Thursday, February 14, 2013
အမျိုးသား ၇ ဦးခန့်က ကားပစ္စည်းဂိုထောင်စောင့်အား ရိုက်နှက်ပြီး ဆယ်သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများအား လုယက်
ဒဂုံတောင်မြို့နယ်တွင် အမျိုးသား ၇ ဦးခန့်က ကားပစ္စည်း ဂိုထောင်စောင့်အား ရိုက်နှက်ပြီး ဂိုထောင် အတွင်းမှ ဆယ်သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများအား လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် မနက် ၅ နာရီအချိန်တွင် ဒေါ်အေးမိမိခိုင် (၃၇) နှစ်၊ ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဧရာဝတီပါဝါကုမ္ပဏီ (ကားလေလံဆွဲကုမ္ပဏီ)
မင်္ဂတောင်ညွှန့်မြို့နယ်နေသူသည် အိမ်၌ရှိနေစဉ် လုံခြုံရေးအဖွဲ့မှ ဖုန်းဖြင့်အကြောင်းကြားရာ ဒေါ်အေးမိမိခိုင်၏ ကုမ္ပဏီပိုင် ဒဂုံတောင်မြို့နယ် (၁၄၄) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် စက်မှုဇုန်လမ်းထောင့်၊ အမှတ် (၃၈၇) ရှိ ကားပစ္စည်းများထားသည့် ဂိုထောင်သို့ မနက် ၂ နာခွဲအချိန်တွင် အမျိုးသား (၇)ဦးခန့်မှ လိုက်ထရပ်ကားတစ်စီးဖြင့် ရောက်ရှိ လာကြောင်း သိရသည်။
ထို့နောက် ဂိုထောင်စောင့် လုံခြုံရေးဝန်ထမ်းနှစ်ဦးအား ကြိုးနှင့်တုတ်ခြင်း၊ ပါးစပ်မျက်လုံးများကို အ၀တ်နှင့် ပတ်ကာ ၀ိုင်းဝန်းထိုးကြိတ်ပြီး ဂိုထောင်တံခါးအား ရိုက်နှက်ဖွင့်၍ အတွင်းမှပစ္စည်းများအား သယ်ဆောင် သွားကြောင်း သိရသည်။ထို့ကြောင့် ဒေါ်မိမိခိုင်မှ ဂိုထောင်အတွင်းရှိ ပစ္စည်းများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ (၉၂) ဖင်ကောက် ဘင်အဖြူရောင် နောက်ပိတ်တံခါး(၁၅)ချပ်၊ တစ်ချပ်လျင် (၅)သောင်းနှုန်း၊ စုစုပေါင်းတန်ဖိုး (၇၅၀၀၀၀ိ/-)၊ အင်ဗာတာတစ်လုံး တန်ဖိုး(၇၀၀၀၀ိ/)၊ ၂၀၀ AMP အနက်ရောင် ဘက္ထရီအိုးတစ်လုံး၊ တန်ဖိုး(၈၀၀၀၀ိ/)နှင့် Canter ကား Freame ရှေ့ဖြတ်နှစ်ခု၊ တစ်ခုလျင် (၇၀၀၀၀ိ/) ဖြင့် တန်ဖိုး(၁၄၀၀၀၀ိ)၊ စုစုပေါင်းတန်ဖိုး (၁၀၄၀၀၀၀ိ/)တို့အား ကားဖြင့် သယ်ဆေင် သွားကြောင်း ဒဂုံတောင်မြို့နယ် ရဲစခန်းမှ စစ်ဆေးချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်ကို ဒဂုံတောင် ရဲစခန်း(ပ)၁၁၂/၂၀၁၃၊ ပုဒ်မ-၃၉၇ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

EMG
လစ်လပ်သွားသည့် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနေရာတွင် လူမှုရေးဝန်ကြီး ဦးတင်စိုးအား ခန့်အပ်
လစ်လပ်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နေရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးတင်းစိုးအား ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပ၍ ယှဉ်ပြိုင်သူမရှိ ရွေးချယ်တင်မြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
“ရွေးချယ်တင်မြောက်ပွဲ လုပ်တာက သိပ်မြန်ဆန်လွန်းတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘော ဆန္ဒဆိုတာ သိပ်မမြင်လိုက်ရဘူး။ ဥပမာဆိုရင် ရွေးချယ်ခံဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက အမည် စာရင်း ပေးသွင်းချင်တယ် ဆိုရင်တောင် စာရင်းပေးသွင်းဖို့ဆိုတာ မတွေ့ရဘူး။ အန်တီရဲ့ ဆန္ဒအရ ဆိုရင်တော့ တကယ်ဖြစ်သင့်တဲ့သူက ဒေါက်တာထိန်ဝင်းလို့ ပြောချင်တယ်၊ ဒီမှာ သုံးပါတီရှိတယ် သုံးပါတီစလုံးက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်သင့်တယ်၊ ဒါကို ဘယ်သူမှ အကောင်အထည်ဖေါ် မဆောင်ရွက်နိုင်ခဲ့ဘူး၊ ဥက္ကဋ္ဌ ရွေးကောက်ပွဲဟာ စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ မြင်တယ်၊ တနည်းပြောရရင်တော့ လွတ်လပ်ပြီး ပွင့်လင်းမြင်သာတာ မတွေ့ရဘူးလို့ ခံစားရတယ်၊ ပထမ လွှတ်တော် ဥက္ကဋ္ဌကတော့ တော်တော်ဆောင်ရွက်နိုင်တဲ့သူဖြစ်တော့၊ ပြည်သူက အားကိုးရတဲ့ ဥက္ကဋ္ဌ တစ်ယောက် ဖြစ် လာဘို့ ၀ိုင်းဝန်း ဆောင်ရွက်ကြရမှာဘဲလို့ ရေကြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးမှ ပြောပြသည်။
လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့သည့် ဦးတင်းစိုးသည် အငြိမ်းစားဗိုလ်ချုပ် တစ်ဦးဖြစ်ပြီး၊ ကြံခိုင်ရေး ပါတီမှ ပါတီဝင်တစ်ဦးလည်း ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ၀င်ရောက်ရွေးချယ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။ တိုင်းဒေကြီး အစိုးရအဖွဲ့ စတင်ဖွဲ့စည်း တာဝန်ယူစဉ်က စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး၊ လက်ရှိတွင် လူမှုရေးဝန်ကြီး အဖြစ် တာဝန်ယူလျက်ရှိသည်။
“လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့် တာဝန်ယူတုန်းက ကျွန်တော်တို့ပြည်သူတွေ အနေနဲ့ လွတ်လွတ် လပ်လပ် တွေ့ဆုံပြီး အခက်အခဲတွေ တင်ပြခွင့်ရှိတယ်၊ အခုလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ လည်း ပြည်သူနဲ့တစ်သားတည်း ပြည်သူ့အသံကို နားထောင် ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု လူ့အခွင့်အရေး ဆောင်ရွက်သူ ဦးထွန်းထွန်းဦးမှ ပြောပြသည်။ တိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး ပထမနေ့တွင် အစည်းအဝေးအား ပထမပိုင်းနှင့် ဒုတိယပိုင်း နှစ်ပိုင်းခွဲ ကျင်းပခဲ့ပြီး၊ ပထမပိုင်းအား နံနက် ၁၀း၀၀ နာရီတွင် စတင်ကျင်းပကာ လစ်လပ်နေသော လွှတ်တော် ဥက္ကဋ္ဌ နေရာအား ရွေးချယ် တင်မြောက်ခဲ့ပြီးနောက် ၁၀း၂၀ နာရီတွင် အစည်းဝေးအား ရုပ်သိမ်းခဲ့သည်။

ဘန်ကောက်ေ၇ာက်၍ Taxi ကား ငှားစီးပါက
သတိပေးချင်ပါသည်....
သင် ဘန်ကောက်ေ၇ာက်၍ Taxi ကား ငှားစီးပါက ထိုင်လိုက်တာနဲ့ ရှေ့မှာ ကားသမားနဲ့ဆိုင်တဲ့ အချက် အလက်တွေကို ရေးထားတဲ့ ကဒ်ပြား ကို မြင်၇ပါမယ်....
အဲ့ဒီမှာ ကားသမား ၇ဲ့ Code နံပါတ် ( ဥပမာ 79991 ) ကို မိမိနဲ့နီးစပ်ရာ ဆက်သွယ်လို့ရတဲ့ သူထံ ဖုန်းနဲ့ အမြန်ဆုံး ပေးထားလိုက်ပါ..( ကားသမားကို အားနာစရာမလိုပါ )
ဘေးအန္တရာယ် တစ်ခု ခုတွေ့ပါက မိမိကို ကူညီဖို့ လွယ်ကူရန် ဖြစ်ပါတယ်....
အထူးသဖြင့် အမျိုးသမီးတစ်ယောက်ထဲ ညအချိန် ကားငှားစီးသွားပါက အဓိက အရေးကြီးပါတယ်...
ထိုင်ရမဲ့ နေရာကတော့ ကားသမားရဲ့ အနောက်မှာပါ....
ဤအကြောင်းအရာကို ဘန်ကောက်မှ ရဲများ အရေးတကြီး နိုးဆော်နေပါတယ်....။
သမ္မတ အပါအဝင် မည်သူကို မဆို စစ်ဆေး အရေးယူ နိုင်မည့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း ကို အတည်ပြု
နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အစိုးရဝန်ထမ်းများအား လာဘ်ေ ပး လာဘ်ယူမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူနိုင်မည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ေ ရး ဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ေ ကြာင်း ပြည်ေ ထာင်စုလွှတ်တော် ဥပဒေ ကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုး က ပြောသည်။
“ဒီဥပဒေအရ တိုင်ကြားလာရင် မည်သူ့ကိုမဆို ကော်မရှင်က စစ်ဆေးခွင့်ရှိပြီး သက်ဆိုင်ရာ တရားရုံးတွေ ကို တရားစွဲဖို့ တင်ပို့ခွင့်ရှိပါတယ်။ နိုင်ငံတော်သမ္မတက စစ်ဆေးခွင့်ရှိပါတယ်” ဟု ဒေါက်တာမြတ် ဥာဏ စိုး က ပြောသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်အဆင့်ရှိ ပုဂ္ဂိုလ်များအား စစ်ဆေးရန်ရှိလာပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားရုံးများသို့ အဆိုပါ ဥပဒေမှ စစ်ဆေးအရေးယူခွင့် ပေးထားပြီး ၄င်းတရားရုံးများအပေါ် အုပ်ချုပ်ရေးအဖွဲ့များမှ သြဇာလွှမ်းမိုးခံ ရေ ကြာင်း ကော်မရှင်မှ ယူဆပါက အထူးတရားရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ကို ဥပဒေအရ ပေးအပ် ထားေ ကြာင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။
ဥပဒေအရ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို လွှတ်လပ်သော အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ အဖွဲ့ဝင် ငါးဦးစီ ရွေးချယ်တာဝန်ပေးရမည် ဖြစ်သည်။ ကော်မရှင် အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၄င်းတို့၏ ပိုင်ဆိုင်မှုစာရင်းကို နိုင်ငံတော်သမ္မတထံ တင်ပြရမည် ဖြစ်သည်။ လာဘ်ပေးလာဘ် ယူမှု လျော့နည်း ကင်းရှင်းစေရေးအတွက် ရည်ရွယ်ကာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ေ ရး ကော် မတီ ကို နိုင်ငံတော် သမ္မတရုံးက ဇန်နဝါရီ ၈ ရက်တွင် အမိန့်အမှတ် ၉/၂၀၁၃ ဖြင့် အမိန့်ထုတ်ပြန် ဖွဲ့စည်းခဲ့ေ ကြာင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Khit Lu Nge

