Monday, February 11, 2013

လိုင်ဇာအထိ လမ်းလျှောက်မယ့် လမ်းလျှောက်သူတွေ သဘောထားကွဲကုန်ပြီ


ကချင်ပြည်နယ်လိုင်ဇာမြို့အထိလမ်းလျှောက်ထွက်ခွာလာသော ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှခေါင်းဆောင် ရန်နိုင်ထွန်း အပါအ၀င် (၅)ယောက်သည် အတူလိုက်ပါလာသော ကားများအားမလိုပါဟုပြောဆိုနေပြီး ၊ကူညီသူများမှာ ပေါ်ပင်များဖြစ်ကြောင်း မိမိတို့ကို အသုံးချနေကြောင်းခံစားလာရကြောင်း အသံများထွက်လာပါသည် ။အဆိုပါသူတို့ကြောင့် မိမိတို့ လမ်းလျှောက်သည့်ရည်ရွှယ်ချက်ကို ထိခိုက်လာကြောင်း ယခင်ရက်များက ပေါက်ကြားခဲ့သော လမ်းလျှောက်သူများ ကားခိုးစီးကြကာ မြို့တွင်းများ လူနေရာအရပ်များတွင်သာ လမ်းဆင်းလျှောက်ပြကြသည့် ဓါတ်ပုံများကြောင့် အရှက်ကွဲမှူများဖြစ်လာပါသည် ။

ထို့အပြင် ရန်ကုန်မှအတူလိုက်ပါလာသောဦးအောင်မြင့်(ဘိုကလေး)သည် ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ခြင်းမဟုတ်ပဲ ယခုအခါ ပြည်တွင်းစစ် လုံးဝရပ်စဲရေး နှင့်နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဟု ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးစွက်ဖက် အသုံးချမှူ ပြုလုပ် လာပြီး ငြိမ်းချမ်းရေး လမ်းလျှောက်သူများနှင့် ခေါင်းဆောင်နေရာယူလာခြင်းများ နိုင်ငံရေးစကားများပြောဟောလာမှုများ အပြင် ၄င်းတို့ဘာသာ မကျန်းမာမသန်မာပဲ ခလုတ်တိုက်လဲသဖြင့် ခြေခေါက်သည်ကို လမ်းမကောင်းခြင်းကြောင်း ဆိုပြီး အစိုးရကို အပြစ်တင်သလိုလိုနိုင်ငံရေးဆန်ဆန် ပြောစကားများဖြစ်လာခြင်းကြောင့် လမ်း တလျောက်တွင် လမ်းလျှောက်ရန် စီစဉ်သူ လူငယ်များကလည်း မလေးမစား မိုက်ရိုင်းစွာပြောဆိုဆက်ဆံ မှူများ ရှိလာပြီဖြစ်ပါသည် ။ကျွန်တော်တို့သွားမှာ တိုက်ပွဲတွေ မိုင်းတွေ ရှိတဲ့ တိုက်ပွဲနေရာတွေကို ဖြတ်ပြီး သွားမှာ အခု ပေတရာ ကတ္တရာလမ်းမှာတောင် ခလုတ်တိုက်ပြီး အကြောလွဲတာကို နိုင်ငံသိအောင် အော်ပြ သည်းပြနေတာ ကျွန်တော်တို့အဖွဲ့အတွက် အရှက်ရပါတယ် လို့ လူငယ်တွေက သတင်းယူသော သတင်းထောက်များ နှင့် ကားဆိုင်ကယ်စီစဉ်ပေးသူများအားပြောကြားသော်လည်း မည်သည့် သတင်းမှဖော်ပြခဲ့ခြင်းမရှိပါ ။

ထိုအခါ ဦးအောင်မြင့်နောက်ကွယ်မှ နိုင်ငံရေးသမားများနှင့် ၈၈ ကျောင်းသားမျိုးဆက်အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွှက်နေသူ နေမျိုးဇင်တို့လက်ချက်ဖြင့် “ အာဏာပိုင်များမှ တာဆီးခြင်း မရှိသော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်နေ မှု အပေါ်ကန့်ကွက်နေခြင်း၊ မိမိထက် အသက်ကြီးသူများအား ရိုင်းပြစွာဆက်ဆံပြီး ၊ကူညီသူများအား နာမည်လိုချင်သူများဟု စွတ်စွဲနေသည်ဟု အကြောင်းပြပြီး လမ်းလျှောက်ရန် စီစဉ်သူမူလလူငယ်များအား ၊6.2.13 နေ့ တွင်မိတ္တီလာမြို့ ပွင့်လင်းလူ့ အဖွဲ့အစည်းမှပေးပို့သောသ၀ဏ်လွှာနှင့် ဦးဂမ္ဘီရပေးပို့သော ငြိမ်းချမ်းရေးအလံအား ပြန်ပေးကာ ကြိုတင် လက်ဦးမှူယူ အပုတ်ချသည့်နည်းဖြင့် အဖွဲ့များကွဲလာရပါသည် ။

လူငယ်များက ငြိမ်းချမ်းရေးအတွက် အဖမ်းခံရမည်လား တားဆီးကြမည်လား မသိခင်ကတည်းက လမ်းလျှောက်ရန်စီစဉ်ခဲ့ကြပြီး အနှောင့်မယှက်မရှိမှ နောက်မှ ပူးပေါင်းလာသူများအား အမြင်မကြည်သလို နိုင်ငံရေးသမားများမှ အစားအသောက် ကား စသည်တို့ဖြင့် ငွေအားပူပေါင်းကာ ကူညီသယောင်ယောင်နှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဟု ခေါင်းစဉ်တစ်ခုတပ်လာခြင်းကြောင့် ထိုနိုင်ငံရေးသမားများအား မိုက်ရိုင်းစွာ ဆဲဆိုလာမှုများ နှင့် မိမိတို့အကြံကို သိရှိသွားသောကြောင့် အဆိုပါ မူလစီစဉ်သူလူငယ်များ ဆီက အသံထွက်မလာခင် ၄င်းတို့ဘက်မှ ကြိုတင်စီစဉ်ကာ လူငယ်များမှ မိမိတို့ နိုင်ငံရေးသမားများ အလှူရှင်များအား စော်ကားလာပြီဟုသဘောဖြင့် “ရန်နိုင်ထွန်း မိုက်ရိုင်းရမ်းကားနေမှုနှင့် စပ်လျဉ်းပြီး တာဝန်ရှိသူများထိန်းသိမ်းပေးကြပါရန်နှင့် ရန်နိုင်ထွန်းအား ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည် ၊ ခေါင်းဆောင်နေရာနှင့် မထိုက်တန်ပါ အင်မတန်မိုက်ရိုင်းပါသည် ၊ ဦးအောင်မြင့် (ဘိုကလေး) သည် လည်းမကြာမီ လမ်းခွဲပြီး လိုက်ပါစောင့်ရှောက်မှု အားရပ်ဆိုင်းပါမည် ၊ အရေးပေါ်အခြေအနေတွင်သုံးရန် ကားများအားလည်း အလှုရှင်များမှ ပြန်လည်သိမ်းဆည်းပါမည်“ အပုတ်ချသည့်အနေဖြင့် သတင်းများလျှောက်ရေးလိုက်ကြပြီဖြစ်ပါသည် ။

(မောင်ကျောက်ခဲ အဖွဲ့)

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ လူလစ်သည်နှင့်ကား/ဆိုင်ကယ်များ ခိုးစီးကြကာ လူမြင်သူမြင်အရပ်များ မှသာ လမ်းလျှောက်ကြသည်ကို အောက်ပါပုံများတွင် ကြည့်ပါ









(ဓါတ်ပုံများကို This's Call's Myanmar ၏ facebook မှရယူပါသည်)

http://mgkyautkhae.blogspot.com/2013/02/blog-post_8747.html

ရခိုင်တိုင်းရင်းသားများသည် NLD ကိုယ်စားပြု ကပြရခြင်းမဟုတ်ဘဲ သွေးစည်းရန်အတွက် ပါဝင်ကပြရခြင်းဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အော်ဆန်းစုကြည်ဦးဆောင်သော တိုင်းရင်းသားပေါင်းစုံက ရိုးရာဓလေ့များဖြင့် ပါဝင်ကပြသီဆိုကြမည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ရခိုင် တိုင်းရင်းသားများက NLD ကိုယ်စားပြုအနေဖြင့် ပါဝင်ကပြရခြင်းမဟုတ်ဘဲ တိုင်းရင်းသားများ အချင်း အချင်း သွေးစည်းကြရန်အတွက်သာ ဖျော်ဖြေကပြရခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ဓညဝတီကျောင်း၌ အကလေ့ကျင့်နေစဉ်

ဖေဖော်ဝါရီလ(၁၂)နေ့တွင် ကျရောက်မယ့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို NLD က ဦးဆောင်ကျင်းပကာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီဟိုတယ်မှာ တိုင်းရင်းသားပေါင်းစုံက ကိုယ့်ရိုးရာဓလေ့များ ကိုယ်စီဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

NLD ဦးဆောင်သော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ကပြ သီဆိုကြမည့်အထဲအတွင် ရခိုင်တိုင်းရင်းသားများ ပါဝင်ဖျော်ဖြေရသည့် အကြောင်းရင်းနှင့်ပတ်သတ်၍ အကသင်ရာတွင်ပါဝင်သူ ရခိုင်မျိုးချစ်တစ်ဦးက အခုလိုရှင်းပြသည်။

" ကျနော်တို့ သွားရောက်ကပြသွားမယ်ဆိုတဲ့ အကြောင်းအရင်းက ကျနော်တို့က NLD ပါတီအနေနဲ့ ကပြပေးတာမဟုတ်ဘဲနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ပြည်ထောင်စုထဲမှာ တကယ်ထင်ရှားတဲ့ တကယ် အနောက်တံခါးကို ထင်ထင်ရှားရှား ခုခံကာကွယ်ပေးနေတဲ့ ဆိုတာလေးဖေါ်ပြပေးချင်လို့ပါ။ အဓိကတော့ NLD ကနေ ဦးစီးပြီးတော့ ကျင်းပမှာပါ။ ကျင်းပတဲ့အခါမှာ ဘယ်ပါတီကပဲ ကျင်းပတာပဲဖြစ်ဖြစ် ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ကျနော်တို့ဟာ ပြည်ထောင်စုမှာနေတဲ့ တိုင်းရင်းသားဖြစ်တဲ့ အတွက် ပြည်ထောင်စုမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ကိုယ့်အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြချင်တဲ့ စေ တနာသက်သက်နဲ့ သွားရောက်ကပြခြင်း ဖျော်ဖြေခြင်းဖြစ်ပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

မြေမျိုလို့ လူမျိုးမပျောက် လူမျိုလို့ လူမျိုးပျောက်မည် ဆိုသည့် စကားနှင့်အညီ တိုင်းရင်းသားပေါင်းစုံ စည်းစည်းလုံးလုံးနှင့် ပြည်ထောင်စုအေးချမ်းရေးအတွက် လက်တွဲလုပ်ဆောင် ကြစေရန် သွေးစည်း ကြမယ်ဆိုသော သီချင်းခေါင်းစဉ်ဖြင့် ရခိုင်ရိုင်းရာအကအဖွင့် ပထမဆုံးတွင် သီချင်းသရုပ်ဖော်ဖြင့် သီဆို ကပြသွားမည်ကို သိရသည်။

