Wednesday, February 6, 2013
တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမှုတွင် ဆေးရုံစာဖြေဌာန သုံးခု ဖွင့်လှစ်ရန် စီစဉ်ထား
မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပညာရေး ၀န်ကြီးဌာန အနေဲ့ ကျန်းမာရေး ဦးစီး ဌာနနဲ့ ကြိုတင် ညှိနှိုင်း ထားချက် အရ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆေးရုံ စာဖြေဌာန သုံးခု ဖွင့်ဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်မှုဟာ လာမယ့် မတ်လ ၁၃ ရက်နေ့ မှ ၂၂ ရက်နေ့ အထိ ကျင်းပမယ့် တက္ကသိုလ် စာမေးပွဲမှာ အကြောင်း အမျိုးမျိုးကြောင့် ဆေးရုံ များမှာ ဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် ဆေးရုံစာဖြေ ဌာနတွေကို ထားရှိ သွားမှာ ဖြစ်ပါတယ်။
ယခုလက်ရှိမှာ အဲ့လို သတ်မှတ် ထားတဲ့ ဆေးရုံစာဖြေ ဌာန ၃ ခုအနေ နဲ့တော့ ရန်ကုန် ပြည်သူ့ ဆေး ရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးနဲ့ ဝေဘာဂီ အထူးကု ဆေးရုံကြီး တို့မှာ ဖွင့်လှစ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆေးရုံစာဖြေ ဌာနများ ထားရှိမှုဟာ တက္ကသိုလ်ဝင် စာမေးပွဲ အတွင်း ဆေးရုံ တက်ရောက်ပြီး ဆေးဝါး ကုသမှု ခံယူနေကြရတဲ့ ကျောင်းသား၊ ကျောင်းသူများ နစ်နစ်မှု မရှိစေဖို့ အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဖြေဆို ခွင့်ပြုမယ့် ဆေးရုံစာဖြေ ဌာန ၃ ခု မှာတော့ ဆေးလူမှု ဆက်ဆံရေး အရာရှိများ အထူး တာဝန်ချ ထားပြီး အကြောင်း အမျိုးမျိုးကြောင့် ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူ အတွင်းလူနာများ အနေနဲ့ မိမိဖြေဆိုမယ့် အကြောင်းကို အဆိုပါ ဆေးလူမှု ဆက်ဆံရေး အရာရှိများနဲ့ ဆက်သွယ် ဆောင် ရွက် နိုင်တယ်လို့ သိရှိရပါတယ်။
MRTV4
ရေကြောင်းပြောင်းလဲပြီး ရေစီးအား ပြင်းထန်မှုကြောင့် ပခုက္ကူအနီးရှိ ကြက်တန်းကုန်း ကျေးရွာတွင် ကမ်းပါးပြိုကျမှုဒဏ်ကို ဆိုးရွားစွာ ခံလာရ
ဧရာဝတီတံတား(ပခုက္ကူ)အနီးတွင် မြစ်ရေတိုက်စားမှုကြောင့်ကမ်းပါးများပြိုကျနေသည်ကိုတွေ့ရစဉ်
ပခုက္ကူမြို့နယ် ကြက်တန်းကုန်းကျေးရွာ အနီးတွင် ဧရာဝတီမြစ် ရေစီးကြောင်းသည် ကျေးရွာဆီသို့ ဦး တည်စီးဆင်းနေပြီး ရေစီးအား ပြင်းထန်လာခြင်းကြောင့် စိုက်ပျိုးမြေ အများအပြား မြစ်ရေတိုက်စားမှု ခံရ ကာ ကမ်းပါးပြိုမှုဒဏ်ကို ဆိုးရွားစွာ ခံလာရကြောင်း သတင်းရရှိပါသည်။
အဆိုပါ ကျေးရွာ၏ စိုက်ပျိုးမြေ အများအပြားမှာ မြစ်ရေတိုက်စား ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အတွက် တောင်သူအချို့မှာ စိုက်ပျိုးမြေ အားလုံးနီးပါး ဆုံးရှုံးရခြင်းနှင့် အချို့မှာ စိုက်ပျိုးမြေ အနည်း ငယ် သာ ကျန်ရှိတော့သည့်အတွက် ဘ၀ရပ်တည်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“ကမ်းပြိုတဲ့ဒဏ်ကို ခံရတာ နှစ်နှစ်လောက်အတွင်းမှာ အတော်လေး ဆိုးလာတယ်။ ဧရာဝတီတံတား ဆောက်တုန်းက သဲကျောက်စုပ် စက်လှေတွေ တအားစုပ်ယူခဲ့တာရယ် တံတားရေလယ်တိုင်တွေ ပြီးတဲ့ နောက်မှာ ပိုဆိုးလာတယ်။ မြစ်လယ်မှာ သောင်တွေ တအားများလာပြီး ရေကြောင်းက ရွာဆီဦးတည် စီးလာတယ်။ ရေကြောင်းကျဉ်းသွားတော့ ရေစီးအားလည်း သန်လာတယ်။ ကမ်းပြိုတာကလည်း တအား များလာတာ။ ခုဆိုရင် ရွာစိုက်ပျိုးမြေရဲ့ သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်။ လုပ်စားမြေ အားလုံးပါသွားတာနဲ့ လုပ် စားမြေ သိပ်မကျန်တာနဲ့ အတော်လေးကို စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးအားလုံး ခက်ခဲကုန်တာပဲ။ နောက်လာမယ့် မိုးရာသီမှာ ဒီတိုင်းဆက်ပြို နေမယ်ဆိုရင် ရွာကအိမ်တွေလည်း ပြောင်းရမှာ” ဟု ကြက် တန်းကုန်းရွာသား ကိုကျော်မင်းက ပြောသည်။
“စိုက်ပျိုးမြေအားလုံး ပါသွားတော့ သူများလယ်တွေမှာ နေ့စား လိုက်လုပ်ရတယ်။ လယ်သိမ်းချိန်ဆို တော မှာ အလုပ်မရှိတော့ မြို့သွားပြီး ရရာအလုပ်လုပ် ရုန်းကန်နေရတယ်။
ပညာရေး၊ ကျန်းမာရေးအတွက် အခက်အခဲတွေ ကြုံရတယ်။ ပခုက္ကူမြို့နား ဧရာဝတီမြစ်ကမ်းဘေး တစ် ၀ိုက်က ရွာအတော်များများ ကမ်းပြိုတဲ့ဒဏ်ကို ခံနေရတယ်” ဟု ကြက်တန်းကုန်းရွာသား ကိုမြတ်သူက ပြောသည်။
ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ သိမ်းကုန်း၊ မရိုးကုန်း၊ ရှားတော၊ မြင်းကျွန်း၊ ကျွန်းညိုကြီးနှင့် ကျွန်းဦးကျေးရွာများမှာလည်း ဧရာဝတီမြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါးများ ပြိုကျမှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးရခြင်းနှင့် ကျေးရွာအချို့ ရွှေ့ပြောင်းရခြင်းများ ကြုံတွေ့ခဲ့ရပြီး လာမည့်မိုးရာသီ မြစ်ရေကြီး ချိန်တွင်လည်း အလားတူ ဖြစ်ရပ်များ ထပ်မံကြုံတွေ့ရမည်ကို စိုးရိမ်နေကြောင်း သိရသည်။
Eleven Media Group
မိုဘိုင်းဖုန်းသုံးသူများ သတိပြုဆင်ခြင်နိုင်ပါရန်
မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်လေးပါ -ကျွန်တော် တတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ် .....
ဒါကိုဖတ်ကြည့်ပါ .... MIAMI ဆေးရုံးက အရေးပေါ် အလွန်ထူးဆန်းတဲ့ သတိပေးချက်ပါ "ကျွန်တော် အမြဲ တမ်းဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်းတစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ် အားသွင်းနေတဲ့ အချိန်မှာပဲ....အ၀င်ဖုန်းကော တစ်ခု ၀င်လာပါတယ် ...ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ်မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့ အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......
Seconds အနည်းငယ်အကြာလေးမှာ ..... သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ်မရှိ စီးဝင်ခဲ့ပါတယ်....ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်.......
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း .....ဖုန်းဟာ အမှန်တကယ်ပေါက်ကွဲခဲ့ ပါတယ်.....
ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါ လက်တွေလောင်နေပြီ နှလုံးခုန်နှုန်း မရှိသလောက် နဲ့ သတိမေ့မျောနေတဲ့သူ့ ကို တွေ့လိုက်ရပါတယ်..... သူ့ကို နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပါတယ်..... ဒါပေမဲ့  ဆေးရုံအရောက်မှာ သူဟာ စကားလေးကိုတောင် ပီသအောင် မပြောနိုင်တော့ပါဘူး... ... !!!!!
ဆဲလ်ဖုန်းဖြစ်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ မော်ဒန်ခေတ်မှာ အရမ်းကို အရေးပါ ပါတယ်... သို့ သော်လည်း....ကျွန်တော်တို့ ဟာ ဒီမိုဘိုင်းဖုန်းဟာ ...ကျွန်တော်တို့ ကို အသက်ကို သေစေနိုင်တဲ့ အရာတစ်ခု လည်းဖြစ်နိုင်တယ် ဆိုတာ သတိပြုရပါမယ်.......
*** ဆဲလ်ဖုန်းတွေကို ပလပ်မှာအားသွင်းနေစဉ် လုံးဝအသုံးမပြုပါနဲ့ .......မင်းအားသွင်းနေတုန်း ဖုန်းဝင်လာရင် လည်း ပလပ်ကနေ ဖြုတ်ပြီးမှသုံးပါ...... ကျေးဇူးပြုပြီး ဒီဟာကို လူများများကို မင်းတတ်နိုင်သလောက် Share ပြီး ဒီအကြောင်းကို အားလုံးသိလာအောင် လုပ်ပေးပါ ......
