Tuesday, February 5, 2013

အောင်ပန်း ရိုးမဘဏ် ဖောက်ထွင်းခံရ

ရိုးမဘဏ် နှင့်ဘဏ်ဝန်ထမ်းများ ၊ ဓာတ်ပုံ- ရိုးမဘဏ်

ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ရိုးမဘဏ်အတွင်း ဖောက်ထွင်းဝင်ရောက်ပြီး ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်နေ သော ဘဏ်လုံခြုံရေးအား ဓားဖြင့်ထောက်၍ ဘဏ်သော့တောင်းခဲ့သည့် ၁၉ နှစ်အရွယ်ဆယ်ကျော်သက် တဦးအား ဖမ်းဆီးတရားဆွဲဆိုထားကြောင်း သိရသည်။

အောင်ပန်းမြို့နယ်ရဲစခန်းမှူး ဦးအောင်မင်းဦး ၏ ပြောကြားချက်အရ တရားခံသည် အေးသာယာ နည်းပညာ တက္ကသိုလ်မှ ကိုဇာနည်ဦးဆိုသည့် ကျောင်းသားတဦးဖြစ်ကြောင်း၊ ရိုးမဘဏ်ကနေ တရားလို ပြုလုပ်ပြီး ပုဒ်မ ၃၉၂ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ တရားခံသည် ယနေ့နံနက် ၂နာရီခန့်တွင် ခြံစည်းရိုးအားကျော်တက်၍ ပွင့်နေသောဘဏ် ၏ နောက်တံခါးမှနေ အထဲသို့ဝင်သွားကြောင်း၊ ဘဏ်ပေါ်ထပ်ရှိအလူမီနီယံတံခါးများအား ၎င်းယူဆောင် လာသော ဓားမြှောင်ဖြင့်ဖွင့်၍ ၀င်ရောက်ရှာဖွေရာ ငွေမတွေ့ခြင်း ကြောင့် စတိုခန်းထဲမှ ကပ်ကြေးများကို ယူဆောင်က ဘဏ်အောက်ထက်ရှိ ငွေတိုက်အား ယင်းကိရိယာများဖြင့် ဖောက်ခြင်း ဖြစ်သည်။

ဝက်အူရစ်များအားဖြုတ်နိုင်ခဲ့သော်လည်း ငွေတိုက်အားဖောက်ဝင်နိုင်ခြင်းမရှိသည့်အတွက် ဘဏ်အနောက် ဖက် အစောင့် အိမ်ထဲတွင် ရှိနေသောလုံခြုံရေးအား ဓားဖြင့်ထောက်၍ ငွေတိုက်သော့တောင်းကြောင်း၊ ဓားလွတ် ကျသွားခဲ့သောကြောင့် လုံခြုံရေးက ပြန်လည်ခုခံသည့်အတွက် ထွက်ပြေးသွားခဲ့သည်။

" သူဘာမှရမသွားရှာပါဘူး စီမံဌာမှူးရုံးခန်းထဲက ပိုက်ဆံ ၁၇၀၀၀ဘဲရသွားတယ်၊ ဆိုင်ကယ်စီးချင်လို့ ဘဏ်တိုက်ဖောက် ရတာပါလို့ ၀န်ခံချက်ပေးထားပါတယ်၊ လူငယ်လေးတွေ ဒီလိုမျိုးဖြစ်ရတာ စိတ် မကောင်းဘူး" ဟု စခန်းမှူး ဦးအောင်မင်းဦး ကဆိုသည်။

ထွက်ပြေးသွားသော တရားခံအား ဘဏ်ရှေ့ရှိ ဆိုင်ကယ်ကယ်ရီသမားများနှင့် ညဘက်ရဲလှည့်ကင်းများ ကနေ လိုက်လံဖမ်းစီးရာ ဘဏ်ထိပ်ကုန်းမြင့်ပေါ်တွင်ရှိသော ထော်လာဂျီပေါ်တွင်ပုန်းအောင်းနေခဲ့ကြောင်း၊ တဖန် ဘဏ်အောက် ဘက်သို့ ပြန်ပြေးဆင်းလာပြီး ကားလမ်းမအောက်ရှိ ရေသွယ်မြောင်းထဲသို့ ၀င်သွားသည့် အတွက် အ၀နှစ်ဖက်အားပိတ်ဆို့ ပြီး ဖမ်းခဲ့ရကြောင်း သိရသည်။

" တရားခံလိုက်ဖမ်းပေးလိုက်တဲ့လူတွေကို ဘဏ်တွေကနေ ဆုချလိုက်တာ ၁၂ သိန်းခွဲလောက်ရသွား တယ်" ဟု အောင်ပန်းမြို့ ဈေးလူကြီးတဦးဖြစ်သူ ဦးမိုးကျော်ကပြောသည်။

ယင်းကဲ့သို့ ရိုးမဘဏ်အလွယ်တကူဖောက်ထွင်းခံလိုက်ရသည့်အတွက် ဘဏ်များအနေဖြင့် တုန်လှူပ်သွား ခဲ့ကြောင်း၊ ရိုးမဘဏ်၊ကမ္ဘောဇဘဏ်၊AGDဘဏ်၊CBဘဏ်နှင့်အခြားအဖွဲ့အစည်းများကနေ တရားခံဖမ်းပေး ခဲ့သူများအား မြို့နယ်ခမ်းမတွင် ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အခမဲ့ ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်း ထုတ်လွှင့်မည်

မြန်မာတစ်နိုင်ငံလုံး အများပြည်သူများ အခမဲ့ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်းသစ် Latest Channel ထုတ်လွှင့် ပြသနိုင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း လေဆာဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူ ဒါရိုက်တာ အောင်ကျော်သူရက ၁-၂-၂၀၁၃ ရက်တွင် ပြောကြားသည်။

“ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ ရုပ်သံထုတ်လွှင့် ပြသသွားမှာပါ။ အစီအစဉ်တွေ အားလုံး ရေးဆွဲပြီးပါပြီ။ ဇာတ်လမ်းတွဲတွေ ထုတ်လွှင့်ပေးနိုင်ဖို့ ကုမ္ပဏီက ကိုယ်ပိုင်ရိုက်ကူးထားတဲ့ ဇာတ်ကား ၂၀ ကျော်လောက် ရှိပါပြီ။ ခုနစ်ကားတော့ ဆင်ဆာကျပြီးသား ပါ။ ဇာတ်ကားတွေကို အဆင့်မီအောင် ကြိုးစားရိုက်ကူးထားပြီး ဇာတ်ကားရဲ့ အသံစနစ်တွေ ကောင်းမွန်အောင် ဆောင်ရွက်ထားပါတယ်” ဟု ကိုအောင်ကျော်သူရက ပြောကြားသည်။

ထို့ပြင် “ကုမ္ပဏီအနေနဲ့ ရုပ်သံထုတ်လွှင့်မှု တချို့ကို ကိုရီးယားနည်းပညာ အသုံးပြုသွားမှာ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံက ရုပ်သံလိုင်းတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်မှု ထားပြီးပါပြီ။ ကျွန်တော်တို့ Latest Channel အနေနဲ့ နောင်မှာ ကမ္ဘာကို မထုတ်လွှင့်နိုင်ဘူးလို့ မပြောနိုင်သလို အခုစတင်ကတည်းက အဆင့်အတန်းမီအောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ ပြည်ပမှ ထုတ်လွှင့်တဲ့ Channel V, MTV လို ကျွန်တော်တို့အနေနဲ့ အဆိုတော်တွေကို ငှားရမ်းပြီး အသစ်သစ်တွေ ဖန်တီးရိုက်ကူးကာ ပရိသတ်ကို ထုတ်လွှင့် ပြသသွားမှာပါ။

ကျွန်တော်တို့ Latest Channel အနေနဲ့ ပြည်ပက ထုတ်လွှင့်ပြသတဲ့ ရုပ်သံလိုင်းတွေကို ဝယ်ယူထုတ်လွှင့် ပြသသွားမှာ မဟုတ်ဘဲ မိမိကိုယ်ပိုင်စိတ်ကူး၊ တီထွင်ဆန်းသစ်မှုတွေ ကိုသာ အဓိကပြုလုပ် ထုတ်လွှင့်သွားမယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

Latest Channel ရုပ်သံလိုင်းအား အင်တာနက်တွင် ကြည့်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ရုပ်သံထုတ်လွှင့်မှုကို ဒီဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်သွားမည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

မတရားလာဘ်ငွေ တောင်းခံခြင်း ခံနေရသည့် ကုမ္မဏီများဆိုင်ရာအခွန်ရုံး အရာထမ်းများမှ (တိုင်ကြားစာ)


ကျွန်တော်များ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကုမ္မဏီများဆိုင်ရာ အခွန်ရုံးတွင်၊ ဌာနတွင်းစာရင်းစစ် အဖွဲ့ဖြစ်သော စစ်ဆေရေးနှင့် အကျိုးဆောင်ဌာနခွဲမှ နှစ်ပတ်လည် စာရင်းစစ် လာရောက်မည်ဖြစ်ရာ ဌာနမှုးနှင့် ဒုညွှန်မှုး၊ လက်ထောက်ညွှန်မှုးများ၏ အစည်းဝေးဆုံးဖြတ်ချက်အရ၊ ဒုဉီးစီးမှုးတစ်သိန်း၊ ဦးစီးအရာရှိ တစ်သိန်းခွဲ ခွဲတမ်းပေးရန် ဆုံးဖြတ်သဖြင့် လစာထုတ်သည့်နေ့တွင် ဌာနစု၊ ၆စု ရှိအေအိုများမှ အပြီးတောင်း၍အိမ်သို့ လစာမပါဘဲ၊ မတရားတောင်းသော စာရင်းစစ်ကြေးပေးခဲ့ရပါသည်။

ကျွန်တော်တို့ ဋ္ဌာနတွင် အရာရှိ စုစုပေါင်း တရာကျော်ရှိရာ ယခုကောက်ခံသော ကျပ်သိန်း တစ်ရာကျော်အား လာဘ်ပေးရန် ကောက်ယူခြင်းဖြစ်ပါသည်။ သန့်ရှင်းကောင်းမွန်သော အစိုးရအဖွဲ့ တည်ဆောက်နေချိန်တွင် ယခုကဲ့သို့ ဝန်ထမ်းအရာထမ်း အချင်းချင်း အနိုင်ထက် စီးနင်းမလုပ်သင့်ပါ။ ကုမ္မဏီအခွန်ရုံးမှာ နာမည်ကြီးသော်လည်း အခြားဝင်ငွေ ပြောပလောက်အောင် မရှိပါ။ ဆေးဖိုး၊ ကွမ်းဖိုးသာရပါသည်။ စာရင်းစစ်အဖွဲ့များ အသိဖြစ်ပါသည်။

ရန်ကုန်တိုင်းတွင်းရှိ မြို့နယ်ကြီးများဖြစ်သော၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်၊မရမ်းကုန်း၊ လသာ၊ တောင်ဉက္ကလာ၊ တာမွေ၊ အစရှိသော အိမ်ခြံမြေစည်းကြပ်ရသော မြို့နယ်ကြီးများ ကဲ့သို့ အခွန်ထမ်း ငွေဖြူမလုံလောက်၊ မရှိသည့်သူများအား သူတို့ငွေဖြူအဟောင်းများနှင့် အစား ထိုးပြီး၂၀ရာခိုင်နှုံး၊ တံဆိပ်ခေါင်းခွန်အား ၇ ရာခိုင်နှုန်းနှင့် လုပ်၍ သိန်းရာချီတောင်းပြီး ဝင်ငွေကောင်း သုံးဖြုန်းနိုင်သော အခွန်မှုးများ အချို့ စာရင်းရှိသော်လည်း ထိုသူများနှင့် နှိုင်းယှဉ်ကာ ကျွန်တော်များအဖို့ ဝန်ထုတ်ဝန်ပိုးကြီး ထမ်းရသကဲ့သို့ ဖြစ်သွားကာ ခံစားရပါသဖြင့် သက်ဆိုင်ရာဝန်ကြီးမှ ထိန်းသိမ်းပေနိုင်ရန် တင်ပြအပ်ပါသည်။ ညွှန်ကြားရေးမှုးချုပ်နှင့် စည်းကြပ်မှုဗဟိုအဖွဲ့ ညွှန်မှုးတို့မှာလဲ ရာခိုင်နှုံးစားသူ များ ဖြစ်နေသောကြောင့် ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။

ယခုတင်ပြချက်များအား ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီမှ ဝင်ရောက်စီစစ်ပါက အခြေအနေ အရပ်ရပ်အား ပို၍သိရှိရ ပါမည်ဖြစ်ကြောင်း ထပ်ဆင့်တင်ပြပါသည်ခင်ဗျား။

မတရားလာဘ်ငွေ တောင်းခံခြင်း ခံနေရသည့်
ကုမ္မဏီများဆိုင်ရာအခွန်ရုံး အရာထမ်းများ

လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အောက်ခြေ၀န်ထမ်းငယ်များ၏ အသနားခံတင်ပြစာ


သို့
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်

ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်
နေပြည်တော်

ဥက္ကဋ္ဌ
အမျိုးသားလွှတ်တော်
နေပြည်တော်

ပြည်ထောင်စုဝန်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
နေပြည်တော်

မိဘသဖွယ်အရေးထားလေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………….. ဦးစွာပထမ ၀န်ခံရလျှင် ဤစာသည်တိုင်ကြားစာမဟုတ်ပါ။ ပစ်စာမဟုတ်ပါ။ အောက်ခြေ၀န် ထမ်းငယ်များ၏ အသနားခံစာသာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

သမ္မတကြီးခင်ဗျာ ကျွန်တော်တို့ဝန်ထမ်းများသည် ပြည်သူများပင်ဖြစ်ပါသည်။ ပြည်သူဘ၀ကို အလေးထားပြီး ပြည်သူကို ဗဟိုပြုဆောင်ရွက်နေသော အစိုးရမူဝါဒ ဖြစ်ထွန်းနေချိန် မှာကျွန်တော်တို့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ အခြေအနေမှန်နဲ့ မနိုင်ဝန်ထမ်းရုန်းကန်နေရတဲ့ ဘ၀တွေကို သမ္မတကြီးအမှန်သိနိုင်ဖို့အတွက်မိဘထံသားသမီးများက အသနားခံရခြင်းသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ နိုင်ငံတော်ရဲ့၇၀% နီးပါးရှိတဲ့တောင်သူ လယ်သမားများရဲ့ အကျိုးကို လက်တွေ့ကျကျ နိုင်ငံတော်မူဝါဒတွေနဲ့အညီတာဝန်ကျေ အောင်ဆောင်ရွက်နေတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။ လက်လှမ်းမှီသမျှ လေ့လာမှတ်သားမှု များအရ ၁၉၈၈ခုနှစ် စပါးတစ်ဧက(၁၆၀ိ/)နှုန်းနဲ့ ထုတ်ချေးစဉ်က ခွင့်ပြုခဲ့တဲ့ ၀န်ထမ်းအင်အား(၃၀၀၀) နီးပါး မြို့နယ်တစ်ခုမှာ ပျမ်းမျှ(၁၂)ဦးမှ (၁၆)ဦးခန့်နဲ့ ဆောင်ရွက်ခဲ့ရပါတယ်။ နှစ်အဆက်ဆက် ချေးငွေရင်းထား ငွေတိုးတက်မြင့်မားလာပေမယ့် ၀န်ထမ်းအင်အား တိုးတက်ခြင်းမရှိဘဲ လျော့နည်း အင်အားများနဲ့သာ ဆောင်ရွက်ခဲ့ရပါတယ်။

သမ္မတကြီးရဲ့အစိုးရ လက်ထက်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျော့ချရေး အစီအစဉ်များအရ တောင်သူလယ်သမားတွေ အတွက် ချေးငွေတွေကို အမြန်တိုးတက် ထုတ်ချေးပေးလာတဲ့အခါ မှာ စပါးတစ်ဧက (၈၀၀၀၀ိ/)နှုန်းအထိ ၀န်ထမ်းအား(၂၇၇၂))ဦးခန့်နဲ့ ဆောင်ရွက်နေပါတယ်။ ၂၀၁၃ခုနှစ်မှ တစ်ဧက(၁၀၀၀၀၀ိ/)နှုန်း ထုတ်ချေးရမည်ဖြစ်တဲ့ အတွက် မြို့နယ်တစ်ခုမှာအ နည်းဆုံးေ ချေးငွေပမာဏကျပ်သိန်းပေါင်း သောင်းနဲ့သိန်းနဲ့ချီပြီး ဘီလီယံပေါင်းများစွာလုပ် ကိုင်ဆောင်ရွက်ရမဲ့ ကာလမှာ ကျွန်တော်တို့ဘဏ်ရဲ့ ၀န်ထမ်းအင်အား ဘယ်လောက်နဲ့ ဆောင်ရွက်သင့်ပါသလဲ။

