Tuesday, February 26, 2013

ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာမှ ဘုန်းကြီးနှင့် ပါတီတို့ လုပ်ကြံဖန်တီးတဲ့ အရှုပ် ဇာတ်လမ်း

ဓာတ်ပုံ။ အန်အယ်လ်ဒီရုံးရှေ့မှာ ကာကွယ်ပေးရတဲ့ ရဲများနှင့် ကိုယ့်ဘာသာဖျက်ပြီး အရှက်မဲ့ ရဲတွေအပေါ် အပုပ်ချတဲ့ အန်အယ်လ်ဒီ တဲစုတ်

ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာတွင် ကျေးရွာလျှပ်စစ်မီးပေးရေး ကိစ္စအပေါ်မူတည်ပြီး ပဋိ ပက္ခ ဖြစ်ရာမှ ရဲများက ရိုက်နှက်ခဲ့သည့်အတွက် ရွာသား ၄ ဦး ဆေးရုံတင်ရကြောင်း၊ ကျောင်းထိုင်ဆရာေ တာ် ကို ရဲ့ ဖမ်းသွားကြောင်း၊ ရွာသားတွေက ကြောက်လန့်ပြီး အန်အယ်လ်ဒီရုံးထဲ ၀င်ပုန်းတာကြောင့် ရုံးကို ဖျက်ဆီး သွားကြောင်းတို့ကို အန်အယ်လ်ဒီ တိုင်းအလုပ်မှုဆောင်က ပြောသည်ဆိုပြီး RFA ကလွှင့်ခဲ့ ပါတယ်။

သံဃာ၊ပါတီ၊ရဲ၊ ပြည်သူ ပါတဲ့ ကိစ္စဖြစ်တာက တစ်ကြောင်း၊ သတင်းမှာ အပြည့်အစုံ ရေးသားမှု မရှိတာက တစ်ကြောင်း မို့ စုံစမ်းကြည့်တဲ့အခါမှာတော့ အင်တာနက်ပေါ်တက်လာတဲ့ သတင်းနဲ့ မြေပြင်သတင်းဟာ တစ်ခြား စီ ဖြစ်နေကြောင်း သိရပါသည်။ ဖြစ်စဉ်မှာ ရွာသားများ စုပေါင်းထည့်ဝင်ပြီး လုပ်ထားတဲ့ ကိုယ်ထူ ကိုယ်ထ မီးလင်းရေးစနစ်ကို အဆိုပါ ဦးကောသလက ချုပ်ကိုင်ထားကြောင်း၊ ဘုန်းကြီးနှင့် ရွာသားများ စကား များ ကြကြောင်း၊ ဘုန်းကြီး အုပ်စု၊ လူအုပ်စုကွဲကာ ပြဿနာဖြစ်ကြရာမှ ရဲများက ထိန်းသိမ်းခြင်း သာ ဖြစ်ေ ကြာင်း၊ အန်အယ်လ်ဒီ ပါတီမှာ လုပ်ကြံလီဆယ်ပြီး ရဲမှ ၀င်ရောက် ဖျက်ဆီးသည်ဟု သတင်း လွှင့်ကြောင်း တို့ကို သိရပါသည်။

အဆိုပါ ဘုန်းကြီးသည် ထီးတော်လှုပ်ဘုရားမှ ဘုရားငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုကြောင်း၊ တိုင်းမန်နေဂျာ၏ ကားကို အပိုင်စီးခြင်း၊ တပည့်များမွေးခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်းများ ရှိပြီး အန်အယ်ဒီ ပါတီ အား အဓိက ပံ့ပိုးသူ ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ ဘုန်းကြီးအား ဒေသခံများမှ လုယက်မှု၊ ငွေကြေး မှု များဖြင့် တရားစွဲရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။ အန်အယ်လ်ဒီပါတီနှင့် RFA သတင်းတို့၏ စိတ်ဓာတ်ကား အံ့သြသင့်ဖွယ် ဖြစ်သည်။

ရဲကပဲ နှိပ်စက်သယောင် ရေးလိုက် ပြောလိုက်သည့် အပြင် အိမ်ကို ရုံးလုပ်ထားသည် အန်အယ်ဒီက ရုံးအသစ် ဆောက်ဖို့ အတွက် ၈ တန်းကျောင်းသားလောက်အသိ မရှိတဲ့ ဥာဏ်နဲ့ ရဲတွေ သူတို့ရုံးကို ဖျက်ဆီးပါတယ်လို့ အသံလွှင့်ခဲ့ပါတယ်။



Shwe Zin Yaw ရွာသားတွေကျန်ခဲ့တဲ့ လောက်လေးခွနဲ့.. ရဲတွေဘက်က ကျန်ခဲ့ခါးပတ်ကို အတူတွဲ ဓါတ်ပုံ ရိုက်ပြီး ရဲတွေကပဲ လောက်လေးခွနဲ့ ပစ်သလို ဘာမှ မသိနားမလည်တဲ့ သူတွေကို အမှန်အတိုင်း တင်ပြ သင့် ပါတယ်..။ နှစ်ကျပ်ခွဲကျေးရွာ ပြဿနာရဲ့ အဓိကတရားခံက ဘုန်းကြီးပါ.. ဘာလို့ ဘုန်းကြီးပါ လို့ ပြောရတာ လဲဆိုတော့.. .ှလျှပ်စစ်ဥပဒေကို လေးစားလိုက်နာခြင်းမရှိဘဲ၊ သွယ်တန်းထားပြီးသား လျှပ်စစ် မီးကြိုး ကို ငါ့ကြိုးပါဟု ငါစွဲစွဲထားတာဟာ.. ဘုန်းကြီးအနေနဲ့ နာမလည်တာလား? နားမလည် ချင်ယောင်ေ ဆာင်တာလား?

အခုရေးတဲ့ comment ကိုဖတ်တဲ့သူတွေဟာ.. EPC ၀န်ထမ်း အသိုင်း အ၀ိုင်း၊ အသိအကျွမ်းထဲက ပါတဲ့သူ ပါလိမ့် မယ်..။ ထီးတော်လှုပ်ဘုရားကနေ စီးပွားရှာပြီး.. မီးတာ (၁၄၅)လုံးကို လျှပ်စစ်ဝန်ကြီးဌာနက သတ် မှတ်တဲ့ေ ဈးထက်ပိုပြီး မီတာခ ကောက်တာ ဘုန်းကြီးအနေနဲ့ ဘာမှမသိနားမလည်နဲ့ ကျေးရွာသူ ကျေးရွာ သား များအပေါ်ကနေ အမြတ်ကြီးစား လုပ်နေတာ လူတိုင်းသိချင်မှ သိလိမ့်မယ်.. အခု 315KVA ထရန်စဖော်မာ ထိုင်ပြီးသွားပြီ..ဘုရားထ၇န်စဖော်မာကပေးထားတဲ့ မီတာ(၁၄၅)လုံးကို 315KVA ကနေ မီးပေးမှာ ကို ဘုန်းကြီးက လက်မခံဘူးဆိုတာ လူတိုင်းသိကြရဲ့လား..။ (ဘယ်ပေးချင်မှ မလဲ..ဘုန်းကြီး အတွက် မီးတာခကောက်ခံခွင့် ဆုံးရှုံးသွားမှာပေါ့).. ဒါကို အမှန်ဘက်က မရပ်တည်ပဲ.. ဘာမှ မသိသေးတဲ့ သူတွေ ကို FB ကနေ ထင်ရာ လျှောက်ပြောတာ မကောင်းပါဘူး.. သတင်းဦး၊ သတင်းထူးဖို့ထက် သတင်းအမှန်ကို တင်သင့်ပါတယ်..

http://www.oppositeyes.info/2013/02/blog-post_7036.html

ဖရိုဖရဲ အနာဂတ် ရန်ကုန်မြို့တော်လား


ရန်ကုန်မြို့ကို စင်္ကာပူပုံစံအတိုင်း ပြန်ဆောက်လို ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုပြီး ဘန်ကောက် က မိုးပျံရထားတွေ၊ မိုးပျံလမ်းတွေပါ ထည့် စိတ်ကူးခဲ့သည်။

ဤသည်မှာ ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီးနောက် ဦးသိန်းစိန် အကောင်အထည်ဖော် ဆောင်ရွက် လိုသည့် ရည်မှန်းချက် တရပ်ဖြစ်သည်။ ယင်း ဆန္ဒမှာ လက်တွေ့နှင့် လုံးဝ ခြားနားနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သည် အစိုးရသစ် တာဝန်ယူပြီး ၂ နှစ်ခန့် ကြာသွားသော်လည်း သိသိသာသာ တိုးတက်လာခြင်း မရှိသေး။ မြို့တော်၏ အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ပို့ဆောင်ရေး၊ စွမ်းအင်၊ ၀န်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ ရရှိရေး စသည့် ကဏ္ဍများသည် လည်း နောက်ကျနေဆဲ။ ဤသို့ အခက်အခဲ၊ အကြပ်အတည်း များစွာ ရှိနေသော်လည်း ပြန့်ကျဲ တည်ရှိနေသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် များ ချပေးရာ၌ အစိုးရသည် လက်သင့်ရာ စားတော်ခေါ် ဆိုသကဲ့သို့ လျှို့ဝှက်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုနေ၏။

ရန်ကုန်မြို့သို့ နိုင်ငံခြားသား စွန့်ဦးထွင် စီးပွားရေးသမားများ၊ ကမ္ဘာလှည့် ခရီးသည်များနှင့် ဆင်းရဲသား လယ်ယာ လုပ်သားများ အဆက်မပြတ် ၀င်ရောက်လျက်ရှိသည်။ လူတန်းစား အစုံ၊ အလွှာစုံ ၀င်ရောက်လာသဖြင့် လာရင်း ရည်ရွယ်ချက်လည်း အမျိုးစုံ ဖြစ်နိုင်ပါသည်။ အလုပ်အကိုင် အခွင့် အလမ်းကောင်းများ ရှာဖွေရန်၊ အပျော်တမ်း ဓါတ်ပုံရိုက်ရန်၊ လစာ ကောင်းသည့် အလုပ်ရရှိရန် စသဖြင့် ရည်ရွယ်ချက်ကိုယ်စီဖြင့် ရောက်လာကြသည်။ ဤသို့ အားခဲ၍ လာကြသော်လည်း ၎င်းတို့ မကြာခဏ ကြုံရသည်များမှာ ဗြူရိုကရေစီ အုပ်ချုပ် ရေးယန္တရား၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် အိပ်စက်နားနေ ရန် နေရာ ထိုင်ခင်းပင် ရှာမရခြင်း စသည်တို့သာ ဖြစ်သည်။

ရေနှင့်လျှပ်စစ်မီး မလုံ မလောက်ဖြစ်နေပြီး စွန့်ပစ် ပစ္စည်း (အမှိုက်သရိုက်) များဖယ်ရှား ရှင်းလင်းရေး စနစ်မှာလည်း အလွန်ဟောင်းနွမ်း နေသဖြင့် လူထု၏ ကျန်းမာရေး အတွက် စိုးရိမ်ရပါသည်။ ယာဉ်ကြော ပိတ်ဆို့မှုမှာလည်း ကြာလေ ဆိုးလေပင်။

ရန်ကုန်မြို့ကြီး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြင်ဆင်သင့်သည်များကို မပြင်ဆင် ရသေးကြောင်း၊ အဓိက ကျသည့် ချို့ယွင်းချက်မှာ ဖွံ့ဖြိုးမှုသစ်များကို မည်သို့ နေရာချပြီး မည်သို့ ဝန်ဆောင်မှုပေးမည်ကို ကြိုပြင်ဆင် ထားသည့် မြေ အသုံးပြုမှုနှင့် လမ်း တံတား ဆောက်လုပ်ရေး အစီအစဉ်များ ကင်းမဲ့နေခြင်းဟု ဖွံ့ဖြိုးမှုလေ့လာရေး အဖွဲ့တခုက သတိပေး နှိုးဆော်ထားသည်။

အများပြည်သူ ပါဝင်မှုကို လျစ်လျူရှုထားသော စီမံကိန်း တင်ပြချက်များအပေါ် မှန်ကန်သော တုန့်ပြန်မှုများ ဖြစ်ပေါ်လာစေမည့် ဘက်စုံပါဝင်နိုင်သော ရန်ကုန်ဖွံ့ဖြိုးရေး အစီအစဉ် တိုးတက်ကောင်းမွန် လာစေခြင်းသည် အရေးကြီးကြောင်း၊ သို့မှသာလျှင် အများပြည်သူအကျိုး ရည်မှန်းပုံဖော်ထားသော မြို့တော်ဖွံ့ဖြိုးရေး အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်းနှင့် ထိုသို့ အစီအမံ မရှိပါက မြို့တော်၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အများပြည်သူ အကျိုးအစား ပုဂ္ဂလိက အကျိုးစီးပွား ကသာ နေရာယူသွားနိုင်ကြောင်း ဟားဗတ် တက္ကသိုလ် ဒီဇိုင်းကျောင်းနှင့် ချိတ်ဆက်ထားသော မြို့ပြ စီမံကိန်း ပညာရှင်များအဖွဲ့တဖွဲ့၏ လေ့လာချက်တွင် ရေးသား ဖော်ပြပါသည်။

ရန်ကုန်မြို့တော် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (JICA) က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် ယခုနှစ်အတွင်း အပြီး ရေးဆွဲ တင်ပြရန် ဖြစ်သည်။ သို့သော် စီမံကိန်းတင်ပြချက် ပြီးအောင် မစောင့်တော့ ပဲ ဆောက် လုပ်ရေးကုမ္ပဏီများက လုပ်ကွင်းလုပ်ကွက် အောင်ပြီးဖြစ်ပြီး ပရောဂျက်များစွာလည်း စတင်နှင့်နေပြီဖြစ်သည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးတင့်က အိမ်ခြံမြေ ဖိုရမ်တခုတွင် ရန်ကုန် မြို့တော် အရှေ့ပိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် အိမ်ယာစီမံကိန်း တခုကို ဆောက်လုပ် ခွင့် ပြုလိုက် ကြောင်း အတည်ပြု သည်။ လုပ်ငန်းများကို ယခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်မည် ဟုဆိုသည်။ ယင်းစီမံကိန်းတွင် စင်ကာပူ၊ ထိုင်းနှင့် တောင်ကိုး ရီးယားနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီများ ဆက်စပ်နေလည်း သတင်း အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိ။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနသည်လည်း ဗီယက်နမ် ပုဂ္ဂလိက ကုမ္ပဏီ Hoang Amh Gia Lia Group (HAG) နှင့် လွန်ခဲ့သော ဒီဇင်ဘာလက သဘောတူ စာချုပ်တခုကို လက်မှတ်ရေးထိုး ခဲ့သည်။ ယင်းကုမ္ပဏီသည် ရန်ကုန်မြို့လယ်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် ဟိုတယ်တလုံးနှင့် ကုန်တိုက်ကြီး တခုကို ဆောက်လုပ်မည် ဖြစ်သည်။ ထိုကုမ္ပဏီသည် ရန်ကုန်မြို့ရှိ မြေဧရိယာ ၈ ဟက်တာကို ငှားရမ်း အသုံးပြုမည် ဟု ဆိုသော်လည်း မည်သည့်ကာလအထိ အသုံးပြုမည်၊ လုပ်ငန်းများကို မည်သည့်အချိန်၌ စတင်မည်၊ နိုင်ငံခြားကုမ္ပဏီ အတွက် မည်သို့ ငှားရမ်းသုံးစွဲခွင့်ပြုသည် တို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရချေ။

မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Mandalay Golden Wings ကုမ္ပဏီသည် ရန်ကုန်မြို့ အင်းလျားကန် အနီး၌ အထပ် ၃၄ ထပ်ပါ ကွန်ဒိုမီယမ် တလုံးဆောက်လုပ်ရန် အစိုးရထံမှ လျှို့ဝှက်လေလံတခုကို နိုဝင်ဘာလက ရရှိခဲ့သည်။ ယင်းဆောက်လုပ်မည့် ကွန်ဒိုမီယမ်တွင် ယာဉ်ရပ်နားရန် အထပ် ၆ ထပ် ထည့်သွင်း တည်ဆောက်မည် ဖြစ်ပြီး အဆင့်မြင့် လူနေအိမ်ခန်းပေါင်း ၄၀၀ ပါဝင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေရေးရာ အနေအထားမှာ ရဲတင်းလွန်းသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအား စွန့်စားလုပ်ကိုင်စေပြီး အဆက်အသွယ်ကောင်းများကိုလည်း ကော်မရှင် ခ မြိုးမြိုးမြတ်မြတ် စားပေါက်ရစေသည်။ အာမခံချက်နှင့် ရေရှည်ကို ကြည့်သော စနစ်ကျနပြီး နာမည်ကောင်းရ လုပ်ငန်းရှင်တို့အတွက်မူ အတိမ်းအစောင်း များလွန်းနေသည်။

မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးမှု အခြေအနေ ယမန်နှစ်ထက် အနည်းငယ် တိုးတက် ကောင်းမွန်လာသည်ဟု ဆိုနိုင်သော် လည်း ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသော စွန့်စားရမှုများ ရှိနေဆဲ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လေ့လာ သုံးသပ်သည့် Maplecroft ၏ အစီရင်ခံစာက ဆိုသည်။ တရားဥပဒေ စိုးမိုးမှု၊ စည်းကမ်း လိုက်နာမှုတွေ ပုံမှန် မရှိသေးကြောင်းနှင့် အဂတိလိုက်စားမှုများ ထူပြောနေဆဲ ဖြစ်ကြောင်းလည်း ဆိုသည်။

ဝါရှင်တန်အခြေစိုက် ဘရွတ်ကင်း ကျွမ်းကျင်သူများအဖွဲ့မှ အမေရိကန်လူမျိုး စီးပွားရေး ပညာရှင် လက်ဇ်ရီဖယ် ၏ မြန်မာနိုင်ငံ အကြောင်း လေ့လာမှု တခုတွင် မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် လာရောက်လည်ပတ်သည့် အကြံဥာဏ်နှင့်အကူအညီပေးမည့် ဧည့်သည်များကြောင့် ဗျာများနေကြောင်း ရေးသား ဖော်ပြထားသည်။ ယင်း “ပြဿနာ” ဧည့်သည်များစာရင်းတွင် သံတမန်များ၊ အကူအညီပေးရေး အေဂျင်စီ ကိုယ်စားလှယ်များ၊ INGOs များမှ ကိုယ်စားလှယ်များ၊ စီးပွားရေး အမှုဆောင်အရာရှိများ ပါဝင်သည်ဟု ဆိုသည်။