From : Soe Pay FB
ဖေဖော်ဝါ၇ီ ၁၄ လည်းနီးလာပြီ မိန်းကလေးတွေကိုသိစေ ချင်တယ်။
နည်းနည်း၇ိုင်းသွား၇င်လည်းသည်းခံဖတ်ပေးစေချင်ပါတယ်။
ကျွန်တော်ပေ့ခ်ျလေးမှာကျွန်တော်ကိုယ်တိုင်ပို့စ်မေ၇းဖြစ်တာကြာပြီ။ ဒီတစ်ခါတော့အခါခွင့်လည်းကြံသမို့ေ၇းပြီးတင်လိုက်တာပါ ။အား လုံးကိုဆုံးတဲ့အထိဖတ်စေချင်ပါတယ်။
အားလုံးစောင့်နေကျတဲ့ ချစ်သူများနေ့ ဖေဖော်ဝါ၇ီ ၁၄ လည်းနီးလာ ပြီဗျ။ချစ်တဲ့သူစုံတွဲတွေလည်း အစီစဉ်တွေဆွဲကုန်ကြပြီ ။တချို့ကလက် ဆောင်ပေးဖို့ပြင်တဲ့သူလည်းပြင်ပေါ့ဗျာ ။ ဒါပေမဲ့သူတို့တွေထက်အကွက် ကျကျပြင်ဆင်နေတဲ့သူတွေလည်း၇ှိသေးတာ မိန်းကလေးတွေကိုသိစေ ချင်တယ်။ တခြားသူတွေတော့မပာုတ်ပါဘူး လူလည်ယောကျာ်းဘသား တွေ အတွက်မိန်းမပျိုတို့ ဘ၀ကိုဖျက်စီးဖို့အကြောင်းပြချက်အကောင်းဆုံး နေ့ကချစ်သူများနေ့ဖြစ်နေလို့ပါပဲ။ အ၇ွယ်မေ၇ာက်သေး သူများကော အ၇ွယ်ေ၇ာက်ခါစအပျိုပေါက်များကိုကံမကောင်းအကြောင်းမလှခဲ့၇င်ဒင်း တို့၇ဲ့ထောင်ချောက်ထဲလှလှကြီးဝင်သွားပါလိမ့်မယ်။
အဆိုးဆုံးကအခုမှ၇ည်စားစထားပြီ "ကိုကိုသာမီးတို့ဘ၀"လို့အပာုတ်ကြီး မှတ်နေကြတယ် ၁၄၊၁၆၊၁၈ အ၇ွယ်တွေအဆိုးဆုံးပေါ့ဗျာ။ ဒင်းတို့ကလည်း အပြောကောင်းသလိုလက်ကလည်းသွက်ကြသကိုးဗျ ။တစ်ချို့ကြတော့ တော်ကီအားကိုးကျသလိုပိုသေချာအောင်နည်းပညာတွေသုံးလာကျတယ်ဗျ။
ပုံမှာပြထားသလိုပါပဲ ဖေဖော်ဝါ၇ီ ၁၄ မှာ ကော်ဖီသောက်၇င်တောင်သတိထား သောက်ပါဗျာ ။အဲ့ဒီကော်ဖီကအဆိုးဆုံးပဲဗျ ၊ဘာလို့လဲဆိုတော့ ကော်ဖီကထိေ၇ာက်မူအ၇ှိဆုံး ပါပဲ။ ကော်ဖီဆိုတာမျိုး ကလည်းလူ့ထဲကတန်းဝင်ပြီးအနံ့ပြင်း တဲ့အ၇ည်တစ်မျိုးဆိုတော့အဲ့ဒါကိုအပူဆေးနဲ့ေ၇ာပြီး မိန်းကလေးတစ်ယောက် ကိုတိုက်လိုက်၇င်ချင်ခြင်းအာ၇ုံကြောထဲအထိနိုးဆွတော့တာပဲဗျာ ။ တော်ယုံ တန်ယုံစိတ်ထိန်းနိင်တဲ့မိန်းမတောင် အ၇ည်တောက်တောက်ကျတယ် ဆိုတာ တော့ယုံလိုက်ဗျာ(၇ိုင်းသွား၇င်ခွင့်လွတ်ပေးကြပါဒီလိုေ၇းမှာကလေးမတွေနား လည်းမှာပါ )
အဲ့ဒီအချိန်မှာသာ ကိုကိုမောင်တို့ လက်ကစားပြီးနှုတ်ခမ်းလေး နဲ့ကစားလိုက်လို့ကတော့ ပွဲသိမ်းပြီပေါ့ဗျာ ။ ကိုယ်ကအဲ့ဒီဆေးဝင်သွားတဲ့အချိန် မှာမိန်မသားကိုယ်တိုင်ကတောင်စနိင်ပါတယ် ၇ှက်စိတ်လုံးဝပျောက်သွားပြီလေ။
နောက်တစ်မျိုးဆိုးတာကတော့အအေးတစ်ခုခုပါပဲ ။အအေးဆိုလို့ေ၇တောင်ပါ တယ်ဗျာ (pH7) တောင်မလွတ်ဘူး။နောက်ပိုင်းလာတဲ့ဆေးတွေကပိုတောင်မြင့် လာသေးတယ်။ အနံမ၇ှိဘူး၊အေ၇ာင်မထွက်ဘူးလုံးဝမသိသာဘူး။ ၁လီတာဘူး လောက်ကိုတစ်စက်ချ၇ုံနဲ့တင်တော်တော်ခ၇ီးပေါက်ပါတယ်။
အမိတို့ယုံမလားတော့ မသိဘူး အဲ့ဒီဆေးတစ်ဘူးမှအကောင်းစားတောင် ၄၅၀၀ ကျပ်ပဲပေး၇ပါတယ်။သုံး ၇င်တစ်စက်ပဲသုံး၇တာဆိုတော့ တစ်ဘူးဆိုလိုသလိုစိတ်ကြိုက်သုံးနိင်ပါတယ်။ တော်၇ုံ တန်၇ုံဆေးဆိုင်းတွေမှာပေါ်တင်ဝယ်နိင်ပါတယ်တဲ့ဗျာ။
နောက်အဆိုးဆုံး ကတော့ ပီကယ်လ်(ပူ၇ှိန်း)တွေပါပဲ။ သူဆို၇င်ပိုတောင်ဆိုးပါသေးတယ် တစ်ကဒ် မှ ၅၀၀ကျပ်ပဲပေး၇ပါတယ် ၅၀၀တန်တစ်ကဒ်မှာ ၄လုံးပါပါတယ် ၂လုံးလောက်သာ ၀င်သွား၇င်တော့ ကိုယ့်အပျိုစင်ဘ၀ကိုအမျှသာဝေလိုက်ပါတော့။
ပီကယ်နဲ့ပူ၇ှိန်းခါ ကျတော့ Feel ဆေးမပာုတ်ပါဘူး သူကလူကိုလွတ်သွားအောင်လုပ်လိုက်တာပါ။ အဲ့ဒီပာာတွေစားပြီး၇င်လူကလှုပ်ချင်စိတ်မ၇ှိတော့ပါဘူး ။ခေါင်းအ၇မ်းလေးလာပြီ တွေ့၇ာနေ၇ာမှီစ၇ာ ၇ှာလာတဲ့အထိအာ၇ုံကြောကိုနှိုးဆွပေးပါတယ်။
တစ်ခုခုဖြစ်လာ ၇င်လည်းကြောင်နေပြီးလုံးဝကြီးကိုလွတ်သွားတတ်ပါတယ် ။အဲ့ဒီအချိန်တွင်းကို ကိုကို တို့ မောင် တို့သာ လှုပ်၇ှားသွား၇င်ပါလို့ပါသွားမှန်တောင်သိတော့မှာမပာုတ်ပါ ဘူး ။ပြီး၇င်တော့ အဲ့ဒီဆေးကကိုယ်စားလိုက်မိပြီဆိုတာအ၇မ်းသိသာပါတယ်၊ခေါင်း တွေထိုးပြီးကိုက်လာတတ်လို့ပါပဲ၊
ကဲ....အမိတို့အပျိုပေါက်လေးတို့ေ၇ဒီလောက်ဆို ကျွန်တော်ပို့စ်က အနည်းကျဉ်းတော့သတိထားနိင်ဖို့ အသိပေး၇ာေ၇ာက်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ တစ်ခြားဆေးတွေလည်းအများကြီး၇ှိပါသေးတယ် ။အခုကျွန် တော်ဖော်ပြပေးလိုက်တဲ့ဆေးတွေကတော့ လွယ်လွယ်ကူကူ၇ပြီးတွင်တွင်ကျယ်ကျယ် သုံးနေတဲ့ဆေးတွေမို့ဖော်ပြပေးလိုက်တာပါ။
ကဲ.........ချစ်သူများနေ့ကို အမည်းစက်တွေမစွန်းထင်ပဲ ဖြူဖြူစင်စင်ဖြတ်သန်းလိုက် ကြ၇အောင်ဗျာ။
လေးစားစွာဖြင့်
(ကိုဖြိုး မြန်မာ့ပာာသနှင့်သတင်းများ)
ဘာလို့ (((၈ သိန်း)))ထဲ ရေးသလဲ
*****သိန်း ၈၀ နှင့် ၈ သိန်း အလွဲ*****
----------------------------------------------
မနေ့က အစိုးရဘဏ် အင်းစိန်ဘဏ်ခွဲမှာ ငွေသွားအပ်ဖြစ်တယ်။
သိန်း ၈၀
ရောက်သွားတော့ ပထမ စားပွဲက လူက ငွေကို လက်ခံ စက်နဲ့ ရေ စာအုပ်ထဲကို သွင်း နောက်တော့ အဲ ဘဏ်စာအုပ်ဟာ တစ်စားပွဲကနေ တစ်စားပွဲကို ကူး တုံးတွေထု နဲ့ နောက်ဆုံး ကိုယ့်ဆီပြန်ရောက်လာတော့ ကြည့်လိုက်တဲ့ အခါ ၈ သိန်းပဲ ရေးထားတာကို အံ့သြစွာ တွေ့လိုက်ရတယ်။ အဲဒါနဲ့ ချက်ချင်း တာဝန်ခံကို သွားပြောတော့ တာဝန်ခံက.............