နိုင်ငံကြီးသားပြည်သူများ၊ ခရိုနီကိုဖော်ထုတ်ကြစို့
ယနေ့ မျက်မှောက်ခေတ်ကမ္ဘာတွင် စီးပွားရေးအင်အား ဒုတိယတောင့်တင်း ဆုံးနိုင်ငံဖြစ်သည့် တရုတ်သည် လွန်ခဲ့ သော ဆယ်စုနှစ်လွန်ကာလများအတွင်း စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျခဲ့သော် လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ယုံကြည် မှုအပြည့်ရှိရန် ပုံအောပြီး ရင်းနှီးမြှုပ်နှံမှု ပြုအောင် နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်ပြုရာ တွင် ပြတ်သားသောစီးပွားရေးမူဝါဒ ချမှတ်နိုင်ခဲ့ပြီး အခွန်စည်းကြပ်မှုကို လျော့ချသည်။ ပိုင်ဆိုင်မှုများကိုလည်း ပြတ်သားစွာ ကာကွယ်မှုပြုခဲ့သည်။
ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်း အောင်လုပ်ဆောင်ရာတွင်လည်း အစိုးရ ပိုင်းအနေဖြင့် အရေး ကြီးသလို ပြည်တွင်းရှိ စီးပွားရေးသမားများပေါ်တွင်လည်း အများကြီးမူတည်ပေသည်။ မိမိတိုင်း ပြည် စီးပွားရေးတိုးတက်အောင် နိုင်ငံ သားတိုင်းမှ အားထုတ်ကြိုးပမ်းမှသာ လျှင် အာဆီယံနိုင်ငံများဖြစ်သော ဗီ ယက်နမ်၊ စင်ကာပူ၊ နိုင်ငံများနှင့် ရင် ဘောင်တန်းနိုင်မှာဖြစ်ပေသည်။ ဒီမိုက ရေစီ အစိုးရသစ်ပေါ်ပေါက် လာသည်မှာလည်း သိပ်မကြာသေးသောကြောင့် ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု မ၀င် ရောက်ခြင်းဖြစ်ပေ သည်။
ရင်းနှီးမြှုပ်နှံမှုများအတွက် ပထမ အချက်သည် ခရိုနီများ၏အကျင့်စရိုက် များ ပျောက်ရမည်ဖြစ်သလို၊ ဒုတိယ အချက်အနေဖြင့် ၀န်ထမ်းများ၏ ဆောင် ရွက်မှုပုံစံပြောင်းရမည်ဖြစ်ပြီး ရုံးဌာနများ တွင်လည်း Computer. CCTV လုံခြုံ ရေးကင်မရာများ လုံလောက်စွာထားရှိ သင့်ပေသည်။
ယခင်ဆိုရှယ်လစ်ခေတ်မှစ၍ စစ် အစိုးရလက်ထက်အထိ ကျင့်သုံးခဲ့သော အောက်ခြေ၀န်ထမ်းများ၏ အကျင့်ပျက် ခြစားမှုရောဂါများအားလုံးကိုလည်း ပျောက်သွားအောင် ကုသရပေမည်။
အကျင့်ပျက်ရောဂါတစ်ခုသည် နာတာ ရှည်ရောဂါတစ်ခုဖြစ်ခဲ့သောကြောင့် ချက်ခြင်း အမြစ်ပြတ် သွားအောင် ကုသ နိုင်မှုတော့မရှိနိုင်။ တစ်ဖြည်းဖြည်းနှင့် ရောဂါကင်းပျောက်သွားအောင် ကုသရ ပေ လိမ့်မည်။ ပြည်သူများဘက်မှလည်း နိုင်ငံကြီး သားများကဲ့သို့ စည်းကမ်းရှိစွာနှင့် လာဘ် ပေးမှုများ မပြု သင့်ပေ။ လုပ်ငန်းတစ်ခု လုပ်ဆောင်ရာတွင် မိမိလုပ်ငန်းလုပ် ဆောင်နိုင်ရန်၊ အောင်မြင်နိုင်ရန် ၀န်ထမ်း များအတွင်း အကျင့်ပျက်အောင် လာဘ် ပေး၍ တစိုးလက်ဆောင်ပေး၍ မလုပ် သင့်ပေ။ နိုင်ငံတော် အစိုးရအနေဖြင့် မည်သို့ပင်တိုင်းပြည်ကောင်းစားရေး အတွက် ရှေ့ရှုလျက်ဥပဒေပြုသော် လည်း ပြည်သူ များဘက်မှ ယခင်အစိုးရ လက်ထက်များကဲ့သို့အကျင့်ပျက်ဝန်ထမ်း နှင့် အကျင့်ပျက်စီးပွားရေးသမားများ ပုံစံအတိုင်း ဆက်လက်လုပ်ဆောင်နေ ပါက တိုင်းပြည်ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင်ပေါ်ထွန်း လာမည်မဟုတ်ဘဲ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းကြီး မြင့်မှု၊ အလုပ်လက်မဲ့ဦးရေများလာပေ လိမ့် မည်။
သမ္မတကြီးဦးသိန်းစိန်ခေါင်း ဆောင်သော အရပ်သားအစိုးရလက် ထက်တွင် မော်တော်ကားများ အိုမင်း ဟောင်းနွမ်း၍ မော်ဒယ်နိမ့်ကားများကို မြို့တော်အင်္ဂါရပ်နှင့်အညီဖြစ်စေရန် အပ်နှံခွင့်ပေးခါစတွင် ကားပွဲစား ၀ယ်၊ ရောင်းဆိုသော စီးပွားရေးသမားများ သည် သတင်းကြိုတင်သိရှိခြင်းဆိုသည့် ခရိုနီ စရိုက်များနှင့် မသိနားမလည်သော ကြိုတင်သိရှိခြင်းမရှိသော မော်တော် ကားနှင့် အသက်မွေး ၀မ်းကြောင်းပြုနေ သောသူများကို တပတ်ရိုက်ကွက်ကျော် နည်းများနှင့် ကြိုတင်ဝယ်ယူလျက် သိန်း ငါးဆယ်နှင့် ပေးဝယ်သောကားများကို သိန်း ၁၀၀ ကျော်အထိ ပါမစ်ဈေးတင် ကာ အမြတ် ထုတ်ခဲ့ကြ သည်ကို ရန်ကုန် မြို့အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်းလုံး ဖြစ်သွားခဲ့သည်။
သို့သော် သိပ်မကြာခင်မှာတင် နိုင်ငံတော်အစိုးရမှ မည်သူမဆို ၂၀၀၇ မော်ဒယ်အထက် မော်တော်ကား တင် သွင်းခွင့်ပြုသော အမိန့်ထုတ်ပြန်လိုက် သောအခါ ပထမအမြတ်ထုတ်၍ ထပ် မြတ်လေမည်လားဟု ကားများလှောင် ထားသောသူများ အရှုံးပေါ်သောအခါ ဂျာနယ်သတင်းသမားအစစ်မဟုတ်သည့် အသပြာငွေနှင့် စတုတ္ထမဏ္ဍိုင်လွတ်လပ် ခွင့်ရှိလာသော ခေတ်တွင် ခရိုနီအသေး စား ကားပွဲစား ၀ယ်၊ ရောင်းများ၏ သတင်းမှားတွေကို ဂျာနယ်ရောင်းကုန် အောင်ရေးလာကြသည်။ ထိုကဲ့သို့ က လောင်ရှင်မျိုးများလည်း သတင်းသမား မဖြစ်သင့်ပါ။ ရေးသားတင်ပြရမည်ဆို လျှင် ရေး၍ ကုန်မည် မဟုတ်ပါ။ တစ်ဦး တစ်ယောက်ချင်းစီ၏ နိုင်ငံချင်းစီစစ်၊ တိုင်းပြည်ချစ်စိတ်နှင့် အများကောင်းကျိုး ရှေးရှု လျက် လုပ်ဆောင်မှသာလျှင် နောင် အနာဂတ်နှစ်အနည်းငယ်အတွင်း အာရှ ကျားဟုခေါ်တွင်နိုင် သည့် မြန်မာ့စီးပွား ရေး ဦးမော့လာပြီး ပြည်သူများ၏ဘ၀ အဆင့်အတန်း မြင့်လာမည်မှာ မလွဲဧ ကန် မုချဖြစ်ပေလိမ့်မည်။
ယခုမျက်မှောက်တွင် အရပ်သား အစိုးရပြောင်းပြီး ဒီမိုကရေစီကျကျ အုပ် ချုပ်မှုစတင်ချိန်တွင်လည်း ကြားရသည့် သတင်းများအရ အမြဲမပြတ် ဆန္ဒပြမှု တွေ အသနားခံတင်ပြမှုများ၊ ပါတီ အကွဲ အပြဲ ဇာတ်လမ်းModel ပုံစံ အချိုးကျကျ ဖြစ်ပေါ်လာမှုများသည်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အဟန့် အတားဖြစ်စေ ပေမည်။ မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုမဆို တိုင်းပြည်နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု၊ အခွန်ဥပဒေ၊ နိုင်ငံ၏ သယံ ဇာတ၊ နိုင်ငံသားများ၏အရည်အချင်း၊ စိတ်ဓာတ်၊ တရားဥပဒေစိုးမိုးမှု၊ လျှပ်စစ် မီးအကြောင်းအရာများကို အဖက်ဖက်မှ စဉ်းစားပြီး တွက်ချက်မှသာ လာရောက် မြှုပ်နှံကြမည်ဖြစ်ပေသည်။
ထို့ကြောင့် အမိမြန်မာနိုင်ငံတော် ကြီး ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက် မှုဖြစ်လာစေရန်အတွက် ခရိုနီများကင်း စင်အောင် အစိုးရနှင့်ပြည်သူ ဟန်ချက် ညီညီ ကြိုးပမ်းလျက် တရားဥပဒေစိုးမိုး မှု၊ စည်းကမ်း ရှိမှုနှင့် ကမ္ဘာတွင် မြန်မာ ပြည်သည် နိုင်ငံကြီးသားပြည်သူများသာ နေထိုင်ကြကြောင်း ကမ္ဘာ သိအောင် ပြကြပါစို့။
http://www.hotnewsweekly.com/archives/17140

မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး၏သြ၀ါဒ
မင်းတို့ လူထုအနေနဲ့ရော သံဃာထုအနေနဲ့ရော ဗဟုသုတကလဲ အင်မတန်ကို နဲပါတယ်။
အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။
ဗဟုသုတနဲတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊
ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်၊
စဉ်းစားကြည့် . . . မင်းတို့ ရှူးတိုက်တိုင်း ကိုက်တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်ကွ၊
အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်တယ်ဆိုကတည်းက မင်းတို့ရဲ့ အသိညာဏ်က အဲဒီ သုနခ (ခွေး)လောက်ပဲ ရှိတာ။
အဲဒါ မှတ်ထား။
နောက်ကို ရန်ဖြစ်အောင် တိုက်ပေးတိုင်း ရန်မဖြစ်ရဘူး။
ဆူပူအောင် လုပ်တိုင်း မဆူပူရဘူး၊
ကိုယ်က ဗဟုသုတရှိထားမှ ဒါ တမင်သက်သက် ဆူပူအောင် လုပ်နေတယ်၊ အဲဒီလို သိတာပေါ့၊
အဲဒီလို သိအောင် ခုနက ပြောသလိုပဲ ဗဟုသုတရှိအောင်လို့ ဆည်းပူးရတယ်၊
မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
https://www.facebook.com/photo.php?fbid=394962417265571&set=a.330110930417387.71801.100002554495605&type=1&theater
ရခိုင်ပြည်နယ်အရေးကိစ္စ သက်ဆိုင်ရာ လူမျိုးစု ၂ စုတို့ ညှိနှိုင်းအဖြေရှာရမည်ဟု ကင်တားနားပြော
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်နေသော လူမျိုးစု ၂ စု အတူတကွ ပြန်လည် အခြေ ချ နေထိုင်နိုင်ရေးသည် နိုင်ငံတကာ အဖွဲ့အစည်းများ ၀င်ရောက် ဆောင်ရွက်၍ မရဘဲ ထိုလူမျိုးစု ၂ စု ကသာ ဆွေးနွေး ညှိနှိုင်း အဖြေရှာရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ် သို့ ၂ ရက်ကြာ ခရီးသွားရောက် စဉ် ပြောကြားသည်။
ရခိုင်ပြည်နယ် အရေးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အလွန်အရေးကြီးသော အနေအ ထားတွင် ရှိနေကြောင်း၊ တကမ္ဘာလုံးကလည်း စိတ်ဝင် တစား စောင့်ကြည့်နေကြောင်း မစ္စတာ ကင်တားနားက မှတ်ချက်ပြုသည်။
စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့သော ဒေသခံလူထုနှင့် တွေ့ဆုံရာတွင် ရခိုင်တိုင်းရင်းသား များဘက်မှ မြို့မိမြို့ဖ ၁၆ ဦး တက်ရောက်ခဲ့ပြီး ဘင်္ဂါလီများဘက်မှ ၁၀ ဦး တက်ရောက်ခဲ့ကြောင်း၊ ပဋိ ပက္ခ ဖြစ်စဉ်များတွင် ဘင်္ဂါလီဒုက္ခသည် အရေ အတွက် များသောကြောင့် နိုင်ငံတကာ အကူအညီများသည် ဘင်္ဂါလီများဘက်သို့ ပိုမိုရောက်ရှိသွားသည်ကို ၀န်ခံကြောင်း၊ ထို့အတွက် ရခိုင်လူထုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရန် လိုအပ်နေသေးကြောင်း ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် အာရှော့ နီဂမ်က ပြောသည်။
မစ္စတာ ကင်တားနား၏ ခရီးစဉ်သည် ယခင်လာရောက်ခဲ့ခြင်းနှင့် မတူဘဲ ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ အပါအဝင် ရခိုင်လူထုနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံစဉ် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းများကို မသုံးဘဲ ဘင်္ဂါလီ ဆိုသည့် အသုံးအနှုန်း ကိုသာ သုံးစွဲ ပြောဆိုခဲ့ကြောင်း၊ ၎င်းအနေဖြင့် ဒုက္ခသည်များ၏ အနေအထားကို စိုးရိမ်မိကြောင်း၊ ယင်း လူမျိုးစု ၂ စု၏ အခြေခံလူ့အခွင့် အရေး မြှင့်တင်ရေးကို စိတ်ဝင် စားသည်ဟု ဆိုကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့ခံ ဦးသန်းထွန်း က ပြောသည်။
ဒုက္ခသည်များ အနေဖြင့် တရားဝင် မှတ်ပုံတင် လျှောက်ထားရာတွင် လူမျိုးနေရာ၌ ဘင်္ဂါလီဟု အသုံးပြုပြီး တဦးချင်း အလိုက် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ကြောင်း၊ အစိုးရ၏ ဥပဒေများ အတိုင်း ဖြစ်လာမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ သမိုင်းတွင် မရှိသော ရိုဟင်ဂျာကို မြန်မာ တိုင်းရင်းသား ဖြစ်စေရန် နိုင်ငံတကာဖိအားဖြင့် တောင်းဆိုနေသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြော သည်။
“ဒီ ဘင်္ဂါလီတွေဟာ တဘက်က ခိုးဝင်လာတာမဟုတ်ဘူးလို့ ပြောနေတယ်။ ဒီဆယ်စုနှစ် ၂ ခုအတွင်းမှာ လူဦးရေ ၂ သိန်း ကနေပြီး ၁၀ သိန်းဖြစ်သွားတယ်။ သာမန် လူသားတယောက်ရဲ့မွေးဖွားနှုန်းနဲ့ ဘယ်လို့မှ လက်ခံနိုင်စရာမရှိဘူး။ ပုံမှန် မွေးနှုန်းထက် ပိုနေတဲ့အတွက် ဘယ်က လာတာလဲဆိုတာ စဉ်းစားမိ ပါသလားလို့ ပြောလိုက်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ လုံခြုံရေးတပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းလိုက်သည်နှင့် ပဋိပက္ခပြန်လည် ဖြစ်နိုင်ချေ ရှိနေသေး သည်ကို မြင်နေရသည့် အတွက် အချိန်အတိုင်းအတာ တခုအထိ လုံခြုံရေး စည်းများခြားပြီး လူမျိုးစု ၂ စုကို ခွဲခြားထားသင့်သည် ဟု မြင်ကြောင်း၊ ပဋိပက္ခလွန် ကာလတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အတူပြန်လည် ယှဉ်တွဲ နေထိုင်ရန် ဘင်္ဂါလီများ ဘက်က လိုလားသော်လည်း ရခိုင် တိုင်းရင်းသားများက လုံးဝလက်ခံနိုင်ခြေ မရှိသေးကြောင်း မစ္စတာ ကင်တားနား၏ အဆိုအရ သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှဘင်္ဂါလီတဦးဖြစ်သည့် ဦးမောင်ဖြူ ကလည်း ၎င်းတို့သည် နိုင်ငံသားဖြစ်ကြောင်း၊ ထို့အတွက် နိုင်ငံသား အခွင့်အရေးများကို အပြည့်အ၀ လိုချင်ကြောင်း၊ ယခင်ကကဲ့သို့ ကိုယ့်နေရာကိုယ်ပြန်နေပြီး တရားဥပဒေ စိုးမိုးမှုအောက်တွင် လုံခြုံမှုဘ၀ ကို ပြန်လည်တည်ဆောက် ချင်ကြောင်း ပြောသည်။
“အချိန်ကာလ တခုအတွင်း ၂ ဘက်စလုံးက အဖြေတခု ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ရခိုင်လူထု အနေနဲ့ လူမျိုးကြီး ၀ါဒကို နည်းနည်းလျှော့လိုက်ရင်တော့ အဖြေတခု ထွက်လာမယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက် ၂ ရက်အကြာ ရခိုင်ပြည် ခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီး အစိုးရအဖွဲ့၊ မြေပုံနှင့် ပေါက်တောမြို့နယ်များ အတွင်းရှိ ကြိမ်လီပြင် ဒုက္ခသည်စခန်း အပါ အဝင် ဒုက္ခသည် စခန်း ၃ ခုသို့ သွားရောက်ကာ ဒုက္ခသည် များနှင့် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသားတချို့နှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ခရီးစဉ်၏ ပထမနေ့တွင် မစ္စတာ ကင်တားနားသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ၁၉၈၂ ခုနှစ် နိုင်ငံ သား ဖြစ်ခွင့် ဥပဒေ ကိစ္စကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား အလေးထားမေးမြန်းကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ရခိုင် – ဘင်္ဂါလီ ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံထားရသည့် အကျဉ်းသားများနှင့် စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည့် ကုလသမဂ္ဂ၏ ရခိုင်ပြည်နယ် ဝန်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်တို့၏ အခြေအနေကိုလည်း မေးမြန်းခဲ့သည်။
စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားပေါင်း ၁၄၇၅ ဦးအနက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ များကြောင့် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည့် အကျဉ်းသားပေါင်း ၈၃၇ ဦးရှိသည်။
ဧရာဝတီ

အငှား ယာဉ်မောင်းက ခရီးသည် ကို အဓမ္မ ကျူးလွန်ရန် ကြိုးပမ်း
ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာ ဂေါက်ကွင်း အနီး တွင် ဖေဖော်ဝါရီလ ၈ ရက်၊ ည ၁၀ နာရီ က အငှားယာဉ်ပေါ် လိုက်ပါ လာသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသမီး ကို ယာဉ်မောင်း က အဓမ္မ ကျုးလွန်ရန် ကြိုးပမ်းမှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး ထံမှ စုံစမ်း သိရှိ ရသည်။
အဆိုပါ အမျိုးသမီးမှာ ဒဂုံမြို့ သစ် မြောက်ပိုင်းရှိ မဟာမြိုင် အိမ်ရာတွင် နေထိုင်ပြီး မရမ်းကုန်း မြို့နယ် သမိုင်း လမ်းဆုံ သို့ အထည်ဈေးနှုန်း သွားရောက် စုံစမ်းပြီးအပြန် အငှားကား စီးနင်းရာတွင် ယင်း ကဲ့သို့ ဖြစ်ပွား ခဲ့ကြောင်း အဆိုပါ တိုင်ကြားချက် အရ သိရသည်။
ယာဉ်အမှတ် ကက/ ၁၁၉၃ ကွန်ဖော့ အပြာရောင် တက္ကစီကို ငှားရမ်း စီနင်းလာရာ လူသွား၊ လူလာ နည်းသော ဥက္ကလာ ဂေါက်ကွင်း လမ်းပေါ်တွင် ယာဉ်မောင်းက အဓမ္မ ကျုးလွန်ရန် ကြိုးပမ်း ခဲ့ကြောင်း မရမ်းကုန်း ရဲစခန်း မှ ရဲအရာရှိ တစ်ဦး က ပြောသည်။
အမျိုးသမီးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကျပ်သုံးသိန်း နှင့် တစ်မတ်သား ခန့်ရှိ ဆောက်ဖြတ် ပုံ ရွှေလက်ကောက် (၅) ကွင်း နှင့်အတူ လိုင်းကတ် ပါ နိုကီရာ အမျိုးအစား လက်ကိုင်ဖုန်း မှာ ယာဉ်ပေါ် တွင် ပါရှိပြီး ယာဉ်မောင်းမှာ မောင်းနှင်ထွက်ပြေး သွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှုးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ယာဉ်မောင်း ကို မရမ်းကုန်း ရဲစခန်း မှ (ပ) ၈၇ / ၁၃၊ ပုဒ်မ-၃၇၆/ ၅၁၁ / ၄၀၃ ဖြင့် အမှုဖွင့် ထားပြီး ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
TheVoiceWeekly

ငြိမ်းချမ်းရေးတကယ်လိုချင်ရင် လာဆွေးနွေးဖို့ ကေအိုင်အိုကို ကာချုပ်ဖိတ်ခေါ်
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေး လာရောက် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖိတ်ခေါ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၉ နာရီက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်း ခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများနဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်မြေရှိ တပ်နယ် ၆ ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာလို့ မြ၀တီသတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
တပ်မတော်က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရယူထားတာဟာ အပစ်အခတ်ရပ်စဲပြီး ယာယီငြိမ်းချမ်းရေးရယူထားခြင်းသာဖြစ်လို့ ဥပဒေဘောင်အတွင်း အပြည့်အ၀ ၀င်ရောက်လာအောင်၊ ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့အကြောင်း သူက ပြောဆိုပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့ဟာ ဒုတိယအဆင့်ဖြစ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှုရပြီးဖြစ်တဲ့အကြောင်းနဲ့ ကေအိုင်အေအဖွဲ့သာ အကြောင်းအမျိုးမျိုးဖြင့် ကျန်ရှိ ရာ ကေအိုင်အေအနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုပါက အချိန်မရွေး လာရောက်တွေ့ ဆုံ ဆွေးနွေးနိုင်ပါကြောင်း၊ ဖိတ်လည်း ဖိတ်ခေါ်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်တဲ့အကြောင်းနဲ့ လွတ်လပ်ရေးရယူပြီးချိန်ကစလို့ အယူဝါဒ၊ တိုင်းရင်း သားရေး၊ ဘာသာရေးပေါ် မူတည်ပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ရာမှာ တပ်မတော်အနေနဲ့ လက်နက်စွဲကိုင် တိုက်ခိုက်တဲ့ သောင်းကျန်းသူများအား တိုင်းပြည်အေးချမ်းမှုကို နှောင့်ယှက်သော အကြမ်းဖက်လုပ်ရပ် များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ တိုင်းရင်းသားများကို တိုက်ခိုက်ခြင်းမဟုတ်ကြောင်း။
အခုအခါမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေကြပြီဖြစ်လို့ အယူဝါဒများ ကွဲပြားစရာမရှိတော့ဘဲ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားကြရန်သာလိုတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကေအိုင်အိုခေါင်းဆောင်တွေကို ပေးပို့တဲ့ ဆုတောင်းမေတ္တာပို့သစာမှာ လည်း ‘စစ်မှန်တဲ့ငြိမ်းချမ်းရေး။ တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်ကြောင်း ရိုးသားစွာ ယုံကြည်ကြောင်းနဲ့ အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပမယ်လို့ ပြည်သူလူထုကို အကြိမ်ကြိမ်အသိပေးတင်ပြထားကြောင်း’ ရေးသားထားချက်ကို ကေအိုင်အိုက မနေ့က သမ္မတ စာပါ ဖော်ပြပါရှိတဲ့အတိုင်း ကေအိုင်အိုဗဟိုကော်မတီကလည်း စစ်မှန်သောငြိမ်းချမ်းရေးရရှိနိုင်ဖို့နဲ့ တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေး ကာ အဖြေရှာမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ကေအိုင်အိုနဲ့အစိုးရအကြား ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ၂၀၁၁ ခုနှစ်လည်ပိုင်းမှာ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပါတယ်။ နှစ်ဘက်ကိုယ်စားလှယ်တွေ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပေမယ့် အဆင်မပြေဖြစ်ခဲ့ရာက ဒီဖေဖော်ဝါရီလဆန်း ၄ ရက်နေ့က နှစ်ဘက်ကိုယ်စားလှယ် ဆွေးနွေးပွဲ ကျင်းပပြီးချိန်မှာတော့ နှစ်ဘက် တိုက်ပွဲတွေရပ်စဲနေသလို ဒီလကုန်ပိုင်းမှာ တကြိမ်ထပ်တွေ့ကြဖို့ ရှိနေပါတယ်။
အစိုးရ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီတွေဟာလည်း ကေအိုင်အိုပါဝင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေအတွက် အကြို ညှိနှိုင်းပွဲကို လာမယ့် ၁၉ ရက်ဝန်းကျင်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။
DVB