လုပ်သက်(၁၅)နှစ်ကျော်အထိ ရာထူးမတိုးဘဲ အငယ်တန်းစာရေး ဖြစ်နေတဲ့ အခြေအနေ၊ ဘဏ်တွင်ညစောင့်မရှိတဲ့အခြေအနေ၊ ငွေကိုင်(၁)ဦးတည်းနဲ့ ဆောင်ရွက်ရတဲ့ အခြေအနေ၊ ခေတ်မီစက်ပစ္စည်းတွေ ပေးခြင်းမရှိသေးတဲ့ မြို့နယ်ဘဏ် တွေရဲ့ ရန်ပုံငွေအစီအမံတွေနဲ့ ငွေရေစက်ဝယ်သုံးနေရတဲ့ အခြေအနေ များပြားလှတဲ့ ငွေပမာဏတွေကို လက်နဲ့ ရေတွက်နေလို့ မရတော့တဲ့အခြေအနေတွေမှာ မဖြစ်မနေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်ဆိုတာ အခြေအနေနဲ့ခေတ်ရဲ့တောင်းဆိုချက် ဖြစ်ပါတယ်ခင်ဗျာ။

ဒါပေမယ့် ကျွန်တော်တို့ လယ်ယာဘဏ်ဝန်ထမ်းတွေဟာ တောင်သူ လယ်သမားများနဲ့ နိုင်ငံတော်အကျိုးကို ဆောင်ရွက်တဲ့နေရာမှာ ထုတ်ချေးချိန်မှာဖြစ်စေ၊ ငွေကောက်ခံရချိန်မှာဖြစ်စေ နိုင်ငံ့ဝန်ထမ်းများအတွက်ရုံးချိန် (၉း၃၀)မှ(၁၆း၃၀)ထိဟာ လယ်ယာဘဏ်နဲ့ မသက်ဆိုင်သလိုပါဘဲ။ ကျွန်တော်တို့မှာရုံးချိန်မရှိပါ။ ရုံးပိတ်ရက်ရှိသော် လည်း အလုပ်ပိတ်ရက်မရှိပါ။ လယ်သမားပေါင်းများစွာအတွက် ကျွန်တော်တို့သတ်မှတ်ချိန် နဲ့ဆောင်ရွက်လို့မရပါ။ တောင်သူတွေ အဆင်ပြေမယ် နိုင်ငံတော်ဘဏ္ဍာငွေတွေ ပုံမှန်/စီးဝင် စီးထွက်ရှိနေအောင် ကျွန်တော်/မတို့ရဲ့ ပေးဆပ်နေမှုများ အတွက် မကျေနပ်မှု၊ မခံမရပ်နိုင် ဖြစ်မှု၊ ပင်ပန်းလို့ ငြီးငြူမှုတွေမရှိပါ။ ကျေနပ်ပါတယ်၊ လုပ်နိုင်ပါတယ်ဒါပေမဲ့-

သမ္မတကြီးခင်ဗျာ ဒီလိုများပြားတဲ့ တာဝန်တွေကိုထမ်းဆောင်နေပေမဲ့ လုပ်ငန်းစီမံခန့်ခွဲမှု အတွက် ခွဲဝေပေးထားတဲ့ ဘတ်ဂျက် အသုံးစရိတ်တွေကိုလဲ သိစေချင်ပါတယ်။ ၀န်ထမ်း (၁၅)ဦးလောက်ရှိတဲ့ ဘဏ်တစ်ခုအတွက် တစ်လကို သောက်ရေဘိုး၃၀၀ိ/ပါ၊ ဆက်သွယ်ရေး စာပို့ခတွေ ဈေးတက်နေပေမဲ့ ပုံသေသုံးစွဲခွင့်ရတဲ့ စာပို့ခ၊ကြေးနန်းခ၊ တယ်လီဖုန်းပြောခက လဲတစ်လ-၁၀၀၀၀ိ/ပါ။ ခရီးစရိတ်တွေ မြင့်မားနေပေမဲ့ (၁၅)ယောက် ကင်းစောင့်ရတဲ့ဘဏ် တစ်ခုရဲ့ခရီးစရိတ်တွေကလဲ တစ်နှစ်လုံးမှ(၁၀၀၀၀၀ိ/)ပါ။ အသုံးစရိတ်ဘတ်ဂျက်တစ်ခုလုံး သုံးစွဲလို့မရတဲ့ ခေတ်မမှီတော့တဲ့ စီမံခန့်ခွဲရေးစားရိတ်တွေနဲ့ ရပ်တည်ဆောင်ရွက်ရင်း နိုင်ငံ တော်အတွက် ကျပ်သန်းပေါင်းများစွာ နှစ်စဉ်အမြတ်အစွန်းရှာဖွေပေးနေတဲ့ဘဏ်တစ်ခုဖြစ် ပါတယ်ခင်ဗျား

သမ္မတကြီးခင်ဗျား… သမ္မတကြီးရဲ့အစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်.တောင်သူတွေအတွက်ချေးငွေတွေတိုးသလို ဒီလုပ် ငန်းစဉ်ကိုလက်တွေ့ကျကျ အကောင်အထည် ဖော်နေတဲ့ အရင်းအမြစ်တွေနဲ့ဝန်ထမ်းအင် အားကို လိုအပ်သလို တိုးဖြည့်ပေးဖို့လဲ အမှန်တကယ် လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့လို အပ်ချက်တွေကို ပြည်နယ်/တိုင်း/ရုံးချုပ် အဆင့်ဆင့် တင်ပြချက်များနဲ့ ပြည်ထောင်စုဝန်ကြီး ဌာနအထိ တင်ပြထားကြောင်း သိရှိရသော်လည်း ယနေ့အထိထူးခြားမှု မရှိသေးပါသဖြင့် အောက်ခြေ ၀န်ထမ်းများ၏ အခြေအနေမှန် သဘောမှန်နဲ့ လိုအပ်ချက်များကို သမ္မတကြီး ကိုယ်တိုင် သိရှိနိုင်ရေးအတွက်နဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အသနား ခံတင်ပြရခြင်း ဖြစ်ပါသည်ခင်ဗျား

ဝန်ထမ်းအင်အားဖွဲ့စည်းပုံ တိုးမြှင့်ပေးပါ

ဘတ်ဂျက် အသုံးစရိတ်များ တိုးမြှင့်ပေးပါ

ငွေရေစက်၊ ကွန်ပျူတာများ တပ်ဆင်ပေးပါ

သမ္မတကြီးကျန်းမာပါစေ
မြို့နယ်မန်နေဂျာများနှင့်ဝန်ထမ်းငယ်များ

လုပ်စားသွားကြသူများကြောင့် အတိဒုက္ခရောက်နေရမှုမှ ကယ်တင်ပေးနိုင်ပါရန် ( အုတ်စက်ရုံဝန်ထမ်းတစ်ဦးရဲ့ တိုင်ကြားစာ)


ကျွန်တော်တို့ရဲ့ဘ၀တွေကို လျစ်လျူရှုမထား ကြပါနဲ့ ကြည့်ရှု စောင့်ရှောက်ပေးကြပါဦး ဆိုပြီး ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အုတ်စက်ရုံဝန်ထမ်းတစ်ဦးရဲ့ တိုင်ကြားစာကို ဖော်ပြလိုက်ရပါတယ်..။ နိုင်ငံတော် အစိုးရအနေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ကော်မရှင်ဖွဲ့ပြီး လုပ်နေတာတွေ့ရ သလို ဒီမိုကရေစီခေတ်မှာ Good Governance နဲ့ Clean Governmentဖြစ်အောင် လုပ်နေချိန် လည်းဖြစ်ပါတယ်.... ယခုအချိန်မှာ ဆက်သွယ်ရေး ၀န်ကြီးဌာနက အဆင့်မြင့်အရာရှိတွေကိုလဲ စုံစမ်း စစ်ဆေးနေတာတွေ လုပ်နေပြီလို့ ကြားသိရပါတယ်.... ဒါပေမယ့်လည်း မိမိကိုယ် မိမိတော်ပါတယ်... ကောင်းပါတယ်ဆိုပြီး အသံကောင်း ဟစ်ပြီးတော့နောက်ကွယ်ကခြစားနေတဲ့ ကိစ္စရပ်တစ်ချို့လဲ ရှိနေ တဲ့အတွက် ဒီလိုကိစ္စမျိုးကို ကျွန်တော်ပြောပါရစေ၊ ကျွန်တော်ခံစားခဲ့ရတဲ့ ကိစ္စဟာဆိုရင် နိုင်ငံတော် နဲ့ပြည်သူတွေသာမက တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ကျနော်တို့လိုနေ့စားဝန်ထမ်းတွေပါ အတိဒုက္ခ ရောက်ခဲ့ရပါတယ်....

ကျနော်ကတော့ စက်မှုဝန်ကြီးဌာန(ယခင် စက်မှု-၁)လက်အောက် အင်းစိန်၊ ဒညင်းကုန်း အုတ်စက်ရုံနေ့စား အလုပ်သမား ၀န်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျနော်တို့ အုတ်စက်ရုံကို ၂၀၁၂သြဂုတ်လ တုန်းက Mother Trading Co. ကိုရောင်းချခဲ့ပါတယ်....။

စရောင်းတဲ့ အချိန်တုံးကတော့ သမ္မတ အကြံပေးဝန်ကြီးဦးစိုးသိန်းက DVB Interview မှာ “ဒီစက်ရုံကရောင်းလိုက်တာတော့ ဟုတ်တယ်.... ဒါပေမယ့် ဒီအလုပ်သမားတွေ အလုပ်မပြုတ်ပါဘူး....သူတို့က ဆက်လက်နေပိုင်ခွင့်ရှိတယ်... အလုပ် လဲဆက်ပြီး လုပ်ပိုင်ခွင့်ရှိတယ်” ဆိုပြီးပြောခဲ့သလို အခြားတစ်ဖက်ကလည်း“ အဲဒီ အလုပ်သမားတွေဟာပေါက်တူးတစ်လက်နဲ့ ကျူးကျော်ပြီးတော့ ၀င်ရောက် နေထိုင်နေတဲ့ သူတွေဖြစ်တယ်.... ဒီတော့ ဒီအလုပ်သမားတွေကိုဖယ်ရှားရမယ် ” လို့ ပြောလာ ပြန်တယ်.....

အခုအခြေအနေမှာ စက်ရုံက Permanent ၀န်ထမ်းတွေကိုတော့ ဆက်လက်ခန့်တာတို့ ပင်စင် ပေးတာတို့တော့ရှိပေမယ့်၊ စက်ရုံဝန်ထမ်းထဲက အလုပ်သမားတန်းလျားမှာနေပြီး အလုပ်လုပ် နေရတဲ့ ကျွန်တော်တို့လို နေ့စားအလုပ်သမားတွေအဖို့ အလုပ်လက်မဲ့ဘ၀ကို ကြုံတွေ့ရပါတော့မယ်.... ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြတော့လည်း ဘာမှအရေးယူမှု၊ ဆောင်ရွက် ပေးမှုမရှိပါဘူး..... ကျွန်တော်တို့ဘ၀က အစိုးရရယ်၊ စက်ရုံကိုရောင်းချခဲ့တဲ့ သမ္မတအကြံပေး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ Monther Trading ကုမ္ပဏီရယ်ကြားထဲမှာ စားစရာမရှိ/ နေစရာမရှိ ဘ၀မျိုးရောက် ရပါတော့မယ်။

.... တစ်ကယ်တန်း ထိုက်ထိုက်တန်တန် အကျိုးရှိသွား တာကတော့ Mother Trading ကုမ္ပဏီနဲ့ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ပါပဲ.... ဒါကြောင့် ကျွန်တော်တို့ စက်ရုံအပြင်ဖော့ကန်ဆိပ်ကမ်း နယ်မြေမှာရှိတဲ့ ဆိပ်ကမ်းအနီးက လယ်မြေတွေ ကိုလည်း အုတ်စက်ရုံ တည်ထောင်ဘို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လယ်သမားတွေဆီက သိမ်းယူခဲ့ပြီး Mother Trading Co. ကို အင်မတန် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချခဲ့ပါသေးတယ်.... ခုချိန်ထိ တော့ ဘာလုပ်ငန်းမှ မလုပ်သေးဘဲ တစ်ချို့လယ်မြေတွေကို သီးစားချထားနေတယ်လို့ သိရ ပါတယ်.... ဦးစိုးသိန်းဟာမြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission) အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရာမှာ သူ့ကိုငွေနဲ့ လာဘ်ထိုးမှသာ လုပ်ငန်းအဆင်ပြေတယ် လို့ ကြားသိရပါသေးတယ်....။

ကျွန်တော်တို့မှာတော့ ထမင်းနပ်မှန်အောင်စားနိုင်ဘို့ အင်မတန်ကြိုးစားရုန်းကန်စားသောက် နေရတဲ့အချိန်မှာ နိုင်ငံတော်ပိုင်စက်ရုံနဲ့ မြေတွေကို မတန်တဆညှိနှိုင်းဈေးတွေနဲ့ လုပ်ဆောင်ခဲ့တာကို အားလုံးသိအောင်ပြောပြရခြင်းဖြစ်ပါတယ်.... ၀န်ကြီးနဲ့ကုမ္ပဏီက အဆမတန်ကြီးပွားချမ်းသာလာတာ ကို မလိုလားလို့ပြောတာမဟုတ်ပါဘူး.... ကျွန်တော်တို့ရဲ့ စားဝတ်နေရေးကို နိုင်ငံတော်အစိုးရမှ ပြန်လည်ကြည့်ရှုပေးစေလိုတဲ့ ဆန္ဒနဲ့တင်ပြရခြင်းဖြစ်ပါတယ်....

ယခင်စက်မှုဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့တာတွေကို ပြန်ပြောရမယ်ဆိုရင်တော့ ပြောလို့မဆုံးပါဘူး… ကျွန်တော့်အနေနဲ့ကတော့ သမ္မတအနီးအနားမှာ လုပ်ပိုင်ခွင့်အရှိဆုံး ထမ်းဆောင်နေတဲ့ လူကြီး တစ်ယောက်အနေနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လုပ်ရပ်တွေဆက်လက် မလုပ် ဆောင်စေဘို့နဲ့ ကျွန်တော်တို့ရဲ့ဘ၀ကို လျစ်လျူရှုမထားဘဲ ပြန်လည် ကြည့်ရှုစောင့်ရှောက် ပေးပါရန် နိုင်ငံတော်သမ္မတကြီးထံ တင်ပြလိုက်ပါရစေခင်ဗျာ....

