Friday, February 8, 2013

မြန်မာ့ဆက်သွယ်ရေး၏ လုပ်ပိုင်ခွင့် တဖြည်းဖြည်း လျှော့ချမည်


မြန်မာ့ဆက်သွယ်ရေး ၏ လုပ်ပိုင်ခွင့်များ အား တဖြည်းဖြည်းဆွဲထုတ် သွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ “ MPT ကို တဖြည်းဖြည်း ဆွဲ ထုတ်တော့မှာပါ။ သူပါလာတဲ့အ တွက် ပြဿ နာတွေအများကြီး ဖြစ် တယ်။ ဒါပေမဲ့ချက်ချင်းကြီး လုပ် လို့မရဘူး။နိုင်ငံမှာ ဖိုင်ဘာတွေခင်း ထား တာတွေရှိနေတဲ့အတွက် တ ဖြည်းဖြည်း လုပ်သွားမှရမှာပါ”ဟု နေပြည်တော်၌ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

ယင်းအပြင်ဆက်သွယ်ရေး ကဏ္ဍ အော်ပရေတာများ ပေးရာတွင်လည်းရွေးချယ်ထားသည့်ကုမ္ပဏီ ၄ ခု သည် အင်အားတောင့်တင်းပြီးတန်း တူအနေအထားတွင် လုပ်ကိုင်နိုင်သည့် ကုမ္ပဏီများဖြစ်ရန် လိုအပ်ကြောင်း၊ ယင်းကြောင့် လက်ရှိဆက်သွယ်ရေးကဏ္ဍအား လုပ်ကိုင်နေ သည့်မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့တို့သည် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်သွားရ မည်ဖြစ်ကြောင်း ၄င်းကပြောသည်။

“ ကုမ္ပဏီ ၄ ခုမှာ ၂ ခုက အင်တာနေရှင်နယ်စနစ်နဲ့ ရွေးချယ် ထားတဲ့ အတွက်   ကျေးလက်ဒေသ တွေမှာ ငွေလဲနိုင်တဲ့စနစ်၊ အင်တာနက်သုံးနိုင်တဲ့စနစ်၊ စာသင်နိုင်တဲ့စနစ် ကိုပါ ဆောင်ရွက်မှာပါ။ ဒါ ကြောင့် တစ်ဖက်မှာရှိနေတဲ့ရတနာ ပုံနဲ့ MPT ကိုလည်းတန်းတူအင် အားမျိုြး ဖစ်အောင် ကုမ္ပဏီလေးငါး ဆယ်ခုနဲ့ လုပ်သွားမှာပါ။ကုမ္ပဏီ ၄ ခုမှာ ၃ ခုအားကောင်းပြီး တစ်ခုက အားမကောင်း ဘဲ ဖြစ်လို့မရ ဘူး။ လေးခုလုံးအားကောင်းမှ လည်ပတ်လို့ရမှာပါ”ဟု ၄င်းက ဆက် လက် ပြောသည်။

အသစ်ခေါ်ယူမည့် အော်ပရေ တာ ၂ ခုအနေဖြင့် ယခုနှစ်ဆက် သွယ်ရေးကဏ္ဍ မိုဘိုင်းအလုံးရေ ၁ သန်းနှုန်းမျှသာ လုပ်ကိုင်ခွင့်ရမည် ဖြစ်ကြောင်း ယင်းသို့ဖြစ်ရခြင်းမှာ အော်ပရေတာများ အနေဖြင့် ဖုန်း များထုတ်လုပ်ရောင်းချရန် တာဝါတိုင်စိုက်ထူမှုများပြုလုပ်ရမည့် အချိန်များ ရှိနေသည့် အတွက် စမ်း သပ်သည့်သဘောဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်ကြောင်း ၄င်းကဆက် ပြောသည်။

လက်ရှိတွင် နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး ကဏ္ဍအားပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အ တွက် မြန်မာ့ဆက်ရေးပိုင်မြန်မာ့တယ်လီကွန်း၊ ရတနာပုံ တယ်လီပို့ပိုင် ရတနာပုံတယ်လီကွန်း ကုမ္ပဏီ ၂ ခုကိုရွေးချယ်၍ ကျန် ရှိနေသည့် အော်ပရေတာ ၂ ခုကို တင်ဒါခေါ်ယူထားကြောင်း သိရ သည်။

Popular Myanmar News Journal

Anonymous Indonesia အမည်ရ ဟတ်ကာအဖွဲ့  တစ်ဖွဲ့  မြန်မာ့ခရီးသွားလုပ်ငန်းဝက်ဘ်ဆိုက်ကို ထိုးဖေါက်၍ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သတိပေးစာရေး


တက်ကြွလှုပ်ရှားသည့် ဟက်ကာအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် Anonymous Indonesia အမည်ရ ဟတ်ကာအဖွဲ့ တစ်ဖွဲ့ သည် မြန်မာ့ခရီးသွားလုပ် ငန်း ဝက်ဘ်ဆိုက်ကို စာတစ်စောင် ရေးသားဖေါ်ပြ ခဲ့ကြောင်း အင်တာနက် သတင်းနည်းပညာ ဝက်ဘ်ဆိုက် ZDNet တွင် ဖေါ်ပြခဲ့သည်။

ယင်းအဖွဲ့ သည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝက်ဘ်ဆိုက် mm.myanmar.net တွင် သတိပေးစာမတ်ဆေ့ခ်ျ တစ်ခု ချန်ထားခဲ့ခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက် ၏ ဒေတာများမှာ လုံခြုံမှုရှိကြောင်း၊ မိမိတို့သည် မြန်မာအစိုးရကို သတိပေးရန်အတွက်သာ မတ်ဆေ့ခ်ျထား ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်းတို့၏ မတ်ဆေ့ခ်ျတွင် Anonymous Indonesiaအဖွဲ့ က “ကျွန်ပ်တို့ အနေနဲ့  မြန်မာအစိုးရကို လူသားချင်းစာနာတဲ့ အခြေခံပေါ်ကနေ နှင်ထုတ်ခြင်း၊အကြမ်းဖက်ခြင်းတွေကို ရပ်တန့်ဖို့ တောင်းဆိုပါ တယ်” ဟုဖေါ်ပြထားသည်။

ယနေ့ တွင် ZDNet Asia ကတွစ်တာဝက်ဆိုက်၌ မေး မြန်းရာတွင် ယင်းအဖွဲ့ က ထိုသို့ သတိပေးထား ခဲ့ရမှုနှင့် ပတ်သက်၍ တောင်းပန်ကြောင်း၊ ၎င်းတို့၏ မတ်ဆေ့ခ်ျမှာ မြန်မာအစိုးရအား ရိုဟင်ဂျာများကို ဖိနှိပ်ခြင်းနှင့်နှင်ထုတ်ခြင်း များ မပြုရန် အသိပေးလိုခြင်းသာဖြစ်ကြောင်း ဖြေကြားထားသည်။

မြန်မာဝက်ဆိုက်သည် ထိုသို့ သတိပေးခြင်းခံရပြီးနောက် စင်ကာပူစံတော်ချိန် နေ့လည်၂ နာရီ တွင် ပြန်လည်ကောင်း မွန်ခဲ့ကြောင်း သိရသည်။

Anonymous Indonesia ဟတ်ကာအဖွဲ့သည် ပြီးခဲ့သည့် အပတ်အတွင်ကလည်း အင်ဒိုအစိုးရ ဝက်ဘ်ဆိုက်များစွာကို တိုက်ခိုက်ခဲ့ပြီး ယင်း တွင် အင်ဒို ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ လူမှုရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးပြိုင်ဆိုင်မှု ကြီးကြပ်ရေးကော်မရှင်နှင့် ဗဟို စာ ရင်းအင်းကော်မရှင်တို့၏ ဝက်ဘ်ဆိုက်များ ပါဝင်ခဲ့ကြောင်း ဂျာကာတာပို့စ်သတင်းအရ သိရသည်။

Ref: zdnet

မြန်မာ့ခေတ် မှ ကူးယူဖော်ပြပါသည်။

ဖားကန့်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ ငွေစာရင်းရှင်းတမ်း (၁)လတစ်ကြိမ်ရှင်းလင်းရန်လို

ဖားကန့်မြို့နယ် ဥရုချောင်းဘေးရှိ ကျေးရွာများ

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု တာမခံကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် တာမခံ ကျေးရွာ လမ်းဘေး ၀ဲယာရှိရေနှုတ်မြောင်းကို ကွန်ကရစ်မြောင်းအဖြစ်လုပ်ဆောင်ရန် ရွာသားများ ထံမှ ငွေကြေးကောက်ခံခဲ့ကြောင်း သိရသည်။ ငွေကြေးကောက်ခံထားသည်မှာ ကြာမြင့်နေပြီဖြစ်သော် လည်း ကွန်ကရစ်ရေနုတ်မြောင်းမှာ ယခုချိန်အထိဖြစ်မလာသေးကြောင်း သိရသည်။ ကျေးရွာအတွင်းရှိ လုပ်ငန်းရှင်များထံမှ ငွေကြေးအလှူခံထားသလို ရွာသူရွာသားများထံမှလည်း အကြောင်း အမျိုးမျိုးပြ ပြီး ငွေကြေးကောက်ခံနေကြောင်း ရွာသားတစ်ဦးမှ ပြောပြပါသည်။