"ဟာ ....ဒီဘဏ်စာအုပ်က သေနေပြီပဲ။ အသစ်လဲရမှာပေါ့။" တဲ့
"အဲဒါဆို ကျွန်တော့ကို ခင်ဗျားတို့ အစက ဘာလို့ မပြောသလဲ နောက် ကျွန်တော် အပ်တာ (((သိန်း ၈၀))) ပဲ
ဒါကို ကျွန်တော်က မကြည့်မိဘဲ အပြင်ထွက်ပြီးမှသာ သိရင် သွားပြီပေါ့။" လို့ ပြောလိုက်တော့ "ခင်ဗျား စာအုပ်ကြီးက သေနေတာပဲဟာ" တဲ့။
**သေနေတဲ့ စာအုပ်မှန်း ဘဏ်ဝန်ထမ်းတွေက မသိပဲ နေမတဲ့လား
**သိရင် ဘာလို့ သေနေတာကို အသိမပေးဘဲ ငွေတွေ ရေးသွင်းသလဲ
**သိန်း ၈၀ ရေးတာ သုည တစ်လုံး ကျန်ခဲ့ပါတယ် ဆိုရင်တောင် အင်္ဂလိပ်လို Eighty Lakhs လို့ ဘာလို့ မရေးသလဲ
** သိန်း ၈၀ နဲ့ ၈ သိန်းကြားက ကွာဟချက် ၇၂ သိန်းက ဘယ်ရောက်သွားမှာလဲ
မန်နေဂျာနဲ့ ဝင်တွေ့ပြီး အကျိုးအကြောင်း ပြောမလို့ လုပ်ပေမယ့် မန်နေဂျာက ဧည့်သည်တွေနဲ့ စကားပြောနေတာက တကြောင်း ကိုယ်ကလည်း အချိန် လောနေတာက တကြောင်းကြောင့် မတွေ့ဖြစ်ခဲ့ဘူး။
နောက်ဆုံး ကိုယ့်ပိုက်ဆံထုပ် ကိုယ်ပိုက်ပြီး ပုဂ္ဂလိက ဘဏ်ကို ချီတက်ခဲ့ပါတော့တယ်။
(ယောက်ျားလုပ်သူ၏ ကိုယ်တွေ့ အတွေ့အကြုံအား နောက်လူများ မခံရစေရန် တင်ပြခြင်းသာ ဖြစ်ပါသည်။ သတိ ရှိကြပါကုန်.........။)
http://www.yeyintnge.com/2013/02/blog-post_2323.html#.URHX3vKTLPo
ခွေးရူးရောဂါဖြစ်ပွားလျှင် ရာနှုန်းပြည့်နီးပါးသေဆုံးနေ
ခွေးရူးရောဂါဖြစ်ပွားလျှင် ရာနှုန်းပြည့်နီးပါးသေဆုံးနေသောကြောင့်ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးသင့်
မြန်မာနိုင်ငံတွင်း ခွေးရူးရောဂါ ဖြစ်သူတိုင်း အသက်သေဆုံးရသော ကြောင့် ပြည်သူလူထုကို ထိရောက် သောပညာပေးမှုများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း သက်ဆိုင်ရာ နယ် ပယ် အသီးသီးရှိဆရာဝန်များ၏ပြော ကြားချက်အရသိရသည်။ ၂ဝ၁ဝခုနှစ် တွင် ခွေးရူးရောဂါဖြစ်ပွားသူ ၂ဝ၅ ယောက်ရှိပြီး ၂ဝ၅ ယောက်စလုံး သေဆုံးခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် ခွေးရူးရောဂါဖြစ်ပွားသူ ၂၄ဝဦးရှိပြီး ၂၄ဝဦး စလုံးသေဆုံးခဲ့ကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ သိရသည်။
''၂ဝ၅ ဦး၊ ၂၄ဝ ဦးသေတယ် ဆိုတာကသေတဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျန်မာရေး မှာဒါ Under Preporting လို့ခေါ်တယ် ခွေးရူးရောဂါကြောင့် သေမှန်းလည်း မသိဘူး။ Report လုပ်တာနည်းတာ လည်းဖြစ် နိုင်ပါတယ်။ ကျွန်တော် တို့ဆီမှာ ၂၄ဝ ဆိုတာက ကျွန်တော် တို့ရရှိတဲ့ အနည်းဆုံးစာရင်းဇယား ဖြစ်ပြီးတော့ ဒီထက် ပိုပြီးသေဆုံး နိုင်တဲ့ အနေအထားရှိပါတယ်'' ဟု အမျိုးသားလွှတ်တော်တွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောသည်။
ခွေးကိုက်ခံရရာတွင်ခွေးကိုက်ခံ ရသူအား ခွေးရူးရောဂါကာကွယ် ဆေးထိုးမှသာ စိတ်ချနိုင်ကြောင်း သိရသည်။ ခွေးရူးရောဂါ ကာကွယ် ဆေးမထိုးပါက ကိုက်သည့်ခွေး ခွေးရူးပြန်သည့်အတွက် ကမ္ဘာ ပေါ်တွင် အသက်ရှင်သူတစ်ဦးသာ ၂ဝဝ၆ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ၌ ရှိခဲ့ဖူးကြောင်း၊ ပညာရှင်များ အနေဖြင့် ငြင်းခုံဆွေးနွေးသည့် အဆင့်သာရှိနေသောကြောင့် ခွေးရူး ရောဂါကြောင့် ရာနှုန်းပြည့်သေဆုံး သည်မှာသေချာနေကြောင်းသိရသည်။
''ပြည်သူလူထုကို ခွေးရူးရောဂါ နဲ့ပတ်သက်ပြီး အသိပညာပေးသင့် ပါတယ်။ ထိရောက်တဲ့ပညာပေးမှု မျိုးပါ။ TV ကပြတာတို့၊ ဇာတ်လမ်း တိုတွေနဲ့ ပညာပေးတာတို့လုပ်ဖို့လို တယ်။ အဓိကလမ်းဘေးခွေးကနေ ခွေးရူးရောဂါဖြစ်တယ်။ အိမ်မွေးခွေး အများစုက ကာကွယ်ဆေးထိုးထား ကြတယ်။ ခွေးကိုက်လို့ ခွေးရူးကာ ကွယ်ဆေးမထိုးထားလို့ အသက်ဆုံး ရုံးရတာပါ''ဟု တိမွေးကုဆရာဝန် ဒေါက်တာဝင်းလွင်က ပြောသည်။
အရှေ့တောင်အာရှဒေသ၊ အာဖရိကဒေသ၊ အမေရိကမြောက်ပိုင်း ဒေသများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ Indeming ဒေသဟု သတ် မှတ်ထားသည့်အတွက် မည့်သည့်ခွေး ကိုက်သည်ဖြစ်စေ ကာကွယ်ဆေး ထိုးသင့်ကြောင်း သိရသည်။
''ခွေးရူးရောဂါနှင့်ပတ်သက် ပြီးပြောရတာခက်တယ်။ နှစ်ပေါင်း ၅ဝကျော် ပညာပေးလာတာ။ လူတွေ ကမလိုက်နာဘူး။ ကျွေးချင်မွေးချင် တဲ့စိတ်ရှိနေကြတယ်။ လမ်းဘေးခွေး တွေကိုပဲမွေးနေရင် ဘယ်လိုမှပညာ ပေးလို့မရဘူး။ အဓိကလမ်းဘေးခွေး တွေကဖြစ်တာပါ''ဟု ကျန်းမာရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာခင်မောင်လွင်ကပြောသည်။ စည်ပင်သာယာမှ လမ်းဘေး ခွေးများကိုသုတ်သင်ရှင်းလင်းသည့် အခါတွင် တိရစ္ဆာန်များကိုသနားကြင် နာတတ်သော ပြည်သူအချို့က ခွေး လေခွေးလွင်များကို ဖွက်ထား တတ် ကြောင်း၊ ခွေးရူးရောဂါအများဆုံး ဖြစ် ပွားနိုင်သည်မှာ ခွေးလေခွေးလွင့် များဖြစ်နေကြောင်း၊ အဆိုပါခွေးများ သည် စနစ်တကျကာကွယ်ဆေးထိုး ပြီး စောင့်ကြည့်မွေးမြူထားသော ခွေးများမဟုတ်သဖြင့် ခွေးရူးရောဂါ ကိုထိန်းချုပ်မှုများ ပြုလုပ်ရန်မှာလည်း ခက်ခဲနေသေးကြောင်း သိရသည်။
ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးရာတွင် ယခင်ကကဲ့သို့ ချက်ကို ပတ်၍ ဆေး၁၄ ကြိမ်ထိုးစရာမလို တော့ဘဲ တစ်ပတ်ခြားလေးကြိမ်ထိုး ပါက ခွေးရူးရောဂါကို ကာကွယ် နိုင်ကြောင်းနှင့် ထိုဆေးလေးကြိမ်အ တွက် ဈေးနှုန်းမှာကျပ် တစ်သိန်း နှစ်သောင်းနီးပါးရှိကြောင်း တိမွေးကု ဆရာဝန်တစ်ဦးက ပြောသည်။
''လူထုကိုအသိပေးချင် တာက ခွေးမကိုက်စေနဲ့၊ ခွေးကိုမစနဲ့၊ ခွေး ကိုက်တယ်ဆိုတာနဲ့ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးဖို့လိုတယ်။ ဘယ် ခွေး ကိုက်ကိုက်ပါ။ အသိလေးတော့ ရှိစေချင်တယ်။ ပညာပေးလုပ်ငန်း တော့လုပ်သင့်တယ်။ ကျွန်မတို့လည်း ပညာပေးမှုတွေလုပ်နေတယ်။ နည်း မျိုးစုံနဲ့ပေါ့။ ထိရောက်တာလည်းရှိ တယ်။ မထိရောက်တာလည်းရှိ တယ်'' ဟု ဒေါက်တာမီမီကိုက ပြောသည်။ ခွေးရူးပြန်ရောဂါ လက္ခဏာ ပေါ်ပေါက်လာပါက BPI MPE က ထုတ်လုပ်သည့် ကာကွယ်ဆေးနှင့် ထိုး၍မရကြောင်း Immune Globulin ဟူသော ဆေးထိုးရကြောင်း၊ ယင်းဆေးဝါးသည် ငွေကျပ် သုံးသိန်း လေးသိန်းခန့်ကုန်ကျသော်လည်း အသက်ရှင်ရန်မှာ မသေချာကြောင်း ဒေါက်တာဖေသက်ခင်က ပြောသည်။
မြန်မာနိုင်ငံတွင်း၌ ထုတ်လုပ် နေသော ကာကွယ်ဆေးများမှာ ဦးနှောက်ကို အခြေခံပြီးထုတ်ထားသော ကာကွယ် ဆေးအမျိုးအစား ဖြစ်ပြီး၊ ယခုအချိန်တွင်ယင်းဆေးထက် ပိုမို အာနိသင်ထက်မြတ်သည့် Cell Culture Vaccine (CCV) များပေါ်နေ ပြီးဖြစ်ကြောင်း၊ သိုးဦးနှောက်ကို အ ခြေခံပြီးထုတ်လုပ်ထားကာ သိုးကိုယ် တိုင်တွင် ဦးနှောက်အာရုံကြောရောဂါ ကိုရာခိုင်နှုန်း အနည်းငယ်ခန့်ဖြစ်ပွား နိုင်သောကြောင့် တစ်ဖြည်းဖြည်းဖြင့် Phase out လုပ်သွားရန်ရှိကြောင်း၊ Cell Calture Vaccine မှာ ကြက်၊ ဘဲ သန္ဓေမှတဆင့်ထုတ်ယူခြင်းဖြစ်သောကြောင့် ယင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြောင်း သိရသည်။
''အရှေ့ဘက်ပိုင်းမှာ ကျွန်တော် တို့ နှစ်နိုင်ငံလောက်ပဲ သိုးဦးနှောက် က ထုတ်တဲ့ ကာကွယ်ဆေးကို သုံး နေတာ၊ ကျန်တဲ့နိုင်ငံတွေက Cell Cualture Vaccine ကိုပြောင်းလဲအ သုံးပြုနေကြပြီ။ မကြာခင် ကျန်းမာ ရေးဝန်ကြီးဌာနက စီမံချက်ချပြီး သိုးဦးနှောက်ကထုတ်တဲ့ဟာကို Phase out လုပ်ပြီး Cell Culture Vaccine ကို ထုတ်လုပ်ဖို့ ကြိုးပမ်းသွား မှာပါ။ ဒါကိုပြည်သူလူထုအနေနဲ့လည်း ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်''ဟု ဒေါက်တာဖေသက်ခင်ကပြောသည်။