မိုဘိုင်းဆင်းမ်ကတ် အပျက်အစီးနှင့် အင်တာနက်လျှောက်ထားမှုအတွက် နေ့ချင်းပြီးဆောင်ရွက်နေ
မိုဘိုင်းဆင်းမ်ကတ်ပျောက်ဆုံးပျက်စီးမှုနှင့်ပတ်သက်၍ လျှောက်ထားခြင်းအပါအ၀င် မိုဘိုင်းအင်တာနက် လိုင်းဖွင့်ခြင်း လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နေ့ချင်းပြီးဆောင်ရွက်နေပြီဖြစ် သည်။
မြန်မာ့ဆက်သွယ်ရေး၌ အင်တာနက်လိုင်းလျောက်ထားမှုကို ကျပ်တစ်သောင်းနှုန်းဖြင့် သတ် မှတ်ဆောင်ရွက်ပေးနေချိန်တွင် ပြည်ပ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌ ကျပ်တစ်သောင်း တစ်ထောင်နှုန်းဖြင့် ရက်ချိန်ဖြင့် ပြုလုပ်ပေးနေချိန်တွင် မြန်မာ့ဆက်သွယ်ရေးမှ ယခုကဲ့သို့ နေ့ချင်းပြီးပြု လုပ်ပေးရန် သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“ အပြင်ဆိုင်မှာ အင်တာနက်လိုင်းသွားဖွင့်တာ အဆင်မပြေဘူး၊ ၄ရက်လောက်ကြာမှ ရမယ်ပြောတယ်၊ ဆက်သွယ်ရေးက အခုလို နေ့ချင်းပြီးလုပ်ပေးမယ်ဆိုတော့ကောင်းတယ်၊ ဒါပေမယ့် လျှောက်ထားနိုင် တဲ့ကောင်တာ တော်တော်များများ ထားပေးမှ အဆင်ပြေနိုင်မယ်”ဟု ကမာရွတ်မြို့နယ်နေ ဦးဋ္ဌေးက ပြောသည်။
မိုဘိုင်းဖုန်းဆင်းမ်ကတ်ပျက်စီးမှုအတွက် လျှောက်ထားရာတွင် မြန်မာ့ဆက်သွယ်ရေးမှ အခမဲ့လဲလှယ်ပေး မည် ဖြစ်ပြီး ပျက်စီးသည့် ကတ်မူရင်း၊ ပျက်စီးကြောင်း ဝန်ခံချက်စာနှင့် ဝယ်ယူသည့် စာချုပ်မိတ္တူနှင့် မူရင်း၊ မှတ်ပုံတင်မိတ္တူနှင့် မူရင်းတင်ပြရန် လိုအပ်ကြောင်း မြန်မာဆက်သွယ်ရေးမှ သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိမိုဘိုင်းဖုန်းသုံးစွဲမှုမှာ နိုင်ငံရှိလူဦးရေ၏ ၅ ရာခိုင်နှုန်းသာ ရှိနေသေးကြောင်းနှင့် အင်တာနက်တွဲဖက်အသုံးပြုသူအများစုမှာ လူငယ်များဖြစ်ပြီး မီဒီယာသမားများနှင့် သတင်းအချက်အလက် ရယူလိုသူလူနည်းစုသာ မိုဘိုင်းအင်တာနက်လျောက်ထားအသုံးပြုနေခြင်းဖြစ်သည်။
“အရင်တုန်းကလို တစ်ပတ်လောက်မစောင့်ရတော့ဘူး။ အခု နေ့ချင်းပြီး လုပ်ပေးနေတယ်၊ မနက် လာလျှောက်တာနဲ့ ညနေဘက်ဆိုရင် အင်တာနက်လိုင်း ပွင့်ပါပြီ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က မြန်မာဆက်သွယ်ရေး၌ အင်တာနက်လျှောက်ထားရာတွင် ကျပ်တစ်သောင်းအပြင် ဆင်းမ် ကတ်လျှောက်ထားစာ တင်၍ အချိန်တစ်ပတ်အထိ ကြာမြင့်ခဲ့သော်လည်း လက်ရှိကာလ တွင် နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရပါသည်။
မိုဘိုင်းအင်တာနက်၏ အားသာချက်မှာ အနာဂတ်လူနေမှုစနစ်၏ ငွေကြေးဆိုင်ရာကိစ္စများ၊ သတင်း အချက်အလက်များ၊ လျှို့ဝှက် ဖိုင်များနှင့် ပုံစံမျိုးစုံအတွက် လိုအပ်သလို အချိန်နှင့်တပြေးညီ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း အိုင်တီပညာရှင်တစ်ဦးက သုံးသပ်သည်။
Myit Makha Mediagroup

မလေးရှား စပိဘုတ်ဖြင့် ရန်ကုန်-ကော့သောင်း နေ့ချင်းရောက်ခရီးစဉ် လာမည့်မေတွင် စတင်ပြေးဆွဲမည်
ရန်ကုန်-မြိတ်-ကော့သောင်းခရီးစဉ်ကို မလေးရှားထုတ် စပိဘုတ်များဖြင့် မေလအတွင်း ပြေးဆွဲရန် အလင်း သစ်ရေကြောင်း ကုမ္ပဏီမှ စီစဉ်နေ ကြောင်း သိရသည်။
”ကျွန်တော်တို့မေလ နောက် ဆုံးထားပြီး ဒီခရီး စဉ်ကို ပြေးဆွဲသွား ဖို့စီစဉ်နေတယ်။ ဒီထက်စောရင် လည်း စောဖို့တော့ရှိပါတယ်”ဟု အလင်း သစ် ရေကြောင်းကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးတာနိုင်က ပြောသည်။
အဆိုပါခရီးစဉ်သစ် ပြေးဆွဲနိုင် ရေးအတွက် ပြည်တွင်းရေကြောင်း ဦးစီးဌာနနှင့် ညှိနှိုင်းထားပြီးဖြစ် သည်။ ၄င်းခရီးစဉ်ကို စပိဘုတ် ၁ဝ စီးဖြင့် ပြေးဆွဲမည်ဖြစ်ပြီး အသုံးပြု မည့် စပိဘုတ်များကို မလေးရှား နိုင်ငံမှ တိုက်ရိုက်ငှားရမ်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။”ဥပဒေအရဆိုရင် ကျွန်တော် တို့မှာ ဒီလို စပိဘုတ်တွေဝယ်ယူခွင့် မရှိဘူး။ ဒါကြောင့် ငှားရတာ။ ဝယ် ခွင့်ရရင်တော့ ကိုယ်ပိုင်ဝယ်ချင် တယ်။ အခုတော့မလေးကနေ ငှား ဖို့စာချုပ်ချုပ်ဖို့ဖြစ်နေပြီ”ဟု ဦးတာ နိုင်က ပြောသည်။
၎င်းတို့ငှားရမ်းမည့် မလေးရှား နိုင်ငံမှ စပိဘုတ်အမျိုးအစားသည် နှစ်ထပ်စပိဘုတ်အမျိုးအစားဖြစ်ပြီး ခရီးသည် ၂၈ဝ ဦး တင်ဆောင်နိုင် သည့် ခေါင်းနှစ်လုံးပါ အမျိုးအစား ဖြစ်သည်။ ရန်ကုန်- ကော့သောင်း ခရီးစဉ်ကို မနက်ထွက်လျှင် ညနေ ရောက်ရှိမည်ဟု သိရသည်။
အဆိုပါခရီးစဉ်ကို တစ်ပတ် လျှင် နှစ်ကြိမ်ပြေးဆွဲသွားမည်ဖြစ် ပြီး လက်မှတ်ခကိုမူ မသတ်မှတ်ရ သေးဟု သိရသည်။
အဆိုပါခရီးစဉ်များ ပြေးဆွဲရာ တွင် ခရီးသည်များ လုံခြုံရေးနှင့် ကျန်းမာရေးအတွက် ရေကူးကျွမ်း ကျင် ဝန်ထမ်းများ၊ ဆရာဝန်နှင့် သူ နာပြုများထားရှိပေးသွားမည် ဖြစ် ကြောင်း သိရသည်။
အလင်းသစ် ကုမ္ပဏီသည် ပြည်တွင်း စပိဘုတ်ခရီးသွားလုပ် ငန်းအပြင် စင်ကာပူ-ပီနန်- ရ နောင်း -ကော့သောင်း စပိဘုတ်ခရီး စဉ်များ ပြေးဆွဲပေးနိုင်ရေးအတွက် လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်နေေ ကြာင်း သိရသည်။
popular

ဆင်ဆာလွတ်လပ်ခွင့်သည် ဒါရိုက်တာများနှင့်သာ တိုက်ရိုက်သတ်ဆိုင်သည်ဟုအေးမြတ်သူဆို
လျော့ပေါ့ပေးခဲ့သော ဆင်ဆာလွတ်လပ်ခွင့်သည် အနုပညာ
ရှင်များနှင့်တိုက်ရိုက်သက်ဆိုမှုမရှိပဲ ဒါရိုက်တာများနှင့်သာ
တိုက်ရိုက် သက်ဆိုင် သည်ဟု အနုပညာရှင် အေးမြတ်သူက
ပြောကြား သည်။
"ဒါရိုက်တာ ခိုင်းတဲ့အတိုင်း လုပ်ရတာဆိုတော့ ကျွန်တော်တို့နဲ့
သိပ်ပြီးတော့အချိုးမကျဘူး။ ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်အိမ်
အဲဒါတွေပဲ အချိုးကျပါတယ်။ ဆင်ဆာ လွတ်လပ်မှုဆိုတာ
ဇာတ်လမ်းကောင်းလာအောင်၊ ဇာတ်အိမ် ပိုခိုင် လာအောင်၊
အရင်တုန်းက ဆင်ဆာခွင့်ပြုချက် မရလို့ ရိုက်မရတဲ့ ကားလေးတွေ
ပြန်ရိုက်လို့ရတယ် အဲဒါပဲ ရှိပါတယ်' ဟု အေးမြတ်သူက
ပြောကြားခဲ့သည်။
တက်သစ်စလူငယ်များအတွက် miss ပြိုင်ပွဲများ ရှိလာသည်မှာ အခွင့်လမ်းတစ်ခုဖြစ်ကြောင်းနှင့် မိမိတို့ ခေတ်တွင်miss ပြိုင်ပွဲများ
ပြီးသွားသည်တိုင်ကိုယ့်အားကိုယ်ကိုး၍သာ လုပ်ကိုင်ရကြောင်း
ဆက်လက်ပြောကြားသည်။
ထို့အပြင် ယနေ့ခေတ်တွင် ပြိုင်ပွဲ များပြီးသွားပါက နိုင်ငံခြားသို့ သွားရောက်ယှဉ်ပြိုင်နိုင်ခွင့် ရှိကြောင်းနှင့် မြန်မာ့ ဗီဒီယို လောက တွင် ဇာတ်လမ်းတွဲများရိုက်ကူးလာခြင်းသည် ၄င်းတို့အတွက် အခွင့် အလမ်း ပိုရလာကြောင်း ထပ်မံသိရသည်။
ယနေ့ခေတ်တွင် ဆင်ဆာကင်းလွတ်ခွင့်ပြုခဲ့ခြင်းကြောင့် သရဲ၊ တစ္ဆေ ဇာတ်လမ်းများ ရိုက်ကူး လာသည်ဖြစ်ရာ သူမသည်လည်း ဒါရိုက်တာ ကြည်စိုးထွန်းရိုက်ကူးသည့် ပိတောက်တစ္ဆေ ဇာတ်ကား အား နေတိုးတို့နှင့်အတူ သရုပ်ဆောင်နေကြောင်း သိရသည်။
myanma age