``ကျနော်တို့ရွာမှာ ကွန်ကရစ်မြောင်းလုပ်ဖို့ဆိုပြီးငွေကောက်ခံထားတာ ၁ နှစ်ကျော်ကြာနေပြီ။ ခုချိန်ထိ ကွန်ကရစ်မြောင်းမလုပ်သေးပါဘူး။ သူတို့အုပ်ချုပ်ရေးအဖွဲ့တွေက ငွေတွေသာကောက်ခံနေတာ။ ရွာမှာ သာရေး နာရေးရှိလဲ အကူအညီမပေးကြဘူး။ ရွာမှာရှိတဲ့သူဋ္ဌေးတွေဆိုရင်လဲ သူတို့ပိုက်ဆံပိုကောက် ပါတယ်။ ဘယ်နေရာ မှာသုံးစွဲတယ်ဆိုတဲ့ ရှင်းတမ်းလဲ ကျနော်တို့ရွာသားတွေကို ရှင်းမပြပါဘူး။ ဖြစ်နိုင်မယ် ဆိုရင် တစ်လတစ်ခါ ၀င်ငွေ/ထွက်ငွေစာရင်း ရှင်းပြစေလိုပါတယ်``ဟု တာမခံကျေးရွာမှ ဒေသခံ များက ပြောပြပါသည်။

တာမခံကျေးရွာနည်းတူ အခြားကျေးရွာများတွင်လည်း ဒီလိုမျိုးအဖြစ်အပျက်တွေရှိနေပါတယ်။ နိုင်ငံတော် အစိုးရပိုင်းမှ ပြုပြင်ပြောင်းလဲရေးများ၊ ဒီမိုကရေစီစနစ်များ လုပ်ဆောင်နေချိန် တွင် ကျေးရွာအုပ်ချုပ်ရေးမှူး များ အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ပြီး ကျေးရွာအခြေခံမှအစ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် များ ဖြစ်လာရန် လိုအပ်ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုမှ ရွေးချယ်ထား သူများ ဖြစ်သဖြင့် ပြည်သူလူထုနှင့် အမြဲထိတွေ့သင့်ကြောင်း ကျေးရွာလူကြီးတစ်ဦးက ပြောဆိုပါသည်။

http://www.kachindailynews.com/2013/02/blog-post_6145.html

လစာနည်းဝန်ထမ်းတွေ ဘယ်လောက်ရ၊ ဘယ်လိုနေကြသလဲ

( အခြေခံလစာ ကျပ် နှစ်သောင်းကျော် ရရှိသူတ ဦး ပြသနေတာကတော့ သူ့အလုပ်က ပေးတဲ့ လ စာ ဖြတ်ပိုင်း ဖြစ်ပါတယ်) ရန်ကုန်ကိုနယ်ကနေ ယာ ယီ ပြောင်းရွှေ့လာသူ၊ အပြီး ပြောင်းလာသူ အများအပြား ရောက်နေကြပါတယ်။ ရန်ကုန်မြို့ကြီး မှာက အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများ တယ်မဟုတ်လား။ ဒါပေမယ့် ဘွဲ့လက်မှတ်၊ သင်တန်းဆင်း လက်မှတ် ရှိသူတွေရဲ့ ဝင်ငွေ၊ လစာ နှုန်းထားတွေ နိမ့်ကျနေသေးတယ်လို့ ရန်ကုန်မြို့မှာ အလုပ်လုပ် ကိုင်သူတွေက ပြော ပါတယ်။ မီနီမတ်တခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မသူဇာက ပထဝီဘာသာရပ်နဲ့ တက္ကသိုလ်ဘွဲ့ ရသူပါ။ ကွန်ပြူတာအခြေခံနဲ့ စာရင်းကိုင် Level 2 ပြီးထားသူပါ။ ဧရာဝတီတိုင်းက လာပြီးတော့ အလုပ်လာလုပ်တာ တနှစ်လောက်ရှိပါပြီ။ မီနီမတ်တခုမှာ ကက်ရှာတယောက်အနေနဲ့ ဝင်လုပ်တဲ့ မသူဇာရဲ့ လစာက သောင်းဂဏန်းပဲ ရှိပါတယ်တဲ့။

“ဝင်ကာစမှာ ၇ဝ,ဝဝဝ လောက် ပေးတယ်။ တဖြည်းဖြည်းနဲ့ လစာတွက်နှုန်းက ဝန်ထမ်းတွေ နားမ လည်နိုင်လောက်အောင် ပြောင်းလဲပြီး တလစာနဲ့ တလမတူဘူး။ ဖြတ်တာတွေလည်း များလာတယ်။ (အခု) ၆ဝ,ဝဝဝကျော်ပဲရတော့တယ်” လို့ မသူဇာက ရှင်းပြပါတယ်။

“အလုပ်အကိုင် အပြောင်းအလဲ မလုပ်ချင်သေးတာနဲ့၊ တက်စရာ သင်တန်းတွေ မပြီးသေးတာနဲ့ ဒီလစာနဲ့ပဲ ရပ်တည်နေရတယ်။ အဆောင်စရိတ်၊ စားစရိတ်၊ ခရီးစရိတ်နဲ့ ဆိုတော့ ရပ်တည်ဖို့ မလွယ်ပါဘူး” လို့ ဆက်ပြီး ရင်ဖွင့်ပါတယ်။

နယ်ကလာပြီး အလုပ်လုပ်တဲ့သူတွေအတွက်ကတော့ ရန်ကုန်မှာ အဓိက ရင်ဆိုင်ရတာကတော့ နေစရာ အခက်အခဲ ဖြစ်ပါတယ်။

မြို့ထဲနဲ့ အနီးအနား ပတ်ဝန်းကျင် မြို့နယ်တွေမှာ နေမယ် ဆိုရင် အဆောင် ငှားခတွေက ၁ဝ,ဝဝဝ ကနေ ၂၅,ဝဝဝ ဝန်းကျင်လောက် ကျသင့်မှာပါ၊ ရန်ကုန်မြို့တွင်းနဲ့ အလှမ်းဝေးတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်တို့ ဘက်မှာတော့ တကိုယ်စာ နေထိုင် အိပ်စက်နိုင်တဲ့ အခန်းတခန်း ငှားခက ၁ဝ,ဝဝဝ အောက် ရှိတယ်လို့ သိရပါတယ်။

အလုပ်ရှာဖွေရာမှာ ဘွဲ့ရပြီးသူ တယောက်အနေနဲ့ကတော့ ရုံးဝန်ထမ်း၊ chaier၊ မာကတ်တင်း၊ အ ရောင်း ဆိုင်တွေမှာသာ အများဆုံးရရှိ တာဖြစ်ပြီးတော့၊ တခြား ကျွမ်းကျင်မှုတွေ ဖြစ်တဲ့ ကွန်ပြူတာ၊ ဘာသာ စကား၊ စာရင်းအင်းပညာစတဲ့ တခုခုတတ်ကျွမ်းမှ လစာအတော်အတင့် ဝင်ငွေနဲ့ အလုပ်အကိုင် ရရှိတယ်လို့ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက ပြောပါတယ်။

“ကျွန်တော်တို့ဆီကို အလုပ်လျှောက်လွှာလာတင်တဲ့ သူတွေအနေနဲ့ကတော့ ဘွဲ့ရပြီးသူများပြီး ကွန်ပြူတာ အခြေခံလောက်ပဲ တတ်ကြတာဖြစ်တယ်။ သူတို့တွေ အတွက်ကတော့ လစာ ကောင်းတဲ့ အလုပ်အကိုင်က ရှားတယ်။ ဝင်ဝင်ခြင်း ငါးသောင်း ၊ ခြောက်သောင်းလောက်ပဲ ပေးကြတယ်။ လစာ အတော်အသင့် ရချင်တဲ့ အလုပ် အတွက်ကတော့ အရည် အချင်းတွေ ဖြည့်ဖို့လိုပါသေးတယ်။ တချို့ လုပ်ငန်းကြီးတွေမှာ အလုပ်တွေ ခေါ်တဲ့အခါသူတို့လိုချင်တဲ့ အရည်အချင်းမျိုးရဖို့က ရှားနေတယ်” လို့ ကျောက်တံတားမြို့နယ်က ပြည်တွင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက တာဝန်ရှိသူ တဦးက ပြောပါတယ်။

“ပြည်တွင်းမှာ အလုပ်အများဆုံး လိုအပ်နေတာကတော့စာရင်းကိုင်အလုပ်များ ဖြစ်ပြီးတော့၊ အရောင်းမြှင့် တင်ရေးလုပ်ငန်း၊ စာစီစာရိုက်လုပ်ငန်း၊ ဒီဇိုင်းလုပ်ငန်း၊ဓါတ်ပုံပညာ လုပ်ငန်း၊ ဆေးရုံ၊ ဆေးခန်းဆိုင်ရာ လုပ်ငန်းစတဲ့အလုပ်အကိုင် တွေဟာ အလုပ်ပေါပါတယ်”လို့ သူက ပြောပါတယ်။

တချို့အလုပ်တွေကတော့ စာရင်းကိုင်သင်တန်း Level 2 အဆင့်လောက် တတ်မြောက် ပြီးတာတောင် လစာနှုန်းထားအနေနဲ့ ၆ဝ,ဝဝဝ၊ ၇ဝ,ဝဝဝ ကြားပဲ ရကြပါတယ်။ အန်ဂျီအို အလုပ်တွေကတော့ လူအများ စိတ်ဝင်စားတဲ့ အလုပ်ဖြစ်ပြီး ဘာသာစကား တတ်ကျွမ်းမှု အခက်အခဲကြောင့် လုပ်ကိုင်သူ နည်းပါးပါတယ်။