ဆက်လက်၍ " တကယ်တော့ အခုလောလောဆယ် ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေဟာ ကျနော်တို့ ရခိုင်လူမျိုးတွေကို တစ်ဖက်စောင်းနဲ့ တစ်ဖက်သက်အမြင်နဲ့ ဧည့်သည်က အိမ်ရှင်၊ အိမ်ရှင်က ဧည့်သည် စရိုက်မျိုးဖြစ်နေတဲ့အခါမှာ ကျနော်တို့ ယဉ်ကျေးမှုတွေ ရှေ့အစဉ်အဆက်ကရှိခဲ့တဲ့ ဘာသာစရိုက်ထုံးတမ်းစဉ်လာတွေ ရှေ့အစဉ်အဆက်ဆက်က ရှိခဲ့တယ်ဆိုတာကို ပြည်ထောင်စုနေ့မှာ မျက်ဝါးထင်ထင် မြင်ရမယ့် နေရာဖြစ်တဲ့အတွက် အဲဒီမှာ သွားရောက်ဖျော်ဖြေရခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဘာကြောင့် ပါဝင်ဆောင်ရွက်ရတာလည်းဆိုရင် လက်ရှိမှာ အမှန်တကယ်ပြောရမယ်ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က အမှုးပြုပြီးတော့ ဦးစီးကျင်းပတဲ့အခါမှာ ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မားမားမတ်မတ် မှန်မှန်ကန်ကန် တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ ရပ်တည်ပေးတာမရှိဘူးလို့ ကျနော်တို့ ရခိုင်ပြည်နယ်မှာရှိကြတဲ့ ရခိုင်ပြည်သူလူထုတွေဟာ စိတ်ထဲမှာ ခံစားနေရတယ်။ " ဟု ၄င်းလူငယ်က ဆိုသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရခိုင်ဓညဝတီကျောင်း၌ ပြည်ထောင်စုနေ့အခမ်းအနားတွင် ပါဝင်ကပြဖို့အတွက် ရခိုင်တိုင်းရင်းသားများ အကလေ့ကျင့်ကာ ကြိုတင်ပြင်ဆင်နေကြကြောင်းနှင့် ၄င်းအခမ်းအနားတွင် ရခိုင်အမျိုးသမီးများ (၁၆)ယောက်က ပါဝင်ကပြဖျော်ဖြေသွားမည်ဟု သိရသည်။


ခွေးစကားပြောတဲ့ ဒေါ်စုနှင့် နွားစကားပြောတဲ့ ဦးဝင်းတင်


ဟံသာဝတီဦးဝင်းတင်က ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားတွင် "ကျနော်တို့ပါတီမှာလုပ်တယ် ဆိုတာ နွာလိုလုပ်တယ်၊ နွားလို ပဲ  နောက်နေပြီးတော့ ဖြောင့်ဖြောင့်လိုက်တယ်၊ ဒါ ကျနော်တို့စိတ်ကူးပဲ၊သို့သော် ကျနော်တို့ ဟာ နွားမ ဟုတ် ဘူး၊ နွားလို့ကျင့်ဖို့မလိုဘူး "ဟု ဦးဝင်းတင်ကဆိုသည်။ အဆိုပါ စကားအရ NLD ပါတီဝင်များသည် ဒေါ်စု၏ စကားကိုသာ နားထောင်ပြီး နဖားကြိုးထိုးခံပြီး ကြိမ်တို့ခိုင်းမှာသာ ခိုင်းတာလုပ် တတ်ပြီး မည့် သည့်အကြံဥာဏ် ခံယူချက် စဉ်းစားတတ်သော ဦးနှောက် မရှိကြောင်း ပြော သကဲ့သို့ဖြစ်နိုင်ပြီး နောက်တစ်ချက်မှာ ဒေါ်စု၏ လုပ်ဆောင်မှူ များ ကို ငေါ့တော့တော့ပြောခြင်းလားဟု သုံးသပ်ရပါသည် ။ထို့အပြင် ဦးဝင်းတင်နှင့် ဒေါ်စု အကြားမကျေ လည်မှူများ ရှိနေပြီဖြစ်ကြောင်း အဆိုပါ စကားရပ်အရ သိရှိလာရမည်ဖြစ်သည် ။


ဒေါ်စု အနေဖြင့် သူ့အား စင်ပေါ်တင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် NLD သက်ကြီးပိုင်းများအား ကန်ထုတ်ထားပြီး လူငယ်များကိုသာ တွဲခေါ်ထားပါတယ် ။အထူးသဖြင့် ပီအေ တဖြစ်လည်း အများ ကပြောနေသလိုမရှင်းမရှင်းဖြစ်နေသလားဟု မေးခွန်းထုတ်နေရသော ဇေယျာသော်အား ဒေါ်စု ရေချိုးချိန်နှင့်အိမ်သာတတ်ချိန်မှ အပ တပူးပူး တတွဲတွဲတွေ့နေရခြင်းများကပြောစရာဖြစ်နပါသည် ။


ထို့အပြင် ဒေါ်စု၏ ခွေးလောက် လူတွေ မရိုးသားကြကြောင်း ပြောခဲ့သဖြင့် ပြည်သူလူထုမှာ မကျေနပ်မှူများစွာ ရှိနေပါသည် ။ဒေါ်စုသည် သူမ၏ ဥရောပသွေးပါသော ခွေးအား အလွန်ချစ်မြတ်နိုးကာ စကားပြောတိုင်းထည့်ထည့်ပြောသဖြင့်ပါတီတွင်းတွင်လည်း ခွေးမပါရင်မပြောတတ်တော့ဘူးဟု နောက်ပြောင်စကားများဖြစ်ပေါ်နေပါသည် ။ဒေါ်စုသည် သူ၏ ခွေးလောက် ရိုးသားကြပါဟုပြောသော်လည်း ခွေးသည်ခွေးသာဖြစ်သည် ။သူ၏ ရိုးသားသော ခွေးမှာ အကိုက်ကြမ်းလွန်း၍ ခြံအတွင်း သတိ ကိုက်တတ်သည် ဟု ပုံနှင့်တကွ သတိပေးထားရသည် ။


ထို့ကြောင့် ခွေးစကားပြောသည့် အန်တီစု နှင့် နွားစကားပြောသည့် ဦးဝင်းတင်တို့၏ စကားစစ်ထိုးမှူများ လုပ်ရပ်များကို ဆက်လက်စောင့်ကြည့်ကြရမည်ဖြစ်သည် ။

From:(မောင်ကျောက်ခဲ အဖွဲ့)

၈၈ နောက်ပိုင်း တပ်မတော်ကြောင့် အကျိုးဖြစ်ထွန်းကြသူများ..

ခေါင်းစဉ်ကို တပ်လိုက်တာနဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ ခရိုနီတွေကို တန်းစီ လက်ညှိုးထိုးပြကြမှာပါ။ ဖြစ်နိုင် ပါတယ်။ ဘာလို့လဲ ဆိုတော့ ၈၈ ခုနှစ် တပ်မတော် အာဏာသိမ်းပြီး နောက်ပိုင်းမှာ အားလုံး အကျိုးရှိ ခဲ့လို့ ပါ။

နံပါတ်(၁) အကျိုးရှိခဲ့သူတွေကတော့ ကျောင်းသားတွေပါပဲ။ ဘယ်လောက်ထိ အကျိုးရှိသလဲ ဆိုရင် ၂၀၁၃ ဆိုတဲ့ အချိန် မှာတောင် ၈၈ ကျောင်းသားဆိုတဲ့ နာမည်ကို မဖျက်ရဲလောက်တဲ့ အထိ အကျိုးရှိပါတယ်။ သူ တို့ လို ထောင်ထွက် ကျောင်းသား တွေပဲလား ဆိုပြန်တော့လည်း မဟုတ်ပါဘူး။ ကျောင်းသားဆိုတာ စာမ လုပ်ရ၊ ကျောင်းမတက်ရရင် ပိုတောင် ကြိုက်ကြတာပေါ့။ ကျောင်းတွေ ပိတ်သွားတယ်။ စာသင္စရာ မလိုေ တာ့ ဘူး။ ကျောင်းသားတွေ အရမ်းအကျိုးရှိခဲ့ကြပါတယ်။ အဲ..ကျွန်တော့်လိုပဲ ဆန့်ကျင်ဘက်လေး စဉ်းစား ရင်ေ တာ့ စစ်တပ်က အာဏာသိမ်းရတယ်။ ပညာရေး ၁ နှစ်နောက်ကျတယ်။ ပညာရေး စနစ်တွေ အမျိုး မျိုး ပြောင်းတာ ကြုံရတယ်။ ဒါဆို ခင်ဗျားစိတ်ထဲက ၈၈ ဆူပူမှုကို ဆူပူမှုလို့ အပြည့်အ၀ သတ်မှတ်လိုက်ပါ။ ဒါမှ မဟုတ် အာဏာ သိမ်းတဲ့ တပ်မတော်ကို ကျေးဇူးတင်လိုက်ပါ။

အဲ..သေသွားတဲ့ သူတွေကို စိတ်မကောင်းဘူး ဟုတ်လား။ ၁၉ ဇူလိုင်မှာ သေသွားခဲ့တဲ့ အာဇာနည် ခေါင်း ဆောင်ကြီးေ တွကို ကြည့်လိုက်ပါ။ အဲဒီခေတ်မှာ သေသေကြေကြေ၊ မအိပ်မနေ လုပ်ပြီး မသေခဲ့လို့ အာဇာ နည် မဖြစ်ခဲ့တဲ့သူတွေ အများကြီး။ ရဲဘော် ကိုထွေးတောင် အာဇာနည်ဖြစ်ခဲ့သေးတာပဲ။ ဒီလိုပဲ ၀င်းမော် ဦးတို့၊ အမည်မပါ သေခဲ့သူများတို့လဲ သေကြလို့ပါ။ မသေရင် အခုအချိန် ဆို ထောင်ထွက်ကျောင်းသား နောက်လိုက်ကလွဲပြီး တစ်ခြားဖြစ်စရာ မရှိပါဘူး။

နောက် အကျိုးရှိခဲ့သူတွေကတော ဗေဒင်ဆရာနဲ့ စာရေးဆရာ တွေပါ။ မင်းသိင်္ခ သင်ပေးလို့ ရွှေတိဂုံ ဘုရား စင်္ကြန် တစ် လျှောက် အဘ မင်းသိင်္ခ တပည့်တွေက နောက်ထား။ နာမည်ကြီး ဟောခန်းဖွင့်တဲ့ တစ်ချို့ က ထောင် ထဲမှာ ဗေဒင်ပညာ သင်ရင်း အလုပ်မရှိရာကနေ နာမည်ကြီး ဗေဒင် ဆရာတွေ ဖြစ်လာကြ ပါတယ်။ သိချင်ရင် မေးကြည့်ကြပေါ့။ တပ်မတော်သာ အာဏာ မသိမ်းခဲ့ရင် သူတို့ ထောင်ထဲမှာ အကြာကြီး မနေ ရဘူး။ ဗေဒင်အလိုအရတော့ ကံနိမ့်တာတို့ ဘာဂြိုဟ်စီးတာတို့ ပေါ့ဗျာ။ သူတို့ တပ်မတော်ကြောင့် သိပ်ကို အကျိုးဖြစ် ထွန်းခဲ့ကြပါတယ်။