နိုင်ငံတကာမှ ဧည့်သည်များ အဆက်မပြတ် ၀င်လာခြင်းသည် မူဝါဒီဆိုင်ရာ အကောင်အထည်ဖော်သူများ၊ ဝန်ကြီးများ၊ ဦးဆောင်ညွှန်ကြားရေးမှူးများကို အလုပ်ရှုပ်စေကြောင်း၊ ယင်း အရာရှိကြီးများ သည် နေ့စဉ် ရောက်လာကြသည့် နိုင်ငံခြားသား ဧည့်သည်များ နှင့် တွေ့ဆုံဆွေးနွေးရန် အချိန်များစွာ ကုန်ကြောင်း၊ မူဝါဒကောင်းများ နှင့် လုပ်ငန်း အကောင်အထည်ဖော်ရန် လုံလောက်သည့် အချိန် မရကြကြောင်း၊ အလားတူ အခြေအနေများကို ကမ္ဘောဒီးယား နိုင်ငံတွင်လည်း ကြုံတွေ့ကြောင်း မစ္စတာ ရီဖယ်က နှိုင်းယှဉ်၍ ပြောဆိုသည်။

ဆယ်စုနှစ်ပေါင်း များစွာ အထီးကျန် နေထိုင်ခဲ့ရသည့် ရန်ကုန်မြို့သည် အရှေ့အာရှမြို့တော် အားလုံးလိုလို ခံစားခဲ့ရသည့် ဆိုးရွားသည့် ပြန်လည်မွမ်းမံတည်ဆောက်ရေး ဒဏ်မှ ဝေးခဲ့ရသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ ခြွင်းချက်ဖြစ်သည်။

ကောင်းမွန်ပြည့်စုံသည့် ဖွံ့ဖြိုးရေး စီမံကိန်းမျိုး ရေးဆွဲ ချမှတ် လုပ်ကိုင်နိုင်ခြင်း မရှိပါက ရန်ကုန်မြို့တော်သည် အခြား အာရှမြို့တော်များဖြစ်သည့် ဘန်ကောက်၊ မနီလာ၊ ဟိုချီမင်းနှင့် ဂျာကာတာ မြို့တော်များ တွေ့ကြုံခဲ့ရသကဲ့သို့ မလွဲမသွေ တွေ့ကြုံရမည် ဖြစ်ကြောင်း သုံးသပ် ရရှိသည်။ တချိန်တည်းမှာပင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင် နိုင်ပြီး ဒေါ်လာငွေရှာပေးမည့် ကိုလိုနီခေတ် ဗိသုကာ လက်ရာ အဆောက်အဦးများကို ဖြိုချနေပြီး ဈေးဆိုင်ကြီးများ၊ ရုပ်ဆိုးသော မိုးမျှော် တိုက်ကြီးများ၊ အဆင့်မြင့်တာဝါကြီးများ တည်ဆောက်ရန် ကြိုးစားနေပေပြီ။

“စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြဌာန်းထားသည့် တည်ဆဲဥပဒေများ၊ ကန့်သတ်ချက်များ သည် ငွေရှင် ကြေးရှင် ကြီးများ၏ ဖိအားပေးမှု ကြောင့် အကျိုးသက်ရောက်မှု မရှိ” ဟု “ရန်ကုန်၏ အမွေအနှစ် အဆောက်အအုံ ၃၀” စာအုပ် ရေးသားသူ ဆာရာရွန်းနေက ပြောသည်။

ရွန်နေသည် ဘန်ကောက်မြို့တွင် နေထိုင်သူဖြစ်ပြီး ဘန်ကောက်မြို့တွင် အဆင်ခြင်မဲ့ ဗရမ်းဗတာ ဆောက်လုပ် ထားသည့် ကွန်ဒိုမီနီယမ်နှင့် ရုံးခန်း အဆောက်အဦး များစွာရှိကြောင်း၊ အဆောက်အဦး ဆောက်လုပ်နေသူများသည် ဆောက်လုပ်မည့် အဆောက်အဦးနှင့် ပတ်ဝန်းကျင်၏ အခြေခံ လိုအပ်ချက်များကို ဂရုမစိုက်ဘဲ ဆောက်လုပ်နေကြ ကြောင်း၊ ထိုသို့ စည်းကမ်းမဲ့ တည်ဆောက်မှုများကြောင့် ထိုင်းနိုင်ငံ၏ သမိုင်းဝင် ဘုရားပုထိုးများ၊ ထိုင်းရိုးရာ ဗိသုကာ လက်ရာများ ပျောက်ကွယ်သွားရကြောင်း၊ ယာဉ်သွားယာဉ်လာ လမ်းကြောင်းနှင့် ရပ်နားခြင်းများကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ စည်းမဲ့ကမ်းမဲ့ ဆောက်လုပ်မှုများ ကြောင့် ထိုင်းပြည်သူများ၊ ရုံးဝန်ထမ်းများ သွားလာရေး အခက်အခဲ များစွာ ကြုံကြရကြောင်း၊ ထောင်ပေါင်း များစွာသော ရုံးဝန်ထမ်းများ ရုံးတက်ရုံးဆင်းရန် တနေ့လျှင် အချိန် ၃ နာရီခန့် ယူ၍ ယာဉ်ကြော ပိတ်ဆို့နေသည့် လမ်းပေါ်၌ ခရီးသွားနေကြရ ကြောင်း ၎င်းက ပြောသည်။

အများပြည်သူ အတွက် ရေရှည် အကျိုး ရှိစေမည့် အစီအမံများကို ထည့်သွင်း စဉ်းစား ဖော်ဆောင်ခြင်း မပြုပါက ရန်ကုန်သည် ဘန်ကောက်လို ဖရိုဖရဲ မြို့တော် ဖြစ်လာနိုင်ပြီး စနစ်တကျနှင့် မှန်မှန်ကန်ကန် အစီအမံများ ချမှတ် လုပ်ဆောင်မည် ဆိုလျှင် သန့်ရှင်း သပ်ရပ်၍ စံမီသော စင်ကာပူလို ဖြစ်လာပေမည်။

(Rangoon’s Future: Orderly Singapore or Disorderly Bangkok? ကို ဆီလျော်အောင် တင်မောင်ယု ဘာသာပြန်ဆိုသည်)

ဧရာဝတီ

ဆွေးနွေးပွဲများတွင် အကြီးတန်း စစ်ဘက် အရာရှိများ စေလွှတ်ပေးရန် KNU တောင်းဆို

ကရင်အမျိုးသား အစည်းအရုံး (KNU)က အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပလျှင် အဆင့်မြင့် စစ်ဘက် အရာရှိများကို စေလွှတ်ပေးရန် မြန်မာ ဗဟိုအစိုးရကို မေတ္တာ ရပ်ခံခဲ့သည်ဟု Karen News သတင်းတရပ်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် KNU နှင့် အစိုးရအကြား အစည်းအဝေး တခု ကျင်းပခဲ့ပြီး KNU ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကာ အစိုးရဘက်မှ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်ဟု သိရသည်။

Karen News သတင်းထောက် Saw Eh Na က ဆိုရာတွင် ဒုသမ္မတ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနှင့် မြဝတီ နယ်စပ် ကုန်သွယ်ရေး ဇုန် သို့လည်း သွားရောက် လေ့လာခဲ့သည်ဟု သိရသည်။

“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးချိန်မှစ၍ KNU အနေဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည် ဖော်လျက်ရှိကြောင်း KNU ခေါင်းဆောင်များက အစိုးရ ကိုယ် စားလှယ်အဖွဲ့သို့ ထပ်လောင်း ရှင်းပြခဲ့သည်” ဟု Karen News တွင် ဖော်ပြထားသည်။

“အနာဂတ် စကားဝိုင်းများတွင် (မြန်မာ) တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ ပိုမို ပါဝင်စေသင့်ကြောင်း KNU က မြန်မာအစိုးရ ဝန်ကြီးများအား တိုက်တွန်းခဲ့သည်” ဟု သတင်း ထောက် Saw Eh Na က ဆိုသည်။

ထိုသတင်းဌာနတွင်ပင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖော်ပြထားသည့် နောက်ထပ် သတင်းဆောင်းပါး တပုဒ်၌ KNU အရာရှိ စောဂျွန် က ထိရောက်ပြီး တာရှည်ခံသည့် အပစ် အခတ် ရပ်စဲရေး ရရှိမှသာလျှင် နှစ်ဘက်စလုံး အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးရေးကို ရှေ့ဆက် လုပ်ဆောင်နိုင်လိမ့်မည် ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီတွင် KNU နှင့် မြန်မာအစိုးရတို့ အပစ်အခတ် ရပ်စဲရေး ပမာဏ သဘောတူညီချက် ရရှိခဲ့သည်။

မဇ္ဈိမ

KIO က အစိုးရ ငြိမ်းအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန် အဆင်သင့် မဖြစ်သေး

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဖေဖော်ဝါရီ လကုန်တွင် ပြန် လည်တွေ့ ဆုံရန် မဖြစ်နိုင်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ တုံ့ပြန်ခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် သဘောတူထားချက်အရ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပြန်လည် တွေ့ဆုံရန် ကမ်းလှမ်း ခဲ့သော်လည်း KIO ဘက်မှ ၎င်းတို့ဗဟိုတွင် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်၍ အဆင်သင့် မဖြစ်သေးကြောင်း တနင်္ဂနွေနေ့က အကြောင်း ပြန်ကြားခဲ့သည်ဟု ဆိုသည်။

“သူတို့ဆီကနေ မနေ့က အကြောင်းပြန်ပါတယ်။ အဲဒါကတော့ ဗဟိုမှာ ညှိနှိုင်းနေတဲ့အတွက် အချိန် အနည်းငယ် လိုပါလိမ့်မယ်။ အဲတော့ လဆန်းပိုင်းလောက်မှာ ဖြစ်ဖို့ များပါတယ်လို့ မနေ့က ဦးအောင်မင်း ဆီ တိုက်ရိုက် တရားဝင် အကြောင်းပြန်ပါတယ်” ဟု ဦးလှမောင်ရွှေ က ပြောသည်။

KIO အနေဖြင့် လူထုသဘောထား ရယူရန်နောက် ဗဟိုဆွေးနွေးမှုများ ရှိနေသေး၍ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံရန် အချိန်အနည်းငယ် လိုအပ်နေသည်ဟု KIO ဗဟို ကော်မတီဝင် တဦးက ပြောသည်။

“အစိုးရနဲ့ တွေ့ဖို့ မဖြစ်သေးဘူး။ ခုတလောပဲ လူထုကနေ အကြံတောင်းယူတာ။ ကျနော်တို့က အလုပ် မပြီးသေးဘူး။ ကျနော်တို့ ဆွေးနွေးပြီးတော့ ပြန်တွေ့မယ်” ဟု မဇ္ဈိမကို ပြောသည်။

လူထုက KIO ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထောက်ခံပြီး တခြားနိုင်ငံကြီးများမှ ကြားဝင်ဆောင်ရွက် ပေးရန် အကြံပေးခဲ့သည်ဟု ဆိုသည်။

KIO က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဆွေးနွေးနိုင်ရေးအတွက် ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များက ၎င်းတို့၏ လိုင်ဇာ ဌာနချုပ်တွင် လူထု ကိုယ်စားလှယ် ၁၀၀ ကျော်၏ သဘောထားများကို တောင်းယူနေခဲ့ဟု အဆိုပါ KIO အရာရှိက မဇ္စျိမကို ပြောသည်။

“ကချင်လူထုရှေ့ရေး ဘယ်လို ဆက်သွားမလဲဆိုတာ ဆွေးနွေးတယ်။ လူထုက အများကြီး အကြံပေးကြတယ်။ KIO ဦးဆောင်မှုမှာ တိုင်းရင်းသားအခွင့်အရေးကို အခြေခံထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် သွားဖို့ သဘောတူကြတယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နှစ်ဖက်တွေ့ဆုံမှုအပြီး စစ်ရေး တင်းမာ မှုများ လျှော့ချနိုင်ရေးအပြင် ဖေဖော်ဝါရီ လမကုန်မီ နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားရန် သဘောတူခဲ့သည်။

မဇ္ဈိမ

မတ်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သိန်းတန် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံပြုလုပ်မည်


မြန်မာပြည်သိန်းတန် က သူ၏ နောက်တစ်ကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ ၁၆ ရက်နေ့တွင် ထပ်မံ ပြုလုပ်ဦးမည် ဟုပြောသည်။

“MCC မှာ လုပ်မှာပါ။ Outdoor ပေါ့။ ခေတ်အဆက်ဆက် ကျော်ကြားခဲ့တဲ့ ရွှေဂန္ထဝင်တေး များဆိုတဲ့ ခေါင်းစဉ် ပုံစံမျိုးလုပ် ဖြစ်မယ်။ ကျွန်တော့်မှာ သီချင်းပုဒ်ရေ ထောင်ကျော်လောက် ရှိပြီး မဆိုရ သေးတဲ့ သီချင်းတွေလည်း ရှိတော့ သီချင်းအသစ်တွေ ဆိုမယ်။

ကျွန်တော် တစ်ယောက်တည်းပဲ ဆိုမှာပါ။ အရင် ပွဲတွေလို တခြား အဆိုရှင်တွေ မပါပါဘူး။ စုံတွဲ ဆို ဖို့ မိန်းကလေး ၃၊ ၄ လေးယောက်တော့ ပါမယ်။ အဓိက ကတော့ one man show ပေါ့။ ဂီတမှူး ဇော်မျိုးထွဋ် နဲ့ အတူ သီရိမောင်မောင် ဆိုင်းဝိုင်း အဖွဲ့ က ပူး ပေါင်း ဖျော်ဖြေမှာပါ” ဟု မြန်မာပြည်သိန်းတန် က ပြောသည်။

ယခုကဲ့သို့ ထပ်မံ ပြုလုပ်ဖြစ် ခြင်းမှာလည်း ပရိသတ်၏ တောင်းဆိုမှု နှင့်အတူ သူ၏ များပြားလှသော သီချင်းများထဲမှ စင်ပေါ်တွင် မဆိုရသေးသော သီချင်းများကို လည်း ပရိသတ် များထံ ဖျော်ဖြေ တင်ဆက်လိုခြင်း ကြောင့်ဟုလည်း သိရသည်။

မြန်မာပြည်သိန်းတန် အနေ ဖြင့် ယခု အချိန်တွင် အမေရိကားနှင့် မြန်မာပြည်တွင် တစ်လှည့်စီ နေထိုင် လျက် ရှိပြီး နောက်ပိုင်း တွင်တော့ မြန်မာပြည် မှာပင်အခြေချ ရန် အစီအစဉ် ရှိကြောင်းသိရသည်။

ဒီကပါ။

ဂရေဟမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည်

လွန်ခဲ့တဲ့ ၄ နှစ် ဝန်းကျင်က မြန်မာပြည်မှ ထွက်ခွာ သွားခဲ့ပြီး သြစတြေးလျမှာ ဂီတနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်း တက်ရောက်ခဲ့သူ ဂရေဟမ် က၂ဝ၁၂ ခုနှစ် နှစ် ကုန်ပိုင်း မှာ မြန်မာပြည်ကို ပြန်လည် ရောက်ရှိလာခဲ့ကာ အခု ၂ဝ၁၃ ခု နှစ် မတ်လ ထဲမှာတော့ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေ ပွဲကို စီစဉ် ကျင်းပ တော့မှာ ဖြစ်ပါတယ်။ “နှလုံးသား ရှိရာ အရပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်မယ့် ဂရေဟမ်ရဲ့ တစ် ကိုယ်တော် ဖျော်ဖြေပွဲ အတွက် စာနယ်ဇင်း ရှင်းလင်းပွဲ ကို ဖေဖော်ဝါရီ ၂ဝ ရက်၊ နေ့လယ် ၁၂ နာရီ က စင်ထရယ် ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ “နှလုံးသားရှိရာ အရပ်” လို့ ခေါင်းစဉ် ပေးထားတဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို မတ်လ ၂ ရက်နေ့၊ ည ၇ နာရီ အချိန် မှာ ကန်တော်ကြီးမျှော် စင် ကျွန်းမှာကျင်းပ ပြုလုပ်မှာဖြစ် ပါတယ်။

”ကျွန်တော် ဒီကိုပြန်ရောက်တာ ၃ လကျော်လောက် ရှိပါပြီ။ ဒီပွဲလုပ်ဖို့ အတွက် ကျွန်တော် အချိန် တစ်လခွဲ လောက် ယူထားပါတယ်။ ကျွန်တော် နဲ့ ဝေးကွာနေတဲ့ ပရိသတ် ကို သီချင်း တွေဆိုပြချင်တဲ့ အတွက် စီစဉ်လိုက် တာပါ။ ကျွန်တော် တစ်ကိုယ်တော်ပါ ပဲ။ စုံတွဲ သီဆိုဖို့ကတော့ အမျိုးသမီး တေးသံရှင် ၉ ဦးလောက် ပါပါမယ်။ ပြီးတော့ ကျွန်တော့်ရဲ့ သင်္ကြန် သီချင်း တွေကိုနှစ်သက်တဲ့ ပရိသတ် အတွက် သင်္ကြန် သီချင်း အစီအစဉ်တွေလည်း ပါပါတယ်” လို့ ဂရေဟမ် ကပြောပြီး “နှလုံးသားရှိတဲ့ အရပ်” ဆိုတဲ့ ခေါင်းစဉ် နဲ့ ရှိုးပွဲ ပြုလုပ်ဖြစ်ခဲ့ပုံကိုလည်း ဂရေဟမ်က “ကျွန်တော် သြစတြေး လျမှာ ၄ နှစ် ကြာနေခဲ့ပြီးတော့ ပြန် လာတယ်။ ကျွန်တော့်ရဲ့နှလုံးသား ရှိတဲ့ အရပ်ကို ပြန်လာတာ လို့ပြောလို့ ရပါတယ်။ ဗမာတိုင်းက ကိုယ့်နိုင်ငံ ကိုချစ်ပါတယ်။ ကျွန်တော် ဟိုမှာရှိ နေစဉ်မှာလည်း ဒီက ပရိသတ်တွေကို အမြဲ လွမ်းဆွတ်မိပါတယ်။ ဟိုမှာ Youtube တောင် မကြည့်ဖြစ်ပါဘူး။ ဒီက Life ကို သတိရမှာ စိုးလို့ပါ။ အခု ကျွန်တော့်နိုင်ငံက ကျွန်တော့် ကိုချစ်တဲ့ အမာခံ ပရိသတ် ရှိတဲ့ နှလုံး သားရှိတဲ့နေရာ ကို ပြန်လာတာပါ။ ဒါ ကြောင့် ဒီခေါင်းစဉ်လေးကိုပေးဖြစ် တာပါ” လို့ ဂရေဟမ် ကပြောပါတယ်။

ဂရေဟမ်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လက်မှတ် များကို ဖေဖော် ဝါရီ၂၂ရက်နေ့မှာ စတင်ရောင်း ချမှာ ဖြစ်ပြီး ကျပ်၂ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ၊ ကျပ်၆ဝဝဝ စသဖြင့် သတ် မှတ် ထား ကြောင်း သိရပါတယ်။ လက်မှတ်များ ကိုတော့ ရွှေအက်ဖ်အမ် ရုံးချုပ်၊ ဘိုဘိုအင်တာတိန်းမန့်၊ Orange စူပါ မားကက်များ၊ Nobody ဆိုင်ခွဲ များမှာ ရရှိနိုင် တဲ့ အကြောင်းလည်း သိရပါတယ်။