တနိုင်တပိုင် လုပ်ငန်းတွေဖြစ်တဲ့ ကားတာယာ အရောင်းဆိုင်တို့မှာ ဝန်ထမ်းတွေအဖြစ် အမျိုးသားတွေ ပညာအရည်အချင်း မလိုပေမယ့်လည်း၊ငွေစာရင်းကိုင်လို လုပ်ငန်းမျိုးကို အခြေခံ စာရင်းကိုင် တတ်ကျွမ်း တဲ့ သူတွေ ခန့်ထား ကြပြီး လစာနှုန်းထားကတော့ အခြေခံလစာ ဝင်ဝင်ခြင်း ၅ဝ,ဝဝဝ ရပြီး နောက်ပိုင်းမှာ ၈ဝ,ဝဝဝ အထိ တိုးမြင့်ပေးတယ်လို့ ဟံသာဝတီ အဝိုင်းက ကားတာယာ အရောင်းဆိုင်မှာ အလုပ်လုပ် ကိုင်သူ တဦး က ပြောပါတယ်။

“အလုပ်အချိန်ကတော့ မနက် ၈ ခွဲ အရောက်သွားရပြီးတော့ ည ၇ နာရီ၊ ၇ ခွဲ အထိ လုပ်ရတယ်။ လစာ အပြင် တခြားခံစားခွင့်တွေကတော့ နည်းပါးပါတယ်။ပိတ်ရက်က တပတ်တရက်ရပြီး အခါကြီးနေ့တွေ ပိတ်ပေးတာမျိုး မရှိပါဘူး။ အလုပ်ခွင်မှာ မပျော်ပေမယ့် ကိုယ့်ရပ်တည်ရတဲ့ အခြေအနေနဲ့၊ အပြောင်းအလဲ မလုပ်ချင်တာနဲ့၊ ဒီထက်ပိုဆိုးမှာ ကြောက်တာနဲ့ အလုပ်ထွက်ချင်ပေမယ့် ပေကပ်လုပ်နေရတယ် ” လို့ သူက ပြောပါတယ်။

irrawaddy

လက်ဝါးကြီးအုပ် မဖြစ်ရေး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တချို့ ကန့်သတ်


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ကဘယ်လို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေကိုခွင့်ပြုပြီး ဘယ်လို နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေကို ခွင့်မပြုဘူး ဆိုတာနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာ မှာ ဒီကနေ့ ဖော်ပြထားပါတယ်။ အဓိက လုပ်ပိုင်ခွင့်မရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအဖြစ် ထားရှိ သတ်မှတ်နေရခြင်းဟာ စီးပွားရေးနယ်ပယ်မှာ လက်ဝါးကြီးအုပ် ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် အခုလို ကန့်သတ်တာ ဖြစ်တယ်လို့ ကော်မရှင်ရဲ့ ဖြေရှင်းချက်မှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ကာကွယ်ပေးဖို့ အတွက် ဖြစ်ပြီးနိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကိုသာ ကန့်သတ်တာဖြစ်တယ်လို့ဖြေရှင်းပြထားပါတယ်။ အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၃)ပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာ တွင် ပြန်ကြားရေး ဝန်ကြီးဌာနနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့်ကိစ္စ

နေပြည်တော်

ဖေဖော်ဝါရီ ၇ ၄-၂-၂၀၁၃ ရက်နေ့ထုတ် သတင်းစာများတွင် မြန်မာ နိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က အမိန့် ကြော်ငြာစာ အမှတ် ၁/၂၀၁၃ ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ (၅၆) ပုဒ်မခွဲ (ခ) အရ လုပ်ကိုင်ခွင့် မပြုသည့် စီးပွားရေး လုပ်ငန်းများ၊ နိုင်ငံခြားနှင့် ဖက်စပ် စနစ်ဖြင့်သာဆောင်ရွက် ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်းများ၊ သီးခြား ပြဋ္ဌဌာန်းထားသည့် အခြေ အနေ တစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်း အမျိုးအစားများ စာရင်းကို ထုတ်ပြန်ခဲ့ပါသည်။

ထိုစာရင်း တွင် ပြန်ကြားရေး ဝန်ကြီးဌာန နှင့် ပတ်သက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်မပြုသည့် စီးပွားရေး လုပ်ငန်း (၂)ခုနှင့် သီးခြားပြဌာန်းထားသည့် အခြေအနေ တစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်း (၁၈)ခု ပါဝင်ပါသည်။

၎င်းအမိန့်ကြော်ငြာစာတွင် နိုင်ငံခြာရင်းနှီးမြှုပ်နှံမှု၌ ခွင့်မပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစား များတွင် ပုံနှိပ်နှင့် အသံလွှင့်မီဒီယာလုပ်ငန်း ပူးတွဲလုပ်ကိုင်ခြင်းကို ခွင့်မပြုခြင်းသည် နိုင်ငံခြားသားတစ်ဦးတည်း (သို့မဟုတ်) နိုင်ငံခြား ကုမ္ပဏီ တစ်ခုတည်းက ပုံနှိပ်နှင့် အသံလွှင့်မီဒီယာ(၂) မျိုးစလုံး ပူးတွဲဆောင် ရွက် ခြင်းဖြင့် မီဒီယာလောက အတွင်း မီဒီယာ လက်ဝါးကြီးအုပ်မှု ဖြစ်ပေါ်လာနိုင်သဖြင့် ထိုသို့ ပူးတွဲဆောင် ရွက် ခြင်းကို ခွင့်မပြုခြင်း ဖြစ်ပါသည်။

ထို့အတူ မြန်မာအပါအဝင် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော အချိန်မှန်ထုတ် စာနယ်ဇင်း ပုံနှိပ် ဖြန့်ချိခြင်း များကိုလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်မပြုရခြင်းမှာ တိုင်းရင်းသား ပုံနှိပ် ထုတ်ဝေသူများ အနေဖြင့် ငွေအရင်းအနှီး ကြီးမားသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနှင့် ယှဉျပြိုင်နိုင်စွမ်း ရှိမည် မဟုတ်သဖြင့် တိုင်းရင်းသားလုပ်ငန်းရှင် များကို ကာကွယ်နိုင်ရန် အတွက် ဖြစ်ပါသည်။

သီးခြားပြဋ္ဌဌာန်းထားသည့် အခြေအနေ တစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအ စားများ စာရင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော လုပ်ငန်း (၁၈)ခုကို ပြန်ကြားရေး ဝန်ကြီးဌာန၏ သဘောထား မှတ်ချက် ရယူရန် ကန့်သတ်ချက်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြု မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုသို့ ခွင့်ပြုရာတွင် လုပ်ငန်းတစ်ခုချင်းအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပါဝင်နိုင်သည့် ရာခိုင်နှုန်းများကို လုပ်ငန်း အမျိုးအစားအလိုက် သတ်မှတ်သွားမည် ဖြစ်ပါသည်။

၎င်းအမိန့်ကြော်ငြာစာပါ ခွင့်မပြုနိုင်သည့် စီးပွားရေးလုပ်ငန်းများနှင့် သီးခြားပြဋ္ဌဌာန်းထားသည့် အခြေအနေ တစ်ရပ် ရပ်ဖြင့် ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်းများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့်သာ သက်ဆိုင်ပါသည်။ နိုင်ငံသားများနှင့် မသက်ဆိုင်ပါကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် သတ်မှတ်ချက် များသာ ဖြစ် ကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဓာတ်ပုံ- ဧရာဝတီ

ဧရာဝတီ

အင်းလေးဟိုတယ်ဇုန် မြေနေရာများအတွက် ဖေဖော်ဝါရီလကုန်တွင် လျှောက်လွှာခေါ်ယူမည်

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဟိုတယ်ဇုန် မြေနေရာချထားမှုများ အ တွက် ဖေဖော်ဝါရီလကုန်တွင်သတင်းစာမှလျှောက် လွှာများ ခေါ်ယူသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်   ဖေဖော်ဝါရီ ( ၅ ) ရက် (၁၀း၀၀) နာရီ အချိန် ညောင်ရွှေမြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အင်းလေးဒေသ ဟိုတယ်ဇုန်ဖော်ထုတ်ရေး စီမံ ကိန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရသတင်း ထုတ် ပြန်ရေးအဖွဲ့၏ သတင်းစာရှင်း လင်းပွဲတွင် အဖွဲ့ ခေါင်းဆောင် ရှမ်းပြည်နယ် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးခွန် သိန်းမောင်က ပြောကြားသည်။

ဝန်ကြီးက ရှင်းလင်းပြော ကြားခဲ့ရာတွင် အင်းလေးဒေသ ဟိုတယ်ဇုန်စီမံကိန်း အကောင် အထည်ဖော်ရာ မှာ ဒေသတွင်းနဲ့ အနည်းငယ်ပြေလည်မှုမရှိသေးတာ ကြောင့် နှောင့်နှေးနေရခြင်း ဖြစ်ပြီး ယခုအခါ ဒေသခံ များ အနေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်တာကြောင့်မြေကွက် လျှောက်ထားရေး အတွက် နောက် အကျဆုံး ဖေဖော်ဝါရီလ ကုန်တွင် သတင်းစာမှ ကြော်ငြာခေါ်ယူနိုင်မည်လို့ ခန့်မှန်းရကြောင်း ပြောကြား သွား ခဲ့သည်။