အုတ်စက်ရုံဝန်ထမ်းတစ်ဦး

တရားဥပဒေ စိုးမိုးရေး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို အကာအကွယ်ပြုပြီး တပ်မတော်ကို အခြေအမြစ် မရှိ အပုပ် ချစော်ကားသည့် THE LADIES ဂျာနယ်မှ မေဇင်အေးအား အရေးယူသင့်


အင်တာနက်ပေါ်တွင် အမည်မသိ ဒေါက်တာဆိတ်ဖွားဆိုသူ၏ ရေးသားချက်အား လွှတ်တော်တွင်း ထည့် သွင်း ဆွေးနွေး ကာ စုံစမ်းရေးကော်မရှင် ဖွဲ့ခဲ့သည်။ ဒေါက်တာ ဆိတ်ဖွား၏ ရေးသားချက်များသည် ယနေ့ ဂျာ နယ် များတွင် ဝေဖန် ဖော်ပြနေသည့် ဆောင်းပါးများ၊ ကာတွန်းများနှင့် နှိုင်းယှဉ်ပါက ပင်လယ်ထဲမှ လှေ တစ်စင်း ပမာဏသာ ရှိသည်။

ထို့အတူ အမည်မသိ အွန်လိုင်းသုံးသူများမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ များ၊ အပုပ်ချ မီဒီယာများအား တိုက် ခိုက်ရေးသားမှုများ ရှိသည်။ ထိုအရာများသည်လည်း အခြေအမြစ် မရှိ စွပ်စွဲချက်များ ဖြစ်ပါက၊ အ မည် မသိ အွန်လိုင်းဒီမို များမှ ပြန်လည် ချေပကြသည်။ အချို့မှာမူ ဆဲဆိုကြသည်။

သို့သော် ဒီမိုဖက်တီး၊ ခွန်ဒီးယမ်း အကောင့်ပိုင်ရှင် The Ladies ဂျာနယ်မှ မေဇင်အေး ဆိုသူသည် ကေ အိုင်ေ အ နှင့် ဖြစ်ပွားသော စစ်ပွဲများအတွင်း ကချင်နှင့်အစိုးရ အကြား အကြည်ညိုပျက်စေရန် လှုံ့ဆော်စာ များ ရေးသား ခြင်း၊ နိုင်ငံတော် အလံအား ခြေဖြင့် နင်းကြသည်ကို ထောက်ခံပေးခြင်း၊ ကလေးစစ်သားများ အသုံးပြု သည်ဟု ဂျာနယ်တွင် ဓာတ်ပုံ လိမ်လည် ဖော်ပြခြင်း၊ မီဒီယာ စာမျက်နှာများ တိုက်ခိုက်ခံရမှုတွင် နေပြည်ေ တ်ာမှ တိုက် ခိုက်သည်၊ စစ်တပ်မှ တိုက်ခိုက်သည်ဟူသော အသုံးအနှုံးများဖြင့် စွပ်စွဲဖော်ပြခြင်း တို့ကို ပြုလုပ်လျှက် ရှိသည်။

အဆိုပါ အကောင့်ပိုင်ရှင်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သွားလာလှုပ်ရှားမှုများကို ဓာတ်ပုံများဖြင့် အဓိက ဖော်ပြ ပြီး၊ ၄င်း၏ facebook profile ဓာတ်ပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံသုံးကာ အကာအ ကွယ် ယူလျှက် ရှိသည်။

တပ်မတော် ဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၇)တွင် ထည့်သွင်းထားသည့် မြန်မာ တည် သရွေ့ မပျောက်ပျက်သော အဖွဲ့အစည်းဖြစ်သည်။ ထို အဖွဲ့အစည်းအား ယခုကဲ့သို့ ပြည်သူနှင့် အထင် အမြင် လွဲမှားစေရန် မီဒီယာ အသိုင်းအ၀ိုင်းမှ ဂျာနယ် အယ်ဒီတာ တစ်ဦးမှ လုပ်ဆောင်ခြင်းမှာ မဖြစ် သင့် ပါ။ ထိုသို့ လုပ်ဆောင်ချက်များကို အရေးမယူပါက တာဝန်ရှိသူများကို အပုပ်ချ စွပ်စွဲမှုများအား အရေးမယူ နိုင် သည့်အပြင်၊ တရားဥပဒေ စိုးမိုးမှုကိုလည်း ထိခိုက်စေပါသည်။ ထိုထက် ပိုဆိုးသည်မှာကား ဒေါ်အောင်ဆန်း စုကြည် ဓာတ်ပုံတင်၍ ပြောချင်ရာပြော၊ စွပ်စွဲချင်သူကို စွပ်စွဲပါက ဥပဒေအထက်တွင် ရောက်နေသကဲ့သို့ ဖြစ်ပြီး အီလက်ထရောနစ် ဥပဒေများကို စိန်ခေါ်ရာ ရောက်ပါသည်။

တာဝန်ရှိသူများ အနေဖြင့် ယခုကဲ့သို့ လူသိ၊သူသိ အပုပ်ချ တစ်ယောက် အား စံပြ အရေးမယူနိုင်ပါက အမည် မသိများကို စုံစမ်းထောက်လှမ်းရန် ဝေးစွ။ အသုံးမကျသည့် ဥပဒေစိုးမိုးရေး ဆောင်ရွက်သူများ အနေဖြင့် ပြည်သူ လူထုမှ သတ်မှတ်သွားနိုင်ပါကြောင်း ဆန္ဒအမှန်ဖြင့် ဖော်ပြလိုက်ပါသည်။

ဖုန်း Sim Card များအလားကားပေးမည့် Red Link က ရွှေပြည်တံခွန်ထက် တစ်လှမ်းသာ

ဟိုးတုန်းက ကြားဖူးခဲ့တာက ဦးနာအောက်တို့ အမျိုးသားရေး စိတ်ဓာတ်နဲ့ အပြိုင် အဆိုင် ဈေးလျော့ကြတာ။ နောက် မကြာခင် အာလူးကြော်တစ်ထုပ်ဝယ်ရင် ဖုန်းကတ် လက်ဆောင်ပေးတဲ့ သူများနိုင်ငံ အကြောင်း၊ နောက်တော့ ၅ ထောင်တန် ဖုန်းကတ် ထုတ်မည့် ရွှေပြည်တံခွန်၊ ယခုတစ်ဖန်တော့ Red Link က အိမ်တိုင်ရာရောက် အလကားပင် လိုက်ဝေပေးအုံးမတဲ့။ စောစောက ဘာလို့ မလုပ်ကြပါလိမ့်

အဖြူရောင် သစ္စာ မှ ဓာတ်ပုံကူးယူသည်။

ထမင်းတစ်နပ် လျော့စားဆိုသည့် လယ်ဆယ်ဝန်ကြီးကို သမ္မတ ခေါ်ယူ သတိပေး

လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်မှ ဓနုဖြူမြို့နယ်၌ လယ်သမား များနှင့်တွေ့ဆုံစဉ် တောင်သူများ အနေဖြင့် အကြွေးကျေနိုင်စေရန် တစ်ရက်လျှင် ထမင်းတစ်နပ်လျှော့စား သင့်သည့်အပြင် အကြွေးမကျေပါက နောင် သံသရာတွင် ကျွန်ဖြစ်နိုင်ကြောင်း ပြောဆိုမှုနှင့် ပတ်သက် ၍ နိုင်ငံတော် သမ္မတက ခေါ်ယူ သတိပေးခဲ့ သည့် အပြင် နောင်ကာလများတွင် ဦးမြင့်လှိုင်၏ ယခု ကဲ့သို့ ပြောဆိုခြင်းများမပြုလုပ်ရန် ညွှန်ကြား သွား မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ပြောကြားသည်။

လယ်/ဆည် ဝန်ကြီးဦးမြင့်လှိုင်သည် ပြီးခဲ့သည့် ၂၀၁၂ မတ်လပိုင်းတွင် Hot News ပါအင်တာဗျူးတစ်ခုတွင် လွှတ်တော်အား စော်ကားပြောဆိုမှုနှင့် ပတ်သက်၍ လွှတ်တော်စည်းဝေးပွဲ တစ်ခုတွင် ပြန်လည်ဝန်ချတောင်း ပန်ခဲ့ရပြီး ယခုကဲ့သို့ ပြောဆိုမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ထမင်းတစ်နပ် လျော့စားဆိုသည့် လယ်ဆယ်ဝန်ကြီးကို သမ္မတ ခေါ်ယူ သတိပေးကြောင်း ပြည်တွင်း ဂျာနယ် တစ်ခုတွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်။

HRWDN မှ ဧရာဝတီတိုင်းအတွင်း လယ်မြေသိမ်းခံရခြင်းများကို စုံစမ်းဖော်ထုတ်ပြီ


ဧရာဝတီတိုင်းအတွင်းတွင် လယ်မြေသိမ်းခံရခြင်းနှင့် အင်းပြဿနာများ ကို လူ့အခွင့် အရေးစောင့်ကြည့် ကာကွယ်ရေး ကွန်ယက်(HRWDN)မှ စစ်တမ်းေ ကာက် ယူပြီး တိုင်းဝန်ကြီးချုပ်ထံသို့ တင်ပြသွား မည် ဖြစ်ကြောင်း သိရှိရသည်။ လူ့အခွင့်အရေးေ စာင့်ကြည့် ကာကွယ်ရေးကွန်ယက် (HRWDN) သည်ဖေဖော်ဝါရီလ (၃)ရက်နေ့မှ စတင်ကာ လယ်မြေ အသိမ်းခံရသည့် လယ်သမားများနှင့် အင်းပြဿနာများကို ရေလုပ်သားများထံ မေးမြန်း စုံစမ်းလျက်ရှိသည်ဟု အဆိုပါ ကွန်ယက်ကို ဦးဆောင်သူ ဦးမြင့်နိုင် ကဆိုသည်။

“ လယ်မြေ အသိမ်းခံခဲ့ရလို့ လူမှုစီးပွား ဘ၀ပျက်စီးခဲ့ရတယ်။ လယ်သမား ၊ ရေလုပ်သားတွေ အသုံးပြုနေတဲ့ ရိုးချောင်း၊ တာပေါက်တာကျင်း၊ တူးမြောင်းတွေနဲ့ ချောင်းတွေကို ဂရန်အဖြစ်ချထားတယ်၊အင်းပြဿနာတွေ ကို စစ်တမ်းကောက်ယူပြီး တိုင်းအဆင့် လူကြီးတွေဆီကို တင်သွင်း ပေးသွားမှာပါ” ဟု လူ့အခွင့် အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ယက်မှ ကိုမြင့်နိုင်က ပြောသည်။

ဧရာဝတီတိုင်းအတွင်း ၈၈ခုနှစ်နောက်ပိုင်း သိမ်းယူခြင်းခံခဲ့ရသည့် လယ်ယာမြေ ဧက တစ်သိန်းကျော် ရှိပြီး အင်းပြဿနာများလည်းနှစ်စဉ်ဖြစ်ပေါ်နေလျက်ရှိပြီး လယ်လုပ်ကိုင်သူများမှာ ကြုံရာကျပမ်း လုပ်ကိုင် စားသောက်နေရသည်ဟု လယ်မြေအသိမ်းခံခဲ့ရသူများထံမှ သိရှိရသည်။

“လယ်တွေ အသိမ်းခံခဲ့ရတုန်းကဆို အငတ်ငတ်အပြတ်ပြတ်နဲ့ ကျွန်တော့ မိန်းမရဲ့ ဆံပင်တောင် ရောင်းပြီး ထမင်းတနပ်ကို ဖန်တီးခဲ့ရတယ်၊ ကျွန်တော့်သမီးလေးဆို ကျောင်းနေတဲ့ အရွယ်လေးနဲ့ အခုချိန်ထိ သူများအိမ်မှာ အိမ်ဖော်အဖြစ် လုပ်နေရတုန်းပါပဲ”ဟု ၀ါဝါ၀င်းကုမ္ပဏီမှ လယ်(၃၅)ဧက သိမ်းယူခြင်းခံခဲ့ ရသော ညောင်တုန်းမြို့နယ်၊ ငှက်ပျောကျွန်း ကျေးရွာမှ ဦးစိုးအောင်က ပြောသည်။

ဧရာဝတီတိုင်းအတွင်း ချောင်းသာ နှင့် ငွေဆောင်တို့မှာ လယ်မြေအသိမ်းခံရခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး ကျုံပျော် ၊ ကျောင်းကုန်း ၊ ပန်းတနော် ၊ ဘိုကလေး နှင့် ညောင်တုန်းမြို့နယ်တို့တွင် အင်းပြသာနာများ ရှိနေ သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

“အင်းပြဿနာတွေဖြစ်ရတာက ငါးလုပ်ငန်းဦးစီးဌာနကြောင့်ပဲ၊ လယ်တွေရေသွင်းရေနှုတ် ကောင်းအော င် ဖောက်ပေးထား တဲ့ ချောင်းတွေမြောင်းတွေကို အင်းဂရန်အဖြစ်ချထားပေးတယ် ၊အင်းဥပဒေတွေက လည်း ၉၁ခုနှစ်ရေချို ငါးလုပ်ငန်းဥပဒေဆိုရင် ကိုယ့်လယ်ထဲမှာကုန်းကုန်းကွကွလုပ်လို့ အဖမ်းခံခဲ့ရတဲ့ လယ်သမားတွေ အများကြီးပဲ” ဟု HRWDNမှ ကိုထွန်းထွန်းဦးက ပြောသည်။

ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ စပါးကျီအဖြစ်တင်စားခြင်းခံထားရပြီး အင်းအရေအတွက်အားဖြင့် ၄၇ ရာခိုင်နှုန်းခန့် လုပ်ကိုင်နေသည့် တိုင်းဖြစ်သည်။

Myit Makha Mediagroup

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားကချင်ပြည်နယ်သို့ရောက်ရှိ


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာဘီဂျေနမ် ဘီးယား သည် ပြည်ထောင်စု ၀န်ကြီး နှစ်ဦးနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိ စစ်ဘေးဒုက္ခ သည်စခန်းများ သို့ သွားရောက်ပြီး ဒုက္ခသည် များနှင့် တွေ့ဆုံမည်ဖြစ်ကာ ထို့နောက် အရပ်ဖက်အဖွဲ့ အစည်း များနှင့် တွေ့ဆုံ မည်ဖြ စ်ကြောင်းသတင်းရရှိသည်။

မစ္စတာ ဘီဂျေနမ်ဘီး ယားနှင့်အတူ နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ တို့လည်း ကချင်ပြည် နယ် မြစ်ကြီးနားမြို့ သို့ ရောက် ရှိနေခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတက နိုင်ငံတကာအဖွဲ့အစည်းများအား ကချင်ပြည်နယ်သို့ လူသားချင်း စာနာထောက်ထားသော အကူအညီများ ခွင့်ပြုလိုက်ပြီဖြစ်ပြီး အကူ အညီပေးမည့် အဖွဲ့အစည်း များလုံခြုံရေးကို အစိုးရနှင့် ကေအိုင်အေ နှစ်ဖက်စလုံးက တာဝန်ယူပေး ရမည်ဟု သမ္မတ ကပြောကြားကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်။

7 Days

ဦးမင်းကိုနိုင်တို့ အနေဖြင့် စတက္ကသိုလ်ဘွဲ့ရများကို ဝေဖန်မည့်အစား မိမိကိုယ်တိုင် ဘွဲ့တစ်ခုအရင်ရအောင် ကြိုးစားပါ


အသက် ၅၀ အရွယ် ဘွဲ့မရသေးသည့် ဦးမင်းကိုနိုင်မှ စစ်တက္ကသိုလ်မှ ဘွဲ့ရများအား စိန်ခေါ်ကြောင်း စာပေဟောပြောပွဲတွင်ပြောဆိုလိုက်ပါတယ်။ ဦးမင်းကိုနိုင်၏ ပြောဆိုချက် အပြည့်အစုံမှာ “ ပြင်ဦးလွင်စစ်တက္ကသိုလ်က ရတဲ့ ဘွဲ့ကပဲ လူလုပ်လို့ ရတာလား။ တိုင်းပြည်ကြီးကို သူတို့ပဲ ထာဝရ ထိန်းကျောင်းကိုင်တွယ်နိုင်သတဲ့လား။ အရပ်သားတက္ကသိုလ်တွေက ထွက်တဲ့ ဘွဲရတွေ က ဘယ်တော့မှ တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရတော့ဘူးလား အရည်အချင်းမရှိဘူးလား" ဟု ပြောဆိုခဲ့သည်။

စာပေဟောပြောပွဲလာရောက်နားထောင်သူ မူလတန်းပြ ဆရာတစ်ဦးမှ ဦးမင်းကိုနိုင်၏ စိန်ခေါ်သံနှင့်ပတ်သက်၍ ၎င်း၏ အမြင်ကို ယခုလိုပြောပါတယ်

"ပြောတာကတော့ စေတနာနဲ့ပေါ့နော်.. ဒါပေမယ့် အစိုးရမကောင်းကြောင်းတွေက များနေတယ်ဗျ... အစိုးရမကောင်းပြောနေတာနဲ့ တိုင်းပြည်က တိုးတက်လာမှာမှ မဟုတ်တာ.. ပြောနေမယ့်အစား ကိုယ်တိုင်လက်တွေ့ လုပ်နိုင်သလောက်လုပ်ဖို့က အဓိကလေ... နောက်တစ်ခုက ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ထိခိုက်ပြောတာ၊ ကျောင်းနာမည်နဲ့ တပ်ပြီး ပြောတာကျတော့ မဖြစ်သင့်ဘူးထင်တယ်လေ... " ဟု ပြောဆိုခဲ့သည်။

