိုသာမှတ်မည်။ မုန့် ပွဲအရေအတွက်သည် တက်ရောက်သူ အရေအတွက်နှင့် မဆိုင်ချေ။ တစ်ပွဲ ထက်ပိုစားသူရှိသည်။ လုံးဝမစားသူလည်း ရှိသည်။ တစ်ခါ တက်ရောက်သူ စာရင်းကို လက်မှတ်ထိုးခိုင်းလေ့ရှိ၏။ ထိုစာရွက် ကလည်း ဦးရေအတိအကျမပြနိုင်ပေ။ လက်မှတ်မထိုးဘဲ တန်းပြီးဝင်သွားသူ တွေရှိသည်။ အတိအကျမရနိုင်။ အချို့ ဟိုတယ်ကြီးများကား ၁၀ ယောက် တစ်ဝိုင်းလုပ်ထားသဖြင့် ၀ိုင်းကိုရေတွက် နိုင်သည်။ သို့သော် ၀ိုင်းတိုင်းတွင် ၁၀ ယောက် အတိအကျမထိုင်တတ်ကြပေ။ ကိုယ့်အုပ်စုနှင့်ကိုယ်ဖြစ်လျှင် ၁၁ ယောက်ဖြစ်ချင်ဖြစ်မည်။ ၈ ယောက် ဖြစ်ချင် လည်းဖြစ်မည်။ အစားအသောက် ကတော့ ၁၀ ယောက်အဖို့မျှစားရုံပါပဲ။

ထိုနေ့က ကျွန်မရောက်သွားသော ဆုပေးပွဲမှာ လူ ၅၀၊ ၆၀ သာ ဆံ့သော အခန်းဖြစ်၏။ ဆုယူသူက ၂ယောက်ဖြစ် သည်။ ဖိတ်စာ ၁၀၀ ဟုဆိုသည်။ ၅၀၊ ၆၀ သာ ထိုင်ရန်စီစဉ်ထားသဖြင့် လူ ၃၀၊ ၄၀၊ ခန့်က မိုးတိုးမတ်တပ်ရပ်နေကြရ လေသည်။ ဆုယူသူများနှင့် စပွန်ဆာ များကတော့ အခန်းထိပ်တွင် အခန့်သား ပေါ့။

လူများလွန်းသဖြင့် လေအေးစက် က မနိုင်ချေ။ နေပူသောရာသီဖို့ လူတွေ အငွေ့ပျံနေသည်။ လူနံ့သည် အလွန်ဆိုး ၀ါး၏။ ကွမ်းစားသူ၊ ဆေးလိပ်သောက် သူ၊ အရက်သောက်သူများပါလျှင် ပိုဆိုး သည်။ အထူးသဖြင့် အလုံပိတ်ထားသော လေအေးစက်မနိုင်သောအခန်းမှာမွန်း ကျပ်နေတော့သည်။

ကျွန်မသည် မတ်တပ်လည်း မရပ် နိုင်။ လူမွန်းကျပ်မှုလည်း မခံနိုင်သဖြင့်၊ ရှေ့သို့တိုးဝှေ့ကာ မိတ်ဆွေ ““ဆုယူမည့်လူ””ကို လာရောက်ကြောင်း၊ ထိုင်စရာ မရှိ၍ ပြန်တော့မည်ဖြစ်ကြောင်းပြောပြီး၊ လှည့်ပြန်ခဲ့ရ သည်။ သူက နေရာဖယ်ပေး မည်ဆိုသော်လည်း ဒါမျိုးမလုပ်ကောင်း ပါ။ ကျွန်မနှင့်အတူ အခြားမရပ်နိုင်သူ စာရေးဆရာမတစ်ဦး၊ စာရေးဆရာ တစ်ဦး၊ အယ်ဒီတာနှစ်ဦးဆင်းလာပြီး၊ အနီးအားရှိ လေအေးစက် ရှိသော ကော် ဖီဆိုင်၌ နားကာ ကိုယ့်ဘာသာဝယ်စား ကြရသည်။

ဤကိစ္စသည် ရေးကြီးခွင်ကျယ် မဟုတ်ပါ။ သို့သော် ယဉ်ကျေးမှုနှင့် ကျင့်ဝတ်ကိစ္စဖြစ်ပါသည်။ ယဉ်ကျေး သောနိုင်ငံတိုင်းတွင် ယဉ်ကျေးမှုများရှိ ကြသည်။ နိုင်ငံကြီးများ၏ အခမ်းအနား ဖိတ်စာတွင် ““တက်ရောက်နိုင်ခြင်းရှိမရှိ အကြောင်းပြန်ပေးပါရန်””စာတမ်းရိုက်နှိပ် ထားသည်။ အဓိပ်္ပာယ် မှာ နေရာအတိ အကျစီစဉ်ရန်ဖြစ်၏။ နေရာမရ၍ မတ် တပ်ရပ်ရတာမျိုး သူတို့တွင် မရှိချေ။ ထို့ပြင် သူတို့၏ ထိုင်ခုံများတွင် ဖိတ်ကြားထားသူ ဧည့်သည်တစ်ဦးစီ၏ အမည်ကိုကပ်ထားသည်။ ရှေ့ပိုင်းနေရာ လုရန်လည်းမလို။ နေရာမရတာလည်း မဖြစ်တော့ပေ။ မြန်မာနိုင်ငံ၏ တိုးတက် သောအုပ်စုအချို့ကလည်း တစ်ဦးချင်း အမည်မကပ်စေကာမူ ၀ိုင်းနံပါတ် သတ် မှတ်ပေးထားသည်။ ဥပမာ ဦးဖြူရောက် လာလျှင် ကြိုဆိုသူက စာရင်းကြည့်ပြီး ““စားပွဲနံပါတ် ၅ ကိုကြွပါ””ဆိုတာမျိုး ဖြစ်၏။ စနစ်ကျသော ယဉ်ကျေးမှုဖြစ် သည်။

တချို့ကတော့ အတော်ရိုင်းသည်။

ရှေ့ပိုင်းစားပွဲသုံးဝိုင်းလောက်မှာ၊ VIP ဆိုသော စာတန်းတွေတင်ထား၏။ “ဤအဖွဲ့များတွင် မည်သူမျှမထိုင်ရ။ အရေးကြီးပုဂိ္ဂုလ်များအတွက် သီးသန့် ဖြစ်သည်”ဟု ပြောရာကျသည်။ သို့ဆို လျှင် ကျန်လူတွေက အရေးမကြီးသည့် လူတွေပေါ့ဟု စော်ကားခံရခြင်းဖြစ်၏။

တစ်ခါမှာလည်း ကျွန်မတစ် ယောက်တည်း ပွဲတစ်ပွဲတက်ဖူးသည်။ သူတို့ရိုင်းပျစွာထားရှိသော “VIP” ဆို သည့် စားပွဲသို့ အလိုက်သိစွာမသွားပါ။ အလယ်ဝိုင်းလောက်မှာထိုင်ပါသည်။ နောက်တော့ ဆရာမတစ်ဦးရောက်လာ သည်။ သူလည်းအဖော်မပါပါ။ မတွေ့ တာကြာပြီဆိုပြီး နှစ်ယောက်သား စကား တွေကောင်းကြဆဲ ပွဲရှင်ရောက်လာကာ၊ “ဆရာမကြီးအရှေ့ကြွပါ”ဟု ဟို ဆရာမ ကိုခေါ်သွားသည်။ နှစ်ယောက်ရှိသည့် အနက် တစ်ယောက်ကို ချန်ထားခဲ့ခြင်း မှာ ဘယ်လောက်ရိုင်းစိုင်းကြောင်း ပွဲရှင် နားမလည်။ သူ့ပွဲသို့ တက်္ကစီခ ၅၀၀၀ အကုန်ခံလာခဲ့ခြင်းမှာ သည်လိုအစော် ကားခံဖို့မဟုတ်။ ချက်ခြင်းထပြန်ခဲ့သည်။ ပွဲတွေမှာ မုဒိတာစကားပြောခြင်းများ ရှိသည်။ ကျွန်မလည်း ပွဲအတော်များများ ပြောရတတ်ပါသည်။ ထိုမုဒိတာစကား ပြောကြားပေးပါရန် ကြိုတင် ဖိတ်ထား ခြင်းခံရလျှင် ထိုသူများကို ဂရုတစိုက် ကြို ဆိုတတ်ကြ၏။ ဤတွင်မှ အချို့ ဆရာ၊ ဆရာမကြီးများ သည် စကားပြောပေးရ မည့်ပွဲများကိုသာ လာရောက်တတ်ပုံကို စဉ်းစားမိသည်။ သူတို့ကား မိမိနေရာကို မိမိသိသူများဟု တွေးမိသည်။

ကျွန်မလည်း ပွဲတွေလုပ်ဖူးပါသည်။ ကျွန်မ လူ ၁၀၀ တတ်နိုင်လျှင် ၁၀၀ ဖိတ်ပါသည်။ ၁၀၀ ဆန့်သည့်အခန်းမှာ လုပ်ပါသည်။ စာအုပ်ပွဲဆိုလျှင် စာအုပ် ၁၀၀ ဝေငှပါသည်။ လက်ဖက်ရည်ကို ကြိုက်သလောက်တိုက်ပါ သည်။ မတတ်နိုင်လျှင် လုံးဝပွဲမလုပ်ပါ။ ပွဲဟူသည် လူအများစိတ်ချမ်းသာဖို့လား။ မိမိဂုဏ်ရှိဖို့လား။ နိုင်ငံကြီးသားပီသသော ယဉ်ကျေးမှုကိုသင်ယူကြပါဦးဟုဆိုလျှင် အောင်မင်းလွန်ရာ ကျလေမလား။

Credit : Here

ပြည်သူတင်တဲ့ အစိုးရ ပြည်သူမျက်နှာပဲကြည့်စေချင်

ငါ့တို့မှာအာဏာရှိတယ်။ လက်နက် ရှိတယ်ဆိုတဲ့ လူတစ်စုနဲ့ ဟိုအော်ဒီအော် အသံကောင်းဟစ်နေကြ တဲ့ လူတစ်စုတွေ ကြာမှာ ရိုးသားကြတဲ့ရဟန်းသံ ဃာတွေ နဲ့ ပြည်သူတွေမြေစာပင်ဖြစ်ခဲ့ကြရတယ်။ ၂၉.၁၁.၂၀၁၂ နေ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းက အာရုံတက်အကြမ်းဖက် ပြုလုပ်လိုက် တဲ့အတွက် ထိခိုက်ဒဏ်ရာ အနာတရဖြစ်သွားကြ တဲ့ သံဃာတော် တွေအတွက် စိတ်မကောင်းဖြစ်မိ တယ်။ ပြီးခဲ့တာတွေကို ပါတီလူပုဂ်္ဂိုလ်အဖွဲ့အသီး သီးကပြစ်တင်ဝေဖန်နေကြတာကိုလည်း စာရေးသူ တို့ စိတ်တိုင်းတော့မကျဘူး ဘာလို့လဲ ဆိုတော့ ပြဿနာ မဖြစ်ခင် မိမိတို့ လုပ်သင့် လုပ်ထိုက်တဲ့ တားဆီးမှုတွေ ပြုလုပ်ကြရမယ်။ ခုတော့ပြီးမှအသံကောင်း ဟစ်နေကြတဲ့ သူတွေများ တယ်။ ဒေါ်စု ကပြောတယ် စီမံကိန်းတစ်ခုကို လွယ်လွယ် နဲ့ ဖျက်သိမ်းလိုက်ရင် အစိုးရအပေါ် မှာ ပြည်ပနိုင်ငံတွေကယုံကြည်မှုတွေနည်းပြီး ဘယ်နိုင်ငံကမှကိုယ့်နိုင်ငံကို စီးပွားရေး လုပ်ငန်းတွေ လာလုပ်ကြမှာမဟုတ်ဘူး တဲ့ မှန်ပါတယ် ဒီပြဿနာကြာခဲ့ပြီ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ၀က်မှေး၊ ဆည်တည်း၊ ဇီးတောစတဲ့ ကျေးရွာပြည်သူများကရွာတွေမရွှေ့ပြောင်း ရေးမိမိတို့လယ်ယာမြေများကို ဆက်လက် လုပ်ကိုင်ခွင့်ရရေးကို မသွဲ့သွဲ့ဝင်းဦးဆောင် တဲ့ အမျိုးသမီးများက ဆန်္ဒပြပြီး တောင်းဆိုခဲ့တာ အကြိမ်ကြိမ်ရှိခဲ့ပြီ။

တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ဒေသခံဆရာတော်တွေ ရပ်မိရပ်ဖတွေနဲ့လည်း ဆွေးနွေးခဲ့ တယ်။ ကောင်းတဲ့ အဖြေကထွက်မလာ မကြမီရက်ပိုင်းကပဲ မုံရွာမြို့မှာ မသွဲ့သွဲ့ဝင်းနဲ့ အမျိုးသမီး (၁၃) ဦးကို မုံရွာအမှတ် (၁) ရဲစခန်းက ဖမ်းခဲ့တယ်။ နောက်ရက်တွေမှာ ပြန်လွှတ် ပေးခဲ့တယ်။ ရဲစခန်း ကိုတော့မသွဲ့သွဲ့ဝင်း က မကျေနပ်ဘူးလို့သိရသည်။ အကျဉ်း ထောင်ကတော့ ဆက်ဆံရေးအနေအထိုင် အစားအသောက်သူတို့ဘက်က လိုလေ သေးမရှိအောင်ကောင်းပါတယ်လို့ မသွဲ့ သွဲ့ဝင်းကပြောပြပါတယ်။ သူတို့ရဲ့အပြန် ခရီးမှာလည်း ဒေသခံပြည်သူတွေက ပန်းကုံးစွပ်ပြီး စည်စည်ကားကားကြိုဆို ကြတာကိုလည်း တွေ့ရပါတယ်။

အစကတည်းကပြည်သူကိုချပြပြီး လူ သိရှင်ကြားလုပ်ကြရင် ပြဿနာဆိုတာမ လာနိုင်ပါဘူး။ ယခုလည်း ကြားနေရပါတယ်။ ရန်ကုန်မန္တလေး (၈) လမ်းသွားကားလမ်း ဂျပန်အကူအညီနဲ့ ဖောက်လုပ်မယ်တဲ့ မုံရွာ-ဂန့်ဂေါ-ကလေး-တမူး-အိန်္ဒိယလက် ရှိလမ်းထက် ၀ဲ/ယာ ပေ (၁၅၀) တိုးချဲ့ ဖောက်လုပ်မယ်တဲ့။ စကားအရတော့ ကောင်းပါတယ်။ ဒါပေမဲ့ လမ်းတွေတိုးချဲ့ ဖောက်လုပ်လိုက်ရင် ပြည်သူတွေရဲ့ လူနေ အိမ်ခြေတွေ လုပ်စားလယ်ယာမြေ တွေ ထိခိုက်နစ်နာလာရင် ပြည်သူနဲ့ က ပြဿနာတွေဖြစ် လာဦးမယ်။ ဖြစ်နေ တာက စီမံကိန်းတစ်ခုလုပ်လိုက်ရင် တာဝန်ရှိတဲ့ ပုဂ်္ဂိုလ်တွေက ပြန် မကြည့် တော့ ဘူး။ အောက်လူတွေက လုပ်ချင်ရာ လုပ်နေတာ၊ သိန်းတစ်ထောင်ဒီလမ်း အတွက်ချပေးလိုက်ရင် တကယ်တန်း ကုန်ကျမှုက (၇၀၀) ယောက်ပဲကုန်တယ်။ သိန်း (၃၀၀) လောက်က လမ်းပေါ်မရောက် ဘူး။ စာရင်းသူတို့ဖြစ်စေချင်တာက လက်ရှိလမ်းနဲ့ ပဲသွားလာလို့ဖြစ်နေတယ်။ လက်ရှိလမ်းလေးတွေ ကိုပဲ ကောင်းအောင် ပြုလုပ်စေချင်တယ်။

ယခုလက်ရှိတံတား တွေလမ်းတွေကိုကမကောင်းဘူး၊ အသစ် မစဉ်းစားစေချင်ပါဘူး။ ပုသိမ်-မုံရွာလမ်း ကြီးဖောက်ထားတယ် တစ်နေ့ကားဘယ် နှစ်စီးပြေးဆွဲသလဲ၊ဘာကားမှသွားတာလာ တာမတွေ့ရပါဘူး။ မလိုအပ်ဘဲနဲ့ အလုပ် တွေ လုပ်နေရင်ပြည်သူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်နေတာပဲရှိမယ်။ အစိုးရ လည်းဝန်ထုပ်ဝန်ပိုးကြီးတွေ မဖြစ်အောင် ပြည်သူတွေလည်း စိတ်ချမ်းသာမှုရှိအောင် လက်ရှိ ရှိနေတာလေးတွေကိုပဲ အကောင်း ဆုံးဖြစ်အောင်လုပ်ကြတာကောင်းပါတယ်။

ဆင်းရဲဒုက္ခဆိုသည်မှာ လူအများစု ၏ စိတ်ချမ်းသာမှုအတွက် အကြီးမားဆုံး ရန်သူဖြစ်တယ်။ ထိုဆင်းရဲဒုက်္ခရောက်ခြင်း ဟာ လွတ်လပ်မှုကိုလည်း ဆုံးရှုံးစေပါ တယ်။ လူဆိုသည်မှာ လွတ်လပ်စိတ်ချမ်း သာမှုကို လိုချင်ကြပါတယ်။ အများပြည် သူတို့ရဲ့ စိတ်ချမ်းသာမှုကို ဆောင်ရွက် ပေး ရန် ကောင်းမွန်သော အစိုးရ တစ်ရပ်ရဲ့ အခြေခံတာဝန်ကြီးပင်ဖြစ်ပါ တယ်။ ယခုလက်ပံတောင်းတောင်ကြေး နီစီမံကိန်းပြဿ နာဟာပြည်သူတွေအတွက် အဆင်ပြေစေချင်ပါတယ်။ လက်ရှိတာ ၀န်ရှိတဲ့ ပုဂ်္ဂိုလတွေ ကြုံဖူးကြမှာပါ။ မိမိတို့ ရန်ကုန်မြို့ကြီးကနေ နေပြည်တော် တို့ တခြားမြို့လေးတွေပြောင်းရွှေ့ရတာ လေးကိုပင် မိမိတို့ကိုယ်တိုင်မိသားစုတွေ ဘယ်လောက်စိတ်ဆင်းရဲမှုတွေ ခံစားခဲ့ ကြရသလဲ။ ယခု သူတို့ဘိုးဘွား မိဘတွေ လက်ထက်ကတည်းက နေလာခဲ့ကြတဲ့၊ လုပ်လာခဲ့ကြတဲ့ ဒီမြေဒီယာ၊ ဒီရွာလေး တွေကို သူတို့မစွန့်ချင်ကြတာအမှန်ပါပဲ။ ဒုက္ခဆိုတာ မိမိတို့ကိုယ်တိုင်ကြုံဖူးမှ ခံစား ဖူးမှ သိပါတယ်။

ယနေ့တာဝန်ရှိတဲ့ ပုဂ်္ဂိုလ်ကြီးတွေ ပြည်သူတွေဘ၀ထဲကို ဆင်းကြည့်ကြပါ။ မကြာမီလပိုင်းကပဲ နိုင်ငံတော် သမ္မတကြီး က သမ္မတရုံးဝန်ကြီးများနှင့် တာဝန်ရှိ ပုဂ်္ဂိုလ်တွေကို ပြောကြားခဲ့ပါတယ်။ ပြည်သူကတိုင်မှ၊ မီဒီယာကထောက်ပြမှ သိတာမျိုးမဖြစ်အောင်လုပ်ကြပါနဲ့ မိမိတို့ ကိုယ်တိုင်ပြည်သူတွေဘာဖြစ်နေသလဲဆို တာသိအောင်ကြိုးစားပါ။ ပြည်သူတွေ အတွက် ဆောင်ရွက်ပေးပါဆိုတဲ့ စကား လေးဟာ အလွန် တန်ဖိုးရှိပါတယ်။ ပြည်သူတွေဘက်ကလည်းဖြစ်ချင်တာ တွေထက် အချိန်အခါတိုင်းအတာအရ ဖြစ်သင့် တာလေးတွေကို ပဲပြောစေချင် တယ်။ မိမိတို့မိသားစုစားဝတ်နေရေး အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ စားဝတ်နေရေးဆိုတာကျန်းမာရေး၊ ပညာရေးအတွက်တွေပါ အဆင်ပြေ အောင်လုပ်ငန်းတွေပေး ဖို့၊ငွေကြေးထောက် ပံ့မှုတွေပေးဖို့၊ စီမံကိန်းပြီးသွားတဲ့အချိန် မှာ နဂိုကနေထိုင်လာခဲ့ကြတဲ့ နေရာလေး မှာ ပြည်သူတွေအတွက် နေစရာရေမီးအိမ် စတဲ့ ပြီးပြည့်စုံစွာပြန်လည်နေထိုင်နိုင်ရန် တာဝန်ရှိသူများက တာဝန်ယူဖို့တွေဖြစ် လာပါတယ်။

စီမံကိန်းလည်းအမြန်ပြီးစီး အောင်လုပ်ဖို့လိုပါတယ်။ တစ်ဦးနဲ့ တစ်ဦးနားလည်မှုတွေပေးပြီး လုပ်သွား ကြရင်ကောင်းပါတယ်။ ယခုအစိုးရဟာ ပြည်သူကတင်တဲ့ အစိုးရပါ။ ပြည်သူတွေစိတ်ချမ်းမြေ့မှုတွေ ရှိဖို့လုပ်ပေးကြရမယ်။ တာဝန်ရှိပါတယ်။ အိမ်တို့၊ဈေးတို့လောင်တဲ့မီးက ငြှိမ်းလို့ရပါ တယ်။ ယခုလက်ပံတောင်းတောင်ကြေး နီစီမံကိန်းက လောင်နေတဲ့ မီးကငြှိမ်းဖို့ ခက်ပါတယ်။ သူတို့ဘ၀နဲ့ ရင်းတဲ့မီးက ရင်ထဲကခံစားမှုတွေနဲ့ တောက်လောင် နေတဲ့မီးပါ။မေတ္တာဖြင့်သာငြိမ်းလို့ရမယ့် မီးဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