၂ဝ၁၁ ခုနှစ်အတွင်း မြန်မာ နိုင်ငံ၌ မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေကြီးတို့တွင် ခွေးရူးရောဂါအများဆုံး ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တစ်ခုတည်းသာသေဆုံးမှုမရှိခဲ့ကြောင်းသိရသည်။
http://www.yeyintnge.com/2013/02/blog-post_1857.html#.URHXoPKTLPo

ဦးဆန်းဆင့် သာသနာရေးဝန်ကြီး အဖြစ် တာဝန် မထမ်းဆောင်ဟု ဆုံးဖြတ်
ဦးဆန်းဆင့်အနေဖြင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးကို လက်ခံခြင်းမပြုဘဲ မူလတာဝန်ကိုသာ ထမ်းဆောင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပြောကြားသည်။
သာသနာရေးပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အနေဖြင့် မူလတာဝန်ဖြစ်သော တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ်သာ တာဝန် ထမ်းဆောင်ခွင့်ပြုပါရန် နိုင်ငံတော်သမ္မတသို့ တင်ပြထားပြီဖြစ်ကြောင်း ဦးဆန်းဆင့်က ပြောသည်။
"ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒအရ လွှတ်တော်ဥက္ကဋ္ဌတာဝန်ကိုပဲ ထမ်းဆောင်လိုပါတယ်ဆိုတာ သမ္မတကြီးကို တင်ပြလိုက်ပါပြီ။ ပြန်ပြီးအကြောင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး" ဟု ဥက္ကဋ္ဌက ဆိုသည်။
ပြည်သူများမှ မိမိအား လွှတ်တော်ဥက္ကဋ္ဌအဖြစ်သာ ဆက်လက်ရှိစေလိုသော ဆန္ဒများရှိသဖြင့် သမ္မတသို့ ယခုလ ၃ ရက်တွင် တင်ပြခဲ့ပြီး မိမိသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သဖြင့် ပြည်သူ့ဆန္ဒကိုသာ အလေးထားမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား သာသနာရေးပြည်ထောင်စုဝန်ကြီးအဖြစ် ထမ်းဆောင်ခြင်းမပြုဘဲ မူလတာဝန်ကိုသာ ထမ်းဆောင်ခွင့်ပေးပါရန် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များမှ စုပေါင်းလက်မှတ်ရေးထိုးသူ နှစ်သောင်းခန့်ရှိနေပြီဖြစ်ကြောင်း အဆိုပါကိစ္စကို ဆောင်ရွက်နေသူ ကိုထွန်းထွန်းဦးက ပြောသည်။
ထို့ပြင် အဆိုပါကိစ္စအား ယခုလ ၇ ရက်တွင် ပုသိမ်မြို့ပေါ်၌ ဆန္ဒဖော်ထုတ်ရန်အတွက် တင်ပြဆောင်ရွက်နေပြီး လူအင်အား ၂၀၀၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်နိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာပေးပို့မှု အပေါ် ပြည်ထောင်စုလွှတ်တော်မှ သဘောတူကြောင်း ဇန်န၀ါရီ ၃၁ တွင် ဆုံးဖြတ်ခဲ့သည်။
7DaysNewsJournal

ရန်ကုန်မြို့အတွင်းရှိ အပေါင်ဆိုင်များတွင် ပစ္စည်းအဆုံးခံ ပေါင်နှံမှုများလာခြင်းကြောင့် အပေါင်ဆုံးပစ္စည်းဈေးကွက် ကျယ်ပြန့်လာ
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အပေါင်ဆိုင်တစ်ခုအား တွေ့ရစဉ်
ရန်ကုန်မြို့အတွင်းရှိ အပေါင်ဆိုင်များတွင် ပစ္စည်းအဆုံးခံ ပေါင်နှံသူဦးရေ များပြားလာခြင်းကြောင့် အဆိုပါ အပေါင်ဆုံးပစ္စည်း ပြန်လည်ရောင်းချမှုများ ယခင်ကထက် ပိုမို များပြားလာကြောင်း ရန်ကုန်မြို့တွင်းရှိ အပေါင်ဆိုင်များမှ သိရသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ လိုင်စင်ရအပေါင်ဆိုင်များနှင့် ပြင်ပအပေါင်ခံသူများ အနေဖြင့် ရွှေဆိုပါက သုံးကျပ်တိုးနှုန်း၊ အ၀တ်အထည်နှင့် အခြား အိမ်သုံးပစ္စည်းဆိုပါက ၁၀ ကျပ်တိုးနှုန်းဖြင့် အပေါင်ခံလျက်ရှိသော်လည်း လက်ရှိတွင် ပစ္စည်းအဆုံးခံ ပေါင်နှံမှု ပိုမိုများပြားလာကြောင်း အပေါင်ဆိုင်များမှ သိရသည်။
ပစ္စည်းအဆုံးခံ ပေါင်နှံသူအများစုသည် လတ်တလော ငွေကြေး ပြေလည်စေရန် ပေါင်နှံကြခြင်းဖြစ်သည့် အတွက် လစဉ်အတိုးပေးဆပ်နိုင်ရန် ခက်ခဲခြင်း၊ ရပ်ကွက်တွင်း လောင်းကစား ပြုလုပ်ခြင်း များကြောင့် ငွေကြေးဆုံးရှုံးများနှင့် အခြားစားဝတ်နေရေး အခက်အခဲများအတွက် မဖြစ် မနေ ငွေကြေးသုံးစွဲရခြင်းများ ရှိနေခြင်းကြောင့် ယခုလို ပစ္စည်းအဆုံးခံ ပေါင်နှံနေရကြောင်း ကာယကံရှင်တို့က ဆိုသည်။
''လာပေါင်တဲ့သူတွေ လာရင် အဆုံးသဘောမျိုးနဲ့ပဲ သဘောထားပြီး အပေါင်လက်ခံလိုက်တယ်၊ တစ်လနှစ်လ အတိုးသတ်ပြီး ပေါ်မလာတော့ဘဲ အဆုံးခံကြတာ များတယ်၊ အဲလိုတွေများလာတော့ ဆိုင်တွေမှာ အပေါင်ဆုံးပစ္စည်းတွေကို ပြန်ရောင်း လာတာ ဈေးကွက်တစ်ခုလို ဖြစ်နေ ပြီ'' ဟု ရွှေပေါက္ကံမြို့သစ်၊ ၁၂ ရပ်ကွက်ရှိ အပေါင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ယခုအခါ အပေါင်ဆိုင်များတွင် အပေါင်ဆုံးပစ္စည်းများကို အပေါင်ဆုံးပစ္စည်း အရောင်းဆိုင်များနှင့် တွဲဖက်ရောင်းချမှု အများအပြား တွေ့လာရကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
'' အပေါင်ခံရင် ပစ္စည်းအသစ်ဆိုရင် အပြင်ဈေးရဲ့ သုံးပုံနှစ်ပုံပေးတယ်၊ အဟောင်းဆိုရင်တော့ ပစ္စည်းတန်ဖိုးကြည့်ပြီး ဈေးဖြတ်လိုက်တယ်၊ ထီး၊အ၀တ်အစား၊စတီးချိုင့်နဲ့ အိုး ခွက်ပန်းကန်တွေဆိုရင် ပြန်မရွေးကြတာများတယ်၊ရွှေဆိုရင် မရွေးနိုင်သေးရင်တောင် အတိုးပုံမှန်တော့ သတ်တယ်၊ အဆုံးမခံကြတာများတယ်'' ဟု မြောက်က္ကလာပမြို့နယ်ရှိ အပေါင်ဆိုင်အချို့မှ သိရသည်။
''ပစ္စည်းအသစ် အပေါင်ခံရင် အပြင်ဈေးရဲ့ သုံးပုံနှစ်ပုံပေးတယ်၊ အဟောင်းဆိုရင် ပစ္စည်းတန်ဖိုးကြည့်ပြီး ဈေးဖြတ်လိုက်တယ်၊ ထီး၊ အ၀တ်အစား၊ စတီးချိုင့်နဲ့ အိုးခွက် ပန်းကန်တွေဆိုရင် ပြန်မရွေးကြတာ များတယ်၊ ရွှေဆိုရင်တော့ မရွေးနိုင်သေးရင်တောင် အတိုးပုံမှန်တော့ သတ်တယ်၊ အဆုံးမခံကြတာ များတယ်'' ဟု မြောက်က္ကလာပမြို့နယ်ရှိ လိုင်စင်ရ အပေါင်ဆိုင်တစ်ခုမှ သိရသည်။
အပေါင်ဆိုင်များသို့ လာရောက် ပေါင်နှံသူများတွင် အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသူ အလုပ်သမားများ၊ဆောက်လုပ်ရေး လုပ် ငန်းခွင် အလုပ်သမားများနှင့် လက်လုပ်လက်စားသမား အများဆုံးဖြစ်ပြီး ကျောင်းဖွင့်ရာသီနှင့် ဆောက်လုပ်ရေးလုပ်ငန်း ပါးလေ့ရှိသည့် မိုးရာသီတွင် ပေါင်နှံမှု အများဆုံးဖြစ်ကြောင်း အပေါင်ဆိုင်အသိုင်းအ၀ိုင်းများထံမှ စုံစမ်းသိရှိရသည်။ ''အပေါင်ဆိုင်မှာ ၀ယ်ရင် အသစ်ဆိုရင် အပြင်ကထက် ဈေးသက်သာတယ်၊ အပြင်မှာ ကျပ် ၃၅၀၀ တန်ဆိုရင် ကျပ် ၂၅၀၀ လောက်နဲ့ ၀ယ်လို့ရတယ်၊ စက်ဘီးနဲ့ စက်ပစ္စည်းတွေဆိုရင် သောင်းဂဏန်းလောက်ထိ သက်သာတော့ တချို့ဆို အပေါင်ဆုံးပစ္စည်းကို စောင့်ဝယ်လာကြတယ်''ဟု သာကေတမြို့နယ်အတွင်းရှိ အပေါင်ဆိုင်တွင် အပေါင်ဆုံးပစ္စည်း လာရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။
ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ပစ္စည်းပေါင်နှံသူ နည်းပါးလာကြောင်း၊အချို့မှာ ပစ္စည်း လပေးရောင်းသူများထံတွင် ပစ္စည်းယူပြီး အပေါင်ဆိုင်တွင် သွားရောက် ပေါင်နှံကာ ငွေကြေးအခက်အခဲကို ဖြေရှင်းသူများလည်း ရှိကြောင်း သိရသည်။
EMG
ဘဏ်ဖောက်ခံရသည့် သတင်း ရိုးမဘဏ်ငြင်း
အွန်လိုင်း စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရှမ်းပြည် နယ် အောင်ပန်းမြို့ရှိ ရိုးမဘဏ် ဖောက်ထွင်း ခံရ သည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန် ပင်မ ရိုးမဘဏ် ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာ "အခု အချိန်အထိ ဘာမှ မကြားသေး ပါဘူး ဒီသတင်းကို ကျွန်မတို့အတည် မပြုနိုင်ပါဘူး " ဟု ပြောကြားသည်။