ကယားပြည်နယ်တွင်းရှိ NLD ပါတီဝင်များ ပြည်နယ်ညီလာခံကျင်းပရေးကော် မရှင်ကို မကျေနပ်
ကယားပြည်နယ်တွင်းရှိ NLD ပါတီဝင်များ သည် ပြည် နယ် ညီလာခံကျင်းပ
ရေး ကော်မရှင်၏ အာဏာရှင်ဆန်သည့် လုပ်ရပ်များ အပေါ် ကျေနပ်မှု မရှိ
ကြောင်း လွန်ခဲ့သော ၆ လခန့်က ညီလာခံ ကျင်းပရေး ကော်မရှင် ဖြစ်ခဲ့ဖူးသူ
ဦးစော ဒယ်လီယာက ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် မြန်မာ ဂျာနယ်လစ် ကွန် ယက်ရုံး၌ ပြုလုပ်သော သတင်း
စာရှင်းလင် ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး ကယားပြည်နယ် တွင်း ပြည်နယ်
ညီလာခံကျင်းပရေးကော်မရှင်မှ မြို့နယ်ကျင်းပရေးကော်မရှင်နှင့် ပါတီဝင်
များအပေါ် ညီလာခံနှင့် ပါတ်သက်၍ အမိန့်ပေးစေခိုင်းမှုများကြောင့် ပြော
ကြားခြင်း ဖြစ်သည်။
" ညီလာခံကျင်းပမယ့် ကိစ္စကို ပါတီ ဝင်တွေကို ဖိတ်စာလည်း မဖိတ်ဘူး၊
သူလက်မှတ်ထိုးထားတဲ့ ယာယီ ကဒ်ပြားတွေကို ရပ်ကွက်ထဲမှာ ဝေပြီး
ပါတီဝင်မဟုတ်တဲ့ သူတွေနဲ့ ညီလာခံ လုပ်တယ်လေ" ဟု ဦးစောဒယ်လီ
ယာက ပြောသည်။
ဇန်နဝါရီ ၂၀ ရက်နေ့နှင့် ၃၀ ရက်အတွင်း မြို့နယ်ပါတီကျင်းပရေးကော်မ
ရှင်က ၎င်းတို့ထံ ပါတီဝင်များ၏ စာရင်းအား အပြီးပေးသွင်းရမည် ဖြစ်ပြီး
ပါတီဝင်များကလည်း ၎င်းတို့ထံ ဆက်သွယ်ရမည်ဟု အမိန့်စာ ဆန်ဆန်
ထုတ်ပြန်ချက် ထုတ်ပြန်ခြင်းကြောင်း ကယားပြည်နယ်တွင်းရှိ မြို့နယ် ၇
မြို့နယ်မှ ပါတီဝင်များ မကျေနပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ထုတ်ပြန်ချက်တွင် မဆက်သွယ်ပါက ပါတီဝင်အဖြစ် အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များသည် ပါတီဝင်များ၏ အပြစ်သာဖြစ်ကြောင်း ပါရှိသည်ဟု ဦးစောဒယ်လီယာက ဆို သည်။
အဆိုပါ ကိစ္စနှင့် ပက်သက်၍ ကယားပြည်နယ်တွင်းရှိ ပါတီစည်းရုံးရေးများ လိုက်လံလုပ်ဆောင်ပေးနေသူ ကိုစိုင်းနိုင်နိုင်ထွေးက" အဓိက မကျေနပ်ကြ တာက ကယားပြည်နယ် ညီလာခံ ကျင်းပရေးကော်မရှင်က လုပ်ထုံးလုပ်နည်း နဲ့ ကိုက်ညီမှုမရှိဘူး။ ဗဟိုကလည်း အောက်ခြေက ဖြစ်ရပ်တွေကို မသိဘူး။ ဒီ အတီုင်း ဆက်သွားမယ်ဆိုရင် ကယားပြည်နယ်မှာ စာရိတ္တ တွေပျက်ပြားသွား နိုင်တယ်။ ဒီမိုကရေစီ လမ်းစဉ် ပျောက်ကွယ်သွားလိမ့်မယ်"ဟု ပြောကြားခဲ့ သည်။
အဆိုပါ ပြသနာများနှင့် ဆက်လျဉ်းပြီး ဦးစောဒယ်လီယာက ညီလာခံကျင်းပ ရေးကော်မရှင်အား "လုပ်ကိုင် ခွင့်ရသွားပြီ ထင်ပြီး လုပ်ချင်ရာလုပ်သွားကြ တာပဲ" ဟုထပ်မံပြောကြားခဲ့သည်။
ကယားပြည်နယ်အတွင်း အဆိုပါ ဖြစ်ရပ်များအတွက် ၎င်းတို့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သို့ တိုင်ကြားထားပြီး ယနေ့ နေ့လည်တွင် ဗဟိုအလုပ်အမှုဆောင် ဦးညဏ်ဝင်းနှင့် ဆွေးနွေးတိုင် ပင်ရန် အချိန်းအချက်ပြုလုပ်ထားကြောင်း သိရသည်။

ခရိုနီများ၏ အလှူငွေကြောင့် ကျောင်းသား ၅၄ ဦးကို ပညာသင်ဆုရရှိ သဖြင့် တနိုင်ငံလုံး သာဓုခေါ်သင့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲ မှ ဒေါ်အောင်ဆန်း စုကြည်၏ လက်ရက်ဆွယ်တာနှစ်ထည်လေ လံရောင်းရငွေ ကျပ်သိန်းတစ်ထောင်ကျော်ကို မတည်၍ တိုးပွားငွေဖြင့် လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းများမှ ကျောင်း သား ၅၄ ဦးကို ပညာသင်ဆု ချီးမြှင့်သွား မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က သတင်း ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင် တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် တက္ကသိုလ်ဝင်တန်းသင် ပညာဒါန ကျောင်းများသို့ အလှူငွေ ပေးအပ်ပွဲနှင့် ပထမအကြိမ် ပညာသင် ထောက်ပံကြေး ပေးအပ်ပွဲ အခမ်းအနားတွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ လေးဦးကျစီဖြင့် စုစုပေါင်း ၅၄ ဦးကို ပညာသင်ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပညာသင်ဆု ပေးအပ်ရာတွင် တိုင်းနှင့်ပြည်နယ် တစ်ခုစီ၌ မူလတန်းတစ်ဦး၊ အလယ်တန်းတစ်ဦး၊ အထက်တန်းတစ်ဦးနှင့် တက္ကသိုလ်ကျောင်းသား တစ်ဦးစီ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆုအား လစဉ်ချီးမြှင့်သွားမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားတစ်ဦးလျှင် တစ်လတစ်သောင်းကျပ်စီ၊ အထက်တန်းကျောင်းသားတစ်ဦး သုံးသောင်းကျပ်နှင့် တက္ကသိုလ်ကျောင်းသား တစ်ဦးလျှင် ၅ သောင်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆု ရွေးချယ်ရာတွင် လျှောက်ထားသူသည် ကျောင်း သို့မဟုတ် တက္ကသိုလ်တွင် တက်ရောက် ဆဲဖြစ်ပြီး ပညာကြိုးစားသင်ယူနေသူ၊ ငွေကြေးအခြေအနေကြောင့် ပညာသင်ယူရန် အခက်အခဲ ကြုံတွေ့နေသူ ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၊ ပညာဒါန ကျောင်းနှင့် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့တို့တွင် ရယူနိုင်သည်။
ပညာသင်ဆု လျှောက်ထားသူသည် သက်ဆိုင်ရာ ကျောင်း သို့မဟုတ် တက္ကသိုလ်မှ ထောက်ခံစာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် ပညာရေးကွန်ရက်၊ ပညာဒါနကျောင်း တို့မှ ထောက်ခံစာများ ပါရမည်ဖြစ်ကြောင်း သိရသည်။
Photo: Eleven Media Group
www.MyanmarExpress.net

ဆိုက်ဘာတိုက်ခိုက်မှုကို မထိန်းနိုင်က နိုင်ငံသိက္ခာကျမည်
ပြီးခဲ့သော ရက်ပိုင်းများအတွင်း ပြည်တွင်း အခြေ စိုက် ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှု၊ သတင်းထောက်များ၏ အကောင့်များကို ဖောက် ထွင်းရန် ကြိုးပမ်းမှုများသည် ဟက်ကာများ အနေဖြင့် စည်းလွတ်ဝါးလွတ် လုပ်ကိုင်ခွင့် ရနေကြောင်း ဖော်ပြသောအချက်ဖြစ်သလို အကယ် ၍ တပ်မတော်အရာရှိများပါ ပါဝင်ပတ်သက်နေ ပါက ပြုပြင်ပြောင်းလဲရေး ကတိကဝတ် လုံခြုံစေခြင်းငှာ သမ္မတ ဦးသိန်းစိန်အနေဖြင့် အပြစ်ပေး
အရေးယူမှုများ လုပ်သင့်သည်ဟု အမေရိကန်ပြည်ထောင်စု
အခြေစိုက် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး
ကော်မတီက ရေးသားသည်။
“ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရှားရှားပါးပါး ထုတ်ပြန်ကြေညာ ချက်တရပ် ထုတ်ခဲ့ပြီး ကချင်ပဋိပက္ခ
အကြောင်း သတင်းမီဒီယာများ၊ သံရုံးများ၊ နိုင်ငံတကာ
အဖွဲ့အစည်းများက မမှန်သတင်းများ ထုတ်နေကြောင်း ပြောဆိုချက်က သက်သေဖြစ်နေခဲ့သည်” ဟု အဆိုပါအဖွဲ့၏ အရှေ့တောင်အာရှရေးရာ ကိုယ်စားလှယ် မစ္စတာ ရှောင် ခရစ္စပင်က ရေးပြီး တိုက်ခိုက်သူများ၏ ရည်မှန်းချက်များသည် ကချင်စစ်ပွဲအပေါ် သတင်းရေးသား
ပေးပို့ သူများ ဖြစ်ကြောင်း လည်း ထောက်ပြကာ “အကယ်၍ အနှောင့်အယှက်ပေးရာတွင် တပ်မတော်အရာရှိများ ပါဝင်နေပါက ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူရန် လုပ်ဆောင်ခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်း လဲရေးကို ပိုမို ကောင်းမွန်အောင် လုပ်နိုင်သည်” ဟု ရေးသားဖော်ပြခဲ့သည်။
ထို စိုးရိမ်ချက်သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာတွင် ပြည်တွင်းပြည်ပရှိ Google mail ဂျီမေးလ် သုံးသော သတင်းထောက်နှင့် အယ်ဒီတာအချို့ထံ ဂူးဂဲလ်မှ ” သင့် ကွန်ပြူတာ သို့မဟုတ် အကောင့်ကို နိုင်ငံ့အထောက်အပံ့ခံ တိုက်ခိုက်သူများ (State-sponsored attackers)က ဝင်ရောက်ရန် ကြိုးစားနေသည်ဟု မိမိတို့ ယုံကြည်သည်” ဟု ရေးသားထားသည့် သတိပေးစာ လက်ခံရရှိကြောင်း
ဖော်ပြခဲ့မှု နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
ယင်း သတင်းတွင် ကမ္ဘာကျာ် အင်တာနက်အခြေပြု ရှာဖွေရေး၊ ဆော့ဖ်ဝဲနှင့် ကြော်ငြာကုမ္ပဏီကြီး က နိုင်ငံ့အထောက်အပံ့ခံ တိုက်ခိုက်သူများ (State-sponsored attackers)ဟု ၎င်းတို့ မည်သို့ရှာဖွေ တွေ့ရှိသည်ကို မထုတ်ပြန်နိုင်ကြောင်း၊ ထုတ်ပြန်ကြေညာခဲ့လျှင် တိုက်ခိုက်သူများက ကုမ္ပဏီ၏ ရှာဖွေရေးစနစ်ကို သိရှိသွားနိုင်ကြောင်း ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ဧရာဝတီက မေးမြန်းခဲ့ရာ သက်သေ အထောက်အထား အခိုင်အလုံမရှိဘဲ State-sponsored attackers ဟု မစွပ်စွဲသင့်ကြောင်းနှင့် အစိုးရတွင် ထိုသို့ တိုက်ခိုက်ရန် ပေါ်လစီ လုံးဝ မရှိကြောင်း ဆိုသည်။
“ ကျနော် ပြောနိုင်တာက နိုင်ငံတော်က မီဒီယာတွေရဲ့ WebSiteတွေ၊ E-mail တွေကို တိုက်ခိုက်မယ်ဆိုတဲ့ စီမံချက် လုံးဝမရှိပါဘူး။ ဒါကြောင့် ဒါမျိုး စကားကို လွယ်လွယ်မပြောသင့်ဘူး”ဟု ဦးရဲထွဋ်က ပြောသည်။ ထိုသို့ စကား လွယ်လွယ်ပြော၍ စွပ်စွဲမည်ဆိုပါက နိုင်ငံဂုဏ်သိက္ခာထက် ထိုသို့ပြောသောသူ/ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက် မည်သာဖြစ်ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောသည်။
သတင်းဝက်ဘ်ဆိုက်များ၊ သတင်းထောက်များ၏ အကောင့်များအား တိုက်ခိုက်မှုများကို နိုင်ငံတော် အစိုးရက ပြုလုပ်သည် ဆိုပါက နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်မည်ဖြစ်သော်လည်း ယခုအဖြစ်အပျက်သည် နိုင်ငံတော် အစိုးရနှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့် နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်မည်မဟုတ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
Hacker များအား မည်သို့ထိန်းချုပ်ရမည်ကို မိမိအနေဖြင့် မသိသေးသော်လည်း ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်သေးကြောင်း၊ သို့သော် နည်းပညာအဆင့်အတန်းမြင့်လာပြီး၊ Cyber လုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာများ ပိုမိုရလာမည် ဆိုပါက ကာကွယ်နိုင်မည်ထင်ကြောင်း ဆက်လက်ပြောဆိုသည်။ “ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ Cyber ဥပဒေ၊ Cyber လုံခြုံရေးနဲ့ ပတ်သက်လို့ ပိုပြီးကောင်းအောင် လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုတိယ ဥက္ကဌ ဦးသီဟစောကလည်း “State-sponsored attackers ဆိုတာ Google ကပြောတာ။ Google ကို သူများတွေ မေးတဲ့အခါမှာ ဘယ်သူ လုပ်တယ် ဆိုတာ မပြောဘူး။ ပြောလိုက်ရင် အခြေအနေ ပိုဆိုးလာနိုင်တယ်။ ဒါလုပ်တာ မြန်မာနိုင်ငံအစိုးရ ဟုတ်ချင် ဟုတ်မယ်။ တခြားနိုင်ငံကလည်း ဖြစ်ချင်ဖြစ်မယ်။ Google က သိပေမယ့် အတိအကျ မပြောထား ဘူး” ဟု ပြောဆိုပြီး အတိအကျ မပြောထားသည့် အတွက် မြန်မာအစိုးရက ပြုလုပ်နေခြင်းဖြစ်သည်ဟု အတည် မပြောသင့်ကြောင်း ဆိုသည်။
သတင်းနည်းပညာနှင့် ဝက်ဘ်ဆိုက်ရေးရာ ကျွမ်းကျင်သူများကလည်း မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေး အက်ဥပဒေ မရှိသေးသကဲ့သို့ နည်းပညာပိုင်း ကျွမ်းကျင်သည့် ဆိုက်ဘာမှုခင်းနှိမ်နင်းရေးအဖွဲ့များ မရှိသေးကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်လာပြီး ခေတ်မီတိုးတက် လာသည်နှင့်အမျှ ယင်းကဏ္ဍ တိုးတက်ရေး လိုအပ်လာပြီဖြစ်ကြောင်း ဆိုကြသည်။
“ အခုက Website ကို တိုက်ခိုက်တာပဲ ရှိသေးတာ။ နောက်ကျရင် နည်းပညာကိုသုံးပြီး ဘဏ် အကောင့်တွေ လိမ်တာတို့၊ ငွေခိုးတာတို့၊ တယောက်နဲ့တယောက် ပုဂ္ဂိုလ်ရေးစော်ကားတာတို့၊ နည်း ပညာနဲ့ ခြိမ်းခြောက်ပြီး လူကုန်ကူးတာတို့က နောက်ပိုင်းကြရင် ဖြစ်လာမှာ။ ဒါတွေဖြစ်လာရင် အသုံးချလို့ရ မယ့် Cyber law လည်း အခုချိန်ထိ မရှိသေးဘူး”ဟု ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောသည်။
Hacking နှင့်ပတ်သက်သည့် ပညာရပ်များအား ပြည်တွင်း၌ တက်ရောက်သင်ကြားနိုင်ပြီး ၎င်းသည် White Hacker များအတွက် ဖြစ်ကြောင်း၊ Black Hacker များကမူ Online ၌ သွားရောက်လေ့လာ သင်ကြားနိုင်ကြောင်းလည်း သိရသည်။
Hacker များတွင် အချို့သည် မိမိတတ်ကျွမ်းသည်များကို ပြသချင်သောကြောင့် ထိုကဲ့သို့ ပြုလုပ်နေခြင်းဖြစ်ပြီး၊ အချို့မှာ သူတပါးအား ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်သောသူ များဖြစ်ကြောင်း၊ ယခုဖြစ်ရပ်တွင်မူ မီဒီယာဝက်ဘ်ဆိုက်များ၊ အကောင့်များကို hack လုပ်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခြင်းသာဖြစ်ပြီး ၎င်းတို့မှာ Black Hacker များဖြစ်ကြောင်း ရန်ကုန်ရှိ Web Developer ကိုရန်ကုန်နိစ်က ပြောသည်။
“ဒါက သာမန်နည်းပညာပိုင်းကို လက်တည့်စမ်းချင်သူတွေကြောင့် မဟုတ်လောက်ဘူး။ သတင်းဌာနကို လုပ်တာကြတော့ ဘာအကျိုး အမြတ်မှမရှိဘူး။ သတင်းဌာနကသာ ပျက်စီးဆုံးရှုံးမှုတွေရှိတာ။ သတင်း ဌာနတွေကို Hack တာကြတော့ ကျနော်တို့ မသိတာတွေအများကြီးရှိနေဦးမှာပေါ့”ဟု ကိုရန်ကုန်နိစ် က ပြောသည်။
Google mail အကောင့်များ၊ ဝက်ဘ်များအား တိုက်ခိုက်မှုကို လုံးဝ ကာကွယ်တားဆီးရန် နည်းပညာများ မရှိသေးသော်လည်း လုံခြုံစိတ်ချရသည့် Application များကို အသုံးပြုသင့်ကြောင်း ကိုနေဘုန်းလတ် က ပြောသလို မရင်းနှီးသောသူများက ပေးပို့လာသော လင့်များကို မနှိပ်ခြင်း၊ သင်္ကာမကင်း ဖြစ်သည့် ဖိုင်များကို မဖွင့်ခြင်းများကလည်း များစွာ အထောက်အကူပြုကြောင်း ဂူးဂဲလ်က ထုတ်ပြန်ထားသည်။
ဧရာဝတီ