Credit : Here

စစ်ဆိုသည်မှာ အနှုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ

စစ်ဆိုသည်မှာ အနှုတ်လက္ခဏာ ငြိမ်းချမ်းရေးသည် အပေါင်း လက္ခဏာ စစ်ဖြစ်လာပြီဆိုမှဖြင့် မိခင်တစ်ကွဲသား တစ်ကွဲ သေပွဲဝင်ရှာ ဘာသာမရွေးပါ ငြိမ်းချမ်းရေးသာ ပေး သာပေးကြပါ။ ဤတေးသံ၏အစအဆုံးကို တစ်ချိန် ကရရှိ ခဲ့သော်လည်း ငယ်ရွယ်စဉ်ကျောင်း သားဘဝမှ ယနေ့ တိုင်ဖြစ်နေလေတော့ ဤမျှသာမှတ်မိနေတော့သည် တေးပြု စာဆိုမှာလည်း ကိုမြတ်လေးနှင့်စန္ဒယား ချစ်ဆွေဟုထင်မှတ်မိ ပါသည်။ မှားခဲ့သော် ခွင့်လွှတ်ကြပါရန် သည်တေးကို စတင်ကြား မိခဲ့သည်မှာ ၁၉၆၁ခုနှစ် စက်တင်ဘာလ (၂၄)ရက် ရန်ကုန်မြို့အောင်ဆန်းအား ကစားကွင်း ကြီးတွင်ကျင်းပသည့် ကမ္ဘာ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးမှထုတ်လွှင့်ခဲ့ သော လှုံ့ဆော်တေး တစ်ပုဒ်ဖြစ် ပါသည်။ ထို့နောက် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)နှင့်ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့တို့မှလည်း ၄င်းတို့အဖွဲ့လှုပ်ရှားမှုများ တွင် မကြာခဏထုတ်လွှင့်အသုံးပြုခဲ့ သဖြင့် လေ့လာမှတ်သားနိုင် ခဲ့ခြင်းဖြစ် ပါသည်။

မှန်ပါသည် လူသားမှန်သမျှငြိမ်းချမ်း ရေးကိုသာမြတ်နိုးတန်ဘိုးထားကြပါ သည်။စစ်၏အနိဌာရုံများကို မည်သူမျှ တွေ့လိုမြင်လိုမကြားလိုသည်မှာ အမှန် ပင်ဖြစ်ပါသည်။

စစ်ပွဲကြီးတစ်ပွဲပြီးသွား သည့်အခါတိုင်း၊တိုင်းပြည်တွင် အောက် ဖော်ပြပါတပ်ကြီးသုံးတပ်ကျန်ရစ်ခဲ့သည် ဟု ဂျာမန်စကားပုံတစ်ခုကဆိုထားသည် ကိုမှတ်သားမိခဲ့ပါသည်။ ၄င်းတပ်ကြီးသုံး တပ်မှာ-(၁)၊ အကျိုးအကန်း အပဲ့အရွဲ့သူ များတပ်၊ (၂)၊ ပူဆွေးတမ်းတ ငိုယိုတသ သူများတပ်၊ (၃)၊ သူခိုးဓားပြ လုယက်သူ များတပ် ဟူ၍ဖြစ်ပါသည်။

ထို့ကြောင့် စစ်ဆိုလျှင် မည်သည့်စစ် မှမကောင်း(သို့သော် ချွင်းချက်အားဖြင့်) နိုင်ငံ လွတ်မြောက်ရေး အတွက် ဆင်နွှဲရ သည့်စစ်ပွဲနှင့်မတရားကျူးကျော်မှုကို ဆန့် ကျင်ရသည့်စစ်ပွဲများသည်ပင်လျှင် စစ် မဖြစ်ပဲ ဖြေရှင်းရသည့်နည်းလမ်းသည် သာ အကောင်းဆုံးဖြစ်မည်ဟုဆိုချင်ပါ သည်။ ဤနေရာတွင် စစ်ဖြစ်ရခြင်းအ ကြောင်းရင်းများကို လေ့လာကြည့်သော အခါ ပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ် များနှင့်ဒေသန္တရစစ်ပွဲများအကြောင်းကို တင်ပြရမည်ဖြစ်ရာ ရှည်လျားသော သမိုင်း ကြောင်းများနှင့် ရှင်းလင်းတင်ပြရမည်ဖြစ်၍ ဂျာနယ်စာမျက်နှာများက ခွင့်ပြုနိုင်မည် မဟုတ်၍ မတင်ပြလိုတော့ပါ။သို့သော် အသေးစိတ်သိလိုလှသည်ဟုဆိုလျှင်တော့ ညွှန်းပြပေးရပါမူ ၁၉၅၉ခုနှစ်က ထုတ်ဝေ ခဲ့ဖူးသော ကွယ်လွန်သူအငြိမ်းစားဗိုလ်မှူး ချုပ်ဟောင်းကျော်ဇော(ရဲဘော်သုံးကျိပ် ဝင်)၏ (ကမ္ဘာစစ်နှင့် ငြိမ်းချမ်းရေး)စာအုပ် ကို ညွှန်းပြလိုပါသည်။

ဤသည်နှင့်တစ်ဆက်တည်း ယနေ့ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေဆဲဖြစ်သော ပြည်တွင်းစစ်ကြီး သည် နှစ်ပေါင်း(၆ဝ)မျှ ရှည်လျားစွာကြာမြင့်နေသည်ဟုဆိုနိုင် သော်လည်း ငြိမ်းချမ်းရေးအတွက် လက် နက်ကိုင်အဖွဲ့အစည်း(၁၁)ဖွဲ့နှင့်ဆွေးနွေး ညှိနှိုင်းမှုများရရှိသဖြင့် သဘောတူညီမှု များရရှိ၍ အပြစ်အခတ်များရပ်စဲကာ ငြိမ်းချမ်းရေးရောင်ခြည်များပေါ်ထွန်းလာ နေသည်ကိုတွေ့ရှိကြရမည်ဖြစ် ပါသည်။ ဆက်လက်၍ ထာဝရငြိမ်းချမ်းရေးအတွက် ကိုလည်း အဆင့်ဆင့်ကြိုးပမ်း လုပ်ဆောင် နေကြောင်းသိရသဖြင့် အခြေအနေအလား အလာကောင်းများကိုလည်း တွေ့မြင်နိုင် ကြမည်ဖြစ်ပါသည်။

သို့သော်KIA,KIO တို့နှင့်ငြိမ်းချမ်း ရေးရရှိမှုတို့အတွက် ကြိုးပမ်းဆောင်ရွက် မှုတို့မှာ ဆွေးနွေး သည့်အကြိမ်ပေါင်း ( )ကြိမ်မျှရှိခဲ့သည် ပြီးပြတ်မှုမရှိဘဲ ယနေ့တိုင်ကြန့်ကြာမှုများရှိနေသေး ကြောင်း သတင်းမီဒီယာတို့၏ဖော်ပြချက် များအရသာ လေ့လာသိရှိနေကြရပါသည်။ ပြည်သူများ အနေဖြင့် နှစ်ဦးနှစ်ဖက်ဆွေး နွေးတင်ပြချက်များနှင့်အပေးအယူရရှိမှု များကို ပွင့်လင်းမြင်သာမှု မရှိဘဲဖြစ်၍ နေသည်။ အဖြစ်မှန်အခြေအနေများကို ပြည်သူများမသိရဘဲ အချို့သော ပုဂ္ဂိုလ် အဖွဲ့အစည်း များ၏ မိမိလိုရာကိုကောက် ချက်ဆွဲ၍ ငြိမ်းချမ်းရေး၊ငြိမ်းချမ်းရေးဟူ ၍သာမိမိထင်မြင်ယုံကြည်ရာကို ”ဘာ လုပ်ရမည်” ဟုတင်ပြတောင်းဆိုမှုများနှင့် ပါးစပ်သေနတ်များပစ်ဖောက်နေကြလျှင် အချို့သောကိစ္စရပ် များမှာ ဘေးစကား များကြောင့် သံသယဝင်စရာ အထင်အမြင် လွဲစရာများနှင့်အာဃာတ များဖြစ်ပေါ်စေ နိုင်ပါသည် နှစ်ဦးနှစ်ဖက်မျှတစွာရှုမြင်၍ မုန်းစကိုတိုစေ ချစ်စကိုရှည်စေသော မှန် ကန်မျှတအကျိုးပြုလုပ်ရပ်များသာ ဆောင် ရွက်သင့်ကြသည်ဟုဆိုချင်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေး မှု အခြေအနေဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ပြည်သူအများရိုးသားပွင့်လင်း ထင်သာမြင်သာရှိသော ဆွေးနွေးပွဲဖြစ် စဉ်များနှင့်အောက်ပါအချက်များကို ပွင့် ပွင့်လင်းလင်းထုတ်ဖော်ဆွေးနွေးတင်ပြ သွားသင့်သည်ဟုတင်ပြလိုပါသည်။

KIA,KIO တို့ဘက်မှ ဘာတွေ တောင်းဆိုသလဲ ဘယ်အချက်တွေလဲ အစိုးရဘက်မှ ဘယ်လောက်ပေးသလဲ ဘယ်အချက်ကို ဘာကြောင့်မပေးသလဲ အပေါ် ပြည်သူများက မိမိတို့၏အသိ ဥာဏ်ဖြင့် လေ့လာဆန်းစစ်ခြင်း၊ဝေဖန် အကြံပြုခြင်းအမှားနှင့်အမှန်ထောက်ခံ ကန့်ကွက်ခြင်းများနှင့်သူတို့၏ ဆန္ဒသ ဘောထား အမှန်များကိုသိရှိနိုင်ကြ မည် ဖြစ်ပါသည်။တောင်းဆိုချက်များသည်။မဖြစ်နိုင်မမျှတ မမှန်ကန် ထို့ကြောင့် မပေးနိုင်ဆိုသည်များကို လည်းကောင်း၊ တောင်းဆိုချက်များသည် မျှတသည်ဖြစ် နိုင်သည်။ပေးသင့်သည်ဟူသည် ကိုလည်း ကောင်း ပြည်သူများပါ တွေ့မြင်သိရှိ၍ မြင်သာစွာ ဖော်ထုတ်တင်ပြဆောင်ရွက် ကြပါက စစ်မှန်သောထာဝရငြိမ်းချမ်းရေး ကြီးတည်ဆောက်နိုင်မည်ဟုယုံကြည်ယူ ဆမိပါသည်။ပြည်သူ့ဆန္ဒပါ သိရပါမည်။

