Thursday, February 21, 2013

အပြောင်းအလဲများကြားက မြေစာပင်ကလေးများ


ပြီးခဲ့တဲ့နေ့တုန်းက တပည့်ဟောင်း တစ်ယောက်လာကန်တော့သည်။ သီတင်းကျွတ်တုန်းက မကန်တော့ လိုက်ရလို့ အခုလာကန်တော့တာဟုဆို၏။ သူက ပြီးခဲ့တဲ့ ၂ဝ၁ဝ ကမှ တက္ကသိုလ်ဝင် တန်း အောင်သွားခဲ့သူ။ ဂုဏ်ထူး(၂)ခုရခဲ့သည် ထင်၏။ နောက်တော့ GTC တစ်ခုကို ဝင်ခွင့်ရသွား သည်။ ကျောင်းသွားခါနီး တုန်းကလည်း အခုလိုပဲ လာကန်တော့ သွားသေးသည်။ ယဉ်ကျေးရည်မွန်ပြီး လိမ္မာရေးခြားရှိသည့်ကလေးတစ်ဦးဖြစ် သည်။ ကန်တော့ပြီးတဲ့နောက် ဧည့်ခန်း မှာထိုင်၍ ဆရာတ ပည့်နှစ်ယောက် အလာပသလ္လာပပြောကြရင်း ကျွန်တော် က သူ့ပညာရေးအခြေအနေကို မေးမိ တော့မှ သူပြောပြတာကို နားထောင်ပြီး အတော်စိတ်မကောင်းဖြစ်သွားသည်။

”မနှစ်က ကျတယ်ဆရာ။ ဒီနှစ် ၇၅ ရာခိုင်နှုန်းမပြည့်လို့ ဖြေခွင့်မရဘူး။ စိတ် ကုန်သွားပြီဆရာ။ ဘွဲ့တစ်ခု ရရင်ပြီးရော၊ အဝေးသင်ပဲ ပြောင်းတက်တော့မယ်”

”သားက ဥာဏ်လည်းကောင်းရဲ့ သားနဲ့၊ ဘယ်လိုဖြစ်ပြီး မနှစ်ကကျရတာ လဲ။ တက္ကသိုလ်ဆိုတာ ကျခဲ ဘိခြင်းကွာ” ဟု ကျွန်တော်ကပြောတော့ ‘ကျတယ် ဆရာ၊ မနှစ်ကမှစပြီး ရက်ရက်စက်စက် ချပစ်တာ။ သားတို့တစ်ကျောင်းထဲ မဟုတ်ဘူး GTCတွ အကုန်လုံးပဲ။ ဆရာတွေပြောတာတော့ မူတွေပြောင်း သွားပြီဆိုလားပဲ။ ကျွန်တော်လည်း သိပ် နားမလည်ပါဘူးဆရာ’

”မူပြောင်းတာလည်း ပြောင်းတာ ပေါ့ကွာ။ သားဖြေနိုင်ရင် အောင်မှာပေါ့၊ သားက စာမလိုက်နိုင်လို့လား”

”ဖြေတော့ ဖြေတာပဲဆရာ၊ ဒါပေမဲံ စာတွေက နားမလည်တာတွေများနေ တာ။ သင်ကတည်းက နားလည်အောင် သင်နေတာမဟုတ်ဘူးဆရာ၊Course ကုန်အောင်ပဲသင်သွားတာ။ နားမလည် တာတွေ ကျက်ဖြေရတော့လည်း မှား လား၊ မှန်လားတောင်မသိဘဲ ဖြေပစ်ခဲ့ တာပဲဆရာ၊ ဒီနှစ်ကတော့ ကျွန်တော် ပေါ့တာဆရာ။ မနှစ်ကလိုပဲ အောက်မေ့ ပြီး တစ်ချိန်နှစ်ချိန်တက်လိုက်ပြန်လာ လိုက်၊ နေ့ဝက်လောက်တက်လိုက် အဆောင်မှာ ပြန်နေလိုက်နှင့် စာမေးပွဲ နီးတော့မှ ရာနှုန်းမပြည့်နိုင်တော့ ဘူးဆို တာသိရတာ။ သားကတော့ ဘာမှမဖြစ် ပါဘူးဆရာ။ GTC ကရတဲ့ ဘွဲ့နဲ့လည်း အသက်မွေးမှာမှ မဟုတ်တာ။ အဖေနဲ့ အမေ့ကိုပဲ အားနာတာ။ သူတို့ကိုကြည့် ပြီး စိတ်မကောင်းတာ”

ကျွန်တော့်မှာ သူပြောတာနား ထောင်ပြီး မိဘချင်းကိုယ်ချင်းစာစိတ်ဖြင့် ရင်မောမိသည်။ တိုက်တိုက် ဆိုင်ဆိုင်ဟု ဆိုရမလား။ မြန်မာနိုင်ငံ၏ ပညာရေး စနစ်ကို ကျွန်ပညာရေးစနစ်မှ သခင် ပညာရေးစ နစ်ဖြစ်အောင် အပြောင်း အလဲတွေစတင်ခဲ့ရာ အမျိုးသားနေ့မှာမှ ပညာရေးအပြောင်းအလဲကြားမှာ မြေစာ တစ်ပင်ဖြစ်ခဲ့ရသူ တပည့်လေးတစ် ယောက်၏ ကြေကွဲဆို့နင့်ဖွယ် ရင်ဖွင့်သံ ကို နားထောင်ပေးနေရသည်။

သမ္မတဦးသိန်းစိန်အစိုးရတက်လာ ပြီးနောက် မကြာမီမှာပဲ ပညာရေးပြုပြင် ပြောင်းလဲဖို့အသံတွေ ကျယ် ကျယ် လောင်လောင် ပေါ်ထွက်လာသည်။ ဂျာနယ်အသီးသီးရဲ့ စာမျက်နှာများပေါ် မှာ၊ ရန်ကုန်-မန္တလေး စတဲ့မြို့ကြီးတွေက ပညာရေးဆွေးနွေးပွဲတွေမှာ အခြေခံ ပညာရေးကစလို့ တက္ကသိုလ်ပညာရေး အထိ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ဆွေးနွေးကြ၊ စာတမ်းတွေဖတ်ကြနှင့် မြန်မာ့ပညာရေးအတွက် အတော့်ကို အားတက်စရာကောင်းလှပါသည်။ သင် ရိုးတွေပဲပြောင်းမလား။ သင်ကြားနည်း တွေပဲ ပြောင်း မလား။ အရင်က သင် ထောက်ကူပစ္စည်း မပြည့်မစုံနှင့် လက် တွေ့လုပ်စရာ မစုံမလင်နှင့် သင်ပေးနေ ရာက ယခုပြည့်ပြည့်စုံစုံ ဖြစ်လာတော့ မလား။ ဆရာအင်အားမလုံလောက်ရာ က လုံလောက်လာတော့ မလား။ အရည် အချင်းပြည့်မီတဲ့ဆရာတွေ ဖြည့်ဆည်း ပေးတော့မလား။ လပေါင်းများစွာနဲ့ အပြောင်းအလဲ အတွက် ကျွန်တော့်မှာ ရင်ခုန်မြန်ခဲ့ရပါသည်။

အပြောင်းအလဲကို စတင်မြင်ရပါပြီ။ တက္ကသိုလ်စာသင်နှစ်တွေကို ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှစကာ တစ်နှစ်ထပ် ၍ တိုးလိုက်၏။ ထိုတစ်နှစ်ထပ်၍ အတိုး ခံရသော ကျောင်းသားများအတွက် ဆပ် ပလီ လို့ခေါ်တဲ့ တစ်ဘာသာ၊ နှစ်ဘာသာ ကျသူများကို ချက်ချင်းပြန်စစ်ဆေး တဲ့ နောက်ဆက်တွဲ စာမေးပွဲစနစ်ကိုလည်း ဖျက်သိမ်းပစ်လိုက်သည်။ (ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ် များတွင်တော့ ဆပ်ပလီစနစ်ရှိသေးသည် ဟုသိရသည်။)

၂ဝ၁၁ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသားများမှာ ကံဆိုးသူမောင်ရှင်များဘဝ အလိုလို ရောက် ကြရတော့၏။ သင်ရိုးတွေ၊ သင်ကြားနည်းစနစ် တွေမပြောင်း။ ဆရာအင်အားမလုံမ လောက်။ သင်ထောက် ကူပစ္စည်းမပြည့် မစုံ။ ကျောင်းခန်းတစ်ခန်းတစ်ခန်းကို ကျောင်းသားဦးရေ ကိုးဆယ်၊ တစ်ရာ ထည့်ပြီးသင်။ သည်လိုအခြေအနေတွေ ကို မပြုပြင်မပြောင်းလဲနိုင်သေးဘဲ အလွယ်တကူ ပြောင်းလို့ရ တာ ကောက် ပြောင်းလိုက်တော့ အခြေခံပညာအဆင့် မှာ ဒါသင် ဒါကျက် ပညာရေးစနစ်ကြီး နှင့် ယဉ်ပါး လာတဲ့ ကျောင်းသားတွေကို အပေါ်ရောက်မှ ဖိထောင်းသလိုဖြစ်နေ ပေသည်။

နိုဝင်ဘာ(၂၉)ရက်နေ့ထုတ် Hot News ဂျာနယ် ပေးစာကဏ္ဍတွင် မိဘတစ်ဦးက ပထမနှစ်ကျောင်းသားများ မှ ဆပ်ပလီတစ်ဘာသာထိသူများကို ချက်ချင်းပြန်လည်ဖြေဆို ခွင့်ပြုဖို့ နိုင်ငံ တော်သမ္မတကြီးထံ အသနားခံတင်ပြ ထားသည်ကို စိတ်မကောင်းစွာဖတ်လိုက် ရသည်။ ငွေကြေးချို့တဲ့သည့် မိဘများ အတွက်လည်း တစ်နှစ်တစ်နှစ် တက္က သိုလ်ကျောင်းစရိတ်က နင့်နေအောင် ဝန်ပိကြတာကိုး။

သူတို့ရှေ့ကပ်လျက်အတန်း (ဒုတိယနှစ်)က ကျောင်းသားတွေကျ တော့ တစ်နှစ်ထပ်တိုးတဲ့ အထဲလည်း မပါ၊ တစ်ဘာသာကျ နှစ်ဘာသာကျသမား များအတွက်လည်း ဆပ်ပလီရှိဆိုတော့ အပြောင်းအလဲမလုပ် ရသေးတဲ့ ပညာ ရေးစနစ်နဲ့ တက္ကသိုလ်ဝင်တန်းအောင် လာတဲ့ ကျောင်းသားချင်းအတူတူ အခွင့် အရေးက တအားကွာခြားလွန်းနေသည်။ တကယ်ဆို ပညာသင်နှစ် တစ်နှစ်ထပ် တိုးတာထား၊ ဆပ်ပလီတော့ ရှိသင့်သေး သည်ထင်သည်။ တခြားဝန်ကြီးဌာန လက်အောက်က တက္ကသိုလ်တွေမှာ တော့ ဆပ်ပလီ ရှိသေးပြီး ပညာရေးဝန် ကြီးဌာနလက်အောက်က တက္ကသိုလ် တွေကျမှ ဆပ်ပလီစနစ်ဖျက် လိုက်ခြင်းက ကျောင်းသားချင်း အဆင့်အတန်းခွဲလိုက် သလိုဖြစ်နေ၏။

တစ်ခါပြီးခဲ့တဲ့ အောက်တိုဘာလထဲ ကလည်း မန္တလေးဆေးတက္ကသိုလ်က ကျောင်းသားအယောက် (၄ဝ)လောက် ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်းမပြည့် လို့ စာမေးပွဲဖြေဆိုခွင့်၊ ကျောင်းတက်ခွင့် အပိတ်ခံရတဲ့သတင်း ဖတ်လိုက်ရသည်။ ဂျာနယ်တစ်ခုနှင့်တွေ့ဆုံခန်းတွင် ယခင် အစိုးရလက်ထက်က အထက်လူကြီး၏ အမိန့်ကို မလွန်ဆန်နိုင်လို့ (၃)ဘာသာ ကျနေသော ကျောင်းသားတစ်ဦးကို အမှတ်အများဆုံးရသည့် (၁)ဘာသာ အအောင်ပေးကာ ဆပ်ပလီခွင့်ပြုခဲ့ရ ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ကိုယ်တိုင် ပြောထားသည်။

မိမိလုပ်ပိုင် ခွင့်အပြည့်ရချိန်တွင် ယခင်က ဘယာ ကတိကြောင့် အလျှော့ပေးလိုက်လျောခဲ့ ရသည်များကို အတိုးချကာ စည်းကမ်း တွေပိုမိုတင်းကျပ်လေရော့သလားဟု ထင်စရာဖြစ်နေသည်။

အဆင့်မမီတဲ့ ဆရာဝန်အဖြစ် မွေးထုတ်မပေးမိဖို့ရာ တာဝန်ရှိတယ်လို့ လုံးဝခံယူထားတဲ့ ဆရာကြီး၏ စိတ်ဓာတ်ကို လေးစား သော်လည်း ခေတ်ဟောင်း၊ စနစ်ဟောင်း ထဲမှာ အသားကျနေ တဲ့ ကျောင်း သား တွေကို ဆန့်ကျင်ဘက်အနေအထား ဖြစ်အောင် ချက်ချင်းကြီးပြောင်းပစ်လိုက် တာကတော့ ကာယကံရှင်ကျောင်းသား တွေအတွက် သိပ်များနစ်နာလေမလား တွေးမိသည်။ ဆေးကျောင်းရောက်ဖို့ တက္ကသိုလ်ဝင်တန်းမှာ တစ်ဘာသာကို အနည်းဆုံးပျမ်းမျှ(၈ဝ)လောက်ရအောင် သူတို့လေးတွေကြိုးစားခဲ့ရ တာကို အဟောသိကံမဖြစ်စေချင်လို့ပါ။

တိုင်းပြည်၏ အနာဂတ်ကောင်းဖို့ ပညာရေးကောင်းဖို့လိုတာမှန်ပါသည်။ သို့သော် အခြေခံပညာ အဆင့်မှာလည်း ဘာတစ်ခုမှ မပြောင်းလဲသေး။ အဆင့် မြင့်ပညာအဆင့်မှာလည်း အဓိကကျတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားနည်း စနစ်တွေ၊ ဆရာအင်အားမလုံလောက် တာတွေ၊ တစ်တန်း တစ်တန်းကို ကျောင်း သား(၉ဝ)(၁ဝဝ)ထည့်ပြီး မနိုင်မနင်း သင်ကြားနေရတာတွေ၊ လက်တွေ့ပစ္စည်း မပြည့်စုံတာတွေ၊ သင်ခန်းစာမြန်မြန်ပြတ် ရေးဦးစားပေးသင်ကြားနေရတာတွေ ဘာမျှမပြောင်းသေးဘဲ စာမေးပွဲကို တင်းတင်းကျပ်ကျပ်စစ်ဆေးရုံ၊Supplementary Exam လို့ခေါ်တဲ့ နောက်ဆက်တွဲ စာမေးပွဲစနစ်ဖျက်သိမ်းပစ်ရုံနှင့်တော့ ပညာရေးကောင်းလာမည်မထင်ပါ။ ကြားထဲက ကျောင်း သားကျောင်းသူများ သာ အစမ်းသပ်ခံမြေစာပင်ဘဝ ရောက်ရပါလိမ့်မည်။

နိုင်ငံတော်သည်ပင် ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရာ၌ တစ်ခု ချင်းဖြေလျော့ကာ ညင်ညင်သာသာ ကူးပြောင်းနေရပါသည်။ ဆန့်ကျင်ဘက် အနေအထားဖြစ်အောင် ချက်ချင်းကြီး ပြောင်းယူ၍မရပါ။ ပါမော က္ခဒေါက်တာ အောင်ထွန်းသက်ပေးသော ဥပမာကဲ့သို့ ပင် ပူနေသောရေထဲသို့ ဖားတစ်ကောင် ကို ထည့်ကြည့်လျှင် အပူဒဏ်မခံနိုင်သဖြင့် ချက်ချင်းခုန်ထွက်သွားပါမည်။ ရေအေးထဲမှာ ထည့်ထားပြီး တဖြည်း ဖြည်းချင်းပြောင်းယူလျှင် နိုင်ငံတော် အတွက်ရော၊ ကျောင်းသားတွေအတွက်ပါ ကျေနပ်စရာဖြစ် လိမ့်မည်ဟု ယူဆမိ ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် နောင်(၂၅)နှစ်၊ အနှစ်(၃ဝ)လောက်ကြာလျှင် ယခုလူ ငယ်များသည် နိုင်ငံတော်ကို ဦးဆောင် မောင်းနှင်ကြမည့်သူများဖြစ်လာကြပေ လိမ့်မည်။ သူတို့တစ်တွေ ပညာ၊ စိတ် ဓာတ်ပြည့်ဝဖို့ ယခုလိုအချိန်မှာ စိတ်ဒဏ် ရာတွေ မရစေချင်ပါ ”ငါတို့ကျမှ ဒီလို နှိပ်ကွပ်ခံရတယ်”လို့ စိတ်ထဲမှာ စွဲမှတ် သွားကြလျှင် သူတို့ရဲ့အနာဂတ်သာမက တိုင်းပြည်ရဲ့အနာဂတ်အတွက်ပါ အဆုံး အရှုံး၊ အနစ်အနာတွေ များနိုင်ပါသည်။ သိမ်မွေ့ညင်သာသော အပြောင်းအလဲ ဖြင့် မြေစာပင်လေးတွေ မွကြေပျက်စီး မသွားအောင် ဂရုစိုက်သင့်ကြသည် မဟုတ်ပါလား။

http://www.hotnewsweekly.com/archives/17523

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း လုံးဝ ပိတ်ပြီ

ရန်ကုန်မြို့၏ အထင်ကရ ကားပွဲစားတန်းဖြစ်သည့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း အား ဖေဖော်ဝါရီ ၁၉ ရက် ညနေမှစ၍ ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ရာ ၁၅ နှစ်ကြာ ယာဉ်ရောင်း ဝယ်မှု ပြုလုပ်ခဲ့သော ရန်ကုန်မြို့မှ အကြီးဆုံး ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းနေရာမှာ အရောင်းအဝယ်များ ရပ်ဆိုင်းသွားပြီ ဖြစ်သည်။