ပဲခူးမြို့ ဥဿာမြို့သစ်ရှိ အိမ်ခြေ ၄၀၀ ခန့်အား စီမံကိန်း နယ်မြေ အတွင်း ကျရောက်သည်ဟု ဆိုကာ တစ်လအတွင်း ဖယ်ရှားပေးရန် အကြောင်းကြားထား
ယခင်အစိုးရ လက်ထက်ကလည်း အထည်ချုပ် စက်ရုံ တည်ဆောက်ရန်
အတွက် အဆိုပါ ဒေသခံများမှ နေရာ ပြောင်းပေးရမှုများ ပြုလုပ်ခဲ့ရဖူးပြီး ဆုံးရှုံး နစ်နာမှု များစွာရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကို စီမံကိန်း နယ်မြေအတွင်း ကျရောက်တယ်ဆိုပြီး လာဖယ်ခိုင်းတာ။ ပဲခူးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးက ဦးဝေဇင်ထွန်း လက်မှတ်ထိုးထားတဲ့ စာကိုယူလာပြီး မြို့နယ်အုပ်ချုပ်ရေး မှူးရုံးက ဒုဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က လာပြောတာ။ ကျွန်တော်တို့ ဒီနေရာမှာ နေလာတာက ကြာနေပြီ။ အနည်းဆုံးလူတောင် ၁၀ နှစ်ကျော်နေပြီး ပြောင်းပေးရမယ် ဆိုရင်လည်း နေစရာနေ ရာ
ပြန်ပေးရင် တော်သေးတာပေါ့။ ကျွန်တော်တို့ကို ဖယ်ပေးရမယ် ဆိုတာပဲ လာပြောတာ ဖယ်ပေးပြီးရင် ဘယ်လို အခြေအနေ ပြန်ဖန်တီး ပေးမယ်ဆိုတဲ့ တိကျတဲ့ အဖြေမပေးဘဲ လာဖယ်ခိုင်းတာ။
ဒီကိစ္စကို နိုင်ငံတော် သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့ ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ဆီကို အကြောင်းကြားစာ ပေးပို့ထားတယ်” ဟု မွန်စုကျေး ရွာမှ ဒေသခံ ကိုမောင်အေးက ပြောကြားပါသည်။
ဓာတ်ပုံ - ဖယ်ရှားပေးရမည့် နယ်မြေအတွင်းပါဝင်သော နေအိမ်တစ်လုံးကို တွေ့ရစဉ်
Eleven Media Group

မြန်မာသို့ လာရောက်သော နိုင်ငံခြားသတင်းထောက် များကို တစ်နှစ်အထိ နေထိုင်စေနိုင်မည့် ဂျာနယ်လစ်ဗီဇာများ ထုတ်ပေးသွားမည်
မြန်မာသို့ လာရောက်သော နိုင်ငံခြားသတင်းထောက်များကို တစ်နှစ်တာကာလအထိ နေထိုင်စေနိုင်မည့်
ကာလတိုနှင့် ကာလရှည် ဂျာနယ်လစ်ဗီဇာများကို မီဒီယာလွတ်လပ်ခွင့်ကို ရည်ရွယ်ပေးအပ်သည့် နည်းဥပဒေသစ်များကို ချမှတ်အပြီးတွင် ထုတ်ပေးသွားတော့ မည်ဖြစ်ကြောင်း
မြန်မာ့ပြန်ကြားရေး လက်ထောက်ဝန်ကြီးနှင့် သမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးရဲထွဋ်က ပြောကြားလိုက်သည်။
ယင်းဥပဒေသစ်များမှာ ပြည်တွင်းနှင့် နိုင်ငံခြားသတင်းထောက်များအတွက် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပိုမိုထိတွေ့နိုင်ရေးကို ရည်ရွယ်ပြီး လာမည့်ဧပြီ လလယ်တွင်ပြဋ္ဌန်းဖွယ်ရှိကြောင်း ဦးရဲထွဋ်က ဗြိတိန် ဂါးဒီးယန်းသတင်းသို့ပြောကြားသည်။ ၎င်းက “အရင်တုန်းကတော့ ဂျာနယ်လစ်
တွေရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ အစိုးရကပဲ ဂျာနယ်လစ်ဗီဇာတွေ ထုတ်ပေးခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ဟာ ဝန်ကြီး ဌာနတွေနဲ့  ဆက်သွယ်နိုင်ဖို့ ဂျာနယ်လစ်တွေကို ဗီဇာတွေထုတ်ပေးသွားဖို့ ရှိနေပါပြီ။ တကယ်လို့ ဂျာနယ် လစ်တစ်ဦးဟာ ဂျာနယ်လစ်ဗီဇာ ရှိမထားဘူးဆိုရင် အစိုးရတာဝန်
ရှိပုဂ္ဂိုလ်တွေကို အင်တာဗျူးချင်တဲ့အခါ ရဖို့ လွယ်ချင်မှလွယ်မှာပါ” ဟု ရှင်းပြသည်။
မြန်မာအစိုးရ၏ ယခုကဲ့သို့ ဂျာနယ်လစ်များအားဖြေလျှော့မှု ပေးခြင်းမှာ ယမန်နှစ်က ယူနက်စကို အဖွဲ့ နှင့် ပြည်တွင်းမီဒီယာများ၌ အစိုးရဝန် ကြီးများအား မီဒီယာနှင့်မည်သို့ ထိတွေ့ သင့်ကြောင်း သင်ကြားပေးသည့် ဆွေးနွေးလေ့ကျင့်မှုများအပြီး ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြား သည်။
မြန်မာတွင် ယခုအခါ ဝန်ကြီးဌာနတိုင်း၌ မီဒီယာနှင့် ဆက်ဆံရန် ကိုယ်ပိုင်ပြောခွင့်ပုဂ္ဂိုလ်များ ထားရှိရန် သမ္မတက ညွှန်ကြားထားပြီး ဖြစ် သည်။
မကြာမီထွက်ပေါ်လာမည့် မီဒီယာဥပဒေသစ်များအရနိုင်ငံခြားဂျာနယ်လစ်များသည် အစိုးရထံမှ တရားဝင် ခွင့်ပြုချက်ရရေးအတွက် ကိုယ် ရေးအကျဉ်း CV ဖေါင်နှင့် မိမိသက်ဆိုင်ရာဌာန၏ ထောက်ခံချက်တစ်ခုကို တင်သွင်းရမည်ဖြစ်သည်။ ခွင့်ပြုခံရပါက ယင်းဂျာနယ်လစ်သည် အစိုးရက ထုတ်ပေးသော အခမဲ့မီဒီယာကတ်ပြားအပြင် ၎င်းပြည်တွင်း၌ နေထိုင်မည့်ကာလအတွက် ဗီဇာကိုပါ ရရှိမည်ဖြစ်သည်။
မြန်မာပြည်တွင်းနှင့် ပြည်ပသို့ အဝင်အထွက်ပြုလုပ်ကာခရီးသွားမည့် ဂျာနယ်လစ်များသည် သုံးလနှင့် ခြောက်လတာ သက်တမ်းရှိမည့် ပုံစံမျိုးးစုံပြည်ဝင်ခွင့် ဗီဇာများ ရရှိမည် ဖြစ်သည်။ တစ်နှစ်သက် တမ်း အထိရှိမည့် ဗီဇာများကိုမူ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဗျူရို ဖွင့်လှစ်လုပ်ကိုင်မည့် ဂျာနယ် လစ်များကို ပေးအပ်သွား မည်ဟု သိရသည်။
Ref: Guardian
NEW BY The Myanma Age

ကိုးရီးယားနိုင်ငံသို့ အမျိုးသမီးအလုပ်သမားစေလွှတ်ရန် ညှိုနှိုင်း
ကိုးရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် အမျိုးသမီးလုပ်သား စေလွှတ်ရန် နှစ်နိုင်ငံဝန်ကြီးဌာနညှိနှိုင်းလျှက်ရှိပြီး
သဘောတူညီမှုရရှိပါက ပဉ္စမအကြိမ်လုပ်သား စေလွှတ်ရာတွင် ထည့်သွင်းစာချုပ်ချုပ်ဆိုသွားရန်ရှိကြောင်း အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖုံလုံရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ပြောသည်။"
အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ အမျိုးသမီးအလုပ်သမားတွေခေါ်ယူရာမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေ ရှိတယ်။ တစ်ကြိမ်ခေါ်ရင် နှစ်ယောက် တစ်ပြိုင်တည်းခေါ်ရမယ်။ ဟိုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ငါးယောက်အထက်ရှိရမယ် စသဖြင့် ပေါ့။ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ဘယ်နိုင်ငံကပဲဖြစ်ဖြစ် အမျိုးသမီးအလုပ်သမားတွေကို ခွင့်ပြုသွားမှာပါ"ဟု ၄င်းကပြောသည်။
ထို့အပြင်အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကလည်း"အခု ကိုးရီးယားကခေါ်နေတဲ့ အလုပ်ငန်းတွေက အသေးစား အလတ်စားဖြစ်တဲ့အတွက် အလုပ်သမားခေါ်ယူမှု မှာ အရေအတွက်ကန့်သတ်ချက်တွေ ရှိပါတယ်။ မိန်းခလေး အလုပ်သမားတွေ ကိုပို့ဖို့ဆိုရင် သူတို့ကို အိမ်မှာခေါ်မခိုင်းပါဘူးဆိုတဲ့ ၀န်ခံကတိမျိုး စာချုပ်မှာ ပါမှဖြစ်မယ် ။ဒါမှမဟုတ်ရင် သူတို့အတွက် လုံခြုံမှု မရှိနိုင်ဘူး " ဟုပြောသည်။
အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် မလေးရှား၊ စင်္ကာပူ၊ထိုင်းနိုင်ငံတို့တွင်သာ အမျိုးသမီး အလုပ်သမား များအား တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုထားသည် ဟုပြောကြားခဲ့ကြောင်းသိရှိရသည်။
Myanmar Daily News

