Wednesday, February 20, 2013

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပြင်ဆင်ရန် မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တိုင်းရင်းသားများ ပြောကြား

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ တရားမ၀င် ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကို ကာကွယ်ထားခြင်းဖြစ်၍ ပြင်ဆင်ရန် မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တိုင်းရင်းသားများ ပြောကြား
===========================

၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ရေယာဉ်ပျက်၍ ကျောက်ဖြူကမ်းခြေသို့ ၀င်ရောက်လာသည့် ဘင်္ဂါလီများအား စစ်ဆေးနေစဉ်

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ တရားမ၀င်ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကို ကာ ကွယ်ပေး ထားခြင်းဖြစ်၍ ပြင်ဆင်ရန်မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေ ပညာ ရှင် များနှင့် တိုင်းရင်းသားများက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေးကင်တားနားက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်နှင့် တိုင်းရင်းသားဖြစ်မှုနှင့် ကိုးကွယ်သည့် ဘာသာ အပေါ် မူတည်ကာ နှိမ့်ချခွဲခြားမှု မရှိသည့် ဥပဒေအသစ် ပြင်ဆင်သင့်ကြောင်း လွှတ်တော်သို့ တိုက် တွန်ြးေ ပာ ဆိုခဲ့မှုအပေါ် ၎င်းတို့က ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ် လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားတယ်။ ဒါပေမယ့် လူတိုင်းဟာ ဘယ်နို င် ငံမှာပဲနေနေ အဲဒီနိုင်ငံက သတ်မှတ်ထားတဲ့ ဥပဒေတွေကိုတော့ လေးစားလိုက်နာရမယ့်အပြင် အဲဒီနိုင် ငံရဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရပါမယ် . . . သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ် . .

. မြန်မာနိုင်ငံတွင် ဥပဒေများ ရေးဆွဲရန်၊ ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန်အတွက် အာဏာရှိသော ပြည်ထောင် စုလွှတ်ေ တ်ာရှိကြောင်း၊ ကင်တားနားအနေဖြင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်ဆင်ရန် တိုက် တွန်းပြောဆို၍ မရကြောင်း၊ ထိုသို့ပြောဆိုခြင်းမှာ ၎င်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ပြော ဆိုခြင်းဖြ စ်ကြောင်း လည်း ဝေဖန်ကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဦးသိန်းညွန့်က "သူပြင်ချင်တယ်ဆိုတာ သူပြောပုံ အရဆိုရင် နိုင်ငံသားဥပဒေရဲ့ အနှစ်သာရကြီး တစ်ခုလုံးကို ထိခိုက်မယ့် အပြောမျိုး၊ ဒီဥပဒေက ကျွန်ေ တ်ာတို့ နိုင်ငံသားတွေအတွက် အင်မတန်အရေးကြီးတဲ့ ဥပဒေ။ ကျွန်တော်တို့က သန်းထောင့် သုံးရာ ရှိတဲ့ တရုတ်ပြည်၊ သန်းထောင်ကျော်ရှိတဲ့ အိန္ဒိယ၊ သန်းတစ်ရာ့ခြောက်ဆယ်ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကြားထဲ မှာနေရတာ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြီးတစ်ခုလုံးက ရှမ်းပြည်လောက်ပဲ ရှိတယ်။ ဒါကြောင့် နိုင်ငံ သား ဥပဒေက ခိုင်မာဖို့လိုတယ်။ ခိုင်မာဖို့ဆိုတာက ကျွန်တော်တို့နိုင်ငံထဲကို နိုင်ငံသား မဟုတ်တဲ့သူတွေ အ လွယ် တကူ မ၀င်နိုင်အောင်၊ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ မူဝါဒချမှတ်တဲ့နေရာ မှာ နိုင်ငံခြား သွေးေ ရာ တဲ့သူတွေက အဆုံးအဖြတ် မပေးနိုင်အောင်က အရမ်းအရေးကြီးတယ်။ ဒီနေ့ မြန်မာနိုင်ငံသားဥပဒေမှာ ငွေဒဏ်ကိစ္စ ငါးသောင်းသတ်မှတ်ထားတယ်။ အဲဒါကိုငါးသိန်းတို့၊ ငါးသန်း တို့ ပြင်မယ်ဆိုရင်တော့ ပြင်သင့် တယ်။ ကျန်တာတွေကတော့ အခုအချိန်ထိ ဆက်လိုနေသေးတယ်" ဟုပြောသည်။

"၁၉၈၂ နိုင်ငံသားဥပဒေက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ပဲ ပတ်သက်တယ်။ နိုင်ငံတစ်ခုရဲ့ နိုင်ငံသား ဥပဒေ ဆိုတာ သူ့ရဲ့ပထ၀ီနိုင်ငံရေး အခြေအနေကို မူတည်ပြီးကာမှ ပြဋ္ဌာန်းရတာရှိတယ်။ အမေရိကန်နဲ့ တူချင် မှ တူမယ်။ တခြားနိုင်ငံတွေနဲ့ တူချင်မှ တူမယ်။ အဲဒါတွေတော့ သဘောပေါက်ဖို့လိုတယ်။ သူ့ဟာ သူ ပြင်ချင်တယ်ဆိုပြီး ပြင်လို့ရချင်မှ ရမယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် ရခိုင်တိုင်း ရင်းသား များ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ဆိုသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင် ငံသား ဥပဒေကို ပြင်ဆင်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဆိုတင်သွင်းခဲ့ပြီး ကန့် ကွက် မဲများသောကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ ခုနှစ် မြန်မာနို င် ငံသား ဥပဒေသည် ခြောက်နှစ်ကျော် အချိန်ယူ၍ ကွင်းဆင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုကို ချပြ ကာ ဆန္ဒခံယူပြီးမှသာ အတည်ပြုထားသော ဥပဒေတစ်ခုဖြစ်ကြောင်း ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်ေ တာ် ၌ ပြောကြားခဲ့သည်။

"နိုင်ငံတစ်နိုင်ငံမှာ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားက ပိုအရေးကြီးတယ်ဆိုတာ ကင်တားနား အနေနဲ့ သိဖို့လိုပါတယ်။ မြန်မာနိုင်ငံကို တစ်ဖက်နိုင်ငံက ကျူးကျော်ဝင်ရောက်လာတဲ့ ကိစ္စတွေကို ဖြေရှင်း တဲ့နေရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရှုထောင့် တစ်ခုတည်းက ကြည့်လို့မရပါဘူး။ လူ့အခွင့်အရေး ရှုေ ထာင့် တစ်ခုတည်းက ကြည့်မယ်ဆိုရင် အကြမ်းဖက်သမားတွေ ၀င်ရောက်လာနိုင်ပါတယ်" ဟု ရခိုင် အမျိုး သား ကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

ထို့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြဋ္ဌာန်းရာ၌ မိမိတို့နိုင်ငံ၏ ပထ၀ီအနေအထားအရ အင် အား ကြီးနိုင် ငံနှစ်ခုကြားတွင် တည်ရှိနေသည်ကို ထည့်သွင်းစဉ်းထားခြင်းဖြစ်ကြောင်း၊ သို့သော် အဆို ပါနှစ်နိုင်ငံ၏ရန်ကို ကြောက်၍ အရာအားလုံး တားမြစ်သည့် ဥပဒေလည်း မဖြစ်သင့်ကြောင်း ၈၈ မျိုး ဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ဆိုသည်။

"သူက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်သာလျှင် ဖြစ်တယ်။ UN အလုပ်ပဲ လုပ်ရမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အ ချုပ် အခြာအာဏာနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်သင့်တယ်။ ဒါတွေ သူပြောခွင့်မရှိဘူး။ နောက်တစ်ခုက ၈၂ ခုနှစ် ဥပဒေဆိုတာ မနေ့တစ်နေ့က ဆွဲထားတဲ့ ဥပဒေမဟုတ်ဘူး။ စစ်အစိုးရ လက်ထက်က ဆွဲထား တာ လည်း မဟုတ်ဘူး။ ဥပဒေဆွဲခဲ့တဲ့သူက ဥပဒေမှာ ဆရာတစ်ဆူလို့ ပြောလို့ရတဲ့ ဒေါက်တာေ မာင်ေ မာင် ကိုယ်တိုင် မြန်မာနိုင်ငံအနောက်ဘက်က ဘင်္ဂါလီတစ်မျိုးတည်းကို ကြည့်ပြီးတော့ ဆွဲခဲ့တာ မဟုတ်ဘူး။ အရှေ့ ဘက်က တရုတ်ရယ်။ အနောက်မြောက်က အိန္ဒိယလူမျိုးတွေ။ မြ၀တီ၊ ကရင်ပြည်နယ် ဘက်က ဆိုလို့ ရှိရင် ထိုင်းလူမျိုးတွေ ခိုးပြီးတော့ မတရားဝင်လာတာတွေကို ကာကွယ်ဖို့အတွက် လုပ်ခဲ့တာ။ ဘင်္ဂါလီ ကိစ္စ တစ်ခုပဲကြည့်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေပြုကဏ္ဍကို လာပြီးပြင်သင့်တယ်။ ဒါတွေလာပြောတာဟာ မှား ယွင်း တဲ့ ပြောဆိုမှုလို့ ပြောလို့ရတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လုပ်ပိုင်ခွင့် မှာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းေ ရး ကို လာပြီးစွက်ဖက်လို့ မရဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောပါသည်။

မစ္စတာကင်တားနား၏ ကိုးကွယ်သည့်ဘာသာအပေါ် မူတည်ကာ နှိမ့်ချခွဲခြားမှုမရှိသည့် ဥပဒေအသစ် ပြင် ဆင် သင့်ကြောင်း ပြောကြားမှုနှင့် ပတ်သက်၍လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသည့် နိုင်ငံများ တွင် မိခင်ဘာသာအပေါ် လွှမ်းမိုးနိုင်သည့် လုပ်ဆောင်ချက်များမှာ လက်ခံနိုင်သည့် အနေအထား မဟုတ်ေ ကြာင်း ဝေဖန်မှုများ ရှိနေသည်။

"သူတို့နိုင်ငံမှာ ဗုဒ္ဓဘာသာ အဆောက်အဦတွေ ဆောက်ခွင့်ရှိပါသလား။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အေ ဆာင် အယောင်ပေါ့။ ဘုရားပုံဖြစ်ဖြစ်။ ဥပမာဆိုပါတော့ သင်္ဃန်းဝတ်ထားတဲ့ ဘုန်းကြီးတစ်ပါးတောင် ကြွချီ ခွင့် ရှိပါသလား။ သူတို့မက္ကာကို တခြားဘာသာဝင်တွေ ၀င်ခွင့်ပေးသလား။ ကျွန်တော်တို့ ဗုဒ္ဓဘာ သာဝင်ေ တွ ပွဲလမ်းသဘင်တွေ ကျင်းပတဲ့အခါမှာ မည်သည့်ဘာသာမဆို ၀င်ခွင့်ရှိတယ်။ အဲဒါမျိုးတွေ လွတ်လပ်ခွင့် ရှိပါတယ်။ အဲဒါကျရင် ဘယ်လိုစံနဲ့ တိုင်းကြမလဲ။ ဘာသာသုံး၊ လေးမျိုးရှိရင် ရှိမယ်လေ။ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ဟာကို ကိုယ့်လူထုကပဲ ဆုံးဖြတ်ခွင့်ရှိမှာပါ" ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကလည်း "ဦးဇင်းတို့နိုင်ငံမှာ ဘယ်ဘာသာကို ကိုးကွယ် ကိုး ကွယ် လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားတယ်။ ဒါပေမယ့် လူတိုင်းဟာ ဘယ်နိုင်ငံမှာပဲနေနေ အဲဒီနိုင်ငံက သတ် မှတ် ထားတဲ့ ဥပဒေတွေကိုတော့ လေးစားလိုက်နာရမယ့်အပြင် အဲဒီနိုင်ငံရဲ့ အခြေ အနေတွေနဲ့ လိုက်ေ လျာ ညီထွေဖြစ်အောင် နေထိုင်ရပါမယ်။ ဘာသာရေး အဆောက်အဦတွေ ဆောက် လုပ်တဲ့အခါမှာလည်း သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ် ပါတယ်။ သတ်မှတ်ထားတဲ့ဥပဒေတွေကို မလိုက်နာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်" ဟု မိန့်ကြား သည်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင်လည်း မူလ မြို့တော်စည်ပင်၏ ခွင့်ပြုမိန့်ဖြင့် ဘာသာရေး စာ သင်ကျောင်းပုံစံကို ယာယီသာ ခွင့်ပြုခဲ့သည့်အပေါ် ဗလီပုံစံဆန်သော အစိတ်အပိုင်းများ ပါဝင်လာ သည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများနှင့် အဆောက်အဦ ဆောက်လုပ်သူတို့အကြား ဖေဖော်ဝါရီလ ၁၇ ရက်က ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မြို့တော်စည်ပင်နှင့် သက်ဆိုင်ရာမှ ပူးပေါင်းကာ ယင်းအဆောက်အဦ အား ပြန်လည်ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ကိုမြအေးက "ကျွန်တော်တို့နိုင်ငံမှာ ပြဋ္ဌာန်းပြီးသား ဥပဒေတွေ ရှိပြီးသားပဲ။ ဥပမာ အားဖြင့် အဆောက်အဦတစ်ခုကို ဆောက်မယ်ဆိုရင်လည်း ကိုယ့်သဘောနဲ့ကိုယ် ဆောက်လို့မရဘူး။ ထပ် ခိုးေ လးပြင် တာတောင်မှ စည်ပင်သာယာကို တင်ရသေးတာပဲ။ အဆောက်အဦ ဆောက်တဲ့အခါမှာလည်း တိတိကျကျ တင်ရပြုရတာ ရှိသလို။ အာဏာပိုင်ကနေ ချမှတ်ပေးလိုက်တဲ့ပုံစံ၊ ကိုယ်တင်တဲ့ အတိုင်း ဆောက်ရမယ်ဆိုတာလည်း ရှိပြီးသားပဲ။ အကယ်၍များ တင်တဲ့ဟာထက် ပိုပြီး၊ ကျူးပြီးဆောက် ထားမယ် ဆိုရင်လည်း အရေးယူရမယ့် ဥပဒေ ပြဋ္ဌာန်းပြီးသား ရှိပြီးသားပဲ။ ဥပဒေပြဋ္ဌာန်းထားတာ ရှိတဲ့ အတွက်ေ ကြာင့် ဥပဒေအတိုင်း တိတိကျကျပဲ အကုန်လုံးကို ဖြစ်စေချင်ပါတယ်" ဟု ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပြီးဖြစ်ကြောင်း၊ သို့သော် မည်သည့် ဘာသာမဆို ချမှတ်ထားသော သက်ဆိုင်ရာ တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက် မရ သည်ကို ကျော်လွန်လုပ်ဆောင်၍ မရကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်း သားရေးရာ ၀န်ကြီးဦးဇော်အေးမောင်က ပြောသည်။

Eleven

၂၀၁၃-၂၀၁၄ တွင် နိုင်ငံတော်သမ္မတ၏ အကောင်းဆုံးမြို့နှင့် ကျေးရွာ ဆုများ ပေးအပ်မည်


၂၀၁၃-၂၀၁၄ တွင် နိုင်ငံတော်သမ္မတ၏ အကောင်းဆုံးမြို့နှင့် ကျေးရွာဆုများကို ပေးအပ်သွား မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောသည်။ ဖေဖော်ဝါရီ ၁၇ ရက်က ချင်းပြည်နယ်မြို့ေ တာ် ဟားခါးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့သည် ချင်းပြည်နယ် အစိုးရ အဖွဲ့နှင့် တွေ့ဆုံသည့် အခမ်းအနားတစ်ရပ်တွင် ဦးလှထွန်းက ပြောခြင်းဖြစ်သည်။

“ဒီလို သမ္မတရဲ့ အကောင်းဆုံးမြို့နဲ့ ကျေးရွာဆုတွေ ပေးခြင်းအားဖြင့် တိုင်းဒေသကြီးအလိုက် အကောင်း ဆုံးမြို့တွေ ပေါ်ထွက် လာမယ်” ဟု ယင်းက ဆက်လက်ပြောသည်။

ယင်းသို့ ပေးအပ်မှုသည် ပြည်နယ်နှင့် တိုင်းဒေသကြီး များအလိုက် ကောင်းမွန်သည့် အုပ်ချုပ်မှု ပိုမိုဖြစ်ပေါ်လာစေရေးနှင့် ဒေသဖွံ့ဖြိုး တိုး တက်ေ စရေး အတွက် ရည်ရွယ် ပေးအပ်ခြင်း ဖြစ်သည်။ “သမ္မတကြီး မိန့်ကြားတာ ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေး တိုးတက်စေဖို့ အကောင်းဆုံး စိုက်ပျိုးမှုဆုနဲ့ အကောင်းဆုံး မွေးမြူရေးဆုကို လာမယ့် ဧပြီ ၁ ရက်မှာ ပေးပါ မယ်။ ဒီအတွက် ပြည်နယ်နဲ့ တိုင်းတွေမှာ စာရင်းဇယားယူပြီး ဆုချီးမြှင့်သွားပါမယ်” ဟု ဦးလှထွန်းက ဆက်ပြော သည်။

KOICA ၏ မြန်မာနိုင်ငံ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဒေါ်ကေသီခိုင်က “ခေါင်းေ ဆာင် တစ်ယောက် အနေနဲ့ ဒါကိုလုပ်တဲ့အတွက် အရမ်းထောက်ခံပါတယ်။ ရွာသားတွေအနေနဲ့ ဒီလို ကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်သင့်တယ်လို့ မြင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျေးရွာတွေ ဖွံ့ဖြိုး တိုးတက် လာနိုင်ပါတယ်” ဟု ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် ရန်ကုန် တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒေါက်တာဆိတ်ဖွား ဒါတွေကြောင့် စုံစမ်းရေး ကော်မရှင် ဖွဲ့သည်အထိ ဖြစ်ခဲ့သလား


ကျွန်ုပ် ကိုဆိတ်ဖွား နှင့် ELEVEN MEDIA
=====================

ယမန်နေ့ညနေပိုင်းက ဖြစ်ပါသည် Voice Of Myanmar တွင်အက်ဒမင် အလုပ် ကူညီလုပ် ကိုင်ပေးနေေ သာ ကျွန်ုပ်၏ တူတော်မောင်လေးသည် မိုးရွာကြီးထဲတွင် ရေးကြီးသုတ်ပြာ ဆိုသလိုေ ရာက် လာပြီး...