နောက် အကျိုးဖြစ်ထွန်းခဲ့သူတွေကတော့ အနုပညာရှင်တွေပါ။ ဦးဇင်ဝိုင်းကြီးတို့၊ ဦးနေအောင်ကြီးတို့က စပြီး ဒွေးတို့၊ နေတိုးတို့ တပ်မတော် ဂုဏ်ပြု၊ ရဲတပ်ဖွဲ့ ဂုဏ်ပြုကားတွေက စပြီး နာမည်ကြီးလာကြတာပါ။ စိုင်း စိုင်း တို့ဆိုရင် ဗိုလ်လောင်းတောင် လုပ်လိုက်သေးတယ် မဟုတ်လား။ မြင့်မြတ် ဆိုရင် တပ်မတော်နေ့ ဂုဏ်ပြု ဇာတ် ကားမှာ ကရင်သူပုန် လုပ်လိုက်တာ အခုဆိုကရင် တစ်ပြည်လုံး ကွမ်းစားရင်တောင် မြင့်မြတ် စတိုင်တဲ့။ မော် ဒယ် လေးတွေကတော့ ပြောမနေနဲ့တော့။ ဒီဘက်ခေတ်မှာတော့ ရွှေစင်တို့၊ နန်းခင်ဇေ ယျာ တို့လို တစ်ကိုယ်လုံးနီးပါး ချွတ်မှ ပေါ်ပြူလာ ဖြစ်မှာ။ တပ်မတော်က အာဏာယူထားတော့ ရိုက်လိုက် ရ တဲ့ စစ်ကား၊ တံတားတွေ၊ လမ်းတွေ ဖောက်လွန်းလို့ ဂုဏ်ပြုသီချင်းတွေမှာ သရုပ်ဆောင်ရတာ မြန်မာနို င်ငံ က သရုပ်ဆောင် ကုန်မတတ်ပါပဲဗျာ။

နောက်ထပ် အကျိုးရှိတာကတော့ တစ်မျိုးသားလုံး အတွက် အရေးကြီးတဲ့ သာသနာပါ။ ဘယ်တိုင်း၊ ဘယ်ြ မို့ မှာပဲ ဖြစ်ဖြစ် ဗိုလ်ချုပ်တွေ တည်ထားတဲ့ ဘုရား၊ ဗိုလ်ချုပ်တွေ လှူခဲ့တဲ့ အဆောက်အအုံ၊ တံတိုင်း ၊ ကျောင်း တွေ အများကြီးပေါ့။ နေပြည်တော်မှာဆို ရွှေတိဂုံ ပုံတူ နဲ့ တစ်ခြား ဘုရားပုထိုးတွေ မနည်းပါဘူး။ တရုတ်ြ ပည် က မြတ်စွယ်တော်ဆိုလဲ ကြွလိုက်တာမှ အကြိမ်ကြိမ်။ သာသနာ အတွက် ဘွဲ့တံ ဆိပ်ေ တ်ာတွေ ဆက်ကပ်လှူ ဒါန်းတာကလဲ အများကြီးပါ။ အဲ ဆူပူတတ်တဲ့ ဘုန်းကြီးတွေတော့ မပါ ဘူးပေါ့ဗျာ။

ပြည်သူတွေ အကျိုးရှိခဲ့ပါတယ်လို့ ပြောရင် ခင်ဗျားတို့ အလွယ် လက်ခံမှာလား။ အဲဒီကာလမှာ ကြည့်လိုက် ကေ အိုင်ေ အ အခုလို တံတားချိုးတာမျိုး၊ မိုင်းခွဲတာမျိုး၊ လူသစ်တွေ စိတ်တိုင်းကျ စုသွားတာ မျိုး တွေ့ဖူး လား။ ဖားကန့်၊ ၀ိုင်းမော် တူးစရာ ကျောက်တောင် မရှိသလောက် ဟိုး တနင်္သာရီ အောက်ဆုံး ကနေ မိုးကုတ် အထိ ကျောက်တက်တူးကြပါတယ်။ ကိုယ့်စာကိုယ်သင်၊ ကိုယ့်အလုပ်ကိုယ်လုပ် ဘယ်သူမှ ဒုက္ခ မရောက်ဘူး။ အခု အတိုက်အခံဆိုတာတွေသာ အခုလို ပူးပေါင်းသင့်တယ် အမြင်ကို လက်ခံခဲ့၇င် အတိုင်း ထက် အလွန် ဖြစ်အုံးမှာ ပေါ့။ ဒါပေမယ့် ပြည်သူတွေ တကယ်ကို အကျိုးရှိခဲ့ပါတယ်။ ရပ်ကွက်ထဲမှာ ဆူပူဖို့ လာပြောတဲ့သူ မရှိဘူး။ ဆူပူပြီး လမ်းတွေပေါ် လျှောက်နေသူတွေ မရှိဘူး။ လက်မခံ ချင်လဲ ရပါတယ်။ အလု ပ်မှ မရှိဘဲ။ ဆူပူပေါ့ဗျာ။

လာပါပြီ ခရိုနီ။ သိပ်ကို အကျိုးရှိခဲ့တာပေါ့။ လက်ညှိုးထိုးဆို အချမ်းသာဆုံး ဦးတေဇက စရမှာပဲ။ စီးပွားရေး သမား စီးပွားရေးလုပ်တာ မဆန်းပါဘူး။ လေရူးသုန်သုန်ထဲက ဘယ်ဇာတ်ကောင် ကြိုက်လဲဆိုရင် ယော က်ျား လေးအများစုက ဘတ်တလာ ဆိုပြီး ဖြေကြတယ်လေ။ ဘာလို့လဲ ဆိုတော့ ခေတ်ပျက်မှာ ခရိုနီ လုပ် တတ် လို့ ပေါ့။ တစ်ကမ္ဘာလုံး စီးပွားရေး ပိတ်ဆို့တော့ တပ်မတော် အင်အားအတွက် လေယာဉ် ၀ယ်စရာ နိုင်ငံ မရှိဘူး။ ဦးတေဇကြီး ဆက်သွယ်တယ်။ ကော်မရှင်ရတဲ့ ဒေါ်လာ သန်းဂဏန်းကို ဘာလုပ်ရမလဲ မသိ ဘူး။ အခု ဆုတံ ဆိပ်တွေနဲ့ နိုင်ငံခြားဒေါ်လာ ရတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ပိုက်ဆံဘယ်မှာ ထားနေမှန်း မသိကြ ဘူး မဟုတ်လား။ ဦးတေဇကတော့ နိုင်ငံတော် ဘဏ်မှာ အပ်ပေးထားတော့ သန်းဂဏန်းနိုင်ငံခြားငွေကို အဲ့ဒီခော တ်မှာ နိုင်ငံက သုံးခွင့်ရသတဲ့။ တစ်ချို့ လူကြီးများက တေဇရယ်၊ ဒါလေး ဆောက်ချင်လိုက်တာ ဆိုတော့ ဆောက်ပေးလိုက်၊ လုပ်ပေးလိုက်တာ အရှုံးတွေ ပေါ် သတဲ့။ ပြင်ဦးလွင်က ကန်တော်ကြီး၊ ကချင် က လဖက်ခင်း၊ အများကြီး အများကြီးပေါ့။ အနစ်နာခံတော့လဲ ထိုက်သင့်သလောက် ပြန်ရတော့ ခရီုနီကြီး ကြီး ဖြစ်လာတော့တာပဲ။ ဒီတော့ ဘာဖြစ်လဲ။ အမေရိကန် ကိုတောင် ပြန်ပြီး မြန်မာ့ထွက်ကုန် ၀ယ်ခွင့် ပိတ်မ ယ်လို့ ခြိမ်းခြောက်နိုင်ခဲ့တယ်။ အခု ဘောလုံးအတွက် သိန်းကို သန်းနဲ့ မြုပ်နှံနေတဲ့ ဦးဇော်ဇော်တို့လဲ အကျိုးရှိ ခဲ့ပါတယ်။ ခရိုနီ အကျိုးရှိတာ ဘာဆန်းသလဲဗျာ။ ကိုယ်က ဖွတ်ကျား၊ ခရိုနီက ခရီုနီ တစ်ခြားစီပါ။

နောက်ဆုံးကတော့ ဗိုလ်ချုပ်ကြီးတွေလို ခေါင်းစဉ်တပ်ရမှာပေါ့။ ဒါပေမယ့် ခင်ဗျားတို့ ပြောတဲ့ ဗိုလ်ချုပ် ကြီးတွေ အားလုံးက မနက် ၇ နာရီကနေ ညနေ ၅ နာရီ၊ လိုအပ်ရင် ညအထိ ရုံးတက်ပြီး အနားယူတဲ့ အထိ တာဝန် ထမ်းဆောင်သွားကြတာ ခင်ဗျားတို့ မသိဘူး။ ဖြူနီကျားမှာ ယာဉ်မရပ်ဖူးတဲ့သူရှိရင် လက်ညှိုးေ ထာင် ဗျာ။ ပါး တောင်အရိုက်ခံလိုက်အုံးမယ်။ ဒီလိုပါပဲ။ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေက စီး ပွားရေး အမြင်ရှိရှိ လုပ်စားသွားကြတာပါ။ ကမ္ဘာ့နိုင်ငံတွေလဲ ဒီလာဘ်စားမှုက မပျောက်ပါဘူး။ ဗိုလ်ချုပ်ြ ကီးတွေ အကျိုးရှိခဲ့ပါ တယ်။ ဘာလို့လဲ ဆိုတော့ ဗိုလ်ချုပ်ကြီး မဖြစ်ခင်မှာ မသေလို့၊ မပြတ်ကြလို့ပါ။

ကဲဒီလောက်ဆိုရင် အကျိုးရှိတဲ့ သူတွေ ဘယ်လောက်များလဲ မှန်းဆလို့ ရပြီပေါ့။ ကောင်းကွက် ဆိုးကွက်ေ လးေ တွ ထဲမှာ ခြွင်းချက်လေးတွေတော့ ရှိတာပေါ့ဗျာ။ တွက်ကြည့်ရင် အားလုံး အထိုက်အလျောက် အကျိုး ရှိကြ ပါ တယ်။ ပညာကျတော့လည်း မတတ်၊ ပညာတတ်ပြန်တော့လည်း စီးပွားရေး အမြင်မရှိလို့ အကျိုး ရှိသူ များ ထဲမှ မပါရတော့လည်း ခံပေါ့ဗျာ။ ကိုယ်တုံးလို့ပဲ မဟုတ်လား။

http://www.oppositeyes.info/2013/02/blog-post_530.html

မန္တလေးမြို့တွင် ငွေစက္ကူ အတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့် သူအား ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရပါသည်။ ငွေစက္ကူအတု လဲလှယ်ပေးသည့် သူအား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့ ည၉နာ ရီခွဲ အချိန်ခန့် အမှတ်(၉)ရဲစခန်းမှ နယ်ထိန်းအရာရှိနဲ့အဖွဲ့ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မဟာအောင်မြေ မြို့နယ်၊ ရွှေဘုန်းရှိန် ရပ်ကွက်အတွင်း ငွေစက္ကူ ၅၀၀၀ တန်၊ ၁၀၀၀ တန်များအား စည်သူ ဆိုသူ မှ ငွေစက္ကူအတု ကျပ်တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် ကျပ်တစ်သိန်းဖြင့် လဲလှယ်ပေးနေကြောင်း သ တင်း ရရှိခဲ့ပြီး၊ ဖေဖော်ဝါရီလ ၆ရက်နေ့ နေ့လယ် ၁၂နာရီ ၁၀မိနစ်အချိန် ဒုရဲအုပ်မျိုးမင်းကြူနှင့်အဖွဲ့မှ သက်သေ များနှင့်အတူ အသွင်ယူကာ ငွေစက္ကူလဲလှယ်ပေးသည့် စည်သူ(ခ)စည်သူမြင့်အား မြို့တော်ဥယျာဉ်ရှေ့ တွင် ချိန်းဆိုဆက်သွယ်ခဲ့ကြောင်း သိရသည်။