ရိုးမဘဏ်အနေဖြင့် ယခင်က ငွေလွှဲလုပ်ငန်းများ ကိုသာဆောင်ရွက်ခဲ့ပြီး လက်ရှိ တွင် ဘဏ်လုပ်ငန်း ဆိုင်ရာလုပ်ငန်းများကို အပြည့်အ၀ပြန် လည်ဆောင် ရွက်နေသည့် ပုဂလိက ဘဏ်တစ်ခုဖြစ်သည်။ ရှမ်းပြည်နယ်ရှိ မူဆယ် ၊လားရှိုး၊အောင်ပန်း၊ကျောက်မဲ စသည့် မြို့များတွင် ဘဏ်ခွဲများဖွင့်လှစ်ထားကြောင်း သိရသည်။
Yangon Media Group

ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် အဖျော်ယမကာ စက်ရုံများ တည်ထောင်ခွင့် MICမှ ထပ်မံခွင့်ပြု
ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ကြီးတို့တွင် အဖျော်ယမကာ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ခွင့်ပြုမိန့် ချထားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က ခွင့်ပြုမိန့် ချထားပေးခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက် Beer Chang International Limited နှင့် Myanmar Distillery Company Limited တို့အား ဖက်စပ်လုပ်ငန်းအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Beer Chang မှာ မြန်မာဈေးကွက်သို့ ယခုနှစ်ပိုင်းများအတွင်း တစ်နှစ်လျင် ၃၃၀ မီလီလီတာဆံ့ ဘီယာဘူး ၁၀ သန်းဝန်းကျင်အထိ မှောင်ခိုတင်သွင်းနေသည့် ကုမ္ပဏီဖြစ်ကြောင်းလည်း တွက်ချက်ထားမှုများအရ သိရသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် Beer Chang အမှတ်တံဆိပ် ဘီယာတွင် သွင်းသည့် ပမာဏမှာ ဟက်တို လီတာပေါင်း ၂၆၁၈၀ ဒသမ ၉၆ (၃၃၀ မီလီလီတာဆံ့ ဘူးပေါင်း ၈ သန်းနီးပါး)အထိ တင်သွင်းခဲ့ခြင်း ဖြစ်သည်။နှစ်စဉ် ပြည်ပမှ ဘီယာတင်သွင်းမှုမှာ တစ်နှစ်လျင် ယခုနောက်ပိုင်းနှစ်များ၌ ၂၀ ရာခိုင်နှုန်းဝန်းကျင် အနည်းဆုံး မြင့်တက်လျက်ရှိရာ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ဆိုပါက Beer Chang ဘူးပေါင်း ၁၀ သန်းနီးပါးအထိ တင်သွင်းအသုံးပြုနေသည်ဟု သုတေသနစစ် တမ်း တစ်စောင်အရ တွက်ချက်နိုင်သည်။
သို့သော် မြန်မာနိုင်ငံသို့ ပြည်ပမှ ဘီယာ၊ အရက်၊ စီးကရက်တို့အား တင်သွင်းခွင့် လုံးဝပိတ်ထားရာ အဆိုပါတင်သွင်းလာသည့် ဘီယာများမှာ မှောင်ခို တင်သွင်းရောင်းချနေခြင်းသာ ဖြစ်သည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံဈေးကွက်သို့ နှစ်စဉ် Beer Chang၊ China Beer ၊ Beer Lao အပါအ၀င် နိုင်ငံတကာထုတ် ဘီယာများအား မှောင်ခိုတင်သွင်းနေသည့် ပမာဏစုစုပေါင်းမှာ ဟက်တိုလီတာပေါင်း ၅၃၀၈၀ ကျော်(၃၃၀ မီလီလီတာဆံ့ဘူး ၁၆ သန်းကျော်) အထိ တင်သွင်းလျက်ရှိကြောင်းလည်း သိရသည်။

အထူးစီးပွားရေးဇုန်မှ မထူးတော့တဲ့ မြေယာပြဿနာ
အစိုးရသစ်က အကောင်အထည်ဖော်နေသော ထားဝယ်၊ သီလ၀ါ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတို့အနက် ပထမဆုံး တည်ဆောက်ပြီးစီးရန် ရည်မှန်းနေသော သီလ၀ါအထူးစီးပွားရေး ဇုန်မှာ လည်း အခြားစီမံကိန်းများ နည်းတူ မြေယာပြဿနာ အနည်းငယ် ရှိနေသည်။
ခင်ပွန်းကွယ်လွန်ပြီး သုံးလကြာသောအခါ ဒေါ်အေးမာဆီသို့ သတင်းဆိုးတစ်ခု ထပ်ရောက်လာသည်။ ဇန်န၀ါရီ ၃၁ ရက် ညနေ ပိုင်းက အသက် ၄၁ နှစ်အရွယ် ဒေါ်အေးမာတို့အိမ်သို့ ရဲ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ရွာလူကြီးများလာ၍ ၀ါးထရံတွင် စာတစ်ရွက်ကပ်သွားပါသည်။
စာထဲ၌ သီလ၀ါအထူးစီးပွားရေးဇုန်ဧရိယာအတွင်း အခွင့်အမိန့်မရဘဲ နေထိုင်ခြင်းဖြစ်သောကြောင့် နှစ်ပတ် အတွင်း အိမ်ကို ဖယ်ရှားရွှေ့ပြောင်းပေးရန် မြို့ နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး၍ အမိန့်ထုတ် ထားခြင်းဖြစ်သည်။ အမိန့်မနာခံပါက ဥပဒေအရ ရက်သုံးဆယ် အချုပ်ကျမည် ဖြစ်ကြောင်းလည်း ပါရှိ၏။
ထိုနေ့က သန်လျင်မြို့နယ် ဖလမ်းရွာသစ် (အေးမြသီတာရပ်ကွက်) နှင့်ကပ်လျက် စီမံကိန်းမြေတွင် နေထိုင် ကြသော ဒေါ်အေးမာတို့ မိသားစုသာမက အလွမ်းဆွတ်ရွာဟောင်းနှင့် သီလ၀ါ၊ ဖလမ်း၊ ကရက် စသောကျေးရွာများအနီးရှိ နေအိမ်များစွာတွင် ထိုစာရွက်များကပ်ခဲ့ပါသည်။
“အများက ဖျက်ဆိုတော့ ဖျက်ရုံပဲ။ ကြောက်လို့သာ အိမ်ကိုဖျက်ရမှာ၊ ဘယ်သွားနေရမှန်းမသိဘူး” ဟု သောကများစွာဖြင့် ဒေါ်အေးမာက ဖွင့်ဟသည်။ သီလ၀ါ ဆိပ်ကမ်းတွင် အလုပ်ကြမ်းလုပ်သောခင်ပွန်း ကွယ်လွန်အပြီး သုံးလအကြာ သူတို့၏ ရိပ်မြုံကိုဖယ်ရှားရမည်ဆိုခြင်းက ကြိုတင်မျှော်လင့်ထား ခဲ့သော်လည်း သားတစ်ဦး၊ သမီးတစ်ဦး၏မိခင် မုဆိုးမတစ်ဦးအတွက် နွေခေါင်ခေါင် မိုးကြိုးပစ်သံကဲ့သို့ ထိတ်လန့်ဖွယ်။
ရန်ကုန်မြို့ထဲမှ ကားဖြင့်သွားလျှင် တစ်နာရီဝန်းကျင်ဖြင့် ရောက်နိုင်သော သန်လျင်မြို့နယ် သီလ၀ါဆိပ်ကမ်းရှေ့ ကျယ်ပြန့်လှသော မြေကွက်လပ်ကြီးတွင် နိုင်ငံတကာအဆင့် သီလ၀ါအထူး စီးပွားရေးဇုန် ဖော်ထုတ်ရန် အစိုးရက ကြိုးပမ်းနေသည်။ အစိုးရသစ်က အကောင်အထည်ဖော်နေသော ထားဝယ်၊ သီလ၀ါ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတို့အနက် ပထမဆုံးတည်ဆောက် ပြီးစီးရန် ရည်မှန်းနေသော သီလ၀ါအထူးစီးပွားရေးဇုန်မှာလည်း အခြားစီမံကိန်းများနည်းတူ မြေယာပြဿနာ အနည်းငယ် ရှိနေပါသည်။
ကပ္ပလီပင်လယ်အထွက် ရန်ကုန်မြစ်ဝတွင် တည်ဆောက်ထားသော သီလ၀ါဆိပ်ကမ်းအနီး မြေအကျယ် ၂၄၀၀ ဟက်တာပေါ် တွင် ကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ (ဒေါ်လာသန်း ၁၂၆၀၀ ကျော်)အကုန်အကျခံ၍ ဂျပန်နှင့် မြန်မာတို့ ပူးပေါင်းအကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန်မှာ မကြာခင် အခြေခံ အဆောက်အအုံများ စတင်ဆောက်လုပ်တော့မည်ဖြစ်သည်။ သို့သော် ထိုစီမံကိန်း သတ်မှတ်ဧရိယာအတွင်းအလွမ်းဆွတ် ကျေးရွာဟောင်းရှိ နေအိမ်များ၊ ဖလမ်းရွာသစ်၊ သီလ၀ါရွာသစ် (လက်ရှိအမည် ရွှေပြည်သာယာရပ်ကွက်) ကရက်ရွာ (သီတာမြိုင်ရပ်ကွက်)စသော ရွာများအနီးရှိ လူနေအိမ်များ ပါဝင်နေသည်။ ထို့ကြောင့် သက်ဆိုင်ရာက စီမံကိန်းဧရိယာအတွင်း နေထိုင်သူများ ၁၄ ရက်အတွင်း ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။
သီလ၀ါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်အနေအထားတို့မှာမတူ။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန် တည်ဆောက်မည့်နေရာမှာ ရွာများ ရှိနေသောကြောင့် ထိုရွာများကို ရွှေ့ပြောင်းရခြင်းဖြစ်ပြီး သီလ၀ါမှာ ယခင်ကတည်းက ရွှေ့ပြောင်းထားသော ရွာထဲမှဒေသခံအချို့က စီမံကိန်းနယ်မြေတွင်ပြန်နေထိုင်ကြခြင်းဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောသည်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်မှာမူ လူနေထိုင်ခြင်းမရှိသော မြေလွတ်၌ တည်ဆောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခင် အစိုးရလက်ထက် လွန်ခဲ့သော ၁၆ နှစ်ကျော်က စက်မှုစီမံကိန်းများ ဆောင်ရွက်ရန်ဟုဆိုကာ အလွမ်းဆွတ်ကျေးရွာအား ရွှေ့ပြောင်းစေခဲ့သည်။ အိမ်တစ်အိမ်အတွက် အစားထိုးနေစရာအဖြစ် သန်လျင်မြို့နယ် အောင်ချမ်းသာကွက်သစ်၌ ပေ ၄၀ x ၆၀ မြေတစ်ကွက်နှင့် ရွှေ့ပြောင်းစရိတ် ၅၀၀၀ကျပ်၊ လျော်ကြေးအဖြစ် လယ်တစ်ဧကလျှင် သီးနှံရှိလျှင် နှစ်သောင်းကျပ် ပေးခဲ့သည်။ သို့သော် ရွာတွင်မနေဘဲ လယ်ထဲတွင်နေသူ၊ အိမ်ပိုင်ဆိုင်ကြောင်းနှင့် မိသားစုအချက်အလက် မပြည့်စုံသူအချို့မှာမူ အစားထိုးမြေကွက်မရခဲ့ဟု ဒေသခံများက ပြောသည်။
အစိုးရက ဆောင်ရွက်မည်ဆိုသော စီမံကိန်းများ ပေါ်မလာ၍ ရွာခံများက မူလလယ်မြေများကို သက်ဆိုင်ရာ ဌာနအသီးသီးတွင် သီးစားခအဖြစ် လယ်တစ်ဧက စပါးခုနစ်တင်း ပြန်ပေး၍ ဆယ်စုနှစ် တစ်ခုကျော်ကြာ လယ်ပြန်စိုက်နိုင်ခဲ့သည်။ ပေါ်မလာသော စီမံကိန်းများတွင် လယ်ပြန်လုပ်သူများလာသောကြောင့် ရွှေ့ပြောင်းထားသော အလွမ်းဆွတ်ရွာမှာယခုအခါ ယခင်ကဲ့သို့ အိမ်ထောင်စုများစွာဖြင့် စည်ကားနေသည်။