ဦးမင်းကိုနိုင်ရဲ့ ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်တက္ကသိုလ်ဆင်း ရုရှားနိုင်ငံတွင် ပါရဂူ ဘွဲ့လွန် သင်တန်း တက်ရောက်နေသော ကျောင်းသားတစ်ဦးအား မေးမြန်းကြည့်ရာ ဦးမင်းကိုနိုင်တို့နှင့် ယှဉ်ပြိုင်ပြောဆိုလိုစိတ်မရှိကြောင်း၊ ကိုယ့်ကျောင်းသာတယ်၊ သူ့ကျောင်းသာတယ် ပြော ဆိုနေခြင်းက မူလတန်းကျောင်းသား အဆင့်မှာသာ ရှိသင့်ကြောင်း၊ ယခု ကမ္ဘာကချီးကျူးနေ သည့် သမ္မတကြီးဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးစိုးသိန်း တို့အားလုံးမှာ စစ်တက္ကသိုလ်ဘွဲ့ရ များဖြစ်ကြောင်း၊ ဦးမင်းကိုနိုင်တို့ အနေဖြင့် စတက္ကသိုလ်ဘွဲ့ရများကို ဝေဖန်မည့်အစား မိမိ ကိုယ်တိုင် ဘွဲ့တစ်ခုအရင်ရအောင် ကြိုးစားသင့်ကြောင်း ဖြေကြားခဲ့သည်။

ဒီကပါ။

SNLD ခေါင်းဆောင်များတက်ကြမည့် တောင်ကြီးဆွေးနွေးပွဲ

လာမည့်သောကြာနေ့ တောင်ကြီးမြို့တွင် ကျင်းပ မည့်"ငြိမ်းချမ်းရေး အတွက်ယုံကြည်မှု တည်ဆော က်ခြင်း" အမည်ရှိ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ထိပ် တန်းခေါင်းဆောင် များဖြစ်သော ခွန်ထွန်းဦး၊ စိုင်း ညွန့်လွင်တို့ တက်ရောက် မည်ဖြစ်ကြောင်း သိရ သည်။ ဤ ဆွေးနွေးပွဲမျိုးကို ရန်ကုန်တွင် ပထမဦး ဆုံး ကျင်းပစဉ်က ရှမ်းအဖွဲ့ အစည်းတွေသာ ပါဝင် ခဲ့ကြောင်း၊ ယခု ဆွေးနွေးပွဲတွင်မူ ရှမ်းပြည်နယ်ရှိ အရပ်ဖက် လူ့အဖွဲ့အစည်းများ ၊ နိုင်ငံရေးသ မားဟောင်း များ၊ အင်း၊ ဓနု၊ ပအိုဝ်း၊ ကယန်း၊ ရှမ်း၊ အစရှိသည့် တိုင်းရင်းသားများ ပါဝင် နိုင်ရန် ရည်ရွယ်ပြီး တိုင်း ရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြ သည့်တောင်ကြီး မြို့တွင်ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့မှ ကိုညီညီမိုးက ပြောသည်။

ဲငြိမ်းချမ်းရေး ပျက်ပြားနေခြင်းမှာ ယုံကြည်မှု ပျက်ပြားသောကြောင့်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲကို SNLD နှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း ကိုညီညီမိုး ကပြောသည်။

စစ်ပွဲများ ရပ်ဆိုင်းစေရန်၊ လူထု တောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင် စု ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များလည်း ပါဝင်ကြောင်း SNLD မြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့် (ခ) စိုင်းခမ်းပိုင်ဖက ပြောသည်။

လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး ယူထားသည် ဆိုသော်လည်းငြိမ်းချမ်းရေးအစစ်အမှန် မရရှိသေးဘူးဟု မိမိ ထင်မြင်ယူဆကြောင်း၊နောင် တချိန်တွင် တိုင်းရင်းသား ပြည်သူတရပ်လုံးပါဝင်မည့်ဆွေးနွေးပွဲ ပြုလုပ် သွားရန် ရည်ရွယ်ထားကြောင်း သူက ဖြည့်စွက်ပြောကြားသည်။

တောင်ကြီးမြို့ ဆွေးနွေးပွဲကို ရှမ်းစာပေ နှင့် ယဉ်ကျေးမှု အသင်းခန်းမတွင် ကျင်းပရန် စီစဉ်နေကြသည်။

ဧရာဝတီ

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် MTV EXIT က စီစဉ်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် MTV EXIT Live in Myanmar ဂီတဖျော်ဖြေပွဲကို Channel 7 နှင့် MRTV-4 ရုပ်သံလိုင်းတို့မှ ထပ်မံ ထုတ်လွှင့်ပြသသွားမည်

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် MTV EXIT က စီစဉ်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် MTV EXIT Live in Myanmar ဂီတဖျော်ဖြေပွဲကို Channel 7 နှင့် MRTV-4 ရုပ်သံ လိုင်းတို့မှ ထပ်မံ ထုတ်လွှင့်ပြသသွားမည် ဖြစ် သည်။ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြု လုပ်ခဲ့သည့် အဆိုပါ ဂီတဖျော်ဖြေပွဲ မှာ ပရိသတ် စိတ်ဝင်တ စားဖြင့် အားပေးမှုရှိခဲ့ပြီး လူပေါင်း ၇၀,၀၀၀ ကျော် လာရောက်ခဲ့ကြကြောင်း MTV EXIT ၏ စာရင်းအရ သိရှိရသည်။

Channel 7 နှင့် MRTV-4 တို့မှ MTV EXIT Live in Myamar ဂီတဖျော်ဖြေပွဲကို အောက်ပါအစီအစဉ်အတိုင်း ထုတ်လွှင့်ပြသမည် ဖြစ်သည်။

Channel 7

- ဖေဖေါ်ဝါရီ ၉ ရက်၊ စနေနေ့၊ ည ၇း၀၀ မှ ၉း၀၀။
- ဖေဖေါ်ဝါရီ ၁၇ ရက်၊ တနင်္ဂနွေနေ့၊ ည ၇း၀၀ မှ ၉း၀၀။

MRTV-4

- ဖေဖေါ်ဝါရီ ၁၀ ရက်၊ တနင်္ဂနွေနေ့၊ ည ၈း၁၅ မှ ၉း၅၅။

Planet Myanmar Network

နှစ်ဖက် ဖောက်မြင်နိုင်သော မျက်နှာပြင်သုံး စမတ်ဖုန်း ထိုင်ဝမ်တွင် တီထွင် အောင်မြင်

ထိုင်ဝမ်မှ Polytron အမည်ရ နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုက ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ဟိုဘက်၊ ဒီဘက်   နှစ်ဖက် စလုံး ထိုးဖောက်မြင်နိုင် တဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ မှန်သားပြင် ဖြစ်ပြီး LED မျက်နှာပြင်ထဲက အတိုင်းပ ရုပ်ပုံတွေကို ကြည်ကြည်လင်လင် ပြတ်ပြတ် သားသား မြင်တွေ့ ရ မှာ ဖြစ်ပါတယ်။ ထိုင်ဝမ်နိုင် ငံမြောက်ပိုင်း Taoyuan မြို့ မှာ ပြသခဲ့ပြီး ယင်းကဲ့သို့ အမျိုးအစား စမတ်ဖုန်း ထုတ်လုပ်မှုကို စတင်ကြိုး ပမ်းနေပြီလို့ ဖြစ်ပါတယ်။ Prototype အနေနဲ့ ပြသ သွားတဲ့ ယင်းမှန်သားပြင် စမတ်ဖုန်းတောင် UI စုံစုံလင်လင် ပါရှိ တာ မြင်တွေ့ခဲ့ရပြီး မဝေးတော့တဲ့ အနာဂတ်မှာ transparent smartphone များ ရေပန်းစား လာတော့မယ်လို့ ခန့်မှန်းထားကြ ကြောင်း သိရပါတယ်။

ဒီကပါ။

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှု အသိပေးခြင်း

(၁) ယနေ့ နံနက် (၉း၃၀) မှ (၁၀း၀၀) နာရီအတွင်း (US, Malaysia, Russia)အိုင်ပီလိပ်စာများမှတစ်ဆင့် DDoS Request များ ပေးပို့ခြင်းဖြင့် စတင် တိုက်ခိုက်ခဲ့သည်။

(၂) နံနက်(၁၁း၁၀) တွင်လည်း ထပ်မံ တိုက်ခိုက်လာခဲ့သည်။

(၃) နံနက်(၁၁း၅၃) နာရီတွင်လည်း IP-74.220.202.199 မှလည်း DDoS Request သိန်းနှင့်ချီ၍ တိုက်ခိုက်လာခဲ့သည်။

(၄) သို့ဖြစ်ပါ၍ လက်ရှိ တိုက်ခိုက်ခံနေရသည့် ကာလအတွင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်အား ကြည့်ရှုရာတွင် အဆင်မပြေမှုများ ကြုံတွေ့နိုင်ပါ၍ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(၅) ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လိုအပ်သည့် လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

------------------------------------------------------------------------

မှူးဇော် Facebook မှ

မြောက်ဦးတွင်ရှေးဟောင်းဘုရား(၂)ဆူ အမှတ်မထင်တွေ့ ရှိ

(၂၀.၁.၂၀၁၃)နေ့ ခန့် လောက်က ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ ၊ ကိုးသောင်း ပုထိုးတော်ကြီး အနီးရှိ မောင်သာ ကုန်းရွာ အနီး တွင် ရှေးဟောင်းဘုရား(၂)ဆူကို ကလေးငယ်တစ်ဦးက အမှတ် မထင် တွေ့ ရှိ ခဲ့ကြောင်း သိရသည်။အသက်(၁၀)နှစ်ကျော် ရှိသေးသည့် ထိုကလေးငယ်သည် ငှက်ပစ်သွားရာမှ ချုံပုတ် ထဲ ရှိ ဘုရား(၂)ဆူအား အမှတ်မထင်တွေ့ ရှိခဲ့ ကြောင်းသိရသည်။ ထိုဘုရား(၂)ဆူလုံးလက်ထဲတွင် ပန်း(၁) ပွင့် စီ ပါရှိပြီး ပလ္လင်ပတ်လည်တွင် တိရစ္ဆာန်ပေါင်းစုံ၏ရုပ်ပုံများ ပါဝင်နေကြောင်း သိရသည်။

ထိုဘုရား၏သမိုင်းရာဇ၀င်အား တိတိကျကျ မသိသေးသောကြောင့် .........

ယခုအခါထိုဘုရား(၂)ဆူ၏ဘွဲ့ အမည်နာမအား ပေါ်တော်မူဘုရားဟု ပေးအပ်ပူဇော်ထားပြီး ရွာသူ၊ရွာသား များနှ င့် ဌာနဆိုင်ရာမှလူကြီးပူးပေါင်း၍ ပြုပြင်ပူဇော်နေကြောင်းလည်း သိရှိရပါသည်။

http://maruthura.blogspot.com/

မလေးရှား မည်သည့်နေရာတွင်မဆို တွေ့ရှိပါက အကြောင်းကြားပေးကြပါ

သူငယ်ချင်းများအားလုံး မင်္ဂလာပါလို့နှုတ်ခွန်း ဆက်သရင်း ကူညီပြီး share ပေးကြပါလို့ ကျွန်တော်မေတ္တာရပ်ခံအပ်ပါသည်.ဒီပုံပါသူမ မလှလှဝင်း (မှတ်ပုံတင်နံပါတ်-၅/ရဥန(နိုင်) ၀၂၀၀၇၈. စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊ ရွာသာလေးကျေးရွာ မှသည် မလေးရှားနိုင်ငံသို့ (၃)လပိုင်း၂၀၁၂ ၀န်းကျင်မှရောက်ရှိပါသည် သူသည် ဆေးမအောင်သဖြင့် ကျွန်တော်တို့ အီပို့မြို့သို့ အလုပ်ပြောင်းခဲ့ပါသည်. အလုပ် မကောင်းလို့ မြန်မာရှိသော (ဧဂျင့်)တခုကို အကူညီတောင်းခဲ့ပါသည် .ပြောင်းတော့ပေး ပါသည် နောက်ရက် ဖုန်းကိုခေါ်လို့မရတော့ပါဘူး (ဧဂျင့်)ကိုသွားမေးတော့လဲ အလုပ်ခွင်မှာ ဖုန်းမပြောရဘူးဆိုပြီး ဖုန်းသိမ်းထားလို့ လို့ပြောပါ တယ် မင်းတို့အဒေါ်ရှိပါတယ်လို့ပြောပါတယ်   နောက်ကြာလာတော့ ငါတို့တွေ့ချင်တယ် ခေါ်ပေး ပါလို့ပြောတော့ မအားသေးလို့ ခေါ်ပေးပါ မယ်ပြောပြီး   နေ့ရွှေ့ညရွှေ့နှင့် ကျွန်တော်တို့မှာလဲ လက်ထဲမှာဘာမှမရှိတော့ ဘာမှလဲလုပ်လို့မရဘူး ဘာလုပ်ရမှာမှန်းလဲမသိပါဘူး သူ့တူတစ်ယောက်ဆို ရဲစခန်းကိုသွားတိုင်တော့လဲ စကားက လဲကောင်းကောင်းမပြောတက်နဲ့ နောက်ပြီး ရဲများနှင့်(ဧဂျင်း)များကလဲ လက်ပေးလက်ယူတွေ ကလဲရှိထားကြတယ်ထင်တယ် (ဧဂျင်း)ကိုသိရက်သားနှင့်တောင် လိုက်ပြီးမေမြန်းမပေးကြဘူး..သူမလဲ ဘယ်ရောက်လို့ရောက်နေမှန်းလဲမသိတော့ပါဘူးဗျာ. နောက်ဆုံး ကျွန်တော်ပြောချင်တာကတော့ မလေးရှား အီပို့မြို့ တစ်ခွင်နှင့် မလေးရှား မည်သည့်နေရာတွင်မဆို တွေ့ရှိပါက အကြောင်းကြားပေး ကြပါလို့ မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ...ဆက်သွယ်ရမည့်သူများ.မလှလှဝင်း ၏တူ မောင်ကျော်နိုင် ဖုန်းနံပါတ်/0103963336..ညီဖြစ်သူ မောင်ဝေဖြိုး ဖုန်းနံပါတ်/0103979775..ကျွန်တော် ကိုကျော် ဖုန်းနံပါတ်/0165510273...share ပေးကြပါနော်.....ကျေးဇူးတင်ပါသည်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် မိုးသည်းထန်မှုကြောင့် နေအိမ်များပျက်စီး


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ညက မိုးသည်းထန်ပြီး ကြီးမားတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် နေအိမ်တွေ အတော်များများ ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၅ နာရီခွဲလောက်ကနေ မိုးစရွာတာ အရွယ်အစားကြီးတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် အုတ်ကျွတ်မိုးတဲ့အိမ်တွေရော၊ သွပ်မိုးအိမ်တွေပါ ခေါင်မိုးတွေ ပေါက်ထွက်ပြီး အိမ်ခြေတော်တော်များများ ပျက်စီးသွားတယ်လို့ ကတ်တောဝ်ကျေးရွာက ရွာသားတဦးက ပြောပါတယ်။

“မနေ့ညက မိုးရွာတော့ တဒုတ်ဒုတ်အသံတွေပါ ကြားရတယ်။ အစကတော့ အိမ်ကိုခဲနဲ့ အပေါက်ခံရတယ် ထင်နေတာ၊ နောက်တော့ မိုးသီးတွေ ဖြစ်နေတယ်။ တအားကြီးတာပဲ၊ ဒီလောက်ကြီးနဲ့ မိုးသီးမျိုး တခါမှမတွေ့ဖူးဘူး၊ ပန်းသီးလောက်ကြီးတာလည်း ရှိတယ်။ အာလူးလောက်ကြီးတာလည်း ရှိတယ်။ မိုးသီးကျတာက ၁၅ မိနစ်လောက်ပဲ ကြာမယ် ထင်တယ်။ ဒါပေမယ့် ကျနော်တို့ရွာမှာ အိမ်ခြေ ၃၀ လောက် ခေါင်မိုး ပေါက်ကုန်တယ်။”

မိုးကြီးတာကြောင့် လူကို ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် အိမ်တွေပြန်ပြင်ဖို့ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေ လာကြည့်တာ မရှိသေးပေမယ့် ကျိုင်းတုံမြို့ ရှမ်းလူငယ်အဖွဲ့တော့ ရွာမှာ ရောက်နေတယ်လို့ ရွာသားက ပြောပါတယ်။

ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းခမ်းကျောဝ်ကတော့ လောလောဆယ် ကွင်းဆင်း စစ်ဆေးနေတုန်းဘဲမို့ ပျက်စီးတဲ့အိမ်ခြေ အတိအကျမသိနိုင်သေးဘူးလို့ ခုလိုပြောပါတယ်။

“ဒီမှာကျတော့ အုပ်စုလိုက်က ၄ အုပ်စုလောက် ရှိတော့ ရွာပေါင်း ၅၀ ကျော် ၆၀ ပါဝင်သွားတယ်။ ကျေးရွာအုပ်စု ၄ စု နာမည်က ကတ်ထိုင်အုပ်စု၊ ၀ပ်ဆောင်းအုပ်စု၊ ကတ်တောင်ဝ်အုပ်စုနဲ့ ပင်းထောင်းအုပ်စု။ ကျနော်ရောက်နေတဲ့ ကတ်ထိုင်ရွာကတော့ အများစုတော့ အမိုးမကျန်တော့တာဖြစ်တယ်။ သွပ်တောင်ပေါက်သွားတယ်။ အိမ်ခြေ ၁၂၃ အိမ် ရှိတယ်။ အိမ်ခြေ ၃၀ ကျော်ကျော်လောက် ပျက်သွားတယ်။”

ကျိုင်းတုံမှာ ကြီးမားတဲ့မိုးသီးတွေ ကျတာ ဒါပထမဆုံးအကြိမ်ဘဲလို့ စိုင်းခမ်းကျောဝ်က ဆက်ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် မိုးသည်းထန်မှုကြောင့် နေအိမ်များပျက်စီး နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၄ ရက် ( တနင်္လာနေ့) ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ညက မိုးသည်းထန်ပြီး ကြီးမားတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် နေအိမ်တွေ အတော်များများ ပျက်စီးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၅ နာရီခွဲလောက်ကနေ မိုးစရွာတာ အရွယ်အစားကြီးတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် အုတ်ကျွတ်မိုးတဲ့အိမ်တွေရော၊ သွပ်မိုးအိမ်တွေပါ ခေါင်မိုးတွေ ပေါက်ထွက်ပြီး အိမ်ခြေတော်တော်များများ ပျက်စီးသွားတယ်လို့ ကတ်တောဝ်ကျေးရွာက ရွာသားတဦးက ပြောပါတယ်။

“မနေ့ညက မိုးရွာတော့ တဒုတ်ဒုတ်အသံတွေပါ ကြားရတယ်။ အစကတော့ အိမ်ကိုခဲနဲ့ အပေါက်ခံရတယ် ထင်နေတာ၊ နောက်တော့ မိုးသီးတွေ ဖြစ်နေတယ်။ တအားကြီးတာပဲ၊ ဒီလောက်ကြီးနဲ့ မိုးသီးမျိုး တခါမှမတွေ့ဖူးဘူး၊ ပန်းသီးလောက်ကြီးတာလည်း ရှိတယ်။ အာလူးလောက်ကြီးတာလည်း ရှိတယ်။ မိုးသီးကျတာက ၁၅ မိနစ်လောက်ပဲ ကြာမယ် ထင်တယ်။ ဒါပေမယ့် ကျနော်တို့ရွာမှာ အိမ်ခြေ ၃၀ လောက် ခေါင်မိုး ပေါက်ကုန်တယ်။”

မိုးကြီးတာကြောင့် လူကို ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် အိမ်တွေပြန်ပြင်ဖို့ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေ လာကြည့်တာ မရှိသေးပေမယ့် ကျိုင်းတုံမြို့ ရှမ်းလူငယ်အဖွဲ့တော့ ရွာမှာ ရောက်နေတယ်လို့ ရွာသားက ပြောပါတယ်။ ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းခမ်းကျောဝ်ကတော့ လောလောဆယ် ကွင်းဆင်း စစ်ဆေးနေတုန်းဘဲမို့ ပျက်စီးတဲ့အိမ်ခြေ အတိအကျမသိနိုင်သေးဘူးလို့ ခုလိုပြောပါတယ်။

“ဒီမှာကျတော့ အုပ်စုလိုက်က ၄ အုပ်စုလောက် ရှိတော့ ရွာပေါင်း ၅၀ ကျော် ၆၀ ပါဝင်သွားတယ်။ ကျေးရွာအုပ်စု ၄ စု နာမည်က ကတ်ထိုင်အုပ်စု၊ ၀ပ်ဆောင်းအုပ်စု၊ ကတ်တောင်ဝ်အုပ်စုနဲ့ ပင်းထောင်းအုပ်စု။ ကျနော်ရောက်နေတဲ့ ကတ်ထိုင်ရွာကတော့ အများစုတော့ အမိုးမကျန်တော့တာဖြစ်တယ်။ သွပ်တောင်ပေါက်သွားတယ်။ အိမ်ခြေ ၁၂၃ အိမ် ရှိတယ်။ အိမ်ခြေ ၃၀ ကျော်ကျော်လောက် ပျက်သွားတယ်။” ကျိုင်းတုံမှာ ကြီးမားတဲ့မိုးသီးတွေ ကျတာ ဒါပထမဆုံးအကြိမ်ဘဲလို့ စိုင်းခမ်းကျောဝ်က ဆက်ပြောပါတယ်။

DVB

ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်ကုမ္ပဏီ မြန်မာတွင် ဟိုတယ်ဖွင့်ရန် စီစဉ်


ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းအုပ်စုက ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဟိုတယ် လာရောက် ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။

တိုင်းပြည်အတွင်းမှာ ဟိုတယ်အခန်းပြတ်လပ်တာတွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေကြောင့် ရန်ကုန်၊ မန္တလေးမှာ ဟိုတယ်ဖွင့်လှစ်ဖို့ နေရာတွေကို စဉ်းစားနေတယ်လို့ ဘတ်စ် ၀က်ဒ်တမ်း အင်တာနေရှင်နယ် (Best Western International) အာရှနဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ လက်ထောက်အကြီးအကဲကို ကိုးကားပြီး ဘလွန်းဘတ် (Bloomberg) သတင်းက ရေးပါတယ်။

ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်း အသစ်တွေကြောင့် တိုင်းပြည်အတွင်းမှာ အခွင့်အလမ်းတွေ အများကြီး ရှိနေတယ်လို့ ဘန်ကောက်အခြေစိုက် လက်ထောက်အကြီးအကဲ ဂလင်းဒီဆူဇာ (Glenn de Souza) က ပြောပါတယ်။

ဒီဘက်စ်ဝက်စ်တမ်း ကုမ္ပဏီဟာ ကမ္ဘာတ၀န်းမှာ ဟိုတယ်ပေါင်း ၄,၀၀၀ ကျော်ရှိပြီးတော့ မြန်မာမှာ ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ လုပ်ပိုင်ခွင့်ပိုင်ဆိုင်မှုကိစ္စတွေကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာက ခရီးသွားဧည့်သည်တွေကလည်း မြန်မာကို လာရောက်နေတဲ့အတွက် လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ ဟိုတယ်အခန်း ပြတ်တောက်တာကို ဆိုးဆိုးဝါးဝါး ကြုံတွေ့ရမယ်လို့ လေ့လာသူတွေ က ပြောပါတယ်။

ခရီးသွားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ခရီးသွားလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးသက်လွင်တိုးက

“အဓိကက ဟိုတယ်လ်တွေက ဈေးတွေကို အာမခံမပေးနိုင်တာကလည်း တချက်ပေါ့။ နောက်တချက်က အေးဂျင့်တွေအနေနဲ့ စာချုပ်တွေ ချုပ်ထားပေမယ့်လည်း ” လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင် ဟိုတယ် အခန်းပေါင်း ၈ ထောင်ကျော်လောက်ရှိပြီး နေစဉ်ရန်ကုန်ကို နိုင်ငံခြား ခရီးသွား ၂ ထောင်လောက် အများဆုံးလာရောက်တဲ့အတွက် အခန်းတွေက လောက်ငပေမယ့် ၆ ထောင်ကျော်က ခရီးသွားဈေးကွက်ကို စိတ်မ၀င်စားဘဲ နေစဉ်အချိန်ပိုင်းနဲ့ လာရောက်တဲ့သူတွေကို ပိုစိတ်ဝင်စားတဲ့ အတွက် အခန်းလောက်ပေမယ့် အခန်းမပေးနိုင်ဘူးလို့ ဆိုပါတယ်။

ပျမ်းမျှဟိုတယ် အခန်းခတွေကလည်း ၂၀၀၈ ခုကနေ ၂၀၁၂ ခုနှစ်အတွင်း တဖြည်းဖြည်း မြင့်တက်ခဲ့ ပါတယ်။

နယ်စပ်က လာရောက်တဲ့သူတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ၂၀၁၂ က ခရီးသွား ၆ သိန်းနီးပါး လာရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်ထက် ၃ ဆနီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းပြည်အတွင်း ဟိုတယ်အရေအတွက်က ၂၇ ရာခိုင်နှုန်း နီးပါး မြင့်တက်ခဲ့ပြီး အလုံး ၈၀၀ လောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲအတွက် ပြင်ဆင် မှုနဲ့အတူ အစိုးရကလည်း ဧက ၂၀၀ ရှိတဲ့ ဟိုတယ်ဇုန်ကို ရန်ကုန်မှာ စီစဉ်နေပါတယ်။

ကြယ် ၄-၅ ပွင့် အဆင့်သတ်မှတ်ထားတဲ့ ဟိုတယ်တွေဟာ တည်းခိုစရိတ်ဟာ ဒေါ်လာ ၁၃၀ လောက် ရှိနေပြီး အရင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း တက်လာပါတယ်။

အင်ဒိုနီးရှားမှာ ဟိုတယ် ၁၅ လုံး၊ ထိုင်းမှာ ဟိုတယ် ၇ လုံးနဲ့ အာရှတခုလုံးမှာ ဟိုတယ် ၅၅ လုံးကို ၂၀၁၅ ခုနှစ် ဒုတိယ ၄ လပိုင်းမှာ ဖွင့်လှစ်ဖို့လည်း ကုမ္ပဏီက စီစဉ်နေပါတယ်။

DVB

အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲ သွားရန်ရှိ

မြန်မာနိုင်ငံရဲ့ အမျိုးသမီး များကို အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ဖို့ အတွက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေကြမ်းကို ရေးဆွဲသွားဖို့ ရှိတယ်လို့ လူမှု ၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနမှ ထုတ်ပြန်တဲ့ သတင်းများ အရ သိရပါတယ်။ အဆိုပါ ဥပဒေကြမ်း ကိုတော့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်ပြီး ကျား၊မ ရေးရာ တန်းတူ ညီမျှ ဖြစ်ရေး ကွန်ရက် အဖွဲ့နဲ့ ပူးပေါင်းပြီး ရေးဆွဲ လျက်ရှိနေ တယ်လို့ သိရပါတယ်။

အဆိုပါ ဥပဒေကြမ်း ထွက်ရှိ လာပါက ရပ်ရွာဒေသ အတွင်း အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု၊ အလွှဲ သုံးစားမှု ၊ လျစ်လျူရှုမှု၊ ခေါင်းပုံဖြတ်မှုများ အပြင် အိမ်အတွင်း အကြမ်းဖက်မှု ဖြစ်ရပ်များကို ကြိုတင် ကာကွယ် စောင့်ရှောက်ခြင်းနဲ့ ပြန်လည် ထူထောင် ပေးခြင်း စတဲ့ လုပ်ငန်းများကို ပိုမို ဆောင်ရွက် လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဥပဒေကြမ်းကို ရေးဆွဲရာ မှာလည်း မြန်မာနိုင်ငံရဲ့ တည်ဆဲ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပြည်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ၊ မျိုးဆက်ပွား ကျန်းမာရေး ဥပဒေများကို လေ့လာပြီး ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဆီယံ နိုင်ငံများနဲ့ အခြား ကမ္ဘာ့နိုင်ငံများမှာ ပြဌာန်း ထားတဲ့ အမျိုးသမီး ဆိုင်ရာ ဥပဒေများနဲ့ နှိုင်းယှဉ် သုံးသပ်ပြီး အမျိုးသမီး များအား အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေကို ပြဌာန်း ဆောင်ရွက်မှာ ဖြစ်ပြီး လက်ရှိမှာ အဆိုပါ ဥပဒေ ထွက်ရှိဖို့ အတွက် ကိုလည်း အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။



ဒီကပါ။

သူ့ကြောင့် ပြည်သူတွေဒုက္ခမရောက်စေချင်ဘူးလို့ ဦးဆန်းဆင့်ပြော


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးခန့်အပ်တဲ့ ကိစ္စကို အကြောင်းပြုပြီး ပေါ်ပေါက်နေတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေနဲ့ပတ်သတ်လို့ ဧရာဝတီတိုင်း လွှတ်တော် က ဖေဖော်ဝါရီ ၂ ရက်နေ့ရက်စွဲနဲ့ သဘောထားကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

သဘောထားကြေညာချက်ရဲ့ အဓိကဆိုလိုရင်းကတော့ လွှတ်တော် ဥက္ကဋ္ဌနဲ့ပတ်သတ်ပြီး မြို့နယ်အချို့မှာ ဆန္ဒဖော်ထုတ်ပွဲတွေလုပ်ခဲ့ကြသလို တချို့မြို့နယ်တွေလည်း ဆန္ဒဖော်ထုတ်ပွဲလုပ်ဖို့ ခွင့်ပြုမိန့်တောင်းခံ တာတွေ ရှိနေတာတွေ ကြားသိရပါတယ်တဲ့။

အဲ့လိုတွေ ဆန္ဒဖော်ထုတ်ကြရာမှာ ပြည်သူတွေဘက်က ဥပဒေနဲ့ မညီညွတ်တာတွေ ပြုလုပ်မိခဲ့လိုရှိရင် အရေးယူခံရတာ၊ ပြစ်ဒဏ်ကျခံရတာတွေ မဖြစ်စေလိုဘူး လို့ ရေးသားထားပါတယ်။

လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ပြည်သူများရဲ့ဆန္ဒအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး သူ့ အတွက်ကြောင့် ပြည်သူတွေအရေးယူခံရ၊ အချုပ်အနှောင် ခံရတဲ့ဒုက္ခတွေ မကြုံတွေ့စေလိုကြောင်း၊ ဒါကြောင့် ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲများနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူတွေကို ဥပဒေနဲ့မညီတဲ့ အပြုအမူတွေ မလုပ်မိစေရေးကို လွှတ်တော် ဥက္ကဋ္ဌကိုယ်စား မေတ္တာရပ်ခံပေးပါ ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့က ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ဦးဆန်းဆင့်ဟာ သရေစည်သူဘွဲ့ ချီးမြှင့်ခံထားရတဲ့ အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး လည်း ဖြစ်ပါတယ်။

သူ့ကိုဧရာဝတီတိုင်းမှာပဲဆက်ထားပေးဖို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပန်းတနော်မြို့မှာ လူ ၁၀၀၀ ကျော် ဆန္ဒပြခဲ့သလို အခုလ ၆ ရက်နေ့မှာလည်း ကျုံပျော်မြို့က ပြည်သူတွေ ဆန္ဒဖော်ထုတ်ကြမယ်လို့ သိရပါ တယ်။

အလားတူ တိုင်းဒေသကြီးအစိုးရအဖွဲ့တည်ရှိရာ ပုသိမ်မြို့မှာလည်း အခုလ ၇ ရက်၊ ၈ ရက်မှာ ဆန္ဒဖော် ထုတ် ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) က ခွင့်ပြုမိန့် တောင်းခံထားပြီး ပုသိမ်၊ သာပေါင်းနဲ့ ငပုတောက ရေလုပ်သားလယ်သမားတွေပါ ပူးပေါင်းပါဝင်ကြမယ်လို့ ဦးဆောင်သူတွေ က ပြောပါတယ်။

တဖက်မှာလည်း ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးခန့်ဖို့ လွှတ်တော်က အတည်ပြုထားပြီးပြီ ဆိုတော့ ဦးဆန်းဆင့်က ဧရာဝတီတိုင်းကပြည်သူတွေဆန္ဒအတိုင်းပဲ ဧရာဝတီတိုင်းမှာ ဆက်ရှိနေမလား၊ ဒါမှမဟုတ် သာသနာရေးဝန်ကြီးပဲ ဖြစ်သွားမလားဆိုတာတော့ သမ္မတဦးသိန်းစိန်ရဲ့ အဆုံးအဖြတ်အပေါ် မူတည်နေ ပြီ ဖြစ်ပါတယ်။