စည်သူ(ခ)စည်သူမြင့်ပါ နှစ်ဦးသည် 125 ကန်ဘို ဆိုင်ကယ်ဖြင့် ရောက်ရှိလာသဖြင့် စစ်မေးရာမှ စည်သူ(ခ)စည်သူမြင့် ၂၇နှစ် လွယ်ထားသော ဘေး လွယ် အိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ၅၀၀၀တန်တစ်ရွက် ၁၀၀၀တန် (၁၂၆) ရွက်တို့ အား သိမ်းဆည်းရမိခဲ့သဖြင့် ပြစ်မှုပုဒ်မ ၄၈၉ (ခ)အရ အမှတ်(၉)ရဲစခန်းမှ (ပ)၈၄ /၂၀၁၃ဖြင့် အမှုဖွင့် အရေး ယူ ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ငွေစက္ကူအတုများနှင့် ပတ်သက်ပြီး စည်သူ(ခ)စည်သူမြင့်မှ ငွေစက္ကူအတုများကို ချမ်းအေးသာ ဇံမြို့နယ်တွင် နေထိုင်သည့် မသဇင်၏ ဆက်သွယ်ပေးမှုဖြင့် အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သ ရေ အနောက်ရပ်ကွက်၊ ၂၅လမ်းနှင့် ၂၆လမ်း၊၈၃လမ်းနှင့် ၈၄လမ်းကြား၊ သရဖီလမ်းသွယ်၊ အိမ်အမှတ်(၅၇/၃) တွင် နေ ထိုင်သည့် သက်တင်ထံမှ ရယူ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်တင်၏ နေအိမ် အား ၀င်ရောက်ရှာဖွေရာ သက်တင်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ညီမဖြစ်သူ မလွင်ဇာခိုင်အား တွေ့ရှိ ရသဖြင့် မလွင်ဇာခိုင်၏ ဘီရိုအတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ၁၀၀၀တန်အသေး ၁၉၃ ရွက်အား သိမ်းဆည်းရမိခဲ့သဖြင့် သက်တင်နှင့် မလွင်ဇာခိုင်တို့အား အမှတ် (၅)ရဲစခန်းမှ (ပ)၇၃/၂၀၁၃၊ပြစ်မှုပုဒ်မ ၄၈၉-(ခ)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

EMG

လျှပ်စစ်မီး သွယ်တန်းရာမှ ကျောက်ပန်းတောင်း မြို့နယ်တွင် ပဋိပက္ခဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်နှစ်ကျပ်ခွဲကျေးရွာတွင် လျှပ်မီးလင်းရေးအတွက် လျှပ် စစ် ၀န်ကြီးဌာနမှ လျှပ်စစ်သွယ်တန်းရာတွင် ယခင် က ကိုယ်ထူကိုယ်ထငွေအကုန်ခံ ပြီး ပြုလုပ်ထား သည့် လျှပ်စစ်ဓာတ် ကြိုးများ ကျေးရွာသားတို့၏ခွင်ပြု ချက်မယူပဲအတင်းအဓမ္မ၀င်ရောက် သွယ်တန်း ရာမှ နှစ်ကျပ်ခွဲကျေးရွာမှ ပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်၊ ကျောက်ပန်း တောင်းမြို့နယ်ရဲများ လျှပ်စစ်ဝန် ကြီးဌာနမှတာဝန်ရှိသူများမှာ ပဋိပက္ခအသွင်ဆောင်သည့်ဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့ကြောင်း MJN ရုံးခန်းတွင်ကျင်းပသည့်သတင်းစာ ရှင်းလင်းပွဲမှသိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ကိုယ်ထူကိုယ်ထလျှပ်စစ် မီးလင်းအောင်ပြုလုပ်ထားပြီးမှ ယခုအစိုးရ သစ် လက်ထက်တွင် ကျေးရွာများမီးလင်းရေးအတွက် ဆောင်ရွက်ရာ၌ ယခင်က မိမိတို့ အကုန်ကျခံ သွယ် တန်း ထားသည့် လျှပ်စစ်မီးများကို မိမိတို့အား မညှိနှိုင်းပဲ အတင်းအဓမ္မသွယ်တန်း ကြကြောင်း သတင်း စာ ရှင်းလင်း ပွဲသို့ကြွရောက်လာသည်ဆရာ တော်တစ်ပါးကမိန့်ကြားသည်။

“၂၉.၁.၂၀၁၃ ရက်နေ့ နံနက် (၁၀း၄၅) မှာ မန္တလေး တိုင်းဒေသကြီး (စက်မှုနှင့် လျှပ်စစ်) ၀န်ကြီးေ ဒါက် တာမြင့်ကြူနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကြီး၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်း၊ တိုင်းသာသ နာ ရေးမှူး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်သာသနာ ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်သာသနာရေးမှူးအပါအ၀င် ကျောက်ပန်းတောင်းမြို့နယ်တိုင်း လွှ တ်ေ တ်ာကိုယ်စားလှယ်ဦးတိုင်း အေး (ကြံ့ခိုင်ရေး) တို့နှင့် အတူ ရဲတပ်ဖွဲ့ဝင်အင်အား (၁၀၀) ကျော်၊ လျှပ် စစ်ဝန်ထမ်း (၃၀) ကျော်က အတင်းအဓမ္မ၀င်ရောက်ပြီးတော့ ဘုန်းဘုန်းတို့ကိုယ်ထူကိုယ်ထ လုပ်ေ ဆာင် ထားတဲ့ လျှပ်စစ်မီးတွေကို ၀င်ရောက်လုယူကြပါ တယ်” ဟု ကျောက်ပန်းတော င်းမြို့ နယ်နှစ်ကျ ခွဲေ ကျး ရွာကိုယ်ထူ ကိုယ်ထမီးလင်း ရေးကော်မ တီ စာနယ်ဇင်ရှင်းလင်း ပွဲသို့တက်ရောက်လာသည် နှစ်ကျပ်ခွဲရွာ ဘုန်တော်ကြီးကျောင်း မှဆရာတော်တစ်ပါးက မိန့်ကြား ခဲ့သည်။

အဆိုပါလျှပ်စစ်မီလင်းရေး နှင့် ပတ်သက်ပြီး အစိုးရအာဏာ ပိုင်များနှ င့် ဒေသ ခံပြည်သူ တို့ ပြဿ နာဖြစ် ပွားခဲ့ရခြင်းမှာ အစိုးရဘက်မှ မီးလင်းရေးစီမံချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ကိုယ်ထူ ကိုယ် ထပြုလုပ်ထားသည့် ဓာတ်တိုင်များမှာ အလွယ်တကူ သွယ်တန်းရာတွင် ပြည်သူများ အား ညှိနှိုင်း မှုမပြု လုပ်ပဲ အင်အား သုံးပြီးလုပ်ဆောင်ခြင်းကြောင့် အသေးစားပြဿနာအဆင့်မှ ပဋိပက္ခအသွင် အ ထိပြောင်း လဲ သွားခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။

Hot News

စစ်တပ်သည် အစိုးရ မဟုတ်ပါ ( NLD ၊ ၈၈ ၊ ကျောင်းသားနှင့် နိုင်ငံရေးသမားများ အတွက် အသုံးတည့်မည့် အချက် ( ၈ ) ချက် )

၁။ အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။

၂။ တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့ အတိုက် အခံ ကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။

၃။ စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ် တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွားပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ် တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။

၎။ စစ်တပ်ကို လက်ကိုင်ဒုတ် စစ်တပ်မဖြစ်စေချင်ရင် စနစ်ကို ခိုင်မာအောင်လုပ်ပါ။ ဘယ်သူတက်တက် စစ်တပ်ကို အသုံးချလို့မရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲထားပါ။ အမေရိကန်နိုင်ငံသ မိုင်း မှာ နိုင်ငံရေးသမားတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေပက်မ၀င်အောင် ဆွဲခဲ့လို့ စစ်တပ်က အာဏာသိမ်း တာ တစ်ခါမှမရှိပါ။ တပ်မတော်ကလည်း အသုံးချခံချင်လှတယ်တော့ မရှိပါ။ ဒါပေမယ့် အစိုးရကို ပုန်ကန် တဲ့တပ်မတော် ပိုပြီးမဖြစ်လိုပါ။ စစ်တပ်မျက်စိကကြည့်လျှင် အထက်အမိန့်မနာခံတဲ့ တပ်မတော်ဟာ အန္တရာယ်အကြီးဆုံးပါ။ အမေရိကန်စစ်ကားထဲမှာ တပ်ခွဲမှူးက သူ့ရဲဘော်ကို စစ်မြေပြင်မှာ ပြောတဲ့ အတိုင်း ပြောရရင် “ ငါတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီနေရာကိုရောက်နေတာ - - - ကျင့်သုံးဖို့မဟုတ်ပါ ” တဲ့ ။

၅။ ဗိုလ်ချုပ်တွေ မသမာမှုလုပ်ခွင့်ရတာ ဗိုလ်ချုပ်ရာထူးကြောင့်မဟုတ်ပါ။ အာဏာသိမ်းပြီး နိုင်ငံရေး ရာ ထူးတွေ ယူခွင့်ရသွားလို့ပါ။ နိုင်ငံရေးသမားများအချင်းချင်း ညီညွတ်လျှင် အာဏာသိမ်းလို့မရပါ။ ဘယ် တပ်မတော်မှလည်း နိုင်ငံရေးပယောဂမပါဘဲ အချောင်နာမည်ပျက်ခံပြီး အာဏာသိမ်းလိုမယ် မဟုတ်ပါ။

၆။ စစ်တပ်ကိုလဲ သိပ်ပြည့်စုံနေတယ်မထင်ပါနဲ့ ။ ကျွန်တော် တပ်မတော်ကအငြိမ်းစားယူတဲ့အထိ စစ်တိုက် ရမယ့်နေရာကို ရဟတ်ယာဉ်နဲ့ တစ်ခါမှ အပို့မခံရဖူးပါ။ စစ်သားတွေ ဒဏ်ရာရရင် အိပ်ယာခင်းေ စာင် ကြားကို ၀ါးလုံးနဲ့လျှို ပုခက်လုပ်ပြီး နှစ်ရက်သုံးရက် လူနဲ့ထမ်းပြီး သယ်ရတာပါ။ ရိက္ခာ (၅)ရက်စာဆို (၁၀) ရက်စာ စားရတာပါ။ စစ်ဆင်ရေး (၃)လလောက်ဆို ရဲဘော်တွေဝတ်စုံ ဟာ ချုပ်ရာ၊ဖာရာ အထပ်ထပ် ဖိနပ်ကလည်း ညှပ်ဖိနပ်ဖြစ်နေပါပြီ။ တပ်ကြပ်ကြီးကို မပြောရကောင်းလားလို့ သွားမဆူပါနဲ့ ။သူ့မှာလည်း အားလုံးပေါင်းမှ ရဲဘော်တွေထက် ၀တ်စုံတစ်စုံ လောက်သာ ပိုချမ်းသာတာပါ။ စစ်ကြောင်းရုံးကို ကြည့် လိုက်ပါဦး။ စစ်ကြောင်းမှူးဘောင်းဘီလည်း ဖင်အဖာနဲ့ပါပဲ။ စစ်သည်တစ်ယောက်ဟာ သေနတ်၊ ရိက္ခာ ၊ ကျည် ဆံ၊ ချပ်ဝတ်တန်ဆာနဲ့ဆို ပေါင်(၄၀)လောက်ရှိနေပါပြီ။ စစ်ကြောင်းအဆင့်ဆို ပွိုင့်ဖိုက် ၊ ၈၁ မမ စိန်ပြောင်း၊ ပွိုင့်ဖိုက် ကျည်ဆံ (၁၀၀၀)ပုံး တစ်ပုံးဟာ တိုက်ပွဲဖြစ်လျှင် (၅)မိနစ်လောက်ပဲ ပစ်လို့ရပါတယ်။ ဗျူဟာ အဆင့်မှာ လာပါပြီ ၁၂၀ မမစိန်ပြောင်းကြီး ဗုံးသီးတစ်လုံးက ပေါင် (၃၀)လောက် ၊စက်ရုံက ထုတ်တဲ့ ဗူး ကိုဖွင့် ပြီး ထမ်းပိုးနဲ့ ရှေ့နောက်ကြိုးချည် ရဲဘော်တစ်ယောက်ကို ထမ်းပိုးတစ်လက်နဲ့ မသိလျှင် ကန်စွန်းဥတွဲလေးတွေကျလို့ ။ ပေါ်တာဆွဲတာကို ကျွန်တော်တို့လည်းမကြိုက်ပါ ဒါပေမဲ့ ရဲဘော်ပဲထမ်းဆို ရဲဘော် တစ်ယောက်ကို ပေါင်(၇၀)လောက် ရှိနေပါပြီ။ စစ်ကြောင်းက တစ်ရက်လုံးမှ (၅)မိုင်တောင် ခရီးမပေါက်ချင်. . . ဒဏ်ရာရလူနာသာပါလျှင် စဉ်းစားကြည့်ပါတော့ ပေါ်တာဆွဲလျှင်လည်း အရေးယူခံရ၊ မဆွဲဘဲ ကိုယ်တိုင်ထမ်းရတော့လဲ တိုက်ပွဲဖြစ်တဲ့အခါ ရန်သူက လက်သီးနဲ့ဆင်းထိုးလျှင်တောင် ခံရတော့ မလောက် အလေးအပင်တွေနဲ့ သူများနိုင်ငံ တပ်မတော်တွေလည်း ကြည့်ကြည့်ကြပါ။ စစ်သားဟာ ၀န်တင်နွားမဟုတ်ပါ။