" ဆရာရေ..ခုတစ်လော ပြည်တွင်းထုတ်မီဒီယာတွေမှာ အသံအတော်စွာလာတဲ့ မီဒီယာအုပ်စုကို ပြပါဆိုရင် ELEVEN MEDIA GROUP ကိုပြရတော့မှာပါပဲ.... ၊ အစိုးရဘက်ကနည်းနည်းလေး အားနည်းချက် မပေါ် လိုက် နဲ့ ပေါ်လိုက်တာနဲ့ ELEVEN ကိုဘာမှတ်နေသလဲ ဆော်လိုက်မယ် ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်နေတာ များနေ ပါပြီ ၊ လက်တွဲဖေါ် အခြားမီဒီယာများနှင့်လဲ အဆင်မပြေပဲ သူကလွဲရင်ကျန်တဲ့ မီဒီယာတွေ ဟာ..အစိုးရနောက်လိုက်တွေ ၊ သတ္တိမရှိတဲ့မီဒီယာတွေ ၊ သူကတော့ဒီမိုကရေစီလိုလားတဲ့ တစ်ခုတည်းေ သာ မီဒီ ယာပုံစံမျိုးဖမ်းနေတာများနေပါပြီ " ဟုအဆိုင်းမတွပြောလေသည် ။

'ထိုင်စမ်းပါဦးမောင်ရင်ရာ...မင်းကြည့်ရတာ တစ်ခုခုဖြစ်လာပြီထင်တယ် ၊ ဘာတွေဖြစ်လာပြန်ပြီလဲ.. ' ဟု ကျွန်ုပ်ကေ မးသောအခါ သူက

" ဖြစ်လာတာမဟုတ်ဘူးဆရာရေ..ဖြစ်နေတာ ခုအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေအတော် ခရီးေ ပါက်နေ တဲ့အချိန် ၊ ပြည်သူတွေလဲ အစိုးရနဲ့ဆက်ဆံရတဲ့အပိုင်းတွေ ရုံးလုပ်ငန်းတွေမှာ အဆင်ပြေမှုေ လးတွေစရလာတဲ့အချိန် မှာELEVEN MEDIA က အစိုးရနဲ့ ပြည်သူကိုတိုက်ပေးတဲ့ သတင်းတွေ ဆက် တိုက် ထည့်နေတယ် ၊ အစိုးရနဲ့ပြည်သူတွေကြား ပဋိပက္ခကြီးသ ထက်ကြီးအောင်လုပ်နေတယ် ဆရာ. .ခုနောက် ဆုံးတော့ ဧရာဝတီပေါ့ဆရာ လျှပ်စစ်ဝန်ကြီးရဲ့ပြောကြား ချက်တွေထဲက အားနည်းေ နတဲ့နေရာတွေကို ခုတုံးလုပ်ပြီး အယ်ဒီတာချုပ် ဝေဖြိုးတို့ ၊ စီအီးအို ဒေါက်တာသန်းထွဋ်အောင် ၊ MD ဒေါက်တာ သိန်းမြင့်တို့ဟာ လူစွမ်းကောင်းကြီးတွေလုပ်ပြီး အစိုးရကို ထိပ်တိုက်ရင်ဆိုင် လာတယ် ဆရာ..အစိုးရတာဝန်ရှိသူတွေကို စိတ်ပျက်တဲ့ အကြောင်းတွေ ပေါ်ပေါ်တင် တင် ဖေါ်ပြလာသလို အစိုးရ တာဝန် ရှိ သူတွေကို ဆဲရေးတိုင်းထွာထားတဲ့ ကော့မန့်တွေကိုတောင် သူတို့ ရဲ့ အွန်လိုင်းစာ မျက်နှာေ တွနဲ့ ဖေ့စ်ဘုတ် စာမျက်နှာတွေမှာဖေါ်ပြပြီး မထေမဲ့မြင်ဆိုသလို လုပ်နေ တာတွေ တွေ့ရတယ် " ဟု သူ၏ စိတ်တွင် ခံစားနေရသမျကို မျက်နှာအမူအရာမျိုးစုံနှင့် ပြောလေသည် ။

"အစိုးရ ကလျော့ပေးတာေ တွများလာတော့ ငါတို့ကိုအစိုးရက ဘာမှလုပ်ရဲမှာ မဟုတ်ပါ ဘူးကွာ ဆိုပြီးေ ခါင်း ၀င် ကိုယ်ဆံ့ ဆိုသလိုလုပ်နေတယ် ၊ ရလေလိုလေ အိုတစ္ဆေတွေ လို့မောင်ရင်က ဆိုလိုချင် တာလား. .."ဟု ကျွန်ုပ် ကပြန်မေးသောအခါသူက -

" ဒါကတစ်ပိုင်းပေါ့လေ... နောက်တစ်ပိုင်းက ဒါကိုကြာကြာလွှတ်ထားရင် အမှိုက်ကစပြဿဒ် မီးလောင် ဆိုသလို ပြည်သူနဲ့ အစိုးရကြားပဋိပက္ခတွေ ကြီးလာမှာသိပ်ပြီးစိုးရိမ်တာပဲ ဆရာရယ် ..၊ ဟု စိတ်မချမ်းမြေ့ စွာပြောပြီးဆက်တိုက်ဆိုသလိုပင် ဆရာပဲကျွန်တော်တို့ကိုမကြာခဏ ဆိုသလိုပြောဘူး တယ်လေ.. .လောကကြီးမှာ Balance ဆိုတာရှိတယ် တစ်ခါတစ်လေ လောကကြီးက Balance လုပ်တာ သိပ်ကြာနေရင် ကိုယ်က လောကကြီးကိုယ်စား Balance လုပ်ပေးရမယ်ဆိုတာလေ...

မောင်ရင့်ကို ဘယ်သူကများတားနေလို့လဲမောင်ရင်ရာ..မောင်ရင်လဲ Ph.D တွေ ဘာတွေတောင် ရပြီးနေ မှပဲ လုပ်ပေါ့ကွာ.. ဟုကျွန်ုပ်ကပြောလိုက်လေ၏ ။

ဒီလိုအင်အားကြီးတဲ့မီဒီယာကြီးကို ကျွန်တော်က ဘယ်လိုတိုက်မလဲဆရာ သူတို့မှာလူအားငွေအား တစ်ပုံ တစ်ပင် သာတယ်မဟုတ်လားဆရာ...ဟု အားလျော့သည့် အမူအယာဖြင့်ပြောပြန်လေသည်..။

စစ်တိုက်တဲ့နေရာမယ် အင်အားကြီးတာငယ်တာဟာ အဓိကပေမယ့် အဓိအအကျဆုံးတော့မဟုတ်ဘူး တိုတို ရှင်းရှင်းပြောရရင် တစ်ဘက်ရန်သူရဲ့ နိုင်ကွက်ကို အချိန်ကိုက်တိုက်ခိုက်နိုင်ခြင်းသည်သာလျင် ပဓာနဖြစ်တယ် ... လာ..လာ ၊ ဟုပြောရင်း ကျွန်ုပ်၏ ကွန်ပြူတာရှိရာသို့ ကျွန်ုပ်၏ တူတော်မောင်ကို ခေါ် ကာ ELEVEN MEDIA ဆိုသောဖိုင်တစ်ခုက်ုဖွင့်ပြီးလျင် ...History ဆိုသောဖိုဒါတစ်ခုကိုဖွင့်၍ " ဒါ. .ဒီနေ့ သိပ်နာ မည်ကြီးနေတဲ့ အလဲဗင်းမီဒီယာရဲ့ သမိုင်းကြောင်းပေါ့ကွာ..

ဒီထဲမှာ သူတို့အလဲဗင်းဟာ အရင်ထောက်လှမ်းရေး ရဲ့ထုတ်ဝေခွင့်နဲ့ ၊ မင်္ဂလာဒုံက လေ(၂) ဆို တဲ့ထောက် လှမ်းရေးတပ်နဲ့အကျိုးတူထုတ်ဝေခဲ့တာကနေစပြီး ဒီနေ့ အလဲဗင်းဆိုတာဖြစ်လာတဲ့အထိ အကုန် ပါတယ် ၊ ဒီပုံက အရင်သူတို့ဘုရားလိုကိုးကွယ်ခဲ့ကြတဲ့ ထောက်လှမ်းရေးက ဗိုလ်မှူး ကြီးတင် လှဆိုတာပေါ့ စစ်တိုက်တော့မယ်ဆိုရင် ရန်သူရဲ့အကြောင်းကိုသေသေချာချာသိဘို့ လိုတယ် မဟုတ်လား..."

" ဟောဒီဖိုဒါကတော့ ELEVEN ရဲ့ငွေကြေးအခြေအနေကိုဖေါ်ပြထားတဲ့ ဖိုလ်ဒါကွ. .အလဲဗင်း ရဲ့ထိပ် ပိုင်းခေါင်းဆောင်တွေမောက်မာမှုကြောင့် အလုပ်ထွက်လာတဲ့ ကလေးတွေဆီက ယူထား တာပါ..ဒီစာရင်း ဇယားတွေ ကိုကြည့်စမ်း စတုတ္ထမဏ္ဍိုင်ဆိုပြီး ပြည်သူကို အသံကောင်းဟစ်နေ တဲ့မောင်ရင်တွေ ပြည် သူတွေ ဆီက အပတ်စဉ်သန်းပေါင်းများစွာ အမြတ်ယူနေတာကို ဖေါ်ပြနေတယ် ..ဒီဘက်ကဟာက အစိုးရ ကို အခွန်ဆောင်တာတွေ ..ကြည့်..ဒီအနီရောင်တွေက ကိုယ့်မှတ်ချက်တွေ ဒီမောင်တွေ အခွန် ဘယ်ေ လာက်ေ ရှာင်ထားသလဲဆိုတာ.. အစိုးရကိုဥပဒေလိုက်နာဘို့ပြောနေ တဲ့မောင်တွေက ဥပဒေ မလိုက် နာဘူး စာရင်းလိမ်တွေနဲ့ အခွန်ဆောင်နေတယ် တနည်းအားဖြင့် တိုင်းပြည်ကိုညာနေတဲ့သူတွေ ၊ သူခိုးတွေ ဆိုတာဖေါ်ပြနေတယ် "

" ဒီဖိုဒါ(folder) ကတော့ အစိုးရ၀န်ကြီးတွေ ခေါင်းဆောင်တွေ ဘယ်လိုချမ်းသာပါတယ်ဘာဖြစ်တယ် ညာဖြစ် တယ် ဆိုပြီးသူတို့ကဘဲ ပြည်သူတွေနဲ့အတူဆင်းရဲနေသလိုလို ပြောနေတဲ့သူတွေ ဘယ်လောက် ချမ်းသာနေတယ်ဆိုတာဖေါ်ပြထားတဲ့ဖိုင် ဒီအထဲမှာအကုန်ပါတယ် ပါစင်နယ် နဲနဲဆန်လို့ မောင် ရင့်ကို အကုန်မပြတော့ဘူး..ဒီမှာက ဒီအလဲဗင်းမီဒီယာကလူတွေ ပိုင်ဆိုင်တဲ့အခြားလုပ်ငန်းတွေ နဲ့ အထောက် ထားဓါတ်ပုံတွေ ၊ ဒါကသူတို့ခလေးတွေ ဘယ်လိုနေတယ်ထိုင်တယ် ၊ ဘယ်မှာ ပညာသင် တယ်ေ ပါ့ အကုန်ပါတယ် ..ဆိုချင်တာက တာဝန်ရှိသူတွေနဲ့ပေါင်းပြီးချမ်းသာနေတဲ့သူတွေထဲမှာ ဒီလူတွေ လဲ ပါတယ် သူတော်ကောင်းလုပ်နေ လို့မရဘူးဆိုတာပြောချင်တာ "

" ဒီဖိုင်ကတော့ မောင်ရင့်ကိုဖွင့်မပြတော့ဘူး..ဒီထဲမှာ မောင်ရင်ခုနပြောနေတဲ့ သန်းထွဋ်အောင်တို့ ၊ သိန်းမြင့် တို့ရဲ့ အကျင့်စာရိတ္တ ဘယ်လောက်ချို့ယွင်းခဲ့လဲ ၊ ချို့ယွင်းနေဆဲလဲဆိုတာကို ဖေါ်ပြနေတဲ့ ဓါတ်ပုံတွေ ပါတယ်၊ ဖေါက်ပြန်နေတဲ့ပုံတွေပါတယ် ၊ အရင်အစိုးရလက်ထက်ခေါင်းဆောင်တွေကို ရော အခု အစိုးရတာဝန်ရှိသူတွေကောကို အစည်းဝေးတွေမှာတစ်တစ်ခွခွတုတ်ထားတဲ့ အသံဖိုင်တွေပါတယ် ၊ ထား ပါတော့ တခြား ဖိုင်တွေအများကြီးပါတယ် ..ဒီဖိုင်ဟာ ELEVEN MEDIA ကြီးတစ်ခုလုံးကို ဗုန်းဗုန်း လဲသွားစေနိုင်တယ် ..ဒါကြောင့် သူတို့မိသားစုတွေပြိုကွဲကုန်မှာ အလဲဗင်းမီဒီယာကို မှီခိုနေရတဲ့ ရာနဲ့ချီ တဲ့ဝန်ထမ်းတွေရဲ့ မျက်နှာကို ကြည့်ပြီး မလိုအပ်သရွေ့မသုံးဘူးလို့ စိတ်ပိုင်းဖြတ်ထားတယ် ..မလိုရင် မသုံးဘူးဆိုတာ လိုရင်တော့သုံးရမယ်ဆိုတဲ့သဘောပေါ့မောင်ရင်ရာ... "

ကျွန်ုပ်ပြသသည်များကိုကြည့်ပြီး အားတက်သရောဖြစ်ကာ..ဆရာရယ်.စုံလှချေလား များလှချေလားဗျာ ဘာလို့များဒီလောက်အသေးစိတ်တွေလုပ်ထားတာလဲ..သူတို့နဲ့ဆရာအာဃာတ တွေဘာတွေများရှိလို့လား ခင်ဗျာ.. ဟုမေးပြန်လေသည် ။

သူတို့နဲ့ဘာမှရန်ငြိုးရန်စတွေမရှိပါဘူးမောင်ရင်ရာ.သူတို့ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ဘို့လဲအစီအစဉ်မရှိ ပါဘူး..ဒါပေမယ့်ဒီလူတွေဟာ..တစ်နေ့ဒီလိုထောင်လွှားလာလိမ့်မယ်၊ခုလိုထိန်းမရသိမ်းမ၇တွေလုပ်လာလိမ့်မယ် ဆိုတာကျုပ်ကကြိုတွက်ထားတယ် ၊ အဲဒီအခါ တိုင်းပြည် အ တွက် လိုလာရင် သုံးရအောင် လိုရမယ်ရ စုဆောင်း ထားတာပါ ..ဟုရှင်းပြရလေသည် ။သူတို့ကံဆိုးသွားတာက သူတို့အသုံးတော်ခံခဲ့တဲ့ သရုပ်ဆောင်လေးတွေထဲက တစ်ယောက်ဟာ ကျုပ်နဲ့ ရပ်ဆွေရ ပ်မျိုး ဆိုသလို ဖြစ်နေတာပါဘဲ....။

ဆရာ့လိုရမယ်ရကလဲစုံလှချေလားဗျာ...ဟု မှတ်ချက်ပြုရင်း ကျွန်တော့်ကိုဒီဖိုင်တွေပေးလိုက်ဆရာ.. ကျွန်တော်ဆော်မယ်..ဒီကောင်တွေကိုဟု ကြုံးဝါးနေသဖြင့် ကျွန်ုပ်က လက်ကာပြရင်း -

တရားသဖြင့်စစ်တိုက်တယ်ဆိုတာ ပြိုင်ဘက်ရန်သူကို အလစ်မဆော်ရဘူး..တရားသဖြင့်ယှဉ်ပြိုင်ရတယ်.. ပထမအဆင့်အနေနဲ့ သူတို့ကိုစစ်ကြေငြာရတယ် ၊ ဒါကြောင့်သူတို့ကိုစစ်ကြေငြာပါ.. .ကြေငြာတယ် ဆိုတာကလည်းထွေထွေထူးထူးမဟုတ်ပါဘူး ခုကိုယ်နဲ့မောင်ရင် ပြောနေဆိုနေ တာလေးတွေ ကို ဆောင်းပါးလေးလိုရေးပြီး မောင်ရင့်မေးထဲပို့ထားလိုက်မယ် ဒါလေးကို Voice Of Myanmar မှာ တင်လိုက်ပါ ...သူတို့ဘက်ကပြင်သွားတယ် ၊ ဆင်ခြင်သွားတယ် ဆိုရင် မောင်ရင်ကျေ နပ်လိုက်ပါ ၊ မဆင် ချင်ဘူး ရှေ့ကိုတိုးမြဲတိုးနေတယ် တင်ထားတဲ့ပို့စ်တွေ ကော့မန့်တွေပေါ်မှာ ငါတို့တော့ အစိုးရအပေါ် အသာစီးရပြီဟေ့ဆိုပြီး သာယာနေတယ်ဆိုရင်တော့ မောင်ရင်နဲ့အတူ ကျုပ်ပါ ၀င်ပြီးတိုက်မယ်....

မောင်ရင် မနက်ဖြန် TG နဲ့ပြန်မှာမဟုတ်လား အေးအေးဆေးဆေးပြန်သွားပါ ဟိုရောက်ရင် သူတို့ကို မျက်ချေ မပြတ်ကြည့်ပါ ကိုယ့်ကို ဆက်သွယ်ပါ ..စိတ်အေးအေးထားပါ လောကမှာမှန်တဲ့ဘက်က အနိုင်ရ ရမှာပေါ့ကွာ...ရှုံးလဲခဏပေါ့...ဟုပြောကာ အားပေးနှစ်သိမ့်ရလေသည် ။

နောက်ဆုံးအနေနဲ့ပေါ့လေ..လောလောဆယ် မီဒီယာတွေပေါ်မှာဆရာမြင်တဲ့အမြင်လေးပြောပါဦး ဆရာ ရယ် ..ဟု မေးလာပြန်သဖြင့် ဒီနေရာမှာကိုယ့်ရဲ့သဘောထားကို ပြောမနေတော့ပါဘူး ကိုယ့်စိတ်နဲ့ တစ်ထပ်တည်းကျတဲ့ အင်မတန်လေးစားထိုက်တဲ့ မဟတ္တမ ဂန္ဒီကြီးရဲ့ မီဒီယာ အပေါ်ထားတဲ့ သဘော ထားကို ပြောပြမယ် ဂန္ဒီကြီးက -

" စာနယ်ဇင်းဆိုတာ အလွန်ကြီးမားတဲ့အင်အားတစ်ခုဖြစ်တယ် ၊ အထိန်းအချုပ်မရှိ ဒလဟောသွန်၍ စီးကျ လာေ သာမြစ်ရေသည် ကျေးလက်တစ်ခွင်လုံးဖုံးလွှမ်းကာ ကောက်ပဲသီးနှံများကို ပျက်စီးစေတတ် သကဲ့သို့ အထိန်းအကွပ်မဲ့သော ကလောင်သည်လည်း ပျက်စီးမှုတို့ကိုသာ ဖြစ်ပေါ်စေတတ်တယ် " လို့ဆိုတယ်..

ဒီတော့ အထိန်းအကွပ်မဲ့နေတဲ့ကလောင်တွေကို ထိန်းပေးကွပ်ပေးရဦးတော့မှာပေါ့ကွာ.......

ဒေါက်တာဆိတ်ဖွား 

ခွင့်ပြုချက် ရရ၊ မရရ ပွဲစားများ ဆန္ဒပြပြီ...