ဒီကပါ။

မုဒုံမြို့နယ်အတွင်း သိမ်းဆည်း လယ်မြေများ လျော်ကြေးပေးမည်

ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းကြီး တခုကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာတွင် တည်ဆောက်ရန်ရှိပြီး စီမံကိန်း နယ်မြေအတွင်း ရှိသော လယ်ယာ မြေ များ အတွက် ဆောက်လုပ်ရေး ကုမ္ပဏီမှ ကာလပေါက်ဈေးအတိုင်း ပေးလျော်သွားမည်ဟု စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ပြည်နယ်ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောသည်။

မုဒုံမြို့၏ အနောက်ဘက် ၇ မိုင်ခန့် အကွာရှိ ကတုံးပေါ် ဆိပ်ကမ်း စီမံကိန်းကို ရာဇာမင်း ကုမ္ပဏီက တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် သဘောတူညီမှုရရှိထားကာ အကောင်အထည် ဖော်ရန် အတွက် ဖေဖော်ဝါရီ ဒုတိယပတ် ကတည်းက လေ့လာမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

“စီမံကိန်းလုပ်ငန်းတွေ စလုပ်နေပြီလို့ ပြောလို့ရတယ်။ လျော်ကြေး ပေးဖို့ကိုလည်း လယ်သမားနဲ့ ကုမ္ပဏီ တွေ့ထားပြီးပြီ။ ဆိပ်ကမ်း မြေနေရာကတော့ ကုမ္ပဏီက ဝယ်ထားပြီးသား မြေတွေ။ အခုက လမ်းဖောက်လုပ် ရာမှာ ပါတဲ့ လယ်တွေကိုပဲ လျော်ကြေးပေးဖို့ ရှိတယ်။ အဓိက ဆီတင် သင်္ဘောကြီးတွေ ဆိုက်ကပ် နိုင်ဖို့ပါ” ဟု ပြည်နယ်ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောသည်။

တန်ချိန် ၁,၅၀ဝ ရှိ သင်္ဘောများပင် ဆိုက်ကပ်နိုင်သော ဆိပ်ကမ်း အပြင် စက်သုံးဆီ သိုလှောင်ရန်နှင့် ကုန်ပစ္စည်းများ သိုလှောင်ရန် အဆောက်အအုံများလည်း ဆောက်လုပ်မည်ဟု ၎င်းက ဆက်ပြောသည်။

ဆိပ်ကမ်းနှင့် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် မုဒုံမြို့မှ ကတုံးပေါ်ကျေးရွာ ထိ မော်တော်ကား လမ်းလည်း ဖောက်လုပ်မည်ဟု ရာဇာမင်းကုမ္ပဏီက ပြောသည်။

“မုဒုံကနေ ဆိပ်ကမ်းစီမံကိန်းထိ ဖောက်လုပ်မယ့် ကားလမ်းဟာ အကျယ် ၂၄ ပေ ဖောက်မှာဖြစ်တဲ့ အတွက် ထိခိုက်နစ်နာမယ့် လယ်မြေများ အားလုံးကို ကာလတန်ဖိုးအတိုင်း ပေးလျော်သွားမယ်” ဟု ကုမ္ပဏီပိုင်ရှင် ဦးညီညီထွေး က ဆိုသည်။

ထိုကားလမ်းမှာ ကတုံးပေါ်၊ ကော့ပရန်၊ ဘလောက်ညောင်ဝိုင်း၊ ဝက်တဲနှင့် ညောင်ကုန်း ကျေးရွာတို့မှ လယ်ယာမြေများကို ဖြတ်သန်းသွားရမည် ဖြစ်သည်။

လယ်ယာမြေများအတွက် လျော်ကြေးပေးနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးမျိုးညွန့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် ရာဇာမင်း ကုမ္ပဏီပိုင်ရှင် ဦးညီညီထွေးတို့က ဒေသခံ လယ်သမား ၁၂၀ ဦးတို့နှင့် တွေ့ဆုံခဲ့ပြီး လယ်သမားတို့၏ သဘောထားကို မေးမြန်းခဲ့သည်ဟု လယ်သမားများက ပြောသည်။

“ကုမ္ပဏီကတော့ သူတို့ဆိပ်ကမ်း ဆောက်ဖို့နဲ့ ပတ်သက်ပြီးတော့ ဒီဘက်က လယ်ကွက် တချို့ကို ဖြတ်သွား ရမယ်ဆိုတော့ အဲဒီအတွက် လျော်ကြေးကိစ္စကို ပြောတာ၊ ညှိနှိုင်းကြတာ။ ဒါပေမယ့် ဘယ်လောက် လျော်ပေး မလဲ ဘယ်အချိန်ပေးမလဲ ဆိုတာတော့ မသိသေးဘူး” ဟု ဝက်တဲ ကျေးရွာမှ အသက် ၄၀ ဝန်းကျင်ရှိ လယ်သမားတဦးက ပြောသည်။

ထိုဒေသတဝိုက်ရှိ လယ်ယာ မြေများ၏ လက်ရှိပေါက်ဈေးမှာ တဧကလျှင် အနည်းဆုံး ကျပ်သိန်း ၃၀ ရှိနေကြောင်း လယ်သမားများက ဆိုသည်။

အဓိက နိုင်ငံခြား ဆီတင် သင်္ဘောများ ဆိုက်ကပ်ရန် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ်သော်လည်း စီမံ ကိန်း ဖြစ်မြောက်လာပါက ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူ ဖြစ်လာမည်ဟု ဝန်ကြီး ဒေါက် တာ မင်းနွယ်စိုး က ခန့်မှန်းပြောဆိုသည်။

ပဉ္စမ အကြိမ်မြောက် ရခိုင်ရိုးရာ ရထားဆွဲပွဲ စစ်တွေမြို့တွင် စတင်


နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် ကျင်းပလေ့ရှိသည့် ရခိုင်ရိုးရာ ရထားဆွဲပွဲကို စစ်တွေမြို့လယ်ရှိ ၀င်္ကဘာကွင်းတွင် ယနေ့စတင် ကျင်းပကြောင်း သတင်း ရရှိသည်။

Rakhine cultures ရခိုင်ရိုးရာ စစ်တွေ မြို့လုံးကျွတ် ရထားဆွဲပွဲကို ယနေ့ ညနေပိုင်းက အဆိုတော် ဦးမောင်သိန်းမှ ရတု ရွတ်ဆို ဖွင့်လှစ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်အပါအ၀င် တခြားအစိုးရ တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲ ဖြစ်ပေါ်လာပုံအကြောင်းကို စာရေးဆရာ စစ်တွေညိုသန့်က ယခုကဲ့သို့ပြောသည်။

“ရထားဆွဲပွဲ စတင်ဖြစ်လာရတဲ့ အကြောင်းကတော့ ကျွန်တော်တို့ နှစ်မျိုး တွေ့ရပါတယ်။ ပထမ တချက်က တော့ ဘုရားရှင်ရဲ့မိခင် မယ်တော်မာယာဟာ ကပိလ၀တ်နဲ့ ဒေ၀ဒဟ နှစ်ပြည်ထောင် ကြားမှာ နတ်ရွာစံတဲ့အတွက်ကြောင့် ဇာတိဖြစ်တဲ့ ဒေ၀ဒဟနဲ့ သုဒ္ဓေါဒနမင်းကြီးရဲ့ ကပိလ၀တ် တို့က မယ်တော်မာယာ အလောင်းကို သင်္ဂြိုလ်ဖို့အတွက် ရထားမှာ တင်ပြီး လုရာကနေ ရထားဆွဲပွဲ ဖြစ်ပေါ် လာတယ်ဆိုပြီး ဗုဒ္ဓ၀င်ကို အခြေခံပြီး တချို့က ယူဆကြပါတယ်။”

သို့သော်လည်း တချို့က မြောက်ဦးခေတ် ရခိုင်မျိုးချစ် အာဇာနည်ကြီး အရှင်မြ၀ါကို အမှီပြုပြီး ပေါ်ပေါက် လာကြောင်း ပြောဆိုကြသည်ဟု ဆရာ ညိုသန့်က ဆိုသည်။

“မြောက်ဦးခေတ် မင်းဗာဘုရင် လက်ထက်မှာ အမတ်ပညာရှိကြီး ဦးမြ၀ါဆိုတာ ရှိခဲ့တယ်။ သူက တိုင်းပြည် အနာဂတ် ကို တွက်ချက်ပြီး အသက် စွန့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက သူတတ်ထားတဲ့ ဗေဒင် နက္ခတ ပညာအရ သူ့ကို သူသေတဲ့ နေရာမှာ မြှုပ်နှံဖို့ မှာကြားခဲ့ပြီး နန်းလယ်တိုင်မှာ အူကို ပတ်ပြီး နောက် ဆုတ်နောက်ဆုတ် သွားတဲ့အခါ နိမ့်ညံ့တဲ့ နေရာ တစ်ခုမှာ အူဆုံးပြီး သေဆုံးသွားတယ်။ ဒါကို ဘုရင်က သူ့ဆရာကို နိမ့်ကျတဲ့ နေရာမှာ မမြှုပ်နှံလိုဘူး။ ပြည်သူတွေက ဦးမြ၀ါ မှာကြားတဲ့ အတိုင်း နေရာ မပြောင်းဘဲ သူသေတဲ့ နေရာမှာဘဲ မြုပ်နှံလိုတယ်။ မင်းနဲ့ ပြည်သူ အငြင်းပွားကြရာ ကနေ ပြည်သူနဲ့ ဘုရင့်ဘက်တော်သားတွေက အရှင် မြ၀ါအလောင်းကို ရထားမှာတင်ပြီး တစ်ဘက်နဲ့ တစ်ဘက် အပြိုင် ဆွဲကြရာကနေ ရထားပွဲ ဖြစ်လာ တယ်ဆိုပြီး အယူရှိကြပါတယ်” ဟု ရထားဆွဲပွဲ စတင် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ဆရာညိုသန့်က ပြောသည်။

တချို့ရခိုင်လူကြီးများကလည်း ရထားပွဲကျင်းပခြင်းအားဖြင့် မိုးလေ၀ါသ ကောင်းမွန်ပြီး တိုင်းပြည်ငြိမ်းချမ်း ကာ စိုက်ပျိုး သီးနှံများ ဖြစ်ထွန်းသည်ဟု ယုံကြည်ကြသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲကို ရခိုင်အမျိုးသားများက ချမ်းအေးသော တပို့တွဲလ (ကုန်ရာသီ) တွင် ကျင့်ပလေ့ရှိ သည်။

ယနေ့စတင်သည့် စစ်တွေ ရထားဆွဲပွဲတွင် မြို့သူကြီး ရပ်ကွက်နှင့် ဘောက်သီးစုရပ်ကွက်၊ ရွာ ကြီးမြောက်နှင့် ရူပ မြောက်၊ စက်ရုံစုနှင့်တခြား ရပ်ကွက် တခုတို့ အပြိုင် ဆွဲခဲ့ကြပြီး မနက်ဖန်တွင် ကျန်ရပ်ကွက်များ အပြိုင်အဆိုင် ဆွဲကြမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ပြိုင်ပွဲတွင် အနိုင်ရသည့် အသင်းကို ကျပ်ငွေ တစ်သိန်းနှင့် ရှုံးသည့်အသင်းကို ကျပ်ငွေ ၇ သောင်းစီ ကျင်းပရေးကော်မီတီမှ ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“ဒီမှာ ညမထွက်ရ အမိန့်ရှိတဲ့ အတွက် ည ၆ နာရီကနေ ၉ နာရီမှာအပြီး ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ လူတွေက ပွဲငတ်နေတဲ့အတွက် စည်စည်ကားကားပါဖြစ်ပါတယ်” ဟု ဆရာညိုသန့်က ပြောသည်။

စစ်တွေမြို့၏ အခြေအနေမှာ မတည်ငြိမ်သေးသဖြင့် ရထားပွဲတော်ကို ယခင်နှစ် များကဲ့သို့ ညဉ့်နက်ချိန်ထိ ကျင်းပခြင်း မပြုပဲ စောစောစီးစီး ပြီးစီးအောင် ကျင်းပကြသည်ဟု ဆိုသည်။

ပြိုင်ပွဲကိုလည်း အမြန် ပြီးစီးအောင် ရှုံးထွက်စနစ်ဖြင့် စီစဉ်ထားသည်ဟု ဆိုသည်။

ရိုးရာရထားဆွဲပွဲမှာ ရခိုင်ပြည်နယ်တွင် မောင်တောမြို့မှအပ တခြားမြို့များတွင် နှစ်ပေါင်း ၄၀ ခန့် အကြောင်း အမျိုးမျိုးကြောင့် ပျောက်ကွယ်နေခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တွေမြို့မိဇံရပ်ကွက်မှ စတင် ပြန်လည် ကျင်းပခဲ့သည်။

ယခုအခါ စစ်တွေမြို့တွင် ကျင်းပသည်မှာ ပဉ္စမအကြိမ်မြောက်ရှိပြီ ဖြစ်သည်။

ယခု ပြုလုပ်နေသော ရိုးရာ ရထားဆွဲပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ (တပို့တွဲလပြည့်နေ့) အထိ သုံးရက်တိုင်တိုင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ခေါက်ဘုရားပွဲတွင် လျှပ်စစ်မီးချောင်းထွန်းခဈေးကြီးလွန်းသည်ဟု ဈေးသည်များယူဆ


ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ကျိုက်ခေါက်စေတီ တော်မြတ်ကြီးတွင်ကျင်းပသော ဘုရားပွဲတွင်လျှင် စစ်မီးသွယ်တန်း သည့်ကိစ္စနှင့်ပတ်သက်၍ဂေါပက အဖွဲ့၏ငွေကောက်ခံနှုန်းပမာဏ မှာများလွန်းနေကြောင်းဈေးသည် များယူဆလျှက်ရှိကြောင်းသတင်း ရရှိသည်။

“ကျွန်တော်တို့ကဒီဘုရားပွဲ ကြီးကလူစည်တယ်ရောင်းကောင်း တယ်ဆိုလို့ဈေးလာရောင်းပါတယ်။ ဒါပေမဲ့စရောက်ကတည်းကဆိုင် ခန်းတွေကလည်းဈေးကြီးတယ်။လျှပ်စစ်မီးကျတော့လည်းမီးချောင်း တစ်ချောင်းကို(၇၀၀၀)ကောက်ပါ တယ်။ဒီဟာကပွဲကာလအစက ပွဲကာလအဆုံးအထိဆိုလည်းဒီဈေး ပဲ။ တစ်ရက်တည်းထွန်းလည်း ဒီဈေးပဲ။ကျွန်တော်တို့ကပေ(၂၀) ပေ(၃၀)ဆိုတော့ကိုယ့်ဆိုင်လင်း အောင်မီးချောင်း(၃)(၄)ချောင်းယူ ရတယ်။အဲတော့စရိတ်တွေပိုကုန် တာပေါ့။အိမ်တစ်အိမ်မှာမီးအစုံ သုံးရင်တောင်တစ်လကို (၇၀၀၀) ထောင်၊မီးသွယ်ဖို့သွားလျှောက်ရင် လည်းလျှောက်လွှာတစ်စောင်ကို (၃၀၀)ပေးဝယ်ရသေးတယ်။ Watt (၁၀၀) ကို(၁)နာရီထွန်းရင် တောင် မှ(၁)ယူနစ်ပဲရှိတဲ့ဟာမီးချောင်း တစ်ချောင်းကိုဒီလောက် ယူတာက တော့များပါတယ်”ဟုဈေးသည် များမှသုံးသပ်ပြောကြားခဲ့သည်။

အဆိုပါကိစ်္စနှင့်ပတ်သက်၍ ဘုရားဂေါပကအဖွဲ့အားသွားရောက် မေးမြန်းကြည့်ရာ“မီးနဲ့ပတ်သက်ပြီး ဦးတို့အနေနဲ့မီးချောင်းတစ်ချောင်း ကို(၁)ရက်ထွန်းလည်း(၇၀၀၀) ကောက်တယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ တစ်ရက်ဟာတစ်ရက် ကောက်ဖို့ကျတော့လည်းမဖြစ် ဘူး။ ဒါကဈေးသည်တွေဖက်က ကြည့်တော့လည်း မှန်ပါတယ်။ သို့လျှပ်စစ်မီးဆိုတာကလူတိုင်း လုပ်လို့ရတဲ့ အရာမျိုးကယာယီ ကျင်းပတာဖြစ်တဲ့ အတွက်ပွဲ မဟုတ်ပါဘူး။ ပညာရှင်တွေ လက်မှတ်ရတဲ့ပုဂ္ဂိုလ်တွေကိုငှားရ တယ်။ ဘုရားပွဲမစခင်ကယာယီ ကျင်းပတာဖြစ်တဲ့အတွက်ပွဲမစခင် မကြိုးတွေ သွယ်တာတို့လိုမျိုးလုပ် ရတယ်။ နောက်ပြီးကြေးကြိုးဝယ် ရတာတို့လိုမျိုးတွေရှိတော့ ကုန်ကျ စရိတ်တွေအများကြီးရှိပါတယ်။ နောက်ပြီးယာယီမီးသုံးစွဲ ခွင့် တွေလျှောက်ရတယ်။ ဦးတို့အနေ နဲ့ကလည်း လိုအပ်ချက်တွေအခက် အခဲတွေအများကြီးရှိပါတယ်။ တစ်ရက်ဟာတစ်ရက်ကောက်တာ မျိုးကတော့တကယ်လုပ်သင့်ပေမဲ့ ဒီဘုရားပွဲမှာကလူတွေအများကြီး ရှိတယ်။ ဦးတို့မှာက ဒီဘုရားပွဲ အတွေ့အကြုံတစ်ခုတည်းရှိတာ ဈေးသည်တွေမှာကမြန်မာတစ်နိုင်ငံ လုံးရဲ့အတွေ့အကြုံတွေ နည်းမျိုး စုံတွေရှိတဲ့အတွက် လုပ်လို့မဖြစ် ပါဘူး။ အိမ်တစ်အိမ်မှာ (၁) လ (၇၀၀၀) မကျပေမဲ့ဘုရားပွဲမှာတော့ မီးတစ်ချောင်းကို (၇၀၀၀)ကျပါ တယ်။ ဦးတို့စီမှာစာရင်းမသွင်းပဲ ခိုးသွယ်တဲ့ လူတွေကို လျှပ်စစ်က စစ်ဆေးတွေ့ရင် ကြေညာထားတဲ့ အတိုင်းပြင်းပြင်းထန်ထန်အရေး ယူမယ်”ဟု ဂေါပကအဖွဲ့ဝင်ပြန် ကြားရေးကော်မတီဥက္ကဋ္ဌဦးမြင့်ဝင်း မှပြောကြားခဲ့သည်။

Hot News

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အပါအ၀င် ယခင်စစ်ခေါင်းဆောင်များအား တရားစွဲဆိုမည်ဟုဆိုလာသည့် နိုင်ငံအကျဉ်းသားဟောင်းကိုအောင်ထွန်းနှင့် တွေ့ဆုံခြင်း