၇။ လူ့အခွင့်အရေးဆိုလို့ ပြောရဦးမယ်။ ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက် ရှေ့တန်းရောက် ဖူးပါသလဲ ။ တော ထဲကို မရောက်ဖူးဘဲနဲ့တော့ တောရဲ့အကြောင်းကို မသိနိုင်ပါ။ တောမှာ ရဲစခန်းမရှိပါ၊ တရားရုံး မရှိ ပါ ။တောထဲမှာရှိတာ တောရဲ့ဥပဒေပါ။ အင်အားကြီးတဲ့လူက အင်အားနည်းတဲ့လူကို ချေမှုန်းတာ နားေ ထာင် လို့မကောင်းပါ။ မထောက်ခံပါ ဒါပေမယ့် ကိုယ်ရှင်သန်နိုင်ဖို့ ကိုယ့်တပ်ဖွဲ့ရှင်သန်နိုင်ဖို့ ရုန်းကန်ရာမှာ နည်း လမ်းရွေးချယ်ခွင့်မရှိတော့တဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ရနိုင်တာ။ တစ်ဦးတစ်လေကတော့ ခင်ဗျားတို့ ပြောပြောနေတဲ့ လူသားချင်းစာနာမှုအတွက် သူ့အသက်ကို စတေးချင်စတေးမှာပါ။ ဒါပေမယ့် လူတိုင်းတော့မဟုတ်ပါ။ ခင်ဗျားတို့ထဲမှာ ရန်သူကနှိပ်စက်ပြီး ဓားနဲ့လှီးသတ်သွားတဲ့ ကိုယ့်ရဲဘော် အေ လာင်း ကို ဘယ်သူမြင်ဖူးပါသလဲ ။ ရွာအ၀င်လယ်ကွင်းထဲက ကောက်စိုက်ဟန်ဆောင်နေတဲ့ ရွာသားထင် ရတဲ့သူက သေနတ်နဲ့ တေ့ပစ်တာကို ဘယ်သူခံဖူးပါသလဲ။ ရွာထဲက (၅၇)နဲ့ ထောင်းထေ မာင်းေ ကြေ အာင် ပစ်ခံရလို့ ကိုယ့်ရှေ့မှာပဲ ကိုယ့်ရဲဘော်တွေ ကျဆုံးကုန်တဲ့ သူပုန်နဲ့ရွာသား ခွဲမရတဲ့ တပ်ခွဲမှူးဘ၀ကို ဘယ်သူကိုယ်ချင်းစာဖူးပါသလဲ။ ခင်ဗျားမှာ ဒုတိယနည်းလမ်း ရွေးချယ်ဖို့မရှိခဲ့လျှင် ခင်ဗျားရွာထဲကို ပြန်ပစ် မလား ? ခင်ဗျားတပ်ခွဲ အသေခံမလား?

၈။ ကြံ့ဖွံ့၊ကြံ့ဖွံ့နဲ့ ခင်ဗျားတို့ ဆဲချင်ဆဲပါ ဒါပေမယ့် စစ်တပ်နဲ့ ကြံ့ဖွံ့ ဘာမှမဆိုင်ပါ။ ကြုံ့ဖွံ့ ခိုင်းတာ လုပ်နေရတာ ကြံ့ဖွံ့အစိုးရနေရာရောက်နေလို့ပါ။ ရဲ ၊ မီးသတ်၊ ရ.ယ.က စွမ်းအား၊စည်ပင် ၊ လ.၀. က ၊ အခွန်၊ဆောက်လုပ်ရေး ၊ပညာရေး ၊က ည န ၊ ထွေ/အုပ်ဝန်ထမ်း အားလုံးလိုပဲ စစ်တပ်ကလည်း ၀န် ထမ်း ပါ။ ခင်ဗျားတို့ မမေ့ဖို့က ခင်ဗျားတို့မှပြည်သူမဟုတ်ပါ ၀န်ထမ်းတွေအားလုံးကလည်း တက်လာတဲ့ အစိုးရခိုင်းတာ လုပ်ရတဲ့ပြည်သူတွေပါ။ ခင်ဗျားတို့ နိုင်ငံရေးသမားအများစုလည်း (၂၂)နှစ်မှာ အနှစ်(၂၀)ေ လာက် က ပုဆိုးခြုံထဲက လက်သီးပြနေတာပါ။ ခုမှ ဘာညာနဲ့တော့ ၀န်ထမ်းများကို လာမပြောစေလိုပါ။ အုပ်ချုပ်တဲ့ သူကောင်းဖို့ဆိုတာ အားလုံးမှာတာဝန်ရှိတာပါ။ ခင်ဗျားတို့ အခုလို တစ်ဖက်သတ် ကိုယ့်ကိုယ် ကို ပုံပြင်ထဲကသူရဲကောင်းလို၊ မင်းသမီးလေးလိုလုပ် ကျန်တဲ့သူတွေကိုတော့ ပုံပြင်ထဲကစုန်းမကြီးလို၊ မကောင်းဆိုးဝါးကြီးလို လုပ်နေပုံနဲ့တော့ နိုင်ငံကို ကောင်းအောင်၊ တိုးတက်အောင် အုပ်ချူပ်နိုင်ဖို့ဝေးလို့ (၂)နှစ်(၃)နှစ်လောက်ဆိုရင်ကို ကိုယ့်ပါတီကို နိုင်အောင်အုပ်ချုပ်နိုင်ဖို့ မလွယ်ပါ။

YE MOE

http://golden-land-myanmar-mm.blogspot.com/2013/02/nld_2126.html

ကိန်းဂဏန်း မခန့်မှန်းနိုင်သည့် ဂူးဂဲ၏ဂျီမေးသုံးစွဲသူများ သတိပေးစာတန်းများ လက်ခံရရှိ


အထက်ဖော်ပြပါပုံအတိုင်း ဂျီးမေးသုံးစွဲသူအချို့၏ စာမျက်နှာတွင် ဂူးဂဲ၏သတိပေး စာတန်း ဖော်ပြထား သည်ကို တွေ့ရသည်။ စာတန်း၏ အဓိပ္ဗါယ်မှာ “အစိုးရတဖွဲ့ဖွဲ့၏ ကျောထောက်နောက်ခံဖြင့် သင့်၏ အကောင့်ကို တိုက်ခိုက်မှုရှိနေသဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်ပါ” ဟု ဖော်ပြထားခြင်း ဖြစ်သည်။

၂၀၁၂ အောက်တိုဘာကလည်း ဂူးဂဲ၏ အီးမေးအကောင့် ထောင်ဂဏန်းကို အထက်ပါအတိုင်း သတိပေး ခဲ့ဖူးသည်။ ထိုသို့သတိပေးခံရပါက အဆိုပါအီးမေးပိုင်ရှင်သည် ပတ်စ်ဝဒ်ကို အသစ်ပြောင်းခြင်း၊ အီးမေးကို ၀င်ကြည့်ရာတွင် ၂ ဆင့်ခံစနစ် (မူလအီးမေးပတ်စ်ဝဒ်နှင့် မိမိတယ်လီဖုံးသို့ ဂူးဂဲကပေးပို့သည့် လျပ်တပြက်နံပါတ် ၆ လုံး ပတ်စ်ဝဒ်) ဖြင့် ၀င်ရောက်ခြင်းတို့ ပြုလုပ်ပြီး ကာကွယ်နိုင်သည်ဟု ဆိုသည်။ ယခု ၂၀၁၃ တွင် ယခုလို သတိပေးစာတန်းအများအပြားကို မြန်မာပြည်တွင်းက မီဒီယာလောကသား အများအပြား လက်ခံရရှိသည်ဟု အီလဲဗင်းမီဒီယာသတင်းတွင် ဖော်ပြထားသည်။

၂၀၁၃ နှစ်ဆန်းတွင် အစွန်းရောက်ဘာသာရေးအဖွဲ့များ၊ တရုတ်နှင့် ရုရှားတို့ကဲ့သို့ အာဏာရှင်နိုင်ငံများ၏ ဆိုက်ဘာအကြမ်းဖက်သမားများက အမေရိကန်ပြည်ရှိ NYTimes, Washington Post နှင့် Wall Street Journals စသည့် အွန်လိုင်းသတင်းစာ စာမျက်နှာတို့ကို တိုက်ခိုက်ခဲ့ကြသည်၊ (သို့မဟုတ်) တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်ဟု အမေရိကန်၏ သတင်းများတွင် ဖော်ပြထားသည်။ ထို့အတူ တွစ်တာအမည်ရ လူမှုကွန်ယက်စာမျက်နှာမှ အကောင့်များလည်း ဖောက်ထွင်းခံခဲ့ရသည်။ ယမန်နေ့ကလည်း သမ္မ တဟောင်း ဘွတ်ခ်ျအကြီး၏ အီးမေးအကောင့် ဖောက်ထွင်းခံခဲ့ရသည်ဟု သိရသည်။

ဆိုက်ဘာအကြမ်းဖက်သမားများနည်းတူ ဆိုက်ဘာတော်လှန်ရေးသမား ဆိုသူများကလည်း အမေရိ ကန်နှင့် အရင်းရှင်နိုင်ငံများက ခေါင်းဆောင်များ၊ အစိုးရများ၊ လုပ်ငန်းကြီးများကို ဖောက်ထွင်းခြင်း၊ တိုက် ခိုက်ခြင်းများ တိုးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၂ အတွင်း ၀ီကီလိခ်အမှုဖြင့် နံမယ်ကြီးလာသည့် ဆိုက်ဘာတော် လှန်ရေးအဖွဲ့တခုဖြစ်သည့် Anonymous ကလည်း ကြိမ်းဝါးထားသည်။

မြန်မာပြည်နှင့် ပတ်သက်ပြီး သမ္မတရုံးဝက်ဆိုက်၊ သည်ဗွိုက်စ် ဂျာနယ်၊ အီလဲဗင်းမီဒီယာ ၀က်ဆိုက်နှင့် အီးမေးအကောင့်များ တိုက်ခိုက်ခံရကြောင်း၊ ဖောက်ထွင်းရန် ကြိုးစားခံရကြောင်း ပြည်တွင်း သတင်းစာ များတွင် ရေးသားထားသည်ကို တွေ့ရသည်။ သူများတွေ အခြိမ်းခြောက်ခံနေရချိန်တွင် မိုးမခမီဒီယာ၏ နည်းပညာတာဝန်ခံ၏ အီးမေးသို့လည်း ဂူးဂဲက သတိပေးစာပေးပို့ထားကြောင်း သိရှိရသည်။