ပါးစပ်ဖြင့် စီးပွားရှာသော လုပ်ငန်း၊ ပါးစပ်တစ်လုံးကောင်း ခေါင်းမခဲသူများ ကြီးစိုးရာ ရပ်ဝန်း၊ မည်သူ တရား ပျက်ပျက်၊ ကားဈေးတက်ရင် အလုပ်ဖြစ်သည့် နယ်မြေတစ်ခုအား ကာကွယ်သည့် မျိုးချစ် ပုဂ္ဂိုလ် များမှ ၈၈ နှင့် ဗကသများ၏ လမ်းစဉ်အတိုင်း အနီရောင် ဆောင်၊ အလံထောင်ပြီး ဆန္ဒပြလျှက် ရှိသည်။

“ကျွန်တော်တို့ ခွင့်ပြုမိန့်တောင်းဆိုထားပါတယ်။ ခွင့်ပြုမိန့်ကျကျ မကျကျ ကျွန်တော်တို့ ကတော့ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်သွားမှာပါ” ဟု အဆိုပါ ကားဝင်း မပြောင်းရွှေ့ရေး ကော်မတီမှ ဦးမင်းကို ကပြောသည်။

ယင်းကဲ့သို့ စီတန်းလှည့်လည်ခွင့်အား သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ခွင့်ပြုမိန့် တောင်းခံ ထားဆဲသာ ဖြစ်ပြီး ၎င်းတို့အနေဖြင့် မြို့တော်ခန်း မရှေ့ဖြစ်စေ ရန်ကုန်တိုင်း လွှတ်တော် သို့ ဖြစ်စေ စီတန်းလှည့် လည် ခွင့် ရရှိရေးနှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်ပြီး ခွင့်ပြုမိန့် ရရှိပါက ယခုလ ၂၃ ရက်နေ့တွင် ပြုလုပ် သွား မည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။

http://www.oppositeyes.info/2013/02/blog-post_6156.html

အန်အယ်လ်ဒီ ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌ အရိုက်ခံရ


၁၀-၂-၂၀၁၃ရက်နေ့ ည၁၀-၀၀နာရီကျော်ခန့်တွင် ရိုက်မှုဖြစ်ပွားခဲ့ပါသည်။

၂၇လမ်း၊ ၆၉ လမ်းထောင့် ယခင်ထွန်းလှ ဟိုတယ်၊ ယခုမြမန္တလာ ဟိုတယ်ရှေ့ တွင် ဆိုင်ကယ် စီးလာေ သာ "အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် စိတ္တရမဟီ ရပ်ကွက် ညီလာခံ ကျင်းပရေးကော် မရှင်ဥက္ကဌဒေါက် တာေ ဇယျာနေဝင်း" အား အမည်မသိဆိုင်ကယ်သမား(၃)ယောက်မှ နောက်မှ ဝင်ရိုက်ခဲ့ပါသည်။

ဘေ့စ်ဘော ရိုက်တန် များဖြင့်ဆက်တိုက် ရိုက်ခဲ့ပါသည်။ဦးခေါင်းတွင်ပြင်းထန်စွာ ဒါန်ရာ ရရှိခဲ့ပြီး ခန္ဓာကိုယ် အနှံ့တွင်လည်း ဒါန်ရာရရှိခဲ့ပါသည်။ ၄င်းညတွင်ပဲ ရိုက်မှု(၇)မှု ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟုကြားသိခဲ့ရ ပါသည်။

အမှုမှန်ပေါ်ပေါက်ရေး အတွက် သက်ဆိုင်ရာသို့တိုင်ကြား ထားပြီးလည်းဖြစ် ပါသည်။မန္တလေး မှာနောက် ထပ် ဒီလို ကိစ္စမျိုး ထပ်မဖြစ်ပေါ်ရေး အတွက် အားလုံး သတိဝရိယဖြင့် ပူးပေါင်းပါဝင် ကူညီကြဖို့ သတိပေး နှိုးဆော် အပ်ပါသည်။

http://www.oppositeyes.info/2013/02/blog-post_98.html

အဖြစ်များနေသော မုဒိမ်းမှု လျော့ကျစေရေး လိင်စိတ်ကြွဆေးများအား အထူးစီမံချက်ချ ဖမ်းပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိင်စိတ်ကြွဆေးများကို အထူးစီမံချက်ဖြင့် စစ်ဆေး အရေးယူနေ ကြောင်း တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဖြစ်များ လာသော မုဒိမ်းမှု များကို လျော့ကျလာစေရန် ရည် ရွယ်ပြီး အမျိုးသား ဆေးဝါးဥပဒေ ဖြင့် အရေး ယူမှုပြုလုပ် မည်ဟု တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ က ပြော သည်။ အထူးစီမံချက်အရ စတင်ပြု လုပ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရဲအုပ်တစ်ဦး ခေါင်းဆောင်သည့် အဖွဲ့တစ်ဖွဲ့က လမ်းမေ တာ် ၁၅ လမ်းရှိ ဆေးဆိုင် တစ်ဆိုင်သို့ ဝင်ရောက်ရှာဖွေရာ Roselyn Fun Joy တံဆိပ်နှင့် Roselyn Virginity Top တံဆိပ်လိင်စိတ်ကြွဆေးများ ကို သိမ်းဆည်းရမိခဲ့သည့်အတွက် အမျိုး သားဆေးဝါး ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

မုဒိမ်းမှုဖြစ်စဉ်အချို့တွင် လိင်စိတ် ကြွဆေးများအသုံးပြုမှုများရှိနေ သည် ကိုတွေ့ရှိရသည့်အတွက် ရဲတပ် ဖွဲ့ မှ ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်ဟု သိရသည်။ တစ်နိုင်ငံလုံးတွင် ၂ဝ၁၂ ဒီဇင်ဘာလအတွင်း ဖြစ်ပွား ခဲ့ေ သာ မှုခင်းများအနက် လူသတ်မှုပြီးလျှင်မုဒိမ်းမှုမှာ အများဆုံးဖြစ်ခဲ့ပြီး အမျိုး သမီး ၆၂ ဦး အဓမ္မကျင့် ခံ ခဲ့ ရသည်။ ထို့အတူ ၂ဝ၁၃ ဇန်နဝါရီလတွင် လည်း အမျိုးသမီး ၅၂ ဦး အဓမ္မ ကျင့်ခံခဲ့ရ သည့်အထဲတွင် ရန် ကုန် တိုင်းဒေ သကြီး၌ အများဆုံးဖြစ်နေ ကြောင်း သိရသည်။

UNFPA မှ ဒေါက်တာနေဝင်းက ”ဒီဆေးတစ်မျိုးတည်းကိုပဲ ဖမ်းဆီး နေမယ်ဆိုရင် ခဏတဖြုတ်ပဲ အဆင် ပြေ မယ်။ ပညာပေးမှရမယ်”ဟု သုံးသပ်သည်။ လိင်စိတ်ကြွဆေးများ ဖမ်းဆီးမှု အပေါ် ၄င်း က ထောက်ခံခဲ့ သော် လည်း လူငယ်များ ရေရှည် သုံးစွဲမှု မရှိစေရန် စီစဉ်သင့်ကြောင်း ထောက်ပြသည်။

Popular Myanmar News Journal

လက်ပန်းတောင်းတောင် ဒဏ်ရာရ ကိုရင် ဆေးရုံက ဆင်းပြီ

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းရာမှာ ဒဏ်ရာအပြင်းအထန် ရခဲ့လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကင်းမောင်းဂွတ် စစ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံနေရတဲ့ အရှင်သဇ္ဖန ကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ကိုရင်အရှင်သဇ္ဖနရဲ့ ခြေသလုံးတွေမှာရရှိခဲ့တဲ့ ဒဏ်ရာကို ပေါင်အရေပြားကနေ အစားထိုးကုသခဲ့ရာမှာ သက်သာလာတာ ဖစ်တဲ့အတွက် ဆေးရုံကဆင်းလို့ရပြီလို့ ပြောတာဖြစ်ကြောင်း မနေ့က သွားရောက်တွေ့ ဆုံခဲ့တဲ့ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီး ဦးမျိုးတင့်က ပြောပါတယ်။

“မနေ့က ဆရာဝန်နဲ့ ကျနော်တွေ့ခဲ့တယ်၊ ကိုရင်လေးအခြေအနေက ကောင်းပါပြီတဲ့၊ ကိုရင်လေးကိုလည်း ကြည့်ခဲ့တယ်၊ ခြေထောက်က အခုတော်တော်လေး ကောင်းသွားပြီ၊ အဲဒီအခါကျတော့ သူတို့ကဆင်းလို့ရ ပါပြီတဲ့ အဲဒီလိုဆိုရင် ကျနော်တို့က သက်ဆိုင်ရာအဆင့်ဆင့်ကို ကျနော်တို့က သတင်းပို့ဖို့ရှိပါတယ်၊ အဲဒီတော့ ခင်ဗျားတို့ စနစ်တကျနဲ့ စာလေး ကျနော်တို့ဆီ တရားဝင်ပို့ပေးပါလို့ ကျနော်ပြောထားခဲ့ တယ်၊ ပြောထားခဲ့တော့ ခုချိန်ထိကတော့ သူစာမပို့သေးဘူးဗျ”

ဆေးရုံက ဆင်းလို့ရပြီဖြစ်တဲ့အတွက် မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံခြားရေးဌာနတို့ကို ဆက်လက်အကြောင်း ကြား လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်လို့လည်း သံမှူးကြီးက ပြောပါတယ်။

ကိုရင်သဇ္ဖနရဲ့ ဒဏ်ရာကို မြန်မာပြည်မှာပြန်ပြီး ဆက်လက်ကုသလို့ရတဲ့ အနေအထားကြောင့် ဆေးရုံက ဆင်းခိုင်းတာဖြစ်ပါတယ်လို့လည်း ကိုရင်ကို အနီးကပ်စောင့်ရှောက်နေတဲ့ အရှင်တေဇောသာရက အခုလိုမိန့်ပါတယ်။

“ဆင်းလို့တော့ရပြီပေါ့နော်၊ ဒါပေမယ့် ဒဏ်ရာက အလျဉ်းကြီးတော့ မပျောက်သေးဘူး၊ ဟိုမှာဆေးရုံမှာ ထားရင် ကောင်းမယ်ပေါ့နော်၊ ဆေးရုံတစ်ရုံရုံမှာ ပြန်ထားရမယ် သူ့ကို လေ့ ကျင့်ခန်း လုပ်ရမယ်ပေါ့နော်၊ အခုဒီမှာလည်း လေ့ကျင့်ခန်း လုပ်ဆဲပေါ့၊ မပြန်ခင်ကြားထဲမှာတော့ သူတို့ကတော့ ပတ်တီးကဖြေပေး မလား မဖြေပေးဘူးလား မပြောတတ်ဘူးဗျ ဦးဇင်းလည်း၊ ကိုရင်က ဆေးရုံက ဆင်းလို့ရှိရင် ပိုးသတ်ဆေး ကာကွယ်တဲ့အကျီ င်္ဝတ်ရမယ်၊ အဲဒီအကျီ င်္က သူတို့နိုင်ငံခြားက မှာရတာလို့ပြောတယ်၊ ဒီထိုင်းနိုင်ငံမှာ မရဘူးလို့ပြောတယ်၊ အဲဒါကို တနှစ်ဝတ်ရမယ် လာမယ့်သောင်္ကြာနေ့ အဲဒီအင်္ကျီရမယ်”

ကိုရင်ဟာ မြန်မာပြည်ကို ဖေဖေါ်ဝါရီလ ၂၅ ရက်လောက်မှာ ပြန်ကြွဖို့ ရည်ရွယ်ထားပြီး၊ ပြန်ကြွရင် မန္တလေး ကို တိုက်ရိုက်သွားပြီး သီတဂူဆရာတော် ဆေးရုံကြီးမှာ ဆက်လက် ကုသမယ်လို့လည်း အရှင်တေဇော သာရက မိန့်ပါတယ်။

ကိုရင်သဇ္ဖနနဲ့အတူ ဆေးဝါးကုသမှုခံယူနေတဲ့ ဆရာတော်ဦးတိက္ခညာဏကတော့ ဆက်လက်ကုသနေ ဆဲ ဖြစ်ပါတယ်။

RFA

ဖားကန့်က စစ်ပြေးဒုက္ခသည်တွေအတွက် ကုလအကူအညီ စတင်ရောက်ရှိ


မြန်မာအစိုးရ စစ်တပ်နဲ့ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ)တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး ပေးပို့တဲ့အကူအညီတွေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဖားကန့်မြို့က ဒုက္ခသည်စခန်းတွေကို စတင် ရောက် ရှိလာပါတယ်။

ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်းတွင်း ဒေသဖက်မှာရှိတဲ့ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေ အတွက် ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။

အရေးပေါ်ပစ္စည်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်း စုစုပေါင်း တန်ချိန် ၉ဝ ကျော်ကို သယ်ဆောင်ပြီး လှူဒါန်းတာဖြစ်တယ်လို့ UNDP ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို ပြောပါတယ်။

အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေရဲ့ တစ်နှစ်ကျော်ကြာ စစ်ရေးပဋိပက္ခ ကာလအတွင်း ကချင်ပြည် နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူ အနည်းဆုံး တစ်သိန်းဝန်းကျင်ရှိတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။

RFA

၂၀၁၄ ကမ္ဘာ့ဖလား Sky Net တွင် တိုက်ရိုက်ကြည့်ရမည်

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် Sky Net ရုပ်/ သံ တို့ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သတင်းစာရှင်းလင်းပွဲ မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများကို မြန်မာပြည်တွင် တိုက်ရိုက် ထုတ်လွှင့်ပြသရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံမှ Sky Net ရုပ်သံလိုင်းတို့ သဘောတူ စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာ့ ဖလားဘောလုံးပွဲ ၆၄ ပွဲစလုံးနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲများအပြင် အခမဲ့ ရုပ်သံလိုင်း (Free to Air) တွင်လည်း အနည်းဆုံး ၂၂ ပွဲ ပြသမည် ဖြစ်ကြောင်း ယနေ့ ရန်ကုန် ကမ်းနားလမ်း ဟိုတယ်တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် Sky Net မှ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။

ကမ္ဘာ့ ဖလားဘောလုံးပွဲများကို သီးသန့် Channel ဖြင့် ထုတ်လွှင့်ရန် မရည်ရွယ်ကြောင်း၊ လက်ရှိ ပြ သနေသော Sky Net အားကစား Channel များမှသာ ပြသမည်ဖြစ်ကြောင်း သိရသော် လည်း ပြသခွင့် အတွက် ငွေးကြေးကိစ္စရပ်များကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

“ဒီ ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး FIFA နဲ့ သဘောတူထားတာ ရှိပါတယ်။ ငွေကြေးပမာဏ ဘယ်လောက်ပေးတယ် ဆိုတာကို ပြောပိုင်ခွင့် မရှိပါဘူး။ ဒါကလည်း ကျနော်တို့ မြန်မာ နိုင်ငံမှ မဟုတ် ပါဘူး။ FIFA နဲ့ သဘောတူ စာချုပ် ချုပ်ထားတဲ့ သူတွေ အကုန်လုံး လိုက်နာရမယ့် စည်းကမ်းပါ” ဟု ဦးဝင်းနိုင်က ပြောသည်။

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် သည် မြန်မာနိုင်ငံ အတွင်းတွင် ၂၀၁၄ ကမ္ဘာ့ ဖလားဘောလုံးပွဲများ ပြသရန် အကောင်းဆုံး ရုပ်သံလိုင်း ဖြစ်သည်ဟု ယုံကြည်သည့်အတွက် Sky Net ကိုရွေးချယ်ခဲ့ရခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ဒါရိုက်တာ မစ္စတာ နီကိုလပ် အယ်ရစ်ဆင်က ပြောသည်။

ထို့အပြင် လာမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို မြန်မာနိုင်ငံတွင် ထုတ်လွှင့်ပြသနိုင်ရန် သီးသန့် ရုပ်/ သံ တင်ဆက်မှုများဖြင့် ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အရင် FIFA က ပေးပို့နေကြ ပုံစံတွေနဲ့မတူဘဲ သီးသန့်ပေးပို့ချက်တွေနဲ့ ထုတ်လွှင့် ပြသနိုင်အောင် လုပ်သွားမှာပါ။ အဲဒီ အတွက်လည်း လာမယ့် ကမ္ဘာ့ဖလားပွဲကို တမူထူးခြားတဲ့ပုံစံနဲ့ ထူးခြားတဲ့အရသာနဲ့ ခံစားရတော့မှာပါ ” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် Sky Net ရုပ်သံလိုင်းတွင် ဥရောပ နိုင်ငံများမှ လိဂ် ပြိုင်ပွဲကြီးများ၊ ဥရောပ ကလပ်များ ယှဉ်ပြိုင်သည့် ချန်ပီယံလိဂ်ဖလား ပြိုင်ပွဲများအပြင် အာရှလိဂ်ပြိုင်ပွဲများ၊ ဘရာဇီးလိဂ် ဖလား ဘောလုံး ပွဲများကိုလည်း ထုတ်လွှင့် ပြသလျှက်ရှိပြီး ၎င်းသည် ရွှေသံလွင်ကုမ္ပဏီပိုင် ရုပ်သံလိုင်း တခု ဖြစ်သည်။

ထို့အပြင် Sky Net ရုပ်သံလိုင်းမှ ၂၀၁၃ ခုနှစ် FIFA U – ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ ၂၀၁၃ ခုနှစ် FIFA U – ၁၇ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ ၂၀၁၃ ခုနှစ် FIFA သဲသောင်ပြင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ ၂၀၁၄ ခုနှစ် FIFA U - ၁၇ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ ၂၀၁၄ ခုနှစ် FIFA U – ၂၀ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ များကိုလည်း ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း Sky Net မှ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။

“ကျမအနေနဲ့ မြန်မာပြည်သူတွေ ဘရာဇီးနိုင်ငံကို လာလည်ကြဖို့နဲ့ ဒီ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဘရာဇီးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု အဆိုပါ ပွဲသို့တက်ရောက် လာသော ဘရာဇီး နိုင်ငံသူ မစ္စ ဒန်နီယဲလားက ပြောသည်။

http://www.mnews.myanmaronlinecentre.com/archives/21490

သင်္ဘောနစ်မြုပ်မှုအတွင်း မြန်မာနိုင်ငံသား ၁၄ ဦး ပျောက်ဆုံးနေဆဲ

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (နိုဝင်ဘာ ၂၀၀၇)

ဖိလစ်ပိုင်နိုင်ငံအနီး နစ်မြုပ်သွားခဲ့တဲ့ ကုန်တင်သင်္ဘောပေါ် က ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား ၁၄ ယောက်ကို ၂ ရက်လောက် ကြာလာတဲ့အချိန်အထိ ပြန်ရှာလို့ မတွေ့သေးဘဲ ဖြစ်ပါနေ တယ်။ အသက် ရှင် လွတ်မြောက်လာတဲ့ မြန်မာသင်္ဘောသားတွေ ကတော့ ဖိလစ်ပိုင်နိုင်ငံကတဆင့် မြန်မာနိုင်ငံ ကို ပြန်ဖို့ ပြင်ဆင်နေကြပါပြီ။ သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်လို့ အသက်မသေ ကျန်ရစ်သူတွေ ကိုယ် တိုင် ပြောပြချက်တွေနဲ့အတူ ဆက်သွယ်စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက် က အပြည့်အစုံ တင်ပြထား ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ဦးတည် မောင်းနှင်လာတဲ့ MV Harita Bauxite ကုန်တင်သင်္ဘောမှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်ထဲက ပျောက်ဆုံးနေသူ ၁၄ ယောက်ကို ဆက်လက် ရှာဖွေနေဆဲပဲလို့ သင်္ဘောရဲ့ ရန်ကုန်ကိုယ်စားလှယ်ရုံးဖြစ်တဲ့ Sam Sea Ray ကုမ္ပဏီ တာဝန်ခံ ဦးဝင်းဌေး က ဗွီအိုအေ ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ မိနစ်ပိုင်းလောက်က ပို့ထားတဲ့ သတင်းအရကတော့ပေါ့နော် သူတို့ ရှာဖွေနေတာ မရပ်သေးပါဘူးခင်ဗျ”

မေး။ ။ ကယ်လိုရတဲ့ ၉ ယောက်ထဲက ၂ ယောက်က ဆေးရုံမှာ အခုထိ ရှိနေတုန်းလား ရှင့်။

“ဆေးရုံမှာ ဟုတ်ကဲ့ ၂ ယောက်က ၂ ယေက်က Fitter ချိုအေးနဲ့ သန့်စင်မိုး”

မေး။ ။ နောက် ၇ ယောက်ကရော သူတို့ ဘယ်မှာရှိနေလဲ။

“သူတို့က လောလောဆယ် ဟိုတယ်မှာရှိနေပါတယ်ခင်ဗျ။ End of the Road Inn ဆိုတဲ့ ဟိုတယ်မှာပါ။ ဟိုတယ်မှာရှိနေတာက ၇ ယောက်၊ ဆေးရုံပေါ်မှာက ၂ ယောက်ပေါ့နော်။ အဲဒီမှာ ရှိတာ ၇ ယောက် ဆေးရုံမှာ ၂ယောက်ပေါ့နော်။ ရှိတာက Chief Officer ကြည်ဝင်း၊ နောက် 3rd Officer ခင်မောင်ဝင်း၊ နောက်တယောက်က 2nd အင်ဂျင်နီယာ ခင်မောင်ဝင်း၊ နောက် AB အောင်သူဝင်း၊ နောက်တယောက်က AB ၀င်းစော၊ AB ရဲမြင့်ဌေးက ပျောက်နေတဲ့ အထဲမှာ ပါတယ်။ နောက်တယောက်က ၀င်းမင်းသိန်း OS၊ နောက် Oiler အောင်သန်းဝင်း”