“ဒီနေ့ စည်ပင်က မိုက်နဲ့လိုက်အော်တယ်။ ဒီဝင်းကြီးကို ပိတ်လိုက်ပြီလို့ ပြောတယ်။ ကားတွေကို လည်း ရွှေ့ ခိုင်းတယ်” ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဦးမင်းဦးက ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြော သည်။ လက်ရှိ ဟံသာဝတီဝင်းထဲမှ ကားများကို လာရောက်ထုတ်ယူခွင့် ပြုထားကြောင်း၊ ကားဝယ်ရောင်းစခန်း ပြောင်းရွှေ့သည့်အတွက် ကားအရောင်းအဝယ် အေးသွားကြောင်း၊ သီရိမင်္ဂ လာဈေးဟောင်းသို့ ရွှေ့ပြောင်းရာတွင်လည်း ကားထားရန်နေရာ မလုံလောက်မှုများ ရှိနေကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မော်တော်ကား ရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော် စည်ပင်ဌာနမှ တွေ့ဆုံရန်ရှိကြောင်း ၄င်းအသင်း၏ ပြန်ကြားရေးမှူး ဦးမင်းဦး က ပြောသည်။ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းသည် ၁၉၉၆ ခုနှစ်က ဖျက်သိမ်းပြောင်းရွှေ့ခဲ့သော ကြံတောသုသာန် မြေနေရာအား ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယာဉ်ရောင်းဝယ်ရေး စခန်းအဖြစ် တရားဝင် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

အပစ်ရပ်တပ်ဖွဲ့နှင့် အစိုးရတပ်ကြား တိုက်ပွဲ ဖြစ်ဖို့မရှိတော့ကြောင်း ဦးအောင်မင်းပြော


ယမန်နေ့ ဖေဖော်ဝါရီ ၁၉ မွန်းလွဲ ၁ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sheik Istana Hotel ဟိုတယ်တွင် သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် ဦးအောင်မင်းတို့ တွေ့ဆုံရာ၌ စစ်ဘက်နှင့်အစိုး ရဘက် ဆွေးနွေးဖြေရှင်းခဲ့ကြပြီးဖြစ်သဖြင့် အပစ်ရပ်တပ်ဖွဲ့နှင့်အစိုးရတပ်မေ တာ် ကြား ရှေ့ဆက် တိုက် ပွဲ ဖြစ်ဖို့အလားအလာမရှိတော့ကြောင်း ဦးအောင်မင်းက ပြောသည်ဟု RCSS/SSA သတင်း ရပ်ကွက်က ဆိုပါသည်။

“အပစ်ရပ် သဘောတူညီခဲ့ပြီဆိုပေမယ့် ခုချိန်ထိ အစိုးရစစ်တပ်နဲ့ ကျနော်တို့ ပစ်ခတ်မှုရှိနေတုန်းဘဲ ။ အရင်တုန်းက ကျနော်တို့ထင်တာက အစိုးရစစ်တပ်ရဲ့ အောက်ခြေတပ်သားတွေ အရာရှိတွေဟာ အထက်ရဲ့ အ မိန့်ကို မနာခံဘဲ မိမိဆန္ဒ အလျောက် ကျနော်တို့ကို ပစ်ခတ်တိုက်ခိုက်နေတာလို့ ထင်မိတယ်။ ကျနော်တို့ လေ့လာကြည့်တော့ အထက်ရဲ့ ညွှန်ကြား ချက်ကြောင့် ပစ်ခတ်ရတာလို့ သိရတယ်။ ဒီကိစ္စတွ မေးဖြစ်စေ ချင်တော့ဘူးလို့ စဝ်ယွက်စစ်က ပြောတော့ ဦးအောင်မင်းက စစ်ဘက်နဲ့အစိုးရ တို့ ဆွေးနွေးပြီးပြီ။ ရှေ့ဆက်မဖြစ်တော့ပါဘူးလို့ ပြောသွားတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် RCSS / SSA အရာရှိတဦးက ပြောသည်။

ရှေ့ဆက်တိုက်ပွဲများဆက်မဖြစ်အောင် အစိုးရအပေါ် အပစ်ရပ်တပ်ဖွဲ့များမှ ယုံကြည်မှုရှိသင့်သည်ဟု ဦးအောင်မင်းက ပြောဆိုရာ ၊ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က အစိုးရအပေါ်တွင်သာ မူတည်ကြောင်းပြောခဲ့ သည် ဟုဆိုပါသည်။

ထို့အပြင် အပစ်ရပ် ငြိမ်းချမ်းရေး တည်တံ့ဖို့ ပြည်သူလူထု ပါဝင်သင့်သည်ဟု စဝ်ယွက်စစ်က တင်ပြရာ ဦးအောင်မင်း က သဘောတူညီခဲ့ကြောင်း၊ နှစ်ဦးနှစ်ဘက် သဘောတူညီချက်များဖြစ်သည့် ငြိမ်းချမ်းရေး စောင့်ကြည့်ရေးကော်မတီဖွဲ့ဖို့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ အစရှိသည်တို့လည်း လက်တွေ့အကောင် အထည် မဖော်ရသေးသည့်အချက်နှင့် ပတ်သက်၍ လည်း ဦးအောင်မင်းက အဟန့်အတားအခက်အခဲများ အား ဖြေရှင်းခဲ့ပြီးဖြစ်သဖြင့် စတင်အကောင်အထည်ဖော်နိုင်တော့ မည်ဖြ စ်ကြောင်း ပြောခဲ့သည်ဟုဆို၏။

“ဒါ့အပြင် စီးပွါးရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တိုင်းရင်းသားတပ်မတော် တည်ထောင်ဖို့ အစရှိတာေ တွ ကိုလည်း ဆွေးနွေးခဲ့တယ် ” ဟု အဆိုပါအရာရှိက ပြောပါသည်။ ယခုတကြိမ် တွေ့ဆုံမှုမှာ နိုင်ငံရေးေ ဆွးနွေး ပွဲဖြစ်ပေါ်ရေးအတွက် အလွတ်သဘော အကြိုညှိနှိုင်းဆွေးနွေး ပွဲဖြစ် ကြောင်း သျှမ်းပြည် တပ်မေ တာ် က ပြောဆိုပါသည်။

ဆွေးနွေးပွဲသို့ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အတူ ဒု- ဗိုလ်မှူးကြီးစိုင်းငင်း၊ ဗိုလ်မှူး လောင်ဆိုင်၊ ဗိုလ်ကြီး စိုင်းဆိုင်မိဏ်း တို့ပါဝင်ပြီး အစိုးရကိုယ်စားလှယ် ဦးအောင်မင်းနှင့်အတူ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့် ပါဝင်သည့် အယောက် ၂၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတို့ သည် ပြည်ေ ထာင်စုအဆင့် ငြိမ်းချမ်းရေး ၂ ကြိမ် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

သျှမ်းသံတော်ဆင့်

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အဆိုပြုအမည်စာရင်းများ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အဆိုပြု အမည်စာရင်းကို ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းဝေးသို့ ပေးပို့ထားကြောင်း သိရ သည်။

အဆိုပါ အမည်စာရင်းကို နိုင်ငံတော် သမ္မတကသုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကသုံးဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကသုံးဦး အသီးသီးရွေးချယ် ပေးပို့ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတ က ရွေးချယ်သည့်သုံးဦးမှာ -

၁။ ဦးမြင့်ဝင်း (အငြိမ်းစား ဒုညွန်ချုပ်ရှေ့နေချုပ်ရုံး)
၂။ဦးသန်းကျော် (နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ဝင်)၊
၂။ဒ်ါလှမျိုးနွယ် (ဒုညွန်ချုပ် နိုင်ငံခြားရေးဝန်ကြီးဌာန)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ရွေးချယ်သူများမှာ

၁။ ဦးမြသိန်း ( အငြိမ်းစားညွန်ချုပ် ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊
၂။ ဦးမြသိန်း (တရားလွတ်တော် ရှေ့နေ)၊
၃။ ဦးမြင့်လွင် (တရားလွတ်တော်ရှေ့နေ) တို့ဖြစ်ကြသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက
ရွေးချယ်သူများမှာ

ဦးတင်မြင့် (အငြိမ်းစားညွန်ချုပ် ရှေ့နေချုပ်ရုံး)၊
ဒေါ်ကျင်စန်း (အငြိမ်းစားဒု ညွန်ချုပ် ရှေ့နေချုပ်ရုံး)၊
ဦးမျိုးချစ် (အငြိမ်းစားညွန်ကြားရေးမှူး ရှေ့နေချုပ်ရုံး)တို့ကို ရွေးချယ်ထားသည်။

အဆိုပါပုဂ္ဂိုလ်များအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သတ်မှတ်ထားသော အရည်အချင်းများဖြင့် ကန့်ကွက် လိုပါ က ကန့်ကွက်နိုင်ကြောင်း ညွှန်ကြားထားသည်။

ခုံရုံးဥက္ကဋ္ဌချင်း အဖွဲ့ဝင်များအဖြစ် အမည်စာရင်း တင်သွင်းထားသူများ အနက်မှ ဦးမြသိန်း (အငြိမ်းစား ညွန်ကြားရေးမှူးချုပ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်) သို့ ခုံရုံးဥက္ကဋ္ဌအဖြစ် ခန့်အပ် သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယနေ့အစည်းအဝေးတွင် အကြံပြုခဲ့သည်။

Eleven Media Group

ကျူးကျော်များကို တိုက်ခန်း ဝယ်ယူခွင့် ဦးစားပေးမည်

တန်ဖိုးနည်း အိမ်ယာ စီမံကိန်း ဖော်ဆောင်မည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) စီမံကိန်း ဧရိယာ အတွင်း နေထိုင် သည့် ကျူးကျော်များ ထဲမှ အနေကြာသည့် ကျူးကျော် များကို စီမံကိန်း ပြီးဆုံးပါက တိုက်ခန်း ဝယ်ယူခွင့် အတွက် ဦးစားပေး စဉ်းစားမည် ဟု မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာန၊ မြေခွန် မြေတိုင်း ဌာနခွဲ၊ ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

“ဦးစားပေးမည် ဆိုတာက ဈေးလျှော့မယ် လို့တော့ မဆိုလို ပါဘူး၊ ဝယ်ယူ ခွင့် လျှောက်ထားသူ တွေထဲက မှ ဦးစားပေး ဝယ်ယူခွင့် ပေးမှာပါ” ဟု ၎င်းက ရှင်းပြ သည်။

အနေကြာ ကျူးကျော် များကို မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရပ်မိ ရပ်ဖ များ၊ NLD ပါတီ၊ NDF ပါတီ၊ တ.စ.ည ပါတီ နှင့် ပြည်ခိုင်ဖြိုး ပါတီများ ၏ ထောက်ခံချက် ဖြင့် စာရင်း ကောက် ယူ လျှက် ရှိကြောင်း မြေခွန်မြေတိုင်း ဌာန ထံမှ သိရသည်။

The Voice Weekly

နိုင်ငံခြားသတင်းဌာန သုံးခု ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ခွင့် ရရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် စာတင်လိုက်ကြောင်း သိရ

နိုင်ငံခြားသတင်းဌာန သုံးခု ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ခွင့် ရရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် စာတင် လိုက်ကြောင်း သိရသည်။

၁၉၆၂ ရှေ့ပိုင်းကာလများက နိုင်ငံတွင် နိုင်ငံခြားသတင်းဌာနအချို့ တရားဝင်ရုံးခန်း ဖွင့်လှစ်ခွင့် ရခဲ့သော် လည်း နောက်ပိုင်းကာလများတွင် မရရှိခဲ့တော့ရာ အစိုးရသစ်လက်ထက်တွင် ထပ်မံ ပြန်လည် ခွင့်ပြုပေး ခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက ပြောသည်။

“ကျွန်တော်တို့ သတင်းဌာနက မနေ့က စာတင်လိုက်တယ်၊ကျန်တဲ့သတင်း ဌာနတွေလည်း တင်ပြီးကြပြီလို့ ကြားပါတယ်”ဟု ၎င်းကဆက်ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသတင်းဌာန ပြည်တွင်းတွင် တရားဝင်ဖွင့်လှစ်ခွင့် ပြုမည့် အကြောင်းကို ၂၀၁၃ ဇန်န၀ါရီလအတွင်းက သတင်းဌာနများသို့ ပေးပို့ခဲ့သည်။

လက်ရှိတွင် နိုင်ငံခြားသတင်းဌာနများအနေဖြင့် လျှောက်လွှာတင်ထားဆဲသာ ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ခွင့်ပြုမှုကိုတော့ ပြုလုပ်ပေးခြင်း မရှိသေးကြောင်း ၎င်းထံမှ သိရသည်။

Popular Myanmar News Journal

အစိုးရနဲ့ UNFC တို့ လာမယ့် ၂ လအတွင်း ထပ်မံဆွေးနွေးမည်


ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က နိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Holiday Inn ဟော်တယ်မှာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပြီးတဲ့အခါ နှစ်ဖက်နားလည်မှု ပိုမိုရလာကြောင်းနဲ့ နောက်တကြိမ် ဆွေးနွေးပွဲကိုလည်း နှစ်လအတွင်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာ KIO နဲ့ အစိုးရတို့ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီးကတည်းက ကချင်ဒေသမှာ တိုက်ပွဲတွေ တော်တော်အေးချမ်းသွားပြီဖြစ်ကြောင်း ဦးအောင်မင်းက ပြောပါတယ်။

ဒီကနေ့တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့က ဝန်ကြီးများဖြစ်တဲ့ ဦးခင်ရီနဲ့ ဦး အုန်းမြင့်၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့နဲ့အတူ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များဖြစ်ကြတဲ့ ဦး တင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်စတဲ့ ကိုယ်စားလှယ်တွေ တက်ရောက် ကြပါတယ်။

UNFC အဖွဲ့ကတော့ နိုင်ဟံသာနဲ့ KIA က ဒေါက်တာလဂျာတို့က ဦးဆောင်ပြီး KNU က ဖဒိုဒေါ့လေးမှု၊ KNPP က ခူးဦးရယ်၊ ဦးအောင်ဆန်းမြင့်နဲ့ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာစတဲ့ ကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးညိုအုန်းမြင့် ကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်

အသံဖိုင်ယူရန်။

RFA

Nokia ဖုန်းများ နေရောင်ခြည်ဖြင့်အားသွင်းနိုင်မည်


ကြိုးမဲ့ အားသွင်းစနစ်၊ ကင်မရာ Megapixel 14 အဆင့် အစရှိသဖြင့် ကမ္ဘာ့ ဦးဦးဖျားဖျား နည်း ပညာများ ဖော်ထုတ်ဖန်တီးပေးမယ့် Nokia ဟာ ဖုန်းတိုင်းကို နေရောင်ခြည်နဲ့ အားသွင်းလို့ရအောင် ဖန်တီးတော့မယ်လို့ သိရပါတယ်။

အရင်ကတည်းက နေရောင်ခြည်နဲ့ အားသွင်းရတဲ့ ဖုန်းများ ရှိပါတယ်။

တောင်တက်ခရီးသွားသူများ၊ ပင်လယ်ခရီးသွားသူများ သုံးဖို့ ဆိုပြီး နိုကီယာတင်မကပဲ အခြားသော ကုမ္မဏီများကလည်း ထုတ်ပါတယ်။ သို့ပေမယ့် အဆင့်မြင့် Function ပါတဲ့ဖုန်းများ မဟုတ်ပါဘူး။ Nokia ကိုယ်တိုင် ကလည်း ဒီဂျစ်တယ်ဖုန်း အဆင့်မှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ အဆင့်မြင့် နည်း ပညာသုံး Nokia ဖုန်းတိုင်းမှာ ဆိုလာစွမ်းအင် ဆုပ်ယူမယ့် နည်းပညာ ပေါင်းစပ်ဖို့ ဖြစ်ပါတယ်။

