Wednesday, February 27, 2013

ငွေလဲနှုန်းကို မျက်ကွယ်ပြုနေသော အစိုးရအား သူရဦးရွှေမန်း မေးခွန်းထုတ်


အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ တရားဝင်လဲလှယ်ခွင့်ပြုခဲ့သည့်အချိန်မှ ယနေ့အထိ တစ်ဒေါ်လာ လျှင် ၈၅၀ ကျပ်ဝန်းကျင်သာရှိနေပြီး အစိုးရက ပြည်သူများ အကျိုးရှိသောနှုန်းသို့ရောက်အောင် ထိန်း ညှိပေးခြင်း မရှိသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် တွင် မေးခွန်းထုတ် ဆွေးနွေးခဲ့သည်။

“နိုင်ငံ့ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်ဦးချင်းဝင်ငွေကို နိုင်ငံခြားငွေဖြင့် ဖော်ပြရာမှာ အမြင်ကောင်းကောင်း ကိန်းဂဏန်း များအောင် တစ်ဒေါ်လာငွေလဲနှုန်း ၈၅၀ ကျပ်ဝန်းကျင်မှာပဲ ထားနေတာလား။ ၉၅၀၊ ၁၀၀၀ ကျပ် ၀န်းကျင်ထားရှိမှ နိုင်ငံနဲ့ ပြည်သူအတွက် ကောင်းမှာကို သိလျက်နဲ့ မျက်ကွယ်ပြုနေတာလား” ဟု သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် တွင် ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံစီးပွားရေးကောင်းစေရန် ငွေလဲနှုန်းကိုသင့်လျော်သကဲ့သို့ ထိန်းညှိပေးပြီး ကိုယ့်နိုင်ငံငွေမလို အပ်ဘဲ တန်ဖိုးမမြင့်အောင်လုပ်ပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင် ခဲ့သော နိုင်ငံများ ကို တွေ့မြင်နေရ ပါလျက် မိမိနိုင်ငံက ထိုနိုင်ငံများကဲ့သို့ ဘာကြောင့်မကျင့်သုံးနိုင်သည်ကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခု ငွေလဲနှုန်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လက်ခစား CMP လုပ်သားများ အခက်အခဲဖြစ်နေကြောင်း၊ သက်ဆိုင်ရာအနေဖြင့် တာဝန်ယူရန်၊ တာဝန်ခံရန် အခက်အခဲရှိနေလျှင်လည်း လွှတ်တော်က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရန် လိုသည်ဟုလည်းဆိုသည်။ အကယ်၍ ဆောင်ရွက်ရ မည်ဆိုပါက လိုအပ်သော ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်မှုများ အမြန်လုပ်ဆောင်ရန် လိုအပ်ကြောင်း ယင်းက တင်ပြပြောကြားသည်။

ငွေလဲနှုန်းသည် ၉၅၀ နှင့် ၁၀၀၀ ကျပ်ဝန်းကျင်တွင် သင့်လျော်ပြီး ယင်းသို့ဖြစ်လာရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယမန်နှစ်က ပြုလုပ်သော အခမ်းအနား တစ်ခုတွင် ပြောကြားခဲ့ဖူးသည်။

ငွေလဲလှယ်နှုန်းသည် ယမန်နှစ်အစောပိုင်းက ၈၂၀ ကျပ်ဝန်းကျင်နှုန်းရှိခဲ့ပြီး နှစ်ဝက်ကာလတွင်မူ ၈၈၀ ကျပ်အထိ ရောက်ရှိခဲ့ကာ ထို့နောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်လည်ကျဆင်းပြီး လောလောဆယ်တွင် ကျပ် ၈၆၀ ကျော် ရှိသည်။

အောက်စ်ဖို့တက္ကသိုလ်မှ ပညာရှင်များက မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ရန် မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၀၀၀ ၀န်းကျင်နှင့်အထက် သတ်မှတ်ရန် လွန်ခဲ့ သည့်နှစ် အနည်းငယ်က အကြံပြုခဲ့သည်။ ထို့ပြင် နိုင်ငံတကာငွေကြေးနှင့် ဘဏ်ပညာရှင်များကလည်း အလားတူ အကြံပြုခဲ့ဖူးသည်။

ကျပ်ငွေတန်ဖိုး မာသောကြောင့် ပို့ကုန်လုပ်ငန်းများ အားလုံးရသော ဒေါ်လာတန်ဖိုးနည်း၍ ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန် စသော ကုန်စည်များ ဈေးကျခြင်းနှင့် ရင်ဆိုင်ရကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ဆိုသည်။ ဒေါ်လာတန်ဖိုးကျသော်လည်း သွင်းကုန်အများစုမှာ ဈေးမကျသည့်အတွက် ပြည်သူများမခံစားရ ဟု လုပ်ငန်းရှင်များက ထောက်ပြသည်။

နေပြည်တော်ရှိ ဆန်စက်လုပ်ငန်းရှင် ကိုနေစိုးက “မြန်မာက ဆန်တင်ပို့ကုန်ကို အများကြီး ပြောနေပေ မယ့် ဈေးမရှိတော့ လယ်သမားတွေအတွက် မက်လုံးမရှိဘူး ဖြစ်နေတယ်။ ဒေါ်လာဈေးကောင်းလို့ စပါးဈေးမြောက်လာရင်တော့ လယ်ယာထွက်ကုန်တိုးလာမှာပဲ။ အခြားအကျိုးသက်ရောက်မှုတွေကိုတော့ ကျွန်တော် မပြောလိုပါဘူး” ဟု ပြောသည်။

Credit : 7Day

NLD တွင် ဦးတင်ဦး၊ ဦးဝင်းတင် စသော အိုမင်းနေသူအများအပြာရှိသော်လည်း မည်သူ့ကိုမှ နှစ်ဦးချင်းတွေ့ဆုံစဉ် ဒေါ်စုမှထိုင်ကန်တော့ခြင်းမရှိပဲ ဒက်စမွန်မဲတူး ကို မှ ထိုင်ကန်တော့ကာ ဖက်နမ်းမှုအတွက် ဝေဖန်မှုများ ဆူညံနေ

NLD တွင် ဦးတင်ဦး၊ ဦးဝင်းတင် စသော အိုမင်းနေသူအများ အပြားရှိသော်လည်း မည်သူ့ ကိုမှ နှစ်ဦးချင်းတွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် မှ ထိုင်ကန်တော့ခြင်း မရှိပဲ ဒက်စမွန်တူးတူး ကို မှ ထိုင်ကန်တော့ကာ ဖက်နမ်းမှုအတွက် ဝေဖန်မှုများ ဆူညံနေကြောင်း သတင်းရရှိသည်။


ဒက်စ်မွန်တူးတူးသည်ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ၂၆ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားရောက်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်မှ အားရဝမ်းသာ ဖက်နမ်းခြင်း၊ ဒူးထောက်ကန်တော့ခြင်း တို့ ပြုလုပ်ခဲ့သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများက မိမိထက်အသက်ကြီးသဖြင့် ဒူးထောက်ကန်တော့ခြင်း ဖြစ်ကြောင်း၊ ဘုန်းကြီးဖြစ်သဖြင့် ဖက်နမ်းတာဖြစ်ကြောင်း ဖြေရှင်းမှုများရှိခဲ့သည်။

NLD ပါတီသည် မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်အများဆုံး ပါတီဖြစ်သော်လည်း ထို သက်ကြီး ပုဂ္ဂိုလ်များနှင့် တစ်ဦးချင်း တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်မှ ဒူးထောက်ကန်တော့ခြင်းမရှိခဲ့သလို ဦးစားပေးနေရာပေးခြင်းမရှိပဲ အကောင်းဆုံးထိုင်ခုံတွင် ဝင်ထိုင်ခြင်း၊ အကောင်းဆုံးကားပေါ် တက်စီးခြင်း များရှိသဖြင့် သက်ကျားအိုများမှ ဘေးနားကပ်ထိုင်ကာ ကြုံရာကားနှင့် လိုက်နေရကြောင်း သိရသည်။

အာဖရိက ယဉ်ကျေးမှုအရ ဖတ်နမ်းခြင်း၊ ဒူးထောက် လက်အုပ်ချီခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် အကောင်းပြောသူများက ကာကွယ်ပြောဆိုနေကြသော်လည်း အာဖရိကတိုက်သားများသည် ဘုန်းကြီးအား ဒူးထောက်လက်အုပ်ချီကန်တော့ခြင်း မရှိသလို၊ အာဖရိက အမျိုးသမီးများကလည်း ဖုန်းကြီး ကို ဖတ်မနမ်းကြကြောင်း သိရသည်။

ပြည်ပခရီးစဉ်များတွင် ဗုဒ္ဓဘာသာဘုန်းကြီး တလိုင်းလားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သော် လည်း ဒေါ်အောင်ဆန်းစုကြည်မှ လုံးဝ ဒူးထောက် လက်အုပ်ချီကန်တော့ခြင်း မရှိခဲ့ခြေ။

မြန်မာအမျိုးသမီးတစ်ဦး၏ ထူးထူးခြားခြား ဖက်နမ်းခြင်းနှင့် ဒူးထောက်ကန်တော့ခြင်းကို ပထမဆုံး ခံရသူ ဒက်စမွန်တူးတူးသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ အမေရိကန်စင်တာ၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသတင်းရရှိသည်။

www.MyanmarExpress.net

မန္တလေး - မြစ်ကြီးနား အိပ်စင် အထူးအမြန်ရထား ပြန်လည် ပြေးဆွဲမည်

ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ မြန်မာ့ မီးရထား က ခရီးသွား ပြည်သူများ အဆင်ပြေ ချောမွေ့ စေရေး ရည်ရွယ်၍ မန္တလေး - မြစ်ကြီးနား အမှတ်(၃၃) အဆန် အထူးအမြန် ရထားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ စ၍ လည်းကောင်း ၊ မြစ်ကြီးနား - မန္တလေး အမှတ် (၃၄) အစုန် အထူးအမြန် ရထားကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ တွင်လည်းကောင်း ရက်ခြား ပြန်လည် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

အမှတ်(၃၃) အဆန်ရထား သည် မန္တလေး မှ မြစ်ကြီးနားသို့ အပတ်စဉ် အင်္ဂါ ၊ ကြာသပတေး နှင့် စနေနေ့ များတွင် ညနေ ၅ နာရီ ၅၅ မိနစ်တွင် ထွက်ခွာပြီး အမှတ်(၃၄) အစုန် ရထားသည် မြစ်ကြီးနားမှ အပတ်စဉ် တနင်္ဂနွေ ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့ များတွင် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ထွက်ခွာ ပေးမည် ဖြစ်ကြောင်း နှင့် လမ်းခရီးတွင် ရွှေဘို ၊ ကောလင်း ၊ မိုးညှင်း ၊ ဟိုပင် ၊ မိုးကောင်း ဘူများများတွင် ရပ်တန့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

Credit : Here

(၆၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပ


မွန်ပြည်နယ် ၊ ပေါင်မြို့ မြို့မ အားကစား ကွင်း၌ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၇ နာရီ အချိန်က (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား သို့ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ (ဗဟို) ဥက္ကဋ္ဌ နိုင်တင်အောင် ၊ သဘာပတိ နိုင်ကျော်ညွန့် နှင့် မွန်တိုင်းရင်းသား များ ၊ ဖိတ်ကြား ထားသော တိုင်းရင်းသား လူမျိုးများ စုစုပေါင်း ၃၀၀၀ ကျော် တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား စင်မြင့်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး မွန်အမျိုးသား အလံအား အမျိုးသား သီချင်းဆို၍ လွှင့်ထူ ပြီးနောက် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အလံအား အလေးပြု ကြသည်။ ဆက်လက်၍ မွန်အမျိုးသား အလံအား အလေးပြုပြီး ကျဆုံး လေပြီးသော အာဇာနည် ခေါင်းဆောင် မျာအား အလေးပြု ကြသည်။


ယင်းနောက် သဘာပတိ နိုင်ကျော်ညွန့် မှ အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားပြီး မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ (ဗဟို) ဥက္ကဋ္ဌ နိုင်တင်အောင် မှ မိန့်ခွန်း ပြောကြားကာ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ မှ အမှာစကား ပြောကြားပြီး နောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာ စတမ်းအား ဖတ်ကြားသည်။ ဆက်လက်၍ မွန်စာပေ ဆိုင်ရာ စာတမ်းအား ဖတ်ကြားခြင်း ၊ အဖွဲ့အစည်း အသီးသီး မှ ပေးပို့သော သ၀ဏ်လွှာ များကို တာဝန်ရှိ သူများက ဖတ်ကြားခြင်း ပြီးနောက် ထိုင်းနိုင်ငံရောက် မွန်တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးမှ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မွန်အမျိုးသားနေ့ အထိမ်းအမှတ် ရခိုင် ၊ ပအိုဝ့် ၊ ကရင် ၊ ရှမ်း ၊ ကယန်း ပါတီနှင့် ကွန်ယက်များမှ ငြိမ်းချမ်းရေး ဂျိုးဖြူ မီးပုံးပျံ လွှတ်တင်ကာ (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။



Credit : Here


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရန်ကုန်သို့ထွက်ခွာ


ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အထောက်အကူပြုနိုင်ရေးအတွက် ပြည်တွင်းငြိမ်းချမ်း မှုဖော်ဆောင်ရေးကော်မတီ ဦးအောင်မင်းရဲ့ ဖိတ်ကြားချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဥက္ကဌ ဦးဘိုသောင်း၊ ဒုအဖွဲ့အခေါင်းဆောင် ဒေါက်တာအေး ကျော် (ဒုဥက္ကဌ)၊ အတွင်းရေးမှူးဖြစ်သူ ဦးမြင့်သိဏ်းနှင့် ရဲဘော်ထွန်းအောင်ကျော် (အလုပ်အမှုဆောင်၊ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ) တို့ ခေါင်းဆောင်ပြီး နိုင်ငံတကာဌာနခွဲမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀) ဦး ပါဝင်သည့် အဖွဲ့ ၂၆.၂.၂၀၁၃ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက် မြို့မှတဆင့် မြ၀တီလမ်းကြောင်းအတိုင်း ရန်ကုန်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရပါသည်။

မကြာသေးမီရက်ပိုင်းအတွင်းကလည်း ဦးအောင်မင်းခေါင်းဆောင်သည့် ပြည်တွင်းငြိမ်းချမ်း မှုဖော်ဆောင်ရေးကော်မတီသည် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအဲန်အက်ဖ်စီ) နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။



ထို့အပြင် အဆိုပါခရီးစဉ်နှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ထား ပါသည်။ ကြေညာချက်အပြည့်အစုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ထုတ်ပြန်ကြေညာချက်




Credit : Here

အမေရိကန်ကုမ္ပဏီကြီးများမြန်မာပြည် လာပြန်ပြီ


ဒီနေ့ 26 Feb 2013 ဗွီအိုအေ သတင်းအရ အမေရိကန်လူငါးဆယ် အဖွဲ့ မြန်မာပြည်ကို ရင်းနှီးမြှတ်နှံဖို့ ရောက်ရှိလာတယ်။ အဓိပတိ ထိပ်တန်း အမေရိကန်ကုမ္ပဏီများဖြစ်ပါတယ်။ ဥပမာ အစားအသောက်ပိုင်းဆိုင်ရာ McDonald, KFC တွေလိုမျိုးတွေ မကြာခင်ရောက်လာတော့မည် ဟုဆိုသည်။ အမေရိကန်များ လာရောက်စီးပွားလုပ်ဆောင်မှု အလွန်နောက်ကျနေတယ်လို့ ဗွီအိုအေမှ မေးမြန်း ထားပါတယ်။ အမေရိကန်ထုတ်တဲ့ ပစ္စည်းဟာ ကမ္ဘာ့ထိပ်တန်း နည်းပညာရော၊ ငွေအင်အားရော၊ နာမည်ကျော်ပါတယ်။ မြန်မာတိုင်းကြိုက်တဲ့ အမေရိကန် ဖေ့စ်ဘုန်၊ ဂူဂယ်၊ ကွန်ပြူတာ၊ ဂျီပီအက်စ်၊ ဂျီမေး စတဲ့ အင်တာနက်ကအစ၊ စက်ပစ္စည်းကြီးများ၊ ဒုံးပျံ၊ စစ်လက်နက် ဂျက်တိုက်လေယဉ်ကအစ၊ အမ်စစ်စတင်း မောင်ပြန်သေနပ်အထိ အားလုံး မြန်မာများ မက်မောတဲ့ ပစ္စည်းတွေပါ။

အမေရိကန်ကို အားကျလွန်းလို့ အမေရိကန်ကို အလုပ်သွားလုပ်သူ၊ ကျောင်းသွားတက်သူ မြန်မာ များစွာ ရှိပါတယ်။ အခုဆို သိန်းနဲ့ချီတဲ့ မြန်မာလူမျိုး အမေရိကန်ပတ်စပို့ ကိုင်ဆောင်သူများစွာ အမေရိကန် မှာ ရောက်နေပြီး အဲဒီ အမေရိကန်ရောက်မြန်မာများဟာ ဒုတိယမျိုးဆက်အဆင့်ရောက်ပါပြီ။ အမေရိ ကန်ရောက် မြန်မာများဟာ အမေရိကန်ကုမ္ပဏီကြီးများနဲ့အတူ အမေရိကန် အမေရိကန် ကုမ္ပဏီအကျိုး အမြက် ရရှိရေးအတွက် မြန်မာပြည်ကို ပြန်လာကြတော့မယ်ဖြစ်ပါတယ်။ တနည်းအားဖြင့် အစပိုင်းမှာ အမေရိကန်ကုမ္ပဏီ အလိုတော်ရိ ဖြစ်မှန်းမသိ ဖြစ်နေပေမဲ့၊နောက်ပိုင်းတော့ မြန်မာပြည်အတွက် အကျိုးပြုမဲ့လူ ဖြစ်လာမှာပါ။

ရပ်ဝေးနယ်ခြားကို ရင်းနှီးမြှတ်နှံခြင်း

ဒီလိုရင်းနှီးမှုကို အလွန်လယ်ဝယ်လှတဲ့ ကုမ္ပဏီအဆင့်ပဲ လာရောက်ဖို့ သတ္တိရှိပါတယ်။ မြန်မာပြည်လို ရာဇ၀င် မကောင်းလှတဲ့၊ နိုင်ငံခြားကုမ္မဏီများကို နှုတ်မိန့်နဲ့ အခက်အခဲ ဖြစ်အောင် လုပ်ဆောင်တဲ့၊ အစိုးရထိပ်ပိုင်းအထိ ခြစားမှုများလှတဲ့ မြန်မာပြည်ကို ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှတ်နှံဖို့ဆိုတာ အလွန်မရေရာလွန်းလို့ ကုမ္ပဏီအကြီးစားများပဲ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးဖို့ သတ္တိရှိပါတယ်။ ဒီကုမ္ပဏီကြီးများဟာ မြန်မာအစိုးရနဲ့ တိုက်ရိုက်စာချုပ်များကို အောင်မြင်စွာချုပ်ဆိုနိုင်ပါတယ်။

ဥပမာ ..Total, Unical, Dawoo စတဲ့ ရတနာဓါတ်ငွေ၊ ရွှေဓါတ်ငွေ လုပ်ငန်းများကို လာရောက်လုပ်ကိုင်တဲ့ ကုမ္ပဏီကြီးများရဲ့ အထူးလိုအပ်တဲ့ 4M (Manpower, Methord-technology, Material-machine, Money .. ) မြန်မာပြည်တွင်းကို သွင်း၊ထုတ် Impor-Export လုပ်ဖို့ မြန်မာပြည်ရဲ့ အင်မတန်ကြီးမားလှတဲ့ ကြိုးနီစနစ်ကို ကျော်လွန်အောင် အထက်က တချက်လွှတ်ဥပဒေမျိုး နှုတ်မိန့်နဲ့ ထုတ်ပြန်ထားရပါတယ်။

ဥပမာ ..ကျွန်တော်တို့ လူ၂၀ဦးပါတဲ့ ဘွိုင်လာတပ်ဆင်ဖို့ လုပ်ငန်း Total Oil Company က ရတနာဓါတ်ငွေနယ်မြေမှာ ကမ်းလွန်ဒေသ၊ ပြည်တွင်းရေနံပိုက်လိုင်း နေရာမှာ လုပ်ငန်းတခု လုပ်ဖို့ အလုပ် ရပါတယ်။ လူ၂၀လောက်ရဲ့ ပစ္စည်းတွေကို လေဆိပ်ဝန်ထမ်းများက ဘာမှ အရစ်မရှည်ပဲ၊ အလွန် လျှင်မြန်စွာ လုပ်ကိုင်ပေးကြပါတယ်။ လိုအပ်တဲ့ စက်ပစ္စည်း၊ ကွန်ပြူတာ၊ တံဆာပလာ မျာစွာကိုလည်း မြန်မာပြည်တွင်း အမြန်ဆုံးတင်သွင်းတာလဲ ကွန်တိန်နာများကို သမရိုးကျ သင်္ဘော ဆိပ်ကမ်းများကို မသုံးပါဘူး။ ကွန်တိန်နာသယ်တဲ့ သင်္ဘောလေးများဟာ စင်ကာပူကနေ မြန်မာပြည်ထိ တပါတ်ခရီး အပြင်းမောင်းနှင်လာပို့ပါတယ်။ မြန်မာ့ရေတပ်မတော်ကလည်း အမြန်ဆုံး၊စစ်ဆေးပေးဖို့၊ ကူညီပေးဖို့ ..အထူးသဖြင့် ကြံ့ကြာအောင်၊ လာဘ်မတောင်းစားဖို့ အဓိကဖြစ်ပါတယ်။ အကယ်၍ ကြံကြာအောင် မတော်တဆဖြစ်စေ လုပ်မိလိုက်တယ်ဆိုရင် အဲဒီ လုပ်တဲ့မြန်မာဝန်ထမ်း၊ စစ်တပ်အဖွဲ့ ကတော့ အနည်းဆုံး ဌာနပြောင်းခံရရင် ဒုက္ခဖြစ်သွားနိုင်ပါတယ်။