အသက်ရှင်ကျန်ရစ်သူတွေထဲက 2nd အင်ဂျင်နီယာ ဦးအောင်ကျော်ခိုင် က သင်္ဘောနစ်မြုပ်ရတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ သင်္ဘောရောက်နေတဲ့ ဧရိယာက ဗမာလိုတော့ ဆွဲ လို့ခေါ်တာပေါ့။ ရေလှိုင်း swell က အရမ်းကြီးတဲ့ နေရာကြီးပေါ့။ တကယ်က common swell ဧရိယာမှာ ကျွန်တော်တို့ ရှိတယ်။ အဲ့ဒီအချိန်မှာ စက်ခန်းက အင်ဂျင်ကလည်း trouble ဖြစ်ပြီးတော့၊ အင်ဂျင်ချို့ယွင်း သွားတာပေါ့နော်။ အဲ့ဒီတော့ အင်ဂျင်ကို ကျွန်တော်တို့ ရပ်လိုက်ရတယ်။ ပြင်ဆင်ချိန် ၂ နာရီလောက် ကြာသွားတာပေါ့။ ကာဂို (Cargo) ကလည်း အထူး loading ကာဂိုပေါ့၊ သင်္ဘောက နဲနဲ စောင်းသွားတယ်ခင်ဗျ။ ၅ ဒီဂရီလောက် စောင်းသွားတယ်။ အင်ဂျင်ကို ပြင်ပြီးတော့ ကျွန်တော်တို့ ပြန်ထွက်မယ်ဆိုပြီး အင်ဂျင်ကို စနှိုးမယ် ပြင်တဲ့အချိန်မှာ သင်္ဘောကြီးက ၂၅ ဒီဂရီလောက် စောင်းသွားတယ်ခင်ဗျ။ စောင်းသွားပြီးတော့ ၅ မိနစ်အတွင်းမှာပဲ တခါထဲ တုံးလုံးကြီး လဲသွား တယ်။ အမှန်တော့ စောင်းလိုက်တဲ့အချိန်မှာ လှိုင်းက ရိုက်လိုက်တော့ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ဆီမှာ ကရိန်းတွေ ပါတော့ အဲ့ဒီကရိန်းတွေကလည်း တခါထဲကို ဘယ်ဘက်ကိုပါ စောင်းပြီးတော့ တခါထဲကို တုံးလုံးလှဲချလိုက်သလို အဲ့ဒီလို တန်းဖြစ်သွားတာပါ။ ၇ မိနစ်အတွင်းမှာပဲ တခါထဲ တန်းမြုပ်သွားတာ သင်္ဘောကြီးက။”

မေး။ ။ အသက်ရှင် ပြန်လွတ်လာတဲ့ အခြေအနေလေး ပြောပြပါဦး။

“ကျွန်တော်က အင်ဂျင်ခန်းက ၀န်ထမ်းဆိုတော့ ကျွန်တော် သင်္ဘော ၂၀ ဒီဂရီလောက် စောင်းနေ တဲ့အချိန်မှာ ကျွန်တော် တက်ပြေးသွားတယ်။ စက်ခန်းကိုလည်း လှည့်မကြည့်နိုင်တော့ဘူး။ လွတ်တဲ့အပေါက်ကို ထွက်ပြေး သွားပြီးတော့ ဘောတကွင်းကို ဆွဲပြီးတော့ ရေထဲ တခါတည်း ခုန်ဆင်းသွားတာ။ အသက်ကယ် ဖောင်နဲ့ သွားတွေ့တာပေါ့။ အသက်ကယ်ဖောင်နဲ့ မျှောပြီး သွားတော့ တခါတည်း သင်္ဘောကြီးက အဲ့ဒီအချိန်မှာ မြုပ်သွားတာပေါ့။ လွတ်လာတာ ၁၀ ယောက်ပေါ့၊ ၁၀ ယောက် မှာ ကျွန်တော်တို့ ဖောင်အဖွဲ့ထဲမှာ ၆ ယောက်၊ နောက် အသက်ကယ် ဘောနဲ့ သူတို့ ကူးနေတာက ၃ ယောက်၊ နောက်ဆုံးသွားတဲ့ Chief Cook စားဖိုမှူးက ၁ ယောက်ရယ်ဆိုတော့ အားလုံး စုစုပေါင်း ၁၀ ယောက်ပေါ့။”

မေး။ ။ ဆုံးသွားရတဲ့သူက ဘယ်လိုပုံစံနဲ့ ဆုံးသွားတာပါလဲရှင့်။

“ဒီည ၁၀ နာရီမှာ သင်္ဘောနစ်တယ်။ မနက် ၈ နာရီမှာ တရုတ်သင်္ဘော တစင်းက လာကယ်တယ်။ ၁၀ ယောက် ကယ်ဆယ်ရေး သင်္ဘောပေါ် ရောက်တယ်။ အဲ ရောက်တဲ့ ၅ မိနစ်လောက်အတွင်းမှာ ဒီ ကိုမြင့်အောင် chief cook ကြီးက ဆုံးသွားတယ်။ သူ့ဘော်ဒီကို စစ်ဆေးတော့ နောက်ကျော မှာ ဟောင်းလောင်းကြီး ငါး အကိုက်ခံ ထားရတယ်အမ။”

မေး။ ။ ဖိလစ်ပိုင်ကမ်းခြေကို ဘယ်လိုရောက်လာလဲ ပြောပြပေးပါအုံး။

“ည သင်္ဘော ၁၀ နာရီမှာ မြုပ်တယ်ဆို ဆယ်နာရီကနေ မနက် ၈ နာရီအထိ ကျွန်တော်တို့ကတော့ အသက်ကယ်ဖောင်နဲ့ မျောနေတာပေါ့။ မနက်ခင်းမှာ တရုတ်သင်္ဘောက လာကယ်တယ်။ ညနေ ၄ နာရီလောက်ကျတော့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ် (Coast Guard) က ကျွန်တော်တို့ကို လာခေါ်သွားတာပေါ့။ သူတို့ ကျွန်တော်တို့ကို စောင့်ရှောက်ထားပါတယ် အခု။”

မေး။ ။ ဖိလစ်ပိုင် ဘယ်မြို့မှာ ရောက်နေလဲရှင့်

“ဒီကျွန်းမြို့တမြို့ပဲ”

မေး။ ။ အခု ပျောက်ဆုံးနေတဲ့ ၁၄ ယောက်ရဲ့ အခြေအနေ ဘယ်လို ရှိမယ်လို့ ကိုအောင်ကျော်ခိုင် ခန့်မှန်းပါလဲ။

“ခန့်မှန်းလို့တော့ မရဘူးဗျ။ ကိုယ်ကလည်း အသက်လုပြီးတော့ ပြေးလာတယ်ဆိုတော့ ကိုယ့်လိုလည်း ပြေးတဲ့လူလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဖြစ်တဲ့အချိန်ကလည်း ည ၁၀ နာရီ ဆိုတော့ မှောင်နေတဲ့ အချိန်ပေါ့။ သိပ်မမြင်ရဘူး။ တယောက်နဲ့တယောက် ကျတော့လေ။ ဒီနေ့ဆို သုံးရက်မြောက်ပေါ့။ ရှာဖွေဆဲပါပဲ။ ဒီမှာတော့လေ။ လောလောဆယ်ကတော့ တယောက်မှ ရှင်နေရက်သော်လည်းကောင်း၊ သေဆုံးတဲ့ အလောင်းကိုသော်လည်း မတွေ့သေးပါဘူး။ ရှာဖွေဆဲပါတဲ့ Coast Guard က ကျွန်တော်တို့ကို အကြောင်းကြားပေးပါတယ်။”

မေး။ ။ တချို့သတင်းတွေမှာ သူတို့က မရှာတော့ဘူးလို့ ပြောနေကြပါတယ်။

“အဲ ရှာနေပါတယ်ခင်ဗျ။ ရှာနေတယ်။ ဒီနေ့ မနက် ဒီနေ့ ကျွန်တော်တို့က နေ့ခင်း ၁ နာရီလောက် အထိက ရဟတ်ယာဉ် (Helicopter) ရော၊ Navy ရေတပ်ရောက ရှာနေပါတယ်။ ကျွန်တော်တို့ သိပါတယ်။”

မေး။ ။ စက်ပြင်နေတယ် ဆိုတော့ အင်ဂျင်ခန်းရဲ့ အတွင်းခန်းထဲမှာ ရှိနေတာဆိုတော့ သင်္ဘောမြုပ်ရင် သူတို့ ပါသွားနိုင်တဲ့ သဘောမျိုးများ ရှိလားရှင့်။

“တကယ်လို့ ရှိခဲ့ရင် ပါသွားနိုင်ပါတယ်။ ကျွန်တော်လည်း အင်ဂျင်ခန်းထဲကပါ။ ကျွန်တော်လည်း တက်ပြေးလာတာပါ။”

မေး။ ။ မြန်မာနိုင်ငံကို ဘယ်တော့လောက်များ ပြန်ပို့နိုင်မယ်လို့ သံရုံးက ပြောလဲရှင့်။

“သံရုံးဝန်ထမ်းတွေလည်း ဒီမှာ ရောက်နေပါတယ်။ ဒီည ဒီမှာ လ၀က ကိစ္စတွေ၊ နောက် စာရွက်စာတမ်း ကိစ္စတွေ အကုန်ပြီးပြီလို့ ဆိုပါတယ်။ ဒီဒဏ်ရာရသူ ၂ ယောက် ဆေးရုံက ဆင်းနိုင်လို့ ရှိရင်တော့ ကျွန်တော်တို့ ဒီညကို မနီလာ သွားဖို့ အစီအစဉ် ရှိပါတယ်။”

အသက်မသေဘဲ ကျန်ခဲ့သူတွေထဲက တဦးဖြစ်တဲ့ ဦးအောင်ကျော်ခိုင် ပြောပြခဲ့တာဖြစ်ပါတယ်။

VOA

ပုဂ္ဂလိက လုပ်ငန်းများအား ဦးတည်၍ လှုံ့ဆော်သူအချို့အပေါ်အစိုးရမှ မည်သည့်အတွက် အရေးမယူကြောင်းဇေကမ္ဘာဦးခင်ရွှေမေးခွန်းထုတ်


မြေသိမ်းမှုများ၌ အမှန်တ ကယ်သိမ်းယူသော အိုးအိမ်ဦးစီး ဌာနအား ရည်ရွယ်ဦးတည်ခြင်း လုံးဝမရှိဘဲ ယင်းအိုးအိမ်ဦးစီးဌာန မှ လုပ်ကိုင်ခွင့်ပြန်ချပေးသော ပုဂ်္ဂလိကလုပ်ငန်းများအား ပြည်သူ များမှအထင်လွှဲမှား လာစေရန် ရည်ရွယ်၍နိုင်ငံရေးလှုံ့ဆော်သူ အချို့ရှိနေပြီး။ယင်းသို့သော နိုင်ငံ ရေးလှုံ့ဆော်သူအချို့အား အစိုးရ မှ မည်သည့်အတွက်ကြောင့် ထိရောက်စွာ ထိန်းသိမ်းအရေး ယူခြင်းမပြုရကြောင်း ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေမှမေးခွန်း ထုတ်ပြောကြားလိုက်သည်။

““ကျွန်တော်အနေနဲ့နိုင်ငံရေး တိုက်ကွက်ကြီးကိုကောင်းကောင်း ခံနေရတယ်။ပြောရရင်နိုင်ငံရေး လှုံ့ဆော်နေသူတွေက နည်းနည်း လေးပါ အဲဒီမှာရန်ကုန်မှာဆို နေမျိုးဝေနဲ့ဝင်းချို အဲဒီလူတွေကို ထိန်း လိုက်ရင် ဒီကိစ္စကပြတ်ပြီ သူတို့က နည်းနည်းဆို ဇေကမ္ဘာ မြေသိမ်းတယ်။ ဇေကမ္ဘာမတရား လုပ်တယ် ဆိုပြီး လှုံ့ဆော်ကြတာ ဇေကမ္ဘာမတရားလုပ်တာ ဘာမှ မရှိပါဘူး။

ဒီရက်ထဲမှာ နေမျိုးဝေ က စာအုပ်ကြီးထုတ်လိုက်တာ အဲဒီမှာ ဇေကမ္ဘာက မတရားလုပ် တယ်ဆိုပြီး ပါရော ဇေကမ္ဘာမတရား လုပ်တာလုံးဝမရှိပါဘူး။

နည်းနည်း ဆို ခင်ရွှေ၊ ဇေကမ္ဘာ၊ခရိုနီ လွှတ် တော်ကိုယ်စားလှယ်ပြီးတော့ အကြောင်းကြောင်းတွေလည်းရှိ တယ်။ အဓိကက လှုံ့ဆော်နေတဲ့ သူ ၄ယောက်လောက်လိုပါ ဒီ လေးယောက်လောက်ကို နိုင်ငံ တော်က ဘာကြောင့် မထိန်းနိုင် သလဲဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့မရဘူးဗျာ””ဟု ဇေကမ္ဘာ ဦးခင်ရွှေမှ လွှတ်တော်လယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်းခံ ရမှုစုံစမ်းရေးကော်မရှင်နှင့်လုပ်ငန်း ရှင်များတွေ့ ဆုံပွဲ၌ ပြောကြားသွား ခဲ့သည်။

ဇေကမ္ဘာဦးခင်ရွှေ ရှေ့မှ ဆက်လက်ပြောကြားရာ၌ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၄၌ ယခင်အစိုးရလုပ် ထားဆောင်ရွက်ထားသည်များ အား ယခုအစိုးရမှ ဃသမလေ ပြုရ မည့် သဘော ရှိကြောင်း လက်ရှိ လုပ်ငန်းစီမံကိန်းများမှာ ယခင် အစိုးရလုပ်ထားတာ လုပ်ငန်းများ ဖြစ်သည့်အတွက် ယခုအစိုးရမှ ဃသမလေ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း နှင့်ယင်းသို့ နိုင်ငံရေးလှုံ့ဆော်မှု များ၊ လယ်သမား များအား မြှောက် ပင့်နေမှုများနှင့်အခြားသောကိစ္စ များအတွက် မိမိအနေဖြင့် တရား စွဲဆိုထားသော အမှုပေါင်း၂၀ခန့် ရှိနေပြီး ယင်းအမှုများအားလည်း တရားရုံးများမကိုင်ရဲ၊ရဲစခန်းမှလည်း ဘာမှမလုပ်ပေး သည့်အတွက် တရားဥပဒေစိုးမိုးရေးဟူသည်မရှိ တော့ပြီလားဟု ထပ်မံမေးခွန်း ထုတ်ပြောကြားသွား ခဲ့သည်။

http://www.hotnewsweekly.com/archives/17446

ဦးအောင်မင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နှင့် UNFC ပထမဆုံး အကြိမ် တွေ့ဆုံ့မည်


ပြည်ထောင်စု မြန်မာနိုင်ငံ ငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဦးေ အာင် မင်း ဦးဆောင် သောအဖွဲ့နှင့် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့သည် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်း မိုင်မြို့တွင် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြမည်ဖြစ် ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမည့်အချက် ထဲတွင် မကြာသေးမီ ရက်ပိုင်း အထိ တိုက်ပွဲများဖြစ်ပွားလျက် ရှိ သည့် ကချင်ပြည်နယ်အရေးကို လည်း ထည့်သွင်းဆွေးနွေးသွား ရန်ရှိကြောင်းကိုလည်း ယခုဆွေး နွေးပွဲနှင့် နီးစပ်သော အသိုင်း အ၀ိုင်းမှ ထွက်ပေါ်လာသော သတင်းများအရ သိရသည်။ ယခု သတင်းေ ရး သားနေသောဖေဖော် ၀ါရီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်း တွင် ၀န်ကြီးဦးအောင်မင်းနှင့် အဖွဲ့ဝင်များ သည် (UNFC) အဖွဲ့ မှ အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့် သီးခြားစီအကြိုတွေ့ဆုံပွဲများ ပြု လုပ်ခဲ့ကြောင်းနှင့် ရှမ်းပြည်နယ် တပ်မတော်တောင်းပိုင်းအဖွဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ရွက် ဆစ်ဦးဆောင်သော အဖွဲ့နှင့် ၁နာရီခွဲကြာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည် တပ်မတော်တောင်ပိုင်း၏ ပြောရေး ဆိုခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ““နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ကိစ်္စတွေ ဆွေးနွေးဖြစ်ကြပါ တယ်။ ရှေ့ ဆက်ပြီးေ တာ့ ဘယ် လိုသွားမလဲ၊ ဒီအတောအတွင်းမှာ ကျွန်တော်တို့လိုတဲ့ ငြိမ်းချမ်း ရေးကို တိုင်းရင်းသားပြည်သူ အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေး ပွဲမျိုးဖြစ်လာအောင် ဘယ်လို သွားကြလဲ ဆိုတာကို ဆွေးနွေး ဖြစ် ပါတယ်၊ နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးပွဲမဖြစ်ပေါ်ခင်မှာ ပြဿ နာပေါင်းစုံ ကို ငြိမ်းချမ်းတဲ့ နည်း လမ်းနဲ့ ၀ိုင်းဝန်းဖြေ ရှင်းဖို့ တွေ့ဆုံ ဆွေးနွေးတာလဲဖြစ်တယ်။ အစိုး ရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့ အခါ ပြည်သူဆန်္ဒ သဘော ထားပေါ် အခြေခံတဲ့ မူဝါဒအရ ဆွေးနွေး သွားမယ်လို့ ပြည်သူလူထုရဲ့ သဘောဆန်္ဒနဲ့ အညီ နိုင်ငံရေး ဆွေးနွေးသွားမယ်လို့ ပြောထား တယ်။

ပြည်သူတွေ့ရဲ့ ဆန်္ဒက တန်းတူညီမျှရေးဖြစ်တယ်။ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စစ်မှန် တဲ့ ပြည် ထောင်စု၊ နောက်ငြိမ်းချမ်းရေး ပေါ့။ အဲဒီလေးချက်ကို အခြေခံ ထားတယ်။ တချို့ ကလည်း ပြောတယ်။ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး သွားကြမယ်လို့ ပြော ကြတယ်။ နိုင်ငံရေးေ ဆွးနွေးပွဲ မတိုင်ခင်မှာ အာဏာပိုင်နဲ့ ပြည်သူအကြား၊ ရှမ်းပြည်တပ်မ တော်နဲ့ အာဏာပိုင်တွေအကြား မလိုလား အပ်ဘဲ ဖြစ်ပွားနေတဲ့ အသေးအဖွဲ့ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အရင်ဖြေရှင်း ဖို့ကို လည်းေ ဆွးနွေး ခဲ့တယ်လို့ ပြောပြခဲ့တယ်။

ဥပမာ အပစ် အခတ်ရပ်စဲထားတဲ့ ရှမ်းပြည် တပ်မတော်ေ တာင်း ပိုင်းနဲ့ ဆက် သွယ်တဲ့ ပြည်သူတွေကို အစိုးရ က အရေးယူမှုလုပ်တာတွေကို ဆက်မလုပ်ဖို့နဲ့ ဒီလုပ်ဆောင် ချက်ဟာ သူတို့ရဲ့ နယ်မြေ ဖွံ့ဖြိုး ရေးလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်း တွေမှာ အဟန့်အတားဖြစ်စေ တယ်လို့ ဗိုလ်မှူး ဆိုင်းလောဝ်ဆိုင် က ပြောပါသည်။

ယခုအလွတ် သဘောတွေ့ဆုံပွဲတွင် ၀န်ကြီး ဦးအောင်မင်းက ဒုတိယဗိုလ်ချုပ် ကြီး ရွက်ဆစ်နှင့် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ အဖွဲ့ဝင်များကို နေပြည်တော်သို့ အလည်အပတ်ဖိတ်ခေါ် ခဲ့ကြောင်း လည်း ပြောပြသွားခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စတွင် UNFC အနေနှင့်သာ ဆွေးနွေး လိုသည်ဟုဆိုထားသည်။