အလွှာလေး တစ်ခုထည့်ရုံပါပဲ။ သို့ပေမယ့် ယင်းအလွှာဟာ ဖုန်းမှာ ပါတယ်လို့တောင် မသိ ရလောက်အောင်ပါးလွှာမယ်လို့ ဆိုပါတယ်။ အခြား ဆိုလာပြားတပ်ဖုန်းများလို့ အခြပ်အကြီးကြီးတွေ မဟုတ်ပါဘူး။ ခပ်ပါးပါး ထိုးဖောက်မြင်ရတဲ့ ဆီလီကွန်လို အလွှာတစ်ခုမျှ သာ ဖြစ်ပြီး နေရောင်ခြည် ကို ပြလိုက်တာနဲ့ အလိုအလျောက် စွမ်းအင်တွေ စွဲယူနေစေဖို့ ဖြစ်ပါတယ်။

ခန့်မှန်းခြေအရကတော့ လာမယ့် Mobile World Congress မှာ Nokia က ယင်းနည်းပညာကို ဝင်ရောက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။

www.MyanmarExpress.net

အာရှအဆင့် အွန်လိုင်းဂိမ်း မြန်မာ ဝင်ပြိုင်မည်


စင်ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ်ကျင်းပမည့် အာရှအဆင့် အွန်လိုင်းဂိမ်းပြိုင်ပွဲ (Arma-ggeddon Grand Slam Asia 2013) သို့ မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Technovation ကုမ္ပဏီမှ သိရသည်။

၎င်းဂိမ်းပြိုင်ပွဲကို မတ်လတွင် ကျင်းပမည်ဖြစ်ပြီး စင်ကာပူ၊ မလေး ရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာမှ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ တရုတ် (တိုင်ပေ)နှင့် ဟောင်ကောင်မှ ပြိုင်ပွဲဝင်များမှာ အွန်လိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ သွားရောက်ယှဉ်ပြိုင် ရန် မြန်မာ နိုင်ငံကိုယ်စားပြု အသင်းရွေး ချယ်မည် ဖြစ်ပြီး ၄င်းရွေးချယ်ပွဲအား ဖေဖော် ဝါရီလ ၂၂၊ ၂၃ နှင့် ၂၄ ရက်များ တွင် ကျင်းပမည် ဖြစ်သည်။

ကိုယ်စားပြု ပြည်တွင်း အသင်းပြိုင်ပွဲတွင် အသင်း ၆၄ သင်း ပါဝင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါအသင်းများမှ တစ်သင်းကိုသာ Myanmar Champion အဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း Technovation မှ ကိုကျော်ဆန်းက ပြောသည်။

''မြန်မာနိုင်ငံမှာလည်း ဒီအွန်လိုင်းဂိမ်းကို တော်တော်များများ ကစားလာကြ တာမို့ ဒီဂိမ်းနဲ့ပဲ ပြည်ပကို ထိုးဖောက်စေချင်ပါတယ်'' ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။ အဆိုပါ အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် Dota 2 ဂိမ်းဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ် ပြီး ပြည်တွင်းပြိုင်ပွဲအတွက် Red Link ကုမ္ပဏီမှ အင်တာနက်ရရှိ စေရန် ကူညီပံ့ ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

www.MyanmarExpress.net

လမ်းလျှောက်သူများကြောင့် တိုးတက်ဖွံ့ဖြိုးလာသော မန္တလေး-လိုင်ဇာ လမ်းမများ

စတင်ထွက်ခွာစဉ်က ငြိမ်းချမ်းရေးကို ကြွေးကြော်ကာ တစ်လ ခွဲတိုင် လမ်းလျှောက်ကြမည်ဟု ဆိုသည်။ ရန်ကုန်မှ စအထွက်တွင် ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မှုဖြင့် အမှုဖွင့် ခံရသည်။ မိုင် ၅၀ ကျော် တစ်ရက် ထဲ ခရီးပေါက်ပြီး ပဲခူးရောက်သွားသည့်အခါမှ စ၍ ဌာနဆိုင်ရာများ၊ အဖွဲ့အ စည်းများမှ အပြည့် အ၀ ပံ့ပိုးကြလေ တော့သည်။

တစ်ချိန်တည်းတွင် တွေ့ကရာ သေနတ်ပုံတွင် ပန်းတစ်ပွင့် တပ်၍ စပွန်ဆာကောင်းကောင်းဖြင့် လိုင်ဇာသို့ ချီ တက် သွားသော စစ်သားမပီသသည့် စစ်သားဟောင်း နေမျိုးဇင်မှ လိုက်ထရပ် ကားလေးကိုစီးကာ ကချင်ပြည် နယ်သို့ ရောက် သွားလေ၏။ မည်သို့ တားတား ဂရုမစိုက်၊ အထက်အမိန့် ဆိုရင် ဘာညာ ပြောပြီး ရဲ အရာရှိကို စော်ကား ခဲ့ သည့် နေမျိုးဇင်မှ မိုင်းကွဲသံ၊သေနတ် ဖောက်သံကြားသည့်အခါ ကြောက် လန့် တကြား ရန်ကုန်ရောက် သည် အထိ ပြန်ပြေးခဲ့သည်။ ထိုတွင် မရပ်သေး ။ အပစ်အခတ်ရပ်၍ ပစ်ခတ် သံ မကြားရတော့ ဆိုသည့် အချိန်တွင် မြစ်ကြီးနားမှ လိုင်ဇာ လမ်းလျှောက်ရန် အုပ်စုခွဲထွက်လေ၏။


မည်သို့ မည်ပုံ လုပ်လိုက်သည် မသိ။ လူပေါင်းများစွာ ပူးပေါင်းလာသော အုပ်စုကြီးကြောင့် မန္တလေး- လိုင် ဇာ ကားလမ်းတစ်လျှောက်တွင် ဈေးသည်များ၊ လူများဖြင့် အထူးစည်ကားလာတော့၏။ လူစည်ကား လာ ရသည့် အကြောင်းအရင်းများမှာလည်း အံ့သြသင့်ဖွယ် ဖြစ်သည်။

၁။ လက်ပံတောင်းတွင် ရွာသားများကို လူသေများ သချိုင်းကုန်းမှ ထသည့်ဟန် ပါဖောမန့်ခဲ့သည့် ဗကသ များ မှ သံခြေချင်းဝတ်ကာ လမ်းလျှောက်ပြသဖြင့် အထူးအဆန်း ၀ိုင်းအုံကြည့်ကြသည်။

၂။ ရွေးကောက်ပွဲကာလ မဟုတ်ပါဘဲ အန်အယ်လ်ဒီကို မဲထည့်ပါ ဆိုသည့် မဲဆွယ်အကျီင်္များ ၀တ်ဆင် သဖြင့် လူများ အုံတိုးကြသည်။



၃။ ဆိုင်ကယ် နောက်ပြန်စီး၊ ရှေ့ကစီး၊ နောက်ကစီးကာ လမ်းလျှောက်တစ်လှည့်၊ ဆိုင်ကယ်တစ်လှည့် စ တန့် များကြောင့် လူများ စိတ်ဝင်စားလာကြသည်။



၎။ ပုံမှန် ခရီးသည်တင် ကားများတွင် အပြာရောင်ဝတ်စုံဝတ်များ ထူးထူးခြားခြား ပေါများစွာ မြင်တွေ့ရခြင်း ကြောင့် အထူးအဆန်းအဖြစ် ၀ိုင်းလာကြသည်။



၅။ ကချင်ဒုက္ခသည်များ တစ်လ စားလောက်သည့် ရိက္ခာများအပြည့် ကားကြီးများကို မမြင်ဖူးသဖြင့် ၀ိုင်းအုံ ကြည့်ကြသည်။

၆။ တစ်နေ့လုပ် တစ်ရက် ထမင်းစားမရဟု အစိုးရကို ပြစ်တင်ဝေဖန်သူ အများဆုံး နေထိုင်သည့် မြန် မာနိုင်ငံ တွင် လမ်းလျှောက်ပါက ထမင်းဝသည် ဆိုသော အလုပ်အကိုင်သစ်ကြော်ငြာအား လူများ လေ့လာ လိုကြသည်။



ကောင်းသည် ဆိုးသည် မပြောလို။ သေချာသည်ကား စစ်ပွဲများ မရပ်ပါစေနှင့်ဟု ဆုတောင်း ကြသူများတွင် ကေအိုင်အေနှင့် ဤပုဂ္ဂိုလ် များသည် ထိပ်ဆုံး စာရင်းတွင် ပါဝင်လေမည် မှာကား အမှန် ပင် ဖြစ်လေတော့သည်။

Opposite Eye

မန္တလေးမြို့တွင် မြန်မာစကားမတက်ဘဲ တရားမ၀င်နေထိုင်နေသော တိုင်းတပါးမှလူမျိုးခြားများအားဥပဒေနှင့်အညီ အရေးယူသွားမည်

မန္တလေးမြို့တွင် မြန်မာစကားမတက်ဘဲတရားမ၀င် အခြေချနေထိုင်နေသော တိုင်းတပါးလူမျိုးခြားများ အား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူ သွား မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း က ပြောကြားသည်။

ယခုတစ်ကြိမ်ပြုလုပ်သည့် ပထမအ ကြိမ်   ပြည်ထောင်စုလွှတ်တော် ဆဌမ ပုံမှန်အစည်း အဝေး ၁၁ရက် မြောက်နေ့အစီအစဉ်တွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား မတက်သည့် လူမျိုးများ တရားမ၀င်နေထိုင်မှု မဖြစ်စေရန် ၀န်ကြီးဌာနမှ စနစ်တကျ မည်သို့စစ်ဆေးရမည် ကို ဆွေးနွေးသွားသည့်အပေါ် ယခု ကဲ့သို့ ပြန်လည်ဖြေ ရှင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အစိုးသစ်လက်ထက်မှာ ၀န်ကြီဌာနအနေနဲ့ ဒီကိစ္စကို အပြေးအလွှား ဆောင်ရွက်လျှက်ရှိပါတယ်။ မိမိတို့ ဌာနက ထုတ်ပေးထားတဲ့ အိမ်ထောင်စု စာရင်းတွေကို တရားဝင်ထုတ်ပေးခြင်းရှိမရှိ ၊ ထုတ်ပေးမှုမှန်ကန် မှု ရှိမရှိ၊ အိမ်ထောင်စုစာရင်းမရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း ဒါမှမဟုတ် တရားဝင်နေထိုင်ခြင်း ရှိမရှိကို ရုံးလက်ခံမှတ်တမ်းတွေနဲ့ စစ်ဆေး သွားမယ်။” ဟု ဒုဝန်ကြီးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင်ထို့ကဲ့သို့သော စစ်ဆေးမှုများကို စတင်ပြုလုပ် နေပြီ ဖြစ်ပြီး နည်းလမ်းများ မှန်ကန်စေရေးအတွက် အခြားပြည်နယ် နှင့် တိုင်းဒေသကြီးများမှ ၀န်ထမ်းများတိုးမြင့်၍ ဖွဲ့စည်း စစ်ဆေး လျှက်ရှိကြောင်း သိရသည်။ ထို့ပြင် မမှန်မကန်ပြုလုပ်သော ၀န်ထမ်းများ ကိုပါ ထိရောက်စွာ အရေးယူ သွားမည့်အပြင် တရားမ၀င်နေထိုင် သူများကိုလည်း ဥပဒေနှင့် အညီအရေးယူသွားမည် ဖြစ်ကြောင်းလည်း ဒုတိယ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

“ မန္တလေးမှာက ရပ်ကွက်တိုင်းရဲ့ သုံးပုံတစ်ပုံဟာ လူမျိုးခြားတွေပဲ။ အိမ်ကြီးအိမ်ကောင်းကြီးတွေ တိုက်တာခြံဝန်းအကျယ်ကြီးတွေအကုန်လုံးက သွားမကြည့်နဲ့ လူမျိုးခြားတွေပဲ။လက်ညိုးထိုးမလွဲဘူး။ ဗမာတွေကတော့ အဲဒီလိုမျိုး ဘယ်လိုလုပ်နေနိုင်မှာလဲ။ မြန်မာတွေပိုင်တာ နည်းတယ်။” ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။

မန္တလေးမြို့ရှိ တရားမ၀င်နေထိုင်နေသော လူမျိုးခြားများအား ဥပဒေ နှင့်အညီ စစ်ဆေး အရေးယူမှုများ ပြုလုပ်ရာတွင် ၀န်ကြီးဌာနပိုင်းအနေဖြင့် သမာသမတ်ရှိရှိ ဖြင့် မှန်ကန်ပြတ်သားစွာ အရေး ယူရန်လိုအပ်ပြီး တစ်ဖက်မှ အခြေချနေထိုင်သူများသည် လွန်စွာမှ ချမ်းသာသူများဖြစ်သဖြင့် ငွေကြေး များကို အသုံးချနိုင်မှုများ ရှိရာ မိမိတို့၏ စစ်ဆေးရေးဝန်ထမ်းများကိုလည်း အယုံအကြည်မလွယ်ရန်နှင့် ၀န်ထမ်းများမှ လာတ်ယူဆောင်ရွက်ထားမှုများ ရှိပါက ထိရောက်စွာ အပြစ်ပေးအရေးယူရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က အကြံပြုပြောကြားသည်။

“ မန္တလေးမှာ မီးနှစ်ခါလောင်ပြီး အိုးအိမ်တွေ အကုန်တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ရပြီး။ လူတွေဒုက္ခရောက်ခဲ့တယ်။ အဲဒီအချိန်ကောင်းမှာပဲ မင်းနေပြည်တော်တ၀ိုက်မှာ ဈေးတွေပေးပြီး လူ မျိုးခြားတွေ ၀င်လာ ကြတယ်။အခုလို ပွင့်လင်းမြင်သာတဲ့အချိန်မဟုတ် ။ ပြောရေးဆိုခွင့် မရှိတော့။ အခြေ အနေတွေကလည်း မပေးတော့ မြင်နေလျှက်နဲ့ ဘာမှမတက်နိုင်တဲ့အတွက် စိတ်မကောင်းစွာနဲ့ပဲ ကြည့်နေခဲ့ရတယ်။” ဟု ယင်းကိစ္စအား ဆွေးနွေးခဲ့သော အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က The Messenger ဂျာနယ်သို့ ပြောသည်။

လက်ရှိမန္တလေးမြို့တော်ကြီးတွင် အချက်အချာကျသော နေရာ ကောင်းများသာမက မြို့သစ်၊ မြို့ပြင် များတွင် မြေဧကလိုက်ဝယ်ယူပြီး ခြံကြီးခြံကောင်းများ၊ ကိုယ်ပိုင်အစောင့်အရှောက်များဖြင့်နေထိုင်သော လူမျိုးခြားများ အထူးပင်များပြားလာကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။ ထို့ပြင် မန္တလေးမြို့တွင် လူမျိုးခြားဘာသာဖြင့် ရေးထိုးသော ဆိုင်းဘုတ်များ များပြားခဲ့ပြီး မြန်မာစာနှင့် အင်္ဂလိပ်စာ ရေးထိုးသော ဆိုင်းဘုတ်များ မရှိသလောက်ရှားပါးခဲ့သဖြင့် သက်ဆိုင်ရာမှ သတိပေး ထားမြစ်ချက်များ ထုတ်ပြန်၍ တားမြစ်ခဲ့ရကြောင်း စုံစမ်းသိရသည်။

Messenger News Journal

(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီး ကျင်းပရန် အချိန် နီးကပ် လာပြီဖြစ် ပြင်ဆင်ရေး လုပ်ငန်း များကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကမကထ (Sponsor) ပြုမည့် အဖွဲ့ များ၊ ကြော်ငြာ၊ မော်တော်ယာဉ်နှင့် ဆုတံဆိပ် များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့က ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီး ကျင်းပရန် အချိန် နီးကပ်လာပြီ ဖြစ်၍ ပြင်ဆင်ရေး လုပ်ငန်းများကို အရှိန်အ ဟုန် မြှင့် တင် ဆောင်ရွက်ကြရန်၊ ယခု အစည်း အဝေးတွင် အားကစား ပြိုင်ပွဲနှင့် ဆက်စပ်နေသည့် လုပ်ငန်း အဝဝ၌ ကမကထ ပြုမည့် နိုင်ငံတကာ လုပ်ငန်းရှင် များအား ရှာဖွေရမည့် နည်းလမ်းများကို ဆွေးနွေးရန်နှင့် ဘဏ္ဍာငွေ ရှာဖွေခြင်း၊ သုံးစွဲခြင်း လုပ်ငန်းအားလုံး ပွင့်လင်း မြင်သာမှု ရှိရန် ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အားကစားပွဲ လုပ်ငန်းများတွင် နိုင်ငံတကာ ကမကထ ပြုသူ လုပ်ငန်းရှင် များအား တင်ဒါ ဖိတ်ခေါ်မည့် အစီအစဉ် များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် တက်ရောက် လာကြသူ များက ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ

ကိုယ်ထူကိုယ်ထစနစ်ကြောင့် လယ်ယာမြေရေကြီးခြင်း ပြဿနာများ ပြေလည်တော့မည်


ပဲခူးတိုင်းဒေသကြီး ညောင် လေးပင်မြို့နယ် ကွင်းအမတ် ၂၀၃(ခ)တော်ပသီနှင့်မုက္ခမူ ကရင် ရွာကြား ရှိ နှစ်ပေါင်း (၇၀)ကျော် ကြား ချောင်းကော၊မြောင်းကော များအား ငါးလုပ်ငန်းရှင်များအဖွဲ့ မှာ ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ပြန် လည်တူးဖော်ရာတွင် သက်ဆိုင် ရာတာဝန်ရှိသူများက ကြည့်ရှုခဲ့ ကြကြောင်း သိရှိရပါသည်။

အလျားမိုင်(၁၃)မိုင်အရှည် ရှိ တိမ်ကောနေသော ဘောရိုး မြောင်း အင်းချောင်းမြောင်းများ သည် နှစ်ကြာ လာသည့်အတွက် သဘာဝဘေးဒဏ်ကြောင့် နှုံးမြေ များတင်ကာမြောင်းပိတ်ဆို့ခြင်း လယ်ကွက်များရေ ကြီးခြင်းများနှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရပါသည်။ အဆိုပါမြောင်းအား ငါးလုပ်ငန်း ရှင်များအဖွဲ့မှဦးစီးကာ (၁၂.၂. ၂၀၁၃)ရက်မှ စတင်ကာတူးဖော် ဖောက်လုပ်ခဲ့ကြောင်းသိရှိရပါ သည်။

အဆိုပါမြောင်းဖောက်လုပ် ရခြင်းကိစ္စအား မြန်မာနိုင်ငံ ငါး လုပ်ငန်းရှင်အဖွဲ့မှအတွင်းရေးမှူး ဦးမျိုးမင်းထက် အားမေးမြန်းရာ တွင် ““ဒီလုပ်ငန်းကိုလုပ်တယ်ဆို တာ ကျွန်တော်တို့တော်တော်စဉ်း စားရပါတယ်။

ကျွန်တော်တို့အဖွဲ့ ရဲ့ဥက္ကဋ္ဌဦးကျော်ထူးနဲ့ကျွန်တော် တိုင်ပင်ကြည့်တယ်အစ်ကို ကျွန်တော် တို့ ဒီလိုပ်ငန်းကိုလုပ်မယ် တတ် နိုင်ပါမလား စုစုပေါင်း သိန်း(၆၀၀) လောက်တော့ကုန်ုမယ်ဆိုတော့ ညီလေးလုပ်ချင်တယ်ဆိုရင် လုပ် ပေါ့ကွာ အဲဒါနဲ့တစ်ယောက်ကို သိန်းတစ်ရာကစပြီးလိုက်တာပါ။ အဓိကက ဒီမှာငါးလုပ်ငန်းရှင်တွေ အတွက် ငါးကအဓိကမရပေမဲ့ ဘာပြဿနာဖြစ်နေတုန်းဆိုရင် လယ်တွေ ခဏခဏရေနစ်မြုပ်နေ လို့ ဒီဝန်းကျင်က လယ်သမားတွေ ဟာ ဒုက္ခရောက်တယ်ဆိုတာသိရ တယ်။ အဲဒါက ရေစီးမြောင်းနဲ့ရေ မျက်နှာပြင်ဟာအညီဖြစ်နေတယ်။ ရေစီးပြီဆိုရင် မြောင်းထဲရေမရှိဘဲ လယ်ကွက်များထဲကိုရေသင်သွား ရော မကြာခဏပြဿနာတွေဖြစ် ကြတယ်။ ဒီလိုလုပ်ပေးရင်တော့ လယ်သမားတွေလည်း ရေကြီး နစ်မြုပ်ကာ သက်သာသွားမယ်ဆို ပြီး လုပ်လိုက်တ်ာပါ””ဟုဆိုပါသည်။

ဆက်လက်၍ ““ဒီမြင်ကွင်းကိုမြင် လိုက်ရတော့ အရမ်းကိုအံ့သြသွား တယ်ဗျာ။ ဒါဟာတကယ်အစစ် အမှန်နှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့လုပ် ရပ်ဘဲWin Win Game ပေါ့။ တစ်ဖက်က ငါးလုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးရှိမယ်။တစ် ဖက်က လယ်သမားများအတွက် လည်း လယ်ယာတွေရေ ကြီးနစ် မြုပ်ခြင်းက ကာကွယ်သလိုဖြစ်သွား တယ်။နောက်တစ်ခုက နှစ်စဉ် ပြ ဿနာ တက်နေတဲ့ လယ်ယာတွေ ရေကြီးတယ်ဆိုတာဟာ ဒီချောင်း တွေ၊မြောင်းတွေ သဲနှုံးဖို့ပြီးချောင်း တွေမြောင်းတွေ—–လာတော့ ချောင်းမြောင်းမရှိရင် ရေမစီးနိုင် တဲ့အတွက် လယ်ထဲကိုရေလွှမ်း တယ်။ အခုတော့ ရေမ၀င်နိုင်တော့ ဘူးပေါ့။ အခုလို ခင်ဗျားတို့ ငါး လုပ်ငန်းရှင်အဖွဲ့က အကုန်ကျ ခံလိုက်တဲ့အတွက်ကြိုဆိုပါတယ်”” ဟု စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန် ကြီးဌာနတိုင်းဒေသကြီးအစိုးရ အဖွဲ့မှဦးတင်စိုးမှဆိုပါသည်။

အဆိုပါ တူးမြောင်းဖောက် လုပ်ခြင်းလုပ်ငန်းသို့ ပဲခူးတိုင်း ဒေသကြီး မဲဆန်္ဒနယ်(၁) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးစိုးပိုင် ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်ဖေစိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်သက်သက်ညွှန့်၊မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစီးမှူး ဦးသီဟံစိုး၊ ငါးလုပ်ငန်းဦးစီးဌာနလက်ထောက် ဦးစီးမှူး ဦးအောင်ထွဋ်နှင့်မြန်မာ နိုင်ငံငါးလုပ်ငန်းရှင်အဖွဲ့မှကိုယ် စားလှယ်များက ကိုယ်ထူကိုယ်ထ တူးမြောင်းဖောက်လုပ်ခြင်းလုပ် ငန်းအား ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

The HOT NEWS

ဆဲလ်ဖုန်းအန္တရာယ်ကာကွယ်ရေးအတွက် ထိပ်တန်းနည်းလမ်း (၁၀) ခု


၁) Handset ကို ဖြစ်နိုင်မယ်ဆိုရင် သင့်ဦးခေါင်းနဲ့ ၂ လက်မကနေ ၇ လက်မလောက်အဝေးမှာထားပါ... ဒါမှမဟုတ်ရင် loudspeaker ဖွင့်ပြီးပြောပါ... ဒီလိုလုပ်ခြင်းအားဖြင့် ဦးနှောက်ဆီကို လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်မှုသိသိသာသာ ကျဆင်းစေပါလိမ့်မယ်...

၂) အိပ်ပျော်နေတဲ့အချိန် သင့်ဆဲလ်ဖုန်းကို ဦးခေါင်းအနီးမှာမထားပါနဲ့... အိပ်ရာဝင်တဲ့အခါ ဖုန်းပိတ်ထားပါ... ဒါမှမဟုတ်ရင် သင့်ဦးခေါင်းနဲ့ ၁.၈ မီတာ (၆ ပေ) အကွာလောက်မှာထားပါ...

၃) သင့်အိတ်ကပ်ထဲမှာ ဖုန်းကိုထည့်ထားမယ်ဆိုရင် ခလုတ်ပါတဲ့ဘက် ဒါမှမဟုတ် screen ပါတဲ့ဘက်ကို သင့်ဘက်မှာထားပါ... ဒါမှ အင်တင်နာက သင့်ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာရောက်နေပြီး ထုတ်လွှင့်လိုက်တဲ့ လှိုင်းတွေ တိုက်ရိုက်မထိနိုင်မှာဖြစ်ပါတယ်... (အင်တင်နာကဘယ်နေရာမှာရှိလဲဆိုတာကို ဖုန်းရဲ့ manual စာအုပ်တွေမှာ ကြည့်ရင်သိနိုင်ပါတယ်...)

၎) ကိုယ်ဝန်ဆောင်တွေ ဆဲလ်ဖုန်းမသုံးသင့်ပါဘူး... သန္ဓေသားရဲ့ ဖွံ့ဖြိုးဆဲအင်္ဂါတွေဟာ လျှပ်စစ်သံလိုက် လှိုင်းဖြာထွက်မှုဒဏ် ခံရတာရဲ့ အကျိုးဆက်တွေအပေါ် အရမ်းကိုထိခိုက်ခံစားလွယ်ပါတယ်...

၅) မော်တော်ယာဉ်တွေထဲမှာ... ဓာတ်လှေခါးထဲမှာ... လေယာဉ်ပေါ်မှာ... ရထားပေါ်မှာနဲ့ တခြားသော သတ္တုတွေဝန်းရံနေတဲ့ နေရာမျိုးတွေ မှာ ဖုန်းအသုံးပြုခြင်းကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်... ဒီလိုနေရာတွေဟာ လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်မှုကို မြင့်မားစေပါတယ်...

၆) ကြိုးနဲ့ချိတ်ဆက်ထားတဲ့ ရိုးရိုး headset တွေကိုလည်း အသုံးမပြုပါနဲ့... အကယ်လို့ headset တွေကိုသုံးမယ်ဆိုရင် Air tube Ferrite Bead headset တွေကိုသုံးပါ... Blue tooth တွေဟာ သာမန်ဆဲလ်ဖုန်းတွေက လျှပ်စစ်သံလိုက်လှိုင်းထုတ်လွှင့်တာရဲ့ အပုံတစ်ရာပုံတစ်ပုံပဲ ထုတ်လွှင့်တဲ့အတွက် အသုံးပြုဖို့ ပိုသင့်တော်ပါတယ်... ပုံမှန် headset တွေဟာ သင့်နားရွက်နားမှာ ဖုန်းကပ်ပြီးပြောတာထက် လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်မှု ၃ ဆ ပိုများပါတယ်.... (ရိုးရိုးကြိုးနဲ့ချိတ်ထားတဲ့ earphone ဒါမှမဟုတ် headset က ဖုန်းရဲ့အင်တင်နာဘေးကဖြတ်သွားတဲ့အခါမှာ လျှပ်စစ်သံလိုက်လှိုင်းတွေက ကြိုးထဲကို စီးဝင်ပါတယ်... ဒါကြောင့်ဦးနှောက်ကို သာမန်ဖုန်းပြောတာထက်ပိုထိခိုက်နိုင်ပါတယ်... Ferrite Beads တွေကတော့ လှိုင်းဖြာထွက်မှုရဲ့ ၉၉ ရာခိုင်နှုန်းကျော်ကို လျှော့ချပေးနိုင်ပါတယ်... သူကတော့ ကြိုးမှာ တပ်ထားတဲ့ ဆလင်ဒါပုံ အလုံးလေးပါပဲ...)

၇) လက်ရှိကာလမှာ ကလေးငယ်တွေသေဆုံးမှုတွေအနက် ဦးနှောက်အတွင်း အကြိတ်ဖြစ်ပွား မှုကြောင့် သေဆုံးရတာက ဒုတိယလိုက်နေတာဖြစ်တဲ့အတွက် အသက် ၁၅ နှစ်အောက် ကလေးတွေကို ဆဲလ်ဖုန်းလုံးဝအသုံးမပြုစေသင့်ပါဘူး....

၈) မွေးဖွားစကလေးတွေနဲ့လည်း ဆဲလ်ဖုန်းကိုဝေးဝေးထားသင့်ပါတယ်... လျှပ်စစ်သံလိုက်လှိုင်းတွေဟာ ပါးလွှာတဲ့ ဦးခေါင်းခွံကိုဖြတ်ပြီး ကလေးရဲ့ဦးနှောက်ထဲကို ပိုမိုလွယ်ကူစွာဖြတ်သွားနိုင်တာကြောင့် ကင်ဆာဖြစ်နိုင်ချေပိုများပါတယ်...

၉) သင့်ဘောင်းဘီအိတ်ကပ်ထဲမှာ ဖုန်းထည့်ထားပြီး အသုံးမပြုသင့်ပါဘူး... လှိုင်းဖြာထွက်မှုတွေက သင့်ရဲ့ မျိုးပွားစနစ်တွေကို ထိခိုက်စေနိုင်ပါတယ်... သင့်မှာ နှလုံးအလုပ်လုပ်ပုံမှန်ဖို့ထိန်းပေးတဲ့စက် (pacemaker) ထည့်သွင်းထားရတယ်ဆိုရင် ရင်ဘတ်အိတ်ကပ်ထဲမှာလည်း မထည့်ပါနဲ့...

၁၀) ဖုန်းတစ်လုံးကို ဝယ်တော့မယ်ဆိုရင် Specific Absorption Rate လို့ခေါ်တဲ့ SAR တန်ဖိုးကို စစ်ဆေးပါ... SAR တန်ဖိုးနိမ့်လေလေ ဂဏန်းငယ်လေလေ ပိုကောင်းလေလေပါပဲ... ဥပမာအားဖြင့် Motorola ရဲ့ Razr V3x မှာဆိုရင် SAR တန်ဖိုးက 0.14 ပဲရှိပါတယ်... ဒါဟာ သိရသလောက်တော့ အနိမ့်ဆုံးတန်ဖိုးဖြစ်ပါတယ်... (SAR တန်ဖိုးဆိုတာ လျှပ်စစ်သံလိုက်လှိုင်းတွေကို ကိုယ်ခန္ဓာက စုပ်ယူတဲ့နှုန်းကိုဖော်ပြတာပါ.... ဖုန်းတွေအတွက် SAR တန်ဖိုးကို အမေရိကန် Federal Communication Commission-FCC က 1.6 W/kg အောက် သတ်မှတ်ပေးထားပါတယ်... အိန္ဒိယမှာလည်း 1.6 W/kg အထိ သတ်မှတ်ထားတယ်လို့သိရပါတယ်... တရုတ်ဖုန်းတွေ ဈေးပေါပေါနဲ့ရရင်အရမ်းဝမ်းမသာပါနဲ့ဦး... သူတို့ရဲ့ SAR တန်ဖိုးနဲ့ ဘယ်ကစမ်းသပ်စစ်ဆေးအတည်ပြုထားတာလဲဆိုတာကို အရင်လေ့လာသင့် ပါတယ်... ကိုယ့်ကျန်းမာရေးလောက် ဘာမှတန်ဖိုးမရှိပါဘူး...)

----------------------------------------------------------------

Ferrite Beads တွေအကြောင်းနဲ့ ဖုန်းကလှိုင်းဖြာထွက်မှုတွေအကြောင်းလေ့လာချင်ရင် - 
http://simultalk.homestead.com/FerriteBead.html

SAR တန်ဖိုးအကြောင်းလေ့လာချင်တယ်ဆိုရင် -
 http://en.wikipedia.org/wiki/Specific_absorption_rate

ဒီကနေ့ခေတ် SAR တန်ဖိုး အနိမ့်ဆုံး.. အမြင့်ဆုံးဖုန်းတွေနဲ့ iPhone တွေရဲ့ SAR တန်ဖိုးတွေ - 
http://cellphones.procon.org/view.resource.php?resourceID=003054

အထက်ပါအချက်(၁၀)ချက်အကြောင်း မူရင်း Source မှာလေ့လာချင်တယ်ဆိုရင် - 
----------------------------------
 နှိုင်းရင့်နွေမှ တင်ဆက်သည်... 