ကျွန်တော် ဗီယက်နမ်-စင်ကာပူ စက်မှုဇုံက ကုမ္ပဏီကြီးတစ်ခုအတွက် အလုပ်လုပ်ပေးချိန်မှာလည်း၊ ပစ္စည်းများ ကွန်တိန်နာ၊ သွင်းထုတ်လုပ်ခြင်း၊ လေဆိပ်မှာ ကုမ္ပဏီဝန်ထမ်းများ ၀င်ထွက် သွားလာခြင်းများအတွက် ဗီယက်နမ် ဆိပ်ကမ်း၊ ဗီယက်နမ် လ.၀.က ဗီဇာဌာနများက ပိုမိုလွယ်ကူအောင် ကူညီထားပါတယ်။ ဘာကြောင့်လဲဆိုတော့ စင်ကာပူစက်မှုဇုံအဖွဲ့မှာ ကြီးမားတဲ့ပါဝါ Authority Connection ရှိပါတယ်။ သူတို့ စက်မှုဇုံမှာ စင်ကာပူကို ယုံတဲ့အတွက် လာရောက်စက်ရုံတည်ထောင်နေတဲ့ ကုမ္ပဏီပေါင်း ၃၀၀ လောက် ရှိပါတယ်။ အဲဒီ အုပ်စုလိုက် လာရောက်ရင်းနှီးမြှတ်နှံတော့ ဗီယက်နမ်ဝန်ထမ်းများဟာ ခြစားလိုချင်တောင်မှ မရပါဘူး။ စင်ကာပူစက်မှုဇုံအဖွဲ့က ဗီယက်နမ်ထိပ်တန်း ရင်းနှီးမြှတ်နှံမှု အာဏာပိုင်အဖွဲ့အစည်းနဲ့ အပိုင်လုပ်ထားတော့ ကွန်တိန်နာ၊ သွင်းကုန်-ထုတ်ကုန်လို ကိစ္စမျိုးကို မြန်ဆန်စေပါတယ်။

နိုင်ငံခြားရင်းနှီးမြှတ်နှံမှု လာလုပ်တဲ့ ကုမ္ပဏီဟာ 4M ဆိုတဲ့ တတ်သိပညာရှင် Men, စက်ပစ္စည်းကုန်ကြမ်း Material, နည်းပညာဆိုင်ရာ ဈေးကြီးပစ္စည်းများTechnology နဲ့ ငွေကြေး Money တွေကို အလွယ်တကူ သွင်း၊ထုတ် မလုပ်နိုင်ရင် Time is Money ဆိုတဲ့အတိုင်း တရက်ကြံ့ကြာသွားတာနဲ့ ဒေါ်လာသန်းနဲ့ချီ ဆုံးရှုံးသွားနိုင်ပါတယ်။

လက်ရှိမြန်မာပြည်သို့ရောက်ရှိနေသူအများစု

မြန်မာပြည်ကို နိုင်ငံခြားကုမ္မဏီကြီးများ အထူးသဖြင့် တရုပ်ကုမ္ပဏီများဟာ သယံဇာတထုတ်ယူမှု လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေပါတယ်။ တခြား လယ်ယာ၊စက်မှု၊ ကုန်ထုတ်လုပ်ငန်းများမှာ ဂျပန်၊ တရုပ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုးရီးယား၊ အိန္နိယ စသည့်အာရှနိုင်ငံများ၊ အီတလီ၊ အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ် စသည့် ကုမ္ပဏီကြီးများ ရောက်လာခဲ့တာ ၁၀စုနှစ်မက ကြာမြင့်ခဲ့ပါပြီ။ အရင်က ကြိုးနီစနစ် (စစ်အာဏာရှင်စနစ်) နိုင်ငံတကာပိတ်ဆို့ထားခဲမှုကြောင့် FDI Foreign Direct Investment သိပ်မလာကြပေမဲ့ အခု ပြုပြင်ပြောင်းလဲရေးမှာ ကုမ္ပဏီကြီးတွေ တော်တော်လာရောက်နေပါပြီး အကြီးစား များပဲ လာရောက်ရခြင်း၊ အလယ်လတ်တန်း ကုမ္ပဏီများ၊ လာရောက်မှုနည်းပါးခြင်းဟာ စီးပွားရေးဆိုင်ရာ ဥပဒေစိုးမိုးမှု အလွန်နည်းပါးတဲ့အတွက်ဖြစ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းလုပ်မယ်ဆိုရင် သွင်းကုန်၊ ထုတ်ကုန် Import/Export လွယ်ကူ၊မှန်ကန်၊မြန်ဆန်ဖို့ အတွက် မြန်မာပြည်မှာ အခက်အခဲ များစွာ ရှိနေပါသေးတယ်။

4M အချက်ကြီး၎ချက်

လောလောဆယ်တော့ ပြည်ပကုမ္ပဏီ အကြီးစားများအတွက် 4M Import-Export လွယ်ကူအောင် မြန်မာ အစိုးရ FDI agreement နဲ့ လုပ်ဆောင်ပေးနိုင်ပါတယ်။ သို့သော် အလတ်စား၊ အသေးစားများ အတွက် မြန်မာဆိပ်ကမ်းနဲ့ လ.၀.က၊ ကမ်းခြေစောင့်တပ်၊ ရဲအဖွဲ့ စတဲ့ ၀န်ထမ်းများရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ လုပ်ငန်း မကြံ့ကြာရေးအတွက် လုပ်စရာနည်းလမ်း တစ်ခုပဲရှိပါတယ်။ ”ပေးကမ်းခြင်း သည်အောင်မြင်သည်… နည်းလမ်းဟာ လစာနည်းပါးလှတဲ့၊ ဆင်းရဲမွဲတေလှတဲ့ မြန်မာနိုင်ငံအတွက် မလွဲ မရှောင်သာတဲ့ လုပ်ငန်းဖြစ်နေဆဲပါ။ အလတ်စား၊ အသေးစား စက်မှုလုပ်ငန်းများ SME Small & Median Enterprises ဆိုတာ နိုင်ငံရဲ့ ၇၀% အထက် အဓိကစီးပွားလုပ်ငန်းဖြစ်ပေမဲ့ မြန်မာအစိုးရအဖို့ ကိုင်တွယ်ဖို့ လူအင်အားနဲ့နည်းပညာ မရှိသေးပါဘူး။

တတ်သိပညာနည်းပါးခြင်း

ပြည်ပကုမ္ပဏီ များစွာ လာရောက်တဲ့အချိန် သူတို့နဲ့ပေါင်းလုပ်ကိုင်မဲ့ ဖက်စပ် အစိုးရလုပ်ငန်းများအတွက် အထူးခက်ခဲလှပါတယ်။ နည်းပညာပိုင်းဆိုင်ရာ မလိုက်နိုင်တဲ့အတွက် ပြည်တွင်းပညာရှင်များဟာ သူတို့ရဲ့ စာချုပ်များကို နားမလည်ပဲ လက်မှတ်ထိုးပေးလိုက်ရတဲ့ အခြေအနေရောက်မှာပါ။

ဥပမာ.. ဗီယက်နမ်ကို သံမဏိစက်ရုံကြီး လာရောက်တည်ထောင်ပေးတဲ့ အမေရိကန်ကုမ္ပဏီကြီးဟာ ကမ္ဘာ့ငွေကြေးဘဏ် IMF ချေးငွေနဲ့ ဂျာမဏီပစ္စည်းကို ရောင်းချပြီး၊ တပ်ဆင်ပေးပါတယ်။ အိုင်အမ်အက်ဖ် စာချုပ် ချုပ်ကတည်းက ဂျာမဏီစက်ရုံကို ၀ယ်ရမယ် ပါပြီးသားပါ။ တခြားရွေးခွင့်မရှိ၊

ဒီသံမဏီစက်ရုံကြီး ဗီယက်နမ်အစိုးရ ၆၀% ပိုင်တဲ့ ပုဂ္ဂလိက Public Listed Company အဖြစ်ပြောင်းထားတဲ့ ဗီယက်နမ်ကုမ္မဏီကြီးက အင်ဂျန်နီယာငယ်များဟာ ဂျာမဏီများ တဖက်သတ် စာချုပ်ကို By Force နဲ့ လက်မှတ်ထိုးလိုက်ရပါတယ်။ အင်ဂျင်နီယာငယ်များဟာ မလိုအပ်တဲ့ ပစ္စည်းများ၊ ဂျာမဏီမှာ ရောင်းလို့မရလို့ ထိုးထည့်ပေးလိုက်တဲ့ စက်ပစ္စည်းများ၊ Safety ဈေးကြီးဒီဇိုင်းစနစ်… စတဲ့ ငွေပိုကုန်ကျတဲ့ သံမဏီစက်ရုံကြီးကို လက်ခံလိုက်ရပါတယ်။ သူတို့ပေးတဲ့ ချေးငွေနဲ့ သူတို့ပစ္စည်းပဲ ၀ယ်ရတယ်ဆိုတော့ ဂျီးသိပ်များလို့မဖြစ်ပါ။ ပြီးတော့ ဂျာမဏီများက ဗီယက်နမ်ထိပ်ပိုင်း တာဝန်ခံများကို အပိုင်ရင်းနှီးမှုယူထားပြီး ဆိုတော့ တကယ်လုပ်ရမဲ့ ဗီယက်နမ်လူငယ်အင်ဂျင်နီယာများ အဖွဲ့က ပေးတာ ယူ၊ ကျွေးတာစား … စက်ရုံမရှုံးအောင် မနည်းလုပ်ရမဲ့အခြေနေပါပဲ။

ဗီယက်နမ်မှာ တတ်ကျွမ်းသူ နိုင်ငံခြားအတွေ့ကြုံများတဲ့ ဗီယက်နမ်အင်ဂျင်နီယာကြီးများ မရှိဘူးလား.. မေးရင်၊ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဗီယက်နမ်ကို လာရောက်ရင်းနှီးမြှတ်နှံတဲ့ ဂျာမဏီ၊ ဂျပန် ကုမ္ပဏီကြီးများဘက်ကပဲ လုပ်ပေးပါတယ်။ ဘာကြောင့် အစိုးရဖက်က လုပ်မပေး သလဲ မေးစရာရှိပါတယ်။ လစာမပေးလို့ …လစာနည်းလို့ …မဟုတ်ပါဘူး။ လက်ရှိ ဗီယက်နမ် ဆိုရှယ်လစ် ပါတီ အစိုးရလူကြီးများက နေရာမပေးလို့ ဖြစ်ပါတယ်။

နိုင်ငံခြားအတွေ့ကြုံရှိသူမြန်မာများ

စာရေးသူအနေနဲ့ ဗီယက်နမ်နိုင်ငံကို ဂျာမဏီနို့မှုန့်စက်ရုံအတွက် နွားနို့စိမ်းချက်စက်ရုံ၊ အမှုန့်အခြောက်ခံစက်ရုံ၊ နို့မှုန့်ထုတ်စက်ရုံ၊ နို့မှုန့်ဗူးထုတ်စက်ရုံ .. စက်ရုံ၎ခုကို တစ်ရက် တန်ချိန်၆၀ ၂ရုံ ဒီဇိုင်းဆွဲ၊ တပ်ဆင်၊ ကုန်ထုတ်လုပ်မှုအတွက် လုပ်ခဲ့ဖူးပါတယ်။ ဂျာမဏီနိုင်ငံက ဒီဇိုင်းထုတ်ပြီး၊ ဥရောပတိုက်သားများ၊ စင်ကာပူ၊ဖိလစ်ပိုင်၊သြတြေးလျှား ပညာရှင်များနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့အခါ နို့မှုန့်  Process Design လုပ်သူများ ဘယ်လောက်အထိ ငွေကိုချွေတာလုပ်ကိုင်တယ် ဆိုတာ လက်တွေ့သိရပါတယ်။ သူတို့ ကုန်ကျစရိတ် ဒေါ်လာ သန်း၂၀၀ လောက်ပဲ ရှိတာကို အမြက် သန်း၁၀၀လောက် ရပါတယ်။ ဗီယက်နမ်မှာ လုပ်တဲ့အခါ နည်းပညာပိုင်း နဲ့ လူအင်အား ဆိုင်ရာမှာ ချွေတာသုံးစွဲရင်း အမြတ်၂ဆ ဒေါ်လာသန်း၂၀၀ အထိ မြတ်အောင် လုပ်ဆောင်သွားတဲ့ Big Company’s Management Skill ကို ဗီယက်နမ်များ လုံးဝမယှဉ်နိုင်ပါဘူး။

အမေရိကန်ကုမ္ပဏီများရဲ့ အမေရိကန်မှာ မသုံးတော့တဲ့ စက်ပစ္စည်းများကို ဗီယက်နမ်မှာ တင်ပို့ရောင်းချခဲ့လို့ ဗီယက်နမ်မှာ အမေရိကန်စက်ပစ္စည်းများ စုပုံနေတယ် Dump ဖြစ်နေတယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။ အခုတော့ ဗီယက်နမ်အစိုးရက ရုရှား ရေနံကုမ္ပဏီများကို ဦးစားပေးနေပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံခြားကုမ္ပဏီများစွာ မြန်မာပြည်လာရောက် ရင်းနှီးတော့ မြန်မာများစွာ အလုပ်ရမယ်ဖြစ်ပါတယ်။ မြန်မာအစိုးရလည်း FDI များစွာရရှိပြီး တိုင်းပြည် ဖွံ့ဖြိုးရေး လယ်ယာ၊ ပညာရေး၊ကျန်းမာရေးများ ပိုမိုတိုးတက်လာမှာပါ။

နိဂုံးချုပ်

ဗီယက်နမ်နိုင်ငံဟာ မြန်မာပြည်ထက် ၁၅နှစ်စောပြီး ပြုပြင်ပြောင်းလဲခဲ့ပေမဲ့ တရုပ်နိုင်ငံရဲ့ တဖက်သတ် ရင်းနှီးမြှတ်နှံမှုထက်စာရင် ဂျာမဏီရဲ့ ရင်းနှီးမြှတ်နှံမှုမျိုးကို မဆိုးဘူးလို့ ပြောရပါမယ်။ နောက်ဆုံးတော့ ဗီယက်နမ်အစိုးရဟာ နည်းပညာပိုင်းဆိုင်ရာမှာ ကိုးရီးယား၊ ဂျပန်များထက် စင်ကာပူ၊မလေးရှား၊ထိုင်း နည်းပညာနဲ့ ရင်းနှီးမြှတ်နှံမှုက ပိုပြီး တရားမျှတတယ်လို့ ခံယူကြပါတယ်။

နိုင်ငံခြားကုမ္ပဏီများကို အံတုနိုင်ဖို့ နိုင်ငံခြားမှာ ပညာသင်၊ အလုပ်လုပ်လာတဲ့ ကိုယ့်မြန်မာလူမျိုးများကို နေရာမပေးနိုင်သရွေ့တော့ ဒီ နိုင်ငံခြားက တတ်သိပညာရှင် မြန်မာများဟာ ဂျပန်အလိုတော်ရှိ၊ ဂျာမဏီအလိုတော်ရှိ … အဖြစ် မြန်မာပြည်အတွက် အကျိုးရှိဖို့ ခက်ပါမယ်။ စင်ကာပူ၊ တရုပ်ပြည်ကြီး၊ တောင်ကိုးရီးယား တွေ တဟုန်ထိုး တိုးတက်သွားခြင်းဟာ ပြည်ပရောက် တတ်သိပညာရှင်များနဲ့ ပြည်တွင်းတတ်သိပညာရှင်များ ပေါင်းကူးပေးနီုင်တဲ့အတွက်ဖြစ်ပါတယ်။

လောလောဆယ်တော့ လက်နက်ကိုင်သူပုန်ဖြစ်ခဲ့သူများကို မြန်မာအစိုးရသစ်က လူသောင်းနဲ့ချီပြီး ဘလက်လစ်စ် စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါပြီ။ သို့သော် မြန်မာတတ်သိပညာရှင် အကြောင်းအမျိုးမျိုးကြောင့် (၀န်ထမ်းမှထွက်ခွင့်မရပဲ၊ ပြည်ပအလုပ်သွားလုပ်သူ အများစု) ပြည်ပရောက် သွား သူများကို မြန်မာနိုင်ငံတော်အစိုးရက ဘလက်လစ်စ် BL စာရင်းကနေ ပယ်ဖျက် မပေးသေးပါဘူး။ ၀န်ကြီးဌာနများက ပြည်ပထွက်ခွင့်ပိတ်ထားဆဲ ဖြစ်တဲ့အတွက် ပြည်ပထွက်ခွာတဲ့အချိန်မှ ပြသနာတက်ပြီး၊ ဘောင်ဝင်အောင်လုပ်ရတာ ငွေကုန်၊ အချိန်ကုန်၊ ကသိကအောင့် များစွာဖြစ်ရပါတယ်။ တတ်သိပညာရှင်များ ပြန်လာဖို့ဆိုတာ ခက်နေဆဲပါပဲ။

ပြည်ပရောက် မြန်မာတတ်သိပညာရှင်များကို နေရာပေးမဲ့ အချိန်ကာလတစ်ခုကို စောင့်လျှက်ရှိပါကြောင်း၊

Credit : Here

ထားဝယ်စီမံကိန်းကို စင်ကာပူနှင့် မလေးရှား ဖျက်နေသလော"


ထားဝယ်စီမံကိန်းကို စင်ကာပူ၊ မလေးရှားနိုင်ငံမှ ဖျက်လိုဖျက်ဆီးလုပ်နေသည်ဟု စီမံကိန်း ထောက်ခံသူများအကြား ကောလာဟလ အသွင်ပြောဆိုနေသည်မှာ တစ်နှစ်ခန့် ရှိနေပေပြီ။ တနင်္သာ ရီတိုင်း ဒေသကြီး အောက်ခြေအဆင့်ဌာနဆိုင်ရာ ဝန်ထမ်းအချို့ အကြားတွင် အဆိုပါအငြင်းပွားဖွယ်ရာ အယူအဆပျံ့နေသည်မှာ ၂ဝ၁၂ခုနှစ် နှစ်ဆန်းကတည်းက။

သို့သော်ထားဝယ်မြို့ မြို့တော် ခန်းမ၌ ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်၊ရေနက်ဆိပ်ကမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် ထားဝယ်စီမံကိန်းနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဒုတိယဝန်ကြီးအဆင့်မှ ပုဂ္ဂိုလ်တစ်ဦးက လူသိရှင်ကြား ပထမဦးဆုံးအကြိမ် ပြောကြားလိုက်ပြန်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၏ အဆိုအရ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်စီမံကိန်းဖြစ်ထွန်းလာလျှင် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ရှိ ဆိပ်ကမ်းများအပေါ် သက်ရောက်မှု ရှိနိုင်သည့်အတွက် ယင်းနှစ်နိုင်ငံက စီမံကိန်းကိုကန့်ကွက်မည့် လူထုအခြေ ပြုအဖွဲ့အစည်းများအား ရန်ပုံငွေ များပေးပြီး ပျက်စီးအောင် လုပ်နေ သည်ဟု ဆိုသည်။ သို့ဆိုလျှင် စီမံကိန်းကို မလေး ရှားနှင့်စင်ကာပူက ဖျက်လိုဖျက်ဆီးလုပ်နေပါသလော။

စင်ကာပူနဲ့ မလေးက ဖျက်မဖျက်

ထားဝယ်စီမံကိန်းသည် ထိုင်း နိုင်ငံအစိုးရ၏ မဟာဗျူဟာမြောက် စဉ်းစားချက်ထဲတွင်ပါဝင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး အင်မတန်ကြီးသည့် စီမံကိန်းဖြစ်သည့်အတွက် စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟူ သည့် ပြည်ထောင်စုဒုတိယဝန်ကြီး ၏ ပြောကြားချက်သည် မဖြစ်နိုင်ဟု တပ်အပ် မပြောနိုင်ဟု သမ္မတ ဦးသိန်းစိန်၏ လူမှုရေးနှင့် စီးပွားရေး အကြံပေးကောင်စီ ဝင် ဒေါက်တာဇော်ဦးက ပြောကြားသည်။

ယင်းသို့ စွပ်စွဲချက်သည်မှန်းဆ ပြောခြင်းသာဖြစ်ပြီး အမှန်တကယ် ခိုင်လုံလျှင် ချပြသင့်ကြောင်း၊ စင် ကာပူနှင့် မလေးရှားနိုင်ငံတို့သည် ယင်းသို့လုပ်နိုင်သည့် အနေအထား မရှိကြောင်း Eco Dev အဖွဲ့မှ ဦးဝင်းမျိုးသူက မှတ်ချက်ပြုသည်။ ''ဒါမျိုးက စီအိုင်အေရဲ့ လုပ်ကွက် မျိုးပါ။ ဆရာ့အမြင်အရတော့ မဖြစ်နိုင်ဘူး'' ဟု မြန်မာနိုင်ငံ အတွင်း ထင်ရှားသော ပတ်ဝန်းကျင်ထိန်း သိမ်းရေး လှုပ်ရှားသူတစ်ဦးလည်း ဖြစ်သူ ဦးဝင်းမျိုးသူက ဆိုသည်။

စင်ကာပူနိုင်ငံအနေနှင့် ယင်း သို့လုပ်ဆောင်မည်မဟုတ်ဘဲ ထား ဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဖြစ် မြောက်လာလျှင်သာထိုင်းထံမှ အစု ရှယ်ယာများကိုဝယ်ယူရန် စိတ်ဝင် စားနိုင်ကြောင်း ဘန်ကောက်မြို့ တော်အခြေစိုက် သုတေသီဦးဇော် အောင်က ပြောသည်။

''ဘာမှ ရေရေရာရာ မရှိသေး တဲ့ဟာတစ်ခုအတွက် အဲလိုလုပ်မှာ မဟုတ်ဘူး။ အောင်မြင်လာမှ ရှယ် ယာတွေရအောင် ဝယ်လိမ့်မယ်'' ဟု ဦးဇော်အောင်က ဆိုသည်။ ထိုင်းနှင့်စင်ကာပူ နိုင်ငံတို့တွင် ယင်းသို့ ဖြစ်ရပ်များ ရှိခဲ့ပြီး ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက် ထက်က ၎င်းပိုင်ဆက်သွယ်ရေး လုပ်ငန်းများကို စင်ကာပူက မရ မကဝယ်ခဲ့ဖူးကြောင်း ဦးဇော်အောင် ကရှင်းပြသည်။