အင်းလေးဟိုတယ်ဇုန်ကို အင်းလေးကန်ရှုခင်းအား မြင်နိုင် ခံစားနိုင်မည့် အင်းလေးကန်၏ အရှေ့ဘက် သစ်တောဦးစီးဌာနပိုင် ကြိုးဝိုင်းမြေ(၆၂၂)ဧကတွင် သစ် တောဦးစီးဌာနက ဟိုတယ်နှင့် ခရီး သွားလာ လုပ်ငန်းထံမှ နှစ်(၃၀) အခြေခံပြီး ငှားရမ်းလုပ်ကိုင်သွား ခြင်းဖြစ်ပြီး၊ ဟိုတယ်စီမံကိန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ခြင်း၊ လူမှုပတ်ဝန်းကျင်ထိန်းသိမ်း ခြင်းကိစ္စရပ်များအပါအ၀င် သတ် မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ် ကြောင်း၊ပြည်ပမှလုပ်ငန်းရှင်များ သာမက ပြည်တွင်းလုပ်ငန်းရှင်များ နှင့်ဒေသခံလုပ်ငန်းရှင်များကိုပါ လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ကြောင်း သိရသည်။

(အင်ပင်သား)
The Hot News

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန် Express ပေါ်မှ တရားမ၀င်သစ်များဖမ်းဆီးရမိ


ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ၊သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ဝင်း မှ တောအုပ်ကြီးဦးလှသန်းတို့သည် ဖေဖော်ဝါရီ(၄) ရက်၊ နံနက် (၈)နာရီတွင် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င် သစ် များတင်ဆောင်ထားပြီး မောင်းနှင်လာသည်ဟု မသင်္ကာဖွယ်ရာ အမြန် ယာဉ်(၁)စီး ဖြတ်သွားသည် ကို တွေ့ရှိသောကြောင့် ကားဖြင့် နောက်ယောက် ခံပြီးလိုက်ခဲ့ကြောင်း သိရသည်။

ဟိန်းသစ္စာ Express သည် အမြန်ဆုံးမောင်းနှင်သွားလျက်ရှိ ပြီးနောက်ယောက်ခံလိုက်ခံရသော ကားမှာ ခရီးသွားကားများ ရှုပ်ထွေးလျက် ရှိသောကြောင့် အဆိုပါကားမှာ ကျောက်တံခါးမြို့နယ်သို့ ကျော် လွန်တော့မည်ဖြစ်သဖြင့် ပဲခူးခရိုင်၊ သစ်တော်ဦးစီးဌာန၊လက်ထောက် ညွှန်ကြားရေးမှူး၊ဦးစီးအရာရှိနှင့် ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိတို့ထံ လမ်းမှ စောင့် ဖမ်းပေးရန်ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့ကြောင်းသိရသည်။

ဒိုက်ဦးမြို့နယ်၊သစ်တောဦး စီးဌာနမှဦးစီးအရာရှိ ဦးဆောင် သောအဖွဲ့၊ပဲခူးခရိုင်၊သစ်တောဦး စီးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူး၊ဦးစီးအရာရှိတို့ ဦးဆောင်သော အဖွဲ့တို့သည် သက်ဆိုင်ရာမြို့နယ် ဧရိယာအတွင်းမှဖမ်းဆီးရမိရန် စောင့်ဆိုင်းလျက်ရှိရာနံနက်(၉း၄၅) အချိန်တွင် အမြန်လမ်းမကြီး မိုင် တိုင်(၅၆)မိုင်တိတိတွင် ယာဉ်အ မှတ် ၁ခ/၇၁၇၉ဟွန်ဒိုင်း၊ ဟိန်း သစ္စာအမြန်ယာဉ်(၆)ဘီးExpress အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိပြီး (၁၅)မိနစ်ခန့် အကြာတွင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူး၊ဦးကျော်ကျော်လွင်ရောက်ရှိ လာပြီး အနီးကပ်စစ်ဆေးမှုများပြု လုပ်ကာ ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းများကို ဒိုက်ဦးမြို့ နယ်၊ဦးစီးအရာရှိ ဦးသိန်းနိုင်ကြွယ် နှင့်အဖွဲ့အား ညွှန်ကြားခဲ့သည်။

အဆိုပါအဖွဲ့မှ ဖွင့်ဖောက်ချတိုင်းတာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကားပေါ်တွင်တရားမ၀င်ကျွန်းခွဲ သား (၉၀)ချောင်း (၆.၂၁၀၈)တန် အား ရှာဖွေတွေ့ရှိဖမ်းဆီးရမိသော ကြောင့် ဒိုက်ဦးမြို့နယ်၊အုတ်ရှစ် ကုန်းရဲစခန်းတွင် (ပ)၄/၂၀၁၃၊ ပပက ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြား ထားကြောင်းသိရှိရသည်။

မောင်ဘုန်း(ဥပဒေ)
The Hot News

မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း ရပ်ဆိုင်းပြီး ဖြစ်၍ လုပ်ငန်း ခွင်သုံး စက်/ ယာဉ် ယန္တရားများ ယာဉ်တန်း တရုတ် နိုင်ငံသို့ ပြန်လည် ထွက်ခွာ


ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်း သည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီက မြစ်ဆုံ ရေအား လျှပ်စစ်စီမံ ကိန်းရပ်ဆိုင်းပြီး ဖြစ်၍ လုပ်ငန်းခွင်သုံး စက်/ ယာဉ် ယန္တရားများအား သိမ်းဆည်းကာ မြစ်ကြီး နား- ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တည် လမ်းကြောင်းအတိုင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ပြန်လည် ထွက်ခွာမည့် ယာဉ်တန်းအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ စက်/ ယာဉ် ယန္တရားများသည် ယနေ့ အထိ ပြန်လည် ထွက်ခွာသည်မှာ စက်/ ယာဉ် ယန္တရား ပေါင်း ၂၂၃ စီးရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

http://bit.ly/XUsuIr

မြ၀တီ

စည်ပင်တိုက်ခန်းတစ်ထောင်ကျော် ဒေသပေါက်ဈေးဖြင့် ပြည်သူသို့ ရောင်းမည်

တပ်မတော်မှ အရာရှိများကိုသာ လျှော့ဈေးဖြင့် ရောင်းချ ပေးခဲ့ဖူးသည့် ရန်ကုန်စည်ပင်ပိုင်တိုက်ခန်းများ ကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူသို့ ဒေသပေါက် ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။

အဆိုပါ တိုက်ခန်းများအား ဝယ်ယူလိုသူများအနေဖြင့် ယခုလ ၁၄ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဌာနမှူးထံသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း   ကြေညာချက် ထုတ်ပြန်ထားသည်။

ရန်ကုန်စည်ပင်မှ ရောင်းချပေးမည့်တိုက်ခန်းများမှာ ကော်မတီနှင့် ပုဂ္ဂလိကလုပ် ငန်းရှင်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရာမှ ကော်မတီအတွက် အချိုးကျရရှိသည့် တိုက်ခန်းများ ပါဝင်ပြီး အလုံးရေ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

ယခင်က ရန်ကုန်စည်ပင်ပိုင်တိုက်ခန်းများအား နိုင်ငံတော်ထုခွဲရောင်းချရေးမှတစ်ဆင့် တပ်မတော်မှ အရာရှိများ ကိုသာ လျှော့ဈေးဖြင့် ရောင်းချပေးခဲ့ဖူးကြောင်း၊ တပ်မတော် အစိုးရ လက်ထက်၌ ထူးတိုက် ခန်းများ၊ ကွန်ဒိုများ၊ မြို့ တော်ဂေါက် ကွင်းမှအိမ်ရာစီမံကိန်းများ အစရှိသည့် တိုက် ခန်းများကို ကာ လပေါက်ဈေး၏ သုံးပုံတစ်ပုံဖြင့် တပ်မှ အဆင့်မြင့် အရာရှိများကို ရောင်းချပေးခဲ့ကြောင်း ရန်ကုန် စည်ပင်မှ စုံစမ်းသိရှိရသည်။

ယင်းအပြင် ရန်ကုန်စည်ပင်ပိုင် ယုဇနတိုက်ခန်းများအား ၂ဝ၁၁ ခုနှစ်တွင် ၄င်းတို့ေ က်ာမတီမှ ဝန်ထမ်းများ အား မဲနှိုက်၍ အရစ်ကျစနစ်ဖြင့်ရောင်းချပေးခဲ့သည်။

အဆိုပါ တိုက်ခန်းများအား ဝန်ထမ်းများသို့ ကျပ် ၁ဝ သိန်းမှ သိန်း ၄ဝ ကြား ဈေးနှုန်းများဖြင့် ရောင်းချပေး ခဲ့ခြင်း ဖြစ်သည်။

Popular Myanmar News Journal

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အပေါင်းပါ ၅၀ ကျော်ကို တရားစွဲသွားမယ်တဲ့


မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှု သမိုင်း” (၁၉၀၃-၁၉၆၂) ရှားမှု စာအုပ်အားစာအုပ်ကိုရေးသားခဲ့သည့် ကိုအောင်ထွန်း က " ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့် နှင့်အပေါင်းအပါ ၅၀ ကျော် ကို ICC/ ICJ ကမ္ဘာ့ ၁၉၉ နိုင်ငံမှ တရားသူကြီးချုပ် အားလုံးသို့ ပေးပို့ကာ တရားဆွဲဆို သွားမည်" ဖြစ် ကြောင်း ပြောဆို လိုက်ပါတယ်။

ကိုအောင် ထွန်းဟာ ရေးသား ထုတ်ဝေတဲ့ လမျက်ခြယ်နှင့် နှင်းရိပ်လွန်ည ဆိုတဲ့ ၀တ္တု စာအုပ် ထုတ်ဝေမှု မိတ်ဆက် ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဒီကနေ့ ကျင်းပစဉ်မှာ အထက်ပါ အတိုင်း ပြောကြား လိုက်တာဖြစ် ပါတယ်။