News from: ၊ မိုးမခအထောက်တော်

အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ ရပ်


အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှု ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း

ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာတွေကို တာရှည်ခံစားနေ ရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူးဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထားသင့်ပါတယ်။

(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း

ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ်ပါ တယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေတာမျိုး၊ ဘောင်းဘီ ဆိုက်ကြီးတာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း
ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရတတ်ပါတယ်။ တချို့အမျိုး သမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။

(၄) ကြာရှည် ဖျားနာခြင်း

ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာက တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း

မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံး က ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာလက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ က သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ်ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။

(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း

ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့ အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီး ကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။

(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း

ဘာအကြောင်းရင်းမှမရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျတာက ပုံမှန် မဟုတ်ပါဘူး။ အမျိုးသမီးတစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့ အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ (၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ

မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်းလဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၉) ရင်သားပြောင်းလဲခြင်း

လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။

(၁၀) နုံးချည့်ညောင်းညာခြင်း

အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာအစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှား တဲ့ ဝေဒနာပါ။ နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်းညာ နေဆဲဆိုရင် ဆရာဝန် နဲ့ ပြသသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

http://maruthura.blogspot.com/2013/02/blog-post_9246.html

သိန်း ( ၁၀၀၀ ) လောက် လာဘ်စားပြီး လူကုန်ကူးကြသည့် ဗိုလ်မှူးဇေါ်လင်းဦးအဖွဲ့ 

ကျောက်ဖြူ အခြေစိုက် ဗိုလ်မှူးဝင်းခန့် ဦးစီးတဲ့  ခမရ ( ၅၆၂ ) နဲ့ ကျောက်နီမော်အခြေစိုက် ခမရ ( ၅၄၂ ) တို့  မနေ့ က တပ်ချိန်းကြတယ် ။ တပ်ချိန်းတော့ မော်တော်ပေါ်မှာ မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီ လူမျိုးတွေကိုခေါ်ဆောင်သွားကြတယ် ။ အဲဒီ မိတ္ထိလာနဲ့  ကျောက်ဖြူက မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီ လူမျိုးတွေနဲ့  ကျောက်နီမော်ကကုလားလူမျိုး(၃၂)ဦးဟာမသီတာထွေးလူသတ်ခံရပြီးနောက် ရောက်ရှိလာသူများဖြစ်ပြီး အဓိက ကျောက်နီမော်မှာ လှုပ်ရှားကြိုးကိုင် နေသူများဖြစ်တယ် ။

အခုတော့ ဗိုလ်မှူးဇေါ်လင်းဦးက တပ်ပြောင်းတော့ပြီမို့  သူတို့ လဲ အတူ လိုက်ပါခွင့်ရဖို့  သိန်း ( ၁၀၀၀ ) နဲ့  ဈေးတည့်သွားပြီး အခုလို ဗိုလ်မှူးဝင်းခန့်  တို့  စီးလာတဲ့  မော်တော်နဲ့ ဘဲ ကျောက်ဖြူ ကို ခေါ်လာခဲ့ ကြ တယ်လို့  သိရတယ် ။

သူတို့ ကို လုံခြုံရေးများချပေးထာကာ မနက်ဖန်ကျောက်ဖြူမြို့  ကုလားချောင်းထိပ် ပလီသစ်မှာ လူစုနဲ့  တွေ့ ဆုံစကားပြောခွင့်ပေးမယ်လို့  သိရတယ် ။

ကျောက်ဖြူကတဆင့် ရန်ကုန်ကို လေယဉ်နဲ့  လိုက်ပါပို့ ဆောင်မယ်ဆိုတာ သိရပြီး ဘာကြောင့်များ အခုလို လုံခြုံရေးတွေနဲ့  လိုက်ပါပို့ ဆောင်နေသလဲဆိုတာ ပြည်သူတွေ မသိရဘူးလို့  ပြောဆိုနေကြတယ် ။

ဗိုလ်မှူးဇေါ်လင်းဦးဟာ ကျောက်နီမော်မှာ ရခိုင်ကျောင်းဆရာမလေးတွေကို ကုလားကြောက်ရင် ငါနဲ့  လာအိပ်လို့ အားမနာပ စကားတွေ ပြောပြီး ရိုင်းစိုင်းလွန်းသူ တယောက်ဖြစ်တယ်လို့  သိရတယ် ။

ဒီလို သိန်း ( ၁၀၀၀ ) လာဘ်စားပြီး လုံခြုံရေးယူလို့  သွားတာကို မကြေနပ်တဲ့  အရာရှိတွေက တဆင့် ပေါက်ကြားလာတဲ့  သတင်းတွေ ထွက်လာတာကို ဗိုလ်မှူးဝင်းခန့် တို့ က ကြားလို့  မကြေ နပ်ကြောင်းလဲ ကြားနေရတယ် ။

အခုလိုဘဲ ကုလားတွေကို လုံခြုံရေးတွေပေးပြီး နိုင်ငံတော် သမ္မတတယောက် လို ခေါ်ဆောင်လိုက်ပါ ပို့ နေကြတာဟာ လာဘ်စားရလို့  ကြီးပွါးသွားတယ် ဆိုတာကို ဘာမှ မပြောလိုကြပေမဲ့  စစ်တပ်သိက္ခာကျ လွန်းနေတယ်လို့  ပြောဆိုနေကြတယ်။

Rakhine News Group

နှစ် ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်း မော်လမြိုင်တက္ကသိုလ်တွင် ပြန်လည်ဖွဲ့စည်း


နှစ်ပေါင်း ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်းအား ပြန်လည်ဖွဲ့စည်းခဲ့ရာ မော် လမြိုင်တက္ကသိုလ်မှ ကျောင်းသား ၁၁ဝ ဦး တက်ရောက်ပြီး အခြေခံစစ်ပညာသင်ကြားခဲ့ကြောင်း ၄င်းတက္ကသိုလ်မှ သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့် မြင့်ပညာ ဦးစီးဌာန၊ အောက် မြန်မာပြည်၊ ၂ဝ၁၂-၂ဝ၁၃ ပညာ သင်နှစ်၊ တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများအား အခြေခံစစ် ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နေ့က မော်လ မြိုင်တက္ကသိုလ်ပင်မဆောင် အခန်း ၁၅ ၌ ပြုလုပ်ကြောင်း သိရသည်။

တက္ကသိုလ် အရန်တပ်ရင်း အမှတ်(၁)ကို ရန်ကုန်၊ အမှတ်(၂) ကို မန္တလေး၊ အမှတ်(၃) ကိုမော်လမြိုင် တို့တွင်လည်းကောင်း စတင်ဖွဲ့ စည်းခဲ့ကြောင်း၊ ၁၉၈၇ -၁၉၈၈ ခု နှစ်အထိ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း ကာလက စတင်ပြီး အဆက်ပြတ်သွားကြောင်း၊မော်လမြိုင်အနေဖြင့် တပ်ဖွဲ့ဝင် ၅၁၈၄ ဦးကို အခြေခံစစ်ပညာ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် တက်ရောက် သော သင်တန်းသားများမှာ မော်လမြိုင် တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ တတိယနှစ်ကျောင်းသား ၁၁ဝ ဦးဖြစ်ပြီး သင်တန်းကိုဖေဖော် ဝါရီ ၅ ရက်နေ့မှစတင်ပြီးတစ်ပတ်လျှင် ငါးရက် ၁၆ပတ် တက်ရောက် ရမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

စာအုပ်က လူတွေရှိရာ သွားနေပြီ


ရထားဂိတ်တွေ၊ ကူးတို့သင်္ဘောဆိပ်တွေမှာ အခမဲ့ စာဖတ်နိုင်ကြဖို့အတွက် စာအုပ်စင်တွေ စီစဉ်ထားတာ ကို တွေ့နေရပါပြီ။ သင်္ဘောစောင့်၊ ကားစောင့်ရင်းနဲ့ အပျင်းပြေ ဖတ်ရှုနိုင်ပါတယ်။ စာအုပ်တွေကို ယူပြီးတဲ့နေရာမှာ ပြန်ထားပေးဖို့ပဲ လိုပါတယ်။

စာပေရေချမ်းစင် ဆိုတဲ့နာမည်နဲ့ ဒီလိုစာအုပ်စင်တွေကို အစိုးရရဲ့ ပြန်ကြားရေးဌာနက လုပ်တာပါ။

အခုမှ ပေါ်လာတဲ့ စာအုပ်စင်လေးတွေကတော့ အသစ်လေးတွေပါပဲ။ ဒါပေမဲ့ ဖတ်စရာတွေ ကတော့ တော်တော် ဟောင်းနွမ်းနေတယ်၊ အပျော်ဖတ်စာအုပ်တွေများနေတယ် လို့ သုံးသပ်သူလည်း ရှိပါတယ်။

တင်ထားတာကတော့ ဂျာနယ်၊ မဂ္ဂဇင်းတချို့နဲ့ ဝတ္တုတွေပါပဲ။

အမျိုးသမီးအဖွဲ့ရဲ့ စာအုပ်စင်

ဒီရက်ပိုင်းအတွင်းမှာ ဒလမြို့ အမျိုးသမီးရေးရာအဖွဲ့ရဲ့ စာအုပ်စင်ကို တွေ့ရပါတယ်။

သူလည်း စာအုပ်စင်အသစ်လေးပေါ်မှာ စာအုပ်ဟောင်းတွေကို တင်ထားတာပါပဲ။ ဂမ္ဘီရ၊ မှုခင်း စာအုပ်တွေကို များများ တွေ့ရပါတယ်။ သူတို့အဖွဲ့မှာ ဒီစာအုပ်တွေ အများအပြားရှိလို့ ဒါတွေကိုပဲ တင်ထားတာ ဖြစ်နိုင်သလို ခရီးသည်တွေ နှစ်သက်မယ်လို့ ယူဆရတဲ့စာအုပ်များ တင်ထားတာ လည်း ဖြစ်နိုင်ပါတယ်။


စာအုပ်စင်မှာ ဒလမြို့ အမျိုးသမီးရေးရာဥက္ကဌနှင့်အဖွဲ့က လှူဒါန်းသည်လို့ ရေးထားတာကို တွေ့ရ ပါသေးတယ်။

စာအုပ် အလှူရှင်တွေကို ကြိုဆိုပါကြောင်း ၀န်ထမ်းတဦးက ပြောပါတယ်။

ခရီးသည်တွေ ဘာအဖတ်များသလဲ

ခရီးသည်တွေကတော့ ဂျာနယ်တွေကိုသာ အဖတ်များပါတယ်။

ဒါပေမဲ့ ဂျာနယ်ကို နှစ်ပတ်မှာ တစ်ကြိမ်လဲပေးတဲ့အတွက် လတ်ဆတ်တဲ့ သတင်းတွေ မဟုတ်တော့ဘူးလို့ ဒလဖက်ကနေ ရန်ကုန်ဖက်ကိုသွားဖို့ သင်္ဘော စောင့်ရင်း ဂျာနယ်ဖတ်နေသူတစ်ဦ်းက ပြောပါတယ်။ “သူတို့ တကယ်လုပ်သင့်တာက ဂျာနယ်တွေကို နေ့စဉ်အသစ်လဲပေးဖို့ပဲ၊ မတက်နိုင်တဲ့လူတွေလဲ သွားရင်းလာရင်းနဲ့ဖတ်လို့ရသွားတာပေါ့” လို့ သူက ပြောပါတယ်။