အစိုးရများသည် အစိုးရအချင်း ချင်းသာ ချိတ်ဆက်လုပ်ကိုင်လေ့ ရှိပြီး လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်း အကျင်းအရနိုင်ငံနှစ်နိုင်ငံ၏ သံတ မန်ဆက်သွယ်ရေးအပေါ် အထူး အလေးထားလေ့ရှိသည်။ စင်ကာပူနိုင်ငံသည် မြန်မာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့် သင်တန်းများ ပို့ချပေးရန် ကမ်းလှမ်းခဲ့ဖူးသည့် အတွက် ထားဝယ်ကဲ့သို့သော စီမံ ကိန်းတစ်ခုအတွက် ယင်းသို့ပြုလုပ် မည်မဟုတ်ဟု ဦးဇော်အောင်က မှတ်ချက်ပြုသည်။

ထားဝယ်စီမံကိန်း စတင် အ ကောင်အထည်ဖော်လာသည့် ၂ဝဝ၈ ခုနှစ်မှာကတည်းက စင်ကာပူနိုင်ငံ အနေနှင့် နိုင်ငံတကာအသိုင်းအဝိုင်း တွင် တုံ့ပြန်မှုတစ်စုံတစ်ရာ ပြုလုပ် သည်ကို မိမိအနေဖြင့် မတွေ့မိ ကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ (DDA) မှ ထားဝယ်ညှိနှိုင်း ရေးမှူး ဦးသန့်ဇင် က ပြောကြား သည်။

မည်သို့ပင်ဆိုစေ ယုံသော်ရှိ၊ မယုံသော်ရှိ၊စင်ကာပူနှင့် မလေးရှား နိုင်ငံများက 'ငွေပေးဖျက်ဆီး ခိုင်း နေသည်' ဟု ထားဝယ်စီမံကိန်းကို ထောက်ခံသူများအကြားတွင် ပျံ့နှံ့ နေပြီဖြစ်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးပြည်ထောင် စုဝန်ကြီး ဦးဘုန်းဆွေက ''ဘယ် သူမှတော့ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားကို အနှောင့်အယှက် မပေးဘူး။ ဘယ် သူမှလုပ်မနေနိုင်ဘူး ကိုယ့်ထမင်း ကိုယ်စားပြီးတော့'' ဟု ပြောခဲ့ သည်။

လူထုအခြေပြုအဖွဲ့များ ကြိုးဆွဲခံရ မခံရ

ထားဝယ်ဒေသတွင် ထားဝယ်စီမံကိန်းကြောင့် ဒေသခံများ ထိ ခိုက် နစ်နာမှုနှင့်ပတ်သက်ပြီး ထား ဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (DDA)၊ ထားဝယ်သုတေသနအဖွဲ့ (DDA)၊ ထားဝယ် ၈၈ မျိုးဆက်ကျောင်း သားများ၊ နဘုလယ်ဒေသတွင် ကျေးရွာအလိုက် ဖွဲ့စည်းထားသည့် ကော်မတီများ၊ ထားဝယ်-ထိုင်း လမ်းဖောက်လုပ်ရာဒေသတွင် ဖွဲ့ စည်းထားသည့် ၁၂ ရွာ စုပေါင်း ကော်မတီများ အပါအဝင်လူထု အခြေပြု အဖွဲ့အစည်းများက သတင်းအချက်အလက်များ ဖြန့်ဝေ ပေးခြင်း၊ အသိပညာပေးခြင်း၊ လျော်ကြေး ကိစ္စနှင့် ဒေသခံများ ရင်ဆိုင်ရသည့် မြေယာပြဿနာများကိုဝင်ရောက်ညှိနှိုင်းစသည်တို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

တို့အနေနှင့် စီမံကိန်းကို ဖျက်ဆီးနေခြင်းမဟုတ်ဘဲဒေသခံ များမနစ်နာရေး၊ ရေနံဓာတုကဲ့သို့သော အကြီးစားညစ်ညမ်းစက်ရုံများ မတည်ဆောက်ရေးကို သာ လုပ်ဆောင်နေကြောင်း ပြောဆို ထားသည်။

''ထားဝယ်မှာ လုပ်နေကြတဲ့ သူတွေက ဘယ်သူမှ ရော့ဆိုင် ကယ်၊ ရော့ကား၊ ရော့ရုံးခန်းဆိုပြီး ရလို့လုပ်နေတဲ့ သူတစ်ယောက်မှ မရှိဘူး။ အားလုံးက လုပ်သင့်လို့ လုပ်နေတာ''ဟုဦးသန့်ဇင် က ချေပ ပြောဆိုသည်။

စီးပွားရေးအကျိုးအမြတ်ဆိုင် ရာ ကိစ္စများကြောင့် လူထုအခြေ ပြု အဖွဲ့အစည်းများကို အသုံးချမှုများရှိပါက စီမံကိန်းအကောင်အထည် ဖော်ရေးထောက်ခံရန် လူမွေးခြင်း မျိုးသာရှိပြီး ယင်းသို့ ဆန့်ကျင်ရန် လူထုအခြေပြု အဖွဲ့အစည်းများကို အသုံးချသည့်နည်းမျိုး မကြားဖူးကြောင်း ဦးဝင်းမျိုးသူကဆိုသည်။

''ထိုင်းနိုင်ငံ မတ္တာပွတ် စက်မှု ဇုန် အတွေ့အကြုံအရဆိုရင်တော့ အစိုးရနဲ့ ကုမ္ပဏီကဖွဲ့တဲ့ မာဖီးယား ဂိုဏ်းတွေရှိတယ်။ အဲဒီ အဖွဲ့တွေထဲမှာ အုပ်ချုပ်ရေးမှူးတွေတောင် ပါတယ်''ဟု ဗဟုဖွံ့ဖြိုးရေး အဖွဲ့မှ ဦးအောင်သူငြိမ်းက ရှင်းပြသည်။

စီမံကိန်းကို လူထုအခြေပြု အဖွဲ့များ ဖျက်ဆီးနေပြီဆိုကာ ထားဝယ်စီမံကိန်းကို ပြီးမြောက် အောင်မြင်ရန် မြို့မိမြို့ဖအဖွဲ့များ၊ ပြည်သူ့စစ်ကဲ့သို့သော လုံခြုံရေး အဖွဲ့များကိုအစိုးရ အစီအစဉ်ဖြင့် စတင်ဖွဲ့စည်းရန် စီစဉ်နေပြီ ဖြစ်သည်။ ''ပြည်သူ့စစ်အဖွဲ့ လိုပေါ့။ ရန်သူကပေါ်လာပြီလေ။ ပြည်သူ့ စစ်ဆိုတာ ရန်သူရှိလို့ ဖွဲ့တာ မဟုတ်လား'' ဟု ဦးဘုန်းဆွေက ပြောသည်။

ထားဝယ်မည်သူ့အတွက်နည်း

ဦးဘုန်းဆွေ၏ အဆိုအရ ထားဝယ်ရေနက် ဆိပ်ကမ်း ဖြစ် မြောက်ခဲ့လျှင် စင်ကာပူဆိပ်ကမ်း မှ ကုန်သေတ္တာတစ်ဝက်ခန့်သည် ထားဝယ်ဆိပ်ကမ်းသို့ ရောက်လာ မည်ဖြစ်သည့်အတွက် ၎င်းတို့ စီးပွားပျက်မည်ကို စိုးရိမ်လျက်ရှိ သည်။ ပြည်တွင်း ပညာရှင်အချို့က လည်း ထားဝယ်ကြောင့် စင်ကာပူ နောက်ကောက် ကျသွားနိုင်ကြောင်း သုံးသပ်ဖူးသည်။ ထားဝယ်ရေနက် ဆိပ်ကမ်း ဖြစ်ထွန်းလာလျှင် ထားဝယ်သို့ ကုန်တင်သင်္ဘောများ ဝင်ရောက် မည်ဟု ယေဘုယျ အားဖြင့် ပြော နိုင်သော်လည်း ဆိပ်ကမ်းကုန်တင် ကုန်ချ ဝန်ဆောင်မှုအနေအထား၊ လူဝင်မှုကြီးကြပ်ရေး အပါအဝင် အခြားဌာနဆိုင်ရာများနှင့် လုပ်ကိုင် ရသည့် ကိစ္စများ မည်မျှ မြန်ဆန် ချောမွေ့မှု အပေါ် မူတည်ပြီး စဉ်း စားမည်ဖြစ်ကြောင်း နိုင်ငံတကာ ကုန်တင်သင်္ဘောလိုင်းတစ်ခုမှကုန်း ပတ်အရာရှိတစ်ဦးက ဆိုသည်။

''ဘယ် သင်္ဘောလိုင်းပိုင်ရှင် ကမှ ကမ်းကပ်ဖို့ စောင့်နေရတာ ကို မကြိုက်ဘူး'' ဟု ၎င်းက ဆိုသည်။ ကမ္ဘာ့အကောင်းဆုံး ဆိပ်ကမ်းများအနက် တစ်ခုဖြစ်သည့် စင်ကာပူဆိပ်ကမ်းတွင် ကုန်တင်ကုန် ချပြုလုပ်နိုင်သည့် ကရိန်း တစ်ရာကျော်ရှိသည့်အတွက် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက် မည့် စီမံချက်ဒီဇိုင်းတွင် ယင်းသို့ပါမပါသာ စဉ်းစားရမည်ဖြစ်ကြောင်း ဦးဇော်အောင်က အကြံပြုသည်။

စီမံကိန်း အကောင်အထည်ဖော်သူများက ထားဝယ်စီမံကိန်းကို အင်ဒိုချိုင်းနား ကျွန်းဆွယ် အတွက်မြေသားဖြတ်လမ်းဟုပင် တင်စားပြောဆိုကြသည်။

သို့ဆိုလျှင် စီမံကိန်းက မည်သူ့အတွက်နည်း။

မြန်မာအစိုးရကလည်း ကျေး ရွာပေါင်း မည်မျှရွှေ့ပြောင်းရမည် ဟူသည့် အချက်အလက်မျိုးကိုသာ အကြိမ်ကြိမ်ပြောင်းလဲ ထုတ်ပြန် သော်လည်း ထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံအတွက် မည်မျှ အကျိုး ရှိနိုင်သည်ဟူသည့် သတင်းထုတ် ပြန်ချက်မျိုးအား တိတိကျကျ တစ်ခါမျှ တွက်ချက်မဖော်ပြနိုင်ဟု ဦးသန့်ဇင်က နှိုင်းယှဉ်ပြောဆို သည်။

ထားဝယ်စီမံကိန်း စိတ်ကူး စီမံချက်အရ ကုန်စည်သယ်ဆောင် ရာတွင် အချိန်ကာလအားဖြင့် သက်သာမည်မှာ မှန်သော်လည်း ကုန်းလမ်းပို့ဆောင် စရိတ်ကိုပါ ထည့်တွက်လျှင် အခြား လာအို၊ ဗီယက်နမ် စသည့်နိုင်ငံများအတွက် 'ထူးမခြားနား' သာဖြစ်ပြီး ထိုင်းမှ ဗီယက်နမ်သို့ ကုန်သေတ္တာတစ် လုံး၏ အသွားအပြန် သယ်ယူစရိတ် မှာ အမေရိကန် ဒေါ်လာ ၅၅ဝဝ ကျသင့်ဆဲ ဖြစ်သည်ဟု ဦးဇော်အောင်က ထောက်ပြသည်။

''ထားဝယ်စီမံကိန်းက ထိုင်း နိုင်ငံရဲ့ အကျိုးစီးပွားအတွက် သီးသန့် ဒီဇိုင်းဆွဲထားတာပါ'' ဟု သူက ဆိုသည်။

စီမံကိန်း တာဝန်ရှိသူများ အနေဖြင့် ယင်းသို့ စွပ်စွဲနေမည့်အ စား မိမိတို့ လုပ်ငန်းစဉ်များတွင် မည်သည့်အားနည်းချက် ရှိသည်၊ မည်သို့ပြုပြင်မည်ကိုသာ အာရုံစိုက် သင့်ကြောင်း ၎င်းကပြောသည်။ ထားဝယ်စီမံကိန်းတွင် ပြန် လည် နေရာချထားရေးနေရာ အချို့ တည်ဆောက်ပြီးစီးနေပြီး ဒေသခံ များကို လျော်ကြေး ကွဲပြား စွာ ပေးအပ်နေမှု၊ မညီမျှသော မူ ဝါဒများ စသည်တို့ ကြုံတွေ့နေ ရသည်။ ''တကယ်ဖြစ်နေတဲ့ ပြဿနာ တွေကို လက်တွေ့ကျကျ မဖြေရှင်း ဘဲ အခုလို လျှောက်ရမ်းနေရင် ဘာတစ်ခုမှ အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး'' ဟု ဦး သန့်ဇင်က ဆိုသည်။

ထားဝယ်စီမံကိန်းကို ၂ဝ၁ဝ ခုနှစ်ကတည်းက မြေပြင်လုပ်ငန်း များကို စတင်ခဲ့သော်လည်း နိုင်ငံ တကာ ငွေကြေးအဖွဲ့အစည်းများ ၏ စိတ်ဝင်စားမှုအားနည်းသည့် အတွက် ဘဏ္ဍာရေးအခက်အခဲ များဖြင့် ရင်ဆိုင်နေရပြီး စီမံကိန်း အကောင်အထည်ဖော်ရန် လေးဖင့် လျက်ရှိသည်။

ယင်းနောက် မြန်မာနှင့် ထိုင်း အစိုးရ ပူးတွဲအကောင်အထည် ဖော်သည့် စီမံကိန်းအဖြစ် အသွင် ပြောင်းခဲ့ပြီး တတိယနိုင်ငံ ဂျပန် ကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိသည်။သို့သော် ဂျပန်၏ စိတ်ဝင်စား မှု ထင်သလောက်မရသေးပေ။

ရေကြောင်းပိတ်ဆို့မှု မရှိစေ ရန် ထိုင်းနိုင်ငံ၊ မတ္တာပွတ် စက် မှုဇုန်ဆိပ်ကမ်းနှင့် လန်ချဘန် ကုန် တင်ကုန်ချ ဆိပ်ကမ်းကဲ့သို့ ထားဝယ် စီမံကိန်းရှိ အထူးစီးပွားရေးဇုန်နှင့် ကုန်တင်ကုန်ချ ဆိပ်ကမ်းကို သီး ခြားစီ ထားရှိရန် ဂျပန်အစိုးရက တောင်းဆိုထားသည်။

''ထိုင်းနိုင်ငံ အဆိုပြုထားတဲ့ ထားဝယ်က ဆိပ်ကမ်းနေရာတွေကို ဂျပန်အစိုးရက သဘောမတူဘူး'' ဟု ထိုင်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးက ယခုလဆန်းက ဆိုထား သည်။

ယင်းအချိန် ထားဝယ်စီမံကိန်း ကို မလေးရှားနှင့် စင်ကာပူတို့က လူထုအဖွဲ့အစည်းများကို ပူးပေါင်း ၍ ဖျက်ဆီးနေကြောင်း ပြောဆို ချက်များပိုမိုကျယ်လောင်စွာ ထွက် ပေါ်လာခြင်း ဖြစ်သည်။ ''ဒုဝန်ကြီး အနေဖြင့် အဲလို သံသယရှိလျှင် စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ တိုက်ရိုက် မေးသင့်တယ်''ဟု ဦးသန့်ဇင်က ဆိုသည်။

သည်မွန် (Dawei Watch)
ပေါ်ပြူလာ

ဒုတိယ ကမ္ဘာစစ်အတွင်း ကျဆုံး ဂျပန်စစ်သည် ရုပ်ကြွင်းများ ရှာမည်

ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်တပ်ဖွဲ့တဖွဲ့ကို မြန်မာပြည်တွင်း တနေရာတွင် တွေ့ရစဉ် (ဓာတ်ပုံ – Japanfocus)

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ ဒေသများ၌ ဒုတိယ ကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့ကြသော ဂျပန်စစ်သည်များ၏ ရုပ်အလောင်းမြှုပ်နှံရာ နေရာများကို ဂျပန် ပုဂ္ဂလိက အဖွဲ့အစည်းတခုက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်း၍ မတ်လဆန်းမှ စတင် ရှာဖွေတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းသို့ ရှာဖွေမည့် ထိုင်း-ဂျပန် ပညာရေးတိုးတက်ရေး ဖောင်ဒေးရှင်း (Thai-Japan Education Development Foundation – TJEDF) နှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ယခုနှစ် ဇန်နဝါရီလက သဘောတူ စာချွန်လွှာ လက်မှတ်ရေးထိုးထားပြီ ဖြစ်ကြောင်းလည်း နှစ်ဖက် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

“သူတို့ (UNFC) အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်တဲ့နေရာတွေမှာ အချက်အလက် ကောက်ယူ တာတွေ လုပ်ဆောင်ဖို့၊ အချက်အလက် ကောက်တဲ့အဖွဲ့ဟာ ရွာတွေကို သွားပြီး အဲဒီဒေသတွေမှာ ဂျပန် စစ်သားတွေရဲ့ ရုပ်ကြွင်းတွေ ရှိဖူးလားဆိုတာ မေးမြန်းပြီး မှတ်တမ်းတင်မှာ ဖြစ်တယ်” ဟု TJEDF အဖွဲ့၏ ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာ တိုမိုဟရု အဲဘိဟရ (Mr.Tomoharu Ebihara) က ဧရာဝတီသို့ ပြောသည်။

ဂျပန်အစိုးရ အနေဖြင့် ရုပ်ကြွင်းရှာဖွေ တူးဖော်မှုများကို မြန်မာအစိုးရ ထိန်းချုပ် နယ်မြေများထဲတွင် ၃-၄ ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း၊ ထိုစဉ်က တိုင်းရင်းသား နယ်မြေများထဲတွင် ပြည်တွင်းစစ် ဖြစ်ပွားနေသဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ယခုအခါတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်ခတ်ရပ်စဲရေးများ ပြုလုပ်လာပြီးနောက် UNFC ကို အကူအညီ တောင်းခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။

ဂျပန်အစိုးရ၏ ထုတ်ပြန်ချက်အရ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာ့မြေပေါ်တွင် သေဆုံးခဲ့သည့် ဂျပန် စစ်သည် အရေအတွက် စုစုပေါင်း ၁၃၇၀၀၀ ခန့်ရှိကြောင်း၊ ထိုအရေအတွက်ထဲမှ လွန်ခဲ့သည့် နှစ် ၄၀ အတွင်း မြန်မာအစိုးရ ထိန်းချုပ်နယ်မြေများ၌ ရုပ်ကြွင်း ၉၁၃၉၀ ခန့်တူးဖော်ပြီးဖြစ်ကြောင်းနှင့် လက်ရှိ မြန်မာ့မြေပေါ်တွင် ၄၅၆၁၀ ခန့် ကျန်ရှိနေသေးကြောင်း မစ္စတာ တိုမိုဟရု အဲဘိဟရ က ပြောသည်။

နှစ်ဖက် သဘောတူညီချက်အရ တိုင်းရင်းသား နယ်မြေများအတွင်း ဒုတိယ ကမ္ဘာစစ် ကာလအတွင်း သေဆုံးသူ ဂျပန် စစ်သည်များ၏ ရုပ်ကြွင်းများကို ရှာဖွေ စစ်တမ်းကောက်ယူရန် UNFC အဖွဲ့ဝင်များက သက်ဆိုင်ရာ ဒေသများ၌ ကိုယ်တိုင် ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်သည့် ပစ္စည်းများနှင့် ကုန်ကျငွေများကို TJEDF အဖွဲ့က ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

UNFC ၏ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ တိုင်းရင်းသား နယ်မြေတွေထဲမှာ ဂျပန်တွေ ဘယ်နေရာမှာ သေခဲ့ဖူးလဲ၊ မြှုပ်ခဲ့ဖူးလဲ သိရင်တော်ပြီ၊ တူးလို့၊ ထိလို့မရဘူး။ ရရှိတဲ့ စာရင်း နဲ့ မြေပုံ အညွှန်းကို TJEDF ကိုပေးရမှာပေါ့၊ ဒီနှစ်ထဲမှာ Operation လုပ်ဖို့ ကျနော်တို့ကို ကွန်ပြူတာတွေ၊ ကင်မရာတွေ၊ GPS တွေ၊ ရှာဖွေပုံစံတွေနဲ့ ကုန်ကျစရိတ်တွေ အဆင်သင့် လုပ်ပေးထားပြီးပြီ” ဟု ဧရာဝတီသို့ ပြောသည်။

UNFC အနေဖြင့် ရရှိသော အချက်အလက် စာရင်းများကို ယခုနှစ် မတ်လဆန်းမှ စတင်ကောက်ယူပြီး ၂၀၁၃ နှစ်ကုန်ပိုင်းတွင် TJEDF သို့ အပ်နှံမည်ဖြစ်သည်။ ထိုမှတဆင့် ဂျပန်အစိုးရ ကျန်းမာရေး အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်ပြီး ယင်းဝန်ကြီးဌာနက စစ်ဆေးကာ စစ်တမ်းများ ရှိရာနေရာများသို့ အရိုးများ တူးဖော်ခွင့်ပြုရန် ဂျပန် အစိုးရအနေဖြင့် မြန်မာအစိုးရထံ တင်ပြ တောင်းဆိုသွားနိုင်ရန်အထိ ရည်ရွယ်ထားကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့က သီးခြားလွတ်လပ်တဲ့ အဖွဲ့ဖြစ်တာကြောင့် မှတ်တမ်းတင်တာပဲ လုပ်နိုင်မယ်။ ဒါပေမယ့် ဂျပန်အစိုးရ အနေနဲ့ ကျနော်တို့ မှတ်တမ်းတင်ထားပြီးရင် အဲဒီ ရုပ်ကြွင်းရှိနိုင်မယ့် ဒေသတွေမှာ တူးဖော်မှုတွေ လုပ်လိမ့်မယ်လို့ မျှော်လင့်တာပါပဲ” ဟု မစ္စတာ တိုမိုဟရု အဲဘိဟရ က ပြောသည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာအစိုးရ ထိန်းချုပ်နယ်မြေများတွင် ယခင်က ရှာဖွေ ရရှိသည့် အရိုးစုများကို ၎င်းတို့နိုင်ငံသို့ သယ်ဆောင်သွားကြောင်း၊ ကျန်ရှိနေသော ၄ သောင်းခွဲကျော်ကိုလည်း ယင်းသို့ သယ်ဆောင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မစ္စတာ တိုမိုဟရု အဲဘိဟရ က “ဂျပန်ကို သယ်သွားတဲ့ ရုပ်ကြွင်းတွေကို DNA စစ်တယ်။ ပြီးတော့ သက်ဆိုင်ရာ မိသားစုကို လိုက်ရှာပြီး ပေးလိုက်တယ်။ မိသားစု ရှာမတွေ့တဲ့ ရုပ်ကြွင်းတွေကိုတော့ တိုကျိုမှာရှိတဲ့ အောက်မေ့ဖွယ် တာဝါမှာ ပို့ပြီး သိမ်းထားတယ်” ဟု ပြောသည်။