----------------------------------------------

အစိုးရတပ်အင်အားဖြည့်တိုက်ခိုက်မှု ငြိမ်းချမ်းရေးထိခိုက်နိုင်ဟု SSPP/SSA ဆို

ယခုတပတ်အတွင်း သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းဘက်သို့ အစိုးရတပ်များ ဦးတည်နေ ပြီးနောက်ပိုင်း ယမန်နေ့ နှင့် ယနေ့အတွင်း ဖြစ် ပွားသည့်တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးထိခိုက် လာ နိုင်သည်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

“တန့်ယန်း- မိုင်ကောင်ဝ်ကြားက ကျနော်တို့ လှုပ်ရှားတဲ့ဘက်ကို မြန်မာအစိုးရစစ်ကြောင်းတွေ ဝင်လာပြီး ကျနော်တို့ကို ပစ်ခတ်တယ်။ မနေ့ညနေ ၃ နာရီကနေ ၅ နာရီအထိ မိုင်းကောင်ဝ်အရှေ့ဘက် ၆ မိုင်အကွာမှာ တကြိမ်၊ ဒီနေ့မနက် ၁၀ နာရီ ခွဲကနေ နေ့ခင်းထမင်းစားချိန်အထိ လွယ်လန်းမှာ ပစ်ခတ်နေတုန်းဘဲ” ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အား ပြောပါသည်။

ယနေ့မနက်ပိုင်းက မွန်းတည့်ချိန်အထိ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်လောင်းဝ် ကျေးရွာအုပ်စု လွယ်လန်းအခြေ စိုက် SSPP/SSA ၏ တပ်မဟာ ၃၆ ထိန်းချုပ်နယ်မြေအတွင်း မိုင်းကောင်ဝ်အခြေစိုက် အစိုးရတပ် ခလရ ၃၃ နှင့် လောက်ကိုင် အခြေစိုက် ခမရ ၃၂၂ တို့ ဝင်ရောက်ကာ နမ့်တောင်စင်ရွာအနီး၌ တိုက်ခိုက်ခဲ့ကြောင်း၊ အသေအပျောက်စာရင်း မသိရသေး ကြောင်း ဗိုလ်မှူးစိုင်းလ က ပြောသည်။

ပြီးခဲ့သည့် အပတ်တည်းက ရလခတိုင်းအောက်မှ ခမရ ၅၂၅ တပ်ရင်း၊ ရပခတိုင်းအောက်မှ တပ်ရင်းတချို့တို့ ယာဉ်တန်း ၁၅ စီး မိုင်းနောင်ဘက်တက်သွားပြီး ယမန်နေ့က ၁၃ စီးပြန်ဆင်းလာကြောင်း၊ ရမခတိုင်းအောက်မှ ယာဉ်တန်း ၇၀ ကျော် သီပေါသို့ ဆင်းလာရာ ၅၁ စီးမှာ ခိုင်းဆင်(ယခင် SSNA ဌာနချုပ်ဟောင်း) ၌ ခရီးတထောက်နား ခဲ့သေးကြောင်း၊ ဒေသ ခံများပြောသော်လည်း အဆိုပါအစိုးရစစ်ယာဉ်တန်းများမှာ ကိုးကန့်ဘက်သို့ တက်သွားကြောင်း SSPP/SSA ကပြောပါသည်။

“အစိုးရရဲ့ တပ်မတော်က ငြိမ်းချမ်းရေးအပေါ်မှာ သစ္စာမရှိဘူး။ ကချင်ဘက်မှာ တိုက်ပွဲက ငြိမ်ခါစဘဲ ရှိသေးတယ်။ ကျနော် တို့ကို လာပြီးတိုက်နေပြန်ပြီ။ သူတို့ ဒီတိုင်းဆက်လုပ်သွားမယ်ဆိုရင်တော့ ကျနော်တို့အားလုံးက တည်ဆောက်နေဆဲဖြစ်တဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မှာ အမှန်ဘဲ” ဟု ဗိုလ်မှူးစိုင်းလက သုံးသပ်ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပေါ်နေသည့်အပေါ် ရမခတိုင်းရုံးသို့ SSPP/SSA က ဆက်သွယ်မေးမြန်းရာ မိမိတို့ ရမခ(အရှေ့မြောက် တိုင်းစစ်ဌာနချုပ်) တိုင်းအောက်မှ တပ်ရင်းများမဟုတ် ရလခ(အရှေ့အလယ်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်)အောက်မှ တပ် များဖြစ်ကြောင်း၊ ရလခတိုင်းကလည်း မိမိတို့ညွှန်ကြားချက် မဟုတ်ကြောင်း ငြင်းနေကြသည်ဟု ဆိုပါသည်။

ယမန်နေ့က ထိုင်းနိုင်ငံ၌ RCSS/SSA သျှမ်းပြည်တပ်မတော်အား တွေ့ဆုံစဉ် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ် ခေါင်း ဆောင် ဦးအောင်မင်းက စစ်ဘက်နှင့် အစိုးရ ဘက် ဆွေးနွေးဖြေ ရှင်းခဲ့ကြပြီးဖြစ်သဖြင့် အပစ်ရပ်တပ်ဖွဲ့နှင့် အစိုးရ တပ် မတော် ကြား ရှေ့ဆက် တိုက်ပွဲ ဖြစ်ဖို့အလား အလာမရှိတော့ကြောင်း ပြောကြားခဲ့သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရကိုယ်စားလှယ်နှင့် ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်က ပဏာမအဆင့်၊ ပြည်ထောင်စု အဆင့်တို့ဖြင့် ဆွေးနွေးခဲ့သည့်အဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်

ရန်ကုန်မြို့တွင် ဓာတ်အားပေး စက်ရုံ အသစ် လေးရုံ ဆောက်မည်


လျှပ်စစ် ဓာတ်အား လိုအပ်ချက် မြင့်မားသော စီးပွားရေး မြို့တော် ရန်ကုန်၌ နွေရာသီ တွင် လျှပ်စစ် ဓာတ်အား မပြတ်တောက်စေရန် ဓာတ်အားပေး စက်ရုံ တစ်ရုံလျှင် မဂ္ဂါဝပ် ၅၀ ထုတ်လုပ် နိုင်သည့် ဓာတ်အားပေး စက်ရုံသစ် လေးရုံကို ခြောက်လ အတွင်း အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ဖေဖော်ဝါရီ လ ၁၉ရက် နေ့ က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

ရန်ကုန်မြို့၏ နွေရာသီ လျှပ်စစ် ဓာတ်အား လိုအပ်ချက် သည် မဂ္ဂါဝပ် နှစ်ရာ အထိ လျော့ကျ နိုင်သဖြင့် ဓာတ်အားပေး စက်ရုံ အသစ် လေးရုံကို ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“နွေရာသီမှာ တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အား မပြတ်တောက် အောင် ရဲရွာ၊ ပေါင်းလောင် ရေတွေကို ထိန်းသိမ်း ထားပါတယ်။ Gas Turbine တွေလည်း လည်ဖို့ ရှိပါတယ်” ဟု ၄င်းက ဆိုသည်။

ဓာတ်အားပေး စက်ရုံ အသစ်များ ဆောက်လုပ် မပြီးသေးမီ လျှပ်စစ် ဓာတ်အား လိုအပ်ချက် ကြောင့် ရန်ကုန်မြို့ရှိ စက်မှုဇုန် များကို ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ စတင်ကာ အလှည့်ကျ မီးပေး စနစ်ဖြင့် ပေးရန် စီစဉ် နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးညိုဝင်းက The Voice Weekly သို့ ရှင်းပြသည်။

လျှပ်စစ် ဓာတ်အား မလုံလောက် သဖြင့် ယမန်နှစ် နွေရာသီ က ရန်ကုန်မြို့ရှိ စက်မှုဇုန် များကို လျှပ်စစ် ဖြတ်တောက်ပြီး အလှည့်ကျ လျှပ်စစ် ဓာတ်အား ပေးဝေ ခဲ့သည်။

The Voice Weekly

မသန်စွမ်းကျောင်းသူ မစုပုံချစ် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ

ဓာတ်ပုံ - သြစတြေးလျနိုင်ငံသို့ မထွက်ခွာမီ မစုပုံချစ်ကို မိဘများနှင့်အတူတွေ့ရစဉ်

Wednesday, February 20, 2013

သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှုဖြင့် မသန်စွမ်းကျောင်းသူ မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်အတွက် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ရက်နေ့ မွန်းလွဲက မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

သစတြေးလျ အစိုးရက ပညာသင်ဆုကို ၂၀၁၀ တုန်းက Engineering ဘာသာရပ်နှင့် ပထမအကြိမ် လျောက်ခဲ့ရာ Shortlist သာ ပါခဲ့ပြီး အင်တာဗျူး မပါခဲ့ကြောင်း၊ ယင်းနောက် Master of Public Administration နှင့် Master of Policy Studies ကို လျောက်ခဲ့ရာ Master of Policy Studies ကို ရခဲ့ကြောင်း မစုပုံချစ်က ပြောသည်။

၎င်းကပင် ''မူဝါဒပိုင်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်ရှစ်ခုကို သင်ကြားရမယ်လို့ သိထားပါတယ်။ အဓိက မသန်စွမ်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေကို လေ့လာဖို့ပါ။ သမီးနဲ့အတူ အစ်မတစ်ယောက်လည်း လိုက်မှာဖြစ်ပြီး သူ့အတွက် နေထိုင်ဖို့ကိုလည်း အဲဒီအဖွဲ့ကပဲ ထောက်ပံ့သွားမှာပါ'' ဟု လေယာဉ် မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်အတွင်းရှိနေသူ မစုပုံချစ်က ပြောသည်။

မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ မဟာတန်းကို သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ University of New South Wales တွင် တစ်နှစ်ရှစ်လကြာ ပညာသင်ကြားရမည်ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံရှိ မသန်စွမ်း ကျောင်းသား/သူများအနက် ပထမဆုံးအကြိမ် နိုင်ငံခြား ပညာသင်ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ယခုလို မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားရခြင်းမှာ မသန်စွမ်းသူများ၏ ရပိုင်ခွင့်များ၊ ဥပဒေများကို သိရှိ နားလည်စေရန်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို လေ့လာရန်တို့ ပါဝင်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှု ရရှိမှုအပေါ် မစုပုံချစ်၏ မိဘများဖြစ်သူ ဒေါက်တာအုန်းကျော်နှင့် ဒေါ်ခင်ဆွေလဲ့ တို့ကလည်း ''သူများတွေ နိုင်ငံခြား မှာ ကျောင်းတက်နေတာ တွေ မြင်တဲ့အခါမှာ သူ့အနေနဲ့ တက်ချင်စိတ်တွေ ဖြစ်ခဲ့ပေမယ့် မဖြစ်နိုင် ဘူးဆိုပြီး ပြောခဲ့ဖူးတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့် အခုလို ရလာတော့လည်း မိဘတွေအနေနဲ့ အတိုင်းမသိ ၀မ်းသာရတာပေါ့။ သူ့မှာ သူ့ထက် တစ်ဆင့်မြင့်တာကို လိုချင်တဲ့ ပညာလောဘ ရှိတာကြောင့်ရယ်၊ သင်ချင်တဲ့စိတ် ရှိတာကြောင့် ဒီလိုဖြစ်လာတာပါ'' ပြောပြခဲ့သည်။

ထို့ပြင် မစုပုံချစ်သည် ကိုယ်လက်အင်္ဂါ မပြည့်စုံသူ ဖြစ်သည့်နည်းတူ ပြည်ပတွင် ပညာသင်ယူရ မည်ဆိုသည့် စိုးရိမ်စိတ်များ ရှိသော်လည်း စုပုံချစ်၏ အရည်အချင်းနှင့် သူမကိုယ်သူမ ယုံကြည်ချက် ရှိနေခြင်းကြောင့် မိဘများအနေဖြင့်လည်း အဆိုပါ အခက်အခဲများကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည် ပါကြောင်း မစုပုံ ချစ်၏ မိဘများက ထပ်လောင်း ပြောပြကြသည်။

မွေးရာပါ လက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့ပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူ တစ်ဦးဖြစ်သူ မစုပုံချစ်သည် စိတ်ဓာတ်မကျ၊ဘ၀ကို အရှုံးမပေးဘဲ စာပေပညာများ လေ့လာသင်ယူခဲ့ရာ ၂၀၁၀ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)မှ B.Tech (IT) ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် သတင်းနှင့် နည်းပညာ အင်ဂျင်နီယာ မဟာတန်း ပထမနှစ်ကို တက်ရောက်နေစဉ် ယခုလို ပညာသင်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

အမည် မစုပုံချစ်

မွေးသက္ကရာဇ် ၅.၉.၁၉၈၉

မိဘအမည် ဒေါက်တာအုန်းကျော် (တိမွေးကုဆရာဝန်) +ဒေါ်ခင်ဆွေလဲ့

ဆယ်တန်းအောင်သည့်ခုနှစ် ၂၀၀၅ / သချာင်္၊ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ

အမှတ်ပေါင်း ၄၇၉ ၊ အ.ထ.က (၃) လှိုင်သာယာ

ရရှိခဲ့သည့် ဘွဲ့များ B.Tech (IT) , B.E (IT)

ရရှိခဲ့သည့်ဆုများ စိတ်ဓာတ်ကြံ့ခိုင် ထူးချွန်ဆု (၂၀၀၁ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနား )

အထင်ပေါ်ဆုံး ကျောင်းသူဆု (၂၀၀၁ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင်ပြပွဲ)

ဆယ်စုနှစ် ထူးချွန်ဆုကျောင်းသူ(၂၀၀၄ခုနှစ်)

ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂၀၀၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့)

ပထမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစဉ် ဆုပေါင်း ၅၀ ကျော်

Eleven Media Group

တရုတ်၏ ဖိအားပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ကချင် ငြိမ်းချမ်းရေး ကြားဝင်ဆွေးနွေးမည့် အစီအစဉ် KIA လက်ခံနိုင်ဖွယ်မရှိသေး

တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် အစိုးရနှင့် KIA ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ဒေါ်အောင်ဆန်း စုကြည်မှ ကြားဝင်ဆောင်ရွက် ပေးမည့် အစီအစဉ် အား KIA ဘက်မှ လက်ခံနိုင်ဖွယ်မရှိသေးကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကချင် အရေးကိစ္စတွင် ကြားဝင် ဆောင် ရွက်ပေးရန် ဆန္ဒရှိကြောင်း လွန်ခဲ့သည့်တစ်နှစ်ကြာကတည်းက ကြေငြာထားပြီး ယခုလအတွင်း ကလည်း ဒေါ်ဆောင်ဆန်းစုကြည်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြားဝင်ပေးနိုင် ရန် နှစ်ဖက် အဖွဲ့အစည်းများမှ သူမအား ဖိတ်ခေါ်ရန် လိုအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ သို့သော် KIA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းမှ ဒေါ်အောင်ဆန်းစုကြည်အား ကြားဝင် စေ့စပ်ပေးရေးအတွက် ဖိတ်ခေါ်ရန် အစီအစဉ်မရှိကြောင်းပြောဆိုခဲ့သည်။

ဒေါ်ဆောင်ဆန်းစုကြည်ကြားဝင်စေ့စပ်ရေးနှင့်ပက်သတ်၍ ၂၀၁၂ ခုနှစ်အတွင်း KIA ဒုဦးစီးချုပ် ဂွမ်မော်နှင့် အင်တာဗျူး တစ်ခုတွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပါကငြိမ်း ချမ်းရေး ဆွေးနွေးပွဲ တိုးတက်မှု ရှိနိုင်၊ မရှိနိုင် သတင်းထောက်တစ်ဦးမှမေးမြန်းခဲ့ရာ ဗိုလ်ချုပ် ဂွမ်မော်မှ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် လူ အဓိက မကျဘဲ မူသာ အဓိကကျကြောင်း၊ မူမပြောင်းလဲ ပါက ဒေါ်အောင်ဆန်းစုကြည် သာမက မည်သူလာလာ အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ပြောဆို ခဲ့ဘူးသည်။

KIA အပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ကြီးမားလာလျက်ရှိပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရွှေလီတွင် ဆွေးနွေးခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သည်လည်း တရုတ်၏ဖိအားပေးမှုကြောင့် KIA မှ တက်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း KIA ခေါင်းဆောင် တစ်ဦးမှ ဝန်ခံပြောကြားခဲ့သည်။

ကချင်ငြိမ်းချမ်းရေး ကိစ္စများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ပက်သတ်လာပြီး ကချင်လူမျိုးတို့ အပေါ် သြဇာညောင်းသွားမည်ကို တရုတ်တို့က မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်နိုင်ငံအား အိမ်နီးနားချင်း မိတ်ဆွေနိုင်ငံအဖြစ် အလေးထားကြောင်း ပြောဆိုထားပြီး လက်ပန်းတောင်းတောင် ကိစ္စတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင် နေသော်လည်း တရုတ်တို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အား အမေရိကန် ဘက်တော်သားတစ်ယောက် အဖြစ် သဘောထားကာ ဆက်ဆံနေကြောင်း KIA အရာရှိကြီး တစ်ဦးမှ ပြောကြားသွားသည်။

စစ်ပွဲများဖြစ်ပွားစဉ် သာမန်ကချင်လူမျိုးဒုက္ခသည်များအနေဖြင့် တရုတ်နိုင်ငံအတွင်း ၀င်ရောက်ရန် ကန့်သတ် ထားသော်လည်း KIA ခေါင်းဆောင်များကိုမူ အထူးအခွင့်အရေးပေး၍ တရုတ်ပြည်တွင်း ခရီးသွားလာခွင့် တရုတ်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်၍ ပြည်ပနိုင်ငံ များသို့ ခရီးသွားလာခွင့်များကို တရုတ်အစိုးရ မှ ခွင့်ပြုထားသည်။