သို့သော် ယခုအကြိမ်တွင်တော့ ထိုရွာတစ်ခုလုံး စီမံကိန်းဗဟိုတွင်ရှိနေ၍ နေအိမ်များ နှစ်ပတ်အတွင်းပြောင်းရန် သက်ဆိုင်ရာ က အမိန့်ထုတ်ထားသည်။
“ဒီစီမံကိန်းကြီး လုပ်တဲ့အတွက် တို့သားစဉ် မြေးဆက် ဘ၀တွေရင်းပြီး ပေးဆပ်လိုက်ရတာ။ အခုကျတော့ ဘာမှ အကျိုးခံစားခွင့် မပေးဘဲနဲ့ ပြောင်းရမှာဆိုတော့ ဒုက္ခသည်တွေဖြစ်နေတာ။ တို့မှာ ဘာမှမရှိတော့ဘူး။ ငါတို့က ရိုဟင်ဂျာလည်းမဟုတ်၊ ဘင်္ဂါလီလည်း မဟုတ်ဘဲနဲ့ ဒုက္ခသည်ဖြစ်နေပြီ” ဟု ရွှေ့ပြောင်းရန်အမိန့်ကြောင့် အသက် ၆၆ နှစ်အရွယ် အလွမ်းဆွတ်ကျေးရွာသားကြီး ဦးမြလှိုင်က ညည်းတွားသည်။
ဦးမြလှိုင်နှင့် ဒေသခံများအဆိုအရ ယခုအခါ အလွမ်းဆွတ် ကျေးရွာအုပ်စုတွင် အိမ်ခြေ ၇၀၀ ၀န်းကျင် ရှိနေသည်ဟုဆိုသည်။ သို့သော် ထိုရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းကမူ အိမ်ခြေ ၄၂၁ လုံးသာရှိကြောင်း ပြော၏။
ဖလမ်းနှင့် သီလ၀ါကျေးရွာတို့မှာလည်း အလွမ်းဆွတ်ကဲ့သို့ လွန်ခဲ့သော ၁၆ နှစ်ဝန်းကျင်က စက်မှုဇုန်စီမံကိန်းကြောင့် ယခုတည်ရှိရာ ရွာသစ်သို့ ရွှေ့ပြောင်းခဲ့ကြရသည်။ အလွမ်းဆွတ်နှင့် မတူညီသည်က ရွှေ့ပြောင်းစရိတ် နှင့် အစားထိုးမြေကွက် ပေ ၄၀x ၆၀ တစ်ကွက်စီပေးသော်လည်း လယ်မြေများအတွက် လျော်ကြေးမရခဲ့ပါ။
ဖလမ်းရွာဇာတိ ဒေါ်အေးမာတို့ မိသားစုမှာ ရွာသစ်၌ ပေ ၄၀x ၆၀ မြေတစ်ကွက် အစားရသည်။ မိသားစုစီးပွားရေး မပြေလည်၍ မြေကွက်၏တစ်ဝက် ပေ ၂၀x ၆၀ ကို ငါးသောင်းကျပ်ဖြင့် ရောင်းခဲ့ပြီး ကျန်မြေတစ်ခြမ်းကို လွန်ခဲ့သော ၂ နှစ်က တစ်သိန်းခွဲဖြင့် ရောင်းကာ နေစရာမရှိတော့သောကြောင့် ရွာပြင် မြေကွက်လပ်တွင် အိမ်ဆောက်နေခြင်း ဖြစ်သည်။ ခင်ပွန်းကွယ်လွန်စဉ် စက်ရုံမှပေးသော ကရုဏာကြေး ကျပ်သိန်းနှစ်ဆယ်ရသော်လည်း အထူးစီးပွားရေးဇုန် သတင်းကြောင့် မြေဈေးရုတ်တရက်ကြီးကုန်၍ ယခုအိမ်ဖျက်ပါက မြေ၀ယ်ရန် သူ့ငွေဖြင့် ၁၀ ပေပတ်လည်လောက်ပင် မ၀ယ်နိုင်။
“ပြီးခဲ့တဲ့ တစ်နှစ်ကပဲ မြေတစ်ကွက် ပေ(၄၀ x ၆၀) နှစ်သိန်း၊ နှစ်သိန်းခွဲပဲရှိတာ။ အခု မြေတစ်ကွက် သိန်း ၂၀၀၊ ၃၀၀ အချို့လမ်းဘေးမြေတွေဆို ကျပ်သိန်း ၆၀၀ လောက်ရှိတယ်” ဟု ဖလမ်းရွာမှ ဒေါ်ခင်စိန်ကလည်း စီမံကိန်းသတင်းကြောင့် မြို့ပေါ်မှ လာဝယ်သူများ၍ တစ်နှစ်အတွင်း မြေဈေးကြီးသွားပုံကို ပြောသည်။
“စာလာကပ်တဲ့ညက အိပ်လို့တောင် မပျော်ဘူး” ဟု ပထမနှစ်ကျောင်းသူနှင့် ခြောက်တန်းကျောင်းသား မိခင် ဒေါ်အေးမာကဆိုသည်။ သူမကဲ့သို့ ရွာပြင်စီမံကိန်းမြေအတွင်းနေခြင်းကြောင့် ရွှေ့ပြောင်းရမည့်အိမ် ဖလမ်းရွာတွင် ၁၉၁ အိမ်ရှိကြောင်း ဖလမ်းရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သူက ပြောသည်။
သီလ၀ါရွာတွင်လည်း အကွက်ချပေးထားသည့် ရွာပြင်တွင်အိမ်ဆောက်နေသော နေအိမ် ၁၆၂ အိမ် ဖျက်သိမ်းပေးရမည် ဖြစ်ကြောင်း သီလ၀ါ အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ဆိုသည်။ အလွမ်းဆွတ်ရွာဟောင်းတွင် ၄၂၁ အိမ်၊ ကရက်တွင် ၅၅ အိမ်ရှိ သောကြောင့် အထက်ပါလေးရွာမှာပင် စီမံကိန်းမြေတွင်နေ၍ ကျူးကျော်ဖြစ်သွားပြီး၊ အိမ်ဖယ်ပေးရမည့် မိသားစု ၈၂၉ ခုရှိသည်။ အခြားရွာများလည်း ကျန်သေးသည်။ ဖလမ်း ရွာသစ်နှင့် သီလ၀ါ ရွာသစ်တို့မှာ စီမံကိန်းနယ်မြေအတွင်း ရှိသော်လည်း လွန်ခဲ့သော ၁၆ နှစ်မှ ရွာဟောင်းမှ ယခုနေရာသို့ အစားထိုး မြေကွက်ပေးကာ ရွာတည်ထားခြင်းဖြစ်၍ ယခုအကြိမ်တွင် ရွာထဲမှ နေအိမ်များ ရွှေ့ပြောင်းရန် မလိုပေ။
ရေကြောင်းတက္ကသိုလ်၊ ရွှေ့ပြောင်းခဲ့ပြီး ရွာသစ်များ၊ ဘုန်းတော်ကြီးကျောင်းအချို့နှင့် စက်ရုံအချို့မှာ ဇုန်နယ်နိမိတ်အတွင်းရှိသော် လည်း ရွှေ့ပြောင်းစရာမလို။
ထိုဒေသတွင် ရွာဟောင်းနေရာနှင့် ရွာပြင် မြေကွက်လပ်များတွင်နေသောကြောင့် ကျူးကျော်အဖြစ်သတ်မှတ်ခံရသည့်ဒေသခံ များမှာ ရွာသစ်ပြောင်းရွှေ့စဉ် မြေကွက်မရသောကြောင့်၊ အစားထိုးရသော မြေကွက်ကိုရောင်းပြီး မြေလွတ်တွင် သွားနေသောကြောင့်၊ ရွာထဲတွင် အစားထိုးပေးသော မြေရှိသော်လည်း ရွာပြင် စီမံကိန်းမြေ၌ အိမ်ထပ်ဆောက်နေသောကြောင့်၊ အိမ်ထောင်ကျ၍တစ်အိုး တစ်အိမ်ထူထောင်သောကြောင့် ရွာပြင်စီမံကိန်းမြေတွင် အိမ်ဆောက်နေကြခြင်းဖြစ်ပါသည်။ အခြား ကျေးရွာမှ လာနေသော မိသားစုအချို့လည်း ရွှေ့ပြောင်းရမည့် စာရင်းတွင်ပါကြောင်း ဦးအေးလွင်က ပြောသည်။
အစားထိုးမြေကွက်ပေးကာ ရွှေ့ပြောင်းပေးထားသော ဒေသခံများက စီမံကိန်းနယ်မြေတွင် ပြန်နေသောကြောင့် ၎င်းင်းတို့အား ဖယ်ရှားခိုင်းခြင်းမှာ အစိုးရအတွက် ဥပဒေအရ မမှားသော်လည်း ဆင်းရဲသော လယ်သမားများ အရမ်းဒုက္ခမများအောင် စဉ်း စားစီစဉ်ပေးလျှင် အဆင်ပြေနိုင်ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကြံပြုသည်။
“ဥပဒေအရ လုပ်ပေးစရာမလိုဘူး။ ဒါပေမဲ့ လူမှုရေးအရ လုပ်ပေးသင့်တယ်။ လုပ်ပေးသင့်တယ်ဆိုပြီးတော့ သူတို့က မတန်တဆ တောင်းမှာ စိုးရိမ်တယ်။ မတန်တဆတောင်းရင် လုပ်ငန်းရှေ့ဆက်မသွားနိုင်ဘဲနဲ့ စီမံကိန်းကြန့်ကြာ သွားနိုင်တယ်” ဟု ၎င်းက ဆက်ပြော၏။
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း “ပြည်သူတွေဘက်က ဥပဒေနဲ့မညီတာ ရှိကောင်းရှိနိုင်တယ်။ ဥပဒေနဲ့ မညီတိုင်း အကုန်လုံးကို လက်လွတ်စပယ် လုပ်လို့မရဘူး။ စည်းကမ်းနဲ့ မညီတိုင်း သိမ်းကျုံးအပြစ်ပေး၊ အရေးယူရမှာမဟုတ်ဘူး။ ဒါက တကယ့်မှုခင်းတွေ ကျူးလွန်နေတာမဟုတ်ဘူး” ဟုဆိုသည်။
ဤတွင် ဒေသခံလယ်သမားများဘက်က ထောက်ပြလာသည်က လွန်ခဲ့သော ၁၆ နှစ်ကျော်က စီမံကိန်းများကြောင့် ရွာများပြောင်းရွှေ့စဉ် ထိုက်တန်သောနစ်နာကြေးမရခဲ့ဟုဆိုလာသည်။ အစိုးရအတွက်လည်း ထောက်ပြရန်ရှိသည်က ယခင်အစိုးရလက်ထက်တွင် တစ်သွေး၊ တစ်သံ၊ တစ်မိန့် ပစ်စလက်ခတ်လုပ်ခဲ့သော စီမံကိန်းများစွာရှိသည့်အထဲ သီလ၀ါစီမံကိန်းအတွက် လယ်သမားများကို အစားထိုးမြေနှင့် ရွှေ့ပြောင်းစရိတ်ပေးထားသော စီမံကိန်းဖြစ်ပြီး ယခင်အစိုးရလုပ်ခဲ့သမျှ ကိစ္စတိုင်းကို ပြန်လည်ဖြေရှင်းနေရပါက တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ရှေ့ဆက်ရမည်မဟုတ်ဟု အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုပြန်သည်။
သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြန်မာ-ဂျပန် ဆက်ဆံရေး၏ အဓိက အစိတ်အပိုင်းဖြစ်၏။ အထူးစီးပွားရေးဇုန်တွင် မြန်မာ၊ ဂျပန်ကုမ္ပဏီများအပြင် ဥရောပနှင့် အမေရိကန်မှ ကုမ္ပဏီများ၊ တရုတ်၊ စင်ကာပူ စသောနိုင်ငံစုံမှ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း သိန်းနှင့်ချီ၍ ဖော်ထုတ်နိုင်မည့် စီမံကိန်းဖြစ်ကြောင်း ဒုဝန်ကြီးဦးဆက်အောင်က ပြောသည်။
“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးဖို့ဖြစ်ပါတယ်” ဟု ဂျပန်ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သော မစ္စတာကာရိုအာဆိုက သီလ၀ါဇုန်ကို လေ့လာပြီးစဉ်က ပြောခဲ့သည်။ မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၂၆၀ ကျော် ရင်းနှီးမြှုပ်နှံထားသောဂျပန်တို့မှာ ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်တော့မည်ဖြစ် သည်။ ထူးခြားမှုမှာသီလ၀ါ စီမံကိန်းမစတင်မီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြိုတင်စုံစမ်းထောက်လှမ်းအစီရင်ခံစာ (EIA) ကိုဂျပန်တို့က ၎င်းတို့၏မူအတိုင်း မဖြစ်မနေ ဆောင်ရွက်ခိုင်းထားသည်။