ရှာဖွေမှုများ ပြုလုပ်နိုင်ရန် UNFC အဖွဲ့ဝင် သာမက ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့်လည်း သဘောတူညီမှု ရရှိထားကြောင်း၊ ထို့အတူ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA တို့နှင့်လည်း ညှိနှိုင်းဆဲ ဖြစ်ကြောင်းနှင့် တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ဆက်သွယ် ညှိနှိုင်းသွားရန် အစီအစဉ်ရှိကြောင်း သူက ဆက်ပြောသည်။

TJEDF နှင့် သဘောတူညီမှု ရရှိထားသည့် UNFC အဖွဲ့တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ရှိပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ “၀” အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်သည်။

Credit : ဧရာဝတီ

မိုက်ခရိုဆော့ဖ်တွင်သာ အလုပ်ရခဲ့လျှင်


အလုပ်အကိုင်မရှိတဲ့ လူငယ်တစ်ဦးဟာ Microsoft မှာ ရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ဖို့အတွက် လာလျှောက်ပါတယ်။ံHR မှ အင်တာဗျူးပြီး သူ့ရှေ့ မှာပဲ ကြမ်းပြင်သန့်ရှင်းရေးလုပ်ကြည့်ဖို့ ခိုင်းပါတယ်။ တကယ်ပဲ သန့်ရှင်းရေးလုပ်ပြတော့ သူ့ကို အလုပ်ခန့်မယ်လို့ တစ်ခါတည်း စကားဆိုလိုက်ပါ တယ်။ ပြီးတော့ HR မန်နေဂျာက "ရှင့် အီးမေးလ်ပေးပါ။ အဲ့ အီးမေးလ်ဆီကို ဖြည့်ဖို့လိုအပ်တဲ့ ဖောင်တွေ ပို့လိုက်ပါမယ်။ အဲ့မှာဖြည့်ပြီး ပြန်ပို့ပေးပါ" လို့ ဆိုပါတယ်။

ဒီတော့ လူငယ်က

"ကျနော့မှာ ကွန်ပြူတာလည်း မရှိဘူး။ အီးမေးလ် လည်း မရှိဘူး" လို့ဖြေတော့ HR က ဒီလိုပြန်ဖြေပါတယ်။

"ဝမ်းနည်းပါတယ်။ ဒီခေတ်မှာ လူတစ်ယောက်ဟာ အီးမေးလ် တစ်ခုတော့ အနည်းဆုံး ရှိသင့်ပါတယ်။ အခု ရှင့်မှာ မရှိသေးဘူးဆိုတော့ အလုပ်ခန့်ဖို့ မဖြစ်နိုင်သေးပါဘူး။ နောက်တော့မှပဲ လာခဲ့ပါ" လို့ လွယ်လွယ် ပဲ ပြောင်းပြီး ပြန်လွတ်လိုက်ပါတယ် ။

ဒီတော့ လူငယ်လေး စိတ်ဓာတ်ကျကျနဲ့ အိမ်လှည့်ပြန်လာပါတယ်။ လက်ထဲမှာ ၁၀ ဒေါ်လာပဲ ရှိပါတယ်။ ဒီတော့ စူပါမားကတ်မှာ ခရမ်းချဉ်သီး ၁၀ ဒေါ်လာဖိုး ၁၀ ကီလိုဂရမ် ဝယ်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် တံခါးခေါက်လို့ လိုက်ရောင်း ကြည့်ပါတယ်။ ၂ နာရီတောင် မကြာပဲ သူ့ငွေဟာ ၂ ဆဖြစ်သွားပါတယ်။ ဒါကြောင့် မားကတ်မှာ နောက် ၂ ခါဝယ်ပြီး လိုက်ရောင်းတော့ အိမ်ကို ဒေါ်လာ ၆၀ နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

ဒါကြောင့် ယခုလို ဈေးသုံးလို့အဆင်မပြေတဲ့၊ ဈေးသုံးခဲ့တဲ့ ရပ်ကွက်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် စားသောက်ကုန်တွေ လိုက်ရောင်းရင် အမြတ်ကောင်းကောင်းရနိုင်တယ်ဆိုတာကို တွက်ချက်မိပြီး မနက်တိုင်း အိမ်ကနေ စောစောထွက်လို့ စားသောက်ကုန်တွေ လိုက်ရောင်းပါတယ်။

ဝယ်ရင်းရောင်းရင်း၊ဝယ်ရင်းရောင်းရင်း ငွေတွေတိုးလာလို့ ကားနဲ့ လိုက်ရောင်းတဲ့ထိ ဖြစ်လာ ပါတယ်။ နောက်ဆုံး တစ်ယောက်တည်းမနိုင်လို့ အကူတွေပါခေါ်ရင်း တပည့်တွေရှိလာပါတယ်။ ဒီလိုနဲ့ ရပ်ကွက်တိုင်းအတွက် ဖြန့်ဖို့အတွက် ဝန်ထမ်းတွေ ခန့်ပြီး လုပ်လိုက်တာ ငါးနှစ်အကြာမှာ အမေရိကန်နိုင်ငံက အကြီးဆုံး စားသောက်ကုန် လက်လီအရောင်း ကုမ္မဏီကြီး တစ်ခု ဖြစ်လာပါတယ်။ အမေရိကန်တင်မကတော့ပဲ အမေရိကန်တိုက်၊ ဥရောပတိုက်တွေထိကိုပါ Retail Service ကို နယ်ပယ်ချဲ့ ထွင်တော့မှာ ဖြစ်ပါတယ်။

ဒီတော့ ငွေကြေးအင်မတန်ချမ်းသာနေပြီဖြစ်တဲ့ သူမိသားစုအတွက် အာမခံ တစ်ခုရှိဖို့လိုအပ်တယ်ဆိုတာ တွက်ချက်မိတော့ အာမခံ ကုမ္မဏီတစ်ခုကို ခေါ်ပါတယ်။ အာမခံထားရှိဖို့ စကားဆိုပြီး အာမခံ ကုမ္မဏီက သူ့အီးမေးလ်ကို တောင်းတဲ့အခါ

"ကျနော့မှာ အီးမေးလ်မရှိဘူး" လို့ပဲ ပွင့်ပွင့်လင်းလင်းဖြေပါတယ်။ ဒီတော့ ဝန်ထမ်း လူငယ်က အံ့သြစွာပဲ

"ဆရာ့မှာ အီးမေးလ်မရှိပဲနဲ့ စီးပွားရေးတွေလုပ်တာ ဒီလောက်တောင် အောင်မြင်တယ်။ အီးမေးလ်သာ ရှိလို့ကတော့ ဘယ်လောက်တောင် အောင်မြင်လိမ့်မလဲ" လို့ပြောတော့ သူဌေးက ခပ်ပြုံးပြုံးပဲ ပြန်ဖြေ ပါတယ်။

"ကျနော့မှာသာ အီးမေးလ်ရှိခဲ့ရင် Microsoft မှာ တစ်သက်လုံး သန့်ရှင်းရေး ဝန်ထမ်းဖြစ်သွားမှာပါ"
------

------

------

သင်ခန်းစာ---

အင်တာနက်၊ အီးမေးလ် တို့ကဲ့သို့ အထောက်အပံ့များက ဘဝအောင်မြင်ရေးအတွက် အဖြေမဟုတ်ပါ။ ကြိုးစားချင်သည့် စိတ်ဓာတ်ကသာ အောင်မြင်ရန် အခြေခံ အုတ်မြစ်ဖြစ်သည်။

--

Ref:techfreak
Aung Kham (TSJ team)

Credit : Here

"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"


မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း ၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေ ချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြော သည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေ ထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင် တစ်ဦးတည်း ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ ဦးမြင့်အောင်၏ လှူဒါန်းမှု ကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။

Credit : Here

မြန်မာနိုင်ငံ ဆရာဝန် အသင်း ၂ ခြမ်း ကွဲနေပြီလား

မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ ဓာတ်ပုံ-www.mmbreakingnews.com

၁၉-၂-၂၀၁၃ အင်္ဂါ နေ့ အတွက် ထုတ်ဝေတဲ့ “News Watch weekly” စောင့်ကြည့် သတင်း ဂျာနယ် အတွဲ (၇) အမှတ် (၈၅) ကို ဖတ်မိပြီး ဒီစာကို ကျွန်တော် ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ က ဆေးတက္ကသိုလ်က နေ ပညာရည်နို့ သောက်စို့ ပြီး ဆရာဝန် လားမြောက်ခဲ့သူပါ။

စောင့် ကြည့်သတင်းဂျာနယ်မှာ ဒေါက်တာ အောင်ခင်ဆင့် ရေးတဲ့ “မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီးကို လက်ပံ တောင်း တောင် လိုမဖြစ်စေလို” ဆောင်းပါးနဲ့ ပါမောက္ခ ဒေါက်တာမြင့်သောင်း ရေးတဲ့ “ အစဉ် မညှိုးနွမ်း ထာဝစဉ် လန်းဆန်းနေဦး မည့် မြန်မာနိုင်ငံဆရာဝန်အသင်းကြီး” ဆိုပြီးတော့ ဆောင်းပါး နှစ်ခုကို မျက်နှာခြင်းဆိုင်စာမျက်နှာ နှစ်ခုမှာ ဖတ်လိုက်ရပါတယ်။

ဆရာအောင်ခင်ဆင့် အနေနဲ့ လက်ရှိ ဖြစ်နေတဲ့ MMA ရုံးကို နိုင်ငံခြားကုမ္ပဏီ ကို နှစ်ရှည်ငှားရမ်းခြင်း အားဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီး ရဲ့ ဂုဏ်သိက္ခာ မှေးမှိန် သွားမှာကို စိုးရိမ်နေကြောင်း ပြောပြထား ပါတယ်။

ဒါပေမယ့် ပါမောက္ခ ဒေါက်တာ မြင့်သောင်း (MMA အတွင်းရေးမှူး) က ပြန်ရေးထားရာမှာ ၎င်းတို့အနေဖြင့် ကိုယ့်ပိုက်ဆံစိုက်ထုတ်၍ အလုပ်လုပ် နေရခြင်းဖြစ်ကြောင်း ခေတ်ရဲ့ လိုအပ်ချက် အရ ဆောင် ရွက် နေ ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြသွား ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် လက်ရှိ မြန်မာနိုင်ငံ ဆရာဝန်သင်းကြီး မှာ ဖြစ်ပေါ် နေတဲ့ အုပ်စုကွဲ လွန်ဆွဲ ပွဲ တွေ ဟာ တော်တော် လေးကို အရှိန်ရ နေပြီလို့ ပြောနိုင်ပါတယ်။

ကျွန်တော် တွေ့ထားတာတွေက တော့ အခု လက်ရှိတွေ့ကြုံနေ ရတဲ့ ပြဿနာ ဟာ အစွန်းထွက် တစ်ခုလောက်ပဲရှိလိမ့်မယ်လို့ ထင်ပါ တယ်။

ဆရာအောင်ခင်ဆင့်ကို ကျွန်တော်ရင်းရင်းနှီးနှီး ကြီးမသိပေမဲ့ ဆရာအောင်ခင်ဆင့် ရေးသားထားတာတွေ ဟာ တော်တော် လေးကို အချက်အလက်ကျကျ နဲ့ ရေးထားကိုတွေ့ရပါတယ်။ အားလုံးကို ကျွန်တော်မသိခဲ့ရင်တောင် ဆရာ အောင်ခင်ဆင့် ရေးထားတာ က ၅၀ ရာခိုင်နှုန်း မက မှန်တယ် လို့ ကျွန်တော် သိနေပါတယ်။

အဓိက ပြဿနာက ဆရာအောင်ခင်ဆင့် ရေးထားတဲ့ အတိုင်းပြောရရင် ဟိုအရင်တုန်းက ကျန်းမာရေး ဝန်ကြီး ဌာန ခေါင်းစဉ် အောက် က ဝန်ကြီး (အထူးသဖြင့် စစ်အစိုးရခေတ်လက်ကျန် နောက်ဆုံး အရပ်သား ဝန်ကြီး) ကနေစပြီး ထိပ်ပိုင်း ခေါင်းဆောင်အချို့ရဲ့ တိတ်တိတ်ဘုံးမှု၊ ပေါ်တင်ဘုံးမှု၊ ဘူးမှု များ၊ ပါးစပ်က လူနာ … လက်က အသပြာ စတာတွေနဲ့ ပညာရှင်ဆရာဝန်အချင်းချင်းအေးဓားပြ တိုက်မှုများက နေစတယ် လို့ ဆိုရမှာပါပဲ။

အဲဒီတုန်းက လစာ သောင်းဂဏန်းလောက်သာရတဲ့ ခေတ်ကြီး မှာ ထိပ်ပိုင်းခေါင်းဆောင်ဆရာဝန်များဟာ မိဘက ချမ်းသာ တာမဟုတ်ပါဘဲနဲ့ အဲဒီခေတ်က အလွန်ဈေးကြီးလှတဲ့ Toyota Prado/Toyota Landcruiser စတာတွေကို ဝယ်စီး နိုင်တာ ကိုကြည့်ရင် ဘယ်လို လုပ်ထားသလဲ ဆိုတာကိုသိနိုင်ပါတယ်။ ငွေကို ကိုင်သုံးတဲ့အခြားဌာန တွေလို မဟုတ်ဘဲ ၊ ချို့တဲ့ လှတဲ့ ကျန်းမာရေး ဝန်ကြီးဌာနဟာ ဝန်ထမ်း အပြောင်းအရွေ့ဈေးကွက်မှာ အကြီးဆုံးဈေးကွက်ကြီး တစ်ခုအဖြစ် ပေါ်ပေါက် လာခဲ့ပါတယ်။

အကြမ်းဖျင်းအားဖြင့် နေရာကောင်းတစ်ခုကိုရွှေ့ချင်ရင် … လက်ထောက်ဆရာဝန်(သို့မဟုတ်) တိုက်နယ်ဆရာဝန်ဆိုရင် ဆယ်သိန်း၊ အထူးကုဆရာဝန်(သို့မဟုတ်)အငယ်တန်းအတိုင်ပင်ခံဆရာဝန် (သို့မဟုတ်)မြို့နယ် ဆရာဝန်ဆိုရင် သိန်းနှစ်ဆယ်မှ လေးဆယ်ထိ၊ ပြည်နယ်/တိုင်းအဆင့် အတိုင်ပင်ခံဆရာဝန်ကြီး (သို့မဟုတ်) ပါမောက္ခဆရာဝန်ကြီး (သို့မဟုတ်) ခရိုင်/ပြည်နယ်/တိုင်း ဆေးရုံ အုပ်ကြီး ဆိုရင် သိန်းငါးဆယ် အထက် ပေါက်ကြေးရှိခဲ့တာ ဟာ အခုအချိန်မှာ ရှိနေတဲ့ ဆရာဝန်ကြီး များငြင်းလို့မရနိုင်ပါဘူး။

ဒီဂဏန်းတွေဟာ အားလုံးကို မဆိုလိုပေမဲ့ အများအားဖြင့် မှန်ကန်ခဲ့တယ်ဆိုတာ မိတ်ဆွေတစ်ယောက်နဲ့ လိုက်သွားတဲ့ ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးပါတယ်။ အဲဒီနေရာမှာ တည်မြဲ ချင်ရင် တော့ ဒီနှုန်းနဲ့ သိပ်မကွာတဲ့ ငွေကြေးတွေကို နှစ်အလိုက်ပေးဆောင်ရတဲ့ သာဓက တွေရှိခဲ့ပါတယ်။

အစိုးရစားရိတ်နဲ့ နိုင်ငံခြားသွားတဲ့ ဆရာဝန်များဟာ သူတို့ ဟိုမှာလုပ်လို့ရတဲ့ နိုင်ငံခြားငွေ နှစ်လစာ ကို ပေးကမ်းရပါတယ်။ မဟုတ်ရင်တော့ ကိုယ်တောင်မကြားဖူးတဲ့ နေရာတစ်ခုကို ဘာ မှ မပြည်စုံဘဲ ပို့ဆောင်ခြင်းခံရပါတယ်။ ရာဇဝင်ထဲ ကလို ပြောရင်တော့ မဲဇာပေါ့လေ။ အဓိပ္ပာယ်က တော့ မင်းငါတို့ ကိုဘာမှမပေးလို့ ထွက်ခိုင်းလိုက်ပြီပေါ့။

ဒီလိုမပေးကမ်းလို့ (အများစုက တော့ မပေးကမ်းနိုင်ခဲ့လို့) အလုပ်ကနေထွက်သွားခဲ့ရတဲ့ဆရာဝန်များက အများကြီးဖြစ် ခဲ့ပါပြီ။ တစ်လောက စည်းကမ်း မလိုက်နာလို့ ကျောင်းထုတ်ခံရတဲ့ မန္တလေးဆေး တက္ကသိုလ် က ကျောင်းသား တွေက ပါမောက္ခချုပ်ကို ပြန်ပြီး တရားတဘောင် နဲ့စွဲချက်တင်တာကိုတွေလို့ ကျွန်တော်ပြုံး မိပါသေးတယ်။

NLD က ကိုယ်စားလှယ် တွေအနေနဲ့လည်း စည်းကမ်းနဲ့ ပါတ်သက်တဲ့ကျောင်းသားတွေနဲ့အတူ ၊ လာဘ်မထိုးနိုင် လို့ အပြင်ရောက်သွားတဲ့ ဆရာဝန်များ နစ်နာတဲ့ ကိစ္စကိုလည်း ပြန်လည် စုံစမ်းရင် သိပ်ကောင်းမယ်လို့ထင်ပါတယ်။

အမှား ကြာတော့ အမှန်ဖြစ်ဆိုသလို လာဘ်မပေးနိုင်ရင် အဝေးကို နှစ်ပေါင်းများစွာ လွင့်ပြီး အလုပ်ထဲ ကထွက်ရမယ် ဆို တာ ဟာ အစိုးရ ကျန်းမာရေးဝန်ထမ်းလောက မှာ ခံယူချက်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ မသွားနိုင်လို့ အလုပ်က ထွက်တဲ့ ဆရာဝန်တွေကို ဆေးကုသခွင့်လက်မှတ် သိမ်း တာဟာလည်း အထက်က ညွှန်ကြားထားသလို ဖြစ်နေပါတယ်။

ဒီတော့ အစိုးရတစ်ပိုင်းဖြစ်နေတဲ့ မြန်မာနိုင်ငံဆရာဝန် အသင်းကြီး ဟာ ထိပ်ပိုင်း အာဏာရလူတွေ နဲ့ ပေါင်းပြီးထင်ရာစိုင်းနေခြင်း ဟာ ထူးပေမဲ့ ဆန်းတဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။ ပွင့်လင်းမြင် သာစ ပြုလာတဲ့ ဒီခေတ် ရောက်မှသာ ဒါတွေကို ပြည်သူတွေ သိခွင့်ရခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာ ဟာ တစ်ခြားဌာနတွေနဲ့မတူတဲ့အချက်က တော့ အကောင်အထည်ကိုပြလို့ ခက်ခဲခြင်းပါပဲ။ ဥပမာ လျှပ်စစ် ဌာနအနေနဲ့ လျှပ်စစ် ဘယ်လောက်ပေးတယ်၊ မီးလာသလား ပျက်သလား ဆိုတာကိုသိနိုင်ပါတယ်။ လမ်းဖောက်၊ တံတားဆောက်ခြင်းဆိုတာဟာလည်းထိုနည်း လည်းကောင်းပဲပေါ့၊ အကောင်အထည်ပြလို့ရတယ်လေ။

ကျန်းမာရေးဌာက လူနာဘယ်နှစ်ယောက်ကို ကုလိုက်တယ်ဆိုတာ စာရင်းထဲမှာ တော့ အားရ ပါး ရ ပြလို့ ရတယ်လေ။ ဘယ်သူသိတာမှတ်လို့ ။ လူနာတွေအားလုံးကို ဘယ်သူက လိုက်ကြည့်နိုင်မှာလဲ။ နောက်ပြီး ဆရာဝန်ဆိုတာ လူနာ အများစုရဲ့အမြင်မှာ သမားဂုဏ် နဲ့ နေတာ မဟုတ်လား။

ဒီတော့ ဘယ်သူတွေက သံသယ ဝင်ပြီး လိုက်ကြည့်နေမှာလဲ။

အဲဒီတော့ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံ၊ ခရိုင်ဆေးရုံ၊ ပြည်နယ်/တိုင်းဆေးရုံ တွေမှာ စာရင်းစစ်တွေကို လာဘ်ထိုး၊ အထက်ကိုဖား အောက်ကိုဖိ ၊ ဟောက်စား ငေါက်စားလုပ်တာတွေဟာ ကျန်းမာရေး ဝန်ထမ်း လောက မှာ ယဉ်ကျေးမှု တစ်ခုလို ဖြစ်ထွန်းနေခဲ့ပါတယ်။

မြို့နယ်ဆရာဝန်အဆင့်ဆိုရင် မရဘူးဆိုရင်တောင်မှာ တစ်လကို ဆေးရုံက ခွဲတမ်း (စက်ဆီ၊ လျှပ်စစ်၊ ဆေး အကြံအဖန်…) အရ သိန်း နှစ်ဆယ်ဝန်းကျင် ခန့် လုပ်စားလို့ ရပါတယ်။ အဲ… ပြည်နယ်/ တိုင်း ကျန်းမာရေး ဦးစီးဌာနမှူး က ကောင်းရင်ပေါ့လေ။

ဆင်းရဲ တဲ့ ပြည်နယ်တွေမှာတော့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး က ရသမျှကို ဝိုက်တာ ဘုန်း တာတွေ ကြောင့် အောက်က လူတွေ သိပ်မရတာ တွေ လည်း ရှိပါတယ်တဲ့။