ကလေးများ စိတ်ထားနှင့် ဉာဏ်ရည် မြင့်စေချင်လျှင်


ကျမတို့ လူ့အဖွဲ့စည်းရဲ့ အနာဂတ်ဟာ ကလေးများ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကလေးတွေ ကို ပြုစု စောင့်ရှောက်တာ၊ ထိန်းကျောင်း ပြုပြင် ပေးတယ် ဆိုတာဟာ တကယ်တော့ အနာဂတ်ကို ပုံဖော်နေတာ ပါပဲ။ ကျမတို့ရဲ့ အနာဂတ် မှာ စိတ်ရည် ဉာဏ်ရည် မြင့်မားတဲ့ လူ့ အဖွဲ့အစည်းကြီး တခု ပေါ်ပေါက် လာစေဖို့ အတွက် ကလေးတို့နဲ့ အနီးကပ်နေသူ ဆရာ၊ ဆရာမများ၊ မိဘများရဲ့ ကလေးပြုစု စောင့်ရှောက်မှု၊ ထိန်းကျောင်းမှုဟာ သိပ်ကိုမှ အရေးကြီး ပါတယ်။ ကိုယ်ကျင့်တရား ကောင်းတဲ့ လူကြီးတွေအဖြစ် လူ့အဖွဲ့အစည်းထဲမှာ ၀င်ဆန့်ဖို့၊ အမှားကို ၀န်ခံတတ်ဖို့၊ မမှန်တာကို လုပ်ရမှာ ရှက်တတ်သူတွေဖြစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ လူ့လောက ၀န်းကျင်ကို လေးစား တတ်တဲ့ လူတွေ ဖြစ်စေဖို့ အတွက် ကလေးဘ၀ ကတည်းက ပြုစုစောင့်ရှောက် ပြုပြင်ပေးသွားဖို့ လိုပါတယ်။

ကျမတို့ရဲ့ မြန်မာ့လူ့အဖွဲ့စည်းမှာတော့ ကလေးကို ဆုံးမပြုပြင်တဲ့ အခါမျိုးမှာ ဘုန်းကြီးကျောင်း ပညာရေးက အစ ဆရာ၊ ဆရာမများ အလယ် မိဘများ အဆုံး တုတ်ကို သုံးတတ်ကြပါတယ်။ ဆဲတာ ဆိုတာမျိုးပဲ ဖြစ်ဖြစ် အပြုမူမှား တခုခုကို လုပ်မိ ကိုင်မိလိုက် တာမျိုးပဲ ဖြစ်ဖြစ် ရိုက်နှက် ဆုံးမတတ်ကြပါတယ်။ တကယ်တော့ ကလေးကို ရိုက်နှက် ဆုံးမခြင်းဟာ မှန်ကန်တဲ့ ဆုံးမခြင်း မဟုတ်ပါဘူး။ အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးများဟာ လူ့အဖွဲ့စည်းထဲကို ရောက်လာတဲ့ အခါမှာ အရာရာကို ကြောက်ရွံ့စိုးရိမ်တတ် လာပါတယ်။ လူကြီးရှေ့မှာ အကြောက်တရား ကြောင့် မလုပ်ဝံ့ကြ ပေမယ့် ကွယ်ရာမှာ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်တတ်ကြတဲ့ လုပ်ရဲကြတဲ့ သူတော်ကောင်း အယောင်ဆောင်လေး တွေလည်း ဖြစ်လာ တတ်ကြပါ တယ်။

တုတ်သုံးခြင်း၊ အကြောက်တရားနဲ့ အုပ်ချုပ်ခြင်း ဆိုတာဟာ တကယ်တော့ ကောက်နေ တဲ့ ခွေး မြီးလေး တွေကို ကျည်တောက်စွပ် ဖြောင့်ခိုင်းလိုက်တာပါပဲ။ ကျည်တောက်လည်းဖြုတ်ရော ခွေးမြီးကတော့ အကောက်က အကောက်တိုင်း ဖြစ်နေတော့တာပါပဲ။ ခွေးမြီးကောက်ကို ကျည်တောက်မစွပ်ခိုင်းဘဲနဲ့ ခွဲစိတ်ပြုပြင်ပြီးတော့ တခါတည်း တသက်လုံး အမြီးဖြောင့် သွားအောင်လုပ်လို့ ရပါတယ်။ ကျည်တောက် စွပ်သလိုတော့ မမြန်သလို အချိန်လည်းယူပြီးတော့ လေ့ကျင့် သင်ကြားပေးရ တာမို့ နည်းနည်းတော့ ကြာရှည်တယ်လို့ ထင်ရပေမယ့် လူ့အဖွဲ့စည်းထဲဝင်မယ့် လူကြီး လေးများ အတွက် တကယ် အကျိုးရှိတဲ့ နည်းများပါပဲ။

ကလေးတို့ရဲ့စံပြဖြစ်ပါစေ

ကလေးဆိုတာမျိုးက လူကြီးလုပ်သမျှ အကုန် အတုခိုးပြီးတော့ လိုက်လုပ်တတ်တဲ့ အမျိုးပါ။ လူကြီးက ကလေးရှေ့မှာ ဆဲပြနေရင် သူတို့လည်း လူကြီးဆဲသလို လိုက်ဆဲမှာ ပါပဲ။ လူကြီးက ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောဆိုမယ် ဆိုရင်ဖြင့် သူတို့လေးတွေဟာ လည်းယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာ ပြော ဆိုလာ တတ်ကြပါတယ်။ ကလေးတွေ စကားပြောတဲ့ အခါမှာ အော်ဟစ်ပြီး မပြောစေချင်တဲ့ မိဘများအနေနဲ့ ကလေးတခုခု လုပ်လိုက်လို့ အမှားယွင်း ဖြစ်သွားတဲ့ အခါမျိုးမှာ အော်ဟစ်ပြီးတော့ မပြောဆိုဖို့ လိုပါတယ်။ ချိုချိုသာသာ ပြောဆိုရပါမယ်။

ကလေးတွေဟာ မိဘတွေ ဒေါသထွက်တဲ့ အခါမျိုးမှာ ဒေါသကို ဘယ်လိုနည်းနဲ့ ဖြေရှင်းသလဲ ဆိုတာကို စောင့်ကြည့် တတ်ကြပါတယ်။ ဒေါသထွက်လို့ မိဘက တံခါးကို ခြေထောက်နဲ့ ကန်တာ၊ နံရံကို လက်သီးနဲ့ ထိုးတာ ကို မြင်ဖူးထားတဲ့ ကလေး တယောက်ဟာ သူ ဒေါသထွက်တဲ့ အခါမှာလည်း မိဘလုပ်တဲ့ အတိုင်းပဲ လိုက်လုပ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးကို လိမ္မာစေလိုသူ မိဘများ အနေနဲ့ တုတ်ကို သုံးမယ့်အစား ကိုယ် ဖြစ်စေချင် နေစေချင်တဲ့ ပုံစံအတိုင်း ကလေးရှေ့မှာ စံပြအဖြစ် ကိုယ်က နေပေးဖို့ သိပ်အရေးကြီးပါတယ်။

ကလေးနဲ့ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိပါစေ

ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများ ဟာ ငါက မိဘပဲ ဆိုတဲ့ မာန်လေးနဲ့ မိဘနေရာမှာ ကလေးနဲ့ ခပ်ခွာခွာ နေတတ်ကြ ပါတယ်။ မိဘစကား မှန်သည်ဖြစ်စေ ၊မှားသည် ဖြစ်စေ နားထောင်ရမယ် ဆိုတဲ့ တချက်လွတ်အာဏာရှင် မိဘများဟာ မြန်မာ့လူ့အဖွဲ့စည်း မှာ တော်တော်လေးကို များပြားပါတယ်။ ဒါဟာ အင်မတန်မှကို မှားယွင်းတဲ့ သားသမီး ထိန်းကျောင်းနည်း ပါပဲ။ အရောဝင်ရင် အရိုသေတန်တယ် ဆိုပြီးတော့လည်း မိဘများဟာ သားသမီးများနဲ့ အရောတ၀င် မရှိတတ်ကြ ပါဘူး။ မိဘက သားသမီး နဲ့စကားပြောတဲ့ အချိန်မှာလည်း ကိုယ်ပြောချင် ဆိုချင်တာတွေကို တန်းစီပြီးတော့ ပြောနေတတ်ကြတာ များပါတယ်။ သားသမီးရဲ့ ခံစားချက်ကို ဘာဆိုဘာမှ ထည့် မတွတ်တတ်ကြ ပါဘူး။

အမှန်တော့ ကိုယ့်ရဲ့သားသမီးကို လိမ္မာစေလိုသူ မိဘများ အနေနဲ့ သားသမီးနဲ့ မိဘ ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေး ရှိဖို့ လိုပါတယ်။ ကလေးတွေနဲ့ နွေးထွေးစွာ ဆက်ဆံရမယ် ဆိုတော့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ တွေးစရာ ဖြစ်လာပါ တယ်။ အဓိက ကတော့ ကလေးပြောတာကို အချိန်ပေးပြီးတော့ နားထောင် ဖို့ပါပဲ ။ သူတို့ရဲ့ ခံစားချက်၊ သူတို့ရဲ့ အတွေးအမြင် လေးတွေကို စိတ်ထဲရှိရာ မိဘကို ဖွင့်ပြောရဲဖို့၊ ဖွင့်ပြောခွင့်ရဖို့ ပါပဲ။ ကလေးတွေရဲ့ အတွေးစိတ်ကူး လေးတွေဟာ လူကြီးရဲ့ အတွေးစိတ်ကူးနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ အမြင်ကို လေးစားဖို့လို ပါတယ်။ သားအမိ၊ သားအဖတွေ အမြင်မတူတာတွေကို ဖလှယ်လို့၊ တယောက်အမြင်ကို တယောက် လေးလေးစားစားနဲ့ ချစ်ချစ် ခင်ခင် ပြောဆိုကြတဲ့ စကားဝိုင်းမျိုးဟာ တကယ်တော့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးပါပဲ။ ချီးကျူး ပါ၊ ဖျောင်းဖျပြောဆိုပါ

ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများ ကတော့ ကလေးကို ချီးကျူးရမှာ အင်မတန် စိုးရွံ့ကြပါတယ်။ ချီးကျူးရင် ကန်းတက်လိမ့်မယ် လို့ ထင်တတ်ကြတာ မျိုးပါ။ သို့ပေမယ့် တခုခု အမှားယွင်း လုပ်မိပြီ ဆိုရင်တော့ဖြင့် အပြစ်တင် အော်ဟစ် ဆူပူလို့ မဆုံးကြတော့ ပါဘူး။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆပါ။ တကယ်တော့ ကလေးကို လိမ္မာအောင်လို့ ပြုပြင်တဲ့ အခါမျိုးမှာ ချီးကျူးခြင်း ဟာ အင်မတန် မှ ကောင်းမွန်တဲ့ နည်းပဲ ဖြစ်ပါတယ်။ ကိုယ် မကြိုက်တဲ့ အပြုမူဆိုး တခုကို ကလေးလုပ်မိတိုင်း မျက်လုံးကြီး ပြူးပြီးတော့ အော်ဟစ်နေမယ့် အစား ဖျောင်းဖျောင်းဖျဖျနဲ့ ကလေး နားဝင်အောင် ပြောဆို ရပါမယ်။

ဥပမာ – ကိုယ့်ရဲ့ကလေးက ဧည့်သည်လာတဲ့ ကလေးကို သူ့ရဲ့ အရုပ်တွေ ပေး မကစားဘူး ဆိုပါစို့။ “ဟဲ့..! အရုပ် ပေးကစားလိုက်လေ။ ဒီလို အပြုအမူဆိုး တွေကို မကြိုက်ဘူးလို့ ပြောထားတယ် မဟုတ်လား” လို့ ကလေးကို ပြောမယ့် အစား “သားသား အရုပ်လေးကို သူငယ်ချင်းကို ပေးကစားလိုက်နော်။ သားတို့ အတူတူ ကစားမယ် ဆိုရင် ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ ” လို့ ပြောရမှာပါ။ အပြစ်တင် ဆူပူတာကို မကြာ မကြာခံနေရတဲ့ ကလေးတွေဟာ ပိုပိုပြီး ဆိုးလာတတ် ပါတယ်။ ကလေးက လိမ်မာတဲ့ အပြုမူ၊ အမူရာကောင်းလေးတွေ လုပ်တိုင်း လုပ်တိုင်းမှာ လည်း မသိချင်ယောင် ဆောင်မနေရပါဘူး။ ချီးကျူးပေးရပါမယ်။ ချီးကျူးတဲ့ အခါမှာလည်း လုပ်ကြံဖန်တီးပြီး တော့ ချီးကျူးတာမျိုး မဖြစ်ရပါဘူး ။ တကယ့်ကို စိတ်ပါလက်ပါ နဲ့ ချီးကျူးရပါ မယ်။

ကလေးပြောတာကို စိတ်ဝင်တစား နားထောင်ပေးပါ

ကလေးတို့ဟာ လူကြီးနဲ့ စကားပြောချင် ကြပါတယ်။ သူတို့ အတွေး၊ သူတို့ အမြင် စတာတွေကို လူကြီးက စိတ်ဝင်တစားနဲ့ နားထောင်ခြင်း ဟာ သူတို့ ရင်ထဲက ဒေါသ၊ အမုန်းနဲ့ မကြေလည်မှု တွေကို လျှော့ပါး သွားစေသလို၊ ကလေး နဲ့ လူကြီး အကြားမှာလည်း ချစ်ခင်ရင်းနှီးမှု ပိုတိုးလာစေ ပါတယ်။ သူတို့ စိတ်ထဲမှာ ဘယ်လို ခံစားနေရတယ် ဆိုတာကို လူကြီးကို ပြောပြတဲ့ အခါမျိုးမှာ လူကြီးကလည်း စိတ်ဝင်တစားနဲ့ ကလေးရဲ့ စိတ်ခံစားချက်ကို ကလေးကိုယ်တိုင် နားလည်လာ အောင်လို့ ပြန်ပြောပြဖို့ လိုပါတယ်။

ဥပမာ – “သမီး ၀ါဝါကို သိပ်မုန်းတာပဲမေမေ” လို့ ကလေးက သူ့အမေကို ပြောတယ် ဆိုပါစို။ “၀ါဝါက သမီးကို စိတ်ဆိုးအောင် လုပ်လို့။ သမီး စိတ်ဆိုးနေ တာပေါ့ ဟုတ်လား” စသဖြင့် ပြောရပါမယ်။ ကလေး ပြောချင်တာကို ပြောခွင့်ပေးပါ။ ဒီနေရာမှာ ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများက ကလေး ပြောတာကို ဘယ်တော့မှ ဆုံးအောင် နားမထောင်တတ် ကြပါဘူး။ ကလေး ပြောတဲ့ အထဲမှာ သူတို့ မကြိုက်တာ တခုခု ပါလိုက်ပြီဆိုတာနဲ့ ဆူပူ အော်ဟစ် တော့တာပါပဲ။ နောက်ပိုင်းမှာတော့ ကလေး တို့ဟာ သူတို့ရဲ့ ပြဿနာတွေ၊ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မိဘကို မပြောတော့ဘဲ သိုဝှက်တတ်လာကြ ပါတယ်။ အဲလိုနဲ့ပဲ မိဘနဲ့သားသမီးကြား ဆက်ဆံရေးတွေ တဖြည်းဖြည်း ဝေးကွာ လာရတော့တာ ပါပဲ။

ကလေး တယောက်ကို ပြုစု စောင့်ရှောက်တယ် ဆိုတာဟာ တကယ်တော့ လူ့လောကထဲက လူမှုအဖွဲ့ စည်းထဲကို ၀င်ပြီး တော့ လူ့အသိုင်းဝိုင်းထဲက အလုပ်တွေကို လုပ်ကိုင် ရတော့မယ့် လူတယောက် ကို မွေးမြူ စောင့်ရှောက်ရ တာပါပဲ။ ဒီ အလုပ် ဟာ သိပ်ကိုမှ တာဝန်ကြီးသလို၊ အနာဂတ် လူ့အဖွဲ့အစည်း အတွက် အင်မတန်မှလည်း အရေးကြီးတဲ့ အလုပ်ကြီး ပါ။ မိခင်တယောက်ချင်း ဆီကနေ စိတ်ရည် ဉာဏ်ရည်မြင့်တဲ့၊ စိတ်ကောင်းရှိတဲ့၊ တာဝန်ယူတတ်တဲ့ လူ့အဖိုးတန်တွေ ကိုချည်း မွေးထုတ် ပေးနိုင်မယ် ဆိုရင်ဖြင့် အဲဒီ လူမှု အဖွဲ့အစည်းဟာ သိက္ခာရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာ အမှန်ပါပဲ။

ကျမတို့ဟာ သိက္ခာရှိတဲ့၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်း တခုကို ရလာဖို့ အတွက် အကြောက် တရားကို အခြေခံတဲ့ နည်းတွေနဲ့ ကလေးတို့ကို ခြိမ်းခြောက်ပုံသွင်းလို့မရနိုင်ပါဘူး၊ ဖြစ်မလာနိုင်ပါဘူး။ တယောက်ယောက်ကို ကြောက်ရလို့ လိမ္မာတာ၊ စည်းကမ်း လိုက်နာရတာ မဟုတ်ဘဲ ကိုယ့်ဖာသာကို ကြည်ညိုလို့၊ ကိုယ့်ကိုယ်ကို လေးစားလို့ လိမ္မာတဲ့ လူလိမ္မာလေးတွေ ဖြစ်အောင်လို့ ကလေးတို့ကို ဘယ်လို ပြုစုပျိုးထောင်ရမလဲ ဆိုတာကို နောက် တပတ်မှာ ကျမဆက်ရေးသား တင်ပြပါဦးမယ်။ ဖတ် ကြည့်ပေးပါဦး။