UNFC သည် KIO အစရှိသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သော အဖွဲ့(၁၁)ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်ပြီး လက်ရှိဥက္ကဋ္ဌမှာ KIA မှ တာဝန်ယူထားသည်။ သို့သော် ၂၀-၂-၂၀၁၃ ရက်နေ့ ဆွေးနွေးပွဲ ၌ ကချင်ကိုယ်စားလှယ် ပါဝင် ခြင်းမရှိဟု သတင်းများ ဖြစ်ပေါ် လျက်ရှိ သည်။

Hot News

ကျွန်တော်တို့ဟာ တိုင်းပြည်ကို မျက်လှည့်ပြရန် အကြောင်း မရှိပါဘူးဟု ဆိုသည့် စွမ်းအင်ဝန်ကြီး

ဒေသဆိုင်ရာအာဏာပိုင်တွေကို မပိတ်ပါနဲ့ လုပ်ခွင့်ပေးလိုက်ပါ။ဖွံ့ဖြိုးရေးအတွက်ရှိပါစေ။
သမ္မတကြီးရဲ့ လမ်းညွှန်မှုပါဟုဆိုသည့် စွမ်းအင်ဝန်ကြီး

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေး (၁၂)ရက်မြောက်နေ့ တွင် မော်လိုက် မဲဆန္ဒနယ်မှ ဦးသောင်း က မော်လိုက်ရဲ့အရှေ့ခြမ်းမှာ ရှိတဲ့ အင်းတော်ဒေသက ရေနံ လက်တွင်း ထုတ်လုပ်မှုတွေနှင့် ရှမ်းပြည်နယ်မဲဆန္ဒနယ်မှာ ဦးနေ၀င်းထွန်းက ရေနံလုပ်တဲ့ လုပ် ကွက်ကို ကုမ္ပဏီတစ်ခုတည်းကို ဧရိယာအကျယ်ကြီးမပေးဘဲနဲ့ လူအများစု လုပ်ကိုင်ဆောင်ရွက် နိုင်အောင် လုပ်ကွက်အရွယ် အစား ပုံသေသတ်မှတ်ပြီး လုပ် ကိုင်ဖို့ ပေးသင့်ကြောင်း တင်ပြ လာခြင်းအား စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသန်း ဌေးက ပြန်လည်ဖြေကြားသွား ကြောင်း သိရှိရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ရေနံတူးတဲ့ကိစ္စဟာ မြေပေါ် ကနေ ပေ ၈၀၀၊ ၁၀၀၀ လောက် အထိ ရေ နံတူး တာတွေ ရှိပါ တယ်။ နှစ်ပေါင်းများစွာကတည်း က အပေါ်ယံကြောတွေမှာ တူး လာတဲ့ ပုဂ်္ဂိုလ်တွေဟာ ကိုယ့် သဘောနဲ့ကိုယ်ပဲ တူးနေတာတွေ ရှိပါတယ်။ ယခင် န၀တ လက် ထက်မှာရော အခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်း ချက်ပါတဲ့အတိုင်းရောမှာ ရေနံ ထုတ်လုပ်မှုများဟာ တကယ် တော့ စွမ်းအင်ဝန်ကြီးဌာန တစ်ခု တည်းကပဲ လုပ်ပိုင်ခွင့်ရှိတာ ဖြစ် ပါတယ်။

သို့သော် ယခင်အစိုးရ လက်ထက်မှာ သူ့ဟာသူ အဆင် ပြေနေတယ်။ ဒေသရဲ့ စွမ်းအင် လိုအပ်ချက် ကျေးလက်မီးလင်း ရေး ဒီကိစ္စအတွက် လက်ယက် တွင်းများကို စွမ်းအင်နဲ့ ၀န်ကြီး ဌာနက ကြီးကြပ်ကွပ်ကဲပေးပါ ဆိုတဲ့ လမ်းညွှန်ချက်နဲ့ စွမ်းအင် ဌာနကပဲ လုပ်ကွက်တွေ သတ် မှတ်ပေးပါတယ်။ လုပ်ကွက် သတ်မှတ်ပေးပြီးတော့ အဲဒီ လုပ် ကွက်တွေအပေါ် စိစစ်ခြင်းကို ၀န်ကြီးဌာနက မလုပ်ပါဘူး။ သက်ဆိုင်ရာလုပ်ကွက်ကို ရှာလို တဲ့ပုဂ်္ဂိုလ်ဟာ နယ်မြေမှာ သူ့ လုပ်ကွက်ကို သူရှာပါတယ်။ သက်ဆိုင်ရာ မြို့နယ်တိုင်းဌာနကို ဒီနေရာမှာ ကျွန်တော်တို့ လုပ်ချင် ပါတယ်ဆိုပြီး တင်ပြပါတယ်။ အဲဒီလို တင်ပြလာတဲ့ အရာတွေ ဟာ ကျွန်တော်တို့ စွမ်းအင်ဌာန ကို ရောက်လာပါတယ်။ ကျွန် တော်တို့ဟာ တိုက်ရိုက်ခွင့်မပြုပါ ဘူး။ ဘာကြောင့် ခွင့်မပြုသလဲ ဆိုရင် သူတူးမယ့်နေရာက လယ် မြေလား၊ ယာမြေလား။ ကျောင်း ကန်ဘုရားမြေလား။ စီမံကိန်း မြေလားဆိုတာက မြို့နယ်ခရိုင် တိုင်းကပဲ သိတာလေ။ အဲဒီမှာ ရှိတဲ့ နယ်ခံသူတွေကပဲ အခိုင် အမာအထောက်အထား တောင်း ရတာလေ။ ၀န်ကြီးဌာနအနေနဲ့ ကတော့ ရောက်လာတဲ့လျှောက် လွှာကို စိစစ်တယ်။ လိုင်စင်လုပ် ပေးတယ်။ ကျသင့်ငွေ ယူပါ တယ်။ ကျသင့်ငွေဆိုတာလည်း အင်မတန်မှ နည်းပါတယ်။ လိုင် စင်ကတ်ဆိုရင် ကျပ်၁၀၀၀၀၊ လိုင် စင်တို့ဆိုရင် ကျပ် ၅၀၀၀ ပါပဲ။ ဒီလောက်ေ လး နဲ့ ဆောင်ရွက်ပေး နေတာပါ။

ဦးသောင်းရဲ့ အကြံ ပေးချက်ဟာ အင်မတန်မှကောင်း ပါတယ်။ သို့သော် ရေ နံ ချက်တဲ့ နည်းလမ်းဟာ အင်မတန် ခက်ခဲ ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းများ ဟာ ရေနံကို မချက်နိုင်ပါဘူး။ ယခင် အစိုးရတုန်းကတော့ ရေနံ လုပ်ခွင့်ကို ပေးလိုက်ပါတယ်။ သို့ သော် ထွက်လာတဲ့ ရေနံစိမ်းကို တော့ စွမ်းအင်ဝန်ကြီး သွင်းရမယ် လို့ ပါပါတယ်။ သွင်းသူကို ရေနံ တစ် ဂါလံ အပ်လို့ရှိရင် ၀န်ကြီးဌာနက စက်ရုံက ချက်လုပ်တဲ့ ရေနံဂါလံ ၀က် ပြန်ပြီးတော့ ပေးတဲ့စနစ်နဲ့ လုပ်သော်ငြားလည်း ဒီစီမံချက်ကို လပိုင်းအတွင်းမှာပဲ ဖျက်လိုက်ရ ပါတယ်။ ဘယ်သူမှ မှန်မှန်ကန် ကန် မအပ်ပါဘူး။ ဒါကြောင့် ၀န်ကြီးဌာနက တူးဖော်ခွင့်သာ ပေးခဲ့ရပါတယ်။

သို့သော် တချို့ နေရာ ဒေသတွေဟာလည်း လိုက်နာမှုမရှိတဲ့အတွက် ဒီ အတိုင်းထားရတာလည်း ရှိပါ တယ်။ ခုနက ကိုယ်စားလှယ်ကြီး တစ်ဦး ပြောသလိုပါပဲ။ တစ်ဦး တည်းက လုပ်ကွက်တွေ အများ ကြီးလုနေတယ်ဆိုတော့ ကျွန် တော်တို့အနေနဲ့ လုပ်ကွက်တွေ အသေးစိတ်စိစစ်ပြီးတော့ လုပ် ကွက်တွေ အတတ်နိုင်ဆုံး အကောင်အထည်ပေါ်မှာပါ။

ထပ်ပြီးတော့ ပြောလိုတာက ဒါ တွေကို ကျွန်တော်တို့ ၀န်ကြီးဌာန က လုပ်ပိုင်ခွင့်ရှိလို့ ဥပဒေအရ လုပ်ခွင့်ရှိလို့ ထိပ်ကနေပြီး တာဝန် ခံပြီးလုပ်ရပေမယ့် တကယ်တမ်း ကျတော့ နယ်မြေအသီးသီးကို ကွပ်ကဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အသေးစိတ်ကိုတော့ ဒေသ အာဏာပိုင်တွေ ကသာ နိုင်နိုင် နင်းနင်း လုပ်နေကြတာပါ။ နိုင်ငံ တော်သမ္မတကြီးကလည်း သူတို့ ကို မပိတ်ပင်ပါနဲ့။ အရက်ချက် သလို မဟုတ်ဘူး။ ထွက်လာတဲ့ ဆီက ဒေသတွင်းမှာပဲ နောက်ပြီး တော့ ဖွံ့ဖြိုးတွေမှာသုံးနေတဲ့ အတွက် အလုပ်ဖြစ်အောင် လုပ် ပေးပါ။ သက်ဆိုင်ရာ အာဏာပို င် တွေကို ပေး လို့ရမလားဆိုလို့ ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ဥပဒေဘောင်ဝင်အောင် လုပ် ထားရပါတယ်။

လွှတ်တော်ကိုယ် စားလှယ်တစ်ဦး တင်ပြတဲ့အထဲ မှာ ကျွန်တော်တို့ဌာနဟာ အမြတ်ငွေ အများကြီး ရနေတယ် လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ သို့သော် ၁ ကျပ် ရင်းရင် ၄၅ ပြား မြတ်ပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ရန် မလိုအပ်ပါကြောင်း။ ကျွန်တော် တို့ မျှော်မှန်းထားတဲ့အတိုင်း ရငွေသုံးငွေ လွှတ်တော်က လည်း သိပါတယ်။ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးပြောသလို ကျွန် တော်တို့ဟာ တိုင်းပြည် ကို မျက် လှည့်ပြ ရန် အကြောင်းမရှိပါဘူး။ တိုင်းပြည်တွင် မကပါဘူးဗျ။ ကမ္ဘာကိုလည်း လိမ်ညာစရာ အကြောင်းမ ရှိ ပါဘူး””ဟု ၁၉-၂-၂၀၀၃ ပြည်ထောင်စုလွှတ်တော် တွင် ဖြေကြားခဲ့ပါသည်။

Hot News

ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)

 












ဓာတ်ပုံ... ကားနေရာအခက်အခဲကြောင့် ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍
ကားParking နေရာရယူကြပုံ တချို့

သမ္မတကြီး ဦးသိန်းစိန်ခင်ဗျား...

သမ္မတကြီးနှင့် အစိုးရအဖွဲ့သည် clean government, good governance ဖြစ်ဖို့ ကြီးစားနေသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း ပြည်သူများက ယုံကြည်နေကြပါသည်။

သို့သော် ထိုယုံကြည်ချက်များအား ဖျက်လို ဖျက်ဆီးပြုမည့်သူများက သမ္မတကြီးတို့အစိုး အဖွဲ့အတွင်း၌ ရှိနေကြပါသည်။ ၎င်းအတွင်းလူများကြောင့် သမ္မတကြီးတို့ အစိုးရအဖွဲ့သည် တဖြည်းဖြည်းနှင့် အမည်းစက်များ များလာသည်ကို တွေ့လာရပါသည်။ ထိုလူများသည် သမ္မတကြီးတို့ အစိုးရအဖွဲ့၏ သားသမီး၊ ဆွေမျိုးတစ်စုပင် ဖြစ်ပါသည်။

ဥပမာပြရသော် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လူစုလူဝေးများဖြင့် မင်းမဲ့စရိုက်ဆန် စွာပြုလုပ်ခဲ့ကြသော အမှုများမှာအင်းယားလိတ် ညကလပ်တွင် ကားဖြင့်တိုက်ခဲ့သောအမှု၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှေ့တွင် လူအုပ်စုများဖြင့် ရမ်းကားခဲ့သောအမှု၊ ခိုင်းစေသူများ လွတ်မြောက်ဆဲ ဖြစ်သောမြောက်ဥက္ကလာ လူသတ်မှုတို့ပင်ဖြစ်ပါသည်။ ထိုအမှုများသည် အစိုးရအဖွဲ့၏ သား သမီးဆွေမျိုးများ ပါဝင်သည်ကို ပြည်သူများသိရှိနေကြပါသည်။

ထိုမင်းမဲ့စရိုက်ဆန်သော ဖြစ်ရပ်များကို သမ္မတကြီးတို့အစိုးရအဖွဲ့သည်ထိန်းကျောင်းနိုင်ခြင်း မရှိသေးကြောင်းကို နောက်ထပ်တွေ့ရှိလာရပါသည်။ ထိုဖြစ်ရပ်မှာရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ်၊ သီတာရပ်ကွက်၊ သိန္ဒိလမ်းတွင် car parking နေရာထားရှိရေးနှင့် ပတ်သက်ပြီး၊ 15.2.2013 ည ၈နာရီလောက်က ရပ်ကွက်တွင်းတွင် မင်းမဲ့စရိုက်ဆန်စွာ ပြုလုပ်ခြင်း တစ်ခုဖြစ်ပွားခဲ့သည်ကို တွေ့ရှိရ ပါသည်။

ထိုဖြစ်ရပ်တွင်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မိတ်ဆွေနှင့် စ.စ.စ ညွှန်ကြားရေးမှူးရဲ့ သားဖြစ်သူသည် (၎င်းကိုယ်တိုင်ဟော်ဟစ် ပြောဆိုချက်) အများနှင့် ဆိုင်သည့်နေရာတွင် ၎င်းကားတစ်စီးသာ ရပ်နား ရန်နေရာ ဦးထားလေ့ရှိပါသည်။ (တုတ်ချောင်းများထောင်ထားခြင်း)

ထိုနေ့တွင် အခြားကားတစ်စီးက ၎င်းနေရာတွင် သွားရောက်ထားရှိသည့်အခါ ရပ်ထားသည့်ကားပိုင်ရှင် တိုက်ခန်းပေါ်သို့ ၎င်းဦးဆောင်သည့် လူများနှင့်တက်၍ ကြမ်းတမ်းစွာ ဖယ်ရှားပေးဖို့ပြောဆိုပါသည်၊ ၎င်းတိုက်ခန်းတွင် အသက်ကြီးပြီး အားနည်းနေသည့် မိခင်ကြောင့် ကားပိုင်ရှင်သည် ဘာမှမပြောနိုင် ဖြစ်နေပါသော်လည်း ၎င်းမင်းမဲ့စရိုက်ဆန်သော လူတစ်စုသည် တိုက်ခန်းအောက်တွင်ပါ အော် ဟစ်နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းမင်းမဲ့စရိုက်ဆန်သူ လူတစ်စုတွင် အမျိုးသမီးများလည်း ပါဝင်သည်ကို တွေ့ရှိရပါသည်။ (မြောက်ဥက္ကလာ လူစုလူဝေးဖြင့် လူသတ်မူတွင်လည်း မိန်းမများ ပါဝင်သည်ကို တွေ့ရှိရသည်)။

ထိုလူရမ်းကားများသည် ဘယ်လောက်များ နောက်ခံအားကိုး ရှိသလဲတော့မသိပါ၊။ ၎င်းကားပိုင်ရှင်ရဲ့ ကားကိုတစ်ခြား ရပ်ကွက်တွင် သွားထားဖို့အထိ ပြောဆိုနေသည်ကိုလည်း တွေ့ရှိကြားသိနေရပါသည်။ ထိုအချိန်တွင် ရပ်ကွက်အတွင်းရှိ အိမ်များမှ ကြည့်မနေနိုင်သောကြောင့် တိုင်ကြားသောအခါ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ကျရဲများ လာရောက်သည့်အခါ ၎င်းမင်းမဲ့စရိုက်အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူသည် ရဲအရာရှိများအားသူသည် စ.စ.စ(စုံစမ်းစစ်ရေး)မှ ညွှန်ကြားရေးမှူးချုပ်ရဲ့ သားဖြစ်ကြောင်း၊ ၎င်းအပြင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်)နှင့်လည်း ရင်းနှီးကြောင်း၊ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်အမှတ်ပေးပါ။ အခုဖုန်းဆက်မည်ဖြစ်ကြောင်းေ ပြာဆိုသည်ကိုတွေ့ရှိရပါသည်။

၎င်းဖြစ်ရပ်တွင်လည်း မင်းမဲ့စရိုက်ဆန်သည့် လူတစ်စုကို အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသည် ကိုလည်း တွေ့ရှိရပါသည်။ ထိုကြောင့် ကျွန်တော်တို့ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက် ကဲ့သို့နောက်ထပ်အခြား မြို့နယ်၊ ရပ်ကွက်၊ တိုင်းဒေသကြီးတို့တွင် မဖြစ်ပွားအောင်ပြင်းထန်စွာအမြန်ဆုံး အရေးယူ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ရွှေတိုင်သား

http://www.demowaiyan.org/2013/02/blog-post_3628.html

စဖစ်ဖိုင်းယားလေယာဉ်တွေ ထွက်လာရင် လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ Mr.David J.Cundall ပြောကြား

မြေပေါ်မြေအောက် ထောက်လှမ်းရှာဖွေရေး စက် ကိရိယာကို ပြည်ပမှ ဌားရမ်းထားသည့်အ တွက် နှစ်ပတ်သုံးပတ်နေလျှင် စဖစ်ဖိုင်း ယား လေယာဉ် ပျံများနှင့် ပတ်သက်သည့် သတင်းကောင်းပေးနိုင်မည်ဟု Mr.David J.Cundall က ယနေ့ သတင်းစာ ရှင်းလင်း ပွဲတွင် ပြောသည်။

စဖစ်ဖိုင်းယား လေယာဉ်ပျံများ မင်္ဂလာဒုံ လေဆိပ် ၀င်းအတွင်း မြှုပ်နှံ ထားခြင်း ရှိမရှိနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ သတင်းများ ထွက်ပေါ်နေရာ ၎င်း အနေဖြင့် ပြည်တွင်းပြည်ပ သတင်းထောက် များအား ခေါ်ယူ၍ အထက်ပါစကားကို သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“စဖစ်ဖိုင်းယားလေယာဉ်တွေ ထွက်လာရင် လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ ၎င်းကပြောသည်။

ယခုတွင် ၎င်းတို့အနေဖြင့် စူးစမ်းရှာဖွေရေး လုပ်ငန်းအပိုင်းကို ဆောင်ရွက်နေကြောင်း၊ သို့သော် မပြီးပြတ်သေးသည့် အတွက်ကြောင့် အဖြေကို ထုတ်ပေး၍ မရကြောင်း ဆက်ပြောကာ မရှိဘူးဟု ပြောနေ ကြသည့်အပေါ် မမြင်ရသေးလို့ဘဲ ဖြစ်မည်ဟု ၎င်းက ထပ်လောင်းဆို သည်။ ရွှေတောင်ပေါ် ကုမ္ပဏီများ အုပ်စု၏ ပြန်ကြားရေး တာဝန်ခံ ဦးထွန်းကျော်က “စဖစ်ဖိုင်းယား သတင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန် မှုကို ကျွန်တော်တို့ကသာ ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုထား ပြီး ဖြစ်ပါတယ်။ အခုထွက်ပေါ်နေ ကြတဲ့ သတင်းတွေ အပေါ်မှာ ကျွန်တော်တို့ ဘာမှ မှတ်ချက်တော့ မပေးလိုပါဘူး”ဟု ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၇၀ က စဖစ်ဖိုင်းယားများ မြန်မာနိုင်ငံ တွင် မြှုပ်နှံ ခဲ့ကြောင်း မျက်မြင်သက်သေ များ၏ ပြောဆိုမှုကို အခြေခံကာ တူးဖော် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ အောက် တိုဘာလ တွင် နိုင်ငံတော်အစိုးရက တရားဝင်ရှာဖွေခွင့် ပြုပေးခဲ့သည်။