ဥပမာ ဝေးလံပြီး ကျောက်စိမ်းထွက် တဲ့ မြန်မာ နိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် က ၂၀၀၉ ခုနှစ် မှာ ပြည်နယ် ကျန်းမာရေးဦးစီးမှူးလုပ်ခဲ့ တဲ့ သူ ဆိုရင် တော်တော် လေးကို အခြေခိုင်သွားတယ်ဆိုပဲ။

အဲဒီ ပုဂ္ဂိုလ် က အဝေး ရွှေ့လာရတဲ့ ဆရာဝန်တွေဆီက ကိုယ်ကျိုးအတွက်လုပ်စားခဲ့ တာ တွေ သိပ် များတယ်လို့လည်း သတင်းထွက်ခဲ့တယ်လေ။

ဒီလို ဒီလို နဲ့ အထက်က ရိုက် ၊ အောက်က ဝိုက် နဲ့ နောက်ဆုံး ပြည်သူတွေကို ကုသတဲ့ ဆေးပညာရှင် အစိုးရဝန်ထမ်း ဆရာဝန်တွေဟာ စေတနာ က နေ အသပြာ နောက်ကိုလိုက်မှန်းမသိ လိုက်သွားကြ ပါတော့တယ်။

အဲဒီအချိန်မှာ မြန်မာနိုင်ငံဆရာဝန်အသင်းကြီး က အစိုးရတစ်ပိုင်းဖြစ်နေတာမို့ ဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ ရန်ပုံငွေရယ် လို့မယ်မယ်ရရ မရှိခဲ့ တဲ့အချိန် မှာ ငွေကြေးနဲ့ အာဏာ တတ်နိုင်သူတွေ က ကောင်းစွာ လွှမ်းမိုးထားနိုင်မှာတော့ သံသယ ရှိစရာမလိုပါဘူး။

သူများနိုင်ငံမှာလို လွတ်လပ်တဲ့ ဆေးကောင်စီရယ်လို့ တိတိပပ မရှိတဲ့ မြန်မာနိုင်ငံဆေးကောင်စီဟာ ဆရာဝန်အသင်းနဲ့ ပူးတွဲပြီး ဆေးကုသခွင့်လိုင်စင်တွေကို ကြိုက်သလို ခြယ်လှယ်ခဲ့ပါတယ်။

အဲဒီတုန်းက ဆေး ပညာအရာမှာ တော်ပါလျက်နဲ့ အစိုးရနဲ့ အဆင်မပြေတဲ့သူတွေကို လိုင်စင် ထုတ်မပေးခဲ့တာ၊ အစိုးရအလိုကျ အလုပ်ထဲဝင်မှ လိုင်စင်ထုတ်ပေးခဲ့ တာတွေဟာ မြန်မာ နိုင်ငံ ဆရာဝန် အသင်း ကြီးနဲ့ ဆေး ကောင်စီတို့ ကို နားလည်ရ ခက်တဲ့ အဖွဲ့များ အဖြစ် ထင်ဟတ်စေခဲ့ပါတယ်။

ဆရာဝန်လုပ်စား ရင် ဆ/မ ရှိမှ ဖြစ်မှာမို့လို့ ဆရာဝန်များဟာ ဆေးကုသခွင့်လိုင်စင် ပြုံတိုးလျှောက် ကြတော့ MMA မှာ လည်း ဈေးပွဲတော် ကြီးတစ်ခုလို ဖြစ်နေခဲ့ပါတော့တယ်။ သိကြတဲ့အတိုင်း လိုင်စင်ကြေး က ရာဂဏန်း ပါပဲ။ ဒါပေမဲ့ ရန်ပုံငွေက တော့ သောင်း ဂဏန်းလောက် တောင်းခဲ့ တာကို အဲဒီတုန်းက လျှောက်ခဲ့ သူ တွေ သိခဲ့ကြမှာပါ။

ဒီလိုဖြစ်လို့ မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီး ကချို့တဲ့တယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ဆရာဝန်ကြီးများ ရဲ့ စွမ်းဆောင်ရည်ကြောင့် ရတဲ့ ဆေးကုမ္ပဏီ တွေရဲ့ စပွန်ဆာ တွေက အဖွဲ့ကြီးကို အနည်းနဲ့အများလည်ပတ်မှုပေး နေတယ် လို့လည်း သိနေမိပါတယ်။ (ဒါကြောင့် ကိုယ့်အိတ်ထဲက စိုက်တယ် လို့ပြောတာဟာ အံ့သြစရာပါ။)

အခု ဖြစ်နေတဲ့ နိုင်ငံခြားကုမ္ပဏီကို နှစ်ရှည် ငှားရမ်း တာဆိုတာကလည်း အနည်းနဲ့အများတော့ ပွဲခ အစွန်းအထွက် တွေ မြိုးမြိုးမျက်မျက် ရမှာတော့အမှန်ပါပဲ။

ရှေးက လည်း ဒီလို လုပ်ခဲ့ တာတွေက များလှ ပါပြီ၊ ဆရာအောင်ခင်ဆင့်ပြောခဲ့ တဲ့ ကျန်းဦးစီး ကို ရောင်းစားခဲ့ တာကလည်းအပါအဝင်ပေါ့လေ။ ရှေ့ခြေလှမ်း ကို မရောက်ခင် နောက်ခြေလှမ်းကို အရင် လွတ် လိုက် သလိုဖြစ်နေ တဲ့ စာချုပ်ချုပ်ဆိုမှုကိုလည်း ထူးဆန်းဖွယ်ရာတွေ့မြင်ရပါတယ်။

မြန်မာနိုင်ငံဆရာဝန်အသင်းကြီးကို ဘယ်လို ကောင်းအောင်လုပ်မယ်ဆိုတာထက် ၄၈ ထပ်တိုက်ဆောက် မယ်၊ နိုင်ငံခြားအဖွဲ့အစည်းကိုပေးအပ်မယ် ဆိုတာပဲ မီဒီယာ တွေထဲမှာ ပဲ့တင်ထပ် နေတာ တွေ့ရမှာပါ။

ဒါတွေကို အားလုံးကို ခြုံကြည့်ရင် မြန်မာနိုင်ငံဆရာဝန်အသင်းကြီးရုံးချုပ်ကို သူများလက်ထဲ လွှဲအပ် မယ့်ကိစ္စဟာ ဖြစ်ပျက် နေတဲ့ ပြဿနာ များ ထဲ က အစွန်းထွက်တစ်ခုသာဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါတယ်။

ဒေါက်တာကျော် ~

Credit : Here

မြန်မာအလုပ်သမား ၁၆၇ ဦးကို ထိုင်းရဲက ဖမ်းဆီး


ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့နယ်ကနေ တခြား မြို့နယ်တွေမှာ အလုပ်သွားလုပ်ဖို့ ရောက်နေ တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ အမျိုးသား လူဦးရေ စုစုပေါင်း ၁၆၇ ယောက်ကို နယ်မြေခံ ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်း သတင်းအရ သိရှိရပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ် ကနေ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဒီလ ၂၄ ရက် နေ့က ရောက်ရှိ နေတာပါ။ လူပွဲစားနဲ့ လာမလာကိုတော့ ထိုင်းသတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။

ဒါပေမယ့် မြန်မာနိုင်ငံသားတွေကို နေတဲ့ နေရာကို ထိုင်း ဒေသခံတွေက နယ်မြေခံ ရဲတွေဆီ တိုင်ကြားခဲ့လို့ အခုလို့ အဖမ်းခံရတာ ဖြစ်တယ်လို့ TNA သတင်း အင်တာနက် စာမျက်နှာမှာ မနေ့က ဖော်ပြထားပါတယ်။

ထိုင်းရဲက အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင် စာရွက်စာတမ်း ရှိမရှိ စစ်ဆေးပြီး တရားမ၀င် လာတဲ့ သူတွေ ရှိပါက ထိုင်း ဥပဒေအရ ဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်သွား မှာ ဖြစ်တယ်လို့ ထိုင်းသတင်းက ဆိုပါတယ်။

Credit : Here

နော်ဝေမှာ ဆန္ဒပြခံရမှုနဲ့ ပတ်သက်လို့ ဦးရဲထွဋ် ဘာတွေ ပြောထားလဲ


သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က သမ္မတ ဦးသိန်းစိန်ရဲ့ နော်ဝေခရီးစဉ်မှာ နော်ဝေရောက်မြန်မာများရဲ့ ဆန္ဒပြမှုများနဲ့ ရင်ဆိုင်ရတာကို ဘယ်လို ဖြေ ရှင်း ဆောင်ရွက်ခဲ့တယ်ဆိုတာ ရှင်းပြထားပါတယ်။


Ye Htut

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေလေးနာရီခွဲကျော်မှာ နိုင်ငံတော်သမ္မတကြီး ဟာ နော်ေ၀၀န်ကြီးချုပ် နဲ့ တွေ့ဆုံဆွေးနွေးအပြီး တည်းခိုတဲ့ The Continental Hotel ကို ပြန်လာပါတယ်။

ကျွန်တော်တို့ ယာဉ်တန်းဟိုတယ်ရှေ့ရောက်တော့ လမ်းတစ်ဖက်မှာ လူသုံးဆယ်၊ လေးဆယ်လောက် ဆိုင်းဘုတ်များထောင်ပြီး ဆန္ဒပြနေတာ ကို တွေ့ရပါတယ်။

ဒါကိုတွေ့တဲ့ သမ္မတကြီးက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို အဲဒီ ဆန္ဒပြသူ တွေထဲက ဦးဆောင်သူ အချို့နဲ့တွေ့ ပြီး သူတို့ ပြောချင်တာကို နားထောင်ဖို့ ၊ ပြီးရင် မိမိတို့လုပ်ဆောင်နေတာတွေကို ရှင်းပြဖို့ မှာပါတယ်။

ဒါ့ကြောင့် ဦးစိုးသိန်းနဲ့ ကျွန်တော်က ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဦးမြင့်အေး နဲ့ ဒေါ်နန်းကြည်အေးကို တစ်နာရီကျော် တွေ့ဆုံခဲ့ပါတယ်။

သူတို့နှစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သူတို့ အမြင်တွေ ကိုပြောပါတယ်။ ဦးမြင့်အေး က မြေသိမ်းဆည်းမှုများနဲ့ပတ်သက်ပြီး သူ့ခံစား ချက်များကို သီးခြားပြောသလို ဒေါ် နန်းကြည်အေး ကလည်း ကရင်တိုင်းရင်း သားများအခြေအနေနဲ့ပတ်သက်ပြီး သူ့ခံစားချက်များကို သီးခြားပြောပါတယ်။

ကျွန်တော်တို့ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို မပြင်ရဘူးလို့ မဆိုလို ကြောင်း၊ အခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ပြင်ဆင်နိုင်ကြောင်း၊ အခြေခံဥပဒေအရ ဒီလိုပြင်ဆင်ဖို့ကို လွှတ်တော် အတွင်းမှာသာ စတင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်လို့ မရကြောင်း၊ သက်ဆိုင်သူအားလုံးက ဆွေးနွေးသဘောတူရင် ပြင်နိုင်ကြောင်းနဲ့ လက်ရှိ လုပ်ဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲမှုအခြေအနေများကို ရှင်းပြခဲ့ ပါတယ်။

မြေသိမ်းဆည်းမှုများနဲ့ပတ်သက်ပြီး အစိုးရသစ်လက်ထက်မှာ စီမံကိန်းများ အတွက် မြေသိမ်းဆည်းမှု မရှိကြောင်း၊ ယခင်က အမွေဆက်ခံခဲ့ရသော မြေယာပြဿနာများကိုသာဖြေရှင်းပေးနေရခြင်း ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း လယ်သမားများရဲ့ မြေယာပိုင်ဆိုင်မှုများကို အာမခံနိုင် မယ့် မြေယာမှတ်ပုံတင်ခြင်းများ ကိုဆောင်ရွက်ပေးနေကြောင်း၊ အစိုးရဘက်က တရားနည်းလမ်းတကျဖြေရှင်းပေးနိုင်ရေးဆောင်ရွက်နေ သလို တစ်ဘက်ကလည်း လူအုပ်စုနဲ့ အတင်းကျူးကျော်တာ၊ အကြမ်း ဖက်တိုက်ခိုက် တာမျိုးမလုပ်သင့်ကြောင်း၊ နစ်နာမှုများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောကြားခြင်း၊ ဥပဒေကြောင်း အရ ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရန်လိုကြောင်း ပြည့်ပြည့်စုံစုံဖြေကြားခဲ့ပါတယ်။

ဒီလိုပဲ ကေအင်ယူအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှု အခြေအနေ၊ တွေ့ ကြုံရတဲ့အခက် အခဲများကို ရှင်းပြခဲ့သလို ကရင်ပြည်နယ်အတွင်းမှာ IDP များ ပြန် လည် နေရာ ချထားရေးအတွက် ဆောင်ရွက်ပေးနေမှုများလည်း ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာနော်ဝေ သံရုံးက တာဝန်ရှိသူကလည်း သူတို့ကိုယ်တိုင် အဲဒီလုပ်ငန်းစဉ်များမှာ ပါဝင်လုပ်ဆောင်နေတဲ့အခြေ အနေများကို ရှင်းပြခဲ့ပါတယ်။

ဒီလိုဆွေးနွေးရင်းနဲ့ ဒေါ် နန့် ကြည်အေးဟာ ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံထဲကို တစ်ခါမှ မရောက်ခဲ့သေးကြောင်း သိရတဲ့အတွက် ၀န်ကြီး ဦးစိုးသိန်းက သူ့ကို မြန်မာနိုင်ငံကိုလာလည်ဖို့၊ ယခင် ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေမှာ ပြန်လည်နေရာချထားရေးလုပ်တာ တွေကို လာပြီးလေ့လာဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။

အဆုံးသတ်မှာတော့ ကျွန်တော်တို့က သူတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဆန္ဒပြနေရုံနဲ့ လုပ်လို့ မရကြောင်း၊ နိုင်ငံတည်ဆောက်ရေးမှာ ကိုယ်တိုင် ၀င်ပါပြီး နိုင်ငံထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်နိုင်မယ့် အခြေအနေ မျိုးရောက်အောင် ၀ိုင်းကြိုးစားဖို့လိုကြောင်း၊ ကျွန်တော်တို့ နိုင်ငံဟာ မှန်ကန် တဲ့ လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်တဲ့အတွက် ဒီလမ်းကြောင်းအတိုင်း မြန်မြန်သွားနိုင်အောင် ကူညီပေးဖို့ လိုကြောင်း ရှင်းပြ ခဲ့ပါတယ်။

ကျွန်တော်တို့ ကြားမှာ သဘောမတူတာတွေရှိနေသည့်တိုင်အောင် ဒီလို ထိုင်ပြီး စကားပြောဆိုဆွေးနွေး တာကိုက သမ္မတကြီးပြောတဲ့ သည်းခံ ခွင့်လွှတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို ကျွန်တော် တို့ ဖော်ဆောင်နေပြီ ဆိုတာကို ထပ်မံသက်သေပြလိုက်တာလည်းဖြစ်ပါတယ်။

Credit : Here

ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) ကို တစ်လမ်းမောင်း သတ်မှတ်အပြီး ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးဝါးလာသည့်အပေါ် သုံးသပ်ကာ သက်ဆိုင်ရာသို့ ပြန်လည် တင်ပြမည်

စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) ကို တစ်လမ်းမောင်း အဖြစ် ၂၀၁၃ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြောင်းလဲ သတ်မှတ်ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ယခင် ထက် ပိုမို ဆိုးဝါးလာကြောင်း သိရသည်။ ထိုရက်မှ စ၍ အဆိုပါ လမ်းကြောင်းတစ်လျှောက် ခရီးသွား လာမှုမှာ ယခင်ထက် အချိန်အားဖြင့် ပိုမိုကြာမြင့်ခဲ့ ရကြောင်း ခရီးသွား ပြည်သူများက တစ်ညီတစ် ညွတ်တည်း ပြောကြသည်။ “ကျွန်တော်က ဒီနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နံနက် ၁၁ နာရီခွဲေ လာက် က ရွှေဂုံတိုင်မှတ်တိုင် ကနေ မြေနီကုန်းကို ဘတ်စ် ကားစီးသွားတာ၁၂နာရီခွဲလောက်မှ မြေနီကုန်းမှတ် တိုင် ရောက်တယ်။ ကားမှတ်တိုင် သုံးမှတ် တိုင်လောက် စီးရတဲ့ ဒီခရီးကို တစ်နာရီလောက် စီးခဲ့ရတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။

ထိုသို့ ရွှေဂုံတိုင်မှ မြေနီကုန်းအထိ ယာဉ်ကြော ပိုမိုကျပ်တည်းနေသဖြင့် အဆိုပါ လမ်းကြောင်း များတွင် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်နှင့် အခြားအငှားယာဉ်များ အခက်အခဲများစွာ ကြုံတွေ့နေ ရကြောင်း သိရသည်။

ယခုလို ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) ကို တစ်လမ်းမောင်းစနစ် သတ်မှတ်ပြီးနောက် ယာဉ်ကြောပိုမို ရှုပ်ထွေးလာမှုအပေါ် သုံးသပ်ကာ ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် သက်ဆိုင်ရာသို့ တင်ပြမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုတိယရဲတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက ပြောသည်။

၎င်းကပင် “အဲဒီ ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာ လမ်းကြား) က လမ်းလေးခု ဆုံတဲ့နေရာဖြစ်လို့ ကားတွေ ခေါင်းချင်းဆိုင်ပြီး အရမ်းကြပ်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက တစ်လမ်းမောင်း စနစ်အနေနဲ့ လုပ်ခဲ့တယ်။ ဒီစနစ်ကို ပြင်လိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က ယာဉ်ကြော ရှင်းလင်းဖို့အတွက် လုပ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ယာဉ်ကြောတွေက ပိုပြီးရှုပ်ထွေး နေတဲ့အတွက် ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာကို ပြန်လည်တင်ပြ သွားပါ့မယ်” ဟု ပြောသည်။

အလားတူ ရန်ကုန်မြို့နေ ခရီးသွားပြည်သူများနှင့် သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဦးလှအောင်ကလည်း ရန်ကုန်မြို့၏ အဓိက ခြောက်လမ်းသွားများဖြစ် သည့် ပြည်လမ်း၊ ကမ္ဘာအေး စေတီ လမ်းနှင့် ဘုရင့်နောင် လမ်းမကြီးများပေါ် ခုံးကျော် တံတားများ တည်ဆောက်နေခြင်းသည် ယာဉ်ကြော ပိတ်ဆို့မှုများ၏ အဓိက အကြောင်းရင်းများ ဖြစ်နေကြောင်း ဝေဖန်ထောက်ပြသည်။

(၃၈) ယာဉ်လိုင်းမှ ယာဉ် နောက်လိုက်တစ်ဦးက “အရင်ရက်တွေဆိုရင် မွန်းတည့် ၁၂ နာရီ ရောက်ရင် ပုံမှန်ခြောက်ခေါက်လောက် ပြေးဆွဲပြီးပြီ။ ခုဆိုလေးခေါက်ပဲ ပြေးဆွဲ ရသေးတယ်။ မြေနီကုန်းကနေ ရွှေ ဂုံတိုင် မှတ်တိုင်အထိ ယာဉ်ကြောတွေ ရှုပ်ထွေးနေပါတယ်။ ယာဉ်ပေါ်မှာ အကြာကြီး မစောင့်နိုင်တဲ့ ခရီးသည်တွေဆိုရင် လမ်းဆင်းလျှောက်တာတွေနေ့တိုင်း တွေ့နေရတယ်” ဟု ပြောသည်။

ရန်ကုန်မြို့တွင် ၇၂ ပေ ရှိ အဓိက ခြောက်လမ်းသွား လမ်းမကြီးများအဖြစ် ပြည်လမ်း၊ ကမ္ဘာအေးစေ တီလမ်း၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်-အင်းစိန်လမ်း၊ ဗားကရာလမ်း၊ ကမ်းနားလမ်းတို့ ရှိပြီး ယင်းတို့  အနက် ပြည်လမ်းမပေါ်တွင် လှည်းတန်းခုံးကျော်တံတား၊ ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ရွှေဂုံတိုင် ခုံးကျော် တံတားနှင့် ဘုရင့်နောင် လမ်းပေါ်တွင် ဘုရင့်နောင် ခုံးကျော်တံတားတို့ကို တည်ဆောက်နေခြင်း တို့ကြောင့် လက်ရှိတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနေရသည်။

Credit : eleven media group

မန်းတွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ စတင်လျှောက်ထားနိုင်ပြီ

ယခုနှစ်သင်္ကြန်တွင်သင်္ကြန်မဏ္ဍပ်တည်ဆောက်လို သူများ မန်းစည်ပင်အခွန် ဌာနသို့ မတ်လ ၈ ရက် နေ့နောက်ဆုံး ထားလျှောက် ထားနိုင်ပြီးဖြ စ်ကြောင်း မန်းစည်ပင် အခွန်ဌာနမှသိရသည်။ ကျုံးဘေးပတ်လည် တွင်တည်ဆောက်လိုသော မဏ္ဍပ်များမှာ အာမခံကြေးငါးသိန်းပေးချေရမည်ဖြစ် ပြီး ကန်တော်ကြီးပတ်လည်နှင့် မြို့တွင်းနေရာ များတွင် အာမခံကြေးပေးသွင်းရန်မလိုဘဲ မဏ္ဍပ် တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ရေပိုက် ၁၂၀နှင့် တီးဝိုင်းမပါလျှင် ရေပိုက် ၈၀အထိသာ လက်ခံဆောက် လုပ်ရမည်ဖြစ်ကြောင်း၊ မတ်လ ၁၃ ရက်နေ့တွင် မဏ္ဍပ်နေရာ များအတွက် မဲနှိုက် မည်ဖြစ်ပြီး ၁၅ရက်နေ့တွင် တည်ဆောက်ခွင့်ပေး သွား မည်ဖြစ်ကြောင်း မန်းစည် ပင် အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။မဏ္ဍပ်တွေကို စည်းကမ်း ချက်တွေနှင့် အညီတည်ဆောက်ရပါမယ်။ တည်ဆောက်ခြင်းမရှိတဲ့မဏ္ဍပ်တွေ ကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ် ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