(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)

ဧရာဝတီ

"Apple ကုမ္ပဏီ၏ ကွန်ပြူတာ စနစ်အတွင်းသို့ ဟက်ကာများထိုးဖောက် တိုက်ခိုက်ခဲ့"


ကယ်လီဖိုးနီးယား အခြေစိုက် Apple ကုမ္ပဏီ၏ ကွန်ပြူတာ စနစ်အတွင်းသို့ ယနေ့(20.2.2013)တွင် ဟက်ကာများ ထိုးဖောက်တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

ယင်းကို Apple ကအတည်ပြုပေးခဲ့ပြီး မည့်သည့်အချက်အလက်မှ အခိုးမခံခဲ့ရကြောင်း ၊ တာဝန်ရှိသူ များနှင့်လက်တွဲ၍ ဟက်ကာများက ခြေရာခံလျက်ရှိကြောင်းပြောသည်။

Apple ကုမ္ပဏီသည် နာမည်ကျော် အိုင်ဖုန်း ၊အိုင်ပက် ၊ အိုင်ပေါ့ပ် ၊အစရှိသော အီလက် ထရောနစ်ပစ္စည်းများ နှင့် ကွန်ပြူတာ ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။

popular

ရေထုညစ်ညမ်းမှုများ ရှိလာသော ကန်တော်ကြီးကန်ရေပြင် သန့်ရှင်းမှု လုပ်ငန်းများအတွက် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ထည့်သွင်းရေးဆွဲမည်

ကန်တော်ကြီးအား ဖေဖော်ဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်

ရေထုညစ်ညမ်းမှုများ ရှိလာသော ကန်တော်ကြီး ကန်ရေပြင်သန့်ရှင်းရေး လုပ်ငန်းအချို့ကို လက်ရှိ ပြုလုပ်လျက်ရှိပြီး ၂၀၁၃ ခုနှစ် အကုန်တွင် အပြီးရေးဆွဲမည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင်လည်း ကန်တော်ကြီးရေပြင် သန့်ရှင်းရေးလုပ်ငန်းများအား ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှု ဌာနမှ သိရသည်။

ကန်တော်ကြီး ပတ်ဝန်းကျင်မှ ကန်ဧရိယာထဲသို့ ၀င်ရောက်လာသော ရေဆိုးရေညစ်များကြောင့် ကန်ရေပြင် ညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

"ကန်တော်ကြီးကန်ရေပြင် ကြည်လင်သန့်ရှင်းအောင် ရှင်းလင်းမှုအချို့ လုပ်ခဲ့ပါတယ်။ ကန်တော်ကြီးထဲကို ပတ်ဝန်းကျင်က ၀င်လာတဲ့ ရေတွေကြောင့် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်စေတာပါ။ အဲဒီအတွက် ရန်ကုန်မြို့ပြ စီမံကိန်းမှာလည်း ကန်တော်ကြီးသန့်ရှင်းရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် ထည့်သွင်းရေးဆွဲသွား မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထြို့ပင် နာဂစ်မုန်တိုင်းအတွင်း နစ်မြှုပ်သွားခဲ့သော ကန်ရေပြင် သန့်စင်အောင် ပြုလုပ်ပေးသည့် ရေပန်း ကိုလည်း ပြန်လည်အသုံးပြုနိုင်ရန် ဆယ်ယူထားပြီးဖြစ်ကြောင်း သိရသည်။

ကန်တော်ကြီးရှိ စားသောက်ဆိုင်များမှ စွန့်ပစ်သော ရေဆိုးများကြောင့်လည်း ရေပြင်ညစ်ညမ်းနေရ၍ စားသောက်ဆိုင်များ ထပ်မံတိုးချဲ့ တည်ဆောက်ခြင်းကို ၂၀၀၅ ခုနှစ်က ကန့်သတ်ထားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ကန်တော်ကြီးရေပြင် ဧရိယာမှာ ဧက ၁၅၀ ခန့်ရှိပြီး ၁၈၁၂ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့တွင် သောက်သုံးရေရှားပါး၍ သောက်သုံးရေကန်အဖြစ် အသုံးပြုခဲ့ရသည်ဟု သိရသည်။

EMG

စီးပွားရေး ဝင်လာနေသော နိုင်ငံခြားငွေများ ကျပ်ငွေဈေးကို ခြိမ်းခြောက်


မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ (FDI)နှင့်အမေရိကန် အစိုးရ ၏ပျော့ပျောင်းသော ငွေကြေးမူဝါဒများက မြန်မာကျပ်ငွေ တန်ဖိုးကို ခြိမ်းခြောက်နေသောကြောင့် အစိုးရ အနေဖြင့် မျက်ခြေမပြတ် စောင့်ကြည့်ထိန်းသိမ်းနေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးဝင်းရှိန် က ပြောဆိုလိုက်သည်။

ယမန်နေ့ နေပြည်တော်တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန၏ အမျိုးသားစီမံကိန်းများအကြောင်း ရှင်းလင်းပြောဆိုစဉ် ဦးဝင်းရှိန်က အထက်ပါအတိုင်းပြော ဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၀င်ရောက်မှု များပြားလာခြင်းကြောင့် နိုင်ငံခြားငွေ စီးဝင်မှု များပြားလာနေသည့်အပြင် အခြားတဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုက စီးပွားရေးပြန်လည် ဦးမော့လာစေရန် ပျော့ပျောင်းသော ငွေကြေးမူဝါဒကို အကောင်အ ထည်ဖော်နေကြောင်း၊ မြန်မာ ကျပ်ငွေတန်ဖိုးတက်မှုကို အစိုးရက မျက်ခြေအပြတ်မခံစောင့်ကြည့်ထိန်းသိမ်းလျက် ရှိကြောင်း၊ မြန်မာနိုင် ငံတော်ဗဟိုဘဏ်က နေ့စဉ် ရည်ညွှန်းငွေလဲနှုန်း ထုတ်ပြန်လုပ်ဆောင်လျက်ရှိကြောင်း ဦးဝင်းရှိန်က ဆိုသည်။

“ငွေကြေးမူဝါဒရဲ့အဓိက ရည်မှန်းချက်က ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိတဲ့ စီးပွားရေးတိုးတက်မှု Growth with stability ကိုရရှိရန် ဖြစ်ပါတယ်။ လက်ရှိကာလမှာ မြန်မာကျပ်ငွေတန်ဖိုး မြင့်မားနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို မြင့်မားနေရတဲ့ အကြောင်းအရင်းမှာ ပြည်ပကနေ ရင်းနှီးမြုပ်နှံမှုအပါအ ၀င် နိုင်ငံခြားငွေစီးဝင်မှုများပြားနေတာနဲ့အတူ အမေရိကန်ပြည်ထောင်စုက ၎င်းရဲ့ စီးပွားရေး ပြန်လည် ဦးမော့လာနိုင်ရန် ပျော့ပျောင်းတဲ့ငွေကြေးမူဝါဒကို ကျင့်သုံးနေတဲ့အတွက် အမေရိကန်ဒေါ်လာတန်ဖိုးက အခြားသော နိုင်ငံများရဲ့ငွေကြေးနဲ့လဲလှယ်ရာမှာ တန်ဖိုး လျော့ကျနေပါတယ်။ ထို့အတူပဲ အခြား ငွေကြေး တန်ဖိုး မြင့်မားလာခြင်းနည်းတူ မြန်မာကျပ်ငွေတန်ဖိုး မြင့်မားလာနေကြောင်း တွေ့ရှိရပါတယ်” ဟု ဦးဝင်းရှိန်က ဆိုသည်။

အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်တခုလုံး၏ ၀ယ်လိုအားနှင့် ရောင်းလိုအားအပေါ် အမှန် တကယ်ထင်ဟတ် စေသော နိုင်ငံခြားငွေလဲလှယ်ဈေးကွက်ပေါ်ထွန်းရေး စတင်ဆောင်ရွက်လျက် ရှိပြီး နိုင်ငံခြားငွေကန့်သတ်ချက်နှင့် ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို လျော့ချခြင်းဖြင့် စစ်မှန်သော ငွေလဲနှုန်းဖြစ်ပေါ်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မြန်မာ ကျပ်ငွေ အခြေအနေကို မျက်ခြေအပြတ်မခံဘဲ စောင့်ကြည့်နေကြောင်း ဦးဝင်းရှိန်က ဆက်လက်ပြောဆိုသည်။

စီးပွားရေးပညာရှင်များကမူ အစိုးရ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှာ လိုအပ်ချက်များရှိနေပြီး လတ်တလော ဖြစ်ပေါ်နေသော ငွေလဲနှုန်းမှာမူ အမှန်တကယ် စီးပွားရေးကို ထင်ဟပ်ခြင်းမရှိသေးကြောင်း၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေရာတွင် ပီပြင်သော မူဝါဒများ ထပ်မံချမှတ်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။

ရန်ကုန် အဝေးသင်တက္ကသိုလ် အငြိမ်းစား ဘောဂဗေဒပါမောက္ခ ဒေါက်တာမောင်မောင်စိုးက လက် ရှိဖြစ်ပေါ်နေသော ငွေလဲနှုန်းသည် ငြိမ်သက်နေသော ငွေလဲနှုန်းဖြစ်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်း အများစုမှာ ရပ်တန့်နေကြောင်း၊ လက်ရှိ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည်ဟုလည်း မဆိုနိုင်ကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေး တိုးတက်မှုအရှိန် အဟုန်မြှင့်တင်ရန် ပီပြင်သော ဈေးကွက်စီးပွားရေး စနစ် ပေါ်ထွန်းရေးလုပ်ဆောင်ရန် အရေးကြီးသည်ဟု ဆိုသည်။

“ငွေတန်ဖိုး တက်တယ်၊ မာတယ်ဆိုတာက ကုန်ဈေးနှုန်းတွေ ကျသွားရမယ်၊ တိုင်းပြည်ရဲ့ ထုတ်လုပ်မှုတွေတိုးလာမှ ငွေတန်ဖိုးတက်တယ်၊ မာတယ်ပေါ့။ ဒီလိုပြောလို့ရမှာ။ လက်ရှိငွေလဲနှုန်းက စီးပွားရေးတွေ အားလုံးငြိမ်နေလို့ ဖြစ်နေတဲ့ ငွေလဲနှုန်းပဲ။ ငြိမ်တယ်ဆိုတာ လှုပ်ရှားမှုမရှိလို့ ငြိမ်နေ တဲ့ ငွေလဲနှုန်းကို ပြောတာ။ တည်ငြိမ်တယ်လို့ပြောတာမဟုတ်ဘူး။ အခုအချိန်အထိကို စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေက တကယ့် ဈေးကွက်စီးပွားရေးစနစ်ကို ထင်ဟပ်မှု မရှိသေးဘူး။ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။

စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကမူ လက်ရှိအချိန်အထိ အစိုးရသည် FEC ငွေကြေးကို ရုပ်သိမ်းခြင်းမရှိသေး သည့်အပြင် နီးစပ်ရာ လုပ်ကိုင်ခွင့်ပေးသော ခရိုနီစီးပွားရေးစနစ်ကို တွင်ကျယ်နေဆဲဖြစ်သည်ဟု သုံးသပ်သည်။

“FEC အပြည့်အ၀ မဖျက်သေးရဘူး။ အမေရိကန်ဒေါ်လာနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကလည်း ရှိနေသေးတယ်။ လက်ရှိငွေလဲနှုန်းက Managed Floating အဆင့်မှာပဲရှိသေးတယ်။ ဈေးကွက်စီးပွားရေး မပီပြင်တဲ့အတွက် ခရိုနီစီးပွားရေးက ကြီးစိုးနေတယ်။ တန်းတူညီမျှ အပြိုင်အဆိုင် ခွင့်ပြုတဲ့ စီးပွားရေးပုံစံကို မဖြစ်သေးဘူး။ ဒါကြောင့်မို့လို့ လက်ရှိ စီးပွားရေးစနစ်နဲ့ ငွေလဲနှုန်းက အစစ်အမှန် မဟုတ်သေးဘူး လို့ ပြောလို့ရတယ်” ဟု ဒေါက်တာအောင်ကိုကိုက ရှင်းပြသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်ငွေ ၈၅၀ နှင့် ၈၆၆ ကျပ်အကြား ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ထားသည်။

မြန်မာငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားသည် မြန်မာ့ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းများအပေါ် သက်ရောက်မှုများပြီး မြန်မာငွေတန်ဖိုး အလွန်မြင့်တက်စဉ်က ရေထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းအများစု အရှုံးပေါ်ခဲ့ကြောင်း၊ လက်ရှိတွင် လုပ်ငန်းရှင်အချို့ကသာ ရေထွက် ပို့ကုန်လုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ပြီး အများစုမှာ အကြွေးတင် ဘ၀ပျက်ဖြစ်နေရကြောင်း၊ ယခု အမေရိကန်တဒေါ်လာ မြန်မာငွေ ၈၅၀ ကျပ်ဝန်းကျင်မှာ ရေထွက်လုပ်ငန်း များ လုပ်သာကိုင်သာ ရှိသော်လည်း အရင်းအနှီး မရှိသည့်အခြေအနေတွင်ရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ရှင်းပြသည်။

“တကယ်လို့သာ မြန်မာငွေတန်ဖိုးထပ်ပြီး ပြန်တက်လာရင် လုပ်ငန်းတွေရှုံးကြဦးမှာပဲ။ အခု လုပ်ငန်းပြန် လုပ်နိုင်တဲ့ လုပ်ငန်းက ၃၀ ရာခိုင်နှုန်းပဲရှိတယ်။ ၇၀ ရာခိုင်နှုန်းက ကျပ်ငွေတန်ဖိုးတက်တုန်းက အကြွေးတွေ တင်ပြီး လုပ်ငန်းတွေ ပြန်မလုပ်နိုင်တော့ဘူး။ အစိုးရကိုတော့ အရင်းအနှီးထုတ်ပေးဖို့ တင်ပြ ထားတာရှိတယ်။ သူတို့ကလည်း နိုင်ငံခြားအကူအညီရရင် ကူညီမယ်ပြောတယ်” ဟု ဦးသန်းလွင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့် ကမူ ငွေလဲနှုန်းတွင် မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်နေရခြင်း အကြောင်းအရင်းများတွင် တရား မ၀င် နိုင်ငံခြားငွေများ ၀င်ရောက်မှုကလည်း အဓိက အကြောင်းအရင်းဖြစ်သည်ဟု ဆိုသည်။

“တကယ်တော့ ဘိန်းရောင်းလို့ရတဲ့ငွေ၊ မူးယစ်ဆေးဝါးရောင်းလို့ရတဲ့ဒေါ်လာတွေကလည်း တရားမ၀င် ၀င်နေတာပဲ။ တရားဝင်သာ စာရင်းမရှိတာ ကမ္ဘာမှာ မြန်မာက ဘိန်းအထွက် အများဆုံး နိုင်ငံတွေထဲမှာ ပါနေတယ်။ မူးယစ်ဆေးဝါးက ရတဲ့ ဒေါ်လာတွေကြောင့်လည်း ငွေလဲနှုန်းပေါ်ကို အများကြီး သက်ရောက်မှု ရှိတယ်” ဟု ဦးဝင်းမြင့်က ရှင်းပြသည်။

ယခင်စစ်အစိုးရခေတ်က အမေရိကန်တဒေါ်လာလျှင် မြန်မာငွေ ခြောက်ကျပ် သတ်မှတ်ခဲ့ပြီး မှောင်ခိုဈေး ကွက်တွင် အမေရိကန်တဒေါ်လာ ကျပ်ငွေတထောင်ကျော်ဈေးပေါက်ခဲ့သည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ပုဂ္ဂလိကဘဏ်များ ကို နိုင်ငံခြားငွေလဲလှယ် ခွင့်လိုင်စင်များ စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် တဒေါ်လာ ခြောက်ကျပ် စနစ်ကို တရားဝင်ပယ်ဖျက်ကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နေ့စဉ် ရည်ညွန်း ငွေလဲနှုန်း ထုတ်ပြန်သောစနစ်ကို စတင်အသုံးပြုခဲ့သည်။

ယခုအခါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ပုဂ္ဂလိကဘဏ်များအပြင် စီးပွားရေးကုမ္ပဏီများနှင့် အဖွဲ့အစည်းများကို လည်း နိုင်ငံခြား ငွေလဲလှယ်လိုင်စင်များ ထုတ်ပေးပြီး ငွေလဲစင်တာများ စတင်ဖွင့်လှစ် ခွင့်ပြုနေပြီဖြစ်ကြောင်း အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ဧရာဝတီ

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့ ချင်းမိုင် ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC နိုင်ငံရေး ဆွေးနွေးရေး အဖွဲ့တို့အား
ဆွေးနွေးပွဲအပြီး တွေ့ရစဉ်

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့၏ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Inn တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ညနေ ၅ နာရီ ၄၅မိနစ်အချိန်တွင် ဆွေးနွေးမှုကို အဆုံးသတ်ခဲ့ပါသည်။