မြန်မာ လေကြောင်းလိုင်းမှ လေယာဉ်မောင် လေယာဉ်မယ်များ ခေါ်ယူမည်
မြန်မာ လေကြောင်းလိုင်းက လေယာဉ်မောင်၊ လေယာဉ်မယ် ၂ဝ ကျော် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရ သည်။
မြန်မာ လေကြောင်းလိုင်းသည် ထပ်မံတိုးချဲ့ ဝယ်ယူမည့် လေယာဉ်များနှင့် ခရီးစဉ်များ အတွက် ယခုကဲ့ သို့ ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ လေကြောင်းလိုင်းတွင် လေယာဉ်မောင်၊ လေယာဉ်မယ် လျှောက်ထားလိုသူများ သည် အင်္ဂလိပ်စာ ကျွမ်းကျင်၍ တက္ကသိုလ် တစ်ခုခုမှ ပထမနှစ် အောင်မြင်ပြီး သတ်မှတ်ထားသော အရပ်၊ ကိုယ်အလေး ချိန်နှင့် ရဲစခန်း၊ ရပ်ကွက် ထောက်ခံချက် တို့နှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက်
နောက်ဆုံးထား ၍ မြန်မာ လေကြောင်း ရုံးသို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ခံရသူများသည် မြန်မာ လေကြောင်းလိုင်းတွင် ငါးနှစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိ
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ
ဖေဖော်ဝါရီ ဒုတိယပတ်မှ စ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း
တပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက "ရန်ကုန်တိုင်းထဲမှာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေ လုပ်ငန်းလုပ်ဆောင်ရာမှာ မြန်ဆန်ဖို့ ဆိုင်ကယ်အစီးရေ ၂၀ ကို စီးနင်းခွင့် ပြုထားပါတယ်။ လက်ရှိမှာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားတဲ့ဌာန သုံးခုပဲ ရှိပါတယ်။ အဲဒီဌာနတွေမှာလည်း စီးနင်းခွင့်ပြုထားတဲ့ ဆိုင်ကယ်တွေပဲ စီးနင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးနင်းခွင့် မပြုတဲ့ ဌာနဆိုင်ရာတွေက သတ်မှတ်စည်းမျဉ်း စည်းကမ်းနဲ့မညီရင် အရေးယူသွား ပါမယ်" ဟု ပြောသည်။
ယခု ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ စီးနင်းခွင့်ပြုထားသည့် မော်တော်ဆိုင်ကယ်မှာ အဖြူရောင်ဖြစ်ပြီး ဆိုင်ကယ် ၏ အနောက်၌ တိုင်အမြင့်ဖြင့် အချက်ပြမီးနီ တပ်ဆင်ထားကြောင်း သိရသည်။
ယခင်က ရန်ကုန်တိုင်းဒေ သကြီးအတွင်း မြို့တော်စည်ပင်ဌာနမှ
မော်တော်ဆိုင်ကယ် ၃၃ စီး၊ လျှပ်စစ်ဝန်ကြီးဌာနမှ ၆၅ စီးသာ စီးနင်းခွင့်ပြုထားသည်။
သို့သော် ၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခွင့်ပြုမိန့်မရှိဘဲ စီးနင်းနေသည့် မော်တော်ဆိုင်ကယ် အစီးရေ ၈၀၀ ကျော်ကို အရေးယူ ခဲ့သော်လည်း အဆိုပါ မော်တော်ယာဉ်များတွင် ဌာနဆိုင်ရာများမှ မပါ ၀င်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ထိုသို့ ဆိုင်ကယ်စီးနင်းခွင့်မရှိဘဲ မောင်းနှင်သွားလာနေသည့် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် အခြားသူများကို အရေးယူနိုင်ရန် မြို့နယ်အလိုက် ဖမ်းဆီးရေး ကော်မတီများ ဖွဲ့စည်းထားကြောင်း ရဲမှူးသာဌေးက ဆက်လက်ရှင်းပြသည်။
အဆိုပါ ဖမ်းဆီးရေး ကော်မတီတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများလည်း ပါဝင်ကြောင်း သိရသည်။
ဓာတ်ပုံ - ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားခရီးစဉ်တွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ

ပြည်ခိုင်ဖြိုး သတင်းစာထုတ်ရန် ၉၀ ရာနှုန်း အသင့်ဖြစ်နေပြီ
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက နေ့စဉ်သတင်းစာထုတ်ဖို့ ပြင်နေတာ ၉၀ရာခိုင်နှုန်း လောက် အသင့်ဖြစ်နေပြီလို့ သတင်းစာ တာဝန်ခံလုပ်မယ့် ဦးဝင်းတင် (သီဟအောင်) က ပြောပါတယ်။
သတင်းစာနာမည် ရွေးချယ်နေတုန်းဖြစ်ပြီး သတင်းစာထုတ်ဖို့ အသင့်ဖြစ်နေပုံကို ဦးဝင်းတင်က “ပုံနှိပ်စက်က ပထမပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားတယ်။ သတင်းစာတိုက်အဆောက်အအုံ၊ ပုံနှိပ်စက်အဆောက်အအုံ ကိုတော့ တောင်ဥက္ကလာပ ၁၄/၁ ရပ်ကွက်မှာ အဆင်သင့်ရှိနေပါတယ်။ စက်ကတော့ လောလောဆယ် ပုံမှန်လောက်အနေအထားမျိုး ရမယ်ထင်ပါတယ်။ နောက်ထပ် စက်တွေ လည်း ၀ယ်ဖို့ ရှိပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးတော့ လူအင်အားရော၊ ကွန်ပျူတာ၊ စီမံ၊ ပုံနှိပ် အဲလို စုဆောင်းပြီးတော့ လုပ်နေတာ အခု ၉၀ ရာခိုင်နှုန်းကတော့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောပါတယ်။
သတင်းစာမှာ ပါတီအာဘော်ရယ်လို့ သီးသန့်ဖော်ပြတာမျိုး ရှိမှာမဟုတ်ဘဲ နယ်ပယ်အသီးသီးက သတင်း အားလုံးကို ရေးသားဖော်ပြသွားမယ်လို့ ပြောပါတယ်။
ရန်ကုန်စာနယ်ဇင်းလောကမှာတော့ ပြည်ခိုင်ဖြိုးပါတီက ထုတ်မယ့် နေ့စဉ်သတင်းစာအတွက် သတင်းထောက် ခေါ်ယူနေရာမှာ ဘယ်တုန်းကမှ မပေးဖူးတဲ့ လစာနဲ့ အခွင့် အရေးတွေပေးပြီး ခေါ်နေတယ်လို့ ဂျာနယ်အယ်ဒီတာတဦးက ပြောပါတယ်။
“ရိုးရိုး အငယ်တန်းသတင်းထောက်တဦးကို ၂ သိန်း ၃ သောင်းရယ်၊ လက်ပ်တော့တလုံးပေးမယ်၊ ကွန်ပျူတာ တလုံးပေးမယ်။ လုပ်ငန်းအတွေ့အကြုံရှိတဲ့ အကြီးတန်းသတင်းလောက် ပုံစံမျိုးဆိုရင်တော့ ၃ သိန်းခွဲလောက် ပေးမယ်လို့ ပြောတယ်။ အယ်ဒီတာဖြစ်ရင်တော့ ၅ သိန်းအထက် ရှိမယ်လို့ ထင်တယ်။ ဘယ်လောက်လဲဆိုတာတော့ တိတိကျကျ မသိရဘူး။ အငယ်တန်းသတင်းထောက်နဲ့ အကြီးတန်း သတင်းထောက်ကိစ္စကတော့ ကျနော်သေချာသိတဲ့ဟာ။ လက်ရှိမှာ သတင်းထောက်တယောက် လုပ်ငန်းအတွေ့အကြုံ ဘာမှမရှိဘဲနဲ့ ၂ သိန်း ၃ သောင်းပေးတာက ဒီမှာ လုံးဝမရှိဘူး။ အတွေ့အကြုံရှိတဲ့ သတင်းထောက် ၃ သိန်းခွဲပေးတာလည်း ဒီမှာ လုံးဝမရှိသေးပါဘူး။”
ပြည်ခိုင်ဖြိုးပါတီက ထုတ်မယ့် နေ့စဉ်သတင်းစာကို ဦးစီးလုပ်ဆောင်မယ့် ဦးဝင်းတင်ဟာ ဗိုလ်မှူးဟောင်း တဦး ဖြစ်ပြီး၊ မြန်မာ့သတင်းစဉ်နဲ့ မြန်မာ့အလင်းသတင်းစာတို့မှာ အယ်ဒီတာလုပ်ခဲ့ဖူးပါတယ်။ လက်ရှိမှာ လည်း northen star ဂျာနယ်ကို တည်းဖြတ်ထုတ်ဝေနေသူ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ သက်တမ်း ၂ နှစ်ပြည့်မယ့် ဧပြီလ ၁ ရက်ကစပြီး ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုမယ်လို့ သက်ဆိုင်ရာက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကစပြီး ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် လျှောက်ထားနိုင်ကြောင်း ကြေညာ ထားပြီး ဖေဖော်ဝါရီ ၁၃ ရက်ထိ ၆ စောင်လောက် လျှောက်ထားပြီး ဖြစ်တယ်လို့ သက်ဆိုင်ရာက စုံစမ်း သိရှိရပါတယ်။

မြန်မာ နိုင်ငံနှင့် သက်ဆိုင်သော ဥပဒေများကို အချိန်မရွေး ရယူနိုင်ပြီ
မြန်မာပြည်နှင့် သတ်ဆိုင်သော ဥပဒေများကို လေ့လာလိုသည့် သုတေသနပညာရှင်များ၊ ဥပဒေ ပညာရှုင် များနှင့် ကျောင်းသူ ကျောင်းသူများအတွက် အထူး ကောင်းမွန်သော Law Database တစ်ခု ဖြစ်ပါသည်။ အဆင့် အတန်း မြင့်သည့် Database တစ်ခု ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
လိပ်စာမှာ - http://lawdatabase.pyithuhluttaw.gov.mm/my ဖြစ်ပါသည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏ ဗန်းမော်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလမ်းလျှောက်မည့်အစီအစဉ်အား ကျန်လမ်းလျှောက်အဖွဲ့ဝင်များ ကျေနပ်မှုမရှိ
မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဦးစီး၍ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ တွင် ဗန်းမော်မြို့မှ လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးလမ်းလျှောက်မည့်အစီအစဉ်အား ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ လမ်းလျှောက်လာသည့်အဖွဲ့ဝင်များမှ ကျေနပ်မှုမရှိကြောင်း သိရှိရသည်။
ရန်ကုန်မြို့မှ ထွက်ခွါလာသည့် လမ်း လျှောက်အဖွဲ့တွင်ပါဝင်သော လူငယ်တစ်ဦးက သူ့အနေနဲ့ ဒီလိုမျိုးလုံးဝ မလုပ် သင့်ပါဘူး။ ကျွန်တော်တို့အဖွဲ့ တွေက ရန်ကုန်ကနေ မိုင် (၄၀၀) ကျော် လမ်းလျှောက် ပြီးသွားပြီ။ နောက်ထပ်လိုင်ဇာအထိ မိုင် (၃၀၀)ကျော် ကျန်သေးတယ်။
ကျွန်တော်တို့ နောက်ထပ် တစ်လ နီးပါးလောက် လမ်းထပ်လျှောက်ရဦးမယ်။ ဒီလိုအခြေအနေ မျိုးမှာ သူကကြားဖြတ်ပြီး ရန်ကုန်ကနေ ပင်ပင် ပန်းပန်းလမ်းလျှောက်တဲ့သူတွေကို ရှေ့ကဖြတ်ခုတ်သလို ဖြစ် နေပါတယ်ဟု ပြောဆိုသွားသည်။
ရန်ကုန်မှ လိုင်ဇာ လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သည့် ဗကသအဖွဲ့ဝင်တစ်ဦးကလည်း ဗိုလ်ကြီးဟောင်း နေ မျိုးဇင်အနေနဲ့ ကြိုပွိုင့်အနေနဲ့ပဲ သွားရောက်ပြင်ဆင်တာပြုလုပ်သင့်ပြီး ဗန်းမော် မှ စောင့် ဆိုင်းပြီးမှသာ လိုင်ဇာသို့ အတူတကွ ထွက်ခွာသင့်တယ် ဟု ပြောဆိုခဲ့သည်။
တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သူ ကိုဇော်မင်းမှလဲ ကိုနေမျိုးဇင်ရဲ့လုပ်ရပ်က ရန်ကုန်ကနေ လမ်းလျှောက် လာတဲ့သူတွေ ကို ဂရုမစိုက်သလိုဖြစ်နေတယ်။ အစတည်းကလုပ်ချင်လို့ရှိရင် အနစ်နာခံ၊ အပင်ပန်းခံ လမ်းလျှောက်တဲ့သူတွေ နဲ့ အတူ ပူးပေါင်းသင့်ပါတယ် ဟု ပြောဆိုသွားသည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်အနေဖြင့် ယခုလ (၁၉) ရက်နေ့တွင် ဗန်းမော်မြို့မှ လိုင်ဇာမြို့သို့ ချီတက် လမ်း လျှောက်ရန်အတွက် ရန်ကုန်မြို့မှ ဗန်းမော်မြို့သို့ ယခုလ (၁၆) ရက်နေ့တွင် ကားများနှင့် ထွက်ခွါ မည် ဖြစ် ကြောင်း ဗန်းမော်မှ လိုင်ဇာအထိ လမ်းလျှောက်ချီတက်စဉ် တိုက်ပွဲဖြစ်ပွားရာနေရာများတွင် ငြိမ်း ချမ်းရေး ကျောက်တိုင်များစိုက်ထူခြင်း၊ လိုင်ဇာ-ဗန်းမော်လမ်းအား ပြန်လည်အသုံးပြုနိုင်ရန် လူထု နည်းဖြင့်သက်ဆိုင်ရာ အဖွဲ့အစည်းများအား ပန်ကြားသွားမည်ဖြစ်ကြောင်းနှင့် လပေါင်းများစွာ ကွဲကွာေ နသော မိသားစုများအား ပြန် လည်ဆုံစည်း၍ ပျော်ပွဲရွှင်ပွဲများကို လိုင်ဇာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာ တွင်ဖော်ပြထားသည်။
http://www.myanmartharkaung.net/2013/02/blog-post_7673.html