Popular Myanmar News Journal

တရားပွဲမှာ အလကားရခဲ့တဲ့ ထီလက်မှတ် (၁၀)သိန်းပေါက်၊ ထီတိုက်ပေးသူက (၁)သိန်းဟုတ်တယ်ပြောပြီး (၉)သောင်းခွဲပေး၊ ရဲနဲ့အုပ်ချုပ်ရေးက ခေါ်စစ်တော့မှ ပြန်ပေး

နေပြည်တော်-ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ (၄)လမ်းတွင် တည်ဆောက် ထားသော မစိုးရိမ် ကျောင်းတိုက်ဝန်းအတွင်းတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၉/၃၀/၃၁ ညများ၌ တရားပွဲ များကို (၃)ညတိုင်တိုင် ကျင်းပခဲ့ရာ ပျဉ်းမနားမြို့၊ တိုင်းချစ်လျှပ်စစ်စတိုးနှင့် မိုးယံရွှေလမင်း ထီကိုယ်စားလှယ် ဦးဖိုးနီက တရားလာရောက်နာယူကြသောသူများကို ထီ(၁၀)ဆောင်တွဲ (၁၅)တွဲအား တစ်ညလျှင် (၅)တွဲနှုန်း ကံစမ်း မဲဖောက်လှူဒါန်းခဲ့ရာ ဒုတိယညတွင် လှူဒါန်းခဲ့သော ထီလက်မှတ် (ဗ-၇၃၅၈၃၀ မှ ၇၃၅၈၃၉ ထိ) (၁၀)ဆောင်တွဲမှ ထီဆုငွေ ကျပ်(၁၀)သိန်းကို ဦးမင်းဒင် ရပ်ကွက်နေသူ ဒေါ်လှကြည်မှ ကံအားလျော်စွာ ဆွတ်ခူးရရှိခဲ့ကြောင်း ထီဖွင့်ပြီး နောက်နေ့ တွင် မိုးယံရွှေလလမင်းထီဆိုင်တွင် ကြော်ငြာသင်ပုန်းတွင် ကြေညာ ထားသော်လည်း ကံထူးရှင်မှာ ထီပေါက်နေ သည်ကို မသိ၍ အိမ်နီးနားချင်းဖြစ်သူ ဦး——အား ထီတိုက်ခိုင်းရာ ဦး——-မှ ထီ(၁)သိန်း ဆုပေါက်နေကြောင်း၊ ငွေကျပ် (၉၅၀၀၀ိ/-) ပေးမည်ဟုဆို၍ ငွေ(၁)သိန်း ချက်ချင်းပေးပြီး ထီလက်မှတ်ကို ယူသွားကြောင်း၊ ထိုသတင်းအား မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စကားစပ်မိခဲ့ရာမှ အုပ်ချုပ်ရေးမှူးနှင့် နယ်မြေတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ သိရှိသွားကာ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထီလက်မှတ် ယူဆောင်သွားသူကို စစ်ဆေးခဲ့ရာ အဖြစ်မှန်ကို ၀န်ခံခဲ့ပြီး ထီလက်မှတ်ကို ရောင်းစားပြီးဖြစ်ကြောင်းသိရှိရ၍ ထီပေါက်ခဲ့သူ ဒေါ်လှကြည်အား ငွေကျပ် (၈၅၀၀၀၀ိ/-) (ရှစ်သိန်းငါးသောင်းတိတိ)ပြန်လည်ပေးအပ်စေခဲ့ရာ ကံထူးရှင် ဒေါ်လှကြည်မှ ငွေ(၈)သိန်းသာ ပြန်ယူပြီး (၅၀၀၀၀ိ/-)ကို ထီတိုက်ပေးခဲ့သူ ဦး—–အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကံထူးရှင် ဒေါ်လှကြည်မှာ အိမ်ငှားနေရပြီး အ၀တ်လျှော်လုပ်ငန်းဖြင့် ဘ၀ရပ်တည်နေရ သူဖြစ်ကြောင်း ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

မြင့်အောင် (နေပြည်တော်)
The Hot News

အစိမ်းရောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကျန်းမာရေး ပိုမို ကောင်းမွန်

နေ့စဉ် အချိန်ကုန် နေရာကနေ စိမ်းလန်း စိုပြေနေတဲ့ ပန်းခြံလို၊ ဥယျာဉ်လို နေရာမျိုးတွေ၊ ဒါမှမဟုတ် သစ်ပင်တွေ၊ အစိမ်းရောင် ရှုခင်းတွေ ပေါတဲ့ တောင်ပေါ် မြို့တွေ လို နေ ရာတွေကို ရောက်သွားတဲ့ အခါစိတ်ဖိစီး နေ တာတွေ၊ ပန်ပင်း နွမ်းနယ် နေတာတွေ ပြေပျောက် လန်းဆန်း သွားတာကို ကိုယ်တိုင်လည်း ကြုံဖူးကြ မှာပါ။

ဒါဟာ အစိမ်းရောင် ရှိတဲ့ သစ် ပင်တွေ၊ တောတောင်တွေရဲ့ စွမ်းအားကြောင့် ပါဘဲ။ အစိမ်းရောင်ဟာ လူတွေရဲ့စိတ်ကို ကြည်လင် ချမ်းမြေ့ စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်ဆိုတာ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။ လူတိုင်းဟာ မိမိရဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားကို ပြုလုပ် သင့်သလို အစိမ်းရောင် လေ့ကျင့်ခန်း ဆိုတာကိုလည်း ပြုလုပ်ပေး သင့်ပါတယ်။ အစိမ်းရောင် လေ့ကျင့်ခန်း ဆိုတဲ့ စကားလုံးနဲ့ အနည်းငယ် စိမ်းနေကောင်း စိမ်းနေ ပါလိမ့်မယ်။ သို့သော်လည်း အကြောင်းအရာ ကတော့ လူတိုင်း သိပြီးသား အကြောင်းအရာသာ ဖြစ်ပါ လိမ့်မယ်။

အစိမ်းရောင် လေ့ကျင့်ခန်းက တစ်ခြား မဟုတ်ပါဘူး.. မိမိအနီးနား ဝန်းကျင်တွေမှာ ရှိတတ်တဲ့ ပန်းခြံ၊ သစ်ပင်တောအုပ်၊ ဥယျာဉ် စတဲ့ သဘာဝနဲ့ တူအောင် ပြုပြင်ထားတဲ့ အပင်စိမ်းစိမ်းတွေ ရှိတတ်တဲ့ ပတ်ဝန်းကျင်မှာ ငါးမိနစ်ခန့်မျှ ဖြစ်စေ အနားယူ အပန်းဖြေတာမျိုး၊ ကိုယ်လက် လှုပ်ရှား လုပ်ပေးတာမျိုးနဲ့ အပင်လေးတွေကို ပြုစု စောင့်ရှောက်တာမျိုးကို အစိမ်းရောင် လေ့ကျင့်ခန်းလို့ ဆိုပါတယ်။

သင်ဟာ စိတ်ရော ကိုယ်ပါ မျှမျှတတ ကျန်းမာချင်တယ်ဆိုရင် ကိုယ်ခန္ဓာလေ့ကျင့်ခန်းအပြင် အိမ်အပြင်ဘက်က စိမ်းလန်းတဲ့ ပတ်ဝန်းကျင်မှာ တစ်နေ့ကို ၅မိနစ်ခန့်တော့ မဖြစ်မနေ အချိန်ပေး နေထိုင်သင့်တယ်လို့ ပညာရှင်များက အကြံပြုကြ ပါတယ်။

လေ့လာ ဆန်းစစ်ချက် များအရ စိမ်းစိုလန်းဆန်းနေတဲ့ သစ်ပင်တွေရှိ ရာ ပန်းခြံ၊ ဥယျာဉ်၊ တောတောင်၊ သစ်တောတို့မှာ ငါးမိနစ်ခန့် လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်း၊ သီးပင်စားပင်၊ ပန်းအလှပင်များ စိုက်ပျိုးပြု စုခြင်း၊ စက်ဘီး စီးခြင်း၊ တောင်တက်ခြင်း၊ ကိုယ်လက် လှုပ်ရှား ပြုလုပ်ခြင်း၊ မြစ်ချောင်း၊ ရေကန်တို့မှာ ငါးမျှားခြင်း စသည်တို့ကို ပြုလုပ် ပေးပါက စိတ်ရဲ့ ကျန်းမာကြံ့ခိုင်ရေးကို အထူးဘဲ ကောင်းမွန် တိုးတက်စေနိုင်တယ်လို့ Environmental Science and Technology မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

ဖရုံသီး အတွင်း ထည့်သွင်း သယ်ဆောင် လာသော ဘိန်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိ

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ အမှတ်(၆) ရပ်ကွက်၌ ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီက ဖရုံသီးထဲ၌ ထည့်သွင်း သယ်ဆောင် လာသော ဘိန်းစိမ်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကွတ်ခိုင် ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ကွတ်ခိုင်မြို့ အမှတ်(၆) ရပ်ကွက် တာမိုးညဲသို့ သွားသည့် ကားလမ်းတွင် ယာဉ်များအား ရပ်တန့် ရှာဖွေ စစ်ဆေးရာ ယာဉ်မောင်း ထွန်းထွန်းနိုင် မောင်းနှင်သည့် ၆ က /------- ပေါ်တွင် လိုက်ပါလာ သည့် ဒေါ်တင်မေ ၄၈ နှစ် (ဘ)ဦးတွမ်အရှမ်း (ခ)အိုက်ကျီ အမှတ်(၃) ရပ်ကွက် ကျောက်မဲ မြို့နေသူ၏ ပလတ်စတစ် ဆွဲခြင်း အတွင်းရှိ ဖရုံသီးထဲ၌ ထည့်သွင်း သယ်ဆောင်လာသော ဘိန်းစိမ်း တစ်ကီလိုဂရမ် တစ်ထုပ်နှင့် စိတ်ကြွ ဆေးပြား ၁၉ဝ ပြားစီ ပါသော အထုပ် ၃ဝ(အလေးချိန် ၅၁၃ ဂရမ်) အား ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

ထို့ကြောင့် မူးယစ် ဆေးဝါးများ သယ်ဆောင် လာသူ ဒေါ်တင်မေကို ကွတ်ခိုင် ရဲစခန်းမှ မယ(ပ) ၁၉/၁၃ မူး/စိတ် ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

ပျဉ်းမနား မြို့၌ စကိတ် ကွင်းသစ်ကြီး ဖွင့်လှစ်


နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်း မြို့ဦး အောင်ချမ်းသာ ရပ်ရှိ နေပြည်တော် ဝင်းစားသောက်ဆိုင် အတွင်း၌ ပျဉ်းမနား မြို့တွင် ဧရိယာ အကြီးမား ဆုံးသော နေပြည်တော် စကိတ် ကွင်းသစ် ကြီးကို ဖေဖော်ဝါရီ ၁၆ ရက်က စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

နေပြည်တော် စကိတ် ကွင်းကြီးသည် ပေ ၁၃ဝ ပတ်လည် အကျယ်အဝန်း ရှိပြီး ပျဉ်းမနား မြို့ပေါ်ရှိ စကိတ်ကွင်း များထဲတွင် ဧရိယာ အကျယ်ပြန့်ဆုံး ကွင်းကြီးဖြစ်ကြောင်း၊ ၎င်းစကိတ် ကွင်းအတွက် စကိတ်စီး ဖိနပ်များကို တရုတ်ပြည်ထိ သွားရောက် ဝယ်ယူထားခြင်း ဖြစ်ကာ လေးဘီးတန်း၊ စတန်းဒက် စသဖြင့် အဆင့်မြင့် စကိတ်စီး ဖိနပ်ပေါင်း အရန် ၅ဝဝ နီးပါးခန့် ရှိကြောင်း၊ ယခုမှ စတင် စကိတ် စီးကြမည့် လူငယ်လူရွယ် များအတွက် ဒူးကာနှင့် ဦးထုပ်များ အပြင် ဝါရင့် စကိတ် နည်းပြများ ထားရှိကြောင်း၊ စကိတ်စီးလာ လူငယ်လူရွယ် များအတွက် ပျော်ပွဲရွှင်ပွဲ များပါ ဖန်တီးပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နေပြည်တော် စကိတ် ကွင်းတွင် ပျဉ်းမနား မြို့ပေါ်၌ နာမည်ရ ထင်ရှားသော တရုတ် အစားအစာ အပါအဝင် ဒေသထွက် ဟင်းလျာများ စုံလင်သည့် စားသောက်ဆိုင်ကြီး ရှိသဖြင့် မိသားစု အလိုက် အပန်းဖြေ စားသောက်ရင်း စကိတ် လာရောက် စီးနင်း နိုင်ကြကြောင်း၊ အတွင်းအပြင် ဧရိယာ ကျယ်ဝန်းသဖြင့် စကိတ်စီးလာ လူငယ်လူရွယ် များ၏ စက်ဘီး၊ ဆိုင်ကယ်၊ ကားများကို လုံခြုံစွာ ထားရှိ နိုင်ကြောင်းနှင့် ပျဉ်းမနား မြို့ပေါ်ရှိ လူငယ်လူရွယ် များအတွက် အားကစားနှင့် ကျန်းမာရေး အထောက်အကူ ပြုရန် ရည်ရွယ်ကာ ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း နေပြည်တော် စကိတ်ကွင်း ပိုင်ရှင် ဦးစိုးတင့် ထံမှ သိရသည်။

Myawady News

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ နိဂုံး ချုပ်သွားမည်ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေပြော

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ပင် နိဂုံးချုပ်သွားမည်ဟု ကချင် ဘင်လာဒင်အမည်ဖြင့် အသက်အန္တရာယ် ချိမ်းခြောက်စာပေးပို့ခံရသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တုံ့ပြန်ပြောကြားလိုက်သည်။

ကချင်အရေး လွတ်တော် အတွင်းပြင်းပြင်း ထန်ထန်ဆွေးနွေး ခဲ့မှုနှင့်ပတ်သက်၍ ပြီးခဲ့ သည့် ဖေဖော်ဝါရီလ (၁၁) ရက် နေ့စွဲဖြင့် မြစ် ကြီးနားစာတိုက်မှ ခြိမ်းခြောက်စာကို ပေးပို့ ခဲ့ခြင်းဖြစ်ပြီး စာပေးပို့သူ၏အမည်ကို ကချင် ဘင်လာဒင်ဟု ရေးသားထားကာဦးလှဆွေအား ဆွေစဉ်မျိုးဆက်အထိ ရန်သူအဖြစ်သတ်မှတ်ကြောင်း အဆိုပါခြိမ်းခြောက်စာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။

''ငြိမ်းချမ်းရေးရဖို့အတွက် ကျွန် တော်အသက်ပေးဖို့ ဝန်မလေးဘူး။ ကချင် ဘင်လာဒင်ဆိုပြီး အမည်ခံ ထားတဲ့ ဒီပုဂ္ဂိုလ်ဟာ အကြမ်းဖက်သမားစိတ်ဓာတ်ရှိတယ် ဆိုတာ ပေါ်လွင်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုး ရဲ့ ပြောစကားကိုအရေးတယူလုပ်ပြီး တော့ဂရုစိုက်နေရင်အိပ်ရေးပျက်တယ် ''ဟု ၄င်းက ပြောသည်။

အဆိုပါ ခြိမ်းခြောက်စာထဲတွင် ''ခင်ဗျားနဲ့ ခင်ဗျားရဲ့သားစဉ်မြေးဆက် မျိုးဆက်အားလုံးကို ကျုပ် ကချင်အမျိုးသားတစ်ဦးနေနဲ့ ရာသက်ပန်ရန်သူအဖြစ် သတ်မှတ်လိုက်ပြီ။ တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ ကျုပ်ရဲ့သား စဉ်မြေးဆက်အတိုင်း ဆက်လက်ပြီး ရန်သူ အဖြစ် သတ်မှတ်ထားလိုက်တယ်''ဟု ပါရှိကြောင်း သိရသည်။

''ကျွန်တော်ကတော့ မှန်တဲ့အတိုင်း ဆက်သွားမှာပဲ။ ဘယ်နတ်ဘုရားမှ ကျွန် တော့်ကို မပြောင်းလဲနိုင်ဘူး။ ကျွန်တော် တို့ မကျေနပ်တဲ့ သူတွေကအများကြီး။ ခရိုနီ၊ အစိုးရ၊ တိုင်းဒေသကြီး၊ အာဏာ ပိုင်အဖွဲ့ အစည်းတွေကတော့ ကျွန်တော့် ကို မကျေနပ်ဘူး။ ကျွန်တော်ပြောလိုက်ရင် သူတို့ဌာနတွေက နည်းနည်းနာသွားတာ တွေရှိတယ်။ အခု ကချင်ဘင်လာဒင်က လည်း အခဲမကျေဘူး''ဟု ဦးလှဆွေက ပြောသည်။

Messenger News Journal

ကုလသမဂ္ဂမှ အထူးကိုယ်စားလှယ်နှစ်ယောက်၏ ကွာခြားချက်များ

ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစ္စတာနမ် ဘီးယား ၏ ရခိုင်ပြည်သူလူထုနှင့် ဒုက္ခသည်များကို ခွဲခြားဆက်ဆံမူလုံးဝမရှိဘဲ ဆက်ဆံနေပုံများသည် ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာကို တိုးတက်စေသည်ကို ယခုပုံအားကြည့်ခြင်းအားဖြင့် တွေ့ရှိနိုင်ပါသည်။

ကုလသမဂ္ဂမှ အထူးကိုယ်စားလှယ် မစ္စတာကန် တိန်းနား ဆိုသူကတော ရခိုင်ပြည်သူလူထုနှင့် ဒုက္ခသည်များကို ခွဲခြားဆက်ဆံပြီး ကျူးကျော်သူ ဘင်္ဂလီကုလားများအတွက်သာ အမြဲတမ်း ပြော ကြားပြီး နိုင်ငံတစ်နိုင်ငံ၏ အချုပ်အချာအာဏာဖြစ်သော ဥပဒေများကို ၀င်ရောက် စွက်ဖက်ပြီး ကုလားများဘက်မှ ဘက်လိုက်ပြီးပြောနေသည်မှာ ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာကို ညိုးနွမ်းစေပါသည်။ ဘင်္ဂလီကုလားများအတွက် လူ့အခွင့်အရေးကို တစာစာအော်ပြီး ရခိုင်လူမျိုးများအား ဘင်္ဂလီကုလားများက လည်လှီး၊သေနတ်ပစ်သတ်၊ဓါးဖြင့်ခုတ်သတ်ခံရသည့် ပူပူနွေးနွေးဘဲ ရှိသေးသည့် မောင်တောမှ ကိုဘတင်တို့မိသားစု အစုလိုက်အကြမ်းဘက်သတ်ဖြတ် ခံရမူ များကို လူ့အခွင်းအရေး ဆရာကြီး ကန်တိန်းနားသည် မည်သည့် မေးမြန်းမူမျှ မရှိခဲ့ဘဲ ရေငုံနူတ်ပိတ်ပြီး ပြန်သွားသည်မှာ ထိုပုဂ္ဂိုလ်၏ ရခိုင်များအပေါ် ခွဲခြားဆက်ဆံနေခြင်းမှာ ပေါ်လွင်ထင်ရှားနေသည်ကို သိရှိနိုင်ပေသည်။ ထို့ကြောင့် ကုလသမဂ္ဂ အနေဖြင့် ထိုပုဂ္ဂိုလ်အား တာဝန်မှရပ်စဲပြီး ဘင်္ဂလီကုလားများအရေးအတွက် လုပ်ဆောင်ပေးမူ အတွက် ထောက်ပံ့ငွေကြေး(လာဘ်ငွေ)မည်မျှရရှိနေသည်ကို စစ်ဆေးအရေးယူသင့်ပြီဟု ထင်မြင်ယူ ဆမိပါသည်။