အချုပ်အားဖြင့်င်ပြရလျှင် ယနေ့ တိုင်းရင်းသားပြည်သူအားလုံးသည် စစ် ကို မလိုလား ငြိမ်းချမ်းရေးကိုသာ လိုလား သည်။ပြည်သူတို့သည် အချင်းချင်းသွေး ကွဲပျက်စီးမှုကိုမလိုလား၊ချစ်ကြည်စည်း လုံးသွေးစည်းညီညွတ်မှုကိုလိုလားသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံး လိုသားသည့် လူမျိုးတစ်မျိုးနှင့်တစ်မျိုး စစ်မဲ့ကင်းစေကာမူ ဆင်းရဲသားနှင့်သူဌေး ဆင်းရဲချမ်းသာကွာဟမှုရှိနေသမျှ နိုင်ငံ တိုင်းပါဝင်သော ကမ္ဘာကြီးပင်မအေးနိုင် ဆိုသည်ကိုတော့ သိရှိထားရန်လိုအပ်ပါ သည်။ အဓိကအားဖြင့် ပြည်ထောင်စု တိုင်းရင်းသားအားလုံး၏အကျိုးစီးပွား အတွက် ဆောင်ရွက်သည့်အခါ မိမိတို့ လူမျိုးစုတစ်စု၏အကျိုးစီးပွားလည်းပါဝင် နေသည်ကိုမှန်ကန်သည့်အမြင်နှင့်ခံယူ ချက်များကို သိနား လည်ကြ လျှင် ပြည် ထောင်စုကြီးတိုးတက်ဖွံ့ဖြိုးအေးချမ်းသာ ယာမှုကို အမှန်ပင်ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် တစ်ချိန်က ကရင်ရေးရာဝန် ကြီးစောခံဖိုးသင် ပြောခဲ့သလို ကရင် တစ်ကျပ် မြန်မာ တစ်ကျပ်ဟု တစ်ယောက် တစ်ကျပ် ရန်ပြု၍ ခွဲဝေသုံးစွဲခြင်း ထက် နှစ်ကျပ်ဘိုးစလုံးကိုတစ်ဘန်းတည်းထည့် ပြီး ငြိမ်းချမ်းစွာအတူတကွစားရလျှင် ပို၍ပင်အရသာရှိပါမည်ဟုဆိုစကားကို ပြန်လည်၍ သတိရမိနေ ပါသတည်း။

Credit : Here

အတွင်းစည်းကိုဝင်ခဲ့ပါ


ယနေ့မြန်မာဒီမိုကရေစီ ဒီရေအခင်း အကျင်းဟာ စစ်ဗျူရိုကရက်နှောင်ကြိုးများ နဲ့ထိုးယှက်ချည်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ကြီးက တိုရေရှားရေစွန့်ကျဲပေးထားတဲ့ ဖြေလျှော့ထားမှုဖြစ်စဉ်အောက်မှာ စတုတ္ထ မဏ္ဍိုင်ကိုအားယူပြီး အသက်ကို အလုအယက်ရှူနေကြရတဲ့ ဒီမိုကရေစီ အိုင်ကွန်နဲ့ အတိုက်အခံပါတီအင်အားစု အသီးသီးတိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ အရပ်ဖက်လူ့အဖွဲ့ အစည်း များ လူထုလှုပ်ရှားမှုအင်းအားစုခေါင်းဆောင် များရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဖျက် သိမ်းးရေး ခြေစမ်းပွဲ ကာလဖြစ်တယ်လို့ယူဆမိပါတယ်။

၂ဝ၁ဝရွေးကောက်ပွဲနဲ့ အဓမ္မသရဖူ ရယူထားတဲ့အစိုးရကလည်း တခါတရံ ဂယောင်ခြောက် ချား သွေးရူးသွေးတန်း ကမ္ဘာကျော်မိန့်ခွန်းများ ပြောကြားတတ် တဲ့ ဝန်ကြီးတချို့လွှတ်တော်အမတ်အချို့ ကလွဲပြီး ပြည့်သူ့အကြိုက်နိုင်ငံတကာ အလိုက်”ကောင်းမွန်သောအုပ်ချုပ်ရေး သန့်ရှင်းသောအစိုးရ’ ‘လွှတ်တော်အသံ ပြည်သူ့အသံ”အဂတိလိုက်စားမှုအပြီးတိုင် ချုပ်ငြိမ်းပပျောက်ရေး”စတဲ့ကြွေးကြော် သံတဖုံဖုံနဲ့လက်ခုပ်ခြူနေတဲ့ အချိန်ကာ လဖြစ်ပါတယ်။

အနောက်အုပ်စုနဲ့ ဒေသ တွင်းနိုင်ငံများကတော့ ရင်းနှီးမြှုပ်နှံမှုများ အလုအယက်စီးဝင်ဖို့ လုံးပမ်း ရင်းမျက် မှောက်နိုင်ငံရေးတည်ငြိမ်မှုအခြေအနေကို ရွှေကျီးညိုသာပါစေဧည့်သည်လာပါစ ကဗျာလေးကို တီးတိုးရေရွက်လို့သူတို့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ်ကို ဆာ လောင်မွတ်သိပ်နေကြ တဲ့ ပြည်သူလူထု အလွှာအသီးသီးဟာလယ်လုပ် သူလယ်ပိုင်ဖို့ တန်းတူညီမျှတဲ့အလုပ်သမား အခွင့်အရေးရရှိဖို့ တရားဥဒေအရိပ်အောက် မှာ အခြေခံလူတန်းစားအားလုံး ဘဝအာ မခံချက်အပြည့်ရှိဖို့ စစ်အစိုးရ ဒဏ်ရာဒဏ် တွေကိုကုစားဖို့ သူတို့အပေါ်စာနာစိတ် အပြည့်ရှိတဲ့ နှစ်ဆယ့်တစ် ရာစုဇောရိုး တွေကိုအားကိုးမျှော်နေရသလို အတွေး သစ်အမြင်သစ်တွေနဲ့ကြွလှုပ်ရှားသူလူငယ် ထုအများကလည်း ပြည်သူလူထုနဲ့ အစိုး ရဟာ အမှန်တကယ်တော့စည်းသုံးတန် ခြားနေရတယ်ဆိုတာကို သိမြင်လာကြ ပြီဖြစ်ပါတယ်။

အပေါ်ကဘယ်လောက် ပြောင်းပြောင်း အောက်ကလိုက်မပြောင်း တဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးရေး လုပ်ထုံးလုပ်နည်းတွေ ပြည်သူဆန္ဒ ပြည် သူ့အသံကို သိသိကြီးနဲ့ လက်ခံဖို့ခေါင်း မာနေကြတဲ့ လွှတ်တော် ထဲက၂၅ ရာခိုင် နှုန်းသော တပ်မတော်ကိုယ်စားလှယ်ကြီး များရဲ့ အကြည့်စိမ်းစိမ်းတွေဟာ စည်းသုံး တန်ရဲ့အပြင်က ဒဿဂီရိနဲ့ တူလှပါတယ်။ စည်းအတွင်းကမယ်သီတာနဲ့တူတဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ချစ်ခြင်းမေတ္တာကို လို ချင်ရင် စည်းအတွင်းကိုရိုးသားမှုတခုနဲ့ ရဲရဲလှမ်းလျှောက်အရောက်လာဖို့အရေး ကြီးပါတယ်။ မနှစ်ကလွှတ်တော်မှာ သမ္မတ ကြီးတင်ခဲ့ဘူးတဲ့ အဆိုတခုဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်များနဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအားလုံးပိုင်ဆိုင်မှု တွေကို တိုင်းသိပြည်သိကြေငြာ လိုက်စမ်း ပါ။ ပေါင်းစားပြီးကောင်းစားခဲ့တဲ့အာဏာ ရှင် ခရိုနီများကလည်း ကိုယ်ကျိုးရှာခဲ့သမျှ မတရားမှုတွေကိုလူသိရှင်ကြားဝန်ချလိုက် တပ်မတော်ကလည်း ပြည်သူချစ်တဲ့ တပ်မတော် တကယ်ဖြစ် ချင်ရင် ဘာစီမံ ကိန်း ညာစီမံကိန်းအကြောင်းပြပြီး တပ်မြေဆိုတဲ့ ဆိုင်းဘုတ်တခုစိုက်ထူကာ အဓမ္မသိမ်းယူ ထားတဲ့ လယ်မြေတွေကို တရားဥပဒေနဲ့အညီ(စစ်မှန်မျှတတဲ့ဥပဒေ နဲ့အညီ) ပြန်လည်ဖြေရှင်းပေးလိုက်စမ်း ပါ..။ကချင်ပြည်နယ်ငြိမ်းချမ်းရေးကိုလည်း မရအရတည်ဆောက်ပြီး ရိုးသားမှန်းသိ သာတဲ့ အစိုးရအဖြစ်နဲ့စည်းအတွင်းကိုလှမ်း လာခဲ့ပါ။

လွန်ခဲ့တဲ့ရက်ပိုင်းကOGP(OPEN GOVERNMENT PARTERSHIP) ) လို့ခေါ်တဲ့ပွင့်လင်းအစိုးအရ များ မဟာမိတ်အဖွဲ့ဝင်ဖြစ်ပါဝင်ဖို့ မြန်မာ နိုင်ငံကအဆိုပြုထားတာကြောင့် ပွင့်လင်း မြင်သာတဲ့ OGPရဲ့အဓိက လိုအပ်ချက်ကို ပြည့်မှီအောင်ကြိုးပမ်းဖို့အတွက် ဗြိတိန် နိုင်ငံက ပံ့ပိုးကူညီသွားမှာဖြစ်တယ် လို့OGPရဲ့ လက်ရှိနာယက ဗြိတိန်နိုင်ငံက ပြောကြားလိုက်ကြောင်းပြည်ပမီဒီယာဌာန တစ်ခုကထုတ်လွှင့်သွားခဲ့ ပါတယ်။ အမေရိကန်သမ္မတဘားရက်အိုဘားမား ကသမ္မတဦးသိန်းစိန်ကို ၂ဝ၁၆မှာ OGPခေါ် ပွင့်လင်းတဲ့အစိုးရများ မိတ် ဖတ်အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နိုင်ဖို့ သူ့တာ ဝန်ခံပါမယ်လို့ပြောကြားခဲ့ ဘူးပါတယ်ဆို ပေမယ့်OGPအဖွဲ့ဝင်ဖြစ်ဖို့မြန်မာအစိုးရ အနေနဲ့ အပြောင်းအလဲတွေလုပ်ဖို့လို သေးကြောင်း၊ ဘတ်ဂျက်ရသုံးမှန်းခြေငွေ စာရင်း၊ အကြီးတန်းအစိုးရအရာရှိကြီး တွေရဲ့အခြေခံပစ္စည်းပိုင်ဆိုင်မှုတွေ အပါ အဝင် အားလုံးကို ထင်သာမြင်သာဖြစ် စေရမှာဖြစ်ကြောင်း ပွင့်လင်းမြင်သာမှုအ တွက် ယုံကြည်အားထားလောက်တဲ့ လုပ်ငန်းအစီအစဉ်တွေရှရမှာဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ OGPအဖွဲ့ဝင်ဖြစ် ခြင်းအားဖြင့် ပွင့်လင်းမှုကိုတွန်းအားပေး တဲ့ သဘောဆောင်တဲ့အတွက် ပြည်သူ က လှိုက်လှိုက်လှဲလှဲထောက်ခံနေပါတယ်။ ပွင့်လင်းမြင်သာမှုတွေက အဂတိလိုက်စား မှုတွေကို ချေမှုန်းပစ်လိုက်စမ်းပါလို့ ဒီသတင်းကိုနားဆင်ရတဲ့ပြည်သူတိုင်းက တောင့်တနေကြပါပြီ။