ယခင်နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ (ငြိမ်း) အပါအ၀င် ယခင် တပ်မတော်ထောက်လှမ်းရေးမှူး မှူး၊ ဦးခင်ညွန့်နှင့် အခြားသော စစ်ဘက်တာဝန်ရှိသူများအား ထောင်တွင်းစစ်ကြောရေးနှင့် အခြားသော ညဉ်းပန်းမှုများ အတွက် တာဝန်ရှိသည်ဟုဆိုကာ နိုင်ငံရေး အကျဉ်းသားများကိုယ်စားတရား စွဲဆိုမှုပြုလုပ်သွား မည့်နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုအောင်ထွန်းအား သတင်း ထောက်မှတွေ့ဆုံ၍ ယခင်နိုင်ငံ တော်အကြီးအကဲများအပေါ်တရား စွဲဆိုမည်ဟုဆိုခြင်းနှင့် ပတ်သက် ၍ ပတ်သက်၍မေးခွန်းအနည်းငယ် မေးမြန်းဖြစ်ခဲ့ပါသည်။

ကိုအောင်ထွန်းအနေနဲ့ ယခင် တပ်မတော်အကြီးအကဲဖြစ်တဲ့ ဦးသန်းရွှေ (အငြိမ်းစားဗိုလ်ချုပ် မှူးကြီး) အပါအ၀င်အခြားသော ယခင်စစ်ဘက်အဆင့်မြင့်အရာရှိ တွေကို တရားစွဲဆိုမယ်လို့သိရပါ တယ်။ တရားစွဲဆိုရတဲ့ အဓိက အကြောင်းအရင်းနဲ့ ဘယ်လိုပုဒ်မ တွေနဲ့ စွဲဆိုမလဲသိပါရစေ။

ကျွန်တောု ၁၉၉၀ စက်တင် ဘာ (၁) ရက်ကနေ ၁၉၉၄ စက်တင်ဘာ (၂၃) ထိ ဗကသ များအဖွဲ့ချုပ်စစ်ကြောရေးစခန်းနဲ့ ထောင်ထဲမှာလေးနှစ်နေခဲ့ရတယ်။ အဲဒီတုန်းက ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌကိုမင်းကိုနိုင်ပါ။ ထောင်ကျ တုန်းထောင်ထဲမှာစစ်ကြောရေး ညည်းပန်းမှုတွေကို ထောင်က ထွက်လာတော့စာအုပ်ရေးတယ် အဲဒီမှာ ၁၉၉၈ မှာထပ်ဖမ်းခံရပြီး ၂၀၀၉ စက်တင်ဘာ ၁၈ မှ ပြန် လွတ်ခဲ့တယ်။ ဒီတော့ ဒီလိုမတရား ညည်းပန်းမှုတွေနဲ့ ပတ်သက်ပြီး တော့ အဲဒီအချိန်က နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဦးသန်းရွှေနဲ့ ကျွန်တော်တို့ကိုနှိပ်စက်ခဲ့တဲ့ ထောက်လှန်းရေးတွေအတွက် အဲဒီတုန်းက ထောက်လှန်းရေး အရာရှိချုပ်ဦးခင်ညွန့်တို့မှာ တာဝန် အပြည့်အ၀ရှိတယ်လို့ယူဆတယ်။ ဒါကြောင့်တရားစွဲမှာပါ။ ဥပဒေ ပုဒ်မတွေကတော့ ကျွန်တော့်ကို သေကြောင်းကြံစည်မှု အသရေ ဖျက်မှု ညည်းပန်းမှု ပုဒ်မ ၅၀၀ ပုဒ်မ ၃၀၆၊ ပုဒ်မ ၃၀၇၊ ၃၀၈ ပြီး တော့ အခြားပုဒ်မတွေအပြင် ကမ္ဘာမှာရှိတဲ့အခြား တရားစွဲဆို နိုင်တဲ့ ပုဒ်မတွေနဲ့ ပါစွဲဆိုသွားမှာ ပါ။

ဒီလိုတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး တရားစွဲဘယ်ထဲမှာ ပါဝင်တဲ့ ယခင်ခေါင်းဆေင်ပိုင်းတွေကို အသိ ပေးထားတာမျိုးရောရှိပါသလား။

ကျွန်တော် ၂၀၁၂ ခုနှစ် အောက်တိုဘာကစပြီး အိတ်ဖွင့် ပေးစာငါးစောင်ပေးခဲ့ပါတယ်။ ပထမအိတ်ဖွင့်ပေးစာက ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးငြိမ်း)၊ ဒုတိယအိတ် ဖွင့်ပေးစာက ဦးခင်ညွန့် (၀န်ကြီး ချုပ်ဟောင်း) ယခင် တပ်မတော် ထောက်လှန်းရေးအရာရှိချုပ် အပါအ၀င်ယခင်တပ်မတော်အရာ ရှိတွေဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးရဲမြင့်၊ ဦးကျော်ဝင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဟောင်းဗိုလ်ချုပ်မောင်ဦး၊ တတိယ အိတ်ဖွင့်ပေးစာကိုတော့ ထောင် ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာ ထွန်းထွန်း၊ ဒေါက် တာအောင်သန်း၊ ဒေါက်တာစိုးရီ၊ ဒေါက်တာစိုးခိုင် တို့ကိုပေးခဲ့တယ်။ စတုတ္ထအိတ်ဖွင့် ပေးစာမှာတော့ အဲတုန်းက သတင်း စာရှင်းလင်းပွဲခေါင်းဆောင်၊ ဗိုလ်ချုပ်ကျော်ဝင်း၊ အဲဒီမှာ ရဲချုပ် စိုးဝင်းလည်းပါတယ်။ ပဉ္စမ အိတ် ဖွင့်ပေးစာမှာက ယခင်အကျဉ်း ဦးစီးညွန်ချုပ်နဲ့ ၀န်ထမ်းတွေ စုစု ပေါင်း ၅၀ ကျော်ကိုပေးခဲ့ပြီးပါပြီ။

ဒီလိုတရားစွဲဆိုမှုဟာ အစ်ကိုကို ထောင်တွင်းမှာ ညဉ်းပန်းခဲ့တာ တစ်ခုထဲကို ကိုယ်စားပြုတာလား။ ဒါမှမဟုတ် အခြားနိုင်ငံရေးအကျဉ်း သားတွေနဲ့ ညဉ်းပန်းခံရမှုတွေ အားလုံးကို ကိုယ်စားပြုပြိးစွဲမှာ လားဆိုတာသိပါရစေ။

ကျွန်တော်ကနေ စခဲ့တာပါ။ အစကတော့ တစ်ယောက်ထဲပါ။ နောက်ကြမှ ကျန်တဲ့နိုင်ငံရေး အကျဉ်းသားဟောင်းတွေလည်းပါ လာကြတာ။ ထောင်ထဲမှာ စစ်ကြောရေးနှိပ်စက်ကလူပြုတာ တွေကို ကျွန်တော်တစ်ယောက် ထဲခံခဲ့ရတာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ရဲ့ ဒီလိုတရားစွဲဆိုမှုကို လည်းတော်တော်ထောက်ခံကပါ တယ်။ မကြာခင်မှာတော့ ဒီတရား စွဲဆိုမှုကြီးဟာ အုပ်စုကြီးအထိဖြစ် လာမှာပါ။

ဒီလိုမျိုးယခင်စစ်အစိုးရ ခေါင်းဆောင် တွေကို တရားစွဲဆိုမယ်ဆိုတာနဲ့ ပတ်သက်ပြီးလက်ရှိအစိုးရပိုင်းရဲ့ တုန့်ပြန်မှုတွေနဲ့ ပြည်တွင်းက ဥပဒေပညာရှင်တွေနဲ့ သဘောထား ကရောဘယ်လိုရှိပါသလဲ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့် ကိုအကြောင်းပြန်ထားတယ်။ ဒီကိစ္စတွေက နောက်ကြောင်းပြန် အရေးယူလို့မရဘူးတဲ့။ ဒါပေမဲ့ နောင်မဖြစ်အောင်တော့ သူတို့ ကာကွယ်ပေးလို့ရတယ်ဆိုတဲ့ သဘောနဲ့ ပြောတာ သူတို့ရဲ့ ပြောစကားနဲ့ လုပ်ရပ်အချို့တွေ ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ကို အကာအ ကွယ်ပေးနေ သေးတဲ့ဆိုတဲ့ သဘောသက်ရောက် သွားရင်လည် လက်ရှိသွားနေတဲ့ အနေအထားက ပျက်သွားနိုင် တယ်။ ဦးသိန်းစိန်အစိုးရအပေါ် မှာ ဦးသန်းရွှေနဲ့ သြဇာရှိနေသေး တယ်ဆိုတာမျိုး အထင်ရောက်သွား နိုင်တယ်။ ပြည်တွင်းက ဥပဒေ ပညာရှင်တွရော ပြည်ပက ဥပဒေ ပညာရှင်တွေကရော ဒီတရားစွဲဆို မှုနဲ့ ပတ်သက်ပြီး တရားစွဲလို့ရတယ် လို့ပြောပါတယ်။ ပြည်တွင်းက ဥပဒေပညာ ရှင်တွေနဲ့လည်း တိုင် ပင်စီစဉ်ထားပါတယ်။

ဒီလိုတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ အကောင်အထည် ပေါ်မှုမရှိလာရင် ဒါမှမဟုတ်ဝေဖန် မှုတွေနဲ့အတူ မြင်သာတဲ့အရေးယူ မှုတွေ မဖြစ်လာရင်ကော ဘာ ဆက်လုပ်မလဲသိချင်ပါတယ်။

သူများနိုင်ငံတွေမှာ ခေါင်း ဆောင်တစ်ယောက်က အမှားတစ် ခုခုကြောင့် နှုတ်ထွက်သွားတဲ့အခါ လူထုကိုတောင်းပန်တယ်။ ခုဦးသန်းရွှေနဲ့ ဦးခင်ညွန့်အပါအ၀င် လူ ၅၀ ကျော်ကိုတရားစွဲမယ့်ဆို တဲ့ ကိစ္စမတိုင်ခင်ပထမအဆင့်၊ ဒုတိယအဆင့်တွေအနေနဲ့ အိတ် ဖွင့်ပေးစာတွေလည်း ပေးခဲ့ပြီးပါ ပြီ။ သူတို့ဘက်က နေပြီးတော့ တောင်းပန်စာ၊ အသနားခံစာပြန် မပို့ရင် တရားစွဲဆိုမှုလုပ်သွားမှာ ပါ။ အဲဒီတရားစွဲဆိုမှုနဲ့ ပတ်သက် ပြီး ပွင့်လင်းမှုမရှိရင်လည်း ICC, ICJ စတဲ့ နိုင်ငံတကာတရားရုံး တွေထိ တရားစွဲဆိုသွားမှာပါ။ ဒီအတွက်လည်း နိုင်ငံတကာရှေ့ နေတွေ ထိုင်းဝန်ကြီးချုပ်၊ အဘီး စစ်ကို တရားစွဲခဲ့တဲ့ရှေ့နေတွေ အပြင်ရှေ့နေကွန်ယက်နဲ့လည်း တိုင်ပင်ထားပြီးပါပြီ။

ဦးသန်းရွှေအပါအ၀င်ယခင်စစ် အစိုးရတာဝန်ရှိသူတွေကို တရား စွဲမယ်ဆိုတာနဲ့ ပတ်သက်ပြီး အဲဒီ ပုဂ်္ဂိုလ်တွေဘက်က သဘောထား တွေကိုရော ဘာများသိရသေးသလဲ ခင်ဗျား။

ကြားလူကနေတဆင့်ပဲကြား ရတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုမင်းတို့တရားစွဲလို့မရပါဘူး။ ကွာတဲ့ဆိုတော့ ဗိုလ်ချုပ်မှူးကြီး က တပ်မတော်အရန်တပ်ရဲ့ တပ်မှူးချုပ်ဖြစ်နေလို့တဲ့ ဦးခင်ညွန့် ကတော့ သဘောထားတစ်မျိုး ကြားလူကနေတဆင့်ကြားတာက တစ်ချန်ကြရင် သူ့အနေနဲ့လာ တောင်းပန် ပါမယ်တဲ့။ ဇန်န၀ါရီ ၅ ရက်တုန်းကလည်း အဘယ့်ကြောင့် သူတို့ကိုတရားစွဲဆိုထိုက်သနည်း ဆိုတဲ့ စာကို နိုင်ငံတကာတရား ရုံးတွေဖြစ်တဲ့ ICJ, ICC ကို ပို့ထား တယ်။ ပြီးတော့နိုင်ငံပေါင်း ၁၉၉ နိုင်ငံက နိုင်ငံတော်တရားသူကြီး ချုပ်တွေ ဆီကိုလည်းပို့ထားပြီးပါ ပြီ။ ဒီတရားစွဲဆိုမှုဟာ သူတို့ဘက် ကနေ ကာလတစ်ခုထိအကြောင်း မပြန်မှသာစတင်မှာပါ။ သူတို့ဘက် က ပြန်တောင်းပန်ဖို့အတွက်ဘာမှ မတုန့်ပြန်ရင် သတင်းစာရှင်းလင်း ပွဲကြီးလုပ်ပြီး တရားစွဲဆိုမှုကို စတင်မှာပါ။

ပြန်လည်ဝန်ချတောင်းပန်မှုနဲ့ ပတ်သက်ပြီးတော့ရော တရားစွဲ ဆိုမှုမှာပါဝင်တဲ့ ယခင်စစ်အစိုးရ ခေါင်းဆောင်တွေကို နေ့ရက်သတ် မှတ်ပေးထားမျိုးရောရှိပါသလား။

ကျွန်တော်တို့အနေနဲ့ကတော့ မတ်လ (၁၃) ရက်နေ့ ဖုန်းမောင် နေ့အခမ်းအနားမှာ ဦးသန်းရွှေနဲ့ ဦးခင်ညွန့်ကတောင်းပန်လို့ရတယ်။ သူတို့လာရင် သူတို့ကိုမဲ့တစ် ယောက်တောင်မစွန်းစေရဘူး။ ဒါမှမဟုတ် TV ကလည်းတောင်း ပန်လို့ရတယ်။ အဲသလိုမှ မတောင်းပန်ရင်တော့ခုနကပြော သလို သတင်းစာရှင်းလင်းပွဲကြီး လုပ်ပြီး တရားစွဲသွားမှာပါ။ ဒီအတွက်အများကြီးသော နိုင်ငံ ရေး အကျဉ်းသားတွေ အထူးသဖြင့် ဘဘဦးဝင်းတင်တို့နိုင်ကျဉ်းက ကိုထွန်းကြည် တို့ကလည်း ဒါကို ထောက်ခံတယ်။

အောက်ခြေပိုင်းဝန်ထမ်းအချို့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အဲဒီတုန်း က နိုင်ငံတော်အကြီးအကဲတွေကို ဦးတည်တရားစွဲရတဲ့ကြောင်း သိပါ ရစေ။

ဒါကရှင်းလင်းလေးပါ။ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီတွေဂျူးတွေ ကိုသတ်တယ်။ သတ်တဲ့ ထဲမှာ နှိပ်စက်တဲ့ထဲမှာ နာဇီခေါင်းဆောင် တွေဖြစ်တဲ့ ဟစ်တကတို့ဂတ်စတာ ပိုဗိုလ်ချုပ်ဟင်းမလားတို့က ကိုယ် တိုင်မသတ်ပေမယ့်။ ခေါင်းဆောင် ဖြစ်တဲ့အတွက် စစ်ရာဇ၀တ်ကောင် တွေအဖြစ် သတ်မှတ်ခံရတာ သူတို့မှာတာဝန်ရှိတယ်လေ။ နီးနီး လေးပြောရရင် မြန်မာ့လွတ်လပ် ရေးအကြောင်းပြောရင် ဗိုလ်ချုပ် အောင်ဆန်းက အဓိကပါနေတယ်။ သူတိုင်းဗိုလ်ချုပ်ကိုလွတ်လပ်ရေး ဗိသုကာမဖြစ်နိုင်ဘူး။ ကွန်မြူနစ် တော်လှန်ရေးတွေမှာလည်း လီနင် တို့စတာလင်တို့လိုချီမင်းတို့ခေါင်း ဆောင်ဖြစ်တာပဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား တွေ နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး အဲဒီတုန်းက တိုင်းပြည်ခေါင်းဆောင် တွေမှာ တာဝန်ရှိတယ်။ တာဝန် မယူနိုင်ရင် ခေါင်းဆေင်မရပ် နဲ့လေ အောက်လူတွေလုပ်တာပါဆိုပြီး ဘယ်ခေါင်းဆောင်မှပြောလို့မရဘူး။ တာဝန်ယူရဲမှခေါင်းဆောင် လုပ်လေး လစ်ဗျားကိစ္စ ကဒါဖီမှာတာဝန်ရှိ တယ်။ ဆီးရီးယားကိစ္စက သတ်မှာ တာဝန်ရှိတယ်။ ကိုယ့်ကိုယ်ကို သိက္ခာရှိတယ်လို့ယူဆရင် ယုံကြည် ရင်ကျွန်တော်တို့နဲ့ မဆိုင်ပါ ဘူး။ အောက်ခြေလုပ်တာပါဆိုတာ မျိုးမပြောရဘူး။ ခေါင်းဆောင်လုပ် ပြီး သိက္ခာမရှိရင်လူထုကဘယ်ယုံ ကြည်ပါ့မလဲ။ လူထုကိုဂရုမစိုက်ပဲ ငါတို့ကလက်နက်တွေပိုင်တယ်။ စစ်တပ်ကြီးပိုင်တယ်ဆိုပြီးလုပ်လို့ ရတဲ့ခေတ်မရှိတော့ပါဘူး။

ဟုတ်ကဲ့ခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Hot News

မြို့လယ်ခေါင်က ဒေါ်လာပွဲစားလူလိမ်များအား တိုင်းဒေသကြီးအစိုးရမှ ထိရောက်စွာအရေးယူရန်လို


ရန်ကုန်မြို့ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီးရှိ နိုင်ငံခြားငွေ ပွဲစားများအနေဖြင့် အုပ်စုဖွဲ့ကာ ငွေကြေး လိမ်လည်မှုများပြုလုပ်လျက် ရှိနေပြီး ယင်းတို့ကြောင့် မြန်မာ များအပြင်နိုင်ငံခြားခရီးသွားဧည့် သည်များပါ ထိခိုက်နစ်နာနေရသဖြင့် ယင်းတို့အား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ အစီအစဉ်တစ် ရပ်ချမှတ်ကာ ထိရောက်ပြင်းထန် စွာအရေးယူသွားရန်လိုကြောင်း မကြာခဏမြင်တွေ့နေရသူတစ်ဦး ကဆိုသည်။