ကိုအောင်ထွန်းဟာ အဆိုပါ ကျောင်းသားလှုပ်ရှားမှု သမိုင်း ရေးသားပြုစုမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ ရ ပြီး မကြာသေးခင်က ပြန်လည် လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။

ဧရာဝတီ

ယနေ့ မဟာရန်ကုန်မြို့မှာ ခေတ်စားနေတဲ့ ကြိုတင် Car Parking ကိစ္စ အမြန်ဆုံးဖြေရှင်းပါရန်.. (ပေးစာ)


ရန်ကုန်တိုင်းဒေသဝန်ကြီးချုပ် နှင့် ရန်ကုန်တိုင်းဒေသမြို့တော်ဝန်သိစေရန်

လူကြီးမင်းများခင်ဗျား

ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးတွင် ကားများ အလွန်များပြားလာသည်ကိုလူကြီးမင်းတို့ အသိပင်ဖြစ်ပါသည်။ သို့သော်လူကြီးတို့မသိယောင် ဆောင်လို့ မဖြစ်တော့တဲ့ အဖြစ်အပျက်များကို တင်ပြပေးပါမည်။

သို့မှသာ လူကြီးမင်းများ အမြန်ဆုံးကောင် အထည်ဖေါ်နိုင်မည် ဖြစ်ပါသည်။ ယခုအခါ ရပ်ကွက်တွင်းရှိ အိမ်တိုင်းလိုလို အိမ်ရှေ့တွင် ပုံပါအတိုင်း car parking နေရာဦးထားခြင်းများ နေ့ညဖြစ်ပေါ်နေပါသည်။

ထို့ကြောင့်နေ့ပိုင်းတွင် ကားများမကြပ်သင့်ဘဲ ကြပ်နေကြပါသည်။ ၎င်းအပြင် ကျွန်တော်တို့ ကားပိုင်ရှင်များသည် အခွန်အရပ်ရပ်ကို ပေးဆောင်ထားကြရပါသည်။ ထို့ကြောင့်ကားများ ထားရှိရေး၊ နေရာဆောင်ရွက်ပေးဖို့ကလူကြီးမင်းတို့တွင် တာဝန်အပြည့်အဝရှိသည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် car parking နေရာဦးထားခြင်းများကို အမြန်ဆုံးအချိန်မဆိုင်းဘဲ ထိန်းသိမ်းသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ကားပိုင်ရှင်







http://www.demowaiyan.org/2013/02/car-parking.html

အစိုးရကို eleven မုန်းရခြင်း အချက် (15) ချက်

(1)Eleven ဂျာနယ်တစ်ခေတ်ဖြစ်အောင် စောင်မပေးခဲ့သောထောက်လှမ်းရေးအဖွဲ့ကိုအစိုးရ ကဖြိုခွဲ ခဲ့ခြ င်းေ ကြာင့် လည်းကောင်း

(2) ထောက်လှမ်းရေးအဖွဲ့က နိုင်ငံရေးလမ်းလွှဲမီဒီယာအဖြစ်အသုံးချခဲ့သော် လည်းဇော်သက်ထွေး တို့ကိစ္စ တွင် ဂျာနယ်တိုက်သို့ဝင်စီးပြီးအကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခြင်းကြောင့်လည်းကောင်း

(3) ၀င်ရောက် ဖမ်းသူများ ကဒေါက်တာသန်းထွဋ်အောင်နှင့်ဒေါက်တာသိန်းမြင့်တို့ကိုကြမ်းပြင်ပေါ် ဒူးေ ထာက် ၊ စစ်ေ ကြာရေး သို့ခေါ်ခဲ့သောကြောင့်လည်းကောင်း

(4) ဂျာနယ်လေးစောင်ဖြင့် မီဒီယာလောကကိုခြယ်လှယ်နေသောအချိန်တွင်စာပေစိ စစ်ရေးကို ဖြုတ် သိမ်းပြီး သတင်းဂျာနယ်များစွာထုတ်ဝေခွင့်ပေးခြင်းကြောင့်လည်းကောင်း

(5) သတင်းလွတ်လပ်ခွင့်ပိုမိုပေးလာပြီး သတင်းဦးများကိုဂျာနယ်များအပြိုင်အဆိုင်ဖော်ပြသောကြောင့် eleven ဂျာနယ်ပါသတင်းများနောက်ကျပြီး ရောင်းအားကျဆင်းခြင်းကြောင့်လည်းကောင်း

(6) ထိုင်းစစ်တပ်က တရားမ၀င်ကျောထောက်နောက်ခံပြုထားသော The Nation ပူးပေါင်း ခဲ့ခြင်းကြောင့်လည်းကောင်း

(7) ထိုင်းစစ်တပ်ကျော်ထောက်နောက်ခံပြုထားသော The Nation ကို Eleven ကအထင်ကြီးပြီး ခိုင်းသမျှလုပ် မျက်နှာချိုသွေးကာ သတင်းစာထုတ်ဝေခွင့်အတွက်အစိုးရအတွင်းသတင်းပေး စပွန် ဆာတောင်းခြံ ခင်း

(8) အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကိုထိပါးစေနိုင်သောအချက်အလက်တို့ကို The Nation သို့ပေး ပို့ခြင်း

(9) အစိုးရက နိုင်ငံခြားသားများအား သတင်းစာထုတ်ဝေခွင့်မပြုသောကြောင့်Eleven နှင့် The Nation ပေါင်းမည့်အစီအစဉ်ပျက်ခြင်း

(10) ကားပါမစ်ဖော်ဖော်သီသီထုတ်ပေးသောကြောင့်ပိုင်ပိုင်(ဘ၀ပျက်ခြင်း)သန်းထွဋ်အောင်ပိုင် Car Showroom ဘ၀ပျက်ခြင်း

(11) အစိုးရနှင့်ဒေါ်အောင်ဆန်းစုကြည် မိတ်ဆွေဖွဲ့ထားခြင်းကြောင့်လည်းကောင်း

(12)Eleven ၏မကောင်းသောအချက်အလက်အများကို စာဖတ်ပရိသတ်များသိရှိပြီး အထင်သေးစွာ ဆက် ဆံခြင်းကြောင့်လည်းကောင်း

(13)မီဒီယာအာဏာရှင်ဖြစ်လိုခြင်း (ဒီမိုကရေစီမီဒီယာကို အလိုမရှိသူ)

(14)နိုင်ငံတွင်းဆူပူအုံကြွမှုဖြစ်ပေါ်လာပါက ဂျာနယ်ရောင်းကောင်းပြီးကားတင်သွင်းခွင့်များပိတ်သွားမည်ဖြစ်သောကြောင့်မြန်မာ့ အချမ်းသာဆုံးသူဋ္ဌေးစာရင်းဝင်နိုင်ခြင်းကြောင့်လည်းကောင်း

(15)Eleven ၏အကျိုးစီးပွားကို အစိုးရကကာကွယ်မပေးခြင်းကြောင့်လည်းကောင်း

MEG

မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ် ပြည်သူများ၏ အမြင်များ

မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ် ချုပ် ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ်ပြည်သူများ၏ အမြင်ကို စု စည်းေ ဖ်ါပြလိုက်ပါသည်။

ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦး ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့တော့ နံမည် ပို ကောင်းလာမယ် ထင်ပါ တယ်။ အရင်တုန်းက လူတွေ က ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်လို့ မီဒီယာတွေ မှာ တွေ မှာ ဝေဖန်ခံနေရတယ် ဌာန နံမည်ပျက်တာပေါ့ဗျာ ၊ အခု လူကြီး အသစ် မူဝါဒ အသစ်တွေ နဲ့ လုပ်ရေ တာ့မ ယ်ထင်တယ်'' လို့ ပြော သွားပါသည်။

Moblie ဖုန်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦးမှ " ကျွန်တော်တို့ အနေနဲ့တော့ အခြား ပြည်သူတွေ နည်းတူ လွယ်ကူစွာ ဆက်သွယ်ရေး အတွက် SIM Card တန်ဖိုးတွေ၊ တယ်လီဖုန်းပြောဆိုခတွေ အိမ် နီးချင်း နိုင် ငံမျး နည်းတူ ကျဆင်းအောင် ၀န်ကြီး အသစ်က လုပ်ပေးလိမ့်မယ် လို့ ယူဆပါတယ် ဟု ပြောကြား သွားပါ သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကမူ " ၀န်ကြီး ပြောင်းလဲတော့ ဖုန်းကဒ်တွေ ဈေးကျ လာမယ်လို့ မျှော် လင့် ပါ တယ်၊ လူတိုင်း မကိုင်နိုင်ဘူးလေ၊့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာလူတိုင်း မပြောနဲ့ မိသားစု တိုင်း မှတောင် ဖုန်းမကိုင်နိုင်သေးဘူး၊ ထောင်ဂဏန်း၊သောင်းဂဏန်း အနည်းငယ်လောက်ဆို လောက် ဆို လူ တိုင်း နီးပါး ကိုင်လာနိုင်မှာပါ' ဟု ပြောဆိုသွားပါသည်။

အင်တာနက် ဆိုင်ဖွင့်ထားသော လူငယ်တစ်ဦးကမူ " အင်တာနက် လိုင်းတွေ ဒီထက် ကောင်း လာဖို့  နဲ့ေ ဈးနှုန်းကျအောင် လုပ်ပေးပါလို့ ပြောသွားပါတယ်ခင်ဗျာ