ကျတော့ဆောင်းပါးကိုအဆုံးသတ် ဖို့အတွက် အစကိုပြန်ကောက်ပြီးဆိုရရင် ၂ဝဝ၈ဖွဲ့စည်းပုံဆိုတဲ့ တိုင်းပြည်ရဲ့ အနိ ဌာရုံနာဂစ်မုန်တိုင်းကာလမှာ ပြည်သူ့ဆန္ဒ ခံယူပွဲလုပ်ပြီးထောက်ခဲခဲ့တယ် ဆိုတဲ့ဖွဲ့ စည်း ပုံကို ဖျက်သိမ်းရေးပြုပြင်ပြောင်းလဲ ရေးအတွက် ခြေစမ်းပွဲကနေ အုပ်ဗိုလ်လု ပွဲ အကြိုဗိုလ်လုပွဲတွေတက်ဖို့ မိန်းပလေ ရာတွေအားလုံး ၁၉၅ဝခုနှစ်တဝိုက်က ခေတ်စားခဲ့တဲ့ကြေွးကြော်သံအတိုင်း လက်တွေ့ကျကျ လုပ်ဆောင်ပြရပါတော့ မယ်။ ဒီဆောင်ပုဒ်ကတော’့လူထုထံမှလူ ထုထံသို့’ပဲဖြစ်ပါတယ်။လူထုကိုချဉ်းကပ် လူထုပြဿနာကိုအဖြေရှာ ရဲရဲဝံ့ဝံ့ဖြေရှင်း ပေးသူများသာ လူထုကိုယ်စားလှယ်ဖြစ် မှာဖြစ်ပါတယ်။ လူထုအားကိုယူပြီးဆက် လက်ချီတတ်ရင်း ၂ဝ၁၅ရွေးကောက်ပွဲ ဆိုတဲ့မိုင်တိုင်တတိုင်ကိုဖြတ်ကျော်ကာ တကယ်လုံခြုံအေးချမ်းတဲ့ ပွင့်လင်းလူ့အ ဖွဲ့အစည်းပန်းတိုင်ကို အရောက်လှမ်းရမှာ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့အုပ်ချုပ်မှုတာဝန်သိ တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တိုင်းရင်းသားပြည် သူမှန်နမျှ အပေါ်ကျောသားရင်းသားမ ခွဲခြားပဲ ဧကပုတ္တတဦးတည်းသော သား အပေါ်ပုံ၍ချစ်သောမေတ္တာ မျိုးနဲ့ ပြည်သူ့ သမ္မတပြည်သူ့အစိုးရစစစ်စစ်ကို ပြည်သူ တွေငံ့လင့်ကြိုဆိုလျှက်ရှိပါတယ်။ သမ္မတ ကြီးနဲ့ပြည်သူ့တပ်မတော့ ပြည်သူ့ကိုယ် စားလှယ်ကြီးများခင်ဗျား….မယ်သီတာ ရဲ့ ချစ်ခြင်းမေတ္တာမြပုဝါကို ပိုင်ပိုင် ဆွတ်ခြူအရယူဖို့အတွင်းစည်းကိုဝင်ခဲ့ပါ။

Credit : Here

ခွဲထွက်အဖွဲ့များနှင့် နားလည်မှု ရရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန် KNU ချမှတ်

ခွဲထွက်သွားသည့် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နားလည်မှုရယူသွားရန် လုပ်ငန်းကော်မတီ တရပ် ဖွဲ့စည်းသွားမည် ဟု ဖားအံခရိုင်၊ လေးဝါးနေရာ၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအ ဝေးတွင် ကရင်အမျိုးသားအစည်းအရုံး-KNU က ချမှတ်ခဲ့သည်။

KNU ၏ ၁၅ ကြိမ်မြောက်ညီလာခံအပြီး ပြုလုပ်သော ၎င်းပထမအကြိမ် ဗဟိုအမြဲတမ်း ကော်မတီအစည်း အဝေး၌ ရှေ့ဆက်လုပ် ဆောင်မည့် လုပ်ငန်းစဉ်များထဲတွင် ကရင်တမျိုးသား လုံးစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရေးအတွက် ရည်ရွယ်၍ ထိုသို့ ကော်မတီတရပ် ဖွဲ့သွားရန် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းက ကေအိုင်စီသို့ ပြောသည်။

“ပထမအချက်ကတော့ ခွဲထွက်သွားတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့  နားလည်မှုရယူနိုင်ဖို့ လုပ်ငန်းကော်မတီဖွဲ့ဖို့ ရှိတယ်။ ဘယ်တော့ဖွဲ့မလဲဆိုတော့ ပြောဖို့ စောသေး တာပေါ့ေ နာ်။ နောက် တခု က ပြည်တွင်း၊ ပြည်ပမှာ ပြန့်ကျဲနေထိုင်တဲ့ ကရင် လူမျိုးတွေကို စည်းလုံး ညီညွတ် မှုပိုမိုခိုင်မာေ အာင် လုပ်ဆောင် သွားဖို့ ရှိတယ်” ဟု ပြောဆိုသည်။

ထို့အပြင် မြန်မာပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ ကရင်လူမှု အဖွဲ့အစည်းများနှင့် ကရင်မိဘပြည် သူများ ကို တွေ့ဆုံပြီး အကြံဉာဏ်များ ရယူကာ ပူးပေါင်းပါဝင်နိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေကိုလည်း ယင်းအစည်း အဝေး တွင် ချမှတ်နိုင်ခဲ့သည်ဟု ဆက်လက်ပြောဆိုသည်။

KNU ၏ ပုံမှန် ဗဟိုကော်မတီ အစည်းအဝေးကို ဗဟိုကော်မတီဝင် ၄၅ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအပြီး အချက် ၅ ချက်ပါသော ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ရာ KNU ၏ လုပ်ငန်းဌာန ၁၄ ခုအနက် ဌာနအသီးသီးရှိ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် တာဝန်လွှဲပြောင်း ခန့်အပ်မှုများကို ပြန်လည် အတည်ပြုခြင်းများ လုပ်ဆောင်နိုင်ခဲ့သည်ဟု ပါရှိသည်။

ဆက်လက်၍ ကရင်အမျိုးသားအတွင်း စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မာရေး လုပ်ငန်းများ၊ ခိုင်မာသော အပစ် အခတ် ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းများအပြင် စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် အစိုးရနှင့်အတူ နိုင်ငံရေး အဆင့် တွေ့ဆုံမှုလုပ်ငန်းစဉ်များတွင် တိုင်းရင်းသား လူမျိုးများ စုဖွဲ့မှုဖြင့် အတူတကွ ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ကြေ ညာချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် အစိုးရနှင့် KNU တရားဝင် ထပ်မံ တွေ့ဆုံသွားရန် ရှိသော်လည်း ရက်အတိအကျ သတ်မှတ်ခြင်း မရှိသေး ကြောင်းနှင့် ယုံကြည်မှု ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရန် အလွတ်သဘော မျိုးအကြိမ်ကြိမ် တွေ့ဆုံပြီးမှသာ ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း လည်း ပဒိုမန်းမန်းက ပြောသည်။

KNU သည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ပြုလုပ်ကျင်းပသည့် (၁၅) ကြိမ်မြောက် ညီလာခံပြီး နောက် ပထမအကြိမ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို ယခု ကျင်းပ ခဲ့ခြင်း ဖြစ်သည်။

Credit : ကေအိုင်စီ

နန်းခင်ဇေယျာ အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၏ သံတမန် ခန့်လိုက်ပြီ


ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင် ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီ ၀တ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင် ပါဝင်ပေးခြင်း များကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ေ ကြာင်း ဘော လုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူကပြော သည်။

"ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးစိုးမိုးက ညီမထံကိုဆက်သွယ် လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ်တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ် အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက်ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ် တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုး တန် အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများ တင် မက နိုင်ငံတကာ ပြိုင်ပွဲအရပ်ရပ်မှာပါ အောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမ ယုံကြည်ပါတယ်။ အနီးစပ် ဆုံးအနေနဲ့ ယခုကျင်းပ တော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမ တို့ မြန်မာ့ လက်ရွေးစင် အသင်း ဖြတ်ကျော် အနိုင်ရရှိဖို့ အတွက် ၁၂ယောက်မြောက် ကစားသမားအဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက် အားပေး ကြရအောင်နော် ... " ဟု နန်းခင်ဇေ ယျာ က သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။

Credit : Here

KIA တပ်ဖွဲ့မှ စစ်သည်များ စစ်မြေပြင်မှ ထွက်ပြေးမှုများပြား

ငြိမ်းချမ်းရေး ဆွေးနွေးတာ အဆင်မပြေရင် အစိုးရတပ်တွေကို တန်ပြန်ခုခံတိုက်ခိုက်မယ်ဆိုတဲ့ သတင်း ကြောင့် KIA စစ်သည်တွေဟာ မကြာခဏဆိုသလို ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးသမှုများ ရှိနေကြောင်း KIA တပ်မှ ထွက်ပြေးလာသူတစ်ဦးက ပြောပြပါတယ်။

တကယ်တော့ ကျနော်တို့က KIA တပ်ထဲကို ၀င်ချင်လို့ ၀င်ခဲ့ တာမဟုတ်ဘူး။ သူတို့က အဓမ္မလာခေါ်တယ်၊ အေးအေးဆေးဆေးခေါ်တာ မလိုက်ရင် သတ်ပစ်မယ်လို့လဲ ပြောမယ်။ မင်းတို့က ကချင်လူမျိုးဖြစ်လို့ KIA ထဲ ၀င်ကို ၀င်ရမယ်။ ကချင်လူမျိုးမဟုတ်လဲ ကချင်ပြည်နယ်မှာ နေရင် KIA တပ်ထဲကို ၀င်ရမယ်။ အစိုးရ တပ်ကို တိုက်ရမယ်ဆိုပြီး ပြောတယ်။ စစ်ပညာလဲ ကောင်းကောင်း မသင်ရဘူး။ တောထဲကို ပို့ပြီး အစိုးရ တပ်ကို တိုက်ခိုင်းတော့လဲ စားစရာက လုံလုံလောက်လောက် မပေးဘူး။ စခန်းကနေ ထွက်ပြေးရင်လဲ သတ်ပစ်မယ်လို့ ပြောတယ်။