ထိုဇုန်တွင် နည်းပညာမြင့်သော စက်မှုလုပ်ငန်းများ၊ အလုပ်သမားများစွာ အလုပ်ပေးနိုင်သော လုပ်သားအခြေပြုလုပ်ငန်းများ ပိုမိုလာရောက်စေလိုကြောင်း ဦးဆက်အောင်က ဆိုသည်။
စီမံကိန်းမဆောင်ရွက်မီ EIA အတွက် ယခုလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ပြီး လာမည့်စက်တင်ဘာလတွင် အခြေခံ အဆောက်အအုံများကို စတင်တည်ဆောက်မည်ဖြစ်သည်။ အခြေခံအဆောက်အအုံများ တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အများပိုင် ကုမ္ပဏီတစ်ခု တည်ထောင်ရန် စီစဉ်နေပြီး ဂျပန်ဘက်မှ ဂျပန်အစိုးရအပြင် ကုမ္ပဏီကြီး သုံးခုဖြစ်သော မီဆူဘီရှီ၊ ဆူမီတိုမို၊ မာရုဘီနီတို့က ပါဝင်မည်ဖြစ်သည်။ ထိုကုမ္ပဏီတို့က အခြေခံအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းအပြင် ဇုန်အတွင်း ၎င်းတို့စက်ရုံများကိုပါ တည်ဆောက်လုပ်ကိုင်ကြမည် ဖြစ်သည်။
“စက်တင်ဘာမှာ ဆောက်လုပ်ရေးတွေစမယ်ဆိုပေမယ့် ၂၀၁၃ မှာပဲ ဇုန်ထဲက မြေကွက်တွေကို စပြီးရောင်းလို့ရနေပြီ။ ရင်းနှီးမြှုပ်နှံသူတွေက အဓိကဥရောပက ဒီမှာလုပ်ချင်လို့ တော်တော်ကြီးကို ကမ်းလှမ်းနေပြီ။ ဇုန်မြေ ရောင်းလိုက်ပြီးရင် သူတို့စက်ရုံဆောက်ပေါ့။ အခြေခံအဆောက်အအုံလည်း ဆောက်မယ်။ သူတို့ (မြေ၀ယ်ထားသော ပြည်ပရင်းနှီး မြှုပ်နှံသူ) စက်ရုံလည်း တစ်ပြိုင်နက်တည်းဆောက်မယ်။ သူတို့ စက်ရုံပြီးတဲ့အချိန်နဲ့ အထူးစီးပွားရေးဇုန် အခြေခံအဆောက်အအုံတွေ ပြီးတဲ့အချိန် တစ်ပြိုင်နက်တည်းလိုလိုဖြစ်မှာပေါ့။ အဲဒီတော့ ၂၀၁၅ မှန်းပါတယ်။ ၂၀၁၅ မှာ စက်ရုံတွေ တော်တော်များများ အပြိုင်အရိုင်းပေါ်လာပြီး လုပ်ငန်းစနိုင်မှာပါ” ဟု ဦးဆက်အောင်က စီမံကိန်းအကြောင်း ရှင်းပြသည်။
သီလ၀ါအထူးစီးပွားရေးဇုန်မှာ နိမ့်ကျနေသော မြန်မာ့စီးပွားရေးအတွက် အရေးပါသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီး တည်ဆောက်မည့် စီမံကိန်းက မြို့ပေါ်နှင့် ဆင်ခြေဖုံးများရှိ အလုပ်လက်မဲ့နှုန်း လျော့ကျအောင် ကူညီနိုင်သည်။
“ဒီစီမံကိန်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အရေးကြီးပါတယ်။ စီးပွားရေးဦးမော့လိုဖို့ တစ်ခုကောင်း၊ နှစ်ခုကောင်း လုပ်ရတာလည်းရှိတယ်။ ဒီစီမံကိန်းမှာ လာရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကနေ တစ်နိုင်ငံလုံး ဆောင်ရွက်မယ့် စီမံကိန်းတွေအတွက် အကြံဉာဏ်ကောင်းတွေ ရနိုင်တယ်” ဟု မြန်မာဖွံ့ဖြိုးမှုအရင်းအမြစ်စင်တာ ဒါရိုက်တာတစ်ဦး ဖြစ်သော ဒေါက်တာဇော်ဦးက ပြောသည်။ ထိုဇုန်တွင် နိုင်ငံတကာ ကုမ္ပဏီများ လာရောက်လုပ်ကိုင်ရန် အခွန်လျှော့ချပေးထား မည်ဖြစ်ပြီး ၎င်းတို့လာရောက်လုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်၊ နည်းပညာနှင့် အတွေ့အကြုံများစွာရမည်ဟုလည်း ဆက်ပြောသည်။
သို့သော် ဒေါ်အေးမာနှင့် ဦးမြလှိုင်တို့ကဲ့သို့ ဒေသခံများအတွက် စီးပွားရေးဇုန်မှာ ပေါ်လာမည့် အလုပ်အကိုင်များကို မမျှော်လင့် ရဲ။ ယခင်အစိုးရလက်ထက် သီလ၀ါတွင် စက်မှုဇုန်များ ဆောက်မည်ပြောပြီး အရေအတွက် အနည်းငယ်သာ ဆောက်သော စက်ရုံတို့တွင် အောက်ခြေ၀န်ထမ်းမှာပင် ရှစ်တန်းအောင်ပြီးသူများခေါ်သောကြောင့် ဒေသခံအချို့ စက်ရုံလုံခြုံ ရေးနှင့်သန့် ရှင်းရေးသာရသည်ဟု ဦးမြလှိုင်ကဆို၏။
“နေရာထိုင်ခင်းရရင် တော်ပါပြီ” ဟု ဒေါ်အေးမာက သူ့ဆန္ဒကိုဖွင့်ဟသည်။
ဦးမြလှိုင်နှင့် အလွမ်းဆွတ် ကျေးရွာသားများကလည်း ပြောင်းရွှေ့ရမည့်အထဲ မပါဝင်သော ရွာမှ ဘုန်းတော်ကြီးကျောင်းအနီး မြေပေါ်တွင် အကွက်ချပေးစေလိုကြသည်။ သီးစားခပေး၍ လုပ်နေသော လယ်များအတွက်လည်း အကျိုးခံစားခွင့်တစ်စုံတစ်ရာပြန်ပေးရန် သူတို့မျှော်လင့်နေသည်။
စီမံကိန်းများကြောင့် ပြည်သူများမနစ်နာရန် ဆောင်ရွက်ပေးရမည်ဖြစ်သလို ပြည်သူများကလည်း အခွင့်အရေး ပိုတောင်း သည်မျိုး မဖြစ်ရန်လိုကြောင်း စီးပွားရေးနှင့်ဖွံ့ဖြိုးရေးပညာရှင် အချို့ကအကြံပြုသည်။
အစိုးရသစ်လက်ထက် စီမံကိန်းများ ဆောင်ရွက်ရာတွင် ယခင်အစိုးရလက်ထက်က ချန်ရစ်ခဲ့သော ပြဿနာများစွာကြောင့် ရှေ့မဆက်နိုင်ဘဲ ပြန်ဖြေရှင်းနေရသည်ကများသည်။
“လောလောဆယ် ကြုံတွေ့နေရတဲ့ ပြဿနာက အသွင်ကူးပြောင်းရေးကာလမှာမို့လို့ ယဉ်ပါးမှုမရှိတဲ့အတွက် ညှိနှိုင်းဆောင်ရွက်တာ အားနည်းနေတာကြောင့်ပါ။ ဒါကိုဖြေရှင်းဖို့ Cooperation (ပူးပေါင်းဆောင်ရွက်ခြင်း)အားနည်းတာ ညှိနှိုင်းဆောင်ရွက်တာ အားနည်းတာကြောင့် ကွာဟချက်ဖြစ်နေတာပါ။ ညှိနှိုင်းဆောင်ရွက်ဖို့အတွက်လည်း Capacity (လုပ်နိုင်စွမ်း) တွေ မရှိကြတဲ့အတွက် ပြဿနာတွေ ကြုံနေတာပါ။ ညှိရမဲ့လူတွေရဲ့ အရည်အသွေးနဲ့ အရည်အချင်းကလည်း အားနည်းနေတဲ့အပိုင်းရှိတယ်။ ဒါတွေအားလုံး အချိန်ယူ ဖြေရှင်းရင်ရပါတယ်” ဟု ဒေါက်တာဇော်ဦးက သုံးသပ်သည်။
ယခင် အစိုးရလက်ထက်က စနစ်ဟောင်းကိုပင် စနစ်သစ်ဖြင့် အစားထိုးနိုင်ပြီဖြစ်သောကြောင့် ယခုပြဿနာမှာအားလုံးအတွက် ရလဒ်ကောင်း ထွက်အောင်မဖြေရှင်းနိုင်သောပြဿနာမဟုတ်။
“တစ်ဖက်နဲ့တစ်ဖက် ညှိကြမယ်။ ထိန်းညှိပေးမယ်။ ဥပဒေစိုးမိုးရေးဟာ အရေးကြီးပေမယ့် လူတွေ လုပ်လို့မရတဲ့အထိ အကန့်အသတ်မဖြစ်အောင် ညှိပေးဖို့လိုတယ်။ ညှိနှိုင်းဆောင်ရွက်တဲ့အပိုင်းမှာ ပွင့်လင်းမြင်သာမှုက အလွန်အရေးကြီးတယ်” ဟု ပြဿနာများ ဖြေရှင်းနိုင်မည့်နည်းလမ်းကို ဒေါက်တာဇော်ဦးက အကြံပြုလေသည်။

ဆက်သွယ်ရေးအရာရှိ ၈ ဦး တရားရုံးတင် စစ်ဆေးမည်
ဆက်သွယ်ရေးဝန်ကြီးဌာနတွင်းဖြစ်ပေါ်လျက် ရှိသော အကျင့်ပျက်ခြစားမှုများနှင့် လာဘ်ပေး လာဘ်ယူမှုများ နှင့်ဆက်စပ်ပြီး အရာရှိ ၈ ဦးကို စုံစမ်းစစ်ဆေးလျက်ရှိပြီး မကြာမီ တရားရုံးတင် စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း သိရှိရသည်။
စုံစမ်းစစ်ဆေးအရေးယူခံထားရသည့် ဆက် သွယ်ရေး အကြီးတန်းအရာရှိ ၈ ဦးကို လာမည့်နှစ်လအတွင်း တရားရုံးတင်စစ်ဆေးမှုများ စတင်တော့မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပုဒ်မ ၄၀၉ ဖြင့် စုံစမ်း စစ်ဆေးမှုများပြုလုပ်ခံနေရပြီး၊ စုံစမ်းစစ်ဆေးမှုကာလအလွန် လာမည့်နှစ်လခန့်အကြာတွင် အများနှင့်သက် ဆိုင်သော ပစ္စည်းကာကွယ်သည့်ဥပဒေ (အပက-၃) ဖြင့် တရားစွဲဆိုခြင်းကို ပြုလုပ်တော့မည်ဟု ပြည်ထဲရေးဝန် ကြီးဌာနမှ သိရှိရသည်။
ဆက်သွယ်ရေးအရာရှိများ အရေးယူရာတါင် ယခင်စစ်အစိုးရလက်ထက် အမှုများနှင့် မသက်ဆိုင်ဘဲ ယခုအစိုးရသစ်လက်ထက် တွင်ဖြစ်ပေါ်သော အမှုများကိုသာ စုံစမ်းစစ်ဆေးခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ သိရှိရသည်။
လတ်တလော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးသိန်းဦးအပါအ၀င် အရာရှိ ၈ ဦးကို နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားလုပ်မှု ပုဒ်မ ၄၉၀ ဖြင့်အမှုဖွင့်ထားပြီး အရေးယူရန်ပြင်ဆင်လျက်ရှိကြောင်း၊ ထိုသို့အရေးယူရာတွင် ယခင်စစ်အစိုးရလက်ထက် ဖြစ်ပွားခဲ့သော အမှုအခင်းများနှင့်ပတ်သက်ခြင်းမရှိဘဲ ယခု အစိုးရသစ်လက်ထက် တွင်း မိုဘိုင်းလ်ဖုန်းသန်း ၃၀ ချထားပေးမည့် စီမံကိန်းနှင့်တိုက်ရိုက်ပတ်သက်ခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတဦးပြောသည်။