Myanmar News Update

ဒဂုံဆိပ်ကမ်းရှိ တန်ဖိုးနည်း အိမ်ရာနှစ်ခု အတွက် အစိုးရက ငွေဘီလီယံ ၆၀ ကျော် စိုက်ထုတ်သုံးစွဲမည်

ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အစိုးရတန်ဖိုးနည်း အိမ်ရာနှစ်ခုဖြစ်သည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာနှစ်ခု အတွက် ငွေကျပ်ဘီလီယံ ၆၀ ဒသမ ၅၅ စိုက်ထုတ်ကုန်ကျခံ သုံးစွဲသွားမည် ဖြစ်ကြောင်း ဆောက် လုပ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီးက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော် ပြောဆို လိုက် သည်။

ရန်ကုန်မြို့တွင် နှစ်စဉ် အိမ်ရာလိုအပ်ချက် ၁ သောင်းမှ ၃ သောင်း အထိလိုအပ်ချက်ရှိနေပြီး အစိုးရ က ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာ အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊ တန်ဖိုးနည်း အိမ်ရာများကို ၀င်ငွေနည်း ပြည်သူများ လက်လှမ်းမီနိုင်စေရေး ထပ်မံဆောင်ရွက်မည် ဖြစ်ကြောင်း၊ လက်ရှိ တည်ဆောက်မည့် အိမ်ရာများသည် ရှေ့ပြေး စမ်းသပ်ဆောင်ရွက်မည့် စီမံကိန်းအိမ်ရာ ဖြစ်ပြီး နိုင်ငံတ၀န်း မြို့ကြီးများတွင် တန်ဖိုးနည်း အိမ်ရာများ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၎င်း၏ ထုတ်ဖော် ပြောဆိုချက်အရ သိရှိရသည်။

ဧရာဝတီ

ယခုနှစ် နွေရာသီ ဓာတ်အားပြတ်တောက်မှု ဆိုးရွားမည် မဟုတ်ဟု လျှပ်စစ်ဝန်ကြီး ကတိပြု

ယခုနှစ် နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု ယခင်နှစ်များကဲ့သို့ ဆိုးရွားမည် မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ယနေ့   ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ကတိပြုပြောဆို လိုက်သည်။

လာမည့် နွေရာသီတွင် တနိုင်ငံလုံး အတိုင်းအ တာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ လျော့ကျ မည် ဖြစ်သော်လည်း ဓာတ်ငွေ့လျှပ်စစ်တာဘိုင်များ တပ်ဆင်ထား ခြင်းကြောင့် မဂ္ဂါဝပ် ၂၀၀ ခန့်သာ လျော့ကျမည် ဖြစ်ပြီး ယခင် နှစ်များကဲ့သို့ ဆိုးရွားသော မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

ဓာတ်အား ပြတ်တောက်မှု မဆိုးရွားဟု ဆိုသော်လည်း ၂၄ နာရီ မီးပေးမည်၊ မပေးမည်ကို တိကျသေချာစွာ ရှင်းလင်းသွားခြင်း မရှိပေ။

ဧရာဝတီ

ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အော်သော်သည် ကာကွယ်ရေးဝန်ကြီးဌာန အတွက် ပြောရေးဆိုခွင့် ရှိသူ ဖြစ်လာကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ္ဋ်မှ မြန်မာ့တိုင်းမ် သို့ လွန်ခဲ့ သည့် အပတ်က ပြောသည်။

"ပြောရေးဆိုခွင့် ရှိသူအဖြစ် ဗိုလ်မှူးချုပ်အောင်သော် ဖြစ်လိမ့်မယ်လို့ ကျွန်တော် သိထားပါတယ်၊သို့သော်လည်း ဒီတာဝန်ကို ဗိုလ်မှူးချုပ်အောင်သော်က လက်ခံတာဝန်ယူ၊မယူကိုတော့ မသိသေးပါဘူး' လို့ အီမေးလ်ဖြင့် ပြောကြားခဲ့ပါသည်။.ယခင် ကာကွယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒုတိယဗိုလ်မှူးကြီး ကျော်သူ ဆောင်ရွက်နေတဲ့ နေရာမှာ ဗိုလ်မှူးချုပ် အောင်သော်ဆောင်ရွက် ပါလိမ့်မယ်လို့ ' ထပ်မံပြောကြားပါသည်။

ခုလို ကာကွယ်ရေ ၀န်ကြီးဌာန အနေနဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကို တရားဝင်ခန့်အပ်မှု့ အလွန် လိုအပ်ကြောင်းနှင့် ဒီလို ခန့်အပ်ခြင်းအားဖြင့်ပြည်သူနှင့် တပ်မတော်အကြား နားလည်မှု့ ပိုမို ရရှိလာပြီး ဆက်ဆံမှု့ ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း လေ့လာသူတွေက ဆိုသည်။

သတင်းထောက်တွေသည် တပ်မတော်ထံမှ မှန်ကန်တိကျတဲ့ သတင်းတွေ နှင့် တုံပြန့်မှု့တွေ မရနိုင်တာကြောင့် တပ်မတော် နဲ့ ဆက်စပ်သော ဖြစ်ရပ်များအထူးသဖြင့် ကချင်ပြည်နယ် ပဋ္ဋိပက္ခများတွင် မျှတအောင် သတင်းရေးဖို့ ခက်ခဲကြောင်း အမြဲတမ်း ပြေကြားကြပါသည်။

အငြင်းပွားဖွယ်ရာ ကိစ္စတွေ ဖြစ်လာရင် မီဒီယာတွေအနေနဲ့ တပ်မတော်ရဲ့ အမြင် နဲ့ ငြိမ်းချမ်းရေးအတွက် ပူပန်မှု့တွေကို ဖေါ်ပြလာနိုင်တဲ့အခါ ပြည်သူတွေ အနေနဲ့ တပ်မတော် အပေါ် ယုံကြည်မှု့ ပိုရှိလာမယ်။ ပွင့်လင်းမြင်သာမှု့တွေက တာဝန်ယူမှု့ကို တို့မြှင့်လာစေမယ်လို့ နိုင်ငံရေး အကဲခတ် ဦးဝင်းမြင့် ကပြောပါသည်။

ဒါပေမဲ့လည်း ပြောရေးဆိုခွင့်ရှိသူဟာ သူ့အထက်က လူတွေကို ကြောက်စရာမလိုဘဲ ပြောနိုင်ဖို့လဲ လိုတယ်လို့ သတင်းထောက်များအသင်း ဥက္ကဌ စာရေးဆရာ မောင်ဝံသာက ဆိုသည်။ တပ်မတော် ပဲ မဟုတ်ပါဘူး၊ အခြားအစိုးရ ဌာနတွေ လဲ ပွင့်လင့် မြင်သာမှု့ ကိုရှိလာလေ သူတို့ရဲ့ အခက်အခဲ ကို ပြည်သူတွေကလဲ နားလည်မှု့ ရှိလာလေပဲ ဟု ထပ်မံ ပြောဆိုသည်။

သူတို့ အနေနဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ခန့်အပ်လိုက်မှု့သည် တပ်မတော်ရဲ့ ဆောင်ရွက်မှုေ တွကို ပြည် သူတွေ ပိုမိုသိလာအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နေရာသစ် ဆိုတော့ ပြောရေးဆိုခွင့် ရှိသူအနေနဲ့ ဘယ်လောက် လွတ်လွတ် လပ်လပ် ပြောနိုင်မလဲ ဆိုတာ ခန့်မှန်းရ ခက်ပါတယ်ဟု တပ်မတော်တွင် ၁၈ နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်ကြီး အဖြစ် အငြိမ်းစား ယူခဲ့သူ ပြည်သူ့ လွှတ်တော် အမတ် NLD ပါတီဝင် ဦးဝင်းထိန်က ပြောသည်။

ဗဟုဖွံဖြိုးရေး အဖွဲ့မှ ဦးအောင်သူငြိမ်းကမူ " တပ်မတော် အနေနဲ့ KIA ကဲ့သို့ သတင်းထောက်တွေ ကို ရှေ့တန်း စစ်မြေပြင်ကို သွားရောက် သတင်းယူခွင့် မပေးခဲ့တဲ့အတွက် အားနည်းချက် တွေရှိခဲ့တယ်၊ ခုလို ပြောရေးဆိုခွင့် ခန့်အပ်လိုက်မှု့ဟာ ဒီပြဿနာကို မဖြေရှင်းနိုင်ပေမဲ့ ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်း တစ်ခု စတင် လိုက်တာပါလို့ ပြောသွားခဲ့သည်။

အင်ဒိုနီးရှားနဲ့ တောင်ကိုရီးယား စသည့် နိုင်ငံများတွင်၊ တပ်မတော်များသည် ပြောရေး ဆိုခွင့်ရှိသူတွေ ခန့်အပ်ရုံသာမက ဆက်လက်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းအစီအစဉ်များ ကို နှစ်စဉ် ထုတ်ပြန်လေ့ ရှိသည်။

တပ်မတော် ပြောရေး ဆိုခွင့် ရှိသူအနေနဲ့ ပွင့်ပွင့် လင်းလင်း ဖြေနိုင် ပြောနိုင်လေ တပ်မတော် အနေ နဲ့ ပြည်သူဆီက ထောက်ခံမှု့ ပိုမို ရရှိလေပဲ ဒါက ပြည်သူရော တပ်မတော် ရော အကျိုးရှိစေ မှာ ဖြစ်တယ်ဟု သူကပြောသည်။

ပြောရေး ဆိုခွင့် ရှိသူ ရဲ့ ရာထူးအဆင့်အတန်းထက် မီဒီယာတွေက မေးမြန်းလာတာတွေကို လွတ်လပ်ဖြကြားနိုင်ခွင့် က ပို အရေးကြီးပါတယ် လို့ သူက ပြောသည်။

ကချင်ပြည်နယ် ပဋ္ဋိကက္ခများတွင်း လိုင်ဇာသို့ သွားရောက် သတင်းယူခဲ့သော သတင်းထောက် မငြိမ်းငြိမ်းပြည့်ကလဲ ပြောေ၇းဆိုခွင့် ပုဂ္ဂိုလ် ခန့်အပ်လိုက်မှု့ အပေါ် ကြိုဆိုလိုက်ပါတယ်။

ကျွန်မတို့ သတင်းတွေ ရေးတဲ့ အခါမှာ အစိုးရ ဘက်ကို မေးဖို့ တာဝန်ခံ လူ မရှိဘူးဖြစ်နေခဲ့ တယ်၊ နှစ်ဖက်စလုံးရဲ့ ပြောကြားမှု့ကို ရနိုင်ရင် ပိုကောင်းတာပေါ့ဟု သူမ ကပြောသည်။

http://www.myanmartharkaung.net/2013/02/blog-post_7815.html

လမ်းလျှောက်တာ လှရုံနဲ့ မော်ဒယ်မဖြစ်ဘူးလို့ ဆိုလိုက်တဲ့ တင်မိုးလွင်

တစ်ခေတ် တစ်ချိန်က မော်ဒယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဒီနေ့ခေတ်လောက် လွယ်လွယ်ကူကူ မဟုတ်ဘဲ ခက်ခဲတဲ့ လမ်းကြောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ တိုးတက်လာတဲ့ ဒီနေ့ခေတ်နဲ့အညီ လက်ရှိမှာ မော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက် အခွင့်အလမ်းတွေလဲ အများကြီးရှိနေပါတယ်။ မော်ဒယ် သင်တန်းတွေ အများကြီးရှိလာသလို မော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက်လဲ နိုင်ငံတကာ အခွင့် အလမ်းတွေလည်းများစွာ ပေါ်ထွက်လာခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ မော်ဒယ်လောက အခြေအနေတွေကို မော်ဒယ်မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ Talent & Model Agency က မတင်မိုးလွင်နဲ့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပပြုလုပ်တဲ့ Miss Myanmar International 2013 ပဏာမ ရွေးချယ်ပွဲမှာ ခဏတာ တွေ့ဆုံမေးမြန်းခဲ့တာတွေ ထဲက တစ်ချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။ မနှစ်က ဒီပြိုင်ပွဲကနေ ဆုရရှိခဲ့တဲ့ နန်းခင်ဇေယျာက ဂျပန်နိုင်ငံထိသွားရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိ မော်ဒယ် ဈေးကွက် အနေအထားလေး သိပါရစေ။

ဈေးကွက်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် မော်ဒယ်အလုပ်နဲ့ ရပ်တည်ဖို့တော့ ခက်သွား တယ်။ တော်ရုံတန်ရုံ ကြည့်ကောင်းပြီး အဆင်ပြေတယ်ဆိုရင် အမြင်အားဖြင့်ကောင်းတယ် ဆိုရင် ဒီလိုပဲဆွဲယူပြီး သုံးလိုက်ကြတာဖြစ်တဲ့ အတွက် ကြောင့်မို့ မော်ဒယ်ဖြစ်ဖို့က အရမ်းလွယ်သွားတယ်။ ဒါပေမယ့် နာမည် ကောင်းပြီတော့ လူကြိုက်များတဲ့ မော်ဒယ်ဖြစ်ဖို့ကတော့ အရမ်းခက်သွားပြီ။ ဘာ့ကြောင့်လဲဆိုတော့ Crown ဆောင်းတဲ့သူများလာတယ် မော်ဒယ်ဖြစ်ဖို့ သင်ခန်းစာတွေကို လွယ်ကူစွာတတ်ကျွမ်းဖို့လဲ သင်တန်းကျောင်းတွေက သင်ပေးတဲ့အတွက် များလာတယ်။ စိတ်ဓာတ်ဆိုတဲ့ တစ်ခုကတော့ မပါတဲ့အတွက် ရေရှည်ခံဖို့ကတော့ ခက်သွားပြီ။ ၄ နှစ် ၅ နှစ် အထက်ခံတဲ့ မော်ဒယ် ဆိုတာ တော်တော် ရှားသွားပြီ။

ဒီနောက်ပိုင်း International ပြိုင်ပွဲ တွေလဲ ရှိလာတော့ ဆောင်ရန်ရှောင်ရန် လုပ်သင့်တာလေးတွေ ပြောပါဦး။
အဓိကကတော့ မြန်မာပြည်ရဲ့ အနုပညာ ဈေးကွက်က တော်တော်လေး ဖွံဖြိုးလာတော့ လူတိုင်းက အနုပညာရှင် ဖြစ်ချင်ကြတယ်။ ဒါ့ကြောင့်လဲ အနုပညာရှင်ဖြစ်မယ့် နည်းလမ်းတွေ ရွေးတဲ့ အခါ မော်ဒယ် နေရာကနေဝင်တယ် Miss နေရာကနေဝင်တယ် အားကစားသမားတွေတောင်မှ အနု ပညာရှင် မဟုတ်ပေမယ့် ဈေးကွက် စီးပွားရေးစနစ်နဲ့ တွက်ဖက် လုပ်ဆောင်လိုက်ရင် အားကစား သမားတွေလဲ ကျော်ကြားတဲ့ Celebrity ဖြစ်လာပြီးတော့ သူတို့တွေ အတွက်လဲ အနု ပညာကြေးတွေ ကျော်ကြား မှုကြေးတွေ ဖြစ်လာ ကြတော့ ဒီလိုဈေးကွက်တွေ ပေါ်လာတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် လူငယ်တွေက အလောသုံးဆယ် ဖြစ်လာတယ် Brand Ambassador ဖြစ် လိုက်တာနဲ့ ငွေကြေး အမြောက်အမြား ရတယ် ဒါပေမယ့် Brand Ambassador ရဲ့ သံတမန် ဖြစ်ဖို့ ကိုယ့်ကိုကိုယ် ဘယ်လိုထိန်းရမယ်ဆိုတာ မေ့နေကြတယ်။ ရေပွက်ပမာခဏတာ ပါပဲ။ တကယ်သာ မထိန်းရင် ပြန်ကျသွားနိုင် ပါတယ်။

Miss Myanmar International တစ်ယောက် ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေ လိုအပ် ပါသလဲ။

အဓိကက International ကိုမှီနိုင်တဲ့ သွင်ပြင်၊ အရပ်၊ ခန္ဒာကိုယ်အတိုင်းအထွာ၊ ကိုယ်အလေးချိန် ၁၅ စက္ကန့် အတွင်းက အသွင်အပြင်ကို အရင်ကြည့်တာ။ ပြီးရင် International language ရဲ့ အခြေခံကို တတ်ရမယ်။ ပညာအရည်အသွေး၊ စိတ်ဓာတ်အရည်အသွေး၊ လုပ်ကိုင်ဆောင်ရွက်မှု အရည်အသွေး၊ အတွေ့အကြုံ ၊ စိတ်နေစိတ်ထား သူဟာ လှိုက်လှိုက် လှဲလှဲနဲ့ တကယ်ကို ကိုယ်စားပြုချင် တာလား သဘာဝ ဘေးဒဏ်တွေဖြစ်တဲ့ နေရာတွေ HIV AIDS ဖြစ်တဲ့ နေရာတွေ ဆွံအနားမကြား နေရာတွေကို တစ်ခုထဲသွားပြီး ငွေလေးကောက်လှူ လိုက်တာမျိုး တစ်ခုထဲ လုပ်ပြတာ မဟုတ်ဘူး သူ့ဟာနဲ့သူ Program လေးဆွဲပြီး သူ့အချိန်လေးနဲ့သူ သူ့စိတ်ဓာတ် ကလေးကို နေ့စဉ် လစဉ်ဖော်ပြ နေတာမျိုးလေး လုပ်သင့်တယ်လို့ မမိုးက ထင်ပါတယ်။

သာမာန် လူတစ်ယောက်ပဲ ဖြစ်ဖြစ် မော်ဒယ် တစ်ယောက်ပဲ ဖြစ်ဖြစ် ပြုမူနေထိုင်သင့်တယ်လို့ ထင်တဲ့ ပုံစံ က ဘယ်လိုဖြစ်မလဲ။
တစ်ချို့တွေက အရည်အသွေးတွေက အကုန် ပြည့်စုံတယ် ဘယ်လိုမှ smart မကျ တာရှိတယ်။ ထင်ရှားပေါ် လွင် ဖို့က smart ကျဖို့လဲ လိုတယ်။ အရည်အသွေး ပြည့်စုံနေတဲ့ ခေတ်သစ် အမျိုးသား အမျိုးသမီးများအနေနဲ့ သင်တန်းတက်မှ မတက်မှ မဟုတ်ဘူး ကိုယ့်ကိုကိုယ် နေ့စဉ်ဘဝကို စမတ်ကျအောင် ကြိုးစားလေ့ကျင့်ပြီး နေထိုင်ပါလို့ ပြောချင်ပါတယ်။ တချို့ကျ အရည်အသွေး အကုန် ပြည့်စုံ တယ် ဘယ်လိုသင်သင် စင်ပေါ်မှာ ပေါ်လွင်မှုမရှိဘူး အဲတာမျိုး ကလဲပဲ သူ့ရဲ့ အားနည်း ချက်ပေါ့။

ခေတ်နဲ့အညီ ပြောင်းလဲ လာတယ် အခွင့်အလမ်းတွေလဲများစွာ ပေါ်ထွက် လာတဲ့အခါ လူငယ်တွေ မှာရော ဘယ်လို ပြောင်းလဲမှုတွေ ရှိလာလဲ။

အခွင့်အလမ်းတွေအများကြီး ရှိလာပေမယ့် ပြောင်းလဲလာတာက စိတ်ဓာတ်ပါပဲ။ ပိုပြီးတော့ ဆိုးလာတယ်။ အဲတာကို အဖတ်ဆယ်ဖို့ကတော့ တော်တော်ကို ခက်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ရိုက်ခတ် ရိုက်ခတ် ဘယ်လိုပဲ ဆွဲဆောင် မကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ မကောင်းတဲ့အပြုအမူ ဆိုရင် တောင့်ခံထားပြီး မလုပ်ဖို့လိုပါတယ် မတောင့် ခံနိုင်ဘူး ဆိုတဲ့ စိတ်ကတော့ ဘယ်လိုမှ တန်ဖိုး မရှိပါဘူး ဘယ်လိုပဲအောင်မြင် နေပါစေ နောက်ပိုင်းမှာ လူတွေက ရွံရှာသွားမှာပဲ။