သမ္မတအိုဘားမား မြန်မာ့အရေး မျက်ခြေမပြတ်ကြောင်း ပြော
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲမှာ မြန်မာပြည်ခရီးစဉ်ရဲ့ အတွေ့အကြုံကို အလေးအနက်ထား ထည့်သွင်းပြောဆိုသွားတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။ အထီးကျန်
ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ ကို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်အောင် အမေရိကန်ပြည်ထောင်စု က ဦးဆောင်ဦးရွက် ပြုပြီးတော့ တွန်းအားပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိုဘားမားရဲ့ မြန်မာ့ အရေး မှတ်ချက်အပေါ်မှာ တုံ့ပြန်ချက် တချို့ကို ဒေါ်ခင်စိုးဝင်း က စုစည်းတင်ပြထားပါတယ်။
သမ္မတ အိုဘားမား က အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတ၀ှမ်း စီးပွားရေးနဲ့ အမျိုးသမီး စွမ်းရည်မြင့်မားရေးအတွက် ထိတွေ့ ဆက်ဆံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပြီးတော့ ကူညီအားပေးနေ တယ်လို့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပြောဆိုရင်းနဲ့ မနှစ်တုန်းက သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ သမိုင်းတွင်တဲ့ အပြောင်းအလဲကို လည်း ထည့်သွင်းပြောဆိုသွားပါတယ်။
သမ္မတ အိုဘားမား က သမိုင်းတွင်တဲ့ အပြောင်းအလဲ အခါသမယမှာ အမေရိကန်ပြည်ထောင်စုဟာ လွတ်မြောက်မှုကို တောင့်တနေကြသူတွေ အားလုံးရဲ့ မီးရှုးတန်ဆောင်အဖြစ် ရပ်တည်နေဆဲ ဖြစ်တယ်လို့ အခုလို ပြောဆိုသွားပါတယ်။
“မနှစ်က ရန်ကုန်ကို ရောက်တုန်းက မျှော်လင့်ခြင်းရဲ့ ခွန်အားတွေကို ကျနော် တွေ့ခဲ့ရပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့တဲ့ သူ့ရဲ့ နေအိမ်ကို အမေရိကန် သမ္မတတဦး လာရောက်ခဲ့တဲ့အတွက် ခရီးဦးကြိုဆိုခဲ့သလို၊ ထောင်နဲ့ချီ တဲ့ မြန်မာပြည်သူတွေကလည်း လမ်းဘေး ၀ဲယာကနေ အမေရိကန် အလံတွေကို ဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင် စုမှာ တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှု ရှိသလို၊ မြန်မာပြည်မှာလည်း တရားမျှတမှုနဲ့ ဥပဒေ စိုးမိုးရေး ရှိစေချင်ပါ တယ်လို့ ပြောတဲ့သူ တယောက်လည်း ကျနော့်ကို ကြိုဆိုတဲ့ လူထုထဲမှာ ပါဝင်တာ တွေ့ခဲ့ရပါတယ်။”
သမ္မတ အိုဘားမားရဲ့ ဒီမှတ်ချက်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ကြိုဆိုတယ်လို့ NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်း ကို ဗွီအိုအေ ကို အခုလို ပြောပြပါတယ်။
“ကျနော်တို့ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေက အနောက်နိုင်ငံကြီးများရဲ့ ပါဝင် ပံ့ပိုးမှုတွေ အများကြီး ပါတယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်။ ဒါကြောင့် အခု ဒီဟာလည်း တသမတ် တည်း သဘောထားမျိုး ထုတ်ဖော် ပြောဆိုတာ ကြိုဆိုပါတယ်။”
လွတ်မြောက်မှုကို အကာအကွယ်ပေးတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုဟာ အမေရိကတိုက် ကနေ အာဖရိကတိုက်အဆုံး၊ ဥရောပတိုက်ကနေ အာရှတိုက်အဆုံး ခိုင်မာတဲ့ မဟာမိတ်အဖြစ်နဲ့ ရပ်တည်နေ တဲ့အကြောင်းလည်း ပြောဆိုသွားပါတယ်။
ရှေ့နေများကွန်ရက်ရဲ့ ကိုယ်စား ရှေ့နေကြီး ဦးလှထွန်းကတော့ သမ္မတ အိုဘားမာရဲ့ ဒီမှတ်ချက် ကို ထောက်ခံတယ်လို့ အခုလို ပြောဆိုပါတယ်။
“တရားမျှတမှု၊ ဥပဒေစိုးမိုးမှုက နှစ်ပေါင်းများစွာပေါ့နော် ကျနော်တို့ လွတ်လပ်ပွင့်လင်းမှု ဆုံးရှုံးခဲ့တာနဲ့အမျှပဲ ကျနော်တို့ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ ကျနော်တို့ ဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှု ရရှိရေးကို ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ဥပဒေပညာရှင်ရော၊ တက်ကြွလှုပ်ရှားသူ တွေရော၊ နောက်တခါ နိုင်ငံတကာ ရှေ့နေအဖွဲ့တွေ ဥပဒေအသိုင်းအ၀ိုင်း ကနေပြီးတော့လည်း ပူးပေါင်းဆောင်ရွက်နေတာကို အားရဖွယ်ရာ ကျနော်တို့ တွေ့ရပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ဒီဟာကို ကျနော်တို့ ကြိုးစားအားထုတ်နေတာ ဖြစ်တဲ့အတွက် သမ္မတ ကြီးရဲ့ ပြောစကားက အားလုံးအတွက် အင်မတန်မှကို အားကောင်းတဲ့ ထောက်ခံပေးမှုဖြစ်ပါတယ်။”
ရန်ကုန်မြို့ကို ခေတ္တအလည်ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်သူ ရုပ်ရှင်မင်းသမီး အဆိုတော် မေဆွိ ကလည်း သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းပါ မှတ်ချက်နဲ့ပတ်သက်လို့ သူ့ရဲ့ သဘော ထားကို ဗွီအိုအေကို အခုလို ပြောပြပါ တယ်။
“ကျမကတော့ သူပြောတဲ့ဟာက မြန်မာပြည်အတွက်ကို ကောင်းစေတဲ့ ရည်ရွယ်ချက်နဲ့ ပြောတဲ့ အတွက်ကြောင့်မို့ ဖြစ်လဲဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီလိုလဲဖြစ်လာလိမ့်မယ်လို့ ကျမ စိတ်ထဲ မှာပေါ့နော် အဲ့လိုလေး ထင်ပါတယ်။ ကောင်းပါတယ် အဲ့ဥစ္စာကတော့။ နောက်တခုကလည်း ဘာပဲဖြစ်ဖြစ် သူ မြန်မာပြည်ကိုလည်း ရောက်ဖူးသွား တယ်။ မြန်မာပြည်ကိုလည်း စိတ်ဝင်တစားနဲ့ ဒီလိုလေး တစေ့ တစောင်းပေါ့နော် သူ့ရဲ့မိန့်ခွန်းတွေ ထဲမှာ ဒီလိုလေး ထုတ်ထုတ်ပြီး ပြောလာတဲ့အတွက်ကြောင့်မို့ ကျမတို့ မြန်မာပြည် ဟာ အရင်ကလို အထီးကျန် ဖြစ်မနေတော့ဘဲနဲ့ တဖြည်းဖြည်းချင်းနဲ့ မျက်စိကျယ် ပြီးတော့ သာယာဝပြောတဲ့ နိုင်ငံကြီးတခု ဖြစ်လိမ့်မယ်လို့ ကျမကတော့ မျှော်လင့်ပါ တယ်။ အဲ့လိုလဲထင် ပါတယ်။”
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတ၀ှမ်း မွေးရာပါ အခွင့်အရေး တောင်းဆိုနေကြသူတွေနဲ့အတူ ရပ်တည်နေပြီးတော့ တည်ငြိမ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ထောက်ခံနေတဲ့ အကြောင်း သမ္မတ အိုဘားမား က နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အလေးအနက် ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။
VOA

မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု အမေရိကန် အချိန်ယူသင့်
လက်ရှိ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေရှိပြီး စိန်ခေါ် အကဲစမ်းချက်တွေလည်း ရှိနေတာမို့၊ အမေရိ ကန်ပြည်ထောင်စုအနေနဲ့ ချည်းကပ်တဲ့ နေရာမှာ အလောတကြီး မူဝါဒ ပြောင်းလဲတာ မျိုးတွေ မလုပ်သင့် ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ၀ါရှင်တန်ဒီစီက Heritage Foundation မှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြောသွားတာပါ။
မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ အကဲဖြတ် သုံးသပ်တဲ့ မနေ့က ဆွေးနွေးပွဲ ကိုတော့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က လက်ထောက် အမှုဆောင် ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ ဖရန့် ဂျာနူဇီ (Frank Jannuzi) HRW လူ့အခွင့်ရေးစောင့်ကြည့်မှု အဖွဲ့က တွန် မလီနောစကီး (Tom Malinowski) နဲ့ လူ့အခွင့်အရေး ရှေ့နေဖြစ်တဲ့ ဂျရတ် ဂန်ဆာ (Jared Genser) တို့ အဓိ က ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ ရှိလာပေမဲ့ တရားဥပဒေစိုမိုးရေး လွတ်လပ်တဲ့ တရားစီရင်ရေး နယ်ပယ်တွေမှာ လိုအပ်ချက်တွေ ရှိနေသလို၊ ပြုပြင်ပြောင်းလဲရေးမှာလည်း capacity လုပ်နိုင်ချေ စွမ်းအား အားနည်းသေးတယ်လို့ သုံးသပ်ကြပါတယ်။
အထူးသဖြင့်တော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို သုံးသပ်ဆွေးနွေးကြပြီး၊ ဒီအချက်တွေကိုကြည့်ရင် လူ့နည်းစုအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့် အားနည်းမှုတွေကို ထောက်ပြပါတယ်။ အတိုက်အခံ ဒီမိုကရေစီဘက်က အခြေအနေကိုလည်း သုံးသပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ဟာ သူ့ရန်ဘက် မဟုတ်ပါဘူးဆိုတာ ပြသဖို့အတွက် ကိစ္စရပ် အတော်များများမှာ မှတ်ချက်ပေး ပြောဖို့ ရှောင်နေခဲ့ တယ်လို့ ဝေဖန်သွားပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အတိုက်အခံတွေဘက်က လှုပ်ရှားဆောင်ရွက်ခဲ့ပေမယ့်၊ ဖွဲ့စည်းပုံ ပြင်ဆင် ဖို့တော့ အချိန်ယူရနိုင်တယ်လို့ သုံးသပ်ပါတယ်။