အခု ငြိမ်းချမ်းရေး ဆွေးနွေးနေတာ အဆင်မပြေရင် အစိုးရတပ်ကို ပြန်တိုက်ရမယ်လို့ သူတို့က ပြောနေ တော့ ကျနော်တို့က စစ်မတိုက်ချင်လို့ ထွက်ပြေးလာတာ " ဟု ပြောပြပါတယ်။ ဒါ့အပြင် KIA တပ်မဟာ(၄) တွင် တာဝန်ထမ်းဆောင်ခဲ့သူ သာရန်ဇောင်က KIA တပ်ဖွဲ့ဝင် အများစုဟာ အစိုးရတပ်နဲ့ စစ်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြပြီး ထွက်ပြေးဖို့ ကြိုးစားနေသူ အများအပြားရှိတယ်လို့ သိရ ပါတယ်။ တစ်နေ့ကလဲ KIA တပ်မဟာ(၂)မှ ဗိုလ်မှူး မခေါတူး ခေါင်းဆောင်တဲ့ အဖွဲ့မှ တပ်သား Nလီမာနဲ့အတူ ၄ ယောက်ဟာ ရှေ့တန်းစစ်မြေမြင်ကနေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

Credit : ကချင်သတင်း

ဥပဒေအထက်သို့ ရောက်နေကြသော ဟံသာဝတီ ကားပွဲစားများ


နိုင်ငံတော်အလံ ဥပဒေ အခန်း(၄) ပုဒ်မ။ ၁၃ (ခ)တွင် နိုင်ငံတော်အလံကို ပြဌာန်းခွင့်ပြုထားခြင်း မရှိသည့်ေ နရာ၊ ဒေသ နှင့် ကိစ္စများတွင် အသုံးပြုခြင်း ကို မပြုလုပ်ရဟု ဖော်ပြထားသည်။ ပုဒ်မ(၁၆)တွင် မူ ပုဒ်မ ၁၄ ကို ဖောက်ဖျက်လျှင် ၃ နှစ်ထက်ပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်း ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ သို့ပါဆိုလျှင် ဥပဒေသည် စာရွက်ထဲမှာပင် ရှိနေသလား။ သို့မဟုတ် ပွဲစားများက ဥပဒေအထက်တွင် ရှိနေ သလား။

Credit : OppositEyE

မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)


မကြာမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အားလုံးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်တက်လှမ်း နိုင်တော့မည် ပြည်ပမှ ရင်းနှီးမြှုပ်နှံ လိုသူများ အဟန့်အတား အနှောင့် အယှက် မဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်၊ ပြောင်း လဲ မှုများနှင့် လိုက်လျော ညီထွေစွာ လိုက်ပါ ပြောင်းလဲ၊ ပြည်သူ တစ်ဦးချင်း စီက စိတ်ရှည် သည်းခံမှု၊ နားလည် ခွင့်လွှတ် စာနာ ထောက်ထားမှု များနှင့် ပူးပေါင်း လုပ်ဆောင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)

မိဘ ပြည်သူများ ခင်ဗျား- ကျွန်တော့် အနေနဲ့ ကျွန်တော်တို့ အစိုးရ အဖွဲ့ရဲ့ မူဝါဒများနဲ့ လုပ်ဆောင်ချက်များကို အခါ အခွင့် သင့်တိုင်း မိဘ ပြည်သူများထံ ရေဒီယိုမှ တစ်ဆင့် ဆက် သွယ် ပြောကြား နေကျဖြစ်တဲ့ အတိုင်း ယခု တစ်ကြိမ် မှာလည်း ကျွန်တော် တို့ နိုင်ငံရဲ့ လက်ရှိ အခြေ အနေ များကို မိဘ ပြည်သူများထံ အသိပေး ပြောကြားရခြင်း ဖြစ်ပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား ညစာ စားပွဲရဲ့ ထူးခြားချက် များကို ရှေးဦးစွာ ပြောကြားလိုပါတယ်။ လွန်ခဲ့တဲ့ (၆၆) နှစ် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်း သား ခေါင်းဆောင်များဟာ ပထဝီ အနေအထား အရရော ယဉ်ကျေးမှု အရပါ ကြွယ်ဝ စုံလင် လှတဲ့ ပြည်ထောင်စုကြီး တစ်ရပ် ကမ္ဘာ့ အလယ်မှာ ဂုဏ်သိက္ခာ ရှိရှိ ရပ်တည် နိုင်ဖို့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အခက်အခဲ အဟန့်အတား ပေါင်းစုံ ရှိနေတဲ့ ကြားထဲ ကနေ ပင်လုံ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ ယခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားဟာ ထူးခြားမှု တွေရှိတယ်လို့ ပြောဆိုရခြင်း ကတော့ ဒီအခမ်းအနားမှာ ငြိမ်းချမ်းရေးရဲ့ရောင်ခြည် သန်းလာမှု နဲ့အတူ ခိုင်မာမှု ရှိလာတဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေး ပြန် လည် တည်ဆောက်နိုင်မည့် အလား အလာများကို တွေ့မြင်လာရတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ယခင်ကာလ များက အကြောင်း အမျိုးမျိုး၊ အခက်အခဲ အမျိုးမျိုးနဲ့ သဘောထား ကွဲလွဲမှု အမျိုးမျိုး တွေကြောင့် စားပွဲတစ်ဝိုင်းတည်း အတူထိုင်ဖို့ အခြေအနေ မပေးနိုင် ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ပါတီများနဲ့ အဖွဲ့အစည်းများ၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ် တော်များ မှ ဥက္ကဋ္ဌများ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော် သား ကိုယ်စားလှယ်များ နှင့်အတူ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များလည်း အတူတကွ မျက်နှာစုံညီ ထူးခြားစွာ တက်ရောက် နိုင်ခဲ့တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။

အခုလို ပြည်ထောင်စုနေ့ အနှစ်သာရကို ပိုမို လေးနက်စေတဲ့ ယခုနှစ် ပြည်ထောင်စုနေ့ ညစာစားပွဲ ဟာ နှစ်ပေါင်းများစွာ အတွင်း ထူးထူးခြားခြား ကျင်းပနိုင်ခဲ့တာ ဖြစ်ပြီး အဲဒီလို ကျင်းပနိုင်ဖို့ အတွက် လည်း နှစ်ပေါင်းများစွာ စောင့်စား ခဲ့ရပြီး ပေးဆပ်မှုတွေ အလွန်ပဲ များပြား ခဲ့ရပါတယ်။ အခုလို ကျင်းပနိုင် ခဲ့တဲ့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းစဉ် များကို ကြိုးပမ်း ဆောင် ရွက် နေကြ တဲ့ ခေါင်းဆောင်များ အကြား တစ်ဦးနှင့် တစ်ဦး နားလည် ယုံကြည်မှု ပိုမိုခိုင်မာ လာ စေတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာလတစ် လျှောက်လုံးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သာမက ပြည်သူလူထု တွေနဲ့ပါ ထိတွေ့ဆက်ဆံ ခဲ့ရတာ ဖြစ်လို့ ပြည် သူ တွေ ခံစားနေရ တာတွေကို ကျွန်တော့် အနေနဲ့ စာနာနားလည် နိုင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ခေါင်းဆောင်တွေ လက်ဆွဲ နှုတ်ဆက်ရုံ၊ ညစာ စားပွဲတွေ ကျင်းပ နေရုံမျှနှင့် မလုံလောက်ဘူး ဆိုတာ ကျွန်တော့် အနေနဲ့ နားလည် လက်ခံထားပါတယ်။ သို့သော်လည်း အခုလို အစပြု တွေ့ဆုံမှု တွေကနေ တစ်ဆင့် ချစ်ကြည် ရင်းနှီးမှုနှင့် ယုံကြည်မှုတွေ ရယူပြီး ရေရှည် ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခြေခံ အုတ်မြစ်တွေ တည်ဆောက်ရမှာလည်း ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ် အောင်ဆန်းရဲ့မွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက် လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် များနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များကို မျက်နှာစုံညီ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး တိုင်ပင် ခဲ့ပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အတွက် မြန်မာ ပြည်သူတွေ အနေနဲ့ ပေးနိုင် မယ့် အကောင်းဆုံး လက်ဆောင် တစ်ခုလို့ ပြောလို့ရတဲ့ အမျိုးသားသွေး စည်းညီညွတ်ရေး ရရှိနိုင်ဖို့ ခိုင်မာတဲ့ ခြေလှမ်းသစ် တစ်ခု လှမ်းနိုင်ခဲ့ပြီ ဆိုတဲ့ သတင်းကောင်း ကိုလည်း ပြောကြား လိုပါတယ်။

ကျွန်တော့် အနေနဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက်ဖို့ KIO/ KIAမှ ခေါင်းဆောင် များကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ အနေနဲ့ ပြည်ထောင်စုနေ့ ညစာ စားပွဲကို ကျွန်တော် တို့နဲ့ အတူ တကွ ပျော်ပျော် ရွှင်ရွှင် ကျင်းပလိုစိတ် ပြင်းပြနေမယ်လို့ ယုံကြည်သော်လည်း ကျန်ရှိ နေသေးတဲ့ အခက်အခဲ အမျိုးမျိုး၊ အကြောင်း အမျိုးမျိုးကြောင့် တက်ရောက် လာနိုင်ခြင်း မရှိကြတာ ကိုလည်း ကျွန်တော်တို့ အနေနဲ့ နားလည် ပေးရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွှေလီ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ ရလဒ်ကနေ တစ်ဆင့် KIO/ KIAနှင့် ပြည်ထောင်စု အစိုးရတို့ အကြား ယုံကြည်မှုနဲ့ နားလည် မှုတွေ ပိုမိုတိုးတက် ရရှိလာပြီး အပစ်အခတ် ရပ်စဲရေးနှင့် ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်း လာမှာကို ကျွန်တော့် အနေနဲ့ အလေးအနက် ယုံကြည် ထားပါတယ်။ KIO/KIA ရဲ့ ရွှေလီ ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်များ မှာလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ တန်းတူရည်တူ ရှိမှုနဲ့ ကိုယ်ပိုင် အခွင့်အရေး၊ ရပိုင်ခွင့် စတဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံ အဖြေရှာမယ် ဆိုတဲ့ သဘောထား ရပ်တည်ချက် များကို တွေ့ရတဲ့ အတွက်လည်း ကျွန်တော့် အနေနဲ့ များစွာ ဝမ်းမြောက်မိပါတယ်။

တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့များ အကြား စစ်ကြောင်း အချင်းချင်း လမ်းမှာ တွေ့ဆုံရာ မှာလည်း ရင်ဆိုင် တိုက်ခိုက်မှုများ မရှိဘဲ ငြိမ်းချမ်းစွာ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် လာနိုင်တာကို ဝမ်းမြောက်ဖွယ် တိုးတက်မှုအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ လုံခြုံရေး အခြေအနေ ပိုမိုကောင်းမွန် လာတာနဲ့အမျှ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ များကိုလည်း စတင် ပို့နိုင်ပြီ ဖြစ်ပါတယ်။ မကြာမီ ကာလ အတွင်းမှာ KIO/ KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ အခါမှာ အပစ်အခတ် ရပ်စဲရေး သာမက နိုင်ငံရေး ဆွေးနွေးမှု များကိုလည်း စတင် တက်လှမ်းနိုင် တော့မှာ ဖြစ်ပါတယ်လို့ ပြည်သူများကို အသိပေး ပြောကြား လိုပါ တယ်။ အဲဒီ နိုင်ငံရေး ဆွေးနွေး မှုများကနေ အမျိုးသား အဆင့် တွေ့ဆုံ ဆွေးနွေးပွဲ အထိ တက်လှမ်း နိုင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်ဟာ အခြား နိုင်ငံများရဲ့ သာဓကများ၊ အတွေ့အကြုံ များနဲ့ မတူဘဲ ထူးခြားစွာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းပေါင်း ၁၅ ဖွဲ့ လောက်နဲ့ တစ်ပြိုင်တည်း ညှိနှိုင်း နေရတာ ဖြစ်တဲ့အတွက် စိန်ခေါ် မှုတွေဟာ ပိုမိုကြီးမားတယ် ဆိုတဲ့ အမှန်တရားကို ရိုးသားစွာ လက်ခံ ထားရမှာ ဖြစ်ပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ဒါတွေကို ကျော်လွှားဖို့ ပြင်းပြတဲ့ ဆန္ဒနဲ့ မှန်ကန်တဲ့ စိတ်ရင်း စေတနာတွေ ကသာ အဓိက ဖြစ်တယ်လို့ ရှုမြင်ကြောင်း အလေးအနက် ပြောကြား လိုပါတယ်။ တစ်ဆက်တည်း မှာပဲ အဖွဲ့အစည်း မျိုးစုံ အနေနဲ့သော် လည်းကောင်း၊ ပြည်သူ တစ်ဦးချင်း အနေဖြင့်သော် လည်းကောင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းစဉ်များမှာ မိမိတို့ စွမ်းဆောင်နိုင်သည့် ကဏ္ဍအသီးသီး ကနေ ပါဝင်ကြိုးပမ်း လုပ်ဆောင်ကြဖို့ အတွက် လည်း အစီအမံများကို အဆင့်ဆင့် အကောင်အ ထည်ဖော် ဆောင် ရွက် ပေးသွားမှာ ဖြစ်ပါ တယ်။

အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး၊ အားလုံး ပူးပေါင်းပါဝင် နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ် ပုံပေါ် လာစေရေးနှင့် အနာဂတ် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကိုယ်တတ် စွမ်းတဲ့ ဘက်ကနေ ပူးပေါင်းပါဝင် နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လက်ကျန် အကျဉ်းသား စိစစ်ရေး ကော်မတီကို ဖွဲ့စည်းပေးပြီး ဖြစ်ပါတယ်။ အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့် နိုင်ငံရေး ပါတီများက ကိုယ်စားလှယ်များ ပါဝင်တဲ့ ဒီကော်မတီဟာ ပွင့်လင်းမြင်သာမှု ရှိရှိလုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒီကော်မတီ အနေနဲ့ မတူညီတဲ့ နိုင်ငံရေးခံယူချက်၊ သဘောထား များကြောင့် ခေတ် စနစ်အခြေအနေအရ အကျဉ်းချ ခံခဲ့ရသူ များကို မိသားစု အသီးသီးနဲ့ ပြန်လည်ဆုံစည်း နိုင်ဖို့ အခြား ပြည်သူများ တန်းတူ မိမိတို့ ဘဝကို လွတ်လပ်စွာ ဖန်တီးဖော်ဆောင် နိုင်ဖို့နဲ့ အနာ ဂတ် ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်တွေမှာ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ဖို့ အနေအထား တစ်ခုပေါ် ပေါက် လာတော့မှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို မိဘ ပြည်သူများထံ သတင်း ကောင်းပါး လိုပါတယ်။

ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်လို့လည်း မိမိတို့ အစိုးရ အဖွဲ့ တာဝန် ယူချိန်က စပြီး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်း ဆောင်ရွက် နေတာကို မိဘပြည်သူများ သိရှိကြပြီး ဖြစ်ပါတယ်။ မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ များကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုဘိုင်းလ်ဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်း တစ်ရပ်နဲ့ လာမည့် ဧပြီလ အတွင်း မှာ ရောင်းချ ပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ ယခုကဲ့သို့ ရေတို အစီအစဉ်များ ကို ဆောင်ရွက်နေတဲ့ နည်းတူများ မကြာမီ ကာလမှာလည်း ဆက်သွယ်ရေး ကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်း တွေဟာ လာမည့် တစ်နှစ် နှစ်နှစ်အတွင်း အကောင် အထည် ပေါ်လာမှာ ဖြစ်ပါတယ်။

လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက် နေပါတယ်။ တစ်နိုင်ငံ လုံးမှာ ဘွဲ့ရပြီး လူငယ်တွေ၊ တက္ကသိုလ် ဝင်တန်း အောင်ပြီး သော်လည်း တက္ကသိုလ် ဆက်မတက်နိုင်တဲ့ လူငယ်တွေ၊ တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ခွင့် ရခဲ့တဲ့ လူငယ်တွေများစွာ ရှိနေပါတယ်။ ဒီလူငယ်တွေ မိမိတို့ နိုင်ငံမှာ အလုပ်အကိုင် ရရှိရေး အတွက်၊ စက်မှု ဇုန်ကြီးတွေ အလုပ်ရုံ၊ စက်ရုံ စုတွေ၊ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေ စက်မှု လယ်ယာ စိုက်ခင်းကြီးတွေ များစွာ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည် အတွက် မထိခိုက် စေတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုတွေကို ဖိတ်ခေါ်ရာမှာ မကြာမီ ကာလအတွင်း ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ ပြည်ပမှ ရောက်ရှိလာပြီး ရင်းနှီးမြှုပ်နှံ လိုသူများ အတွက် အဟန့် အတား အနှောင့်အယှက် မဖြစ်စေရန်၊ ကျွန်တော်တို့ အစိုးရအဖွဲ့ နှင့်အတူ ပူးပေါင်း ဆောင်ရွက် ပေးကြစေ လိုပါတယ်။

ကျွန်တော်တို့ အနေနဲ့ ခေတ်မီပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်စေဖို့ ဆိုတာ ပြည်တွင်း အင်အားက အဓိက ကျသလို အထူးသဖြင့် ယနေ့ ကမ္ဘာကြီးမှာ ဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေ အရ နိုင်ငံများဟာ မိမိ တစ်ဦးတည်း ရပ်တည်ဖို့ မဖြစ်နိုင်တဲ့ အတွက် ကျွန်တော်တို့ နိုင်ငံအနေ နဲ့လည်း ခေတ်မီတဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံစံတစ်ရပ်ကို ပုံဖော်နိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ ကျွန်တော့် အနေနဲ့ ကမ္ဘာ့ နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ပြည်သူများရဲ့ လူမှုစီးပွား ဘဝတွေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေး၊ ကြွေးမြီကိစ္စများ အပြီးသတ် ရှင်းလင်းနိုင်ရေး စတဲ့ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ လိုအပ် တဲ့ အကူအညီများ ရရှိနိုင်ဖို့ ဥရောပ နိုင်ငံများကို သွားရောက် နေတာ ဖြစ်ပါတယ်။

မိဘ ပြည်သူများ ခင်ဗျား-

ကျွန်တော့် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များရဲ့ စိတ်ရင်း စေတနာနှင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်း ရရှိခဲ့တဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခြင်း ဆိုတဲ့ ခိုင်မာမှုတွေနဲ့ မိမိတို့အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစု များ၊ စီးပွားရေး လူမှုရေး အင်အားစုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အမျိုးမျိုး၊ တပ်မတော် နှင့် ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ပေါင်းစပ်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်မှု တည်ဆောက်ရေး လုပ်ငန်းစဉ် တွေကို အောင်မြင်စွာ အကောင် အထည် ဖော်နိုင်မှာ ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်တဲ့ အတွက် အတူလက်တွဲ လုပ်ဆောင် ကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။

ပြုပြင် ပြောင်းလဲမှုများကို ဝိုင်းဝန်း လုပ်ဆောင်ကြ ရာမှာလည်း ဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ပေါ် လာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ လူမှု နိုင်ငံရေး ဘဝများဟာလည်း ကိန်းသေ သဘောမျိုး မဟုတ်ဘဲ ကိန်းရှင် သဘောမျိုး လိုက်ပါပြောင်း လဲ သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အပြောင်းအလဲ များကို လျင်လျင်မြန်မြန် သွက်သွက်လက်လက် Dynamic ဖြစ်အောင် လုပ်ဆောင် ရမှာဖြစ်ပြီး ပြောင်းလဲ မှုတွေနဲ့ လိုက်လျော ညီထွေစွာ လိုက်ပါ ပြောင်းလဲဖို့ လိုသလို ပြည်သူ တစ်ဦးချင်း စီကလည်း အချင်းချင်း စိတ်ရှည် သည်းခံမှု၊ နားလည် ခွင့်လွှတ် မှု၊ စာနာ ထောက်ထားမှု တွေနဲ့ ပူးပေါင်းလုပ် ဆောင်နိုင်မှု ဆိုတဲ့ စွမ်းရည်များလည်း လိုအပ်မှာ ဖြစ်ပါတယ်လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

မိဘ ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။

ဒီမိုကရေစီ အစိုးရ ကို ကူးပြောင်းရာမှာ ခက်ခဲမှုများ ရှိနေကြောင်း သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ပြောကြား

မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရကို ကူးပြောင်းတဲ့အခါ ခက်ခဲနေတာတွေ ရှိတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နော်ဝေနိုင်ငံက မြန်မာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားပါတယ်။ “ပွင့်လင်းလာတဲ့အခါ ကျွန်တော်တို့ ဘာလုပ်ရမလဲ၊ ဘာအားနည်းချက် ရှိလဲဆိုတာ နားလည်လာတယ်၊ နားလည်လာတဲ့အခါ ဒီအလုပ်က တော်တော်ခက်ခဲတယ် ဆိုတာ သိလာရတယ်၊ ကျွန်တော်တို့ လုပ်နေတဲ့အလုပ် စစ်အစိုးရကနေ ဒီမိုကရေစီအစိုးရ သွားတာဆိုတော့ အမေရိကမှာ သမ္မတပြောင်းတာ လွယ်တယ်၊ အင်စတီကျူ့၊ အခြေခံအဆောက်အအုံတို့၊ လူတွေရဲ့ စိတ်နေသဘောထား (mindset) တွေက ရှိထားပြီးသား။ သမ္မတပဲပြောင်းတာ၊ ခေါင်းဆောင် ပဲပြောင်းတာ၊ နော်ဝေမှာလဲ ဒီလိုပဲ၊ အစိုးရပြောင်းလဲလဲ သူတို့က ဒီအတိုင်းပဲ သွားနေတယ်၊ ကျွန်တော်တို့က စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရကို သွား တာဆိုတော့ လုပ်ပုံကိုင်ပုံတွေက တခြားစီပဲ” လို့ နော်ဝေနိုင်ငံရောက် မြန်မာမိသားစုေ တွ နဲ့ တွေ့ ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်နဲ့ အတူ ပြည်ထောင်စုဝန်ကြီး အချို့ နော်ဝေနိုင် ငံကို ရောက်ရှိကြပါတယ်။ သမ္မတဦးသိန်းစိန်က နော်ဝေနိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ ဆုံပြီး မြန် မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းေ တွ မှာ နော်ေ ဝနိုင် ငံနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံရဲ့ သဘာဝဓါတ်ငွေ့နဲ့ စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက် နဲ့ နည်းပညာကဏ္ဍတွေမှာ နော်ဝေကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သမ္မတက ဖိတ်ခေါ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Credit : Here