“သူတို့ကအုပ်စုနဲ့ ဖွဲ့လိမ်တာ လိမ်တာကလည်းမြို့လည်ခေါင် ကြီးမှာ အများစုကဘာသာခြားတွေ သူတို့လိမ်တာကအရေးမကြီးဘူး။ ပြဿနာတွေက အကြီးကြီးဖြစ် သွားနိုင်တယ်။ လိမ်ရင်သူ တို့က ဒေါ်လာဈေးကဥပမာ ၈၅၀ ပေါက်တယ်ဆို သူတို့က ဈေးပို ပေးတယ်။ အဲဒါကိုမက်ပြီး အရောင်းအ၀ယ်လုပ်တဲ့သူကတော့ လိမ်ခံရပြီသာမှတ် ကျွန်တော်တစ် ခါဒေါ်လာရောင်းတာကျွန်တော် ကိုပေါက်ဈေးထက်ပိုပေးတယ်။ ငွေရှင်းခါနီးကျတော့ ရဲလာတယ် ဆိုပြီး။ သူတို့ထဲက တစ်ယောက် ကိုလက်ညှိုးထိုးပြတယ်။ အဲဒီမှာ ရဲဆိုတာအကြောင်းပြပြီး ပေးတဲ့ ငွေကိုလက်နဲ့ လျှိုထားလိုက်တယ်။ ပြီးတော့ ငွေရေကြည့်တော့ နှစ် သောင်းခွဲလောက်လျော့နေတယ်။ သူတို့ကမြန်မာတွေတင် လိမ်နေ တာမဟုတ်ဘူး။ နိုင်ငံခြားသား တွေလည်း လိမ်တယ်။ နောင်ဆို သူတို့ကိုလိမ်နေတဲ့သူတွေကြောင့် တိုင်းပြည်လည်းသိက္ခာကျမယ်။ ရန်ကုန်မြို့ကြီးကိုလည်း လူလိမ် များတဲ့ မြို့ကိုထင်သွားနိုင်တယ်။ ဒါကို တိုင်းဒေသကြီးအစိုးရနဲ့ အစီအစဉ်တစ်ရပ်အနေနဲ့ ပြင်းပြင်း ထန်ထန်အရေးယူသင့်တယ်”ဟု လူလိမ်ပွဲစား များ၏လိမ်လည်မှုကို ခံရသူတစ်ဦးဖြစ်သူဦးကျော်အေး (ဘုရင့်နောင်ကုန်စည်ဒိုင်)က ဖေဖော်ဝါရီ ၂၄ ရက်က Hot News သို့ပြောကြားသွားသည်။

မကြာသေးမီကလည်း ရန်ကုန် မြို့တော်ခန်းမရှေ့၌ မနက်အချိန် စောစော၌ လူလိမ်ခွဲစားများ မမှန် မကန်လဲလှယ်မှုပြုသဖြင့် နိုင်ငံခြား ခရီးသွားဧည်သည်တစ်ဦးမှ အကြီး အကျယ်ဒေါသထွက်ကာ မိမိ၏ ပိုက်ဆံအား ပြန်ပေးရန် ပြောဆို နေပြီး။ ယင်းလူလိမ်များမှ ယခု အခါတွင် အတင့်ရဲကာ ထင်ပေါ် စွာဖြင့် နိုင်ငံခြားဧည့်သည်များအား လိမ်နေကာသက်ဆိုင်ရာ၏ ထိရောက်သောအရေးယူမှု မရှိပါက ရေရှည်တွင်အခြေအနေပိုဆိုးလာ နိုင်ကြောင်း မကြာခဏမြင်တွေ့ နေရသူများကဆိုသည်။

Hot News

အမှိုက်ပစ်ရန်နေရာများ လုပ်ပေးသင့်


ဆင်ခြေဖုံးမြို့နယ်အချို့တွင် အမှိုက်ပစ်ရန်နေရာ နည်းပါးခြင်း ကြောင့် အမှိုက်ပစ်ရန် အခက် အခဲများ ရှိနေဆဲဖြစ်ကြောင်းသိရ သည်။

““အမှိုက်ပစ်စရာနေရာမရှိ တော့ ကျွန်တော်တို့က စည်ပင် သာယာရုံးရှေ့မှာ သွားပစ်ရမှာ လား၊ လစဉ် အမှိုက်ခွန်တွေကျ တော့ ကောက်တယ်၊ အမှိုက်ပစ် စရာနေရာကျတော့ လုပ်မပေး ဘူး””ဟု တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက်၊ ဆင်းဧကရီလမ်းတွင် နေထိုင်သူအမျိုးသားတစ်ဦးက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့လယ်၊ မြို့နယ်များ တွင် အမှိုက်ပစ်ကန်များရှိပြီး အမှိုက်သိမ်းကားများ လာရောက် သောကြောင့် အမှိုက်ပစ်ရန် အတွက် အခက်အခဲနည်းပါး သော်လည်း ရန်ကုန်မြို့နှင့် ဝေး ကွာသော ဆင်ခြေဖုံးမြို့နယ်များ ဖြစ်သည့် (မြောက်ဒဂုံ၊ တောင် ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက် ဥက္ကလာ၊ သာကေတ)အစရှိ သော မြို့နယ်များတွင်မူ အမှိုက် ပစ်ရန်နေရာများနည်းပါးသော ကြောင့် အဆိုပါမြို့နယ်နေ ပြည် သူလူထုများမှာ အမှိုက်ပစ်ရန် အခက်ခဲရှိနေကြောင်းသိရသည်။

၎င်းအမှိုက်ပစ်ရန် နေရာ အခက်အခဲနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဌာန၊ သဘာဝပတ်ဝန်းကျင် ဌာနမှ ဦးသန်းလွင်ဦးကို သွား ရောက်တွေ့ဆုံရန် ၎င်း၏ ဖုန်းနံပါတ် (၀၉-၅၁၂၅၃၆၄)အား အကြိမ် ကြိမ်ဆက်သွယ်သော် လည်း ဖုန်းပိတ်ထားသော ကြောင့် ဆက်သွယ်မေးမြန်းခွင့် မရခဲ့ပါ။

Hot News

ပိုးသတ်ဆေးနှင့် အားဆေးမှားသောက်မိသူ မိန်ကလေးတစ်ဦးသေဆုံးသွားခဲ့

ပိုးသတ်ဆေးကို အားဆေး ဖြင့် မှားယွင်းသောက်သုံး မိသော မိန်းကလေးတစ်ဦးသေဆုံးသွားခဲ့ ၍ သက်ဆိုင်ရာရဲ တပ်ဖွဲ့စခန်းက သေမှုသေခင်းဖွင့်၍ စုံစမ်းစစ်   ဆေးနေကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ (၁၄-၂-၂၀၁၃) ရက် ညနေ(၆)နာရီကျော်ခန့် တွင် ပဲခူးတိုင်းဒေသကြီး သနပ် ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာ တွင် နေထိုင်သူ မသီတာ (၁၉) နှစ် (ဘ) ဦးတင်အုန်းဆိုသူသည် ပဲပင်များဖြန်းပက်သော ပိုးသတ် ဆေးရေကို ၎င်းသောက်နေကျ အားဆေးဖြင့် မှားယွင်းသောက် သုံးမိခဲ့၍ သနပ်ပင်ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိခဲ့သည် ဆို၏။

မသီတာ၏ ဦးလေးတော် စပ်သည့် ဦးခိုင်ဇော်လင်းက ဆေး မှားသောက်မိခြင်းကိစ္စကို သနပ်ပင်ရဲစခန်းသို့ သတင်းပို့ အကြောင်းကြားခဲ့သည်။

မင်းရွာရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်ဌေးဝင်းနှင့်အဖွဲ့ သနပ် ပင်ဆေးရုံသို့ ရောက်ရှိပြီး လိုအပ် သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ် ဆောင်ရွက်နေစဉ် (၁၅-၂-၂၀၁၃)ရက် နံနက်(၄)နာရီ ကျော်ခန့်တွင် မသီတာ (၁၉)နှစ် သည် သေဆုံးသွားခဲ့သဖြင့် စခန်း မှူးရဲအုပ်စိန်ဌေးဝင်းက ဓမ္မတာ အတိုင်း သေဆုံးရခြင်းဟုတ်၊ မဟုတ် ဆက်လက်စုံစမ်းမှုပြုလုပ် ရန်အတွက် မင်းရွာရဲစခန်းသေမှု သေခင်းအမှတ်စဉ် ၁/၂၀၁၃ ဖွင့် လှစ်၍ စုံစမ်းစစ်ဆေးနေကြောင်း သိရှိရပါသည်။

Hot News

နိုင်ငံရေးအကျဉ်းသားများပြန်လည်ထူထောင်ရေးအတွက် ယခင်အစိုးရ၌ တာဝန်ရှိကြောင်း ဦးဝင်းတင်ပြော


ယခင် အစိုးရ လက်ထက်၌ အကြောင်း အမျိုး မျိုးကြောင့် နှစ် ရှည် အကျဉ်းကျ ခံခဲ့ရသော နိုင်ငံ ရေး အကျဉ်းသား များ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် နိုင်ငံ ရေးအကျဉ်းသားများအား ပြန်လည် ၀န်ချတောင်း ပန်ရေး အတွက် ယခင် အစိုးရခေါင်းဆောင် ပိုင်း၌ တာဝန်ရှိ ကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က Hot News သို့ပြောကြားသွားသည်။

“နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက် ပြီးလုပ်ပေးဖို့တာဝန်အရှိဆုံးက စစ်အစိုး ရခေါင်းဆောင်တွေ ပဲ သူတို့ပဲအကျဉ်းသားတွေကို နှိပ်စက် ထောင်ထဲထည့် အဲဒီမှာ သေတဲ့ သူကသေ ကျွန်တော် ဒီကိစ္စဆောင်း ပါးရေးထားတယ်။ ငရဲခွေးတွေ လွတ်နေတုန်းပဲဆိုပြီး။ ငရဲခွေးတွေ ဆိုတာက အဲဒီ သူတွေ ကိုပြော တာ ဒီလူတွေဟာ တိုင်းပြည်ကို တောင်းပန်ရလိမ့်မယ်။

ဒါမဟုတ် ရင်နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်ထူထောင်ရေးအတွက် အစိုးရ ကတစ်စုံ တစ်ရာ လုပ်ပေးရ လိမ့်မယ်။ နိုင်ငံခြားတိုင်းပြည်တွေ မှာလည်း နိုင်ငံရေးအကျဉ်းသား တွေအတွက် အသိ အမှတ်ပြု တာမျိုး လုပ်ပေးနေတာပဲလေ။ နိုင်ငံရေး အကျဉ်းသား ၁၆၀၀၀ ကျော်ရဲ့ သားစဉ်မြေးဆက်ကလည်း အစိုးရက ဘာလုပ်ပေးသလဲစောင့်ကြည့် နေမှာ”ဟု ဟံသာဝတီဦးဝင်းတင် မှ ပြောကြားသွာခဲ့သည်။

လက်ရှိ အနေ အထား အရ နိုင်ငံရေးအကျဉ်းသားများစွာ အကျဉ်းထောင်များ၌ မလွတ်မြောက် နိုင်သေးဘဲ။ လွတ်မြောက်ပြီး သောနိုင်ငံရေးအကျဉ်းသားများ၌ လည်း နာမည်ကြီးသူအချို့သာ ဘ၀ရပ် တည်ရေးပြေ လည်ကြပြီး အများစုမှာ မူဘ၀ဆက်လက်ရပ် တည်ရေးနှင့် အချို့ချို့သော အကျဉ်းထောင်တွင်းညှင်းပန်းမှု များကြောင့် ကျန်းမာရေးအခြေ အနေဆိုးဝါးခြင်းတို့အတွက်များ စွာအခက်အခဲဖြစ်လျက်ရှိနေကာ ယင်းတို့အား လည်း အစိုးရမှ လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာအစီအစဉ်တစ်ရပ်အနေ ဖြင့် ပံ့ပိုးမှုများပြု လုပ်ရန်လိုကြောင်း ဦးဝင်းတင်မှထပ်လောင်းပြောကြား သွားခဲ့သည်။

ခန့်ခန့်(ဒဿနိက)
ံ Hot News

ပြုပြင် ပြောင်းလဲရေး၌ နိုင်ငံရေး ပါတီများ ၏ ပူးပေါင်းမှု လိုအပ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများ ပြောကြား

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် နိုင်ငံရေးပါတီများ၏ ပူးပေါင်းဆောင်ရွက်မှုများသည် အဓိကကျ၍ လိုအပ်ကြောင်းဒိန်းမတ်နိုင်ငံ အခြေစိုက် Danish Institute for Parties and Democracy အဖွဲ့နှင့် နယ်သာလန်နိုင်ငံမှ Netherlands Institute for Multiparty အဖွဲ့များက အကြံပြုခဲ့သည်။ အဆိုပါ အဖွဲ့အစည်းနှစ်ခုသည် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများကို ဖိတ်ကြား၍ ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၁၉ နှင့်၂ဝ ရက်များတွင် ''ဒီမိုကရေစီ အသွင်ကူးပြောင်းမှု မှ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ ''ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဆွေးနွေးမှုတွင် နိုင်ငံတကာမှ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ကြုံတွေ့ခဲ့ရသော အကြောင်း အရာများနှင့် အတွေ့အကြုံများကို ဆွေးနွေးခြင်း၊ နိုင်ငံရေးပါတီများ၏ အရည်အသွေးအား ပိုမိုမြင့်တက်လာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသော အကြောင်းအရာများကို တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

''သူတို့ ဆွေးနွေးပွဲ ရည်ရွယ်ချက်က တိုင်းပြည်မှာရှိတဲ့ ပါတီတွေအချင်းချင်း ကြားထဲမှာ နားလည်မှု ရစေချင်တာပါတယ်။ နိုင်ငံရေးပါတီတွေ အနေနဲ့ အခုအခြေအနေက စိမ်းနေကြတယ်။ ပါတီတစ်ခုနဲ့ တစ်ခုမတွေ့ကြဘူး၊ မဆုံဖြစ်ကြဘူး၊ စကား မပြောကြဘူး။ အဲဒီပါတီတွေကို သူတို့က ဆုံပေးချင်တာ။ နောက်တစ်ခုက သူတို့သွားရောက်ခဲ့ပြီးဖြစ်တဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံက အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံက အတွေ့အကြုံတွေကို ဖလှယ်လိုတာတွေကြောင့် ဒီဆွေးနွေးပွဲ ကျင်းပတယ်လို့ ပြောတယ်'' ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သော နိုင်ငံများဖြစ်သည့် တောင်အာဖရိကနိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံ၊ နီပေါနိုင်ငံတို့မှ နိုင်ငံရေးကျွမ်းကျင်သူများကလည်း အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ပြီး ၄င်းတို့၏ အမြင်များနှင့် အတွေ့အကြုံများအား တက်ရောက်လာသော နိုင်ငံရေးပါတီများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

တပ်မတော်နှင့် SSPP / SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပျက်နိုင်ကြောင်း ဦးအောင်မင်း ပြောကြား

မြန်မာ့တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းသည် အောက်ခြေအဆင့်ရှိ တပ်များအကြား အမြင်လွဲမှား မှုကြောင့်သာ ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပျက်နိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၃ ရက်က ရန်ကုန်မြို့ရှိMyanmar Peace Center တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂ဝ ရက်နေ့များတွင် တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''အောက်ခြေ အဆင့်တွေက အထင်အမြင် လွဲမှားတာပါ။ မနေ့ကလည်း တိုက်ပွဲတွေ မဖြစ်ပါဘူး။ ဒီနေ့လည်း မရှိတော့ဘူး။ အောက်မှာရှိတဲ့ တပ်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါ။ တခြားနိုင်ငံတွေမှာ လည်း အောက်ခြေမှာ ဖြစ်နေကြတာပဲ။ ဒါကိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမ ပျက်နိုင်ပါဘူး'' ဟု ပြော ကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကလည်း ''အပစ်အခတ် ရပ်စဲရေးဆိုတာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အခြေခံပါ။ သနတ်တွေ ကိုင်ထားပြီး စကားပြောရတာ ခက်တယ်လေ။ အပစ်အခက် ရပ်စဲပြီးနောက်ပိုင်း ဆက်ပြီးဆွေးနွေးရမှာတွေ က အများကြီး။ အပစ်အခတ် ရပ်စဲပြီးမှ အောက်ခြေက ဖြစ်တက် ပါတယ်။ သေနတ်ကိုင်ထားတဲ့ အဖွဲ့တွေ ဖြစ်နေတော့ ဒါတွေကထပ်ပြီးတော့ ညှိနှိုင်းရမယ့် ကိစ္စတွေပေါ့။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အလှည့်ကျ ဆွေးနွေးနေတာပါ'' ဟု ပြောကြားခဲ့ သည်။

ဖေဖော်ဝါရီလ ၂ဝ ရက်က ထိုင်းနိုင်ငံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ နိုင်ငံရေးအ ကြို ဆွေးနွေးပွဲ ပြုလုပ်စဉ် ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ် ပွားနေ မှုအား ဆွေးနွေးပွဲတွင် အဓိကအနေဖြင့် ဆွေးနွေးခဲ့ခြင်း မရှိသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းမှတစ်ဆင့် တိုက်ပွဲများ လျော့ကျလာနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြော ကြား ထားသည်။

ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) သည် UNFC အဖွဲ့တွင် ပါဝင်ပြီး အစိုးရနှင့် SSPP/SSA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလတွင်းက ရရှိခဲ့ခြင်းဖြစ်သည်။ အပစ်အခတ် ရပ်စဲရေး ရရှိပြီးနောက်ပိုင်း တစ်နှစ်ကျော်အတွင်း နှစ်ဖက်တပ်များအကြား ထိတွေ့မှု အကြိမ် ၅ဝ ဝန်းကျင်ရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင် ဒုက္ခသည် စခန်းတွင် ကေအိုင်အေမှ တပ်သားသစ် အဖြစ် ၀င်ရောက်ဖမ်းဆီး

KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြားရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက်တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက် ခိုလှုံနေကြ ရေ ပမဲ့ KIA တပ်တွေက သူတို့တပ် အင်အားဖြည့်ဖို့လိုတယ်။ မင်းတို့တွေ တပ်ထဲဝင်ရမယ် ဆိုပြီး အဓမ္မလူ သစ်စုေ ဆာင်း ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့က ကိုယ့်ရပ်ရွာမှာ မနေရဲလို့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေလို့ ထွက်ပြေးလာတဲ့ ဒုက္ခ သည် တွေပါ။ အခုလို ဒုက္ခသည်စခန်းကို ရောက်လာတော့လည်း KIA တပ်က ညဖက်တွေမှာ ရောက်လာ ပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်တော့ အေးအေးဆေးဆေး မနေရဘူး။ ၀င်ဖမ်းတဲ့ အချိန်ပါ မ သွားေ အာင် သတိထားပြီး ရှောင်နေရတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း (၂) ကြိမ်၊ ဒီလလည်း (၁) ကြိမ်၊ စု စုပေါင်း (၃) ကြိမ်ရှိပြီ၊ သူတို့ KIA က တပ်သားသစ်လိုတယ်ဆိုပြီး ညအချိန်ဝင်ဖမ်းသွားတာ။ တစ်ခါ ဖမ်း ရင် အယောက် (၃၀) လောက်ပါသွားတယ်။ ကျနော်တို့က တရုတ်အစိုးရကိုတော့ တိုင်ထားတယ်။ အခု ထိတော့ တရုတ်အစိုးရကလဲ ဘာမှမဖြေရှင်းပေးဘူး” ဟု အမည်မဖော်လိုသူက ပြောပြသည်။