ဧရာဝတီ

ပြည်သူ့ တိုင်ကြားစာများ သက်ဝင်ရှင်သန်စွာ မဖြေရှင်းနိုင်သေး

ပြည်သူ့လွှတ်တော်သို့ ပြည်သူများမှ တိုင်ကြားစာများကို သက်ဝင်ရှင်သန်စွာ မဖြေရှင်းနိုင်သေးဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥက္ကဌ သူရ ဦးအောင်ကိုက ပြောသည်။

၎င်းက “ပြည်သူ့လွှတ်တော်ကို တိုင်ကြားထားတဲ့ အမှုတမှုမှ သက်ဝင်စွာ ဖြေရှင်းနိုင်မှု မရှိသေးပါဘူး။ အဲဒါကြောင့်ပြည်သူက ပေးထားတဲ့ တာဝန်ကို မကြေမှာဆိုးပါတယ် ” ဟုပြောခဲ့သည်။

ဖေဖော်ဝါရီ ၂ရက်နေ့ UMFCCI ပြုလုပ်သော ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာ ကော်မတီနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ရှေ့နေများကွန်ရက် တို့၏ ဥပဒေရေးရာ ဆွေးနွေးပွဲ တွင် သူရဦးအောင်ကိုမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုလို သက်ဝင်စွာ မဖြေရှင်းနိုင်သေးသော်လည်း ပြည်သူ့လွှတ်တော်တွင် တိုင်ကြားထားသော တိုင်ကြားစာ အစောင်တထောင်ခန့်ကို ပြန်လည်စီစစ်ထားကြောင်း သူရ ဦးအောင်ကိုမှ ဆက်လက်ပြောကြားသည်။

လက်ရှိပြည်သူ့လွှတ်တော်တွင် ပြည်သူများမှ တိုင်ကြားထားသော တိုင်ကြားစာမှာ အစောင် ၃၀၀၀ခန့် ရှိပြီး အဆိုပါအမှုများကို လွှတ်တော်အရပ်ရပ်သို့ ပေးပို့ထားကာ စိစစ်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သူရဦးအောင်ကိုမှ ပြောသည်။

“ ကျွန်တော်တို့ တာဝန်ထမ်းဆောင်သလောက် အရာမထင်သေးပါဘူး။ ပြည်သူ့လွှတ်တော်မှာတော့ ဒီမိုကရေစီ လမ်းစဉ်အတိုင်း ၇၅ရာခိုင်နှုန်းလောက် လျှောက်နေပါပြီ ” ဟု လွှတ်တော် တရားစီရင်ရေး ဥက္ကဌမှ ပြောသည်။

မြန်မာ ဆက်သွယ်ရေး ၀န်ကြီးဋ္ဌာနနှင့် သက်ဆိုင်သည့် အဂတိလိုက်စားမှုများအား စစ်ဆေးမှုများ ပြုလုပ်နေပြီး ပြည်သူ့လွှတ်တော်တွင် တိုင်ကြားစာများမှာ အဂတိလိုက်စားမှုနှင့် သက်ဆိုင်သော လဘ်ပေး လဘ်ယူမှုများ အများဆုံး ပါဝင်ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။

ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာသော ပြည်သူများ၏ တိုင်ကြားချက်များအား တရားစီရင်ရေးကော်မတီနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားပဒေစိုးမိုးရေး ကော်မတီ နှစ်ရပ်ပူးပေါင်းကာ စိစစ်ဖြေရှင်းမှုများ ပြုလုပ်နေသည်ဟု သူရဦးအောင်ကိုမှ ဆက်လက်ပြောကြားခဲ့သည်။

မဇ္ဈိမ

ငပုတောမှာ ၆ လအတွင်း ဆင် ၆ ကောင်အစွယ်ဖြတ်အသတ်ခံရ


ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်သစ်တောကြိုးဝိုင်းများ၌ ဆင်စွယ်မုဆိုများ၏ လက်ချက်ဖြင့် ပြီးခဲ့သည့် ၆ လအတွင်း ဆင် ၆ ကောင် အစွယ်ဖြတ် အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ငပုတောမြို့နယ် ဆင်မကြိုးဝိုင်းအတွင်း ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့က အစွယ်ဖြတ် အသတ်ခံ ထားရသည့် ဆင်တကောင် တွေ့ရှိခဲ့ရပြီး ယင်းမှာ ၆ လအတွင်း အသတ်ခံခဲ့ရသည့် ၆ ကောင်မြောက် ဆင်ဖြစ်ကြောင်း ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။

“ပြီးခဲ့တဲ့ ၆ လအတွင်း ဆင် ၆ ကောင် အသတ်ခံခဲ့ရပါတယ်။ ကျူးလွန်တဲ့ လူတွေကတော့ တနယ် တကျေး ကနေ နယ်ကျော်ပြီးလာလုပ်ကြတာပေါ့။ ဆင်သတ်ပြီး အစွယ်ဖြတ်တာကို အုပ်စုလိုက်ကျူးလွန်တဲ့ပုံစံ ဖြစ်နေတယ်။

ဒီပုံစံအတိုင်းသွားနေရင် တောတွင်းဆင်တွေအတွက် စိုးရိမ်စရာကောင်းတယ်”ဟု သူက ပြောသည်။ သစ်တောပြုန်းတီးမှုကြောင့် အစားအစာနှင့် နေစရာရှားပါးလာသည့်ဆင်များမှာ လူနေ ကျေးရွာများအနီး လာရောက်အစာရှာကြရာမှ ဆင်စွယ်မုဆိုးများလက်ချက်ဖြင့် သေဆုံးရခြင်း ဖြစ်ကြောင်း ဦးအေးကြည် ကဆိုသည်။

ဆင်သတ်မှုများမှာ ယမန်နှစ်သြဂုတ်လက စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး တောဆင်များ အသတ်ခံနေရသည့် ကြိုးဝိုင်းများမှာ ငပုတောမြို့နယ်ရှိ ဆင်မ၊ မြစ်တရာနှင့် ဆင်မှုံ ကြိုးဝိုင်းများ ဖြစ်သည်။

ကြိုးဝိုင်းအနီးရှိ တောကြီး၊ စမ်းကြီး၊ တောင်ချောင်းနှင့် ပိုးလောင်းရွာများအနီးတွင် ခေါင်းပြတ်နေသည့် ဆင်သေများ တွေ့ခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံးအသတ်ခံခဲ့ရသည့်ဆင်မှာ အသက် ၄၀ ခန့်ရှိသည့် ဆင်အမဖြစ်ပြီး အဆိပ်ရှိသည့် မြှားဒဏ်ရာဖြင့် သေဆုံးသည်ဟု ယူဆရကြောင်း ငပုတောမြို့နယ် တိရိစ္ဆာမွေးမြူရေးနှင့် ကုသရေးဌာန ဦးစီးမှူး ဒေါက်တာမြင့်သန်းက ပြောသည်။

“ဆင်က နှာမောင်းပြတ် နေတာတွေ့ရတယ်။ သေရတဲ့ဒဏ်ရာကတော့ တင်ပါး ဘယ်ဘက်ခြမ်းမှာ လှီးဖြတ် ထားတဲ့ နေရာရှိပြီးတော့ အဲဒီမှာအပေါက်တပေါက်တွေ့တယ်။ ကျနော်တို့အနေနဲ့ အဲဒီအပေါက် ကို မြှားဒဏ်ရာလို့ ယူဆတယ်။

တခြားနေရာတွေမှာတော့ ဒဏ်ရာ မတွေ့ရဘူး။ ဖြစ်နိုင်ခြေကတော့ အဆိပ်ကြောင့် သေဆုံးတယ်လို့ ယူဆရတယ်”ဟု သူက ပြောသည်။ “အခုအသတ်ခံလိုက်ရတဲ့ ဆင်မကြီးမှာ နို့တိုက်လက်စကလေးတွေ ရှိပုံရတယ်။ နို့တွေညှစ်ကြည့်တော့ နို့တွေထွက်နေတုန်းပဲ။

ကျနော်တို့က တိရိစ္ဆာန်ဆရာဝန်ဆိုတော့ ကျနော်တို့ချစ်တဲ့ တောရိုင်းတိရိစ္ဆာန်တွေ အခုလိုအသတ်ခံ ရတာမြင်တော့ အရမ်း စိတ်မကောင်း ဖြစ်မိတယ်ဗျာ”ဟု ဒေါက်တာမြင့်သန်းက ဆက်ပြောသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၃ ရက်နေ့က ငပုတောမြို့နယ် ဆင်မှုံကြိုးဝိုင်းအတွင်း စွယ်စုံ ဆင်ထီးတကောင် အသတ်ခံခဲ့ရသည့်အတွက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ လထဲမှာပင် တောဆင် ၂ ကောင် အစွယ်ဖြတ် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဆင်အသတ်ခံရမှုများနှင့်ပတ်သတ်၍ ငပုတောမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့် သစ်တော ရေးရာဌာနသို့ ဧရာဝတီကသွားရောက်မေးမြန်းရာ ဦးစီးမှူးဖြစ်သူက တရားဝင်ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ ငပုတော ရဲစခန်း ယာယီစခန်းမှူး ဒုရဲအုပ် ဦးအောင်မင်းက “ဆင်သတ်မှုကို ဌာနမှာ အမှုဖွင့်ထားပါတယ်။

အမှုကိုလည်း လက်ရှိစစ်ဆေးနေပါပြီ။ တရားခံဖမ်းမိနိုင်ရေး ကျနော်တို့ ကြိုးစားနေပါတယ်”ဟု ပြောပြီး အမှုနှင့်ပတ်သတ်၍ အသေးစိတ်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ငပုတောမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းဆွေအား ဆက်လက်မေးမြန်းရာ ဌာနတွင်း ညွှန်ကြားချက်ကြောင့် သတင်းမီဒီယာများကို အင်တာဗျူးမပေးနိုင်ကြောင်း ပြောဆိုပြီး တရားဝင်ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ဆင်စွယ်အရောင်းအ၀ယ်ဈေးကွက်တွင် ဆင်စွယ်ကို ပိဿာဖြင့် ချိန်တွယ်ရောင်းဝယ်ကြပြီး ဆင်စွယ် ၁ ပိဿာကို မြန်မာကျပ်ငွေ ၆ သိန်းမှ ၁၂ သိန်းအထိ ပေါက်ဈေးရှိကြောင်း သိရသည်။ ဆင်စွယ်တချောင်းမှာ အနည်းဆုံး ၁၀ ပိဿာကနေ ၁၅ ပိဿာအထိ အလေးချိန် ရှိသဖြင့် ဆင်စွယ်တချောင်းတန်ဖိုးမှာ တရား မ၀င် မှောင်ခိုဈေးကွက်တွင် မြန်မာငွေ သိန်း ၆၀ မှ သိန်း ၁၀၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တရားမ၀င် မှောင်ခိုလမ်းကြောင်းဖြင့် သယ်ပို့ရောင်းချကြောင်း သိရသည်။

ဆင်သတ်မုဆိုးများမှာ ဆင်ကို အဆိပ်ပါသည့်မြှား၊ လှံလက်နက်ဖြင့် ပစ်ခတ်လိုက်ပြီး ရက်အနည်းငယ် အကြာတွင် အဆိပ်သင့်နေသည့် ဆင်နောက်သို့ ခြေရာခံလိုက်ကြကြောင်း ဒေသခံများက ပြောသည်။

“အဆိပ်ကြောင့်ဆင်သေတဲ့အခါမှာ နှာမောင်းဖြတ်ပြီး အစွယ်နှုတ်ယူတယ်။ ပြီးတော့ မြှားတို့ လှံတို့ စိုက်ဝင်တဲ့နေရာတွေကို ဆင်ရဲ့အသားလှီးထုတ်ပြီးတော့ ခြေရာလက်ရာမကျန်အောင် လုပ်ကြတယ်”ဟု ငပုတောမြို့ခံတဦးက ပြောသည်။

ထို့ကြောင့် ဆင်သေများတွေ့ရချိန်တွင် ဆင်သတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်နှင့် အဆိပ်အမျိုး အစားကို တိမွေးကုဆရာဝန်များပင် အဖြေမထုတ်ပေးနိုင် ဖြစ်နေသည်။ ဆင်သတ်မှု ၆ မှုအနက် ဇန်န၀ါရီလ ပထမပတ်အတွင်းက သေဆုံးခဲ့သည့်ဆင်ကို သတ်ဖြတ်သူ တရားခံ ၃ ဦးအား လက်နက် များအပါအ၀င် သက်သေခံပစ္စည်း ၂၄ မျိုးနှင့်အတူ ဇန်န၀ါရီ ၆ ရက်နေ့တွင် ငရုတ်ကောင်းမြို့နယ်ခွဲ ရဲစခန်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာတနိုင်ငံလုံးတွင် ဆင်ကောင်ရေစုစုပေါင်း ၅၀၀၀ ကျော် ရှိနေပြီး ငပုတောမြို့နယ်တွင် ဆင်ကောင် ရေ ၈၀၀ ခန့်ရှိကြောင်း သစ်တောဝန်ထမ်းတွေအဆိုအရ သိရသည်။

ဧရာဝတီ

ဂျပန်တောင်းပန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလား


ဂျပန်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို Youtube က တဆင့် စကားပြောထားပါတယ်။ သူ့နာမည်က ယူဂျိရို တာနိယာမ။

သူက တိုကျို တက္ကသိုလ်မှာ စီးပွားရေးပညာသင်ယူနေကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင်တယောက်အနေနဲ့ လေးစားအားကျ တယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ မေးခွန်းတခု မေးချင်လို့ ဒီ Youtube ဗီဒီယိုကို လုပ်ပါသတဲ့။

စနေနေ့က အွန်လိုင်းရောက်လာတဲ့ ဗီဒီယိုထဲမှာ သူပြောထားတာက -

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ရောက်တုန်းက ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအပေါ်ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့တယ်လို့ တောင်ကိုရီးယား သတင်းစာက သတင်းရေးပါတယ် တဲ့။

ဒီလိုတကယ်ပဲ ပြောခဲ့ပါသလား တဲ့။ ဒီလိုတကယ်ပဲ ပြောခဲ့တယ်ဆိုရင် သူ့အနေနဲ့ အတော်လေး စိတ်ပျက်မိပါတယ် တဲ့။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမတိုင်ခင်က ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ မြန်မာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းက တည်ထောင်ခဲ့လို့ တပ်မတော်ကို သံယောဇဉ်ရှိပါတယ်လို့ ပြောခဲ့တယ်။ ဒီ တပ်မတော်ဖြစ်လာဖို့က ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရဲဘော်သုံးကျိပ်နဲ့ စခဲ့သလို အဲ့ဒီရဲဘော်သုံးကျိပ်ကို ကူညီခဲ့တာ ဂျပန်တွေပါ တဲ့။

အဲ့ဒီတုန်းက ၄ နှစ်တာ ကာလ ဂျပန်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့ လက်တွဲလို့ ဂျပန်-မြန်မာ ချစ်ကြည်ရေးဖြစ်ခဲ့ပါတယ် လို့ ဆိုပြီး ဂျပန်စစ်တပ်အကူညီနဲ့ ဗမာ့တပ်မတော်ဖြစ်လာပုံ၊ လွတ်လပ်ရေးအတွက် ဂျပန်-မြန်မာ အတူတိုက်ပွဲဝင်ရင်း ရန်ကုန်ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပုံတွေကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လေးစားမြတ်နိုးပါတယ်ဆိုတဲ့ တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းတဦးတည်း တည်ထောင်ခဲ့တာမဟုတ်ဘဲ မြန်မာမျိုးချစ်တွေနဲ့ ဂျပန်စစ်တပ်ရဲ့ အကူညီနဲ့ တည်ထောင်ခဲ့တာပါ တဲ့။