ယနေ့ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသည် အစိုးအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် သဘောတူညီမှုကို ပိုမိုခိုင်မာ စေခဲ့သည့် အပြင် နှစ်ဖက် ယုံကြည်မှုများလည်း ပိုမို ရရှိလာစေသည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည် ကိုယ်စားလှယ်များမှ ပြောဆိုခဲ့ကြသည်။ (သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြပါမည်)

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့ ချင်းမိုင် ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊   ပြည်ထောင်စု ၀န်ကြီးများ ဖြစ်သည့် ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအ၀င် အဖွဲ့ဝင် (၁၁) ဦးသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့မှ နိုင်ငံရေး ဆွေးနွေးရေး အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာ၊ ဒုတိယ အဖွဲ့ ခေါင်းဆောင် ဒေါက်တာ လဂျာ အပါအ၀င် အဖွဲ့ဝင် (၁၂) ဦးနှင့် ပထမအကြိမ် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် ကြိုတင်ပြင်ဆင်သည့် Framework Meeting ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နံနက် ၉ နာရီမှာ ညနေ ၅ နာရီအထိ ကျင်းပခဲ့ကြပါသည်။

၂။ နှစ်ဖက် ဆွေးနွေးဖက် အဖွဲ့အစည်းများသည် အောက်ပါ ခေါင်းစဉ်များကို ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

(က) နိုင်ငံရေး ဦးတည်ချက်

(ခ) နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်သော မူဘောင်

(ဂ) နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်သော အချိန်ဇယား

(ဃ) နိုင်ငံရေး ဆွေးနွေးပွဲတွင် ချမှတ်ရမည့် အစီအစဉ်များ ကြိုတင် ညှိနှိုင်း ရေးဆွဲခြင်း။

(င) နိုင်ငံရေး ဆွေးနွေးပွဲအတွက် နေရာ

(စ) Mediator, Monitor, နှင့် သက်သေများ ထားရှိရေး

(ဆ) တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ် (၆) ချက်

(ဇ) အထွေထွေ ကိစ္စရပ်များ

၃။ အကြိုပြင်ဆင်ရေး ကာလနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်စဉ် တစ်လျှောက်တွင် UNFC အဖွဲ့အစည်းများ၏ နယ်မြေ များအတွင်း လူသားချင်း စာနာမှု ဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ စိုက်ပျိုးရေး ကဏ္ဍများတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများကို ဆက်လက် ဆောင်ရွက်နိုင် ရန် ဆွေးနွေးခဲ့ကြပါသည်။

၎။ နှစ်ဖက် အလုပ်အဖွဲ့များ (Technical Team) သည် အခါ အားလျော်စွာ တွေ့ဆုံညှိနှိုင်း ရန် ဆွေးနွေးခဲ့ကြပါသည်။

၅။ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို နှစ်လအတွင်း ထပ်မံကျင်းပရန် နှစ်ဖက် သဘောတူညီခဲ့ကြ ပါသည်။

EMG

ဟားဗတ် ပညာရှင်၏ မြစ်ဆုံ ပြန်စရေး သုတေသန စာတမ်းကို ကချင် NGO ဝေဖန်

ဟားဗတ် တက္ကသိုလ်၏ Ash Center for Democratic Governance and Innovation ဌာနမှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သော မြစ်ဆုံဆည် စီမံကိန်း ပြန်လည် စတင်နိုင်မည့် နည်းလမ်းများကို အကြံပြုထားသည့် သုတေသန စာတမ်းအား ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG) က တနလာင်္နေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

“မကြာသေးမီက ဟားဗတ်တက္ကသိုလ်မှ ဉာဏ်ကြီးရှင်များသည် ကချင်ပြည်နယ်အတွင်း ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ပြန်လည်စတင်လုပ်ဆောင်ရန် 'ငြိမ်းချမ်းရေးဖြစ်စဉ်၏ စွမ်းအား' (Power the peace process) ဟု အမည်ရသော အဆိုပြု စာတမ်း တရပ် ပြုစုရေးသားခဲ့သည်။ သို့သော် ထိုစာတမ်းသည် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာ အရင်းအမြစ် အား ဖြေရှင်းနိုင် မည် မဟုတ်ပေ” ဟု KNDG ၏ ကြေညာချက်ထဲတွင် ရေးသားထားသည်။

ထို သုတေသန စာတမ်းထဲတွင် David Dapice က မြစ်ဆုံဆည် စီမံကိန်းအား အခြေအနေ စည်းမျဉ်း စည်းကမ်းများ အောက်တွင် ပြန်လည်စတင်ရန် အကြံပြုထားသည်။ ထိုစီမံကိန်းအား China Power Investment (CPI) က ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

သူ၏ အကြံပြုချက်တွင် ၁၀,၀၀၀ မီဂါဝပ် စီမံကိန်း ဆောက်လုပ်ရေးအတွက် ချဉ်းကပ်ရန် နည်းလမ်းသစ်များကို ဖော်ပြထားပြီး မြန်မာ ဗဟိုအစိုးရ၊ ကချင် နှင့် CPI တို့ အကြား သုံးပွင့်ဆိုင် သဘောတူညီချက် ရယူလုပ်ကိုင်ရန် အကြံပေးထားသည်။

“တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုတာ သဘာဝ ကျပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါဟာ တခြား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး နည်းလမ်းတွေနဲ့ နှိုင်းစာရင် ဈေးလည်းချိုသာပြီး ပတ်ဝန်းကျင် စိမ်းလန်းရေးနဲ့လည်း ပိုမို ကိုက်ညီပြီးတော့ အသုံးပြုဖို့လည်း ပိုပြီး လွယ်ကူပါတယ်” ဟု Dapice က ရေးသားခဲ့သည်။

သို့ရာတွင် ဒေသခံများ အပါအဝင် မြန်မာနိုင်ငံသား အများစုက မြစ်ဆုံဆည် စီမံကိန်းကို လက်မခံ ချင်ကြ ကြောင်းလည်း ဝန်ခံထားပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများကိုမူ မကြာခဏ ကြုံတွေ့နေရသည်ဟု ဆိုထားသည်။

“အကယ်၍ တရုတ်နိုင်ငံ အနေဖြင့် ရေကာတာ စီမံကိန်းများတွင် အတိတ်က ရင်းနှီး မြှုပ်နှံ ထားမှုများကို ပြန်လည် အဖတ်ဆည်လိုပြီး မြန်မာနိုင်ငံနှင့် ရင့်ကျက်၍ ပိုမိုတည်ငြိမ်သော ဆက်ဆံရေးမျိုး တည်ဆောက် လိုပါက တရုတ်နိုင်ငံအနေဖြင့် အတိတ်က ချုပ်ဆိုခဲ့သော တဘက်သတ် ဆန်သည့် စာချုပ်များအား ပြန်လည်ဆွေးနွေးညှိနှိုင်းရလိမ့်မည်” ဟု Dapice က ဆိုသည်။

“ကချင်တွေကို ပါဝင်ခွင့် ပေးရပါလိမ့်မယ်။ အဲဒီလို မဟုတ်လို့ကတော့ သူတို့က မတည်မငြိမ်မှုတွေကို ဖန်တီးပါလိမ့်မယ်။ အဲဒါဟာ ဘာကိုဆိုလိုတာလဲ ဆိုတော့ တရုတ် နိုင်ငံအနေနဲ့ ကချင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှားရပါမယ်” ဟု Dapice က ဆိုထားသည်။

“ရေကာတာ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် ပတ်ဝန်းကျင်နဲ့ လူမှုရေး အကျိုးဆက်တွေကို ဆန်းစစ်မယ့် ‘လေးနက်ပြီး လွတ်လပ်တဲ့ သုံးသပ်လေ့လာချက် တခု’ ပေါ်ထွက်လာဖို့ သုတေသန ပညာရှင်တွေ က တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု တချို့ ရှိမယ် ဆိုရင်တောင် ရရှိမယ့် အကျိုးကျေးဇူးတွေက ပေးဆပ်လိုက်ရမယ့် ဆိုးကျိုးတွေထက် အလေးသာနေတာ မျိုးလည်း ဖြစ် ချင် ဖြစ်နေမှာပါ” ဟု သူက ရေးသားထားသည်။

Dapice ဖော်ပြထားခဲ့သည့် အကျိုးကျေးဇူးများထဲတွင် ဝင်ငွေရရှိမှု၊ လျှပ်စစ်ဓါတ်အား ရရှိမှုတို့ အပြင် မြန်မာ ဗဟိုအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း အရှိန်အဟုန်မြှင့် တွန်းအားပေးနိုင်လိမ့်မည် ဟုလည်း ဖော်ပြထားသည်။

သို့ရာတွင် KDNG က ထိုသုတေသန ပညာရှင်၏ ကောက်ချက်ဆွဲမှုကို ပယ်ချလိုက်ပြီး “ထို အဆိုပြုစာတမ်း တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် ရေကာတာ တည်ဆောက်ရေး ဆန့်ကျင်မှု များ ဖြစ်ပွားရသည့် အခြေခံအကြောင်းအရင်းသည် ငွေကြောင့်ဖြစ်သည်ဟု လွဲမှားစွာ အကြံပြုထားသည်။ အမှန်တကယ် ပြဿနာဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ယခင်နှင့် လက်ရှိ တပြည်ထောင် ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံ ဥပဒေတွင် ကချင်လူထု၏ ဆုံးဖြတ်ချက် ချပိုင်ခွင့်အာဏာ မရှိခြင်းကြောင့်ပင် ဖြစ်သည်” ဟု ဆိုသည်။

“ကချင်ပြည်နယ်အတွင်း မြောက်များစွာသော လယ်ယာမြေ သိမ်းဆည်းမှုများ၊ အတင်း အ ဓမ္မ ပြောင်းရွှေ့ စေခိုင်းမှုများ၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးမှုများနှင့် လူမှုရေး ပြဿနာများကို ဖြစ်ပေါ်စေသည့် မိမိတို့၏ သဘာဝ သယံဇာတများအပေါ် ရာစုနှင့်ချီ ၍ ခေါင်း ပုံဖြတ် အမြတ်ထုတ်မှုများမှာ ဤကဲ့သို့ ကချင်ပြည်သူများ ဆုံးဖြတ်ခွင့်အာဏာ ကင်းမဲ့မှု၏ အကျိုး ရလဒ်ပင် ဖြစ်သည်။ ဤ အခြေအနေကို ထောက်ရှုခြင်းအားဖြင့် မိမိတို့၏ သဘာဝ သယံဇာတများကို ထိန်းချုပ် စီမံနိုင်သည့် နိုင်ငံရေးအာဏာသည် သာလျှင် မိမိတို့၏ လယ်ယာမြေများနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ကာကွယ်နိုင်မည်ဖြစ်ပြီး ဒေသခံ ပြည်သူလူထု တရပ်လုံးအား ဖွံ့ဖြိုးရေးအကျိုး ရရှိခံစားနိုင်အောင် လုပ်ဆောင်နိုင်သည့် တခုတည်းသော အာဏာဖြစ်သည်” ဟုလည်း KDNG ၏ ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။

KDNG ပြောရေးဆိုခွင့်ရှိသူ မအားနန် က “စီးပွါးရေးအရ ဆက်သွယ် ဆောင်ရွက်မှုတွေ ဟာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုကို အစားထားလို့ မရပါဘူး။ ကချင် ပဋိပက္ခကို ငွေနဲ့ ရှင်းလို့ မရနိုင်ပါဘူး။ ကျမတို့ အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အလိုရှိပါတယ်။ ပြီးတော့ ကျမတို့ ပိုင်တဲ့ မြေတွေနဲ့ မြစ်တွေကို ဘယ်လို စီမံခန့်ခွဲ အသုံးချမလဲ ဆိုတာကို ဆုံးဖြတ်ခွင့်ကိုလည်း အလိုရှိပါ တယ်” ဟု ပြောဆိုသွားသည်။

(၂၀၁၂ စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သည့် ထို သုတေသနစာတမ်း “China and Yunnan Economic Relations with Myanmar and the Kachin State: Powering the Peace Process” အပြည့်အစုံကို http://www.ash.harvard.edu/ash/Home/Programs/Institute-for-Asia/Publications/Journal-Articles-Occasional-Papers တွင် ဖတ်ရှုနိုင်ပါသည်။)

Mizzima

တပ်မတော်နဲ့ ပါတ်ီတွေ တိုင်ပင်လုပ်ကြရင် တိုးတက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံပြီး နွေးနွေးထွေးထွေး တိုင်ပင်ဆောင် ရွက်ရင် တိုင်းပြည်တိုးတက် မှာ ဖြစ်တယ်လို့ ဒီကနေ့ ထပ်မံပြောကြား လိုက်ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ယခု လတ်တလောမှာ သူနဲ့တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ဖြစ်နိုင်ကြောင်း သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။

တဆက်တည်းမှာပဲ လွတ်တော်အမတ်တွေ မေးမြန်းတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တိတိကျကျ ဖြေကြားခြင်းမရှိခဲ့တာနဲ့ ပတ်သက်ပြီး သူမရဲ့သဘောထားကို မေးမြန်း ရာ မှာတော့ ပြည်ထောင်စု လွတ်တော်နာယက ဦးခင်အောင်မြင့်က ဒီကိစ္စအတွက် တိုက်တွန်းပြောဆိုခဲ့ပြီးနောက်ပိုင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ပြန်လည်ဖြေကြားချက်တွေဟာ တိုးတက်လာကြောင်းနဲ့ လွှတ်တော်သက်တမ်း နုနယ်သေးတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ စိမ်းနေတာကြောင့် ခုလိုပေါ်ပေါက်ခဲ့တာဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

RFA

KNU ဥက္ကဌ နှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တွေ့ဆုံ


ကရင်အမျိုးသားအစည်းအရုံး-KNUမှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပါဝင်သည့် အဖွဲ့ဝင်လေး ဦးနှင့် မြန်မာ အစိုးရ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့သည် ကရင်ပြည်နယ် မြ၀တီမြို့၊ အေး ချမ်းဖြိုးရိပ်သာတွင် ယနေ့ နေ့လည် ၁၂နာရီမှစ၍ တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မြ၀တီမြို့ရှိ ကုန်သွယ်ဇုံကို ကြည့်ရှုစစ်ဆေးရန် လာရောက် ခဲ့ခြင်းဖြစ် ပြီး ထိုသို့ ရောက်ရှိလာစဉ် KNU ဘက်မှ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံမှုတွင် ပါဝင်သည့် KNU တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ စောဂျွန်(စောတာမူလာ)က ကေအိုင်စီသို့ ပြောသည်။

“ဒုသမ္မတ ရောက်ရှိတာကို ကျနော်တို့က ထိစပ်နယ်မြေ တာဝန်ရှိသူများအနေနဲ့ သွားတွေ့တာပါ။ ဒုသမ္မတတွေ့ ဆုံတဲ့အခါ ကျနော်တို့ အဓိက တင်ပြတာက အစိုးရနဲ့ KNUတို့ရဲ့ ပစ်ခတ်ရပ်စဲရေးအခြေအနေဟာ ခိုင်မာတဲ့ အဆင့် မရောက်သေးဘူး။ ဒါကို ခိုင်မာအောင် အရင်လုပ်ဖို့ လိုတယ်။ ပြီးမှ ဖွံ့ဖြိုးရေးကိစ္စတွေ ဆက်လုပ်ဖို့ တင်ပြခဲ့ တယ်”ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးရရှိရန် KNU အနေဖြင့် မြန်မာအစိုး ရနှင့် ရှေ့ဆက်၍ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပါက အစိုးရ အဆင့်မြင့် စစ်တပ်ခေါင်းဆောင် များ ပါဝင်ရန် လိုအပ် ကြောင်း ဒုသမ္မတအား တင်ပြခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။

အဆိုပါ တွေ့ဆုံမှုတွင် KNU ဥက္ကဌမှ အဓိက တင်ပြပြောဆိုကာ ဒုသမ္မတက တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိ သော်လည်း ဂရုတစိုက် သေသေချာချာ နားထောင်ခဲ့ကြောင်း၊ ကရင်ပြည်နယ်တွင် ဟော်တယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း အလွန်ကောင်းမွန်လျှက်ရှိကြောင်းပြောဆိုခဲ့သည်ဟု KNU က ဆိုသည်။

တွေ့ဆုံဆွေးနွေးတွင် KNU ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဖားအံခရိုင် ဥက္ကဌ ပဒို စောအောင်မော် အေး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းနှင့် စောဂျွန်တို့ ပါဝင်ပြီး အစိုးရဘက်မှ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီး သုံးဦး ပါဝင်ကြောင်း သိရသည်။

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)က မြ၀တီဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး စောဖောဒို ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးအပါအ၀င် ကရင်ပြည်နယ်ရှိ လွှတ်တော်
အမတ်အချို့နှင့် ဖားအံမြို့၊ ဇွဲကပင်ဟော်တယ်တွင် မွန်းလွဲ ၂နာရီမှ ညနေ ၇နာရီ အထိ တွေ့ဆုံခဲ့သေးသည်။

KIC