KIA တပ်အနေနဲ့ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်နေပြီး တစ်ဘက်မှ နိုင်ငံရေးအရ တပ်သားသစ် သင် တန်း တက်နေတဲ့ KIA သင်တန်းသားတွေကို မိဘနေရပ်ထံပြန်လွှတ်နေပေမဲ့ တိုက်ပွဲဝင်နိုင် တဲ့အနေ အထား မရှိသူတွေကို ပြန်လွှတ်ပေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ သူတို့တပ်တွေရှိတဲ့ ရွာတွေမှာတော့ အခု အချိန် အထိ အဓမ္မလူသစ်စုဆောင်းတာတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

KDN

NLD ပါတီ သည် မွတ်ပါတီ ဖြစ်နေပြီလို့ ဆရာတော် အရှင် ၀ီရသူ ပြောပြီ


ဒီကနေ့ အဲဒါပဲပေါ့ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြပါ။ ဘာအမြင်နဲ့ အလုပ်လုပ်ရမလဲ? အမျိုးသားရေး အမြင်နဲ့ အလုပ်လုပ်ရပါမယ်ဘုရား။ ဘာနဲ့ အလုပ်လုပ် ရမလဲ? အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ရမယ်။ မျက်စိနဲ့ ကြည့်ရင်လည်း အမျိုးသားရေး အမြင်နဲ့ ကြည့်ရမယ်။ နားနဲ့ကြားနာရင်လည်းပဲ အမျိုးသားရေး အမြင်နဲ့ နားထောင်ရမယ်။ အဲဒီလိုပဲ ဘယ်လိုအလုပ်ပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ပဲ အလုပ်လုပ်ရမယ်။ စားလည်း အမျိုးသားရေး အတွက်ပဲစား၊ သွားလည်း အမျိုးသားရေးအတွက်ပဲ သွား။ အေး အရောင်းအဝယ် လုပ်လည်း အမျိုးသားရေးအတွက်ပဲ အလုပ်လုပ်ပါ။ အဲဒါတွေကိုဦးဇင်းတို့ တိုင်းသူ ပြည်သားတွေမှာ အားနည်းနေလို့ ဒီကနေ့ လိုက်ဟောနေရတာ။

အေး သူတို့တတွေ ကြတော့နော် ခင်ဗျားတို့ကြည့် ဘာပဲလုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ အလုပ်လုပ်တာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးခေတ် မရောက်ခင်တုန်းကစစ်အစိုးရခေတ်၊ စစ်အစိုးရနဲ့ ပေါင်းပြီးတော့ သူတို့တွေ အမျိုးသားရေးအမြင်တစ်ခုတည်းနဲ့ အလုပ်လုပ်ခဲ့ကြလို့ ဒီကနေ့ ရန်ကုန်မြို့ကြီးရဲ့ ဆောက် လုပ်ရေးဈေးကွက်ကိုသူတို့ အုပ်စီးသွားပြီ ချုပ်ကိုင်သွားပြီ။

အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်လို့။ သူတို့လည်းစစ်တပ်ကိုချစ်တယ်လို့တော့ မထင်နဲ့။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် စစ်တပ်နဲ့ ပေါင်းတာ။ အဲဒီလိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေတ်ကောင်းလာတော့ အလုံးလိုက်၊ အရင်းလိုက် ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲသူတို့ ဝင်ကြတယ်။ အမျိုးသားရေးအမြင် နဲ့ နိုင်ငံရေး လုပ်တာ။ နိုင်ငံရေးခံယူချက်ရှိလို့ မဟုတ်ဘူး။ ဒီမိုကရေစီကို နားလည်လို့ မဟုတ်ဘူး။ လူ့အခွင့်အရေး ကိုလေးစားလို့ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင်ကိုယ်က လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့သူတွေ။

လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ရက်ရက်စက်စက် ချိုးဖောက်နေတဲ့ သူတွေ။ အေးဒါပေမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီထဲ ဝင်တယ်။ ဘာကြောင့်လဲ။ ဒီပါတီထဲပါတီအာဏာရရင် သူတို့တတွေ နေရာရမယ်။ သူတို့တွေနေရာရရင် သူတို့ အမျိုးသား အကျိုးစီးပွားအတွက် အများကြီး အလုပ်လုပ်နိုင်မယ်။ နောက်ဆုံး အကာအကွယ် ပေးနိုင်မယ်။ဒီရည်ရွယ်ချက်နဲ့ ဝင်တယ်။

ဒီကနေ့ NLD ခေတ်ကောင်းလာတော့ကော NLD ထဲပြောင်းပြီး သူတို့တွေ နေရာယူ သွားကြပြီ။ ဘယ်မြို့မှာ ကြည့်ကြည့် ရုံးထိုင်နေရင် မုတ်ဆိတ်တွေချည်းပဲ။ အဲတော့ မိတ္ထီလာရောက်တော့ မိတ္ထီလာက ဒကာတော်က လျှောက်တယ်။

ခွပ်ဒေါင်းဟာ ခွပ်ဒေါင်း မဟုတ်တော့ပါဘူး ဆရာတော်၊ မွတ်ဒေါင်း ဖြစ်သွားပါပြီ။

ဘာ့ကြောင့်တုံးဗျ။

မွတ်ဆလင်တွေ ချည်းပဲ။

အေး ခင်ဗျားပြောတဲ့ စကားလည်း မဆိုးဘူးဗျ။

စဉ်းစား ကြည့်နေနော်။ သူတို့ နိုင်ငံရေးခံယူချက် မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးလုပ်တယ်။ ဘာအမြင်နဲ့ လုပ်လဲ၊ အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။ ဒါဘဲ၊ အဲတော့ ဘာဖြစ်မလဲ၊ သူတို့တွေ နေရာရတာပေါ့။

နေရာရတော့ ဘာဖြစ်မလဲ။ သူတို့လူမျိုး၊ သူတို့ ဘာသာ တိုးတက်အောင် လုပ်နိုင်တာပေါ့။

တစ်ခုပဲပြောလိုက်မယ်။ ဦးဇင်းမြို့လှမြို့ကိုရောက်တယ်။ ဦးဇင်းတွေ ဆီးပြီးတိုင်တယ်။

အာဇာနည်နေ့ကတဲ့ NLDရုံးမှာဆွမ်းကပ်ချင်တာတဲ့။ ဆွမ်းကပ်ခွင့် မရဘူးတဲ့။

ထောင်းခနဲ ဖြစ်သွားတယ်။ ရိုင်းလှချည်လားကွာ၊ ဒီ အုပ်ချုပ်ရေးမှူးက ဒီအာဏာပိုင်တွေက ဗိုလ်ချုပ်အောင်ဆန်းဆုံးတဲ့ နေ့တောင် ဆွမ်းကပ်ခွင့် မပေးဘူး။ ဘာကောင်တွေလဲပေါ့။

မဟုတ်ဘူး ဘုရားတဲ့။ NLD ရုံးက ကုလားအိမ် ငှားပြီးဖွင့်ထားတာ၊ ကုလားကခွင့်မပေးတာ။

သေဟ၊ ပြီးရော၊

သူတို့ နေရာရသွားပြီလေ။ NLDရုံးလေးအငှားဖွင့်တဲ့အိမ်ကတောင်မှ ဒီဆွမ်းလေး ကပ်ခွင့်ကို ပိတ်ပင်ခဲ့ရင် ဒီပါတီ ဥက္ကဋ္ဌ ဖြစ်သွားခဲ့သော်၊

ဒီနိုင်ငံ့ ခေါင်းဆောင်ဖြစ်သွားခဲ့သော်၊ ဒီလွှတ်တော် ကိုယ်စားလှယ်၊ ဒီလွှတ်တော် အမတ်ဖြစ်သွားခဲ့သော် စဉ်းစားကြည့်ပါ။

မလွယ်ဘူးနော်၊ ဒီကိစ္စက အလေးအနက်တွေးလေ ကြောက်စရာကောင်းလေ ပဲနော်၊ သူတို့တွေ စီးပွားရေးလုပ်လည်း အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။

ဒါကြောင့် သူတို့ အမျိုးသားတွေ ဟိုးမြေတွေ လိုက်ဝယ်တာတွေ၊ အိမ်တွေ လိုက်ဝယ်တာ။ ဒီငွေထုပ် ပိုက်ပြီးတော့ မိန်းကလေးတွေ လိုက်တောင်းတာ။ ဒီဟာတွေပြပြီး မိန်းကလေးတွေကို မြူဆွယ်တာ။ အကုန် အမျိုးသားရေးအမြင်နဲ့ အကုန် အလုပ်လုပ်နေတာ။ အကုန်ကပ်တာ။ စစ်အစိုးရ ခေါင်းဆောင်တုန်းက ဗိုလ်ချုပ်ကြီးတွေကို ကပ်တာ။ ပါတီထောင်တော့ ပါတီ ခေါင်းဆောင်တွေကို ကပ်တယ်။

NLD အားကောင်းတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကပ်တယ်။

လိုက်ကြည့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်က ပြန်လာ၊ နိုင်ငံခြားက ပြန်လာတဲ့အခါ လေဆိပ်မှာ သူ့ကားပဲစီးလာတာ။ မန္တလေးကိုလာတယ်။ လေဆိပ်မှာ သူ့ကုလားကားပဲ စီးတာ။ ကပ်ထားပြီ။ အပီ ကပ်ထားပြီ။

ဘယ် ရော်နယ်ဒို ဘယ်လောက် ကောင်းကောင်း ခင်ဗျား ၄၊ ၅ ယောက် ကပ်ထားတော့ လှုပ်ကိုမလှုပ်တော့ဘူး။

ရခိုင်ပြည် အတုံးအရုံးနဲ့ အသတ်ခံရတာဒေါ်စုတစ်ခွန်းမှ မပြောနိုင်တော့ဘူး။ ဘာတတ်နိုင်တုန်း၊ အဲဒါမှတ်ထား။ သူတို့တွေ အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်နေတာ။

ဓမ္မနဲ့ အဓမ္မ ဆိုတဲ့ မင်းကိုနိုင် ဘာတတ်နိုင်သေးတုန်း၊ ရခိုင် အရေးအခင်းမှာတစ်ခွန်းမှကိုမဟနိုင်တော့ဘူး။ ကပ်ထားပြီ၊

ခင်ဗျားတို့ ရန်ကုန်သတိထား။ အမျိုးသားရေးကိုအလေးအနက်ထားကြမှ ဖြစ်မယ်။ အဲဒီလိုပဲ၊

ဟိုးဦးဇင်းတို့ ပြီးခဲ့တဲ့ ၃ ရက်၊ ၄ ရက်၊ ၅ ရက် လောက်က မွန်ပြည်နယ် သွားတယ်။ တွေ့ခဲ့ရတယ်။ ရာဇာမင်းဆိုတဲ့ ကားအသင်း၊ ကုလားပိုင်ပဲ။ အဲဒီ ကားအသင်းက အဲဒီကားပိုင်ရှင်ကအဲဒီကားအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေ၊ မထသဥက္ကဋ္ဌ ဖြစ်နေတာ။

အေး သူဖြစ်လိုက်ကတည်းက ကထိန်ခင်းခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲ။ အပိုအလုပ်တွေ၊ ပြီးပြီ။

သူနေရာရသွားတာနဲ့ တပြိုင်နက် တန်းပြီးတော့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လှူဒါန်းခွင့်ကိုပိတ်ပစ်လိုက်ပြီ။ သတိထားပါ။

ဦးဇင်းတို့တွေက အမျိုးသားရေးနဲ့ လူမှုရေးကွဲတယ်။ အဲအမျိုးသားရေးနဲ့ လူ့အခွင့်အရေးကွဲတယ်။

နိုင်ငံရေး သမားတွေက အမျိုးသားရေးနဲ့ လူ့အခွင့်အရေးမကွဲဘူး။

ဒါကြောင့်မို့လို့ သူတို့တွေက ဓမ္မဘက်မှာလည်း မရပ်တည်နိုင်ဘူး။ ပြည်သူဘက်မှာလည်း မရပ် တည်နိုင်ဘူး။

ဒီလို လူတွေသာ ဆက်တိုက် ဆက်တိုက် နေရာရကြည့်။ ကထိန်ခေတ် ဆိုတာတောင် ဘယ်ပျောက်သွားမှန်း သိမှာမဟုတ်တော့ဘူး။ အဲဒါပဲလေ။ သူနေရာရသွားပြီး၊ နေရာရတော့ ဘာဖြစ်လဲ။ ကထိန်ခင်းခွင့်ကို ပိတ်ပစ်လိုက်တယ်။ ကထိန်ခင်းခွင့်ကို ပိတ်ပင်လိုက်တော့ ဘာဖြစ်မလဲ။ ဗုဒ္ဓဘာသာနစ်နာတာ၊ ထိခိုက်တာ၊ ကုသိုလ်တရားတွေ ဆုံးရှုံးသွားတာ။

အေးအဲဒါတွေကိုသိတဲ့အခါကျတော့ မော်လမြိုင်က စာချ ဆရာတော်လေး တွေ စုဖွဲ့ထားတဲ့ သံဃာ ကွန်ယက်က အဲဒီမှာ စတစ်ကာတွေ ကပ်ပြီး လိုက်ပြီးတော့ ဘာသာတူ လူမျိုးတူ ဆိုင်တွေမှာ ဈေးဝယ်ဖို့၊ ဘာသာတူ လူမျိုးတူကားအသင်းတွေကိုပဲ စီးဖို့၊ ဒါမျိုးလေးလိုက်ပြီးတော့ ဆောင်ပုဒ်လေးတွေ နဲ့ ပြောကြတယ်။

စားလည်း ၉၆၉၊ သွားလည်း ၉၆၉၊ ဝယ်လည်း ၉၆၉၊ စီးလည်း ၉၆၉၊ အဲလိုမျိုးတွေ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး ဒါလေးကို ရည်ရွယ်ပြီးတော့ စားလည်း ၉၆၉ ဝယ်စားခဲ့သော် ဘုရား၊ တရား၊ သံဃာ အထိမ်းအမှတ် သင်္ကေတ အမှတ်အသားပါတဲ့ ဆိုင်တွေမှာ ဈေးဝယ်စားပါ။ သွားလည်း ၉၆၉ ဘာသာတူ လူမျိုးတူတဲ့ ကားအသင်းတွေကို သွားပါ။ အဲဒါမျိုးဆိုတာဝယ်လည်း ၉၆၉၊ ရောင်းလည်း ၉၆၉၊

အေး ကိုယ်က ဈေးတစ်ခု ဝယ်တယ်။ ကိုယ့်ပစ္စည်းတစ်ခုရရုံနဲ့ မပြီးသေးဘူး။ ဒီအမြတ်ငွေ ရန်သူ လက်ထဲ ရောက်သွားရင် အမျိုးဘာသာသာသနာအကုန်နစ်နာတယ်။ ဒီငွေတွေနဲ့ မိန်းကလေးတွေကို ယူမယ်။ အတင်းအဓမ္မ ဘာသာသွတ်သွင်းမယ်။ မွေးလာတဲ့ ကလေးတွေ အကုန်လုံး တိုင်းပြည်ရဲ့ အန္တရာယ် ဖြစ်မယ်။ ဘာသာကိုဖျက်စီးမယ်။ သာသနာကိုဖျက်စီးမယ်။ နောက်ဆုံး လူဦးရေတိုးပွားရင် ရခိုင်ပြည်လိုနယ်ချဲ့မယ်။ တိုင်းပြည်ကိုလုယူမယ်။

သွားပြီလေ၊ ဒါကြောင့်မို့လို့ ဒီအဝေးကြီးကို ကြည့်တယ်။ ဒီအရှည်ကို ကြည့်တယ်။

ကိုယ်လိုချင်တဲ့ ပစ္စည်းရရုံလေးနဲ့ ဈေးအလွယ်တကူမဝယ်နဲ့။ ၉၆၉ သင်္ကေတပါတဲ့ ဈေးဆိုင်တွေ မှာ ဈေးဝယ်ပါ။

ဒီလိုလိုက်လံပြီးဟောတော့ ဘာဖြစ်တုန်းဆိုတော့ အဲဒီ ရာဇာမင်းကား မော်လမြိုင်ကလူတွေ မစီးကြတော့ဘူးဗျာ။ အဲဒီကျတော့ ဟိုဘက်ကနေ ဒီရန်ကုန်ကို လာရင် ကားကချောင်နေတာပဲ။ လူသိပ်မပါဘူး။ သူတို့ အချင်းချင်းပဲ လာကြတာ။ စီးကြတာ။ ဒါပေမယ့် ရန်ကုန်ကနေဟိုဘက်ကိုလာတဲ့ ကားကျတော့ အပြည့်ဗျ။ ရွှေမြန်မာတွေ အားပေးကြတာ။

အဲတော့ ရာဇာမင်းကားဘာလုပ်လဲ။ ဈေးချပ လိုက်တယ်။ အစတုန်းကတော့ အဈေးအတူ ၆၀၀၀ ပဲ။ ၅၀၀၀ အထိချပလိုက်တယ်။ ၁၀၀၀ သက်သာတယ်။ ဗမာတွေ မစီးဘူး။ ၁၀၀၀ နဲ့ ကိုယ့်ကားပဲကိုယ်စီးမယ်တဲ့။ ထပ်ချလိုက်တယ်။ အဆင့်ဆင့်။ ၃၅၀၀ အထိချ လိုက်တယ်။ အဲဒီအချိန်မှာဗမာတွေ တောင့်ခံ မနေနိုင်တော့ဘူး။ အခု ပြန်စီးနေပြီ။

သွားပြီလေ။ ဒီပွဲသာဗမာတွေရှုံးရင် နောက် ဒီလိုဟာမျိုးတွေ သူတို့တတွေ အုပ်စုဖွဲ့ပြီးတော့ ဒီဆော်ဒီအာရေးဗီးယားတွေလို ရေနံသူဌေးတွေက ထောက်ပံ့တဲ့ ငွေတွေနဲ့ အဲ့စီးပွားရေးတွေ အပြိုင် လုပ်တော့မှာ။ ဒါမျိုးတွေ အများကြီးပဲ။