မဏ္ဍပ်တည်ဆောက်လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့်နေရာတွင် သတ်မှတ်ထားသည့် အကျယ် အ၀န်းအတိုင်း တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန်ထားရှိရ မည်ဖြစ်ကာ ယာယီရေလောင်းအိမ်သာထားရှိရမည်ဖြစ်သည်။ ထို့အပြင် စီးကရက်၊ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများကပ်ခြင်း၊ ချိပ်ဆွဲခြင်းများ မပြုလုပ်ရန်နှင့် မဏ္ဍပ်တည်ဆောက်ရာတွင် ပလပ်ဖောင်း အတွင်း သာတည်ဆောက်ရမည်ဖြစ်ပြီး လေအိုးသုံးရေပိုက်၊ မီးသက်ပိုက်ခေါင်း များဖြင့် ရေ ပတ်ခြင်းအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လိုက်နာခြင်းမရှိပါက Black List စာရင်းသွင်းရ်ျ လိုအပ်သလို အရေးယူသွား မည်ဖြစ်ကြောင်း မဏ္ဍပ်တည်ဆောက်လိုသူများလိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအရသိရသည်။

Credit : Popular Myanmar News Journal

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း

မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့ မှု ကို တားမြစ်ပိတ်ဆို့ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်းရန်ခြေ လှမ်းတစ်ခု အ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသား လွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော် မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရ ရှိသည်။အမေရိကန်နိုင် ငံခြားရေး ၀န်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရေးရာ အထူးသံတ မန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ H.E Mr. Carlos Pascual နှင့် လွှတ်တော်ကော်မတီမှ တာဝန်ရှိ သူများ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အထက်ပါ အကြောင်းအရာအတွက် ဆွေးနွေးခဲ့ကြောင်း ကော်မတီအတွင်းရေးမှူး ဦးလှဆွေ (မကွေး-၁၂) က ပြောကြားသည်။

“ဒီပိတ်ဆို့ထားမှုကို ရုပ်သိမ်းရေးအတွက် သမ္မတကို သူတင်ပြပါမယ်တဲ့။ ဥပဒေရှိနေတော့ သမ္မတမှာ လုပ်ရကိုင်ရ ခက်နေတယ်။ ဒါကြောင့် မစ္စတာအိုဘားမားအနေနဲ့ ဥပဒေကို ပြုပြင်ဖို့ တင်ပြပေးမယ်လို့ သူ (မစ္စတာ Carlos) က ပြောသွားပါတယ်။ ဒါကလည်း ကော်မတီအနေနဲ့ ဒီလွှတ်တော်မှာ တိုက်တွန်းခဲ့မှုရဲ့ ရလဒ်ပဲလို့ သုံးသပ်ပါတယ်” ဟု ဦးလှဆွေက ပြောကြားသည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်း၊ ကျောက်မျက်အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့စသည့် သယံဇာတများကို လာရောက်လုပ်ကိုင်လိုပြီး နည်းပညာ အထောက်အပံ့များလည်းပေးလိုကာ အထူး သဖြင့် ပိုက်လိုင်းဆက်သွယ်ခြင်းနှင့် သတ္တုတူးဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေမည့် နည်းပညာများ ထောက်ပံ့လိုကြောင်း မစ္စတာCarlos က ပြောခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်လည်း အမေရိကန်ကုမ္ပဏီများ လာရောက်လုပ်ကိုင် ခြင်းမပြုမီ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပေး ရန် ကော်မတီက တိုက်တွန်းခဲ့ကြောင်း ဦးလှဆွေက ပြောသည်။ ယင်းပိတ်ဆို့မှုကြောင့် ကျောက်မျက်နှင့် သတ္တုလုပ်ငန်းများ၊ ဘိန်းစိုက်ပျိုးမှုဆီ ကူးပြောင်းသွားခြင်းဖြစ်ကြောင်း၊ကျောက်မျက်လုပ်ငန်း ဖွံ့ဖြိုးလာလျှင် ဘိန်းစိုက်ပျိုးမှု လျော့နည်းသွားနိုင်ကြောင်း ၎င်းက ဆိုသည်။

မစ္စတာ Carlos ကလည်း ပိတ်ဆို့မှု ရုပ်သိမ်းရန်အတွက် လုပ်ငန်းအတော်များများ လုပ်ဆောင်ထားပြီးဖြစ် ကာ ဥပဒေအရ ကြေညာရန် တစ်ခုလောက်သာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်ဟု ဦးနေ၀င်းထွန်း က ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ပိတ်ဆို့ထားမှုများ ရှိနေသော်လည်း မြန်မာ့ကျောက်စိမ်း၊ကျောက်မျက်များသည် မှောင်ခို လမ်းကြောင်း များမှတစ်ဆင့်ပြည်ပရောက်ကာ "Made in China, Made in Thailand" ဟူသည့် တံဆိပ်များဖြင့် ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိနေရသည်။

ယနေ့ လာရောက်သော အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူမစ္စတာ Carlos Pascual သည် လာမည့် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ ရောက်လာမည်ဖြစ်ပြီး ကော်မတီနှင့် ထပ်မံ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ကော်မတီအဖွဲ့ဝင်များကိုလည်း အမေရိကန်သို့ လေ့လာရေးခရီးအဖြစ် ဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်အစိုးရမှ ကျောက်မျက်ထွက်ကုန်များ ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် မြန်မာ့ကျောက်မျက် အသင်းထိပ်ပိုင်းတွင် တာဝန်ယူထားသော ခရိုနီများ ရာထူးစွန့်လွှတ်သင့်ကြောင်း တိုက်တွန်းသည့် အဆိုကို ဦးလှဆွေ (ကော်မတီအတွင်းရေးမှူး) က ယခုဆဋ္ဌမအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့တွင် တင်သွင်းခဲ့သည်။

Credit : 7Day News Journal

နှစ်ပေါင်းများစွာ လုပ်သင့်သည်ကို မလုပ်သည့်အတွက်ဒီမိုကရေစီ အဆောက်အုံမခိုင်မာသေးခြင်းဖြစ်သည်ဟု ဒေါ်စုဆို


ယခင် နှစ်ပေါင်းများစွာကတည်းက တည်တံ့ ခိုင်မြဲ သည့် တိုင်းရင်းသား ပြည်ထောင်စုကြီးကို မ ထူထောင်ခဲ့သည့် အတွက် ယခုအချိန်တွင် တိုင်း ရင်းသားပြည်သူများ လိုချင်နေသော ဒီမိုကရေ စီ ပြည်ထောင်စု အဆောက် အအုံသည် မခိုင် မာသေးခြင်းဖြစ်ကြောင်း ယမန်နေ့က ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်သည်။ ယခု ဒီမို ကရေစီ ဖော်ဆောင်နေသည့် အချိန်တွင် တိုင်းရင်း သားပြည်သူများအနေဖြင့် အစိုးရတစ်ခုတည်းတွင် တာဝန်ရှိသည်ဟု မယူဆဘဲ ဒီမိုကရေစိတ် ဓါတ်ဖြစ် သည့် ကိုယ့်ကိုကိုယ် အားကိုးရမည့် စိတ် ဓါတ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြား သည်။

"အစိုးရကိုဘဲ အားကိုးတယ်ဆိုတာ ကျွန်မပြောချင်တာကတော့ ဒီမိုကရေစီစိတ်ဓါတ်မဟုတ်ပါဘူး။ ဒီမိုကရေစီ စိတ်ဓါတ်ဆိုတာ ပြည်သူလူထုက ကိုယ့်ကိုကိုယ်အားကိုးရမယ့် စိတ်ဓါတ်ဖြစ်ပါတယ်" ဟု ဒေါ်စု က ပြောကြားသည်။

ဆက်လက်ပြီး"ပြည်ထောင်စု ထူထောင်နိုင်ဖို့ဆိုတာဟာ ကျွန်မတို့ အားလုံးမှာတာဝန်ရှိသလို မနက်ဖြန်မနက်ခါမှ လုပ်ရမယ့် အလုပ်မဟုတ်ပါဘူး။ ဒီနေ့စပြီးလုပ်ရမှာကြောင့်လည်းမဟုတ်ဘူး။ တကယ်တော့နှစ်ပေါင်းများစွာ စပြီး လုပ်ခဲ့ရမှာပါ" ဟုဆိုသည်။

အဆိုပါကိစ္စများနှင့် ဆက်လျဉ်းပြီး မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက "စစ်မှန် တဲ့ ပြည်ထောင်စု ဖြစ်ဖို့အတွက် အစိုးရအနေနဲ့လည်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပေးသင့်ပါ တယ်" ဟုတိုက်တွန်းပြောဆိုသည်။

တိုင်းရင်းသားညီညွှတ်ရေး ရရန်အတွက် မှန်ကန်သောနည်းလမ်း၊ ဖြောင့်မတ်သော စိတ်ဓါတ်များဖြင့်သာ စစ်မှန်သည့် ပြည်ထောင်စုကို ထူထောင်နိုင်မည်ဖြစ်ကြောင်းနှင့် အခြေခံအားဖြင့် ရိုးသားသော စိတ်ဓါတ်ဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။

Credit : The Myanma Age

တက္ကသိုလ်အဆောင်များ ပြန်ဖွင့်ရန် စီစဉ်နေ

တက္ကသိုလ်များတွင် ကျောင်း သူ၊ ကျောင်းသား များနေထိုင်ရန် အဆောင်များ ပြန်လည်ထား ရှိရေး နိုင်ငံတော်သမ္မတက စီစဉ်နေကြောင်း သမ္မ တရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုး သိန်းကပြောကြားသည်။“အဆောင်တွေဆော က်ပါ၊ ပြန် ထားပေးမယ်လို့ သမ္မတကြီးက မှာထား တယ်။ ဒီအဆောင်တွေမှာ ထမင်းလည်း ကျွေး ချင်ကျွေးမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ငယ်ငယ် ကလို ၄၅ ကျပ်နဲ့တော့ မဟုတ်ဘူးပေါ့ဗျာ” ဟု ဦးစိုးသိန်းက မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (Myanmar Peace Center) ၌ အလုပ်သမား အဖွဲ့များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကောလိပ်အများစုမှာ မြို့ရွာများနှင့် ဝေးရာ မြို့ပြင်၊ လူနေနည်းသောနေရာ များသို့ ယခင်အစိုးရက ရွှေ့ပြောင်းပစ်ခဲ့သည်။

ပြင်ပအဆောင်များတွင် နေထိုင်ရသော ကျောင်းသား၊ ကျောင်းသူများမှာ စိတ်ဓာတ်နှင့်စာရိတ္တများမှာ ပျက်စီး၍ လွယ်ကူသည်။ ပြင်ပအဆောင်များမှာ လုံခြုံစိတ်ချရသည့် အဆောင်များရှိသလို စီးပွားရေး ဆန်သည့် အဆောင်များလည်းရှိကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းမှ တာဝန်ရှိသူများ က ပြောကြားသည်။

“အဆောင်တွေဖြစ်ဖို့က နှစ်နှစ်၊ သုံးနှစ်တော့ အနည်းဆုံးစောင့်ရမယ်။ အဆောက်အအုံတွေက အသစ် ကနေ ပြန်စဆောက်ရမှာ”ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှ ဆရာဒေါက်တာ ဦးသန်းလွင်ဦးက ဆိုသည်။

တက္ကသိုလ်အဆောင်များတွင် အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများ စုပေါင်းနေထိုင်ရသည့်အတွက် ယဉ်ကျေးမှုများ ဖလှယ်ရာတွင် လွယ်ကူသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုအတွက်လည်း များစွာ အထောက်အကူရကြောင်း ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမအသင်းမှ အတွင်းရေးမှူး ဦးဇော်မျိုးလှိုင် က ပြောသည်။

“နယ်က ဆရာ၊ ဆရာမတွေလည်း ရန်ကုန်တက္ကသိုလ် ပြန်စရာမလိုဘူး။ အချိန်ကုန်၊ လူပင်ပန်း သက် သာတော့ သင်ကြားရေးမှာ ပိုအထောက်အကူရတာပေါ့” ဟု ဦးသန်းလွင်ဦးက ဆိုသည်။

ထို့အပြင် တက္ကသိုလ်အသီးသီးတွင် ကြုံတွေ့နေရသည့် ဖယ်ရီကားပြဿနာ၊ လိုင်းကားပြဿနာများလည်း အဆောင်များ တည်ဆောက်ပေးခြင်းဖြင့် ဖြေရှင်းပြီး ဖြစ်နိုင်သည်။

“အဆောင်ထားတာက တက္ကသိုလ်ဆိုတဲ့ အနှစ်အရသာကို သိရတာပါ။ အခု တက္ကသိုလ်တွေကတော့ အထက်တန်းကျောင်းလိုပဲ” ဟု တက္ကသိုလ်အဆောင်များနှင့် ပတ်သက်၍ အဆိုတင်သွင်း ခဲ့ဖူးသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူက ပြောကြား သည်။

တက္ကသိုလ်များ၌ အဆောင်များထားရှိခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ လူမှုဆက်ဆံရေး ကောင်းခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုဖြစ်စေခြင်း၊ မိဘဆွေမျိုးများနှင့် ဝေးနေသော်လည်း ဆရာ၊ ဆရာမများ က စည်းကမ်းတကျ ထိန်းသိမ်းထားသည့်အတွက် လေလွင့်ပျက်စီးမှု အန္တရာယ် နည်းပါးနိုင်သည်ဟု ၎င်းက ဆိုသည်။

“နယ်ကအဆောင်တွေမှာဆို ကျောင်းသူတွေ ပျက်စီးနေတာတွေ၊ကျောင်းသားတွေ ဆေးသမားဖြစ်နေ တာတွေ အများကြီး တွေ့နေရတယ်” ဟု ဒေါ်ဒွဲဘူက ဆိုသည်။

တက္ကသိုလ်အဆောင်များတွင် နေထိုင်ရခြင်းသည် အဆောင်လှုပ်ရှားမှု၊ကျောင်းသားလှုပ်ရှားမှု၊ အားကစား လှုပ်ရှားမှုစသည့် အခွင့်အလမ်းများလည်းရှိသည်။

ဓာတ်ပုံ - ပုသိမ် တက္ကသိုလ် (www.shwemyotaw.com)
7Day News Journal

မြန်မာအစိုးရတပ်နှင့် ပူးပေါင်းရန် ကြိုးစားခဲ့သော KIA တပ်ဖွဲ့ဝင် များအား သေဒဏ်ပေးရန် ဆုံးဖြတ်


ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်းအစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့ သည့် ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦးအားသေဒဏ် အပြစ်ပေးရန် အတွက် ဆုံးဖြတ်ခဲ့ကြောင်းသတင်းရရှိသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပ သည့် အရေးပေါ်စစ်ဆင်ရေးအစည်းအဝေးတွင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိတစ်ဦးမှ ပြောကြားသည်။

ကချင်ခေါင်းဆောင်အချို့မှ ယခုကဲ့သို့သောကချင်လူမျိုးများအတွက် အရေးကြီးချိန်တွင် ပြင်း ထန်သော ပြစ်ဒဏ်များမပေးသင့်ကြောင်း ၀ိုင်ဝန်းကန့်ကွက်ပြောဆိုခဲ့ကြသဖြင့် သေဒဏ်ပြစ်ဒဏ်ပေးခြင်း အားခေတ္တဆိုင်းငံ့ထားကြောင်းသတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအားသေဒဏ်မကြာခဏပေးလျက် ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလဲ လိုင်ဇာဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ရ၀မ် လူမျိုး(၂)ဦး အားအစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင်ရန် အခြားတပ် ဖွဲ့ဝင်များအားစည်းရုံးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့သေးကြောင်း သိရှိရသည်။

KIA အဖွဲ့တွင် တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များပေးနေခြင်းနှင့်ပတ်သက်၍ ကချင် တိုင်း ရင်းသားလူမျိုးစုခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်းသိရှိရသည်။ KIAတပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သောလဂျားယန်ဒေသ စစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊ လိုင်ဇာမြို့အား ထိန်းချုပ်ထားနိုင်သော အရေးကြီးတောင် ကုန်းများသည် အစိုးရစစ်တပ် လက်အောက်သို့ ကျရောက်သွားခြင်း၊ အစား အသောက်နှင့် ရိက္ခာဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းလာကာအစိုးရစစ် တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့် ဖြစ်စဉ်များ များပြားလာကြောင်း သတင်းရရှိသည်။

Credit : Here

ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုလဲ (၂)

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဦးဆုံး သမ္မတမှာ ဘယ်သူလဲ။
ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်မွန်မဆွ စတင်တည်ထား ကိုးကွယ် ခဲ့သူ များသည် မည်သူတွေပါလဲ။
ဥက္ကလာပမင်းကြီးနှင့် တဖုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့ ဖြစ်ကြပါသည်။

မြန်မာ့သမိုင်းတွင် ဖေ၊ ပု၊ ရှိန် ဟု ရည်ညွှန်းပြောဆိုခြင်း ခံရသူများသည် ဘယ်သူတွေလဲ။
မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်ပြည်ကို သွားရောက်အရေးဆိုခဲ့ကြသော ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် တို့ ဖြစ်ကြပါသည်။

မြန်မာစာပေတွင် ပေလေးပင် ရှင်လေးပါးအဖြစ် ကျော်ကြားခဲ့သူများမှာ ဘယ်သူတွေလဲ။
ရှင်မဟာသီလ၀ံသ၊ ရှင်ဥတ္တမကျော်၊ ရှင်အုန်းညို၊ ရှင်ခေမာ တို့ ဖြစ်ကြပါသည်။

သာသနာသက္ကရာဇ် ဆိုသည်မှာ အဘယ်နည်း။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီးနောက် ပထမသင်္ဂါယနာတင် အဇာတသတ်မင်းလက်ထက်မှ စ၍ ရေတွက်သော သက္ကရာဇ် ဖြစ်ပါသည်။

ကောဇာသက္ကရာဇ် ဆိုသည်မှာအဘယ်နည်း။
ပုဂံခေတ်သက္ကရာဇ်ကို ပုပ္ပါးစောရဟန်းမင်းလက်ထက်တွင် နှစ်ပေါင်း ၅၆၀ ကို ၂ ခု အကြွင်းထား၍ ဖြိုခဲ့ရာ ယင်းနှစ်မှစ၍ ရေတွက်ခဲ့သော သက္ကရာဇ် ဖြစ်ပါသည်။ သာသနာသက္ကရာဇ်ကို သိလိုလျှင် ရောက်နေသော ကောဇာသက္ကရာဇ်ကို တည်၍ ၁၁၈၂ ကို ပေါင်းလိုက်လျှင် သိနိုင်ပါသည်။

မြန်မာနိုင်ငံတော်အစိုးရက ဖွင့်လှစ်ပေးနေသော ထီကို မည်သည့်အချိန်က စတင်ဖွင့်လှစ်ခဲ့ပါသလဲ။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်ကို မည်သည့်အချိန်တွင် စတင်ဖွင့်လှစ်ခဲ့သနည်း။

၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်သောအခါ အဘယ်ကြောင့် Good-bye ဟု နှုတ်ဆက်ကြသလဲ။
Good-bye ဟူသော စကားသည် God be with you "သင့်အား ဘုရားသခင် စောင့်ရှောက်ပါစေ" ဟူ၍ အဓိပ္ပါယ်ရှိရာ ရင်းနှီးသူအချင်းချင်း တွေ့ဆုံကြသောအခါ တစ်ဖက်သား၏ ကောင်းကျိုးကို လို လားကြောင်း ပြသသည့်အနေဖြင့် Good Bye ဟု နှုတ်ဆက်ကြခြင်း ဖြစ်သည်။

Credit : Here

ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုလဲ (၁)

မြန်မာစာပေတွင် ပထမဦးဆုံး စကားပြေ၀တ္ထုကို ဘယ်သူ ရေးခဲ့သလဲ။
အင်းဝခေတ် ရဟန်းစာဆို ရှင်မဟာသီလ၀ံသ ရေးသားခဲ့ပါသည်။ စကားပြေ၀တ္ထု၏ အမည်မှာ ပါရာယန ၀တ္ထု ဖြစ်ပါသည်။

မြန်မာ့ယဉ်ကျေးမှုတွင် ပန်းဆယ်မျိုးဟူသည် ဘာပန်းတွေလဲ။
ပန်းပဲ၊ ပန်းတိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရံ၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း ပညာရပ်များ ဖြစ်ကြပါသည်။

သမိုင်းဝင် ပထမအကြိမ် ကျောင်းသားသပိတ်သည် မည်သည့် ခုနှစ်၊ လ၊ ရက်တွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့သလဲ။
၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာနှစ် ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့ပါသည်။

မြန်မာ့ရှေးဟောင်း ဆေးရေးပန်းချီများကို အများဆုံး ဘယ်မှာ တွေ့ရပါသလဲ။
ပုဂံမြို့ မင်းနန်သူရွာ ဘုရားသုံးဆူဘုရားတွင် တွေ့မြင်ရပါသည်။

ငရုတ်သီးသည် ဘာကြောင့် စပ်ရသလဲ။
ငရုတ်သီးတွင် အယ်လ်ကိုဟောလ်ပါသည့် Capsaicin ပါရှိရာ ၎င်းက Substance P ဟူသော ဓာတုပစ္စည်းတစ်မျိုးကို ထုတ်ယူပြီး သွေးထဲမှတစ်ဆင့် ဦးနှောက်သို့ ပို့ပေးလိုက်သည်။ ပူစပ်သည့် အရာတစ်မျိုးကို စားနေသည်ဟု သတင်းပို့လိုက်သည့် သဘောပင်ဖြစ်၍ စားသောသူသည် လျှာပေါ်တွင် ပူစပ်သောအရသာကို ခံစားလိုက်ရခြင်းဖြစ်သည်။

မြန်မာလအမည်များထဲမှ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လများကို ရှေးအခါက ဘယ်လို ခေါ်ဆိုကြပါသလဲ။
ဝါဆိုကို                နွယ်ကာလ/မြွယ်ကာလ
ဝါခေါင်ကို             နံကာလ
တော်သလင်းကို     သစ်ဆင်းလ
သီတင်းကျွတ်ကို    သံတူလ