သူကတော့ ဂျာနယ် အားပေးသူပါပဲ။

“မဂ္ဂဇင်းတွေတင်နေဖို့ မလိုပါဘူး၊ ကားစောင့်ရင်း၊ သင်္ဘောစောင့်ရင်းနဲ့ ရတဲ့အချိန်က ဂျာနယ်နဲ့ပဲ အဆင်ပြေတာလေ၊ လူတွေကလည်း ဂျာနယ်တွေလောက်ပဲ စိတ်ဝင်စားတာပါ” လို့ သူ့အမြင် ကို ပြောပါတယ်။

ဒလအမျိုးသမီးရေးရာရဲ့စာအုပ်စင် တာဝန်ကျ ဝန်ထမ်းတစ်ဦးက သူတို့စာအုပ်စင်မှာ ဂျာနယ် ၂၁ စောင် တင်တယ်၊ နှစ်ပတ်တစ်ကြိမ် ဂျာနယ်အသစ်တွေနဲ့ ပြန်လဲပေးတဲ့အကြောင်း ပြောပါတယ်။


ခရီးသည် စာဖတ်သူများရဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ စာအုပ်စင် စီစဉ်သူများဘက်က ဝါယမစိုက် ဆောင်ရွက် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

စာအုပ် စာစောင်တွေကို အိမ်အထိ သယ်သွားမယ့် စာချစ်သူတွေလည်း ရှိနိုင်ပါတယ်။ သို့သော်လည်း ဒီပြဿနာကြောင့်နဲ့တော့ စာအုပ်စင်တွေ ပျောက်ကွယ်မသွားနိုင်ဘူးလို့ ယူဆရပါတယ်။

ပုံမှန်အားဖြင့်တော့ လူတွေက စာအုပ်ရှိရာကို သွားပါတယ်။ အခုတော့ သင်္ဘောဆိပ်၊ ကားဂိတ်တွေမှာ စာအုပ်စင်များ ရောက်လာပြီဖြစ်လို့ စာအုပ်က လူတွေရှိရာ သွားနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဆက်စပ် - စာပေရေချမ်းစင်တွေ တောင်ကြီးရောက်ပြီ

ဧရာဝတီ

ပြည်ထောင်စုနေ့ အခမ်းအနား KIO တက်မည်မဟုတ်


မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ကြား အပစ်အခတ်ရပ်စဲရေးအတွက် သဘော တူညီချက် မရသေးတာကြောင့် KIO ကချင်လွတ်လပ်ရေးအဖွဲ့ကတော့ ပြည်ထောင်စုနေ့ အခမ်း အနားကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ကို ဖိတ်ကြားထားပြီး အများစုက အခမ်းအနား တက်ရောက်ဖို့ကို လက်ခံထားပေမဲ့ KIA ဘက်တော့ တက်ရောက်ဖို့ ငြင်းပယ်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့် KIO အဖွဲ့က တက်ရောက်ဖို့ ငြင်းဆိုထားသလဲဆိုတာကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကို မိုးဇော်က တင်ပြထားပါတယ်။

နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကို အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့တွေ အပါအ၀င် အပစ်အခတ် မရပ်စဲသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြား ထားတာဖြစ်ပါတယ်။

အခုလို ဖိတ်ကြားထားတဲ့အကြောင်းကို အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် အခုလို အတည်ပြုပြောပါတယ်။

“ မှန်ပါတယ်ခင်ဗျာ။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်စာ ပို့ထား ပါတယ်။ အပစ်အခတ် ရပ်စဲဖို့ သဘောတူချက်ရထားပြီး ဆက်လက်ဆွေးနွေးနေတဲ့ အဖွဲ့တွေပါသလို KIO အဖွဲ့ကိုလည်း ဖိတ်ကြားထားပါတယ်ခင်ဗျ။ နောက်ပြီး သမ္မတကြီးအနေနဲ့ ကတော့ သူ့ရဲ့ နှစ်သစ် ကူး မိန့်ခွန်းထဲ ပါသလိုပါပဲ - အားလုံး စုံစုံညီညီနဲ့ နိုင်ငံ့ အနာဂတ်ရေးတွေ ဆွေးနွေးနိုင်မယ် ဆိုတဲ့ သဘော မျိုးနဲ့ တွေ့တာ ဖြစ်ပါတယ်။”

ဒီဖိတ်ကြားစာကိုတော့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) က တဆင့် အဓိက တာဝန်ယူ ဖိတ်ကြားထားတာလည်း ဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ချင်း ၊ နာဂ၊ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ၀၊ လားဟူ အဖွဲ့တွေပါဝင်သလို အပစ်အခတ်မရပ်စဲသေးတဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO၊ ပလောင်လွတ်မြောက်ရေးတပ်ဦး စတာတွေလည်း ပါဝင်တာဖြစ်ပါတယ်။

ဖိတ်ကြားထားတဲ့အဖွဲ့တွေထဲမှာတော့ KIOကတော့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်မှာ မဟုတ်ကြောင်း KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က အခုလို ပြောပါတယ်။

“ကျနော်တို့က အခုလို အခြေအနေမျိုးမှာ သွားတက်ဖို့ဆိုရင် မသင့်တော်ဘူးထင်တယ်၊ ဒါကြောင့်မို့ ကျနော်တို့ မတက်တော့ဘူးလို့ စာပြန်လိုက်တယ်။ အခုလို အခြေအနေမျိုးဆိုတာက တိုက်ပွဲတွေ ဖြစ်နေ တယ်။ တခြား အဖွဲ့အစည်းတွေက cease fire လုပ်ပြီးတော့ သူတို့က လာတက်လို့ ကောင်းတယ် လေ။ ကျနော်တို့က ceasefire လည်း မလုပ်သေးဘူး။ ဒီအတိုင်းသာ သွားတက်မယ်ဆိုရင်တော့ မသင့်တော်ဘူးလို့ ထင်တယ်။ ဒါကြောင့်မို့ ကျနော်တို့က အခုလို အခြေအနေမျိုးမှာ မတက်နိုင်သေးဘူးလို့ စာပြန်လိုက်တာ။”

Myanmar Peace Center က တာဝန်ရှိသူတယောက်ကတော့ ဖိတ်ကြားထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအတော်များများက တက်ရောက်ဖို့ ပြန်ကြားထားတယ်လို့ ပြောဆိုပေမဲ့ အတိအကျတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကလည်း သူအနေနဲ့ KIO ရဲ့ ပြန်ကြား ချက်ကို တရားဝင် မသိရသေးတာကြောင့် တစုံတရာ မှတ်ချက်ပေးဖို့ မရှိသေးကြောင်း ပြောဆိုပါတယ်။

KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်း ကော် မတီတို့ဟာ ဒီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲ အပြီးမှာ နှစ်ဘက် စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင်ဖို့၊ ခိုင်မာတဲ့စစ်ပြေငြိမ်းရေး ကို ဖော်ဆောင်နိုင်ဖို့ အတွက် ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ စောင့်ကြည့်လေ့လာရေးစနစ်တွေ ထားရှိဖို့နဲ့ နိုင်ငံရေးဆွေးနွေး ပွဲတွေကို ဆက်လက် ဆောင်ရွက်သွားဖို့ သဘောတူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ ဖေဖော်ဝါရီလ နောက်ဆုံး ပတ်လောက်မှာ ထပ်မံဆွေးနွေးကြဖို့လည်း သဘောတူထားပါတယ်။

VOA

တရုတ်နှစ်ကူးအတွက် ကချင်နယ်စပ်ပြင်ဆင်

ရန်ကုန်မြို့က တရုတ်နှစ်ကူး ရိုးရာအလှဆင်ပစ္စည်း အရောင်းဆိုင်တခု (ဇန်န၀ါရီလ ၇ ရက်၊ ၂၀၁၂)

တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ အချိန်နီးကပ်လာချိန်မှာပဲ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် က ဒေသခံပြည်သူတွေ က နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ပြင်ဆင်နေပြီး နယ်စပ်ကုန်သွယ်ရေး ကလည်း ရောင်းဝယ် ဖောက်ကားမှုတွေနဲ့ အနည်းငယ် သက်ဝင်လှုပ်ရှားလာတယ် လို့ ဒေသခံတွေ ကပြောပါတယ်။ ဒီရက်ပိုင်းမှာ မြန်မာအစိုးရတပ် နဲ့ ကချင် လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေကလည်း အနည်းငယ် ငြိမ်သက်နေပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် တရုတ်လူမျိုးတွေ စိတ်အားထက်သန်စွာ ဆင်နွှဲဖို့ပြင်ဆင်နေသလိုပဲ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့နဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီဘက်မှာလည်း နှစ်သစ်ကူးပွဲတော်အတွက် ဒေသခံပြည်သူတွေ ပြင်ဆင် လှုပ်ရှားနေကြပါတယ်။ အရင်ရက်တွေက မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေ တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အတွက် အေးစက်နေတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ ဒီနှစ်သစ်ကူးပွဲတော် ရက်ပိုင်းမှာတော့ အနည်းငယ် ရောင်းဝယ်ဖောက်ကားမှုတွေ ရှိလာတယ်လို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ကိုရောက်ရှိနေတဲ့ ကိုထွယ်အောင်က ပြောပါတယ်။

“ကျနော် အခုက ရွှေလီဘက်မှာရောက်နေတယ်။ တိုက်ပွဲတွေက ဒီကြားထဲတော့ နည်းနည်းတော့ ငြိမ်တယ်ခင်ဗျ။ ကြိုကြားကြိုကြား နည်းနည်းပါးပါးတော့ ရှိတာပေါ့။ ဒါပေမဲ့ ထိုးစစ်ကြီးတွေကျတော့ သိပ်မရှိဘူးပေါ့။ ကုန်သွယ်ရေး အခြေအနေကတော့ အခုက တရုတ် နှစ်သစ်ကူးနား ရောက်လာတော့ အရောင်းအ၀ယ်တွေ ကျတော့၊ ရွှေလီဘက်မှာတော့ တရုတ်နှစ်သစ်ကူး သူတို့ရဲ့ ရိုးရာတွေပေါ့၊ သူတို့ ၀ယ်တာခြမ်းတာတွေ၊ ရိုးရာအသုံးအဆောင်တွေ အဲဒါတွေ ပြင်ဆင်နေကြတာပေါ့။”

မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေတို့ကြား ဆွေးနွေးပွဲတွေ အစပျိုးနေချိန် အခုရက်ပိုင်းမှာတော့ ထိုးစစ်တွေ ခဏရပ်ဆိုင်းပြီး တိုက်ပွဲတွေ အနည်းငယ်အေးသွားတဲ့အတွက် ကချင်ပြည်နယ် လိုင်ဇာနဲ့ ဒေသတချို့မှာ ပုံမှန် အနေအထားကို မရောက်သေးပေမဲ့ ကားတွေနဲ့ သွားလာမှုကလွဲလို့ ဒေသခံတွေက ဆိုင်ကယ်တွေနဲ့ ခရီးသွားလာမှုတွေရှိ လာပြီး ပြည်သူ အနည်း အကျဉ်းတော့ လမ်းတွေပေါ် ထွက်လာနေကြတယ်လို့ သိရပါတယ်။

“လမ်းပန်းဆက်သွယ်ရေးကတော့ တချို့လမ်းတွေကျတော့ ဆိုင်ကယ်တွေတော့ သွားလို့ရတာပေါ့။ ဆိုင်ကယ်တွေနဲ့ သွားမယ်ဆိုရင်တော့ ရတာပေါ့။ ဒါပေမဲ့ သွားလာတော့သူတွေတော့ အရမ်းနည်းတာပေါ့။ အရင်ကတော့ ထမင်းစားပြီးပြီဆိုရင် ကိုယ့်နေရာမှာပဲကိုယ် နေကြတာပေါ့။ အခုတော့ နည်းနည်းအေး လာပြီ ဆိုတော့ အပြင်ထွက်တာ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ အရင်လိုတော့လည်း အများကြီးတော့ မဟုတ်သေးဘူးပေါ့။ နည်းနည်းတော့ စိုးရိမ်နေကြသေးတာပေါ့။ သွားတာလာတာတော့ အရင်ကထက် နည်းနည်း ပိုများလာတယ်ပေါ့။”