ဘင်္ဂလီများအား တူရကီမှ နေအိမ်များအခိုင်အမာဆောက်လုပ်ပေးမည်ကို စစ်တွေမြို့သူ မြို့သားများကန့်ကွက်


ထိုသို့ ဆောက်လုပ်ပေးခြင်းသည် ရခိုင့်မြေပေါ်တွင် ဘင်္ဂလီများအင်အားပို လာအောင်လုပ်ပေးခြင်းဖြစ် သည့်အပြင် ၈၂ ဥပဒေအတိုင်းစစ်ဆေးပြီးမှ သာ အိမ်နှင့်ထားသင့်သူများကို ထားပြီး အိမ်နှင့် မထားသင့်သူများကို တန်း လျားဖြင့်သော်လည်းကောင်း၊ အခြားသင့်တော်သောနေရာများတွင် သော် လည်းကောင်း ထားခွင့်ပေးမည်ဖြစ်သည်။

သို့သော်လည်း တူရကီ၏ ယခုလုပ်ရပ်များသည် မြန်မာနိုင်ငံအစိုးရကို သိက္ခာချနေသကဲ့သို့ဖြစ်နေပြီ သူတို့ လက်နှင့်သူတို့ လာရောက်အိမ်ဆောက် မည်ဆိုသည်မှာ ရခိုင်ပြည်နယ်အား တူရကီ နိုင်ငံ အဖြစ်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းပင်ဖြစ်ပါသည်။

ယင်းကိစ္စအား စစ်တွေမြို့သူ မြို့သားများအားလုံးနှင့် ရခိုင်ပြည်သူ ပြည် သားများအားလုံး ကန့်ကွက် လိမ့်မည်ဖြစ်သည်။

ယခုကဲ့သို့ဆောင်ရွက်နေခြင်းသည် နောက်ထပ်တစ်ကြိမ်ပြဿနာဖြစ် လာမည်ကို စိုးရိမ်သည့်အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်းလည်းသိရ သည်။

ရခိုင်ပြည်သူတစ်ရပ်လုံး ကန့်ကွက်သွားမည်ဖြစ်ကြောင်းလည်းသိရ ပါသည်။

နည်းလမ်းပေါင်းစုံသုံးကာ ဘင်္ဂလီများ၏ အခွင့်အရေးတစ်ခုတည်းကို သာ အလေးထားပြောဆိုနေသော တူရကီနိုင်ငံသည် 0IC ၏လမ်းညွန်ချက်အ တိုင်းပြုလုပ်နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် သွေးချောင်း စီးအောင် လုပ် ဆောင်ခြင်းသာ ဖြစ်သည်။ နောက်ထပ် တစ်ကြိမ်ဖြစ်လာလျင် မည် သူ တာဝန်ယူ မည်နည်းဟူသောမေးခွန်းများကို မေးရတော့မည်။

အစိုးရကို နည်းအမျိုးမျိုးသုံးပြီးပြောဆိုကာ ရခိုင်ပြည်နယ်အားဘင်္ဂလီ ပြည် နယ်ဖြစ်အောင် လုပ်ဆောင်နေ သည်မှာ တူရကီများသာဖြစ်သည်။ ယင်းအတွက် ရခိုင်ပြည်သူ ပြည်သားများသည် မကြာခင်နေ့များတွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ကြမည်ဟုလည်း သတိရှိရပါသည်။

_____

RSV

တူရကီနိုင်ငံမှ တစ်ဘက်သတ်အနေအထားဖြင့် ဘင်္ဂလီများကို အိမ်ဆောက်ပေးမည့်အစီအစဉ်များအား စစ်တွေမြို့သူ မြို့သားများ ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စာတင်မည်။ နိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ကို ဦးစွာဆောင်ရွက်ပြီးမှ စိစစ်လက်ခံမည်ဟုဆို

=============================

တူရကီနိုင်ငံမှ ဘင်္ဂလီများကိုသာ သီးခြား၊ တစ်ဘက်သတ်အနေအထားဖြင့် လုံးချင်းနေ အိမ်ဆောက်ပေး မည့် အစီအစဉ်များအား စစ်တွေမြို့သူ မြို့သားများ ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စာတင်ရန် ရှိကြောင်းနှင့် နိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ကို ဦးစွာဆောင်ရွက်ပြီးမှ စိစစ်လက်ခံသွားမည်ဟုလည်း မြို့မိမြို့ဖ များနှင့် ဒေသခံပြည်သူတစ်ရပ်လုံးက သဘောတူကြောင်းသိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီးသက်ဆိုင်ရာ ပြည်ထောင်စုအစိုးရသို့ ကန့်ကွက်စာတင်ပြထားပြီးဖြစ်သော်လည်း တူရကီ အဖွဲ့သည် လုပ်ငန်းများဆောင်ရွက်ရန် ရှေ့တိုးလာသဖြင့် ဆန္ဒဖော်ထုတ်ရန်စီစဉ်ပြင်ဆင်လျက် ရှိပြီးမကြာခင် တွင် သက်ဆိုင်ရာဌာနသို့ တရားဝင်ခွင့်ပြုချက် တောင်းရန် စာတင်မည်ဟုလည်းသိရသည်။

'' လုံးဝကိုလက်ခံလို့မရတဲ့အတိုင်းအတာထိရောက်နေပြီလို့ မြင်တယ်။ သူတို့လုပ်ချင်သလို လာလုပ်ကြ တယ်။ ဒါဟာ စည်းလုံးရေးကိုဖောက်ဖျက်တာဖြစ်တယ်။

ဘယ်လို့မှ လက်ခံလို့မရဘူး။ တိုင်းရင်းသားတွေသဘောမတူဘဲ ဆောက် လုပ်ရင် ပြည်နယ်အစိုးရမှာရော၊ ပြည်ထောင်စုအစိုးရမှာရော တာဝန်ရှိတယ်။ နောက်တစ်ကြိမ်ပြဿနာဖြစ် မလာ ဘူးလို့ ဘယ်သူတာဝန်ယူမလဲ။ အဲဒါအရေးကြီးတယ်။ တူရကီနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီနိုင်ငံဖြစ်လာ အောင် တွန်းအားပေးနေတာဖြစ်တယ်။ ပထမတော့ ရှေးဦးသူနာပြုပုံစံနဲ့ဝင်လာ တယ်။ နောက်တော့ အိမ်ဆောက် ဖို့အထိဖြစ်လာတယ်။ သူတို့လုပ်ရမှာက ကျန်းမာရေးစောင့်ရှောက် မှုတွေပါ။ အခုက နိုင်ငံရေးကိုပါ ၀င်ရောက်စွက် ဖက်နေပြီ။ ဒေသတွင်းပြဿနာကို ဒေသတွင်က လူတွေရဲ့ သဘောထားက အရေးကြီးတယ်။ သူတို့ဒီလောက် စေတနာရှိရင် ကချင်မှာအိုးမဲ့အိမ်မဲ့တွေအများကြီးပါ ။

သွားဆောက်ပါလား။ ပြီးတော့ ဂီရီမုန်တိုင်းဖြစ်ပြီးချိန်၊ နာဂစ်မုန်တိုင်းဖြစ်ပြီးချိန်မှာ သူတို့ဘာလုပ်နေကြလဲ။ ဘယ်သူမှဝင်မလာဘူး ။ အခုကုလားတွေနဲ့ ဖြစ်တော့ ချက် ချင်း ၀င်လာကြတယ်။ သွေးထိုးလှုပ်ဆော်တာ သူတို့ဘဲဖြစ်နိုင်တယ်" ဟု ဒက္ခောင်းကျောင်း နွေးနွေးပွဲသို့ တက်ရောက် ခဲ့သူ တစ်ဦးက ပြောပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး၂၀၁၂-ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ မွန်းလွဲ နှစ်နာရီတွင် ဒက္ခောင်းကျောင်း၌ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြရာတွင်၊ ကုလားများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်ခြင်းမပြုဘဲ အခိုင်အခန့် လုံးချင်းအိမ်များ ဆောက်လုပ်ပေးခြင်းကို ဆန္ဒထုတ်ဖော် ကန့်ကွက်ကြမည် ဖြစ်ကြောင်း ဆုံးဖြတ်ကြသည်ဟုသိရသည်။

ယင်းဆုံးဖြတ်ချက်အတိုင်း ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စာရွက်စတမ်းများပြင်ဆင်နေကြပြီဖြစ်သည်ဟုသိရ သည်။ တူရကီနိုင်ငံမှ မဆင်မခြင်အိမ်များဆောက်လုပ်ပေးခြင်းသည် ၈၂ ဥပဒေအတိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှုပ် ထွေးအောင် ပြင်ဆင်နေခြင်းဖြစ်ပြီး ပြဿနာမဖြစ်ဖြစ်အောင် ဖမ်းတီးနေခြင်းဖြစ်ကြောင်း လည်း သုံးသပ်ကြပါသည်။ ဒေသခံတိုင်းရင်းသားများကို လုံးဝအရေးမစိုက်ဘဲ လုပ်ချင်သည်များကို ဇွတ်လုပ်နေသော တူရကီနိုင်ငံသားများ အနေဖြင့် ဆင်ခြင်သင့်ပြီဟုလည်းပြောဆိုကြသည်။

ထို့အတူပင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း သူတို့၏ဆန္ဒ များကို လိုက်လျောပေးနေခြင်း များ အား လျော့ချသင့်ကြောင်းနှင့် ရှေ့ရေးများကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင် ရွက်သင့်ကြောင်းလည်း နိုင်ငံရေးလုပ်နေသူများက သုံးသပ်ကြသည်ကိုတွေ့ရသည်။

နေအိမ် ၄၀၀၀ ကျော်အပြင် ဆေးခန်းများ၊ စာသင်ကျောင်းများလည်း ထည့်သွင်းဆောက်လုပ် မည်ဟုသိရသည်။ မူလက အိမ်ခြေမဲ့များသည် ယခုအခါတွင် အိမ်ခန်းများနှင့် မည်သည့်အလုပ်မျှမလုပ်ဘဲ စားသောက်နေရသည်။ ယင်း သို့စားသောက်နိုင်အောင်လည်း တူရကီအဖွဲ့မှ ထောက်ပံ့ထား သည်ကိုတွေ့ ရသည်။ ရေကန်အသင့်ကြာ အသင့်ဖြစ်ခဲ့သည်။

တိုင်းရင်းသားများကို စော်ကားရန်အခွင့်အလမ်းများစွာ ရရှိလာသည်။ ယင်းအတွက် ပြဿနာ များဖြစ်အောင် အမြဲ ကြိုးစားနေသော ဘင်္ဂလီများအား နေရာချထားရေးသည် ကလေးကစားကစရာ မဟုတ်ဘဲ လွန်စွာအရေးကြီးသော ကိစ္စရပ်များသာဖြစ်ကြောင်းလည်း ဒေသခံ များနှင့်မြို့မိမြို့ဖ များက ပြောဆိုပါသည်။

Credit : Here