Miss Myanmar International တစ်ယောက် ဖြစ်သွားပြီ ဆိုရင် ဘယ်လို ပြုမူနေထိုင် သင့်တယ် ထင်ပါ သလဲ။

အမြဲတမ်း ကိုယ့်ရဲ့ ပုံရိပ်က မြန်မာပြည်ကို ကိုယ်စားပြုနေမှာပဲ သူ့ကို မြင်ရင် လူတွေကအော် မြန်မာဆိုတာ ဒီလို ကျက်သရေ မင်္ဂလာနဲ့ ပါလားဆိုပြီး မြင်လောက်အောင်ကို အဲလို ပုံရိပ်မျိုး နေသင့်တယ်။

နောက်ပိုင်း မှာကော မော်ဒယ်ဈေးကွက် အနေအထားက ဘယ်လို ဖြစ်လာ နိုင်ပါသလဲ။
နောက်ပိုင်း ဆိုရင် ဒီ့ထက်တောင်မှ မော်ဒယ်လောကက အယိုအယွင်း ပျက်စီး ပိုများမယ်လို့ ထင်တယ်။ တစ်ပွဲ ထိုးလေးတွေလုပ်လိုက် ပြီးရင် အနုပညာ သို့မဟုတ် စီးပွားရေးဘက် ဒါမှမဟုတ် ပိုက်ဆံချမ်းသာဖို့နဲ့ ဘဝကို အခြေခိုင်ဖို့ သွားကြတော့ ဒီလိုငါးပွက်ရာငါးစာချ စိတ်ဓာတ်ကတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါ့ကြောင့်မို့ တချို့ဆို ၆ လလောက်နဲ့ ပျောက်ကွယ်သွားတယ် တချို့ဆို တစ်နှစ်လောက်နဲ့ ပျောက်ကွယ်သွားတယ်။ တချို့ဆို လုံးဝကို ပေါ်မလာတော့ဘူး အဲလိုမျိုးတွေ ဖြစ်ကုန်တယ်။ ကြီးပွားဖို့ပဲ ဖြစ်နေတော့ အရည် အချင်းတွေ လျော့လာ ကြတယ်။

အရင်က မော်ဒယ်တစ်ယောက် ဖြစ်ခွင့်ရဖို့က အရမ်းခက်ခဲပါတယ် ဒီနောက်ပိုင်း သင်တန်းအခွင့် အလမ်းတွေ များလာတဲ့အခါ မော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက် လွယ်ကူသွားပြီလို့ ပြောနိုင်လား။

အရင်က အရမ်း ခက်ခဲပါတယ် ပွဲလဲနည်းတယ်။အများကြီး သေချာ ကြိုးစား လေ့ကျင့် အချိန်ယူပြီးမှ ပွဲအလာကို စောင့်ရတယ်။ ကျွန်မတို့တုန်းက မော်ဒယ်သင်တန်း ဘာညာ မရှိပေမယ့် ကုမ္ပဏီက လူကြီး တွေနဲ့ ပူးပေါင်းပြီး ကျွန်မတို့ကို ပျိုးထောင်တယ် မြန်မာနိုင်ငံကာယဗလနဲ့ ကာယဗလအဖွဲ့ချုပ် က လူကြီးတွေက အရမ်းကို system ကျပြီး အရမ်းကောင်းကြတော့ ကျွန်မတို့တွေ ဖြစ်တည်လာခဲ့ တာပေါ့နော်။ ပိုကောင်းတဲ့ နည်းလမ်းစနစ်တွေ သုံးပေမယ့် သူတို့မှာ ပါလာတဲ့ အခြေခံ စိတ်ဓာတ်တွေကို ကျွန်မတို့က မပြုပြင်နိုင်ဘူး ဖြစ်နေတယ်။

မျိုးဆက်သစ်လူငယ်တွေ အများကြီး ပေါ်ထွက်လာတဲ့အခါ မတင်မိုးလွင် အနေနဲ့ ဘယ်လိုကွဲပြားခြားနား တာတွေ မြင်တွေ့လာရတာမျိုး ရှိလဲ။

အဓိကကတော့ စိတ်နေစိတ်ထား ပါပဲ။ ကျွန်မတို့က ခေတ်နောက်ကျ ကျန်တဲ့အမျိုးသမီးတွေလဲ မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်တိုင်လဲ မိဘတွေနဲ့ ဘိုးဘွားတွေက ခေတ်မှီစွာနဲ့ ခွင့်ပြုပေးခဲ့ကြလို့ ဒီလိုမျိုးခေတ်မှီတဲ့ ခေတ်သစ် စီးပွားရေးတွေကို လုပ်ခွင့်ရတာပါ။ ဒါပေမယ့် ကျွန်မတို့မှာ အကန့်အသတ်ဘောင်ဆိုတာ ရှိပါတယ်။ ဘောင်ကို ကျော်လို့မရပါဘူး ဘောင်ကိုကျော်သွားရင် မျိုးနွယ်ကို ထိခိုက်မယ် လူမျိုးကို ထိခိုက်မယ်။ ကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်မယ်။ ကိုယ့်ပတ်ဝန်းကျင် ကို ဆွဲချသလို ဖြစ်မယ်။ ဒါ့ကြောင့်မို့ ကျွန်မတို့က ဘယ်သူ့ကိုမှ မထိခိုက်ပဲနဲ့ လူတိုင်းလဲ ပျော်ရွှင်အောင်မြင်စေမယ့် Win Win ဆိုတဲ့ နည်းလမ်း ကို သုံးပါတယ်။ အခုခေတ် ကလေးတော်တော်များများက ကိုယ်တိုင်ပဲ Win ဖြစ်တာကိုပဲသုံးတယ် သူများ lose ဖြစ်တာကို လုံးဝ ဂရုမစိုက်ဘူးဆိုတဲ့ စိတ်ဓာတ်တွေ ဖြစ်လာတာ ကွာဟသွားတာကတော့ အဲအချက်လို့ ထင်ပါတယ်။

မတင်မိုးလွင် အနေနဲ့ နောက်ထပ်တက်လာမယ့် မျိုးဆက်သစ် လူငယ်တွေကို ဘာများ ပြောချင်ပါသလဲ။
လမ်းလျှောက်တာ လှရုံနဲ့ မော်ဒယ်မဖြစ်ဘူးလို့ ပြောချင်ပါတယ်။ အမူအကျင့်နဲ့ စိတ်နေစိတ်ထားက အဓိကလို့ ပြောချင်တယ်။ လူဆိုတာ ဘယ်သူမဆို ကောင်းတာနဲ့ သန့်တာကိုပဲ ကြိုက်ကြ တာလေ ကောင်းပြီးသန်တဲ့ ပစ္စည်း မှန်သမျှလဲ ဈေးကြီးပေးဝယ် ရပါတယ်။ ဒါ့ကြောင့် ဈေးကြီးချင်တယ် ဆိုရင်တန်ဖိုး တက်ချင်တယ်ဆိုရင် ကောင်းပြီး သန့်အောင် နေပါ။ ဖြစ်ပြီးရော ဆိုတာမျိုး ကတော့ ဈေးနိမ့်နိမ့်နဲ့ အပေါစားပဲ ဖြစ်မယ် ဆိုတာလေးကိုတော့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

mizzima

မိုဘိုင်းလ်ဖုန်းဖြင့် e-Government ခေတ်ပြောင်းမည်ဟု ဆက်သွယ်ရေး ဒုဝန်ကြီးဆို


ဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် 3G နှင့်အထက် မိုဘိုင်းလ်ဖုန်းစနစ်များကို အဆင့်မြှင့်တင်ပြီး e-Government အပါအ၀င် အွန်လိုင်းစနစ် အခြေခံသော အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးပုံစံ အကောင်အထည် ဖော်သွား မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ဒုတိယ၀န်ကြီးဦးဝင်းသန်း က ပြောဆို လိုက်သည်။

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ အမျိုးသားစီမံကိန်းများအကြောင်း ရှင်းလင်းပြောဆိုစဉ် ဦးဝင်းသန်း က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

၂၀၁၃-၂၀၁၄ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆက်သွယ်ရေးဝန်ကြီးဌာနက မူဝါဒသစ် ၂ ချက်နှင့် ရည်မှန်းချက် ၁ ချက် ထပ်မံ ထည့်သွင်း အကောင်အထည်ဖော်သွားရန်ရှိပြီး မူဝါဒနှစ်ချက်မှာ မြန်မာတနိုင်ငံလုံးတွင် နိုင်ငံ တကာအဆင့်မီ 3Gနှင့်အထက် မိုဘိုင်းလ်တယ်လီဖုန်းများ သုံးစွဲနိုင်ရေးနှင့် အွန်လိုင်းအခြေခံသော အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများ ပေါ်ထွန်းရေးဖြစ်ကြောင်း ဦးဝင်းသန်းက ဆိုသည်။

“မူဝါဒပိုင်းဆိုင်ရာ မိုဘိုင်းလ်တယ်လီဖုန်းများကို တပ်ဆင်အသုံးပြုရမှာ နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အသုံးပြုနိုင်တဲ့ စနစ်ဖြစ်တဲ့ 3G နဲ့အထက် သုံးစွဲနိုင်ဖို့ သတ်မှတ်ထားရှိမယ်။ 3G မိုဘိုင်းလ်နဲ့ အင်တာနက် အသုံးပြုနိုင်မယ့်ကိစ္စအပြင် ဆက်သွယ်ရေးဝန်ဆောင်မှုများဖြစ်တဲ့ ICT eco system ဖြစ်တဲ့ e-government, e-visa, e-procurement, e-payment, online billing system အစရှိတာတွေကိုလည်း အသုံးပြုနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်မံဖြည့်စွက်လိုပါတယ်” ဟု ဦးဝင်းသန်းက ပြောသည်။

ဆက်သွယ်ရေးဒုဝန်ကြီးက ထိုသို့ပြောဆိုသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ အခြေခံအဆောက်အဦ မကောင်းမွန်ဘဲ ဖုန်းလိုင်း၊ အင်တာနက် လိုင်းများမှ လွန်စွာနှေးကွေးနေသည့်အတွက် လက်တွေ့ဖြစ်လာရန် ခက်ခဲသည်ဟု ဝေဖန်မှုများရှိသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ နည်းပညာပညာရှင်တဦး လည်းဖြစ်သူ ဦးရဲမြတ်သူက အစိုးရအနေဖြင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဆိုင်ရာ အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် စက်အစုတ်များ ၀ယ်ယူအသုံးပြုထားသဖြင့် မူဝါဒများ အကောင်အထည်ဖော်ရန် လွယ်ကူမည်မဟုတ်ဟု သုံးသပ်သည်။

“ကျနော်တို့ဘက်က ကြည့်တော့ ဒါတွေက သူတို့မလုပ်နိုင်ဘူးဆိုတာက မကောင်းတဲ့ဟာတွေနဲ့ လုပ်ထားလို့လေ။ ကောင်းတဲ့ဟာတွေနဲ့ လုပ်ထားရှိရင် အဲဒါတွေကမဖြစ်ဘူးလေ။ လွယ်လွယ်လေးပဲလေ။ Land cruiser ကားအရည်အသွေးလိုချင်ရင် Land cruiser လုပ်တတ်စရာမှ မလိုတာ။ ၀ယ်စီးလိုက်ရုံပဲ။ Land cruiser ၀ယ်မစီးဘဲ ထော်လာဂျီဝယ်စီးရင် ထော်လာဂျီ အရည်အသွေးပဲရမှာပေါ့။ အဲဒါပြသနာ မဟုတ်ဘူး။ သူတို့ဘာလို့ အစုတ်တွေ ဖြစ်နေတာလဲ ဆိုတော့ အစုတ်ကောင်တွေဆီက အစုတ်တွေဝယ် ထားလို့ ဖြစ်နေတာလေ” ဟု ဦးရဲမြတ်သူက ရှင်းပြသည်။

နိုင်ငံတ၀န်းတွင် 3Gနှင့် အထက် မိုဘိုင်းလ်ဖုန်းစနစ် အကောင်အထည် ဖော်ရန်မှာမူ အကုန်အကျ များပြားမည်ဟု ၎င်းက ဆိုသည်။

“3G နဲ့ အထက်ဆိုတာက 4 G တို့ကို ပြောတာ။အဲဒါကတော့ မြို့တွေပေါ်မှာ ဖြစ်နိုင်တယ်။ နယ်တွေ မှာတော့ မဖြစ်နိုင်ဘူး။ သူက Frequency များလာမှ High Speed တက်တာလေ။ အဲဒီ ရင်းနှီးမြုပ်နှံမှုက များတယ်။ လူတွေများရင် ကျပ်ရင် အဲဒီရင်းနှီးမြုပ်နှံမှုက ကာမိတယ်။ လူတွေနေတာ ကျဲတယ်ဆိုရင် အဲဒီရင်းနှီးမြုပ်နှံမှုက မကိုက်ဘူး။ နိုင်ငံတကာမှာသုံးတဲ့ 3 G တို့ 4 G တို့က သိပ်သည်းဆမြင့်မှ သုံးလို့ ရတာ” ဟု ဦးရဲမြတ်သူက ရှင်းပြသည်။

အွန်လိုင်းစနစ်ကိုအခြေခံသော e-Government အပါအ၀င် အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး လုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရန်မှာလည်း ဆိုက်ဘာဥပဒေ ကောင်းကောင်းလိုအပ်သည့် အပြင် အစိုးရပိုင်းကလည်း တိကျရေရာသော ဥပဒေနှင့် မူဝါဒများချမှတ်ရန် အလွန်အရေးကြီးကြောင်း၊ ယခင်စစ်အစိုးရခေတ်ကလည်း ဥပဒေနှင့် မူဝါဒ ကောင်းကောင်းမရှိဘဲ လွဲမှားစွာ ပြုလုပ်ခဲ့ကြောင်း ဦးရဲမြတ်သူက ဆိုသည်။

“e-government၊ e-commerce တွေ ဘာတွေ ဖြစ်ဖို့ဆိုတာကတော့ cyber Law ကောင်းကောင်း လိုတယ်။ အခုလက်ရှိ ရှိနေတဲ့ ဥပဒေနဲ့တော့ အဆင်မပြေလောက်ဘူး။ အဲဒါကြီးက အမြင်ကတ် ပုဒ်မလို ဖြစ်နေတယ်။ အွန်လိုင်းစနစ်ကို အခြေခံလုပ်ဖို့ဆိုရင်တော့ ဥပဒေအခြေခံအဆောက်အဦတွေနဲ့ နည်းပညာအခြေခံအဆောက်အဦတွေ ဆောက်မှကို ရမယ်၊ တောင့်မှ ရမယ်။ အရင်တုန်းက လည်း လျှောက်လုပ်ပြီးတော့ လွဲခဲ့တာတွေကလည်း အဲဒါတွေကြောင့်ပဲ” “e-government အတွက် အစိုးရပိုင်းမှာ စနစ်ရှိဖို့လိုတယ်။ အရည်အသွေး ရှိဖို့လိုတယ်။ အစိုးရ လုပ်ချင်တဲ့ စနစ်၊ တည်ဆောက်ပုံ၊ လုပ်ပိုင်ခွင့်တွေ အကုန်လုံးက တိတိကျကျ မရှိဘူးဆိုလို့ရှိရင် အွန်လိုင်းပေါ်တက်လို့မရဘူး။ အခုက လူပေါ်မှာ မူတည်ဆုံးဖြတ်တာကနေ မူပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တဲ့ ဌာနဆိုင်ရာ လုပ်ငန်းတွေဖြစ်အောင်လုပ်ဖို့ လိုတယ်။ ခုနပြောတာတွေ လုပ်မရဘဲ အွန်လိုင်းပေါ်မတက်ဘဲနဲ့ ဗျူရိုကရက်တွေနဲ့ တွေ့နေသမျှကာလပတ်လုံး အကျင့်ပျက် ခြစားမှုကလည်း ပျောက်မှာမဟုတ်ဘူး။ ဆင်းရဲမွဲတေမှုကလည်း ကျမှာမဟုတ်ဘူး။ စရိတ်တွေလည်း တက်နေမှာပဲ။ အဲဒါတွေက အစိုးရလုပ်မှ ရမှာလေ။ အပြင်က လုပ်လို့မရဘူး”ဟု ဦးရဲမြတ်သူက ရှင်းပြသည်။

ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာရေးမှာ လုပ်ပိုင်ခွင့် အာမခံချက်များ ရှိရေး အဓိကကျကြောင်းလည်း ၎င်းက ဆိုသည်။ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် နိုင်ငံတကာ ပုံစံ ဈေးသက်သော မိုဘိုင်းလ်ဖုန်းများ လူတိုင်းအသုံးပြုနိုင်ရေးအတွက် ငါးနှစ်အတွင်း မိုဘိုင်းလ် ဖုန်းသန်း ၃၀ ချထားပေးမည့် စီမံကိန်းတရပ်ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။

ဧရာဝတီ

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ


စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည် အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေ မရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာ ပါတယ်။

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိ လို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဥပမာ- စာဖတ်သူတို့ Facebok မှာသုံးနေတဲ့ “ဘယ်သူ့ကိုပိုချစ်လဲ၊ သင့်ချစ်သူဟာ ဘယ်လိုလူစားလဲ” အစရှိသဖြင့် Application အများစု ဟာ ပြည်ပရောက် မြန်မာ Developer များက ဖန်တီး ထားခြင်း ဖြစ် ပါတယ်။ ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေ အနေဖြစ်ပါတယ်။

နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။

ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။

ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုး မဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။

Page တစ်ခုပြုလုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။

၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း
သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွား လိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာ လိုက်တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက်အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။

ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသလိုလေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေးသားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများ ဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါတယ်။

မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေး လမ်းကြောင်းပေါ် မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။

ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ်သူများနဲ့ ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစား လာနိုင်ပါတယ်။

ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက်များကို ပြရပါ မယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။

သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ အထင်ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။

အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professinal လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက်ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူ ကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသား ရာကနေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။ အချို့ ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီ များက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာမလိုပဲ အလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထား တာတွေကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက် ဟာ အင်မတန် နည်းနေပါသေးတယ်။

Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ် အတော်များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့ အကြုံမရှိသူ များအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလို အကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင် မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင် မှာ ဖြစ်ပါတယ်။

ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီး ချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသား တင်ပြရင်း ဆက်သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။

ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန်တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိနေပြီ ဖြစ်ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော်များများ မှာလည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ စာရေးသူပိုင် ဆိုင်သော Page တစ်ခုမှာ တင်ဆက်ပြသ ချက် ကောင်း မွန်မှုကြောင့် ကုမ္မဏီတစ်ခုက ဝဘ်ဆိုဒ်တစ်ခု ထောက်ပံ့ပြီး လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ကိုယ်ပိုင် အွန်လိုင်း မီဒီယာ လုပ်ငန်းတစ်ခု ဖန်တီးလို့ရတဲ့ အနေအထား ထိတောင် ဖြစ် သွားပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်းဆင်း လည်း မဟုတ်ရပါ။ စာနယ်ဇင်းကလည်း မဟုတ်ရပါ။ တစ်ဖက်ကလည်း ဘာသာရပ်တစ်ခု အထူးပြု ကာ ကျောင်းပြီး ထားပြီး လုပ်ငန်းခွင်ဝင်ရန် သင်ယူလေ့လာနေဆဲသာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။

စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံး ချနိုင်မှာ ဖြစ်ပါတယ်။

ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Profesional များအတွက် မဟုတ်ရပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ် ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများ အတွက် ဖြစ်ပါတယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါတယ်။ တကယ်ပဲ Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရပါ တယ်။

လေးစားစွာဖြင့်
အောင်ခမ်း (TSJ team)

http://www.myanmartharkaung.net/2013/02/facebook_19.html