အခုတော့ တောင်ကိုးရီးယား ရောက်တုန်း အဲ့ဒီတုန်းက ဂျပန်စစ်တပ်ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး ပြောလိုက်တာဟာ အဲ့ဒီတုန်းက ဗမာ့တပ်မတော်ဖြစ်လာဖို့ ဂျပန်စစ်တပ်ကို အကူအညီတောင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်ကို ဆွဲချသလိုဖြစ်မနေဘူးလားလို့ သူက ပြောပါတယ်။ ပြီးတော့ အဲ့ဒီတုန်းက ဖြစ်တည်ခဲ့တဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြုလို့ ကိုရီးယားသတင်းစာကို အခုလို ပြောခဲ့တာလား ဆိုတာကို သူ့အနေနဲ့ သိချင်ပါတယ် စသဖြင့် ဒီ ၁၀ မိနစ်နီးပါးစာ ဗီဒီယိုထဲကနေ သူက မေးခွန်းထုတ်ထားပါတယ်။




သူ့အကြောင်းကို သူ့အွန်လိုင်း yujirotaniyama.com/profile.html မှာလည်း တွေ့နိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအပေါ်ကျူးလွန်ခဲ့မှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တယ် ဆိုပြီး တောင်ကိုရီးယား မီဒီယာတခုမှာ ရေးထားခဲ့ခြင်း ရှိမရှိ သေချာ မသိရသေးပါ။စိတ်ဝင်စားစရာ အကြောင်းအရာတခုဖြစ်လို့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဧရာဝတီ

ရန်ကုန် တိရစ္ဆာန်ရုံကို လှော်ကားသို့ အစိုးရ ပြောင်းရွှေ့လို


အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံးထဲ၌ ပါဝင်သော ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်ကို ဖျက်သိမ်းကာ ပန်းခြံ (Green Park) အဖြစ် ပြောင်းလဲလိုကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိမ်းက ယမန်နေ့က မီဒီယာများနှင့် နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

နှစ် ၁၀၀ ကျော်လာပြီဖြစ်သော ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်သည် လူနေထူထပ်သည့် မြို့လည်တွင် တည်ရှိရာ အများပြည်သူ ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း၊ ထို့အတွက် မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကား သဘာဝဥယျာဉ်သို့ ပြောင်းရွေ့လိုကြောင်း၊ ပြောင်းရွေရန် သင့်၊ မသင့် ပြည်သူဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ဦးစိုးသိမ်းက ပြောဆိုသွားသည်။

ကိုလိုနီခေတ်တွင် ဝိတိုရိယ အောက်မေ့ဖွယ် ပန်းခြံနှင့် တိရစ္ဆာန် ဥယျာဉ် ဥပဒေအရ ၁၉၀၆ ခုနှစ်က တရားဝင် အသိအမှတ်ပြု ခဲ့သည့် တိရိစ္ဆာန်ဥယျာဉ်အတွင်း တိရိစ္ဆာန်များ ယင်းတို့ သဘာဝနှင့်အညီ ကျက်စား နေထိုင်နိုင်ရန် အဆောက်အအုံများ၊ သစ်ပင်များကိုပါ စနစ်တကျ ရွေးချယ်စိုက်ပျိုးထားပြီး၊ ကျားများ ထိန်းသိမ်းသည့် အဆောက်အအုံနှင့် တချို့သော အဆောက်အဦးမှာ ရှေးကျသည့် အဆောက်အဦးများ ဖြစ်ကြောင်း သိရသည်။ ၁၉၅၁ တွင် “ရန်ကုန် တိရစ္ဆာန်ဥယျာဉ်နှင့် ပန်းခြံ” ဟူ၍ အမည်ပြောင်းလဲခဲ့သည်။

ရန်ကုန်မြို့ခံတဦးက “ဒီလိုသက်တမ်းရင့် တိရိစ္ဆာန်ဥယျာဉ်ကို ဖျက်မယ်ဆိုတာတော့ လက်မခံနိုင်ဘူး။ တခြားနိုင်ငံတွေက တိရိစ္ဆာန်ရုံတွေ မနေ့တနေ့ကမှ ဆောက်တာ။ ကိုယ့်နိုင်ငံမှာ ဒါမျိုးရှိတာ ဂုဏ်ယူဖို့တောင် ကောင်းသေးတယ်” ဟု ဆိုသည်။

တိရိစ္ဆာန်မှ ထွက်ရှိသည့် အနံ့အသက်များ ရှိလျှင်လည်း သန့်ရှင်းရေးစနစ်ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ရမည်မှာ အစိုးရ၏ တာဝန်သာဖြစ်ကြောင်း၊ သန့်ရှင်းရေးစနစ် ကောင်းမွန်ပါက ဤသက်တမ်းရင့် တိရိစ္ဆာန်ဥယျာဉ်သည် နိုင်ငံခြားခရီးသွားများကိုပင် ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း အဆိုပါ ရန်ကုန်မြို့ခံက ပြောသည်။

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သည် အနယ်နယ်အရပ်ရှိ မိသားစုများ၊ ကျောင်းသားလူငယ်များ တိရိစ္တာန်များနှင့် အပင်များ၏ သဘာဝကို ဗဟုသုတရရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန် လေ့လာရာ နေရာတခုဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် မျိုးတုံးတော့မည် ရှားပါသတ္တ၀ါတချို့ကိုလည်း စုဆောင်းပြသထားသည့် နေရာဖြစ်သည်။ ယခင်က ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်သည် ရွှေတိဂုံဘုရား၊ ကန်တော်ကြီးစသည့် ထင်ရှားသောနေရာများကဲ့သို့ မိသားစု အားလပ်ရက် အပန်းဖြေသွားရောက်သည့် နေရာတခုဖြစ်ခဲ့သည်။

ခေတ်အဆက်ဆက် သစ်တောဝန်ကြီးဌာနမှ ထိန်းသိမ်း စောင့်ရှောက်ခဲ့သော ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရက ဦးတေဇပိုင် ထူးကုမ္ပဏီကို ငှားရမ်းခဲ့သော်လည်း တိရိစ္ဆာန်များနှင့် ပတ်သက်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တိရိစ္ဆာန်အသစ်များ ၀ယ်ယူခြင်းကို သစ်တောဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးကြောင်း သိရသည်။

တိရိစ္ဆာန်ရုံ ၀န်ထမ်းဟောင်းတဦးက “တိရိစ္ဆာန်တွေ လှော်ကားကိုပြောင်းဖို့ မဖြစ်နိုင်ဘူး။ ဒီအတိုင်းစည်ရိုးကာပြီး လွှတ်ထားလို့ မရတဲ့အတွက် သူတို့နေနိုင်အောင် ဆီလျော်တဲ့ဝန်းကျင် ဖန်တီးပေးရမယ်။ အဲဒီအတွက် ဘတ်ဂျက်ကုန်မယ်။ နောက်တခုက လာကြည့်မယ့်သူတွေ အဝေးကြီးကို လာကြည့်ပါ့မလားဆိုတာ စဉ်းစားရမယ်” ဟု ထောက်ပြသည်။

ထို့အပြင် တိရိစ္ဆာန် ဥယျာဉ်နှင့် သဘာဝဥယျာဉ် ဘေးမဲ့တောမှာ သဘောတရား မတူကြောင်း၊ တိရိစ္ဆာန်ရုံအတွင်းနေ သတ္တ၀ါများမှာ ရေနေ၊ ကုန်းနေ ခွဲခြားကာ ဂရုတစိုက်မွေးမြူထားသည့် သတ္တ၀ါများဖြစ်ပြီး ကျန်းမာရေးအတွက် ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တိရိစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီထံမှ လွှဲပြောင်းရယူပြီး ပိုမိုတိုးတက်အောင် လုပ်သင့်ကြောင်း အဆိုပါ ၀န်ထမ်းဟောင်းက ပြောသည်။

ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်တွင် ငါးပြတိုက်၊ သဘာဝသမိုင်း ပြတိုက်များအပြင် တိရိစ္ဆာန် မျိုးစိတ်ပေါင်းများစွာကို ထိန်းသိမ်းထားကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်းက ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ပန်းခြံ (Green Park) အဖြစ် ပြောင်းလဲမည်ဆိုသည်ကို လက်မခံနိုင်ကြောင်း၊ အမျိုးသားအမွေအနှစ်တခုအဖြစ် ဆက်လက်ရှိသင့်ကြောင်း ဆိုသည်။

“ရှိပြီးသားကို ကောင်းအောင်လုပ်တာ လက်ခံနိုင်တယ်။ စနေ၊ တနင်္ဂနွေ အားရက်ဆို မြွေတွေ၊ ဆင်တွေ ပြတာ၊ ကျားတွေကို ကလေးတွေ လာကြကြည့်ကြ ပျော်ဖို့ ဘယ်လောက်ကောင်းလဲ။ အဲဒါကို အာဏာပိုင်က တန်ဖိုးထားသင့်တယ်” ဟု ပြောသည်။

အစိုးရအနေဖြင့် ရန်ကုန်မြို့ရှိ တိရိစ္ဆာန် ဥယျာဉ်ကို ဝေးလံသောဒေသသို့ မပြောင်းရွေ့သင့်ကြောင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းစိုမှု ကို လိုလားပါက ပြည်သူဥယျာဉ်၊ ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ်အပါအ၀င် တခြားသော အမျိုးသားဥယျာဉ်များနှင့် ဘေးမဲတောများကို သေချာထိန်း သိမ်း သင့်ကြောင်း ထောက်ပြဝေဖန်သည်။

မြန်မာနိုင်ငံတွင် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် တခုတည်းသာရှိခဲ့သော်လည်း စစ်အစိုးရက ၁၉၈၉ ခုနှစ်တွင် မန္တလေး၊ ၂၀၀၈ ခုနှစ်တွင် နေပြည်တော်တို့၌ ထပ်မံတည်ဆောက်ခဲ့သည်။ ထို့အတွက်လည်း ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်မှ တိရိစ္ဆာန်အချို့ကို နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးခဲ့ရသည်။

ဧရာဝတီ

ကောင်းမွန်တဲ့ တိုင်းပြည်နဲ့ စနစ်ကို ဘယ်လို သွားမလဲ

နိုင်ငံရေးကို လူ့သဘောတရားအတိုင်း ကြည့်မယ်ဆိုရင် ... အရာရာတိုင်းမှာ ကောင်းနေတဲ့ ကောင်းကင်ဘုံပုံစံ နိုင်ငံရေး စနစ် (Utopia) ကို ရမှာ မဟုတ်ဘူး။ အရာရာ ပြည့်စုံတဲ့ စနစ်ကို မှန်းပြီး .. အဲဒီ လမ်းပေါ်မှာ လျှောက်ရင်း ပေးဆပ်မှု၊ ဒုက္ခ၊ အမှားအယွင်း၊ မလိုလားအပ်တဲ့ ရလဒ် စတာတွေကို လက်ခံရပါမယ်။ ပြီးရင် ပြုပြင်သွားရပါမယ်။

လူတစ်ယောက်က သက်တောင့် သက်သာ နေချင်လို့ ကိုယ်လက် လေ့ကျင့်ခန်း ဘာမှ မလုပ်ဘူးဆိုရင် သက်တောင့် သက်သာတော့ နေရပါရဲ့ ... ကျန်းမာရေးနဲ့ သက်လုံကောင်းမှုကတော့ လျော့ကျသွားနိုင်တယ်။ ဆန့်ကျင်ဘက် တန်ဖိုး ၂ ခုကို တပြိုင်နက် မရနိုင်တဲ့ လောကရဲ့ နိယာမကို နိုင်ငံရေးမှာ ဖေါက်ထွက်ပြီး အကောင်းတွေကြီးပဲ လိုချင်လို့ မရနိုင်ပါဘူး။

အားလုံးကောင်းဖို့အတွက် တိုင်းပြည်တိုးတတ်ဖို့ရာ နိုင်ငံရေး အပြောင်းအလဲကို သွားတဲ့ခရီးမှာ ကိုယ်လိုချင်တာ အကုန်ရဖို့ လိုတယ်လို့ တွေးနေတာဟာ ကလေးဆန်ဆန် အတွေးနဲ့ ဆင်တူနေလေ့ရှိပါတယ်။ ကျွန်တော်တို့ ရင့်ကျက်ဖို့ လိုပါတယ်။ အချက်အလက်ကို လက်ခံတတ်ဖို့ လိုပါတယ်။ အမှားအယွင်း၊ အလျော့အတင်းကို လက်ခံရပါမယ်။

အလျာ့အတင်းထဲကမှ အကောင်းဆုံး ပန်းတိုင်ကို သွားနိုင်ဖို့ လုပ်ရမှာပါပဲ။

အလျော့အတင်းကို လက်ခံခိုင်းတာဟာ ... မတရားမှုကို ခေါင်းငုံခံခိုင်းတာတော့ မဟုတ်ပါဘူး။ ဒါကိုလည်း ကွဲပြားဖို့ လိုမယ်ထင်ပါတယ်။

ဥပမာ နိုင်ငံရေးအရ ရုပ်ဝတ္ထု ကိစ္စကိုပဲ ကြည့်ပါ။ နိုင်ငံတိုးတတ်ဖို့ လမ်းပန်းဆက်သွယ်ရေးအတွက် မဖြစ်မနေ လမ်းဖေါက်ရမယ်၊ ရထားလမ်း ဆောက်ရမယ် ဆိုတာ ဖြစ်လာလို့ ... လမ်းတလျှောက်က သစ်တော ခုတ်ရမယ်၊ အိမ်တွေ ဖျက်ရမယ်၊ လယ်ယာတွေ ဖျက်ရမှာ ကြုံလာရင် ... ဒါဟာ ရှောင်လို့ မရနိုင်ဘူးဆိုရင် ... ဘယ်လို လုပ်မလဲ။ .. သဘာဝ ပတ်ဝန်းကျင် ထိခိုက်မယ်၊ လူတွေ အိမ်မဲ့၊ ယာမဲ့၊ ဖြစ်မှာတွေ ကြုံရမယ်။ (လုံးဝ လက်ခံလို့ မရနိုင်တဲ့ ထိခိုက်မှု အကြီးကြီးတွေက ဆိုရင်တော့ အပြည့်အဝ ငြင်းဆန်ရပါမယ်။) အဲဒီလို မဟုတ်ဘူးဆိုရင်တော့ အလျော့အတင်းကို ၂ ဖက်လုံး လက်ခံရပါလိမ့်မယ်။

ဒီလို နေရာမှာ ထိခိုက်မှာကိုလည်း လက်ခံထားသင့်သလို ... ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရွေးပြီး ... လူတွေကို ထိုက်သင့်တဲ့ လျှော်ကြေး၊ နစ်နာမှုအတွက် အစားထိုး ဆောင်ရွက်မှု၊ သဘာဝ ပတ်ဝန်းကျင်အတွက် အခြားနေရာမှာ အစားထိုး သစ်ပင်စိုက်တာ၊ သစ်တော ထိမ်းသိန်းတာတွေကအစ လုပ်ရပါမယ်။

ဒါမှ အချက်အလက်ကို လက်ခံပြီး ဆိုးကျိုးနဲ့ ကောင်းကျိုးကို မျှမျှတတ လုပ်တာ ဖြစ်ပါလိမ့်မယ်။ တဖက်ကလည်း ဖယ်တာ၊ ဖျက်တာကို လက်ခံသလို ... တဖက်ကလည်း လျှော်တာ၊ အစားထိုးတာကို လက်ခံရပါမယ်။

တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို ၂ ဖက်လုံးက ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာအောင် နိုင်ငံရေးအရ ဥပဒေတွေကနေလည်း အကာအကွယ် ပေးရမှာ ဖြစ်ပါတယ်။

အဲဒီလို လက်မခံဘဲ ...တဖက်က ထိခိုက်မှာ ဆိုးလို့ မလုပ်ရဘူးဆိုပြီး အကုန်လိုက်တားနေရင် ... တိုးတတ်မှာလည်း မဟုတ်သလို ... တဖက်က စာနာမှု မရှိဘဲ လုပ်ရင် အခြား လူမှုရေးရာ ထိခိုက်စရာ ကိစ္စတွေကလည်း များပါတယ်။ ကျန်းမာရးအတွက် သက်လုံကောင်းမှုနဲ့ .. သက်တောင့်သက်သာ နေလိုမှုအတွက် လေ့ကျင့်ခန်း မလုပ်လိုမှု နှစ်ခုကို ကြားချပြီး ...တခါတလေ လမ်းလျှောက်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်တဲ့ သဘောပါပဲ။