အခုလိုတိုက်ပွဲတွေ ခဏရပ်နားနေပေမဲ့ တိုက်ပွဲတွေကတော့ ကြိုကြား ကြိုကြားဖြစ်နေဆဲပဲလို့ ကချင် သတင်းစဉ်က အယ်ဒီတာ ကိုနော်ဒင်းကပြောပါတယ်။

“တိုက်ပွဲက ဖြစ်နေဆဲဖြစ်တာပေါ့နော်။ တရုတ်နယ်စပ်ဘက်မှာပဲ ဒီ တရုတ်နှစ်သစ်ကူးကြောင့် နည်းနည်းလေး ရပ်ထားတဲ့ပုံစံဖြစ်တယ်။ ဒါပေမဲ့ တိုက်ပွဲငယ်တွေက ဖြစ်နေဆဲပါ။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) ဒေသတွေရယ်၊ တပ်မဟာ (၃) ဒေသတွေရယ်၊ လွယ်ကျယ်၊ ဗန်းမော်ဒေသတွေပေါ့။ ပြီးရင် တပ်မဟာ (၁)၊ တပ်မဟာ (၁) ကတော့ ပန်းဝါဒေသတွေ ပါတယ်။ မြစ်ကြီးနား၊ ဆွမ်ဘရာဘွမ် လမ်းကြောင်းတွေ ပါတယ်။ နောက်ပြီးတော့ တပ်မဟာ (၂) ဒေသက ဖားကန့်ဒေသပေါ့။ ဒီဒေသတွေမှာကလည်း တိုက်ပွဲတွေ ကတော့ ဖြစ်နေ တယ်။ လောလောဆယ် မဖြစ်တာက ဌာနချုပ် လှိုင်ဇာ ပတ်ဝန်းကျင်ပေါ့နော်၊ လဂျားယန် ပတ်ဝန်းကျင်ပေါ့။ အဲဒီမှာလည်း သူတို့က အမြောက်ကြီးတွေနဲ့က သူတို့ကပစ်တာရှိတယ်။ သို့သော်လည်းပဲ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေကတော့ လဂျားယန် ပတ်ဝန်းကျင်မှာ နည်းတာ။ ကျန်တဲ့ဒေသတွေမှာကတော့ တိုက်ပွဲကတော့ ဖြစ်နေဆဲဖြစ် တာပေါ့။”

ဒီရက်ပိုင်းဟာ တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာချိန်လည်းဖြစ်၊ မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင် တပ်ကြား ဆွေးနွေးမှုတွေလုပ်ဖို့ အစပျိုးနေချိန်လည်းဖြစ်လို့ ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာအနီးတဝိုက် မှာတော့ တိုက်ပွဲတွေ အတန်ငယ်အေးသွားပေမဲ့ နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးမှုအထိ တိကျတဲ့ အဖြေမရသေးတဲ့အတွက် ကချင်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေကတော့ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ကိုနော်ဒင်းက ပြောပါတယ်။

အခုလို ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးပဋိပက္ခတွေ ငြိမ်းစေဖို့ တရုတ်အစိုးရက ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ ကြိုးစားခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တရုတ်အစိုးရရဲ့ စီစဉ်ပေး မှုနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ကချင်လက်နက်ကိုင်အဖွဲ့တို့ တရုတ်-မြန်မာနယ်စပ် ဘက်မှာ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

VOA

မြန်မာတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီရေး ရေရှည်ပံ့ပိုးမည်ဟု ဥရောပသမဂ္ဂ ပြောကြား နိုင်ငံတကာ စံနှုန်းအတိုင်း မြန်မာတက္ကသိုလ်များ၏ အရည်အသွေး စစ်ဆေးမည်

မြန်မာ တက္ကသိုလ်များ၏ အရည်အသွေး နိုင်ငံတကာအဆင့်မီစေရေးအတွက် ရေရှည်ပံ့ပိုး ကူညီမှုများ ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များက ရန်ကုန်မြို့ Traders Hotel ၌ ဥရောပ သမဂ္ဂနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ Quality of Higher Education ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အဆင့်မြင့်ပညာကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ၌ ဥရောပ သမဂ္ဂက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ် H.E Mr.David Lipman က ''မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာ ကဏ္ဍမှာ တက္ကသိုလ်တွေရဲ့ အဆင့်အတန်းကို နိုင်ငံတကာ အဆင့်မီဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဆွေးနွေးမှုတွေ၊ ပံ့ပိုးမှုတွေကို ရေရှည် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ယင်းအလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ သင်ကြားမှု၊ သင်ယူမှု အရည်အသွေး၊ သင်ထောက်ကူ ပစ္စည်းများ၏ အရည်အသွေး၊ တက္ကသိုလ်များ၏ အရည်အသွေးများ ကို နိုင်ငံတက္ကသိုလ်များအတိုင်း စံချိန်စံညွန်းများနှင့်အညီ အဆင့်မီစေရေးအတွက် ဥရောပသမဂ္ဂ အဖွဲ့ အစည်းများမှ နိုင်ငံတကာ တက္ကသိုလ်များ၏ အရည်အသွေး စံနှုန်းများအား ချပြဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် တာဝန်ရှိသူများကလည်း သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များအား နိုင်ငံတကာ တက္ကသိုလ်များ၏ စံနှုန်းအတိုင်း အရည်အသွေး စစ်ဆေးမှု များကို တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်များ၌ ဆောင်ရွက်သွားလျက်ရှိပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှလည်း တာဝန်ရှိသူများက အဆိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

''မြန်မာ့ပညာရေးက နိုင်ငံတကာနဲ့ယှဉ်ရင် လက်ရှိမှာက အဆင့်မမီသေးဘူး။ ပညာရေး အဆင့် အတန်း မြင့်မားဖို့အတွက် ဆိုရင်လည်း အရင်ဆုံး ဒေသတွင်း အဆင့်၊ အရှေ့တောင်အာရှ အဆင့်နဲ့ ညီအောင် လုပ်ရမယ်။ ပြီးမှ နိုင်ငံတကာ အဆင့်အတန်း မီအောင်ဆိုပြီး အဆင့်ဆင့်လုပ်ရမယ်။

ပြည်တွင်းတက္ကသိုလ်တွေရဲ့ စံနှုန်းတွေနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေရဲ့ စံနှုန်းတွေလည်း တူညီဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ တက္ကသိုလ်တွေရဲ့ အရည်အသွေး တိုင်းတာတဲ့ စံနှုန်းတွေကို အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ speaker တွေကနေ စံနှုန်းတွေကို ရှင်းပြတယ်။

နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ စံနှုန်းတွေကို အသိပေးတယ်'' ဟု အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မြင့်က ပြောကြားခဲ့သည်။ အရည်အသွေး စံချိန်စံညွှန်း တိုင်းတာစစ်ဆေးခြင်းများကို တက္ကသိုလ် တစ်ခုချင်းစီအလိုက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ ပထမအဆင့် အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ် များ၌ တက္ကသိုလ်အချင်းချင်း အပြန်အလှန် စစ်ဆေးလျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတကာအဆင့် တက္ကသိုလ် အဖွဲ့အစည်းများအား ဖိတ်ခေါ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံက ကျောင်းသားတွေကို Student Exchanged Program အနေနဲ့ နိုင်ငံတကာ တက္ကသိုလ် တချို့က ကမ်းလှမ်းတာရှိတယ်။ ဒီလိုမျိုး ကျောင်းသား ဖလှယ်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ဘက်က အရည်အသွေးနဲ့ နိုင်ငံတကာ ကျောင်းသားတွေရဲ့ အရည်အသွေး အာမခံချက်တူအောင် မြှင့်ပေးဖို့ လိုအပ်ပါတယ်'' ဟု ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်က ပြောသည်။ မြန်မာနိုင်ငံ၌ တက္ကသိုလ်နှင့် ကောလိပ် ၄၇ ခု ရှိကြောင်း သိရသည်။

EMG

မြန်မာနိုင်၏ အမြင့်ဆုံး အထပ်မြင့်တာဝါ တစ်ခုကို ရန်ကုန်မြို့လယ်တွင် တည်ဆောက်ရန် ထပ်မံအဆိုပြု၊ Shwe Gone Office & Apartment Tower အမည်ဖြင့် အထပ် ၄၄ ထပ် အမြင့်ထိ ဆောက်ရန်စီစဉ်နေ

December Construction မှ ၄၄ ထပ် အမြင့်အထိဆောက်ရန် အဆိုပြုထားသော
Shwe Gone Office & apartment Tower တည်ဆောက်မည့်နရာ

ရန်ကုန်မြို့လယ်တွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတာဝါ တစ်ခုအား တည်ဆောက်ရန် December Construction မှ အဆိုပြုထားကြောင်း ထုတ်ပြန်ထားချက်များအရ သိရှိရပါသည်။

Shwe Gone Office & Apartment Tower အမည်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး အထပ် ၄၄ ထပ် အမြင့်အထိ တည်ဆောက်မည်ဖြစ်ရာ အကယ်၍ တည်ဆောက်ခွင့်ရပါက အမြင့်ဆုံး တာဝါ တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြို့မရုပ်ရှင်ရုံနှင့် ရွှေဂုံရုပ်ရှင်ရုံ နေရာတွင် တည်ဆောက်ရန် စီစဉ်ထားပြီး Sakura တာဝါ၊ Traders Hotel တို့နှင့် အနီးကပ်ဆုံးတွင် အထပ်အမြင့်ဆုံးအဖြစ် တည်ဆောက်မည့် အစီအစဉ်ဖြစ်သည်။

December Construction မှာ ဟိုတယ်နှင့် တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိ ဟိုတယ်ရွှေဂုံတိုင်ဖွင့်ခြင်း၊ အိမ်ရာ တည်ဆောက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင် အထပ်အမြင့်ဆုံး အဆောက်အအုံအဖြစ် ရွှေတောင် ကုမ္ပဏီမှ လဟာပြင်ဈေး နေရာတွင် ၃၄ ထပ် အဆောက်အအုံကို တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။ ရွှေတောင်ကုမ္ပဏီမှ ဗိုလ်ချုပ်ဈေး လဟာပြင်မြေကွက်တွင် ဆောက်လုပ်မည်ဖြစ်ရာ ယင်းမြေကွက်အား ငှားရမ်းခြင်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ မကြာမီ စာချုပ် ချုပ်ဆိုတော့မည် ဖြစ်သည်။

လဟာပြင်ဈေး နေရာမှာ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေကွက်ဖြစ်ပြီး လက်ရှိတွင် မည်သည့်လုပ်ငန်းမှ လုပ်ကိုင်ခြင်း မရှိသေးဘဲ မြေကွက်အလွတ်သာ ဖြစ်ကြောင်း၊ ရွှေတောင်ကုမ္ပဏီအား ငှားရမ်းခ ဈေးနှုန်းအား စာချုပ်ချုပ် ဆိုမှသာ သတ်မှတ်မည်ဖြစ်ပြီး မည်သည့် အချိန်ကာလအထိ ငှားရမ်းမည် ဆိုသည်ကိုလည်း ယင်းအချိန်မှသာ သတ်မှတ်မည်ဖြစ်ကြောင်း မြို့တော်စည်ပင်မှ ထုတ်ပြန်ထားသည်။

EMG