“အရင်ခေတ်က အမှုမဟုတ်ပါဘူး။ ဒီအစိုးရသစ်မှာ လတ်တလောဖြစ်ခဲ့တဲ့ အမှုတွေ၊ နှစ်သိန်းတန်ဖုန်းချပေးတဲ့ကိစ္စ၊ မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေးကွန်ရက်တွေတည်ဆောက်တဲ့နေရာမှာဖြစ်တဲ့ကိစ္စ၊ ပုဂ္ဂလိက ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေပါ။ အရင်ခေတ်က အမှုတွေပါပြန်စစ်ရင်တော့ အားလုံးမီးခိုးကြွက်လျှောက်ပါမယ်” ဟု အဆိုပါအရာရှိက ပြောသည်။
စစ်အစိုးရလက်ထက် ဆက်သွယ်ရေးဝန်ကြီးမှာ ဦးသိန်းဇော်ဖြစ်ပြီး ယခုအခါ ဦးသိန်းဇော်သည် ကြံ့ခိုင်ရေးပါတီတွင် ခေါင်းဆောင်ပိုင်းတာဝန်ထမ်းဆောင်နေကြောင်း၊ ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီများမှာလည်း ကြံ့ခိုင်ရေးပါတီမှ ထိပ်တန်းခေါင်းဆောင်များ၏ သားသမီးများပိုင်ဆိုင် ထားကြောင်း၊ ယင်းကြောင့် စစ်အစိုးရလက်ထက် ခြစားမှုများကို ဖော်ထုတ်အရေးယူရန်မှာ အလွန်ရှုပ်ထွေး မည်ဖြစ်သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း နောက်ကြောင်းပြန် အရေးယူခွင့်မရှိဟု တရားဝင်ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် အရေးယူရန် မဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၁၄ ၊ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်၊ ပုဒ်မ ၄၄၅ တွင် အစိုးရသစ်သည် ယခင်အစိုးရထုတ်ပြန်ထားတဲ့ မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ပြန်တမ်း၊ ကြေညာချက်၊ ဆောင်ရွက်ချက်၊ တာဝန်များ၊ ရပိုင်ခွင့်များကို ဆက်ခံရဖြစ်ပြီး ယခင်အစိုးရအဖွဲ့၊ အဖွဲ့ဝင်တဦးဦး၏တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ရဲတပ်ဖွဲ့ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး(မှုခင်း)ဒုတိယရဲမှူးကြီး ၀င်းစိန်က လည်း ဆက်သွယ်ရေးအရာရှိ ၈ ဦးအမှုဖွင့်ခံထားရမှုမှာ အစိုးရသစ်လက်ထက် တွင် ဖြစ်ပေါ်သော အလွဲသုံးစားမှုများနှင့်သာ ဆက်စပ်ပြီး CID က ဦးဆောင်စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။
အရေးယူခံထားရသည့် ဆက်သွယ်ရေးအရာရှိများတွင် အချို့မှာ ရာထူးချထားခံရခြင်း၊ ရာထူးမှ ထုတ်ပယ်ခံရ ခြင်းများရှိကြောင်း သိရှိရသည်။
ဆက်သွယ်ရေးဝန်ကြီးဌာနမှ အခြားအရာရှိများကိုလည်း ခေါ်ယူစစ်ဆေးခြင်း၊ ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီများကို ခေါ်ယူမေးမြန်းခြင်းများပြုလုပ်လျက်ရှိသည့်အပြင် ဆက်သွယ်ရေးပစ္စည်းဝယ်ယူသည့် ကိစ္စ၊ တရုတ်ကုမ္ပဏီဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် ZTE ၊ HUAWEI များနှင့်ချုပ်ဆိုထားသော စာချုပ်များကိုလည်း စစ်ဆေးသွားရန်ရှိကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်က နိုင်ငံသားတိုင်းသက်သာစွာအသုံးပြုနိုင်ရေးအတွက် ၅ နှစ်အတွင်း မိုဘိုင်းလ်ဖုန်း သန်း ၃၀ ချထားပေးမည့် စီမံကိန်းတရပ်ရေးဆွဲခဲ့ပြီး ယင်းစီမံကိန်းအတွက် ဦးကျော်ဝင်းပိုင် ရွှေသံလွင်ကုမ္ပဏီ၊ ဦးတေဇပိုင် E-Lite Tech၊ ရတနာပုံ တယ်လီပို့၊ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ၏သားဖြစ်သူ ဦးနေအောင်အပါအ၀င် ဆွေမျိုးများ ပိုင်ဆိုင်သည့် IGEကုမ္ပဏီ၊ Asia Mega Link ကုမ္ပဏီ အပါအ၀င် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း၊ ကုမ္ပဏီ ၁၃ ခုက ရင်းနှီးမြှုပ်နှံမှုနှင့် စက်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပြီး ကျန် ၁၀ ခု မှာစက်ပစ္စည်း တပ်ဆင်ပေးသည့် လုပ်ငန်းများ ရရှိခဲ့သည်။
သမ္မတဦးသိန်းစိန်က ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်းကို ရာထူးမှ အနားယူခွင့်ပြုခဲ့သည်။
http://burma.irrawaddy.org/archives/33306

မြောက်ဦး ညမထွက်ရ အချိန် လျှော့ချ
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြီး ညမထွက်ရဟု သတ်မှတ်ထားသော အချိန်ကို ယခုအခါ ၂ နာရီ နောက်ထပ် လျှော့ချပေးလိုက်သည်ဟု သတင်း ရရှိသည်။
“ အရင်က ည ၈ နာရီကနေ မနက် ၆ နာရီထိပါ။ အခုတော့ ည ၁၀ နာရီ လျှော့ချပေးလိုက်ပါတယ်။ မနေ့ညနေက စပြီး လျှော့ချလိုက်တာပါ” ဟု မြောက်ဦး ဒေသခံ တစ်ဦးက ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြောက်ဦးမြို့နယ် ဥက္ကဌလည်းဖြစ် မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သော ဦးထွန်းလိုင်မှ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သွားရောက် ညှိနိုင်းပြီးနောက် ယခုလို အချိန်ကို ၂ နာရီ လျှော့ချပေးလိုက်သည်ဟု ဆိုသည်။
“ ဒီညမထွက်ရ အမိန့်ကြောင့် စီးပွားရေးကို ထိခိုက်တယ်။ စစ်တွေ အပါအ၀င် နောက်မြို့တွေမှာလည်း ညနေ ၁၀ နာရီထိ လျှော့ချထားတော့ မြောက်ဦးမြို့မှာလည်း လျှော့ချပေးဖို့ လိုအပ်တယ်လို့ ဦးထွန်းလိုင်က သွားပြောတဲ့ အခါ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း သဘောတူပြီး ည ၈ နာရီကနေ ၁၀ နာရီထိ လျှော့ချလိုက်တာပါ” ဟု ဆိုသည်။
ယခုအခါ မြောက်ဦးမြို့နယ် အတွင်း အခြေအနေမှာ အေးဆေးတည်ငြိမ်နေပြီး ပြဿနာများ ဖြစ်ပွားခြင်း မရှိတော့ကြောင်း သူက ဆိုသည်။
နယ်ကျေးရွာများ တချို့တွင် မသမာသူများမှ စပါးများ ခိုးရိတ်သိမ်းခြင်း၊ ဟင်းခင်းများအား ဖျက်ဆီးခြင်း တချို့ ရှိနေသော်လည်း မြို့နယ် တစ်ခုလုံးကို ခြုံပြီး ကြည့်မည်ဆိုပါက တည်ငြိမ်အေးချမ်းနေသည်ဟု သိရသည်။
ဒီကပါ။
X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ဖြိုးဝေအောင်သည် စွပ်စွဲခံရသူသာဖြစ်ကြောင်း
X2O သင်္ကြန်မဏ္ဍပ်ဗုံး ပေါက်ကွဲမှုတွင် ကိုဝေဖြိုးအောင် သည် စွပ်စွဲခံရသူသာဖြစ်ကြောင်း သက်သေခံချက်များဖြင့် ရှင်းလင်း တင်ပြခြင်းကို ဖေဖော်ဝါရီ ၄ ရက် က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ တွင် ကျင်းပပြုလုပ်ခဲ့သည်။
““X2O မဏ္ဍပ်ဗုံးဖောက်မှုမှာ ဗုံးဖောက်တဲ့သူတွေကို အားပေး ကူညီတယ်လို့ သတ်မှတ်ခံရပြီး တော့ သေဒဏ်နဲ့ ထောင်ဒဏ် အမြောက်အမြားခံခဲ့ရသူ ဖြစ်ပါ တယ်။ ကျွန်မတို့ဟာ (၇)နှစ်ကျော် ကာလအမှု ရင်ဆိုင်ခဲ့ရပါတယ်။ သမ္မတအမိန့်နဲ့ လွတ်ခဲ့ပြီး X2O ဗုံးဖောက်ခွဲမှုဟာ သူနဲ့ မသက် ဆိုင်တဲ့အကြောင်းကို သတင်းစာ ရှင်းလင်းပွဲလုပ်ချင်ပါတယ်။ ဒါပေ မဲ့ သူ့ရဲ့အနေအထားက ၀ှီးချဲ ပေါ်မှာ နာရီပိုင်းထိုင်လို့မရတဲ့ အနေအထားပါ။
နောက်ဆုံး သူ သေဆုံးသွားတဲ့အတွက် မလုပ်နိုင် ခဲ့ဘူး။ အဲဒါကြောင့် ကျွန်မတို့ နှစ်ဦးကနေပြီးတော့ သူ့ရဲ့ဆန္ဒ အတိုင်း လုပ်ပေးခဲ့တာပါ””ဟု ကိုဖြိုးဝေအောင်၏ဇနီး မဌေးဌေး က ပြောသည်။
ကိုဖြိုးဝေအောင်၏အမှုမှာ မတရားစွပ်စွဲခံရခြင်းဖြစ်ပြီး အမှု မှန်ပေါ်ပေါက်ရေးအတွက် ပြည် တွင်းတွင် ကြိုးစား၍မရပါက နိုင်ငံတကာအဆင့်သို့ အကူအညီ တောင်းခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုဖြိုးဝေအောင်၏ ညီ ကိုသက်ဝေအောင်က ပြော သည်။
ကိုဖြိုးဝေအောင်မှာ ၂၀၁၀ ခုနှစ်က X2O သင်္ကြန်မဏ္ဍပ် ဗုံး ပေါက်ကွဲမှုဖြစ်စဉ်တွင် တရားခံ ဟုဆိုကာ သေဒဏ်၊ တစ်သက် တစ်ကျွန်းအပါအ၀င် အလုပ်နှင့် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံခဲ့ ရပြီး ၂၀၁၂ သြဂုတ်လ ၃ ရက်နေ့ တွင် နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာ ကာ ၂၀၁၃ ဇန်န၀ါရီ ၄ ရက်နေ့ တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
http://www.hotnewsweekly.com/archives/16743