လွှတ်တော် ကိုယ်စားလှယ် တပ်မတော်သား တစ်ဦးကမူ " ဗိုလ်ချုပ်ကြီး မြတ်ဟိန်း က လေတပ် ကိုေ ခတ် မှီအောင် လုပ်ခဲ့တာ လေ၊ စည်းကမ်းလဲ ကောင်းတယ်၊ အရှုပ်အရှင်းလဲ မရှိဘူး၊နည်းပညာ ပိုင်း ဆိုင် ရာ လည်း လေတပ်မှာက communication နည်းပညာ က အဆင့်မြင့်မြင့် သုံးနိုင်တယ် ။လေ တပ် က လူေ တွ က နည်းပညာပိုင်း အမြင်ရော၊ အတတ်ပညာပိုင်းဆိုင်ရာမှာ နီးစပ် ကျွမ်းကျင်တဲ့ သူများ တယ်' ဟု ပြောဆို သွား ပါတယ် ခင်ဗျာ၊

အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လိုက် ရင် ဈေးနှုန်း မှာ မြင့် နေပြီး အရည်အသွေးပိုင်းမှာ နိမ့်ကျနေသော အင်တာနက် နှင့် Mobile ဖုန်း လိုင်းများ ကို ပြုပြင် ပြောင်းလဲရန် နှင့် ဆက်သွယ်ရေး ဥပဒေ အချို့ကို ဖျက်သိမ်းပြီး ခေတ်နှင့် လျော်ညီသော ၊ ပြည်သူကို အကာအကွယ်ပေးနိုင်သော ဆက်သွယ်ရေး ဥပဒေ အသစ် ရေးစွဲ ပြဌာန်းရန်သည် ဆက်သွယ်ရေး ၀န်ကြီး အသစ်ကို စိန်ခေါ်နေသော အလုပ်များဖြစ်သည်ဟု သုံးသပ်ရပါသည်၊

http://golden-land-myanmar-mm.blogspot.com/2013/02/blog-post_415.html

စုံထောက် ဝတ္ထုများက ဒေါ်အောင်ဆန်းစုကြည် အတွက် အထောက်အကူ ဖြစ်သည်ဟုဆို


ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ တာဝန်ကိုထမ်းဆောင်ရာတွင် စုံထောက် ဝတ္ထုများ က သူ့အတွက် အသုံးဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂ ရက်၌ ဖွင့်ဟပြော ကြား လိုက်သည်။ ရန်ကုန်မြို့တွင်ကျင်းပသည့် ဧရာဝတီ စာပေပွဲတော်သို့ တက်ရောက် လာသော ဒေါ်ေ အာင် ဆန်း စုကြည်ကို ရန်ကုန် တက္ကသိုလ်၏ စာကြည့်တို က် မှူးဟောင်း ဦးသော်ကောင်းက မည်သည့် စာပေကိုနှ စ် သက် သနည်းဟု မေးမြန်းခဲ့ရာ ပရိသတ် ၁၀၀ ခန့်ရှေ့ တွင် သူကယခုလို ပြန်လည်ဖြေကြား လိုက်ခြင်းဖြစ် သည်။

“ကျွန်မကြိုက်နှစ်သက်တဲ့စာအုပ်ကို ပြောရမယ် ဆိုရင် စုံထောက် ၀တ္ထု စာအုပ်တွေကို လည်းပြောရပါ လိမ့် မယ်။ အခုလို တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော် မတီရဲ့ ဥက္ကဌ တာဝန်ကို ယူထားတဲ့ ကျွန် မ အတွက် တကယ်ကို အသုံးဝင်ကြောင်းေ တွ့ရပါတယ်” ဟုဆိုသည်။

သူက စုံထောက်ဝတ္ထုများ ကိုနှစ်သက်သောကြောင့် အများ အပြား ဖတ်ခဲ့ပြီး ယင်းဝတ္ထုများတွင် တရား ဥပဒေစိုး မိုးေ ရးအကြောင်းကိုလည်း အမြဲတမ်းတွေ့ ရသည် ဟုလည်းဆိုသည်။

ထို့ပြင် ပြဿနာ တစ်ရပ်ဖြစ်ပြီဆိုလျှင် ကြားမှမည်သူ အကျိုးအမြတ်ထုတ်သွားလဲဆိုသော မေးခွန်း ကိုမေးရန် စုံထောက်ဝတ္ထုများက အမြဲသင်ပေးသောကြောင့် နိုင်ငံရေးသမားအတွက် အမှန်တကယ် တန်ဖိုး ရှိသည့် သင်ခန်းစာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောသည်။

စုံထောက်ဝတ္ထုများသည် နိုင်ငံရေးလောကနှင့်လည်းဆက်စပ်နေပြီး လူများကိုအကဲဖြတ်ရာတွင်၊ လူတွေ အကြောင်း နားလည်ရန် အကူအညီပေးသည်ဟုလည်း သူက မှတ်ချက်ပြုသေးသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသည့် ဧရာဝတီ စာပေပွဲတော်သို့ တက်ရောက် လာသည့် ပရိသတ်များကို သူကြိုက်နှစ်သက်သည့် စာအုပ်များနှင့် စွဲစွဲမြဲမြဲဖတ်သည့်စာအုပ်များကို ပြောပြ ပြီး စာဖတ်ခြင်း၏ ကောင်းကျိုးများကိုလည်း ထိုနေ့ကဆွေးနွေးပြောဆိုသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာခရိုင်မှ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းအရေး စုံစမ်းရေးကော် မရှင်နှင့် အောက်လွှတ်တော်၏ ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတို့တွင် ဥက္ကဌ တာဝန် ထမ်းဆောင်နေသူဖြစ်သဖြင့် စုံစမ်းဖော်ထုတ်မှုများနှင့် ဆက်စပ်နေသူလည်းဖြစ်သည်။

စုံထောက်ဝတ္ထုများက သူ့အတွက်အထောက်အကူပြုသည်ဟု ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အကြိုက် ဆုံး စာရေးဆရာများမှာ ဂန္တဝင်စာရေးဆရာများဖြစ်သည့် ဂျော့အီးလီးယတ်နှင့် ဗစ်တာဟူးဂိုး တို့ ဖြစ်သည်ဟုဆိုသည်။

ဧရာဝတီစာပေပွဲတော်သည် နိုင်ငံတကာမှ စာရေးဆရာများ၊ စာပေဝါသနာရှင်များ၊ ပြည်တွင်းမှ စာရေး ဆရာနှင့် စာပေဝါသနာရှင် စုစုပေါင်း ၁၀၀ ကျော်ပါဝင်သည့် စာပေဆွေးနွေးပွဲဖြစ်သည်။

သုံးရက်ကြာကျင်းပသည့် အဆိုပါပွဲတော်ကို သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး၊ ဦးသော်ကောင်း၊ မောင် စိမ်းနီ၊ ဆရာဖေမြင့် အစရှိသည့် မြန်မာစာရေးဆရာများအပြင် နိုင်ငံတကာမှ စာရေး ဆရာ များဖြစ်သော ရိုရီမက္ကလင်၊ တင်မိုသီ ဂါတွန်အာ့ခ်ျ၊ ဝီလီယံ ဒရမ်းဖဲလ် စသည် ထင်ရှားသော စာရေးဆရာများ တက်ရောက်ခဲ့ပြီး သူတို့က ခရီးသွားစာပေ၊ ယဉ်ကျေးမှု၊ ဝတ္ထုရေးသားခြင်းစသည့် ပညာရပ် များကို ဆွေးနွေးဟောပြောခဲ့ကြသည်။

http://golden-land-myanmar-mm.blogspot.com/2013/02/blog-post_8290.html#more

KIA အဖွဲ့ မြန်မာ စစ်တပ်မှ အပစ်အခတ် ရပ်စဲ ထားသော်လည်း မြန်မာ အစိုးရ စစ်ကြောင်းများ အား ခြုံခို တိုက်ခိုက်မှု များရှိနေ


KIA အဖွဲ့နှင့် မြန်မာစစ်တပ်တို့သည် (၄)ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့ တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြု လုပ် ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ပူတွဲကြေငြာချက် ၅ချက်ကိုထုတ်ပြန်ခဲ့ကြပြီး ခုခံစစ်မှအပ တိုက် ခိုက်ခြင်း မပြုရန် သဘောတူထားကြပါသည်။ မြန်မာစစ်တပ်က စတင်ပစ်ခတ် မှုတွေမရှိဘဲ စခန်း တစ်ခု နှင့် တစ်ခုရွေ့ပြောင်းမှုနှင့် ရိက္ခာပို့ဆောင်မှုတွေ လုပ်ဆောင်နေသည်ကို KIA အဖွဲ့များက လမ်းမှာ ခြုံခို တိုက်ခိုက် ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများပြုလုပ်နေကြောင်းသိရှိရပါသည်။

KIA အဖွဲ့က ဖားကန့်အနီးမှာရှိသည့် ဒုက္ခသည်စခန်းကို လွန်ခဲ့သည့် ၂ရက်လောက်က ရောက်လာပြီး အစိုးရ ကို သတင်းပေးနေတယ်ဆိုပြီး ဒုက္ခသည်တစ်ချို့ကို နှိပ်စက်မှုတွေပြုလုပ်သွားသေးပါတယ်။ အချို့ KIA အဖွဲ့ဝင်တွေက ရေမဆေးကျောက် ကောက်သူတွေလို ဟန်ဆောင် ပြီး မြန်မာစစ်တပ် လှုပ်ရှားမှုတွေ ကို စောင့်ကြည့် လေ့လာ မှုတွေ လုပ်ပြီး ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတာကို ရေမဆေးေ ကျာက် သမားတွေက သိကြပေမယ့် အသက်အန္တရာယ်ကိုရန်ရှာမှာစိုးတာကြောင့် မပြောရဲကြောင်း ရေ မဆေးကျောက် ရှာဖွေနေသူတစ်ဦးမှပြောခဲ့ပါသည်။