ဒီတစ်ခုပဲပြောလိုက်မယ်။ ဒါကြောင့်မလို့ ဗမာတိုင်း ဗမာတိုင်း ကလေ ဟိုသက်သာတာလေး တစ်ခုတည်းကို မကြည့်နဲ့ ဒီလို ကိုယ်က ရေသာခိုလိုက်တဲ့အတွက်ကြောင့် ဒီငွေလေး ၁၅၀၀ လောက် ကိုယ်ကြည့်မြင်လိုက်တဲ့ အတွက်ကြောင့် ဒီ ၁၅၀၀ ပေါင်းသောင်းချီသွားရင်၊ သိန်းချီသွားရင် အေးရန်သူရဲ့ အင်အားဟာ ဘယ်လောက်ထိအောင် ကောင်းသွားမလဲ။ ဘယ်လောက်ထိအောင် ကြီးသွားမလဲ။ ကြီးရင် ကြီးသလောက်၊ ကောင်းရင် ကောင်းသလောက် လူမျိုးကိုဝါးမြိုမယ်။ ဘာသာ သာသနာကို ဖျက်စီးမယ်။ နိုင်ငံရဲ့ ရေထု၊ မြေထုတွေကိုလုယူမယ်၊ သိမ်းပိုက်မယ်။

ဒါဘဲ။ အဲဒီအထိကို ကြည့်ပြီးတော့ တစ်မျိုးသားလုံးကဒီဘက်ကသွားတဲ့ လူတွေရော၊ ဟိုဘက်က လာတဲ့လူတွေ အကုန်လုံးညီတူမျှတူကိုယ့်ကားကိုပဲစီးကြမယ် ဆိုရင်တော့ ခရီးသွားတာတောင်မှ၊ ကားစီးတာတောင်မှ အမျိုးသားရေးအမြင်နဲ့ သွားကြမယ်။ အမျိုးသားရေးအမြင်နဲ့ စီးကြမယ်။ နောက်ဆုံးကုလားလျှော့တဲ့ အဲငွေ ၁၅၀၀ သည် ငါ့အမျိုး ဘာသာသာသနာအတွက် လှူဒါန်းပါ၏။ အဲဒီ ၁၅၀၀ အဆုံးရှုံးခံပြီး ကိုယ့်ကားကို စီးလိုက်ပါ။

အေးအဲဒါဆိုရင် ဒီပွဲအနိုင်ရရင်တော့ နောက်ပွဲတွေလည်း ရွှေမြန်မာတွေ ဆက်ပြီးတော့ အနိုင်ရနိုင်ပါတယ်။ အဲဒါဆိုရင် ပစ်မှတ်တစ်ခုချင်း၊ တစ်ခုချင်း၊ တစ်ခုချင်း တစ်ခုချင်း ပြောင်းပြောင်းပြီးတော့ ကိုယ့်အမျိုး ဘာသာသာသနာကို ကာကွယ်သွားရုံပဲ။ အေး ဒီပွဲမှာတော့ ကိုယ်တော်လေးတွေနဲ့ ပြည်သူတွေ နဲ့ ပေါင်းပြီးတော့ တိုက်တယ်။ ဒါပေမယ့် ဈေးနှုန်းက အဆမတန် ကွာနေတယ်။ ဒီဘက်ကလည်း သိပ်ပြီးတော့ မချနိုင်ဘူး။ ချနိုင်တဲ့ နည်းလမ်းတွေကို သူတို့ ရှာကြံနေကြတယ်။ ဒါကြောင့်မလို့ ပြည်သူ့အား မပါရင်တော့ အဲဒီမော်လမြိုင် ကျဆုံးတော့မှာ။

ပလေတို ဒီမို

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လို အကြောင်းတရားတွေ ရှိနေတာလဲ သိရှိနိုင်ရန် ပေးပို့ အပ်ပါသည်။

ရဲရင့်


နေပြည်တော်။ ဖေဖော်ဝါရီ ၂၂။

ဖေဖော်ဝါရီလ နွေဦးရောက်ပြီဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်မြို့တော်ကြီးရဲ့ အပူချိန် ကတော့ ရေနွေးအိုးမတည်ရဘဲ လက်ဖက်ခြောက်ခပ်သောက်လို့ရမယ့် အနေအထားပါပဲ.။ ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း အိမ်ရှေ့က မန်ကျည်းပင်ရိပ်အောက်မှာ အေးအေးလူလူ ဂျာနယ်တစ်စောင်ဖတ်နေတုန်း ဆက်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့ တူတော်မောင်အရာရှိ ရောက်လာပြီး .

“ဘကြီး နေကောင်းလား . ဘာတွေဖတ်နေတာတုန်း” လို့ မေးရာ

“အေး. အတော်ပဲကွာ. ဘကြီးလည်း တူမောင်ကို မေးချင်. သိချင်တာလေးတွေ ရှိနေတာနဲ့ အတော်ပဲ” ဟု ပြန်ပြောလိုက်ပါတယ်.

“ဘာတွေ သိချင်နေတာလဲ ဘကြီးရ” ဟု တူမောင်က ပြောရာ ကျွန်တော်လည်း .

“ဟို တလောကကွာ ဂျာနယ်တစ်စောင်မှာ ဘကြီးဖတ်လိုက်ရတယ်။ တူမောင်တို့ ဝန်ကြီးဌာနက ဝန်ကြီး ဦးသိန်းထွန်းနဲ့ အထွေထွေမန်နေဂျာ/အင်ဂျင်နီယာချုပ်စတဲ့ အရာရှိကြီး(၈)ဦးကို မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာမှာ ပိုမိုတွက်ချက်တင်ပြပြီး ထုတ်ယူတာကြောင့်ရယ်၊ စက်ကိရိယာ ပစ္စည်းတွေ ၀ယ်ယူရာမှာလည်း ဈေးလျော့ဝယ်ယူတာတွေ လုပ်ခဲ့တဲ့အတွက် နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု ပအမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နဲ့ ဥတ္တရသီရိမြို့နယ်က ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူတော့မယ်လို့ ဘကြီးဖတ်လိုက်ရတယ်ကွ၊ ဒါပေမယ့် အခုချိန်ထိ အဲဒီအကြောင်း ဘာမှထပ်မကြားတော့လို့ ပြီးများသွားပြီလား၊ ဘာတွေဖြစ်ကုန်ပြီလဲလို့ သိချင်နေတာ ကွ တူမောင်ရ” ဟု ပြောလိုက်ရာ ကျွန်တော့တူတော်မောင်က ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကိုကြည့်ပြီး

ဒါက ဒီလိုရှိတယ် ဘကြီးရဟုဆိုကာ သူတို့ဝန်ကြီးဌာနက သတင်းတွေအားလုံးကို ပြောပြပါတော့တယ်.

“ဘကြီးပြောတဲ့ ပထမသတင်းက မှန်တယ်ဘကြီးရ. အမှုလည်းဖွင့်ပြီး နောက်နေ့မှာပဲ ကျွန်တော်တို့ ဝန်ကြီးဌာနကို စသုံးလုံးကလူတွေရောက်လာပြီး လူကြီးပိုင်းတွေကို စပြီးစစ်တော့တာပဲ. သူတို့ရုံးခန်း တွေထဲက ကွန်ပျူတာတွေ၊ ဖိုင်တွေ၊ ဖုန်းတွေ အားလုံးကို သိမ်းဆည်းလိုက်ပြီး အကုန်စစ်တော့တာပဲ ဘကြီးရ.” ဟု ဆိုကာ ဆက်ပြောပါတယ်.



“နောက်ပြီး စစ်နေတဲ့အချိန်မှာပဲ ဝန်ကြီးဆီကို ဦးသိန်းဝင်းက ငွေလွှဲပေးတဲ့ပြေစာတွေ အင်တာနက် ပေါ်ရောက်လာတော့ ပိုဆိုးတော့တာပေါ့ ဘကြီးရာ. စစ်စစ်ချင်း အစောပိုင်းမှာတင် စာရင်းကွာတာ တွေ၊ ငွေကွာတာတွေ၊ ပစ္စည်းဈေးနှုန်းကွာတာတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ တင်သွင်းဝယ်ယူတဲ့ နေရာမှာ နိုင်ငံတော်ကိုတန်ဖိုးများများစာရင်းပြ ကုမ္ပဏီနဲ့ညှိပြီး အရည်အသွေး နိမ့်တဲ့စက်ပစ္စည်းတွေ သွင်းတာတွေ တွေ့တာပေါ့ဘကြီးရာ. ကျွန်တော်တို့လည်း ဒီတစ်ခါတော့ နိုင်ငံတော် သမ္မတကြီး တကယ်အရေးယူပြီလို့ ထင်တာပေါ့ဘကြီးရာ. အခုကြတော့ အဲဒီလို မဟုတ်တော့ပြန်ဘူး ဘကြီးရ.” ဟု ပြောတော့ ကျွန်တော်လည်း အတော်စိတ်ဝင်စားသွားပြီး “ဟေ ဟုတ်လား ဘကြီးသိချင်နေတာ အဲဒါကွ. ဆက်ပြောပါအုံး” ဟု ပြောလိုက်ပါရာ

“စစချင်းတော့ သူတို့ပဲပေါ. နောက်တော့မှ ဘကြီးရေ- စစ်လိုက်တာ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလိုပေါ့. အခုလိုအလွဲသုံးစားလုပ်မှုတွေက အခုဒီဝန်ကြီးလက်ထက်ကြမှ ရှိတာ မဟုတ်ဘူး၊ အရင် ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော်လက်ထက်ကတည်းက ဖြစ်နေတာ ဘကြီးရ၊ ဇာတ်လမ်းက အရှုပ်ကြီးရယ်၊ စာရင်း ဇယားတွေ အကုန်လုံးကို စစ်တာဆိုတော့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တဲ့ အပြင်ကကုမ္ပဏီတွေလည်း ပါတာပေါ့ ဘကြီးရာ၊ အဲဒီထဲမှာ ဆက်သွယ်ရေးရဲ့ Project တွေ အများဆုံးရတဲ့ ကုမ္ပဏီက RedLink ကုမ္ပဏီလေ.”

“RedLink ကုမ္ပဏီကို ဘကြီးသိလား” လို့ တူတော်မောင်က စကားဖြတ်ပြီးမေးလိုက်ရာ

”အင်း မြင်တော့ မြင်ဘူးတယ်. ကြေငြာတွေထဲမှာ တွေ့တာလေ” ဟု ပြန်ပြောလိုက်ပါတယ်. ဒါနဲ့ တူတော်မောင်က .

“အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား တိုးနိုင်မန်းပိုင်တာ ဘကြီးရ၊ ဒါကြောင့်မို့ ဆက်သွယ်ရေးရဲ့ Project တွေ အများကြီးကို သူတို့ရတာပေါ့. အခုဒီမှာ ပြဿနာလည်းဖြစ်ရော ဟို.စသုံးလုံးအဖွဲ့တွေက သူတို့ကိုပါခေါ်ပြီးစစ်တာပေါ့. အဲဒါ ဆက်သွယ်ရေးနဲ့ RedLink နဲ့ပေါင်းပြီး စာရင်းလိမ်ပြထားတာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ အခွန်ရှောင်ထားတဲ့ ကိစ္စတွေ အများကြီး အများကြီး ပေါ်လာတာပေါ့ဘကြီးရာ. ဇာတ်လမ်းက အဲဒီမှာ စတာ ဘကြီးရ. ဝန်ကြီးနဲ့ အစစ်ဆေး ခံနေရတဲ့ လူကြီးတွေကလည်း သူတို့ကို ဖော်ထုတ်ရင်. သူတို့ကလည်း အရင် ဝန်ကြီးဟောင်းတွေ၊ လက်ရှိဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ လာဘ်စားထားတဲ့အကြောင်း တွေ၊ သူတို့ကို ခွဲဝေပေး ရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ ဆွေမျိုးသားသမီး.တွေကို လုပ်ကိုင်ခွင့် Project တွေ ပေးရ တဲ့အကြောင်းတွေကို ဖော်ကောင်လုပ်မှာလို့ ပြောလိုက်တယ်.

အခုကျွန်တော် နောက်ဆုံး သိရတာကတော့ သူတို့ကိုသာ အရေးယူမယ်ဆိုရင် သူတို့ဖော်ကောင်လုပ်မယ့် အချက်အလက်တွေကို ပြုစုပြီးပြီလို့ သိရတယ်ဘကြီးရ. အဓိကကတော့ RedLink ကုမ္ပဏီနဲ့ ပေါင်း ပြီး နိုင်ငံတော်ကို ညာထားတဲ့အချက်တွေပေါ့ ဘကြီးရာ. အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား ပိုင်တဲ့ကုမ္ပဏီဖြစ်နေတော့ သူပါ သိက္ခာကျ၊ အရှက်ကွဲရမယ့် အခြေအနေလေ. ဒါကြောင့်မို့ အခုတော့ ဝန်ကြီး ဦးသိန်းထွန်းနဲ့ အဖွဲ့ အရေးယူမခံရဘဲ ရှိနေတာကို လွှတ်တော်ကလည်း ဘာမှမပြောရဲ၊ မလုပ်ရဲ မကိုင်ရဲဖြစ်နေတာပေါ့ ဘကြီးရ”လို့ ပြောလိုက်တော့မှ ကျွန်တော်လည်း သဘောပေါက်ပါတော့တယ်။

မြန်မာနိုင်ငံက မြွေအကောင်ရေ တန်ချိန် ၄ တန်နီးပါး ဖမ်းမိ

မန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တိရိစ္ဆာန်တွေ မှောင်ခိုကူးသူတွေထံက မြွေ အကောင်ရေ ၄၈၀၀ ကျော် ဖမ်းဆီးမိလိုက်တယ်လို့ ယူနန် အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက် လင်းအားကြီး ၄ နာရီလောက်မှာ မြန်မာနိုင်ငံဖက်ကနေ ဝင်ရောက်လာတဲ့ ကားတစ်စီးကို တရုတ် ရွှေလီရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အဲဒီကားထဲမှာ ပါလာတဲ့ သေတ္တာတွေထဲမှာ မြွေအကောင်ရေ ၄၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တာပါ။

ဖမ်းမိတဲ့ မြွေအမျိုးအစားတွေကတော့ မြွေဟောက် အကောင်ရေ ၂၀၀၀ ကျော်၊ မြွေပွေး ၂၃၀ အပါအဝင် တခြားမြွေ အမျိုးအစား ၂၀၀၀ ကျော် ဖမ်းမိတာဖြစ်ပြီး အလေးချိန် ၄ တန်နီးပါး ရှိတယ်လို့ ရွှေလီ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မြန်မာနိုင်ငံက တောရိုင်းတိရိစ္ဆာန်တွေ တင်လာတဲ့ကား ရွှေလီ ဖက်ကို ရောက်မယ်လို့ သတင်းပေးချက်ရတာကြောင့် အခုလို ဖမ်းဆီးလိုက်နိုင်တာဖြစ်ပြီး သံသယရှိသူ တစ်ဦးကိုပါ ရွှေလီ ရဲတပ်ဖွဲ့က ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ မြွေသားကို အမြတ်တနိုးစားသုံးကြသူ များသလို မြွေ မွေးမြူရေးဟာလည်း အရေးပါတဲ့ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာနေတယ်လို့ ဆင်ဟွာသတင်းဌာနက ရေးသားပါတယ်။

RFA Burmese

မာစီဒီး ကျည်ကာကားတွေ ၀ယ်ယူဖို့အတွက် ကျပ်ငွေ ၁၈ ဘီလီယံဖိုး သုံးမယ်

လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အစိုးရအဖွဲ့အနေနဲ့ မာစီဒီး ကျည်ကာကားတွေ အပါအ၀င် တိုယိုတာ ကင်မရီ၊ မာစီဒီး ဆီဒင်နဲ့ အော်ဒီ အေစစ် စတဲ့ နောက်ဆုံးပေါ်ကားတွေ ၀ယ်ယူဖို့အတွက် ကျပ်ငွေ ၁၈ ဘီလီယံဖိုး သုံးမယ့်အပေါ် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းဆွေက အပြင်း အထန် ကန့်ကွက်လိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် က လည်း နောက်ဆုံးပေါ်ကားသစ်တွေ ၀ယ်ဖို့အတွက် ကျပ် ၁၀ ဘီလီယံနဲ့ ဒေါ်လာ ၁၀ သန်းကျော် သုံးခဲ့ပြီးဖြစ်ကြောင်း၊ သူတို့ လွှတ်တော်အမတ်တွေကတော့ တနေ့ ကျပ် ၅၀၀ ပေးပြီး ဘတ်စ်ကားနဲ့ လွှတ်တော် တက်နေရကြောင်း၊ သူတို့လွှတ်တော်အမတ် ၆၆၀ ကျော်ကို သိန်း ၁၀၀ တန်ကား ၀ယ်ပေးမယ် ဆိုရင်တောင် ကျပ် သန်း ၆ ထောင်ကျော်ပဲ ကုန်မှာဖြစ်ကြောင်း နှိုင်းယှဉ် ပြောဆိုပါတယ်။

ဒီအတွက် အစိုးရ ကားဝယ်မယ့် ဘတ်ဂျက်ကို တ၀က်လောက် ဖြတ်တောက်သင့်တယ်ဆိုပြီး သူက မှတ်ချက်ပေးခဲ့ပါတယ်။-

DVB (25-2-2013)

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ


စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက် ၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှအဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်း လိုက်ပါကာ စင်ကာပူမှ တရားမဝင် ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရ သည်။

ကားနောက်ခန်းထဲ ပုန်းအောင်းလိုက်ပါခဲ့သည့် ယင်းမြန်မာနိုင်ငံသားနှင့် အတူ ယဉ်မောင်းဖြစ်သူ မလေးရှား လူမျိုးတစ်ဦးကိုလည်းအတူဖမ်းဆီးထားကြောင်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဂိတ်များ အာဏာပိုင်အဖွဲ့ ICA က ပြောကြားသည်။

၎င်းတို့ စီးနင်းလာသောကားမှာ မလေးရှားတွင် မှတ်ပုံတင် ထားသောကားဖြစ်ပြီး စစ်ဆေးရေးဂိတ်သို့ နံနက် ၁၂ နာရီကျော် အချိန် ဖြတ်သန်း လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယခုအခါ ၎င်းတို့နှစ်ဦးစလုံးကို တရားမဝင်ထွက်ခွာမှုဖြင့် ရဲကစုံစမ်းစစ်ဆေးနေသည်။ ICA ကလည်း အဖွဲ့သည် စင်ကာပူတွင်နေခိုင်ခွင့်သက်တမ်း ကျော်လွန်ကာနေထိုင်သော နိုင်ငံခြားသားများ၏ နိုင်ငံ တွင်းသို့  အဝင်၊အထွက်များကို သေချာစစ်ဆေးနေကြောင်း ပြောကြားသည်။

The Myanma Age

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌ ပြင်ပဈေးသည်များကို ရောင်းကုန် ပစ္စည်းကန့်သတ်ထား


ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၏ အထင်ကရနေရာ တစ်ခုဖြစ်သော ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌အခြေခံ လူတန်းစား များဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ အား စားသောက် ကုန်ပစ္စည်းများ ရောင်းချခွင့်ကို ကန့်သတ်မှုများ ပြုလုပ် ထားသောကြောင့် အဆင်မပြေ မှုများရှိနေကြောင်း အဆိုပါဈေးသည် များထံက သိရသည်။