Credit : Here

လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင် အစီရင်ခံစာ မကြာခင် ထွက်မည်


စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာက တွေ့ရှိချက်တွေကို အခြေခံပြီးနိုင်ငံအတွက် အကောင်းဆုံးအဖြေကို အမှန်အတိုင်း ရှာဖွေတင်ပြသွားမယ်လို့ လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင် ဥက္ကဌေ ဒ်ါအောင်ဆန်းစုကြည် က ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်း ပြည်ထောင်စုလွှတ်တော်မစခင် သတင်းေ ထာက်တွေကိုပြောကြားခဲ့ပါတယ်။

ဒီလကုန်မှာ ထွက်ရှိလာမယ်လို့ဆိုထားတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ် သက်ပြီး ဒေါ်အောင်ဆန်း စုကြည် ရဲ့ သဘောထားအမြင်ကို သတင်းထောက်ေ တွ မေးမြန်း စဉ် ပြန်လည်ဖြေကြားခဲ့တာပါ။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်ငန်းနဲ့ပတ်သက်လို့လည်း အဖွဲ့ဝင်တွေအနေနဲ့ အားတတ်သရော အလုပ်လုပ်နေသလို၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု ရှိ တဲ့ အတွက်ကြောင့် မိမိအနေနဲ့ အလုပ်လုပ်ရတာ အားရကျေနပ်မှုရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မကြာခင် ထွက်ရှိလာမယ့် လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ အခြေအနေအားလုံး ကို ဖော်ပြထား တဲ့ အစီရင်ခံစာ ရဲ့အဖြေကို ပြည်တွင်း၊ ပြည်ပနိုင်ငံအားလုံးက စိတ်ဝင် တစား စောင့်ကြည့်ေ နကြ တာ တွေ့ရပါတယ်။

Credit : RFA

ဟံသာဝတီ ကားပွဲစားတန်း နေရာရွှေ့ခြင်းကို လူ ၈ဝဝ ကျော် ဆန္ဒပြ



ရန်ကုန်မြို့တော်ကို အဆင့်မြှင့်တင်ရေးစီမံချက်ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဟံသာဝတီ ကားပွဲစားတန်း ကို ရွှေ့ပြောင်းခိုင်းမှုအပေါ် လူ၈ဝဝကျော်က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မြို့တော်ဝန်ကို ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။

Credit : Kamayut MediaTV

သမ္မတဦးသိန်းစိန်အား နော်ဝေးရောက် မြန်မာများ ဆန္ဒပြ။


နော်ဝေးနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ၅၀ ခန့်ဟာ ဒီနေ့ညနေ ၄ နာရီခွဲခန့်က သမ္မတတည်းခိုတဲ့ Continental ဟိုတယ်ရှေ့ကိုရောက်လာပြီး ဆန္ဒပြကြပါတယ်။ ''သိန်းစိန်လူလိမ်''၊ ''သိန်းစိန်အစိုးရအလိုမရှိ၊ ကြံ့ဖွံ့အစိုးရအလိုမရှိ''၊ ''၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးပါ'' စတဲ့ကြွေးကြော်သံတွေအော်၊ ပိုစတာတွေထောင်ပြီး တနာရီကျော် ဆန္ဒပြတာတွေ့ရပါ တယ်။

၅ နာရီခန့်မှာ သမ္မတနဲ့အဖွဲ့ ဟိုတယ်ကိုပြန်ရောက်လာချိန်မှာ ဆန္ဒပြပွဲရဲ့အရှိန် အထွတ်အထိပ်ကိုရောက် ရှိခဲ့ပြီး ကြွေးကြော်သံတွေ ဟိန်းထွက်သွားခဲ့ပါ တယ်။

Credit : ထက်အောင်ကျော် ( Facebook )

တိုင်းပြည်တိုးတက်ဖို့ စစ်တပ်ကိုဖြုတ်ချရုံနဲ့ရပြီလား?


အစိုးရကိုဝေဖန်ရင် ဘယ်သူဝေဖန်ဝေဖန် လူတွေကကြိုက်ကြတယ်။ ဒါပေမယ့် ပြည်သူတွေ ကိုဝေဖန် ရင်ေ တာ့ အစိုးရဘက်ကမဟုတ်ဘဲ ပြည်သူထဲကလူဆိုရင်တောင် မကြိုက်ကြ မခံချင်ကြဘူး။ ဥပမာ ပြည်သူေ တွ ဟာ သူတို့နဲ့တန်တဲ့အစိုးရကိုပဲရတယ်ဆိုတာမျိုး၊ ပြည်သူတွေရဲ့ စစ်ဖိနပ်အောက်ကလွတ်မြောက်ဖို့ ကြိုး စား မှုတွေဟာ ကောက်ရိုးမီး၊ ဇွဲမရှိ အနစ်နာ မခံနိုင် (တကယ်စွန့်လုပ်သူ အနည်းစုကို မဆိုလိုပါ၊ တိုင်းပြည် တခုလုံးကိုခြုံပြောတာပါ) ဆိုတာမျိုးပြောရင်ဆတ်ဆတ်ခါကြပါတယ်။ ဒီလိုလူမျိုးတွေထဲမှာ ထင် ရှား တာ လူထုဦးစိန်ဝင်းပါ။ သူကတော့ ပြည်သူတွေကတာဝန်ကျေတယ်၊ မြန်မာတွေ ဟာ တော်တယ်၊ တတ်တယ် စသဖြင့်ပြောပါတယ်။

ရွးချယ်ခွင့် မရှိ တဲ့ပြည် သူတွေကို စာနာတာလဲ တကြောင်း၊ အားပေး ချင်လို့လဲတကြောင်း၊ ပြည်သူတွေ ညံ့လို့ပဲ ဒီအစိုးရ ကသက်တမ်းရှည်နေသလိုပြောကြတာကို မခံချင်တာလဲ တကြောင်းကြောင့် လို့ထင် တယ်။ ဒီတော့ သူ့ဦးတည် ချက်က ပြည်သူမှ အရည်အချင်း ရှိသော အစိုးရ ကိုရွေးချယ်ခွင့် မရှိခဲ့ တာေ ကြာင့် ပြည်သူတွေ ညံ့တာ မဟုတ်၊ ပြည်သူတွေဟာ သူတို့လုပ်စရာ ရှိတာကို လုပ်ခဲ့ကြပြီးပြီ လို့ ဆိုလိုပုံ ရတယ်။ သူငယ်ချင်း တယောက်ကလည်းပြောတယ်၊ မြန်မာ့လွတ်လပ်ရေးဟာ တရုတ်နဲ့ ယှဉ်ရင်စောေ ကြာင်း၊ ၈၈ အရေးအခင်းလည်း တရုတ် တိနန်မင် ထက်စောကြောင်း၊ ၂၀၀၇ တော်လှန်ရေးဟာ အာ ရပ်နွေ ဦး ထက် လည်းစောကြောင်း၊ မြန်မာတွေ မညံ့ကြောင်းပြောပါတယ်။ သူ့ဆောင်းပါး အပြည့်အစုံ ဆို လို ရင်းက တမျိုးပါ။ ဒါပေမဲ့ သူကလည်း လူထူဦးစိန်ဝင်း လိုပါပဲ။ သူက "ပြည်သူတွေကို ရွေးချယ်ခွင့် မပေး ပဲ နင်တို့ နဲ့ တန်တဲ့ အစိုးရပဲ ရမယ်လို့ အပြစ်တင် တာကသာ ရှက်စရာဖြစ်တယ်" လို့ဆိုပါတယ်။

ကျွန်တော် ကတော့ ဒီပို့စ် မှာ မြန်မာတွေညံ့လို့ စစ်ဖိနပ်အောက်က မလွတ်နိုင်ကြောင်း၊ လွတ်ရင်တောင် ထင်ထား သလို ရွှေပြည်သစ်ကြီးဖြစ် လာဖို့မလွယ်ကြောင်း ဆွေးနွေးကြည့်မလို့ပါ။ ဒီနေရာမှာ မြန်မာတွေ ဆို တာ ကျွန်တော် အပါအဝင် တိုင်းရင်းသား အားလုံး ပါတယ်လို့ မှတ်ထားစေချင်ပါတယ်။ မဟုတ်ရင် သူ များ ကိုပဲ အပြစ်ပြောသလိုဖြစ်နေမှာစိုးလို့ပါ။

မြန်မာတွေ ညံ့တယ် လို့ပြောတာ အကြောင်းမဲ့ ချိုးချိုး ဖဲ့ဖဲ့ပြောချင် လို့မဟုတ်။ ကိုယ်လည်းမြန်မာ ပြည် သူတွေ ထဲက တစ်ယောက်ပဲလေ။ မြန်မာတွေဖျင်းမဖျင်းဆိုတာ အထွေထွေအရပ်ရပ်သော အဆိုးပြ ဇ ယားေ တွမှာ ထိပ်ရောက်နေတာ၊ အကောင်းပြ ဇယားတွေမှာအောက်ရောက်နေတာ ကြည့်တာနဲ့တင် သိ သာေ နပြီ။ ဟ ဒါအစိုးရတွေ အဆက်ဆက် သောက်သုံးမကျလို့ကွ၊ ပြည်သူတွေမညံ့ကြဘူးကွ လို့ ပြော ကြ မယ်။ ဒါပေမဲ့ အစိုးရကကော မြန်မာ မဟုတ်ဘူးလား? သောက်သုံးကျတဲ့ လူမျိုးဆိုရင် သောက်သုံး ကျတဲ့ အစိုး ရ တစ်ဆက်လောက်တော့ ထွက်လာမှာဘဲ။ မထွက်ထွက်အောင်လုပ်မှာ လုပ်နိုင်မှာပဲ။ လူမျိုးလိုက် ညံ့ကို ညံ့လို့ ခုလိုဖြစ်နေတာ။ ကဲဒါဆိုဘာတွေ ညံ့လဲ ပြောစမ်းလို့မေးချင်မယ် ထင်တယ်။ ဟုတ်ကဲ့ အာဏာ မက်တာ၊ ငွေမက်တာ၊ ဆရာကြီးပဲလုပ်ချင်တာ၊ မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက် ချင်တာ၊ အချောင်လိုက်ချင်တာ၊ စည်းစနစ်မရှိတာ၊ နှစ်ယောက်ရှိ သုံးဖွဲ့ကွဲချင် တာ၊ သောက်ပျင်းကြီးတာ၊ မနာ လိုစိတ်ကြီးတာ၊ စွန်.လွတ်အနစ်နာမခံချင်တာ၊ စွန်.လွတ်အနစ်နာခံဖူးရင် လဲ အဲဒါရဲ့ အဆတစ် ရာလောက်ပြန် လိုချင်တာ စသဖြင့် ပြောရင်ဆုံးမှာတောင်မဟုတ်။ ဒါဆို အခြားလူမျိုးတွေရော ဒါတွေ မရှိဘူးလား? ရှိတာပေါ့ လူတွေပဲ။ ဒါပေမဲ့ ဒို့လူမျိုးက သူများတွေထက် အနည်းဆုံး သုံးဆလောက် သာတယ်၊ မကောင်းတဲ့ဘက်မှာ။

အဲဒီတော့ အခု အစိုးရ မကောင်း ဘူးပြောကြပေမဲ့ သူတို့ ဆင်းသွားလဲ အခုပြည်သူ ဆိုတဲ့ သူတွေထဲက (စစ် သား ဟုတ်ဟုတ်မဟုတ်ဟုတ်) အာဏာသာရကြည့်၊ အနည်းဆုံး ၉၀ ရာခိုင်နှုန်းလောက်က ခုအစိုး ရေ လာက် မဆိုးတော့ကြိုက်သလိုပြော။ ခေါင်းကောင်းတာ မကောင်းတာထက် လူမျိုးတွေရဲ့ စရိုက်ဆိုတာ ရှိ တယ်။ ဥပမာ ဂျပန်တွေ မျိုးချစ်စိတ်ပြင်းတာ၊ အလုပ်ကြိုးစားတာ။ အီတာလီယန်တွေ ပရမ်းပတာနေ တတ် တာ။ ဗြိတိသျှသားတွေ စည်းစနစ်ကြီးတာ။ မြန်မာတွေကတော့ ပျော်ပျော်နေတတ်တာက လွဲလို့ ကျန်တဲ့ မကောင်းတဲ့စရိုက်အကုန်လုံး ဂုဏ်ယူဖွယ်ပိုင်ဆိုင်ကြတယ်။ မြန်မာတွေဟာ သူတို့ရဲ့ စရိုက် အကျင့်ေ ကြာင့် ဘယ်တော့မှ ထိပ်ဆုံး မရောက်နိုင်ဘူး။ တစ်ယောက် ချင်းအောင်မြင်တာတော့ရှိမှာပေါ့။ ဦးသန့် လို၊ ဒေါ်စုလို။ လူမျိုးစုလိုက် စဉ်းစားရင်တော့ ရင်လေးစရာပါ။ အီတာလီယန်တွေ ပရမ်းပ တာနေပေမဲ့ တီထွင်ညဏ်ရှိကြတယ်။ ဆိုလိုတာက စရိုက်တခုက ဆိုးပေမဲ့ ကောင်းတာလေးလဲ ရှိတယ်။ ဗြိတိသျှ သားတွေ အနိုင်ကျင့်တဲ့အခါကျင့်ခဲ့ပေမဲ့ လူကြီးလူကောင်းဆန်ရမယ့် အခါလဲ ဝန်မလေးဘူး၊ အနည်း ဆုံး ကိုယ့်တိုင်းပြည်တိုးတက်အောင်တော့လုပ်တတ်ကြတယ်။ ကိုယ့်လူမျိုးကျတော့ အဆိုးကိုဖြေဖို့ အကောင်း ကမရှိသလောက်ရှားတယ်။

ပြီးတော့ဘာလုပ်လုပ် စောတာနောက်ကျတာပဓာနမဟုတ်။ အလုပ်ဖြစ်ဖို့သာအဓိက။ သူများနိုင်ငံတွေ စက် မှုတော် လှန်ရေးနဲ့ တိုးတက်သွားတာမျိုး ကိုယ်လဲလုပ်နိုင်တာဘဲလေ။ သူတို့ကိုသိကြားမင်းက ကူညီ လိုက် တာမှမဟုတ်တာ။ ကိုယ်မလုပ်နိုင်မလုပ်တတ်လို့ သူများတွေကိုယ့်ထက်အရင်သာသွားတာပေါ့။ သာ လွန်း လို့တောင် အင်အားကြီးသွားလို့ လာအနိုင်ကျင့်သွားကြသေးတာပဲ။ နောက်ကျပေမဲ့လဲ တကယ် အ ရည် အချင်း ရှိရင် လုပ်နိုင်စွမ်းရင် သူတို့လို ဖြစ်လာရမှာပဲ။ ဒါပေမဲ့ အရည်အချင်း ရှိတောင် သောက် ကျင့် မကောင်းတော့ သီပေါခေတ် အချင်းချင်းသတ် အာဏာလုနေတာနဲ့ပဲ သူ့ကျွန်ဖြစ်ရ တာပဲမဟုတ် လား။

ဒီခေတ်နိုင်ငံရေးမှာလဲ ဘယ်နိုင်ငံ ထက် ဘာတွေစော တယ်ပြောပြော သောက်လုပ်ဖြစ် တာဘာ ရှိသလဲ?? အေ ပါ် မှာပြောခဲ့သလို စရိုက်တွေ ရှိနေလို့ မြန်မာတွေဟာ စစ်အစိုးရ အဆက်ဆက် နိုင်ငံရေး ဘက်မှာ လူတ လုံး သူတလုံး မဖြစ်ရုံမက သူတို့ ချယ်လှယ်ချင် သလို၊ သွန်လိုလွန်မှောက် လိုမှောက် လုပ်ခံ ခဲ့ရတာ ပဲမဟုတ်လား။ နေဝင်းမှမှစောမောင်/သန်းရွှေ၊ သန်းရွှေမှသိန်းစိန် သာပြောင်းသွားတယ်။ ဒုံရင်းက ဒုံရင်းပဲ။မြန် မာတွေ နိုင်ငံရေးလုပ်ကြပါတယ်။ ကိုယ်ကျိုးအတွက်။ အာရပ်နွေဦးထက်စောအောင် အုံကြွကြ ပါတယ်။ ဒါပေ မယ့် ကောက်ရိုးမီး။ ဆုံးခန်းတိုင်အောင် ဇွဲနဲ့ စည်းစနစ်နဲ့ဘုရင့်နောင်ဖောင်ဖျက်စိတ်ဓာတ်နဲ့ ဘယ်ေ တာ့ မှ မလုပ်။ မြန်မာတွေက ငတ်မသေမချင်း သေမထူးနေမထူးမဖြစ်မချင်း စွန့်ပြီးနိုင်ငံအတွက် မလုပ်ဘူး။ ငတ်ေ သတော့ မယ်ထင်မှ၊ နိုင်လောက်မယ်လည်း ထင်မှထွက်လာကြ (ဟေးလားဝါးလားက ၇၀ ရာနှု န်းလောက် ပါသေး) သေနတ် သုံးချက်လောက်ဖောက်ရင် ပျောက်သွားကြ။ ကိုယ့်အားကိုယ်ကိုးဖို့ ထက် ရှေး ကတော့ မင်းလောင်းမျှော်ခဲ့တယ်။ ခုခေတ် သူများကဗုံးလာကြဲပေးမလားစောင့်နေတယ် (အနည်း ငယ်ေ သာ စွန့်လွှတ်စွန့်စား သူရဲကောင်းများကလွဲရင်ပေါ့လေ)။ ဒါပေမဲ့ စစ်အစိုးရက အရက်စက်ဆုံးတွေ ထဲမှာ မှ သရဖူဆောင်း လူစိတ်မှမရှိတာ ဆိုတော့လဲခက်သားလား။ မင်းတို့ကြိုက်သလောက်ထွက် သေ သေ လာက် ပစ်မယ် ဆိုတဲ့ အာဆတ်လိုလူစားတွေကို နိုင်ဖို့ဆိုတာ အဲဒီနိုင်ငံသားတွေလောက် စွန့်လွှတ် စွန့်စားမှရမှာ။ ဘာသာရေး အစွန်းရောက်တွေလို အသေခံဗုံးခွဲရမယ် လက်နက်ကိုင်တိုက်ရမယ်မပြောဘူး။ ဒါပေမဲ့ အဲဒီကုလားတွေနဲ့ယှဉ်ရင်တောင် ဇွဲ၊ လုံ့လ၊ ကိုယ်ဖြစ်ချင်တာအတွက် စွန့်လွှတ်အနစ်နာခံမှု ဘာမှ မမီဘူး။ မြန်မာက တူဖြစ်တုန်းသေအောင် ထုမယ်၊ ပေဖြစ်ရင်လဲ သေအောင်ခံမယ်ဆိုတဲ့လူမျိုးဘဲ။ ဒါကို သိလို့ စစ်တပ်ကလဲ အာဏာကို လုံးဝလက်မ လွှတ်နိုင်တာဘဲ။

ဟ တို့လည်း တိုက်ကြတာပဲ လွတ်လပ်ရေး ရကတည်းက လို့တော့မပြောနဲ့။ အစိုးရကို ရောင်စုံ သူပုန် ထခဲ့ကြ တာနဲ့ပဲ မညံ့ကြောင်း မပြောနိုင်ပါဘူး။ အမြင်ကျဉ်းမြောင်း ရုံမက (နိုင်ငံအတွက် မဟုတ်ဘဲ ကိုယ့် လူမျိုးရေးတွေ ဦးစားပေးတာ) နောက်ပိုင်းမှာ မူလကျဉ်းမြောင်းသေးသိမ်တဲ့ ဦးတည်ချက်တောင်ပျောက်ပြီး ကိုယ့်လူမျိုး ကိုယ်ပြန်အနိုင်ကျင့်၊ ဘိန်းရောင်း၊ ဓားပြတိုက်။ ဘာကောင်းတုန်း။ စစ်တပ်ကို မုန်းပေမဲ့ ဒီတိုင်း ရင်းသား တပ်တွေကို စစ်တပ်နေရာ အစားထိုးမယ်ဆို နိုင်ငံ ကိုပေးအုပ်ချုပ် မယ်ဆို လက်ခံမဲ့သူ ဘယ်သူမှ မရှိဘူး မဟုတ်လား။ ကဲဟုတ်ပါပြီ၊ တိုင်းရင်းသားတပ်တွေ မကောင်းဘူးပဲ ထားပါတော့။ ဒို့ကျောင်းသားေ တွ ကရောတဲ့။ အစိုးရကို လက်နက်ကိုင်တော် လှန်ကျမယ် ဆိုတဲ့ ABSDF ကကောင်တွေ အချင်းချင်း သတ်လိုက်ကြ တာ၊ အစိုးရစစ်ကြောရေးထက်တောင်ရက်စက်သေး (ဖတ်ဖူးသူတိုင်း သိတယ်)။ ဒါဆို နိုင် ငံရေး ပါတီတွေ ကကောတဲ့။ လွတ်လပ်ရေးမရခင်ကတည်းက ကွဲလိုက်တဲ့အကွဲ။ ကိုယ်အနိုင်ရဖို့ ညစ်ပတ် လိုက်ကြ တာလည်း မစင်ကတောင် အဖေပြန်ခေါ်ရမယ်။ ဗိုလ်ချုပ်ကြောင့်သာ အကွဲအပြဲတွေကို တတ်နိုင် သလောက် စုစည်းနိုင် ခဲ့လို့ လွတ်လပ်ရေးရခဲ့တာ။ လွတ်လပ်ရေး ရပြီးစကနေ အခု အတု အယောင် ဒီမို ကရေစီခေတ် အထိ ကွဲလို့ကောင်းတုန်း။ ကိုယ်နေရာရဖို့၊ ကိုယ်ကောင်းစားဖို့ ဦးစားပေးတုန်း။ ပြည် ပရောက် အဖွဲ့အစည်းတွေကလည်း သူတောင်းစားသာသာ။ တရုတ်သိုင်းကားထဲက သူတောင်းစား ဂိုဏ်း က မှ ဂိုဏ်းချုပ်လက်အောက်မှာ ညီညီညွတ်ညွတ်ရှိကြသေးတယ်။ သူတို့ကတော့ ခွက်လု၊ ခွက်စောင်း ခုတ်ရင်း၊ ဂိုဏ်းတွေကွဲရင်း တိုင်းပြည်အတွက် ဘာမှမလုပ်ရသေးခင် ခြေကုန်လက်ပမ်းကျနေကြပြီ။ သူပုန် လဲ သူပုန်မို့၊ ကျောင်းသားတပ်လဲ ကျောင်းသားတပ်မို့၊ နိုင်ငံရေးပါတီလဲ နိုင်ငံရေးပါတီမို့ အစိတ်စိတ် အပိုင်း ပိုင်း ကွဲကြပြဲကြ၊ ဆော်ကြသတ်ကြ၊ ညစ်ကြပတ်ကြ၊ အချင်းချင်းနောက်ကျော ဓားနဲ့ထိုးကြ။ ဘုံရန်သူ ရှိတာတောင် မညီညွတ်နိုင်ကြဘူး။ စိတ်ဓာတ်စရိုက်မကောင်းတာခြင်းအတူတူ စစ်တပ် ကတောင် တသွေး တသံတမိန့်မို့ ပိုညီညွတ်၊ ပိုသေဝပ်၊ ပိုစည်းလုံးဦးမယ်။ ဒါ့ကြောင့် စစ်တပ်ကို ဘယ်တုန်း ကမှမနိုင် တာ၊ မတိုက်ခင် ကတည်း ကရှုံးတာ။