KIA ရင်း(၆) ကံဆီးဘက်မှာ မြန်မာတပ်တွေရောက် လို့ ရွေ့ပြောင်းပေးခဲ့ရသော KIA အဖွဲ့ဟာ အဖွဲ့ ငယ်လေး များဖြင့် မြန်မာ တပ်ကို မိုင်းဆွဲခြင်း ချောင်းမြောင်း ပစ်ခတ်ခြင်း၊ ခြုံခို တိုက်ခိုက်ခြင်းများ ကို ပြု လုပ် နေပါသည်။ မြန်မာတပ်ဘက်က ခုခံစစ်သာ တိုက်ခိုက်နေမယ့် KIA အဖွဲ့တွေ က နေစဉ်လို လို ချောင်းမြောင်း တိုက်ခိုက် တာတွေ လုပ်ဆောင်နေတာကို သည်းခံပြီး ခြောက်လန့်ပစ် ခတ် မှုတွေ သာ ပြု လုပ်နေ ပါသည်။ သည်းခံ မှုဆိုတာ အတိုင်းအတာ ရှိတာကြောင့် အခုလိုတာ ဆက်လုပ်နေ မယ် ဆို ရင် မြန်မာ တပ်နဲ့ KIA ကြားမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာနိုင်ပါဟု လုံးခင်းမှ ဒေသခံ တစ်ဦး မှ ပြောဆို ခဲ့ပါသည်။

KDN

ခရိုနီတွေဟာ အာဏာရ၀န်ကြီးတွေနဲ့ပေါင်းပြီး ဘယ်လောက်တောင် အချောင်နှိုက်ခွင့် ရနေသလဲ

ရန်ကုန်မြို့လည်ခေါင်ဧရိယာတွေမှာ တစ်စတုရန်းပေလျှင် ဒေါ်လာ (၆၀၀၀) ဈေးပေါက်ပါသည်။ ထို့ကြောင့် 21,100 sq ft ရှိသော ကျောက်တံတား မြို့နယ် လ၀ကပိုင်အဆောက်အဦးသည် ဒေါ်လာ(၁၂၆)သန်း တန်ပါသည်။ မြန်မာငွေအားဖြင့် (၁၀၈,၈၇၆) သန်း တန်ပါတယ်။ ခရိုနီတွေဟာ အာဏာရ၀န်ကြီးတွေ နဲ့ပေါင်းပြီး ဘယ်လောက်တောင် အချောင်နှိုက်ခွင့် ရနေသလဲဆိုတာ အောက်ပါ status ကို ကြည့်ပါ။

---------------------------------------------------------------


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်
အမိန့်ကြေငြာစာအမှတ် ၁၇/၂၀၁၂
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်
( ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက် )

၁။ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် အစည်းအဝေးအမှတ် (၁/၂၀၁၁) ၏ သဘောတူအတည်ပြုချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရှိရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ အမှတ် (၄၁၆)၊ မြေ (၂၁,၁၀ဝ) စ/ပေရှိ ပြည်သူ့အင်အားဦးစီးဌာနရုံး အဆောက်အဦဟောင်းအား ဦးဇော်ဇော်(ဥက္ကဋ္ဌ၊ မက်စ်မြန်မာကုမ္ပဏီလီမိတက်) သို့ ကျပ် (၁၅,၀ဝ၀) သန်း ဖြင့် အပြီးအပြတ်ရောင်းချ လိုက်သည်။

http://www.yeyintnge.com/2013/02/blog-post_40.html#.URR97PKTLPo

( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ


‎"(၃/၄) မိနစ်လောက် အချိန်ပေးပြီးဖတ်လိုက်ပါ။"

=========================

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ်လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်း ဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက်ပါ့မယ် ။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ်ပြကွတ် တစ် ခုလည်းဖြစ်သည် ။ ၄င်းကို နယူးအမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည် ။

အစ်ကို -

အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျားဖြစ်ကုန်ပါတယ် ။ ကျွန်တော်မျက်လုံးမှိတ်လိုက်တဲ့ အခါ လူသေအလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲမြင်နေရတယ် ။ ကျွန်တော်တို့အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ်ရပါမယ် ။ ဒါပေ မယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေ ချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာ ဆက်လုပ်နိုင်မယ် ။

ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ ပါဘူး စားနပ်ရိက္ခာခွဲတမ်းလည်း ကုန်သလောက်ဖြစ်နေပါပြီ ။ ကျွန်တော် တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်း တယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင် ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချ လို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူ တွေအကြောင်းဝတ္ထုရှည်တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေး နိုင်လောက်ပါတယ် ။

ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါး မသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းလူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာ ထက် ပိုအားကောင်းသွား ) တဲ့အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေ ပါတယ် ။ ဒါပေမယ့် ပင်လယ်သမုဒ္ဒရာထဲကို ဆားတစ်ဆုပ်ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။

ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ်သွားစေတဲ့ ဖြစ်ရပါတစ်ခုရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန် ကလေးတစ် ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကိုပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီပေးဖို့ပါ ။ စားစရာဝေ တာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီး ဟာ မြွေလိမ်   မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။

ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့် ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။

ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ်ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေအကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်ကထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကိုပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေပေးတယ် ။

သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာထုပ်ကိုယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွား ပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကိုထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ``ကျွန်တော့်ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့´´ တဲ့။ ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည်ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ် တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည်သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ်တစ်ယောက် ကို မွေးထုတ်ပေး နိုင်တဲ့ လူ့အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။

အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့်တာဝန်ချိန်လည်း ပြန်စပါပြီ

ဟာမင်းသန်း ( Ha Minh Thanh )


စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါသေးတယ်

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

၁။ တည်ငြိမ်မှု့

ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။

၂ ။ ဂုဏ်သိက္ခာ

ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။

၃။ စွမ်းရည်

သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည်။ အဆောက် အအုံများသည် ယိုင်းယိုင်သွားသော်လည်း ပြိုမကျ ။

၎။ ထောက်ထားညှာတာမှု့

လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )

၅။ စည်းကမ်းသေဝပ်မှု့

ဆိုင်များတွင်လုယက်ခြင်းမရှိလမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။

၆။ အနာခံမှု့

နူကလီးယားဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည်နောက်ချန်နေခဲ့သည် . ( ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့် စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူး နှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း ။

၇။ ကြင်နာယုယမှု့

စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော အေတီအမ် ( ငွေထုတ်စက် ) စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက်သည်။

၈။ လေ့ကျင့်ထားမှု့

သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံးကြသည် ။

၉။ မီဒီယာ

သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန် ထိန်းထိန်း သိမ်းသိမ်းရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။

၁၀။ အသိစိတ်

စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန်ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာသွားကြသည် ။

(ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁။)

http://arrluelay.blogspot.com/2013/02/blog-post_2315.html

ပညာရေး-ဒုဝန်ကြီး ဦးအေးကြူအား အိတ်ဖွင့်ပေးစာ

သို့ 
ဦးသိန်းစိန်
သမ္မတ
နေပြည်တော်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ရက်စွဲ---၅-၂-၂၀၁၃

အကြောင်းအရာ ။ ။ Hot News -ဂျာနယ်ပါ လူမျိုးဂုဏ်သိက္ခာအား စော်ကားရေးသားဖေါ်ပြ ခြင်း အတွက် ရခိုင်လူမျိုးများအား ပြန်လည်ဖြေရှင်း တောင်းပန်ပေးပါရန် ။

လေးစားစွာဖြင့် ။ ။ ( က )- မြန်မာနိုင်ငံ ရန်ကုန်မြို့ ထုတ် -Hot News -ဂျာနယ်ပါ ပစ်တိုင်းထောင်   ဆောင်းပါးရှင်သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုး များ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် လူမျိုးဂုဏ်သိက္ခာကို ထိပါးစေလောက်အောင် ရေးသားဖေါ်ပြခဲ့ ခြင်းကြောင့် ရခိုင် လူမျိုးများမှာ စိတ်အနှောင့်အယှက် ခံစားဖြစ်ကြ ရပါသည် ။

( ခ) ပစ်တိုင်းထောင်-ဆောင်းပါးရှင်သည် ရခိုင်လူမျိုးများအပေါ် စေတနာကောင်း ဖြင့် ရေးသား မိခြင်းဖြစ်သည်ဟု ပြောနိုင်သော်လည်း စာရေးသားရာ၌ သတင်းအချက်အလက်များ ၊ အတည်ပြုချက် ယူခြင်းများ ၊ လူမျိုးတမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ နှင့်ရခိုင်လူမျိုးတို့ ၏ အမျိုးသီလဂုဏ်ကို စောင့် ထိမ်းခြင်း ဆိုသော စံများအား လက်လွတ် စပ္ပါယ် ပြုမူရေးသားခြင်းကို တွေ့ ရှိရပါသည် ။ ၄င်းကဲ့ သို့ ရေးသားချက်များသည် ယခု အချိန်တွင် အထူးသတိပြု ရေးသားရန်လိုအပ်နေသည်ကို သတိထားရမည်မှာ ထုတ်ဖေါ် ပြောဆိုရန် သင့်သည်ဟု မထင်မိပါ ။ ဥပမာ- ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၏ စာစောင်ပါ ဆောင်းပါးကြောင့်ဗဟိုရွေးကောက်ပွဲကော်မရှင်-ဥက္ကဋ္ဌ-ဦးတင်အေးမှ ပါတီမှ ထင်ရှားသောခေါင်းဆောင်များအားခေါ်ယူသတိပေးခြင်းများ ရှိခဲ့ ပါသည် ။