၁၁၅ မိုင် ယာဉ်ရပ်နားစခန်းသည် ခရီးသည်တင် ယာဉ်ဖြစ်စေ၊ ကိုယ်ပိုင်ယာဉ်ဖြစ်စေမရပ်မဖြစ်ရပ်နား ရလေ့ ရှိသည်။ ယာဉ်ရပ်နားစခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း ရှိဈေးသည်အများစုကပြောကြားရာတွင် “ဒီနေရာမှာ အစ်မတို့ ဈေးရောင်း တာသိပ်မကြာသေးပါဘူး။ဒီနေရာမှအစတုန်းကဈေးသည်တွေ ရောင်းလို့မရဘူး။ အခုရောင်းလို့ ရတာ လည်း သိပ်မကြာသေးဘူး။ အခုလိုဒီနေရာမှာ ဈေးရောင်းရဖို့ကလည်း သိပ်မလွယ်ဘူး အထက် အဆင့်ဆင့်ကို တင်ပြရတယ်။ အခုရောင်းရပြန်တော့လည်း ကန့်သတ်ချက်နဲ့ သူတို့ဆိုင်ကြီးတွေမှာရှိတဲ့ အစား အသောက်တွေဆိုရင် အစ်မတို့ ဈေး ဆိုင်ငယ်တွေက မရောင်းရဘူးရောင်းတာတွေရင်မလွယ်ဘူး။ သူတို့ဈေးဆိုင်ကြီးတွေက အစ်မတို့ဆိုင်ငယ်တွေဆိုရင် ဟိုဟာမရောင်းရဒါမရောင်းရနဲ့ ကန့်သတ် ထား တယ်။ သူတို့ဆိုင်ကြီးတွေက ထမင်းရောင်းတယ်ဆိုရင် အစ်မ တို့ဆိုင်ငယ်တွေက ထမင်းမရောင်း ရဘူး။ ဒီလိုပဲအခြားဟာတွေကို လည်း ဟိုဟာမရောင်းရဒီဟာ မရောင်းရဟိုမတင်ရဒီဟာမတင်ရနဲ့ သူတို့က ပိတ်ပင်ထားတယ်”ဟုပြောကြားခဲ့သည်။

အဆိုပါဈေးဆိုင်ငယ်များသည် အစားအသောက်များထဲမှ လက်သုပ်စုံနှင့် မုန်ဟင်းခါးနှစ်မျိုးထဲကို သာရောင်းချခွင့်ရပြီး ထမင်းနှင့် အခြားသောအစားအသောက်များအား လုံးဝရောင်းချခွင့်မရကြောင်း ၎င်းတို့ ကပြောသည်။

ထမင်းဟင်းကဲ့သို့သောတန်ဖိုး ကြီးအစားအစာများကို ဆိုင်ကြီး များတွင်သာတန်ဖိုးကြီးပေးဝယ် စားရ သဖြင့် ငွေကြေးမပြည့်စုံသော ခရီးသွားများအတွက် အခက်အခဲ ရှိကြောင်း ခရီးသွား အချို့ကပြော သည်။

The Hot News

AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)မှ အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့ပေးမှုအား လျှော့ချပေးခြင်းနှင့် ပတ်သတ်၍ ကြေငြာချက်ထုတ်

လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်ကို အပြည့်အဝ မတည် ထားသော ထူးကုမ္ပဏီများအုပ်စုသည်

၁) လက်နက်ရောင်းဝယ်ရေး လုပ်ငန်းနှင့် ဆက်စပ်သည့် ဝင်ငွေများမရှိခြင်း။

၂) မူးယစ်ဆေးဝါး ရောင်းချသည့်လုပ်ငန်းနှင့် ဆက်စပ်သည့် ဝင်ငွေများမရှိခြင်း။

၃) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ပေးထားသော စည်မျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့်အပြင် International Bank Standard များနှင့် ကိုက်ညီမှုရှိခြင်း တို့ကြောင့် အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့ပေးမှုအား လျှော့ချပေးခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။

အမေရိကန်မှ စီးပွားရေး ပိတ်ဆို့မှု လျှော့ချပေးခဲ့ရာတွင် ထောက်ခံဆွေးနွေးပေးခဲ့ကြ သည့် နိုင်ငံတော် အကြီးအကဲများနှင့် သက်ဆိုင်ရာဝန်ကြီးများ၊ နိုင်ငံတကာသံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက် အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ မိမိတို့ ဘဏ်အနေဖြင့် အများပိုင်ဘဏ် အဖြစ် ပြောင်းလဲပြီး မြန်မာပြည်သူ ပြည်သားများအားလုံး၏အကျိုးနှင့် နိုင်ငံတော် အကျိုးစီးပွား တိုး တက်ရေးကိုသာ အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

ထို့အပြင် အများပိုင်ပြုလုပ်မည့် ဘဏ်ရှယ်ယာများကိုလည်း (၃)လမှ (၆)လအတွင်း Valuation ကုမ္ပဏီများ၊ Audit Firm များ၊ Law Firm များနှင့် ပူးပေါင်းဆောင်ရွက်ကာ အများပြည်သူသို့အမြန်ဆုံးရောင်းချနိုင်ရန်အတွက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းအသိပေးအပ်ပါသည်။

သန်းရီ
ဥက္ကဋ္ဌ
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank Ltd)

AGD Facebook မှ

မြန်မာသမ္မတ ဦးသိန်းစိန် ဥရောပခရီး စတင်


သမ္မတ ဦးသိန်းစိန် ဟာ တနင်္လာနေ့မှာ ဥရောပနိုင်ငံတွေဆီကို ခရီး စတင် ထွက်ခွာသွား ပြီဖြစ်ကြောင်း မြန်မာအစိုးရရဲ့ တာဝန်ရှိသူ တွေက ပြောဆိုပါတယ်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် ဟာ ဥရောပ သမဂ္ဂရဲ့ ထိပ်တန်း တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ဟာ အရင်ဆုံး နော်ဝေနိုင်ငံကို သွားရောက် မှာဖြစ်ပြီး အဲ့ဒီနောက် ဖင်လန်၊ သြစတြီး ယား၊ ဘယ်လ်ဂျီယံ နဲ့ အီတလီနိုင်ငံတွေကို ခရီးဆက်မှာ ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ က ပြောပါတယ်။

ဒါဟာ ၂၀၁၃ ခုနှစ်အတွင်း ဦးသိန်းစိန်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်ပါတယ်။

အခု ခရီးစဉ်အတွင်း ဦးသိန်းစိန်အနေနဲ့ ဆွေးနွေး ပြောဆို ဖို့ မျှော်လင့်ရတဲ့ အကြောင်းအရာတွေကတော့ စီးပွားရေး ပိတ်ဆို့ အရေးယူ တဲ့ကိစ္စ၊ နိုင်ငံ ဖွံ့ဖြိုးရေး အထောက်အကူ ဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေမှု၊ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး အခြေအနေတွေ နဲ့ နိုင်ငံ အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး ညှိနှိုင်း ဖြေရှင်း လုပ်ဆောင်နေမှုတွေ ဖြစ်ပါလိမ့်မယ်။

တချိန်က မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကြဲခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ ဥရောပ သမဂ္ဂဟာ မြန်မာနိုင်ငံ ကို လက်နက် ရောင်းချမှု ပိတ်ပင် တားဆီးထား တဲ့အချက်က လွဲလို့ ကျန်တဲ့ ပိတ်ဆို့ အရေးယူမှု အားလုံးကို ပြီးခဲ့တဲ့ ဧပြီလကစပြီး ဆိုင်းငံ့ ပေးခဲ့ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးပါတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူ ပိတ်ဆို့ထားမှုတွေကို ပယ်ဖျက်မှုတွေ ပြုလုပ် ပေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံကို မတ်လ ၈ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်တယ်လို့ လည်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

VOA

နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း


လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး အတွက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ ကျင်း ပသည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြောကြားသည်။

ယမန်နှစ် ဘဏ္ဍာနှစ်က၀န်ထမ်းများ အား ထောက်ပံ့ကြေး အဖြစ်ပေး ခဲ့သော ၃၀၀၀၀ ကျပ်ကို လစာငွေအဖြစ် သတ်မှတ်ပေးပြီး သာမန် အသုံးငွေမှ စိစစ်ရရှိလာသော ငွေများကို ထောက်ပံ့ငွေ အဖြစ် ဆောင်ရွက်ပေးနိုင်ပါက ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုအစိုးရ၊ ၀န်ထမ်းများနှင့် ပြည်သူ များ၏ အကျိုးစီးပွားနှင့် လိုအပ်ဆန္ဒများအပေါ် အလေးထားပြီး လွှတ်တော်၏ ကတိတည် မှုကို ပြသရာလည်းရောက်ပါကြောင်း သူရဦးရွှေမန်းက ပြောသည်။

"အောက်ခြေ၀န်ထမ်းတွေ အဆင်မပြေဘူးဆိုတာကို သိရင် ဒီလိုဖြစ်ရတာ ဘယ်သူ့မှာတာဝန်ရှိကြသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ။ တာဝန်ယူ တာဝန်ခံရမယ့် အဖွဲ့အစည်းများ မရှိဘူး ဆိုရင် ပြည်ထောင်စုလွှတ်တော်ကပဲ တာဝန်ခံဆောင်ရွက်လိုက်ရင် မသင့်ဘူးလား" ဟု လွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ပြောသည်။

7Day News Journal

ဖွဲ့စည်းပုံ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်သစ် ရွေးချယ်


ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေကိုတော့ တရားဝင် ပြန်လည် ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှာ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်ကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့လို့ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။

အခုလို ခန့်အပ်နိုင်ပေမဲ့ အပြန်အလှန် ညှိနှိုင်းတဲ့ ပုံစံမျိုးမဟုတ်ဘဲ အစိုးရနဲ့ လွှတ်တော်အကြား စာတွေ ပိုပြီးတော့သာ ရွေးချယ် ခဲ့တယ်လို့လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကာလ အတော်ကြာ လစ်လပ်နေ တဲ့ ခုံရုံး ဥက္ကဋ္ဌ ရာထူးကို ပြန်လည် အတည်ပြု ရွေးချယ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုလို ရွေးချယ်မှုနဲ့ အသစ် ဖြစ်လာတဲ့ ခုံရုံး ဥက္ကဋ္ဌ ကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အမည်စာရင်း ပေး ခဲ့တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးမြသိန်း ဖြစ်တယ် လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကပြောပါတယ်။

“ဦးဝင်းမြင့်ကို ဦးမြသိန်းထက် junior ကျတယ်ပေါ့လေ။ လုပ်သက်မှာ တာဝန် ထမ်းဆောင်တဲ့ နေရာမှာလည်း ဦးမြသိန်းလောက် သူက ရှေ့ကို မရောက်ဖူးပေါ့။ နောက်ကျ တယ်ပေါ့။ နောက်ပြီးတော့ လုပ်သက်လည်း နုတယ်ပေါ့။ အဲ့ဒါကြောင့် ဦးဝင်းမြင့်ကို သူက ဦးမြသိန်းနဲ့ ယှဉ်ပြီးတော့ ဦးမြသိန်း ကိုပဲ ရွေးချယ်ခဲ့တယ်။”

ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်ပြီး ကတည်းက လစ်လပ်နေတဲ့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှာ ပြန်လည် တာဝန်ပေးအပ်ဖို့ အတွက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကမှ နိုင်ငံတော် သမ္မတ အပါအ၀င် လွှတ်တော် နှစ်ရပ်ပေါင်း ဥက္ကဋ္ဌတွေက အမည်စာရင်း တင်သွင်းလာခဲ့တာပါ။

သမ္မတအပါအ၀င် လွှတ်တော် နှစ်ရပ်ပေါင်း ဥက္ကဋ္ဌတွေက အမည်စာရင်း တင်သွင်း လာခဲ့တဲ့ ခုံရုံးအဖွဲ့ဝင် ၉ ဦးကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့တာ မရှိလို့ ဒီကနေ့မှာ ခုံရုံး ဥက္ကဋ္ဌ ရာထူးကို ကြေငြာနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။

“သမ္မတကလည်း ဦးမြသိန်း ကို လက်ခံတယ်ဆိုတော့ အမျိုးသား လွှတ်တော် ဥက္ကဌကလည်း ဦးမြသိန်းကိုပဲ ထောက်ခံတယ်လေ။ အဲ့ဒီပုံစံမျိုးနဲ့ ဦးမြသိန်း ကို ကျနော်တို့ ခုံရုံးရဲ့ ဥက္ကဌအဖြစ် ရွေးချယ်ခဲ့ကြတာပါ။” အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ကိစ္စကြောင့် နိုင်ငံတော် သမ္မတနဲ့ လွှတ်တော် အကြားမှာ တင်းမာတဲ့ အခြေအနေ များစွာ ရှိခဲ့ဖူးပါတယ်။

လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားရာကနေ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်တွေ အားလုံး ရာထူးကနေ နှုတ်ထွက် ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

မူလက ခုံရုံး ဥက္ကဋ္ဌကို ရွေးချယ်မယ်ဆိုရင် ခုံရုံး ဥပဒေသစ်အရ သမ္မတ အပါအ၀င် လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်က ညှိနှိုင်း ရွေးချယ်ရမယ် ဆိုပေမဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ခုံရုံး ဥက္ကဋ္ဌ ရာထူး ရွေးချယ်တဲ့အခါ လူချင်း တိုင်ပင်တာမျိုးတွေ မလုပ်ဘဲ စာတွေသာ အပြန်အလှန် ပို့ပြီးတော့ ရွေးဖြစ်ခဲ့တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောပါတယ်။

“ဒီ ခုံရုံးအဖွဲ့ ဥက္ကဌ ရွေးချယ်ပြီး ခုံရုံး အသက် ပြန်ဝင်လာတဲ့ ကာလနောက်ပိုင်းမှာ ဘာတခု ခုံရုံး က ဆောင်ရွက်ဖို့ လိုသလဲဆိုတော့ ဟိုဘက်က ဦးဝင်းမြင့်ဆိုလည်း အဆိုပြုခဲ့တာရှိတယ်လေ။ နိုင်ငံတော် သမ္မတကြီးရဲ့ ပုဒ်မ ၆ ခုလုံးနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆ ခုစလုံးမှာ ညွှန်းတာရှိတယ်လေ။ ပါတီ တာဝန်မှာလေ နိုင်ငံတော် သမ္မတကြီး တာဝန်ကို ထမ်းဆောင်လို့ရှိရင် ပါတီလုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြုရဆိုတဲ့ ပုဒ်မ ၆၄ နဲ့ပတ်သက်တဲ့ ပိတ်ပင်ထွက်ဆိုချက်၊ အခု ခုံရုံး ဥက္ကဌ ဟာ ပထမဆုံး အဓိပ္ပါယ် ဖွင့်ဆိုပေးရမယ့် သဘော ဖြစ်သွားတာပေါ့။”

အခု လက်ရှိ ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဥက္ကဋ္ဌ ဦးမြသိန်း မတိုင်ခင်တုန်းက ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဥက္ကဋ္ဌ ကတော့ ဦးသိန်းစိုး ဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ ခုံရုံး ဥက္ကဋ္ဌကို သမ္မတက တိုက်ရိုက် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းစိုး ဦးဆောင်တဲ့ ခုံရုံးအဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်အပြီး ပြန်လည် ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥပဒေသစ်ကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး မပေးခဲ့လို့ ပြဌာန်းပြီး ၇ ရက်အတွင်းမှာ သမ္မတ လက်မှတ်မထိုးဘဲ အတည်ဖြစ်ခဲ့တဲ့ ဥပဒေတရပ်အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

VOA

မြန်မာနိုင်ငံက ဒေသတွင်းဆိုင်ရာ အခမ်းအနား ပွဲလမ်းကြီးတစ်ခုမှာ တရုတ်ပါဝင်ပတ်သက်မှု ကြီးမားနေတာကို ပြည်သူတွေသိရင် စိတ်မချမ်းမြေ့ဖြစ်မှာ စိုးရိမ်လို့ပါ လို့ ဒုတိယအားကစားဝန်ကြီး ဦးသောင်းထိုက်က ပြော


အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် တရုတ် ကူညီပေးနေ
=============================

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးလက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်ကို တရုတ်က အဓိက အကူအညီပေးနေကြောင်း သိရပါတယ်။

တရုတ်အားကစားနည်းပြ ၂၈ ယောက်ဟာ မြန်မာနိုင်ငံမှာ ရက်ရှည်နေထိုင် လေ့ကျင့်သင်ကြားပေးဖို့ ပြီးခဲ့ တဲ့နှစ် ဒီဇင်ဘာလကတည်းက ရောက်ရှိနေခဲ့ကြပြီ၊း၊ အကပညာရှင်တွေနဲ့ ဇာတ်ခုံပညာ ကျွမ်းကျင် သူတွေပါဝင်တဲ့ ၂၄ ဦးပါ အဖွဲ့ဟာလည်း ဒီနှစ်ဇန်န၀ါရီလက နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး အရှေ့တောင်အာရှ အားကစားပွဲတော်ခန်းမနဲ့ တခြားအဆောက်အဦးတွေကို ပဏာမလေ့လာခဲ့ကြပါတယ်။

သူတို့ဟာ ပွဲတော်ဖွင့်ပွဲနဲ့ ပိတ်ပွဲအတွက်လည်း တာဝန်ယူ ကြမှာဖြစ်ပါတယ်။

အလားတူ တရုတ်နည်းပညာ အကြံပေးတွေဟာလည်း ပွဲတော်မစခင် သုံးလကြို တင် ရောက်ရှိလာကြမှာဖြစ်ပြီး၊ ပြိုင်ပွဲအချိန်စနစ်စတဲ့ အရေးကြီးတဲ့ ကျွမ်းကျင်မှုတွေ အတွက် မြန်မာ အရာရှိတွေကို လေ့ကျင့်ပေးမယ်လို့ DPA သတင်းကဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့်ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်ကို တရုတ်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပေမယ့် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် နည်းပညာအကူအညီပေးဖို့ တရုတ်အစိုးရက လက်ခံခဲ့ပါတယ်။

မြန်မာ အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် ကူညီပံ့ပိုးနေတာတွေအကြောင်း တရုတ်သတင်းမီဒီယာတွေမှာ အကျယ်အပြန့်ဖေါ်ပြနေပေမယ့် မြန်မာအစိုးရပိုင် သတင်းမီဒီယာတွေ ကတော့ ဒီအကြောင်း နှုတ်ဆိတ်နေတယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်းဂျာနယ် က ရေး ပါတယ်။

မြန်မာနိုင်ငံက ဒေသတွင်းဆိုင်ရာ အခမ်းအနား ပွဲလမ်းကြီးတစ်ခုမှာ တရုတ်ပါဝင်ပတ်သက်မှု ကြီးမားနေတာကို ပြည်သူတွေသိရင် စိတ်မချမ်းမြေ့ဖြစ်မှာ စိုးရိမ်လို့ပါ လို့ ဒုတိယအားကစားဝန်ကြီး ဦးသောင်းထိုက်က ပြောဆိုကြောင်း မြန်မာတိုင်းဂျာနယ်က ဖေါ်ပြပါတယ်။

RFA