ခုပြောနေတာက ဘယ်တိုင်းပြည် ဘယ်လူမျိုးကလုပ်သလိုမျိုး (လက်နက်ကိုင်တိုက်တာ၊ အသေခံပြီး လူထု အုံကြွတာ) လိုက်လုပ်ဖို့၊ အဲလိုမလုပ်လို့မြန်မာတွေညံ့တယ်လို့ ပြောနေတာမဟုတ်ပါ (အောင်မြင်သွား တဲ့နိုင်ငံသားတွေရဲ့ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်အနစ်နာခံနိုင်စွမ်းတွေကို ကိုယ်တို့တွေမမီတာကိုတော့ ဝန်ခံရဲရပါမယ်)။ ကိုယ်ကိုယ်တိုင် ဒီမိုကရေစီရဖို့ ဘာမှမကြိုးစားချင်ဘဲ သူများပေးတဲ့ ဒီမိုကရေစီ အတုကြီးကိုပိုက်ပြီး ခေတ်ပြောင်းပြီ၊ တို့ကြီးပွါးပြီ ဆိုပြီး ဘိုးဘိုးအောင်မတော့မလို ထင်နေကြတာကို မှားကြောင်းပြောချင်တာပါ။ ဘယ်လိုကြီးပွါးတိုးတက်သွားတဲ့နိုင်ငံတွေရဲ့ စနစ်တွေချပေးပေး မြန်မာ ဟာမြန်မာပဲမို့ မတိုးတက်နိုင်ပါဘူး။ စနစ်တူပေမဲ့ အမျိုးသားစရိုက်ပေါ်မူတည်ပြီး အခြားနိုင်ငံတွေလဲ တိုးတက်ကြီးပွါးနှုန်းချင်း ကွာတာပဲမဟုတ်လား။ မြန်မာလူမျိုးရဲ့မွေးရာပါစရိုက်ကို စနစ်ကကျော်နိုင်မှ နည်းနည်းလောက်တိုးတက်နိုင်မယ်။ မဟုတ်ရင် သောက်ကျင့်မကောင်းတဲ့ ဒီလူမျိုး ခွေးဖြစ် ဖာဖြစ်တာကလွဲရင် ဘာမှမဖြစ်ဘူး။

ဘာလို့လည်း? အဖြေကဒီလို။ လူတွေဟာနိုင်ငံရေးသမား၊ စစ်အစိုးရနဲ့ ပြည်သူဆိုပြီး ခွဲပြောကြတယ်။ နိုင် ငံရေး သမား ဆိုလူလိမ်တွေ အခွင့်အရေးသမားတွေ (ဒေါ်စု၊ ၈၈မှလွဲ၍)၊ စစ်သားဆို လူယုတ် လူဆိုးတွေ စသဖြင့်ပြောကြတယ်။ ပြည်သူတွေကတော့ကောင်းပါတယ်ပေါ့။ ဒါမှားနေတယ်။ အားလုံးဟာ မြန်မာ လူမျိုးတွေ မို့ အားလုံးတူတူဘဲ။ စစ်သားနေရာ ပြည်သူပေးကြည့်၊ ဒါမှမဟုတ် ဆိုးပါတယ်ဆိုတဲ့ ကြံ့ဖွတ် အမတ် တေ ယာက်ဖြုတ်ပြီး ပြည်သူဆိုသူထဲက တစ်ယောက်ကိုနေရာပေးကြည့် အာဏာပေးကြည့် ရလ ဒ် မ တူရင်ကြိုက်သလိုပြော။ ခုကနေရာရနေသူကို မရသူကအပြစ်ပြောနေတာ သက်သက်ပဲ။ နေရာချင်း လဲပေး လိုက်လည်း မြန်မာဟာ မြန်မာပဲ။ မကောင်းမှာက မကောင်းမှာပဲ။ ဒီလိုပြောတော့မင်းက အစိုးရလူ လား၊ ဖော်လံဖားလားဆိုကြမယ်။ ပုဂ္ဂိုလ်ရေးအရပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်ပြီးရင် ကျွန်ေ တာ့် သူရဲကောင်းပဲ။ ပုဂ္ဂိုလ်ရေးကိုးကွယ်၊ မျက်စိမှိတ်ထောက်ခံတာမျိုးမဟုတ်ဘဲ သူ့အတွေးအခေါ်၊ လုပ်ပုံ ကိုင်ပုံ၊ စစ်တပ်နဲ့ပတ်သက်တဲ့သဘောထား (ရင်တွင်းသဘောထားကိုပြောတာနော်၊ ခုလက်ရှိ ဟန်ပြ ဆက် ဆံရေးကိုပြောတာမဟုတ်) အားလုံး သဘောညီ အကြိုက်တွေ့လို့ လေးစားတာ၊ အားကိုး တာ။ ဒေါ်စုနဲ့ပတ်သက်ပြီးတော့ သောက်ရူးတွေက ဒီအဖွားကြီးတိုင်းပြည် အတွက် ဘာလုပ်ပေး လို့တုန်း လို့ပြောတိုင်း ဆတ်ဆတ်ခါအောင်နာခဲ့ဖူးပေါင်းများပြီ။

ဘာမှပေးမလုပ်ဘဲ (တနည်း) အာဏာလွှဲမပေးဘဲ တိုင်းပြည်တိုးတက်ဖို့ လက်တွေ့ဘာလုပ်နိုင်မှာတုန်း။ ဒါပေ မယ့် ဒေါ်စုတို့၊ မျိုးဆက်သစ်တွေထဲက လူကောင်းတွေ (ဥပမာ ၈၈ တွေ) သန့်သန့်ရှင်းရှင်း နဲ့တိုင်းပြည်ကောင်းအောင်လုပ်ကြတောင် ၉၀ရာခိုင်နှုန်းသော စိတ်ဓာတ်မကောင်းတဲ့ ဒို့မြန်မာတွေကြောင့် တိုး တက်နိုင်မလား သံသယရှိတယ်။ အခု ဒေါ်စုပါတီအာဏာရကြည့်၊ ဒေါ်စုနဲ့အနည်းငယ်သောသူတွေက လွဲရင် ကျန်တဲ့ပါတီဝင်တွေ သောက်တလွဲမလုပ်တော့၊ အခုဝန်ကြီးတွေလောက် မဆိုးတော့ကြိုက် သ လိုပြော။ ဒါကိုစိုးရိမ်တာပဲ။ ဒေါ်စုမရှိတော့ရင် သူ့ပါတီဟာ စိုးရိမ်စရာပဲ။ မကောင်းတဲ့ အကျင့် စရိုက်တွေ နဲ့ပြည့်နေတဲ့ မြန်မာတွေနဲ့ဖွဲ့စည်းထားတဲ့ ပါတီပဲမို့လို့။ ပိုပြီးရှင်းအောင်ပြောရရင် မြန်မာတွေရဲ့ အခြေခံ စိတ်ဓာတ်၊ စရိုက်ဟာ စစ်သား (အထူးသက်သေပြစရာမလို)၊ အရပ်သား (အရပ်သားဝန်ထမ်းတွေကိုကြည့် ဘယ်လောက်ေ သာက်ကျင့်တန်သလဲ)၊ ဘုန်းကြီး (ပြောရင်ငရဲကြီးမယ်) အားလုံးအတူတူပဲ။ လုပ်ပိုင်ခွင့်ရ သွားတဲ့ သူတွေက (စစ်သားတွေ၊ အရာထမ်း ဝန်ထမ်းတွေ) အဲဒီ အခြေခံ နွံပုတ်ထဲက လက်ခုပ် ပွင့်တွေပွင့် လာသလို မကောင်းတဲ့ စောက်ကျင့်ဆိုးတွေကိုအခြေခံပြီး မကောင်းတဲ့လုပ်ရပ်တွေလုပ်ဖြစ်သွားတော့ အဲဒါကို မီးမောင်းထိုးပြလိုက်သလို ဖြစ်လာတာ။

ဒါကြောင့် သူတို့ဆိုလူဆိုး၊ ရိုးရိုးပြည်သူဆို လူကောင်းဖြစ်နေတာ။ တကယ်က တနိုင်ငံလုံး စိတ်ဓာတ်တွေ ပျက်စီးေ နပြီဆိုတာ ဝန်မခံချင်လဲ ဝန်ခံရမှာပဲ။ ခုပေဖြစ်နေပါတယ်ဆိုတဲ့ ပြည်သူတွေကို ရာထူးလေးေ ပးကြည့်၊ တူမထုတော့ ခြမစားတော့ ကျွန်တော့်ကိုလာသတ်။ နွံပုတ်ထဲက ကြာပွင့်လာတဲ့လူမျိုးတွေလဲ နဲ နဲေ လာက်ေ တာ့ရှိတာပေါ့။ လူများစုကြီးကတော့ပျက်စီးနေပြီ။ ကိုယ့်လူမျိုးကို အားမငယ်အောင် အားပေး ချင်လို့စေတနာနဲ့ရေးတာတွေကိုလည်း ကြိုက်ပါတယ်။

ဒါပေမယ့် ဟိုးဟိုးရှေးခေတ်ကတည်းက မြန်မာ ဆိုတာ ဒီလိုလူမျိုးမှန်း ကိုယ့်ကိုယ်ကို မသိကြတာလား၊ ရူးချင်ေ ယာင်ေ ဆာင်နေတာလား။ ဆိုလိုချင်တာကတော့ ရွေးချယ်ခွင့်ရှိမရှိတွေ၊ ဒေါ်စုလို အရည် အချင်း ရှိသူတွေလုပ်ခွင့်ရမရတွေနဲ့လည်းဆိုင်ပေမယ့် မြန်မာတွေဟာ မကောင်းတဲ့ကိုယ်ကျင့်စရိုက်အပေါင်း ပြည့် ဝ လွန်းလို့ ဒီနိုင်ငံဒီလူမျိုး ထင်သလောက်တိုးတက်မှာမဟုတ်ကြောင်းပြောချင်တာ။ ဆိုလိုတာက ကိုယ်လို ချင်တဲ့လမ်းကိုဖောက်ရာမှာ (စစ်အစိုးရကို စစ်အုပ်ချုပ်ရေးကို ဖြုတ်ချဖို့ကြိုးစားရာမှာ) အဲလိုစ ရိုက်တွေေ ကြာင့် လိုရာမရောက်တာ။ ဦးစိန်ဝင်းတို့၊ သူငယ်ချင်းတို့က ပြည်သူတွေလုပ်စရာရှိတာလုပ်ခဲ့ကြလို့ မညံ့ပါ ဘူးလို့အားပေးချင်တာ။

ကျွန်တော်ကတော့ သူတို့လုပ်ကြသော်လည်း ပင်ကိုယ်စရိုက်က မကောင်းတော့ မအောင်မြင်တာ ကိုေ ထာက်ပြ တာ။ စစ်အစိုးရ ဆိုးလွန်းလို့သာဆန့်ကျင်ကြတာပေမဲ့ တွေးကြည့်ရင် စစ်သား လဲပြည် သူပဲမို့ အခြေ ခံ စိတ်ဓာတ်ကအတူတူဘဲ။ အာဏာရှိသွားတဲ့မြန်မာနဲ့ အာဏာမရှိတဲ့မြန်မာဘဲကွာတယ်။ အာဏာ ရှိက မဟုတ်တာလုပ်နေတော့ သီးသန့်အတန်းအစားတစ်ရပ်လို့ အမြင်ခံရတာပဲ။ တကယ်က သူတို့ သည်မြန် မာပြည် သူဘဲ။ ဒီတော့ နေရာပြောင်းပေးလိုက်လဲ ဒီစောက်ကျင့်တွေပဲ လာမှာဘဲ (ဒေါ်စုကို ၈၈ ကို မဆို လို)။ ဒါကိုဘာနဲ့သိသာနိုင်သလဲဆိုရင် စစ်တက္ကသိုလ်တွေ၊ စစ်ဆေးတွေ၊ စစ်အင်ဂျင်နီယာ တွေ ကို ကျိတ် ကျိတ်တိုးခဲ့ကြတာ သက်သေဘဲ။ ကိုယ်ချမ်းသာဖို့ ကိုယ် တကိုယ်ကောင်းဖို့ အဲဒီ မညံ့ပါဘူး ဆိုတဲ့ မြန်မာပြည် သူတွေ ဝင်ကြတာလေ၊ သူတို့မုန်းပါတယ်ဆို တဲ့စစ်တပ်ထဲကို။ ဌာနဆိုင် ရာတွေက ခြ စားတဲ့ ဝန်ထမ်းတွေ ကကော အများစုက သာမန် ပြည်သူတွေ မဟုတ်ဘူးလား။ ဒါကိုကြည့်ရင် အမျိုးသား စရိုက် ကိုက ညံ့ဖျင်းကြောင်းသိနိုင်တယ်။

အခုလိုပြောတာတွေဟာ စစ်တပ်ကို ကာကွယ်နေတာမဟုတ်၊ ကိုယ့်လူမျိုးကို ပြန်နှိပ်ကွပ်ချင်တာလဲ မဟုတ်။ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ကိုချစ်တဲ့စိတ် သနားတဲ့စိတ် အရင်းခံနဲ့ပြောနေတာ။ တချို့နိုင်ငံခြား မှာနေ၊ လူမျိုးခြားကို အထင်ကြီး၊ ကိုယ့်လူမျိုးကိုအထင်သေး၊ ဘဝင်ရူးရူးပြီးသောက်ရူးချီးပန်းပြောနေ သလိုမျိုး ပြောခြင်းမ ဟုတ်။ အသိပညာ၊ ကိုယ်ကျင့်တရားနိမ့်ကျနေတဲ့ ဒို့လူမျိုးတွေကို စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ် ကျင့် တရား၊ စည်းလုံးရေးစသဖြင့် ပြုပြင်ကြစေချင်တယ်။ ဒါဟာအမှန်ကိုမြင်မှရမှာ။ မျိုးချစ်တယ်ဆိုပြီး ကိုယ့်အ မှားကို ကိုယ့်ချို့ယွင်းချက်ကို ကိုယ်တိုင် မမြင်ရဲရင် မသုံးသတ် မပြုပြင်ရဲရင်ဘာမှ တိုးတက်မလာနိုင်ဘူး။

ကိုယ်ညံ့တာကိုကိုယ်သိမှ ရှေ့ဆက်နိုင်မှာ။ ငါတို့က သောက်ချဉ်တော့မဟုတ်ဘူးနော ဆိုတဲ့စိတ်နဲ့တော့ ကိုယ့် အမှားကိုယ် မမြင်ဘဲ မပြုပြင်ချင်ဘဲ တိုင်းပြည်တိုးတက်ဖို့မလွယ်ဘူး။ အခုပြောခဲ့တာတွေမှန်မမှန် ဗိုလ်ချုပ် မိန့်ခွန်းတွေဖတ်ရင်နားထောင်ရင် သိနိုင်ပါတယ်။ သူလဲမြန်မာတွေအပေါ် ကျွန်တော့်လိုပဲ မြင်ခဲ့ လို့ အသားနီလန်အောင်ပြောခဲ့တာပေါ့။ ဒီလိုပြောလို့ ကိုယ့်လူကိုယ်ဖိထောင်းတယ်ဆိုချင်ဆို။ ဒါမျိုးက လူနည်း စု ပဲလုပ်ကြတာ။ အများစုက ကိုယ့်လူမျိုးကောင်းကြောင်းစန်းတင်တောင်ပြောကြတယ်။ တချို့ဆို ကိုယ့်တိုင်းပြည် ဆင်းရဲ တာတောင် ဖုံးထားချင်သေးတာ၊ နိုင်ငံခြားသားက အထင်သေးမှာစိုးလို့ဆိုပြီး။

ကျွန်တော်တို့သိထားရမှာက စနစ်ဘယ်လောက်ကောင်းကောင်း၊ ခေါင်းဆောင် ဘယ်လောက်ေ ကာင်းေ ကာင်း လူမျိုးရဲ့ မူလစရိုက်မကောင်းရင် ဘာမှဖြစ်မလာနိုင်ဘူး။ ဂျပန်တွေ စည်းကမ်းလိုက်နာတာ စင်ကာ ပူလို ကြိမ်ဒဏ်ရှိလို့မဟုတ်ဘူး။ သူတို့လူမျိုးရဲ့မူလစရိုက်။ မျိုးချစ်စိတ်ပြင်းပြတယ် (သန်းရွှေရဲ့မျိုး ချစ်စိတ်မျိုးမဟုတ်)၊ စည်းကမ်း၊ ဇွဲ၊ လုံ့လရှိတယ်၊ ဒါတွေကြောင့် သူတို့ဘယ်လိုဘေးဒုက္ခတွေ့တွေ့ ဘယ်ေ တာ့မှ ဘုံးဘုံးမလဲဘူး။ စနစ်ပြောင်းခဲ့လို့တိုးတက်လာခဲ့တာမှန်ပေမဲ့ လူမျိုးစရိုက်ကိုက တိုးတက်နိုင်ဖို့ အဓိက တွန်းအားဖြစ်ခဲ့တယ်။ မြန်မာကတော့ ဆန့်ကျင်ဘက်စရိုက်တွေ လှိုင်လှိုင်ကြီးပိုင် ထားတယ်။ ကိုယ့် ထက် သာ မနာလိုဘူး၊ ပူးပေါင်းမလုပ်ချင်ဘူး၊ ဆရာကြီးပဲလုပ်ချင်တယ်၊ ကိုယ်ကျိုးပဲကြည့်တယ်၊ စည်းကမ်း ဇွဲမရှိ ဘူး၊ ဘာလုပ်လုပ် မသေသပ်ဘူး၊ တီထွင်ဖို့ထက် ခိုးချချင်တယ်။ ပြောရင်မဆုံးတော့ဘူး။

နိဂုံးချုပ်ရရင် စစ်တပ်နဲ့ ဒေါ်စု၊ ၈၈ အဖွဲ့ တွေကြားမှာ ပြတ်သားတဲ့ အကောင်းအဆိုးခွဲတဲ့ လိုင်းတလိုင်း ဆွဲ လို့ ရတယ်။ ဒေါ်စု၊ ၈၈ကို ယုံတယ်၊ ထောက်ခံတယ်။ ဒါပေမယ့် မြန်မာတွေလို့ ခြုံပြောရင်တော့ ဒီလူမျိုး ညံ့ တယ်၊ သူတို့နဲ့တန်တဲ့အစိုးရပဲရတယ်ဆိုတာသွေးထွက်အောင်မှန်တယ်။ ဒေါ်စု၊ ၈၈ ကိုဖယ်ပြီး၊ ကျန်တဲ့ သူတွေကို နေရာပေးကြည့်၊ ကိုယ်ကောင်းစားဖို့ပဲကိုယ်လုပ်သွားမဲ့သူ တစ်ရာမှာ ကိုးဆယ် အနည်းဆုံးပဲ။ သို့ပေ မယ့် စစ်တပ်က ဘယ်တုန်းကမှပြည်သူတွေကို လူမှန်နေရာမှန် ရွေးချယ်ခွင့် မပေးခဲ့ဘဲ သူတို့ တဘက်သတ် အုပ်ချုပ်စဉ်အတွင်းမှာကျူးလွန်ခဲ့တဲ့ အနှိုင်းမဲ့ ရက်စက်ယုတ်မာမှုတွေ၊ လှည့် ဖျားကောက် ကျစ်မှုတွေ၊ အနိုင်ကျင့်ဖိနှိပ်မှုတွေ၊ ညှင်းပန်းနှိပ်ဆက်မှုတွေ၊ တိုင်းပြည်ကိုဂုတ်သွေး စုတ်ပြီး ဆင်းရဲတွင်း ထဲတွန်းပို့ခဲ့တာတွေဟာခွင့်လွှတ်စရာမရှိပါဘူး။

ဒါကြောင့် သူတို့ကျရှုံး၊ ဒေါ်စုနဲ့သူ့ပါတီအနိုင်ရပြီး ဒီတိုင်းပြည်ကြီး ကြီးပွါးတိုးတက်လာအောင် သယ်ပိုး အုပ် ချုပ် ကြ တာကို လူတိုင်းက အမြင်ချင်ဆုံးပါ။ ဒါပေမဲ့ အဲလိုဖြစ်လာရင်တောင် ဒီလူမျိုးရဲ့ စိတ်ဓာတ် စရိုက်တွေ ကိုမပြင်နိုင်ဘူးဆိုရင် ဒီတိုင်းပြည် ဟာထင်သာ ထင်မဝင်ဘူး ဒေါ်စုရေဖြစ် လာဦးမှာပါ။ တခါ တလေ ဒေါ်စုအခွင့်အရေး မရတာမှ ခပ်ကောင်းကောင်းလို့တောင် ထင်မိတယ်။ ဒီလောက် စိတ်ဓာတ် ပျက်စီးနေတဲ့ တိုင်းပြည်နဲ့လူမျိုးကို အုပ်ချုပ်ပြီး သူ့နာမည်ပျက် သွားမှာတောင်စိုးလို့ပါ။

(By Swe Yu)

Credit : Here