( ဂ ) ပစ်တိုင်းထောင်-ဆောင်းပါးရှင်သည်စာရေးကောင်းသော သတင်းစာဆရာ တဦးဖြစ်ကြောင်း ကျွန်ုပ်တို့ လေ့လာသိရှိပြီးဖြစ်ပါသည် ။ တချိန်တည်းမှာပင် ယခု ဆောင်းပါးအား ရေးသူမှာ ပစ်တိုင်းထောင် အမည်ခံပညာရေးဝန်ကြီးဋ္ဌာနမှ ဒုဝန်ကြီး - ဦအေးကြူဖြစ်ကြောင်းနှင့် ၄င်းအချက်အလက်သည် မှားယွင်းကြောင်း ပြန်လည်ဖြေရှင်း ရေးသားတောင်းပန်ရန် လိုအပ်နေပါသည် ။

( ဃ ) သို့ ဖြစ်ပါ၍ ပြန်ကြားရေးဋ္ဌါန-ဒုဝန်ကြီး -ဦးအေးကြူ ခေါ် သတင်းစာဆရာ ပစ်တိုင်းထောင်မှ အမြန်ဆုံးရေးသားရမည်ဖြစ်ပါသည် ။ ယခုအချိန် တွင် ရခိုင်လူမျိုးများသည် ဤကိစ္စနှင့်ပါတ်သက်၍ အထူးမခံမရပ်နိုင်ဖြစ်ကြောင်းကိုလည်း သိစေအပ်ပါသည် ။

အထက်ဖေါ်ပြပါ အကြောင်းအရာများကိုမြန်မာနိုင်ငံအစိုးရ၏ သမ္မတမှအစ အောက်ပါ အမည် တပ်ထားသော တာဝန်ရှိသူများကိုပါဆောင်ရွက်နိုင်ကြပါရန် မေတ္တာရပ်ခံ ရည်ညွှန်းရေးသား အနူးအညွတ်တင်ပြလိုက်ရပါသည် ။

ဦးခိုင်အောင်ကျော်
နယူးယောက်
အမေရိကပြည်ထောင်စု

သိသာစေရန်

၂- ဦးအောင်ကြည်-ပြန်ကြားရေးဝန်ကြီး-နေပြည်တော်-မြန်မာနိုင်ငံ ။
၃-ဦးတင်အေး- ဥက္ကဋ္ဌ-ဗဟိုရွေးကောက်ပွဲ ကော်မရှင်-မြန်မာနိုင်ငံ။
၎- ဦးအေးကြူ- ဒု-၀န်ကြီး -ပြန်ကြားရေးဝန်ကြီးဋ္ဌါန-နေပြည်တော် -မြန်မာနိုင်ငံ။
၎- ဦးရဲထွဋ်- ပြောရေးဆိုခွင့်ရှိသူ-မြန်မာနိုင်ငံအစိုးရ ။
၅- အယ်ဒီတာချုပ်- Hot News - ရန်ကုန်မြို့ 

http://www.yeyintnge.com/2013/02/blog-post_4480.html#.URR94vKTLPo

လယ်သမားအရေး ဆောင်ရွက်နေသူတွေကို ဇေကမ္ဘာကုမ္ပဏီက ထပ်မံတရားစွဲ

ဇန်န၀ါရီလ ၂၄ ရက်နေ့ ကနေစတင်ပြီး အငြင်းပွား လယ်ယာမြေတွေနားမှာ ကင်းတဲတွေ တည်ဆောက်ပြီး ကင်းစောင့်နေခြင်း၊ လုံခြုံရေးတဲတွေကို ၀င်ရောက်စီးနင်းထားခြင်း စတဲ့ကိစ္စရပ်တွေနဲ့ လယ်သမား အရေးဆောင်ရွက်သူ ဦးနေမျိုးဝေ အပါဝင် ၇ ဦးကို ဇေကမ္ဘာကုမ္ပဏီကနေ မင်္ဂလာဒုံမြို့နယ် ရဲစခန်းနဲ့ ထောက်ကြံ့ရဲစခန်းတွေမှာ တရားမဝင် ဝင်ရောက်ကျူးကျော်နေထိုင်မှုနဲ့ အမှုဖွင့်ထား တယ်လို့ ဇေကမ္ဘာကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

တရားစွဲခံထားရတဲ့ ၇ ဦးထဲက ကိုနိုင်ဝင်းထွန်း ပြောတာက ဦးနေမျိုးဝေ အပါအ၀င် အားလုံးဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ အစစ်ခံဖို့မရှိကြောင်း အကြောင်းပြန်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

လယ်သမားအရေးဆောင်ရွက်သူ ဦးနေမျိုးဝေ ဟာ အခုအမှုအပြင် ပြီးခဲ့တဲ့ လတွေကတည်းက ဇေကမ္ဘာ ကုမ္ပဏီက တရားစွဲဆိုထားတဲ့အတွက် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

http://www.yeyintnge.com/2013/02/blog-post_4078.html#.URR92fKTLPo

နိုင်ငံရေးလှည့်ကွက်များနောက်ကွယ်၌ ဖုံးဖိထားသော အထုံးများရှိနေကြောင်း တပ်မတော်ခေါင်းဆောင်ဟောင်းတစ်ဦး သုံးသပ်


လက်ရှိဖြစ်ပေါ်ပြောင်းလဲလျက် ရှိသော မြန်မာနိုင်ငံ၏ နိုင်ငံရေး လှည့်ကွက်များ၏ နောက်ကွယ်၌ ဖုံးဖိထားသော အထုံးများရှိနေ ကြောင်းနှင့်ယင်းသို့သော အထုံး များပြေသွားပါက ထာဝရငြိမ်း ချမ်းရေး ရရှိတည်ဆောက် နိုင်မည်ဖြစ်ကြောင်း စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဒုတိယဗိုလ် ချုပ်ကြီးချစ်ဆွေ(ငြိမ်း)က Hot News သတင်းထောက်နှင့်တွေ့ဆုံ စဉ်သုံးသပ်ပြောကြားသွားခဲ့သည်။

“လက်တလော ကချင်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ဘိုးဘိုး ကြီးအနေနဲ့ ပြောရရင် ဟိုဘက် KIA, KIO ခေါင်းဆောင်တွေ ကိုလည်း သမိုင်းမှာ နာမည်သေ ခဲ့တာမျိုးမဖြစ်စေချင်ဘူး။ ဒီဘက် ကိုလည်းနာမည်သေတာမျိုး သမိုင်းမှာမဖြစ်စေချင်ဘူး။ နှစ်ဖက်လုံးကို သမိုင်းမှာ နာမည် ကောင်း တွင်ခဲ့စေချင်တယ်။ပြော ရရင် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး လှည့် ကွက်တွေရဲ့နောက်ကွယ် မှာ ဖုံးဖိထားတဲ့ အထုံးလေးတွေရှိ နေ တယ်။ ဒီအထုံးတွေကြောင့်ပဲ ငြိမ်းချမ်းရေးက အလှမ်းဝေးနေ တာ။ KIA,KIO ကိစ္စမှာလည်း ပယောဂတစ်ခုခုဝင်နေတယ်လို့ ထင်တယ်။ လက်ရှိမှာက မြန်မာ့ တပ်မတော်နဲKIA, KIO ကြား တိုက်ပွဲတွေဖြစ်နေတယ်။ ဒါပေမဲ့ နှစ်ဖက်လုံးပစ်သာပစ်နေတယ်။ သေနတ်သံထွက်မှပဲ ရန်သူဆို တာပေါ်တယ်။ ပြောရရင် ကိုယ့် သွေးချင်းညီအစ်ကိုအချင်းချင်းတွေ ပါပဲ။ ဒါကြောင့် ရှိနေတဲ့အထုံး တွေ ကိုဖြေပြီး သွေးချင်းညီအစ် ကို တွေနှစ်ဖက်အပြန်အလှန်နား လည်မှုတည်ဆောက်သွားဖို့ကို မျှော်လင့် ပါတယ်။ အဲသလိုဆို ရင်အရာအားလုံး ငြိမ်းချမ်းသွား မှာပါ”ဟု ဒုတိယဗိုလ်ချုပ်ကြီးချစ် ဆွေက ပြောကြား သွားခဲ့သည်။

KIA,KIO နှင့် အစိုးရ တပ် မတော်သို့ ကြားတိုက်ပွဲများ အရှိန်မြင့်စွာ ဖြစ်ပွားလျက်ရှိနေ ပြီး နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးအဖြေ ရှာမှသာ ငြိမ်းချမ်းမှုရရှိနိုင်မည် ဖြစ်ပြီး ယင်းကိစ္စအတွက် တစ်ချိန်က တပ်မတော်၌ ဒုတိယ ဗိုလ်ချုပ်ကြီးချစ်ဆွေ၏ တပည့် ရင်းဖြစ်ခဲ့သော လက်ရှိနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က အပြည့် အ၀စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း မိမိအနေဖြင့် အပြည့်အ၀ ယုံကြည်ပါကြောင်း ဗိုလ်ချုပ်ကြီး ချစ်ဆွေက ထပ်လောင်းပြော ကြားခဲ့သည်။

hotnewsweekly.com