အခြားသော နိုင်ငံရေးအတွက် အုပ်ချုပ်ရေး အပိုင်း၊ ငြိမ်းချမ်းရေး ကိစ္စ၊ အာဏာ ခွဲဝေယူရေး အပိုင်းမှာလည်း ဒီလိုပါပဲ။ အလျော့အတင်း၊ အပေးအယူကို လက်ခံရပါမယ်။ အကုန်လုံး ကိုယ့်ဘက်က ရဖို့ကြီး ကြည့်နေလို့ မရသလို ... အကုန်ပေးရမယ်လို့လည်း မဆိုလိုပါ။ အရာရာပြည်စုံတဲ့ နိုင်ငံရေး စနစ် (Utopia) ကို မှန်းဆပြီး ... တစ်ယောက်တလှမ်း ရှေ့တိုး လျှောက်ကြမယ့်လမ်းမှာ ... အမှားအယွင်းတွေ၊ ဒုက္ခတွေ၊ မလိုလားအပ်တဲ့ ရလဒ်တွေကို လက်ခံကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကိုယ့်ရဲ့ ဆန့်ကျင်ဘက်အတွက် နားလည်ပေးကြည့်ပါ။

နှစ် ဖက်လုံးက နည်းနည်းလေး လျော့ပြီး တလှမ်းစီ တိုးကြည့်ကြမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ တိုင်းပြည်နဲ့ စနစ်ဆိုတာ သိပ်မဝေးတော့ပါကြောင်း .... ။

ဒီကပါ။

မြန်မာအစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ့နှင့်ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဆွေးနွေးရေးအဖွဲ့တို့ဆွေးနွေး မူ့ အပြီး ထုတ်ပြန်သောကြေငြာချက်

ပူးတွဲကြေညာချက်

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုဥက္ကဌ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဆွေးနွေးရေး အဖွဲ့တို့သည် ၂၀၁၃ ခုနှစ်၊ ဖေဖဖေါ်ဝါရီလ ၄ ရက်နေ့ (၀၉၀၀) အချိန်တွင် တရုတ်ပြည်သ့သူ မ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင် တေ့ဆွုံ ဆွေးနွေးခဲ့ပြီး (၁၆၁၅) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

၂။ ယခုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံအမတ်ကြီး Mr. Luo Zhaohui ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်(၁)ဦး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် အဖွဲ့ဝင် (၂)ဦး၊ ဦးဟန်ညောင်ဝေနှင့် ဦးဗစ်တာဗျက်လျန် တို့သက်သေများ အဖြစ် တက်ရောက်ခဲ့ကြပါသည်။

၃။ ယခုဆွေးနွေးပွဲတွင် နှစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ နှစ်ဖက်စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရေး၊ နောက်တစ်ကြိမ်အစည်းအဝေးအတွက် ပြင်ဆင်မှု၊ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေအဖြစ် ပါဝင်နိုင်မည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

၎။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို KIO အဖွဲ့အစည်းအနေဖြင့် UNFC နှင့်ညှိနှိုင်းပြီးနောက် ဖေဖေါ်ဝါရီလ မကုန်မှီကျင်းပရန်နှင့် အစိုးရနှင့် KIO အကြား နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားကြရန် သဘောတူကြပါသည်။

၅။ အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည် ဖေါ်နိုင်ရန် ပဋိပက္ခဖြစ်ပွားသော နေရာများကို လေ့လာစောင့်ကြည့်စီစစ်ရေးစံနစ် ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေးဆောင်ရွက်ရန် သဘောတူညီသည်။

၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်။ ရွှေလီမြို့။

လှိုင်မြို့နယ်ဆိပ်ကမ်း ဆီတင်သင်္ဘောမီးလောင် လူ ၄ ဦးသေ

ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် (၄) ရပ်ကွက် ကမ်းနားလမ်းမှာရှိတဲ့ ပိတောက်ချောင်း ဆိပ်ကမ်းမှာ မြ၀တီထရိတ်ဒင်းပိုင် ဆီတင်သင်္ဘောတစီး မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် လူ (၄) ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဗဟိုမီးသတ်အဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။ အခြေအနေအသေးစိတ်ကိုတော့ မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင်းက ပိတောက်ချောင်းဆိပ်ကမ်းမှာ ဆီတင်သင်္ဘောတစီးက ကမ်းကပ်ပြီး ဆီ သယ်ဆောင်နေစဉ် မီးလောင်မှု စဖြစ်ခဲ့တာလို့ ဆိုပါတယ်။ မီးလောင်မှုဖြစ်ပြီးနောက် မီးသတ်ကားတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ တော်တော်များများ ရောက်ရှိ လာကြပြီး တနာရီအတွင်းမှာ မီးကို ငြိမ်းသတ်နိုင်ခဲ့ပေမဲ့ လူ ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတဲ့အကြောင်းကို ဗဟိုမီးသတ်ရုံးက တာဝန်ရှိသူတဦးက အတည်ပြု ပြောကြားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ လူ ၄ ဦး သေဆုံးပါတယ်။ ၅ ဦးကတော့ ဒဏ်ရာရတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ရှိပါတယ်ခင်ဗျာ။ အကုန်လုံးကို ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်ခင်ဗျာ။ ယောကျာ်း ၄ ဦး သေဆုံးပါတယ်။ သေဆုံးတယ်ဆိုတာပဲ ကျနော်သိပါတယ်။ ကျန်တာတော့ ကျနော် မသိသေးပါဘူး။ သတင်းအသေးစိတ်လည်း ကျနော်တို့ မရသေးပါဘူးခင်ဗျာ။”

မီးလောင်မူကြောင့် ဆီတင်သင်္ဘော တခုလုံး ပျက်စီးပြီး နစ်မြုပ်သွားခဲ့ပါတယ်။ လောလောဆယ်မှာ မီးလောင်မှုအတွင်းက အလောင်းတွေကို ရရှိတဲ့အတွက် လူ ၄ ဦးသေဆုံးကြောင်းကို အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။ ဆီတင်သင်္ဘော မီးလောင်မှုမှာ မီးသတ်ကားအစီးရေ တော်တော်များများ လာရောက်ပြီး ငြိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်ပေါက်ကွဲမှုနဲ့ပတ်သက်လို့ နောက်ထပ် သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေ ရှိနိုင်သေးတဲ့အတွက် ရဲအာဏာပိုင်တွေနဲ့ မီးသတ်တပ်ဖွဲ့တွေကတော့ ဆက်လက်ရှာဖွေနေဆဲလို့လည်း ဆိုပါတယ်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးနဲ့ပတ်သက်လို့တော့ အတည်ပြု ပြောကြားခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့နိုဝင်ဘာလကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာ ဆီတင်ရထား တိမ်းမှောက်မှုဖြစ်ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် ဆီခပ်ဖို့ လာတဲ့ ရွာသားတွေ ၂၀ ကျော် မီးလောင်သေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း သံဖြူဇရပ် မြို့မဈေး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ပျက်စီးဆုံးရှုံးမှု တွေဖြစ်ပြီး ဈေးရောင်းပြီး အသက်မွေးရသူအဖို့ အခက်အခဲတွေလည်း ဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ နွေရာသီ ရောက်လာချိန်တိုင်း မီးလောင်ကျွမ်းမှုတွေ နေရာ တော်တော်များများမှာ ဖြစ်ခဲ့ပြီး မီးလောင်တဲ့အခါမှာ အချိန်မှီ မီးသတ်နိုင်မှု အားနည်းတာတွေ၊ ရေမလုံလောက်တာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ပိုပြီး ဖြစ်ပေါ်ခဲ့ရပါတယ်။

ဒီကပါ။

မိုဘိုင်းဟန်းဆက်များကို တရားဝင် တင်သွင်းခွင့်ပြုနေပြီ

ဆက်သွယ်ရေး ပစ္စည်းစာရင်း၌ ပါဝင်သည့် မိုဘိုင်းဟန်းဆက်များကို ယခင်က ပုဂ္ဂလိကအနေဖြင့် တရားဝင် တင်သွင်းခွင့် မရှိခဲ့သော်လည်း ယခုအခါ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ ထောက်ခံချက် ပါရှိပါက တရားဝင် တင်သွင်းခွင့် ပေးအပ်နေပြီဖြစ်ကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ဆက်သွယ်ရေးရဲ့ ထောက်ခံချက်ပါရင် တင်သွင်းခွင့်ပြုနေပြီ ဆိုပေမယ့် ထောက်ခံချက်နဲ့အတူ တင်သွင်းခွင့် လာလျှောက်တဲ့လူ အခုအချိန်အထိ မရှိသေးပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

မိုဘိုင်းဟန်းဆက်များကို တရားဝင် အနေဖြင့် တင်သွင်းရောင်းချ လိုသူများသည် နေပြည်တော်ရှိ သွင်းကုန် ဌာနသို့ ထောက်ခံချက်နှင့်အတူ လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။ “ရန်ကုန်မှာတော့ လက်ခံဆောင်ရွက်ပေးတာ မရှိသေးပါဘူး။ ရန်ကုန်မှာ လျှောက်ထားနိုင်တဲ့ သွင်းကုန်ပစ္စည်း စာရင်းထဲမှာ မိုဘိုင်းဖုန်းက မပါသေးဘူး။ မိုဘိုင်းဖုန်းလိုမျိုး စစ်ဆေးဖို့ လိုအပ်တာကို နေပြည်တော်မှာပဲ ထောက်ခံချက်နဲ့ တစ်ခါတည်း လုပ်ပေးပါတယ်” ဟု ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောသည်။

မိုဘိုင်းဟန်းဆက်များကို တရားဝင် တင်သွင်းခွင့်ရရှိပါက ပစ္စည်း၏ တန်ဖိုးငွေများကို တိတိကျကျ တွက်ချက်လာနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ပစ္စည်းတင်သွင်းသည့် ကိစ္စရပ်များကို လိုအပ်သည့်အချိန်၌ လွယ်ကူလျင်မြန်စွာ တင်သွင်းရောင်းချနိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင် အသင်းမှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမျိုးနိုင်က ပြောသည်။

“ကယ်ရီတွေနဲ့ တင်သွင်းတဲ့အခါ ဈေးနှုန်းကို အတိအကျ တွက်လို့မရဘူး။ လိုအပ်တဲ့အခါမှာလည်း လျင်မြန်စွာ ရချင်မှရမှာ။ တရားဝင် တင်သွင်းခွင့်ရတော့ ကုန်ကျစရိတ်ကို အတိအကျ တွက်နိုင်တယ်။ လိုအပ်တဲ့ အချိန်မှာ လိုအပ်သလိုလည်း တင်သွင်းနိုင်တယ်” ဟု ဒေါက်တာမျိုးနိုင်က ဆိုသည်။

မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းအနေဖြင့် ဇန်နဝါရီလ အတောအတွင်း၌ မိုဘိုင်းဟန်းဆက်များ တရားဝင် တင်သွင်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တရားဝင် တင်သွင်းသည့် လုပ်ငန်းစဉ်များကို ရန်ကုန်မြို့၌ပင် လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြသွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကယ်ရီတွေနဲ့ တင်သွင်းမှု လုပ်တဲ့အခါ ပစ္စည်းတန်ဖိုးပေါ် မူတည်ပြီး ကယ်ရီခတွေကို ယူကြတာပါ။ ဥပမာ- iPhone တစ်လုံးကို စင်ကာပူပြန်ပို့ရင် ဒေါ်လာ ၈၀ လောက်ယူတယ်။ အဲဒီတော့ တစ်ချို့ ပစ္စည်းတွေအတွက် ကယ်ရီခက များနေတာတွေ ရှိတတ်တယ်” ဟု ကယ်ရီလမ်းကြောင်းနှင့် ပတ်သက်၍ ဒေါက်တာမျိုးနိုင်က ဆိုသည်။

မြန်မာနိုင်ငံ၌ ယခင်က မိုဘိုင်းဟန်းဆက်များကို တရားဝင်အနေဖြင့် တင်သွင်းခွင့် မရရှိခဲ့သော်လည်း အိုင်စီတီဆိုင်ရာ ဈေးကွက်၌ မိုဘိုင်းဟန်းဆက် ရောင်းဝယ်ခြင်းသည် စီးပွားရေးအရ တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဟန်းဆက်အရောင်းဆိုင် အရေအတွက်မှာ ထောင်ဂဏန်းသို့ပင် ရောက်ရှိလာခဲ့သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Post Paid စနစ်ဖြင့် အသုံးပြုနေသည့် GSM ဖုန်းများ ဂျပန်၊ ကိုရီးယားနှင့် အာဆီယံနိုင်ငံများတွင် ယူဆောင်ပြောဆိုနိုင်ပြီ

မြန်မာဂျီအက်စ်အမ်ဖုန်းကို အာဆီယံ ဆယ်နိုင်ငံ အပါအဝင် ကိုရီးယားနှင့် ဂျပန်နိုင်ငံများတွင်လည်း ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။ ပြည်ပနိုင်ငံများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော စနစ်တစ်ခုဖြစ်သည့် ဂျီအက်စ်အမ်ဖုန်းများ Outbound စနစ် အသုံးပြုနိုင်ရန်အတွက် သတ်မှတ်ထားသော နိုင်ငံများတွင် ကြိုတင်စမ်းသပ်မှုများ ဆောင်ရွက် ထားခဲ့ပြီး ဖြစ်ကာ အဆိုပါ နိုင်ငံများတွင် ယင်းစနစ်သုံးစွဲမှု အောင်မြင်ပါက အခြားသော နိုင်ငံများတွင်ပါ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“Outbound စနစ်ကို သုံးနိုင်ဖို့အတွက် အာဆီယံ ဆယ်နိုင်ငံနဲ့ ကိုရီးယား၊ ဂျပန်မှာ စမ်းသပ်မှုတွေ လုပ်ပြီးပါပြီ။ အခုဆိုရင် ဒီနိုင်ငံက ဖုန်းတွေကို နံပါတ်ပြောင်းလဲမှုမရှိဘဲ ဆက်သွယ် အသုံးပြုနိုင်ပါပြီ” ဟု ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းစနစ်ကို (Post Paid) ဘီလ်ကျခံသုံးစွဲခြင်း စနစ်ဖြင့် အသုံးပြုနေသည့် မိုဘိုင်းဖုန်းများသာ အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိသုံးစွဲခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

“အခုရတဲ့ နိုင်ငံတွေ အပြင် အခြားနိုင်ငံတွေကိုပါ သယ်ဆောင် အသုံးပြုလို့ရအောင် စီစဉ်မှာပါ။ ဒီစနစ်ကို ဂျီအက်စ်အမ်ဖုန်း တစ်မျိုးတည်းဘဲ သုံးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂျီအက်စ်အမ် ကွန်ရက်ဟာ နိုင်ငံအများစု သုံးစွဲတဲ့ စနစ် ဖြစ်တာကြောင့်ပါ” ဟု ယင်းက ထပ်မံပြောသည်။

ယင်းသို့ သုံးစွဲရာတွင် ကောက်ခံမည့် ဘေလ်နှုန်းထား များမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတ်မှတ်ထားသော ပြည်ပနိုင်ငံ များသို့ ခေါ်ဆိုသည့် နှုန်းထားအတိုင်းပင် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း Outbound စနစ်နှင့် ပတ်သက်၍ အိုင်စီတီ ကျွမ်းကျင်သူ ဦးရဲနိုင်က “ဒီစနစ် အသုံးပြုနိုင်တဲ့အတွက် တခြားနိုင်ငံရောက်ရင် သူတို့ကတ်ဖုန်း သုံးစရာ မလိုတော့ဘူး။ နောက်တော့ နံပါတ်ကလဲ ဒီမှာကိုင်တဲ့ နံပါတ်ဘဲဆိုတော့ ဆက်သွယ်ရတာ လွယ်ကူတယ်၊ ဘန်ကောက် သွားတုန်းက ကျွန်တော်သုံးဖူးတယ်၊ လိုင်းကောင်းတယ်လို့လဲ ပြောလို့ရတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ အတွင်း၌ မိုဘိုင်းဖုန်း သယ်ဆောင် အသုံးပြုနိုင်သည့် Inbound စနစ်ကို အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံမှ ဖုန်းများ အသုံးပြုခွင့် ပေးထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ပနိုင်ငံများသို့ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုနိုင်မည့် Outbound စနစ်ကို ၂၀၁၁ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ သုံးစွဲနိုင်ခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။